မေးခွန်း (၉) ဒါပေမဲ့ အစိုးရမှတ်တမ်းတွေကို ဖတ်ကြည့်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတချို့ဟာ ဧဝံဂေလိတရားဟောဖို့ သူတို့မိသားစုကို စွန့်လွှတ်ကြလိမ့်မယ်တဲ့။ တချို့ဆို အိမ်ထောင်မပြုဘဲ တစ်သက်လုံးနေသွားကြတယ် ပြောတယ်။ ထပ်ပြီးပြောထားတာက အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်တဲ့တစ်ဖွဲ့ကို ဖမ်းပြီးရင်၊ နောက်တစ်ဖွဲ့ကို သတ်ဖြတ်ဖို့ ကြိုးစားတယ်တဲ့။ ပြီးတော့ "ပိတ်ပင်မှု မအောင်မြင်သရွေ့ တပ်ဖွဲ့တွေကို မရုပ်သိမ်းဘူး" ဆိုလားပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတော်တော်များများ အဖမ်းခံရ၊ ထောင်ချခံရ၊ ဒဏ်ရာရကြပြီး၊ ဒုက္ခိတတောင် ဖြစ်ကြရတယ်။ တချို့ဆိုရင် သူတို့အလုပ်ပါဆုံးရှုံးပြီး၊ မိသားစုတွေ ပြိုကွဲကုန်တယ်ပြောတယ်။ အဲဒီလိုဖြစ်ရတာ ယုံကြည်သူတွေက သူတို့မိသားစုကို ဂရုမစိုက်ကြလို့ပဲတဲ့။ မင်းတို့ ဒါတွေကို တကယ်လို့ထင်လား။ အိမ်ထောင်မပြုဘဲနေတာတို့၊ မိသားစုကို စွန့်လွှတ်တာတို့ မလုပ်ရဘူးနော်။ မင်းတို့ယုံကြည်ခြင်းက ဒီလိုမျိုးဆိုရင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံဖို့ အမေ တောင်းပန်ချင်တယ်။ ဒီဆန္ဒကိုတော့ ကျေးဇူးပြုပြီး အရေးစိုက်ပေးကြပါ။

အဖြေ- ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဆိုတာ လူသားတွေကို ကယ်တင်ဖို့မှန်း နားလည်သွားရင်၊ အမေလည်း ဘုရားသခင်ကို ယုံကြည်ဆည်းကပ်သွားမှာပါ။ ကိုယ်တော်က- "ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။ ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု မိန့်တော်မူ၏။" (ရှင်လုကာ ၁၈:၂၉-၃၀) "အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါနှင့် မထိုက်မတန် မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည် ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။" (ရှင်မဿဲ ၁၀:၃၈-၃၉) သခင်ယေရှုရဲ့ အဲဒီနှုတ်ကပတ်တော်တွေကို ဖတ်ကြည့်ရင်၊ သခင်ယေရှုကို ယုံကြည်သူစစ်စစ်ဆိုတာ ဘယ်လိုလူတွေမှန်း အမေ သိလာမှာပါ။ ဒီလိုနောက်လိုက်တွေကို စီစီပီက အမုန်းဆုံးပဲလေ။ သူတို့တွေ သခင့်နောက်ကို ဘာလို့ ဒီလိုလိုက်ကြလဲဆိုတာ အမေ သိလား။ သမ္မာတရားကို လက်ကိုင်ပြုဖို့အတွက် သူတို့က သခင့်နောက်ကို လိုက်ကြတာပါ။ အသက်တာအတွက်၊ သခင့်အတွက်ပေါ့။ လောကီစည်းစိမ်ချမ်းသာတွေကို သူတို့ စွန့်လွှတ်နိုင်ကြတယ်။ အသွေးအသား ကာမဂုဏ်တွေကို မမက်မောကြဘူး။ ဧဝံဂေလိတရား ဟောပြောဖို့ သခင့်အတွက်၊ သက်သေခံဖို့အတွက်၊ ဆင်းရဲဒုက္ခတွေကို သူတို့က ကြံ့ကြံ့ခံနိုင်တယ်။ သူတို့က သိပ်ကိုမြင့်မြတ်တဲ့သူတွေပါ။ ဒီလိုလူတွေကို သခင်က သိပ်ကိုချီးမွမ်းတယ်။ ပါတီက ဘာလို့သူတို့တွေကို မုန်းတီး အသရေဖျက် ရှုတ်ချနေလဲ သမီးတို့သိဖို့လိုတယ်။ သူတို့ကိုဘာလို့ဖမ်းဆီးသတ်ဖြတ်နေရတာလဲ။ "ပိတ်ပင်မှု မအောင်မြင်သရွေ့ တပ်ဖွဲ့တွေကို မရုပ်သိမ်းဘူး" လို့ ပါတီက ပြောထားတယ်။ အဲဒါက ကောင်းကင်ဘုံရဲ့အလိုနဲ့ ဆန့်ကျင်မနေဘူးလား ဘုရားသခင်ကို ဆန့်ကျင်မနေဘူးလား။ သမီးအမြင်ပြောရရင် ဘုရားသခင်ကို ယုံကြည်သူတွေအပေါ် ပါတီရဲ့လုပ်ရပ်က ရာဇဝတ်မှုမြောက်ပြီး အပြစ်အရမ်းကြီးတယ်။ ဒါ ဖောက်ပြန်ရေးဝါဒီပဲလေ။

ဘုရားသခင်ကိုယုံကြည်သူတွေက ဧဝံဂေလိတရားကို ဟောပြောတယ်။ ဘုရားသခင်ကို သက်သေခံတယ်ဆိုတာ တခြားလူတွေ ကယ်တင်ခံရအောင်လို့ပါ။ ကမ္ဘာကြီးက ပိုအမှောင်ဖုံးပြီး ယုတ်ညံ့လာတာ အမေလည်း တွေ့နေတာပဲ။ လူတွေ ပိုပြီးဖောက်ပြန်ပျက်စီးကြတယ်။ မကောင်းမှုကို အားပေးပြီး သမ္မာတရားကို မုန်းတီးလာကြတယ်။ မကောင်းတဲ့နောက်ကို လိုက်နေကြတယ်၊ ဆိုးယုတ်မှုတွေထဲမှာ သာယာနေကြတယ်၊ ဘုရားသခင်ကိုလည်း ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေကြတယ်။ အမေ၊ ကမ္ဘာကြီးက ဆိုးသွမ်းလွန်းပြီး လူတွေကလည်း အကျင့်ပျက်လွန်းနေတာပါ၊ သူတို့တွေ ပျက်စီးခြင်းဆိုက်သင့်နေတာ ကြာပြီမဟုတ်လား။ သမ္မာကျမ်းကလည်း ပရောဖက်ပြုထားတယ်၊ နောက်ဆုံးသောကာလအတွင်း ဘေးဆိုးကြီးကျရောက်မယ်တဲ့။ ကျွန်တော်တို့အနေနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ လှည့်ပြန်ပြီး၊ သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းကို လက်ခံရမယ်၊ မဟုတ်ရင် ကျွန်တော်တို့တွေ ကပ်ဘေးအားဖြင့် ဖျက်ဆီးခံရလိမ့်မယ်။ ကပ်ဘေးကြီးက ကျတော့မယ့်ဆဲဆဲဖြစ်နေပြီ။ လူသားတွေ အလုံးစုံပျက်စီးခြင်းနဲ့ ကြုံရတော့မှာပါ။ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလမှာ သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် သူ့အမှုတော်ကို အစပြုခဲ့ပြီ။ လူသားအနေနဲ့ အပြစ်ကနေ ကယ်တင်ခံရပြီး၊ ဘုရားသခင်ရဲ့နိုင်ငံတော်ဆီ ခေါ်ဆောင်ခံရဖို့အတွက် လူသားကို တရားစီရင်ဖို့ သန့်စင်ဖို့ပေါ့။ ဒါ သိပ်ကောင်းတဲ့သတင်း မဟုတ်ဘူးလား။ လူသားကို ကယ်တင်ဖို့ ရောက်လာတာဟာ ဘုရားသခင်ရဲ့မေတ္တာတော်ပဲမဟုတ်လား။ တကယ်လို့ လူသားတွေ ကယ်တင်ခံရချင်ရင် အခုချိန်မှာ တစ်နည်းပဲရှိတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်မှုကို လက်ခံပြီး ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ခံလိုက်ဖို့ပါပဲ အဲဒီတော့မှ ကပ်ဘေးကြီးကို ဘုရားသခင်ရဲ့ကာကွယ်မှုနဲ့ လွတ်မြောက်နိုင်မယ်။ လူသားတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ဆန္ဒပြင်းပြမှုကို အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်သူတွေက နားလည်ကြတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နိုင်ငံတော်ဧဝံဂေလိတရားကို ဟောပြော သက်သေခံဖို့ဆိုရင် နေသာတဲ့ဘဝကို စတေးလိုကြသလို၊ စီစီပီရဲ့ဖိနှိပ်မှုကိုလည်း ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုကြတယ်။ ယုံကြည်သူတွေက ဒါတွေအကုန်လုံး ခါးစည်းခံကြတယ်၊ အဲဒါမှ လူတွေ ပိုပြီးကယ်တင်ခံရမှာလေ။ ဒါက ဘုရားသခင်ရဲ့အလိုတော်ကို ထမ်းရွက်တာပဲ၊ အမေ။ သခင်ယေရှု ပြောခဲ့သလိုပေါ့ "သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတရားကို ဟောကြလော့။" (ရှင်မာကု ၁၆:၁၅) အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ် "ငါတို့၏ဖြစ်တည်မှုအလုံးစုံမှာ ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိခြင်းဖြစ်သဖြင့်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘာသာတရားကို ကိုင်းရှိုင်းသော ခရစ်ယာန်များအနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ကျေပွန်အောင် လုပ်ဆောင်ရာတွင် မိမိတို့၏ ကိုယ်စိတ်နှလုံးကို ဆက်ကပ်ထားရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏ကိုယ်စိတ်နှလုံးတို့မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက်လည်းမဟုတ်၊ လူသားတို့၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက်လည်း မဟုတ်ပါက၊ ငါတို့၏ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ညှဉ်းဆဲသတ်ဖြတ်ခံခဲ့ကြရသောသူများနှင့် ထိုက်တန်လိမ့်မည် မဟုတ်ပေ၊ ငါတို့ကို အရာရာထောက်ပံ့ပေးနေသော ဘုရားသခင်အတွက်ဆိုလျှင်မူ သာ၍ပင် ထိုက်တန်လိမ့်မည် မဟုတ်ချေ။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်) ဧဝံဂေလိတရား ဖြန့်ဖြူးရင်၊ ဒုက္ခရောက်မှာကို အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူတွေက မသိဘူးလို့ ထင်နေတာလား။ အဲဒီလိုထင်နေရင်တော့ အမေတို့မှားသွားပြီ။ ဧဝံဂေလိတရားကို ဖြန့်ဖြူးတာက ကောင်းကင်ဘုံရဲ့အလိုတော် လူတွေရဲ့ဆန္ဒနဲ့ ကိုက်ညီပါတယ်။ လူ့ကျင့်ဝတ်ဖြစ်သလို မွန်မြတ်ပါတယ်။ ဒါပေမဲ့ စီစီပီက ခရစ်ယာန်တွေရဲ့စေတနာကို ရှုတ်ချရင်း၊ နှိပ်စက်ညှဉ်းပန်းရင်းနဲ့ ကောင်းကင်ဘုံရဲ့ အလိုတော်နဲ့ လူတွေရဲ့ ဆန္ဒကို ဖောက်ဖျက်လိုက်ပြီလေ။ ခရစ်ယာန်တော်တော်များများ နေစရာပျောက်ပြီး အိမ်ခြေမဲ့တွေဖြစ်ကုန်ပြီ။ တော်တော်များများလည်း အဖမ်းခံရ၊ ထောင်ချခံရ၊ တချို့လည်း သေတဲ့အထိ နှိပ်စက်ခံကြရတယ်။ ပါတီကြောင့် ခရစ်ယာန်မိသားစုတွေ မနည်းမနော ပြိုကွဲကုန်ကြတယ်။ အဲဒါတောင် အစိုးရက မိသားစုပျက်စီးတာ ဘုရားသခင်ကိုယုံကြည်လို့ဆိုပြီး ပြောနေတုန်းပဲ။ ဒါက လိုသလိုဆွဲပြောထားတာဖြစ်မနေဘူးလား။ ပါတီကသာ ခရစ်ယာန်တွေကို ဖမ်းဆီးတာမျိုးမလုပ်ရင် အခုလိုဖြစ်မှာ မဟုတ်ဘူး။ ခရစ်ယာန်တွေကို ဖိနှိပ်ရင်း အပြစ်တွေကျူးလွန်ထားတာက စီစီပီ မဟုတ်ဘူးလား။ ဘုရားသခင်ကိုယုံကြည်တာ ဘာမှမမှားဘူးလေ။ ကမ္ဘာပေါ်မှာ ယုံကြည်သူတွေအများကြီးပဲ။ သူတို့ကျတော့ မိသားစုတွေ မပြိုကွဲဘူးလေ။ မဟုတ်ဘူးလား။ တချို့မသိတဲ့သူတွေက ပါတီရဲ့ယုတ္တိမရှိတဲ့ ကောလာဟလတွေကို အမှတ်မှား နေကြတုန်းပဲ။ ခရစ်ယာန်တွေကို နှိပ်ကွပ်တဲ့ပါတီကို အပြစ်မတင်ဘဲ ဘုရားသခင်ကို ယုံကြည်မိတဲ့ ခရစ်ယာန်တွေကို အပြစ်တင်နေကြတယ်။ အဓိပ္ပာယ်မရှိ ရယ်စရာကောင်း မနေဘူးလား။

တရုတ်ပြည်မှာ ဧဝံဂေလိတရားဟောရင် အဖမ်းခံရနိုင်တယ်ဆိုတာကိုလည်းသိတယ်။ ဒါပေမဲ့ ပါတီပြိုကွဲသွားတဲ့အထိစောင့်နေရင် အရမ်းနောက်ကျသွားလိမ့်မယ်။ အဲဒီအချိန်မှာ ဘုရားသခင်ရဲ့အမှုက ပြီးနေလိမ့်မယ် ကပ်ဘေးကြီးလည်း ကျရောက်ပြီးဖြစ်လိမ့်မယ်။ နောက်ဆုံးသောကာလမှာ ဘုရားသခင်ရဲ့ကယ်တင်ခြင်း မခံရသေးသူတွေကို ကပ်ဘေးကြီးက ဖျက်ဆီးပစ်မှာလေ ပြီးရင် အပြစ်ဒဏ်ပေးတဲ့အနေနဲ့ သူတို့ဝိညာဉ်တွေကို ငရဲတွင်းထဲ ပစ်ချလိမ့်မယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်က ပြောတယ်- "ဤဘေးအန္တရာယ်သည် ငါ့ထံမှစတင်၍ ငါမှစီစဥ်ညွှန်ကြားခြင်းပင်ဖြစ်သည်။ ငါ၏အမြင်၌ သင်တို့သည် ကောင်းမွန်ကြောင်း မပြသနိုင်လျှင် သင်တို့သည် ဘေးအန္တရာယ်ခံစားရခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်မဟုတ်ပေ။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) "ဘုရားသခင်၏ အကြိမ်ကြိမ် သတိပေးခြင်းနှင့် တိုက်တွန်းနှိုးဆော်ရခြင်းများ၏ အကြောင်းရင်းမှာ လူသား၏ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ ခံရပ်နိုင်မည်မဟုတ်သည့် တစ်ခါမျှမဖြစ်ဖူးသေးသော ကပ်ဘေးကို သူ၏ လက်တော်ထဲတွင် ပြင်ဆင်ထားသောကြောင့်ဖြစ်ကြောင်းကို မည်သူမျှမသိပေ။ ဤကပ်ဘေးသည် ခန္ဓာအတွက်သာ မဟုတ်ဘဲ စိတ်ဝိညာဉ်အတွက်ပါ အပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။...အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်သည် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်သာ ဖန်ဆင်း၍ ဤတစ်ကြိမ်သာ ကယ်တင်ရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအကြိမ်မှာ ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း ဖြစ်သည်။ ထို့ကြောင့် လူသားမျိုးနွယ်ကို ဤတစ်ကြိမ်ကယ်တင်သော ဘုရားသခင်၏ စေ့စပ်သေချာသည့် ရည်ရွယ်ချက်များနှင့် စိတ်ထက်သန်သော မျှော်လင့်စောင့်စားမှုတို့ကို မည်သူမျှ နားမလည်နိုင်ပေ။" (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားသခင်က လူသားတွေကို ကပ်ဘေးကြီးရဲ့အန္တရာယ်ကနေ ကယ်တင်ဖို့ စိတ်ပြင်းပြပါတယ်။ ကျွန်တော်တို့က စီစီပီကိုကြောက်လို့ ဧဝံဂေလိတရားဟောတာကို ရှောင်ပြီး အိမ်မှာ ပုန်းနေမယ်ဆိုရင် လုံခြုံပေမဲ့ ရှက်ဖို့ကောင်းတယ် ကျွန်တော်တို့စိတ်နှလုံး အေးချမ်းမှာမဟုတ်ဘူး။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၈) မင်းပြောတဲ့ ဘုရားသခင်ကိုဆန့်ကျင်ရင် ငရဲကျမယ်ဆိုတာတော့ ငါ မယုံဘူး။ ငရဲဘယ်မှာရှိလဲ၊ ဘယ်လိုမျိုး လဲဆိုတာ ဘယ်သူက မြင်ဖူးလို့လဲ။ ဘုရားသခင်ရှိမရှိ ငါလည်း မသိဘူး။ ရှိတယ်လို့လည်း မသေချာဘူး။ ဘုရားသခင်ဆိုတာ ဘယ်မှာလဲ။ ဘယ်သူတွေ့ဖူးလို့လဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် သာ စစ်မှန်တဲ့ဘုရားသခင်ဆိုရင်၊ စီစီပီက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ရှုတ်ချ တိုက်ခိုက်မှုတွေ လုပ်နေချိန်မှာ၊ ဘုရားသခင်က ဘာလို့မတားရတာလဲ။ ဘုရားသခင် ဆင်းသက် လာပြီး တရုတ်ကွန်မြူနစ်ပါတီကို ဖျက်ဆီးတယ်ဆိုရင်တော့၊ စစ်မှန်တယ်လို့ ပြောရမှာပဲ။ ဒါဆိုရင် လူသားတွေလည်း အနန္တတန်ခိုးရှင် ဘုရားသခင်က စစ်မှန်တဲ့ဘုရားသခင်ဆိုတာကို သိမှတ်သွားကြမယ်၊ စီစီပီကတောင် စစ်မှန်တဲ့ ဘုရားကို ဝပ်စင်း ကိုးကွယ်မှာပဲ။ ဘယ်သူမှ ဆန့်ကျင်ရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ တကယ် ဘာဖြစ်ခဲ့လဲ။ စီစီပီရဲ့ရဲတွေက ဘုရားသခင် ယုံကြည်သူ တွေကို နေရာအနှံ့အပြားမှာ ဖမ်းတာကို မြင်ခဲ့ရတယ်လေ။ ယုံကြည်သူတွေက ထောင်ထဲရောက်လို့ရောက်၊ အနှိပ်စက်ခံရ လို့ခံရနဲ့၊ တော်တော် များများလည်း အသတ်ခံရတယ်။ ဒါပေမဲ့ မင်းတို့ဘုရားသခင်က ကယ်ခဲ့လို့လား။ မင်းတို့ယုံကြည်တဲ့ ဘုရားသခင်က စစ်မှန်ပါတယ်ဆိုတာကို လူတွေ ယုံအောင် ဘယ်လိုသွားပြောမလဲ။ ငါတော့ နားမလည်ဘူး။ မင်းတို့ယုံကြည် နေတဲ့ ဘုရားသခင်က မှန်လား၊ မှားလား။ မင်းတို့တောင် မသိကြဘူးထင်တယ်နော်။ ဒါဆိုရင် မင်းတို့က မိုက်မဲနေတာ မဟုတ်ဘူးလား။ မင်းတို့ဘုရားသခင်က စစ်မှန်ပါတယ်ဆိုတာ ဘာကို အခြေခံပြီးပြောတာလဲ။ ရှင်းပြပေးနိုင်မလား။

နောက်တစ်ခုသို့- မေးခွန်း (၁၀) ငါက ညွှန့်ပေါင်းတပ်ဦးမှာ နှစ်ပေါင်းများစွာ လုပ်လာတာ၊ ဘာသာတရားတွေအများကြီးကို လေ့လာထားတယ်။ ခရစ်ယာန်၊ ကက်သလစ်၊ အော်သိုဒေါ့စ်၊ ဒီဘာသာတွေအားလုံးက ယေရှုကို ယုံကြည်တာချည်းပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယုံကြည်မှုက မတူဘူး။ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတာတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာ မဟုတ်ဘူးတဲ့။ မင်းတို့ကို ဂိုဏ်းခွဲတစ်ခုအဖြစ် အသိအမှတ်မပြုတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ အမျိုးမျိုးဆီကို မင်းတို့က ခရစ်ယာန်အလံတော်အောက်ကနေ ဧဝံဂေလိတရား ဟောနေကြတာပဲ။ ငါကတော့ ဘယ်တော့မှ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး။ ခရစ်ယာန်ဘာသာပဲရမယ်။ အစိုးရရဲ့ နှိပ်ကွပ်မှုလည်း နည်းလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယုံမိလို့ ထောင်ကျတယ်ဆိုရင်တော့ မင်းဘဝ ဒုက္ခရောက်ပြီပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတဲ့သူတွေ က နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တယ်။ ခရစ်တော်ရဲ့တပည့်တော်တွေ တမန်တော်တွေ မှန်းလည်း ပါတီက သိတယ်။ ပါတီ အကြောက်ဆုံး ဖြစ်နေတာက နောက်ဆုံးသောကာလ ခရစ်တော်အားဖြင့် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ရယ်၊ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တဲ့ အမာခံအုပ်စုရယ်ပဲ။ ခရစ်ယာန်သာသနာရဲ့ သမိုင်းကြောင်းကို ငါတို့လေ့လာပြီးပြီ။ ဂျူးတွေနဲ့ ရောမအင်ပါယာ အကြောက်ဆုံးဖြစ်ခဲ့တာလည်း ယေရှုရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေကိုပဲ။ ဒါကြောင့် အဲဒီလူတွေကို ဖမ်းမိတာနဲ့ ချက်ချင်း သတ်ပစ်ခဲ့တာလေ။ ဒီနေ့လို ခေတ်မျိုးမှာ နောက်ဆုံးသောကာလ ခရစ်တော် နောက်ကိုလိုက်တဲ့ ဒီအုပ်စုကို လုံးဝပိတ်ပင်ဖို့ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင်၊ နှစ်အနည်းငယ် အတွင်းမှာ ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးကို သူတို့လက်အောက် သွတ်သွင်း လာလိမ့်မယ်။ တရုတ်ပြည်မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်း တော်တော်များများလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် လက်အောက်ကို ရောက်ကုန်ကြပြီ။ ဇောင်ယွမ်အမှုမှာ စီစီပီကသာ ကြံဖန်မကြိုးစားခဲ့ဘူးဆိုရင်၊ ကမ္ဘာပေါ်က ဘာသာရေး အသိုက်အဝန်းအားလုံး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အောက်ကို သွတ်သွင်းခံရတဲ့နေ့မျိုးက ရောက်ပြီးနေလောက်ပြီ။ ဘာသာရေးအသိုက်အဝန်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်လက်အောက်ကို ရောက်မယ်ဆိုရင်၊ စီစီပီအစိုးရအတွက် သဘောတွေ့စရာ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မြန်မြန်ဆန်ဆန်ပိတ်ပင်ဖို့အတွက် ဗဟိုကော်မတီက ရှိသမျှအင်အားကို တပ်ဖြန့်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ပေါ်ပေါက်မှုက တရုတ်ပြည် တင်မကဘူး။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ်ဆိုတာ မင်းတို့ သိဖို့လိုတယ်။ ဒီလိုဖြစ်လာမှတော့ စီစီပီက မင်းတို့တွေကို ဆန့်ကျင်တဲ့ ဖိနှိပ်မှုတိုက်ပွဲကြီးကို မလုပ်ဘဲ နေနိုင်ပါ့မလား။ ဘုရားသခင်ကို ယုံမှဖြစ်မယ် ဆိုလည်း၊ ခရစ်ယာန်ဘာသာပဲဖြစ်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံနဲ့တော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ခရစ်ယာန်နဲ့မဆိုင်ဘူး။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။