မေးခွန်း (၁၀) ငါက ညွှန့်ပေါင်းတပ်ဦးမှာ နှစ်ပေါင်းများစွာ လုပ်လာတာ၊ ဘာသာတရားတွေအများကြီးကို လေ့လာထားတယ်။ ခရစ်ယာန်၊ ကက်သလစ်၊ အော်သိုဒေါ့စ်၊ ဒီဘာသာတွေအားလုံးက ယေရှုကို ယုံကြည်တာချည်းပဲ။ ဒါပေမဲ့ မင်းတို့ရဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယုံကြည်မှုက မတူဘူး။ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတာတော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာ မဟုတ်ဘူးတဲ့။ မင်းတို့ကို ဂိုဏ်းခွဲတစ်ခုအဖြစ် အသိအမှတ်မပြုတဲ့ ခရစ်ယာန်ဂိုဏ်းခွဲ အမျိုးမျိုးဆီကို မင်းတို့က ခရစ်ယာန်အလံတော်အောက်ကနေ ဧဝံဂေလိတရား ဟောနေကြတာပဲ။ ငါကတော့ ဘယ်တော့မှ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်ခွင့်ပေးမှာ မဟုတ်ဘူး။ ခရစ်ယာန်ဘာသာပဲရမယ်။ အစိုးရရဲ့ နှိပ်ကွပ်မှုလည်း နည်းလိမ့်မယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုယုံမိလို့ ထောင်ကျတယ်ဆိုရင်တော့ မင်းဘဝ ဒုက္ခရောက်ပြီပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံတဲ့သူတွေ က နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တယ်။ ခရစ်တော်ရဲ့တပည့်တော်တွေ တမန်တော်တွေ မှန်းလည်း ပါတီက သိတယ်။ ပါတီ အကြောက်ဆုံး ဖြစ်နေတာက နောက်ဆုံးသောကာလ ခရစ်တော်အားဖြင့် ဖော်ပြထားတဲ့ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဆိုတဲ့စာအုပ်ရယ်၊ နောက်ဆုံးသောကာလ ခရစ်တော်နောက်ကို လိုက်တဲ့ အမာခံအုပ်စုရယ်ပဲ။ ခရစ်ယာန်သာသနာရဲ့ သမိုင်းကြောင်းကို ငါတို့လေ့လာပြီးပြီ။ ဂျူးတွေနဲ့ ရောမအင်ပါယာ အကြောက်ဆုံးဖြစ်ခဲ့တာလည်း ယေရှုရဲ့ တပည့်တော်တွေနဲ့ တမန်တော်တွေကိုပဲ။ ဒါကြောင့် အဲဒီလူတွေကို ဖမ်းမိတာနဲ့ ချက်ချင်း သတ်ပစ်ခဲ့တာလေ။ ဒီနေ့လို ခေတ်မျိုးမှာ နောက်ဆုံးသောကာလ ခရစ်တော် နောက်ကိုလိုက်တဲ့ ဒီအုပ်စုကို လုံးဝပိတ်ပင်ဖို့ အရေးယူ ဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင်၊ နှစ်အနည်းငယ် အတွင်းမှာ ဘာသာရေး အသိုင်းအဝိုင်း တစ်ခုလုံးကို သူတို့လက်အောက် သွတ်သွင်း လာလိမ့်မယ်။ တရုတ်ပြည်မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်း တော်တော်များများလည်း အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော် လက်အောက်ကို ရောက်ကုန်ကြပြီ။ ဇောင်ယွမ်အမှုမှာ စီစီပီကသာ ကြံဖန်မကြိုးစားခဲ့ဘူးဆိုရင်၊ ကမ္ဘာပေါ်က ဘာသာရေး အသိုက်အဝန်းအားလုံး အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်အောက်ကို သွတ်သွင်းခံရတဲ့နေ့မျိုးက ရောက်ပြီးနေလောက်ပြီ။ ဘာသာရေးအသိုက်အဝန်းက အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်လက်အောက်ကို ရောက်မယ်ဆိုရင်၊ စီစီပီအစိုးရအတွက် သဘောတွေ့စရာ ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကို မြန်မြန်ဆန်ဆန်ပိတ်ပင်ဖို့အတွက် ဗဟိုကော်မတီက ရှိသမျှအင်အားကို တပ်ဖြန့်ဖို့ ဆုံးဖြတ်ခဲ့တာပဲ။ အရှေ့အရပ်မှလျှပ်ပြက်ခြင်း ပေါ်ပေါက်မှုက တရုတ်ပြည် တင်မကဘူး။ တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားတယ်ဆိုတာ မင်းတို့ သိဖို့လိုတယ်။ ဒီလိုဖြစ်လာမှတော့ စီစီပီက မင်းတို့တွေကို ဆန့်ကျင်တဲ့ ဖိနှိပ်မှုတိုက်ပွဲကြီးကို မလုပ်ဘဲ နေနိုင်ပါ့မလား။ ဘုရားသခင်ကို ယုံမှဖြစ်မယ် ဆိုလည်း၊ ခရစ်ယာန်ဘာသာပဲဖြစ်ရမယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံနဲ့တော့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ဆိုတာ ခရစ်ယာန်နဲ့မဆိုင်ဘူး။

အဖြေ- အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်အပေါ် ပါတီက ဖိနှိပ် ရတဲ့အကြောင်းရင်းကို အဖေ ပြောသွားတယ်နော်။ ဒါပေမဲ့ အဓိကခရစ်ယာန်ဂိုဏ်းတွေက ဘာလို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်အောက်ကို ဝင်ကုန်တယ်ဆိုတာ အဖေ သိလား။ ဘာလို့လဲဆိုတော့ ဂိုဏ်းဂဏ အားလုံးမှာရှိတဲ့သူအားလုံးက ဘုရားသခင်ရဲ့ အသံကို ကြားလိုက်ရလို့ပဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်ကို မြင်ရတဲ့အခါ သခင်ယေရှု ပြန်ကြွလာပြီဖြစ်မှန်း သုံးသပ်မိကြလို့ပါပဲ။ အဲဒါကြောင့် အားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်ဆီ ဦးလှည့်ကုန်ကြတာပေါ့။ ဒါဟာ ဘာသာရေးအသိုက်အဝန်းက ယုံကြည်သူတွေ မျှော်လင့်နေတဲ့ သတင်းကောင်းကြီးပဲလေ။ အဖေ၊ နောက်ဆုံးသောကာလရဲ့ခရစ်တော်က အမှုပြုဖို့ ပေါ်ထွန်းနေပါပြီ။ ခရစ်ယာန်ဘာသာရဲ့ ဂိုဏ်းဂဏတွေ အားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ဆီ နောက်ဆုံးမှာ ဦးလှည့်ကြလိမ့်မယ်။ ဒါက ခေတ်ရဲ့ရေစီးဆိုလည်းဟုတ်တယ်။ ဒါကိုကြည့်ရင် ဘုရားသခင်ရဲ့အမှုဟာ ခရစ်ယာန်ဘာသာ အပြင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်ကိုလည်း ဖြစ်ပေါ်စေခဲ့မှန်း သိသာပါတယ်။ ခရစ်ယာန်ဘာသာက ကျေးဇူးတော်ခေတ်ရဲ့အသင်းတော် ဖြစ်သလို အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကလည်း နိုင်ငံတော်ခေတ်ရဲ့ အသင်းတော်ပါပဲ။ နှစ်ခုစလုံးက ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဟာ ခရစ်ယာန်ဘာသာရဲ့အစိတ်အပိုင်းဆိုတာကို ပါတီက ဘာလို့ ငြင်းပယ်တာလဲ။ တရုတ်ကွန်မြူနစ်ပါတီက သမ္မာတရားကို မုန်းပြီး ဘုရားသခင်ကို အာခံတဲ့ ဘုရားမဲ့နိုင်ငံရေးပါတီပဲ။ သူတို့က ခရစ်ယာန်ဘာသာ အကြောင်း ဘာများသိလို့လဲ။ ဘယ်အသင်းတော်က ခရစ်ယာန်ဘာသာဖြစ်တယ်။ ဘယ်အသင်းတော်က မဖြစ်ဘူးဆိုတာ ဆုံးဖြတ်ဖို့ သူတို့မှာ ဘာအရည်အချင်း ရှိလို့လဲ။ စီစီပီက ခရစ်ယာန်ဘာသာအကြောင်း ဘာမှမသိဘဲနဲ့ ဘုရားသခင်ရဲ့အသင်းတော်ကို သူတို့မို့ ရှုတ်ချရဲတယ်။ နားမလည်တာကို နားလည်သလိုလုပ်နေတဲ့ ပါတီရဲ့လုပ်ရပ်က ရှက်စရာပဲ မဟုတ်လား။ ခရစ်ယာန်ဘာသာဟာ လူ့ဇာတိခံ သခင်ယေရှုရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်တို့ကနေ စတင်ပေါ်ပေါက်လာခဲ့တယ်။ သခင်ယေရှုက ခရစ်တော်ဆိုတော့ သူ့ကိုယုံကြည်တဲ့ အသင်းတော်တွေဟာ ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်တယ်။ သခင်ယေရှုက သူ ပြန်လာမယ်လို့ ကတိပြုခဲ့သလို၊ သခင်ယေရှု ပြန်ကြွလာခဲ့ပါပြီ။ သူက အခု လူ့ဇာတိခံ အနန္တတန်ခိုးရှင်ဘုရားသခင်ပါပဲ။အနန္တတန်ခိုးရှင် ဘုရားသခင်က နောက်ဆုံးသောကာလရဲ့ ခရစ်တော်ပဲ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်သူဟာ ခရစ်တော်ကို ယုံကြည်သူပဲလေ။ ခရစ်တော်ကို ယုံကြည်သူအပေါင်းဟာ ခရစ်ယာန်ဘာသာနဲ့ သက်ဆိုင်တယ်။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် နှစ်ပါးလုံးဟာ မတူညီတဲ့အချိန်တွေမှာ လူ့ဇာတိခံယူတဲ့ ဘုရားသခင်ပါပဲ။ သခင်ယေရှုနဲ့ အနန္တတန်ခိုးရှင် ဘုရားသခင် နှစ်ပါးလုံးကို ယုံကြည်တာက ခရစ်ယာန်ဘာသာပါပဲ။ အခုလက်ရှိမှာ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ခရစ်ယာန်ဘာသာပဲ။ ပိုပြီးတိတိကျကျပြောရရင် နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ခြင်းကပဲ ခရစ်ယာန်ဘာသာစစ်စစ်ဖြစ်တယ်။ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းက ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပေးပြီး နိုင်ငံတော်ခေတ်ကို အစပြုပေး တာကြောင့်ပါပဲ။ နောက်ဆုံးသောကာလ ခရစ်တော်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို လိုက်တဲ့သူတွေသာ သိုးသငယ်ရဲ့နောက်ကို လိုက်တာပါ။ နောက်ဆုံးသောကာလ ခရစ်တော်ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်က ပိုပြီး လက်တွေ့ကျတဲ့ ခရစ်ယာန်ဘာသာဖြစ်ပါတယ်။

အိမ်တွင်းမှ လက်ဝဲပညာပေးဇာတ်လမ်းတစ်ပုဒ် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၉) ဒါပေမဲ့ အစိုးရမှတ်တမ်းတွေကို ဖတ်ကြည့်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတချို့ဟာ ဧဝံဂေလိတရားဟောဖို့ သူတို့မိသားစုကို စွန့်လွှတ်ကြလိမ့်မယ်တဲ့။ တချို့ဆို အိမ်ထောင်မပြုဘဲ တစ်သက်လုံးနေသွားကြတယ် ပြောတယ်။ ထပ်ပြီးပြောထားတာက အစိုးရက အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ် ယုံကြည်တဲ့တစ်ဖွဲ့ကို ဖမ်းပြီးရင်၊ နောက်တစ်ဖွဲ့ကို သတ်ဖြတ်ဖို့ ကြိုးစားတယ်တဲ့။ ပြီးတော့ "ပိတ်ပင်မှု မအောင်မြင်သရွေ့ တပ်ဖွဲ့တွေကို မရုပ်သိမ်းဘူး" ဆိုလားပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ယုံကြည်သူတော်တော်များများ အဖမ်းခံရ၊ ထောင်ချခံရ၊ ဒဏ်ရာရကြပြီး၊ ဒုက္ခိတတောင် ဖြစ်ကြရတယ်။ တချို့ဆိုရင် သူတို့အလုပ်ပါဆုံးရှုံးပြီး၊ မိသားစုတွေ ပြိုကွဲကုန်တယ်ပြောတယ်။ အဲဒီလိုဖြစ်ရတာ ယုံကြည်သူတွေက သူတို့မိသားစုကို ဂရုမစိုက်ကြလို့ပဲတဲ့။ မင်းတို့ ဒါတွေကို တကယ်လို့ထင်လား။ အိမ်ထောင်မပြုဘဲနေတာတို့၊ မိသားစုကို စွန့်လွှတ်တာတို့ မလုပ်ရဘူးနော်။ မင်းတို့ယုံကြည်ခြင်းက ဒီလိုမျိုးဆိုရင်တော့၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မယုံဖို့ အမေ တောင်းပန်ချင်တယ်။ ဒီဆန္ဒကိုတော့ ကျေးဇူးပြုပြီး အရေးစိုက်ပေးကြပါ။

နောက်တစ်ခုသို့- မေးခွန်း (၁၁) စစ်ဝေခူ (မြူနီစပယ်ယူနိုက်တက်ရှေ့တန်းတာဝန်ဌာန၏ ဝန်ကြီး)- ယေရှုနဲ့ အနန္တတန်ခိုးရှင်ဘုရားသခင် နှစ်ပါးလုံးက ခရစ်တော်ဖြစ်တယ်။ တစ်ပါးက အရင်ဖြစ်ပြီး နောက်တစ်ပါးက နောက်ဆုံးခရစ်တော်လို့ ပြောတယ်။ ငါတို့ပါတီက လက်မခံဘူး။ ကြွေးကြော်သံမှာလည်း 'လောကရဲ့ကယ်တင်သူဆိုတာ မရှိခဲ့ဘူး' လို့ပြောထားတယ်။ မင်းတို့က ကယ်တင်ရှင်ခရစ်တော် ကြွရောက်လာတာကို သက်သေခံကြတယ်။ ဒီတော့ ပါတီက မင်းတို့ကို မရှုတ်ချဘဲနေမလား။ ငါတို့အမြင်မှာတော့ ခရစ်ယာန်တွေယုံကြည်တဲ့ ယေရှုဆိုတာ သာမန်လူပဲ။ လက်ဝါးကပ်တိုင်ပေါ်မှာ သံနဲ့တောင်အရိုက်ခံရတယ်။ ဂျူးတွေကလည်း သူ့ကို ခရစ်တော်လို့ လက်မခံခဲ့ကြဘူး။ ဒါ အမှန်ပဲမဟုတ်လား။ မင်းတို့ သက်သေခံကြတဲ့ နောက်ဆုံးသောကာလရဲ့ လူ့ဇာတိခံ အနန္တတန်ခိုးရှင် ဘုရားသခင်ကလည်း သာမန်လူပဲ။ သူ့မှာ မျိုးရိုးနာမည်နဲ့ ကိုယ်ပိုင်နာမည်ရှိတယ်လို့ ပါတီမှတ်တမ်းတွေမှာ ဖော်ပြတယ်။ ဒါလည်း အမှန်ပဲလေ။ ဒီလိုသာမန်လူက ခရစ်တော်ပါ။ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါဆိုပြီး မင်းတို့က ဘာကြောင့် သက်သေခံကြတာလဲ။ ယုံစရာကိုမရှိဘူး။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ဆောင်ရွက်ထားတဲ့ တရားစီရင်ခြင်းအမှုနဲ့ ဖော်ပြထားတဲ့ သမ္မာတရားကို မင်းတို့ ဘယ်လိုပဲ သက်သေခံနေပါစေ၊ ဒီလူက ဘုရားသခင်ဆိုတာကို ငါတို့ပါတီက လက်ခံမှာမဟုတ်ဘူး။ မင်းတို့လည်း ယေရှုကို ယုံကြတဲ့ ခရစ်ယာန်တွေ ကက်သလစ်တွေ အရှေ့ပိုင်းအော်သိုဒေါ့စ်တွေလိုပဲ လူကို ဘုရားသခင်ဆိုပြီး ယုံနေကြတယ်။ ဒါက တကယ်ကို ပညာမဲ့တာ မဟုတ်ဘူးလား။ ဘုရားသခင်ဆိုတာရယ်၊ ဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့ အမှုတော်ဆိုတာတွေ ရယ်က အတိအကျအားဖြင့် ဘာလဲ။ သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်ရဲ့အမှုကို လုပ်ဆောင်ရုံလောက်နဲ့ စစ်မှန်တဲ့ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းပါလို့ ဆိုလိုတာလား။ ငါတို့တော့ ဘယ်တော့မှလက်မခံဘူး။ ဘုရားသခင်သာ တရုတ်ကွန်မြူနစ်ပါတီနဲ့ သူ့ကိုဆန့်ကျင်သူတွေကို ပျက်စီးခြင်းရောက်စေတာမျိုး အံ့ဖွယ်တွေလုပ်ပြ နိုင်ရင်တော့၊ ငါတို့ကလည်း သူ့ကိုစစ်မှန်တဲ့ ဘုရားသခင်လို့ သတ်မှတ်လိုက်မယ်။ တကယ်လို့ ဘုရားသခင်က ကောင်းကင်မှာ ပေါ်လာမယ်။ ပြီးတော့ လူသားမျိုးနွယ်တစ်ခုလုံး ထိတ်လန့်စေမဲ့ မိုးခြိမ်းသံလို မြည်ဟည်းသံကြီး လုပ်ပြတယ်ဆိုရင်တော့၊ အဲဒါက ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း ဖြစ်လိမ့်မယ်။ ဒါဆို စီစီပီကလည်း သူ့ကိုအသိအမှတ်ပြုမှာပဲ။ အဲဒီလိုမှမဟုတ်ရင်တော့ ဘုရားသခင်ရှိတယ် ဆိုတာကို ပါတီက ဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။