၄၇။ လူမုန်းမခံချင်သူများက ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရနိုင်ပါသလား

ဟောင်ကျန့် တရုတ်နိုင်ငံ

ကျွန်တော်က ကံကြွေးချစနစ်နှင့် ရှုပ်ထွေးသည့် လူမှုဆက်ဆံရေးများရှိသည့်၊ ဆင်းရဲပြီး ခေတ်နောက်ကျနေသည့် ရွာတစ်ရွာက လာခြင်း ဖြစ်ပါသည်။ ကျွန်တော်က ထိုပတ်ဝန်းကျင်နှင့် ကျွန်တော့်မိဘများပြောသည့်၊ “မပြောမီ ကြိုစဉ်းစားပါ၊ ထို့နောက် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုပါ၊” “ဆိတ်ဆိတ်နေခြင်းသည် ရွှေဖြစ်၏၊ ပြောစကားသည် ငွေဖြစ်၍ စကားများစွာပြောသူသည် အမှားများစွာပြု၏၊” “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏၊” “ပွင့်လင်းခြင်းသည် အခြားသူများကို စိတ်အနှောင့်အယှက်ဖြစ်စေသဖြင့် အခြားသူများ၏ခံစားချက်များ၊ ဆင်ခြင်တုံတရားများနှင့် သဟဇာတဖြစ်ရန် ကောင်းသောစကားများကို ပြောပါ။” တို့ကဲ့သို့ စကားများ၏ လွှမ်းမိုးမှုကို တကယ်ကို ခံခဲ့ရခြင်း ဖြစ်သည်။ ဤအတွေးအခေါ်များ အားလုံးက ကျွန်တော့်အတွက် ဘဝမှာ ပညာပေးစကားများ ဖြစ်လာခဲ့ပါသည်။ ကျွန်တော်က ညီရင်းအစ်မများနှင့်ပင်လျှင် အမြဲတမ်း သူတို့ကို သတိကြီးကြီးနှင့် လေ့လာသည်၊ အကောင်းပြောဖို့ ကြိုးစားသည်၊ သူတို့ပျော်အောင်လုပ်ဖို့ ချီးကျူးစကားများသာ ပြောခဲ့ပါသည်။ တစ်ယောက်က အမှားတစ်ခုလုပ်မိပြီး၊ ကျွန်တော့်မိဘများက မည်သူလုပ်သည်ကို မေးပါက၊ ကျွန်တော် အမြဲတမ်း မသိဟု ဖြေခဲ့သောကြောင့်၊ ကျွန်တော့်၏ ညီရင်းအစ်မများလည်း ကျွန်တော့်ကို အတော်အတန် သဘောကျကြသည်။ ကျွန်တော်အမေကလည်း ကျွန်တော်သည် လူတော်လေးတစ်ယောက်ဖြစ်သည်ဟု အမြဲပြောခဲ့ပါသည်။ ကျွန်တော် လူ့လောကထဲကို စပြီး ဝင်လာသည့်အချိန်မှာ၊ သူငယ်ချင်းများနှင့်ဖြစ်စေ၊ အပြင်က အခြား လူမျိုးစုံနှင့်ဖြစ်စေ ကျွန်တော်၏ ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် အမြဲတမ်း သတိထားပြီး နေခဲ့ပါသည်။ တစ်စုံတစ်ဦးကို စော်ကားသည့် အရာဖြစ်စေ၊ တစ်စုံတစ်ဦးနှင့်စကားများသည့် အရာဖြစ်စေ တစ်ခုမျှ မလုပ်ခဲ့ဖူးပါ။ အခြားလူတစ်ယောက်က ကျွန်တော့်ကို စော်ကားပါက၊ ကျွန်တော်က တကယ်ကို ခွင့်လွှတ်ပြီး စကားကြမ်းကြမ်းများ မပြောခဲ့ပါ။ ကျွန်တော်လည်း တော်တော်ကို မကောင်းသည့် အကျိုးဆက်များ ခံစားခဲ့ရပြီးလျှင် မျိုသိပ်ပြီး ဒေါသထွက်ခဲ့ရသည်၊ သို့ရာတွင်လည်း ကျွန်တော်က “တိတ်တိတ်နေခြင်းသည်ရွှေ၊ စကားများပါက အမှားများတတ်သည်။” ဟူသည့်အတိုင်း ဆက်နေပြီးလျှင်၊ ကျွန်တော်၏ခံစားချက်များကို မျိုသိပ်ခဲ့ပါသည်။ မိသားစုနှင့် သူငယ်ချင်းများကြားမှာ ကျွန်တော့်ကို သဘောကောင်းသည့် လူတစ်ဦးအဖြစ် သိလာကြသည်။ ထိုနည်းလမ်းဖြင့် နေခြင်းအတွက် လူတိုင်းက ချီးကျူး၊ ချီးမွမ်းကြသော်လည်း၊ ကျွန်တော် ဤဖိအားကြီးကို အစဉ် ခံစားခဲ့ရပြီး၊ စကားဖြင့်ပင်ဖော်ပြ၍မရအောင် ရင်ထဲမှာ နာကျင်ခဲ့ရသည်။ ကျွန်တော် မည်သူ့ကိုမျှ မစော်ကားမိစေဖို့ လူတိုင်းကို သတိနှင့် ဆက်ဆံပြီးလျှင်၊ တကယ်ကို မည်သူ့ကိုမျှ တစ်ခါမျှ ရင်မဖွင့်ခဲ့ဖူးပါ။ အမြဲတမ်း အဖြည့်ခံ အဖြစ်နေပြီး မိမိကိုယ်ကျိုးကို ကာကွယ်ဖို့အတွက် အပြင်ပန်းမှာ ပုံစံအမှားကြီးနှင့် နေခဲ့သည်။ ယင်းက နာကျင် ပင်ပန်းပြီး ဖိစီးသည့် အသက်ရှင်နည်းတစ်ခုသာ ဖြစ်ပါသည်။ “ဘယ်တော့မှများ ဒီလိုဒုက္ခက ချုပ်ငြိမ်းမှာလဲ။ ပိုလွယ်ကူတဲ့ ဘဝရဖို့ ဘယ်လိုလုပ်ရမလဲ။” ဟု ကျွန်တော်အမြဲတမ်း တွေးဖူးသည်။ ကျွန်တော် လမ်းပျောက်ပြီး နာကျင်နေခဲ့သည့်အခါက၊ အနန္တတန်ခိုးရှင်ဘုရားသခင်က သူ၏ကယ်တင်ခြင်းလက်တော်ကို ကျွန်တော့်ထံ ဆန့်တန်းခဲ့ပါသည်။

၁၉၉၈ ခုနှစ်တွင် ကျွန်တော် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံရဖို့ အခွင့်အရေးကောင်း ရခဲ့ပါသည်။ ဘုရားသခင်က ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဖြေရှင်းဖို့နှင့် ကျွန်တော်တို့ကို လူသားပုံသဏ္ဌာန် အစစ်အမှန်နှင့် အသက်ရှင် နေထိုင်ခွင့်ရစေဖို့အလို့ငှာ လူ့ဇာတိခံယူပြီး လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကြွလာပြီဖြစ်သည်ဟု အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ကျွန်တော် သိခဲ့ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်က ရိုးသားသူကို နှစ်သက်မှန်း သင်တို့သိထားသင့်သည်။ ဘုရားသခင်၌ သစ္စာရှိခြင်း၏ အနှစ်သာရ ရှိသဖြင့် သူ၏နှုတ်ကပတ်တော်များကို အမြဲ ယုံကြည်စိတ်ချနိုင်သည်။ ထို့အပြင် သူ၏ လုပ်ဆောင်ချက်များမှာ အမှားကင်းပြီး သံသယ ရှိရန်မလိုပေ၊ ထိုအကြောင်းကြောင့် သူ့အပေါ် ပကတိ ရိုးသားဖြောင့်မတ်သူများကို ဘုရားသခင်က နှစ်သက်ခြင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သတိပေးချက် သုံးချက်)ငါ၏နိုင်ငံတော်သည် ရိုးသားသူများ၊ သူတော်ကောင်း အယောင်မဆောင်သောသူများ သို့မဟုတ် မလှည့်ဖြားသောသူများကို လိုအပ်ပေသည်။ စိတ်ရင်းမှန်ပြီး ရိုးသားသောသူတို့သည် ကမ္ဘာလောကတွင် လူကြိုက်နည်းသည် မဟုတ်လော။ ငါသည် တကယ့်ကို ဆန့်ကျင်ဘက် ဖြစ်၏။ ရိုးသားသူများ ငါ့ထံသို့လာရန်မှာ လက်ခံနိုင်ဖွယ် ဖြစ်သည်။ ငါသည် ဤလူစားမျိုးကို အထူးနှစ်သက်သကဲ့သို့ ဤလူစားမျိုးကို ငါသည် လိုလည်းလိုအပ်၏။ ဤသည်မှာ ငါ၏ဖြောင့်မတ်ခြင်း အတိအကျ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၃)) ဘုရားသခင်က ကျွန်တော်တို့ကို ရိုးသားဖို့၊ ရိုးရှင်းပြီး ပွင့်လင်းဖို့နှင့် ယင်းကသာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ကို ပြောပါသည်။ ဤသည်ကို ကျွန်တော် ဖတ်လိုက်ရတော့၊ ယင်းက ပို၍ လွယ်ကူပြီး ပို၍ ပျော်စရာကောင်းသည့် ရှင်သန်နည်းတစ်ခုဖြစ်ကြောင်း နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပြီးလျှင်၊ ဘုရားသခင် သတ်မှတ်သည့်အတိုင်း ရိုးသားစွာနေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆွေးနွေးပွဲများတွင်၊ အားလုံးက ရိုးသားပြီး လွတ်လပ်စွာပြောဆိုနေကြသည်ကို ကျွန်တော် သတိထားမိခဲ့သည်။ သူတို့က ရိုးသားပြီး စစ်မှန်ကြသည်။ သူတို့မှာ လူတစ်ယောက်နှင့်ပတ်သက်ပြီး အမြင်များရှိလာသည့်အခါ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှုကို ဖော်ပြနေသည့် တစ်ယောက်ယောက်ကို မြင်သည့်အခါ၊ ကူညီဖို့အတွက် ထောက်ပြနိုင်ကြပြီး သူတို့၏ အသိပညာများနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ကြသည်။ ဤသည်မှာ ကျွန်တော့်အတွက် တကယ်အံ့ဩစရာဖြစ်ခဲ့ပါသည်၊ အကြောင်းမှာ လူများနှင့်ပတ်သက်သည့် မိမိ၏အမြင်ကို လုံးဝ ပြော၍ မရသည့်အရာဖြစ်ကြောင်း၊ ရိုးသားစွာနေခြင်းအားဖြင့် အခြားသူများကို စော်ကားမိပြီး၊ မိမိကိုယ်ကိုယ် ထိခိုက်စေနိုင်ကြောင်း ကျွန်တော် အစဉ် တွေးခဲ့သောကြောင့်ဖြစ်သည်။ သို့ရာတွင် ကျွန်တော်က ဤနေရာတွင် ယင်းကို စိတ်ပူစရာမလိုခဲ့ပါ။ ညီအစ်ကိုမောင်နှမများက လောကကြီးထဲကလူများကဲ့သို့ တုပဟန်ဆောင်ခြင်း မရှိဘဲ၊ အခြားသူတစ်ဦးကို သူတို့ ထိခိုက်မိသည့်အခါ၊ သူတို့က တောင်းပန်ကြသည်။ သူတို့က အမြဲတမ်း အခြားသူများကို ထည့်တွေးပေးသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်များကြောင့်၊ သူတို့က ယင်းကို လုံးဝ လက်တွေ့လုပ်ဆောင်နိုင်ပြီး အသက်ရှင်နေထိုင်ကြသည်ကို ကျွန်တော် သိခဲ့ရပါသည်။ ယင်းက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း၊ ထိုနှုတ်ကပတ်တော်များက လူများကို သန့်စင်ပြီး ပြောင်းလဲပေးနိုင်ကြောင်း ကျွန်တော့်ကို သာ၍ပင် အသေအချာ သိလာစေပြီး၊ ကျွန်တော်က တကယ်ကို ရိုးသားသည့်လူတစ်ယောက် ဖြစ်ချင်ခဲ့သည်။ သို့ရာတွင် စာတန်၏ အသက်ရှင်မှုနှင့်ပတ်သက်သည့် အတွေးအခေါ်များက ကျွန်တော်ဆီမှာ ရှိနေခဲ့သည်မှာ ကြာမြင့်သော အချိန်ကတည်းကဖြစ်ပြီး၊ ရှင်သန်ဖို့အတွက် ကျွန်တော်၏ ကိုယ်ပိုင် စည်းမျဉ်းများ ဖြစ်လာခဲ့သည်။ ကျွန်တော် ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆွေးနွေးပွဲများတွင်၊ သတိမမူမိဘဲ စာတန်၏ ထိုအတွေးအခေါ်များအပေါ် ကျွန်တော် မှီခိုနေမိနေဆဲသာ ဖြစ်သည်။ ကျွန်တော်က ပွင့်ပွင့်လင်းလင်းနှင့် စိတ်နှလုံးထဲကအတိုင်းပြောဖို့ကို ကြောက်နေပြီး၊ သူများကို စော်ကားမိမည်ကိုဖြစ်စေ၊ ကျွန်တော့် ဂုဏ်သိက္ခာ ထိခိုက်မည်ကို ဖြစ်စေ ကြောက်နေခဲ့ပါသည်။ ကျွန်တော်က သူတို့နှင့်ဆက်ဆံရေးကို ကာကွယ်ဖို့ ဆက်ပြီး ဂရုစိုက်နေခဲ့ပြီးလျှင်၊ ရိုးသားခြင်းသည် တကယ့်ကို ခက်ခဲသည့် အလုပ်သာဖြစ်သည်ဟု ခံစားခဲ့ရသည်။ ထို့နောက် ကျွန်တော့်ကို သန့်စင်ပြီး ပြောင်းလဲဖို့အတွက်၊ ဘုရားသခင်က ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးမှုနှင့် ချို့ယွင်းချက်များကို ဖော်ပြဖို့ သင့်တော်သည့်ပတ်ဝန်းကျင်ကို သတိကြီးကြီးနှင့် စီစဉ်ပေးခဲ့ပြီး၊ ရိုးသားသည့်လူဖြစ်ရခြင်း၏ စစ်မှန်မှုထံ ကျွန်တော့်ကို ဦးဆောင်ပေးခဲ့ပါသည်။

နောက်ပိုင်းတွင်၊ ကျွန်တော်လည်း အစ်ကိုလီနှင့်အတူ အဖွဲ့ခေါင်းဆောင်အဖြစ် စပြီး အလုပ်လုပ်ခဲ့သည်။ ကျွန်တော်တို့ တော်တော်ကို သင့်မြတ်ခဲ့ကြပြီးလျှင် သူကလည်း ကျွန်တော့်ကို အမှုအရာများစွာတွင် ကူညီပေးခဲ့ပါသည်။ သို့ရာတွင် ကျွန်တော်တို့၏တာဝန်၌ သူက မာနထောင်လွှားသည်၊ တစ်ယူသန်ပြီး အခြေခံသဘောတရားများကို မလိုက်နာသည်ကို ကျွန်တော် သိခဲ့ရသည်။ ကျွန်တော် တစ်ခုခုပြောချင်လာတိုင်း၊ ကျွန်တော် ပါးစပ်ဟဖို့ ပြင်ရုံသာရှိသေးသည်၊ နောက်ဆုံးမှာ စကားလုံးများကို မျိုသိပ်ပစ်ခဲ့ရသည်။ ကျွန်တော်က “ငါသာ သူ့ကိုဝေဖန်လိုက်ရင်၊ သူက ငါ့အပေါ် ကြင်နာရဲ့သားနဲ့ ငါကအမြဲတမ်း သူ့ပြဿနာတွေကို ထောက်ပြနေတော့ ငါ့ကို အသိစိတ်မရှိဘူးလို့ ပြောမှာပဲ။ သူသာ ငါ့အပေါ် မမျှမတ ဆက်ဆံလာပြီဆိုရင်၊ ငါတို့ အမှုတော်မှာ အတူတူ လုပ်လို့ရပါဦးမလား။” ဟု စဉ်းစားခဲ့မိသည်။ ကျွန်တော်လည်း ကျွန်တော်တို့ ဆက်ဆံရေးကို ကာကွယ်နိုင်ဖို့အလို့ငှာ၊ ဤအကြောင်း သူ့ကို မည်သည့်အခါမျှ မပြောခဲ့ပါ။ နောက်ပိုင်းတွင် အစ်ကိုလီက မာနထောင်လွှားပြီး သူ၏တာဝန်များကို လျစ်လျူရှု ထားခဲ့သောကြောင့်၊ အသင်းတော်၏ အလုပ်ကို ကြီးကြီးကျယ်ကျယ် ထိခိုက်စေခဲ့ကာ၊ အစားထိုးခံခဲ့ရပါသည်။ သို့သော်ငြားလည်း ကျွန်တော့်ကိုယ်ကျွန်တော် ပြန်လည်မသုံးသပ်မိသေးပါ။ သို့ရာတွင် တစ်ရက်မှာ အစ်ကိုလီ၏ အိမ်ကို ကိစ္စတစ်ခုနှင့် သွားသည့်အခါ သူ့အမျိုးသမီးက၊ “ကျွန်မအမျိုးသား အစားထိုးခံရတာ ရှင့်မှာလည်း တာဝန်ရှိတယ်။ ရှင်သာ သူ့ကို သတိပေးပြီး ကူညီပေးနိုင်ခဲ့မယ်ဆိုရင် သူလည်း အမှုတော်ကို အမှုမဲ့အမှတ်မဲ့ ထင်ရာစိုင်းပြီးတော့ အသင်းတော်အလုပ်ကို နှောင့်ယှက်မိခဲ့မှာ မဟုတ်လောက်ဘူး။ ရှင်က ဘာလို့များ အသင်းတော်ရဲ့အမှုကို မထိန်းသိမ်းနိုင်ရတာလဲ။ ရှင်က လူမုန်းမခံချင်တဲ့သူတစ်ယောက်ပဲ၊ ရှင်ဟာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့သူမှ မဟုတ်တာ။” ဟု ကျွန်တော့်ကို ပြောလာပါသည်။ သူမက ဤကဲ့သို့ ပြောသည်ကို ကြားရလျက်၊ ကျွန်တော့်ကို စိတ်ထိခိုက်စေခဲ့ပြီး ကျွန်တော် အရှက်ကြီး ရှက်ခဲ့ရပါသည်။ ပြန်သွားပြီးသည့်နောက်တွင် ကျွန်တော်လည်း မျက်ရည်မဆည်နိုင်တော့ပါ။ ကျွန်တော်က ဘုရားသခင်ကို “အို ဘုရားသခင်၊ ဒီနေ့ ကိုယ်တော်က အဲဒီအစ်မကို ကျွန်တော့်ကို ကိုင်တွယ်ဖြေရှင်းခွင့်ပေးခဲ့ပြီးတော့ ဝေဖန်ပြစ်တင်ခဲ့ပေမဲ့၊ ကျွန်တော့်ကိုယ်ကျွန်တော် တကယ်မသိသေးပါဘူး။ ကျေးဇူးပြုပြီး အလင်းပြလမ်းညွှန်ပေးပါ။” ဟု နာကျင်မှုများနှင့် ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးသည့်နောက်မှာ ကျွန်တော် ဖြည်းဖြည်းချင်း စိတ်အေး သွားခဲ့ပြီး၊ အစ်ကိုလီနှင့် အလုပ်လုပ်ခဲ့ရသည့်အချိန်ကို စပြီး ပြန်တွေးခဲ့မိပါသည်။ ကျွန်တော်က အသက်ရှင်ဖို့အတွက် စာတန်၏ အတွေးအခေါ်များနှင့် နေခဲ့သည်ကို ကျွန်တော် သိမြင်ခဲ့ရပါသည်။ သူက အခြေခံသဘာတရားများနှင့် သွေဖည်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသော်လည်း၊ သူ့ကို မတားခဲ့သကဲ့သို့၊ မကူညီခဲ့ပါ။ သူ့ကို စော်ကားမိပြီး ကျွန်တော်တို့၏ လုပ်ငန်းခွင် ဆက်ဆံရေးကို ထိခိုက်မည်ကို အရမ်းကြောက်ခဲ့ပါသည်။ အစ်ကိုလီ ထိုအခြေအနေအထိ ရောက်သွားခြင်း၌ ကျွန်တော့်မှာ ရှောင်လွှဲ၍မရနိုင်သည့် တာဝန်တစ်ခု ရှိခဲ့ပါသည်။ ကျွန်တော် ပို၍ နောင်တရကာ အပြစ်ရှိသကဲ့သို့ ခံစားခဲ့ရပါသည်။

နောက်ပိုင်းတွင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ပိုဒ်ကို ကျွန်တော် ဖတ်ခဲ့ပါသည်။ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် တော်သင့်ရုံ လမ်းကြောင်းကို လျှောက်လမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို အားရကျေနပ်စေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ယင်းသည် ဘုရားသခင်၊ အခြားလူများနှင့် အဖြစ်အပျက်တို့ကို စစ်မှန်သော စိတ်နှလုံးဖြင့် သဘောထားဆက်ဆံခြင်း၊ တာဝန်ယူနိုင်ခြင်းနှင့် ဤအရာအားလုံးကို အယောက်တိုင်း မြင်ကာ ခံစားဖို့အတွက် ထင်ရှားမြင်သာသည့် နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ခြင်းတို့ ပါဝင်ပေသည်။ ထို့အပြင် ဘုရားသခင်သည် လူတို့၏စိတ်နှလုံးကို ရှာဖွေပြီး၊ ၎င်းတို့ အယောက်စီတိုင်းကို သိလေသည်။ အချို့သော လူတို့သည် ဆိုးရွားသည့် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ဖူးသကဲ့သို့၊ အခြားသူများ၏ ပိုင်ဆိုင်မှုများကို မခိုးဝှက်ဖူး သို့မဟုတ် အခြားလူတို့၏ ပစ္စည်းများကို မတပ်မက်ဖူးပါဟု အခိုင်အမာဆိုရင်း၊ ကောင်းမွန်သော လူသဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြသည်ဟု အမြဲ ကြွားဝါကြလေသည်။ အကျိုးစီးပွားများ အပေါ် အငြင်းပွားမှု တစ်ခုရှိသောအခါ၊ ဆုံးရှုံးမှု ခံစားဖို့ သာ၍ နှစ်သက်ရင်း ၎င်းတို့ကိုယ်တိုင် အနစ်နာခံခြင်းဖြင့် အခြားသူများကို အကျိုးခံစားခွင့်ပေးကာ ၎င်းတို့က လူကောင်းများဖြစ်သည်ကို အခြားသူတိုင်းက တွေးထင်ဖို့အလို့ငှာသာ မည်သည်မဆိုနှင့် ပတ်သက်၍ ဆိုးသောအရာတစ်ခုတစ်လေကို ၎င်းတို့ လုံးဝ မပြောကြသည်အထိပင် လုပ်ဆောင်ကြလေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်နိုင်ကြချေ။ မကောင်းမှုပြုသူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်ကိုယ်ကျင့်တရားများ တစ်ခုတစ်လေမျှ မရှိကြပေ။ ဤသည်မှာ ကောင်းသောလူ့သဘာဝ၏ ဥပမာတစ်ခုမဟုတ်ပေ။ ထိုသို့သော လူတစ်ဦး ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ သူ၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူ၏ ဆက်ကပ်ခြင်းထက် ပိုလွန်ပါက၊ သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို ချစ်ခြင်းသည် ဘုရားသခင်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူပြသည့် အရေးထားမှုထက် သာလွန်ပါက၊ သူသည် လူ့သဘာဝရှိသည့် လူတစ်ဦး မဟုတ်ပေ။ သူ၏ အပြုအမူကို အခြားသူများနှင့် ဘုရားသခင်က မြင်နိုင်ပေသည်။ ထို့ကြောင့်၊ ထိုသို့သော လူတစ်ဦးအတွက် သမ္မာတရားကို ရရှိဖို့ အလွန်ခက်ခဲပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) လူကောင်းတစ်ယောက်ဖြစ်ခြင်းက သဘောကောင်းခြင်း မဟုတ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို ပြသခဲ့ပါသည်။ ယင်းက လူများနှင့် အဆင်ပြေခြင်းမဟုတ်သကဲ့သို့၊ သူတို့၏ အသိအမှတ်ပြုမှုကို ရရှိခြင်းလည်း မဟုတ်ပါ။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ဘက်လှည့်ခြင်း၊ သစ္စာရှိခြင်း၊ ဘုရားသခင့် အိမ်တော်၏ အလုပ်ကို အဓွန့်ရှည်အောင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သမ္မာတရား၏ အခြေခံ သဘောတရားများကို လိုက်နာခြင်းနှင့်၊ လူများကို ယုံကြည်မှုနှင့် ပတ်သက်ပြီး ဘဝမှာ ကူညီထောက်ပံ့ပေးခြင်းတို့ ဖြစ်ပါသည်။ သို့သော် အစ်ကိုလီက တစ်ယူသန်ပြီး အကြိမ်ကြိမ် သမ္မာတရားနှင့် ဆန့်ကျင်သည်၊ ပြီးလျှင် အလွန် မာနထောင်လွှားပြီး အခြားသူများ၏ အကြံပေးချက်များကို လက်မခံသည်တို့ကို ကျွန်တော် တွေ့မြင်ခဲ့ဖူးသော်လည်း၊ ဤသည်မှာ သူ့အတွက်ရော ဘုရားသခင်၏ အိမ်တော်အတွက်ပါ မကောင်းမှန်းသိခဲ့လျက်၊ “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏။” ဟူသည့် စာတန်၏ အတွေးအခေါ်အတိုင်း ကျွန်တော် နေခဲ့မိပါသည်။ ကျွန်တော် မသိကျိုးကျွံနေခဲ့သည်။ သူ့ကို မကူညီခဲ့သကဲ့သို့၊ အသင်းတော် ခေါင်းဆောင်ကိုလည်း မပြောပြခဲ့ပါ။ ကျွန်တော်က အသင်းတော်၏ အလုပ် ထိခိုက်နေသည်ကို ထိုအတိုင်းသာ ကြည့်နေခဲ့သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နှင့် တာဝန်သိမှုတို့အတွက် ကျွန်တော့်၏ ဩဇာတိက္ကမကို မစတေးနိုင်ခဲ့ပါ။ ကျွန်တော်က အရမ်းကို တစ်ကိုယ်ကောင်းဆန်၊ ရွံစရာကောင်းပြီး လှည့်ဖြားတတ်ခဲ့ပါသည်။ ကျွန်တော်က သူ့၏ အပြစ်တရားကို ခွင့်ပြုပေးနေခဲ့ခြင်းသာ မဟုတ်ပါလား။ ကျွန်တော်က စာတန်ဘက်မှာ ရပ်တည်ခဲ့ခြင်းသာ မဟုတ်ပါလား။ ကျွန်တော်လည်း၊ စက်ဆုပ်စရာကောင်းပြီး သူများစိတ်ဆိုးမှာကြောက်သည့် တစ်ဖို့တည်းသမား ဖြစ်လာခဲ့သည်။ ကျွန်တော့်မှာ ဖြောင့်မတ်မှု မရှိတော့ပါ။ လုံးဝကို လူကောင်းတစ်ယောက် မဟုတ်ခဲ့ပါ။ ကျွန်တော်လိုချင်သည့် “လူကောင်း” တစ်ယောက်ဖြစ်ဖို့ရာမှာ၊ ဘုရားသခင်ရွံရှာသည့် လူမုန်းမခံချင်သူနှင့် လှည့်ဖြားတတ်သည့်လူ ဖြစ်လာခဲ့သည်။ အပြင်လောကတွင် ထိုကဲ့သို့နေတာ အဆင်ပြေသော်လည်း၊ ဘုရားသခင်အိမ်တော်တွင် ဘုရားသခင်ကို ရွံရှာစေပါသည်။ ထို့နောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ၊ ဆက်ဆံရေးကို ကာကွယ်ဖို့ သဘောကောင်းပြခြင်းက၊ တကယ်တမ်း လူများကို ထိခိုက်စေသည်ကို ကျွန်တော် သဘောပေါက်သွားခဲ့သည်။ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော့်၏ လူကောင်းတစ်ယောက်ဖြစ်ခြင်း အပေါ် အမြင်က ကျွန်တော့်ကို တုန်လှုပ်သွားစေခဲ့ပါသည်။ ကျွန်တော်၏ဆက်ဆံရေးများတွင် စာတန်၏ အတွေးအခေါ်အတိုင်း လုပ်ခြင်းက လုံးဝမှားသည်ကို ကျွန်တော် သိခဲ့ရပါသည်၊ ပြီးလျှင် ဤအချိန်နှင့် ကိုင်တွယ်ဖြေရှင်းရခြင်းက ကျွန်တော် မည်သည့်အခါမျှ မမေ့နိုင်မည့် နက်နဲသည့် ထင်မြင်ချက်တစ်ခု ဖြစ်စေခဲ့သည်။ အစ်ကိုလီက ပြစ်မှားခြင်းကို ကျူးလွန်ခဲ့သော်လည်း၊ ကျွန်တော်က အဆုံးမရှိသည့် အကြွေးများတင်သွားသည်ဟု ခံစားရပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများမှတစ်ဆင့်၊ ကျွန်တော့်၏ နှစ်ပေါင်းများစွာ လမ်းလွဲနေသည့် လိုက်စားမှုတစ်ခုအပေါ် နားလည်မှုရခဲ့ပါသည်၊ ပြီးလျှင် ကျွန်တော် ထိုနည်းလမ်း အတိုင်းလည်း မနေချင်ခဲ့တော့ပါ။ ကျွန်တော် ဘုရားသခင် သတ်မှတ်သည့်အတိုင်း ဖြောင့်မတ်ရိုးသားသည့်လူတစ်ယောက် ဖြစ်ချင်ခဲ့ပါသည်။ ကျွန်တော် ရိုးသားသည့်လူတစ်ယောက်ဖြစ်ဖို့ လုပ်ချင်သည့်ဆန္ဒရှိခဲ့သော်လည်း၊ ကျွန်တော့်၏ ဖောက်ပြန်ပျက်စီးမှုနှင့် ဆိုးယုတ်သည့် စိတ်သဘောထားက အရမ်းနက်ရှိုင်းနေသည့်အတွက်၊ ကျွန်တော် အပြည့်အဝ နားမလည်ဘဲ၊ ကျွန်တော့်၏ သဘာဝနှင့် လူမုန်းမခံချင်သည့် အနှစ်သာရတို့ကို ကျွန်တော် အပြည့်အဝ မမုန်းနိုင်ခဲ့ပါ၊ ကျွန်တော် အမှန်တကယ် မပြောင်းလဲခဲ့ပါ။ သိပ်မကြာမီတွင် ကျွန်တော် ယခင်အတိုင်း ပြန်နေခဲ့မိပါသည်။

အနီးအနားရွာက အစ်မကျန်း၏ အမျိုးသားက ထိုအစ်မ၏ ယုံကြည်မှုလမ်းကြောင်းကို ဟန့်တားနှောင့်ယှက်နေသည့် တကယ့်ကို ဆိုးယုတ်သည့် ဒေသခံလူမိုက်တစ်ယောက် ဖြစ်ပါသည်။ သူက သူ့ဇနီး တွေ့ဆုံပွဲသွားသည်ကိုတွေ့တိုင်း၊ အခြား ညီအစ်ကိုမောင်နှမများကို ပြဿနာရှာနေသောကြောင့်၊ သူတို့လည်း ငြိမ်းချမ်းမှု မရနိုင်ခဲ့ပါ။ တစ်ခါတွင် သူမ တွေ့ဆုံပွဲသွားသည့်အချိန်၊ သူမ၏အမျိုးသားက အစ်ကိုတစ်ယောက် အိမ်ဆောက်ဖို့လုပ်ထားသည့် သစ်သားချောင်းများ ယူပြီး၊ မီးရှို့ခဲ့သည်။ အသင်းတော်ခေါင်းဆောင်က အစ်မကျန်းကို “တွေ့ဆုံပွဲတွေကို မလာပါနဲ့တော့- ကျွန်တော်တို့ လူတိုင်းကို လုံခြုံအောင်ထားရမှာမို့လို့ပါ။ ကိုယ့်ဘာသာ အိမ်မှာပဲ ဝတ်ပြုပြီး ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဖတ်ပါ။” ဟု ပြောခဲ့သည်။ သို့ရာတွင် သိပ်မကြာမီ သူမက တကယ့်ကို တွေ့ဆုံပွဲများ တက်ချင်ခဲ့ပြီး၊ အစ်မဝမ်နှင့် တွေ့ဖို့ ကျွန်တော်တို့ရွာကို မလာရ မနေနိုင်ခဲ့။ မည်သည့်အရာလုပ်ရမှန်းမသိဘဲ၊ အစ်မဝမ်က ကျွန်တော့်ကို စကားလာပြောသည်။ အသင်းတော်၏ အကျိုးစီးပွားက အဓိကဖြစ်ပြီး အစ်မကျန်း အိမ်ပြန်သင့်သည်ကို ကျွန်တော် ကောင်းကောင်းသိပါသည်။ သို့ရာတွင် နောက်တော့ ကျွန်တော်က “ငါက အသင်းတော်ခေါင်းဆောင်မှ မဟုတ်တာ။ ဒါသာ မှားနေတယ်ဆိုရင် သူများတွေ ဘယ်လိုထင်ကြမလဲ။ ပြီးတော့ အစ်မကျန်းက ငါသူ့ကို တွေ့ဆုံပွဲမသွားခိုင်းတာ သိသွားရင်ရော၊ သူငါ့ကိုဘယ်လိုထင်မလဲ။” ဟု တွေးမိသည်။ ဤအတွေးနှင့်၊ ကျွန်တော်လည်း ယဉ်ကျေး အသာရှောင်ပြီး၊ “အစ်မ တကယ်တော့ ဒီကိစ္စကို အသင်းတော်ခေါင်းဆောင်တစ်ယောက်နဲ့ ပြောသင့်တာ၊ တစ်ယောက်လောက် သွားရှာကြည့်ပါလား။” ဟု ပြောလိုက်သည်။ သူမလည်း နောက်ဆုံးတော့ တစ်ယောက်မှ ရှာမတွေ့သောကြောင့်၊ အစ်မကျန်းကို နေခွင့်ပြုလိုက်ရသည်။

နောက်နေ့ ညနေ၌ ကျွန်တော်အိမ်မှာဝတ်ပြုပြီး ဘုရားသခင် နှုတ်ကပတ်တော်များ၏ ဓမ္မတေးများ နားထောင်နေစဉ်၊ တစ်ယောက်ယောက်က တံခါးကို ခပ်ကြမ်းကြမ်းထုနေသည်ကို ကြားလိုက်ရသည်။ ကျွန်တော့်သား တံခါးဖွင့်လိုက်သည့်အချိန်မှာ သစ်သားတုတ်များနှင့် လူ ၃၊ ၄ ယောက်ခန့် ဝင်လာပြီး၊ နောက်ထပ် ၄၊ ၅ ယောက်ခန့်က ကျွန်တော့်အိမ်ခေါင်မိုးပေါ်ကို ခုန်ချခုန်ကြသည်။ သူတို့က ကျွန်တော့်ကို စကားတစ်ခွန်းပင်မပြောဘဲ၊ အိပ်ယာပေါ်တွင် ချုပ်ထားပြီး အသားကုန်ရိုက်ကြလေသည်။ ကျွန်တော် တကယ်ကို ကြောက်လန့်သွားကာ၊ ဘုရားသခင်ကို ဆက်တိုက် ခေါ်ပြီး ဆုတောင်းနေခဲ့သည်။ နာကျင်မှုများက တကယ်ကို ဆိုးလာသည့်အချိန်တွင်ပင်၊ ခုတင်ဘောင်က ကျိုးသွားပြီး ကျွန်တော် ကြမ်းပြင်ပေါ်ကျသွားခဲ့သည်။ ထိုလူရမ်းကားများက ကျွန်တော် အပြင်းအထန်နာကျင်သွားပြီဟု ထင်သွားကြပြီး အလန့်တကြား ပြေးသွားခဲ့ကြပါသည်။ ထိုသို့အရိုက်ခံရပြီးသည့်နောက်တွင် ကျွန်တော့် အရိုးအချို့ သေချာပေါက် ကျိုးသွားပြီဟု ထင်ခဲ့သော်လည်း၊ အံ့ဩစရာကောင်းလှစွာပင် ဒဏ်ရာများက အပေါ်ယံ လောက်သာဖြစ်ပြီး အရိုးကို ထိခိုက်ခြင်းများ မရှိခဲ့ပါ။ ယင်းက ဘုရားသခင်၏ ဂရုစိုက်ကာကွယ်ပေးခြင်း ဖြစ်သည်ကို ကျွန်တော် သိခဲ့ပါသည်။ နောက်နေ့တွင် အစ်မကျန်း၏ အမျိုးသားက အစ်မကျန်း တွေ့ဆုံပွဲသွားသည်သိသွားပြီး၊ ကျွန်တော်စီစဉ်ပေးခဲ့သည်ဟု ထင်သောကြောင့်၊ ထိုလူများအား ကျွန်တော့်ကို ရိုက်ခိုင်းခြင်း ဖြစ်သည်ကို ကျွန်တော် သိလိုက်ရသည်။ ကျွန်တော်က အခြေခံသဘောတရားများကို မလိုက်နာခဲ့သောကြောင့်၊ ထိုအရာ ဖြစ်ရသည်ကို ကျွန်တော် သိခဲ့ပါသည်။ ကျွန်တော်သာ လိုက်နာခဲ့ပါက၊ အစ်မကျန်းကို ထိုစုဝေးပွဲမသွားဖို့ တားခဲ့မည် ဖြစ်သည်၊ ယင်းကလည်း မည်သည့်အခါမျှ ဖြစ်လာမည် မဟုတ်ပေ။ ထိုလူမိုက်များ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်မှာ၊ လုံးဝကို ကျွန်တော်က တစ်ကိုယ်ကောင်းဆန်ပြီး ရွံစရာကောင်း၍ ဖြစ်ပါသည်။ ကျွန်တော့်ကိစ္စကိုသာ စိတ်ဝင်စားခဲ့ပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့် “သဘောကောင်းတဲ့လူ” ဖြစ်ခဲ့သည်။ ထိုသို့ဖြစ်လာစေဖို့ ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

နောက်ပိုင်းတွင် ဘုရားသခင်ရှေ့ကို ရှာဖွေလိုခြင်းနှင့် ပြန်သုံးသပ်ခြင်းတို့ဖြင့် ရောက်လာခဲ့ပါသည်။ ကျွန်တော်က ကျွန်တော့် ကိုယ်ကျိုးကိုကာကွယ်ပြီး လူမုန်းမခံချင်သူအဖြစ်ကနေ အဘယ့်ကြောင့် မရပ်နိုင်သေးသနည်း။ သမ္မာတရားကို သိသည့်အချိန်မှာ အဘယ့်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ခဲ့ရသနည်း။ တစ်ခါတွင် ကျွန်တော် ဘုရားသခင်၏နှုတ်ကပတ်တော်များထဲက ဤနှုတ်ကပတ်တော်များကို ဖတ်ခဲ့ပါသည်။ “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်းပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။...လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ကျွန်တော် ဤကိစ္စကို သေချာပြန်တွေးကြည့်တော့မှ ပြဿနာ၏ ရင်းမြစ်ကို ရှာတွေ့ခဲ့သည်။ ကျွန်တော်က စာတန်၏ အတွေးအခေါ်နှင့် အဆိပ်တရားများဖြစ်သည့်၊ “ဆိတ်ဆိတ်နေခြင်းသည် ရွှေဖြစ်၏၊ ပြောစကားသည် ငွေဖြစ်၍ စကားများစွာပြောသူသည် အမှားများစွာပြု၏၊” “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏၊” “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ၊” “မပြောမီ ကြိုစဉ်းစားပါ၊ ထို့နောက် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုပါ၊” “မိတ်ဆွေကောင်းများ၏အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုဖြစ်စေ၏။” တိုဖြင့် ပြည့်နှက်နေခဲ့သည့်အတွက်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်သည့် လူမုန်းမခံချင်သူ အမြဲတမ်း ဖြစ်နေခဲ့သည်။ ထိုစကားများကို ရှင်သန်ဖို့ စကားများအဖြစ်၊ ပြုမူဆက်ဆံရေးစည်းမျဉ်းများအဖြစ် သတ်မှတ်ပြီး ယင်းတို့ကို အခြေပြုကာ သဘောကောင်းသည့်လူ တစ်ယောက်ဖြစ်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့သည်။ ကျွန်တော် လုပ်ခဲ့သမျှ အရာတိုင်းမှာ၊ လူများကို မစော်ကားမိစေဖို့၊ လူများကျွန်တော့်ကို မည်သို့ချီးမွမ်းပြီး လေးစားအောင် လုပ်ဖို့တို့သာ စဉ်းစားခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်လည်း စာတန်၏ မယုံကြည်ရသည့် လှည့်ဖြားသည့် အတွေးအခေါ်များကို စုံလင်စေခဲ့ပြီးလျှင်၊ ယင်းတို့ကသာ ကျွန်တော်သဘာဝအတိုင်း ထုတ်ဖော်ပြမိသည့် အရာများ ဖြစ်လာခဲ့သည်။ ကမ္ဘာကြီးမှာ ကျွန်တော်က လူကောင်းတစ်ယောက်ဟု ထင်ရပြီး၊ လူများက သဘောကောင်းသည့်လူဖြစ်သည်ဟု ချီးမွမ်းကြသော်လည်း၊ ကျွန်တော်က တကယ့်စစ်မှန်သည့် လူကောင်းတစ်ယောက်ဖြစ်ဖို့ အများကြီးလိုနေသေးသည်။ စာတန်၏ ဤအဆိပ်တရားများအတိုင်း ရှင်သန်နေခြင်းမှ ကျွန်တော် မည်သည့်အရာများ ရနိုင်ခဲ့သနည်း။ ကျွန်တော့်ငယ်စဉက ကလေးတစ်ယောက်မှာရှိသင့်သည့် အပြစ်ကင်းမှု ပျောက်ဆုံးခဲ့ပြီး၊ လူတိုင်းရှေ့မှာ ပုံစံအမှားကြီးနှင့် လုံးဝကို ဟန်ဆောင်ပြီးနေခဲ့ခြင်း ဖြစ်သည်။ ကျွန်တော် ပြောဆိုဆက်ဆံသည့်အခါ၊ အခြားသူများကို အလွန် သတိထားကာ အစဉ် စောင့်ကြည့်ခဲ့သည်။ လူတိုင်းကို ပွင့်ပွင့်လင်းလင်း မဆက်ဆံခဲ့ပါ။ ကျွန်တော်က မည်သူ့ကိုမျှ စိတ်နှလုံးထဲကအတိုင်း ထုတ်ပြောရင်ဖွင့်ခြင်း မရှိခဲ့ပါ။ ကျွန်တော့် မိသားစုအပေါ်မှာပင် လှည့်ဖြားတတ်ခဲ့ခြင်း ဖြစ်ပါသည်။ အခြားသူများကို စော်ကားမိမည်ကို ကြောက်သောကြောင့်၊ ကျွန်တော့်၏ ဆင်ခြင်တုံတရားနှင့် တော်တော်လေး ဆန့်ကျင်ခဲ့ပြီး မိမိဂုဏ်သိက္ခာနှင့် ဖြောင့်မတ်တည်ကြည်မှုတို့ကို ရောင်းစားခဲ့ပါသည်။ ကျွန်တော်က အမှန်အတိုင်းတစ်ခါမှ မရပ်တည်ရဲခဲ့သကဲ့သို့၊ ကျွန်တော့်၏ နာမည်ကိုကာကွယ်ဖို့အတွက် ကျွန်တော့်၏ ဂုဏ်သိက္ခာကို ရင်းနှီးခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်က စိတ်ဆိုးနေသည့်အခါတွင်ပင်၊ အတင်းပြုံးထားခဲ့သည်။ ဤဆိုးယုတ်သော အတွေးအမြင်စနစ်များက ကျွန်တော့်ကို ပုံမှန်လူ့သဘာဝအတိုင်း အသက်ရှင်နေထိုင်နိုင်ဖို့ ဟန့်တားခဲ့ရုံသာမကဘဲ၊ ကျွန်တော့် တစ်ကိုယ်ကောင်းဆန်ခြင်း၊ စက်ဆုပ်ရွံရှာစရာကောင်းခြင်း၊ လှည့်ဖြားတတ်ခြင်းနှင့် အမှားအမှန် မသိခြင်းတို့ကလည်း ဟန့်တားခဲ့ပါသည်။ ဤစာတန်၏ အတွေးအခေါ်များနှင့် နေခဲ့ခြင်းက အခိုက်အတန့်တွင် အခြားသူများထံမှ ချီးကျူးမှုကို ရခဲ့သော်လည်း၊ မမြင်ရသည့် နှောင်ကြိုးများနှင့် အလွန် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ခြင်း ခံထားရသကဲ့သို့ ဖြစ်သည်။ ကျွန်တော်သည် လွတ်လွတ်လပ်လပ် ပြောဆိုဆက်ဆံ၍မရပါ။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော့်မှာ လွတ်လပ်မှု မရှိတော့ဘဲ၊ တကယ့်ကို စိတ်ဓာတ်ကျပြီး နာကျင်ခဲ့ရပါသည်။ ယခုအခါ ကျွန်တော်ယခင်က ဖြစ်အောင် ကြိုးစားခဲ့သည့် လူမုန်းမခံချင်သူဖြစ်ရခြင်းက တကယ်တမ်းတွင် လူကောင်း တစ်ယောက်မဟုတ်ဘဲ၊ သမ္မာတရားကို မလိုက်စားသည့်၊ လှည့်ဖြားပြီး မရိုးသားသည့် နှလုံးသားနှင့် လူသာဖြစ်သည်ကို သိခဲ့ရပြီ ဖြစ်သည်။ ကျွန်တော်က ဘုရားကိုဆန့်ကျင်ပြီး သစ္စာဖောက်နေခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းကို မခံရဘဲ၊ ကယ်တင်ခြင်းကို မည်သည့်အခါမျှ ခံရမည် မဟုတ်ပါ။ ထို့နောက် ဘုရားသခင်က ထိုလူရမ်းကားများကို ကျွန်တော့်ကိုရိုက်ဖို့ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်ကို ကျွန်တော် သဘောပေါက်သွားခဲ့သည်။ ကျွန်တော်က ဘုရားသခင်၏ရှေ့မှောက်ကိုလာပြီး မိမိကိုယ်ကို ပြန်လည်သုံးသပ်ကာ၊ လူမုန်းမခံချင်သူတစ်ဦး ဖြစ်ခြင်း၏ အနှစ်သာရနှင့် အကျိုးဆက်တို့ကို သိပြီး နောင်တရစေဖို့အလို့ငှာ၊ ဘုရားသခင်က ကျွန်တော့်ကို သတိပေးနေခဲ့ခြင်းသာ ဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းမှတစ်ဆင့်၊ လူမုန်းမခံချင်သူ တစ်ဦးဖြစ်ခြင်း၏ သဘာဝနှင့် အနှစ်သာရကို မြင်ခဲ့ပြီး၊ ယင်း၏ အန္တရာယ်နှင့် အကျိုးဆက်များကိုလည်း မြင်ခဲ့ရပါသည်။ ကျွန်တော် သမ္မာတရားကို အမှန်တကယ် လိုက်စားဖို့၊ စာတန်၏ အတွေးအမြင်စနစ်များ၏ချုပ်နှောင်မှုများမှ လွတ်မြောက်ဖို့နှင့်၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ ရိုးသားစွာ ရှင်သန်ဖို့အတွက် ဘုရားသခင်ကို ကျွန်တော် ဆုတောင်းခဲ့ပါသည်။ တစ်ခါက အစ်မလင်းက အခြားအသင်းတော်ကို ပြောင်းရွှေ့ခံရပြီး၊ သင်းထောက် တစ်ဦးအဖြစ် ရွေးခံခဲ့ရသည်ကို ကျွန်တော်သိခဲ့ရသည်။ သူမက တကယ့်ကို လှည့်ဖြားတတ်ပြီး၊ ယခင်က အသင်းတော်ရှိ သူမ၏တာဝန်၌ အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်လျက်၊ အမြဲတမ်း စဉ်းလဲခဲ့သည်ကိုလည်း ကျွန်တော်သိထားခဲ့သည်။ ထိုမျှ အလွန် လှည့်ဖြားတတ်သည့်သူက အသင်းတော်၏ သင်းထောက်တစ်ဦး မဖြစ်သင့်ကြောင်းနှင့်၊ ကျွန်တော် အသင်းတော်၏အလုပ်ကို ထိန်းသိမ်းသင့်ကြောင်း ကျွန်တော် သိပါသည်။ ထိုအသင်းတော်ခေါင်းဆောင်ထံသို့ အခြေအနေကို ရှင်းပြသည့် စာတစ်စောင်ရေးဖို့ ဆုံးဖြတ်ခဲ့ပါသည်။ သို့ရာတွင် ကျွန်တော် ဘောလ်ပင်ကိုင်လိုက်သည့်အချိန်တွင်ပင် တွန့်ဆုတ်ပြီး “ဒါက သူတို့အသင်းတော်၏ကိစ္စပဲလေ။ သူတို့ အသင်းတော်ခေါင်းဆောင်က ငါ့ကို ကိုယ့်ကိစ္စကိုယ် မလုပ်ဘဲ စည်းကျော်နေပြီလို့များ ပြောမလား။” ဟု စဉ်းစားမိခဲ့သည်။ ထို့နောက် ကျွန်တော် ဘုရားသခင်၏နှုတ်ကပတ်တော်အချို့ကို စဉ်းစားမိခဲ့ပါသည်။ “သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ၊ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်လုံးချင်းစီက ကျွန်တော့် နှလုံးသားကို စကားပြောပြီး၊ လူများ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ဖြောင့်မတ်ခြင်းကို ထိန်းသိမ်းဖို့၊ စာတန်၏ ဖိအားများကို ငြင်းဆန်ရဲဖို့နှင့် ဘုရားသခင်အမှုတော်ကို ထိန်းသိမ်းရန် တာဝန်ယူဖို့ မျှော်လင့်ထားသည့် ဘုရားသခင်၏ အရေးပေါ် အလိုတော်ကို ကျွန်တော် ခံစားခဲ့ရပါသည်။ ဘုရားသခင်က ကျွန်တော်တို့ကို အသင်းတော်၏အကျိုးစီးပွားများကို ဦးစားပေးဖို့ကလွဲပြီး အရှုံးအမြတ် မတွက်စေချင်ပါ။ ကျွန်တော် ဘုရားသခင်၏အလိုတော်ကို နားလည်သွားသည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ယုံကြည်ချက်ကို ရှာတွေ့ခဲ့သောကြောင့်၊ အခြားအသင်းတော်ခေါင်းဆောင်ကို အစ်မလင်းအကြောင်း စာတစ်စောင် ရေးခဲ့ပါသည်။ နှစ်ရက်သုံးရက်အကြာ၊ သူတို့ ယင်းကိစ္စကို စုံစမ်းပြီးဖြစ်ကာ အစ်မလင်းကလည်း လှည့်ဖြားတတ်သည့် လူဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သောကြောင့်၊ သူတို့က သူမ၏တာဝန်ကို ပြောင်းလိုက်ကြောင်း ထိုအသင်းတော် ခေါင်းဆောင်က ကျွန်တော့်ကို ပြောလာပါသည်။ ထိုကိစ္စများ ထိုသို့ဖြစ်သွားသည်ကို မြင်ရသည့်အခါ၊ ကျွန်တော် စိတ်သက်သာရာရပြီး စိတ်အေးရပါသည်။ ရိုးသားခြင်းက အရမ်းကို အံ့ဩစရာကောင်းသည်ကို သိခဲ့ရပြီး၊ အဓိပ္ပာယ်ရှိသည့် အရာတစ်ခုခုကို လုပ်ဖို့ လိုအပ်ခဲ့သည်။ အချို့ ညီအစ်ကို မောင်နှမများက အသင်းတော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ ထိုစာရေးခဲ့ခြင်းက ကျွန်တော်သည် အမှန်တကယ် ပြောင်းလဲခဲ့ပြီး ဖြစ်ကာ၊ ဖြောင့်မတ်ခြင်းအသိစိတ်တစ်ခု ရရှိခဲ့ပြီးဖြစ်သည်ဟု ပြနေကြောင်း နောက်ပိုင်းမှာ ပြောလာပါသည်။ သူတို့ထံမှ ဤစကားကြားရသည်က ကျွန်တော့်အတွက် အလွန် စိတ်လှုပ်ရှားစေပါသည်။ ကျွန်တော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်၊ ထိုပြောင်းလဲမှု အနည်းငယ် ရှိခြင်းတို့ အားလုံးက ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများအားဖြင့် ရရှိခဲ့သည်ကို ကျွန်တော့်စိတ်နှလုံးထဲမှ သိခဲ့ရပါသည်။ ကျွန်တော်၏ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ပါသည်။

အရှေ့သို့- ၄၆။ လူမုန်းမခံချင်သူများသည် ဘုရားသခင်၏ ချီးမြှောက်မှုကို ရယူနိုင်ပါသလား

နောက်တစ်ခုသို့- ၄၈။ လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပါ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။