သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏

ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်သည် သင်တို့အားလုံးကို ရွေးချယ်ပြီးဖြစ်ကာ သင်တို့အားလုံးသည် သူ့နောက်လိုက်ပြီး ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းပေါ် စတင်ရန် ရွေးချယ်ကြပြီး ဖြစ်သည်။ အထူးသဖြင့်၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည်၊ သင်၏ တာဝန်များကို မှန်ကန်စွာလုပ်ဆောင်နိုင်လိမ့်မည်၊ သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ စုံလင်စေခြင်းကို ခံရနိုင်လိမ့်မည်။ ဤသည်မှာ သင်တို့၏အိမ်မက်နှင့် ပြင်းပြသောဆန္ဒ မဟုတ်လော။ (ဟုတ်ပါသည်။) ယုံကြည်သူများအတွက် ထိုသို့သော အိပ်မက်များရှိရန်မှာ ကောင်းမွန်သော အရာတစ်ခု၊ အပြုသဘောဆောင်သော အရာတစ်ခုဖြစ်ပြီး၊ ဘုရားသခင်သည် လူတို့၏ အပြုသဘောဆောင်သော အိပ်မက်များနှင့် ပြင်းပြသော ဆန္ဒများကို ဖြည့်ဆည်းပေးသည်။ လူတို့သည် တစ်ခါတရံ အပျက်သဘောဆောင်သည့်၊ မမှန်ကန်သည့် အိပ်မက်များနှင့် ပြင်းပြသောဆန္ဒများက ရှိကြသလော။ လူတို့၏ အခြေအနေများသည် သမ္မာတရား မရရှိမီတွင် ကြိမ်ဖန်များစွာ ဆုတ်ပင်ဆုတ်ယုတ်လျက် တည်ငြိမ်ခြင်းမရှိသည်နှင့်အမျှ ဤသည်မှာ ဖြစ်နိုင်ဖွယ်ရှိသည်။ ထိုအပျက်သဘောဆောင်သောအရာများ ဖြစ်ပေါ်သည့်အခါ၊ ယင်းတို့သည် သင်၏ အသက်ဝင်ရောက်မှုကို ထိခိုက်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို သက်ရောက်သည် မဟုတ်လော။ လူများသည် ထိုအခြေအနေများတွင် အသက်ရှင်ကြပါက၊ ၎င်းတို့၏ အခြေအနေများသည် ပိုဆိုးရွားပြီး အပျက်သဘောဆောင်ကာ အားနည်လာမည် မဟုတ်လော။ ထိုသို့သော အချိန်များတွင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။ (ဆုတောင်းခြင်းဖြင့် ဘုရားသခင်ရှေ့သို့ လာပါ။) ကောင်းပြီ၊ လူတို့ ဆုမတောင်းလိုသည့်အချိန်၊ စာတန်အား မိမိတို့ကို ၎င်းစိတ်ကျေနပ်သည့်အတိုင်း ကြိုးကိုင်ခြယ်လှယ်ခွင့်ပေးလျက် အကျင့်ပျက်သည့် အခြေအနေတွင် ဆက်လက်အသက်စဉ်တွင်၊ မိမိတို့ကိုယ်ကိုယ် အလိုလိုက်ပြီး၊ ရလဒ် မည်သည့်အရာ ဖြစ်လိမ့်မည်ကို မစဉ်းစားဘဲ မိမိတို့ လုပ်ရန်ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ချင်သည့်အချိန်များ ရှိသည် မဟုတ်လော။ ထိုသို့သော အခြေအနေတစ်ခု ရှိသလော။ (ရှိပါသည်။) ဤသည်မှာ မည်သည့် ပြဿနာ၏ သရုပ်သကန်တစ်ခု ဖြစ်သနည်း။ (၎င်းတို့သည် ဘုရားသခင်ထံမှ လှည့်ထွက်သွားကြပြီး ဖြစ်သည်။) ပြီးလျှင် မည်သည့်အရာက ၎င်းတို့ကို ဘုရားသခင်ထံမှ လှည့်ထွက်သွားစေခဲ့သနည်း။ ဤသည်မှာ ၎င်းတို့၏ မလုံလောက်သော ဝိညာဉ်ရင့်ကျက်မှုနှင့် သမ္မာတရား ကင်းမဲ့မှုတို့၏ သရုပ်သကန်တစ်ခု မဟုတ်လော။ ယင်းမှာ ၎င်းတို့၏ မပြည့်စုံသော သမ္မာတရား သိနားလည်မှုနှင့် မလုံလောက်သော ဝိညာဉ်ရင့်ကျက်မှုတို့ကြောင့် ဖြစ်သည်။ ထိုသို့သော အခြေအနေများ ဖြစ်ပေါ်သည့် အချိန်တိုင်းတွင်၊ ထိုသို့သော အခြေအနေတွင် လူတစ်ဦးက မိမိကိုယ်ကိုယ် တွေ့ရှိသည့်အချိန်တွင်၊ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းရမည်၊ သူ့အပေါ် မှီခိုရမည်ဖြစ်ပြီး သမ္မာတရား ရှာဖွေရမည်ဖြစ်သည်။ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ပြီး၊ သမ္မာတရားကို စံမမီပါက၊ သမ္မာတရားကို သိနားလည်သောသူတစ်ဦးကို ရှာဖွေပြီး မိတ်သဟာယပြုသင့်ပြီး၊ ၎င်းတို့ထံမှ ထောက်ပံ့မှုနှင့် အားပေးမှုတို့ကို ရယူသင့်သည်။ တစ်ခါတရံ၊ အခြားလူတစ်ဦး၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းခံရဖို့၊ သို့မဟုတ် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းခံဖို့လည်း လိုအပ်လိမ့်မည်။ ၎င်းတို့သည် ကိုယ့်ခြေထောက်ကိုယ်ပေါ် ရပ်တည်နိုင်စွမ်းမရှိပါက၊ ယင်းမှာ လုံလောက်သည့် သမ္မာတရားကို ၎င်းတို့ နားမလည်သကဲ့သို့ ဝိညာဉ်ရင့်ကျင်မှု ကင်းမဲ့နေကြသောကြောင့် ဖြစ်သည်။ မပြည့်မီသော ဝိညာဉ်ရင့်ကျက်မှုက လူတို့အား အပျက်သဘောဆောင်သည့်၊ အကျင့်ပျက်သော အခြေအနေများနှင့် အတွေးများကို မခုခံနိုင်ဖြစ်စေသည်။ ဤသည်မှာ ပင်းပန်းစရာကောင်းသည့် အသက်ရှင်နည်းတစ်ခု မဟုတ်လော။ ထိုဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့သောသူတို့သည် မည်သည့် အခြေအနေများတွင် ပုံမှန် အသက်ရှင်ကြသနည်း။ သင်တို့ထဲမှ တစ်ဦးတစ်လေသည် ဤအရာအပေါ် ကိုယ်တွေ့အတွေ့အကြုံ ရှိသလော။ မည်သည့် အခြေအနေမျိုးက သင်တို့အား အထီးကျန်စေသနည်း၊ စိတ်ဆင်းရဲစေသနည်း၊ မပြတ်မသားဖြစ်စေပြီး ဆုတောင်းချင်စိတ် သို့မဟုတ် သမ္မာတရားလိုက်စားချင်စိတ်မရှိဘဲ၊ တစ်နေ့လုံး သင့်ကို စိတ်မချမ်းမြေ့ဖြစ်စေလျက်၊ ရှေ့ဆက်ရမည့်လမ်းမရှိသည့်အလား အလွန် ပင်ပန်းနွမ်းနယ်ကာ လမ်းပျောက်စေသနည်း။ မကျော်လွှားနိုင်ဟု ထင်ရသော ပြဿနာတစ်ခုကို သင်တို့ ကြုံရသည့်အခါ၊ လက်လျှော့ရန် သင်တို့ စဉ်းစားဖူးကြသလော။ (စဉ်းစားဖူးပါသည်။) သို့ဆိုလျှင် မည်သည့်အရာက ဤအခြေအနေများကို ဖြစ်ပေါ်စေသနည်း။ ယင်းတို့သည် လူတို့၏ စိတ်များတွင် တမင်အတွေးပေါ်ပြီး စီမံချက်ရေးဆွဲထားသလော။ သေချာပေါက် မဟုတ်ချေ။ ထို့ကြောင့် ဤမေးခွန်းကို တွေးဆလော့။ မည်သည့်အရာက ယင်းတို့ကို ဖြစ်စေသည်ဟု သင်ထင်သနည်း။ ငါ့ကို ပြောလော့၊ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပါက၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ်သိကြလိမ့်မည်၊ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားကို ရှင်းလင်းစွာ မြင်နိုင်ကြလိမ့်မည်၊ လူသားပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ရန်အလို့ငှာ မည်သည့် သမ္မာတရားများဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ရန်လိုအပ်သည်ကို သိရှိကြလိမ့်မည်ဖြစ်ပြီး၊ မတူညီသည့် အခြေအနေများတွင် ဘုရားသခင်ကို မည်သို့ စိတ်ကျေနပ်စေရမည်ဆိုသည့်အပြင် အချို့သော ကိစ္စရပ်များအား ကိုင်တွယ်ရန် မှန်ကန်သည့် နည်းလမ်းများနှင့် ထိုသို့လုပ်ဆောင်စဉ် ထိန်းသိမ်းရမည့် စည်းမျဉ်းများကို သိကြလိမ့်မည်။ ထိုသို့သော ဝိညာဉ်ရင့်ကျင်မှု ပိုင်ဆိုင်သော လူတစ်ဦးသည် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့ အခြေအနေသည် မည်သည့်အရာနှင့် တူလိမ့်မည်နည်း။ ဧကန်မုချ၊ ၎င်းတို့သည် အတိုင်းအတာတစ်ခုထိ အပျက်သဘောဆောင်ကာ အားနည်းကြလိမ့်ဦးမည် ဖြစ်သည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) ထို့ကြောင့်၊ ဤအပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းသည် မည်သည့်နေရာမှလာပြီး ယင်းကို မည်သို့ ဖြေရှင်း၍ ရနိုင်သနည်း။ ဤကိစ္စရပ်များကို သင်တို့ ယခင်က တွေးဆ၊ ရှာဖွေဖူးကြသလော။ (ရှာခဲပါသည်။) ထို့ကြောင့်၊ သင်တို့သည် ဤကိစ္စရပ်များကို လေးနက်စွာ မစဉ်းစားဘဲ သင်၏ အခက်အခဲများနှင့် အားနည်းကာ အပျက်သဘောဆောင်သည့် အချိန်များတွင် ဖြစ်သလိုပြီးမြောက်နိုင်ခဲ့ကြပြီး ဖြစ်သည်။ ထိုသို့ဖြစ်ရာတွင်၊ သင်တို့သည် ဤအထိ အလွန်ကံကောင်း၍ ရောက်ရှိပြီး ဖြစ်ကာ ယင်းမှာ သင်တို့ကို ဤအခက်အခဲများတစ်လျှောက် ဦးဆောင်ခဲ့သည့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။ ယခုတွင် ငါ ယခုတင် ထုတ်ခဲ့သည့် မေးခွန်းမှာ အဘယ်နည်း။ (မည်သည့်အရာက လူတို့အား အပျက်သဘောဆာင်ပြီး အားနည်းသည့် အခြေအနေတစ်ခုတွင် အသက်ရှင်စေသနည်း။) ထိုအကြောင်းကို တစ်မိနစ် စဉ်းစားကြည့်လော။ သင်တို့တွင် အဖြေရှိကြသလော။ သဘောတရားအရ၊ ယင်းမှာ သမ္မာတရားကို ၎င်းတို့ နားမလည်ကြသောကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်ရာတွင်၊ သမ္မာတရားကို နားမလည်မီတွင် လူတို့၏ ဘဝများကို မည်သည့်အရာက လမ်းပြသနည်း။ (၎င်းတို့၏ ဖောက်ပြန်ပျက်စီး၊ ဆုတ်ယုတ်သော စိတ်သဘောထားများ ဖြစ်သည်။) ဟုတ်ပေ၏၊ ယင်းမှာ သင်တို့၏ အဖြေမဟုတ်လော။ ယခုတွင် သင်တို့ သဘောပေါက်ကြပြီလာ။ လူတို့သည် အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါ၊ လက်လျှော့ချင်ကြသည်၊ ပူပန်သောကရောက်ကြသည်၊ အားနည်းကြသည်၊ စိတ်ဆင်းရဲကြသည်၊ စိတ်ကျဉ်းကျပ်ပြီး ရှေ့ဆက်ရမည့်လမ်းမရှိသည့်အလား ချုပ်နှောင်ခံရကြပြီးနောက် အပျက်သဘောဆောင်လာကြသည်၊ ယုံကြည်ချက်မဲ့ကြပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟု တွေးထင်ကြလေသည်။ ဤသည်ကို မည်သည့်အရာက ဖြစ်စေသနည်း။ (၎င်းတို့၏ ဖောက်ပြန်ပျက်စီး၊ ဆိုးယုတ်သော စိတ်သေဘာထားများ ဖြစ်သည်။) လူတို့သည် သမ္မာတရားကို နားမလည်ကြသည့်အခါ၊ မည်သည့် စိတ်သဘောထားမျိုးဖြင့် ၎င်းတို့ အသက်ရှင်ကြသနည်း။ ၎င်းတို့၏ ဘဝကို မည်သည့်အရာက ဦးဆောင်လမ်းပြသနည်း။ (၎င်းတို့၏ ဖောက်ပြန်ပျက်စီး၊ ဆိုးယုတ်သော စိတ်သဘောထားများ ဖြစ်သည်။) ဖောက်ပြန်ပျက်စီး၊ ဆိုးယုတ်သော စိတ်သဘောထား၏ အကျိုးဆက်တစ်ခုအနေဖြင့် လူတစ်ဦးအတွင်းတွင် မည်သည့်အရာများ ဖြစ်ပေါ်နိုင်သနည်း။ မာနထောင်လွှားမှု၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် သစ္စာဖောက်ခြင်း၊ ပြီးလျှင် ဘုရားသခင်အပေါ် ဆန့်ကျင်ခြင်း ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံးသည် လူတို့ထံ စိတ်ဆင်းရဲခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းတို့သာ ဆောင်ကြဉ်းသည်။ ယခုတွင်၊ ထိုဖောက်ပြန်ပျက်စီး၊ ဆိုးယုတ်သော စိတ်သဘောထားများသည် လူတို့ထံ စိတ်ဆင်းရဲခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းများ ဆောင်ကြဉ်းသော်လည်း၊ အဘယ်ကြောင့် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ နှစ်သိမ့်မှု သို့မဟုတ် ပျော်ရွှင်မှုတို့ကို လူတစ်ဦး၏ စိတ်အား မပေးနိုင်သနည်း။ ဤအပျက်သဘောဆောင်သော အရာများသည် အဘယ်ကြောင့် လူတစ်ဦးကို အပျက်သဘောဆောင်စေနိုင်သနည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အပျက်သဘောဆောင်သော အရာများဖြစ်ပြီး၊ ယင်းတို့သည် သမ္မာတရားကို ရန်လိုကြသောကြောင့် ၎င်းတို့သည် မည်သည့် အပြုသဘောဆောင်သော လုပ်ငန်းဆောင်တာကိုမျှ မထမ်းဆောင်နိုင်ဘဲ၊ အပျက်သဘောဆောင်သော လုပ်ငန်းဆောင်တာများသာ ထမ်းဆောင်နိုင်ကြပေသည်။ ယင်းတို့သည် လူတို့အား အပြုသဘောဆောင်ခြင်း၊ စိတ်ဓာတ်ခွန်အား၊ သို့မဟုတ် အထက်သို့မျက်နှာမူသည့် တွေးခေါ်မှုအလေ့အထတို့ကို မထောက်ပံ့ပေးနိုင်ပေ။ အားနည်းခြင်း၊ အပျက်သဘောဆောင်ခြင်းနှင့် စိတ်ဆင်းရဲမှုတို့ကိုသာ ဆောင်ကြဉ်းပေးသည်။ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုသည် လူတို့တွင် အမြစ်တွယ်ပြီး ၎င်းတို့၏ သဘာဝဖြစ်လာသည့်အခါ၊ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးများတွင် အမှောင်နှင့် ဆိုးယုတ်မှုတို့ကို ထည့်ရန်နှင့် ၎င်းတို့အား မှားယွင်းသည့် လမ်းကြောင်းကို လိုက်စားကာ ရွေးချယ်စေရန် လုံလောက်ပေသည်။ ဖောက်ပြန်၍ စာတန်ဆန်သော စိတ်သဘောထား၏ တွန်းအားအောက်တွင် လူတို့၏ စံနှုန်းများ၊ မျှော်လင့်ချက်များ၊ ရည်မှန်းချက်များနှင့် ဘဝ၏ပန်းတိုင်များနှင့် ဦးတည်ရာများသည် အဘယ်နည်း။ ၎င်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် ဆန့်ကျင်ဘက် မဖြစ်ပေဘူးလော။ ဥပမာအနေဖြင့် လူတို့သည် အမြဲတစေ နာမည်ကြီးလိုကြသည် သို့မဟုတ် ကျော်ကြားသူများ ဖြစ်လိုကြသည်။ သူတို့သည် ကြီးမားသောကျော်ကြားမှုနှင့် ဂုဏ်သိက္ခာကို ရယူ၍ ဘိုးဘေးများကို ဂုဏ်ပြုလိုကြသည်။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများ ဖြစ်သလော။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများနှင့် လုံးဝ မကိုက်ညီရုံမျှမက လူသားမျိုးနွယ်၏ ကံတရားကိုအုပ်စိုးသော ဘုရားသခင်၏ဥပဒေသနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ၎င်းကို ငါအဘယ်ကြောင့်ပြောသနည်း။ မည်ကဲ့သို့သော လူစားကို ဘုရားသခင် အလိုရှိသနည်း။ နာမည်ဂုဏ်သတင်းကြီးသောသူ၊ ထင်ပေါ်ကျော်ကြားသူ၊ မြင့်မြတ်သောသူ၊ သို့မဟုတ် ကမ္ဘာကိုတုန်လှုပ်စေသောသူကို ကိုယ်တော် အလိုရှိသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သို့သောလူစားကို ဘုရားသခင် အလိုရှိသနည်း။ (အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းသည့် ခိုင်ခိုင်မာမာ ရပ်တည်သော တစ်စုံတစ်ဦး ဖြစ်သည်။) ဟုတ်ပေ၏၊ ပြီးလျှင် အခြားမည်သည့်အရာ ဖြစ်သေးသနည်း။ (ဘုရားသခင်သည် သူ့ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သကဲ့သို့၊ သူ့ကို ကျိုးနွံနာခံသည့် ရိုးသားသော လူတစ်ဦးကို လိုချင်ပါသည်။) (အရေးကိစ္စအားလုံးတွင် ဘုရားသခင်နှင့်အတူ ရပ်တည်သောသူ၊ ဘုရားသခင်ကို ချစ်ရန် ကြိုးပမ်းသော တစ်စုံတစ်ဦးကို ဖြစ်သည်။) ထိုအဖြေများသည်လည်း မှန်ကန်၏။ ဘုရားသခင်နှင့် စိတ်နှလုံးတူညီသောသူ မည်သူမဆိုဖြစ်သည်။ လူတို့သည် လူသားများအဖြစ် မိမိတို့၏ နေရာကို ထိန်းသိမ်းရမည်ဟု ဘုရားနှုတ်ကပတ်တော်ထဲ၌ တစ်နေရာရာတွင် ပြောသလော။ (ပြောပါသည်။) ယင်းက မည်သည့်အရာကို ပြောသနည်း။ (“ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏အနေအထားကို ထိန်းသိမ်းပြီး တာဝန်သိသိ ပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁))) လူတို့အပေါ် ဘုရားနှုတ်ကပတ်တော်များ တောင်းဆိုသည့်အရာကို သင်တို့ သိကြသည့်အတွက်၊ လူသား အပြုအမူကို သင်တို့လိုက်စားမှုတွင် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်တို့ စွဲမြဲနိုင်ကြသလော။ သင်တို့သည် မိမိတို့၏ အတောင်များကို အမြဲ ဖြန့်ကာ ပျံသန်းလိုကြသလော၊ အစဉ်သဖြင့် တစ်ဦးတည်းပျံသန်းလိုသလော။ ငှက်ငယ်လေးထက် လင်းယုန်တစ်ကောင်ဖြစ်လိုသလော။ ဤသည်မှာ မည်သည့်စိတ်သဘောထားနည်း။ ဤသည်မှာ လူသား၏ ပြုမူနေထိုင်မှု စည်းမျဉ်းဖြစ်သလော။ သင်၏ လူသား၏ ပြုမူနေထိုင်မှုအား လိုက်စားခြင်းသည် ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသင့်သည်။ ဘုရားနှုတ်ကပတ်တော်များကသာ သမ္မာတရားဖြစ်သည်။ သင်တို့သည် စာတန်က ဖျက်ဆီးခြင်းကို အလွန်ပြင်းပြင်းထန်ထန်ခံထားရသည်။ စာတန်၏ စကားများဖြစ်သော ရိုးရာယဉ်ကျေးမှုကို သမ္မာတရားအဖြစ်၊ သင်၏ လိုက်စားမှု၏ ရည်ရွယ်ချက်အဖြစ် အစဉ် ခံယူသည်။ ထို့ကြောင့် သင်သည် လမ်းမှားလိုက်ရန်၊ ဘုရားအား အတိုက်အခံပြုသည့်လမ်းကို လျှောက်ရန် လွယ်ကူသည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအမြင်များ၊ ၎င်းတို့ကြိုးပမ်းသည့် အရာများသည် ဘုရားအလိုတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ အရာခတ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးမှု၏ ဥပဒေသများနှင့်လည်းကောင်း၊ အရာခပ်သိမ်းအပေါ် သူ၏ စီစဉ်ညွှန်ကြားမှုနှင့်လည်းကောင်း၊ ပြီးလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် သူ၏ ထိန်းချုပ်မှုနှင့်လည်းကောင်း ဆန့်ကျင်နေသည်။ ထို့ကြောင့် ဤလိုက်စားမှုမျိုးသည် လူသား၏ အတွေးများ၊ အယူအဆများအရ မည်မျှ သင့်တော်ပြီး ကျိုးကြောင်းသင့်သည်ဖြစ်စေ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများမဟုတ်ပေ။ ဘုရားသခင်၏အလိုတော်နှင့် မညီပေ။ သင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် ဘုရားသခင်အုပ်စိုးမှု၏ အမှန်တရားကို ဆန့်ကျင်သောကြောင့်၊ တစ်ဦးတည်းလျှောက်လှမ်းချင်ပြီး သင်၏ ကံကြမ္မာကို သင်ကိုယ်တိုင် စီမံခန့်ခွဲလိုသောကြောင့် သင်သည် အစဉ်သဖြင့် အတားအဆီးများနှင့် ဝင်ဝင်တိုးနေသည်မှာ အလွန်ပြင်းထန်သောကြောင့် သင်၏ခေါင်းမှ သွေးများစီးကျသည်အထိ ဖြစ်သည်။ မည်သည့်အရာကမျှ သင့်အတွက် အလုပ်မဖြစ်ပေ။ အဘယ်ကြောင့် မည်သည့်အရာကမျှ သင့်အတွက် အလုပ်မဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော ဘုရားသခင် တည်ဆောက်ထားသော ဥပဒေသများကို မည်သည့်ဖန်ဆင်းခံကမျှ ပြောင်းလဲ၍ မရနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးသည် အရာအားလုံးအထက်တွင် ရှိသည်။ မည်သည့်ဖန်ဆင်းခံကမျှ ချိုးဖျက်၍ မရပေ။ လူတို့သည် ၎င်းတို့၏ အရည်အချင်းများကို အလွန်အထင်ကြီးကြသည်။ လူတို့ကို ဘုရားသခင်၏ အချုပ်အခြာအာဏာမှ အစဉ် လွတ်မြောက်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ ကိုယ်ပိုင်ကံကြမ္မာကို အစဉ်ထိန်းချုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အနာဂတ်ကို စီစဉ်လိုစိတ်ဖြစ်ရန်၊ ၎င်းတို့၏ မျှော်လင့်ချက်များ၊ ဦးတည်ချက်နှင့် ဘဝပန်းတိုင်များကို ထိန်းချုပ်လိုစိတ်ဖြစ်ရန် ဖြစ်စေသည့်အရာမှာ အဘယ်နည်း။ ဤစမှတ်သည် မည်သည့်နေရာမှ လာသနည်း။ (ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားမှ လာသည်။) သို့ဆိုလျှင် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားက လူတို့အား မည်သည့်အရာကို ဆောင်ကြဉ်းပေးသနည်း။ (ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်ပါသည်။) လူတို့ ဘုရားသခင်ကို ဆန့်ကျင်ရာမှ မည်သည့်အရာလာသနည်း။ (နာကျင်မှုလာပါသည်။) နာကျင်မှုလော။ ယင်းမှာ ပျက်စီးခြင်းပင်တည်း။ နာကျင်မှုမှာ ယင်း၏ထက်ဝက်ပင် မဟုတ်ချေ။ သင့်မျက်စိရှေ့တည့်တည့်တွင် တွေ့ရသည်မှာ နာကျင်မှု၊ အပျက်သဘောဆောင်ခြင်းနှင့် ပျော့ညံ့ခြင်းတို့ဖြစ်ပြီး ယင်းမှာ အာခံခြင်းနှင့် မကျေနပ်ချက်များ ဖြစ်သည်- ဤအရာများက မည်သည့်အဆုံးသတ်ကို ဆောင်ကြဉ်းလိမ့်မည်နည်း။ ပျက်သုဉ်းခြင်းပင်တည်း။ ဤသည်မှာ သေးငယ်သောကိစ္စ မဟုတ်သည့်အပြင် ကစားစရာမဟုတ်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိသည့်လူများသည် ဤအရာကို မမြင်နိုင်ပေ။

လူအချို့သည် ဒုက္ခအနည်းငယ် ကြုံရသည်နှင့် အပျက်သဘောဆောင်ကာ အားနည်းလာကြသော်လည်း၊ မည်သည့်ဒုက္ခမျှမရှိသည့်အခါ၊ ကျော်ကြားသူတစ်ဦး သို့မဟုတ် ကျွမ်းကျင်သူတစ်ဦးဦး ဖြစ်လာရန် အမြဲ မျှော်လင့်လျက် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများအပြည့် ဖြစ်ကြလေသည်။ လူတို့သည် ထိုသို့သော တွေးခေါ်မှုအလေ့အထဖြင့် အသက်ရှင်ကြသည့်အခါ မိမိတို့၏ ဆိုးယုတ်သော သဘာဝ၏ စိုးမိုးခြင်းကို တကယ် ခံရကြသည်။ လူတို့သည် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများအပြည့်ဖြစ်ကြသောအခါ၊ ပျော်ရွှင်သော ဘဝများကို ၎င်းတို့ ရှင်သန်နိုင်ကြသလော။ သင်သည် ဤအရာများကို မစွန့်ပစ်ပါက၊ သင်၏ ဆင်းရဲဒုက္ခခံစားခြင်းသည် လျော့သွားလိမ့်မည် မဟုတ်ပေ။ ဆင်းရဲဒုက္ခက သင့်နောက်သို့ အစဉ်လိုက်လိမ့်မည်။ ယင်းမှာ ဓားတစ်စင်းက သင်၏ နှလုံးကို မွေနေသကဲ့သို့ ခံစားရလိမ့်မည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းနိုင်သနည်း။ (သမ္မာတရားကို ရှာဖွေကာ လိုက်စားခြင်းအားဖြင့် ဖြစ်သည်။) သင်တို့အားလုံးသည် သမ္မာတရားရှာဖွေခြင်းနှင့် ဆိုင်သည့် ကျယ်ပြန့်သော အယူအဆကို အနည်းနှင့် အများ ပြောဆိုနိုင်ပြီး၊ ထိုအရာကို သင်တို့အားလုံး သတိပြုမိကြ၏။ ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ၊ သင်သည် သမ္မာတရားကို ပထမဦးစွာ ရှာဖွေရမည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သမ္မာတရားအား ရှာဖွေခြင်း၊ သိနားလည်ခြင်းနှင့် ရရှိခြင်းတို့အားဖြင့်သာ ဖြေရှင်းနိုင်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီးနောက်တွင်သာ လူတို့သည် စစ်မှန်သော ဝမ်းမြောက်မှု၊ ငြိမ်သက်ခြင်း၊ နှစ်သိမ့်ခြင်းနှင့် ပျော်ရွှင်မှုတို့ကို တွေ့ကြုံနိုင်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏ ရှေ့မှောက်သို့ ၎င်းတို့ အမှန်တကယ် လာနိုင်ကြပေသည်။ ဤအရာက ပြဿနာကို အရင်းအမြစ်တည့်တည့်မှ ဖြေရှင်းပေးသည်။ ယခုတွင်၊ အကြင်သူသည် သမ္မာတရား ရှာဖွေခြင်းအကြောင်းအား မည်သို့ စီစဉ်သင့်သနည်း။ မည်သည့် အချက်အလက်များ ပါဝင်သနည်း။ မည်သူ ရှင်းပြနိုင်သနည်း။ (သင်သည် အဆင့်အတန်းနှင့် ဂုဏ်သတင်းအကြောင်း တွေးနေသည် သို့မဟုတ် တက်ကြွစွာ လိုက်စားနေသည်ဟု သင် ခံစားမိပါက၊ ဤအတွေးများနှင့် အပြုအမူများကို လျစ်လျူမရှုနှင့်။ ယင်းတို့ကို ဘုရားနှုတ်ကပတ်တော်အတိုင်း နားလည်ရန် ကြိုးစားပြီး စိတ်ဖြာလေ့လာဆွေးနွေးပါ။ ဤသည်မှာ ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လူသားအပေါ် ဆောင်ကြဉ်းသည့် အန္တရာယ်ဖြစ်ကြောင်း သတိပြုပါ။ သင် လျှောက်နေခဲ့သည့် မမှန်ကန်သည့် လမ်းကြောင်းကို သတိပြုပြီးနောက်၊ ဘုရားနှုတ်ကပတ်တော်ကို စားသောက်ပါ၊ ဘုရားသခင်ဆီ ဆုတောင်းပြီး လူကို ချည်နှောင်ရန် အသုံးပြုသည့် ဤအချုပ်အနှောင်ကို ချိုးဖျက်ရန် သူ့အပေါ်မှီခိုပါ။) (အရေးအကြီးဆုံးသော အပိုင်းမှာ သင် လိုက်စားသင့်သည့်အရာနှင့် ပတ်သက်၍ သင် သိုထားသည့် မှားသော အမြင်များကို သတိပြုမိခြင်း၊ ဆိုးယုတ်သော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လူတို့ကို ဖြစ်စေသည့် အန္တရာယ်ကို သိနားလည်ခြင်းနှင့် အမှုအရာများကို သင်၏ အမြင်များကို ပြောင်းပြန်လှန်ခြင်းတို့ ဖြစ်သည်။ ထို့နောက်တွင် ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ရှေ့မှောက်သို့ သင် သာ၍ လာရမည်၊ သူ့ကို သာ၍ ရင်နှီးရမည်ဖြစ်ပြီး၊ သူနှင့် ပုံမှန်ဆက်ဆံရေးကို တဖြည်းဖြည်း တည်ဆောက်ရမည်။) အခြားတစ်ခုတလေ ရှိသေးသလော။ (တစ်ခါတရံ သင် အားနည်းပြီး အပျက်သဘောဆောင်ကာ ထိုခံစားချက်များ လာသည့် အကြောင်းတရား၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မသိမြင်နိုင်ပါက၊ ပထမဦးစွာ ဘုရားသခင်ထံ ဆုတောင်းပြီး၊ သင့်ကို ဉာဏ်အလင်းပေးရန် တောင်းလျှောက်သင့်သည်။ ညီအစ်ကို မောင်နှမအချို့ရှေ့တွင်လည်း မိမိကိုယ်ကိုယ် ဖွင့်ချကာ သူတို့နင့် မိတ်သဟာယပြုနိုင်သည်။ သူတို့၏ အတွေ့အကြုံများနှင့် ပတ်သက်သည့် သူတို့၏ မိတ်သဟာယကို ကြားခြင်းအားဖြင့်၊ ဤအခြေအနေအပေါ် သင်၏ သိနားလည်မှုကို သင် ရှင်းသွားစေနိုင်သည်၊ ထို့နောက်တွင် ထိုအရာကို ဖြေရှင်းရန် ဘုရားသခင်နှုတ်ကပတ်တော်၌ ဆီလျော်သော စာပိုဒ်များကို ရှာဖွေသင့်သည်။) ဆက်ပြောလော့။ (တစ်စုံတစ်ရာသည် မိမိလိုချင်သည့်အတိုင်း မဖြစ်သည့်အခါ၊ မည်သူမှန်ပြီး မည်သူမှားသည်ကို စိစစ်လျက် သင်သည် အမြဲ ချစ်တီးခေါင်းသန်းရှာလုပ်ပါက၊ ဤအချိန်များတွင် သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့တွင် ဦးစွာ တည်ငြိမ်စေပြီး အခြေအနေကို ကျိုးနွံနာခံပါ။ ဘုရားသခင်ထံ ဆုတောင်းပြီး၊ သူ၏ အချုပ်အခြာအာဏာ၌ ယုံကြည်ခြင်းဖြင့် ဘုရားသခင်ထံမှ ရှာဖွေပါ။ ထိုအခါ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းပေးပြီး သူ၏ အလိုတော်ကို နားလည်ခွင့်ပေးလိမ့်မည်။ ထို့နောက်၊ အခြေအနေကို သင် ဆန်းစစ်သည့်အခါ၊ မည်သည့် ဖောက်ပြန်ပျက်စီးခြင်းမျိုးကို သင် ထုတ်ဖာ်ပြနေပြီး မည်သည့်အရာက ဘုရားသခင်၏ အလိုတော်ဖြစ်သည်ကို သင် နားလည်လိမ့်မည်။ ဤသည်မှာ သမ္မာတရားထဲသို့ သင် ဝင်ရောက်ပုံ ဖြစ်သည်။) သင်တို့အားလုံးသည် သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုခြင်းကို လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်။ သင်၏ အသိပညာ၊ အတွေ့အကြုံနှင့် စိတ်ကူးတို့ကို မျှဝေပြီး၊ မိတ်သဟာယ၌ မိမိတို့ကိုယ်ကိုယ် မည်သို့ ဖွင့်ချရမည်ဆိုသည်ကို သင်ယူလော့။ ထိုသို့ သင် လုပ်ဆောင်ပါက၊ သင်သည် သာ၍ သာ၍ ရရှိလိမ့်မည်ဖြစ်ပြီး၊ သာ၍ သာ၍ သိနားလည်လိမ့်မည်။ သင်တို့ထဲမှ အချို့သည် သင်၏ ကိုယ်ရေးကိုယ်တာ အတွေ့အကြုံများနှင့် အသိပညာတို့ကို မျှဝေရုံမျှဝေပြီး၊ သင်တို့ အသီးသီးသည် ပြောရန် မတူကွဲပြားသည့်အရာ တစ်စုံတစ်ခု ရှိကြသည်။ တော်ကြပေ၏၊ သင်တို့အားလုံးသည် အလွန်လက်တွေ့ကျသည့် တစ်စုံတစ်ရာကို မျှဝေခဲ့ကြသည်။ သင်တို့၏ မိတ်သဟာယကို နားထောင်ပြီးနောက်တွင်၊ သင်တို့အားလုံး အရွယ်ရောက်ကြပြီးဖြစ်ကာ သင်၏ တာဝန်များကို ထမ်းဆာင်သည့် လွန်ခဲ့သော နှစ်အနည်းငယ်တစ်လျှောက် အသက်ဝင်ရောက်မှုအချို့ ရှိခဲ့ကြသည်။ သင်တို့သည် ဘုရားသခင်၌ ယုံကြည်မှု ကိစ္စနှင့် စပ်လျဉ်း၍ ရိုးရှင်းသည့် ကြေညာချက်များမျှ မဟုတ်ဘဲ၊ အသိပညာနှင့် အတွေ့အကြုံအချို့ ရှိကြပြီး၊ သင်တို့သည် အခြေခံအုတ်မြစ်ချခင်းထားပြီး ဖြစ်သည်။ ဤသည်မှာ အတိုင်းထက်အလွန်ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မခက်ခဲသည့်ပုံရသည်။ အကြင်သူသည် ရိုးသားစစ်မှန်သရွေ့၊ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး၊ ဘုရားသခင် ပြောသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သရွေ့၊ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သရွေ့၊ ဘုရားသခင်၏ တောင်းဆိုချက်များကို ၎င်းတို့ ဖြည့်ဆည်းနိုင်ကြလိမ့်မည်။ နိဂုံးအနေဖြင့်၊ ဘုရားသခင်၌ သင်တို့၏ ယုံကြည်ခြင်းတွင် အခြားအရာအားလုံးထက် သင်တို့ နားလည်သင့်သည့် အချက်တစ်ချက် ရှိသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘုရားသခင်၏နာမတော်ကို ယုံကြည်ခြင်းသက်သက်သာ မဟုတ်ဘဲ၊ သင့်စိတ်ကူးရှိ မရေရာသော ဘုရားသခင်ကို ယုံကြည်ခြင်း သာ၍ပင် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ ဘုရားသခင်သည် စစ်မှန်ကြောင်းကို သင်ယုံကြည်ရမည်ဖြစ်ကြောင်း၊ ဘုရားသခင်၏အနှစ်သာရ၊ သူ၏စိတ်သဘောထား၊ ထို့ပြင် သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို သင်ယုံကြည်သင့်ကြောင်း၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုးသည်ကိုလည်းကောင်း၊ သင်၏ကံကြမ္မာကို သူအုပ်စိုးသည်ကိုလည်းကောင်း သင်ယုံကြည်ရမည်ဖြစ်ကြောင်း ဆိုလိုသည်။ ဤသို့ဆိုလျှင် ယုံကြည်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ လူတို့အနေဖြင့် ယင်းကို ဧကန်စင်စစ် ပူးပေါင်းဆောင်ရွက်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်သည်ဟု မဆိုလိုသလော။ သာဓကအားဖြင့် အချို့လူများသည် အကြိုက်မတွေ့သော အခြေအနေတစ်ခုကို ကြုံတွေ့ရသည့်အခါတွင် အခြားသူများကို စတင်၍ စောဒကတက်ပြီး အပြစ်တင်ကြသည်။ ၎င်းတို့လုပ်ဆောင်မှုကြောင့် ၎င်းတို့အပေါ် ဤအခြေအနေ ဖြစ်ပျက်ရခြင်းဖြစ်နိုင်သည်ဟု မည်သည့်အခါမျှ စဉ်းစားဆင်ခြင်ခြင်း မရှိဘဲ ထိုအစား အခြားသူတစ်ဦးအပေါ်ကို အစဉ်သဖြင့် ခေါင်းပုံချကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ကျေနပ်ရောင့်ရဲမှုကို ခံစားရကာ စိတ်အေးသွားကြပြီး “ပြဿနာ ပြေလည်သွားပြီဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်နှစ်လိုဖွယ်ကောင်းပြီး လွယ်ကူသည်” ဟု တွေးထင်ကြသည်။ ပြဿနာများကို ဤနည်းဖြင့် ဖြေရှင်းခြင်းအား သင်မည်ကဲ့သို့သဘောရသနည်း။ ဤနည်းကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လူတစ်ဦးသည် သမ္မာတရားကို ရနိုင်သလော။ ထိုအရာက ဘုရားသခင်အပေါ် နာခံခြင်းသဘောထားကို ပြသလော။ ထိုသို့သောလူများက မည်သည့်ရှုထောင့်နှင့် မည်သည့်နည်းလမ်းများဖြင့် ဘုရားသခင်ကို ယုံကြည်ကြသနည်း။ “ဘုရားသခင်သည် လူသားမျိုးနွယ်၏ ကံကြမ္မာကို အုပ်စိုး၏၊ အရာခပ်သိမ်းနှင့် ဖြစ်ရပ်ခပ်သိမ်းတို့သည် သူ၏လက်တော်၌ ရှိ၏” ဟူသော နှုတ်ကပတ်တော်များကို ၎င်းတို့အနေဖြင့် ၎င်းတို့၏ နေ့စဉ်အသက်တာ၌ ကျင့်သုံးထားသလော။ ၎င်းတို့သည် လူ့ဉာဏ်ကို အသုံးပြု၍ ပြဿနာကို ခွဲခြမ်းစိတ်ဖြာကြသောအခါ၊ လူ့နည်းလမ်းများဖြင့် ကိစ္စရပ်ကို ဖော်ပြဆွေးနွေးကြသောအခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ ယုံကြည်နေကြသလော။ လူများ၊ ကိစ္စရပ်များနှင့် အခြင်းအရာများအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံမှုတို့ကို ၎င်းတို့နာခံနေကြသလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ပထမအနေဖြင့် ၎င်းတို့သည် နာခံခြင်းမရှိကြ။ ဤသည်မှာ အမှားတစ်ခုဖြစ်နှင့်ပြီးဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်ပေးသော အခြေအနေအပြင် လူများ၊ ကိစ္စရပ်များနှင့် အခြင်းအရာများကို ဘုရားသခင်ထံမှ ၎င်းတို့လက်မခံနိုင်ကြ၊ ၎င်းတို့သည် အပေါ်ယံကိုကျော်၍ မကြည့်ကြ။ အခြေအနေက အပြင်ပန်းအားဖြင့် မည်သို့ပုံပေါ်သည်ကိုသာ ၎င်းတို့ကြည့်ကြသည်၊ ထိုအချိန်တွင် လူ့ဉာဏ်ကိုအသုံးပြု၍ ယင်းအခြေအနေကို ခွဲခြမ်းစိတ်ဖြာကြပြီး လူ့နည်းလမ်းများဖြင့် ဖြေရှင်းရန် ကြိုးစားကြသည်။ ဤသည်မှာ နောက်ထပ် အမှားတစ်ခုမဟုတ်သလော။ ယင်းက အမှားကြီးပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သို့လျှင် ထိုသို့ဖြစ်ရသနည်း။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အုပ်စိုးခြင်းကိုခံရကြောင်း ၎င်းတို့မယုံကြပေ။ အရာရာသည် အလျင်းသင့်သလို ဖြစ်ပျက်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ အမှုအရာတစ်ခုကိုမျှ ဘုရားသခင် မအုပ်စိုးသကဲ့သို့ လူသား၏ လုပ်ရပ်များကြောင့် အမှုအရာအများစု ဖြစ်ပျက်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်ရသနည်း။ ဘုရားသခင်က အရာရာကို အုပ်စိုးကြောင်း ၎င်းတို့ မယုံကြည်ကြချေ။ ဘုရားသခင်သည် ကိစ္စရပ်များအားလုံးနှင့် အရာဝတ္ထုအားလုံးအပေါ် အုပ်စိုးကြောင်း၊ အခြေအနေတိုင်းအပေါ် အုပ်စိုးကြောင်း ၎င်းတို့ မယုံကြည်ကြချေ။ မိမိတို့ စိတ်ကူးသည့်အတိုင်း တစ်စုံတစ်ရာမဖြစ်လျှင်၊ ယင်းကို ဘုရားသခင်ထံမှ လက်မခံနိုင်ကြချေ။ ဤအခြေအနေများကို ဘုရားသခင် စီစဉ်ညွှန်ကြားနိုင်သည်ကို ၎င်းတို့ မယုံကြည်ကြချေ။ ဘုရားသခင်ကို ၎င်းတို့ မမြင်နိုင်သောကြောင့်၊ ဤအခြေအနေများသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းထက် လူတို့လုပ်ရပ်များ၏ အကျိုးဆက်တစ်ခုအဖြစ် အလျင်းသင့်သလို ဖြစ်ပျက်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ၎င်းတို့ မယုံကြည်ကြချေ။ ထို့နောက်တွင်၊ ၎င်းတို့၏ ယုံကြည်မှု အနှစ်သာရသည် အဘယ်နည်း။ (သူတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။) မှန်ပေ၏၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ မယုံကြည်သူများသည် ဘုရားသခင်ထံမှ မည်သည့်အရာမျှ လက်မခံကြချေ။ ထိုအစား၊ လူသား ရှုထောင့်အမြင်များ၊ ဉာဏ်များနှင့် နည်းစနစ်များကို သုံးလျက် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤသည်မှာ မယုံကြည်သူများ၏ အပြုအမူ ဖြစ်သည်။ အနာဂတ်၌ ဤကဲ့သို့သောလူစားမျိုးနှင့် သင်တို့ကြုံဆုံရသောအခါ ၎င်းတို့နှင့်ပတ်သက်၍ ထိုးထွင်းသိမြင်မှု တစ်ခုခု သင်တို့၌ စတင်ပြီးရှိသင့်သည်။ အကြောင်းအခြင်းအရာများ ပေါ်ပေါက်လာသောအခါ မယုံကြည်သူများသည် ၎င်းတို့၏ဦးနှောက်များကို အသုံးချခြင်းနှင့် စိတ်ကူးများ ထုတ်ကြခြင်းအရာ၌ ကျွမ်းကျင်ကြ၏၊ ၎င်းတို့သည် လက်ရှိကိစ္စရပ်ကို အစဉ်တစိုက် လေ့လာကြပြီး လူ့နည်းလမ်းများကို သုံးလျက် ထိုအရာကို ဖြေရှင်းရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်က သမ္မာတရား ဖြစ်ကြောင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာက အရာရာကို လွှမ်းခြုံကြောင်း မယုံကြည်ဘဲ၊ လူ့တွေးခေါ်မျှော်မြင်မှုနှင့် ဆိုးယုတ်သော အတွေးအခေါ်များ သုံးလျက်၊ သို့မဟုတ် ဥပဒေအရ လူများနှင့် အမှုအရာများကို အမြဲ ရှုမြင်ကြသည်။ ဖြစ်ပျက်သမျှတိုင်းကို ဘုရားသခင်က ခွင့်ပြုထားခြင်းဖြစ်သော်လည်း မယုံကြည်သူများသည် ဘုရားသခင်ထံမှ ဤအရာများကို လက်မခံနိုင်ကြသကဲ့သို့၊ လူသားအယူအဆများနှင့် စိတ်ကူးများအရ အမှုအရာများကို အမြဲ ရှုမြင်ကြသည်။ လူတစ်ဦး၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်တွင်ရှိကြောင်းနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို ကျိုးနွံနာခံရန် လိုလားလျက်ရှိကြကြောင်း မယုံကြည်သူများက ပုံမှန်အားဖြင့် ပြောဆိုကြသော်လည်း၊ အမှုအရာများက ၎င်းတို့အပေါ် အမှန်တကယ် ကျရောက်သည့်အခါ၊ ထိုအရာများကို ဘုရားသခင်ထံမှ လက်မခံနိုင်ကြသကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်ကြလေသည်။ ဤသည်မှာ မယုံကြည်သူများ၏ အပြုအမူ ဖြစ်သည်။ သင်တို့၏ ဘဝတွင် ဤသို့သော လူတစ်ဦးတလေ ရှိသလော။ သင်တို့ကိုယ်တိုင်သည်လည်း ဤသို့ တစ်ကြိမ်တစ်ခါမျှ ပြုမူကြသလော။ (ပြုမူပါသည်။) သင်တို့သည် မယုံကြည်သူများကဲ့သို့ ပြုမူကြသော်လည်း၊ အမှန်တကယ် မယုံကြည်သူများ ဖြစ်ကြသလော။ ဘုရားသခင်သည် အရာရာအပေါ် အချုပ်အခြာအာဏာရှိသည်ဟု သင်တို့ ယုံကြည်ကြသလော။ လူတိုင်း၊ ကိစ္စရပ်၊ အမှုအရာနင့် အခြေအနေတိုင်းသည် ဘုရားသခင်၏ လက်တွင်ရှိသည့်အချက်ကို သင်တို့ အသိအမှတ်ပြုကြသလော။ ဘုရားသခင်ထံမှ အမှုအရာမည်မျှကို သင်တို့ လက်ခံနိုင်ကြသနည်း။ လူသား နည်းစနစ်များကို အသုံးပြုလျက် ကိစ္စရပ်များမည်မျှ သင်တို့ ဖြေရှင်းပြီးပြီနည်း။ ပြီးလျှင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတိုင်း ဘယ်နှစ်ကြိမ်မျှ သင်တို့ အသက်ရှင်ကြသနည်း။ ဘုရားသခင်ကို ဘယ်နှစ်ကြိမ်မျှ သင်တို့ ကျိုးနွံနာခံနိုင်ကြသနည်း။ ဤမေးခွန်းများနှင့် ပတ်သက်၍ တွေးဆလော့၊ ယင်းတို့အဖို့ အဖြေများကို သင်တို့ စိတ်နှလုံးတွင် ဧကန်မုချ သင်တို့ သိကြ၏။ ဘုရားသခင်ထံမှ အမှုအရာများကို လက်ခံရန် လွယ်ကူသလော။ (အတွင်းပိုင်း ကြိုးပမ်းရခြင်းတစ်ခု ရှိလိမ့်မည်။) ကြိုးပမ်းရခြင်းတစ်ခုရှိမည်မှာ မှန်ကန်သော်လည်း၊ ထိုကြိုးပမ်းမှု၏ ရလဒ်မှာ အဘယ်နည်း။ အောင်မြင်မှုလော၊ ကျရှုံးမှုလော။ (တစ်ခါတရံ ကျရှုံးမှု၊ တစ်ခါတရံ အောင်မြင်မှု ဖြစ်သည်။) ယင်းသည် မျှတသည့် ကွဲပြားမှုတစ်ခုဖြစ်ပါက၊ သင်တို့အတွက် မျှော်လင့်ချက် ရှိသေး၏၊ သို့သော် သင်သည် မကြာခဏ ကျရှုံးပြီး၊ အောင်မြင်ခဲပါက၊ ယင်းမှာ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ဦးမဟုတ်ကြောင်း သက်သေပြပေသည်။ ကျရှုံးမှုသည် ပုံမှန်ဖြစ်၏၊ ကျရှုံးမှုကို မကြောက်နှင့်၊ စိတ်မပျက်နှင့်၊ အပျက်သဘောဆောင်မလာနှင့်၊ သို့မဟုတ် လက်မလျှော့နှင့်၊ ပြီးလျှင် ဆက်ကြိုးစားလော့။ ကျရှုံးမှုသည် မကောင်းသည့်အရာတစ်ခု မဟုတ်။ လူတို့သည် အနည်းဆုံးအနေဖြင့်၊ ကျရှုံးမှုမှ အကျိုးခံစားနိုင်သည်၊ ယင်းမှာ ကောင်းသည့်အရာတစ်ခု ဖြစ်သည်။

သမ္မာတရားကို လူတို့ ရရှိခြင်းဖြစ်စဉ်မှာ ရဲရင့်သော စစ်သည်တော်တစ်ဦးသည် ရန်သူမျိုးစုံကို အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်လျက် စစ်မြေပြင်သို့ ခြေလှမ်းနေသကဲ့သို့ ဖြစ်သည်။ သမ္မာတရား လိုက်စားသူတို့၏ ရန်သူများမှာ စာတန်၏ အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ ဖြစ်သည်။ ဤလူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသည့် ဇာတိပကတိနှင့် တိုက်ခိုက်နေကြသည်။ အနှစ်သာရအားဖြင့်၊ ၎င်းတို့သည် စာတန်နှင့် စစ်ဆင်နွဲနေကြခြင်း ဖြစ်သည်။ ပြီးလျှင် စာတန်နှင့် တိုက်ခိုက်ရန် မည်သည့်လက်နက်ကို အသုံးပြုရသနည်း။ သမ္မာတရားဖြစ်သည်၊ ဘုရားနှုတ်ကပတ်တော်ကို လိုက်လျှောက်ခြင်းဖြစ်သည်မှာ အမှန်ဖြစ်၏။ စာတန်ကို အနိုင်ယူရန်၊ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ဦးစွာပထမ လက်တွေ့လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်နှင့် သမ္မာတရားကို ကျိုးနွံနာခံခြင်း ဖြစ်သည်။ ဤသည်မှာ စာတန်နှင့် စစ်ဆင်နွဲသည့်အခါ အကြင်သူ ပထမဦးစွာ ဝင်ရောက်ရမည့် သင်ခန်းစာ ဖြစ်သည်။ သင့်အပေါ် ကျရောက်သည့် အရာများကို ဘုရားသခင်ထံမှ သင် လက်မခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် ကျိုးနွံနာခံနိုင်မည်မဟုတ်၊ ထို့ကြောင့် သင်သည် ဆုတောင်းရန် သို့မဟုတ် သမ္မာတရားကို ရှာဖွေရန် သင်၏ စိတ်နှလုံးကို ဘုရားသခင်၏ ရှေ့မှောက်တွင် ငြိမ်သက်စေနိုင်မည်မဟုတ်ချေ။ ဘုရားသခင်ကို သင် ဆုမတောင်းနိုင်၊ သမ္မာတရားကို မရှာဖွေနိုင်ပါက၊ သင်သည် သမ္မာတရား နားလည်မည်မဟုတ်၊ သို့မဟုတ် သင့်ကို ထိုလူများ၊ ကိစ္စရပ်များ၊ အမှုအရာများနှင့် ဘုရားသခင်က ထိုအခြေအနေများတွင် ထားရှိမည့် အကြောင်းအရင်းကို နားလည်လိမ့်မည် မဟုတ်၊ ရှုပ်ထွေးမှုတွင် နွံနစ်လိမ့်မည်။ သမ္မာတရားကို သင် မရှာဖွေနိုင်ပါက၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် မအောင်မြင်နိုင်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိကို အနိုင်ယူခြင်းအားဖြင့်သာ၊ ဝိညာဉ်ရးလောက၏ စာတန် နတ်ဆိုးကို သင် အရှက်ရစေနိုင်သည်။ စာတန်ကို စစ်ဆင်နွဲခြင်းသည် သမ္မာတရားကို ရှာဖွေခြင်းအပေါ် အဓိကအားဖြင့် မူတည်သည်။ သမ္မာတရားကို သင် နားမလည်ပါက၊ သင့်အထဲတွင် ဖြစ်ပေါ်သည့် ပြဿနာ သို့မဟုတ် အယူအဆတစ်ခုတလေက သင့်ကို အားနည်းပြီး အပျက်သဘောဆောင်စေနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပွင့်အံထွက်ခြင်းများကို မည်သည့်အခါတွင်မျှ မဖြေရှင်းပါက၊ သင်သည် လဲကျပြီး ကျရှုံးဖို့ ဖြစ်နိုင်ဖွယ်ရှိပြီး တစ်ဖန်ထရပ်ရန် သင့်အတွက် ခက်ခဲလိမ့်မည်။ အချို့သည် စုံစမ်းနှောင့်ယှက်မှုများ ကြုံရသည့်အခါ ခလုတ်တိုက်လဲကြသည်၊ အချို့မှာ စိတ်မချမ်းသာစရာ ရောဂါတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ အပျက်သဘောဆောင်လာကြပြး အချို့မှာ စမ်းသပ်စစ်ဆေးမှုတစ်ခုနှင့် ကြုံရသည့်အခါ သိသိသာသာ ပြိုလဲကျကြသည်။ ဤသည်တို့မှာ သမ္မာတရား လုံးဝ မလိုက်စားခြင်းနှင့် မိမိထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားအား မရှာဖွေခြင်း၏ အကျိုးဆက်များ ဖြစ်သည်။ သင်တို့ အဘယ်အရာကို တွေးထင်ကြသနည်း။ ဆိုးယုတ်သော စိတ်သဘောထားသည် လူတို့ကို ပြဿနာများစွာ ဖြစ်စေသလော။ (ဖြစ်စေပါသည်။) ပြဿနာမည်မျှ ဖြစ်စေသနည်း။ (လူတို့အား ဘုရားသခင်ရှေ့မှောက်မလာအောင် တားဆီးပြီး ဘုရားသခင်ကို မကျိုးနွံမနာခံနိုင်အောင် ဖြစ်စေပါသည်။) လူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ မည်သည့်အရာအားဖြင့် အသက်ရှင်ကြလိမ့်မည်နည်း။ (၎င်းတို့သည် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြလိမ့်မည်။) လူတို့သည် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြသည့်အခါ၊ အယူအဆများကို မကြာခဏ ထုတ်ဖော်ပြကြပြီး စိတ်မြန်လက်မြန် ဖြစ်လာကြသည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ရာကို သင် တလွဲလုပ်မိပြီး၊ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးက သင့်ကို ဖော်ထုတ်၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းပါက၊ သင်သည် ဘုရားသခင်ကို မည်သို့ ကျိုးနွံနာခံပြီး သမ္မာတရားကို ရှာဖွေသင့်သနည်း။ ဤနေရာတွင် သင်ယူရမည့် သင်ခန်းစာတစ်ခုရှိသည်။ သင်က၊ “ထိုလူသည် ငါ့ကို ထုံးစံအတိုင်း အထင်သေးပြီး၊ ငါ့ကို ဆန့်ကျင်အသုံးပြုရန် တစ်စုံတစ်ရာကို သူတို့ ရှာတွေ့ကြလေပြီ။ သူတို့သည် ငါ့ကို ပစ်မှတ်ထားနေကြသည်။ ထို့ကြောင့် ငါ သဘောကောင်းပြမည်မဟုတ်။ ငါ့ကို လာထိလို့မရပါ”ဟု တွေးလျက် ဤအရာနှင့်ပတ်သက်၍သင် စတင်တွေးဆကောင်းတွေးဆနိုင်သည်။ ဤသည်မှာ စိတ်မြန်လက်မြန်ဖြစ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) စိတ်မြန်လက်မြန်ဖြစ်ခြင်းဆိုသည်မှာ အဘယ်နည်း။ (မိမိတို့၏ အကျိုးစီးပွားများ ထိခိုက်သည့်အခါ သို့မဟုတ် မိမိတို့၏ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းများ ထိခိုက်နစ်နာသည့်အခါ လူတစ်ဦး၏ ဆိုးယုတ်သော စိတ်သဘောထားများ ပေါက်ကွဲထွက်လာပြီး၊ လွှတ်ခနဲ့ တစ်စုံတစ်ကို ပြောသည့်အခါ၊ လုပ်သည့်အခါတွင် ဖြစ်သည်။ ယင်းမှာ စိတ်မြန်လက်မြန်ဖြစ်ခြင်းက မည်သည့်အရာဆိုလိုသည်ဆိုသည့်အပေါ် ကျွန်ုပ်၏ သိနားလည်မှု ဖြစ်သည်။) ယင်းသိနားလည်မှုသည် အခြေခံအားဖြင့် မှန်ကန်၏။ ယင်းကို မည်သူက ဖြည့်စွက်နိုင်သနည်း။ (လူတစ်ဦးထံ တစ်စုံတစ်ရာ ကျရောက်ပြီး၊ သူတို့က သမ္မာတရားကို မရှာဖွေဘဲ၊ ထိုအစား သူတို့အတွင်းရှိ သဘာဝအလျောက် တည်ရှိသည့်အရာများကို လွှတ်ထုတ်သည့်အခါတွင်၊ ယင်းမှာ စိတ်မြန်လက်မြန် ဖြစ်ခြင်း ဖြစ်သည်။) သူမအသုံးပြုသည့် “သဘာဝအလျောက်” ဟူသည့် စကားလုံးမှာ အလွန်ဆီလျော်၏။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့်နောက်တွင်၊ ၎င်းတို့၏ တကယ့်ရင်းမြစ်မှလာသည့် ၎င်းတို့၏ သဘာဝအကျဆုံး၊ ရှေးအကျဆုံးသော စိတ်သဘောထား ဖော်ထုတ်ခံရသည့်အခါ၊ ယင်းကို စိတ်မြန်လက်မြန်ဖြစ်ခြင်းဟု ခေါ်သည်။ ယင်းသည် အတွေး၊ စိတ်နှင့်ဆိုင်သော လုပ်ငန်းစဉ်၊ တွေးဆခြင်း သို့မဟုတ် ပြရုပ်တင်ခြင်းကို ဖြတ်သန်းခြင်းမရှိဘဲ၊ ဤအတိုင်း ထွက်လာပေသည်။ ယင်းမှာ စိတ်မြန်လက်မြန်ဖြစ်ခြင်း ဖြစ်သည်။ စိတ်မြန်လက်မြန်ဖြစ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအတွင်း အသက်ရှင်သော လူများထံမှ စီးထွက်လာသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် လူ၏ သဘာဝမှ အလိုအလျောက် စီးထွက်လာသည့် အရာများသည် အဘယ်ကြောင့် သမ္မာတရားနှင့် မကိုက်ညီပါသနည်း။ လူတို့သည် အဘယ်ကြောင့် စိတ်မြန်လက်မြန်ဖြစ်ခြင်းကို ထုတ်ဖော်ပြကြသနည်း။ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းကို လူ၏ ဆိုးယုတ်သော သဘာဝက ဖြစ်စေပေသည်။ လူ၏ မွေးရာပါ စိတ်သဘောထားသည် စိတ်မြန်လက်မြန်ဖြစ်ခြင်းနှင့် သက်ဆိုင်သည်။ လူတစ်ဦး၏ အကျိုးစီးပွားများ၊ ဝင့်ကြွားခြင်း၊ မာနတို့ ထိခိုက်နစ်နာသည့်အခါ၊ သမ္မာတရားကို ၎င်းတို့ နားမလည်ပါက၊ ထိုသမ္မာတရား၏ စစ်မှန်မှုမရှိပါက၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထိုထိခိုက်နစ်နာမှုအပေါ် မိမိတို့၏ သဘောထားအမြင်အား လမ်းညွှန်စေစားခွင့်ပေးလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ကာ မဆင်မခြင် ပြုမူကြလိမ့်မည်။ ထိုအခါ ၎င်းတို့ ထင်ရှားစေပြီး၊ ထုတ်ဖော်ပြသည့်အရာသည် စိတ်မြန်လက်မြန်ဖြစ်ခြင်း ဖြစ်သည်။ စိတ်မြန်လက်မြန်ဖြစ်ခြင်းသည် အပြုသဘောဆောင်သည့်အရာလော၊ အပျက်သဘောဆောင်သည့်အရာလော။ အပျက်သဘောဆောင်သည့်အရာဖြစ်သည်မှာ သိသာ၏။ လူတစ်ဦးအတွက် စိတ်မြန်လက်မြန်ဖြစ်သည့် ပုံစံဖြင့် အသက်ရှင်ရန်မှာ ကောင်းသည့်အရာ မဟုတ်ပေ။ ဘေးအန္တရာယ် ဆောင်ကြဉ်းဖွယ်ရှိသည်။ အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ အကြင်သူ၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းက ပေါ်လွင်လျှင်၊ ထိုလူသည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်ကို နာခံသောလူတစ်ဦး ဖြစ်ပါသလော။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို မနာခံသည်မှာ သေချာ၏။ လူတို့အတွက် ဘုရားသခင် စီစဉ်သည့် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် ပတ်ဝန်းကျင်များအတွက်မူ၊ တစ်စုံတစ်ဦးသည် ယင်းတို့ကို ဘုရားသခင်ထံမှ လက်မခံနိုင်ဘဲ၊ ထိုအစား လူ့နည်းလမ်းတစ်ခုဖြင့် ယင်းတို့ကို ဆောင်ရွက်ပြီး ဖြေရှင်းပါက၊ အဆုံးတွင် ယင်းမှ မည်သည့်အကျိုးဆက်ဖြစ်လိမ့်မည်နည်း။ (ဘုရားသခင်သည် ထိုလူကို စက်ဆုပ်မုန်းတီးကာ ငြင်းပယ်လိမ့်မည်။) ယင်းသည် လူတို့အတွက် တည်ဆောက်စရာ ဖြစ်လိမ့်မည်လော။ (ဖြစ်မည်မဟုတ်ပါ။) ၎င်းတို့သည် မိမိတို့ဘဝတွင် အခွင့်အရေး ဆုံးရှုံးရလိမ့်မည်ဖြစ်သည်သာမက၊ အခြားသူများအတွက်လည်း တည်ဆောက်စရာဖြစ်လိမ့်မည်မဟုတ်။ ထို့ထက်ပင်ပို၍၊ ၎င်းတို့သည် ဘုရားသခင်ကို အရှက်ရစေပြီး၊ ၎င်းတို့ကို စက်ဆုပ်ကာ ငြင်းပယ်စေလိမ့်မည်။ ထိုသို့သော လူတစ်ဦးသည် မိမိတို့၏ သက်သေကို ဆုံးရှုံးပြီး သွားသည့်နေရာတိုင်းတွင် ကြိုဆို့ခြင်း မခံရပေ။ သင်သည် ဘုရားအိမ်တော်သားတစ်ဦးဖြစ်သည့်တိုင်၊ သင်၏ လုပ်ရပ်များတွင် အမြဲ စိတ်မြန်လက်မြန်ဖြစ်ပါက၊ အမှုအရာများကို လူ့နည်းလမ်းနှင့် ဖောက်ပြန်ပျက်စီး၊ ဆိုးယုတ်သော စိတ်သဘောထားဖြင့် လုပ်ဆောင်လျက်၊ သင့်အထဲရှိ ပင်ကိုဖြစ်သောအရာကို အမြဲ ဖော်ထုတ်ပြီး၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမြဲ ထုတ်ဖော်ပြပါက၊ နောက်ဆုံး အကျိုးဆက်မှာ သင်သည် မကောင်းမှုကို လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်လိမ့်မည်။ ပြီးလျှင် တစ်ချိန်လုံး သင် နောင်တမရဘဲရှိနေပြီး၊ သမ္မာတရား လိုက်စားသည့်လမ်းကြောင်းပေါ် နင်းမလျှောက်နိုင်ဖြစ်ပါက၊ သင်သည် ဖော်ထုတ်ခံရကာ ဖယ်ရှားခံရလိမ့်မည်။ ထိုအရာကို ဖြေရှင်းရန် ဆိုးယုတ်သော စိတ်သဘောထားကို အားထားခြင်းဖြင့်အသက်ရှင်ခြင်းနှင့် သမ္မာတရား မရှာဖွေခြင်း၏ ပြဿနာသည် ကြီးလေးသည့် ပြဿနာတစ်ခု မဟုတ်လော။ ပြဿနာ၏ သွင်ပြင်လက္ခဏာတစ်ခုမှာ အကြင်သူသည် မိမိတို့ကိုယ်ပိုင် ဘဝတွင် တိုးတက်ခြင်းမရှိ၊ ပြောင်းလဲခြင်း မရှိပေ၊ ထို့အပြင်၊ အကြင်သူသည် အခြားသူများကို ဆိုးဆိုးရွားရွား လွှမ်းမိုးလိမ်မည်။ အသင်းတော်တွင် မည်သည့်ရည်ရွယ်ချက်ကောင်းကိုမျှ ၎င်းတို့ ဆောင်ရွက်လိမ့်မည်မဟုတ်သကဲ့သို့၊ မနှစ်မြို့ခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို ဖိတ်ခေါ်လျက် ထမင်းစားပွဲပေါ်တွင် တုံ့ပြန်လူးလာ ပျံသန်းနေသည့် အကျိုးနည်း ယင်ကောင်တစ်ကောင်ကဲ့သို့ အသင်းတော်နှင့် ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့ထံ ကြီးမားသည့် ဒုက္ခပြဿနာကို ဆောင်ကြဉ်းလိမ့်မည်။ သင်တို့သည် ဤလူစားမျိုး ဖြစ်ချင်ကြသလော။ (မဖြစ်ချင်ပါ။) ကောင်းပြီ၊ သို့ဆိုလျှင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်နှင့် အခြားသူများကို တည်ဆောက်ပေးရန် သင်တို့သည် မည်သို့ ပြုမူသင့်ကြသနည်း။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် ထုတ်ဖော်ပြပြီးသည်ဖြစ်စေ၊ သင်သည် ဦးစွာပထမ မိမိကိုယ်ကိုယ် တည်ငြိမ်စေရမည်၊ ဆုတောင်းခြင်းဖြင့် ဘုရားရှေ့မှောက်သို့ အမြန်လာပြီး ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရမည်။ သင်၏ ကိုယ်ပိုင် အလိုဆန္ဒနှင့် စိတ်မြန်လက်မြန်ဖြစ်ခြင်းနောက်လိုက်လျှောက်လျက် ဖောက်ပြန်ပျက်စီးခြင်းကို သင် လုံးဝ ဆက်လက် မထုတ်ဖော်ပြရပေ။ သင့်ဘဝ၏ နေ့ရက်၊ မိနစ်၊ စက္ကန့်တိုင်းတွင်၊ မည်သည့်အရာကို သင် လုပ်ဆောင်ပြီး မည်သည့်အရာကို သင် စဉ်းစားပါစေ၊ ဘုရားသခင်သည် သင့်ကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးကာ စောင့်ကြည့်နေသည်။ မည်သည့်အရာကို ဘုရားသခင်က စောင့်ကြည့်လေ့လာနေသနည်း။ (ဘုရားသခင်က ၎င်းတို့အတွက် စီစဉ်ပြီးဖြစ်သည့် လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများကို ကြုံရသည့်အခါ လူတစ်ဦးက မည်သည့်အရာကို စဉ်းစားပြီး မည်သို့ တုံ့ပြန်သည်ဆိုသည်ကိုဖြစ်သည်။) မှန်ပေ၏၊ ပြီးလျှင် ဤအရာများကို စောင့်ကြည့်လေ့လာရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (ဤလူသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူလည်းဆိုသည်ကို ကြည့်ရန် ဖြစ်သည်။) ယင်းသည် အကြောင်းရင်ဒ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ဤအရာနှင့် ပတ်သက်၍ သေချာတွေးဆလော့။ (၎င်းတို့တွင် သမ္မာတရား ရှာဖွေခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စိတ်နှလုံးရှိလားဆိုသည်ကို ကြည့်ရန်ဖြစ်သည်။) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို ရှာဖွေခြင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း စိတ်နှလုံးရှိခြင်းဖြစ်စေ၊ ဤအရာအားလုံးသည် အကြင်သူက လျှောက်လှမ်းရန် မည်သည့်လမ်းကြောင်းရွေးချယ်သည်ဆိုသည့် မေးခွန်းနှင့် သက်ဆိုင်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့ကို စဉ်ဆက်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသနည်း။ မည်သည့် လမ်းကြောင်းမျိုးကို သင် လျှောက်လှမ်းနေသည်၊ သင်၏ ဘဝရည်မှန်းချက်များနှင့် ဦးတည်ချက်တို့က မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းကို သင် ရွေးချယ်ခြင်းရှိမရှိ၊ သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲတို့၏ လမ်းကြောင်းကို ရွေးချယ်ပြီးခြင်းရှိမရှိဆိုသည်ကို ကြည့်ရန် ဖြစ်သည်။ ဤလမ်းကြောင်းများထဲမှ မည်သည့်လမ်းကြောင်းပေါ် သင် ရှိသည်ကို ကြည့်ရန် ဖြစ်သည်။ သင်သည် မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ပြီးဖြစ်ပါက၊ ဘုရားသခင်သည် သင့်ကို လမ်းပြလိမ့်မည်၊ ဉာဏ်အလင်းပေးလိမ့်မည်၊ ထောက်ပံ့ကာ ပံ့ပိုးပေးလိမ့်မည်။ မှားယွင်းသည့် လမ်းကို သင် ရွေးပြီးဖြစ်ပါက၊ သင်သည် ဘုရားသခင်ကို လုံးဝ ကျောခိုင်းပြီးဖြစ်သည်ကို ပြသသောကြောင့်၊ သူသည် သင့်ကို အလိုအလျောက် စွန့်ပစ်လိမ့်မည်။

အယူဝါဒနှင့်သက်ဆိုင်သည့် စကားများနှင့် စကားရပ်များကို အမြဲ ဟောပြီး ဘုရားအိမ်တော်ကို ထိခိုက်နစ်နာစေသည့် အရာများကိုပင် လုပ်ဆောင်လျက် မိမိတို့ လုပ်သမျှတိုင်းတွင် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် လူများရှိသည်။ သို့ရာတွင် အဘယ်ကြောင့် ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်း၊ သို့မဟုတ် အပြစ်ဖော်ဆုံးမခြင်း မခံရသနည်း။ လူအချို့သည် ဤပြဿနာကို နားမလည်နိုင်ကြချေ။ သင်တို့ကို ငါ ပြောပါရစေ၊ ဤသို့သော လူများနှင့် ပတ်သက်၍ ဘုရားသခင် လက်လျှော့နှင့်ပြီး ဖြစ်သည်။ လူတစ်ဦးသည် နှစ်ပေါင်းမည်မျှ ယုံကြည်သူတစ်ဦး ဖြစ်ပြီးသည်ဖြစ်စေ၊ ဘုရားသခင်က ဤလူကို စွန့်ပစ်ရန် ဆုံးဖြတ်ပါက၊ ယင်းသည် စိုးရိမ်ဖွယ်ရာ ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်သည်။ လူတို့လျှောက်လှမ်းမည်ဟု ဘုရားသခင် မျှော်လင့်သည့် လမ်းကြောင်းမျိုးနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ အလိုတော်နှင့်ဆန္ဒသည် မည်သည့်အရာ ဖြစ်သနည်း။ ဘုရားသခင်က လူတို့ကို အချို့သော အခြေအနေများတွင် ထားရှိသည့်အခါ၊ ၎င်းတို့ ကျိုးနွံနာခံလိမ့်မည်ဟု မျှော်လင့်သလော၊ သို့မဟုတ် ပုန်ကန်လိမ့်မည်ဟု မျှော်လင့်သလော။ သမ္မာတရားကို ၎င်းတို့ ရှာဖွေကာ ရရှိလိမ့်မည်ဟု သူ မျှော်လင့်သလော၊ သို့မဟုတ် လျစ်လျူရှုပြီး၊ လုံးဝဥဿုံရပ်လိုက်မည်ကို သူ မျှော်လင့်သလော။ ဤအရာအပေါ် ဘုရားသခင်၏ သဘောထားမှာ အဘယ်နည်း။ လူတို့အပေါ် မည်သည့်အရာကို သူ မျှော်လင့်သနည်း။ ၎င်းတို့အနေဖြင့် မတက်ကြွလာခြင်း၊ လျှော့ချခြင်း၊ သို့မဟုတ် လျစ်လျူရှုခြင်းမရှိဘဲ ကျိုးနွံနာခံကာ သူ၏ အမှုတော်ကို ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု သူ မျှော်လင့်၏။ လူအချို့သည် မိမိတို့တာဝန်များတွင် ဟက်ဟက်ပက်ပက် မရှိကြချေ။ ၎င်းတို့ကို အလုပ်တာဝန်တစ်ခု အပေးခံရသည့်အခါ၊ သင့်တော်သည်ဟု ၎င်းတို့ မြင်သည့်အတိုင်း လုပ်ကြလိမ့်မည်ဖြစ်သော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို ရှာကြလိမ့်မည်မဟုတ်။ ဤချဉ်းကပ်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မမှားဟု ၎င်းတို့ ခံစားကြသည်။ ၎င်းတို့သည် မည်သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ကိုမျှ ချိုးဖောက်ခြင်းမရှိသည့်အတွက်၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်း မရှိသည့်အတွက် သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း မရှိသကဲ့သို့ မိမိတို့တာဝန်ကို လုပ်ဆောင်နေကြဆဲ ဖြစ်သည့်အတွက်၊ ၎င်းတို့ ရှုတ်ချခံရလိမ့်မည်မဟုတ်ဟု ခံစားကြသည်။ ဤသဘောထားမျိုးကို သင် မည်သို့ တွေးထင်သနည်း။ (မကောင်းပါ။ ယင်းသည် ဘုရားသခင် စက်ဆုပ်သည့် အပျက်သဘောဆောင်၊ မတက်ကြွသည့်၊ ဟက်ဟက်ပက်ပက်မရှိသော သဘောထားတစ်ခု ဖြစ်သည်။) ဟက်ဟက်ပက်ပက်မရှိသော သဘောထားဆိုသည်မှာအဘယ်နည်း။ အဘယ်ကြောင့် ဘုရားသခင်က စက်ဆုပ်သနည်း။ ဤသဘောထားမျိုး၏ အနှစ်သာရမှာ အဘယ်နည်း။ (ဤအရာနင့် သက်ဆိုင်၍ ကျွန်ုပ်၏ အတွေ့အကြုံ အနည်းငယ်ကို ကျွန်ုပ် မျှဝေပေးနိုင်ပါသည်။ လတ်တလော ကျွန်ုပ်၏ တာဝန်တွင်၊ ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်ပိုင် အလိုဆန္ဒနောက်လိုက်ကာ စည်းမျဉ်းများကို ချိူးဖောက်နေမိခဲ့သည်။ ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်တွင်၊ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်းမရှိသကဲ့သို့ ဘုရားသခင်ကို အထင်လွဲကာ သတိထားခဲ့သည်။ ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်အဖို့ ပိတ်ထားခဲ့သည်။ သူနှင့် မရင်းနှီးချင်ခဲ့သကဲ့သို့ သူ့ထံ ဆုမတောင်းချင်ခဲ့ပါ။ ကျွန်ုပ်၏ သဘောထားသည် ဟက်ဟက်ပက်ပက်မရှိခဲ့သကဲ့သို့၊ ယင်းက ထိုအချိန်အတောအတွင်းတွင် ကျွန်ုပ်ကို အပျက်သဘောဆောင်စေခဲ့သည်၊ မတက်မကြွဖြစ်ပြီး စိတ်မချမ်းမြေ့ဖြစ်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်အဖို့ ပိတ်ထားလိုက်သည်နှင့်၊ ကျွန်ုပ်ဘဝ၏ အဓိကအကျဆုံး မဏ္ဍိုင်က တစ်စတစ်စနှင့် ပြိုလဲပျက်စီးသွားပြီး ကျွန်ုပ် စိတ်မချမ်းမမြေ့ ကျန်ရစ်ခဲ့သည့်အလား ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ အပြင်ပန်းတွင်၊ သိသိသာသာ ပုန်ကန်သော အပြုအမူတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်နေပုံရသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်းပေးခြင်း မရရှိသကဲ့သို့၊ ဘုရားသခင်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သည့် တွေးခေါ်မှုအလေ့အထလည်း မရှိခဲ့ပါ။ ဤဟက်ဟက်ပက်ပက်မရှိ၊ အပျက်သဘောဆောင်ပြီး မတက်ကြွသည့် သဘောထားကို ထိန်းသိမ်းခြင်းသည် မိမိကိုယ်ကိုယ် ဖြည်းညင်းစွာ သတ်ခြင်းနှင့် အတူတူပင်သည်။ ဘုရားသခင်ထံမှ လှည့်ထွက်သွားသူသည် အမြစ်များသေသည့် သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်သည်။ အသက်အထောက်အပံ့ ဖြတ်တောက်ခံရလျက်၊ အကိုင်းအခက်များနှင့် အရွက်များသည် သစ်ပင်တစ်ခုလုံး သေသည်အထိ တဖြည်းဖြည်း ခြောက်သွေ့ညိုးနွမ်းသွားကြသည်။) ယင်းမှာ ကောင်းစွာ ရှင်းပြထားပေသည်။ လူအများစုသည် ဤအခြေအနေတွင် ရှိကောင်းရှိနိုင်သည်။ ၎င်းတို့ကို စေခိုင်းသည့် မည်သည့်အရာကိုမဆို ပြဿနာဖြစ်စေခြင်းမရှိဘဲ၊ သို့မဟုတ် မကောင်းမှုလုပ်ဆောင်ခြင်း သို့မဟုတ် အမှုအရာများကို နှောင့်ယှက်ခြင်းမရှိဘဲ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဟက်ဟက်ပက်ပက် မရှိကြခြင်းသာ ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤသဘောထားမျိုးကို စက်ဆုပ်သနည်း။ ထိုသို့သော သဘောထားက ပြသသည့် အနှစ်သာရမှာ အဘယ်နည်း။ ယင်းသည် အပျက်သဘောဆောင်၊ အာခံပြီး သမ္မာတရားကို ငြင်းပယ်ခြင်း ဖြစ်သည်။ လူတို့ကို ဦးစွာ စွန့်လွှတ်သည်မှာ ဘုရားသခင်ဖြစ်သည်ဟု သင် ပြောမည်လော သို့မဟုတ် ဘုရားသခင်ကို ဦးစွာ စွန့်လွှတ်သူမှာ လူများဖြစ်သည်ဟု သင် ပြောမည်လော။ (လူက ဦးစွာစွန့်လွှတ်ပါသည်။) ဘုရားသခင်ကို ပထမဦးစွာ သင် စွန့်ပါက၊ ယင်းသည် ဆိုးရွားသည့် ပြဿနာတစ်ခု ဖြစ်သည်။ “ပိတ်ထားခြင်း”သည် ထိုအရာကို ပြောသည့်နည်းလမ်းတစ်ခု ဖြစ်သည်။ အမှန်တကယ် ဖြစ်သည့်အရာမှာ လူတို့သည် မိမိတို့စိတ်နှလုံးကို အဝင်အထွက်ပိတ်ထားခြင်း၊ ဘုရားသခင်ကို အပြင်တွင်ပိတ်ထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ၊ “ကျွန်ုပ် သင့်ကို မလိုချင်တော့ပါ။ သင်နှင့် ဆက်နွှယ်မှုအားလုံးကို ကျွန်ုပ် ဖြတ်တောက်ပြီး ကျွန်ုပ်တို့နှစ်ဦးကြား ဆက်သွယ်မှုအားလုံးကို အဆုံးသတ်နေသည်”ဟူ၍ ဖြစ်သည်။ အဖန်ဆင်းခံတစ်ဦးသည် မိမိ၏ ဖန်ဆင်းရှင်အပေါ် ဤသဘောထားမျိုးရှိသည့်အခါ၊ ဤအရာကို မည်သို့ ဘုရားသခင် ကိုင်တွယ်သနည်း။ သူ၏ သဘောထားမှာ အဘယ်နည်း။ လူတို့ကို ထိုသို့သော အခြေအနေတွင် သူ မြင်သည့်အခါ၊ သူသည် ဝမ်းမြောက်သလော၊ စက်ဆုပ်သလော၊ သို့မဟုတ် ဝမ်းနည်းသလော။ ပထမဦးစွာ၊ ဝမ်းနည်းမှု ခံစားရ၏။ လူတို့ အလွန် ထုံထိုင်းလာပြီး သမ္မာတရားကို လက်ခံရန် လုံးဝ လိုလားခြင်း မရှိသည်ကို သူ မြင်သည့်အခါ၊ ဘုရားသခင် စိတ်ပျက်ပြီးနောက် ၎င်းတို့ကို စက်ဆုပ်သည်။ လူတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပိတ်ထားသည့်အခါ၊ ဤအရာကို သူ မည်သို့ ချဉ်းကပ်သနည်း။ (ဘုရားသခင်သည် မိမိအလိုတော်ကို သူတို့အား နည်းလည်ခွင့်ပေးပြီး သူတို့စိတ်နှလုံးကို မိမိထံ ဖွင့်ဟခွင့်ပေးသည့် အခြေအနေအချို့ကို စီစဉ်ညွှန်ကြားပါလိမ့်မည်။) ဟုတ်ပေသည်၊ ဤသည်မှာ ဘုရားသခင်၏ တက်ကြွသည့် ချဉ်းကပ်မှုများထဲမှ တစ်ခု ဖြစ်သည်။ တစ်ခါတရံ သူသည် အမှုအရာများကို ထိုသို့ လုပ်ဆောင်တတ်သော်လည်း၊ တစ်ခါတရံတွင် မလုပ်ဆောင်ပေ။ တစ်ခါတရံ သူသည် သင်၏ စိတ်နှလုံးကို သူ့ထံ ဖွင့်ဟသည်ကို စောင့်ဆိုင်းလျက် သူသည် မိမိမျက်နှာကို ကွယ်ဝှက်ပြီး သူ၏အချိန်ကို စောင့်လိမ့်မည်။ သင်သည် သင်၏ စိတ်နှလုံးထဲသို့ သူ့ကို ဝင်ခွင့်ပြုပြီးကာ သမ္မာတရားကို လက်ခံနိုင်သည့်အခါ၊ သူသည် သင့်အတွက် ဆက်လက်၍သနားကရုဏာရှိလိမ့်မည်ဖြစ်ပြီး သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ သို့ရာတွင်၊ ယေဘုယျအားဖြင့်၊ သင်သည် ဘုရားသခင်ထံမှ သင်၏ စိတ်နှလုံးပိတ်ထားလျက်၊ သူနှင့် ပုံမှန် ဆက်ဆံရေးကို ငြင်းပယ်လျက်၊ သူနှင့် အဆက်အသွယ်အားလုံးကို ငြင်းပယ်လျက်၊ ဤသဘောထားမျိုးရှိပါက၊ သင့်အပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ လမ်းပြမှုကို သင် ငြင်းပယ်နေခြင်း ဖြစ်သည်။ ဤသည်မှာ သူ့ကို သင်၏ ဘုရားသခင်အဖြစ် ငြင်းပယ်ခြင်းနှင့် သင်၏ သခင်အဖြစ် သူ့ကို မလိုချင်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ သင်သည် သူ့ကို သင်၏ ဘုရားသခင်နှင့် သခင်အဖြစ် ငြင်းပယ်ပါက၊ သင့်အပေါ် သူ အမှုပြုနိုင်ဆဲ ဖြစ်သလော။ (မပြုနိုင်ပါ။) သို့ဆိုလျှင် သူ လုပ်နိုင်သမျှမှာ သင့်ကို စွန့်ပစ်ရန် ဖြစ်သည်။ ဖြစ်ပျက်သည့်အရာကို သင် နားလည်ပြီး သင့်နည်းလမ်းများ၏ အမှားကို သဘောပေါက်ကာ နောင်တရရန် သိရှိသည့်နောက်တွင်သာ၊ သင့်အပေါ် ဘုရားသခင် တစ်ဖန် စတင်အမှုပြုနိုင်သည်။ ထို့ကြောင့်၊ ဤသို့ ဟက်ဟက်ပက်ပက်မရှိသည့် သဘောထားနှင့် ရင်ဆိုင်ရသည့်အခါ၊ ဘုရားသခင်သည် မုချ အမှုပြုလိမ့်မည်မဟုတ်၊ ဤသို့သော လူများကို သူ ဘေးဖယ်ထားလိမ့်မည်။ ဤအရာနှင့် သက်ဆိုင်သည့် အတွေ့အကြုံတစ်ခုခု သင် ရှိသလော။ ထိုသို့သောအခြေအနေသည် အေးချမ်းပြီး ဝမ်းမြောက်ဖွယ်ဖြစ်သလော သို့မဟုတ် မခံမရပ်နိုင်ဖြစ်ပြီး စိတ်မချမ်းမြေ့ဖွယ်ဖြစ်သလော။ (မခံမရပ်နိုင်ဖြစ်ပြီး စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပါသည်။) မည်သို့ စိတ်မချမ်းမြေ့ဖွယ် ဖြစ်သနည်း။ (လမ်းလျှောက်နေသည့် အလောင်းကောင်းဖြစ်နေသကဲ့သို့ ဖြစ်သည်။ သားရဲတစ်ကောင်ကဲ့သို့သော ထောက်ထားစာနာမှုမရှိသည့်၊ လူမဆန်သော ဖြစ်တည်မှုတစ်ခုဖြစ်သည်။) ဘုရားသခင်သည် တစ်စုံတစ်ဦး၏ စိတ်နှလုံးတွင် မရှိပါက၊ ၎င်းတို့၏ စိတ်နှလုံးသည် ဗလာနတ္တိ ဖြစ်သည်။ ယင်းမှာ ၎င်းတို့က စိတ်ဝိညာဉ်မရှိခြင်းနှင့် အတူတူပင် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့က ဝိညာဉ်မဲ့ လူသေတစ်ဦးဖြစ်လာပြီဟု ဆိုလိုသည် မဟုတ်လော။ ကြောက်လန့်ဖွယ်ရာပင်။ လူတစ်ဦးသည် ဘုရားသခင်ကို နေရာမရွေး၊ အချိန်မရွေး သစ္စာဖောက်နိုင်သည်။ အနည်းငယ် အမှုမဲ့အမှတ်မဲ့ဖြစ်ခြင်းဖြင့် ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ငြင်းပယ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့၏ အခြေအနေက ချက်ချင်း ပြောင်းလဲသွားသည်။ ၎င်းတို့ စိတ်ဝိညာဉ်၏ အခြေအနေသည် ချက်ချင်း ဆုတ်ယုတ်သွားသည်၊ ဘုရားသခင်၏ မျက်မှောက်တော်ကို မခံစားရတော့သကဲ့သို့၊ ဘုရားသခင်အပေါ် ၎င်းတို့၏ မှီခိုမှုနှင့် သူနှင့် ဆက်ဆံရေးတို့သည် မခုန်တော့သည့် နှလုံးသားတစ်ခုကဲ့သို့ပင် လုံးဝ ပျောက်ကွယ်သွားသည်။ ဤသည်မှာ အန္တရာယ်များသော အခြေအနေတစ်ခု ဖြစ်သည်။ ထိုသို့သော အခြေအနေနှင့် ပတ်သက်၍ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သင်သည် မှန်ကန်သည့် သဘောထားရှိဖို့လိုအပ်ကာ ဘုရားသခင်ထံ ချက်ချင်း ဆုတောင်းပြီး နောင်တရဖို့ လိုအပ်သည်။ လူတစ်ဦးသည် အပျက်သဘောဆောင်၊ အာခံတတ်သည့် အခြေအနေတစ်ခု၊ ဘုရားသခင်၏ စွန့်ပစ်ခြင်းခံရပြီး သူ့ကို လက်လှမ်းမမီသည့် အခြေအနတစ်ခုတွင် အမြဲ အသက်ရှင်ပါက၊ ယင်းသည် အန္တရာယ်များပေသည်။ ဤအန္တရာယ်၏ မလိုလားအပ်သော အကျိုးဆက်များက မည်သည့်နေရာသို့ ဆိုက်ရောက်စေနိုင်သည်ကို သင် သဘောပေါက်ပြီလော။ ယင်းသည် အကြင်သူက တွေ့ကြုံနိုင်သည့် ဆုံးရှုံးမှုများနှင့်ဆိုင်သည့် အရေးကိစ္စတစ်ခုသာ မဟုတ်ပေ။ အခြား မည်သည့် အကျိုးဆက်များ ရှိနိုင်မည်နည်း။ (၎င်းတို့သည် ဝိညာဉ်ဆိုးများ၏ ဝင်ပူးခြင်း ခံရနိုင်ပါသည်။) ယင်းသည် တစ်ခုဖြစ်၏။ အခြားဖြစ်နိုင်ခြေများစွာ ရှိ၏။ (ကြီးလေးသည့် မကောင်းမှုကို ၎င်းတို့ ကျူးလွန်ကောင်း ကျူးလွန်နိုင်ပြီး ဘုရားသခင်၏ ဖယ်ရှားခြင်း ခံရနိုင်သည်။) ဤအရာလည်း ဖြစ်နိုင်ဖွယ်ရှိသည်။ အခြားအရာတစ်ခုတလေ ရှိသေးသလော။ (၎င်းတို့သည် ဘုရားသခင်နှင့် မိမိတို့၏ ဆက်ဆံရေးတွင် ပိုပို၍ ဝေးကွာလာနိုင်သည်။) ယခုတွင်၊ ဤအခြေအနေဆက်ရှိပါက၊ ဤလူသည် ဘုရားသခင်အား မယုံကြည်တော့ရန် နောက်ဆုံးတွင် စဉ်းစားလိမ့်မည်ဟု သင်တို့ တွေးထင်သလော။ (သူတို့ စဉ်းစားလိမ့်မည်။) ယင်းမှာ လန့်စရာဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် မိမိ၏ ယုံကြည်မှုကို စွန့်လွှန်ရန် ဤဆိုးယုတ်သော စိတ်ဆန္ဒရှိပါက၊ ၎င်းတို့သည် မိမိတို့စိတ်နှလုံးတွင် ဘုရားသခင်ကို သစ္စာဖောက်နှင့်ပြီးဖြစ်ကာ ဘုရားသခင်က ဤသို့သော လူတစ်ဦးကို ကယ်တင်လိမ့်မည်မဟုတ်သောကြောင့် ယင်းသည် ကြောက်လန့်စရာအကောင်းဆုံးသော အရာဖြစ်သည်။

ယုံကြည်သူတစ်ဦးအနေဖြင့်၊ အကြင်သူသည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းရမည်။ ဤသည်မှာ အလွန်အရေးကြီး၏။ ဘုရားသခင်နှင့် လူတစ်ဦး၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်သည့်အခါ၊ ၎င်းတို့သည် ကောင်းမွန်သည့် အခြေအနေတွင် ရှိကြလိမ့်မည်။ ၎င်းတို့၏ အခြေအနေ မကောင်းသည့်အခါ၊ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေး ပုံမှန်မဟုတ်ပေ။ လူတစ်ဦး၏ စိတ်နှလုံးသည် ၎င်းတို့က ကောင်းမွန်သည့် အခြေအနေတွင်ရှိခြင်း၊ မကောင်းသည့် အခြေအနေတွင် ရှိခြင်းအပေါ် မူတည်လျက် လုံးဝ မတူကွဲပြားသည့် အခြေအနနှစ်ခုတွင် ရှိလိမ့်မည်။ လူတစ်ဦးသည် ကောင်းသည့် အခြေအနေတစ်ခုတွင် ရှိသည့်အခါ၊ မိမိတို့ စိတ်နှလုံးတွင် ခွန်အားတစ်ခုခု၊ မည်သည့်အခါတွင်မျှ အိမ်ထောင်မပြုရန်၊ မည်မျှ ဆင်းရဲဒုက္ခခံရသည်ဖြစ်စေ ဘုရားသခင်နောက်ဆုံး အဆုံးတိုင် လိုက်ရန်နှင့် အဆုံးထိ၊ သေသည်အထိ ဘုရားသခင်ကို ဆက်လက်ဆက်ကပ်အပ်နှံရန် ၎င်းတို့ကို လှုံ့ဆော်သည့် ခွန်အားတစ်ခု ခံစားလိမ့်မည်။ ဤဆုံးဖြတ်ချက်မျိုးသည် အဘယ်သို့ ဖြစ်လာသနည်း။ (လူတို့ပိုင်ဆိုင်သည့် အားမာန်တစ်မျိုးမှ ဖြစ်လာပါသည်။) ဘုရားသခင်က ဤအားမာန်ကို လက်ခံနိုင်ဖွယ်အဖြစ် မြင်ပါသလော။ ဤစိတ်ဆုံးဖြတ်ချက်မျိုးသည် အပြုသဘောဆောင်သည့်အရာတစ်ခုလော၊ သို့မဟုတ် အပျက်သဘောဆောင်သည့် အရာတစ်ခုလော။ (အပြုသဘောဆောင်သည့်အရာဖြစ်ပါသည်။) အပြုသဘောဆောင်သည့်အရာများကို လက်ခံနိုင်ဖွယ်ရာအဖြစ် ဘုရားသခင် မြင်ပါသလော။ (မြင်ပါသည်။) ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးကို စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးသည်။ လူတို့သည် မိမိတို့စိတ်နှလုံး နက်နက်တွင် မည်သည့်အရာ တွေးပြီး ၎င်းတို့၏ အခြေအနေက မည်သည့်အရာနှင့် တူသည်ဆိုသည်ကို ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ထို့ကြောင့်၊ သင်၏ စိတ်နှလုံးတွင် ဤ စိတ်ဆန္ဒနှင့် ဆုံးဖြတ်ချက်မျိုးဖော်ပြသည့်အခါ၊ ဤအရာကိုလည်း ဘုရားသခင်က စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေး၏။ ဤစိတ်ဆုံးဖြတ်ချက်သည် မည်သည့်နေရာမှ လာသနည်း။ လူတစ်ဦး၏ သဘာဝကျခြင်းနှင့် စိတ်မြန်လက်မြန်ဖြစ်ခြင်းမှ လာသလော။ (မဟုတ်ပါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အားဖြင့် လူတို့ထဲတွင် သွတ်သွင်းထားခြင်း ဖြစ်သည်။) မှန်ပေသည်။ လူတို့သည် မှန်ကန်သည့် အခြေအနေတွင် အသက်ရှင်ကြသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်က ၎င်းတို့ကို ထိုသို့သော စိတ်ဆုံးဖြတ်ချက်ရှိခွင့်ပေးသည့် ဤအစွမ်းတန်ခိုးမျိုး ပေးလေသည်။ ဤသည်မှာ အပြုသဘောဆောင်သည့် အရာတစ်ခု ဖြစ်ပြီး၊ လူတို့အား ၎င်းတို့၏ ပူပေါင်းလုပ်ဆောင်ခြင်းနှင့် စွန့်လွှတ်စတေးမှုတို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ပေးထားခြင်း ဖြစ်သည်။ လူတို့သည် မိမိတို့ဘာသာ ဤယုံကြည်ချက်မျိုးကို ရရန်ရန် ဖြစ်ဖူးကြသလော။ မရှိဖူးပေ၊ ဟုတ်ပါသလော။ လူတို့သည် ပူးပေါင်းဆောင်ရွက်ရန် စိတ်ဆုံးဖြတ်ချက် အနည်းငယ်ရှိသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသို့သော အစွမ်းတန်ခိုးရှိသည့် စိတ်ဓာတ်လှုံ့တော်မှု ပေးလေသည်။ ဤအရာမှ မည်သည့်အရာကို ယခုတွင်သင်တို့ မြင်ကြသနည်း။ (လူတို့သည် ဘုရားသခင်နှင့် အတူ နေရမည်။ ဘုရားသခင်မရှိပါက၊ သေခြင်းသာရှိသည်။) “လူတို့သည် ဘုရားသခင်နှင့် အတူ နေရမည်”၊ ယင်းမျာ မှန်၏။ ဤသည်မှာ အတွေ့အကြုံမှရသော အသိပညာဖြစ်သည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ သင် ဖွင့်ဟလျှင်၊ ထိုသေးငယ်သည့် ဆုံးဖြတ်ချက်အနည်းငယ် သင် ရှိပြီး၊ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် သင်၏ စိတ်နှလုံးကို ချခင်းနိုင်ပါက၊ သူသည် သင်တို့ကို ဤတန်ခိုးပေးလိမ့်မည်။ ဤတန်ခိုးသည် သင်၏ ဘဝတစ်ခုလုံး တာရှည်ခံလိမ့်မည်ဖြစ်ပြီး ထိုသို့သော နက်ရှိုင်းသည့် စိတ်ဆုံးဖြတ်ချက်ရှိကာ၊ “ကျွန်ုပ်၏ ဘဝတစ်ခုလုံးကို ဘုရားသခင်ထံ ကျွန်ုပ် ဆက်ကပ်ပါသည်။ သူ့အတွက် မိမိကိုယ်ကိုယ် အသုံးခံကာ အသက်ရှင်ရင်း အချိန်ကုန်အားလုံး ကုန်ဆုံးပါမည်”ဟု ပြောရန် သင့်ကို အခွင့်ပေးလိမ့်မည်။ ယင်းသည် အမှန်တရားတစ်ခု ဖြစ်၏။ ဤသည်မှာ လူတို့ တွေပုံနှင့် လုပ်ချင်ကြသောအရာ ဖြစ်သည်။ သို့ရာတွင်၊ တစ်စုံတစ်ဦးသည် မိမိစိတ်၊ မိမိကိုယ်ပိုင် အတွေးများ၊ မိမိကိုယ်ပိုင် အစွမ်းအစနှင့် ဆုကျေးဇူးများအပေါ် မှီခိုလျက် ဘုရားသခင်နောက် လိုက်ပြီး မိမိတာဝန်ကို လုပ်ဆောင်ပါက၊ ၎င်းတို့သည် ခွန်အားမည်မျှ ရှိကြလိမ့်မည်နည်း။ သင်သည် သမ္မာတရား လိုက်စားလိုစိတ်မရှိပါက၊ မည်သည့် အလုပ်ကြိုးစားမှု ပမာဏကမျှ ထိုသို့စွမ်းဆောင်လိမ့်မည် မဟုတ်ပါ။ အတွင်းပိုင်း ခွန်အားကို လူက စွမ်းဆောင်မရရှိနိုင်။ ယင်းကို ဘုရားသခင်က ပေးထားခြင်း ဖြစ်သည်။ လူတို့သည် ဤခွန်အားကို မည်သို့ ဆုံးရှုံးကြသနည်း။ ဘုရားသခင်သည် ၎င်းတို့ စိတ်နှလုံးများတွင် မရှိတော့သည့်အခါ၊ ဤတန်ခိုး ပျောက်ကွယ်လေသည်။ လူတို့သည် ဤခွန်အားရှိကြသည့်အခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်၊ ဘုရားသခင်က လူတို့ကို ပေးထားသည့် တန်ခိုးဖြစ်သည်။ အားလုံးကို ဘုရားသခင်က လုပ်ဆောင်ခြင်း ဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပိတ်ထားပါက၊ ဘုရားသခင်ကို သင် ငြင်းပြီး၊ သင့်ဘဝအပေါ် သူ၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုကို ငြင်းပယ်သည့်အပြင်၊ သင့်အနီးအနားတွင် သူ စီစဉ်ပေးသည့် အခြေအနေများ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို သင် ငြင်းပယ်ပါက၊ သင်သည် သမ္မာတရား လိုက်စားရန် စိတ်နှလုံးပင် ရှိလိမ့်မည်မဟုတ်ချေ။ လူတို့သည် ဘုရားသခင်ကို ဆုံးရှုံးပါက။ ဧကန်အမှန် ဤသို့ ဆိုးရွားပေသည်။ ဤသည်မှာ အမှန်တရား ဖြစ်၏။ ဘုရားသခင်ကို ဆုံးရှုံးသောသူတို့သည် ဘာမျှမဟုတ်ချေ။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို ဘုရားသခင်ထံမှ ပိတ်ထားပါက၊ ဘုရားသခင်ကို ယုံကြည်ခြင်းအကြောင်း ပြောင်းလဲသည့်အတွေးများပင် ရှိနိုင်သည်။ ယင်းကို အချိန်မရွေး၊ နေရာမရွေး ၎င်းတို့ ထုတ်ဖော်ပြနိုင်သည်။ ဤအရာ၏ အဆိုးရွားဆုံးသော အပိုင်းမှာ ၎င်းတို့၏ ဤအတွေးများသည် ၎င်းတို့ စွန့်လွှတ်ကာ အသုံးခံခဲ့ပြီးသမျှအားလုံးကိုပင် နောင်တရပြီး၊ တစ်ချိန်က ၎င်းတို့ ပိုင်ဆိုင်ခဲ့သည့် စိတ်ဆုံးဖြတ်ချက်နှင့် ညည်းခံခဲ့ရသည့် ဆင်းရဲဒုက္ခတို့ကို နောင်တရသည့်အတိုင်းအတာထိ ပိုအားကောင်းသည်ထက် အားကောင်းလာလိမ့်မည်။ ၎င်းတို့က လုံးဝ ခြားနားသောလူတစ်ဦး ဖြစ်ခဲ့သည့်အလား၊ ၎င်းတို့ အခြေအနေသည် ဖြစ်ခဲ့သည့်ပုံစံနှင့် လုံးဝ ကွဲပြားသွားလိမ့်မည်။ ဤသည်မှာ အဘယ်သို့ ဖြစ်ပျက်သနည်း။ လူတစ်ဦးသည် ဘုရားသခင်က ၎င်းအတွက် စီစဉ်ပေးသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် အခြေအနေများကို ကျိုးနွံနာခံနိုင်ပါက၊ အေးချမ်းပြီး ပျော်ရွှင်သည့် ဘဝတစ်ခုကို အသက်ရှင်နိုင်သည်။ ဘုရားသခင် စီစဉ်သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို လွတ်မြောက်ဖို့ ၎င်းတို့ အမြဲ ကြိုးစားပြီး၊ ဘုရားသခင်က အချုပ်အခြာအာဏာရှိပြီး မိမိတို့ကိုယ်ကိုယ် တွေ့ရှိရသည့် အခြေအနေများကို ကျိုးနွံနာခံလိုစိတ်မရှိပါက၊ ဤအရာမှ မည်သည့် အခြေအနေသည် အကျိုးဆက်ဖြစ်ပေါ်လိမ့်မည်နည်း။ (စိတ်ဆင်းရဲခြင်းနှင့် မှောင်မိုက်မှုတို့ ဖြစ်သည်။) ၎င်းတို့သည် မှောင်မိုက်မှု၊ စိတ်ဆင်းရဲခြင်း၊ စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ အတောမသတ်သော ပူပန်သောကနှင့် ဝမ်းနည်းမှုတို့ကို တွေ့ကြုံကြလိမ့်မည်။ ဤသည်မှာ သိသာသည့် ကွာခြားမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) လူတို့သည် ကောင်းမွန်သည့် အခြေအနေတစ်ခုတွင် အသက်ရှင်ကြသည့်အခါ၊ ဘုရားသခင် ရှေ့တည့်တည့် ကောင်းကင်ဘုံတွင် အသက်ရှင်နေသကဲ့သို့ ဖြစ်သည်။ မကောင်းသည့် အခြေအနေတွင် ရှိသည့်အခါ၊ ၎င်းတို့၏ အခြေအနေသည် တိုး၍ မှောင်မိုက်လာပြီး၊ ဘုရားသခင်သည် ၎င်းတို့၏ လက်လှမ်းမမီသည့်နေရာတွင် ရှိမြဲရှိနေသည်။ မှောင်မိုက်သည့် အခြေအနေတွင် အသက်ရှင်ခြင်းသည် ငရဲတွင် အသက်ရှင်ခြင်းနှင့် မခြားပေ။ ငရဲ၏ ဆင်းရဲဒုက္ခကို သင်တို့ ခံစားဖူးသလော။ နှစ်သက်ဖွယ်ဖြစ်သလော၊ မခံမရပ်နိုင်ဖွယ် ဖြစ်သလော။ (မခံမရပ်နိုင်ဖွယ်ဖြစ်ပါသည်။) ယင်းကို စာတစ်ကြောင်းဖြင့် သင် မည်သို့ ဖော်ပြမည်နည်း။ (သေခြင်းထက် ဆိုးပါသည်။) မှန်၏၊ သေခြင်းထက်ဆိုး၏။ သေခြင်းသည် အသက်ရှင်ခြင်းထက် များစွာ သာ၍နှစ်သက်ဖွယ်ဖြစ်မည်၊ အလွန် ကြီးစွာသောဆင်းရဲဖြစ်သည်။ သင် အလွန်ကောင်းစွာ ပြောလေပြီ။ ယင်းသည် ထိုသို့ ဖြစ်သည်။

လူတို့ ရင်ဆိုင်ရသည့် အခက်အခဲများအားလုံးနှင့် ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းမှုအားလုံးတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် တိုက်ရိုက်ဆက်နွှယ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်ပါက၊ ၎င်းတို့၏ ယုံကြည်ခြင်းရှိ အခက်အခဲအားလုံး အနည်းနင့် အများ ပြေလည်သွားလိမ့်မည်ဟု ဆို၍ရသည်။ ၎င်းတို့ကို သမ္မာတရား လိုက်စားခြင်းမှ မည်သည့်အရာမျှ ဆွဲထားလိမ့်မည်မဟုတ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အခက်အခဲများ ကြုံရလိမ်မ့ည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းမှ မည်သည့်အရာကမျှ တားဆီးလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ အကြင်သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းသည် အလွန်အရေးပါ၏။ လူတို့ကို သမ္မာတရား လိုက်စားရန်နှင့် ရိုးသားသောသူဖြစ်ရန် ဘုရားသခင် တောင်းဆိုခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းနှင့် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိခြင်းနှင့် ဆက်နွှယ်သည်။ သမ္မာတရားကို ရှာဖွေခြင်း၏ ရည်မှန်းချက်ပန်းတိုင်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြရှင်းရန်ဖြစ်ပြီး၊ သမ္မာတရား လိုက်စားခြင်းသည် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို စွမ်းဆောင်ရရှိရန် လုပ်ဆောင်ရပေသည်။ ထို့ကြောင့်၊ အကြင်သူသည် သမ္မာတရားကို မည်သို့ လိုက်စားသနည်း။ အကြင်သူသည် သမ္မာတရားကို မည်သို့ ရရှိနိုင်သနည်း။ အတန်ငယ်အကြာက မည်သည့်အရာကို ကျွန်ုပ် ပြောခဲ့သနည်း။ (အရာရာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာရှိကြောင်း ယုံကြည်ခြင်းရှိပြီး၊ သူ ချခင်းပေးသည့် အခြေအနေများကို ကျိုးနွံနာခံပါ။) ဟုတ်ပေ၏၊ ယုံကြည်ခြင်းရှိလော့၊ ကျိုးနွံနာခံလော့၊ သင်ခန်းစာ သင်ယူရန် ကြိုးစားလော့၊ သမ္မာတရားကို ရှာဖွေပြီး၊ ဘုရားသခင် ဖန်ဆင်းပြီးဖြစ်သည့် ပတ်ဝန်းကျင်များတွင် သင်၏ တာဝန်ကို ထိန်းသိမ်းလော့။ ဘုရားသခင် ဖန်ဆင်းပြီးဖြစ်သည့် ပတ်ဝန်းကျင်များမှ သင်ခန်းစာများကို သင် သင်ယူနိုင်ပါက၊ သင့်အတွက် ကျိုးနွံနာခံရန် လွယ်ကူလိမ့်မည် မဟုတ်လော။ (လွယ်ကူပါလိမ့်မည်။) သင်သည် သမ္မာတရားကို ရှာဖွေပြီး သင်၏ သင်ခန်းစာများ သင်ယူသည့်အခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းအား သင် ရှောင်ကြဉ်ပြီး၊ မိမိ၏ စိတ်မြန်လက်မြန်ဖြစ်ခြင်းအား ဖော်ထုတ်ခြင်းမှ သင် မိမိကိုယ်ကိုယ် တားဆီးသည်မှာ မှန်သည် မဟုတ်လော။ ဤဖြစ်စဉ်အတောအတွင်းတွင်၊ သင့်အတွက် ဘုရားသခင် စီစဉ်ပေးသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရန် လူသား နည်းစနစ်များနှင့် လူသားအတွေးတို့ကို အသုံးပြုခြင်းအား သင် ရှောင်ရှားလိမ့်မည် မဟုတ်လော။ ဤသို့ဖြင့် သင်သည် ပုံမှန်အခြေအနေတစ်ခုတွင် ရှိလိမ့်မည် မဟုတ်လော။ သင်သည် ပုံမှန်အခြေအနေတွင် ရှိသည့်အခါ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် စဉ်ဆက်မပြတ် သင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်လော။ ထိုအခါ သင်သည် ဘေးကင်းလိမ့်မည်။ ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာနိုင်ပါက၊ သူ့ရှေ့တွင် သင် စဉ်ဆက်မပြတ် အသက်ရှင်နိုင်ပါက၊ သင့်အတွက် သူ ချခင်းပေးသည့် ပတ်ဝန်းကျင်များတွင် သူ၏ အလိုတော်ကို မကြာခဏ သင် ရှာဖွေနိုင်ပြီး သူ စီစဉ်သည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို ကျိုးနွံနာခံနိုင်ပါက၊ သင်သည် ဘုရားသခင်၏ ကြည့်ရှုခြင်းနှင့် စောင့်ရှောက်ခြင်းအောက်တွင် အမြဲ အသက်ရှင်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိပြီး၊ သူ၏ စောင့်ရှောက်ကာ စီမံခြင်းခံရသည့်အခါ၊ နေ့စဥ် ဘုရားသခင်၏ ကွယ်ကာမှုကို သင် မွေ့လျော်သည့်အခါ၊ သင်သည် အပျော်ရွှင်ဆုံးသော လူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်လော။ (မှန်ပါသည်။) ယင်းမှာ ဤအကြောင်းအရာနှင့် ပတ်သက်၍ ငါတို့၏ မိတ်သဟာယ အဆုံးသတ်ဖြစ်သည်။ ရှေ့ဆက်၍၊ ထိုအရာအပေါ် သင်တို့အားလုံး အတူတကွမိတ်သဟာယပြုပြီး ထိုအရာနှင့် ပတ်သက်၍ သင်တို့၏ သိနားလည်မှုကို အကျဉ်းချုပ်ကာ ဝေမျှနိုင်သည်။ ပျော်ရွှင်သည့် ဘဝအား မည်သို့ အသက်ရှင်ရမည်ဆိုသည်နှင့် ဘုရားသခင်သည် သင့်ကို သူ၏ စိတ်နှလုံးထဲတွင် ထိန်းသိမ်းပြီး၊ သင်သည် သူချစ်သော လူတစ်ဦးဖြစ်သည်ဟု ပြောရန်အလို့ငှာ၊ ဘုရားသခင်၏ လက်ခံမှုကို ယောဘကဲ့သို့ မည်သို့ ရယူရမည်ဆိုသည်ကို သဘောပေါက်အောင်လုပ်လော့။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်သည့် အသက်တာ၏ စစ်မှန်သော လမ်းကြောင်းပေါ် ယောဘကဲ့သို့ မည်သို့ ခြေလှမ်းလှမ်းရမည်ဆိုသည်ကို သိအောင် လုပ်လော့။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်

အရှေ့သို့- ဘုရားသခင်ကို ယုံကြည်ခြင်း၌ အရေးအကြီးဆုံးသောအရာမှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းဖြစ်သည်

နောက်တစ်ခုသို့- ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။