ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု

ယခုတွင်၊ သင်တို့အားလုံးသည် သင်တို့၏ အသက်ဝင်ရောက်မှုနှင့် စပ်လျဉ်း၍ လမ်းကြောင်းတစ်ခုနှင့် ကြီးထွားမှု ရှိကြပြီလော။ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှု၏ လက္ခဏာများက မည်သည့်အရာများ ဖြစ်သည်ကို သင်တို့ သိကြသလော။ သင်၏ ဝိညာဉ်ရေးရာ အခြေအနေရှိ မည်သည့် အပြောင်းအလဲများ သို့မဟုတ် ယခင် သင်ပိုင်ဆိုင်ခဲ့သည့် အရာများနှင့် မတူကွဲပြားသည့် မည်သည့် သရုပ်သကန်များက သင့်အား အသက်တာကြီးထွားခြင်းရှိကြောင်း ခံစားခွင့်ပေးသနည်း သို့မဟုတ် ညီအစ်ကို မောင်နှမများအား သင်သည် အရွယ်ရောက်ပြီးဖြစ်ကြောင်းနှင့် သင်၏ စိတ်သဘောထား စတင်ပြောင်းလဲပြီဖြစ်ကြောင်းကို မြင်ခွင့်ပေးသနည်း။ ဝိညာဉ်ရေးရာ အခြေအနေကို ကြည့်သည့်အခါ၊ တစ်စုံတစ်ဦးသည် မိမိ၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှုကို တွေ့ကြုံသည့်အခါ၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ မရေမရာ မခံစားရတော့ပေ။ ၎င်းတို့သည် တုံ့ဆိုင်းမနေကြသကဲ့သို့၊ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ရှိကြလေသည်။ ဘုရားသခင်ကို ယုံကြည်မှုသည် ကယ်တင်ခြင်းအတွက်ဖြစ်ကြောင်းကို ၎င်းတို့ သိကြပြီး၊ သမ္မာတရားကို လိုက်စားသောသူတို့သာ ကယ်တင်ခြင်းကို ရရှိနိုင်ကြောင်း သိကြသည်။ ဤလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ကာ ခြေလှမ်းခြင်းသည် ပထမဦးစွာ လူတို့၏ စိတ်နှလုံးများကို ငြိမ်သက်ခြင်းနှင့် နှစ်သိမ့်ခြင်း ဆောင်ကြဉ်းပေးသည်။ သင်တို့စိတ်နှလုံးများတွင် ယခု ဤငြိမ်သက်ခြင်းနှင့် နှစ်သိမ့်မှု ရှိကြသလော။ (ရှိပါသည်။ လူများ၊ အဖြစ်အပျက်များ သို့မဟုတ် အမှုအရာများကို ကျွန်ုပ်တို့ ကြုံပြီး၊ ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်နိုင်ကာ ကျွန်ုပ်တို့ ချို့တဲ့သည့် အရာများအတွက် ဤအခြေအနေများကို အထူးသဖြင့် စီစဉ်ထားခြင်း ဖြစ်ကြောင်း၊ ယင်းတို့သည် ကျွန်ုပ်တို့ လိုအပ်သော အရာများဖြစ်ကြောင်း မြင်နိုင်ကြသည့်အခါ၊ ထိုအချိန်တွင်၊ စိတ်၏ ငြိမ်သက်ခြင်းကို ကျွန်ုပ်တို့ ခံစားရသည်။ သို့ရာတွင် အခက်အခဲများကို ကျွန်ုပ်တို့ ကြုံပြီး၊ ထိုအခက်အခဲများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိသည့်အခါ၊ ကျွန်ုပ်တို့ စိုးရိမ်ကြပါသည်။) အခက်အခဲများကို သင်တို့ ကြုံဆုံရသည့်အခါ၊ အတွင်းတွင် ပုံမှန်အားဖြင့် မည်သည့် အခြေအနေ သင်တို့ ရှိကြသည်ဖြစ်စေ၊ ပထမဦးစွာ အခြေအနေတစ်ခုလုံးကို ကြည့်လော့။ သင်တို့၏ စိတ်နှလုံးများတွင်၊ ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းအား ရွေးချယ်ခြင်းသည် မှန်ကန်ကြောင်း၊ ကောင်းကင်နှင့် မြေကြီး နှစ်ခုလုံး၏ စည်းမျဉ်းများနှင့် ကိုက်ညီကြောင်း သင်တို့ မထင်ကြသလော။ ဤလမ်းကြောင်းသည် ဘဝအတွက် မှန်ကန်သော လမ်းကြောင်းတစ်ခုဖြစ်သည်ဟု သင်တို့ ဆုံးဖြတ်နှင့်ပြီး ဖြစ်သည် မဟုတ်လော။ စိတ်နှစ်ခွမရှိဘဲ ဆက်လက်လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ချက်နှင့် အလိုဆန္ဒ သင်တို့ ရှိကြသည် မဟုတ်လော။ ဤသည်မှာ သင်တို့၏ အခြေအနေ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သင်၏ အသက်တာ ကြီးထွားနေကြောင်း ပထမ အရိပ်နိမိတ်ဖြစ်သော ပြောင်းလဲနေသည့် သွင်ပြလက္ခဏာတစ်ခု ဖြစ်သည်။ ထို့အပြင်၊ ကိစ္စရပ်များစွာ နှင့် စပ်လျဉ်း၍၊ ဥပမာအားဖြင့်၊ လူများ၊ ကမ္ဘာလောက၊ ဤလူမှုအဖွဲ့အစည်း၊ ဘဝလမ်းကြောင်း၊ ဘဝရည်မှန်းချက်များနှင့် ဦးတည်ချက်၊ ဘဝအတွက် သင်ရှိသည့် အဓိပ္ပာယ်နှင့်တန်ဖိုး- သင်တို့၏ အတွေးများနှင့် ရှုထောင့်အမြင်များတွင် အပြောင်းအလဲများ တစ်ခုတလေ ရှိသလော။ (အပြောင်းအလဲအချို့ ရှိပါသည်။) လူတို့သည် တရားဒေသနာများကို ပုံမှန် နားထောင်ကြသည့်အခါ၊ မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင်၊ ၎င်းတို့၏ အနေအထိုင်းနှင့် အပြုအမူ၊ ပြီးလျှင် ၎င်းတို့၏ အတွေးများတွင် ပြောင်းလဲမှုအချို့ ရှိပေသည်။ သို့သော် ၎င်းတို့သည် လူများ၊ ကိစ္စရပ်များ၊ ဘဝ ရည်မှန်းချက်များနှင့် ဦးတည်ချက်တို့အပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များတွင် အမှန်တကယ် ပြောင်းလဲနေကြသလော။ ဤသွင်ပြင်လက္ခဏာတွင် ၎င်းတို့ အမှန်ပြောင်းလဲပါက၊ ဤအရာတွင် အသက်ဝင်ရောက်မှု ပါဝင်ပေသည်။ သင် ပြောင်းလဲသည့် အတိုင်းအတာသည် အသက်ဝင်ရောက်မှု မည်မျှ သင်ရှိသည့် သက်သေအထောက်အထားဖြစ်သည်။ လူများစွာတို့သည် အမှုအရာများ၏ ဤသွင်ပြင်လက္ခဏာနှင့် ပတ်သက်၍ နားဝေတိမ်တောင်ဖြစ်နေဆဲ ဖြစ်သည်။ လူများ သို့မဟုတ် ကိစ္စရပ်များအား မည်သို့ ရှုမြင်ရမည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ၎င်းတို့ ကြုံရသည့် အမှုအရာများနှင့် အခြေအနေများအား မည်သို့ တွေ့ကြုံရမည်ကို မသိကြချေ။ ဘုရားသခင်ကို ၎င်းတို့ မယုံကြည်မီ အချိန်ကာလနှင့် ယှဉ်ကြည့်သည့်အခါ၊ အပေါ်ယံတွင် ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသည့် မှန်ကန်သည့် ရှုထောင့်အမြင်အချို့ကို လက်ခံပြီးသည့်အလား ထင်ရသော်လည်း၊ ကိစ္စရပ်များကို ကြုံရသည့်အခါ ထိုရှုထောင့်အမြင်များအား မည်သို့ အသုံးပြုရမည်ကို မသိကြသကဲ့သို့၊ ယင်းတို့ကို ကိစ္စရပ်များနှင့် မဆက်စပ်နိုင်ကြချေ။ ဤသည်မှာ စစ်မှန်သည့် ပြောင်းလဲမှုတစ်ခုလော။ (မဟုတ်ပေ။) စစ်မှန်သည့် ပြောင်းလဲမှုတစ်ခု မဟုတ်ပေ။ လူတစ်ဦးသည် မိမိ၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှု တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို မြင်ရန် အညွှန်းမည်မျှကို ဖော်ပြပြီးပြီနည်း။ (နှစ်ခုဖြစ်ပါသည်။) ဤသည်တို့မှာ ရူပါရုံများ၊ သီအိုရီများနှင့် သက်ဆိုင်သည့် သမ္မာတရားနှင့်ပတ်သက်သော ပထမဆုံး အညွှန်းနှစ်ခု ဖြစ်သည်။

တစ်စုံတစ်ဦးသည် အသက်ဝင်ရောက်မှုတွင် ကြီးထွားမှု တွေ့ကြုံပြီးခြင်း ရှိမရှိကို အကဲဖြတ်သည့်အခါ၊ လက်တွေ့လုပ်ဆောင်မှုနှင့် ပတ်သက်သည့် အခြားသော အညွှန်းအချို့ ရှိပေသည်။ ပထမဆုံး၊ ပဏာမအကျဆုံးနှင့် အခြေခံအကျဆုံး အညွှန်းမှာ ဤသို့ဖြစ်သည်။ နေ့စဉ်၊ မည်သည့်အရာဖြင့် သင် အလုပ်များသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို သင် လုပ်ဆောင်နေသည်ဖြစ်စေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏ စိတ်နှလုံး အချိန်မည်မျှကြာ ငြိမ်သက်ပြီး သူ၏ မျက်မှောက်တွင် အသက်ရှင်သည်။ ဤအချိုးသည် အရေးပါလှ၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရန် သို့မဟုတ် သူ့ကို ဆုတောင်းရန် အချိန်ပေးခြင်းမရှိဘဲ၊ သမ္မာတရားကို တွေးဆခြင်းအပေါ် သင်၏ အတွေးများကို ကုန်ဆုံးခြင်းမရှိဘဲ၊ တစ်နေလုံး ပြင်ပ အရေးကိစ္စများနှင့် အလုပ်များကာ သင်၏ အသက်ရှင်ခြင်းအတွက် အလုပ်လုပ်နေပါက၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်မဟုတ်ပေ။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိသကဲ့သို့ ဘုရားသခင်ကို ယုံကြည်မှုအား အရေးကြီးသည့် တစ်စုံတစ်ရာကဲ့သို့ သင် သဘောမထားပေ။ သင်၏ စိတ်နှလုံးသည် ထိုသို့သော အခြေအနေတစ်ခုတွင် အမြဲ အသက်ရှင်ပါက၊ သင်သည် ဘုရားသခင်ထံမှ တိုး၍ အလှမ်းဝေးသည်ထက် ဝေးသွားလိမ့်မည်။ သူ့ကို သင်၏ ယုံကြည်ခြင်းသည် တိုး၍ လျော့နည်းသည်ထက် နည်းသွားလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ သင်သည် မတက်မကြွဖြစ်ပြီး အားနည်းလာလိမ့်မည်။ ဤအရာဖြစ်ပျက်သည့်အခါ၊ သင်၏ အတွင်းပိုင်း အခြေအနေသည် တိုး၍ မူမမှန်ဖြစ်လာသည်။ ဆိုလိုသည်မှာ၊ သင်သည် ဘုရားသခင်ကို ယုံကြည်မှု အခြေအနေတစ်ခုတွင် ရှိမရှိ၊ သင်သည် ဘုရားသခင်၌ ယုံကြည်သူတစ်ဦး ရှိသင့်သည့် ပုံမှန်အခြေအနေတစ်ခု ရှိမရှိ၊ ဤပုံမှန် အခြေအနေမျိုးနှင့်တွင် အချိန်မည်မျှကြာ သင် အသက်ရှင်ပြီး၊ သင်၏ စိတ်နှလုံးကို နေရာယူထားသည့် ရုပ်ပိုင်းဆိုင်ရာ ဘဝ၏ ကိစ္စရပ်များစွာမှလွဲ၍၊ ဘုရားသခင်ရှေ့တွင် အချိန်မည်မျှ သင် ကုန်ဆုံးသည်- ဤသည်မှာ လက်တွေ့လုပ်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ ပထမအညွှန်းဖြစ်သည်။ လူအချို့သည် မိမိတို့၏ ရုပ်ပိုင်းဆိုင်ရာ ဘဝမှလွဲ၍ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်း သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းဖြင့် ကုန်ဆုံးသည့်အချိန် အလွန်နည်းပါးလေသည်။ အချိန်အများစုတွင်၊ ၎င်းတို့သည် အသွေးအသား မွေ့လျော်မှုအတွက် အသက်ရှင်ရင်း၊ ပြင်ပအမှုကိစ္စများနှင့်ပတ်သက်၍ မိမိတို့ဘဝများကို အချိန်ကုန်ဆုံးကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်ခြင်း မဟုတ်လော။ တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြင့် မကြာခဏ အသက်ရှင်ပါက၊ ဘုရားသခင်အပေါ် ၎င်းတို့၏ အတိုက်အခံလုပ်ခြင်းနှင့် ပုန်ကန်ခြင်းတို့သည် တိုးပွားလိမ့်မည်။ ယင်းက ဘုရားသခင်နှင့် ပုံမှန်မဟုတ်သည့် ဆက်ဆံရေးတစ်ခုသို့ ဆိုက်ရောက်စေသည်။ ယင်းသည် သူနှင့် ဆက်ဆံရေးမရှိခြင်းနှင့် ညီမျှပေသည်။ ထို့ကြောင့်၊ ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးကို ကာကွယ်စောင့်ရှောက်ကာ ထိန်းသိမ်းခြင်းသည် အရေးကြီးသလော၊ အရေးမကြီးသလော။ (အရေးကြီးပါသည်။) အဘယ်သို့ အရေးကြီးသနည်း။ မည်သည့်နေရာတွင် အရေးကြီးသနည်း။ (တစ်ဦးတစ်ယောက်သည် မိမိတို့တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ မိမိတို့ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိပါက၊ သူတို့သည် မိမိတို့ကိုယ်ကိုယ်အပေါ် မှီခိုနေခြင်းဖြစ်သည်။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လုံးဝ မဟုတ်ပါ။ သူတို့သည် ဤနည်းဖြင့် အသက်ဝင်ရောက်မှု မရှိနိုင်ပါ။) သင်တို့သည် ဤအရာကို အယူအဆဆိုင်ရာ အဆင့်တစ်ခုထိ နားလည်ကောင်းနားလည်နိုင်သော်လည်း၊ လက်တွေ့ကျသည့် သွင်ပြင်လက္ခဏာကိုမူ သင်တို့ ရှင်းလင်းစွာ မပြောနိုင်ကြပေ။ ထိုအရာအားဖြင့်၊ ငါဆိုလိုသည်မှာ လူအများစုသည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာအပေါ် သိပ်မရှင်းလင်းသကဲ့သို့ ကောင်းစွာ နားမလည်ကြပေ။ သင်တို့သည် သတိထားမိလောက်သည့် အသိအနည်းငယ်သာ ရှိကြသည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့အားလုံးကို ငါ မေးသည်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် မိမိတို့လုပ်ရပ်များ၊ စကားများ၊ အပြုအမူ သို့မဟုတ် မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင် ဘုရားသခင်၌ ယုံကြည်မှု သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်နှင့် ပတ်သက်မှုမရှိပါက၊ ၎င်းတို့အားလုံးသည် သမ္မာတရားနှင့် ပတ်သက်မှု တစ်ခုတလေ ရှိကြလိမ့်မည်လော။ (ရှိလိမ့်မည်မဟုတ်ပါ။) ၎င်းတို့သည် ဤအရာအားလုံးကို မည်သူအတွက် လုပ်ဆောင်နေကြသနည်း။ ယင်းတို့သည် မည်သည့် အခြေခံအုတ်မြစ်ပေါ် တည်ဆောက်ထားသနည်း။ ၎င်းတို့၏ စမှတ်၊ စိတ်ဓာတ်လှုံ့ဆော်မှုများ၊ ရည်မှန်းချက်များနှင့် စည်းမျဉ်းများသည် မည်သည့်နေရာမှ လာသနည်း။ တစ်စုံတစ်ဦးသည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး ရှိနိုင်စွမ်းမရှိသကဲ့သို့ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာမျှသည် ဘုရားသခင်နှင့် မည်သို့မျှ မပတ်သက်ပါက၊ ၎င်းတို့သည် ပြုမူဆောင်ရွက်ရန် မည်သည့်အရာအပေါ် မှီခိုနေကြသနည်း။ ၎င်းတို့ လုပ်ရပ်များ၏ ရင်းမြစ်မှာ အဘယ်နည်း။ (ဆိုးယုတ်သော အတွေးအခေါ်များ ဖြစ်သည်။) ၎င်းတို့သည် ပြုမူဆောင်ရွက်ရန် ဆိုးယုတ်သော အတွေးအခေါ်များအပေါ် မှီခိုကြသည်။ ထိုမျှသည် သိသာပေသည်။ လူတစ်ဦးသည် ပြုမူကာ မိမိတို့တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ ဆောင်ရွက်ပြီး အသက်ရှင်နေထိုင်သည့်အရာသည် ဘုရားသခင်နှင့် မပတ်သက်ပါက၊ နေ့စဉ် ၎င်းတို့ အလုပ်များသည်နှင့်အမျှ မည်သည့်အရာအပေါ် ၎င်းတို့ မှီခိုနေကြသနည်း။ ၎င်းတို့သည် ပြုမူဆောင်ရွက်ရန်၊ မိမိတို့တာဝန်ကို လုပ်ဆောင်၊ အသက်ရှင်ပြီး ပြုမူနေထိုင်ရန် စာတန်၏ အဆိပ်များနှင့် ၎င်းတို့၏ ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် မှီခိုကြ၏။ ဤသည်မှာ လူတစ်ဦးက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှု ရှိမရှိကို တိုင်းတာခြင်းအတွက် တတိယ အညွှန်းဖြစ်သည်။ အတိုချုပ်ပြောရလျှင်၊ ယင်းမှာ လူတစ်ဦးသည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ရှိမရှိ ဖြစ်သည်။

လူတစ်ဦးသည် မိမိတို့၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှုနှင့် ပြောင်းလဲခြင်း တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရန် အသုံးပြုနိုင်သည့် နောက်ထပ် လက်တွေ့လုပ်ဆောင်မှု အညွှန်းတစ်ခု ရှိ၏။ ထိုအရာ မည်သည့်အရာဖြစ်သည်ကို သင်တို့ စဉ်းစားနိုင်ကြသလော။ (အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သောအခါ၊ ထိုအရာကို ဘုရားသခင်က ညွှန်ကြားကာ စီစဉ်ထားခြင်းဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ပြီး၊ ကျိုးနွံနာခံတတ်သော စိတ်နှလုံး ရှိကြခြင်း မဟုတ်လော။) မှန်ပေ၏၊ ကျိုးနွံနာခံတတ်သော စိတ်နှလုံးရှိခြင်း ဖြစ်သည်။ ယင်းကို လူတစ်ဦးသည် မိမိတို့ ကြုံရသည့် လူများ၊ အမှုအရာများနှင့် အဖြစ်အပျက်များအပေါ် မည်မျှ ကျိုးနွံနာခံတတ်သည်ဆိုသည်နှင့် ၎င်းတို့ ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာကို ကြည့်ခြင်းအားဖြင့် အကဲဖြတ်ရပေသည်။ ၎င်းတို့ထံ တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ လူတစ်ဦးသည် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု အားလုံးကို ၎င်းတို့ ကျိုးနွံနာခံပြီးနောက်၊ မည်သည့် သမ္မာတရားများကို ရရှိနိုင်ကြသည်ဆိုသည်တို့က တစ်စုံတစ်ဦး၏ အသက်ဝင်ရောက်မှုဆိုင်သည့် မည်သည့် သွင်ပြင်လက္ခဏာကို စစ်ဆေးသနည်း။ (၎င်းတို့ သမ္မာတရား ရှိမရှိဆိုသည်ကို စစ်ဆေးပါသည်။) ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို စစ်ဆေးပြီး၊ ဘုရားသခင်၌ ၎င်းတို့ ယုံကြည်မှု မည်မျှကြီးမားသည်ကို စစ်ဆေးပေသည်။ အခြားတစ်ခုတလေ ရှိသေးသလော။ (ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။) လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ရှိမရှိဆိုသည်ကို စစ်ဆေး၏၊ ယင်းသည် ထိုအရာ၏ နောက်ထပ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။ အခြားရှိသေးသလော။ (သမ္မာတရားကို ချစ်မချစ် ဖြစ်သည်။) မှန်ပေ၏။ သမ္မာတရားကို ၎င်းတို့ ချစ်သည် မချစ်သည်၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်ကိုလည်း စစ်ဆေးသည်။ ခြုံကြည့်လိုက်လျှင်၊ ယင်းမှာ သွင်ပြင်လက္ခဏာသုံးခု ဖြစ်သည်။ သင် ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိသည် အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ မည်သည့် သဘောထား သင်၌ရှိသည်၊ သင်သည် အတိုက်အခံလုပ်ခြင်း သို့မဟုတ် လက်ခံတတ်ခြင်း ရှိမရှိဆိုသည့်အပေါ် တည်မှီသည်။ ယင်းသည် အခြေခံအကျဆုံးသော အရာဖြစ်သည်။ တစ်ခါတစ်ရံ၊ တစ်စုံတစ်ရာဖြစ်ပျက်သည့်အခါ၊ သင်သည် ကျိုးနွံနာခံတတ်သော သဘောထား ရှိကောင်းရှိနိုင်သော်လည်း၊ အမှုအရာများက သင်၏ အယူအဆများနှင့် မကိုက်ပါက၊ ကျိုးနွံနာခံနိုင်ရန် သင့်အတွက် အားထုတ်မှုအချို့ လိုအပ်ပေသည်။ ထိုအရာသည် သင်၏ အကြိုက်များနှင့် ကိုက်ညီပြီး၊ ယင်းမှ သင် အကျိုးကျေးဇူးခံစားနိုင်ပါက၊ သင့်အတွက် ကျိုးနွံနာခံရန် သာ၍ လွယ်ကူပေသည်။ ဤသည်မှာ သင်သည် မလုံလောက်စွာ ကျိုးနွံနာခံသည်ဟု ဆိုလိုသည် မဟုတ်လော။ ရံဖန်ရံခါဖြစ်သော သို့မဟုတ် ခဏတာ ကျိုးနွံနာခံခြင်းသည် ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုကို ကိုယ်စားပြုသောအရာ ဖြစ်သလော။ ဘုရားသခင်နှင့် ဘုရားသခင်၏ စီစဉ်မှုများမှလာသည့် ထိုအရာနှင့် စပ်လျဉ်း၍၊ သင် လက်ခံနိုင်သည့် အရာအချို့ရှိပြီး သင် လက်ခံနိုင်သည့် အခြားသောအရာများ ရှိ၏။ ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်။ ယင်းသည် ဘုရားသခင်အပေါ် သိသာသည့် ပုန်ကန်မှုတစ်ခု မဟုတ်လော။ ဥပမာအားဖြင့်၊ ဘုရားသခင်က သင့်ကို မိုက်မဲသူတစ်ဦးအဖြစ် ခေါ်သည်ဆိုပါစို့၊ သင် မည်သို့ တုံ့ပြန်မည်နည်း။ သင်က၊ “ဘုရားနှုတ်ကပတ်တော်များသည် သေချာပေါက် မမှားပါ”ဟု တစ်ခဏ စဉ်းစားမည်ဖြစ်ပြီး၊ သင့်စိတ်နှလုံးတွင် လက်ခံကာ ဘုရားနှုတ်ကပတ်တော်ကို အာမင်ထူးပေမည်။ ဤသို့ဖြင့် သင်သည် အခြေခံအားဖြင့် ရှစ်ဆယ် သို့မဟုတ် ကိုးဆယ်ခန့် ကျိုးနွံနာခံတတ်မည်ဖြစ်သော်လည်း၊ ထိုအရာကို တွေ့ကြုံသည့်ဖြစ်စဉ်တွင်၊ တစ်ခါတစ်ရံ သင်သည် အတော်လေးတော်သည်၊ မိုက်မဲခြင်းမရှိဟု ခံစားကောင်းခံစားမိပေမည်။ ဤသည်မှာ သင့်ကို လုံးဝ ကျိုးနွံနာခံခြင်းမှ တားဆီးသည့် ထိုကျန်ရှိသော ဆယ်ရာခိုင်နှုန်းဖြစ်သည်။ ဤအခြေအနေမျိုးသည် ပုံမှန်ဖြစ်၏။ ဤသို့ပြောဆိုခြင်းကို သင်သည် မည်သည့် အတွေ့အကြုံအဆင့်တွင် အပြည့်အဝ နားလည်လိမ့်မည်နည်း။ (ကျွန်ုပ်တို့ ဖော်ထုတ်ခံရမည့် တစ်နေ့၊ ကျွန်ုပ်တို့သည် မိုက်မဲသူများဖြစ်သည်ကို သဘောပေါက်ကာ မိမိတို့ကိုယ်ကိုယ်နင့်ဆိုင်သော စစ်မှန်သည့် အသိပညာရှိသော နေ့တစ်နေ့တွင်ဖြစ်ပါသည်။) မှန်ပေ၏။ သင်၏ ကိုယ်ပိုင် သဘာဝ၊ စိတ်သဘောထားနှင့် လုပ်ရပ် စည်းမျဉ်းများအပြင်၊ သင်၏ လူ့သဘာဝ အရည်အသွေးနှင့် သင်၏ အစွမ်းအစ၊ စသည်တို့နှင့် ပတ်သက်၍ အသိပညာအချို့ရှိသောအခါတွင်၊ “ကျွန်ုပ်သည် မိုက်မဲသူတစ်ဦး ဖြစ်သည်။ ကျွန်ုပ်၏ အတွေးများသည် လုံးဝ မရှင်းလင်းသကဲ့သို့ ရှင်းလင်းစွာလည်း ကျွန်ုပ် စကားမပြောပါ။ ကိစ္စရက်များကို ညံ့ဖျင်းစွာ ကျွန်ုပ် ကိုင်တွယ်ဖြေရှင်းပြီး၊ ကျွန်ုပ်ထံ ဖြစ်ပျက်သည့်အရာများကို နားဝေတိမ်တောင်ဖြစ်သည့်ပုံစံဖြင့် ကျွန်ုပ် ဖြတ်ကျော်သည်။ မည်သည့်အရာကိုမျှ ကျွန်ုပ် အလေးအနက်မထားသကဲ့သို့၊ အလေးအနက်ထားလျှင်ပင် နားမလည်ပါ။ ယင်းသည် မိုက်မဲသူတစ်ဦး ဖြစ်သည့်အရာဖြစ်သည်”ဟု သင် သဘောပေါက်လိမ့်မည်။ သင် သာ၍ တွေ့ကြုံလေ၊ ဘုရားနှုတ်ကပတ်တော်များက မှန်ကန်ကြောင်း၊ သူသည် သင့်နှင့်သက်ဆိုင်၍ စကားပြောနေခြင်းဖြစ်ကြောင်း သင် သာ၍ ခံစားလာရလိမ့်မည်။ သင်သည် ဤစကားများကို တိုး၍ ကျိုးနွံနာခံလိမ့်မည်။ လူတို့သည် ဤစကားများနှင့် စပ်လျဉ်း၍ လက်ခံတတ်သော ဖြစ်စဉ်တစ်ခုရှိသော်လည်း၊ ဘုရားသခင် ပထမဆုံး လိုချင်သောအရာမှာ အဘယ်နည်း။ သင်သည် မိုက်မဲသူတစ်ဦးဖြစ်သည်ဟု ဘုရားသခင်က ပြောသည့်အခါ၊ သင့်ထံမှ အတိုက်အခံလုပ်သည့်၊ ဝတ်ကျေတမ်းကျေ သဘောထားကို လိုချင်သလော၊ သို့မဟုတ် လက်ခံတတ်သော သဘောထားကို လိုချင်သလော။ (လက်ခံတတ်သော သဘောထား ဖြစ်ပါသည်။) ဘုရားသခင်သည် လူတို့အား လက်ခံတတ်သော သဘောထား ရှိစေလိုသည်။ လူတို့သည် ထိုသို့သော အခြေအနေတစ်ခု ရှိရမည်။ ယင်းမှာ ၎င်းတို့ မည်မျှ သိရှိသည်ဖြစ်စေ၊ ပထမဦးစွာ လက်ခံပြီး ကျိုးနွံနာခံဖို့ သင်ယူသင့်ကြပေသည်။ သင်သည် အနည်းငယ်သာ မိုက်မဲသည်၊ ဘုရားသခင် ပြောသည့်အတိုင်း လုံးဝ မိုက်မဲသောသူ မဟုတ်ဟု သင် ထင်ကောင်းထင်နိုင်သော်လည်း၊ ထိုအရာကို သင် လက်ခံသင့်သည်။ အတွေ့အကြုံကို တွေ့ကြုံခိုက်တွင်၊ စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်း ဖြစ်စဉ်တွင်၊ သင်သည် မိမိကိုယ်ပိုင် လူ့သဘာဝ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပွင့်အံထွက်မှုများ၊ သင်၏ သဘောထားများနင့် သင့်လုပ်ရပ်များ၏ ရလဒ်များ၊ ပြီးလျှင် သင်၏ တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ သင်၌ ရှိသည့် အခြေအနေအားလုံးနှင့်ဆိုင်သည့် အသိတစ်ခုကို တဖြည်းဖြည်း ရလာလိမ့်မည်။ သင်သည် အနည်းငယ် မိုက်မဲသည်မဟုတ်ဘဲ၊ တကယ်ကို မိုက်မဲသောသူဖြစ်ပြီး အသေးအမွှား မိုက်မဲသူတစ်ဦး မဟုတ်ကြောင်း သင် သဘောပေါက်လိမ့်မည်။ ဤအချိန်တွင်၊ ဘုရားသခင် ထုတ်ဖော်ပြသည့် မိုက်မဲသူနှင့်သက်ဆိုင်၍ သင်သည် အတွေးများ သို့မဟုတ် အတိုက်အခံလုပ်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ မည်သည့်အယူအဆများမျှ ရှိလိမ့်မည် မဟုတ်။ ထိုအရာကို သင် လက်ခံနိုင်လိမ့်မည်။ ဘုရားသခင်သည် လူတို့ စိတ်နှလုံး၏ အတွင်းနက်နက် နေရာများကို စိစစ်ရှာဖွေသည်။ ဘုရားသခင်၏ ထုတ်ဖော်ပြချက်ကို အမှန်တရားအဖြစ် သင် လက်ခံသလော၊ သို့မဟုတ် သင့်အပေါ် ရှုတ်ချမှုအဖြစ် လက်ခံသလော။ (အမှန်တရားအဖြစ် လက်ခံပါသည်။) သို့ဆိုလျှင် ထိုအရာကို သမ္မာတရားအဖြစ် သင် လက်ခံသလော။ အမှန်တွင်၊ လူသားအပေါ် ဘုရားသခင်၏ ထုတ်ဖော်ပြချက်များအားလုံးသည် အမှန်တရားများနှင့် ကိုက်ညီသည်၊ ထိုအရာများသည် သမ္မာတရား ဖြစ်ပြီး၊ လူတို့သည် ထိုသို့လက်ခံသင့်ကြပေသည်။ လူအချို့က၊ “‘မိုက်မဲသည်’ဟူသော စကားလုံးသည် သမ္မာတရားလော”ဟု ဆိုကြသည်။ ဤအရာကို မည်သို့ ရှင်းပြရမည်နည်း။ အမှန်တွင်၊ ဤစကားလုံးသည် သမ္မာတရားမဟုတ်ဘဲ၊ ထို့ထက် ဤစကားလုံး၏ အနှစ်သာရ၊ ဤစိတ်သဘောထားမျိုးအပေါ် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ဆန်းစစ်ခြင်းက သမ္မာတရား ဖြစ်ပေသည်။ ယင်းသည် ဖြစ်ရပ်မှန်ဖြစ်သည်။ သင်တို့သည် မိုက်မဲသောသူများဖြစ်သည်ဟု ဆိုရန်မှာ၊ သင်သည် ထိုအရာကို သင်၏ လတ်တလော ဝိညာဉ်ရင့်ကျက်မှုအရ အခြေခံအားဖြင့် လက်ခံနိုင်ပေသည်။ “မိုက်မဲသည်” ဟူသော စကားလုံးသည် စိတ်အနှောင့်အယှက်ဖြစ်စေသလော။ (မဖြစ်စေပါ။) အဘယ်ကြောင့် မဖြစ်စေသနည်း။ (အမှန်တရားတစ်ခု ဖြစ်သောကြောင့် ဖြစ်ပါသည်။) လူအချို့သည် မိမိတို့ စိတ်နှလုံးများတွင် ထိုသို့ တွေးကောင်းတွေးကြမည်မဟုတ်သကဲ့သို့၊ “မိုက်မဲသည်ဟူသော စကားလုံးသည် ရည်မွန်ပြီး ယဉ်ကျေးလုနီးပါး ဖြစ်ကာ၊ ယင်းသည် ကျိန်ခြင်းအမင်္ဂလာမဟုတ်သောကြောင့် ဘယ်ကြောင့် ကျွန်ုပ်တို့ လက်မခံကြမည်နည်း။ ကျွန်ုပ်တို့သည် ဤအရာထက် များစွာ ပြင်းထန်သည့် စကားလုံးများကို ကြားဖူးပြီးဖြစ်သည်။ ထိုစကားများကို ကျွန်ုပ်တို့ လက်ခံနိုင်သောကြောင့် ထိုသို့ရည်မွန်သော စကားတစ်လုံးကို မည်မျှသာ၍ လက်ခံနိုင်သင့်သနည်း”ဟု ဆိုကြသည်။ သွယ်ဝိုက်ညွှန်းဆိုသည်မှာ သင်သည် အရေထူသည်ဟူ၍ မဆိုလိုသောကြောင့် ထိုသို့သော ရည်မွန်၊ ယဉ်ကျေးသော စကားတစ်လုံးသည် သင်တို့အဖို့ မခံချမခံသာစကားတစ်ခွန်းကဲ့သို့ မထင်ရသည် မဟုတ်လော။ ထိုသို့ဖြစ်ပါသလော။ အမှန်တွင် ထိုသို့ မဟုတ်ပေ။ စကားလုံးသည် ရည်မွန်သည်ဖြစ်စေ၊ ပြင်းထန်သည်ဖြစ်စေ၊ သင်သည် ထိုသို့သော လူတစ်ဦးမဟုတ်ဟု သင်တွေးထင်ပါက၊ ဆန်းစစ်သည့် စကားလုံးများသည် မှန်သည်၊ မမှန်သည်၊ ယင်းမှာ သင်၏ အနှစ်သာရ ဟုတ်မဟုတ်ဆိုသည်ကို သင် မသိပါက၊ ထိုစကားလုံးသည် နှစ်လိုဖွယ်ဖြစ်ပြီး ရည်မွန်လျှင်ပင်၊ သင် လက်ခံနိုင်လိမ့်မည် မဟုတ်။ ဤသည်မှာ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့် ပြဿနာနှင့် ၎င်းတို့တွင် ၎င်းတို့ ကိုယ်ပိုင် သဘာဝနှင့် အနှစ်သာရတို့နှင့်ဆိုင်သော စစ်မှန်သည့် အသိရှိမရှိဆိုသည့် ပြဿနာနှင့်လည်း ပတ်သက်ပေသည်။ ယခင်က သာ၍ ပြင်းထန်သော စကားလုံးများကိုလည်း သင် ကြားပြီးဖြစ်ကာ သင် လက်ခံပြီးဖြစ်သည်၊ သည်းညည်းခံပြီးဖြစ်ကာ သာ၍ ပြင်းထန်သောအရာကို အသိအမှတ်ပြုပြီးဖြစ်သည်။ ထို့ကြောင့် ပြင်းထန်မှု လျော့နည်းသည့် “မိုက်မဲသည်” ဟူသော စကားလုံးသည် သင်တို့ကို စိတ်အနှောင့်အယှက်မပေးသော်လည်း၊ အမှန်တွင်၊ သင်တို့သည် ထိုစကားလုံးကို မိမိကိုယ်ကိုယ်အတွက် အမှန်တကယ် အသုံးပြုနေခြင်း မရှိကြချေ။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု မဟုတ်ပေ။ သင်သည် ဤစကားကို သမ္မာတရားအဖြစ် အမှန်တကယ် လက်ခံနိုင်ပြီး၊ မိမိကိုယ်ကိုယ်အတွက် အသုံးပြုနိုင်ပါက၊ သင်၏ မိမိကိုယ်ကိုယ် သိသောအသိသည် တိုး၍ နက်ရှိုင်းသွားပေမည်။ ဘုရားသခင်က သင့်အား အရူးအမိုက်ဟု ခေါ်ဆိုသောအခါ ဘုရားသခင်သည် သင့်ကို ပြောဆိုချက်၊ သို့မဟုတ် စကားလုံး၊ သို့မဟုတ် အဓိပ္ပာယ်သတ်မှတ်ချက်တစ်ခုကို လက်ခံရန် တောင်းဆိုနေခြင်းမဟုတ်ပေ။ ဤအရာအတွင်းတွင်ရှိသော သမ္မာတရားကို သင်နားလည်ရန် တောင်းဆိုနေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် လူတစ်ယောက်ကို အရူးအမိုက်ဟု ခေါ်ဆိုသောအခါ အတွင်းတွင် မည်သည့်သမ္မာတရားပါဝင်သနည်း။ လူတိုင်းသည် “အရူးအမိုက်” ဆိုသော စကား၏ အပေါ်ယံအဓိပ္ပာယ်ကို နားလည်သည်။ သို့သော် အရူးအမိုက်တစ်ယောက်၏ သရုပ်သကန်များ၊ စိတ်သဘောထားများက မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ လူတို့လုပ်ဆောင်သည့် မည်သည့်အရာများက မိုက်မဲပြီး မည်သည့်အရာများက မိုက်မဲခြင်းမရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်က လူတို့ကို ဤနည်းလမ်းဖြင့် အဘယ်ကြောင့် ဖော်ထုတ်သည်ကိုလည်းကောင်း၊ အရူးအမိုက်များသည် ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ခြင်း ရှိမရှိကိုလည်းကောင်း၊ အရူးအမိုက်များက စည်းမျဉ်းနှင့်အညီ ဆောင်ရွက်နိုင်ခြင်းရှိမရှိကိုလည်းကောင်း၊ မည်သည့်အရာကမှန်သည်၊ မည်သည့်အရာကမှားသည်ကို ၎င်းတို့ နားလည်နိုင်စွမ်း ရှိမရှိကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ ချစ်ခြင်းကိုခံရပြီး မည်သည့်အရာက ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကိုခံရသည်ကို ပိုင်းခြားသိမြင်နိုင်ခြင်းရှိမရှိကိုလည်းကောင်း အချိန်အများစု၌ လူတို့သည် ဤအရာများနှင့်ပတ်သက်ပြီး မရှင်းလင်းပေ။ ၎င်းတို့အတွက် ဤအရာများသည် မရေမရာဖြစ်ပြီး ရှင်းလင်းပြတ်သားခြင်းမရှိဘဲ လုံးလုံး သိသာထင်ရှားခြင်းမရှိပေ။ ဥပမာအားဖြင့် တစ်စုံတစ်ခုကို နည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်ခြင်းသည် စည်းကမ်းများကို နာခံခြင်း၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသက်သက် ဟုတ်မဟုတ်ကို အချိန်အများစုတွင် လူတို့က မသိကြပေ။ ၎င်းတို့အတွက် မရှင်းလင်းပေ။ တစ်စုံတစ်ခုသည် ဘုရားသခင်၏ ချစ်ခြင်းကိုခံရခြင်း၊ သို့မဟုတ် ဘုရားသခင်၏ စက်ဆုပ်ရွံရှာခြင်းကို ခံရခြင်း ရှိမရှိကိုလည်း ၎င်းတို့ မသိကြသကဲ့သို့ ၎င်းတို့အတွက် ရှင်းလင်းခြင်းလည်းမရှိပေ။ နည်းတစ်မျိုးမျိုးဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့ကို ချုပ်ချယ်ခြင်းဖြစ်မဖြစ်၊ သို့မဟုတ် ပုံမှန်အနေဖြင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး လူတို့ကို ကူညီနေခြင်းဖြစ်မဖြစ်ကို မသိကြပေ။ လူတို့အပေါ် ၎င်းတို့ပြုမူလုပ်ဆောင်သည့်နည်းလမ်းနောက်ကွယ်ရှိ စည်းမျဉ်းများသည် မှန်ကန်ခြင်းရှိမရှိ၊ ကိုယ့်ဘက်ပါသောလူများ ဖန်တီးရန် သို့မဟုတ် လူတို့ကိုကူညီရန် ကြိုးစားခြင်း ဟုတ်မဟုတ်ဆိုသည်တို့ကို မသိကြပေ။ နည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်ခြင်းသည် စည်းမျဉ်းလိုက်နာပြီး မိမိတို့နေရာတွင် မြဲမြံစွာ ရပ်တည်ခြင်းဖြစ်သလော၊ သို့မဟုတ် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် ကြွားဝါခြင်းဖြစ်သလောဆိုသည်ကို မသိကြပေ။ လူအချို့သည် အခြားမည်သည့်အရာမျှ လုပ်ဆောင်ရန်မရှိသောအခါ မှန်ကို ကြည့်နေရသည်ကို နှစ်သက်သည်။ ဤသည်မှာ အတ္တဝါဒနှင့် ဘဝင်မြင့်ခြင်းဖြစ်သလော၊ သို့မဟုတ် သာမန်ဖြစ်သလောဆိုသည်ကို မသိကြပေ။ အချို့သော လူများသည် ဒေါသစိတ်ရှိပြီး အနည်းငယ် တစ်မူထူးသည်။ ၎င်းတို့က ဤသည်မှာ ၎င်းတို့တွင် မကောင်းသောစိတ်သဘောထားရှိခြင်းနှင့် သက်ဆိုင်ခြင်းရှိမရှိကို သိနိုင်သလော။ လူတို့သည် ဤအတွေ့ရများသော၊ ကြုံတွေ့ရလေ့ရှိသောအရာများကိုပင် မခွဲခြားနိုင်ပေ။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် များစွာ ရရှိခဲ့ပြီဟု ဆိုသည်။ ဤသည်မှာ မိုက်မဲခြင်းမဟုတ်လော။ ဤသို့ဆိုလျှင် သင်တို့သည် အရူးအမိုက်ဟု ခေါ်ခြင်းကို လက်ခံနိုင်သလော။ (လက်ခံနိုင်ပါသည်။) ယခု၊ လူအများစုက ဤအရာကို လက်ခံနိုင်ပုံပေါ်သည်။ လက်ခံပြီးနောက်တွင် သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ထိုအရာကို သင်၏ ကိုယ်ပိုင် အခြေအနေနှင့် ယှဉ်ကြည့်ရမည်ဖြစ်ပြီး၊ မည်သည့် ကိစ္စရပ်များတွင် သင် နုံအပြီး မည်သည့်အရာတွင် သင် အတွေးအမြင်ရှင်းသည်ဆိုသည်နှင့် ပတ်သက်၍ တိကျစွာ သုံးသပ်ရမည်။ ထိုအရာကို သင်၏ ကိုယ်ပိုင် အခြေအနေနှင့် ယှဉ်ကြည့်လော့၊ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ပြီးနောက်၊ ဤကိစ္စရပ်များတွင် မိမိကိုယ်ကိုယ် သိရှိလာကာ လူနုံလူအ လူတန်းစားများထဲတွင် ရေတွက်ဝင်ခြင်းခံရရန် ကြိုးပမ်းလော့။ ဤလက်တွေ့လုပ်ဆောင်မှုမျိုးကို သင် မည်သို့ တွေးထင်သနည်း။ ဤအသိပညာသည် အကြွင်းမဲ့ဖြစ်သလော။ (မဟုတ်ပါ။ ကျွန်ုပ်တို့သည် သမ္မာတရားကို လိုက်စားပြီး ဤသွင်ပြင်လက္ခဏာရပ်တွင် အပြောင်းအလဲတစ်ခုကို တွေ့ကြုံရမည်။) သင်တို့၏ တစ်ဘဝလုံးတွင် အရူးအမိုက်များဖြစ်ချင်သလော။ (မဖြစ်ချင်ပါ။) မည်သူကမျှ အရူးအမိုက်မဖြစ်ချင်ပေ။ အမှန်တကယ်တွင် ဤသို့ မိတ်သဟာယဖွဲ့ခြင်း၊ စိစစ်ခြင်းသည် သင့်အား သင့်ကိုယ်သင် အရူးအမိုက်အဖြစ် အမျိုးအစားခွဲဖို့ ကြိုးစားစေရန် ပြုလုပ်ခြင်းမဟုတ်ပေ။ ဘုရားသခင်က သင့်ကို မည်သို့အဓိပ္ပာယ်သတ်မှတ်သည်ဖြစ်စေ၊ သင်နှင့်ပတ်သက်ပြီး မည်သည့်အရာကို သူ ထုတ်ဖော်ပြသည်ဖြစ်စေ၊ သင့်ကို မည်သို့ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည်ဖြစ်စေ၊ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်သည်ဖြစ်စေ အဆုံးစွန်ရည်ရွယ်ချက်မှာ သင့်အား ဤအခြေအနေများမှ လွတ်မြောက်စေဖို့၊ သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို ရရှိစေဖို့၊ အရူးအမိုက်တစ်ယောက်မဖြစ်ရန် ကြိုးစားစေဖို့ဖြစ်သည်။ ထို့ကြောင့် သင်သည် အရူးအမိုက်တစ်ယောက်မဖြစ်လိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို လိုက်စားရမည်။ ရှေးဦးစွာ သင်သည် အမှန်တရားများကို ရင်ဆိုင်ရသောအခါ မည်သည့်ကိစ္စတွင် အရူးအမိုက်တစ်ယောက်ဖြစ်သည်၊ မည်သည့်ကိစ္စများတွင် သင်သည် အယူဝါဒကို အစဉ်ဟောပြောနေသည်၊ သဘောတရားနှင့် အယူဝါဒစကားများကို အစဉ် တောင်ရောက်မြောက်ရောက်ပြောနေသည်၊ မည်သည့်ကိစ္စများတွင် သင်၏မျက်လုံးများက ငေးကြောင်ကြောင်ဖြစ်သွားသည်တို့ကို သင် သိရမည်။ ဤပြဿနာများကို သင်ဖြေရှင်းပြီး သမ္မာတရားရှုထောင့်တစ်ခုစီတိုင်းကို ရှင်းလင်းသောအခါ သင် ရူးမိုက်သောအချိန်ပို၍ နည်းလိမ့်မည်။ သင်သည် သမ္မာတရားတစ်ခုစီတိုင်းအပေါ် ရှင်းလင်းသော နားလည်မှုရှိသောအခါ၊ သင်လုပ်သမျှတွင် လွတ်လပ်မှုရှိလာသောအခါ၊ သင်သည် ချုပ်တည်းထားခြင်း၊ သို့မဟုတ် ချုပ်ချယ်ခံရခြင်းမရှိသောအခါ၊ သင့်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည်နှင့် ဘုရားသခင်ထံ ဆုတောင်းပြီးနောက်၊ သမ္မာတရားကို ရှာဖွေပြီးနောက်၊ သို့မဟုတ် မိတ်သဟာယဖွဲ့ရန် လူတစ်ယောက်ကို ရှာပြီးနောက်တွင် သင်သည် လက်တွေ့လုပ်ဆောင်ရန် မှန်ကန်သော စည်းမျဉ်းများကို တွေ့ရှိနိုင်ပြီး စည်းမျဉ်းနှင့်အညီ မှန်ကန်စွာ လုပ်ဆောင်နိုင်လျှင် သင်သည် မိုက်မဲတော့မည်မဟုတ်ပေ။ တစ်စုံတစ်ခုသည် သင့်အတွက် ရှင်းလင်းနေလျှင်၊ သမ္မာတရားကို မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်လျှင် ထိုအရာနှင့်ပတ်သက်လျှင် သင်သည် မိုက်မဲမည်မဟုတ်ပေ။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများ သဘာဝအလျောက် ဉာဏ်အလင်းပွင့်လင်းဖို့ရန်အတွက် သမ္မာတရားကို နားလည်ရန်သာလိုသည်။

လူအချို့သည် လူနုံလူအများဖြစ်သည်ဟု ဘုရားသခင်က ပြောပြီး၊ အစတွင် ထိုအရာကို ၎င်းတို့ လက်ခံကောင်းလက်ခံနိုင်မည်မဟုတ်သော်လည်း အချိန်ကာလအချို့ ကျော်လွန်ပြီးနောက်တွင်၊ ၎င်းတို့သည် အမှန်တကယ် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ နားမလည်ကြသည်ကို သဘောပေါက်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို ၎င်းတို့ မသိကြချေ။ ၎င်းတို့အနေဖြင့် အတော်လေး နုံအပြီး၊ ၎င်းတို့ အစွမ်းအစသည် နိမ့်ကျသည်ဟု ခံစားရသောကြောင့်၊ ထိုအရာကို လက်ခံကာ ကျိုးနွံနာခံကြလေသည်။ “နုံအသူ” ဟူသည်မှာ အတော် နားကြားကောင်းသည့်၊ ရည်မွန်သည့် စကားဖြစ်ပြီး၊ လူတို့သည် ထိုစကားကို လက်မခံမီ အချိန်ကာလတစ်ခုကို ဖြတ်သန်းရမည်ဖြစ်သည်။ သိပ်ကြားမကောင်းသည့်၊ မရည်မွန်သည့် စကားကို လက်ခံရန် ၎င်းတို့အတွက် သာ၍ ခက်ခဲပေမည်။ ဘုရားနှုတ်ကပတ်တော်များထဲတွင် အချို့ကို လူများကို ထုတ်ဖော်ပြပြီး တရားစိရင်သည်နှင့်အမျှ ထိထိမိမိ ပြောဆိုထားလေသည်။ ထိုနှုတ်ကပတ်တော်များသည် သာ၍ ပြင်းထန်၏။ လူအများစုသည် ဤနှုတ်ကပတ်တော်များကို လက်ခံရန် ဝိညာဉ်ရင့်ကျက်မှု အလွန် နည်းပါးလွန်းကြသည်။ ယင်းတို့ကို ကြားပြီးနောက်တွင်၊ ၎င်းတို့သည် စိတ်ဆင်းရဲခြင်းနှင့် စိတ်မချမ်းမြေ့မှုကို ခံစားရကြသည်။ ၎င်းတို့၏ ဂုဏ်သိက္ခာ ထိခိုက်သွားပြီ၊ ၎င်းတို့၏ မရင့်ကျက်သည့် စိတ်နှလုံးများက မခံချိမခံသာဖြစ်အောင် နှိုးဆွခံရပြီး၊ ထိခိုက်သည်ဟု ခံစားရလေသည်။ မည်သည့်စကားများသည် သင့်တို့အား အထူးသဖြင့် နားထောင်ရန် ကသိကအောက်ဖြစ်စေသနည်း၊ ဘုရားသခင်က သင် လက်မခံနိုင်သည့် ထိုစကားများကို မပြောသင့်ဟု တွေးထင်စေသနည်း။ ဥပမာအားဖြင့်၊ အမှိုက်၊ လောက်ကောင်၊ ညစ်ညမ်းသော မကောင်းဆိုးဝါး၊ လူယုတ်မာ သို့မဟုတ် ခွေးများ၊ သားရဲတိရစ္ဆာန်၊ စသည်တို့ထက် နိမ့်ကျသည်ဟူ၍ ဖြစ်သည်။ လူအများစုအတွက် ဤစကားများကို လက်ခံရန် မလွယ်ကူသည့် ပုံပေါ်လေသည်။ ယဉ်ကျေးသည့်လူများသည် ပုံမှန်အားဖြင့် ထိုသို့သော စကားများကို ပြောဆိုသလော။ သင်တို့အားလုံး ကောင်းစွာ ပညာတတ်မြောက်ကြသည်။ သင်တို့အားလုံးသည် သင်တို့၏ပြောဆိုပုံ၌ စစ်ဆေးခံရသည့်အဖြစ်နှင့် လျှော့တွက်ခံရသည့် အဖြစ်ကိုလည်းကောင်း၊ သင်စကားပြောသော ဟန်ပန်ကိုလည်းကောင်း အာရုံစိုက်ကြသည်- သင်တို့သည် လိမ္မာပါးနပ်ပြီး အခြားသူများ၏ ဂုဏ်နှင့် သိက္ခာအား ထိခိုက်မှုမပြုမိရန် သင်ယူထားကြပြီးဖြစ်သည်။ သင်တို့၏ စကားများနှင့် လုပ်ဆောင်ချက်များတွင်၊ သင်တို့သည် လူတို့ လှုပ်ရှားဆောင်ရွက်ရန်အတွက် နေရာချန်ပေးတတ်ကြသည်။ သင်တို့သည် လူတို့အား အေးငြိမ်းသက်သာစေဖို့ တတ်နိုင်သမျှ ပြုလုပ်ကြသည်။ သူတို့၏ အမာရွတ်များ သို့မဟုတ် အားနည်းချက်များကို သင်မဖော်ထုတ်သကဲ့သို့ သူတို့ကို မနာကျင်စေရန် သို့မဟုတ် အရှက်မရစေရန် သင်ကြိုးစားသည်။ ထိုသို့သောအရာမှာ ပြုမူရာတွင် လူအများစု အသုံးပြုသည့် လူလူချင်းဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းဖြစ်သည်။ ထိုသို့ဆိုသော် ဤသည်မှာ မည်သို့သော နိယာမမျိုးဖြစ်သနည်း။ (လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ခြင်း ဖြစ်သည်။ လှည့်စားတတ်ပြီး မယုံကြည်ရပါ။) ယင်းမှာ ဒုက္ခပေးသည်၊ ယုံကြည်၍မရ၊ စဉ်းလဲဖောက်ပြန်ပြီး မသိမသာ အန္တရာယ်ပေးတတ်သည်။ လူတို့၏ အပြုံးမျက်နှာများ နောက်ကွယ်တွင် ကွယ်ဝှက်ထားသည်မှာ မလိုမုန်းထားသော၊ အန္တရာယ်ပေးတတ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အရာများစွာ ဖြစ်သည်။ ဥပမာ၊ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရာတွင် လူအချို့တို့သည် အခြားလူက အဆင့်အတန်း အနည်းငယ်ရှိသည်ကို တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့က မိမိတို့ စိတ်နှလုံးများတွင်၊ “ငါသည် သူတို့နှင့် စကားပြောသည့်အခါ၊ နားကြားကောင်းသည့် စကားများကို ရွေးချယ်ဖို့လိုသည်၊ သို့မဟုတ်ပါက၊ သူတို့၏ နာမည်ဂုဏ်သတင်းကို ငါ ထိခိုက်ပျက်စီးသွားစေနိုင်သည်။ သူတို့က ငါ့ကို အပြစ်ပေးကြမည်ဆိုလျှင် အဘယ်သို့လုပ်ရမည်နည်း”ဟု တွေးကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြောဘဲနေကြသည်၊ သို့မဟုတ် ၎င်းတို့ စကားပြောပါက၊ ပါးနပ်၊ ကြားကောင်းသည့်၊ မြှောင့်ပင့်သည့် ပုံစံဖြင့် ပြောဆိုကြသည်။ ၎င်းတို့ ဆုံကြသောအခါ၊ “သင့်လောက် ချောမောသည့် လူတစ်ဦးကို ကျွန်ုပ် မတွေးဖူးပါ။ သင်သည် နတ်သမီးတစ်ယောက်လေလား။ သင်သည် အလွန် လှပသည်မှာ မိတ်ကပ်လိမ်းစရာပင် မလိုပါ။ သင် မိတ်ကပ်လိမ်းပါက၊ သာ၍ပင် နှိုင်းမမီဖြစ်ပေမည်။ သင်၏ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ပါ၊ သင် ဝတ်ဆင်သည့်အရာတိုင်း ကြည့်ကောင်းသည်။ ထိုမျှကြည့်ကောင်း၊ လှပသည့် အဝတ်အစားများသည် သင့်လို လူများအတွက် အထူးသဖြင့် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ရမည်”ဟု ပြောကြလေသည်။ ၎င်းတို့သည် အထူးသဖြင့် နှစ်လိုဖွယ်ကောင်းစွာ စကားပြောကြသောကြောင့်၊ ကြားသောသူမည်သူမဆိုသည် စိတ်အေးချမ်းကြသည်။ သို့ရာတွင် ထိုအရာများတွင် မိမိတို့ စိတ်နှလုံးတွင် ၎င်းတို့ အမှန်တကယ် စဉ်းစားကြသလော။ (မစဉ်းစားကြပါ။) မည်သည့်အရာကို ၎င်းတို့ အမှန်တကယ် စဉ်းစားနေကြသနည်း။ ၎င်းတို့သည် မုချ ရှက်ဖွယ်ဖြစ်သော အကြံများနှင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ သေချာပေါက် ရှိကြလေသည်။ ၎င်းတို့သည် အထူးသဖြင့် အန္တရာယ်ပေးနိုင်သည်၊ ဆိုးယုတ်နိုင်သည်၊ သို့မဟုတ် စက်ဆုပ်ဖွယ်ဖြစ်နိုင်ပေသည်၊ ယင်းက အခြားသူများကို စက်ဆုပ်ရွံရှာစေသည်။ ၎င်းတို့ လမ်းခွဲကြသည်နှင့် တစ်ပြိုင်နက်၊ ထိုလူနှင့်ပတ်သက်၍ စော်ကားပြီး မနှစ်သက်ဖွယ်ကောင်းသည့် မည်သည့်အရာကိုမဆို ၎င်းတို့ တတ်နိုင်သမျှပြောဆိုလျက်၊ ထိုလူ၏ မကောင်းကြောင်းကို အခြားသူများထံ ပြောကြလေသည်။ ၎င်းတို့၏ စကားလုံးများတွင် ဝေဖန်ထိုးနှက်မှု၊ အဆိပ်အတောက် ပါရှိ၏။ ၎င်းတို့ ပြောလိုက်ပြီးဖြစ်သည့် မြှောင့်ပင့်သော စကားများသည် ၎င်းတို့ကို စိတ်အနှောင့်အယှက်ပေးကာ မလိုမလားဖြစ်စေသည်။ အခြားလူများကို ၎င်းတို့နောက်ကွယ်တွင် သေးသိမ်စေခြင်းနှင့် အသရေဖျက်ခြင်းက ၎င်းတို့ကို ဟန်ချက်ပြန်ညီစေသည်။ ထိုသို့သောလူများသည် မိမိတို့ စိတ်နှလုံးများတွင် အမှောင်ထုရှိကြ၏။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ကာ စက်ဆုပ်ဖွယ်ဖြစ်သည်။ ဤအပြုအမူမျိုးသည် ရွံရှာဖွယ်ဖြစ်ကာ မုန်းတီးစက်ဆုပ်ဖွယ် ဖြစ်သည်။ ဤသည်မှာ မည်သည့် လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ လှည့်ဖြားတတ်သော လူတစ်ဦး ဖြစ်သည်။ မယုံကြည်သူများထဲတွင် ထိုသို့သောလူများ အလွန်များပြီး၊ ဘုရားသခင်၏ အိမ်တော်တွင်ပင် အချို့ရှိ၏။ ၎င်းတို့သည် နားကြားကောင်းသည့်စကားများကို ပြောသည့်အခါ၊ ရှက်ဖွယ်ကောင်းပြီး၊ စက်ဆုပ်ဖွယ် အကြံများနှင့် ဖုံးကွယ်ထားသော ရည်ရွယ်ချက် ရှိကြသည်။ မိမိတို့၏ ရည်မှန်းချက်ကို ရရှိစေမည့် မည်သည့်အရာကိုမဆို ၎င်းတို့ ပြောဆိုကြသည်။ ၎င်းတို့သည် အမှန်တရားများနှင့်အညီ လုံးဝ စကားမပြောကြသကဲ့သို့ ချဲ့ကားပြောဆိုကြသည်။ ၎င်းတို့၏ နားကြားကောင်းသည့် စကားများနောက်ကွယ်တွင် အကြံများနှင့် ရည်မှန်းချက်များ ရှိကြသည်။ ၎င်းတို့သည် ကြားပြင်းကပ်စရာ စကားပြောသည့်အခါ၊ တတ်နိုင်သမျှ မနှစ်သက်ဖွယ် မည်သည့်အရာကိုမဆို ပြောဆိုကြပြီး၊ အငြိုးသိုသော စကားမျိုးစုံကို ပြောဆိုနိုင်စွမ်း ရှိကြသည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့ စိတ်သဘောထားများ၏ အပေါ်ယံ ပွင့်အံထွက်မှုများထက်ပိုလွန်၍၊ ၎င်းတို့ သဘာဝတွင် သူတော်ကောင်းအယောင်ဆောင်သည့်၊ မယုံရသကဲ့သို့ လှည့်ဖြားတတ်သည့် အခြားမည်သည့်အရာ ရှိပါသနည်း။ ထိုအရာများသည် အဆိပ်ရှိသည်- အလွန်အဆိပ်ရှိသည်။ အခြားသူများကို ၎င်းတို့ ချီးကျူးကြသည့်အခါ၊ အခြားသူများက ထိုအရာကို တောင်းဆိုသလော။ (မတောင်းဆိုပါ။) ၎င်းတို့သည် အဘယ်ကြောင့် ထိုသူတို့ကို ချီးကျူးပါသနည်း။ (၎င်းတို့တွင် ရည်မှန်းချက် ရှိပါသည်။) မှန်ပေ၏။ မည်သည့်နည်းနှင့် ရရ၊ မိမိတို့၏ အကြံများနှင့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် အခြားသူများကို ၎င်းတို့ လှည့်စားကြသည်။ မည်မျှ စက်ဆုပ်ဖွယ်ဖြစ်ပါစေ၊ မည်သည့်အရာကိုမဆို ၎င်းတို့ ပြောကြပေမည်။ ဤသည်မှာ အဆိပ်ရှိသည် မဟုတ်လော။ ထို့နောက် မိမိတို့စိတ်နှလုံးရှိ ဟန်ချက်မညီမှုကို ဖြေရှင်းရန်၊ ၎င်းတို့သည် အခြားသူများ၏ နောက်ကျောကို ဓားဖြင့်ထိုးသည်၊ ကျိန်ဆဲပြီး အသရေဖျက်ကာ တတ်နိုင်သမျှ စော်ကားပြီး မနှစ်သက်ဖွယ်သော မည်သည့်အရာကိုမဆို ပြောဆိုကြလေသည်။ ဤသည်မှာ အဆိပ်ရှိသည် မဟုတ်လော။ အလွန် အဆိပ်ရှိပေသည်။ ဤကိစ္စရပ်မှ လူ၏ သဘာဝကို သင် မြင်နိုင်ပေသည်။ လူတို့ရှေ့ သို့မဟုတ် နောက်ကွယ်တွင် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှ စစ်မှန်ခြင်း သို့မဟုတ် ရိုးသားဖြသ်း မရှိသကဲ့သို့၊ ထိုအရတစ်ခုမျှသည် သမ္မာတရား သို့မဟုတ် လူ့သဘာဝနှင့် အညီ မဟုတ်ပေ။ ဆိုးယုတ်သည့်၊ အဆိပ်ရှိသည့်အရာသာ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် ပြောဆိုသည့် အရာတိုင်းတွင် အဆိပ်ရှိသည့် အရိပ်လက္ခဏာများ ရှိသည် မဟုတ်လော။ (ရှိပါသည်။) ထို့ကြောင့်၊ လူတို့၏ စကားများကို စိတ်ချ၍ရသလော။ ၎င်းတို့၏ စကားများကို ယုံကြည်၍ရသလော။ လူတို့သည် အလွန် စိတ်ချ၍မရ၊ အလွန် မယုံကြည်ရပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အသက်ရှင်သည်နှင့်အမျှ၊ မိမိတို့လုပ်ရပ်များနှင့် စကား၊ ၎င်းတို့၏ လုပ်ဆောင်ချက်နှင့် လုပ်ရပ်တိုင်း၊ ၎င်းတို့၏ အတွေးနှင့် စိတ်ကူးတိုင်းမှ ၎င်းတို့ ထုတ်ဖော်သည့် အရာများသည် ဆိုးယုတ်သော စိတ်သဘောထား၊ ဆိုးယုတ်သော သဘာဝနှင့် အနှစ်သာရကို အပြည့်အဝ ကိုယ်စားပြုသောအရာသာ ဖြစ်သောကြောင့် ဖြစ်သည်။

လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အဘယ်ကြောင့် မယုံကြည်ကြသနည်း။ ယင်းမှာ ၎င်းတို့၏ မျက်လုံးများ ကန်းနေကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကို နားမလည်ကြသကဲ့သို့ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ လူများစွာတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး၊ သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို အသိအမှတ်ပြုနိုင်ကြသော်လည်း၊ “လောက်ကောင်များ”၊ “အမှိုက်”၊ “နတ်ဆိုးများ”နှင့် “သားရဲတိရစ္ဆာန်များ”နှင့် စပ်လျဉ်း၍ ဘုရားသခင် ပြောဆိုထားသည့်အရာအပေါ် အယူအဆများနှင့် အတိုက်အခံရှိကြသည်မှာ ဤအရာများကို ၎င်းတို့ လုံးဝ လက်မခံနိုင်ကြသည်အထိ ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝကို မသိကြသောကြောင့် ဖြစ်သည်။ လူတို့သည် လူသား သဘာဝနှင့် အနှစ်သာရကို မည်သို့ မြင်ကြသနည်း။ (သူတို့သည် မိမိတို့ကိုယ်ပိုင် ဆိုးယုတ်သော စိတ်သဘောထားများကို အသိအမှတ်ပြုကြသော်လည်း၊ သူတို့တွင် ကောင်းမွန်သည့် ဘက်ခြမ်းတစ်ခု ရှိနေသေးသည်ဟု တွေးထင်ကာ မိမိတို့ကိုယ်တိုင်သည် အသက်ရှင်နေသော စာတန်ဖြစ်သည်ကို မမြင်ကြပါ။) လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝနှင့် အနှစ်သာရတို့ကို ဘုရားသခင်လောက် တိကျစွာ၊ ရှင်းလင်းစွာနှင့် မှန်ကန်စွာ နားလည်ကြသလော။ (နားမလည်ကြပါ။) အမှန်တွင်၊ လူသား သဘာဝနှင့် အနှစ်သာရသည် ဘုရားသခင်အဖို့ လုံးဝ မလိုလားအပ်စရာ ဖြစ်သည်။ ဘုရားသခင်သည် လူသား အနှစ်သာရနှင့် သဘာဝကို ကြည့်၏။ လူတို့ အပြင်ပန်းအရ ပြောဆို၊ လုပ်ဆောင်သည့်အရာကို ဘုရားသခင် မကြည့်ချေ။ သူသည် ၎င်းတို့၏ စိတ်နှလုံးများ၊ အနှစ်သာရနှင့် သဘာဝတို့ကို ကြည့်သည်။ လူအတွက် ဘုရားသခင် ရှိသည့် ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ညွှန်းဆိုသည့် ပုံစံတို့သည် မည်သည့်နေရာမှာ လာသနည်း။ ယင်းတို့ကို လူသား သဘာဝနှင့် အနှစ်သာရအပြင် လူသားထံမှ ပွင့်အံထွက်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ် အခြေခံ၍ အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း ဖြစ်သည်။ ဤအခြေအနေထိ ပြောဆိုထားပြီးနောက်တွင်၊ “လူတို့စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စိစစ်ရှာဖွေသည်” ဆိုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုကြောင်း သင် နားလည်သလော။ လူတို့က၊ “လူတို့စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စိစစ်ရှာဖွသည်”ဟု အမြဲ ပြောဆိုကြသောကြောင့်၊ ဤစကားလုံးများနှင့်ပတ်သက်၍ သင်တို့သည် မည်သည့်အတွေ့ကြုံများ ရှိကြသနည်း။ ယင်းတို့ကို သင်တို့ အမှန်တကယ် တွေ့ကြုံဖူးပြီးပြီလော။ ဤစကားများနှင့် သက်ဆိုင်၍ မည်သည့် အသိပညာနှင့် သိနားလည်မှု သင်တို့ ရှိကြသနည်း။ လူအချို့သည် နားဝေတိမ်တောင်ဖြစ်ကြသည်။ ယင်းမှာ ဘုရားသခင်က ၎င်းတို့ထံမှ ပွင့်အံထွက်သည့် အတွေးများနှင့် စိတ်ကူးများကို သိရှိကြောင်း၊ သူသည် သမ္မာတရားနှင့် မကိုက်ညီသည့် ၎င်းတို့ လုပ်ဆောင်သောအရာများကို သိရှိကြောင်း၊ မိမိတို့ စိတ်နှလုံးများ၏ ညစ်ညူးမှု၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် လွန်ကဲသော စိတ်ဆန္ဒများကို သူ သိကြောင်း ဆိုလိုသည်ဟု တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် မကောင်းသည့်အရာများကို ပြောဆိုခြင်းမရှိဘဲ လုပ်ဆောင်လျှင်ပင် ဘုရားသခင်သိ၏။ ဘုရားသခင်သည် လူတို့ကို စိစစ်ရှာဖွေသည်နှင့်အမျှ၊ သူသည် အပေါ်ယံအဆင့်၊ လူတို့ သတိပြုမိသည့် အရာများကိုသာ အမှန်တကယ် ဆန်းစစ်သလော။ ယင်းကို ဘုရားသခင်က လူတို့စိတ်နှလုံးများ၏ အတွင်းနက်နက်နေရာများကို ရှာဖွေသည်ဟု ခေါ်ဆိုနိုင်မည်လော။ (မခေါ်ဆိုနိုင်ပါ။) လူတစ်ဦး၏ စိတ်နှလုံး အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းမှာ အဘယ်နည်း။ (၎င်းတို့၏ သဘာဝနှင့် အနှစ်သာရဖြစ်သည်။) လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝနှင့် အနှစ်သာရကို သတိပြုမိနိုင်စွမ်း ရှိကြသလော။ ယင်းတို့ကို ၎င်းတို့ ခံစားမိနိုင်သလော။ သိရှိနိုင်သလော။ (မသိရှိနိုင်ပါ။) လူတို့သည် ဤအရာများကို မခံစားနိုင်ပါက၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အဘယ်သို့ အမှန်တကယ် သိရှိလာကြသနည်း။ (ဘုရားနှုတ်ကပတ်တော်များ၏ ထုတ်ဖော်ပြခြင်းနှင့် သူ၏ ဖော်ထုတ်ခြင်းမှတစ်ဆင့်သာ သူတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိလာနိုင်ပါသည်။) ဘုရားသခင်သည် လူတို့ ခံစားမရနိုင်သကဲ့သို့ သိလည်းမသိနိုင်သည့် ၎င်းတို့၏သဘာဝနှင့် အနှစ်သာရကို ဆန်းစစ်သည်။ လူတို့၏ သဘာဝနှင့် အနှစ်သာရကို ဘုရားသခင် ထုတ်ဖော်ပြသည့်အခါ၊ အမှန်တရားများက ၎င်းတို့ကို ဖော်ထုတ်သည့်အခါ၊ ၎င်းတို့သည် ရိုးသားစစ်မှန်စွာ ယုံကြည်လက်ခံကြလေသည်။ လူတို့၏ အတွေးများ၊ စိတ်ကူးများနှင့် အမြင်များသည် အပေါ်ယံအဆင့် အရာများသာ ဖြစ်သည်။ တစ်ခါတစ်ရံ ယင်းတို့သည် အသံကျယ်လောင်ပြီး၊ တစ်ခါတစ်ရံ ယာယီ စိတ်ကူးတစ်ခု၊ စိတ်နှလုံးမှ ၏အတွေးတစ်ခု သို့မဟုတ် ယာယီ ရှင်သန်သည့် အတွေးတစ်ခုမျှသာဖြစ်သော်လည်း၊ ယင်းတို့သည် အပေါ်ယံအဆင့် အမှုအရာများသာ ဖြစ်သည်။ ဤရှင်သန်သည့် အတွေးများသည် ခေတ္တခဏ သင်၏ လုပ်ရပ်များကို လွှမ်းမိုးကာ လမ်းညွှန်နိုင်သော်လည်း၊ သင့်ဘဝ၏ ဦးတည်ချက်နှင့် ရည်မှန်းချက်များကို လွှမ်းမိုး၊ သို့မဟုတ် လမ်းညွှန်နိုင်ကြသလော။ မလမ်းညွှန်နိုင်ကြပေ။ သို့ဆိုလျှင် မည်သည့်အရာသည် သင်၏ လုပ်ရပ်များကို လွှမ်းမိုးကာ လမ်းညွှန်နိုင်သည့်အပြင်၊ သင့်ဘဝ၏ ဦးတည်ချက်နှင့် ရည်မှန်းချက်များကို လမ်းညွှန်နိုင်သနည်း။ ဤကိစ္စရပ်ကို သင် ရှင်းလင်းစွာ မြင်နိုင်သလော။ ဤသည်မှာ လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများတွင် ကွယ်ဝှက်ထားသည့်၊ ၎င်းတို့ စိတ်များတွင် ကွယ်ဝှက်ထားသည့်အရာ ဖြစ်သည်။ ဤသည်မှာ လူတို့၏ အတွေးများနှင့် လုပ်ရက်များကို ထိန်းချုပ်သည့်အရာ၊ ၎င်းတို့၏ ရှုထောင့်အမြင်များကို ဖြစ်ပေါ်စေသည့်အရာ ဖြစ်သည်။ လူအချို့သည် “လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စိစစ်ရှာဖွေသည်” ဟူသော စကားရပ်၏ အဓိပ္ပာယ်ကို နားမလည်ကြချေ။ ဤနေရာတွင် “လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများ” ဆိုခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ လူတို့ စိတ်နှလုံး၏ အောက်ဆုံးတွင် မည်သည့်အရာ ဖြစ်ပေါ်သနည်း။ ၎င်းတို့၏ အနက်ရှိုင်းဆုံးသော စိတ်တွင်း၌ဖြစ်သည့် အတွေးများ ဖြစ်သလော။ အပေါ်ယံမှကြည့်လျှင်၊ ထိုသို့ ဖြစ်ပုံပေါ်မည်ဖြစ်သော်လည်း၊ အမှန်တွင် မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ ၎င်းတို့၏ နေရာမှ မည်သူမျှ ဖယ်ရှားမရနိုင်သည့် လူသား သဘာဝနှင့် အနှစ်သာရနှင့်ဆိုင်သော အရာများ၊ မည်သူကိုမျှ ၎င်းတို့ လုံးဝ မပြောသည့် လူတို့၏ အစစ်မှန်ဆုံးသော အတွေးများ ဖြစ်သည်။ တစ်ခါတစ်ရံ၊ ထိုအရာများက မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့ ကိုယ်တိုင်ပင် မသိကြချေ။ ဤအရာများအတိုင်း လူတို့ အသက်ရှင်ကြ၏။ ဤအရာများကို ၎င်းတို့ ဆုံးရှုံးပါက၊ ဤအရာများက ၎င်းတို့ကို ပေးသည့် စိတ်လှုံ့ဆော်မှုကို ၎င်းတို့ ဆုံးရှုံးပါက၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်နိုင်ကြတော့မည် မဟုတ်ချေ။ ထို့ကြောင့် လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများတွင် မည်သည့်အရာများ တည်သည်ကို သင်တို့ သိကြသလော။ (ကောင်းချီးများ ရရှိရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ လူတို့ စိတ်နှလုံးများအတွင်း တည်သောအရာတစ်ခု ဖြစ်ပါသည်။) မှန်ပေ၏။ လူတို့သည် ကောင်းချီးခံစားရရန်၊ ဆုလာဘ်ချီးမြှင့်ခြင်းခံရရန်၊ ဆုသရဖူရရှိရန်အတွက် ဘုရားသခင်ကို ယုံကြည်ကြသည်။ လူတိုင်း၏ စိတ်နှလုံးတွင် ဤအရာ တည်ရှိသည်မဟုတ်လော။ ဤအရာတည်ရှိသည်မှာ အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို လူတို့က မကြာခဏ မပြောကြသော်လည်း၊ ကောင်းချီးများရရန် ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ဆန္ဒကိုပင် ဖုန်းကွယ်သော်လည်း၊ လူတို့၏ စိတ်နှလုံးအတွင်းတွင်ရှိသော ဤဆန္ဒနှင့် ရည်ရွယ်ချက်သည် အစဉ် ပြောင်းလဲ၍ မရနိုင်ပေ။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများကို မည်မျှ နားလည်သည်ဖြစ်စေ၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှရှိသည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သည်ဖြစ်စေ၊ မည်မျှ ဒုက္ခခံနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်မျှ အဖိုးအခပေးဆပ်နိုင်သည်ဖြစ်စေ၊ ၎င်းတို့စိတ်နှလုံးအတွင်းနက်နက်ထဲတွင် ကွယ်ဝှက်နေသော ကောင်းချီးရလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုကို မည်သည့်အခါမျှ လက်မလွှတ်နိုင်ဘဲ အစေခံရာတွင် အစဉ်သဖြင့် တိတ်ဆိတ်စွာ ကြိုးပမ်းလုပ်ဆောင်သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးအတွင်းထဲရှိ အနက်ဆုံးနေရာတွင် မြုပ်နှံထားသောအရာ မဟုတ်လော။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဤလှုံ့ဆော်မှုမရှိလျှင် သင်တို့သည် မည်သို့ခံစားရမည်နည်း။ မည်သည့်သဘောထားနှင့် တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်နောက် လိုက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဖုံးကွယ်နေသော ကောင်းချီးရရှိဖို့ဖြစ်သည့် ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဖယ်ရှားပစ်လိုက်လျှင် လူတို့သည် မည်သည့်အရာ ဖြစ်လာမည်နည်း။ လူများစွာက အပျက်သဘောဆောင်လာခြင်း ဖြစ်နိုင်သည်။ အချို့မှာ မိမိတို့၏တာဝန်များတွင် စိတ်အားလျော့လာမည်။ ၎င်းတို့၏ ဝိညာဉ်က ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည့်အလား ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် စိတ်ဝင်စားမှု ပျောက်သွားပေမည်။ ၎င်းတို့၏ စိတ်နှလုံးက ဆွဲယူခံခဲ့ရပြီးသည့် ပုံပေါ်နေမည်။ ဤအတွက်ကြောင့် ကောင်းချီးရရန် စိတ်ဓာတ်လှုံ့ဆော်မှုသည် လူတို့၏ စိတ်နှလုံးတွင် နက်နက်ရှိုင်းရှိုင်း ကွယ်ဝှက်နေသည့်အရာ ဖြစ်သည်ဟု ငါပြောရခြင်းဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ၊ သို့မဟုတ် အသင်းတော်အသက်တာကို ရှင်သန်သည်နှင့်အမျှ၊ ၎င်းတို့မိသားစုများကို စွန့်လွှတ်နိုင်ပြီး ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် ဝမ်းမြောက်စွာ အသုံးခံနိုင်သည်၊ ယခုအခါတွင် ကောင်းချီးရရန် ၎င်းတို့၏ စိတ်ဓာတ်လှုံ့ဆော်မှုအပေါ် အသိရှိသည်၊ ဤစိတ်ဓာတ်လှုံ့ဆော်မှုကို ဘေးဖယ်ထားပြီးဖြစ်ကာ ဤအရာ၏ အုပ်စိုးခြင်း၊ သို့မဟုတ် ချုပ်ချယ်ခြင်းကို မခံရတော့ဟု မိမိတို့ကိုယ်ကိုယ် ခံစားရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့နောက်တွင် ၎င်းတို့တွင် ကောင်းချီးခံစားလိုသည့် စိတ်ဓာတ်လှုံ့ဆော်မှုမရှိတော့ဟု ၎င်းတို့က ထင်မြင်ကြသည်။ သို့သော် ဘုရားသခင်က ဤသို့ မယုံကြည်ပေ။ လူတို့သည် အကြောင်းကိစ္စများကို အပေါ်ယံသာ ရှုမြင်သည်။ စမ်းသပ်မှုများမပါဘဲ ၎င်းတို့က မိမိတို့ကိုယ်ကိုယ် ကျေနပ်ကြသည်။ အသင်းတော်ကို ၎င်းတို့ မစွန့်ခွာသရွေ့၊ သို့မဟုတ် ဘုရားသခင်၏ အမည်နာမကို မငြင်းပယ်သရွေ့၊ ဘုရားသခင်အတွက် ဆက်လက် အသုံးခံသရွေ့ ၎င်းတို့က ပြောင်းလဲသွားပြီဟု ယုံကြည်ကြသည်။ ၎င်းတို့သည် တာဝန်ထမ်းဆောင်ရာတွင် တစ်ကိုယ်ရေ စိတ်အားထက်သန်မှု၊ သို့မဟုတ် ခဏတာ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒတို့အားဖြင့် တွန်းအားပေးခြင်းမခံရတော့ဟု ခံစားမိကြသည်။ ထိုအစား ၎င်းတို့က သမ္မာတရားကို လိုက်စားနိုင်သည်၊ တာဝန်ထမ်းဆောင်စဉ်တွင် သမ္မာတရားကို အဆက်မပြတ်ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်၊ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခံရပြီး စစ်မှန်သော ပြောင်းလဲမှုအချို့ကို ရရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ သို့ရာတွင် လူတစ်ယောက်၏ ခရီးပန်းတိုင်၊ အဆုံးသတ်နှင့် တိုက်ရိုက်ဆက်နွှယ်သောအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့ မည်သို့ ပြုမူကြသနည်း။ သမ္မာတရားကို အလုံးစုံ ထုတ်ဖော်ပြထားပေသည်။ ထို့ကြောင့်၊ အားလုံးကို ထည့်သွင်းစဉ်းစားလိုက်သည့်အခါ၊ လူများနှင့် ပတ်သက်သရွေ့၊ ဤအခြေအနေသည် ကယ်တင်ခြင်း၊ စုံလင်စေခြင်းနှင့်ဆိုင်သော အခြေအနေတစ်ခုလော သို့မဟုတ် ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားခံရခြင်း အခြေအနေတစ်ခုလော။ ကောင်းသောအရာတစ်ခုလော သို့မဟုတ် မကောင်းသော အရာတစ်ခုလော။ သမ္မာတရားကို လိုက်စားသူတို့အဖို့၊ ထိုအရာသည် ကယ်တင်ခြင်းနှင့် စုံလင်စေခြင်းဟူ၍ အဓိပ္ပာယ်ရသည်။ ယင်းမှာ ကောင်းပေသည်။ သမ္မာတရား မလိုက်စားသောသူတို့အဖို့မူ၊ ထိုအရာသည် ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားခံရခြင်းဟု ဆိုလိုသည်။ ယင်းမှာ မကောင်းပေ။ အချိန်ကာလတစ်ခုကို ဖြတ်သန်းရသည့်အခါ၊ လူအားလုံးသည် စမ်းသပ်မှုနှင့် စစ်ဆေးမှု အခြေအနေများကို ကြုံရသည် မဟုတ်လော။ ဘုရားသခင်သည် ဤအရာကို အဘယ်ကြောင့် လုပ်ဆောင်သနည်း။ ဘုရားသခင်သည် လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို စိစစ်ရှာဖွေသောကြောင့် ထိုအရာသည် ဧကန်မုချ အဓိပ္ပာယ်ရှိ၏။ သူသည် လူတို့၏ အတွင်းကျကျ အစိတ်အပိုင်းများ၏ စစ်မှန်သည့် အခြေအနေများကို သိသည်။ သူသည် လူများကို နားလည်ပြီး၊ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ရှင်းလင်းစွာနှင့် လုံးဝ မြင်လေသည်။ တစ်ချိန်တစ်ခု ကြာပြီးနောက်တွင်၊ တစ်စုံတစ်ဦးသည် အောင်မြင်မှုအချို့ ရှိကောင်းရှိမည်၊ ၎င်းတို့အနေဖြင့် ကြီးမားသည့် အမှားတစ်ခုမျှ မလုပ်မိဘဲ အချို့သော အရာများကို လုပ်ဆောင်ပြီးဖြစ်နိုင်သကဲ့သို့၊ ကိုင်တွယ်ဖြေရှင်းခံရခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်ခံကောင်းလက်ခံနိုင်သည်။ ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သောအခါ၊ ၎င်းတို့သည် အတော်အတန် ကျိုးနွံနာခံတတ်သော သဘောထား ရှိနိုင်သည်။ ထို့ကြောင့်၊ ၎င်းတို့သည် အတော်လေး တော်ကြသည်၊ ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် ၎င်းတို့ ခြေလှမ်းလှမ်းပြီးဖြစ်သည်၊ ကယ်တင်ခံရကာ စုံလင်ခံရပြီးဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ၎င်းတို့အနေဖြင့် မိမိဘာသာ အားရပြီး၊ မိမိကိုယ်ကိုယ် စိတ်အကျေနပ်ဆုံးဖြစ်နေချိန်တွင်၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှု၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ ရောက်လာလေသည်။ ဤအခြေအနေများသည် လူများ၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှု၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားများကို ဖော်ထုတ်လေသည်။ ဤဖော်ထုတ်ခြင်းသည် လူတို့အတွက် အမှန်တကယ် ကောင်းမွန်၏။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားပါက၊ ဤဖော်ထုတ်ခြင်း၊ ဤအခြေအနေက ၎င်းတို့ကို သန့်စင်စေလိမ့်မည်။ မည်သည့်အရာမှ ၎င်းတို့ကို သန့်စင်စေမည်နည်း။ ဘုရားသခင်အပေါ် သင်၏ ယုတ္တိမတန်သော တောင်းဆိုချက်များနှင့် လွန်ကဲသော စိတ်ဆန္ဒများမှ သင့်ကို သန့်စင်စေလိမ့်မည်ဖြစ်ပြီး၊ မှန်ကန်သည့် ရှုထောင့်အမြင်ကို ခံယူစေလိမ့်မည်။ သင်သည် ဘုရားသခင်နှင့် အပေးအယူလုက်ရန် သို့မဟုတ် သင်၏ လွန်ကဲသော စိတ်ဆန္ဒများအတွက် သူ့အပေါ် တောင်းဆိုမှုများ ပြုလုပ်ရန် ကြိုးစားလိမ့်မည် မဟုတ်တော့ပေ။ ထို့ထက်၊ သင်၏ စိတ်နှလုံးသည် တိုး၍ အမှန်တကယ် ဘုရားသခင်ကို ကျိုးနွံနာခံလိမ့်မည်။ မည်သည့်အရာကိုမျှ သင် တောင်းဆိုလိမ့်မည် မဟုတ်။ အဆုံးတွင် ကယ်တင်ခြင်းကို သင် ရရှိနိုင်သည်အထိ၊ သင့်ကို တိုး၍ ဖြူစင်လာစေလျက်၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေရန်သာ သင် ကြိုးစားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်က စွမ်းဆောင်ရရှိသည့် ရလဒ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာကို လုပ်ဆောင်ခြင်း နောက်ကွယ်တွင် ဘုရားသခင်သည် အဓိပ္ပာယ်တစ်ခု ရှိသည် မဟုတ်လော။ ဤအရာသည် လူတို့ကို သန့်စင်စေသည် မဟုတ်လော။ လူတို့သည် ဤသို့ သန့်စင်ခံရရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ဘုရားသခင်သည် လူတို့ကို ဤသို့ မဖော်ထုတ်၊ သို့မဟုတ် မသန့်စင်ပါက၊ လူတို့သည် သမ္မာတရားကို ရရှိနိုင်ကြမည်လော။ (မရရှိနိုင်ပါ။) ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်ကြမည် မဟုတ်။ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝအရ၊ မည်သည့်လမ်းမျိုးကို လူတို့ လျှောက်လှမ်းနိုင်သနည်း။ (စာတန်နောက်လိုက်ကာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း ဖြစ်သည်။) ထိုသို့သော လူများသည် ကောင်းချီးခံစားရနိုင်သလော။ မရနိုင်ပေ၊ ဖယ်ရှားခြင်းသာခံရနိုင်သည်။

စင်စစ်အားဖြင့် ဖာရိရှဲတစ်ဦးသည် မည်သည့်အရာဖြစ်သည်ကို သင်တို့သိသလော။ သင်တို့အနီးတွင် ဖာရိရှဲတစ်ဦးတလေ ရှိသလော။ ဤလူများကို အဘယ်ကြောင့် “ဖာရိရှဲများဟု” ခေါ်သနည်း။ ဖာရိရှဲများကို မည်သို့ သရုပ်ဖော်သနည်း။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးဖြစ်သော၊ လုံးလုံး အတုအယောင် ဖြစ်ပြီး ၎င်းတို့ ပြုလေသမျှ၌ ဟိတ်ဟန်လုပ်သည်။ ၎င်းတို့သည် အဘယ်သို့ ဟိတ်ဟန်လုပ်သနည်း။ ကောင်းဟန်၊ ကြင်နာဟန်၊ အပြုသဘောဆောင်ဟန် ပြုသောသူများ ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ် ယင်းကဲ့သို့ ဖြစ်ကြသလော။ လုံးဝ မဖြစ်ပေ။ ၎င်းတို့သည် ကြောင်သူတော်ကြွက်သူခိုးများ ဖြစ်သဖြင့် ၎င်းတို့ထဲ၌ ပေါ်လွင်သမျှနှင့် ထုတ်ဖော်သမျှမှာ ဟန်ဆောင်ထားခြင်း ဖြစ်သည်၊ ၎င်းတို့အားလုံးမှာ အယောင်ဆောင် ဖြစ်ကြ၏၊ ၎င်းမှာ ၎င်းတို့၏ သရုပ်မှန်မဟုတ်ပေ။ ၎င်းတို့၏ သရုပ်မှန်ကို အဘယ်နေရာတွင် ကွက်ဝှက်ထားသနည်း။ ယင်းကို သူတစ်ပါးတို့ လုံးဝ မမြင်စေရန် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖုံးကွယ်ထားသည်။ အပြင်ပန်းတွင် ရှိသမျှသည် ဟန်ဆောင်မှုတစ်ခု ဖြစ်သည်၊ အားလုံးမှာ အတုအယောင်များဖြစ်သည်။ သို့သော် ၎င်းတို့သည် လူတို့ကိုသာ အရူးလုပ်နိုင်သည်။ ဘုရားသခင်ကို အရူးမလုပ်နိုင်ပေ။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခြင်းမရှိလျှင် သမ္မာတရားကို အမှန်တကယ် နားမလည်နိုင်ပေ။ ထို့ကြောင့် ၎င်းတို့၏ စကားလုံးများသည် မည်မျှနားဝင်ချိုပါစေ ဤစကားလုံးများသည် သမ္မာတရား၏ စစ်မှန်မှုမဟုတ်ဘဲ အယူဝါဒစကားများသာဖြစ်သည်။ လူအချို့သည် အယူဝါဒစကားများကို သံယောင်လိုက်ခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ ၎င်းတို့သည် အဆင့်မြင့်ဆုံးသော ဒေသနာများကို ဟောကြားသူ မည်သူကိုမဆို တုပကြသည်၊ အကျိုးဆက်အနေဖြင့် နှစ်အနည်းငယ်အတွင်းတွင်ပင် ၎င်းတို့၏ အယူဝါဒများကို ရွတ်ဆိုခြင်းသည် အစဉ်ပို၍ တိုးတက်လာပြီး ၎င်းတို့အား လူများစွာတို့က ကြည်ညိုလေးစားကြသည်၊ ထို့နောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် စတင်ဖုံးကွယ်ပြီး မိမိတို့ကိုယ်ကိုယ် အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဝိညာဉ်ရေးရာဆန်သော လူများအဖြစ် ပြသလျက်၊ ၎င်းတို့ ပြောသည့်အရာနှင့် လုပ်သည့်အရာတို့ကို ကြီးမားသော အာရုံစိုက်မှုပြုကြလေသည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် ဖုံးကွယ်ဖို့ ဤဝိညာဉ်ရေးရာ အယူအဆများဟု ခေါ်သည့်အရာများကို အသုံးပြုကြ၏။ ဤသည်မှာ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ပြောဆိုသောအရာများသာဖြစ်သည်။ လူတို့၏ အယူအဆများနှင့် ကိုက်ညီသော မှန်သယောင်ထင်ရသော်လည်း မှားယွင်းနေသောအရာများဖြစ်ပြီး သမ္မာတရားစစ်မှန်မှုတစ်ခုမျှ မရှိပေ။ ပြီးလျှင် လူတို့၏ အယူအဆများ၊ နှစ်သက်မှုများနှင့်ညီသော ဤအရာများကို ဟောပြောခြင်းမှတစ်ဆင့် ၎င်းတို့သည် လူများစွာကို လိမ်လည်လှည့်ဖြားကြသည်။ အခြားလူများအဖို့၊ ဤသို့သောလူတို့သည် အလွန်ပင် ဘုရားတရားကိုင်းရှိုင်းပြီး နှိမ့်ချပုံရသော်လည်း ယင်းမှာ စင်စစ်အားဖြင့် အတုအယောင်သာ ဖြစ်သည်။ ၎င်းတို့သည် သည်းခံ၊ စိတ်ရှည်ပြီး ချစ်ခင်ဖွယ်ကောင်းပုံရသော်လည်း၊ ယင်းမှာ စင်စစ်အားဖြင့် ဟန်ဆောင်ထားခြင်းသာ ဖြစ်သည်။ ဘုရားသခင်ကို ချစ်သည်ဟု ၎င်းတို့က ပြောကြသည်။ အမှန်တကယ်တွင် ဟန်ဆောင်မှုတစ်ခုသာဖြစ်သည်။ ဤသို့သောလူတို့သည် သန့်ရှင်းသည်ဟု အခြားလူတို့က ထင်ကြသည်။ သို့သော် အမှန်တကယ်တွင် အတုအယောင်ဖြစ်သည်။ အမှန်တကယ် သန့်ရှင်းသူကို မည်သည့်နေရာတွင် ရှာတွေ့နိုင်သနည်း။ လူသားသန့်ရှင်းမှုသည် အားလုံး အတုအယောင်ဖြစ်သည်။ အားလုံးက အယောင်ဆောင်မှု၊ ဟန်ဆောင်မှုသာဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါက်သော်လည်း၊ အမှန်တွင် အခြားသူများ မြင်ဖို့ ၎င်းတို့ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မည်သူမျှ ကြည့်မနေသည့်အခါတွင်၊ ၎င်းတို့သည် စိုးစဉ်းမျှ သစ္စာမရှိကြသကဲ့သို့ ၎င်းတို့ပြုသမျှမှာ ဝတ်ကျေတမ်းကျေ ဖြစ်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် အသုံးခံကြပြီး ၎င်းတို့၏မိသားစုနှင့် အလုပ်အကိုင်ကို စွန့်လွှတ်ခဲ့ကြပြီးဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် အဘယ်အရာကို တိတ်တဆိတ် လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် အသင်းတော်တွင် မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို ဦးစီးဦးရွက်ပြုပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စီမံနေကြခြင်းဖြစ်ကာ အသင်းတော်ထံမှ အကျိုးအမြတ်ရယူနေပြီး ဘုရားသခင်အတွက် အလုပ်လုပ်သည့်ဟန်ကိုဆောင်လျက် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ် ခိုးယူနေခြင်းဖြစ်သည်။...ဤလူတို့သည် ခေတ်ပေါ် ကြောင်သူတော် ဖာရိရှဲများဖြစ်ကြသည်။ ဤဖာရိရှဲများသည် မည်သည့်နေရာမှ လာသနည်း။ ၎င်းတို့သည် မယုံကြည်သူများကြားမှ ပေါ်ထွက်လာသလော။ မဟုတ်ပေ။ ၎င်းတို့အားလုံးသည် ယုံကြည်သူများကြားမှ ပေါ်ထွက်လာကြသည်။ ဤလူများသည် အဘယ်ကြောင့် ဖာရိရှဲများဖြစ်လာကြသနည်း။ တစ်ယောက်ယောက်က ၎င်းတို့ကို ဤသို့ဖြစ်အောင် ပြုလုပ်သလော။ သိသိသာသာပင် ထိုသို့မဟုတ်ပေ။ အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့၏ အနှစ်သာရနှင့် သဘာဝမှာ ဤသို့ပင်ဖြစ်သောကြောင့်ဖြစ်ပြီး ၎င်းတို့ လျှောက်သည့် လမ်းကြောင်းကြောင့်ဖြစ်သည်။ ၎င်းတို့သည် တရားဟောပြီး အသင်းတော်မှ အမြတ်ထုတ်ရန်အတွက် တန်ဆာပလာတစ်ခုအနေဖြင့်သာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသုံးပြုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှင့် နှုတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ပြင်ဆင်သည်။ ဝိညာဉ်ရေးဆိုင်ရာ သီအိုရီ အတုအယောင်များကို ဟောကြားသည်။ မိမိတို့ကိုယ်ကိုယ် သန့်ရှင်းသူအဖြစ် ပြရုပ်တင်သည်။ ထို့နောက် အသင်းတော်မှ အမြတ်ထုတ်ရန် ရည်ရွယ်ချက် အောင်မြင်ရန်အတွက် ဤအရာကို အရင်းအနှီးအဖြစ် အသုံးပြုသည်။ ၎င်းတို့သည် အယူဝါဒများကိုသာ ဟောကြားသည်။ သို့တိုင်အောင် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်ပေ။ ဘုရားသခင်၏လမ်းကို မည်သည့်အခါမျှ လိုက်လျှောက်ခဲ့ခြင်းမရှိဘဲ နှုတ်ကပတ်တော်များနှင့် အယူဝါဒများကို ဆက်လက်ဟောပြောသောသူတို့သည် မည်သို့သော လူအမျိုးအစား ဖြစ်ကြသနည်း။ ဤသူတို့သည် သူတော်ကောင်း ယောင်ဆောင်သော ဖာရိရှဲများ ဖြစ်ကြပေသည်။ ၎င်တို့၏ နုံချာသည့်၊ ကောင်းသောအပြုအမူနှင့် ကောင်းသောလုပ်ဆောင်မှုဟု ခေါ်ဆိုသောအရာနှင့် ကောင်းသောနည်းလမ်းအနည်းငယ်၊ ၎င်းတို့စွန့်လွှတ်ပြီး အသုံးခံခဲ့သည့် အနည်းငယ်သောအရာတို့သည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒ၏ ဘောင်ခတ်ခြင်းနှင့် ပြရုပ်တင်ခြင်းမှတစ်ဆင့် ပြီးမြောက်ခြင်း ဖြစ်သည်။ ထိုလုပ်ရပ်များသည် လုံးဝ အတုအယောင်ဖြစ်ပြီး၊ အားလုံးက ဟန်ဆောင်မှု ဖြစ်သည်။ ဤလုပ်ရပ်များအားလုံးသည် အယောင်ဆောင်ဖြစ်သည်။ ဤလူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်းအနည်းငယ်မျှပင် မရှိသကဲ့သို့ ဘုရားသခင်ပေါ် စစ်မှန်သည့်ယုံကြည်ခြင်း တစ်ခုတလေမျှ မရှိပေ။ ထို့အပြင် ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ လူတို့သည် သမ္မာတရားကို မလိုက်စားလျှင်၊ ဤလမ်းမျိုးကို လျှောက်ကြလိမ့်မည်။ ဖာရိရှဲများဖြစ်လာလိမ့်မည်။ ဤသည်မှာ ကြောက်စရာမကောင်းသလော။ ဖာရိရှဲများစုဝေးသော ဘာသာရေး နေရာသည် ဈေးတစ်ခုဖြစ်လာသည်။ ဘုရားသခင်၏ အမြင်တွင် ယင်းက ဘာသာတရားဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အသင်းတော် မဟုတ်သကဲ့သို့ သူဝတ်ပြုကိုးကွယ်ခြင်း ခံရသည့် နေရာလည်း မဟုတ်ပေ။ ထို့ကြောင့် လူများက သမ္မာတရားကို မလိုက်စားသည့်အခါ ဘုရားသခင်၏ မိန့်မြွက်ချက်များနှင့်ပတ်သက်သည့် စကားလုံးများသက်သက်နှင့် အပယိကမျှသာဖြစ်သော အယူဝါဒများမည်မျှကို ၎င်းတို့ တပ်ဆင်ထားပါစေ ယင်းမှာ အသုံးတည့်မည် မဟုတ်ပေ။ လူအချို့က၊ “မည်မျှငါ ပြင်ဆင်ပါစေ အသုံးမဝင်ပါ။ ထို့ကြောင့် ကျွန်ုပ်ကိုယ်ကျွန်ုပ် လုံးဝကို ပြင်ဆင်မည် မဟုတ်ပါ”ဟု ဆိုကြသည်။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုနေကြသနည်း။ ယင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ အဓိပ္ပာယ်မရှိသော စကား ဖြစ်သည်မဟုတ်လော။ ဤစကားများအပေါ် မိတ်သဟာယပြုရာတွင် ငါ၏ ရည်ရွယ်ချက်သည် မည်သည့်အရာနည်း။ သင်တို့ကို ဘုရားနှုတ်ကပတ်တာ်များနှင့် မိမိကိုယ်ကိုယ် ပြင်ဆင်ခြင်းမှ တားဆီးရန် ဖြစ်သလော။ (မဟုတ်ပါ။) သင်သည် ဘုရားနှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်ရမည်ဖြစ်သော်လည်း၊ သင် ရှင်းလင်းနေရမည့် အရေးပါလှသော အရာမှာ ဘုရားနှုတ်ကပတ်တော်များကို မည်သည့်နည်းဖြင့်မျှ သင့်ကိုယ်သင် ပြရုပ်တင်ဖို့ အသုံးပြုရမည်ဟု သင့်ကို မဆိုလိုသကဲ့သို့၊ ယင်းတို့ကို အခြားသူများအား တိုက်ခိုက်ရန် လက်နက်တစ်ခုအဖြစ် အသုံးပြုရန် မဆိုထားနှင့်၊ အသင်းတော်မှ အမြတ်ထုတ်နိုင်ရန် အရင်းအနှီးအဖြစ် အသုံးပြုရန် သင့်ကို မဆိုလိုပေ။ မည်သည့်အရာများသည် ဘုရားနှုတ်ကပတ်တော်များ ဖြစ်သနည်း။ ဘုရားနှုတ်ကပတ်တော်များသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးသည့် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ သင်သည် ဤနှုတ်ကပတ်တော်များကို အပြည့်အဝ အသုံးပြုကာ လက်တွေ့လုပ်ဆောင်ပါက၊ သမ္မာတရားကို ရရှိလိမ့်မည်။ သမ္မာတရားသည် အယူဝါဒ သို့မဟုတ် သင့်အဖို့ စကားများသာ ဖြစ်လိမ့်မည်မဟုတ်ဘဲ၊ သင့်ဘဝ၏ လက်တွေ့အရှိတရား ဖြစ်လိမ့်မည်။ သမ္မာတရားကို သင် ရရှိသည်နှင့်တစ်ပြိုင်နက်၊ အသက်ကို ရရှိပြီး ဖြစ်သည်။

လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စိစစ်ခြင်းနှင့်ဆိုင်သည့် ငါ ယခုတင် ပြောဆိုခဲ့သော အကြောင်းအရာနှင့်ပတ်သက်၍၊ ဇာတ်လမ်းတစ်ခုကို ငါ ဝေမျှမည်။ တစ်ရံရောအခါတွင် ချမ်းသာကြွယ်ဝသော လူတစ်ဦးကို လက်ထပ်သည့် လှပသော အမျိုးတစ်ဦးရှိခဲ့သည်။ ထိုသို့သော လက်ထပ်ထိမ်းမြားခြင်းများအပေါ် လောကကြီးက ပုံမှန်အားဖြင့် မည်သို့ ကြည့်မြင်သနည်း။ လှပသော အမျိုးသမီးသည် ချမ်းသာကြွယ်ဝသောလူ၏ ငွေနောက်လိုက်နေခြင်းဖြစ်ပြီး၊ ချမ်းသာကြွယ်ဝသော လူသည် လှပသော အမျိုးသမီးနောက်သို့ သူမ၏ ရုပ်သွင်အတွက် လိုက်နေခြင်း ဖြစ်သည်။ ၎င်းတို့ အသီးသီးသည် မိမိတို့ လိုအပ်သောအရာကို ယူကြပြီး၊ စစ်မှန်သော ချစ်ခြင်းမေတ္တာ မရှိပေ။ ယင်းသည် အပေးအယူဆိုင်ရာ လက်ထပ်ထိမ်းမြားခြင်းတစ်ခု ဖြစ်သည်။ လောက၏ စိတ်ကူးစိတ်သန်းများအရ၊ ဤလှပသော အမျိုးသမီးသည် ဇိမ်ခံစားလျက် အသက်ရှင်ရင်း၊ ငွေဖြုန်းတီးမည်မှာ သေချာပေါက်ဖြစ်သော်လည်း သူမသည် ထိုသို့ လုပ်ဆောင်ခဲ့ပေ။ သူမသည် အိမ်မှုဝေယျဝစ္စများကို လုပ်ဆောင်ရင်း၊ သာမန် အိမ်ရှင်မတစ်ဦးကဲ့သို့ အသက်ရှင်ခဲ့သည်။ နေ့စဉ်နေ့တိုင်း၊ သူမသည် လုံ့လရှိကာ တာဝန်သိတတ်သည်။ သူမ၏ လင်ယောက်ျားနှင့် သူ၏ မိသားစုအပေါ် ကောင်းသည်မှာ သူမကို သီလနှင့်ပြည့်စုံပြီး ကြင်နာတတ်သည်ဟု ခေါ်ဆို၍ရနိုင်ပေသည်။ သို့ရာတွင် ချမ်းသာကြွယ်ဝသော လူသည် သူမကို မည်သို့ ဆက်ဆံသနည်း။ ပထမဆုံး၊ ဤလှပသော အမျိုးသမီးသည် သူနှင့်အတူ အမှန်တကယ် အသက်မရှင်နိုင်မည်ကို သူ စိုးရိမ်ခဲ့ပြီး၊ ၎င်းတို့၏ အိမ်ထောင်ရေး ကြာရှည်မခံမည်ကို စိုးရိမ်ခဲ့သည်။ ထို့ကြောင့် သူ၏ ကြွယ်ဝချမ်းသာမှုများနှင့် အရေးကြီးသည့်အရာများအားလုံးကို မပြောဘဲထားလေသည်။ သူသည် ထိုအရာအားလုံးကို သူ၏ မိန်းမထိန်းချုပ်မှုအောက်တွင် ထားမည့်အစား၊ သူ၏ နာမည်ကိုသာ ခံစေခဲ့သည်။ သို့ရာတွင် လှပသော အမျိုးသမီးသည် ဤအရာတစ်ခုကိုမျှ အရေးမထားခဲ့ပေ။ သူမ၏ ယောက်ျားက သူမကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ သူမကို မယုံကြည်သည်ဖြစ်စေ၊ သူမကို ငွေကြေးဆိုင်ရာ ကန့်သတ်ထားသည်ဖြစ်စေ၊ မလိုမလားဖြစ်ခြင်း သို့မဟုတ် မကျေနပ်ခြင်းတစ်ခုမျှ သူမ ထင်ရှားစေခဲ့ပေ။ ထို့ထက် သူမသည် သာ၍ပင် လုံ့လဝီရိယ ရှိခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးနောက်၊ လှပသော အမျိုးသမီးသည် သားသမီးအချို့ ရှိလာခဲ့ပြီး၊ ယခင်ကကဲ့သို့ သူမ၏ တစ်မိသားစုလုံးကို ဇနီးကောင်းတစ်ဦးနှင့် ချစ်ခင်တတ်သော မိခင်တစ်ဦးအဖြစ် ဆက်လက်ပြုစုစောင့်ရှောက်ခဲ့သည်။ သူမသည် နာခံမှုရှိသည်၊ နူးညံ့သိမ်မွေ့ပြီး၊ သူ၏ လင်ယောက်ျားကို ထောက်ထားတတ်လေသည်။ နောက်ဆုံး၊ တစ်န့တွင်၊ ချမ်းသားကြွယ်ဝသော လူက သူ၏ ဇနီးသည်မှာ သူ စိတ်ကူးခဲ့သည့်အတိုင်း မဟုတ်ဟု ခံစားမိခဲ့သည်။ သူမသည် သူ၏ ချမ်းသာကြွယ်ဝမှုများနောက် လိုက်ခြင်းမရှိသကဲ့သို့၊ သူ၏ ရုပ်ဝတ္ထု ပစ္စည်းများနောက် လိုက်ခြင်းမရှိ။ သူမသည် သာမန်ဘဝနှင့်ဆိုင်သော အရာများကို ကျော်လွန်၍ မည်သည့် အပိုဆောင်း တောင်းဆိုချက်များမရှိခဲ့သည့်အပြင်၊ မိသားစုကို စီမံခန့်ခွဲနိုင်ရန် များစွာ၊ သူမ၏ ငယ်ရွယ်မှု၊ သူမ၏ ရုပ်သွင်နင့် အချိန်တို့ကို အသုံးခံခဲ့သည်။ သူမသည် လုံးဝ ညည်းတွားခြင်းမရှိဘဲ မိသားစုအတွက် လုံ့လရှိပြီး တာဝန်သိတတ်ခဲ့သည်။ ချမ်းသာကြွယ်ဝသော လူသည် စိတ်ထိခိုက်ခံစားသွားသည်။ သူ စိတ်ထိခိုက်ခံစားရသည့်နောက်တွင်၊ သူ၏ ပထမဆုံး အတွေးမှာ အဘယ်နည်း။ သူက၊ “အင်း၊ ငါ၏ ဇနီးသည်သည် အလွန် ယုံကြည်စိတ်ချရသော်လည်း၊ သူ့ကို ငါ သံသယထားခဲ့ပြီး သတိထားခဲ့သည်။ သူ့ကို ထိုသို့ ဆက်ဆံခြင်းအတွက် ငါမတရားခဲ့ပါ။ သူသည် ငါ၏ အချစ်စစ်၊ ငါ ယုံကြည်အကိုးစားထိုက်ဆုံးနှင့် ငါ၏ ယုံကြည်မှုနှင့် အထိုက်တန်ဆုံးသော လူဖြစ်သောကြောင့်၊ သူ့ကို ငါ၏ ချမ်းသာကြွယ်ဝမှုနှင့် ငါ၏ ပစ္စည်းဥစ္စာများအားလုံးကို စောင့်ရှောက်ရန် ငါပေးသင့်သည်။ သူ့ကို ငါ မယုံကြည်လျှင်၊ သူ့ကို သတိထားနေလျှင်၊ ငါသည် သူ့အပေါ် မတရားရာကျနေခြင်း ဖြစ်သည်။ ထိုသို့သော အပြုအမူအတွက် ဂုဏ်သိက္ခာမရှိပါ။ သူသည် နှစ်ပေါင်းများစွာ စမ်းသပ်မှုများကို ဖြတ်သန်းနှင့်ပြီးသား ဖြစ်သည်။ ငါသည် သူ့ကို နောက်ထပ် မည်သို့မျှ သံသယထား၍ မဖြစ်ပါ”ဟု တွေးမည် မဟုတ်လော။ အချက်အလက်များကို မြင်ပြီးနောက်တွင် ဤအတွေးဖြစ်ပေါ်ခဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤအတွေးမျိုးသည် လူသား အကဲဖြတ်ခြင်းမှ လာပေသည်။ အမှုအရာများ သူမထံ ဖြစ်ပျက်သည်နှင့်အမျှ သူမ၏ အပြုအမူကို လေ့လာစောင့်ကြည့်ခြင်းက သူ၏ အကဲဖြတ်ခြင်းကို ဖြစ်ပေါ်စေသည်၊ ယင်းက သူမအပေါ် သူ၏ သတ်မှတ်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့်၊ ချမ်းသာကြွယ်ဝသော လူသည် အလွန်စိတ်လှုပ်ရှားထိခိုက်သည့်အခါ၊ သူကို သူ၏ လုံးဝ ယုံကြည်ကိုးစားမှုကို ပြသကာ သူမ၏ နှစ်ပေါင်းများစွာ သစ္စာစောင့်သိခြင်းနှင့် သူ၌ သူမ၏ ရင်းနှီးမြှုပ်နှံမှုကို တုံ့ပြန်လျက်၊ သူ၏ ချမ်းသာကြွယ်ဝမှုအားလုံးကို သူ့မိန်းမ၏ နာမည်ခံစေခဲ့သည်။ လူအများစုအတွက်၊ ဤသည်မှာ လူသား အသိစိတ်၊ အကဲဖြတ်ခြင်း၊ ကိုယ်ကျင့်တရားများ၊ လူ့ကျင့်ဝတ်များနှင့် ကိုက်ညီပေသည်။ ဤကိစ္စရပ်သည် အဆုံးသတ်ပြီလော။ (အဆုံးမသတ်သေးပါ။) ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းများ ဖြတ်သန်းပြီးနောက်တွင်၊ ချမ်းသာကြွယ်ဝသောလူသည် သူ၏ ကြွယ်ဝမှုများအားလုံးကို သူ၏ ဇနီးသည် နာမည်ခံစေခဲ့သည်။ တစ်နေ့တွင်၊ ချမ်းသာကြွယ်ဝသောလူသည် ထမင်းစားရန် အိမ်ပြန်လာပြီး၊ တံခါးမကို ဝင်လိုက်သည်နှင့်၊ အခြေအနေ မမှန်သည်ကို သူ ခံစားခဲ့ရသည်။ သူ၏ ဇနီးသည်သည် သူ့ကို မကြိုဆို၊ စကားမပြောသကဲ့သို့၊ အိမ်က အေးစက်စက်နိုင်နေသည်။ ယခုအချိန် စားစရာဖြင့် ပြည့်နေတတ်သည့် စားပွဲသည် ယနေ့တွင် အဘယ်ကြောင့် ဘာမျှမရှိဘဲ ဖြစ်နေသနည်း။ သူ နောက်လှည့်ကြည့်လိုက်ပြီး၊ ထမင်းစားပွဲပေါ်တွင် “တာ့တာ” ဟူသော ကြီးမားသည့် စကားလုံးများကို ရေးသားထားသည့် စာတစ်စောင်ကို သူ တွေ့လိုက်ရသည်။

ဇာတ်လမ်းသည် ယခု ပြီးသွားပေပြီ။ သင်တို့အားလုံးသည် ဆိုလိုချက်ကို အနည်းနှင့် အများ နားလည်ကြသည်မှာ သေချာသလောက်ဖြစ်သည်။ ထို့ကြောင့် ဤဇာတ်လမ်းကို ပြောဆိုခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (လူတို့သည် ယုံကြည်ကိုးစား၍ မရသကဲ့သို့ ၎င်းတို့ အလွန်ဟန်ဆောင်ကောင်းလွန်းကြသည်ကို ကျွန်ုပ်တို့ကို သိခွင့်ပေးရန် ဖြစ်ပါသည်။) ချမ်းသာကြွယ်ဝသူသည် အတုအယောင် သွင်ပြင်ဖြင့် လှည့်ဖြားခံခဲ့ရသည်။ ထိုနှစ်ကာလများတစ်လျှောက်လုံးတွင် သူမသည် အပြစ်အနာအဆာတစ်ခုမျှ လုံးဝ ချွတ်ချော်မသွားစေခဲ့သကဲ့သို့ သူမနှင့် နေထိုင်ခဲ့သည့် နှစ်ကာလများတစ်လျှောက်လုံးတွင် ချမ်းသာကြွယ်ဝသူသည် အသေးလေးဆုံး အရိပ်အယောင်မျှကို လုံးဝ မမြင်ခဲ့ပေ။ ဤလှပသော အမျိုးသမီးသည် မည်သည့်လူစားမျိုး ဖြစ်ပါသနည်း။ (သူမသည် အန္တရာယ်များပြီး လှည့်ဖြားတတ်ကာ အထူးသဖြင့် ကောက်ကျစ်ပါသည်။) သူမသည် တကယ့် အစကည်းမှ ဤကြံရွယ်ချက်ရှိသလော သို့မဟုတ် ကြွယ်ဝချမ်းသာမှုအားလုံးကို ရရှိခဲ့ပြီးသည့်နောက် အဆုံးတွင်သာ ဤအရာကို လုပ်ဆောင်ရန် ကြံရွယ်ခဲ့သလော။ (အစကတည်းမှဖြစ်ပါသည်။) ချမ်းသာကြွယ်ဝသူကို လက်ထပ်ခဲ့ချိန်တွင် သူမ၏ မူလရည်ရွယ်ချက်များမှာ အဘယ်နည်း။ ထိုရည်ရွယ်ချက်များကို သူမ ထင်ရှားစေခဲ့သလော။ (မထင်ရှားစေခဲ့ပါ။ သူမ ကွယ်ဝှက်ခဲ့ပါသည်။) သို့ဆိုလျှင် အပေါ်ယံတွင် မည်သည့်အရာကို သူမ ပေါ်လွင်စေပါသနည်း။ (အတုအယောင် သွင်ပြင်တစ်ခုဖြစ်ပါသည်။) လုံးဝ အတုအယောင် သွင်ပြင်တစ်ခု ဖြစ်သည်။ ဤအတုအယောင် သွင်ပြင်၏ နောက်ကွယ် ယင်း၏ အနက်ရှိုင်းဆုံးသော နေရာတွင် မည်သည့်အရာရှိသနည်း။ (သူမသည် ကြွယ်ဝမှုနှင့် အကျိုးအမြတ်ကို ရရှိချင်ခဲ့ပါသည်။) သူမသည် ချမ်းသာကြွယ်ဝသောလူကို စစ်မှန်ရိုးသားစွာ လက်မထပ်ခဲ့ပေ။ သူ၏ ကြွယ်ဝမှုများကိုသာ သူမ လိုချင်ခဲ့ပေသည်။ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ကြာသည်ဖြစ်စေ၊ သူ၏ ကြွယ်ဝမှုများအပေါ် သူ့ကို သူမ လိမ်လည်လှည့်စားနိုင်သရွေ့၊ သူ့ကို လက်ထပ်ရန်ဖြစ်စေ၊ သူမ၏ ငယ်ရွယ်မှုနှင့် အလုပ်ကြိုးစားသော နှစ်ကာလများအားလုံး ကုန်ဆုံးသွားသည်ဖြစ်စေ၊ သူမအဖို့ ကိစ္စမရှိပေ။ ယင်းမှာ သူမ စိတ်နှလုံး၏ အနက်ရှိုင်းဆုံးသော အတွေးဖြစ်သည်။ ဤအတွေးအတွက် သူမ လုပ်ဆောင်ခဲ့သည့် အရာများသည် မည်သည့် စရိုက်လက္ခဏာနှင့် သက်ဆိုင်သနည်း။ (ဟန်ဆောင်ခြင်းနှင့် လှည့်ဖြားခြင်း ဖြစ်ပါသည်။) ယင်းသည် အောက်မေ့သတိရထိုက်သလော သို့မဟုတ် လူတို့သည် သူမကို ပစ်ပယ်သင့်သလော။ (ပစ်ပယ်သင့်ပါသည်။) ထိုအရာသည် ကောင်းသလော သို့မဟုတ် ဆိုးယုတ်သလော။ (ဆိုးယုတ်ပါသည်။) ဆုံးယုတ်ခြင်းသာ ဖြစ်၏။ သူမ၏ လုပ်ရပ်များအားလုံးနှင့် သူမ ပေးဆပ်ခဲ့သည့် အပြင်ပန်း အဖိုးအခများအားလုံးကို မည်သည့် အခြေခံအကြောင်းရင်းအပေါ်တွင် ဆိုးယုတ်မှုအဖြစ် သတ်မှတ်ပါသနည်း။ ဤကောက်ချက်သည် မည်သည့်နေရာမှ လာသနည်း။ (သူမ လုပ်ရပ်များ၏ ကြံရွယ်ချက်များနှင့် စမှတ်တို့အပေါ် အခြေခံပါသည်။) သို့ဆိုလျှင် ဤဇာတ်လမ်းမှ မည်သည့်အရာကို သင်တို့ သိနားလည်ကြသနည်း။ (လူတို့သည် အပြင်ပန်း သွင်ပြင်ကို ကြည့်ကြသော်လည်း၊ ဘုရားသခင်က လူတို့၏ အနှစ်သာရကို ကြည့်ပါသည်။) ယင်းမှာ သေချာပေသည်။ လူတို့သည် အဘယ်ကြောင့် အပြင်ပန်း သွင်ပြင်ကို ကြည့်ကြသနည်း။ လူတို့သည် အခြားသူများ၏ ကြံရွယ်ချက်များနှင့် အရင်းခံအကြောင်းများကို ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များမှ ရှာတွေ့နိုင်သလော။ ယင်းတို့အား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်တို့ သိကြသလော။ (သိသာသည့်၊ အပေါ်ယံအဆင့်ရှိသော အရာများကို ကျွန်ုပ်တို့ မြင်နိုင်ကြပါသည်။) သင်တို့သည် အချို့သော အပြင်ပန်း သရုပ်သကန်များကို မြင်နိုင်သော်လည်း၊ သမ္မာတရားကို သင်တို့ နားလည်ကာ သမ္မာတရား၏ စစ်မှန်မှုအချို့ကို ပိုင်ဆိုင်သည့်အခါ၊ လူတို့၏ အနှစ်သာရကို အနည်းငယ် သာ၍ ရှင်းလင်းစွာ မြင်နိုင်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် အဘယ်ကြောင့် လူတို့၏ စိတ်နှလုံးကို အလွန်ရှင်းလင်းစွာ မြင်နိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သမ္မာတရား ဖြစ်သောကြောင့်၊ သူသည် အရာခပ်သိမ်းတတ်စွမ်းနိုင်ပြီး၊ လူတို့စိတ်နှလုံးများ၏ အတွင်ကျကျနေရာများကို စစ်ဆေးရှာဖွေသောကြောင့် ဖြစ်၏။ လူတို့သည် ဘုရားသခင် လုပ်ဆာင်သကဲ့သို့ အခြားသူများကို အကဲဖြတ်နိုင်သည့် မှန်ကန်သော အကဲဖြတ်ခြင်း စံနှုန်းတစ်ခု ရှိကြသည်ဟု သင်တို့ ထင်ကြသလော။ (မရှိကြပါ၊ အဘယ်ကြောင့်ဆိုသော် လူသားများသည် အားလုံး တစ်မျိုးတစ်စားတည်းဖြစ်ပြီး ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သောကြောင့် ဖြစ်ပါသည်။) လူသားများသည် တစ်မျိုးတစ်စားတည်းသာဖြစ်သောကြောင့်၊ လူသားများကြားတွင် ခြားနားချက်များ ရှိသလော။ သမ္မာတရား ရှိသော တစ်စုံတစ်ဦးနှင့် မရှိသော တစ်စုံတစ်ဦးကြား ခြားနားချက်တစ်ခု ရှိသလော။ ဘုရားသခင်ကို သိသော တစ်စုံတစ်ဦးနှင့် မသိသော တစ်စုံတစ်ဦးကြား ခြားနားချက်တစ်ခု ရှိသလော။ ဘုရားသခင်ကို ကြောက်ရွံ့သော တစ်စုံတစ်ဦးနှင့် မကြောက်ရွံ့သော တစ်စုံတစ်ဦးကြား ခြားနားချက်တစ်ခု ရှိသလော။ (ရှိပါသည်။) မည်သည့် လူစားမျိုးသည် အခြားလူ၏ အနှစ်သာရကို ရိပ်စားမိနိုင်သနည်း။ (ဘုရားသခင်ကို သိပြီး ကြောက်ရွံ့သော တစ်စုံတစ်ဦး ဖြစ်သည်။) နောက်ဆုံး စိစစ်မှုအနေဖြင့်၊ လူတစ်ဦးသည် အခြားလူတစ်ဦး၏ အနှစ်သာရကို မည်သို့ ရိပ်စားမိနိုင်သနည်း။ လူသားများနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး သမ္မာတရား၏ စစ်မှန်မှု ရှိကြသည့်အခါတွင်သာ ထိုအရာကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်ပေသည်။ ထို့နောက် ဘုရားသခင်နှင့် စပ်လျဉ်း၍မူ၊ ဘုရားသခင်သည် လူတို့၏ အနှစ်သာရကို အဘယ်ကြောင့် ရိပ်စားမိနိုင်သနည်း။ ဤကိစ္စရပ်ကို သင် မည်သို့ ရှင်းပြသနည်း။ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအားလုံးကို အကဲဖြတ်ရန် စံနှုန်းဖြစ်ကြောင်း၊ သူသည် အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သောအရာအားလုံးကို အကဲဖြတ်ရန် စံဖြစ်ကြောင်း ပြောဆို၍ရနိုင်သလော။ (ရနိုင်ပါသည်။) ဤစကားများ၏ လက်တွေ့ကျသော အရိပ်လက္ခဏာများမှာ အဘယ်နည်း။ လူတစ်ဦး၏ အပြင်ပိုင်း အပြုအမူသည် ကောင်းမွန်ပြီး စုံလင်ကောင်းစုံလင်နိုင်သော်လည်း၊ သင်သည် သမ္မာတရား၏ စစ်မှန်မှုရှိပါက၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိဆိုသည်ကို ပိုင်းခြားသိမြင်နိုင်သည်။ သို့ရာတွင်၊ သမ္မာတရား၏ စစ်မှန်မှုမရှိပါက၊ စုံလင်သော အပြုအမူရှိသည့်၊ မိမိတို့၏ အပြင်ပန်း သွင်ပြင်ကို ဟန်ဆောင်ကောင်းလွန်းလှသည့် လူတစ်ဦး၊ ဟာကွက်မရှိသည့် ဟန်ဆောင်မှုတစ်ခုကို မြင်သည့်အခါ၊ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိဆိုသည်ကို သင် သိမြင်နိုင်လိမ့်မည်လော။ ၎င်းတို့ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင် သိလိမ့်မည် မဟုတ်။ သမ္မာတရား၏ စစ်မှန်မှုမရှိဘဲနှင့်၊ သင်သည် အခြားသူများကို အကဲဖြတ်ရန် စံနှုန်းတစ်ခု ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့ကို မည်သို့ အကဲဖြတ်ရမည်ကို သိလိမ့်မည် မဟုတ်ပေ။ ကောင်းမွန်သည့် အပြင်ပိုင်း အပြုအမူရှိသည့်သူ၊ ဖော်ရွေစွာ စကားပြောသည့်သူ၊ အလွန် ဆင်းရဲဒုက္ခခံပြီး အသုံးခံသည့်သူ၊ မည်သည့် ပြဿနာကိုမျှ အပြင်ပန်းအားဖြင့် ထုတ်ဖော်မပြသကဲ့သို့၊ ပြောစရာ မည်သည့် အပြစ်မျှမရှိသည့်သူ တစ်စုံတစ်ဦးကို သင် မြင်ပါက၊ ၎င်းတို့အနေဖြင့် လူကောင်းတစ်ဦး သို့မဟုတ် မကောင်းသည့် လူတစ်ဦး​ ဟုတ်မဟုတ်၊ သမ္မာတရားကို ၎င်းတို့ ချစ်ခြင်း ရှိမရှိ သို့မဟုတ် ထိုသမ္မာတရားကို စိတ်ကုန်ခြင်း ရှိမရှိဆိုသည်ကို သင် မည်သို့ အကဲဖြတ်သနည်း။ ဤအရာကို သင် မည်သို့ ပိုင်းခြားသိမြင်သနည်း။ သင်၏ အကဲဖြတ်မှုအတွက် စံနှုန်းတစ်ခု မရှိပါက၊ ၎င်းတို့၏ အပြင်ပိုင်း အပြုအမူနှင့် လုပ်ရပ်များအားဖြင့် အလွန်တကူ သင် ကြောင်းကျိုးမမြင်ဖြစ်လိမ့်မည်။ သင်သည် ကြောင်းကျိုးမမြင်ဖြစ်ကာ ၎င်းတို့၏ လှည့်ဖြားခြင်းခံရပါက၊ ၎င်းတို့က ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိ၊ ကြင်နာတတ်ခြင်း သို့မဟုတ် ဆိုးယုတ်ခြင်း ရှိမရှိဆိုသည်ကို သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်လော။ ပိုင်းခြားသိမြင်နိုင်လိမ့်မည် မဟုတ်။ လူအချို့က၊ “သမ္မာတရားကို နားလည်နိုင်သော လူတို့သည် အခြားသူများ၏ စိတ်နှလုံးများကို ဘုရားသခင်ကဲ့သို့ အလားတူ ဆန်းစစ်နိုင်ကြသလော”ဟု ဆိုကြသည်။ လူသားများသည် ဤအစွမ်းမရှိကြချေ။ ၎င်းတို့အနေဖြင့် သမ္မာတရားအပေါ် သာ၍ နက်ရှိုင်းသည့် သိနားလည်မှုရှိလျှင်ပင်၊ ယင်းမှာ သမ္မာတရား၏ စစ်မှန်မှုကို ၎င်းတို့ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သို့ရာတွင်၊ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပါက၊ အခြားတစ်စုံတစ်ဦးသည် လူကောင်းတစ်ဦး သို့မဟုတ် လူဆိုးတစ်ဦး ဟုတ်မဟုတ်၊ အခြားတစ်စုံတစ်ဦးသည် သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ ရိုးသားခြင်း သို့မဟုတ် လှည့်ဖြားတတ်ခြင်း ရှိမရှိ၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်တတ်ကာ မလိုလားခြင်း ရှိမရှိနှင့် ၎င်းတို့သည် ရိုးသားစစ်မှန်စွာ ဘုရားသခင်နောက်လိုက်ခြင်း သို့မဟုတ် သူတော်ကောင်းယောင်ဆောင်သူတစ်ဦး ဖြစ်ခြင်း ရှိမရှိဆိုသည်တို့ကို ပိုင်းခြားသိမြင်နိုင်ပေသည်။ ဤအရာအားလုံးကို သင် ပိုင်းခြားသိမြင်နိုင်လိမ့်မည်။ နောက်ဆုံး စိစစ်ချက်အနေဖြင့်၊ အရေးအကြီးဆုံးမှာ အဘယ်နည်း။ (သမ္မာတရား၏ စစ်မှန်မှုရှိခြင်း ဖြစ်ပါသည်။) သမ္မာတရား၏ စစ်မှန်မှုမရှိသောလူတို့သည် မည်သည့်အရာကိုမျှ လုံးလုံးလျားလျား နားမလည်နိုင်ပေ။ ၎င်းတို့သည် အမြဲ မိုက်မဲစွာ ပြုမူကြပြီး၊ ဘုရားသခင်နှင့် ကွဲလွဲပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သည့် နည်းလမ်းများဖြင့် ပြုမူဆောင်ရွက်ကြလေသည်။ ထိုသို့သော လူများသည် သနားစဖွယ်ဖြစ်၏။ ဤအရာက လူတစ်ဦးသည် သမ္မာတရားကို ရရှိနိုင်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိ၏ အရေးပါမှုကို ခြုံငုံပေသည်။ မိမိတို့ကိုယ်တိုင်က သမ္မာတရားကို နားမလည်သည့်အချိန်တွင် လူတို့သည် အခြားသူများကု မည်သို့ မြင်ကြသနည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများဖြင့်သာ အခြားသူများကို ကြည့်ရှုနိုင်ကြသည်။ အခြားလူကို ၎င်းတို့ အကဲဖြတ်ကာ အမျိုးအစားခွဲခြားသည့်အခါ၊ ထိုလူများ၏ အစွမ်းအစနှင့် အသိပညာကိုသာ ကြည့်ကြသည်။ ထိုလူများ၏ အပြင်ပိုင်း အပြုအမူသည် လူ့ကျင့်ဝတ်နှင့် ကိုက်ညီခြင်း ရှိမရှိ၊ ရိုးရာယဉ်ကျေးမှုနှင့် လူသား ကျင့်ဝတ်ဆိုင်ရာရှုထောင့်နှင့် ကိုက်ညီခြင်း ရှိမရှိနှင့် ထိုလူများ၏ လုပ်ရပ်များသည် အခြားသူများအား အကျိုးပြုခြင်း ရှိမရှိဆိုသည်တို့ကိုသာ ၎င်းတို့ ကြည့်ကြသည်။ လူတစ်ဦး၏ စကားများနှင့် လုပ်ဆောင်ချက်များသည် အခြေခံအားဖြင့် ယုတ္တိတန်ကြောင်း၊ ထိုလူသည် လူ့ကျင့်ဝတ်များနှင့် အကျင့်သိက္ခာနှင့်ဆိုင်သော လူသား အယူအဆများနှင့် လုံးဝ ကိုက်ညီကြောင်းနှင့် လူတိုင်း၏ အကြိုက်များနှင့် ကိုက်ညီကြောင်း မြင်နိုင်ပါက၊ ထိုလူကို လူကောင်းအဖြစ် ၎င်းတို့ အမျိုးအစားသတ်မှတ်ကြလိမ့်မည်။ သို့ရာတွင် ဘုရားသခင်သည် လူတို့ကို မည်သို့ အမျိုးအစားသတ်မှတ်ပါသနည်း။ ကောက်ချက်များချရန် လူတို့ အသုံးပြုသည့် ဤနည်းစနစ်များနှင့် ၎င်းတို့၏ စမှတ်များအားလုံးသည် လူတစ်ဦး၏ အနှစ်သာရကို ဘုရားသခင် သတ်မှတ်သည့် စံနှုန်းများ ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် မည်သည့်အရာအပေါ် သူ၏ စိစစ်သတ်မှတ်ခြင်းကို အခြေခံသနည်း။ ဘုရားသခင်သည် လူတစ်ဥိး၏ သဘာဝနှင့် အနှစ်သာရအပေါ် သူ၏ စိစစ်သတ်မှတ်ခြင်းကို ၎င်းတို့ စိတ်နှလုံး၏ အတွေးများနှင့် စိတ်ကူးများ၊ ပြီးလျှင် ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များဖြစ်သည့် ၎င်းတို့ စိတ်နှလုံး၏ အတွေးများနှင့် စိတ်ကူးများအပေါ် အခြေခံပေသည်။ ဘုရားသခင်သည် လူတို့စိတ်နှလုံးများ၏ အတွင်းကျကျနေရာများကို စိစစ်ရှာဖွေသည့်သူတစ်ဦးဖြစ်သည်ဟု ပြောရခြင်းသည် ဤတကယ့်အကြောင်းရင်းကြောင့် ဖြစ်ပေသည်။ လူသားတစ်ဦးသည် အခြားလူတို့၏ စိတ်နှလုံး အတွင်းကျကျနေရာများကို စိစစ်ရှာဖွေနိုင်သလော။ (မရှာဖွေနိုင်ပါ။) လူတို့သည် အခြားသူများ၏ အပြင်ပိုင်း သရုပ်သကန်များနှင့် ၎င်းတို့ ထုတ်ဖော်ပြသည့် ရည်ရွယ်ချက်များကိုသာ ၎င်းတို့၏ စကားမှတစ်ဆင့် သို့မဟုတ် အတိအလင်း ဖော်ပြမထားသော ဆိုလိုချက်ကို သုံးသပ်ဖော်ထုတ်ခြင်းမှတစ်ဆင့် မြင်နိုင်ပေသည်။ အမျှော်လင့်နိုင်ဆုံးအနေဖြင့်၊ လူတို့သည် ဤအရာများကိုသာ မြင်နိုင်သောကြောင့် အခြားသူများ၏ အပြုအမူအပေါ် ၎င်းတို့၏ စိစစ်သတ်မှတ်ချက်ကို ၎င်းတို့ မြင်ပြီး ကြားသည့်အရာပေါ်တွင်သာ အခြေခံနိုင်ကြလေသည်။ အခြားတစ်ဖက်တွင်၊ ဘုရားသခင်သည် လူတို့ကို စိစစ်သတ်မှတ်သည့်အခါ၊ ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့ ဦးတည်သည့် လမ်းကြောင်း၊ သို့မဟုတ် သီးသန့် လုပ်ရပ်တစ်ခု၏ အရည်အသွေးကို မကြည့်ပေ။ ၎င်းတို့၏ အစစ်မှန်ဆုံးသော အတွေးများ၊ ၎င်းတို့ပြုမူဆောင်ရွက်သည်နှင့်အမျှ ၎င်းတို့၏ ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များက အမှန်တကယ် မည်သည့်အရာဖြစ်သည်၊ ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရက မည်သည့်အရာကို ဖြစ်ပေါ်စေပြီး၊ ထိုအရာများက ၎င်းတို့အား မည်သည့် လမ်းကို လျှောက်ရန် လှုံ့ဆော်သည်ဆိုသည်တို့ကို ဘုရားသခင် မြင်ချင်သည်။ ဤသည်တို့မှာ ဘုရားသခင် ကြည့်သည့်အရာများ ဖြစ်သည်။ ထို့ကြောင့် သင်တို့ကို ငါ မေး၏၊ ဘုရားသခင်သည် လူတို့စိတ်နှလုံးများ၏ အတွင်းကျကျနေရာများကို စိစစ်ရှာဖွေသည်၊ “လူတို့၏ အတွင်းကျကျနေရာများ”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ရိုးရှင်းစွာ ပြောရလျှင်၊ လူတို့စိတ်နှလုံးများ၏ အစစ်မှန်ဆုံးသော အတွေးများ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ မျက်မှောက်တွင်၊ သင်သည် မိမိကိုယ်ကိုယ် မည်မျှ ဟန်ဆောင်သည်ဖြစ်စေ၊ သင့်ကိုယ်သင် မည်သို့ ဖုံးကွယ်သည်ဖြစ်စေ၊ သို့မဟုတ် သင့်ကိုယ်သင့်အတွက် မည်သည့်အရာကို လုပ်ကြံဖန်တီးသည်ဖြစ်စေ၊ သင်၏ အစစ်မှန်ဆုံး အတွေးများနှင့် သင်၏ အနက်ရှိုင်းဆုံး၊ အတွင်းကျကျ အစိတ်အပိုင်းများတွင် ကွယ်ဝှက်ထားသည့် အရာများအားလုံးအပေါ် ဘုရားသခင်က ရှင်းရှင်းလင်း နားလည်သဘောပေါက်လေသည်။ မိမိ၏ကွယ်ဝှက်ထးသည့် စိတ်အတွင်း၌ဖြစ်သောအရာများက ဘုရားသခင်၏ စိစစ်မှုကို လွတ်မြောက်နိုင်သည့်သူ မည်သူမျှ မရှိပေ။ ငါ ပြောနေသည့်အရာကို သင် နားလည်သလော။ ဘဝနှင့် အပြုအမူ ဆယ်စုနှစ်ချီဖြင့်၊ ထိုလှပသည့် အမျိုးသမီးသည် သူနှင့် အနီးဆုံးသောလူကို လှည့်ဖြားခဲ့သည်။ သင်တို့ထံ အလားတူအရာ ဖြစ်ပျက်ခဲ့လျှင်၊ သင်တို့သည်လည်း လှည့်ဖြားခံရမည် မဟုတ်လော။ (လှည့်ဖြားခံရကြပါမည်။) သို့ဆိုလျှင် သူမသည် သူမ၏ လင်ယောက်ျားကိုသာမက၊ သင်တို့နှင့် အခြားလူတိုင်းကိုလည်း လှည့်ဖြားသည်ဟု သင်တို့ ဆိုနိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သူမသည် သူမစိတ်နှလုံး၏ အစစ်မှန်ဆုံးသော အတွေးများကို အခြားလူတစ်ဦးတလေထံမျှ ထုတ်မပြောခဲ့ပေ။ မည်သူကိုမျှ သူမ မပြောပြခဲ့ပေ။ ထို့အပြင်၊ သူမ၏ ဟန်ဆောင်မှုသည် အကွက်စေ့ပြီး၊ ထိုအရာကို မည်သူမျှ မသိခဲ့ကြချေ။ သို့သော်ငြားလည်း၊ တစ်ခုသာအရာကို သူမ လျစ်လျူရှုမိခဲ့သည်။ ဘုရားသခင်သည် လူတို့ လုပ်ဆောင်သမျှတိုင်းကို စောင့်ကြည့်နေခြင်း ဖြစ်သည်။ အခြားလူတိုင်းကို သူမ လှည့်ဖြားကောင်း လှည့်ဖြားပြီးနိုင်သော်လည်း၊ ဘုရားသခင်ကို မလှည့်ဖြားနိုင်ခဲ့ပေ။ ချမ်းသာကြွယ်ဝသောလူသည် အပြင်ပန်းတွင် လိမ္မာပါးနပ်ပုံရသော်လည်း၊ အမျိုးသမီးတစ်ဦးအတွက် သားကောင်ဖြစ်သွားခဲ့သည်။ ယင်းမှာ သူ့ဘက်မှ ခဏတာဖြစ်သော သတိမမူမိခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို ထိုအရာကို ဖြစ်စေခဲ့သနည်း။ သူသည် သူမကို မရိပ်စားမိနိုင်ခဲ့သောကြောင့် ဖြစ်သည်။ ဤဇာတ်လမ်းနှင့်ပတ်သက်၍ မည်သည့်အမှန်တရားများကို သင်တို့အား ငါ ပြောပြနေသနည်း။ သင်တို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သည်နှင့်အမျှ မှန်ကန်သည့် လမ်းကြောင်း လျှောက်ကာ ပြုမူနေထိုင်ရမည်ဖြစ်ပြီး၊ ဉာဏ်များပြီး ဆိုးယုတ်သည့် နည်းလမ်းများတွင် ပါဝင်ပတ်သက်ခြင်း မပြုရဟု ငါ သင်တို့ကို ပြောနေခြင်းဖြစ်သည်။ ဉာဏ်များပြီး ဆိုးယငတ်သည့် လမ်းကြောင်းများမှာ အဘယ်နည်း။ ဘုရားသခင်ကို ယုံကြည်သူများသည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၊ ၎င်းတို့၏ အပြစ်အနာအဆာများနှင့် ပြစ်ချက်များ၊ ပြီးလျှင် မိမိတို့ကိုယ်ပိုင် ညံ့ဖျင်းသည့် အစွမ်းအစကဲ့သို့သော ပြဿနာများကို ဖုံးဖိရန် သေးငယ်သည့် အကြံအစည်များ၊ လည့်ဖြားပြီး ကောက်ကျစ်သည့် အကွက်များနှင့် လှည့်ကွက်များ လုပ်ဆောင်ခြင်းအပေါ် အမြဲ မှီခိုချင်ကြသည်။ ၎င်းတို့သည် ကိစ္စရပ်များကို သိပ်ဆိုးခြင်းမရှိဟု ၎င်းတို့ တွေးထင်သည့် ဆိုးယုတ်သော အတွေးအခေါ်များအတိုင်း အမြဲ ကိုင်တွယ်ဖြေရှင်းကြသည်။ အပေါ်ယံအဆင့် ကိစ္စများတွင်၊ ၎င်းတို့သည် ဘုရားသခင်နှင့် မိမိတို့၏ ခေါင်းဆောင်များကို မျက်နှာလုပ်သော်လည်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိကြသကဲ့သို့၊ စည်းမျဉ်းများအတိုင်း မပြုမူကြချေ။ ၎င်းတို့သည် “လတ်တလောတွင် ငါ၏ စွမ်းဆောင်ရမည် မည်သို့ ဖြစ်သနည်း။ လူတိုင်းက ငါ့ကို အားပေးကြပါသလား။ ငါ လုပ်ဆောင်ပြီးမျှ ကောင်းသည့်အရာများကို ဘုရားသခင် သိပါသလား။ သူ သိရှိပါက၊ ငါကို ချီးမွမ်းလိမ့်မည်လား။ ဘုရားသခင်၏ စိတ်နှလုံးတွင် ငါ၏ နေရာသည် မည်သည့်အရာဖြစ်သနည်း။ ငါ အရေးကြီးပါသလား”ဟု အမြဲတွေးဆလျက်၊ အခြားသူများ၏ စကားများနင့် အမူအရာများကို သေချာစွာ ချိန်ဆကြသည်။ သွယ်ဝိုက်ဆိုလိုသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးအနေဖြင့်၊ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရလိမ့်မည်လော၊ သို့မဟုတ် ဖယ်ရှားခံရလိမ့်မည်လော။ ဤကိစ္စရပ်များကို အမြဲ တွေးဆခြင်းသည် ဉာဏ်များကာ ဆိုးယုတ်သည့် နည်းလမ်းတစ်ခု မဟုတ်လော။ ဤသည်မှာ ဧကန်အမှန် ဉာဏ်များပြီး ဆိုးယုတ်သာ နည်းလမ်းတစ်ခု ဖြစ်သည်၊ မှန်ကန်သည့် နည်းလမ်း မဟုတ်ပေ။ သို့ဖြစ်၍ မှန်ကန်သည့် နည်းလမ်းမှာ အဘယ်နည်း။ (သမ္မာတရားနှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားရန် ဖြစ်ပါသည်။) မှန်ပေ၏။ ဘုရားသခင်ကို ယုံကြည်သူများအတွက်၊ တစ်ခုတည်းသော မှန်ကန်သည့် နည်းလမ်းမှာ၊ သမ္မာတရား လိုက်စားရန်၊ သမ္မာတရားကို ရရှိပြီး စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို စွမ်းဆောင်ရရှိရန် ဖြစ်သည်။ ကယ်တင်ခြင်းရရှိရန် လူတို့ကို ဘုရားသခင် ဦးဆောင်သည့် လမ်းခရီးသည်သာ စစ်မှန်သည့် လမ်းခရီး၊ မှန်ကန်သည့် လမ်းခရီး ဖြစ်သည်။

လူတို့ စိတ်နှလုံးများ၏ အတွင်းနက်နက် နေရာများကို ဘုရားသခင် စိစစ်ရှာဖွေ၏။ သူသည် လူတို့စိတ်နှလုံးများ၏ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်းများ၊ ၎င်းတို့၏ အစစ်မှန်ဆုံးသော အတွေးများကို မြင်နိုင်သည်။ ဘုရားသခင်က၊ “လူတို့သည် လောက်ကောင်များဖြစ်ကြသည်”ဟု ပြောသည့်အခါ၊ မည်သည့် အခြေခံအကြောင်းရင်းအပေါ် ပြောဆိုသနည်း။ (လူသား၏ သဘာဝနင့် အနှစ်သာရအပေါ် အခြေခံပါသည်။) ဘုရားသခင် ပြောဆိုပြီး မြင်သည့် “လောက်ကောင်များ”၏ အနှစ်သာရ၊ အခြေအနေနှင့် သရုပ်သကန်များကို သင်တို့ စိတ်ဖြာလေ့လာဆွေးနွေးဖူးကြပြီလော။ လူ့အနှစ်သာရ၏ မည်သည့် အရိပ်လက္ခဏာများက ဘုရားသခင်အား ဤအရာကို ၎င်းတို့ထံ ပြောဆိုစေသနည်း။ လူတို့သည် လောက်ကောင်များဖြစ်သည်ဟု အဘယ်ကြောင့် ဘုရားသခင် ပြောဆိုသနည်း။ ဘုရားသခင်၏ အမြင်တွင်၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် သိသာထင်ရှားစွာ သူ၏ ဖန်ဆင်းခြင်း ဖြစ်သည်။ သို့သော် လူသားများ၏ အဖန်ဆင်းခံများ ဖြည့်ဆည်းသင့်သည့် ဝတ္တရားများနှင့် တာဝန်ကို ဖြည့်ဆည်းကြသလော။ လူများစွာတို့သည် မိမိတို့၏ တာဝန်ကို လုပ်ဆောင်ကြသော်လည်း၊ ထိုတာဝန်ကို ၎င်းတို့ လုပ်ဆောင်သည်နှင့်အမျှ ၎င်းတို့၏ စွမ်းဆောင်ရည်သည် အဘယ်သို့ ဖြစ်သနည်း။ ၎င်းတို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်ရာတွင် ကနဦးခြေလှမ်းမလှမ်းကြပေ။ ၎င်းတို့ ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းခံရပါက၊ သို့မဟုတ် ဆုံးမပဲ့ပြင်ခံရပါက၊ ၎င်းတို့ ဆက်လက်ပြီး ရှေ့မဆက်ကြတော့ချေ။ ၎င်းတို့အနေဖြင့် ယုံကြည်ခြင်း အနည်းငယ်မျှ၊ အချို့သော သေးငယ်သည့် တက်ကြွသော အရိပ်လက္ခဏာများကိုပင် ရှိရန်အလို့ငှာ အမြဲ တွေ့ဆုံရန်၊ မိတ်သဟာယပြုပြီး ထောက်ပံ့ပေးခြင်းခံရရန် လိုအပ်လေသည်။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် မိမိတို့ကိုယ်ပိုင် နေရာကို မသိကြသကဲ့သို့၊ မည်သည့်အရာ လုပ်ဆာင်သင့်သည်၊ မည်သည့်အရာ လိုက်စားသင့်သည်၊ သို့မဟုတ် ၎င်းတို့ လျှောက်လှမ်းသင့်သည့် လမ်းကိုလည်း မသိကြချေ။ အချိန်အများစုတွင်၊ ၎င်းတို့သည် မိမိတို့ အလိုဆန္ဒများအတိုင်းပင် ပြုမူကြပြီး၊ ထင်တိုင်းကြဲကြလေသည်။ မကြာခဏ ရေလောင်းခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကြောင့် မဟုတ်လျှင်၊ လူတို့အား မိမိထံ ပြန်လည်လမ်းပြရန် အခြေအနေများကို ဘုရားသခင်က စဉ်ဆက်မပြတ် စီစဉ်ပေးခြင်းကြောင့် မဟုတ်လျှင်၊ မည်သည့်အရာကို လူတို့ လုပ်ဆောင်ကြမည်နည်း။ ထိုသို့သော လူတစ်ဦးသည် မိမိတို့တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်မဟုတ်သည်သာမက၊ အပျက်သဘောဆောင်လာသည်အထိ၊ မိမိတို့အလုပ်တွင် အချောင်ခို၊ ဝတ်ကျေတမ်းကျေပြုမူကာ ဘုရားသခင်ကို လှည့်ဖြားသည်အထိ ၎င်းတို့ အကျင့်ပျက်ကြမည်ဟုလည်း သင် ပြောနိုင်ပေသည်။ တစ်စုံတစ်ဦးသည် မိမိလုပ်ဆောင်သင့်သည့် တာဝန်ကို မလုပ်ဆောင်နိုင်ပါက၊ ၎င်းတို့ လုပ်ရပ်အားလုံး၏ အရည်အသွေးမှာ အဘယ်နည်း။ ထိုအရာများအားလုံး ဆိုးယုတ်သော လုပ်ဆောင်ချက်များဖြစ်သည်ဟု သင်ဆိုနိုင်သည်။ မကောင်းမှုကိုသာ ၎င်းတို့ လုပ်ဆောင်ကြပေသည်။ တစ်နေတာလုံး၊ ၎င်းတို့၏ အတွေးများသည် သမ္မာတရားနှင့် မည်သို့မျှ မပတ်သက်၊ ဘုရားသခင်၏ လမ်းခရီးကို လျှောက်လှမ်းခြင်းနှင့် မည်သို့မျှ မပတ်သက်ချေ။ နေ့စဉ်၊ ၎င်းတို့သည် တွေးတောခြင်း သို့မဟုတ် မည်သည့်အားထုတ်မှုမျှမရှိဘဲ အစာသုံးနပ်စားကြသည်။ ၎င်းတို့တွင် အတွေးတစ်ခုရှိလျှင်ပင်၊ သမ္မာတရား၏ စည်းမျဉ်းများနှင့် မကိုက်ညီသကဲ့သို့ လူသားအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်လည်း မည်သည့် ဆက်နွှယ်မှုမျှ လုံးဝ မရှိပေ။ ၎င်းတို့သည် ဘုရားသခင်ကို သက်သေခံခြင်း လုံးဝမရှိဘဲ၊ အမှုအရာများကို နှောင့်ယှက်ခြင်းနှင့် ဟန့်တားခြင်းတို့ကို လုပ်ဆောင်သည်။ ၎င်းတို့၏ စိတ်နှလုံးသည် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးချမ်းသာကို မည်သို့ရှာဖွေရမည်၊ အဆင့်အတန်းနှင့် ကျော်ကြားမှုအတွက် မည်သို့ ကြိုးပမ်းရမည်၊ အဆင့်အတန်းရှိပြီး ကျော်ကြားရန် အခြားလူများအကြား မည်သို့ ခိုင်မာစွာ ရပ်တည်ရမည်ဆိုသည့် အတွေးများဖြင့် ပြည့်နေသည်။ လူသား အရေးကိစ္စများတွင် ပါဝင်ပတ်သက်ခြင်းမရှိဘဲ ဘုရားသခင်ပေးသည့် အစာကို စားပြီး၊ ဘုရားသခင် ထောက်ပံ့သမျှအာလုံးကို မွေ့လျော်ကြသည်။ ထိုသို့သော လူများကို ဘုရားသခင် မနှစ်သက်ပေ။ ၎င်းတို့ကို သူ မုန်း၏။ ထိုသို့သော လူများသည် မိမိတို့တာဝန်ကို လုပ်ရိုးလုပ်စဉ်မျှတစ်ခုအဖြစ် လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မယုံကြည်သူ ခေါင်းဆောင်တစ်ဦးကဲ့သို့ အလုပ်ကို လေ့လာရန် ဘုရားကျောင်းသို့လာသည်။ ၎င်းတို့သည် တစ်ပတ်ပြည့်အောင်လုပ်ကြသည်၊ ဆောင်ပုဒ်အချို့ကို ဟစ်ကြွေးကြသည်၊ ညီအစ်ကို မောင်နှမများကို ဩဝါဒပေးကြသည်၊ လူတိုင်းကို ၎င်းတို့အား နာခံမှုရှိစွာ နားထောင်စေပြီးနောက် ၎င်းတို့ အပြီးသတ်လိုက်ကြသည်။ တစ်စုံတစ်ဦးက တာဝန်ယူခြင်းမရှိဘဲ မိမိတို့တာဝန်ကို ဝတ်ကျေတမ်းကျေဖြစ်ရုံ လုပ်ဆောင်သည်ကို ၎င်းတို့ မြင်သည့်အခါ၊ “ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်သကဲ့သို့ ငါ၏ အဆင့်အတန်းကို ခြိမ်းခြောက်မှုတစ်ခု မဖြစ်စေသောကြောင့်၊ ငါ ဂရုမစိုက်ပါ”ဟု တွေးကြသည်။ တစ်နေ့ပြီးတစ်နေ့၊ ၎င်းတို့သည် တကယ့်အလုပ်တစ်ခုမျှ လုံးဝ လုပ်ဆောင်ခြင်းမရှိဘဲ၊ တကယ့်ပြဿနာ တစ်ခုမျှ လုံးဝ ဖြေရှင်းခြင်းမရှိဘဲ၊ ဤသို့အလိုက်သင့်လုပ်ဆောင်ကြသည်။ ဤသည်မှာ မည်သည့်လူစားမျိုးဖြစ်သနည်း။ (တွေးတောခြင်းမရှိ၊ သို့မဟုတ် အားထုတ်မှုတစ်ခုမျှမရှိဘဲ တစ်နေ့ အစာသုံးနပ်စားသော တစ်စုံတစ်ဦးဖြစ်ပါသည်။) ၎င်းတို့သည် နေ့ရက်စဉ်တိုင်း လုပ်ဆောင်သင့်သည့်အရာကို မသိကြချေ၊ ထို့ကြောင့် ဘုရားသခင်က ၎င်းတို့ကို နှစ်သက်အားရခြင်း သို့မဟုတ် မုန်းခြင်း ရှိမရှိ၊ သူသည် ၎င်းတို့ကို ဆန်းစစ်နေခြင်း ရှိမရှိဆိုသည်ကို မသိဘဲ၊ နေ့ရက်ကာလများကို သတိမမူစွာဖြင့် ရည်ရွယ်ချက်မဲ့အသက်ရှင်ကြသည်။ ၎င်းတို့ လုပ်ဆောင်သည့် အရာများသည် သမ္မာတရားနှင့် ကိုက်ညီပါသလော။ ၎င်းတို့သည် မိမိတို့တာဝန်များကို ဖြည့်ဆည်းနေကြသလော။ ၎င်းတို့ သစ္စာစောင့်သိကြသလော။ ဝတ်ကျေတမ်းကျေ ဖြစ်နေကြသလော။ ၎င်းတို့ လုပ်ဆောင်သည့်အရာများတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်နေကြသလော။ ဘုရားသခင်ကို ၎င်းတို့ သက်သေခံနေကြသလော။ ဤအရာတစ်ခုမျှ ၎င်းတို့ မသိကြချေ။ တွေးတောခြင်းမရှိ၊ သို့မဟုတ် မည်သည့်အားထုတ်မှုမျှမရှိဘဲ တစ်နေ့ အစာသုံးနပ်စားသည့် တစ်စုံတစ်ဦးကို အများအားဖြင့် “ကပ်ပါးရပ်ပါး” တစ်ဦးအဖြစ် သရုပ်ဖော်ထားလေသည်။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အစားအစာ တစ်ပန်းကန် တည်ခင်းရန်ပင် အလွန် ပျင်းရိကြပြီး ၎င်းတို့နှင့်ပတ်သက်၍ လူတို့ကို စောင့်ဆိုင်းစေချင်ကြသည်။ ဤသည်မှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ နေ့စဉ်နေ့တိုင်း ၎င်းတို့ အလေလိုက်သည့်နေရာတွင် နေကြသည်၊ အစားအစာ ကောင်းမွန်သည့် မည်သည့်နေရာတွင်မဆို စားကြသည်၊ သက်သောင့်သက်သာ နေရာတစ်ခုရှိသည့် မည်သည့်နေရာကိုမဆို အိပ်စက်ရန်သွားကြပြီး၊ ၎င်းတို့ကို မြှောက်ပင့်မည့် လူများရှိသည့် မည်သည့်နေရာကိုမဆို သွားကြလေသည်။ ထိုသို့သော လူတစ်ဦးနှင့် လောက်ကောင်တစ်ကောင်ကြားတွင် ခြားနားချက်မရှိပါသလော။ (မရှိပါ။) ခြားနားချက် မရှိပေ။ ဤလူသား အပြုအမူများအပေါ် အခြေခံ၍၊ လူတို့ကို “လောက်ကောင်များ” ဟုခေါ်ဆိုရန် မမျှတခြင်း ရှိသလော။ (မမျှတခြင်း မရှိပါ။) လူတို့သည် ဤအကျင့်ပျက်သော သဘာဝမျိုးဖြင့် စဉ်ဆက်မပြတ် အသက်ရှင်ကြ၏။ ၎င်းတို့အနေဖြင့် စစ်မှန်သည့်အလုပ် အနည်းငယ်မျှ လုပ်ဆောင်ပြီးနောက်တွင်၊ မိမိတို့၏ အောင်မြင်မှုများအတွက် အသိအမှတ်ပြုခြင်း လိုချင်ကြလေသည်။ လူအချို့က၊ “ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်နေခဲ့သည်မှာ ငါးနှစ် သို့မဟုတ် ခြောက်နှစ် ကြာနှင့်ပြီးဖြစ်သည်။ နေ့စဉ် ကျွန်ုပ်၏ အလုပ်ကို ကျွန်ုပ် မလျှော့တမ်းလုပ်ဆောင်ပြီး၊ ကျွန်ုပ်၏ ဆံပင် ဖြူသွားသည်”ဟု ဆိုကြသည်။ ဤသည်မှာ စက်ဆုပ်ဖွယ် စကားပြောဆိုပုံ မဟုတ်လော။ သင်သည် ပေါလုကဲ့သို့ အလားတူပုံစံဖြင့် စကားပြောနိုင်သနည်း။ သင်၏ အောင်မြင်မှုများအတွက် အသိအမှတ်ပြုခြင်းရရန် ကြိုးစားခြင်းနောက်ကွယ်ရှိ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ သင်သည် ဘုရားသခင်ထံမှ ဆုလာဘ်ရလိုခြင်း ဖြစ်သည် မဟုတ်လော။ ဆုလာဘ်ရလိုသော လူများကို အများအားဖြင့် ငါတို့ မည်သို့ခေါ်ဆိုကြသနည်း။ “သူတောင်းစားများ” ဖြစ်သည် မဟုတ်လော။ ထိုသို့သော လူများသည် အရှက်မဲ့ကြသည် မဟုတ်လော။ သင်သည် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေပြီး၊ မည်သူအတွက် သင် အလုပ်ကြိုးစားနေသနည်း။ ဘုရားသခင်အတွက်လော။ ဘုရားသခင်ကို ထိုသို့သောအရာကို တန်ဖိုးမထားပေ။ အမှန်တွင်၊ သင်သည် မိမိကိုယ်တိုင်ကိုယ်စား ပြုမူနေခြင်း၊ ကယ်တင်ခြင်း ရရှိနိုင်ရန် ပြုမူနေခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သည့် အသိအမှတ်ပြုခြင်းကို သင် လိုချင်ပြီး မည်သည့်ဆုလာဘ်ကို သင် တောင်းဆိုနေသနည်း။ ဘုရားသခင်သည် သင့်ကို သေးငယ်သည့် ကျေးဇူးတော် သို့မဟုတ် နည်းပါးသည့် ကောင်းချီးများသာ ပေးပြီလော။ သင့်အနေဖြင့် ဆုလာဘ် တောင်းဆိုနိုင်ရန်အလို့ငှာ ဘုရားသခင်သည် သင့်ကို ဤဘဝ ပေးပြီလော။ ဘုရားသခင်ကို အစာတောင်းရန် သင်၏ လက်ကိုလှမ်းနိုင်ရန်အလို့ငှာ ဖြစ်သလော။ ယခု သင်သည် သင်၏ ကိုယ်ပိုင်တာဝန်ကို လုပ်ဆောင်နေသည်။ ဤသည်မှာ သင်၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ဘုရားသခင်သည် သင့်ကို တာဝန်တစ်ခု ပေးအပ်ပြီးဖြစ်သည်။ ယင်းမှာ သူ့ဘက်မှ သနားကရုဏာနှင့် ပြည့်စုံခြင်း ဖြစ်သောကြောင့် မည်သည့်အရာကိုမျှ သင် မတောင်းလျှောက်သင့်ပေ။ တောင်းပါက၊ ဘုရားသခင်သည် သင့်ကို မုန်းကာ စက်ဆုပ်လိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ကျေးဇူးတော်နှင့် ဆုလာဘ်များကို အမြဲ တောင်းချင်ကြ၏။ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် နိမ့်ကျသော အကျင့်စရိုက်ရှိသည့် အရှက်မဲ့သောလူများ မဟုတ်လော။ သင်တို့အားလုံးသည် ထိုသို့သော အခြေအနေတစ်ခုတွင် ရှိကြသလော။ (ရှိပါသည်။) ဤအခြေအနေကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် မိမိစကားလုံးများနှင့် လုပ်ဆောင်ချက်များထဲမှ မည်သည့်အရာသည် ဤအခြေအနေနှင့် သက်ဆိုင်သည်ကို သတိပြုရမည်ဖြစ်ပြီး၊ ထို့နောက်တွင် ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့ အမြန်လာကာ သူ၏ စိစစ်မှုကို လက်ခံရမည်။ သင်၏ အကျည်းတန်ခြင်း၊ သဘာဝနှင့် အနှစ်သာရတို့ကို စိတ်ဖြာလေ့လာဆွေးနွေးလော့။ သင်သည် အသိပညာနှင့် သိနားလည်မှုအချို့ ရှိပြီးနောက်၊ ဤအရာများကို သင်၏ ညီအစ်ကို မောင်နှမများထံ ယူဆောင်ကာ ထိုအရာများနှင့် ပတ်သက်၍ မိတ်သဟာယပြပြီး ၎င်းတို့ ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ဖွင့်ချလော့။ သင်သည် ဤသို့ မိတ်သဟာယပြုကာ မိမိကိုယ်ကိုယ် ဖွင့်ချသည့် တစ်ချိန်တည်းတွင်၊ ဘုရားသခင်၏ စိစစ်မှုကို သင် အမှန်တကယ် လက်ခံနေလိမ့်မည်ဖြစ်ပြီး၊ ဤသို့ဖြင့် သင်၏ အခြေအနေသည် တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်။ သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်အလို့ငှာ၊ ပထမဦးစွာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်မျှ ဆိုးယုတ်ပြီး အကျည်းတန်သည်ကို သင် ရှင်းလင်းစွာ သိလာရမည်။ ထိုနောက်မှသာ သင်၏ စိတ်နှလုံးတွင် သင့်ကိုယ်သင် မုန်းနိုင်ပေသည်။ သင်သည် မိမိကိုယ်ကိုယ် မစက်ဆုပ်ပါက၊ ထိုပြဿနာကို သင် မဖြေရှင်းနိုင်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်ခြင်းသည် မည်သို့မျှ မှားယွင်းခြင်းမရှိ၊ ထိုအရာနှင့်ပတ်သက်၍ အခြားသူများ ကိစ္စရှိလိမ့်မည်မဟုတ်သကဲ့သို့၊ မကောင်းသည့် မည်သည့်အရာကိုမျှ သင် မလုပ်ဆောင်သရွေ့ သင် အဆင်ပြေသည်ဟု အမြဲ တွေးထင်ပါက၊ ယင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ထိုသို့သော လူများသည် သမ္မာတရားကို ရရှိနိုင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရယူနိုင်ကြသလော။ လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများကို ဘုရားသခင်က အဘယ်ကြောင့် ဖော်ထုတ်သနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ လေးနက်စွာ မိတ်သဟာယပြုသင့်သည်၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော ပွင့်အံထွက်မှုများကို ဆက်စပ်သင့်ပြီး၊ ထို့နောက်တွင် ထိုအရာများကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လောက်ကောင်များဖြစ်သည်ဟု ဘုရားသခင် ထုတ်ဖာ်ပြသည့် နှုတ်ကပတ်တော်များဖြင့် ယှဉ်ကြည့်သင့်သည်။ ဤပြဿနာ အလွန်ဆိုးရွားသည်ကို သင် မြင်နိုင်ပါသလော။ သင်တို့သည် ထိုအရာကို လက်ခံနိုင်သလော။ (လက်ခံနိုင်ပါသည်။) လူတို့သည် လောက်ကောင်များဖြစ်သည်ဟု ဘုရားသခင် ပြောသည့်အခါ၊ မည်သူကို အဓိက သူ ရည်ညွှန်းနေသနည်း။ လူ၏ အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ မည်သည့်အရာကို သူ ထုတ်ဖော်ပြနေပါသနည်း။ ပထမဆုံး၊ လောက်ကောင်တစ်ကောင်ဖြစ်သည့် တစ်စုံတစ်ဦးသည် ရှက်သည့် ခံစားချက်မရှိဘဲ တန်ဖိုးမဲ့၏။ ဘုရားသခင်၏ အမြင်တွင် ၎င်းတို့သည် တစ်ပြားမျ မတန်ပေ။ ၎င်းတို့ တစ်ပြားမျှမတန်ဟု အဘယ်ကြောင့် ငါ ပြောရသနည်း။ ဘုရားသခင်သည် သင့်ကို ဖန်ဆင်းပြီး၊ သင့်ကို အသက်ပေးခဲ့ကာ သင်သည် မိမိတာဝန်၏ အနိမ့်ဆုံးကိုမျှပင် မလုပ်နိုင်ပေ။ ဘုရားသခင်၏ ရှုထောင့်အမြင်မှကြည့်လျှင်၊ သင်သည် အသုံးမဝင်သကဲ့သို့ သင်၏ ဘဝသည် မလိုလားအပ်သောအရာ ဖြစ်သည်။ ထိုသို့သော လူများသည် လောက်ကောင်များ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် လူတို့သည် လောက်ကောင်များ မဖြစ်ချင်ပါက မည်သည့်အရာကို လုပ်ဆောင်သင့်ကြသနည်း။ ပထမဆုံး၊ သင်သည် ဖန်ဆင်းရှင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ရန်နှင့် ဘုရားသခင်ထံ ရှင်းပြနိုင်ရန်အလို့ငှာ သင်၏ ကိုယ်ပိုင်နေရာကို သင် ရှာသင့်ပြီး၊ ဘယ်နည်းနှင့်ဖြစ်ဖြစ် မိမိတာဝန်ကို လုပ်ဆောင်ရန် နည်းလမ်းရှာသင့်သည်။ ဆက်လက်၍၊ သင်၏ တာဝန်ကို လုပ်ဆောင်ရာတွင် ဝတ်ကျေတမ်းကျေမဖြစ်ဘဲ သစ္စာစောင့်သိမှုကို သင် မည်သို့ ရရှိနိုင်မည်ဆိုသည်ကို တွေးဆေလော့။ ထိုအရာ၌ သင့်စိတ်နှလုံး တစ်ခုလုံး နစ်ထားသင့်သည်။ ဖန်ဆင်းရှင်ကို လှည့်ဖြားရန် မကြိုးစားနှင့်။ သင့်ကို ဘုရားသခင် စေခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လော့၊ နားထောင်ကာ ကျိုးနွံနာခံလော့။ ယခုတွင်၊ ဘုရားနှုတ်ကပတ်တော်များက လူတို့အား လောက်ကောင်းများအဖြစ် ခေါ်ဆိုသည်ကို အခြား အတွေးများ၊ သို့မဟုတ် အတိုက်အခံဖြစ်ခြင်း တစ်ခုတလေ သင်၌ ရှိသလော။ ဤအရာကို မိမိကိုယ်ကိုယ်အတွက် သင် နားလည်သဘောပေါက်နိုင်သလော။ လူအချို့က၊ “ကျွန်ုပ်၏ တာဝန်ကို နှစ်ပေါင်းများစွာ ကျွန်ုပ် လုပ်ဆောင်နေပြီးဖြစ်သောကြောင့်၊ ကျွန်ုပ်သည် လောက်ကောင်တစ်ကောင် မဟုတ်သည်မှာ သေချာသလောက်ဖြစ်သည်၊ မှန်ပါသလား”ဟု ပြောကြသည်။ ၎င်းတို့ မှန်သလော။ (မမှန်ပါ။) အဘယ်ကြောင့် ၎င်းတို့ မှားကြသနည်း။ သင် လောက်ကောင်တစ်ကောင် ဖြစ်သည်၊ မဖြစ်သည်မှာ အပြင်ပန်းတွင် သင် လုပ်ဆောင်သည့်အရာနှင့် မပတ်သက်ပေ။ သင်၏ တာဝန် သင် လုပ်ဆောင်သည်၊ သင်၏ တာဝန်ကို သင် လုပ်ဆောင်သည်နှင့်အမျှ မည်သည့်အခြေအနေတွင် သင်ရှိသည်၊ သင်၏ တာဝန်ကို လုပ်ဆောင်ရန် မည်သည့်အရာအပေါ် သင် မှီခိုသည်၊ သင်၏ တာဝန်ကို သင် လုပ်ဆောင်သည်နှင့်အမျှ ရလဒ်များ စွမ်းဆောင်ရရှိခြင်း ရှိမရှိ၊ သင်၏ တာဝန်များကို သင် ဖြည့်ဆည်းခြင်း ရှိမရှိနှင့် သင်၏ အလုပ်ကို သင် လုပ်ဆောင်နိုင်ခြင်းရှိမရှိဆိုသည်တို့ကို ဘုရားသခင် မြင်လိုသည်။ သင်သည် မိမိတာဝန်ကို သမ္မာတရား၏ စည်းမျဉ်းများအတိုင်း လုပ်ဆောင်ပါက၊ သစ္စာစောင့်သိမှုကို စွမ်းဆောင်ရရှိပါက၊ သင်၏ တာဝန်ကို လက်ခံနိုင်ဖွယ်စံနှုန်းတစ်ခုအထိ လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်ပါက၊ “လောက်ကောင်”ပုံစံ ညွှန်းဆိုမှုကို သင် လွတ်ကင်းပြီး ဖြစ်လိမ့်မည်။

သင်သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံသည်နှင့်အမျှ၊ လူ၏ သဘာဝနှင့် အနှစ်သာရကို ထုတ်ဖော်ပြသည့် သူ၏ နှုတ်ကပတ်တော်များကို ပထမဦးစွာ သင် လက်ခံရမည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို သင် ရှင်းလင်းစွာ မြင်နိုင်ပါက၊ ပြီးလျှင် သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိလာပါက၊ ဤသည်မှာ ကယ်တင်ခြင်း ရရှိရန် သင့်အတွက် ရှေ့ဆက်ခရီးလမ်း မဟုတ်လော။ လူကို တရားစီရင်ပြီး ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို သင် ချဉ်းကပ်သည့်ပုံစံသည် အရေးပါလှ၏။ ဦးစွာပထမ၊ လူ၏ သဘာဝကို ထုတ်ဖော်ပြသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် တွေးဆကာ နားလည်ရမည်။ ဘုရားနှုတ်ကပတ်တော်များ ထုတ်ဖော်ပြသည့် အရာသည် သင်၏ တကယ့် အခြေအနေနှင့် လုံးဝ ကိုက်ညီသည်ဟု သင် ရှင်းလင်းစွာ မြင်နိုင်ပါက၊ သင်သည် အကျိုးကျေးဇူး ခံစားရလိမ့်မည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း ပြီးစီးသည့်အခါ၊ ထိုနှုတ်ကပတ်တော်များကို အခြားသူများနှင့် နှိုင်းယှဉ်လေ့ရှိကြ၏။ ထိုနှုတ်ကပတ်တော်များက အခြားသူများကို ရည်ရွယ်ကြောင်းနှင့် ဘုရားပြောဆိုထားသည့် နှုတ်ကပတ်တော်များသည် မည်မျှ ပြင်းထန်နိုင်သည်ဖြစ်စေ၊ ၎င်းတို့နှင့် ဘာမျှပတ်သက်ခြင်းမရှိဟု အမြဲ တွေးထင်ကြသည်။ ဤသည်မှာ ဒုက္ခပေးတတ်၏။ ဤလူစားမျိုးသည် သမ္မာတရားကို လက်မခံချေ။ သို့ဆိုလျှင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များ တစ်ခုတလေကို သင် ဖတ်ရှုသည့်အခါတိုင်းတွင်၊ ထိုနှုတ်ကပတ်တော်များကို သင်ကိုယ်တိုင်နှင့် အမြဲ နှိုင်းယှဉ်ကြည့်သင့်သည်၊ ထိုနှုတ်ကပတ်တော်များအား သင်၏ ကိုယ်ပိုင်အခြေအနေ၊ သင်၏ ကိုယ်ပိုင် အတွေး၊ ရှုထောင့်အမြင်များနှင့် ပြန်လှန်ညွှန်းသင့်ပြီး၊ သင်၏ ကိုယ်ပိုင် အပြုအမူများနှင့် ပြန်လှန်ညွှန်းသင့်သည်။ သင်သည် ထိုနှုတ်ကပတ်တော်များနှင့် အမှန်တကယ် နှိုင်းယှဉ်နိုင်ပြီး၊ သင်၏ ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ပါက၊ ဤသို့ဖြင့်၊ သင်သည် အကျိုးကျေးဇူး ခံစားရလိမ့်မည်။ ထို့နောက် သင်နားလည်သည့် သမ္မာတရား၏ စစ်မှန်မှုကို အခြားသူများအား သွားကူညီရန် အသုံးပြုသင့်သည်။ ၎င်းတို့ သမ္မာတရားကို နားလည်ပြီး ပြဿနာများကို ဖြေရှင်းရန် ကူညီလော့၊ ၎င်းတို့ ဘုရားသခင် ရှေ့မှောက်သို့ လာပြီး၊ သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံရန် ကူညီလော့။ ဤအရာက အခြားသူများအတွက် ချစ်ခြင်းမေတ္တာကို ပြသပြီး ထိုအရာမှ အကျိုးကျေးဇူး သင် ခံစားနိုင်သည်။ ယင်းသည် သင်ကိုရော၊ အခြားသူများကိုပါ အကျိုးပြုသည်၊ နှစ်ဖက်အကျိုးတစ်ခု ဖြစ်၏။ ဤသို့ပြုမူဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ အိမ်တော်၌ သင့်ကို အသုံးဝင်သောလူတစ်ဦး ဖြစ်စေသည်။ ထိုသို့သော သမ္မာတရား၏ စစ်မှန်မှုကို သင် ပိုင်ဆိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် သက်သေခံနိုင်ပေသည်။ ထိုအခါ သင်သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိသည် မဟုတ်လော။ လူတို့ကို ဘုရားသခင်ဖော်ထုတ်သည့် နှုတ်ကပတ်တော်များ၏ သတိပေးချက်ကို လက်ခံကာ ကျိုးနွံနာခံရန် အလားတူ နည်းလမ်းကို သင် အသုံးပြုသင့်ပြီး၊ ထို့နောက်တွင် သင့်ကိုယ်သင် စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိလာသင့်သည်။ သင်တို့ကိုယ်သင်တို့ ဤသို့ နှိုင်းယှဉ်မည့်နည်းလမ်းကို သင်တို့ သိကြသလော။ (အနည်းငယ်သိပါသည်။) သင်သည် စာတန်ဖြစ်ကြောင်း၊ နတ်ဆိုးဖြစ်ကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိကြောင်းနှင့် သူ့ကို သင် အတိုက်အခံလုပ်ကြောင်း ဘုရားသခင် ပြောဆိုပါက၊ သင်သည် ဤသာ၍ ကြီးမားသည့် ကိစ္စများနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်နိုင်ပေသည်။ သို့ရာတွင် သင် မည်သည့်လူစားမျိုးဖြစ်သည်ဆိုသည်ကို သေချာအောင် လေ့လာစိစစ်ရန် သူ၏ နှုတ်ကပတ်တော်များက ထိုထိုသော အခြားအခြေအနေများနှင့် ပွင့်အံထွက်မှုများကို ကိုင်တွယ်သည့်အခါ၊ ထိုနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် မနှိုင်းယှဉ်နိုင်သကဲ့သို့၊ ထိုနှုတ်ကပတ်တော်များကို သင် လက်မခံနိုင်ပေ။ ဤသည်မှာ အလွန် ဒုက္ခပေးတတ်၏။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် သိရှိခြင်းမရှိဟု ဆိုလိုပါသည်။) သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် မသိသကဲ့သို့၊ သမ္မာတရားကို လက်မခံပေ၊ ထိုသို့ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် “လောက်”၊ “ညစ်ညူးသည့် မကောင်းဆိုးဝါးများ”၊ “တစ်ပြားမှမတန်”၊ “အမှိုက်”နှင့် “အသုံးမကျသူ” ကဲ့သို့သော လူတို့ကို ဖော်ထုတ်ရန် ဘုရားသခင် အသုံးပြုသည့် စကားလုံးများကို တဖြည်းဖြည်း နားလည်လာကြရန် လိုအပ်သည်။ လူတို့ကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ ၎င်းတို့ကို ရှုတ်ချရန် ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာ ဖြစ်သနည်း။ (လူတို့အား မိမိတို့ကိုယ်ကိုယ် သိရှိစေရန်နှင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပယ်စေရန် ဖြစ်သည်။) မှန်ပေ၏။ ဤအရာများကို ဖော်ထုတ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ သင့်အား သင့်ကိုယ်သင် သိခွင့်ပေးရန်၊ ထိုသို့ဖြစ်နေစဉ်တွင် သမ္မာတရားကို ရရှိပြီး သူ၏ အလိုတော်ကို သိနားလည်ခွင့်ပေးရန် ဖြစ်သည်။ ဘုရားသခင်က သင့်ကို လောက်တစ်ကောင်အဖြစ်၊ နိမ့်ကျသည့် လူတစ်ဦးအဖြစ်၊ အသုံးမကျသူအဖြစ် ဖော်ထုတ်ပါက၊ သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင်က၊ “ဘုရားသခင်သည် ကျွန်ုပ်ကို လောက်တစ်ကောင်ဟု ပြောသောကြောင့်၊ ကျွန်ုပ် လောက်တစ်ကောင်ဖြစ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်ကို အသုံးမကျသူဟု ပြောသောကြောင့် ကျွန်ုပ် အသုံးကျလိမ့်မည် မဟုတ်။ ကျွန်ုပ် တစ်ပြားမှမတန်ဟု ဘုရားသခင် ပြောသောကြောင့် ကျွန်ုပ်သည် တန်ဖိုးမဲ့သည့် အမှိုုက်တစ်စ ဖြစ်လိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်ကို ညစ်ညူးသော မကောင်းဆိုးဝါးဖြစ်သည်၊ စာတန်ဖြစ်သည်ဟု ပြောသောကြောင့် ကျွန်ုပ်သည် ညစ်ညူးသော မကောင်းဆိုးဝါး၊ စာတန် ဖြစ်လိမ့်မည်”ဟု ဆိုကောင်းဆိုမည်။ ဤသည်မှာ သမ္မာတရားကို ရရှိရန် နည်းလမ်းဖြစ်သလော။ (မဟုတ်ပါ။) ဤစကားများကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်၊ သူ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ဖော်ထုတ်ခြင်းအားလုံးတွင် သူ၏ နောက်ဆုံး ရည်မှန်းချက်မှာ လူတို့အား သူ၏ အလိုတော်ကို နားလည်ခွင့်ပေးရန်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် သူ့ကို ကျိုးနွံနာခံခြင်း လမ်းကြောင်းပေါ် ခြေလှမ်းခွင့်ပေးရန် ဖြစ်သည်။ ဤလမ်းကြောင်းကို လူတို့ လျှောက်လှမ်းသည်နှင့်အမျှ ဘုရားသခင်ကို ၎င်းတို့ အမြဲ အထင်လွဲပါက၊ သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ၎င်းတို့ မကြာခဏ အပြည့်အဝ လက်မခံနိုင်ပါက၊ ပြီးလျှင် ၎င်းတို့၏ ပုန်ကန်တတ်ခြင်းသည် အလွန်ကြီးမားပါက၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နိုင်သနည်း။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ မကြာခဏ လာရမည်၊ သူ၏ စိစစ်ခြင်းကို လက်ခံရမည်၊ သူ့အား ထပ်တလဲလဲဖြစ်သော စမ်းသပ်မှုနှင့် စစ်ဆေးမှုတစ်လျှောက် သင့်ကို ဦးဆောင်ခွင့်ပေးရမည်ဖြစ်ပြီး၊ သင့်ကို သန့်စင်စေရန် အခြေအနေများကို စီစဉ်ခွင့်ပေးရမည်။ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းသည် အလွန်နက်ရှိုင်း၏၊ ၎င်းတို့သည် မိမိတို့ကို သန့်စင်စေရန် ဘုရားသခင်ကို လိုအပ်သည်။ လူတို့သည် ဤအရာကို လုပ်ဆောင်လိုစိတ်မရှိပါက၊ သက်သောင့်သက်သာဖြစ်ခြင်းများ၌ အမြဲ မွေ့လျော်ပါက၊ ၎င်းတို့သည် အမြဲ နားဝေတိမ်တောင်ဖြစ်ပါက၊ ပြီးလျှင် သမ္မာတရားကို လုံးဝ မရှာဖွေပါက၊ ၎င်းတို့၏ သမ္မာတရားကို ရရှိခြင်း မျှော်လင့်ချက်သည် အလွန်နည်းပါးပေသည်။ လူတို့၏ စိတ်နှလုံး အတွင်းကျကျနေရာများကို ဘုရားသခင်၏ စိစစ်ခြင်းနှင့်ဆိုသည့် လက်တွေ့ကျသော သရုပ်သကန်များစွာ ရှိ၏။ ယင်းတို့ကို ဘုရားသခင် ဖော်ထုတ်သည့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲရှိ အမှုအရာများစွာမှ မြင်နိုင်ပေသည်။ လူ၏ သဘာဝနှင့် အနှစ်သာရအတွင်းရှိ အမှုအရာများကို ဘုရားသခင်သာ မြင်နိုင်၏။ ထို့ကြောင့် သင်သည် ဘုရားနှုတ်ကပတ်တော်များကို နားမထောင်ပါက၊ သင့်ကို ဘုရားသခင်ပြောသည့် နည်းလမ်းအတိုင်း အသက်မရှင်သကဲ့သို့၊ သူ့ကို မယုံကြည်ပါက၊ သို့မဟုတ် သင့်ကို သူ ပြောသည့်နည်းလမ်းဖြင့် မိမိတာဝန်ကို မလုပ်ဆောင်ပါက၊ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းသည့် လမ်းကြောင်းပေါ် အစပြုနိုင်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်မှု လမ်းကြောင်းမှန်ပေါ် အစပြုနိုင်မည်မဟုတ်သကဲ့သို့၊ သင့်အတွက် ကယ်တင်ခြင်းရရှိရန် အလွန်ခက်ခဲပေသည်။ ငါပြောသည့်အရာ မှန်သလော။ (မှန်ပါသည်။) လူတို့သည် မိမိတို့ ကိုယ်ပိုင် နည်းစနစ်များအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် သူ့ကို စိတ်ကျေနပ်စေနိုင်သလော။ (မကျေနပ်စေနိုင်ပါ။) လူတို့ဆိုက်ရောက်သည့် ၎င်းတို့၏ နည်းစနစ်များ၊ စိတ်ကူးများနှင့် နည်းလမ်းများသည် သမ္မာတရားနှင့် မကိုက်ညီသောကြောင့် ဘုရားသခင်ကို ဤသို့ယုံကြည်ခြင်းမျိုးသည် သူ့ကို လုံးဝ စိတ်မကျေနပ်စေနိုင်ပေ။

လူတစ်ဦးက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှုကို တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ပုံနှင့်ဆိုင်သည့် စတ္တုထမြောက် အညွှန်းနှင့်ပတ်သက်၍ ယခုတင် ငါ ပြောခဲ့သည်။ ယင်းမှာ တစ်စုံတစ်ဦးက ၎င်းတို့ ကြုံရသည့် လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများတွင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာ ဖြစ်သည်။ ဘုရားသခင်ကို သင် ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာအား မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရရှိနိုင် သို့မဟုတ် နားမလည်နိုင်ပါက၊ ဘုရားသခင် ပြောပြီး တောင်းဆိုသည့်အရာများကို သင် လုံးဝ သဘောမပေါက်နိုင်ပါက၊ သူ့ကို သင် ကျိုးနွံနာခံနိုင်သလော။ (မနာခံနိုင်ပါ။) ဤသည်မှာ အလွန်ခက်ခဲလွန်းလှ၏။ ထို့ကြောင့် နောက်ဆုံး စိစစ်မှုတွင်၊ ကျိုးနွံနာခံမှုကို ရရှိရန်အလို့ငှာ တစ်စုံတစ်ဦးသည် မည်သည့်အရာ လိုအပ်သနည်း။ (သမ္မာတရားကို နားလည်ရန်လိုအပ်ပါသည်။) လူတစ်ဦးသည် သမ္မာတရားကို နားလည်ပါက၊ ယင်းသည် ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းနှင့် ညီမျှသလော။ (ညီမျှပါသည်။) ဘုရားသခင်၏ အလိုတော်ကို ၎င်းတို့ နားလည်သည်နှင့်တစ်ပြိုင်နက်သာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် သူ၏ အလိုတော်ကို ဖြည့်ဆည်းခြင်းတို့အား ၎င်းတို့ တဖြည်းဖြည်း ရရှိနိုင်ပေသည်။

လူတစ်ဦးသည် မိမိတို့ အသက်ဝင်ရောက်မှုတွင် ကြီးထွားမှု တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရာတွင်၊ အဓိကျသည့် နောက်ထပ်အညွှန်းတစ်ခု ရှိသည်။ ယင်းမှာ ဘုရားသခင်၏ အလိုတော်ကို သင် နားလည်နိုင်ပြီး၊ သင် ကြုံရသည့် အရာများအလယ်တွင် သမ္မာတရားကို ရရှိနိုင်ခြင်း ရှိမရှိဖြစ်သည်။ ယခုတွင်၊ သင်တို့အများစုသည် ကိစ္စတစ်ခု သို့မဟုတ် အခြေအနေတစ်ခုကို ကြုံရသည့်အခါ၊ ထိုအရာမှ သမ္မာတရားမည်မျှ သင် နားလည်နိုင်သနည်း။ သင်သည် ထိုအရာမှ သမ္မာတရားကို ရရှိနိုင်သလော။ နားဝေတိမ်တောင်ဖြစ်စွာ အမြဲပြုမူကာ လက်စမသတ်ရသေးသောအလုပ်များကို ချန်ထားလျက်၊ ကိစ္စရပ်အများစုတွင် သမ္မာတရားကို သင် ရရှိနိုင်သလော သို့မဟုတ် အချိန်အများစုတွင် သမ္မာတရားကို သင် ရရှိနိုင်သလော။ (အချိန်အများစုတွင်၊ ကျွန်ုပ်တို့သည် လက်စမသတ်သောအလုပ်များ ချန်ထားပါသည်။) ဤသည်မှာ သင်တို့၏ စစ်မှန်သော အခြေအနေဖြစ်သည်။ အချိန်အမျာစုတွင် သင်သည် သမ္မာတရားကို မရရှိနိုင်ပေ။ ဤအရာက မည်သည့်အရာကို ပြသသနည်း။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နည်းပါးပြီး၊ ကိစ္စရပ်များစွာကို သင် ကြုံရသည့်အခါ ပြဿနာများကို ဖြေရှင်းရန် လိုအပ်သည့် ဝိညာဉ်ရင့်ကျက်မှု သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှု သင်မရှိပေ။ သင်သည် စမ်းသပ်မှုများ သို့မဟုတ် စုံစမ်းနှောင့်ယှက်ခြင်းများ ကြုံရသည်ဖြစ်စေ၊ သင်၏ သက်သေခံချက်တွင် သင် ခိုင်မာစွာ မရပ်တည်သောကြောင့် သင်သည် သမ္မာတရား၏ စစ်မှန်မှု မရှိပေ။ သင်သည် သင်၏ ကိုယ်ပိုင်ပြဿနာများကို မရိပ်စားမိနိုင်သကဲ့သို့ သင်၏ ကိုယ်ပိုင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကို မသိပါက၊ သင်သည် လုံးဝ ကျရှုံးပေပြီ။ သင်သည် အလားတူ စမ်းသပ်မှုမျိုးကို တစ်ဖန် ကြုံရပါက၊ နားဝေတိမ်တောင်ဖြစ်လိမ့်ဦးမည်ဖြစ်သကဲ့သို့၊ ထိုအရာကို ဖြေရှင်းရန် မပြောင်းလဲသည့် နည်းစနစ်နှင့် ထိုအရာကို ချဉ်းကပ်ရာတွင် မပြောင်းလဲသည့် သဘောထားကို အသုံးပြုလိမ့်မည်။ ဤအရာက ကြီးထွားမှု ကင်းမဲ့ခြင်းကို ပြသလော။ (ပြပါသည်။) သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ယခုတွင် မည်သည့်အတိုင်းအတာအထိ ပိတ်မိနေသလော။ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ၊ သင်သည် စိတ်ရှုပ်ထွေးသွားပြီး၊ ထို့နောက်တွင် ဘုရားနှုတ်ကပတ်တော်များ၊ ဓမ္မတေးသီချင်းများ၊ တရားဒေသနာများနှင့် မိတ်သဟာယများအပြင် သင် ပုံမှန်အားဖြင့် အသုံးပြုသည့် အမျိုးမျိုးသော စည်းမျဉ်းများကို ရှာဖွေသည်၊ သို့မဟုတ်လျှင် သင်သည် မိတ်သဟာယအတူပြုလုပ်ရန် လူများကို ရှာလေသည်။ ဤသည်မှာ လတ်တလောတွင် သင် ရှိသည့် ဝိညာဉ်ရင့်ကျက်မှု ဖြစ်သလော။ (ဟုတ်ပါသည်။) ထို့ကြောင့် သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ကြီးမားသလော၊ သေးငယ်သလော။ (သေးငယ်ပါသည်။) သင်သည် ဤဝိညာဉ်ရင့်ကျက်မှုမျိုးဖြင့် အမှီအခိုကင်းစွာ အသက်ရှင်နိုင်သလော။ ပြဿနာများကို အမှီအခိုကင်းစွာ ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) လတ်တလောတွင် သင်သည် ဤဝိညာဉ်ရင့်ကျက်မှု၌ ရှိပါက၊ အသင်းတော် အသက်တာကို သင် စွန့်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ ညီအစ်ကို မောင်နှမများကို စွန့်သည်နှင့်တစ်ပြိုင်နက်၊ သင်၏ တာဝန်ကို သင် လုပ်ဆောင်သည့်အခြေအနေများနှင့် နေရာများကို သင် စွန့်ခွာသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်နောက်သို့ သင် လိုက်နိုင်သေးသလော။ တကယ့်အဆုံးထိတိုင် သူ့နောက်သို့ သင် လိုက်နိုင်သလော။ ဤသည်မှာ မသိရသေးချေ။ သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက်၊ ဘုရားသခင်နောက် သင် လိုက်နေဆဲဖြစ်သော်လည်း၊ သင်၏ အပြုအမူနှင့် အနေအထိုင်၊ သင် လိုက်စားသည့် ပန်းတိုင်များ၊ သင့်ဘဝ၏ ဦးတည်ချက်၊ ကိစ္စရပ်များအပေါ် သင်၏ ရှုထောင့်အမြင်များ၊ အခြားသူများနှင့် သင် အဆင်ပြေသည့်ပုံနှင့် ကိစ္စရပ်များကို သင် သဘောထားသည့် သဘောထား၊ ဤအရာများတစ်ခုမျှ ပြောင်းလဲလိမ့်မည်မဟုတ်သကဲ့သို့၊ သင်သည် မယုံကြည်သူတစ်ဦးနှင့် ကွာခြားလိမ့်မည် မဟုတ်သည်မှာလည်း ဖြစ်နိုင်ပေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ သင်သည် မိမိကိုယ်ကိုယ် ယုံကြည်သူတစ်ဦးဟုသာ ခေါ်ဆိုခြင်း၊ ဘုရားသခင်ကို မည်ကာမတ္တ ယုံကြည်ဆဲဖြစ်ပြီး၊ သူ၏ နောက်လိုက်များထဲမှ တစ်ဦးအဖြစ် မိမိကိုယ်ကိုယ် ခေါ်ဆိုနေသေးခြင်း ဖြစ်လိမ့်မည်။ သို့ရာတွင် အနှစ်သာရအားဖြင့် ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် မရှိတော့ချေ၊ သင်သည် သူ၏ လမ်းခရီးကို သင့်စိတ်နှလုံးတွင် မစွဲကိုင်တော့သကဲ့သို့ သူနှင့် မည်သို့မျှ မပတ်သက်တော့ချေ။ သင်သည် သူ့ထံ ဆုတောင်းချက်တွင် မည်သည့်အရာပြောရမည်ကို မသိသကဲ့သို့ သင်၏ စိတ်နှလုံးတွင် သူထံ မည်သည့်အရာမျှ ပြောရန်မရှိဘဲ ဘုရားသခင် ရှေ့မှောက်သို့ မကြာခဏ လာသောကြောင့်၊ သင်သည် ဘုရားသခင်ထံမှ အလှမ်းဝေးဝေးသို့ စတင် ရောက်ရှိလေသည်။ အမှုအရာများကို သင် ကြုံရသောအခါ၊ ဘုရားနှုတ်ကပတ်တော်များက သင်၏ လမ်းညွှန်အဖြစ် မဆောင်ရွက်သကဲ့သို့၊ သမ္မာတရားအား မည်သို့ ရှာဖွေရမည်ကိုလည်း သင် မသိချေ၊ ပြီးလျှင် မိမိကိုယ်ပိုင် စိတ်ကူးများအတိုင်း သင် ပြုမူဆောင်ရွက်လေသည်။ ထိုသို့ဖြင့် သင်သည် မယုံကြည်သူစစ်စစ်တစ်ဦး ဖြစ်လာပြီ မဟုတ်လော။ ဤစကားများဖြင့် မည်သည့်အရာကို ငါ ဆိုလိုသနည်း။ လူတစ်ဦးသည် သမ္မာတရားကို မရရှိမီ၊ ၎င်းတို့ထံ အမှုအရာများဖြစ်ပျက်သည့်အခါ ၎င်းတို့ အမြဲ စိတ်ရှုပ်ထွေးကြလေသည်။ သမ္မာတရားအား မည်သို့ အသုံးပြုရမည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ အမှုအရာများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြချေ။ သင်သည် ကောင်းမွန်သည့် သို့မဟုတ် ဆိုးရွားသည့် အခြေအနေများတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် စုံစမ်းခြင်း ခံရသည်ဖြစ်စေ၊ စစ်ဆေးခြင်းခံရသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ရမှန်းမသိ အမြဲ ဖြစ်လေသည်။ သင်သည် ထိုအရာကို မတက်မကြွ ကိုင်တွယ်ဖြေရှင်းရုံမျှဖြေရှင်းပြီး၊ အမှုအရာများကို ဖြေရှင်းရန် အပြုသဘောဆောင်သော သဘောထား သို့မဟုတ် သမ္မာတရားကို အသုံးမပြုနိုင်ချေ။ မည်သည့် အခြေအနေများကို သင် ကြုံရသည်ဖြစ်စေ၊ သင်သည် ထိုအရာများကို ကြံ့ကြံ့ခံနိုင်စွမ်း လုံးဝ ကင်းမဲ့ပြီး၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုဖို့ အစမပြုနိုင်ပေ။ ထိုပြဿနာများကို ဖြေရှင်းရန် ထိုအခိုက်တွင် သမ္မာတရားကို သင် ရှာဖွေပြီး၊ ဤကိစ္စနှင့်စပ်လျဉ်း၍ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် သင် ကြိုးစားမည်ဆိုလျှင်ပင်၊ လုပ်ဆောင်နိုင်မည်မဟုတ်။ သို့ဆိုလျှင် သင်၏ အပြုအမူနှင့် ဘဝမည်မျှသည် ဘုရားသခင်နှင့် ဆက်နွှယ်သနည်း၊ ယုံကြည်သူတစ်ဦး ရှိသင့်သည့် အပြုအမူ၊ ဘဝနှင့် မည်မျှ ဆက်နွှယ်သနည်း။ သင့်စိတ်နှလုံး၏ လုပ်ရိုးလုပ်စဉ်နှင့် ပုဂ္ဂလဓိဋ္ဌာန်ကျကျ စိတ်ဆန္ဒများအရ ရာခိုင်နှုန်းတစ်ခုသာ ဘုရားသခင်နှင့် ဆက်နွှယ်ပြီး၊ ကိုးဆယ့်ကိုးရာခိုင်နှုန်းသည် သမ္မာတရားနှင့် မဆက်နွှယ်ပါက၊ သင်သည် ဘုရားသခင်က၊ “သင်တို့ပြုသောအရာများစွာသည် သမ္မာတရားနှင့် ဆီလျော်မှုမရှိ”ဟု ပြောထားသည့်အတိုင်းသာ ဖြစ်၏။ ဤသည်မှာ အလွန်ထိတ်လန့်ဖွယ်ရာဖြစ်ပြီး အလွန်အန္တရာယ်များသည် မဟုတ်လော။ ထို့ကြောင့် လူတို့ ရင်ဆိုင်ရသည့် ပြဿနာများမှာ အဘယ်နည်း။ လူတို့သည် ဘုရားသခင် စီစဉ်ပြီးသည့် အခြေအနေများကို စွန့်ခွာပါက၊ ၎င်းတို့ကို ဘုရားသခင် စုံလင်စေမည့် အခွင့်အရေးကို ၎င်းတို့ ဆုံးရှုံးကြ၏။ ၎င်းတို့သည် ဘုရားသခင်၏ လေးနက်သည့် ရည်ရွယ်ချက်များနှင့် မထိုက်မတန် ဖြစ်လာကြပြီး၊ ၎င်းတို့အတွက် တမင် ဘုရားသခင် စီစဉ်သည့် သင်ခန်းစာများကို ၎င်းတို့ လက်လျှော့ကြပေသည်။ ဤသည်မှာ ဘုရားသခင်ကို ဝမ်းနည်းကြေကွဲမှု အဖြစ်စေဆုံးသောအရာ ဖြစ်သည်။ လူတို့အနေဖြင့် သမ္မာတရားကို လိုက်စားနိုင်ရနအလို့ငှာ ဘုရားသခင်သည် ၎င်းတို့အတွက် သင့်တော်သော အခြေအနေများကို စီစဉ်ပေးသည်။ လူတို့သည် မိမိတို့တာဝန်များကို လက်လျှော့ပါက၊ သမ္မာတရား လိုက်စားခြင်းကို လက်လျှော့ပါက၊ ဘုရားနှုတ်ကပတ်တော်များကို မဖတ်ကြသကဲ့သို့ အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ထံမှ သွေဖည်နိုင်စွမ်းရှိပါက၊ ၎င်းတို့သည် စစ်မှန်ရိုးသားသော ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်ကြသလော။ လုံးဝ မဟုတ်ပေ။ ဤအရာကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်သည်မှာ သေချာသလောက် ဖြစ်သည်။ ဤသည်မှာ ယခု သင်တို့၏ တကယ့် ဝိညာဉ်ရင့်ကျက်မှု ဖြစ်သည်။ သမ္မာတရားကို မလိုက်စားသောလူတို့သည် ဘုရားသခင်၏ အလိုတော်ကို လုံးဝ နားမလည်ကြချေ။ လူတို့သည် ၎င်းတို့အတွက် ဘုရားသခင် စီစဉ်သည့် အခြေအနေများကို လုံးဝ နားမလည်သကဲ့သို့၊ မည်သို့ဆုတောင်းရမည် သို့မဟုတ် ဘုရားသခင်နှင့် မည်သို့ ဆက်သွယ်ပြောဆိုရမည်ကို မသိပါက၊ ဤလူများသည် မည်သည့် ဝိညာဉ်ရင့်ကျက်မှုမျိုး ရှိကြသနည်း။ ယင်းမှာ ၎င်းတို့၏ ဝိညာဉ်ရင်ကျက်မှု အလွန်သေးငယ်ပြီး သမ္မာတရားအား မည်သို့ လိုက်စားရမည်ကို ၎င်းတို့ မသိကြခြင်း ဖြစ်သည် မဟုတ်လော။ သမ္မာတရားအား မည်သို့ လိုက်စားရမည်ကို ၎င်းတို့ မသိပါက၊ ထိုသမ္မာတရားကို မည်သို့ ရရှိနိုင်ကြမည်နည်း။ ပုဂ္ဂလဓိဋ္ဌာန်ကျကျ ရှုထောင့်အမြင်မှကြည့်လျှင်၊ သင်သည် အရာရာကို စွန့်ပစ်ပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်ကို သင်၏ ယုံကြည်မှုသည် စစ်မှန်ကြောင်း သင် ထင်ကောင်းထင်နိုင်သော်လည်း၊ အမှန်တွင်၊ သင်သည် သမ္မာတရားကို လက်မခံသကဲ့သို့ ဘုရားသခင်သည် သင့်စိတ်နှလုံးကို မရရှိသေးချေ။ ဤသည်မှာ မှန်ကန်သည် မဟုတ်လော။ (မှန်ပါသည်။) ဘုရားသခင်သည် သင်၏ စိတ်နှံလုံးကို မရရှိသေး၊ ယင်းမှာ ကိစ္စရပ်များစွာတွင်၊ သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်နိုင်စွမ်းရှိနေသေးပြီး၊ ဘုရားသခင်၏ တည်ရှိခြင်းကိုပင် သင် ငြင်းပယ်သည်အထိ ဘုရားသခင်ထံမှ သင် သွေဖည်နိုင်စွမ်းရှိသေးသည်ဟု ဆိုလိုပေသည်။ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း မရှိနိုင်၊ ဘုရားသခင်ကို သစ္စာမစောင့်သိနိုင်သကဲ့သို့ မကြောက်ရွံ့နိုင်ရုံမက၊ အချိန်တိုင်း နေရာတိုင်းတွင် ဘုရားသခင်ကို အတိုက်အခံလုပ်ကာ သစ္စာဖောက်နိုင်စွမ်းလည်း ရှိပေသည်။ ဤသည်မှာ သမ္မာတရား မရရှိမီ လူတို့ရှိကြသည့် အခြေအနေဖြစ်သည်။ ဤအရာအားလုံးကို သင့်ထံ ပြောဆိုရာတွင် ငါ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဤစကားများကို အဘယ်ကြောင့် ငါ ပြောသနည်း။ သင်တို့ကို စိတ်ပျက်စေရန် ဖြစ်သလော။ (မဟုတ်ပါ၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုကို သိရှိခွင့်ပေးရန် ဖြစ်ပါသည်။) ဤစကားများသည် သင်တို့အတွက် သတိပေးချက်ဖြစ်ပြီး သင်တို့ကို အကျိုးရှိစေလိမ့်မည်။ ယုံကြည်သူတစ်ဦးအနေဖြင့်၊ သမ္မာတရားကို သင် မရရှိပါက၊ ဘုရားသခင်ကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သင့်ကို သူ ရရှိရန်လည်း ဖြစ်နိုင်လိမ့်မည် မဟုတ်။ သို့ဖြစ်၍ ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် သမ္မာတရားကို လိုက်စားခြင်းသည် အရေးအကြီးဆုံးသောအရာ ဖြစ်သည်။

သမ္မာတရားကို လိုက်စားရန် အကြင်သူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား အာရုံစိုက်ရမည်ဖြစ်သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မည်သည့်နေရာမှ စတင်သင့်သနည်း။ ဤအတွက် စည်းမျဉ်းမရှိပေ။ သင်နားလည်သည့် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကိုမဆို သင် လက်တွေ့လုပ်ဆောင်သင့်သည်။ သင်သည် တာဝန်တစ်ခုကို စတင်လျှင် သင့်တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လိုက်စားခြင်းအား စတင်သင့်သည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်း၌ လက်တွေ့လုပ်ဆောင်ဖို့ သမ္မာတရား၏ သွင်ပြင်လက္ခဏာများစွာရှိပြီး၊ သင်နားလည်သည့် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကိုမဆို လက်တွေ့လုပ်ဆောင်သင့်သည်။ ဥပမာအနေဖြင့် ရိုးသားသောလူတစ်ဦးဖြစ်ခြင်းဖြင့်လည်းကောင်း၊ ရိုးသားစွာ စကားပြောဆိုခြင်းဖြင့်လည်းကောင်း၊ ပြီးလျှင် သင်၏စိတ်နှလုံးကို ဖွင့်ဟခြင်းဖြင့်လည်းကောင်း သင် စတင်နိုင်သည်။ သင်၏ ညီအစ်ကို မောင်နှမများနှင့် ပြောဆိုဖို့ အလွန် အခက်ကြုံရသည့် အရာတစ်ခုခု သင်၌ရှိလျှင်၊ ဒူးထောက်ကာ ထိုအရာကို ဘုရားသခင်အား ဆုတောင်းခြင်းမှတဆင့် သင် ပြောပြသင့်သည်။ ဘုရားသခင်ကို သင်ဘာပြောသင့်သနည်း။ သင့်စိတ်နှလုံးတွင် ရှိသောအရာကို ဘုရားသခင်အား ပြောလော့၊ အနှစ်မဲ့သော အာလာပသလ္လာပများကို မပြောနှင့်၊ သို့မဟုတ် သူ့ကို လှည့်ဖြားရန် မကြိုးပမ်းနှင့်။ ရိုးသားခြင်းနှင့် အစပြုလော့။ သင် အားနည်းခဲ့လျှင်၊ သင်အားနည်းခဲ့သည်ဟု ပြောလော့၊ သင် ဆိုးယုတ်ခဲ့လျှင် သင် ဆိုးယုတ်ခဲ့မိသည်ဟု ပြောလော့၊ သင် လှည့်ဖြားခဲ့လျှင် သင် လှည့်ဖြားခဲ့သည်ဟု ပြောလော့၊ ရက်စက်ပြီး ခိုးကြောင်ခိုးဝှက်အတွေးများ သင်၌ ရှိခဲ့ဖူးလျှင်၊ ၎င်းတို့အကြောင်းကို ဘုရားသခင်အား ပြောလော့။ အဆင့်အတန်းအတွက် သင် အမြဲ ယှဉ်ပြိုင်နေလျှင် ဤအရာကိုလည်း သူ့အား ပြောလော့။ သင့်ကို ဘုရားသခင် ဆုံးမပဲ့ပြင်စေလော့၊ သင့်အတွက် ပတ်ဝန်းကျင်များကို သူ့အား စီစဉ်စေလော့။ သင်၏ အခက်အခဲများအားလုံးကို သင် ဖြတ်သန်းပြီး သင်၏ ပြဿနာအားလုံးကို ဖြေရှင်းဖို့ ဘုရားသခင်ကို ကူညီခွင့်ပေးလော့။ သင်၏စိတ်နှလုံးကို ဘုရားသခင်ထံ သင်ဖွင့်ဟသင့်၏၊ ယင်းကို ပိတ်မထားပါနှင့်။ သူ့ကို သင်အဝင်မခံလျှင်ပင် သင့်အထဲကို သူမြင်နိုင်သေး၏၊ သို့သော်လည်း သူ့ကို သင်၏စိတ်နှလုံးအား ဖွင့်ဟလျှင် သမ္မာတရားကို သင်ရရှိနိုင်သည်။ ဤသို့ဆိုလျှင် မည်သည့်လမ်းကြောင်းကို သင်ရွေးချယ်သင့်သနည်း။ သင်သည် သင်၏စိတ်နှလုံးကို ဖွင့်ဟပြီး ဘုရားသခင်အား သင့်စိတ်နှလုံးထဲတွင် ရှိသည့်အရာကို ပြောပြသင့်သည်။ မည်သည့်အကြောင်းနှင့်မျှ သင်သည် မစစ်မှန်သော အရာကို မပြောသင့်ပေ၊ သို့မဟုတ် သင့်ကိုယ်သင် အယောင်မဆောင်သင့်ပေ။ ရိုးသားသူတစ်ဦး ဖြစ်ခြင်းအားဖြင့် သင်စတင်သင့်သည်။ နှစ်များစွာကြာသည်အထိ ငါတို့သည် ရိုးသားသော လူတစ်ဦးဖြစ်ခြင်းအကြောင်း သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုနေခဲ့ကြသည်။ သို့တိုင်အောင် ယခုအခါတွင် အရေးမစိုက်သူများ၊ ၎င်းတို့၏ ကိုယ်ပိုင်ကြံရွယ်ချက်များ၊ ဆန္ဒ၊ ဦးတည်ချက်များနှင့်အညီ၊ နောင်တရဖို့ လုံးဝ မတွေးကြသောသူများနှင့်အညီ ပြောဆိုပြုမူသူများ များစွာရှိသေးသည်။ ဤသည်မှာ ရိုးသားသောသူတို့၏ သဘောထား မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို အဘယ်ကြောင့် ရိုးသားရန် တောင်းဆိုသနည်း။ ယင်းသည် လူတို့ကို နားလည်ဖို့ ပိုမိုလွယ်ကူစေရန် ပြုလုပ်ခြင်းဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ဘုရားသခင်သည် ရိုးသားသည့်သူများကို ချစ်ပြီး ကောင်းကြီးပေးသောကြောင့် လူများကို ရိုးသားဖို့ တောင်းဆိုသည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်။ ယုံကြည်စိတ်ချရသည့်သူတစ်ဦး၊ ဘုရားသခင် ချစ်သည့်သူတစ်ဦးနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင် ချစ်နိုင်သည့် သူတစ်ဦးဖြစ်ခြင်းကို ဆိုလိုသည်။ ရိုးသားသောသူတစ်ဦးဖြစ်ခြင်းသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းနှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းတို့၏ အခြေခံအကျဆုံး သရုပ်သကန်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မည်သည့်အခါမျှ မရိုးသားဖူးပါက၊ သို့မဟုတ် ရိုးသားရန် မစဉ်းစားခဲ့ဖူးပါက၊ သူသည် သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို နားမလည်နိုင်သူဖြစ်သည်။ ကျွန်ုပ်ပြောသည်ကို မယုံကြည်လျှင် သင့်ဘာသာ သွား၍ ကြည့်လော့၊ သို့မဟုတ် သင့်ဘာသာ ဤအရာကို သွား၍ ကြုံတွေ့လော့။ ရိုးသားသူတစ်ယောက် ဖြစ်ခြင်းအားဖြင့်သာ သင်၏ စိတ်နှလုံးကို ဘုရားသခင်ထံ ဖွင့်ဟနိုင်သည်။ သမ္မာတရားကို လက်ခံနိုင်သည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာနိုင်သည်။ သမ္မာတရားကို သင်နားလည်နိုင်ပြီး ရရှိနိုင်သည်။ သင်၏ စိတ်နှလုံးသည် အမြဲ ပိတ်လျက်ရှိနေပြီး၊ သင်ဖွင့်ဟပြောဆိုခြင်းမရှိ သို့မဟုတ် သင့်စိတ်နှလုံးထဲရှိသောအရာကို မည်သူ့ကိုမျှ မပြောလျှင်၊ သင် ပွင့်ပွင့်လင်းလင်း မပြောဆိုသည်မှာ မည်သူကမျှ သင့်ကို နားမလည်နိုင်သည်အထိဖြစ်လျှင်၊ သင်၏ အကာအဆီးမှာ ထူလွန်းပြီး သင်သည် လူတို့တွင် အလှည့်စားဆုံးဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်ထံ မိမိကိုယ်ကိုယ် သက်သက် မဖွင့်ဟနိုင်လျှင်၊ င်၊ သင်သည် ဘုရားသခင်ကို လှည့်စားရန် ဘုရားသခင်ကို လိမ်ညာနိုင်လျှင်၊ သို့မဟုတ် ချဲ့ကားပြောဆိုနိုင်လျှင်၊ သင်သည် ဘုရားသခင်ထံ သင်၏ စိတ်နှလုံးကို ဖွင့်ဟနိုင်စွမ်းမရှိလျှင်၊ လှည့်ပတ်ပြောဆိုပြီး သင်၏ ရည်ရွယ်ချက်များကို ဖုန်းကွယ်နိုင်သေးလျှင် သင့်ကိုယ်သင်သာ ထိခိုက်စေလိမ့်မည်။ ဘုရားသခင်က သင့်အား လျစ်လျူရှုပြီး သင်၌ အလုပ်လုပ်မည် မဟုတ်ချေ။ သင်က မည်သည့် သမ္မာတရားကိုမျှ နားလည်မည်မဟုတ်ပေ။ မည်သည့် သမ္မာတရားကိုမျှ ရရှိမည်မဟုတ်ပေ။ ယခုတွင် သမ္မာတရားကို လိုက်စားခြင်းနှင့် ရရှိခြင်း၏ အရေးပါမှုကို သင် မြင်နိုင်သလော။ သမ္မာတရားကို လိုက်စားရန် ပထမဆုံး သင် လုပ်ဆောင်သင့်သည့်အရာသည် မည်သည့်အရာဖြစ်သနည်း။ သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်သင့်သည်။ လူတို့သည် ရိုးသားဖို့ကြိုးစားကြမှသာ ၎င်းတို့ မည်မျှ အလွန်အမင်း ဖောက်ပြန်ပျက်စီးသည်၊ ၎င်းတို့၌ လူသားသဏ္ဌာန် အကယ်ရှိသည်၊ မရှိသည်ကို သိနိုင်ပြီး ၎င်းတို့ကိုယ်၎င်းတို့ အကဲဖြတ်ဆန်းစစ်ကာ ၎င်းတို့၏ အားနည်းချက်များကို မြင်နိုင်ပေသည်။ ရိုးသားမှုကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နေသည့် အခါမှသာ ၎င်းတို့ မုသားများ မည်မျှပြောဆိုပြီး ၎င်းတို့၏ လှည့်ဖြားခြင်းနှင့် မရိုးသားမှုတို့ မည်မျှ နက်ရှိုင်းစွာ ကွယ်ဝှက်ထားသည်ကို သိလာနိုင်ပေသည်။ ရိုးသားခြင်းကို လက်တွေ့လုပ်ဆောင်ခြင်း အတွေ့အကြုံ ရှိကြစဉ်တွင်သာ လူတို့သည် ၎င်းတို့ ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို တဖြည်းဖြည်း သိလာနိုင်ပြီး၊ ၎င်းတို့ ကိုယ်တိုင်၏ သဘာဝနှင့်အနှစ်သာရကို သိရှိနိုင်ကာ၊ ထိုအခါမှသာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် စဉ်ဆက်မပြတ် သန့်စင်ခံရလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ စဉ်ဆက်မပြတ် သန့်စင်ခံရခြင်း ဖြစ်စဉ်တွင်သာ လူတို့သည် သမ္မာတရားကို ရရှိနိုင်ကြပေသည်။ ဤနှုတ်ကပတ်တော်များကို အချိန်ယူ၍ တွေ့ကြုံခံစားလော့။ ဘုရားသခင်သည် လှည့်ဖြားသောသူများကို မစုံလင်စေပေ။ အကယ်၍ သင်၏စိတ်နှလုံး မရိုးဖြောင့်ပါက၊ သင်သည် ရိုးသားသောသူတစ်ဦးမဟုတ်ပါက၊ သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ ထိုနည်းတူ သင်သည် သမ္မာတရားကို ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ဘုရားသခင်ကို ရရှိနိုင်စွမ်းလည်း ရှိလိမ့်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို မရလျှင် မည်သို့ အဓိပ္ပာယ်ရသနည်း။ သင်သည် ဘုရားသခင်ကို မရရှိလျှင် သင်သည် သမ္မာတရားကို နားမလည်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ကို သင်သိမည်မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်ဖို့ လမ်းမရှိပေ။ ဤဖြစ်ရပ်တွင် သင်သည် ဘုရားသခင်၏ ရန်သူဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် သဟဇာတမဖြစ်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်လျှင် သင်သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ သင်သည် ကယ်တင်ခြင်းကို ရယူရန် မရှာဖွေလျှင် အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်သနည်း။ အကယ်၍ သင်သည် ကယ်တင်ခြင်း မရနိုင်ပါက၊ သင်သည် ဘုရားသခင်၏နာကြည်းသော ရန်သူတစ်ဦး ထာဝရဖြစ်ပြီး သင်၏ရလဒ် ချမှတ်ခံရလိမ့်မည်။ ထို့ကြောင့်၊ လူတို့သည် ကယ်တင်ခံရရန် ဆန္ဒရှိကြပါက၊ ရိုးသားခြင်းဖြင့် စတင်ရမည်။ အဆုံးတွင်၊ ဘုရားသခင်၏ ရယူခြင်းခံရသောသူတို့သည် လက္ခဏာတစ်ခုဖြင့် အမှတ်အသားပြုခံရကြသည်။ ယင်းမှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ ယင်းကို သမ္မာကျမ်းစာထဲက ဗျာဒိတ်ကျမ်းတွင် ရေးသားထားသည်- “အပြစ်နှင့် ကင်းလွတ်ကြသည်ဖြစ်၍ သူတို့နှုတ်၌ မုသားမရှိ။” (ဗျာဒိတ်ကျမ်း ၁၄:၅) သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့ “သူတို့” ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ စုံလင်စေခြင်း ခံရပြီး ရယူခြင်းခံရသူများ ဖြစ်သည်။ ဤလူများကို ဘုရားသခင်က မည်သို့ ဖော်ပြသနည်း။ ၎င်းတို့ အပြုအမူ၏ ထူးခြားသော လက္ခဏာများနှင့် ဖော်ပြချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အပြစ်နှင့်ကင်းလွတ်ကြသည်။ မုသားများ မပြောကြပေ။ မုသားများ မပြောဆိုခြင်းက မည်သည့်အရာ ဆိုလိုသည်ကို သင်တို့အားလုံး နားလည်သဘောပေါက်ခြင်း ရှိကောင်းရှိနိုင်သည်။ ယင်းမှာ ရိုးသားခြင်းကို ဆိုလိုပေသည်။ “အပြစ်ကင်းလွတ်ခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ မကောင်းမှုကို မလုပ်ခြင်းကို ဆိုလိုသည်။ မကောင်းမှုကို မလုပ်ခြင်းသည် မည်သည့် အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသနည်း။ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသည်မှာ သံသယ ရှိစရာမလိုပေ။ ထို့ကြောင့် အပြစ်ကင်းလွတ်ခြင်းသည် ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို ဆိုလိုသည်။ အပြစ်နှင့် ကင်းလွတ်သူတစ်ဦးအား ဘုရားသခင်က မည်သို့ သတ်မှတ်ထားသနည်း။ ဘုရားသခင်၏ အမြင်တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူတို့သာ စုံလင်သည်။ ထို့ကြောင့် အပြစ်ကင်းလွတ်သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူများဖြစ်သည်။ စုံလင်သောသူတို့သည်သာ အပြစ်ကင်းလွတ်သည်။ ဤသည်မှာ လုံးဝ မှန်ကန်သည်။ တစ်စုံတစ်ဦးသည် နေ့တိုင်း လိမ်ညာပါက၊ ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း စကားပြောကာ ပြုမူပါက၊ ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ အသိအမှတ်ပြုခြင်းကို အမြဲ တောင်းဆိုပါက၊ ဘုရားသခင်ကို ဆုလာဘ်အမြဲ တောင်းဆိုပါက၊ ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အမြဲ သက်သေခံလျက် ဘုရားသခင်ကို မည်သည့်အခါတွင်မျှ မချီးမြှောက်ပါက၊ ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ၎င်းတို့သည် မိမိတို့တာဝန်ကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ပါက၊ အခွင့်ကောင်းယူ၍ ပြုမူဆောင်ရွက်ပါက၊ ဆိုးယုတ်သည့် ရည်ရွယ်ချက်များ သိုထားပြီး အချောင်ခိုပါက၊ ယင်းသည် အပြစ်အနာအဆာတစ်ခု မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဤပွင့်အံထွက်မှုများအားလုံးသည် အပြစ်အနာအဆာများ ဖြစ်သည်။ သမ္မာတရားကို လူတို့ မသိနာမလည်မီ၊ ထိုအရာကို ၎င်းတို့ မသိကြခြင်းသာ ဖြစ်သည်။ ယခုတွင်၊ ဤဖောက်ပြန်ပျက်စီးသော ပွင့်အံထွက်မှုများသည် အပြစ်အနာအဆာများနှင့် အညစ်အကြေးများဖြစ်သည်ကို သင်တို့အားလုံး သိကြပေပြီ။ သင်သည်တို့သည် သမ္မာတရား အနည်းငယ် နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဤချင့်ချိန်နိုင်စွမ်း ရှိနိုင်ပေသည်။ ဖောက်ပြန်ပျက်စီးသော ပွင့်အံထွက်မှုများနှင့် သက်ဆိုင်သည့် အရာအားလုံးသည် အလိမ်အညာများနှင့် ဆက်နွှယ်ပေသည်။ သမ္မာကျမ်းစာ၏ စကားလုံးများဖြစ်သည့် “မုသားမတွေ့” ဟူသည်တို့မှာ သင်သည် အပြစ်အနာအဆာများရှိမရှိဆိုသည်ကို သုံးသပ်ခြင်းအတွက် အဓိကလက္ခဏာရပ်များ ဖြစ်သည်။ ထို့ကြောင့်၊ လူတစ်ဦးသည် ဘဝတွင် ကြီးထွားမှုကို တွေ့ကြုံပြီးခြင်း ရှိမရှိဆိုသည်ကို အကဲဖြတ်ရာတွင်၊ နောက်ထပ် အညွှန်းတစ်ခုရှိသည်။ ယင်းမှာ၊ သင်သည် ရိုးသားသောလူတစ်ဦးဖြစ်ခြင်းထဲသို့ ဝင်ရောက်ပြီးခြင်း ရှိမရှိ၊ သင် ပြောသည့်အရာများတွင် မုသားမည်မျှကို တွေ့ရှိနိုင်သည်ဆိုသည်နှင့် သင်၏ မုသားများသည် တဖြည်းဖြည်း လျော့နည်းခြင်းရှိမရှိ သို့မဟုတ် ထိုမုသားများသည် ယခင်ကဲ့သို့ပင် အလားတူ ဖြစ်ကြသလောဆိုသည့်အရာ ဖြစ်သည်။ သင်၏ စက်ဆုပ်စရာဖြစ်ပြီး လှည့်ဖြားသော စကားများအပါအဝင် သင်၏ မုသားများသည် တဖြည်းဖြည်း လျော့နည်းလာပါက၊ ယင်းမှာ သင်သည် စစ်မှန်မှုထဲသို့ စတင်ဝင်ရောက်ပြီးဖြစ်ကာ သင်၏ဘဝ ကြီးထွားနေသည်ကို သက်သေပြပေသည်။ ဤသည်မှာ အမှုအရာများကို ကြည့်ရှုရန် လက်တွေ့ကျသည့် နည်းလမ်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ကြီးထွားမှုကို တွေ့ကြုံနှင့်ပြီးသားဖြစ်သည်ဟု ခံစားရသော်လည်း သင်၏ မုသားများ လုံးဝ လျော့နည်းမသွားသေးသကဲ့သို့၊ သင်သည် အခြေခံအားဖြင့် မယုံကြည်သူတစ်ဦးကဲ့သို့ ဖြစ်ပါက၊ ဤသည်မှာ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၏ ပုံမှန် သရုပ်သကန်တစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးသည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးသည့်အခါ၊ ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မုသားများကို များစွာ လျော့ပြောကြလိမ့်မည်။ ၎င်းတို့သည် အခြေခံအားဖြင့် ရိုးသားသောလူတစ်ဦး ဖြစ်လိမ့်မည်။ သင်သည် အလွန် လိမ်ညာလွန်းပြီး သင်၏ စကားများသည် အလွန်မသန့်စင်လွန်းပါက၊ ဤသည်မှာ သင်သည် လုံးဝ မပြောင်းလဲသေးသကဲ့သို့၊ ရိုးသားသော လူတစ်ဦး မဖြစ်သေးကြောင်း သက်သေပြပေသည်။ သင်သည် ရိုးသားသော လူတစ်ဦးမဟုတ်ပါက၊ အသက်ဝင်ရောက်မှု မရှိပေ။ ထို့ကြောင့် မည်သည့် ကြီးထွားမှုကို သင် တွေ့ကြုံနိုင်သနည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပကတိအတိုင်းရှိနေဆဲဖြစ်ပြီး၊ သင်သည် မယုံကြည်သူတစ်ဦးနှင့် နတ်ဆိုးတစ်ဦး ဖြစ်သည်။ ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းသည် လူတစ်ဦးက မိမိတို့ဘဝတွင် ကြီးထွားမှု တွေ့ကြုံပြီးခြင်းရှိမရှိဆိုသည်ကို အကဲဖြတ်ရန်အသုံးပြုသည့် အညွှန်းတစ်ခု ဖြစ်သည်။ ဤအရာများကို မိမိတို့ကိုယ်တိုင်နှင့် မည်သို့ နှိုင်းယှဉ်ကြည့်ရမည်ဆိုသည်ကို လူတို့ သိရှိရမည်ဖြစ်ပြီး၊ မိမိတို့ကိုယ်ပိုင် အတိုင်းအတာအား မည်သို့ယူရမည်ဆိုသည်ကို သိရမည်။

အားလုံးထဲတွင်၊ လူတစ်ဦးက မိမိအသက်ဝင်ရောက်မှု၌ ကြီးထွားမှုကို တွေ့ကြုံပြီးခြင်း ရှိမရှိနှင့်သက်ဆိုင်သည့် အညွှန်းမည်မျှကို ငါတို့ မိတ်သဟာယပြုပြီးပြီနည်း။ (ခြောက်ခုဖြစ်ပါသည်။) ဤခြောက်ခုက မည်သည့်အရာများ ဖြစ်သည်ကို အကျဉ်းချုပ်လော့။ (ပထမမှာ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းအား ရွေးချယ်ခြင်းက မှန်ကန်၊ သင့်တော်ပြီး လျော်ကန်သည်ဟု မိမိတို့စိတ်နှလုံးတွင် ယုံကြည်ခြင်း ရှိမရှိ၊ ဤလမ်းကြောင်းသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ဟု ၎င်းတို့ ဆုံးဖြတ်နှင့်ပြီးခြင်း ရှိမရှိဆိုသည်နှင့် ဘုရားသခင်နောက်သို့လိုက်ရန် စိတ်နှစ်ခွမရှိဘဲ စိတ်ပိုင်းဖြတ်ချက်နှင့် အလိုဆန္ဒ ၎င်းတို့ ရှိမရှိဖြစ်သည်။ ဒုတိယမှာ လူများ၊ ကမ္ဘာလောက၊ ဤလူမှုအဖွဲ့အစည်း၊ ဘဝ၏ လမ်းကြောင်း၊ ရည်မှန်းချက်များနှင့် ဦးတည်ချက်၊ ပြီးလျှင် ဘဝ၏ အဓိပ္ပာယ်နှင့် တန်ဖို့တို့နှင့် စပ်လျဉ်း၍ ၎င်းတို့၏ ရှုထောင့်အမြင်များ ပြောင်းလဲပြီးခြင်း ရှိမရှိဖြစ်သည်။ တတိယမှာ လူတို့သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိမရှိဖြစ်သည်။ စတ္တုထမှာ ၎င်းတို့သည် ၎င်းတို့ ကြုံရသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများနှင့် အခြေအနေများတွင် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ ကျိုးနွံနာခံနိုင်သည့် အတိုင်းအတာ ဖြစ်သည်။ ပဉ္စမမှာ လူတို့သည် အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ ဘုရားသခင်၏ အလိုတော်ကို သိနားလည်လာနိုင်ပြီး၊ သမ္မာတရားကို ရရှိနိုင်ခြင်း ရှိမရှိ ဖြစ်သည်။ ဆမမှာ ၎င်းတို့သည် ရိုးသားသော လူတစ်ဦး ဖြစ်ခြင်းထဲသို့ ဝင်ရောက်ပြီးခြင်း ရှိမရှိဖြစ်သည်။) သင်တို့သည် ဤအရာများထဲသို့ ဝင်ရောက်ပြီးခြင်းရှိမရှိဆိုသည်ကို သင်တို့ မကြာခဏ ဆန်းစစ်ရမည်ဖြစ်ပြီး၊ စုဝေးပွဲများတွင် ထိုအရာများကို မိတ်သဟာယပြုရမည်။ ဤအရာများကို သင် အမြဲ အာရုံမစိုက်ပါက၊ သင်၏ ဘဝ ကြီးထွားနိုင်လိမ့်မည်မဟုတ်သကဲ့သို့၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်လိမ့်မည် မဟုတ်။ လူတို့သည် ၎င်းတို့ အာရုံစိုက်သည့် မည်သည့်အရာများတွင်မဆို၊ ၎င်းတို့အားထုတ်သည့် မည်သည့်နေရာတွင်မဆို ရလဒ်များ ရရှိကြသည်။ သင်သည် အယူဝါဒကို အမြဲ အာရုံစိုက်ပါက၊ အယူဝါဒကိုသာ ရရှိလိမ့်မည်။ အဆင့်အတန်းနှင့် တန်ခိုးအာဏာရရှိခြင်းအပေါ် အာရုံစိုက်ပါက၊ သင်၏ အဆင့်အတန်းနှင့် တန်ခိုးအာဏာသည် တည်ငြိမ်ကောင်းတည်ငြိမ်မည်ဖြစ်သော်လည်း၊ သမ္မာတရားကို သင် ရရှိပြီးဖြစ်လိမ့်မည် မဟုတ်သကဲ့သို့၊ သင်သည် ဖယ်ရှားခံရလိမ့်မည်။ သင်လုပ်ဆောင်သည့် တာဝန်ကို ပဓာနမထားဘဲ၊ အသက်ဝင်ရောက်မှုသည် အရေးကြီးသော အရာဖြစ်၏။ သင်သည် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လျှော့ပေါ့၍ မရသကဲ့သို့၊ အလေးမထား၍လည်း မရပေ။

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်

အရှေ့သို့- သမ္မာတရားကို လက်ခံခြင်းအားဖြင့်သာ ဖောက်ပြန်သော စိတ်သဘောထားကို ဖြေရှင်းနိုင်၏

နောက်တစ်ခုသို့- ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။