ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်သည်

ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသူတို့သည် သူ့ကို အချိန်မည်မျှကြာ ယုံကြည်သည်ဖြစ်စေ ပြောင်းလဲလိမ့်မည်မဟုတ်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်ပြီး ကယ်တင်ခြင်း လမ်းကြောင်းပေါ် ခြေလှမ်းနိုင်သည်။ လူသားအတွက် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိရန်မှာ အရေးပါလိုက်လေခြင်းပါတကား။ အဘယ်ကြောင့် လူအချို့သည် မိမိတို့ကိုယ်ကို လုံးဝ သိရှိမလာကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိကြသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် လူအချို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို လုံးဝ မရရှိနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသူတို့သာ မိမိကိုယ်ကို မကြာခဏ သုံးသပ်ဆင်ခြင်ကာ သိရှိလာနိုင်ကြသည်။ ၎င်းတို့သည် အမှားများ လုပ်မိမည်ကို၊ သို့မဟုတ် လမ်းမှားသို့ လျှောက်လှမ်းသွားမိမည်ကို အမြဲ စိုးရွံ့ကြသည်။ ၎င်းတို့ ရွေးချယ်မှုများ ပြုလုပ်ရန် လိုအပ်သည့်အရာများ ၎င်းတို့အပေါ် ဖြစ်ပျက်သည့်အခါ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည်ထက် လူကို ပုန်ကန်ပြစ်မှားချင်ကြမည်ဖြစ်ပြီး ဘုရားသခင်နှင့် ကင်းကွာသည်ထက်၊ သို့မဟုတ် သူ့ကို သစ္စာဖောက်သည်ထက် ညှဉ်းပန်းနှိပ်စက်မှု ခံစားချင်ကြမည်ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လူတစ်ဦးဖြစ်ကာ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိခဲ့သည်။

သို့ဆိုလျှင် ဘုရားသခင်ကို သင်၏ ယုံကြည်မှုတွင် ကယ်တင်ခြင်း ရရှိမည်ဆိုပါက သင်၏ အတွေ့အကြုံသည် မည်သည့်နေရာတွင် စတင်ရမည်နည်း။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်း၊ မိမိကိုယ်ကို စစ်မှန်သည့် အသိတစ်ခုကို ရရှိခြင်းနှင့် အမှန်တကယ် နောင်တရခြင်းတို့အားဖြင့် သင်အစပြုရမည်။ ဤသည်မှာ ကယ်တင်ခြင်း လမ်းကြောင်းပေါ် ခြေလှမ်းခြင်း ဖြစ်သည်။ လူတို့အတွက် မိမိတို့ကိုယ်ကို သိရှိရန်မှာ မလွယ်ကူပေ။ မိမိတို့၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် အနှစ်သာရကို သိရှိရန်၊ ဘုရားသခင်ရှေ့မှောက်၊ ဖန်ဆင်းရှင်ရှေ့မှောက်တွင် ၎င်းတို့ မည်မျှ သေးငယ်ပြီး အရေးမပါဖြစ်သည်ကို သိရှိရန်မှာ ၎င်းတို့အတွက် သာ၍ပင် ခက်ခဲ၏။ လူတို့သည် မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို မသိရှိနိုင်ပါက ဘုရားသခင်နှင့် မည်သည့် ဆက်ဆံရေးမျိုး ၎င်းတို့ ရှိကြသည်၊ ဘုရားသခင်ရှေ့မှောက်ရှိ ၎င်းတို့၏ အနေအထား၊ သို့မဟုတ် ၎င်းတို့ကို ဘုရားသခင် နှစ်သက်ခြင်း ရှိမရှိဆိုသည်တို့ကို ၎င်းတို့ သိကြမည်လော။ (သိကြလိမ့်မည် မဟုတ်ပါ။) ထို့ကြောင့် ဤနှစ်ကာလများအားလုံးတွင် ဘုရားသခင်ကို ယုံကြည်ပြီးနောက် မည်သည့်အရာကို ၎င်းတို့ ရရှိလေပြီနည်း။ သမ္မာတရားကို ၎င်းတို့ ရရှိလေပြီလော။ ကယ်တင်ခြင်း လမ်းကြောင်းပေါ် ၎င်းတို့ ခြေလှမ်းပြီးပြီလော။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် သူ၏ နှုတ်ကပတ်တော်များကို ၎င်းတို့ စားသောက်ကြပါက၊ အသင်းတော် အသက်တာကို အသက်ရှင်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ကြပါက ယင်းသည် ဘုရားသခင်နှင့် ဆက်ဆံရေးတစ်ခု ရှိခြင်းနှင့် ညီမျှပါသလော။ ဖန်ဆင်းရှင်နှင့် ဆက်ဆံရေးတစ်ခု ရှိရန်အလို့ငှာ လူတစ်ဦးသည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း၊ မည်သည့်အရာကို လိုက်စားသင့်သနည်း၊ မည်သည့် နေရာတွင် ရပ်တည်သင့်ပြီး မိမိတို့လမ်းကြောင်းကို မည်သို့ ရွေးချယ်သင့်သနည်း။ သင်တို့ သိကြပါသလော။ သင်တို့ မဖြေနိုင်ကြပေ။ သင်တို့ အလွန် ချို့တဲ့ကြပုံရသည်။ ယင်းမှာ သင်တို့သည် မိမိတို့ နားမလည်သည့် အရာများစွာတွင် သမ္မာတရားအကြောင်း ရှာဖွေခြင်း၊ သို့မဟုတ် မိတ်သဟာယပြုခြင်းတို့အပေါ် သင်တို့ အာရုံမစိုက်ကြကြောင်းကို ဆိုလိုပေသည်။ ထို့ကြောင့် သင်တို့၏ အသင်းတော် အသက်တာသည် အတိအကျ ချို့တဲ့နေပြီး ယင်းနှင့် သက်ဆိုင်သမျှ ရလဒ်များသည် အလွန်ကောင်းဖွယ် မရှိနိုင်ပေ။ သင်တို့သည် မိမိတို့နှုတ်ဖျားတွင် ဘုရားသခင်ကို ယုံကြည်ရာ၌ မကြာခဏ ပြောကြသည့် ဝိညာဉ်ရေးရာ ဝေါဟာရများနှင့် ဆိုရိုးများ ရှိသော်လည်း ထိုအရာများကို အလေးအနက် မထားကြသကဲ့သို့ သင်တို့သည် မိမိတို့ကိုယ်ပိုင် စိတ်ဝိညာဉ်ဆီသို့ ပြန်မသွားပေ။ “ဘုရားသခင် ပြောခဲ့သည့် ဤစကားများသည် မည်သည့်အရာကို ဆိုလိုသနည်း။ ငါ၏လက်တွေ့ဘဝတွင် ထိုစကားများကို မည်သို့ အသုံးပြုရမည်နည်း။ ဤစကားများကို ငါ မည်သို့ ခိုင်လုံစေမည်နည်း။ ယင်းတို့ကို လက်တွေ့အရှိတရားအဖြစ်သို့ မည်သို့ ပြောင်းလဲစေမည်နည်း။ ဤစကားများသည် အယူဝါဒနှင့် သဘောတရားများ၌ ရပ်တန့်မသွားဘဲ ငါ့ဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာရန်၊ ငါ လျှောက်လှမ်းသည့် ဦးတည်ချက် ဖြစ်လာရန်အလို့ငှာ မည်သည့်အရာကို ငါ လုပ်ဆောင်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ငါ့ဘဝ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာရန်အလို့ငှာ မည်သို့ ငါ ပြုမူရမည်နည်း”ဟု တွေးဆရန် မိမိတို့ စိတ်နှလုံးကို မငြိမ်သက်စေကြပေ။ ထိုသို့သော အရာများကို သင်တို့ တွေးဆနိုင်ပါက အသေးစိတ်အချက်များစွာကို သင်တို့ စဉ်းစားအဖြေရှာနိုင်လိမ့်မည်။ သို့ရာတွင် ယေဘုယျအားဖြင့် ထိုသို့သော အရာများကို သင်တို့ လုံးဝမတွေးဆကြသောကြောင့် အများအားဖြင့် ပြောဆိုထားသည့် သမ္မာတရား အများစုအတွက် သင်တို့သည် တိုက်ရိုက် သိနားလည်ခြင်းတစ်ခုတွင် ရပ်တန့်လိုက်ကြလေသည်။ လူတို့သည် တိုက်ရိုက် သိနားလည်မှုတွင် ရပ်လိုက်ပါက အခြားသူများက ၎င်းတို့နှင့် ပတ်သက်၍ မည်သည့်အရာကို တွေ့မြင်နိုင်ကြလိမ့်မည်နည်း။ လူတို့သည် ဝိညာဉ်ရေးရာ သဘောတရားများ၊ ဝိညာဉ်ရေးရာ အသုံးအနှုန်းနှင့် ဝိညာဉ်ရေးရာ ဆိုရိုးများအကြောင်းကို မကြာခဏ ဟောပြောကြသော်လည်း ၎င်းတို့ အသက်တာများတွင် ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့်ဆိုင်သည့် လက်တွေ့အရှိတရားကို သင် မမြင်ရပေ။ ယခုအခါတွင် သင်တို့သည် အလွန်ကြီးမားသော ပြဿနာတစ်ခုကို ရင်ဆိုင်ရသည်။ အဘယ်ပြဿနာဖြစ်သနည်း။ သင်တို့သည် အယူဝါဒအနည်းငယ်ကို ဟောကြားနိုင်စွမ်းရှိသောကြောင့်၊ ဝိညာဉ်ရေးရာစကားအချို့ကို နားလည်သဘောပေါက်ခြင်းရှိသောကြောင့်၊ မိမိကိုယ်ကို သိခြင်းနှင့်ပတ်သက်ပြီး သင်တို့၏ အတွေ့အကြုံအနည်းငယ်ကို ပြောဆိုနိုင်သောကြောင့် သင်တို့သည် သမ္မာတရားကို နားလည်သည်၊ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်ခြင်းသည် အဆင့်တစ်ခုသို့ရောက်နေပြီ၊ သင်တို့သည် လူအများစု၏ အထက်တွင်ရှိသည်ဟု ထင်နေခြင်းဖြစ်သော်လည်း၊ အမှန်တကယ်တွင် သင်တို့သည် သမ္မာတရား၏ စစ်မှန်မှုသို့ မဝင်ရောက်ရသေးပေ။ သင်တို့အတွက် ကူညီပံ့ပိုးပေးမည့်လူများမရှိဘဲ၊ သမ္မာတရားကို သင်တို့ထံ မိတ်သဟာယဖွဲ့ပေးပြီး လမ်းပြပေးမည့်သူများမရှိဘဲ၊ သင်တို့သည် လုံးဝရပ်တန့်သွားပြီး အပျော်အပါး၌ ပို၍ မွေ့လျော်လာလိမ့်မည်။ သင်တို့သည် ဘုရားသခင်အား သက်သေခံခြင်းအမှုကို တာဝန်ယူလုပ်ဆောင်နိုင်စွမ်းမရှိပေ။ သင်တို့သည် ဘုရားသခင်၏ စေခိုင်းချက်ကို မပြီးမြောက်နိုင်ကြပေ။ သို့တိုင်အောင် အတွင်းတွင် သင်တို့သည် မိမိကိုယ်ကို အထင်ကြီးဆဲဖြစ်သည်။ သင်တို့သည် လူအများစုထက်ပို၍ နားလည်သည်ဟု ထင်သည်။ သို့သော် အမှန်တကယ်တွင် သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု ကင်းမဲ့သည်။ သမ္မာတရား၏ စစ်မှန်မှုသို့ မဝင်ရောက်ရသေးပေ။ စကားလုံးနှင့် အယူဝါဒစကားစုအနည်းငယ်ကို နားလည်နိုင်ရုံမျှဖြင့် တိုး၍ မာနထောင်လွှားလာသည်။ လူတို့သည် ဤအခြေအနေသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားကို ၎င်းတို့ ရရှိပြီးဖြစ်သည်ဟု ထင်မြင်ပြီး ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်လာသောအခါတွင် ၎င်းတို့သည် မည်သို့သောအန္တရာယ်မျိုးတွင် ကျရောက်နေသနည်း။ လျှာသွက်အာသွက်သော အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦးသည် အမှန်တကယ် ပေါ်လာလျှင် သင်တို့သည် ဧကန်မုချ အယုံသွင်းခံရပြီး ၎င်းတို့နောက်သို့စ၍ လိုက်မည်ဖြစ်သည်။ ဤသည်မှာ အန္တရာယ်ရှိသည်မဟုတ်လော။ သင်တို့သည် မာနထောင်လွှားတတ်၊ ကိုယ်မှန်သည်ထင်မှတ်ပြီး၊ မိမိဘာသာ အားရကျေနပ်တတ်သည်။ ဤဖြစ်ရပ်တွင် သင်တို့သည် ဘုရားသခင်ထံမှ သွေဖည်မည်မဟုတ်လော။ ဘုရားသခင်အား ကျောခိုင်းပြီး သင်၏ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း သွားမည်မဟုတ်လော။ သင်တို့သည် သမ္မာတရား၏ စစ်မှန်မှု မရှိကြသကဲ့သို့ ဘုရားသခင်ကို သက်သေမခံနိုင်ကြပေ။ မိမိတို့ကိုယ်ကိုသာ သင်တို့ သက်သေခံနိုင်ကြပြီး မိမိတို့ကိုယ်ကိုသာ ကြွားလုံးထုတ်နိုင်ကြသည်။ ထို့ကြောင့် သင်တို့သည် အန္တရာယ်ရှိကြသည် မဟုတ်လော။ ထို့အပြင် သင်တို့သည် ဤအခြေအနေ၌ နွံနစ်နေပါက မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်တို့ထံမှ ပွင့်အံထွက်လာလိမ့်မည်နည်း။ ပထမဦးစွာ မာနထောင်လွှားပြီး ကိုယ်မှန်သည်ထင်သည့် စိတ်သဘောထားကို သင်တို့ ထုတ်ဖော်ပြကြလိမ့်မည်။ ယင်းမှာ သိသာထင်ရှားလှ၏။ အာဏာကို အသုံးချကာ သင်၏ ဝါရင့်မှုကိုလည်း ကြွားလုံးထုတ်လိမ့်မည် မဟုတ်လော။ လူတို့ကို အထက်စီးမှ ဩဝါဒပေးလိမ့်မည် မဟုတ်လော။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ပြပါက ဘုရားသခင်သည် သင့်ကို မုန်းလိမ့်မည် မဟုတ်လော။ တစ်စုံတစ်ဦးသည် အထူးသဖြင့် မာနထောင်လွှားပြီး ကိုယ်မှန်သည်ထင်ကာ မိမိကိုယ်ကို သုံးသပ်ခြင်း မရှိပါက ဘုရားသခင်သည် ၎င်းတို့ကို စက်ဆုပ်ကာ ငြင်းပယ်လိမ့်မည်မှာ ဖြစ်နိုင်ဖွယ်ရှိသည် မဟုတ်လော။ အမှန်ပင် အလွန်တရာ ဖြစ်နိုင်ဖွယ်ရှိ၏။ ဥပမာအားဖြင့်၊ သင်တို့သည် သင်တို့တာဝန်များကို နှစ်အနည်းငယ်ကြာထမ်းဆောင်ပြီးဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် သင်တို့၏ အသက်သို့ဝင်ရောက်မှုတွင် သိသာမြင်သာသော တိုးတက်မှုမရှိသေးပေ။ အပေါ်ယံအယူဝါဒအနည်းငယ်ကိုနားလည်ခြင်းသာရှိသည်။ ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရကို အမှန်တကယ် သိမြင်မှုမရှိ။ ပြောဆိုရန် အခက်အခဲအောင်မြင်မှုများ မရှိပေ။ ဤသည်မှာ ယခုအခါ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုဖြစ်လျှင် သင်တို့သည် မည်သည့်အရာကို လုပ်ဆောင်နိုင်ခြေရှိမည်နည်း။ သင်တို့တွင် မည်သည့် ဖောက်ပြန်ပျက်စီးမှု ဖွင့်ပြခြင်းရှိမည်နည်း။ (မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့ဖြစ်ပါသည်။) သင်တို့၏ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုသည် ပြင်းထန်လာမည်လော၊ သို့မဟုတ် မပြောင်းမလဲဘဲ ကျန်ရှိနေမည်လော။ (ပြင်းထန်လာမည်။) အဘယ်ကြောင့် ပြင်းထန်လာမည်နည်း။ (ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို အလွန်ပင် အရည်အသွေးပြည့်မီသည်ဟု ထင်မည်ဖြစ်သောကြောင့်ဖြစ်သည်။) လူတို့သည် မိမိတို့ကိုယ်ပိုင် အရည်အချင်းများနှင့်ဆိုင်သည့် အဆင့်ကို မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် အကဲဖြတ်ကြသနည်း။ တာဝန်တစ်ခုခုကို ၎င်းတို့ထမ်းဆောင်သည်မှာ နှစ်မည်မျှကြာသည်၊ အတွေ့အကြုံမည်မျှကို ၎င်းတို့ရရှိပြီးဖြစ်သည်တို့အပေါ်တွင် အခြေခံသည်မဟုတ်လော။ ဤသို့ဖြစ်လျက် သင်တို့သည် ဝါရင့်ခြင်းနှင့်ပတ်သက်ပြီး တဖြည်းဖြည်းချင်း စတင်စဉ်းစားလာမည်မဟုတ်လော။ ဥပမာအားဖြင့် ညီအစ်ကိုတစ်ယောက်သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး တာဝန်တစ်ခုကို အချိန်အတော်ကြာထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် သူသည် စကားပြောရန် အရည်အချင်းအပြည့်မီဆုံးဖြစ်သည်။ ညီအစ်မတစ်ယောက်သည် ဤသို့ရောက်သည်မှာ မကြာသေးပေ။ သူမသည် အစွမ်းအစနည်းငယ်ရှိသော်လည်း ဤတာဝန်ကို ထမ်းဆောင်ရာတွင် အတွေ့အကြုံမရှိပေ။ ဘုရားသခင်ကို ယုံကြည်သည်မှာ မကြာသေးပေ။ ထို့ကြောင့် သူမသည် ပြောဆိုရန် အရည်အချင်း မပြည့်မီဆုံးဖြစ်သည်။ ပြောဆိုရန် အရည်အချင်းအပြည့်မီဆုံးသူက မိမိကိုယ်ကို စဉ်းစားသည်။ “ငါသည် ဝါရင့်သောကြောင့် ငါ၏တာဝန်ကို ထမ်းဆောင်ခြင်းသည် စံမီသည့် သဘောဖြစ်သည်။ ငါ၏ အားထုတ်လိုက်စားမှုသည် ထိပ်ဆုံးသို့ ရောက်ရှိပြီးဖြစ်သည်။ ငါ ကြိုးပမ်းသင့်သည့်၊ ဝင်ရောက်သင့်သည့်အရာမရှိပေ။ ဤတာဝန်ကို ငါ ကောင်းစွာ ထမ်းဆောင်ပြီးဖြစ်သည်။ ငါသည် ဤအလုပ်ကို အနည်းနှင့်အများ ပြီးမြောက်ပြီးဖြစ်သည်။ ဘုရားသခင်သည် ကျေနပ်သင့်သည်။” ဟူ၍ ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် မိမိတို့ဘာသာ အားရကျေနပ်လာသည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ညွှန်ပြသလော။ ၎င်းတို့သည် မည်သည့်တိုးတက်မှုမျှ ပြုလုပ်ခြင်းမရှိတော့ပေ။ ၎င်းတို့သည် သမ္မာတရား၊ သို့မဟုတ် အသက်ကို မရရှိသေးပေ။ သို့တိုင်အောင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ကြသည်။ ဝါရင့်သည့်ပုံစံဖြင့် ပြောဆိုကြသည်။ ဘုရားသခင်၏ ဆုလာဘ်ကို စောင့်မျှော်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကို ဖွင့်ပြခြင်းမဟုတ်လော။ လူတို့သည် “အလွန်အမင်း အရည်အချင်းပြည့်မီခြင်း” မရှိသောအခါ ၎င်းတို့သည် သတိထားရမည်ကို သိသည်။ အမှားများမပြုလုပ်ရန် မိမိတို့ကိုယ်ကို သတိပေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်အမင်း အရည်အချင်းပြည့်မီသည်ဟု ယုံကြည်သည်နှင့် မာနထောင်လွှားလာသည်။ မိမိတို့ကိုယ်ကို စတင်၍ အထင်ကြီးလာကြသည်။ မိမိတို့ဘာသာ အားရကျေနပ်တတ်ကြသည်။ ဤသို့သောအချိန်များတွင် ၎င်းတို့သည် ပေါလု ပြုလုပ်ခဲ့သကဲ့သို့ ဘုရားသခင်ထံမှ ဆုလာဘ်များနှင့် သရဖူကို တောင်းဆိုနိုင်ခြေမရှိသလော။ (ရှိပါသည်။) လူသားနှင့် ဘုရားသခင်ကြား ဆက်ဆံရေးမှာ အဘယ်သို့နည်း။ ဤသည်မှာ ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံများကြား ဆက်ဆံရေးမဟုတ်ပေ။ ဤသည်မှာ အပေးအယူဆက်ဆံရေးထက် မပိုပေ။ ဤသို့ဖြစ်သောအခါ လူတို့တွင် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိပေ။ ဘုရားသခင်သည် ၎င်းတို့ထံမှ သူ၏ မျက်နှာကို ကွယ်ဝှက်နိုင်ခြေရှိသည်။ ဤသည်မှာ အန္တရာယ်ရှိသော လက္ခဏာဖြစ်သည်။

လူအချို့သည် ဘုရားသခင် ရွေးချယ်ထားသည့် လူတို့ကို မိမိတို့ဘာသာ ထိန်းချုပ်ရင်း လူတို့က မိမိတို့ တာဝန်ကို ထမ်းဆောင်သည့် ဝန်းကျင်ကို အန္တိခရစ်များ၏ အမှီအခိုကင်းသည့် နိုင်ငံတစ်ခုအဖြစ်သို့ ပြောင်းလဲလျက် ဘုရားသခင်ကို ဘေးဖယ်ထားကြ၏။ ဘုရားသခင်ကို အစေခံပြီး ကိုးကွယ်သည့် အသင်းတော်များအား ဘာသာရေး အဖွဲ့အစည်းများအဖြစ်သို့ ၎င်းတို့ ပြောင်းလဲလိုက်ကြသည်။ ဤလူများသည် သမ္မာတရားနှင့် အသက်ထဲသို့ ဝင်ရောက်ပြီးပြီလော။ ဤလူများသည် ဘုရားသခင်နောက်လိုက်ကာ အစေခံကြသလော၊ သို့မဟုတ် သက်သေခံကြသလော။ လုံးဝ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မိမိတို့တာဝန်ကို ဖြည့်ဆည်းနေကြသလော။ (မဖြည့်ဆည်းကြပါ။) သို့ဆိုလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် လူ၏ လုပ်ငန်းများနှင့် စီမံကိန်းများအတွက် မပါဝင်ကြသလော။ လူ၏ လုပ်ငန်းများနှင့် စီမံကိန်းများတွင် သင်မည်မျှ ကောင်းစွာ ပါဝင်ပတ်သက်သည်ဖြစ်စေ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင်မရှိပါက၊ ပြီးလျှင် သမ္မာတရားကို သင် မလိုက်စားပါက ယင်းမှာ သင်သည် ဘုရားသခင်နှင့် ဆက်နွှယ်မှုမရှိဟု ဆိုလိုသည် မဟုတ်လော။ ယင်းသည် ဆိုးရွားသည့် အရာတစ်ခု မဟုတ်လော။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်လိုက်သည့်အခါ အကြောက်ဆုံး ဖြစ်ရမည့်အရာမှာ လူတို့၏ လုပ်ငန်းများနှင့် စီမံကိန်းများတွင် ပါဝင်ပတ်သက်ရန် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားမှ သွေဖည်သွားခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် မိမိကိုယ်ပိုင် လမ်းကြောင်းပေါ် လမ်းလွဲခြင်း ဖြစ်သည်။ ဥပမာ အသင်းတော်တစ်ပါးက ခေါင်းဆောင်တစ်ဦးကို ရွေးကောက်သည်ဆိုပါစို့။ ဤခေါင်းဆောင်သည် အယူဝါဒနှင့်ဆိုင်သည့် စကားများနှင့် စကားရပ်များကို မည်သို့ ဟောပြောရမည်ဆိုသည်ကိုသာ သိရှိပြီး မိမိ၏ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် အဆင့်အတန်းအပေါ်တွင်သာ အာရုံစိုက်လေသည်။ မည်သည့် လက်တွေ့ကျသည့် အလုပ်ကိုမျှ မလုပ်ဆောင်ချေ။ သို့တိုင် အယူဝါဒနှင့်ဆိုင်သည့် စကားများနှင့် စကားရပ်များကို ထိုသူက ကောင်းစွာ ဟောပြောနေကြသည်ကို သင်တို့ ကြားရသလို ယင်းတို့က သမ္မာတရားနှင့် ကိုက်ညီပြီး ထိုသူ ပြောသမျှက မှန်ကန်၏။ ထို့ကြောင့် သင်တို့သည် ထိုသူကို အလွန်တရာ လေးစားပြီး ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ခံစားမိကြသည်။ သင်သည် အရာခပ်သိမ်းတွင် ထိုသူကို အရေးစိုက်ပြီး နောက်ဆုံးတွင် ထိုသူကို လုံးဝ ကျိုးနွံနာခံရင်း ထိုသူနောက် သင်လိုက်လေသည်။ ထိုအခါ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ လှည့်ဖြားခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသည် မဟုတ်လော။ ပြီးလျှင် ထိုအသင်းတော်သည် မိမိ၏ ဦးသျှောင်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးရှိသည့် ဘာသာရေး အုပ်စုတစ်စု ဖြစ်လာပြီ မဟုတ်လော။ မိမိ၏ ဦးသျှောင်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးရှိသည့် ဘာသာရေး အဖွဲ့ဝင်များသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်နေကြပုံ ပေါ်ကောင်းပေါ်နိုင်သော်လည်း ၎င်းတို့သည် မိမိတို့တာဝန်များကို အမှန်တကယ် ထမ်းဆောင်နေကြသလော။ ဘုရားသခင်ကို အမှန်တကယ် အစေခံနေကြသလော။ (မခံကြပါ။) ထိုလူများသည် ဘုရားသခင်ကို အစေခံခြင်း မရှိပါက၊ သို့မဟုတ် မိမိတို့ တာဝန်များကို ထမ်းဆောင်နေခြင်း မရှိပါက ဘုရားသခင်နှင့် ဆက်နွှယ်မှုတစ်ခု ရှိကြသလော။ ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိသည့် လူတစ်စုသည် သူ့ကို ယုံကြည်သလော။ ငါ့ကို ပြောလော့။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ နောက်လိုက်များ၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိကြသလော။ သေချာပေါက် မရှိကြချေ။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ၎င်းတို့ မရှိကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သွေဖည်ကြပြီးဖြစ်ကာ ဘုရားသခင်ကို မနာခံကြသော်လည်း၊ သို့မဟုတ် မကိုးကွယ်ကြသော်လည်း၊ အယောင်ဆောင် သိုးထိန်းများနှင့် အန္တိခရစ်များကို အရေးစိုက်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို စက်ဆုပ်ကာ ငြင်းပယ်ပြီး ၎င်းတို့ပေါ်တွင် နောက်ထပ် အမှုမပြုတော့ပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သွေဖည်သွားကြပြီးဖြစ်ကာ သူ၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်း ခံရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရနိုင်ကြသလော။ (မခံရနိုင်ကြပါ။) ၎င်းတို့ ကယ်တင်မခံရနိုင်သကဲ့သို့ ယင်းမှာ ဒုက္ခရောက်သည့် သဘောဖြစ်သည်။ ထို့ကြောင့် အသင်းတော်တွင် လူဦးရေးမည်မျှသည် မိမိတို့တာဝန်များကို ထမ်းဆောင်နေကြသည်ဖြစ်စေ၊ ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိသည်မှာ ၎င်းတို့အနေဖြင့် ခရစ်တော်နောက်သို့ အမှန်တကယ် လိုက်ခြင်းရှိမရှိ၊ သို့မဟုတ် လူတစ်ဦးနောက် အမှန်တကယ် လိုက်ကြခြင်းရှိမရှိ၊ ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ အမှန်တကယ် တွေ့ကြုံပြီး သမ္မာတရားကို လိုက်စားခြင်းရှိမရှိ၊ သို့မဟုတ် ဘာသာရေး လူပ်ရှားမှုများ၊ လူသား လုပ်ငန်းများနှင့် စီမံကိန်းများတွင် ပါဝင်ပတ်သက်ခြင်း ရှိမရှိဆိုသည်တို့အပေါ် အရေးတကြီး မူတည်ပေသည်။ ယင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံကာ လိုက်စားနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ပြဿနာများကို ၎င်းတို့ ရှာဖွေတွေ့ရှိသည့်အခါ ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ခြင်း ရှိမရှိဆိုသည်တို့အပေါ် အရေးတကြီး မူတည်ပေသည်။ အရေးအပါဆုံးသော အရာများမှာ ဤအရာများဖြစ်၏။ လူတို့သည် အမှန်တကယ်တွင် မည်သည့်အရာကို လိုက်စားပြီး မည်သည့်လမ်းကို လျှောက်သည်၊ သမ္မာတရားကို အမှန်တကယ် လက်ခံသည်၊ သို့မဟုတ် စွန့်ပစ်သည်၊ ဘုရားသခင်ကို နာခံသည်၊ သို့မဟုတ် အတိုက်အခံပြုသည်၊ ဤအရာအားလုံးတို့ကို ဘုရားသခင်က စဉ်ဆက်မပြတ် ဆန်းစစ်လျက်ရှိသည်။ အသင်းတော်တိုင်းနှင့် လူတစ်ဦးစီတိုင်းကို ဘုရားသခင် စောင့်ကြပ်သည်။ အသင်းတော်တွင် လူမည်မျှ တာဝန် ထမ်းဆောင်နေပါစေ၊ ဘုရားသခင်နောက်ကို လိုက်နေပါစေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ၎င်းတို့ သွေဖည်သည်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ၎င်းတို့ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ဘုရားသခင်၏အမှုတော်ကို မတွေ့ကြုံတော့ပေ။ ထိုသို့ဖြင့် ၎င်းတို့နှင့် ၎င်းတို့ ထမ်းဆောင်နေသည့် တာဝန်သည် ဘုရားသခင်၏အမှုတော်နှင့် ဆက်နွှယ်မှုမရှိတော့သကဲ့သို့၊ ဘုရားသခင်၏အမှုတော်၌ ပါဝင်ပတ်သက်ခြင်း မရှိတော့ချေ။ ထိုအခြေအနေတွင် ဤအသင်းတော်သည် ဘာသာရေးအုပ်စုတစ်စု ဖြစ်လာပြီးဖြစ်သည်။ ငါ့အား ပြောလော့။ အသင်းတော်တစ်ခုသည် ဘာသာရေးအုပ်စုတစ်စု ဖြစ်လာသည်နှင့် အကျိုးဆက်များက မည်သို့ရှိသနည်း။ ဤလူများသည် ကြီးမားသော အန္တရာယ်ရှိနေသည်ဟု သင်တို့ ဆိုမည် မဟုတ်လော။ ၎င်းတို့သည် ပြဿနာများဖြင့် ရင်ဆိုင်ရသည့်အခါ၊ မည်သည့်အခါမျှ သမ္မာတရားကို မရှာဖွေသကဲ့သို့၊ သမ္မာတရား၏ အခြေခံသဘောတရားများနှင့်အညီ မပြုမူကြဘဲ၊ လူသားများ၏ စီစဉ်မှုများနှင့် ကြိုးကိုင်ညွှန်ကြားမှုများကို ခံကြရသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ မည်သည့်အခါမျှ ဆုမတောင်းသကဲ့သို့ သမ္မာတရား၏ အခြေခံသဘောတရားများကို မရှာဖွေကြသည့်သူများစွာပင် ရှိသည်။ ၎င်းတို့သည် အခြားသူများကိုသာ မေးမြန်းပြီး အခြားသူများ အရိပ်ပြသည့်အပေါ် လိုက်ပြုမူလျက် အခြားသူများ ပြောသည့်အတိုင်း လုပ်ဆောင်ကြသည်။ အခြားလူများက ၎င်းတို့အား မည်သည့်အရာကိုခိုင်းပါစေ၊ ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာဖြစ်သည်။ ၎င်းတို့၏ ပြဿနာများနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် သမ္မာတရားကို ရှာဖွေခြင်းတို့သည် မရေမရာသကဲ့သို့၊ ခက်ခဲသည်ဟု ၎င်းတို့ ခံစားကြရသည်။ ထို့ကြောင့် ၎င်းတို့သည် ရိုးရှင်း လွယ်ကူသော ဖြေရှင်းချက်တစ်ခုကို ရှာကြသည်။ အခြားသူများအပေါ် မှီခိုခြင်းနှင့် အခြားသူများ ပြောသည့်အရာကို လုပ်ဆောင်ခြင်းတို့သည် လွယ်ကူပြီး လက်တွေ့အကျဆုံး ဖြစ်သည်ဟု တွက်ဆသောကြောင့် အခြားသူများကို မေးမြန်းပြီး အရာရာတွင် ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်ရင်း အခြားသူများခိုင်းသည့်အရာကိုသာ တကယ်ကို လုပ်ဆောင်ကြလေသည်။ အကျိုးဆက်အနေဖြင့် နှစ်များစွာ ယုံကြည်ပြီးသည့်နောက်တွင်ပင် ပြဿနာတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ဘုရားသခင်၏အလိုတော်နှင့် သမ္မာတရားကို ဆုတောင်းပြီး ရှာဖွေကာ ထို့နောက်တွင် သမ္မာတရားအား နားလည်ခြင်းကို စွမ်းဆောင်ရရှိပြီး ဘုရားသခင်၏အလိုတော်နှင့်အညီ ပြုမူကျင့်ကြံလျက် ဘုရားသခင်၏ရှေ့မှောက်သို့ ရောက်လာကြခြင်းမျိုး တစ်ခါမျှပင် မရှိဖူးပေ— ၎င်းတို့၌ ထိုကဲ့သို့သော အတွေ့အကြုံတစ်ခု မည်သည့်အခါမျှ မရှိဖူးပေ။ ထိုသို့သော လူများသည် ဘုရားသခင်အား ယုံကြည်မှုကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ကြသလော။ ငါတွေးမိသည်— ဘာသာရေး အဖွဲ့တစ်ဖွဲ့ထဲသို့ ဝင်ရောက်ပြီးသည်နှင့် လူအချို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှသည် လူတစ်ဦးကို ယုံကြည်ခြင်းသို့လည်းကောင်း၊ ဘုရားသခင်နောက်သို့ လိုက်ခြင်းမှသည် လူတစ်ဦးနောက်လိုက်ခြင်းသို့လည်းကောင်း ဖြစ်လွယ်တတ်ကြသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် အလွန်လျင်မြန်စွာ အဘယ်ကြောင့် ပြောင်းလဲကြသနည်း။ ဘုရားသခင်ကို နှစ်များစွာကြာ ယုံကြည်ပြီးနောက်တွင် အဘယ်ကြောင့် ၎င်းတို့က လူတစ်ဦးကို အရာခပ်သိမ်း၌ အရေးစိုက်ကာ နောက်မှလိုက်ကြသေးသနည်း။ ယုံကြည်မှု နှစ်ကာလအလွန်များသည့်တိုင် ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာတစ်ခု အမှန်တကယ် မရှိဖူးလေပြီ။ ၎င်းတို့ လုပ်ဆောင်သမျှထဲမှ မည်သည့်အရာမျှသည် ဘုရားသခင်နှင့် မည်သို့မျှ မပတ်သက်ဖူးသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များနှင့်လည်း မပတ်သက်ချေ။ ၎င်းတို့၏ စကား၊ လုပ်ရပ်များ၊ ဘဝ၊ အခြားသူများကို ပြောဆိုဆက်ဆံခြင်း၊ ကိစ္စများကို ကိုင်တွယ်ခြင်းအပြင် မိမိတို့တာဝန်ကို ထမ်းဆောင်မှုနှင့် ဘုရားသခင်ကို အစေခံခြင်း၊ ပြီးလျှင် ၎င်းတို့၏ လုပ်ရပ်များနှင့် လုပ်ဆောင်ချက်များအားလုံး၊ ၎င်းတို့၏ အပြုအမူများအားလုံး၊ ၎င်းတို့ထံမှ ပွင့်အံထွက်လာသည့် အတွေးနှင့် စိတ်ကူတစ်ခုစီတိုင်းပင်လျှင် ယင်းတို့ထဲမှ တစ်ခုမျှသည် ဘုရားသခင်ကို ယုံကြည်မှု၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များနှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိချေ။ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်သူတစ်ဦး ဖြစ်သလော။ ဘုရားသခင်ကို ယုံကြည်ခဲ့သည့် နှစ်ကာလ အရေအတွက်သည် ထိုလူ၏ ဝိညာဉ်ရင့်ကျက်မှုကို အဆုံးအဖြတ်ပေးနိုင်သလော။ ထိုအရာက ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေး ပုံမှန်ဟုတ်မဟုတ်ဆိုသည်ကို သက်သေပြနိုင်သလော။ လုံးဝ သက်သေမပြနိုင်။ လူတစ်ဦးက ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်း ရှိမရှိဆိုသည်ကို သိမြင်ခြင်းအတွက် အရေးပါသည့်အရာမှာ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ စိတ်နှလုံးများထဲတွင် လက်ခံနိုင်ခြင်း ရှိမရှိနှင့် သူ၏ နှုတ်ကပတ်တာ်များအလယ် ၎င်းတို့ အသက်ရှင်ကာ သူ၏ အမှုတော်ကို တွေ့ကြုံနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို ကြည့်ခြင်း ဖြစ်သည်။

ဤအရာကို တွေးဆလော့။ ဘုရားသခင်ကို သင်ယုံကြည်ရာတွင် သင်သည် မိမိကိုယ်ကို ဘာသာရေး ထုံးတမ်းဓလေ့များတွင်သာ ပါဝင်ပတ်သက်စေပြီး စည်းမျဉ်းအချို့ကိုသာ ထိန်းသိမ်းပါက၊ သမ္မာတရား၏ စည်းမျဉ်းများအပေါ် အာရုံစိုက်ခြင်းမရှိဘဲ သင်၏တာဝန်ကို ထမ်းဆောင်ကာ ပြုမူဆောင်ရွက်သည့်အခါတွင် ဟန်ဆောင်လုပ်ပြရုံလုပ်ပြနေပါက၊ သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုသည့်အခါတွင် အယူဝါဒ၏ စကားများနှင့် စကားရပ်များအကြောင်းကိုသာ သင် ပြောဆိုသော်လည်း လက်တွေ့ကျသည့် အသိပညာမရှိပါက၊ ဧဝံဂေလိကို သင်ဖြန့်ဝေကာ သက်သေခံသည့်အခါတွင် သင်၏ မိတ်သဟာယ စကားများသည် အပေါ်ယံဆန်ပါက၊ လူတို့ကို ထောက်ပံ့ကာ အားပေးရန် ဝိညာဉ်ရေးရာ အယူဝါဒစာကိုသာ ပြောဆိုပါက ရလဒ်များကို သင် ရရှိနိုင်သလော။ သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် အပြင်ပန်း ဝိညာဉ်ရေးပြည့်ဝမှုကိုသာ လိုက်စားပါက သင်၏ယုံကြည်မှုကဲ့သို့သော ထိုသို့သော ယုံကြည်မှုသည် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် အတွေ့အကြုံတစ်ခု ဖြစ်သလော။ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်သည်နှင့်အမျှ သမ္မာတရားကို သင် ရရှိနိုင်သလော။ ဤသည်မှာ ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှု ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှုသည် အမှန်တကယ် မည်သည့်အရာ ဖြစ်သနည်း။ သင်သည် ဘုရားသခင်နောက် နှစ်များစွာကြာ လိုက်ပြီးဖြစ်နိုင်သည်၊ သူ၏ နှုတ်ကပတ်တော်များစွာကို ဖတ်ပြီးဖြစ်နိုင်သည်၊ ဒေသနာအနည်းငယ်ထက် ပို၍ နားထောင်ပြီးဖြစ်ကာ အယူဝါဒများစွာကို နားလည်နေနိုင်ပြီး သင်တို့ထဲမှ အချို့သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ တစ်ဝက်တစ်ပျက် ဝင်ရောက်ပြီးဖြစ်သည်မှာ မှန်ပေ၏။ သို့သော် ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် ဝိညာဉ်ရင့်ကျက်မှု ရရှိနှင့်ပြီးသားဖြစ်သည်ဟု သင်တို့ ဆိုဝံ့မည်လော။ စာတန်၏ လှည့်ဖြားခြင်းနှင့် ဖမ်းဆီးခြင်း တစ်ဖန် ခံရလိမ့်မည် မဟုတ်ဟု သင်သေချာနိုင်သလော။ သင်သည် လူကို တစ်ဖန် ကိုးကွယ်ကာ နောက်လိုက်လိမ့်မည် မဟုတ်ဟု သေချာနိုင်သလော။ လမ်းဆုံးထိ သင် ဘုရားသခင်နောက်လိုက်လိမ့်မည်၊ လုံးဝ လာလမ်းတိုင်း ပြန်လိမ့်မည်မဟုတ်၊ လက်တွေ့ကျသည့် ဘုရားသခင်နောက် လိုက်ခြင်းထက် ဘာသာရေးသမားများ လုပ်ဆောင်သကဲ့သို့ ကောင်းကင်ဘုံရှိ၊ မရေရာသည့် ဘုရားသခင်တစ်ပါးကို ယုံကြည်ရုံမျှ ယုံကြည်မည်မဟုတ်ဟု သင် သေချာစေနိုင်သလော။ သင်တို့သည် လူ့ဇာတိခံ ဘုရားသခင်နောက် လိုက်ကောင်း လိုက်နေနိုင်သော်လည်း သမ္မာတရားကို လိုက်စားနေသလော။ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုနှင့် သူကို သိသည့် သိမြင်မှုတို့ကို သင် ရရှိနိုင်စွမ်းရှိသလော။ သင်တို့သည် ဘုရားသခင်ကို သစ္စာဖောက်မည့် အန္တရာယ်တွင် ရှိနေဆဲဖြစ်သည် မဟုတ်လော။ ဤအရာအားလုံးကို သင် တွေးဆသင့်သည်။ ယနေ့တွင် သင်၏ ယုံကြည်မှု နည်းလမ်းများ၊ အမြင်များနှင့် အခြေအနေများထဲမှ မည်သည့်အရာသည် ခရစ်ယာန်ဘာသာထဲရှိ ယုံကြည်သူများ၏ ယုံကြည်မှုနည်းလမ်းများ၊ အမြင်များ၊ အခြေအနေများနှင့် တူညီသနည်း၊ သို့မဟုတ် ဆင်တူသနည်း။ မည်သည့်အရာတွင် သင်တို့သည် တူညီသည့် အခြေအနေရှိကြသနည်း။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် သမ္မာတရားအား ပြဋ္ဌာန်းထားသော စည်းမျဉ်းဖြစ်သည့်အလား လိုက်နာစောင့်ထိန်းပါက ၎င်းတို့၏ ယုံကြည်မှုသည် ဘာသာရေး ဓလေ့ထုံးတမ်းတွင် ပတ်သက်မှုတစ်ခု ဖြစ်လာဖွယ်ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘာသာရေး ထုံးတမ်းဓလေ့များကို လိုက်နာခြင်းသည် တကယ်ကို ခရစ်ယာန်ဘာသာနှင့် မခြားပေ။ ထိုသို့ လုပ်ဆောင်သူများသည် သင်ကြားခြင်းနှင့် သဘောတရားအရ ပို၍ အဆင့်မြင့်ကာ တိုးတက်မျှသာရှိပြီး ၎င်းတို့၏ ယုံကြည်ခြင်းတွင် အနည်းငယ်ပို၍ မြင့်မားကာ ခရီးရောက်ကြရုံသာ ရှိ၏။ ထိုမျှသာဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်မှုသည် ဘာသာရေးယုံကြည်မှုအဖြစ်သို့၊ ဓမ္မပညာ လေ့လာမှုတစ်ခုအဖြစ်သို့၊ ပြဋ္ဌာန်းထားသော စည်းမျဉ်းများ၊ သို့မဟုတ် ထုံးတမ်းဓလေ့များအဖြစ်သို့ ပြောင်းလဲပါက ယင်းသည် ခရစ်ယာန်ဘာသာအဖြစ်သို့ ပြောင်းလဲသွားလေပြီ မဟုတ်လော။ သွန်သင်ချက်အသစ်များနှင့် သွန်သင်ချက်အဟောင်းများကြား ခြားနားမှုတစ်ခု ရှိသော်လည်း သင် လုပ်ဆောင်သမျှသည် သမ္မာတရားကို အယူဝါဒအဖြစ် သိနားလည်ခြင်းဖြစ်ကာ သင်သည် ဘုရားသခင်၏ အမှုတော်ကို မည်သို့ တွေ့ကြုံရမည်ကို မဆိုထားနှင့်၊ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိပါက၊ ပြီးလျှင် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ သင်ယုံကြည်သည်ဖြစ်စေ၊ အခက်အခဲမည်မျှ သင်ကြုံရသည်ဖြစ်စေ၊ အပြုအမူကောင်းမည်မျှ သင် ရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ သင် ရှိသည့်အရာသည် သမ္မာတရားအပေါ် စစ်မှန်သည့် သိနားလည်မှု မဟုတ်သကဲ့သို့ သမ္မာတရားကို သင် မရရှိသေးပါက၊ သို့မဟုတ် ထိုသမ္မာတရား၏ စစ်မှန်မှုထဲသို့ မဝင်ရောက်သေးပါက သင်၏ ယုံကြည်မှုပုံစံသည် ခရစ်ယာန်ဘာသာ၏ ယုံကြည်မှုပုံစံ ဖြစ်သည် မဟုတ်လော။ ယင်းသည် ခရစ်ယာန်ဘာသာ၏ အနှစ်သာရဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်၏ လုပ်ရပ်များတွင်၊ သို့မဟုတ် သင်၏ တာဝန်ကို ထမ်းဆောင်မှုတွင် ခရစ်ယာန်များ၏ အမြင်များ၊ သို့မဟုတ် အခြေအနေများနှင့် ဆင်တူသည့်၊ သို့မဟုတ် တူညီသည့် မည်သည့် အမြင်များ၊ သို့မဟုတ် အခြေအနေများ သင်တို့၌ ရှိကြသနည်း။ (ကျွန်ုပ်တို့သည် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းပြီး မိမိတို့ကိုယ်ကို အယူဝါဒ စကားများနှင့် စကားရပ်များဖြင့် ပြင်ဆင်ကြပါသည်။) စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း၊ အယူဝါဒ၏ စကားများနှင့် စကားရပ်များကို ဟောပြောခြင်း၊ သမ္မာတရားကို အယူဝါဒ၏ စကားများနှင့် စကားရပ်များအဖြစ် ယူမှတ်ခြင်းတို့အပြင် အခြားမည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်တို့သည် အသက်ဝင်ရောက်ခြင်းအပေါ် မဟုတ်ဘဲ အလုပ်လုပ်ခြင်းအပေါ် အာရုံစိုက်ကြပါသည်။) သင်တို့သည် အသက်ရရှိခြင်း၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို မဟုတ်ဘဲ အားထုတ်ကြိုးပမ်းခြင်းအပေါ်သာ အာရုံစိုက်ကြသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာ ပြည့်ဝမှု သွင်ပြင်နင့် အပြုအမူကောင်းအပေါ် အာရုံစိုက်ကြသည်။) သင်တို့သည် ယခု အနည်းငယ် ပြောကြလေပြီ။ ထို့ကြောင့် ငါ အကျဉ်းချုပ်မည်။ အပြုအမူကောင်းသည့် သွင်ပြင်ကို လိုက်စားခြင်းနှင့် မိမိကိုယ်ကို အပေါ်ယံ ဟန်ဆောင်ထားသည့် ဝိညာဉ်ရေးရာပြည့်ဝမှုဖြင့် မိမိကိုယ်ကို လွှမ်းခြုံရန် လွန်စွာ ကြိုးစားခြင်း၊ ပြီးလျှင် လူတို့က မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများတွင် မှန်ကန်သောအရာအဖြစ် စွဲကိုင်သည့် အရာများ၊ လူတို့ ထောက်ခံချက်ပေးတတ်သည့် အရာများကို လုပ်ဆောင်ခြင်းတို့သည် အတုအယောင် ဝိညာဉ်ရေးပြည့်ဝမှုကို လိုက်စားခြင်းတစ်ခု ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အယူဝါဒ စကားများနင့် စကားရပ်များကို ဟောပြောရန် မိမိတို့၏ တရားဟောစင်ပေါ် ရပ်သည့်၊ ကောင်းမှုများပြုနှင့် လူကောင်းများဖြစ်ရန် အခြားသူများကို သွန်သင်သည့်၊ ဝိညာဉ်ရေးရာ လူတစ်ဦးကဲ့သို့ ဟန်ဆောင်သည့် ကြောင်သူတော်တစ်ဦး ဖြစ်သည်။ သို့တိုင် အခြားသူများကို ၎င်းတို့၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ကိစ္စများကို ကိုင်တွယ်ခြင်း၊ ပြီးလျှင် မိမိတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင် သမ္မာတရားကို ၎င်းတို့ လုံးဝ မရှာဖွေကြဘဲ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြ၏။ ၎င်းတို့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ ဘုရားသခင်ကို ဘေးဖယ်ထားလျက် မိမိတို့ကိုယ်ပိုင် အလိုဆန္ဒဖြင့် လုပ်ဆောင်ကြ၏။ သမ္မာတရား၏ စည်းမျဉ်းများအတိုင်း မည်သည့်အခါတွင်မျှ ၎င်းတို့ မပြုမူကြပေ။ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရုံမျှ စောင့်ထိန်းကြသည်။ သမ္မာတရားကို ၎င်းတို့ လုံးဝ နားမလည်ကြသကဲ့သို့ ဘုရားသခင်၏ အလိုတော်၊ သို့မဟုတ် လူအတွက် သူ၏ သတ်မှတ်ချက်များနှင့် သက်ဆိုင်သည့် စံနှုန်းများ၊ သို့မဟုတ် လူကို ကယ်တင်ခြင်းအားဖြင့် သူ စွမ်းဆောင်ရရှိမည့်အရာကိုလည်း နားမလည်ကြချေ။ သမ္မာတရား၏ ဤအသေးစိတ် အချက်အလက်များကို ၎င်းတို့ မည်သည့်အခါတွင်မျှ လေးနက်စွာ မစစ်ဆေးကြ၊ သို့မဟုတ် ထိုအရာများအကြောင်း မမေးမြန်ကြချေ။ လူ၏ ဤဆိုရိုးများနင့် အပြုအမူများက ထုတ်ဖော်ပြသမျှမှာ ကြောင်သူတော်ဖြစ်ခြင်း ကိစ္စ ဖြစ်သည်။ ထိုသို့သော လူများ၏ စိတ်နှလုံးများထဲရှိ စစ်မှန်သော အခြေအနေများကို ၎င်းတို့၏ အပြင်ပန်း အပြုအမူနှင့်အတူ ကြည့်ပြီးနောက်တွင် ၎င်းတို့အနေဖြင့် သမ္မာတရား၏ စစ်မှန်မှုတစ်ခုမျှ မရှိကြကြောင်း၊ အမှန်တွင် ၎င်းတို့က ကြောင်သူတော် ဖာရိရှဲများဖြစ်ကြောင်း၊ မယုံကြည်သူများ ဖြစ်ကြောင်း သေချာနိုင်ပေသည်။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားပါက ၎င်း၏ ယုံကြည်မှုသည် စစ်မှန်ပါ၏လော။ (မစစ်မှန်ပါ။) နှစ်ပေါင်း မည်ရွေ့မည်မျှကြာ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လုံးဝ လက်မခံသည့် သူတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်လာနိုင်သလော။ (မရှောင်ကြဉ်နိုင်ပါ။) ယင်းကို ၎င်းတို့ မစွမ်းဆောင်နိုင်ကြပေ။ သို့ဆိုလျှင် ယင်းကဲ့သို့သောလူများ၏ အပြင်ပန်းအပြုအမူနှင့် သက်ဆိုင်သည့် သဘောသဘာဝမှာ အဘယ်နည်း။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့ လျှောက်နိုင်သနည်း။ (ဖာရိရှဲတို့၏ လမ်းကြောင်း ဖြစ်ပါသည်။) ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အရာများဖြင့် ပြင်ဆင်ပြီး ၎င်းတို့၏ နေ့ရက်များကို ကုန်လွန်စေကြသနည်း။ အယူဝါဒ၏ စကားများနှင့် စကားရပ်များဖြင့် မဟုတ်လော။ ၎င်းတို့သည် ၎င်းတို့ကိုယ်ကို ဖာရိရှဲများ၊ သာ၍ ဝိညာဉ်ရေးရာပြည့်ဝပြီး ဘုရားသခင်ကို အစေခံသည့်လူများနှင့် ပို၍တူစေရန်၊ အယူဝါဒ၏ စကားများနှင့် စကားရပ်များဖြင့် ၎င်းတို့ကိုယ်ကို ပြင်ဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ၎င်းတို့၏နေ့ရက်များကို ကုန်လွန်စေကြသည်မဟုတ်လော။ ဤလုပ်ဆောင်ချက်များအားလုံး၏ သဘာဝမှာ မည်သည့်အရာသာဖြစ်သနည်း။ ဘုရားသခင်ကို ကိုးကွယ်ခြင်းလော။ ကိုယ်တော်၌ စစ်မှန်သော ယုံကြည်ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေကြပါသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို လှည့်ဖြားနေကြခြင်း ဖြစ်သည်၊ ၎င်းတို့သည် ဖြစ်စဉ်တစ်ခု၏ အဆင့်များကို ဖြတ်သန်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ယုံကြည်ခြင်းအလံကို လှုပ်ယမ်းကြပြီး ဘာသာရေးထုံးတမ်းများကို လုပ်ဆောင်ခြင်း၊ ကောင်းချီးမင်္ဂလာခံစားရစေရန် ရည်မှန်းချက် ပြည့်မီရေးအတွက် ဘုရားသခင်ကို လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းခြင်းတို့ကို ပြုကြသည်။ ဤလူများသည် ဘုရားသခင်ကို ကိုးကွယ်ခြင်း လုံးဝမပြုကြပေ။ အဆုံးတွင် ယင်းကဲ့သို့ လူတစ်စုသည် ဘုရားဝတ်ပြုဆောင်များအတွင်း ဘုရားသခင်ကို အစေခံသည်ဟု ယူဆရပြီး ဘုရားသခင်ကို ယုံကြည်ပြီး နောက်လိုက်ကြသောသူများကဲ့သို့ပင် အဆုံးသတ်လိမ့်မည်။

ပညတ်တော်ခေတ်တွင် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည့် ကျမ်းတတ်ပုဂ္ဂိုလ်များ၊ ဖာရိရှဲများနှင့် ခေတ်သစ် ခရစ်ယာန်နှင့် ကာသိုလိတ် အုပ်စုများ၏ သင်အုပ်ဆရာများ၊ အကြီးအကဲများ၊ ဖာသာများနှင့် ဘုန်းတော်ကြီးများတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ၊ ယေဟောဝါကို ယုံကြည်ခြင်းနှင့် ယေရှုကို ယုံကြည်ခြင်းတို့ကြား ခြားနားချက်မှာ အဘယ်နည်း။ ၎င်းတို့ ယုံကြည်သည့် အမည်နာမမှလွဲ၍၊ ခြားနားချက်မှာ အဘယ်နည်း။ ယေဟောဝါကို ယုံကြည်သောသူတို့သည် မည်သည့်အရာကို စွဲကိုင်ကြသနည်း။ ၎င်းတို့၏ ယုံကြည်မှု နည်းစနစ်မှာ အဘယ်နည်း။ (သူတို့သည် ပညတ်တရားနှင့် ပညတ်ချက်များကို စောင့်ထိန်းခဲ့ကြပါသည်။) သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ နားလည်ခဲ့ကြသလော။ မိမိ၏ ကားတိုင်ကို ထမ်းခြင်း လမ်းကြောင်းကို ၎င်းတို့ နားလည်ခဲ့ကြသလော။ (နားမလည်ခဲ့ကြပါ။) ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း ၎င်းတို့ သိခဲ့ကြသလော။ ထိုသို့သော ယူဆချက်တစ်ခုကို ၎င်းတို့ ရှိခဲ့ကြသလော။ ယေရှုကို ယုံကြည်သောသူများ ကြားပြီးသည့် သတင်းစကားများကို ၎င်းတို့ သိခဲ့ကြသလော။ (မသိခဲ့ကြပါ။) ယေရှုကို ယုံကြည်သောသူတို့သည် ၎င်းတို့ကို အဘယ်သို့ မြင်ခဲ့ကြသနည်း။ (သူတို့သည် ခေတ်နောက်ကျသည်၊ ရှေးရိုးစွဲပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အမီမလိုက်ခဲ့ကြပါ။) အဓိကအချက်မှာ ဘုရားသခင်၏ အမှုတော် အဆင့်များကို ၎င်းတို့ အမီမလိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဘုရားသခင်က မေရှိယလာမည်ဟု ပြောခဲ့ပြီး၊ လူ့ဇာတိဖြင့် သူ ကြွလာခဲ့ချိန်တွင် သူ့ကို ယေရှုခရစ်တော်ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ၎င်းတို့သည် သူ့ကို လက်မခံခဲ့ကြသကဲ့သို့၊ ထိုအစား ခေါင်းမာစွာ သူ့ကို အတိုက်အခံလုပ်နေခဲ့ကြသည်။ သခင်ယေရှုသည် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်းကို ၎င်းတို့ အသိအမှတ်မပြုခဲ့ကြသကဲ့သို့ သူ့ကို ကားစင်တင်သတ်ခဲ့ကြသည်။ ၎င်းတို့သည် နောက်ကျကျန်ရစ်ခဲ့ကြပြီး၊ ကျေးဇူးတော်ခေတ်၏ ဖယ်ရှားခြင်းကို ခံခဲ့ရကြသည်။ ၎င်းတို့သည် ရွေးနုတ်ခြင်း၊ ကားတိုင်၏ ကယ်တင်ခြင်းနှင့် နောင်တတရားကဲ့သို့သော ကျေးဇူးတော်ခေတ်၏ သတင်းစကားများကို မသိခဲ့ကြပေ။ ယင်းမှာ ခြားနားချက်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ကျေးဇူးတော်ခေတ်၌ ရှိသောသူတို့သည် မည်သည့်အရာကို ပြောဆိုကြသနည်း။ ၎င်းတို့နှင့် ပညတ်တော်ခေတ်၏ ယုံကြည်သူများကြား ခြားနားချက်မှာ အဘယ်နည်း။ မည်သည့်အရာကို နောက်ထပ် ၎င်းတို့ သိကြသနည်း။ ပထမဦးစွာ၊ သမ္မာကျမ်းစာ ဖတ်ရှုခြင်းကို ကြည့်သည့်အခါ၊ ၎င်းတို့သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းကို ဖတ်ကြ၏။ ၎င်းတို့ ယုံကြည်သည့် ဘုရားသခင်၏ နာမကို ကြည့်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ယေဟောဝါဟုသာ မရည်ညွှန်းတော့ဘဲ၊ ထိုအစား အဓိကအားဖြင့် ယေရှုခရစ်တော်ဟု သူ့ကို ခေါ်ဝေါ်နေခဲ့ကြသည်။ မည်သည့်အရာကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ ဝန်ချခြင်းနှင့် နောင်တတရား၊ စိတ်ရှည်သည်းခံခြင်းနှင့် နှိမ့်ချခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ချစ်ခင်တတ်၏၊ ပညတ်ချက်များကို စောင့်ထိန်းကြ၏၊ မိမိတို့ကားတိုင်ကို ထမ်းကြ၏၊ ကားတိုင် ဆင်းရဲဒုက္ခခံသည့် လမ်းကြောင်းကို လျှောက်ကြပြီး၊ သေပြီးနောက် ကောင်းကင်သို့ တက်ကြွခြင်းကို မျှော်လင့်စောင့်စားကြ၏။ ၎င်းတို့သည် ပညတ်တော်ခေတ်ရှိ ယုံကြည်သူများနှင့် ကွဲပြားခြားနားလေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နှင့် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းနှင့် ဦးဆောင်ခံရခြင်းတို့ကို ပြောဆိုကြသည်။ ဆုတောင်းခြင်း၊ သခင်ယေရှုနာမဖြင့် ပြုမူဆောင်ရွက်ခြင်းနှင့် ဧဝံဂေလိ ဖြန့်ခြင်းတို့ကို ပြောဆိုကြသည်။ ၎င်းတို့ ပြောဆိုသည့်အရာများသည် ပညတ်တော်ခေတ်ရှိသောသူတို့နှင့် လုံးဝ ကွဲပြားသော်လည်း၊ အဆုံးတွင်၊ ၎င်းတို့သည် ဂျူးယုံကြည်ခြင်းရှိသည့် လူများကဲ့သို့ပင် အလားတူ အဆုံးသတ်ကို ဘုရားသခင်ထံမှ ရရှိကြလေသည်။ ၎င်းတို့သည်လည်း ဘာသာရေး အုပ်စုတစ်ခုနှင့် သက်ဆိုင်ပေသည်။ ဤသည်မှာ မည်သည့် ကိစ္စမျိုး ဖြစ်သနည်း။ ပညတ်တော်ခေတ်၏ ထိုဂျူးလူမျိုး ဖာရိရှဲများ၊ ယဇ်ပရောဟိတ် အကြီးအကဲများနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် အမည်နာမအရ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း၊ သူ၏ လမ်းခရီးကို ကျောခိုင်းကာ လူ့ဇာတိခံ ဘုရားသခင်ကိုပင် ကားစင်တင်သတ်ခဲ့ကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ ယုံကြည်မှုသည် ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်မည်လော။ (မရရှိနိုင်ပါ။) ဘုရားသခင်က ၎င်းတို့ကို ဘာသာရေး အုပ်စုတစ်စု၏ အဖွဲ့ဝင်များအဖြစ် သတ်မှတ်နှင့်ခဲ့ပြီးသား ဖြစ်သည်။ ပြီးလျှင် ထိုနည်းတူ ယနေ့တွင် ယေရှုကို ယုံကြည်သောသူတို့အားလည်း ဘာသာရေး အုပ်စုတစ်စု၏ အဖွဲ့ဝင်များအဖြစ် ဘုရားသခင် မြင်လေသည်။ ယင်းတွင် သူသည် ၎င်းတို့ကို သူ့အသင်းတော်၏ အသင်းသားများ သို့မဟုတ် သူ့ကို ယုံကြည်သူများအဖြစ် အသိအမှတ်မပြုပေ။ ဘုရားသခင်သည် အဘယ်ကြောင့် ဘာသာရေးလောကကို ထိုသို့ ရှုတ်ချမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘာသာရေးအုပ်စုများ၏ အဖွဲ့ဝင်များအားလုံး၊ အထူးသဖြင့် အမျိုးမျိုးသော ဂိုဏ်ဂဏများ၏ အဆင့်မြင့်မားသည့် ခေါင်းဆောင်များသည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံး ကင်းမဲ့ကြသကဲ့သို့ ဘုရားအလိုတော်ကို လိုက်လျှောက်ကြသည့်သူများ မဟုတ်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးသည် မယုံကြည်သူများ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံကြဖို့မပြောနှင့်၊ လူ့ဇာတိခံယူခြင်းကို မယုံကြည်ကြချေ။ ၎င်းတို့သည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော် သို့မဟုတ် သူ ဖော်ပြသည့် သမ္မာတရားများကို မည်သည့်အခါတွင်မျှ ရှာဖွေခြင်း၊ သတင်းမေးမြန်းခြင်း၊ ဆန်းစစ်ခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြချေ၊ ထိုအစား ဘုရားသခင်၏ နောက်ဆုံးသောကာလ လူ့ဇာတိခံခြင်း၏ အမှုတော်ကို ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်းကို တန်းလုပ်ကြသည်။ ဤတွင် ၎င်းတို့သည် ဘုရားသခင်ကို အမည်နာမအရ ယုံကြည်ကောင်းယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်က ၎င်းတို့အား သူ့ကို ယုံကြည်သူများအဖြစ် အသိအမှတ်မပြုသည်ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ၎င်းတို့သည် မကောင်းမှုပြုသူများ ဖြစ်ကြောင်း၊ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမျှသည် သူ၏ ကယ်တင်ခြင်း အမှုတော်နှင့် အနည်းငယ်မျှ ဆက်နွှယ်မှုမရှိကြောင်း၊ ၎င်းတို့သည် သူ့နှုတ်ကပတ်တော်များ ပြင်ပတွင်ရှိသည့် မယုံကြည်သူများဖြစ်ကြောင်း သူ ဆိုသည်။ သင်သည် ယခု သင် ယုံကြည်သည့်အတိုင်း ဘုရားသခင်ကို ယုံကြည်လျှင်၊ သင်သည်လည်း ဘာသာရေး နောက်လိုက်များအဖြစ်သို့ လျှော့ချခံရသည့် နေ့ရက် ရောက်လာလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ဘာသာတရားအတွင်းမှ ယုံကြည်ခြင်းသည် ကယ်တင်ခြင်း မရရှိနိုင်။ ဤသည်မှာ အတိအကျ အဘယ်ကြောင့် ဖြစ်သနည်း။ ဤသည်မှာ အဘယ်ကြောင့်ဖြစ်သည်ကို သင် မပြောနိုင်ပါက၊ သင်သည် သမ္မာတရားဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကိုဖြစ်စေ အနည်းငယ်မျှ နားမလည်ကြောင်း ပြပေသည်။ ဘုရားသခင်ကို ယုံကြည်မှုအား ဖြစ်ပျက်နိုင်သည့် ဝမ်းနည်းစရာအကောင်းဆုံးသော အရာမှာ ဘာသာတရားအဖြစ်သို့ လျှော့ချခံရခြင်းနှင့် ဘုရားသခင်၏ ဖယ်ရှားခံရခြင်းတို့ ဖြစ်သည်။ ဤသည်မှာ လူ့အဖို့ မစဉ်းစားတတ်အောင်ဖြသ်သောအရာတစ်ခု ဖြစ်ပြီး၊ သမ္မာတရားကို နားမလည်သော သူတို့သည် ဤကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ ငါ့ကို ပြောလော့၊ အသင်းတော်တစ်ပါးသည် ယင်း၏ ကနဦးကတည်းမှ ရှည်ကြာသည့် နှစ်များစွာတစ်လျှောက်တွင် ဘုရားသခင်၏ အမြင်၌ ဘာသာတရားတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲကာ ဂိုဏ်းဂဏတစ်ခု ဖြစ်လာပြီးချိန်တွင်၊ ထိုအသင်းတော်ရှိ လူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သင့်တော်သူများ ဖြစ်သလော။ ၎င်းတို့သည် သူ၏ မိသားစုဝင်များ ဖြစ်ကြသလော။ (မဟုတ်ပါ။) မဟုတ်ကြချေ။ စစ်မှန်သော ဘုရားသခင်ကို အမည်နာမအရ ယုံကြည်သော်လည်း ဘာသာရေးသမားများအဖြစ် သူ တွေးသည့် ဤလူများ လျှောက်သည်မှာ မည်သည့် လမ်းဖြစ်သနည်း။ ၎င်းတို့ လျှောက်သည့် လမ်းမှာ ဘုရားသခင်ကို ယုံကြည်မှု အောင်လံသယ်ဆောင်သော်လည်း သူ၏ လမ်းခရီးကို လုံးဝ မလိုက်လျှောက်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ သူ့ကို ၎င်းတို့ ယုံကြည်သည့်တိုင် မကိုးကွယ်ကြသကဲ့သို့ စွန့်ပင်စွန့်လွှတ်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ နာမ၊ စစ်မှန်သည့် ဘုရားသခင်ကို အမည်ခံ ယုံကြည်သည့်တိုင် စာတန် နတ်ဆိုးကို ကိုးကွယ်လျက်၊ လူသား လုပ်ငန်းများတွင် ပါဝင်ပတ်သက်ကာ အမှီအခိုကင်းသည့်၊ လူသား နိုင်ငံတစ်ခု တည်ထောင်လျက်၊ ဘုရားသခင်ကို ယုံကြည်ရန် ၎င်းတို့ အခိုင်အမာဆိုသော်လည်း သူ့ကို အတိုက်အခံလုပ်ကြသည့် လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ၎င်းတို့ လျှောက်ကြသည့် လမ်းဖြစ်သည်။ ၎င်းတို့ လျှောက်သည့်လမ်းကို ကြည့်သည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ထစ်ထစ်ချ အတိုက်အခံလုပ်ပြီး၊ သူ၏ အမှုတော်ကို နှောင့်ယှက်ရန် စတင်ကြသည့် မယုံကြည်သူများတစ်သိုက်၊ အန္တိခရစ်ဂိုဏ်းတစ်ဂိုဏ်၊ စာတန်နှင့် နတ်ဆိုး အုပ်စုတစ်စုဖြစ်သည်မှာ သိသာပေသည်။ ယင်းမှာ ဘာသာရေးလောက၏ အနှစ်သာရ ဖြစ်သည်။ ထိုသို့သော လူတစ်စုသည် လူ၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် ပတ်သက်စရာ တစ်ခုတလေ ရှိသလော။ (မရှိပါ။) ၎င်းတို့ မည်မျှများပြားသည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်သူများသည် မိမိတို့၏ ယုံကြည်ခြင်းပုံစံအား ဂိုဏ်းဂဏတစ်ခု သို့မစုတ် အုပ်စုတစ်စုအဖြစ် ဘုရားသခင်၏ သတ်မှတ်ခြင်း ခံလိုက်ရသည်နှင့်၊ ကယ်တင်ခြင်း မခံရနိုင်သူများအဖြစ် ဘုရားသခင်၏ သတ်မှတ်ခြင်းကိုလည်း ၎င်းတို့ ခံရပေသည်။ ဤသည်ကို အဘယ့်ကြောင့် ငါ ပြောသနည်း။ ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံခြင်း သို့မဟုတ် ကိုးကွယ်ခြင်းမရှိသည့် ဘုရားသခင်၏ အမှုတော် သို့မဟုတ် လမ်းပြမှု မရှိသည့် အုပ်စုတစ်စုသည် ဘုရားသခင်ကို အမည်ခံ ယုံကြည်သော်လည်း၊ ၎်းတို့ လိုက်လျှောက်ပြီး နာခံသည်မှာ ဘာသာတရား၏ ဘုန်းကြီးများနှင့် အကြီးအကဲများဖြစ်ပြီး၊ ဘာသာတရား၏ ဘုန်းကြီးများနှင့် အကြီးအကဲများသည် ၎င်းတို့၏ အနှစ်သာရအားဖြင့် ဆိုးယုတ်ကာ သူတော်ကောင်းယောင်ဆောင်တတ်ကြပေသည်။ ထို့ကြောင့်၊ ထိုလူများ လိုက်လျှောက်ပြီး နာခံသည့်အရာမှာ စာတန်နှင့် နတ်ဆိုးများ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်မှုအား လက်တွေ့လုပ်ဆောင်နေကြသော်လည်း အမှန်တွင်၊ လူ၏ ကြိုးကိုင်ခြယ်လှယ်ခြင်း ခံနေရသည်၊ လူသား စီစဉ်ညွှန်ကြားမှုများနှင့် ချိုးနှိမ်ထိန်းချုပ်ခြင်းကို ခံနေရပေသည်။ ထို့ကြောင့် ပဓာနကျသော သတ်မှတ်ချက်အရ၊ ၎င်းတို့ လိုက်လျှောက်ပြီး နာခံသည်မှာ စာတန်နှင့် နတ်ဆိုးများ၊ ဘုရားသခင်ကို အတိုက်အခံလုပ်ကာ ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည့် ဆိုးယုတ်သော အင်အားစုများ ဖြစ်သည်။ ဤသို့သော လူများနှင့်ဆိုင်သည့် ဂိုဏ်းတစ်ဂိုဏ်းကို ဘုရားသခင် ကယ်တင်မည်လော။ (မကယ်တင်ပါ။) အဘယ်ကြောင့် မကယ်တင်သနည်း။ ကောင်းပြီ၊ ထိုသို့သော လူများသည် နောင်တရနိုင်စွမ်း ရှိကြသလော။ မရှိကြပေ၊ ၎င်းတို့ နောင်တရကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို တွေ့ရလိမ့်မည့် နောက်ဆုံး ရလဒ်ဖြင့်၊ လူ၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို ဆန့်ကျင်လျက်၊ ဘုရားသခင်ကို ယုံကြည်ခြင်း အောင်လံအောက်တွင် လူသား လုပ်ငန်းများနှင့် လူသား စီမံကိန်းများ၌ ပါဝင်ကြ၏။ ဤလူများကို ဘုရားသခင် ကယ်တင်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းတို့သည် နောင်တရနိုင်စွမ်းမရှိကြသကဲ့သို့၊ စာတန်၏ အတင်းခေါ်ဆောင်ခြင်းခံရသည်နှင့်အမျှ၊ ဘုရားသခင်သည် ၎င်းတို့ကို စာတန်ထံ လက်လွှဲလိုက်လေသည်။ အကြင်သူ၏ ဘုရားသခင်ကို ယုံကြည်ခြင်းက သူ၏ လက်ခံမှုကို ပြည့်မီခြင်းရှိမရှိသည် ထိုယုံကြည်ခြင်း၏ နှစ်ကာလများ ရှည်ကြာမှုအပေါ် မူတည်သလော။ အကြင်သူ လိုက်နာသည့် ထုံးတမ်းဓလေ့များ သို့မဟုတ် ထိန်းသိမ်းသည့် စည်းမျဉ်းများအပေါ် မူတည်သလော။ လူသား လက်တွေ့လုပ်ဆောင်မှုများကို ဘုရားသခင် ကြည့်သလော။ ၎င်းတို့၏ ကိန်းကဏာန်းများကို သူ ကြည့်သလော။ (မကြည့်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို သူ ကြည့်သနည်း။ လူတစ်စုကို ဘုရားသခင် ရွေးချယ်ပြီးသည့်အခါ၊ ၎င်းတို့ ကယ်တင်ခံရနိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ကိုယ်ကယ်တင်ရန် သူ အလိုရှိခြင်း ရှိမရှိဆိုသည်ကို မည်သည့်အခြေခံအကြောင်းရင်းပေါ် သူ တိုင်းတာသနည်း။ ယင်းသည် သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေခံ၏။ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းအပေါ် အခြေခံ၏။ ဘုရားသခင်သည် ယခုတွင် ပြောသလောက် သမ္မာတရားများစွာကို ကျေးဇူးတော်ခေတ်တွင် လူကို ပြောကောင်းမပြောနိုင်သော်လည်း၊ ယင်းတို့သည် တိကျခဲ့သလောက် တိကျမည်မဟုတ်သော်လည်း၊ သူသည် လူကို စုံလင်စေနိုင်ဆဲဖြစ်ကာ ကယ်တင်ခံရနိုင်သည့် လူများ ရှိနေကြဆဲ ဖြစ်သည်။ ထို့ကြောင့်၊ သမ္မာတရားများစွာ ကြားပြီးဖြစ်ကာ ဘုရားသခင်၏ အလိုတော်ကို နားလည်သည့် လက်ရှိခေတ်၏ လူတို့သည် သူ၏ လမ်းခရီးကို မလိုက်လျှောက်နိုင် သို့မဟုတ် ကယ်တင်ခြင်း လမ်းကြောင်းပေါ် မစတင်နိုင်ပါက၊ အဆုံးတွင် ၎င်းတို့၏ ရလဒ်သည် မည်သည့်အရာ ဖြစ်လမ့်မည်နည်း။ ၎င်းတို့၏ အဆုံးသတ်ရလဒ်သည် ခရစ်ယာန် ဘာသာနှင့် ယုဒဘာသာထဲရှိ ယုံကြည်သူများ၏ အဆုံးသတ်နှင့် အတူတူပင် ဖြစ်လိမ်မ့ည်။ ၎င်းတို့ကဲ့သို့ပင်၊ ကယ်တင်ခံရလိမ့်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်စော စိတ်သဘောထား ဖြစ်သည်။ တရား​ဒေသနာ မည်မျှ သင် ကြားပြီးဖြစ်သည်၊ သို့မဟုတ် သမ္မာတရား မည်မျှ သင် နားလည်ပြီးဖြစ်သည်မှာ အရေးမကြီးပေ။ လူနောက် သင် လိုက်နေဆဲဖြစ်ပါက၊ စာတန်နောက် သင် လိုက်နေဆဲဖြစ်ပြီး၊ အဆုံးတွင် ဘုရားသခင်၏ လမ်းခရီးကို သင် မလိုက်လျှောက်နိုင်သကဲ့သို့၊ သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို မရှောင်ကြဉ်နိုင်ပါက၊ ထိုသို့သောလူများသည် ဘုရားသခင် စက်ဆုပ်ကာ ငြင်းပယ်သူများ ဖြစ်သည်။ ဘာသာတရားရှိ ဘူတို့သည် သမ္မာကျမ်းဆိုင်ရာ တရားဒေသနာများစွာ ဟောကောင်းဟောနိုင်ပြီး၊ ဝိညာဉ်ရေးရာ အယူဝါဒအချို့ကို နားလည်ကောင်းနားလည်နိုင်သော်လည်း၊ ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိ သို့မဟုတ် သူ့ကို အမှန်တကယ် ကိုးကွယ်နိုင်ခြင်း မရှိကြသကဲ့သို့ သူ့ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ခြင်း မရှိကြချေ။ ၎င်းတို့အားလုံးသည် သူတော်ကောင်းယောင်ဆောင်သူများ ဖြစ်ကြသည်၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသည့် လူများ မဟုတ်ပေ။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများသည် ဂိုဏ်းဂဏတစ်ခု၊ လူသားအုပ်စုတစ်စု၊ လူသား ဂိုဏ်းတစ်ဂိုဏ်းနှင့် သက်ဆိုင်သည့်အလား၊ စာတန်၏ နေရာအဖြစ် သတ်မှတ်ခံရပေသည်။ စုပေါင်း၍၊ ၎င်းတို့သည် စာတန်၏ ဂိုဏ်း၊ အန္တိခရစ်များ၏ နိုင်ငံဖြစ်ပြီး၊ ၎င်းတို့ကို ဘုရားသခင်က လုံးဝ စက်ဆုပ်ကာ ငြင်းပယ်သည်။

ယခု၊ သင်တို့အတွက် လုပ်ဆောင်ရန် အရေးတကြီး အဖြစ်ဆုံးသော အရာမှာ သမ္မာတရားကို လိုက်စားရန် ဖြစ်သည်။ တစ်ချက်မှာ၊ သင်၏တာဝန်ကို လုပ်ဆောင်သည်နှင့်အမျှ သင် နှောင့်နှေး၍ မဖြစ်သကဲ့သို့၊ နောက်တစ်ချက်မှာ၊ ကယ်တင်ခြင်း လမ်းကြောင်းပေါ် ခြေလှမ်းလှမ်းပြီး ဘုရားသခင်၏ စွန့်ပစ်ခြင်း မခံရရန် တိုတောင်းသည့် အချိန်တစ်ခုတွင် သင် အမြန် ကြိုးပမ်းရမည်။ ယင်းမှာ ဆိုးဝါးသည့်အရာတစ်ခု ဖြစ်လိုက်မည့်ဖြစ်ခြင်းပါတကား။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် သူ၏ ကယ်တင်ခြင်း အမှုကို လုပ်ဆောင်သည်နှင့်အမျှ ဤသည်မှာ သင်၏ နောက်ဆုံး၊ တစ်ဒင်္ဂ အခွင့်အရေးဖြစ်သည်။ သင်သည် သူ၏ လမ်းခရီးကို လုံးဝ ထိန်းသိမ်းခြင်း မရှိကြောင်း၊ သူ့ကို မည်သည့်အခါတွင်မျှ လုံးဝ ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်ခြင်း မရှိကြောင်း ပြောဆိုလျက်၊ ဘုရားသခင်က လူတစ်ဦး အဆုံးအဖြတ်ပေးပါက၊ ပြီးလျှင် သင့်ကို သူ စွန့်လွှတ်ရန် ဆုံးဖြတ်သည့်အခါ၊ သူသည် သင့်ကို အပြစ်တင်မည်မဟုတ်တော့၊ ဆုံးမပဲ့ပြင်တော့မည် မဟုတ်၊ သင့်ကို ကိုင်တွယ်ဖြေရှင်း၊ ပြုပြင်တော့မည် မဟုတ်သကဲ့သို့၊ သင့်ကို တရားစီရင်၊ ပြစ်တင်ဆုံးမတော့မည် မဟုတ်ချေ။ သူသည် သင့်အပေါ် လုံးဝ လက်လျှော့လိုက်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ သင်သည် လုံးဝ လွတ်မြောက်လိမ့်မည်။ မည်သူကမျှ သင့်ကို မည်သို့မျှ စောင့်ကြည့်တော့မည် မဟုတ်။ ဘုရားသခင်ကို သင် မည်သို့ယုံကြည်သည်ဆိုသည်နှင့် ပတ်သက်၍ မည်သူကမျှ ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်။ မည်သည့် မကောင်းသည့်အရာများကို သင် လုပ်ဆောင်သည်ဖြစ်စေ အပြစ်တင်မှု မရှိပေ။ သင်၏ တာဝန်ကို သင် လုပ်ဆောင်သည်နှင့်အမျှ သင်သည် သစ္စာမစောင့်သိ၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းရန် ကြိုးစားပါက၊ သို့မဟုတ် အသင်းတော်၏ အလုပ်ကို တားဆီးကာ နှောင့်ယှက်ပါက၊ အပြစ်တင်မှု မရှိသကဲ့သို့ ပဲ့ပြင်ဆုံးမခြင်းလည်း မရှိပေ။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများ ရှိလျှင်ပင်၊ အပြစ်တင်မှုမရှိသကဲ့သို့ ပဲ့ပြင်ဆုံးမမှုလည်း မရှိ။ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခံရခြင်းတို့ကို သင် အတိုက်အခံလုပ် သို့မဟုတ် ငြင်းပယ်ပါက၊ အခြားသူများကို ၎င်းတို့ နောက်ကွယ်တွင် ဝေဖန်ပါက၊ ၎င်းတို့ကို ဆုတ်ယုတ်စေပါက သို့မဟုတ် မိမိဘက်သို့ သွေးဆောင်ဖြားယောင်းပါက၊ အပြစ်တင်မှုဖြစ်စေ၊ ဆုံးမပဲ့ပြင်ခြင်းဖြစ်စေ မရှိပေ။ ဤသည်မှာ မည်သည့် လက္ခဏာတစ်ခု ဖြစ်သနည်း။ ကောင်းမွန်သည့် လက္ခဏာတစ်ခုလော။ မည်သူကမျှ သင့်ကို မစောင့်ကြည့်၊ မည်သူကမျှ သင့်ကို ပြုပြင်ခြင်း သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်း မရှိသကဲ့သို့၊ သင့်ကို ဘုရားသခင်က အပြစ်မတင်ပေ။ အရာရာတိုင်းက သင့်သဘောအတိုင်း ဖြစ်နေပုံရပြီး၊ သင် လုပ်လိုသည့် မည်သည့်အရာကိုမဆို သင် လုပ်ရသည်။ ဤသည်မှာ သိသာစွာပင် ကောင်းမွန်သည့် လက္ခဏာတစ်ခု မဟုတ်ပေ။ သင့်အပေါ် ဘုရားသခင် လက်လျှော့လိုသည့်အခါတွင်၊ သင်သည် အပြစ်တင်မှု ရှိတော့မည်မဟုတ်၊ ဆုံးမပဲ့ပြင်ခြင်း ခံစားရတော့မည် မဟုတ်သကဲ့သို့၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကိုလည်း မည်သို့မျှ ခံစားရတော့မည် မဟုတ်ချေ။ လူတစ်ဦးအပေါ် ဘုရားသခင် လက်လျှော့ခြင်းက မည်သည့်အရာကို သွယ်ဝိုက်ညွှန်းဆိုသနည်း။ ဤလူသည် နောက်ဆုံး ရလဒ်မရှိကြောင်း၊ မိမိတို့၏ ကယ်တင်ခြင်း အခွင့်အရေး ဆုံးရှုံးပြီးဖြစ်ကြောင်း သွယ်ဝိုက်ညွှန်းဆိုပေသည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအပေါ် လက်လျှော့သည့်အခါ၊ သူသည် ပထမဦးစွာ ၎င်းတို့ကို အပြစ်တင်မှု မခံစားရအောင် လုပ်၏။ ၎င်းတို့သည် နေ့စဉ် မိမိတို့ကိုယ်ကိုယ် အလွန်အကျွံ အားရကျေနပ်ကြပြီး၊ ကောင်းချီးခံစားရသည်ဟု တွေးထင်ကြသည်။ ထို့ကြောင့် အကျင့်ပျက်လာကြလျက်၊ မိမိတို့ စိတ်နှလုံး၏ ဆန္ဒများနောက်လိုက်လျက်၊ မိမိတို့ ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျက်၊ မိမိတို့ အလိုရှိသည့် မည်သည့်နည်းဖြင့်မဆို ပြုမူဆောင်ရွက်လျက်၊ မိမိတို့ကိုယ်ကိုယ် သာမန်ကာလျှံကာ အလိုလိုက်ကြလေသည်။ မည်သည့် သောက်စားပျော်ပါးသည့်အရာများကို ၎င်းတို့ လုပ်ဆောင်လိုသည်ဖြစ်စေ၊ မသက်မသာဖြစ်သည့် ခံစားချက် သို့မဟုတ် အရာအားလုံး အဆင်ပြေခြင်းမရှိသည့် ခံစားချက်မဆိုထားနှင့်၊ ပြစ်တင်မှုမရှိသကဲ့သို့၊ ဆုံးမပဲ့ပြင်ခြင်းလည်း မရှိချေ။ ဘုရားသခင်၏ ပြစ်တင်မှုနှင့် ဆုံးမပဲ့ပြင်ခြင်းကို စွန့်ခွာသော တစ်စုံတစ်ဦးသည် အန္တရာယ်အစွမ်းတွင် ရှိပေသည်။ ဆက်လက်၍ မည်သည့် လမ်းကြောင်းမျိုးပေါ် ၎င်းတို့ ခြေလှမ်းလှမ်းမည်နည်း။ ၎င်းတို့ အကျင့်ပျက်၊ သောက်စားပျော်ပါးလာကြသည်၊ မိမိတို့ကိုယ်ကိုယ် အလိုလိုက်ပြီး၊ မိမိတို့၏ ဆိုးယုတ်သော လုပ်ဆောင်ချက်များက မရပ်မနား ဖြစ်လာသည်။ ဤသည်မှာ အလွန် ဒုက္ခပေးတတ်၏။ အပြင်ပန်းမှကြည့်လျှင်၊ လူအချို့သည် စိုးရိမ်မှုတစ်ခုမျှမရှိဘဲ အတန်အသင့် စိတ်လက်ချမ်းသာစွာ အသက်ရှင်နေကြပုံပေါ်သော်လည်း၊ သမ္မာတရားကို နားလည်သောသူတို့က ထိုသို့သော လူတစ်ဦးသည် အန္တရာယ်တွင်ရှိကြောင်း၊ ၎င်းတို့ကို ဘုရားသခင် အလိုမရှိကြောင်းကို မြင်နိုင်ပေသည်။ ၎င်းတို့ကို ဘုရားသခင် စွန့်ပြီးဖြစ်ကာ ထိုအရာကို ၎င်းတို့ သိပင် မသိကြချေ။ ဘာသာရေးလောက၏ အန္တိခရစ်များသည် လူ့ဇာတိခံ ဘုရားသခင်၏ စကားများနှင့် အမှုတော်ကို ဝေဖန်ရင်း၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် ဆိုးယုတ်သော အရာများစွာ လုပ်ဆောင်ရင်း တစ်နေ့လုံး အချိန်ကုန်ကြသည်။ ယခုတွင် ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်း သို့မဟုတ် အပြစ်တင်မှု မရှိကြသော်လည်း၊ ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို စွန့်နှင့်ပြီးဖြစ်ကာ အဆုံးတွင် ၎င်းတို့အားလုံးသည် ကြီးမားသည့် အပြစ်ဒဏ်တစ်ခုနှင့် တွေ့ကြုံရလိမ့်မည်၊ ထိုအပြစ်ဒဏ်မှ ၎င်းတို့ မည်သူမျှ လွတ်မြောက်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ဤကိစ္စရပ်မှ၊ ဘုရားသခင်၏ အလိုတော်နှင့် သဘောထားကို သင် မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) သင်တို့သည် ယခု ဘုရားသခင်နောက်သို့ လိုက်သည်နှင့်အမျှ သမ္မာတရားကို မလိုက်စားပါက၊ ၎င်းတို့ကဲ့သို့ပင် အလားတူ အခြေအနေသို့ ရောက်ရှိနိုင်ပြီး၊ ထို့နောက်တွင် သင်တို့သည် အန္တရာယ်ရှိလိမ့်မည်။ သင်၏ နောက်ဆုံးရလဒ်သည် ၎င်းတို့၏ ရလဒ်နှင့် အတူတူပင် ဖြစ်လိမ့်မည်၊ ယင်းမှာ သေချာ၏။ ထို့ကြောင့် ယခုတွင်၊ ဘုရားသခင်က ၎င်းတို့ကို စွန့်ခွာမည့် အဆင့်ထိ ကျဆင်းခြင်းအား ရှောင်ရှားရန်အလို့ငှာ လူတို့ လုပ်ဆောင်သင့်သည့် အရေးတကြီး အဖြစ်ဆုံးသောအရာမှာ မည်သည့်အရာ ဖြစ်သနည်း။ ( သမ္မာတရားကို ကျွန်ုပ်တို့ လိုက်စားပြီး ကျွန်ုပ်တို့တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်ပါသည်။) သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းအပြင်၊ ဘုရားသခင်ရှေ့မှောက်သို့ သင် မကြာခဏ လာရမည်၊ သူ၏ နှုတ်ကပတ်တော်များကို စားသောက်ကာ တွေးဆရမည်၊ သူ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် လမ်းပြမှုကု လက်ခံပြီး၊ ကျိုးနွံနာခံခြင်း သင်ခန်းစာကို သင်ယူရမည်။ ဤသည်မှာ အလွန် အရေးကြီး၏။ သင့်အတွက် ဘုရားသခင် စီစဉ်ပြီးဖြစ်သည့် ပတ်ဝန်ကျင်များ၊ လူများ၊ အမှုအရာများနှင့် ကိစ္စရပ်များအားလုံးကို ကျိုးနွံနာခံနိုင်ရမည်ဖြစ်ပြီး၊ သင် အတော်လေး နားမလည်နိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ သမ္မာတရားကို ရှာဖွေရင်း မကြာခဏ သင် ဆုတောင်းရမည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းအားဖြင့်သာ ရှေ့ဆက်ရမည့် လမ်းတစ်ခုကို သင် မြင်နိုင်သည်။ သင် လုပ်သင့်သည့်အရာကို သေချာစွာနှင့် သတိရှိစွာ လုပ်ဆောင်ပြီး ဘုရားရှေ့မှောက်တွင် သူ့ကို ကျိုးနွံနာခံခြင်း စိတ်နှလုံးဖြင့် အသက်ရှင်လော့။ သူ့ရှေ့မှောက်တွင် မကြာခဏ မိမိကိုယ်ကိုယ် ငြိမ်သက်စေကာ အသောက်အစား အပျော်အပါး၌ မွေ့လျော်ခြင်း မရှိနှင့်။ အနည်းဆုံးအနေဖြင့်၊ သင့်ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ ပထမဦးစွာ မိမိကိုယ်ကိုယ် တည်ငြိမ်စေပြီးနောက် အမြန်ဆုတောင်းလော့။ ပြီးလျှင် ဆုတောင်းခြင်း၊ ရှာဖွေခြင်းနှင့် စောင့်ဆိုင်းခြင်းအားဖြင့်၊ ဘုရားသခင်၏ အလိုတော်ကို သိနားလည်လာလော့။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သည့် သဘောထားတစ်ခု မဟုတ်လော။ သင်သည် စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ကာ နာခံပြီး၊ သူ့ရှေ့မှောက်တွင် မိမိကိုယ်ကိုယ် ငြိမ်သက်စေနိုင်ကာ သူ၏ အလိုတော်ကို သဘောပေါက်နိုင်ပါက၊ ဤသို့ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမျိုးဖြင့်၊ သင်သည် ကွယ်ကာခံရလိမ့်မည်ဖြစ်ကာ စုံစမ်းနှောင့်ယှက်ခံရလိမ့်မည် မဟုတ်သကဲ့သို့၊ အသင်းတော် အလုပ်ကို နှောင့်ယှက်၊ သို့မဟုတ် တားဆီးသည့် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်မိလိမ့်မည် မဟုတ်။ သင် ရှင်းလင်းစွာ မမြင်နိုင်သည့် ကိစ္စရပ်များတွင် သမ္မာတရားကို ရှာဖွေလော့။ ကြောင်းကျိုးမမြင်ဘဲ ဝေဖန်မှုမပေးနှင့် သို့မဟုတ် ရှုတ်ချမှုများကို မထုတ်ပြန်နှင့်။ ဤသို့ဖြင့်၊ သင်သည် ဘုရားသခင်၏ ရွံရှာခြင်း သို့မဟုတ် စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ခံရလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို စိတ်နှလုံးတွင် ကြောက်ရွံ့ပါက၊ သူ့ကို ပုန်ကန်ပြစ်မှားမိမည်ကို စိုးရွံ့လိမ့်မည်ဖြစ်ကာ ဖြာ်းယောင်းသည့် တစ်စုံတစ်ရာ သင့်ထံ ကျရောက်သည့်အခါ၊ ဘုရားသခင် ရှေ့မှောက်တွင် ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပင်ခြင်းဖြင့် အသက်ရှင်လိမ့်မည်ဖြစ်ကာ အရာခပ်သိမ်း၌ သူ့ကို နာခံကာ စိတ်ကျေနပ်စေဖို့ တမ်းတလိမ့်မည်။ သင်သည် ထိုသို့သော လက်တွေ့လုပ်ဆောင်မှုတစ်ခု ရှိပြီး၊ သင့်ကိုယ်သင် ဘုရားသခင်ရှေ့မှောက်တွင် မကြာခဏ ငြိမ်သက်စေကာ သူ့ရှေ့မှောက်သို့ မကြာခဏ လာရင်း၊ ထိုသို့သော အခြေအနေတစ်ခုတွင် မကြာခဏ အသက်ရှင်နိုင်သည့် အချိန်တွင်သာ စုံစမ်းနှောင့်ယှက်မှုနှင့် ဆိုးယုတ်သော အရာများကို မရည်ရွယ်ဘဲ သင် ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်အတွက် ကြောက်ရွံ့သော စိတ်နှလုံးမရှိဘဲ၊ သို့မဟုတ် သူ၏ ရှေ့မှောက်တွင် မရှိသည့် စိတ်နှလုံးဖြင့်၊ သင် စွမ်းဆောင်နိုင်မည့် မကောင်းမှုအချို့ ရှိ၏။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိပြီး၊ ထိုအရာကို သင် မချိုးနှိမ်နိုင်သောကြောင့် မကောင်းမှုကို သင် လုပ်နိုင်စွမ်းရှိ၏။ သင်သည် နှောင့်ယှက်ခြင်းနှင့် တားဆီးခြင်းတစ်ခု ဖြစ်စေသည့်နှင့်အမျှ ထိုသို့သော မကောင်းမှုကို ကျူးလွန်မည်ဆိုပါက၊ အကျိုးဆက်များက မပြင်းထန်ဘဲ ရှိလိမ့်မည်လော။ အနည်းဆုံးအနေဖြင့်၊ သင်သည် ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး၊ သင် လုပ်ဆောင်မိသည့်အရာသည် ဆိုးရွားပါက၊ ဘုရားသခင်သည် င့်ကို စက်ဆုပ်ကာ ငြင်းပယ်လိမ့်မည်။ ပြီးလျှင် သင်သည် အသင်းတော်မှ နှင်ထုတ်ခြင်း ခံရလိမ့်မည်။ သို့ရာတွင်၊ သင်သည် ဘုရားသခင်ကို စိတ်နှလုံးတွင် ကျိုးနွံနာခံပြီး၊ သင်၏ စိတ်နှလုံးသည် မကြာခဏ ဘုရားသခင်၏ ရှေ့မှောက်၌ ငြိမ်သက်နိုင်ပါက၊ ပြီးလျှင် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ ကြောက်လန့်ပါက၊ သင်သည် မကောင်းမှုများစွာမှ အလွန်ကင်းရှင်းစွာ နေထိုင်နိုင်လိမ့်မည် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ကာ၊ “ကျွန်ုပ်သည် ဘုရားသခင်ကို ကြောက်လန့်ပါသည်။ သူ့ကို ပုန်ကပန်ပြစ်မှားမိမည်ကို၊ သူ၏ အမှုတော်ကို နှောင့်ယှက်မိပြီး၊ သူ၏ ရွံရှာမှုအား ဖိတ်ခေါ်မိမည်ကို စိုးရွံ့ပါသည်”ဟု ဆိုပါက၊ ဤသည်မှာ သင့်အတွက် ရှိရမည့် ပုံမှန် သဘောထားနှင့် ပုံမှန် အခြေအနေတစ်ခု မဟုတ်လော။ သင်၏ ကြောက်လန့်မှုကို မည်သည့် အရာက ဖြစ်ပေါ်စေလိမ့်မည်နည်း။ သင်၏ ကြောက်လန့်မှုသည် ဘုရားသခင်အတွက် ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခုမှ ဖြစ်ပေါ်လိမ့်မည် ဖြစ်သည်။ သင်သည် စိတ်နှလုံးကို ဘုရားသခင်ကို ကြော်ကလန့်မှု ရှိပါက၊ ဆိုးယုတ်သော အရာများကို မြင်သည့်အခါ ရှောင်ရှားကာ ရှောင်ကြဉ်လိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြင့် သင် ကွယ်ကာခံရလိမ့်မည်။ ဘုရားသခင်ကို စိတ်နှလုံးတွင် ကြောက်လန့်မှုမရှိဘဲ တစ်စုံတစ်ဦးသည် သူ့ကို ကြောက်ရွံ့နိုင်သလော။ မကောင်းမှုကို ရှောင်ကြဉ်နိုင်သလော။ (မရှောင်ကြဉ်နိုင်ပါ။)ဘုရားသခင်ကို မကြောက်ရွံ့သကဲ့သို့ သူ့ကို ကြောက်လန့်ခြင်းမရှိသည့်သူများသည် ရဲရင့်သောလူများ မဟုတ်လော။ ရဲရဲင့်သောလူများကို ချုပ်ထိန်း၍ရနိုင်သလော။ (မရပါ။) ပြီးလျှင် မချုပ်တည်းနိုင်သောသူတို့သည် စိတ်ထဲတွင် ဖြစ်ပေါ်သည့် မည်သည့်အရာကိုမဆို တစ်ခဏအတွင်း လုပ်ဆောင်ကြသည် မဟုတ်လော။ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒဖြင့်၊ မိမိတို့ စိတ်ထက်သန်မှုဖြင့် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားဖြင့် ၎င်းတို့ ပြုမူဆောင်ရွက်သည့်အခါ လူတို့သည် မည်သည့်အရာများကို လုပ်ဆောင်မိကြသနည်း။ ဘုရားသခင်က ထိုအရာများကို မြင်သည့်အတိုင်းဆိုပါက၊ ထိုအရာများသည် ဆိုးယုတ်သော အရာများ ဖြစ်၏။ ထို့ကြောင့် လူသားအတွက် စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်လန့်မှု ရှိရန်မှာ ကောင်းမွန်သည့် အရာတစ်ခုဖြစ်သည်ကို သင် ရှင်းလင်းစွာ မြင်ရမည်။ ထိုသို့ဖြင့်၊ အကြင်သူသည် ဘုရားသခင်ကို ကြောက်ရွံ့လာနိုင်သည်။ အကြင်သူသည် မိမိစိတ်နှလုံးတွင် ဘုရားသခင် ရှိပြီး ဘုရားသခင်ကို ကြောက်ရွံ့နိုင်သည့်အခါ၊ ဆိုးယငတ်သည့် အရာများမှ အလွန် ကင်းရှင်းစွာ နေထိုင်နိုင်လိမ့်မည်။ ထိုသို့သောလူများသည် ကယ်တင်ခံရမည့် မျှော်လင့်ချက်တစ်ခုရှိသည်။

ယုံကြည်သူတစ်ဦးအတွက် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန် လွယ်ကူသလော။ အမှန်တွင်၊ လွယ်ကူသည့် ကိစ္စမဟုတ်ပေ။ သမ္မာတရားကို သင် မလိုက်စားပါက၊ ထိုအရာကို မည်သည့်အခါတွင်မျှ သင် မရရှိနိုင်ပေ။ ဥပမာအားဖြင့်၊ လူအချို့က၊ “ဘုရားသခင်ကို ယုံကြည်ရန်မှာ အမှန်တကယ် မလွယ်သကဲ့သို့၊ သင်၏ တာဝန်ကိုလည်း သင် လုပ်ဆောင်ရမည်၊ ဆင်းရဲဒုက္ခခံကာ အဖိုးအခ ပေးရမည်”ဟု ဆိုကြသည်။ ဤစကားများကို ကြားသည့်အခါ သင် မည်သို့ ခံစားရသနည်း။ ဤစကားများကို ပြောဆိုခြင်းနှင့် ပတ်သက်၍ ပြဿနာမှာ မည်သည့်အရာ ဖြစ်သနည်း။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့မှု မရှိပါက၊ မည်သည့်အရာကို သင် ပြောမည်နည်း။ သင်က၊ “ယင်းမှာ အတိအကျ မှန်၏။ ကျွန်ုပ်သည် မိမိတာဝန်ကို နှစ်များစွာ လုပ်ဆောင်ရန် ကျွန်ုပ်၏ အိမ်ကို စွန့်ခွားပြီးဖြစ်သည်။ ကျွန်ုပ်၏ သားသမီးများနှင့် ကျွန်ုပ်၏ မိခင်ကို ကျွန်ုပ် လွမ်းပြီး ကျွန်ုပ် ဆင်းရဲဒုက္ခခံစားခဲ့ရသည်မှာ သေးငယ်သည့်ပမာဏ မဟုတ်ပါ။ ကျွန်ုပ်အနေဖြင့် ကောင်းချီးများ ရရှိရန် မဟုတ်ပါက၊ ယင်းသည် တရားမည်မဟုတ်ပါ”ဟု ဆိုပေမည်။ ဤစကားများတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း တစ်ခုတလေ ရှိသလော။ (မရှိပါ။) လူတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသကဲ့သို့၊ ထိုသို့သော စကားများကို ပြောဆိုပါက၊ ၎င်းတို့ အပြုအမူ၏ အရည်အသွေးမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်ကို စောဒကတက်လျက် သူနှင့် သဘောထား ကွဲလွဲမှု ရှိကြသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်အပေါ် စောဒကတက်သည့် စကားများ ပြောဆိုပါက၊ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားတစ်ပါးဖြစ်ကြောင်းကို ၎င်းတို့ အမှန်တကယ် ယုံကြည်ကြသလော။ လူတစ်ဦးတွင် စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်လန့်မှုမရှိပါက၊ သူ့ကို ၎င်းတို့ မကြောက်ရွံ့နိုင်ပါက၊ မကောင်းမှုကို ရှောင်ကြဉ်ရန် ၎င်းတို့အတွက် လွယ်ကူသလော။ (မလွယ်ကူပါ။) ၎င်းတို့သည် မကောင်းမှုကို မရှောင်ကြဉ်နိုင်ကြပေ။ ထိုလူက၊ “ကျွန်ုပ်၏ မိသားစုနှင့် အလုပ်အကိုင်ကို စွန့်ပြီးနောက်တွင် ကောင်းချီးများ ရရှိမည်မဟုတ်ပါက၊ ယင်းသည် အလွန် တရားမည်မဟုတ်ပါ”ဟု ဆိုကြသည်။ သင်က ချက်ချင်း “ယင်းမှာ အတိအကျမှန်ပေသည်”ဟု လိုက်ပြောပါက၊ ထိုစကားများသည် သင့်အဖို့ မည်သို့ ထင်ရမည်နည်း။ ဤသည်မှာ မကောင်းမှုကို ရှောင်ကြဉ်ခြင်းလော။ “ယင်းမှာ အတိအကျ မှန်သည်”ဟု သင် ဆိုနိုင်သည့် အချက်က သင်သည်လည်း အခြားလူကဲ့သို့ပင် ဘုရားသခင်အပေါ် စောဒကတက်နေခြင်းဖြစ်သည်ကိုသာ သက်သေပြပေသည်။ မကောင်းမှုကို ဖြစ်စေရန် မကျေနပ်ချက်များသည် သင်၏ နှုတ်မှ ထွက်လာနှင့်ပြီးဖြစ်သည်။ သင်သည် မကောင်းမှုကို မရှောင်ကြဉ်နိုင်ရုံမက၊ မကျေနပ်ချက်များကို ပြောဆိုနိုင်စွမ်းရှိပြီး၊ မကောင်းမှုကို လုပ်နိုင်စွမ်းလည်း ရှိပေသည်။ ယင်းသည် သေးငယ်သည့် မကောင်းမှုဖြစ်သော်လည်း၊ ဘုရားသခင်အပေါ် စောဒကတက်ခြင်း ဖြစ်နေဆဲ ဖြစ်သည်။ ယနေ့၏ သေးငယ်သည့် မကောင်းမှုကို မဖြေရှင်းပါက၊ မနက်ဖြန်တွင် သင်သည် ဘုရားသခင်ကို သစ္စာဖောက်မည့် အန္တရာယ်ရှိပေသည်။ ယင်းမှာ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဆိုးရွားပုံ ဖြစ်သည်။ ဤကိစ္စကို ရှင်းလင်းစွာ သင် မြင်ပါသလော။ လူတစ်ဦးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိပါက၊ ၎င်းတို့ အသံထွက် ပြောဆိုသည့်အရာများဖြစ်စေ၊ မိမိတို့ စိတ်နှလုံးတွင် တွေးသည့်အရာများဖြစ်စေ သို့မဟုတ် ၎င်းတို့ထံမှ အလိုလို ပွင့်အံထွက်သည့်အရာများဖြစ်စေ၊ အားလုံးသည် ဆိုးယုတ်၏။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိပါက၊ သေးငယ်သည့် ကိစ္စရပ်တစ်ခုပင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏ အကျင့်စရိုက်၊ လိုက်စားမှုများနှင့် ကြံရွယ်ချက်များကို လုံးဝ ဖော်ထုတ်နိုင်သည်။ ဘုရားသခင်နှင့် ပတ်သက်၍ သင်၏ စိတ်မကျေနပ်ချက်ကိုပင် ဖော်ထုတ်နိုင်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိသူတို့သည် ၎င်းတို့ ပြောလိုသည့်အရာ မည်သည့်အရာမဆို ပြောဆိုကြသည်။ ၎င်းတို့ စဉ်းစားနေသည့်အရာ မည်သည့်အရာကိုမဆို ပြောဆိုကြပြီး၊ ပြောဆိုပြီးနောက်တွင်၊ ထိုအရာက အမှန်တရားတစ်ခု ဖြစ်လာသည်။ ဘုရားသခင် ရှုထောင့်အမြင်မှကြည့်လျှင်၊ ထိုသို့သော လူတစ်ဦးသည် သူ့ကို မကြောက်ရွံ့သကဲ့သို့ မကောင်းသည့် အရာများကိုလည်း ရှောင်ကြဉ်ခြင်း မရှိကြချေ။ ထို့ထက်၊ မကောင်းမှုများကို မြင်သည့်အခါ မိမိတို့ကိုယ်ကိုယ် ပါဝင်ပတ်သက်စေကြပြီး၊ ဆိုးယုတ်သော လူများနှင့်အတူ ပြစ်မှုကျူးလွန်ခြင်းတွင် တွဲဖက်များ ဖြစ်လာကြသည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိပါက၊ သူ့ကို သင် ကြောက်လန့်ပါက၊ သူ၏ မျက်မှောက်တာ်တွင် သင် အသက်ရှင်ပါက၊ ထိုသို့သော လူတစ်ဦး၏ စကားများကို သင် မည်သို့ တုံ့ပြန်သင့်သနည်း။ ၎င်းတို့သည် မိမိတို့စကားများဖြင့် မည်သည့်အရာကို ဆိုလိုကြသနည်း။ ၎င်းတို့သည် ကောင်းချီးများကို စွန့်ရန် မလိုလားကြချေ။ ကောင်းချီးများကို ရရှိလိုကြသော်လည်း၊ ဆင်းရဲဒုက္ခခံရန် သို့မဟုတ် အဖိုးအခပေးရန် မလိုလားကြသောကြောင့်၊ ၎င်းတို့က၊ “ဘုရားသခင်ကို ယုံကြည်ရန်မှာ တကယ်ကို မလွယ်ကူပါ”ဟု ဆိုကြလေသည်။ ၎င်းတို့သည် စောဒကတက်သည့် ခံစားချက်တစ်ခု ရှိကြသည် မဟုတ်လော။ ဤစကားများတွင် စောဒကတက်သည့် ခံစားချက်တစ်ခု ပါရှိ၏။ ဤလူသည် ဘုရားသခင်နှင့် ပတ်သက်၍ စိတ်ပျက်သည်၊ ၎င်းတို့ မကျေမနပ်ဖြစ်ကာ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များသည် အလွန် မြင့်မားသည်ဟု တွေးထင်ကြသည်။ ဘုရားသခင်က ၎င်းတို့ကို ပေးသည့် သေးငယ်သော ကောင်းချီးများအတွက် အလွန် မြင့်မားသည့် အဖိုးအခကို ပေးစေချင်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဘုရားသခင်သည် ဤသို့ မပြုမူသင့်ကြောင်း၊ သူသည် လူသားအတွက် ချစ်ခြင်းမေတ္တာ မရှိကြောင်း၊ လူသားအတွက် သနားကရုဏာ အမှန်တကယ် မခံစားကြောင်း၊ လူကို ညှဉ်းဆဲကြောင်း ၎င်းတို့ တွေးထင်ကြလေသည်။ လူတစ်ဦးအတွက် ဆင်းရဲဒုက္ခကို ကောင်းချီးအတွက် လဲလှယ်ရန်မှာ မလွယ်ကူဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့ သွယ်ဝိုက်ညွှန်းဆိုနေသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ၎င်းတို့ကို သင် မည်သို့ ဖြေသင့်သနည်း။ ဤအဖြေကို နားထောင်လော့၊ မှန်ကန်သည်ဟု သင်ထင်လားဆိုသည်ကို ကြည့်လော့။ သင်သည်၊ “ကျွန်ုပ်တို့၏ သေးငယ်သည့် ဆင်းရဲဒုက္ခသည် မည်သည့်အရာနှင့် ညီမျှသည်း။ ဘုရားသခင် မည်မျှဆင်းရဲဒုက္ခခံခဲ့ရသည်ကို သင် မြင်ရသည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်သည် ကောင်းကင်မှ မြေကြီးသို့ ဆင်းကြွလာပြီး၊ လူတို့ကြား နှိမ့်ချစွာနှင့် လျှို့ဝှက်စွာ လူ့ဇာတိခံခဲ့ကာ ကြီးမားသည့် အရှက်ကွဲခြင်းကို ခံစားခဲ့သည်။ လူသားမျိုးနွယ်ကို ကယ်တင်ရန် သူ၏ အသက်ကိုပင် စွန့်ခဲ့သည်။ ဘုရားသခင်၏ ဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့ ခံစားရပြီးဖြစ်သည့် အနည်းငယ်မျှသော ဆင်းရဲဒုက္ခထက် များစွာပိုလွန်သည်။ ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခသည် မည်သည့်အရာဖြင့်မျှ မညီမျှပါ။ ထို့အပြင်၊ ကျွန်ုပ်တို့ ဆင်းရဲဒုက္ခခံသင့်သည်။ ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခသည် ကျွန်ုပ်တို့ ကောင်းချီးခံစားရနိုင်ရန်အလို့ငှာ ဖြစ်သည် မဟုတ်လော”ဟု ဆိုသင့်၏။ သင် မည်သည့်အရာကို တွေးထင်သနည်း။ အပေါ်ယံတွင်၊ မှန်ကန်ပုံရပြီး၊ အယူဝါဒဆိုင်ရာ ရှုထောင့်မှကြည့်လျှင် အမှားများ မရှိသော်လည်း၊ ဤနေရာတွင် သက်သေခံချက်တစ်ခု ရှိသလော။ (မရှိပါ။) သက်သေခံချက် မရှိပေ။ ဤသည်မှာ တစ်စုံတစ်ဦးကို တိုက်တွန်းရန် အယူဝါဒကို သာမန်ကာလျှံကာ အသံထွက်ပြောဆိုခြင်းသာ ဖြစ်သည်။ ဤအရာသည် ပြဿနာတစ်ခုတလေကို ဖြေရှင်းနိုင်သလော။ ပြဿနာများကို သင် ဖြေရှင်းလိုပါက၊ ထိုပြဿနာများနှင့်ပတ်သက်၍ သင် မည်သို့ မိတ်သဟာယပြုသင့်သနည်း။ သင်သည် ဤမကျေနပ်ချက် စကားများကို ကြားလျှင်၊ သင်၏ စိတ်နှလုံး၌ မည်သို့ ခံစားရမည်နည်း။ ဘုရားသခင်ကို ယုံကြည်ရင်း မိမိတို့၏ တာဝန်ကို ၎င်းတို့ လုပ်ဆောင်သည်နှင့်အမျှ၊ ၎င်းတို့၏ ဆင်းရဲဒုက္ခသည် အထူးသဖြင့် လိုလားသည့် စိတ်နှလုံးဖြင့် ခံစားခဲ့ခြင်း မဟုတ်သည်ကို သင် ခံစားမည်။ သို့သော် တစ်ခဏကြာ တွေးဆပြီးနောက် သင်က၊ “၎င်းတို့ လိုလားခြင်း မရှိပါက၊ မလိုလားဘဲ နေပါလေ့စေ။ ယင်းသည် ကျွန်ုပ်နှင့် အဘယ်သို့ ဆိုင်သနည်း။ ဘုရားသခင်အပေါ် ၎င်းတို့ မကျေနပ်ပါက၊ ကျွန်ုပ်အပေါ် မကျေနပ်ကြခြင်း မဟုတ်သကဲ့သို့ ကျွန်ုပ်၏ အကျိုးအမြတ်လည်း မပါဝင်ပါ။ ဤသည်မှာ ဘုရားသခင်နှင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးဖြစ်သောကြောင့်၊ မိမိတို့ဘာသာ ၎င်းတို့ ကိုင်တွယ်ဖြေရှင်းသင့်သည်။ ဤအရာသည် ကျွန်ုပ်နှင့် အဘယ်သို့ ပတ်သက်ပါသနည်း”ဟု တွေးလိမ့်မည်။ ၎င်းတို့ကို ဤသို့ ဆက်ဆံခြင်းသည် ဘဝပေးအသိဖြစ်ကာ မမှားသကဲ့သို့ ထင်ရသော်လည်း၊ ဘုရားသခင်ကို ကြောက်ရွံ့မှုရှိသည့် တစ်စုံတစ်ဦးအနေဖြင့်၊ သင့်ထံ ဤအရာဖြစ်ပျက်သည့်အခါ၊ ပထမဦးစွာ သင်က၊ “ဤလူသည် ဘုရားသခင်ကို ယုံကြည်ပြီး၊ သူ့အပေါ် မကျေမနပ်ဖြစ်နေဆဲဖြစ်ကာ စကားပြောသည်နှင့်အမျှ အချက်အလက်များကို မလိမ့်တစ်ပတ်လုပ်သည်။ ဤလူစားမျိုးသည် သမ္မာတရားကို လက်ခံရန် ဖြစ်နိုင်ဖွယ်မရှိပါ။ ကယ်တင်ခံရခြင်းသည် အရေးကြီးသည့် ကိစ္စဖြစ်သောကြောင့်၊ သူတို့ ဆင်းရဲဒုက္ခ လုံးဝ မခံစားရပါက၊ အဆင်ပြေပါသလား။ ထို့အပြင် လူတို့သည် အဘယ်ကြောင့် ဆင်းရဲဒုက္ခခံစားကြသနည်း။ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် မဟုတ်ပါလား။ ဘုရားသခင်သည် လူတို့ကို ဆင်းရဲဒုက္ခခံစားခွင့်ပေးရာတွင် ကောင်းမွန်သည့် ရည်ရွယ်ချက်ရှိသည်။ ထိုဆင်းရဲဒုက္ခက လူတို့ကို အကျိုးပြုသည်၊ သူတို့ကို စုံလင်စေကာ တည်ဆောက်ပေးသည်။ လူတို့သည် ဆင်းရဲဒုက္ခမခံစားရလျှင်၊ မိမိတို့ သင်ခန်းစာများကို မသင်ယူနိုင်၊ သမ္မာတရားကို မရရှိနိုင်သကဲ့သို့ ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီနိုင်ပါ။ အနည်းငယ် ဆင်းရဲဒုက္ခခံစားခြင်းသည် ဘုရားသခင်၏ ဘက်တွင် သနားကရုဏာနှင့် ကျေးဇူးတော် ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခြင်း ဖြစ်ပါသည်။ သူတို့သည် အဘယ်သို့ ဤသို့ စကားပြောနိုင်ရသနည်း။ သူတို့နှင့် ငါ မိတ်သဟာယပြုရမည်။ သူတို့ကို ဘုရားသခင်အပါ် နားလည်မှုလွဲပြီး မကျေမနပ်ဖြစ်ခွင့် ငါ မပေးနိုင်ပါ။ သူတို့ကို နေရာတကာ သွားပြီး အခြားသူများကို လွမ်းမိုးရန် ဤစကားများကို ငါ ဖြန့်ခွင့်ပေး၍မရပါ။ ဤကိစ္စရပ်တွင် ငါသည် ဘုရားသခင်အတွက် စကားပြောရမည်။ ဘုရားသခင်နှင့် ပတ်သက်၍ သူတို့၏ အထင်လွဲမှုများကို ငါ ကူဖြေရှင်းပေးရမည်ဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်မှုအပေါ် မှန်သည့် သိနားလည်မှု ရှိရန် ကူညီရမည်။ သူတို့သည် ဘုရားသခင်ကို ဤသို့ အထင်လွဲပါက၊ သူ့ကို မမျှတစွာ ဆက်ဆံနေကြခြင်း ဖြစ်သည် မဟုတ်ပါလား။ လူအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းသည် အလွန် ကြီးလှပါတကား။ သူတို့သည် အဘယ်သို့ ထိုသို့ တွေးထင်နိုင်ကြသနည်း”ဟု စဉ်းစားရမည်။ သင်သည် ဤသို့ စဉ်းစားပါက၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့မှုရှိသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ပတ်သက်၍မူ၊ သင်သည် မှန်ကန်သည့် စကားများကိုသာ မပြောပေ။ ထို့ထက် သင့်အထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း ရှိသည်။ သူ့ကို ကျိုးနွံနာခံနိုင်ခြင်းကို သင် စွမ်းဆောင်ရရှိနိုင်သည်။ သင်သည် လုံးဝ ပုန်ကန်ခြင်းမရှိ၊ မကျေနပ်ခြင်း မရှိပေ။ ထိုသို့ဖြင့်၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် တစ်စုံတစ်ဦး ဖြစ်လာပေသည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ သမ္မာတရားကို သင် ရရှိပြီး ဖြစ်သည်။ သင်သည် ဆောင်ပုဒ်တစ်ခုကို ကြွေးကြော်ရုံမျှမဟုတ်၊ ဘုရားသခင်အပေါ် သက်သေခံချက်ပေးနိုင်ပြီး သူ့အပေါ် သင်၏ သက်သေခံချက်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်လေသည်။ ဤအသိဖြင့်၊ သင်သည် ထိုလူကို မည်သည့်အရာ ပြောဆိုသင့်သနည်း။ သင်က၊ “လူကိုကယ်တင်ရာတွင် ဘုရားသခင်သည် ကြီးမားသည့် ဂရုစိုက်မှုကို သုံးစွဲသည်။ ဘုရားသခင်ကို ကြောက်ရွံ့မှုမရှိသူတို့သည် မကြာခဏ သူ့ကို စောဒကတက်ကာ အတိုက်အခံလုပ်ပြီး၊ သူ၏ အလိုတော်အတွက် လုံးဝ မတွေးပေးကြပါ။ သူတို့ အနည်းငယ် ဆင်းရဲဒုက္ခခံရလျှင် သို့မဟုတ် ဘုရားသခင်၏ ကောင်းချီးများကို သူတို့ မမြင်လျှင်၊ မကျေမနပ်ဖြစ်ကြသည်၊ သူတို့၏ စိတ်နှလုံးများက ပုန်ကန်ကြပြီး၊ အပျက်သဘောဆောင်လာကာ ဆန့်ကျင်လာကြသည်။ ဤအရာက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသော လူတို့အတွက် မကြာခဏ ဘုရားသခင်ကို အတိုက်အခံလုပ်ရန်မှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး၊ လူသား သဘာဝသည် ဘုရားသခင်အဖို့ မလိုလားအပ်သောအရာ ဖြစ်ကြောင်း သက်သေပြပေသည်။ လူတို့ အဖိုးအခအနည်းငယ် ပေးခြင်း၊ အနည်းငယ် စွန့်ခြင်းနှင့် မိမိတို့ကိုယ်ကိုယ် အနည်းငယ် အသုံးခံခြင်းသည် ကယ်တင်ခြင်း ရရှိနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်အတွက် မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးစော စိတ်သဘောထားကြောင့် သင် ဆင်းရဲဒုက္ခခံစားရသည်။ သမ္မာတရားကို သင် ရရှိလိုပါက၊ ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရမည်။ ယင်းကို အနည်းငယ် နှစ်လိုဖွယ်မရှိသည့် နည်းလမ်းဖြင့် ပြောရမည်ဆိုပါက၊ လူတို့သည် ဆင်းရဲဒုက္ခခံထိုက်ကြသည်။ ဘုရားသခင်သည် သင့်ကို ဆင်းရဲဒုက္ခမပေးသကဲ့သို့၊ သင့်ကို သူ ဆင်းရဲဒုက္ခမခံစားစေပါ။ သင်သည် ပုန်ကန်တတ်သော စိတ်သဘောထားရှိလျှင်၊ ဆင်းရဲဒုက္ခကို သင် ရှောင်ရှားနိုင်ပါသလား။ သင့်ကို ဆင်းရဲဒုက္ခခံစားဖို့ ဖြစ်စေသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ ဘုရားသခင်နှင့် မည်သို့မျှ မပတ်သက်ပါ။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်ပြီး အရာခပ်သိမ်းတွင် ဘုရားသခင်ကို ကျိုးနွံနာခံပါက၊ အပျက်သဘောဆောင်ခြင်းကို သင် ဖြစ်ပေါ်စေဦးမည်လား။ ဘုရားသခင်အပေါ် သင် မကျေမနပ်ဖြစ်ပါဦးမည်လား။ ဤအရာများကို သင် ခံစားရဦးမည်လား။ ထို့ကြောင့်၊ လူတို့ မည်သည့်အရာကို ခံစားရသည်ဖြစ်စေ၊ ထိုအရာမှာ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်ကို မဆိုထားနှင့်၊ အခြားသူများကိုပင် သူတို့ အပြစ်တင်၍မရပါ။ သင် စိုက်သည့်အတိုင်း ရိတ်ရသည့် ကိစ္စတစ်ခု ဖြစ်သည်။ သင်သည် ဆင်းရဲဒုက္ခမခံစားရပါက၊ ဆုံးရှုံးပျက်စီးရမည်။ အပြစ်ပေးခံရမည်။ မည်သည့်အရာကို သင် ရွေးချယ်မည်နည်း။ ဘုရားသခင်သည် သင့်ကို ဆင်းရဲဒုက္ခမခံစေလိုသော်လည်း၊ ဆင်းရဲဒုက္ခမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်လား။ ဆင်းရဲဒုက္ခမရှိဘဲနှင့် သမ္မာတရား၏ စည်းမျဉ်းများအတိုင်း သင် ပြုမူဆောင်ရွက်နိုင်မည်လား။ ဆင်းရဲဒုက္ခ မရှိဘဲနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် နားထောင်နိုင်ပါမည်လား”ဟု ဆိုသင့်သည်။ ဤစကားများကို ပြောဆိုသော်လည်း၊ သင်၏ အဆင့်တူပုဂ္ဂိုလ်သည် အချို့သော သိနားလည်မှုကို ရရှိနိုင်လိမ့်မည်လော။ ပထမဦးစွာ၊ ဤစကားများသည် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီပါသလော။ သမ္မာတရားနှင့် ကိုက်ညီပါသလော။ (ကိုက်ညီပါသည်။) သမ္မာတရားနှင့် ကိုက်ညီသည်ကို မြင်သည့်အခါ၊ ဘုရားသခင်ကို ကြောက်ရွံ့သည့် လူတစ်ဦးသည် ထိုစကားများကို ပြောသင့်သည် မဟုတ်လော။ (ပြောသင့်ပါသည်။) ဤစကားများကို ပြောနိုင်စွမ်းရှိသည့် တစ်စုံတစ်ဦးသည် မကောင်းမှုကို ရှောင်ကြဉ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်၊ မိမိတို့ကိုယ်ကိုယ် မကောင်းမှုကို ရှောင်ကြဉ်စေရန် လူတစ်ဦးသည် မည်သည့်အရာကို ပိုင်ဆိုင်ရမည်နည်း။ (ဘုရားသခင်ကို ကြောက်ရွံ့မှု ရှိရပါမည်။) ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ၊ မကောင်းမှုကို ၎င်းတို့ ရှောင်ကြဉ်းနိုင်ပေသည်။ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့်သာ လူတို့သည် သူ့ကို ကျိုးနွံနာခံပြီး သက်သေခံနိုင်သည်။ ထိုသို့သော လူများသည် မကောင်းမှုကို အလိုအလျောက် ရှောင်ကြဉ်လာလိမ့်မည်။

ဘုရားသခင်ကို ကြောက်ရွံ့သောလူတို့သည် မည်သည့်အခြေအနေတွင် မကြာခဏ အသက်ရှင်ကြသည်ဟု သင် ဆိုမည်နည်း။ ၎င်းတို့သည် ဘုရားသခင်နှင့် ဆက်နွှယ်မှုတစ်ခု ရှိကြသလော။ (မရှိကြပါ။) လူအချို့က၊ “ယင်းမှာမမှန်ပါ။ သူတို့သည် နေ့တိုင်း ဆုတောင်းကြသည်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်၊ စုဝေးပွဲများကို အချိန်မီ သွားကြပြီး မိမိတို့တာဝန်မှာ ပုံမှန် လုပ်ဆောင်ကြသည်။ သူတို့သည် ဘုရားသခင်နှင့် ဆက်နွှယ်မှု မရှိဟု သင် အဘယ်သို့ ဆိုနိုင်ရသနည်း။ သူတို့သည် ဘုရားသခင်ကို မယုံကြည်ခဲ့လျှင်၊ ထိုအရာအားလုံးကို လုပ်ဆောင်နိုင်ကြမည်လား”ဟု ပြောကြသည်။ ဤသို့ ပြောဆိုခြင်းသည် မှန်ကန်သလော။ (မမှန်ပါ။ ဤသည်မှာ အပြင်ပန်း လုပ်ရပ်တစ်ခုမျှသာ ဖြစ်သည်။ သင် ပြုမူဆောင်ရွက်သည်နှင့်အမျှ သမ္မာတရားကို သင် မရှာဖွေပါက၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင် လုပ်ဆောင်သည့် မည်သည့်အရာမျှသည် ဘုရားသခင်နှင့် မည်သို့မျှ မပတ်သက်ပါ။) ဘုရားသခင်အား သူတို့ ယုံကြည်ရာတွင် အကယ်၍ လူတို့သည် သူ၏ရှေ့မှောက်၌ မကြာခဏ အသက်မရှင်ကြလျှင်၊ သူတို့သည် သူ့အပေါ် မည်သည့်ကြောက်ရွံ့မှုမျှ ရှိနိုင်မည် မဟုတ်ကြသည့်အပြင် မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းလည်း ရှိကြလိမ့်မည် မဟုတ်။ ဤအမှုအရာများသည် ဆက်နွှယ်လျက် ရှိကြ၏။ စိတ်ထဲတွင် သင်သည် ဘုရားသခင်ရှေ့တွင် မကြာခဏ အသက်ရှင်လျှင်၊ သင် ထိန်းချုပ်ခံရလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာတို့တွင် သူ့ကို သင် ကြောက်ရွံ့လိမ့်မည်။ ယုတ္တိမတန်သည့် မည်သည့်အရာကိုမျှ သင် ပြောဆိုလိမ့်မည် မဟုတ်၊ သင် အလွန်ဝေးဝေး သွားလိမ့်မည်မဟုတ်၊ သို့မဟုတ် အသောက်အစား အပျော်အပါး၌ မွေ့လျော်သော မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင် စက်ဆုပ်သည့် မည်သည့်အရာကိုမျှ သင် လုပ်ဆောင်လိမ့်မည် မဟုတ်။ ဘုရားသခင်၏ စိစစ်မှုကို သင် လက်ခံပြီး သူ၏ ဆုံးမပဲ့ပြင်ခြင်းကို သင် လက်ခံလျှင်၊ ဆိုးညစ်သော အရာများစွာကို လုပ်ဆောင်ခြင်းအား သင် ရှောင်ရှားလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ မကောင်းသောအကျင့်ကို သင် ရှောင်ကြဉ်ပြီးလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်သည်ဆိုသော်လည်း၊ လူကို ကယ်တင်ရန် ဘုရားသခင် အမှုပြုပုံဖြစ်စေ၊ သမ္မာတရားကို လူက လိုက်စားသင့်သည်မှာ အဘယ်သို့ဖြစ်သည်ကိုဖြစ်စေ၊ သမ္မာတရားကို သင် ချစ်ခြင်း ရှိမရှိဖြစ်စေ၊ မည်သည့်အဖြစ်အပျက်များက ဘုရားသခင်ထံ သင်၏ ဆုတောင်းချက်ကို ဖြစ်စေသင့်သည်ဖြစ်စေ သိဘဲလျက်၊ စိတ်နှလုံးတွင် မကြာခဏ သင် တွေဝေနေပါက၊ အရာရာတွင် အလေးအနက်မရှိဘဲ၊ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရုံမျှရှိလျက် နေ့စဉ် ကမောက်ကမဖြစ်နေပါက၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ရှေ့၌ ငြိမ်သက်နိုင်စွမ်း မရှိသကဲ့သို့၊ သင့်ထံ တစ်စုံတစ်ရာဖြစ်သောအခါအတိုင်း၊ ဆုမတောင်းပါက သို့မဟုတ် သမ္မာတရားကို မရှာဖွေပါက၊ သင်၏အလိုအတိုင်း မကြာခဏ ပြုမူလုပ်ဆောင်ခြင်း၊ သင်၏ ဆိုးယုတ်သည့် စိတ်သဘောထားအတိုင်း အသက်ရှင်ပြီး သင်၏မာနကြီးသော စိတ်သဘောထားကို ဖော်ထုတ်ခြင်း၊ ဘုရားသခင်၏ စိစစ်ခြင်း သို့မဟုတ် ဆုံးမပဲ့ပြင်ခြင်းကို လက်မခံသကဲ့သို့ ကျိုးနွံနာခံခြင်း မရှိပါက၊ စိတ်ထဲတွင် သင်သည် စာတန်ရှေ့၌ အစဉ် ရှင်သန်ရလိမ့်မည်ဖြစ်ပြီး စာတန်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်ကို အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိကြချေ။ ၎င်းတို့သည် မကောင်းမှုကို အမှန်ပင် မရှောင်နိုင်ကြသည့်အပြင် ၎င်းတို့သည် မကောင်းသောအရာများကို မပြုသော်လည်း၊ ၎င်းတို့တွေးသမျှမှာ မကောင်းသောအရာ ဖြစ်နေဆဲဖြစ်ပြီး၊ သမ္မာတရားနှင့် စပ်ဆက်မှုမရှိသည့်အပြင် ထိုသမ္မာတရားကို ဆန့်ကျင်၏။ သို့ဆိုလျှင် ထိုသို့သော လူများ၌ အခြေခံအားဖြင့် ဘုရားသခင်နှင့် ဆက်နွှယ်မှုမရှိသလော။ ၎င်းတို့သည် သူ၏အုပ်စိုးခြင်းကို ခံကြရသော်လည်း ၎င်းတို့၏ စိတ်နှလုံးများသည် သူ၏ရှေ့သို့ မည်သည့်အခါတွင်မျှ ရောက်လာခြင်း မရှိသကဲ့သို့၊ သူ့ကို တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် ဆုမတောင်းကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သည့်အခါမျှ သဘောမထားခဲ့ကြပေ၊ ၎င်းတို့သည် သူ့ကို ၎င်းတို့အပေါ် အုပ်စိုးသော ဖန်ဆင်းရှင်အဖြစ် မည်သည့်အခါမျှ သဘောထားကြခြင်း မရှိပေ၊ ၎င်းတို့သည် သူ့ကို ၎င်းတို့၏ ဘုရားသခင်နှင့် ၎င်းတို့၏အရှင်သခင်အဖြစ် မည်သည့်အခါမျှ အသိအမှတ်ပြုခဲ့ကြခြင်း မရှိသည့်အပြင် ၎င်းတို့သည် သူ့ကို အလေးအနက် ကိုးကွယ်ခြင်းအား မည်သည့်အခါမျှ စဉ်းစားခဲ့ဖူးခြင်း မရှိကြပေ။ ယင်းကဲ့သို့ လူများသည် ဘုရားသခင်ကို ကြောက်ရွံခြင်းဟူသော အဓိပ္ပာယ်ကို နားမလည်ကြသည့်အပြင် မကောင်းမှုကျူးလွန်ခြင်းမှာ ၎င်းတို့၏အခွင့်အရေး ဖြစ်ကြောင်း ထင်ကြ၏။ ၎င်းတို့က မိမိတို့စိတ်နှလုံးများတွင်၊ “ငါ လုပ်လိုသည်ကို ငါလုပ်မည်။ ငါ့ကိစ္စ ငါရှင်းမည်၊ အခြားမည်သူနှင့်မျှမဆိုင်” ဟု ဆိုကြ၏။ ၎င်းတို့သည် ဘုရားသခင်၌ယုံကြည်ခြင်းကို မန္တန်တရားအမျိုးအစားတစ်ခု၊ ဟိတ်ဟန်ပုံစံတစ်ခုအဖြစ် သဘောထားကြသည်။ ဤအရာမှာ ၎င်းတို့ကို အယုံအကြည်မရှိသူများ မဖြစ်စေသလော။ ၎င်းတို့သည် အယုံအကြည်မရှိသူများ ဖြစ်ကြ၏။ ဘုရားသခင်၏ စိတ်တွင် ဤလူတို့သည် မကောင်းမှုပြုသူများသာ ဖြစ်သည်။ တစ်နေ့လုံး၊ ၎င်းတို့ တွေးသမျှ အားလုံးသည် ဆိုးယုတ်၏။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်၏ ကိုယ်ကျင့်တရား ပျက်သူများဖြစ်ပြီး၊ ထိုသို့သော လူတို့ကို သူ၏ အိမ်တော်သားများအဖြစ် သူ အသိအမှတ်မပြုပေ။ ဘုရားသခင်၏ အိမ်တော်တွင်ရှိသောသူများသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့် လူများ၊ ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံသူများဖြစ်သည်။ ဘုရားသခင်၏ အမည်နာမကို ယုံကြည်ရုံမျှယုံကြည်သူများ၊ သူ့ကို မိမိတို့ သခင်နှင့် ဘုရားသခင်အဖြစ် လက်မခံသူများသည် ဘုရားအိမ်တော်နှင့် သက်ဆိုင်ကြသလော။ ဘုရားသခင်ကို မိမိတို့၏ ဖန်ဆင်းရှင်အဖြစ် လက်မခံသောသူများ၊ ဘုရားသခင်သည် သမ္မာတရားဖြစ်သည်ဆိုသည့် အချက်ကို လက်မခံသူများသည် ဘုရားသခင်နှင့် သက်ဆိုင်သလော။ လုံးဝ မသက်ဆိုင်ပေ။ သမ္မာတရားကို လက်ခံသောသူတို့သာ ဘုရားသခင်နှင့် သက်ဆိုင်၏။ ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားသောသူတို့သာ သူနှင့် သက်ဆိုင်သည်။ ဘုရားသခင် သမ္မာတရားဖြစ်သည်ကို သိနိုင်သူများ၊ သူ့ကို ၎င်းတို့၏ အရှင်သခင်အဖြစ် လက်ခံနိုင်သူများနှင့် သူသည် အရာခပ်သိမ်း၏ အုပ်စိုးရှင်ဖြစ်သည်ကို သိမြင်သူများနှင့်ပတ်သက်၍၊ ထိုသို့သော သူများသည် မိမိတို့ကိုယ်ကိုယ် မည်သို့ ဖော်ပြကြသနည်း။ ၎င်းတို့ စိတ်နှလုံးတွင် မည်သည့် အခြေအနေ ရှိကြသနည်း။ ၎င်းတို့ထံ အမှုအရာများ ဖြစ်ပျက်သည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ (၎င်းတို့သည် အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေကြသည်။) ယင်းသည် သွင်ပြင်လက္ခဏာတစ်ခု ဖြစ်၏။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (၎င်းတို့သည် ဘုရားသခင် စီစဉ်ထားသည့် ပတ်ဝန်းကျင်များ၊ လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများအားလုံးကို ကျိုးနွံနာခံကြသည်၊ ယင်းတို့မှ လေ့လာသင်ယူကြပြီး သမ္မာတရားကို ရရှိနိုင်ကြသည်။) (ဘုရားသခင်ကို ဆန့်ကျင်သည့် သို့မဟုတ် ပုန်ကန်ပြစ်မှားသည့် မည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ဝံ့ကြပါ။) ဤအရာများသည်လည်း ၎င်းတို့ မိမိတို့ကိုယ်ကိုယ် ဖော်ပြကြသည့် နည်းလမ်းများ ဖြစ်၏။ အဓိကအရာမှာ ၎င်းတို့အား တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ သမ္မာတရားကို ၎င်းတို့ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ၊ သမ္မာတရားကို လက်တွေ့လုပ်ဆော်ငနိုင်သည်ဖြစ်စေ၊ မလုပ်ဆောင်နိုင်သည်ဖြစ်စေ၊ ဦးစွာ ပထမ ၎င်းတို့သည် ဘုရားသခင်ကို ကြောက်လန့်မှု ရှိကြ၏။ ၎င်းတို့သည် မိမိတို့ အလိုဆန္ဒအတိုင်း မဆင်မခြင် မပြုမူကြသကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့နိုင်ကာ သူ့ကို ပုန်ကန်ပြစ်မှားခြင်းလည်း မရှိနိုင်ကြချေ။ ၎င်းတို့ မဆင်မခြင် စကားမပြောကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များသည် စိတ်မြန်လက်မြန် သို့မဟုတ် အကျင့်ပျက်သည်ထက် တည်ငြိမ်ကြောင်း၊ ၎င်းတို့သည် အလွန် ငြိမ်သက်အေးချမ်းကြောင်း၊ ၎င်းတို့သည် စောင့်ဆိုင်းနိုင်စွမ်းရှိကြောင်း၊ ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆိုပြီး၊ ဘုရားသခင်ကို ရှာဖွေကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးရှိပြီး ၎င်းတို့အတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့မှု ရှိကြကြောင်းကို အခြားသူတို့က မြင်နိုင်လေသည်။ ဤအရာများကို အသက်ရှင်နေထိုင်သော လူတို့သည် ၎င်းတို့ထံ ဖြစ်ပျက်သည့် မည်သည့်အရာကိုမဆို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဆက်စပ်နိုင်ကြပြီး၊ သူနှင့် ၎င်းတို့၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်လေသည်။ လူအချို့သည်၊ ၎င်းတို့ စိတ်နှလုံးများထဲ၌ ဘုရားသခင် မရှိသောသူတို့သည်၊ ဤလက်တွေ့အရှိတရားများကို အသက်ရှင်နေထိုင်နိုင်စွမ်း မရှိကြသကဲ့သို့၊ ၎င်းတို့၏ စိတ်သဘောထားများသည် မာနထောင်ဖို့၊ အကျင့်ပျက်ဖို့နှင့် ထိန်းမနိုင်သိမ်းမရဖြစ်ဖို့ သေချာပေသည်။ ၎င်းတို့သည် တစ်နေ့လုံး ရယ်မောရင်းနှင့် ရယ်စရာပြောရင်း ကုန်ဆုံးကြသည်၊ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် စိတ်နှစ်ထားခြင်းမရှိကြချေ၊ ၎င်းတို့ ခေါင်းများထဲ ရောက်လာသမျှ မည်သည့်အရာကိုမဆို ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် မိမိတို့၏ အစွယ်များကို ဖြဲပြကာ မိမိတို့၏ လက်သည်းများကို ဝင့်ကြပြီး၊ ၎င်းတို့ လုပ်သမျှတိုင်းတွင် မဆင်မခြင်နှင့် စိတ်မြန်လက်မြန် လုပ်တတ်ကြသည်။ ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ ဖြစ်ကြသည်ကို မြင်မြင်ချင်း သင် ပြောနိုင်သည်။ ဤပွင့်အံထွက်မှုများနှင့် အပြုအမူများရှိသည့် တစ်စုံတစ်ဦးသည် ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်သော တစ်စုံတစ်ဦးဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ရင်းမှန်အတိုင်း ယုံကြည်ကြသလော။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးတွင် ရှိသလော။ သူ မရှိသည်မှာ လုံးဝ သေချာ၏။ ထိုသို့သော လူများသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် စက်ဆုပ်ခြင်းတို့ကို ခံရကြပေသည်။

ယနေ့တွင် အရေးအကြီးဆုံး အကြောင်းအရာအားလုံးထဲမှ တစ်ခုကို ငါတို့ မိတ်သဟာယပြုနေကြပြီး ဖြစ်သည်။ ဤအကြောင်းအရာသည် မည်သည့်အရာနှင့် ပတ်သက်သနည်း။ (ကယ်တင်ခြင်း ဖြစ်သည်။) လူတို့သည်ဘုရားသခင်ကို ယုံကြည်သောအခါ ကယ်တင်ခြင်းခံရလိုလျှင် အဓိကအချက်မှာ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိမရှိ၊ ၎င်းတို့စိတ်နှလုံးတွင် ဘုရားသခင်သည် နေရာရှိမရှိ၊ ၎င်းတို့သည် ဘုရားသခင်ရှေ့တွင် အသက်ရှင်နေထိုင်ပြီး ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခြင်းရှိမရှိတို့ဖြစ်သည်။ အရေးပါသည့်အရာမှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်အပေါ် နာခံမှုကို ရယူနိုင်ခြင်းရှိမရှိဖြစ်သည်။ ဤအရာများသည် ကယ်တင်ခံရခြင်းအတွက် လမ်းကြောင်းနှင့် သတ်မှတ်ချက်များဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်ရှေ့မှောက်တွင် အသက်မရှင်နိုင်လျှင်၊ ဘုရားသခင်ထံ မကြာခဏဆုတောင်းပြီး ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်းမရှိဘဲ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို ဆုံးရှုံးလျှင် သင်သည် မည်သည့်အခါမှ ကယ်တင်ခံရမည်မဟုတ်ဘဲ၊ ကယ်တင်ခြင်းလမ်းကြောင်းကို သင် ပိတ်ဆို့ပြီးဖြစ်သောကြောင့်ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် မည်သည့်ဆက်ဆံရေးမျှမရှိလျှင် လမ်းဆုံးသို့ ရောက်ပြီးဖြစ်သည်။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် မရှိလျှင် သင်သည် ယုံကြည်ခြင်းရှိသည်ဟု ပြောဆိုခြင်း၊ ဘုရားသခင်အား အမည်ခံသက်သက်သာ ယုံကြည်ခြင်းသည် အသုံးမဝင်ပေ။ အယူဝါဒစကားမည်မျှကို သင် ပြောနိုင်သည်၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအတွက် မည်မျှ ဒုက္ခခံပြီးသည်၊ သို့မဟုတ် သင်သည် မည်မျှဆုကျေးဇူးရှိသည်တို့က အရေးမပါပေ။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိလျှင်၊ သင်သည် ဘုရားသခင်ကို မကြောက်လျှင် ဘုရားသခင်ကို သင် မည်သို့ယုံကြည်သည်က အရေးမပါပေ။ ဘုရားသခင်က “အသင် မကောင်းမှုပြုသူ ငါ့ထံမှ ထွက်သွားလော့။” ဟု ဆိုလိမ့်မည်။ သင်သည် မကောင်းမှုပြုသူအဖြစ် အမျိုးအစားသတ်မှတ်ခံရမည်။ သင်သည် ဘုရားသခင်နှင့် အဆက်ပြတ်လိမ့်မည်။ သူသည် သင်၏ သခင်၊ သို့မဟုတ် သင်၏ ဘုရားသခင်ဖြစ်မည်မဟုတ်ပေ။ ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးသည်၊ သူသည် ဖန်ဆင်းရှင်ဖြစ်သည်ဟု သင်က အသိအမှတ်ပြုသည့်တိုင် သင်သည် သူ့ကို မကိုးကွယ်သကဲ့သို့ သူ၏ အချုပ်အခြာအာဏာကို မနာခံပေ။ သင်သည် စာတန်နှင့် နတ်ဆိုးများနောက်သို့လိုက်သည်။ စာတန်နှင့် နတ်ဆိုးများသည်သာ သင်၏ သခင်ဖြစ်သည်။ အရာရာတွင် သင်သည် မိမိကိုယ်ကိုယုံကြည်ပြီး သင်၏ကိုယ်ပိုင်ဆန္ဒနောက်လိုက်လျှင်၊ သင်၏ ကံကြမ္မာသည် သင်၏ ကိုယ်ပိုင်လက်ထဲတွင်ရှိသည်ဟု ယုံကြည်လျှင် သင်ယုံကြည်သည်မှာ သင့်ကိုယ်သင်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသိအမှတ်ပြုသည်ဟု အခိုင်အမာဆိုသော်လည်း ဘုရားသခင်က သင့်ကို အသိအမှတ်မပြုပေ။ သင်သည် ဘုရားသခင်နှင့် ဆက်ဆံရေးမရှိပေ။ ထို့ကြောင့် သင်သည် အဆုံးတွင် သူ၏ မုန်းတီးခြင်း၊ ငြင်းပယ်ခြင်း၊ သူ၏အပြစ်ဒဏ်ပေးခြင်း၊ သူ၏ထုတ်ပယ်ခြင်းကို ခံရရန် သတ်မှတ်ပြီးဖြစ်သည်။ ဘုရားသခင်သည် သင်ကဲ့သို့သောလူများကို မကယ်တင်ပေ။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သောသူတို့သည် သူ့ကို ကယ်တင်ရှင်အဖြစ် လက်ခံသောသူများ၊ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ကို လက်ခံသူများဖြစ်သည်။ ၎င်းတို့သည် သူ့အတွက် မိမိတို့ကိုယ်ကိုယ် စစ်မှန်စွာ အသုံးခံနိုင်ပြီး ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့သည်။ သူ၏နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကိုနာခံသော၊ သူ၏အလိုတော်ကို လိုက်လျှောက်သောသူများဖြစ်ကြသည်။ လူတို့သည် ဘုရားသခင်အပေါ် ဤသို့သောယုံကြည်မှုရှိသည့်အခါမှသာ ကယ်တင်ခြင်းခံရနိုင်သည်။ ဤသို့မဟုတ်လျှင် ရှုတ်ချခံရမည်။ ဘုရားသခင်ကို ယုံကြည်သောအခါတွင် လိုရာစွဲ၍ စဉ်းစားခြင်းသည် လူတို့အတွက် လက်ခံနိုင်ဖွယ်ဖြစ်သလော။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ မရေမရာဖြစ်သော၊ စိတ်ကူးသက်သက်ဖြစ်သော စိတ်ကူးထင်မြင်မှုများကို အစဉ် ဖက်တွယ်ထားသောအခါ သမ္မာတရားကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ သမ္မာတရားကို လက်ခံရမည်။ သူတောင်းဆိုသည့်အတိုင်း သူ့ကို ယုံကြည်ပြီး၊ သူ၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို နာခံရမည်။ ထိုမှသာ ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဤအရာမှလွဲ၍ အခြားနည်းလမ်းမရှိပေ။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ လိုရာဆွဲပြီး စဉ်းစားခြင်း တစ်ခုတလေမျှ မပြုလုပ်သင့်ပေ။ ဤအကြောင်းအရာကို မိတ်သဟာယဖွဲ့ခြင်းသည် လူတို့အတွက် အလွန်အရေးကြီးသည်မဟုတ်လော။ ဤသည်မှာ သင်တို့ကို အသိဝင်လာစေသောအရာဖြစ်ပေသည်။

ယခုတွင် ဤအမှာစကားများကို သင်တို့ကြားပြီးဖြစ်သောကြောင့် သင်တို့သည် သမ္မာတရားကို နားလည်ပြီး ကယ်တင်ခြင်းတွင် ပါဝင်သည့်အရာကို ရှင်းလင်းလောက်သည်။ လူတို့နှစ်သက်သည့်အရာ၊ ကြိုးပမ်းသည့်အရာ၊ စိတ်ပြင်းပြသည့်အရာ ဤအရာများတွင် မည်သည့်အရာကမျှ အရေးမကြီးပေ။ အရေးကြီးဆုံးမှာ သမ္မာတရားကို လက်ခံခြင်းဖြစ်သည်။ နောက်ဆုံးစိစစ်ချက်တွင် သမ္မာတရားကို ရရှိနိုင်ခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ သင့်အား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို ရရှိစေနိုင်သည့်အရာသည် မှန်ကန်သောလမ်းကြောင်းဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် နှစ်အနည်းငယ်ယုံကြည်ခဲ့ပြီး သမ္မာတရားနှင့် ဆက်စပ်မှုမရှိသည့်အရာများကို လိုက်စားခြင်းတွင် အစဉ် အာရုံစိုက်ခဲ့လျှင် သင်၏ ယုံကြည်ခြင်းသည် သမ္မာတရားနှင့် လုံးဝ မသက်ဆိုင်ပေ။ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး အသိအမှတ်ပြုသည်ဟု အခိုင်အမာ ဆိုကောင်းဆိုနိုင်သည်။ သို့သော် ဘုရားသခင်သည် သင်၏ သခင်မဟုတ်။ သူသည် သင်၏ ဘုရားသခင်မဟုတ်ပေ။ ဘုရားသခင်က သင်၏ ကံကြမ္မာကို ထိန်းချုပ်သည်ဟု သင်လက်မခံပေ။ သင့်အတွက် ဘုရားသခင် စီစဉ်သောအရာအားလုံးကို သင်မနာခံပေ။ ဘုရားသခင်က သမ္မာတရားဖြစ်သည်ဆိုသည့်အချက်ကို သင် အသိအမှတ်မပြုပေ။ ဤဖြစ်ရပ်တွင် သင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်များသည် ကွဲကြေပျက်စီးပြီးဖြစ်သည်။ သမ္မာတရားကို လိုက်စားခြင်းလမ်းကြောင်းကို သင်မလျှောက်နိုင်လျှင် ပျက်စီးခြင်းလမ်းကြောင်းကို သင်လျှောက်သည်။ သင် လိုက်စားသည့်၊ အာရုံစိုက်သည့်၊ ဆုတောင်းသည့်၊ အသနားခံသည့်အရာရာတိုင်းသည် ဘုရားနှုတ်ကပတ်တော်အပေါ်၊ ဘုရားသခင်တောင်းဆိုသည့်အရာအပေါ် အခြေခံလျှင်၊ သင်က ဖန်ဆင်းရှင်ကို နာခံသည်၊ ဖန်ဆင်းရှင်ကို ကိုးကွယ်သည်ဆိုသည့် ခံစားချက်ကို တိုး၍ ခံစားရလျှင်၊ ဘုရားသခင်သည် သင်၏ သခင်၊ သင်၏ ဘုရားသခင်ဖြစ်သည်ဟု ခံစားရလျှင်၊ သင့်အတွက် ဘုရားသခင်က စီစဉ်ညွှန်ကြားပြီး စီစဉ်ပေးသောအရာအားလုံးကို နာခံရန် သာ၍ ဝမ်းမြောက်လာပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက အစဉ်ပို၍ ရင်းနှီးလာလျှင်၊ အစဉ်ပို၍ သာမန်ဖြစ်လာလျှင်၊ ဘုရားသခင်အပေါ် သင်၏ ချစ်ခြင်းက အစဉ်ပို၍ သန့်စင်ပြီး စစ်မှန်လျှင် ဘုရားသခင်နှင့်ပတ်သက်ပြီး သင်၏ နာကျည်းချက်များနှင့် အထင်လွဲမှုများ၊ ဘုရားသခင်အပေါ် သင်၏ လွန်ကျူးသော ဆန္ဒများသည် အစဉ်ပို၍ လျော့နည်းလာမည်။ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းကို သင် အလုံးစုံ ရရှိပြီးဖြစ်လိမ့်မည်။ ဤသည်မှာ သင်သည် ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် အခြေချနှင့်ပြီးဖြစ်လိမ့်မည်ဟု အဓိပ္ပာယ်ရသည်။ ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းခြင်းတွင် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့ပါဝင်ပြီး ဤအရာတို့က သင့်ကို အလွန်ပင် နာကျင်စေသော်လည်း ဤသည်မှာ သင့်အပေါ် ကျရောက်လာသော ဘုရားသခင်၏ ချစ်ခြင်းဖြစ်သည်။ ဘုရားသခင်ကို သင်ယုံကြည်သောအခါ သင်သည် ကောင်းချီးခံရခြင်းကိုသာ လိုက်စားလျှင်၊ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အကျိုးအမြတ်ကိုသာလိုက်စားပြီး မည်သည့်အခါမျှ ပဲ့ပြင်ဆုံးမခြင်း၊ သို့မဟုတ် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်း၊ သို့မဟုတ် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မခံလျှင် သင့်တွင် လွယ်ကူသောအသက်တာရှိနိုင်သော်လည်း သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် အစဉ်ပို၍ ဝေးကွာလိမ့်မည်။ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို သင်ဆုံးရှုံးလိမ့်မည်။ ဘုရားသခင်၏ စိစစ်ခြင်းကို သင် လက်ခံလိုစိတ်ရှိမည်လည်းမဟုတ်ပေ။ သင်သည် သင်ကိုယ်တိုင်၏ သူဌေးဖြစ်ချင်လိမ့်မည်။ ဤအရာအားလုံးက သင်လျှောက်သောလမ်းကြောင်းသည် မှန်သောလမ်းကြောင်းမဟုတ်သည်ကို သက်သေပြသည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို ခဏတာကြုံတွေ့ပြီး လူသားမျိုးနွယ်က အလွန်အမင်း ဖောက်ပြန်ပျက်စီးနေပုံ၊ ဘုရားသခင်ကို အလွန်အာခံတတ်ပုံကို ခံစားရသည့်စိတ်က မြင့်တက်နေလျှင်၊ သင်က ဘုရားသခင်ကို အာခံသည့်အရာတစ်ခုကို လုပ်ဆောင်သည့်နေ့ရက်ရောက်လာနိုင်သည်ကို သင်စိတ်ပူလျှင်၊ သင်သည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားပြီး ဘုရားသခင်၏ စွန့်ပစ်ခြင်းကိုခံရဖို့ ဖြစ်နိုင်ခြေရှိသည်ကို စိုးရွံ့လျှင်၊ ဤသို့ဖြင့် ဘုရားသခင်ကို ဆန့်ကျင်ခြင်းထက် မည်သည့်အရာကမျှပို၍ ကြောက်စရာမကောင်းဟု ခံစားရလျှင် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ ဘုရားသခင်ထံမှ မသွေဖည်ရပေဟူ၍လည်းကောင်း၊ ဘုရားသခင်ထံမှ သွေဖည်လျှင်၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှု၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုမှ သွေဖည်လျှင် ဤသည်မှာ ဘုရားသခင်၏ ကွယ်ကာမှုနှင့် စောင့်ရှောက်မှုတို့ကို ဆုံးရှုံးခြင်း၊ ဘုရားသခင်၏ ကောင်းချီးများကို ဆုံးရှုံးခြင်းနှင့် ညီမျှပြီး လူတို့အတွက် အားလုံးပြီးဆုံးသွားပြီဖြစ်သည်ဟူ၍လည်းကောင်း၊ လူတို့သည် အစဉ်ပို၍သာ စာရိတ္တပျက်ပြားလာနိုင်သည်၊ ၎င်းတို့သည် ဘာသာတရား၏ လူများကဲ့သို့ဖြစ်မည်ဟူ၍လည်းကောင်း၊ ဘုရားသခင်ကို ယုံကြည်စဉ်တွင် ဘုရားသခင်ကို ဆန့်ကျင်နိုင်ခြေရှိဆဲဖြစ်လိမ့်မည်၊ ဤတွင် ၎င်းတို့သည် အန္တိခရစ်များဖြစ်လာလိမ့်မည်ဟူ၍လည်းကောင်း သင် ခံစားရမည်။ ဤအရာကို သင်နားလည်သဘောပေါက်နိုင်လျှင် သင်သည် ဘုရားသခင်ထံ ဆုတောင်းလိမ့်မည်။ “အို ဘုရားသခင်၊ ကျွန်ုပ်ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမတော်မူပါ။ ကျွန်ုပ်လုပ်ဆောင်သမျှတွင် ကျွန်ုပ်ကို စောင့်ကြည့်ရန် ကိုယ်တော်ကို တောင်းလျှောက်ပါ၏။ သမ္မာတရားနှင့် ကိုယ်တော်အလိုတော်ကို ချိုးဖောက်သောအရာတစ်ခုခုကို ကျွန်ုပ်လုပ်ဆောင်လျှင် ကျွန်ုပ်ကို ပြင်းထန်စွာ တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်ပါသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမရှိဘဲ မဖြစ်နိုင်ပါ။” ဟူ၍ဖြစ်သည်။ ဤသည်မှာ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင် လျှောက်လှမ်းသင့်သည့် မှန်ကန်သောလမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် ဤစံနှုန်းနှင့်အညီ တိုင်းတာလော့။ သင်တို့သည် ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ အခြေချပြီးဖြစ်သည်ဟု ပြောဆိုရဲသလော။ သင်တို့ မပြောဆိုရဲပေ။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်မလာသေးသောကြောင့်ဖြစ်သည်။ အမှုအရာများစွာတွင် သင်တို့သည် သမ္မာတရားကို မရှာဖွေပေ။ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရခြင်းကို လက်မခံနိုင်၊ မနာခံနိုင်ပေ။ ဤသည်မှာ သင်တို့သည် ကယ်တင်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းခြင်းနှင့် အလွန်ဝေးကွာသည်ကို သက်သေပြသည်။ သမ္မာတရားကို လိုက်စားသောသူမဟုတ်လျှင် ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ အခြေချရန် လွယ်ကူသလော။ အမှန်တကယ်တွင် မလွယ်ကူပေ။ လူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မကြုံတွေ့ရသေးလျှင်၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်း၊ ရိုက်နှက်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို မကြုံတွေ့ရသေးလျှင် သမ္မာတရားကို လိုက်စားသောသူဖြစ်ရန် ၎င်းတို့အတွက် မလွယ်ကူပေ။ ရလဒ်အနေဖြင့် ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ အခြေချရန် ၎င်းတို့အတွက် အလွန်ခက်ခဲသည်။ ဤအမှာစကားကို ကြားပြီးနောက်တွင် သင်သည် ယင်းက အမှန်ဖြစ်သည်ကို သိသည့်တိုင် သမ္မာတရားလိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိခြင်း လမ်းကြောင်းပေါ်သို့ ခြေမချရသေးဘဲ အနှေးနှင့်အမြန်ဆိုသလို ယင်းတို့ကို သင်လုပ်ဆောင်မည့်နေ့ရက်အချိန် ရောက်လာမည်ဖြစ်သဖြင့် အလျင်မလိုပါဟု ခံစားရင်း ဤအရာကို လေးနက်သည့်အရာတစ်ခုအဖြစ် သင်မမြင်ပါက ဤသည်မှာ မည်သို့သောအမြင်ဖြစ်သနည်း။ သင်သည် ဤသို့သောအမြင်ရှိသောအခါ သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ ခြေချရန် အခက်အခဲဖြစ်လိမ့်မည်။ ထို့ကြောင့် ဤလမ်းကြောင်းပေါ်သို့ အခြေချရန် သင်မည်သို့ စိတ်ပိုင်းဖြတ်သင့်သနည်း။ သင်က “အို၊ ယခုအခါတွင် ကယ်တင်ခြင်းလမ်းကြောင်းပေါ်တွင် ကျွန်ုပ် ခြေမချရသေးပေ။ ဤသည်မှာ အလွန် အန္တရာယ်ရှိသည်။ လူတို့သည် ဘုရားသခင်ရှေ့တွင် အချိန်ပြည့် အသက်ရှင်ရမည်၊ ပို၍ ဆုတောင်းရမည်၊ ၎င်းတို့ စိတ်နှလုံးသည် ငြိမ်သက်ခြင်းရှိရမည်၊ စိတ်လိုက်မာန်ပါမပြုလုပ်ရပေဟု ဘုရားသခင်က ဆိုသည်။ ထို့ကြောင့် ယခုပင်လျှင် ဤအရာအားလုံးကို ကျွန်ုပ် လက်တွေ့လုပ်ဆောင်သင့်သည်။” ဟု ဆိုသင့်သည်။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး မှန်ကန်သောလမ်းကြောင်းသို့ ဝင်ရောက်ခြင်းဖြစ်သည်။ ဤမျှ ရိုးရှင်းသည်။ ဘုရားနှုတ်ကပတ်တော်ကို ကြားပြီး သွား၍ လက်တွေ့လုပ်ဆောင်သောသူတို့သည် မည်သို့သောလူများဖြစ်သနည်း။ ၎င်းတို့သည် လူကောင်းများ ဖြစ်သလော။ လူကောင်းများ ဖြစ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူများဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ကြားပြီးနောက်တွင် ၎င်းတို့သည် ဆက်လက်၍ ထုံထိုင်းနေလျှင်၊ စိတ်မဝင်စားလျှင်၊ ယိမ်းယိုင်ခြင်းမရှိလျှင်၊ ဘုရားနှုတ်ကပတ်တော်ကို ပေါ့ပေါ့တန်တန် သဘောထားပြီး နားထောင်ဖို့ ငြင်းဆန်ကာ မျက်ကွယ်ပြုလျှင် ၎င်းတို့သည် မည်သို့သောလူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ယောင်ချာချာဖြစ်နေခြင်းမဟုတ်လော။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါတွင် ကယ်တင်ခြင်းခံရရန် ဖြတ်လမ်းတစ်ခုခုရှိမရှိကို အစဉ် မေးမြန်းကြသည်။ မရှိပေဟု ငါသင်တို့ကိုပြောသည်။ ထို့နောက် ဤရိုးရှင်းသောလမ်းကြောင်းကို သင်တို့အား ငါပြောသည်။ သို့သော် သင်တို့သည် ဤအရာ ကြားပြီးနောက်တွင် လက်တွေ့လုပ်ဆောင်ခြင်းမရှိပေ။ ဤသည်မှာ ကောင်းသောအရာကို ကြားသောအခါတွင် ကောင်းမှန်း မသိခြင်းဖြစ်သည်။ ဤသို့သောသူတို့သည် ကယ်တင်ခံရနိုင်သလော။ ၎င်းတို့အတွက် မျှော်လင့်ချက်အချို့ရှိလျှင်ပင်အလွန်ကောင်းမွန်ခြင်းမရှိပေ။ ကယ်တင်ခြင်းသည် အလွန်ခက်ခဲလိမ့်မည်။ ၎င်းတို့သည် အိပ်နေရာမှ နိုးလာကာ၊ “ကျွန်ုပ်သည် မငယ်တော့ပေ။ ဤနှစ်များတစ်လျှောက် ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်စဉ်တွင် ကျွန်ုပ်၏ သင့်လျော်သောတာဝန်များကို အာရုံမစိုက်နေခဲ့ပေ။ လူတို့ကို ဘုရားသခင်ရှေ့တွင် အချိန်ပြည့် အသက်ရှင်ရန် ဘုရားသခင်က တောင်းဆိုသည်။ ကျွန်ုပ်သည် ဘုရားသခင်ရှေ့တွင် အသက်မရှင်ရသေးပေ။ အလျင်အမြန်သွားပြီး ဆုတောင်းရမည်” ဟု မိမိတို့ကိုယ်ကို စဉ်းစားသည့် နေ့ရက် ရောက်ရှိလာနိုင်သည်။ ၎င်းတို့သည် မိမိတို့စိတ်နှလုံးတွင် အသိစိတ်ဝင်လာပြီး မိမိတို့၏ သင့်လျော်သောတာဝန်များကို စတင် အာရုံစိုက်လျှင် အလွန်နောက်မကျသေးပေ။ သို့သော် အလွန်နောက်ကျသွားခြင်းမရှိစေနှင့်။ သင်တို့သည် အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်အရွယ်ရောက်သည်အထိ စောင့်လျှင် သင်၏ ကိုယ်ခန္ဓာသည် ယိုယွင်းနေသည်။ သင်သည် မည်သည့်အားအင်မျှမရှိတော့ပေ။ သမ္မာတရားကို လိုက်စားရန် အလွန်နောက်ကျလိမ့်မည်မဟုတ်လော။ သင်တို့သည် အဓိပ္ပာယ်မရှိသည့်အရာများတွင် သင်တို့ဘဝ၏ အကောင်းဆုံးနှစ်များကို ကုန်ဆုံးစေလျှင်၊ အရာအားလုံးတွင် အရေးကြီးဆုံးဖြစ်သော သမ္မာတရားလိုက်စားခြင်းကို ရွှေ့ဆိုင်းလျှင်၊ သို့မဟုတ် သမ္မာတရားလိုက်စားဖို့အခွင့်ကောင်းကို လက်လွှတ်ဆုံးရှုံးရလျှင် ဤသည်မှာ အလွန်အမင်း မိုက်မဲခြင်းမဟုတ်လော။ ပို၍မိုက်မဲသောအရာ တစ်ခုတလေရှိသလော။ လူများစွာတို့သည် စစ်မှန်သည့်လမ်းခရီးကို ကောင်းစွာသိမြင်သည့်တိုင် ယင်းကို လက်ခံပြီး လိုက်စားရန် နောင်အချိန်ထိ စောင့်ဆိုင်းကြသည်။ ၎င်းတို့အားလုံးသည် သူရူးများဖြစ်ကြသည်။ သမ္မာတရားကို လိုက်စားခြင်းသည် အသက်ကိုမရမီတွင် ဆယ်စုနှစ်များကြာသည်အထိ အားစိုက်မှုလိုအပ်သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် ကယ်တင်ခြင်းခံရရန်အတွက် အကောင်းဆုံးအချိန်ကို ဖြုန်းတီးလျှင် နောင်တရရန် အလွန်နောက်ကျသွားလိမ့်မည်။

ယခုတွင် သင်တို့ လက်တွေ့လုပ်ဆောင်သင့်သည့် အရေးတကြီး အဖြစ်ဆုံးသော ကိစ္စရပ်မှာ အဘယ်နည်း။ ယင်းမှာ အမှုအရာများ သင့်ထံ ဖြစ်ပျက်သည့်အခါ၊ သမ္မာတရားကို သင် အမြန်ရှာဖွေသင့်သည်၊ ဘုရားသခင်ရှေ့မှောက်တွင် သင်၏ စိတ်နှလုံးကို အေးချမ်းစေပြီး၊ ကျိုးနွံနာခံတတ်သည့် စိတ်နှလုံးဖြင့် ဘုရားသခင်ထံ ဆုတောင်းကာ သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသင့်ခြင်း ဖြစ်ပေသည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခုကို ထူထောင်နိုင်လိမ့်မည်။ ဘုရားသခင်ကို သင် ယုံကြည်သော်လည်း၊ သူနှင့် မည်သည့်ပတ်သက်မှုမျှမရှိပါက၊ မရေရာသည့် ဘုရားသခင်ကို သင် ယုံကြည်ဆဲဖြစ်ပါက၊ လက်တွေ့ကျသည့် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးမရှိပါက၊ ဘုရားသခင်သည် သူ့ကို သင် ယုံကြည်ကြောင်း အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်သည် သင့်ကို အသိအမှတ်မပြုပါက၊ သင်သည် ဒုက္ခရောက်ပြီမဟုတ်လော။ သင်၏ စိတ်နှလုံးတွင်၊ ဘုရားသခင်အား သင့်ကို သူ၏ အိမ်တော်သားတစ်ဦးအဖြစ်၊ သူ၏ နောက်လိုက်များထဲမှတစ်ဦးအဖြစ် အသိအမှတ်ပြုစေရန်အလို့ငှာ မည်သို့ လိုက်စားရမည်ဆိုသည်ကို ရှင်းလင်းနေရမည်။ ခေါင်းမမာနှင့်၊ မပုန်ကန်နှင့်၊ ပြီးလျှင် သင်သည် ဘုရားသခင်နှင့် လုံးဝ ကင်းကွာ၍ မရပေ။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သူ့ကို မိမိ၏ သခင်အဖြစ် လက်ခံရမည်။ ထို့ကြောင့် ဆက်လက်၍ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဘုရားနှုတ်ကပတ်တော်များကို အမြန် စားသောက်လော့၊ သူ ဖော်ပြပြီးသည့် သမ္မာတရားအားလုံးကို လက်ခံလော့၊ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံကာ စစ်မှန်မှုထဲသို့ ဝင်ရောက်လော့။ ဤသည်မှာ အရေးအကြီးဆုံး အပိုင်းဖြစ်သည်။ ငါ မိတ်သဟာယပြုပြီးသည့် ဤစကားများသည် အရေးကြီးသည်ဟု သင်တို့ ထင်ပါက၊ ဤစကားများကို သင်တို့၏ ဘဝများတွင် အသုံးပြုနိုင်ပါက၊ သင်တို့၏ ဘဝများတွင် လမ်းညွှန်စာအုပ် ဖြစ်စေပြီး၊ သင် အသက်ရှင်နေထိုင်သည့် စစ်မှန်မှု ဖြစ်စေပါက၊ သင်သည် အကျိုးတရားအချို့ကို ပြုလုပ်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ ယနေ့တွင် ငါသည် အချည်းနှီး မိတ်သဟာယပြုခဲ့မည် မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဓိကသော့ချက်မှာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင် ရှိရမည်၊ ဘုရားနှုတ်ကပတ်တော်များပေါ် အခြေခံ၍ ပြုမူနိုင်ရမည်၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ချီးမြှောက်ရမည်ဖြစ်ပီး ဘုရားသခင်ကို ကျိုးနွံနာခံရမည် ဖြစ်သည်။ သင် လုပ်ဆောင်သမျှကို ဘုရားသခင် ရှေ့မှောက်တွင် ထားပြီး၊ ယင်းတို့သည် ဘုရားသခင်နှင့် ဆက်နွှယ်မှုရှိသည်ကို သေချာစေရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်ကို ယုံကြည်ရန်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သော လူတစ်ဦးနှင့် ဆင်ရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်မှု၏ စစ်မှန်မှု ရှိရမည်။ တရားဒေသနာတစ်ခုကို သင် နားထောင်ပြီးနောက်တွင်၊ သင်သည် ဘုရားသခင်၏ အလိုတော်က မည်သည့်အရာဖြစ်သည်ဆိုသည်ကို နားလည်ပြီး၊ ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်နိုင်လေသည်။ တစ်ချိန်တစ်ခုကြာပြီးနောက်တွင်၊ လူတို့သည် ပြောင်းလဲပြီးဖြစ်ကြောင်း၊ ငါ၏ စကားများသည် ၎င်းတို့ကို အကျိုးပြုပြီး ဖြဟ်ကြောင်း၊ ၎င်းတို့၏ အခြေအနကို ပြောင်းလဲပေးပြီးဖြစ်ကာ ၎င်းတို့၏ လျှောက်လှမ်းသည့် ဦးတည်ချက်ကို ပြောင်းလဲစေပြီးဖြစ်ကြောင်း တွေ့ရသည်။ လူတို့သည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် ပြောင်းလဲကြသည့်အခါ၊ ငါသည် အချည်းနှီး စကားမပြောလေပြီဟု ခံစားရသည်။ ဤစကားများကို သင်၏ နားများဖြင့် လေအဖြစ် သဘောထားခြင်းမရှိဘဲ၊ သင်၏ စိတ်နှလုံးတွင် ထားရှိသည်ကို မြင်သည့်အခါ၊ သင့်ကို မြင်ရသည်ကို ငါ အလွန် ကျေနပ်အားရသည်။ စကားမည်မျှ ငါ ပြောသော်ငြားလည်း သင် နားမထောင်ပါက၊ သင် လုပ်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပါက၊ သင့်ကို ငါ ကြည့်သည့်အခါ နာကျင်ခံစားရသည်။ သင့်အတွက် မနှစ်သက်မှုကို ငါ စတင်ခံစားရပြီး၊ ယင်းမှာ သင်သည် ကြားကောင်းသည့် စကားများ ပြောဆိုမှသာ သို့မဟုတ် မိမိကိုယ်ကိုယ် အပြင်ပန်းတွင် သာ၍ ကြည့်ကောင်းစေမှသာ ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန်မှာ သင့်ဘက်မှ သူတော်ကောင်း ယောင်ဆောင်ခြင်း ဖြစ်မည်ဖြစ်ပြီး၊ ငါအတွက် အကြည့်ရဆိုးပေသည်။ ထို့ကြောင့် လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ အလွန် အရေးကြီးပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်မှာ သာ၍ပင် အရေးကြီး၏။ သမ္မာတရား၏ စစ်မှန်မှုရှိသောလူများသည် ဘုရားသခင်ကို အလိုအလျောက် ကြောက်ရွံ့လာကြသည်။ ဘုရားခသင်ကို ကြောက်ရွံ့ခြင်းရှိသူတို့သည် ကယ်တင်ခြင်း လမ်းကြောင်းပေါ် အလိုအလျောက် နင်းလျှောက်နိုင်ကြလေသည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်

အရှေ့သို့- ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု

နောက်တစ်ခုသို့- ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။