စကားများနှင့် အယူဝါဒများနှင့် သမ္မာတရား စစ်မှန်မှုကို ပြောဆိုခြင်းကြားရှိ ကွာခြားချက်များ
ကောက်နုတ်ချက် (၆၄)
ယုံကြည်သည်မှာ နှစ်အနည်းငယ်ကြာပြီဖြစ်သည့် လူအများစုက၊ “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် မှန်ကန်သည့် ရည်ရွယ်ချက်များရှိရန် လိုအပ်သည်”၊ “ဘုရားသခင်ကို ချစ်ပြီး သူ့ကို ကျိုးနွံနာခံရန် ကျွန်ုပ်တို့ သင်ယူဖို့ လိုအပ်သည်”၊ “ကျွန်ုပ်တို့၏ တာဝန်များကို ကျွန်ုပ်တို့ သစ္စာရှိစွာ ထမ်းဆောင်ရန် လိုအပ်သည်။ ဘုရားသခင်ကို ပုန်ကန်၍ မဖြစ်ပါ” သို့မဟုတ် “ကျွန်ုပ်တို့ မိမိကိုယ်ကို သိရှိရမည်” ဟူသကဲ့သို့သော အယူဝါဒအနည်းငယ်အကြောင်းကို ပြောနိုင်ကြသည်။ ဤအယူဝါဒအားလုံး မှန်ကန်သော်လည်း နှုတ်ကပတ်တော်များထဲရှိ စစ်မှန်သည့် အဓိပ္ပာယ်ကို သင် နားမလည်ပေ။ သင်တို့သည် ထိုအရာများကို အပေါ်ယံအားဖြင့်သာ နားလည်ကြခြင်း ဖြစ်သည်။ ယင်းတို့၏ ဝိညာဉ်ရေးရာ အဓိပ္ပာယ် သို့မဟုတ် ဘုရားနှုတ်ကပတ်တော်များ၏ သာ၍ နက်ရှိုင်းသော အဓိပ္ပာယ်ကို သင်တို့ နားမလည်ကြသောကြောင့် သင်တို့၏ စိတ်နှလုံးများတွင် သမ္မာတရား မရှိပေ။ သင့်ထံတွင် မည်သည့် အတွေ့အကြုံ သို့မဟုတ် သိနားလည်မှုရှိသည်ဖြစ်စေ၊ အလွန် အပေါ်ယံဆန်လွန်းသည်။ အယူဝါဒတစ်ခုခုကို သင် ပြောဆိုနိုင်ပြီး၊ ရိုးရှင်းသည့် အရာအချို့ကို ရှင်းလင်းစွာ မြင်ကောင်းမြင်နိုင်သော်လည်း၊ သင်သည် သမ္မာတရား စည်းမျဉ်းများနှင့် ပြုမူဆောင်ရွက်ခြင်း မရှိ။ သင်သည် သမ္မာတရားနှင့် မည်သို့မျှ နီးစပ်မလာပေ။ သင့်တို့တွင် အသိပညာနှင့် သင်ကြားတတ်မြောက်မှု တစ်ခုခု ရှိကောင်းရှိနိုင်သော်လည်း၊ သမ္မာတရားကို နားမလည်ပေ။ အယူဝါဒများ သို့မဟုတ် စကားများအား သိနားလည်ခြင်းကို သမ္မာတရား သိနားလည်ခြင်းအဖြစ် သဘောမထားလိုက်နှင့်။ ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်သည့်သူများထဲတွင် အစွမ်းအစကောင်းရှိပြီး၊ သမ္မာတရားနှင့်ဆိုင်သည့် အတွေ့အကြုံတစ်ခုခု ရှိကောင်းရှိနိုင်သည့် အတော်အတန် ကောင်းမွန်သော ဝိညာဉ်ရေးရာ သိနားလည်မှုတစ်ခုရှိသည့် သူအချို့ရှိသည်။ သို့သော် ထိုသမ္မာတရားကို ၎င်းတို့ နားလည်သည်ဟု ပြော၍ မရနိုင်သေးပေ။ သင် ပြောသည့် အသိပညာ စာကြောင်းဆယ်ကြောင်းထဲမှ စာကြောင်းနှစ်ကြောင်းက စစ်မှန်သည့် အသိပညာ ပါရှိနိုင်ဖွယ်ရှိသည်။ အခြားစာကြောင်းများမှာ အယူဝါဒဖြစ်၏။ သို့ရာတွင်၊ သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု သင် ယူဆသည်။ သင်သည် ပြောစရာတစ်ခုခု အမြဲရှိလျက် မည်သည့်နေရာသို့သွားသည်ဖြစ်စေ ရက်အချို့ကြာ အဆက်မပြတ် တရားဟောပြောနိုင်သည်။ သင် ဟောပြီးသွားသည့်အခါတွင်၊ လူအားလုံးထံ ပေးပို့ရန် ထိုတရားဟောချက်များကို စာအုပ်တစ်အုပ်၊ “ကျော်ကြားသူ အတ္ထုပတ္တိ”တစ်ခုအဖြစ်သို့ သင်က ရေးသားပြုစုချင်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ထိုစာအုပ်ကို အများကောင်းကျိုးအတွက် စားသောက်ဖို့ရန်ဖြစ်သည်။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင် မာနထောင်လွှားပြီး ကျိုးကြောင်းမသင့်သည် မဟုတ်လော။ သမ္မာတရားနှင့်ဆိုင်သည့် ကိစ္စရပ်များ၏ အနားကွပ်လေးများကိုပင်လျှင် လူတို့ မထိနိုင်ကြပေ။ အလွန်ဆုံးအနေဖြင့်၊ စကားအချို့ကို ရေးထားသည့်အတိုင်း ၎င်းတို့ နားလည်ကောင်းနားလည်နိုင်သည်။ ၎င်းတို့သည် တော်ပြီး မှတ်ဉာဏ်ကောင်းသောကြောင့်၊ ဘုရားသခင်၏ အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုနှင့် နက်နဲမှု၊ ပြီးလျှင် ဘုရားသခင့် အမှုတော်၏ နည်းလမ်းများနှင့် အဆင့်များကဲ့သို့သော ဤကဏ္ဍများနှင့်ဆိုင်သည့် သမ္မာတရားအကြောင်းကို ၎င်းတို့ မကြာခဏ ပြောဆိုကြသောကြောင့်၊ အတိုင်းအတာတစ်ခုထိ မိမိတို့ကိုယ်ကို ပြင်ဆင်ပြီးသည့်အခါ၊ ၎င်းတို့ကိုယ်၌က သမ္မာတရားကို ပိုင်ဆိုင်သည်၊ ထိုသမ္မာတရား အလျှံပယ်ရှိသည်ဟု ယူဆကြသည်။ ၎င်းတို့ ထိုသို့ဖြစ်သည်မှာ ကျိုးကြောင်းမသင့်လိုက်လေခြင်း။ ထိုအရာက သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်း သက်သေပြပေသည်။ ယနေ့ခေတ် လူတို့သည် အယူဝါဒ အနည်းငယ်သာ နားလည်ကြသည်။ ၎င်းတို့သည် အသိစိတ်ရှိရန် မဆိုထားနှင့်၊ မိမိတို့ကိုယ်ကိုပင် မသိကြပေ။ အယူဝါဒအနည်းငယ် နားလည်သည့်အခါ ၎င်းတို့တွင် သမ္မာတရား ရှိသည်ဟုလည်းကောင်း၊ သာမန်လူများ မဟုတ်ကြတော့ဟုလည်းကောင်း တွေးထင်ကြသည်။ ၎င်းတို့သည် ကြီးမြတ်လာသည်ဟု ယူဆကြပြီး၊ “ဘုရားနှုတ်ကပတ်တော်များကို အကြိမ်ပေါင်းများစွာ ငါ ဖတ်ပြီးလေပြီ။ ထိုနှုတ်ကပတ်တော်များထဲမှ အချို့ကိုပင် ငါ အာဂုံဆောင်ပြီးဖြစ်ကာ ထိုနှုတ်ကပတ်တော်များက ငါ့စိတ်နှလုံးတွင် အမြစ်တွယ်ပြီးဖြစ်သည်။ ငါ သွားသည့်နေရာတိုင်းတွင်၊ အစည်းအဝေး အတော်များများကို တစ်ဆက်တည်း ငါ တရားဟောနိုင်ပြီး၊ ဘုရားနှုတ်ကပတ်တော်များထဲမှ မည်သည့် အခန်းကြီးမဆိုထဲမှအခြေခံအကြောင်းအရာများကို ငါ ပြောနိုင်သည်” ဟု တွေးထင်ကြသည်။ အမှန်မှာ မည်သူကမျှ သမ္မာတရားကို နားမလည်ပေ။ အဘယ်ကြောင့် ထိုသို့ ငါ ပြောသနည်း။ တစ်ချက်မှာ၊ သင်တို့သည် ပြဿနာများကို မဖြေရှင်းနိုင် သို့မဟုတ် ထိုပြဿနာများ၏ ရင်းမြစ်များကို ရှာမတွေ့နိုင်သကဲ့သို့ ယင်းတို့၏ အနှစ်သာရကို မရိပ်စားမိနိုင်ပေ။ နောက်တစ်ချက်မှာ၊ သတ်မှတ်ထားသည့် မည်သည့် ပြဿနာ သို့မဟုတ် မည်သည့် ကိစ္စရပ်မဆိုထဲမှ တစ်စိတ်တစ်ပိုင်းကိုသာ သင် သဘောပေါက်နိုင်သည်၊ သင်၏ သိနားလည်မှုက မရေမရာဖြစ်နေသည်။ ထိုအရာကို သမ္မာတရားနှင့် သင် မဆက်စပ်နိုင်ပေ။ ထိုသို့ဖြစ်လျက်ပင်၊ သင်တို့သည် မိမိတို့ကိုယ်ကို ကျေနပ်အားရနေဆဲဖြစ်ပြီး မာနထောင်လွှားကာ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြသည်။ သင်တို့သည် အလွန်ပင် မာနထောင်လွှားကာ မသိနားမလည်လိုက်လေခြင်း။
“ဘုရားသခင်ကို ယုံကြည်မှု”ဟူသည့် စကားများကို သင်တို့ မည်သို့ ရှင်းပြမည်နည်း။ သင်တို့သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို မည်သို့ နားလည်ကြသနည်း။ ဘုရားသခင်အပေါ် လူတို့၏ ယုံကြည်မှုတွင် ၎င်းတို့ ရှိသင့်သည့် မှန်ကန်သော အမြင်မှာ အဘယ်နည်း။ ရှိနေသေးသည့် မမှန်ကန်သော အမြင်များမှာ အဘယ်နည်း။ လူတို့သည် ဘုရားသခင်ကို အတိအကျ မည်သို့ ယုံကြည်သင့်သနည်း။ ဤမေးခွန်းများကို သင်တို့ စဉ်းစားပြီးပြီလော။ သင်တို့အားလုံးသည် သမ္မာတရားနှင့်ဆိုင်၍ “ထိတ်ထိတ်ကြဲများ” ဖြစ်ပုံရကြသည်၊ ထိုသမ္မာတရားအားလုံးကို နားလည်ပုံရကြသည်။ ထို့ကြောင့် အရိုးရှင်းဆုံးဖြစ်သည့် မေးခွန်းကို သင်တို့အား ငါမေးမည်။ ဘုရားသခင်ကို ယုံကြည်မှုဟူသည်မှာ အဘယ်နည်း။ ဤအရာကို သင်တို့ စဉ်းစားပြီးပြီလော။ ဘုရားသခင်ကို ယုံကြည်မှုက အတိအကျ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သူ့ကို ယုံကြည်ခြင်းမှ အတိအကျ မည်သည့်အရာကို ရရှိရန် သင် ရည်ရွယ်ပြီး၊ မည်သည့် ပြဿနာများကို ဖြေရှင်းရန် သင် ရည်ရွယ်သနည်း။ ဤအရာများနှင့် ပတ်သက်၍ သင် ရှင်းလင်းရန်လိုအပ်သည်။ ဤအရာနှင့် ပတ်သက်၍လည်း ရှင်းလင်းရမည်။ ဘုရားသခင်ကို စစ်မှန်ရိုးသားစွာ ယုံကြည်ရန်အတွက် တစ်စုံတစ်ဦးတွင် ဘုရားသခင်အား ယုံကြည်မှုနှင့်ဆိုင်သည့် မည်သည့် သရုပ်သကန်များ ပါရှိရမည်နည်း။ ဆိုလိုသည်မှာ၊ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်း စစ်မှန်ရိုးသားရန်အတွက် သင်၏ တာဝန်ကို သင် မည်သို့ ထမ်းဆောင်ရမည်နည်း။ ယုံကြည်ခြင်း စစ်မှန်ရိုးသားသည့် လူများဖြစ်ကြောင်း သက်သေပြရန် သူ့ကို ယုံကြည်သည့်လူများအပေါ် ဘုရားသခင်က မည်သည့် အခြေခံသဘောတရားများကို တောင်းဆိုသနည်း။ ဤမေးခွန်းများနှင့်ပတ်သက်၍ စိတ်ထဲတွင် သင်တို့ ရှင်းလင်းကြသလော။ အမှန်တွင်တော့၊ သင်တို့အားလုံးသည် သင်တို့၏ နေ့စဉ်ဘဝများတွင် မယုံကြည်သူများ၏ အပြုအမူအချို့ကို ပြကြ၏။ ဘုရားသခင်ကို သင်၏ယုံကြည်မှု သို့မဟုတ် သမ္မာတရားနှင့် ဆက်စပ်မှုမရှိသည့် သင်တို့ လုပ်ဆောင်ပြီးသော အရာများကို သင်တို့ ရှင်းလင်းစွာ ဖော်ပြနိုင်ကြသလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာအား ဆိုလိုသည်ကို သင်တို့ အမှန်တကယ် နားလည်ကြသလော။ စစ်မှန်ရိုးသားသည့် ယုံကြည်ခြင်းရှိပြီး ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သည့်လူသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ဖန်ဆင်းခံတစ်ဦးက ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည်မှာ မည်သည့်အရာအား ဆိုလိုသည်ကို သင်တို့ နားလည်ကြသလော။ ဤအရာက ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ပတ်သက်သည့် မိမိ၏ အမြင်များနှင့် သက်ဆိုင်သည်။ လူအချို့က “ဘုရားသခင်ကို ယုံကြည်ခြင်းသည် မှန်သည့်လမ်းကြောင်းကို လျှောက်ခြင်းနှင့် ကောင်းသည့်အရာ လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုအရာသည် ဘဝတွင် အရေးကြီးသည့်အရာဖြစ်သည်။ ဘုရားသခင်အတွက် တာဝန်အချို့ကို ထမ်းဆောင်ခြင်းသည် သူ့ကို ယုံကြည်မှုက လက်တွေ့ကျကျ ထင်ရှားစေသည့်ပုံစံဖြစ်သည်”ဟု ဆိုကြသည်။ “ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကယ်တင်ခံရခြင်းနှင့် ဆိုင်သည်။ သူ၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းခြင်းနှင့် ဆိုင်သည်”ဟု ပြောသောလူများလည်း ရှိသည်။ ဤအရာအားလုံးကို သင်တို့ ပြောကောင်းပြောနိုင်သော်လည်း အမှန်တကယ် နားလည်ကြသလော။ အမှန်မှာ သင်တို့ နားမလည်ကြပေ။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှုသည် ကယ်တင်ခံရရန်သက်သက်သာ သူ့ကို ယုံကြည်ခြင်းနှင့် မဆိုင်ပေ။ လူကောင်းတစ်ဦးဖြစ်ရန်သက်သက်ဖြင့် သူ့ကိုယုံကြည်ခြင်းဆိုလျှင်ပို၍ပင်မသက်ဆိုင်ပေ။ လူသားပုံသဏ္ဍာကို ရရှိရန် သူ့ကို ယုံကြည်ခြင်းကိစ္စတစ်ခုမျှသာလည်း မဟုတ်ပေ။ အမှန်မှာ ဘုရားတစ်ပါးရှိသည်၊ သူသည် သမ္မာတရား၊ လမ်းခရီး၊ အသက်ဖြစ်သည်၊ ဤမျှသာဖြစ်သည်ဆိုသည့် ယုံကြည်မှုတစ်ခုသက်သက်အနေဖြင့် ဘုရားအပေါ် လူတို့၏ ယုံကြည်မှုကို မရှုမြင်သင့်ပေ။ ဘုရားသခင်ကို အသိအမှတ်ပြုခြင်းသက်သက်လည်း မဟုတ်သကဲ့သို့၊ သူသည် အရာခပ်သိမ်း၏ အချုပ်အခြာအာဏာဖြစ်ကြောင်း၊ သူသည် အနန္တတန်ခိုးရှင်ဖြစ်ကြောင်း၊ ကမ္ဘာလောကနှင့် အရာခပ်သိမ်းကို သူ ဖန်ဆင်းခဲ့ကြောင်း၊ သူသည် အတုမရှိဖြစ်ပြီး၊ အထွတ်အထိပ်ဖြစ်ကြောင်း ယုံကြည်ခြင်းမျှသာလည်း မဟုတ်ပေ။ ထိုအမှန်တရားကို သင့်အား ယုံကြည်စေခြင်းဖြင့် အဆုံးမသတ်ပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သင်၏ ဖြစ်တည်မှုတစ်ခုလုံးနှင့် နှလုံးသားကို သူ့အား ပေးအပ်သင့်ပြီး သူ့ကို ကျိုးနွံနာခံသင့်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်နောက်သို့ လိုက်သင့်သည်၊ သင့်ကို အသုံးပြုစေသင့်သည်။ သူ့အတွက် အစေခံမှုပေးရန်ပင် ဝမ်းသာပျော်ရွှင်သင့်ပေသည်။ သူ့အတွက် သင် လုပ်ဆောင်သမျှတိုင်းသည် လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ ကြိုတင်ခွဲခန့်ကာ ရွေးချယ်ခြင်းခံရသူတို့သာ သူ့ကို ယုံကြည်သင့်သည် မဟုတ်။ အမှန်မှာ လူသားမျိုးနွယ်အားလုံးက သူ့ကို ကိုးကွယ်သင့်သည်၊ သူ့ကို အလေးဂရုပြုကာ ကျိုးနွံနာခံသင့်သည်။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်ကို ဘုရားသခင် ဖန်ဆင်းခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်က ကယ်တင်ခြင်းနှင့် ထာဝရအသက် ရရှိရန်ဖြစ်သည်ကို သင် သိရှိသော်လည်း သမ္မာတရားကို သင် စိုးစဉ်းမျှ လက်မခံသည့်အပြင် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို မလျှောက်လျှင်၊ သင်သည် မိမိကိုယ်ကို လှည့်စားနေခြင်းဖြစ်သည် မဟုတ်လော။ သင်သည် အယူဝါဒကိုသာ နားလည်သော်လည်း သမ္မာတရားကို မလိုက်စားလျှင် သမ္မာတရားကို သင် ရရှိနိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အကြီးမားဆုံးသော အစိတ်အပိုင်းမှာ သမ္မာတရားကို လိုက်စားခြင်း ဖြစ်သည်။ သမ္မာတရားတိုင်းတွင် လူများသည် ထိုသမ္မာတရား၏ အတွင်းကျကျ အဓိပ္ပာယ်သည် မည်သည့်အရာဖြစ်သည်၊ ထို့အပြင် သမ္မာတရား၏ ထိုလက္ခဏာသွင်ပြင်ကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီးဝင်ရောက်ရမည်တို့ကို ရှာဖွေကာချင့်ချိန်တွေးတောပြီး လေ့လာစုံစမ်းသင့်သည်။ ယုံကြည်သူတို့သည် ဤအရာများကို နားလည်ပြီး ပိုင်ဆိုင်ရမည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သမ္မာတရား၏ လက္ခဏာသွင်ပြင်အမျိုးမျိုးနှင့်ပတ်သက်ပါက သင်တို့သည် ယခုတွင်စကားများ၊ အယူဝါဒများ၊ အပြင်ပန်း လုပ်ဆောင်မှုများကိုသာ နားလည်သည်။ သင်သည် သမ္မာတရားကို မတွေ့ကြုံခဲ့ဖူးသည်နှင့်အညီ သမ္မာတရား၏ အနှစ်သာရကို နားမလည်ပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းနယ်ပယ်နှင့် ဘုရားသခင်ကို ချစ်ခြင်းနယ်ပယ်တို့တွင် သမ္မာတရားများစွာရှိသည်၊ ထို့ပြင် လူများက မိမိတို့ကိုယ်ကို သိဖို့ဆန္ဒရှိလျှင်၎င်းတို့ နားလည်ရန် လိုအပ်သည့် သမ္မာတရားများစွာလည်း ရှိသည်။ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုနှင့် နက်နဲမှုတို့၌လည်း နားလညရန် လိုအပ်သည့် သမ္မာတရားများစွာ ရှိသည်။ လူများသည် မည်သို့ကျင့်ကြံပြုမူသင့်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ကိုးကွယ်သင့်သည်၊ ဘုရားသခင်ကို မည်သို့ကျိုးနွံနာခံသင့်သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီအောင် မည်သည့်အရာကို လုပ်သင့်သည်၊ ဘုရားသခင်ကို မည်သို့အစေခံသင့်သည်ဟူသည့် ဤသို့သော အကြောင်းအချက်အားလုံး၌ သမ္မာတရားများစွာ ပါဝင်လေသည်။ ကဏ္ဍအမျိုးမျိုးတွင်ရှိသော ဤသမ္မာတရားများနှင့်ပတ်သက်၍ ယင်းတို့ကို သင်တို့ မည်သို့ သဘောထားသနည်း၊ ပြီးလျှင် မည်သို့ တွေ့ကြုံသနည်း။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာသည် အရင်ဦးစွာ တွေ့ကြုံရန် အရေးအကြီးဆုံး ဖြစ်သနည်း။ မှန်သည့် လမ်းခရီးအပေါ် အခြေခံအုတ်မြစ်တစ်ခု ချပြီးနောက်တွင် လူတို့ နားလည်ပြီး ဝင်ရောက်ရန် လိုအပ်သည့် သမ္မာတရားများစွာ ရှိသည်။ ရိုးသားသော လူတစ်ဦးဖြစ်ခြင်းနှင့်ဆိုင်သည့် သမ္မာတရားရှိသည်၊ ထို့ပြင်အထူးသဖြင့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့်ပတ်သက်သည့် သမ္မာတရားများရှိသည်။ ဤအရာအားလုံးကို လူတိုက တွေ့ကြုံကာ လက်တွေ့လုပ်ဆောင်ရန် လိုအပ်သည်။ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ရန်အလို့ငှာ မည်သို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်ကို အာရုံစိုက်ခြင်းမရှိဘဲ ထိုစကားများနှင့် အယူဝါဒများကို သင် အမြဲ ပြောဆိုနေလျှင်၊ သင်သည် ထိုစကားများဖြင့် အမြဲ အသက်ရှင်နေလိမ့်မည်ဖြစ်ပြီး စစ်မှန်သည့် ပြောင်းလဲမှုတစ်ခုမျှ ရှိမည်မဟုတ်ပေ။
ကောက်နုတ်ချက် (၆၅)
ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့တို့သည့် အသင်းတော်၌ တည်ရှိသည့် လက်တွေ့ပြဿနာများကို မမြင်နိုင်ကြပေ။ စည်းဝေးပွဲတစ်ခု၌ ရှိစဉ်တွင်၊ ၎င်းတို့သည် ပြောထိုက်သည့်အရာ တစ်ခုမျှ မရှိဟု ခံစားရသောကြောင့်၊ ၎င်းတို့သည် စကားလုံးနှင့် အယူဝါဒအချို့ကို တင်ပြပေးရန်အတွက် မိမိတို့ကိုယ်ကို အတင်းအကျပ်ခိုင်းစေရသည်။ ၎င်းတို့ ပြောနေသည့်အရာသည် အယူဝါဒမျှသာ ဖြစ်သည်ကို ၎င်းတို့ ကောင်းစွာ သိသော်လည်း၊ ယင်းကို မည်သည့်နည်းဖြင့်မဆို ပြောကြလေသည်။ အဆုံး၌ ၎င်းတို့၏စကားများသည် ပေါ့ပြက်သည်ကို ၎င်းတို့ပင် ခံစားရလာပြီး ၎င်းတို့၏ ညီအစ်ကို မောင်နှမများကလည်း တည်ဆောက်စရာဖြစ်သည်ဟု မမြင်ပေ။ သင်သည် ဤပြဿနာကို သတိမပြုမိဘဲ ထိုသို့သောအရာများကို ခေါင်းမာစွာ ဆက်ပြောနေလျှင်၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်နေခြင်း မရှိသကဲ့သို့ လူတို့အတွက် အကျိုးမရှိပေ။ သင်သည် သမ္မာတရားကို မတွေ့ကြုံရသေးဘဲ၊ ထိုသမ္မာတရားအကြောင်းကို ပြောလိုဆဲဖြစ်လျှင်၊ မည်သည့်အရာကို သင် ပြောသည်ဖြစ်စေ၊ သမ္မာတရားကို ထိုးထွင်းသိမြင်နိုင်လိမ့်မည် မဟုတ်ပေ။ နောက်ထပ် သင် ပြောဆိုသည့် မည်သည့်အရာမဆို စကားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်မည်။ သင်ပြောဆိုသည့်အရာသည် အတော်အတန် ဉာဏ်အလင်းပေးသည်ဟု သင်ထင်ကောင်းထင်နိုင်သော်လည်း ထိုအရာများက အယူဝါဒများသာ ဖြစ်သည်။ သမ္မာတရား စစ်မှန်မှု မဟုတ်ပေ။ အခြားသူများ မည်မျှ ကြိုးစားပြီး နားထောင်သည်ဖြစ်စေ မည်သူကမျှ ထိုအရာများမှ မည်သည့်အရာကိုမျှ သဘောပေါက်နိုင်ကြလိမ့်မည် မဟုတ်။ နားထောင်နေစဉ်၊ သင် ပြောသည့်အရာက အတော်လေး မှန်ကန်သည်ဟု ၎င်းတို့ ခံစားကောင်းခံစားမည်ဖြစ်သော်လည်း၊ နောက်ပိုင်းတွင်၊ ထိုအရာကို ၎င်းတို့ လုံးဝ မေ့သွားကြလိမ့်မည်။ သင်၏ တကယ့် အခြေအနေများအကြောင်းကို သင် မပြောလျှင်၊ လူတို့၏ စိတ်နှလုံးများကို သင် တို့ထိနိုင်လိမ့်မည်မဟုတ်သကဲ့သို့ လူတို့က ထိုအရာကို ကြားပြီးနောက်တွင် မှတ်မိကြမည်မဟုတ်ပေ။ ယင်းသည် အပြုသဘောဆောင်သည့် မည်သည့်အရာမျှ ပေးရန်မရှိ။ ဤကဲ့သို့သော အခြေအနေတစ်ခုကို သင် ကြုံရသည့်အခါ၊ သင် ပြောနေသည့်အရာက လက်တွေ့ကျခြင်းမရှိသည်ကို သင် သိသင့်သည်။ ထိုသို့ သင် ဆက်ပြောဆိုနေလျှင် မည်သူအတွက်မျှ အဆင်ပြေလိမ့်မည်မဟုတ်သကဲ့သို့ သင် မဖြေနိုင်သည့် မေးခွန်းတစ်ခုကို တစ်စုံတစ်ဦးက ထုတ်လျှင် သာ၍ပင် ကသိကအောက်ဖြစ်လိမ့်မည်။ သင် ချက်ချင်း ရပ်ပြီး အခြားလူများကို မိတ်သဟာယပြုခွင့်ပေးသင့်သည်။ ယင်းက အမြော်အမြင်ရှိသည့် ရွေးချယ်မှုဖြစ်မည်။ အစည်းအဝေးတစ်ခုတွင် သင် ရှိပြီး၊ ကိစ္စတစ်ခုခုနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို သိရှိသည့်အခါ၊ ထိုအရာနှင့်ပတ်သက်သည့် လက်တွေ့ကျသောအရာအချို့ကို သင် ပြောနိုင်သည်။ အနည်းငယ် အပေါ်ယံဆန်ကောင်းဆန်နိုင်သော်လည်း၊ လူတိုင်းက နားလည်ကြလိမ့်မည်။ လူတို့ကို အထင်ကြီးစေရန် သာ၍ နက်နဲသည့်ပုံစံတစ်ခုဖြင့် သင် အမြဲ စကားပြောလိုပြီး၊ မည်သည့်အခါတွင်မျှ ဖြစ်မြောက်အောင် လုပ်နိုင်သည့်ပုံမရလျှင်၊ သင် ရပ်သာရပ်လိုက်သင့်သည်။ ထိုအချိန်မှစ၍ သင်ပြောသည့်အရာတိုင်းက အနှစ်မဲ့သည့် အယူဝါဒဖြစ်လိမ့်မည်။ သင် ဆက်၍မိတ်သဟာယမပြုမီ အခြားတစ်စုံတစ်ဦးကို အခွင့်ပေးသင့်သည်။ သင် နားလည်သည့်အရာက အယူဝါဒဖြစ်ပြီး ထိုအရာကို ပြောဆိုခြင်းက အထောက်အကူဖြစ်မည်မဟုတ်သည်ကို သင်ခံစားရလျှင်၊ ထိုသို့သော ဖြစ်ရပ်မျိုးတွင် သင် စကားပြောသည့်အခါ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်မည် မဟုတ်ပေ။ သင့်ကိုယ်သင် အတင်း စကားပြောစေလျှင်၊ အဓိပ္ပာယ်မရှိသောအရာများနှင့် သွေဖည်မှုများဖြင့် အဆုံးသတ်သွားနိုင်ပြီး၊ လူတို့ကို သင် လမ်းလွဲသွားစေနိုင်သည်။ လူအများစုသည် အလွန် ညံ့ဖျင်းသော အခြေခံအုတ်မြစ်များနှင့် ညံ့ဖျင်းသော အစွမ်းအစရှိသောကြောင့် ပိုမိုလေးနက်သောအရာများကို အချိန်တိုအတွင်း မသိမှတ်နိုင်ပေ၊ သို့မဟုတ် ယင်းတို့ကို အလွယ်တကူ မမှတ်မိနိုင်ပေ။ အခြားတစ်ဖက်တွင် လွဲချော်နေသည့်၊ စည်းမျဉ်းစည်းကမ်းထိန်းသိမ်းမှုနှင့်ဆိုင်သည့်၊ အယူဝါဒနှင့်ဆိုင်သည့် အရာများနှင့်ပတ်သက်၍၊ ၎င်းတို့သည် နားလည်မှု အတော်လေး မြန်ဆန်ကြသည်။ ဤသည်မှာ ၎င်းတို့ မှားယွင်းဆိုးယုတ်သည့်အရာ ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ စည်းမျဉ်းများကို ဆုပ်ကိုင်ထားပြီး သင်နားလည်သည့် မည်သည့်အရာကိုမဆို ပြောဆိုရမည်။ လူတို့၏ စိတ်နှလုံးများတွင် မာနဘဝင်မြင့်ခြင်းရှိပြီး၊ တစ်ခါတစ်ရံ ၎င်းတို့၏ မာနဘဝင်မြင့်ခြင်းက ထိန်းချုပ်သည့်အခါ၊ ၎င်းတို့ ပြောသည့်အရာက အယူဝါဒဖြစ်သည်ကို သိသည့်အချိန်တွင်ပင် မရမက ဆက်လက်စကားပြောဆိုတတ်ကြသည်။ ၎င်းတို့က၊ “ငါ့ညီအစ်ကို မောင်နှမများက ခွဲခြားကောင်းခွဲခြားနိုင်မည်မဟုတ်။ ငါ့ နာမည်ဂုဏ်သတင်းအတွက် ထိုအရာအားလုံးကို ငါ လျစ်လျူရှုလိုက်မည်။ ဟိတ်ဟန်ထိန်းခြင်းက ယခု အရေးကြီးသည့်အရာဖြစ်သည်”ဟု တွေးကြသည်။ ဤသည်မှာ လူတို့ကို လှည့်စားရန် ကြိုးပမ်းခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို သစ္စာမရှိခြင်း ဖြစ်သည်။ အသိစိတ်တစ်ခုခုရှိသည့် သူတစ်ဦးဖြစ်လျှင်၊ ဝမ်းနည်းကာ အပြစ်ရှိသည်ဟု ခံစားရမည်ဖြစ်ပြီး စကားပြောခြင်းကို ရပ်သင့်သည်ဟု ခံစားရလိမ့်မည်။ အကြောင်းအရာ ပြောင်းပြီး ၎င်းတို့ တွေ့ကြုံပြီးဖြစ်သည့် တစ်စုံတစ်ရာကို မိတ်သဟာယဖွဲ့သင့်သည်၊ သို့မဟုတ် သမ္မာတရားအပေါ် ၎င်းတို့၏ သိနားလည်မှုနှင့် အသိပညာတို့ကို မိတ်သဟာယပြုသင့်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းတို့ ခံစားကြလိမ့်မည်။ တစ်စုံတစ်ဦးက မည်ရွေ့မည်မျှ နားလည်ပါစေ ယင်းသည် သူ ပြောသင့်သည့် ပမာဏဖြစ်သည်။ တစ်စုံတစ်ဦးက မည်ရွေ့မည်မျှ ပြောဆိုသည်ဖြစ်စေ၊ သူ ပြောနိုင်သည့် လက်တွေ့ကျသောအရာများတွင် အကန့်အသတ်ရှိသည်။ အတွေ့အကြုံမရှိဘဲနှင့်၊ သင်၏ စိတ်ကူးများနှင့် အတွေးသည် သဘောတရားသာဖြစ်သည်၊ လူသား အယူအဆများနှင့်ဆိုင်သည့် အရာများသာ ဖြစ်သည်။ သမ္မာတရားဖြစ်သည့် နှုတ်ကပတ်တော်များသည် နားလည်ရန် စစ်မှန်သည့် အတွေ့အကြုံ လိုအပ်ပြီး၊ သမ္မာတရားတစ်ခုကို တွေ့ကြုံခြင်း အခြေအနေအား လုံးဝ ရှင်းပြနိုင်ရန်မဆိုထားနှင့်၊ အတွေ့အကြုံမရှိဘဲနှင့် သမ္မာတရား၏ အနှစ်သာရကို မည်သူကမျှ လုံးဝ နားလည်သဘောပေါက်နိုင်ခြင်း မရှိပေ။ သမ္မာတရားအား တွေ့ကြုံရသည့် အခြေအနေတစ်ခုကို အပြည့်အဝရှင်းပြနိုင်ဖို့ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ လက်တွေ့ကျသည့်အရာတစ်ခု ပြောစရာရှိရန် သင့်အနေဖြင့် သမ္မာတရားနှင့်ဆိုင်သည့် အတွေ့အကြုံတချို့ ရှိရမည်။ အတွေ့အကြုံမရှိဘဲနှင့် မဖြစ်ပေ။ ပြီးလျှင် သင့်ထံတွင် အတွေ့အကြုံရှိလျှင်ပင်၊ ထိုအတွေ့အကြုံကို အကန့်အသတ်ပုံစံတစ်ခုဖြင့် ရှိနေဆဲဖြစ်သည်။ သင် ပြောနိုင်သည့် အချို့သော၊ အကန့်အသတ်ရှိသည့် အခြေအနေများရှိသော်လည်း၊ ထို့ထက်ကျော်လွန်၍၊ သင့်ထံတွင် ပြောရန် ဘာမျှမရှိ။ အစည်းအဝေးတစ်ခုတွင် မိတ်သဟာယပြုခြင်းက အကြောင်းအရာ တစ်ခု သို့မဟုတ် နှစ်ခုကို အမြဲ ဗဟိုပြုသင့်သည်။ မိတ်သဟာယတွင် ထိုအရာများကို သင်က သာ၍ ရှင်းလင်းသွားစေနိုင်မည်ဆိုလျှင်၊ အတော်များများကို သင် ရရှိပြီး ဖြစ်လိမ့်မည်။ ပိုများသည့်အရာများ သို့မဟုတ် ပိုမိုကြီးကျယ်ခမ်းနားသည့်အရာများကို ပြောရန် ကြိုးစားရင်း မပိတ်မိစေနှင့်။ မည်သူကမျှ ထိုသို့ဖြင့် မည်သည့်အရာကိုမျှ နားမလည်နိုင်သကဲ့သို့၊ မည်သူအတွက်မျှ အကျိုးမရှိပေ။ အစည်းအဝေးများသည် အလှည့်ကျ စကားပြောခြင်းနှင့် သက်ဆိုင်ပြီး၊ ပါဝင်သည့်အကြောင်းအရာက လက်တွေ့ကျသရွေ့၊ ထိုအရာမှ လူတို့ အကျိုးကျေးဇူးရှိကြသည်။ လူတစ်ဦးက သမ္မာတရားအားလုံးကို မိမိဘာသာ ရှင်းလင်းစွာ မိတ်သဟာယပြုနိုင်သည်ဟု စဉ်ဆက်မပြတ် တွေးထင်နေခြင်းကို ရပ်လော့။ ယင်းမှာ မဖြစ်နိုင်ပေ။ တစ်ခါတစ်ရံတွင် သင်သည် အလွန်လက်တွေ့ကျသည့် နည်းဟန်ဖြင့် ဆွေးနွေးပြောဆိုနေသည်ဟု သင်တွေးနိုင်သော်လည်း၊ သင်၏ညီအစ်ကိုမောင်နှမများသည် နားမလည်ကြသေးပေ။ ဤသည်မှာ သင်၏ အခြေအနေသည် သင်၏အခြေအနေသာ ဖြစ်ပြီး၊ သင်၏ ညီအစ်ကိုမောင်နှမများ၏ အခြေအနေများသည် သင်၏ ကိုယ်ပိုင်အခြေအနေကဲ့သို့ သေချာပေါက် အတိအကျ မဟုတ်ပေ။ ထို့အပြင် သင်သည် ဤအကြောင်းအရာနှင့် အတွေ့အကြုံအချို့ရှိကောင်းရှိနိုင်သော်လည်း၊ သင်၏ ညီအစ်ကိုမောင်နှမများ၌ ရှိနိုင်မည် မဟုတ်သောကြောင့်၊ သင်ပြောနေသည့်အရာသည် ၎င်းတို့နှင့်မသက်ဆိုင်ဟု ၎င်းတို့က ခံစားကြရသည်။ ဤအခြေအနေမျိုးကို ကြုံတွေ့ရသည့်အခါ သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့၏ အခြေအနေများကို နားလည်နိုင်ဖို့ မေးခွန်းအချို့ကို ၎င်းတို့အား မေးရမည်။ ဤအကြောင်းအရာ ပေါ်ပေါက်လာသည့်အခါမည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်၊ သမ္မာတရားနှင့်ညီစွာ ၎င်းတို့ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်ကို ၎င်းတို့အား မေးလော့။ ဤနည်းလမ်းဖြင့် အချိန်အတော်ကြာ မိတ်သဟာယပြုပြီးသည့်နောက်၊ ရှေ့လျှောက် လမ်းကြောင်း ပွင့်လာလိမ့်မည်။ ဤနည်းဖြင့် သင်သည် လူများကို လက်ရှိပြောဆိုနေသော သင့်လျော်သော အကြောင်းအရာအပေါ်သို့ ခေါ်ဆောင်ပေးနိုင်သည်။ ပြီးလျှင် သင်သည် ဆက်လက်၍ မိတ်သဟာယပြုပါက ရလဒ်များကို ရရှိလိမ့်မည်။
ကောက်နုတ်ချက် (၆၆)
လူအချို့တွင် ချင့်ချိန်နိုင်စွမ်း လုံးဝ မရှိကြပေ။ သူတို့သည် ဦးဆောင်သူမည်သူမဆို၏နောက်သို့လိုက်ကြသည်။ လူကောင်းများက ဦးဆောင်သောအခါ အပြုအမူကောင်းကို သူတို့ သင်ယူကြသည်၊ လူဆိုးများက ဦးဆောင်သောအခါ အပြုအမူဆိုးကို သူတို့ သင်ယူကြသည်။ သူတို့လိုက်လျှောက်နေသည့်မည်သူမဆိုထံမှ သူတို့ သင်ယူကြသည်။ ဘာသာတရားမရှိသူများနောက်သို့ သူတို့ လိုက်ကြသောအခါ သူတို့သည် မကောင်းဆိုးဝါးများကို အတုယူကြသည်။ ဘုရားသခင်ကို ယုံကြည်သောသူများနောက်သို့ သူတို့ လိုက်ကြသောအခါ လူ့သဘာဝနှင့်ဆင်တူခြင်းအချို့ ရှိဖို့ သူတို့ သင်ယူကြသည်။ သမ္မာတရားကို နားလည်ဖို့နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့တို့ကို သူတို့ အာရုံမစိုက်ကြသော်လည်း အခြားသူများနောက်သို့သာ လိုက်၍ သူတို့ကို မဆင်မခြင် အတုခိုးကြသည်။ သူတို့ကြိုက်နှစ်သက်သောမည်သူမဆို၏စကားကို သူတို့ နားထောင်ကြသည်။ ထိုကဲ့သို့သောလူတစ်ဦးသည် သမ္မာတရားကို နားလည်နိုင်သလော။ လုံးဝ နားမလည်နိုင်ပါ။ သမ္မာတရားကို နားမလည်သောလူများသည် အပြောင်းအလဲအစစ်အမှန်ကို မည်သည့်အခါမျှ မရရှိနိုင်ပါ။ အသိပညာနှင့် အယူဝါဒ၊ လူသားအပြုအမူ၊ စကားပြောပုံနည်းဟန်စသည့် ဤပြင်ပအရာများကို လူများထံမှ သင်ယူ၍ ရနိုင်သည်။ သို့သော် သမ္မာတရားနှင့် အသက်တို့ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ထံမှသာ ရနိုင်ပြီး ကျော်ကြားသောလူများ သို့မဟုတ် ထူးခြားသောလူများထံမှ မည်သည့်အခါမျှ မရနိုင်ပါ။ ယုံကြည်သူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မည်သို့စားသောက်သင့်သနည်း။ ဤသည်က တစ်စုံတစ်ယောက်သည် သမ္မာတရားကို နားလည်နိုင်ပြီး ရနိုင်ခြင်းရှိမရှိဟူသည့် အရေးပါသောမေးခွန်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ဖို့ မှန်ကန်သောလမ်းခရီးတစ်ခုရှိရမည်။ ယုံကြည်သူများသည် သူတို့၏အသင်းတော်အသက်တာအတွင်းနှင့် သူတို့၏တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်း လက်တွေ့ဘဝပြဿနာများကို ရည်ရွယ်သောဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ပြီး ထိုပြဿနာများကို ဖြေရှင်းရမည်။ ဤသည်မှာ သမ္မာတရားကို နားလည်ဖို့ တစ်ခုတည်းသောလမ်းခရီးဖြစ်သည်။ သို့ရာတွင် အကယ်၍ သူတို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ပါက သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သူတို့ တတ်နိုင်လိမ့်မည်မဟုတ်ပါ။ လူအချို့သည် အစွမ်းအစကောင်းရှိကြသော်လည်း၊ သမ္မာတရားကို မချစ်ကြပေ။ သမ္မာတရား အနည်းငယ်ကို ၎င်းတို့ နားလည်နိုင်ကြသော်လည်း၊ ယင်းကို လက်တွေ့မလုပ်ဆောင်ကြချေ။ ထိုသို့သော လူတို့သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ကြသလော။ သမ္မာတရားကို သိနားလည်ခြင်းသည် အယူဝါဒများကို နားလည်ခြင်းလောက် မရိုးရှင်းပေ။ သမ္မာတရားကို နားလည်ဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား မည်သို့ စားသောက်ရမည်ကို သင် ဦးစွာ သိရမည်။ ဥပမာအားဖြင့်၊ ဘုရားသခင်ကို ချစ်ခြင်းနှင့်သက်ဆိုင်သည့် သမ္မာတရားနှင့် စပ်လျဉ်းသော ကျမ်းပိုဒ်တစ်ပိုဒ်ကို စားသောက်ခြင်းအား ကြည့်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသည်မှာ “‘ချစ်ခြင်းမေတ္တာ‘ ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော ချစ်ခင်မှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့် ထောက်ထားရန် သင်၏ စိတ်နှလုံးကို သင် အသုံးပြုသည့်အခိုက်ကို ရည်ညွှန်းပေသည်။ ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့၊ အကွာအဝေးမရှိပေ။ ချစ်ခြင်းမေတ္တာတွင် သံသယစိတ်မရှိ၊ လှည့်ဖြားခြင်းမရှိသကဲ့သို့၊ ကောက်ကျစ်စဉ်းလဲခြင်း မရှိပေ။ ချစ်ခြင်းမေတ္တာတွင် အရောင်းအဝယ်မရှိသကဲ့သို့၊ မဖြူစင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏) ဟူ၍ ဖြစ်သည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာကို ဘုရားသခင် အဓိပ္ပာယ်ဖွင့်ဆိုပုံဖြစ်ပြီး ဤသည်မှာ သမ္မာတရား ဖြစ်၏။ သို့သော် မည်သူ့ကို သင် ချစ်သင့်သနည်း။ သင်၏ လင်ယောက်ျားကို သင် ချစ်သင့်သလော။ သင်၏ ဇနီးကိုလော။ အသင်းတော်ရှိ သင်၏ ညီအစ်ကို မောင်နှမများကိုလော။ မဟုတ်ပေ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာနှင့် သက်ဆိုင်၍ ပြောဆိုသည့်အခါ၊ သူသည် သင်၏ အပေါင်းအသင်းကို ချစ်ခြင်းအကြောင်း မပြောဆိုဘဲ လူသား၏ ဘုရားသခင်ကို ချစ်ခြင်းအကြောင်း ပြောဆိုလေသည်။ လူတစ်ဦးသည် ဘုရားသခင်ကို အမှန်တကယ် သိလာပါက၊ ဘုရားသခင်၏စိတ်သဘောထားသည် ဖြောင့်မတ်ပြီး သန့်စင်သည်ကို အမှန်တကယ် မြင်လာပါက၊ ပြီးလျှင် လူသားအပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံးနှင့် အရိုးသားဆုံးဖြစ်သည်ကို မြင်လာပါက ထိုအခါ ဘုရားသခင်အပေါ် ထိုလူထားရှိသောချစ်ခြင်းမေတ္တာသည်လည်း စစ်မှန်သည်။ လူတစ်ဦးသည် ဘုရားသခင်ကို ချစ်ဖို့ မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သနည်း။ ပထမဦးစွာ သူသည် သူ၏စိတ်နှလုံးကို ဘုရားသခင်ဆီသို့ ဆက်ကပ်ရမည်၊ ထိုအခါတွင် သူ၏စိတ်နှလုံးသည် ဘုရားသခင်ကို ချစ်နိုင်သည်။ အကယ်၍ လူတစ်ဦး၏စိတ်နှလုံးသည် ဘုရားသခင်က မည်မျှ အလွန်အမင်း ချစ်ဖွယ်ကောင်းပုံကို အမှန်တကယ် သိမြင်ပါက ထိုအခါတွင် သူသည် ဘုရားသခင်ကို သံသယဖြစ်လိမ့်မည်မဟုတ်ပါ။ သူနှင့် ဘုရားသခင်၏ကြားထဲတွင် ဝေးကွာနေခြင်းရှိတော့မည်မဟုတ်ပါ။ ထို့အပြင်သူ၏ဘုရားသခင်ကို ချစ်သောစိတ်နှလုံးသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းလိမ့်မည်။ “အပြစ်အနာအဆာကင်းခြင်း” ဆိုသည်မှာ လွန်ကဲသောလိုအင်ဆန္ဒများမရှိခြင်းနှင့် ဘုရားသခင်ထံ တရားလွန်တောင်းဆိုခြင်းများကို မလုပ်ခြင်း၊ သူ့အပေါ် သတ်မှတ်ချက်များမထားခြင်း၊ ပြီးလျှင် ဆင်ခြေမပေးခြင်းတို့ကို ဆိုလိုသည်။ သင့်စိတ်နှလုံးထဲတွင် သူသည် ပထမဦးစားပေးဖြစ်သည်ဟုဆိုလိုသည်။ သူ့နှုတ်ကပတ်တော်များကသာ သင့်စိတ်နှလုံးထဲတွင် နေရာယူထားသည်ဟုဆိုလိုသည်။ ဤသည်မှာ ဖြူစင်ပြီး အပြစ်အနာအဆာကင်းသောချစ်ခင်တွယ်တာမှုတစ်ခုဖြစ်သည်။ ဤ “ချစ်ခင်တွယ်တာမှု” ဆိုသည်မှာ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်က နေရာတစ်ခုကို ယူထားကြောင်း၊ သင်သည် အမြဲတမ်း သူ့အကြောင်းကို စဉ်းစားနေပြီး သူ့ကို အောက်မေ့နေကြောင်းနှင့် အချိန်တိုင်းတွင် သူ့ကို သတိရနေကြောင်းတို့ကို ဆိုလိုသည်။ ချစ်ခြင်းဆိုသည်မှာ ချစ်ဖို့အတွက် သင့်စိတ်နှလုံးကို အသုံးပြုခြင်းကို ဆိုလိုသည်။ “ချစ်ဖို့အတွက် သင့်စိတ်နှလုံးကို အသုံးပြုခြင်း” တွင် ထောက်ထားညှာတာတတ်ခြင်း၊ ဂရုစိုက်ခြင်းနှင့် တမ်းတခြင်းတို့ ပါဝင်သည်။ သင့်စိတ်နှလုံးဖြင့် ဘုရားသခင်ကို ချစ်ရာတွင် အောင်မြင်ဖို့အတွက် သင်သည် ဘုရားသခင်ကို သိဖို့၊ သူ၏စိတ်သဘောထားကို သိဖို့နှင့် သူ၏ချစ်ဖွယ်ကောင်းခြင်းကို သိဖို့တို့ကို ပထမဦးစွာ ရှာဖွေရမည်။ အကယ်၍ ဘုရားသခင်ကို သင်သည် လုံးဝ မသိပါက သင်ဆန္ဒရှိလျှင်တောင်မှ သူ့ကို ချစ်ဖို့ သင်တတ်နိုင်လိမ့်မည်မဟုတ်ချေ။ လက်ရှိအချိန်တွင် သင်တို့အားလုံးသည် သမ္မာတရားရရန် ကြိုးစားရုန်းကန်ဖို့နှင့် သမ္မာတရားကို ရှာဖွေဖို့ ဆန္ဒရှိနေကြသည်။ သင့်တွင် ဘုရားသခင်နှင့်ပတ်သက်၍ အသိပညာအစစ်အမှန်မရှိသော်လည်း သူ့ကို တမ်းတဖို့၊ သူနှင့်ပိုနီးကပ်ဖို့၊ သူ့ထံ ကျိုးနွံနာခံဖို့၊ သူ့ကို ထောက်ထားညှာတာတတ်ဖို့၊ သင့်စိတ်ထဲတွင်ရှိသည့်အရာကို သူနှင့်အတူ မျှဝေဖို့နှင့် သင့်စိတ်နှလုံးထဲရှိ အခက်အခဲများကို သူ့ထံ ရင်ဖွင့်ဖို့အတွက် သင့်စိတ်နှလုံးကို အသုံးပြုသင့်သည်။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်ပါက ဘုရားသခင်ကို ရှာဖွေပါ။ တစ်စုံတစ်ရာကို သင့်ဘာသာ မကိုင်တွယ်မဖြေရှင်းနိုင်သောအခါတွင် ဘုရားသခင်ကို အားကိုးတကြီးမျှော်လင့်ပြီး သူ့ထံ မှီခိုအားကိုးပါ။ ဤနည်းဖြင့် ဘုရားသခင်ထံ သင်ဆုတောင်းသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြလိမ့်မည်။ “ဘုရားသခင်အတွက် ကျွန်ုပ် ဘာလုပ်ပေးဖို့ လိုအပ်သနည်း။ မည်သည့်ကြီးကျယ်သောအမှုများကို ကျွန်ုပ် လုပ်ရမည်နည်း” ဟု မတွေးမိပါစေနှင့်။ ဤသည်တို့သည် အနှစ်မရှိသောစကားများသာဖြစ်ပြီး လုံးဝ လက်တွေ့မကျပါ။ ဘုရားသခင်ကို ချစ်ခြင်းထဲသို့ သင့်စိတ်နှလုံးကို နှစ်ထားပြီး သင်ထမ်းဆောင်နိုင်စွမ်းရှိသည့် သေးငယ်သောကိစ္စရပ်များနှင့် တာဝန်များတွင် သူ့ကို ကျေနပ်စေမှသာ လက်တွေ့ကျပါသည်။ ဘုရားသခင်ကို သင်မည်သို့ချစ်ရမည်နှင့် မည်သည့်အတိုင်းအတာအထိချစ်ရမည်တို့ကို သင်ကျယ်လောင်စွာမပြောသော်လည်း သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိပါသည်။ ပြီးလျှင် သူ့ကို ကျေနပ်စေဖို့ သင့်စိတ်နှလုံးက ဆန္ဒရှိနေပါသည်။ သင့်တွင် မည်သည့်အခက်အခဲများရှိနေပါစေ၊ သင့်စိတ်နှလုံးက ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒရှိနေသရွေ့၊ သူ့ကို စိတ်ကျေနပ်စေဖို့ အချို့ကိစ္စများကို သင်လုပ်နိုင်သရွေ့၊ ပြီးလျှင် သူ့ကို စိတ်ကျေနပ်စေဖို့အလို့ငှာ ဆင်းရဲဒုက္ခအချို့ကို တောင့်ခံနိုင်သရွေ့ ထိုအခါတွင် သင်သည် သူ့ကို အမှန်တကယ် ချစ်သည်။ သမ္မာတရားအချို့ကို သင်နားလည်ပြီး ကိစ္စများအားလုံးကို ကိုင်တွယ်သောအခါ စည်းမျဉ်းနှင့်ညီပါက ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်ခံစားနိုင်လိမ့်မည်။ ဘုရားသခင်မိန့်တော်မူသမျှသည် သမ္မာတရားဖြစ်ကြောင်း၊ လက်တွေ့အရှိတရားဖြစ်ကြောင်းနှင့် အချိန်တိုင်းတွင် လူများကို ကူညီပေးကြောင်းကို ခံစားနိုင်လိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များမှနေ၍ လူများသည် သွေဖည်မရနိုင်ကြောင်းနှင့် သူတို့၏စိတ်နှလုံးများသည် ဘုရားသခင်မရှိဘဲ မဖြစ်နိုင်ကြောင်းကို ခံစားနိုင်လိမ့်မည်။ ဘုရားသခင်မရှိဘဲ အသက်မရှိကြောင်းကို သင်ခံစားနိုင်လိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အမှန်တကယ် ထားခဲ့ပါက အမှန်ပင် အသက်မရှင်နိုင်ဘဲ ဒုက္ခကြီးလိမ့်မည်ဖြစ်ကြောင်းကို ခံစားနိုင်လိမ့်မည်။ ဤအရာများအားလုံးကို သင်ခံစားရသောအခါ ထိုအခါတွင် သင့်တွင် ချစ်ခြင်းမေတ္တာရှိပေပြီ။ သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ရှိသည်။ “ချစ်ဖို့၊ ခံစားဖို့နှင့် စဉ်းစဉ်းစားစားလုပ်တတ်ကိုင်တတ်ဖို့ သင့်စိတ်နှလုံးကို သုံးပါ”။ ဤတွင် ကိစ္စများစွာပါဝင်သည်။ လူသားထံမှ ဘုရားသခင်လိုအပ်သည့်အရာမှာ စစ်မှန်သောချစ်ခြင်းမေတ္တာဖြစ်သည်။ တစ်နည်းဆိုရလျှင် သင်သည် သင့်စိတ်နှလုံးဖြင့် သူ့ကို ချစ်ရမည်၊ ထောက်ထားရမည်၊ ပြီးလျှင် သူ့ကို စိတ်ထဲတွင် အမြဲတမ်း ရှိနေရမည်။ ဤသည်မှာ စကားလုံးများအား အသံထွက်ထုတ်ဖော်ရုံမျှသာကို မဆိုလိုသကဲ့သို့ အခြားလူများရှေ့တွင် တစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ ဖော်ပြခြင်းကိုလည်း မဆိုလိုပါ။ အတိအကျဆိုရလျှင် အဓိကအားဖြင့် ၎င်းသည် ကိစ္စများကို နှလုံးသားဖြင့်လုပ်ခြင်းကို ဆိုလိုသည်။ ပြီးလျှင် သင့်စိတ်နှလုံးထဲတွင် စိတ်ဓာတ်လှုံ့ဆော်မှု၊ မသန့်စင်ခြင်း၊ သို့မဟုတ် သံသယဝင်ခြင်းတစ်စုံတစ်ရာမရှိဘဲ၊ သင့်စိတ်နှလုံးအား သင့်အသက်တာနှင့် သင့်လုပ်ရပ်များအားလုံးကို အုပ်စိုးစေခြင်းကို ဆိုလိုသည်။ ဤကဲ့သို့သောစိတ်နှလုံးတစ်ခုသည် အများကြီးပို၍ဖြူစင်ပါသည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်နိုင်ပါက ဘုရားသခင်ထံ ကျိုးနွံနာခံဖို့ လွယ်ကူသည်။ ဘုရားသခင်ကို အမြဲတမ်း သံသယဝင်နေသောလူတစ်ဦးက မည်သို့ထင်သနည်း။ ယင်းတို့သည် သင်က၊ “ဤအရာကို လုပ်ဆောင်ဖို့ ဘုရားသခင်အတွက် မှန်ကန်ပါသလော။ ဤအရာကို ဘုရားသခင် အဘယ်ကြောင့် ပြောသနည်း။ ဤအရာကို ဘုရားသခင် ပြောဆိုခြင်းနောက်ကွယ်တွင် အကြောင်းရင်း မရှိပါက၊ ကျွန်ုပ် ကျိုးနွံနာခံမည်မဟုတ်။ ဘုရားသခင်အတွက် ဤအရာကို လုပ်ဆောင်ဖို့မဖြောင့်မတ်ပါက၊ ကျွန်ုပ် နာခံမည် မဟုတ်ပါ။ ယင်းကို ယခု ငါ ဘေးချိတ်ထားမည်” ဟု အမြဲ တွေးနေချိန်တွင် ဖော်ပြခံရပေသည်။ သံသယကို မသိုထားဖို့ဆိုသည်မှာ ဘုရားသခင် မည်သည့်အရာ ပြောဆိုပြီး လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်ပြီး ဘုရားသခင်နှင့် ပတ်သက်၍ အမှန်၊ အမှားမရှိ၊ လူသည် ဘုရားသခင်ကို ကျိုးနွံနာခံရမည်၊ ဘုရားသခင်အပေါ် ထောက်ထားရမည်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေရမည်ဖြစ်ပြီး၊ သူ၏ အတွေးများနှင့် ပူပန်မှုများကို မျှဝေခံစားရမည်ဆိုသည်ကို သတိပြုခြင်းအား ဆိုလိုသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းသည် သင့်အဖို့ အဓိပ္ပာယ်ရှိပုံရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပဓာနမထားဘဲ၊ လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် သဘောတူသည်ဖြစ်စေ၊ လူ၏ အယူဝါဒများနှင့် ကိုက်ညီသည်ဖြစ်စေ သင်သည် ဤအရာများကို ဘုရားသခင်အား ကြောက်ရွံ့သောစိတ်နှလုံးနှင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံသည့် စိတ်နှလုံးတို့ဖြင့် အစဉ် ကျိုးနွံနာခံပြီး ချဉ်းကပ်သင့်သည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ကိုက်ညီသည်။ ယင်းသည် ချစ်ခြင်း၏ သရုပ်သကန်နှင့် လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။ ထို့ကြောင့်၊ သမ္မာတရား သိနားလည်ခြင်းကို သင် စွမ်းဆောင်ရရှိလိုပါက၊ ဘုရားနှုတ်ကပတ်တော်များကို မည်သို့စားသောက်ရမည်ကို သင် သိရန် အလွန်အရေးကြီးသည်။ ဘုရားနှုတ်ကပတ်တော်များကို အလွန်နည်းပါးစွာ သင် ဖတ်ရှုပါက၊ စိတ်ထက်သန်မှုဖြင့် မဖတ်သကဲ့သို့၊ မိမိစိတ်နှလုံးဖြင့် ချင့်ချိန်မစဉ်းစားပါက၊ သမ္မာတရားကို သင် နားလည်နိုင်မည် မဟုတ်ပေ။ သင် နားလည်နိုင်မည့်အရာမှန်သမျှမှာ အယူဝါဒအနည်းငယ်သာဖြစ်ပြီး၊ ထို့ကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သူ၏ နှုတ်ကပတ်တော်များထဲက ဘုရားရည်မှန်းချက်များကို နားလည်ရန် သင့်အတွက် အလွန်ခက်ခဲမည်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိရန် ရည်ရွယ်သည့် ရည်မှန်းချက်များနှင့် ရလဒ်များကို သင် နားမလည်ပါက၊ သူ့နှုတ်ကပတ်တော်များသည် လူတို့၌ မည်သည့်အရာကို ဖြစ်မြောက်စေဖို့နှင့် စုံလင်စေဖို့ ကြိုးစားသည်ကို သင်နားမလည်ပါက၊ သင်သည် သမ္မာတရားကို နားမလည်သေးသည်ကို ယင်းက သက်သေပြပေသည်။ ဘုရားသခင်က သူပြောကြားသည့်အရာများကို အဘယ့်ကြောင့် ပြောကြားသနည်း။ သူသည် ထိုလေသံဖြင့် အဘယ်ကြောင့် ပြောကြားသနည်း။ သူပြောကြားသည့် စကားလုံးတိုင်းတွင် သူသည် အဘယ့်ကြောင့် အလွန် စိတ်ထက်သန်ပြီး၊ စစ်မှန်သနည်း။ သူသည် အချို့သော စကားလုံးများကို သုံးဖို့ အဘယ့်ကြောင့် ရွေးချယ်သနည်း။ သင်သိသလော။ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် သူ၏ ရည်မှန်းချက်များကို သင် နားမလည်သည့် သဘောဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များနောက်ကွယ်ရှိ ဆက်စပ်အကြောင်းအရာကို သင် နားမလည်ပါက၊ သမ္မာတရားကို သင် မည်သို့နားလည်နိုင်မည်နည်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ သမ္မာတရားကို ရရှိရန်၊ သူမိန့်မြွက်သည့် နှုတ်ကပတ်တော်တိုင်းရှိ ဘုရားသခင် ဆိုလိုသည့်အရာကို ပထမဦးစွာ သင် နားလည်ရမည်ဖြစ်သည်။ ဤနှုတ်ကပတ်တော်များကို နားလည်သဘောပေါက်ပြီးနောက်တွင် ယင်းတို့အား လက်တွေ့လုပ်ဆောင်ကာ ဘုရားနှုတ်ကပတ်တော်များကို သင့်အထဲတွင် အသက်ရှင်နေထိုင်စေရမည်ဖြစ်ပြီး သင်၏ လက်တွေ့အရှိတရားဖြစ်လာစေရမည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်။ သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အကုန်အစင်နားလည်ခြင်းတစ်ခု ရှိသည့်အခါမှသာလျှင် သမ္မာတရားကို သင် အမှန်တကယ် နားလည်သဘောပေါက်နိုင်မည်။ စကားလုံးများနှင့် အယူဝါဒအနည်းငယ်ကို နားလည်ရုံမျှ နားလည်လာပြီးသည့်နောက်၊ သင်သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရားကို ပိုင်ဆိုင်သည်ဟု သင်ထင်သည်။ ဤသည်မှာ မိမိကိုယ်ကိုယ် လှည့်ဖြားခြင်းဖြစ်သည်။ ဘုရားသခင်က လူတို့ကို အဘယ်ကြောင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ဖို့ တောင်းဆိုသည်ကိုပင် သင် နားမလည်ပေ။ ဤအရာက သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် နားမလည်သကဲ့သို့၊ သမ္မာတရားကို သင် နားမလည်သေးကြောင်း သက်သေပြသည်။ အမှန်တွင်၊ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်နိုင်ပြီး၊ ဘုရားသခင်ကို ကျွိုးနွံနာခံကာ သိကျွမ်းသည့် သူများဖြစ်လာနိုင်ဖို့အလို့ငှာ ၎င်းတို့ကို သန့်စင်ပြီး ကယ်တင်ရန် ဘုရားသခင်က လူတို့အပေါ် ဤသတ်မှတ်ချက်ကို ပြုလုပ်ပေသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လူတို့ကို တောင်းဆိုခြင်းအားဖြင့် ဘုရားသခင် စွမ်းဆောင်ရရှိချင်သည့် ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။
ဘုရားသခင်သည် သမ္မာတရားကို ချစ်မြတ်နိုးသည့်၊ သမ္မာတရားကို ဆာငတ်သည့်၊ ပြီးလျှင် သမ္မာတရားကို ရှာဖွေသည့် လူများအတွက် သမ္မာတရားကို ဖော်ပြပေသည်။ စကားများနှင့် အယူဝါဒများတို့ကိုသာ စိတ်ဝင်စားသည့်သူများနှင့် ရှည်လျားပြီး ခမ်းကြီးနားကြီးနိုင်သော မိန့်ခွန်းများကို ဟောကြားလိုသည့် သူများအတွက်မူ၊ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် အရူးလုပ်နေကြသည်။ သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့နှင့်သက်ဆိုင်သည့် ၎င်းတို့၏အမြင်ရှုထောင့်က မှားယွင်းသည်။ ၎င်းတို့သည် ဖြောင့်မတ်သောအရာကို ဖတ်ဖို့ ၎င်းတို့၏ဇက်များကို လိမ်ကြသည်။ ၎င်းတို့၏ အမြင်ရှုထောင့်အားလုံးသည် မှားယွင်းလေသည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များကို လေ့လာရန် ပိုနှစ်သက်ကြသည်။ ခရီးပန်းတိုင်အကြောင်း၊ ကောင်းချီးခံစားရမည့်ပုံအကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ပြောဆိုသည်ကို ၎င်းတို့ အမြဲလေ့လာကြသည်။ ၎င်းတို့သည် ဤစကားမျိုးများတွင် စိတ်အဝင်စားဆုံး ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များက မိမိတို့အယူအဆများနှင့် မကိုက်ညီသကဲ့သို့ ကောင်းချီးများအတွက် မိမိတို့၏ စိတ်ဆန္ဒများကို မဖြည့်ဆည်းပါက၊ ၎င်းတို့သည် အပျက်သဘောဆောင်လာကြမည်၊ သမ္မာတရားကို လိုက်စားတော့မည်မဟုတ်သကဲ့သို့ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံချင်တော့မည် မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြောင်းကို ဤအရာက ပြနေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားအပေါ် အလွန်အလေးအနက်ထားခြင်းမရှိကြပေ။ ၎င်းတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးတို့နှင့် ကိုက်ညီသည့်သမ္မာတရားကို လက်ခံခြင်းသာ တတ်နိုင်စွမ်းကြသည်။ ထိုကဲ့သို့သော လူများသည် ဘုရားသခင်ကို ၎င်းတို့၏ယုံကြည်ရာ၌ စိတ်ထက်သန်ကြပြီး၊ ကောင်းမှုအချို့ကို လုပ်ဆောင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးစားကာ၊ မိမိတို့ကိုယ်ကိုယ် ကောင်းမွန်စွာ ဟန်ရေးပြကြ သော်လည်း၊ ၎င်းတို့သည် အနာဂတ်တွင် ခရီးပန်းတိုင်ကောင်းတစ်ခု ရှိဖို့အလို့ငှာသာ လုပ်ဆောင်နေကြခြင်း ဖြစ်ပေသည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင်လည်း ပါဝင်ပြီး၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်၊ သို့မဟုတ် ရရှိမည်မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်သည့်လူအချို့ရှိသော်လည်း၊ ဟန်ဆောင်လုပ်ပြရုံမျှသာ လုပ်ပြကြသည့်သူများ ဖြစ်သည်။ ၎င်းတို့သည် စကားများနှင့် အယူဝါဒအနည်းငယ်တို့ကို နားလည်လာခြင်းသက်သက်ဖြင့် သမ္မာတရားကို ရရှိပြီးဖြစ်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ၎င်းတို့သည် မိုက်မဲလိုက်လေတကား။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးသည့်နောက် သမ္မာတရားကို သေချာပေါက် နားလည်ပြီး ရရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားဖြင့် သမ္မာတရားကို ရရှိနိုင်ခြင်းမရှိပါက၊ သင်ရရှိသည့်အရာများသည် စကားများနှင့် အယူဝါဒများသာ ဖြစ်လိမ့်မည်။ သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်၊ သို့မဟုတ် စည်းမျဉ်းများအတိုင်း မည်သို့ဆောင်ရွက်ရမည်ကို သင်မသိပါက၊ သင်၌ သမ္မာတရား စစ်မှန်မှုမရှိမြဲသာဖြစ်သည်။ မကြာခဏ ဘုရားနှုတ်ကပတ်တော်များကို သင် ဖတ်ကောင်းဖတ်နိုင်သော်လည်း၊ နောက်ပိုင်းတွင်၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို နားမလည်နိုင်သကဲ့သို့ အချို့သောစကားများနှင့် အယူဝါဒများကိုသာ ရရှိသည်။ သမ္မာတရားကို သိနားလည်ရန်အလို့ငှာ ဘုရားနှုတ်ကပတ်တော်များကို မည်သို့ စားသောက်ရမည်နည်း။ ပထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လွယ်ကူရှင်းလင်းခြင်း မရှိသည်ကို သင်သဘောပေါက်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လုံးလုံးလျားလျား နက်နဲပေသည်။ ဘုရားနှုတ်ကပတ်တော်၏ ဝါကျတစ်ကြောင်းကို တွေ့ကြုံခံစားဖို့ အချိန်တစ်သက်တာလိုအပ်သည်။ နှစ်အနည်းငယ် အတွေ့အကြုံမရှိဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်မည်သို့ အမှန်တကယ် နားလည်ရန် ဖြစ်နိုင်မည်နည်း။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ဘဲ၊ ဘုရားနှုတ်ကပတ်တော်များ၏ ရည်မှန်းချက်များ၊ ၎င်းတို့၏ မူလဇာစ်မြစ်၊ ၎င်းတို့ရရှိဖို့ ကြိုးစားသည့် အကျိုးသက်ရောက်မှု သို့မဟုတ် ၎င်းတို့ ဖြစ်မြောက်ဖို့ ကြိုးစားသည့် အရာတို့ကို သင်နားမလည်ပါက၊ ယင်းက သင်သည် သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးနိုင်လောက်ကာ၊ ကျမ်းချက်များစွာကိုပင် အလွတ်ရွတ်ဆိုကောင်း ဆိုနိုင်လိမ့်မည် ဖြစ်သော်လည်း၊ သမ္မာတရားကို သင် လက်တွေ့မလုပ်ဆောင်နိုင်သကဲ့သို့၊ လုံးဝ မပြောင်းလဲသေးပေ။ ပြီးလျှင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ယခင်ကကဲ့သို့ ဝေးကွာပြီး ကင်းကွာနေသည်။ သင်၏ အယူအဆများနှင့် ဆန့်ကျင်သည့်အရာတစ်ခုကို ကြုံရသည့်အခါ၊ သူ့အပေါ် သံသယရှိမြဲရှိနေကာ သူ့ကို နားမလည်ဘဲ၊ သူ့ကို ကျိုးကြောင်းပြ ငြင်းခုံပြီး၊ ခုခံကာ ပြစ်မှားစော်ကားရင်းဖြင့်ပင် သူနှင့်ပတ်သက်သည့် အယူအဆများနှင့် သူ့အပေါ် အထင်လွဲမှုများ သိုထားလေသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤစိတ်သဘောထားသည် မာနထောင်လွှားမှု၊ သမ္မာတရားကို ငြင်းပယ်သည့် သဘောထား ဖြစ်သည်။ အလွန်မာနထောင်လွှားပြီး၊ သမ္မာတရားကိုငြင်းပယ်သည့်လူများသည် မည်သို့ ထိုသမ္မာတရားကို လက်ခံနိုင်မည်နည်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ထိုသို့သောလူများသည် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်ကို မည်သည့်အခါမျှ လုံးဝ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။ လူတိုင်းတွင် နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်မိတ္တူတစ်အုပ်ရှိပြီး သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နေ့စဉ်ဖတ်ကြကာ သမ္မာတရားနှင့်ပတ်သက်ပြီး မိတ်သဟာယပြုခြင်းကို သူတို့ နားထောင်ရင်း မှတ်စုများချရေးကြသော်လည်း လူတိုင်းအပေါ် ယင်း၏အကျိုးသက်ရောက်မှုမှာ မတူညီပေ။ လူအချို့သည် အသိပညာနှင့် အယူဝါဒများဖြင့် သူတို့ကိုယ်သူတို့ ဆင်ထားဖို့အပေါ် အာရုံစိုက်ကြသည်။ လူအချို့ကတော့ မည်သည့်အပြုအမူကောင်းကို လူတို့ ထုတ်ပြသင့်သည်ဆိုသည်နှင့် သူတို့ကိုယ်သူတို့ အမြဲတမ်း စိုးရိမ်ပူပန်နေကြပြီး ရှာဖွေကြသည်။ လူအချို့သည် လျှို့ဝှက်ဆန်းကြယ်မှုများကို ဖော်ထုတ်သည့် သိမ်မွေ့နက်နဲသောစကားလုံးများကို ဖတ်ဖို့ ဆန္ဒရှိကြသည်။ အချို့က အနာဂတ်ခရီးပန်းတိုင်အကြောင်း စကားလုံးများနှင့်ပတ်သက်၍ အစိုးရိမ်အပူပန်ဆုံးဖြစ်သည်။ အချို့က နိုင်ငံတော်ခေတ်ရှိ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များနှင့် ဘုရားသခင်၏စိတ်သဘောထားကို လေ့လာလိုကြသည်။ အချို့က ဘုရားသခင်က လူသားသို့ နှစ်သိမ့်မှုပေးပြီး တိုက်တွန်းနှိုးဆော်သည့်စကားလုံးများကို ဖတ်ဖို့ ဆန္ဒရှိကြသည်။ အချို့က အနာဂတ်ဟောကိန်းများ၊ ဘုရားသခင်၏ ကတိတော်နှင့် ကောင်းချီးနှုတ်ကပတ်တော်များကို ဖတ်ဖို့ ဆန္ဒရှိကြသည်။ အချို့က အသင်းတော်များအားလုံးသို့ သန့်ရှင်းသောဝိညာဉ်တော်က ပြောသည့် စကားများကို ဖတ်ဖို့ ဆန္ဒရှိကြပြီး “သူ၏သားတော်” ဖြစ်ဖို့ ဆန္ဒရှိကြသည်။ ဤနည်းအတိုင်း ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ခြင်းဖြင့် သူတို့သည် သမ္မာတရားကို ရနိုင်သလော။ ဤလူများသည် သမ္မာတရားနောက်လိုက်လျှောက်သူများဖြစ်သလော။ ဤနည်းအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် သူတို့သည် ကယ်တင်ခံရနိုင်သလော။ သင်တို့သည် ဤကိစ္စများကို ရှင်းလင်းပြတ်သားစွာ မြင်ရမည်။ “လူသားကို ပြောသော ဘုရားသခင်၏နှစ်သိမ့်ပေးသည့်နှုတ်ကပတ်တော်များသည် အံ့ဖွယ်ဖြစ်သည်။ သူက ပြောသည်၊ 'ငါ၏ချစ်သား၊ ငါ၏ချစ်သား' ဤလောက၌ အဘယ်သူသည် ဤကဲ့သို့ သင့်ကို နှစ်သိမ့်ပေးမည်နည်း” ဟု ပြောသည့် ယုံကြည်သူအသစ်အချို့ လောလောဆယ်တွင် ရှိသည်။ သူတို့က သူတို့သည် ဘုရားသခင်၏သားတော်များဖြစ်သည်ဟု ထင်ကြပြီး ဤနှုတ်ကပတ်တော်များကို ဘုရားသခင်က မည်သူ့ကို မိန့်နေကြောင်းကို နားမလည်ကြချေ။ နှစ်အနည်းငယ်ကြာအောင် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင်ပင် ယင်းကို နားမလည်နိုင်သေးသောသူအချို့ရှိကြသည်။ သူတို့သည် ဤကဲ့သို့သောကိစ္စများကို အရှက်မဲ့စွာ ပြောကြပြီး ၎င်းနှင့်ပတ်သက်၍ စိတ်မလုံခြင်း သို့မဟုတ် ရှက်ခြင်းတို့ကိုပင် မခံစားကြရပေ။ သမ္မာတရားကို သူတို့ နားလည်သလော။ သူတို့သည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားမလည်သော်လည်း သူ၏ “သားတော်” ဟူသောနေရာကို ယူရဲကြသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့ ဖတ်သောအခါ ဘာကို နားလည်ကြသနည်း။ သူတို့သည် ယင်းတို့ကို လုံးလုံး အဓိပ္ပာယ်ကောက်လွဲခဲ့ပြီ။ သမ္မာတရားကို မချစ်သောလူများက ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်သောအခါ သူတို့သည် ယင်းတို့ကို နားလည်လိမ့်မည်မဟုတ်ပါ။ သင်သည် သူတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယပြုသောအခါ သူတို့သည် ၎င်းကို လက်ခံဖို့အတွက် အရေးကြီးသည်ဟု မမှတ်ယူကြပါ။ ကွာခြားချက်မှာ သမ္မာတရားကို ချစ်သောသူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ပြီးသည့်နောက်တွင်တို့ထိခြင်းခံရသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲတွင် ဩဇာအာဏာနှင့် တန်ခိုးတို့ကို သူတို့ အာရုံခံမိကြသည်။ သူတို့သည် စစ်မှန်သောလမ်းခရီးကို စစ်ဆေးနိုင်ကြပြီး သမ္မာတရားကို လက်ခံနိုင်ကြသည်။ ဤကဲ့သို့သောလူများတွင် ဘုရားသခင်ဆီသို့ ပြန်သွားရန်နှင့် သမ္မာတရားကို ရရန် မျှော်လင့်ချက်ရှိသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များကို လေ့လာဖို့ နှစ်သက်သူများသည် ဘုရားသခင်က သူ၏ပုံသဏ္ဌာန်ကို ပြောင်းလဲသည့်နည်းလမ်း၊ ဤလောကမှ ဘုရားသခင် ထွက်ခွာသွားမည့်အချိန်နှင့် ဘုရားသခင်၏နေ့ရက်တို့နှင့်ပတ်သက်ပြီး သူတို့ကိုယ်သူတို့ အမြဲတမ်း စိုးရိမ်ပူပန်နေကြသည်။ သူတို့သည် သူတို့ကိုယ်ပိုင်အသက်တာနှင့်ပတ်သက်ပြီး မစိုးရိမ်ကြပါ။ ဘုရားသခင်၏ကိုယ်ပိုင်အလုပ်ဖြစ်သည့်ကိစ္စများနှင့်သာ သူတို့ကိုယ်သူတို့ စိုးရိမ်နေကြသည်။ အကယ်၍ သင်သည် ဤကဲ့သို့သောမေးခွန်းများကို အမြဲတမ်းမေးပါက ဘုရားသခင်၏စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များနှင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်တို့ကို သင်ဝင်ရောက်စွက်ဖက်နေခြင်းဖြစ်သည်။ ဤသည်မှာ ယုတ္တိမတန်ဘဲ ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခြင်းဖြစ်သည်။ အကယ်၍ သင်သည် အထူးသဖြင့် မေးမြန်းဖို့ သို့မဟုတ် သိဖို့ကို စိတ်ဝင်စားပြီး သင့်ကိုယ်သင် မထိန်းချုပ်နိုင်ပါက ထိုအခါ “ဘုရားသခင်၊ ဤကိစ္စများသည် ကိုယ်တော်၏စီမံခန့်ခွဲမှုအစီအစဉ်နှင့် သက်ဆိုင်ပြီး ကိုယ်တော်၏ကိုယ်ပိုင်ကိစ္စဖြစ်ပါသည်။ ကျွန်ုပ် လက်လှမ်းမမီသော သို့မဟုတ် ကျွန်ုပ်မသိသင့်သောကိစ္စများတွင် ကျွန်ုပ် စပ်စုမည်မဟုတ်ပါ။ ကျေးဇူးပြု၍ ကျွန်ုပ်ကို ယုတ္တိမတန်သောကိစ္စများအား မလုပ်မိအောင်တားဆီးပေးပါ” ဟု ဘုရားသခင်ထံ ဆုတောင်းပြီး ပြောပါ။ လူသားသည် ဘုရားသခင်၏ကိစ္စများကို မည်သို့နားလည်နိုင်မည်နည်း။ အကယ်၍ ဘုရားသခင်က သူ၏အမှုတော်များနှင့် စီမံခန့်ခွဲမှုအစီအစဉ်တို့နှင့် ဆက်စပ်သောအချို့ကိစ္စများကို မပြောရသေး သို့မဟုတ် မထုတ်ဖော်မကြေညာရသေးပါက သူသည် ယင်းတို့ကို လူများထံ ထုတ်ဖော်ပြဖို့ ဆန္ဒမရှိဟု သက်သေပြသည်။ ဘုရားသခင်က လူများကို သိစေလိုသောအရာမှန်သမျှမှာ သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိပြီး သင်နားလည်သင့်သည့်သမ္မာတရားအလုံးစုံသည် သူ၏နှုတ်ကပတ်တော်များထဲတွင် ရှိသည်။ သင်နားလည်သင့်သောသမ္မာတရားများစွာရှိသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲ၌သာ သင်ဝင်ကြည့်ဖို့ လိုအပ်သည်။ အကယ်၍ ထိုနေရာတွင် တစ်ခုခုကို ရှာမတွေ့နိုင်ပါက အဖြေတစ်ခုကို ထပ်တလဲလဲတောင်းဆိုမနေပါနှင့်။ အကယ်၍ ဘုရားသခင်က သင့်ကို မပြောထားခဲ့ပါက ထိုအခါတွင် ဆက်၍မေးမြန်းပြီး စုံစမ်းနေခြင်းမှာ အသုံးမဝင်ပါ။ သင်သိထားသင့်သမျှကို သင့်အား သူက ပြောခဲ့ပြီးပါပြီ၊ ပြီးလျှင် သင်မသိသင့်သည်ကို သင့်ကို ပြောလိမ့်မည်မဟုတ်သလို ထုတ်ဖော်လိမ့်မည်လည်း မဟုတ်ပါ။ လက်ရှိအချိန်တွင် ယုံကြည်သူအများစုသည် မှန်ကန်သောလမ်းကြောင်းပေါ်သို့ အခုထိ မဝင်ရောက်ကြရသေးပါ။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ကြသောအခါ ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ဖို့ သို့မဟုတ် တွေ့ကြုံဖို့မဆိုထားနှင့်၊ မည်သို့ဆင်ခြင်ရမည်ကိုပင် သူတို့ မသိကြပါ။ မိမိတို့၏တာဝန်ကို မလုပ်သောသူအချို့ သို့မဟုတ် သင့်တော်သောလုပ်ငန်းတာဝန်များတွင် မပါဝင်သောသူအချို့ပင် ရှိပါသည်။ ဤကဲ့သို့သောယုံကြည်သူများအတွက် သမ္မာတရားကို နားလည်ဖို့မှာ ပို၍ပင်ခက်ခဲသည်။ လူတစ်ဦးသည် သမ္မာတရားကို နားလည်ဖို့ ရေရှည်အတွေ့အကြုံရှိရန် လိုအပ်ပါသည်။ အကယ်၍ သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အသိဉာဏ်ရှိရှိ မဖတ်ပါက သို့မဟုတ် လက်တွေ့မလုပ်ဆောင်ပါက သို့မဟုတ် မတွေ့ကြုံပါက ထိုအခါတွင် သမ္မာတရားကို သင်မည်သို့နားလည်လိမ့်မည်နည်း သို့မဟုတ် လက်တွေ့အရှိတရားထဲသို့ မည်သို့ဝင်ရောက်လိမ့်မည်နည်း။ ဘုရားသခင်၏အမှုတော်ထံ သင်မကျိုးနွံမနာခံပါက ယုံကြည်ခြင်းလမ်းကြောင်းမှန်ပေါ်သို့ သင်မည်သို့ဝင်ရောက်နိုင်လိမ့်မည်နည်း။ ထို့ပြင် အကယ်၍ သင်သည် ယုံကြည်ခြင်းလမ်းကြောင်းမှန်ပေါ်သို့ မဝင်ရောက်နိုင်ပါက ထိုအခါတွင် သင်သည် ကယ်တင်ခြင်းမည်သို့ခံရလိမ့်မည်နည်း။ စစ်မှန်သောယုံကြည်သူများသည် ဤကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းစွာသိရမည်။
ကောက်နုတ်ချက် (၆၇)
သမ္မာတရားစစ်မှန်မှုဆိုသည်မှာ အဘယ်နည်း။ ၎င်းသည် မည်သည်ကို ရည်ညွှန်းသနည်း။ ၎င်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ရည်ညွှန်းသည်။ လူတို့သည် သမ္မာတရားကို နားလည်၍ ယင်းကို လက်တွေ့လုပ်ဆောင်နိုင်သည့်အခါ သမ္မာတရားသည် ၎င်းတို့၏ စစ်မှန်မှု ဖြစ်လာလိမ့်မည်၊ ၎င်းတို့၏အသက် ဖြစ်လာလိမ့်မည်။ လူများသည် သမ္မာတရားနှင့်အညီ နေထိုင်သည့်အခါ ၎င်းတို့တွင် သမ္မာတရားစစ်မှန်မှု ရှိကြ၏။ လူများသည် စကားများနှင့် အယူဝါဒများကိုသာ ပြောဆို၍ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြလျှင် ၎င်းတို့၌ သမ္မာတရားစစ်မှန်မှု မရှိချေ။ ၎င်းတို့က စကားများနှင့် အယူဝါဒများကို ပြောဆိုသည့်အခါ ၎င်းတို့သည် သမ္မာတရားကို နားလည်သည်ဟု ထင်ရ၏၊ သို့သော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်နိုင်ကြသဖြင့် ၎င်းတို့၌ သမ္မာတရားစစ်မှန်မှု မရှိကြောင်း သက်သေပြနေ၏။ ထို့ကြောင့် လူတို့သည် သမ္မာတရားစစ်မှန်မှုကို မည်သို့ ဝင်ရောက်သင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ လက်တွေ့ဘဝ၌ ကျင့်သုံးရမည်။ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်စဉ်မှတစ်ဆင့် သမ္မာတရားအသိကို ရရှိလိမ့်မည်။ ယင်းသည် အသိအမြင်တစ်ခု မဟုတ်၊ ထိုအစား တကယ့်အတွေ့အကြုံနှင့် စစ်မှန်သော သိနားလည်ခြင်း ဖြစ်၏။ ထို့ပြင် ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားစစ်မှန်မှုကို ဝင်ရောက်ခဲ့ပြီဟု ဆိုလိုသည်။ ထို့ကြောင့် သင်တို့သည် မည်သည့် သမ္မာတရားများကို တွေ့ကြုံခဲ့ပြီး စစ်မှန်သောအသိကို ရရှိထားပြီနည်း။ သမ္မာတရားသည် သင်တို့၏အသက် ဖြစ်လာပြီဟူသော ခံစားချက် သင်တို့ထံတွင် ရှိဖူးသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်တစ်ခုကို ဖတ်ရှုသည့်အခါ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ထည့်သွင်းဆွေးနွေးသည်ဖြစ်စေ၊ သင်သည် ထိုနှုတ်ကပတ်တော်များဖြင့် သင့်ကိုယ်သင် နှိုင်းယှဉ်ကာ ဆင်ခြင်ကြည့်နိုင်၏။ ထိုနှုတ်ကပတ်တော်များသည် သင်၏ အခြေအနေများနှင့် အပြည့်အဝ တစ်ထပ်တည်းကျ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သင်၏စိတ်နှလုံး အတွင်းအကျဆုံးကို ထိတို့လိုက်သကဲ့သို့ သင်သည် အလွန့်အလွန် စိတ်လှုပ်ရှားရ၏။ ထို့နောက် ကိုယ်တော့် နှုတ်ကပတ်တော်များသည် လုံးဝ မှန်ကန်သည်ဟု ခံစားကာ သင်သည် ၎င်းတို့ကို အပြည့်အဝ လက်ခံ၏။ ထို့ပြင် သင်၏ကိုယ်ပိုင် အခြေအနေများအပေါ် သိမြင်မှု ရရှိရုံသာမက သူ၏ရည်ရွယ်ချက်များနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း သိလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဤပုံစံအတိုင်း စားသောက်ခြင်းအားဖြင့် သင်သည် အကျိုးကျေးဇူးများ ရရှိ၏၊ အသိဉာဏ်ပွင့်လင်းကာ အလင်းလည်း ရလာ၏၊ အထောက်အပံ့ ရရှိ၏၊ သင်၏ အခြေအနေများသည်လည်း ပြောင်းလဲလာ၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကောင်းမွန်လှသည်ဟု ထင်မြင်ပြီး အလွန်ပျော်ရွှင် ကျေနပ်မိ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိမြင်မှု ရရှိခဲ့ပြီဟုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ဤကျမ်းပိုဒ်မှ မည်သည့်အရာကို ဆိုလိုသည်ကို နားလည်သည်ဟုလည်းကောင်း၊ ၎င်းတို့အား မည်သို့တွေ့ကြုံ၍ မည်သို့လက်တွေ့ လုပ်ဆောင်ရမည်ကို သင်သိသည်ဟုလည်းကောင်း ခံစားနေရ၏။ သင်တို့သည် ဤအတိုင်း မကြာခဏ ခံစားကြရသလော။ (ခံစားရပါသည်။) သို့ဆိုလျှင် ဤခံစားချက်ကို ရသည်နှင့် သင်တို့သည် ဘုရားသခင် နှုတ်ကပတ်တော်၏ ဤအပိုဒ်မှ သမ္မာတရားကို ရရှိလိုက်ပြီဟု ထင်ကြသလော။ (မထင်ပါ။) မထင်သောကြောင့် ဤခံစားချက်သည် သိမြင်ခြင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခု၊ စိတ်နှလုံး၏ ယာယီ နိုးကြွမှုတစ်ခုမျှသာ ဖြစ်သည်ဟု ဆိုလို၏။ ဆုလာဘ်တစ်ခုခုနှင့် ဝင်ရောက်မှုတစ်ခုခုကို ရရှိခြင်းသည် သမ္မာတရားကို နားလည်ခြင်းနှင့် သမ္မာတရားစစ်မှန်မှုအတွင်း ဝင်ရောက်ခြင်းကို ကိုယ်စားမပြုချေ။ ၎င်းသည် ကနဦး အတွေ့အကြုံတစ်ခု၊ သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်ခြင်းတစ်ခုမျှသာ ဖြစ်၏။ သမ္မာတရားကို နားလည်ခြင်းမှ သမ္မာတရားစစ်မှန်မှုအတွင်း ဝင်ရောက်ခြင်းသို့ ရောက်ရှိရန်ဆိုသည်မှာ များပြားသော အချိန်ပမာဏတစ်ခု လိုအပ်သည့် ခက်ခဲရှုပ်ထွေးသော ဖြစ်စဉ်တစ်ခု ဖြစ်၏။ စကားများနှင့် အယူဝါဒများကို နားလည်ခြင်းမှ သမ္မာတရားကို အမှန်တကယ် နားလည်ခြင်းဆီသို့ ကူးပြောင်းရာ၌ အကျိုးရလဒ်များ ရရှိရန်အတွက် အတွေ့အကြုံတစ်ခု၊ နှစ်ခုမျှ၊ သို့မဟုတ် အနည်းငယ်မျှသော အတွေ့အကြုံများသည်ပင် မလုံလောက်ချေ။ သင်သည် တစ်ခုတည်းသော အတွေ့အကြုံမှ သေးငယ်သော ဆုလာဘ်တစ်ခုကို ရနိုင်၏၊ သို့သော် ဆုလာဘ် အစစ်အမှန်ကို ရရှိခံစားရန်နှင့် သမ္မာတရားအား နားလည်ခြင်း၏ အကျိုးရလဒ်ကို ရရှိရန်အတွက်မူ အတွေ့အကြုံများစွာ လိုအပ်ပေသည်။ ၎င်းသည် ပြဿနာတစ်ခုကို ဆင်ခြင်ကြည့်ခြင်းနှင့် တူ၏။ တစ်ကြိမ် ဆင်ခြင်ခြင်းသည် ခပ်ရေးရေး နားလည်မှုတစ်ခုကို ဖြစ်ပေါ်စေ၏၊ သို့သော် အကြိမ်များစွာ ဆင်ခြင်ခြင်းသည် ပိုမိုကြီးမားသော ဆုလာဘ်များကို ဖြစ်ထွန်းစေရုံမက အကြောင်းအရာအား ရှင်းလင်းစွာ မြင်ရန် သင့်ကို ထောက်ကူပေးလိမ့်မည်။ သင်သည် ပြဿနာအား နှစ်အနည်းငယ် ကြာအောင် ဆင်ခြင်ကြည့်လျှင် ၎င်းကို အပြည့်အဝ နားလည်လာပေမည်။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိနားလည်ခြင်းအား ရရှိလိုပြီး သမ္မာတရားကို နားလည်ချင်လျှင် အတွေ့အကြုံအချို့ ရှိသည်ဆိုရုံမျှလောက် မရိုးရှင်းချေ။ သင်တို့သည် ဤကဲ့သို့သော အတွေ့အကြုံများကို ကိုယ်တိုင် ကြုံခဲ့ကြပြီလော။ လူအယောက်တိုင်းတွင် အကြိမ်အနည်းငယ် ကြုံခဲ့ပြီးနိုင်၏။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပထမဆုံး စတင် တွေ့ကြုံသည့်အခါ ခပ်ရေးရေး နားလည်မှုတစ်ခု ရှိနေ၏၊ သို့သော် ၎င်းတို့၏အသိမှာ အပေါ်ယံသာ ရှိသေး၏။ ယင်းသည် အယူဝါဒကို နားလည်ခြင်းနှင့် ဆင်တူသည်၊ ၎င်းတို့၏ အသိမှာ အနည်းငယ် ပို၍ လက်တွေ့ကျသလို ထင်ရပြီး ထိုအသိအား စာတစ်ကြောင်း နှစ်ကြောင်းဖြင့် ရှင်းလင်းစွာ မရှင်းပြနိုင်ခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ အသိသည် စကားများနှင့် အယူဝါဒများထက် အနည်းငယ် ပို၍ လက်တွေ့ကျကြောင်းကို ၎င်းတို့၏ မိတ်သဟာယဖြင့် အခြားသူတို့အား ခံစားမိစေ၏။ အကယ်၍ ၎င်းတို့၏ အတွေ့အကြုံများ ပိုမို နက်ရှိုင်းလာကာ အချို့သော အသေးစိတ်များကိုလည်း ပြောဆိုနိုင်လျှင် ၎င်းတို့၏အသိသည် ပို၍ပင် လက်တွေ့ကျသည်ဟု ခံစားမိပေလိမ့်မည်။ လူများသည် ယင်းနောက်တွင် အတွေ့အကြုံများကို အချိန်တစ်ခုစာမျှ ဆက်လက် ရရှိကြ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပတ်သက်သည့် စစ်မှန်သော သိနားလည်ခြင်းဖြင့် ပြောဆိုနိုင်လျှင် ၎င်းတို့၏ အသိသည် သိမြင်နားလည်ခြင်းမှ ဆင်ခြင်တုံတရား ရှိခြင်းဆီသို့ မြင့်တက်သွားလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို အမှန်တကယ် နားလည်ခြင်း ဖြစ်၏။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆက်၍ ပိုမိုတွေ့ကြုံကြပြီး ယင်းတို့အား လက်တွေ့လုပ်ဆောင်ကြသည့်အခါ ၎င်းတို့သည် သမ္မာတရား၏ စည်းမျဉ်းများကို နားလည် သဘောပေါက်နိုင်လာသည့်အပြင် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်း သိနိုင်ကြလိမ့်မည်။ ဤသည်မှာ သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်း အဓိပ္ပာယ်ပင် ဖြစ်သည်။ ဤအချိန်၌ ၎င်းတို့က အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပေးသည့်အခါ နားထောင်ကြသူများက ထိုသက်သေခံချက်အား လက်တွေ့ကျသည်ဟု ခံစားမိကြပြီး ရွှန်းရွှန်းဝေအောင် ချီးမွမ်းကြပေလိမ့်မည်။ လူတစ်ယောက်သည် ဤအဆင့်ကို ရောက်ရှိသည့် အချိန်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ ၎င်းတို့၏ အသက်စစ်မှန်မှု ဖြစ်လာလိမ့်မည်။ သမ္မာတရားကို ရရှိခဲ့ပြီဟု ဆိုနိုင်သည်မှာလည်း ဤကဲ့သို့သော လူမျိုးသာ ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံ၍ သမ္မာတရားအား ရရှိခြင်းကို ရှင်းလင်းအောင် ပြဆိုသည့် ဖြစ်စဉ် ဖြစ်ပြီး အနည်းဆုံး နှစ်အနည်းငယ်မျှ ဖြစ်စေ၊ ဆယ်နှစ်ကျော် ကြိုးစားအားထုတ်မှုပင်ဖြစ်စေ မပါရှိဘဲ မရရှိနိုင်သည့် အရာတစ်ခုလည်း ဖြစ်သည်။ လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင်တွေ့ကြုံ၍ လက်တွေ့လုပ်ဆောင်သည့်အခါ အတော်ပင် လွယ်ကူလိမ့်မည်ဟု ထင်မှတ်၏။ သို့သော် ၎င်းတို့အပေါ် အကြောင်း တစ်စုံတစ်ရာ ကျရောက်သည့်အချိန်၌ မည်သို့ ရင်ဆိုင်ရမည်၊ သို့မဟုတ် ဖြေရှင်းရမည်ကို မသိကြဘဲ အခက်အခဲမျိုးစုံ ဖြစ်ပေါ်လာ၏။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများသည် အတားအဆီးများကို ဖြစ်ပေါ်စေလိမ့်မည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အနှောင့်အယှက်များကို ဖြစ်ပေါ်စေလိမ့်မည်။ အဟန့်အတားများနှင့် ကျရှုံးမှုများကို ရင်ဆိုင်ရသည့်အခါတွင်လည်း မည်သို့ တွေ့ကြုံရမည်ကို သိကြတော့မည် မဟုတ်ချေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည့် လူများသည် အထူးသဖြင့် ပျော့ညံ့ကြပြီး အလွယ်တကူ အပျက်သဘောဆောင်လာကြ၏။ ၎င်းတို့သည် တိုက်ခိုက်ခြင်း၊ အသရေဖျက်ခြင်းနှင့် ဝေဖန်ခြင်းတို့ကို ခံရသည့်အခါ အလွယ်တကူ ပြိုလဲကြသည့်အပြင် ပြန်မထနိုင်ကြချေ။ အကယ်၍ ဤပြဿနာများအား သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ဖြေရှင်းနိုင်လျှင်၊ လူတစ်ယောက်သည် ခိုင်မာစွာ ရပ်တည်ရန် ဘုရားသခင်အား အားကိုးနိုင်လျှင် ၎င်းတို့သည် သမ္မာတရား အားထုတ်လိုက်စားခြင်း လမ်းကြောင်းကို စတင်နိုင်ကြ၏။ လူတစ်ယောက်သည် သမ္မာတရားကို စိတ်မဝင်စားသည့်အပြင် သမ္မာတရားကို တွေ့ကြုံကာ ရရှိရမည့် အဖိုးတန်သော အရာတစ်ခုအဖြစ် သဘောမထားလျှင် ၎င်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရာတွင် ခွန်အား မရှိချေ။ ၎င်းသည် အခက်အခဲများ၏ ပထမဆုံး အရိပ်အယောင် သန်းသည်နှင့် ပြိုလဲကာ ပိတ်မိသွားလိမ့်မည်။ ဤသို့သော လူအမျိုးအစားသည် သူရဲဘောကြောင်သူ ဖြစ်ပြီး ၎င်းအနေဖြင့် သမ္မာတရားကို ရရှိရန် မလွယ်ကူချေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရား ဖြစ်၏၊ ကိုယ်တော်က လူများကို နှင်းအပ်ထားသည့် အသစ်သောအသက်တစ်ခု ဖြစ်၏။ သို့ဆိုလျှင် သမ္မာတရားကို လက်ခံခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သမ္မာတရားနှင့် အသက်ကို ရရှိရန် ဖြစ်ပေသည်၊ သမ္မာတရားကို မိမိ၏ကိုယ်ပိုင်အသက်ကဲ့သို့ တွေ့ကြုံရန်လည်း ဖြစ်ပေသည်။ သမ္မာတရားသည် လူတစ်ယောက်၏အသက် ဖြစ်မလာမီ သမ္မာတရားကို လက်ခံခြင်း၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်ဖြစ်သည်။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဤအရာက ဖြေရှင်းနိုင်သနည်း။ ပုန်ကန်မှု၊ အယူအဆများနှင့် စိတ်ကူးများ၊ မာနထောင်လွှားမှု၊ စိတ်ကြီးဝင်မှု၊ တစ်ကိုယ်ကောင်းဆန်မှု၊ စက်ဆုပ်ဖွယ်ကောင်းမှု၊ မရိုးဖြောင့်မှု၊ လိမ်ညာလှည့်ဖြားမှု၊ ဝတ်ကျေတမ်းကျေ လုပ်မှု၊ တာဝန်မဲ့မှုနှင့် အသိစိတ်၊ အသိတရား ကင်းမဲ့မှု ကဲ့သို့သော အရာများကို အဓိကအားဖြင့် ဖြေရှင်းပေး၏။ သို့ဖြစ်၍ ဤအရာမှ ရရှိသည့် နောက်ဆုံး အကျိုးရလဒ်မှာ အဘယ်နည်း။ လူတစ်ယောက်သည် ဘုရားသခင်ကို နာခံသော၊ သူ့ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုသော၊ သူ့ကို ကိုးကွယ်သော၊ သူ့ကို သစ္စာရှိကာ အမှန်တကယ် ချစ်သော၊ သူ့ကို သေသည့်တိုင်အောင် ကျိုးနွံနာခံမည် ဖြစ်သော ရိုးသားသူ တစ်ယောက် ဖြစ်နိုင်ခြင်းပင် ဖြစ်၏။ ဤသို့သော လူမျိုးသည် စစ်မှန်သော လူသားတစ်ယောက်၏ အသွင်ဖြင့် လုံးလုံးလျားလျား အသက်ရှင်နေထိုင်နေသည်။ ၎င်းသည် သမ္မာတရားနှင့် လူ့သဘာဝရှိသည့် လူတစ်ယောက် ဖြစ်လာခဲ့ပေပြီ။ ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းတွင် လူတစ်ယောက် ရောက်ရှိနိုင်သည့် အမြင့်ဆုံးသော နယ်ပယ်ဖြစ်၏။
သို့ဆိုလျှင် လူများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ စားသောက်ပြီး တွေ့ကြုံနိုင်သနည်း။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခု မဟုတ်ချေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အမှန်တကယ် ရှိနေသည့် ပြဿနာတစ်ခု ဖြစ်ပြီး ယင်းတို့သည် လူများ၏ လက်တွေ့ဘဝများ၌ ပင်ကိုအားဖြင့် မကြာခဏ ပေါ်ထွက်လာကြ၏။ လူများအပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ၊ မည်သည်ကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ အမြဲတမ်း ပေါ်ထွက်လာကြလိမ့်မည်။ ဥပမာအားဖြင့် လူများသည် မည်သည်ကို ပြောဆို၊ လုပ်ဆောင်သည်ဖြစ်စေ၊ များသောအားဖြင့် ၎င်းတို့တွင် သေချာသော ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များ ရှိကြ၏။ ပိုင်းခြားသိမြင်နိုင်သော အမြင်ရှိသူများသည် လူများ၏ ပြောဆို လုပ်ဆောင်ပုံက စစ်မှန်သလော၊ အတုအယောင်လော ဆိုသည်ကိုသာမက ၎င်းတို့၏စကားများနှင့် လုပ်ဆောင်ချက်များအတွင်း၌ ဖုံးကွယ်ထားသည့် အရာများနှင့် ၎င်းတို့အတွင်း ရှိနေသည့် လှည့်ကွက်များကိုလည်း သိမြင်ခံစားနိုင်ကြ၏။ သို့ဆိုလျှင် ဤအရာများသည် ပင်ကိုအားဖြင့် ပေါ်ထွက်လာကြသလော။ လူများသည် ၎င်းတို့ကို ဖုံးကွယ်ထားနိုင်ကြသလော။ လူများသည် မည်သည်ကိုမျှ မပြောဆို၊ မလုပ်ဆောင်သည့်တိုင် ၎င်းတို့အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အခါ တုံ့ပြန်ချက်တစ်ခု ရှိနေဆဲဖြစ်သည်။ ဤအရာများသည် ပထမအနေဖြင့် ၎င်းတို့၏ အမူအရာမှ ပေါ်ထွက်လာပြီးနောက် ၎င်းတို့၏စကားများနှင့် လုပ်ဆောင်ချက်များမှတစ်ဆင့် ပို၍ပင် ပေါ်ထွက်လာကြ၏။ ပိုင်းခြားသိမြင်နိုင်သော အမြင်ရှိသူများက အမြဲတမ်း သတိပြုမိလိမ့်မည်ဖြစ်ပြီး လူနုံလူအများကသာ ယင်းကို မခွဲခြားနိုင်ကြပေ။ လူများအနေဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြသည်မှာ ပုံမှန်ဖြစ်သည်၊ ဤသည်မှာ လူအယောက်တိုင်းအတွက် တည်ရှိနေသည့် တကယ့်ပြဿနာတစ်ခု ဖြစ်သည်ဟု ဆိုနိုင်၏။ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်သည် သူ၏အမှုတော်၌ သမ္မာတရား အများအပြားကို ဖော်ပြခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူများ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ၎င်းတို့ အပြစ်များ၏ အကြောင်းရင်းများကို ဖြေရှင်းပေးရန်၊ လူများကို စာတန်၏ ဖောက်ပြန်ပျက်စီးမှုမှ ကယ်တင်ရန်၊ လူများအား ကယ်တင်ခြင်းရရှိ၍ စာတန်၏စွမ်းအားမှ လွတ်မြောက်အောင် ကူညီရန်နှင့် အထူးသဖြင့် လူများအား အသက်၊ သမ္မာတရားနှင့် လမ်းခရီးကို နှင်းအပ်ရန်အတွက် ဤသမ္မာတရားများကို ဖော်ပြခြင်း ဖြစ်သည်။ လူများသည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံကြလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ မသန့်စင်နိုင်သဖြင့် ကယ်တင်ခြင်းကို မရနိုင်ကြချေ။ ထို့ကြောင့် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သော သူတို့သည် သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း၌ ကြိုးစား အားထုတ်ကြလိမ့်မည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထွက်ပေါ်ချိန်တွင် မိမိကိုယ်ကို ဆင်ခြင်၍ မိမိကိုယ်ကို သိရန် ကြိုးစားကြလိမ့်မည်။ ထို့ပြင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကိုလည်း ရှာဖွေကြလိမ့်မည်။ သမ္မာတရားကိုချစ်သော သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ မိမိကိုယ်ကို ဆင်ခြင်ခြင်းနှင့် မိမိကိုယ်ကို သိရန် ကြိုးစားခြင်းကို အာရုံစိုက်ကြ၏။ သူ၏နှုတ်ကပတ်တော်များသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် အကျည်းတန်မှုကို ထုတ်ဖော်သည့် မှန်တစ်ချပ်ကဲ့သို့ ဖြစ်ကြောင်း ခံစားမိကြ၏။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ တစ်ဆင့် သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံလာကြပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုလည်း တဖြည်းဖြည်း ဖြေရှင်းကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခံရခြင်း နည်းပါးလာသည်ကို ၎င်းတို့ မြင်ရသည့်အချိန်တွင်၊ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ကျိုးနွံနာခံကြသည့်အချိန်တွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှာ များစွာ ပို၍ လွယ်ကူကြောင်းကိုလည်းကောင်း၊ အခက်အခဲများလည်း မရှိတော့ကြောင်းကိုလည်းကောင်း ခံစားရကြလိမ့်မည်။ ဤအချိန်တွင် ၎င်းတို့အတွင်း၌ စစ်မှန်သော ပြောင်းလဲမှုတစ်ခုကို မြင်ကြရလိမ့်မည်။ ပြီးလျှင် “အနန္တတန်ခိုးရှင် ဘုရားသခင်သည် ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ကျေးကျွန်ဘဝနှင့် အချုပ်အနှောင်များမှ ကယ်တင်ခဲ့ပြီး ငါ့အား စာတန်၏စွမ်းအားမှ ကယ်တင်ခဲ့လေပြီ” ဟူသော ဘုရားသခင်အား စစ်မှန်သည့် ချီးမွမ်းခြင်းသည် ၎င်းတို့၏ စိတ်နှလုံး၌ ဖြစ်ပေါ်လာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို တွေ့ကြုံရခြင်းမှ ရရှိသည့် အကျိုးရလဒ် ဖြစ်၏။ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို မတွေ့ကြုံနိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မသန့်စင်နိုင်သကဲ့သို့ စာတန်၏စွမ်းအားမှလည်း မလွတ်မြောက်နိုင်ကြပေ။ သမ္မာတရားကို မချစ်ခင်ကြသော လူအများအပြား ရှိကြ၏၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှု၍ တရားဒေသနာများကို ကြားနာကြသည့်တိုင် ထိုနောက်တွင် စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုကြ၏။ အကျိုးဆက်အဖြစ် ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာကြသော်လည်း ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကိုမျှ မဖြေရှင်းကြပေ။ ဤလူများသည် ၎င်းတို့ အစဉ်ဖြစ်ခဲ့သည့်ပုံစံအတိုင်း ထူးမခြားနားသော စာတန်များနှင့် နတ်ဆိုးများ ဖြစ်နေကြဆဲဖြစ်၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖြန့်ဝေသရွေ့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်လိမ့်မည်ဟုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်အနည်းငယ်ကို ၎င်းတို့ ရွတ်ဖတ်ပြီး သူ၏နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အခြားသူများနှင့် မိတ်သဟာယပြုသရွေ့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်လိမ့်မည်ဟုလည်းကောင်း၊ များစွာသော စကားများနှင့် အယူဝါဒများကို ၎င်းတို့ ပြောနိုင်သရွေ့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်လိမ့်မည်ဟုလည်းကောင်း၊ ပြီးလျှင် ၎င်းတို့အနေဖြင့် အယူဝါဒများကို နားလည်နိုင်ကာ မိမိကိုယ်ကို ထိန်းချုပ်မှုကို သင်ယူနိုင်သရွေ့ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်သွားလိမ့်မည်ဟုလည်းကောင်း ၎င်းတို့က ထင်ခဲ့ကြ၏။ အကျိုးဆက်အဖြစ် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက် စိတ်သဘောထားများတွင် မည်သည့် ပြောင်းလဲခြင်းမျှ မရှိကြသေးချေ။ ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မပြောဆိုနိုင်သဖြင့် အံ့အားသင့်ကြ၏။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ပြီးသည့်နောက်တွင် ၎င်းတို့သည် လက်ချည်းဗလာဖြစ်ပြီး မည်သည့်သမ္မာတရားကိုမျှ မရရှိခဲ့သေးဘဲ အချည်းနှီး အသက်ရှင်၍ ဤနှစ်များအားလုံးတွင် အချိန်ဖြုန်းခဲ့ကြခြင်း ဖြစ်သည်။ ယခုအခါ ဤကဲ့သို့သော အတုအယောင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အများအပြားရှိ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့တွင် အားစိုက်ထုတ်ရမည့်အစား လုပ်ငန်းလုပ်ဆောင်ခြင်းနှင့် တရားဒေသနာများ ဟောခြင်းကိုသာ အာရုံစိုက်နေကြ၏။ သို့ဖြစ်ရာ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်တွင် ရှိကြသလော။ လုံးဝ မရှိကြချေ။
ဘုရားသခင်ကို ယုံကြည်သောသူများအတွက် အရေးကြီးဆုံး စစ်မှန်မှုမှာ အဘယ်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းပင် ဖြစ်၏။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အရေးကြီးဆုံး အပိုင်းမှာ အဘယ်နည်း။ လူတစ်ယောက်သည် ဦးဆုံးအနေဖြင့် စည်းမျဉ်းများကို နားလည်သဘောပေါက်မှု ရှိရမည်ဟူသော အပိုင်း မဟုတ်လော။ သို့ဆိုလျှင် စည်းမျဉ်းများဟူသည်မှာ အဘယ်နည်း။ ယင်းတို့သည် သမ္မာတရား၏ လက်တွေ့ကျသောအပိုင်း၊ အကျိုးရလဒ်များကို အာမခံနိုင်သော စံနှုန်းပင် ဖြစ်၏။ စည်းမျဉ်းများသည် ဤမျှလောက် ရိုးရှင်းပေသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုက်ရိုက် အဓိပ္ပာယ် ကောက်သည့်အခါ စာကြောင်းတိုင်းသည် သမ္မာတရားဖြစ်သည်ဟု ယူဆ၏၊ သို့သော် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သင် မသိချေ။ ယင်းသည် သမ္မာတရား၏ စည်းမျဉ်းများကို နားမလည်သောကြောင့် ဖြစ်၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လုံးဝ မှန်ကန်သည်ဟုလည်းကောင်း၊ ယင်းတို့မှာ သမ္မာတရား ဖြစ်သည်ဟုလည်းကောင်း ယူဆ၏၊ သို့သော် သမ္မာတရား၏ လက်တွေ့ကျသောဘက်သည် မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သည့် အခြေအနေများကို ရည်ရွယ်သည်၊ ဤနေရာ၌ စည်းမျဉ်းများမှာ မည်သည့်အရာများဖြစ်သည်၊ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းသည် အဘယ်ဖြစ်သည်တို့ကို သင် မသိချေ။ သင်သည် ဤအရာကို သဘောပေါက် နားလည်နိုင်ခြင်း မရှိပေ။ သင်သည် အယူဝါဒကိုသာ နားလည်၍ သမ္မာတရားကို နားမလည်ကြောင်း သက်သေပြခြင်း ဖြစ်၏။ အကယ်၍ သင်သည် အယူဝါဒကိုသာ နားလည်ကြောင်း အမှန်တကယ် သတိပြုမိနိုင်လျှင် မည်သည်ကို လုပ်ဆောင်သင့်သနည်း။ သင်သည် သမ္မာတရားကို ရှာဖွေရမည်ဖြစ်သည်။ ဦးဆုံးအနေဖြင့် သမ္မာတရား၏ လက်တွေ့ကျသောဘက်အတွက် မှန်ကန်တိကျသော ထင်မြင်ချက်တစ်ခု ရှိရမည်၊ စစ်မှန်မှု၏ မည်သည့် သွင်ပြင် လက္ခဏာတို့မှာ အပေါ်လွင်ဆုံးဖြစ်ကြောင်းနှင့် ဤစစ်မှန်မှုကို ဝင်ရောက်ရန်အတွက် မည်သို့ လက်တွေ့ လုပ်ဆောင်သင့်ကြောင်းကို မြင်ရမည်။ ဤနည်းအတိုင်း ရှာဖွေ စူးစမ်းခြင်းအားဖြင့် သင်သည် လမ်းကို ရှာတွေ့လိမ့်မည်။ သင်သည် စည်းမျဉ်းများကို နားလည်ခြင်း ရရှိ၍ ဤစစ်မှန်မှုကို အသက်ရှင် နေထိုင်နေသည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို ရရှိပြီး ဖြစ်သွားပေလိမ့်မည်။ ယင်းသည် သမ္မာတရားကို လိုက်စားခြင်းမှ ဖြစ်လာသည့် အောင်မြင်မှု ဖြစ်၏။ သင်သည် သမ္မာတရား အများအပြား၏ စည်းမျဉ်းများကို နားလည်နိုင်၍ ၎င်းတို့ထဲမှ အချို့အား လက်တွေ့လုပ်ဆောင်နိုင်သည်ဆိုလျှင် သင့်ထံ၌ သမ္မာတရား စစ်မှန်မှု ရှိသည့်အပြင် သင်သည် အသက်ကိုလည်း ရရှိခဲ့လေပြီ။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို ရှာဖွေသည်ဖြစ်စေ၊ သမ္မာတရား၏ စစ်မှန်မှုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း မည်သည့်နေရာ၌ ရှိနေသည်၊ သူ၏သတ်မှတ်ချက်များမှာ အဘယ်အရာဖြစ်သည် ဆိုသည်တို့ကို သဘောပေါက်သွားသည်နှင့်၊ သင်သည် အမှန်တကယ် နားလည်၍ အဖိုးအခ ပေးနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည်နှင့် ဤသမ္မာတရားအား ရရှိသွားပြီဖြစ်သည်။ ဤသမ္မာတရားကို ရရှိနေသည့်အချိန်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တဖြည်းဖြည်း ပြေလည်လာမည် ဖြစ်ပြီး ဤသမ္မာတရားသည်လည်း သင်နှင့်တစ်သားတည်း ဖြစ်လာလိမ့်မည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှုကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဤသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့်အညီ မိမိတာဝန်နှင့် လုပ်ဆောင်ချက်တိုင်းကို ဆောင်ရွက်ပြီး ကျင့်ကြံပြုမူနိုင်လျှင် သင်သည် ပြောင်းလဲသွားခဲ့ပြီဆိုသည့် အဓိပ္ပာယ်မဟုတ်လော။ သင်သည် မည်သို့သော လူအမျိုးအစား ဖြစ်လာပြီနည်း။ သင်သည် သမ္မာတရား စစ်မှန်မှုရှိသည့် လူတစ်ယောက် ဖြစ်လာလေပြီ။ သမ္မာတရား စစ်မှန်မှုရှိသော လူတစ်ယောက်သည် စည်းမျဉ်းနှင့်ညီသော လုပ်ရပ်များကို လုပ်ဆောင်သည့် လူတစ်ယောက်လော။ စည်းမျဉ်းနှင့်ညီသော လုပ်ရပ်များကို လုပ်ဆောင်သည့် လူတစ်ယောက်သည် သမ္မာတရားကို ရရှိထားပြီလော။ သမ္မာတရားကို ရရှိထားသော လူတစ်ယောက်သည် သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်နေသလော။ သာမန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်နေသူ တစ်ယောက်သည် သမ္မာတရားနှင့် လူ့သဘာဝရှိသလော။ သမ္မာတရားနှင့် လူ့သဘာဝရှိသော လူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ညီကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ညီသော လူများသည် ကိုယ်တော်ရယူချင်သည့် လူအမျိုးအစားများ ဖြစ်ကြ၏။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ဘုရားသခင်၏ ရယူခြင်းကိုခံရခြင်းတို့နှင့် ပတ်သက်သည့် အတွေ့အကြုံ ဖြစ်သည်။ ဤသည်မှာ ကိုယ်တော့်နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှ အစပြုခြင်းဖြင့် သမ္မာတရားကို ရရှိသည့်ဖြစ်စဉ် ဖြစ်သည်သာမက ကယ်တင်ခြင်းကို ရရှိသည့် ဖြစ်စဉ်လည်း ဖြစ်၏။ ဤလမ်းသည် သမ္မာတရားကို အားထုတ်လိုက်စားခြင်း လမ်းပင်ဖြစ်ပြီး ဘုရားသခင်အားဖြင့် စုံလင်အောင်ပြုခြင်းခံရသော လမ်းလည်း ဖြစ်ပေသည်။
ကောက်နုတ်ချက် (၆၈)
သမ္မာတရား ရရှိခြင်းနှင့် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်းတို့သည် မည်သည့်အပေါ်မှီတည်ကြောင်း သင်တို့ ယခု နားလည်ကြသလော။ ယင်းတို့သည် သမ္မာတရားကို ရှာဖွေခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့ အပေါ် မှီတည်ကြသည်။ ယင်းတို့ နှစ်ခု၌သာ မှီတည်သည်။ ထိုမျှပင် ရိုးရှင်းပေသည်။ ဘုရားသခင်က ဖော်ပြသည့် သမ္မာတရားသည် စာအရေးအသားပုံစံဖြင့် မှတ်တမ်းတင်ထားသော်လည်း သမ္မာတရား စစ်မှန်မှုသည် စာဖြင့် မှတ်တမ်းတင်ထားခြင်း မရှိ။ လူတို့အတွက် စာအရေးအသားမှ နားလည်လွယ်ပြီး သဘောပေါက်လွယ်ဖို့ဆိုသည်မှာ ပို၍ပင် နည်းပေသည်။ သို့ဆိုလျှင် သမ္မာတရားကို နားလည်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သမ္မာတရားကို နားလည်ခြင်းနှင့် ရရှိခြင်းတို့ကို အဓိကအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြင့်လည်းကောင်း၊ သူ၏ အလုပ်များကို တွေ့ကြုံခံစားခြင်းဖြင့်လည်းကောင်း၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုတို့ဖြင့်လည်းကောင်း လုပ်ဆောင်နိုင်သည်။ သမ္မာတရား စစ်မှန်မှုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရသော လူတို့မှတစ်ဆင့် အမှန်တကယ် ဖြစ်ပေါ်နိုင်သည်။ ယင်းသည် အတွေ့အကြုံမှလာသည့် အရာတစ်ခု၊ လူတို့ ရှင်သန်ဖြတ်သန်းရသည့် အရာတစ်ခု ဖြစ်သည်။ သမ္မာတရားသည် အနှစ်မဲ့သောအယူအဆတစ်ခု မဟုတ်သကဲ့သို့ ရိုးရှင်းပြီး နာပျော်ဖွယ်ကောင်းသော စာတစ်ပိုဒ်လည်း မဟုတ်ချေ။ ယင်းသည် အသက်စွမ်းအားဖြင့် ကြွယ်ဝသော ဘာသာစကားတစ်ခု ဖြစ်သည်။ အသက်၏ ထာဝရ နီတိများဖြစ်သည်။ အကြင်သူတစ်ယောက်၏ သက်တမ်းတစ်လျှောက်လုံးအတွက် ဘဝတွင် အဖော်ပြုပေးနိုင်သော လက်တွေ့အကျဆုံးနှင့် တန်ဖိုးအရှိဆုံးသောအရာဖြစ်သည်။ သမ္မာတရားသည်ကား အဘယ်နည်း။ သမ္မာတရားသည် လူသား၏ အသက်တွင် တည်ရှိမှု၏ အခြေခံအုတ်မြစ်ဖြစ်ကာ ကျင့်ကြံပြုမူခြင်းတွင်ဖြစ်စေ၊ ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင်ဖြစ်စေ လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများ ဖြစ်သည်။ သမ္မာတရားသည် အကြင်သူကို ဘဝတွင် ဦးတည်ချက်နှင့် ရည်ရွယ်ချက်ကိုပေးသည်။ ယင်းသည် အကြင်သူကို စစ်မှန်သော လူတစ်ယောက်၏ ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့ ထောက်ကူပေးပြီး ဘုရားသခင်၏ ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းနှင့် ကိုးကွယ်ခြင်းဖြင့် အသက်ရှင်ရန်လည်း ထောက်ပံ့ပေးသည်။ ဤအကြောင်းကြောင့် လူတို့သည် သမ္မာတရားမရှိဘဲ မနေနိုင်ကြခြင်းပင်။ သို့ဆိုလျှင် ယခုအခါတွင် အသက်ရှင် နေထိုင်ရန် မည်သည့်အရာကို သင် အားကိုးအားထားပြုသနည်း။ သင့်တွင် မည်သည့် အတွေးများနှင့် အမြင်များ ရှိသနည်း။ ကိစ္စများကို လုပ်ဆောင်ရာတွင် သင်၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်မှာကား အဘယ်နည်း။ သင့်တွင် သမ္မာတရား စစ်မှန်မှုရှိပါက သင်၏ ဘဝတွင် စည်းမျဉ်းများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်တို့ရှိသည်။ သင့်တွင် သမ္မာတရား စစ်မှန်မှု မရှိပါက သင့်အသက်တွင် စည်းမျဉ်းများ၊ ဦးတည်ချက်နှင့် ရည်ရွယ်ချက်တို့ မရှိချေ။ သင်သည် စာတန်၏ အတွေးအခေါ်များအားဖြင့်လည်းကောင်း၊ ရိုးရာယဉ်ကျေးမှု၏ အရာများအားဖြင့်လည်းကောင်း ဧကန်မုချ အသက်ရှင်နေခြင်းပင်ဖြစ်သည်။ ယင်းသည် ဘာသာတရားမရှိသူများ နေထိုင်ပုံဖြစ်သည်။ သင်တို့ ဤကိစ္စကို ရိပ်စားမိနိုင်ကြသလော။ ဤပြဿနာကို ဖြေရှင်းရန် အကြင်သူသည် သမ္မာတရားကို ရှာဖွေကာ လက်ခံရမည်။ သမ္မာတရားကို ရရှိရန် လွယ်ကူသလော။ (ဘုရားသခင်အပေါ်တွင် အားကိုးအားထားပြုပါက လွယ်ကူပါသည်။) ဘုရားသခင်အပေါ် အားကိုးအားထားပြုစဉ်တွင် အကြင်သူသည် မိမိကိုယ်ကိုလည်း အားကိုးအားထားပြုရမည်။ သင့်တွင် ဤစိတ်ချယုံကြည်မှု၊ ဤစိတ်ဆန္ဒနှင့် သင့်စိတ်နှလုံးတွင် “စာတန်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများအကြား၌ ကျွန်ုပ် မနေချင်။ ကျွန်ုပ်သည် ယင်းတို့၏ ထိန်းချုပ် လှည့်စား ခံရကာ ယင်းသို့ဖြင့် လုံးဝ အရူးအလုပ် မခံလို၊ ဘုရားသခင်အား ကျွန်ုပ်ကို ရွံရှာရန် မလုပ်ဆောင်လို။ ဤနည်းအားဖြင့် ကျွန်ုပ်သည် ဘုရားသခင်ရှေ့မှောက်တွင် နေထိုင်ရန် မထိုက်တန်ဖြစ်လိမ့်မည်”ဟုဆိုသော ဤသတ်မှတ်ချက်တစ်ခုတို့ ရှိရမည်။ သင့် စိတ်နှလုံးတွင် ဤသို့ ခံစားချက်ရှိရမည်။ သို့ပါက ကိစ္စများ သင့်ထံသို့ ဖြစ်ပွားလာသည့်အခါတွင် သင်နားလည်နိုင်ပြီး သင်၏ လက်တွေ့ဘဝတွင် ရရှိနိုင်ကာ ယင်းကို ကိစ္စတိုင်းအတွက် သင်လက်တွေ့လုပ်ဆောင်နိုင်ပါက သမ္မာတရားသည် ထိုအခါ သင်၏ စစ်မှန်မှု ဖြစ်လာမည် မဟုတ်လော။ သမ္မာတရားသည် သင်၏ စစ်မှန်မှု ဖြစ်လာသည့်အခါ သင်၏ ဘဝသည် ရင့်ကျက်ကြီးထွားခြင်း မရှိမည်ကို သင်စိုးရိမ်ရဦးမည်လော။ လူတစ်ယောက်သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ခြင်းရှိမရှိ သင် မည်သို့ ဆုံးဖြတ်နိုင်သနည်း။ ထိုသူပြောသည့်အရာမှ မြင်တွေ့နိုင်သည်။ စကားများနှင့် အယူဝါဒများကိုသာ ပြောဆိုသော သူတစ်ယောက်သည် သမ္မာတရားစစ်မှန်မှုကို မပိုင်ဆိုင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်မည်မဟုတ်သည်မှာ သေချာသည်။ ထို့ကြောင့် ၎င်းတို့ပြောသည့်အရာသည် အနှစ်မရှိသကဲ့သို့ လက်တွေ့မကျပေ။ သမ္မာတရားစစ်မှန်မှုရှိသော လူတစ်ယောက်၏ စကားများသည် လူတို့၏ ပြဿနာများကို ဖြေရှင်းနိုင်သည်။ ပြဿနာများ၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ရိုးရှင်းသော စကားလုံးအနည်းငယ်မျှဖြင့် နှစ်များစွာ သင့်ကို နှောင့်ယှက်နေသော ပြဿနာတစ်ခု ပြေလည်သွားနိုင်သည်။ သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်လိမ့်မည်။ အမှုကိစ္စများသည် သင့်အတွက် ခက်ခဲတော့မည် မဟုတ်။ ချည်နှောင်ပြီး ချုပ်ချယ်ခံရခြင်းကို ခံစားရတော့မည်မဟုတ်။ လွတ်လပ်မှုနှင့် လွတ်မြောက်မှုကို ရရှိလိမ့်မည်။ ထိုသို့သောသူ ပြောသည့်အရာသည် သမ္မာတရားစစ်မှန်မှု ဟုတ်သလော။ ယင်းမှာ သမ္မာတရား စစ်မှန်မှုဖြစ်သည်။ ထိုသူသည် မည်သည့်အရာကို ပြောပါစေ သင်၏ ပြဿနာကို သင်နားမလည်လျှင်၊ သူပြောသမျှ မည်သည့်အရာမျှ ယင်း၏ အကြောင်းရင်းဇာစ်မြစ်ကို မပြေလည်စေလျှင် ၎င်းတို့ ပြောဆိုသည့်အရာသည် စကားများနှင့် အယူဝါဒများသာဖြစ်သည်။ စကားများနှင့် အယူဝါဒများသည် လူတို့ကို ပံ့ပိုးကူညီနိုင်သလော။ စကားများနှင့် အယူဝါဒများသည် လူတို့ကို မပံ့ပိုးနိုင်၊ သို့မဟုတ် မကူညီနိုင်သကဲ့သို့ လူတို့၏ အမှန်တကယ်ဖြစ်သော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ စကားများနှင့် အယူဝါဒများကို ပြောလေလေ၊ နားထောင်သူက စိတ်အနှောင့်အယှက်ဖြစ်လေလေ ဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သည် အခြားပုံစံဖြင့် ပြောဆိုသည်။ စကားလုံးအနည်းငယ်ဖြင့် ၎င်းတို့သည် ပြဿနာ၏ အရင်းအမြစ်အကြောင်းရင်း၊ သို့မဟုတ် ရောဂါ၏ မူလဇာစ်မြစ်ကို ထောက်ပြနိုင်သည်။ ဝါကျတစ်ကြောင်းတည်းကပင် လူတို့ကို နိုးထစေနိုင်ပြီး အဓိကပြဿနာများကို ရှာတွေ့နိုင်သည်။ ဤသည်မှာ လူတို့၏ အခက်အခဲများကို ဖြေရှင်းပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကို ထောက်ပြရန်အတွက် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သည့် စကားလုံးများကို အသုံးပြုခြင်းဖြစ်သည်။
နောက်ဆုံးသောကာလတွင် လူ့ဇာတိခံ ဘုရားသခင် ကြွလာပြီဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်သည်ကို ထောက်လျှင် လူသားတို့သည် မည်သည်ကို အရရှိသင့်ဆုံးနည်း။ ယင်းမှာ သမ္မာတရား၊ အသက်ပင်ဖြစ်သည်။ အခြားမည်သည်ကမျှ အရေးမပါပေ။ ခရစ်တော် ကြွလာခဲ့စဉ်က သူဆောင်ကြဉ်းခဲ့သည်မှာ သမ္မာတရား၊ အသက် ပင်ဖြစ်သည်။ သူက လူသားတို့ကို အသက်နှင့် ထောက်ပံ့ပေးရန် လာခဲ့သည်။ သို့ဆိုလျှင် လူတစ်ယောက်သည် လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန် မည်သို့ လုပ်ဆောင်သနည်း။ သမ္မာတရားနှင့် အသက်ကို ရရှိရန် မည်သည်ကို လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး ဖြစ်သည်။ ဖြောင့်မတ်မှုကို ဆာလောင်ငတ်မွတ်သူ အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြည့်တင်းသည်အထိ စားသောက်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးသည် သမ္မာတရားဖြစ်သည်။ ထို့ပြင် သူ၏ နှုတ်ကပတ်တော်များသည် ကြွယ်ဝကာ အလျှံပယ်ဖြစ်သည်။ တန်ဖိုးရှိသော အရာများသည် နေရာတိုင်းတွင် ရှိ၍ နေရာအနှံ့တွင် ရတနာများ ရှိသည်။ လှပသော ခါနန်တိုင်း၏ ကြွယ်ဝမှုများကို ခံစားပျော်မွေ့ကာ သမ္မာတရားကို ချစ်မြတ်နိုးသူတို့သည် စိတ်နှလုံး၌ ဝမ်းမြောက်ခြင်းဖြင့် ပွင့်လန်းနေပေသည်။ ၎င်းတို့ စားသောက်သော ဘုရားသခင်၏ နှုတ်ကပတ်တော် ဝါကျတိုင်းတွင် သမ္မာတရားနှင့် အလင်းတို့ ရှိကြသည်။ ယင်းတို့ အားလုံးသည် တန်ဖိုးရှိသည်။ သမ္မာတရားကို မချစ်သူတို့သည် ဒုက္ခသုက္ခဖြင့် မျက်နှာမှုန်ကုပ်နေကြ၏။ ၎င်းတို့သည် စားပွဲသောက်ပွဲတွင် ထိုင်နေလျက် အငတ်ဘေး ဆိုက်နေရကာ ၎င်းတို့၏ သနားစဖွယ် အခြေအနေကို ပြကြသည်။ သမ္မာတရားကို ရှာဖွေနိုင်သူတို့၏ ရရှိမှုများသည် ဆက်လက်တိုးပွားနေမည်ဖြစ်ပြီး မရှာဖွေနိုင်သူတို့မှာ လမ်းဆုံးသို့ ရောက်ရှိပေမည်။ ယခုအချိန်တွင် အရာတိုင်း၌ သမ္မာတရား ရှာဖွေရန် လည်းကောင်း၊ သမ္မာတရား၏ နားလည်မှုကို ရောက်စေရန်လည်းကောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လည်းကောင်း၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ရန်လည်းကောင်း သင်ယူနေခြင်းသည် အကြီးမားဆုံး အလေးထားစရာဖြစ်သလော။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းဟူသည့်အရာပင် ဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်ကို ယုံကြည်ရန်မှာ သမ္မာတရားနှင့် အသက်တို့ ရရှိရန်ဖြစ်သည်။ သမ္မာတရားကို မည်သည့်အတွက် အသုံးပြုသနည်း။ လူတို့၏ ဝိညာဉ်ရေးရာလောကကို ကြွယ်ဝစေရန် သုံးသလော။ လူတို့ကို ကောင်းမွန်သော ပညာရေးပေးရန် ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သမ္မာတရားသည် လူသား၏ မည်သည့် ပြဿနာကို ဖြေရှင်းပေးသနည်း။ သမ္မာတရားသည် လူသား၏ ဖောက်ပြန်သောစိတ်သဘောထားကို ဖြေရှင်းရန်၊ လူသား၏ အပြစ်ရှိသော သဘာဝကို ဖြေရှင်းရန်၊ လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်တွင် နေထိုင်စေရန်နှင့် သာမာန် လူ့သဘာဝကို အသက်ရှင်နေထိုင်စေရန်အတွက် တည်ရှိနေရခြင်းဖြစ်သည်။ လူအချို့သည် သမ္မာတရားသည် မည်သည်ဖြစ်သည်ကို နားမလည်ကြ။ သူတို့က သမ္မာတရားသည် လေးနက်ကာ စိတ္တဇဆန်သည်၊ ထို့ပြင် သမ္မာတရားသည် နက်နဲမှုတစ်ခုဟုလည်း အစဉ်အမြဲ ခံစားကြသည်။ သူတို့က သမ္မာတရားသည် လူတို့ လက်တွေ့လုပ်ဆောင်ရန် အရာတစ်ခု၊ ကျင့်သုံးရန်အရာတစ်ခု ဖြစ်ကြောင်း နားမလည်ကြပေ။ လူအချို့သည် ဘုရားသခင်အပေါ် ဆယ်နှစ်၊ နှစ်နှစ်ဆယ်ကြာ ယုံကြည်ထားပြီး သမ္မာတရားသည် မည်သည်ဖြစ်သည်ကို တိတိကျကျ နားမလည်ကြသေးပေ။ ဤကဲ့သို့ လူမျိုးသည် သမ္မာတရားကို ရရှိပြီး ဖြစ်သလော။ (မဟုတ်ပါ။) သမ္မာတရားကို မရရှိသေးသူတို့သည် သနားစရာ မကောင်းသလော။ လွန်စွာပင် သနားစရာကောင်းသည်။ ဓမ္မတေးထဲတွင် သီဆိုကြသလိုပင် သူတို့သည် “စားပွဲသောက်ပွဲတွင် ထိုင်နေလျက် အငတ်ဘေးဆိုက်” နေကြသည်။ သမ္မာတရားကို ရရှိခြင်းသည် မခက်ခဲသကဲ့သို့ သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ခြင်းသည်လည်း မခက်ခဲပေ။ သို့သော် လူတို့သည် သမ္မာတရားကို အစဉ်သဖြင့် အလွန်အမင်း မနှစ်မြို့လျှင် ၎င်းတို့သည် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်ရှေ့မှောက်သို့ အစဉ်လာရမည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် သင်၏ အတွင်းအခြေအနေများကို စစ်ဆေးရမည်။ သမ္မာတရားအား အလွန်အမင်း မနှစ်မြို့ခြင်းကို သင်မည်သို့ပြသသည်ကို ကြည့်ရမည်။ အမှုအရာများကို လုပ်ဆောင်ရာတွင် မည်သည့်ပုံစံက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်ကြောင်း၊ သင်သည် မည်သည့်အရာများ၌ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းသဘောထားရှိကြောင်းတို့ကို ကြည့်ရမည်။ ဤအရာများကို မကြာခဏ ဆန်းစစ်ရမည်။ ဥပမာ တစ်စုံတစ်ယောက်က သင့်ကို “သင့် အလိုကို မှီခိုနေရုံမျှဖြင့် သင်၏ တာဝန်ကို မထမ်းဆောင်နိုင်၊ သင်သည် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်စဉ်းစားကာ သိကျွမ်းသင့်သည်”ဟု ဆိုဆုံးမလေရာ သင်က ဒေါသထွက်ကာ “ငါ့တာဝန်ကို ငါထမ်းဆောင်ပုံမှာ မကောင်းသော်လည်း သင်ထမ်းဆောင်ပုံက အဘယ်သို့ ကောင်းရသနည်း။ ငါတာဝန် ထမ်းဆောင်ပုံတွင် အဘယ်က မှားနေသနည်း။ ဘုရားသခင်က ငါ့ စိတ်နှလုံးကို သိသည်”ဟု ခွန်းတုံ့ပြန်လေလျှင် ဤသည်မှာ မည်ကဲ့သို့ သဘောထားမျိုးနည်း။ သမ္မာတရားကို လက်ခံသည့် သဘောထားမျိုးလော။ (မဟုတ်ပါ။) ကိစ္စများ ကြုံလာရသည့်အခါ အကြင်သူသည် သမ္မာတရားကို လက်ခံသည့် သဘောထား ဦးစွာရှိရမည်။ ဤကဲ့သို့ သဘောထားမျိုး မရှိခြင်းသည် ရတနာကို လက်ခံရန် တန်ဆာမရှိခြင်းကဲ့သို့ပင် ဖြစ်သောကြောင့် သင့်ကို သမ္မာတရား ရရှိဖို့ မဖြစ်နိုင်အောင် ဖြစ်သွားစေသည်။ အကယ်၍ လူတစ်ယောက်သည် သမ္မာတရားကို မရရှိနိုင်လေလျှင် သူ၏ ဘုရားသခင်အပေါ် ယုံကြည်မှုသည် အချည်းနှီးပင်။ ဘုရားသခင်အပေါ် ယုံကြည်ရခြင်း ရည်ရွယ်ချက်မှာ သမ္မာတရား ရရှိရန်ပင် ဖြစ်သည်။ အကယ်၍ အကြင်သူသည် သမ္မာတရားကို မရရှိနိုင်ပါက သူ၏ ဘုရားသခင်အပေါ် ယုံကြည်မှုသည် ကျရှုံးပေသည်။ သမ္မာတရား ရရှိရန်ဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားသည် သင်၏ စစ်မှန်မှု ဖြစ်လာသည့်အချိန်၊ သင်၏ အသက်ဖြစ်လာသည့်အချိန်ပင် ဖြစ်သည်။ ယင်းသည် သမ္မာတရားကို ရရှိခြင်းဟူသည့်အရာပင် ဖြစ်သည်။ ယင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းဟူသည့်အရာပင် ဖြစ်သည်။ ဘုရားသခင်က သူ၏ ထိုနှုတ်ကပတ်တော်များကို မည်သည်အတွက် ပြောဆိုသနည်း။ ဘုရားသခင်က ယင်းသမ္မာတရားတို့ကို မည်သည်အတွက် ဖော်ပြသနည်း။ လူတို့ သမ္မာတရားကို လက်ခံစေရန်၊ ယင်းသို့ဖြင့် ဖောက်ပြန်ပျက်ဆီးမှုသည် သန့်စင်လာစေရန်၊ ယင်းသို့ဖြင့် လူတို့ သမ္မာတရားကို ရရှိစေရန်၊ ယင်းသို့ဖြင့် သမ္မာတရားသည် သူတို့၏ အသက်ဖြစ်လာစေရန် အတွက်ဖြစ်သည်။ အခြားအဘယ်အကြောင်းကြောင့်များ ဘုရားသခင်သည် သမ္မာတရား အမြောက်အမြားကို ဖော်ပြလိမ့်မည်နည်း။ သမ္မာကျမ်းစာနှင့် ယှဉ်ပြိုင်ရန်လော။ “သမ္မာတရား တက္ကသိုလ်”ကို တည်ထောင်ကာ လူတစ်စုကို လေ့ကျင့်သင်ကြားရန်လော။ နှစ်ခုလုံး မဟုတ်ပါ။ ထိုအစား ယင်းသည် လူသားမျိုးနွယ်ကို အပြည့်အဝကယ်တင်ရန်၊ လူတို့ သမ္မာတရားကို နားလည်ကာ နောက်ဆုံးတွင် ရရှိနိုင်ရန် အတွက်ဖြစ်သည်။ သင်အခု နားလည်သည် မဟုတ်လော။ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် မည်သည်က အရေးအကြီးဆုံးနည်း။ (သမ္မာတရားကို ရရှိခြင်းနှင့် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ခြင်း ဖြစ်ပါသည်။) ဤနေရာမှစ၍ အရေးအကြီးဆုံးမှာ သင်တို့ သမ္မာတရား စစ်မှန်မှုသို့ မည်သို့ဝင်ရောက်သည်နှင့် သင်တို့ ဝင်ရောက် နိုင်ခြင်း ရှိမရှိတို့သာ ဖြစ်လေသည်။
ကောက်နုတ်ချက် (၆၉)
“ယေဟောဝါကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏ မူလအစဖြစ်၏” ဟူသည့် နှုတ်ကပတ်တော်များအတွက်မူ သင်တို့သည် ယင်းတို့ကို မည်သို့လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံလေ့ရှိကြသနည်း။ (ဘုရားနှုတ်ကပတ်တော်များနှင့် အမှုတော်အားလုံးတို့ကို ကျိုးနွံနာခံခြင်းဖြင့် ဖြစ်ပါသည်။) ဤသည်မှာ ယေဘုယျကျသော စကားတစ်ခု၊ အယူဝါဒတစ်ခု ဖြစ်ပေသည်။ ယင်းသည် မှန်ကန်သည်ဟု ထင်ရသော်လည်း အတန်ငယ် အနှစ်သာရမဲ့သည်။ သင်၏အယူအဆများနှင့် ဆန့်ကျင်သောအရာတစ်ခုကို သင်ရင်ဆိုင်ကြုံတွေ့ရပြီး သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိပါက သင် မည်သည့်အရာကိုလုပ်မည်နည်း။ ဤသည်မှာ လက်တွေ့ကျသော စိန်ခေါ်မှုတစ်ခုဖြစ်သည်။ ဤအရာဖြစ်ပျက်သောအခါ ဤနှုတ်ကပတ်တော်များသည် သင်၏အပြုအမူကို ချုပ်တည်းပြီး သင့်လုပ်ရပ်များ၏ စည်းမျဉ်းများနှင့် ဦးတည်ချက်ကို ပြောင်းလဲပစ်လျက် ရလဒ်များကို မည်သို့စွမ်းဆောင်ရရှိနိုင်ပြီး သင့်အပေါ်တွင် အကျိုးသက်ရောက်မှုတစ်ခုကို မည်သို့ဖြစ်ပေါ်လာစေနိုင်သနည်း။ ဥပမာအနေဖြင့် သင်၏အစာအိမ်သည် နာနေပြီး “အကိုက်အခဲပျောက်ဆေးများသောက်လျှင် နာကျင်မှု ပျောက်သွားလိမ့်မည်” ဟု တစ်ယောက်ယောက်က ပြောသည်ဟု ဆိုကြပါစို့။ ဤစကားသည် မှန်ကန်သည်ကို သင်သိသော်လည်း ယင်းကို သင်မည်သို့လက်ခံပြီး လက်တွေ့လုပ်ဆောင်သနည်း။ သင်၏အစာအိမ် နာနေသောအခါတွင် သင်သည် အကိုက်အခဲပျောက်ဆေးများကို သောက်သလော။ ယင်းတို့ကို မည်သည့်အချိန်တွင် သင်သောက်သနည်း။ အစာမစားမီလော သို့မဟုတ် အစာစားပြီးနောက်လော။ ယင်းတို့ကို တစ်နေ့တွင် အကြိမ်ရေ မည်မျှ သင်သောက်သနည်း။ နာကျင်မှု ပျောက်သွားဖို့ တစ်ကြိမ်လျှင် မည်မျှများများ သောက်သနည်း။ ပြီးလျှင် ရလဒ်များရဖို့ ၎င်းတို့ကို ရက်ပေါင်းမည်မျှကြာအောင် သင်သောက်သင့်သနည်း။ ဤအသေးစိတ်အချက်အလက်များကို သင်သိသလော။ “အကိုက်အခဲပျောက်ဆေးများသောက်လျှင် နာကျင်မှု ပျောက်သွားလိမ့်မည်” ဟူသောစကားကို လက်တွေ့ဘဝထဲတွင် ကျင့်သုံးခြင်းမှတစ်ဆင့်သာ ဤအသေးစိတ်အချက်အလက်များကို သင်နားလည်နိုင်ပေသည်။ အကယ်၍ သင်သည် ၎င်းကို လက်တွေ့မကျင့်သုံးပါက ဤစကားကို သင်မည်မျှအသိအမှတ်ပြုပါစေ၊ လက်ခံပါစေ၊ သို့မဟုတ် ထောက်ခံပါစေ ယင်းသည် သင့်အတွက် အယူဝါဒ စကားရပ်တစ်ခုမျှသာ ဖြစ်နေပေလိမ့်မည်။ သို့သော် အကယ်၍ ဤစကားကို သင်၏လက်တွေ့ဘဝထဲတွင် သင်ကျင့်သုံးပါက၊ သင်၏နေမကောင်းမှုကို ကုသပါက၊ ပြီးလျှင် ယင်းထံမှ အကျိုးကျေးဇူးရပါက ယင်းကို သင်ပြောသောအခါ ယင်းသည် အနှစ်သာရမဲ့သော စကားတစ်ခုမျှသာ မဟုတ်တော့ဘဲ လက်တွေ့ကျသော စကားတစ်ခုဖြစ်၏။ အခြားတစ်ယောက်ယောက်က အလားတူအခြေအနေတစ်ခုကို ရင်ဆိုင်ကြုံတွေ့ရသောအခါ ထိုသူကို ကူညီဖို့ သင်၏လက်တွေ့ကျသောအတွေ့အကြုံကို သင်သုံးနိုင်ပေလိမ့်မည်။ “ယေဟောဝါကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏ မူလအစဖြစ်၏” ဟူ၍ ငါတို့ ယခုတင်ပင် ပြောခဲ့ပြီးပြီ။ “ယေဟောဝါကို ကြောက်ရွံ့ခြင်း” ဟူသည့် စကားရပ်သည် လူများ လက်တွေ့လုပ်ဆောင်ရမည့်အရာတစ်ခုဖြစ်ပြီး “ဉာဏ်ပညာ၏ မူလအစ” ဟူသည်မှာ ယေဟောဝါကို ကြောက်ရွံ့ခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့ရရှိသည့် ရလဒ်ဖြစ်ပေသည်။ ဆိုလိုသည်မှာ “ယေဟောဝါကို ကြောက်ရွံ့ခြင်း” ဟူသည့် စကားရပ်ကို သင်လက်တွေ့လုပ်ဆောင်ပြီး ယင်းကို သင်၏လက်တွေ့ဘဝထဲတွင် ကျင့်သုံးကာ ဤစကားရပ်က သင့်ကို ကူညီပြီးဖြစ်ကာ သင်က ယင်းထံမှ အကျိုးကျေးဇူးခံစားရပြီးဖြစ်သည့်အခါမှသာ သင်သည် ဉာဏ်ပညာ၏ ရလဒ်ကို ရရှိနိုင်လိမ့်မည်။ “ယေဟောဝါကို ကြောက်ရွံ့ခြင်း” ဟူသည့် ဤစကားရပ်ကို လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်းအကြောင်းကို ပထမဦးစွာ ပြောကြပါစို့။ ဤစကားရပ်သည် လူများက ၎င်းတို့၏ အမှန်တကယ်ဖြစ်သော ဘဝများတွင် ရင်ဆိုင်ရသည့် ပြဿနာများအားလုံးဖြစ်သည့် ၎င်းတို့၏ အတွေးအခေါ်၊ စိတ်ကူးများနှင့် အခြေအနေများ၊ ၎င်းတို့ ကြုံတွေ့ရသည့် အခက်အခဲများ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများ၊ ဘုရားသခင်နှင့်ပတ်သက်သော ၎င်းတို့၏ နားလည်မှုလွဲခြင်း၊ သူနှင့်ပတ်သက်သော ၎င်းတို့၏ သံသယများနှင့် ထင်မြင်ချက်များအပြင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း ဖြစ်စဉ်တွင် လူများ မကြာခဏ ပြသသည့် ဝတ်ကျေတမ်းကျေဖြစ်ခြင်းများ၊ လှည့်ကွက်၊ မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ ထင်ရာစိုင်းခြင်း စသည်တို့ကဲ့သို့သောအရာများကို ထည့်သွင်းဆွေးနွေးလေသည်။ ဤသို့ဆိုလျှင် သင်သည် သင်၏လုပ်ရပ်များနှင့် ပြုမူနေထိုင်ခြင်း စည်းမျဉ်းများကို ပြောင်းလဲပစ်နိုင်ဖို့အလို့ငှာ “ဘုရားသခင်ကို ကြောက်ရွံ့ခြင်း” ဟူသည့် စကားရပ်ကို မည်ကဲ့သို့ လက်တွေ့ကျင့်သုံးနိုင်မည်နည်း။ အကယ်၍ သင်သည် ဤစကားရပ်၏ အသေးစိတ်အချက်အလက်များ အားလုံးကို ဖြတ်သန်းကာ တွေ့ကြုံပြီး သိရှိလျှင် ယင်းက သင့်အတွက် သမ္မာတရားတစ်ခုဖြစ်လိမ့်မည်။ အကယ်၍ သင်သည် ဤအသေးစိတ်အချက်အလက်များကို မည်သည့်အခါကမျှ ကျော်ဖြတ်ခဲ့ဖူးခြင်းမရှိဘဲ ထိုစကားရပ်ကို သိရုံသာသိပြီး ကြားဖူးရုံသာကြားဖူးပါက ယင်းက သင့်အတွက် အယူဝါဒတစ်ခု အစဉ်သဖြင့် ဖြစ်နေလိမ့်မည်။ ယင်းက စာအုပ်တစ်အုပ်ထဲမှ စကားတစ်ခွန်း၊ စကားလုံးများမျှသာလျှင် ဖြစ်နေလိမ့်မည်ဖြစ်ပြီး သမ္မာတရားတစ်ခု ဖြစ်မည်မဟုတ်ပေ။ ထိုအရာကို အဘယ်ကြောင့် ငါ ပြောရသနည်း။ အကြောင်းမှာ သင်၏ရည်ရွယ်ချက်တစ်ခုတလေကိုဖြစ်စေ၊ သင်၏စိတ်ကူးတစ်ခုတလေကိုဖြစ်စေ၊ သင်၏အတွေးအမြင်တစ်ခုတလေကိုဖြစ်စေ ဤစကားက မည်သည့်အခါမျှ မပြောင်းလဲရသေးသောကြောင့်ဖြစ်သည်။ ကမ္ဘာလောကနှင့် သင်ဆက်ဆံသည့်၊ ပြုမူနေထိုင်သည့် စည်းမျဉ်းများကို ယင်းက မည်သည့်အခါကမျှ မပြောင်းလဲရသေးပေ။ အမှုအရာများကို သင် လုပ်ဆောင်သောအခါ သို့မဟုတ် သင်၏တာဝန်ကို ထမ်းဆောင်သောအခါ သင့်တွင်ရှိသောသဘောထားကို ယင်းက မပြောင်းလဲရသေးပေ။ ထို့အပြင် သင်၏အခြေအနေကို ယင်းက ပြောင်းပြန်မလှန်ပစ်ခဲ့ပေ။ ယင်းထံမှ တစ်စက်မျှ သင်အကျိုးကျေးဇူးမရခဲ့ပေ။ သင်တို့သည် ဤကျော်ကြားသော ဆိုရိုးစကားများအားလုံးကို သိကြပြီး ယင်းတို့ကို ပြောနိုင်သည်။ သို့သော် ယင်းတို့၏အပေါ်ယံမျှသာ သင်နားလည်သည်။ ထို့အပြင် သင့်တွင် ယင်းတို့နှင့်ပတ်သက်သည့် လက်တွေ့ကျသောအတွေ့အကြုံ မရှိပေ။ ဤသည်က ကြောင်သူတော်ဖာရိရှဲများနှင့် မည်သို့ကွာခြားသနည်း။ ဘာသာရေးလောကမှ ထိုသင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးသည် သမ္မာကျမ်းစာထဲမှ ကျော်ကြားသော အခန်းကြီးများနှင့် ကျမ်းချက်များကို အလွတ်ရွတ်ဆိုပြခြင်းနှင့် ရှင်းပြခြင်းတို့အပေါ်တွင် အာရုံစိုက်ကြသည်။ အလွတ်ရွတ်ဆိုအပြဆုံး မည်သူမဆိုသည် ဝိညာဉ်ရေးရာအဆန်ဆုံးဖြစ်သည်၊ အားလုံးက အလေးစားရဆုံးသောသူဖြစ်ပြီး ဂုဏ်သိက္ခာ အရှိဆုံးသောသူနှင့် အဆင့်အတန်း အမြင့်မားဆုံးသောသူဖြစ်သည်။ ၎င်းတို့၏ လက်တွေ့ဘဝများတွင် ၎င်းတို့သည် ကမ္ဘာလောက၊ လူသားမျိုးနွယ်နှင့် အားလုံးသောလူသားမျိုးစုံကို လောကီလူသားများ မြင်သည့်အတိုင်း အမှန်တကယ် မြင်ကြပြီး ၎င်းတို့၏အမြင်များသည် လုံးဝ မပြောင်းလဲပေ။ ဤသည်က တစ်စုံတစ်ခုကို သက်သေပြသည်။ ၎င်းတို့အလွတ်ရွတ်ဆိုပြသည့် သမ္မာကျမ်းစာမှ ထိုအပိုင်းများသည် မည်သည့်နည်းနှင့်မျှ ၎င်းတို့၏အသက် ဖြစ်မလာကြပေ။ ယင်းတို့သည် ၎င်းတို့အတွက် သိသာထင်ရှားစွာပင် သဘောတရားများနှင့် ဘာသာရေးဆိုင်ရာအယူဝါဒများသာ ဖြစ်ကြပြီး ၎င်းတို့၏ဘဝများကို မပြောင်းလဲစေပေ။ အကယ်၍ သင်တို့လျှောက်လှမ်းသော လမ်းကြောင်းသည် ဘာသာရေးသမားများ၏ လမ်းကြောင်းနှင့် အတူတူဖြစ်လျှင် သင်တို့သည် ခရစ်ယာန်ဘာသာကို ယုံကြည်နေခြင်းသာဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်း မဟုတ်သကဲ့သို့ သင်သည် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံနေခြင်းမဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်လာခဲ့သည်မှာ အချိန်တိုမျှသာ ရှိကြသေးသူအချို့သည် ဝိညာဉ်ရေးရာ အယူဝါဒများစွာအကြောင်းကို ပြောနိုင်သည့် ထိုရေရှည်ယုံကြည်သူများကို လေးစားအားကျကြသည်။ ပြဿနာမရှိဘဲ နှစ်နာရီ သို့မဟုတ် သုံးနာရီဆက်တိုက်ကြာသည့်တိုင်အောင် ထိုင်၍ စကားပြောနေကြသည့် ထိုရေရှည်ယုံကြည်သူများကို ၎င်းတို့ မြင်ကြသောအခါ ထိုလူများထံမှ ၎င်းတို့ စတင်သင်ယူလေ့လာကြသည်။ ထိုဝိညာဉ်ရေးရာ ဝေါဟာရများနှင့် စကားအသုံးအနှုန်းများကို ၎င်းတို့ လေ့လာကြပြီး ထိုရေရှည်ယုံကြည်သူများ၏ ပြောဆိုပြုမူပုံ နည်းလမ်းများကိုလည်း လေ့လာကြသည်။ ထို့နောက်တွင် ဘုရားသခင်၏ စံပြနှုတ်ကပတ်တော်အချို့ကို ၎င်းတို့ အလွတ်ကျက်ကြတော့သည်။ ၎င်းတို့တွင် တစ်စုံတစ်ခုရှိလာပြီဟု နောက်ဆုံးတွင် ၎င်းတို့ ထင်လာကြသည့်တစ်နေ့အထိ ၎င်းတို့ ဤသည်ကို ဆက်လုပ်ကြသည်။ စုဝေးဖို့ အချိန်ကျရောက်လာသောအခါ ကြီးကျယ်သော စိတ်ကူးများအကြောင်းကို ငြီးငွေ့ဖွယ်လေသံဖြင့် ၎င်းတို့ စကားစပြောကြလေတော့သည်။ သို့သော် အကယ်၍ သင်အသေအချာ နားထောင်ပါက ယင်းတို့အားလုံးမှာ ပေါက်ကရစကားများစွာ၊ အနှစ်သာရမဲ့သော စကား၊ စကားများနှင့် အယူဝါဒများသာဖြစ်ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုနှင့် အခြားသူများကို လိမ်လည်လှည့်စားသည့် ဘာသာရေးသမား အတုအယောင်များ ဖြစ်ကြသည်မှာ ရှင်းနေပေသည်။ ဝမ်းနည်းဖွယ်ကောင်းလှပါတကား။ ထိုလမ်းကြောင်းကို မသွားနှင့်။ ယင်းကို သင်တို့ စတင်လိုက်သည်နှင့်တစ်ပြိုင်နက် သင်တို့ လုံးလုံးလျားလျား ဖျက်ဆီးခြင်းခံရလိမ့်မည်။ ထိုအခါတွင် သင်ဆန္ဒရှိလျှင်ပင် နောက်ပြန်လှည့်ဖို့ ခက်ခဲပေလိမ့်မည်။ အကယ်၍ သင်သည် ထိုစကားများနှင့် အယူဝါဒများကို ရတနာများနှင့် အသက်သဖွယ် မှတ်ယူပြီး သင်သွားသည့်နေရာတိုင်း ယင်းတို့ကို ကြွားလုံးထုတ်လျှင် သင်၏ဖောက်ပြန်ပျက်စီးသော၊ စာတန်ဆန်သောစိတ်သဘောထားများအပြင် ဝိညာဉ်ရေးရာ သဘောတရားများအချို့နှင့် ကြောင်သူတော်ဆန်သောအရာများအချို့ကို သင်ပိုင်ဆိုင်လေသည်။ ဤသည်မှာ မှားရုံသာမဟုတ်ပေ၊ ယင်းသည် လုံးဝ စက်ဆုပ်ရွံရှာစရာကောင်းပေသည်။ အရှက်မဲ့သည့်အပြင် ယင်းသည် ကြည့်ရသည်မှာ အော်ဂလီဆန်ပြီး အလွန်ဆိုးရွားလှသည်။ ယခုအခါတွင် သခင်ယေရှု၏ နောက်လိုက်များ ယုံကြည်သက်ဝင်သည့် ထိုဂိုဏ်းဂဏများကို ခရစ်ယာန်ဘာသာအဖြစ် ငါတို့ ရည်ညွှန်းလျက် ယင်းတို့ကို ကိုးကွယ်သည့်ဘာသာတစ်ခုနှင့် ဘာသာရေးအဖွဲ့တစ်ခုအဖြစ် အမျိုးအစားသတ်မှတ်သည်။ ဤသည်မှာ ထိုလူများသည် ဘုရားသခင်အပေါ် ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံသောကြောင့်ဖြစ်ပြီး ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရမည့်အစား သို့မဟုတ် တွေ့ကြုံရမည့်အစား ၎င်းတို့၏အသက်စိတ်သဘောထားများကို လုံးဝ ပြောင်းလဲခြင်းမရှိဘဲ ဘာသာရေးဆိုင်ရာရိုးရာဓလေ့များနှင့် လုပ်ရိုးလုပ်စဉ်များကိုသာ ၎င်းတို့ ဖက်တွယ်ထားကြသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူများမဟုတ်ကြသကဲ့သို့ ဘုရားသခင်ထံမှ လာသော သမ္မာတရား၊ လမ်းခရီးနှင့် အသက်ကို မလိုက်စားကြပေ။ ထိုအစား ၎င်းတို့သည် သမ္မာကျမ်းလာအသိပညာကို လိုက်စားကြသည်၊ ဖာရိရှဲများကို ၎င်းတို့ အတုယူကြသည်၊ ပြီးလျှင် ဘုရားသခင်အပေါ်တွင် ၎င်းတို့ ရန်လိုကြသည်။ သို့ဖြစ်၍ ဤလူစုကို ခရစ်ယာန်ဘာသာအဖြစ် အမျိုးအစားသတ်မှတ်ထားသည်။ သခင့်ကို ယုံကြည်သော ဤလူများအားလုံးသည် ဘာသာတရား၏ နောက်လိုက်များဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အသင်းတော်နှင့် မသက်ဆိုင်ကြဘဲ ၎င်းတို့သည် သူ၏သိုးများမဟုတ်ကြပေ။ “ခရစ်ယာန်ဘာသာ” ဟူသည့်ဝေါဟာရသည် မည်သည့်နေရာမှလာသနည်း။ ယင်း၏နောက်လိုက်များသည် ခရစ်တော်ဖော်ပြပြီးဖြစ်သည့် သမ္မာတရားအားလုံးကို ငြင်းပယ်ကာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ငြင်းပယ်သည့်အပြင် ဘုရားသခင်ထံမှ လာသော အပြုသဘောဆောင်သည့် အရာအားလုံးကို ငြင်းပယ်သော်လည်း ခရစ်တော်ကို ယုံကြည်သူများအဖြစ် ဟန်ဆောင်ကာ ဝိညာဉ်ရေးရာဆန်ယောင် ဟန်ဆောင်ပြီး ဘုရားသခင်နောက်သို့ လိုက်နေယောင် ဟန်ဆောင်သည်ဆိုသည့်အချက်မှ လာပေသည်။ ၎င်းတို့သည် အတိတ်တွင် ဘုရားသခင်ပြောခဲ့ဖူးသည့်အရာများဖြင့် မိမိတို့ကိုယ်ကို တပ်ဆင်ထားသည်၊ ပြရုပ်တင်ထားပြီး ရုပ်ဖျက်ထားသည်။ ထမင်းစားလက်မှတ်တစ်ခုရဖို့ လိမ်လည်လှည့်စားနိုင်ရန်အလို့ငှာ ၎င်းတို့သည် ဤအရာများကို အရင်းအနှီးအဖြစ်သုံးကြပြီး အချိန်တိုင်း ယင်းတို့ကို အသုံးချသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းအသွင်ဆောင်ထားခြင်းဖြင့် လူများကို ၎င်းတို့ အချိန်တိုင်း လှည့်စားကြသည်။ သမ္မာကျမ်းစာကို ၎င်းတို့ မည်မျှကောင်းကောင်း အဓိပ္ပာယ် ကောက်နိုင်သည်နှင့် ပတ်သက်၍လည်းကောင်း၊ ၎င်းတို့၏သမ္မာကျမ်းလာ အသိပညာနှင့်ပတ်သက်၍လည်းကောင်း အခြားသူများနှင့် ၎င်းတို့ ဖက်ပြိုင်ကြကာ ဤအရာများကို ဂုဏ်ကျက်သရေနှင့် အရင်းအနှီးသဖွယ် မှတ်ယူကြလေသည်။ လိမ်လည်ကောက်ကျစ်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ကောင်းချီးများနှင့် ဆုလာဘ်များကို ရယူဖို့ပင် ၎င်းတို့ အလိုရှိကြသည်။ ဤသည်မှာ လူ့ဇာတိခံဘုရားသခင်ကို ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချသည့် ၎င်းတို့ လျှောက်လှမ်းနေသော အန္တိခရစ်များ၏ လမ်းကြောင်းပင်ဖြစ်သည်။ ပြီးလျှင် ဤအုပ်စုလျှောက်သည့် ထိုလမ်းကြောင်းကြောင့် အတိအကျပင် ယင်းသည် အဆုံးတွင် ခရစ်ယာန်ဘာသာနှင့် ဘာသာတရားတစ်ခုအဖြစ် အမျိုးအစားသတ်မှတ် ခံရခြင်းဖြစ်သည်။ ယခုအခါတွင် “ခရစ်ယာန်ဘာသာ” ဟူသည့် ဝေါဟာရကို ကြည့်ကြစို့။ ဤသည်မှာ ကောင်းသောဂုဏ်ပုဒ်တစ်ခုလော သို့မဟုတ် ဆိုးသောဂုဏ်ပုဒ်တစ်ခုလော။ ယင်းသည် ကောင်းသောဂုဏ်ပုဒ်တစ်ခု မဟုတ်ဟု ငါတို့ အသေချာဆုံး ဆိုနိုင်သည်။ ယင်းသည် အရှက်ရဖွယ် အမှတ်အသားတစ်ခုဖြစ်ပြီး ဂုဏ်ယူစရာကောင်းသော သို့မဟုတ် ဂုဏ်ကျက်သရေ ရှိသောအရာတစ်ခု မဟုတ်ပေ။
အသက်ဝင်ရောက်မှုကို သင်လိုက်စားသောအခါ သင်နားလည်သင့်သည့် အဓိကအရာသည် အဘယ်နည်း။ လူတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်ကြောင်းနှင့် သူ၏အမှုတော်ကို လူများ မည်သို့တွေ့ကြုံသင့်ကြောင်းတို့ကို ဘုရားသခင် ပြောကြားခဲ့သည့် နှုတ်ကပတ်တော်များအားလုံးထဲမှ မည်သည့်အကြောင်းအရာတွင် ပြောကြားထားသည်ဖြစ်စေ သင်ရှာဖွေသင့်သည်။ သင်၏ ကျင့်ကြံပြုမူခြင်းနှင့် ကိစ္စများကို သင်ကိုင်တွယ်သည့်နည်းလမ်းများ၊ သင်၏အတွေးအခေါ်များနှင့် အမြင်များတို့အပြင် သင့်ဘဝတွင် သင့်အပေါ် အမှုအရာများ ဖြစ်ပေါ်လာသောအခါ သင်ပိုင်ဆိုင်သည့် မတူညီသောအခြေအနေများနှင့် သရုပ်သကန်များကို ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်း၊ တရားစီရင်ခြင်းတို့ဖြင့် သင်နှိုင်းယှဉ်ချိန်ဆသင့်သည်။ ပို၍အရေးကြီးသည်မှာ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ကြည့်သင့်ပြီး သင့်ကိုယ်သင် နားလည်သင့်သည်၊ ပြီးလျှင် လက်တွေ့လုပ်ဆောင်ခြင်းစည်းမျဉ်းများကို သေချာအောင် လေ့လာစိစစ်ဖို့ သမ္မာတရားကို ရှာဖွေသင့်သည်။ ဤမှတစ်ဆင့် လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို သင်ရှာဖွေသင့်သည်၊ သင့်တာဝန်ကို ထမ်းဆောင်နေစဉ် ဘုရားသခင်၏ရည်ရွယ်ချက်များ အထမြောက်ဖို့အတွက် နည်းလမ်းကိုလည်းကောင်း၊ သူ၏ သတ်မှတ်ချက်များအတိုင်း လုံးဝ ကျင့်ကြံပြုမူရန် နည်းလမ်းကိုလည်းကောင်း၊ ရိုးသားသောသူတစ်ဦးနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောလူတစ်ဦးဖြစ်ရန် နည်းလမ်းကိုလည်းကောင်း၊ သင်ယူသင့်သည်။ စကားများနှင့် အယူဝါဒများ၊ ပြီးလျှင် ဘာသာရေးသဘောတရားများအကြောင်းကို ပြောခြင်းဖြင့် လူများကို လှည့်ဖြားခြင်းကဲ့သို့ အမှုအရာများကို မလုပ်နှင့်။ ဝိညာဉ်ရေးရာဆန်သည့်လူတစ်ဦးအဖြစ် ဟန်မဆောင်နှင့်၊ ပြီးလျှင် ကြောင်သူတော်တစ်ဦးမဖြစ်နှင့်။ သမ္မာတရားကို လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းတို့အပေါ်တွင်လည်းကောင်း၊ သင်၏အခြေအနေများကို နှိုင်းယှဉ်ချိန်ဆဖို့နှင့် ယင်းတို့ကို ဆန်းစစ်ဖို့အတွက် ဘုရားနှုတ်ကပတ်တော်များကို သုံးခြင်းအပေါ်တွင်လည်းကောင်း သင်သည် အာရုံစိုက်ရမည်။ ထို့နောက်တွင် အခြေအနေအမျိုးအစားတိုင်းကို သင်သဘောထားရာတွင် သင်အသုံးပြုသော မမှန်ကန်သောအမြင်များနှင့် သဘောထားများကို ပြောင်းလဲရမည်။ နောက်ဆုံးတွင် သင်သည် အခြေအနေတိုင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုကို ပိုင်ဆိုင်လာရမည်။ ထို့ပြင် မဆင်မခြင်ပြုမူခြင်း၊ သင့်ကိုယ်ပိုင်စိတ်ကူးများ နောက်သို့လိုက်ခြင်း၊ သင့်လိုအင်ဆန္ဒများအတိုင်း အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွင်းတွင် နေထိုင်ခြင်းတို့ကို နောက်ထပ် မပြုလုပ်ရ။ ထိုအစား သင်၏လုပ်ရပ်များနှင့် စကားလုံးများ အားလုံးသည် ဘုရားနှုတ်ကပတ်တော်များအပေါ်တွင်လည်းကောင်း၊ သမ္မာတရားအပေါ်တွင်လည်းကောင်း အခြေခံရမည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာလိမ့်မည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုသည် လူတစ်ဦးက သမ္မာတရားကို လိုက်စားနေစဉ်အတွင်း ဖြစ်ပေါ်သည်။ ယင်းသည် ချုပ်တည်းထားခြင်းမှ မလာပေ။ ချုပ်တည်းထားခြင်းအားလုံးက ဖြစ်ပေါ်လာစေသည်မှာ အပြုအမူအမျိုးအစားတစ်ခုဖြစ်သည်။ ယင်းသည် အပေါ်ယံအဆင့် ကန့်သတ်ချက်အမျိုးအစားတစ်ခုဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို အဆက်မပြတ် လက်ခံခြင်းနှင့် သူ၏အမှုတော်ကို တွေ့ကြုံနေစဉ်အတွင်း ပြုပြင်ခြင်းကို လက်ခံခြင်းတို့အားဖြင့် ဘုရားသခင်ကို အစစ်အမှန် ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုကို စွမ်းဆောင်ရရှိသည်။ လူများသည် ၎င်းတို့၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်း၏ စစ်မှန်သော သဘောသဘာဝကို မြင်ရသောအခါ သမ္မာတရား၏အဖိုးတန်မှုကို သိလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် သမ္မာတရားကို အားထုတ်နိုင်ပေလိမ့်မည်။ ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများသည် ပို၍ နည်းနည်းလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်၏ရှေ့မှောက်တွင် ပုံမှန် နေထိုင်နိုင်လာလိမ့်မည်၊ ဘုရားနှုတ်ကပတ်တော်များကို နေ့တိုင်း စားသောက်နိုင်လိမ့်မည်၊ ပြီးလျှင် ဖန်ဆင်းခံများအနေဖြင့် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နိုင်လိမ့်မည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခုနှင့် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခုတို့သည် ဤဖြစ်စဉ်မှတစ်ဆင့် ပေါ်ပေါက်လာသည်။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေစဉ် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို အဆက်မပြတ် ရှာဖွေသည့်သူအားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ ရှိကြသောသူများဖြစ်ကြသည်။ ဆုံးမပဲ့ပြင်ခြင်းကို လက်ခံရရှိပြီးဖြစ်ကာ ပြုပြင်ခြင်းကို များစွာ တွေ့ကြုံပြီးသောသူများအားလုံးသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းသည် မည်သည့်အရာဖြစ်သည်ကို သိကြသည်။ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ခံရသောအခါ ၎င်းတို့သည် ၎င်းတို့၏စိတ်နှလုံးများထဲတွင် စိုးရိမ်ပူပန်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ကို ခံစားရရုံသာမက ဘုရားသခင်၏အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်ကိုလည်း ၎င်းတို့ ခံစားကြရသည်။ ဤအခြေအနေတွင် ၎င်းတို့၏ စိတ်နှလုံးများထဲမှနေ၍ ကြောက်ရွံ့မှုက သဘာဝအလျောက် ဖြစ်ပေါ်လာသည်။ ယခုအခါတွင် ဤအရာများနှင့်ပတ်သက်၍ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုတစ်ခုတလေ သင်တို့အားလုံးတွင် ရှိကြသလော။ (အနည်းငယ်ရှိပါသည်။) ဤသည်က တဖြည်းဖြည်း ပို၍နက်ရှိုင်းဖို့လိုအပ်သည်။ အတွေ့အကြုံဆိုင်ရာ သိနားလည်မှုအနည်းမျှဖြင့် စိတ်မကျေနပ်နေနှင့်။ ယခုအခါတွင် သင်သည် သင့်တော်သော ပတ်ဝန်းကျင်တစ်ခုတွင် ရှိနေပြီဖြစ်သည်။ တရားဒေသနာများစွာကို သင်သည် နားထောင်နေပြီဖြစ်သည်။ စုဝေးပွဲများစွာကို သွားနေပြီဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များစွာကို ဖတ်နေပြီဖြစ်သည်။ ထို့ပြင် သင်၏တာဝန်ကို ထမ်းဆောင်ဖို့ ပတ်ဝန်းကျင်တစ်ခုနှင့် အခြားအခြေအနေအမျိုးအစားအားလုံးကို သင်ပိုင်ဆိုင်သည်။ သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့မှုရှိသည်ဟု သင်ထင်သောကြောင့် သင်၏ယုံကြည်ခြင်းက ကြီးထွားလာပြီဖြစ်သော်လည်း အကယ်၍ သင့်ကို မတူသည့်ပတ်ဝန်းကျင်တစ်ခုတွင် ထားလိုက်မည်ဆိုပါက သင်၏လက်ရှိအခြေအနေကို သင်ဆက်ထိန်းထားနိုင်မည်လော။ သင်ယခုနားလည်ထားသည့် သမ္မာတရားများက အမှုအရာများအပေါ် သင်၏ရှုထောင့်အမြင်ကိုဖြစ်စေ၊ အသက်နှင့် စံနှုန်းများအပေါ် သင်၏ အမြင်သဘောထားကိုဖြစ်စေ ပြောင်းလဲစေနိုင်သလော။ အကယ်၍ သင်နားလည်ထားသည့် သမ္မာတရားများက ဤအရာများကို မဖြစ်မြောက်နိုင်ပါက သင်သည် သမ္မာတရားကို အမှန်တကယ် နားမလည်ပေ။ ဘုရားနှုတ်ကပတ်တော်များက သင်နားလည်ထားသည့် သမ္မာတရားများနှင့် သင်၏အသက် ဖြစ်လာသောအခါ သင့်တွင် အသက်ဝင်ရောက်မှု ရှိလိမ့်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုထဲသို့ သင်ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ ဆိုလိုသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက သင့်ကိုယ်ပိုင်ဉာဏ်ဖြင့် သင်လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်လာလိမ့်မည်၊ အမှုအရာများကို ဤကဲ့သို့ ပင်ကိုအားဖြင့် လုပ်ဆောင်သင့်သည်ဟု သင်ခံစားရလိမ့်မည်။ သမ္မာတရားနှင့်အညီ အမှုအရာများကို လုပ်ဆောင်ခြင်းက သင့်အတွက် သဘာဝအလျောက်ဖြစ်လာလိမ့်မည်။ ယင်းသည် သဘာဝအလျောက် ထုတ်ဖော်ခြင်းတစ်ခုကဲ့သို့ ပုံမှန်ဖြစ်လာလိမ့်မည်။ ဤအရာက ဘုရားနှုတ်ကပတ်တော်များက သင်၏အသက်ဖြစ်လာလိမ့်မည်ဟု ဆိုလိုသည်။ အကယ်၍ တစ်စုံတစ်ခုနှင့် သင်ရင်ဆိုင်ကြုံတွေ့ရသောအခါ မှားယွင်းသောလမ်းကြောင်းကို အစဉ်သဖြင့် သင်လျှောက်မိပြီး အစဉ်သဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ရကာ လမ်းကြောင်းမှန်ပေါ်သို့ သင်ပြန်ရောက်ဖို့အလို့ငှာ တစ်စုံတစ်ယောက်က သင့်ကို အစဉ်သဖြင့် ကူညီပြီး ထောက်ပံ့နေရပါက ဤသည်က နီးပင်မနီးစပ်ချေ။ ထို့အပြင် သင့်တွင် ဝိညာဉ်ရင့်ကျက်မှု လုံးဝ မရှိချေ။ အကယ်၍ သင့်ကို ကူညီထောက်ပံ့ဖို့ မည်သူမျှ မရှိပါက သင့်အနီးအနားရှိ ပတ်ဝန်းကျင်က ပြင်းပြင်းထန်ထန် ပြောင်းလဲသည်နှင့်တစ်ပြိုင်နက် မည်မျှဝေးဝေး သင်လဲပြိုသွားမည်ကို မပြောနိုင်ပေ။ တစ်ညတည်းအတွင်းတွင်ပင် ဘုရားသခင်ကို သင်သည် ငြင်းပယ်၍ သစ္စာဖောက်လာနိုင်သည်။ ညတွင်းချင်းပင် သင်သည် ဘုရားသခင်ကို စွန့်ခွာပြီး စာတန်၏ လက်ထဲသို့ ပြန်ရောက်သွားနိုင်သည်။ တစ်နည်းဆိုရသော် သမ္မာတရားကို သင်မရမီနှင့် သမ္မာတရားက သင်၏အသက်ဖြစ်မလာမီတွင် သင်သည် အန္တရာယ်ရှိနေဆဲဖြစ်သည်။ ယုံကြည်ခြင်းအနည်းငယ်မျှကို ပိုင်ဆိုင်ခြင်း၊ သင့်ကိုယ်သင် ဘုရားသခင်အဘို့ အသုံးခံဖို့ ဆန္ဒရှိခြင်းနှင့် ယခုလက်ရှိတွင် သန္နိဋ္ဌာန် သို့မဟုတ် ကောင်းသည့် ပြင်းပြသောဆန္ဒများ အနည်းငယ်မျှရှိခြင်းတို့က သင့်တွင် အသက်ရှိကြောင်းကို သက်သေပြခြင်း မဟုတ်ပေ။ ဤအရာများသည် အပေါ်ယံဖြစ်စဉ်မျှသာဖြစ်သည်။ ဤသည်မှာ ဖြစ်လိုသောဆန္ဒသာ ဖြစ်သည်။ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး တိုးတက်မလာမီ သင်သည် သမ္မာတရားဖြင့် မိမိကိုယ်ကို ပြင်ဆင်ရမည်။ ဘုရားသခင်၏အမှုတော်၊ အချို့သော စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို တွေ့ကြုံနိုင်ရမည်။ သင့်အတွင်းတွင် ဘုရားသခင်အပေါ် စစ်မှန်သည့်ယုံကြည်မှု ဖြစ်ပေါ်လာသောအခါ သင်သည် စစ်မှန်သော ဆုတောင်းချက်အပြင် သူနှင့် စစ်မှန်သော မိတ်သဟာယပြုခြင်း ရှိလာလိမ့်မည်။ သင်သည် သင်၏စိတ်နှလုံးထဲတွင် ရှိသည့်အရာကို ဘုရားသခင်အား ပြောနိုင်လိမ့်မည်။ ထို့အပြင် တစ်ခုခုနှင့် သင်ကြုံလာရသောအခါ သူတစ်ဦးတည်းအပေါ်တွင်သာ သင် မှီခိုနိုင်ကြောင်း၊ အခြားမည်သူတစ်ဦးမျှ အလုပ်ဖြစ်မည် မဟုတ်ကြောင်း သင်ခံစားရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးက ပုံမှန်ဖြစ်နေမည့်အခါတွင် ဖြစ်သည်။ သင့်တွင် ဘုရားသခင်အပေါ် စစ်မှန်သည့်ယုံကြည်မှုရှိသောအခါ သူက သင့်ကို မည်သည့်နေရာတွင် ထားသည်ဖြစ်စေ၊ သင်က နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် စုဝေးပွဲတစ်ခုကို မတက်ရောက်နိုင်လျှင်ပင် ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် ယောဘ၏ယုံကြည်ခြင်းကဲ့သို့ လုံးဝ မပြောင်းလဲဘဲ ဆက်ရှိနေလိမ့်မည်။ စုဝေးပွဲများကို သင် တက်ရောက်မည် မဟုတ်သည့်အပြင် သင့်ကို တရားဒေသနာများ ဟောပြောဖို့ မည်သူမျှမရှိလျှင်ပင် ဘုရားသခင်၏လမ်းခရီးနှင့် ဘုရားနှုတ်ကပတ်တော်များသည် သင်၏စိတ်နှလုံးထဲတွင် ရှိနေလိမ့်မည်။ သင်သည် ဘုရားသခင်ကို စွန့်ခွာလိမ့်မည်မဟုတ်ဘဲ နေ့တိုင်း သူက သင့်ကို မည်သို့ဦးဆောင်မည့်အကြောင်းကို သင်သည် ရှင်းနေပေလိမ့်မည်။ သူ၏စမ်းသပ်မှုများကို သင်ကြုံတွေ့ရသောအခါ ဘုရားသခင်ကို သင်ငြင်းပယ်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် ယင်းတို့အထဲတွင် သူ၏ဆောင်ရွက်ချက်များကိုပင်လျှင် သင်သည် မြင်နိုင်ပေလိမ့်မည်။ ထိုအချိန်တွင် သင်သည် အမှီအခိုကင်းနိုင်လာလိမ့်မည်။ သင်တို့သည် ထိုအခြေအနေကို မရောက်ကြသေးပေ၊ သင်တို့တွင် အယူအဆများ၊ စိတ်ကူးများနှင့် မသန့်စင်မှုများ များစွာ ရှိနေဆဲဖြစ်သည်။ သင့်လုပ်ရပ်များနှင့် သင့်တာဝန်ကို ထမ်းဆောင်မှုတို့အထဲတွင် ရုပ်ဖျက်ဖုံးကွယ်ထားသည့် အရာအချို့ ရှိနေသေးသည်။ သင့်ကိုယ်ပိုင်ဆန္ဒများမှာ များပြားလွန်းလှသည်။ သင်သည် ဟန်ဆောင်နေသည့်ကာလအပိုင်းအခြားတစ်ခုအတွင်းတွင် ရှိနေဆဲပင်ဖြစ်သည်၊ သင်သည် ဝိညာဉ်ရေးရာဆန်သည့်လူတစ်ဦးဖြစ်ဖို့၊ ဝိညာဉ်ရေးရာအယူဝါဒများကို ဟောပြောဖို့နှင့် ဝိညာဉ်ရေးရာ စကားရပ်များ၊ ဝေါဟာရများနှင့် သဘောတရားများဖြင့် သင့်ကိုယ်သင် ပြင်ဆင်ဖို့ ကြိုးပမ်းနေဆဲပင်ဖြစ်သည်။ သင်သည် ဖာရိရှဲတစ်ဦးဖြစ်ဖို့နှင့် အတုအယောင် ဝိညာဉ်ရေးရာဆန်သူတစ်ဦးဖြစ်ဖို့ ကြိုးပမ်းနေဆဲပင်ဖြစ်သည်။ သင်သည် ဤလမ်းကြောင်းမျိုးကို လျှောက်ဖို့ ကြိုးစားနေဆဲပင်ဖြစ်ပြီး သင်သည် ဤမှားယွင်းသောလမ်းကြောင်းမျိုးပေါ်တွင် ရှိနေဆဲပင်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သည့်လူတစ်ဦးအဖြစ်မှ ဝေးကွာနေလွန်းသေးသည်။ သို့ဖြစ်လျှင် သင်တို့သည် သမ္မာတရားလိုက်စားပြီး တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းတို့ကို ပို၍ တွေ့ကြုံဖို့ အစွမ်းကုန် လုပ်ဆောင်ရမည်။ သို့မှသာ ဤအယောင်ဆောင်ခြင်းများ၊ ရုပ်ဖျက်ခြင်းများနှင့် ပုံမှန်မဟုတ်သည့် စိတ်နေစိတ်ထားများကို အလျှင်း ဖယ်ရှားပစ်နိုင်မည်။ ဤဖောက်ပြန်ပျက်စီးခြင်းများကို သန့်စင်ပြီးသည့်အခါ သင်နှင့် ဘုရားသခင်၏အကြားက ဆက်ဆံရေးမှာ သဘာဝအလျောက် ပုံမှန်ဖြစ်လာပေသည်။