ဘုရားသခင်အား အစေခံခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ကောက်နုတ်ချက် (၇၀)

အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အနေဖြင့် သင်သည် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်အတွက် ကောင်းမွန်သည့် သက်သေကိုခံခြင်းတွင် ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို ဦးဆောင်ရမည်ဆိုလျှင်၊ အရေးကြီးဆုံးမှာ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ကာ သမ္မာတရားကို မိတ်သဟာယပြုရင်း အချိန်ကိုပို၍ကုန်ဆုံးစေရာတွင် လူတို့ကို လမ်းပြပေးရန်ဖြစ်သည်။ ဤသို့ဖြင့် ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် လူသားကို ကယ်တင်ရာတွင် ဘုရားသခင်၏ ဦးတည်ချက်များနှင့် ဘုရားအမှုတော်၏ ရည်ရွယ်ချက်အပေါ် ပိုမိုလေးနက်သော သိမြင်မှုကို ရရှိနိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူသားအတွက် သူ၏ အမျိုးမျိုးသော သတ်မှတ်ချက်များကို နားလည်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် လူတို့သည် မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခွင့်နှင့် ဘုရားသခင်ကို စိတ်ကျေနပ်ခွင့်ရကြသည်။ သင်သည် မိတ်သဟာယဖွဲ့ဖို့နှင့် တရားဟောဖို့ စုဝေးကြသည့်အခါတွင် သင်၏အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို လက်တွေ့ကျကျ ပြောရမည် ဖြစ်ပြီး စကားများ၊ အယူဝါဒများအား ဟောခြင်းဖြင့် ကျေနပ်ခြင်းမရှိရပေ။ ဘုရားနှုတ်ကပတ်တော်များကို သင်စားသောက်သည့်အခါတွင် သမ္မာတရားကို နားလည်ခြင်း၌ အာရုံစိုက်ရမည်ဖြစ်ပြီး သမ္မာတရားကို သင်နားလည်သည်နှင့် ယင်းကို ကြိုးစားပြီး လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်၊ ပြီးလျှင် ယင်းကို လက်တွေ့လုပ်ဆောင်သည့်အခါမှသာ သမ္မာတရားကို အမှန်တကယ် နားလည်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယပြုသည့်အခါတွင် သင်သိသည့်အရာကို ပြောလော့။ မကြွားနှင့်၊ တာဝန်မဲ့သော မှတ်ချက်များ မပြုနှင့်၊ စကားများနှင့် အယူဝါဒများကို လွယ်လွယ် မပြောနှင့်၊ ပြီးလျှင် ချဲ့ကားမပြောနှင့်။ သင် ချဲ့ကားပြောလျှင်၊ လူတို့က သင့်ကို မုန်းတီးမည်ဖြစ်ပြီး နောက်ပိုင်းတွင် သင်သည် အပြစ်တင်ခံရလိမ့်မည်။ ပြီးလျှင် သင်သည် ကြီးစွာနောင်တရပြီး စိတ်မကောင်းဖြစ်လိမ့်မည်။ ဤအရာများအားလုံးကို သင့်ကိုယ်သင်အပေါ် ယူဆောင်ပြီးဖြစ်လိမ့်မည်။ သင်သည် စကားများနှင့် အယူဝါဒများကိုသာ ဟောပြောပြီး လူများကို သြဝါဒပေးပြီး ပြုပြင်မှသာ ၎င်းတို့ကို သမ္မာတရား နားလည်စေပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေနိုင်သလော။ သင် မိတ်သဟာယပြုသည့် အရာသည် လက်တွေ့မကျလျှင်၊ စကားများနှင့် အယူဝါဒများသာဖြစ်လျှင်၊ ၎င်းတို့ကို သင်မည်မျှ ပြုပြင်ပြီး သြဝါဒပေးပါစေ အကျိုးရှိမည်မဟုတ်ပေ။ လူတို့က သင့်ကို ကြောက်ရွံ့ခြင်း၊ သင်ပြောသည့်အရာကို လုပ်ဆောင်ခြင်းနှင့် မကန့်ကွက်ရဲခြင်းတို့သည် သမ္မာတရားကို ၎င်းတို့ နားလည်ကာ ကျိုးနွံနာခံခြင်းနှင့် အတူတူဖြစ်သည်ဟု သင် ထင်သလော။ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အသက်ဝင်ရောက်မှုသည် အလွန်ရိုးရှင်းခြင်းမရှိပေ။ ခေါင်းဆောင်အချို့သည် အမြင်ကောင်းစေရန်အတွက် ကြိုးစားနေသော မန်နေဂျာအသစ်တစ်ယောက်နှင့်တူသည်။ လူတိုင်းက ၎င်းတို့ကို ကျိုးနွံနာခံရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောသူတို့အပေါ် ၎င်းတို့၏ လတ်တလောရရှိထားသည့်အာဏာကို အသုံးချရန် ကြိုးစားပြီး ဤသို့ဖြင့် ၎င်းတို့အလုပ်က ပို၍လွယ်ကူလိမ့်မည်ဟု ထင်ကြသည်။ သင်သည် သမ္မာတရားလက်တွေ့ကျမှု ကင်းမဲ့လျှင် မကြာခင်တွင် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုက ထုတ်ဖော်ခံရလိမ့်မည်၊ သင်၏ သရုပ်မှန်က ဖော်ထုတ်ခြင်းခံရလိမ့်မည်။ သင်သည် ကောင်းစွာ ဖယ်ရှားရှင်းလင်းခြင်းခံရနိုင်ပေမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့တွင် အနည်းငယ် ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်းမရှိပါက၊ အဆုံး၌ ပြဿနာများကို ဖြေရှင်းနိုင်ဦးမည် မဟုတ်သကဲ့သို့၊ ဤသို့ဖြင့် အလုပ်၏ ရလဒ်များကို ထိခိုက်လိမ့်မည်။ အသင်းတော်၌ မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ၊ လူများကို သင် ဆက်၍ ဩဝါဒပေးပြီး အပြစ်တင်နေလျှင်၊ သင်သည် အစဉ် စိတ်တိုသည့်ပုံစံဖြင့် ပြမူနေရုံသာရှိလျှင်၊ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာသူ ထုတ်ဖော်ပြနေခြင်း ဖြစ်လေသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း၏ အကျည်းတန်သော မျက်နှာကို ပြသပြီးဖြစ်သည်။ သင်သည် အမြဲတမ်း အထက်စီးမှနေ၍ လူများကို ဤကဲ့သို့ ဩဝါဒပေးနေပါက၊ အချိန်ကြာလာသည်နှင့်အမျှ လူများသည် သင့်ထံမှ အသက်ပံ့ပိုးမှုကို လက်ခံရရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် လက်တွေ့ကျသည့် မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ ထိုအစား သင်သည်အလွန်မုန်းတီးခြင်းနှင့် ရွံရှာခြင်းသာ ခံရလိမ့်မည်။ ထို့အပြင် ချင့်ချိန်နိုင်စွမ်း မရှိသောကြောင့် သင်၏ ဩဇာလွှမ်းမိုးခြင်းကို ခံခဲ့ရပြီးသည့်နောက်၊ အခြားသူများကို ထိုနည်းတူ ဩဝါဒပေးပြီး ပြုပြင်မည့် လူအချို့ရှိလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည်လည်း ထိုနည်းတူ စိတ်ဆိုးပြီး ဒေါသထွက်ကြလိမ့်မည်။ သင်သည် လူများ၏ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ရုံသာမက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုလည်း အားပေးမြှင့်တင်ပေးနေမိလိမ့်မည်။ ယင်းက ၎င်းတို့အား ပျက်စီးခြင်းဆီသို့ လမ်းကြောင်းပေါ် ဦးဆောင်နေခြင်း မဟုတ်လော။ ယင်းက ဆိုးယုတ်သည့် အပြုအမူတစ်ခု မဟုတ်သလော။ ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းနှင့် အသက်ကို ထောက်ပံ့ပေးခြင်းတို့အားဖြင့် အဓိက ဦးဆောင်သင့်သည်။ သင်သည် အစဉ်သဖြင့် အပေါ်စီးမှနေကာ အခြားသူများအား ဩဝါဒပေးလျှင်၊ ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်လိမ့်မည်လော။ သင်သည် ဤနည်းလမ်းဖြင့် ခဏတာ အလုပ်လုပ်လျှင် လူများက သင့်ကို အရှိအတိုင်း ရှင်းလင်းစွာ မြင်လာသည့်အခါ သင့်ကို ၎င်းတို့က စွန့်ပစ်လိမ့်မည်။ ဤသို့အလုပ်လုပ်ခြင်းအားဖြင့် လူများကို ဘုရားသခင်၏ ရှေ့မှောက်သို့ သင် ခေါ်ဆောင်နိုင်သလော။ သင် သေချာပေါက် မခေါ်ဆောင်နိုင်ပေ။ သင်လုပ်နိုင်သည့်အရာမှာ အသင်းတော်အလုပ်ကို ပျက်စီးအောင်လုပ်မိပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို သင့်အား ရွံရှာစက်ဆုပ်ပြီး စွန့်ပစ်ဖို့ ဖြစ်စေရုံသာ ရှိသည်။ အတိတ်တွင် ဤအကြောင်းရင်းအတွက် ဖယ်ရှားရှင်းလင်းခံခဲ့ရသည့် ခေါင်းဆောင်နှင့် အမှုဆောင်အချို့ ရှိသည်။ ၎င်းတို့သည် တကယ့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယမပြုနိုင်ခဲ့ကြ၊ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန် လူတို့ကို မဦးဆောင်နိုင်ခဲ့ကြ သို့မဟုတ် လူတို့အား မိမိတို့ကိုယ်ကိုယ် သိနားလည်ရန် မဦးဆောင်နိုင်ခဲ့ကြပေ။ ဤပဓာနကျသော အလုပ်တစ်ခုကိုမျှ ၎င်းတို့ မလုပ်ဆောင်ခဲ့ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ထိပ်ပေါ်တင်ထားခြင်း၊ လူတို့ကို ဩဝါဒပေးခြင်းနှင့် အမိန့်များပေးခြင်းကိုသာ အာရုံစိုက်ကြသည်။ ဤအရာကို လုပ်ဆောင်ခြင်းအားဖြင့်၊ အသင်းတော်ခေါင်းဆောင်တစ်ဦး၏ အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု တွေးထင်နေခဲ့ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် အထက်က ထုတ်ပြန်သည့် အလုပ် အစီအစဉ်များကို သိခဲ့လျှင်ပင် ဆောင်ရွက်ခြင်းမရှိခဲ့ကြသကဲ့သို့ သတ်သတ်မှတ်မှတ်အလုပ်များကိုလည်း ကောင်းမွန်စွာ မလုပ်ဆောင်ခဲ့ကြပေ။ စကားများနှင့် အယူဝါဒများကို လေရှည်ခြင်းနှင့် ဆောင်ပုဒ်များကို ဟစ်ကြွေးခြင်းတို့အပြင် ၎င်းတို့ လုပ်ဆောင်ခဲ့သမျှမှာ မိမိတို့ကိုယ်ကိုယ် ထိပ်ပေါ်တင်ကာ လူတို့ကို ကြောင်းကျိုးမမြင်ဘဲ ဩဝါဒပေးပြီး ပြုပြင်ရန် ဖြစ်သည်။ ဤအရာက လူတိုင်းအား ဤခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ကြောက်ရွံ့စေပြီး ရှောင်ရှားစေကာ လူတို့သည် ၎င်းတို့ထံ ပြဿနာများကို အစီရင်မခံဝံ့ကြချေ။ ဤသို့ ပြုမူဆောင်ရွက်ခြင်းအားဖြင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ အလုပ်ကို ချွတ်ချော်စေခဲ့ကြပြီး၊ လုံးဝ ရပ်တန့်သွားစေခဲ့ကြသည်။ ၎င်းတို့အနေဖြင့် စစ်မှန်သည့် မည်သည့် အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ကြောင်း သဘောပေါက်သွားကြသည်မှာ ဘုရားအိမ်တော်က ၎င်းတို့ကို ထုတ်ပယ်ခဲ့သည့်အချိန်တွင်သာ ဖြစ်သည်။ ၎င်းတို့အနေဖြင့် နောင်တများစွာ ခံစားခဲ့ရကောင်းခံစားခဲ့ရမည်ဖြစ်သော်လည်း၊ နောင်တများက အသုံးမဝင်ပေ။ ၎င်းတို့သည် ထုတ်ပယ်ကာ ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ကြရဆဲဖြစ်သည်။

ကောက်နုတ်ချက် (၇၁)

သင်တို့အားလုံးသည် သမ္မာတရားကို ရရှိရန် အားထုတ်လိုကြသည်။ အတိတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များရှိ သမ္မာတရား ရှုထောင့်အမျိုးမျိုးကို သင်တို့ ရွေးချယ်ကောက်နုတ်ခဲ့သည့်အချိန်က သင်တို့ အားထုတ်ကြိုးပမ်းခဲ့ကြသည်။ အချို့က ဤအရာမှ အနည်းငယ် အကျိုးရရှိကြသည်။ အချို့မှာမူ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်သာ နှစ်သက်ခဲ့ကြပြီး လမ်းလွဲသွားကြသည်။ ရလဒ်မှာမူ ထိုလူတို့သည် သမ္မာတရား၏ ရှုထောင့် တစ်ခုချင်းဆီကို ယူကာ ယင်းတို့ကို လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ အဖြစ်ပြောင်းလဲခဲ့ကြသည်။ သင်တို့ သမ္မာတရားကို ဤသို့ ရွေးချယ်ကောက်နုတ်လျှင် သင်တို့သည် အခြားသူများ အသက်ရရှိရန် ကူညီခြင်း၊ သို့မဟုတ် သူတို့၏ စိတ်သဘောထားကို သမ္မာတရားအတွင်းမှ ပြောင်းလဲရန် ကြိုးစားနေခြင်း မဟုတ်။ ထိုအစား သင်တို့သည် သူတို့ကို သမ္မာတရားအတွင်းမှ သိမြင်မှု၊ သို့မဟုတ် အယူဝါဒအချို့ကို ပိုင်နိုင်အောင် လုပ်ဆောင်ပေးနေခြင်းသာ ဖြစ်သည်။ ယင်းမှာ သူတို့က ဘုရားအလုပ်၏ ရည်ရွယ်ချက်ကို နားလည်သည့်အလား ဖြစ်သော်လည်း အမှန်မှာမူ သူတို့သည် အချို့သော အယူဝါဒများနှင့် နှုတ်ကပတ်တော်များကိုသာ ကျွမ်းကျင်ပိုင်နိုင်ကြကာ သမ္မာတရားအတွင်း ပါဝင်သည့် အနက်အဓိပ္ပာယ်ကိုမူ နားမလည်ကြပေ။ ယင်းသည် ဓမ္မပညာ၊ သို့မဟုတ် သမ္မာကျမ်းစာကို သင်ယူခြင်းကဲ့သို့ပင် ဖြစ်သည်။ သမ္မာကျမ်းစာဆိုင်ရာ အချို့သော သိမြင်မှု တစ်စိတ်တစ်ဒေသနှင့် ဓမ္မပညာဆိုင်ရာ သဘောတရားအနည်းငယ်ကို အနှစ်ချုပ်ပြီးသည့်အချိန်တွင် သမ္မာကျမ်းစာဆိုင်ရာ သိမြင်မှုအချို့နှင့် သဘောတရားအချို့အပေါ် နားလည်မှုကိုသာ လူတို့ရကြသည်။ သူတို့သည် ထိုစကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၌သာ အကျွမ်းကျင်ဆုံးဖြစ်ပြီး စစ်မှန်သော အတွေ့အကြုံ မရှိချေ။ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် နားလည်မှုမရှိ။ ဘုရားသခင်၏ အလုပ်အပေါ်တွင် သာ၍ပင် နားလည်မှု မရှိချေ။ အဆုံးတွင် ဤလူတို့ ရရှိခဲ့သည်မှာ အယူဝါဒအနည်းငယ်နှင့် အချို့သော သိမြင်မှု တစ်စိတ်တစ်ဒေသသာ ဖြစ်သည်။ ယင်းတို့သည် စည်းမျဉ်းစည်းကမ်းအချို့သာ ဖြစ်သည်။ သူတို့သည် လက်တွေ့ကျကျ မည်သည့်အရာမျှ မရရှိပေ။ အကယ်၍ ဘုရားသခင်သည် အလုပ်အသစ်ကို လုပ်ဆောင်ပါက ထိုလူတို့သည် ယင်းကို လက်ခံကာ ကျိုးနွံနာခံနိုင်ကြမည်လော။ သင် ရွေးချယ်ကောက်နုတ်ထားသော သမ္မာတရားတို့နှင့် သင် လျော်ညီအောင် နေနိုင်မည်လော။ အကယ်၍ သင်သည် နားလည်မှုအချို့ ရှိနိုင်သလို ရှိလည်း ရှိသည် ဆိုပါက သင်ရွေးချယ်ကောက်နုတ်ထားသည့် အရာများသည် အတိုင်းအတာတစ်ခုအထိ လက်တွေ့ကျပေသည်။ အကယ်၍ နားလည်မှု မရှိနိုင်ပါက သင်ရွေးချယ်ကောက်နုတ်ထားသည့် အရာများမှာ စည်းမျဉ်းစည်းကမ်းများသာ ဖြစ်၍ တန်ဖိုးမရှိပါ။ သို့ဆိုလျှင် သမ္မာတရားကို ဤနည်းဖြင့် ရွေးချယ်ကောက်နုတ်ခြင်းသည် သင့်လျော်သလော။ ယင်းက လူတို့ သမ္မာတရားကို နားလည်စေရန် အထောက်အကူပြုနိုင်သလော။ အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ မရှိပါက ယင်းကို လုပ်ဆောင်စရာ အကြောင်း လုံးဝမရှိပေ။ ယင်းသည် လူတို့ကို ဓမ္မပညာအား သင်ယူစေရန်သာ ဖြစ်သည်။ ယင်းသည် သူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့ကို တွေ့ကြုံခံစားစေရန် မဟုတ်ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်အိမ်တော်သည် စာအုပ်များကို တည်းဖြတ်ပြင်ဆင်သည့်အခါတွင် စည်းမျဉ်းများ ရှိရမည်။ ယင်းတို့သည် လူတို့ သမ္မာတရားကို အလွယ်တကူနားလည်နိုင်စေရန်၊ ဝင်ရောက်နိုင်မည့် လမ်းကြောင်းတစ်ခု ရရှိနိုင်ရန်၊ သူတို့၏ စိတ်နှလုံးတွင် အလင်းရောက်နိုင်စေရန် အထောက်အကူပေးနိုင်ရမည်။ ဤသည်က သမ္မာတရား စစ်မှန်မှုကို ဝင်ရောက်ရန် လွယ်ကူစေသည်။ သင်သည် ဘာသာရေးတွင် သမ္မာကျမ်းစာနှင့် ဓမ္မပညာဆိုင်ရာ အသိပညာများကို စနစ်ကျကျ နည်းလမ်းဖြင့် လေ့လာသောသူများကဲ့သို့ ဖြစ်၍ မရပေ။ ယင်းသည် လူတို့ကို သမ္မာကျမ်းစာဆိုင်ရာ ဗဟုသုတများ၊ ဘာသာရေး ထုံးတမ်းများနှင့် စည်းမျဉ်းစည်းကမ်းများဆီသို့သာ ဦးတည်ပေးကာ သူတို့ကို ကန့်သတ်ချုပ်နှောင်ထားပေလိမ့်မည်။ ယင်းသည် လူတို့ကို သမ္မာတရားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်စေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ ဆောင်ကြဉ်းနိုင်စွမ်းမရှိ။ မေးခွန်းများ တစ်ခုပြီးတစ်ခု မေးမြန်းကာ ထိုမေးခွန်းများကို ဖြေခြင်းအားဖြင့်ဖြစ်စေ၊ အဓိကကျသောအချက်တို့ကို ကောက်နုတ်ကာ သမ္မာတရားကို စာကြောင်းအနည်းငယ်ဖြင့် အနှစ်ချုပ်ခြင်းနှင့် ရွေးချယ်ကောက်နုတ်ခြင်းအားဖြင့်ဖြစ်စေ ဤအကြောင်းအရာများသည် သူ့ဘာသာ ထင်ရှားလာကာ သင်၏ညီအစ်ကို မောင်နှမများ အလွယ်တကူ နားလည်အောင်လုပ်ပေးနိုင်သည်ဟု သင်တွေးထင်သည်။ သင်က ယင်းမှာ ကောင်းမွန်သော ချဉ်းကပ်နည်းဟု တွေးထင်သည်။ သို့သော် လူတို့သည် ယင်းကို ဖတ်ပြီးပါက သမ္မာတရားအတွင်း ပါဝင်သည့် အဓိပ္ပာယ်ကို နားလည်လိမ့်မည်မဟုတ်။ သူတို့သည် ယင်းကို လက်တွေ့အရှိတရားနှင့် မည်သည့်အခါမျှ ဆက်စပ်နိုင်လိမ့်မည် မဟုတ်။ သူတို့ ကျွမ်းကျင်ပိုင်နိုင်သွားသည့်အရာမှာ စကားအချို့နှင့် အယူဝါဒအချို့သာ ဖြစ်သည်။ ဤအကြောင်းကြောင့် အဆိုပါအရာများကို မလုပ်ဆောင်ခြင်းသည် လုပ်ဆောင်ခြင်းထက် သာ၍ ကောင်းမွန်လေသည်။ ဤအရာများကို လုပ်ဆောင်ခြင်းသည် လူတို့ကို အသိပညာကို နားလည်ပြီး ကျွမ်းကျင်အောင် ဦးဆောင်ပေးသည့် နည်းလမ်းတစ်ခုဖြစ်သည်။ သင်ကလူများကို အယူဝါဒနှင့် ဘာသာတရားထဲသို့ လမ်းညွှန်ပြသပေးကာ ၎င်းတို့ကို ဘာသာရေး အယူဝါဒများ၏ ဆက်စပ်အခြေအနေတွင် ဘုရားသခင်ကို ယုံကြည်ကာ နောက်လိုက်စေသည်။ ဤသည်ကား ဘုရားသခင်အပေါ် မိမိတို့၏ ယုံကြည်မှုတွင် လျှောက်စေရန် ရှင်ပေါလုက လူတို့ကို ဦးဆောင်ခဲ့သည့် လမ်းကြောင်းပင် မဟုတ်သလော။ ဝိညာဉ်ရေးရာ အယူဝါဒကို နားလည်ရန် အထူးသဖြင့် အရေးကြီးသည်ဟု သင်တို့ကထင်ကြသည်။ သို့သော် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ရန်ကိုမူ အရေးကြီးသည်ဟု မထင်ကြ။ ဤသည်ကား ကြီးစွာသော အမှားပေတည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော် မည်မျှကို အလွတ်မှတ်သားနိုင်သည်၊ အယူဝါဒမည်မျှအကြောင်းကို ပြောပြနိုင်သည်၊ ပြဋ္ဌာန်းထားသော ဝိညာဉ်ရေးရာ လုပ်နည်းကိုင်နည်း မည်မျှရှာနိုင်သည်တို့ကို အာရုံစူးစိုက်ကြသူတို့ အများအပြားရှိသည်။ ဤအကြောင်းကြောင့် သင်တို့သည် လူတိုင်းက တစ်သဝေမတိမ်းသော စကားကို ပြောစေရန်၊ တူညီသော အယူဝါဒများကို ရွတ်ဆိုစေရန်၊ တူညီသော သိမြင်မှုကို ပိုင်ဆိုင်စေရန်နှင့် တူညီသော စည်းမျဉ်းစည်းကမ်းကို လိုက်နာစေရန် သမ္မာတရား၏ ရှုထောင့်အားလုံးကို သင်တို့ အစဉ်အမြဲ စနစ်ကျကျ ရွေးချယ်ကောက်နုတ်ခြင်း ဖြစ်သည်။ ဤသည်ကား သင်တို့၏ ပန်းတိုင်ပင်။ ဤသည်က သင်တို့သည် လူအများကို သမ္မာတရားကို ပိုမိုနားလည်အောင် ကူညီရန် လုပ်ဆောင်သည်ဟု ထင်ရသော်လည်း သင်တို့သည် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် အယူဝါဒဆိုင်ရာ စည်းမျဉ်းစည်းကမ်းများဆီသို့ လူအများကို ဦးဆောင်နေကြောင်းနှင့် သူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရား စစ်မှန်မှုမှ ဝေးသည်ထက် ဝေးစွာ လမ်းလွဲသွားမည်သာ ဖြစ်ကြောင်းကို သင်တို့ မသိချေ။ သမ္မာတရားကို နားလည်စေရန် လူအများအား အမှန်တကယ် ကူညီဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုခြင်းကို လက်တွေ့အရှိတရားဖြင့်လည်းကောင်း၊ လူတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေတို့ဖြင့်လည်းကောင်း ပေါင်းစပ်ရလိမ့်မည်။ သင့်ကိုယ်၌တွင် ရှိသည့် ပြဿနာများကို ဆင်ခြင်သုံးသပ်ကာ နားလည်ရမည်။ ထို့ပြင် သင်ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ရမည်။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို သင်ပြုပြင်ရမည်။ ဤကား လူတို့၏ တကယ့် ပြဿနာများကို ဖြေရှင်းရန်နှင့် သူတို့ကို သမ္မာတရားကို နားလည်စေပြီး လက်တွေ့အရှိတရားကို ဝင်ရောက်စေရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤရလဒ်ကို ရရှိခြင်းဖြင့်သာ လူအများကို သင်သည် ဘုရားသခင်ရှေ့မှောက်သို့ အမှန်တကယ် ဆောင်ကြဉ်းမည်ဖြစ်သည်။ အကယ်၍ သင်ပြောဆိုသမျှက ဝိညာဉ်ရေးရာသဘောတရား၊ အယူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများ အကြောင်းချည်းသာဆိုပါက၊ အကယ်၍ သင်အာရုံစူးစိုက်သည့်အရာမှာ လူတို့တွင် ကောင်းမွန်သော အမူအကျင့် ရှိကြောင်း သေချာစေရန်သာ ဖြစ်ပါက၊ အကယ်၍ သင်စွမ်းဆောင်ရရှိနိုင်သည်က လူတို့ကို တစ်ပုံစံတည်း ပြောဆိုရန်နှင့် တူညီသော စည်းမျဉ်းစည်းကမ်းတို့ကို လိုက်နာရန်သာ ဖြစ်ပြီး သူတို့ နောင်တရနိုင်ပြီး ပြောင်းလဲနိုင်စေရန်အတွက် သူတို့ကိုသူတို့ ပို၍ နားလည်အောင် လုပ်ဆောင်နိုင်ဖို့ မဆိုထားနှင့်၊ သင်သည် သူတို့ကို သမ္မာတရားကို နားလည်စေရန် မဦးဆောင်နိုင်ပါက သင်နားလည်ထားသည်မှာ စကားများနှင့် အယူဝါဒများသာဖြစ်ပြီး သင်သည် သမ္မာတရားစစ်မှန်မှုတစ်စက်မျှ မရှိ။ ဘုရားသခင်ကို ဤကဲ့သို့နည်းလမ်းဖြင့် ယုံကြည်ခြင်းဖြင့် အဆုံးတွင် သင်သည် သမ္မာတရားကို မရနိုင်ရုံသာမက သင်သည် မိမိကိုယ်ကို ဆီးတားကာ ပိတ်ပင်မိလိမ့်မည်။ သင်သည် မည်သည့်အရာမျှ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

ဘုရားသခင် ပြောဆိုသည့် ပုံစံအချို့ကို သင်တို့ သတိထားမိသလော။ လူအချို့က ဤသို့ဖော်ညွှန်းကြသည်။ ဘုရားသခင်ထံမှ အကျယ်တဝင့် ဟောပြောချက်တိုင်းရှိ အကြောင်းအရာသည် ဘက်ပေါင်းစုံသည်။ အပိုဒ်တိုင်း ဝါကျတိုင်း၏ အဓိပ္ပာယ်သည် ခြားနားသည်။ ယင်းသည် လူတစ်ယောက်အတွက် မှတ်မိရန်မလွယ်ကူသကဲ့သို့ လူတို့ နားလည်ရန်လည်း မလွယ်ကူပေ။ လူတို့သည် အပိုဒ်တိုင်း၏ အဓိက ဆိုလိုရင်းကို အနှစ်ချုပ်လိုပါက မလုပ်နိုင်ဘဲ ရှိလိမ့်မည်။ အစွမ်းအစညံ့ဖျင်းသူတို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမလည်နိုင်။ မည်သို့ပင် မိတ်သဟာယဖွဲ့ပေးစေကာမူ သူတို့သည် သမ္မာတရားကို နားလည်နိုင်စွမ်း ရှိဦးမည်မဟုတ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ဝတ္ထု၊ စကားပြေ သို့မဟုတ် စာပေလက်ရာများ မဟုတ်။ ယင်းတို့သည် သမ္မာတရားဖြစ်သည်။ လူသားကို အသက်‌ ထောက်ပံ့ပေးသော ဘာသာစကားဖြစ်သည်။ တွေးတောကြံဆရုံမျှဖြင့် အဆိုပါနှုတ်ကပတ်တော်များကို လူတို့နားမလည်နိုင်သကဲ့သို့ အားထုတ်မှု အနည်းငယ် ပိုသုံးစွဲရုံမျှဖြင့်လည်း ယင်းတို့အတွင်းရှိ ပုံစံများကို လူတို့ အနှစ်မချုပ်နိုင်။ ထိုအကြောင်းကြောင့် သင်သည် သမ္မာတရား၏ မည်သည့်ရှုထောင့်နှင့်ပတ်သက်၍ သိမြင်မှု အနည်းငယ် ရှိပါစေ၊ တစ်စုံတစ်ခုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ပါစေ သင်နားလည်သည်မှာ တစ်စိတ်တစ်ပိုင်းမျှသော သိမြင်မှုသာ ဖြစ်သဖြင့် သင် မဝါကြွားနိုင်ပေ။ ယင်းသည် အပေါ်ယံ အပယိကသာ ဖြစ်၏။ သမုဒ္ဒရာကြီးထဲသို့ ကျသွားသည့် ရေစက် တစ်ပေါက်မျှသာဖြစ်သည်။ ဘုရားသခင်၏ စစ်မှန်သော ရည်ရွယ်ချက်ကို နားလည်နိုင်ရန် လုံးဝဥဿုံ စံမမီချေ။ ဘုရားသခင်၏ အကျယ်တဝင့် ဟောပြောချက်တိုင်းတွင် သမ္မာတရား၏ ရှုထောင့်ပေါင်းစုံ ပါရှိသည်။ ဥပမာ အကျယ်တဝင့် ဟောပြောချက်တစ်ခုတွင် ဘုရားသခင် လူ့ဇာတိခံယူမှု၏ နက်နဲမှုများအကြောင်းကို ပြောလေသည်။ ယင်းတွင် လူ့ဇာတိ ခံယူခြင်း၏ အရေးပါမှု၊ လူ့ဇာတိ ခံယူခြင်းဖြင့် ပြီးမြောက်သော အလုပ်များနှင့် လူတို့ ဘုရားသခင်ကို အဘယ်သို့ ယုံကြည်သင့်ကြောင်းတို့ ပါဝင်သည်။ လူတို့ ဘုရားသခင်ကို မည်သို့သိကျွမ်းသင့်ကာ ချစ်မြတ်နိုးသင့်ကြောင်းလည်း ပါဝင်ကောင်း ပါဝင်နိုင်သည်။ ယင်းသည် သမ္မာတရား၏ ရှုထောင့်အမြောက်အမြားကို လွှမ်းခြုံထားသည်။ အကယ်၍ သင်တွေးထင်ထားသကဲ့သို့ လူ့ဇာတိခံယူခြင်းသည် ဝါကျအချို့ဖြင့် အတိုဆုံးနှင့် အရှင်းဆုံးဖော်ပြ၍ရသည့် အဓိပ္ပာယ် အနည်းငယ်သာရှိလျှင် လူသားတို့သည် အဘယ်ကြောင့် ဘုရားသခင်နှင့် ပတ်သတ်၍ အယူအဆများ စိတ်ကူးများ ရှိနေရသနည်း။ လူ့ဇာတိခံယူခြင်းအမှုသည် လူတို့အပေါ် မည်သည့် အကျိုးသက်ရောက်မှုများရရှိစေရန် ရည်ရွယ်သနည်း။ ယင်းသည် လူသားတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားစေရန်နှင့် ဘုရားသခင်ထံ ပြန်လာစေနိုင်ရန် ထောက်ကူပေးသည်။ ယင်းသည် လူသားနှင့် ထိတွေ့ဆက်ဆံရန်၊ လူသားတို့ကို တိုက်ရိုက် ကယ်တင်ရန်နှင့် လူသားတို့ ဘုရားသခင်ကို သိကျွမ်းနိုင်စေရန် ဖြစ်သည်။ ဘုရားသခင်ကို သိကျွမ်းလာပြီးသည့်နောက်တွင် လူတို့သည် သဘာဝအလျောက် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးတစ်ခု ဖြစ်တည်လာကာ ၎င်းတို့အတွက် ဘုရားသခင်ထံသို့ ကျိုးနွံနာခံရန် လွယ်ကူလာစေသည်။ ထိုအကြောင်းကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏၊ သို့မဟုတ် သမ္မာတရား၏ မည်သည့်ရှုထောင့်မျှ သင်စိတ်ကူးသလောက် မရိုးရှင်းပေ။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်နှင့်သက်ဆိုင်သော ဘာသာစကားတို့ကို ရိုးရှင်းသည်ဟု ရှုမြင်လေလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကျမ်းတစ်ပိုဒ်မျှဖြင့် မည်သည့် ပြဿနာကိုမဆို‌ ဖြေရှင်းနိုင်သည်ဟု ယုံကြည်လေလျှင် သင်သည် သမ္မာတရားကို အလုံးစုံ နားမလည်နိုင်ချေ။ သင်၏ နားလည်မှုများသည် သမ္မာတရားနှင့် ကိုက်ညီနေလျှင်ပင် ယင်းမှာ တစ်ဖက်သတ်ပင် ဖြစ်နေသေးသည်။ ဘုရားသခင်၏ အကျယ်တဝင့် ဟောပြောချက်တိုင်းသည် ဘက်စုံသော ရှုထောင့်များမှ ပြောဆိုထားသည်။ လူသားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနှစ်ချုပ်သည်ဖြစ်စေ ရွေးချယ်ကောက်နုတ်သည်ဖြစ်စေ လုပ်၍မရနိုင်။ ရွေးချယ်ကောက်နုတ်ပြီးပါက ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်သည် အမှုကိစ္စတစ်ခုအကြောင်းကိုသာ ညွှန်းဆိုသည်ဟု သင်တို့ တွေးထင်ကြသည်။ အမှန်မှာမူ ယင်းအပိုဒ်သည် ပြဿနာအချို့ကို ဖြေရှင်းနိုင်သည်။ သမ္မာတရား၏ ရှုထောင့်အားလုံးသည် စစ်မှန်မှု မြောက်မြားစွာ ပါဝင်သဖြင့် ယင်းကို သင်သည် အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြ၍မရနိုင်ပေ၊ သို့မဟုတ် ဘောင်ခတ်၍ မရနိုင်‌ပေ။ သမ္မာတရားသည် အသက်ဖြစ်ကြောင်း၊ ယင်းကို လူတို့ ပျော်မွေ့နိုင်ကြောင်း၊ ယင်းသည် သက်တမ်းအချို့၊ သို့မဟုတ် နှစ်ရာချီကြာပြီးနောက်တွင်ပင် လူတို့ အပြည့်အဝ တွေ့ကြုံခံစား၍ရနိုင်သည့်အရာတစ်ခု မဟုတ်ကြောင်း အဘယ်ကြောင့် ဆိုထားသနည်း။ အကယ်၍ သင်သည် သမ္မာတရား၏ ရှုထောင့်တစ်ခု၊ သို့မဟုတ် ဘုရားသခင် နှုတ်ကပတ်တော်၏ စာတစ်ပိုဒ်ကို ရွေးချယ်ကောက်နုတ်လိုက်ပါက သင်ရွေးချယ်ကောက်နုတ်လိုက်သော စာပိုဒ်သည် ပြဋ္ဌာန်းထားသော လုပ်နည်းကိုင်နည်းတစ်ခု၊ စည်းမျဉ်းစည်းကမ်းတစ်ခု၊ အယူဝါဒတစ်ခု ဖြစ်သွားကာ သမ္မာတရား မဟုတ်တော့ပေ။ ယင်းသည် စာလုံးတစ်လုံးပင် မပြောင်းလဲထားသည့် ဘုရားသခင်၏ မူလနှုတ်ကပတ်တော်ဖြစ်သည်ဆိုလျှင်ပင် သင်က ဤနည်းအားဖြင့် ရွေးချယ်ကောက်နုတ်ကာ စီစဉ်လိုက်ပါက ယင်းတို့သည် အယူအဆဆိုင်ရာ စကားလုံးများဖြစ်သွားပြီး သမ္မာတရား မဟုတ်တော့ချေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ ယင်းမှာ သင်သည် လူတို့အား လမ်းလွဲချော်စေကာ အယူဝါဒများထံသို့ ဦးဆောင်သွားပြီး ပြဿနာများကို သင်၏ အယူဝါဒအတိုင်း တွေးတော၊ စိတ်ကူး၊ ဆင်ခြင်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုစေမည် ဖြစ်သောကြောင့်တည်း။ အဖန်ဖန် ဖတ်ရှုပြီးပါက လူတို့သည် အဆိုပါစာပိုဒ်ရှိ အယူဝါဒတစ်ခုတည်းကို နားလည်ကာ စည်းမျဉ်းစည်းကမ်းတစ်ခုတည်းကိုသာ မြင်တော့မည်။ သမ္မာတရားစစ်မှန်မှု ဖြစ်သော ရှုထောင့်ကို မြင်ရန်ကား ပျက်ကွက်ပေမည်။ အဆုံးတွင် သင်သည် အယူဝါဒများကို နားလည်ရန်နှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် လမ်းကြောင်းပေါ်သို့ လူတို့ကို ဦးဆောင်သွားလိမ့်မည်။ ထိုလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့ တွေ့ကြုံခံစားရမည်ကို သိမည်မဟုတ်။ သူတို့သည် အယူဝါဒများကိုသာ နားလည်ကာ အယူဝါဒများကိုသာ ဆွေးနွေးကြလိမ့်မည်။ သို့သော် သမ္မာတရားကို နားလည်လိမ့်မည်မဟုတ်၊ သို့မဟုတ် ဘုရားသခင်ကို သိကျွမ်းလိမ့်မည်မဟုတ်။ သူတို့၏ နှုတ်မှ ထွက်သည့်အရာများမှာ နာပျော်ဖွယ်ကောင်းပြီး မှန်ကန်သော အယူဝါဒများသာဖြစ်လိမ့်မည်။ သို့သော် သူတို့တွင် စစ်မှန်မှု အနည်းငယ်မျှပင် ရှိလိမ့်မည်မဟုတ်။ သူတို့ကိုယ်၌တွင် အလားအလာရှိသော လမ်းကြောင်းလည်း ရှိလိမ့်မည်မဟုတ်။ ယင်းကဲ့သို့ ခေါင်းဆောင်မှုမျိုးသည် လူသားတို့ကို အမှန်တကယ်ပင် ကြီးစွာ ထိခိုက်နစ်နာစေသည်။

ဘုရားသခင်ကို လူ၏အစေခံခြင်းတွင် မပြုအပ်ဟု တားမြစ်ထားသော အကြီးမားဆုံးအရာမှာ မည်သည့်အရာ ဖြစ်သည်ကို သင်တို့သိသလော။ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့တို့သည် အမြဲတစေ ကွဲပြားခြားနားဖို့၊ ကျန်သည့် လူများထက် သာလွန်ဖို့၊ ကြွားဝါဖို့နှင့် ၎င်းတို့သည် မည်မျှအမှန်တကယ် စွမ်းဆောင်နိုင်ကြောင်းကို ဘုရားသခင် မြင်စေရန်အလို့ငှာ လှည့်ကွက်အသစ်အချို့ကို ရှာဖွေဖို့ အစဉ် ကြိုးစားကြသည်။ သို့သော် ၎င်းတို့သည် သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားထဲ ဝင်ရောက်ခြင်းအပေါ် အာရုံမစိုက်ကြချေ။ ဤသည်မှာ ပြုမူလုပ်ဆောင်ဖို့ အမိုက်မဲဆုံး နည်းလမ်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ခြင်း အတိအကျပင် မဟုတ်သလော။ အချို့က “အကယ်၍ ကျွန်ုပ် ဤအရာကို လုပ်ဆောင်ပါက ဘုရားခင်ကို ပျော်ရွှင်စေမည်မှာ သေချာသည်။ သူက ကြိုက်လိမ့်မည်။ ဤတစ်ကြိမ်တွင် ဘုရားသခင်ကို ကျွန်ုပ်ပြသမည်။ ကျွန်ုပ်သူ့ကို ကောင်းမွန်သော အံ့ဩဖွယ်ရာတစ်ခုပေးမည်” ဟုပင် ဆိုကြသည်။ “ကောင်းမွန်သော အံ့ဩဖွယ်ရာ” သည်ကား အရေးမပါ။ ရလဒ်သည်ကား အဘယ်နည်း။ ထိုသူတို့ လုပ်ဆောင်သည့် အရာများကို လွန်စွာ အဓိပ္ပာယ်မဲ့သည်ဟု လူတို့မြင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့က အကျိုးမရှိစေရုံသာမက ၎င်းတို့သည် ငွေကို အလဟဿ ဖြစ်စေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာရများကို ဆုံးရှုံးမှုများ ဖြစ်စေသည်။ ဘုရားသခင်၏ ပူဇော်သက္ကာရများသည် သင် အလိုရှိသလို အသုံးချရန် မဟုတ်။ ဘုရားသခင်အတွက် ပူဇော်သက္ကာရများကို ဖြုန်းတီးပစ်ခြင်းသည် အပြစ်ဖြစ်သည်။ ထိုသူတို့သည် အဆုံးတွင် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့ထံတွင် အလုပ်မလုပ်တော့ချေ။ ထို့အပြင် သူတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ သို့ဖြစ်၍ မည်သည့်အခါမျှ သင်လုပ်ချင်သည့်အရာကို စိတ်မြန်လက်မြန် မလုပ်လေနှင့်။ အကျိုးဆက်ကို သင်အဘယ်နည်းဖြင့် မစဉ်းစားဘဲ နေနိုင်သနည်း။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိပြီး သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ကာ တစ်ဆက်တည်းတွင် ဖယ်ရှားရှင်းလင်းခြင်းခံရလေလျှင် သင့်အတွက် ပြောစရာ ကျန်တော့မည်မဟုတ်။ သင်၏ ရည်ရွယ်ချက်သည် မည်သို့ပင်ဖြစ်စေ၊ တမင်လုပ်သည် ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ပါက သင်သည် သူ့ကို အလွယ်တကူပင် ပုန်ကန်ပြစ်မှားမိကာ သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်မိရန် လွယ်ကူလိမ့်မည်။ ယင်းသည် လူတိုင်း သတိရှိနေသင့်သည့်အရာပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သည်နှင့်၊ သို့မဟုတ် သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားလိုက်သည်နှင့် ယင်းသည် အလွန်အမင်းပင် ပြင်းထန်လေးနက်ပါက သင်က ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်ခြင်း ဟုတ်မဟုတ်ကို သူထည့်တွက်စဉ်းစားမည်မဟုတ်။ ယင်းမှာ သင် ရှင်းရှင်းလင်းလင်း မြင်သင့်သည့် ကိစ္စရပ်ပင်ဖြစ်သည်။ သင်က ဤပြဿနာကို နားမလည်နိုင်ပါက သင်သည် ပြဿနာများ ပေါ်ပေါက်လာရန် သေချာနေပေပြီ။ ဘုရားသခင်ကို အစေခံရာတွင်၊ လူတို့သည် ကြီးမားသော ခြေလှမ်းများ လှမ်းလိုကြသည်၊ ကြီးမားသော အရာများ လုပ်ဆောင်လိုကြသည်၊ ကြီးမြတ်သော စကားများ ပြောဆိုလိုကြသည်၊ ကြီးမြတ်သော အလုပ်များ ဆောင်ရွက်လိုကြသည်၊ ကြီးမားသော အစည်းအဝေးများ ကျင်းပပြီး ကြီးမြတ်သော ခေါင်းဆောင်များ ဖြစ်လိုကြလေ၏။ ထိုသို့သော ကြီးကျယ်ခမ်းနားသည့် ရည်မှန်းချက်များ သင်၌ အမြဲရှိလျှင် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို သင် ချိုးဖောက်လိမ့်မည်။ ဤအရာကို လုပ်ဆောင်သည့် လူများသည် မြန်မြန်ဆန်ဆန် သေဆုံးကြလိမ့်မည်။ အကယ်၍ သင်သည် ဘုရားသခင်ကို အစေခံရာ၌ လိမ္မာခြင်း၊ ဘုရားတရားကိုင်းရှိုင်းခြင်း မရှိပါက၊ သို့မဟုတ် နှိုင်းချင့်မျှော်ခေါ်ခြင်း မရှိပါက သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို အနှေးနှင့်အမြန် ပုန်ကန်ပြစ်မှားမိလိမ့်မည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပါက၊ သူ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်ပါက၊ ဤသို့ဖြင့် ဘုရားသခင်အပေါ် အပြစ်ပြုမိပါက ဤအရာကို သင်လုပ်ရသည့် အကြောင်းအရင်းကိုဖြစ်စေ၊ သင်၏ ရည်ရွယ်ချက်ကိုဖြစ်စေ သူကြည့်မည်မဟုတ်။ သို့ဆိုလျှင် ဘုရားသခင်က အကျိုးအကြောင်း ဆီလျော်ခြင်းမရှိဟု သင်တို့ ထင်သလော။ သူသည် လူသားတို့အပေါ် မစာနာခြင်း ဖြစ်သလော။ (မဟုတ်ပါ။) အဘယ်ကြောင့် မဟုတ်သနည်း။ သင်သည် မကန်း၊ သို့မဟုတ် မပင်းသကဲ့သို့ မရူးမိုက်သောကြောင့်ပင်။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များသည် ရှင်းလင်းကာ ထင်ရှားမြင်သာပေသည်။ သင်သည် ယင်းတို့ကို မြင်နိုင် ကြားနိုင်သည်။ သင်က ယင်းတို့ကို ချိုးဖောက်နေသေးပါက သင်အဘယ်သော ဆင်ခြေများ ရှိနိုင်မည်နည်း။ သင်က မည်သည့်ရည်ရွယ်ချက်မျှ မထားရှိစေကာမူ ဘုရားသခင်ကို ပုန်ကန်စော်ကားပါက အချိန်ကျလာလျှင် သင်သည် ဖျက်ဆီးခံရခြင်း၊ အပြစ်ပေးခံရခြင်းတို့နှင့် ရင်ဆိုင်ရပေမည်။ သင့် အခြေအနေက မည်သို့ရှိခဲ့သည်မှာ အရေးပင်ပါသလော။ စာတန်၏ သဘာဝနှင့် လူများသည် ဘုရားသခင်၏ စိတ်သဘောထားကို သဘာဝအလျှောက်ပင် ပုန်ကန်ပြစ်မှားနိုင်သည်။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေး အမိန့်များကို ချိုးဖောက်ရန်၊ သို့မဟုတ် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားရန် မည်သူမျှ ဓားထောက်စေခိုင်းခြင်း မခံရပေ။ ဤကိစ္စရပ်မှာ တကယ်ကို မဖြစ်လာနိုင်ချေ။ ထိုအစား ယင်းသည် လူ့သဘာဝက ဆုံးဖြတ်သတ်မှတ်သော အရာတစ်ခုဖြစ်သည်။ “ဘုရားသခင်၏ စိတ်သဘောထားသည် ပုန်ကန်ပြစ်မှားရန်မဟုတ်” ဟူသည့် အဆိုပါဖော်ပြချက်အတွင်းတွင်ပင် အဓိပ္ပာယ် ပါရှိနေသည်။ သို့သော် ဘုရားသခင်သည် လူတို့ကို သူတို့၏ အခြေအနေနှင့် နောက်ခံ အကြောင်းအရာအရ အပြစ်ပေးသည်။ ဘုရားသခင်ကို သူမှန်း မသိပါဘဲ ပုန်ကန်ပြစ်မှားခြင်းသည် အခြေအနေအမျိုးအစားတစ်ရပ်ဖြစ်ပြီး ဘုရားသခင်ကို သူမှန်း ရှင်းရှင်းလင်းလင်း သိကျွမ်းပါလျက် ပုန်ကန်ပြစ်မှားမိခြင်းသည် နောက်ထပ် အခြေအနေတစ်ရပ်ဖြစ်သည်။ လူအချို့သည် ဘုရားသခင်ကို သူမှန်း ရှင်းရှင်းလင်းလင်း သိနေပါလျက် ပုန်ကန်ပြစ်မှားနိုင်ကြသည်။ ထိုသူတို့သည် အပြစ်ပေးခံရလိမ့်မည်။ ဘုရားသခင်က သူ၏ အလုပ်အဆင့်တစ်ခုချင်းဆီတွင် သူ၏ စိတ်သဘောထား အချို့ကို ဖော်ထုတ်ပြသသည်။ လူသားတို့သည် ယင်းမှ အချို့ကို နားလည်လာပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင် ထုတ်ဖော်ပြခဲ့သည့် သမ္မာတရားများစွာမှတစ်ဆင့် ဘုရားသခင်၏ မည်သည့်စိတ်သဘောထားကို သူထုတ်ဖော်ပြခဲ့ကြောင်းအပြင်၊ လူများ၏ မည်သည့်လုပ်ရပ်များနှင့် စကားများသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားနိုင်ခြေရှိကြောင်းကို လူတို့ အနည်းငယ်မျှပင် မသိကြသလော။ လူတို့ မည်သည်ကို လုပ်သင့်သည့်အရာနှင့် မလုပ်သင့်သည့်အရာဟူ၍ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များမှ သတ်မှတ်ထားသည့် ထိုကိစ္စများကိုလည်း လူတို့ သိကြသည် မဟုတ်လော။ သမ္မာတရား၊ စည်းမျဉ်းများနှင့် သက်ဆိုင်သည့် ကိစ္စအချို့ကို ၎င်းတို့ မတွေ့ကြုံဖူးသည့်အတွက် ယင်းတို့ကို လူတို့က အပြည့်အစုံ နားလည်ရန် မဖြစ်နိုင်ချေ။ သူတို့သည် ယင်းတို့ကို နားလည်နိုင်စွမ်းမရှိ။ သို့သော် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်၏ ကိစ္စရပ်များသည် သတ်မှတ်ထားပြီးသော နယ်ပယ်အတွင်းတွင် တည်ရှိသည်။ ယင်းတို့သည် စည်းမျဉ်းစည်းကမ်းများဖြစ်သည်။ ယင်းတို့သည် လူသားတို့ အလွယ်တကူ နားလည်ပြီး အရယူနိုင်သည့် အရာများဖြစ်သည်။ ယင်းတို့ကို လေ့လာဖို့၊ သို့မဟုတ် ရှင်းလင်းဖို့ မလိုချေ။ ယင်းတို့၏ အဓိပ္ပာယ်ကို လူတို့နားလည်သည့်အတိုင်း လုပ်ဆောင်လျှင် လုံလောက်သည်။ သင်သည် ပေါ့ဆလျှင်၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး မရှိလျှင်၊ ပြီးလျှင် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို သိလျက်ဖြင့် ချိုးဖောက်လျှင် အပြစ်ပေးခံထိုက်သည်။

ကောက်နုတ်ချက် (၇၂)

ခေါင်းဆောင်လုပ်သူများသည် အလုပ်အပေါ် အလွန်အမင်း အာရုံစူးစိုက်ခြင်း သို့မဟုတ် သူတို့၏ အဆင့်အတန်းအပေါ် အစဉ်သဖြင့် အာရုံစိုက်ခြင်း မပြုသင့်သကဲ့သို့ သူတို့ကိုယ်တိုင်အတွက် မြင့်မားသော စံနှုန်းများသတ်မှတ်ပြီး ထို့နောက်တွင် “ငါသည် ခေါင်းဆောင်ဖြစ်၏။ ငါ့တွင် ဤရာထူး၊ ဤအဆင့်အတန်း ရှိသကဲ့သို့ ဤအစွမ်းအစ၊ ဤအရည်အချင်းလည်း ရှိသည်။ ငါသည် သင့်ကို ဦးဆောင်နိုင်သည့်အတွက် သင့်ကို ပံ့ပိုးလည်း ပံ့ပိုးပေးနိုင်သည်” ဟု လူတကာ သိစေရန်အလို့ငှာ လူတိုင်း၏ ပြဿနာများကို ဖြေရှင်းရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကိုလည်း မစဉ်းစားသင့်ပေ။ ထိုကဲ့သို့သော စကားများကို သူတို့ပြောထွက်နိုင်သည်မှာ ပြဿနာရှိသည်။ မည်သည့်နည်းလမ်းဖြင့် ပြဿနာရှိသနည်း။ သင့်ဦးတည်ချက်သည် မမှန်ကန်ဘဲ သင့်ကိစ္စများကို ကိုယ်တွယ်ဖြေရှင်းရာတွင် သင်သည် စည်းမျဉ်းမရှိပါက သင်လုပ်သမျှသည် မှားယွင်းနေမည်ဖြစ်ပြီး သွေဖည်မှုများသာ ဖန်တီးနေမည် ဖြစ်သည်။ သင်၏ အရင်းခံအကြောင်းသည် မှားယွင်းနေပါက သင်လုပ်ဆောင်သမျှသည်လည်း မှားယွင်းနေမည်။ သမ္မာတရားကို ရှာဖွေရေး၊ သမ္မာတရားကို နားလည်ရေး၊ ရူပါရုံများ၏ သမ္မာတရား အနှစ်သာရကို နားလည်ရေး၊ စည်းမျဉ်းများနှင့်သက်ဆိုင်သော ဤရှုထောင့်ကို ကျွမ်းကျင်ပိုင်နိုင်ရေးတို့အပေါ် အာရုံစိုက်လော့။ ယင်းသည် မှန်ကန်ပေသည်။ ကိစ္စရပ်များ သင့်ထံ ဖြစ်ပျက်လာသည့်အခါ သို့မဟုတ် ပြဿနာများကို ကိုင်တွယ်ရသောအခါများတွင် ဤစည်းများကို မကျော်လွန်သရွေ့ သင်သည် အခြားသူများကို ကူညီပေးနိုင်မည်။ သူတို့၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်မည်။ သင်သည် အရည်အချင်းပြည့်မီသော ခေါင်းဆောင်လည်း ဖြစ်နေပေမည်။ သို့ရာတွင် သင့်အနေဖြင့် အယူဝါဒတချို့ကိုသာ နားလည်ပါက၊ ပြီးလျှင် ဦးဆောင်နိုင်ရန်အတွက် သင့်ကိုယ်သင်လည်း ယင်းတို့ဖြင့်သာ ပြင်ဆင်ထား၍ ဒေသနာများကိုသာ ပိုမိုနားထောင်ပြီး နောက်ထပ် စကားလုံးအနည်းငယ်ကိုသာ ကျွမ်းကျင်အောင် လုပ်ပါက၊ ပြီးလျှင် တစ်ဦးတစ်ယောက်၏ ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားသည့်အခါတွင် အယူဝါဒနှင့် စကားလုံးအနည်းငယ်ကိုသာ ပြောဆို၍ ရလဒ်အနေဖြင့် သူတို့၏ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းပေးနိုင်ပါက သင့်တွင် ခေါင်းဆောင်ဖြစ်ခြင်း၏ စစ်မှန်မှု မရှိဘဲ သင်သည် သင်္ကြန်အမြောက်တစ်ခုသာ ဖြစ်ပေသည်။ ဤသည်ကား မည်ကဲ့သို့ ခေါင်းဆောင်မျိုးနည်း။ (ခေါင်းဆောင်အတုအယောင်တစ်ယောက် ဖြစ်ပါသည်။) ဤသည်မှာ ခေါင်းဆောင်အတုအယောင်ပေတည်း။ သင်သည် တကယ့်အလုပ်ကို မဆောင်ရွက်နိုင်ချေ။ မည်သူတစ်ဦးတစ်ယောက်ကမျှ ခေါင်းဆောင်အတုအယောင်ကို ဖော်ထုတ်ကာ တိုင်ကြားခြင်း မပြုလျှင်ပင် အသင်းတော်အတွင်းရှိ ဘုရားရွေးချယ်ခံ လူများ၏ အသက်တာသည် မတိုးတက်ဘဲ ပြဿနာများ တိုးပွားလာ၍ ခေါင်းဆောင်အတုအယောင်သည် အပြစ်တင်ခြင်းကို ခံယူပြီး မဖြစ်မနေ ဆင်းဖယ်ပေးရမည် ဖြစ်သည်။ သင်သည် ခေါင်းဆောင်အတုအယောင်ဖြစ်ပါက သင်၏ ရာထူးနေရာသည် မည်မျှပင် မြင့်မားစေကာမူ သင်သည် ခေါင်းဆောင်အတုအယောင်တစ်ယောက် ဖြစ်မြဲဖြစ်နေဆဲပင်။ ယခုဆိုရလျှင် သင်သည် တကယ့်အလုပ်ကို ဆောင်ရွက်နိုင်ခြင်း ရှိမရှိနှင့် ခေါင်းဆောင်အတုအယောင် ဟုတ်မဟုတ်ဆိုသည်တို့က အရေးအကြီးဆုံး အရာများမဟုတ်။ သို့ဆိုလျှင် မည်သည်က အရေးအကြီးဆုံး အရာဖြစ်သနည်း။ သင်သည် သမ္မာတရားကို ရှာဖွေရေးနှင့် အသက် ဝင်ရောက်မှုအပေါ် အာရုံစူးစိုက်ရေးကို ယခုပင် မြန်မြန်လုပ်ရမည်။ သင့်တွင် အသက် ဝင်ရောက်မှု ရှိသွား၍ သင်သည် စိတ်သဘောထားကို ပြောင်းလဲလိုက်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သွားကာ သင်၏ မမှန်ကန်သော အခြေအနေများကို ဖြေရှင်းလိုက်နိုင်သည် ဆိုသည်နှင့် အခြားသူများ၏ ပြဿနာများကို ဖြေရှင်းရန် သင့်အတွက် လွယ်ကူသွားပေလိမ့်မည်။ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်လိုက်သည်နှင့် အခြားသူများ၏ ပြဿနာများကို မဖြေရှင်းနိုင်သည်ကို သင်စိုးရိမ်နေပါဦးမည်လော။ သင်သည် ကောင်းစွာ ဦးဆောင်နိုင်ခြင်း ရှိမရှိကို စိတ်ပူနေရန် လိုတော့မည်မဟုတ်။ သမ္မာတရား စစ်မှန်မှုကို သင်ပိုင်ဆိုင်ပါက သင်၏ တာဝန်ကို သဘာဝအလျောက်ပင် ကောင်းစွာ ထမ်းဆောင်နိုင်ကာ တကယ့်ပြဿနာများကို ဖြေရှင်းနိုင်ပေမည်။ သင်သည် ဤသည်ကို အစအဆုံး နားလည်ရမည်။ သင်သည် ဤသည်ကို အစအဆုံး နားမလည်ဘဲ သင်၏ ခေါင်းဆောင် အဆင့်အတန်းကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်ထားလိုကာ ဘုရားရွေးချယ်ခံ လူများ၏ စိတ်နှလုံးတွင် ကောင်းမွန်သော ပုံရိပ် တည်ထောင်လိုသည်ဆိုပါက သင်၏ ရည်ရွယ်ချက်သည် လွဲမှားနေ၍ သင်သည် သဘာဝအလျောက်ပင် အရှက်ရကာ ကျရှုံးရပေမည်။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော၊ မိမိ၏ အသက် ဝင်ရောက်မှုကို အာရုံစူးစိုက်သော လူတစ်ဦးဖြစ်ကာ သင်၏ လူသား ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ မမှန်ကန်သော လိုက်စားမှုများကို လက်လျှော့ စွန့်လွှတ်ပြီး ယင်းအရာများ၏ ချုပ်တည်းခြင်း မခံရပါက သင်သည် သမ္မာတရားကို လိုက်စားနိုင်မည်ဖြစ်၍ အချိန်ကြာလာသည်နှင့်အမျှ သမ္မာတရား၏ ရှုထောင့်တစ်ခုချင်းစီကို သဘာဝအလျောက်ပင် နားလည်လာနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့်ဆိုပါက တစ်ပါးသူတို့ကို ကူညီပေးခြင်းနှင့် ပတ်သက်လာလျှင် သင်သည် ကျွမ်းကျင်ပိုင်နိုင်လိမ့်မည် ဖြစ်ကာ ထိုသို့ ကူညီပေးရာတွင်လည်း အခက်အခဲ တစ်စုံတရာ ရှိလိမ့်မည်မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် သင်၏ အဆင့်အတန်းကို စောင့်ရှောက်မနေသင့်ပေ။ ယင်းမှာ သင်္ကြန်အမြောက်ပင် ဖြစ်သည်။ ယင်းသည် အသုံးမဝင်။ ယင်းသည် သင့်ကို မည်သည့်ကောင်းကျိုးမျှ ဆောင်ကြဉ်းပေးမည် မဟုတ်။ ထို့ပြင် ယင်းသည် သင့်ကို သမ္မာတရား နားလည်ရန် ကူညီလိမ့်မည်လည်း မဟုတ်။ ထိုမျှမက ယင်းသည် သင့်ကို အမှားများစွာ ကျူးလွန်မိအောင် လှည့်စားနိုင်ကာ သင့်ကို လမ်းလွဲသွားအောင်လည်း လုပ်နိုင်‌သေးသည်။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်အတွက်မူ အဆင့်အတန်းသည် ထောင်ချောက်တစ်ခုဖြစ်သည်။ သို့သော် မည်သူမျှ ဤအတားအဆီးကို မရှောင်လွှဲနိုင်ပေ။ အားလုံးသည် ဤအတားအဆီးကို ဖြတ်သန်းရမည်သာ ဖြစ်သည်။ ယင်းကို သင်မည်သို့ချဉ်းကပ်သည်ဆိုသည့်အပေါ်သာ မူတည်ပေသည်။ သင်သည် ယင်းကို လူသား နည်းလမ်းများ သုံးကာ ချဉ်းကပ်ပါက သင့်ကိုယ်သင် ချုပ်တည်းကာ ပုန်ကန်နိုင်မည်မဟုတ်။ ဤသည်ကို သမ္မာတရား အသုံးပြု၍သာ ဖြေရှင်းနိုင်သည်။ သမ္မာတရားက ဤအခက်အခဲကို ဖြေရှင်းနိုင်သည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ပါက ဤပြဿနာကို အရင်းအမြစ်မှနေ၍ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ အကယ်၍ သင်သည် ဤအခက်အခဲကို ဖြေရှင်းရန် သမ္မာတရားကို မသုံးနိုင်လျှင်လည်းကောင်း၊ အကယ်၍ သင့်ကိုသင် ချုပ်တည်းရုံမျှ ချုပ်တည်းထားကာ အမှုအရာများကို ပုန်ကန်ရုံမျှ ပုန်ကန်နေလျှင်၊ သင်၏ အတွေးများ၊ သင်၏ ချဉ်းကပ်ပုံများ၊ သင်၏ အကြံဉာဏ်များကို ပုန်ကန်နေပြီး အစဉ်သဖြင့် ဤသို့သာ ပုန်ကန်နေလျှင်လည်းကောင်း ဤသည်ကား မည်သည့်နည်းစနစ်နည်း။ ဤသည်ကား အပျက်သဘောဆောင်သော ချဉ်းကပ်နည်းပင် ဖြစ်သည်။ သင်သည် အပြုသဘောဆောင်သော နည်းစနစ်များကို သုံးကာ ဤသည်ကို ဖြေရှင်းရမည်။ ဆိုလိုသည်မှာ သင်သည် သမ္မာတရားကို သုံး၍ ဤသည်ကို ဖြေရှင်းရမည်။ ဤအခြင်းအရာကို အစအဆုံး နားလည်ရမည်။ ပထမဦးစွာ ထိုအန္တိခရစ်များနှင့် ခေါင်းဆောင်အတုအယောင်များက သူတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ရှာဖွေရန်အပြင် သူတို့၏ ဂုဏ်ပကာသနနှင့် ဂုဏ်မာနကို ကာကွယ်ရန် အသုံးပြုသည့် ချဉ်းကပ်ပုံအမျိုးမျိုးကို ကြည့်လော့။ ယင်းတို့ကို ရှင်းလင်းစွာ မြင်ပြီးချိန်တွင် သင်သည် “အလို၊ ရှက်ဖွယ်လိလိပါတကား။ အမှန်တကယ်ပင် ရှက်ဖွယ်ကောင်းလေစွ။ ငါရော ထိုချဉ်းကပ်ပုံများကို သုံးလေသလော” ဟု ခံစားရလိမ့်မည်။ ထို့နောက်တွင် သင်သည် သင့်ကိုယ်သင် စတင်၍ ထင်ဟပ်ဆင်ခြင်လာကာ မကြာမီတွင်ပင် “အလို၊ ငါသည်လည်း ထိုချဉ်းကပ်ပုံ အများအပြားကို အသုံးပြုမိနေ၏။ ငါသည် ထိုအန္တိခရစ်များ၊ ခေါင်းဆောင်အတုအယောင်များနှင့် သိပ်မခြားပါတကား” ဟု သဘောပေါက်လာပေမည်။ သင်၏ စိတ်နှလုံးတွင် နောင်တတချို့ရပြီး “ငါ့အနေဖြင့် ငါ၏ အဆင့်အတန်းကို ဆက်လက်ကာကွယ်ကာ ဤရှက်ဖွယ်အရာကို ဆက်လက်ထုတ်ဖော်ပြသနေ၍ မရတော့” ဟုဆိုကာ သင်ခန်းစာယူရန် စိတ်ဆုံးဖြတ်လိုက်ပေမည်။ အခြားသူများက သင့်ကို မြတ်နိုးလေးစားခြင်း ရှိမရှိကိုသော်လည်းကောင်း၊ အခြားလူများအတွက် ပြဿနာမည်မျှ သင်ဖြေရှင်းပေးနိုင်သည်ကိုသော်လည်းကောင်း၊ သင့်ကို တစ်ဦးတစ်ယောက်က နားထောင်မထောင်ကိုသော်လည်းကောင်း၊ လူမည်မျှ၏ စိတ်နှလုံးတွင် သင့်အတွက် နေရာရှိသည်ကိုသော်လည်းကောင်း အာရုံစူးစိုက်နေခြင်းကို ရပ်လော့။ ထိုအခြင်းအရာတို့သည် သင်၏ စိတ်နှလုံးတွင် အမြဲရှိနေပါက သင်သည် အာရုံရှုပ်ထွေးကာ သင့်ကို ထိခိုက်စေလိမ့်မည်။ ထို့ပြင် သင့်တွင် သမ္မာတရားကို လိုက်စားချိန် ပိုနည်းလိမ့်မည်။ သင်သည် သင်၏ အကန့်အသတ်ဖြင့်သာ ရှိသော စွမ်းအင်နှင့် သင်၏ အဖိုးတန်သော အချိန်တို့ကို ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို ရလိုသည့် သင်၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများအတွက် အသုံးပြုလိုက်ပြီးဖြစ်သည်။ ရလဒ်အားဖြင့် သင်သည် သမ္မာတရားနှင့် အသက်ကို မရလိုက်ချေ။ သင်သည် အဆင့်အတန်း ရရှိသွားကာ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းလိုက်နိုင်ပါသော်လည်း အသက် ဝင်ရောက်မှုကိုကား မရလိုက်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုလည်း ဆုံးရှုံးလိုက်ရသည်။ ယင်း၏ အန္တိမအဆုံးသတ်ကား အဘယ်အရာ ဖြစ်မည်နည်း။ သင်သည် ဖယ်ရှားရှင်းလင်းခံရကာ အပြစ်ဒဏ်ပေးခံရမည်။ ယင်းသည် အဘယ်ကြောင့် ဖြစ်ရသနည်း။ သင်သည် မှားယွင်းသော လမ်းကို ရွေးချယ်မိသောကြောင့်ပင်။ အကယ်၍ သင်သည် ပေါလု၏ အဆင့်သို့ ရောက်သွားပါက အဆုံးတွင် အပြစ်ဒဏ်ပေးခံရလိမ့်မည်။ သို့သော် သင်သည် ပေါလု၏ အဆင့်သို့ မရောက်ရှိသေးဘဲ သင်၏ လမ်းကြောင်းကို အချိန်မီ ပြန်လှည့်ပါက ရွေးနုတ်ခြင်းခံရရန် အခွင့်အရေးရှိသေးကာ ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက်ရှိသေးသည်။

ဘုရားသခင်ကို ယုံကြည်ကြသူတို့တွင် မည်သည့်ပြဿနာများ ရှိသည်ဖြစ်စေ၊ ထိုပြဿနာများက အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်၊ ကြွယ်ဝမှုတို့ကို ရဖို့ အားထုတ်ခြင်း ဖြစ်နေသည်ဖြစ်စေ၊ ပုဂ္ဂလိက ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းခြင်း ဖြစ်နေသည်ဖြစ်စေ မည်သို့ပင် ဖြစ်စေကာမူ ပြဿနာတိုင်းကို သမ္မာတရားလိုက်စားခြင်းမှတစ်ဆင့် ဖြေရှင်းရမည်။ မည်သည့်ပြဿနာမျှ သမ္မာတရားကို ကျော်လွှား၍မရ။ မည်သည့်ကိစ္စမျှ သမ္မာတရားနှင့် ကင်းကွာနေခြင်းမရှိ။ အကြင်လူသည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုတွင် သမ္မာတရားဆီမှ ထွက်ခွာသွားသည်နှင့် သူ၏ ယုံကြည်မှုသည် ဗလာကျင်းလေသည်။ အခြားမည်သည့်အရာကို ဖွေရှာခြင်းကမျှ အသုံးမဝင်တော့ပေ။ အချို့လူတို့သည် အထင်ကြီးဖွယ်ကောင်းပြီး ကြီးကျယ်ခမ်းနားသော တာဝန်များကို လုပ်နေကာ သူတို့ကို အခြားသူများ အထင်ကြီးအားကျလာအောင် လုပ်နေရုံမျှဖြင့် စိတ်ချမ်းသာနေကြသည်။ ဤသည်ကား အသုံးဝင်ပါ၏လော။ ဤသည်ကား သင်၏ နောက်ဆုံး အဆုံးသတ်မဟုတ်သလို နောက်ဆုံး ဆုလာဘ်လည်း မဟုတ်။ ထို့ပြင် ယင်းသည် သင်၏ ပန်းတိုင်လည်း မုချ မဟုတ်။ ထို့ကြောင့် သင်မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ယင်းသည် ယာယီမျှသာဖြစ်သည်။ ထာဝစဉ်အတွက် မဟုတ်။ ယင်းသည် ဘုရားသခင်က သင့်အပေါ် အပ်နှင်းထားသော အသိအမှတ်ပြုခြင်း မဟုတ်။ သင့်ကို ချီးမြှင့်ထားသော ဆုလာဘ်လည်း မဟုတ်ပေ။ နောက်ဆုံးတွင် လူတို့အနေဖြင့် ကယ်တင်ခြင်းကို ရနိုင်မရနိုင်ခြင်းက သူတို့ မည်သည့်တာဝန်ကို လုပ်ဆောင်သည် ဟူသည့်အပေါ် မူတည်ခြင်း မရှိဘဲ၊ သူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိနိုင်ခြင်း ရှိမရှိနှင့် အဆုံးတွင် ၎င်းတို့သည် ဘုရားသခင်အပေါ် အလုံးစုံ နာခံနိုင်ခြင်းရှိမရှိ၊ ဘုရားသခင်၏ စီစဉ်မှုအောက်တွင် မိမိတို့ကိုယ်ကို ထားရှိပြီး ၎င်းတို့၏ အနာဂတ်နှင့် ကံတရားကို ထည့်မစဉ်းစားဘဲအရည်အသွေးပြည့်မီသည့် ဖန်ဆင်းခံတစ်ယောက်ဖြစ်လာခြင်းရှိမရှိအပေါ်တွင် မူတည်သည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး သန့်ရှင်းသည်။ ဤသည်မှာ လူသားမျိုးနွယ်ခပ်သိမ်းကို သူတိုင်းတာသည့် စံနှုန်းများ ဖြစ်သည်။ ဤစံနှုန်းများမှာ ပြောင်းလဲ၍မရ။ ဤသည်ကို သင်မှတ်ထားရမည်။ ဤစံနှုန်းများကို သင်၏ စိတ်တွင် ကမ္ပည်းထိုးထားလော့။ ထို့ပြင် အခြားလမ်းကြောင်းတစ်ခုခု ရှာဖွေခြင်း သို့မဟုတ် မစစ်မှန်သည့် အရာအချို့ကို လိုက်စားခြင်းအကြောင်း မည်သည့်အခါတွင်မျှ မစဉ်းစားနှင့်။ ကယ်တင်ခြင်းရရှိလိုသောသူ အားလုံးနှင့်သက်ဆိုင်သည့် ဘုရားသခင် ရှိသော သတ်မှတ်ချက်များနှင့် စံနှုန်းများမှာ ထာဝရ ပြောင်းလဲခြင်း မရှိပေ။ သင် မည်သူမည်ဝါ ဖြစ်စေကာမူ ယင်းတို့က အမြဲတမ်း ဤအတိုင်းဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် စံနှုန်းများအတိုင်း ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းကို သင် ရရှိနိုင်သည်။ သင်က မရေမရာဖြစ်သောအရာများကို လိုက်စားဖို့ အခြားလမ်းကြောင်းကို ရှာဖွေပြီး သင်သည် ကံကောင်းပြီး အောင်မြင်လိမ့်မည်ဟု စိတ်ကူးလျှင် သင်သည် ဘုရားသခင်ကို အာခံပြီး သစ္စာဖောက်သောသူတစ်ယောက်ဖြစ်ကာ ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။

ကောက်နုတ်ချက် (၇၃)

ခေါင်းဆောင်များနှင့် အလုပ်သမားများသည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်က ၎င်းတို့ကို ပေးအပ်ထားပြီးဖြစ်သော အလုပ်ကို ကောင်းမွန်စွာ ထမ်းနိုင်စေရန်အတွက် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဦးစွာ နားလည်ရမည်ဖြစ်ပြီး အလုပ်၏ အရွယ်အစား၊ သို့မဟုတ် ပမာဏကို အာရုံမစိုက်ရပေ။ ထိုအစား ၎င်းတို့သည် အသက်ဝင်ရောက်မှုနှင့် မိမိတို့၏ စိတ်သဘောထားများကို ပြောင်းလဲပြီးခြင်း ရှိမရှိကို အာရုံစိုက်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာ ဖြစ်သည်။ သင်တို့သည် လူတစ်ဦး၏ စိတ်သဘောထား အပြောင်းအလဲများကို ယခု အမှန်တကယ် နားလည်သလော။ စိတ်သဘောထား အပြောင်းအလဲဟူသည် မည်သည်ကို ဆိုလိုသနည်း။ သင်တို့အနေဖြင့် အပြုအမူ ပြောင်းလဲမှုနှင့် စိတ်သဘောထား ပြောင်းလဲမှုကို ပိုင်းခြားသိမြင်နိုင်ပါသလား။ မည်သည့်အခြေအနေများကို လူတစ်ဦး၏ အသက်စိတ်သဘောထား အပြောင်းအလဲများဟု ယူဆနိုင်သနည်း၊ မည်သည့်အခြေအနေများသည် ပြင်ပ အပြုအမူ ပြောင်းလဲမှုမျှသာ ဖြစ်သနည်း။ လူတစ်ဦး၏ ပြင်ပအမူအကျင့် ပြောင်းလဲမှုနှင့် အတွင်းကျကျ အသက် ပြောင်းလဲမှုတို့ကြား ကွာခြားချက်မှာ အဘယ်နည်း။ ကွာခြားချက်ကို ပြောပြနိုင်မည်လော။ သင်တို့အနေဖြင့် စိတ်အားထက်သန်သော စိတ်နှလုံးရှိသည့် တစ်စုံတစ်ယောက်ကို အသင်းတော်အတွက် သွားလာလှည့်ပတ်ပြီး အချိန်ပေးဆပ်သည်ကို မြင်လျှင် “သူ၏စိတ်သဘောထားသည် ပြောင်းလဲသွားပြီ” ဟု ဆိုကြသည်။ တစ်စုံတစ်ဦးသည် ၎င်းတို့၏ မိသားစု၊ သို့မဟုတ် အလုပ်အကိုင်ကို စွန့်ပယ်သည်ကို သင်မြင်ရပြီး “သူ၏ စိတ်သဘောထား ပြောင်းလဲသွားပြီ” ဟု ဆိုသည်။ သူ၏ စိတ်သဘောထား မပြောင်းလဲပြီးပါက ယင်းကဲ့သို့ အနစ်နာခံမှုမျိုး ပြုလုပ်နိုင်မည် မဟုတ်ဟု သင်တို့ထင်ကြသည်။ ဤသည်ကား သင်တို့အများစု ထင်မြင်ကြပုံ ဖြစ်သည်။ ထိုအမြင်များသည် မှန်ကန်ပါသလော။ အချို့သော သူများကား ပို၍ အဓိပ္ပါယ်မဲ့ကြသေးသည်။ မိသားစု၊ သို့မဟုတ် အလုပ်အကိုင်ကို စွန့်ပယ်ထားသူကို တွေ့သောအခါ “ဤသူသည် ဘုရားသခင်ကို တကယ်ချစ်သည်” ဟု ဆိုကြသည်။ ယနေ့ ဤသူက ကိုယ်တော်ကို ချစ်သည် ဟု ဆိုပြီး မနက်ဖြန်တွင် အခြားသူတစ်ဦးက ကိုယ်တော်ကို ချစ်သည် ဟု သင်တို့ဆိုကြပြန်သည်။ အဆုံးမရှိ တရားဟော နေသူတစ်ဦးကို သင်တို့မြင်တွေ့လျှင် “ဤသူသည် ဘုရားသခင်ကို သိတော်မူ၏။ သမ္မာတရားကို သူရရှိခဲ့ပြီ။ ဘုရားသခင်ကို မသိလျှင် ဤသို့ ပြောစရာ အများကြီး ရှိနိုင်မည်လော” ဟု သင်တို့ ပြောကြသည်။ ယင်းမှာ အမှုအရာများကို သင်တို့မြင်ကြသည့်ပုံစံ ဖြစ်သည်မဟုတ်လော။ စင်စစ်အားဖြင့် ဤသည်မှာ လူများနှင့် အမှုအရာများကို သင်တို့အများစု ရှုမြင်သည့်ပုံစံ ဖြစ်သည်။ သင်တို့ကား အခြားသူများကို အစဉ်သဖြင့် ချီးမြှင့်မြှောက်စားကာ မြှောက်ပင့်ကြသည်။ ယနေ့ ဘုရားသခင်ကို ချစ်ခြင်းအတွက် တစ်စုံတစ်ဦးကို ချီးမြှင့်မြှောက်စားပြီး မနက်ဖြန်တွင်လည်း အခြားလူ တစ်ဦးအား ဘုရားသခင်အပေါ် သိကျွမ်းခြင်းနှင့် သစ္စာစောင့်သိခြင်းတို့ကြောင့် ချီးမြှင့်မြှောက်စားမည်ဖြစ်သည်။ သင်တို့သည်ကား အခြားသူများကို ချီးမြှင့်မြှောက်စားရာတွင် “ကျွမ်းကျင်” သူများပေတကား။ သင်တို့သည် နေ့စဉ်နှင့်အမျှ အခြားသူများကို ချီးမြှင့်မြှောက်စားကာ မြှောက်ပင့်နေပြီး ယင်းသည် သူတို့အား ဘေးဖြစ်စေသည့်တိုင် သင်တို့ကမူ ထိုအမှုကိစ္စအတွက် ဂုဏ်ယူလျက် ရှိချေသည်။ သင်တို့သည် အခြားသူများအား ဤနည်းဖြင့် ချီးကျူးဂုဏ်ပြုခြင်းဖြင့် ၎င်းတို့အား မာနထောင်လွှားစေသည်။ ဤကဲ့သို့ ချီးမွမ်းခံရသူများသည် “ငါပြောင်းလဲသွားပြီ၊ ငါသည် သရဖူကို လက်ခံနိုင်သည်၊ ကောင်းကင် နိုင်ငံတော်သို့ ငါဝင်ရမည်မှာ သေချာသည်” ဟု မိမိတို့ကိုယ်ကို တွေးထင်ကြသည်။ ပိုမို ဆိုးရွားသောအချက်မှာ ပေါလုကဲ့သို့ပင် သူတို့ မည်မျှဒုက္ခခံပြီး မည်မျှလောက် သက်သေခံထားကြောင်း အမြဲဆိုတတ်ကြသူအချို့ ရှိကြပေသည်။ ထိုသူတို့သည် မိမိတို့ကိုယ်ကို ချီးမွမ်းကြပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အနည်းငယ်မျှ ထည့်တွက်စဉ်းစားခြင်း မရှိဘဲ ၎င်းတို့၏ အယူအဆများနှင့် နှစ်သက်မှုများအတိုင်း ပြောဆိုတတ်ကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်သ‌ဘောထား မပြောင်းလဲသည်မှာ သိသာထင်ရှားသော်လည်း ၎င်းတို့အား အတုယူရန် အခြားသူများကို ပြောကြားတတ်ကြသည်။ ရလဒ်အနေဖြင့် ဘုရားသခင်ကို ယုံကြည်သော်လည်း ပိုင်းခြားသိမြင်မှု ကင်းမဲ့သူများ၊ အထူးသဖြင့် ၎င်းတို့အား ယုံကြည်ကိုးကွယ်သူများသည် ထိခိုက် နစ်နာပြီး လမ်းလွဲကြရသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းကြောင်းမှန်ပေါ်သို့ စတင်ခြေချရခြင်း မရှိသေးဘဲ မိမိတို့ကိုယ်မိမိ အသုံးခံကာ ဘုရားသခင်အတွက် စိတ်ထက်သန်စွာ ဒုက္ခခံကြသည်။ သူတို့သည် မည်သည့်အရာကိုမျှ သစ္စာဖောက်ခြင်း၊ သို့မဟုတ် ယုဒဖြစ်သွားခြင်း မရှိဘဲ ဖမ်းဆီးထောင်ချခံရခြင်းမျှသာ ဖြစ်၏။ ထို့အတွက်ကြောင့် ၎င်းတို့သည် မိမိတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခဲ့ပြီးဖြစ်သည်၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီသည်ဟု ထင်မြင်ကြလေသည်။ သူတို့သည် ဤအတွေ့အကြုံအနည်းငယ်မျှကို သက်သေခံချက်အဖြစ် မှတ်ယူလျက် နေရာတကာ ကြွားလုံးထုတ်ကြသည်။ ဤသည်မှာ လူများကို အထင်အမြင်မှားစေဖို့ ကြွားဝါခြင်း မဟုတ်လော။ လူများစွာတို့သည် ဤ “သက်သေခံချက်” မျိုးကို ပေးကြပြီဖြစ်ရာ လူပေါင်းမည်မျှသည် လှည့်ဖြားခံကြရပြီး ဖြစ်သနည်း။ ထိုကဲ့သို့သော လူများက အောင်မြင်သောသူများအဖြစ် ဆက်ဆံခံရခြင်းသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဘုရားသခင်သည် လူများအား မည်သို့မြင်သည်ကို သင်သိသလော။ အောင်မြင်သောသူဆိုသည်မှာ အတိအကျအားဖြင့် မည်သည့်အရာ ဖြစ်ကြောင်း သင်ရှင်းလင်းသလော။ ဤပုံစံဖြင့် မှားယွင်းသော သက်သေခံခြင်းကို ဘုရားသခင်က ကျိန်ဆဲလေသည်။ မည်မျှလောက်သော မကောင်းမှုများကို အလားတူပုံစံဖြင့် သင်တို့ ကျူးလွန်ခဲ့သနည်း။ သင်တို့သည် အခြားသူများအတွက် အသက်ကို မထောက်ပံ့ပေးနိုင်သကဲ့သို့ အခြားသူများ၏ အခြေအနေများကို စိတ်ဖြာလေ့လာဆွေးနွေးနိုင်ခြင်းလည်း မရှိ။ သင်တို့သည် လူများကို သရဖူများ ပေးခြင်းသာ လုပ်နိုင်ပြီး ရလဒ်အနေဖြင့် ၎င်းတို့ ပျက်စီးသွားအောင်သာ လုပ်နိုင်သည်။ အကျင့်ပျက်သူတစ်ဦးသည် ချီးမွမ်းခြင်းကို မခံနိုင်ကြောင်း သင်မသိသလော။ မည်သူမျှ မချီးမွမ်းလျှင် ထိုသူသည် ခေါင်းမော့လျက် မယုံနိုင်လောက်အောင် မောက်မာနေပေလိမ့်မည်။ သို့သော် လူတို့က သူ့ကို ချီးမွမ်းလျှင် ထိုသူသည် အသေစောမည် မဟုတ်လော။ ဘုရားသခင်ကို ချစ်မြတ်နိုးရန်၊ ဘုရားသခင်ကို သိရန်နှင့် ဘုရားသခင်အတွက် စိတ်ရင်းအမှန်ဖြင့် မိမိကိုယ်မိမိ အသုံးခံရန်ဆိုသည်မှာ အဘယ်ဖြစ်ကြောင်း သင်တို့မသိရှိကြ။ ထိုအရာ တစ်ခုတလေကိုမျှ သင်တို့နားမလည်ကြ။ သင်တို့သည် အမှုအရာများ၏ အပြင်ပန်းသွင်ပြင်ကို ကြည့်လျက် အခြားသူများကို အကဲဖြတ်ကြ၏။ အခြားသူများကို သရဖူများ ဆောင်းပေးကာ မြှောက်ပင့်ကြ၏။ ဤနည်းအားဖြင့် လူများစွာကို လှည့်ဖြားပြီး ထိခိုက်နစ်နာစေသည်။ သင်တို့သည် ဤသို့ မကြာခဏ ပြုကြသည်။ သင်တို့ ဤသို့ ချီးမွမ်းသည်ကို ခံရပြီးသည့်နောက် လူများစွာတို့သည် လမ်းလွဲကုန်ပြီး လဲကျခဲ့ကြရပြီဖြစ်၏။ ထိုသူတို့ ပြန်ထလာနိုင်လျှင်ပင် ၎င်းတို့ဘဝရှိ တိုးတက်မှုများစွာက နှောင့်နှေးသွားပြီဖြစ်ကာ ဆုံးရှုံးမှုများကို ၎င်းတို့ခံစားခဲ့ကြရပြီ ဖြစ်သည်။ ယခုအခါ အများစုသည် ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းပေါ်တွင် မရှိသေးသကဲ့သို့ သမ္မာတရားကိုလည်း မလိုက်စားနိုင်ကြသည့်အပြင် မိမိတို့အကြောင်းကိုလည်း အနည်းငယ်သာ သိကြသည်။ အကယ်၍ ၎င်းတို့သည် ဤသို့ ချီးကျူးခံရပါက မိမိကိုယ်ကို ကျေနပ်ရောင့်ရဲခြင်း၊ အားရခြင်းများ ဖြစ်လာကာ ဘုရားသခင်အပေါ် သူတို့၏ ယုံကြည်ခြင်း၌ လမ်းကြောင်းမှန်ပေါ်သို့ ရောက်နေပြီးသား ဖြစ်သည်ဟုလည်းကောင်း၊ သူတို့တွင် သမ္မာတရားစစ်မှန်မှု အနည်းငယ် ရှိသည်ဟုလည်းကောင်း ခံစားကြကာ မလျှော့တမ်း ပေတေနေကြမည် ဖြစ်သည်။ ၎င်းတို့ စကားပြောဆိုရာတွင် ရဲတင်းလာကာ အသင်းတော်အတွင်းတွင် လူများကိုလည်း အပြစ်တင်ပြီး အာဏာရှင်တစ်ဦးကဲ့သို့ ပြုမူလာကြလိမ့်မည် ဖြစ်သည်။ ဤပုံစံအတိုင်း လုပ်ဆောင်ခြင်းအားဖြင့် သင်သည် လူများကို ထိခိုက်နစ်နာစေပြီး ပျက်စီးစေသည် မဟုတ်လော။ မည်သို့သောသူသည် ဘုရားသခင်ကို ချစ်သနည်း။ ဘုရားသခင်ကို ချစ်သူများသည် ပေတရုကဲ့သို့ ဖြစ်ရပေမည်။ ၎င်းတို့သည် စုံလင်စေခြင်းကို ခံရမည်။ ထို့ပြင် ဘုရားသခင်ကို ချစ်ခြင်းအား ရရှိနိုင်ရန်အတွက် လမ်းဆုံးတိုင်အောင် ဘုရားသခင်နောက်သို့ လိုက်ရမည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံး နက်ရှိုင်းရာထဲသို့ စောင့်ကြည့်လေ့လာပြီး သူ့အား ချစ်သောသူကို ဘုရားသခင်သည်သာလျှင် ဆုံးဖြတ်နိုင်သည်။ လူတို့အနေဖြင့် ဤသည်ကို ရှင်းလင်းစွာ မြင်နိုင်ရန် မလွယ်ကူသောကြောင့် အခြားသူများအပေါ် မည်သို့လျှင် စီရင်ဆုံးဖြတ်နိုင်မည်နည်း။ ဘုရားသခင်ကို မည်သူက အမှန်တကယ် ချစ်သည်ဆိုသည်ကို ဘုရားသခင်သာလျှင် သိပေသည်။ ဘုရားသခင်ကို ချစ်သောစိတ်နှလုံး ရှိလျှင်ပင် ၎င်းတို့ကိုယ်တိုင်သည် ဘုရားသခင်ကို ချစ်သူများ ဖြစ်ကြောင်း သူတို့မပြောဝံ့ကြ။ ဘုရားသခင်က ပေတရုသည် ဘုရားသခင်ကို ချစ်သောသူတစ်ဦးဖြစ်ကြောင်း ပြောသော်လည်း ပေတရုကိုယ်တိုင်ကမူ ဤသို့တစ်ခါမျှ ပြောခဲ့ခြင်း မရှိပေ။ သို့ဖြစ်၍ ဘုရားသခင်ကို ချစ်ခြင်းသည် လူတစ်ဦး သာမန်ကာလျှံကာ ကြွားဝါ၍ရသည့် အရာတစ်ခုဖြစ်သလော။ ဘုရားသခင်ကို ချစ်ခြင်းဟူသည်မှာ လူသား၏ ဝတ္တရား ဖြစ်ပေရာ မိမိ၏ နှလုံးအိမ်အတွင်းတွင် ဘုရားအတွက် ချစ်ခြင်းမေတ္တာ အနည်းငယ် ရှိလာသည်နှင့်တစ်ပြိုင်နက် စတင်၍ ဝါကြွားခြင်းသည် ယုတ္တိကင်းမဲ့လေသည်။ မိမိကိုယ်၌ကမူ ဘုရားသခင်ကို ချစ်သောသူမဟုတ်ပါဘဲ အခြားသူများကို ဘုရားသခင်အား ချစ်ခြင်းအတွက် ချီးမွမ်းသည်မှာ ထိုထက်ပို၍ ယုတ္တိကင်းမဲ့လေသည်။ ဤသည်မှာ အလွန်မိုက်မဲခြင်းပေတည်း။ မည်သူက ဘုရားအား ချစ်သောသူဖြစ်သည်ကို ဘုရားသခင်သာလျှင် သိ၍ ဘုရားကို ချစ်သောသူမှာ မည်သူဖြစ်ကြောင်း ဘုရားသခင်သာလျှင် ပြောနိုင်သည်။ လူသားတစ်ဦး၏ နှုတ်မှ ဤစကားများထွက်လာလျှင် ထိုသူသည် နေရာအမှားကို ဝင်ယူနေခြင်း ဖြစ်သည်။ သင်သည် လူများကို ဩဘာပေးပြီး မြှောက်ပင့်ရင်း ဘုရားသခင်၏ နေရာကို ယူနေခြင်း ဖြစ်သည်။ မည်သူ့ကိုယ်စား ထိုကဲ့သို့ လုပ်ရသနည်း။ ဘုရားသခင်သည် လူတို့ကို သေချာပေါက် မမြှောက်ပင့်သကဲ့သို့ ဩဘာလည်း မပေးပေ။ ပေတရုကို စုံလင်စေပြီးသည့်နောက်၌ ဘုရားသခင်သည် နောက်ဆုံးသောကာလ အမှုကို မလုပ်မချင်း သူ့အား နမူနာအနေဖြင့် အသုံးမပြုခဲ့ချေ။ “ပေတရုကား ဘုရားသခင်ကို ချစ်ပေသည်” ဟု ထိုအချိန်တွင် ဘုရားသခင်က အခြားသူများကို မပြောခဲ့။ အမှု၏ ဤအဆင့်ကို လုပ်ဆောင်သည့်အခါမှသာ ဘုရားသခင်က ပေတရုကို နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းကို တွေ့ကြုံပြီး ဘုရားသခင်ကို ချစ်ရန် ကြိုးစားသည့် သူများအတွက် စံပြနှင့် နမူနာအဖြစ် သတ်မှတ်ရင်း ထိုသို့သော စကားများကို ပြောခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ပြုသော အမှုတိုင်းသည် အဓိပ္ပာယ်ရှိ၏။ တစ်စုံတစ်ယောက်မှာ ဘုရားသခင်ကို ချစ်သောသူဖြစ်သည်ဟု လူတို့အနေနှင့် ထင်ရာမြင်ရာ ပြောဆိုခြင်းသည် အဘယ်မျှ အဓိပ္ပာယ်ကင်းမဲ့လိုက်လေသနည်း။ ဤသည်မှာ ယုတ္တိကင်းမဲ့လွန်းလှ၏။ ပထမဦးစွာ ထိုလူများသည် မှားယွင်းသော အနေအထားတွင် ရပ်နေကြခြင်း ဖြစ်သည်။ ဒုတိယအနေဖြင့် ဤသည်မှာ လူတို့စီရင်ဆုံးဖြတ်နိုင်သည့်အရာ မဟုတ်။ အခြားသူများကို မြှောက်ပင့်ပြောဆိုခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားသူများကို အထင်အမြင်မှားစေခြင်း၊ လှည့်ဖြားခြင်းနှင့် ထိခိုက်နစ်နာစေခြင်းကို ဆိုလိုသည်။ တတိယအနေဖြင့် ယင်း၏ ဓမ္မဓိဋ္ဌာန်ကျသော သက်ရောက်မှုများကို ကြည့်လျှင် ထိုသို့သော အပြုအမူသည် အခြားသူတို့အား လမ်းကြောင်းမှန်ပေါ်သို့ မပို့ဆောင်နိုင်ရုံသာမက ၎င်းတို့၏ အသက်ဝင်ရောက်မှုကိုပါ အနှောင့်အယှက်ပေးပြီး ၎င်းတို့၏ ဘဝတွင် ဆုံးရှုံးမှုများကိုလည်း ဖြစ်စေပေသည်။ သင့်အနေဖြင့် တစ်စုံတစ်ယောက်သည် ဘုရားသခင်ကို ချစ်သည်၊ အမှုအရာများကို စွန့်လွှတ်နိုင်သည်၊ ဘုရားသခင်အပေါ် သစ္စာရှိသည်ဟု အမြဲပြောဆိုနေလျှင် လူတိုင်းက ထိုသူ၏ အပြင်ပန်း လုပ်ဆောင်ချက်များကို တုပလာကြမည် မဟုတ်လော။ သင့်အနေဖြင့် အခြားသူများကို လမ်းမှန်သို့ မရောက်စေရုံသာမက သရဖူများနှင့် အလဲအလှယ်လုပ်ရန် ဤအပြင်ပန်းအလေ့အကျင့်များကို လူအများစု အားကိုးကြကာ ပေါလု၏ လမ်းကြောင်းကို အမှတ်တမဲ့ လျှောက်ကုန်ကြသည်အထိ အပြင်ပန်း လုပ်ဆောင်ချက်များအပေါ် ထိုသူတို့ အာရုံစိုက်ကြစေရန် ဦးဆောင်လိုက်ခြင်းလည်း ဖြစ်သည်။ ဤသက်ရောက်မှုများ မရှိခဲ့သလော။ ဤစကားများကို သင်ပြောသည့်အခါ ထိုပြဿနာများကို သတိပြုမိသလော။ မည်သည့်အနေအထားတွင် သင်ရပ်တည်နေသနည်း။ မည်သည့်အခန်းကဏ္ဍတွင် သင်ပါဝင်ဆောင်ရွက်နေသနည်း။ သင့်စကားများ၏ ဓမ္မဓိဋ္ဌာန်ကျသော သက်ရောက်မှုကား အဘယ်နည်း။ ယင်းက အဆုံးတွင် အခြားသူများအား အဘယ်လမ်းကို လိုက်စေသနည်း။ မည်မျှသော အတိုင်းအတာထိ ဘေးအန္တရာယ်ဖြစ်စေသနည်း။ လူတို့အနေဖြင့် ဤသို့လုပ်ဆောင်ကြသောအခါ ကြီးလေးသော အကျိုးဆက်များ ရှိပေသည်။

အသင်းတော်အတွင်းရှိ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များမှာ သူတို့၏ အတွေ့အကြုံများကို မပြောနိုင်၊ သက်သေမခံနိုင်သကဲ့သို့ ပြဿနာများ ဖြေရှင်းရန်အတွက် သမ္မာတရားကိုလည်း အသုံးမပြုနိုင်ပေ။ သူတို့အနေဖြင့် မည်သို့ ဒုက္ခခံခဲ့ပုံ၊ ပြုပြင်ခြင်းကို မည်သို့လက်ခံခဲ့ပုံ၊ မကျေနပ်ချက်များစွာကို ခံစားခဲ့ရသော်လည်း မည်သို့ အပျက်သဘောမဆောင်လာကြပုံ၊ မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရာတွင် မည်သို့ဇွဲကောင်းပုံတို့ကိုသာ အမြဲလိုလို သက်သေခံကြသည်။ ပေါလုကဲ့သို့ပင် ၎င်းတို့အပေါ် ဘုရားရွေးချယ်ထားသောလူများ လေးစားရန်၊ ကြည်ညိုရန်နှင့် အထင်ကြီးရန် လုပ်ဆောင်လျက် မိမိတို့ကိုယ်ကို ဂုဏ်တင်ရင်း သူတို့ကိုယ်သူတို့ အစဉ်သဖြင့် သက်သေခံကြသည်။ ထို့အပြင် ထိုသူတို့သည် စကားများနှင့် အယူဝါဒများကို ကောင်းစွာ ပြောဆိုနိုင်ပြီး တရားဟောကြားနိုင်သူတို့ကို မြင်သည့်အခါ မြှောက်ပင့်ပေးကြသည်။ ပေါလုနှင့်တူသော ထိုခေါင်းဆောင်နှင့် အမှုဆောင်တို့ကို ချီးမွမ်းပြီး သြဘာပေးကြသည်။ ဤနည်းအားဖြင့် ထိုခေါင်းဆောင်နှင့် အမှုဆောင်တို့အပေါ် အခြားသူများ ကြည်ညိုအောင် သူတို့လုပ်ကြသည်။ ထိုသူတို့သည် ရေလောင်းခြင်းအလုပ်နှင့် ဖြည့်ဆည်းခြင်းအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် ပျက်ကွက်ရုံသာမက အခြားသူများကို ပေါလု၏ လမ်းကြောင်း လျှောက်ဖို့ ဦးတည်ပေးသည့် ဖျက်ဆီးပြီး အနှောင့်အယှက်ပေးသော အလုပ်အချို့ကိုလည်း ပါဝင်ဆောင်ရွက်ကြသည်။ ထိုအတောအတွင်း သူတို့ကိုယ်သူတို့ စွမ်းဆောင်နိုင်သော ခေါင်းဆောင်ကောင်းများ ဖြစ်သည်ဟု တလွဲတွေးထင်ကာ ဘုရားသခင်ထံမှ ဆုလာဘ်များကို ရလိုကြသည်။ ဤသည်မှာ သင်တို့အများစု ရောက်နေသော အခြေအနေ မဟုတ်သလော။ စကားများနှင့် အယူဝါဒများကိုသာ အာရုံစိုက်ခြင်းနှင့် လူတို့ကို မရပ်မနား သြဝါဒပေးခြင်းဖြစ်သည့် သင်တို့၏ လက်ရှိနည်းစနစ်အရဆိုလျှင် လူများကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ သင်တို့ ဦးဆောင်နိုင်မည်လော။ အဆုံးတွင် ဤအမှုသည် ၎င်းတို့အား မည်သည့်လမ်းကြောင်းသို့ ဆိုက်ရောက်စေနိုင်သနည်း။ ၎င်းတို့အားလုံးကို ပေါလုလမ်းကြောင်းပေါ်သို့ ဆိုက်ရောက်စေမည် မဟုတ်လော။ ဤသည်မှာ ပကတိအရှိဖြစ်သည်ဟု ငါမြင်သည်။ တစ်ဆိတ်ကို တစ်အိတ်လုပ်ခြင်း မဟုတ်။ သင်တို့အားလုံးသည် လူများကို ပေါလုလမ်းကြောင်းသို့ ဦးဆောင်နေသည့် ပေါလုပုံစံ ခေါင်းဆောင်များ ဖြစ်သည်ဟု ဆိုနိုင်သည်။ သရဖူတစ်မျိုးမျိုးကို သင်တို့ လိုချင်နေကြဆဲလော။ ပြစ်တင်ရှုတ်ချခြင်း မခံရလျှင်ပင် သင်တို့ကံကောင်းမည်ဖြစ်၏။ သင်တို့လုပ်ရပ်များအရ သင်တို့အားလုံးသည် ဘုရားသခင်ကို ခုခံသည့်သူများ၊ ဘုရားသခင်ကို အစေခံသည့်တိုင် ခုခံသည့်သူများ ဖြစ်လာကြလေပြီ။ ဘုရား၏ အမှုကို နှောင့်ယှက်ရာတွင် ကျွမ်းကျင်သူများ ဖြစ်လာကြလေပြီ။ ဤလမ်းကြောင်းမျိုးအတိုင်းသာ ဆက်လက်လျှောက်လှမ်းပါက အဆုံးတွင် သင်တို့သည် အယောင်ဆောင် သိုးထိန်းများ၊ အယောင်ဆောင် ခေါင်းဆောင်များ၊ အယောင်ဆောင် အမှုဆောင်များနှင့် အန္တိခရစ်များသာ ဖြစ်သွားကြမည်ဖြစ်သည်။ ယခုအချိန်သည် ကောင်းကင်နိုင်ငံတော်အတွက် လေ့ကျင့်သည့် အချိန်ခါသမယ ဖြစ်ပေသည်။ သင်တို့အနေဖြင့် သမ္မာတရားအပေါ် အားစိုက်ထုတ်မှု မပြုဘဲ အလုပ်ကိုသာ အာရုံစိုက်နေလျှင် ပေါလု၏ လမ်းကြောင်းကို အမှုမဲ့အမှတ်မဲ့ လျှောက်မိလျက်သား ဖြစ်သွားပေလိမ့်မည်။ ထို့အပြင် သင်တို့သည် ပေါလုနှင့်တူသော အခြားသူတစ်စုကိုလည်း သင်တို့နှင့်အတူ ခေါ်ဆောင်သွားလိမ့်မည်။ ဤသို့ဆိုလျှင် သင်တို့သည် ဘုရားသခင်ကို ခုခံပြီး သူ၏ အလုပ်ကို နှောင့်ယှက်သူဖြစ်လာမည် မဟုတ်လော။ ထို့ကြောင့် ဘုရားသခင်ကို အစေခံသည့်သူတစ်ဦးသည် ဘုရားသခင်အတွက် သက်သေမခံနိုင်လျှင်၊ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသူများကို လမ်းမှန်သို့ရောက်အောင် ဦးဆောင်ခြင်း မပြုနိုင်လျှင် သူသည် ဘုရားသခင်ကို ခုခံသည့်သူတစ်ဦး ဖြစ်၏။ ဤလမ်းကြောင်းနှစ်ခုသာ ရှိသည်။ ပေတရု၏ လမ်းကြောင်းမှာ သမ္မာတရားကို လိုက်စားပြီး နောက်ဆုံးတွင် မိမိ၏ ယုံကြည်ခြင်း၌ အောင်မြင်သွားသည့် လမ်းကြောင်းဖြစ်သည်။ ပေါလု၏ လမ်းကြောင်းမှာမူ သမ္မာတရားကို လိုက်စားခြင်းမပြုဘဲ ကောင်းချီးနှင့် ဆုလာဘ်များ ရဖို့အတွက်သာ ကြိုးစားသည့် လမ်းကြောင်းဖြစ်သည်။ ယင်းမှာ ရှုံးနိမ့်ခြင်းလမ်းကြောင်း ဖြစ်သည်။ ယနေ့တွင် ပေတရု၏ အောင်မြင်သော လမ်းကြောင်းကို လျှောက်လှမ်းသူမှာ နည်းပါးလွန်းလှပြီး ပေါလု၏ ကျရှုံးသည့် လမ်းကြောင်းကို လျှောက်လှမ်းသူမှာမူ များစွာ ရှိနေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံနေသည့် သင်တို့သည် သမ္မာတရားကို အစမှအဆုံးထိ မလိုက်စားပါက သင်တို့အားလုံးသည် အယောင်ဆောင် ခေါင်းဆောင်နှင့် အယောင်ဆောင် အမှုဆောင်များ ဖြစ်လာပြီး အန္တိခရစ်များနှင့် ဘုရားသခင်ကို ခုခံသော ဆိုးယုတ်သူများ ဖြစ်လာကြပေမည်။ သင်တို့အနေဖြင့် ယခုအချိန်မှစ၍ လမ်းကြောင်းမှန်ပေါ်သို့ ပြောင်းပြီး ပေတရု၏ လမ်းကြောင်းကို အမှန်တကယ် လိုက်လျှင် ဘုရားသခင် အသိအမှတ်ပြုသော ခေါင်းဆောင်ကောင်းနှင့် အမှုဆောင်ကောင်းများ ဖြစ်လာနိုင်သေးသည်။ သင်တို့သည် စုံလင်စေခြင်း ခံရဖို့နှင့် ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုအတွင်း ဝင်ရောက်ဖို့ မကြိုးစားလျှင် အန္တရာယ်ရှိလေသည်။ သင်တို့၏ မိုက်မဲမှုနှင့် မသိနားမလည်မှု၊ အပေါ်ယံမျှဖြစ်ပြီး မလုံလောက်သော အတွေ့အကြုံ၊ သင်တို့၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုနှင့် မရင့်ကျက်မှုတို့ကို ထည့်သွင်းစဉ်းစားပါက လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ သင်တို့ကို သမ္မာတရားနှင့်ပတ်သက်၍ ပိုမိုမိတ်သဟာယပြုပေးခြင်းနှင့် သင်တို့ နားလည်လာအောင် လုပ်ပေးခြင်းတို့သာ ဖြစ်သည်။ သို့သော် သင်တို့ သမ္မာတရားကို ရမရဆိုသည်မှာ သင်တို့ကိုယ်တိုင်၏ လိုက်စားမှုအပေါ်တွင် မူတည်ပေသည်။ အကြောင်းမှာ ယနေ့ခေတ်သည် ပေတရုနှင့် ပေါလုတို့၏ ခေတ်နှင့်စာလျှင် များစွာခြားနားနေသောကြောင့် ဖြစ်သည်။ ထိုခေတ်က သခင်ယေရှုသည် လူတို့ကို တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ သို့မဟုတ် လူ၏ စိတ်သဘောထားကို ပြောင်းလဲပေးခြင်းများ မပြုလုပ်ရသေးပေ။ ယခုခေတ်အခါတွင်မူ လူ့ဇာတိခံ ဘုရားသခင်သည် သမ္မာတရားကို အလွန် ပွင့်လင်းမြင်သာစွာ ဖော်ပြထားပြီဖြစ်သည်။ လူတို့အနေဖြင့် ပေါလု၏ လမ်းကြောင်းကို လျှောက်လှမ်းဆဲဖြစ်လျှင် ဤအချက်က သူတို့၏ သဘောပေါက်နားလည်နိုင်စွမ်းမှာ ချို့ယွင်းနေကြောင်း ပြသည့်အပြင် သူတို့၏ စရိုက်သည် ပေါလုကဲ့သို့ပင် အလွန်ဆိုးယုတ်ပြီး စိတ်သဘောထားကလည်း အလွန်အမင်း မာနထောင်လွှားကြောင်း ညွှန်ပြလျက်ရှိသည်။ ထိုခေတ်နှင့် ယနေ့ခေတ် မတူညီသကဲ့သို့ အလုံးစုံ အခြေအနေချင်းလည်း ကွာခြားသည်။ ယနေ့ခေတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အလွန် တောက်ပပြီး အလွန် ရှင်းလင်းလှသည်။ ဘုရားက သင့်ကို သွန်သင်ပေးရန်နှင့် ဦးဆောင်ရန် သူ၏လက်ကို ကမ်းပေးနေသည့်အလား ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် လမ်းမှားကို လျှောက်လှမ်းဆဲဖြစ်ပါက လက်သင့်ခံနိုင်ဖွယ် မရှိပေ။ ထို့အပြင် ယနေ့ခေတ်တွင် တစ်ခုက အပြုသဘောဆောင်ပြီး တစ်ခုက အပျက်သဘောဆောင်ကာ တစ်ခုက စံနမူနာဖြစ်ပြီး အခြားတစ်ခုက သတိပေးချက်ဖြစ်သည့် ပေတရုနှင့် ပေါလုဟူသည့် သာဓကပုံစံနှစ်မျိုးရှိ၏။ လမ်းမှားကို လျှောက်လျှင် သင်သည် မှားယွင်းသော ရွေးချယ်မှုကို ပြုခဲ့ပြီဖြစ်ပြီး ဆိုးယုတ်လွန်းသည်ဟု ဆိုလို၏။ သင်တို့ကိုယ်သင်တို့အပြင် အခြားအပြစ်တင်စရာ မည်သူမျှမရှိချေ။ သမ္မာတရားစစ်မှန်မှု ရှိသောသူသည်သာ အခြားသူများကို သမ္မာတရားစစ်မှန်မှုသို့ ဝင်ရောက်ရန် ဦးဆောင်နိုင်ပေသည်။ သမ္မာတရားစစ်မှန်မှု မရှိသူတို့မှာမူ အခြားသူများကို လမ်းလွဲစေဖို့သာ ဦးဆောင်နိုင်သည်။

ကောက်နုတ်ချက် (၇၄)

မိမိတို့၏အလုပ်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားအကြောင်းကို မိတ်သဟာယမပြုကြသော ခေါင်းဆောင်များနှင့် အမှုဆောင်များရှိကြသည်။ သူတို့သည် ကိစ္စများကို သူတို့ဘာသာအပြည့်အဝနားလည်ဖို့ မတတ်နိုင်ကြသည့်အပြင်၊ “ကျွန်ုပ်က လူတိုင်းအား သူတို့၏ထင်မြင်ချက်များကို ဖော်ပြစေချင်ပါသည်။ အသင်တို့အားလုံး မိမိစိတ်တွင်ရှိသည့်အရာကို ပြောပါ” ဟူ၍ မကြာခဏ ပြောဆိုကြသည်။ လူတိုင်းအား သူတို့၏သဘောထားများကို ထုတ်ဖော်ခွင့်ပြုပြီး၊ နောက်ဆုံးတွင် အများဆန္ဒကို ရယူသဖြင့် ဤသည်က မှန်ကန်ပြီး အလွန် ဒီမိုကရေစီနည်းကျသယောင် ထင်ရသည်။ လူများက သမ္မာတရားကို နားမလည်ကြသောအခါ ဤကျင့်သုံးမှုသည် နောက်ဆုံးပိတ်အားကိုးအားထားရာအနေနှင့် လက်ခံနိုင်သော်လည်း၊ သမ္မာတရားနှင့်ကိုက်ညီသည့်ကောက်ချက်တစ်ခုကို ရလိမ့်မည်ဟု အာမမခံပေ။ သမ္မာတရားကို မည်သူကမျှ နားမလည်သောကြောင့်နှင့် လူတိုင်း၏ထင်မြင်ချက်များတွင် အားနည်းချက်များရှိတတ်သောကြောင့်၊ သူတို့သည် အတူတကွ စုဝေးကြလျှင်ပင် သမ္မာတရားနှင့်ကိုက်ညီသည့်ကောက်ချက်တစ်ခုကို မချနိုင်ကြသေးပေ။ ထိုကဲ့သို့ဖြစ်နေသည်မဟုတ်လော။ အကယ်၍ သမ္မာတရားကို နားလည်သူတဦးဦးကသာ ပါဝငလုပ်ဆောင်မည်ဆိုလျှင် များစွာပို၍ကောင်းသွားခဲ့လိမ့်မည်။ အခြေအနေများသည် ပို၍ကောင်းသွားခဲ့နိုင်သည်။ သို့ရာတွင် သမ္မာတရားကို နားလည်သည့်တစ်ယောက်ယောက်က ပဲ့ကိုင်ဖို့မှာ အရေးပါသည်။ ဤလူသည် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် အခြေခံ၍ သမ္မာတရားကို ရှာဖွေရာတွင် လူတိုင်းကို လမ်းညွှန်ပြပေးသင့်သည်။ ဤနည်းဖြင့် သူတို့ချလိုက်သည့်ကောက်ချက်များသည် သမ္မာတရားနှင့်ကိုက်ညီနိုင်ပေသည်။ ဤသည်မှာ အကောင်းဆုံးချဉ်းကပ်နည်းဖြစ်သည်။ သမ္မာတရားကို နားလည်သောတဦးဦးက ဦးဆောင်၍ ပဲ့ကိုင်ပေးကာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် မူတည်၍ သမ္မာတရားအကြောင်းကို မိတ်သဟာယဖွဲ့ရာ၌ နောက်ဆုံးတွင် စည်းလုံးညီညွတ်မှုရပြီး သမ္မာတရားနှင့်ပတ်သက်၍ အားလုံးသဘောတူညီမှုတစ်ခုရသည်အထိ လူတိုင်းကို ဦးဆောင်သွားဖို့ လိုအပ်ပါသည်။ ဤသည်ကသာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းမှန်ဖြစ်သည်။ သို့ဖြစ်လျှင် ဒီမိုကရေစီကို မည်သို့ရှုမြင်သင့်သနည်း။ လက်ရှိအချိန်တွင် အကျင့်ပျက်လူသားမျိုးနွယ်အကြားတွင် ဒီမိုကရေစီသည် အတော်အတန် တိုးတက်ပြီး အဆင့်မြင့်သောလူမှုရေးစနစ်တစ်ခုဖြစ်သည်။ ၎င်းသည် အတွေးအမြင်သစ်ကို ဖော်ဆောင်ပေးပြီး ခေတ်ဆန်ရုံသာမက လူအများစု၏အကြိုက်များနှင့်လည်း ကိုက်သည်။ ဤစနစ်သည် အတော်အတန် အဆင့်မြင့်ပြီး တိုးတက်သော်လည်း၊ မည်မျှကောင်းမွန်သည့်စနစ်ဖြစ်ပါစေ၊ လူသားအပြစ်၏ပြဿနာကို မည်သည့်စနစ်မဆိုက ဖြေရှင်းပေးနိုင်သလော။ ယင်းက လူ့အသိုင်းအဝိုင်းဆိုင်ရာ မကောင်းမှုများနှင့် အမှောင်ထုတို့၏အနှစ်သာရကို ပြောင်းလဲပေးနိုင်သလော။ ဤသည်မှာ ဖြစ်နိုင်ခြေမရှိပါ၊ အာဏာရှင်ခေတ်တွင် ဆိုဖွယ်ရာပင်မရှိတော့ချေ။ ထိုဒီမိုကရေစီဝါဒကို အခြေခံသောနိုင်ငံများ၏အာဏာပိုင်အရာရှိများအကြားတွင်လည်း ဧရာမအဂတိလိုက်စားမှုနှင့် အုပ်ချုပ်ရေးညံ့ဖျင်းမှုတို့ ရှိသည်မဟုတ်လော။ ဤစနစ်တွင် ဖြစ်ပျက်သည့် မည်သည့်အရာကမျှ သမ္မာတရားနှင့် မကိုက်ညီပါ။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် စာတန်ကြောင့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးပြီးဖြစ်သောကြောင့်ဖြစ်သည်။ ၎င်းသည် သမ္မာတရား အလုံးစုံကင်းမဲ့သည်။ လူသားများသည် ၎င်းတို့၏ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများကို လက်ခံထားကြပြီး၊ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်ကြသည်။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်နိုင်ချေမရှိပါ။ အာဏာရှိနိုင်ငံ့ခေါင်းဆောင်များအပြင် ထိုကျော်ကြားသောပုဂ္ဂိုလ်များပင်လျှင်လည်း အသိပညာရှိကြသော်လည်း၊ အားလုံးက စာတန်၏စိတ်သဘောထားကို လက်ခံထားကြသည်။ သူတို့တွင် သမ္မာတရားတစွန်းတစ်စမျှပင် မရှိကြသည့်အပြင်၊ ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်သည့် အပြုအမူပေါင်းများစွာကို တတ်နိုင်ကြသည်။ မကောင်းမှု၊ အဓိပ္ပါယ်မရှိသောလုပ်ရပ်အချို့ကို ကျူးလွန်ဖို့ကိုပင်လျှင် သူတို့ တတ်နိုင်ကြသည်။ သူတို့တွင် ယုံကြည်ခြင်းရှိသည်ဖြစ်စေ သို့မဟုတ် မရှိသည်ဖြစ်စေ၊ သူတို့အထဲမှ တစ်ယောက်ကမျှ သမ္မာတရားကို လက်မခံနိုင်၊ သို့မဟုတ် ဘုရားသခင်နောက်သို့ စစ်မှန်စွာ မလိုက်နိုင်ကြပေ။ သူတို့အထဲမှ တစ်ယောက်ကမျှ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်း သို့မဟုတ် ကိုးကွယ်ခြင်း မပြုလုပ်ကြပေ။ သူတို့သည် ဘုရားသခင်ကို ဂုဏ်တင်ချီးကျူးဖို့ သို့မဟုတ် သက်သေခံဖို့ ဘာတစ်ခုကိုမျှ ဘယ်တော့မှ မပြောကြပေ။ သူတို့ပြောသည့်စကားလုံးများအားလုံးသည််ဘုရားမဲ့ဝါဒဆန်ပြီး၊ အားလုံးသည် ဘုရားသခင်ကို ငြင်းပယ်ပြီး ဆန့်ကျင်သည့်စကားများဖြစ်ကြသည်။ ယင်းတို့အားလုံးသည် မိစ္ဆာဒိဋ္ဌိယုတ္တိအမှားများဖြစ်ကြသည်။ ယင်းတို့အားလုံးသည် ကောင်းကင်ဘုံကို အာခံဖီဆန်သည့် စကားများဖြစ်ကြပြီး၊ ယင်းတို့သည် ဆိုးယုတ်သောစကားများမှတပါး အခြားမဟုတ်ကြပေ။ ထို့ကြောင့် လူသားများသည် သူတို့၏နိုင်ငံများကို အုပ်ချုပ်ဖို့ မည်သည့်စနစ်ကို လက်ခံရွေးချယ်လိုက်သည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်ထံ ကျိုးနွံနာခံကြလိမ့်မည်မဟုတ်ပေ၊ သူ့ကို ကိုးကွယ်ကြလိမ့်မည်မဟုတ်ပေ၊ သူဖော်ပြသည့်မည်သည့်သမ္မာတရားကိုမဆို လက်ခံကြလိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် သူ့နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့နှင့်အညီ သူတို့၏နိုင်ငံများကို အုပ်ချုပ်ကြလိမ့်မည် မဟုတ်ပေ။ သူတို့သည် သိပ္ပံပညာနှင့် တရားဥပဒေစိုးမိုးရေးတို့အပေါ်တွင် အခြေခံသည့် အုပ်ချုပ်မှုကို အားပေးထောက်ခံကြသည်။ ဤသည်က သူတို့လျှောက်သည့်လမ်းကြောင်းသည် ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်သည့်လမ်းကြောင်းများအနက်မှ တစ်ခုဖြစ်ကြောင်းကို ပြသည်။ ဤကဲ့သို့သောနိုင်ငံများသည် ဘုရားသခင်၏ကောင်းချီးပေးခြင်းကို မခံရပေ။ နတ်ဆိုးဘုရင်များ အုပ်စိုးသည့် မည်သည့်နိုင်ငံမဆိုသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး သူ၏ကျိန်ဆဲခြင်းကို ခံရသည်။ ဤသည်တို့သည် ဖျက်ဆီးပစ်ရမည်ဟု ဘုရားသခင်က အဆုံးအဖြတ်ပေးခဲ့ပြီးဖြစ်သည့် နိုင်ငံများဖြစ်ကြသည်။ သို့ဖြစ်၍ နိုင်ငံတနိုင်ငံသည် ဘုရားသခင်၏ပစ်ပယ်ဖျက်ဆီးခြင်းခံရလိမ့်မည်၊ မခံရလိမ့်မည်ဟူသည်မှာ ယင်းနိုင်ငံက ဒီမိုကရေစီဝါဒကို ကျင့်သုံးသောနိုင်ငံဖြစ်သည်၊ မဖြစ်သည်ဆိုသည့်အပေါ် အဓိကအားဖြင့် မမူတည်ပေ။ အဓိကအချက်မှာ ထိုနိုင်ငံရှိ အာဏာရအဖွဲ့တွင် မည်သည့်လူစားမျိုးဖြင့် ပါဝင်ဖွဲ့စည်းထားသည်ကို ကြည့်ခြင်းဖြစ်သည်။ အကယ်၍ အာဏာရှိသူများအားလုံးသည် ဆိုးယုတ်ပြီး စာတန်ဆန်သောလူစားမျိုးဖြစ်ပါက၊ အကယ်၍ သူတို့အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောနတ်ဆိုးတသိုက်ဖြစ်ပါက၊ ထိုအခါတွင် ထိုနိုင်ငံသည် သူမုန်းတီးပြီး ကျိန်ဆဲသည့်နိုင်ငံတစ်ခုဖြစ်ကာ သူ၏ဖျက်ဆီးပစ်ခြင်းကို ခံရမည်ဖြစ်သည်။

အသင်းတော်၏ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို မလိုက်စားဘဲနှင့် သူတို့၏အလုပ်ကို စည်းမျဉ်းများမရှိဘဲ စီမံခန့်ခွဲနေပါက၊ အကျိုးဆက်များက မည်သည်တို့ဖြစ်လိမ့်မည်နည်း။ သူတို့သည် ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို မလွဲဧကန် ရလိမ့်မည်မဟုတ်ပါ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအချို့က “ကျွန်ုပ်တွင် သမ္မာတရားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကိစ္စများအားလုံးတွင် ကျွန်ုပ်က ဒီမိုကရေစီကျကျ လက်တွေ့လုပ်ဆောင်ပြီး အာဏာရှင်ဆန်ဆန်မပြုမူပါက၊ ကျွန်ုပ်သည် မကောင်းမှုလုပ်နေခြင်းမဟုတ်ဟူသည်ကို သေချာစေနိုင်သည်။ ဤနည်းဖြင့် ကျွန်ုပ်သည် ဘုရားသခင်၏ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။ အကယ်၍ ကျွန်ုပ်က ကိုယ့်အလုပ်ကို ကောင်းကောင်းလုပ်ပါက ဘုရားသခင်သည် ကျွန်ုပ်ကို အသိအမှတ်ပြုလိမ့်မည်” ဟု ထင်ကြသည်။ ဤအဆိုသည် မှန်ကန်သလော။ သူတို့ဘာပြောနေသည်ကို သင်တို့က ပိုင်းခြားသိမြင်နိုင်သလော။ အာဏာရှင်ဆန်ဆန်ပြုမူခြင်းအား ရှောင်ရှားခြင်းသည် ဤလူများက ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီ ဖြစ်သည်ဟု သက်သေပြသလော။ ဒီမိုကရေစီကျင့်သုံးခြင်းက သူတို့သည် စည်းမျဉ်းများနှင့်အညီ ပြုမူသည်ဟု သက်သေပြသလော။ ဤတွေးခေါ်ပုံတွေးခေါ်နည်းသည် သဘာဝကျပုံပေါ်သော်လည်း၊ အမှန်တွင်တော့ မှားယွင်းသည်။ သမ္မာတရားကို မလိုက်စားသော ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သူတို့ မည်မျှလက်တွေ့လုပ်ဆောင်သည်ဖြစ်စေ၊ အများနှင့် သဟဇာတမဖြစ်ဘဲ မှားယွင်းနေဦးမည်သာဖြစ်သည်။ သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းပေါ်တွင် လျှောက်ခြင်းသည်သာ မှန်ကန်သည်။ တစ်ခုတည်းသောသင့်တော်သည့်ချဉ်းကပ်နည်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သမ္မာတရားလိုက်စားသည့်လမ်းကြောင်းကို လျှောက်ရာတွင် မဆုတ်မနစ်ဆက်လက်လုပ်နိုင်ဖို့နှင့် မည်သည့်အခြေအနေမျိုးကို သူတို့ရင်ဆိုင်ကြုံတွေ့ရသည်ဖြစ်စေ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားကို မိတ်သဟာယပြုဖို့ လူတိုင်းကို ဦးဆောင်ပြီး သမ္မာတရားအား လက်တွေ့ကျင့်သုံးသည့်လမ်းကြောင်းကို ရှာဖွေဖို့ဖြစ်သည်။ လူတိုင်းအား သူတို့၏ထင်မြင်ချက်များနှင့် သူတို့စိတ်ထဲတွင်ရှိသည်များကို ထုတ်ဖော်ပြစေသည့် နည်းကို အမြဲ လက်တွေ့ကျင့်သုံးဖို့ဆိုသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် မှန်ကန်သလော သို့မဟုတ် မှားယွင်းသလော။ (မှားယွင်းပါသည်။) မည်သည့်နေရာတွင် မှားယွင်းသွားသနည်း။ (မည်သူ့ထံတွင်မျှ သမ္မာတရားမရှိပါ။) ယင်းသည် မှန်ကန်သည်။ မည်သူ့ထံတွင်မျှ သမ္မာတရားမရှိပါ။ ဤသို့ဆိုလျှင် သူတို့မည်သို့မိတ်သဟာယပြုသည်ဖြစ်စေ၊ သူတို့၏မိတ်သဟာယပြုခြင်းမှ ချသော ကောက်ချက်များသည် သမ္မာတရားနှင့်ကိုက်ညီနိုင်သလော။ ယင်းသည် မဖြစ်နိုင်ပေ။ သို့ဖြစ်လျှင် လူတစ်ယောက်သည် သမ္မာတရားနှင့်ညီစေဖို့အလို့ငှာ မည်သည်ကိုလုပ်သင့်သနည်း။ (ဘုရားသခင်ပြောဆိုခဲ့သောအရာကို ကြည့်ပါ။ လူတစ်ယောက်သည် သူ့နှုတ်ကပတ်တော်များအတွင်းရှိ လမ်းကြောင်းတစ်ခုကို ရှာဖွေသင့်သည်။) ဤအဆိုသည် မည်သို့ထင်ရသနည်း။ သည့်ထက်တော့ ပို၍မမှန်နိုင်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကိစ္စများအားလုံးတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယပြုသင့်ပြီး၊ သူ့နှုတ်ကပတ်တော်များ၌ လမ်းကြောင်းကို ရှာဖွေသင့်သည်။ သို့မှသာ မှန်ကန်သောကောက်ချက်များကို ချနိုင်မည်ဖြစ်သည်။ သမ္မာတရားစည်းမျဉ်းများနှင့်ပတ်သက်၍ လူတိုင်းက မည်သို့မိတ်သဟာယပြုပုံနှင့် စည်းမျဉ်းများကို အမှန်အကန်ဖြစ်ကြောင်း သူတို့ တွေ့ရှိမတွေ့ရှိဆိုသည်ကတော့ အခြားကိစ္စဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို ရှာဖွေဖို့နှင့် စည်းမျဉ်းများကို ရှာဖွေဖို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ရန် လူတိုင်းကို ဦးဆောင်နိုင်ပါက၊ ထိုအခါတွင် ယင်းက သင်သည် သမ္မာတရားကို လိုက်စားသောသူတဦးဖြစ်ကြောင်းကို ပြသည်။ အကယ်၍ သင်သည် ဘုရားသခင့်နှုတ်ကပတ်တော်များ၌ အခြေခံအကြောင်းရင်းတစ်ခုကို ရှာဖွေခြင်း သို့မဟုတ် သူ့နှုတ်ကပတ်တော်များ၌ စည်းမျဉ်းများကို ရှာဖွေခြင်းတို့နှင့်ပတ်သက်၍ တစ်ခုမျှ မပြောဘဲ လူတိုင်းကို မိတ်သဟာယဖွဲ့ခြင်း၊ သူတို့၏ထင်မြင်ချက်များကို ထုတ်ဖော်ပြစေခြင်းသပြုလုပ်ပါက ထိုအခါ သင်သည် သမ္မာတရားလိုက်စားသောသူတစ်ဦး မဟုတ်ပေ။ သင်သည် စည်းမျဉ်းများအပေါ် ဂရုမထားဘဲ ကိစ္စများကို ရင်ကြားစေ့ပေးဖို့ ကြိုးစားနေခြင်းဖြစ်သည်။ အကယ်၍ အဆုံးတွင် သင်က လူတိုင်းကို လက်များထောင်ပြခြင်းဖြင့် မဲပေးစေပြီး အရေအတွက်များ၍ မဲအသာဖြင့် နိုင်သွားပါက ဤသည်မှာ စည်းမျဉ်းများနှင့်အညီဖြစ်သလော။ ရံဖန်ရံခါတွင် တိုက်ဆိုင်၍ အချို့စည်းမျဉ်းများနှင့်ကိုက်ညီသွားခြင်း သို့မဟုတ် စည်းမျဉ်းများ၏အတိုင်းအတာကို ကျော်လွန်မသွားခြင်းတို့မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် အချိန်အများစုတွင် စည်းမျဉ်းများနှင့်ကိုက်ညီလိမ့်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်သည် စည်းမျဉ်းများကို မရှာဖွေသောကြောင့်ဖြစ်သည်။ သင်သည် အကျယ်လောင်ဆုံးနှင့် အစူးရှဆုံးအသံများရှိသူတို့ကသာ နောက်ဆုံးဆုံးဖြတ်ချက်ကို ချပိုင်ခွင့်ရှိသည့်နေရာတွင် လူတိုင်း၏အခြေအမြစ်မရှိသောမှတ်ချက်များကိုသာ နားထောင်နေသည်။ နောက်ဆုံးတွင် ဤခေါင်းဆောင်သည် ဘာဖြစ်သွားပြီနည်း။ သူသည် လေအပြင်းဆုံးတိုက်ရာ မည်သည့်ဘက်ကိုမဆို နားထောင်သည့် ခြံစည်းရိုးကို ခွထိုင်သူတစ်ဦးဖြစ်လာသည်။ ဤသည်မှာ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို နှင်ထုတ်သောအချိန်တွင် လက်ထောင်ပြခြင်းဖြင့် မဲပေးဖို့အတွက် ခေါင်းဆောင်အချို့က တောင်းဆိုသောအခါကဲ့သို့ပင်ဖြစ်သည်။ အကယ်၍ လူတစ်ဦးတစ်ယောက်တည်းကပင်လျှင် သဘောမတူပါက သူတို့သည် ထိုသူကို မနှင်ထုတ်တော့ပေ သို့မဟုတ် မရှင်းထုတ်ပစ်တော့ပေ။ ငါပြောသည်ကပင် မည်သည့်အရာအတွက်မျှ အရေးပါလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်ကို ဘေးဖယ်ထားခြင်းမဟုတ်လော။ သူတို့အနေဖြင့် ဘုရားသခင်ကို ဘေးဖယ်ထားသည့်တိုင် သမ္မာတရားကို သူတို့ ရှာဖွေနေသည်ဟု ပြောဖို့ဆိုသည်မှာ လုံးလုံးလျားလျား အဓိပ္ပါယ်မရှိချေ။ လူတိုင်းက သမ္မာတရားကို မိတ်သဟာယပြုပြီး စည်းမျဉ်းများကို ရှာဖွေသောအခါတွင် အဆုံးစွန်ရလဒ်မှာ အဘယ်နည်း။ ဤမိတ်သဟာယပြုခြင်း၏ရလဒ်သည် ဘုရားနှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် စည်းမျဉ်းများနှင့်ကိုက်ညီပါသည်။ ယင်းသည် သူ၏ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်။ အကယ်၍ အချိန်ရှည်ကြာသောမိတ်သဟာယပြုခြင်းတစ်ခုအပြီးတွင်၊ အကောင်အထည်ဖော်သောအခါ ဘုရားအိမ်တော်၏အကျိုးစီးပွားများကို ထိခိုက်နစ်နာစေပြီး ဘုရားသခင်က ရွေးချယ်သောလူများအတွက် အကျိုးကျေးဇူးများကို မဖြစ်ပေါ်စေသည့် အားလုံးသဘောတူညီချက်တစ်ခုကို ရရှိပါက၊ ထိုအခါတွင် ဤသဘောတူညီချက်၏ရလဒ်သည် သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီပါ။ ယင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဧကန်မုချ ဆန့်ကျင်ပါသည်။ ယင်းနှင့်ပတ်သက်၍ သံသယမရှိပါ။ ထိုသို့ဆိုလျှင် ဤသဘောတူညီချက်၏ရလဒ်၏အနှစ်သာရမှာ မည်သည်နည်း။ ယင်းသည် ကောင်းသယောင်ထင်ရသည့်၊ ကမ္ဘာကြီး၏လောကီရေးရာနည်းလမ်းများနှင့်ကိုက်ညီသည့်၊ လူတိုင်း၏အကြိုက်နှင့်လိုက်ဖက်ပြီး လူတိုင်းအတွက် ကောင်းကျိုးဖြစ်စေသည့် အနှစ်သာရမဲ့သော အယူဝါဒတစ်ခုဖြစ်သော်လည်း၊ ဘုရားအိမ်တော်၏သမ္မာတရားစည်းမျဉ်းများနှင့် မကိုက်ညီပါ။ ခေါင်းဆောင်အချို့သည် နားဝေတိမ်တောင်ဖြစ်ပြီး၊ သူတို့သည် သမ္မာတရားကို မလိုက်စားကြသကဲ့သို့ နားလည်ခြင်းလည်းမရှိကြချေ။ လူတိုင်း မိတ်သဟာယဖွဲ့ပြီးနောက်တွင် ဤခေါင်းဆောင်များသည် ၎င်းတို့၏ကိုယ်ပိုင်နှစ်သက်မှုများနှင့်ကိုက်ညီသော်လည်း သမ္မာတရားစည်းမျဉ်းများနှင့် အကယ်စင်စစ်တွင် ဆန့်ကျင်နေသည့် ရလဒ်များကို ရွေးချယ်ကြသည်။ သူတို့လုပ်နေကြသောအရာသည် တရားမျှတပြီး၊ အကျိုးသင့်အကြောင်းသင့်ဖြစ်ကာ သမ္မာတရားနှင့် အပြည့်အဝ ကိုက်ညီသည်ဟု သူတို့ ယုံကြည်ကြသည်။ အကယ်စင်စစ်တွင်မူ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်ဟု သူတို့ နားမလည်ကြပေ။ သမ္မာတရားစည်းမျဉ်းများက မည်သည်တို့ဖြစ်ကြသည်ဆိုသည်ကို သူတို့ နားလည်ဖို့ ပို၍ပင်ဝေးပါသေးသည်။ သူတို့သည် “ကျွန်ုပ် မည်မျှဒီမိုကရေစီနည်းကျသည်ကို ကြည့်ပါ။ ကျွန်ုပ်သည် အာဏာရှင်မဆန်ပါ။ လူတိုင်းနှင့် အရာအားလုံးကို ကျွန်ုပ် တိုင်ပင်ဆွေးနွေးပြီး နောက်ဆုံးတွင် အားလုံး၏ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် လက်များထောင်ပြခြင်းဖြင့် မဲပေးခဲ့ကြသည်။ ယင်းသည် ဆုံးဖြတ်ချက်ချသောအဖွဲ့၏ပြေလည်အောင်ဖြေရှင်းပေးခြင်းဖြစ်သည်။ ကျွန်ုပ်ဘာသာချသောဆုံးဖြတ်ချက်တစ်ခုမဟုတ်ခဲ့ပါ” ဟူ၍ တွေးလျက် လူတိုင်းနှင့်မိတ်သဟာယဖွဲ့ခြင်းမှ သူတို့အကြိုက်ဖြစ်သောရလဒ်တစ်ခုကို သူတို့ ရှာသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အလွန်စိတ်ကျေနပ်နေကြသော်လည်း၊ ဘုရားအိမ်တော်၏အကျိုးစီးပွားများနှင့် ဘုရားနှုတ်ကပတ်တော်များ၏သမ္မာတရားတို့ကို သစ္စာဖောက်ခြင်းဖြင့် သူတို့ အဆုံးသတ်သွားကြပြီး ဘုရားသခင်၏လိုအပ်ချက်များအပေါ် နင်းခြေပစ်ကြသည်။ လူတိုင်း စိတ်ကျေနပ်ပြီး အကျိုးရှိကြသည်။ သို့သော် ဤအရာအားဖြင့် ဘုရားသခင်က စိတ်ကျေနပ်လိမ့်မည်လော။ သူက ယင်းကို အသိအမှတ်ပြုလိမ့်မည်လော။ ဘုရားသခင်သည် သူ၏စိတ်နှလုံးထဲတွင် မည်သို့ခံစားရမည်နည်း။ ဤအရာများအကြောင်းကို ဤခေါင်းဆောင်များက ဂရုမစိုက်ကြချေ။ ဤနည်းအတိုင်း အသင်းတော်၏အလုပ်ကို သူတို့ စီမံခန့်ခွဲကြရုံသက်သက်သာဖြစ်သည်။ သူတို့သည် ခေါင်းဆောင်အတုအယောင်များ သို့မဟုတ် အန္တိခရစ်များဖြစ်၊ မဖြစ်ဆိုသည်ကတော့ ယင်းနှင့်ပတ်သက်၍ လူတိုင်း ထိုးထွင်းသိမြင်မှုရှိသင့်သည်။ နေရာအနှံ့ရှိ အသင်းတော်များတွင် ထိုကဲ့သို့သောဖြစ်ရပ်များရှိကြသလော။ အနည်းငယ်မျှ မဟုတ်သည်ကတော့ သေချာသည်။

လူများ၏ထောက်ခံမှုကို ရဖို့နှင့် ခေါင်းဆောင်တစ်ဦးအဖြစ် ပြန်လည်ရွေးကောက်ခံရကြောင်း သေချာစေဖို့အလို့ငှာ အသင်းတော်ခေါင်းဆောင်အချို့က အာဏာရှင်မဆန်ချင်ယောင်ဆောင်ကာ၊ သူတို့လုပ်သမျှအရာရာတိုင်းတွင် ဒီမိုကရေစီနည်းကျသည့်စည်းမျဉ်းများကို လက်တွေ့လုပ်ဆောင်ကြသည်။ သူတို့သည် ဤသည်ကို လူများ၏ထောက်ခံမှုကို ရဖို့ နည်းလမ်းတစ်ခုအနေဖြင့် သုံးကြသော်လည်း၊ တကယ်တမ်းတွင် သူတို့ကိုယ်ပိုင်အဆင့်အတန်းကို ခိုင်မာစေဖို့ လုပ်ဆောင်ကြခြင်းဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တဦး၏အပြုအမူမဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်တစ်ဦးကသာလျှင် ဤပုံအတိုင်း ပြုမူလိမ့်မည်။ သင်တို့လည်း ဤအရာများကို လုပ်ကြသလော။ (ရံဖန်ရံခါလုပ်ကြပါသည်။) ထို့အပြင် ဤလုပ်ရပ်များကို မည်သည့်ရည်ရွယ်ချက်များက ထိန်းချုပ်သည်ဆိုသည့်အပေါ် သင်တို့ ဆင်ခြင်သုံးသပ်ကြသလော။ လူက ခေါင်းဆောင်တဦး၏အလုပ်ကို ယခုမှ စတင်လေ့ကျင့်ရုံသာရှိပြီး စည်းမျဉ်းများကို နားမလည်ပါက ဤသည်က အဓိပ္ပါယ်ရှိသည်။ သို့သော် သူသည် နှစ်အတန်ကြာအောင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခဲ့ပြီး ဤသည်ကို မလျှော့တမ်း ဆက်လုပ်နေသေးပါက ထိုအခါ ဤသည်မှာ စည်းမျဉ်းများမရှိခြင်းဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်မှုအတုအယောင်ဖြစ်ပြီး ထိုသူက သမ္မာတရားလိုက်စားသောသူမဟုတ်ပေ။ အကယ်၍ လူတစ်ဦးတွင် သူ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များရှိပြီး ဤနည်းအတိုင်း မလျှော့တမ်း ပေလုပ်နေပါက သူသည် အန္တိခရစ်ဖြစ်သည်။ ဤပြဿနာကို သင်တို့ မည်သို့ရှုမြင်ကြသနည်း။ ဤပြဿနာနှင့်ရင်ဆိုင်ကြုံတွေ့ရသည့်အခါ သင်တို့ မည်သည်ကို လက်တွေ့လုပ်ဆောင်သနည်း။ အကယ်၍ သင့်တွင် သင့်ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များရှိပါက ယင်းတို့ကို ဖြေရှင်းဖို့ သင်ဘာလုပ်သင့်သနည်း။ (ကျွန်ုပ်၏စိတ်ထဲတွင် ရည်ရွယ်ချက်အချို့ကို သိုထားကြောင်းကို ကျွန်ုပ် သတိပြုမိပါသည်။ ရံဖန်ရံခါတွင် ညီအစ်ကိုမောင်နှမများက ကျွန်ုပ်၏လုပ်ရပ်များတွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ သူတို့ကို မပြောဘဲ ဆုံးဖြတ်ချက်များကို မိမိဘာသာချကြောင်း ပြောကြမည်ကို ကျွန်ုပ် စိုးရိမ်မိပါသည်။ ကျွန်ုပ်တွင် ထိုကဲ့သို့သောအတွေးများရှိသောအခါ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများနှင့် တိုင်ပင်ဆွေးနွေးပြီး ကိစ္စများကို ဖြေရှင်းပါမည်။ ကျွန်ုပ်သည် မိမိဆန္ဒအလျောက် ဆုံးဖြတ်ချက်များကို မချပါ။) အခြားလူများနှင့် တိုင်ပင်ဆွေးနွေးခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ လူတိုင်းကို အသိပေးထားကြောင်း သေချာစေဖို့မှာ သင့်တော်ပါသည်။ ဤသည်မှာ သင့်တာဝန်ကို သင်ထမ်းဆောင်ရာတွင် ကူညီပေးသည့်၊ ညီအစ်ကိုမောင်နှမများကြောင့် သင်၏အလုပ်ကို မျက်စိလျှမ်းသွားခြင်းကို လက်ခံခြင်းဖြစ်သည်။ သို့ရာတွင် သင်ဆွေးနွေးနေသည့် အချိန်ကာလအတွင်းတွင် သင်သည် သမ္မာတရားစည်းမျဉ်းများကိုလည်း လိုက်နာစောင့်ထိန်းရမည်။ အကယ်၍ သင်သည် သမ္မာတရားစည်းမျဉ်းများမှနေ၍ လမ်းကြောင်းသွေဖည်သွားပါက ဆွေးနွေးခြင်းသည် ဆွေးနွေးနေသည့်အကြောင်းအရာနှင့်မသက်ဆိုင်တော့ဘဲ ဖြစ်သွားနိုင်သည် သို့မဟုတ် အချိန်ဖြုန်းတီးသလိုဖြစ်သွားနိုင်သည်။ ထို့အပြင် သင်သည် မှန်ကန်သောကောက်ချက်များသို့ မရောက်နိုင်တော့ပေ။ ထို့ကြောင့် ဆွေးနွေးခြင်းတစ်ခုကို စတင်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်အပိုဒ်များကို ဖတ်ရာတွင် ဦးဆောင်ရမည်။ ဤနည်းဖြင့် သူ့နှုတ်ကပတ်တော်များအတိုင်း လူတိုင်း မိတ်သဟာယဖွဲ့နိုင်သည်။ ဤကဲ့သို့သောမိတ်သဟာယတစ်ခုသည် လမ်းကြောင်းတစ်ခုကို ပေးလိမ့်မည်ဖြစ်ပြီး၊ ရလဒ်ကောင်းများရလာစေလိမ့်မည်။ သင်သည် ဘေးဘက်တွင် ရပ်နေရုံသာရပ်နေပြီး လူတိုင်းကို သူတို့လိုချင်သလို မိတ်သဟာယဖွဲ့စေ၍ မရနိုင်ပါ။ အကယ်၍ မည်သူ့တွင်မျှ ထင်မြင်ချက်ခိုင်ခိုင်မာမာမရှိဘဲ သမ္မာတရားကို မရှာဖွေပါက ထိုအခါ ဤမိတ်သဟာယဖွဲ့ခြင်းနည်းသည် သင်မည်မျှကြာအောင်ပြုလုပ်သည်ဖြစ်စေ အကျိုးမရှိပေ။ မှန်ကန်သောရလဒ်ကို ဘယ်တော့မှ ရလိမ့်မည်မဟုတ်ပေ။ သို့ဖြစ်၍ အသင်းတော်တွင် ခေါင်းဆောင်ကောင်းတစ်ဦးမရှိဘဲ သမ္မာတရားကို နားမလည်သောသူတစ်ဦးဦးက ပဲ့ကိုင်ပါက၊ အကယ်၍ ထင်မြင်ချက်ခိုင်ခိုင်မာမာမရှိဘဲ ကြုံရာကျပန်းသာ မိတ်သဟာယဖွဲ့နေသည့်၊ ၎င်းတို့၏မိတ်သဟာယဖွဲ့ခြင်းမှနေ၍ ပေါက်ကရများသာ ထွက်ပေါ်လာစေသည့် နားဝေတိမ်တောင်လူတစုမျှသာဖြစ်ပါက ဤသည်မှနေ၍ မည်သည့်အကျိုးသက်ရောက်မှုဖြစ်စေနိုင်သနည်း။ ဤဒီမိုကရေစီဟုခေါ်သည့်အရာကို မည်သို့ခေါ်သနည်း။ ၎င်းတို့အားလုံးသည် စည်းမျဉ်းများမရှိသည့် မဆင်မခြင်စကားများရန်ဖြစ်ခြင်းသာဖြစ်ပြီး မှန်ကန်သောရလဒ်ကို ထုတ်ပေးလိမ့်မည်မဟုတ်ပါ။ ဤကဲ့သို့သောဒီမိုကရေစီနည်းကျချဉ်းကပ်မှုမျိုးသည် အပြုသဘောဆောင်သောအကျိုးသက်ရောက်မှုတစ်ခုမရှိနိုင်ပါ။ လူတိုင်းသည် စွဲမက်ဖွယ်ကောင်းပြီး ရွှန်းရွှန်းဝေအောင် ပြောတတ်သည့် အပြင်ပန်းသဏ္ဌာန်ရှိသော်လည်း၊ အကယ်စင်စစ် သူတို့တွင် ခိုင်မာသောထင်မြင်ချက်၊ စစ်မှန်သောပင်ကိုစွမ်းရည်နှင့် အမှန်တကယ် သင်ယူလေ့လာခြင်းတို့ မရှိကြပေ။ သူတို့သည် လူများကို မှန်ကန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ဖို့ မတတ်နိုင်ကြပေ။ လူများကို လှည့်စားသည့်၊ အပြုသဘောဆောင်သည့် အကျိုးသက်ရောက်မှုတစုံတရာ မရှိသော စကားလုံးများကိုသာ သူတို့ ပြောကြသည်။ မည်သို့ဆိုစေ အခြေအနေတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ လမ်းခရီးကို ဦးဆောင်ဖို့ သမ္မာတရားကို နားလည်သောတစ်စုံတစ်ဦး မရှိဘဲ ဒီမိုကရေစီနည်းကျသောတိုင်ပင်ဆွေးနွေးခြင်းများကိုသာ လုပ်နေပါက အလုပ်မဖြစ်ပေ။ အကောင်းဆုံးချဉ်းကပ်နည်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကိုယ်တိုင် သမ္မာတရားကို ရှာဖွေဖို့၊ လိုက်လျောညီထွေသော ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရွေးချယ်ဖို့၊ ယင်းတို့ကို သေသေချာချာ ဖတ်ဖို့နှင့် အလေးဂရုပြု၍ တွေးဆဖို့တို့သာဖြစ်သည်။ ထိုအခါတွင် သူတို့သည် လူတိုင်းနှင့် မိတ်သဟာယပြုပြီး တိုင်ပင်ဆွေးနွေးဖို့ စုဝေးပွဲသို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို သယ်ဆောင်လာနိုင်သည်။ ဤနည်းလမ်းဖြင့်သာ ရလဒ်များကို ရနိုင်သည်။ ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များအတွက်မူ မည်သည့်အခြေအနေမျိုးဖြစ်နေပါစေ၊ သူတို့သည် ဒီမိုကရေစီနည်းကျသောတိုင်ပင်ဆွေးနွေးခြင်းများကို ဘယ်တော့မှ လက်တွေ့လုပ်ဆောင်မည်မဟုတ်ပေ။ သူတို့သည် မည်သည့်အခါမျှ လူတို့အား မဆွေးနွေးခိုင်းပေ၊ သို့မဟုတ် မိတ်သဟာယမဖွဲ့ခိုင်းပေ။ သူတို့သည် ဒီမိုကရေစီနည်းကျသောတိုင်ပင်ဆွေးနွေးခြင်းများက သူတို့၏ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို ထုတ်ဖော်လိမ့်မည် သို့မဟုတ် အာဏာသုံး၍ ပယ်ချလိမ့်မည်ကို ကြောက်ရွံ့သဖြင့်၊ သူတို့၏ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်ပန်းတိုင်များကို တွယ်ဖက်ထားသည်။ ထို့ကြောင့် သူတို့သည် အခြေအနေကို ထိန်းချုပ်သောသူတဦးဖြစ်ဖို့ အမြဲ ဆန္ဒရှိကြလျက် အာဏာရှင်ဆန်ဆန်ပြုမူကြသည်။ ထိုထိုသောအချို့အသေးအဖွဲကိစ္စများတွင်ပင်လျှင် သူတို့သည် ဒီမိုကရေစီနည်းကျသောမိတ်သဟာယပြုခြင်းကို လက်တွေ့လုပ်ဆောင်ကြပါက လူတိုင်းကို မျက်နှာလိုမျက်နှာရလုပ်ဖို့သာ ရည်ရွယ်ပြီး၊ သူတို့ကို လူတိုင်းက အပြုသဘောဆောင်သောပုံစံဖြင့် ရှုမြင်ကြစေဖို့ဖြစ်သည်။ ယင်းမှာ သူတို့၏ကိုယ်ပိုင်အဆင့်အတန်းခိုင်မာစေဖို့သက်သက်သာ လုပ်ခြင်းဖြစ်သည်။ ဤကဲ့သို့သောရည်ရွယ်ချက်မျိုးနှင့် လူအချို့ကို သင်တို့ တွေ့ပါက၊ သူတို့ကို သတိဖြင့် တားဆီးကာကွယ်ပြီး စောင့်ကြည့်လေ့လာရမည်။ လိုအပ်ပါက သင်သည် ၎င်းတို့ကို ဖော်ထုတ်ပြီး ကန့်သတ်ထားရမည်။ မှန်ကန်သောခေါင်းဆောင် သို့မဟုတ် အမှုဆောင်တဦးသည် သူတို့ကိုယ်တိုင် သမ္မာတရားကို ဦးစွာရှာဖွေသူဖြစ်ပြီး၊ ထို့နောက်တွင် လူတိုင်းကို ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း မိတ်သဟာယပြုကာ သမ္မာတရားကို ရှာဖွေဖို့ ဦးဆောင်သည်။ မိတ်သဟာယပြုစဉ်အတွင်းတွင် လူတိုင်း၏စိတ်နှလုံးသည် လုံးလုံးလျားလျား မရှင်းလင်းနိုင်ပေ။ အနည်းငယ်ပင် မတိကျ၊ မရေရာဖြစ်နေနိုင်သည်။ သို့သော် သူတို့သည် ဆက်၍ မိတ်သဟာယပြုသည်နှင့်အမျှ သန့်ရှင်းသောဝိညာဉ်တော်၏အသိဉာဏ်ပွင့်လင်းစေခြင်းကို ရလိမ့်မည်။ သူတို့အထဲမှ တစ်ဦးသည် အလင်း၊ သို့မဟုတ် လမ်းကြောင်းတစ်ခုကို ထုတ်ပြောကောင်းပြောဆိုနိုင်သည်။ ထို့အပြင် လူတိုင်းသည် ဤအလင်းပေးမှုအတိုင်း၊ ဤလမ်းကြောင်းအတိုင်း ဆက်၍ မိတ်သဟာယပြုကြသည်နှင့်အမျှ သူတို့၏စိတ်နှလုံးများထဲတွင် ကြည်လင်ပြတ်သားခြင်း ထွက်ပေါ်လာလိမ့်မည်ဖြစ်ပြီး သူတို့ကို သင့်တော်သော လက်တွေ့လုပ်ဆောင်ခြင်းလမ်းကြောင်းကို ဆုံးဖြတ်နိုင်စေခွင့်ပေးလိမ့်မည်။ လူတိုင်း အတူတကွ ဆက်၍ မိတ်သဟာယပြုကြသည်နှင့်အမျှ သူတို့သည် ပို၍ ပို၍ ရှင်းလင်းစွာ စကားပြောဆိုကြလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကြောင့် လူတစ်ဦးတည်းပင် အသိဉာဏ်ပွင့်လင်းသွားပြီး အလင်းရသွားသရွေ့် လူတိုင်း အသိဉာဏ်ပွင့်လင်းသွားပြီး အလင်းရသွားသကဲ့သို့ပင် ဖြစ်လိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ဤနည်းဖြင့် သမ္မာတရားကို ရှာဖွေဖို့ လေ့လာသင်ယူသင့်သည်။ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်အတွက် အလုပ်လုပ်ဖို့ အခွင့်အလမ်းတစ်ခုကို ပေးသည်။ အကယ်၍ သင်သည် လူတိုင်း၏ထင်မြင်ချက်များကို အမြဲ သဘောတူလိုက်လျောနေပြီး၊ သန့်ရှင်းသောဝိညာဉ်တော် မည်သို့အလုပ်လုပ်ပုံကို သိဖို့ မရှာဖွေပါက၊ ထိုအခါတွင် ယင်းသည် လမ်းလွဲခြင်းဖြစ်လိမ့်မည်။ လူတိုင်း၏ထင်မြင်ချက်များနောက်သို့ အမြဲ လိုက်နေခြင်းနှင့် လူတိုင်းက ကောင်းသည်ဟု ယူဆသည့်အရာအပေါ် စဉ်းစားပြီး ဆုံးဖြတ်ချက်ချဖို့ သို့မဟုတ် သဘောတူညီချက်ရဖို့ အမြဲ ကြိုးစားနေခြင်းသည် မည်သည့်ချဉ်းကပ်မှုမျိုးနည်း။ ၎င်းသည် လူတစ်ဦးက မျက်နှာလိုမျက်နှာရလုပ်သည့်၊ ဝန်မထမ်းသည့်၊ ဘုရားအိမ်တော်၏အလုပ်ကို ထည့်သွင်းမစဉ်းစားသည့် ချဉ်းကပ်မှုတစ်ခုဖြစ်သည်။ အပေါ်ယံတွင် သင်သည် သင့်အလုပ်ကို လုပ်ခဲ့သော်လည်း၊ လူများကို မိတ်သဟာယပြုဖို့နှင့် သူတို့၏ထင်မြင်ချက်များကို ဖော်ပြဖို့ ခွင့်ပြုခဲ့သော်လည်း၊ ဒီမိုကရေစီကို လက်တွေ့ကျင့်သုံးပြီး အာဏာရှင်စနစ် သို့မဟုတ် တဖက်စီးနင်းပြုမူခြင်းကို ရှောင်ကြဉ်ခဲ့သော်လည်း၊ သင်၏ရည်ရွယ်ချက်မှာ မျက်နှာလိုမျက်နှာရလုပ်ဖို့၊ လူများက သင့်ကို အထင်ကြီးစေဖို့၊ သင့်ကို သဘောကျလက်ခံစေဖို့၊ သင်သည် အာဏာရှင်မဆန်ကြောင်း၊ အကျိုးသင့်အကြောင်းသင့်ရှိကြောင်းနှင့် အလုပ်လုပ်နိုင်စွမ်းရှိကြောင်းတို့ကို ပြောစေဖို့ဖြစ်သည်။ ဤသည်က ပြီးသွားသောအခါ သင်စိတ်ကျေနပ်သွားသည်။ ဤသည်ကို လုပ်ဖို့ မှန်ကန်သလော။ အကယ်၍ သင်၏ရည်ရွယ်ချက်က မမှန်ကန်ပါက ရလဒ်များသည် မှန်ကန်နိုင်မည်လော။ သေချာပေါက် မမှန်ကန်နိုင်ပါ။ သင်သည် လူတိုင်း၏ထောက်ခံမှုကို ရပေပြီ၊ သူတို့ကို ပျော်အောင်လည်း လုပ်ပေးခဲ့ပေပြီ။ သူတို့အားလုံးက သင်သည် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ကြောင်း၊ ခေါင်းဆောင်အတုအယောင်တစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးမဟုတ်ကြောင်းနှင့် သင်သည် အလုပ်ကို လုပ်နိုင်ကြောင်း ပြောကြသည်။ သူတို့အားလုံးက သင့်ကို ထောက်ခံကြသည်။ သို့သော် နောက်ဆုံးတွင် မည်သူက အကျိုးကျေးဇူးများရသနည်း။ သင်ဖြစ်သည်။ ဤသည်က ရလဒ်ကောင်းတစ်ခုဖြစ်သလော။ မဟုတ်ပါ။ ပထမအနေဖြင့် သင်သည် ဘုရားသခင်အတွက် သက်သေမခံခဲ့ပါ။ ဒုတိယအနေဖြင့် သင်သည် ဘုရားအိမ်တော်၏အလုပ်ကို မထိန်းသိမ်းခဲ့ပါ။ နောက်ဆုံးရလဒ်မှာ သင်သည် သင်နှင့် အခြားလူတိုင်း၏အကျိုးစီးပွားများကို ကာကွယ်ခဲ့ပြီး၊ သင့်ကိုယ်ပိုင်အဆင့်အတန်းကို ကာကွယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် မည်သူကမျှ ဘုရားအိမ်တော်နှင့် အသင်းတော်၏အကျိုးစီးပွားများကို မကာကွယ်ခဲ့ပါ။ သင်တို့အားလုံးကြားတွင် ကြီးမားသောသဟဇာတဖြစ်မှုရှိသော်လည်း၊ ဘုရားအိမ်တော်၏အရေးပါသည့်အလုပ်မှာ ဘေးဖယ်ထားခြင်းခံရသည်။ ဘုရားအိမ်တော်၏အလုပ်သည် စည်းမျဉ်းများ၊ ဘုရားသခင်၏သတ်မှတ်ချက်များနှင့် ကိုက်ညီသင့်ပုံကို မည်သူကမျှ ဂရုမစိုက်သလို၊ ထည့်သွင်း၍လည်း မစဉ်းစားကြချေ။ ဤသည်မှာ ဘုရားအိမ်တော်၏အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းမဟုတ်လော။ သင်သည် သမ္မာတရား၊ ဘုရားသခင်၏သတ်မှတ်ချက်များနှင့် ဘုရားအိမ်တော်၏အလုပ်နှင့် အကျိုးစီးပွားတို့ကို လူတိုင်းကို မျက်နှာလိုမျက်နှာရလုပ်နိုင်ဖို့အတွက်သက်သက်ဖြင့် သစ္စာဖောက်ခဲ့ပေပြီ။ နောက်ဆုံးတွင် သင်နှင့် အခြားလူတိုင်းက အကျိုးကျေးဇူးရသည်။ ဤသူများသည် စက်ဆုပ်ဖွယ်ကောင်းသော၊ အောက်တန်းကျသောသစ္စာဖောက်သူများအုပ်စုဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ လျှောက်ကြသည့်လမ်းကြောင်းဖြစ်သည်။ လူတိုင်း စိတ်ကျေနပ်ပြီး သင်၏ကိုယ်ပိုင်အဆင့်အတန်းကို ထိန်းထားဖို့ ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို သစ္စာဖောက်ခြင်းဖြင့် သင်သည် လူတိုင်း၏အတည်ပြု၍ ထောက်ခံမှုကို ရသွားသည်။ ဤသို့ဖြင့် သူတို့က သင့်ကို သူတို့၏ခေါင်းဆောင်အဖြစ် အမြဲ ရွေးချယ်လိမ့်မည်။ သင်သည် သင်၏အဆင့်အတန်းကို ခိုင်မာစေခဲ့သော်လည်း၊ အသင်းတော်တွင် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် သမ္မာတရားတို့ကို လုပ်ဆောင်ပြီးပြီလော။ (လုပ်ဆောင်မပြီးပါ။) ၎င်းတို့သည် သင့်ကြောင့် ပိတ်ဆို့ခံနေရသည်။ သင်ထိန်းချုပ်သည့် အသင်းတော်တွင် ဘုရားသခင်၏အလိုတော်သည် လုပ်ဆောင်ပြီးမြောက်လိမ့်မည်မဟုတ်ပေ။ ညီအစ်ကိုမောင်နှမများအကြားတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို မလုပ်ဆောင်ရသေးသည့်အပြင်၊ သူတို့၏အသက်ဖြစ်လာဖို့ ဘုရားသခင်ရွေးချယ်ထားသောလူများ၏စိတ်နှလုံးများထဲသို့ မဝင်ရောက်ရသေးပေ။ ဤအရာ၏အဓိကတရားခံမှာ မည်သူနည်း။ သင်ဖြစ်သည်။ အသင်းတော်တွင် ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ရာတွင် သင်သည် လမ်းပိတ်ဆို့သည့်အတားအဆီးနှင့် ခလုတ်တံသင်းတစ်ခု ဖြစ်လာပြီဖြစ်သည်။ သင့်အပေါ် ဘုရားသခင်က ဒေါသမထွက်ဘဲ မည်သို့နေနိုင်မည်နည်း။ သင့်ကို အစားမထိုးသင့်သလော။ အကယ်၍ သင့်ကို အစားထိုးဖို့ အချိန်ရောက်လာသော်လည်း မည်သူကမျှ သဘောမတူကြသေးပါက သင်မည်သို့ဖြစ်လာမည်နည်း။ သင်သည် အန္တိခရစ်တစ်ဦးဖြစ်လာလိမ့်မည်။ သင့်ကို ကိုးကွယ်ပြီး သင့်နောက်သို့လိုက်လျှောက်သူများအားလုံးသည် လမ်းကြောင်းမှားပေါ်သို့ သင်ဦးဆောင်ခေါ်သွားခြင်းကို ခံကြရသည်။ ကယ်တင်ခြင်းခံရဖို့ သူတို့၏အခွင့်အရေးကို ဆုံးရှုံးသွားပြီး သင၏ ကိုယ်စား အနစ်နာခံသူများဖြစ်လာကြသည်။ သင့်ထိန်းချုပ်မှုအောက်ရှိ အသင်းတော်သည် အန္တိခရစ်တို့၏နိုင်ငံတော်တစ်ခုဖြစ်လာသည်။ ဤသည်တို့မှာ အကျိုးဆက်များဖြစ်ကြသည်။ သင့်ကို အစားထိုးဖို့ အဘယ်ကြောင့် မည်သူကမျှ သဘောမတူကြသနည်း။ သင်သည် သူတို့အားလုံးကို ငွေပေး၍ ဝယ်ယူထားခဲ့ပြီး ယခု သူတို့က သင့်ကို ဘုရားသခင်အဖြစ် ရှုမြင်ကြလေသည်။ သူတို့၏စိတ်နှလုံးများထဲတွင် သင်သည် ဘုရားသခင်၏နေရာကို ယူထားပြီး သူတို့၏စိတ်နှလုံးများကို လုံးလုံးလျားလျား နေရာယူသိမ်းပိုက်ထားပြီဖြစ်သည်။ သူတို့၏စိတ်နှလုံးများထဲတွင် ဘုရားသခင် သို့မဟုတ် သမ္မာတရားဟူသည် မရှိတော့ချေ။ သူတို့သည် သင်၏ဖမ်းထားခြင်းနှင့် ထိန်းချုပ်ခြင်းကိုခံထားကြရသည်။ ဤသည်မှာ စာတန်က လူများကို ထိန်းချုပ်ပြီး ဖျက်ဆီးပုံနှင့် သိပ်မကွာခြားလှပေ။ ဘုရားသခင်က ဤလူများကို သင့်လက်ထဲတွင် အပ်ထားသော်လည်း၊ သင်သည် သူတို့ကို အတင်းအဓမ္မလုယူ၍ သိမ်းခဲ့သည်။ ဤသည်မှာ အန္တိခရစ်တဦးမဟုတ်လော။ ဤသည်မှာ အန္တိခရစ်စင်စစ်ဖြစ်ပါသည်။ အသင်းတော်တွင် အန္တိခရစ်တစ်ဦးသည် မည်သည့်အခန်းကဏ္ဍမှနေ၍ ပါဝင်သနည်း။ ဤသည်မှာ ပေါ်တင်ပင် သိသာထင်ရှားပြီး မြင်ဖို့ လွယ်ကူပါသည်။ အန္တိခရစ်တစ်ဦးသည် စာတန်အလိုရှိသမျှအရာအားလုံးကို ပြုလုပ်ပေးရပြီး စာတန်၏ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် လူများကို အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ရယူပေးသော စာတန်၏ကိုယ်စားလှယ်တစ်ဦးပင်ဖြစ်သည်။ ဤသို့လုပ်ခြင်းဖြင့် သူတို့သည် စာတန်၏ကြံရာပါဖြစ်လာပြီး ဘုရားသခင်၏ကျိန်ဆဲခြင်းနှင့် အပြစ်ပေးခြင်းတို့ကို ခံရသင့်သည်။

ယခုတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံကြသောသူများအားလုံးသည် အန္တိခရစ်တစ်ဦး၏လမ်းကြောင်းကို လျှောက်ဖို့ ကြောက်ရွံ့ကြသည်။ ထိုအခါတွင် ဤရလဒ်ကို ရှောင်ကြဉ်ဖို့ သင်ဘာလုပ်နိုင်သနည်း။ ပထမအနေဖြင့် သင်သည် သင်ထမ်းဆောင်ရမည့်တာဝန်များနှင့် သင်လုပ်သည့်အလုပ်တို့သည် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်များဖြစ်ကြကြောင်းကို သင်နားလည်ရမည်။ ထို့အပြင် ဘုရားသခင်၏လိုအပ်ချက်များနှင့်အညီ သင်၏အလုပ်ကို သင်လုပ်ရမည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်၏စိတ်ထဲတွင် ရည်မှန်းချက်တစ်ခုနှင့် ဦးတည်ချက်တစ်ခုတို့ ရှိလာလိမ့်မည်။ ထို့အပြင် သင်သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်းတွင် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်ဖြစ်ပြီး၊ လမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်လိမ့်မည်။ ထိုအခါ သင်သည် ဘုရား နှုတ်ကပတ်တော်များနှင့် သက်ဆိုင်သောကျမ်းပိုဒ်များအကြောင်း မိတ်သဟာယပြုဖို့ လူတိုင်းကို ဦးဆောင်သင့်ပြီး၊ သူ့နှုတ်ကပတ်တော်များနှင့်အညီ သူတို့ကို သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ဖို့၊ ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်းမှ အလင်းပို၍ ရစေဖို့၊ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် သမ္မာတရားတို့ကို နားလည်စေဖို့နှင့် ထို့နောက်တွင် သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်စေဖို့တို့ကို ဖြစ်မြောက်စေသင့်သည်။ ဤသည်မှာ လမ်းကြောင်းမှန်ပေါ်သို့ ခြေချခြင်းဖြစ်သည်။ အနှစ်သာရအရ အသင်းတော်၏အလုပ်မှာ ဘုရားသခင်ဖော်ပြသည့်သမ္မာတရားအားလုံးအတွင်းသို့ နားလည်ပြီး ဝင်ရောက်ရာတွင် ဘုရားသခင်ရွေးချယ်ထားသည့်လူများကို ဦးဆောင်ဖို့ဖြစ်သည်။ ဤသည်မှာ အသင်းတော်၏အခြေခံအကျဆုံးအလုပ်ဖြစ်သည်။ ထို့ကြောင့် မည်သည့်ပြဿနာကို ဖြေရှင်းသည်ဖြစ်စေ၊ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သက်ဆိုင်ရာ ကောက်နုတ်ချက်စာသားများကို ဖတ်ခြင်း သို့မဟုတ် သမ္မာတရားအကြောင်း မိတ်သဟာယပြုခြင်းဖြင့် မည်သည့်စုဝေးပွဲကမျှ ခွဲ၍မရနိုင်ပါ။ နောက်ဆုံးတွင် အကယ်၍ သင်သည် သူတို့ ရှင်းလင်းသွားသည်အထိ သမ္မာတရားနှင့် လက်တွေ့လုပ်ဆောင်ခြင်းစည်းမျဉ်းများအကြောင်းကို မိတ်သဟာယပြုနိုင်ပါက၊ လူတိုင်း သမ္မာတရားကို နားလည်လိမ့်မည်ဖြစ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ဖို့နည်းလမ်းကို သိလိမ့်မည်။ စုဝေးပွဲတစ်ခုအတွင်း သင်စားသောက်နေသည်မှာ သမ္မာတရား၏မည်သည့်ကဏ္ဍဖြစ်စေ၊ သင်သည် ဤနည်းဟန်ဖြင့် မိတ်သဟာယပြုရမည့်အပြင် သင်ရင်ဆိုင်နေရသည့်ပြဿနာများအပေါ် အခြေခံ၍ သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို နားလည်သောသူများသည် မိတ်သဟာယကို ဦးဆောင်ရမည်ဖြစ်ပြီး၊ ထို့နောက်တွင်မှ အသိဉာဏ်အလင်းပွင့်ပြီးသူများသည် မိတ်သဟာယကို ဆက်၍ပြုနိုင်သည်။ ဤနည်းဖြင့် သူတို့ပို၍မိတ်သဟာယပြုလေလေ၊ သန့်ရှင်းသောဝိညာဉ်တော်က သူတို့အပေါ် ပို၍အလုပ်လုပ်လေလေဖြစ်ပြီး၊ သူတို့ သမ္မာတရားအကြောင်း ပို၍မိတ်သဟာယပြုလေလေ၊ ပိုမိုရှင်းလင်းမှုကို သူတို့ ရရှိလေလေဖြစ်သည်။ လူတိုင်းက သမ္မာတရားအကြောင်းကို နားလည်သောအခါ သူတို့သည် အပြည့်အဝ လွတ်မြောက်ခြင်းနှင့် လွတ်လပ်ခွင့်တို့ကို ရလိမ့်မည်ဖြစ်ပြီး၊ လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခု ရှိလာလိမ့်မည်။ ဤသည်မှာ စုဝေးပွဲတစ်ခုက ရနိုင်သည့် အကောင်းဆုံးသောရလဒ်ဖြစ်သည်။ ဤကဲ့သို့သောမိတ်သဟာယပြုခြင်းမျိုးမှတဆင့် ရှင်းလင်းပြတ်သားသွားသည်အထိ သမ္မာတရားစစ်မှန်မှုအကြောင်းကို လူတိုင်းက ပြောဆိုဆက်ဆံကြသောအခါ သူတို့သည် ထိုအခါတွင် သမ္မာတရားကို နားလည်ကြလိမ့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် သမ္မာတရားကို နားလည်ပြီးနောက် သူတို့သည် သမ္မာတရားကို မည်သို့တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်ရမည်ကို သဘာဝအလျောက် သိလာကြလိမ့်မည်။ သူတို့သည် သမ္မာတရားကို တိတိကျကျ လက်တွေ့လုပ်ဆောင်နိုင်သောအခါ သမ္မာတရားကို သူတို့ ရပြီးဖြစ်လိမ့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် သမ္မာတရားကို ရပြီးဖြစ်သောအခါ သူသည် ဘုရားသခင်ကို ရပြီးဖြစ်လိမ့်မည်လော။ အကယ်၍ တစုံတစ်ယောက်သည် ဘုရားသခင်ကို ရပြီးဖြစ်ပါက သူတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ရပြီးဖြစ်လိမ့်မည်မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍ ခေါင်းဆောင်တစ်ဦးသို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် လုပ်ရသည့် သင်၏အလုပ်တွင် သင်သည် ဤရလဒ်ကို ရနိုင်သည်။ သင်သည် သင်၏အလုပ်ကို သင့်တင့်လျောက်ပတ်စွာ လုပ်ပြီးဖြစ်လိမ့်မည်။ သင်သည် စံနှုန်းမီအောင် သင်၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်ဖြစ်သည့်အပြင် သင်သည် ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ရလိမ့်မည်။ ဘုရားသခင်ရွေးချယ်ထားသည့်လူများအားလုံးက သမ္မာတရားကို နားလည်ကြသောအခါ သူတို့သည် သင့်ကို ကိုးကွယ်နေကြဦးမည်လော၊ ကြည်ညိုလေးစားနေကြဦးမည်လော၊ သင့်နောက်သို့ လိုက်လျှောက်နေကြဦးမည်လော။ (မဟုတ်ပါ။) လူများက သင့်က ချီးကျူးခြင်း၊ လေးစားခြင်း၊ သင်နှင့် ထိတွေ့ဆက်ဆံ၍ အပြန်အလှန်ဆက်ဆံဖို့ ဆန္ဒရှိခြင်း၊ ယင်းထံမှ သူတို့ အကျိုးကျေးဇူးရနိုင်သောကြောင့် သင်၏မိတ်သဟာယကို နားထောင်ဖို့ ဆန္ဒရှိခြင်းတို့သာ ဖြစ်ကြလိမ့်မည်။ သမ္မာတရားကို နားလည်သောသူများသည် အမှန်တကယ် အလင်းနှင့် ဆားဖြစ်နိုင်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအနေဖြင့် လူတစ်ဦး၏တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ဖို့နှင့် ပြည့်စုံလုံလောက်သောဖန်ဆင်းခံတဦးဖြစ်ဖို့ကို ဆိုလိုခြင်းဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားလည်သွားပြီး ဘုရားသခင်နှင့် ပို၍နီးကပ်သောဆက်ဆံရေးတစ်ခုကို ရသွားသောအခါ သူတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ခြင်းကို ရနိုင်သည်။ ပုန်ကန်ခြင်း၊ နားလည်မှုလွဲခြင်း သို့မဟုတ် သူ့ကို အာခံခြင်း မရှိတော့ပေ။ ထို့အပြင် မည်သည့်ပြဿနာများကို သူတို့ ကြုံနေရသည်ဖြစ်စေ သူတို့သည် ဘုရားသခင်ကို ဂုဏ်တင်၍ သူ့အတွက် သက်သေခံပေးနိုင်လိမ့်မည်။ အကယ်၍ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ဤကဲ့သို့သောစည်းမျဉ်းများနှင့်အညီ သင်လက်တွေ့လုပ်ဆောင်ပါကသင်သတိမထားမိခင်တွင်ပင် သင်သည် ဘုရားသခင်ရှေ့သို့ လူများကို ဆောင်ယူပေးပြီးဖြစ်လိမ့်မည်။ သင်ဦးဆောင်သည့်လူများသည်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်၊ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်၊ ပြီးလျှင် ဘုရားသခင်ကို ဂုဏ်တင်ပြီး သူ့အတွက် သက်သေခံနိုင်လိမ့်မည်။ ဤနည်းဖြင့် သင်ဦးဆောင်သောလူများသည်လည်း ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ခံရနိုင်ပြီး သူ၏ရယူခြင်းကို ခံရနိုင်သည်။ ထို့ကြောင့် သမ္မာတရားလိုက်စားခြင်းလမ်းကြောင်းကို ခေါင်းဆောင်တစ်ဦးက လျှောက်သောအခါ ဤသည်မှာ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် လုံးလုံးလျားလျား ကိုက်ညီသည်။ လူတို့လုပ်ဆောင်သည့်အရာက သမ္မာတရားစည်းမျဉ်းများနှင့်ကိုက်ညနေသရွေ့ သူတို့လုပ်ရပ်များ၏ရလဒ်များသည် ဘေးထွက်ဆိုးကျိုးသက်ရောက်မှုတစ်ခုတလေမျှပင် မရှိဘဲ ပို၍ပို၍ကောင်းလာဖို့သာရှိသည်။ ထို့အပြင် ကိစ္စရပ်တိုင်းတွင် သူတို့သည် ဘုရားသခင်၏ကောင်းချီးနှင့် ကာကွယ်ပေးခြင်းတို့ကို ရရှိလိမ့်မည်။ အကယ်၍ သူတို့သည် ရံဖန်ရံခါတွင် လမ်းကြောင်းမှသွေဖည်သွားခြင်းအချို့ ရှိခဲ့လျှင်ပင် ဘုရားသခင်က သူတို့ကို အသိဉာဏ်ပွင့်လင်းစေ၍ ဦးဆောင်သွားလိမ့်မည်။ ထို့နောက်တွင် သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များအတွင်းမှနေ၍ အမှားပြင်ချက်ကို တွေ့လိမ့်မည်။ လူများက မှန်ကန်သောလမ်းကြောင်းကို လျှောက်သောအခါ သူတို့သည် ဘုရားသခင်၏ကောင်းချီးနှင့် ကာကွယ်ပေးခြင်းတို့ကို ရလိမ့်မည်။

ဘုရားသခင်၏အိမ်တော်က ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများနှင့် တိုင်ပင်ဆွေးနွေးခြင်းများကို လက်တွေ့လုပ်ဆောင်ရခြင်း၏နောက်ကွယ်က အကြောင်းရင်းမှာ မည်သည်နည်း။ အဘယ်ကြောင့် ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်ရမည်နည်း။ (ထင်ရာစိုင်းလုပ်ဆောင်ခြင်းမဖြစ်စေရန် လူတို့အား တားဆီးဖို့ဖြစ်သည်။) ယင်းသည် အမှန်ပင် ဤပြဿနာကို ရှောင်ကြဉ်ဖို့ဖြစ်သည်။ သို့ရာတွင် ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများကို လက်တွေ့လုပ်ဆောင်ခြင်း၏နောက်ဆုံးရည်မှန်းချက်ပန်းတိုင်သည် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို သုံးရန်၊ လမ်းကြောင်းမှန်မှ သွေဖည်ခြင်းများကို ဖြစ်စေခြင်းမှ ရှောင်ကြဉ်ရန်နှင့် ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီ ပြုမူရန်တို့ဖြစ်ကြသည်။ ယင်းသည် သမ္မာတရားကို နားလည်ဖို့နှင့် လမ်းကြောင်းမှန်ပေါ်သို့ ဝင်ရောက်ဖို့ဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်သည့် လမ်းကြောင်းကို ရှာဖို့၊ သူ့အမှုတော်ကို ကျိုးနွံနာခံဖို့နှင့် သူ၏အလိုတော်ကို ပြီးမြောက်အောင်မြင်စေဖို့အတွက် သမ္မာတရားစစ်မှန်မှုထဲသို့ ဘုရားသခင်ရွေးချယ်ထားသောလူများကို ဦးဆောင်သွားဖို့တို့ဖြစ်ကြသည်။ ယင်းသည် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များက ပေါ်ပေါက်စေခဲ့သည့် အထင်အမြင်မှားစေခြင်းနှင့် အနှောင့်အယှက်တို့ကို သတိဖြင့် တားဆီးကာကွယ်ဖို့၊ အသင်းတော်အတွင်းတွင် ပေါ်လာသည့် ပရမ်းပတာဖြစ်ခြင်းများကို တားဆီးဖို့နှင့် ဘုရားသခင်ရွေးချယ်ထားသောလူများ၏အသက်များ ဆုံးရှုံးမှုများ မဖြစ်စေအောင် ကာကွယ်ဖို့လည်း ဖြစ်သည်။ ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ဤရလဒ်များကို ရနိုင်သည်။ အကယ်၍ အသင်းတော်တွင် သမ္မာတရား သို့မဟုတ် ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်း မရှိပါက ပရမ်းပတာဖြစ်ခြင်းအကျိုးဆက်ဖြစ်ပေါ်လာဖို့နှင့် နတ်ဆိုးများနှင့် စာတန်များက လွတ်ပေါက်တစ်ခုမှနေ၍ ခေါင်းပုံဖြတ်အမြတ်ထုတ်သဖြင့် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များက အာဏာလက်ကိုင်ရသွားသည့်အကျိုးဆက်ဖြစ်ပေါ်လာဖို့တို့အတွက် သိပ်လွယ်ကူလွန်းသည်။ လူများအားလုံးတွင် ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားများရှိကြသဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အာဏာရှင်ဆန်ဆန်ပြုမူဖို့၊ သူတို့ကိုယ်တိုင်အတွက်သာ စကားပြောခွင့်ပေးဖို့နှင့် သူတို့ကိုယ်တိုင်သာ ဆုံးဖြတ်ချက်များအားလုံးကို ချဖို့ ပိုဖြစ်လွယ်သည်။ အသင်းတော်တွင် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များ အာဏာကိုင်စွဲထားခြင်း၊ မိမိတို့သာ ပြောဆိုခွင့်ရနေခြင်းနှင့် ၎င်းတို့မိသားစုများ၏ထိန်းချုပ်မှုအောက်သို့ အသင်းတော်ကို ရောက်စေခြင်းတို့မှနေ၍ ကန့်သတ်ထားဖို့အပါအဝင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ထင်ရာစိုင်းလုပ်ဆောင်ခြင်းမဖြစ်စေရန် ကာကွယ်တားဆီးဖို့အတွက်သက်သက်သာ ဘုရားသခင်၏အိမ်တော်သည် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများကို လက်တွေ့လုပ်ဆောင်သည်။ ယင်းမှာ အာဏာရှင်ဆန်သူနှင့် အန္တိခရစ်တို့၏ ချဉ်းကပ်မှုများအားလုံးကို လုံးလုံးလျားလျား ကန့်သတ်ထားဖို့ဖြစ်သည်။ သို့ရာတွင် ဤသည်က ဘုရားသခင်၏အိမ်တော်သည် ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ညီအစ်ကိုမောင်နှမများကို နောက်ဆုံး ဆုံးဖြတ်ချက်ချပိုင်ခွင့်ပေးနေခြင်းဖြစ်သည်ဟု မဆိုလိုပါ။ ထို့အပြင် ယင်းသည် အရာရာတိုင်းကို ညီအစ်ကိုမောင်နှမများနှင့် တိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ချက်ချရမည်ဟူ၍လည်း မုချ မဆိုလိုပါ။ ဘုရားသခင်၏အိမ်တော်တွင် ဒီမိုကရေစီစနစ်အပြင် ဗဟိုချုပ်ကိုင်မှုလည်းပါသည်။ ဘုရားအိမ်တော်အနေဖြင့် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ဖို့ အလွန်လိုအပ်သည်။ ဒီမိုကရေစီစနစ်ကို လက်တွေ့လုပ်ဆောင်ရုံဖြင့် ရရှိသော အဆုံးသတ်ကောက်ချက်များသည် သမ္မာတရားနှင့်ကိုက်ညီဖို့ အာမခံနိုင်သလော။ သေချာပေါက်အာမခံနိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဗဟိုချုပ်ကိုင်မှုရှိရခြင်းဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုဆိုသည်မှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရား၊ ဘုရားသခင်၏ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီသည့် တိကျသောအဆုံးသတ်ကောက်ချက်တစ်ခုကို ပေးဖို့ လူတိုင်း၏ထင်မြင်ချက်များကို အတူတကွ စုပေါင်းပါဝင်ထားဖို့ကို ဆိုလိုသည်။ ပိုကောင်းသောရလဒ်များကို ရဖို့ ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများက မတတ်နိုင်သောအခါ ထိုအချိန်တွင် ဤရလဒ်များကို ရဖို့ လိုအပ်သည့်အရာမှာ ဗဟိုချုပ်ကိုင်မှုဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုကို လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းမှာ ပြဿနာတစ်ခုအကြောင်းကို မိတ်သဟာယပြုပြီးနောက် ဆုံးဖြတ်ချက်ချသည့်အဖွဲ့က အားလုံးသဘောတူညီမှုတစ်ခုသို့ မရောက်နိုင်ဘဲ မှန်ကန်သောဆုံးဖြတ်ချက်ကို မချနိုင်ပါက ထိုအခါတွင် သူတို့သည် သူတို့အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချပေးဖို့ အထက်သို့ ဤအကြောင်းအရာကို အစီရင်ခံရမည်ဟူ၍ ဖြစ်သည်။ အထက်က သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများကို ပိုင်ဆိုင်သောကြောင့် သူတို့ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များသည် တိကျပြီး ဘုရားသခင်၏ရည်ရွယ်ချက်များနှင့်အညီဖြစ်သည်။ အကယ်၍ အသင်းတော်ခေါင်းဆောင်များ သို့မဟုတ် ဆုံးဖြတ်ချက်ချသည့်အဖွဲ့သည် သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယပြုဖို့ သို့မဟုတ် စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှာဖို့ မတတ်နိုင်ပါက၊ အကယ်၍ ဆုံးဖြတ်ချက်တစ်ခုကို မည်သို့ချရမည်ကို သူတို့ မသိကြပါက၊ ထို့အပြင် ဤအခြေအနေများအောက်တွင် အထက်သို့ အစီရင်မခံပါက သို့မဟုတ် အထက်က ဆုံးဖြတ်ချက်တစ်ခုကို ချပေးဖို့ မတောင်းဆိုဘဲ ဤအစား မိမိဆန္ဒအလျောက် ဦးဆောင်ပါက ထိုအချိန်တွင် ဤအသင်းတော်နှင့် ဆုံးဖြတ်ချက်ချသည့်အဖွဲ့တို့သည် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များက ထိန်းချုပ်ခြင်းကို ခံထားကြရပြီဖြစ်သည်။ အကယ်၍ ဘုရားသခင်ရွေးချယ်ထားသောလူများက သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းဖြင့် ရလဒ်များကို ရပါက၊ သူတို့ ချလိုက်သည့်ကောက်ချက်များက မှန်ကန်ပါက၊ အထက်သည် သူတို့၏သဘောတူထောက်ခံမှုကို ပေးလိုက်လိမ့်မည်။ အကယ်၍ သူတို့၏အဆုံးသတ်ကောက်ချက်များတွင် လမ်းကြောင်းမှန်မှ သွေဖည်နေခြင်းများ ရှိနေသေးပါက၊ ပြီးလျှင် ယင်းတို့သည် သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝ မကိုက်ညီပါက၊ ထိုအခါတွင် အထက်က သူတို့ကို အမှားပြင်ပေးလိမ့်မည်။ ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများတွင် ရံဖန်ရံခါ ပေါ်ပေါက်လာသည့် အမှားများကို ဤနည်းဖြင့် ထိရောက်စွာ ရှောင်ကြဉ်နိုင်သည်။ ဤဗဟိုချုပ်ကိုင်မှုဖြင့် ဒီမိုကရေစီနည်းကျတိုင်ပင်ဆွေးနွေးခြင်းများသည် အနှောင့်အယှက်မရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နိုင်ကြောင်းနှင့် တချိန်တည်းတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက သူတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် လမ်းကြောင်းမှန်မှ သွေဖည်ခြင်းများမရှိကြောင်း အာမခံဖို့ ဖြစ်နိုင်သည်။ ဘုရားသခင်၏အိမ်တော်သည် ဒီမိုကရေစီစနစ်ကို လက်တွေ့လုပ်ဆောင်သော်လည်း ဤအတွက် စည်းမျဉ်းများရှိသည်။ ဤစည်းမျဉ်းများမှာ ဘုရားနှုတ်ကပတ်တော်များ၏သမ္မာတရားနှင့်အညီ ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် လူတဦးသည် ဘုရားသခင်ထံတွင်နှင့် ကိစ္စရပ်များအားလုံးတွင် သူပြောသမျှအရာရာတိုင်းကို ကျိုးနွံနာခံရမည်ဖြစ်ကြောင်းတို့ဖြစ်ကြသည်။ ဒီမိုကရေစီအတွက် ဘုရား အိမ်တော်၏စည်းမျဉ်းများနှင့်အညီဖြစ်ဖို့အလို့ငှာ ဤရလဒ်များကို ရရှိရမည်။ အသင်းတော်၏ဒီမိုကရေစီအလေ့အကျင့်၏နောက်ဆုံးရလဒ်များသည် သမ္မာတရားနှင့်အညီဖြစ်ရမည်။ သမ္မာတရားနှင့်အညီမဖြစ်ပါက ထိုအခါတွင် ၎င်းတို့ကို ပယ်ဖျက်ပစ်ရမည်။ ဒီမိုကရေစီကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ ကိစ္စရပ်များအားလုံးတွင် ဘုရားသခင်ရွေးချယ်ထားသောလူများက အဆုံးသတ်ဆုံးဖြတ်ချက်ကို ချခွင့်ရှိကြောင်းနှင့် ညီအစ်ကိုမောင်နှမများက ပြောသည့် မည်သည့်အရာကိုမဆို လေးစားရမည်ဖြစ်ပြီး ထည့်တွက်ရမည်ဖြစ်ကြောင်းဟူ၍ လူအချို့က ယုံကြည်ကြသည်။ ဤသည်မှာ မှန်ကန်သလော။ ညီအစ်ကိုမောင်နှမများတွင် သမ္မာတရားရှိကြသလော။ (သူတို့တွင် မရှိကြပါ။) အကယ်၍ ကိစ္စရပ်များအားလုံးတွင် သူတို့ကို အဆုံးသတ်ဆုံးဖြတ်ချက်ချခွင့်ပြုလိုက်ပါက ယင်းသည် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များကို အဆုံးသတ်ဆုံးဖြတ်ချက်ချခွင့်ပြုလိုက်ခြင်းနှင့် မည်သို့ကွာခြားသနည်း။ ကိစ္စနှစ်ရပ်လုံး၌ သူတို့တွင် သမ္မာတရားမရှိကြသည့်အပြင် သူတို့သည် ဖောက်ပြန်ပျက်စီးသောလူများဖြစ်ကြသည်။ အကယ်၍ သူတို့တွင် အဆုံးသတ်ဆုံးဖြတ်ချက်ချခွင့်ရှိပါက ထိုအခါတွင် စာတန်က အာဏာကိုင်စွဲထားခြင်းဖြစ်နေသည်မဟုတ်လော။ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို လက်တွေ့လုပ်ဆောင်ဖို့ဆိုသည်မှာ ညီအစ်ကိုမောင်နှမများပြောသမျှအရာအားလုံးက သမ္မာတရားဖြစ်သည်၊ မှန်ကန်သည်၊ ထို့အပြင် လေးစားရမည်ဟု မဆိုလိုပါ။ ဤသည်မှာ မမှန်ကန်ပါ။ ဒီမိုကရေစီစနစ်သည် လူတိုင်း စကားပြောခွင့်ပြုဖို့၊ ဆွေးနွေးခွင့်ပြုဖို့၊ မိတ်သဟာယပြုခွင့်ပြုဖို့နှင့် သူတို့၏ကိုယ်ပိုင် တာဝန်ခံမှုများ၊ ဝတ္တရားများနှင့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့ အဓိက လက်တွေ့ကျင့်သုံးခြင်းဖြစ်သည်။ သို့ရာတွင် ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ အာဏာသည် ဆုံးဖြတ်ချက်ချသည့်အဖွဲ့၏လက်ထဲတွင်ပင်ရှိသည်။ သမ္မာတရားကို နားလည်သောသူများက ဆုံးဖြတ်ချက်များကို ချပြီး အရေးကြီးကိစ္စရပ်များအားလုံးကို အထက်က ဆုံးဖြတ်သည်။ ဤနည်းဖြင့် အသင်းတော်က ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်များသည် အများအားဖြင့် မှန်ကန်ကြောင်း သို့မဟုတ် ဆုံးဖြတ်ချက်အများစုသည် မှန်ကန်ကြောင်းနှင့် လမ်းကြောင်းမှန်မှ သွေဖည်မှုများသည် ပို၍နည်းနည်းလာလိမ့်မည်ဖြစ်ကြောင်း အာမခံနိုင်သည်။ ဤသည်မှာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများနှင့် တိုင်ပင်ဆွေးနွေးခြင်းများကို သဘောတူလက်ခံလိုက်ခြင်း၏နောက်ကွယ်က အဓိပ္ပါယ်ဖြစ်သည်။ ကိစ္စရပ်များအားလုံးတွင် သမ္မာတရားနှင့်အညီဖြစ်ခြင်း၏အကျိုးသက်ရောက်မှုကို ရဖို့၊ အမှားများ အနည်းငယ်သာ သို့မဟုတ် လုံးဝ မကျူးလွန်မိတော့သည့်၊ ဘုရားသခင်၏အလိုတော်အတိုင်း လုပ်သည့်အခိုက်သို့ ရောက်ဖို့နှင့် ကမ္ဘာပေါ်တွင် ဘုရားသခင်၏အလိုတော်ကို အတားအဆီးမဲ့ ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်ရန် အာမခံနိုင်ဖို့အလို့ငှာ ဤအရာများကို လုံးလုံးလျားလျား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ အကယ်၍ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများနှင့် တိုင်ပင်ဆွေးနွေးခြင်းများကို လက်တွေ့မလုပ်ဆောင်ပါက ဟာကွက်များကို ခေါင်းပုံဖြတ်အမြတ်ထုတ်နေသည့် မြောက်မြားလှစွာသော၊ ဆိုးယုတ်သောလူများနှင့် အာဏာရှင်ဆန်ဆန်ပြုမူသည့် ခေါင်းဆောင်အတုအယောင်များနှင့် အန္တိခရစ်များရှိလာမည်မှာ ကျိန်းသေပါသည်။ ဤသည်က ဧဝံဂေလိတရားပြန့်ပွားခြင်းကိုသာ အကျိုးသက်ရောက်သည်မဟုတ်ဘဲ၊ ဘုရားသခင်ရွေးချယ်ထားသောလူများ၏အသင်းတော်အသက်တာနှင့် အသက်ဝင်ရောက်မှုတို့ကိုလည်း အကျိုးသက်ရောက်သည်။ ဘုရားသခင်၏အိမ်တော်က ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများကို လက်တွေ့လုပ်ဆောင်ခြင်း စတင်ခဲ့ကတည်းက ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခြင်းခံလာခဲ့ရသော ခေါင်းဆောင်အတုအယောင်များနှင့် အမှုဆောင်များ၊ အခွင့်အရေးယူဖို့ အခွင့်အလမ်းများ မရခဲ့ကြသောဆိုးယုတ်သူများ အရေအတွက်များစွာရှိခဲ့ပြီ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ရွေးချယ်ခြင်းခံထားရသည့် သမ္မာတရားလိုက်စားကြသောသူများနှင့် ဘုရားသခင်ရွေးချယ်ထားသောသူများက အသိအမှတ်ပြုသောသူအရေအတွက်များစွာရှိခဲ့ပြီ။ သူတို့အား လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခုကို ပေးထားပြီး၊ စုံလင်အောင်ပြုခြင်းခံထားရသည်။ ဤသည်တို့မှာ ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများကို လက်တွေ့လုပ်ဆောင်ခြင်း၏ရှင်းလင်းပြတ်သားသောရလဒ်များဖြစ်ကြပြီး၊ ၎င်းတို့ကို အားလုံးက မြင်နိုင်သည်။ ဒီမိုကရေစီစနစ်ကို လက်တွေ့လုပ်ဆောင်သောအသင်းတော်သည် ကောင်းကျိုးဖြစ်ထွန်းပြီး၊ ဘုရားသခင်၏အိမ်တော်၊ အသင်းတော်နှင့် လူတိုင်းတို့အတွက် ကောင်းမွန်ကြောင်းကို ဘုရားသခင်ရွေးချယ်ထားသောလူများအားလုံးက နားလည်သင့်သည်။ အသင်းတော်ရှိ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းသည် ဘုရားသခင့်အိမ်တော်၏အဖွဲ့ဝင်တဦးဖြစ်ပြီး၊ သူတို့အထဲမှ မည်သူကမျှ အပြင်လူများ မဟုတ်ကြသောကြောင့်၊ အသင်းတော်၏အလုပ်၊ စသည်တို့နှင့်သက်ဆိုင်သည့် ကိစ္စရပ်များ၌ လူတိုင်းတွင် စကားပြောပိုင်ခွင့်၊ ဆွေးနွေးပိုင်ခွင့်၊ မဲပေးပိုင်ခွင့်နှင့် ရွေးကောက်ပိုင်ခွင့်တို့ရှိသည်။ ဤသည်မှာ လူတိုင်း၏အခွင့်အရေးဖြစ်သည်။ သို့ရာတွင် ဤအခွင့်အရေးရှိခြင်းသည် သင့်တွင် သမ္မာတရား ပိုင်ဆိုင်ခြင်းနှင့် မညီမျှပါ၊ သို့မဟုတ် သင့်အား အဆင်အခြင်မဲ့ပြုမူဖို့ ခွင့်ပြုပေးခြင်းနှင့် မညီမျှပါ။ အကယ်၍ သင်က ဤအခွင့်အရေးကို အလွဲသုံးစားလုပ်ပါက ဘုရားသခင်၏အိမ်တော်က သင့်ကို မကန့်သတ်သင့်သလော။ (ကန့်သတ်သင့်သည်။) သင့်ကို ဤအခွင့်အရေးကို ပေးထားသည်မှာ သို့မှသာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်။ သို့မှသာ သင်သည် အသင်းတော်နှင့် ဘုရားအိမ်တော်တို့၏အကျိုးစီးပွားများကို ထိန်းသိမ်းလိမ့်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ယင်းမှာ သင့်တွင် အဆုံးသတ်ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိပြီး၊ အဆင်အခြင်မဲ့ပြုမူနိုင်ဖို့အတွက် မဟုတ်ချေ။ အသင်းတော်သည် သင်က မှန်ကန်သည်ဟု ပြောသောအရာများကို ကိုးကားပြီး၊ သဘောတူလက်ခံနိုင်ပါသည်။ အကယ်၍ သင်က မှားယွင်းနေသည့်တစ်ခုခုကို ပြောပြီး၊ ပယ်ချခြင်းခံရပါက သင်သည် မလျှော့တမ်းပေလုပ်နေ၍ မရပေ။ သင်သည် လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်သည်။ ဤအလေ့အကျင့်ပုံစံသည် ဘုရားအိမ်တော်၏အလုပ်အတွက် ကောင်းကျိုးဖြစ်ထွန်းစေသည်။

ကောက်နုတ်ချက် (၇၅)

အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုထမ်းများသည် သူတို့၏ အလုပ်၌ စည်းမျဉ်းနှစ်ခုကို အာရုံစိုက်ရမည်။ တစ်ခုမှာ ထိုအလုပ်၏ လုပ်ထုံးလုပ်နည်းများမှ သတ်မှတ်ထားသည့် အခြေခံသဘောတရားများနှင့် အညီ သူတို့၏ အလုပ်ကို အတိအကျ လုပ်ဆောင်ရန်ဖြစ်ပြီး ထိုအခြေခံသဘောတရားများကို မည်သည့်အခါမျှ မချိုးဖောက်ဘဲ သူတို့ စိတ်ကူးနိုင်လောက်သည့် အရာ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် မည်သည့် စိတ်ကူးများအပေါ်မျှ သူတို့၏အလုပ်ကို အခြေမခံဘဲ လုပ်ဆောင်ရန်ဖြစ်သည်။ သူတို့ လုပ်ဆောင်သမျှတိုင်းတွင် သူတို့သည် အသင်းတော်၏ အမှုတော်အပေါ် အလေးထားခြင်းကို ပြသင့်ပြီး ဘုရားအိမ်တော်၏ အကျိုးကို အမြဲ ရှေ့တန်းတင်သင့်သည်။ အရေးအပါဆုံးဖြစ်သည့် နောက်ထပ်အချက်မှာ အရာခပ်သိမ်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုအား လိုက်လျှောက်ခြင်းကို သူတို့ အာရုံစိုက်ရမည် ဖြစ်ကာ အရာရာတိုင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် တိကျစွာ လိုက်နာခြင်းအားဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ဆန့်ကျင်နိုင်စွမ်း ရှိသေးသည်ဆိုပါက သို့မဟုတ် ၎င်းတို့သည် ၎င်းတို့ကိုယ်ပိုင်ထင်မြင်ချက်များကို ဇွတ်တရွတ်လိုက်လျှောက်ကာ အမှုများကို ၎င်းတို့ကိုယ်ပိုင် စိတ်ကူးစိတ်သန်းအရ လုပ်ဆောင်သည်ဆိုပါက ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်အပေါ် အပြင်းထန်ဆုံးသော ဆန့်ကျင်မှုတစ်ခုကို ဖြစ်စေလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းကို မကြာခဏ ၎င်းတို့လျစ်လျူရှုနေခြင်းက လမ်းဆုံးတစ်ခုသို့သာ ခေါ်ဆောင်သွားလိမ့်မည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆုံးရှုံးလျှင် ၎င်းတို့ အလုပ်လုပ်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ တစ်နည်းနည်းဖြင့် အလုပ်လုပ်ရန် ၎င်းတို့ ကြံဆောင်နိုင်ပါကလည်း အဘယ်အရာကိုမျှ ၎င်းတို့ ပြီးမြောက်လိမ့်မည် မဟုတ်ပေ။ ဤသည်တို့မှာ အလုပ်လုပ်နေစဉ် ခေါင်းဆောင်များနှင့် အမှုဆောင်များ လိုက်နာရမည့် အဓိက အခြေခံသဘောတရားနှစ်ခု ဖြစ်သည်။ လူတစ်ဦးသည် အထက်မှ အလုပ်စီမံခန့်ခွဲမှုများအတိုင်း အတိအကျပင် ၎င်းတို့၏ အလုပ်ကို ထမ်းဆောင်ရန် ဖြစ်သည့်အပြင် အထက်မှ ချမှတ်ထားသည့် အခြေခံ သဘောတရားများနှင့်အညီ ပြုမူရန်လည်း ဖြစ်သည်။ ပြီးလျှင် အခြားအချက်မှာ ၎င်းတို့၏အတွင်းရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်ရန် ဖြစ်သည်။ ဤစည်းမျဉ်းနှစ်ခုကို နားလည်သဘောပေါက်သည့်အခါ ၎င်းတို့သည် မိမိတို့၏အလုပ်၌ လွန်စွာ အမှားလုပ်တတ်လေ့ရှိမည် မဟုတ်ပေ။ အသင်းတော်အလုပ်ကို လုပ်ဆောင်ခြင်း၌ သင်တို့၏ အတွေ့အကြုံ နည်းပါးနေသေးပြီး သင်တို့အလုပ်လုပ်သည့်အခါ သင်တို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များဖြင့် အလွန်ရောနှောလေသည်။ တစ်ခါတစ်ရံ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှလာသည့် သင်တို့အတွင်းရှိ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် လမ်းပြခြင်းကို နားလည်ကောင်း နားလည်နိုင်ကြမည်မဟုတ်။ အခြားအချိန်များတွင် သင်တို့သည် ယင်းကို နားလည်ပုံရကြသော်လည်း ယင်းကို သင်တို့ လျစ်လျူရှုနိုင်ဖွယ်ရှိသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို လုံးဝ အလေးမထားဘဲ လျော်ကန်သည်ဟု သင် ထင်သည့်အတိုင်း ပြုမူရင်း လူသားပုံစံဖြင့် အမြဲ စိတ်ကူးသည်၊ သို့မဟုတ် ကောက်ချက်ချသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မည်သည့် အသိဉာဏ်ပွင့်လင်းစေခြင်းကိုမဆို ဘေးဖယ်ထားရင်း သင်ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များအတိုင်း လုံးဝဥဿုံ သင်၏အလုပ်ကို လုပ်သည်။ ထိုသို့သော အခြေအနေများက မကြာခဏ ဖြစ်ပွား၏။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အတွင်းလမ်းပြမှုသည် သဘာဝနယ်လွန်မဟုတ်ပေ။ အမှန်တွင် ယင်းသည် အလွန် ပုံမှန်ဖြစ်၏။ ဆိုလိုသည်မှာ သင့်နှလုံးသား၏ နက်ရှိုင်းသောနေရာများတွင် ဤသည်မှာ ပြုမူဖို့ လျော်ကန်သည့် နည်းလမ်းတစ်ခု ဖြစ်ကာ အကောင်းဆုံး နည်းလမ်းဖြစ်သည်ဟု သင် ခံစားသည်။ ဤအတွေးသည် အကယ်စင်စစ် အတော်အတန် သိသာထင်ရှားပေသည်။ ယင်းသည် တွေးဆမှု၏ ရလဒ်မဟုတ်သကဲ့သို့ တစ်ခါတစ်ရံ သင် ဤသို့ အဘယ်ကြောင့်ပြုမူသင့်သည်ကို သင် အပြည့်အဝ နားမလည်ပေ။ ဤသည်မှာ မကြာခဏ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အသိဉာဏ်ပွင့်လင်းစေခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ အတွေ့အကြုံရှိသည့် လူအများစုထံ ဖြစ်ပျက်တတ်သည်။ အသင့်တော်ဆုံးသောအရာကို လုပ်ဆောင်ရန် သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို လမ်းပြသည်။ ယင်းမှာ သင် တွေးထင်သည့် အရာတစ်ခုမဟုတ်။ ထို့ထက် ဤသည်မှာ လုပ်ဆောင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု သင့်ကို သဘောပေါက်စေသည့် သင်၏ စိတ်နှလုံးရှိ ခံစားချက်တစ်ခု ဖြစ်ပြီး အကြောင်းရင်းမသိဘဲ ထိုသို့လုပ်ဆောင်ရန် သင် နှစ်သက်သည်။ ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာကောင်းလာနိုင်ပေသည်။ လူတစ်ဦး၏ ကိုယ်ပိုင် ထင်မြင်ယူဆချက်သည် တွေးတောခြင်းနှင့် စဉ်းစားဆင်ခြင်မှုမှ ယေဘုယျအားဖြင့်လာပြီး မိမိလိုအင်ဆန္ဒဖြင့် အားလုံး ရောနှောပေသည်။ ယင်းက ၎င်းတို့အဖို့ မည်သည့် အကျိုးကျေးဇူးနှင့် အကျိုးအမြတ်ရှိသည်ဆိုသည်ကို အမြဲတွေးကြသည်။ လူတို့လုပ်ဆောင်ရန် ဆုံးဖြတ်သည့် လုပ်ဆောင်ချက်တိုင်းတွင် ဤအရာများရှိလေသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှုသည် ထိုသို့သော ရောနှောမှုများ လုံးဝ မပါရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လမ်းပြမှု သို့မဟုတ် အသိဉာဏ်ပွင့်လင်းစေခြင်းတို့ကို သေချာစွာ အာရုံစိုက်ဖို့ လိုအပ်ပေသည်။ အထူးသဖြင့် အဓိက ကိစ္စရပ်များတွင် ယင်းကို သဘောပေါက်ဖို့ရန် သင် ဂရုစိုက်ရမည်။ ၎င်းတို့၏ ဦးနှောက်များကို အသုံးပြုရန် နှစ်သက်သည့်လူများနှင့် ၎င်းတို့ကိုယ်တိုင်၏ ထင်မြင်ယူဆချက်များကိုဆောင်ရွက်ဖို့ နှစ်သက်ကြသည့်လူများသည် ထိုသို့သော လမ်းပြမှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို လွတ်သွားတတ်ဆုံး ဖြစ်သည်။ အရည်အချင်းရှိသော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပိုင်ဆိုင်ကြသူများ၊ အချိန်တိုင်း သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို အာရုံစိုက်သူများ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ကျိုးနွံနာခံသူ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အရေးထားကာ သမ္မာတရားကို မမောနိုင်မပန်းနိုင် လိုက်စားကြသူများ ဖြစ်သည်။ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့နှင့် သူ့အတွက် ကောင်းမွန်စွာ သက်သေခံဖို့ သင်သည် သင်၏ ရည်ရွယ်ချက်များနှင့် သင်၏ တာဝန်ထမ်းဆောင်မှုရှိ ရောနှောမှုများကို မကြာခဏ သုံးသပ်ဆင်ခြင်သင့်သည်။ ထို့နောက် အလုပ်မည်မျှက လူသား၏ ထင်မြင်ယူဆချက်များအားဖြင့် လှုံ့ဆော်ခံရသည်၊ မည်မျှက သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းမှ ပေါက်ဖွားပြီး မည်မျှက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ကိုက်ညီသည်ဆိုသည်တို့ကို စောင့်ကြည့်လေ့လာဖို့ရန် ကြိုးစားသင့်ပေသည်။ သင်သည် သင်၏စကားများနှင့် လုပ်ဆောင်ချက်များကို သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ စဉ်ဆက်မပြတ်၊ အခြေအနေအားလုံးတွင် ဆင်ခြင်သုံးသပ်ရမည်။ ဤပုံစံဖြင့် မကြာခဏ လက်တွေ့လုပ်ဆောင်ခြင်းက သင့်ကို ဘုရားသခင်အား အစေခံခြင်းနှင့်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်းပေါ် ထားရှိလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် ဘုရားသခင်ကိုအစေခံမှု စွမ်းဆောင်ရရှိဖို့ သမ္မာတရား စစ်မှန်မှုများကို ပိုင်ဆိုင်ရန် လိုအပ်ပေသည်။ လူတို့သည် သမ္မာတရားကို နားလည်ပြီးသည့်နောက်တွင်သာ ချင့်ချိန်နိုင်စွမ်းကို ရနိုင်ကြပြီး ၎င်းတို့ကိုယ်တိုင်၏ စိတ်ကူးများမှ မည်သည့်အရာ ထွက်ပေါ်သည်ဆိုသည်နှင့် လူတို့၏ ကြံရွယ်ချက်များမှ မည်သည့်အရာများ ပေါ်ပေါက်သည်ကို သတိပြုနိုင်ကြလေသည်။ လူသား၏ မစင်ကြယ်မှုများအပြင် သမ္မာတရားအတိုင်း ပြုမူဖို့ဆိုသည်မှာ မည်သည့်အရာဆိုလိုသည်ကို သတိပြုမိနိုင်ကြလေသည်။ ပိုင်းခြားသိမြင်နိုင်သည့်နောက်တွင်သာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြည့်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အပြည့်အဝ ကိုက်ညီနိုင်ကြောင်း ယင်းက သေချာနိုင်ပေသည်။ သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ချင့်ချိန်နိုင်စွမ်းကို လက်တွေ့လုပ်ဆောင်ဖို့ လူတို့အတွက် မဖြစ်နိုင်ပေ။ နားဝေတိမ်တောင်ဖြစ်သော လူတစ်ဦးသည် သမ္မာတရားကို နားမလည်သောကြောင့် သူကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြခံရဖို့က မည်သည့်အရာဆိုလိုသည် သို့မဟုတ် ဘုရားသခင်ကို ခုခံဖို့က မည်သည့်အရာဆိုလိုသည်ကို သိရှိခြင်းမရှိဘဲ သူ၏တစ်သက်တာလုံး ဘုရားသခင်ကို ယုံကြည်ကောင်း ယုံကြည်မိပေမည်။ ထိုအတွေးက သူ၏စိတ်ထဲတွင် ရှိပင်မရှိပေ။ အရည်အချင်း အလွန်နိမ့်ကျသော လူတို့အတွက် သမ္မာတရားသည် လက်လှမ်း၍မမီနိုင်ပေ။ ထိုသမ္မာတရားနှင့်ပတ်သက်၍ သင် ၎င်းတို့နှင့် မည်သို့ မိတ်သဟာယပြုသည် ဖြစ်စေ၊ ၎င်းတို့ နားမလည်ကြဆဲ ဖြစ်သည်။ ထိုသို့သော လူများသည် နားဝေတိမ်တောင် ဖြစ်ကြပေသည်။ ၎င်းတို့၏ ယုံကြည်ခြင်းတွင် နားဝေတိမ်တောင်ဖြစ်သော လူများသည် ဘုရားသခင်အတွက် သက်သေမခံနိုင်ကြပေ။ ၎င်းတို့သည် အနည်းငယ်မျှသာ အလုပ်လုပ်ပေးနိုင်ကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ ဖြစ်ပါက ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်း၍မရနိုင်ပေ။ အနည်းဆုံးအနေဖြင့် သမ္မာတရားကို အလွယ်တကူ နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်ရန်အလို့ငှာ ၎င်းတို့၌ ဝိညာဉ်ရေးရာ သိနားလည်မှုရှိကာ အမှုအရာများကို ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်ရမည် ဖြစ်သည်။ အချို့လူတို့၏ အတွေ့အကြုံများက အလွန်ပေါ့တန်သည်။ ထို့ကြောင့် တစ်ခါတစ်ရံ သမ္မာတရားအပေါ် မိမိတို့၏ သိနားလည်မှုတွင် စံသွေပြီး အဓိပ္ပာယ်မဲ့ခြင်းများရှိပြီးနောက် အမှားများပြုတတ်ကြသည်။ မိမိတို့၏ သိနားလည်မှုတွင် စံသွေပြီး အဓိပ္ပာယ်ခြင်းများ ရှိသည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အလုပ်တာဝန်နှင့် ၎င်းတို့ မကိုက်ပေ။ လူတို့၏ သိနားလည်မှုတွင် စံသွေပြီး အဓိပ္ပာယ်မဲ့ခြင်းများ ရှိသည့်အခါ စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်မိဖို့များပြီး စည်းမျဉ်းစည်းကမ်းများ လိုက်လျှောက်သည့်အခါ အမှားများပြုမိရန် လွယ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အလုပ်တာဝန်နှင့် ၎င်းတို့ မကိုက်ပေ။ သိနားလည်မှုတွင် စံသွေပြီး အဓိပ္ပာယ်မဲ့ခြင်းများ ရှိသည့်အခါ အန္တိခရစ်တို့၏ လှည့်စားခံရပြီး အသုံးချခံရဖို့လည်း လွယ်ကူသည်။ ထို့ကြောင့် သိနားလည်မှု၌ရှိသည့် စံသွေပြီး အဓိပ္ပာယ်မဲ့ခြင်းများက အမှားများစွာ ဖြစ်စေနိုင်သည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မိမိတို့တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်မည်မဟုတ်ရုံသာမက အလွယ်တကူလည်း လမ်းလွဲသွားနိုင်သည်။ ယင်းက ဘုရားရွေးချယထားသူတို့၏ အသက်ဝင်ရောက်မှုကို ထိခိုက်နစ်နာစေသည်။ တစ်စုံတစ်ဦးက မိမိတာဝန်ကို ဤသို့လုပ်ဆောင်ခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်အလုပ်ကို နှောင့်ယှက်တားဆီးသော သူတစ်ဦးသက်သက် ဖြစ်လာကြပြီဖြစ်သည်။ ထိုမျှမက ဤကျရှုံးမှုများမှ သင်ခန်းစာများ သင်ယူရမည်ဖြစ်သည်။ ဘုရားအပ်နှင်းသည့်အလုပ်ကို ဖြည့်ဆည်းရန်အလို့ငှာ၊ ခေါင်းဆောင်နှင့် အမှုဆောင်များက ဤစည်မျဉ်းနှစ်ခုကို သဘောပေါက်ဖို့ လိုအပ်သည်။ တာဝန်ကို ထမ်းဆောင်ရာတွင် အထက်မှ အလုပ်အစီအစဉ်များကို တင်းတင်းကျပ်ကျပ် လိုက်နာရမည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်နှင့်အညီ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ မည်သည့်လမ်းပြမှုကိုမဆို အာရုံစိုက်ကာ ကျိုးနွံနာခံရမည်ဖြစ်သည်။ ဤအခြေခံသဘောတရားနှစ်ခုကို သဘောပေါက်သည့်အခါမှသာ လူတစ်ဦး၏ အလုပ်သည် ထိရောက်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်နိုင်မည် ဖြစ်သည်။

ကောက်နုတ်ချက် (၇၆)

အသင်းတော်တွင် အဘယ်လူစားမျိုးက မာနအထောင်လွှားဆုံး ဖြစ်သနည်း။ သူတို့၏ မာနထောင်လွှားမှုက မည်ကဲ့သို့ သူ့ဘာသာ ပေါ်လွင်ထင်ရှားသနည်း။ မည်သည့်အခြေအနေများတွင် သူတို့၏ မာနထောင်လွှားမှုကို အထုတ်ဖော်ခံရဆုံး ဖြစ်သနည်း။ ဤသည်ကို သင်တို့သည် ခွဲခြားသိမြင်၍ နားလည်သလော။ အသင်းတော်အတွင်းရှိ မာနအထောင်လွှားဆုံးသော လူများသည် စင်စစ်အားဖြင့် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များဖြစ်ကြသည်။ သူတို့၏ မာနထောင်လွှားမှုသည် သာမန်လူများထက် သာလွန်သည်မှာ ကျိုးကြောင်းဆီလျော်မှုပင် ကင်းမဲ့လေသည်။ မည်သည့်အခြေအနေများတွင် ဤသည်ကို မြင်ရန် အလွယ်ဆုံးဖြစ်သနည်း။ ၎င်းတို့သည် ပြုပြင်ခြင်းခံရသည့်အချိန်တွင် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို အရှင်းဆုံး အဖော်ထုတ်ခံရ၏။ ဤအန္တိခရစ်များ၏ မကောင်းမှု ပမာဏမည်မျှ ရှိသည်ဖြစ်စေ တစ်စုံတစ်ဦးက သူတို့ကို ပြုပြင်ပါက သူတို့သည် အမျက်ထွက်လာပြီး “ကျွန်ုပ်ကို ဝေဖန်ပြီး ဩဝါဒခြွေရအောင် သင်က အဘယ်သူနည်း။ လူဘယ်နှယောက်ကိုများ သင် ဦးဆောင်နိုင်သနည်း။ တရားဒေသနာများကို သင်ဟောပြောနိုင်သလော။ သမ္မာတရားကို သင်မိတ်သဟာယဖွဲ့နိုင်သလော။ သင်သာ ကျွန်ုပ်၏နေရာတွင် ဖြစ်ပါက ကျွန်ုပ်ကဲ့သို့ တော်မည် မဟုတ်”ဟု ပြောလိမ့်မည်။ ဤအရာကို သင်တို့ မည်သို့ထင်မြင်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည့် သဘောထား စိုးစဉ်းမျှ ရှိသလော။ ပြုပြင်ခံရခြင်းကို သင်တို့ ဤနည်းအားဖြင့် ချဉ်းကပ်ပါက ဒုက္ခရောက်တော့မည်။ ယင်းက သင်တို့တွင် မည်သည့်သမ္မာတရားစစ်မှန်မှုကိုမျှ မပိုင်ဆိုင်ကြောင်းနှင့် သင်၏အသက်စိတ်သဘောထား လုံးဝ မပြောင်းလဲကြောင်းကို သက်သေပြသည်။ ဤကဲ့သို့ ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးနေသော သက်ကြီးရွယ်အိုတစ်ယောက်သည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်နိုင်သလော။ ဘုရားသခင်ကို အစေခံဖို့ တာဝန်ကို သူတို့ ထမ်းဆောင်နိုင်သလော။ မုချ မထမ်းဆောင်နိုင်ပါ၊ ထိုကဲ့သို့သောလူများသည် ခေါင်းဆောင်များ၊ သို့မဟုတ် အမှုဆောင်များဖြစ်ဖို့ပင် အရည်အချင်း မပြည့်မီသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် အနည်းဆုံးအနေဖြင့် လူတစ်ဦးသည် အတွေ့အကြုံအစစ်အမှန် အနည်းငယ်မျှ ရှိရန်၊ သမ္မာတရားအချို့ကို နားလည်ရန်၊ လက်တွေ့ကျမှုအချို့ကို ပိုင်ဆိုင်ရန်နှင့် အခြေခံအကျဆုံးအဆင့် ကျိုးနွံနာခံခြင်းရှိရန် လိုအပ်သည်။ ဆိုလိုသည်မှာ အနည်းဆုံးအနေဖြင့် လူတစ်ဦးသည် ပြုပြင်ခံရခြင်းကို လက်ခံနိုင်ရမည်။ ဤကဲ့သို့သောလူမျိုးသည်သာလျှင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် တစ်ယောက်ဖြစ်ဖို့ အရည်အချင်းပြည့်မီသည်။ အကယ်၍ တစ်စုံတစ်ဦးသည် မည်သည့်သမ္မာတရားစစ်မှန်မှုမျှ လုံးဝ မပိုင်ဆိုင်ဘဲ ပြုပြင်ခြင်းခံရသောအခါ သူသည် ငြင်းခုံပြီး ခုခံနေဆဲဖြစ်ကာ သမ္မာတရားကို လုံးဝ လက်မခံပါက၊ ပြီးလျှင် ထိုကဲ့သို့သော လူတစ်ဦးသည် ဘုရားသခင်ကို အစေခံပါက မည်သည့်အရာဖြစ်လာမည်ဟု သင်တို့ ထင်သနည်း။ ထိုသူသည် အမှုကိစ္စများကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖို့ မဆိုထားနှင့် မည်ကဲ့သို့သောအလုပ်မျိုးကို ထမ်းဆောင်ပါစေ၊ ဘုရားသခင်ကို ခုခံမည်ကိုလည်းကောင်း၊ သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်မည်ကိုလည်းကောင်း သံသယဖြစ်ဖွယ် မရှိ။ ထို့ကြောင့် မည်သည့်သမ္မာတရား စစ်မှန်မှုကိုမျှ မပိုင်ဆိုင်သောလူများက ခေါင်းဆောင်များ၊ သို့မဟုတ် အမှုဆောင်များ၏ နေရာတို့ကို ယူပါက သူတို့သည် မုချ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ပြီး ဘုရားသခင်ကို ခုခံကြလိမ့်မည်။ များစွာသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်အနည်းငယ်မျှကို လုပ်ဆောင်ပြီးသည့်နောက်တွင် အဘယ်ကြောင့် ထုတ်ဖော်ခြင်းခံရသနည်း။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သမ္မာတရားကို လိုက်စားရမည့်အစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရှာဖွေပြီး ရလဒ်အနေဖြင့် သူတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို အလိုအလျောက် စတင်လျှောက်လှမ်းမိသောကြောင့်ဖြစ်သည်။ သင်တို့အားလုံးနှင့်စပ်လျဉ်း၍ သင်တို့သည် အသင်းတော်တစ်ခုအတွက် တာဝန်ပေးခံရပြီး ခြောက်လကြာအောင် သင်တို့ကို မည်သူမျှ မစစ်ဆေးခဲ့လျှင် သင်တို့သည် လမ်းမှားတွင် လျှောက်ပြီး မိမိစိတ်ကြိုက် လုပ်ဆောင်ခြင်းဖြင့် အဆုံးသတ်လိမ့်မည်။ အကယ်၍ တစ်နှစ်ခန့်သာ သင်တို့စိတ်တိုင်းကျ လုပ်ဆောင်ခွင့် ပေးလိုက်ပါက သင်တို့သည် အခြားလူများကို လမ်းလွဲသွားစေပြီး ထိုသူတို့အားလုံးသည် စကားများနှင့် အယူဝါဒများ ပြောခြင်းနှင့် မည်သူက မည်သူ့ထက် သာကြောင်းကို နှိုင်းယှဉ်ခြင်းအပေါ်သာ အာရုံစိုက်ကြလိမ့်မည်။ အကယ်၍ နှစ်နှစ်ခန့်သာ သင်တို့ စိတ်တိုင်းကျ လုပ်ဆောင်ခွင့်ပေးလိုက်ပါက သင်တို့သည် သင်တို့ရှေ့မှ လူများကို ဦးဆောင်သွားပြီး ထိုလူများသည် ဘုရားသခင်ကို မကျိုးနွံဘဲ သင်တို့ကို ကျိုးနွံနာခံလိမ့်မည်။ ပြီးလျှင် ဤနည်းဖြင့် အသင်းတော်သည် ဆုတ်ယုတ်သွားပြီး ဘာသာရေးဆန်လာလိမ့်မည်။ ဤအတွက် အကြောင်းပြချက်က မည်သည့်အရာနည်း။ သင်တို့ ဤမေးခွန်းနှင့်ပတ်သက်ပြီး စဉ်းစားဖူးသလော။ လူတစ်ဦးသည် ဤနည်းအတိုင်း အသင်းတော်ကို ဦးဆောင်သောအခါ ထိုသူသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက်သနည်း။ အန္တိခရစ်တို့၏ လမ်းကြောင်း ဖြစ်သည်။ သင်တို့ ဤသို့ ဖြစ်လိမ့်မည်လော။ ယခု သင်နားလည်သောသမ္မာတရား အနည်းငယ်ဖြင့် လူများကို သင်တို့ မည်မျှကြာအောင် ပံ့ပိုးပေးနိုင်မည်နည်း။ လူများအား ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ သင်ဦးဆောင်နိုင်သလော။ ဘုရားသခင် ရွေးချယ်ခံထားရသောလူများက မေးခွန်းများစွာကို မေးပါက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားနှင့်ပတ်သက်၍ သူတို့ကို သင်မိတ်သဟာယပြုခြင်းအားဖြင့် အဖြေပေးနိုင်မည်လော။ သမ္မာတရားကို သင်နားမလည်ပါက သင်သည် စကားများနှင့် အယူဝါဒများကို ဟောပြောနေခြင်းသာဖြစ်ပြီး သင့်ကို အကြိမ်အနည်းငယ် နားထောင်ပြီးနောက် လူတို့သည် ထပ်နားမထောင်လိုကြတော့ပေ။ ထို့ပြင် စကားများနှင့် အယူဝါဒများကို သင်ဆက်၍ ဟောပြောနေသောအခါ သူတို့သည် အလွန်အမင်း မနှစ်မြို့ကြသည့်အပြင် ၎င်းကို ခွဲခြားသိမြင်နိုင်လာကြလိမ့်မည်။ ဤအခြေအနေတွင် အဘယ်ကြောင့် သူတို့ကို ဆက်၍ တရားဟောနေသနည်း။ အကယ်၍ သင်သည် ဆင်ခြင်တုံတရားရှိသူတဦးဖြစ်ပါက အခြားလူများကို အယူဝါဒများဟောပြောခြင်းကို ရပ်တန့်သင့်သည်၊ လူများကို အထက်စီးမှ ဩဝါဒခြွေနေခြင်းကို ရပ်တန့်သင့်သည်၊ အခြားလူများနှင့် တန်းတူနေသင့်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များကို သူတို့နှင့်အတူတကွ စားသောက်ပြီး တွေ့ကြုံသင့်သည်။ ဤအရာများအားလုံးသည် ဆင်ခြင်တုံတရားရှိသူများ၏ သရုပ်သကန်များ ဖြစ်သည်။ အထူးသဖြင့် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောသူတို့သည် သူတို့၏ဆင်ခြင်တုံတရားကို လွယ်လင့်တကူ ဆုံးရှုံးတတ်ကြပြီး အခြားလူများကို စကားများနှင့် အယူဝါဒများကို မလျှော့တမ်း ဟောပြောလိုကြသည်၊ သို့မဟုတ် ပိုနက်နဲသော ဝိညာဉ်ပိုင်းဆိုင်ရာ အယူအဆများကို ရှာဖွေလေ့လာခြင်းဖြင့် ကြွားဝါရန် ကြိုးစားကြသည်။ ထိုသို့ဖြင့် အခြားလူများကို အထင်အမြင်မှားစေဖို့ ကြိုးစားသောလူများ ဖြစ်လာကြသည်။ ဤကဲ့သို့ပြုလုပ်ခြင်းသည် ဘုရားသခင်ကို ခုခံခြင်းဖြစ်သည်။ ဤနည်းအတိုင်း သင်ဆက်တရားဟောနေပါက ဖြစ်လာမည့်အကျိုးဆက်များကို သင်ရှင်းလင်းသလော။ လူများကို မည်သည့်နေရာသို့ သင်ဦးဆောင်သွားမည်ကို သင်ရှင်းသလော။ အန္တိခရစ်များ၏ လမ်းကြောင်းကို သင်လျှောက်လှမ်းကာ သင့်ရှေ့မှ လူများကို ဦးဆောင်၍ သူတို့ကို သင့်အား ကျိုးနွံနာခံ၍ ကိုးကွယ်စေသောအခါ ဤသည်က မည်သည့်ပြဿနာမျိုးဖြစ်သနည်း။ ဘုရားသခင် ရွေးချယ်ထားသောသူများအတွက် ဘုရားသခင်နှင့် သင်ယှဉ်ပြိုင်နေခြင်း မဟုတ်လော။ ဤသည်မှာ အစက ဘုရားသခင်ကို ယုံကြည်လိုသော၊ ဘုရားသခင်ထံ ပြန်လာလိုပြီး ဘုရားသခင်ကို ရယူလိုသောလူများကို သင့်ရှေ့သို့ ခေါ်ဆောင်ခြင်း၊ သူတို့ကို သင့်အား ကျိုးနွံနာခံစေခြင်းနှင့် သင်ပြောသလိုလုပ်စေခြင်း၊ ပြီးလျှင် သူတို့ကို သင့်အား ဘုရားသခင်ကဲ့သို့ ဆက်ဆံစေခြင်း ဖြစ်သည်။ ဤအရာ၏အကျိုးဆက်ကား မည်သည့်အရာ ဖြစ်မည်နည်း။ ဤလူများသည် အစက ကယ်တင်ခြင်း ခံရရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း နောက်ဆုံးတွင် သင်၏ အထင်အမြင်မှားစေခြင်းကို ခံလိုက်ရသည်။ သူတို့သည် ကယ်တင်ခြင်း မခံရမည်သာမက ဖျက်ဆီးခြင်းကို ခံရပြီး ချေမှုန်းခြင်းခံရလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် လူများကို လမ်းလွဲ‌အောင် ဦးဆောင်နေပြီး သူတို့ကို ပြင်းပြင်းထန်ထန် ထိခိုက်စေကာ ဘုရားသခင်ကို ယုံကြည်သောသူတို့ကို သင် ဆုံးရှုံးနေရသည်။ သင်သည် မည်သည့်ပြစ်မှုအတွက် အပြစ်ရှိသနည်း။ သူတို့၏ နစ်နာမှုအတွက် သင်မည်သို့ပြန်ပေးဆပ်မည်နည်း။ ယုံကြည်သူအသစ်များကို သင့်လက်ထဲသို့ ရောက်ရန် လိမ်လည်လှည့်စားခဲ့သည်၊ သူတို့ကို သင်၏ သိုးများဖြစ်အောင် သင်လုပ်ခဲ့သည်၊ သူတို့အားလုံးက သင့်စကားကို နားထောင်ကြသည်၊ သူတို့အားလုံး သင့်နောက်သို့ လိုက်ကြသည်။ ထို့ပြင် သင့်စိတ်နှလုံးထဲတွင် သင်က “ငါသည် ယခုသြဇာအာဏာ ကြီးမားပေ၏၊ လူများစွာသည် ငါ့စကားကို နားထောင်ကြပြီး အသင်းတော်သည် ငါ၏စေလိုရာစေဖြစ်သည်” ဟု အမှန်တကယ် တွေးလေသည်။ လူသားအတွင်းရှိ ဤသစ္စာမဲ့ခြင်းသဘာဝသည် သင့်အား ဘုရားသခင်ကို ပြယုဂ်တစ်ခုမျှအဖြစ်သို့ မရည်ရွယ်ဘဲ အသွင်ပြောင်းမိအောင် ပြုစေသည်၊ ထို့နောက် သင်ကိုယ်တိုင် ဘာသာတရားတစ်မျိုးမျိုး၊ သို့မဟုတ် ဂိုဏ်းဂဏတစ်မျိုးမျိုးကို တည်ထောင်တော့သည်။ အမျိုးမျိုးသော ဘာသာတရားများ၊ သို့မဟုတ် ဂိုဏ်းဂဏများ မည်ကဲ့သို့ ဖြစ်ပေါ်လာသနည်း။ ယင်းတို့သည် ဤနည်းဖြင့် ဖြစ်ပေါ်လာကြသည်။ ဘာသာတရားနှင့် ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ကာ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများ၏ လမ်းညွှန်ခံရသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် အသိပညာကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ တရားမဟောနိုင်ပါက လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်ကိုလည်းကောင်း၊ လှည့်ကွက်အချို့ကို မည်ကဲ့သို့ အသုံးချရမည်ကိုလည်းကောင်း သိကြသည်။ သူတို့သည် လူများကို လှည့်ဖြားကာ မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ရန် ဤအရာများကို အသုံးပြုကြသည်။ ထိုလူများသည် ဘုရားသခင်ကို အမည်ခံသဘောအရ ယုံကြည်ကြသော်လည်း လက်တွေ့တွင်မူ သူတို့သည် ဤခေါင်းဆောင်များ နောက်သို့ လိုက်ကြသည်။ သူတို့သည် မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ သူတို့ထဲမှ အချို့တို့က “ယုံကြည်မှုနှင့် ပတ်သက်သည့်ကိစ္စများအကြောင်း ကျွန်ုပ်တို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ မှန်သောလမ်းခရီးကို လက်ခံခြင်းတို့နှင့်ပတ်သက်သည့်အခါ လူတို့သည် အခြားသူများ၏ သဘောတူညီချက်နှင့် လက်ခံမှု လိုအပ်ပုံကို ကြည့်လော့။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များသည် အဘယ်အရာများ ဖြစ်လာကြပြီနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ အတားအဆီးများ ဖြစ်လာကြသည် မဟုတ်လော။ ထိုကဲ့သို့သောသူတို့သည် ပေါလုနှင့် တစ်မျိုးတစ်စားတည်း ဖြစ်ကြ၏။ ဤသည်ကို ငါအဘယ်ကြောင့် ပြောသနည်း။ ပေါလု၏ ဩဝါဒစာများကို သမ္မာကျမ်းထဲတွင် မှတ်တမ်းတင်ထားပြီး နှစ်ပေါင်းနှစ်ထောင်တိုင်အောင် လက်ဆင့်ကမ်းလာခဲ့ကြသည်။ ကျေးဇူးတော်ခေတ်တစ်လျှောက်လုံး သခင့်ကို ယုံကြည်ခဲ့ကြသူများသည် ပေါလု၏စာများကို မကြာခဏ ဖတ်ကြပြီး ဆင်းရဲဒုက္ခ၊ မိမိခန္ဓာကိုယ်ကို ချုပ်တည်းခြင်းနှင့် နောက်ဆုံးတွင် ဖြောင့်မတ်ခြင်းသရဖူကို ပိုင်ဆိုင်ခြင်း...စသည်တို့ကို သူတို့၏စံသတ်မှတ်ချက်အနေဖြင့် မှတ်ယူခဲ့ကြသည်။ ပေါလု၏စကားများနှင့် အယူဝါဒများအတိုင်း လူအားလုံးတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသည်။ ဤအနှစ်နှစ်ထောင်ကျော်အတွင်း လူများစွာသည် ပေါလုကို အတုယူခဲ့ကြသည်၊ သူ့ကို ကိုးကွယ်ကြပြီး သူ့နောက်လိုက်ကြသည်။ သူတို့သည် ပေါလု၏စကားများကို သမ္မာကျမ်းစာသဖွယ် သဘောထားကြပြီး သခင်ယေရှု၏နှုတ်ကပတ်တော်များကို ပေါလု၏စကားများဖြင့် အစားထိုးကြကာ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြသည်။ ဤသည်မှာ လမ်းလွဲမှုတစ်ခု ဖြစ်သည်မဟုတ်လော။ ဤသည်မှာ ကြီးမားသော လမ်းလွဲမှုတစ်ခုတည်း။ ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များထဲမှ မည်မျှကို လူများနားလည်နိုင်ခဲ့ကြသနည်း။ အမှန်တွင်မူ ထိုအချိန်က ယေရှုနောက်သို့ လိုက်ခဲ့ကြသူများသည် အနည်းစုသာ ဖြစ်ပြီး သူ့ကို သိကြသူများသည် သာ၍ပင် အရေအတွက် နည်းပါးလေသည်။ သူ၏တပည့်တော်များပင်လျှင် သူ့ကို အမှန်တကယ် မသိကြပေ။ လူများသည် သမ္မာကျမ်းစာတွင် အလင်းအနည်းငယ် တွေ့ပါက ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကိုယ်စားပြုသည်ဟု မတွေးသင့်ပေ၊ ပြီးလျှင် ဉာဏ်အလင်းပွင့်ခြင်း အနည်းငယ်ကို ဘုရားသခင်၏ အသိပညာအဖြစ် သာ၍ပင် သဘောမထားသင့်ပေ။ လူများအားလုံးသည် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်ကို ၎င်းတို့၏စိတ်နှလုံးထဲတွင် မထားကြပေ။ အယူဝါဒအနည်းငယ်ကို နားလည်သည့်အခါတွင် ၎င်းတို့သည် ကိုယ့်လမ်းကိုယ်ထွင်ကာ ခွဲထွက်သွားကြ၍ ယင်းက ဂိုဏ်းဂဏများစွာ ဖွဲ့စည်းခြင်းကို ဖြစ်စေသည်။ ကျေးဇူးတော်ခေတ်တွင် ဘုရားသခင်သည် လူသားအား လုံးဝ စည်းကမ်းမတင်းကျပ်ခဲ့ပါ။ ယေရှု၏နာမတော်အောက်ရှိ ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးတွင် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်အချို့ရှိခဲ့သည်။ ၎င်းအထဲတွင် နတ်ဆိုးများ အလုပ်မလုပ်နေသရွေ့ သန့်ရှင်းသောဝိညာဉ်တော်သည် မည်သည့်အသင်းတော်တွင်မဆို အလုပ်လုပ်သည်။ ထို့ကြောင့် လူအများစုသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားနိုင်ခဲ့ကြသည်။ ဘုရားသခင်အပေါ် လူတို့၏ယုံကြည်ခြင်းသည် စစ်မှန်သည်ဖြစ်စေ၊ အတုအယောင်ဖြစ်စေ၊ သူတို့သည် အခြားလူများနောက် လိုက်သည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားသည်ဖြစ်စေ ယခင်က ဘုရားသခင်သည် လူများနှင့်ပတ်သက်၍ စည်းကမ်းမတင်းကျပ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးအဆင့်တွင် သူ ကြိုတင်သတ်မှတ်ထားကာ ရွေးချယ်ခဲ့ပြီး ဖြစ်သည့်သူများအားလုံးသည် သူ့ရှေ့တော်မှောက်သို့လာ၍ သူ၏တရားစီရင်ခြင်းကို လက်ခံရလိမ့်မည်ဟု သူကြိုတင်ပြဋ္ဌာန်းထားနှင့်ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးသည့်နောက် လူများသည် အခြားလူများနောက်သို့ ဆက်၍ လိုက်ပြီး ကိုးကွယ်နေသေးပါက၊ သမ္မာတရားကို လိုက်စားရမည့်အစား ကောင်းချီးများနှင့် သရဖူများနောက်သို့သာ သူတို့ လိုက်နေပါက ဤသည်မှာ ခွင့်မလွှတ်နိုင်ဖွယ် ဖြစ်၏။ ထိုကဲ့သို့သောလူများသည် ပေါလုကဲ့သို့သော အဆုံးသတ်ကို တွေ့ရလိမ့်မည်။ ပေါလုနှင့် ပေတရုတို့ကို ဥပမာများအဖြစ် အဘယ်ကြောင့် ငါ မကြာခဏ သုံးသနည်း။ ဤသည်မှာ လမ်းကြောင်းနှစ်သွယ် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ပေတရု၏လမ်းကြောင်းကိုဖြစ်စေ၊ ပေါလု၏လမ်းကြောင်းကိုဖြစ်စေ လိုက်ကြသည်။ ဤနှစ်လမ်းသာရှိသည်။ သင်သည် နောက်လိုက်တစ်ဦးဖြစ်စေ ခေါင်းဆောင်တဦးဖြစ်စေ အတူတူပင်။ ပေတရု၏ လမ်းကြောင်းကို သင်မတက်ရောက်နိုင်ပါက သင်သည် ပေါလု၏လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ဤသည်မှာ ရှောင်လွှဲ၍ မရပေ။ တတိယလမ်းကြောင်းဟူ၍ မရှိ။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်သူများ၊ ဘုရားသခင်ကို မသိသူများ၊ သမ္မာတရားကို နားလည်ဖို့ မကြိုးစားသူများနှင့် ဘုရားသခင်ကို အကြွင်းမဲ့ ကျိုးနွံနာခံနိုင်ခြင်း မရှိသူများသည် ပေါလုကဲ့သို့ တူညီသောအဆုံးသတ်ကို နောက်ဆုံးတွင် တွေ့ရမည်။ သင်သည် ဘုရားသခင်ကို သိရန်၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရန် မကြိုးစားဘဲ သင်သည် စကားများနှင့် အယူဝါဒများကို ပြောနိုင်ရန်နှင့် ဝိညာဉ်ပိုင်းဆိုင်ရာ အယူအဆများကို ဟောပြောရန်သာ အားထုတ်နေပါက သင်သည် ဘုရားသခင်ကို ခုခံပြီး သစ္စာဖောက်ရုံသာ တတ်နိုင်သည်။ အကြောင်းမှာ ဘုရားသခင်ကို ခုခံခြင်းသည် လူ့သဘာဝ ဖြစ်သောကြောင့်တည်း။ သမ္မာတရားနှင့် မကိုက်ညီသောအရာများသည် လူသား၏ဆန္ဒမှ ပေါက်ဖွားလာသည်မှာ သေချာသည်။ လူသား၏ဆန္ဒမှ ပေါက်ဖွားလာသမျှ မည်သည့်အရာမဆို လူသား၏အမြင်တွင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘုရားသခင်၏အမှုကို နှောင့်ယှက်သည်။ ကိစ္စအချို့တွင် သမ္မာတရားနှင့်အညီ သူတို့ မလုပ်ဆောင်သော်လည်း သူတို့သည် ဘုရားသခင်ကို ခုခံနေခြင်း၊ သို့မဟုတ် ဒုစရိုက်မှုကိုပြုနေခြင်း မဟုတ်ဟု လူအချို့က ထင်ကြသည်။ ဤသည်မှာ မှန်သလော။ သမ္မာတရားနှင့်အညီ သင်မလုပ်ပါက သင်သည် သမ္မာတရားကို ကျိန်းသေ ချိုးဖောက်နေခြင်းဖြစ်ပြီး သမ္မာတရားကို ချိုးဖောက်ခြင်းသည် အခြေခံအားဖြင့် ဘုရားသခင်ကို ခုခံခြင်းဖြစ်သည်။ ထိုအရာသည် ကွဲပြားသောပြင်းထန်မှု အဆင့်တစ်ခုသာဖြစ်သည်။ ဘုရားသခင်ကို ခုခံသူ လူတစ်ဦးအဖြစ် သင့်ကို မသတ်မှတ်ထားလျှင်ပင် ဘုရားသခင်သည် သင့်ကို အသိအမှတ်ပြုလိမ့်မည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ သမ္မာတရားနှင့် မဆက်စပ်သည့်အရာများကိုသာ သင်လုပ်ဆောင်နေသောကြောင့်လည်းကောင်း၊ သင့်ကိုယ်ပိုင်ဆန္ဒအလျောက်သာ ပြုမူသောကြောင့်လည်းကောင်း ဖြစ်လေသည်။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ဒုစရိုက်အမှုကို မလုပ်လျှင်ပင် မိမိတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်မည်လော။ သူတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သူတို့ မဖယ်ရှားနိုင်ပါက သူတို့သည် ထိုဖောက်ပြန်ပျက်စီးသောစိတ်သဘောထားများအတိုင်း အသက်ရှင်နေထိုင်နေကြဆဲဖြစ်သည်။ ဘုရားသခင်ကို ခုခံရန် မည်သည့်အရာမျှ သူတို့ မလုပ်သော်လည်း သူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံဖို့ မဖြစ်နိုင်သည့်အပြင် ဘုရားသခင်သည် ထိုကဲ့သို့သောလူများကို အသိအမှတ်ပြုလိမ့်မည်မဟုတ်။

အရှေ့သို့- စကားများနှင့် အယူဝါဒများနှင့် သမ္မာတရား စစ်မှန်မှုကို ပြောဆိုခြင်းကြားရှိ ကွာခြားချက်များ

နောက်တစ်ခုသို့- ဘုရားသခင်သည် လူတို့၏ ရလဒ်များကို မည်သို့ဆုံးဖြတ်သည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။