မေးခွန်း (၆) စီစီပီဟာ ဘုရားသခင်နဲ့သမ္မာတရားကို ရန်လိုနေတဲ့ မကာင်းဆိုးဝါး ဘုရားမဲ့ဝါဒီပါတီပဲ.. မကောင်းဆိုးဝါးဆိုတာ စာတန်ရဲ့သရုပ်သဏ္ဍန်ပဲ လူအဖြစ်ပြန်လည်ဝင်စားထားတဲ့ စာတန်နဲ့ဆိုးတဲ့ဝိညာဉ်ဟာ ကျိန်ခြင်းခံရတဲ့ဘုရားသခင်ရဲ့ရန်သူ မကောင်းဆိုးဝါးပဲ.. အဲ့ဒါကြောင့် ဘုရားသခင်နောက်ဆုံးသောကာလ တရုတ်ပြည်မှာ ပေါ်ထွန်းပြီး အမှုတော်ဆောင်တဲ့အခါ အစိုးရရဲ့ရူးရူးမိုက်မိုက် ဖိနှိပ်ချုပ်ချယ်တာ ညှဥ်းပန်းနှိပ်စက်တာတွေကို သူကြုံတွေ့ရတယ် ဒါက ရှောင်လွှဲလို့မရဘူး။ ဒါပေမဲ့ ဘာသာရေးအသိုင်းအဝိုင်းကခေါင်းဆောင်အတော်များများဟာ သမ္မာကျမ်းစာနဲ့အကျွမ်းတဝင်ရှိကြတဲ့ ဘုရားသခင်ရဲ့ အမှုတော်ဆောင်တွေပဲ သူတို့တွေဟာ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့ အမှုတော်ကို ရှာဖွေဆည်းပူးတာမျိုး မရှိရုံတင်မကဘူး သူတို့တွေဟာ စီရင်ဆုံးဖြတ် ပြစ်တင်ရှုတ်ချပြီး ထိတိထိတ်ပျာပျာနဲ့ကို ဆန့်ကျင်ကြတာ ဒါ မယုံကြည်နိုင်လောက်အောင်ပါပဲ စီစီပီက ဘုရားသခင်ရဲ့အမှုတော်ကိုရှုတ်ချတာ အံ့သြစရာတော့ မဟုတ်ပါဘူး .. ဒါပေမဲ့ ဘာသာရေးခေါင်းဆောင်တွေက ဘုရားသခင်ရဲ့အမှုတော်ကို ဘာဖြစ်လို့ဆန့်ကျင်ရှုတ်ချကြတာလဲ

အဖြေ- ဘုရားသခင်ဟာ နှစ်ကြိမ်တိုင်လူ့ဇာတိခံယူခဲ့တယ် အဲ့ဒီနှစ်ကြိမ်းစလုံး ဘာသာရေးအသိုင်းအဝိုင်းနဲ့ ကမ္ဘာ့အစိုးရတွေရဲ့ စုပေါင်းရှုတ်ချတာ ဆန့်ကျင်တာ ညှဥ်းပန်းနှိပ်စက်တာတွေကို သူကြုံတွေ့ခဲ့ရတယ် အဲ့ဒါဟာ ဟိုးရှေးကာလကတည်းက မှန်ကန်တဲ့လမ်းဟာ ညှဥ်းပန်းနှိပ်စက်မှုတွေခံခဲ့ရတာကို ပြသနေတဲ့သက်သေပါပဲ.. လူအတော်များများက ဒါကိုနားမလည်ကြဘူး သူတို့တွေဟာ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တွေ ဘုရားသခင်ရဲ့အမှုတော်ကို ရှုတ်ချနေကြတဲ့အပေါ်မှာ အံ့အားသင့်နေကြတယ်.. တကယ်တော့ ဒါနဲ့ပတ်သက်ပြီး ဘာအထူးအဆန်းမှတော့မဟုတ်ပါဘူး သခင်ယေရှုပေါ်ထွန်းလာပြီး အမှုတော်ကိုထမ်းရွက်တဲ့ကာလကို ပြန်ကြည့်မယ်ဆိုရင် သူပထမဆုံး ယဇ်ပရောဟိတ်အကြီးအကဲတွေ ကျမ်းတတ်တွေ ဂျူးဘာသာဖာရိရှဲတွေရဲ့ ရှုတ်ချတာ စော်ကားပြောဆိုတာ ဖမ်းဆီးတာတွေခံခဲ့ရတယ် ဒီအချက်တွေကို သမ္မာကျမ်းစာထဲမှာ ရှင်းရှင်းလင်းလင်းရေးသားထားပါတယ် အဲ့ဒီ ယဇ်ပရောဟိတ်အကြီးအကဲတွေ ကျမ်းတတ်တွေ ဖာရိရှဲတွေဟာ သမ္မာကျမ်းစာကို သင်ပေးပြီး ဘုရားသခင်ကို အစေခံကြရမှာလေ။ သူတို့တွေဟာ လူ့ဇာတိခံယူတဲ့သခင်ယေရှုကို ဘာဖြစ်လို့ပြစ်တင်ရှုတ်ချ ညှဥ်းပန်းနှိပ်စက်ပြီး ရှာဖွေဖမ်းဆီးခဲ့ကြတာလဲ သူတို့ရဲ့ဘုရားသခင်ကိုယုံကြည်ရခြင်း ရည်ရွယ်ချက်က သခင်ယေရှုရောက်ရှိလာတဲ့အခါ သူ့ကိုကားတိုင်ပေါ်တင်သတ်ဖို့ကလွဲလို့ တခြားဘာမှ မရှိတာမျိုးလား လုံးဝ မဟုတ်ဘူး။ ဒါဆို သူတို့တွေဟာ ဘုရားသခင်ကိုဆန့်ကျင်တဲ့ အပြုအမူတွေကို ဘာ့ကြောင့်ကျူးလွန်ကြတာလဲ အနန္တတန်ခိုးရှင်ဘုရားသခင်က ဒီမှာလျို့ဝှက်နက်နဲမှုကို ထုတ်ဖော်ပြသခဲ့တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော် ကျမ်းပိုဒ်နည်းနည်းလောက် ဖတ်လိုက်ကြရအောင်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)

ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့- သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ စိတ်ကူးများက လမ်းပြထားခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်း၌ ကြားခံဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”)

တစ်ဘက်၌ လူသားသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အကြောင်းရင်းမှာ သူ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ အစပြုပြီး၊ အခြားတစ်ဘက်တွင် ဘုရားသခင်ကို မသိနားလည်ခြင်းနှင့် ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရားများနှင့် လူသားအတွက် သူ၏အလိုကို သိနားလည်မှုကင်းမဲ့ခြင်းတို့မှ အစပြုပေသည်။ အတူတကွကြည့်သည့်အခါ၊ ဤရှုထောင့်နှစ်ခုသည် ဘုရားသခင်ကို လူသား၏ ခုခံခြင်းသမိုင်းတစ်ခု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့စကားတော်တွေဟာ ဖာရိရှဲတွေ၊ ဘာသာရေးသင်းအုပ်တွေ၊ အကြီးအကဲတွေ ဘုရားသခင်ကို ဆန့်ကျင်ကြတဲ့အဓိကအရင်းအမြစ်အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြထားပါတယ်။ ဘာသာရေးခေါင်းဆောင်တွေဟာ သမ္မာကျမ်းစာဗဟုသုတတွေ၊ ဘာသာရေးနဲ့ဆိုင်တဲ့သဘောတရားတွေကိုသာ လေ့လာလိုက်စားကြပြီး သမ္မာတရားကိုတော့ လိုက်စားမှုမရှိကြပါဘူး သင်းအုပ်တွေနဲ့အကြီးအကဲတွေဟာ သမ္မာတရားကို ငြီးငွေ့ပြီးရန်လိုနေကြတယ်.. အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ ဖော်ပြမှုတွေအားလုံးဟာ သမ္မာတရားတွေဖြစ်တယ်ဆိုတာကို သူတို့တွေတွေ့မြင်လာတဲ့အခါမှာ သူတို့တွေမှာရန်လိုမှုတွေနဲ့ပြည့်နှက်လာပြီး ဘုရားသခင်ကိုစတင်ပြီး အကဲဖြတ်ဆန့်ကျင် ရှုတ်ချလာခဲ့ကြတယ်။ ဂျူးဘာသာကဖာရိရှဲတွေ သခင်ယေရှုရဲ့စကားတွေကို နားထောင်တဲ့အခါမှာ သခင်ယေရှုရဲ့စကားတွေဟာ တန်ခိုး သြဇာအာဏာအပြည့်အဝရှိပြီး ဘုရားသခင်ဆီကဆင်းသက်လာတယ်ဆိုတာကို သူတို့ပွင့်လင်းစွာ သိမှတ်ခွင့်ရခဲ့ကြပါတယ်။ ဘာကြောင့် သူတို့က သခင်ယေရှုကို ရှုတ်ချတာ၊ အကျဉ်းချတာ၊ ကားစင်တင်တာတွေ လုပ်နေသေးတာလဲ။ သဘာဝကျကျပြောရရင်တော့ သခင်ယေရှုရဲ့စကားတွေဟာ သမ္မာတရားဖြစ်တယ်ဆိုတာကို သူတို့သိရှိသွားကတည်းက သခင်ယေရှုဟာ မေရှိယလားဆိုတဲ့ အဖြေကိုရှာဖို့အတွက် သူတို့တွေဘုရားသခင်ထံမှာ ဆုတောင်းခဲ့သင့်တယ် ဘုရားသခင်ကသူတို့ကို ကျိန်းသေအသိဉာဏ်ပွင့်လင်းစေမှာပါ ဒါမေဲ့သူတို့တွေက ဘုရားသခင်ကိုရှာဖွေတာ ဆုတောင်းတာတွေ မလုပ်ခဲ့ကြဘူး .. သူတို့တွေဟာ သခင်ယေရှုကို ဘုရားကိုစော်ကားတယ် ဆိုပြီး တိုက်ရိုက်ရှုတ်ချကြတယ် အထူးသဖြင့်သူတို့တွေက သခင်ယေရှုကို “သင်ဟာမေရှိယလား” ဆိုပြီး အထပ်ထပ်မေးကြတယ်။ သခင်ယေရှုက သူတို့ကိုတိုက်ရိုက်ပဲပြန်ဖြေတော့ သူတို့က ယုံကြည်ဖို့အတွက် ငြင်းဆန်ကြတယ်.. ဒါဟာဖာရိရှဲတွေ အရမ်းကိုစိတ်ကြီးဝင်နေတယ်ဆိုတာကို လုံလုံလောက်လောက်ပြသနေတာပဲ သူတို့တွေက သမ္မာကျမ်းစာကို အလွန်အမင်းကိုးကွယ်ကြတယ် သူတို့တွေက သမ္မာတရားကိုဖော်ပြနေတဲ့ခရစ်တော်ကိုတော့ အမှုမထားကြဘူး သူတို့ရဲ့ဆင်ခြင်တွေးခေါ်မှုကတော့ သခင်ယေရှု အမှန်တရားကို ဘယ်လောက်ပဲဖော်ပြနေနေ သခင့်စကားတွေက ဘယ်လောက်ပဲ သြဇာအာဏာတန်ခိုးနဲ့ပြည့်ပြည့် သူဟာမေရှိယလို့အမည်အတပ်မခံရသ၍ သူတို့တွေကသခင်ယေရှုကို ပြစ်တင်ရှုတ်ချပြီး လက်ဝါးကားတိုင်ပေါ်တောင် တင်သတ်ကြမှာ အဲ့ဒီဂျူးဘာသာကမကောင်းဆိုးဝါးခေါင်းဆောင်တွေက သမ္မာတရားကိုမုန်းတီး နေကြတဲ့သူတွေ မဟုတ်ဘူးလား သခင်ယေရှုသာ သမ္မာတရားကိုမဖော်ပြခဲ့ဘူးဆိုရင် သူတို့တွေသူ့ကို ဒီလိုအမုန်းတရားမျိုး ရှိနေခဲ့ပါ့မလား ဒါဟာ သမ္မာတရားကိုမုန်းတီးကြတဲ့ ဖာရိရှဲတွေ စာတန်ကဲ့သို့ စိတ်သဘောထား ရှိနေတာကို ပြည့်ပြည့်၀၀ဖော်ပြနေတာပဲ ဒါဟာ ဖာရိရှဲတွေ သခင်ယေရှုကိုဆန့်ကျင်နေကြတဲ့ အခြေခံအကြောင်း အရင်းတွေ တည်ရှိနေတဲ့နေရာပဲ သခင်ယေရှု ဖာရိရှဲတွေကို ထုတ်ဖော်ပြခဲ့တဲ့ပုံစံ အတိုင်းပါပဲ။ “ဘုရားသခင်အထံတော်၌ ကြားရသောသစ္စာတရားကို သင်တို့အား ဟောပြောသောသူတည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။...သစ္စာစကားကိုငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။ ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရားသခင်၏စကားတော်ကို နားထောင်တတ်၏။ သင်တို့ သည် ဘုရားသခင်နှင့်မစပ်ဆိုင်သောကြောင့် နားမထောင်ကြဟု မိန့်တော်မူ၏(ရှင်ယောဟန်ခရစ်ဝင် ၈း၄၀ ၄၆-၄၇) ဟုမိန့်တော်မူ၏။ ဂျူးခေါင်းဆောင်တွေ သခင်ယေရှုကို ဘာ့ကြောင့်ဆန့်ကျင်ပြီး သတ်ပစ်တာလဲဆိုတာကို ကျွန်တော်တို့ရှင်းရှင်းလင်းလင်းမြင်ပါပြီ ဒါဆိုရင် နောက်ဆုံးသောကာလမှာ ဘာသာရေးသင်းအုပ်တွေနဲ့ အကြီးအကဲတွေ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဘာကြောင့်တယူသန်ဆန့်ကျင်ရှုတ်ချနေလဲဆိုတာကို နားလည်ဖို့အတွက် မခက်တော့ပါဘူး ဘုရားသခင်ရဲ့အမှုတော်ကို တွေ့ကြုံခံစားခဲ့ရတဲ့ ကျွန်တော်တို့တွေဟာ သမ္မာတရားကိုအလွန်မုန်းတီးတဲ့သူတွေက ဘုရားသခင်ကိုမလွဲမသွေ ဝေဖန်အကဲဖြတ်ကြတယ် ဆန့်ကျင်ရှုတ်ချကြတယ်ဆိုတာကို နားလည်သဘောပေါက်ကြပါတယ် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုဟာ လူသားမှာကိန်းဝပ်နေတဲ့ စာတန်စိတ်သဘောကို ဆေးကြောဖို့ပဲဖြစ်တယ် လူတွေကိုတရားစီရင်ပြီးဆေးကြောဖို့ သမ္မာတရားကိုဖော်ပြခြင်းပဲ ဖြစ်ပါတယ်။ သမ္မာတရားကိုလက်ခံတဲ့သူတွေဟာ သန့်စင်စေခြင်းနဲ့ ကယ်တင်ခြင်းကို ရရှိမှာဖြစ်ပါတယ်။ သမ္မာတရားကိုငြင်းပယ်ကြတဲ့ စာတန်စိတ်သဘောထားရှိသူတွေကတော့ ပြောင်းလဲကြမှာမဟုတ်ဘူး သူတို့တွေဟာဘုရားသခင်ကို ဆက်လက်ဆန့်ကျင်ပြီး သစ္စာဖောက်နေကြဦးမှာပဲ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်မှာ သမ္မာတရားကိုငြီးငွေ့လာပြီး ရန်လိုလာတဲ့အချို့သောသူတွေကို ပြည့်ပြည့်၀၀ထုတ်ဖော်ခဲ့ကြတယ် အဲ့ဒီမယုံကြည်သူတွေနဲ့ အန္တိခရစ်တွေကို နှုတ်ပယ်ပြီးနှင်ထုတ်ပစ်ကြတယ် ဘာသာရေးသင်းအုပ်တွေနဲ့ အကြီးအကဲတွေအဖို့တော့ သူတို့တွေ ဘာ့ကြောင့်အနန္တတန်ခိုးရှင်ဘုရားသခင်ကို တမင်သက်သက် ရှုတ်ချကြတာ အသရေဖျက်ကြတာတွေ လုပ်ကြတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ အမှန်တရား အများအပြားကိုဖော်ပြခဲ့တယ် ပြီးတော့ သူကလူတစ်စုကိုအောင်နိုင်ပြီး ကယ်တင်ခဲ့တာကြောင့် မဟုတ်လား။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ဟာ သူတို့ကိုဖော်ထုတ်ပြသခဲ့တယ် .. အဲ့ဒါကြောင့်သူတို့တွေ ဘုရားသခင်ကို မုန်းတီးပြီးရှုတ်ချကြတယ် သူတို့ရဲ့စာတန်လိုစိတ်နေသဘောထားတွေ လုံးလုံးလျားလျားထွက်ပေါ်လာခဲ့တယ် အဲ့ဒီဖော်ထုတ်ခြင်းခံရတဲ့ အန္တိခရစ်တွေကို ဘုရားသခင်ကဘာ့ကြောင့် စက်ဆုပ်ပြီးကျိန်ဆဲတာလဲ.. အကြောင်းကတော့ သူတို့တွေဟာ သူတို့ရဲ့လက်ထဲမှာ ဘုရားသခင်ရဲ့ သိုးတွေကို ခိုင်ခိုင်မာမာထိန်းချုပ်ထားပြီး အဲ့ဒီရွေးချယ်ခြင်းခံထားရတဲ့ သူ့ရဲ့လူတွေအတွက် ဘုရားသခင်ကိုယှဉ်ပြိုင်နေတာကြောင့်ပဲဖြစ်တယ်။ ပြီးတော့ လူတွေစစ်မှန်တဲ့လမ်းကို လေ့လာလက်ခံသွားမှာကို တားမြစ်ကြတယ် သူတို့တွေဟာ လွတ်လပ်တဲ့နိုင်ငံကိုတည်ဆောက်နေကြပြီး လူသားတွေရဲ့အသက်တွေကို အန္တရာယ်ပြုဝါးမြိုနေကြတဲ့ မကောင်းဆိုးဝါးတွေဖြစ်လာကြတယ်။ သူတို့တွေဟာ ဘုရားသခင်ရဲ့စိတ်နေသဘောထားကို ပုန်ကန်ပြစ်မှားတာကြောင့် ဘုရားသခင်ရဲ့ကျိန်ဆဲခြင်းနဲ့ရှုတ်ချခြင်းကို ခံကြရတယ်

သင်းအုပ်တွေနဲ့အကြီးအကဲတွေ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ပြစ်တင်ရှုတ်ချကြတဲ့ အခြေခံအကြောင်းတရားက ဘာများလဲ.. ပထမဆုံး သူတို့တွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်တွေ သမ္မာကျမ်းစာထဲမှာမှတ်တမ်းတင်မထားဘူးဆိုတဲ့ အချက်ကိုပဲစွဲကိုင်ကြတယ်။ သူတို့တွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအားလုံး သမ္မာကျမ်းစာထဲမှာမှတ်တမ်းတင်ထားတယ် .. သမ္မာကျမ်းစာပြင်ပမှာ မရှိဘူးလို့ပဲ ယုံကြည်ကြတယ် ဒါ့ကြောင့်သူတို့တွေက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို ငြင်းဆန်ကြတယ်။ ဒုတိယအချက်ကတော့ သမ္မာကျမ်းစာရဲ့ပရောဖက်ပြုထားချက်တွေ ဘယ်လိုပြည့်စုံလာတယ်ဆိုတာကို နားမလည်တာကြောင့်ဖြစ်တယ် ဖာရိရှဲတွေလိုပဲ သူတို့တွေဟာ စည်းမျဉ်းတွေနောက်ကိုပဲလိုက်ကြတယ် သခင်ယေရှုဟောကြားတဲ့တရားတွေ ဘယ်လောက်ပဲစစ်မှန်စစ်မှန်၊ ဘယ်လောက်ပဲလေးနက်လေးနက် .. သူ့မှာသမ္မာတရားဘယ်လောက်ပဲရှိရှိ သခင့်ကိုမေရှိယလို့ မခေါ်ကြသ၍ သူတို့တွေဟာသခင်ယေရှုကို ရှုတ်ချနေကြဦးမှာဖြစ်ပြီး လက်ဝါးကားတိုင်ပေါ်တောင် တင်သတ်ကြဦးမှာပါ။ တတိယကတော့ သူတို့တွေဟာ လူ့ဇာတိမှာဖြစ်တဲ့ခရစ်တော်ကို မမှတ်မိကြသလို ဘုရားသခင်လူ့ဇာတိခံယူမယ်ဆိုတာကိုလည်း မယုံကြည်ကြဘူး တမန်တော်ရှင်ယောဟန်ရဲ့အဆိုအရ သူတို့တွေဟာအန္တိခရစ်တွေ ဖြစ်ကြတယ် စတုတ္ထကတော့ သူတို့တွေဟာ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို ငြင်းပယ်ကြဖို့ လုပ်ကြံပြောဆိုကြတဲ့ စီစီပီအစိုးရရဲ့ ကောလာဟလနဲ့အလိမ်အညာတွေနောက်ကို လိုက်သွားကြလို့ပါပဲ သူတို့တွေဟာ စီစီပီရဲ့ဘက်မှာတောင် ရပ်တည်ကြတယ်။ သူတို့တွေဟာ စီစီပီက အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်ကို အလုံးစုံတားဆီးပိတ်ပင်မှာကို မစောင့်နိုင်တော့လောက်အောင် ဖြစ်နေကြတယ်။ ဒါဟာ ကျွန်တော်တို့စဉ်းစားဖို့ဖြစ်စေတာက.. သခင်ယေရှုဟာ တရားဟောပြီးအမှုတော်ဆောင်ဖို့ တရားဇရပ်ကို ဘာလို့မသွားခဲ့တာလဲ ဆိုတာနဲ့ ဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့သူကို တောအရပ်မှာဘာလို့ သွားရှာတာလဲဆိုတာတွေပဲ .. သခငျယရှေုသာ ဂြူးဘုရားကြောငျးကို သှားခဲ့မယျဆိုရငျ သူကြိနျးသနှေငျထုတျခွငျးခံရမှာပဲ ဂျူးခေါင်းဆောင်တွေရဲ့ အဝေးကိုခေါ်ဆောင်သွားတာခံရပြီး အညံ့ခံရတော့မှာ.. ကျွန်တော်တို့တွေသာ ဘုရားကျောင်းကိုသွားပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို သက်သေခံကြမယ်ဆိုရင် ရလဒ်တွေက ဘယ်လိုများဖြစ်လာမလဲ .. သူတို့တွေကျွန်မတို့ကို ရဲဆီသတင်းပို့ကြမှာပဲ ဘာသာရေးခေါင်းဆောင်တွေ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဆန့်ကျင်ကြတဲ့ပုံဟာ ဖာရိရှဲတွေ သခင်ယေရှုကိုဆန့်ကျင်တဲ့ပုံနဲ့ တထေရာတည်းပဲ .. သူတို့တွေဟာ သမ္မာတရားကို စက်ဆုပ်ရွံရှာကြတဲ့အန္တိခရစ်တွေ ဆိုးယုတ်တဲ့အစေခံတွေဆိုတာကို ကျွန်တော်တို့တွေ ခွဲခြားသိမြင်နိုင်ကြမှာမဟုတ်ဘူး သူတို့တွေဟာ ကျွန်တော်တို့ကောင်းကင်နိုင်ငံတော်ကို ဝင်ရမယ့်အရေးကိုတားမြစ်ကြတဲ့ မကောင်းဆိုးဝါးတွေပဲ

မချောမွေ့တဲ့ ကောင်းကင်နိုင်ငံသို့ သွားရာလမ်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၅) ကျွန်မတို့တွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ လက်ခံလိုက်တာ သိသွားပြီးတဲ့နောက် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဆက်တိုက် လာနှောင့်ယှက်နေကြတယ် ကျွန်မတို့ကိုလည်း သမ္မာကျမ်းစာတွေ မနာတမ်းလာရှင်းပြနေတယ် သူတို့ကို ဖယ်ရှားဆန့်ကျင်နေပေမယ့် လုံးဝကို မရပ်ကြဘူး ဒါက ပြည်သူတွေကို အရမ်း အနှောက်အယှက်ပေးနေတာပဲ အရင်တုန်းက ကျွန်မတို့ အားနည်းနေတဲ့အချိန်မှာ သူတို့ ဒီလောက်ထိ အားမစိုက်ခဲ့ကြဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မတို့ လက်ခံလိုက်ပြီးချင်းချင်းမှာပဲ သူတို့ဟာ အရမ်းကိုဒေါသထွက်လာပြီး ချော့တစ်ခါခြောက်တစ်လှည့်နဲ့ ကျွန်မတို့ကို လာနှောင့်ယှက်နေပါတယ် နားကိုမနားရဘူး သူတို့ရဲ့ မကောင်းတဲ့ စိတ်တွေက သူတို့နဲ့အတူ ကျွန်မတို့ကို ငရဲဆီဆွဲမခေါ်နိုင်သေးသမျှ ရပ်ကြမှာမဟုတ်ဘူး ကျွန်မ နားမလည်တော့ဘူး သခင့်ဆီမှာ ခစားပြီး သမ္မာကျမ်းစာကိုမကြာခဏရွတ်ဖတ်နေတတ်တဲ့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတို့လို လူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ပြောတဲ့ စကားတွေက အမှန်တွေဆိုတာ မြင်တွေ့ရသင့်ပါတယ် ဘာလို့ သမ္မာတရားကို သူတို့ မရှာကြည့်ရတာလဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ လုပ်ဆောင်ချက်တွေကို ဘာလို့ သူတို့ မထောက်လှမ်းရတာလဲ အဲဒီအစား သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို စော်ကားပုတ်ခတ် ရှုံ့ချဖို့ပဲ စိတ်ထဲမှာ ရှိနေကြတယ်လေ ကျွန်မတို့ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ်လက်ခံမှုကို တားဆီးဖို့ သူတို့ ဒီလောက်တောင် အားစိုက်လုပ်ကြတာနော် ကျွန်မတို့ ဒါကို နားလည်ဖို့လိုပါတယ် ကျေးဇူးပြုပြီး ကျွန်မတို့နဲ့ ဆွေးနွေးပေးပါလား

နောက်တစ်ခုသို့- မေးခွန်း (၁) ဒါပေမယ့်လည်း ကျမ်းစာထဲမှာ အာဏာပိုင်မင်းတွေရဲ့ အုပ်စိုးခြင်းကို နာခံရမယ်လို့ ရှင်ပေါလုက ပြောထားတယ်လေ ရှင်ပေါလုပြောတဲ့အတိုင်းကျွန်တော်တို့လိုက်လျှောက်မယ်ဆိုရင် လက်ရှိအစိုးရရဲ့ပြောစကားတွေကို အမြဲနားထောင်ရတော့မှာပေါ့ ဒါပေမယ့် ဘုရားမဲ့တရုတ်ကွန်မြူနစ်ပါတီက ဘာသာတရားကိုင်းရှိုင်းတဲ့သူတွေကို ဖမ်းဆီးနှိပ်စက်ပြီး ဘုရားသခင်ရဲ့ရန်သူတစ်ယောက်လို အမြဲပြုမူနေတာလေ ကျွန်တော်တို့ သခင့်ကို ယုံကြည်မှုကို ပိတ်ပင်ရုံတင်မကဘူး .. ဘုရားသခင်ရဲ့သတင်းကောင်းတရားကို ဝေမျှနေတဲ့သူတွေကိုပါ ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်နေတာ ကျွန်တော်တို့တွေ ဒါကို လိုက်နာကြပြီး ဘုရားသခင်ကို မယုံကြည်ကြဘူး ..သူ့ရဲ့သတင်းကောင်းတရား ကို မဝေမျှတော့ဘူးဆိုရင် ကျွန်တော်တို့ သခင့်ကို ဆန့်ကျင်သစ္စာဖောက်နေပြီး စာတန်ဘက်လိုက်သွားရာကျမနေဘူးလား ဒါဆိုကျွန်တော်တို့တွေက ပျက်စီးမှုဆီ ဦးတည်နေတဲ့သူတွေလို ဖြစ်လာမနေဘူးလား .. ကျွန်တော်တော့ တကယ်နားမလည်ဘူး အစိုးရရဲ့အုပ်စိုးမှုကို ဘယ်လိုသဘောထားရမလဲ ဆိုတာနဲ့ ပတ်သက်လာရင် ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ကျွန်တော်တို့ ဘာတွေလုပ်ရမှာလဲ ..

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။