မေးခွန်း (၅) ကျွန်မတို့တွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ လက်ခံလိုက်တာ သိသွားပြီးတဲ့နောက် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဆက်တိုက် လာနှောင့်ယှက်နေကြတယ် ကျွန်မတို့ကိုလည်း သမ္မာကျမ်းစာတွေ မနာတမ်းလာရှင်းပြနေတယ် သူတို့ကို ဖယ်ရှားဆန့်ကျင်နေပေမယ့် လုံးဝကို မရပ်ကြဘူး ဒါက ပြည်သူတွေကို အရမ်း အနှောက်အယှက်ပေးနေတာပဲ အရင်တုန်းက ကျွန်မတို့ အားနည်းနေတဲ့အချိန်မှာ သူတို့ ဒီလောက်ထိ အားမစိုက်ခဲ့ကြဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မတို့ လက်ခံလိုက်ပြီးချင်းချင်းမှာပဲ သူတို့ဟာ အရမ်းကိုဒေါသထွက်လာပြီး ချော့တစ်ခါခြောက်တစ်လှည့်နဲ့ ကျွန်မတို့ကို လာနှောင့်ယှက်နေပါတယ် နားကိုမနားရဘူး သူတို့ရဲ့ မကောင်းတဲ့ စိတ်တွေက သူတို့နဲ့အတူ ကျွန်မတို့ကို ငရဲဆီဆွဲမခေါ်နိုင်သေးသမျှ ရပ်ကြမှာမဟုတ်ဘူး ကျွန်မ နားမလည်တော့ဘူး သခင့်ဆီမှာ ခစားပြီး သမ္မာကျမ်းစာကိုမကြာခဏရွတ်ဖတ်နေတတ်တဲ့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတို့လို လူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ပြောတဲ့ စကားတွေက အမှန်တွေဆိုတာ မြင်တွေ့ရသင့်ပါတယ် ဘာလို့ သမ္မာတရားကို သူတို့ မရှာကြည့်ရတာလဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ လုပ်ဆောင်ချက်တွေကို ဘာလို့ သူတို့ မထောက်လှမ်းရတာလဲ အဲဒီအစား သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို စော်ကားပုတ်ခတ် ရှုံ့ချဖို့ပဲ စိတ်ထဲမှာ ရှိနေကြတယ်လေ ကျွန်မတို့ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ်လက်ခံမှုကို တားဆီးဖို့ သူတို့ ဒီလောက်တောင် အားစိုက်လုပ်ကြတာနော် ကျွန်မတို့ ဒါကို နားလည်ဖို့လိုပါတယ် ကျေးဇူးပြုပြီး ကျွန်မတို့နဲ့ ဆွေးနွေးပေးပါလား

အဖြေ- သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ကို ရှင်တို့လက်ခံမှုအပေါ် မစိုးရိမ်ဘဲ နေနိုင်ပါ့မလား သူတို့ရဲ့ မျက်လုံးတွေထဲမှာ ရှင်တို့က သူတို့ရဲ့ သိုးတွေပဲ ရှင်တို့ကို ခိုးယူသွားတယ်ဆိုတဲ့အချက်က သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတို့ကို ကောင်းကောင်းထိုးနှက်နေတာပဲ ဒါကြောင့် ရှင်တို့ကို ပြန်လည်ဖမ်းထိန်းနိုင်ဖို့ သူတို့အနေနဲ့ နည်းမျိုးစုံကိုကြိုးပမ်းကြမှာပဲ သခင်ယေရှုပေါ်လာခဲ့ပြီး အလုပ်တွေလုပ်ဆောင်တဲ့အချိန်ကို ပြန်စဉ်းစားကြည့်ပါ ဂျူးဘာသာက ဘုန်းတော်ကြီးတွေ ကျမ်းပြုဆရာတွေ ဖာရိရှဲတွေက သခင်ယေရှုကို အထိန်းအသိမ်းမရှိ အသေရဖျက်တယ် ရှုတ်ချတယ် ပုတ်ခပ်စော်ကားကြတယ် သခင်ယေရှုကို ကားစင်တင်တဲ့အထိပါ လုပ်ခဲ့တာလေ အဲဒီအချိန်တုန်းက သခင်ယေရှုကို လက်ခံချင်ခဲ့တဲ့ ဂျူးဘာသာဝင်တွေ အများကြီးရှိခဲ့မှာ သေချာတယ် သခင်ယေရှုကို သူတို့ ဘာလို့လက်မခံရဲခဲ့တာလဲ သခင်ယေရှုကို ယုံကြည်လက်ခံလိုက်ဖို့ အသာထားဦးနော် ကျွန်မထင်တာကတော့ ဂျူးသင်းအုပ်ဆရာတွေ ဖာရိရှဲတွေက ဂျူးဘာသာယုံကြည်သူတွေကို ဆက်တိုက်ခြိမ်းခြောက်နေလို့ပဲ ဖြစ်လိမ့်မယ် သခင်ယေရှုကို လူတွေ လက်မခံလာအောင် နည်းလမ်းမျိုးစုံကို သုံးခဲ့ကြတာလေ အဲဒီအချိန်တုန်းက နီကိုဒီမက်စ်လို့ခေါ်တဲ့ လူတစ်ဦးရှိခဲ့တယ် သူက သခင်ယေရှုကို ညအချိန်ကျမှ ဘာလို့သွားတွေ့ခဲ့တာလဲ ဒါက ဒီအခြေအနေနဲ့ လုံးဝကို ပတ်သက်နေရမယ် ဒီလိုကိစ္စရပ်တွေကို သမ္မာကျမ်းစာထဲမှာ အရှင်းသားဖော်ပြထားပြီးသားပါ ကံဆိုးစွာပဲ ဘာသာရေးလောကက လူနည်းစုပဲ သခင့်ကို ဖာရိရှဲတွေဆန့်ကျင်ခဲ့တဲ့အဖြစ်ရဲ့ ရင်းမြစ်ကို မြင်နိုင်ခဲ့ကြတယ် ဘာသာရေးလောကမှ သင်းအုပ်ဆရာတွေ အကြီးအကဲတွေကို သခင်ယေရှုရဲ့ နှုတ်ကပတ်တော်တွေနဲ့ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ပြီး လမ်းလွဲလိုက်နေသူတွေကို ကျိန်ဆဲတဲ့သူက ပိုလို့တောင် နည်းပါသေးတယ် ဒါက အခုဖြစ်နေတဲ့အခြေအနေပဲမဟုတ်လား နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က ဆိုက်ရောက်နေပြီး ဖာရိရှဲတွေ သင်းအုပ်ဆရာတွေ အကြီးအကဲတွေက ဘုရားသခင်အပေါ် ဆန့်ကျင့်တဲ့ တကယ့်အခြေအနေနဲ့ လက္ခဏာတွေကို ဖော်ထုတ်ခဲ့တယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်သပတ်တော်တွေကို ဖော်ပြထားတဲ့ ဗီဒီယိုကိုကြည့်ရအောင်

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤယုံကြည်မှုသည် မဖြစ်နိုင်သကဲ့သို့ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သင်တို့ကို နောက်ထပ် ငါ မေးမည်- ယေရှုနှင့်သက်ဆိုင်သည့် သိနားလည်မှု အနည်းငယ်မျှ မရှိသည်ကို ထောက်ဆလျှင်၊ အစောဆုံးကျသည့် ဖာရိရှဲတို့၏ အမှားများကို သင်တို့ ကျူးလွန်ရန် အလွန့်အလွန် လွယ်ကူသည် မဟုတ်လော။ သင်သည် သမ္မာတရား၏ လမ်းခရီးကို ထိုးထွင်းသိမြင်နိုင်သလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်မဟုတ်ဟု အမှန်တကယ် အာမခံနိုင်သလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက် လိုက်နိုင်ပါသလော။ သင်သည် ခရစ်တော်ကို ဆန့်ကျင်မည်၊ မဆန့်ကျင်မည်ကို မသိပါက၊ သင်သည် သေခြင်း၏ချောက်ကမ်းစွန်းတွင် အသက်ရှင်နေနှင့်ပြီးဖြစ်သည်ဟု ငါဆိုသည်။ မေရှိယကို မသိခဲ့သောသူအားလုံးသည် ယေရှုကိုဆန့်ကျင်နိုင်စွမ်းရှိကြသည်၊ ယေရှုကိုငြင်းပယ်နိုင်စွမ်းရှိကြသည်၊ သူ့ကို အသရေဖျက်နိုင်စွမ်းရှိကြလေသည်။ ယေရှုကို နားမလည်သောလူ အားလုံးသည် သူ့ကို ငြင်းပယ်နိုင်စွမ်းရှိကြပြီး သူ့ကို ဝေဖန်ပုတ်ခတ်နိုင်စွမ်း ရှိသည်။ ထို့အပြင်၊ ၎င်းတို့သည် ယေရှု၏ ပြန်ကြွလာခြင်းကို စာတန်၏ လှည့်ဖြားမှုအဖြစ် မြင်နိုင်စွမ်းရှိကြပြီး ယေရှု လူ့ဇာတိ ပြန်လည်ခံယူသည်ကို သာ၍ များသော လူတို့က ရှုတ်ချကြလိမ့်မည်။ ဤအရာအားလုံးက သင်တို့ကို စိုးရွံ့စေသည် မဟုတ်လော။ သင် ရင်ဆိုင်သည့်အရာမှာ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားစော်ကားခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်က အသင်းတော်များထံ မြွက်ဆိုသော နှုတ်ကပတ်တော်များအား ယိုယွင်းပျက်စီးစေခြင်းနှင့် ယေရှု ဖော်ပြခဲ့သည့် အရာအားလုံးကို ပစ်ပယ်ခြင်းတို့ ဖြစ်လိမ့်မည်။ သင်တို့သည် အလွန် စိတ်ရှုပ်ထွေးပါက၊ ယေရှုထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ သင်တို့၏အမှားများကို နားလည်ဖို့ ခေါင်းမာစွာ ငြင်းဆိုပါက၊ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူ့ဇာတိ ပြန်လည်ခံယူချိန်တွင် သူ၏ အမှုကို သင်တို့ မည်ကဲ့သို့ နားလည်နိုင်ကြမည်နည်း။ ဤအရာကို သင်တို့အား ငါ ပြော၏- သမ္မာတရားကို လက်မခံသော်လည်း၊ ယေရှု ဖြူသောမိုးတိမ်စီးကာ ကြွရောက်ခြင်းကို ကြောင်းကျိုးမမြင်ဘဲ စောင့်ဆိုင်းသည့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ဧကန်မုချ ပြစ်မှားစော်ကားမိမည်ဖြစ်ပြီး၊ ၎င်းတို့သည် ဖျက်ဆီးခံရမည့် အမျိုးအစားဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်)

ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)

၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ ‘သင့်တော်သည့်’ ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ သမ္မာကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။...၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)

ဂိုဏ်းဂဏတစ်ခုချင်းစီ၏ ခေါင်းဆောင်များကို ကြည့်လော့- သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အနက်ဖွင့်ဆိုမှုများသည် ဆက်စပ်အကြောင်းအရာ ကင်းမဲ့ပြီး၊ ၎င်းတို့၏ စိတ်ကူးများက လမ်းပြထားခြင်း ဖြစ်သည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် လုံးဝ မဟောပြောနိုင်ပါက၊ လူများက သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရသည့်အခါ၊ သူတို့ထဲမှ အချို့တို့သည် ‘ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်’ ဟု ဆိုကြသည်။ လူသားတစ်ဦးသည် ဘုရားသခင်ကို သူတို့၏ယုံကြည်ခြင်း၌ ကြားခံဖြစ်သည်။ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းသည်သာ ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းဖြစ်သည်”)

အခု အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်တော့မှပဲ ဖာရိရှဲတွေက သခင်ယေရှုကို ဘယ်လိုဖြစ်ပြီးဆန့်ကျင် ရှုံ့ချခဲ့တယ်ဆိုတာနဲ့ ဘာသာရေးလောကက သင်းအုပ်ဆရာတွေ အကြီးအကဲတွေကဘုရားသခင်ရဲ့ နောက်ဆုံးသောကာလအလုပ်တွေကို ဘယ်လိုဆန့်ကျင် ရှုံ့ချခဲ့ကြလဲဆိုတာရယ် ဘုရားသခင်ကို သူတို့ဘာလို့ အာခံနေကြတာလဲဆိုတာတွေ ပိုပြီးရှင်းလင်းသွားကြပြီလား ကျေးဇူးတော်ခေတ်မှာ သခင်က ဖာရိရှဲတွေကို ကျိန်ဆဲခဲ့တယ် ပြီးတော့ ကြောင်သူတော် ဖာရိရှဲတွေရဲ့ တကယ့်သရုပ်မှန်ကို ဖော်ထုတ်ခဲ့တယ် နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က ဆိုက်ရောက်နေပြီး ဘာသာရေးလောက သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ ဘုရားကိုဆန့်ကျင်တဲ့ အပြုအမူ လုပ်ဆောင်ချက်တွေ တကယ့်စရိုက်လက္ခဏာတွေကို ထုတ်ဖော်ပြခဲ့တယ် ဘုရာသခင်က ၂ ကြိမ် လူဇာတိခံရာမှာ ဘုရားသခင်ဟာ ဘာသာရေးခေါင်းဆောင်တွေရဲ့ အယောင်ဆောင်မှု လက္ခဏာတွေ သဘောတရားတွေနဲ့ ဘုရားသခင်ကို ဆန့်ကျင်မှုတွေကို ဘာကြောင့် နှစ်ကြိမ်လုံးမှာ ထုတ်ဖော်ခဲ့တာလဲ အကြောင်းရင်းကတော့ သူတို့ဟာ ဘုရားသခင်ကို အလုပ်အကျွေးပြုသူဆိုတဲ့နာမည်ကို ခံယူထားပေမယ့် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေအတိုင်း မကျင့်ကြံသလို ဘုရားသခင်ရဲ့ ပညတ်တော်တွေအတိုင်းလည်း မလိုက်နာကြဘူး ဒီအချက်ကြောင့် သူတို့ဟာ သမ္မာတရားကို မသိကြတော့ဘူး ဘုရားသခင်ကို သူတို့ တကယ် ဆက်ကပ်ဖို့ဆိုတာ ပိုဆိုးသွားတာပေါ့ သူတို့ဟာ ဘာသာရေးနဲ့ဆိုင်တဲ့ စည်းကမ်းတွေ တားမြစ်ချက်တွေကိုပဲ လေ့လာကြတော့တယ် သူတို့ဟာ သမ္မာကျမ်းစာထဲက ဗဟုသုတတွေ သီအိုရီတွေကို ရှင်းပြပြီး သူတို့ကို လူတွေက အာရုံစိုက်လာအောင်နဲ့ သူတို့ဟောကိန်းတွေနောက်ကိုလိုက်လာအောင်ပဲ ကြိုးစားခဲ့ကြတယ်လေ ဘုရားသခင်ရွေးချယ်ခဲ့တဲ့ လူတွေက သူတို့ပြောစကားတွေကို နားထောင်လာရပြီး ဘာကိစ္စပဲဖြစ်ဖြစ် သူတို့ဆီက အကြံဉာဏ်တွေ ယူကြရတယ် အရာရာမှာ သူတို့ဩဇာကို ခံကြရတာပဲ လမ်းမှန်ကို ရှာဖွေဖော်ထုတ်တဲ့နေရာမှာတောင် ဘုရားသခင်က ရွေးချယ်ခဲ့တဲ့ လူတွေဟာ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ ထောက်ခံချက်ကို ရယူလာကြရတယ် သူတို့ ဘယ်လိုကိစ္စပဲကြုံပါစေ ဆုတောင်းခြင်းကို ဦးစားပေးခြင်း သို့မဟုတ် သမ္မာတရားကို လိုက်လျှောက်ခြင်းတို့ မလုပ်ဘဲ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ အကူအညီကိုပဲ လူတွေကသွားယူကြရတော့တယ် ဘယ်လိုပြဿနာရှိလာနိုင်လဲ သူတို့ အလုံးစုံယုံကြည်တာက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေလား သခင်ယေရှုကိုလား ဒါက တကယ့်ကို စဉ်းစားကြည့်သင့်တဲ့အချက်ပဲ ဖာရိရှဲတွေ သင်းအုပ်ဆရာတွေ အကြီးအကဲတွေက လူသားတွေကို ဘုရားသခင်ရှေ့မှောက်ဆီ တကယ်ခေါ်ဆောင်မလာကြဘဲ သူတို့ရဲ့ ဩဇာအာဏာအောက်မှာ လူတွေကို ထိန်းချုပ်ထားကြတယ် ဘုရားသခင်ရွေးလိုက်တဲ့ လူအများစုဟာ သိမြင်မှုမရှိကြဘူး သူတို့ဟာ ဖာရိရှဲတွေ သင်းအုပ်ဆရာတွေ အကြီးအကဲတွေရဲ့ အယောင်ဆောင် လှည့်စားမှုကို ခံကြရတယ် ကျွန်မတို့က သမ္မာတရားကိုနားမလည်သလို မြော်မြင်စဉ်းစားဖို့လည်း မစွမ်းနိုင်ပါဘူး တကယ်လို့ ဘုရားသခင်ရောက်လာပြီး သူတို့ရဲ့ ဘုရားသခင်ကို အာခံမုန်းတီးနေတဲ့ သမ္မာတရားတွေကို ထုတ်ဖော်မပြခဲ့ဘူးဆိုရင် ဘုရားသခင်ရွေးချယ်ခဲ့တဲ့ လူတွေအတွက် ဘုရားသခင်ကို သူတို့တွေက မုန်းတီး ရန်လိုနေတဲ့အဖြစ်ကို ဘယ်သူမှ မြင်နိုင်တော့မှာ မဟုတ်ဘူး ဒီလိုဖြစ်ခဲ့ရင် ဘုရားသခင်ရွေးချယ်ထားတဲ့ သူတွေဟာလည်း သူတို့ရဲ့ထောင်ချောက်တွေလှည့်စားမှုတွေကနေ လွတ်နိုင်တော့မှာမဟုတ်ဘဲ ကယ်တင်ခြင်းရဖို့အတွက် ဘုရားသခင်ရဲ့အမှုတော်ကိုလက်ခံပြီး ဘုရားသခင်ဆီကိုလာဖို့ မဖြစ်နိုင်တော့ပါဘူး ပြီးရင် အဆုံးမှာ ဒီ ဆိုးယုတ်တဲ့အစေခံတွေ အန္တိခရစ်တွေရဲ့ ဖျက်ဆီးခြင်းကို ခံကြရတယ် အနန္တတန်ခိုးရှင်ဘုရားသခင်က ဖာရိရှဲတွေ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေရဲ့ ဘုရားခင်အပေါ် အာခံတဲ့အပြစ်တွေကို စေ့စေ့ငှငှ ဖော်ပြပေးပြီး သူတို့ရဲ့ အပေါ်ယံမျက်နှာဖုံးတွေကို ဆွဲဆုတ်ပစ်ပေးခဲ့လို့ ယုံကြည်သူတွေအနေနဲ့ သူတို့ရဲ့ ဘုရားသခင်အနားမှာနေပြီး အနီးကပ်ဒုက္ခပေးနေတဲ့အချက်တွေကို မြင်လာနိုင်ကြတာပဲ ဒါဟာ ဖာရိရှဲတွေရဲ့ ချုပ်ချယ်မှုတွေ စေတန်ရဲ့ လွှမ်းမိုးမှုတွေကနေ ကျွန်မတို့ကို ဘုရားသခင်က ကယ်ဆယ်ပေးတာပဲမဟုတ်လား တကယ်လို့ ဘုရားသခင်သာ ဒီလိုမလုပ်ပေးခဲ့ရင် ဘုရားသခင်ကိုယုံကြည်သူတွေက သူ့ဘာသာ ဘုရားသခင်ရှေ့မှောက်ဆီ ရောက်လာနိုင်မယ်ထင်လား တကယ်လို့ ဘုရားသခင်ကိုဆန့်ကျင်နေတဲ့ ဖာရိရှဲတွေရဲ့ သမ္မာတရားတွေကိုသာ ဘုရားသခင်က ထုတ်မဖော်ပြခဲ့ရင် ယုံကြည်သူတွေဟာ ဖာရိရှဲတွေအကြောင်းကို သိနိုင်ကြပါ့မလား တကယ်လို့ ဘုရားသခင်သာ သင်းအုပ်ဆရာတွေ အကြီးအကဲတွေက ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ လုပ်ဆောင်ချက်တွေကို ကန့်လန်တိုက်နေတယ်ဆိုတဲ့ သမ္မာတရားကို ချမပြခဲ့ဘူးဆိုရင် ဘုရားသခင်အပေါ်ယုံကြည်သူတွေ အနေနဲ့ သူတို့ရဲ့ ထောင်ခေျာက် အချုပ်အချယ်တွေကနေ လွတ်အောင် ရုန်းနိုင်မယ်ထင်လား အမှန်ပဲ ဆန့်ကျင်ကြမှာမဟုတ်ဘူး ဒါကြောင့် ဘုရားသခင် ဒီလိုလုပ်ဆောင်နေတာက ကျွန်မတို့ကို ကယ်တင်ပေးဖို့ လုပ်ဆောင်နေတာပါပဲ

ဘာသာရေးဆိုင်ရာအသင်းတော်တွေမှာ လူအများစုက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေကို လေးစားကြပါတယ် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက သမ္မာကျမ်းစာကို နားလည်ပြီး လုံးဝစိတ်နှစ်ထားတယ်လို့လည်း အားလုံးက ယုံကြည်ကြတယ် ညီအစ်ကိုတော် ညီအစ်မတော်တွေကိုလည်း သူတို့က ချစ်ခင်ပြကြပြီး သမ္မာကျမ်းစာကိုလည်း မကြာခဏ ရှင်းလင်းပြကာ မမောတမ်း အလုပ်လုပ်နေကြတယ် သူတို့တွေက ဘယ်လိုဖြစ်ပြီး သူတော်ကောင်းယောင်ဆောင် ဖာရိရှဲတွေ အန္တိခရစ်တွေ ဖြစ်နိုင်မလဲ သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ခရစ်တော်ကို ဆန့်ကျင့်သူတွေ ဟုတ်မဟုတ်ဆိုတာ တခြားသူတွေကို ဘယ်လောက်ကောင်းလဲဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ကြည့်ဆုံးဖြတ်ရမှာမဟုတ်သလို သခင့်အတွက် ဘယ်လောက်အထိ အလုပ်လုပ်ပေးနေလဲ ဆိုတာတွေနဲ့လည်း ဆုံးဖြတ်လို့မရဘူး အရေးကြီးဆုံးအချက်က ဘုရားသခင်ရဲ့အလုပ်ကို ဘယ်လောက်ထိ သူတို့ပံ့ပိုးပေးလဲဆိုတာနဲ့ ခရစ်တော်ဖော်ပြတဲ့ သမ္မာတရားတွေနဲ့ လူဇာတိခံခရစ်တော်တို့ကို ဘယ်လိုပံ့ပိုးပေးလဲ ဆိုတာကိုပဲ ကြည့်ရမှာပါ ဒီလိုနည်းနဲ့ပဲ သူတို့ရဲ့ သရုပ်မှန်တွေကိုမြင်ကြရမှာ ဖြစ်ပါတယ် ရှေးတုန်းက ဘုန်းတော်ကြီးတွေ ကျမ်းပြုဆရာတွေ ဂျူးဘာသာဝင် ဖာရိရှဲတွေနဲ့ တော်တော်ဆင်တူပါတယ် သူတို့အားလုံးဟာ ကျမ်းစာတွေကို ရှင်းပြဖို့ အရမ်းစိတ်အားထက်သန်ကြတယ် သူတို့အဝတ်တွေမှာတောင် ကျမ်းစာတွေကို တွဲချုပ်ထားတာပဲ အပြင်ပန်းကြည့်ရင် လုံးဝကို စိတ်နှစ်ထားတယ်ပေါ့။ ဒါပေမဲ့ သခင်ယေရှုပေါ်လာပြီး အလုပ်တွေလုပ်တဲ့အခါမှာ သခင်ယေရှုကို သူတို့ ဘယ်လိုဆက်ဆံခဲ့ကြလဲ။ ကျုပ်မှတ်မိပြီ သခင်ယေရှုက ဘုရားသခင်ရဲ့ အာဏာစက်ကို အသုံးပြုပြီး နာမကျန်းသူတွေကို ဆေးကုပေးပြီး မိစ္ဆာတွေကိုနှင်ပေးတာကို ဖာရိရှဲတွေ မြင်တော့ သခင်ယေရှုဟာ မိစ္ဆာဘုရင်ကို အသုံးချပြီး မိစ္ဆာတွေကိုနှင်တယ်တို့ သန့်ရှင်းတဲ့ဝိညာဉ်တော်ရဲ့ နာမည်ကို ဖျက်တယ်တို့ စသဖြင့် အပုပ်ချပြောကြတော့တာလေ နောက်ပြီး ဂိုဏ်းချုပ်ဘုန်းကြီးက သခင်ယေရှုကို ခရစ်တော်လားလို့ စမ်းသပ်မေးမြန်းတဲ့အခါမှာ သခင်ယေရှုက ဟုတ်တယ်လို့ ပြောတဲ့အခါမှာ ဒါကို အသုံးချပြီး သခင်ယေရှုက ဘုရားကိုစော်ကားတယ်ဆိုပြီး သူတို့က စွပ်စွဲကြတယ် သခင်ယေရှုကို ရောမအစိုးရထံ ဝကွက်အပ်လိုက်တာပဲ သူတို့က သခင်ယေရှုကို ကားစင်တင်ဖို့ဆိုရင် သူခိုးဓါးပြကိုတောင် လွှတ်ပေးကြလိမ့်မယ် ဂျူးဘုန်းတော်ကြီးတွေ ကျမ်းပြုဆရာတွေနဲ့ ဖာရိရှဲတွေဟာ သခင်ယေရှုဟာ သြဇာအာဏာနဲ့ ဘုန်းတန်ခိုးပါဝင်တဲ့ နှုတ်ကပတ်တော်တို့ကို မိန့်တယ်ဆိုတာ အားလုံးသိကြတယ် ဒါပေမဲ့ သမ္မာတရားကို လက်ခံဖို့ နေနေသာသာ သမ္မာတရားကို ရှာကြည့်ဖို့တောင် မကြိုးစားခဲ့ကြဘူး သူတို့ဟာ ဘုရားသခင်ရဲ့ အမှုတော်ကို ရှုတ်ချဖို့ ကျမ်းပါစာသားတွေကို အသုံးချရင်း ကျမ်းစာထဲက ပညတ်တွေ မိန့်ဆိုချက်တွေကို ခေါင်းမာစွာနဲ့ စွဲကိုင်ထားကြတယ် သခင်ယေရှုက သမ္မာတရားတွေကို ဘယ်လောက်ဟောခဲ့တယ် အံ့ဖွယ်တွေ ဘယ်လောက်စွမ်းဆောင်ပြခဲ့တယ်ဆိုတာကို လုံးဝထည့်မစဉ်းစားတော့ဘူး သခင်ယေရှုကို မေရှိယလို့ မခေါ်သရွေ့ သူတို့ဟာ သူ့ကို ရှုတ်ချပြီး ဆန့်ကျင်ကြတယ် သခင်ယေရှုကို လက်ဝါးကပ်တိုင်မှာ သံနဲ့ ရိုက်ဖို့ပဲ အာရုံထားကြတော့တယ် ဒီအချက်တွေက ဂျူးသင်းအုပ်ဆရာတွေဟာ သမ္မာတရားကို မုန်း ဘုရားသခင်ကိုမုန်းတဲ့ မိစ္ဆာတွေဆိုတာကို သက်သေခံပေးနေတာပဲ နောက်ဆုံးသောကာလတွေမှာ သခင်ယေရှုဟာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ်နဲ့ ပြန်လာခဲ့ပြီး သမ္မာတရားတွေကို ပြောဟောကာ လူသားတွေကို သန့်စင်ပေးမှု စီရင်မှုတွေ လုပ်နေတယ် အသင်းတော်များစွာက သိုးကောင်းတွေနဲ့ ခေါင်းဆောင်သိုးတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကြားကြရတယ် အဲဒီမှာ ဘုရားသခင်ရဲ့ အသံတော်ပဲလို့ သိတာကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ကို ဦးညွတ်လာကြတယ် ဘာသာရေးလောကက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဟောတဲ့ နှုတ်ကပတ်တော်တွေက အားလုံးမှန်ပြီး အာဏာစက်တွေပါနေတာ ကောင်းကောင်းသိပါတယ် ဒါပေမဲ့ သူတို့က သမ္မာတရားကို လုံးဝလိုက်မရှာဘူး အဲဒီအစား သမ္မာကျမ်းစာထဲက စာသားတွေကိုအသုံးပြုပြီး သမ္မာကျမ်းစာပြင်ပက ဟောချက်တိုင်းဟာ ကောလာဟလတွေသာဖြစ်ကြောင်းနဲ့ ကောင်းကင်ပေါ်က ဆင်းလာခြင်းမရှိတဲ့ သခင်ယေရှုတိုင်းဟာ အတုဖြစ်တယ်လို့ ဆိုခဲ့ကြတယ် လူ့ဇာတိခံယူတဲ့ ဘုရားသခင် ကြွလာခြင်းနဲ့ပတ်သက်တဲ့ သတင်းစကားတိုင်းက မိစ္ဆာအယူတွေဖြစ်ပြီး ယုံကြည်မှုအမှားတွေလို့ ပြောကြတယ် သတင်းမှားတွေ ကောလာဟလတွေကို အရူးအမူးဝေငှခဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို တိုက်ခိုက် ဝေဖန် အပုပ်ချခဲ့ကြတယ် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလလုပ်ဆောင်ချက်တွေကို လိုက်နာ လေ့လာနေတဲ့ လူတွေကို ချော့တစ်ခါ ခြောက်တစ်လှည့် နှောင့်ယှက်ပြီး ဘုရားသခင်ဆိုက်ရောက်လာမှုကို လူတွေ ပစ်ပယ်လာအောင် လုပ်ကြတယ် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဒီသိုးတွေဟာ ဘုရားသခင်ရဲ့ သိုးတွေမှန်းသိရဲ့သားနဲ့ ဘုရားသခင်ဆီ ပြန်မပေးချင်ကြဘူး အဲဒီအစား ဘုရားသခင်ရဲ့ သိုးတွေကို သူတို့ရဲ့ သိုးတွေလို့ခေါ်ပြီး ဘုရားသခင်ရွေးချယ်တဲ့သူတွေကို ထာဝရထိန်းချုပ်ထားဖို့ ကြံရွယ်နေကြတယ် ဒါက အန္တိခရစ်တွေရဲ့ အပြုအမူပဲ မဟုတ်ဘူးလား ဘာသာရေးလောကက သင်းအုပ်ဆရာတွေ အကြီးအကဲတွေက ဒီလိုပြုမူနေကြတာမဟုတ်ပါလား ပိုပြီးမုန်းစရာကောင်းတာက အသင်းတော်တွေကို တစ်ဦးဦးကလာပြီး အနန္တတန်ခိုးရှင်ဘုရားသခင်အကြောင်း လာပြောတာမျိုးသူတို့တွေသိသွားတာနဲ့ အဲဒီလူကို ရိုက်နှက် အရှက်ခွဲပြီး ရဲလက်ကိုအပ်တဲ့ကိစ္စတွေပဲ အနန္တတန်ခိုးရှင်ဘုရားသခင်အကြောင်းသိလာ သူ တွေကို စေတန်ရဲ့အစေအပါးတွေဖြစ်တဲ့ တရုတ်ကွန်မြူနစ်အစိုးရလက်ထဲ ထည့်ပေးပြီး တရုတ်အစိုးရရဲ့ မိစ္ဆာစွမ်းအားအကူအညီနဲ့ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအလုပ်တွေကို တားဆီးဖို့ ကြိုးစားကြတာပဲ တရုတ်နိုင်ငံက ဘာသာရေးလောကကို သူတို့ချည်းပဲ ထာဝရထိန်းချုပ်ထားချင်တဲ့ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေကြတာပဲ ဒါဟာ ဘုရားသခင်နဲ့ သမ္မာတရားကို သူတို့ ဘယ်လောက်ထိမုန်းနေကြလဲဆိုတာကို ဖော်ပြနေတယ်

ကျွန်မကိစ္စကို ဝင်မပါနဲ့ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၄) သင်းအုပ်ဆရာတွေဟာ သမ္မာကျမ်းစာကိုရင်းနှီးပြီး သမ္မာကျမ်းစာနဲ့သက်ဆိုင်တဲ့ အသိပညာအများကြီးရှိကြပါတယ် သူတို့ဟာမကြာခဏပဲ အသင်းတော်ထဲမှာ သမ္မာကျမ်းစာကို အနက်ဖွင့်ပြီး ချီးမြှောက်ပြောဆိုကြတယ် ဘုရားသခင်ကို သိကျွမ်းတဲ့သူတွေလို့ သူတို့ကိုကျွန်တော်တို့အမြဲထင်ခဲ့ကြတယ် အဲဒါနဲ့များ ဘာလို့သင်းအုပ်ဆရာအများစုက နောက်ဆုံးသောကာလထဲက လူ့ဇာတိခံ ဘုရားသခင်ရဲ့အမှုတော်ကို ငြင်းဆန်နေကြတာလဲ ကျွန်မအမြင်ကတော့၊ သင်းအုပ်ဆရာတွေနဲ့ ခေါင်းဆောင်အများစု ရှုတ်ချတဲ့အရာဟာ ဘယ်လိုမှစစ်မှန်တဲ့လမ်းမဖြစ်နိုင်ဘူးထင်တာပဲ

နောက်တစ်ခုသို့- မေးခွန်း (၆) စီစီပီဟာ ဘုရားသခင်နဲ့သမ္မာတရားကို ရန်လိုနေတဲ့ မကာင်းဆိုးဝါး ဘုရားမဲ့ဝါဒီပါတီပဲ.. မကောင်းဆိုးဝါးဆိုတာ စာတန်ရဲ့သရုပ်သဏ္ဍန်ပဲ လူအဖြစ်ပြန်လည်ဝင်စားထားတဲ့ စာတန်နဲ့ဆိုးတဲ့ဝိညာဉ်ဟာ ကျိန်ခြင်းခံရတဲ့ဘုရားသခင်ရဲ့ရန်သူ မကောင်းဆိုးဝါးပဲ.. အဲ့ဒါကြောင့် ဘုရားသခင်နောက်ဆုံးသောကာလ တရုတ်ပြည်မှာ ပေါ်ထွန်းပြီး အမှုတော်ဆောင်တဲ့အခါ အစိုးရရဲ့ရူးရူးမိုက်မိုက် ဖိနှိပ်ချုပ်ချယ်တာ ညှဥ်းပန်းနှိပ်စက်တာတွေကို သူကြုံတွေ့ရတယ် ဒါက ရှောင်လွှဲလို့မရဘူး။ ဒါပေမဲ့ ဘာသာရေးအသိုင်းအဝိုင်းကခေါင်းဆောင်အတော်များများဟာ သမ္မာကျမ်းစာနဲ့အကျွမ်းတဝင်ရှိကြတဲ့ ဘုရားသခင်ရဲ့ အမှုတော်ဆောင်တွေပဲ သူတို့တွေဟာ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့ အမှုတော်ကို ရှာဖွေဆည်းပူးတာမျိုး မရှိရုံတင်မကဘူး သူတို့တွေဟာ စီရင်ဆုံးဖြတ် ပြစ်တင်ရှုတ်ချပြီး ထိတိထိတ်ပျာပျာနဲ့ကို ဆန့်ကျင်ကြတာ ဒါ မယုံကြည်နိုင်လောက်အောင်ပါပဲ စီစီပီက ဘုရားသခင်ရဲ့အမှုတော်ကိုရှုတ်ချတာ အံ့သြစရာတော့ မဟုတ်ပါဘူး .. ဒါပေမဲ့ ဘာသာရေးခေါင်းဆောင်တွေက ဘုရားသခင်ရဲ့အမှုတော်ကို ဘာဖြစ်လို့ဆန့်ကျင်ရှုတ်ချကြတာလဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။