မေးခွန်း (၄) သင်းအုပ်ဆရာတွေဟာ သမ္မာကျမ်းစာကိုရင်းနှီးပြီး သမ္မာကျမ်းစာနဲ့သက်ဆိုင်တဲ့ အသိပညာအများကြီးရှိကြပါတယ် သူတို့ဟာမကြာခဏပဲ အသင်းတော်ထဲမှာ သမ္မာကျမ်းစာကို အနက်ဖွင့်ပြီး ချီးမြှောက်ပြောဆိုကြတယ် ဘုရားသခင်ကို သိကျွမ်းတဲ့သူတွေလို့ သူတို့ကိုကျွန်တော်တို့အမြဲထင်ခဲ့ကြတယ် အဲဒါနဲ့များ ဘာလို့သင်းအုပ်ဆရာအများစုက နောက်ဆုံးသောကာလထဲက လူ့ဇာတိခံ ဘုရားသခင်ရဲ့အမှုတော်ကို ငြင်းဆန်နေကြတာလဲ ကျွန်မအမြင်ကတော့၊ သင်းအုပ်ဆရာတွေနဲ့ ခေါင်းဆောင်အများစု ရှုတ်ချတဲ့အရာဟာ ဘယ်လိုမှစစ်မှန်တဲ့လမ်းမဖြစ်နိုင်ဘူးထင်တာပဲ

အဖြေ- ဘုရားသခင်ရဲ့အမှုတော် ဟုတ်မဟုတ်ဆန်းစစ်တဲ့နေရာမှာ ဘာသာရေးခေါင်းဆောင်အများစု လက်ခံတဲ့အရာနဲ့ ဆုံးဖြတ်ဖို့မသင့်ပါဘူး သခင်ယေရှု သူ့အမှုတော်တွေလုပ်ဆောင်ဖို့ ပေါ်ထွန်းခဲ့တဲ့အချိန်ကို ပြန်တွေးကြည့်ပါ သခင်ယေရှုကို ဘယ်သူတွေကားတိုင်တင်ခဲ့ကြတာလဲ သမ္မာကျမ်းစာကိုကျွမ်းဝင်ပြီး အနက်ဖွင့်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေပဲ မဟုတ်ဘူးလား ဒီလိုဆိုရင် ဒီအချက်က ကျွန်တော်တို့ကို ဘာပြောနေပါသလဲ သမ္မာကျမ်းစာကို အနက်ဖွင့်နိုင်တဲ့သူတစ်ယောက်ဟာ ဘုရားသခင်ရဲ့ အမှုတော်ကို ဧကန်မုချ မသိပါဘူး ပြီးတော့ သေချာပေါက်ဘုရားကိုသိတယ်လို့ မပြောနိုင်ပါဘူး ဂျူးဖာရိရှဲတွေနဲ့ ကျမ်းတတ်ပုဂ္ဂိုလ်တွေဟာ သမ္မာကျမ်းစာနဲ့ ရင်းနှီးကြတယ်၊ ဒါပေမဲ့ သခင်ကိုဆန့်ကျင်နေကြတဲ့ သူတွေလဲဖြစ်တယ် သူတို့အားလုံးဟာ အန္တိခရစ်တွေပါပဲ ဒါဟာအမှန်တရားပဲမဟုတ်ဘူးလား လူတစ်ယောက်ဟာ သမ္မာကျမ်းစာကို ကောင်းကောင်းသိပေမဲ့ ဒီအချက်ကိုနားမလည်ဘူးဆိုရင်၊ သမ္မာကျမ်းစာကို နားလည်တယ်လို့ ပြောလို့ရပါမလား ဘုရားသခင်ရဲ့ ပေါ်ထွန်းခြင်းကို ဘာသာရေးခေါင်းဆောင် အများစုရဲ့ အမြင်ကိုပဲအားကိုးပြီး ဆုံးဖြတ်နေဦးမယ်ဆိုရင် ဒါဟာလုံးဝယုတ္တိမတန်တာပဲမဟုတ်ဘူးလားဗျာ သူတို့အမြင်ပေါ်ကိုပဲ အားကိုးနေဦးမယ်ဆိုရင် သခင်ယေရှုရဲ့ ပေါ်ထွန်းခြင်းနဲ့ အမှုတော်တွေကို ခင်ဗျားလည်းငြင်းဆန်နေတာပဲမဟုတ်ဘူးလား ဒါဟာခင်ဗျားကို ဘုရားသခင်ကိုခုခံတဲ့ ဖာရိရှဲတွေနဲ့တူသွားစေပါတယ် လမ်းမှန်ကို ကျွန်တော်တို့ရှာတဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်နဲ့ သမ္မာတရားပေါ်မှာဆုံးဖြတ်ကြရမှာပါ ဒါဟာအခြေခံပါပဲ ဘာသာရေးခေါင်းဆောင်တွေရဲ့ အမြင်ပေါ်အခြေခံတာဟာ ဘုရားသခင်ကို လုံးလုံးဆန့်ကျင်တာဖြစ်ပြီး၊ ဘုရားသခင်ရဲ့ ရှုတ်ချခြင်း၊ ဖယ်ထုတ်ခြင်းခံရမှာဖြစ်တယ်

ယုံကြည်သူအများစုက သင်းအုပ်ဆရာတွေဟာ သမ္မာကျမ်းစာနဲ့ရင်းနှီးတယ် သမ္မာကျမ်းစာကို ရှင်းပြလေ့ရှိပြီးမကြာခဏ ချီးမြှောက်လေ့ရှိကြတယ် ဒါေကြာင့် သူတို့ဟာ ဘုရားသခင်ကိုသိတဲ့သူတွေပဲ လို့မြင်ကြတယ် ဒါေပမယ့် နောက်ဆုံးသောကာလထဲမှာ ဘုရားသခင် နောက်တဖန် လူ့ဇာတိခံယူပြီးအမှုတော်တွေလုပ်ဆောင်တဲ့အခါ ဘာဖြစ်လို့ သမ္မာကျမ်းစာအကြောင်းကို ကောင်းကောင်းသိတဲ့ဒီသင်းအုပ်ဆရာတွေက နောက်ဆုံးသောကာလရဲ့ ဘုရားသခင့်အမှုတော်တွေကို အပြင်းအထန် ရှုတ်ချကြ၊ ခုခံေနကြတာလဲ ဒါဟာ လူအတော်များများရဲ့ စိတ်ကိုရှုပ်ထွေးစေပါတယ် တကယ်တော့ ဒီအဖြေကိုရှာဖို့ သိပ်မခက်ပါဘူး အရင်တုန်းက ဖာရိရှဲတွေဟာ သမ္မာကျမ်းစာကိုကောင်းကောင်းသိကြပြီး၊ ဂျူးဘာသာကျောင်းတွေမှာ မကြာခဏဆိုသလို အဓိပ္ပါယ်ဖွင့်ဆိုပေးကြတယ် ဒါပေမဲ့ သခင်ယေရှု လာတဲ့အခါ၊ သူတို့က အပြင်းအထန် ဆန့်ကျင်ကြတယ်၊ အဲ့ဒီအပြင် ကိုယ်တော့်ကိုညှင်းပန်းနှိပ်စက် ကြတယ်၊ သခင်ယေရှုကို လက်ဝါးကားတိုင်မှာ အရှင်လတ်လတ် သံမှိုရိုက်ခဲ့ကြတယ် ဒီအချက်ဟာ သမ္မာကျမ်းစာကို မကြာခဏ အဓိပ္ပါယ်ဖွင့်ဆိုပေးတဲ့သူတွေဟာ ဘုရားသခင်နဲ့ပတ်သက်ပြီး စစ်မှန်တဲ့အသိပညာ၊ နားလည်မှုတွေ ကျိန်းသေပေါက်မရှိနိုင်ဘူးဆိုတဲ့ သက်သေပဲ ဖာရိရှဲအားလုံးဟာ သမ္မာကျမ်းစာကို အနက်ဖွင့်နိုင်ကြတယ် သခင်ယေရှုအားဖြင့် ဖော်ပြတဲ့ အရာအားလုံးဟာ သမ္မာတရားတွေဖြစ်မှန်း သူတို့အကုန်လုံးသိကြပေမဲ့၊ ဘယ်လိုဖြစ်ပြီး ကိုယ်တော့်ကို ဆန့်ကျင်နိုင်ကြသေးတာလဲ သူတို့ဟာ ဘုရားသခင်ရဲ့ အသံတော်ကို လုံးဝသတိမမူမိနိုင်ကြပဲ ဘယ်လိုဖြစ်ပြီး ဘုရားသခင်ရဲ့ စိတ်သဘောထား၊ အနှစ်သာရတွေကို သိနိုင်ကြမှာလဲ ဘာသာရေးသင်းအုပ်ဆရာတွေလဲ ဖာရိရှဲတွေနဲ့ ထူးမခြားနားတွေပါ သူတို့ဟာ သမ္မာကျမ်းစာနဲ့ ရင်းနှီးတာတွေ့ရပေမဲ့ သူတို့ဟာ သမ္မာကျမ်းစာဗဟုသုတတွေ၊ ဓမ္မသီအိုရီတွေရယ် သမ္မာကျမ်းစာ ထဲကဇာတ်ကောင်တွေ၊ နောက်ခံသမိုင်းတွေအကြောင်းပဲ ဟောပြောကြတယ် သူတို့မှာ ဘုရားသခင်ကို အစစ်အမှန် သိကျွမ်းခြင်း ဒါမှမဟုတ် သခင့်နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းနဲ့ ပတ်သက်တဲ့ သက်သေခံချက်တွေကို မဝေမျှနိုင်ကြဘူး သူတို့ဟာ ဘုရားသခင်ရဲ့အမှုတော်ကို မတွေ့ကြုံဖူးဘူး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်မှု မရှိဘူးဆိုတာကို အလုံအလောက်ဖော်ပြနေတာပဲ သူတို့ဟာ ဘယ်လိုလုပ်ပြီး ဘုရားသခင်ကိုသိတဲ့သူတွေကြားထဲရှိနေရတာလဲ ဘုရားသခင်ကို သူတို့က အထင်အမြင်နဲ့ စိတ်ကူးစိတ်သန်းနဲ့သာ မြင်ကြတယ် ဘုရားသခင်ရဲ့စိတ်သဘောထား၊ လူသားတွေကို ကယ်တင်တဲ့ရည်ရွယ်ချက်တွေကို သူတို့မသိကြဘူး အဲ့ဒါကြောင့် နောက်ဆုံးသောကာလထဲမှာ ဘုရားသခင်ပေါ်ထွန်းလာတဲ့အခါ သူတို့ရဲ့ သမ္မာကျမ်းစာဆိုင်ရာဗဟုသုတတွေ အယူဝါဒတွေနဲ့ ဘုရားသခင်ရဲ့အမှုတော်ကို အဓိပ္ပါယ်ဖွင့်ဆိုကြပြီး၊ နောက်ဆုံးမှာတော့ ဘုရားသခင်ကို ယုံကြည်နေရက်နဲ့ ကိုယ်တော့်ကို ဆန့်ကျင်နေကြတဲ့ ဖာရိရှဲတွေလို ဖြစ်သွားကြတယ် အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ကြည့်ကြရအောင် “လူသားကိုယ်တိုင် ဘုရားသခင်နှင့်ပတ်သက်သည့် စစ်မှန်သော အသိပညာကို လုပ်ကြံဖန်တီး၍ မရနိုင်ပေ။ ဤသည်မှာ လူသားကိုယ်တိုင် စိတ်ကူး၍ ရသောအရာ မဟုတ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လူတစ်ဦးကို အထူး မျက်နှာပေးခြင်း၏ အကျိုးဆက်လည်း မဟုတ်ပေ။ ထို့ထက် ယင်းမှာ လူသားအနေဖြင့် ဘုရားသခင်၏အမှုကို ကြုံတွေ့ပြီးနောက် ဖြစ်လာသည့် အသိပညာတစ်ခု ဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အမှန်တရားများကို ကြုံတွေ့ခြင်းနောက်မှသာ ဖြစ်လာသည့် ဘုရားသခင်နှင့်ဆိုင်သော အသိပညာတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) အနန္တတန်ခိုးရှင် ဘုရားသခင် ကအများကြီးရှင်းပြထားပါတယ် ဘုရားသခင်ကို သိကျွမ်းခြင်းအစစ်အမှန်ဟာ ဘုရားသခင့်အမှုတော်တွေကို လက်တွေ့ကျကျ တွေ့ကြုံခံစားရခြင်း၊ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကို ရရှိခြင်းကနေတစ်ဆင့် လာပါတယ် သမ္မာကျမ်းစာကို အလွန်အမင်းကျွမ်းဝင်နေခြင်းကနေ မရရှိနိုင်ပါဘူး လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကတည်းက ဘယ်သူတစ်ဦးတစ်ယောက်မှ သမ္မာကျမ်းစာကိုဖတ်ခြင်းကနေ ဘုရားသခင်ကို အစစ်အမှန်သိကျွမ်းခြင်း မရှိခဲ့ကြပါဘူး ဒါ့အပြင်၊ သမ္မာကျမ်းစာကိုရင်းနှီးတာနဲ့ပဲ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဆေးကြောခြင်း၊ ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းကိုမခံရပါဘူး

သမိုင်းတလျှောက်မှာ ဘုရားသခင်ရဲ့ ချီးမွမ်းခြင်းခံရတဲ့ သူတိုင်းဟာ သမ္မာကျမ်းစာဖတ်ရုံနဲ့ ဘုရားသခင်အပေါ် သိကျွမ်းခြင်းကိုရရှိခဲ့ကြတာမဟုတ်ပါဘူး ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်ရဲ့အမှုတော်ကို နာခံခြင်းဖြစ်စဉ်အတွင်းမှာပဲ တဖြည်းဖြည်းချင်း ဘုရားသခင်ကို အစစ်အမှန် သိကျွမ်းခြင်းနဲ့ ကြောက်ရွံ့ခြင်း စတင်ရရှိလာခဲ့ကြတာပါ အာဗြဟံနဲ့ ယောဘကို ဉပမာကြည်ကြည့်ပါ သူတို့နှစ်ယောက်စလုံး ဘုရားသခင်ကိုချီးမြှောက်ကြတယ် ပြီးတော့ ဘုရားသခင်ကို သူတို့စိတ်နှလုံးထဲကနေ ချစ်ကြောက်ရိုသေကြတယ် သူတို့ရဲ့အတွေ့အကြုံတွေကနေ သူတို့ဟာ အရာအာလုံးကိုအုပ်စိုးတဲ့ ဘုရားသခင်ရဲ့ တန်ခိုးအာဏာနဲ့ ဉာဏ်ပညာကို သိရှိလာကြတာဖြစ်တယ် လူတွေဆီမှာ ရှိသမျှအရာခပ်သိမ်းဟာ ဘုရားသခင်ရဲ့ ကောင်းချီး၊ ကျေးဇူးတော်တွေကြောင့်ဖြစ်တယ်ဆိုတာ ေတွ့ခဲ့ရပြီး ဒါတွေကဘုရားသခင်အပေါ် သူတို့ရဲ့စစ်မှန်တဲ့ ယုံကြည်ခြင်းကိုဖြစ်တည်ေစခဲ့တယ် ဒါ့ကြောင့်သူတို့ဟာ ဘုရားသခင်ရဲ့ သန့်ရှင်းသောနာမတော်ကို အခက်အခဲတွေကြားထဲကနေ ချီးမွမ်းနိုင်ကြပြီး၊ ကောင်းမွန်ထူးခြားတဲ့ သက်သေခံချက်တွေ ပေါ်ထွက်လာပြီး၊ အဆုံးမှာ ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာ ကို ရရှိခံစားကြရတာ ဖြစ်တယ် ပေတရုက သခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်၊ အသက်ရှင်တဲ့ဘုရားသခင်ရဲ့ သားတော်ဖြစ်တယ်ဆိုတာကို သိတာဟာ၊ ဓမ္မဟောင်းကျမ်းကို ကျွမ်းဝင်ခြင်းကြောင့်မဟုတ်ဘူး၊ သမ္မာတရားကို လိုက်စားခြင်း၊ နှုတ်ကပတ်တော်နဲ့ သခင်ယေရှုရဲ့အမှုတော်ကို လက်တွေ့နာခံခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုတော်မှ တဆင့် ဘုရားသခင်ရဲ့ စစ်မှန်တဲ့ကောင်းမြတ်ခြင်း၊ ကိုယ်တော့်ရဲ့ စိတ်သဘောထားနဲ့ ကိုယ်တော့်ရဲအရာအားလုံးနဲ့ ဖြစ်ခြင်းတို့ကို တဖြည်းဖြည်း သိလာတာဖြစ်တယ် အဆုံးမှာတော့၊ ဘုရားသခင်ကို အဆုံးစွန်ချစ်မြတ်နိုးပြီး၊ အသက်သေတဲ့အထိ နာခံနိုင်ခဲ့တယ် ဒီလိုနဲ့ ဘုရားသခင်အတွက် ကောင်းမွန်ထူးခြားတဲ့ သက်သေဖြစ်စေတယ် ဒါ့အပြင်၊ သခင်ယေရှုအမှုတော်ဆောင်ရွက်တဲ့အချိန်တုန်းက၊ ကိုယ်တော့်နောက်လိုက်တဲ့သူတွေဟာ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တန်ခိုးနဲ့ အာဏာတော်တွေကို ကိုယ်တော့်ရဲ့ နှုတ်တော်ထွက်စကားကနေ သိရှိခဲ့ကြပြီး၊ ဒါဟာ ဘုရားသခင်ရဲ့ အသံတော်လို့မှတ်မိပြီး သခင်ယေရှုနောက်လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ် သူတို့တွေလည်း ကောင်းမွန်ထူးကဲတဲ့ သက်သေခံချက်တွေနဲ့ သခင်ယေရှုရဲ့သတင်းကောင်းကိုဝေငှခဲ့ကြတယ် နောက်ဆုံးသောကာလထဲ ဘုရားသခင်ပြန်လည်ပေါ်ထွန်းလာပြီး သူ့ရဲ့အမှုတော်တွေကို လုပ်ဆောင်တဲ့အခါ၊ သခင်ယေရှုကို လုံးဝမယုံကြည်တဲ့ သမ္မာကျမ်းစာ တစ်ခါမှမဖတ်ဘူးတဲ့ သူအများစုဟာ ဘယ်လိုဖြစ်ဖြစ်၊ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်ကို အနန္တတန်ခိုးရှင် ဘုရားသခင် နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းကို လက်ခံခြင်း၊ နာခံခြင်းအားဖြင့် ရရှိကြလိမ့်မယ် သူတို့ဟာ တဖြည်းဖြည်းချင်း ဘုရားသခင်ကိုစစ်မှန်စွာသိကျွမ်းလာကြ၊ နာခံလာနိုင်ကြတယ် တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိနှိပ်ခံရမှုတွေကို အောင်မြင်နိုင်ခဲ့တဲ့ သက်သေခံချက်တွေ ပေါ်ထွက်လာတယ် ဒါဟာအားလုံးမြင်နိုင်တဲ့ အချက်အလက်တစ်ခုပါပဲ ဘုရားသခင်ရဲ့ အမှုတော်ကို တွေ့ကြုံဖူးတဲ့သူတွေ၊ ထူးခြားကောင်းမွန်တဲ့ သက်သေခံချက်တွေပြောနိုင်တဲ့သူတွေကသာလျှင် ဘုရားသခင်ကို အမှန်သိကျွမ်းနာခံကြသူတွေပါ သမ္မာကျမ်းစာကို အနက်ဖွင့်နိုင်ရုံဖွင့်နိုင်ပြီး အမှန်တကယ်သက်သေမခံနိုင်ကြတဲ့သူတွေဟာ ဘာသာရေးသမားအယောင်ဆောင်သူတွေပါပဲ ဒီဘာသာရေးဖာရိရှဲတွေ သင်းအုပ်ဆရာတွေဟာ သမ္မာတရားကို စက်ဆုပ်ကြ၊ မုန်းကြတယ် သူတို့ကိုယ်သူတို့ သမ္မာကျမ်းစာနဲ့ ကျွမ်းဝင်အောင်လုပ်ပြီး၊ သမ္မာကျမ်းစာကို ရှင်းပြနေတာဟာ သမ္မာတရားကို လို်က်စားပြီး ဘုရားသခင်ကိုသိနေကြလို့မဟုတ်ဘူး အမှန်ပြောရရင်၊ ဒါဟာလူတွေကို ကြွားဝါနေ၊ လှည့်စားနေ၊ ထောင်ချောက်ဆင်နေတာပဲ ဘုရားသခင် လူ့ဇာတိခံယူပြီး သူ့အမှုတော်အတွက် ပြန်လည်ပေါ်ထွန်းလာတဲ့အခါ၊ သူတို့ဟာ သမ္မာတရားကိုဖော်ပြနေတဲ့ ခရစ်တော်ကိုတောင် ရန်သူလို့မြင်ကြတယ် ပြီးတော့ ဘုရားသခင်ကို ကားတိုင်ထပ်ပြီးတင်ကြဦးမယ် အဲ့ဒါကြောင့်၊ ဘုရားသခင်က သူတို့ကို ငြင်းပယ်ပြီး ကျိန်ခဲ့တာ။ ဒါဟာ သူတို့ရဲ့ သမ္မာတရားကို မုန်းတီးခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ အန္တိခရစ်ဖြစ်ခြင်းတို့ကို အပြည့်အဝဖော်ပြနေတာပဲ နောက်ဆုံးသောကာလထဲမှာ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းအမှုတော်က၊ လူသားအားလုံးကို ထုတ်ဖော်ပြီး လူတွေကို သူတို့ရဲ့အမျိုးအစားအလိုက် ပိုင်းခြားသွားမှာပါ ဘုရားသခင်ရဲ့အမှုတော်ဟာ တကယ့်ကို သံသယအားလုံးကို ကျော်လွန်ပြီး ကြီးမြတ်ပြီး ဉာဏ်အမြော်အမြင်ရှိလှပါတယ်

ဘုရားသခင်ကို ယုံကြည်တဲ့သူတွေဟာ သမ္မာတရားကို မနှစ်သက်ဘူး၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို လိုက်လျှောက်ဖို့ အာရုံမထားဘူးဆိုရင် ဘုရားသခင်ရဲ့အမှုတော်ကို အမှန်တကယ် တွေ့ကြုံတာ မဟုတ်ပါဘူး လူတွေက သူတို့ကိုယ်သူတို့ သမ္မာကျမ်းစာဗဟုသုတနဲ့ ဓမ္မသီအိုရီတွေ သိအောင်ပဲကြိုးပမ်းနေပြီး၊ လူတွေသူတို့ကို ကိုးကွယ်ဖို့၊ သူတို့နောက်လိုက်ဖို့အတွက် သူတို့ဂုဏ်ရည်ကိုပဲသွေးနေကြမယ်ဆိုရင်၊ သူတို့ဟာအလိုလို သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေဖြစ်လာလိမ့်မယ် အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကျမ်းစာ၏စကားလုံးများကိုသာ အရေးပေးသူများနှင့် သမ္မာတရားကို အလေးမထားသူများသော်လည်းကောင်း ငါ၏ခြေလှမ်းများကို ရှာဖွေရန် အရေးမပေးသူများသော်လည်းကောင်း— ထိုသူတို့သည် ငါ့ကို ဆန့်ကျင်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ငါ့အား သမ္မာကျမ်းစာအတိုင်း ကန့်သတ်ကြကာ၊ သမ္မာကျမ်းစာအတွင်းတွင် ငါ့ကို ဘောင်ခတ်ထားကြသဖြင့် ငါ့ကို လွန်ကဲစွာပြစ်မှားကြသောကြောင့် ဖြစ်၏။ ထိုသို့သောသူများ ငါ၏ရှေ့မှောက်သို့ မည်သို့လာနိုင်မည်နည်း။ ထိုသူတို့သည် ငါ၏လုပ်ဆောင်ချက်များ၊ သို့မဟုတ် ငါ၏အလိုဆန္ဒ၊ သို့မဟုတ် သမ္မာတရားကို လုံးဝဂရုမစိုက်ဘဲ သေစေသော စကားလုံးများကိုသာ စွဲလမ်းကြ၏။ ထိုကဲ့သို့သောလူတို့သည် ငါနှင့် မည်သို့ သဟဇာတဖြစ်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)

ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် ‘ကောင်းမွန်သည့် ဖွဲ့စည်းမှု’ ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။ ဘုရားသခင်၏ မျက်မှောက်တွင် မိမိကိုယ်ကိုယ် အထင်ကြီးတတ်ကြသူများသည် လူများထဲမှ အဆိုးရွားဆုံးသောသူများ ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် နှိမ့်ချသောသူတို့မှာ ဂုဏ်ပြုအခံရဆုံးသောသူများ ဖြစ်ကြ၏။ ပြီးလျှင် ဘုရားသခင်၏ အမှုကို ၎င်းတို့ သိသည်ဟု ထင်သည့်အပြင်၊ ဘုရားသခင်ကို တိုက်ရိုက်ကြည့်ကာပင် ကြီးမားသော ခမ်းနားကြီးကျယ်မှုဖြင့် အခြားသူများထံ ဘုရားသခင်၏အမှုကို ကြွေးကြော်နိုင်စွမ်းရှိသူများ- ဤသူတို့သည် လူများထဲမှ မသိနားမလည်ဆုံးသော သူများ ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ သက်သေခံချက်မရှိ၊ မာနထောင်လွှားကြကာ စိတ်ကြီးဝင်ခြင်းဖြင့် ပြည့်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်)

အနန္တတန်ခိုးရှင် ဘုရားသခင် ရဲ့နှုတ်ကပတ်တော်က ဘာသာရေးခေါင်းဆောင်တွေ၊ သင်းအုပ်ဆရာတွေနဲ့ ဖာရိရှဲတို့ရဲ့ သမ္မာတရားကိုမုန်းတီးတဲ့ သဘောသဘာဝနဲ့ သူတို့ရဲ့အနှစ်သာရတွေကို ဖော်ပြထားပါတယ် သူတို့ကိုယ်သူတို့ သမ္မာကျမ်းစာနဲ့ ကျွမ်းဝင်အောင်လုပ်ပြီး၊ အနက်တွေဖွင့်ဆိုနေတာတွေ အားလုံးဟာ သူတို့ထင်ပေါ်ဖို့နဲ့ ကြွားဝါနိုင်ဖို့အတွက်ပဲ ဤနည်းကို အသုံးပြုပြီး လူတွေကို လိမ်လည်လှည့်ဖျား၊ လှောင်ပိတ်ထားနေတာတွေဟာ သူတို့ကိုယ်ပိုင်ရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်းအတွက်ပဲ သမ္မာတရားနဲ့ကျွမ်းဝင်ဖို့၊ ဘုရားသခင်အတွက်သက်သေခံဖို့၊ လူတွေကို ကိုယ်တော့်ဆီခေါ်ဆောင်လာဖို့အတွက် တစ်ခုမှမဟုတ်ဘူး အပြင်ပန်းကနေ ဘုရားတရားမြဲသလိုလိုနဲ့၊ သူတို့နှလုံးသားထဲမှာတော့ ဘုရားသခင်ကို ချစ်ကြောက်ရိုသေမှု ဘယ်လိုမှမရှိကြဘူး အနန္တတန်ခိုးရှင် ဘုရားသခင် သမ္မာတရားကိုဖော်ပြတဲ့အခါနဲ့၊ နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းကို လုပ်ဆောင်တဲ့အခါ သူတို့ရဲ့ရပ်တည်မှု၊ အသက်မွေးဝမ်းကျောင်းတွေကို ကာကွယ်ဖို့အတွက် သူတို့လုပ်နိုင်သမျှလုပ်နေကြပြီး၊ ကောလဟာလတွေဖြန့်ပြီး၊ အတွေးအခေါ်အမှားတွေကို အကန့်အသတ်မရှိ လွှင့်နေကြပြီး၊ ဘုရားသခင်နဲ့ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို ပြစ်တင်ရှုတ်ချကြတယ် သူတို့ဟာ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်နဲ့ အမှုတော်တွေဟာ သမ္မာကျမ်းစာထဲမှာပဲရှိတယ်၊ သမ္မာကျမ်းစာပြင်ပကအရာတွေဟာ မိစ္ဆာဒိဌိအယူတွေပဲ” ပြီးတော့ “ဘုရားသခင်ကို ယုံကြည်ခြင်းဟာ သမ္မာကျမ်းစာကို ယုံကြည်ခြင်းပဲ၊ သမ္မာကျမ်းစာဟာ ဘုရားသခင်ကိုကိုယ်စားပြုတယ်” စသဖြင့် ပြောကြတယ် ပြီးတော့၊ အယူအမှားအမျိုးမျိုးတွေ ဖြန့်နေပြီး၊ လမ်းမှန်ကို မရှာဖွေနိုင်အောင်၊ မစုံစမ်းနိုင်အောင် တားဆီးနေကြတယ် ဒါဟာဘာကိုဖော်ပြနေလဲဆိုရင်၊ ဘာသာရေးဆရာတွေက သမ္မာကျမ်းစာကိုရှင်းပြဖို့ အခွင့်အရေးတွေကိုအသုံးချပြီး၊ သမ္မာကျမ်းစာကို မှားယွင်းအနက်ဖွင့်ကြ၊ ဘုရားသခင်ကို ကန့်သတ်ကြ၊ ဆန့်ကျင်ကြတာဟာ၊ သူတို့ရဲ့ သမ္မာတရားကိုမုန်းတီးစိတ်၊ ဘုရားသခင်ကိုဆန့်ကျင်တဲ့စိတ်နဲ့ ဆိုးယုတ်တဲ့ ဇာတိသဘောသဘာဝတွေကြောင့်ပဲ သမိုင်းတလျှောက်မှာ၊ ဘာသာရေးလောကဟာ တကယ်တော့ သူတော်ကောင်းယောင်ဆောင်တဲ့ ဖာရိရှဲတွေ အန္တိခရစ်တွေပဲ အုပ်စိုးခဲ့တာ သူတို့ဟာ သမ္မာကျမ်းစာကိုကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ချီးမြှောက်ကြတယ် အဲ့လိုမှ ဘုရားသခင်ရွေးချယ်ထားတဲ့ လူတွေကိုလှည့်စားနိုင်၊ ထိန်းချုပ်နိုင်ပြီး၊ သူတို့ရဲ့ရပ်တည်မှုနဲ့ အသက်မွေးဝမ်းကျောင်းကို ခိုင်မာစေနိုင်မှာလေ ဘုရားသခင်အတွက် သက်သေခံဖို့၊ လူတွေကို စစ်မှန်တဲ့သမ္မာတရားကို လမ်းညွှန်ဖို့၊ ဘုရားသခင်ရှေ့တော်ကို ခေါ်ဆောင်သွားဖို့ လုံး၀မဟုတ်ဘူး အဲ့ဒါကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ မှာ ပေါ်ထွန်းပြီး သူ့အမှုတော်တွေ လုပ်ဆောင်တဲ့အခါ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ သင်းအုပ်တွေရဲ့ သမ္မာတရားကိုမုန်းတီးပြီး၊ ဘုရားသခင်ကိုဆန့်ကျင်တဲ့ အန္တိခရစ်သဘောသဘာဝတွေ အထင်အရှား ပေါ်ထွက်လာတာပေါ့ “သမ္မာတရားကိုကာကွယ်တာ၊ သိုးတွေကို ကာကွယ်တာ” ဆိုတဲ့ အယောင်ဆောင်မှုအောက်မှာ၊ သူတို့ဟာ နောက်ဆုံးသောကာလရဲ့ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ကိုဆန့်ကျင်နေကြပြီး၊ ဘာသာရေးလောကကို ခိုင်မာတဲ့ခံတပ်ဖြစ်အောင်လုပ်ပြီး၊ ဘုရားသခင်ကို ဆန့်ကျင်နေကြတာ ဒီအချက်ကို မမြင်နိုင်သေးဘူးလားဗျာ

ခြေချင်းများကိုချိုးဖျက်၍ ပြေးပါ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၇) သခင်ယေရှုက ဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်ဆိုရင် သခင်ယေရှုဆုတောင်းတဲ့အခါ၊ ဘာဖြစ်လို့ အဖဘုရားသခင်ဆီကို ဆုတောင်းနေရသေးတာလဲ ဒီနေရာမှာ နက်နဲမှုတစ်ခုတော့ ရှိရမယ် ကျေးဇူးပြုပြီး ဆွေးနွေးပေးပါ

နောက်တစ်ခုသို့- မေးခွန်း (၅) ကျွန်မတို့တွေ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မတို့ လက်ခံလိုက်တာ သိသွားပြီးတဲ့နောက် သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက ဆက်တိုက် လာနှောင့်ယှက်နေကြတယ် ကျွန်မတို့ကိုလည်း သမ္မာကျမ်းစာတွေ မနာတမ်းလာရှင်းပြနေတယ် သူတို့ကို ဖယ်ရှားဆန့်ကျင်နေပေမယ့် လုံးဝကို မရပ်ကြဘူး ဒါက ပြည်သူတွေကို အရမ်း အနှောက်အယှက်ပေးနေတာပဲ အရင်တုန်းက ကျွန်မတို့ အားနည်းနေတဲ့အချိန်မှာ သူတို့ ဒီလောက်ထိ အားမစိုက်ခဲ့ကြဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ကို ကျွန်မတို့ လက်ခံလိုက်ပြီးချင်းချင်းမှာပဲ သူတို့ဟာ အရမ်းကိုဒေါသထွက်လာပြီး ချော့တစ်ခါခြောက်တစ်လှည့်နဲ့ ကျွန်မတို့ကို လာနှောင့်ယှက်နေပါတယ် နားကိုမနားရဘူး သူတို့ရဲ့ မကောင်းတဲ့ စိတ်တွေက သူတို့နဲ့အတူ ကျွန်မတို့ကို ငရဲဆီဆွဲမခေါ်နိုင်သေးသမျှ ရပ်ကြမှာမဟုတ်ဘူး ကျွန်မ နားမလည်တော့ဘူး သခင့်ဆီမှာ ခစားပြီး သမ္မာကျမ်းစာကိုမကြာခဏရွတ်ဖတ်နေတတ်တဲ့ သင်းအုပ်ဆရာနဲ့ အကြီးအကဲတို့လို လူတွေက အနန္တတန်ခိုးရှင်ဘုရားသခင်ပြောတဲ့ စကားတွေက အမှန်တွေဆိုတာ မြင်တွေ့ရသင့်ပါတယ် ဘာလို့ သမ္မာတရားကို သူတို့ မရှာကြည့်ရတာလဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ လုပ်ဆောင်ချက်တွေကို ဘာလို့ သူတို့ မထောက်လှမ်းရတာလဲ အဲဒီအစား သူတို့က အနန္တတန်ခိုးရှင်ဘုရားသခင်ကို စော်ကားပုတ်ခတ် ရှုံ့ချဖို့ပဲ စိတ်ထဲမှာ ရှိနေကြတယ်လေ ကျွန်မတို့ရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်အပေါ်လက်ခံမှုကို တားဆီးဖို့ သူတို့ ဒီလောက်တောင် အားစိုက်လုပ်ကြတာနော် ကျွန်မတို့ ဒါကို နားလည်ဖို့လိုပါတယ် ကျေးဇူးပြုပြီး ကျွန်မတို့နဲ့ ဆွေးနွေးပေးပါလား

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။