မေးခွန်း (၇) သခင်ယေရှုက ဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်ဆိုရင် သခင်ယေရှုဆုတောင်းတဲ့အခါ၊ ဘာဖြစ်လို့ အဖဘုရားသခင်ဆီကို ဆုတောင်းနေရသေးတာလဲ ဒီနေရာမှာ နက်နဲမှုတစ်ခုတော့ ရှိရမယ် ကျေးဇူးပြုပြီး ဆွေးနွေးပေးပါ

အဖြေ- အချို့သော လူများက သခင်ယေရှုက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပါက၊ သခင်ယေရှုဆုတောင်းသည့်အခါ၊ အဖဘုရားသခင်ထံသို့ အဘယ့်ကြောင့် ဆုတောင်းနေရသေး သနည်း ဟု မေးကောင်းမေးနိုင်ပါသည်။ သူ့ဆုတောင်းများမှာ သခင်ယေရှုက ဘုရားသခင်ကို ကောင်းကင်ဘုံမှ အဘဟု ခေါ်ခြင်းနှင့်ပတ်သက်ပြီး အမှန်တကယ် နက်နဲမှုရှိပါသည်။ ဘုရားသခင်က လူ့ဇာတိခံပြီး၊ ဝိညာဉ်တော်က လူ့ဇာတိအတွင်း ကွယ်ဝှက်နေသည့် အခါမှာ၊ လူ့ဇာတိကိုယ်တိုင်က ဝိညာဉ်တော်၏ တည်နေမှုကို သတိမပြုမိပါ။ ကျွန်တော်တို့ ကိုယ်ထဲမှာရှိသည့် ဝိညာဉ်များကို မခံစားမိကြသကဲ့သို့ ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ဝိညာဉ်တော်က လူ့ဇာတိ အတွင်းမှာ သဘာဝလွန်သည့်အရာ တစ်ခုမှမလုပ်ပါ။ ထို့ကြောင့် သခင်ယေရှုက လူ့ဇာတိခံသည့် ဘုရားသခင်ဖြစ်သည့်တိုင်၊ ဘုရားသခင်၏ ဝိညာဉ်တော်က သူ့ကို ပြောဆိုခြင်း၊ သက်သေခံခြင်းများ မလုပ်ပါက၊ သခင်ယေရှုအနေနှင့် သူက ဘုရားသခင်၏လူ့ဇာတိခံခြင်းဖြစ်ကြောင်း မသိနိုင်ပါ။ ထို့ကြောင့် သမ္မာကျမ်းမှာ “ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။...သားတော် လည်းမသိ။(ရှင်မာကုခရစ်ဝင် ၁၃:၃၂) ဟုဆိုထားပါသည်။ သခင်ယေရှုက သူ့အမှုတော်ကို မဆောင်ရွက်ခင်မှာ၊ သာမန်လူ့သဘာဝနှင့် နေခဲ့သည်။ သူက ဘုရားသခင်၏ လူ့ဇာတိခံခြင်းဖြစ်ကြောင်း အမှန်တကယ် မသိခဲ့ပါ။ လူ့ဇာတိအတွင်းက ဘုရားသခင်၏ဝိညာဉ်တော်က သဘာဝလွန် သည့်အရာ တစ်ခုမှမလုပ်ခဲ့သည့်အတွက် သူက တခြားလူသားတစ်ယောက်ကဲ့သို့ပင် သာမန်အကန့်အသတ်များထဲမှာ အမှုတော်ကိုပြုခဲ့သည်။ ထို့ကြောင့် သခင်ယေရှုက ကောင်းကင်ဘုံမှာ ရှိသော အဘကို သဘာဝအလျောက် ဆုတောင်းမည်ပင် ဖြစ်သည်။ တစ်နည်းပြောရရင်၊ သာမန်လူ့သဘာဝမှာ ရှိနေသည့် သခင်ယေရှုက ဘုရားသခင်၏ဝိညာဉ်တော်ဆီ ဆုတောင်းခဲ့ခြင်း ဖြစ်ပါသည်။ ဤအရာမှာ ယုတ္တိရှိပါသည်။ သခင်ယေရှုက အမှုတော်ကို တရားဝင်ဆောင်ရွက်သည့်အခါကျမှ သူက လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်း သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံပြီး ထုတ်ဖော်လာသည်။ ထိုအချိန်ကျမှသာ သခင်ယေရှုလည်း သူက ရွေးနုတ်ခြင်းအမှုကို ပြုဖို့ ရောက်နေသည့်သူ ဖြစ်ကြောင်း နားလည်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော်လည်း ကားတိုင်မှာ သံမှိုစွဲခံရချိန်မှာလည်း၊ သူက ခမည်းတော်ဖြစ်သည့် ဘုရားသခင်ဆီ ဆုတောင်းနေဆဲသာ ဖြစ်သည်။ ခရစ်တော်၏အနှစ်သာရက ဘုရားသခင်ကို လုံးဝနာခံကြောင်းကို ဤအရာမှ ပြပါသည်။

ဤကိစ္စနှင့် ပတ်သက်တဲ့ ကျွန်တော်တို့ နားလည်မှု ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် အနန္တတန်ခိုးရှင်ဘုရားသခင် ၏နောက်ထပ်ကျမ်းပိုဒ်နှစ်ခုကို ဖတ်ကြည့်ကြပါစို့။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယေရှုသည် သူဆုတောင်းသည့်အခါ၊ ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်၏ နာမဖြင့် ခေါ်ဆိုခဲ့ချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သာမန်နှင့် ရိုးရိုးဇာတိခန္ဓာကို ယူတင်ဝတ်ဆင် ထားခဲ့ပြီး၊ ဖန်ဆင်းခံ သက်ရှိတစ်ဦး၏ အပြင်ပန်းသဏ္ဌာန် ရှိခဲ့သောကြောင့်သာ၊ ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ဤအရာကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူ၏အတွင်း၌ ရှိသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်ခဲ့လျှင်ပင်၊ သူ၏အပြင်ပန်း သွင်ပြင်သည် ပုံမှန်လူသား တစ်ဦး၏ သွင်ပြင်ဖြစ်နေဆဲ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့်၊ သူသည် ယေရှုကိုယ်တိုင် အပါအဝင်၊ လူများအားလုံး ပြောဆိုကြသော ‘လူသား’ ဖြစ်လာခဲ့ပြီးဖြစ်သည်။ သူ့ကို လူသားဟု ခေါ်ဆိုသည်ကို ထောက်ဆလျှင်၊ သူသည် သာမန်လူတို့၏ ပုံမှန်မိသားစုထဲတွင် မွေးဖွားလာခဲ့သော လူပုဂ္ဂိုလ်တစ်ဦး (ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ၊ မည်သည့် အခြေအနေတွင်မဆို သက်ရှိလူသား၏ အပြင်ပန်း အကာနှင့်ဖြစ်သည်) ဖြစ်သည်။ ထို့ကြောင့် ယေရှုက ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ခမည်းတော်ဟူသည့် နာမဖြင့် ခေါ်ဆိုခြင်းမှာ သင်တို့သည် ကနဦးတွင် သူ့အား ခမည်းတော်ဟု ခေါ်ဆိုခဲ့ခြင်းနှင့် တူပေသည်။ သူသည် ဖန်ဆင်းခံ လူသားတစ်ဦး၏ ရှုထောင့်မှ ထိုသို့ ခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။ သင်တို့အား အလွတ်ကျက်မှတ်ရန် ယေရှုမှ သွန်သင်ပေးခဲ့သော ပဌာနာတော်ကို သင်တို့ မှတ်မိကြသေးသလော။ ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဖ...’ သူသည် လူအားလုံးကို ကောင်းကင်ဘုံမှ ဘုရားသခင်အား ခမည်းတော်၏ နာမနှင့် ခေါ်ဆိုရန် စေခိုင်းခဲ့သည်။ သူသည်လည်း ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့်အတွက်၊ သူသည် သင်တို့အားလုံးနှင့်တန်းတူ ရပ်တည်သူတစ်ဦး၏ ရှုထောင့်မှ ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟူသည့် နာမနှင့် ခေါ်ဆိုခဲ့သည့်အတွက် ယေရှုသည် မိမိကိုယ်ကို သင်တို့နှင့် အဆင့်အတန်းတူသည့်သူအဖြစ်နှင့် ကမ္ဘာပေါ်တွင် ဘုရားသခင်၏ ရွေးချယ်ခြင်းခံရသည့် လူသားတစ်ဦးအဖြစ် (ဆိုလိုသည်မှာ ဘုရားသခင်၏ သားတော်အဖြစ်) ရှုမြင်ခဲ့သည်။ သင်တို့သည် ဘုရားသခင်အား ‘ခမည်းတော်’ ဟု ခေါ်ဆိုပါက၊ ဤသည်မှာ သင်တို့သည် ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်သောကြောင့် မဟုတ်လော။ ယေရှု၏ သြဇာအာဏာသည် ကမ္ဘာပေါ်တွင် မည်မျှ ကြီးမားစေကာမူ၊ ကားစင်တင်ခြင်း မတိုင်မီတွင်၊ သူ၏ အမှုကို မပြီးစီးသေးသည့်အတွက် သူသည် သန့်ရှင်းသော ဝိညာဉ်တော် (ယင်းမှာ ဘုရားသခင်ဖြစ်သည်) အုပ်စိုးသည့် လူသား တစ်ဦးမျှသာ ဖြစ်ပြီး၊ ကမ္ဘာမြေ၏ ဖန်ဆင်းခံ သတ္တဝါများထဲမှ တစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကောင်းကင်ဘုံရှိ ဘုရားသခင်အား ခမည်းတော်ဟု သူ၏ခေါ်ဆိုခြင်းသည် လုံးဝဥဿုံ သူ၏ နှိမ့်ချခြင်းနှင့် နာခံခြင်း ဖြစ်ခဲ့သည်။ သို့သော် ဘုရားသခင်အား (ကောင်းကင်ဘုံမှ ဝိညာဉ်တော်ကို ဆိုလိုသည်) သူ၏ ထိုသို့ပုံစံဖြင့် ခေါ်ဆိုခြင်းက သူသည် ကောင်းကင်ဘုံရှိ ဘုရားသခင် ဝိညာဉ်တော်၏ သားတော်ဖြစ်ခဲ့သည်ဟု သက်သေမပြပေ။ ထို့ထက် ယင်းမှာ သူသည် မတူကွဲပြားသော လူတစ်ဦး ဖြစ်ခဲ့သည်မဟုတ်ဘဲ၊ သူ၏ ရှုထောင့်က သက်သက် ကွဲပြားခြားနားခဲ့ခြင်း ဖြစ်သည်။ ကွဲပြားသော ပုဂ္ဂိုလ်များ တည်ရှိခြင်းသည် အတွေးမှားတစ်ခု ဖြစ်သည်။ သူ၏ ကားစင်တင်ခံရခြင်း မတိုင်မီတွင်၊ ယေရှုသည် ဇာတိပကတိ၏ ကန့်သတ်ချက်များဖြင့် ဖွဲ့နှောင် ထားခံရသည့် လူသားတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး၊ ဝိညာဉ်တော်၏ သြဇာအာဏာကို အပြည့်အဝ မပိုင်ဆိုင်ခဲ့ပေ။ ယင်းမှာ သူသည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရှုထောင့်မှသာ ခမည်းတော် ဘုရားသခင်၏ အလိုကို ရှာဖွေနိုင်ခဲ့သည့် အကြောင်းရင်းဖြစ်သည်။ ယင်းမှာ ဂေသရှေမန် ဥယျာဉ်တွင် သုံးကြိမ်သုံးခါ သူဆုတောင်းခဲ့သည့်အတိုင်း ဖြစ်သည်- ‘အကျွန်ုပ် အလိုရှိသည် အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည် အတိုင်း ဖြစ်ပါစေသော။’ သူသည် ကားတိုင်ပေါ် အတင်မခံခဲ့ရမီတွင်၊ ယုဒလူမျိုးများ၏ ရှင်ဘုရင်မျှသာ ဖြစ်ခဲ့သည်။ သူသည် ခရစ်တော်၊ လူသားဖြစ်ခဲ့ပြီး၊ ဘုန်းအသရေနှင့်ဆိုင်သည့် ကိုယ်မဟုတ်ခဲ့ပေ။ ယင်းမှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ ရပ်တည်ချက်မှ သူသည် ဘုရားသခင်အား ခမည်းတော်ဟု ခေါ်ဆိုခဲ့သည့် အကြောင်းရင်း ဖြစ်သည်။” “‘ဘုရားသခင်က ယေရှုကို သူ၏ချစ်သောသားဟု ပွင့်လင်းစွာ ဖော်ပြခဲ့သည် မဟုတ်လော။’ ဟု ဆိုကြသော အခြားသူများ ရှိကြသည်။ ယေရှုသည် ဘုရားသခင်၏ နှစ်သက်မြတ်နိုးရာ ချစ်သား ဖြစ်သည်- ဤအရာကို ဘုရားသခင် ကိုယ်တော်တိုင် သေချာပေါက် ပြောခဲ့ပေသည်။ ယင်းမှာ ဘုရားသခင်သည် မိမိကိုယ်ကိုယ် သက်သေခံခြင်း ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်း ဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်း ဖြစ်ပြီး၊ ကောင်းကင်ဘုံရှိ သူ၏ သားတော်မဟုတ်ပေ။ သင်နားလည်ပါ၏လော။ ‘ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊’ ဟူသော ယေရှု၏ စကားများသည် ၎င်းတို့မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်သည်ကို ညွှန်းပြသည် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ခွဲခွာနေရခြင်း ဖြစ်သည် မဟုတ်လော။ လက်တွေ့အရှိတရားတွင်၊ ၎င်းတို့သည် တစ်ပါးတည်း ဖြစ်နေဆဲ ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်က မိမိကိုယ်ကိုယ် သက်သေခံခြင်း သက်သက် ဖြစ်သည်။ ခေတ်များထဲက အပြောင်းအလဲ၊ အမှု၏ သတ်မှတ်ချက်များနှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ကွဲပြားခြားနားသော အဆင့်များကြောင့်၊ သူ့ကို လူကခေါ်ဆိုသော နာမတော်သည်လည်း ကွဲပြားခြားနားပေသည်။ အမှု၏ ပထမအဆင့်အား ဆောင်ရွက်ရန် သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ဣသရေလလူမျိုးများ၏ သိုးထိန်းရှင်ဖြစ်သူ ယေဟောဝါဟူ၍သာ ခေါ်၍ရနိုင်ခဲ့သည်။ ဒုတိယအဆင့်တွင်၊ လူ့ဇာတိခံ ဘုရားသခင်ကို သခင်နှင့် ခရစ်တော် ဟူ၍သာ ခေါ်ဆို၍ရနိုင်ခဲ့သည်။ သို့သော် ထိုအချိန်တွင်၊ ကောင်းကင်ဘုံရှိ ဝိညာဉ်တော်က သူသည် ဘုရားသခင်၏ ချစ်မြတ်နိုးသောသား ဟူ၍သာ ဖော်ပြခဲ့ပြီး၊ ဘုရားသခင်၏ တစ်ဦးတည်းသော သားတော်ဟူသော သူ၏ဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့် ဖော်ပြချက်မှ မပြုခဲ့ပေ။ ဤသည်မှာ တကယ်ကို မဖြစ်ပျက်ခဲ့ပေ။ အဘယ်သို့ ဘုရားသခင်သည် ကလေးတစ်ဦးတည်းသာ ရှိနိုင်မည်နည်း။ သို့ဆိုလျှင် ဘုရားသခင်သည် လူသား ဖြစ်လာပြီးဖြစ်မည် မဟုတ်လော။ သူသည် လူ့ဇာတိခံယူခြင်း ဖြစ်ခဲ့သောကြောင့်၊ သူ့ကို ဘုရားသခင်၏ ချစ်သောသားဟု ခေါ်ဆိုခဲ့ပြီး၊ ဤအရာမှ ခမည်းတော်နှင့် သားတော်ကြားက ဆက်နွှယ်မှု ဖြစ်လာပေသည်။ ယင်းမှာ ကောင်းကင်နှင့် မြေကြီးကြားရှိ ခြားနားခြင်းကြောင့် သက်သက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သုံးပါးတစ်ဆူ တည်ရှိပါသလော)

အနန္တတန်ခိုးရှင်ဘုရားသခင်က အကြောင်းအရာများကို အရှင်းဆုံးဖော်ပြထားပါသည်။ သခင်ယေရှုက လူများကြားမှာ အမှုတော်ပြုခဲ့ခြင်း ဆိုသည်မှာ အမှန်မှာမူ လူ့ဇာတိ လွှမ်းခြုံထားသည့် ဘုရားသခင်၏ဝိညာဉ်တော်က လူသားအဖြစ် နှင့် ပေါ်ထွန်းပြီး အမှုတော်ပြုခဲ့ပါသည်။ သခင်ယေရှုက နှုတ်ကပတ်တော်ကို မည်သို့ပဲဖော်ပြခဲ့ပါစေ၊ အဖဘုရားသခင်ဆီ မည်သို့ပင် ဆုတောင်းခဲ့ပါစေ သူ့အနှစ်သာရက ဘုရား သဘောသဘာဝပင် ဖြစ်ပါသည်။ လူ့သဘာ၀ မဟုတ်ပါ၊ ဘုရားသခင်က လူများမမြင်နိုင်သည့် ဝိညာဉ်တော် ဖြစ်ပါသည်။ ဘုရားသခင်က လူ့ဇာတိနှင့်လွှမ်းခြုံလာသည့်အခါ၊ လူများက လူ့ဇာတိကိုပဲ မြင်သည်။ ဘုရား၏ဝိညာဉ်တော်ကို မမြင်နိုင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်က လူ့ဇာတိခံ သခင်ယေရှုက ဘုရားသခင်ဖြစ်ကြောင်း တိုက်ရိုက်သက်သေခံခဲ့မည်ဆိုပါက၊ လူများက လက်ခံခဲ့ကြမှာ မဟုတ်ပါ။ ထိုအချိန်တုန်းက ဘုရားသခင် လူ့ဇာတိခံခြင်းက မည်သည့်အရာ ဖြစ်သည်ကိုပင် မည်သူမျှ မသိခဲ့သောကြောင့် ဖြစ်သည်။ သူတို့က ဘုရားသခင်၏လူ့ဇာတိခံခြင်းနှင့် ထိတွေ့ဆက်ဆံမိပြီး၊ မဆိုစလောက် နားလည်ခဲ့ရုံသာ ရှိသည်။ ဤကဲ့သို့ သာမန်လူသားက ဘုရားသခင်ဝိညာဉ်တော်၏ ပြယုဂ်ဖြစ်ကြောင်း၊ ယင်းမှာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ ဖြစ်ကြောင်း လုံး၀ မစဉ်းစားမိခဲ့ကြပါ။ သခင်ယေရှုက အမှုတော်ပြုရင်း၊ နှုတ်ကပတ်တော် အများကြီး ဖော်ပြခဲ့ပြီး၊ “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” ဆိုသည့် လမ်းခရီးဆီလည်း ပို့ဆောင်ပေးခဲ့သည့်အပြင် ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးကို ထုတ်ဖော်ပြရင်း တန်ခိုးတော်များကို ပြသခဲ့သည့်တိုင် လူများက သခင်ယေရှုကို ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ သူ့နှုတ်ကပတ်တော်နှင့် အမှုတော်ကတစ်ဆင့် သတိမပြုမိခဲ့ကြပါ။ ယင်းမှာ ဘုရားသခင်၏ပေါ်ထွန်းခြင်း ဖြစ်ကြောင်းကို သတိမပြုမိခဲ့ကြပါ။ သို့ပါက လူများက သခင်ယေရှုကို ထိုအချိန်က မည်သို့ နားလည်ခဲ့သနည်း။ တချို့က သူ့ကို ဗတ္တိဇံဆရာယောဟန် ဖြစ်သည်ဟု ပြောခဲ့ကြသည်။ တချို့က သူ့ကို ဧလိယ ဖြစ်သည်ဟုဆိုသည်။ တချို့ကဆို ဆရာသခင်ဟုပင် ခေါ်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်က ထိုအချိန်ကလူများ၏ ဝိညာဉ်အသက်တာ နှင့်အညီ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။ လူများအတွက် ခက်ခဲအောင် မလုပ်ခဲ့ပါ။ သန့်ရှင်းသောဝိညာဉ်တော်ကလည်း ထိုအချိန်ကလူများ၏ နားလည်မှု အတိုင်းအတာအတွင်းမှာသာ သက်သေခံနိုင်ခဲ့သည်။ ထို့ကြောင့် သူက သခင်ယေရှုကို ဘုရားသခင်၏ချစ်သားဟု ခေါ်ခဲ့သည်။ သခင်ယေရှုကို ဘုရားသခင်၏သားတော်အဖြစ် ယာယီသဘော ထင်မြင်စေခဲ့ခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းက လူများ၏အယူအဆများနှင့် ပိုပြီးသင့်တော်ခဲ့သည်။ လက်ခံဖို့ ပို၍လွယ်ကူသည်။ ထိုအချိန်က သခင်ယေရှုက ရွေးနှုတ်ခြင်းအမှုကိုသာ ဆောင်ရွက်နေခဲ့ခြင်း ဖြစ်သည်။ လူများက သခင်ယေရှုကို မည်သို့ခေါ်ခေါ် အရေးကြီးသည်မှာ သူတို့အနေနှင့် သခင်ယေရှုက ကယ်တင်ရှင် ဖြစ်သည်။ အပြစ်များကို ခွင့်လွှတ်ပေးခဲ့သည့်အတွက် သူတို့အနေနှင့် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားခွင့်ရကြကြောင်းကို လက်ခံခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်၏ဝိညာဉ်တော်က သခင်ယေရှုအတွက် ဤနည်းလမ်းနှင့် သက်သေခံခဲ့ပါသည်။ ထိုအချိန်ကလူများ၏ ဝိညာဉ်အသက်တာနှင့် ပိုပြီးသင့်တော်ခဲ့ သောကြောင့်သာ ဖြစ်သည်။ ဤအရာမှာ သခင်ယေရှု၏ နှုတ်ကပတ်တော်ကို လုံး၀ပြည့်စုံစေပါသည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြ လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

ကျွန်တော်တို့က ဘုရားသခင်၏ဝိညာဉ်တော်ကို မမြင်နိုင် သော်လည်း၊ ဝိညာဉ်တော်က လူ့ဇာတိနှင့် လွှမ်းခြုံလာ သည့်အခါမှာ ဘုရားသခင်၏စိတ်နေသဘောထား၊ သူ့၏ အရာအားလုံးနှင့်ဖြစ်ခြင်း၊ အနန္တတန်ခိုးတော်နှင့် ဉာဏ်ပညာ စသည့် အရာများအားလုံးကို လူ့ဇာတိကတစ်ဆင့် ဖော်ပြပါသည်။ သခင်ယေရှုခရစ်တော်၏ နှုတ်ကပတ်တော်နှင့်အမှုတော်၊ သူ ဖော်ပြသည့် စိတ်နေသဘောထား ကတစ်ဆင့် သူက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်မှာ လုံး၀သေချာပါသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်နှင့် အမှုတော်က ဩဇာအာဏာနှင့် တန်ခိုးတော် အပြည့်ပါဝင် ပါသည်။ သူ ပြောသည့် အရာက တကယ် ဖြစ်လာသည်။ သူ တောင်းဆိုသည့်အရာက အကောင်အထည် ပေါ်သည်။ သူ ဟောကြားလိုက်သည်နှင့်၊ သူ့နှုတ်ကပတ်တော်များက လက်တွေ့ဖြစ်လာသည်။ သခင်ယေရှု၏ စကားတစ်ခွန်းက လူ၏အပြစ်များကို ခွင့်လွှတ်ဖို့ လုံလောက်ခဲ့ပြီး၊ သေသူကိုလည်း ပြန်ရှင်စေခဲ့သည်။ စကား တစ်ခွန်းတည်းက လေနှင့် ပင်လယ်ကို ငြိမ်သက်စေခဲ့သည်။ အရာခပ်သိမ်းကို အုပ်စိုးသည့် ဘုရားသခင်၏ ဩဇာအာဏာနှင့် တန်ခိုးကို သခင်ယေရှု၏နှုတ်ကပတ်တော်နှင့် အမှုတော်ကနေ ကျွန်တော်တို့ မမြင်နိုင်ကြပါ လား။ ဘုရားသခင်၏အနန္တတန်ခိုး၊ ဉာဏ်ပညာနှင့် အံ့ဩစရာအမှုတော်များကို ကျွန်တော်တို့ မမြင်မိကြ ပါသလား။ သခင်ယေရှုက နှုတ်ကပတ်တော်များထဲမှာ “နောင်တရကြလော့၊ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။” ဆိုသည့်လမ်းခရီးကို ဖော်ပြခဲ့သည်။ သူက ပညတ်တော်ခေတ်ကို အဆုံးသတ်ပေးရင်း၊ ကျေးဇူးတော်ခေတ်ကို အစပျိုးပေးခဲ့သည်။ ဘုရားသခင်၏ကရုဏာပြည့်ဝပြီး နှစ်လိုစရာ စိတ်နေသဘောထားကို ဖော်ပြခဲ့ပြီး၊ ရွေးနုတ်ခြင်းအမှုကိုလည်း ပြည့်စုံစေခဲ့သည်။ သခင်ယေရှုက ဘုရားသခင် ကိုယ်တော်တိုင် ပြုသည့် အမှုကို ဆောင်ရွက်ခဲ့ပါသည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်နှင့် အမှုတော်က ဘုရားသခင် ဝိညာဉ်တော်၏ တိုက်ရိုက်ဖော်ပြခြင်းဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်က လူများကို ပြောဆိုဖို့ အမှုတော်ပြုဖို့၊ လူများဆီ ပေါ်ထွန်းဖို့အတွက် လူ့ဇာတိခံခဲ့ကြောင်းကို သက်သေပြမနေပါသလား။ ဘုရားသခင်၏ ဝိညာဉ်တော်က လူ့ဇာတိထဲမှာ မည်သို့ပင် ပြောဆိုပြပါစေ၊ ကျွန်တော်တို့က သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိသည်မှာ ဖြစ်နိုင်ပါ့မလား။ လူ့ဇာတိ၏အပြင်ပန်းအခွံက ခရစ်တော်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို အသိအမှတ်မပြုနိုင်အောင် တားဆီးနိုင်သလား။ ဘုရားသခင်၏ဝိညာဉ်တော်က ဟောပြောဖို့ အမှုတော်ပြုဖို့အတွက် လူ့ဇာတိနှင့် လွှမ်းခြုံသည့်အခါ ကျွန်တော်တို့အနေနှင့် မည်မျှပင် အတွေ့အကြုံရှိရှိ၊ ဘုရားသခင်၏ပေါ်ထွန်းခြင်းနှင့်အမှုတော်ကို အသိအမှတ်ပြုနိုင်စွမ်း ရှိဦးမှာမဟုတ် ဆိုသည်မှာ ဖြစ်နိုင်သလား။ ဤအရာမှာ အမှန်တရား ဖြစ်ပါက၊ ကျွန်တော်တို့အနေနှင့် ယုံကြည်မှုမှာ အလွန်ပင် ညံ့ဖျင်းနေကြပါပြီ။ ဘုရားသခင်၏ ချီးမွမ်းမှုကို မည်သို့ရနိုင်တော့ မည်နည်း။

မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၆) သမ္မာကျမ်းမှာ ဖော်ပြတာက သခင်ယေရှုဟာ ဗတ္တိဇံခံပြီးနောက်မှာ ကောင်းကင် ဖွင့်လှစ်သွားတယ် သန့်ရှင်းသောဝိညာဉ်တော်က သခင်ယေရှုအပေါ်ကို ချိုးငှက်တစ်ကောင်လို ဆင်းသက်တယ်။ အဲဒီမှာမှ အသံတော် ဖြစ်ပေါ်တယ် “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။(ရှင်မဿဲခရစ်ဝင် ၃:၁၇) ကျွန်တော်တို့ကလည်း သခင်ယေရှုကို ဘုရားသခင်ရဲ့သားတော်၊ ခရစ်တော်ဖြစ်တယ်လို့ လက်ခံထားတယ် ဒါပေမဲ့ လူ့ဇာတိခံ ခရစ်တော်ဟာ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း၊ ဘုရားသခင်ကိုယ်တိုင် ဖြစ်တယ်လို့ ခင်ဗျားတို့က သက်သေခံထားတယ် သခင်ယေရှုဆိုတာ ဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း ဘုရားသခင်ကိုယ်တိုင် ဖြစ်တယ်ပေါ့လေ ကျွန်တော်တို့နားလည်ထားတာနဲ့ မတူဘူး ဒါကြောင့် လူ့ဇာတိခံ ခရစ်တော်ဟာ ဘုရားသခင်ကိုယ်တိုင်လား၊ ဘုရားသခင်ရဲ့သားတော်လား နှစ်မျိုးစလုံးကတော့ ကျွန်တော်တို့အတွက် ယုတ္တိရှိသလိုပါပဲ။ နှစ်ခုလုံးက သမ္မာကျမ်းနဲ့ ညီတယ် ဒီတော့ ဘယ်နားလည်မှုက မှန်တာလဲ

နောက်တစ်ခုသို့- မေးခွန်း (၄) သင်းအုပ်ဆရာတွေဟာ သမ္မာကျမ်းစာကိုရင်းနှီးပြီး သမ္မာကျမ်းစာနဲ့သက်ဆိုင်တဲ့ အသိပညာအများကြီးရှိကြပါတယ် သူတို့ဟာမကြာခဏပဲ အသင်းတော်ထဲမှာ သမ္မာကျမ်းစာကို အနက်ဖွင့်ပြီး ချီးမြှောက်ပြောဆိုကြတယ် ဘုရားသခင်ကို သိကျွမ်းတဲ့သူတွေလို့ သူတို့ကိုကျွန်တော်တို့အမြဲထင်ခဲ့ကြတယ် အဲဒါနဲ့များ ဘာလို့သင်းအုပ်ဆရာအများစုက နောက်ဆုံးသောကာလထဲက လူ့ဇာတိခံ ဘုရားသခင်ရဲ့အမှုတော်ကို ငြင်းဆန်နေကြတာလဲ ကျွန်မအမြင်ကတော့၊ သင်းအုပ်ဆရာတွေနဲ့ ခေါင်းဆောင်အများစု ရှုတ်ချတဲ့အရာဟာ ဘယ်လိုမှစစ်မှန်တဲ့လမ်းမဖြစ်နိုင်ဘူးထင်တာပဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။