မေးခွန်း- သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) မှာပြောခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအမှုတော်ကို ခင်ဗျားက သက်သေခံတာကြားခဲ့ရတဲ့နေ့ကျမှ ကိုယ်တော်ရှင်ဟာ သူ့သိုးတွေကို ခေါ်ယူဖို့အတွက် နှုတ်ကပတ်တော်တွေကိုမိန့်ဆိုဖို့ ပြန်ကြွလာမှန်း ကျွန်တော် သဘောပေါက်ခဲ့တာပါ။ ကိုယ်တော်ရှင်ကြွလာတာကို ကျွန်တော်တို့စောင့်မျှော်ရာမှာ အဓိကသော့ချက်က ဘုရားရဲ့အသံတော်ကို ကြားဖို့ အားထုတ်ရှာဖွေတာပဲ။ အခုတော့ ကျွန်တော်တို့ရဲ့အကြီးမားဆုံးအခက်အခဲက ကိုယ်တော်ရှင်ရဲ့အသံတော်ကို ဘယ်လိုနားထောင်သင့်လဲဆိုတာမသိတာပဲ။ ဘုရားရဲ့အသံတော်နဲ့ လူသားတွေရဲ့အသံကိုလည်း ကျွန်တော်တို့ခွဲခြားပြီး မသိနိုင်ဘူး။ ကိုယ်တော်ရှင်ရဲ့အသံတော်ကို ဘယ်လို သေချာသိနိုင်မလဲဆိုတာ နောက်ဆုံးတစ်ခေါက်အဖြစ် ကျွန်တော်တို့နဲ့အတူ တရားဆွေးနွေးပေးပါ။

အဖြေ- ဘုရား၏အသံတော်ကို ကျွန်မတို့မည်သို့ကြားနိုင်မည်နည်း။ ကျွန်မတို့၏ အတွေ့အကြုံများပြားမှုများ၊ ကျွန်မတို့၏ အရည်အချင်း မြင့်မားမှုများက ဤနေရာမှာ အကျုံးမဝင်ပါ။ သခင်ယေရှုကို ယုံကြည်ရာမှာ၊ သူ့၏နှုတ်ကပတ်တော်များ အများကြီးကို ကြားရသည့်အခါ၊ ကျွန်မတို့ မည်သို့ခံစားရမည်နည်း။ သခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ ကျွန်မတို့မှာ အတွေ့အကြုံ ဗဟုသုတတစ်ခုမှမရှိလည်းပဲ၊ ၎င်းတို့ကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ၎င်းတို့သည် သမ္မာတရားဖြစ်သည်ဟု ခံစားရသည်၊ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာရှိသည်ဟု ခံစားရသည်။ ဤခံစားချက်က မည်သို့ဖြစ်လာသနည်း။ ဤသည်မှာ ကျွန်မတို့၏အတွေ့အကြုံကို အရင်းခံပြီး ဖြစ်လာသလား။ ဤအရာက ရုတ်တရက်လှုံ့ဆော်မှု၊ အလိုလိုသိမှု၏ အကျိုးဆက်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များမှာ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာ ပါကြောင်းကို၊ စိတ်နှလုံးနှင့်ဝိညာဉ်ရှိသူ လူအားလုံး ခံစားသိရှိနိုင်သည်ကို ဤအရာနှင့်ပင် သက်သေပြဖို့ လုံလောက်ပါသည်။ ဤသည်မှာ ဘုရား၏ အသံတော်ကို ကြားခြင်းဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏အသံတော်နှင့် လူသား၏ အသံတို့အကြား ကြီးမားသော ကွာခြားချက်က ဘုရား၏အသံတော်က သမ္မာတရားဖြစ်ပြီး၊ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာ ပါသည်၊ ယင်းကို ကြားရသည်နှင့် တစ်ပြိုင်နက် ကျွန်မတို့ ခံစားသိရှိနိုင်သည်။ ၎င်းကို ကျွန်မတို့က စကားလုံးများနှင့် ဖော်ပြနိုင်ခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခံစားရသည်မှာ ရှင်းနေသည်။ လူသား၏အသံကို ပိုင်းခြားသိနိုင်ဖို့ပိုလွယ်ပါသည်။ ကြားလိုက်သည့်ခဏမှာ နားလည်နိုင်ပြီး ရယူနိုင်သည်။ လူသား၏စကားများကို သမ္မာတရားဟု ပြောနိုင်ဖို့နေနေသာသာ၊ ၎င်းတို့ထဲမှာ ဘုန်းတန်ခိုးနှင့် အခွင့်အာဏာကိုတော့ အနည်းငယ်မျှပင် ခံစားမိမှာ မဟုတ်ပါ။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူသား၏ စကားလုံးများ၏ အကြီးဆုံး ကွာခြားချက်ပဲ။ ဉပမာအားဖြင့်၊ သခင်ယေရှု ၏ နှုတ်ကပတ်တော်များမှာ ဘုန်းတန်ခိုးနဲ့အာဏာစက်ရှိသည်ဟု ကျွန်မတို့တွေ့ရ၊ ကြားရသည်နှင့် တစ်ပြိုင်နက် သမ္မာတရားဟု ကျွန်မတို့အတည်ပြုနိုင်သည်။ နှုတ်ကပတ်တော် များက သိမ်မွေ့ပြီး နက်နဲသည်။ လူများ၏အတိုင်းအတာထက် ကျော်လွန်ပါသည်။ သမ္မာကျမ်းစာထဲက တမန်တော်များ၏ ကျမ်းစကားများကို ယခုကြည့်လိုက်ရအောင်။ သူတို့အများစုက သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှုကြောင့် ပေါ်ပေါက်လာကြ သော်လည်း၊ သူတို့မှာ တန်ခိုး အာဏာမရှိပါ။ သူတို့စကားများက လူများကို အကျိုးရှိစေခြင်းထက် မပိုသည့် မှန်ကန်သည့် စကားများသာဖြစ်သည်။ သခင်ယေရှုမိန့်ဆိုခဲ့သည့် နှုတ်ကပတ်တော်များကို မည်သည့်လူသားများက ပြောနိုင်ပါသနည်း။ ပြောနိုင်သူတစ်ယောက်မှမရှိပါ။ သခင်ယေရှု၏ နှုတ်ကပတ်တော်များက ဘုရား၏အသံတော် ဖြစ်ကြောင်းကို ဤအရာက အတည်ပြုပေးသည်။ ဤကဲ့သို့ နှိုင်းယှဉ်ကြည့်ပြီး၊ ဘုရား၏ အသံတော်နှင့် လူသား၏အသံကိုကျွန်မတို့ခွဲခြားပြီး မသိနိုင်ပါလား။

ထို့ကြောင့်အနန္တတန်ခိုးရှင်ဘုရားသခင်၏နှုတ်ကပတ်တော် တစ်ချို့ကို ဖတ်ပြီး သူ့နှုတ်ကပတ်တော်များက အမှန်တကယ် သမ္မာတရားဖြစ်မဖြစ်၊ ပြီးလျှင် ဘုရားသခင်၏ အသံတော်များ ဖြစ်မဖြစ် ဆိုသည်ကို ကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “စကြဝဠာတစ်ခွင်တွင် ငါသည် ငါ၏အမှုကို ဆောင်ရွက်လျက် ရှိပြီး အရှေ့အရပ်တွင် တိုင်းနိုင်ငံ အားလုံးနှင့် ဂိုဏ်းဂဏအားလုံးကို တုန်လှုပ်နေစေလျက်၊ အဆုံးမရှိ မိုးခြိမ်းသံများကို ထုတ်လွှတ်နေသည်။ လူသား အားလုံးကို ပစ္စုပ္ပန်သို့ ဦးဆောင်လမ်းပြခဲ့သည်မှာ ငါ၏အသံ ဖြစ်သည်။ ကြာမြင့်စွာကတည်းက ငါ၏ဘုန်းတော်ကို ကမ္ဘာတစ်ခုလုံးထံမှ ငါပြန်လည်ရယူခဲ့ပြီး အရှေ့အရပ်တွင် အသစ်တစ်ဖန် ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငါ၏ အသံအားဖြင့် လူသားအားလုံးသည် သိမ်းပိုက်ခြင်းခံရစေသည်၊ လူသားအားလုံးကို ဤရေစီးကြောင်းအတွင်း ကျစေပြီး ငါ၏ ရှေ့မှောက် နာခံစေမည်၊ အဘယ်သူသည် ငါ၏ ဘုန်းတော်ကို မြင်ရန် မတောင့်တသနည်း။ အဘယ်သူသည် ငါ၏ပြန်ကြွလာခြင်းကို စိုးရိမ်တကြီး မစောင့်နေသနည်း။ အဘယ်သူသည် ငါတစ်ဖန် ပြန်ပေါ်လာမည်ကို မငတ်မွတ်သနည်း။ အဘယ်သူသည် ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို အောက်မေ့တမ်းတခြင်း မရှိသနည်း။ အဘယ်သူသည် အလင်းသို့ မလာဘဲ နေမည်နည်း။ အဘယ်သူသည် ခါနာန်ပြည်၏ ကြွယ်ဝမှုကို မမျှော်ကြည့်ဘဲ နေမည်နည်း။ အဘယ်သူသည် ရွေးနုတ်ရှင် ပြန်ကြွလာခြင်းအတွက် မတောင့်တဘဲ နေသနည်း။ တန်ခိုးကြီးမားသည့် သူ့ကို မမြတ်နိုးသူ အဘယ်သူနည်း။ ငါ၏အသံသည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့သွားမည်။ ငါရွေးကောက်ထားသူများအား ငါ မျက်နှာချင်းဆိုင်မည် ဖြစ်ပြီး ၎င်းတို့အား နှုတ်ကပတ်တော်ကို ပိုမိုပြောကြားမည်။ တောင်များနှင့် မြစ်များကို တုန်လှုပ်စေသည့် အင်အားကြီးသော မိုးချုန်းသံများကဲ့သို့ စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်တို့အား ငါ၏ နှုတ်ကပတ်တော်ကို ငါပြောကြားသည်။ ထို့ကြောင့် ငါ၏နှုတ် အတွင်းရှိ နှုတ်ကပတ်တော်များသည် လူသား၏ ရတနာဖြစ်လာပြီး လူသားအားလုံး ငါ၏ နှုတ်ကပတ်တော်များကို ချစ်ခင် မြတ်နိုးသည်။ အရှေ့အရပ်မှသည် အနောက်အရပ်အထိ တစ်လျှောက်လုံး လျှပ်ပြက်သည်။ လူသားသည် ငါ၏ နှုတ်ကပတ်တော်များကို စွန့်လွှတ်ရန် ရွံမုန်းပြီး တစ်ချိန်တည်းတွင် မတွေးတတ်အောင် နက်နဲသည်ဟု မြင်သော်လည်း၊ နှုတ်ကပတ်တော်များတွင် ပို၍ပင် ပျော်ပိုက်ကြလေသည်။ လူသားအားလုံးသည် နို့စို့ကလေးငယ်တစ်ဦး ခုလေးတင် မွေးဖွားပြီးသည့်အလား၊ ငါ၏ ကြွလာခြင်းကို ဂုဏ်ပြုလျက် ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ပျော်ရွှင်ကြလေသည်။ ငါ၏အသံအားဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်သို့ ခေါ်ယူမည်။ ထိုအချိန်မှစ၍ လူသားတို့သည် ငါ့ကိုလာရောက် ဝတ်ပြုရန်အလို့ငှာ ငါသည် လူသားအမျိုးအနွယ်အတွင်းသို့ တရားဝင် ဝင်ရောက်မည်။ တောက်ပလျက်ရှိသော ငါ၏ဘုန်းတော်နှင့် ငါ၏ နှုတ်ထဲရှိ နှုတ်ကပတ်တော်များဖြင့် ငါသည် လူသားအားလုံးကို ငါ၏ ရှေ့မှောက်လာစေပြီး အရှေ့အရပ်မှ လျှပ်ပြက်ခြင်းများကို မြင်စေကာ ငါသည် အရှေ့အရပ်၏ ‘သံလွင်တောင်’ ပေါ်သို့လည်း ဆင်းသက်ပြီးဖြစ်ကြောင်း မြင်စေမည်။ ငါသည် ယုဒ လူမျိုးများ၏ သားအဖြစ် မဟုတ်တော့ဘဲ၊ အရှေ့အရပ်၏ လျှပ်ပြက်ခြင်းကဲ့သို့ ကြာမြင့်သော အချိန်ကတည်းက မြေကြီးပေါ်သို့ ရောက်ရှိပြီးဖြစ်ကြောင်းကို ၎င်းတို့ တွေ့လိမ့်မည်။ အကြောင်းမူကား ငါသည် ကြာမြင့်စွာ ကတည်းက ရှင်ပြန်ထမြောက်ပြီးဖြစ်ပြီး၊ လူသားမျိုးနွယ် အကြားမှ ထွက်ခွာ လာပြီးနောက်၊ ဘုန်းတော်ဖြင့် လူသားတို့ အကြား ပြန်လည် ပေါ်ပေါက်လာခဲ့၏။ ငါသည် ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ကိုးကွယ်ခံခဲ့ရသူဖြစ်ပြီး ယခုမတိုင်မီ မရေမတွက်နိုင်သော ခေတ်ပေါင်းများစွာက ဣသရေလအမျိုးတို့ စွန့်ပစ်ခဲ့သည့် မွေးကင်းစလည်း ဖြစ်သည်။ ၎င်းအပြင် ငါသည် မျက်မှောက်ခေတ်၏ အကြွင်းမဲ့ ဘုန်းကြီးသော အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ ငါ၏ပလ္လင်ရှေ့မှောက် အားလုံးကို လာစေလျက်၊ ဘုန်းကြီးသော ငါ၏ မျက်နှာကို ဖူးမျှော်စေလော့၊ ငါ့အသံကို ကြား၍ ငါ၏လုပ်ဆောင်ချက်တို့ကို ကြည့်စေလော့။ ဤသည်မှာ ငါ၏အလို တစ်ခုလုံးဖြစ်သည်။ ဤသည်မှာ နိုင်ငံတိုင်း ငါ့ကို ဝတ်ပြုစေဖို့၊ ဘာသာစကားတိုင်း ငါ့ကို အသိအမှတ်ပြုစေဖို့၊ လူသားတိုင်း ငါ့ကို ယုံကြည်ပြီး လူမျိုးတိုင်း ငါ့ကို နာခံဖို့အလို့ငှာ၊ ငါ့အစီအစဉ်၏ အဆုံးနှင့် အထွတ်အထိပ်ဖြစ်ပြီး ငါ့စီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်)

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။

...ဤကမ္ဘာလောကကြီးကို ငါဖန်ဆင်းခဲ့သောအခါ၊ ပုံသဏ္ဌာန်ရှိသောအရာအားလုံးကို ၎င်းတို့၏အမျိုးအစားနှင့် အတူထားလျက်၊ အရာခပ်သိမ်းတို့ကို အမျိုးအစားအလိုက် ငါသည် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏နိဂုံး နီးကပ်လာသည်နှင့်အမျှ၊ ငါသည် ဖန်ဆင်းခံလောက၏ ယခင်အခြေအနေကို ပြန်လည်ဖြစ်ပေါ်စေမည်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ အလယ်သို့ ပြန်လာကြစေရန်၊ အရာခပ်သိမ်းကို သာလွန်ထူးကဲစွာ ပြောင်းလဲလျက်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလ အခြေအနေအတိုင်း ပြန်လည်ဖြစ်ပေါ်စေမည်။ အချိန်ကျလေပြီ။ ငါ၏အစီအစဉ်၏ နောက်ဆုံးအဆင့်သည် ပြီးမြောက် အောင်မြင်လုနီးပြီ ဖြစ်သည်။ အို၊ ညစ်ညမ်းသော လောကဟောင်း။ သင်သည် ငါ့နှုတ်ကပတ်တော်များအောက်တွင် ဧကန်အမှန်ပင် ကျဆင်းလိမ့်မည်။ ငါ၏အစီအစဉ်အားဖြင့် သင်သည် ဗလာနတ္ထိ အဖြစ်သို့ ဧကန်အမှန်ပင် ရောက်သွားမည် ဖြစ်သည်။ အိုး၊ ဖန်ဆင်းခံလောက၏ အသင်္ချေများလှသောအရာများတို့။ သင်တို့အားလုံးသည် ငါ့နှုတ်ကပတ်တော်များအတွင်းတွင် အသစ်သောအသက်ကို ရကြလိမ့်မည်၊ သင်တို့၏ အချုပ်အခြာ အာဏာပိုင်သောသခင် သင်တို့ ရလိမ့်မည်။ အိုး၊ သန့်စင်၍ အပြစ်အနာအဆာမဲ့သော လောကသစ်ကြီး။ သင်သည် ငါ့ဘုန်းတော်အတွင်းတွင် ဧကန်အမှန်ပင် နိုးထလိမ့်မည်။ အိုး၊ ဇိအုန်တောင်။ တိတ်ဆိတ်၍မနေတော့နှင့်။ ငါသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခံများ၏အလယ်မှ၊ ကမ္ဘာမြေကြီးတစ်ခုလုံးကို ငါသည် စေ့စေ့စပ်စပ် ကြည့်ရှု၏။ ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သော အသက်ကို စတင်ခဲ့ပြီး၊ မျှော်လင့်ခြင်းအသစ်ကို ရရှိခဲ့လေပြီ။ အိုး၊ ငါ၏လူများတို့။ သင်တို့သည် ငါ၏ အလင်းရောင်အတွင်း၌ မည်သို့ ပြန်လည်မရှင်သန်နိုင်ရသနည်း။ သင်တို့သည် ငါ၏လမ်းပြပို့ဆောင်မှု အောက်၌ ရွှင်လန်းခြင်းဖြင့် မကခုန်ဘဲ အဘယ်သို့နေနိုင်သနည်း။ ကုန်းမြေတို့သည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် အော်ဟစ်ကြ၏၊ ရေတို့သည် အားရရွှင်လန်းသော ရယ်မောခြင်းနှင့် ရုန့်ကြမ်း ကျယ်လောင်နေကြပါတကား။ အိုး၊ ရှင်ပြန်ထမြောက်သော ဣသရေလ။ သင်သည် ငါ၏ ကြိုတင် ခွဲခန့်မှတ်သားခြင်းများကြောင့် ဂုဏ်မယူဘဲ အဘယ်သို့ နေနိုင်ရသနည်း။ မည်သူသည် ငိုကြွေးခဲ့ပြီးသနည်း။ မည်သူသည် ငိုကြွေးမြည်တမ်းခဲ့သနည်း။ ဟောင်းနွမ်းသော ဣသရေလပြည်သည် မတည်ရှိတော့ဘဲ၊ ယနေ့ကာလ၏ ဣသရေလပြည်သည် ထမြောက်လေပြီ၊ လောကကြီးတွင် ၎င်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားရှိကာ လူသားမျိုးနွယ်အားလုံးတို့၏ နှလုံးသားများထဲတွင် တည်လျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလပြည်သည် ငါ၏လူများမှတစ်ဆင့် ဖြစ်တည်ရာရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။ အိုး၊ မုန်းတီးဖွယ် အဲဂုတ္တု။ သင်သည် ငါအား ဆန့်ကျင်၍နေသေးသလော။ သင်သည် ငါ၏သနားကရုဏာကို အခွင့်ကောင်းယူလျက် ငါ၏ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ရန် မည်သို့ ကြိုးစားနိုင်သနည်း။ သင်သည် ငါ၏ပြစ်တင်ဆုံးမခြင်း အတွင်း၌ မည်သို့ ရှိမနေနိုင်သနည်း။ ငါချစ်သောသူ အားလုံးသည် ဧကန်အမှန် ထာဝစဉ် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ ငါ့အား ဆန့်ကျင်သောသူတို့မူကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝစဉ်ခံကြရပေလိမ့်မည်။ အကြောင်းမူကား ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်ပြီး ငါသည် လူအားလုံးကို သူတို့ပြုခဲ့သော အရာများအတွက် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော်၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆))

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်လိုက်သည့် အခါမှာ၊ ကျွန်မတို့အားလုံး တူညီသည့်ခံစားချက်များ ရှိလာသည်။ ဤသည်မှာ ဘုရားသခင်က လူသားများကို မိန့်ဆိုနေခြင်းဖြစ်ကြောင်း၊ ကျွန်မတို့အားလုံး ခံစားမိကြသည်။ ဘုရားသခင်က လွဲပြီး၊ လူသားမျိုးနွယ်အားလုံးကို မိန့်ဆိုနိုင်သည့် သူမှာ မည်သူ ရှိသနည်း။ လူသားများကိုကယ်တင်မည့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို လူများ သိအောင် မည်သူက ထုတ်ဖော်ပြသ နိုင်သနည်း။ နောက်ဆုံးသောကာလ၏အမှုတော်၊ လူသားများ၏ အကျိုးနှင့် ပန်းတိုင်အတွက် ဘုရားသခင်၏ အစီအစဉ်ကို မည်သူက လူသားအားလုံးဆီ အရှင်းဆုံးထုတ်ပြန် ပေးနိုင်သနည်း။ ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို မည်သူက စကြဝဠာတစ်ခွင် မှာ အလေးအနက် ကြေညာနိုင်သနည်း။ ဘုရားသခင်ကလွဲပြီး မည်သူမျှ မလုပ်နိုင်ပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ် တစ်ခုလုံးကို မိန့်ဆိုပြပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ ဘုန်းတန်ခိုးနှင့် အာဏာစက်ကို သိရှိခံစားစေပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော် များက ဘုရားသခင်၏ တိုက်ရိုက်ထုတ်ဖော်ပြသမှု၊ သူတို့ကဘုရား၏ အသံတော်ပင် ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် မြွက်ကြားထားသည့် နှုတ်ကပတ်တော်အားလုံးက ဘုရားသခင်က တတိယကောင်းကင်ပေါ်ရပ်ပြီး၊ လူသားမျိုးနွယ် အားလုံးကို မိန့်ဆိုပြသကဲ့သို့ ဖြစ်သည်။ လူသားမျိုးနွယ်များ၏ ဖန်ဆင်းရှင်အဖြစ် အနန္တတန်ခိုးရှင် ဘုရားသခင်က ဤနေရာမှာ မိန့်ဆိုနေပါသည်၊ ဖြောင့်မတ်ခြင်း၊ တန်ခိုးအာနုဘော်တို့နှင့် ပြည့်စုံသည့် ကိုယ်တော်၏ ချိုးဖျက်မရနိုင်သည့် စိတ်သဘောထားကို လူသားများဆီ ပေါ်လွင်ထင်ရှားစေခြင်း ဖြစ်ပါသည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘုရားသခင်၏ သိုးအုပ်ကကြားသည့်အခါ၊ အစပိုင်းမှာ ဤနှုတ်ကပတ်တော်များ၏ သမ္မာတရားကို နားမလည်ခြင်းများ၊ တွေ့ကြုံဖူးခြင်းမရှိခြင်းများ ဖြစ်သော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုင်းမှာ ဘုန်းတန်ခိုးနှင့် အာဏာစက် ရှိနေခြင်းကို သူတို့ခံစားသိရှိရပြီး၊ ၎င်းတို့က ဘုရား၏အသံတော်၊ ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်မြွက်ဟခြင်း ဖြစ်ကြောင်းကို အတည်ပြုနိုင်ကြသည်။ ဘုရားသခင်၏ ရွေးချယ်ခံလူများ အနေနှင့်၊ ၎င်းတို့က ဘုရား၏အသံတော် ဖြစ်ကြောင်းကို အတည်ပြုဖို့အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားရဖို့ပဲလိုပါသည်။ ဘာသာရေး အသိုင်းအဝိုင်းများထဲက ထိုသင်းအုပ်ဆရာများနှင့် သင်းထောက်လူကြီးများက အနန္တတန်ခိုးရှင်ဘုရားသခင်ကို အဘယ့်ကြောင့် ပြစ်တင်ရှုတ်ချနိုင်ရသနည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို အသိအမှတ်မပြုသည့်၊ ဘုရားသခင်က သမ္မာတရားကို မြွက်ဟနိုင်ကြောင်းကို ဝန်မခံသည့် အမျိုးမျိုးသော အန္တိခရစ်များအနေနှင့်ကမူ သူတို့က ဘုရားသခင် မြွက်ကြားသည့် သမ္မာတရားအလုံးစုံကို မြင်ကြသော်လည်း၊ ကိုယ်တော့် နှုတ်ကပတ်တော်များမှာ ဘုန်းတန်ခိုး၊ အခွင့်အာဏာပါကြောင်းကို ခံစားမိကြသော်လည်း၊ ဘုရားသခင်က ဤနည်းလမ်းနှင့် စကားပြောဆို နိုင်ကြောင်းကို သူတို့ မယုံကြည်နိုင်ကြသေးပါ၊ ဘုရားသခင် မြွက်ဟသမျှက သမ္မာတရားဖြစ်ကြောင်းကိုလည်း ဝန်မခံကြပါ။ ဤနေရာမှာ ပြဿနာက မည်သည့်အရာ ဖြစ်သနည်း။ သင်တို့ ပြောနိုင်ပါသလား။ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံသည့် အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ် အားလုံးကို စကားပြောဆိုပါသည်။ သို့သော် ကျွန်မတို့ထဲက အယောက်ရေမည်မျှက ဘုရား၏အသံတော်ကို ကြားနိုင်ပါသနည်း။ လက်ရှိအချိန်မှာ ဘာသာရေး အသိုင်းအဝိုင်းများ ထဲက တော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင် စကားပြောဆို နေသည်ကို မြင်သော်လည်း၊ ဤသည်မှာ ဘုရား၏ အသံတော်ဟု သူတို့ပိုင်းခြားသိမြင်နိုင်ခြင်းမရှိပါ၊ ဘုရားသခင် ပြောသည့် နှုတ်ကပတ်တော်များ ကိုပင် လူသား၏ စကားများဟု သဘောထားသည်။ ပြီးတော့ လူသား၏သဘောထား ခံယူချက်များကို သုံးပြီး၊ ဘုရားသခင်ကို ဝေဖန်၊ အသရေဖျက်၊ ပြစ်တင်ရှုတ်ချသည့် အထိပင် လုပ်ကြသည်။ ဤလူများမှာ ဘုရားသခင်ကို ကြောက်ရွံ့တတ်သည့် စိတ်နှလုံးရှိပါသလား။ သူတို့က အတိတ်က ဖာရိရှဲများနှင့်မတူပါလား။ သူတို့အားလုံးက ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး၊ သမ္မာတရားကို မုန်းတီးကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက တန်ခိုးဩဇာ အာဏာကြီးမားလှပြီး၊ ဤနှုတ်ကပတ်တော် များက ဘုရား၏ အသံတော်ဖြစ်ကြောင်း သူတို့နည်းနည်းလေးမှမကြားကြပါ။ ဤကဲ့သို့ လူများက ဘုရားသခင်၏သိုးများ ဖြစ်နိုင်မလား။ သူတို့က ဘုရား၏ အသံတော်ကိုပင် မကြားနိုင်ပါ။ သေချာပေါက် သူတို့က ဘုရားသခင်၏သိုးများ မဟုတ်ပါ။ သူတို့၏စိတ်နှလုံးများက ကြောင်းကျိုးမမြင်တော့ပါ။ နားကြားနိုင်သော်လည်း သူတို့မသိနိုင်ပါ၊ မြင်နိုင်သော်လည်း သူတို့ နားမလည်နိုင်ပါ။ ဤကဲ့သို့ လူများက ချီဆောင်ခံရဖို့ပင် ထိုက်တန်ပါ့မလား။ နောက်ဆုံးသောကာလ ၏ လူ့ဇာတိခံ ဘုရားသခင်က သမ္မာတရားကို ဖွင့်ဟပြပြီး၊ ဘာသာရေးအသိုင်းအဝိုင်းများထဲက လူများအကြောင်းကို ဖော်ထုတ်ပြထားပါသည်။ စစ်မှန်သည့်ယုံကြည်သူ၊ မစစ်မှန်သူများ၊ သမ္မာတရားကို ချစ်မြတ်နိုးသူများနှင့် မုန်းတီးသူများ၊ ပညာရှိ သတို့သမီးများနှင့် ပညာမဲ့သတို့သမီးများ စသဖြင့် လူများအားလုံးကို သူတို့၏အမျိုးအစားအလိုက် အရှိအတိုင်း ပိုင်းခြားပြခြင်းဖြစ်ပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည့်အတိုင်းပင်- “ဆိုးယုတ်သောသူ အားလုံးသည် ဘုရားသခင်၏ နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကို ခံရကြလိမ့်မည်၊ ဖြောင့်မတ်သော သူအားလုံးသည် သူ၏နှုတ်မှ ပြောဆိုသော နှုတ်ကပတ်တော်များ၏ ကောင်းချီးပေးခြင်း ခံရလိမ့်မည် ဖြစ်ပြီး...(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ) ထို့ကြောင့် ဘုရားသခင်၏ အသံတော်ကို ကြားနိုင်သူများက သခင့်၏ ဒုတိယအကြိမ် ကြွရောက်ခြင်းကို တွေ့ကြုံလိုက် ရခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက် ချီဆောင်ခံ လိုက်ရခြင်းလည်းဖြစ်သကဲ့သို့၊ သူတို့က သိုးသငယ်၏မင်္ဂလာဆောင် ညလယ်စာကို တက်ရောက်နေ ကြပါပြီ။ ၎င်းတို့က ပညာရှိသတို့သမီးများဖြစ်ပြီး၊ လူသားမျိုးနွယ်၏ ကံအကောင်းဆုံးလူများ ဖြစ်ပါသည်။

ဘုရား၏အသံတော်ကို ကြားရဖို့ ကျွန်မတို့၏စိတ်နှလုံး ဝိညာဉ်တို့နှင့်အတူ နားထောင်ရပါမည်။ စိတ်တူကိုယ်တူများက တစ်ယောက်နှင့်တစ်ယောက် အလွယ်တကူနားလည်နိုင်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး၊ သူတို့မှာ ဘုန်းတန်ခိုးနှင့် အာဏာစက် ရှိသည်။ စိတ်နှလုံး ဝိညာဉ်ရှိသူများက ယင်းကို သေချာပေါက်ခံစားသိရှိနိုင်သည်။ လူတော်တော်များများက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရက်အနည်းငယ် ဖတ်ထားရရုံနှင့် ၎င်းတို့က ဘုရား၏အသံတော်၊ သူ့၏မိန့်ဆိုချက်များဖြစ်ကြောင်း အတည်ပြုနိုင်သည်။ ဘုရားသခင် လူ့ဇာတိခံယူတိုင်းမှာ အမှုတော်အဆင့်တစ်ခုကို လာရောက် လုပ်ဆောင်သည်၊ ဘုရားသခင်၏ညွှန်ကြားချက်များကတစ်ဆင့်၊ နှုတ်ကပတ်တော်တချို့ကို သီးသန့်အခြေအနေတစ်ခုမှာ တစ်ဆင့်ပေးပို့ရသည့် တမန်တော်များကဲ့သို့ မဟုတ်ပါ။ အမှုတော်အဆင့်တစ်ခုကို လာရောက်လုပ်ဆောင်ဖို့ ဘုရားသခင်က လူ့ဇာတိခံယူသည့်အခါ၊ သူက နှုတ်ကပတ်တော်များအများကြီးကို ပြောကြားရသည်။ သမ္မာတရားများစွာကိုလည်း မိန့်ဆိုရသည်။ လျှို့ဝှက်နက်နဲမှုများကို ထုတ်ဖော်ပြရသကဲ့သို့၊ ပရောဖက်ပြုချက်များ ကိုလည်း ပြောဆိုရသည်။ ၎င်းတို့ကို ပြီးစီးဖို့ နှစ်ပေါင်း ဒါမှမဟုတ် ဆယ်စုနှစ်ပေါင်းများစွာလိုအပ်သည်။ ဥပမာအားဖြင့်၊ ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်သည့်အခါ သခင်ယေရှုက “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ။(ရှင်မဿဲခရစ်ဝင် ၄:၁၇) ဆိုပြီး ဟောပြောခဲ့သကဲ့သို့ မည်သို့အပြစ်ဝန်ချ၊ မည်သို့နောင်တရ၊ ခွင့်လွှတ်ရမည်၊ မည်သို့သည်းခံ၊ ဒုက္ခဆင်း၏ခံပြီး၊ မိမိ၏လက်ဝါးကပ်တိုင်ကို မည်သို့ထမ်းရမည်ဟု လူသားကိုသင်ပေးခဲ့သည်၊ ပြီးလျှင်ကျေးဇူးတော်ခေတ်အတွင်းက လူများ လိုက်နာသင့်သည့်အရာမှန်သမျှတို့ ပါဝင်သည်။ မေတ္တာ၊ ကရုဏာစသည့် ဘုရားသခင်၏စိတ်သဘောထားကို သူက ပြသသည်။ ထို့အပြင် ကောင်းကင်နိုင်ငံတော်၏လျှို့ဝှက်ဆန်းကြယ်မှုများ၊ ကျွန်မတို့ဝင်ရောက်ရမည့် အခြေအနေများကိုလည်း ပြသခဲ့ပါသည်၊ သူ့၏ကားတိုင်ပေါ်မှာ အသေခံသည့်အချိန်၊ သူ့၏ ရှင်ပြန်ထမြောက်ချိန်၊ သူ့၏ ကောင်းကင်သို့ တက်ကြွချိန်အထိ ရောက်မှသာ ဘုရားသခင်၏ ရွေးနှုတ်ခြင်းအမှု ပြီးမြောက်ခဲ့ပါသည်။ သခင်ယေရှုက မိန့်ဆိုခဲ့သည့် နှုတ်ကပတ်တော်များ အားလုံးက ဘုရားသခင်၏ ရွေးနှုတ်ခြင်း အမှုတော်အားဖြင့် လူသားကို ပေးအပ်ခဲ့သည့် သမ္မာတရားများဖြစ်သည်။ နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်က ကြွရောက်လာခဲ့ပါပြီ။ လူသားများကို သန့်စင်မည့်၊ ကယ်တင်မည့် သမ္မာတရားအားလုံးကိုလည်း မိန့်ဆိုပြထားပါပြီ။ ကိုယ်တော်က တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင်၏အိမ်တော်က စတင်၍ ဆောင်ရွက်နေသည့်အပြင်၊ ဖြောင့်မတ်ခြင်းကို ဗဟိုချက်အဖြစ်ထားရှိသည့် ကိုယ်တော်၏ ပင်ကိုယ်စိတ်သဘောထားကိုလည်း၊ ထုတ်ဖော်ပြထား ပါပြီ။ ကိုယ်တော်က နှစ်ခြောက်ထောင်အထိ သက်တမ်းရှိသည့် စီမံခန့်ခွဲမှု အစီအစဉ်၏ ကြီးမားသည့်နက်နဲမှုများ အားလုံးကို ဖွင့်ပြထားပါ သည်။ သူက နိုင်ငံတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ပေးသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဘုရားသခင်အသက်တာ၏ အနှစ်သာရနှင့် သူ့စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းကနေ သဘာဝကျကျ ထွက်ရှိလာခြင်းများ ဖြစ်ပါသည်။ ဤသည်မှာ လူများကို အလုံးစုံသန့်စင်ဖို့ ကယ်တင်ဖို့အတွက် နောက်ဆုံးသောကာလမှာ ဘုရားသခင် လုပ်ဆောင်နေသည့် နှုတ်ကပတ်တော်အမှု၏ အဆင့်တစ်ခုလုံးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တချို့ကို ဖတ်လိုက်ကြရအောင၊ ပြီးလျှင် ၎င်းတို့က သမ္မာတရား ဟုတ်မဟုတ် နှင့် တန်ခိုးနှင့် သြဇာအာဏာ တို့ရှိမရှိ ကြားနာကြရအောင်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆက်လက် အကောင်အထည်ဖော်ရင်း၊ သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးသည်၊ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကအားဖြင့် ပေါင်းစပ်ထားပြီး၊ နောက်ဆုံးသောကာလအတွင်းတွင် ထုတ်ဖော်ပြခံရသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။...နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃))

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏ပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့အားလုံးသည် ယုတ်မာသူတို့နှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် စံနှုန်းမပြည့်မီသော အစေခံမှု ပေးသည့် သူများနှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သမ္မာတရားကိုမိန့်ဆိုပြီးသူ့ရဲ့ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်တယ်။ ကိုယ်တော့်နှုတ်ကပတ်တော်တွေဟာ ဆိုးဆိုးဝါးဝါးအကျင့်ပျက်နေတဲ့ လူသားတွေရဲ့အခြေအနေမှန်နဲ့ အနှစ်သာရကို ဖော်ထုတ်ပြတယ် ဘုရားသခင်အပေါ် လူသားရဲ့ဆန့်ကျင်မှုနဲ့ ဆိုးယုတ်တဲ့စိတ်သဘောတွေ စိမ့်ဝင်နေတဲ့ လူသားရဲ့သရုပ်သကန်တိုင်းကို နှုတ်ကပတ်တော်တွေက အပြည့်အ၀ ဖော်ထုတ်ပြတယ် သန့်ရှင်းခြင်းနဲ့ ဖြောင့်မတ်ခြင်းတွေပြည့်ဝတဲ့၊ ဘုရားသခင်ရဲ့ချိုးဖျက်မရတဲ့ စိတ်သဘောထားကိုလည်း လူသားတွေဆီ ပြသပေးပါတယ် ဒါကြောင့် လူတွေဟာ ဘုရားသခင် ပေါ်ထွန်းခြင်းနဲ့အမှုတော်ကို မြင်လာကြပြီး၊ ဘုရားသခင်ထံကို တစ်ယောက်ပြီးတစ်ယောက် ဦးလှည့်သွားကြတယ်။ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို လက်ခံသွားကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ လူတွေကို တရားစီရင်ဖို့ သမ္မာတရားကို ဖွင့်ပြပါတယ်၊ ဘုရားသခင်အပေါ် ယုံကြည်သူတွေအားလုံးကို သူ့ရဲ့နှုတ်ကပတ်တော်တွေအားဖြင့် တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ဦးဆုံး ပြုပါတယ် ပြီးတော့ ဘုရားသခင်ကို ယုံကြည်တယ်လို့ဝန်ခံလျက်နဲ့ ဆန့်ကျင်ကြတဲ့ ဘာသာရေးအသိုင်းအဝိုင်းထဲက လူတွေအားလုံးရဲ့သဘောသဘာဝအမှန်နဲ့ အဖြစ်မှန်တွေကို ဖော်ထုတ်ပြပါတယ် ဒါကို အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက ဘယ်လိုရှင်းပြထားလဲဆိုတာကြည့်ကြရအောင်။ အနန္တတန်ခိုးရှင် ပြောသည် “လူသားသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါရှိနေခြင်းကို အထူးအလေးထားသော်လည်း၊ လူ့ဇာတိခန္ဓာ၌ရှိနေသော ငါ့အကြောင်းကို မည်သူကမျှ အရေးမပေးပေ။ အဘယ်ကြောင့်ဆိုသော် လူသားအကြားတွင်နေလျက်ရှိသော ငါသည် အရေးမပါလွန်းသောကြောင့်သာ ဖြစ်သည်။ သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် ဝေဝါးသောဘုရားသခင်နှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများသည် ငါ့အတွက် စိတ်ဆင်းရဲစရာ မြင်ကွင်းတစ်ခုသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား ပြောမပြနိုင်လောက်အောင် မြောက်မြားစွာသောရတနာများကို ပေးနိုင်စွမ်းရှိသော ဘုရားသခင်တစ်ပါးသာဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့ကိုးကွယ်သည့်အရာမှာ လူသား၏တန်ခိုးလက်အောက်တွင် ရှိမည့်ဘုရားသခင်၊ မတည်ရှိသောဘုရားသခင် ဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ လူသားသည် နိမ့်ကျလွန်းသဖြင့် ဖော်ပြ၍ပင် မရချေ။ ငါ့ကိုဆန့်ကျင်သူများ၊ ငါ့ထံမှ အကန့်အသတ်မရှိ တောင်းဆိုသူများ၊ သမ္မာတရားကိုမမြတ်နိုးသူများ၊ ငါ့ကိုပုန်ကန်သူများ— ထိုသူတို့သည် ငါနှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)

သင်တို့၏စိတ်နှလုံးများသည် မကောင်းမှု၊ သစ္စာဖောက်ခြင်းနှင့် လှည့်ဖြားခြင်းတို့ဖြင့် ပြည့်နေလေသည်- ပြီးလျှင် ထိုသို့ဖြစ်နေသဖြင့်၊ သင်တို့၏ချစ်ခြင်းမေတ္တာ မည်မျှသည် မဖြူစင်သနည်း။ သင်တို့သည် ငါ့အတွက် အလုံအလောက် စွန့်လွှတ်ပြီးဖြစ်သည်ဟု ထင်မှတ်ကြ၏။ ငါ့အတွက် သင်တို့၏ချစ်ခြင်းမေတ္တာသည် လုံလောက်နှင့်ပြီးဖြစ်သည်ဟု သင်တို့ထင်မှတ်ကြ၏။ သို့ရာတွင် ထိုသို့ဆိုပါက သင်တို့၏စကားများနှင့် လုပ်ရပ်များသည် အဘယ်ကြောင့် အမြဲ ပုန်ကန်တတ်ပြီး လှည့်ဖြားတတ်သနည်း။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း ငါ၏ နှုတ်ကပတ်တော်များကို အသိအမှတ်မပြုကြပေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ့ကို ဘေးဖယ်ထားကြ၏။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ့ကို အယုံအကြည်ကင်းမဲ့ကြသည်။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ၏ တည်ရှိခြင်းကို လက်မခံနိုင်ကြချေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ငါ အဘယ်သူဖြစ်သည်ဆိုသည်နှင့် သင့်လျော်စွာ ငါ့ကို မဆက်ဆံကြသကဲ့သို့၊ အလှည့်တိုင်းတွင် သင်တို့သည် ငါ့အတွက် အမှုအရာများ ခက်ခဲစေကြသည်။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့နောက်လိုက်ကြသော်လည်း၊ ကိစ္စရပ်တိုင်းတွင် ငါ့ကို လှည့်စားဖို့နှင့် လှည့်ဖြားဖို့ သင်တို့ ကြိုးစားကြ၏။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် ငါ့ကို အစေခံကြသော်လည်း၊ ငါ့ကို မကြောက်ကြ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် အချက်အားလုံးနှင့် အရာအားလုံးတွင် ငါ့ကို ဆန့်ကျင်ကြသည်။ ဤအရာအားလုံးကို ချစ်ခြင်းမေတ္တာဟု မှတ်ယူသလော။ သင်တို့သည် များစွာဆက်ကပ်မြှုပ်နှံကြပြီးဖြစ်သည်၊ ဤသည်မှာ မှန်၏။ သို့သော် သင်တို့ကို ငါတောင်းဆိုသောအရာကို သင်တို့ လုံးဝ လက်တွေ့မလုပ်ဆောင်ခဲ့ကြပေ။ ဤအရာကို ချစ်ခြင်းမေတ္တာဟု မှတ်ယူ၍ရနိုင်သလော။ စေ့စပ်သေချာသော တွက်ဆမှုက သင်တို့အတွင်းတွင် ငါ့ကို ချစ်ခြင်းအရိပ်အယောင် စိုးစဉ်းမျှ မရှိသည်ကို ပြသ၏။ နှစ်ပေါင်းများစွာ အမှုပြုပြီးနောက်နှင့် အားလုံးသော နှုတ်ကပတ်တော်များစွာ ငါ ထောက်ပံ့ပြီးသည့် နောက်တွင်၊ သင်တို့ မည်မျှ အမှန်တကယ် ရရှိပြီးပြီနည်း။ ဤအရာသည် သေချာပြန်စဉ်းစားထိုက်သည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏)

ဘုရားသခင်ကို သင်တို့ယုံကြည်ကြခြင်း၏ ရည်ရွယ်ချက်မှာ သင်တို့၏ ကိုယ်ပိုင်ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် သူ့ကို အသုံးချဖို့ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကို သင်တို့စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက်တစ်ခုဖြစ်သည် မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို ယုံသော်လည်း မြေကြီးပေါ်ရှိ ဘုရားသခင်၏ တည်ရှိမှုကိုမူ ငြင်းပယ်ကြ၏၊ သို့ရာတွင် သင်တို့၏အမြင်များကို ငါအသိအမှတ်မပြု၊ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသောသူများကိုသာ ငါချီးကျူးပြီး မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကိုမူ ငါလုံးဝမချီးကျူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သောသူများက မည်မျှပင် သစ္စာစောင့်သိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သောသူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည်မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သော သူများ ဖြစ်ကြ၏၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို မည်သည့်အခါကမျှ ဝမ်းမြောက်ဝမ်းသာ မနာခံဖူးသော ဆိုးယုတ်သူများ ဖြစ်ကြသည်။ မှန်ပေ၏၊ ထိုသူတို့အထဲတွင် ခရစ်တော်ကို မသိသောသူများ၊ ထို့အပြင် ခရစ်တော်ကို အသိအမှတ်မပြုသောသူများအားလုံး ပါဝင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ)

လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌ အသက်ရှင်နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြကာ ၎င်းတို့ထဲတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ထိုကဲ့သို့သောသူတို့သည် ဝိုးတဝါးဖြစ်သောရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားများသည် မောက်မာမှု၊ မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ဤသည်မှာ ၎င်းတို့အားလုံးသည် အခြေခံအားဖြင့် ငါ့ကိုဆန့်ကျင်ကြလျက် ငါနှင့်သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)

ကျွန်မတို့ရဲ့ဘဝင်မြင့်မှု၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမှု၊ လိမ်ညာမှုနဲ့ ကျွန်မတို့ရဲ့ဆိုးယုတ်တဲ့စိတ်သဘောကို နည်းမျိုးစုံနဲ့ထုတ်ပြတတ်ပုံတွေကို အနန္တတန်ခိုးရှင်ဘုရားသခင် နှုတ်ကပတ်တော်တွေရဲ့တရားစီရင်ခြင်းကတစ်ဆင့် ကျွန်မတို့ အသိအမှတ်ပြုလိုက်ကြပါပြီ၊ မြင်လိုက်ကြပါပြီ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ်အသုံးချ၊ ဆင်းရဲဒုက္ခကို သည်းခံ၊ ဘုရားသခင်အတွက် ပေးဆပ်ပေမယ့်လည်း ဘုရားသခင်ဆီကို စစ်မှန်တဲ့ ကျိုးနွံနာခံမှု မရှိတဲ့အပြင်၊ သူ့အတွက် စစ်မှန်တဲ့မေတ္တာလည်း ကျွန်မတို့မှာ မရှိဘူး စမ်းသပ်မှုတွေ၊ ဆင်းရဲဒုက္ခတွေ ရောက်လာတဲ့အခါ၊ ဘုရားသခင်ကို မကျေမနပ်ဖြစ်တာ၊ သံသယဝင်တာ၊ ငြင်းဆန်တာမျိုးတောင် လုပ်မိနိုင်ပါတယ် ဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့ ကျွန်မတို့လူသားတွေအားလုံးဟာ စာတန်ရဲ့သဘောသဘာ၀ ရှိကြမှန်း၊ ဒီအချက်က သိစေပါတယ် ကျွန်မတို့ရဲ့စာတန်သဘောသဘာဝ၊ စာတန်စိတ်သဘောထားက သန့်စင်မှုကိုမရရှိနိုင်ရင်၊ ဘုရားသခင်ဆီကို စစ်မှန်တဲ့ ကျိုးနွံနာခံမှု မရရှိနိုင်တဲ့အပြင်၊ ဘုရားသခင်အတွက် စစ်မှန်တဲ့မေတ္တာလည်း ရှိနိုင်မှာမဟုတ်ဘူး အရင်တုန်းကတော့ ကျွန်မတို့ဟာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြတာ နှစ်ပေါင်းများစွာရှိပြီလို့ ထင်ခဲ့ကြတယ် ဘုရားသခင်အတွက် စွန့်သင့်တာတွေစွန့်ပြီး၊ ကိုယ့်ကိုယ်ကိုယ် အသုံးချခဲ့၊ ကြိုးစားခဲ့တဲ့အတွက်၊ ကျွန်မတို့ဟာ ကောင်းမွန်လာခဲ့ပြီဆိုတာမျိုး ဘုရားသခင်ကို ချစ်မြတ်နိုးပြီး၊ ဘုရားသခင်ထံ ယုံကြည်အပ်နှံသူတွေ ဖြစ်လာခဲ့ပြီဆိုတာမျိုး ထင်ခဲ့ကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရပြီးမှသာ ကျွန်မတို့သိရှိလာရတယ်၊ အပြင်ပန်းမှာ ကိုယ်တော်ရှင့်အတွက် ပင်ပန်းကြီးစွာနဲ့အားသွန်ခွန်စိုက်လုပ်ဆောင်ပေးနေပေမဲ့၊ ကျွန်မတို့ဟာ ဘုရားသခင်ကို မကြာခဏဆိုသလို လိမ်ညာလှည့်စားနေကြတုန်းပဲ၊ အလုပ်မပါဘဲ အပြောနဲ့သာ အစေခံနေကြတုန်းပါပဲ ကိုယ့်ကိုယ်ကိုယ်ပဲ အမှန်ထင်တာတွေ၊ ကိုယ့်ကိုယ်ကိုယ်ပဲ ဂရုစိုက်တာတွေ၊ ကြွားဝါတာတွေ ရှိနေတုန်းပါပဲ နောက်ဆုံးတော့ ကျွန်မတို့ နားလည်သွားကြတယ်။ ကျွန်မတို့အားထုတ်တာတွေ၊ ကြိုးစားပေးဆပ်တာတွေဟာ တကယ်တော့ ကောင်းချီးမင်္ဂလာ ရဖို့၊ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ဆုလာဘ်ကို ရဖို့သက်သက်ပါပဲ ဒါတွေအားလုံးက ဘုရားသခင်နဲ့အပေးအယူလုပ်တာပဲ။ ဒါကဘယ်လိုလုပ်ပြီး ဘုရားသခင်ထံသို့စစ်မှန်တဲ့ကျိုးနွံနာခံမှုဖြစ်နိုင်မှာလဲ။ ဘုရားသခင်ကိုချစ်မြတ်နိုးခြင်းကိုထုတ်ဖော်ပြသတာပိုလိုတောင်မဖြစ်နိုင်သေးဘူး။ ဒါနဲ့တောင် ကျွန်မတို့ဟာ ဘုရားသခင်ကို အချစ်တတ်ဆုံး၊ ကျိုးနွံနာခံမှုအရှိဆုံးဆိုပြီး အရှက်မရှိပဲပြောကြသေးတယ်။ ဒါကအမှန်ကိုအဓိပ္ပါယ်ကင်းမဲ့လှတယ်၊ ဘုရားသခင်အကြောင်းသိတာလုံးဝမရှိတာပဲ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖွင့်ပြခြင်းနဲ့ တရားစီခြင်းပြုရာမှာ ဘုရားသခင်ဟာ အရာတိုင်းကို ထိုးထွင်းသိမြင်တာကို ကျွန်မတို့တွေ့ရတယ်၊ ဘုရားသခင်ရဲ့အတိုင်းထက်အလွန်မြင့်မြတ်ပြီးဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မတို့ခံစားရတဲ့အခါ စိတ်နှလုံးထဲမှာ ကြောက်ရွံ့တုန်လှုပ်ပြီးတော့၊ သူရဲ့ စိတ်သဘောထားဟာ စော်ကားခြင်းမပြုနိုင်လို့ခံစားရတယ်။ ကျွန်မတို့ဟာ စာတန်လိုဆိုးရွားကြပေမဲ့ ဘုရားသခင်ကိုမြင်ဖို့ ရှက်ကြပြီး သူ့ရဲ့ရှေ့တော်မှာအသက်ရှင်ဖို့မထိုက်တန်လို့ခံစားရတယ်၊ ပြီးနောက် ကျွန်မတို့မြေကြီးပေါ်ပြုတ်ကျပြီး နောင်တတရားတွေနေငိုကြွေးလျက်၊ ကိုယ့်ကိုကိုယ်တောင် ကျိန်ဆဲကာ ကိုယ့်ပါးကိုပြန်ရိုက်ကြတယ်။ အဲဒီအချိန်ကျမှသာ ကျွန်မတို့ဟာ နေ့စဉ်နဲ့အမျှ စာတန်ရဲ့စိတ်သဘောထားနဲ့နေထိုင်နေကြကြောင်း၊ လူသားလိုမျိုးလုံးဝမနေထိုင်ခဲ့ရသေးကြောင်း၊ လူသားဆိုတဲ့နာမည်နဲ့တောင်မထိုက်တန်တာကိုမြင်တွေ့လာရတယ်။ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်မှု၊ စစ်ဆေးခြင်းတွေသာမက ပြုပြင်ခြင်း၊ ရိုက်နှက်ဆုံးမခြင်းတွေကို ကြုံတွေ့ရမှသာ၊ သမ္မာတရားတချို့ကို တဖြည်းဖြည်းနားလည်လာပြီး၊ ကျွန်မတို့ရဲ့ဖောက်ပြန်ခြင်းအဖြစ်မှန်ကို စစ်မှန်စွာ မြင်လာကြတယ် အဲဒီအချိန်ကျမှ ဘုရားသခင်အပေါ် စစ်မှန်တဲ့ သိနားလည်မှုတချို့ ရှိလာပြီး၊ နောက်ဆုံးမှာ ဘုရားသခင်ကို စပြီးရိုသေလေးစားလာတယ်။ ကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာ ဘုရားသခင်ကို ကျိုးနွံနာခံလာကြတယ် ဒါကသာ ဘုရားသခင်ကို ယုံကြည်ခြင်းရဲ့လမ်းကြောင်းအမှန်ကို ဝင်ရောက်ခြင်းဖြစ်ပါတယ်။ ဒါတွေအားလုံးက ဘုရားသခင်မှ တရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ရခြင်းရဲ့ရလဒ် ဖြစ်ပါတယ် ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းသာ မရှိခဲ့ရင် စာတန်ကြောင့် နက်နက်ရှိုင်းရှိုင်းပျက်စီးနေတဲ့ ကျွန်မတို့ရဲ့ပုံရိပ်မှန်ကို ဘယ်တော့မှ မြင်မိကြမှာမဟုတ်ပါဘူး ဘုရားသခင်ကိုတွန်းလှန်တဲ့ကျွန်မတို့ရဲ့အပြစ်ရင်းမြစ်ကိုလည်းဘယ်တော့မှသိနိုင်မှာမဟုတ်ဘူး။ ဒိထက်ဆိုးတာက ဘုရားသခင်ကိုစစ်မှန်စွာနာခံလာဖို့အတွက် ကျွန်မတို့ကိုချုပ်နှောင်ထားတဲ့အပြစ်တရားတွေကနေ လွတ်မြောက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိနိုင်မှာမဟုတ်တာပဲ။ ဘုရားသခင်နှုတ်ကပတ်တော်တွေရဲ့ တင်းကျပ်တဲ့ တရားစီရင်မှုကြောင့်သာ မဟုတ်ရင် ဖြောင့်မတ်ပြီး၊ တန်ခိုးအာနုဘော်ပြည့်ဝတဲ့ ချိုးဖျက်မရနိုင်တဲ့ ကိုယ်တော့်စိတ်သဘောထားကို ကျွန်မတို့ သိနိုင်မှာမဟုတ်ပါဘူး အဲဒီလိုပဲ ဘုရားသခင်ကို ကြောက်ရွံ့တတ်တဲ့စိတ်နှလုံးကို မွေးမြူနိုင်မှာမဟုတ်သလို၊ မကောင်းမှုကို ရှောင်ကြဉ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့တတ်သူတစ်ဦးလည်း ဖြစ်လာနိုင်မှာမဟုတ်ဘူး။ ဒါဟာ အမှန်ပါပဲ ဘုရားသခင်ဟာ လူ့ဇာတိကိုမခံယူခဲ့ရင် နောက်ဆုံးသောကာလရဲ့ တရားစီရင်ခြင်းအမှုတော်ကို ဘယ်သူလုပ်နိုင်မှာလဲ။ ဘုရားသခင်ရဲ့သန့်ရှင်းဖြောင့်မတ်ပြီး ချိုးဖျက်မရနိုင်တဲ့ စိတ်သဘောထားကို လူတွေဆီ ဘယ်သူက ပြဆိုနိုင်မလဲ ဘုရားသခင်ဟာ လူ့ဇာတိကိုမခံယူခဲ့ရင် ကျွန်မတို့ကို တရားစီရင်ပြီး သန့်စင်ပေးနိုင်မယ့်အပြင်၊ အပြစ်တရားမှာ ဆိုးဆိုးဝါးဝါးပျက်စီးနေတဲ့ ကျွန်မတို့ကို ကယ်တင်ပေးနိုင်လောက်တဲ့ ဘုန်းတန်ခိုးနဲ့အာဏာစက်မျိုးက ဘယ်သူ့စကားတွေမှာ ပါရှိမှာတဲ့လဲ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ဟာ ဘုရားသခင်ဖြစ်ခြင်းဆိုတဲ့ ဂုဏ်ဒြပ်အဆင့်အတန်းနဲ့ လက္ခဏာကို ပြပါတယ် သူဟာ ဖန်ဆင်းရှင်ဖြစ်ကြောင်း၊ တစ်ပါးတည်းသော ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းဖြစ်ကြောင်း ပြသပါတယ် ကျွန်မတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့မိန့်ဆိုချက်ထဲမှာ ဘုရားသခင်ရဲ့အသံတော်ကို အသိအမှတ်ပြုခဲ့ကြသလို ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကိုလည်း မြင်လိုက်ကြပါပြီ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ဖြန့်ဝေပြီးသက်သေခံဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့ကြတဲ့လူတွေ လတ်တလောနှစ်တွေမှာ ဘာကြောင့်ဒီလောက်များလာတာလဲ။ တရုတ်ကွန်မြူနစ်ပါတီအစိုးရရဲ့ အဖမ်းခံ၊ အနှိပ်ကွပ်ခံ၊ အသတ်တောင်ခံရမယ့်အရေးကို စွန့်စားဝံ့တဲ့သူတွေ ဘာကြောင့် ဒီလောက်များလာတာလဲ သူတို့ဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အမှုတော်ကို ဖြန့်ဝေပြီး သက်သေခံသူမှန်သမျှကို ချမ်းသာပေးလေ့မရှိကြဘူး။ အိမ်တံခါးတစ်ခုကနေ နောက်တစ်ခု ဧဝံဂေလိ ဝေငှနိုင်ဖို့အတွက်၊ ဘာသာရေးကိုင်းရှိုင်းသူတွေရဲ့စွန့်ပစ်မှု၊ အရှက်ခွဲမှု၊ ပြည်နှင်ဒဏ်ပေးမှု၊ ပြစ်တင်ရှုတ်ချမှုတွေကို ပိုခံယူချင်တဲ့လူတွေဘာလို့ဒီလောက်တောင်များနေတာလဲ။ ဒါ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ရဲ့အသံတော်ကို သူတို့ ကြားလိုက်ရသလို၊ ဘုရားသခင်ရဲ့ပေါ်ထွန်းမှုကိုလည်း ကြိုဆိုလိုက်ရလို့ပါပဲ သူတို့တွေက ဘုရားသခင်ရဲ့တောင်းဆိုချက်တွေကို အဖြေပေးလိုက်တာဖြစ်သလို ဒီသတင်းစကားကိုလည်း လက်ဆင့်ကမ်းတာဖြစ်ပါတယ် “မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်။(ရှင်မဿဲခရစ်ဝင် ၂၅:၆) ဒါဟာ ကိုယ်တော်ရှင်က တံခါးလာခေါက်နေတာလား။ ကျွန်မတို့က ကိုယ်တော်ရှင်အတွက် တံခါးဖွင့်ပေးကြမှာလား။ ဒါဆိုရင် ကိုယ်တော်ရှင်က တံခါးတွေလာခေါက်ဖို့အတွက် လူတွေကို စေလွှတ်တဲ့အခါ၊ ကျွန်မတို့ကလည်း စစ်မှန်တဲ့လမ်းကို ရှာဖွေစူးစမ်းသင့်လား။ ကိုယ်တော်ရှင်ရဲ့အသံတော်ကို ကြားဖို့အတွက်ကော ကြိုးစားသင့်လား။

တံခါးကိုခေါက်နေခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) သခင်ယေရှုဟာပြန်ကြွလာခဲ့ပြီး တရုတ်ပြည်မှာ သူ့ ရူပါရုံနဲ့အမှုတော်တွေကိုပြုနေပြီလို့ မင်းတို့သက်သေခံကြတာကို ကျွန်တော်ယုံတယ် ဘာလို့လဲဆိုတော့ ကျမ်းစာထဲမှာ သခင်ယေရှု ပရောဖက်ပြုထားတာက “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) ဒါပေမဲ့ကျွန်တော်တို့ကိုကောင်းကင်နိုင်ငံတော်သို့ခေါ်ဆောင်ဖို့ ကိုယ်တော်ပြန်ကြွလာခြင်းသဏ္ဍန်ဟာ အနည်းဆုံးတော့ တို့တွေကို ကိုယ်တော်က မိုးတိမ်နဲ့တကွ ချီဆောင်တာဖြစ်သင့်တယ်လို့ကျွန်တော်တို့ထင်တယ် သမ္မာကျမ်းစာထဲမှာ ရှင်ပေါလုပြောခဲ့သလိုပေါ့ “ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်” (သက်သာလောနိတ် ဩဝါဒစာ ပဋ္ဌမစောင် ၄:၁၇) တဲ့။ ဒါပေမဲ့ မင်းတို့ရဲ့သွန်သင်ချက်မှာကျ ကိုယ်တော်ဟာ ဘာလို့ကျမ်းစာထဲကပြောထားတဲ့ပုံစံပြန်မလာတာလဲ တို့တွေကို ကောင်းကင်နိုင်ငံတော်သို့ခေါ်သွားဖို့ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလစီရင်ခြင်းအမှုတော်ဆိုတာဘာလဲ။

နောက်တစ်ခုသို့- မေးခွန်း (၁) ကျွန်မတို့က သခင့်ကိုယုံကြည်ခဲ့တာ နှစ်ပေါင်းများစွာရှိပါပြီ။ ကျွန်မတို့က သခင့်အတွက် အလုပ်တွေအများကြီးလုပ်ပေးနိုင်တယ်၊ ဆင်းရဲဒုက္ခတွေလည်း ခံနိုင်ပါတယ် ဒါပေမဲ့ ကျွန်မတို့တွေက လိမ်ညာတာတွေ လှည့်ဖြားတာတွေ လုပ်တတ်ကြတုန်းပဲ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြီး ပြောတတ်ကြတာလည်း နေ့တိုင်းလိုလိုပါပဲ ပြီးတော့ မောက်မာကြတယ်၊ တစ်ယူသန်ဖြစ်ကြတယ်၊ ကြွားကြတယ်၊ တစ်ဖက်သားကို အထက်စီးနဲ့ ဆက်ဆံတတ်ကြတယ် အပြစ်လုပ်လိုက် နောင်တရလိုက်အခြေအနေမျိုးမှာ နေနေကြတယ်၊ ဒီဟာကနေ ရုန်းမထွက်နိုင်ကြဘူး သခင့်အဆုံးအမတွေကို သိနားလည်ဖို့ ကျင့်သုံးဖို့ဆိုတာထားဦး သခင့်ရဲ့မိန့်ဆိုချက်တွေကို စစ်စစ်မှန်မှန် နားလည်သဘောပေါက်တာမျိုးကို မရှိသေးတာပါ ကျွန်မတို့အနေနဲ့ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ကော ရနိုင်ပါ့မလား တချို့ကတော့ ပြောကြတယ် ကျွန်မတို့က ဘယ်လောက်ပဲအပြစ်တွေလုပ်လုပ်၊ ဇာတိပကတိနဲ့ ဘယ်လိုပဲချည်နှောင်ခံရပါစေ..သခင်က ကျွန်မတို့ကို အပြစ်မရှိဘူးလို့ပဲ မြင်တယ်တဲ့ သူတို့က ရှင်ပေါလုရဲ့မိန့်ဆိုစကားကို လက်ခံကြတယ် “နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (ကောရိန္သု ဩဝါဒစာ ပဌမစောင် ၁၅:၅၂) ပြီးတော့လည်း သခင် ပြန်ပြီးကြွရောက်တဲ့အခါ၊ ကျွန်မတို့ပုံရိပ်တွေကို ချက်ချင်းပြောင်းလဲစေပြီးတော့ ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်သွားလိမ့်မယ်လို့ မှတ်ယူကြတယ်။ ဒီအချက်ကို တချို့ကလည်း လက်မခံနိုင်ကြပါဘူး။ ယုံကြည်စိတ်ကြောင့် ကယ်တင်ခြင်းခံရတယ်ဆိုပေမယ့်၊ အပြစ်တွေကို အမြဲလုပ်နေသူတွေကတော့ ကောင်းကင်နိုင်ငံဆီ ဝင်ခွင့်ရမှာမဟုတ်ဘူးလို့ အဲဒီလူတွေက ယုံကြည်တယ်။ သူတို့က သခင်ယေရှုရဲ့မိန့်ဆိုချက်ကို အဓိကအခြေခံတာပါ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅) ဒီအဆိုနှစ်ခုက အပြိုင်ဖြစ်နေတာပါ ဘယ်သူမှလည်း ရှင်းရှင်းလင်းလင်း မဝေခွဲတတ်ကြပါဘူး၊ ဘရာသာတို့က ကျေးဇူးပြုပြီး ကျွန်မတို့အတွက် ဆွေးနွေးပေးပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။