မေးခွန်း (၁) ကျွန်မတို့က သခင့်ကိုယုံကြည်ခဲ့တာ နှစ်ပေါင်းများစွာရှိပါပြီ။ ကျွန်မတို့က သခင့်အတွက် အလုပ်တွေအများကြီးလုပ်ပေးနိုင်တယ်၊ ဆင်းရဲဒုက္ခတွေလည်း ခံနိုင်ပါတယ် ဒါပေမဲ့ ကျွန်မတို့တွေက လိမ်ညာတာတွေ လှည့်ဖြားတာတွေ လုပ်တတ်ကြတုန်းပဲ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြီး ပြောတတ်ကြတာလည်း နေ့တိုင်းလိုလိုပါပဲ ပြီးတော့ မောက်မာကြတယ်၊ တစ်ယူသန်ဖြစ်ကြတယ်၊ ကြွားကြတယ်၊ တစ်ဖက်သားကို အထက်စီးနဲ့ ဆက်ဆံတတ်ကြတယ် အပြစ်လုပ်လိုက် နောင်တရလိုက်အခြေအနေမျိုးမှာ နေနေကြတယ်၊ ဒီဟာကနေ ရုန်းမထွက်နိုင်ကြဘူး သခင့်အဆုံးအမတွေကို သိနားလည်ဖို့ ကျင့်သုံးဖို့ဆိုတာထားဦး သခင့်ရဲ့မိန့်ဆိုချက်တွေကို စစ်စစ်မှန်မှန် နားလည်သဘောပေါက်တာမျိုးကို မရှိသေးတာပါ ကျွန်မတို့အနေနဲ့ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ကော ရနိုင်ပါ့မလား တချို့ကတော့ ပြောကြတယ် ကျွန်မတို့က ဘယ်လောက်ပဲအပြစ်တွေလုပ်လုပ်၊ ဇာတိပကတိနဲ့ ဘယ်လိုပဲချည်နှောင်ခံရပါစေ..သခင်က ကျွန်မတို့ကို အပြစ်မရှိဘူးလို့ပဲ မြင်တယ်တဲ့ သူတို့က ရှင်ပေါလုရဲ့မိန့်ဆိုစကားကို လက်ခံကြတယ် “နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (ကောရိန္သု ဩဝါဒစာ ပဌမစောင် ၁၅:၅၂) ပြီးတော့လည်း သခင် ပြန်ပြီးကြွရောက်တဲ့အခါ၊ ကျွန်မတို့ပုံရိပ်တွေကို ချက်ချင်းပြောင်းလဲစေပြီးတော့ ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်သွားလိမ့်မယ်လို့ မှတ်ယူကြတယ်။ ဒီအချက်ကို တချို့ကလည်း လက်မခံနိုင်ကြပါဘူး။ ယုံကြည်စိတ်ကြောင့် ကယ်တင်ခြင်းခံရတယ်ဆိုပေမယ့်၊ အပြစ်တွေကို အမြဲလုပ်နေသူတွေကတော့ ကောင်းကင်နိုင်ငံဆီ ဝင်ခွင့်ရမှာမဟုတ်ဘူးလို့ အဲဒီလူတွေက ယုံကြည်တယ်။ သူတို့က သခင်ယေရှုရဲ့မိန့်ဆိုချက်ကို အဓိကအခြေခံတာပါ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅) ဒီအဆိုနှစ်ခုက အပြိုင်ဖြစ်နေတာပါ ဘယ်သူမှလည်း ရှင်းရှင်းလင်းလင်း မဝေခွဲတတ်ကြပါဘူး၊ ဘရာသာတို့က ကျေးဇူးပြုပြီး ကျွန်မတို့အတွက် ဆွေးနွေးပေးပါ။

အဖြေ- ဟိုးအရင်ကတုန်းကတော့ ရှင်ပေါလုလို တမန်တော်တွေရဲ့မိန့်ဆိုချက်တွေကို ဘုရားသခင်ရဲ့အဆုံးအမတွေလိုပဲ သဘောထားခဲ့ဖူးတယ် သခင့်ကိုယုံကြည်ဖို့၊ သခင့်အတွက် အလုပ်တွေလုပ်ဖို့အတွက် ရှင်ပေါလုရဲ့မိန့်ဆိုချက်တွေအတိုင်း လိုက်နာခဲ့ဖူးတယ် သခင် ပြန်ပြီးကြွရောက်မယ့်ကိစ္စမှာတောင် ရှင်ပေါလုရဲ့မိန့်ဆိုချက်အတိုင်း လက်ခံခဲ့ကြတယ် ဒါပေမဲ့ သခင်ယေရှုရဲ့မိန့်ဆိုချက်တွေကို ဘေးဖယ်ထားမယ်ဆိုရင်တော့ အရေးတကြီးစဉ်းစားရမယ့်ကိစ္စ ဖြစ်သွားပြီလေ ဘုရားသခင်ကို ယုံကြည်ပြီဆိုမှတော့၊ ဘုရားသခင်နဲ့ လူသားရဲ့မိန့်ဆိုချက်နှစ်ခုမှာ ဘယ်ဟာကို ကျွန်တော်တို့ယုံကြည်သင့်လဲ သမ္မာကျမ်းထဲက ရှင်ပေါလုရဲ့မိန့်ဆိုချက်တွေကကော ဘုရားသခင်ရဲ့မိန့်ဆိုချက်လား၊ လူသားရဲ့မိန့်ဆိုချက်တွေလား ဘယ်သူ့မိန့်ဆိုချက်တွေလည်းဆိုတာကို ခွဲခြားမယ်ဆိုရင်၊ ဒီကိစ္စကို အရင်ဆုံးခဏဖယ်ထားလိုက်ရအောင် ဒါပေမဲ့ သမ္မာကျမ်းထဲက ယေဟောဝါနဲ့ သခင်ယေရှုရဲ့မိန့်ကြားချက်တွေကတော့ ဘုရားသခင်ရဲ့မိန့်ကြားချက်တွေမှန်း သေချာတယ်လေ ဒါကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါဘူး ရှင်ပေါလုလို တမန်တော်တွေရဲ့မိန့်ဆိုချက်တွေဟာ တကယ်တော့ လူသားရဲ့မိန့်ဆိုချက်တွေပါပဲ သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ဉာဏ်အလင်းရခဲ့ကြတယ်ဆိုရင်တောင်၊ ဒါတွေက လူသားရဲ့မိန့်ဆိုချက်တွေပါပဲ ဘုရားသခင်ရဲ့မိန့်ကြားချက်တွေ မဟုတ်ပါဘူး ဘာကြောင့်လဲဆိုတော့ ရှင်ပေါလုလို တမန်တော်တွေရဲ့မိန့်ဆိုချက်တွေဟာ ဘုရားသခင်ရဲ့မိန့်ဆိုချက်တွေဖြစ်ကြောင်း၊ သခင်ယေရှုရော သန့်ရှင်းသောဝိညာဉ်တော်ကပါ သက်သေခံထားတာမရှိဘူး တမန်တော်တွေကိုယ်တိုင်ကလည်း သူတို့ရေးသားထားတာတွေက ဘုရားသခင်ရဲ့မိန့်ကြားချက်တွေဖြစ်တယ်လို့ မပြောခဲ့ဘူး ဒီအချက်က မမှန်ဘူးလား ဒါတွေကို ဘုရားသခင်ရဲ့မိန့်ကြားချက်တွေအဖြစ် အခြေခံထားပြီး အသုံးချဖို့ဆိုတာ အသာထားပါဦး သမ္မာကျမ်းထဲက လူသားရဲ့အဆိုအမိန့်တွေဆိုတာ လူသားရဲ့အဆိုအမိန့်သက်သက်ပါပဲ။ ဘုရားသခင်ရဲ့မိန့်ကြားချက်တွေအဖြစ် သတ်မှတ်လို့မရဘူး ဘာကြောင့်လဲဆိုတော့ လူသားရဲ့အဆိုအမိန့်တချို့က သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပွင့်မှုကနေ အစပြုခဲ့တာဖြစ်သလို၊ တချို့ဟာတွေမှာလည်း လူသားရဲ့ဆန္ဒတွေ ရောပါနေတာကြောင့်ပါပဲ ဒါတွေက အမှန်တရားကို ထုတ်ဖော်ပြတာတွေ မဟုတ်ဘူး ကျွန်တော်တို့က လူသားရဲ့အဆိုအမိန့်ကို အမှန်တရားအဖြစ် လက်ခံလိုက်မယ်ဆိုရင်၊ ရှုပ်ထွေးမှုတွေ ဖြစ်လာမယ့်အပြင် ဦးတည်ရာလည်း မဲ့သွားလိမ့်မယ် ဘာသာရေးအသိုက်အဝန်းတစ်ခုလုံးမှာ ဂိုဏ်းခွဲထောင်ပေါင်းများစွာ ဘာကြောင့်ပေါ်လာတာလဲ သမ္မာကျမ်းထဲက လူသားရဲ့အဆိုအမိန့်တွေကို ဘုရားသခင်ရဲ့မိန့်ကြားချက်တွေအဖြစ် လူတွေက အဓိပ္ပါယ်ဖော်လိုက်မိတာ အဓိကအကြောင်းရင်းပါပဲ အဲဒီတော့ တော်တော့်ကို ရှုပ်ထွေးကုန်တာပေါ့ ကောင်းကင်နိုင်ငံဆီ ဝင်ခွင့်ရဖို့ကိစ္စကတော့ သခင်ယေရှုရဲ့မိန့်ဆိုချက်ကိုပဲ အတည်ယူသင့်ပါတယ် သခင်ယေရှုဆိုတာ လူ့ဇာတိခံယူထားတဲ့ ခရစ်တော်ဖြစ်နေတယ်လေ။ သခင်ယေရှုကသာ ကယ်တင်ရှင်ဖြစ်တယ် သခင်ယေရှုရဲ့မိန့်ဆိုချက်ဟာ သမ္မာတရားပါပဲ။ သခင်ယေရှုရဲ့မိန့်ဆိုချက်ကသာ အာဏာရှိတယ် ရှင်ပေါလုဆိုတာ လူသားတစ်ယောက်ပါ။ သူက ခရစ်တော်မဟုတ်ဘူး။ သမ္မာတရားကို သူက မဖော်ပြနိုင်ဘူး ဒါကြောင့် သူ့မိန့်ဆိုချက်တွေမှာ လူသားရဲ့ဆန္ဒနဲ့စိတ်ကူးတွေ ရောနေတယ်ဆိုတာ ငြင်းလို့မရပါဘူး ရှင်ပေါလုကိုယ်တိုင်တောင် သူ့မိန့်ဆိုချက်တွေဟာ ဘုရားသခင်ရဲ့လွွှမ်းမိုးမှုကြောင့်ဖြစ်လာတာပါလို့ အခိုင်အမာ မပြောခဲ့သလို သူရေးခဲ့တဲ့စာတွေဟာလည်း ဘုရားသခင်ရဲ့မိန့်ဆိုချက်တွေပါလို့လည်း မရည်ညွှန်းခဲ့ပါဘူး ဒီတော့ ကျွန်တော်တို့က ရှင်ပေါလုရဲ့အဆိုအမိန့်တွေကို ဘုရားသခင်ရဲ့မိန့်ဆိုချက်တွေအဖြစ် သဘောထားလိုက်ရင် အဓိပ္ပါယ်ရှိပါတော့မလား ဒါကြောင့် ကျွန်တော်တို့က ဘုရားသခင်ရဲ့အလိုတော်ကို နာခံသည်ဖြစ်ဖြစ်၊ ကောင်းကင်နိုင်ငံဆီ ဝင်ခွင့်ရသည်ဖြစ်ဖြစ် မရသည်ဖြစ်ဖြစ် သမ္မာတရားကို ဆင်ခြင်သုံးသပ်တဲ့ကိစ္စမှာ အဖြေမှန်ကို ရှာတွေ့နိုင်ဖို့ဆိုရင် သခင်ယေရှုရဲ့မိန့်ဆိုချက်အတိုင်းပဲ လိုက်နာသင့်တယ်။

ပိုပြီးရှင်းရှင်းလင်းလင်းသိသွားအောင်၊ အနန္တတန်ခိုးရှင်ဘုရားရဲ့မိန့်ဆိုချက်နည်းနည်းလောက်ကို ဖတ်ကြည့်ကြရအောင် အနန္တတန်ခိုးရှင်ဘုရားက ပြောသည် “ယနေ့ခေတ်တွင် လူတို့က သမ္မာကျမ်းစာသည် ဘုရားသခင် ဖြစ်သည်၊ ဘုရားသခင်သည်လည်း သမ္မာကျမ်းစာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာထဲမှ စကားလုံးများသည်သာ ဘုရားသခင်ပြောကြားခဲ့သည့် စကားလုံးများ ဖြစ်ကြပြီး ထိုစကားလုံးများအားလုံးကို ဘုရားသခင် ပြောခဲ့သည်ဟုလည်း ယုံကြည်ကြသည်။ ဘုရားသခင်ကို ယုံကြည်ကြသည့် သူများသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများထဲက ကျမ်းပေါင်း ခြောက်ဆယ့်ခြောက်ကျမ်းကို လူများက ရေးခဲ့ကြသော်လည်း ထိုကျမ်းအားလုံးကို ဘုရားသခင်က မှုတ်သွင်းတော်မူခြင်းအားဖြင့် ပေးအပ်ခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များနှင့်ဆိုင်သော မှတ်တမ်းတစ်ခု ဖြစ်သည်ဟုပင်လျှင် ယူဆကြသည်။ ဤသည်မှာ လူတို့၏ မှားယွင်းသော သဘောပေါက်နားလည်မှုဖြစ်ပြီး အချက်အလက်များနှင့် လုံးဝ ကိုက်ညီခြင်း မရှိကြပါ။ အမှန်တွင် အနာဂတ္တိကျမ်းများမှအပ ဓမ္မဟောင်းကျမ်းထဲမှ ကျမ်းအများစုသည် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲမှ သြဝါဒစာအချို့သည် လူတို့၏ ဘဝအတွေ့အကြုံများမှ လာခြင်းဖြစ်ပြီး တစ်ချို့မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမူကြောင့် လာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် ပေါလု၏ စာများသည် လူတစ်ဦး၏ လုပ်ဆောင်ချက်မှ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကြောင့် ပေါ်ပေါက်လာသော ရလဒ် ဖြစ်ကာ အသင်းတော်များအတွက် ရေးခဲ့သော စာများဖြစ်ပြီး အသင်းတော်မှ ညီအစ်ကိုမောင်နှမများကို နှိုးဆော်အားပေးသော စကားများ ဖြစ်သည်။ ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်က ပြောသောစကားများ မဟုတ်ပါ— ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ ကိုယ်စား မပြောနိုင်သကဲ့သို့ သူသည် ယောဟန် ရှုမြင်ခဲ့ရသော ရူပါရုံများကို မြင်ခဲ့ဖို့ရန်ဝေးစွ၊ ပရောဖက်တစ်ဦးပင် မဟုတ်ခဲ့ပါ။ ပေါလုရေးခဲ့သော သြဝါဒစာများသည် ဧဖက်မြို့၊ ဖိလဒေလဖိမြို့၊ ဂလာတိပြည်နှင့် အခြားသော အသင်းတော်များအတွက် ရေးသောစာများ ဖြစ်သည်။ သို့ဖြစ်၍ ဓမ္မသစ်ကျမ်းထဲရှိ ပေါလု၏ သြဝါဒစာများသည် အသင်းတော်များအတွက် ပေါလုရေးခဲ့သော သြဝါဒစာများသာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆော်ချက်များလည်း မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များလည်း မဟုတ်ပေ။...လူတို့အတွက် တည်ဆောက်စရာ ဖြစ်စေသော၊ အပြုသဘောဆောင်သော ပေါလု၏ စကားများ အားလုံးသည် မှန်သော်လည်း ထိုစကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များကို ကိုယ်စားမပြုသကဲ့သို့ ဘုရားသခင်ကိုလည်း ကိုယ်စား မပြုနိုင်ခဲ့ပေ။ ယင်းသည် လူတစ်ယောက်၏ အတွေ့အကြုံများနှင့်ဆိုင်သော မှတ်တမ်းတစ်ခုနှင့် လူတစ်ယောက်၏ သြဝါဒစာများကို အသင်းတော်များထံ သန့်ရှင်းသောဝိညာဉ်တော်ပြောသည့် စကားလုံးများသဖွယ် လူတို့ သဘောထားခြင်းသည် ကမ်းကုန်အောင် လွဲမှားသည့် ခံယူချက်ဖြစ်ပြီး ဘုရားသခင်အား အကြီးအကျယ် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။...သူ၏ ကိုယ်ပိုင်လက္ခဏာမှာ အမှုဆောင်ခဲ့သည့် တမန်တော်မျှသာဖြစ်သည်၊ ဘုရားသခင် စေလွှတ်ခဲ့သည့် တမန်တော်မျှသာ ဖြစ်သည်၊ သူသည် ပရောက်ဖက်တစ်ဦးလည်း မဟုတ်သကဲ့သို့ အနာဂတ်ကို ဟောကြားသူလည်း မဟုတ်ခဲ့ပါ။ သူ့အဖို့ သူ၏အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်တာသည် အရေးတကာ့ အရေးကြီးဆုံး ဖြစ်ခဲ့သည်။ သို့ဖြစ်၍ သူသည် သန့်ရှင်းသော ဝိညာဉ်တော် ကိုယ်စား မပြောကြားနိုင်ခဲ့ပါ။ သူ့စကားများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စကားများ မဟုတ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်သည်ဟု သာ၍ပင် ပြောမရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးသာ ဖြစ်ပြီး၊ ဘုရားသခင်၏လူ့ဇာတိခံယူခြင်း မဟုတ်သည်မှာ သေချာသောကြောင့် ဖြစ်သည်။ ပေါလု၏ ကိုယ်ပိုင်လက္ခဏာသည် ယေရှုနှင့် မတူပါ။ ယေရှု ပြောခဲ့သော စကားများသည် သန့်ရှင်းသောဝိညာဉ်တော်၏ စကားများ၊ ဘုရားသခင်၏ စကားများ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်လက္ခဏာသည် ခရစ်တော် ဖြစ်သောကြောင့်— ဘုရားသခင်၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ပေါလုသည် မည်သို့ ယေရှုနှင့် တူညီနိုင်ပါမည်နည်း။ အကယ်၍ လူတို့သည် ဓမ္မသစ်ကျမ်းမှ သြဝါဒစာများ သို့မဟုတ် ပေါလု၏ စကားများကဲ့သို့သော စကားများကို သန့်ရှင်းသောဝိညာဉ်တော်၏ ပြောကြားချက်များအဖြစ် မြင်ကြပြီး ၎င်းတို့ကို ဘုရားကဲ့သို့ ကိုးကွယ်မည်ဆိုလျှင် လူတို့သည် အလွန်အမင်း မဆင်မခြင်ပြုမူနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ သာ၍ ခပ်ကြမ်းကြမ်း ပြောရမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင်ကို ပြစ်မှားစော်ကားနေကြခြင်းပင် ဖြစ်သည်မဟုတ်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။ ထို့အပြင် လူတို့သည် ပေါလု၏ သြဝါဒစာများနှင့် သူပြောသော စကားများနှင့်ဆိုင်သော မှတ်တမ်းကို သန့်ရှင်းသော ကျမ်းစာ သို့မဟုတ် ကောင်းကင်ဘုံမှလာသော ကျမ်းစာဖြစ်သည့်အလား သတ်မှတ်ကာ ၎င်းတို့ရှေ့၌ မည်သို့ ပျပ်ဝပ်နိုင်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတစ်ယောက်က သာမန်ကာလျှံကာ ပြောနိုင်ပါမည်လော။ လူတစ်ယောက်က ဘုရားသခင်ကိုယ်စား မည်သို့ ပြောဆိုနိုင်ပါမည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၃))

ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့စကားအဖြစ် ပြော၍ မရဘဲ၊ လူ့စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သာ၍ပင် ပြော၍ မရပေ။ ဘုရားသခင် အသုံးပြုသောသူသည် လူ့ဇာတိခံ ဘုရားသခင် မဟုတ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး မဟုတ်ပေ။ ဤတွင် ပဓာနကျသော ကွဲပြားမှုတစ်ခု ရှိသည်။...လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။ လူသည် ဘုရားသခင် ပြောဆိုသော စကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်ပွင့်စေခြင်း အဖြစ် ရှုမြင်ပြီး၊ တမန်တော်များနှင့် ပရောဖက်များ၏စကားများကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော စကားများအဖြစ် မှတ်ယူပါက၊ လူတို့၏အမှား ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ သင်သည် အမှန်နှင့် အမှားကို မည်သည့်အခါတွင်မျှ မရောထွေးသင့်ပေ၊ သို့မဟုတ် မြင့်မားသောအရာကို နိမ့်ကျသောအရာ မဖြစ်စေသင့်၊ သို့မဟုတ် လေးနက်သောအရာကို ပေါ့တန်သောအရာနှင့် မမှားသင့်ပေ။ မည်သို့ပင်ဖြစ်စေ အမှန်တရားဟု သင်သိထားသောအရာကို တမင်သက်သက် မည်သည့်အခါတွင်မျှ မငြင်းဆိုသင့်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

သခင့်ကိုယုံကြည်သူအများစုဟာ သခင် ပြန်ကြွလာမှာကို စောင့်ရင်း၊ ရှင်ပေါလုရဲ့အဆိုအမိန့်အတိုင်း လိုက်နာနေကြမှာ သေချာပါတယ် “နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (ကောရိန္သု ဩဝါဒစာ ပဌမစောင် ၁၅:၅၂) တော်တော်အဓိပ္ပာယ်မဲ့ပြီး၊ ယုတ္တိမရှိတာပဲ ဘာကြောင့်လဲဆိုတော့ လူသားရဲ့အဆိုအမိန့်ဟာ ဘုရားသခင်ရဲ့မိန့်ဆိုချက်ကို ကိုယ်စားမပြုပါဘူး။ လူသားရဲ့အဆိုအမိန့်မှာ လူသားရဲ့ရည်ရွယ်ချက်တွေ ရောနေတယ် ဒီအဆိုအမိန့်တွေရဲ့အဓိပ္ပာယ်တချို့က ဘုရားသခင်ရဲ့မိန့်ဆိုချက်နဲ့ နည်းနည်းပါးပါး ညီညွတ်နေမယ်ဆိုရင်တောင်၊ ဒါဟာ ဘုရားသခင်ရဲ့မိန့်ဆိုချက် လုံးဝမဟုတ်ပါဘူး အခုလို ရှင်ပေါလု ဆိုမိန့်ခဲ့တာနဲ့ ဆင်တူတာမျိုးကို သခင်ယေရှုက မိန့်ခဲ့တာရှိလား တမန်တော်တွေကကော ဒီလိုဆိုမိန့်ခဲ့တာမျိုး ရှိလား ရှင်ပေါလုရဲ့စာတွေဟာ ဘုရားသခင်ရဲ့မိန့်ဆိုချက်တွေပါလို့ သန့်ရှင်းသောဝိညာဉ်တော်က သက်သေရပ်တည်ခဲ့လား သခင်ယေရှု ဒုတိယအကြိမ်ပြန်ကြွတဲ့အခါ ဖူးခွင့်ရအောင်၊ ရှင်ပေါလုရဲ့အဆိုအမိန့်အတိုင်း လိုက်နာရမယ်လို့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဗျာဒိတ်တော်မှာ ပြောခဲ့လို့လား လုံးဝ မပြောထားဘူးလေ အဲဒီအချက်ကို ရှာလို့တွေ့မှာ မဟုတ်ဘူး၊ အထောက်အထားလည်း မရှိဘူး ဒါကြောင့် ရှင်ပေါလုရဲ့အဆိုအမိန့်ကို အကိုးအကားအနေနဲ့ပဲ သုံးလို့ရမယ်။ အခြေခံအကြောင်းရင်းအဖြစ် မရဘူး သခင်က ကျွန်တော်တို့ကို ချီဆောင်ပြီး၊ ကောင်းကင်နိုင်ငံဆီ ပို့ဆောင်မယ်ဆိုတဲ့အဆိုကတော့ ဒီလိုရှိပါတယ် ကျွန်တော်တို့က သခင့်မိန့်ဆိုချက်အစား ရှင်ပေါလုရဲ့အဆိုအမိန့်ကို လိုက်နာပြီးတော့ သခင် ပြန်ကြွလာပြီး ကျွန်တော်တို့ကို အသွင်ပြောင်းလဲစေမယ့်အရေးကို စိတ်ကူးတွေယဉ်နေမယ်ဆိုရင် အမှားတွေဖြစ်သွားဖို့ တော်တော်လွယ်ပါတယ်။ သခင့်ရဲ့ပစ်ပယ်ခြင်းကိုလည်း ခံရလာနိုင်တယ် တကယ်တော့ နောက်ဆုံးသောကာလမှာ သခင်ယေရှု ပြန်ကြွလာတဲ့အခါ ဘာတွေလုပ်မယ်ဆိုတာတွေ သခင်က လူသားတွေကို သန့်ရှင်းအောင် ဘယ်လိုပြောင်းလဲမယ်ဆိုတာတွေကို သမ္မာကျမ်းထဲမှာ ဟောကိန်းထုတ်ထားပါတယ်။

ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြော စီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုဩဝါဒစာပဌမစောင် ၄:၁၇)

ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈)

သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)

ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ် တောင်းသည်မဟုတ်ပါ။ မကောင်းသော အမှုအရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည် အကြောင်းကိုသာ တောင်းပါ၏။...ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။...အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ်ကို သန့်ရှင်း စေပါ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၅၊ ၁၇၊ ၁၉)

ခင်ဗျားတို့ မြင်ကြရတဲ့ ဒီစာပိုဒ်တွေအရ နောက်ဆုံးကာလမှာ သခင် ပြန်ကြွလာမယ်ဆိုတာ သမ္မာတရားကို ဖော်ထုတ်ပြဖို့၊ ဘုရားသခင်ရဲ့အိမ်တော်သားတွေကို ဦးဆုံး တရားစီရင်ဖို့ သမ္မာတရားကို လူတွေ နားလည်လာအောင် သွန်သင်ပေးဖို့အတွက်ပါပဲ ဘုရားသခင်ရဲ့နုတ်ကပတ်တော်အတိုင်း တရားစီရင်ခြင်းကို ခံကြရမှာသာ၊ ကျွန်တော်တို့အနေနဲ့ သမ္မာတရားကို နားလည်နိုင်မယ်။ သန့်ရှင်းခြင်းကို ရမယ် ဘုရားသခင်ရဲ့နိုင်ငံဆီလည်း ဝင်ခွင့်ရနိုင်မယ် ဒါကြောင့် ရှင်ပေါလု မိန့်ခဲ့တဲ့.. “နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်” (ကောရိန္သု ဩဝါဒစာ ပဌမစောင် ၁၅:၅၂) ဒီမိန့်ဆိုချက်က မှန်ကန်မှုမရှိပါဘူး။ လူတွေကို တော်တော်လှည့်စားထားတာမျိုးပဲ အဲဒီလိုအယူအဆနဲ့ သခင့်အပေါ် ယုံကြည်နေကြသူတွေ အများကြီးပါပဲ။ သခင် ပြန်ကြွလာတဲ့အခါ၊ ကောင်းကင်နိုင်ငံဆီ ဝင်ခွင့်ရမယ်ဆိုပြီး စောင့်နေကြသူတွေပေါ့ သူတို့က သခင့်အဆုံးအမတွေကိုလည်း မကျင့်သုံးဘူး။ ဘုရားသခင်အလိုတော်ကို ဘယ်လိုလိုက်နာရမှန်းလည်း မသိကြဘူး သခင့်အတွက် အလုပ်တွေကိုလည်း သူတို့ဆန္ဒရှိတဲ့အတိုင်းပဲ လုပ်ကြတယ်။ နေ့တိုင်းနေ့တိုင်း အပြစ်လုပ်လိုက်၊ နောင်တရလိုက်အခြေအနေမျိုးမှာပဲ နေကြတယ် အစစ်အမှန်နောင်တရကြတာမျိုး မရှိဘူး။ အပြစ်နွံထဲကလည်း မရုန်းထွက်ကြပါဘူး သူတို့က ရှင်ပေါလုရဲ့မိန့်ဆိုစကားကို ယုံကြည်ပြီး၊ သခင် ပြန်ကြွလာမယ့်အချိန်ကို စောင့်နေကြတာပါပဲ ဒါက လက်တွေ့ကောကျပါ့မလား သခင်က အဲဒီလို ပြုမူမှာတဲ့လား ရှင်ပေါလုရဲ့ အဲဒီဟောကိန်းထဲမှာ ကျွန်တော်တို့အတွက် အကျိုးရှိတာတွေ ပါတယ်လို့ကော ခင်ဗျားတို့ ပြောကြမလား ကျွန်တော်တို့က ရှင်ပေါလုရဲ့မိန့်ဆိုချက်ကို ယုံကြည်ပြီး၊ စောင့်နေကြမယ်ဆိုရင်၊ သခင်ကိုယ်တိုင် မိန့်ခဲ့တဲ့ ဟောကိန်းက ဘယ်လိုလုပ်ဖြစ်နိုင်တော့မှာလဲ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) ဒီဟောကိန်းက ပြည့်လာပါတော့မလား စစ်မှန်တဲ့လမ်းစဉ်ကို ရှာဖွေလေ့လာနိုင်တဲ့သူ ရှိနိုင်ပါတော့မလား။ ဘုရားသခင်ရဲ့အသံတော်ကို ကြားနိုင်တဲ့သူ ရှိပါတော့မလား။

နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရား လုပ်ဆောင်မယ့်အရာတွေကို သဘောပေါက်ကြပြီဆိုရင်၊ အချက်တစ်ခုကို ကျွန်တော်တို့အားလုံး မြင်မိကြတယ် ဘုရားသခင်ဟာ ကပ်ဘေးကြီးကို မစတင်မီမှာ၊ မကောင်းမှုကျော်လွှားနိုင်သူတွေကို သီးသန့် ခွဲထုတ်ထားတယ်ဆိုတဲ့အချက်ပါပဲ အခုဆို ကမ္ဘာပျက်ကပ်ဘေးကြီးက နီးလာပါပြီ နောက်ဆုံးသောကာလမှာ ဘုရားသခင် ပြုမူဆောင်ရွက်မယ့်အရာတွေနဲ့ ကပ်ဘေးကြီး မကျရောက်ခင်ကြားမှာ၊ နှစ်ပေါင်း ၃၀ လောက် အချိန်ကာလတစ်ခု ရှိပါတယ် အဲဒီကာလက သိပ်တော့မကြာဘူးဆိုပေမယ့် ရှင်ပေါလု မိန့်ခဲ့သလို မျက်စိတစ်မှိတ်စာအတွင်းမှာ လူတွေက သန့်ရှင်းခြင်းအဖြစ်ကို ရောက်ကြလိမ့်မယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး ရှင်ပေါလုရဲ့ မရေမရာအဆိုအမိန့်က လူတွေအတွက် အံ့မခန်းစရာ ဖြစ်နေတာပေါ့ သခင်ယေရှုရဲ့ဟောကိန်းဖြစ်တဲ့ ဘုရားသခင်ရဲ့အသံတော်ကို ကြားရပြီး၊ ချီဆောင်ခြင်းခံကြရလိမ့်မည်ဆိုတာကိုတော့ ရှင်ပေါလုက ထည့်ပြီး မမိန့်ခဲ့ဘူးနော် သခင်ယေရှုရဲ့ဟောကိန်းတွေက လက်တွေ့ကျတယ်၊ မှန်ကန်တယ်၊ အချက်အလက်တွေနဲ့လည်း လုံးဝညီညွတ်ပါတယ် ဒီဟောကိန်းတွေ အမှန်တကယ်ဖြစ်လာချိန်ရောက်ရင်တောင် ကျွန်တော်တို့က သိပ်ပြီးနားလည်ကြဦးမှာမဟုတ်ဘူး အနန္တတန်ခိုးရှင်ဘုရား ပြန်လည်ကြွရောက်ပြီး၊ လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်တဲ့အခါ လူတော်တော်များများက ဘုရားသခင်ရဲ့အသံတော်ကို ကြားရမယ်၊ အနန္တတန်ခိုးရှင်ဘုရားကို ဖူးကြရမယ် ဘုရားသခင်ရဲ့တရားစီရင်မှုနဲ့ အပြစ်ပေးဆုံးမမှုတွေကို ခံကြရမှသာ ဗျာဒိတ်ကျမ်းမှာပါတဲ့ ဟောကိန်းတွေ ပြည့်ဝနိုင်လိမ့်မယ် “သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း။(ဗျာဒိတ်ကျမ်း ၁၉:၉) ဒါပေမဲ့ ရှင်ပေါလုရဲ့ဟောကိန်းကတော့ လုံးဝမပြည့်ဝပါဘူး ပြီးတော့ ရှင်ပေါလုက တမန်တော်လည်း မဟုတ်ခဲ့ဘူး။ သူ့ဟောကိန်းကလည်း လူတစ်ယောက်ရဲ့စိတ်ကူးစိတ်သန်းတွေအရ ထွက်လာတာဖြစ်နိုင်တယ် ရှင်ပေါလုရဲ့အဆိုအမိန့်တွေ အမှန်တကယ်ဖြစ်မလာပေမယ့်၊ သခင်ယေရှုရဲ့ဟောကိန်းတွေကတော့ ပြည့်ဝလာနေပါတယ် သူတို့နှစ်ယောက်ကြား ကွာခြားမှုက တော်တော်ကြီးပါတယ် လူသားရဲ့အဆိုအမိန့်နဲ့ ဘုရားသခင်ရဲ့အဆိုအမိန့် ကွာခြားတယ်ဆိုတာ ဒါပါပဲ ဒါကြောင့် ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ရဖို့အတွက် ရှင်ပေါလုရဲ့အဆိုအမိန့်ဟာ ကျွန်တော်တို့အတွက် အခြေခံအကြောင်းရင်း မဖြစ်နိုင်ပါဘူး ကျွန်တော် စိုးရိမ်မိတာရှိသေးတယ်။ လူတွေက ရှင်ပေါလုရဲ့အဆိုအမိန့်ကို လိုက်နာပြီး.. သခင် ပြန်ပြီးကြွလာတဲ့အခါ၊ သူတို့ကို အသွင်ပြောင်းလဲပေးဖို့ ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်သွားဖို့ဆိုတာတွေကို စောင့်နေမယ်ဆိုရင်တော့ သခင့်ရဲ့ပစ်ပယ်ခြင်းကို ခံကြရမယ့်၊ အမိုက်သားတွေပဲ ဖြစ်သွားကြလိမ့်မယ်။

ဒီသဘောကို ကျွန်တော်တို့အားလုံး မြင်နိုင်ကြမှာပါ သမ္မာကျမ်းထဲက ဟောကိန်းတွေ အမှန်တကယ်ဖြစ်လာမယ်ဆိုရင်၊ သခင့်ကိုယုံကြည်သူအများစုက နားလည်သဘောပေါက်ကြမှာပါ ဒါပေမဲ့ ရှင်ပေါလုရဲ့အဆိုအမိန့်တွေ ဘယ်လိုများ အမှန်တကယ်ဖြစ်လာမလဲဆိုတာကိုတော့ ကျွန်တော်တို့ နားမလည်နိုင်ကြဘူး ရှင်ပေါလုရဲ့အဆိုအမိန့်က ဘုရားသခင်ရဲ့အားကြောင့် ဖြစ်တာမဟုတ်ဘူးလို့ပြောရင် လုံလောက်ပါတယ်။ ဘုရားသခင်ရဲ့မိန့်ကြားချက်အဖြစ် လုံးဝသတ်မှတ်လို့မရဘူး သခင်ယေရှုရဲ့မိန့်ဆိုချက်တိုင်းက အမှန်တကယ်ဖြစ်လာနေတယ်ဆိုတာလည်း ကျွန်တော်တို့အားလုံး မြင်နိုင်ကြပါတယ် တကယ်လည်း မဟုတ်လို့လား အနန္တတန်ခိုးရှင်ဘုရားဟာ နောက်ဆုံးသောကာလမှာ ကြွရောက်လာပြီး၊ သမ္မာတရားအများအပြားကိုလည်း ဟောကြားခဲ့တယ် ဒါကို ဇာတိတွင် ပေါ်ထွက်လာသော စကား ဆိုတဲ့ ဟောဒီစာအုပ်ထဲမှာ မှတ်တမ်းတင်ထားပါတယ် ဇာတိတွင် ပေါ်ထွက်လာသောနှုတ်ကပတ်တော် စာအုပ်ကို ထုတ်ဝေထားပါတယ် အနန္တတန်ခိုးရှင်ဘုရားရဲ့မိန့်ကြားချက်တွေကို ဖတ်ရှုပြီးမှသာ ဂိုဏ်းခွဲ အသင်းခွဲအမျိုးမျိုးဟာ အနန္တတန်ခိုးရှင်ဘုရားရဲ့မိန့်ဆိုချက်ကို သိနားလည်ကြမယ် ဘုရားသခင်ရဲ့အသံတော်ကို ကြားနာနိုင်လိမ့်မယ်။ ဒါမှသာ အနန္တတန်ခိုးရှင်ဘုရားကို သူတို့အားလုံး ကိုးကွယ်လာကြမှာ အဲဒီလိုလူတွေဟာ ကပ်ဘေးကြီး မလာခင်မှာ ဘုရားသခင်ရဲ့ပလ္လင်တော်ရှေ့ ပို့ဆောင်ခံရမယ့် ဉာဏ်ပညာနဲ့ပြည့်စုံတဲ့ ကညာပျိုတွေပါပဲ သူတို့အားလုံးက သိုးသူငယ်ရဲ့မင်္ဂလာဆောင်ညစာစားပွဲကိုလည်း တက်ရောက်ကြရလိမ့်မယ် ဒါတွေဟာ သခင်ယေရှုရဲ့ဟောကိန်းတွေကို မှန်ကန်ကြောင်း ထောက်ခံနေတာပါပဲ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃)သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) သခင်ယေရှုရဲ့ဟောကိန်းတွေက အမှန်တကယ်ဖြစ်နေပြီဆိုတာကို ခင်ဗျားတို့ မြင်ကြလား သခင် မိန့်ဆိုခဲ့တာတွေအားလုံး၊ တမန်တော်တွေကတစ်ဆင့် သိစေခဲ့တဲ့ ဘုရားသခင်ရဲ့မိန့်ကြားချက်တွေအားလုံးဟာ ခြွင်းချက်မရှိ အမှန်တကယ်ဖြစ်လာမှာပါ။ လွဲမှားတာတွေ ရှိလာမှာမဟုတ်ဘူး သခင်ယေရှု မိန့်ခဲ့သလိုပါပဲ.. “ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း ငါ့စကားတည်လိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၂၄:၃၅) ဒါဆိုရင် ရှင်ပေါလုရဲ့အဆိုအမိန့်တွေကို ကြည့်ရအောင်။ သူ မိန့်ဆိုခဲ့တာတွေထဲမှာ ဘယ်ဟာတွေ အမှန်တကယ်ဖြစ်လာပြီလဲ ရှင်ပေါလု မိန့်ဆိုခဲ့တာတွေဟာ ဘုရားသခင်ရဲ့လွှမ်းမိုးမှုကြောင့်ပဲလား၊ ဘုရားသခင်ရဲ့တကယ့်မိန့်ကြားချက်လားဆိုတာ အခု အားလုံး ရှင်းရှင်းလင်းလင်းဖြစ်မသွားကြဘူးလား ကျွန်တော်တို့တွေက သခင့်အသံတော်ကို ရှာဖွေပြီး၊ ဘုရားသခင်ကို ခြေရာခံမယ့်အစား၊ ရှင်ပေါလုရဲ့အဆိုအမိန့်ကို လိုက်နာပြီး.. သခင် ပြန်လည်ကြွလာမယ့်အချိန်ကို စွဲစွဲလမ်းလမ်းနဲ့ စောင့်မျှော်နေကြမယ်ဆိုရင် ကျွန်တော်တို့က ပညာဉာဏ်နည်းတဲ့ ကညာပျိုတွေ ဖြစ်မသွားကြဘူးလား အဲဒီလိုလူတွေကပဲ သခင့်ကို ဖူးခွင့်ရပြီး၊ ဘုရားသခင်ရှေ့တော်မှောက် ဝင်ခွင့်ရနိုင်မှာလား။

ပြောင်းလဲခြင်းအခါသမယ ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း- သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇) မှာပြောခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအမှုတော်ကို ခင်ဗျားက သက်သေခံတာကြားခဲ့ရတဲ့နေ့ကျမှ ကိုယ်တော်ရှင်ဟာ သူ့သိုးတွေကို ခေါ်ယူဖို့အတွက် နှုတ်ကပတ်တော်တွေကိုမိန့်ဆိုဖို့ ပြန်ကြွလာမှန်း ကျွန်တော် သဘောပေါက်ခဲ့တာပါ။ ကိုယ်တော်ရှင်ကြွလာတာကို ကျွန်တော်တို့စောင့်မျှော်ရာမှာ အဓိကသော့ချက်က ဘုရားရဲ့အသံတော်ကို ကြားဖို့ အားထုတ်ရှာဖွေတာပဲ။ အခုတော့ ကျွန်တော်တို့ရဲ့အကြီးမားဆုံးအခက်အခဲက ကိုယ်တော်ရှင်ရဲ့အသံတော်ကို ဘယ်လိုနားထောင်သင့်လဲဆိုတာမသိတာပဲ။ ဘုရားရဲ့အသံတော်နဲ့ လူသားတွေရဲ့အသံကိုလည်း ကျွန်တော်တို့ခွဲခြားပြီး မသိနိုင်ဘူး။ ကိုယ်တော်ရှင်ရဲ့အသံတော်ကို ဘယ်လို သေချာသိနိုင်မလဲဆိုတာ နောက်ဆုံးတစ်ခေါက်အဖြစ် ကျွန်တော်တို့နဲ့အတူ တရားဆွေးနွေးပေးပါ။

နောက်တစ်ခုသို့- မေးခွန်း (၂) တို့တွေဟာ နှစ်ပေါင်းများစွာ ကိုယ်တော့်ကိုယုံကြည်ခဲ့ကြပြီး တဦးတယောက်စီတိုင်းဟာ အချင်းချင်းနှိမ့်ချခြင်း၊ သနားသည်းခံခြင်း၊ ချစ်ခြင်းတွေနဲ့နေထိုင်ခဲ့ကြတယ် ရှင်ပေါလုရဲ့စံနမူနာအတိုင်း ဘုရားအတွက် ပေးဆပ်အမှုတော်ဆောင်ခဲ့ကြတယ် ရှင်ပေါလုဟာ ကိုယ်တော့်ရဲ့လမ်းစဉ်အတိုင်း လိုက်ခဲ့လို့ ချီဆောင်ခြင်းကာလမှာ သူဟာ ကောင်းကင်နိုင်ငံတော်ကိုဝင်ခွင့်ရလိမ့်မယ်။ ရှင်ပေါလုက ခုလိုပြောခဲ့တယ် “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) တဲ့။ မင်းတို့သက်သေခံသလို တို့ဟာ ကိုယ်တော့်ကိုယုံကြည်တဲ့အခါ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ စီရင်ခြင်းအမှုတော်မှာ ပါဝင်ခွင့်ရလိမ့်မယ်။ စင်ကြယ်ခြင်းကို ရတဲ့အချိန်ကျရင် ကောင်းကင်နိုင်ငံကို ဝင်ခွင့်ရလိမ့်မယ်။ မေးစရာကျန်သေးတယ်၊ တို့တွေဟာ နှစ်ပေါင်းများစွာ ကိုယ်တော့်ကိုယုံကြည်ပြီး ကိုယ်တော့်အတွက် ပေးဆပ်အမှုတော်ဆောင်ခဲ့ပေမဲ့ နောက်ဆုံးသောကာလရဲ့အနန္တတန်ခိုးရှင်ဘုရားသခင်ကိုလက်မခံရင် ငါတို့ ကောင်းကင်ကိုဝင်ခွင့်ရှိနိုင်မလား။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။