မေးခွန်း (၂) တို့တွေဟာ နှစ်ပေါင်းများစွာ ကိုယ်တော့်ကိုယုံကြည်ခဲ့ကြပြီး တဦးတယောက်စီတိုင်းဟာ အချင်းချင်းနှိမ့်ချခြင်း၊ သနားသည်းခံခြင်း၊ ချစ်ခြင်းတွေနဲ့နေထိုင်ခဲ့ကြတယ် ရှင်ပေါလုရဲ့စံနမူနာအတိုင်း ဘုရားအတွက် ပေးဆပ်အမှုတော်ဆောင်ခဲ့ကြတယ် ရှင်ပေါလုဟာ ကိုယ်တော့်ရဲ့လမ်းစဉ်အတိုင်း လိုက်ခဲ့လို့ ချီဆောင်ခြင်းကာလမှာ သူဟာ ကောင်းကင်နိုင်ငံတော်ကိုဝင်ခွင့်ရလိမ့်မယ်။ ရှင်ပေါလုက ခုလိုပြောခဲ့တယ် “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) တဲ့။ မင်းတို့သက်သေခံသလို တို့ဟာ ကိုယ်တော့်ကိုယုံကြည်တဲ့အခါ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ စီရင်ခြင်းအမှုတော်မှာ ပါဝင်ခွင့်ရလိမ့်မယ်။ စင်ကြယ်ခြင်းကို ရတဲ့အချိန်ကျရင် ကောင်းကင်နိုင်ငံကို ဝင်ခွင့်ရလိမ့်မယ်။ မေးစရာကျန်သေးတယ်၊ တို့တွေဟာ နှစ်ပေါင်းများစွာ ကိုယ်တော့်ကိုယုံကြည်ပြီး ကိုယ်တော့်အတွက် ပေးဆပ်အမှုတော်ဆောင်ခဲ့ပေမဲ့ နောက်ဆုံးသောကာလရဲ့အနန္တတန်ခိုးရှင်ဘုရားသခင်ကိုလက်မခံရင် ငါတို့ ကောင်းကင်ကိုဝင်ခွင့်ရှိနိုင်မလား။

အဖြေ- သခင်၏ ယုံကြည်သူ အများစုက အရာရာတိုင်းကို စွန့်လွှတ်ပြီး သခင့်အတွက် ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် ပေါလုကို အတုယူခြင်းသည် သခင့်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့် သခင် ပြန်ကြွ လာသည့်အခါ ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရမည့် အရည်အချင်းရှိခြင်းနှင့် သဘောညီမျှသည်ဟု ထင်ကြသည်။ ဤအမြင်သည် သခင့်၌ ယုံကြည်သူအများစု၏ ယူဆချက် ဖြစ်လာခဲ့သည်။ သို့သော် ဤအမြင်သည် သခင့် နှုတ်ကပတ်တော်များအပေါ် အခြေပြုထားပါသလား။ ဤကျွန်ုပ်တို့၏ ရှာဖွေလိုက်စားခြင်းသည် သခင့်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီပါသလား။ ပေါလု၏ ကြိုးစားလုပ်ဆောင်မှုကို အတုယူခြင်းဖြင့် သခင့်၏ လမ်းခရီးကို ကျွန်ုပ်တို့ အမှန်တကယ် လိုက်လျှောက်ခြင်း ဖြစ်ပါသလား။ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရန် ကျွန်ုပ်တို့ အမှန်တကယ် အရည်အချင်း ပြည့်မှီပါသလား။ သခင်ယေရှု ပြောခဲ့သည်မှာ- “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁-၂၃) ဟု ပြောခဲ့ပါသည်။ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သော သူသာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရလိမ့်မည်ကို သခင်ယေရှုက အလွန် ရှင်းလင်းစွာ ပြောဆိုခဲ့ပါသည်။ သခင့်အတွက် အရာရာကို စွန့်လွှတ်ပြီး ကြိုးစားလုပ်ဆောင်သော သူများသည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ရလိမ့်မည်ဟု သခင်ယေရှု မပြောခဲ့ပါ။ ဆန့်ကျင်ဘက်အနေဖြင့်၊ ပရောဖက်ပြုသူများ၊ သခင့်နာမအားဖြင့် နတ်ဆိုးနှင်ထုတ်သူများ နှင့် အံ့ဖွယ်အမှုများစွာ ပြုသောသူများဖြစ်သည့် စေ့စေ့စပ်စပ်နှင့် ကြိုးစားပမ်းစား လုပ်ဆောင်သူများစွာသည် သခင့်အားဖြင့် ချီးမွမ်းခြင်းမခံရရုံသာမက၊ သခင့်အားဖြင့် ဆိုးညစ်သောသူများ အဖြစ် အဆုံးအဖြတ်ပေးခံခဲ့ရသည်။ “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) ဟူသည့် ပေါလု၏ စကားများသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များနှင့် ဆန့်ကျင်သည်ကို တွေ့နိုင်ပါသည်။ ၎င်းတို့သည် သခင့်ရည်ရွယ်ချက်နှင့် အခြေခံအားဖြင့် ကိုက်ညီမှုမရှိပေ။ ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင် ခံရခြင်းနှင့် ပတ်သက်၍၊ သေချာသည့် နည်းလမ်းတစ်ခုသာ ရှိသည်။ ယင်းမှာ၊ “သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။(ရှင်မဿဲခရစ်ဝင် ၂၅:၆)ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။(ဗျာဒိတ်ကျမ်း ၃:၂၀) ဟု သခင်ယေရှု ရှင်းရှင်းလင်းလင်း ပြောထားသည့်အရာ ဖြစ်သည်။ သခင်နှင့်အတူ စားသောက် ရလိမ့်မည့်အကြောင်း ပြောထားသည့်အရာမှာ နောက်ဆုံးသော ကာလ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို လက်ခံခြင်းကို ရည်ညွှန်းပါသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခြင်းအားဖြင့်၊ သမ္မာတရားအားလုံးကို လူက နားလည်လိမ့်မည်။ သန့်စင်ခြင်းကို ရရှိပြီး စုံလင်ခံရလိမ့်မည်ဖြစ်သည်။ ဤသည်မှာ စားပွဲတော်ကို တက်ရောက်ခြင်း၏ ရလဒ်များ ဖြစ်ကြသည်။ ထို့ကြောင့် နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံပြီး သန့်စင်ခြင်းကို ရရှိသောသူတို့သာ ကောင်းကင်နိုင်ငံတော်ထဲသို့ အမှန်တကယ် ဝင်ရောက်ရလိမ့်မည်ကို ကျွန်ုပ်တို့ သေချာနိုင် ပေသည်။

သခင့်ကို ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်၌ ယုံကြည်ခြင်း ရှိကြသည်။ သခင်ယေရှု ခရစ်တော်သည်သာ သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်နည်းနှင့် ပတ်သက်၍၊ ယင်းကို သခင်ယေရှု၏ နှုတ်ကပတ်တော်များအပေါ် နောက်ဆုံးအနေဖြင့် အခြေခံသင့်ပေသည်။ ပေါလုသည့် ဧဝံဂေလိတရားကို ဟောကြားနေသည့် တမန်တော်တစ်ဦးသာ ဖြစ်ခဲ့ပါသည်။ သူ၏ စကားသည် သခင့်ကို ကိုယ်စားမပြုနိုင်သကဲ့သို့၊ သူ၏ လမ်းကြောင်းမှာ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ သေချာပေါက် နည်းလမ်း မဟုတ်ခဲ့ပါ။ ပေါလု၏ လမ်းကြောင်းက မှန်သည်ဟု သခင်ယေရှု သက်သေမခံခဲ့သလို၊ ပေါလု၏ ပုံဥပမာ နောက်လိုက်ရန် ကျွန်ုပ်တို့ကို သူ မပြောခဲ့သောကြောင့် အကယ်၍ ကောင်းကင်နိုင်ငံတော်သို့ ကျွန်ုပ်တို့၏ လမ်းခရီးကို ပေါလု၏ စကားများပေါ် အခြေခံပြီး ကျွန်ုပ်တို့ ရွေးချယ်လျှင်၊ သွေဖည်သွားဖို့ လွယ်ကူပါသည်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။” ဟူသော ကျွန်ုပ်တို့ ဖတ်လိုက်သည့် သခင်ယေရှု၏ နှုတ်ကပတ်တော် ကျမ်းပိုဒ်သည် အလွန်အရေးကြီးသည်။ သခင့်နှုတ်ကပတ်တော်ထဲ၌ ကျွန်ုပ်တို့ ယုံကြည်ရမည်ဟု ဤစာကြောင်းက ကျွန်ုပ်တို့ကို ပြောပါသည်။ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းသည်သာ ကောင်းကင် နိုင်ငံတော်ထဲသို့ ဝင်ရောက်ရာ လမ်းဖြစ်ပါသည်။ နောက်ဆုံးသော ကာလတွင်၊ သခင်ယေရှု ပြန်ကြွလာပြီဖြစ်ပြီး ဘုရားအိမ်တော်မှ အစပြုသော တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်ပါသည်။ ဘုရားသခင်၏ အသံတော်ကို ကျွန်ုပ်တို့ ကြားပြီး၊ နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော်ကို လက်ခံကာ စုံလင်ခံရစေဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှ သန့်စင်ပေးခြင်းကို ရရှိလျှင်၊ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို နာခံသောသူတို့က မိမိတို့ကိုယ်ကိုယ် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ အရည်အချင်းပြည့်မှီ စေကြသည့်ပုံစံ ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပါ။ တရားဟောခြင်း၊ နတ်ဆိုးများ နှင်ထုတ်ခြင်းနှင့် သခင့်နာမ၌ နိမိတ်လက္ခဏာများကို ဆောင်ရွက်ခြင်းတို့အပေါ်သာ အာရုံစိုက်သူတို့မှာမူ၊ သခင့် နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် အာရုံစိုက်မှုမရှိခြင်းအားဖြင့် သခင့်ကို သူတို့ သိနိုင်ပါသလား။ သူတို့သည် ဘုရားသခင်၏ အလိုတော်ကိုလုပ်ဆောင်သောသူများဖြစ်ပါသလား။ သခင်ယေရှု ပြောခဲ့သည်မှာ- “သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြ(ရှင်မဿဲခရစ်ဝင် ၇:၂၃) ဟု အဘယ်ကြောင့် ဆိုခဲ့ပါသနည်း။ ဤကျမ်းစာပိုဒ်သည် အလွန် အရေးကြီးပါသည်။ ယင်းက စဉ်းစားမိအောင် စေ့ဆော်ပေးသည်။ ယခင်တုန်းက၊ ဂျူးဘာသာ၏ ဖာရိရှဲတို့သည် ကုန်းနှင့် ပင်လယ်တစ်လျှောက် ခရီးသွားခဲ့ကြသည်ကို ကျွန်ုပ်တို့ အားလုံးသိကြပါသည်။ သူတို့သည် များစွာဒုက္ခဆင်းရဲ ခံစားခဲ့ကြပြီး အဖိုးအခများစွာ ပေးဆပ်ခဲ့ကြသည်။ သိသိသာသာပင်၊ သူတို့သည် ဘုရားသခင်ကို သစ္စာရှိပုံပေါ်ခဲ့ကြသည်။ အမှန်တွင်၊ သူတို့သည် ဘာသာရေး ထုံးတမ်းဓလေ့များနှင့် စည်းမျဉ်းများအပေါ်သာ အာရုံစိုက်ခဲ့ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် သူတို့ အာရုံမစိုက်ခဲ့ကြပါ။ ဘုရားသခင်၏ ပညတ်ချက်များကို သူတို့ လိုက်လျှောက်ဖို့ ကျရှုံးခဲ့ကြသလို စွန့်ပင်စွန့်ပစ်ခဲ့ကြသည်။ သူတို့ လုပ်ဆောင် ခဲ့သည့်အရာနှင့် သူတို့ ပြုမူခဲ့ပုံတို့သည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လုံးဝ ဆန့်ကျင်ခဲ့ပြီး ဘုရားသခင်၏ နည်းလမ်းမှ သွေဖည်ခဲ့သည်။ ထို့ကြောင့် သခင်ယေရှုက၊ “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၅) ဟု သူတို့ကို ရှုတ်ချပြီး ကျိန်ဆဲခဲ့သည်။ သိသာစွာပင်၊ “တစ်စုံတစ်ဦးသည် သခင့်အတွက် ကြိုးစား လုပ်ဆောင်သရွေ့၊ သခင်ကြွရောက်သည့်အခါ ကောင်းကင် နိုင်ငံတော် ထဲသို့ သူ ခေါ်ဆောင်ခံရလိမ့်မည်” ဟူသည့် အတွေးအခေါ်သည် သခင့်နှုတ်ကပတ်တော်များနှင့် လုံးဝ ကိုက်ညီမှုမရှိသည့် လူသား၏ အယူအဆနှင့် စိတ်ကူး စစ်စစ်ဖြစ်သည်။ ကယ်တင်ခြင်းနှင့် ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းအတွက် ကျွန်ုပ်တို့၏ ရှာဖွေလိုက်စားခြင်းသည် မှန်ပါ၏။ သို့သော် ယင်းသည် သခင်ယေရှု၏ နှုတ်ကပတ်တော်များအပေါ် နောက်ဆုံးအနေဖြင့် အခြေခံရပါမည်။ သခင့်နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ လျစ်လျူရှုပြီး ပေါလု၏ စကားများအပေါ် ယင်းကို အခြေခံကာ ပေါလု၏ လက်တွေ့လုပ်ဆောင်မှုကို ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင် အဖြစ် ခံယူကြလျှင်၊ သခင့်၏ လက်ခံမှုကို ရရှိဖို့ ကျွန်ုပ်တို့ မည်သို့ မျှော်လင့်နိုင်မည်နည်း။ သခင့်၏ ယုံကြည်သူများဖြစ်သည့် ကျွန်ုပ်တို့အားလုံးသည် ဤကျမ်းချက်နှစ်ချက်ကို နားလည်လျှင်၊ ကောင်းကင်နိုင်ငံတော်သို့သွားသည့်လမ်းက မည်သည့်အရာ ဖြစ်သည်ကို အတိအကျ သိကြပါလိမ့်မည်။

အမှန်တွင်၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို လက်ခံခြင်းမပြုမီ၊ ကျွန်ုပ်တို့၏ သခင့်ကို ယုံကြည်ခြင်းတွင် ထိုသို့သော အယူအဆများနှင့် စိတ်ကူးများ ကျွန်ုပ်တို့အားလုံး၌ ရှိခဲ့ကြပါသည်။ သခင့်နာမကို ကျွန်ုပ်တို့ ထိန်းသိမ်းသရွေ့၊ အရာအားလုံးကို စွန့်လွှတ်ပြီး အားထုတ်ကြိုးပမ်းကာ သခင့်နာမ၌ ဟောပြောကြသရွေ့၊ သခင့် နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်နေခြင်း၊ သူ၏ လမ်းခရီးကို လိုက်လျှောက်နေခြင်းဖြစ်သည်ဟု ယူဆခဲ့ကြသည်။ သခင် ကြွရောက်သည့်အခါ ကောင်းကင် နိုင်ငံတော်ထဲသို့ ကျွန်ုပ်တို့ ခေါ်ဆောင်ခံရလိမ့်မည်ဟု ကျွန်ုပ်တို့ သေချာခဲ့ကြသည်။ နောက်ပိုင်းတွင်၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး သည့်နောက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် တွေ့ခဲ့ရသည်- “အလုပ်နှင့်ပတ်သက်၍ လူသားသည် အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်း၊ နေရာတိုင်း၌ တရားဟောခြင်းနှင့် သူ့အတွက် သုံးစွဲခြင်းဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယုံကြည်ခြင်းသည် မှန်သော်လည်း တစ်ဖက်သတ် ဆန်လွန်းလှသည်။ ဘုရားသခင်က လူကို တောင်းဆိုသည့်အရာမှာ သူ့အတွက် ဟိုပြေးသည်ပြေးလုပ်ရန်သာ မဟုတ်ပေ၊ ထိုထက် ကျော်လွန်၍ ဤအမှုသည် ဝိညာဉ်တော်အတွင်း၌ အမှုတော်ဆောင်ဖို့နှင့် ထောက်ပံ့မှုတို့နှင့်ပါ သက်ဆိုင်သည်။...အလုပ်ဆိုသည်မှာ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးခြင်းကို မရည်ညွှန်းဘဲ၊ လူသား၏အသက်တာနှင့် လူသား၏ အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် ပျော်ရွှင်မှုပေးနိုင်ခြင်း ရှိမရှိကို ရည်ညွှန်းသည်။ အလုပ်ဆိုသည်မှာ လူသားတို့က ဘုရားသခင် အပေါ်၌ထားသော သူတို့၏ ဆက်ကပ်ခြင်းနှင့် သူတို့၌ ရှိသည့် အသိပညာကို ဘုရားသခင်အကြောင်း သက်သေခံရန်နှင့် လူသားအပေါ် အမှုတော်ဆောင်ရန်အတွက်လည်း အသုံးပြုခြင်းကို ရည်ညွှန်းသည်။ ထိုအရာသည် လူသား၏တာဝန် နှင့် လူသားများအားလုံး နားလည်သဘောပေါက်သင့်သည့် အရာဖြစ်သည်။ သင်တို့၏ ဝင်ရောက်မှုသည် သင်တို့၏ အလုပ်ဖြစ်ပြီး၊ ဘုရားသခင်အတွက် အလုပ်လုပ်နေစဉ်တွင် သင်တို့သည် ဝင်ရောက်ဖို့ ကြိုးစားနေသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်၏အလုပ်အား တွေ့ကြုံခြင်းဆိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မှီဝဲသုံးဆောင်ပုံကို သိခြင်းသာ မဟုတ်ပေ၊ သာ၍ အရေးကြီးသည်မှာ သင်တို့သည် ဘုရားသခင်၏အကြောင်း သက်သေခံပုံကို သိရမည်ဖြစ်ပြီး ဘုရားသခင်ကို အစေခံနိုင်ရမည်ဖြစ်ကာ၊ လူသားအပေါ် အမှုတော်ဆောင်ကာ လူသားကို ထောက်ပံ့ပေး နိုင်ရမည်။ ယင်းသည် အလုပ်ဖြစ်သည်၊ သင်တို့၏ ဝင်ရောက်မှုလည်း ဖြစ်သည်၊ ဤသည်ကား လူတိုင်း ပြီးမြောက်အောင် လုပ်သင့်သည့်အရာ ဖြစ်သည်။ ဘုရားသခင်အတွက် ဟိုဟိုသည်သည် ပြေးလွှားပြီး နေရာအားလုံး၌ တရားဟောခြင်းတို့ကိုသာ အာရုံစိုက်ပြီး ၎င်းတို့၏ ကိုယ်ပိုင် အတွေ့အကြုံကို သတိမထားမိသူများ၊ ၎င်းတို့၏ ဝိညာဉ်အသက်တာသို့ ဝင်ရောက်ခြင်းကို လျစ်လျူရှုထားသောသူ များစွာ ရှိသည်။ ယင်းသည် ဘုရားသခင်ကို အစေခံသူများအား ဘုရားသခင်ကို ခုခံသူများ ဖြစ်လာစေသည့် အကြောင်းအရင်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၂)) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ကျွန်ုပ်တို့၏ အလုပ်တွင် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ဒုက္ခခံစားဖို့၊ ဟိုဟိုသည်သည် ပြေးလွှားပြီး သူ့အတွက် အသုံးတော်ခံဖို့မျှထက် ပိုသည်ကို ကျွန်ုပ် နားလည်ခဲ့ရသည်။ အရေးကြီးဆုံးသော အရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်နိုင်ပြီး တွေ့ကြုံနိုင်ခြင်း ဖြစ်ကာ၊ ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ကျွန်ုပ်တို့၏ ညီအစ်ကို မောင်နှမများကို ဦးဆောင်ဖို့ ကျွန်ုပ်တို့၏ အလုပ်နှင့် တရားဟောခြင်းတွင် ဘုရားနှုတ်ကပတ်တော်များနှင့်ဆိုင်သော ကျွန်ုပ်တို့၏ တကယ့်အတွေ့အကြုံများအကြောင်းကို ပြောဆိုနိုင်ခြင်း ဖြစ်သည်။ ဤသို့သော အလုပ်မျိုးသည်သာ ဘုရားသခင်ကို စိတ်ကျေနပ်စေနိုင်သည်။ ပြန်လည် ရှုမျှော်ကြည့်သောအခါတွင်၊ သခင့်ကို ကျွန်ုပ် ယုံကြည်ခဲ့သည့် နှစ်ပေါင်းများစွာတွင်၊ သခင့်နာမဖြင့် မိုးထဲနှင့် မုန်တိုင်းထဲတွင် အလုပ်လုပ်ပြီး တရားဟောဖို့ နေရာမျိုးစုံကို ကျွန်တော် ခရီးထွက်ခဲ့ပြီး အနည်းငယ် ဒုက္ခခံစား၍ အဖိုးအခအချို့ကို ပေးခဲ့သော်လည်း၊ သခင့် နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့ကို ကျွန်ုပ် အာရုံမစိုက်ခဲ့ပါ။ သခင့်နှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်ခြင်းအကြောင်း အတွေ့အကြုံနှင့်ဆိုင်သည့် ကျွန်ုပ်၏ သက်သေခံချက်များကို ကျွန်ုပ် မပြောနိုင်ခဲ့ပါ။ ကျွန်ုပ်သည် သမ္မာကျမ်းစာ၏ အနှစ်မဲ့သော ကျမ်းဟောင်းတရားများနှင့် အယူဝါဒအချို့ကိုသာ ပြောဆိုနိုင်ခဲ့ပြီး ဘာသာရေး ထုံးတမ်းဓလေ့များနှင့် စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း ဖြင့် ညီအစ်ကို မောင်နှမများကို သွန်သင်နိုင်ခဲ့သည်။ ဤအရာက ဘုရားနှုတ်ကပတ်တော်၏ စစ်မှန်မှုထဲသို့ ညီအစ်ကို မောင်နှမများကို မည်သို့ ဦးဆောင်နိုင်မည်နည်း။ ထို့အပြင်၊ ကျွန်ုပ် အမှုတော်လုပ်ဆောင်ပြီး တရားဟောနေသည့်အချိန်တွင်၊ ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို ကြည်ညိုကြစေဖို့ ကျွန်ုပ် မိမိကိုယ်ကိုယ် အမြဲကြွားဝါခဲ့သည်။ အလုပ်တွင် သခင့်၏ သတ်မှတ်ချက်များကို ကျွန်ုပ် အမြဲသစ္စာဖျက်ပြီး ကျွန်ုပ်၏ ကိုယ်ပိုင်လိုအင်ဆန္ဒနောက် လိုက်ခဲ့သည်။ သခင့်အတွက် ကျွန်ုပ် အနည်းငယ်မျှ အသုံးတော်ခံပြီး ဒုက္ခခံစားခြင်းကြောင့် သက်သက်ဖြင့် ကျွန်ုပ်သည် ကိုယ်တော့်ကို အချစ်ဆုံးသော သူတစ်ဦးဖြစ်ပြီး ကိုယ်တော့်ကို သစ္စာအရှိဆုံးသော သူတစ်ဦးဖြစ်သည်ဟု ယူဆမိခဲ့သည်။ ဘုရားသခင်ထံမှ ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများကို တောင်းဆိုဖို့ ကျွန်ုပ် အတော် အရှက်ကင်းမဲ့ခဲ့သည်။ ကျွန်ုပ် အလွန် ထောင်လွှားခဲ့သည်မှာ အားနည်းပြီး အပျက်သဘောဆောင်သော ညီအစ်ကို မောင်နှမများကို ကျွန်ုပ် အထင်ပင် သေးခဲ့သည်အထိ ဖြစ်သည်။ သခင့်အတွက် စိတ်အားထက်သန်မှုဖြင့် အလုပ်လုပ်ခြင်း ကိုသာ ကျွန်ုပ်အာရုံစိုက်ခဲ့သော်လည်း၊ သခင့်၏ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံဖို့ ကျွန်ုပ် လျစ်လျူရှုခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ နှစ်များစွာ သခင့်နောက်ကို လိုက်ခဲ့ပြီး ဖြစ်သော်လည်း အသက်တာ စိတ်သဘောထားတွင် ပြောင်းလဲမှုများတစ်ခုတစ်လေ လုပ်ဆောင်ခြင်းကို မပြောနှင့်၊ သခင့်အကြောင်း ဘာမျှ ကျွန်ုပ် မသိခဲ့သလို ဘုရားသခင်အတွက် ကြည်ညိုမှုတစ်ခုတစ်လေမျှ မရှိခဲ့ပါ။ နှစ်များစွာကြာ သခင့်ကို ကျွန်ုပ် ယုံကြည်ခဲ့ပြီး သူ့အတွက် များစွာ အသုံးတော်ခံကာ ဒုက္ခခံစားခဲ့သောကြောင့်၊ ကျွန်ုပ်သည် တိုး၍ မာနထောင်လွှားခဲ့ပြီး လူတိုင်းကို မခန့်မညားဖြစ်ခဲ့သည်။ ကျွန်ုပ်သည် အခွင့်အရေးရတိုင်း စာတန်၏ စိတ်သဘောထားကို ထုတ်ဖော်ပြရင်း၊ အမြဲ အလိမ်အညာများပြောကာ အခြားသူများကို လှည့်ဖြားနေမိခဲ့သည်။ ကျွန်ုပ် လုပ်ဆောင်နေသည့် အလုပ် ခက်ခဲသလောက်၊ သခင့်၏ နှုတ်ကပတ်တော်ကို လက်တွေ့ လုပ်ဆောင်ခြင်းနှင့် သခင့်ကို နာခံခြင်း လုံးဝ ကင်းမဲ့ခဲ့သည်။ ဤအရာက ဘုရားသခင်ကို သိနားလည်ခြင်း တစ်ခုတစ်လေ မည်သို့ ရရှိနိုင်မည်နည်း။ သမ္မာတရား၏ စစ်မှန်မှုနှင့် ဘုရားသခင်ကို သိနားလည်ခြင်း နှစ်ခုလုံးမရှိသည့် ကျွန်ုပ်ကဲ့သို့သော တစ်စုံတစ်ဦးအတွက်၊ ကျွန်ုပ် လုပ်သမျှတိုင်းသည် သခင့်ကို အရှက်ရစေပြီး အာခံနေခဲ့သည် မဟုတ်ပါလား။ ကျွန်ုပ်သည် အဘယ်သို့ သခင့်ကို ချီးမြောက်ပြီး သူ့အတွက် သက်သေခံနိုင်မည်နည်း။ သခင်ယေရှု ပြောခဲ့သည်မှာ- “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) ဟု ပြောသည့်အတိုင်း ဖြစ်သည်။ သခင်ယေရှုအားဖြင့် ရှုတ်ချခံရသည့် မကောင်းမှုပြုသူအားလုံးသည် အပြင်ပန်းအရ သခင့်အတွက် အသုံးတော်ခံခဲ့ကြသည် မဟုတ်ပါလား။ မည်သည့် ပညတ်တရားမျှ သူတို့ မချိုးဖောက်ခဲ့ကြသလို၊ မည်သည့်အပြစ်ကိုမျှ သူတို့ မကျူးလွန်ခဲ့ကြပါ။ သူတို့ကို မကောင်းမှုပြုသူတို့ဟု အဘယ်ကြောင့် သခင်ယေရှုက ခေါ်ခဲ့ပါသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ကြိုးစားလုပ်ဆောင်မှုအားလုံးသည် ကောင်းချီးမင်္ဂလာများကို ရရှိခြင်းအတွက် ရည်ရွယ်ခဲ့သောကြောင့် ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို အမှန်တကယ် မနာခံခဲ့ကြပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံပြီးသည့်နောက်မှသာ သခင်ယေရှု၏ နှုတ်ကပတ်တော်၏ စစ်မှန်သော အဓိပ္ပါယ်ကို ကျွန်ုပ် နားလည်ခဲ့ပြီး သခင့်ကို နှစ်ပေါင်းမည်မျှ ကျွန်ုပ်တို့ ယုံကြည်ပြီးခဲ့ပါစေ၊ ကျွန်ုပ်တို့ မည်မျှ ခက်ခက်ခဲခဲ အလုပ်လုပ်ခဲ့ပါစေ၊ နောက်ဆုံးသော ကာလထဲက ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံရခြင်းမရှိဘဲ ဘုရားသခင်ကို ဘယ်သောအခါမျှ ကျွန်ုပ်တို့ အမှန်တကယ် နာခံပြီး ကိုးကွယ်နိုင်လိမ့်မည်မဟုတ်ပါ သို့မဟုတ် ဘုရားသခင်၏ အလိုတော်ကို နာခံမှုရှိသောသူ တစ်စုံတစ်ဦး ဖြစ်လာ လိမ့်မည်မဟုတ်ပါ။ ယင်းသည် လုံးဝ မှန်ကန်ပါသည်။

ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို ကြည့်ကြပါစို့။ သူတို့သည် အရာရာကို ဘေးဖယ်ထားနိုင်ပြီး သခင့်အတွက် ကြိုးစားလုပ်ဆောင်နိုင်သော်လည်း၊ သူတို့ လုပ်ဆောင်ကြသည့် အလုပ်မှာ မည်ကဲ့သို့သောအရာ ဖြစ်ပါသနည်း။ သူတို့ အလုပ်၏ သဘာဝမှာ အဘယ်နည်း။ သူတို့သည် သခင့်ကို နှစ်များစွာ ယုံကြည်ခဲ့ကြသည်၊ သမ္မာတရားကို ဘယ်သောအခါမျှ သူတို့ ရှာဖွေမလိုက်စားခဲ့ကြသလို၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို သူတို့ မရရှိနိုင်ခဲ့ကြပါ၊ သို့မဟုတ် ဘုရားသခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင်ရှိသော လက်တွေ့ကျသည့် ပြဿနာများနှင့် အသက်တာထဲ ဝင်ရောက်မှုကို မဖြေရှင်းနိုင်ကြပါ။ ယုံကြည်သူများကို အရူးလုပ်ပြီး လှည့်ဖြားဖို့ အနှစ်မဲ့သည့် သမ္မာကျမ်းဆိုင်ရာ အယူဝါဒအချို့အကြောင်းကို သူတို့ မကြာခဏ ပြောဆိုကြပြီး၊ လူတို့က ကိုးကွယ်ပြီး လိုက်လျှောက်ဖို့ သူတို့၏ ကိုယ်ပိုင် ပုံရိပ်များကို တည်ဆောက်ဖို့ရန်အလို့ငှာ သူတို့ မည်မျှဝေးဝေး ခရီးသွားခဲ့ကြသည်၊ သူတို့ မည်မျှအလုပ်ကို လုပ်ခဲ့ကြသည်၊ သူတို့ မည်မျှ ဒုက္ခခံစားပြီးခဲ့ကြသည်ဆိုသည်နှင့် သခင့်အတွက် အသင်းတော် မည်မျှ သူတို့ တည်ထောင်ကြပြီးဖြစ်သည်၊ စသည်တို့ကို သက်သေခံကြသည်။ အကျိုးဆက်အနေဖြင့်၊ သူတို့၏ တရားဟောချက်များကို နှစ်များစွာ ကြားနာရပြီးသည့်နောက်တွင်၊ ညီအစ်ကို မောင်နှမများသည် သမ္မာတရားကို နားမလည်ကြ သို့မဟုတ် ဘုရားသခင်ကို မသိကြသည်သာမက၊ ယင်းအစား လူကို ကိုးကွယ်ခြင်းနှင့် ဘုရားသခင်ကို သစ္စာဖောက်ခြင်း လမ်းကြောင်းပေါ် အမှုမဲ့အမှတ်မဲ့ စတင်လျှောက်မိကြရင်း ဘာသာရေး သင်းအုပ်ဆရာများနှင့် အကြီးအကဲများနောက်ကို သူတို့ လိုက်ကြလေသည်။ ထိုသို့သော အသုံးတော်ခံခြင်းနှင့် အလုပ်လုပ်ခြင်းအားဖြင့် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ သည် သခင့်၏ လမ်းခရီးကို လိုက်လျှောက်နေကြခြင်း ဟုတ်ပါသလား။ သူတို့သည် မကောင်းမှုကို လုပ်နေကြပြီး သခင့်ကို အာခံနေကြသည် မဟုတ်ပါလား။ အထူးသဖြင့် နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အမှုတော်အတွက်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော် အားလုံးက သမ္မာတရားဖြစ်သည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်ချက်အားလုံးက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင်းအုပ်ဆရာနှင့် အကြီးအကဲ အများစုက သိကြသော်လည်း သူ၏ နှုတ်ကပတ်တော်များကို သူတို့ မရှာဖွေကြသလို မလေ့လာမဆန်းစစ်ခဲ့ကြပါ။ ဤအစား သူတို့သည် အနန္တတန်ခိုးရှင်ဘုရားသခင်ကို အာခံပြီး ရှုတ်ချရန်အတွက် ကောလဟလများကို ကသုတ်ကရက် လုပ်ကြံဖန်တီးပြီး လွဲမှားသောအယူတို့ကို ဖြန့်ခဲ့ကြသည်။ ပြီးလျှင် သူတို့၏ အဆင့်အတန်းနှင့် အသက်မွေးမှုတို့ကို ကာကွယ်ဖို့ရန် အတွက် ဘာသာရေးအသိုင်းအဝိုင်းများကို ထွက်ပေါက်မရှိသည့် အခြေအနေထိ ပိတ်ဆို့ခဲ့သည်။ မှန်သော လမ်းခရီးကို ရှာဖွေခြင်းနှင့် လေ့လာခြင်းမှ မည်သူ့ကိုမဆို သူတို့ တားမြစ်ကြသည်၊ အသင်းတော်ထဲ၌ ဘုရားသခင်၏ အမှုတော်ကို သက်သေခံဖို့ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေသည့် လူတို့ကို တားမြစ်ပိတ်ပင်ကြပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်ကို သက်သေခံကြသူတို့ကို ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ဖို့ ဆိုးညစ်သော တရုတ်ကွန်မြူနစ် ပါတီနှင့်ပင် ပေါင်းကြံကြသည်။ ဤအရှက်မရှိဗြောင်ကျသော လုပ်ရပ်များသည် ဘုရားသခင်ကို ဆန့်ကျင်သည် မဟုတ်ပါလား။ ဘုရားသခင်ကို ဆန့်ကျင်သည့် သူတို့၏ ဆိုးညစ်သော လုပ်ရပ်များသည် အတိတ်က သခင်ယေရှုကို ဖာရိရှဲတို့ အာခံခဲ့ကြပုံထက်ပင် ပို၍ ဆိုးလေသည်။ ဤအချက်များပေါ် အခြေခံ၍၊ သခင့်၏ နာမ၌ အသုံးတော်ခံခြင်းနှင့် ကြိုးစားလုပ်ဆောင်ခြင်းတို့သည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်းနှင့် ညီမျှသည်ဟု ကျွန်ုပ်တို့ ပြောနိုင်ကြသေးပါသလား။ တစ်စုံတစ်ဦးသည် သခင့်၏ နာမကို စောင့်ထိန်းလိုက်နာသရွေ့၊ သခင့်လမ်းခရီးကို ထိန်းသိမ်းသရွေ့၊ သခင့်အတွက် ခရီးသွားပြီး အသုံးတော်ခံသရွေ့ ကောင်းကင်နိုင်ငံတော်ထဲသို့ ခေါ်ဆောင်ခံရဖို့ သင့်လျော်သည်ဟု ကျွန်ုပ်တို့ ပြောနိုင်ကြပါသေးသလား။ ပိုမိုကောင်းစွာ သိနားလည်ဖို့အတွက် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြည့်ကြပါစို့။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင် နောက်လိုက်စဉ်တွင်၊ သင်သည် အမြဲ ဒုက္ခဆင်းရဲ ခံစားရသည်၊ သင်သည် သူ့နောက်သို့ အေးအတူပူအမျှ လိုက်လျှောက်ပြီး ဖြစ်ကာ၊ သူနှင့် အကောင်း အဆိုး အတူဝေမျှခံစားပြီးဖြစ်သည်ဟု သင်ဆိုသော်လည်း၊ သင်သည် ဘုရားသခင်ပြောခဲ့သည့် စကားများကို အသက်ရှင်နေထိုင်ခြင်း မရှိလေပြီ။ နေ့ရက်တိုင်းတွင် သင်သည် ဘုရားသခင်အတွက် အလုပ်များကာ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံရန်သာ ဆန္ဒရှိပြီး၊ အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နေထိုင်ရန် ဘယ်သောအခါမျှ သင် မစဉ်းစားဖူးပေ။ သင်က ‘မည်သို့ဆိုစေ၊ ဘုရားသခင်သည် ဖြောင့်မတ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။ ကျွန်ုပ် သူ့အတွက် ဒုက္ခဆင်းရဲခံပြီးဖြစ်သည်၊ သူ့အတွက် အလုပ်များပြီးဖြစ်သကဲ့သို့၊ ကျွန်ုပ်ကိုယ်ကျွန်ုပ် သူ့အတွက် ဆက်ကပ် အပ်နှံထားပြီးဖြစ်ကာ၊ မည်သည့် အသိအမှတ်ပြုခြင်းကိုမျှ မရရှိသော်လည်း၊ ကျွန်ုပ် ကြိုးစားလုပ်ဆောင်ပြီးဖြစ်သည်။ သူသည် ကျွန်ုပ်ကို အောက်မေ့သတိရမည်မှာ သေချာပါသည်’ ဟုလည်း သင်ပြောသည်။ ဘုရားသခင် ဖြောင့်မတ်သည်မှာ အမှန်ဖြစ်၏။ သို့သော် ဤ ဖြောင့်မတ်ခြင်းသည် မည်သည့် မစင်ကြယ်ခြင်းနှင့်မျှ မစွန်းထင်းသကဲ့သို့၊ ယင်းသည် လူသားတို့၏ အလိုဆန္ဒ မပါရှိပေ၊ ပြီးလျှင် ဇာတိပကတိ သို့မဟုတ် လူသား၏ ကိစ္စတို့ဖြင့် စွန်းထင်းခြင်း မရှိပေ။ ပုန်ကန်တတ်ပြီး ဆန့်ကျင်သောသူအားလုံး၊ သူ၏လမ်းခရီးကို မလိုက်နာသောသူအားလုံးသည် အပြစ်ပေးခံရလိမ့်မည်။ မည်သူမျှ ခွင့်လွှတ်ခြင်းကို မခံရသကဲ့သို့၊ မည်သူ့ကိုမျှ ချမ်းသာမပေးပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ)

မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။ အကယ်၍ သင်သည် ဆုလာဘ်များကိုသာ မျှော်လင့်ပြီး၊ သင်၏ကိုယ်ပိုင် အသက်စိတ်သဘောထားကို ပြောင်းလဲရန် မကြိုးစားပါက၊ သင်၏ အားထုတ်မှု အားလုံးသည် အချည်းနှီး ဖြစ်သွားလိမ့်မည်၊ ဤသည်မှာ ပြောင်းလဲ၍ မရနိုင်သော သမ္မာတရားတစ်ခု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အလွန် ရှင်းလင်းလှသည်။ ဘုရားသခင်သည် သန့်ရှင်း၊ ဖြောင့်မတ်ပြီး သူ၏ နိုင်ငံတော်ထဲသို့ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသော လူတို့ ဝင်ရောက်ခြင်းကို ဘုရားသခင် လုံးဝ တားမြစ်ပါသည်။

ကောင်းကင်နိုင်ငံတော်ဟူသောကျွန်ုပ်၏မျှော်လင့်ခြင်းအိပ်မက် ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၁) ကျွန်မတို့က သခင့်ကိုယုံကြည်ခဲ့တာ နှစ်ပေါင်းများစွာရှိပါပြီ။ ကျွန်မတို့က သခင့်အတွက် အလုပ်တွေအများကြီးလုပ်ပေးနိုင်တယ်၊ ဆင်းရဲဒုက္ခတွေလည်း ခံနိုင်ပါတယ် ဒါပေမဲ့ ကျွန်မတို့တွေက လိမ်ညာတာတွေ လှည့်ဖြားတာတွေ လုပ်တတ်ကြတုန်းပဲ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပြီး ပြောတတ်ကြတာလည်း နေ့တိုင်းလိုလိုပါပဲ ပြီးတော့ မောက်မာကြတယ်၊ တစ်ယူသန်ဖြစ်ကြတယ်၊ ကြွားကြတယ်၊ တစ်ဖက်သားကို အထက်စီးနဲ့ ဆက်ဆံတတ်ကြတယ် အပြစ်လုပ်လိုက် နောင်တရလိုက်အခြေအနေမျိုးမှာ နေနေကြတယ်၊ ဒီဟာကနေ ရုန်းမထွက်နိုင်ကြဘူး သခင့်အဆုံးအမတွေကို သိနားလည်ဖို့ ကျင့်သုံးဖို့ဆိုတာထားဦး သခင့်ရဲ့မိန့်ဆိုချက်တွေကို စစ်စစ်မှန်မှန် နားလည်သဘောပေါက်တာမျိုးကို မရှိသေးတာပါ ကျွန်မတို့အနေနဲ့ ကောင်းကင်နိုင်ငံတော်ဆီ ဝင်ခွင့်ကော ရနိုင်ပါ့မလား တချို့ကတော့ ပြောကြတယ် ကျွန်မတို့က ဘယ်လောက်ပဲအပြစ်တွေလုပ်လုပ်၊ ဇာတိပကတိနဲ့ ဘယ်လိုပဲချည်နှောင်ခံရပါစေ..သခင်က ကျွန်မတို့ကို အပြစ်မရှိဘူးလို့ပဲ မြင်တယ်တဲ့ သူတို့က ရှင်ပေါလုရဲ့မိန့်ဆိုစကားကို လက်ခံကြတယ် “နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (ကောရိန္သု ဩဝါဒစာ ပဌမစောင် ၁၅:၅၂) ပြီးတော့လည်း သခင် ပြန်ပြီးကြွရောက်တဲ့အခါ၊ ကျွန်မတို့ပုံရိပ်တွေကို ချက်ချင်းပြောင်းလဲစေပြီးတော့ ကောင်းကင်နိုင်ငံဆီ ခေါ်ဆောင်သွားလိမ့်မယ်လို့ မှတ်ယူကြတယ်။ ဒီအချက်ကို တချို့ကလည်း လက်မခံနိုင်ကြပါဘူး။ ယုံကြည်စိတ်ကြောင့် ကယ်တင်ခြင်းခံရတယ်ဆိုပေမယ့်၊ အပြစ်တွေကို အမြဲလုပ်နေသူတွေကတော့ ကောင်းကင်နိုင်ငံဆီ ဝင်ခွင့်ရမှာမဟုတ်ဘူးလို့ အဲဒီလူတွေက ယုံကြည်တယ်။ သူတို့က သခင်ယေရှုရဲ့မိန့်ဆိုချက်ကို အဓိကအခြေခံတာပါ “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၁)ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅) ဒီအဆိုနှစ်ခုက အပြိုင်ဖြစ်နေတာပါ ဘယ်သူမှလည်း ရှင်းရှင်းလင်းလင်း မဝေခွဲတတ်ကြပါဘူး၊ ဘရာသာတို့က ကျေးဇူးပြုပြီး ကျွန်မတို့အတွက် ဆွေးနွေးပေးပါ။

နောက်တစ်ခုသို့- မေးခွန်း (၃) ကျွန်မတို့တွေက သခင့်ကိုယုံကြည်လာခဲ့တာ နှစ်တွေအများကြီးကြာနေပြီ ပြီးတော့သူ့ရဲ့နာမတော်ကိုလည်း ထိန်းသိမ်းဖက်တွယ်လာခဲ့တယ် ကျွန်မတို့မကြာခဏကျမ်းစာဖတ်တယ် သခင့်ထံမှာဆုတောင်းတယ် အပြစ်ဝန်ချတယ် ကျွန်မတို့တွေက အခြားသူတွေကို သည်းခံတယ် နှိမ့်ချတယ် ချစ်မေတ္တာထားတယ် ကျွန်မတို့မကြာခဏ ကောင်းမှုတွေလုပ်တယ် လှူဒါန်းတယ် ပြီးတော့ သခင့်အမှုတော်ဆောင်ဖို့ အရာရာကိုပေးဆပ်တယ် သခင့်သက်သေခံဖို့အတွက် သတင်းကောင်းကိုပြန့်နှံ့စေကြတယ် ကျွန်မတို့တွေသခင့်ရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့ကျင့်ဆောင်တယ် ပြီးတော့ သူ့ရဲ့လမ်းကိုလိုက်လျှောက်တယ်မဟုတ်လား ကျွန်မတို့ရဲ့ သခင့်ကိုယုံကြည်ခြင်းမှာ ဘာစစ်မှန်မှုမှ ဘယ်တုန်းကမှမပါခဲ့ဘူး ကျွန်မတို့တွေက မယုံကြည်သူတွေလို့ပြောနိုင်ရတာလဲ သမ္မာကျမ်းစာထဲမှာ ရှင်ပေါလုက .. “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) အဲ့ဒါကြောင့် သခင့်အပေါ်ကျွန်မတို့ရဲ့ယုံကြည်ခြင်းဟာ သူ့ရဲ့ချီးမွမ်းခြင်းကို ခံကြရမှာပါ သခင်ရောက်ရှိလာတဲ့အခါ သူကကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ဆီ ကျိန်းသေချီဆောင်သွားမှာပါ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။