မေးခွန်း (၃) ကျွန်မတို့တွေက သခင့်ကိုယုံကြည်လာခဲ့တာ နှစ်တွေအများကြီးကြာနေပြီ ပြီးတော့သူ့ရဲ့နာမတော်ကိုလည်း ထိန်းသိမ်းဖက်တွယ်လာခဲ့တယ် ကျွန်မတို့မကြာခဏကျမ်းစာဖတ်တယ် သခင့်ထံမှာဆုတောင်းတယ် အပြစ်ဝန်ချတယ် ကျွန်မတို့တွေက အခြားသူတွေကို သည်းခံတယ် နှိမ့်ချတယ် ချစ်မေတ္တာထားတယ် ကျွန်မတို့မကြာခဏ ကောင်းမှုတွေလုပ်တယ် လှူဒါန်းတယ် ပြီးတော့ သခင့်အမှုတော်ဆောင်ဖို့ အရာရာကိုပေးဆပ်တယ် သခင့်သက်သေခံဖို့အတွက် သတင်းကောင်းကိုပြန့်နှံ့စေကြတယ် ကျွန်မတို့တွေသခင့်ရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့ကျင့်ဆောင်တယ် ပြီးတော့ သူ့ရဲ့လမ်းကိုလိုက်လျှောက်တယ်မဟုတ်လား ကျွန်မတို့ရဲ့ သခင့်ကိုယုံကြည်ခြင်းမှာ ဘာစစ်မှန်မှုမှ ဘယ်တုန်းကမှမပါခဲ့ဘူး ကျွန်မတို့တွေက မယုံကြည်သူတွေလို့ပြောနိုင်ရတာလဲ သမ္မာကျမ်းစာထဲမှာ ရှင်ပေါလုက .. “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) အဲ့ဒါကြောင့် သခင့်အပေါ်ကျွန်မတို့ရဲ့ယုံကြည်ခြင်းဟာ သူ့ရဲ့ချီးမွမ်းခြင်းကို ခံကြရမှာပါ သခင်ရောက်ရှိလာတဲ့အခါ သူကကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ဆီ ကျိန်းသေချီဆောင်သွားမှာပါ။

အဖြေ- ယုံကြည်သူအတော်များများက သူတို့တွေသခင့်နာမကိုစောင့်ရှောက်နေသ၍ သမ္မာကျမ်းစာကိုဖတ်နေသ၍ စုဝေးပြီး မကြာခဏဆုတောင်းနေသ၍ သခင့်အတွက်အရာရာကိုပေးဆပ်နိုင်စွမ်းနဲ့ သခင့်အတွက်ဝန်ကိုထမ်းပိုးနေသ၍ သူတို့တွေဟာ သခင့်ကိုစစ်မှန်စွာယုံကြည်သူတွေလို့ထင်ကြတယ် ဒီပုံစံနဲ့သခင့်ကိုယုံကြည်နေသ၍ သူနောက်တစ်ကြိမ်ပြန်လည်ကြွရောက်လာတဲ့အခါ ကောင်းကင်နိုင်ငံတော်ကိုချီဆောင်ခြင်းခံရမယ်လို့ သူတို့ကထင်ကြတယ် ဘုရားသခင်ကိုယုံကြည်ခြင်းဟာ လူတွေထင်ထားသလောက်လွယ်ကူပါ့မလား လူတွေဘုရားသခင်ကို ဒီလိုပုံစံနဲ့ယုံကြည်ရုံနဲ့ သူတို့တွေဘုရားသခင်ရဲ့ သဘောကျနှစ်ခြိုက်ခြင်းကို တကယ်ရနိုင်ကြပါ့မလား သခင်ယေရှုရဲ့ ရှုတ်ချပြစ်တင်ခြင်းကိုခံခဲ့ရတဲ့ ဖာရိရှဲတွေဟာလည်း ဘုရားသခင်ကို ဒီလိုပုံစံမျိုးနဲ့ပဲ ယုံကြည်ခဲ့ကြတာမဟုတ်လား သူတို့တွေက သတင်းကောင်းကိုဖြန့်ဝေဖို့ မခြားမလပ်ဆုတောင်းတယ် အလုပ်ကြိုးစားတယ် ပြီးတော့ နှုတ်ကပတ်တော်ကို ဝေမျှဖို့ ကမ္ဘာ့အဆုံးစွန်တွေအထိတောင် သွားခဲ့ကြတယ် ဒါဆိုသူတို့ရဲ့ယုံကြည်ခြင်းက သခင့်ရဲ့နှစ်ခြိုက်မှုကိုမရပဲ အဲ့ဒီအစား သူ့ရဲ့ပြစ်တင်ဝေဖန်ခြင်းတွေနဲ့ ကျိန်ခြင်းတွေသင့်ခဲ့ရတာလဲ လူတွေကသမ္မာကျမ်းစာကိုဖတ်ရှုနားလည်ခဲ့ကြသလို ဖာရိရှဲတွေလည်းပဲ သမ္မာကျမ်းစာကိုကောင်းကောင်းဖတ်ခဲ့ကြတယ် မခြားမလပ်ဆုတောင်းတယ် ဘုရားသခင်ရဲ့အမှုတော်တွေကို ပြန့်နှံ့စေကြတယ် ပြင်းပြစွာဒုက္ခဝေဒနာတွေခံစား ခဲ့ကြတယ် တပါးသူတွေကိုချစ်ကြတယ် ပြီးတော့ အပြင်ပန်းမှာတော့ဘုရားတရားကိုင်းရှိုင်းတဲ့ပုံနဲ့ ဖော်ပြကြတယ် တကယ်တမ်းကျတော့ ဘုရားသခင်အတွက် သူတို့နှလုံးသားထဲမှာနေရာမရှိဘူး သူတို့တွေက ဘုရားသခင်ကိုမချီးမြှောက်ကြဘူး သူတို့ရဲ့ယုံကြည်ခြင်းမှာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက သမ္မာတရားကို ရှာဖွေဖို့နဲ့ သူ့ရဲ့အလိုဆန္ဒကိုနားလည်ဖို့ အာရုံမစိုက်ကြဘူး ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုကျင့်ဆောင်တာနဲ့ ပညတ်တော်တွေကိုလိုက်လျှောက်တာ အရမ်းကိုနည်းပါးတယ် သူတို့တွေက သမ္မာကျမ်းစာဗဟုသုတနဲ့ ဓမ္မအတွေးအခေါ်သဘောတရားတွေကို ဖြန့်ဖြူးပေးဖို့ကိုပဲ အာရုံစိုက်ကြတယ် ဘာသာရေးအခမ်းအနားတွေ ကျင်းပဖို့၊ ဂုဏ်အသရေရရှိကြဖို့နဲ့ ဝတ်ပြုကိုးကွယ်ခံရဖို့အတွက်ပဲ အာရုံထားခဲ့ကြတယ် သူတို့ကဘုရားသခင်ကို အဲ့ဒီလိုမျိုးယုံကြည်လာခဲ့တာ နှစ်ပေါင်းများစွာကြာနေပေမယ့် ဘုရားသခင်နဲ့ပတ်သက်တဲ့ဗဟုသုတ ဘာမှမရှိကြဘူး သူတို့တွေက ဘုရားသခင်ကိုဦးတည်တဲ့ နာခံတာနဲ့ ရိုသေကိုင်းရှိုင်းတာတွေ ဘယ်တုန်းကမှဖြစ်မလာခဲ့ဘူး အဲ့ဒါကြောင့် သခင်ယေရှု သူ့ရဲ့အလုပ်တွေကိုလုပ်ဆောင်တော့ သူတို့တွေက သမ္မာတရားကိုမရှာဖွေခဲ့ကြဘူး သူတို့တွေဟာ သခင်ယေရှုကို သူတို့ရဲ့ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေ အတွေးတွေအပေါ် အခြေခံပြီးတိုင်းတာကြတယ် သခင်ယေရှုရဲ့ ဟောပြောမှုတွေဘယ်လောက်ပဲလေးနက်လေးနက် သူ့ရဲ့အမှုတော်တွေမှာ အာဏာတန်ခိုးတွေ ဘယ်လောက်ပဲရှိရှိ သူတို့တွေကအဲ့ဒါတွေကို မရှာဖွေကြဘူး မလေ့လာကြဘူး သူတို့တွေက သခင်ယေရှုကိုတယူသန်ဆန့်ကျင်ရှုတ်ချနေဆဲဖြစ်ပြီး သူ့ကိုလက်ဝါးကားတိုင်ပေါ် တင်သတ်ခဲ့ကြတယ် သူတို့တွေကျိန်ခြင်းနဲ့ပြစ်ဒဏ်ခတ်ခြင်းကို ခံခဲ့ကြရတယ် ဖာရိရှဲတွေရဲ့ယုံကြည်ခြင်းဟာ ဘုရားသခင်၌စစ်မှန်သောယုံကြည်ခြင်း လို့ ပြောနိုင်ပါ့မလား .. အားလုံးပဲပြောကြပါဦး ဘုရားသခင်က ဖာရိရှဲတွေရဲ့ယုံကြည်ခြင်းကို လက်ခံခဲ့လား သခင်ယေရှုကသူတို့တွေကို ထောက်ခံမှုမပေးခဲ့ရုံတင်မကဘူး သူတို့ကို ပြစ်တင်ရှုတ်ချ ကျိန်ဆိုပြီး အခုလိုပြောခဲ့တယ် “လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။(ရှင်မဿဲခရစ်ဝင် ၂၃:၁၃-၃၆) ဖာရိရှဲတွေက သူတို့ရဲ့ကိုယ်ပိုင်အယူအဆအတွေးအမြင်တွေနဲ့ပဲ ယုံကြည်ကြပြီး ကောင်းကင်ဘုံကမရေရာတဲ့ဘုရားသခင်ကိုပဲ ယုံကြည်ကြတယ် သူတို့တွေက သမ္မာတရားကိုဖော်ပြတဲ့ လူ့ဇာတိခံယူတဲ့သခင်ယေရှုကို မယုံကြည်ခဲ့ဘူး သူတို့တွေက သမ္မာတရားမှာငြီးငွေ့နေကြပြီး သမ္မာတရားကိုမုန်းခဲ့ကြတယ်။

ဒီကနေ့ဘာသာရေးအသိုင်းအဝိုင်းကိုကြည့်လိုက်ပါ သင်းအုပ်ဆရာအတော်များများနဲ့ အကြီးအကဲတွေဟာ သခင့်ရဲ့နာမတော်ကို ဖက်တွယ်ထားကြတယ် သခင့်ရဲ့နာမတော်မှာဆုတောင်းကြတယ်၊ သမ္မာကျမ်းစာကိုဖတ်တယ်၊ အရာရာကိုစွန့်လွှတ်ပြီး ဘုရားသခင်အတွက်ဝန်တွေထမ်းကြတယ် ဒါပေမဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်က နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှု ဖြစ်တဲ့ သူ့ရဲ့အမှုတော်တွေကိုဆောင်ရွက်ဖို့အမှန်တရားကိုဖော်ပြတဲ့အခါ သူတို့တွေက ဘုရားသခင်ရဲ့အမှုကို သူတို့ရဲ့အယူအဆအတွေးအခေါ်တွေပေါ် အခြေခံပြီး အဓိပ္ပါယ်ဖွင့်ဆိုကြတယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့အလုပ်တွေဟာ သမ္မာကျမ်းစာထဲမှာပဲရှိပြိး သမ္မာကျမ်းစာထက်ကျော်လွန်ရင် မိစ္ဆာဒိဌိတွေလို့ သူတို့တွေကထင်ကြတယ် အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေဟာ သမ္မာတရားတွေဖြစ်ပြီး လူသားတွေအပေါ် အောင်နိုင်တယ်ဆိုတာကို သူတို့ကောင်းကောင်းသိကြတယ် ဒါပေမဲ့ သူတို့တွေကအဲ့ဒါတွေကို ရှာဖွေလေ့လာတာတွေမလုပ်ကြဘူး သူတို့တွေဟာ ကောလဟာလအမျိုးမျိုးနဲ့ အလိမ်အညာတွေကို ဆက်ပြီးဖြန့်နေကြဆဲဖြစ်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင်ကို တယူသန်စွာနဲ့ အသရေဖျက်ကြတယ် ရှုတ်ချကြတယ် စော်ကားပြီးပြောဆိုကြတယ် စစ်မှန်တဲ့လမ်းကိုရှာဖွေနေတဲ့ယုံကြည်သူတွေကိုလည်း မရပ်မနားကန့်သတ်ချုပ်ချယ်ကြတယ် သူတို့တွေက နောက်ဆုံးသောကာလ ဘုရားသခင်ရဲ့ အမှုတော်ကို သက်သေခံသူတွေကို ရဲဆီကိုတောင် သတင်းပို့ကြတယ် ပြောပါဦး သင်းအုပ်ဆရာတွေနဲ့အကြီးအကဲတွေဟာ သခင်ယေရှုကိုဆန့်ကျင်ကြတဲ့ဖာရိရှဲတွေနဲ့ ဘာများကွာခြားနေလို့လဲ သူတို့တွေကစစ်မှန်တဲ့လမ်းကိုသိကြတယ် ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် ဆန့်ကျင်ကြတဲ့လူတွေမဟုတ်လား သူတို့တွေက သမ္မာတရားကိုမုန်းတီးတဲ့ ဘုရားသခင်ရဲ့ရန်သူတွေပဲမဟုတ်လား အဲ့ဒါကြောင့် လူတွေသခင့်ကိုယုံကြည်တယ် ဒါပေမဲ့သူ့ရဲ့နာမတော်ကိုပဲစောင့်ရှောက်ရုံ၊ သူ့ရဲ့ဝန်တွေကိုထမ်းပြီးဘုရားတရားကိုင်းရှိုင်းတဲ့ပုံပြရုံ စတာတွေလောက်နဲ့ သူတို့တွေသခင့်ရဲ့နှုတ်ကပတ်တော်တွေကိုလိုက်လျှောက်ပြီး သခင့်လမ်းကိုလိုက်သူတွေ မဟုတ်ဘူးဆိုတာ တွေ့ရမှာပါ ပြီးတော့သူတို့တွေကို သခင့်ကိုအစေခံတဲ့ စစ်မှန်တဲ့ယုံကြည်သူတွေလို့လည်း မပြောနိုင်ပါဘူး သူတို့တွေဘုရားတရားကိုင်းရှိုင်းတဲ့ပုံစံမျိုး မြင်ရတာဟာလည်း သူတို့တွေက သူတို့ရဲ့နှလုံးသားထဲမှာ သခင့်ကိုချီးမြှောက်တယ် ကြည်ညိုတယ် နာခံတယ်ဆိုတဲ့အဓိပ္ပါယ် မဟုတ်ဘူး သူတို့တွေ သမ္မာတရားကိုနားလည်သဘောပေါက်ပြီး ဘုရားကိုသိကျွမ်းတယ်ဆိုတဲ့ သဘောလည်းလုံးဝမဟုတ်ပါဘူး လူတွေကသခင့်ကိုယုံကြည်ကြတယ် ဒါပေမဲ့သမ္မာတရားကိုမရှာဖွေဘူး သမ္မာတရားအတိုင်းတကယ်မကျင့်ကြံဘူး ဒါမှမဟုတ်သခင့်စကားတွေအတိုင်း မလိုက်လျှောက်ဘူးဆိုရင် သူတို့တွေဘယ်လောက်ပဲနှစ်တွေများများ သခင့်ကိုယုံကြည်နေပါစေ ဘယ်လောက်ပဲဘုရားရဲ့ဝန်တွေကိုထမ်းနေပါစေ သူတို့တွေ ဘုရားရဲ့ချီးမြှောက်ခြင်းကို ရနိုင်ကြမှာမဟုတ်ဘူး ဒါဟာအထူးသဖြင့်တော့ ဘာသာရေးအသိုင်းအဝိုင်းက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေအတွက် ပိုမှန်ကန်ပါတယ်။ သူတို့တွေသခင့်ရဲ့အမှုတော်တွေကို ထမ်းရွက်နေကြပေမယ့်လည်း နောက်ဆုံးသောကာလရဲ့ခရစ်တော် အနန္တတန်ခိုးရှင်ဘုရားသခင်ကို တယူသန်စွာ ဆန့်ကျင်ရှုတ်ချနေဆဲပါပဲ ဒါဟာ သူတို့တွေက ဘုရားသခင်ကိုဆန့်ကျင်နေကြတဲ့ ဆိုးယုတ်တဲ့အမှုတွေကိုပြုသူတွေ ဆိုတာကို သက်ေသပြဖို့ လုံလောက်တယ် သူတို့တွေဟာ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလလုပ်ဆောင်မှုတွေမှာ အန္တိခရစ်အဖြစ် ထုတ်ဖော်ပြသခံရသူတွေပါ သူတို့တွေဘုရားသခင်ရဲ့ကျိန်ခြင်းတွေနဲ့ ပြစ်ဒဏ်ခတ်ခြင်းတွေ ကျိန်းသေခံကြရမယ့်သူတွေပါ သခင်ယေရှုပြောခဲ့သလိုပါပဲ “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၂-၂၃) နောက်ဆုံးသောကာလရဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်စကားတွေဟာ အရမ်းကိုရှင်းလင်းပါတယ် အနန္တတန်ခိုးရှင်ဘုရားသခင်က ဒီလိုမိန့်တော်မူတယ် “သင်၏ ကြိုးစားလုပ်ဆောင်မှု မည်မျှပင် ချီးမွမ်းထိုက်သည်၊ သင်၏ အရည်အချင်းများ မည်မျှ အထင်ကြီးစရာဖြစ်သည်၊ သင်သည် ငါ့နောက်သို့ မည်မျှ နီးကပ်စွာ လိုက်သည်၊ သင်သည် မည်မျှ ကျော်ကြားသည်၊ သို့မဟုတ် သင်၏ သဘောထားကို သင် မည်မျှတိုးတက်စေပြီးဖြစ်သည်တို့ကို ငါဂရုမစိုက်ပေ။ သင်သည် ငါ၏တောင်းဆိုချက်များကို မဖြည့်ဆည်း သေးသရွေ့၊ ငါ၏ချီးမွမ်းခြင်းကို သင် လုံးဝ ရရှိနိုင်မည် မဟုတ်။ သင်တို့၏ ထိုစိတ်ကူးများနှင့် တွက်ချက်မှုများအားလုံးကို အမြန်ဆုံး ပယ်ဖျက်ပြီး ငါ၏သတ်မှတ်ချက်များကို လေးလေးနက်နက် စတင်သဘောထားလော့။ သို့မဟုတ်လျှင် ငါ၏အမှုကို အဆုံးတိုင်စေရန်အလို့ငှာ အယောက်တိုင်းကို ပြာအဖြစ်သို့ ငါပြောင်းလဲပစ်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် ငါ၏နှစ်ပေါင်းများစွာ အမှုနှင့် ဆင်းရဲဒုက္ခခံစားခြင်းကို အချည်းနှီးအဖြစ်သို့ ပြောင်းလဲပစ်မည် ဖြစ်သည်၊ အကြောင်းမှာ ငါ၏နိုင်ငံတော်ထဲသို့ ငါ၏ရန်သူများနှင့် ဆိုးယုတ်မှုအနံ့ထွက်ကာ စာတန်၏သွင်ပြင်ရှိသော လူတို့ကို ငါမခေါ်ဆောင်နိုင်သည့်အတွက်၊ သို့မဟုတ် ၎င်းတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်မသွားနိုင်သည့်အတွက်ပင်တည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်) ဘုရားသခင်ရဲ့စကားတွေဟာ ထာဝရတည်တဲ့အမှန်တရားတွေပါပဲ သူ့ရဲ့ချီးမွမ်းခြင်းကိုရရှိခံစားတဲ့ယုံကြည်သူတွေဖြစ်ဖို့ သူတို့တွေဘယ်လောက်အလုပ်လုပ်လဲ ဘယ်လောက်ဒုက္ခခံစားတယ်ဆိုတဲ့အပေါ် မူမတည်ပါဘူး သူတို့တွေဘုရားသခင်ရဲ့စကားတွေကို ဘယ်လောက်လိုက်နာကျင့်သုံးလိုက်လျှောက်သလဲ ဆိုတဲ့အပေါ်မှာပဲ အဓိကမူတည်တယ်။ ဒါပေမဲ့ ရှင်ပေါလုက .. “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) လို့ပြောတယ်။ ဒီစကားတွေက ရှင်ပေါလုရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့စိတ်ကူးစိတ်သန်းတွေပဲ .. အဲ့ဒါတွေကဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ သမ္မာတရားတွေနဲ့မကိုက်ညီဘူး အဲ့ဒီစကားတွေက ဘုရားသခင်ရဲ့စကားတွေနဲ့အတိအကျကိုဆန့်ကျင်နေတာ။

ဘုရားသခင်ထံစစ်မှန်တဲ့ယုံကြည်ခြင်းနဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတွေ သူ့ရဲ့နှစ်ခြိုက်မှုကိုရဖို့ဆိုတဲ့ အဓိပ္ပါယ်တွေကဘယ်လိုများပါလဲ ဒါကတကယ်ကိုလိုအပ်တဲ့မေးခွန်းတစ်ခုပါ ဒါဟာ ကျွန်တော်တို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်ခြင်းတွေက ကယ်တင်ခြင်းနဲ့ သူ့ရဲ့နိုင်ငံတော်ကိုဝင်စားခွင့်ရပါ့မလားဆိုတာနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ် အရင်ကတော့ ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းတွေမှာ သခင့်အတွက်လုပ်ဆောင်တာကိုပဲ အာရုံစိုက်ခဲ့ကြတယ် အဲ့ဒါကြောင့်သူပြန်လာတဲ့အခါ သူ့ရဲ့နိုင်ငံတော်ကိုဝင်စားနိုင်မယ်လို့ထင်တယ် အခုတော့ ဒါဟာလွဲမှားတဲ့ယုံကြည်ခြင်းလမ်းဆိုတာ လူတိုင်းသဘောပေါက်ကြပြီ ဘုရားသခင်အပေါ်စစ်မှန်တဲ့ယုံကြည်ခြင်းက ဘာလဲဆိုတာ.. ကျွန်တော်တို့တွေသူ့ရဲ့နှစ်ခြိုက်ခြင်းကိုရဖို့ ဘုရားသခင်ကို ဘယ်လိုယုံကြည်ရမလဲဆိုတာ ဘာသာရေးအသိုင်းအဝိုင်းက ဘယ်သူကမှမသိကြဘူး .. အနန္တတန်ခိုးရှင်ဘုရားသခင် နောက်ဆုံးသောကာလရဲ့ ခရစ်တော်ဟာ သမ္မာတရားနဲ့ လျှို့ဝှက်နက်နဲမှုအားလုံးကို ဖွင့်ဟပြသခဲ့တယ် အနန္တတန်ခိုးရှင်ဘုရားသခင်က ဘုရားသခင်၌စစ်မှန်သောယုံကြည်ခြင်း ဆိုတဲ့မေးခွန်း နဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ် ဘုရားသခင်ပြောသည်မှာ “များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့် ညီညွတ်ရန် ၎င်းတို့ မည်သည့်အရာ လုပ်ရမည်ဆိုကြောင်းတို့ကို အနည်းငယ်ကသာ သိနားလည်ကြသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူများသည် ‘ဘုရားသခင်’ ဆိုသည့် စကားလုံးနှင့် ‘ဘုရားသခင်၏ အမှု’ ဟူသော စကားစုများနှင့် ရင်းနှီးကြသော်လည်း၊ ဘုရားသခင်ကို မသိကြဘဲ သူ၏ အမှုကို သာ၍ပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို မသိသောသူများ အားလုံးသည် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် ရှုပ်ထွေးကြသည်မှာ မထူးဆန်းပေ။ လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။ သို့သော် လူများက ဘုရားသခင်ကို ယုံကြည်မှုသည် ရိုးရှင်းပြီး ပေါ့ပေါ့ပြက်ပြက် ကိစ္စတစ်ခုကဲ့သို့ ယေဘုယျအားဖြင့် မြင်တတ်ကြသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်သောလူများသည် ဘုရားသခင်အား ယုံကြည်ဖို့ဆိုသည်မှာ အဘယ်အရာဆိုလိုသည်ကို မျက်ခြည်ပြတ်သွားခဲ့ကြကာ၊ ၎င်းတို့သည် တကယ့်အဆုံးအထိ ဆက်လက် ယုံကြည်ကောင်း ယုံကြည်နိုင်သော်လည်း၊ ဘုရားသခင်၏ လက်ခံခြင်းကို မည်သည့်အခါတွင်မျှ ရရှိမည်မဟုတ်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မှားယွင်းသောလမ်းကြောင်းပေါ် နင်းလျှောက်ကြသောကြောင့် ဖြစ်သည်။ ယနေ့တွင် ကျမ်းဟောင်းတရားများ နှင့် အနှစ်မဲ့သည့် အယူဝါဒများအတိုင်း ဘုရားသခင်ကို ယုံကြည်သူများ ရှိနေသေးပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်မှု၏ အနှစ်သာရ ကင်းမဲ့သည်ကို ၎င်းတို့ မသိကြသကဲ့သို့၊ ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ၎င်းတို့သည် ဘေးကင်းလုံခြုံခြင်း ကောင်းချီးမင်္ဂလာများနှင့် လုံလောက်သော ကျေးဇူးတော်ကို ဘုရားသခင်ထံ တောင်းလျှောက်ကြဆဲ ဖြစ်သည်။ ငါတို့ ရပ်တန့်ကြစို့၊ ငါတို့၏ စိတ်နှလုံးများကို ငြိမ်သက်စေပြီး မိမိတို့ကိုယ်ကိုယ် မေးကြစို့- ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကမ္ဘာပေါ်တွင် အမှန်တကယ် အလွယ်ကူဆုံးသောအရာ ဖြစ်နိုင်သလော။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ထံမှ များစွာသော ကျေးဇူးတော် ရရှိခြင်းထက် ဘာမျှမပိုဟု ဆိုလိုသလော။ ဘုရားသခင်ကို မသိဘဲလျက် ဘုရားသခင်ကို ယုံကြည်သူ၊ သို့မဟုတ် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို ဆန့်ကျင်သူတို့သည် ဘုရားသခင်၏အလိုကို အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

ဘုရားသခင်အား ယုံကြည်ခြင်း ဟူသည် ဒုက္ခခံရခြင်း၊ သို့မဟုတ် သူ့အတွက် အမှုအရာအမျိုးမျိုးကို လုပ်ဆောင်ပေးခြင်းအကြောင်း ဖြစ်သည်ဟု သင်ထင်ကောင်းထင်နိုင်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ သင်၏ဇာတိပကတိ ငြိမ်သက်ခြင်းရှိရန်၊ သို့မဟုတ် သင့်ဘဝထဲရှိ အရာရာတိုင်း အဆင်ပြေချောမွေ့စွာ သွားနေရန်၊ သို့မဟုတ် အရာခပ်သိမ်း၌ သင်သက်သောင့်သက်သာရှိပြီး ငြိမ်သက်ခြင်းရှိရန် ဖြစ်သည်ဟု သင် ထင်ကောင်း ထင်လောက်ပေသည်။ သို့သော်လည်း ဤအရာများတစ်ခုကမျှ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှု၌ လူတို့ အလေးထားသင့်သော ရည်ရွယ်ချက်များ မဟုတ်ချေ။ အကယ်၍ သင်သည် ဤရည်ရွယ်ချက်များအတွက် ယုံကြည်မိပါက၊ သင်၏အမြင်မှာ မမှန်ကန်သည့်အပြင်၊ သင့်အနေဖြင့် စုံလင်အောင်ပြုခြင်းခံရရန် တကယ်ပင် မဖြစ်နိုင်ချေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစိတ်သဘောထား၊ သူ၏ဉာဏ်ပညာ၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်မမီနိုင်ခြင်း အားလုံးတို့မှာ လူတို့နားလည်သင့်သော အရာများပင်ဖြစ်သည်။ သင်သည် ဤနားလည်မှုရှိလျက် ယင်းကို သင်၏စိတ်နှလုံးထဲမှ ပုဂ္ဂိုလ်ရေးရာ တောင်းဆိုချက်များ၊ မျှော်လင့်ချက်များနှင့် အယူအဆများ ဟူသမျှကို ဖယ်ရှားရန် အသုံးပြုသင့်သည်။ ဤအရာများကို သုတ်သင်ဖယ်ရှင်းခြင်းဖြင့်သာလျှင် သင်သည် ဘုရားသခင်တောင်းဆိုထားသော သတ်မှတ်ချက်များနှင့် ပြည့်မီနိုင်ပေမည်။ ထို့ပြင် ဤအရာ လုပ်ဆောင်ခြင်းဖြင့်သာလျှင် သင်သည် အသက်ကိုရရှိကာ ဘုရားသခင်ကို ကျေနပ်စေနိုင်မည်ဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်း၏ ရည်ရွယ်ချက်သည် သူ့ကိုကျေနပ်စေရန်နှင့် သူတောင်းဆိုသော စိတ်သဘောထားဖြင့် အသက်ရှင်နေထိုင်ရန် ဖြစ်ပြီး၊ ထိုမှသာ သူ၏လုပ်ရပ်များနှင့် ဘုန်းတော်သည် မထိုက်တန်သော ဤလူအုပ်စုအားဖြင့် ထင်ရှားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းအတွက် မှန်ကန်သောအမြင်ဖြစ်ပြီး၊ သင်ရှာဖွေသင့်သော ပန်းတိုင်လည်းဖြစ်သည်။ သင်၌ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ မှန်ကန်သောသဘောထား ရှိသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရရှိရန် သင်ကြိုးစားသင့်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့လိုအပ်ပြီး၊ သင်သည် သမ္မာတရားကို အသက်ရှင်နေထိုင်နိုင်ရမည်၊ အထူးသဖြင့် သင်သည် သူ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ စကြဝဠာတစ်ဝှမ်းလုံးရှိ သူ၏ အံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်များသာမက လူ့ဇာတိအားဖြင့် သူပြုသည့် လက်တွေ့ကျသောအမှုတို့ကို မြင်နိုင်ရမည်။ လူတို့သည် ၎င်းတို့၏ လက်တွေ့ကျသော အတွေ့အကြုံများအားဖြင့် ဘုရားသခင် ၎င်းတို့အပေါ် သူ၏အမှုကို မည်သို့ပြုကြောင်းနှင့် ၎င်းတို့အတွက် သူ၏အလိုတော်မှာ မည်သည့်အရာဖြစ်ကြောင်းကိုပင် သတိပြုမိနိုင်သည်။ ဤအရာအားလုံးတို့၏ ရည်ရွယ်ချက်မှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားကို သုတ်သင်ဖယ်ရှင်းရန် ဖြစ်သည်။ သင့်အထဲ၌ရှိသော မသန့်ရှင်းခြင်းနှင့် မဖြောင့်မတ်ခြင်း အလုံးစုံကို ဖယ်ရှားပြီး၊ သင်၏ မှားယွင်းသော ရည်ရွယ်ချက်များကို စွန့်ပစ်ကာ၊ ထို့ပြင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ဖြစ်ပေါ်လာပြီးနောက်- စစ်မှန်သော ယုံကြည်ခြင်းအားဖြင့်သာ သင်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်မည်ဖြစ်သည်။ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်း အုတ်မြစ်အပေါ်မှာသာ သင်သည် သူ့ကို စစ်မှန်စွာ ချစ်နိုင်လေသည်။ သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲ သူ့အားချစ်ခြင်းကို ရရှိနိုင်မည်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက် ယင်းနှင့်ပတ်သက်၍ သင်ယောင်ချာချာ မဖြစ်နိုင်ပေ။ လူအချို့တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းက သူတို့အား ကောင်းချီးမင်္ဂလာများ ယူဆောင်လာမည်ကို မြင်လျှင်မြင်ချင်း အားမာန်ဖြင့် ပြည့်ဝလာကြသော်လည်း၊ စစ်ဆေးခြင်းများကို သူတို့ခံဖို့လိုအပ်ကြောင်း ၎င်းတို့ မြင်လျှင်မြင်ချင်း အားအင်အလုံးစုံ ပျောက်ဆုံးသွားကြသည်။ ထိုအရာမှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ နောက်ဆုံးတွင် သင်သည် သင်၏ယုံကြည်ခြင်း၌ ဘုရားသခင်၏ ရှေ့မှောက်တွင် လုံးလုံးလျားလျားနှင့် အကြွင်းမဲ့ နာခံခြင်းကို ရရှိရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သူ့အပေါ် တောင်းဆိုချက်များ ရှိနေသေးသည်၊ သင်မစွန့်ပယ်နိုင်သော ဘာသာရေးအယူအဆများစွာ၊ သင်လက်မလွှတ်နိုင်သော ပုဂ္ဂိုလ်ရေးရာ အကျိုးအမြတ်များ ရှိနေသေးပြီး၊ ဇာတိပကတိ ကောင်းချီးမင်္ဂလာများကို ရှာဖွေနေသေးကာ ဘုရားသခင်ကို သင်၏ဇာတိခန္ဓာအား ကယ်မစေရန်၊ သင်၏စိတ်ဝိညာဉ်အား ကယ်တင်စေရန် အလိုရှိနေသေးသည်၊ ဤအရာများအားလုံးမှာ မှားယွင်းသောအမြင်ရှိသည့် လူတို့၏ အပြုအမူများပင် ဖြစ်သည်။ ဘာသာရေးယုံကြည်ချက်များနှင့် လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်း ရှိကြသော်လည်း၊ ၎င်းတို့သည် မိမိစိတ်သဘောထားများ ပြောင်းလဲရန်အတွက် မကြိုးပမ်းကြသည့်အပြင်၊ ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိအောင် အားမထုတ် ကြဘဲ ၎င်းတို့၏ဇာတိပကတိ အကျိုးအမြတ်များကိုသာ ရှာဖွေကြသည်။ သင်တို့အထဲမှ လူများစွာတို့၌ ဘာသာရေးခံယူချက် အမျိုးအစားနှင့် သက်ဆိုင်သည့် ယုံကြည်မှုများ ရှိကြသည်။ ဤသည်မှာ ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်း မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ရန်အတွက် လူတို့သည် သူ့အတွက် ဒုက္ခခံရန် အသင့်ရှိသော စိတ်နှလုံးနှင့် မိမိတို့ကိုယ်ကိုယ် ဆက်ကပ်အပ်နှံလိုစိတ်ကို ပိုင်ဆိုင်ရမည်။ လူတို့သည် ဤသတ်မှတ်ချက် နှစ်ချက်နှင့် မပြည့်မီပါက ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းမှာ မခိုင်လုံပေ၊ ထို့ပြင် ၎င်းတို့သည် မိမိတို့၏စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် အားထုတ်သော၊ ဘုရားသခင်အား သိကျွမ်းဖို့ ကြိုးစားပြီး အသက်ကို ရရှိအောင် အားထုတ်သော လူတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)

အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ဘုရားသခင်၌ ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားတွေ နက်နဲမှုတွေကို ထုတ်ဖော်ခဲ့ပြီးပြီ လူအတော်များများက ဘုရားသခင်ကိုယုံကြည်ကြတယ် ဒါပေမဲ့ ဘုရားသခင်၌စစ်မှန်သောယုံကြည်ခြင်း ဒါမှမဟုတ် ဘုရားသခင်နဲ့ ဘုရားရဲ့အမှုတော်တွေကိုတော့ မသိနားမလည်ကြသေးပါဘူး ဒီလိုယုံကြည်ခြင်းမျိုးဟာ မရေရာတဲ့ယုံကြည်ခြင်းမျိုးဖြစ်ပြီး ဘုရားသခင်ရဲ့ချီးမွမ်းခြင်းကို ဘယ်တော့မှရမှာ မဟုတ်ဘူး အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ စစ်မှန်တဲ့ယုံကြည်ခြင်းဆိုတာဘာလဲဆိုတာကို ဖော်ပြထားတယ် “ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။” အနန္တတန်ခိုးရှင်ဘုရားသခင်က စစ်မှန်သောယုံကြည်ခြင်းနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောထားပါတယ် ဘုရားသခင်ကိုယုံကြည်တဲ့သူတွေက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုလည်း တကယ်ကိုယုံကြည်ပါတယ် ဒါဟာသူ့ရဲ့စကားတွေကိုလက်တွေ့လိုက်နာပြီး သူ့ရဲ့ အလုပ်ေတွကိုလက်တွေ့လုပ်ဆောင်ဖို့ပါပဲ ဒီနည်းလမ်းအားဖြင့်ပဲ သူတို့တွေ သမ္မာတရားကိုနားလည်ကြပြီး ဘုရားသခင်နဲ့ အကျွမ်းဝင်နိုင်မှာပါ ဒါမှ တကယ့် ဘုရားသခင်၌စစ်မှန်သောယုံကြည်ခြင်းပဲ ဘာသာရေးအသိုင်းအဝိုင်းမှာ သခင့်အတွက်ဘယ်လိုလုပ်ဆောင်ရမလဲ ဘယ်လိုဒုက္ခခံရမလဲ ဆိုတာလောက်ပဲပြောကြတယ် သခင့်ရဲ့စကားတွေကို ဘယ်လိုလိုက်လျှောက်ကျင့်သုံးရမလဲဆိုတာကိုတော့ မပြောကြပါဘူး အဲ့ဒါကြောင့် ဘုရားသခင်ကို ဘယ်နှနှစ်ကြာအောင်ပဲ ယုံကြည်နေနေ ကျွန်တော်တို့တွေ သမ္မာတရားကို နားလည်မှာမဟုတ်ဘူး .. ဘုရားသခင်ကိုလည်း သိကျွမ်းကြမှာ မဟုတ်ဘူး ဘုရားသခင်ကို ကျွန်တော်တို့ ဒီလိုမျိုးပဲ ယုံကြည်နိုင်မယ်ဆို ဘုရားသခင် ကျွန်တော်တို့ကို ဘယ်လိုအသိအမှတ်ပြုမလဲ သခင်ယေရှုက ယခုလိုမိန့်ဆိုခဲ့ပါတယ် “ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီ မဟုတ် လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသော သူတို့သည် လျှောက်ကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင် ၇:၂၂) သခင်ယေရှုက နောက်ထပ်ဘာပြောသေးလဲ။ “ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတိအလင်း ငါပြောမည်။(ရှင်မဿဲခရစ်ဝင် ၇:၂၃) အဲ့ဒါဘာကိုပြလဲဆိုတော့ ကျွန်တော်တို့သခင့်ကိုယုံကြည်ကြတယ် ကိုယ့်ရဲ့ကိုယ်ပိုင် သဘောဆန္ဒအရ သူ့အတွက်အမှုတော်ဆောင်တယ် ပေးဆပ်တယ် ကျွန်တော်တို့တွေက သခင့်စကားတွေကို လိုက်လျှောက်ကျင့်သုံးမှုမရှိကြဘူး ဒီလိုယုံကြည်ခြင်းမျိုးဟာ ဘုရားသခင်ရဲ့ သဘောကျနှစ်သက်မှုကို မရနိုင်တဲ့အပြင် ဘုရားသခင်ရဲ့ ပြစ်တင်ရှုတ်ချခြင်းကိုပါ ခံကြရမယ် ဘာသာရေးအသိုင်းအဝိုင်းထဲမှာ ယုံကြည်သူတစ်ယောက်အဖြစ် ကျင်လည်ခဲ့တဲ့ ကျွန်တော့်ရဲ့အချိန်တွေကိုပြန်ပြောင်းပြောရရင် ကျွန်တော်ကသခင့်ရဲ့စကားတွေကိုလိုက်လျှောက်တာ သခင့်ရဲ့အလုပ်တွေအပေါ် လက်တွေ့လုပ်ဆောင်တာတွေအပေါ် အာရုံမစိုက်ခဲ့ဘူး အပြစ်ကျူးလွန်တဲ့အခါမျိုးတွေမှသာ နောင်တရပြီးခွင့်လွှတ်ဖို့ သခင့်ထံတောင်းပန်တာ ဒုက္ခကြုံတွေ့တဲ့အခါ သခင့်ထံဆုတောင်းပြီး ကူညီမစဖို့သူ့ကိုတောင်းပန်တယ် သမ္မာကျမ်းစာက ကျမ်းပိုဒ်တစ်ချို့ကိုအလွတ်မှတ်သားထားသ၍၊ သမ္မာကျမ်းစာထဲက စကားတွေကိုစောင့်ထိန်းပြီး ဥပဒေသတွေကိုလိုက်နာနေသ၍ သခင့်ကိုယုံကြည်တာလို့ပဲ တွေးမိခဲ့တယ် ကျွန်တော်က စိတ်အားထက်သန်စွာပေးဆပ်ပြီး သခင့်အတွက်အမှုတော်ဆောင်ရင် သခင့်ကိုကောင်းကောင်းယုံကြည်တာပဲလို့ ထင်ခဲ့မိတယ် .. သခင့်ကိုချစ်ပြီး သူ့ကိုသစ္စာရှိ နေတယ်လို့လည်း တွေးမိခဲ့တယ် သခင်ပြန်လာတဲ့အခါ သူ့ရဲ့နိုင်ငံတော်ကို ကျိန်းသေဝင်ရလိမ့်မယ်လို့ ထင်ခဲ့မိတယ် ဒါပေမယ့် အနန ္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်တွေကို လက်ခံခဲ့ပြီး သူပြောတာတွေကို တွေ့မြင်လိုက်တဲ့အထိ အဲ့လိုတွေးနေခဲ့မိတယ် “ဘုရားသခင်နောက်လိုက်သူများစွာက ကောင်းချီးမင်္ဂလာများ မည်သို့ရရှိမည် သို့မဟုတ် ကပ်ဘေးကို မည်သို့ တွန်းလှန်ပယ်ရှားရမည်ဆိုသည်ကိုသာ စိတ်ဝင်စားကြသည်။...ထိုသို့သော လူတို့သည် ဘုရားသခင် နောက်လိုက်ရာတွင် ရိုးရှင်းသည့် ရည်မှန်းချက်တစ်ခုသာရှိပြီး၊ ယင်းရည်မှန်းချက်မှာ ကောင်းချီးမင်္ဂလာများ ရရှိရန်ဖြစ်သည်။ ထိုသို့သော လူတို့သည် ဤရည်မှန်းချက် တိုက်ရိုက် မပါဝင်သည့် အခြား မည်သည့်အရာကိုမျှ အလေးဂရုပြုဖို့ အပင်ပန်းမခံနိုင်ကြပေ။ ၎င်းတို့အဖို့ ကောင်းချီးမင်္ဂလာများရရှိရန် ဘုရားသခင်ကို ယုံကြည်ခြင်းထက် သာ၍ သဘာဝကျသည့် ရည်မှန်းချက် မရှိချေ- ယင်းမှာ ၎င်းတို့ယုံကြည်ခြင်း၏ တကယ့်တန်ဖိုး ဖြစ်သည်။ တစ်စုံတစ်ရာသည် ဤရည်မှန်းချက်ကို မပံ့ပိုးပေးပါက၊ ၎င်းတို့သည် ထိုအရာအားဖြင့် လုံးဝ တို့ထိမခံရဘဲရှိမြဲ ရှိကြလေသည်။ ဤသည်မှာ ယနေ့ ဘုရားသခင်၌ ယုံကြည်သူအများစုနှင့် ပတ်သက်သည့် ကိစ္စရပ် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၌ ယုံကြည်သည်နှင့်အမျှ၊ ဘုရားသခင်အတွက်လည်း ၎င်းတို့ အသုံးခံကြသောကြောင့်၊ ဘုရားသခင်ထံ မိမိတို့ကိုယ်ကိုယ် ဆက်ကပ် အပ်နှံကြပြီး ၎င်းတို့တာဝန်ကို ထမ်းဆောင်ကြသောကြောင့်၊ ၎င်းတို့၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တို့သည် သဘာဝကျပုံပေါ်လေသည်။ ၎င်းတို့သည် ၎င်းတို့၏ငယ်ရွယ်မှုကို စွန့်လွှတ်ကြသည်၊ မိသားစုနှင့် အသက်မွေးအလုပ်တို့ကို စွန့်ပစ်ပြီး၊ မိမိတို့ကိုယ်ကိုယ် အလုပ်များစေလျက် အိမ်နှင့်ဝေးရာတွင် နှစ်ပေါင်းများစွာပင် ကုန်ဆုံးကြလေသည်။...ဤတွင် ယခင်က အမည်မဖော်နိုင်ခဲ့သည့် ပြဿနာတစ်ရပ်ကို ငါတို့ ရှာဖွေ တွေ့ရှိပေသည်- လူသား၏ ဘုရားသခင်နှင့် ဆက်ဆံရေးမှာ ပကတိ မိမိ၏ကိုယ်ကျိုးစီးပွားတစ်ခုမျှသာ ဖြစ်ပေသည်။ ယင်းသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိသူနှင့် ပေးသူတို့အကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ရှင်းရှင်းပြောပါက၊ အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ဆက်ဆံရေးနှင့် ဆင်ဆင်တူပေသည်။ အလုပ်သမားသည် အလုပ်ရှင် ချပေးသော ဆုလာဘ်များကို လက်ခံရရှိရန်သာ အလုပ်လုပ်သည်။ ထိုသို့သော ဆက်ဆံရေးတစ်ရပ်တွင် ချစ်ခင်ခြင်းမရှိပေ၊ အပေးအယူသာ ရှိသည်။ ချစ်ခြင်း သို့မဟုတ် အချစ်ခံရခြင်းမရှိ၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် သနားကရုဏာသာ ရှိသည်။ နားလည်မှုမရှိ၊ မျိုသိပ်ထားသော နာကြည်းမှုနှင့် လှည့်ဖြားခြင်းသာ ရှိသည်။ ရင်းနှီးမှုမရှိ၊ ဖြတ်သန်းမရနိုင်သည့် ကွာဟချက်သာ ရှိသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ပြီးဖြစ်သဖြင့်၊ မည်သူသည် ထိုသို့သော လမ်းကြောင်းတစ်ခုကို ပြောင်းပြန် လှည့်နိုင်မည်နည်း။ ဤဆက်ဆံရေးက မည်မျှ ကြောက်မက်ဖွယ်ဖြစ်လာပြီး ဖြစ်သည်ကို လူမည်မျှက အမှန်တကယ် နားလည်နိုင်စွမ်းရှိသနည်း။ လူများသည် ကောင်းချီးမင်္ဂလာခံစားရခြင်း၏ ဝမ်းမြောက်မှုတွင် မိမိတို့ကိုယ်ကိုယ် နှစ်မြုပ်ထားသည့်အခါ၊ ဘုရားသခင်နှင့် ထိုသို့သော ဆက်ဆံရေးက မည်မျှရှက်ဖွယ်ကောင်းပြီး မြင်မကောင်း ရှုမကောင်း ဖြစ်သည်ကို မည်သူမျှ စိတ်မကူးနိုင်ဟု ငါယုံကြည်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) အနန ္တတန်ခိုးရှင်ဘုရားသခင်က လူတွေရဲ့ ဇာတိစိတ်သဘောထားကို လိုရင်းရောက်အောင် ပြောပြခဲ့တယ် လူတွေက ကောင်းကြီးမင်္ဂလာခံစားရဖို့အတွက်ပဲ ဘုရားသခင်ကို ယုံကြည်ကြတယ် .. ဘုရားနဲ့ အပေးအယူလုပ်ချင်ကြတယ် ယုံကြည်ခြင်းအပေါ်ထားတဲ့ ကျွန်တော့်ရဲ့ရည်ရွယ်ချက်တွေဟာ မစင်ကြယ်ဘူးလို့ ကျွန်တော်နားလည်သဘောပေါက်လာခဲ့တယ် ကျွန်တော်ကကောင်းချီးတွေ ဂရုဏာတွေ ဆုကျေးဇူးတွေနဲ့ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခြင်းခံရဖို့နောက်ကိုပဲ လိုက်နေခဲ့တာ ကောင်းကင်နိုင်ငံတော်ရဲ့ကောင်းချီးတွေကို ခံစားရရှိနေသ၍ ဘယ်လိုဒုက္ခဝေဒနာကိုမဆို သည်းခံပြီး ဘယ်လိုအဖိုးအခကိုမဆို ပေးမှာပဲ ဒါပေမဲ့ သခင့်ရဲ့စကားတွေကို လိုက်လျှောက်ကျင့်သုံးတာအပေါ် အာရုံမစိုက်ခဲ့သလို ဘုရားသခင်ကိုသိကျွမ်းဖို့ကိုလည်း မကြိုးစားခဲ့ဘူး ရလဒ်အနေနဲ့ ကျွန်တော့်ရဲ့အသက်တာဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲမှာ ပါဝင်နေတဲ့သမ္မာတရားနဲ့ ဘာမှမဆိုင်သလိုဖြစ်လာတယ် ကျွန်တော်သခင့်ကိုယုံကြည်လာတာ နှစ်ပေါင်းများစွာရှိနေပြီ ဒါပေမဲ့သခင်နဲ့ပတ်သက်တဲ့ဗဟုသုတနည်းနည်းလေးတောင်မရှိခဲ့ဘူး ကျွန်တော့်ရဲ့ယုံကြည်ခြင်းက သခင့်ရဲ့ချီးမွမ်းခြင်းကိုရရှိနိုင်လိမ့်မယ်လို့ ထင်ခဲ့မိတယ် ပြီးတော့သူပြန်လာတဲ့အခါ ကောင်းကင်နိုင်ငံတော်ကို ချီေဆာင်ခြင်းခံရလိမ့်မယ်လို့လည်း တွေးခဲ့မိတယ် ကျွန်တော်က အရမ်းကိုအရှက်ကင်းမဲ့ပြီး ဗဟုသုတနည်းခဲ့တယ် ဘုရားသခင်ဟာ လူသားတွေကိုကယ်တင်ဖို့နဲ့ရွေးနှုတ်ဖို့ လူ့ဇာတိခံယူတဲ့အမှုကို နှစ်ကြိမ်တိုင်တိုင်ပြုခဲ့တယ် သူဒီလိုပြုလုပ်တာဟာ လူသားမျိုးနွယ်တွေကို သမ္မာတရားကိုပေးဖို့ပါ အဲ့ဒီလိုပြုလုပ်တာတွေဟာ ဘုရားသခင်ရဲ့စကားတွေကို သူတို့ရဲ့အသက်တာတွေအဖြစ် လက်ခံဖို့၊ အပြစ်ရဲ့ချည်နှောင်ခြင်းနဲ့ထိန်းချုပ်ခြင်းကနေ သူတို့ကိုလွတ်မြောက်စေဖို့ နဲ့ သူတို့ဘုရားသခင်ကို နာခံလာစေဖို့ဖြစ်တယ် ဘုရားသခင်ရဲ့အလိုတော်တွေကို ကျွန်တော်နားမလည်ခဲ့ဘူး၊ သမ္မာတရားကို မလိုက်စားခဲ့ဘူး ပြီးတော့ဘုရားသခင်နဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုလည်း လုံးဝလေ့လာလိုက်စားမှုမရှိခဲ့ဘူး ကျွန်တော်က ဂရုဏာတော်နဲ့ ဆုကျေးဇူးတော်တွေခံစားရရှိဖို့ကိုပဲ လိုက်စားနေခဲ့တာ တစ်ခုခုကိုစွန့်လွှတ်အနစ်နာခံလိုက်ရင် တောင် ဒါဟာကောင်းကင်နိုင်ငံတော်ရဲ့ကောင်းချီးအတွက် အလဲအလှယ်ပြုလုပ်လိုက်တာပဲ ဘုရားသခင်အပေါ်ကျွန်တော့်ရဲ့ယုံကြည်ခြင်းဟာ ဘယ်လိုများဖြစ်ခဲ့တာလဲ .. ဘုရားသခင်အပေါ်ကျွန်တော့်ရဲ့ချစ်ခြင်းနဲ့သစ္စာရှိခြင်းဟာ ဘယ်လိုများလဲ ရှင်းပါတယ် .. ကျွန်တော်ကဘုရားသခင်နဲ့အပေးအယူလုပ်ဖို့ကြိုးစားနေတာ .. ကျွန်တော်ကဘုရားကိုအသုံးချနေတာ .. လှည့်စားနေတာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ စကားတွေရဲ့ တရားစီရင်မှုမှာ ကျွန်တော်ဟာ စာတန်အားဖြင့် နက်ရှိုင်းစွာ ပျက်စီးနေတယ်ဆိုတာ မြင်တွေ့ရတယ် ကျွန်တော်ကအရမ်းတစ်ကိုယ်ကောင်းဆန်ပြီး အရမ်းဉာဏ်နီဉာဏ်နက်များတယ်။ ကျွန်တော့်မှာလူသားဆန်တဲ့အသွင်တွေ ကင်းမဲ့နေခဲ့တယ် ကျွန်တော်ဟာ ကိုယ့်အတွက်သာကြည့်တဲ့ စက်ဆုပ်ဖွယ်ရာလူမိုက်တစ်ယောက် ဖြစ်ခဲ့တယ် ကျွန်တော်ဘုရားသခင်ရှေ့မှောက်မှာနေဖို့ မသင့်တော်ခဲ့ဘူး ဘုရားသခင်က အရာအားလုံးကိုဖန်ဆင်းသူပါ။ ကျွန်တော်ကသူ့ရဲ့ဖန်ဆင်းခံတစ်ယောက် ပါပဲ ဘုရားသခင်ကိုယုံကြည်ပြီး သူ့အတွက်အရာရာကိုစွန့်လွှတ်အနစ်နာခံဖို့က ကျွန်တော့် အတွက် မှန်ကန်လျောက်ပတ်တဲ့အလုပ်ပါ.. ပြီးတော့ကျွန်တော့်ရဲ့တာဝန်လည်းဖြစ်ပါတယ် ဒါဟာဖန်ဆင်းခံတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ တာဝန်ဝတ္တရားပါ ကျွန်တော်ဟာ ဆင်ခြင်သုံးသပ်မှုနဲ့ အသိတရားမရှိခဲ့ဘူး ကျွန်တော်ဘာမဆိုစွန့်လွှတ်အနစ်နာခံပြီး ဒုက္ခခံစားခဲ့တာဟာ ဘုရားသခင်နဲ့အပေးအယူလုပ်ဖို့ကြိုးစားခဲ့တာတေွရဲ့ တစ်စိတ်တစ်ပိုင်းပါပါတယ် .. ကျွန်တော့်အတွက်အလျော်ပေးစေချင်ခဲ့တယ်၊ ကျွန်တော်ကောင်းချီးတွေလိုချင်ခဲ့တယ် ဘုရားသခင်ကိုလှည့်စားခဲ့တဲ့ ကျွန်တော့်ရဲ့ယုံကြည်ခြင်းက ဘုရားသခင်အမုန်းဒဏ်သင့်မှုနဲ့ မနှစ်မြို့မှုတွေကို ဘယ်လိုလုပ်ဖာထေးနိုင်မလဲ စာတန်လိုသတ္တဝါတစ်ယောက်ဖြစ်နေတဲ့ကျွန်တော့်ကို ဘုရားသခင်ကသူ့ရဲ့နိုင်ငံတော် ထဲကို ဘယ်လိုဝင်ခွင့်ပြုမှာလဲ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ဘုရားသခင်ရှေ့မှာဒူးထောက်ပြီး နောင်တနဲ့ဆုတောင်းတယ် ဘုရားသခင်ကျွန်တော့်ကိုဘယ်လိုပြုမူပါစေ ကျွန်တော့်နောက်ဆုံးရလဒ်က ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော် ဘုရားသခင်ရဲ့အကြံအစည်တော်ကို လိုလိုလားလားနာခံသွားမှာပါ ကျွန်တော်ဘုရားသခင်ကို အစေခံနေရတယ်ဆိုရင်တောင် ကျွန်တော် သမ္မာတရားကို လေ့လာလိုက်စားမယ် .. သူ့ရဲ့ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့တာဝန်ကိုထမ်းဆောင်သွားမှာပါ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စစ်ဆေးခြင်းနဲ့ စမ်းသပ်ခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီးနောက်မှာ သူ့အပေါ်ထားရှိတဲ့ကျွန်တော့်ရဲ့ ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့အမြင်တွေ ပြောင်းလာခဲ့တယ် ကျွန်တော်သမ္မာတရားကို စပြီးလေ့လာဆည်းပူးလေ့ကျင့်ခဲ့တယ် တဖြည်းဖြည်းနဲ့ ကယ်တင်ခြင်းကိုရှာဖွေရယူနိုင်မယ့်လမ်းဆီ စတင်ပြီးခြေချလာနိုင်ခဲ့တယ် ဒါဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို တွေ့ကြုံခံစားရတဲ့ ရလဒ်တွေအားလုံးပါပဲ ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်

အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်း ပြစ်တင်ဆုံးမခြင်းတို့ကို ကြုံရပြီးတဲ့နောက်မှာ ကျွန်တော်က စာတန်ရဲ့အတွင်းကျကျဖျက်စီးခြင်းခံထားရတယ်ဆိုတဲ့အဖြစ်ကို နောက်ဆုံးမြင်လာခဲ့တယ်။ ကျွန်တော်ကသိပ်ကိုမောက်မာပြီး လုံး၀ကိုအဓိပ္ပါယ်ကင်းမဲ့နေတဲ့သူတစ်ယောက်ပဲ အခြားတစ်ဖက်မှာကျွန်တော်က သတင်းကောင်းတွေကို ပြန့်အောင်လုပ်နိုင်တယ်၊ အမှုတော်တစ်ချို့ထမ်းဆောင်တယ်၊ ဒုက္ခတွေကိုသည်းခံမယ်၊ သမ္မာကျမ်းစာထဲက စကားလုံးတွေအကြောင်းပြောမယ်၊ ကျမ်းပိုဒ်အချို့ကို အလွတ်ကျက်တယ် ..အဲ့လိုပုံစံပေါက်နေခဲ့တော့ ကျွန်တော်က ဘုရားသခင်ကို သိတဲ့သူဖြစ်တယ် .. ငါသာလျှင်အမြတ်ဆုံးပဲလို့တွေးထင်ပြီး စိတ်ကြီးဝင်နေခဲ့မိတယ် တကယ်တော့ကျွန်တော်က ဘုရားသခင်ဆီဆုမတောင်းရသေးသလို သမ္မာတရားနဲ့ အခြေခံသဘောတရားတွေကိုလည်း မရှာဖွေရသေးဘူး ကျွန်တော်က ကိုယ့်ရဲ့ကိုယ်ပိုင်အယူအဆအတိုင်းပဲ မျက်စိမှိတ်လုပ်ဆောင်ခဲ့တာ အထူးသဖြင့် သခင့်ပြန်လာခြင်းနဲ့ပတ်သက်လာတဲ့အခါ ပိုမှန်ပါတယ်၊ ကိုယ်ပိုင် အယူအဆ၊ စိတ်ကူးတွေပေါ် အခြေခံပြီး ဘုရားသခင်ကို သမ္မာကျမ်းနဲ့ ကန့်သတ်ထားခဲ့မိတယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့အလုပ်တွေအားလုံး သမ္မာကျမ်းစာထဲမှာပဲရှိပြိး သူ့ရဲ့နှုတ်ကပတ်တော်နဲ့လုပ်ဆောင်မှုတွေ သမ္မာကျမ်းစာပြင်ပမှာရှိမနေဘူးလို့ ကျွန်တော်ထင်ခဲ့တယ် နောက်ပြီး သခင့်ကိုယုံကြည်တဲ့သူတွေဟာ သမ္မာကျမ်းစာကိုထိန်းသိမ်းရမှာဖြစ်ပြီး သမ္မာကျမ်းစာကိုထိန်းသိမ်းစောင့်ရှောက်မှုမရှိသူတွေဟာ သခင့်ကိုဘယ်လိုများ ယုံကြည်နိုင်ပါ့မလဲလို့ ခေါင်းမာမာနဲ့ထင်ခဲ့မိတယ် ရလဒ်ကတော့ နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့အလုပ်တွေ ကျွန်တော့်ကိုထိတွေ့လာတဲ့အခါ ကျွန်တော်အဲ့ဒါကိုစူးစမ်းရှာဖွေတာတွေမလုပ်တော့ဘူး ကျွန်တော်က သင်းအုပ်ဆရာတွေနဲ့အသက်ကြီးသူတွေနောက်ကိုတောင်လိုက်နေပြီး ကိုယ့်ဘာသာငြင်းပယ်အကဲဖြတ်နေမိခဲ့တယ် ကျွန်တော်က မာနတွေကြီးနေပြီး ဘုရားသခင်ရှေ့မှာ ဆင်ခြင်တုံတရား မရှိခဲ့ဘူး ဒါဟာဘုရားသခင်ကိုယုံကြည်တဲ့ ကျွန်တော့်ရဲ့အပြုအမူတွေလား .. မဟုတ်ပါဘူး .. ရိုးရိုးလေးပါပဲ .. ဒါဆိုးယုတ်ခြင်းတွေပါပဲ ကျွန်တော်က သခင်ယေရှုကိုဆန့်ကျင်ကြတဲ့ဖာရိရှဲတွေနဲ့ ဘာများကွာခြားလို့လဲ

ကျွန်တော် အနန္တတန်ခိုးရှင်ဘုရားသခင်ပြောခဲ့တဲ့အရာတစ်ချို့ကိုတွေ့ခဲ့တယ် “သင်သည် ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးနှင့် သူ၏ အမှုအားလုံး၌ သင်ယုံကြည်မှု ထားရှိရမည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သူ့ကို နာခံရမည်။ အကယ်၍ သင်မနာခံနိုင်လျှင်၊ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ယင်းက အရေးမပါတော့ချေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်ကို မည်သည့်အခါမျှ မနာခံခဲ့သည့်အပြင် သူ၏ နှုတ်ကပတ်တော် အလုံးစုံကို လက်မခံဘဲ၊ ထိုအစား ဘုရားသခင်အနေဖြင့် သင့်ကို နာခံရန်နှင့် သင်၏ အယူအဆများအတိုင်း ပြုမူရန် တောင်းဆိုလျှင်၊ သင်သည် လူများ အားလုံးထဲတွင် အပုန်ကန်ဆုံးသူ၊ မယုံကြည်သူတစ်ဦးပင် ဖြစ်သည်။ ထိုကဲ့သို့သော လူတို့က လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသော ဘုရားသခင်၏ အမှုနှင့် နှုတ်ကပတ်တော်များကို မည်သို့နာခံနိုင်မည်နည်း။ အားလုံးထဲတွင် အပုန်ကန်ဆုံးသူများသည် ဘုရားသခင်ကို တမင်သက်သက် ဖီဆန်ပြီး အာခံသောသူများ ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရန်သူများ၊ အန္တိခရစ်များပင် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားနှင့် နာခံသောသူတို့သည် ဘုရားသခင်၏ ပိုင်ဆိုင်ခြင်းကို ဧကန်အမှန် ခံကြရလိမ့်မည်)သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုသစ်နှင့် ကြုံတွေ့သည့်အခါ သတိမထားသူတို့၊ ပါးစပ်စည်း မရှိသူတို့၊ ဝေဖန်ဖို့ မြန်ဆန်သောသူတို့၊ သန့်ရှင်းသော ဝိညာဉ်တော်အမှု၏ ဖြောင့်မတ်ခြင်းကို ငြင်းပယ်လိုသည့် ၎င်းတို့၏ နဂိုစိတ်ရင်းကို ဇက်ကုန်လွှတ်ထားသူတို့နှင့် စော်ကားပုတ်ခတ်ပြီး ပြစ်မှားပြောဆိုမှုများလည်း ပြုလုပ်သူတို့- ထိုသို့သော လေးစားမှု မရှိသူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုနှင့် ပတ်သက်၍ မသိနားမလည် ဖြစ်ကြသည် မဟုတ်လော။ ထို့အပြင် ၎င်းတို့သည် အလွန် မာနထောင်လွှားမှု ရှိသူများ၊ ပင်ကိုအားဖြင့် မာနကြီး၍ ထိန်းမရသူများ မဟုတ်လော။...ထိုသို့သော လေးစားမှု ကင်းမဲ့သူများ၊ စိတ်အလိုလိုက်သူများသည် ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်နေကြပြီး ၎င်းတို့ ဤသို့ သာ၍ ဖြစ်လေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ပုန်ကန်ပြစ်မှားရန် အလားအလာများ လေလေ ဖြစ်သည်။ ပင်ကိုအားဖြင့် ထိန်းမနိုင်သိမ်းမရအောင်စိတ်ပြင်းပြသောသူများနှင့် မည်သူကိုမျှ လုံးဝ မနာခံဖူးသည့် ထိုမာနထောင်လွှားသူ အားလုံးသည် ဤလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းကြသည် မဟုတ်လော။ ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ အစဉ်အသစ်ဖြစ်ကာ မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့် ဘုရားသခင်ကို ဆန့်ကျင်ကြသည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုအဆင့် သုံးဆင့်ကို သိခြင်းသည် ဘုရားသခင်ကို သိခြင်း၏ လမ်းကြောင်းဖြစ်သည်) ဘုရားသခင်ရဲ့ စကားတွေရဲ့ စာကြောင်းတစ်ကြောင်းဆီတိုင်းဟာ ကျွန်တော့်နှလုံးသားထဲကို စူးဝင်ခဲ့တယ် သူ့ရဲ့တရားစီရင်ခြင်းဟာ ကျွန်တော့်သဘောသဘာဝနဲ့ အနှစ်သာရတွေကိုထုတ်ဖော်ပြသ ခဲ့တယ်။ ကျွန်တော်ကဘုရားသခင်ကိုယုံကြည်တယ် ဒါပေမဲ့သူ့ကိုဆန့်ကျင်မှုပြုတယ် ဘုရားသခင်ရဲ့အမျက်ဒေါသ ကျွန်တော့်အပေါ်ကျရောက်နေတယ်လို့ခံစားခဲ့ရတယ် ဖောက်ဖျက်လို့မရတဲ့ သူ့ရဲ့ဖြောင့်မတ်ခြင်းနဲ့ ခန့်ညားထည်ဝါတဲ့စိတ်သဘောထားတွေကို ကျွန်တော်ခံစားခဲ့ရတယ် ကျွန်တော်ဘာမှမတတ်နိုင်ပဲ တုန်လှုပ်ကြောက်ရွံ့မှုတွေဖြစ်လာတယ် .. ဒါပေမဲ့ ကျွန်တော့်ရဲ့ဆိုးယုတ်မှုလုပ်ဆောင်မှုတွေနဲ့အရှက်ရပြီး ကြမ်းပြင်မှာဒူးထောက်ခဲ့တယ် ကျွန်တော်ဟာနှစ်ပေါင်းများစွာ သခင့်ကိုယုံကြည်ခဲ့တယ်.. အဲ့ဒါကြောင့်ကျွန်တော် ဘယ်လိုများမောက်မာပြီးစိတ်ကြီးဝင်နေရတာလဲ ကျွန်တော်ကဘာဖြစ်လို့ ဘုရားသခင်ကိုကြည်ညိုတဲ့အသွင်ကင်းမဲ့နေရတာလဲ ဘုရားသခင်ရဲ့လုပ်ဆောင်မှုတွေက ကျွန်တော့်ရဲ့အယူအဆတွေနဲ့မကိုက်ညီတဲ့အခါ ကျွန်တော့်ဘာသာအကဲဖြတ်ပြီး ကိုယ့်အလိုအတိုင်းငြင်းပယ်ခဲ့တယ် ကျွန်တော်ကသမ္မာတရားကိုမရှာဖွေခဲ့သလို ဘုရားသခင်ကိုလည်းမနာခံခဲ့ဘူး ကျွန်တော်က ဘုရားသခင်ကိုယုံကြည်တဲ့ မောက်မာတဲ့လူတစ်ယောက် သူ့ကို ဆန့်ကျင်နေဆဲဖြစ်တဲ့သူတစ်ယောက်ပဲမဟုတ်လား ကျွန်တော့်ရဲ့အပြုအမူတွေဟာ ဘုရားသခင်ရဲ့စိတ်နေသဘောထားတွေကို ဟိုးတုန်းကတည်းကဖောက်ဖျက်ကျူးလွန်နေတာ ဘုရားသခင်ရဲ့ကရုဏာတော်နဲ့ကယ်တင်ခြင်းကြောင့်သာမဟုတ်ခဲ့ရင် ကျွန်တော် ဟိုးတုန်းကတည်းက ငရဲကိုပို့ခြင်းခံခဲ့ရလိမ့်မယ် ကျွန်တော် ဘုရားသခင်ရဲ့အသံတော်ကြားရဖို့အခွင့်အရေးနဲ့ နောက်ဆုံးသောကလမှာ သူ့ရဲ့တရားစီရင်ခြင်းနဲ့သန့်စင်ခြင်းတွေလက်ခံရရှိဖို့အခွင့်အရေးတွေ ဘယ်လိုရနိုင်ခဲ့မှာလဲ ဘုရားသခင်ရဲ့ကယ်တင်ခြင်းကို ခံခဲ့ရပြီးပြီလို့ ကျွန်တော်ခံစားခဲ့ရတယ် ဒီတစ်ကြိမ်မှာတော့ ကျွန်တော်အရင်ကထက် ကျွန်တော့်ကိုကျွန်တော်မုန်းခဲ့မိပြီး ကျိန်ဆဲခဲ့မိတယ် ကျွန်တော်စိတ်ပိုင်းဖြတ်မိတာက.. ဘုရားသခင်က ကျွန်တော့်ကို ဘယ်လိုပဲတရားစီရင်တာ၊ ဝေဖန်ပြစ်တင်တာ၊ ပြုပြင်တာ၊ ဆုံးမတာတွေနဲ့ စမ်းသပ်စစ်ဆေးတာတွေဘယ်လောက်ပဲလုပ်လုပ် ကျွန်တော်အဲ့ဒါတွေကို လိုလိုလားလားနဲ့လက်ခံပြီးလိုက်နာသွားမှာပါ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့စကားတွေကို စဉ်ဆက်ပြတ်ဖတ်ပြီး သူ့ရဲ့တရားစီရင်ခြင်းကို တွေ့ကြုံခြင်းအားဖြင့် အရင်ကကျွန်တော်နားမလည်ခဲ့တဲ့ အမှန်တရားအတော်များများကို အခုကျွန်တော်နားလည်လာပြီ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ ဇာတိပကတိသဘောတွေနဲ့ ဘုရားသခင်ကိုဆန့်ကျင်ပြီး သစ္စာဖောက်ခဲ့တဲ့အဖြစ်တွေကို ပိုပြီးသဘောပေါက်နားလည်လာခဲ့တယ် ကျွန်တော်အခု ဘုရားသခင်ရဲ့သန့်ရှင်းတဲ့အနှစ်သာရတွေနဲ့ ဖောက်ဖျက်လို့မရတဲ့ဖြောင့်မတ်မှန်ကန်တဲ့ စိတ်သဘောထားနဲ့ပတ်သက်တဲ့ စစ်မှန်တဲ့ ဗဟုသုတေတွရရှိလာခဲ့ပြီး မရည်ရွယ်ပဲနဲ့ ဘုရားသခင်ကိုကြည်ညိုတာ ပြီးတော့သမ္မာတရားကိုငတ်မွတ်တာတွေလည်း ဖြစ်လာခဲ့တယ် အရင်ကထက် အများကြီး သိုသိုသိပ်သိပ် နေတတ်လာတယ် ကျွန်တော် ကိုယ့်ကိုယ်ကိုယ်မောက်မာပြီး အထင်ကြီးနေတတ်သူတစ်ယောက် မဟုတ်တော့ဘူး အကြောင်းအရာအမျိုးမျိုးနဲ့ ရင်ဆိုင်ရတဲ့အခါမျိုးမှာလဲ ကျွန်တော်ကိုယ့်ကိုယ်ကိုငြင်းပယ် လာနိုင်ပြီး အမှန်တရားကိုရှာဖွေကျင့်ဆောင်လာနိုင်ခဲ့တယ် ကျွန်တော့်အသက်တာ စိတ်နေသဘောထားတွေလည်း တဖြည်းဖြည်းပြောင်းလဲလာခဲ့တယ် ဒါတွေအားလုံးဟာ ဘုရားသခင်စကားတော်တွေရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့ တရားစီရင်ခြင်းကို တွေ့ကြုံခံစားခြင်းရဲ့ ရလဒ်တွေပါပဲ အခုတော့ ဘုရားသခင်၌စစ်မှန်တဲ့ယုံကြည်ခြင်းဆိုတာကို ကျွန်တော်နောက်ဆုံး နားလည်လာပြီ ဘုရားသခင်၌ယုံကြည်ခြင်းရဲ့ စစ်မှန်တဲ့တန်ဘိုးနဲ့ အဓိပ္ပါယ်တွေကိုလည်း နားလည်လာပြီ ဒါဟာ ကျေးဇူးတော်ခေတ်မှာ ယုံကြည်သူတွေဘယ်တုန်းကမှမရရှိခဲ့တဲ့ တစ်စုံတစ်ရာပါပဲ ကျေးဇူးတော်ခေတ်အတွင်း ကျွန်တော်တို့ယုံကြည်သူအများစုဟာ ရှင်ပေါလုကိုလိုက်လံတုပဖို့ပဲ အာရုံစိုက်ခဲ့ကြတယ် ကျွန်တော်တို့တွေသခင့်အတွက် ဒုက္ခခံစားခဲ့ပြီးလုပ်ဆောင်ခဲ့တယ် .. ကျွန်တော်တို့တွေဟာ သခင့်နာမတော်ကိုငြင်းပယ်မယ့်အစား ထောင်ထဲမှာညှင်းဆဲ ဒုက္ခခံစားဖို့ကိုတောင် ပိုဦးစားပေးခဲ့တယ် ဒီလို ဘုရားသခင်၌ယုံကြည်ခြင်းမျိုးဟာ ကျွန်တော်တို့ရဲ့ အသက်တာ စိတ်နေသဘောထားကို ပြောင်းလဲနိုင်ပါ့မလား ဘုရားသခင်ကို တကယ်နာခံဖို့နဲ့ ချစ်ဖို့ကော ပြုလုပ်ပေးနိုင်ရဲ့လား နောက်ဆုံးမှာ ဒီ ယုံကြည်ခြင်းက ကျွန်တော်တို့ကို စာတန်ကို အောင်နိုင်ခွင့်ပေးနိုင်လား၊ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ကော တွေ့နိုင်ရဲ့လား ဘုရားသခင်က သူ့နှုတ်ကပတ်တော်တွေကို နာခံဖို့တောင်းဆိုရင်း သမ္မာတရားကို ဖော်ပြပြီး လူတွေအပေါ် သူ့အမှုတော်ကို လုပ်ဆောင်တယ်။ ဒါကို သူဘာဖြစ်လို့ လုပ်တာလဲ လူတွေရဲ့ အသက်တာကို ပြောင်းလဲစေဖို့နဲ့ စာတန်ရဲ့ လွှမ်းမိုးမှုကနေ ကယ်တင်ဖို့ပဲဖြစ်တယ် နောကျဆုံးမှာ လူသားတှကေို ဘုရားကိုသိကြှမျးဖို့နဲ့ နာခံဖို့ အခှငျ့ပေးလိုကျတယျ ဒါဟာ ဘုရားသခင်၌စစ်မှန်သောယုံကြည်ခြင်း ရယူနိုင်တဲ့အရာပဲ ဒါပေမဲ့ သခင့်ကိုယုံကြည်သူအတော်များများဟာ သူတို့တွေအရာရာကိုပေးဆပ်စွန့်လွှတ် နေသ၍၊ သခင့်အတွက်ခက်ခဲတဲ့ဝန်တွေကိုထမ်းရွက်နေသ၍ သူတို့တွေသခင့်ရဲ့ အလိုတော်နဲ့ကိုက်ညီတယ်လို့ထင်ကြတယ် ပြီးတော့သူပြန်လာတဲ့အခါ ကောင်းကင်နိုင်ငံတော်ကို ချီဆောင်ခြင်းခံရလိမ့်မယ်လို့လည်း ထင်နေကြတယ် .. ဒါကိုစဉ်းစားကြည့်ကြပါ ဘုရားသခင်က သူ့ရဲ့အမှုေတာ်တွေကို ကျွန်တော်တို့အပေါ်လုပ်ဆောင်နေတယ် .. အဲ့ဒီလိုလုပ်ဆောင်နေတဲ့အတွက် သူ့ရဲ့အလုပ်တွေကိုပြန့်နှံ့စေပြီး အဲ့ဒီဖြစ်စဉ်အတွက် ဆင်းရဲဒုက္ခခံယူတာကို .. “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” လို့သူ့ကိုမေးလို့ရပါ့မလား။ ဒါက ဘုရားသခင်က လူသားတွေကို တောင်းဆိုနေတဲ့အရာလား ဒါဘုရားသခင်ရဲ့အလိုတော်လား ဒါဟာ ကျွန်တော်တို့နားလည်နေတဲ့ ဘုရားသခင်၌ယုံကြည်ခြင်း ဆိုရင် .. ကျွန်တော်တို့သူ့ကို နားလည်မှုလွဲနေတာမဟုတ်လား ..

အခု ကျွန်တော်တို့ဒီအကြောင်းတွေအကုန်လုံး ပြောပြီးပြီဆိုတော့ ဘုရားသခင်၌စစ်မှန်သောယုံကြည်ခြင်း က ဘာလဲဆိုတာနားလည်ကြပြီလား နောက်ဆုံးသောကာလ သူ့ရဲ့တရားစီရင်ခြင်းနဲ့ သန့်စင်ခြင်းတွေကို တွေ့ကြုံခံစားမှုမရှိပဲ ဘုရားသခင်ကိုယုံကြည်ရင် ရနိုင်ပါ့မလား သူ့ကိုယုံကြည်တယ် ဒါပေမဲ့ သူ့နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို လက်တွေ့လိုက်နာထိတွေ့မှုမရှိဘူးဆိုရင် ဘုရားသခင်ကို ကျွန်တော်တို့တွေသိနိုင်ပါ့မလား ဘုရားသခင်ရဲ့အလိုတော်နဲ့ စစ်မှန်တဲ့နာခံခြင်းနဲ့ဝတ်ပြုကိုးကွယ်ခြင်းတွေကို သူ့ကိုယုံကြည်ပြီး သူ့နှုတ်ကပတ်တော်တွေနဲ့ သူ့လုပ်ဆောင်မှုတွေကို လက်တွေ့ကျင့်သုံး ထိတွေ့မှုမရှိဘူးဆိုရင် .. နားလည်နိုင်ကြပါ့မလား အဲ့ဒါကြောင့် ဘုရားသခင်ကိုအမှန်တကယ်သိကျွမ်းလိုပြီး ကျွန်တော်တို့ရဲ့စိတ်သဘောထား တွေကို အမှန်တကယ်ပြောင်းလိုရင် .. အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအမှုကို လက်ခံခြင်း ကြုံတွေ့ခြင်းဟာ အရမ်း အရေးကြီးပါတယ် ဘုရားသခင်က ဒီလို မိန့်တော်မူတယ် “အကယ်၍ လူများသည် ကျေးဇူးတော်ခေတ်တွင် ဆက်လက် သောင်တင်နေပါက၊ ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားကို သိရန် မဆိုထားနှင့်၊ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဘယ်သောအခါမျှ ဖယ်ရှားလိမ့်မည် မဟုတ်ပေ။ အကယ်၍ လူများသည် ကျေးဇူးတော်အလျှံပယ်ကြား အမြဲ အသက်ရှင်သော်လည်း၊ ဘုရားသခင်ကို သိရန် သို့မဟုတ် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် ၎င်းတို့ကို အခွင့်ပေးသည့် အသက်လမ်းခရီး မရှိကြပါက၊ ၎င်းတို့သည် ကိုယ်တော်၌ ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို မည်သည့်အခါတွင်မျှ အမှန်တကယ် ရရှိလိမ့်မည်မဟုတ်ပေ။ ဤယုံကြည်မှုမျိုးသည် ဧကန်အမှန် သနားစဖွယ် ဖြစ်သည်။...နိုင်ငံတော်ခေတ်ထဲက လူ့ဇာတိခံ ဘုရားသခင်၏ အမှု အဆင့်တိုင်းကို သင် တွေ့ကြုံပြီးချိန်တွင်၊ နှစ်ပေါင်းများစွာ သင်၌ ရှိခဲ့သည့် စိတ်ဆန္ဒများသည် နောက်ဆုံးတွင် တကယ်ဖြစ်ပေါ်လာပြီ ဖြစ်သည်ကို သင်ခံစားရပေမည်။ ယခုမှသာ ဘုရားသခင်ကို မျက်နှာချင်းဆိုင် သင် အမှန်တကယ် မြင်တွေ့ရပြီ၊ ယခုမှသာ သူ၏ မျက်နှာကို ကြည့်ရပြီ၊ သူ၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ချက်များကို ကြားရပြီ၊ သူ၏ အမှု၏ ဉာဏ်ပညာကို နားလည်သဘောပေါက်ပြီး သူသည် မည်မျှစစ်မှန်ပြီး အနန္တတန်ခိုးရှင် ဖြစ်သည်ကို အမှန်တကယ် သိရပြီဟု သင်ခံစားရလိမ့်မည်။ ယခင်ခေတ်က လူများ မမြင်ခဲ့ဖူးသကဲ့သို့ မပိုင်ဆိုင်ခဲ့ဖူးသည့် အရာများစွာကို သင် ရရှိပြီးဖြစ်သည်ဟု သင်ခံစားသိလိမ့်မည်။ ဤအချိန်တွင်၊ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာဖြစ်သည်ဆိုသည်နှင့် ဘုရားသခင်၏ အလိုနှင့် ကိုက်ညီဖို့ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိလိမ့်မည်။ ဟုတ်ပေ၏၊ သင်သည် အတိတ်၏ အမြင်များကို တွယ်ဖက်ပြီး ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း အချက်ကို ပယ်ချပါက၊ သို့မဟုတ် ငြင်းပယ်ပါက၊ သင်သည် မည်သည့်အရာမျှ မရရှိဘဲ လက်ချည်းသက်သက် ဖြစ်နေလိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်းအပြစ်ရှိသည်ဟု ကြေညာခံရလိမ့်မည်။ သမ္မာတရားကို နာခံနိုင်ပြီး ဘုရားသခင်၏ အမှုကို ကျိုးနွံနာခံနိုင်သော သူတို့သည် ဒုတိယအကြိမ် လူ့ဇာတိခံ ဘုရားသခင်- အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်အောက်တွင် အကျုံးဝင်လိမ့်မည်။ ၎င်းတို့သည် သာ၍ များပြီး သာ၍ မြင့်မားသည့် သမ္မာတရားများအပြင် စစ်မှန်သော အသက်ကို ရရှိရင်း၊ ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ လမ်းပြမှုကို လက်ခံနိုင်လိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

ဘုရားသခင်၌ ယုံကြည်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၂) တို့တွေဟာ နှစ်ပေါင်းများစွာ ကိုယ်တော့်ကိုယုံကြည်ခဲ့ကြပြီး တဦးတယောက်စီတိုင်းဟာ အချင်းချင်းနှိမ့်ချခြင်း၊ သနားသည်းခံခြင်း၊ ချစ်ခြင်းတွေနဲ့နေထိုင်ခဲ့ကြတယ် ရှင်ပေါလုရဲ့စံနမူနာအတိုင်း ဘုရားအတွက် ပေးဆပ်အမှုတော်ဆောင်ခဲ့ကြတယ် ရှင်ပေါလုဟာ ကိုယ်တော့်ရဲ့လမ်းစဉ်အတိုင်း လိုက်ခဲ့လို့ ချီဆောင်ခြင်းကာလမှာ သူဟာ ကောင်းကင်နိုင်ငံတော်ကိုဝင်ခွင့်ရလိမ့်မယ်။ ရှင်ပေါလုက ခုလိုပြောခဲ့တယ် “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) တဲ့။ မင်းတို့သက်သေခံသလို တို့ဟာ ကိုယ်တော့်ကိုယုံကြည်တဲ့အခါ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ စီရင်ခြင်းအမှုတော်မှာ ပါဝင်ခွင့်ရလိမ့်မယ်။ စင်ကြယ်ခြင်းကို ရတဲ့အချိန်ကျရင် ကောင်းကင်နိုင်ငံကို ဝင်ခွင့်ရလိမ့်မယ်။ မေးစရာကျန်သေးတယ်၊ တို့တွေဟာ နှစ်ပေါင်းများစွာ ကိုယ်တော့်ကိုယုံကြည်ပြီး ကိုယ်တော့်အတွက် ပေးဆပ်အမှုတော်ဆောင်ခဲ့ပေမဲ့ နောက်ဆုံးသောကာလရဲ့အနန္တတန်ခိုးရှင်ဘုရားသခင်ကိုလက်မခံရင် ငါတို့ ကောင်းကင်ကိုဝင်ခွင့်ရှိနိုင်မလား။

နောက်တစ်ခုသို့- မေးခွန်း (၁) ကျမ်းစာထဲမှာ ရှင်ပေါလုက “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆) ရှင်ပေါလုရဲ့စကားတွေကကျမ်းစာထဲမှာရှိတယ်လေ .. အဲ့ဒါကြောင့်အဲ့ဒီစကားတွေက ဘုရားသခင်ရဲ့ မှုတ်သွင်းမှုကြောင့်ဖြစ်လာတာ .. အဲ့ဒီစကားတွေကဘုရားသခင်ရဲ့ စကားတွေပဲ သခင့်ကိုယုံကြည်တာဟာ သမ္မာကျမ်းစာကိုယုံကြည်တာပဲလေ ဂိုဏ်းဂဏတွေကိုထည့်သွင်းမစဉ်းစာပဲ သမ္မာကျမ်းစာကသွေဖည်နေပြီဆိုရင်တော့ မိစ္ဆာဒိဌိပဲ ကျွန်မတို့တွေက သခင့်ကိုယုံကြည်တဲ့သူတွေဖြစ်တာကြောင့် သမ္မာကျမ်းစာအတိုင်းပဲ လုပ်ဆောင်ရမယ်၊ ပြောချင်တာက ကျွန်မတို့တွေ သမ္မာကျမ်းစာထဲကစကားတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ် သမ္မာကျမ်းစာက ခရစ်ယာန်တွေရဲ့ပြဌာန်းချက် ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်ပဲ သမ္မာကျမ်းစာကိုစွန့်ခွာတာဟာ သခင့်ကိုမယုံကြည်တာပဲ .. သမ္မာကျမ်းစာကို စွန့်ပယ်မယ်ဆိုရင် ကျွန်မတို့တွေသခင့်ကိုဘယ်လိုများယုံကြည်ရမလဲ သခင့်ရဲ့စကားတွေကို သမ္မာကျမ်းစာထဲမှာရေးသားထားတာ .. သူ့ရဲ့စကားတွေကို ကျွန်မတို့ရှာတွေ့နိုင်တဲ့နေရာ ဘယ်နေရာများရှိလို့လဲ သခင့်အပေါ်ကျွန်မတို့ရဲ့ယုံကြည်ခြင်းက သမ္မာကျမ်းစာအပေါ်အခြေမခံဘူးဆိုရင် ဘယ်အပေါ်မှာများအခြေခံရမလဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။