မေးခွန်း (၁) ကျမ်းစာထဲမှာ ရှင်ပေါလုက “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆) ရှင်ပေါလုရဲ့စကားတွေကကျမ်းစာထဲမှာရှိတယ်လေ .. အဲ့ဒါကြောင့်အဲ့ဒီစကားတွေက ဘုရားသခင်ရဲ့ မှုတ်သွင်းမှုကြောင့်ဖြစ်လာတာ .. အဲ့ဒီစကားတွေကဘုရားသခင်ရဲ့ စကားတွေပဲ သခင့်ကိုယုံကြည်တာဟာ သမ္မာကျမ်းစာကိုယုံကြည်တာပဲလေ ဂိုဏ်းဂဏတွေကိုထည့်သွင်းမစဉ်းစာပဲ သမ္မာကျမ်းစာကသွေဖည်နေပြီဆိုရင်တော့ မိစ္ဆာဒိဌိပဲ ကျွန်မတို့တွေက သခင့်ကိုယုံကြည်တဲ့သူတွေဖြစ်တာကြောင့် သမ္မာကျမ်းစာအတိုင်းပဲ လုပ်ဆောင်ရမယ်၊ ပြောချင်တာက ကျွန်မတို့တွေ သမ္မာကျမ်းစာထဲကစကားတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ် သမ္မာကျမ်းစာက ခရစ်ယာန်တွေရဲ့ပြဌာန်းချက် ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြစ်ပဲ သမ္မာကျမ်းစာကိုစွန့်ခွာတာဟာ သခင့်ကိုမယုံကြည်တာပဲ .. သမ္မာကျမ်းစာကို စွန့်ပယ်မယ်ဆိုရင် ကျွန်မတို့တွေသခင့်ကိုဘယ်လိုများယုံကြည်ရမလဲ သခင့်ရဲ့စကားတွေကို သမ္မာကျမ်းစာထဲမှာရေးသားထားတာ .. သူ့ရဲ့စကားတွေကို ကျွန်မတို့ရှာတွေ့နိုင်တဲ့နေရာ ဘယ်နေရာများရှိလို့လဲ သခင့်အပေါ်ကျွန်မတို့ရဲ့ယုံကြည်ခြင်းက သမ္မာကျမ်းစာအပေါ်အခြေမခံဘူးဆိုရင် ဘယ်အပေါ်မှာများအခြေခံရမလဲ

အဖြေ- ရှင်ပေါလုရဲ့စကားတွေကကျမ်းစာထဲမှာရှိတယ်.. အဲ့ဒါကြောင့်အဲ့ဒီစကားတွေက ဘုရားသခင်ရဲ့စေ့ဆော်မှုကြောင့်ဖြစ်လာတာ .. အဲ့ဒီစကားတွေကဘုရားသခင်ရဲ့ စကားတွေပဲ လို့ အစ်မပြောတယ်နော် ဒါဟာတကယ်ကိုမအပ်စပ်ပါဘူး ကျမ်းစာရှိသမျှဟာ ဘုရားသခင်ရဲ့ မှုတ်သွင်းမှုအားဖြင့်ပေးအပ်ခဲ့တာ လို့ သခင်ယေရှု ပြောခဲ့ဖူးလား သန့်ရှင်းသောဝိညာဉ်တော် ကရော ဒါကိုသက်သေခံခဲ့ရဲ့လား ဒါဆို သမ္မာကျမ်းစာထဲကစကားတွေအားလုံးဟာ ဘုရားသခင်မှုတ်သွင်းမှုကြောင့်လို့ တကယ်ပဲပြောနိုင်ပါ့မလား သမ္မာကျမ်းစာကိုသိတဲ့ဘယ်သူမဆို ပရောဖတ်တွေဆောင်ကြဉ်းလာတဲ့ ဘုရားသခင်ရဲ့စကားတွေကို ရှင်းရှင်းလင်းလင်း အမှတ်အသားပြုလုပ်ထားတယ်ဆိုတာကို သိကြပါတယ် ဘယ်စကားတွေက ဘုရားသခင်မှုတ်သွင်းတာ ဘုရားသခင်ဆီကလာတာဆိုတာနဲ့ ဘယ်စကားတွေက လူတွေဆီကနေလာတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ် ဒါပေမယ့်လည်း ရှင်ပေါလုရဲ့စာစောင်တွေထဲကစကားတွေထဲမှာ ဘုရားသခင်မှုတ်သွင်းမှုနဲ့ ဘုရားသခင်ဆီကလာတယ်လို့ အမှတ်အသားပြုထားတာ တစ်ခုမှမရှိပါဘူး အဲ့ဒါကြောင့် ရှင်ပေါလုရဲ့စကားတွေအားလုံးက ဘုရားသခင်ရဲ့စကားတွေလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ သူ့ရဲ့စကားတွေကိုသယ်ဆောင်သွားပေးဖို့ ရှင်ပေါလုကို ဘုရားသခင်က လမ်းညွှန်တယ်လို့ သမ္မာကျမ်းစာကပြောလား ရှင်ပေါလုက သြဝါဒစာတွေကိုရေးတဲ့ တမန်တော်တစ်ဦးဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ် အသင်းတော်တစ်ပါးဆီတိုင်းကိုရေးတဲ့ သူ့ရဲ့သြဝါဒစာစောင်တွေဟာ သူ့ရဲ့ညီအစ်ကိုတွေမောင်နှမတွေ ခက်ခဲတဲ့အချိန်ကာလတွေကို ရင်ဆိုင်နေရတဲ့အချိန် နှစ်သိမ့်ဖို့ အားပေးဖို့ရည်ရွယ်ခဲ့တာပါ ဒီစကားတွေအားလုံးက ရှင်ပေါလုရဲ့ ပုဂ္ဂလိကအတွေ့အကြုံတွေဗဟုသုတတွေကိုပဲ ကိုယ်စားပြုပါတယ်.. အဲ့ဒါတွေအားလုံးက လူတစ်ယောက်ရဲ့စကားတွေပါပဲ ဒီစကားတွေက ဘုရားသခင် မှုတ်သွင်းတာ ဘုရားသခင်ဆီကလာတာလို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ ကျွန်တော်တို့ရှင်းရှင်းလင်းလင်းနားလည်ရမယ့် အချက်တစ်ချက်ရှိတယ် .. လူ့ဇာတိခံယူတဲ့ဘုရားသခင်ကသာ ဘုရားသခင်ရဲ့စကားတွေကိုဖော်ပြနိုင်မယ် ဘာဖြစ်လို့လဲဆိုတော့ ခရစ်တော်ရဲ့ အနှစ်သာရဟာ ဘုရားသခင်ကိုယ်တိုင်ပဲ ဖြစ်တာကြောင့်ပါ ရှင်ပေါလုက လူသားတစ်ဦးပါပဲ သူကခရစ်တော်မဟုတ်ပါဘူး အဲ့ဒါကြောင့် ရှင်ပေါလုရဲ့စကားတွေသမ္မာကျမ်းစာထဲမှာ မှတ်တမ်းတင်ထားထား မထားထား အဲ့ဒါတွေကလူ့စကားတွေပါပဲ ဒါ ငြင်းလို့မရတဲ့ အချက်ပဲ ဘုရားသခင်ရဲ့စကားဟာ ဘုရားသခင်ရဲ့စကားပါပဲ .. လူ့စကားဟာ လူ့စကားပါပဲ လူ့စကားဟာ ဘယ်တော့မှဘုရားသခင်စကားဖြစ်မလာနိုင်ပါဘူး သမ္မာကျမ်းစာထဲမှာဖော်ပြထားရုံနဲ့ လူ့စကားတွေကို ဘုရားသခင်စကားတွေအဖြစ် မှတ်ယူလို့မရပါဘူး အဲ့ဒါတွေက လူ့စကားတွေဆိုတာကိုနားလည်ထားပြီး အဲ့ဒီစကားတွေကိုပဲ ဘုရားသခင်ရဲ့စကားတွေအဖြစ်မှတ်ယူထားကြဦးမယ်ဆိုရင် ကျွန်တော်တို့တွေက အချက်အလက်တွေကိုလိုရာဆွဲပြီး သမ္မာတရားကို သစ္စာဖောက်သလိုဖြစ်မနေဘူးလား ဒါဟာဘုရားသခင်ကိုဆန့်ကျင်ပြီး သူ့ကိုစော်ကားပြောဆိုနေတာပဲမဟုတ်လား

ဘာသာရေးလောကယုံကြည်သူအတော်များများဟာ “သခင့်ကိုယုံကြည်တာဟာ သမ္မာကျမ်းစာကိုယုံကြည်တာ” ပဲလို့ ထင်နေကြတယ် ဒါဆို ဒီလိုထင်မြင်ကြတာတွေဟာ တကယ်ကော သခင့်ရဲ့စကားတွေနဲ့ ကိုက်ညီမှုရှိကြရဲ့လား သမ္မာကျမ်းစာအတိုင်း လိုက်လျှောက်ခြင်းဟာ သခင့်ကိုယုံကြည်တာလို့ သခင်ယေရှုပြောခဲ့ဖူးသလား ဒီလို တွေးမြင်ကြည့်ကြမယ်ဆို “သမ္မာကျမ်းစာကို ယုံကြည်တာဟာ ဘုရားသခင်ကို ယုံကြည်တာပဲ .. ကျွန်တော်တို့တွေဟာ အရာရာကို သမ္မာကျမ်းစာအတိုင်းပဲ လုပ်ဆောင်ရမယ် .. သမ္မာကျမ်းစာအတိုင်း လိုက်လျှောက်ခြင်းဟာ ဘုရားသခင်ကိုယုံကြည်တာပဲ” အခု ဂျူးယဇ်ပရောဟိတ်အကြီးအကဲ ကျမ်းတတ်ပုဂ္ဂိုလ်တွေနဲ့ ဖာရိရှဲတွေအကြောင်း ခဏလောက်စဉ်းစားကြည့်ကြရအောင် သူတို့ရဲ့ ဘုရားသခင်အပေါ်ယုံကြည်မှုဟာ သမ္မာကျမ်းစာအတိုင်းလိုက်လုပ်တာ .. သူတို့က သမ္မာကျမ်းစာကပြောတဲ့အတိုင်းပဲ လိုက်လျှောက်ကြတယ် ဒါဆို ဘယ်လိုရလဒ်တွေရှိလာသလဲ သခင်ယေရှု ထင်ရှားပြလာခဲ့ပြီး အမှုတော်တွေကို ဆောင်ရွက်တော့ သူတို့တွေ မလိုက်နာ မနာခံနိုင်ခဲ့ကြဘူး အဲဒီ့အစား သူတို့က သခင်ယေရှုရဲ့ အမှုတော်တွေနဲ့ နှုတ်ကပတ်တော်တွေဟာ ဓမ္မဟောင်းကျမ်းရဲ့ ဥပဒေသတွေကို ချိုးဖောက်ကျော်လွန်နေတယ်ဆိုပြီး သခင်ယေရှုကို အပြစ်ပေးဖို့ ဆုံးဖြတ်စီရင်ခဲ့ကြတယ် သခင်ယေရှုဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖွင့်ဟပြခဲ့တာကြောင့် မဟုတ်မမှန်ပဲ ဘုရားသခင်ကို စော်ကားပြောဆိုတယ်ဆိုပြီး ပြစ်ဒဏ်စီရင်ခဲ့ကြတယ် လက်ဝါးကားတိုင်ပေါ်တင်ပြီး သတ်ခဲ့ကြတယ် ဒီအချက်အရ သခင့်ကို ယုံကြည်ခြင်းဟာ သမ္မာကျမ်းစာကို ယုံကြည်ခြင်း၊ သမ္မာကျမ်းစာအတိုင်း နာခံလိုက်လျှောက်ခြင်းဟာ သခင့်ကို ယုံကြည်ခြင်းပဲလို့ ကျွန်တော်တို့ ပြောလို့ဖြစ်သေးရဲ့လား လူတွေ သမ္မာကျမ်းစာကို အရာအားလုံးထက် ဦးထိပ်ထားတယ်ဆိုတာ သူတို့တွေဟာ သခင့်ကိုကြောက်ရွံ့လို့၊ သခင့်ဘုန်းတော်ထင်ရှားဖို့အတွက်ဟုတ်ရဲ့လား သမ္မာကျမ်းစာကိုပဲ စုံလုံးမှိတ်ယုံကြည်ပြီး သမ္မာကျမ်းစာအတိုင်း လိုက်လျှောက်အသက်ရှင်တယ်ဆိုတာနဲ့ သူတို့ဟာ သခင့်ကိုနာခံတာ ဝတ်ပြုကိုးကွယ်တာဖြစ်သွားရောလား သူတို့တွေ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်လျှောက်နေတာ ဖြစ်သွားရောလား တစ်ချို့ယုံကြည်သူတွေဆိုရင် သမ္မာကျမ်းစာကိုပဲ ယုံကြည်ပြီး ထိန်းသိမ်းနေထိုင်ကြတယ် သခင့်ရဲ့ ဘုန်းတော်ကို မထင်ရှားစေတဲ့အပြင် သခင့်ရဲ့ နှုတ်ကပတ်တော်တွေအတိုင်း ကျင့်ဆောင်လိုက်လျှောက်တာလည်း မရှိကြဘူး ပြီးတော့ သူတို့တွေက သမ္မာတရားကိုလည်း မရှာဖွေကြဘူး .. ဘုရားသခင်ရဲ့ အမှုတော်နဲ့ ဘုရားသခင်ရဲ့ခြေရာတော်တွေအတိုင်း လိုက်နာလိုက်လျှောက်ကြတာတွေလည်း မရှိကြဘူး လူတွေက စာအရရေးထားတဲ့သမ္မာကျမ်းစာအပေါ် အခြေခံပြီး ဘုရားသခင်ရဲ့ အလုပ်တွေကို တယူသန်ဆန့်ကျင်ရှုတ်ချကြတယ် သူတို့တွေဟာ သူတော်ယောင်ဖာရိရှဲတွေ ဖြစ်မသွားဘူးလား သူတို့တွေက ဘုရားသခင်ကို သူတို့ရဲ့ရန်သူအဖြစ်မှတ်ယူတဲ့ အန္တိခရစ်တွေ မဟုတ်ကြဘူးလား သခင်ယေရှုက ဖာရိရှဲတွေကို တစ်ခါကပြစ်တင်ပြောဆိုခဲ့ဖူးတယ် “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကိုစေ့စေ့ကြည့်ရှု ကြ၏။ ထိုကျမ်းစာပင်ငါ၏သက်သေဖြစ်၏။ သင်တို့သည် အသက်ကိုရအောင် ငါ့ထံသို့ လာခြင်းငှါအလိုမရှိကြ။(ရှင်ယောဟန်ခရစ်ဝင် ၅:၃၉-၄၀) သခင်ယေရှုဟာ ဖာရိရှဲတွေရဲ့ ချို့ယွင်းချက်တွေရှိတဲ့ ယုံကြည်ခြင်းနည်းလမ်းတွေကို ရှင်းလင်းအောင် ထုတ်ဖော်ပြပေးခဲ့တယ် ဖာရိရှဲတွေရဲ့ ဘုရားသခင်အပေါ်ယုံကြည်ခြင်းဟာ သမ္မာကျမ်းစာအပေါ်ပဲအခြေခံထားတာ။ သူတို့တွေက သမ္မာကျမ်းစာအတိုင်းပဲ အရာရာကိုပြုလုပ်ကြတယ် သူတို့တွေက သမ္မာကျမ်းစာကို အရာရာထက် ဦးထိပ်ထားကြတယ် .. သမ္မာကျမ်းစာအတိုင်း လိုက်လျှောက်ရင် ထာဝရအသက်ပေးခြင်းခံရမယ်လို့လည်း ယူဆကြတယ် ဒါပေမယ့်လည်းသူတို့တွေက သခင်ယေရှုဖော်ပြခဲ့တဲ့ သမ္မာတရားကိုတော့ လက်မခံခဲ့ကြဘူး သူတို့တွေက သခင်ယေရှုနောက်ကိုလိုက်တာထက် သမ္မာကျမ်းစာကိုထိန်းသိမ်းဖို့ပဲ ဦးစားပေးခဲ့ကြတယ် သူတို့တွေဟာ ခေါင်းမာမာနဲ့ပဲ သမ္မာကျမ်းစာကို ဖက်တွယ်ထားကြပြီးတော့ သခင်ယေရှုကို တိုက်ခိုက်ဖို့ကိုလည်း ကျမ်းစာပိုဒ်တွေကို စာကြောင်းအတိုင်းဘာသာပြန်ပြီး အသုံးချခဲ့ကြတယ် သူတို့တွေက သခင်ယေရှု ဖော်ပြခဲ့တဲ့သမ္မာတရားကို ငြင်းပယ်ရှုတ်ချကြတယ် နောက်ဆုံးမှာတော့ သူ့ကိုလက်ဝါးကားတိုင်မှာတင်သတ်ခဲ့ကြတယ် အဲ့ဒါကြောင့်သူတို့တွေဟာ ကျိန်ခြင်းခံရပြီး အပြစ်ပေးခံခဲ့ကြရတာ အဲ့ဒါကြောင့် ယုံကြည်သူတစ်ဦးဟာ သမ္မာကျမ်းစာကိုပဲယုံကြည်မယ်၊ ကိုးကွယ်ဝတ်ပြုတယ် ဒါပေမဲ့ ခရစ်တော်လူ့ဇာတိခံယူတာကိုငြင်းပယ်ပြီး ဘုရားသခင်ရဲ့အလုပ်နဲ့ဦးဆောင်မှုကို ပစ်ပယ်မယ်ဆိုရင် သူတို့တွေဘုရားသခင်ရဲ့ချီးမွမ်းခြင်းကို လုံးဝရနိုင်ကြမှာမဟုတ်ဘူးဆိုတာ ကျွန်တော်တို့တွေ့မြင်ရမှာပါ

အနန္တတန်ခိုးရှင်ဘုရားသခင် ရဲ့ နှုတ်ကပတ်တော်နှစ်ပိုဒ်လောက် ဖတ်ကြည့်လိုက်ကြရအောင် အနန္တတန်ခိုးရှင်ဘုရားသခင်က ဒီလိုမိန့်တော်မူတယ် “သမ္မာကျမ်းစာ ရှိသည့် အချိန်မှ စ၍၊ သခင့်အပေါ် လူတို့၏ ယုံကြည်မှုသည် သမ္မာကျမ်းစာအား ယုံကြည်မှုပင် ဖြစ်ခဲ့သည်။ လူများသည် သခင်ကို ယုံကြည်ကြသည်ဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို ယုံကြည်ကြသည်ဟု ပြောလျှင် ပိုကောင်းသည်။ သူတို့သည် သမ္မာကျမ်းစာကို စတင် ဖတ်ရှုနေကြပြီဟု ပြောမည့်အစား၊ သူတို့သည် သမ္မာကျမ်းစာကို စတင်ယုံကြည်နေကြပြီဟု ပြောလျှင် ပိုကောင်း မည်ဖြစ်ပြီး၊ သူတို့သည် သခင့်ရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောမည့်အစား သူတို့သည် သမ္မာကျမ်းစာရှေ့မှောက် ပြန်လာခဲ့ကြပြီဟု ပြောလျှင် ပိုကောင်းလိမ့်မည်။ ဤနည်းဖြင့်၊ လူတို့သည် သမ္မာကျမ်းစာကို ဘုရားသခင်သဖွယ်၊ ၎င်းသည် သူတို့၏ အသက်သွေးကြောသဖွယ် ကိုးကွယ်ကြပြီး၊ သမ္မာကျမ်းစာကို ဆုံးရှုံးခြင်းသည် သူတို့၏ အသက်ကို ဆုံးရှုံးရခြင်းနှင့် တူညီလေသည်။ လူများသည် သမ္မာကျမ်းစာကို ဘုရားသခင်ကဲ့သို့ပင် မြင့်မြတ်သည်ဟု မြင်ပြီး၊ ဘုရားသခင်ထက်ကိုပင် ပိုမြင့်မြတ်သည် ဟု မြင်သူများပင် ရှိကြသည်။ လူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုမပါဘဲ၊ သူတို့သည် ဘုရားသခင်ကို မခံစားနိုင်ကြဘဲ၊ ဆက်ပြီး အသက်ရှင် နေထိုင်နိုင်ကြသည်— သို့သော် သူတို့သည် သမ္မာကျမ်းစာ ပျောက်သွားပါက၊ သို့မဟုတ် သမ္မာကျမ်းစာထဲမှ နာမည်ကြီး အခန်းကြီးများနှင့်၊ ပြောဆိုချက်များ ပျောက်သွားပါက၊ သူတို့၏ အသက်များကို ဆုံးရှုံးသွားသည့်အလား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာကျမ်းစာနှင့် ပတ်သက်၍ (၁))

“၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်)

အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ ဘာသာရေးအသိုင်းအဝိုင်းတွေရဲ့ ဘုရားသခင်အပေါ်ယုံကြည်ခြင်းဟာ လမ်းမှားသွေဖယ်မှုတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ကို ပြသပေးနေတယ် အတိတ်က ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းနဲ့ပတ်သက်ပြီး နားလည်ခဲ့ကြတာတွေကို ပြန်ကြည့်ရင် ကျွန်တော်တို့ဟာ သခင့်ကိုနှစ်ပေါင်းများစွာယုံကြည်ခဲ့ကြပေမဲ့ သူ့ရဲ့နှုတ်ကပတ်တော်တွေကို ဘယ်တုန်းကမှ လက်တွေ့လုပ်ဆောင်မှု၊ တွေ့ကြုံခံစားမှု မရှိခဲ့ကြဘူး။ ပြီးတော့ နှုတ်ကပတ်တော်တွေထဲမှာလည်း သမ္မာတရားကို ဘယ်တုန်းကမှ မရှာဖွေခဲ့ကြသလို သန့်ရှင်းသောဝိညာဉ်တော်လမ်းပြတဲ့ ဉာဏ်အလင်းကိုလည်း ဘယ်တုန်းကမှ မရခဲ့ကြဘူး သခင့်ရဲ့ နှုတ်ကပတ်တော်တွေထဲက သခင့်အလိုတော်ကိုရှာဖွေဖို့အတွက်လည်း အာရုံမရှိခဲ့ကြဘူး ဒါဟာ ကျွန်တော်တို့တွေ သခင့်ရဲ့လမ်းစဉ်ကို ဘယ်တုန်းကမှ မလိုက်ခဲ့သလို သခင့်ကိုလည်း ဘယ်တုန်းကမှ တကယ်မသိရှိခဲ့ကြတာပါပဲ သမ္မာကျမ်းစာထဲက အချို့ကျမ်းပိုဒ်တွေကိုအလွတ်မှတ်သားနိုင်ရင် ဘုရားသခင်က ကျွန်တော်တို့နှလုံးသားထဲမှာ နေရာယူနိုင်မယ်လို့တွေးခဲ့ကြတယ် သမ္မာကျမ်းစာထဲက ကျမ်းချက်တစ်ချို့လောက်ရှင်းပြနိုင်ရင်ပဲ ဒါဟာ ကျွန်တော်တို့ ဘုရားသခင်ကို သိတာပဲလို့ ယူဆခဲ့မိကြတယ် ကျွန်တော်တို့တွေက ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီဆုံးလို့ မှားယွင်းစွာ ယူဆခဲ့မိကြသေးတယ် ယုံကြည်သူတွေအားလုံးဟာ သမ္မာကျမ်းစာကို အရာအားလုံးရဲ့အထက်မှာထားကြတယ် သူတို့ရဲ့နှလုံးသားတွေထဲမှာ သမ္မာကျမ်းစာကို သခင့်နေရာမှာ အစားထိုးပြီးသွားကြပြီ သမ္မာကျမ်းစာကို ချီးမြှောက်ပြီး ဖက်တွယ်ထားတာဟာ သခင့်ကိုချီးမြှောက်ပြီး သက်သေခံတာပဲလို့ လူတိုင်းက ယူဆကြတယ် ဒါပေမယ့် တကယ်တမ်းမှာ ဒီလိုလုပ်တာတွေကပဲ သခင့်ရဲ့လမ်းစဉ်နဲ့ အလိုတော်ကနေ လုံးလုံးလျားလျားသွေဖည်နေတာပါ ဒါဟာ အထူးသဖြင့် နောက်ဆုံးသောကာလ သခင့်ရဲ့ရောက်ရှိလာခြင်းနဲ့ အမှုတော်ဆောင်မယ့် အဓိကကာလအပိုင်းအခြားတွေအတွက် မှန်ကန်ပါတယ် ယုံကြည်သူအတော်များများဟာ သမ္မာကျမ်းစာကို ဆက်လက်ဖက်တွယ်နေကြပြီး သခင်မိုးတိမ်တွေနဲ့အတူဆင်းကြွလာတဲ့အထိ စောင့်မျှော်နေကြတုန်းပဲ ဒါပေမယ့်လည်းသူတို့တွေက သန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်နဲ့ ဖွင့်ဟပြမှုကို မရှာဖွေကြဘူး အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော် ရဲ့ သက်သေဖြစ်တဲ့ သခင်ပြန်လာတာနဲ့ သူဟာ အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တယ်ဆိုတာကို ကြားသိနေပြီးတာတောင် ပြီးတော့ သမ္မာတရားကိုဖော်ပြနေပြီး နောက်ဆုံးသောကာလမှာ သူ့ရဲ့တရားစီရင်ခြင်း အလုပ်ကို ကြားသိပြီးတာတောင် သူတို့တွေက ဘုရားသခင်ရောက်ရှိလာခြင်းနဲ့ လုပ်ဆောင်မှုတွေကို မရှာဖွေကြဘူး သူတို့တွေက ဘာသာရေးသင်းအုပ်ဆရာတွေ အကြီးအကဲတွေနောက်လိုက်ပြီး အနန္တတန်ခိုးရှင်ဘုရားသခင် ကို ငြင်းပယ်တယ်ပြီးတော့ အကဲဖြတ်ပြီးပြစ်တင်ရှုတ်ချတယ် သူတို့တွေဟာ ဘုရားသခင်ကိုယုံကြည်တယ်ဆိုပြီး ဘုရားသခင်ကိုဆန့်ကျင်သူတွေ ဖြစ်လာကြတာပဲ နောက်ဆုံးမှာတော့ သူတို့တွေဟာ ဘုရားသခင်ရဲ့စွန့်ပစ်ခြင်းကိုခံရမှာဖြစ်ပြီး ကြီးမားတဲ့ဘေးဒုက္ခနဲ့အပြစ်ပေးခြင်းကို ခံရကြလိမ့်မယ် ဒါဟာ သမ္မာကျမ်းစာကိုမျက်စိမှိတ်ယုံကြည်ကိုးကွယ်တယ် ဘုရားသခင်ကို သမ္မာကျမ်းစာထဲမှာပဲကန့်သတ်ထားပြီးတော့ ဘုရားသခင်ကိုဆန့်ကျင်တဲ့လမ်းမှာ အမှုမဲ့အမှတ်မဲ့လျှောက်လမ်းနေတယ် .. စတဲ့လူတွေအပေါ်ဖြစ်ပျက်မယ့်အရာတွေပါပဲ ဖာရိရှဲတွေဟာ သမ္မာကျမ်းစာကိုဖက်တွယ်ထားပြီးတော့ သခင်ယေရှုကိုဆန့်ကျင်တာကြောင့် ဘုရားသခင်ရဲ့ကျိန်ခြင်းကိုခံခဲ့ရတယ် သူတို့ရဲ့ကျရှုံးမှုတွေကနေ ကျွန်တော်တို့တွေဘာသင်ခန်းစာရခဲ့လဲ သမ္မာကျမ်းစာရဲ့စကားလုံးတွေကို ထိန်းသိမ်းစောင့်ရှောက်တာဟာ ယုံကြည်သူတွေအတွက် လုံးဝကိုမှားယွင်းတဲ့အရာပါ ကျွန်တော်တို့တွေ သခင့်ရဲ့စကားတွေကို လက်တွေ့ကျင့်သုံး လိုက်လျှောက်ကြရမယ် ကျွန်တော်တို့တွေသခင့်နှုတ်ကပတ်တော်တွေထဲက သမ္မာတရားကိုရှာဖွေပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုတွေကိုရယူကြရမယ် ဒါဟာ အထူးသဖြင့် သခင်ပြန်လာတဲ့အခါမှန်ကန်နေတာကိုတွေ့ရလိမ့်မယ် တစ်စုံတစ်ယောက်က သခင်ရောက်ရှိလာတဲ့သက်သေကိုယူဆောင်လာရင် ကျွန်တော်တို့ အနေနဲ့ လက်ရှိလုပ်ဆောင်မှုတွေနဲ့ဘုရားသခင်ရဲ့စကားတွေကို ရှာဖွေကြရမယ် ဒီနည်းနဲ့ပဲ ဘုရားသခင်ရဲ့လုပ်ဆောင်မှုခြေရာတွေနောက်လိုက်နိုင်မှာဖြစ်ပြီး ဘုရားသခင်ရဲ့ပလ္လင်တော်ရင်းဆီကို ချီဆောင်ခြင်းခံကြရမှာဖြစ်တယ် အသက်စမ်းရေရဲ့ထောက်ပံ့ပေးမှုကို ပျော်မွေ့ပါ၊ သမ္မာတရားနဲ့အသက်ကိုရယူပါ၊ ကယ်တင်ခြင်းကိုလက်ခံရယူပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်စားကြပါ

အမှန်တကယ်မှာတော့ ဘုရားသခင်သူ့ရဲ့အသစ်သောအမှုတွေကိုမစတင်ခင်၊ မပြောခင် သမ္မာကျမ်းစာအတိုင်း ကျွန်တော်တို့ရဲ့သခင့်အပေါ်ယုံကြည်ခြင်းဟာ မမှားခဲ့ဘူး ဒါဟာ သမ္မာကျမ်းစာက ဘုရားသခင်ကိုသက်သေခံနေလို့ပဲ သမ္မာကျမ်းစာဟာ ပညတ်တော်ခေတ် နဲ့ ကျေးဇူးတော်ခေတ်ကာလတွေအတွင်းက ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့အလုပ်တွေကို ကောင်းစွာစုစည်းထားတဲ့အရာပဲ သမ္မာကျမ်းစာကိုဖတ်ရှုတဲ့ ကျွန်တော်တို့ဟာ ဘုရာသခင်တည်ရှိမှုကိုသတိထားမိလာမယ် ဘုရားသခင်ရဲ့ဘုန်းတန်ခိုးနဲ့ပြည့်စုံခြင်း၊ ဉာဏ်ပညာ ၊သူကောင်းကင်မြေကြီးနဲ့ အရာအားလုံးကို ဘယ်လိုဖန်ဆင်းလဲ၊ နောက်ပြီး သူ အရာရာကိုဘယ်လိုအုပ်စိုးနေလဲ ဆိုတဲ့အကြောင်းတွေ ကျွန်တော်တို့လေ့လာကြားသိရတယ် အရင်သူ့ရဲ့လုပ်ဆောင်မှု အဆင့်နှစ်ဆင့်အတွင်းက ဘုရားသခင်ဘာပြောခဲ့လဲ ဘာလုပ်ခဲ့လဲ ဆိုတာ ကျွန်တော်တို့မြင်တွေ့နိုင်သလို လူသားတွေအပေါ်သူ့ရဲ့တောင်းဆိုမှုတွေဆန္ဒတွေ ..လူ့လောကကိုဖွင့်ဟပြခဲ့တဲ့ သူ့ရဲ့လုပ်ဆောင်မှုအများအပြားကိုလည်း ကျွန်တော်တို့မြင်တွေ့နိုင်ပါတယ် အထူးသဖြင့် သမ္မာကျမ်းစာထဲမှာ ကျေးဇူးတော်ခေတ်အတွင်း သခင်ယေရှုရဲ့ ရွေးနှုတ်ခြင်းအမှုတွေ၊ လူ့လောကကိုသူပေးခဲ့တဲ့ ကြွယ်ဝတဲ့ဆုကျေးဇူးတော်တွေနဲ့သမ္မာတရားတွေ၊ လူသားတွေအပေါ်ထားတဲ့ ဘုရားသခင်ရဲ့စစ်မှန်တဲ့မေတ္တာနဲ့ကရုဏာတော်တွေကိုမြင်နိုင်ဖို့အခွင့်တွေ ပါဝင်တယ် သမ္မာကျမ်းစာထဲကရေးသားချက်တွေသာမရှိရင် ဘုရားသခင်ရဲ့အတိတ်ကာလကလုပ်ဆောင်မှုတွေကိုနားလည်နိုင်ဖို့ ကျွန်တော်တို့အတွက် ခက်ခဲနေမှာပါ အဲ့ဒါကြောင့်သမ္မာကျမ်းစာဟာ ကျွန်တော်တို့ယုံကြည်သူတွေအတွက် မရှိမဖြစ်လိုအပ်လာတဲ့ အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်လာခဲ့တာပဲ ဘုရားသခင်ကိုယုံကြည်ဖို့ လက်ခံအသိအမှတ်ပြုဖို့နဲ့ မှန်ကန်တဲ့အသက်တာလမ်းကို လျှောက်လှမ်းနိုင်ဖို့ သမ္မာကျမ်းစာဟာကျွန်တော်တို့အတွက် အရမ်းကိုတန်ဘိုးရှိလှပါတယ် သို့ပေမယ့်လည်း သမ္မာကျမ်းစာကဘယ်လောက်ပဲတန်ဘိုးရှိရှိ လူ့လောကကို ဘယ်လောက်ပဲပေးစွမ်းပေးစွမ်း သမ္မာကျမ်းစာဟာဘုရားသခင်ကို ဒါမှမဟုတ် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုကို ကိုယ်စားမပြုပါဘူး ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအမှုတော်မှာလည်း ပါဝင်တာ နည်းပါတယ် အဲ့ဒါမမှန်ဘူးလား ဘုရားသခင်ဟာ ဖန်ဆင်းခြင်းရဲ့သခင် သက်ရှိတွေအားလုံးရဲ့ဖြစ်တည်ရာပါပဲ ဘုရားသခင်ဟာလူသားတွေကို မကုန်ခန်းနိုင်တဲ့ အသက်စမ်းရေကို ပေးနေသူပါ သမ္မာကျမ်းစာဟာ အတိတ်ကဘုရားသခင်ရဲ့အမှုတော်တွေကိုဖော်ပြထားတဲ့ သမိုင်းစာအုပ်တစ်အုပ်ဖြစ်ပေမယ့်လည်း ဘုရားနဲ့တန်းတူဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သမ္မာကျမ်းစာက ကျမ်းစာပဲ .. ဘုရားသခင်က ဘုရားသခင်ပဲ သမ္မာကျမ်းစာကိုယုံကြည်တာဟာ ဘုရားသခင်ကိုယုံကြည်တယ်ဆိုတဲ့အဓိပ္ပါယ် မဟုတ်ပါဘူး အဲ့ဒါကြောင့်မို့လို့ ဘုရားသခင်အပေါ်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာ သမ္မာကျမ်းစာအပေါ် အခြေခံလို့မရဘူး အရေးအကြီးဆုံးက ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကို ဘုရားသခင်တကယ်ပြောခဲ့တာတွေ အပေါ် သန့်ရှင်းသောဝိညာဉ်တော် တကယ်လုပ်ဆောင်တဲ့အပေါ်မှာပဲ အခြေခံရမယ် ဒါဟာ ဘုရားသခင်အပေါ်ယုံကြည်ခြင်းနဲ့ပတ်သက်လာရင် အရေးအကြီးဆုံးအခြေခံ သဘောတရားပဲ ဘုရားသခင်အပေါ်ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ အခြေခံအချက်ကိုတောင် ကျွန်တော်တို့နားမလည်ရင် ကျွန်တော်တို့တွေကအရမ်းမိုက်မဲပြီး ဥာဏ်နည်းရာမကျပေဘူးလား ဒါဟာ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုကြွလာပြီး သူ့ရဲ့အမှုတော်တွေကို ဆောင်ရွက်ခဲ့သလိုမျိုးပဲ လူတွေက ဓမ္မဟောင်းကျမ်းစာကိုပဲ ဖတ်ပြီး သခင်ယေရှုရဲ့ စကားတွေနဲ့လုပ်ဆောင်မှုတွေကို လက်မခံခဲ့ကြဘူးဆိုရင် သန့်ရှင်းသောဝိညာဉ်တော်ရဲ့လုပ်ဆောင်မှုတွေကို ရရှိနိုင်မလား သူတို့တွေ သခင်ယေရှုရဲ့ ကယ်တင်ခြင်းနဲ့ကျေးဇူးတော်ကို ရနိုင်ခဲ့ရဲ့လား လုံးဝမရဘူး သခင်ယေရှု နောက်ဆုံးသောကာလမှာ အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ်ပြန်လာပြီး သူ့ရဲ့သမ္မာတရားနဲ့ တရားစီရင်ခြင်းအမှုကိုဖော်ပြတဲ့အခါ သမ္မာကျမ်းစာနဲ့ သခင်ယေရှုရဲ့အလုပ်တွေကိုသာထိန်းသိမ်းထားတဲ့ကျွန်တော်တို့တွေဟာ သန့်ရှင်းသောဝိညာဉ်တော်လုပ်ဆောင်မှုနဲ့ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလကယ်တင်ခြင်းကို ရနိုင်ကြပါ့မလား အဲ့ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင် နောက်ဆုံးသောကာလမှာ သူ့ရဲ့ အသစ်သောအမှုတွေကိုလုပ်ဆောင်တဲ့အခါ ကျွန်တော်တို့ သူ့ရဲ့နှုတ်ကပတ်တော်ထဲက သမ္မာတရားကိုရှာဖွေရမယ် သူ့အသံကိုနားထောင်ရမယ် သူ့လုပ်ဆောင်မှုခြေရာတွေနောက်ကို လိုက်ရမယ် ပြီးတော့ နှုတ်ကပတ်တော်တွေရဲ့ ပြစ်တင်ဆုံးမခြင်းနဲ့တရားစီရင်ခြင်းကို တွေ့ကြုံမယ် ဘုရားသခင်ရဲ့ အမှုတော်ကို ဒီလိုတွေ့ကြုံခံစားမယ်ဆိုရင် ကျွန်တော်တို့တွေ သမ္မာတရားကိုရရှိမယ်၊ ဘုရားသခင်ကိုသိရှိမယ် ပြီးတော့သန့်စင်ခြင်းနဲ့ ကယ်တင်ခြင်းတွေကို ရနိုင်ကြမှာဖြစ်တယ် ဒီလိုယုံကြည်ခြင်းမျိုးဟာ ဘုရားသခင်ရဲ့ချီးမွမ်းခြင်းကိုရနိုင်မယ့် တစ်ခုတည်းသောလမ်းပါ

ဘုရားသခင်၌ ယုံကြည်ခြင်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၃) ကျွန်မတို့တွေက သခင့်ကိုယုံကြည်လာခဲ့တာ နှစ်တွေအများကြီးကြာနေပြီ ပြီးတော့သူ့ရဲ့နာမတော်ကိုလည်း ထိန်းသိမ်းဖက်တွယ်လာခဲ့တယ် ကျွန်မတို့မကြာခဏကျမ်းစာဖတ်တယ် သခင့်ထံမှာဆုတောင်းတယ် အပြစ်ဝန်ချတယ် ကျွန်မတို့တွေက အခြားသူတွေကို သည်းခံတယ် နှိမ့်ချတယ် ချစ်မေတ္တာထားတယ် ကျွန်မတို့မကြာခဏ ကောင်းမှုတွေလုပ်တယ် လှူဒါန်းတယ် ပြီးတော့ သခင့်အမှုတော်ဆောင်ဖို့ အရာရာကိုပေးဆပ်တယ် သခင့်သက်သေခံဖို့အတွက် သတင်းကောင်းကိုပြန့်နှံ့စေကြတယ် ကျွန်မတို့တွေသခင့်ရဲ့နှုတ်ကပတ်တော်တွေကို လက်တွေ့ကျင့်ဆောင်တယ် ပြီးတော့ သူ့ရဲ့လမ်းကိုလိုက်လျှောက်တယ်မဟုတ်လား ကျွန်မတို့ရဲ့ သခင့်ကိုယုံကြည်ခြင်းမှာ ဘာစစ်မှန်မှုမှ ဘယ်တုန်းကမှမပါခဲ့ဘူး ကျွန်မတို့တွေက မယုံကြည်သူတွေလို့ပြောနိုင်ရတာလဲ သမ္မာကျမ်းစာထဲမှာ ရှင်ပေါလုက .. “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဘို့သိုထားလျက်ရှိ၏။” (တိမောသေ ဩဝါဒစာ ဒုတိယစောင် ၄:၇-၈) အဲ့ဒါကြောင့် သခင့်အပေါ်ကျွန်မတို့ရဲ့ယုံကြည်ခြင်းဟာ သူ့ရဲ့ချီးမွမ်းခြင်းကို ခံကြရမှာပါ သခင်ရောက်ရှိလာတဲ့အခါ သူကကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ဆီ ကျိန်းသေချီဆောင်သွားမှာပါ။

နောက်တစ်ခုသို့- မေးခွန်း (၂) တိမောသေသြဝါဒစာ ဒုတိယစောင် မှာ ရှင်ပေါလုက၊ တိမောသေ ဩဝါဒစာ ဒုတိယစောင် ၃:၁၆ “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍၊” ပြီးတော့ကျမ်းစာရှိသမျှဟာ ဘုရားသခင်ကိုယ်တော်တိုင်ရဲ့နှုတ်ကပတ်တော်တွေပဲ လုိ့ ေပြာထားတယ် ကျမ်းစာဟာဘုရားခင်ရဲ့ကိုယ်စားတော်ဖြစ်ပါတယ်လို့ ပြောလို့ရပါတယ် ဒါရှင်ပေါလုကိုယ်တိုင်အတိအကျပြောခဲ့တာ၊ ဘယ်လိုလုပ်မှားနိုင်မှာလဲ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မေးခွန်း (၁)- ကျွန်တော် ယုံကြည်လာခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး၊ သခင်ယေရှုဆိုတာ ဘုရားသခင် လူ့ဇာတိခံခြင်းဖြစ်တယ်လို့ သိပေမယ့်၊ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို ကျွန်တော် နားမလည်ခဲ့ပါဘူး။ ဒုတိယအကြိမ်ပြန် ကြွခြင်းအဖြစ် သခင်ပေါ်ထွန်းခြင်းဟာ ဟိုးတစ်ချိန်တုန်းက သခင်ယေရှု လူသားအဖြစ် လူ့ဇာတိခံခဲ့ပုံနဲ့ အတူတူပဲဆိုရင်တော့၊ ကျွန်တော်တို့အနေနဲ့ သခင်ယေရှုကို မှတ်မိနိုင်မှာမဟုတ်သလို၊ သခင်ကြွရောက်တာကိုလည်း ကြိုဆိုနိုင်ကြမှာမဟုတ်ဘူး။ လူ့ဇာတိခံယူတယ်ဆိုတာ တော်တော့်ကို နက်နဲတဲ့ကိစ္စလို့ ယုံကြည်ပါတယ်။ လူ့ဇာတိခံခြင်းရဲ့အကြောင်းရင်းမှန်ကို စစ်စစ်မှန်မှန်နားလည်နိုင်သူ မရှိသလောက်ပါပဲ။ ဒါကြောင့် ဒီနေ့မှာ အဲဒီအကြောင်းကိုဆွေးနွေးကြမယ်။ လူ့ဇာတိခံခြင်းဆိုတာ အတိအကျ ဘာလဲပေါ့။

အဖြေ- လူ့ဇာတိခံခြင်းဟာ မယုံနိုင်လောက်အောင် နက်နဲလွန်းတဲ့ကိစ္စပါ။ လူ့ဇာတိခံခြင်းရဲ့အဖြစ်မှန်ကို နားမလည်နိုင်ခဲ့ကြတာဟာ...

မေးခွန်း (၁)- သခင်ယေရှုဟာ တို့တွေအတွက် ကားတိုင်ထက်မှာ အသေခံခဲ့ပေးပြီးပြီ တို့တွေရဲ့အပြစ်တွေကနေ ရွေးနုတ်ခဲ့ပြီး တို့အပြစ်တွေကိုခွင့်လွှတ်ခဲ့ပြီးပြီ တို့တတွေ ဆက်လက် အပြစ်ပြုကြပြီး သန့်စင်ခံရဖို့ လိုနေကြသေးပေမယ့်လည်း ကိုယ်တော်ဟာ တို့ရဲ့အပြစ်တွေအားလုံးကို ခွင့်လွှတ်ပေးခဲ့ပါပြီ။ သူ့အပေါ်ယုံကြည်ခြင်းကို ထောက်ပြီး တို့တွေကို ဖြောင့်မတ်ရာသို့ရောက်စေခဲ့တယ် တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်အနစ်နာခံရင်း ဒုက္ခဝေဒနာတွေ ခံထမ်းပြီး ပေးဆပ်နေသမျှကာလပတ်လုံး တို့ဟာ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ရလိမ့်မယ်လို့ ထင်ခဲ့တယ်၊ ဒါဟာ ကိုယ်တော့်ကတိတော်ပဲလို့ ထင်ခဲ့တယ် ဒါပေမဲ့လည်း ခုချိန်မှာ တချို့ ညီအစ်ကိုမောင်နှမတွေဟာ ဒီယုံကြည်ချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်လာကြတယ် သူတို့ပြောလာတာက တို့တွေဟာ ကိုယ်တော့်အမှုတော်ကိုဆောင်နေကြပေမဲ့လည်း မကြာခဏ အပြစ်ပြုလိုက်၊ နောင်တရလိုက်ဖြစ်နေကြတယ်၊ ခုထိလည်း ဘာစင်ကြယ်မှုမှမရကြသေးဘူး ကိုယ်တော်ဟာ သန့်ရှင်းတော်မူတာကြောင့် မသန့်ရှင်းတဲ့သူတွေဟာ ကိုယ်တော့်ကို မဖူးတွေ့နိုင်ဘူးဆိုပြီး ပြောလာကြတယ် ကျွန်မ မေးချင်တာက တို့တွေ ကိုယ်တော့်အတွက် အရာရာကို စွန့်လွှတ်ပေးဆပ်ပြီး အမှုတော်ဆောင်ခဲ့တာဟာ တကယ်ပဲ ကောင်းကင်နိုင်ငံတော်ဝင်ခွင့်ကို ရစေနိုင်မှာလား ဒီမေးခွန်းရဲ့အဖြေကို တို့တွေ တကယ်ပဲ သဘောမပေါက်သေးလို့ပါ၊ ဒီအကြောင်းကို ဆွေးနွေးပေးစေချင်တယ်။

အဖြေ- ကိုယ်တော့်ကိုယုံကြည်သူတွေအားလုံး ထင်ကြတာက သခင်ယေရှုဟာ တို့ကိုရွေးနှုတ်ကယ်တင်ဖို့ ကားတိုင်ပေါ်မှာ အသေခံခဲ့ပြီ၊ ဒါကြောင့် တို့အပြစ်တွေ...

မေးခွန်း (၁)- သခင်ယေရှုက အခု ပြန်ကြွလာပြီဖြစ်ပြီး သူဟာ အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုတဲ့ အမည်နာမအသစ်ရှိပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟာ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲက နှုတ်ကပတ်တော်တွေကို ဖော်ပြခဲ့ပြီး အဲဒါက မင်္ဂလာဆောင်လုလင်ရဲ့ အသံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာ၊ ညီအစ်ကိုမောင်နှမတော်တော်များများက ဘုရားသခင်ရဲ့အသံကို မခွဲခြားနိုင်ကြသေးပါဘူး။ ဒါကြောင့် ဒီနေ့၊ အနန္တတန်ခိုးရှင်ဘုရားသခင်အသင်းတော်က ညီမရှန့်ကို ဖိတ်ထားပါတယ်။ ဘုရားသခင်ရဲ့အသံကို ဘယ်လိုခွဲခြားသိနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး မိတ်သဟာယပြုဖို့အတွက် သူတို့ကို ဖိတ်ထားတာပါ။ ဒါကြောင့် အနန္တတန်ခိုးရှင်ဘုရားသခင်ဟာ သခင်ယေရှု ပြန်လာခြင်းဖြစ်ကြောင်း ဘယ်လိုအတည်ပြုမလဲဆိုတာကို ကျွန်တော်တို့သိလာလိမ့်မယ်။

အဖြေ- ခုနတင် မေးလိုက်တဲ့မေးခွန်းဟာ အရေးကြီးဆုံးပါပဲ။ ဘုရားသခင်ရဲ့နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံဖို့၊ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။