အခန်း ၁၄

ယခု၊ အချိန်သည် ဧကန်အမှန် အရေးတကြီး ဖြစ်နေ၏။ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ဦးဆောင်ရန် ကွဲပြားသော နည်းလမ်းများစွာကို အသုံးပြု၏။ သင်သည် သမ္မာတရားအားလုံးဖြင့် ပြင်ဆင်ထားသင့်၏၊ သန့်ရှင်းစင်ကြယ်ခြင်း ရှိသင့်ကာ၊ စစ်မှန်ရိုးသားစွာ ငါနှင့် နီးကပ်သင့်ပြီး၊ ငါနှင့် ပေါင်းသင်းဆက်ဆံမှု ရှိသင့်၏၊ ပြီးလျှင် သင့်ကို စံရွေးစရာ အခြေအနေ ပေးထားလိမ့်မည် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် စိတ်ခံစားချက် ကင်းမဲ့ပြီး၊ သင် မည်သို့သော လူစားမျိုးဖြစ်သည်ကို ဂရုမစိုက်ပေ။ သင်သည် ဆင်ခြေများပေးခြင်း မရှိသကဲ့သို့၊ သင်၏ ကိုယ်ပိုင် အမြတ်အစွန်းများနှင့် ဆုံးရှုံးမှုများ အပေါ် ငြင်းခုံခြင်း မပြုဘဲ- ဖြောင့်မတ်ခြင်းကို ဆာငတ်မှုတစ်ခုဖြင့် ရှာဖွေကာ လိုက်လျှောက်ရန် ဆန္ဒရှိသရွေ့၊ ငါသည် သင့်ကို အသိဉာဏ်ပွင့်လင်းစေမည်ဖြစ်သည်။ သင်သည် မည်မျှ မိုက်မဲကာ မသိနားမလည်သည်ဖြစ်စေ၊ ဤအရာများအပေါ် ငါ အာရုံမစိုက်ပေ။ သင်သည် အပြုသဘောဆောင်သော ရှုထောင့်ဖြင့် မည်မျှ ကြိုးစားလုပ်ဆောင်သည်ကို မြင်ရန် ငါ ကြည့်သည်။ အကယ်၍ သင်သည် ကိုယ်ပိုင် ကမ္ဘာငယ်လေးထဲ၌ ပတ်ချာလည်လျက်၊ အတ္တ၏အယူအဆကို မြဲမြံစွာ စွဲကိုင်နေဆဲဖြစ်ပါက၊ သင်သည် အန္တရာယ်ရှိသည်ဟု ငါထင်၏။…ချီဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ စွန့်ပစ်ခံရခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယနေ့တွင် ဘုရားသခင်၏ ရှေ့မှောက်၌ သင် မည်သို့ အသက်ရှင်သင့်သနည်း။ သင်သည် ငါနှင့်အတူ မည်သို့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သင့်သနည်း။ သင်၏ ကိုယ်ပိုင် အယူအဆများကို ဖယ်ရှားလော့၊ သင့်ကိုယ်သင် ပိုင်းခြားစိစစ်လော့၊ သင်၏ မျက်နှာဖုံးကို ချွတ်လော့၊ သင်၏ စရိုက်အမှန်ကို ရှင်းလင်းစွာ မြင်လော့၊ သင့်ကိုယ်သင် ရွံမုန်းလော့၊ ဖြောင့်မတ်ခြင်းကို ဆာလောင် ငတ်မွတ်စွာဖြင့် ရှာဖွေသော စိတ်နှလုံးတစ်ခု ရှိလော့၊ သင်ကိုယ်တိုင်သည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သည့် သဘောသက်ရောက်သည်ကို ယုံကြည်လော့၊ သင့်ကိုယ်သင် စွန့်လွှတ်ရန် လိုလားလျက်နေလော့၊ အမှုအရာများကို လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် သင်၏ ကိုယ်ပိုင်နည်းလမ်းများ အားလုံးကို ရပ်တန့်နိုင်စွမ်းရှိလော့၊ ငါ၏ရှေ့တွင် သင့်ကိုယ်သင် တည်ငြိမ်စေလော့၊ ဆုတောင်းခြင်းများကို ပို၍ ပူဇော်ဆက်သလော့၊ ငါ့အပေါ် လေးလေးနက်နက် မှီခိုအားကိုးလော့၊ ငါ့ကို ကြည်ညိုလေးစားလော့၊ ပြီးလျှင် ငါ့ထံ တိုးဝင်ချဉ်းကပ်ခြင်းနှင့် ငါနှင့် မိတ်သဟာယဖွဲ့ခြင်းကို မည်သည့်အခါတွင်မျှ မရပ်တန့်နှင့်- ဤအရာများတွင် အဓိကအချက်ကို တွေ့ရှိရပေသည်။ လူတို့သည် မကြာခဏ မိမိတို့ကိုယ်ကိုယ် ဖက်တွယ်ကြသောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့မှောက်၌ မရှိကြချေ။

သန့်ရှင်းသော ဝိညာဉ်တော်၏ လတ်တလော အမှုသည် လူတို့အတွက် စိတ်ကူးကြည့်ရန် ဧကန်အမှန် ခက်ခဲပြီး၊ အားလုံးသည် လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ကြလေသည်။ ထိုအရာနှင့်ပတ်သက်၍ စဉ်းစဉ်းစားစား မရှိခြင်းသည် အမှန်တကယ် အဆင်ပြေလိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်၏ နှလုံးသားနှင့် စိတ်သည် ထားသင့်သည့် နေရာတွင် မရှိပါက၊ သင်သည် ရှေ့ဆက်ရမည့်လမ်း ရှိလိမ့်မည်မဟုတ်။ အစမှ အဆုံးအထိ၊ အချိန်တိုင်း သင် သတိရှိရမည်ဖြစ်ပြီး၊ ပေါ့ဆမှုအပေါ် နိုးနိုးကြားကြားရှိဖို့ သေချာစေရမည်။ စဉ်ဆက်မပြတ် သတိရှိကာ စောင့်ဆိုင်း နေသောသူများနှင့် ငါ၏ရှေ့မှောက်တွင် ငြိမ်သက်သောသူများသည် မင်္ဂလာရှိကြ၏။ မိမိတို့၏ စိတ်နှလုံးများဖြင့် ငါ့အား အမြဲ လေးစားကြည်ညိုသောသူများ၊ ငါ၏ အသံကို သေချာစွာ နားထောင်ဖို့ ဂရုစိုက်သောသူများ၊ ငါ၏ လုပ်ဆောင်ချက်များကို အာရုံစိုက်သောသူများနှင့် ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်သောသူများသည် မင်္ဂလာရှိကြ၏။ အချိန်သည် နောက်ထပ် နှောင့်နှေးမှုကို အမှန်တကယ် ခွင့်မပြုနိုင်ပေ။ အမျိုးမျိုးသော ကပ်ဆိုးတို့သည် သင်တို့အားလုံးကို ရေလွှမ်းမိုးမှုတစ်ခုကဲ့သို့ ဝါးမျိုပစ်ရန်အလို့ငှာ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော၊ သွေးစွန်းနေသော ပါးစပ်များကို ဖွင့်ဟလျက်၊ သောင်းကျန်းကြလိမ့်မည်။ ငါ၏ သားတို့။ အချိန် ကျရောက်လေပြီ။ ချင့်ချိန်တွေးဆစရာ နောက်ထပ်မရှိတော့။ သင်တို့အား ငါ၏ ကွယ်ကာမှုအောက်သို့ ခေါ်ဆောင်လာပေးမည့် တစ်ခုတည်းသော လွတ်လမ်းမှာ ငါ၏ရှေ့မှောက်သို့ ပြန်လာဖို့ ဖြစ်သည်။ သင်သည် သားယောက်ျား၏ အကျင့်စရိုက် ခွန်အား ရှိရမည်။ အားမနည်းနှင့်၊ သို့မဟုတ် စိတ်ပျက်ခြင်း မရှိနှင့်။ သင်သည် ငါ၏ ခြေလှမ်းများကို မီအောင်လိုက်ရမည်၊ အသစ်သော အလင်းကို မငြင်းပယ်ရ၊ ပြီးလျှင် ငါ၏ နှုတ်ကပတ်တော်များကို အဘယ်သို့ စားသောက်ရမည်ကို သင်တို့အား ငါ ပြောပြသည်နှင့်အမျှ၊ သင်တို့သည် ကျိုးနွံနာခံပြီး ထိုနှုတ်ကပတ်တော်များကို သင့်တင့်လျောက်ပတ်စွာ စားသောက်သင့်၏။ အချင်းချင်း ထင်ရာမြင်ရာ တိုက်ခိုက်ရန် သို့မဟုတ် ယှဉ်ပြိုင်ရန် အချိန်ရှိသေးသလော။ သင်သည် ဝလင်စွာ မစားသောက်သကဲ့သို့၊ သမ္မာတရားဖြင့် ပြည့်ဝစွာ မပြင်ဆင်ထားပါက၊ တိုက်ပွဲ ဆင်နွှဲနိုင်မည်လော။ သင်သည် ဘာသာတရားကို အောင်နိုင်လိုပါက၊ သမ္မာတရားဖြင့် အပြည့်အဝ ပြင်ဆင်ထားရမည်။ ငါ၏ နှုတ်ကပတ်တော်များကို ပို၍ စားသောက်ကာ၊ ၎င်းတို့နှင့်ပတ်သက်၍ နောက်ထပ်တွေးဆလော့။ သင်တို့သည် ငါ၏ နှုတ်ကပတ်တော်များကို အမှီအခိုကင်းစွာ စားသောက်ရမည်ဖြစ်ပြီး၊ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်းဖြင့် အစပြုရမည်။ ဤအရာကို သင့်အတွက် သတိပေးချက်တစ်ခု ဖြစ်စေလော့။ သင် အလေးဂရုပြုရမည်။ ချက်ချာပါးနပ်သော သူတို့သည် သမ္မာတရား၌ အလျင်အမြန် နိုးထသင့်ပေ၏။ သင် မစွန့်လိုသည့် မည်သည့်အရာကိုမဆို စွန့်လွှတ်လော့။ ထိုသို့သော အရာများသည် သင်၏ အသက်တာအဖို့ အမှန်တကယ် အန္တရာယ်ရှိပြီး၊ အကျိုးမရှိသည်ကို သင့်အား ငါ နောက်တစ်ကြိမ် ပြောလေပြီ။ သင်သည် သင်၏ လုပ်ဆောင်မှုများတွင် ငါ့အပေါ် အမှီပြုနိုင်မည်ဟု ငါ မျှော်လင့်သည်။ သို့မဟုတ်ပါက၊ ရှေ့ဆက်ရမည့် တစ်ခုတည်းသောလမ်းကြောင်းမှာ သေခြင်းလမ်း ဖြစ်သည်- ထိုအခါ သင်သည် အသက်လမ်းကို မည်သည့်နေရာ၌ သွားရှာမည်နည်း။ အပြင်ပန်း အရာများနှင့် အလုပ်များရသည်ကို နှစ်သက်သော သင်၏ စိတ်နှလုံးကို ရုပ်သိမ်းလော့။ အခြားလူတို့ကို မနာခံတတ်သော သင်၏ စိတ်နှလုံးကို ရုပ်သိမ်းလော့။ သင်၏ အသက်တာသည် မရင့်ကျက်နိုင်ပါက၊ သင်သည် စွန့်ပစ်ခြင်း ခံရပါက၊ သင်သည် မိမိကိုယ်ကိုယ် အမှားပြုလုပ်စေသောသူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်လော။ သန့်ရှင်းသောဝိညာဉ်တော်၏ လက်ရှိ လုပ်ဆောင်ချက်သည် သင် စိတ်ကူးသည့်အရာ မဟုတ်ပေ။ အကယ်၍ သင်သည် သင်၏ အယူအဆများကို မစွန့်လွှတ်နိုင်ပါက၊ ကြီးစွာသော ဆုံးရှုံးမှုတစ်ခုကို သင် ခံစားရလိမ့်မည်။ အမှုသည် လူသား၏ အယူအဆများနှင့် ကိုက်ညီနေစေရန်ဆိုပါက၊ သင်၏ ဟောင်းနွမ်းသော သဘာဝနှင့် အယူအဆများသည် ပေါ်လွင်လာနိုင်မည်လော။ သင်သည် မိမိကိုယ်ကိုယ် သိရှိနိုင်မည်လော။ သင်သည် အယူအဆများ ကင်းရှင်းသည်ဟု သင် တွေးထင်ဆဲ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဤအချိန်တွင် သင်၏ အကျည်းတန်သည့် စရိုက်လက္ခဏာ အမျိုးမျိုးသည် ရှင်းလင်းစွာ ပေါ်လွင်လာလိမ့်မည် ဖြစ်သည်။ သင့်ကိုယ်သင် သေချာစွာ မေးလော့-

သင်သည် ငါ့ကို ကျိုးနွံနာခံသောသူတစ်ဦးလော။

သင်သည် မိမိကိုယ်ကိုယ် စွန့်လွှတ်ပြီး ငါ့နောက်လိုက်ဖို့ လိုလားကာ အဆင့်သင့်ရှိနေသလော။

သင်သည် ဖြူစင်သော စိတ်နှလုံးတစ်ခုဖြင့် ငါ၏ မျက်နှာကို ရှာဖွေသောသူတစ်ဦးလော။

ငါ့ထံသို့ မည်သို့ချဉ်းကပ်ပြီး ငါနှင့် မည်သို့ မိတ်သဟာယပြုရမည်ကို သင် သိသလော။

သင်သည် ငါ၏ရှေ့မှောက်တွင် သင့်ကိုယ်သင် တည်ငြိမ်စေပြီး၊ ငါ၏ အလိုကို ရှာဖွေနိုင်သလော။

သင့်ကို ငါ ထုတ်ဖော်ပြသော နှုတ်ကပတ်တော်များကို သင်သည် လက်တွေ့လုပ်ဆောင်သလော။

ငါ၏ရှေ့မှောက်တွင် သင်သည် ပုံမှန်အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်သလော။

စာတန်၏ စဉ်းလဲသော အကြံအစည်များကို သင် ရိပ်စားနိုင်သလော။ ယင်းတို့ကို သင် ဖော်ထုတ်ဝံ့သလော။

ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို သင် မည်သို့ အလေးထားသနည်း။

သင်သည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အလေးထားသူတစ်ဦးလော။

သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို သင် မည်သို့ သဘောပေါက်သနည်း။

ဘုရားသခင်၏ မိသားစုအတွင်းတွင် ပူးဆောင်ဆောင်ရွက်ခြင်းဖြင့် သင် မည်သို့ အစေခံသနည်း။

ငါ့အတွက် သင် မည်သို့ အားကောင်းသည့် သက်သေခံသနည်း။

သမ္မာတရားအတွက် သင် မည်သို့ ကောင်းစွာသော တိုက်ပွဲဝင်သနည်း။

သင်သည် ဤသမ္မာတရားတို့ကို စေ့စေ့စပ်စပ် တွေးဆဖို့ အချိန်ယူရမည်။ နေ့ရက်သည် အလွန့်အလွန် နီးကပ်နေပြီဖြစ်သည်ကို သက်သေပြရန် အချက်အလက်များမှာ လုံလောက်ပေသည်။ ဘေးဒုက္ခများ ရောက်မလာမီ သင်သည် စုံလင်စေခြင်းခံရမည်- ဤအရာသည် အရေးကြီးသည့် ကိစ္စ၊ အဆောတလျင် ဖြေရှင်းရမည့် ကိစ္စတစ်ခု ဖြစ်၏။ ငါသည် သင်တို့ကို စုံလင်စေရန် ဆန္ဒရှိသော်လည်း၊ သင်တို့သည် ဧကန်အမှန် အတော်အတန် ထိန်းမနိုင်သိမ်းမရ ဖြစ်ကြသည်ကို ငါ မြင်ရသည်။ သင်သည် အနိုင်မခံအရှုံးမပေးလိုစိတ် ရှိသော်လည်း၊ သင်သည် ယင်းစိတ်ကို အကောင်းဆုံး အသုံးမချသကဲ့သို့၊ အရေးကြီးဆုံးသောအရာများကို သဘောမပေါက်ချေ။ ယင်းအစား သင် သဘောပေါက်သမျှ အရာအားလုံးမှာ အသေးအမွှား ကိစ္စရပ်များသာ ဖြစ်၏။ ဤအရာများအပေါ် စဉ်းစားချင့်ချိန်ခြင်းမှာ အဘယ်အကျိုး ရှိသနည်း။ ယင်းသည် အချိန်ဖြုန်းခြင်း ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့အား ဤနည်းဖြင့် သနားခြင်းကရုဏာကို ပြသော်လည်း၊ သင်တို့သည် မည်သည့်တန်ဖိုးထားမှုမျှ မပြနိုင်ကြချေ။ သင်တို့သည် အချင်းချင်းကြား ခိုက်ရန်ဖြစ်ပွားရုံမျှသာ ရှိကြ၏- ထို့ကြောင့် ငါ၏ အပတ်တကုတ်ကြိုးပမ်းသည့် အားထုတ်မှု အားလုံးသည် အချည်းနှီးဖြစ်သွားပြီ မဟုတ်လော။ သင်သည် ဤနည်းဖြင့် ဆက်သွားပါက၊ ငါသည် သင်တို့ကို အချိန်ယူကာ ချော့မော့မည် မဟုတ်။ သင်တို့သည် သမ္မာတရားအဖို့ မနိုးထကြပါက၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် သင်တို့ထံမှ ရုပ်သိမ်းခံရလိမ့်မည်ဟု သင်တို့ကို ငါပြော၏။ သင်တို့ကို စားသောက်ရန် နောက်ထပ် ပေးတော့မည် မဟုတ်သကဲ့သို့၊ သင့်တော်သည်ဟု သင်တို့ မြင်သည့်အတိုင်း သင်တို့ ယုံကြည်နိုင်သည်။ ငါသည် ငါ၏ နှုတ်ကပတ်တော်များကို ပြည့်စုံစေ့စပ်စွာ ပြောဆိုပြီးဖြစ်သည်။ သင်တို့ နားထောင်ခြင်း ရှိ၊ မရှိဆိုသည်မှာ သင်တို့အပေါ် မူတည်၏။ သင်တို့ စိတ်ရှုပ်ထွေးသည့်အချိန် ရောက်လာသည့်အခါ၊ ရှေ့ဆက်ရန် လမ်း မရှိသကဲ့သို့ စစ်မှန်သော အလင်းကိုလည်း မမြင်နိုင်သည့်အခါတွင်၊ ငါ့ကို အပြစ်တင်လိမ့်မည်လော။ မသိနားမလည် လိုက်လေခြင်း။ သင်၏ အတ္တကို တင်းကျပ်စွာ ဖက်တွယ်ပါက၊ လက်လွှတ်ရန် ငြင်းဆန်ပါက၊ အကျိုးဆက်သည် မည်သည့်အရာ ဖြစ်သင့်သနည်း။ သင်၏ အလုပ်သည် အချည်းနှီး လေ့ကျင့်မှုတစ်ခုမျှသာ ဖြစ်လိမ့်မည် မဟုတ်လော။ ဘေးဒုက္ခများ ကျရောက်သည့်အခါတွင်၊ ဖယ်ရှားခံရခြင်းသည် သနားစဖွယ်ဖြစ်လှပေသည်တကား။

ယခုအချိန်သည် အသင်းတော်အား တည်ဆောက်ခြင်း၏ အရေးပါသောအဆင့် ဖြစ်၏။ သင်သည် ငါနှင့် ပူးပေါင်းဆောင်ရွက်ရန်အခြေအနေကို ဖန်တီးနိုင်စွမ်း မရှိသကဲ့သို့၊ ငါ့ထံ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ မဆက်ကပ်နိုင်ပါက၊ အရာရာကို သင် မစွန့်လွှတ်နိုင်ပါက၊ သင်သည် ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ အခြားသော ရည်ရွယ်ချက်များကို သင် သိုထားနိုင်သေးသလော။ သင်တို့အနေဖြင့် နောင်တရကာ၊ အသစ်ပြန်စမည်ကို စောင့်မျှော်လျက်၊ ငါသည် သင်တို့အား သက်ညှာမှုကို ဤနည်းဖြင့် ပြခဲ့၏။ သို့သော်လည်း ဤအရာကို အချိန်က တကယ်ကို နောက်ထပ် အခွင့်မပေးတော့သကဲ့သို့၊ ငါသည် အခြေအနေ တစ်ရပ်လုံးကို သုံးသပ်ရမည်ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်အတွက်၊ အရာခပ်သိမ်းသည် ရှေ့ဆက်လျက်ရှိပြီး ငါ၏ ခြေလှမ်းများသည် တစ်နေ့တခြား၊ တစ်နာရီပြီးတစ်နာရီ၊ အခိုက်အတန့် တစ်ခုပြီးတစ်ခု ရှေ့သို့ တက်လှမ်းနေ၏- မီအောင် မလိုက်နိုင်သောသူများသည် စွန့်ပစ်ခြင်း ခံရကြလိမ့်မည်။ နေ့ရက်တိုင်းတွင် အသစ်သောအလင်း ရှိ၏၊ နေ့ရက်တိုင်းတွင် အသစ်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်၏။ နေ့ရက်တိုင်းတွင် အသစ်သော အရာများ ထွက်ပေါ်ပြီး၊ အလင်းကို မမြင်နိုင်သောသူများသည် မျက်စိကန်းနေသူများဖြစ်ကြပေသည်။ လိုက်လျှောက်ခြင်း မရှိသော သူတို့သည် ပယ်ထုတ်ခြင်း ခံကြရလိမ့်မည်။...

အရှေ့သို့- အခန်း ၁၃

နောက်တစ်ခုသို့- အခန်း ၁၅

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။