အခန်း ၁၃

သင်တို့၏ လက်ရှိအခြေအနေတွင်၊ သင်တို့သည် အတ္တ၏အယူအဆများကို အလွန်အမင်း လိုက်နာကာ၊ သင်တို့အတွင်းတွင် အတော်ဆိုးရွားသော ဘာသာရေး အနှောင့်အယှက်များ ရှိ၏။ သင်တို့သည် စိတ်နှလုံးအားဖြင့် မလုပ်ဆောင်နိုင်ကြ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို သင်တို့ သဘောမပေါက်နိုင်ကြသကဲသို့၊ အသစ်သော အလင်းကို သင်တို့ ငြင်းပယ်ကြသည်။ သင်သည် မျက်စိကန်းနေသောကြောင့်၊ နေ့အချိန် နေမင်းကို မမြင်နိုင်၊ လူတို့ကို သင် မသိ၊ သင်၏ “မိဘများ” ကို သင်သည် ဘယ်သောအခါမျှ မစွန့်ခွာနိုင်၊ ဝိညာဉ်ရေးရာ ချင့်ချိန်နိုင်စွမ်း ချို့တဲ့သည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သင် သတိမပြုမိသကဲ့သို့၊ ငါ၏နှုတ်ကပတ်တော်ကို မည်သို့ စားသောက်ရမည်ကို မသိပေ။ သင့်ဘာသာ မည်ကဲ့သို့ စားသောက်ရမည်ကို မသိသည်မှာ ပြဿနာဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အလွန်အံ့အားသင့်ဖွယ်ကောင်းသော အရှိန်ဖြင့် တစ်နေ့တခြား ရှေ့ဆက်နေသည်။ နေ့ရက်တိုင်းတွင် အလင်းသစ်ရှိပြီး၊ သစ်လွင်ပြီး လတ်ဆတ်သော အရာများလည်း နေ့တိုင်းရှိ၏။ သို့သော် သင်သည် နားမလည်ပေ။ ထိုအစား သင်သည် သုတေသနပြုရန် နှစ်သက်သည်၊ သင်သည် အမှုအရာများကို သေချာစွာ ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ သင်ကိုယ်တိုင်၏ စိတ်ဝင်စားမှုများနှင့်ဆိုင်သော မှန်ဘီလူးဖြင့်သာ ကြည့်ရှုပြီး မှင်တက်လျက် နားထောင်သည်။ သင်သည် စိတ်နှလုံးအားဖြင့် လုံ့လဝီရိယရှိစွာ ဆုမတောင်းသကဲ့သို့၊ ငါ့ကို အားမထား သို့မဟုတ် ငါ၏ နှုတ်ကပတ်တော်များကို သာ၍ တွေးဆခြင်းလည်း မရှိပေ။ ထို့ကြောင့် သင်၌ ရှိသမျှမှာ ကျမ်းဟောင်းတရားများ၊ စည်းကမ်းများနှင့် အယူဝါဒများ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်ကို မည်သို့စားသောက်ရမည်ကို သင် ရှင်းလင်းစွာ သိရမည်ဖြစ်ပြီး ငါ၏ ရှေ့မှောက်သို့ ငါ၏ နှုတ်ကပတ်တော်ကို သာ၍ မကြာခဏ ယူဆောင်လာရမည်။

ယနေ့ခေတ် လူတို့သည် သူတို့ကိုယ်သူတို့ မစွန့်လွှတ်နိုင်ကြပေ။ ၎င်းတို့ မှန်ကန်သည်ဟု အမြဲထင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ကမ္ဘာငယ်လေးများတွင် ပိတ်မိနေကြပြီး၊ မှန်ကန်သော လူစားမျိုး မဟုတ်ကြပေ။ ၎င်းတို့သည် မှားယွင်းသော ရည်ရွယ်ချက်များနှင့် ရည်ရွယ်ချက်များရှိကြပြီး၊ ဤအရာများ၌ ၎င်းတို့ မလျှော့တမ်း လုပ်ဆောင်မည်ဆိုပါက၊ ဧကန်မုချ ၎င်းတို့ တရားစီရင်ခံရမည်ဖြစ်ပြီး၊ ဆိုးရွားသော ကိစ္စများတွင်၊ ၎င်းတို့ ပယ်ထုတ်ခံရလိမ့်မည်ဖြစ်သည်။ သင်တို့သည် ငါနှင့် စဉ်ဆက်မပြတ် မိတ်သဟာယပြုခြင်းကို ထိန်းသိမ်းရာတွင် ပိုမိုအားထုတ်ရမည်ဖြစ်ပြီး၊ သင်တို့မိတ်သဟာယဖွဲ့လိုသူ မည်သူမဆိုနှင့် မိတ်သဟာယဖွဲ့ရမည် မဟုတ်။ သင်မိတ်သဟာယဖွဲ့သည့် လူတို့အပေါ် သိနားလည်မှုတစ်ခု သင်၌ ရှိရမည်ဖြစ်ပြီး အသက်တာထဲက ဝိညာဉ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ သင် မိတ်သဟာယဖွဲ့ရမည်။ ထိုအခါမှသာ၊ သင်သည် အခြားသူတို့အား အသက်ကို ထောက်ပံ့ပေးနိုင်ကာ ၎င်းတို့၏ ချို့ယွင်းချက်များကို ဖာထေးပေးနိုင်မည်ဖြစ်သည်။ ၎င်းတို့ကို ဩဝါဒပေးသည့် လေသံဖြင့် မပြောဆိုသင့်ပေ။ ယင်းသည် အခြေခံအားဖြင့် မှားယွင်းသော အနေအထားဖြစ်သည်။ မိတ်သဟာယဖွဲ့ရာတွင်၊ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို သိနားလည်မှု ရှိရမည့်အပြင် ဉာဏ်ပညာ ပိုင်ဆိုင်ရမည်ဖြစ်ပြီး လူတို့၏နှလုံးသားများထဲတွင် မည်သည့်အရာ ရှိသည်ကို သင်နားလည်နိုင်ရမည်။ အကယ်၍ သင်သည် အခြားသူများကို အစေခံဖို့ဖြစ်ပါက၊ သင်သည် မှန်ကန်သော လူစားမျိုး ဖြစ်ရမည်ဖြစ်ပြီး သင်၌ ရှိသမျှဖြင့် မိတ်သဟာယဖွဲ့ရမည်။

ယခုတွင် အရေးပါသော အရာမှာ သင် ငါနှင့် မိတ်သဟာယဖွဲ့နိုင်ဖို့၊ ငါနှင့် နီးကပ်စွာ မိတ်သဟာယဖွဲ့ရန်၊ သင့်ဘာသာ စားသောက်ရန်နှင့် ဘုရားသခင်နှင့် နီးကပ်လာရန်ဖြစ်သည်။ သင်သည် ဝိညာဉ်ရေးရာ ကိစ္စရပ်များကို တတ်နိုင်သမျှ မြန်မြန် နားလည်လာရမည် ဖြစ်ပြီး၊ သင်၏ပတ်ဝန်းကျင်နှင့် သင်၏ဝန်းကျင်တွင် စီစဉ်ထားသည့် အရာကို ရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်ရမည် ဖြစ်သည်။ ငါ၏ဖြစ်ခြင်းကို သင်နားလည်နိုင်စွမ်း ရှိသလော။ သင်ချို့တဲ့သော အရာပေါ် အခြေခံ၍ စားသောက်ပြီး ငါ၏ နှုတ်ကပတ်တော်ဖြင့် အသက်ရှင်ရန် အရေးကြီးသည်။ ငါ၏လက်များကို အသိအမှတ်ပြုကာ မညည်းညူလေနှင့်။ သင်သည် ညည်းညူကာ ခွဲထွက်ပါက၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိဖို့ အခွင့်အရေး သင် ဆုံးရှုံးကောင်း ဆုံးရှုံးနိုင်သည်။ ငါ့အားချဉ်းကပ်ခြင်းဖြင့် အစပြုလော့- သင် မည်သည့်အရာ ချို့တဲ့နေသနည်း၊ သင်သည် ငါ့အား မည်ကဲ့သို့ ချဉ်းကပ်သင့်ပြီး၊ ငါ့နှလုံးသားကို မည်ကဲ့သို့ နားလည်သင့်သနည်း။ လူတို့သည် အတ္တကို လက်မလွှတ်နိုင်ကြသောကြောင့် ငါနှင့် နီးစပ်ဖို့ရန် ၎င်းတို့အတွက် ခက်ခဲပေသည်။ ၎င်းတို့၏ စိတ်သဘောထားများသည် စဉ်ဆက်မပြတ် ခုတစ်မျိုး တော်ကြာတစ်မျိုးပြောင်းလျက် အမြဲတမ်း မတည်ငြိမ်သကဲ့သို့၊ ဤလူတို့သည် အနည်းငယ်သော ချိုမြိန်မှု အရသာကို ရရှိသည်နှင့် စိတ်ကြီးဝင်လာကြကာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ကြလေသည်။ အချို့သော လူတို့သည် နိုးထခြင်း မရှိသေးပေ။ သင်ပြောသောအရာ မည်မျှသည် သင်၏ဖြစ်ခြင်းကို ပုံဖော်သနည်း။ ထိုအရာအနက် မည်မျှသည် မိမိကိုယ်ကိုယ် ကာကွယ်ခြင်းဖြစ်သနည်း၊ ထိုအရာထဲမှ မည်မျှသည် အခြားသူများကို အတုခိုးနေခြင်း ဖြစ်သနည်း၊ ပြီးလျှင် ထိုအရာထဲမှ မည်မျှသည် စည်းမျဉ်းများကို လိုက်နာခြင်း ဖြစ်သနည်း။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို နားမလည်နိုင်ရသည့် အကြောင်းရင်းမှာ ငါနှင့် အဘယ်သို့ နီးစပ်ရမည်ကို သင် မသိသောကြောင့် ဖြစ်သည်။ အပြင်ပန်းတွင်၊ သင်သည် အတ္တနှင့် သင့်စိတ်၏ အယူအဆများပေါ်တွင် မှီခိုနေလျက် အကြောင်းအရာများကို အမြဲ တွေးဆနေသည်။ သင်သည် တိတ်တဆိတ် သုတေသနပြုနေပြီး၊ အရေးမပါသည့် လျှို့ဝှက်ကြံစည်မှုများတွက် ပါဝင်ပတ်သက်ပြီး ၎င်းတို့ကို ပွင့်လင်းစွာပင် မဖော်ပြနိုင်ပေ။ ဤသည်မှာ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အား အမှန်တကယ် နားမလည်သည်ကို ပြသသည်။ တစ်စုံတစ်ရာသည် ဘုရားသခင်ထံမှ လာခြင်းမဟုတ်သည်ကို သင် စစ်မှန်စွာ သိရှိပါက၊ ထရပ်ကာ ငြင်းပယ်ရန်အတွက် အဘယ့်ကြောင့် ကြောက်ရွံ့နေသနည်း။ မည်မျှသည် ငါ့အတွက် ထရပ်ကာ၊ ပြောဆိုနိုင်သနည်း။ သင်သည် သားယောက်ျားလေး ပိုင်ဆိုင်သော အကျင့်စရိုက်နှင့်ဆိုင်သည့် အသေးငယ်ဆုံးသော အစွမ်းအစ အစိတ်အပိုင်းပင် မရှိချေ။

လက်ရှိတွင် စီစဉ်ထားသော အရာအားလုံး၏ ရည်ရွယ်ချက်မှာ သင်တို့၏ အသက်တာများတွင် သင်တို့ ကြီးထွားနိုင်ကြဖို့အလို့ငှာ သင်တို့ကို လေ့ကျင့်ပေးဖို့၊ သင်တို့၏ စိတ်ဝိညာဉ်တို့ကို စိတ်အားထက်သန်စေကာ ထက်မြက်စေဖို့နှင့် ဘုရားသခင်ထံမှ မည်သည့်အရာများ လာသည်ကို သင်တို့ သတိပြုမိဖို့အလို့ငှာ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများကို ဖွင့်ပေးဖို့ဖြစ်သည်။ ဘုရားသခင်ထံမှလာသော အရာသည် သင့်အား တတ်စွမ်းနိုင်ခြင်းနှင့် ဝန်ထုပ်ဝန်ပိုးတို့ဖြင့် အစေခံနိုင်စေပြီး စိတ်ဝိညာဉ် တည်ကြည်ခိုင်မာစေသည်။ ငါ့ထံမှ မလာသော အရာအားလုံးသည် အနှစ်မဲ့၏။ ထိုအရာများက သင်တို့ကို မည်သည့်အရာမျှ မပေးပေ၊ ၎င်းတို့သည် သင်၏စိတ်ဝိညာဉ်၌ ဟာကွက်ဖြစ်စေပြီ၊ သင်၏ယုံကြည်ခြင်း ပျောက်ဆုံးစေကာ၊ သင့်ကို သင်ကိုယ်တိုင်၏ စိတ်ထဲတွင် ပိတ်မိစေလျက် ငါနှင့် သင့်ကြားတွင် ဝေးကွာစေသည်။ သင်သည် စိတ်ဝိညာဉ်၌ အသက်ရှင်သောအခါ လောကီကမ္ဘာရှိ အရာအားလုံးကို ယခု ကျော်လွန်နိုင်သော်လည်း၊ သင်၏ စိတ်ထဲတွင် အသက်ရှင်ခြင်းသည် စာတန်၏ သိမ်းယူခြင်းခံရဖို့ ဖြစ်သည်။ ဤသည်မှာ လမ်းဆုံးဖြစ်၏။ ယခု အလွန်ရိုးစင်းသည်။ သင်၏ နှလုံးသားဖြင့် ငါ့အား မျှော်ကြည့်လော့၊ သို့ဖြစ်လျှင် သင်၏ စိတ်ဝိညာဉ်သည် ချက်ချင်း တိုး၍ သန်မာလိမ့်မည်။ သင်သည် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း တစ်ခု ရှိလိမ့်မည် ဖြစ်ပြီး၊ သင်၏ ခြေလှမ်းတိုင်းကို ငါ ဦးဆောင်လမ်းပြမည်။ ငါ၏ နှုတ်ကပတ်တော်ကို သင့်အား အချိန်တိုင်း နှင့် နေရာတိုင်းတွင် ထုတ်ဖော်ပြ လိမ့်မည်ဖြစ်သည်။ မည်သည့်နေရာ မည်သည့်အချိန်တွင် ဖြစ်စေ၊ သို့မဟုတ် ပတ်ဝန်းကျင် မည်မျှ ဆိုးရွားသည်ဖြစ်စေ၊ အကယ်၍ သင်၏ နှလုံးသားဖြင့် ငါ့အား အားထားပါက၊ ငါသည် သင့်အား ရှင်းလင်းစွာ မြင်စေမည်ဖြစ်ပြီး ငါ့နှလုံးသားကို သင့်အား ထုတ်ဖော်ပြမည်။ ဤပုံစံဖြင့်၊ သင်သည် ရှေ့တွင်ရှိသော လမ်းတွင် ပြေးသွားလိမ့်မည်ဖြစ်ပြီး ဘယ်သောအခါမျှ လမ်းပျောက်လိမ့်မည် မဟုတ်ပေ။ အချို့သော လူတို့သည် မိမိတို့၏ လမ်းခရီးကို အပြင်ပန်းအားဖြင့် ခံစားဖို့ ကြိုးစားကြ၏၊ သို့သော် မိမိတို့၏ စိတ်ဝိညာဉ်များအတွင်းမှ မည်သည့်အခါမျှ ထိုသို့ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မကြာခဏ သဘောမပေါက်နိုင်ကြ။ အခြားသူများနှင့် မိတ်သဟာယဖွဲ့သည့်အခါ၊ ၎င်းတို့သည် လိုက်လျှောက်စရာ လမ်းကြောင်းမရှိဘဲလျက်နှင့် မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိဘဲလျက် ပိုမိုစိတ်ရှုပ်ထွေးသွားကြလေသည်။ ဤလူများသည် မည်သည့်အရာက ၎င်းတို့ကို ဝေဒနာခံစားစေသည်ကို မသိကြချေ။ ၎င်းတို့အနေဖြင့် အမှုအရာများစွာကို ပိုင်ဆိုင်နိုင်ပြီး၊ အတွင်းတွင် လုံးလုံးလျားလျား ကျေနပ်ကောင်း ကျေနပ်နိုင်ကြသော်လည်း၊ ယင်းသည် အသုံးဝင်မှု တစ်ခုတစ်လေ ရှိသလော။ သင်သည် အမှန်တကယ် လိုက်လျှောက်ဖို့ လမ်းကြောင်းတစ်ခု ရှိသလော။ အလင်းပေးခံရခြင်း သို့မဟုတ် ဉာဏ်အလင်းရခြင်း တစ်ခုတစ်လေ သင်၌ ရှိသလော။ သင့်ထံတွင် အသစ်သော ထိုးထွင်းသိမြင်မှုများ တစ်ခုတစ်လေ ရှိသလော။ သင်သည် တိုးတက်ပြီးပြီလော သို့မဟုတ် ယုတ်လျော့လေပြီလော။ အသစ်သော အလင်းကို သင် အမီလိုက်နိုင်သလော။ သင်သည် နာခံမှု လုံး၀မရှိပေ၊ သင်မကြာခဏ ပြောသော ကျိုးနွံနာခံမှုသည် မည်သည်မျှ မဟုတ်ဘဲ ဆွေးနွေးခြင်းသာ ဖြစ်သည်။ နာခံသော အသက်တာတစ်ခုကို သင် အသက်ရှင်နေထိုင်ပြီးပြီလော။

လူတို့၏ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း၊ မိမိဘာသာ အားရကျေနပ်မှု၊ မိမိကိုယ်ကိုယ် ကျေနပ်ခြင်းနှင့် မာနထောင်လွှားခြင်းတို့က ဖြစ်ပေါ်စေသည့် အတားအဆီးသည် မည်မျှကြီးမားသနည်း။ လက်တွေ့အရှိတရားထဲသို့ သင်မဝင်ရောက်နိုင် သည့်အခါ မည်သူကို အပြစ်တင်ရမည်နည်း။ သင်သည် မှန်ကန်သော လူ ဟုတ်သည် မဟုတ်သည်ကို သိရန် သင့်ကိုယ်သင် သေချာစွာ ဆန်းစစ်သင့်သည်။ သင်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များသည် ငါ့အတွက် ရည်ရွယ်၍ ဖန်တီးထားသလော။ သင်၏ စကားများနှင့် လုပ်ရပ်များအားလုံးသည် ငါ၏ မျက်မှောက်တွင် ပြောဆို၊ လုပ်ဆောင်ခြင်း ဖြစ်သလော။ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ငါ ဆန်းစစ်၏။ အပြစ်ရှိသည်ဟု သင်မခံစားရသလော။ အခြားသူများ မြင်စေရန် သင်သည် ဟန်ဆောင်ထားပြီး၊ သင်သည် ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်း ပုံပန်းတစ်ခုကို တည်ငြိမ်စွာ ပုံဖမ်းထားသည်။ သင်သည် မိမိကိုယ်ကိုယ် ကာကွယ်ရန် ဤအရာကို လုပ်ဆောင်သည်။ သင်၏ဆိုးယုတ်ခြင်းကို ဖုံးကွယ်ရန် ဤအရာကို လုပ်ဆောင်ပြီး၊ ထိုဆိုးယုတ်ခြင်းကို အခြားတစ်စုံတစ်ဦးအပေါ် တွန်းပို့ရန် နည်းလမ်းများကိုပင် အကြံထုတ်လေသည်။ သင်၏ နှလုံးသားတွင် ဖောက်ပြန်မှုသည် ကိန်းဝပ်နေလေတကား။ သင်ပြောခဲ့သော အရာအားလုံးကို စဉ်းစားလော့။ သင်သည် သင်ကိုယ်တိုင်၏ ဝိညာဉ် ထိခိုက်လာမည်စိုးသဖြင့်၊ စာတန်ကို ဖုံးကွယ်ပေးခဲ့ပြီး၊ သင်၏ ညီအစ်ကို မောင်နှမများ၏ စားသောက်ခြင်းတို့ကို အတင်းအကျပ် လုယူခဲ့ခြင်းသည် သင်၏ အကျိုးအလို့ငှာသာ ဖြစ်သည် မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် မည်သို့ရှင်းပြမည်နည်း။ ယခုအကြိမ် စာတန်ယူဆောင်သွားသော စားသောက်ခြင်းကို သင်သည် နောင်တစ်ကြိမ်တွင် ပြန်လည် ထေမိနိုင်မည်ဟု ထင်သလော။ ထို့ကြောင့် ယခု သင်ရှင်းလင်းစွာ မြင်ရ၏။ ဤသည်မှာ သင်ပြန်လည်လျော်ပေးနိုင်သော အရာတစ်စုံတစ်ခု ဖြစ်သလော။ သင်သည် ဆုံးရှုံးသွားသည့် အချိန်အတွက် ပြန်လည် ထေမိနိုင်သလော။ လွန်ခဲ့သော တွေ့ဆုံမှုအနည်းငယ်တွင် မည်သည့် စားသောက်ခြင်းမျှ အဘယ့်ကြောင့် မလုပ်ဆောင်ခဲ့သည်ဆိုသည်နှင့် အဘယ်သူသည် ဤဒုက္ခကို ဖြစ်ပွားစေခဲ့သည် ဆိုသည်တို့ကို မြင်နိုင်ဖို့ရန် သင်တို့သည် မိမိတို့ကိုယ်ကိုယ် လုံ့လရှိစွာ ဆန်းစစ်ရမည်။ သင်သည် ရှင်းလင်းသွားသည်အထိ တစ်ဦးပြီးတစ်ဦး မိတ်သဟာယဖွဲ့ရမည်။ အကယ်၍ ထိုသို့သောလူတစ်ဦးကို ပြင်းထန်စွာ ထိန်းချုပ်မထားလျှင်၊ ညီအစ်ကို မောင်နှမတို့သည် နားလည်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုအရာ တဖန်ဖြစ်ပျက်မည်သာ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများသည် ပိတ်နေကြ၏။ သင်တို့ထဲမှ များလှစွာသောသူတို့သည် မျက်စိကွယ်နေကြ၏။ ထို့အပြင်၊ မြင်သောသူတို့သည် ထိုအရာကို အရေးမထားကြချေ။ ၎င်းတို့သည် ထရပ်ကာ ဖွင့်ပြောခြင်း မရှိသကဲ့သို့ ၎င်းတို့သည်လည်း မျက်စိကန်းနေကြ၏။ မြင်သော်လည်း ဖွင့်မပြောသော သူတို့သည် ဆွံ့အသောသူများ ဖြစ်ကြသည်။ ဤနေရာတွင် မသန်မစွမ်းသူ များစွာရှိနေသည်။

လူအချို့သည် သမ္မာတရားက အဘယ်အရာဖြစ်သည်၊ အသက်က အဘယ်အရာဖြစ်သည် ဆိုသည်နှင့် လမ်းခရီးက အဘယ်အရာဖြစ်သည် ဆိုသည်တို့ကို သဘောမပေါက်ပေ၊ ထို့အပြင်၊ စိတ်ဝိညာဉ်ကို နားမလည်ကြပေ။ ၎င်းတို့သည် ငါ၏ နှုတ်ကပတ်တော်ကို ပုံသေနည်းအဖြစ်မျှသာ သဘောထားကြ၏။ ဤသည်မှာ များစွာ တင်းကျပ်လွန်းသည်။ ၎င်းတို့သည် အဘယ်အရာက စစ်မှန်သော ကျေးဇူးတရားနှင့် ချီးမွမ်းခြင်းဖြစ်သည်ကို နားမလည်ကြ။ လူအချို့သည် အရေးပါပြီး အဓိကကျသော အရာများကို သဘောမပေါက် နိုင်ကြပေ။ ယင်းအစား အဓိကမဟုတ်သော အရာကိုသာ သဘောပေါက်ကြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဝင်ရောက်နှောင့်ယှက်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အသင်းတော်၏ အဆောက်အဦးအား ပြိုပျက်စေခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဝင်ရောက်နှောင့််ယှက်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ စာတန်၏ လက်ပါးစေဆိုသည်မှာ အဘယ်နည်း။ ဤသမ္မာတရားများကို ရှင်းလင်းစွာ နားလည်ရမည်ဖြစ်ပြီး၊ မရေမရာ ဖော့ပြောခြင်းမျှသာ မဟုတ်ရ။ ဤတစ်ကြိမ်တွင် စားသောက်ခြင်း မရှိရခြင်းကို မည်သည့်အရာက ဖြစ်စေခဲ့သနည်း။ လူအချို့က ယနေ့တွင် ဘုရားသခင်အား အသံကျယ်ကျယ် ချီးမွမ်းသင့်သည်ဟု ထင်ကြသော်လည်း၊ သူ့အား ၎င်းတို့ အဘယ်သို့ ချီးမွမ်းသင့်သနည်း။ ဓမ္မသီချင်းများဆိုကာ ကခုန်ခြင်းဖြင့် ထိုသို့ လုပ်ဆောင်သင့်သလော။ အခြားသော နည်းလမ်းများကို ချီးမွမ်းခြင်းအဖြစ် မယူဆသလော။ လူအချို့က ဝင့်ကြွားဝမ်းမြောက်သော ချီးမွမ်းခြင်းမှာ ဘုရားသခင်အား ချီးမွမ်းဖို့ နည်းလမ်းဖြစ်သည်ဟူသော အယူအဆဖြင့် အစည်းအဝေးများကို လာကြသည်။ လူတို့သည် ဤအယူအဆများ ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို အာရုံမစိုက်ကြချေ။ ဤအရာ၏နောက်ဆုံးရလဒ်သည် အနှောင့်အယှက်များ ဖြစ်ပွားဆဲဖြစ်ခြင်း ဖြစ်သည်။ ဤအစည်းအဝေးတွင် စားသောက်ခြင်း မရှိခဲ့ပေ။ သင်တို့အားလုံးက ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အရေးထားကာ၊ အသင်းတော်၏ သက်သေခံချက်ကို ကာကွယ်ပြောဆိုမည်ဟု ပြောကြသော်လည်း၊ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အမှန်တကယ် အရေးထားခဲ့ကြပြီနည်း။ သင့်ကိုယ်သင် မေးလော့- သင်သည် ဘုရားသခင်၏ ဝန်ထုပ် ဝန်ပိုးကို ထည့်သွင်းစဉ်းစားမှု ပြသပြီးသော သူတစ်စုံတစ်ဦးလော။ ဘုရားသခင်အတွက် ဖြောင့်မတ်ခြင်းတရားကို သင်လက်တွေ့ လုပ်ဆောင်နိုင်သလော။ ငါ့အတွက် သင်ထရပ်ကာ ပြောဆိုနိုင်သလော။ သင်သည် သမ္မာတရားကို တည်ကြည်ခိုင်မာစွာ လက်တွေ့လုပ်ဆောင် နိုင်သလော။ စာတန်၏ လုပ်ရပ်အားလုံးကို ဆန့်ကျင်တိုက်ခိုက်ရလောက်အောင် သင်သည် ရဲရင့်သလော။ သင်သည် သင်၏ စိတ်ခံစားမှုများကို ဘေးဖယ်ကာ ငါ၏ သမ္မာတရားအတွက် စာတန်ကို ဖော်ထုတ်ပေးနိုင်မည်လော။ သင့်အထဲတွင် ငါ၏ ရည်ရွယ်ချက်များ ပြည့်စုံစေခွင့် သင် ပေးနိုင်သလော။ အရေးအပါဆုံးသော အခိုက်အတန့်များတွင် သင်၏နှလုံးသားကို သင် ဆက်ကပ်ပြီးပြီလော။ သင်သည် ငါ၏အလိုကို လုပ်ဆောင်သောသူ တစ်စုံတစ်ဦးလော။ ဤမေးခွန်းများကို သင့်ကိုယ်သင် မေးပြီး ၎င်းတို့နှင့်ပတ်သက်၍ မကြာခဏ စဉ်းစားလော့။ သင့်အထဲတွင် စာတန်၏ဆုကျေးဇူးများ ရှိပြီး- သင်သည် လူတို့ကို နားမလည်သကဲ့သို့ စာတန်၏အဆိပ်ကို သတိပြုမိရန် ပျက်ကွက်သည့်အတွက်- ယင်းအတွက် သင့်ကို အပြစ်တင်ရမည်ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် သေခြင်းဆီသို့ ခေါ်ဆောင်နေ၏။ စာတန်သည် သင် လုံးဝ စိတ်ရှုပ်ထွေးသွားသည်အထိ သင့်ကို လုံးလုံးလျားလျား လှည့်ဖြားပြီး ဖြစ်သည်။ သင်သည် လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံခြင်း စပျစ်ရည်ဖြင့် ယစ်မူးကာ၊ ရှေ့နောက် ယိမ်းထိုးလျက်၊ ခိုင်မာသော ရှုထောင့်အမြင်တစ်ရပ်ကို မထိန်းသိမ်း နိုင်သကဲ့သို့၊ သင်၏ လက်တွေ့လုပ်ဆောင်မှုအတွက် လမ်းကြောင်းမရှိပေ။ သင်သည် ကောင်းမွန်စွာ စားသောက်ခြင်းမရှိ၊ သင်သည် အထိန်းအကွပ်မဲ့သော ရန်ဖြစ်ခြင်းနှင့် ငြင်းခုန်ခြင်းတို့တွင် ပါဝင်သည်၊ သင်သည် အမှန်နှင့် အမှားကို မသိသကဲ့သို့၊ ဦးဆောင်သည့် မည်သူမဆိုနောက်သို့ သင်လိုက်၏။ သင်သည် သမ္မာတရား အနည်းငယ်မျှပင် ရှိသလော။ အချို့သော လူတို့သည် မိမိတို့ကိုယ်ကိုယ် ကာကွယ်ကြပြီး၊ လှည့်ဖြားမှုတွင်ပင် ပါဝင်ကြ၏။ ၎င်းတို့သည် အခြားသူများနှင့် မိတ်သဟာယဖွဲ့ကြသော်လည်း၊ ယင်းက ၎င်းတို့အား လမ်းဆုံးသို့သာ ဦးတည်စေသည်။ ဤလူတို့သည် ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များနှင့် အရင်းအမြစ်များကို ရရှိသည်မှာ ငါ့ထံမှလော။ ညီအစ်ကို မောင်နှမများ၏ စားသောက်ခြင်း ယူဆောင်သွားခံရသည့် အဖြစ်အတွက် သင် အလျော်ပေးနိုင်သည်ဟု ထင်သလော။ မိတ်သဟာယဖွဲ့ရန် လူအနည်းငယ်ရှာပြီး မေးလော့။ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ်အတွက် ပြောဆိုပါစေ- ၎င်းတို့အား တစ်စုံတစ်ရာ ထောက်ပံ့ပေးပြီးပြီလော။ သို့မဟုတ် ၎င်းတို့သည် လိုက်လျှောက်ရမည့် လမ်းကြောင်းမရှိဘဲ ထားရစ်ခံရလျက်၊ ၎င်းတို့၏ ဝမ်းဗိုက်များကို ညစ်ပတ်သောရေနှင့် အမှိုက်များဖြင့် ဖြည့်ထားသလော။ ယင်းသည် အသင်းတော်အား ဖြိုဖျက်လိမ့်မည် မဟုတ်လော။ ညီအစ်ကို မောင်နှမများအကြား ချစ်ခြင်းမေတ္တာသည် အဘယ်မှာရှိသနည်း။ သင်သည် မည်သူမှန်သည်၊ မည်သူမှားသည်ကို လျှို့ဝှက်စွာ သုတေသနပြုသော်လည်း၊ အသင်းတော်၏ ဝန်ထုပ်ဝန်ပိုးကို အဘယ်ကြောင့် မထမ်းရွက်သနည်း။ သာမန်အားဖြင့်၊ သင်သည် ပေါ်ပင်ရေပန်းစားသော စကားလုံးများကို အော်ဟစ်ရာတွင် တော်သော်လည်း၊ အမှုအရာများ အမှန်တကယ် ဖြစ်ပျက်သည့်အချိန်တွင်၊ သင်သည် ၎င်းတို့နှင့်ပတ်သက်၍ မရေမရာ ဖြစ်လေသည်။ အချို့သော သူတို့သည် နားလည်သော်လည်း သိုသိုသိပ်သိပ် တီးတိုးသာ ပြောဆိုကြ၏၊ အခြားသူများကမူ ၎င်းတို့နားလည်သည့်အရာကို ထုတ်ဖော်ပြောဆိုကြသော်လည်း မည်သူကမျှ စကားတစ်ခွန်းမျှ မဟကြ။ ၎င်းတို့သည် ဘုရားသခင်ထံမှ မည်သည့်အရာ လာပြီး၊ မည်သည့်အရာသည် စာတန်၏ လုပ်ဆောင်ချက် ဖြစ်သည်ကို မသိကြ။ အသက်နှင့် ပတ်သက်၍ သင်တို့၏ စိတ်ထဲ၌ဖြစ်သော ခံစားချက်များသည် အဘယ်မှာနည်း။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို တကယ် နားမလည်နိုင်သကဲ့သို့၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို သတိလည်းမပြုမိပေ၊ ပြီးလျှင် သင်သည် အသစ်သောအရာများကို လက်ခံရန် အခက်အခဲ ရှိလေသည်။ သင်သည် လူတို့၏ အယူအဆများနှင့် ကိုက်ညီသော ဘာသာရေးနှင့် လောကီအရာများကိုသာ လက်ခံ၏။ အကျိုးဆက်အနေဖြင့်၊ သင်သည် အကြောင်းမဲ့သက်သက် တိုက်ခိုက်လေသည်။ လူမည်မျှက သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို သဘောပေါက်နိုင်သနည်း။ လူမည်မျှသည် အသင်းတော်၏ ဝန်ထုပ်ဝန်ပိုးတစ်ခုကို အမှန်တကယ် ထမ်းရွက် ကြပြီးပြီနည်း။ သင် သဘောပေါက်သလော။ ဓမ္မသီချင်းများကို သီဆိုခြင်းသည် ဘုရားသခင်အား ချီးမွမ်းသည့် နည်းလမ်းတစ်ခု ဖြစ်သော်လည်း၊ သင်သည် ဘုရားသခင်ကို ချီးမွမ်းခြင်းနှင့်ဆိုင်သည့် သမ္မာတရားကို ရှင်းလင်းစွာ နားမလည်ပေ။ ထို့အပြင်၊ သူ့ကို ချီးမွမ်းခြင်းနှင့် ပတ်သက်၍ သင် လုပ်ဆောင်သည့် နည်းလမ်းသည် တင်းကျပ်၏။ ယင်းမှာ သင်၌ရှိသည့် အယူအဆတစ်ခု မဟုတ်လော။ သင်သည် သင်၏ အယူအဆများကို အမြဲတမ်း မဆုတ်မနစ် တွယ်ဖက်ထားပြီး၊ ယနေ့တွင် သန့်ရှင်းသောဝိညာဉ်တော် မည်သည့်အရာ လုပ်ဆောင်မည်ကို အာရုံမစိုက်နိုင်၊ သင်၏ ညီအစ်ကိုမောင်နှမများ မည်သည့်အရာ ခံစားနေရသည်ကို မခံစားနိုင်သကဲ့သို့၊ ဘုရားသခင်၏အလိုတော်ကို တိတ်ဆိတ်စွာ မရှာဖွေနိုင်ပေ။ သင်သည် အမှုအရာများကို ကျိုးကြောင်းမမြင်ဘဲလျက် လုပ်ဆောင်သည်။ သင်သည် သီချင်းများကို ကောင်းစွာ သီဆိုကောင်းသီဆိုနိုင်သော်လည်း၊ ရလဒ်သည် လုံးဝ ကမောက်ကမအခြေအနေတစ်ခု ဖြစ်သည်။ ယင်းမှာ စားသောက်ခြင်း အမှန်တကယ်ပင်လော။ အမှန်တကယ် မည်သူက အနှောင့်အယှက်များ ဖြစ်နေစေသည်ကို သင် မြင်သလော။ သင်သည် စိတ်ဝိညာဉ်အားဖြင့် လုံးဝ အသက်မရှင်ပေ။ ထိုထက်၊ အမျိုးမျိုးသော အယူအဆများကို သင် ကိုင်စွဲထား၏။ ယင်းမှာ အသင်းတော်၏ ဝန်ကို ထမ်းရွက်ဖို့ နည်းလမ်းတစ်ခု အဘယ်သို့ ဖြစ်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် ယခုတွင် ပို၍ပင် မြန်ဆန်စွာ ခရီးပေါက်နေသည်ကို သင်တို့ မြင်ရမည်။ ထို့ကြောင့်၊ အကယ်၍ သင်သည် သင်ကိုယ်တိုင်၏ အယူအဆများကို တင်းကျပ်စွာ ဖမ်းဆုပ်ထားပြီး သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်မှုကို ခုခံနေပါက၊ သင်သည် မျက်စိကန်းနေသူ မဟုတ်လော။ ယင်းမှာ နံရံများကို ဝင်တိုက်ပြီး ဟိုဟိုသည်သည် တဝီဝီမြည်နေသော ယင်ကောင်တစ်ကောင်နှင့် ဆင်တူသည် မဟုတ်သလော။ သင်သည် ဤပုံစံဖြင့် ဆက်လက်ပြုလုပ်ပါက၊ ဘေးဖယ်ခြင်း ခံရလိမ့်မည်။

ဘေးအန္တရာယ်မတိုင်မီ စုံလင်စေခြင်းခံရသောသူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူများ ဖြစ်ကြ၏။ ၎င်းတို့သည် ခရစ်တော်အပေါ် ကိုးစားလျက် အသက်ရှင်ကြသည်၊ သူ့အဖို့ သက်သေခံကြပြီး၊ သူ့ကို ချီးမြှောက်ကြလေသည်။ ၎င်းတို့သည် ခရစ်တော်၏ အောင်နိုင်သော သားယောက်ျားများနှင့် စစ်သည်ကောင်းများ ဖြစ်ကြသည်။ ယခု သင့်ကိုယ်သင် တည်ငြိမ်စေကာ၊ ဘုရားသခင်ထံ ချဉ်းကပ်ပြီး၊ သူနှင့်အတူ မိတ်သဟာယဖွဲ့ရန် အရေးကြီးသည်။ အကယ်၍ သင်သည် ဘုရားသခင်ထံ ချဉ်းကပ်နိုင်ခြင်း မရှိပါက၊ စာတန်၏ဖမ်းဆီးခြင်းကို ခံရဖို့ အန္တရာယ် ရှိပေသည်။ သင်သည် ငါ့ထံ ချဉ်းကပ်နိုင်ပြီး၊ ငါနှင့် မိတ်သဟာယဖွဲ့နိုင်ပါက၊ သမ္မာတရား အလုံးစုံကို သင့်အား ထုတ်ဖော်ပြလိမ့်မည်ဖြစ်ပြီး သင်သည် အသက်ရှင်ကာ ပြုမူဖို့ စံနှုန်းတစ်ခု ရှိလိမ့်မည်။ သင်သည် ငါနှင့်ရင်းနှီးသောသူ ဖြစ်သောကြောင့်၊ ငါ၏ နှုတ်ကပတ်တော်သည် သင်၏အနားမှ မည်သည့်အခါမျှ စွန့်ခွာလိမ့်မည် မဟုတ်သကဲ့သို့၊ သင်၏ ဘဝတစ်လျှောက်လုံးတွင် သင်သည် ငါ၏ နှုတ်ကပတ်တော်ထံမှ ဘယ်သောအခါမျှ သွေဖည်သွားလိမ့်မည် မဟုတ်ပေ။ စာတန်သည် သင့်ကို ကောင်းကောင်းအသုံးချရန် နည်းလမ်းရှိလိမ့်မည် မဟုတ်သကဲ့သို့၊ ထိုအစား ၎င်းသည် အရှက်ရကာ၊ ရှုံးနိမ့်လျက် ထွက်ပြေးသွားလိမ့်မည်။ အကယ်၍ သင်သည် သင်၏အတွင်း၌ ပျောက်ဆုံးနေသော အရာကို အပြင်၌ ရှာဖွေပါက၊ တစ်ခါတစ်ရံ ထိုအရာ တစ်ချို့ကို သင်ရှာတွေ့ကောင်းတွေ့နိုင်သော်လည်း၊ သင် ရှာတွေ့သည့် အရာအများစုမှာ စည်းကမ်းများနှင့် သင်မလိုအပ်သောအရာများ ဖြစ်ပေလိမ့်မည်။ သင်သည် မိမိကိုယ်ကိုယ် လက်လွှတ်ရမည်၊ ငါ၏နှုတ်ကပတ်တော်များကို ပိုမို စားသောက်ပြီး ၎င်းတို့ကို မည်သို့တွေးဆရမည်ကို သိရမည်။ သင်သည် တစ်စုံတစ်ရာကို နားမလည်ပါက၊ ငါ့ထံ ချဉ်းကပ်ပြီး၊ ငါနှင့် မကြာခဏ မိတ်သဟာယဖွဲ့လော့။ ဤသို့ဖြင့်၊ သင်နားလည်သည့်အရာများသည် စစ်မှန်ကာ မှန်ကန်လိမ့်မည်။ ငါထံ ချဉ်းကပ်ခြင်းဖြင့် သင် အစပြုရမည်။ ဤသည်မှာ အရေးပါလှ၏။ သို့မဟုတ်လျှင်၊ သင်သည် မည်သို့ စားသောက်ရမည်ကို သိလိမ့်မည်မဟုတ်။ သင်သည် မိမိဘာသာ မစားသောက်နိုင်ပေ။ အမှန်ပင် သင်၏ ဝိညာဉ်အသက်တာသည် အလွန်သေးနုပ်လှ၏။

အရှေ့သို့- အခန်း ၁၂

နောက်တစ်ခုသို့- အခန်း ၁၄

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။