အခန်း ၁၂

အကယ်၍ သင်၌ လေနှင့် မိုးကဲ့သို့ ဟိုဟိုသည်သည် တိုက်ခတ်တတ်သည့် မတည်ငြိမ်သော စိတ်သဘောထားရှိပြီး၊ သင့်အစွမ်းရှိသမျှဖြင့် စဉ်ဆက်မပြတ် ရှေ့မဆက်မသွားနိုင်ပါက၊ ငါ၏လှံတံသည် မည်သည့်အခါမျှ သင်နှင့် အဝေးတွင် ရှိလိမ့်မည်မဟုတ်။ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်း ခံနေရသည့်အခါ၊ ပတ်ဝန်းကျင်က ပို၍ ဆိုးကျိုးပေးသည့်အခါနှင့် သင်သည် ပို၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသည့်အခါတွင်၊ ဘုရားသခင်အပေါ် ထားရှိသော သင်၏ချစ်ခြင်းမေတ္တာမှာ ပို၍ ကြီးမားလာပြီး၊ သင်သည် လောကအပေါ် တွယ်တာမှု ရပ်သွားလိမ့်မည်။ သင်သည် ရှေ့သို့ အခြားသောလမ်း မရှိတော့ဘဲ၊ ငါ့ထံသို့လာပြီး သင်၏ခွန်အားနှင့် မိမိကိုယ်ကိုယ် စိတ်ချယုံကြည်မှုကို ပြန်လည်ရရှိမည် ဖြစ်သည်။ သို့သော်လည်း သင်သည် ပို၍လွယ်ကူသက်သာသော ပတ်ဝန်းကျင်၌ ရှိနေသေးပါက၊ တော်စွလျော်စွ ကြုံရာကျပန်း ဖြစ်နေပေမည်။ သင်သည် အပြုသဘောဆောင်သောဘက်မှ ဝင်ရောက်ရမည်၊ တက်ကြွပြီး မလှုပ်မယှက် မနေနှင့်။ မည်သူ့ကြောင့် သို့မဟုတ် မည်သည့်အရာကြောင့်မဆို၊ အခြေအနေများအားလုံး၌ သင်သည် တုန်လှုပ်ခြင်း မရှိရဘဲ၊ တစ်ဦးတစ်ယောက်၏ စကားလုံးများ၏ လွှမ်းမိုးခြင်းကိုလည်း မခံရပေ။ သင်၌ တည်ငြိမ်သော စိတ်သဘောထား ရှိရမည် ဖြစ်ပြီး၊ လူတို့ မည်သည့်အရာ ပြောစေကာမူ၊ သင်သည် သမ္မာတရား ဖြစ်သည်ဟု သင်သိသည့်အရာကို ချက်ချင်း လက်တွေ့ကျင့်သုံးရမည်။ သင်သည် မည်သူနှင့် ရင်ဆိုင်နေရစေကာမူ၊ သင့်အထဲတွင် အလုပ်လုပ်နေသည့် ငါ့နှုတ်ကပတ်တော်ကို အမြဲရှိနေရမည်။ သင်သည် ငါ့အတွက် သက်သေခံခြင်း၌ ခိုင်မြဲစွာ ရပ်တည်နိုင်ပြီး၊ ငါ၏ဝန်ထုပ်များအတွက် စာနာထောက်ထားမှုကို ပြသနိုင်ရမည်။ ကိုယ်ပိုင်အတွေးအခေါ်များ မရှိဘဲနှင့် အခြားလူတို့အား မစဉ်းမစား သဘောမတူရပေ။ ထို့ထက် သင်သည် ရပ်တည်ရန်နှင့် သမ္မာတရားနှင့် မညီသော ထိုအရာများကို ကန့်ကွက်ရန် သတ္တိရှိရမည်။ တစ်စုံတစ်ခု မှားနေသည်ကို ရှင်းလင်းစွာ သင်သိသော်လည်း ယင်းကို ဖော်ထုတ်ရန် သတ္တိမရှိလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတစ်ယောက် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ခုကို ပြောလိုသော်လည်း ချက်ချင်းထုတ်မပြောရဲသောကြောင့် ဝှေ့ဝိုက်ပြောဆိုပြီးနောက် ခေါင်းစဉ်ပြောင်းလိုက်သည်။ စာတန်သည် သင်၏ အတွင်းတွင်ရှိနေပြီး သင့်ကို ဆွဲထားကာ သင့်အား ထိရောက်သည့်အရာတစ်ခုမျှ မရှိဘဲ ပြောဆိုခြင်း၊ အဆုံးအထိ ဇွဲလုံ့လမရှိနိုင်ခြင်းတို့ ဖြစ်စေသည်။ သင်၏ စိတ်နှလုံးတွင် ကြောက်ရွံ့မှုကို သယ်ဆောင်ဆဲဖြစ်သည်။ ဤသည်မှာ သင်၏ စိတ်နှလုံးသည် စာတန်၏ အယူအဆများနှင့် ပြည့်နေဆဲဖြစ်သောကြောင့် မဟုတ်သလော။

အောင်မြင်သောသူဆိုသည်မှာ အဘယ်နည်း။ ခရစ်တော်၏ စစ်သည်ကောင်းများသည် ရဲရင့်ရမည်ဖြစ်ပြီး၊ ဝိညာဉ်ရေးရာ ခွန်အားကြီးရန် ငါ့အပေါ် မှီခိုရမည်ဖြစ်သည်။ ၎င်းတို့သည် စစ်သူရဲများ ဖြစ်လာရန် တိုက်ခိုက်ပြီး စာတန်ကို အသေအကြေ စစ်ထိုးရမည်။ သင်သည် အမြဲတမ်း နိုးကြားနေရမည်ဖြစ်ပြီး၊ သို့ဖြစ်၍ အချိန်တိုင်းတွင် ငါနှင့် တက်ကြွစွာ ပူးပေါင်းလုပ်ဆောင်ဖို့ရန်နှင့် ငါ့ထံ ပို၍ တိုးဝင်ချဉ်းကပ်ဖို့ သင်ယူရန် သင့်ကို ငါတောင်းဆိုခြင်းဖြစ်သည်။ အကယ်၍ မည်သည့်အချိန်နှင့် မည်သည့် အခြေအနေတွင်မဆို၊ ငါ့ဟောပြောချက်ကို နားထောင်ကာ ငါ၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များကို အာရုံစိုက်လျက်၊ ငါ့ရှေ့တွင် ဆိတ်ငြိမ်စွာ နေနိုင်ပါလျှင်၊ သင်သည် ယိမ်းယိုင်ခြင်းမရှိဘဲ သင်၏ရပ်တည်ချက်ကို ဆုံးရှုံးမည်မဟုတ်ချေ။ ငါ၏အထဲမှ သင် လက်ခံရရှိသော အရာမှန်သမျှကို လက်တွေ့ကျင့်သုံးနိုင်သည်။ ငါ၏ နှုတ်ကပတ်တော်များ တစ်လုံးစီတိုင်းသည် သင့်အခြေအနေကို ဦးတည်ထားပြီး ယင်းတို့က သင့်စိတ်နှလုံးကို ထိုးဖောက်သည်။ သင်သည် နှုတ်အားဖြင့် ယင်းတို့ကို ငြင်းဆိုနေလျှင်ပင်၊ သင်၏ စိတ်နှလုံး၌ မငြင်းဆိုနိုင်ပေ။ ထို့ပြင် သင်သည် ငါ၏ နှုတ်ကပတ်တော်များအား စစ်ကြောလျှင် သင်သည် တရားစီရင်ခြင်းခံရမည်။ ဆိုလိုသည်မှာ၊ ငါ၏ နှုတ်ကပတ်တော်များသည် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်၏။ ၎င်းတို့သည် အသွားနှစ်ဖက်ရှိသော ထက်မြသည့် ဓါးတစ်လက်ဖြစ်ပြီး၊ ယင်းတို့က စာတန်ကို နှိမ်နှင်းနိုင်သည်။ ငါ၏ နှုတ်ကပတ်တော်များကို နားလည်ပြီး၊ လက်တွေ့ကျင့်သုံးရန် လမ်းကြောင်းရှိသော သူတို့သည် မင်္ဂလာရှိကြပြီး၊ ယင်းတို့ကို လက်တွေ့မကျင့်သုံးသော သူများမူကား ဧကန်မလွဲ စီရင်ခြင်းခံရလိမ့်မည်။ ဤသည်မှာ အလွန် လက်တွေ့ကျသည်။ မျက်မှောက်တွင် ငါ တရားစီရင်သော သူတို့ အတိုင်းအတာသည် ပိုမိုကျယ်ပြန့်လာပြီ ဖြစ်သည်- ငါ့ကို သိသောသူများသည်သာ ငါ့မျက်မှောက်တွင် တရားစီရင်ခြင်း ခံရမည်မဟုတ်ဘဲ၊ ငါ့ကို မယုံကြည်သောသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခုခံပြီး၊ တားဆီးရန် အစွမ်းကုန် ကြိုးစားသော သူတို့သည်လည်း တရားစီရင်ခြင်း ခံရမည်။ ဘုရားသခင်သည် တောက်လောင်နေသော မီးဖြစ်ကြောင်း ငါ့ရှေ့၌ ငါ၏ ခြေလှမ်းများအတိုင်း လိုက်လျောက်သောသူ အားလုံးတို့က မြင်တွေ့ရလတ္တံ့။ ဘုရားသခင်သည် ဘုန်းအာနုဘော်ပေတည်း။ သူသည် သူ၏တရားစီရင်ချက်များကို အကောင်အထည် ဖော်နေပြီး၊ သူတို့အား သေခြင်းသို့ ပြစ်ဒဏ်ချမှတ်နေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်နောက်ကို လိုက်လျှောက်ရန် အလေးမထားသော အသင်းတော်အတွင်းမှ လူများ၊ ထိုအလုပ်ကို နှောင့်ယှက်သူများ၊ ကြွားဝါသူများ၊ မမှန်ကန်သော ရည်မှန်းချက်များနှင့် ပန်းတိုင်များရှိသူများ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၌ ကြိုးစားအားထုတ်မှု မရှိသူများ၊ နားဝေတိမ်တောင် ဖြစ်နေပြီး သံသယဝင်နေသူများ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို စေ့စေ့စပ်စပ် စစ်ဆေးသူများ၊ ဤသူများထံသို့ တရားစီရင်ခြင်းနှင့်ယှဉ်သော နှုတ်ကပတ်တော်များသည် အချိန်မရွေး ရောက်လာလိမ့်မည်။ လူတို့၏ လုပ်ရပ်များအားလုံးမှာ ထုတ်ဖော်ခြင်းခံရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့၏ အတွင်းကျကျနှလုံးသားများကို ရှာဖွေသည် ဖြစ်သောကြောင့်၊ သတိလက်လွတ်မနေနှင့်၊ ဂရုစိုက်ပြီး သတိရှိလော့။ ကိုယ်ကိုယ်တိုင် ကြောင်းကျိုးမမြင်ဘဲ မလုပ်ဆောင်နှင့်။ အကယ်၍ သင့်လုပ်ဆောင်မှုများမှာ ငါ၏ နှုတ်ကပတ်တော်များနှင့် မညီညွတ်ပါက၊ သင်သည် တရားစီရင်ခြင်းခံရမည်။ အတုခိုးခြင်း၊ သံသယရှိခြင်း သို့မဟုတ် အမှန်တကယ် နားမလည်ခြင်းက လုံးလုံး လက်မခံနိုင်ဖွယ် ဖြစ်သည်။ သင်သည် ငါ့ရှေ့မှောက်သို့ လာပြီး၊ ငါနှင့် မကြာခဏ ပြောဆိုဆွေးနွေးရမည်။

ငါ၏အထဲမှ သင်ယူဆောင်သော အရာမှန်သမျှက လက်တွေ့ကျင့်သုံးရန် လမ်းကြောင်းအား သင့်ကို ပေးလိမ့်မည်။ သင်သည် ငါ၏တန်ခိုးများ၏ အတူလိုက်ပါခြင်းကို ခံရမည်၊ ငါ၏မျက်မှောက်ကို ရရှိမည်ဖြစ်ပြီး ငါ၏ နှုတ်ကပတ်တော်ထဲ၌ အစဉ်သွားလာရမည်။ သင်သည် လောကအရာ အားလုံးကို ကျော်လွှားနိုင်လိမ့်မည် ဖြစ်ပြီး၊ ရှင်ပြန်ထမြောက်ခြင်း တန်ခိုးကို ပိုင်ဆိုင်ရမည်။ အကယ်၍ သင်၏ စကားများ၊ အပြုအမူနှင့် လုပ်ဆောင်မှုများ၌ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏မျက်မှောက်တို့ မရှိပါလျှင်၊ အကယ်၍ သင့်ကိုယ်သင် ငါနှင့် ဝေးကွာစေပြီး၊ မိမိအထဲ၌သာ အသက်ရှင်လျှင်၊ စိတ်၏ အယူအဆများထဲ၌ အသက်ရှင်လျက် အယူဝါဒများနှင့် စည်းမျဉ်းစည်းကမ်းများ ထဲ၌ အသက်ရှင်လျှင်၊ ယင်းမှာ သင့်စိတ်ကို ဒုစရိုက်အပြစ်များပေါ်တွင် တည်မှီထားကြောင်း သက်သေဖြစ်သည်။ တစ်နည်းအားဖြင့် သင်သည် သင်၏ အသက်တာဟောင်းကို စွဲကိုင်ထားလျက်၊ သူတစ်ပါးအား သင်၏ ပင်ကိုသဘောကို ထိခိုက်စေရန် သို့မဟုတ် သင်၏ စိတ်ဝိညာဉ်ကို ပျက်စီးစေရန် စိုးစဉ်းမျှ ခွင့်မပြုပေ။ ဤအရာကိုပြုသော လူတို့၌ အလွန်အမင်းညံ့ဖျင်းသော အစွမ်းအစရှိပြီး၊ အတော်ပင် အဓိပ္ပာယ်မဲ့ကြကာ၊ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို မတွေ့မြင်နိုင် သို့မဟုတ် သူ၏ ကောင်းချီးမင်္ဂလာများကို မသိမှတ်နိုင်ပေ။ သင်သည် ဆက်လက်၍ အလွန်ဝေ့လည်ကြောင်ပတ် ပြုမူနေပါက၊ မည်သည့်အချိန်မှ သင့်အထဲ၌ ငါ့ကို အမှုပြုခွင့် ပေးနိုင်မည်နည်း။ ငါစကားပြောပြီးသွားသောအခါ၊ သင်သည် နားထောင်ခဲ့ပြီ ဖြစ်သော်လည်း မည်သည့်အရာကိုမျှ စွဲမှတ် မထားခဲ့ဘဲ၊ သင်၏ ပြဿနာများ အမှန်တကယ် ထောက်ပြခံရသည့် အခါတိုင်း၌ သင်သည် အထူးသဖြင့် ခွန်အားနည်းလာ၏၊ ယင်းမှာ မည်ကဲ့သို့သော ဝိညာဉ်ရင့်ကျက်မှုမျိုးနည်း။ သင်သည် အမြဲပင် ချော့ပြောနေရန် လိုအပ်ပါက၊ ငါသည် သင့်ကို မည်သည့်အခါမှ စုံလင်စေနိုင်မည်နည်း။ သင်သည် အဖူးအရောင်များနှင့် ပွန်းပဲ့ခြစ်ရာများကို ကြောက်သည်ဆိုလျှင်၊ သင်သည် အပြေးအလွှားသွား၍ သူတစ်ပါးတို့အား “ငါသည် အဘယ်သူ့ကိုမျှ ငါ့အား ကိုင်တွယ်ဖြေရှင်းခွင့် ပေးမည်မဟုတ်ပါ။ ငါ၏ ပင်ကို စိတ်သဘောထားဟောင်းကို ငါကိုယ်တိုင်ပင် ဖယ်ရှားနိုင်သည်။” ဟု သတိပေးသင့်သည်။ ထိုသို့အားဖြင့် အဘယ်သူမျှ သင့်အား ဝေဖန်ခြင်း သို့မဟုတ် သင့်အား ထိခိုက်ခြင်း ပြုလိမ့်မည်မဟုတ်ဘဲ၊ သင်သည်လည်း အဘယ်သူကမျှ သင့်အား ဂရုမစိုက်ဘဲ၊ သင်အလိုရှိရာ နည်းလမ်းအတိုင်း လွတ်လပ်စွာ ယုံကြည်နိုင်လိမ့်မည်ဖြစ်သည်။ သင်သည် ငါ၏ခြေလှမ်းများကို ဤကဲ့သို့ လိုက်နိုင်သလော။ ငါသည် သင်၏ ဘုရားသခင်နှင့် သင်၏ သခင်ဖြစ်သည်မှာ သင်သေချာသည်ဟု ပြောဆိုခြင်းမှာ အနှစ်သာရမဲ့သော စကားလုံးများသာလျှင် ဖြစ်ကြသည်။ အကယ်၍ သင်သည် အမှန်ပင် သံသယမရှိပါက ဤအရာများမှာ ပြဿနာတစ်ခု ဖြစ်မည်မဟုတ်ဘဲ၊ သင့်အပေါ် ရောက်လာသည်မှာ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကောင်းချီးမင်္ဂလာများပင် ဖြစ်ကြောင်း သင်ယုံကြည်လိမ့်မည်။ ငါ စကားပြောသောအခါ ငါ၏သားများအား ပြောခြင်းဖြစ်ပြီး၊ ငါ၏ နှုတ်ကပတ်တော်များကို ကျေးဇူးတင်ခြင်းများနှင့် ချီးမွမ်းခြင်းတို့ဖြင့် တုံ့ပြန်သင့်သည်။

အရှေ့သို့- အခန်း ၁၁

နောက်တစ်ခုသို့- အခန်း ၁၃

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။