၁။ သခင်သည် လူ့ဇာတိခံလာပြီးဖြစ်သည်၊ ကမ္ဘာမြေသို့ တိတ်တဆိတ် ဆင်းသက်ကာ ဘုရားသခင်၏ အိမ်တော်မှအစပြုသည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေသည်ဟု သင်တို့ သက်သေခံကြသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက တိကျစွာ ပရောဖက်ပြုသည်မှာ၊ “ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။(ရှင်မဿဲခရစ်ဝင်ကျမ်း ၂၄:၃၀)ကြည့်ရှုလော့။ မိုးတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။(ဗျာဒိတ်ကျမ်း ၁:၇) ဟူ၍ ဖြစ်သည်။ သခင်ပြန်ကြွလာချိန်တွင်၊ သူသည် မိုးတိမ်များဖြင့် ပြန်ကြွလာသင့်ပြီး လူအားလုံးထံ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သို့သော် သင်က သခင်သည် လူ့ဇာတိခံလာနှင့်ပြီးဖြစ်ကာ ကမ္ဘာမြေပေါ်သို့ တိတ်တဆိတ် ဆင်းသက်နှင့်ပြီးဖြစ်သည်ဟု သက်သေခံသည်၊ ယင်းသည် ကျွန်ုပ်တို့၏ နားလည်မှုမှ လုံးဝ ကွဲပြားခြားနားပေသည်။ ဤနေရာတွင် မည်သည့်အရာ ဖြစ်နေပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ထိုမှတပါး၊ သာ၍မြဲမြံသော နာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ်နှလုံးထဲ၌ ဘာရုဏ် တက်၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင်၊ ထို အနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်း သောဆီမီးကဲ့သို့မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။ ကျမ်းစာ၌ပါသော အာနဂတ္တိ စကားမည်သည် ကား၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူ အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသင်၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။” (ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁:၁၉-၂၁)

“ကြည့်ရှုလော့ သူခိုးကဲ့သို့ ငါလာ၏။ အဝတ် အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှာ နိုးလျက်နေ၍၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ၏။” (ဗျာဒိတ်ကျမ်း ၁၆:၁၆)

“ထိုကြောင့်၊ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။” (ဗျာဒိတ်ကျမ်း ၃:၃)

“သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည် ကြွလာလိမ့်မည်။” (ရှင်လုကာခရစ်ဝင် ၁၂:၄၀)

“ကောင်းကင်တစ်ဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသားသည် မိမိနေ့ရက်၌ ဖြစ်တော်မူလတ္တံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅)

“သန်းခေါင်ယံ၌ကြည့်ပါ။ မင်္ဂလာဆောင်လုလင်သည် လာပြီ။ ခရီးဦးကြိုပြုခြင်းငှာ ထွက်သွားကြကုန်ဟု ကြွေးကြော်လျှင်။” (ရှင်မဿဲခရစ်ဝင် ၂၅:၆)

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လူသားတို့သည် ကယ်တင်ရှင်၏ ရောက်ရှိခြင်းကို မျက်မြင်တွေ့နိုင်ရန် ထောင်စုနှစ်အချို့ကြာ တောင့်တကြပြီး ဖြစ်သည်။ ကယ်တင်ရှင် ယေရှုသည် နှစ်ထောင်ပေါင်းများစွာကြာ သူ့ကို အောက်မေ့ကာ တမ်းတကြသူများအလယ် ကိုယ်တိုင်ကိုယ်ကျ ဖြူသောမိုးတိမ်စီးလျက် ဆင်းသက်သည်ကို ရှုမြင်ရန် လူသားက တောင့်တပြီးဖြစ်သည်။ လူသားသည် ကယ်တင်ရှင်က ပြန်ကြွလာပြီး ၎င်းတို့နှင့် ပြန်လည် ပေါင်းစည်းရန်အတွက်လည်း တောင့်တပြီးဖြစ်သည်။ ဆိုလိုသည်မှာ နှစ်ထောင်ပေါင်းများစွာကြာ လူတို့နှင့် ကွဲကွာပြီးဖြစ်သည့် ကယ်တင်ရှင် ယေရှုကို ပြန်ကြွလာဖို့နှင့် ယုဒလူမျိုးများအလယ် သူပြုခဲ့သည့် ရွေးနုတ်ခြင်းအမှုကို တစ်ဖန် ဆောင်ရွက်ဖို့၊ လူသားအပေါ် သနားကရုဏာနှင့်ပြည့်စုံပြီး ချစ်ခင်ရန်၊ လူသား၏ အပြစ်များကို ခွင့်လွှတ်ပြီး လူသား၏အပြစ်များကို သယ်ဆောင်ပြီး လူသား၏ အပြစ်ဒုစရိုက်များအားလုံးကိုပင် သယ်ဆောင်ရန်နှင့် လူသားအား အပြစ်မှ ကယ်လွှတ်ရန် တောင့်တခဲ့ကြသည်။ လူသားက တောင့်တသည်မှာ ကယ်တင်ရှင် ယေရှုသည် ယခင်အတိုင်း ဖြစ်ဖို့ရန် ဖြစ်သည်- ချစ်မြတ်နိုးဖွယ်ကောင်းသည့်၊ ကြင်နာပြီး၊ ကြည်ညို လေးစားဖွယ်ကောင်းသော၊ လူသားအပေါ် မည်သည့်အခါမျှ အမျက်ဒေါသ မရှိသကဲ့သို့၊ လူသားကို အပြစ်ဆိုခြင်း မရှိဘဲ၊ ခွင့်လွှတ်ကာ လူသား၏ အပြစ်များအားလုံးကို ဆောင်ယူပြီး ယခင်အတိုင်း လူသားအတွက် ကားတိုင်တွင်ပင် အသေခံသည့် ကယ်တင်ရှင်အဖြစ် ဖြစ်သည်။ ယေရှု ထွက်ခွာသွားခဲ့ကတည်းက၊ သူ့ နောက်လိုက်ခဲ့ကြသည့် တပည့်တော်များအပြင်၊ သူ၏နာမဖြင့် ကယ်တင်ခံခဲ့ကြရသည့် သန့်ရှင်းသူအားလုံးသည် သူ့အား အသည်းအသန် အောက်မေ့ကာ စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် ယေရှုခရစ်တော်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းခံခဲ့ရသူ အားလုံးသည် ကယ်တင်ရှင်ယေရှုက ဖြူသော မိုးတိမ်စီးလျက် လူအားလုံးအလယ် ပေါ်ထွန်းမည့်အချိန် နောက်ဆုံးသော ကာလထဲက ဝမ်းမြောက်ဖွယ်ရာနေ့ရက်ကို တောင့်တနေခဲ့ကြသည်။ ဟုတ်ပေ၏၊ ဤသည်မှာ ယနေ့ခေတ် ကယ်တင်ရှင် ယေရှု၏ နာမကို လက်ခံသူအားလုံး၏ စုပေါင်းဆန္ဒလည်း ဖြစ်သည်။ စကြဝဠာရှိ ကယ်တင်ရှင်ယေရှု၏ ကယ်တင်ခြင်း အကြောင်းကို သိသူ အယောက်စီတိုင်းသည် ကမ္ဘာမြေပေါ်တွင် ယေရှု ရှိစဉ်က “ငါထွက်ခွာသွားသကဲ့သို့ပင် တဖန်ပြန်လည်ရောက်ရှိလာလိမ့်မည်။” ဟု ပြောဆိုခဲ့သည့်စကားကို ဖြည့်ဆည်းပေးရန် ယေရှုခရစ်တော် ရုတ်တရက် ရောက်ရှိဖို့ အသည်းအသန် တမ်းတလျက် ရှိကြပြီးဖြစ်သည်။ ကားစင်တင်ခံရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း နောက်တွင်၊ ယေရှုသည် အမြင့်ဆုံးသော ဘုရား၏ လက်ျာတော် အရပ်ရှိ သူ၏ နေရာကိုယူဖို့ ဖြူသော မိုးတိမ်စီးလျက် ကောင်းကင်ဘုံသို့ ပြန်သွားခဲ့သည်ဟု လူသားက ယုံကြည်သည်။ ထိုနည်းတူ ယေရှုသည် နှစ်ထောင်ပေါင်းများစွာကြာ သူ့အား အသည်းအသန် တမ်းတကြပြီးဖြစ်သူများအလယ် ဖြူသောမိုးတိမ် (ဤမိုးတိမ်မှာ ယေရှု ကောင်းကင်ဘုံသို့ ပြန်သွားချိန်က စီးနင်းသွားခဲ့သည့် မိုးတိမ်ကိုဆိုလိုသည်) စီးလျက် တစ်ဖန် ဆင်းသက်လာလိမ့်မည် ဖြစ်ပြီး၊ သူသည် ယုဒလူမျိုးများ၏ ပုံသဏ္ဌာန်ကို ယူပြီး အဝတ်အစားများကို ဝတ်စားထားလိမ့်မည်။ လူသားထံ ပေါ်ထွန်းပြီးနောက်တွင်၊ ၎င်းတို့အပေါ် အစားအစာ ပေးသနားမည် ဖြစ်ပြီး၊ ၎င်းတို့အတွက် အသက်ရေများ ပန်းထွက်စေလိမ့်မည် ဖြစ်ကာ၊ ကျေးဇူးတော်နှင့် ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝလျက်၊ လူသားအလယ် အထင်းသားနှင့် စစ်မှန်စွာ အသက်ရှင်လိမ့်မည် ဖြစ်သည်။ ထိုသို့သော အယူအဆအားလုံးသည် လူတို့ ယုံကြည်သည့်အရာ ဖြစ်သည်။ သို့သော် ကယ်တင်ရှင် ယေရှုက ဤသို့ မလုပ်ဆောင်ခဲ့ပေ။ လူသား စိတ်ကူးပေါက်သည့်အရာနှင့် ဆန့်ကျင်ဘက် လုပ်ဆောင်ခဲ့သည်။ သူ၏ပြန်ကြွလာခြင်းကို တမ်းတခဲ့ကြသူများ အလယ်တွင် သူ ကြွရောက်မလာခဲ့သကဲ့သို့၊ ဖြူသော မိုးတိမ်ကို စီးနင်းလျက် လူအားလုံးထံသို့ သူ ပေါ်ထွန်းမလာခဲ့ပေ။ သူသည် ရောက်ရှိနှင့်ပြီးဖြစ်သော်လည်း၊ လူသားက မသိသကဲ့သို့၊ မသိနားမလည်ဘဲ ရှိနေဆဲဖြစ်သည်။ “ဖြူသောမိုးတိမ်”ပေါ် (သူ၏ ဝိညာဉ်တော်၊ သူ၏ နှုတ်ကပတ်တော်များ၊ သူ၏ ပင်ကိုစိတ်သဘောထားနှင့် သူ၏ ဖြစ်ခြင်း အားလုံးဖြစ်သော မိုးတိမ်) သူ ဆင်းကြွနှင့်ပြီးဖြစ်ကာ နောက်ဆုံးသောကာလအတွင်း သူပြုမည့် အောင်မြင်သူများ အုပ်စုအလယ်တွင် ယခု ရှိနေသည်ကို မသိဘဲလျက်၊ လူသားသည် ရောက်တတ်ရာရာ သူ့ကို စောင့်ဆိုင်းရုံမျှ စောင့်ဆိုင်းနေလေသည်။ ဤအရာကို လူသားက မသိပေ- သန့်ရှင်းသော ကယ်တင်ရှင် ယေရှုသည် လူသားတို့အတွက် ချစ်ခင်မှုနှင့် ချစ်ခြင်းမေတ္တာများရှိ သော်ငြားလည်း၊ အညစ်အကြေးများနှင့် မသန့်စင်သော ဝိညာဉ်များ နေရာယူ ထားသည့် “ဗိမာန်တော်များ”တွင် သူအဘယ်သို့ အမှုပြုနိုင်မည်နည်း။ လူသားသည် သူ၏ကြွရောက်ခြင်းကို စောင့်စားနေပြီးဖြစ်သော်လည်း၊ မဖြောင့်မတ်သော သူ၏အသားကို စားသူ၊ မဖြောင့်မတ်သောသူ၏ သွေးကို သောက်ပြီး၊ မဖြောင့်မတ်သောသူ၏ အဝတ်အစားများကို ဝတ်ဆင်သူ၊ သူ့ကို ယုံကြည်သော်လည်း သူ့ကို မသိသောသူ၊ သူ့ကို စဉ်ဆက်မပြတ် ခြိမ်းခြောက်သူများထံ အဘယ်သို့ ပေါ်ထွန်းနိုင်မည်နည်း။ ကယ်တင်ရှင် ယေရှုသည် ချစ်ခြင်းမေတ္တာနှင့် ပြည့်ပြီး၊ သနားကရုဏာဖြင့် ပြည့်လျှံကာ၊ သူသည် ရွေးနုတ်ခြင်းနှင့် ပြည့်ဝသည့် အပြစ်ဖြေရာယဇ်ဖြစ်သည်ကိုသာ လူသားက သိရှိထားသည်။ သို့ရာတွင် သူသည် ဖြောင့်မတ်မှု၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသ၊ တရားစီရင်မှုတို့ဖြင့် ပြည့်လျှမ်းပြီး ဩဇာအာဏာကို ပိုင်ဆိုင်ကာ ဂုဏ်သိက္ခာအပြည့် ရှိသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကိုမူ လူသားက မသိချေ။ ထို့ကြောင့် လူသားသည် ရွေးနုတ်ရှင်၏ ပြန်ကြွလာခြင်းကို စိတ်အားထက်သန်စွာ တမ်းတပြီး ဆန္ဒပြင်းပြကာ၊ ၎င်းတို့၏ ဆုတောင်းချက်များက ကောင်းကင်ဘုံကိုပင် လှုပ်ရှားသွားစေသော်လည်း၊ ကယ်တင်ရှင်ယေရှုသည် သူ့ကို ယုံကြည်သော်လည်း သူ့အား မသိကျွမ်းသူများထံ မပေါ်ထွန်းပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကယ်တင်ရှင်သည် “ဖြူသောမိုးတိမ်” စီးလျက် ပြန်ကြွလာနှင့်ပြီးဖြစ်သည်

လူတွေးထင်သကဲ့သို့ ယေရှုသည် တစ်ဖန်ကြွလာမည်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် ယေရှုဟုပင် အခေါ်ခံရဆဲဖြစ်ကာ လူများအလယ်တွင် ယေရှု၏ ပုံသဏ္ဌာန်ဖြင့် ဆင်းသက်ကြွရင်း၊ ဖြူသော မိုးတိမ်ကိုစီးပြီး ကြွလာဆဲဖြစ်ပါက- ယင်းသည် သူ၏အမှုကို ပြန်ကျော့ခြင်း ဖြစ်သည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်သည် အဟောင်းကို တွယ်ဖက်နိုင်စွမ်း ရှိပါသလော။ လူ ယုံကြည်သည့်အရာအားလုံးမှာ အယူအဆများဖြစ်ပြီး၊ လူ နားလည်သည့် အရာအားလုံးသည် တိုက်ရိုက်အဓိပ္ပာယ်အရနှင့် သူ၏ စိတ်ကူးစိတ်သန်းအရလည်း ဖြစ်ပေသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘောတရားများနှင့် သဘောကွဲလွဲသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း မကိုက်ညီပေ။ ဘုရားသခင်သည် ထိုနည်းလမ်းဖြင့် အမှုပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် အလွန် မမိုက်မဲသကဲ့သို့ မတုံးအပေ၊ ပြီးလျှင် သူ၏အမှုသည် သင်တွေးထင်သကဲ့သို့ သိပ်မရိုးစင်းလှပေ။ လူ စိတ်ကူးသည့် အရာတိုင်းပေါ် အခြေခံပါက၊ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် သင်တို့အလယ် ဆင်းကြွလာပေလိမ့်မည်။ သင်တို့သည် မိုးတိမ်ကိုစီးလျက် သူသည် ယေရှုဖြစ်သည်ဟု ပြောသောသူကို ရှုမြင်ရကြလိမ့်မည်။ သင်တို့သည် သူ၏လက်များမှ သံမှိုစွဲရာများကိုလည်း ရှုမြင်ရမည်ဖြစ်ပြီး၊ သူသည် ယေရှု ဖြစ်ကြောင်းကို သိကြရပေမည်။ ပြီးလျှင် သူက သင်တို့ကို တစ်ဖန် ကယ်တင်လိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ပေမည်။ သူသည် သင်တို့ကို ကယ်တင်မည်၊ သင်တို့အပေါ် နာမအသစ် အပ်နှင်းမည်ဖြစ်ပြီး၊ သင်တို့တစ်ဦးစီကို ကျောက်ဖြူတစ်ခု ပေးမည်၊ ထို့နောက်တွင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်ရကြလိမ့်မည်ဖြစ်ပြီး၊ ပရဒိသုဘုံသို့ ကြိုဆိုခံရလိမ့်မည်။ ထိုသို့သော ယုံကြည်မှုများသည် လူသား၏ အယူအဆများ ဖြစ်သည် မဟုတ်သလော။ ဘုရားသခင်သည် လူသား၏ အယူအဆများအတိုင်း အမှုပြုသလော သို့မဟုတ် လူသား၏ အယူအဆများကို ဆန့်ကျင်လျက် အမှုပြုသလော။ လူသား၏ အယူအဆများအားလုံးသည် စာတန်ထံမှ ဆင်းသက်လာသည် မဟုတ်သလော။ လူသားအားလုံးသည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ အမှုကို လူသား၏ အယူအဆများအတိုင်း လုပ်ဆောင်ခဲ့ပါက၊ သူသည် စာတန်ဖြစ်လာမည် မဟုတ်လော။ သူသည် သူ၏ ဖန်ဆင်းခြင်းများနှင့် တစ်မျိုးတစ်စားတည်း ဖြစ်လာမည် မဟုတ်လော။ သူ၏ဖန်ဆင်းခံများသည် ယခုတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်ခံရပြီးဖြစ်သည်မှာ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်လာပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်သည် စာတန်၏ အမှုအရာများအတိုင်း အမှုပြုခဲ့မည်ဆိုပါက၊ သူသည် စာတန်နှင့် တစ်ဖွဲ့တည်း ဖြစ်ပေမည် မဟုတ်လော။ လူသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် လူ၏ အယူအဆများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည်မဟုတ်သကဲ့သို့၊ သင်စိတ်ကူးသည့် နည်းလမ်းများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်က သူသည် မိုးတိမ်စီးပြီး ကြွလာမည်ဟု ပြောခဲ့ကြောင်း ပြောသည့်သူများရှိသည်။ ဘုရားသခင်က မိမိကိုယ်ကိုယ် ထိုသို့ ပြောခဲ့သည်မှာ မှန်ပေသည်၊ သို့သော် ဘုရားသခင်၏ နက်နဲမှုများကို မည်သည့်လူသားကမျှ နားမလည်နိုင်သည်ကို သင်မသိသလော။ မည်သည့်လူသားကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်သည်ကို သင်မသိသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရပြီး အလင်းပေးခံရသည်ဟု သံသယစိုးစဉ်းမျှမရှိဘဲ သေချာပါသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံဖြင့် ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သင့်ကို ညွှန်ကြားခဲ့သူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော သို့မဟုတ် သင်၏ကိုယ်ပိုင် အယူအဆများက သင့်ကို ထိုသို့ တွေးတောဖို့ ဆိုက်ရောက်စေသလော။ သင်က၊ “ဤအရာကို ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည်။” ဟု ဆိုခဲ့သည်။ သို့ရာတွင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းတာရန် ငါတို့၏ ကိုယ်ပိုင် အယူအဆများနှင့် ဉာဏ်များကို အသုံးပြု၍မရပေ။ ဟေရှာယ ပြောခဲ့သည့် နှုတ်ကပတ်တော်များမှာမူ၊ သူ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သေချာမှုဖြင့် သင်ရှင်းပြနိုင်သလော။ သူ၏ နှုတ်ကပတ်တော်များကို သင် ရှင်းပြဝံ့သလော။ ဟေရှာယ၏ နှုတ်ကပတ်တော်များကို သင့်အနေဖြင့် မရှင်းပြဝံ့သည့်နောက်တွင်၊ ယေရှု၏ စကားများကို အဘယ်ကြောင့် သင်ရှင်းပြဝံ့သနည်း။ မည်သူသည် သာ၍ ချီးမြှောက်ခြင်း ခံရသနည်း၊ ယေရှုလော သို့မဟုတ် ဟေရှာယလော။ အဖြေမှာ ယေရှုဖြစ်သည့်အတွက်၊ အဘယ်ကြောင့် ယေရှုက ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် အဘယ်ကြောင့် ရှင်းပြရသနည်း။ ဘုရားသခင်သည် သူ၏အမှုကို သင့်အား ကြိုတင်၍ ပြောပြမည်လော။ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးမျှ မသိနိုင်၊ ကောင်းကင်မှ စေတမန်များပင် မသိနိုင်သကဲ့သို့၊ လူသားလည်း မသိနိုင်ပေ၊ သို့ဆိုလျှင် သင်သည် အဘယ်သို့ သိနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ဘုရားသခင်၏ ပေါ်ထွန်းခြင်းဟူသည်မှာ ဘုရားသခင်က သူ၏အလုပ်ကို ကိုယ်တိုင်ကိုယ်ကျလုပ်ရန်အတွက် လောကသို့ ဆိုက်ရောက်လာခြင်းကို ရည်ညွှန်းသည်။ ခေတ်တစ်ခေတ်ကို အစပြုသည့်အမှုနှင့် ခေတ်တစ်ခေတ်ကို အဆုံးသတ်သည့်အမှုတို့ကို လုပ်ဆောင်ရန် သူ၏ကိုယ်ပိုင်လက္ခဏာနှင့် စိတ်သဘောထား၊ ထို့ပြင် သူ့နည်းသူ့ဟန်နှင့် လူသားများအလယ်သို့ သူဆင်းကြွလာသည်။ ဤပေါ်ထွန်းခြင်းမျိုးသည် အခမ်းအနားအသွင် တစ်ခု မဟုတ်ပါ။ ယင်းမှာ သင်္ကေတတစ်ခုလည်းမဟုတ်၊ ပုံဆောင်မှု တစ်ခု၊ အံ့သြဖွယ်တစ်ခု၊ သို့မဟုတ် ခမ်းနားသည့် မြင်ကွင်းတစ်ခုလည်း မဟုတ်ပေ။ ထို့အပြင် ဘာသာရေးဖြစ်စဉ်မျိုး သာ၍ပင် မဟုတ်ပေ။ ၎င်းသည် စစ်မှန်သည့် အချက်အလက် တစ်ခုဖြစ်ပြီး ကိုင်တွယ်တို့ထိနိုင်သော၊ မည်သူမဆို မြင်နိုင်သောအရာ ဖြစ်သည်။ ဤပေါ်ထွန်းခြင်းမျိုးသည် ဟန်ဆောင် လုပ်ပြခြင်းအလို့ငှာ မဟုတ်ပေ၊ သို့မဟုတ် မည်သည့်ရေတိုတာဝန်ုအလို့ငှာ မဟုတ်ပေ၊ စင်စစ်အားဖြင့် သူ၏စီမံခန့်ခွဲမှုအစီအစဉ်ရှိ အလုပ်အဆင့် တစ်ဆင့်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် အမြဲအဓိပ္ပာယ်ရှိသည့်အပြင် သူ၏စီမံခန့်ခွဲမှု အစီအစဉ်နှင့်လည်း ဆက်စပ်မှုအချို့ အမြဲရှိသည်။ ဤနေရာ၌ပြောသည့် ပေါ်ထွန်းခြင်း ဆိုသည်မှာ လူသားကို ဘုရားသခင် လမ်းပြ၊ ဦးဆောင်ပြီး ဉာဏ်အလင်းပေးသည့် “ပေါ်ထွန်းခြင်း” နှင့် လုံးဝမတူပါ။ ဘုရားသခင်သည် မိမိကိုယ်မိမိ ထုတ်ဖော်ပြသည့် အကြိမ်တိုင်း၌ ကြီးမြတ်သော သူ့အလုပ်၏ အဆင့်တစ်ဆင့်ကို လုပ်ဆောင် လေ့ရှိသည်။ ထိုအလုပ်သည် အခြားမည်သည့်ခေတ်၏ အလုပ်နှင့်မဆို ကွဲပြားခြားနားသည်။ လူသားအနေဖြင့် မစဉ်းစားတတ်သည့်အလုပ်၊ မည်သည့်အခါကမျှ မကြုံတွေ့ဖူးသော အလုပ်ဖြစ်သည်။ ၎င်းသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခေတ်ကို အစပြုသော အလုပ်ဖြစ်သည်၊ လူတို့ကို ကယ်တင်ခြင်းအတွက် အသစ်သော အလုပ်ပုံစံတစ်ခု၊ သာ၍ကောင်းသော အလုပ်ပုံစံတစ်ခု ဖြစ်သည်။ ထို့အပြင် လူသားများကို အသစ်သောခေတ်ထဲသို့ ပို့ဆောင်ပေးသည့် အလုပ်လည်း ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းမှာ ထိုသဘောကိုဆောင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ယခုတွင် ဘုရားသခင်၏အမှုသစ်က အစပြုပြီဖြစ်ပြီး၊ ယင်းက ခေတ်သစ်၏ အစကနဦးလည်းဖြစ်သည်။ ဘုရားသခင်သည် ကယ်တင်ခြင်းအမှုသစ်ကို အစပြုရန် ရွေးနုတ်ခြင်းခံရပြီးသော သူတို့ကို မိမိအိမ်သို့ ခေါ်ဆောင်သည်။ ဤတစ်ကြိမ်တွင် ကယ်တင်ခြင်းအမှုက လွန်လေပြီးသော ကာလများထက် ပို၍စေ့စပ်သည်။ လူသားကို မိမိဖာသာ ပြောင်းလဲစေရန် သူ့အထဲ၌ အမှုပြုနေသည်မှာ သန့်ရှင်းသောဝိညာဉ်တော် မဟုတ်သကဲ့သို့၊ လူသားများအကြား၌ ဤအမှုကိုပြုရန် ပေါ်ထွက်လာသည်မှာလည်း ယေရှု၏ခန္ဓာကိုယ် မဟုတ်ဘဲ၊ ဤအမှုကို အခြားနည်းလမ်းအားဖြင့် ပြုသည်မှာ အလားအလာမရှိဆုံး ဖြစ်သည်။ ထို့ထက် အမှုကိုပြုပြီး စီမံညွှန်ကြားသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည်။ သူသည် ယင်းကို လူသားအား အမှုသစ်ထဲသို့ ခေါ်ဆောင်သွားရန်အလို့ငှာ ဤနည်းအတိုင်း လုပ်ဆောင်လေသည်။ ဤသည်မှာ ကြီးမားသောအမှု မဟုတ်ပေလော။ ဘုရားသခင်သည် ဤအမှုကို လူအချို့မှတစ်ဆင့် သို့မဟုတ် ပရောဖက်ပြုချက်များအားဖြင့် လုပ်ဆောင်သည်မဟုတ်။ ထို့ထက် ဘုရားသခင်က ယင်းကို ကိုယ်တော်တိုင် လုပ်ဆောင်ခြင်းဖြစ်သည်။ အချို့တို့က ဤသည်မှာ ကြီးမားသောအမှု မဟုတ်ကြောင်းနှင့် ယင်းက လူသားကို စိတ်ဓာတ်တက်ကြွခြင်း မယူဆောင်ပေးနိုင်ပါဟု ဆိုကောင်း ဆိုနိုင်သည်။ သို့သော် ဘုရားသခင်၏အမှုသည် ဤအရာသက်သက် မဟုတ်ဘဲ၊ ပိုကြီးမားပြီး ပိုများပြားသည်ဟု သင့်ကိုငါ ပြောရလိမ့်မည်။

ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။ ထိုကဲ့သို့သော သာမန်ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲရာများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း၊ သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိခန္ဓာ မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်နှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် ဂရုစိုက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင်သကဲ့သို့၊ မီးလျှံတစ်ခုကဲ့သို့ သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံရနိုင်သော်ငြားလည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားခြင်းကရုဏာကို ပြနေကြောင်း သိနိုင်သည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို နားလည်သဘောပေါက် နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ နာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ

ထိုသို့သောအရာကို စုံစမ်းရန် မခက်ခဲသော်လည်း၊ ငါတို့ တစ်ဦးချင်းစီအနေဖြင့် ဤသမ္မာတရားတစ်ရပ်ကိုသိရန် လိုအပ်ပေသည်- လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။ အပြင်ပန်း သွင်ပြင်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ပြင်၊ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီနိုင်မည် မဟုတ်ပေ။ ယေရှု၏ အပြင်ပန်းပုံသဏ္ဌာန်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ခဲ့သည် မဟုတ်ပါလား။ ယေရှု၏ မျက်နှာနှင့် အဝတ်အစားက သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မပေးနိုင်သည် မဟုတ်လော။ အစောပိုင်း ဖာရိရှဲများသည် အတိအကျအားဖြင့် သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ရုံမျှခဲ့ကြပြီး သူ၏ နှုတ်မှ နှုတ်ကပတ်တော်များကို နှလုံးမသွင်းခဲ့ကြသောအချက် အတိအကျကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေကြသော ညီအစ်ကို မောင်နှမ အယောက်စီတိုင်းသည် သမိုင်း၏ အဖြစ်ဆိုးကို ထပ်ခါထပ်ခါ ဖြစ်စေမည်မဟုတ်သည်မှာ ငါ၏ မျှော်လင့်ချက် ဖြစ်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ ဖြစ်လာ၍ မဖြစ်သကဲ့သို့၊ ဘုရားသခင်ကို ကားတိုင်တွင် တစ်ဖန် သံမှိုရိုက်၍လည်း မဖြစ်ပေ။ သင်တို့သည် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုရမည်ကို သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံနာခံသူတစ်ဦး မည်သို့ဖြစ်ရမည် ဆိုသည်နှင့် စပ်လျဉ်း၍ ရှင်းလင်းသော စိတ်ရှိရမည်။ ဤသည်မှာ ယေရှုက မိုးတိမ်စီးရင်း ပြန်ကြွလာသည်ကို စောင့်ဆိုင်းသူတိုင်း၏ တာဝန် ဖြစ်သည်။ ငါတို့သည် ငါတို့၏ဝိညာဉ်မျက်စိများကို ကြည်လင်သွားစေဖို့ ပွတ်သပ်ကြည့်သင့်ပြီး လွန်ကဲသည့် စိတ်ကူးယဉ် စကားလုံးများတွင် နွံနစ်မသွားသင့်ပေ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ကျသည့် အမှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ လက်တွေ့ကျသည့် ရှုထောင့်ကို ကြည့်သင့်သည်။ သခင်ယေရှုက မိုးတိမ်စီးရင်း၊ သင်တို့အလယ် ရုတ်တရက် ကြွဆင်းကာ သူ့ကို မည်သည့်အခါတွင်မျှ မသိဖူး သို့မဟုတ် မမြင်ဖူးသကဲ့သို့၊ သူ၏ အလိုကို မည်သို့ ဆောင်ရွက်ရမည်ကို မသိသည့် သင်တို့ကို ခေါ်ဆောင်မည့် နေ့ရက်ကို အမြဲ တောင့်တရင်း၊ စိတ်ကူးယဉ်အိပ်မက်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားမနေနှင့် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နစ်မြုပ်မနေလေနှင့်။ သာ၍လက်တွေ့ကျသော ကိစ္စများနှင့်ပတ်သက်၍ စဉ်းစားရန် သာ၍ ကောင်းပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

ဘုရားသခင်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ခရစ်တော်က မည်သည့်အရာဖြစ်သည်ကို သင်တို့မသိ၊ ယေဟောဝါကို မည်သို့ကြည်ညိုရမည်ကို သင်တို့မသိ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ထဲသို့ မည်သို့ဝင်ရောက် ရမည်ကို သင်တို့မသိကြသကဲ့သို့၊ ဘုရားသခင်ကိုယ်တိုင်၏ အမှုနှင့် လူသား၏လှည့်ဖြားမှုများကြား မည်သို့ခွဲခြားရမည်ကို သင်တို့ မသိကြချေ။ သင်၏ အတွေးနှင့် မကိုက်ညီသော ဘုရားသခင် ဖော်ပြသည့် သမ္မာတရား၏ နှုတ်ကပတ်တော်တစ်ခုတစ်လေကို ရှုတ်ချရန်သာ သင်သိသည်။ သင်၏ နှိမ့်ချမှုသည် အဘယ်မှာနည်း။ သင်၏ နာခံမှုသည် အဘယ်မှာနည်း။ သင်၏သစ္စာစောင့်သိမှုသည် အဘယ်မှာနည်း။ သင်၏ သမ္မာတရားရှာဖွေလိုစိတ်သည် အဘယ်မှာနည်း။ ဘုရားသခင်အတွက် သင်၏ကြည်ညိုမှုသည် အဘယ်မှာနည်း။ နိမိတ် လက္ခဏာများကြောင့် ဘုရားသခင်ကို ယုံကြည်သောသူများသည် ဖျက်ဆီးခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ကြသည်ဟု သင်တို့ကို ငါပြော၏။ လူ့ဇာတိအဖြစ်သို့ ပြန်ကြွလာပြီးဖြစ်သော ယေရှု၏နှုတ်ကပတ်တော်များကို ရရှိနိုင်စွမ်းမရှိသူများသည် ငရဲ၏သားသမီးများ၊ ကောင်းကင်တမန်မင်း၏ သားစဉ်မြေးဆက်များ၊ ထာဝရပျက်စီးခြင်း ခံရမည့် အမျိုးအစား ဧကန်မုချ ဖြစ်ပေသည်။ ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ သမ္မာတရားကိုလက်ခံပြီး၊ နိမိတ်လက္ခဏာများကို မရှာဖွေသကဲ့သို့၊ ထိုသို့ဖြင့် သန့်စင်ခံရပြီးသူများသည် ဘုရားသခင်၏ပလ္လင်ရှေ့သို့ ပြန်လာကြပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဖန်ဆင်းရှင်၏ ထွေးပိုက်မှုထဲသို့ ဝင်ရောက်ရပြီးဖြစ်လိမ့်မည်။ “ဖြူသော မိုးတိမ်မစီးသည့် ယေရှုသည် ယေရှု အယောင်ဆောင်သောသူ ဖြစ်သည်” ဟု မလျှော့တမ်း ယုံကြည်ကြသူများသည်သာ ထာဝရအပြစ်ဒဏ်ပေးခြင်း ခံရမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နိမိတ် လက္ခဏာများပြသော ယေရှု၌သာ ယုံကြည်ကြပြီး၊ ပြင်းထန်သည့် တရားစီရင်မှုကို ကြေညာကာ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ထုတ်ပြန်သော ယေရှုကို အသိအမှတ်မပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ လူပုံအလယ်တွင် ပြန်ကြွလာချိန်တွင် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသည်သာ ဖြစ်နိုင်ပေသည်။ ၎င်းတို့သည် ခေါင်းမာလွန်း၏။ မိမိတို့ကိုယ်ကိုယ် ယုံကြည်စိတ်များလွန်းသည်၊ မာနထောင်လွှားလွန်းကြလေသည်။ ထိုသို့သော ကိုယ်ကျင့်တရားပျက်သူများကို ယေရှုက မည်သို့ဆုလာဘ်ချီးမြှင့်နိုင်မည်နည်း။ ယေရှု၏ ပြန်ကြွလာခြင်းသည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသူများအတွက် ကြီးမားသည့် ကယ်တင်ခြင်းတစ်ရပ် ဖြစ်သော်လည်း သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူများအတွက် ယင်းမှာ ပြစ်ဒဏ်စီရင်ခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်သင့်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မပြစ်မှားမစော်ကားသင့်သကဲ့သို့ သမ္မာတရားကို မငြင်းပယ်သင့်ပေ။ သင်တို့သည် မသိနားမလည်သူနှင့် မာနထောင်လွှားသူ တစ်ဦး မဖြစ်သင့်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို နာခံပြီး၊ သမ္မာတရားကို တောင့်တကာ ရှာဖွေသူများ ဖြစ်သင့်ပေသည်။ ဤနည်းဖြင့်သာ သင်တို့သည် အကျိုးရှိလိမ့်မည်။ ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်းကို သတိဖြင့်လျှောက်ရန် သင်တို့ကို ငါအကြံပြု၏။ မြန်မြန်ဆန်ဆန် ကောက်ချက်များမချလိုက်နှင့်။ ထို့အပြင် ဘုရားသခင်၌ သင်တို့၏ ယုံကြည်မှုတွင် သာမန်ကာလျှံကာဖြစ်ကာ စာနာ ထောက်ထားမှု မကင်းမဲ့စေနှင့်။ အနည်းဆုံးအနေဖြင့် ဘုရားသခင်ကို ယုံကြည်သောသူတို့သည် စိတ်နှိမ့်ချပြီး ရိုသေလေးမြတ်မှု ရှိရမည်ဖြစ်သည်ကို သင်တို့သိသင့်သည်။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ နှာခေါင်းရှုံ့သောသူတို့သည် မိုက်မဲပြီး၊ အသိဉာဏ် ကင်းမဲ့ကြ၏။ သမ္မာတရားကို ကြားပြီးဖြစ်သော်လည်း၊ သတိမမူဘဲ အမြန် ကောက်ချက်ချသူများ သို့မဟုတ် ရှုတ်ချသူများသည် မာနထောင်လွှားမှုဖြင့် ဒုက္ခရောက်ကြရလေသည်။ ယေရှုကို ယုံကြည်သူ မည်သူမျှသည် အခြားသူများအား ကျိန်ဆဲရန် သို့မဟုတ် ရှုတ်ချရန် မသင့်တော်ပေ။ သင်တို့အားလုံးသည် အသိစိတ်ရှိပြီး သမ္မာတရားကို လက်ခံသူ တစ်စုံတစ်ဦး ဖြစ်သင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

အရှေ့သို့- နိဒါန်း

နောက်တစ်ခုသို့- ၂။ သခင်၏ ပြန်ကြွလာခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာကျမ်းစာက၊ “ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော် လည်းမသိ။(ရှင်မာကုခရစ်ဝင် ၁၃:၃၂) ဟု ရှင်းလင်းစွာ ဖော်ပြသည်။ မည်သူမျှ သခင် လာမည့်အချိန်ကို မသိသော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က သခင်ယေရှုသည် ပြန်ကြွလာနှင့်ပြီးဖြစ်သည်ဟု သက်သေခံနေသည်။ ဤအရာကို သင် အဘယ်သို့ သိသနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။