၄။ သခင်ကို ကျွန်ုပ်တို့ နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်ကာ သူ၏ ပြန်ကြွလာခြင်းကို နိုးနိုးကြားကြား စောင့်ဆိုင်းရင်း သူ့အတွက် အမြဲ ကြိုးစားလုပ်ဆောင်ကြပြီးဖြစ်သည်။ သခင်၏ ပြန်ကြွလာခြင်းနှင့်ပတ်သက်သည့် ဗျာဒိတ်ကို ရရှိဖို့မှာ ကျွန်ုပ်တို့ ပထမဦးဆုံး ဖြစ်သင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ယခု သင်တို့က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်သည်ဟု သက်သေခံကြသည်၊ သို့ဆိုလျှင် ဤအရာနှင့်ပတ်သက်သည့် ဗျာဒိတ်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် မရရှိသေးသနည်း။ သခင်ယေရှု ပြန်မကြွလာသေးသည်ကို ကျွန်ုပ်တို့ သက်သေမပြဖူးပါ။ ဤသို့ တွေးထင်ဖို့ ကျွန်ုပ်တို့အတွက် မှားယွင်းပါသလား။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” (ဗျာဒိတ်ကျမ်း ၃:၂၀)

“ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသောသူ မည်သည် ကားကြားပါစေ။” (ဗျာဒိတ်ကျမ်း ၂:၇)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

နောက်ဆုံးသော ကာလအတွင်းတွင် သမ္မာတရား၏ ဝိညာဉ်တော်ကို လူသားအပေါ် အပ်နှင်းလိမ့်မည်ဟု ယေရှုက ကြေညာခဲ့သည်။ နောက်ဆုံးသောကာလသည် ယခု ရောက်ပြီ ဖြစ်၏။ သမ္မာတရား၏ ဝိညာဉ်တော်သည် နှုတ်ကပတ်တော်များအား မည်သို့ဖော်ပြသည်ကို သင်နားလည်သလော။ သမ္မာတရား၏ ဝိညာဉ်တော်သည် မည်သည့်နေရာတွင် ပေါ်ထွန်းပြီး အမှုပြုသနည်း။ ပရောဖက် ဟေရှာယ၏ အနာဂတ္တိကျမ်းထဲတွင် ယေရှုဟုအမည်ရသည့် သူငယ်သည် ဓမ္မသစ်ကျမ်း ခေတ်ကာလတွင် မွေးဖွားလိမ့်မည်ဟု မည်သည့်အခါမျှ မဖော်ပြခဲ့ပေ။ ဧမာနွေလအမည်ရှိ သားယောက်ျား တစ်ဦး မွေးဖွားလိမ့်မည်ဟုမျှသာ ‌ရေးသားထားသည်။ အဘယ်ကြောင့် “ယေရှု” အမည်ကို ဖော်ပြမထားခဲ့သနည်း။ ဓမ္မဟောင်းကျမ်းတွင် မည်သည့်နေရာတွင်မျှ ဤအမည် မပေါ်လာပေ။ သို့ဖြစ်လျှင် အဘယ်ကြောင့် သင်သည် ယေရှု၌ ယုံကြည်ဆဲဖြစ်သနည်း။ သင်၏ မျက်လုံးများဖြင့် သူ့ကို မြင်ပြီးနောက်တွင်သာ ယေရှုကို သင် ဧကန်မုချ စတင်ယုံကြည်ခဲ့ခြင်း မဟုတ်၊ ဟုတ်ပါသလော။ သို့မဟုတ် ဗျာဒိတ်တစ်ခုကို ရရှိသည်နှင့် သင်စတင်ယုံကြည်ခဲ့သလော။ ဘုရားသခင်သည် ထိုသို့သော ကျေးဇူးတော်ကို သင့်အား အမှန်တကယ် ပြမည်လော။ ထိုသို့သော ကြီးမားသည့် ကောင်းချီးမင်္ဂလာကို သင့်အား သူအပ်နှင်းမည်လော။ ယေရှု၌ သင်၏ ယုံကြည်မှု၏ အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ယနေ့တွင် ဘုရားသခင် လူ့ဇာတိခံယူပြီးဖြစ်သည်ကို သင်အဘယ်ကြောင့် မယုံကြည်သနည်း။ ဘုရားသခင်ထံမှ သင့်ထံသို့ ဗျာဒိတ် မရှိခြင်းသည် ဘုရားသခင် လူ့ဇာတိမခံယူရသေးသည်ကို သက်သေပြသည်ဟု သင်အဘယ်ကြောင့် ဆိုသနည်း။ ဘုရားသခင်သည် သူ၏အမှုကို စတင်မီ လူတို့ကို အသိပေးရမည်လော။ ၎င်းတို့၏ ထောက်ခံချက်ကို သူ ဦးစွာ ရရှိရမည်လော။ မွေးကင်းစ သားယောက်ျားလေးတစ်ဦး နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟုသာ ဟေရှာယက ကြွေးကြော်ခဲ့သည်။ မာရိအနေဖြင့် ယေရှုကို မွေးဖွားပေးလိမ့်မည်ဟု သူ မည်သည့်အခါတွင်မျှ ပရောဖက်မပြုခဲ့ပေ။ မာရိမှ မွေးဖွားသော ယေရှု၌ သင်၏ ယုံကြည်မှုကို မည်သည့်အရာတွင် သင် အတိအကျ အခြေပြုသနည်း။ သင်၏ယုံကြည်မှုသည် ဧကန်မုချ ရှုပ်ထွေးနေသည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

ဘုရားသခင်၏ အမှုသစ်သည် မည်သည့်အရာပင် ဖြစ်ပါစေ၊ ၎င်းကို ဗျာဒိတ်များဖြင့် ခိုင်လုံစွာ တင်ပြနိုင်ရမည်ဖြစ်ပြီး၊ ထိုသို့သောအမှု၏ အဆင့်တစ်ခုစီတွင် “စစ်မှန်သော” နှလုံးသားဖြင့် သူ့နောက်လိုက်သောသူ အားလုံးတို့ကိုလည်း ဗျာဒိတ်များ ပြသကြရမည်၊ သို့မဟုတ်ပါက ထိုသို့သောအမှုသည် ဘုရားသခင်၏ အမှုမဖြစ်နိုင်ဟု ယုံကြည်ကြသူ သာ၍ပင် ရှိလေသည်။ လူသားအတွက် ဘုရားသခင်ကို သိရှိလာရန်မှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်နှင့်လေပြီဖြစ်သည်။ လူသား၏ အဓိပ္ပာယ်မရှိသည့် စိတ်နှလုံးနှင့် သူ၏ မိမိဘာသာ ကြီးကျယ်ကာ စိတ်ကြီးဝင်ခြင်း နှင့်ဆိုင်သည့် ပုန်ကန်တတ်သော သဘာဝတို့ အပြင် ယင်းကို ကြည့်ပါက၊ ဘုရားသခင်၏အမှုသစ်ကို လက်ခံရန် သူ့အတွက် သာ၍ပင် ခက်ခဲလာပေသည်။ လူသားသည် ဘုရားသခင်၏ အမှုသစ်ကို ဂရုတစိုက်ဖြစ်သော စေ့စေ့စပ်စပ် စိစစ်ခြင်းကို မပြုသကဲ့သို့၊ ယင်းကို နှိမ့်ချခြင်းဖြင့်လည်း လက်မခံပေ။ ထိုအစား၊ ဘုရားသခင်ထံမှ ဗျာဒိတ်များနှင့် လမ်းပြမှုတို့ကို စောင့်ဆိုင်းနေစဉ် အထင်သေးသော သဘောထားကို သူ ထားရှိခံယူလေ၏။ ဤသည်မှာ ဘုရားသခင်ကို ပုန်ကန်ကာ ခုခံသောသူတို့၏ အပြုအမူဖြစ်သည် မဟုတ်လော။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ လက်ခံခြင်းကို မည်သို့ ရရှိနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း

ငါတို့သည် ဘုရားသခင်၏ ခြေရာများကို ရှာဖွေနေကြသည့်အတွက်၊ ဘုရားသခင်၏အလို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူ၏မိန့်မြွက်ချက်များကို ငါတို့ရှာဖွေအပ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မိန့်ကြားသည့် အသစ်သော နှုတ်ကပတ်တော်များရှိသော မည်သည့် နေရာ၌မဆို ဘုရားသခင်၏ အသံရှိပြီး၊ ဘုရားသခင်၏ ခြေလှမ်းများ ရှိသော မည်သည့်နေရာ၌မဆိုလည်း ဘုရားသခင်၏ လုပ်ဆောင်မှုများ ရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ ဖော်ပြချက်ရှိသော နေရာတိုင်း၌ ဘုရားသခင်ပေါ်ထွန်းပြီး၊ ဘုရားသခင်ပေါ်ထွန်းသော နေရာတိုင်း၌ လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ တည်ရှိသည်။ ဘုရားသခင်၏ ခြေရာများကို ရှာသောအခါ၌ “ဘုရားသခင်သည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။” ဟူသည့် နှုတ်ကပတ်တော်များကို သင်တို့ လျစ်လျူရှုခဲ့ကြသည်။ ထို့ကြောင့် များစွာသောလူတို့သည် သမ္မာတရားကို ရရှိသောအခါ၌ ပင်လျှင်၊ ဘုရားသခင်၏ ခြေရာများကို သူတို့ရှာတွေ့ပြီဟု မယုံကြည်ကြသည့်အပြင်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သာ၍ပင် အသိအမှတ် မပြုကြပေ။ အလွန်ပင် စိုးရိမ်ဖွယ်ကောင်းလှသော အမှားပေတကား။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို လူတို့၏ အယူအဆများနှင့် ချိန်ညှိ၍ မရနိုင်ချေ၊ လူသား၏ စေခိုင်းချက်ကြောင့် ပေါ်ထွန်းသည့် ဘုရားသခင် လုံးဝမဟုတ်ပါ။ ဘုရားသခင်သည် မိမိ၏အလုပ်ကို လုပ်သောအခါ၌၊ မိမိကိုယ်ပိုင် ရွေးချယ်ချက်များနှင့် မိမိကိုယ်ပိုင်အစီအစဉ်များကို ချမှတ်သည်။ ထို့အပြင် သူ၌ မိမိကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် မိမိကိုယ်ပိုင် နည်းစနစ်များ ရှိသည်။ မည်သည့်အလုပ်ကို သူလုပ်သည်ဖြစ်စေ၊ လူနှင့်တိုင်ပင်ဖို့ သို့မဟုတ် လူ့ထံမှ အကြံဉာဏ်တောင်းဖို့ မလိုအပ်ပေ၊ အယောက်စီတိုင်းကို သူ၏အလုပ်အကြောင်း အသိပေးဖို့လည်း သာ၍ပင် မလိုအပ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်သည့်အပြင် လူတိုင်း အသိအမှတ်ပြုသင့်သည့် အချက်ဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို သင်တို့မြင်တွေ့လိုလျှင်၊ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လိုလျှင်၊ ရှေးဦးစွာ သင်၏ ကိုယ်ပိုင် အယူအဆများကို ထားခဲ့ရမည်ဖြစ်သည်။ ဘုရားသခင်ကို သင်၏ ကိုယ်ပိုင် အကန့်အသတ်များထဲတွင် ထားပြီး သင်၏ကိုယ်ပိုင် အယူအဆများအတွင်း သူ့ကို ကန့်သတ် ထားရန်တို့ကို မဆိုထားနှင့်၊ ဘုရားသခင်ကို ဟိုအရာလုပ်၊ သည်အရာလုပ်ဟုပင် မတောင်းဆိုရပေ။ ထိုအစား ဘုရားသခင်၏ ခြေရာများကို သင်တို့ မည်သို့ရှာဖွေရမည်၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို မည်သို့ လက်ခံရမည်၊ ပြီးလျှင် ဘုရားသခင်၏ အသစ်သော အလုပ်ကို မည်သို့ နာခံရမည်တို့ကို သင့်ကိုယ်သင် တောင်းဆိုသင့်သည်၊ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ လူသည် သမ္မာတရား မဟုတ်သည့်အပြင် သမ္မာတရားကိုလည်း မပိုင်ဆိုင်သောကြောင့် သူ့အနေဖြင့် ရှာဖွေကာ လက်ခံပြီး နာခံသင့်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၁)- ဘုရားသခင်၏ ပေါ်ထွန်းခြင်းသည် ခေတ်သစ်တစ်ခေတ်ကို အစပြုခဲ့၏

ကိုးကားရန် အတွက် လူ၏ မိတ်သဟာယပြုခြင်း-

သခင့်ကို နှစ်များစွာ ယုံကြည်ပြီးကြသည့် လူများသည် စဉ်ဆက်မပြတ် ပင်ပင်ပန်းပန်း လုပ်ဆောင်လျက်၊ အလုပ်ကြိုးစားကာ သူ၏ ပြန်ကြွလာခြင်းကို စောင့်ဆိုင်းလျက် သူ ပြန်ကြွလာသည့်အခါ၊ သူ၏ ကြွလာခြင်းနှင့်ပတ်သက်သည့် ဗျာဒိတ်ကို သခင့်ထံမှာ ရရှိကြလိမ့်မည်ဟု ထင်မှတ်ကြသည်။ ဤသည်မှာ လူသား၏ အယူအဆနှင့် စိတ်ကူး ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အမှုတော်၏ လက်တွေ့အရှိတရားနှင့် မကိုက်ညီပါ။ အချိန်ကြာမြင့်စွာက၊ ယုဒဘာသာ၏ ဖာရိရှဲတို့သည် ဧဝံဂေလိကို ဖြန့်ဝေဖို့ နေရာအနှံ့အပြား ခရီးသွားခဲ့ကြသည်။ သခင်ယေရှုက ၎င်းတို့ကို သူ၏ ကြွလာခြင်း ဗျာဒိတ်ကို ပေးခဲ့ပါသလား။ ထို့အပြင်၊ သခင့်နောက် လိုက်ခဲ့ကြသည့် တပည့်တော်များထဲမှ မည်သူက သူ့ထံမှ ဗျာဒိတ် ရရှိခြင်ကြောင့် ထိုသို့ လုပ်ဆောင်ခြင်းဖြစ်သနည်း။ တစ်ဦးတစ်ယောက်မျှ မဟုတ်ပါ။ ပေတရုက ဘုရားသခင်ထံမှ ထုတ်ဖော်ပြချက် ရရှိခဲ့ပြီး သခင်ယေရှုက ခရစ်တော်၊ ဘုရားသခင်၏ သားတော် ဖြစ်မှန်း သတိပြုမိခဲ့သော်လည်း၊ ထိုအရာအားလုံးက ပေတရုသည် သခင်ယေရှုနောက်သို့ တစ်ခဏကြာလိုက်ခဲ့ပြီး သူ၏ တရားဒေသနာများစွာ နာထောင်ခဲ့ပြီးသည့်နောက်တွင် ဖြစ်ခဲ့ပါသည်။ ပေတရုသည် သခင်ယေရှုအကြောင်းအနည်းငယ်သိနှင့်ပြီးဖြစ်ကာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ထုတ်ဖော်ပြချက် ရရှိခဲ့ပြီး သခင်ယေရှု၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာကို သတိပြုမိခဲ့သည်။ ဤအရာမှ ပေတရုသည် သခင်ယေရှုနောက် မလိုက်မီ ထုတ်ဖော်ပြချက် အမှန်တကယ် မရရှိခဲ့သေးသည်ကို မြင်နိုင်သည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ သခင်ယေရှုနောက် ် လိုက်နိုင်ခဲ့သူအားလုံးသည် သူ၏ တရားဒေသနာများကို နားထောင်ပြီးသောကြောင့်သာ သူ့ကို ကြွလာမည့် မေရှိယအဖြစ် သတိပြုမိခဲ့ကြသည်။ သူတို့အနေဖြင့် ပထမဦးဆုံး ဘုရားသခင်ထံမှ ထုတ်ဖော်ပြချက် ရရှိပြီးနောက်တွင် သူ့ကို သတိပြုမိကာ သူ၏ နောက်လိုက်များ ဖြစ်လာခဲ့ကြသည် မဟုတ်ပါ။ နောက်ဆုံးသော ကာလတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသော ကာလ၏ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ဖို့ တိတ်တဆိတ် ရောက်ရှိပြီး ဖြစ်သည်။ လူသန်းပေါင်းများစွာက သူ့ကို လက်ခံကြပြီးဖြစ်ကာ သူ့နောက်လိုက်နေကြသည်၊ သို့သော် ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်ကမျှ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ထုတ်ဖော်ပြချက် ရရှိခြင်း၏ အကျိုးဆက်အနေဖြင့် လုပ်ဆောင်ကြခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့အားလုံးက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်းမှတစ်ဆင့်၊ ဘုရားသခင်၏ အသံတော်ကို သတိပြုမိကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင်နောက် လိုက်ဖို့ ဆုံးဖြတ်ကြပြီး ဖြစ်သည်။ အချက်အလက်များက ဘုရားသခင်သည် သူ့ကို ယုံကြည်ကာ သူ့နောက်လိုက်ဖို့အလို့ငှာ မည်သူကိုမျှ ထုတ်ဖော်ပြချက် လုံးဝ မပေးသည်ကို ထင်ရှားမြင်သာစေသည်။ ထို့အပြင်၊ နောက်ဆုံးသော ကာလထဲက ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြရန်နှင့် တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ရန် လူ့ဇာတိခံယူပြီး ဖြစ်သည်။ နောက်ဆုံးသောကာလရှိ သူ၏ မိန့်မြွက်ချက်များမှာ ဖန်ဆင်းခြင်း အစကတည်းက စကြဝဠာတစ်ခုလုံးနှင့် လူသားမျိုးနွယ်အားလုံးထံ လူသိရှင်ကြား ပြောဆိုပြီးဖြစ်သည့် ပထမဆုံးသော စကားများ ဖြစ်သည်။ လူအားလုံးက ဘုရားသခင်၏ အသံတော်ကို ကြားနိုင်သည်၊ ထို့ကြောင့် သခင့်ကို ၎င်းတို့ ကြိုဆိုနိုင်ခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ အသံတော်ကို ၎င်းတို့ သတိပြုမိနိုင်ခြင်း ရှိမရှိအပြင် သမ္မာတရားကို ၎င်းတို့ ချစ်ကာ လက်ခံခြင်းရှိမရှိဆိုသည်တို့အပေါ် မူတည်ပေသည်။ ဤသည်မှာ ကိုယ်ရေးကိုယ်တာ ရွေးချယ်မှုနှင့် သက်ဆိုင်သည်။ သူ့ကို ယုံကြည်ဖို့အလို့ငှာ ဘုရားသခင်သည် မည်သည်လူတစ်ဦးကိုမျှ ထုတ်ဖော်ပြချက် လုံးဝ ပေးမည်မဟုတ်ပါ။ ယင်းကို ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နှင့် ၃ တွင် အကြိမ်များစွာ ဖော်ပြထားသည် - “ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ။” ပြီးလျှင် ဗျာဒိတ် ၃:၂၀ - “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” သခင်ယေရှုက၊ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။(ရှင်ယောဟန်ခရစ်ဝင် ၁၀:၂၇)ဟုလည်း ပြောခဲ့သည်။ သခင်က သူ ကြွလာသည့်အခါ သူ့ကို ယုံကြည်ဖို့ လူတို့ကို ထုတ်ဖော်ပြချက် ပေးပါက၊ သူက လူတို့၏ တံခါးများတွင် ရပ်ပြီး တံခါးခေါက်မည်ဖြစ်ပြီး ဘုရားသခင်၏ သိုးများက ဘုရားသခင်၏ အသံတော်ကို ကြားကြမည်ဟု အဘယ်ကြောင့် ပြောခဲ့သနည်း။ ယင်းသည် ရှေ့နောက် မညီဖြစ်လေမည် မဟုတ်ပါလား။ နောက်ဆုံးသောကာလတွင်၊ ဘုရားသခင်သည် သူ၏ သိုးများကို ရှာဖွေဖို့ သူ၏ မိန့်မြွက်ချက်များနှင့် သမ္မာတရား ဖော်ပြချက်များကို အသုံးပြုသည်။ “ဘုရားသခင်၏ သိုးများက ဘုရားသခင်၏ အသံတော်ကို ကြားကြသည်” - ဆိုလိုသည်မှာ၊ ဘုရားသခင်၏ အသံတော်ကို ကြားပြီး နားလည်သောသူတို့သည် သူ၏ သိုးများဖြစ်သည်၊ ၎င်းတို့သည် ပညာရှိ သတို့သမီးများ ဖြစ်သည်။ သို့သော် သူ၏ အသံတော်ကို ကြားသော်လည်း နားမလည်သောသူတို့မှာ လုံးဝအသေအချာပင် မိုက်မဲသော သတို့သမီးများ ဖြစ်ကြပြီး ဤနည်းဖြင့် လူအသီးသီးသည် အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်။ ဤအရာက ဘုရားသခင် မည်မျှ လက်ဖျားခါရလောက်အောင် ဉာဏ်ပညာရှိပြီး ဖြောင့်မတ်သည်ကိုသာ သိသာသွားစေသည်။

ထို့ကြောင့်၊ စစ်မှန်သော လမ်းခရီးကို လေ့လာဆန်းစစ်ခြင်းသည် ဘုရားသခင်ထံမှ ထုတ်ဖော်ပြချက် ရရှိပြီးခြင်း ရှိမရှိဆိုသည်နှင့် မသက်ဆိုင်ပါ။ ဤအမှုကိစ္စ၏ အခရာမှာ အနန္တတန်ခိုးရှင် ဘုရားသခင် မိန့်မြွက်သည့် စကားများတွင် ဘုရားသခင်၏ အသံတော်ကို သတိပြုမိနိုင်ခြင်း ရှိမရှိ ဖြစ်သည်။ နောက်ဆုံးသော ကာလတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည် နှုတ်ကပတ်တော် သန်းပေါင်းများစွာ ထုတ်ဖော်ပြပြီး ဖြစ်သည်။ ဤမိန့်မြွက်ချက်များမှာ သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ အသံတော်ဖြစ်သည်။ အမျိုးမျိုးသာ ဂိုဏ်းဂဏများမှ သခင့်ကို စစ်မှန်သည့် ယုံကြည်မှု ရှိကြသည့် လူများစွာတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြပြီးဖြစ်ကာ အနန္တတန်ခိုးရှင် ဘုရားသခင်ထံသို့ ပြန်လှည့်ကြပြီး ဖြစ်သည်။ ဤလူများမှာ “အခိုးခံ”ရသည့် ရတနာများ အတိအကျ ဖြစ်ပေသည်။ သူ၏ တိတ်တဆိတ်ကြွရောက်ခြင်းတွင် သခင့်၏ ရည်ရွယ်ချက်မှာ ဤရတနာများကို ရရှိဖို့နှင့် ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှောက် ပထမဆုံး ချီမခံခဲ့ရသည့် ဤလူများကို ကပ်ဘေးများမတိုင်မီ အောင်မြင်သောသူများအဖြစ်သို့ ပြောင်းလဲရန် ဖြစ်သည်။ သို့သော်၊ လူတို့သည် ဘုရားသခင်ထံမှ ထုတ်ဖော်ပြချက် ရရှိဖို့ စောင့်ရုံမျှစောင့်ကြပြီး အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များတွင် သူ၏ အသံတော်ကို သတိမပြုမိနိုင်ကြပါ၊ ဤအရာက ၎င်းတို့အနေဖြင့် သမ္မာတရားကို မချစ်၊ သို့မဟုတ် သခင့်ကို မသိကြသကဲ့သို့ ဘုရားသခင်၏ သိုးများ လုံးဝ မဟုတ်ကြသည်ကိုသာ ပြသည်။ ဤလူများသည် ဘုရားသခင် စွန့်ပစ်ကာ ဖယ်ရှင်းမည့် ပစ်မှတ်များ အလိုအလျောက် ဖြစ်လိမ့်မည်ဖြစ်ပြီး မြည်တမ်းရင်းနှင့် မိမိတို့၏ သွားများကို ခဲကြိတ်ရင်း၊ ကပ်ဘေးထဲသို့ ကျရောက်မည့်သူများထဲတွင် ရှိပေသည်။ ယင်းမှာ သခင်ယေရှုက သောမကို ပြောခဲ့သည့်အတိုင်း ဖြစ်သည် - “သင်သည်ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။(ရှင်ယောဟန်ခရစ်ဝင် ၂၀:၂၉)

အရှေ့သို့- ၃။ သခင်ယေရှုက လူ့ဇာတိဖြင့် ပြန်ကြွလာပြီးဖြစ်သည်ဟု သင်တို့ သက်သေခံကြသည်။ သို့ဆိုလျှင် ယခု သခင် အဘယ်မှာနည်း။ သူ့ကို ကျွန်ုပ်တို့ အဘယ်ကြောင့် မမြင်ရပြီနည်း။ မြင်ခြင်းသည် ယုံကြည်ခြင်းဖြစ်သည်၊ သို့ဖြစ်လျှင် သူ့ကို ကျွန်ုပ်တို့ မမြင်သည့်အချက်က သခင် ပြန်ကြွမလာသေးသည်ကို သက်သေပြပေသည်။ ကျွန်ုပ် မြင်သည့်အခါ ယုံပါမည်။

နောက်တစ်ခုသို့- ၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။