၃။ သင်က နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်သည် ဘုရားသခင်၏ ကိုယ်တိုင်ကိုယ်ကျ မိန့်မြွက်ထားခြင်းဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် ဤနှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံခဲ့ရသည့် တစ်စုံတစ်ဦးက ပြောဆိုထားခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်သောသူများ ရှပါသည်။ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသူ တစ်စုံတစ်ဦးက ပြောဆိုသည့် နှုတ်ကပတ်တော်များကြား ခြားနားချက်မှာ မည်သည့်အရာသာ ဖြစ်ပါသနည်း။
ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-
သမ္မာတရားသည် လူ့လောကမှ လာသော်ငြားလည်း၊ လူတို့ အလယ်ရှိ သမ္မာတရားကို ခရစ်တော်က လက်ဆင့်ကမ်းပေးခြင်း ဖြစ်သည်။ ယင်းသည် ခရစ်တော်ထံမှ၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်ထံမှ ပေါ်ပေါက်ခြင်းဖြစ်ပြီး၊ ဤသည်မှာ လူ တတ်နိုင်စွမ်းသော အရာတစ်ခု မဟုတ်ပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်
သမ္မာတရားသည် ဘဝဆောင်ပုဒ်များ၏ လက်တွေ့အကျဆုံးသော အရာဖြစ်ပြီး လူသားမျိုးနွယ်အားလုံးအကြား ထိုကဲ့သို့ဆောင်ပုဒ်များ၏ အမြင့်ဆုံးသောအရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် တောင်းဆိုချက်ဖြစ်ပြီး ဘုရားသခင်ကိုယ်တိုင် လုပ်ဆောင်သည့်အမှု ဖြစ်သောကြောင့် ယင်းကို ဘဝ၏ ဆောင်ပုဒ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်းမှာ တစ်စုံတစ်ရာမှ ကောက်ချက်ချထားသော ဆောင်ပုဒ်တစ်ခု မဟုတ်သလို၊ ကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံမှ နာမည်ကျော် ကိုးကားချက် တစ်ခုလည်း မဟုတ်ပေ။ ယင်းအစား၊ ၎င်းမှာ လူသားမျိုးနွယ်ဆီ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့၏ အချုပ်အခြာအာဏာထံမှ မိန့်မြွက်ချက်ဖြစ်သည်။ လူသားမှ ကောက်ချက်ချထားသော စကားလုံးအချို့မဟုတ်ဘဲ၊ ဘုရားသခင်၏ ပင်ကိုအသက်ဖြစ်သည်။ ထို့ကြောင့် ယင်းကို ဘဝဆောင်ပုဒ်အပေါင်း၏ အမြင့်ဆုံးဟု ခေါ်ခြင်းဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏
ဘုရားသခင်မိန့်ထားသည့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအသွင်အပြင်တွင် ရိုးရှင်းသည်ဖြစ်စေ၊ နက်နဲသိမ်မွေ့သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံးတို့သည် လူတစ်ယောက်၏ အသက်ဝင်ရောက်မှုတွင် မရှိမဖြစ်သော သမ္မာတရားများ အားလုံးဖြစ်လေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားကို ဝိညာဉ်နှင့် ဇာတိပကတိနှစ်ခုလုံးတွင် ရှင်သန်စေသည့် အသက်ရေများ၏ ရေသောက်မြစ်ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များက အသက်ရှင်သန်နေဖို့ လူသားလိုအပ်သည့်အရာကို ထောက်ပံ့ပေးသည်။ လူသား၏ နေ့စဉ်အသက်တာ၌ သူ၏ ကျင့်ကြံပြုမူခြင်းအတွက် အခြေခံသဘောတရားများနှင့် အယူတို့ကို ထောက်ပံ့ပေးသည်။ ကယ်တင်ခြင်းဆီသို့ သူလျှောက်ရမည့် လမ်းကြောင်းအပြင် ကယ်တင်ခြင်း ရရှိဖို့အတွက် ပန်းတိုင်နှင့် ဦးတည်ချက်တို့ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်ရှေ့တော်မှောက်တွင် ဖန်ဆင်းခံသတ္တဝါတစ်ဦးအနေဖြင့် သူပိုင်ဆိုင်သင့်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်ကို မည်သို့ကိုးကွယ်ပုံ၊ မည်သို့ကျိုးနွံနာခံပုံတို့နှင့်ပတ်သက်သည့် သမ္မာတရားတိုင်းကို ထောက်ပံ့ပေးသည်။ ထိုနှုတ်ကပတ်တော်များသည် လူသား၏ရှင်သန်မှုကို သေချာစေသည့် အာမခံချက်ဖြစ်သည်၊ ထိုနှုတ်ကပတ်တော်များသည် လူသား၏ အသက်မွေးလောက်သော အစာဖြစ်သည်၊ ထို့ပြင် ထိုနှုတ်ကပတ်တော်များသည် လူသားကို သန်မာစေပြီး မတ်မတ်ရပ်နိုင်စေသည့် ကြံ့ကြံ့ခံသော ထောက်ပံ့မှုလည်း ဖြစ်သည်။ ထိုနှုတ်ကပတ်တော်များသည် ဖန်ဆင်းခံ လူသားမျိုးနွယ်တို့ ပုံမှန်လူ့သဘာဝဖြင့် အသက်ရှင်နေထိုင်သည့် သမ္မာတရား စစ်မှန်မှုဖြင့် ကြွယ်ဝလေသည်။ ဖောက်ပြန်ပျက်စီးမှုမှ ရုန်းထွက်လွတ်မြောက်ဖို့နှင့် စာတန်၏ကျော့ကွင်းများကို လွတ်မြောက်ဖို့ လူသားမျိုးနွယ်တို့ အသုံးပြုသည့် သမ္မာတရားဖြင့် ကြွယ်ဝသည်၊ ဖန်ဆင်းခံ လူသားမျိုးနွယ်ကို ဖန်ဆင်းရှင်က ပေးသည့် စိတ်ရင်းအတိုင်း စိတ်ရှည်သည့် အဆုံးအမ၊ တိုက်တွန်းမှု၊ အားပေးမှုနှင့် ဖြေသိမ့်မှုတို့ဖြင့် ကြွယ်ဝလေသည်။ ထိုနှုတ်ကပတ်တော်များသည် လူသားများအား အပြုသဘောဆောင်သည့် အရာအားလုံးကို နားလည်စေဖို့ လမ်းပြပြီး ဉာဏ်ပွင့်စေသည့် မီးရှူးတန်ဆောင် ဖြစ်သည်၊ တရားမျှတကာ လှပပြီး ကောင်းမြတ်သည့် အရာအားလုံးကို လူတို့က ကျင့်သုံးနေထိုင်ပြီး ပိုင်ဆိုင်ဖို့ သေချာစေသည့် အာမခံချက်ဖြစ်သည်၊ လူများ၊ အဖြစ်အပျက်များနှင့် အရာများအားလုံးကို တိုင်းတာသည့် စံသတ်မှတ်ချက်လည်း ဖြစ်သည်၊ ထို့ပြင် လူတို့ကို ကယ်တင်ခြင်းနှင့် အလင်းလမ်းကြောင်းဆီသို့ ဦးဆောင်လမ်းပြသည့် လမ်းကြောင်းပြ အမှတ်အသားလည်း ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ကျမ်းဦးစကား
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့စကားအဖြစ် ပြော၍ မရဘဲ၊ လူ့စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သာ၍ပင် ပြော၍ မရပေ။ ဘုရားသခင် အသုံးပြုသောသူသည် လူ့ဇာတိခံ ဘုရားသခင် မဟုတ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး မဟုတ်ပေ။ ဤတွင် ပဓာနကျသော ကွဲပြားမှုတစ်ခု ရှိသည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သင်လက်မခံဘဲ၊ လူသားက ရရှိပြီးဖြစ်သည့် ဉာဏ်ပွင့်ခြင်းအဖြစ်သာ လက်ခံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက၊ သင်သည် မသိနားမလည်မှု၏ မျက်စိအလင်းကွယ်စေခြင်း ခံရပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားက ရရှိသည့် ဉာဏ်ပွင့်ခြင်းနှင့် မည်သို့ တူညီနိုင်မည်နည်း။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။ လူသည် ဘုရားသခင် ပြောဆိုသော စကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်ပွင့်စေခြင်း အဖြစ် ရှုမြင်ပြီး၊ တမန်တော်များနှင့် ပရောဖက်များ၏စကားများကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော စကားများအဖြစ် မှတ်ယူပါက၊ လူတို့၏အမှား ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ သင်သည် အမည်းနှင့် အဖြူကို မည်သည့်အခါတွင်မျှ ပြောင်းပြန်မလှန်သင့်ပေ၊ သို့မဟုတ် မြင့်မားသောအရာကို နိမ့်ကျသောအရာ မဖြစ်စေသင့်၊ သို့မဟုတ် လေးနက်သောအရာကို ပေါ့တန်သောအရာနှင့် မမှားသင့်ပေ။ မည်သို့ပင်ဖြစ်စေ အမှန်တရားဟု သင်သိထားသောအရာကို တမင်သက်သက် မည်သည့်အခါတွင်မျှ မငြင်းဆိုသင့်ပေ။ ဘုရားသခင်တစ်ပါး ရှိသည်ဟု ယုံကြည်သူတိုင်းသည် ပြဿနာများကို မှန်ကန်သော ရှုထောင့်မှ စုံစမ်းသင့်ပြီး၊ ဘုရားသခင်၏ အမှုသစ်နှင့် သူ၏ နှုတ်ကပတ်တော်အသစ်များကို သူ၏ ဖန်ဆင်းခံ ရှုထောင့်မှ လက်ခံသင့်ပေသည်။ သို့မဟုတ်ပါက ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ၎င်းတို့ ခံရလိမ့်မည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား
လူ၏ လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများနှင့် သမ္မာတရားနှင့် သက်ဆိုင်သော သူ၏အသိပညာသည် သီးသန့် အတိုင်းအတာတစ်ခုအတွက်သာ သက်ဆိုင်ပေသည်။ လူသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်သာ ဉာဏ်အလင်းပေးခံရနိုင်ပြီး သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် လုံးဝ မပြည့်ဝနိုင်သောကြောင့်၊ လူ လျှောက်သော လမ်းကြောင်းသည် လုံးဝ သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များ ဖြစ်သည်ဟု သင်ပြော၍မရပေ။ လူ တွေ့ကြုံနိုင်သည့် အရာအားလုံးသည် ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာ အတွင်းတွင်ရှိပြီး ပုံမှန်လူသား၏စိတ်ထဲက အတွေးများ၏ အပိုင်းအခြားကို မကျော်လွန်နိုင်ပေ။ သမ္မာတရား စစ်မှန်မှုကို အသက်ရှင်နေထိုင်နိုင်သူအားလုံးသည် ဤအပိုင်းအခြားအတွင်းတွင် တွေ့ကြုံကြရလေသည်။ သမ္မာတရားကို ၎င်းတို့ တွေ့ကြုံချိန်တွင် ယင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူသား အသက်တာ၏ အတွေ့အကြုံတစ်ခု အမြဲဖြစ်၏။ ယင်းသည် ပုံမှန်လူသားအသက်တာမှ သွေဖည်သော တွေ့ကြုံခြင်းနည်းလမ်းတစ်ခု မဟုတ်ပေ။ ၎င်းတို့၏ လူသား အသက်တာများ အသက်ရှင်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းခံရလျက် သမ္မာတရားကို ၎င်းတို့ တွေ့ကြုံကြရသည်။ ထို့အပြင် ဤသမ္မာတရားသည် လူတစ်ဦးမှတစ်ဦး ကွဲပြားပြီး၊ ယင်း၏နက်ရှိုင်းမှုသည် လူ၏ အခြေအနေနှင့် ဆက်နွှယ်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သမ္မာတရားကို လိုက်စားရှာဖွေသူတစ်ဦး၏ ပုံမှန်လူ့အသက်တာဖြစ်ပြီး၊ ယင်းကို သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း ခံရသည့် ပုံမှန်လူတစ်ဦး လျှောက်သော လမ်းကြောင်းဟု ခေါ်ကောင်းခေါ်ဆိုနိုင်သည်ဟုသာ ဆိုနိုင်ပေသည်။ ၎င်းတို့လျှောက်သော လမ်းကြောင်းသည် သန့်ရှင်းသော ဝိညာဉ်တော် လျှောက်သော လမ်းကြောင်း ဖြစ်သည်ဟု မဆိုနိုင်ပေ။ ပုံမှန်လူသား အတွေ့အကြုံတွင်၊ လိုက်စားရှာဖွေသော လူတို့သည် မတူညီသောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည်လည်း တူညီမှုမရှိပေ။ ထို့အပြင် လူတို့တွေ့ကြုံသော ပတ်ဝန်းကျင်များနှင့် ၎င်းတို့ အတွေ့အကြုံ၏ အပိုင်းအခြားများသည် မတူညီသောကြောင့်၊ ပြီးလျှင် ၎င်းတို့၏စိတ်နှင့်အတွေးများ ရောနှောခြင်းကြောင့်၊ ၎င်းတို့၏ အတွေ့အကြုံသည် မတူညီသော အတိုင်းအတာများထိ ရောနှောလျက်ရှိလေသည်။ လူအသီးသီးသည် ၎င်းတို့၏ ကွဲပြားခြားနားသည့်၊ တစ်ဦးချင်း အခြေအနေများနှင့်အညီ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရား၏ စစ်မှန်သော အဓိပ္ပာယ်နှင့် သက်ဆိုင်သည့် ၎င်းတို့၏နားလည်မှုသည် မပြည့်စုံသကဲ့သို့၊ ယင်း၏ ရှုထောင့်တစ်ခု သို့မဟုတ် ရှုထောင့်အချို့သာ ဖြစ်လေသည်။ လူတွေ့ကြုံသော သမ္မာတရား၏ နယ်ပယ်သည် လူအသီးသီး၏ အခြေအနေများနှင့် တစ်ပြေးညီ တစ်ဦးမှတစ်ဦး ကွဲပြားခြားနားလေသည်။ ဤနည်းဖြင့် တူညီသော သမ္မာတရားနှင့် သက်ဆိုင်သည့် အသိပညာကို မတူကွဲပြားသော လူများက ဖော်ပြသည့်အခါ ခြားနားကုန်ကြလေသည်။ ဆိုလိုသည်မှာ၊ လူ၏အတွေ့အကြုံသည် အမြဲ အကန့်အသတ်များရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို လုံးဝ ကိုယ်စားမပြုနိုင်သကဲ့သို့၊ လူဖော်ပြသောအရာသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အလွန်နီးကပ်စွာ ကိုက်ညီပြီး၊ လူ၏ အတွေ့အကြုံသည် သန့်ရှင်းသောဝိညာဉ်တော် ဆောင်ရွက်သော စုံလင်စေခြင်းနှင့် အလွန်နီးကပ်နေလျှင်ပင်၊ လူ၏အလုပ်ကို ဘုရားသခင်၏အမှုအဖြစ် မြင်၍ မရနိုင်ပေ။ လူသည် ဘုရားသခင် သူ့ကို ပေးအပ်ထားသည့် အလုပ်ကို လုပ်ဆောင်လျက် ဘုရားသခင်၏အစေခံသာ ဖြစ်နိုင်သည်။ လူသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရသည့် အသိပညာနှင့် သူ၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများမှရရှိသော သမ္မာတရားများကိုသာ ဖော်ပြနိုင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ထွက်ပေါက်ဖြစ်ရန် လူသည် အရည်အချင်းမပြည့်မီသကဲ့သို့ သတ်မှတ်ချက်များကို မပြည့်မီပေ။ သူ၏အလုပ်သည် ဘုရားသခင်၏ အမှုဖြစ်သည်ဟု သူ ဆိုပိုင်ခွင့်မရှိပေ။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူသား၏အလုပ်
ဘုရားသခင် တိုက်ရိုက်ဖော်ပြသည့်အရာသာလျှင် သမ္မာတရားဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူများကို ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ ဉာဏ်အလင်းပေးသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းသည်သာလျှင် သမ္မာတရားနှင့် ကိုက်ညီသည်။ သူသည် လူများအား သမ္မာတရားကို တိုက်ရိုက်မပြောပေ။ ထိုအစား သူသည် ၎င်းတို့ ရရှိနိုင်သည့် အလင်းကို ပေးသည်။ ဤအရာကို သင်နားလည်ရမည်။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များအပေါ် ထိုးထွင်းအမြင်အချို့ ရှိပြီး အတွေ့အကြုံမှ အသိပညာအချို့ ရရှိလျှင် ဤအရာကို သမ္မာတရားအဖြစ် မှတ်ယူ၍ ရသလော။ မရပေ။ အများဆုံးအနေဖြင့် သူသည် သမ္မာတရားနှင့်ပတ်သက်သော နားလည်မှုအချို့ရှိ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့်ဆိုင်သော စကားများသည် ဘုရားနှုတ်ကပတ်တော်များကို ကိုယ်စားမပြု၊ သမ္မာတရားကို ကိုယ်စားမပြုသကဲ့သို့ သမ္မာတရားလည်း မဟုတ်ချေ။ အများဆုံးအနေဖြင့် လူတစ်ဦးသည် သမ္မာတရားနှင့်ဆိုင်သော နားလည်မှုအချို့ရှိပြီး သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အနည်းငယ် ဉာဏ်အလင်းပေးခြင်း ခံရသည်။ လူတစ်ဦးသည် သမ္မာတရားနှင့်ပတ်သက်သော နားလည်မှုအချို့ရှိပြီး ထို့နောက်တွင် အခြားသူများကို ပံ့ပိုးပေးလျှင် သူလုပ်ဆောင်သမျှသည် သူ၏ နားလည်မှုနှင့် အတွေ့အကြုံတို့ဖြင့် အခြားသူများကို ပံ့ပိုးပေးနေခြင်းသာ ဖြစ်သည်။ သူသည် အခြားသူများကို သမ္မာတရားဖြင့် ပံ့ပိုးပေးနေသည်ဟု သင်ဆို၍ မရနိုင်ပေ။ သူသည် သမ္မာတရားအပေါ် မိတ်သဟာယပြုပေးနေသည်ဟု သင်ဆိုလျှင် အဆင်ပြေသည်။ ဤသည်မှာ သင့်တင့်လျောက်ပတ်သော သရုပ်ဖော်ချက် ဖြစ်သည်။ ငါ အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ အကြောင်းမှာ သင်မိတ်သဟာယပြုနေသည့် အရာသည် သမ္မာတရားနှင့်ပတ်သက်သည့် သင်၏ နားလည်မှု ဖြစ်သောကြောင့်တည်း။ ယင်းက သမ္မာတရားကိုယ်၌နှင့် မညီမျှပေ။ ထို့ကြောင့် သင်သည် နားလည်မှုနှင့် အတွေ့အကြုံအချို့ကို မိတ်သဟာယပြုပေးနေခြင်း ဖြစ်သည်ဟုသာ ဆိုနိုင်သည်။ သင်သည် သမ္မာတရားကို ပံ့ပိုးပေးနေသည်ဟု မည်သို့များ ပြောနိုင်သနည်း။ သမ္မာတရားကို ပံ့ပိုးပေးခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်ချေ။ မည်သူက ဤစာကြောင်းကို ပြောဆိုရန် ထိုက်တန်သနည်း။ ဘုရားသခင်သည်သာလျှင် လူများအား သမ္မာတရားကို ပံ့ပိုးပေးနိုင်စွမ်း ရှိ၏။ လူများသည် ပံ့ပိုးပေးနိုင်စွမ်း ရှိသလော။ သို့ဖြစ်၍ ဤကိစ္စကို သင်သည် ရှင်းလင်းစွာ မြင်ရမည်။ ဤသည်မှာ မှားယွင်းသော စကားများကို အသုံးပြုသည့် ပြဿနာတစ်ရပ်သာ မဟုတ်ဘဲ အဓိကအချက်မှာ သင်သည် အမှန်တရားကို ချိုးဖောက်ခြင်းနှင့် လိုရာဆွဲပြောခြင်းသာ ဖြစ်သည်။ သင်အခိုင်အမာဆိုသည့်အရာမှာ ပုံကြီးချဲ့နေခြင်း ဖြစ်သည်။ လူများသည် ဘုရားနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ နားလည်မှုအချို့နှင့် အတွေ့အကြုံ ရှိကောင်း ရှိနိုင်သော်လည်း ၎င်းတို့သည် သမ္မာတရားရှိသည်၊ သို့မဟုတ် ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည်ဟု သင်ဆို၍မရနိုင်ပေ။ ဤအရာကို သင်လုံးဝ ဆို၍မရနိုင်ပေ။ လူများသည် သမ္မာတရားမှ မည်မျှနားလည်ခြင်း ရရှိပါစေ ၎င်းတို့သည် သမ္မာတရားနှင့်သက်ဆိုင်သည်ဟု မဆိုထားနှင့် သမ္မာတရား၏ အသက်ကို ပိုင်ဆိုင်သည်ဟုပင် သင်မဆိုနိုင်ပေ။ ဤအရာကို သင်လုံးဝ မဆိုနိုင်ပေ။ လူတို့သည် သမ္မာတရား အနည်းငယ်သာ နားလည်ပြီး အလင်းအနည်းငယ်ရှိကြကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းအချို့သာ ရှိကြသည်။ ၎င်းတို့သည် ကျိုးနွံနာခံမှု၏ လက်တွေ့အရှိတရား အချို့နှင့် စစ်မှန်သော ပြောင်းလဲမှုအချို့သာ ရှိလေသည်။ သို့ရာတွင် ၎င်းတို့သည် သမ္မာတရား ရရှိပြီးဖြစ်သည်ဟု သင်မဆိုနိုင်ပေ။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် လူတို့အား အသက်ကို ထောက်ပံ့ပေးသည်။ ဘုရားသခင်သည် သူ့ကို အစေခံဖို့နှင့် စိတ်ကျေနပ်စေဖို့အလို့ငှာ လူတို့အား သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို ရရှိဖို့ တောင်းဆိုသည်။ လူတို့သည် သမ္မာတရားကို အမှန်တကယ် ရရှိပြီးဖြစ်သည်အထိ ဘုရားအမှုတော်ကို တွေ့ကြုံခံစားသည့် နေ့ရက်အချိန် ရောက်လာလျှင်ပင် လူများသည် သမ္မာတရားကို ပိုင်ဆိုင်သည်ဟု ပြောဖို့ မဆိုထားနှင့် လူများသည် သမ္မာတရားနှင့်သက်ဆိုင်သည်ဟုပင် သင်ပြော၍မရသေးပေ။ အကြောင်းမှာ လူတို့သည် အတွေ့အကြုံ နှစ်ပေါင်းများစွာ ထပ်မံရရှိလျှင်ပင် ၎င်းတို့ ရရှိမည့် သမ္မာတရား ပမာဏသည် အကန့်အသတ်ရှိနေပြီး ယင်းမှာ အလွန် ပေါ့တန်သော ပမာဏသာ ဖြစ်သောကြောင့်တည်း။ သမ္မာတရားသည် အနက်ရှိုင်းဆုံးနှင့် အနက်နဲဆုံးသော အရာဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရားကို တစ်သက်လုံး တွေ့ကြုံရလျှင်ပင် ထိုသမ္မာတရားထံမှ ၎င်းတို့ရရှိသည့်အရာသည် အလွန်နည်းပါးလိမ့်မည်။ လူတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လုံးလုံးလျားလျား ရရှိနိုင်မည် မဟုတ်ချေ၊ လုံးလုံးလျားလျား နားလည်နိုင်မည် မဟုတ်ချေ၊ သို့မဟုတ် လုံးလုံးလျားလျား အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ချေ။ ဤသည်မှာ လူများသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အစဉ်သဖြင့် ကလေးငယ်များသာ ဖြစ်နေမည်ဟု ဘုရားသခင် ပြောသည့်အချိန်က သူဆိုလိုသည့်အရာ ဖြစ်သည်။
...လူတိုင်းသည် သမ္မာတရားကို တွေ့ကြုံခံစားကြသော်လည်း လူတစ်ဦးချင်းစီ တွေ့ကြုံခံစားရသည့် အခြေအနေသည် ကွဲပြားခြားနားသည်။ သမ္မာတရားမှ လူတစ်ဦးချင်း ရရှိသည့်အရာသည်လည်း မတူကွဲပြားသည်။ သင်သည် လူတိုင်း၏ အတွေ့အကြုံနှင့် နားလည်မှုတို့ကို စုပေါင်းလိုက်လျှင်ပင် ယင်းက သမ္မာတရား၏ အနှစ်သာရကို လုံးလုံးလျားလျား ထင်ဟပ်ဦးမည် မဟုတ်ချေ။ ယင်းမှာ သမ္မာတရား မည်မျှ နက်ရှိုင်းပြီး နက်နဲပုံဖြစ်၏။ သင်ရရှိပြီးသမျှအရာအားလုံးနှင့် သင်၏နားလည်မှုအားလုံးတို့သည် သမ္မာတရားကို အစားထိုး၍ မရနိုင်ဟု ငါအဘယ်ကြောင့် ပြောသနည်း။ လူများက သင်၏ အတွေ့အကြုံနှင့် နားလည်မှုအချို့တို့ကို သင်မိတ်သဟာယပြုပေးသည်ကို ကြားပြီးသည့်နောက်တွင် ယင်းကို ၎င်းတို့ နားလည်လိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် လုံးလုံးလျားလျား နားလည်ပြီး ရရှိဖို့အတွက် အချိန်အတော်ကြာအောင် တွေ့ကြုံခံစားဖို့ လိုအပ်မည် မဟုတ်ချေ။ အနည်းငယ်ပို၍ နက်ရှိုင်းသည့် အရာတစ်ခုဖြစ်လျှင်ပင် ၎င်းတို့သည် နှစ်အနည်းငယ်ကြာ အတွေ့အကြုံကို လိုအပ်မည် မဟုတ်ပေ။ သို့ရာတွင် သမ္မာတရား အတွက်မှာမူ လူများသည် ၎င်းတို့၏ သက်တမ်းတစ်ခုလုံးတွင် အားလုံးကို တွေ့ကြုံခံစားမည် မဟုတ်ချေ။ လူတိုင်းကို သင် စုရုံးလိုက်လျှင်ပင် ၎င်းတို့သည် သမ္မာတရားအားလုံးကို တွေ့ကြုံပြီးဖြစ်မည် မဟုတ်ချေ။ သင်တွေ့မြင်ရသည့်အတိုင်းပင် သမ္မာတရားသည် အလွန် နက်ရှိုင်းပြီး နက်နဲလေသည်။ စကားလုံးများသည် သမ္မာတရားကို နှံ့စပ်စွာ ရှင်းပြနိုင်စွမ်း မရှိကြပေ။ လူ့စကားဖြင့်ပြောဆိုရလျှင် သမ္မာတရားသည် လူ့အနှစ်သာရအတွက် စစ်မှန်၏။ လူသားတို့သည် ယင်းတို့အားလုံးကို မည်သည့်အခါမျှ တွေ့ကြုံနိုင်မည် မဟုတ်သကဲ့သို့ သမ္မာတရားကို မည်သည့်အခါမျှ လုံးလုံးလျားလျား အသက်ရှင်နေထိုင်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ လူတို့သည် နှစ်ထောင်ပေါင်းများစွာ အချိန်ကုန်လျှင်ပင် ၎င်းတို့သည် သမ္မာတရား၏ အချက်တစ်ခုကိုပင် လုံးလုံးလျားလျား တွေ့ကြုံပြီးဖြစ်မည် မဟုတ်သောကြောင့် ဖြစ်သည်။ လူတို့သည် နှစ်ပေါင်းမည်မျှ တွေ့ကြုံပါစေ ၎င်းတို့ နားလည်ပြီး ရရှိသော သမ္မာတရားသည် နည်းနေဦးမည်ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး
သမ္မာတရားသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အသက် ဖြစ်၏။ ယင်းသည် သူ၏စိတ်သဘောထား၊ သူ၏ အနှစ်သာရနှင့် ပြီးလျှင် သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။ သင်၌ အချို့သော အတွေ့အကြုံနှင့် အသိပညာ ရှိခြင်းအားဖြင့်၊ ဤနည်းဖြင့် သင်၌ သမ္မာတရားရှိသည်ဟု ပြောလျှင်၊ သင်သည် သန့်ရှင်းခြင်းကို စွမ်းဆောင်ရရှိပြီးဖြစ်သလော။ သင်သည် ဖောက်ပြန်ပျက်စီးခြင်းကို အဘယ်ကြောင့် ထုတ်ဖော်နေသေးသနည်း။ သင်သည် အဘယ်ကြောင့် မတူညီသောလူအမျိုးအစားများကြားတွင် ခွဲခြားသိမြင်နိုင်ခြင်း မရှိရသနည်း။ သင်သည် အဘယ်ကြောင့် ဘုရားသခင်ကို သက်သေမခံနိုင်ရသနည်း။ သင်သည် သမ္မာတရားအချို့ကို နားလည်လျှင်ပင်၊ ဘုရားသခင်ကို သင် ကိုယ်စားပြုနိုင်သလော။ ဘုရားသခင်၏ စိတ်သဘောထားအားဖြင့် သင်အသက်ရှင်နေထိုင်နိုင်သလော။ သမ္မာတရားတစ်ခု၏ သွင်ပြင်လက္ခဏာ အချို့နှင့်စပ်လျဉ်း၍ သင်၌ အတွေ့အကြုံနှင့် အသိပညာအချို့ ရှိကောင်းရှိနိုင်သည်၊ ပြီးလျှင် သင်၏စကား၌ ပို၍နားလည်အောင် ရှင်းပြနိုင်စွမ်းပင် ရှိနိုင်သည်။ သို့သော် လူများကို သင်ထောက်ပံ့ပေးနိုင်သည့်အရာသည် အလွန်အမင်းနည်းပါးပြီး အချိန်ကြာမြင့်စွာ မတည်တံ့နိုင်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏နားလည်မှုနှင့် သင်ရရှိပြီးဖြစ်သည့် အလင်းတို့က သမ္မာတရား၏ အနှစ်သာရကို ကိုယ်စားမပြုသောကြောင့်ဖြစ်သည်၊ ပြီးလျှင် ယင်းက သမ္မာတရား တစ်ခုလုံးကို ကိုယ်စားမပြုပေ။ ယင်းက သမ္မာတရား၏ ဘက်တစ်ဖက်၊ သို့မဟုတ် သေးငယ်သော သွင်ပြင်လက္ခဏာကိုသာ ကိုယ်စားပြုသည်။ ယင်းက လူသားများသာ စွမ်းဆောင်ရရှိနိုင်သည့် အဆင့်ဖြစ်သည်။ ပြီးလျှင် ယင်းသည် သမ္မာတရား၏ အနှစ်သာရမှ ဝေးကွာနေဆဲဖြစ်သည်။ ဤအလင်းအနည်းငယ်၊ ဉာဏ်အလင်းပေးခြင်း၊ အတွေ့အကြုံနှင့် အသိပညာအနည်းငယ်သည် သမ္မာတရား၏ နေရာကို မည်သည့်အခါမျှ မယူနိုင်ပေ။ လူများအားလုံးက သမ္မာတရားတစ်ခုကို တွေ့ကြုံရာမှတစ်ဆင့် ရလဒ်အချို့ကို စွမ်းဆောင်ရရှိပြီးဖြစ်ကာ ၎င်းတို့၏ အတွေ့အကြုံများနှင့် သိမြင်မှုများ အားလုံးပေါင်းလိုက်လျှင်ပင် ဤသမ္မာတရား၏ စာကြောင်းတစ်ကြောင်းတည်း၏ အလုံးစုံနှင့် အနှစ်သာရကိုပင် လက်လှမ်းမီမည် မဟုတ်ချေ။ အတိတ်တွင် ပြောခဲ့ပြီးဖြစ်သည်၊ “ငါသည် လူ့လောကအတွက် ဤအရာကို ဆိုရိုးတစ်ခုနှင့် အကျဉ်းချုပ်မည်။ လူသားတို့အကြားတွင် ငါ့ကို ချစ်သောသူ တစ်ယောက်မျှမရှိပေ။” ဤစာကြောင်းသည် သမ္မာတရားဖြစ်သည်၊ အသက်၏ စစ်မှန်သော အနှစ်သာရဖြစ်သည်၊ အနက်နဲဆုံးသော အရာဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြခြင်း ဖြစ်သည်။ အတွေ့အကြုံ သုံးနှစ်ပြီးသည့်နောက်တွင် သင်၌ အပေါ်ယံ နားလည်မှုလေးတစ်ခု ရှိကောင်းရှိနိုင်ပြီး၊ ခုနစ်နှစ်၊ သို့မဟုတ် ရှစ်နှစ်ပြီးနောက်တွင်၊ သင်သည် အနည်းငယ် ပို၍များသော နားလည်မှု ရှိကောင်းရှိနိုင်သည်။ သို့သော် ဤနားလည်မှုသည် သမ္မာတရား၏ ဤစာကြောင်းအတွက် မည်သည့်အခါမျှ အစားထိုး၍ရမည် မဟုတ်ချေ။ နှစ်နှစ်ကြာပြီးနောက် အခြားလူတစ်ဦး၌ နားလည်မှုအနည်းငယ် ရှိနိုင်သည်၊ သို့မဟုတ် ဆယ်နှစ်ကြာပြီးသည့်နောက် ပို၍များသော နားလည်မှုအချို့ ရှိနိုင်သည်။ သို့မဟုတ် တစ်သက်တာပြီးနောက်တွင် အတော်အတန် မြင့်မားသော နားလည်မှု ရှိနိုင်သည်။ သို့သော် သင်တို့နှစ်ဦးလုံး၏ နားလည်မှုကို စုပေါင်းထားခြင်းက သမ္မာတရား၏ ဤစာကြောင်းကို အစားထိုး၍မရနိုင်ပေ။ သင်တို့နှစ်ဦး စုပေါင်း၍ ထိုးထွင်းအမြင်၊ အလင်း၊ အတွေ့အကြုံ၊ သို့မဟုတ် အသိပညာ မည်မျှ ရှိနိုင်ပါစေ ဤသမ္မာတရား၏ စာကြောင်းကို မည်သည့်အခါမျှ အစားထိုး၍မရနိုင်ပေ။ ဆိုလိုသည်မှာ လူ့အသက်သည် အစဉ်သဖြင့် လူ့အသက်ဖြစ်ပြီး သင်၏အသိပညာသည် သမ္မာတရား၊ ဘုရားသခင်၏ရည်ရွယ်ချက်များ၊ သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်တို့နှင့် မည်မျှကိုက်ညီပါစေ၊ ယင်းက သမ္မာတရားအတွက် မည်သည့်အခါမျှ အစားထိုး၍မရနိုင်ပေ။ လူများ၌ သမ္မာတရား ရှိသည်ဟု ပြောခြင်းက လူများသည် သမ္မာတရားကို အမှန်တကယ် နားလည်ကြောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လက်တွေ့အရှိတရား အချို့ကို အသက်ရှင်နေထိုင်ကြောင်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော သိမြင်ခြင်းအချို့ရှိကြောင်းနှင့် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံနိုင်ကြောင်းကို ဆိုလိုခြင်းဖြစ်သည်။ သို့ရာတွင် လူများသည် သမ္မာတရားကို ပိုင်ဆိုင်ပြီးသားဖြစ်သည်ဟု မဆိုနိုင်ပေ။ အကြောင်းမှာ သမ္မာတရားသည် အလွန်နက်နဲသောကြောင့်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်၏ စာကြောင်းတစ်ကြောင်းတည်းကို တွေ့ကြုံဖို့ကိုပင် လူများ၏တစ်သက်တာ အချိန်ကြာမြင့်နိုင်သည်။ ပြီးလျှင် အသက်တာအချို့၊ သို့မဟုတ် နှစ်ထောင်ပေါင်းများစွာ တွေ့ကြုံပြီးသည့်နောက်တွင်ပင်၊ ဘုရားနှုတ်ကပတ်တော်၏ စာကြောင်းတစ်ကြောင်းကို အပြည့်အဝ မတွေ့ကြုံနိုင်ပေ။ သမ္မာတရားကို နားလည်ခြင်းနှင့် ဘုရားသခင်ကို သိကျွမ်းခြင်း ဖြစ်စဉ်သည် အမှန်တကယ်ပင် အဆုံးမရှိကြောင်းနှင့်၊ တစ်သက်တာ တွေ့ကြုံမှုတွင် လူများသည် သမ္မာတရားမည်မျှကို နားလည်နိုင်သည် ဆိုသည့်အပေါ်တွင် အကန့်အသတ်ရှိကြောင်းတို့မှာ သိသာထင်ရှားပေသည်။
—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး