၁။ သခင်ယေရှု၏ ကြွရောက်ခြင်း မတိုင်မီတွင်၊ ဖာရိရှဲတို့သည် ကျမ်းစာကို မကြာခဏ တရားဇရပ်များ၌ အသေးစိတ်ရှင်းပြကြပြီး လူတို့အတွက် ဆုတောင်းပေးခဲ့ကြလေသည်။ ၎င်းတို့သည် အလွန် ဘုရားတရား ကိုင်ရှိုင်းကြပုံပေါ်ပြီး လူတို့၏ အမြင်တွင် ကျမ်းစာကို ချိုးဖောက်သည့်အရာ တစ်ခုတစ်လေကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု မထင်ရပေ။ သို့ဆိုလျှင် ဖာရိရှဲတို့သည် သခင်ယေရှု၏ ကျိန်ဆဲခြင်းကို ခံခဲ့ရကြသနည်း။ ဘုရားသခင်ကို မည်သည့်နည်းလမ်းဖြင့် ၎င်းတို့ အာခံခဲ့ကြပြီး ဘုရားသခင်၏ အမျက်ဒေါသကို အဘယ်ကြောင့် ၎င်းတို့ လှုံ့ဆော်သနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“သင်တို့သည်အဆက်ဆက်ခံသော် နည်းဥပဒေကိုအမှီပြု၍ ဘုရားသခင်၏ပညတ်တော် ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။ ဘုရားသခင်၏ပညတ်တော်ကား၊ မိဘကိုရိုသေစွာပြုလော့။ အကြင်သူသည် မိဘကိုနှုတ်ဖြင့်ပြစ်မှား ၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊ ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟုဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်း ဥပဒေအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည်နှုတ်နှင့်ငါ့ထံသို့ ချဉ်း ကပ်၍ နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သောပညတ်တို့ကိုသွန်သင်၍ နည်းဥပဒေသပေးလျက်ပင်ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟုပြန်၍မိန့်တော်မူ၏။” (ရှင်မဿဲခရစ်ဝင် ၁၅:၃-၉)

“လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်း ကင်နိုင်ငံတော်၏ တံခါးကိုလူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတား ကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုတ်ဆိုးမ အိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူ တ ယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။

လမ်းပြသောလူကန်းတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလျှင်မတည်။ ဗိမာန်တော်၏ ရွှေကိုတိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟုသင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုရွှေကားမြတ်သလော။ ထိုရွှေကို သန့် ရှင်းစေသော ဗိမာန်တော်ကားမြတ်သလော။ တနည်းကား၊ ယဇ်ပလ္လင်ကို တိုင်တည်၍ ကျိန်ဆိုခြင်းကိုပြုလျှင် မတည်။ ယဇ်ပလ္လင်ပေါ်မှာရှိသော ပူဇော်သက္ကာကို တိုင်တည်၍ကျိန်ဆိုခြင်းကိုပြုလျှင် တည်သည်ဟု သင်တို့ဆိုကြ၏။ လူမိုက်လူကန်းတို့၊ အဘယ်အရာသည်သာ၍ မြတ်သနည်း။ ထိုပူဇော်သက္ကာကား မြတ်သလော။ ထို ပူဇော်သက္ကာကို သန့်ရှင်းစေသော ယဇ်ပလ္လင်ကားမြတ်သလော။ ထို့ကြောင့် ယဇ်ပလ္လင်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ယဇ်ပလ္လင်မှစ၍ ယဇ်ပလ္လင်ပေါ်မှာ ရှိသမျှကို တိုင် တည်၍ ကျိန်ဆိုသတည်း။ ဗိမာန်တော်ကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ဗိမာန်တော်မှစ၍ ဗိမာန်တော်၌ ကျိန်းဝပ်တော်မူသောသူ ကို တိုင်တည်၍ ကျိန်ဆိုသတည်း။ ကောင်းကင်ဘုံကိုတိုင်တည်၍ ကျိန်ဆိုလျှင်၊ ပလ္လင်တော်ကို၎င်း၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကို၎င်း တိုင်တည်၍ကျိန်ဆိုသတည်း။

လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပင်စိမ်း၊ စမွှတ်၊ ဇိယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့ လှူကြသည်တွင် တရားသဖြင့်စီရင်ခြင်း၊ သူတပါးကို သနား ခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင် ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကို ကျင့်ရမည်။ လမ်းပြသောလူကန်းတို့၊ သင်တို့သည် ခြင်တကောင်ကိုမျှ မပါစေခြင်းငှါ ရေကိုစစ်လျက်နှင့် ကုလား အုပ်ကို မျိုကြ၏။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။ မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း၌ရှေ့ဦးစွာ ဆေးကြောလော့။ သို့ပြုလျှင် အပြင် ကား သန့်ရှင်းလိမ့်မည်။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူ သုတ်သောသင်္ချိုင်းတွင်းနှင့်တူကြ၏။ ထိုတွင်းသည် အပြင်၌တင့်တယ်စွာတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။ ထိုအတူ သင်တို့သည်အပြင်၌ လူတို့ရှေ့မှာဖြောင့်မတ်ဟန်ရှိ၏။ အတွင်း၌ကား လျှို့ဝှက်ခြင်း၊ မတရား သဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိကြ၏။

လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊ ငါတို့သည် ဘိုးဘေးတို့လက်ထက်၌ရှိလျှင်၊ ပရောဖက်တို့ကို သက်သည်အမှုကိုလက်မခံပြီဟု ဆိုကြ၏။ ထိုသို့ဆိုသော်၊ သင်တို့သည် ပရောဖက်တို့ကိုသတ်သောသူတို့၏ အမျိုးအနွယ်ဖြစ်သည်ကို ကိုယ်အဘို့ ကိုယ်သက်သေခံကြ၏။ သို့ဖြစ်၍ ဘိုးဘေးတို့၏ အကျင့်ပမာဏကိုမှီအောင် ကျင့်ကြလော့။ မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့လွတ်နိုင်ကြမည်နည်း။ ထို့ကြောင့် ဗျာဒိတ်တော်အချက်ဟူမူကား ပရောဖက်ပညာရှိကျမ်းပြုဆရာတို့ကို သင်တို့ရှိရာသို့ ငါ စေလွှတ်၏။ ထိုသူအချို့တို့ကိုကွပ်မျက်၍ လက်ဝါးကပ်တိုင်၌ သတ်ကြလိမ့်မည်။ အချို့တို့ကို တရားစရပ်၌ ရိုက်၍ တမြို့မှတမြို့သို့ ညှဉ်းဆဲနှင်ထုတ်ကြလိမ့်မည်။ ထို့ကြောင့် ဖြောင့်မတ်သော အာဗေလ၏အသွေးမှစ၍၊ အတွင်းဗိမာန်တော်နှင့် ယဇ်ပလ္လင်၏ အကြား ၌ သင်တို့သတ်ကြသော ဗာရခိသားဇာခရိ၏အသွေးတိုင်အောင် မြေကြီးအပေါ်၌ သွန်းပြီးသမျှသော သူတော် ကောင်းတို့၏အသွေးသည် သင်တို့ ခေါင်းပေါ်သို့ ရောက်လိမ့်မည်။ ငါအမှန်ဆိုသည်ကား၊ ဤအရာများတို့သည် ယခုဖြစ်သောလူများအပေါ်သို့ ရောက်ကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၂၃:၁၃-၃၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဖာရိရှဲတို့က ယေရှုကို ဆန့်ကျင်ခဲ့သည့် အကြောင်းရင်း၏ အရင်းအမြစ်ကို သင်တို့ သိလိုပါသလော။ ဖာရိရှဲတို့၏ အနှစ်သာရကို သင်တို့သိရှိရန် ဆန္ဒရှိသလော။ ၎င်းတို့သည် မေရှိယနှင့် ပတ်သက်သည့် စိတ်ကူးယဉ်မှုများနှင့် ပြည့်နှက်ခဲ့ကြသည်။ ထို့အပြင်၊ မေရှိယလာမည်ဟုသာ ၎င်းတို့ယုံကြည်ခဲ့ကြသော်လည်း၊ အသက် သမ္မာတရားကို မလိုက်စားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် အသက်၏လမ်းခရီးနှင့် သက်ဆိုင်သည့် အသိမရှိသကဲ့သို့၊ သမ္မာတရား၏လမ်းခရီးက မည်သည့်အရာဖြစ်သည်ကို မသိကြသည့်အတွက်၊ ယနေ့တွင်ပင် ၎င်းတို့သည် မေရှိယကို စောင့်ဆိုင်းဆဲဖြစ်၏။ ထိုသို့ မိုက်မဲသည့်၊ ခေါင်းမာပြီး မသိနားမလည်သော သူတို့သည် ဘုရားသခင်၏ ကောင်းချီး မင်္ဂလာကို ရရှိနိုင်မည်ဟု သင်တို့ မည်သို့ဆိုနိုင်မည်နည်း။ မေရှိယကို ၎င်းတို့ မည်သို့ ရှုမြင်နိုင်မည်နည်း။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှု ဦးတည်ရာကို မသိကြသောကြောင့်၊ ယေရှုပြောသည့် သမ္မာတရား၏လမ်းခရီးကို မသိကြသောကြောင့်၊ ထို့အပြင် မေရှိယကို ၎င်းတို့ နားမလည်ခဲ့ကြသောကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မေရှိယကို လုံးဝ မမြင်ဖူးကြသကဲ့သို့၊ မေရှိယနှင့် အဖော်ပြုခြင်း လုံးဝမရှိကြသည့်အတွက်၊ မေရှိယ၏ အနှစ်သာရကို ဖြစ်နိုင်သမျှ မည်သည့်နည်းနှင့်မဆို ဆန့်ကျင်နေစဉ်တွင် မေရှိယ၏ နာမမျှကိုသာ ဖက်တွယ်နေခြင်းတည်းဟူသော အမှားကို ပြုမိခဲ့ကြ၏။ ဤဖာရိရှဲတို့သည် အနှစ်သာရအားဖြင့် ခေါင်းမာကြသည်၊ မာနထောင်လွှားပြီး၊ သမ္မာတရားကို မနာခံခဲ့ကြချေ။ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း အခြေခံသဘောတရားမှာ- သင်၏ဟောပြောမှု မည်မျှ နက်နဲသည်‌ဖြစ်စေ၊ သင်၏ သြဇာအာဏာ မည်မျှ မြင့်မားသည်ဖြစ်စေ၊ မေရှိယဟု အခေါ်မခံရပါက သင်သည် ခရစ်တော်မဟုတ်ဟူ၍ ဖြစ်သည်။ ဤ

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

လူသားသည် ဖျက်ဆီးခြင်းခံပြီး စာတန်၏ ထောင်ချောက်တွင် အသက်ရှင်နေကြ၏။ လူတို့အားလုံးသည် ဇာတိပကတိ၌ အသက်ရှင်နေကြ၏။ အတ္တဆန်သော လိုအင်ဆန္ဒများဖြင့် အသက်ရှင်နေကြကာ ၎င်းတို့ထဲတွင် ငါနှင့်သဟဇာတဖြစ်သူ တစ်ဦးတစ်ယောက်မျှမရှိပေ။ ငါနှင့် သဟဇာတဖြစ်သည်ဟု ဆိုသူများရှိကြသော်လည်း ထိုကဲ့သို့သောသူတို့သည် ဝိုးတဝါးဖြစ်သောရုပ်တုဆင်းတုများကို ကိုးကွယ်ကြ၏။ ၎င်းတို့သည် ငါ၏နာမအား သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြသော်လည်း ငါနှင့်ဆန့်ကျင်သောလမ်းတွင် လျှောက်လှမ်းကြသည့်အပြင် ၎င်းတို့၏စကားများသည် မောက်မာမှု၊ မိမိကိုယ်ကိုယုံကြည်မှုများနှင့် ပြည့်နှက်လျက်ရှိ၏။ ဤသည်မှာ ၎င်းတို့အားလုံးသည် အခြေခံအားဖြင့် ငါ့ကိုဆန့်ကျင်ကြလျက် ငါနှင့်သဟဇာတမဖြစ်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့သည် သမ္မာကျမ်းစာထဲတွင် ငါ၏တစ်စွန်းတစ်စလက္ခဏာများကို နေ့စဉ်ရှာဖွေကာ၊ အလျဉ်းသင့်ရာ “သင့်တော်သည့်” ကျမ်းပိုဒ်များကို တွေ့ရှိကြလျက် အတောမသတ်ဖတ်ကြကာ သမ္မာကျမ်းပိုဒ်များအဖြစ် ရွတ်ဆိုကြ၏။ ထိုသူတို့သည် ငါနှင့်သဟဇာတဖြစ်ရန်နည်းလမ်းကို မသိကြပေ။ ငါ့ကို ဆန့်ကျင်ခြင်း၏ အနက်အဓိပ္ပာယ်ကိုလည်း မသိကြပေ။ ထို့အပြင် သမ္မာကျမ်းပိုဒ်များကို အကျိုးအကြောင်းမမြင်ဘဲသာ ဖတ်ကြ၏။ ကျမ်းစာထဲတွင် ၎င်းတို့ တစ်ခါမျှ မမြင်ဖူးသော၊ ၎င်းတို့မြင်နိုင်စွမ်းမရှိသော ဝိုးတဝါးဖြစ်သည့်ဘုရားသခင်တစ်ပါးကို ၎င်းတို့သည် ဘောင်ခတ်ထား၍ ၎င်းတို့အားလပ်သည့်အချိန်၌ ထုတ်ကြည့်ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာ၏ အတိုင်းအတာအတွင်း၌သာ ငါ၏တည်ရှိမှုကို ယုံကြည်ကြပြီး ငါ့ကို သမ္မာကျမ်းစာနှင့် တန်းတူထား၏၊ သမ္မာကျမ်းစာမရှိဘဲ ငါသည်မရှိ၊ ငါမရှိဘဲ သမ္မာကျမ်းစာမရှိ။ ၎င်းတို့သည် ငါ၏တည်ရှိခြင်း သို့မဟုတ် ငါ၏လုပ်ဆောင်ချက်များကို လုံးဝဂရုမစိုက်ကြဘဲ၊ ၎င်းအစား သမ္မာကျမ်းစာ၏စကားလုံးတိုင်းကို အလွန်အကျွံ အထူးဂရုပြုကြ၏။ ထို့အပြင် သမ္မာကျမ်းစာမှ ကြိုတင်ဟောကြားခြင်း မရှိပါက ငါလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမျှ မလုပ်သင့်ဟု သာ၍များပြားသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာကျမ်းစာကို အလွန်အကျွံ အရေးပေးကြ၏။ ၎င်းတို့သည် ငါပြောသည့် နှုတ်ကပတ်တော်တိုင်းကို အကဲဖြတ်ရန်နှင့် ငါ့ကို ပြစ်တင်ရှုတ်ချရန် သမ္မာကျမ်းစာမှ ကျမ်းပိုဒ်များကို အသုံးပြုသည်အထိ ကျမ်းစာထဲရှိ စကားလုံးများနှင့် ဖော်ပြချက်များကို အရေးကြီးလွန်းသည်ဟု မြင်ကြသည်ဟု ဆိုနိုင်၏။ ၎င်းတို့ရှာဖွေသည်မှာ ငါနှင့်သဟဇာတဖြစ်ရန် လမ်းမဟုတ်၊ သမ္မာတရားနှင့် သဟဇာတဖြစ်ရန် လမ်းလည်း မဟုတ်ဘဲ သမ္မာကျမ်းစာရှိစကားလုံးများနှင့် သဟဇာတဖြစ်ရန် လမ်းသာဖြစ်၍၊ သမ္မာကျမ်းစာနှင့် ကိုက်ညီခြင်းမရှိသည့် မည်သည့်အရာမဆိုသည် ခြွင်းချက်မရှိ ငါ၏အမှုမဟုတ်ဟု ၎င်းတို့ ယုံကြည်သည်။ ထိုကဲ့သို့သောလူတို့သည် ဖာရိရှဲများ၏ တာဝန်ကျေသော သားစဉ်မြေးဆက်များ မဟုတ်ပေဘူးလော။ ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလကယေရှုနှင့် သဟဇာတဖြစ်ရန် ကြိုးပမ်းခြင်း မပြုခဲ့ကြသော်လည်း၊ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက်၊ အဆုံးတွင် ကားစင်တင်သည့်အထိ ပညတ်တရားကို ဝီရိယရှိစွာ အတိအကျလိုက်နာခဲ့၏။ ၎င်းတို့၏ပင်ကိုသဘာဝကား အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားနှင့် သဟဇာတဖြစ်သည့်လမ်းကို မရှာဖွေခဲ့ခြင်း မဟုတ်သလော။ ၎င်းတို့သည် သမ္မာကျမ်းစာ၏စကားလုံး တစ်လုံးချင်းစီအပေါ် စွဲလမ်းခဲ့ကြသော်လည်း ငါ၏အလိုဆန္ဒသော်လည်းကောင်း ငါ့အမှု၏အဆင့်များနှင့် နည်းလမ်းများကိုသော်လည်းကောင်း လုံးဝဂရုပြုခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေခဲ့ကြသူများ မဟုတ်ဘဲ စကားလုံးများကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ခဲ့ကြသူများဖြစ်ခဲ့၏။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အဓိကအားဖြင့် ၎င်းတို့သည် ကျမ်းစာကို စောင့်ကြပ်သူများ ဖြစ်ခဲ့ကြ၏။ သမ္မာကျမ်းစာ၏အကျိုးစီးပွားတို့ကို ကာကွယ်ရန်၊ သမ္မာကျမ်းစာ၏ဂုဏ်ကို ထိန်းသိမ်းထားရန်နှင့် သမ္မာကျမ်းစာ၏ ဂုဏ်သတင်းကို ကာကွယ်ရန်၊ ၎င်းတို့သည် ကရုဏာရှင်ယေရှုကို ကားစင်တင်သည်အထိ ပြုခဲ့ကြ၏။ ၎င်းတို့သည် သမ္မာကျမ်းစာကို ကာကွယ်ရုံအတွက်နှင့် လူတို့၏နှလုံးသားတွင် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ အနေအထားကို ထိန်းသိမ်းထားရန်အတွက်သာ ဤသို့ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာကျမ်းစာ၏ အယူဝါဒနှင့် ကိုက်ညီခြင်းမရှိခဲ့သော ယေရှုအား သေဒဏ်ချမှတ်ရေးအတွက် ၎င်းတို့၏အနာဂတ်နှင့် အပြစ် ဖြေရာယဇ်တို့ကို စွန့်ပယ်ရန် ပိုမိုလိုလားခဲ့ကြ၏။ ထိုသူတို့သည် သမ္မာကျမ်းစာ၏ စကားလုံးတိုင်း၏ လက်ပါးစေများ ဖြစ်ခဲ့သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

ယေရှုအပေါ် ဖာရိရှဲတို့၏ ဝေဖန်ခြင်း

ရှင်မာကု ၃:၂၁-၂၂ ကိုယ်တော်၏ အဆွေအမျိုးတို့သည် ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှါ ထွက်သွားကြ၏။ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။

ဖာရိရှဲများကို ယေရှု ပြစ်တင်မောင်းမဲခြင်း

ရှင်မဿဲ ၁၂:၃၁-၃၂ ထိုကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။

............

သမ္မာကျမ်းစာတွင်၊ ယေရှုကိုယ်တိုင်နှင့် သူ လုပ်ဆောင်ခဲ့သည့် အရာများနှင့်ဆိုင်သည့် ဖာရိရှဲတို့၏ သုံးသပ်ချက်မှာ- “...သူသည် အရူးဖြစ်၏ဟုဆို၍...သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။” (ရှင်မာကု ၃:၂၁-၂၂) ဟူ၍ ဖြစ်သည်။ သခင်ယေရှုကို ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့၏ ဝေဖန်မှုက အခြားလူတို့၏ စကားများကို အတုခိုးနေခြင်းမျှသာ မဟုတ်သကဲ့သို့၊ အခြေအမြစ် မရှိသော ထင်မြင်ချက် မဟုတ်ခဲ့ပေ- ယင်းသည် သူ၏လုပ်ဆောင်ချက်များနှင့် သက်ဆိုင်၍ ၎င်းတို့ မြင်ခဲ့ရပြီး ကြားခဲ့ရသည့်အရာမှလာသော သခင်ယေရှုနှင့်ပတ်သက်သည့် ၎င်းတို့ ကောက်ချက်ချခြင်း ဖြစ်သည်။ ၎င်းတို့၏ ကောက်ချက်သည် အပြင်ပန်းအားဖြင့် တရားမျှတမှုအရ ချမှတ်ထားပြီး လူတို့အဖို့ အခြေအမြစ် ရှိသည့်အလား ထင်ရသော်လည်း၊ သခင်ယေရှုကို ၎င်းတို့ အကဲဖြတ်ဝေဖန်သော မာနထောင်လွှားမှုသည် သူတို့အတွက်ပင် ချုပ်တည်းရန် ခက်ခဲခဲ့ပေသည်။ သခင်ယေရှုအတွက် ၎င်းတို့၏ ထိန်းမနိုင်သိမ်းမရသော အမုန်းစွမ်းအားသည် ၎င်းတို့၏ ကိုယ်ပိုင် ရိုင်းစိုင်းသောရည်မှန်းချက်များနှင့် ၎င်းတို့၏ ဆိုးယုတ်သော စာတန်သဘောပါဝင်သော မျက်နှာရိပ် မျက်နှာကဲများအပြင် ဘုရားသခင်ကို ဆန့်ကျင်သည့် ၎င်းတို့၏ မလိုမုန်းထားသော သဘာဝကို မြင်သာအောင်ပြလေသည်။ သခင်ယေရှုအပေါ် ၎င်းတို့၏ အကဲဖြတ်ဝေဖန်ခြင်းတွင် ၎င်းတို့ပြောသည့် ဤအရာများသည် ၎င်းတို့၏ ရိုင်းစိုင်းသော ရည်မှန်းချက်များ၊ မနာလိုမှုနှင့် ဘုရားသခင်နှင့် သမ္မာတရား အပေါ် ၎င်းတို့၏ ရန်လိုမှုနှင့်ဆိုင်သည့် အကျည်းတန်ပြီး မလိုမုန်းထားသော သဘာဝဖြင့် လှုံ့ဆော်ခံရခြင်း ဖြစ်ပေသည်။ သခင်ယေရှု၏ လုပ်ဆောင်ချက်များ၏ အရင်းအမြစ်ကို ၎င်းတို့ မစုံစမ်းမစစ်ဆေးခဲ့သကဲ့သို့၊ သူပြောဆိုပြီး လုပ်ဆောင်ခဲ့သည့် အရာ၏ အနှစ်သာရကိုလည်း ၎င်းတို့ မစုံစမ်းမစစ်ဆေးခဲ့ကြချေ။ ယင်းထက် ၎င်းတို့သည် သူလုပ်ဆောင်ခဲ့သောအရာတို့ကို ထိန်းမနိုင်ချုပ်မရသော စိတ်လှုပ်ရှားသည့် အခြေအနေတစ်ခုတွင် ၎င်းတို့သည် ကျိုးကြောင်းမမြင်စွာနှင့် တမင်အငြိုးဖြင့် သူ လုပ်ဆောင်ခဲ့ပြီးသည့်အရာကို တိုက်ခိုက်ခဲ့ကြကာ သိက္ခာ ချခဲ့ကြသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် တစ်ဖြစ်လဲ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်သည့် သူ၏ ဝိညာဉ်ကို စိတ်လိုလက်ရ သိက္ခာချသည်အထိ လုပ်ဆောင် ခဲ့ကြသည်။ ဤသည်မှာ ၎င်းတို့က၊ “သူသည် အရူးဖြစ်၏”၊ “ဗေလဇေဗုလ” နှင့် “နတ်ဆိုးမင်း” ဟု ပြောခဲ့ကြချိန်တွင် ၎င်းတို့ ဆိုလိုသည့်အရာ ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဗေလဇေဗုလဖြစ်ပြီး နတ်ဆိုးမင်းဖြစ်သည်ဟု ၎င်းတို့ ပြောခဲ့ကြခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် လူ့ဇာတိဖြင့် ယူတင်ဝတ်ဆင်ခဲ့ပြီးဖြစ်သည့် ဘုရားသခင်၏ လူ့ဇာတိခံ ဝိညာဉ်တော်၏ အမှုကို ရူးသွပ်ခြင်းဟု ၎င်းတို့က ဖော်ပြကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ဗေလဇေဗုလနှင့် နတ်ဆိုးမင်းအဖြစ် ပြစ်မှားစော်ကားခဲ့ရုံသာမက၊ ဘုရားသခင်၏ အမှုတော်ကိုလည်း ရှုတ်ချခဲ့ကြပြီး သခင်ယေရှုခရစ်တော်ကိုလည်း ရှုတ်ချကာ ပြစ်မှားစော်ကားခဲ့ကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ဆန့်ကျင်ခြင်းနှင့် ပြစ်မှားစော်ကားခြင်း၏ အနှစ်သာရမှာ စာတန်နှင့် နတ်ဆိုးများ၏ ဘုရားသခင်ပေါ် ဆန့်ကျင်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့၏ အနှစ်သာရနှင့် လုံးဝ တူညီလေသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူသားများကို ကိုယ်စားပြုရုံသာမက စာတန်၏ ပြယုဂ်ပင် သာ၍ ဖြစ်ကြသည်။ သူတို့သည် လူသားမျိုးနွယ်အလယ် စာတန်အတွက် လမ်းကြောင်း တစ်ခုဖြစ်သကဲ့သို့၊ စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများ ဖြစ်ကြသည်။ သခင်ယေရှုခရစ်တော်အပေါ် ၎င်းတို့၏ ပြစ်မှားစော်ကားခြင်းနှင့် ဂုဏ်သရေဖျက်ခြင်းတို့၏ အနှစ်သာရသည် အဆင့်အတန်းအတွက် ၎င်းတို့၏ ရုန်းကန်မှု၊ ဘုရားသခင်နှင့် ပြိုင်ဆိုင်မှုနှင့် ဘုရားသခင်ကို ၎င်းတို့၏ အဆက်မပြတ် စမ်းသပ်ခြင်းတို့ ဖြစ်ကြသည်။ ဘုရားသခင်အပေါ် ၎င်းတို့ဆန့်ကျင်ခြင်း၏ အနှစ်သာရနှင့် သူ့အပေါ် ရန်လိုမှုနှင့် သက်ဆိုင်သည့် ၎င်းတို့၏ သဘောထားအပြင်၊ ၎င်းတို့၏ စကားလုံးများနှင့် သူတို့၏ အတွေးများသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို တိုက်ရိုက် ပြစ်မှားစော်ကားပြီး အမျက်ထွက်စေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ ပြောခဲ့ပြီး လုပ်ဆောင်ခဲ့သည့်အရာအပေါ် အခြေခံ၍ ယုတ္တိတန်သော တရားစီရင်မှုကို သတ်မှတ်ခဲ့ပြီး၊ ၎င်းတို့၏ လုပ်ဆောင်ချက်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင် ပြစ်မှားစော်ကားခြင်း အပြစ်အဖြစ် သတ်မှတ်ခဲ့သည်။ ဤအပြစ်သည် ဤဘဝနှင့် နောင်ဘဝ နှစ်ခုလုံး၌ ခွင့်လွှတ်၍ မရနိုင်ပေ၊ အောက်ပါကျမ်းပိုဒ်၌ သက်သေပြထားသကဲ့သို့ပင် ဖြစ်သည်၊ “...ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်း အခွင့်ကို လူတို့သည် မရနိုင်ကြ” နှင့် “...သန့်ရှင်းသော ဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝ နောင်ဘဝ၌ မလွှတ်နိုင်။”

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဣသရေလတွင် “ဖာရိရှဲ” ဆိုသည်မှာ ဂုဏ်ပုဒ် အမျိုးအစားတစ်ခုဖြစ်ခဲ့သည်။ ယခုအခါတွင် အဘယ်ကြောင့် သမုတ်သည့် အမည်တစ်ခု ဖြစ်လာသနည်း။ ဤသည်မှာ ဖာရိရှဲတို့သည် လူ အမျိုးအစားတစ်ခုကို ကိုယ်စားပြုသူများ ဖြစ်လာသောကြောင့် ဖြစ်သည်။ ဤ လူအမျိုးအစား၏ စရိုက်လက္ခဏာများမှာ အဘယ်နည်း။ ၎င်းတို့သည် ဆောင်ပုဒ်တို့ကို ကြွေးကြော်ကြပြီး ကြီးကျယ်သော စကားအသုံးအနှုန်းတို့ကို အသုံးပြုကြသည်။ ၎င်းတို့သည် ဟန်ဆောင်ခြင်း၊ ထင်ပေါ်အောင်ပြုလုပ်ခြင်း၊ မိမိတို့၏ စရိုက်အစစ်အမှန်ကို ဖုန်းကွယ်ခြင်းတို့တွင် ကျွမ်းကျင်ကြပြီး အလွန် မြင့်မြတ်မှု၊ သန့်ရှင်းမှု၊ ဖြောင့်မတ်မှု၊ တရားမျှတမှုနှင့် ဂုဏ်သိက္ခာတို့ကို ဟန်ဆောင်ပြကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် သမ္မာတရားကို နည်းနည်းမျှ လက်တွေ့မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မည်သို့ ပြုမူကြသနည်း။ ၎င်းတို့သည် ကျမ်းစာဖတ်ကြသည်။ တရားဟောကြသည်။ အခြားလူများကို ကောင်းမှုလုပ်ဖို့၊ မကောင်းမှု မလုပ်ဖို့၊ ဘုရားသခင်ကို အာမခံဖို့ သင်ကြားကြသည်။ ၎င်းတို့သည် အခြားလူများရှေ့တွင် နားဝင်ချိုသော စကားများကိုပြောပြီး ကောင်းစွာပြုမူနေထိုင်ကြသော်လည်း သူတို့၏နောက်ကွယ်တွင် လှူဖွယ်ပစ္စည်းများကို ခိုးယူကြသည်။ သခင်ယေရှုက သူတို့သည် “ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ ရေကို စစ်လျက်နှင့် ကုလားအုပ်ကိုမျိုကြ၏” ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ၎င်းတို့၏ အပြုအမူအားလုံးသည် အပေါ်ယံတွင် ကောင်းသည်ဟု ထင်မြင်ရသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ကြသည်။ မြင့်မြတ်သော သဘောတရားများကို ပြောဆိုကြပြီး၊ ၎င်းတို့၏ စကားများသည် နားဝင်ချိုသည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်တို့သည် ပရမ်းပတာ အရှုပ်အထွေးတစ်ခုဖြစ်ပြီး ဘုရားသခင်အား လုံး၀ အာခံလေသည်။ ၎င်းတို့၏ အပြုအမူများနှင့် အပြင်ပန်း အသွင်သဏ္ဍန်အားလုံးသည် အယောင်အဆောင်၊ အလိမ်အညာများသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို သို့မဟုတ် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်း နည်းနည်းမျှ မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို စိတ်ကုန်နေကြသည်။ ဘုရားသခင်ဆီမှ လာသောအရာအားလုံးကို စိတ်ကုန်နေကြပြီး၊ အပြုသဘောဆောင်သောအရာများကို စိတ်ကုန်နေကြသည်။ ၎င်းတို့သည် မည်သည့်အရာကို ချစ်ကြသနည်း။ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ချစ်ကြသလော။ (မချစ်ပါ။) ဤအရာများကို သူတို့မချစ်ဟု မည်သို့ပြောနိုင်သနည်း။ (သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကိုဖြန့်သော်လည်း၊ ယင်းကို လက်ခံဖို့ သူတို့ ငြင်းပယ်ရုံသာမက၊ ရှုတ်လည်း ရှုတ်ချကြသည်။) ၎င်းတို့ မရှုတ်ချခဲ့ကြလျှင်၊ သင်တို့ သိနိုင်မည်လော။ သခင်ယေရှုသည် အမှုတော်ဆောင်ရွက်ရန် ကြွမလာစဉ်က သူတို့သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို မချစ်မြတ်နိုးခဲ့ ဆိုသည်ကို မည်သည့်အရာက သင်တို့ကို ပြောပြနိုင်ခဲ့မည်နည်း။ သင်တို့ သိနိုင်မည်မဟုတ်ပေ။ သိနိုင်မည်လော။ ၎င်းတို့၏ အပြုအမူအားလုံးသည် အယောင်ဆောင်ခြင်းဖြစ်ပြီး၊ အခြားလူများ၏ ယုံကြည်မှုကို လှည့်ဖြားရယူရန်အတွက် ဤသို့ ကောင်းစွာနေထိုင်ပြုမူသည့် အယောင်ဆောင်မှုကို အသုံးပြုကြသည်။ ဤသည်မှာ ကြောင်သူတော်ဖြစ်ပြီး လှည့်စားမှု မဟုတ်သလော။ ဤသို့သော လှည့်ဖြားသူများသည် သမ္မာတရားကို ချစ်မြတ်နိုးနိုင်သလော။ ၎င်းတို့၏ ဤ ကောင်းသော အပြုအမူ၏ လျှို့ဝှက်ရည်ရွယ်ချက်သည် အဘယ်နည်း။ ၎င်းတို့၏ ရည်ရွယ်ချက်တွင် တစ်ပိုင်းမှာ တခြားသူများကို လိမ်လည်ရန်ဖြစ်သည်။ အခြားတစ်ပိုင်းမှာ အခြားသူများကို သူတို့အား လှည့်စားရန်၊ မိမိဘက်ပါစေရန်၊ မိမိကို ကိုးကွယ်ကြစေရန်နှင့် အဆုံးတွင် ဆုလာဘ်များ ရရှိရန်အတွက် ဖြစ်သည်။ ဤသို့ ကြီးမားသည့် လိမ်လည်မှုမျိုးကို အောင်မြင်စွာ လုပ်ဆောင်ရန်အတွက် ၎င်းတို့၏ နည်းလမ်းများသည် မည်မျှပါးနပ်ရမည်နည်း။ ဤသို့ဆိုလျှင် ဤသို့သောလူတို့သည် တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို ချစ်ကြသလော။ မချစ်ကြပေ။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို ချစ်ကြသည်။ ကျော်ကြားမှုနှင့် စည်းစိမ်ချမ်းသာတို့ကို ချစ်ကြပြီး၊ ဆုလာဘ်များကို လက်ခံရရှိလိုကြသည်။ လူများအတွက် ဘုရားသခင်၏ လမ်းပြသည့် နှုတ်ကပတ်တော်များကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ကြသလော။ လုံး၀ မလုပ်ဆောင်ကြပေ။ ထိုအရာများအတိုင်း အသက်ရှင်နေထိုင်ခြင်း နည်းနည်းမှ မရှိပေ။ ၎င်းတို့သည် လူတို့ကို အကွက်ဆင်ပြီး မိမိဘက် ပါစေရန်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်အဆင့်အတန်းကို ထောက်ပံ့ထားရန်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင် နာမည်ကောင်းကို ပံ့ပိုးထားရန်လည်းကောင်း သူတို့ကိုယ်သူတို့ အယောင်ဆောင်ကာ ထင်ပေါ်အောင်သာ ပြုလုပ်ကြသည်။ ဤအရာများ လုံခြုံစိတ်ချရသည်နှင့် တစ်ပြိုင်နက်၊ ဓနဥစ္စာနှင့် ဝင်ငွေရရှိသည့် အရင်းအမြစ်တစ်ခုကို ရယူရန်အတွက် ဤအရာတို့ကို အသုံးပြုကြသည်။ ဤသည်မှာ ရွံရှာစက်ဆုပ်ဖွယ် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့လုပ်ဆောင်ခြင်း မရှိသည့်အတွက် သမ္မာတရားကို မချစ်မြတ်နိုးခြင်းမှာ ၎င်းတို့၏ အနှစ်သာရဖြစ်သည် ဆိုသည်ကို ၎င်းတို့၏ ဤ အပြုအမူများအားလုံးတွင် မြင်နိုင်ပေသည်။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း မရှိဆိုသည့် လက္ခဏာမှာ အဘယ်နည်း။ ဤသည်မှာ အကြီးမားဆုံး လက္ခဏာဖြစ်သည်- သခင်ယေရှုသည် အမှုတော်ဆောင်ရွက်ရန် ကြွလာပြီး သူပြောသမျှသည် မှန်ကန်သည်။ သူပြောသမျှသည် သမ္မာတရားဖြစ်သည်။ ဤအရာကို ၎င်းတို့ မည်သို့ ခံယူခဲ့ကြသနည်း။ (လက်မခံခဲ့ကြပါ။) ၎င်းတို့သည် သခင်ယေရှု၏ နှုတ်ကပတ်တော်တို့ကို လက်မခံခဲ့သည်မှာ ထို နှုတ်ကပတ်တော်တို့သည် မှားယွင်းနေသည်ဟု ယုံကြည်ကြ၍လော၊ သို့မဟုတ် မှန်ကန်သည်ဟုသိလျက်နှင့် လက်မခံကြခြင်းလော။ (မှန်ကန်သည်ဟု သိလျက်နှင့် လက်မခံကြခြင်း ဖြစ်ပါသည်။) မည်သည့်အရာက ဤသည်ကို ဖြစ်စေသနည်း။ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြ။ ထို့အပြင် အပြုသဘောဆောင်သော အရာများကို မုန်းတီးကြသည်။ သခင်ယေရှု ပြောခဲ့သည့်အရာအားလုံးတို့သည် မှန်ကန်ပြီး အမှားတစ်ခုမျှ မပါရှိပေ။ ပြီးလျှင် သခင်ယေရှုကို ဆန့်ကျင်ရာ၌ အသုံးပြုရန်အတွက် သူ၏ နှုတ်ကပတ်တော်များထဲတွင် မည်သည့်အမှားကိုမျှ ၎င်းတို့ ရှာမတွေ့နိုင်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် “သူသည် လက်သမားသား မဟုတ်လော။” ဟူ၍ ဆိုခဲ့ကြသည်။ သခင်ယေရှုကို ဆန့်ကျင်ရာ၌ အသုံးပြုရန်အတွက် သူ၏ နှုတ်ကပတ်တော်များထဲတွင် အမှားများကို ရှာဖွေရန် ပြုလုပ်ခဲ့ကြသော်လည်း တစ်ခုမျှ ရှာမတွေ့နိုင်ခဲ့ကြ၊ သခင်ယေရှုကို ၎င်းတို့ ရှုတ်ချခဲ့ကြပြီးနောက်၊ လျှို့ဝှက်ပြီး ပူးပေါင်းကြံစည်ခဲ့ကြသည်။ “သူ့ကို ကားစင်တင်ပါ။ သူ့ဘက် ပါမလား၊ ဒို့ဘက် ပါမလား။” ဟူ၍ ဆိုခဲ့ကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် သခင်ယေရှုနှင့် ဆန့်ကျင်ခဲ့ကြသည်။ သခင်ယေရှုသည် သခင်ဖြစ်သည်ဟု ၎င်းတို့ မယုံကြည်ခဲ့ကြသော်လည်း သူသည် လောကီပညတ်ကို မချိုးဖောက်ခဲ့သလို ယေဟောဝါ၏က ပညတ်တို့ကိုလည်း မချိုးဖောက်သော ကောင်းသောသူတစ်ယောက် ဖြစ်သည်။ သခင်ယေရှုကို ၎င်းတို့ အဘယ်ကြောင့် ရှုတ်ချခဲ့ကြသနည်း။ သခင်ယေရှုကို အဘယ်ကြောင့် ဤသို့ ဆက်ဆံခဲ့ကြသနည်း။ ဤသူတို့သည် မည်မျှ ကောက်ကျစ်ပြီး မလိုမုန်းထားစိတ်ရှိသည် ဆိုသည်ကို မြင်နိုင်သည်။ ၎င်းတို့သည် အလွန်အမင်း ဆိုးယုတ်ကြလေတကား။ ဖာရိရှဲတို့ ဖော်ပြသော ဆိုးယုတ်သည့် အသွင်အပြင်သည် ၎င်းတို့၏ အယောင်ဆောင် ကြင်နာမှုနှင့် အလွန်အမင်း ကွာခြားပေသည်။ မည်သည့်အရာက ၎င်းတို့၏ အသွင်အပြင် အစစ်အမှန်ဖြစ်ပြီး မည်သည့်အရာက မုသားဖြစ်သည် ဆိုသည်ကို ခွဲခြားသိမြင်ခြင်း မရှိနိုင်သည့်သူများ များစွာ ရှိသည်။ သို့သော် သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့သည် ၎င်းတို့အားလုံးကို ထုတ်ဖော်ပြခဲ့သည်။ ဖာရိရှဲတို့သည် မိမိတို့ကို မည်မျှကောင်းစွာ ရုပ်ဖျက်ကြပါစေ၊ အပြင်ပန်းတွင် ၎င်းတို့ မည်မျှ ကြင်နာသည့်ပုံပေါက်ပါစေ- အဖြစ်မှန်များကို မထုတ်ဖော်ခဲ့လျှင်၊ ၎င်းတို့ကို အရှိအတိုင်း မည်သူမျှ မြင်နိုင်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ဖာရိရှဲများ၏ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့်ဆိုင်သော အဓိကသရုပ်သကန်မှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် ကျမ်းစာကိုသာ လေ့လာခဲ့ကြပြီး သမ္မာတရားကို မရှာဖွေခဲ့ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်ရှုသည့်အခါ၊ ၎င်းတို့ဆုမတောင်းခဲ့ကြ၊ သို့မဟုတ် မရှာဖွေခဲ့ကြပေ။ ထိုအစား၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခဲ့ကြသည်၊ ဘုရားသခင် ပြောဆိုလုပ်ကိုင်သည့် အရာများကို လေ့လာခဲ့ကြပြီး၊ ထိုသို့လျှင် သူ၏နှုတ်ကပတ်တော်များကို သီအိုရီအမျိုးအစားတစ်ခုအဖြစ်သို့၊ အခြားသူများကို ၎င်းတို့သွန်သင်ခဲ့ကြသည့် အယူဝါဒတစ်ခုအဖြစ်သို့ ပြောင်းခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လေ့လာခြင်းဟု ဆိုသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့အဘယ်ကြောင့် ထိုသို့လုပ်ခဲ့ကြသနည်း။ ၎င်းတို့လေ့လာခဲ့ကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ အမြင်တွင်၊ ဤသည်တို့မှာ သမ္မာတရားဖြစ်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမဟုတ်၊ ဘုရားသခင်၏ ဖော်ပြချက်များ မဟုတ်ဘဲ၊ ထိုအစား သိကျွမ်းတတ်မြောက်မှုပုံစံတစ်ခု ဖြစ်သည်။ ၎င်းတို့၏ အမြင်တွင် ထိုသို့သော သိကျွမ်းတတ်မြောက်မှုကို လက်ဆင့်ကမ်းသင့်သည်၊ ယင်းကို ပျံ့နှံ့စေသင့်ပြီး၊ ဤအရာသည်သာ ဘုရားသခင်၏ လမ်းခရီးနှင့် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း ဖြစ်လေမည်ဖြစ်သည်။ ဤသည်မှာ “တရားဟောခြင်း” ဟု ၎င်းတို့ခေါ်ဆိုသည့်အရာဖြစ်ပြီး၊ ၎င်းတို့ဟောသည့် တရားဒေသနာသည် ဓမ္မပညာဖြစ်သည်။

...ဖာရိရှဲများသည့် ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် ဓမ္မပညာနှင့် သီအိုရီတို့ကို အသိပညာအမျိုးအစားတစ်ခုကဲ့သို့၊ လူတို့ကို ရှုတ်ချခြင်းနှင့် ၎င်းတို့ မှားသည်၊ မှန်သည်ကို တိုင်းတာခြင်းအတွက် တန်ဆာပလာတစ်ခုကဲ့သို့ သဘောထားခဲ့ကြသည်။ ၎င်းတို့သည် ယင်းကို သခင်ယေရှုအပေါ်တွင်ပင် အသုံးပြုခဲ့ကြသည်- ယင်းမှာ သခင်ယေရှု ရှုတ်ချခံခဲ့ရပုံ ဖြစ်သည်။ ၎င်းတို့၏ လူတို့ကို အကဲဖြတ်ချက်နှင့် ထိုလူတို့ကို ၎င်းတို့ဆက်ဆံခဲ့ကြသည့် နည်းလမ်းသည် ထိုလူတို့စကားများ၏ အရင်းအမြစ်၊ သို့မဟုတ် ဇာစ်မြစ်အပေါ် မဆိုထားနှင့်၊ ထိုလူတို့၏ အနှစ်သာရအပေါ်၊ သို့မဟုတ် ထိုလူတို့ပြောသည့်အရာ မှားသည်၊ မှန်သည်ဆိုသည့်အရာအပေါ်တွင် မည်သည့်အခါတွင်မျှ အခြေမခံခဲ့ပေ။ ၎င်းတို့သည် လူတို့အား ၎င်းတို့ ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် အလျှော့မပေးသော စကားများနှင့် အယူဝါဒများအပေါ်တွင် အခြေခံ၍သာ ရှုတ်ချကာ အကဲဖြတ်ခဲ့ကြသည်။ ထို့ကြောင့် ဤဖာရိရှဲတို့က သခင်ယေရှု လုပ်ဆောင်ခဲ့သည့်အရာမှာ အပြစ်တစ်ခု မဟုတ်သကဲ့သို့ ပညတ်တရားကို ဆန့်ကျင်ခြင်းမရှိခဲ့သည်ကို သိခဲ့ကြသော်လည်း၊ သခင်ယေရှုပြောခဲ့သည့်အရာမှာ ၎င်းတို့ကျွမ်းကျင်ပိုင်နိုင်ခဲ့ပြီးဖြစ်သည့် အသိပညာနှင့် သိကျွမ်းတတ်မြောက်မှု၊ ၎င်းတို့အသေးစိတ်ရှင်းပြခဲ့ကြသည့် ဓမ္မပညာဆိုင်ရာ သီအိုရီနှင့် သဘောကွဲလွဲပုံရသောကြောင့်၊ သူ့ကို ၎င်းတို့ရှုတ်ချဆဲဖြစ်ခဲ့သည်။ ပြီးလျှင် ဖာရိရှဲတို့သည် ဤစကားများနှင့် စကားရပ်များနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်သဘောပေါက်မှုကို အလျှော့ပေးကြမည်မဟုတ်၊ ၎င်းတို့သည် ဤအသိပညာကို ဖက်တွယ်ထားပြီး လက်လွှတ်ကြမည် မဟုတ်ပေ။ အဆုံးတွင် ဖြစ်နိုင်ဖွယ်ရှိသည့် တစ်ခုတည်းသော ရလဒ်မှာ အဘယ်နည်း။ သခင်ယေရှု ပြောခဲ့သည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကို ၎င်းတို့အသိအမှတ်ပြုရန် မဆိုထားနှင့်၊ သခင်ယေရှုသည် ကြွလာမည့် မေရှိယဖြစ်ကြောင်း၊ သို့မဟုတ် သခင်ယေရှုလုပ်ဆောင်ခဲ့သည့် အရာသည် သမ္မာတရားနှင့် ကိုက်ညီကြောင်းကိုပင် ၎င်းတို့အသိအမှတ်ပြုမည် မဟုတ်ပေ။ သခင်ယေရှုကို ရှုတ်ချဖို့ အထောက်အထားမခိုင်လုံသော စွဲချက်အချို့ကို ၎င်းတို့ရှာတွေ့ခဲ့ကြသည်- သို့သော်၊ စင်စစ်အားဖြင့် သူ့ကို ၎င်းတို့ရှုတ်ချခဲ့ကြသည့် အပြစ်များက ခိုင်လုံသည်၊ မခိုင်လုံသည်ကို ၎င်းတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့သိခဲ့ကြသလော။ သိခဲ့ကြ၏။ သို့ဆိုလျှင် သူ့ကို ၎င်းတို့က အဘယ်ကြောင့် ထိုသို့ရှုတ်ချဆဲ ဖြစ်ခဲ့သနည်း။ (၎င်းတို့၏စိတ်ထဲမှ မြင့်မားပြီး တန်ခိုးကြီးမားသော ဘုရားသခင်မှာ သခင်ယေရှု၊ ဤသာမန်လူသားတော်တစ်ဦး၏ ပုံသဏ္ဌာန် ဖြစ်နိုင်လေသည်ကို ၎င်းတို့မယုံကြည်ချင်ခဲ့ကြပါ။) ဤအမှန်တရားကို ၎င်းတို့ လက်မခံချင်ခဲ့ကြပေ။ ဤအရာကို လက်မခံဘဲ ၎င်းတို့ငြင်းပယ်ရခြင်း၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်ခဲ့သနည်း။ ဤအရာတွင် ဘုရားသခင်ကို အကျိုးသင့်အကြောင်းသင့်ပြောဖို့ ကြိုးစားခြင်းနှင့်ဆိုင်သည့် တစ်စုံတစ်ရာ မရှိခဲ့သလော။ ၎င်းတို့ဆိုလိုခဲ့သည်မှာ၊ “ဘုရားသခင်သည် ယင်းကို လုပ်ဆောင်နိုင်မည်လား။ ဘုရားသခင် လူ့ဇာတိခံယူခဲ့ပါက၊ သူသည် ကျော်ကြားသောမျိုးရိုးမှ ဧကန်မုချ မွေးဖွားရမည်။ ထို့အပြင်၊ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့၏ သင်ပြမှုကို သူလက်ခံရမည်၊ ဤအသိပညာကို သင်ယူရမည်ဖြစ်ပြီး ကျမ်းစာကို များစွာဖတ်ရှုရမည်ဖြစ်သည်။ ဤအသိပညာကို သူပိုင်ဆိုင်သည့်နောက်တွင်သာ ‘လူ့ဇာတိခံယူခြင်း’ ဟူသည့် အမည်နာမကို သူခံယူနိုင်သည်” ဟူ၍ ဖြစ်သည်။ ပထမဦးစွာ ၎င်းတို့က သင်သည် ထိုသို့အရည်အချင်း မပြည့်မီသောကြောင့်၊ သင်သည် ဘုရားသခင်မဟုတ်။ ဒုတိယအနေဖြင့်၊ ဤအသိပညာမရှိဘဲနှင့် ကိုယ်တော်သည် ဘုရားသခင် ဖြစ်နိုင်ဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုကို ကိုယ်တော်မလုပ်ဆောင်နိုင်။ တတိယအနေဖြင့်၊ ကိုယ်တော်သည် ဗိမာန်တော်ပြင်ပတွင် အမှုမပြုနိုင်- ယခု ကိုယ်တော်သည် ဗိမာန်တော်ထဲတွင် မဟုတ်၊ ကိုယ်တော်သည် အပြစ်သားများအလယ်တွင် အမြဲရှိသည်၊ ထို့ကြောင့် ကိုယ်တော်ပြုသည့်အမှုသည် ဘုရားသခင်၏အမှုနယ်ပယ် အလွန်တွင် ရှိသည်ဟူ၍ ယုံကြည်ကြလေသည်။ ၎င်းတို့ရှုတ်ချခြင်း၏ အခြေခံအကြောင်းရင်းသည် မည်သည့်နေရာမှ လာသနည်း။ သမ္မာကျမ်းစာမှ၊ လူသား၏စိတ်မှ၊ ပြီးလျှင် ၎င်းတို့ လက်ခံရရှိထားသည့် ဓမ္မပညာဆိုင်ရာ ပညာရေးမှ ဖြစ်သည်။ ၎င်းတို့သည် အယူအဆများ၊ စိတ်ကူးထင်မြင်မှုများနှင့် အသိပညာများဖြင့် ပြည့်လျှမ်းနေကြသောကြောင့်၊ ဤအသိပညာသည် မှန်ကန်ရမည်၊ သမ္မာတရားဖြစ်ရမည်၊ အခြေခံအကြောင်းရင်း ဖြစ်ရမည်ဖြစ်ပြီး မည်သည့်အချိန်တွင်မျှ ဤအရာများကို ဘုရားသခင် ဆန့်ကျင်မည်မဟုတ်ဟု ယုံကြည်ခဲ့ကြသည်။ သမ္မာတရားကို ၎င်းတို့ ရှာဖွေခဲ့ကြသလော။ မရှာဖွေခဲ့ကြပေ။ ၎င်းတို့ရှာဖွေခဲ့ကြသည်မှာ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးထင်မြင်မှုများ၊ ပြီးလျှင် ၎င်းတို့၏ ကိုယ်ပိုင်အတွေ့အကြုံများဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ်ဖွင့်ဖို့နှင့် သူမှန်သည်၊ မှားသည်ကို ဆုံးဖြတ်ဖို့ရန် ဤအရာများကို အသုံးပြုဖို့ ကြိုးစားခဲ့ကြသည်။ ဤအရာ၏ နောက်ဆုံးရလဒ်မှာ အဘယ်အရာ ဖြစ်ခဲ့သနည်း။ ၎င်းတို့သည် ဘုရားသခင်၏အမှုကို ရှုတ်ချခဲ့ကြပြီး သူ့ကို ကားတိုင်တွင် သံမှိုဆွဲရိုက်ခဲ့ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၇- ၎င်းတို့သည် ဆိုးယုတ်ကာ တစိမ့်စိမ့်နှင့် အန္တရာယ်ပေးတတ်ပြီး လှည့်စားတတ်သည် (အပိုင်း ၃)

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “ယေဟောဝါ၏” ဟူသည့် စကားလုံး မပါဝင်ပါ။

အရှေ့သို့- ၂။ ကျွန်ုပ်တို့ နားလည်ကြသည့်အတိုင်းဆိုပါက၊ ဂုဏ်သတင်းကြီးသည့် နိုင်ငံတကာ ဘာသာရေး ကျွမ်းကျင်သူများနှင့် ပါရမီရှိသူများ အချို့သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို ပေါ်ထွန်းစရှိသည့် ခရစ်ယာန်အသင်းတော်တစ်ပါးဖြစ်သည်ဟု သတိပြုမိကြပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်နှင့် ရိုးရာအစဉ်အလာ ခရစ်ယာန်ဘာသာတို့ကြား ခြားနားချက်မှာ အဘယ်နည်း။

နောက်တစ်ခုသို့- ၂။ ဘာသာရေးလောက၏ သင်းအုပ်ဆရာများနှင့် အကြီးအကဲများအားလုံးသည် သမ္မာကျမ်းစားကို နောကျေကြပြီး၊ သမ္မာကျမ်းစာကို လိုက်နာစောင့်ထိန်းရန် လူတို့ကို တောင်းဆိုရင်း၊ ယင်းကို အခြားသူများထံ မကြာခဏ အသေးစိတ် ရှင်းပြကြလေသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် သခင့်ကို ချီးမြှောက်ကာ သက်သေခံကြသည် မဟုတ်ပါလား။ ၎င်းတို့က လူတို့ကို လှည့်ဖြားနေကြသည်၊ ၎င်းတို့က သူတော်ကောင်းအယောင်ဆောင် ဖာရိရှဲများ ဖြစ်သည်ဟု သင်သည် အဘယ်ကြောင့် ပြောနိုင်သနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။