၂။ သင်းအုပ်ဆရာများနှင့် အကြီးအကဲများသည် သခင့်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြပြီးဖြစ်သည်၊ ၎င်းတို့သည် သမ္မာကျမ်းစာနှင့် ပတ်သက်၍ အလွန်နှံ့စပ်ပြီး ၎င်းတို့၏ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့ထက် သာလွန်ကြသည်၊ ထို့ကြောင့် သခင်၌ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတွင် ၎င်းတို့ကို ကျွန်ုပ်တို့ နားထောင်သင့်သည်။ သင်က သခင်ယေရှုသည် ပြန်ကြွလာပြီးဖြစ်ကာ ဘုရားသခင်၏ အိမ်တော်မှ အစပြုသည့် တရားစီရင်ခြင်း အမှုကို လုပ်ဆောင်နေသည်ဟု သက်သေခံသည်၊ သို့သော် သင်းအုပ်ဆရာများနှင့် အကြီးအကဲများ အများစုက ဤအရာကို လက်မခံကြသကဲ့သို့ ယင်းကို ဆန့်ကျင်ကာ ရှုတ်ချသည်အထိပင် လုပ်ဆောင်ကြသည်။ ထိုသို့ဖြင့်၊ ကျွန်ုပ်တို့သည်လည်း ယင်းကို လက်မခံနိုင်ကြပါ။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“လူ၏စကားထက်ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏။” (တမန်တော်ဝတ္ထု ၅:၂၉)

“သူတို့သည်လူကန်းတို့အား လမ်းပြသောလူကန်းဖြစ်၏။ လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။” (ရှင်မဿဲခရစ်ဝင် ၁၅:၁၄)

“လူကို ယုံကြည်ကိုးစား၍ ဇာတိပကတိကို လက်နက် ခွန်အားအဖြစ် အသုံးပြုကာ၊ ယေဟောဝါထံမှ စိတ်နှလုံး သွေဖည်သောသူသည် ကျိန်ခြင်းအမင်္ဂလာ ခံထိုက်သူ ဖြစ်၏။” (ယေရမိအနာဂတ္တိကျမ်း ၁၇:၅)

“ဤလူမျိုးသည် ဒဏ်ခတ်တော်မူသော သူထံသို့ မလှည့်မပြန်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို မရှာမဖွေတတ်။ ထိုကြောင့်၊ ထာဝရဘုရားသည် ဣသရေလ အမျိုးမှ ဦးခေါင်းနှင့်အမြီးကို၎င်း၊ စွန်ပလွံလက်နှင့် ကိုင်းပင်ကို၎င်း တနေ့ခြင်းတွင် ခုတ်ဖြတ်တော်မူလိမ့် မည်။ ဦးခေါင်းကား၊ အသက်ကြီးသူနှင့် အသရေရှိသူ တည်း။ အမြီးကား၊ မုသာကိုဟောပြောသော ပရော ဖက်တည်း။ ဤလူမျိုးကို လမ်းပြသောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။” (ဟေရှာယ အနာဂတ္တိကျမ်း ၉:၁၃-၁၆)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဂိုဏ်းဂဏတိုင်း၏ ခေါင်းဆောင်များကို ကြည့်လော့။ သူတို့အားလုံးသည် မာနထောင်လွှား၍ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြသူများဖြစ်ပြီး သမ္မာကျမ်းစာကို လိုချင်သည့်စကားလုံးများသာ ကောက်ယူ၍ မိမိတို့ကိုယ်ပိုင် စိတ်ကူးနှင့်အညီ အနက်ဖွင့်ကြသည်။ သူတို့ အားလုံးသည် မိမိတို့၏အလုပ်ကို လုပ်ဆောင်ရန် ဆုကျေးဇူးများနှင့် စာပေကျမ်းဂန်နှံ့စပ်ခြင်းကို အားထားကြသည်။ အကယ်၍ သူတို့သည် မည်သည့်အရာကိုမျှ ဟောပြောခြင်းငှာ မတတ်စွမ်းနိုင်ခဲ့ပါက ထိုလူများသည် သူတို့နောက်သို့ လိုက်ခဲ့ကြလိမ့်မည်လော။ စင်စစ်မူကား သူတို့၌လည်း အသိပညာအချို့ ရှိထားကြပြီး အယူဝါဒတစ်ခုခုကို ဟောပြောနိုင်ကြသည်၊ သို့မဟုတ် သူတို့သည် အခြားသူများကို မည်ကဲ့သို့ သိမ်းသွင်းရမည်နှင့် လှည့်ဖြားမှုအချို့ကို မည်ကဲ့သို့ အသုံးပြုရမည်ကိုလည်း သိကြသည်။ ထိုအရာများကို အသုံးပြုလျက် သူတို့သည် လူများကို မိမိတို့၏ရှေ့မှောက်သို့ ခေါ်ဆောင်ကြပြီး၊ လှည့်ဖြားကြသည်။ အမည်ခံသဘောအရ ထိုလူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း လက်တွေ့သဘောတွင်မူ သူတို့သည် သူတို့၏ခေါင်းဆောင်များနောက်သို့ လိုက်ကြသည်။ သူတို့သည် စစ်မှန်သော လမ်းခရီးကို ဟောပြောသောသူများနှင့် တွေ့ကြုံရလျှင် သူတို့ထဲမှ အချို့တို့သည် “ငါတို့၏ ယုံကြည်မှုနှင့် ပတ်သက်၍ ငါတို့၏ခေါင်းဆောင်နှင့် တိုင်ပင်ဆွေးနွေးရမည်” ဟု ဆိုကြသည်။ သူတို့၏ယုံကြည်ခြင်းသည် လူတစ်ယောက်၏ အတည်ပြုခြင်းကို လိုအပ်နေလေသည်၊ ဤသည်မှာ ပြဿနာတစ်ခုပင် မဟုတ်လော။ ဤသို့ဆိုလျှင် ထိုခေါင်းဆောင်များကကော အဘယ်အရာများ ဖြစ်လာကြသနည်း။ သူတို့သည် ဖာရိရှဲများ၊ သိုးထိန်း၏အယောင်ကို ဆောင်သောသူများ၊ အန္တိခရစ်များနှင့် စစ်မှန်သော လမ်းခရီးကို လူတို့လက်ခံရာ၌ တိုက်မိ၍ လဲစရာများ ဖြစ်လာကြသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး

ခမ်းနားသည့် ဘုရားကျောင်းများထဲတွင် သမ္မာကျမ်းစာကို ဖတ်ရှုပြီး တစ်နေ့လုံး အာဂုံဆောင်သောသူများ ရှိသော်လည်း၊ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ကို နားမလည်ပေ။ ၎င်းတို့ထဲတွင် တစ်ဦးမျှ ဘုရားသခင်ကို မသိနိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီနိုင်ခြင်းမရှိပေ။ ၎င်းတို့အားလုံးသည် အသီးသီး ဘုရားသခင်ကို ဩဝါဒပေးရန် အမြင့်တွင် ရပ်တည်ကြရင်း၊ အသုံးမကျသောသူ၊ ဆိုးယုတ်သော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏အောင်လံကို သယ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို တမင် ဆန့်ကျင်ကြလေသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းကို အခိုင်အမာဆိုလျက်၊ ၎င်းတို့သည် လူ့အသားကိုစားပြီး လူ့အသွေးကို သောက်ကြဆဲ ဖြစ်သည်။ ထိုသို့သောလူအားလုံးသည် လူသား၏ ဝိညာဉ်ကို ဝါးမျိုသည့် နတ်ဆိုးများ၊ မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းရန် ကြိုးစားနေသူတို့၏ လမ်းတွင် တမင်သက်သက် တားဆီးသော မကောင်းဆိုးဝါးများ၏ ဦးသျှောင်နှင့် ဘုရားသခင်ကို ရှာဖွေသောသူတို့ကို ပိတ်ဆို့သော ခလုတ်တံသင်းများဖြစ်ကြ၏။ ၎င်းတို့သည် “ကောင်းမွန်သည့် ဖွဲ့စည်းမှု” ရှိပုံရကြသော်လည်း၊ ၎င်းတို့သည် လူတို့အား ဘုရားသခင်ကို ဆန့်ကျင်ရန် လမ်းပြသည့် အန္တိခရစ်များသာဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်သို့ သိကြမည်နည်း။ ၎င်းတို့သည် လူ့ဝိညာဉ်များကို ဝါးမျိုရန် ရည်မှန်းချက်တွင် နှစ်မြှုပ်ထားသော ရှင်သန်နေသည့် နတ်ဆိုးများဖြစ်သည်ကို ၎င်းတို့၏ နောက်လိုက်များက မည်ကဲ့သို့သိမည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို မသိသောသူ အားလုံးသည် ဘုရားသခင်ကို ဆန့်ကျင်သောသူများ ဖြစ်ကြသည်

လူအချို့သည် တရားစီရင်မှုကို မဆိုထားနှင့်၊ သမ္မာတရား၌ပင် ဝမ်းမမြောက်ကြပေ။ ထို့အစား ၎င်းတို့သည် တန်ခိုးအာဏာနှင့် ကြွယ်ဝမှုများတွင် ဝမ်းမြောက်ကြသည်။ ထိုသို့သော လူများကို တန်ခိုးအာဏာ ရှာဖွေသူများဟု ခေါ်သည်။ ၎င်းတို့သည် ကမ္ဘာလောကထဲက လွှမ်းမိုးမှုရှိသော ဂိုဏ်းဂဏများကိုသာ ရှာဖွေကြပြီး၊ ကျမ်းစာကျောင်းများမှလာသော သင်းအုပ်များနှင့် ဆရာများကိုသာ ရှာဖွေကြသည်။ ၎င်းတို့ သမ္မာတရား၏ လမ်းခရီးကို လက်ခံကြပြီး ဖြစ်သော်လည်း၊ တစ်ဝက်တစ်ပျက်သာ ယုံကြည်နေကြပေသည်။ ၎င်းတို့သည် ၎င်းတို့၏ နှလုံးသားများနှင့် စိတ်များအားလုံးကို ပေးနိုင်စွမ်း မရှိကြချေ၊ ၎င်းတို့၏ နှုတ်များက ဘုရားသခင်အတွက် အသုံးခံခြင်းကို ပြောဆိုကြသော်လည်း၊ ၎င်းတို့မျက်လုံးများသည် ကြီးမြတ်သည့် သင်းအုပ်များနှင့် ဆရာများအပေါ်တွင်သာ အာရုံစိုက်ကာ၊ ခရစ်တော်ကို အာရုံမစိုက်ကြပေ။ သူတို့၏ နှလုံးသားများသည် ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် ဂုဏ်အသရေတို့အပေါ်သာ အစွဲအလမ်းကြီးနေသည်။ ထိုသို့သော သေးသိမ်သည့် လူတစ်ဦးသည် အလွန်များစွာသော သူတို့ကို သိမ်းပိုက်နိုင်စွမ်းရှိမည်၊ သိပ်မထူးခြားသော သူတစ်ဦးက လူသားကို စုံလင်စေနိုင်မည်ဆိုသည်တို့မှာ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဖုန်မှုန့်နှင့် နွားချေးပုံများထဲက ဤအညတရများသည် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံထားရသောသူများ မဖြစ်နိုင်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ အကယ်၍ ထိုသို့သော လူများသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်သူများ ဖြစ်ပါက၊ ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လှန်မည် ဖြစ်ပြီး၊ လူအားလုံး ထိန်းမနိုင်သိမ်းမရ ရယ်မောကြမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ထိုသို့သော အညတရလူများကို စုံလင်စေဖို့ ရွေးချယ်ခဲ့ပါက၊ ထိုကြီးမြတ်သော လူများသည် ဘုရားသခင်ကိုယ်တိုင် ဖြစ်လာကြလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့၏ ရှုထောင့်များသည် မယုံကြည်မှုဖြင့် စွန်းထင်းသည်။ မယုံကြည်ခြင်းထက်၊ ၎င်းတို့သည် ယုတ္တိမရှိသော သားရဲတိရစ္ဆာန်များ သက်သက် ဖြစ်ကြပေသည်။ အကြောင်းမှာ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကိုသာ တန်ဖိုးထားကြပြီး၊ လူအုပ်ကြီးများနှင့် ဂိုဏ်းဂဏကြီးများကိုသာ အထင်ကြီးကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ခရစ်တော်၏ ဦးဆောင်ခြင်းခံရသောသူများကို စိုးစဉ်းမျှ အလေးမထားကြပေ။ ၎င်းတို့သည် ခရစ်တော်ကို၊ သမ္မာတရားနှင့် အသက်ကို ကျောခိုင်းသော သစ္စာဖောက်များ သက်သက် ဖြစ်ကြပေသည်။

သင် လေးစားအားကျသည်မှာ ခရစ်တော်၏နှိမ့်ချမှု မဟုတ်ဘဲ ထင်ရှားသည့် အဆင့်အတန်း ရှိသော သိုးထိန်းယောင်ဆောင်သူများကို ဖြစ်သည်။ သင်သည် ခရစ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှု၊ သို့မဟုတ် ဉာဏ်ပညာကို မကြည်ညိုဘဲ၊ ကမ္ဘာလောက၏ ဆိုးညစ်မှုတွင် မွေ့လျော်နေသည့်အကျင့်သီလမဲ့သူများကို ကြည်ညိုပေသည်။ ခေါင်းချရန် နေရာ မရှိသော ခရစ်တော်၏ နာကျင်မှုဝေဒနာကို သင် လှောင်သွေးသွမ်းသည်၊ သို့သော် လှူဖွယ်ပစ္စည်းများကို ရှာဖွေပြီး၊ သောက်စားပျော်ပါးမှုတွင် အသက်ရှင်သည့် အလောင်းကောင်များကို သင် လေးစားအားကျ၏။ သင်သည် ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခခံစားရန် လိုလားမနေဘဲ၊ သင့်ကို ဇာတိပကတိ၊ စကားလုံးများနှင့် ထိန်းချုပ်မှုတို့ကိုသာ ပေးသည့် အဆင်အခြင်မဲ့သော အန္တိခရစ်များ၏ ရင်ခွင်ထဲသို့ ဝမ်းပန်းတသာ ခြေစုံပစ်ဝင်သည်။ ယခုတွင်ပင် သင်၏ နှလုံးသားသည် ၎င်းတို့ထံ၊ ၎င်းတို့၏ဂုဏ်သတင်းထံ၊ ၎င်းတို့၏ အဆင့်အတန်းထံ၊ ၎င်းတို့၏ လွှမ်းမိုးမှုထံသို့ လှည့်ထားဆဲ ဖြစ်သည်။ သို့တိုင်အောင် သင်သည် ခရစ်တော်၏အမှုကို လက်ခံရန် ခက်ခဲပြီး၊ ယင်းကို သင် လက်ခံလိုခြင်း မရှိသည့် သဘောထား တစ်ခုကို ဆက်လက် စွဲကိုင်လေသည်။ ဤသည်မှာ သင်သည် ခရစ်တော်ကို အသိအမှတ်ပြုရန် ယုံကြည်ခြင်း ကင်းမဲ့သည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင့်အနေဖြင့် ယနေ့ထိ ခရစ်တော်နောက်သို့ လိုက်ရသည်အကြောင်းရင်းမှာ သင်သည် အခြားရွေးစရာ မရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ဟိတ်ဟန်ကြီးသော ပုံရိပ်တသီတတန်းသည် သင့်နှလုံးသားတွင် အစဉ်အမြဲ လွှမ်းမိုးနေသည်။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို သင်တို့ မမေ့လျော့နိုင်ကြသကဲ့သို့၊ ၎င်းတို့၏ ဩဇာညောင်းသော စကားလုံးများနှင့် လက်ရာများကို သင်မမေ့နိုင်ပေ။ သင်တို့၏နှလုံးသားတွင် ၎င်းတို့သည် အစဉ်အမြဲ အမြင့်ဆုံးနှင့် ထာဝရ သူရဲကောင်းများ ဖြစ်ကြသည်။ သို့ရာတွင် ယနေ့၏ ခရစ်တော်အတွက်မူ ထိုသို့မဟုတ်ပေ။ သူသည် သင်၏နှလုံးသားတွင် အစဉ်ထာဝရ အရေးမပါသကဲ့သို့၊ အစဉ်ထာဝရ ရိုသေလေးစားခြင်း မခံထိုက်ပေ။ အကြောင်းမှာ သူသည် အလွန်သာမန် ဖြစ်လွန်းပြီး၊ နည်းပါးလွန်းသည့် ဩဇာအရှိန်အဝါရှိကာ မြင့်မြတ်မှုမှ အလွန် အလှမ်းဝေးသောကြောင့် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ၊ သမ္မာတရားကို တန်ဖိုးမထားသူ အားလုံးသည် မယုံကြည်သူများနှင့် သမ္မာတရားကို သစ္စာဖောက်သူများ ဖြစ်ကြသည်ဟု ငါပြော၏။ ထိုသို့သောသူများသည် ခရစ်တော်၏ လက်ခံမှုကို မည်သည့်အခါမျှ ရကြမည် မဟုတ်ပေ။ သင်၏ အတွင်းတွင် မယုံကြည်မှု မည်မျှရှိပြီး ခရစ်တော်ကို သစ္စာဖောက်မှု သင် မည်မျှရှိသည်ကို ယခု သင် ပိုင်းခြားသိမြင်ပြီးပြီလော။ ထို့ကြောင့် သင့်ကို ငါတိုက်တွန်းသည်- သင်သည် သမ္မာတရားလမ်းကို ရွေးချယ်ပြီးဖြစ်သည့်အတွက်၊ မိမိကိုယ်ကိုယ် စိတ်နှလုံးအကြွင်းမဲ့ ပေးအပ်မြှုပ်နှံသင့်သည်။ စိတ်နှစ်ခွမဖြစ်နှင့်၊ သို့မဟုတ် စိတ်မပါ့တပါ မဖြစ်နှင့်။ ဘုရားသခင်သည် လောကကြီးနှင့် မသက်ဆိုင်သကဲ့သို့ မည်သည့် လူတစ်ဦးနှင့်မျှ မသက်ဆိုင်ဘဲ၊ သူ့ကို အမှန်တကယ် ယုံကြည်သောသူအားလုံး၊ သူ့ကို ကိုးကွယ်သူအားလုံးနှင့် မိမိကိုယ်ကိုယ် သူ့ထံဆက်ကပ်ပြီး သစ္စာရှိသောသူများအားလုံးနှင့် သက်ဆိုင်သည်ကို သင် နားလည်သင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

သမ္မာတရားကို နားမလည်သော သူတို့သည် အခြားသူများနောက် အမြဲလိုက်ကြ၏၊ လူတို့က ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သည် ဟုဆိုလျှင်၊ သင်သည်လည်းပဲ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်၊ လူများက ယင်းမှာ နတ်ဆိုးတစ်ကောင်အလုပ် ဖြစ်သည်ဟုဆိုလျှင်၊ သင်သည်လည်းပဲ သံသယဖြစ်လာသည်၊ သို့မဟုတ် ယင်းမှာ နတ်ဆိုး တစ်ကောင်၏ အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် အခြားသူတို့၏စကားကို အမြဲသံယောင်လိုက်ပြီး၊ မိမိကိုယ်တိုင် မည်သည့်အရာမှ ခွဲခြားနိုင်စွမ်းမရှိ သို့မဟုတ် ကိုယ့်အဖို့ကိုယ် စဉ်းစားနိုင်စွမ်းမရှိပေ။ ဤသည်မှာ ရှုထောင့်တစ်ရပ် မရှိသောသူ၊ ခွဲခြားရန် မတတ်နိုင်သူဖြစ်သည်- ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးသည် တန်ဖိုးမဲ့ ကံဆိုးသူတစ်ဦးဖြစ်၏။ သင်သည် အခြားသူများ၏ စကားများကို လိုက်ပြောတတ်ကြသည်၊ ယနေ့ ဤအရာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ဖြစ်သည်ဟု ဆို၏၊ သို့သော် တစ်နေ့တွင် တစ်စုံတစ်ယောက်က ယင်းမှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် မဟုတ်ဘဲ၊ ယင်းမှာ အမှန်တကယ်တွင် လူသား၏ လုပ်ဆောင်ချက်သာဖြစ်သည်ဟု ပြောမည့် အလားအလာများ ရှိနေသည်- သို့သော် ဤအရာကို သင်ထိုးထွင်းမမြင်နိုင်ဘဲ၊ အခြားသူများမှ ပြောသည်ကို သင်မျက်မြင်ကိုယ်တွေ့ ကြုံသောအခါ၊ သင်လည်း တထေရာတည်း ပြောလေသည်။ ယင်းမှာ အမှန်တကယ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ဖြစ်သော်လည်း၊ သင်က လူသား၏အလုပ်ဖြစ်သည်ဟု ဆိုသည်။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ပုတ်ခတ်ပြောဆိုသူတို့ထဲမှ တစ်ဦးဖြစ်လာပြီ မဟုတ်လော။ ဤအရာ၌ သင်သည် မခွဲခြားနိုင်သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီမဟုတ်လော။ တစ်နေ့တွင် “ဤအရာသည် ဆိုးယုတ်သောဝိညာဉ်၏ အလုပ်ဖြစ်သည်။” ဟုဆိုသော မိုက်မဲသူ တစ်ဦး ပေါ်လာကောင်း ပေါ်လာနိုင်ပြီး၊ ထိုစကားများကို သင်ကြားသည့်အခါ၊ သင်သည် ဘာပြောရမှန်းမသိဖြစ်ကာ နောက်တဖန် အခြားသူများ၏ စကားများဖြင့် ချည်နှောင်ခြင်း ခံရနိုင်သည်။ တစ်စုံတစ်ဦးက အာရုံပျက်စေဖို့ ဖြစ်ပေါ်စေတိုင်း၊ သင်၏ အနေအထားမှ ရပ်တည်ခြင်းငှာ သင်မတတ်စွမ်းနိုင်၊ ဤအရာအားလုံး ဖြစ်ရသည်မှာ သင်သည် သမ္မာတရားကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို သိခြင်းကို လိုက်စားခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ ၎င်းတို့ကို အတူတကွ စည်းရုံးခြင်းနှင့် တရားဟောချက်ကို နားထောင်ခြင်းအားဖြင့်သာ မရရှိနိုင်သလို၊ စိတ်အားထက်သန်မှု တစ်ခုတည်းအားဖြင့် သင်သည် စုံလင်စေခြင်းမခံရနိုင်ပေ။ သင်သည် တွေ့ကြုံခံစားပြီး သိမှတ်ကာ၊ သင်၏ လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရားကောင်း ရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိရမည်။ အတွေ့အကြုံများကို သင် ဖြတ်သန်းပြီးသောအခါ သင်သည် အမှုအရာများစွာကို ခွဲခြားနိုင်လိမ့်မည်- သင်သည် ကောင်းမှုနှင့် မကောင်းမှု၊ ဖြောင့်မတ်ခြင်းနှင့် ဆိုးညစ်မှု၊ သွေးသားနှင့် ဆိုင်သောအရာနှင့် သမ္မာတရားနှင့်စပ်ဆိုင်သော အရာတို့အကြား ခွဲခြားနိုင်လိမ့်မည်။ သင်သည် ဤအရာအားလုံးတို့အကြား ခွဲခြားနိုင်စွမ်းရှိသင့်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ မည်သည့် အခြေအနေများတွင်မဆို၊ သင်သည် မည်သည့်အခါမျှ ပျောက်ဆုံး လိမ့်မည်မဟုတ်။ ဤအရာသည်သာ သင်၏ ဝိညာဉ်ရင့်ကျက်မှု အစစ်အမှန် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏

ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ဘုရားသခင်ကို နာခံကာ ကိုးကွယ်သင့်သည်။ မည်သည့်လူကိုမျှ မချီးမြှောက် သို့မဟုတ် မကြည်ညိုနှင့်။ သင်သည် ဘုရားသခင်အား ပထမနေရာ ပေးပြီး သင် ကြည်ညိုသောသူများကို ဒုတိယနေရာ ပေးကာ သင့်ကိုယ်သင် တတိယနေရာ ပေးခြင်း မပြုရ။ မည်သည့်လူမျှ သင်၏ စိတ်နှလုံးတွင် နေရာ မယူသင့်သကဲ့သို့၊ လူတို့ကို- အထူးသဖြင့် သင် ကြည်ညို လေးစားသူများကို- ဘုရားသခင်နှင့် တန်းတူဟု မယူဆသင့်ပေ။ ဤသည်မှာ ဘုရားသခင်ဖို့ သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နိုင်ငံတော်ခေတ်၌ ဘုရားသခင် ရွေးချယ်ထားသောသူများ လိုက်နာရမည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်တော် ဆယ်ရပ်

အပြင်ပန်းအားဖြင့် ဝိညာဉ်ရေးပြည့်ဝသယောင်၊ မြင့်မြတ်သယောင် ခံ့ညားပြီး ကြီးမြတ်သယောင် ထင်ရသောသူများ၏ လှည့်စားခြင်းကို မကြာခဏခံရသော လူအချို့ရှိလေသည်။ ကျမ်းဟောင်းတရားများ နှင့် အယူဝါဒများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သောသူများနှင့် ၎င်းတို့၏ အဟောအပြောနှင့် လုပ်ရပ်များမှာ လေးစားထိုက်သယောင် ထင်ရသောသူများနှင့်ပတ်သက်၍၊ ၎င်းတို့၏ လှည့်စားခြင်းကို ခံရသူများသည် ၎င်းတို့လုပ်ရပ်များ၏ အနှစ်သာရ၊ ၎င်းတို့လုပ်ဆောင်ချက်များ၏ နောက်ကွယ်မှ နိယာမများ၊ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်များမှာ မည်သည်တို့ဖြစ်ကြောင်းကို မည်သည့်အခါမျှ ကြည့်ရှုစစ်ဆေးခြင်း မပြုလုပ်ဖူးကြပေ။ ထို့အပြင် သူတို့သည် ထိုလူတို့က ဘုရားသခင်ကို အမှန်တကယ် နာခံခြင်းရှိ မရှိကို မည်သည့်အခါမျှ စစ်ဆေးကြည့်ရှုခြင်း မရှိခဲ့ကြသည့်အပြင်၊ ထိုလူတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်သောသူ ဟုတ်မဟုတ်ကို မည်သည့်အခါမျှ မစိစစ်ခဲ့ကြဖူးပေ။ သူတို့သည် ထိုလူတို့၏ လူသားဖြစ်ခြင်းအနှစ်သာရကို မည်သည့်အခါမျှ သတိပြုမိခဲ့ခြင်း မရှိပေ။ ထို့ထက် ထိုသူတို့နှင့် သိကျွမ်းလာသည့် ပထမခြေလှမ်းမှစတင်ကာ သူတို့သည် တဖြည်းဖြည်းချင်း ထိုလူတို့ကို အားကျခြင်း၊ ကြည်ညိုလေးစားခြင်း ဖြစ်လာပြီး၊ အဆုံးတွင် ထိုလူတို့သည် သူတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များ ဖြစ်လာတော့သည်။ ထိုမျှမက လူအချို့၏ စိတ်ထဲတွင်ကား သူတို့ဆည်းကပ်သော ကိုးကွယ်ရာ ပုဂ္ဂိုလ်များ၊ ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်နိုင်ကြသည်ဟု သူတို့ ယုံကြည်သောသူများနှင့် အပေါ်ယံတွင် အဖိုးအခပေးနိုင်ဟန်ရှိသောသူများ၊ ထိုပုဂ္ဂိုလ်များမှာ ဘုရားသခင်ကို အမှန်တကယ် ကျေနပ်စေသောသူများနှင့် အဆုံးသတ်ကောင်းများနှင့် ခရီးဆုံး ပန်းတိုင်ကောင်းများကို အမှန်တကယ် ရရှိနိုင်သောသူများပင် ဖြစ်ကြသည်။ သူတို့၏ စိတ်ထဲတွင်မူ ဤကိုးကွယ်ရာ ပုဂ္ဂိုလ်များမှာ ဘုရားသခင် ချီးမွမ်းသောသူများ ဖြစ်ကြသည်။ မည်သည့်အရာက သူတို့အား ဤကဲ့သို့ ယုံကြည်ချက်မျိုးကို ရှိစေသနည်း။ ဤအရေးကိစ္စ၏ အနှစ်သာရမှာ အဘယ်နည်း။ ယင်းက ဖြစ်စေနိုင်သော အကျိုးဆက်များမှာ အဘယ်နည်း။ ၎င်း၏ အနှစ်သာရကိစ္စကို ပထမဦးစွာ ဆွေးနွေးကြပါစို့။

လူတို့၏ ရှုထောင့်အမြင်များ၊ လူတို့၏ လက်တွေ့ကျင့်သုံးခြင်း နည်းလမ်းများ၊ မည်သည့် လက်တွေ့ကျင့်သုံးမှု နိယာမများကို သူတို့ ခံယူရန် ရွေးချယ်သည်နှင့် သူတို့အယောက်တိုင်း မည်သည့်အရာကို အလေးထားရန် ရည်ရွယ်သည်နှင့်စပ်လျဉ်းသော ဤကိစ္စရပ်များမှာ အခြေခံအားဖြင့် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် သက်ဆိုင်ခြင်း မရှိပေ။ လူတို့သည် ပေါ့တန်သော အကြောင်းအရာများ သို့မဟုတ် လေးနက်သော အကြောင်းအရာများ၊ သို့တည်းမဟုတ် ကျမ်းဟောင်းတရားများ နှင့် သြဝါဒများ သို့မဟုတ် စစ်မှန်မှုအပေါ် အာရုံစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ သူတို့သည် ၎င်းတို့ လိုက်နာစောင့်ထိန်းသင့်ဆုံးသော အရာကို လိုက်နာစောင့်ထိန်းခြင်း မရှိသည့်အပြင် ၎င်းတို့ အသိသင့်ဆုံးသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်းကိုလည်း မသိကြချေ။ ဤအရာ၏ အကြောင်းရင်းမှာ လူတို့သည် သမ္မာတရားကို လုံးဝ မနှစ်သက်ခြင်းကြောင့် ဖြစ်သည်။ သို့ဖြစ်၍ သူတို့သည် ဘုရားသခင်၏ မိန့်မြွက်ချက်များတွင် တွေ့ရသော လက်တွေ့ကျင့်သုံးမှု နိယာမများကို ရှာဖွေရန်နှင့် လက်တွေ့လုပ်ဆောင်ရန် အချိန်နှင့်လုံ့လ မစိုက်ထုတ်လိုကြခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် ဖြတ်လမ်းများကို အသုံးပြုရန်နှင့် ကောင်းသောအလေ့အထနှင့် ကောင်းသောအပြုအမူ ဖြစ်မည်ဟု ၎င်းတို့ နားလည်သိကျွမ်းသော အရာတို့ကို ပေါင်းရုံးရန် ပို၍နှစ်သက်ကြသည်။ ထိုအခါ ဤအကျဉ်းချုပ်သည် လိုက်လျှောက်ရမည့် ၎င်းတို့၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ဖြစ်လာပြီး ယင်းကို လက်တွေ့ကျင့်သုံးရမည့် သမ္မာတရားအဖြစ် ၎င်းတို့ သဘောထားကြသည်။ ဤအရာ၏ တိုက်ရိုက် အကျိုးဆက်မှာ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် လူ၏ ကောင်းသောအပြုအမူကို အစားထိုးသည့် အရာတစ်ခုအဖြစ် အသုံးပြုကြသည်၊ ၎င်းက ဘုရားသခင်ထံ မျက်နှာလိုမျက်နှာရလုပ်ရန် လူတို့၏ လိုအင်ဆန္ဒကိုလည်း ဖြည့်ဆည်းပေးသည်။ ဤအရာက သူတို့အား သမ္မာတရားနှင့် ယှဉ်ပြိုင်ရန်အတွက် အရင်းအနှီးပေးပြီး၊ ယင်းကို လူတို့က ဘုရားသခင်အား အကြောင်းပြချက်ပေးပြီး ယှဉ်ပြိုင်ရန် အတွက်လည်း အသုံးပြုကြသည်။ တစ်ချိန်တည်းတွင် လူတို့သည် ဘုရားသခင်ကို မရိုးမဖြောင့်စွာဖြင့် ဘေးဖယ်ထားပြီး ၎င်းတို့၏ ကိုးကွယ်ရာပုဂ္ဂိုလ်များကို ဘုရားသခင်၏ နေရာ၌ ထားကြသည်။ လူတို့အား ဤသို့ပညာမဲ့သော လုပ်ရပ်များနှင့် ရှုထောင့်အမြင်များ သို့မဟုတ် တစ်ဖက်သတ်ဆန်သော ထင်မြင်ချက်များနှင့် ကျင့်သုံးမှုများကို ရရှိစေသော အဓိကအကြောင်းရင်း တစ်ခုသာရှိပြီး ထိုအကြောင်းကို သင်တို့အား ငါ ယနေ့ပြောမည်- အကြောင်းရင်းမှာ လူတို့သည် ဘုရားသခင်နောက်သို့ လိုက်လျှောက်ခြင်း၊ နေ့စဉ် သူ့ထံ ဆုတောင်းခြင်းနှင့် သူ၏ မိန့်မြွက်ချက်များကို နေ့စဉ်ဖတ်ရှုခြင်း ပြုကောင်းပြုနိုင်သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်ကို အမှန်တကယ် နားမလည်ကြပေ။ ပြဿနာ၏ အကြောင်းရင်းမှာ ဤနေရာတွင်ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးသည် ဘုရားသခင်၏ စိတ်နှလုံးကို သိနားလည်ခြင်း၊ သူနှစ်သက်သောအရာ၊ သူစက်ဆုပ်ရွံရှာသောအရာ၊ သူအလိုရှိသောအရာ၊ သူငြင်းပယ်သောအရာ၊ မည်ကဲ့သို့ လူအမျိုးအစားကို သူချစ်ကြောင်း၊ မည်ကဲ့သို့ လူအမျိုးအစားကို သူမနှစ်သက်ကြောင်း၊ လူတို့အပေါ် သူ၏တောင်းဆိုမှုများ ပြုရာတွင် မည်သည့်စံနှုန်းမျိုးကို သူအသုံးပြုကြောင်းနှင့်၊ သူတို့ကို စုံလင်အောင်ပြုလုပ်ပေးရန်အတွက် မည်သည့်နည်းလမ်းမျိုးကို သူကျင့်သုံးကြောင်း သိနားလည်ပါက၊ ထိုလူထံ၌ သူကိုယ်တိုင်၏ တစ်ကိုယ်ရေ ထင်မြင်ချက်များ ရှိနိုင်ဦးမည်လော။ ဤသို့သော လူတို့က အခြားသူတစ်ဦးကို အမှန်ပင် ကိုးကွယ်နိုင်သလော။ သာမန်လူတစ်ဦးသည် ၎င်းတို့၏ ကိုးကွယ်ရာ ပုဂ္ဂိုလ် ဖြစ်လာနိုင်သလော။ ဘုရားသခင်၏ အလိုတော်ကို နားလည်သော လူတို့က ထို့ထက် အနည်းငယ်ပို၍ ဆင်ခြင်တုံတရားရှိသော အမြင်ရှုထောင့်ကို ပိုင်ဆိုင်ပါသည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော လူတစ်ဦးကို ထင်ရာမြင်ရာ ပုဂ္ဂိုလ်ရေးကိုးကွယ်မည် မဟုတ်သည့်အပြင်၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို လျှောက်စဉ် ရိုးရှင်းသော စည်းမျဉ်းများ သို့မဟုတ် နိယာမများ အနည်းငယ်ကို ထင်ရာမြင်ရာ လိုက်နာစောင့်ထိန်းခြင်းသည် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်းသဘော သက်ရောက်သည်ဟုလည်း ၎င်းတို့ ယုံကြည်ကြလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ စိတ်နေသဘောထားနှင့် သူ့အမှုတော်မှရရှိမည့် ရလဒ်များကို သိနားလည်ပုံ

ဘုရားသခင် နောက်ကို လိုက်သည်ဟု ပြောသောသူများသည် မိမိတို့ အဘယ်သူကို ယုံကြည်သည်ကို အတိအကျသိရန် မိမိတို့၏ မျက်လုံးများကို ဖွင့်ကာ သေသေချာချာကြည့်ပါက အကောင်းဆုံးဖြစ်ပေမည်။ သင်ယုံကြည်နေသည်မှာ ဘုရားသခင်ရော အမှန်တကယ် ဟုတ်သလော၊ သို့တည်းမဟုတ် စာတန်လော။ အကယ်၍ သင်ယုံကြည်သည်မှာ ဘုရားသခင်မဟုတ်ဘဲ၊ သင်၏ ကိုယ်ပိုင်ရုပ်တုများသာဖြစ်သည်ကို သင်သိပါက၊ သင်သည် ယုံကြည်သူ တစ်ယောက်ဖြစ်သည်ဟု မကြွေးကြော်လျှင် အကောင်းဆုံးဖြစ်မည်။ အကယ်၍ သင်သည် အဘယ်သူကို ယုံကြည်သည်ကို အကယ်စင်စစ် မသိပါက၊ တစ်ဖန် သင်သည် ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု မကြွေးကြော်သည်မှာ အကောင်းဆုံးဖြစ်ပေမည်။ ထိုသို့ပြောခြင်းသည် ဘုရားသခင်အား ပြစ်မှားစော်ကားခြင်း ဖြစ်ပေလိမ့်မည်။ သင့်ကို မည်သူကမျှ ဘုရားသခင်ကို အတင်းအကျပ် ယုံကြည်နေစေခြင်း မဟုတ်ပေ။ သင်တို့ ငါ့ကို ယုံကြည်သည်ဟု မပြောနှင့်။ ထိုစကားများကို ငါ လုံလုံလောက်လောက် ကြားခဲ့ရပြီးဖြစ်ကာ နောက်တစ်ဖန် ငါမကြားလိုတော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ ယုံကြည်သည်မှာ သင်တို့၏ စိတ်နှလုံး၌ရှိသော ရုပ်တုများနှင့် သင်တို့ အကြား၌ရှိသော ဒေသခံဗိုလ်ကျသူများ ဖြစ်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ကြားသောအခါ ခေါင်းခါသောသူများ၊ သေခြင်းအကြောင်း ဆွေးနွေးမှုကို ကြားသည့်အခါ ပြုံးသောသူများသည် စာတန်၏သားသမီး အားလုံးဖြစ်ကာ ၎င်းတို့သည် သုတ်သင်ပယ်ရှင်းခံရမည့် သူများဖြစ်သည်။ အသင်းတော်၌ရှိသော လူများစွာတို့သည် ထိုးထွင်းသိမြင်မှု မရှိကြပေ။ လှည့်ဖြားမှု တစ်ခုခု ဖြစ်သောအခါ သူတို့သည် စာတန်ဘက်က မမျှော်လင့်ဘဲ ရပ်တည်ကြသည်။ သူတို့သည် စာတန်၏အစေအပါးများဟု အခေါ်ခံ ရသောအခါ သာ၍ပင် စိတ်ဆိုးကြသည်။ ၎င်းတို့ ပိုင်းခြားသိမြင်မှုမရှိဟု လူတို့ ပြောကောင်း ပြောနိုင်သော်လည်း၊ ၎င်းတို့သည် သမ္မာတရား မရှိသည့်ဘက်တွင် အမြဲရပ်တည်ကြသည်၊ အရေးကြီးသည့်အချိန်တွင် သမ္မာတရားဘက်၌ ၎င်းတို့ ဘယ်သောအခါမျှ မရပ်တည်ကြ၊ သမ္မာတရားအတွက် ဘယ်သောအခါမျှ ရပ်တည်ခြင်းမရှိသလို၊ ချေပပြောဆိုခြင်းလည်း မရှိကြချေ။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြပါသလော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်၏ဘက်တွင် မမျှော်လင့်ဘဲ ရပ်တည်မိကြသနည်း။ သမ္မာတရားကို အားပေးသည့်အနေဖြင့် မျှတကာ အကျိုးသင့် အကြောင်းသင့်ရှိသော စကားတစ်လုံးပင် အဘယ်ကြောင့် မည်သည့်အခါမျှ မပြောကြသနည်း။ ၎င်းတို့၏တဒင်္ဂ စိတ်ရှုပ်ထွေးမှု၏ အကျိုးဆက်အနေဖြင့် ဤအခြေအနေ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပြီလော။ လူတို့သည် ပိုင်းခြားသိမြင်မှု နည်းလေလေ သမ္မာတရားဘက်၌ ရပ်တည်ဖို့ရန် မတတ်နိုင်လေလေ ဖြစ်သည်။ ဤအရာက မည်သည်ကို ပြသနည်း။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် မကောင်းမှု ချစ်မြတ်နိုးကြောင်းကို ပြသည် မဟုတ်လော။ ၎င်းတို့သည် စာတန်၏ သစ္စာရှိသော သားသမီးများဖြစ်သည်ကို ပြသည်မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် စာတန်ဘက်၌ အမြဲရပ်တည်နိုင်ပြီး စာတန်နှင့် စိတ်တူကိုယ်တူ ရှိကြသနည်း။ ၎င်းတို့၏ စကားလုံးတိုင်းနှင့် အပြုအမူတိုင်း၊ ပြီးလျှင် ၎င်းတို့၏ မျက်နှာအမူအရာများ အားလုံးသည် ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမျိုးထဲက မဟုတ်ဘဲ ယင်းထက် သမ္မာတရားကို ရွံရှာမုန်းတီးသော လူများဖြစ်သည်ကို သက်သေပြဖို့ လုံလောက်ပေသည်။ စာတန်ဘက်တွင် ၎င်းတို့ ရပ်တည်နိုင်ခြင်းက၊ စာတန်အတွက် တိုက်ခိုက်ပေးရင်း မိမိတို့၏ ဘဝများကုန်ဆုံးသည့် ထိုသေးနုပ်သော နတ်ဆိုးများကို စာတန်က အမှန်တကယ် ချစ်မြတ်နိုးသည်ကို သက်သေပြရန် လုံလောက်ပေသည်။ ဤအချက်များ အားလုံးက အလွန်ပင် ရှင်းလင်းလှသည် မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသော လူတစ်ယောက် ဧကန်အမှန် ဖြစ်သည်ဆိုပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများကို အဘယ်ကြောင့် အလေးထားမှု သင်မရှိရသနည်း။ ထို့အပြင် သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူများ၏ အကြည့်တစ်ချက်နှင့်ပင် သင်သည် အဘယ်ကြောင့် ထိုသူတို့နောက်သို့ ချက်ချင်း လိုက်ရသနည်း။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသည် မရှိသည်ကို ငါဂရုမစိုက်။ သင်သည် မည်မျှ ကြီးမားသော အဖိုးအခ ပေးခဲ့သည်ကို ငါဂရုမစိုက်။ သင်၏ အင်အားက မည်မျှကြီးမားသည်ဆိုခြင်းကို ငါဂရုမစိုက်သကဲ့သို့ သင်သည် နယ်ခံဗိုလ်ကျသူလော သို့တည်းမဟုတ် အလံကိုင်သော ခေါင်းဆောင်လော ဆိုသည်ကို ငါဂရုမစိုက်။ အကယ်၍ သင်၏ အင်အားများက ကြီးမားသည်ဆိုလျှင် ထိုအရာသည် စာတန့်ခွန်အား၏ အကူအညီကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်၏ ဂုဏ်ဒြပ်က မြင့်မားပါက ထိုအရာသည် သင်၏ဘေးပတ်လည်၌ သမ္မာတရား လက်တွေ့မလုပ်ဆောင်သောသူများ အင်မတန် များသောကြောင့်သာ ဖြစ်သည်။ အကယ်၍ သင်သည် နှင်ထုတ်မခံရသေးပါက ထိုသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ ယခုအချိန်သည် နှင်ထုတ်သော အလုပ်လုပ်ရမည့် အချိန်မဟုတ်၍ ဖြစ်သည်။ ထိုအစား ယခုအချိန်သည် ဖယ်ရှားသော အလုပ်လုပ်ရမည့် အချိန်ဖြစ်သည်။ သင့်ကို ယခုနှင်ထုတ်ဖို့ အလျင်မလိုသေးပေ။ သင် သုတ်သင်ဖယ်ရှင်းခံရပြီးသည့်နောက် သင့်ကို ငါအပြစ်ပေးမည့်နေ့ သက်သက်ကိုသာ ငါ စောင့်နေခြင်း ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သော မည်သူမဆို သုတ်သင်ဖယ်ရှင်းခြင်းခံရပေမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်

အရှေ့သို့- ၁။ သမ္မာကျမ်းစာထဲတွင်၊ ပေါလုက၊ “အစိုရသော မင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။” (ရောမဩဝါဒစာ ၁၃:၁-၂) “ထိုကြောင့် သင်တို့သည် ကိုယ်ကို သတိနှင့် ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးစုတစုလုံးကိုလည်း သတိနှင့် ကြည့်ရှုကြလော့။” (တမန်တော်ဝတ္ထု ၂၀:၂၈) ဟု ဆိုထားသည်။ ဘာသာရေးလောကထဲရှိ လူအများစုသည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို သခင်က ခန့်ထားခြင်းဖြစ်ပြီး ၎င်းတို့သည် အသင်းတော်များထဲတွင် သခင့်ကို အစေခံကြသည်ဟူသည့် ၎င်းတို့၏ ယုံကြည်မှုတွင် ပေါလု၏ စကားများကို လိုက်နာကြလေသည်။ ၎င်းတို့က သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို နားထောင်ကာ နာခံသောသူတို့သည် သခင့်ကို နာခံကာ လိုက်လျှောက်သူများဖြစ်ပြီး၊ သင်းအုပ်ဆရာများ၏ စကားများကို နားထောင်ဖို့ဆိုသည်မှာ သခင်၏ စကားများကို နားထောင်ဖို့ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ဤသည်မှာ သခင်၏ အလိုတော်နှင့် ကိုက်ညီပါသလား။

နောက်တစ်ခုသို့- ၃။ ဘာသာရေးလောကတွင်၊ သင်းအုပ်ဆရာများနှင့် အကြီးအကဲများက အာဏာကို ကိုင်စွဲထားကြသည်။ ၎င်းတို့သည် သူတော်ကောင်းယောင်ဆောင် ဖာရိရှဲများ၏ လမ်းကြောင်းကို လျှောက်လှမ်းကြပြီး၊ ၎င်းတို့နောက် ကျွန်ုပ်တို့ လိုက်ကြကာ ၎င်းတို့ ပြောသည့်အတိုင်း လုပ်ဆောင်ကြသော်လည်း၊ ကျွန်ုပ်တို့သည် သင်းအုပ်ဆရာများနှင့် အကြီးအကဲများကို မဟုတ်ဘဲ၊ သခင့်ကို ယုံကြည်ကြပါသည်။ သို့ဆိုလျှင် ကျွန်ုပ်တို့သည်လည်း ဖာရိရှဲများ၏ လမ်းကြောင်းကို လျှောက်လှမ်းကြသည်ဟု သင်သည် အဘယ်သို့ ဆိုနိုင်သနည်း။ ကျွန်ုပ်တို့ထဲမှ ဘာသာတရားထဲ၌ ဘုရားသခင်ကို ယုံကြည်သည့် သူများသည် အမှန်တကယ် ကယ်တင်ခံရလိမ့်မည်မဟုတ်ဟု သင် ဆိုနေခြင်း ဖြစ်ပါသလား။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။