၂။ တရုတ်ကွန်မြူနစ်ပါတီက ဧဝံဂေလိတရားကို ဖြန့်ဝေဖို့နှင့် ဘုရားသခင်ကို သက်သေခံဖို့ရန် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက လူတို့သည် ၎င်းတို့၏ မိသားစုများနှင့် အလုပ်များကို စွန့်လွှတ်ကြသည်ဟု ဆိုလျက် အွန်လိုင်းတွင် သတင်းအချက်အလက် ဖြန့်ဖြူးကြပြီးဖြစ်သည်။ အချို့သည် မိမိတို့၏ ဘဝတစ်ခုလုံး အိမ်ထောင်မပြုဘဲလျက်ပင် နေကြသည်။ တရုတ်ကွန်မြူနစ်ပါတီက သင်တို့၏ ယုံကြည်မှုများသည် မိသားစုများကို ဖျက်ဆီးသည်ဟု ဆိုသည်။ တရုတ်ကွန်မြူနစ်ပါတီ ပြောသည့်အရာသည် မှန်ပါသလား။

အဖြေ-

စီစီပီသည် မားစ်နှင့် စာတန်ဝါဒကို ယုံကြည်သော ဘုရားမဲ့ နိုင်ငံရေး ပါတီတစ်ခု ဖြစ်သည်။ ယင်း၏ သမိုင်းတစ်လျှောက်တွင်၊ ဘုရားသခင်ကို ရန်လိုပြီးဖြစ်သည်၊ ဘာသာရေး ယုံကြည်မှုအားလုံးကို ဖိနှိပ်ပြီးဖြစ်ကာ မရေမတွက်နိုင်သည့် ခရစ်ယာန်များကို စော်ကားပြီး ဖြစ်သည်။ ဘုရားကို ယုံကြည်သူများအား ၎င်းက ဝေဖန်ကာ သွားပုပ်လေလွင့်ပြောမည်မှာ သဘာဝ ဖြစ်သည်။ ဤအရာကို သမ္မာတရားအား မုန်းတီးပြီး ဘုရားသခင်ကို ဆန့်ကျင်သည့် ယင်း၏ သဘာဝက သတ်မှတ်ထားပေသည်။ သို့သော် သင်တို့သည် သခင်ယေရှုကို ယုံကြည်သည့် လူများဖြစ်ကြသည်- သို့ဆိုလျှင် သင်တို့သည် အဘယ်ကြောင့် ကွန်မြူနစ်ပါတီ၏ စကားများကို ယုံကြည်ပြီး သခင်ယေရှု၏ စကားများကို မယုံကြည်ကြသနည်း။ ထိုသို့သော လူများသည် ဘုရားသခင်ကို ယုံကြည်ကြပါသလော။ ဘုရားသခင်ကို ယုံကြည်သောသူတို့အတွက် လောကီအမှုအရာများ၊ မိသားစုနှင့်‌ ဇာတိအသက်တာကို ချဉ်းကပ်ရမည့်ပုံနှင့်ပတ်သက်၍ သခင်ယေရှု၏ နှုတ်ကပတ်တော်များက ရှင်းလင်းပေသည် - သို့ဆိုလျှင် စီစီပီ၏ အတွေးမှားများနှင့် ဆိုးယုတ်သော စကားများကို အဘယ်ကြောင့် သင်တို့ နားထောင်ပြီး ခရစ်ယာန်များကို ဝေဖန်ကာ ရှုတ်ချကြပါသနည်း။ ဤတွင် မည်သည့်အရာကသာ ပြဿနာ ဖြစ်ပါသနည်း။ သခင်ယေရှုက၊ “ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တစ်ပါးပါးကို စွန့်၏။ ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘ၀၌ ထာဝရအသက်ကို၎င်း ခံရလတံ့။(ရှင်လုကာခရစ်ဝင် ၁၈:၂၉-၃၀)အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သား မယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။(ရှင်လုကာခရစ်ဝင် ၁၄:၂၆)သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင် ရာ။(ရှင်လုကာခရစ်ဝင် ၁၄:၃၃) ဟု ထင်ထင်ရှားရှား ပြောခဲ့သည်။ သခင့်နောက်လိုက်ဖို့ လူတို့က မိမိတို့၏ မိသားစုများနှင့် လောကီ အနှောင်အဖွဲ့များကို စွန့်လွှတ်ကြသည့်အခါ၊ ဤသည်မှာ သခင့်အလိုတော်နှင့် လုံးဝ အညီဖြစ်ပြီး၊ ဘုရားသခင်၏ ချီးမွမ်းခြင်း ခံရပေသည်။ သို့တိုင်၊ အဘယ်ကြောင့် ဘာသာရေးလောကသည် နတ်ဆိုးစာတန်ဖြစ်သည့် ကွန်မြူနစ်ပါတီ၏ စကားများကို ယုံကြည်ကိုးစားပြီး သခင်ယေရှု၏ စကားများကို မယုံကြည်သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ စကားများကို ယင်းက အဘယ်ကြောင့် မယုံကြည် မကိုးစားပါသနည်း။ ယင်းက ဘုရားသခင်ကို ယုံကြည်သူများအား ဝေဖန်ခြင်းနှင့် ရှုတ်ချခြင်းတွင် အဘယ်ကြောင့် အဆင်းနီသော နဂါးကြီးဘက် ရပ်တည်ပါသနည်း။ ဤအရာက ဘာသာရေးလောကသည် ဘုရားသခင်နှင့် တစ်စိတ်တစ်ဝမ်းတည်း မဟုတ်၊ ၎င်းတို့သည် စာတန်နှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဖြစ်ကြသည်ကို ပြပြီး၊ ဤသည်မှာ ၎င်းတို့သည် မယုံကြည်သူများ၊ အဆင်းနီသော နဂါးကြီး၏ သားလောက်လောင်း ဖြစ်သည်ကို ပြသရန် လုံလောက်ပေသည်။

လွန်ခဲ့သည့် ရာစုနှစ်များစွာက၊ သခင်ယေရှု၏ တပည့်တော်များနှင့် တမန်တော်များသည် သခင့်နောက်လိုက်ရန် မိမိတို့၏ မိသားစုများနှင့် လောကီ အနှောင်အဖွဲ့အားလုံးကို စွန့်လွှတ်ခဲ့ကြပြီး၊ တိုင်းပြည်အနှံ့ သခင်ယေရှု၏ ဧဝံဂေလိကို သက်သေခံခဲ့ကြသည်။ နှစ်ပေါင်း နှစ်ထောင်ကြာ၊ မရေမတွက်နိုင်သော ဘုရားတရား ကိုင်းရှိုင်းသည့် ခရစ်ယာန်များသည် မိသားစု၊ အိမ်ထောင်၊ အလုပ်နှင့် လောကီ အနှောင်အဖွဲ့များကို စွန့်လွှတ်ကြပြီးဖြစ်သည်၊ ၎င်းတို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ သခင့်အတွက် အလုပ်လုပ်ကာ တရားဟောရင်းနှင့် ထိုသို့ဖြင့် သခင်ယေရှု၏ ဧဝံဂေလိတရားသည် ကမ္ဘာမြေဆုံး နေရာများထိ ပျံ့နှံ့ပြီး ဖြစ်သည်။ သခင်ယေရှု၏ အမှုတော်နှင့် နှုတ်ကပတ်တော်များမှ၊ ၎င်းတို့သည် သခင်ယေရှုက လူသားမျိုးနွယ်၏ ရွေးနှုတ်ရှင်ဖြစ်ကြောင်းနှင့် သခင်ယေရှုကို လက်ခံခြင်း၊ သခင့်ထံ ဝန်ချကာ နောင်တရခြင်းအားဖြင့်သာ ၎င်းတို့၏ အပြစ်များ ခွင့်လွှတ်ခံရနိုင်ပြီး သခင် အပ်နှင်းသည့် ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ ရရှိနိုင်ကြောင်းကို သတိပြုမိကြလျက်၊ သမ္မာတရားအချို့ကို နားလည်လာကြပြီး ဖြစ်သည်။ လူသားအနေဖြင့် သခင်ယေရှု၏ ကယ်တင်ခြင်း ရရှိနိုင်ဖို့အလို့ငှာ၊ ၎င်းတို့သည် သခင်ယေရှု၏ ကယ်တင်ခြင်းကို ဟောပြောကာ သက်သေခံကြဖို့ အရာရာကို စွန့်လွှတ်လျက်၊ သခင်ယေရှု၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ကြပြီး ဖြစ်သည် - ဤအရာကို ဘုရားသခင်က ချီးမွမ်းပြီး အောက်မေ့သတိရကာ ယင်းသည် လူသားမျိုးနွယ်၏ အဖြောင့်မတ်ဆုံး လုပ်ငန်း ဖြစ်သည်။ ထို့အပြင်၊ ခရစ်ယာန်ဘာသာနှင့် ကာသိုလိတ်အယူဝါဒတွင်၊ ဤသည်မှာ အလွန်တွေ့နေကျအရာ ဖြစ်သည်။ ထိုသို့သော အပြုအမူကို ခရစ်ယာန်များက ချီးမွမ်းကာ လေးစားကြသည်။ များစွာအတွက်၊ ယင်းသည် အတုယူဖို့ စံတစ်ခုပင် ဖြစ်လာပြီး ဖြစ်သည်။ သို့တိုင် စီစီပီက ဘုရားသခင်ကို ယုံကြည်ရန်နှင့် ဧဝံဂေလိ ဖြန့်ဝေရန် ၎င်းတို့၏ မိသားစုနှင့် အလုပ်ကို စွန့်လွှတ်ခြင်းသည် မိသားစုများကို ပျက်စီးစေသည်ဟု ဆိုလျက်၊ ခရစ်ယာန်များကို သွားပုပ်လေလွင့်ပြောဆိုကာ ရှုတ်ချလေသည်။ ဤသည်မှာ သခင်ယေရှု၏ စကားများကို ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်း ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လွန်ခဲ့သည့် အနှစ်နှစ်ထောင်ကျော်ကြာ သခင့်အတွက် အလုပ်လုပ်ကာ ဟောပြောဖို့ အရာရာကို စွန့်လွှတ်ကြပြီးဖြစ်သူအားလုံးကို ငြင်းပယ်ခြင်းနှင့် ရှုတ်ချခြင်း မဟုတ်လော။ ၎င်းတို့၏ မိမိတို့ကိုယ်ကိုယ် ဆက်ကပ်ခြင်းနှင့် အသုံးတော်ခံခြင်းတို့အား မှားယွင်းသကဲ့သို့ ရှုတ်ချသည် မဟုတ်လော။ ထိုသို့သော အမြင်များသည် ခရစ်ယာန်ဘာသာနှင့် ကာသိုလိတ်အယူဝါဒထဲတွင် ယုတ္တိရှိပါသလော။ ဤသည်မှာ ဘုရားသခင်ကို ပေါ်တင် ဆန့်ကျင်မှုပေးခြင်း မဟုတ်လော။ နောက်ဆုံးသော ကာလအတွင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် အစပြုကတည်းက၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲက ခရစ်ယာန်များသည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြပြီးဖြစ်သည်၊ အနန္တတန်ခိုးရှင် ဘုရားသခင်မှာ ပြန်ကြွလာသည့် သခင်ယေရှု၊ နောက်ဆုံးသော ကာလ၏ ခရစ်တော် ပေါ်ထွန်းခြင်း ဖြစ်ကြောင်းနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူသားကို အပြစ်မှ လုံးဝ ကယ်တင်ကာ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ သူ့ကို ဆောင်ကြဉ်းရင်း၊ လူသား၏ အပြစ်နှင့် ပြည့်သည့် သဘာဝကို ဖြေရှင်းပေးဖို့အလို့ငှာ သမ္မာတရားကို ဖော်ပြပြီး၊ လူသားကို တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်း အမှုတော်အား လုပ်ဆောင်ကြောင်းကို တွေ့မြင်ကြပြီး ဖြစ်သည်။ ယနေ့တွင်၊ ကြီးမားသော ကပ်ဘေးများ စတင်ပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား သန့်စင်ခံရစေခြင်းအားဖြင့်သာ လူတို့သည် ဘုရားသခင်၏ ကွယ်ကာမှု ခံရနိုင်ပြီး၊ နောက်ဆုံးသော ကာလ၏ ကြီးမားသော ကပ်ဘေးများအလယ်တွင် ရှင်ကျန်နေနိုင်သော်လည်း၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ ကယ်တင်ခြင်းအား လက်ခံမရရှိသေးသူတို့သည် ရုတ်တရက်ဖြစ်သည့် ကပ်ဘေးထဲသို့ ကျဆင်းကာ ဖျက်ဆီးခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့်၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ခရစ်ယာန်များသည် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ဖြစ်သော ဘုရားသခင်၏ အရေးပေါ် အလိုတော်ကို နားလည်ကြသည်။ သခင့်နောက်လိုက်ဖို့ အရာရာကို စွန့်လွှတ်ခဲ့ပီး၊ သခင့်၏ ဧဝံဂေလိကို ကြေညာကာ သက်သေခံခဲ့ကြသည့် သခင်ယေရှု၏ တပည့်တော်များနှင့် တမန်တော်များကဲ့သို့၊ ၎င်းတို့သည် ဇာတိပကတိ၏ ပျော်မွေ့ဖွယ်ရာများကို ဝမ်းမြောက်ဝမ်းသာ ဘေးဖယ်ထားကြသည်၊ မိသားစုနှင့် အလုပ်ကို စွန့်လွှတ်ကြသည်၊ စီစီပီ၏ ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းခံရမည့် အမြဲရှိနေသော အန္တရာယ်ကို သည်းခံကြပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရားကို ဟောပြောကာ သက်သေခံဖို့ ၎င်းတို့ တတ်နိုင်သမျှအရာတိုင်းကို လုပ်ဆောင်ကြလေသည်။ ဤကောင်းမွန်သော လုပ်ဆောင်ချက်များမှာ ဘုရားသခင်၏ အလိုတော်နှင့် အကိုက်ညီဆုံးဖြစ်သည်၊ ထိုလုပ်ဆောင်ချက်တို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းခံရပြီး၊ ယင်းတို့ကို လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ခြင်း ဖြစ်သည်။ သခင်ယေရှုက၊ “သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။(ရှင်မာကုခရစ်ဝင် ၁၆:၁၅) ဟု ပြောခဲ့သည့်အတိုင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ ဖြောင့်မတ်ခြင်း အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများနှင့် မထိုက်တန်ဟု ခံစားရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် တာဝန်ယူဦးဆောင်သည်)

ယနေ့တွင်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ဟောပြောကာ သက်သေခံရန် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ထဲရှိ ခရစ်ယာန်များ၏ အရာရာကို စွန့်လွှတ်ခြင်းသည် ကောင်းကင်ဘုံ၏ အလိုတော်အတိုင်း ဖြစ်ပြီး လူတို့၏ စိတ်နှလုံးများနှင့် ကိုက်ညီပေသည်။ သို့တိုင် စီစီပီ၏ ဘုရားမဲ့ အစိုးရသည် လူတို့အား ဘုရားသခင်ကို ယုံကြည်ပြီး မှန်သော လမ်းကြောင်း လျှောက်လှမ်းဖို့ ခွင့်မပြုပေ။ ယင်းက ခရစ်ယာန်များ၏ ကောင်းသော လုပ်ဆောင်ချက်များအပေါ် ရှုတ်ချပြီး ဝေဖန်ကာ ၎င်းတို့ကို တစ်ဟုန်ထိုး ဖမ်းဆီးကာ ညှဉ်းပန်းနှိပ်စက်လေသည်၊ ထိုအရာက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ခရစ်ယာန်များစွာအား နေရာအနှံ့ လူစုကွဲကာ၊ အိမ်မပြန်နိုင်ဖြစ်စေလျက်၊ မိမိတို့၏ အိမ်များနှင့် ချစ်ရသူများကို အတင်းအဓမ္မစွန့်ခွာစေဖို့ ဖြစ်စေပြီး ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် ခရစ်ယာန် အများစု၏ မိမိတို့အိမ်များမှ ထွက်ပြေးခြင်းသည် စီစီပီ၏ လက်တွင် ၎င်းတို့၏ လူမဆန်သော ဖိနှိပ်ခံရမှု၊ ထိန်းသိမ်းခံရမှုနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြော၍ရသည်။ မပြည့်စုံသည့် ကိန်းဂဏန်းအချက်အလက်များအရ၊ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဇွန်လအထိတွင်ပင်၊ ၄ ဘုရားသခင် အသင်းတော်၏ ခရစ်ယာန် အယောက် ၄၀၀၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ ခံစားခဲ့ရသည့် နှိပ်စက်ညှဉ်းပန်းမှု၏ ရလဒ်အနေဖြင့် လူအယောက် ၁၆၉ ယောက်အထိ သေဆုံးပြီးဖြစ်သည်ဟူသည့် သက်သေအထောက်အထား ရှိပေသည်။ ဤခရစ်ယာန်များ၏ မိသားစုများသည် တကွဲတပြား ဖြစ်သွားကြပြီးဖြစ်သည် - ဤသည်မှာ စီစီပီ၏ လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုကြောင်းသာ ဖြစ်လေပြီ မဟုတ်လော။ စီစီပီက ပေးသည့် ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုက ဖော်မပြနိုင်လောက်အောင်များသော မိသားစုများကို ကသောင်းကနင်း ပျက်စီးသွားစေပြီးဖြစ်ကာ မရေမတွက်နိုင်လောက်အောင်များသော ခရစ်ယာန်များအား မိမိတို့၏ အိမ်များကို အတင်းစွန့်ခွာထွက်ပြေးစေပြီး ဖြစ်သည် - ထိုသို့သော မကောင်းမှုကို စီစီပီက ကျူးလွန်ပြီးဖြစ်သည် မဟုတ်ပါလော။ ကွန်မြူနစ်ပါတီသည် ဘုရားသခင်ကို ယုံကြည်သူများအား ၎င်းတို့၏ ဘဝ ရပိုင်ခွင့်ကို ပိတ်ပင်ထားလျက်၊ နောက်ဆုံးတွင် ၎င်း၏ ဓားဆာခံများအပေါ် အပြစ်ဖို့ရင်း၊ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်မှုကြောင့် ၎င်းတို့၏ မိသားစုများကို စွန့်ပစ်သည်မှာ ခရစ်ယာန်များဖြစ်ကြောင်း၊ ၎င်းတို့၏ မိသားစုများကို ဖျက်ဆီးသည်မှာ ၎င်းတို့သာ ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ပြောဆိုလျက်၊ ခရစ်ယာန်များ၏ မိသားစုဝင်များကိုပင် ချန်မထားဘဲ၊ ဖမ်းဆီးကာ နှိပ်စက်ညှဉ်းပန်းဖို့ မည်သည့်အရာကြောင့်မျှ မရပ်တန့်ပေ။ ဤသည်မှာ အချက်အလက်များကို မလိမ့်တစ်ပတ်လုပ်ခြင်းနှင့် အမှန်တရားကို မှောက်လှန်ခြင်း မဟုတ်ပါလော။ ဤသည်တို့မှာ အရှက်မဲ့သည့်၊ မျက်နှာပြောင်တိုက်သော အလိမ်အညာများ မဟုတ်ပါလော။ ဒီမိုကရေစီ နိုင်ငံများရှိ အရေအတွက် အလွန်များသည့် လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသည်။ ၎င်းတို့ထဲမှ မည်သူသည် ဘုရားသခင်၌ ၎င်းတို့၏ယုံကြည်မှုကြောင့်၊ အစိုးရ၏ နှိပ်စက်ညှဉ်းပန်းခြင်း ခံရပြီး မိမိတို့၏ ချစ်ရသူများကို တစ်ခါမျှ တစ်ဖန်မတွေ့ရဘဲ၊ မိမိတို့၏ အိမ်များကို စွန့်ပြေးကြရပြီး ဖြစ်သနည်း။ စီစီပီကဲ့သို့သော ဆိုးယုတ်သည့် အုပ်ချုပ်မှု စနစ်ကသာ ဘုရားသခင်အတွက် မိမိတို့ကိုယ်ကိုယ် ဆက်ကပ်ပြီး အသုံးတော်ခံသော ခရစ်ယာန်များကို အလွန် သွားပုပ်လေလွင့်ပြောပြီး ဝေဖန်နိုင်ပေသည်။ ဤသည်မှာ အမှန်တရားကို မှောက်လှန်ပြီး အမှန်ကို အမှားအဖြစ် ပြောင်းသည့် မိစ္ဆာဒိဋ္ဌိ အယူလွဲသာ ဖြစ်ပေသည်။ ယင်းမှာ စီစီပီသည် ဆိုးယုတ်သော အုပ်ချုပ်မှုစနစ်တစ်ခုသာ ဖြစ်သည်ဆိုသည့် သက်သေ ဖြစ်သည်။ အနှစ်သာရအနေဖြင့်၊ စီစီပီသည် ဘုရားသခင်ကို ဆန့်ကျင်ကာ မုန်းတီးသည့် စာတန်နတ်ဆိုးနှင့် ဆိုင်သော အုပ်စုတစ်စု ဖြစ်သည်။ စီစီပီသည် ဤခရစ်ယာန် မိသားစုများကို တစ်ပိုင်းတစ်စစီ ကွဲစေသည့်၊ နေရာအနှံ့ ကွဲလွင့်စေပြီး ၎င်းတို့အား အိမ်မပြန်နိုင်ဖြစ်စေရစ်သည့် အဓိက တရားခံ ဖြစ်သည်။

အရှေ့သို့- ၁။ သင်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် နောက်ဆုံးသောကာလ ခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့၌ ၎င်း၏ မူလဇာစ်မြစ်များ ရှိသည်ဟု သက်သေခံသည်၊ သို့သော် ဘုရားမဲ့ ဝါဒီ တရုတ်ကွန်မြူနစ်ပါတီ အစိုးရနှင့် ဘာသာရေးလောက၏ ခေါင်းဆောင်များက သင်တို့၏ သွန်သင်ချက်များကို မိစ္ဆာအယူဝါဒအဖြစ် ရှုတ်ချကြသည်။ သို့ဆိုလျှင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး လောက ပြောသည့်အရာအပေါ် ချင့်ချိန်နိုင်စွမ်းကို ကျွန်ုပ်တို့ မည်သို့ ရှိနိုင်သနည်း။

နောက်တစ်ခုသို့- ၃။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က လူတို့ကို ရိုးသားဖို့ရန်နှင့် လူ့ဘဝ၏ မှန်သော လမ်းကြောင်းကို လျှောက်လှမ်းဖို့ တောင်းဆိုလျက်၊ ဧဝံဂေလိတရားကို ဖြန့်ဝေကာ ဘုရားသခင်ကို သက်သေခံကြသည်ထက် မည်သည့်အရာကိုမျှ မလုပ်ဆောင်ကြသည်ကို ကျွန်ုပ် မြင်ရသည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီက ဧဝံဂေလိတရားကို ဖြန့်ဝေရာတွင် အသင်းတော်၏ အဆုံးစွန် ရည်မှန်းချက်မှာ တရုတ်ကွန်မြူနစ်ပါတီ အုပ်စိုးမှုကို ဖြုတ်ချဖို့ဖြစ်သည်ဟု ဆိုရင်း သတင်းအချက်လက် ဖြန့်ဖြူးနေကြသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ စကားများ မှန်သည်၊ မှားသည်ဆိုသည်ကို ကျွန်ုပ် မည်သို့ သိနိုင်သနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။