၂။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် လတ်တလော နှစ်များတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ဘာသာရေး အသိုင်းအဝိုင်းတို့၏ သွေးရူးသွေးတန်း ဆန့်ကျင်ခြင်းနှင့် ရှုတ်ချခြင်းတို့အားဖြင့် ဖိစီးခံရပြီးဖြစ်သော်လည်း၊ အသင်းတော်သည် ဘုရားသခင်ကို သက်သေခံခြင်း အွန်လိုင်း ရုပ်ရှင်များနှင့် ဗွီဒီယိုများကို သာ၍ သာ၍ ထုတ်လုပ်နေကြပြီးဖြစ်သည်ကို ကျွန်ုပ် မြင်ရသည်။ ဤရုပ်ရှင်များနှင့် ဗွီဒီယိုများ၏ အကြောင်းအရာသည် တိုးမြဲတိုးပွားနေပြီး ၎င်းတို့သည် သာ၍ သာ၍ နည်းပညာအရ ပြောင်မြောက်လာနေကြသည်။ ဤစီစဉ်တက်ဆက်သည့် လက်ရာများက မိတ်သဟာပြုသည့် သမ္မာတရားများမှာလည်း မယုံနိုင်လောက်အောင် လူတို့ကို တည်ဆောင်ပေးနေသည်။ ဘာသာရေး အသိုင်းအဝိုင်းတစ်ခုလုံးသည် လတ်တလောနှစ်များတွင် ဘုရားသခင်၏ အမှုတော်ကို သက်သေခံနေသော ထိုမျှလောက်နီးနီး ကောင်းသည့် မည်သည့်ရုပ်ရှင်ကိုမျှ မထုတ်လုပ်ဖူးပါ။ ယခုတွင် ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးမှ ဘုရားသခင်ကို ယုံကြည်သည့် တိုး၍ တိုး၍ များသော လူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သို့ ပါဝင်ကြပြီးဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်းတစ်ခုလုံးက အလွန် ခြောက်ကပ်နေစဉ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်သည် အဘယ်ကြောင့် ရှင်သန်နေသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-

“စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုးမရွာစေခြင်းငှါ မိုးကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုးရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။ ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြသေးဟု ယေဟောဝါ မိန့်တော်မူ၏။” (အာမုတ်အနာဂတ္တိကျမ်း ၄:၇-၈)

“ယေဟောဝါ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့၊ မြေပေါ်သို့ ငတ်မွတ်ခြင်းဘေးကြီး ငါစေလွှတ်မည့်ကာလ ရောက်လာပြီ၊ အစာငတ်မွတ်ခြင်းဘေး မဟုတ်သကဲ့သို့ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ သို့သော် ယေဟာဝါ၏ နှုတ်ကပတ်တော်များ ကြားရခြင်းကို ငတ်မွတ်သော ဘေးဖြစ်လိမ့်မည်။” (အာမုတ်အနာဂတ္တိကျမ်း ၈:၁၁)

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ငါ၏ ဘုန်းတော်ကို တွေ့လိမ့်မည်ဟု ၎င်းတို့ တစ်ယောက်တွင်မျှ ယုံကြည်ခြင်းမရှိ၊ ငါသည်လည်း ၎င်းတို့အား အတင်းအကျပ် ခိုင်းမည့်အစား၊ ငါ၏ ဘုန်းတော်ကို လူသားအလယ်မှ ဖယ်ရှားလျက်၊ အခြားကမ္ဘာသို့ ယူဆောင်သွားသည်။ လူသားတို့ နောင်တစ်ကြိမ် နောင်တရသည့်အခါ၊ ငါ၏ဘုန်းတော်ကို ယူဆောင်ကာ ယုံကြည်သူတို့အား ပို၍ပြမည်။ ဤသည်မှာ ငါအမှုပြုသည့် အခြေခံသဘောတရားဖြစ်သည်။ ငါ၏ ဘုန်းတော်သည် ခါနာန်ပြည်မှ စွန့်ခွာသည့်အချိန်ရှိပြီး ရွေးချယ်ထားသူတို့ ထံမှလည်း စွန့်ခွာသည့်အချိန် ရှိသောကြောင့် ဖြစ်၏။ ထို့အပြင် တစ်ကမ္ဘာလုံး မှိန်သွားပြီး အမှောင်ထုအတွင်း သက်ဆင်းသွားစေလျက်၊ တစ်ကမ္ဘာလုံးကို ငါ၏ဘုန်းတော် စွန့်ခွာသည့်အချိန်ရှိသည်။ ခါနာန်ပြည်ပင်လျှင် နေရောင်ကို မမြင်စေရ။ လူသားအားလုံး ယုံကြည်မှု ပျောက်ဆုံး သော်လည်း၊ မည်သူမျှ မွှေးကြိုင်သည့် ခါနာန်ပြည်ကို စွန့်ခွာနိုင်ခြင်းငှာ မစွမ်းချေ။ ငါသည် ကောင်းကင်ဘုံအသစ်နှင့် မြေကြီးအသစ်အတွင်း ဝင်ရောက်သည့်အခါမှ၊ ငါ့ဘုန်းတော်၏ အခြားအစိတ်အပိုင်းကို ယူဆောင်ပြီး ယင်းကို ခါနာန်ပြည်တွင် ဦးစွာဖော်ပြသည်၊ ည၏ ပိန်းပိတ်အောင် မှောင်သော အမှောင်ထုအတွင်း နစ်မြုပ်နေသည့် တစ်ကမ္ဘာလုံး အလင်းသို့ ရောက်ရှိနိုင်စေရန်အတွက် အလင်းရောင် အနည်းငယ်ကို တစ်ကမ္ဘာလုံး၌ ထွန်းလင်းသွားစေသည်။ ငါ၏ ဘုန်းတော်ကို တိုင်းနိုင်ငံတိုင်းတွင် တိုးပွားပြီး အသစ်ပေါ်ထွန်းစေလျက်၊ တစ်ကမ္ဘာလုံးရှိ လူသားများအား အလင်း၏စွမ်းအားမှ ခွန်အားရယူရန် လာရောက်နိုင်သည်။ ပြီးလျှင် ငါသည် လူ့ကမ္ဘာကို ရှေးကာလက လာရောက်ခဲ့ပြီး ငါ၏ဘုန်းတော်ကို ဣသရေလပြည်မှ အရှေ့အရပ်သို့ ယူဆောင်လာခဲ့ကြောင်း လူသားမျိုးနွယ် တစ်ရပ်လုံးကို သိစေမည်။ အကြောင်းမူကား ငါ၏ ဘုန်းတော်သည် အရှေ့အရပ်မှ ထွန်းလင်းပြီး ကျေးဇူးတော်ခေတ်မှ ယနေ့တိုင် ယူဆောင် လာခဲ့သောကြောင့် ဖြစ်သည်။ ငါထွက်ခွာလာသည့်အရပ်သည် ဣသရေလပြည် ဖြစ်လင့်ကစား၊ ထိုနေရာမှ အရှေ့အရပ်သို့ ငါ ရောက်ရှိခဲ့ပေသည်။ အရှေ့အရပ်၏ အလင်း တဖြည်းဖြည်း ဖြူသွားသည့်အခါမှသာ၊ ကမ္ဘာတစ်ဝန်းရှိ အမှောင်သည် အလင်းသို့ စတင်ပြောင်းလဲကာ ငါသည် ရှေးကာလက ဣသရေလပြည်မှ ထွက်သွား၍ အရှေ့အရပ်တွင် အသစ်တစ်ဖန် ပေါ်ထွန်းလာနေသည်ကို လူသားက တွေ့ရှိမည် ဖြစ်သည်။ ဣသရေလပြည်အတွင်းသို့ တစ်ချိန်ကဆင်းသက်ပြီး နောင်တွင် ထိုနေရာမှ ထွက်ခွာလာခဲ့ပြီးနောက်၊ ငါသည် ဣသရေလပြည်တွင် ထပ်မံမွေးဖွားခြင်း မပြုနိုင်ပေ၊ အကြောင်းမူကား ငါ၏အမှုသည် စကြဝဠာတစ်ခုလုံးကို ဦးဆောင်လမ်းပြခြင်း ဖြစ်သည့်အပြင်၊ အရှေ့အရပ်မှ အနောက်အရပ်သို့ ဖြောင့်တန်းလျက် လျှပ်ပြက်သောကြောင့် ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် ငါသည် အရှေ့အရပ်၌ ဆင်းသက်ခဲ့ကာ ခါနာန်ပြည်ကို အရှေ့အရပ် သားများထံ ယူဆောင်ခဲ့ခြင်းဖြစ်သည်။ ငါသည် တစ်ကမ္ဘာလုံးရှိ လူသားများကို ခါနာန်ပြည်သို့ ခေါ်ဆောင်မည် ဖြစ်သောကြောင့်၊ စကြဝဠာ တစ်ခုလုံးကို ထိန်းချုပ်ဖို့ ခါနာန်ပြည်တွင် ငါသည် မိန့်မြွက်ချက်များကို ဆက်လက် ထုတ်ပြန်လေသည်။ ယခုအချိန်တွင် ခါနာန်ပြည်မှလွဲ၍ ကမ္ဘာမြေပြင်တစ်ခုလုံး၌ အလင်းမရှိပေ။ ထို့အပြင် လူသားအားလုံး ဆာလောင်မှုနှင့် အအေးတို့ကြောင့် ဒုက္ခရောက်နေ၏။ ငါသည် ငါ၏ ဘုန်းတော်ကို ဣသရေလတို့ကို ပေးပြီးနောက် ပြန်ယူလိုက်၏၊ ထိုနည်းအားဖြင့် ဣသရေလ လူမျိုးတို့အား အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့ပြီး လူသားမျိုးနွယ် တစ်ရပ်လုံးကို အရှေ့အရပ်သို့ ခေါ်ဆောင်ခဲ့၏။ ၎င်းတို့အားလုံး အလင်းနှင့် ပြန်လည်စည်းလုံး၍ ပေါင်းသင်းကာ၊ ယင်းကို ရှာဖွေခြင်း မပြုရတော့ရန်အလို့ငှာ၊ ငါသည် ၎င်းတို့ကို အလင်းထံ ခေါ်ဆောင်လာခဲ့သည်။ ရှာဖွေနေသူ အားလုံးအား အလင်းကို တစ်ဖန် ပြန်မြင်စေပြီး ဣသရေလတွင် ငါ၌ရှိခဲ့သော ဘုန်းတော်ကို မြင်စေမည်။ ရှေးလွန်လေပြီးသော ကာလက လူသားမျိုးနွယ်အကြား မိုးတိမ်ဖြူပေါ်မှ ငါကြွဆင်းခဲ့ကြောင်း သူတို့အားမြင်စေမည်၊ မရေတွက်နိုင်သော မိုးတိမ်ဖြူများ၊ ပြွတ်သိပ်လျက်ရှိသည့် အသီးများကို သူတို့အား မြင်စေမည့်အပြင် ဣသရေလ၏ ယေဟောဝါ ဘုရားသခင်ကို တွေ့စေမည်။ ယုဒလူမျိုးတို့၏ အရှင်၊ လူတို့တောင့်တနေသည့် မေရှိယနှင့် ခေတ်အဆက်ဆက် ရှင်ဘုရင်များ၏ ညှဉ်းပန်းခြင်းခံခဲ့ရသည့်ငါ၏ ရုပ်သွင်အပြည့်အဝကို ကြည့်စေမည်။ နောက်ဆုံးသောကာလတွင် ငါ၏ဘုန်းတော်နှင့် ငါ၏ ဆောင်ရွက်ချက် အားလုံးကို လူသားအား ထုတ်ဖော်ပြလျက်၊ ငါသည် စကြဝဠာတစ်ခုလုံး အပေါ် အမှုပြုပြီး ကြီးစွာသော အမှုကို ဆောင်ရွက်မည်။ ငါသည် ငါ၏ဘုန်းတော်ကို ရှေးကာလက ယူလိုက်ပြီး အရှေ့အရပ်သို့ ယူဆောင်ခဲ့ကာ ယင်းမှာ ယုဒပြည်တွင် မရှိစေတော့ကြောင်း အားလုံး သိစေခြင်းအလို့ငှာ၊ ငါ့ကို နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သူများ၊ မိုးတိမ်ဖြူပေါ်မှ ငါကြွလာရန် တောင့်တခဲ့သူများ၊ ငါတစ်ဖန် ပေါ်ထွက်ရန် တောင့်တခဲ့သည့် ဣသရေလနှင့် ငါ့ကို နှိပ်စက်ညှဉ်းပန်းသည့် လူသားမျိုးနွယ် တစ်ခုလုံးအား ဘုန်းကြီးသော ငါ၏မျက်နှာ အပြည့်အဝ ပြမည်။ အကြောင်းမှာ နောက်ဆုံးသောကာလသည် ရောက်နှင့်ပြီး ဖြစ်သောကြောင့်ပင်တည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားသည် စကြဝဠာတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဟု ဟောပြောနေသည့် မိုးကြိုးသံ ခုနစ်ချက်မြည်ဟည်းသည်

ဘုရားသခင်သည် ဤလူစုကို စကြဝဠာတစ်ခွင်လုံးအနှံ့ သူ၏အမှုနှင့်ဆိုင်သည့် တစ်ခုတည်းသော ဗဟိုအချက်အဖြစ် ပြုလုပ်ပြီး ဖြစ်သည်။ သူသည် သင်တို့အတွက် သူ၏နှလုံးသွေးအားလုံးကို စတေးပြီးဖြစ်သည်။ စကြဝဠာအနှံ့အပြားရှိ ဝိညာဉ်တော်၏အမှုအားလုံးကို သူသည် ပြန်သိမ်းပြီးဖြစ်ကာ သင်တို့အား ပေးပြီးဖြစ်သည်။ ယင်းမှာ သင်တို့သည် ကံကောင်းသူများဖြစ်ရခြင်း အကြောင်းအရင်း ဖြစ်သည်။ ထို့အပြင်၊ သူသည် သူ၏ဘုန်းအသရေကို သူ၏ ရွေးချယ်သောလူမျိုး ဣသရေလထံမှ သင်တို့ထံသို့ လွှဲပြောင်းပြီးဖြစ်ကာ၊ သူသည် ဤလူစုမှတစ်ဆင့် သူ၏အစီအစဉ်၏ ရည်ရွယ်ချက်ကို အပြည့်အဝ ထင်ရှားစေလိမ့်မည်။ သို့ဖြစ်၍၊ သင်တို့သည် ဘုရားသခင်၏အမွေကို ရရှိမည့်သူများဖြစ်ကြပြီး၊ ဤထက်မကပင် သင်တို့သည် ဘုရားသခင် ဘုန်းအသရေ၏ အမွေစားအမွေခံများ ဖြစ်ကြသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏အမှုသည် လူသားထင်သကဲ့သို့ ရိုးရှင်းပါသလော

ဘုရားသခင်သည် ဤအချက်အား ပြီးမြောက်စေမည် ဖြစ်သည်- သူသည် စကြဝဠာ တစ်လျှောက်လုံးရှိ လူအားလုံးကို သူ့ရှေ့မှောက်သို့ လာစေကာ ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေလိမ့်မည်ဖြစ်ပြီး၊ အခြားနေရာများရှိ သူ၏ အမှုသည် ရပ်စဲလိမ့်မည်ဖြစ်ကာ လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ယင်းသည် ယောသပ်ကဲ့သို့ ဖြစ်လိမ့်မည်- သူထံ၌ စားစရာများ ရှိသည့်အတွက်၊ အယောက်တိုင်းသည် အစားအစာအတွက် သူ့ထံလာကြပြီး သူ့ရှေ့၌ ဦးညွှတ်ကြသည်။ ငတ်မွတ်ခေါင်းပါးခြင်းကို ရှောင်ရှားဖို့ရန်အလို့ငှာ၊ လူများသည် မှန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခံရလိမ့်မည်။ ဘာသာရေးအသိုင်းအဝိုင်း တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ်ခေါင်းပါးခြင်းကို ခံစားရလိမ့်မည်ဖြစ်ပြီး၊ ယနေ့၏ ဘုရားသခင် တစ်ပါးတည်းသာ အသက်စမ်းရေတွင်း ဖြစ်သည်၊ လူ၏ မွေ့လျော်မှုအတွက် ထောက်ပံ့သည့် အစဉ်စီးဆင်းသော စမ်းရေတွင်းကို ပိုင်ဆိုင်ကာ လူများသည် သူ့ထံလာပြီး မှီခိုကြလိမ့်မည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ထုတ်ဖော်ပြခံရကာ ဘုရားသခင် ဘုန်းအသရေရရှိသည့် အချိန် ဖြစ်လိမ့်မည်။ စကြဝဠာ တစ်လျှောက်ရှိ လူအားလုံးသည် ဤသာမည “လူသား” ကို ကိုးကွယ် ကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဘုန်းအသရေ နေ့ရက် ဖြစ်လိမ့်မည် မဟုတ်ပေလော။ တစ်နေ့တွင်၊ အသက်ကြီးသော သင်းအုပ်ဆရာများသည် အသက်စမ်းရေတွင်းမှ ရေကိုရှာဖွေရင်း ကြေးနန်းများ ပေးပို့ကြလိမ့်မည်။ ၎င်းတို့သည် အသက်အရွယ်ကြီးရင့် ကြလိမ့်မည် ဖြစ်သော်လည်း၊ ၎င်းတို့ အထင်အမြင်သေးခဲ့ကြသည့် ဤလူကို ကိုးကွယ်ဖို့ လာကြလိမ့်ဦးမည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ နှုတ်များဖြင့် သူ့ကို ဝန်ခံကြလိမ့်မည်ဖြစ်ပြီး၊ မိမိတို့၏ စိတ်နှလုံးများဖြင့် သူ့ကို ကိုးစားကြလိမ့်မည်ဖြစ်သည်- ဤသည်မှာ နိမိတ်လက္ခဏာတစ်ခုနှင့် အဖွယ်ရာတစ်ခု ဖြစ်သည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ

ဘုရားသခင်နောက်လိုက်ရာတွင် အဓိက အရေးကြီးသောအရာမှာ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်သင့်ခြင်း ဖြစ်သည်။ သင်သည် အသက်ထဲသို့ ဝင်ရောက်ခြင်းကို သင် အားထုတ်နေသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းခြင်းအား အားထုတ်နေသည်ဖြစ်စေ၊ အရာရာတိုင်းသည် ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုပြုသင့်ပေသည်။ အကယ်၍ သင်မိတ်သဟာယ ဖွဲ့သောအရာနှင့် အားထုတ်သော အရာတို့မှာ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဗဟိုမပြုပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူတစ်ဦး ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏လုပ်ဆောင်ချက် လုံးဝ ကင်းမဲ့ပေသည်။ ဘုရားသခင် အလိုရှိသောအရာမှာ သူ၏ခြေလှမ်းများ နောက်လိုက်လျှောက်ကြသော လူများဖြစ်သည်။ ယခင်က သင် နားလည်ခဲ့သော အရာများသည် မည်သို့ နှစ်သက်ဖွယ်ဖြစ်ပြီး ဖြူစင်သည်ဖြစ်စေ၊ ဘုရားသခင်က ယင်းကို အလိုမရှိသကဲ့သို့၊ သင်သည် ထိုသို့သောအရာများကို သင် ဘေးဖယ် မထားနိုင်ပါက၊ ယင်းတို့သည် သင်၏ အနာဂတ် ဝင်ရောက်မှုအတွက် ကြီးမားသော အဟန့်အတား တစ်ခု ဖြစ်လိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလင်းနောက်သို့ လိုက်လျှောက်နိုင်သူ အားလုံးသည် မင်္ဂလာရှိကြ၏။ အတိတ်ကာလများ၏ လူတို့သည်လည်း ဘုရားသခင်၏ ခြေလှမ်းများနောက် လိုက်လျှောက်ခဲ့ကြသည်၊ သို့သော် ယနေ့ထိတိုင် ၎င်းတို့ မလိုက်လျှောက်နိုင်ခဲ့ကြချေ။ ဤသည်မှာ နောက်ဆုံးသောကာလ လူများ၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ လိုက်လျှောက်နိုင်သောသူများနှင့် ဘုရားသခင်က ၎င်းတို့ကို ဦးဆောင်သည့် မည်သည့်နေရာသို့မဆို ဘုရားသခင် နောက်လိုက်ကြသည့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်သော ထိုသို့သောသူများ- ဤသည်တို့မှာ ဘုရားသခင်၏ ကောင်းချီးပေးခြင်း ခံစားရသည့် လူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိ အလုပ်နောက်သို့ မလိုက်လျှောက်သော သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သော အမှုထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့၊ ၎င်းတို့ မည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဒုက္ခဆင်းရဲများ မည်မျှ ကြီးမားသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ မည်မျှ ဟိုဟိုသည်သည် အလုပ်များသည်ဖြစ်စေ၊ ထိုအရာထဲမှတစ်ခုမျှ ဘုရားသခင်အဖို့ အဓိပ္ပာယ် တစ်ခုတစ်လေမျှ မရှိသကဲ့သို့၊ သူသည် ၎င်းတို့ကို ချီးကျူးလိမ့်မည် မဟုတ်။ ယနေ့တွင် ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များနောက်သို့ လိုက်လျှောက်သောသူ အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိကြသည်။ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် စိမ်းသောသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း အပြင်တွင် ရှိကြပြီး၊ ထိုသို့သောလူတို့ကို ဘုရားသခင် မချီးကျူးပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များမှ ကင်းကွာသည့် အစေခံခြင်းသည် ဇာတိပကတိနှင့် အယူအဆများနှင့်ဆိုင်သော အစေခံခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ အလိုနှင့် ကိုက်ညီဖို့မှာ ယင်းအတွက် မဖြစ်နိုင်ပေ။ အကယ်၍ လူများသည် ဘာသာရေး အယူအဆများအလယ်တွင် အသက်ရှင်ကြပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုနှင့် သင့်တော်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြသကဲ့သို့၊ ဘုရားသခင်ကို ၎င်းတို့ အစေခံကြသော်လည်း၊ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများနှင့် အယူအဆများအလယ်တွင် အစေခံကြပြီး၊ ဘုရားသခင်၏ အလိုနှင့်အညီ အစေခံနိုင်စွမ်း လုံးဝမရှိကြချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်၏ အလိုကို နားမလည်ကြသကဲ့သို့၊ ဘုရားသခင်၏အလိုကို နားမလည်သောသူများသည် ဘုရားသခင်ကို အစေမခံနိုင်ကြပေ။ ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော အစေခံခြင်းကို အလိုရှိသည်။ သူသည် အယူအဆများ၊ ဇာတိပကတိနှင့်ဆိုင်သော အစေခံခြင်းကို အလိုမရှိပေ။ အကယ်၍ လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ခြေလှမ်းများနောက်သို့ လိုက်လျှောက်နိုင်စွမ်းမရှိပါက၊ ၎င်းတို့သည် အယူအဆများအလယ်တွင် အသက်ရှင်ကြ၏။ ထိုသို့သော လူတို့၏ အစေခံခြင်းသည် ကာဆီးကာ နှောင့်ယှက်ပြီး၊ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ပေသည်။ ထို့ကြောင့် ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အစေခံနိုင်စွမ်း မရှိပေ။ ဘုရားသခင်၏ ခြေလှမ်းများနောက်သို့ မလိုက်လျှောက်နိုင်သောသူများသည် ဘုရားသခင်ကို အသေချာဆုံး ဆန့်ကျင်ကြပြီး၊ ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။ “သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် နောက်သို့ လိုက်လျှောက်ခြင်း” ဆိုသည်မှာ ယနေ့ ဘုရားသခင်၏ အလိုကို နားလည်ခြင်း၊ ဘုရားသခင်၏ လက်ရှိ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်း၊ ယနေ့၏ ဘုရားသခင်ကို နာခံကာ လိုက်လျှောက်နိုင်ခြင်းနှင့် ဘုရားသခင်၏ အသစ်လွင်ဆုံးသော မိန့်မြွက်ချက်များနှင့်အညီ ဝင်ရောက်ခြင်းတို့ကို ဆိုလိုသည်။ ဤသည်သာ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နောက်သို့ လိုက်လျှောက်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသောသူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူများသည် ဘုရားသခင်၏ ချီးမွမ်းမှုကို ရရှိနိုင်စွမ်းနှင့် ဘုရားသခင်ကို မြင်တွေ့နိုင်စွမ်း ရှိသည်သာမက၊ ဘုရားသခင်၏ နောက်ဆုံးအမှုမှတစ်ဆင့် ဘုရားသခင်၏ စိတ်သဘောထားကိုလည်း သိရှိနိုင်ပြီး၊ လူတို့၏ အယူအဆများနှင့် မနာခံမှု၊ ပြီးလျှင် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို သူ၏ နောက်ဆုံးအမှုမှ သိရှိနိုင်ပေသည်။ ထို့အပြင် ၎င်းတို့၏ အစေခံမှုအတွင်းတွင်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်သဘောထားထဲက ပြောင်းလဲမှုများကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဤကဲ့သို့သော လူများသာ ဘုရားသခင်ကို ရရှိနိုင်သူများနှင့် မှန်သောလမ်းခရီးကို စစ်မှန်ရိုးသားစွာ တွေ့ရှိပြီးသောသူများ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်အားဖြင့် ပယ်ရှင်းခံရသော သူများမှာ ဘုရားသခင်၏ နောက်ဆုံးအမှုနောက်သို့ လိုက်လျှောက်နိုင်စွမ်း မရှိသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်၏ နောက်ဆုံးအမှုကို ဆန့်ကျင်ပုန်ကန်သောသူများ ဖြစ်သည်။ ထိုသို့သောသူများက ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ပုန်ကြသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီးဖြစ်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်၏သဏ္ဌာန်သည် ၎င်းတို့၏ အယူအဆများထဲရှိ သဏ္ဌာန်နှင့် မတူညီသောကြောင့်ဖြစ်သည်- ဤအရာ၏ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ကြပြီး၊ ဘုရားသခင်အပေါ် အကဲဖြတ်ဝေဖန်ကြသည်၊ ယင်းက ၎င်းတို့ကို ဘုရားသခင်က စက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို အကျိုးဆက် ဖြစ်ပေါ်စေလေသည်။ ဘုရားသခင်၏ နောက်ဆုံးသောအမှုနှင့်ဆိုင်သည့် အသိပညာကို ပိုင်ဆိုင်ခြင်းသည် လွယ်ကူသည့် ကိစ္စရပ် မဟုတ်ပေ၊ သို့သော် လူများသည် ဘုရားသခင်၏အမှုကို နာခံလိုစိတ် ရှိပြီး၊ ဘုရားသခင်၏အမှုကို ရှာဖွေလိုစိတ် ရှိကြပါက၊ ၎င်းတို့သည် ဘုရားသခင်အား မြင်တွေ့ရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်လွင်ဆုံးသော လမ်းပြမှုကို ရရှိရန် အခွင့်အရေး ရှိကြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏အမှုကို တမင်တကာ ဆန့်ကျင်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း သို့မဟုတ် ဘုရားသခင်၏ လမ်းပြမှုကို မရရှိနိုင်ပေ။ ထို့ကြောင့် လူများသည် ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်အပေါ် မူတည်သည်၊ ယင်းသည် ၎င်းတို့၏ အားထုတ်မှုအပေါ် မူတည်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်များအပေါ် မူတည်ပေသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ လက်ရှိမိန့်မြွက်ချက်များကို နာခံနိုင်သောသူအားလုံးသည် မင်္ဂလာရှိကြ၏။ ၎င်းတို့ မည်သို့ ဖြစ်လေ့ရှိခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို့ အလုပ်လုပ်လေ့ရှိခဲ့သည် ဖြစ်စေ- ဘုရားသခင်၏ နောက်ဆုံးအမှုကို ရရှိပြီးသောသူများသည် ကောင်းချီးမင်္ဂလာကို အခံစားရဆုံးဖြစ်ပြီး၊ ယနေ့ နောက်ဆုံးသော အမှုကို မလိုက်လျှောက်နိုင်သောသူများမှာ ပယ်ရှင်းခံကြရသည်။ ဘုရားသခင်သည် အလင်းသစ်ကို လက်ခံနိုင်သောသူများကို အလိုရှိပြီး၊ သူ၏ နောက်ဆုံးအမှုကို လက်ခံကာ သိရှိသောသူများကို အလိုရှိသည်။ သင်တို့သည် စင်ကြယ်သော အပျိုကညာ ဖြစ်ရမည်ဟု အဘယ်ကြောင့် ပြောထားသနည်း။ စင်ကြယ်သော အပျိုကညာသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေနိုင်ပြီး အသစ်သော အမှုအရာများကို နားလည်နိုင်သည်၊ ထို့အပြင် အယူအဆဟောင်းများကို ဘေးဖယ်ထားနိုင်ပြီး၊ ယနေ့ ဘုရားသခင်၏ အမှုကို နာခံနိုင်ကြလေသည်။ ယနေ့ အသစ်အဖြစ်ဆုံးသော အမှုကို လက်ခံသော ဤလူအုပ်စုသည် ခေတ်များ မတိုင်မီတွင် ဘုရားသခင်၏ ခွဲခန့်မှတ်သားခြင်းကို ခံခဲ့ကြရပြီး၊ ကောင်းချီးမင်္ဂလာ အခံစားရဆုံးသောလူများ ဖြစ်ကြသည်။ သင်တို့သည် ဘုရားသခင်၏ အသံကို တိုက်ရိုက် ကြားရပြီး ဘုရားသခင် ပေါ်ထွန်းခြင်းကို မြင်ကြရသည်၊ ထို့ကြောင့် ကောင်းကင်နှင့် မြေကြီးတစ်ပြင်လုံးနှင့် ခေတ်ကာလများတစ်လျှောက်လုံးတွင် ဤလူစုဖြစ်သည့်‌ သင်တို့ထက် မည်သူမျှ ကောင်းချီးမခံစားကြရလေပြီ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အသစ်ဆုံးသောအမှုကို သိပြီး သူ၏ ခြေလှမ်းများနောက် လိုက်လော့

ဘုရားသခင်၏ အမှုအားလုံး တစ်လျှောက်တွင်၊ လူသည် ယေဟောဝါ၏ ပညတ်တရားကို အမြဲလိုက်နာရမည် ဆိုပါက၊ ခေတ်တစ်ခုလုံးကို အဆုံးသို့ ဆောင်ကြဉ်းဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ အမှုသည် တိုးတက်နိုင်မည်မဟုတ်ပေ။ အကယ်၍ လူသည် ကားတိုင်ကို အမြဲစွဲကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းကို အမြဲလက်တွေ့လုပ်ဆောင်ပါက၊ ဘုရားသခင်၏ အမှု ဆက်လက် တိုးတက်ရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ပညတ်တရားများကိုသာ လိုက်နာသည့် လူတို့အလယ်တွင်၊ သို့မဟုတ် လက်ဝါးကပ်တိုင်ကိုသာ စွဲကိုင်ထားပြီး စိတ်ရှည်ခြင်းနှင့် နှိမ့်ချခြင်းတို့ကို အမြဲလက်တွေ့လုပ်ဆောင်သော လူသားများအလယ်တွင်၊ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအား တကယ်ကို အဆုံးမသတ်နိုင်ပေ။ ယင်းအစား ဘုရားသခင်၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးကို ဘုရားသခင်ကို သိရှိသူ၊ စာတန်၏ လက်တွင်းမှ ပြန်လည်ရယူခြင်း ခံရသူနှင့် စာတန်၏ စွမ်းအားမှ မိမိတို့ကိုယ်ကိုယ် အပြည့်အဝ ကင်းမဲ့စေပြီးသူများ ဖြစ်သည့် နောက်ဆုံးသော ကာလနှင့်သက်ဆိုင်သူများအလယ်တွင် အဆုံးသတ်ပေသည်။ ဤသည်မှာ ဘုရားသခင်အမှု၏ လွှဲရှောင်၍မရသော ဦးတည်ရာဖြစ်သည်။ ဘာသာရေး အသင်းတော်များ၌ ရှိသူတို့၏ လက်တွေ့လုပ်ဆောင်မှုသည် ခေတ်နောက်ကျသည်ဟု အဘယ်ကြောင့် ဆိုထားသနည်း။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ လက်တွေ့လုပ်ဆောင်သော အရာသည် ယနေ့အမှုမှ ကွဲကွာသောကြောင့် ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် ၎င်းတို့ လက်တွေ့လုပ်ဆောင်ခဲ့သောအရာက မှန်ကန်ခဲ့သော်လည်း၊ ခေတ်ကုန်ဆုံးပြီးဖြစ်ကာ ဘုရားသခင်၏ အမှု ပြောင်းလဲပြီး ဖြစ်သည်နှင့်အမျှ၊ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် တဖြည်းဖြည်း ခေတ်နောက်ကျလာပြီးဖြစ်သည်။ ယင်းကို အမှုသစ်နှင့် အလင်းသစ်တို့က နောက်ချန်ထားရစ်ပြီးဖြစ်သည်။ ထိုအမှု၏ မူလ အခြေခံအုတ်မြစ်ကို အခြေပြုလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် သာ၍နက်နဲစွာ အဆင့်အချို့သို့ တိုးတက်ပြီး ဖြစ်သည်။ သို့သော် ထိုလူတို့သည် ဘုရားသခင်အမှု၏ မူလအဆင့်တွင် သောင်တင်ဆဲဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်မှု အဟောင်းများနှင့် အလင်းဟောင်းကို ဖက်တွယ်ထားဆဲ ဖြစ်သည်။ ဘုရားသခင်၏ အမှုသည် သုံးနှစ်၊ သို့မဟုတ် ငါးနှစ်အတွင်း ကြီးမားစွာ ပြောင်းလဲနိုင်သည်၊ သို့ဖြစ်၍ အနှစ် ၂၀၀၀ ကာလအတွင်းတွင် ပိုမို ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်လာမည် မဟုတ်လော။ အကယ်၍ လူသားသည် အသစ်သောအလင်း၊ သို့မဟုတ် အသစ်သော လက်တွေ့လုပ်ဆောင်မှု မရှိပါက၊ ယင်းမှာ သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏အမှုကို မီအောင်လိုက်ခြင်း မရှိလေပြီဟု ဆိုလိုပေသည်။ ဤသည်မှာ လူ၏ချွတ်ယွင်းချက် ဖြစ်သည်။ ယနေ့တွင် ယခင်က သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ရှိခဲ့သူများသည် ခေတ်နောက်ကျသည့် လက်တွေ့လုပ်ဆောင်မှုများကို လိုက်နာနေကြဆဲ ဖြစ်သောကြောင့်၊ ဘုရားသခင်၏ အသစ်သော အမှု တည်ရှိခြင်းကို ငြင်းမရနိုင်ပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သည် အမြဲ ရှေ့ဆက်နေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းထဲတွင် ရှိသူအားလုံးသည်လည်း တစ်ဆင့်ပြီးတစ်ဆင့်၊ သာ၍နက်နဲစွာ တိုးတက်ပြီး ပြောင်းလဲနေသင့်ပေသည်။ ၎င်းတို့သည် အဆင့်တစ်ဆင့်တွင် မရပ်တန့်နေသင့်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို မသိသူများသာ သူ၏မူလအလုပ်တွင် ရှိမြဲရှိနေကြမည် ဖြစ်ပြီး၊ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် အသစ်ကို လက်ခံကြမည် မဟုတ်ပေ။ နာခံခြင်းမရှိသူများသာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို ရရှိနိုင်စွမ်း မရှိဘဲ ဖြစ်မည်။ လူ၏လက်တွေ့ လုပ်ဆောင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသစ်သော လုပ်ဆောင်ချက်ကို အမီမလိုက်နိုင်ပါက၊ လူ၏လက်တွေ့လုပ်ဆောင်မှုသည် ယနေ့အမှုနှင့် ဧကန်မုချ ပြတ်တောက်ပြီး၊ ယနေ့အမှုနှင့် ဧကန်မုချ သဟဇာတ မဖြစ်ပေ။ ဤကဲ့သို့သော ခေတ်နောက်ကျသည့် လူများသည် ဘုရားသခင်အဖို့ နောက်ဆုံးတွင် သက်သေခံရပ်တည်မည့်လူများ ဖြစ်လာရန် မဆိုထားနှင့်၊ ဘုရားသခင်၏ အလိုကို အကယ်ပင် ဖြည့်ဆည်းနိုင်စွမ်း မရှိကြချေ။ ထို့အပြင် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးကို ထိုသို့သော လူတစ်စုအလယ်တွင် အဆုံးသတ်၍ မရနိုင်ပေ။ ယေဟောဝါ၏ ပညတ်တရားကို တစ်ချိန်က ကိုင်စွဲခဲ့သူများနှင့် ကားတိုင်အတွက် တစ်ချိန်က ဒုက္ခဆင်းရဲ ခံခဲ့ရသောသူတို့သည်၊ နောက်ဆုံးသောကာလ အမှု၏ အဆင့်ကို လက်မခံနိုင်ပါက၊ ၎င်းတို့လုပ်ဆောင်ခဲ့သမျှ အားလုံးသည် အချည်းနှီးနှင့် အလဟဿ ဖြစ်ပြီးဖြစ်ပေလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့်ဆိုင်သည့် အရှင်းဆုံးသော ဖော်ပြချက်မှာ အတိတ်ကို မဖက်တွယ်ဘဲ၊ ဤနေရာနှင့် ယခုအချိန်ကို လက်ခံယုံကြည်ခြင်းတွင် ရှိပေသည်။ ယနေ့အမှုကို အမီမလိုက်သူများနှင့် ယနေ့လက်တွေ့လုပ်ဆောင်မှုမှ ခွဲထွက်လားပြီး ဖြစ်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ဆန့်ကျင်ကာ လက်မခံသောသူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်၏ လက်ရှိအမှုကို အာခံကြသည်။ ၎င်းတို့သည် အတိတ်၏ အလင်းကို ဆုပ်ကိုင်ကြသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ၎င်းတို့ မသိကြသည်မှာ ငြင်းမရနိုင်ပေ။ လူ၏လက်တွေ့လုပ်ဆောင်မှု၌ ပြောင်းလဲမှုများ အကြောင်း၊ အတိတ်နှင့် ယနေ့အကြား လက်တွေ့လုပ်ဆောင်မှုရှိ မတူညီကွဲပြားမှုများအကြောင်း၊ ယခင်ခေတ်အတောအတွင်းတွင် လက်တွေ့လုပ်ဆောင်မှုကို ဆောင်ရွက်ခဲ့သည့်ပုံနှင့် ယနေ့တွင် ယင်းကို လုပ်ဆောင်သည့်ပုံတို့နှင့်ဆိုင်သည့် ဤပြောဆိုဆွေးနွေးမှုသာ အဘယ့်ကြောင့် ပြောဆိုရလေပြီနည်း။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် စဉ်ဆက်မပြတ် ရှေ့သို့ရွေ့ဆက်နေပြီး၊ ထိုသို့ဖြင့် လူသား၏ လက်တွေ့ လုပ်ဆောင်မှုသည် စဉ်ဆက်မပြတ် ပြောင်းလဲဖို့ လိုအပ်သောကြောင့်၊ လူသား၏ လက်တွေ့လုပ်ဆောင်မှုထဲက ထိုသို့သော အပိုင်းအခြားများ အကြောင်းကို အမြဲပြောဆိုရခြင်း ဖြစ်ပေသည်။ လူသည် အဆင့် တစ်ခုတွင် သောင်တင်နေပါက၊ ဤသည်မှာ သူသည် ဘုရားသခင်၏ အသစ်သော အမှုနှင့် အသစ်သောအလင်းကို အမီလိုက်နိုင်စွမ်း မရှိသည်ကို သက်သေပြပေသည်။ ယင်းက ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် မပြောင်းလဲလေပြီဟု သက်သေမပြပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိသူများက ၎င်းတို့ မှန်ကန်သည်ဟု အမြဲတမ်း တွေးထင်ကြသော်ငြားလည်း၊ အမှန်တွင် ၎င်းတို့ထဲက ဘုရားသခင်၏အမှုသည် အချိန်ကြာမြင့်စွာက ရပ်တန့်ခဲ့ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ၎င်းတို့ထံတွင် မရှိပေ။ ဘုရားသခင်၏ အမှုသည် ကြာမြင့်စွာကတည်းက အခြားလူတစ်စုဆီသို့၊ သူ၏အမှုသစ်ကို ပြည့်စုံစေရန် သူရည်ရွယ်ထားသည့် လူတစ်စုဆီသို့ လွှဲပြောင်းသွားခဲ့ပေသည်။ ဘာသာတရားထဲ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံနိုင်စွမ်း မရှိကြသကဲ့သို့၊ အတိတ်က အမှုဟောင်းကိုသာ စွဲကိုင်ထားကြသောကြောင့်၊ ဘုရားသခင်သည် ဤလူတို့ကို စွန့်လွှတ်ပြီးဖြစ်ကာ၊ ဤအမှုသစ်ကို လက်ခံသည့် သူများအပေါ် သူ၏အမှုသစ်ကို လုပ်ဆောင်ပေသည်။ ဤသည်တို့မှာ သူ၏အမှုသစ်၌ ပူးပေါင်းဆောင်ရွက်သည့် လူများဖြစ်ပြီး၊ ဤနည်းဖြင့်သာ သူ၏စီမံခန့်ခွဲမှုက ပြီးမြောက်နိုင်ပေသည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် အမြဲတမ်း ရှေ့ဆက်နေပြီး၊ လူ၏ လက်တွေ့လုပ်ဆောင်မှုသည် အမြဲ သာ၍ မြင့်မားစွာ တက်နေသည်။ ဘုရားသခင်သည် အမြဲ အမှုပြုနေပြီး၊ လူသည် အမြဲ လိုအပ်နေသည်မှာ နှစ်ဦးလုံးသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး၊ ဘုရားသခင်နှင့် လူသည် ပြည့်စုံသည့် ပေါင်းစည်းမှုကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှု ပြီးမြောက်အောင်မြင်ခြင်း၏ ဖော်ပြချက်ဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု တစ်ခုလုံး၏ နောက်ဆုံးရလဒ်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

ဘုရားသခင်၏ အမှု အဆင့်အသီးသီးတွင်၊ လူသားနှင့်ဆိုင်သော လိုက်လျောညီထွေသည့် သတ်မှတ်ချက်များလည်း ရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ရှိသူအားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို ပိုင်ဆိုင်ကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူများသည် စာတန်၏ ကွပ်ကဲမှုအောက်တွင်ရှိကာ သန့်ရှင်းသော ဝိညာဉ်တော်၏ မည်သည့် လုပ်ဆောင်မှုမျှမရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်း၌ ရှိသူများသည် ဘုရားသခင်၏ အမှုသစ်ကို လက်ခံသူများ ဖြစ်ပြီး၊ ဘုရားသခင်၏ အမှုသစ်တွင် ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်။ ဤရေစီးကြောင်းအတွင်း ရှိသူများသည် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိကြသကဲ့သို့၊ ဤအချိန်အတောအတွင်း ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပါက၊ ၎င်းတို့သည် ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး၊ အဆိုးဆုံးအနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ စွန့်ပစ်ခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်ကို လက်ခံသူများသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်းတွင် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ စောင့်ရှောက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိကြလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံကြရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားခြင်းမရှိသူများသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရပြီး၊ အပြစ်ပေးခြင်းကိုပင် ခံရကောင်းခံရနိုင်သည်။ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်ပါစေ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း ၎င်းတို့ရှိမှသာ၊ ဘုရားသခင်သည် သူ၏အမှုသစ် လက်ခံသည့်သူအားလုံးကို သူ၏ နာမအတွက် တာဝန်ယူလိမ့်မည်။ သူ၏နာမကို ဘုန်းထင်ရှားစေပြီး၊ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ရန် လိုလားနေသူများသည် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ သူ့ကိုမနာခံသကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို လက်တွေ့ မလုပ်ဆောင်သူများသည် သူ၏အပြစ်ပေးခြင်းကို ခံရလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းတွင် ရှိသည့် လူများသည် အမှုသစ်ကို လက်ခံသူများဖြစ်ပြီး၊ အမှုသစ်ကို ၎င်းတို့ လက်ခဲ့ပြီးဖြစ်သည့်အတွက်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သင်တင့်လျောက်ပတ်စွာ ပူးပေါင်းဆောင်ရွက်သင့်သကဲ့သို့၊ မိမိတို့၏တာဝန်ကို မထမ်းဆောင်သည့် ပုန်ကန်သူများကဲ့သို့ မပြုမူသင့်ပေ။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ တစ်ခုတည်းသော သတ်မှတ်ချက်ဖြစ်သည်။ အမှုသစ်ကို လက်မခံသည့် လူများအတွက်မူ ထိုသို့မဟုတ်ပေ- ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းပြင်ပတွင် ရှိကြပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အပြစ်တင်မှုတို့သည် သူတို့နှင့် မသက်ဆိုင်ပေ။ ဤလူများသည် တစ်နေ့တာလုံး ဇာတိပကတိအတွင်း၌ အသက်ရှင်ကြသည်၊ ၎င်းတို့၏ စိတ်အတွင်း၌ အသက်ရှင်ကြပြီး၊ ၎င်းတို့လုပ်ဆောင်သမျှအားလုံးသည် ၎င်းတို့ကိုယ်ပိုင် ဦးနှောက်များ၏ စိစစ်မှုနှင့် သုတေသနပြုခြင်းမှ ထွက်ပေါ်သည့် အယူဝါဒများအတိုင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ရန်မဆိုထားနှင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုသစ်က တောင်းဆိုသည့်အရာပင် မဟုတ်ပေ။ ဘုရားသခင်၏ အမှုသစ်ကို လက်မခံသူများသည် ဘုရားသခင်၏ မျက်မှောက် ကင်းမဲ့သည့်အပြင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကာကွယ်ခြင်းတို့ မရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်မှု အများစုတို့သည် သန့်ရှင်းသော ဝိညာဉ်တော် လုပ်ဆောင်ချက်၏ ယခင် သတ်မှတ်ချက်များကို ထိန်းသိမ်းထားလေသည်။ ယင်းတို့သည် အယူဝါဒ ဖြစ်ပြီး၊ သမ္မာတရား မဟုတ်ချေ။ ထိုသို့သော အယူဝါဒနှင့် စည်းမျဉ်းသည် ဤလူများ အတူတကွ စုစည်းခြင်းက ဘာသာတရားမျှသာ ဖြစ်သည်ကို သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် ရွေးချယ်ခံရသူများ၊ သို့မဟုတ် ဘုရားသခင်၏ အမှု ရည်မှန်းချက်များ မဟုတ်ပေ။ ၎င်းတို့အားလုံးအလယ် စုစည်းမှုကို ဘာသာတရား၏ ကြီးကျယ်သော ညီလာခံတစ်ခုအဖြစ်သာ ခေါ်ဆိုနိုင်ပြီး၊ အသင်းတော်တစ်ခုအဖြစ် ခေါ်ဆို၍ မရနိုင်ပေ။ ဤသည်မှာ ပြောင်းလဲ၍မရသည့် အချက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ် မရှိကြပေ။ ၎င်းတို့လုပ်ဆောင်သည့်အရာသည် ဘာသာရေးရနံ့များ လှိုင်နေသည့်ပုံပေါ်သည်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာသည် ဘာသာတရားနှင့် ပြည့်နှက်ပုံ ပေါ်လေသည်။ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှုနှင့် အသိဉာဏ်ပွင့်လင်းစေခြင်းကို ရရှိရန် သင့်လျော်ဖို့ မဆိုထားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်နှင့် လုပ်ဆောင်ချက်ကိုပင် မပိုင်ဆိုင်ကြပေ။ ဤလူအားလုံးသည် အသက်မဲ့သည့် အလောင်းကောင်များနှင့် ဝိညာဉ်ရေးရာ လုံးဝမရှိသည့် လောက်ကောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုအားလုံးနှင့် ဘုရားသခင်၏ လက်ရှိအလိုတို့ကို သိရန်မဆိုထားနှင့်၊ လူ၏ပုန်ကန်မှုနှင့် ဆန့်ကျင်မှုတို့နှင့်သက်ဆိုင်သည့် အသိပညာမရှိ၊ လူသား၏ မကောင်းမှုပြုခြင်း အားလုံးနှင့်ဆိုင်သည့် အသိပညာ မရှိကြချေ။ ၎င်းတို့အားလုံးသည် မသိနားမလည်ကြသည့် လူများ၊ ယုတ်ညံ့သော လူများ ဖြစ်ကြပြီး၊ ယုံကြည်သူများဟု ခေါ်ဆိုရန် မထိုက်တန်သော ဆန်ကုန်မြေလေးများ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာကမျှ ဘုရားသခင်၏ အစီအစဉ်များကို ထိခိုက်နိုင်ရန် မဆိုထားနှင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုနှင့် မည်သို့မျှ မဆက်စပ်ပေ။ ၎င်းတို့၏စကားများနှင့် လုပ်ရပ်များက အလွန် စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်၊ အလွန် သနားဖွယ်ကောင်းလှပြီး၊ ဖော်ပြပြောဆိုရန် တကယ်ကို မထိုက်တန်ချေ။ သန့်ရှင်းသော ဝိညာဉ်တော်၏ ရေစီးကြောင်းအတွင်း မရှိသူတို့ လုပ်ဆောင်သည့် အရာမှန်သမျှသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်သစ်နှင့် မည်သို့မျှ သက်ဆိုင်မှုမရှိချေ။ ဤအရာကြောင့် ၎င်းတို့မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုံးမပဲ့ပြင်မှု မရှိသည့်အပြင်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့အားလုံးသည် သမ္မာတရားအတွက် ချစ်ခြင်းမေတ္တာ မရှိကြသူများနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရပြီးသည့်သူများ ဖြစ်သည့်အတွက်ဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ၌ လျှောက်လှမ်းကြပြီး၊ ဘုရားသခင်၏ ဆိုင်းဘုတ်အောက်တွင် ၎င်းတို့စိတ်ကျေနပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသောကြောင့်၊ ၎င်းတို့ကို မကောင်းမှုပြုသူများဟု ခေါ်သည်။ ဘုရားသခင် အမှုပြုစဉ်တွင်၊ ၎င်းတို့သည် တမင်တကာ သူ့ကိုရန်လိုပြီး သူနှင့်ဆန့်ကျင်ဘက်သို့ ပြေးကြလေသည်။ လူသားသည် ဘုရားသခင်နှင့် ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းမှာ အဆုံးစွန် ပုန်ကန်ခြင်း သက်သက်ဖြစ်သည်၊ သို့ဆိုလျှင် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်သို့ တမင်တကာ ပြေးကြသောသူတို့သည် အထူးသဖြင့် ၎င်းတို့နှင့် ထိုက်တန်သော ဒဏ်ခတ်ခြင်းကို ရရှိကြလိမ့်မည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု

အရှေ့သို့- ၁။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ကျွန်ုပ်တို့အသင်းတော်ထဲတွင် အမှုအရာများက ဆိုးဝါးသထက် ဆိုးဝါးပြီးဖြစ်သည်။ ညီအစ်ကို မောင်နှမများသည် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းတို့ ဆုံးရှုံးနေကြသည်၊ ၎င်းတို့သည် တိုး၍ အပျက်သဘောဆောင်လာနေကြပြီး အားနည်းလာကြသကဲ့သို့၊ တရားဟောဆရာများသည် ဝိညာဉ်ရေးရာအရ အကျိုးမရှိဖြစ်လာကြပြီးဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက် ဆုံးရှုံးကြပြီးဖြစ်သည်ဟု ကျွန်ုပ်တို့အားလုံး ခံစားရသည်။ ကျွန်ုပ်တို့သည် အသင်းတော်အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကို နေရာအနှံ့ ရှာဖွေကြပြီးဖြစ်သော်လည်း ကျွန်ုပ်တို့ ရှာတွေ့သည့် တစ်ဦးစီသည် နောက်တစ်ဦးကဲ့သို့ ဝမ်းနည်းညိုးငယ်လေသည်။ ဂိုဏ်းဂဏတိုင်းသည် အဘယ်ကြောင့် ထိုသို့သော ငတ်မွတ်ခေါင်းပါးခြင်းဖြင့် ဝန်းရံဖိစီးခံရပါသနည်း။

နောက်တစ်ခုသို့- ၁။ နှစ်ပေါင်း နှစ်ထောင်ကြာ၊ ဘာသာရေး အသိုင်းအဝိုင်းတစ်ခုလုံးသည် သုံးပါးတစ်ဆူ- သန့်ရှင်းသော ခမည်းတော်၊ သန့်ရှင်းသော သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ယုံကြည်ကြပြီး ဖြစ်သည်။ သုံးပါးတစ်ဆူသည် ခရစ်ယာန်ဘာသာတရားအားလုံး၏ အဓိကကျသော သက်ဝင်ယုံကြည်မှုများထဲမှ တစ်ခုဖြစ်သည်၊ ထို့ကြောင့် သုံးပါးတစ်ဆူသည် ဘာသာရေး လောက၏ အကြီးမားဆုံးသော အတွေးမှားမှုဖြစ်ပြီး သုံးပါးတစ်ဆူ တကယ်ကို မတည်ရှိပါဟု သင် အဘယ်ကြောင့် ပြောဆိုသနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။