၂။ ဘုရားသခင်ကို ၎င်းတို့ မမြင်ဖူးကြသောကြောင့်၊ လူအချို့က ကမ္ဘာလောကတွင် ဘုရားသခင်မရှိဟု ဆိုကြသော်လည်း၊ အခြားသူတို့က ဘုရားသခင်၏ တည်ရှိခြင်းကို သက်သေခံဖို့ မိမိတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အသုံးပြုကြလေသည်။ ဘုရားသခင် အမှန်တကယ် ရှိမရှိဆိုသည်ကို ကျွန်ုပ်တို့ မသိပါ၊ ထို့ကြောင့် ဘုရားသခင် တည်ရှိခြင်း ရှိမရှိ ဆိုသည်ကို ကျွန်ုပ်တို့ မည်သို့ ဆုံးဖြတ်နိုင်ပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

ဘုရားသခင်၏ သြဇာအာဏာ၊ ဘုရားသခင်၏ တန်ခိုး၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ဘုရားသခင်၏ အနှစ်သာရတို့နှင့်ဆိုင်သည့် အသိပညာကို သင်၏ စိတ်ကူးစိတ်သန်းအပေါ် အမှီပြုခြင်းအားဖြင့် မရရှိနိုင်ပေ။ သင်သည် ဘုရားသခင်၏ သြဇာအာဏာကို သိရှိရန် စိတ်ကူးစိတ်သန်းကို အမှီမပြုနိုင်သည့်အတွက်၊ ဘုရားသခင်၏ သြဇာအာဏာနှင့် ဆိုင်သည့် စစ်မှန်သော အသိပညာကို မည်သည့်နည်းလမ်းဖြင့် သင် ရရှိနိုင်သနည်း။ ဤအရာကို လုပ်ဆောင်ရမည့် နည်းလမ်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းမှတစ်ဆင့်၊ မိတ်သဟာယပြုခြင်းမှတစ်ဆင့်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားခြင်းမှတစ်ဆင့် ဖြစ်သည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ဖြည်းညင်းသော အတွေ့အကြုံတစ်ခုနှင့် အတည်ပြုခြင်း ရှိလိမ့်မည်ဖြစ်ပြီး၊ ယင်းနှင့်သက်ဆိုင်သည့် ဖြည်းညင်းသော သိနားလည်မှုနှင့် နည်းနည်းချင်းတိုးပွားသော အသိပညာတို့ကို ရရှိလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိဖို့ တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ ဖြတ်လမ်းများ မရှိပေ။ သင်တို့ကို စိတ်မကူးရန် တောင်းဆိုခြင်းသည် ပျက်စီးခြင်းကို စောင့်ဆိုင်းရန် သင်တို့ကို မလှုပ်မယှက် ထိုင်စေခြင်း သို့မဟုတ် တစ်ခုတစ်လေကို လုပ်ဆောင်ခြင်းမှ သင်တို့ကို တားဆီးခြင်းနှင့် မတူပေ။ စဉ်းစားရန်နှင့် စိတ်ကူးရန် သင်၏ ဦးနှောက်ကို အသုံးမပြုခြင်းသည် ကောက်ချက်ချရန် ဆင်ခြင်တွေးခေါ်မှုစနစ်ကို အသုံးမပြုခြင်း၊ စိစစ်ရန် အသိပညာကို အသုံးမပြုခြင်း၊ အခြေခံအကြောင်းရင်းအဖြစ် သိပ္ပံပညာကို အသုံးမပြုဘဲ၊ ထိုအစား သင်ယုံကြည်သည့် ဘုရားသခင်က သြဇာအာဏာရှိသည်ဆိုသည်ကို နားလည်ခြင်း၊ စိစစ်ခြင်းနှင့် အတည်ပြုခြင်း၊ သူသည် သင်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ဆိုသည်နှင့် အချိန်တိုင်းတွင် သူ၏ တန်ခိုးက သူသည် စစ်မှန်သည့် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်မှန်း သက်သေပြသည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များမှ တစ်ဆင့်၊ သမ္မာတရား မှတစ်ဆင့်၊ ဘဝတွင် သင်ကြုံရသည့် အရာရာတိုင်းမှတစ်ဆင့် အတည်ပြုခြင်းကို ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှုကို မည်သူမဆို ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က ၎င်းတို့သည် ဤရည်မှန်းချက်ကို စွမ်းဆောင်ရရှိရန် ရိုးရှင်းသည့် နည်းလမ်းတစ်ခုကို ရှာတွေ့ လိုသည်ဟု ပြောကြသည်၊ သို့ရာတွင် ထိုသို့သောနည်းလမ်းကို သင်တို့ စဉ်းစားနိုင်သလော။ သင့်ကို ငါပြော၏၊ စဉ်းစားရန်မလိုပေ- အခြားနည်းလမ်းများမရှိပေ။ တစ်ခုတည်းသော နည်းလမ်းမှာ သူဖော်ပြသည့် နှုတ်ကပတ်တော်တိုင်းနှင့် သူလုပ်ဆောင်သည့် အရာရာတိုင်း မှတစ်ဆင့် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို သေသေချာချာ စဉ်းစားချင့်ချိန်စွာနှင့် တည်ကြည်ခိုင်မာစွာ သိရှိပြီး မှန်ကန်ကြောင်း အတည်ပြုရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို သိရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏အရာအားလုံးနှင့် ဖြစ်ခြင်းနှင့် ဘုရားသခင်၏ အရာရာတိုင်းသည် ပေါ့တန်ပြီး အနှစ်မဲ့သောအရာမဟုတ်ဘဲ၊ စစ်မှန်သောကြောင့် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

စကြဝဠာနှင့် အာကာသ၏ ကျယ်ပြောမှုထဲတွင်၊ မရေမတွက်နိုင်သော သတ္တဝါများ နေထိုင်ပြီး မျိုးပွားကြသည်၊ ထပ်တလဲလဲ ဖြစ်နေသော ဘဝနိယာမကို လိုက်လျှောက်ကာ ပုံသေစည်းမျဉ်းတစ်ရပ်ကို လိုက်နာစောင့်ထိန်းကြသည်။ သေသူများသည် ရှင်သူများ၏ အဖြစ်အပျက်များကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြပြီး ရှင်နေသူများသည် သေဆုံးပြီးသောသူများ၏ အလားတူ ဝမ်းနည်းဖွယ်ရာ သမိုင်းကို တစ်ဖန်ပြန်လုပ်ကြသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် မိမိကိုယ်ကိုယ်- ငါတို့သည် အဘယ်ကြောင့် အသက်ရှင်ကြသနည်း။ အဘယ်ကြောင့် သေကြရသနည်း။ ဤကမ္ဘာလောကကို မည်သူ ကွပ်ကဲ အုပ်ချုပ်သနည်း။ ဤလူသားမျိုးနွယ်ကို မည်သူ ဖန်ဆင်းခဲ့သနည်း။ လူသားမျိုးနွယ်ကို သဘာဝတရားမိခင်က အမှန်တကယ် ဖန်ဆင်းခဲ့သလော။ လူသားမျိုးနွယ်သည် မိမိ၏ကံကြမ္မာကို အမှန်တကယ် ထိန်းချုပ်သလော...ဟု မမေးဘဲ မနေနိုင်ပေ။ နှစ်ပေါင်းထောင်ပေါင်းများစွာကြာ လူသားမျိုးနွယ်က မရပ်မနား မေးကြပြီးဖြစ်သည့် မေးခွန်းများ ရှိလေသည်။ အကြောင်းအပေါင်း မသင့်၍၊ လူသားမျိုးနွယ်သည် ဤမေးခွန်းများကို သာ၍ စွဲလမ်းလာလေလေ၊ သိပ္ပံပညာကို ဆာငတ်မှုတစ်ခု သာ၍ဖြစ်ပေါ်လေ ဖြစ်သည်။ သိပ္ပံပညာသည် ခဏတာ ကျေနပ်အားရခြင်းနှင့် အသွေးအသား၏ ယာယီပျော်ရွှင်မှုကို ပေးသော်လည်း၊ လူသားကို အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်းနှင့် သူ၏ စိတ်ဝိညာဉ်အတွင်းနက်နက်ရှိ မလုံ့တလုံဖြစ်နေသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့နေခြင်းတို့မှ လွတ်မြောက်စေဖို့ လုံလောက်ရန် ဝေးပါသေးသည်။ လူသားမျိုးနွယ်သည် ပကတိမျက်လုံးဖြင့် မြင်နိုင်ပြီး သူ၏ ဦးနှောက်ဖြင့် နားလည်နိုင်သည့် သိပ္ပံပညာအသိကို မိမိ၏နှလုံးသားအား ထုံစေရန်အလို့ငှာ သုံးရုံမျှ အသုံးပြုလေသည်။ သို့ရာတွင် ထိုသို့သော သိပ္ပံပညာအသိသည် လူသားမျိုးနွယ်အား နက်နဲမှုများကို စူးစမ်းလေ့လာခြင်းမှ ရပ်တန့်စေဖို့ မလုံလောက်ပေ။ လူသားမျိုးနွယ်သည် လူသားမျိုးနွယ်၏အစနှင့် အနာဂတ်တို့ကို မဆိုထားနှင့်၊ စကြဝဠာနှင့် အရာခပ်သိမ်း၏ အချုပ်အခြာ အာဏာရှင် မည်သူဖြစ်သည်ကိုပင် တကယ်ကို မသိပေ။ လူသားမျိုးနွယ်သည် ဤနိယာမအလယ်တွင် မတတ်သာ၍ အသက်ရှင်ရုံမျှ ရှင်လေသည်။ အရာခပ်သိမ်းအလယ်နှင့် ကောင်းကင်တွင် ကမ္ဘာအဆက်ဆက် အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသောသူ တစ်ဦးသာ ရှိသည့်အတွက်၊ မည်သူမျှ ယင်းကို မလွတ်မြောက်နိုင်သကဲ့သို့ မည်သူမျှ မပြောင်းလဲနိုင်ပေ။ သူသည် လူသားက မည်သည့်အခါမျှ မရှုမြင်ဖူးသောသူ၊ လူသားမျိုးနွယ်က မည်သည့်အခါမျှ မသိဖူးသူ၊ ၎င်းတည်ရှိခြင်းကို လူသားမျိုးနွယ်က မည်သည့်အခါမျှ မယုံကြည်ဖူးသူ ဖြစ်သည်- သို့ရာတွင် သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးများအထဲ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူသားမျိုးနွယ်ကို အသက်ပေးခဲ့သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို တည်ရှိခွင့်ပေးလျက်၊ ထောက်ပံ့ကာ အားဖြည့်ပေးသူ ဖြစ်ပြီး၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်အထိ လမ်းပြပြီးသူ ဖြစ်သည်။ ထို့အပြင် သူတစ်ပါးတည်းသာ လူသားမျိုးနွယ်က ရှင်သန်နေခြင်းအတွက် အားထားသည့်သူ ဖြစ်သည်။ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာ အာဏာ စွဲကိုင်ပြီး၊ စကြဝဠာထဲရှိ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးလေသည်။ သူသည် ရာသီလေးပါးကို ကွပ်ကဲအုပ်ချုပ်ပြီး လေ၊ ဆီးနှင်းခဲ၊ နှင်းနှင့် မိုးတို့ကို ခေါ်သောသူမှာ သူဖြစ်သည်။ သူသည် လူသားမျိုးနွယ်ထံ နေရောင် ဆောင်ကြဉ်းပေးပြီး၊ ညကို ဖွင့်လှစ် ပေးလေသည်။ သူသည် လူသားကို တောင်များ၊ ရေကန်များ၊ မြစ်များနှင့် ၎င်းတို့အတွင်းရှိ သက်ရှိအားလုံးကို ထောက်ပံ့ပေးရင်း၊ ကောင်းကင်နှင့် မြေကြီးကို ခင်းကျင်းသူ ဖြစ်သည်။ သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။ ဤနိယာမနှင့် စည်းမျဉ်းအသီးသီးသည် သူ၏ လုပ်ဆောင်ချက်များ၏ ပြယုဂ်ဖြစ်ပြီး အသီးသီးသည် သူ၏ဉာဏ်ပညာနှင့် တန်ခိုးတို့ကို ထုတ်ဖော်ပြသသည်။ အဘယ်သူသည် သူ၏ အချုပ်အခြာအာဏာမှ ကင်းလွတ်နိုင်သနည်း။ ပြီးလျှင် သူ၏ အကြံအစည်များမှ အဘယ်သူသည် မိမိကိုယ်ကိုယ် ထုတ်ပစ်နိုင်သနည်း။ သူ၏အကြည့်အောက်တွင် အရာခပ်သိမ်းတည်ရှိပြီး၊ ထို့အပြင် အရာခပ်သိမ်းသည် သူ၏ အချုပ်အခြာအာဏာ အောက်တွင် အသက်ရှင်လေသည်။ သူ၏ လုပ်ဆောင်ချက်များနှင့် တန်ခိုးတို့က လူသားမျိုးနွယ်အား သူသည် အမှန်တကယ် တည်ရှိပြီး အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ စွဲကိုင်သည်ကို အသိအမှတ်ပြုရုံကလွဲ၍ အခြား ရွေးချယ်စရာမရှိဘဲ ဖြစ်ရစ်စေလေသည်။ သူမှလွဲ၍ မည်သည့်အရာမျှ ဤလူသားမျိုးနွယ်ကို မပြီးနိုင်မဆုံးနိုင် ထောက်ပံ့ပေးဖို့ မဆိုထားနှင့်၊ စကြဝဠာကိုပင် မကွပ်ကဲမအုပ်ချုပ်နိုင်ပေ။ သင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို သတိပြုနိုင်သည်ဖြစ်စေ၊ သတိမပြုနိုင်သည် ဖြစ်စေ၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ တည်ရှိခြင်းကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သင်၏ ကံကြမ္မာကို ဘုရားသခင် ပိုင်းဖြတ်သည်မှာ သေချာပြီး၊ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမြဲ စွဲကိုင်ထားမည်မှာ သေချာပေသည်။ သူ၏ တည်ရှိခြင်းနှင့် ဩဇာအာဏာတို့သည် လူသား၏ သတိပြုခံရကာ နားလည်ခြင်း ရှိမရှိဆိုသည့်အပေါ် အခြေမခံပေ။ သူသာလျှင် လူသား၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို သိပြီး၊ သူသာလျှင် လူသားမျိုးနွယ်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သည်။ ဤအချက်ကို သင်လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဤအရာအားလုံးကို လူသားမျိုးနွယ်က မိမိ၏မျက်စိဖြင့် မျက်မြင်ကြုံရမည့် အချိန်သည် ကြာမြင့်လိမ့်မည်မဟုတ်သကဲ့သို့၊ ဤသည်မှာ ဘုရားသခင်က မကြာမီ ကျရောက်စေမည့်အချက် ဖြစ်သည်။ ဘုရားသခင်၏ မျက်စိအောက်တွင် လူသားမျိုးနွယ်သည် အသက်ရှင်ကာ သေဆုံးကြရသည်။ လူသားသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွက် အသက်ရှင်ဖြစ်ပြီး နောက်ဆုံးအကြိမ် ၎င်းတို့မျက်စိမှိတ်သည့်အခါသည်လည်း ဤစီမံခန့်ခွဲမှု အတွက်ပင် ၎င်းတို့ မှိတ်ကြခြင်း ဖြစ်သည်။ လူသားသည် ထပ်ခါတလဲလဲ ခေါက်တုံ့ခေါက်ပြန် သွားလိုက်လာလိုက် ဖြစ်သည်။ ထိုအရာအားလုံးမှာ ခြွင်းချက်မရှိ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ အကြံအစည်တို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် မည်သည့်အခါတွင်မျှ မရပ်တန့်ပေ။ ယင်းသည် မရပ်မနား တိုးတက်နေသည်။ သူသည် လူသားမျိုးနွယ်အား သူ၏ တည်ရှိခြင်းကို သိစေလိမ့်မည်၊ သူ၏ အချုပ်အခြာအာဏာကို ယုံကြည်ကိုးစားစေလိမ့်မည်၊ သူ၏လုပ်ဆောင်ချက်များကို ရှုမြင်စေလိမ့်မည်ဖြစ်ပြီး သူ၏နိုင်ငံတော်သို့ ပြန်လာစေလိမ့်မည်ဖြစ်သည်။ ဤသည်မှာ သူ၏အစီအစဉ်ဖြစ်ပြီး နှစ်ထောင်ချီကြာ သူ စီမံခန့်ခွဲနေပြီးဖြစ်သည့် အမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၃)- ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်

ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် သူ၏ချမှတ်ဆုံးဖြတ်မှုအတွက် သင်၏ကဏ္ဍကို သင်ဆောင်ရွက်ပြီး သင့်ဘဝ၏ ခရီးစဉ်ကို စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။ လူသားစတင်ဖြစ်တည်လာသည့်နေ့မှစကာ ဘုရားသခင်သည် စကြဝဠာကို စီမံခန့်ခွဲလျက်၊ အရာအားလုံးအတွက် ပြောင်းလဲမှု စည်းမျဉ်းများနှင့် ၎င်းတို့ရွေ့လျားသည့် လမ်းကြောင်းကို လမ်းညွှန်ပြသပေးလျက် ဤကဲ့သို့ အမှုပြုလာခဲ့သည်။ ခပ်သိမ်းသော အရာများနည်းတူ လူသားသည် ဘုရားသခင်ထံမှ ချိုမြိန်သာယာမှု၊ မိုးရေနှင့် နှင်းစက်နှင်းပေါက်တို့၏ အာဟာရပေးမှုကို တိတ်တဆိတ်နှင့် အမှုမဲ့အမှတ်မဲ့ ရရှိနေသည်၊ ခပ်သိမ်းသောအရာများနည်းတူ လူသားသည် ဘုရားသခင်၏လက်တော်၏ စီစဉ်ညွှန်ကြားမှုအောက်တွင် အမှုမဲ့အမှတ်မဲ့ နေထိုင်လျက်ရှိသည်။ လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်

အရာခပ်သိမ်းအား ဖန်ဆင်းခြင်းကို စတင်သည့်အချိန်မှစပြီး ဘုရားသခင်၏ တန်ခိုးသည် စတင်ဖော်ပြကာ စတင်ထုတ်ဖော်လာသည်။ အကြောင်းမှာ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းရန် နှုတ်ကပတ်တော်တို့ကို အသုံးပြုခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။ သူတို့ကို မည်သို့နည်းလမ်းနှင့် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အဘယ်ကြောင့်ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်ပေါ်လာပြီး ခိုင်မာစွာ ရပ်တည်လျက် တည်ရှိလာခဲ့ကြသည်။ ဤသည်မှာ ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာပင်ဖြစ်သည်။ ကမ္ဘာကြီးတွင် လူသားမျိုးနွယ် မပေါ်ပေါက်လာခင် အချိန်က ဖန်ဆင်းရှင်သည် လူသားမျိုးနွယ်အတွက် အရာအားလုံးကို ဖန်ဆင်းရန် သူ၏တန်ခိုးနှင့် သြဇာအာဏာကို အသုံးပြုခဲ့ပြီး လူသားတို့အတွက် သင့်တော်သည့် သက်ရှိပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရန် သူ၏ထူးခြားသည့် နည်းလမ်းများကို အသုံးချခဲ့သည်။ သူလုပ်ခဲ့သည့် အရာအားလုံးမှာ မကြာခင်တွင် သူ၏ဇီဝအသက်ကို ရရှိတော့မည့် လူသားမျိုးနွယ်အတွက် ပြင်ဆင်ခြင်းသာဖြစ်သည်။ တစ်နည်းအားဖြင့် လူသားမျိုးနွယ်ကို မဖန်ဆင်းမီအချိန်က ဘုရားသခင်၏ သြဇာအာဏာသည် လူသားမျိုးနွယ်နှင့် ကွဲပြားသည့် သတ္တဝါတို့တွင်၊ မိုးကောင်းကင်၊ အလင်းအိမ်များ၊ ပင်လယ်များနှင့် ကုန်းမြေများကဲ့သို့ ကြီးမြတ်သည့်အရာတို့တွင်၊ တိရစ္ဆာန်များနှင့် ငှက်ကလေးများကဲ့သို့ သေးငယ်သည့်အရာများတွင်၊ ပိုးမွှားများနှင့် အဏုဇီဝရုပ်အမျိုးမျိုးတို့တွင်၊ သာမန်မျက်စိနှင့်မမြင်နိုင်သည့် ဗက်တီးရီးယားအမျိုးမျိုးတို့တွင် ထင်ရှားပြသသည်။ တစ်ကောင်ချင်းစီတိုင်းသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအားဖြင့် အသက်ကိုပေးအပ်ခြင်းခံရပြီး ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် တစ်ဟုန်ထိုးပွားများလာခဲ့ကြကာ တစ်ကောင်ချင်းစီသည် ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များကြောင့် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာအောက်တွင် ရှင်သန်နေထိုင်ခဲ့ကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ဇီဝအသက်ကို မရရှိခဲ့သော်လည်း ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့သည့် အသက်နှင့် ရှင်သန်တက်ကြွမှုတို့ကို သူတို့၏မတူညီသည့်ပုံစံများနှင့် တည်ဆောက်ပုံများမှတစ်ဆင့် ထင်ရှားပြသခဲ့ကြသည်။ ဖန်ဆင်းရှင်က လူသားတို့ကို ပေးသည့် စကားပြောဆိုနိုင်စွမ်းကို သူတို့မရရှိသော်လည်း သူတို့အသီးသီးသည် ဖန်ဆင်းရှင်က သူတို့ကို ချပေးသနားခဲ့ပြီး လူသား၏ ဘာသာစကားနှင့် ကွဲပြားသည့် သူတို့ဘဝကို ထုတ်ဖော်ပြသခြင်း နည်းလမ်းတို့ကို ရရှိခဲ့သည်။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အမြင်အားဖြင့် လှုပ်ရှားမှုမရှိသည့် ရုပ်ဝတ္ထုပစ္စည်းများကို မည်သည့်အခါမျှ ပျောက်ကွယ်မသွားအောင် အသက်၏ ရှင်သန်တက်ကြွခြင်းကို ပေးခဲ့ရုံသာမက သူတို့ မည်သည့်အခါမျှ မပျောက်ကွယ်သွားအောင်၊ ထို့ပြင် ဖန်ဆင်းရှင်က ပေးအပ်ခဲ့သည့် ရှင်သန်ရပ်တည်ရေး အခြေခံမူများနှင့် နိယာမတရားများကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပေးနိုင်အောင် သက်ရှိတိုင်းကို မျိုးပွားရန်နှင့် ပွားများရန် အသိစိတ်ကို ပေးအပ်ခဲ့သည်။ ဖန်ဆင်းရှင်က သူ၏သြဇာအာဏာကို အသုံးပြုသည့်ပုံစံက အနုစိတ်၊ သို့မဟုတ် အသေးစိတ် ရှုထောင့်များအပေါ်တွင်သာ တင်းတင်းကျပ်ကျပ်နှင့် စွဲကပ်မထားပေ။ မည်သည့်ပုံစံအပေါ်ကိုမျှ ကန့်သတ်ထားခြင်းမရှိပေ။ သူသည် စကြဝဠာလုပ်ဆောင်မှုများအပေါ်တွင် အုပ်ချုပ်အမိန့်ပေးနိုင်ပြီး အရာအားလုံး၏ သေခြင်းနှင့် ရှင်ခြင်းအပေါ်တွင် အချုပ်အခြာအာဏာကို စွဲကိုင်ထားသည်၊ ထို့အပြင် သူ့ကို အစေခံစေရန် အရာအားလုံးကို သူထိန်းသိမ်းနိုင်သည်။ သူသည် တောင်များ၊ မြစ်များနှင့် အင်းအိုင်များ၏ အလုပ်လုပ်ပုံအားလုံးကို စီမံခန့်ခွဲနိုင်ပြီး သူတို့အထဲတွင်ရှိသည့် အရာအားလုံးကို အုပ်ချုပ်နိုင်သည့်အပြင် အရာအားလုံး၏ လိုအပ်ချက်ကိုလည်း ထောက်ပံ့နိုင်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပြင် အခြားအရာအားလုံးအတွင်းတွင် ဖန်ဆင်းရှင်၏ အတုမရှိသည့် သြဇာအာဏာ ထင်ရှားပေါ်လွင်ခြင်းဖြစ်သည်။ ဤကဲ့သို့သောထင်ရှားပေါ်လွင်ခြင်းသည် တစ်သက်တာအချိန်အတွက်တင် မဟုတ်ဘဲ မည်သည့်အခါမျှ ရပ်တန့်မသွားသကဲ့သို့ ပြီးဆုံးမသွားပေ။ ၎င်းကို မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ပြောင်းလဲ၍သော်လည်းကောင်း၊ ထိခိုက်၍သော်လည်းကောင်း မရသကဲ့သို့ မည်သည့်အရာ၊ သို့မဟုတ် မည်သူကမျှ ဖြည့်စွက်၍သော်လည်းကောင်း၊ လျှော့ချ၍သော်လည်းကောင်း မရပေ။ အကြောင်းမှာ ဖန်ဆင်းရှင်၏ ဝိသေသလက္ခဏာကို မည်သည့်အရာကမျှ အစားထိုး၍မရခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မည်သည့်ဖန်ဆင်းခံကမျှ အစားထိုး၍ မရနိုင်ပေ။ ဖန်ဆင်းခံမဟုတ်သည့် မည်သည့်အရာကမျှ ရယူနိုင်သည့်အရာ မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)

ဤလူသားမျိုးနွယ် ဖြစ်တည်မလာမီတွင်၊ စကြဝဠာတည်း ဟူသော ဂြိုဟ်အားလုံး၊ မိုးကောင်းကင်မှ ကြယ်များအားလုံးသည် တည်ရှိနှင့်ပြီးဖြစ်သည်။ ကျယ်ပြန့်သည့်ရှုထောင့်အဆင့်တွင် မိုးကောင်းကင်တွင်ရှိသည့် ဤအစုအဝေးများသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် သူတို့ဖြစ်တည်နေသည့် တစ်လျှောက်လုံး နှစ်ပေါင်းမည်မျှ ကြာပြီဖြစ်သော်လည်း ပုံမှန်လည်ပတ်နေခဲ့သည်။ မည်သည့်ဂြိုဟ်က သီးသန့် မည်သည့်အချိန်တွင် မည်သည့် အရပ်ကိုသွားသည်၊ မည်သည့် ဂြိုဟ်က မည်သည့်အလုပ်ကို လုပ်ပြီး မည်သည့်အချိန်တွင် လုပ်သည်၊ မည်သည့် ဂြိုဟ်က မည်သည့် ဂြိုဟ်ပတ်လမ်းကြောင်းတစ်လျှောက် လည်ပတ်သည်၊ ပြီးလျှင် မည်သည့်အချိန်တွင် ပျောက်ကွယ်သည် သို့မဟုတ် အစားထိုး ခံရသည်- ဤအရာအားလုံးသည် အမှားအယွင်း အနည်းငယ်မျှ မရှိဘဲ ဆက်ဖြစ်နေပေသည်။ ဂြိုဟ်များ၏ တည်နေရာများနှင့် ၎င်းတို့ကြားထဲက အကွာအဝေးအားလုံးက တိကျသည့် ပုံစံများကို လိုက်နာကြသည်၊ အားလုံးကို တိကျသည့်အချက်အလက်နှင့် ဖော်ပြ၍ရသည်။ ၎င်းတို့ ခရီးနှင်သည့် လမ်းကြောင်းများ တစ်လျှောက်၊ ၎င်းတို့၏ လည်ပတ်မှု မြန်နှုန်းနှင့် ပုံစံများ၊ အနေအထား အမျိုးမျိုးဖြင့်၎င်းတို့ရှိသည့်အချိန်- ဤအရာ အားလုံးကို တိကျစွာ တိုင်းတာနိုင်ပြီး အထူးနိယာမများဖြင့် ဖော်ပြနိုင်သည်။ အလွန်ရှည်လျားသည့် ကာလများစွာ ကြာဂြိုဟ်များသည် အနည်းငယ်မျှ သွေဖည်သွားခြင်းမရှိဘဲ ဤနိယာမများကို လိုက်နာခဲ့ကြသည်။ ၎င်းတို့၏ပတ်လမ်းများ သို့မဟုတ် ၎င်းတို့လိုက်နာသည့်ပုံစံများကို မည်သည့်တန်ခိုးကမျှ မပြောင်းလဲနိုင် သို့မဟုတ် မနှောင့်ယှက်နိုင်ပေ။ ၎င်းတို့၏ ရွေ့လျားမှုကို ထိန်းချုပ်သည့် အထူးနိယာမများနှင့် ၎င်းတို့ကို ဖော်ပြသည့် တိကျသည့် အချက်အလက်တို့သည် ဖန်ဆင်းရှင်၏ သြဇာအာဏာဖြင့် ကြိုတင်ပြဌာန်းပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် ဤနိယာမများကို သူတို့ဘာသာ နာခံကြလေသည်။ ကျယ်ပြန့်သည့် ရှုထောင့်အဆင့်တွင်၊ တစ်ချို့သော ပုံစံများ၊ တစ်ချို့ အချက်အလက်များ၊ ထူးဆန်းပြီး ရှင်းပြ၍မရနိုင်သည့် အချို့သော နိယာမများ သို့မဟုတ် ဖြစ်ရပ်များကို ရှာဖွေတွေ့ရှိရန် လူသားတို့အတွက် မခက်ပေ။ လူသားတို့က ဘုရားသခင် တည်ရှိသည်ကို ဝန်မခံသကဲ့သို့၊ ဖန်ဆင်းရှင်က အရာအားလုံးကို ပြုလုပ်ပြီး အုပ်စိုးသည်ဆိုသည့်အချက်ကို လက်မခံသော်လည်း၊ ထို့အပြင် ဖန်ဆင်းရှင်၏ ဩဇာအာဏာ တည်ရှိမှုကို အသိအမှတ် မပြုသော်လည်း၊ စကြဝဠာထဲက အရာအားလုံး၏ဖြစ်တည်မှု၊ ၎င်းတို့၏လှုပ်ရှားမှုများကို သတ်မှတ်ပေးသော အခြေခံ သဘောတရားများနှင့် ပုံစံများကို ကြီးမားကျယ်ပြန့်ပြီး မမြင်နိုင်သော လျှို့ဝှက်စွမ်းအင်တစ်ခုက အုပ်စိုးကာ ထိန်းချုပ် ထားသည်ကို လူသားသိပ္ပံပညာရှင်များ၊ နက္ခတ္တဗေဒ ပညာရှင်များ နှင့် ရူပဗေဒပညာရှင်များက ပို၍ ပို၍ တွေ့ရှိနေကြ၏။ ဤလှုပ်ရှားမှုပုံစံများ၏ အလယ်၌ အရာအားလုံးကို စီစဉ်ညွှန်ကြား နေသည့် အနန္တတန်ခိုးရှင်တစ်ပါး ရှိသည်ကို ဤအချက်က လူသားကို လက်ခံစေ၏။ သူ၏တန်ခိုးသည် ထူးခြားဆန်းကြယ်ပြီး၊ သူ၏စစ်မှန်သောမျက်နှာကို မည်သူမျှ မမြင်နိုင်သော်လည်း သူသည် အရာခပ်သိမ်းကို အချိန်တိုင်းတွင် အုပ်စိုးကာ ထိန်းချုပ်၏။ မည်သည့်လူသား သို့မဟုတ် မည်သည့်အင်အားစုကမျှ သူ၏ အချုပ်အခြာအာဏာကို မကျော်လွန်နိုင်ချေ။ ဤအချက်အရ၊ အရာအားလုံး၏ဖြစ်တည်မှုကို စိုးမိုးနေသော နိယာမတို့အား လူသားတို့က မထိန်းချုပ်နိုင်၊ မည်သူကမျှ မပြောင်းလဲနိုင်သည်ကို လူသားသည် အသိအမှတ်ပြုရပေမည်။ ဤနိယာမတို့ကို လူသားတို့ အပြည့်အဝ နားမလည်နိုင်သကဲ့သို့ ၎င်းတို့သည် သဘာဝအလျောက် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ အချုပ်အခြာအာဏာရှင်တစ်ဦးက သတ်မှတ်ပေးခြင်း ဖြစ်သည်ကိုလည်း ဝန်ခံရပေမည်။ ဤ အရာအားလုံးသည် ကျယ်ပြန့်သည့်အဆင့်တွင် လူသားမျိုးနွယ် သတိပြုနိုင်သည့် ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သော ဖော်ပြချက်များ ဖြစ်သည်။

အနုစိတ် အဆင့်တွင် ကမ္ဘာမြေကြီးပေါ်၌ လူသားတို့ ရှုမြင်နိုင်သည့် တောင်များ၊ မြစ်များ၊ ကန်များ၊ ပင်လယ်များနှင့် ကုန်းမြေထုများအားလုံး၊ ၎င်းတွေ့ကြုံရသည့် ရာသီဥတုအားလုံး၊ အပင်များ၊ တိရစ္ဆာန်များ၊ အဏုဇီဝရုပ်များနှင့် လူသားများပါဝင်သည့် ကမ္ဘာမြေကြီးပေါ် နေထိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုတို့ကို ခံရကြလေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ထိန်းချုပ်မှုအောက်တွင် အရာအားလုံးသည် သူ၏ အကြံအစည်များနှင့်အညီ ဖြစ်တည်လာသည် သို့မဟုတ် ပျောက်ကွယ်လေသည်၊ ၎င်းတို့၏ တည်ရှိခြင်းကို ထိန်းချုပ် သည့် နိယာမများ ပေါ်ထွက်လာပြီး ၎င်းတို့သည် ထိုနိယာမများနှင့်အညီ ကြီးထွားပြီး ပွားများကြသည်။ မည်သည့်လူသားမျှ သို့မဟုတ် မည်သည့်အရာမျှ ဤနိယာမများ၏ အထက်တွင် မရှိပေ။ အဘယ်ကြောင့် ဤသို့ဖြစ်သနည်း။ တစ်ခုတည်းသောအဖြေမှာ ဤသို့ဖြစ်၏- ယင်းသည် ဘုရားသခင်၏ အခွင့်အာဏာကြောင့်ဖြစ်သည်။ သို့မဟုတ် တစ်ခြားနည်းနှင့် ပြောရလျှင် ဘုရားသခင်၏ အကြံအစည်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြောင့် ဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင်၏ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ချက်များကြောင့် ဖြစ်၏။ ဆိုလိုသည်မှာ ဤနိယာမတွေကို ဖြစ်ပေါ်စေသည်မှာ ဘုရားသခင်၏ သြဇာအာဏာနှင့် ဘုရားသခင်၏စိတ်ဖြစ်ပေသည်။ ထိုနိယာမများသည် သူ၏ အကြံအစည်များနှင့်အညီ ရွေ့ကာ ပြောင်းလဲပြီး ရွေ့ခြင်းနှင့် ပြောင်းလဲခြင်းအားလုံးသည် သူ၏ အစီအစဉ်အဖို့ဖြစ်ပေါ် သို့မဟုတ် လျော့ပါးပျောက်ကွယ်လေသည်။ ဥပမာ ကူးစက်ရောဂါများကို ကြည့်ပါ။ ၎င်းတို့သည် သတိပေးခြင်း မရှိဘဲ ရုတ်တရက်ဖြစ်ပေါ်သည်။ မည်သူကမျှ ၎င်းတို့၏ အရင်းအမြစ် သို့မဟုတ် အဘယ်ကြောင့်ဖြစ်ရသည်ဆိုသည့် တိကျသည့်အကြောင်းရင်းများကို မသိသကဲ့သို့ နေရာတစ်ခုသို့ ကူးစက်ရောဂါများ ရောက်သည့်အချိန်တိုင်းတွင် ကံဆိုးမိုးမှောင် ကျသော သူများသည် ဘေးဒုက္ခကို မလွတ်မြောက်နိုင်ကြချေ။ လူသားတို့၏ သိပ္ပံပညာက ကူးစက်ရောဂါများသည် ကြောက်စရာကောင်းသည့် သို့မဟုတ် အန္တရာယ်ရှိသည့် ရောဂါပိုးမွှားများအားဖြင့် ဖြစ်ပေါ်ပြီး ၎င်းတို့၏ ကူးစက်မှုနှုန်း၊ အတိုင်းအတာနှင့် နည်းစနစ်များကို လူသားတို့၏ သိပ္ပံပညာအားဖြင့် ကြိုတင်မခန့်မှန်းနိုင် သို့မဟုတ် မထိန်းချုပ်နိုင်သည်ကို နားလည် ပေသည်။ လူတို့သည် ကူးစက်ရောဂါများကို ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ခုခံသော်လည်း ကူးစက်ရောဂါ ရုတ်တရက် ဖြစ်ပွားသည့်အခါလူများ သို့မဟုတ် တိရစ္ဆာန်များသည် မလွဲမရှောင်သာ ကူးစက်ခံရသည်ကို မထိန်းချုပ်နိုင်ကြချေ။ လူသားတို့လုပ်နိုင်သည့် တစ်ခုတည်းသောအရာက ၎င်းတို့ကို ကာကွယ်ရန်၊ ခုခံရန်နှင့် သုတေသနပြုရန် ကြိုးစားခြင်းဖြစ်သည်။ သို့သော်လည်း ကူးစက်ရောဂါတစ်ခုစီတိုင်း၏ အစ သို့မဟုတ် အဆုံးသတ်ကို ရှင်းပြသည့် ဖြစ်ရသည့်အကြောင်းရင်းကို မည်သူမျှမသိသကဲ့သို့ ထိုအရာတို့ကိုမည်သူမျှ မထိန်းချုပ်နိုင်ပေ။ ကူးစက်ရောဂါဖြစ်ပေါ်ခြင်းနှင့် ပျံ့ပွားခြင်းကို ရင်ဆိုင်ရလျက်၊ လူသားတို့လုပ်သည့် ပထမဆုံး စီမံချက်မှာ ဖြေဆေးတစ်ခု ဖော်ထုတ်ဖို့ ဖြစ်သည်၊ သို့သော် ဖြေဆေး အဆင်သင့်မဖြစ်မီတွင် ကူးစက်ရောဂါက မကြာခဏ ကွယ်ပျောက်လေသည်။ အဘယ်ကြောင့် ကူးစက်ရောဂါက ကွယ်ပျောက်သနည်း။ တစ်ချို့က ရောဂါပိုးများကို ထိန်းချုပ်နိုင်လိုက်သည်ဟု ဆိုကြစဉ် တစ်ချို့က ရာသီဥတု အပြောင်းအလဲကြောင့် ပြီးဆုံးသွားသည်ဟု ဆိုသည်။ ဤပရမ်းပတာထင်ကြေးပေးချက်များက ယုတ္တိတန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ သိပ္ပံပညာက ရှင်းပြချက် မပေးနိုင်သကဲ့သို့ တိကျသည့် အဖြေကို မပေးနိုင်ပေ။ လူသားမျိုးနွယ်သည် ဤထင်ကြေးပေးချက်များကိုသာ ရင်ဆိုင်ရမည်မဟုတ်ဘဲ လူသားမျိုးနွယ်၏ သိနားလည်မှုနည်းပါးခြင်းနှင့် ကူးစက် ရောဂါများကို ကြောက်ရွံ့ခြင်းနှင့်လည်း ရင်ဆိုင်ရမည်ဖြစ်သည်။ နောက်ဆုံး စိစစ်တွေ့ရှိချက်တွင် အဘယ်ကြောင့် ကူးစက်ရောဂါများ စတင်သည် သို့မဟုတ် အဘယ်ကြောင့် အဆုံးသတ်သွားသည် ဆိုတာကို မည်သူမျှမသိပေ။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် သိပ္ပံကိုသာ ယုံကြည်ကာ ၎င်းကို လုံးလုံးလျားလျား အားထားပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာကို အသိအမှတ်မပြုသောကြောင့် သို့မဟုတ် သူ၏ အချုပ်အခြာ အာဏာကို လက်မခံသောကြောင့် ၎င်းတို့သည် ဘယ်သောအခါမျှ အဖြေရမည် မဟုတ်ပေ။

ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အရာခပ်သိမ်းသည် သူ၏သြဇာအာဏာနှင့် စီမံခန့်ခွဲမှုကြောင့် မွေးဖွား၊ ရှင်သန်ပြီး၊ ပျက်စီးလေသည်။ တစ်ချို့သောအရာများသည် လာပြီး ထွက်သွားကြသည်၊ ၎င်းတို့ လာပြီး ထွက်သွားရသည့် အကြောင်းရင်းကို လူသည် နားလည်ဖို့မပြောနှင့်၊ ၎င်းတို့မည်သည့် အရပ်ကလာသည်ကို မပြောနိုင် သို့မဟုတ် ၎င်းတို့ လိုက်နာသည့် ပုံစံများကို သဘောမပေါက်နိုင်ပေ။ လူသားသည် အရာအားလုံးက ဖြစ်ပျက်သည့် အရာခပ်သိမ်းကို မိမိမျက်လုံးများဖြင့် မြင်နိုင်၊ မိမိနားများဖြင့် ကြားနိုင်ပြီး မိမိကိုယ်ခန္ဓာဖြင့် ကြုံတွေ့ နိုင်သော်လည်း၊ ထိုအရာအားလုံးသည် လူသားနှင့် ဆက်နွယ်မှုရှိသော်လည်း၊ လူသားသည် ဖြစ်ရပ် အမျိုးမျိုးတို့၏ တမူထူးခြားမှု၊ ပုံမှန်ဖြစ်ပေါ်မှု သို့မဟုတ် ထူးဆန်းမှုကိုပင် မသိစိတ်၏ စေ့ဆော်မှုအရ သဘောပေါက်သော်လည်း ဤအရာများ နောက်မှာတည်ရှိသည့် အရာဖြစ်သော ဖန်ဆင်းရှင်၏ အလိုနှင့် စိတ်အကြောင်းကို ဘာမျှမသိသေးပေ။ ဤဖြစ်ရပ်များနောက်တွင် အဖြစ်အပျက်များစွာ၊ ဖုန်းကွယ်ထားသည့် အမှန်တရားများစွာ ရှိ၏။ လူသားသည် ဖန်ဆင်းရှင်ထံမှ ဝေးရာ ထွက်သွားခဲ့သောကြောင့်၊ ဖန်ဆင်းရှင်၏ သြဇာအာဏာက အရာအားလုံးကို အုပ်စိုးသည် ဆိုသည့်အချက်ကို လက်မခံသောကြောင့်၊ ၎င်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သော အချုပ်အခြာ အာဏာအောက်၌ ဖြစ်ပျက်သည့် အရာရာတိုင်းကို ဘယ်သောအခါမှ သိကာ နားလည်သဘောပေါက်မည် မဟုတ်ပေ။ အများအားဖြင့် ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာသည် လူသား၏ စိတ်ကူးစိတ်သန်း၊ လူသား၏ အသိပညာ၊ လူသား၏ သိနားလည်မှု၊ လူသား၏ သိပ္ပံပညာတို့က ရရှိနိုင်သည့် နယ်ပယ်များကို ကျော်လွန်၏။ ယင်းသည် ဖန်ဆင်းခံ လူသားမျိုးနွယ်က ဉာဏ်မမီသောအရာ ဖြစ်သည်။ လူအချို့တို့ကပြော၏၊ “ဘုရားသခင်၏ အချုပ်အခြာ အာဏာကို သင်ကိုယ်တိုင် မမြင်တွေ့ ရသည့်အတွက် အရာရာတိုင်းက သူ၏သြဇာအာဏာကို ခံစားရ သည်ဟု သင်မည်သို့ယုံနိုင်သနည်း။” မြင်တွေ့ခြင်းက အစဉ်အမြဲ ယုံကြည်ခြင်း မဟုတ်သကဲ့သို့ အစဉ်အမြဲ သိမြင်ခြင်းနှင့် နားလည်ခြင်းလည်း မဟုတ်ပါ။ သို့လျှင် ယုံကြည်မှုသည် မည်သည့်နေရာမှ လာသနည်း။ “ယုံကြည်ခြင်းက အမှုအရာများ၏ ဖြစ်ရသည့် စစ်မှန်မှုနှင့် ဖြစ်ရသည့် အကြောင်းရင်းတို့အပေါ် လူတို့၏ သဘောပေါက်မှု၊ တွေ့ကြုံမှုတို့၏ အဆင့်နှင့် အတိမ်အနက်မှ လာသည်” ဟု သေချာမှုဖြင့် ငါ ပြောနိုင်၏။ ဘုရားသခင် တည်ရှိသည်ဟု သင်ယုံကြည်သော်လည်း အရာအားလုံးအပေါ် ဘုရားသခင်၏ ထိန်းချုပ်မှုနှင့် အချုပ်အခြာအာဏာကို သတိပြုမိဖို့ နေနေသာသာ၊ အသိအမှတ်မပြုနိုင်ပါက၊ ဘုရားသခင်က ဤသြဇာအာဏာမျိုးရှိပြီး ဘုရားသခင်၏ သြဇာအာဏာသည် အတုမရှိဖြစ်သည်ဆိုသည်ကို သင်၏ စိတ်နှလုံးထဲတွင် ဘယ်သောအခါမျှ သင်ဝန်ခံလိမ့်မည်မဟုတ်။ သင်သည် ဖန်ဆင်းရှင်ကို သင်၏သခင်၊ သင်၏ဘုရားအဖြစ် ဘယ်သောအခါမျှ အမှန်တကယ် လက်ခံမည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

ဘုရားသခင်ကို သိကျွမ်းရန်မှာ လွယ်ကူသောအရာ မဟုတ်ဟု လူတို့က မကြာခဏ ပြောတတ်ကြသည်။ သို့သော်လည်း ဘုရားသခင်သည် လူသားမြင်တွေ့စေရန် သူ၏လုပ်ဆောင်ချက်များကို မကြာခဏ ပြသသောကြောင့် ဘုရားသခင်ကို သိကျွမ်းခြင်းသည် ခဲယဉ်းသောကိစ္စ လုံးဝမဟုတ်ဟု ငါဆိုသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်နှင့် သူ၏ အပြန်အလှန်ဆွေးနွေးခြင်းကို ဘယ်သောအခါမျှ မရပ်စဲခဲ့ဖူးပေ၊ သူသည် သူ့ကိုယ်သူ လူသားထံမှ ဘယ်သောအခါမျှ မဖုံးကွယ်ဖူးသကဲ့သို့ သူ့ကိုယ်သူလည်း မကွယ်ဝှက်ဖူးပေ။ သူ၏အတွေးများ၊ သူ၏စိတ်ကူးများ၊ သူ၏နှုတ်ကပတ်တော်များနှင့် သူ၏လုပ်ဆောင်ချက်များ အားလုံးကို လူသားမျိုးနွယ် တစ်ရပ်လုံးအား ထုတ်ဖော်ပြသည်။ ထို့ကြောင့် လူသားသည် ဘုရားသခင်ကို သိကျွမ်းရန် ဆန္ဒရှိသရွေ့၊ သူသည် နည်းစနစ်များနှင့် နည်းလမ်းမျိုးစုံဖြင့် ဘုရားသခင်ကို နားလည်သိမြင်လာနိုင်သည်။ ဘုရားသခင်သည် လူသားကို တမင်ရှောင်သည်၊ ဘုရားသခင်သည် လူသားမျိုးနွယ်မှ သူ့ကိုယ်သူ တမင်ဖုံးကွယ်ထားသည်၊ သူ့ကို လူသားနားလည်သိမြင်ရန် ခွင့်ပြုဖို့ ဘုရားသခင်တွင် ရည်ရွယ်ချက်မရှိဟု လူသားသည် မျက်စိစုံမှိတ် ထင်ရသည့်အကြောင်းရင်းမှာ သူသည် ဘုရားသခင် မည်သူဖြစ်သည်ကို မသိသကဲ့သို့ ဘုရားသခင်ကို နားလည်ရန် ဆန္ဒလည်း မရှိသောကြောင့် ဖြစ်သည်။ ထို့ထက်ပို၍ လူသားသည် ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များ၊ သို့မဟုတ် လုပ်ဆောင်ချက်များတို့ကို စိတ်မဝင်စားသောကြောင့်ပင် ဖြစ်သည်။...အရင်းအတိုင်းပြောရလျှင် လူတစ်ယောက်က ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များအပေါ် အာရုံစိုက်ပြီး နားလည်ရန် သူ၏အားနေသောအချိန်ကိုသာ အသုံးပြုပါက၊ ဖန်ဆင်းရှင်၏ အတွေးများနှင့် သူ့နှလုံးသား၏ အသံတော်ကို အနည်းငယ်သာ အာရုံစိုက်မှု ပြုမည်ဆိုပါက ဖန်ဆင်းရှင်၏ အတွေးများ၊ နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များမှာ ထင်ရှားပြီး ပွင့်လင်းမြင်သာကြောင်း ထိုသူအနေဖြင့် သဘောပေါက်ရန် ခဲယဉ်းလိမ့်မည်မဟုတ်ပေ။ အလားတူပင် ဖန်ဆင်းရှင်သည် လူသားအကြားတွင် အမြဲတမ်းရှိနေကြောင်း၊ သူသည် လူသားအပြင် ဖန်ဆင်းခြင်းအလုံးစုံနှင့် အမြဲတမ်း စကားစမြည်ပြောနေကြောင်း၊ ထို့အပြင် သူသည် အမှုသစ်များကို နေ့စဉ်လုပ်ဆောင်နေကြောင်းတို့ကို သဘောပေါက်ရန် အနည်းငယ်သာ အားထုတ်ကြိုးပမ်းရလိမ့်မည်။ သူ၏အနှစ်သာရနှင့် စိတ်သဘောထားတို့ကို လူသားနှင့် အပြန်အလှန်ဆွေးနွေးခြင်းတွင် ဖော်ပြထားသည်၊ သူ၏အတွေးများနှင့် စိတ်ကူးများကို သူ၏လုပ်ဆောင်ချက်များတွင် ပြည့်စုံစွာ ထုတ်ဖော်ထားသည်၊ သူသည် လူသားမျိုးနွယ်နှင့်အတူ အမြဲတမ်းပါရှိပြီး စောင့်ကြည့်နေသည်။ “ငါသည် ကောင်းကင်တွင် တည်ရှိ၏၊ ထို့ပြင် ငါသည် ငါ၏ဖန်ဆင်းရာထဲတွင် တည်ရှိ၏။ ငါသည် အိပ်ဖန်စောင့်ပေးနေသည်၊ ငါသည် စောင့်ဆိုင်းနေသည်၊ ငါသည် သင်၏အပါးတွင် ရှိနေသည်...” ဟု သူသည် လူသားမျိုးနွယ်နှင့် ဖန်ဆင်းရာအားလုံးတို့ကို သူ၏ အသံတိတ်စကားလုံးများဖြင့် ညင်ညင်သာသာ စကားပြောသည်။ သူ၏လက်များမှာ နွေးထွေးပြီး ခွန်အားကြီး၏၊ သူ၏ခြေလှမ်းတို့မှာ ပေါ့ပါး၏၊ သူ၏အသံမှာ သိမ်မွေ့၍ တင့်တယ်ပေ၏၊ သူ၏အသွင်သဏ္ဌာန်မှာ လူသားမျိုးနွယ်အားလုံးကို ပွေ့ဖက်ရင်း ဖြတ်သွားလှည့်ပတ်၏၊ သူ၏မျက်နှာထားမှာ လှပ၍ နူးညံ့သိမ်မွေ့၏။ သူသည် ဘယ်သောအခါမျှ ထွက်ခွာမသွား၊ ပျောက်ကွယ်မသွားဖူးပေ။ သူသည် နေ့ရောညပါ လူသားမျိုးနွယ်ဘေးမှ ထွက်ခွာသွားခြင်း မရှိဘဲ သူတို့၏ အမြဲရှိနေသော အဖော်ပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဘုရားသခင်၏ သြဇာအာဏာအောက်တွင် လူတိုင်းသည် သူ့၏ အချုပ်အခြာအာဏာနှင့် သူ့၏ စီစဉ်မှုတို့ကို တက်ကြွစွာ သို့မဟုတ် မလှုပ်မယှက် လက်ခံကြသည်။ ဘဝလမ်းကြောင်းပေါ်တွင် မည်မျှပဲ ရုန်းကန်လှုပ်ရှားနေပါစေ၊ ကွေ့ကောက်သည့်လမ်းတွေကို မည်မျှပင် လျှောက်နေရပါစေ၊ အဆုံးတွင် ၎င်းတို့ ဖန်ဆင်းရှင် လမ်းကြောင်းချပေးခဲ့သည့် ကံကြမ္မာ၏ လမ်းကြောင်းထဲသို့ ပြန်သွားရပေလိမ့်မည်။ ၎င်းသည် ဖန်ဆင်းရှင်၏ သြဇာအာဏာကို မကျော်လွှားနိုင်ခြင်းဖြစ်ကာ စကြဝဠာကို သူ့သြဇာအာဏာက ထိန်းချုပ်ပြီး အုပ်စိုးသည့် ပုံစံဖြစ်လေသည်။ အရာအားလုံး၏ ဘဝကို အုပ်စိုးသည့်နိယာမများ၊ နှောင့်ယှက်ခြင်းများ မဖြစ်စေဘဲ လူသားတို့ကို ကြိမ်ဖန်များစွာ ပြန်ဝင်စားခွင့်ပြုသည့်နိယာမများ၊ ကမ္ဘာလောကကို တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ပုံမှန်လှည့်ပတ်စေပြီး ရှေ့ဆက်စေသည့် နိယာမများအတွက် တာဝန်ရှိသည်မှာ ဤမကျော်လွှားနိုင်ခြင်း၊ ဤထိန်းချုပ်မှုနှင့် အုပ်စိုးမှုပုံစံတို့ပင် ဖြစ်သည်။ ဤအချက်အလက်များ အားလုံးကို သင်တို့ မြင်တွေ့ရပြီး အပေါ်ယံဖြစ်စေ၊ နက်နဲစွာဖြစ်စေ ၎င်းတို့ကို သင်တို့နားလည်ပေပြီ။ သင်၏ နားလည်မှု အတိမ်အနက်က သမ္မာတရားနှင့်သက်ဆိုင်သော သင်တို့၏ အတွေ့အကြုံနှင့် အသိပညာ၊ ဘုရားသခင်နှင့်ဆိုင်သော သင်တို့၏ အသိပညာတို့အပေါ် မူတည်ပေသည်။ သမ္မာတရား၏ စစ်မှန်မှုကို သင်မည်မျှ ကောင်းကောင်းသိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်မည်မျှ တွေ့ကြုံခဲ့ရသည်၊ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားကို သင်မည်မျှ ကောင်းကောင်းသိသည်ဆိုသည့် ဤအချက်များအားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များနှင့်ဆိုင်သော သင်၏ သိနားလည်မှု အတိမ်အနက်ကို ကိုယ်စားပြုပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်တို့၏ တည်ရှိခြင်းသည် လူတို့က ဤအရာများအား ကျိုးနွံနာခံခြင်း ရှိမရှိဆိုသည့်အပေါ် မူတည်ပါသလော။ သြဇာအာဏာကို ဘုရားသခင် ပိုင်ဆိုင်သည် ဆိုသည့်အချက်က ယင်းကို လူသားမျိုးနွယ်က နာခံခြင်း ရှိမရှိဆိုသည့်အရာအားဖြင့် သတ်မှတ်ထားသလော။ ဘုရားသခင်၏ အခွင့်အာဏာက အခြေအနေများနှင့် မသက်ဆိုင်ပဲ ဖြစ်တည်နေ၏။ အခြေအနေများ အားလုံးတွင်၊ ဘုရားသခင်က လူသားကံကြမ္မာတိုင်းနှင့် အရာအားလုံးကို သူ့၏ အကြံအစည်များနှင့် ဆန္ဒများနှင့်အညီ ပြဋ္ဌာန်းပေးပြီး စီစဉ်လေသည်။ လူသားက ပြောင်းလဲခြင်း အကျိုးဆက်အနေဖြင့် ဤအရာပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ အခွင့်အာဏာသည် သူ့၏ အနှစ်သာရစစ်စစ် ဖြစ်သည့်အတွက် လူသား၏ အလိုဆန္ဒအပေါ် အမှီအခိုလွတ်ကင်းပြီး အချိန်၊ စကြဝဠာနှင့် မြေမျက်နှာသွင်ပြင်တို့ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ။ လူသားက ဘုရား၏ အချုပ်အခြာအာဏာကို သိပြီး လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ၊ ယင်းကို လူသားက ကျိုးနွံနာခံနိုင်သည်ဖြစ်စေ မနာခံနိုင်သည်ဖြစ်စေ သုံးသပ်ခြင်းများထဲမှ မည်သည့်အရာကမျှ လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ နှင့်ဆိုင်သော အမှန်တရားကို အနည်းငယ်မျှ မပြောင်းလဲချေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် လူသားက မည်သို့ သဘောထားရှိပါစေ၊ ယင်းက အရာအားလုံးအပေါ်နှင့် လူသားကံကြမ္မာအပေါ် အချုပ်အခြာအာဏာအား ဘုရားသခင် စွဲကိုင်သည့်အချက်ကို မပြောင်းလဲနိုင်ပေ။ သင်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်း မရှိလျှင်ပင်၊ သင်၏ကံကြမ္မာကို သူအုပ်ချုပ်ဆဲဖြစ်၏။ သူ့၏ အချုပ်အခြာအာဏာကို သင်မသိနိုင် လျှင်ပင်၊ သူ့၏သြဇာအာဏာက တည်ရှိဆဲဖြစ်သည်။ ဘုရားသခင်၏ သြဇာအာဏာနှင့် လူသားကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရားသည် လူသား၏ အလိုဆန္ဒနှင့် ကင်းလွတ်ပြီး လူသား၏ နှစ်သက်မှုနှင့် ရွေးချယ်မှုများအရ ပြောင်းလဲခြင်း မရှိပေ။ ဘုရားသခင်၏ သြဇာအာဏာသည် နေရာတိုင်း၊ နာရီတိုင်း၊ အချိန်တိုင်း၌ ရှိလေသည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း သူ့၏ သြဇာအာဏာသည် အစဉ်တည်ပါလိမ့်မည်။ သူသည် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည့်အတွက် အတုမရှိသည့် သြဇာအာဏာကို ပိုင်ဆိုင်ပြီး သူ့၏သြဇာအာဏာသည် လူများ၊ အဖြစ်အပျက်များ၊ သို့မဟုတ် အမှုအရာများ၊ စကြဝဠာ သို့မဟုတ် မြေမျက်နှာသွင်ပြင်အားဖြင့် အမှုအရာများ ချုပ်ချယ်ခံရခြင်း သို့မဟုတ် ကန့်သတ်ထားခြင်း မရှိပေ။ အချိန်တိုင်းတွင်၊ ဘုရားသခင်က သူ့၏အခွင့်အာဏာကို စွဲကိုင်သည်၊ သူ့၏ တန်ခိုးအစွမ်းကို ပြသည်၊ သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း သူ့၏ စီမံခန့်ခွဲမှုအလုပ်များကို ဆက်လက်လုပ်ဆောင်လေသည်။ အချိန်တိုင်းတွင် သူ လုပ်မြဲလုပ်ဆောင်ခဲ့သည့်အတိုင်း အရာအားလုံးကို အုပ်ချုပ်သည်။ အရာအားလုံးအတွက် ထောက်ပံ့သည်။ အရာအားလုံးကို စီစဉ်ညွှန်ကြားလေသည်။ ဤအရာကို ဘယ်သူမှ မပြောင်းလဲနိုင်။ ၎င်းသည် အမှန်တရား ဖြစ်ပေသည်။ ၎င်း၌ ရှေးကတည်းက မပြောင်းလဲသည့်သမ္မာတရား ရှိလေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)

အရှေ့သို့- ၁။ လူတို့သည် အဘယ့်ကြောင့် ဘုရားသခင်ကို ယုံကြည်သင့်သနည်း။

နောက်တစ်ခုသို့- ၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။