၅။ သင်က သခင်သည် နောက်ဆုံး‌သော ကာလ၏ တရားစီရင်ခြင်း အမှုကို လုပ်ဆောင်ဖို့ ပြန်ကြွလာပြီးဖြစ်သည်ဟု သက်သေခံသည်၊ သို့သော် သခင်ယေရှုက၊ “ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။(ယော ၁၆:၇-၈) ဟု ဆိုခဲ့သည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် တက်ကြွခြင်းနောက်တွင်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အပြစ်တရားလောကနှင့် ဖြောင့်မတ်ခြင်းနှင့် တရားစီရင်ခြင်းလောကကို ပြစ်တင်ရှုတ်ချရင်း၊ ပင်တေကုတ္တေနေ့အတွင်းတွင် အမှုပြုဖို့ လူသားအပေါ် ကြွဆင်းလာခဲ့သည်ဟု ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ကျွန်ုပ်တို့၏ အပြစ်များကို ကျွန်ုပ်တို့ ဝန်ချပြီး သခင့်ထံ နောင်တရသရွေ့၊ ကျွန်ုပ်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြစ်တင်ခြင်းနှင့် ပဲ့ပြင်ဆုံးမမှုတို့ကို ခံရလိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ သခင်အားဖြင့် ကျွန်ုပ်တို့၏ တရားစီရင်ခံရခြင်း ဖြစ်သည်။ သင် ပြောဆိုသည့် နောက်ဆုံးသော ကာလ တရားစီရင်ခြင်းနှင့် သခင်ယေရှု၏ အမှုတော်တို့ကြား ခြားနားချက်မှာ မည်သည့်အရာသာ ဖြစ်ပါသနည်း။

အဖြေ-

ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင်ရှားစွာဘော်ပြမည်။(ယော ၁၆:၇-၈) ဟူသည့်‌ သခင်ယေရှု၏ နှုတ်ကပတ်တော်များ သက်သက်အပေါ် အခြေခံ၍၊ သန့်ရှင်းသော ဝိညာဉ်တော်သည် လူသား၌ အမှုပြုပြီး နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုကို ဆောင်ရွက်ဖို့ ပင်တေကုတ္တေနေ့တွင် ဆင်းသက်ခဲ့သည်ဟု သင် အခိုင်အမာ ပြောဝံ့ပါသလား။ ဤအရာအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံတစ်ခုတစ်လေ ရှိပါသလား။ သခင့်၏ နှုတ်ကပတ်တော်များအပေါ် ထိုသို့ သိနားလည်မှု တစ်ခုသည် သူ၏ အလိုတော်နှင့် ကိုက်ညီပါသလား။ သခင်ယေရှုက ရှင်းလင်းစွာ၊ “ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) ဟု ဆိုခဲ့သည်။ သခင်ယေရှု၏ နှုတ်ကပတ်တော်များက ပြတ်သားသည်။ သူ၏ လုပ်ရပ်များက တရားစီရင်ခြင်း အမှု မဟုတ်ခဲ့သကဲ့သို့၊ နောက်ဆုံးသော ကာလအတွင်း သူ ပြန်ကြွလာချိန်တွင်သာ သမ္မာတရားကို သူ ဖော်ပြမည်ဖြစ်ပြီး တရားစီရင်ခြင်း အမှုကို လုပ်ဆောင်မည် ဖြစ်သည်။ ထို့ကြောင့်၊ ကျေးဇူးတော်ခေတ်နှင့်ဆိုင်သည့် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုယူပြီး ယင်းကို ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုဟု ခေါ်ခြင်းသည် မှားသည်ဟု ဆို၍ရသည်။ မချိတင်ကဲ ဝေဒနာမျက်ရည်များ ကျွန်ုပ်တို့ မျက်နှာပေါ် စီးဆင်းလျက်၊ ကျွန်ုပ်တို့၏ အပြစ်များကို ဝန်ချပြီး နောင်တရဖို့ သခင့်ရှေ့မှောက် လာကြချိန်တွင်၊ ဤသည်မှာ ကျွန်ုပ်တို့က သန့်ရှင်းသော ဝိညာဉ်တော် တို့ထိကာ အပြစ်တင်သည်ကို ခံရခြင်းသာ ဖြစ်သည်။ ယင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးတော်ခေတ် လုပ်ဆောင်ချက်မှာ ထိရောက်ပြီး ဖြစ်သည်ဟု ဆိုလိုသည်။ ယင်းသည် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုနှင့် လုံးဝ မတူပါ။ တရားစီရင်ခြင်းက မည်သည့်အရာသာဖြစ်သည်ကို သိနားလည်ဖို့ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှစ်ပိုဒ်ကို ကြည့်လိုက်ကြပါစို့။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “‘တရားစီရင်ခြင်း’ ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာဒေသအားလုံးရှိလူများကို လမ်းပြဖို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်မောင်းမဲဖို့ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင်တို့ စဉ်းစားမိကောင်းစဉ်စားမိနိုင်သည်။ ၎င်းတို့၏ပြင်းထန်မှုများ အားလုံးရှိလင့်ကစား၊ ဤနှုတ်ကပတ်တော်များသည် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ပေ။ ယင်းတို့သည် မတူညီသော နောက်ခံအကြောင်းအရာများ ဖြစ်သည့်၊ မတူညီသော ပတ်ဝန်းကျင်များအတွင်း ဘုရားသခင် ပြောဆိုထားခဲ့သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလ၏ ခရစ်တော်က လူသားကို တရားစီရင်သည် နှင့်အမျှ သူပြောဆိုထားသော နှုတ်ကပတ်တော်များနှင့် မတူပေ။ နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

အနန္တတန်ခိုးရှင် ဘုရားသခင်က တရားစီရင်ခြင်းမှာ မည်သည့်အရာဖြစ်ပြီး တရားစီရင်ခြင်း၏ အကျိုးက မည်သည့်အရာဖြစ်သည်ကို အလွန် ရှင်းလင်းသိသာစေသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုတော်မှာ လူသားကို အပြီးပိုင် သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်း အမှုတော် ဖြစ်သည်။ ယင်းမှာ လူသားမျိုးနွယ်ကို ပြစ်တင်ရှုတ်ချပြီး ကျိန်ဆဲသည့် စကားအနည်းငယ် ပြောခြင်းမျှ မဟုတ်သကဲ့သို့၊ စာပိုဒ်အချို့ကို ဖော်ပြချက်လည်း မဟုတ်ပါ။ ထိုအစား၊ ဘုရားသခင်က လုံလောက်သည့် နှုတ်ကပတ်တော် ပမာဏ ဖော်ပြပါသည်။ လူသားအနေဖြင့် သူ၏ သန့်စင်ခံရခြင်းနှင့် ကယ်တင်ခြင်းအတွက် နားလည်သင့်ပြီး ဝင်ရောက်သင့်သည့် အမျိုးမျိုးသော သမ္မာတရား ရှုထောင့်အားလုံးကို ဖော်ပြပြီး၊ လူသားမျိုးနွယ်ထံ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုအားလုံးကို ထုတ်ဖော်ပြလေသည်။ ယခုတွင် ဘုရားသခင်သည် ကျေးဇူးတော်ခေတ်အတွင်း သခင်ယေရှု ဖော်ပြခဲ့သည်ထက် အကြိမ် ရာချီ၊ ထောင်ချီ ပိုများသည့် နှုတ်ကပတ်တော်များကို ဖော်ပြသည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း၏ အချက်အချာတွင် ရှိသည်မှာ သမ္မာတရား ဖော်ပြချက်နှင့် လူသားမျိုးနွယ်၏ တရားစီရင်ခြင်းနှင့်ဆိုင်သည့် နှုတ်ကပတ်တော်များ ဖော်ပြချက် ဖြစ်သည်။ လူသား၏ အပြစ်နှင့်ပြည့်ပြီး ဘုရားသခင်ကို ခုခံတတ်သည့် ဆိုးယုတ်သော သဘာဝနှင့် စိတ်သဘောထားတို့ကို သူသည် တရားစီရင်ကာ ဖော်ထုတ်ပြီး ဖြစ်သည်။ သူသည် စာတန်အားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို ထုတ်ဖော်ပြပြီး ဖြစ်သည်။ သူသည် ဘုရားသခင်၏ သန့်ရှင်း၊ ဖြောင့်မတ်ပြီး ပုန်ကန်ပြစ်မှားမရသည့် စိတ်သဘောထားကို ပြသပြီးဖြစ်ကာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အလိုတော်နှင့် သတ်မှတ်ချက်များအပြင် မည်သူ ကယ်တင်ခံရပြီး မည်သူ အပြစ်ပေးခံရမည်ဆိုသကဲ့သို့သော သမ္မာတရား၏ ရှုထောင့် အမျိုးမျိုးကို ကျွန်ုပ်တို့အား ပြောပြပြီး ဖြစ်သည်။ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းအမှုကို ကျွန်ုပ်တို့ တွေ့ကြုံပြီးသည်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်၏ ရည်ရွယ်ချက်ကို ကျွန်ုပ်တို့ နားလည်သည်၊ ဘုရားသခင်အပေါ် စာတန်၏ တစ်ဖက်စွန်းရောက် ခုခံမှုနှင့်ဆိုင်သည့် ဘီလူးသရဲစီးသော သရုပ်ကို ရှင်းလင်းစွာ မြင်ကြသည်၊ စာတန်အားဖြင့်ဖြစ်သော ကျွန်ုပ်တို့၏ နက်နဲသည့် ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားနှင့် အနှစ်သာရတို့ကို ကျွန်ုပ်တို့ နားလည်ကြပြီး၊ ဘုရားသခင်ကို ဆန့်ကျင်ကာ သစ္စာဖောက်သည့် ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဆိုးယုတ်သော သဘာဝများကို သိကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာ၊ ပြီးလျှင် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့နှင့်ဆိုင်သော စစ်မှန်သည့် အသိပညာအနည်းငယ်လည်း ကျွန်ုပ်တို့၌ ရှိကြသည်။ ကျွန်ုပ်တို့ထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခု ပေါက်ဖွားပြီး၊ ဘုရားသခင်ရှေ့မှောက် အသက်ရှင်ဖို့ မသင့်တော်ဟု ခံစားရလျက်၊ ကျွန်ုပ်တို့ စိတ်နှလုံးများတွင် မိမိကိုယ်ကိုယ် စက်ဆုပ်ကာ စွန့်လွှတ်လျက်၊ ကျွန်ုပ်တို့၏ အရှက်တရားအား ကွယ်ဝှက်ဖို့ နေရာမရှိဘဲ၊ မြေပေါ် ကျွန်ုပ်တို့ မိမိကိုယ်ကိုယ် ဝပ်စင်းကြသည်။ အပြစ်တရား၏ ချည်နှောင်မှုများမှ ကျွန်ုပ်တို့ တဖြည်းဖြည်း လွတ်မြောက်ကြကာ ကျွန်ုပ်တို့သည် စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်ပြီး၊ ဘုရားသခင်ကို အမှန်တကယ် ကြောက်ရွံ့ကာ နာခံသူများ ဖြစ်လာကြသည်။ ယင်းမှာ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းကို ကျွန်ုပ်တို့ တွေ့ကြုံခြင်းအားဖြင့် ရရှိသည့် အကျိုးဖြစ်ပြီး- ဤအမှုသည်သာ ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှု ဖြစ်သည်။

ယခု ကျေးဇူးတော်ခေတ်ကို ကြည့်ကြပါစို့။ သခင်ယေရှုက တရားစီရင်ခြင်း နှုတ်ကပတ်တော်အချို့- ဖာရိရှဲတို့ကို ရှုတ်ချကာ ကျိန်ဆဲသည့် နှုတ်ကပတ်တော်များကို ပြောခဲ့သော်လည်း- ရွေးနုတ်ခြင်း အမှုကိုသာ သူ လုပ်ဆောင်ခဲ့သည်၊ ယင်း၏ အချက်အချာမှာ အပြစ်မှလွှတ်ခြင်းနှင့် လူတို့အား နောင်တရဖို့ စေခိုင်းခြင်း၊ ပြီးလျှင် လူသားအပေါ် သနားကရုဏာ ပြသခြင်းနှင့် လူသားအပေါ် ကျေးဇူးတော် အပ်နှင်းခြင်းတို့ ဖြစ်သည်။ ယင်းမှာ အချက်အချာက တရားစီရင်ခြင်းနှင့် လူသား အပြစ်များကို သန့်စင်ခြင်းဖြစ်သည့် အမှု မဟုတ်ခဲ့ပါ၊ ထို့ကြောင့် သခင်ယေရှုက မည်သို့ နောင်တရပြီး ဝန်ချရမည်၊ မည်သို့ နှိမ့်ချကာ သည်းခံရမည်၊ မည်သို့ ဗတ္တိဇံခံရမည်၊ ကားတိုင်ထမ်းပြီး ဆင်းရဲဒုက္ခခံရမည်၊ အစရှိသည်ဖြင့် ကျွန်ုပ်တို့ကို သွန်သင်ရင်း၊ ရွေးနုတ်ခြင်း အမှုတစ်ဝိုက်ကို အခြေခံ၍ အကန့်အသတ်ရှိသည့် နှုတ်ကပတ်တော် ပမာဏကို ဖော်ပြရုံမျှ ဖော်ပြခဲ့သည်။ သခင့်ကို ယုံကြည်လျက်၊ ကျွန်ုပ်တို့၏ အပြစ်များ ခွင့်လွှတ်ခံရဖို့အတွက်နှင့် ပညတ်တရားအားဖြင့် မစီရင်ခံရတော့ဘဲ သေခြင်းသို့ မရောက်တော့ဖို့အတွက်၊ ကျွန်ုပ်တို့အနေဖြင့် သခင့် နှုတ်ကပတ်တော်များနှင့်အညီ ဝန်ချကာ နောင်တရဖို့သာ လိုအပ်ခဲ့သည်။ ထိုသို့ဖြင့် ဘုရားသခင်ထံ ဆုတောင်းကာ သူ၏ ကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ ကျွန်ုပ်တို့ အရည်အချင်း ပြည့်မီခဲ့ကြသည်။ ယင်းမှာ ကျေးဇူးတော်ခေတ်အတွင်း ဘုရားသခင်၏ ရွေးနုတ်ခြင်း အမှုအားဖြင့် ရရှိခဲ့သော အကျိုးဖြစ်ပြီး၊ ယင်းသည် နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုအားဖြင့် ရရှိသော အကျိုးနှင့် အကြီးအကျယ် ခြားနားခဲ့သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသိဉာဏ်ပွင့်လင်းလျက်၊ ပြစ်တင်ခံရကာ ဆုံးမပဲ့ပြင်ခံရလျက်၊ သခင့်ရှေ့မှောက် ၎င်းတို့ ဆုတောင်းကာ မိမိတို့၏ အပြစ်များကို ဝန်ချသည်နှင့်အမျှ မချိတင်ကဲဝေဒနာ မျက်ရည်များ မိမိတို့မျက်နှာများပေါ်တွင် စီးဆင်းလျက်၊ ပြီးလျှင် အချို့သော အပြုအမူကောင်းများကို ထုတ်ဖော်ပြရင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးတော်ခေတ် အမှုတော်ကို တွေ့ကြုံခြင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို တွေ့ကြုံခြင်းနှင့် သန့်စင်ခံရခြင်းဖြစ်သည်ဟု ယုံကြည်သောသူအချို့ ရှိသည်။ ထို့ကြောင့် ဤအရာကို သင်အား ကျွန်ုပ်တို့ မေးသည်- သင့်အပြစ်များ၏ အရင်းအမြစ်ကို သိပါသလား။ ဘုရားသခင်ကို ဆန့်ကျင်သည့် သင်၏ ဆိုးယုတ်သော သဘာဝ အနှစ်သာရကို သင် သိပါသလား။ လူသားမျိုးနွယ်၏ နက်နဲသည့် ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားကို သိပါသလား။ စာတန်၏ ဆိုးယုတ်သော အနှစ်သာရကို သင် ထိန်းသိမ်းထားလေပြီလား။ ဘုရားသခင်၏ ဖြောင့်မတ်ကာ၊ ဘုန်းအာနုဘော်ဖြစ်ပြီး ပုန်ကန်ပြစ်မှား၍ မရနိုင်သည့် စိတ်သဘောထားကို သင် သိပါသလား။ အပြစ်တရား၏ ချည်နှောင်မှုများနှင့် ချုပ်ချယ်မှုများကို သင် အမှန်တကယ် လွတ်မြောက်ပြီလား။ သင်၏ ဆိုးယုတ်သော စိတ်သဘောထား သန့်စင်ခံရပြီးပြီလား။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံသည့် တစ်စုံတစ်ဦး ဖြစ်လာပြီလား။ ဤအရာများထဲမှ မည်သည့်အရာကိုမျှ သင် မရရှိသေးပါ၊ ထို့ကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်း တွေ့ကြုံပြီးနောက် သင် သန့်စင်ခံရပြီးဖြစ်သည်ဟု ပြောနိုင်ရသနည်း။ ထို့ကြောင့်၊ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု လုပ်ဆောင်ခဲ့သည့် အမှုမှာ တရားစီရင်ခြင်း အမှု မဟုတ်ခဲ့ပါ။ နိုင်ငံတော်ခေတ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင် လုပ်ဆောင်သည့် အရာသည်သာ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်း အမှုတော် ဖြစ်သည်။

အရှေ့သို့- ၄။ ဘုရားသခင၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်း အမှုကို ကျွန်ုပ်တို့ လက်မခံပါက၊ ကျွန်ုပ်တို့ သန့်စင်ခံရလိမ့်မည်မဟုတ်သကဲ့သို့၊ ထိုသို့ဖြင့် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ သင့်တော်လိမ့်မည်မဟုတ်ဟု သင် ဆိုသည်။ ဤအရာကို ကျွန်ုပ်တို့ မယုံကြည်ပါ။ ကျွန်ုပ်တို့သည် အပြစ်ပြုနိုင်စွမ်းရှိကြသေးပြီး ဇာတိပကတိ၏ ချည်နှောင်ခြင်းခံရသေးသော်လည်း၊ သမ္မာကျမ်းစာတွင်၊ “သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင် သောအဖြစ်၌ တည်လျက်ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။” (ကောရိန္သု ဩဝါဒစာ ပဌမစောင် ၁၅:၅၂) ဟု ရှင်းလင်းစွာ ဖော်ပြထားသည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဘုရားသခင်ထံမှ မိန့်မြွက်ချက်တစ်ခုက ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့ပြီး ဘုရားသခင်ထံမှ မိန့်မြွက်ချက်တစ်ခုက လူတို့ကို သေရာမှ ထမြောက်စေနိုင်သည်။ ဘုရားသခင် ကြွလာသည့်အခါတွင်၊ သူသည် ကျွန်ုပ်တို့၏ ပုံသဏ္ဍာန်ကို ချက်ချင်း ပြောင်းလဲနိုင်လိမ့်မည်ဖြစ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ ချီမနိုင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသော ကာလတွင် ဘုရားသခင် လူ့ဇာတိခံလာပြီး သမ္မာတရားကို ဖော်ပြကာ တရားစီရင်ခြင်းနှင့် သန့်စင်ပေးခြင်း အမှုကို ဆောင်ရွက်ဖို့ ကျွန်ုပ်တို့ မလိုအပ်ပါ။

နောက်တစ်ခုသို့- ၆။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူကို တရားစီရင်ကာ သန့်စင်ဖို့ သမ္မာတရားကို ဖော်ပြသည်ဟု သင် ဆိုသည်။ ဘုရားသခင်သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်တွင် လူသားမျိုးနွယ်ကို တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ပြောဆိုသည်- ဘုရားသခင်၏ တရားစီရင်ခြင်းသည် လူကို မည့်သည့်အခါတွင်မျှ မစွန့်ခွာဖူးပေ။ ဤနှုတ်ကပတ်တော်များက လူကို တရားစီရင်နိုင်စွမ်းနှင့် သန့်စင်ပေးနိုင်စွမ်းမရှိဟု သင် ဆိုနေခြင်း ဖြစ်ပါသလား။ နောက်ဆုံးသော ကာလ၌ ဘုရားသခင် ဖော်ပြသည့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များနှင့် သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသကဲ့သို့ လူကို တရားစီရင်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကြား ခြားနားချက်မှာ အဘယ်နည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။