၈။ ယခုတွင် သင်က အနန္တတန်ခိုးရှင် ဘုရားသခင်သည် နောက်ဆုံးသော ကာလ၏ ခရစ်တော်၊ ကယ်တင်ရှင်၏ ပေါ်ထွန်းခြင်း ဖြစ်ပြီး၊ သူသည် လူကို လုံးဝ သန့်ရှင်းစေပြီး ကယ်တင်ဖို့၊ ပြီးလျှင် စာတန်၏ အမှောင်လွှမ်းမိုးမှုမှ လူကို လွတ်မြောက်စေဖို့ သမ္မာတရားကို ဖော်ပြနေပြီး ဘုရားသခင်၏ အိမ်တော်မှစတင်သည့် တရားစီရင်ခြင်းအမှုကို ဆောင်ရွက်နေသည်ဟု သက်သေခံသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် လူကို မည်သို့ လုံးဝ သန့်ရှင်းစေပြီး ကယ်တင်ပါသနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-

လက်ရှိ လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်၏ အမှုမှာ အဓိကအားဖြင့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် သူ၏ စိတ်သဘောထားကို ဖော်ပြရန်ဖြစ်သည်။ ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆက်လက် အကောင်အထည်ဖော်ရင်း၊ သူသည် သာ၍များသော သမ္မာတရားကို လူတို့ထံ ဆောင်ကြဉ်းပေးကာ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများကို ပိုမိုညွှန်ပြပေးသည်၊ ဤသို့ဖြင့် လူတို့ကို သိမ်းပိုက်ခြင်းနှင့် လူတို့ကို မိမိကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ကယ်တင်ခြင်းနှင့် သက်ဆိုင်သည့် သူ၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိလေသည်။ ဤသည်မှာ နိုင်ငံတော်ခေတ်ထဲက ဘုရားသခင်၏အမှု နောက်ကွယ်တွင် တည်ရှိသည့်အရာ ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား

နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က “အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များ အားဖြင့် လူသားအတွင်း၌ မုချလိုအပ်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် နာခံမှုမရှိ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ဘုရားသခင်သည် လူသားကို တရားစီရင်သည်ဖြစ်စေ၊ ကျိန်ဆဲသည်ဖြစ်စေ နှစ်ခုစလုံးသည် လူသားကိုစုံလင်စေ၏။ လူသားအတွင်း၌ မသန့်ရှင်းသောအရာကို စုံလင်စေရန် ထိုနှစ်ခုစလုံးကို ပြုခဲ့ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် လူသားသည် စစ်ဆေးခြင်းခံခဲ့ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် အမှုအားဖြင့် လူသားအတွင်း၌ ချို့တဲ့နေသောအရာသည် စုံလင်စေခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည်ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရားသခင်၏သိမ်းပိုက်ခြင်းကို ခံထားရခြင်း အဖြစ် မှတ်ယူ၍ ရသလော။ ယနေ့တွင် လူသားအတွင်း၌ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ များစွာရှိနေသေးသော်လည်း၊ လူသား၏ စိတ်သဘောထားကမူ ယခင်ကထက် များစွာတည်ငြိမ်၏။ ဘုရားသခင်က သင့်အား ရိုက်နှက်ဆုံးမခြင်းမှာ သင့်ကို ကယ်တင်ရန် ဖြစ်၏၊ ထို့ပြင် သင့်အနေဖြင့် ထိုအချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရနိုင်သော်လည်း၊ သင့်စိတ်သဘောထားထဲ၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ပြန်ပြောင်းတွေးကြည့်ပြီး ဘုရားသခင်၏အမှုသည် မည်မျှအမြော်အမြင် ရှိကြောင်းကို မြင်လိမ့်မည်ဖြစ်ကာ၊ ထိုအချိန်၌ ဘုရားသခင်၏ အလိုတော်ကို သင်အမှန်တကယ်နားလည်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

အကယ်၍ ဘုရားသခင်၏ စိတ်သဘောထားကို သင်မသိလျှင် သင်သည် စမ်းသပ်မှုများအတွင်း၌ မလွဲဧကန်ပင် ကျဆုံးလိမ့်မည်။ ဘုရားသခင်က လူတို့ကို စုံလင်အောင် မည်သို့ပြုပေးသည်နှင့် သူတို့ကို မည်သည့်နည်းလမ်းနှင့် စုံလင်အောင် ပြုပေးသည်တို့ကို သင်မသိသည့်အတွက်ကြောင့် ဘုရားသခင်၏ စမ်းသပ်မှုများက သင့်အပေါ်ကို ကျရောက်ပြီး သင်၏အယူအဆများနှင့် ကိုက်ညီမှု မရှိသည့်အခါ သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်မဟုတ်။ ဘုရားသခင်၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာသည် သူ၏စိတ်နေသဘောထား တစ်ခုလုံးပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်နေသဘောထားတစ်ခုလုံးကို လူတို့ထံ ပြသသည့်အခါ ဤအရာက သင်၏ဇာတိပကတိကို အဘယ်အရာယူလာပေးသနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်နေသဘောထားကို လူတို့ထံ ပြသသည့်အခါ ၎င်းတို့၏ဇာတိပကတိသည် ဝေဒနာများစွာကို မလွဲဧကန် ခံစားရပါလိမ့်မည်။ သင်သည် ဤဝေဒနာကို မခံစားရလျှင် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို သင်မခံယူနိုင်သကဲ့သို့၊ စစ်မှန်သည့် ချစ်ခြင်းကို ဘုရားသခင်ထံ သင်အပ်နှံနိုင်မည်လည်း မဟုတ်ပေ။ အကယ်၍ ဘုရားသခင်က သင့်ကို စုံလင်အောင် ပြုလုပ်လျှင် သူ၏စိတ်နေသဘောထား တစ်ခုလုံးအား သင့်ကို သေချာပေါက် ပြသမည်ဖြစ်သည်။ ဖန်ဆင်းခြင်းကာလမှ ယနေ့အထိ ဘုရားသခင်သည် လူသားအား သူ၏စိတ်နေသဘောထား တစ်ခုလုံးကို တစ်ခါမျှ မပြဖူးပါ။ သို့သော်လည်း နောက်ဆုံးသောကာလအတောအတွင်း သူရှေးမဆွက ခွဲခန့်မှတ်သားပြီး ရွေးချယ်ထားသည့် ဤလူအုပ်စုကို ဖွင့်ပြသည်။ ထို့ပြင် လူများကို စုံလင်အောင်ပြုလုပ်ပေးခြင်းအားဖြင့် သူ၏စိတ်နေသဘောထားများကို ရှင်းလင်းစွာ ဖော်ထုတ်ပြသပြီး ထိုအရာမှတစ်ဆင့် လူတစ်စုကို စုံလင်အောင် သူပြုလုပ်သည်။ ဤအရာသည် လူများအတွက် ထားရှိသည့် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ လူတို့အပေါ်ထားရှိသည့် ဘုရားသခင်၏ စစ်မှန်သည့်ချစ်ခြင်းမေတ္တာကို တွေ့ကြုံဖို့ရန်အတွက် လူတို့အနေဖြင့် ပြင်းထန်လှသည့် ဝေဒနာကို သည်းညည်းခံရရန် လိုအပ်ပြီး မြင့်မားသည့် အဖိုးအခတစ်ခုကို ပေးဆပ်ဖို့ လိုအပ်သည်။ ဤအရာပြီးနောက်မှသာ ဘုရားသခင်၏ရယူခြင်းကို သူတို့ခံရမည်ဖြစ်ပြီး သူတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်နိုင်မည် ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏ စိတ်နှလုံးသည် ကျေနပ်ပါလိမ့်မည်။ အကယ်၍ လူများက ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ပေးခြင်းကို ခံရန်ဆန္ဒရှိသည်ဆိုလျှင်၊ သူ၏အလိုတော်ကို ထမ်းရွက်ပြီး သူတို့၏ စစ်မှန်သည့် ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ ပေးအပ်လိုလျှင် သေခြင်းထက် ပိုဆိုးသည့် ဝေဒနာကို ခံစားဖို့ရန်အတွက် အခြေအနေများအရ ဖြစ်ပေါ်လာသည့် များပြားလှသော ဆင်းရဲဒုက္ခနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြုံတွေ့ရမည်ဖြစ်ပြီး အဆုံးမှာ သူတို့၏ စစ်မှန်သည့် နှလုံးသားကို ဘုရားသခင်ထံ ပြန်လည်ပေးအပ်ဖို့ တွန်းအားပေးခြင်း ခံရမည်ဖြစ်သည်။ လူတစ်ယောက်က ဘုရားသခင်ကို အမှန်တကယ် ချစ်သလော၊ မချစ်သလောဆိုသည်ကို အခက်အခဲနှင့် စစ်ဆေးခြင်းကာလ၌ ထုတ်ဖော်ခြင်းခံရသည်။ ဘုရားသခင်သည် လူများ၏ ချစ်ခြင်းကို သန့်စင်ပေးသည်၊ ထို့ပြင် ဤအရာကိုလည်း အခက်အခဲနှင့် စစ်ဆေးခြင်းအလယ်၌သာ ရရှိသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်

ဘုရားသခင်တွင် လူသားကို စုံလင်စေခြင်းအတွက် လုပ်ဆောင်နည်း အမျိုးမျိုးရှိသည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကိုင်တွယ်ရန်အတွက် ပတ်ဝန်းကျင်အမျိုးမျိုးကို သူအသုံးချပြီး၊ လူသားကို ဖော်ထုတ်ပြရန်အလို့ငှာ အရာအမျိုးမျိုးကို အသုံးပြုသည်၊ တစ်ဖက်တွင် လူသားကို သူကိုင်တွယ်ပြီး၊ နောက်တစ်ဖက်တွင် လူသားကို ဖော်ထုတ်ပြကာ အခြားတစ်ဖက်တွင် လူသား၏ စိတ်နှလုံးအတွင်း နက်ရှိုင်းရာ၌ရှိသော “နက်နဲရာများ” ကို တူးဆွကာ ဖော်ပြလျက်၊ သူ၏ အခြေအနေများ အများအပြားကို ဖော်ပြခြင်းအားဖြင့် လူသားအား သူ၏သဘောသဘာဝကို သိရှိစေလျက်၊ လူသားကို ဖွင့်ဟပြသည်။ ဘုရားသခင်သည် လက်တွေ့ကျသော ဘုရားဖြစ်သည်ကို လူသားသိစေရန် ဘုရားသခင်သည် ဖော်ပြခြင်း၊ ကိုင်တွယ်ဆုံးမခြင်း၊ စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်း စသည့် နည်းလမ်းအမျိုးမျိုးသုံးကာ လူသားကို စုံလင်အောင်ပြုလုပ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံစိုက်သူများသာ စုံလင်စေခြင်းခံရနိုင်သည်

ယခု လုပ်ဆောင်နေသော အမှုမှာ လူတို့အား ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းဖြစ်သော စာတန်ကို စွန့်လွှတ်စေရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်မှု အလုံးစုံသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်တာ၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်သည်။ ထပ်တလဲလဲဖြစ်သော ဤတရားစီရင်မှုများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ၊ ထိုသို့ဖြင့် အသက်တာကို သိနိုင်ဖို့၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိနိုင်ဖို့၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကို သိနိုင်ဖို့နှင့် စာတန်၏ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ်အကြောင်းကိုလည်း သိနိုင်ဖို့အလို့ငှာ၊ တရားစီရင်မှု တစ်ခုချင်းစီသည် ၎င်းတို့၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်စေရန် ရည်ရွယ်သည်။ လူသားသည် ဤကဲ့သို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုမျိုးကို သာ၍ လက်ခံရရှိလေလေ၊ လူသား၏ စိတ်နှလုံးအား ပို၍ ထိခိုက်ဒဏ်ရာရစေနိုင်လေဖြစ်ပြီး သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး နက်နဲစွာ အလှည့်ဖြားခံရဆုံးသော ဤလူတို့၏ ဝိညာဉ်များကို နိုးထပေးရန်မှာ ဤတရားစီရင်မှုမျိုး၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ လူသား၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ သူ၏ဝိညာဉ်သည် ကြာမြင့်သော အချိန်ကတည်းက သေဆုံးခဲ့ပြီး သူသည် ကောင်းကင်ဘုံ ရှိကြောင်းကို မသိ၊ ဘုရားသခင် တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူ သေချာပေါက် မသိပေ။ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဤဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း သူ မည်သို့သိနိုင်မည်နည်း။ သူ၏ပုပ်စပ်သော ဤအလောင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှတစ်ဆင့် သေမင်း၏ မရဏနိုင်ငံထဲသို့ ကျရောက်ပြီးဖြစ်ကြောင်း သူ မည်သို့များ သိနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ကြာမြင့်သော အချိန်ကတည်းက ပြုပြင်၍ မရနိုင်လောက်အောင် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ ပြီးလျှင် ဖန်ဆင်းရှင်သည် မြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူ မည်သို့သိနိုင်မည်နည်း။ လူသားသည် ဖြစ်နိုင်သမျှသော စစ်ဆေးခြင်းနှင့် တရားစီရင်မှု အားလုံးကို ကြုံရသည့်နောက်တွင်ပင်၊ သူ၏ လေးလံထုံထိုင်းသော အသိစိတ်သည် နိုးကြားရုံမျှသာရှိနေဆဲဖြစ်ပြီး စင်စစ်တွင် တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန် ကျဆင်းယိုယွင်းနေပါတကား။ ဤ တရားစီရင်မှုမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက၊ ရလဒ်ရှိမည် မဟုတ်ဘဲ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအမှုကြောင့်သာ မဟုတ်လျှင် လူတို့၏ စိတ်နှလုံးများသည် ရှေးမဆွကတည်းက သေဆုံးခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည် စာတန်၏ နင်းခြေမှုကို ရှေးမဆွကတည်းက ခံခဲ့ရသောကြောင့်၊ လူတို့သည် သေမင်း၏ မရဏနိုင်ငံမှ လွတ်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ဆုတ်ယုတ်ခြင်း၏ အနက်ဆုံးအတိုင်းအတာအထိ နစ်မြုပ်ပြီးဖြစ်သော သင်တို့ကို ကယ်တင်ခြင်းသည် သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ခြင်းနှင့် သင်တို့ကို အစွမ်းကုန် တရားစီရင်ခြင်းတို့လိုအပ်သည်၊ သို့မှသာလျှင် သင်တို့၏ အေးခဲနေသော စိတ်နှလုံးကို နိုးထစေနိုင်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

ဘုရားသခင်၏ စုံလင်ခြင်း၊ ပြည့်စုံခြင်းနှင့် လူသားတို့ကို ရယူခြင်းတို့သည် ဓားများနှင့် ၎င်းတို့၏ ခန္ဓာပေါ် ရိုက်နှက်ခုတ်ထစ်ခြင်းများနှင့် အဆုံးမရှိသော ဆင်းရဲဒုက္ခခံစားရခြင်း၊ မီးပြင်းစွာလောင်ခြင်း၊ သနားကရုဏာ ကင်းမဲ့သော တရားစီရင်မှု၊ ပြစ်တင်ဆုံးမခြင်းနှင့် ကျိန်ခြင်းများနှင့် အကန့်အသတ်မဲ့ စမ်းသပ်မှုများသာ ဆောင်ကြဉ်းလာသည်ကို သင်သိသင့်သည်။ ယင်းမှာ လူသားကို စီမံခန့်ခွဲခြင်းအမှု၏ အတွင်းဇာတ်လမ်းနှင့် သမ္မာတရား ဖြစ်သည်။ သို့သော်၊ ဤအရာများအားလုံးသည် လူသား၏ခန္ဓာကို ဦးတည်ခြင်း ဖြစ်ပြီး၊ ရန်လိုမှုမြှားများအားလုံးသည် လူသား၏ခန္ဓာဆီသို့ သနားကရုဏာ ကင်းမဲ့စွာ ချိန်ရွယ်ထားပေသည် (လူသားသည် အပြစ်မဲ့သည့်အတွက် ဖြစ်၏)။ ဤအရာ အားလုံးသည် ကိုယ်တော်၏ ဘုန်းအသရေနှင့် သက်သေခံချက်တို့ အတွက်ဖြစ်ပြီး သူ၏ စီမံခန့်ခွဲမှုအတွက် ဖြစ်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏အမှုသည် လူသားမျိုးနွယ်တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ၊ အစီအစဉ် တစ်ခုလုံး အတွက်လည်း ဖြစ်သည့်အပြင် လူသားမျိုးနွယ်ကို သူ ဖန်ဆင်းခဲ့စဉ်က သူ၏မူလအလိုကို ဖြည့်ဆည်းရန်လည်း ဖြစ်ပေသည်။ ထို့ကြောင့်၊ လူသားတွေ့ကြုံခံစားရသည့်အရာ၏ ကိုးဆယ် ရာခိုင်နှုန်းသည် ဆင်းရဲဒုက္ခ ခံစားရခြင်းများနှင့် မီးဖြင့်စမ်းသပ်မှုများ ပါဝင်ကောင်းပါဝင်နိုင်ပြီး၊ လူသား၏ခန္ဓာက တမ်းတဖူးသော ချိုမြိန်ကာ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များမှာ အလွန်နည်းပါး၏၊ သို့မဟုတ် တစ်ခုမျှပင် မရှိပေ။ လူသားအဖို့ ဘုရားသခင်နှင့်အတူ နှစ်သက်ဖွယ် အချိန်များကို ကုန်လွန်ရင်း၊ ခန္ဓာ၌ ပျော်စရာအခိုက်အတန့်များကို မွေ့လျော်ခံစားနိုင်သည်မှာ များစွာသာ၍ နည်းပါး၏။ ခန္ဓာသည် ညစ်ညူးသည်၊ ထို့ကြောင့် လူ၏ခန္ဓာက မြင်သည့်အရာ သို့မဟုတ် မွေ့လျော်သည့်အရာမှာ ပုံမှန်အသိစိတ် ကင်းမဲ့နေသည့်အလား၊ လူသားက မနှစ်သက်သည့် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်း တစ်ခုတည်းသာ ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က လူသား၏သဘောကျခြင်း မခံရသော လူသား၏ ပုန်ကန်ပြစ်မှားခြင်းများကို သည်းညည်းမခံသကဲ့သို့ ရန်သူများကို စက်ဆုပ်ရွံရှာသော သူ၏ စိတ်သဘောထားကို ပေါ်လွင်ထင်ရှားစေမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ စိတ်သဘောထား အလုံးစုံကို လိုအပ်သည့် မည်သည့်နည်းလမ်းနှင့်မဆို ပွင့်လင်းစွာ ထုတ်ဖော်ကာ၊ ထိုသို့ဖြင့် လူသားမျိုးနွယ်အားလုံးကို ကယ်တင်ခြင်းအမှုနှင့် ရှေးစာတန်ကို ဖျက်ဆီးခြင်းအမှုဖြစ်သည့် သူ၏ စာတန်နှင့် အနှစ်ခြောက်ထောင် တိုက်ပွဲနှင့် သက်ဆိုင်သော အမှုကို အဆုံးသတ်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း၏ ရည်ရွယ်ချက်

ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်ခုစီသည် ငါတို့အား ဒဏ်ရာရစေပြီး ထိတ်လန့်မှုဖြင့် ပြည့်စေရစ်လျက်၊ ငါတို့၏ သေကွင်း သေကွက်များကို ထိုးနှက်လေသည်။ သူသည် ငါတို့၏ အယူအဆများ၊ ငါတို့၏ စိတ်ကူးများနှင့် ငါတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်သည်။ ငါတို့ ပြောသမျှနှင့် လုပ်သမျှမှသည် ငါတို့၏ အတွေးများနှင့် စိတ်ကူးများ တစ်ခုချင်းစီတိုင်းအထိ၊ ငါတို့၏ သဘာဝအနှစ်သာရသည် ငါတို့ကို ကြောက်ရွံ့စရာအခြေအနေတစ်ခုထဲ ထားရှိကာ ငါတို့၏ အရှက်ကို ကွယ်ဝှက်စရာနေရာမရှိအောင် တုန်လှုပ်စေလျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ထုတ်ဖော်ပြခံရလေသည်။ သူသည် ငါတို့၏ စိတ်ပျက်ဖွယ် မပြည့်စုံမှုများ အားလုံးဖြင့် ငါတို့ အဖော်ထုတ်ခံရသကဲ့သို့ ခံစားရစေလျက်၊ လုံးဝ သိမ်းသွင်းခံလိုက်ရသကဲ့သို့ သာ၍ပင် ခံစားရစေရင်း၊ ငါတို့၏ လုပ်ရပ်များ၊ ငါတို့၏ ရည်မှန်းချက် ပန်းတိုင်များနှင့် ရည်ရွယ်ချက်များ၊ ငါတို့ကိုယ်တိုင်ပင် မည်သည့်အခါမျှ မတွေ့ရှိသေးသည့် ဖောက်ပြန်သော စိတ်သဘောထားကိုပင် တစ်ခုပြီးတစ်ခု ငါတို့အား သူ ပြောပြလေသည်။ သူ့ကို ဆန့်ကျင်ခြင်းအတွက် သူသည် ငါတို့ကို တရားစီရင်သည်၊ သူ့ကို ပြစ်မှားစော်ကားခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းအတွက် ငါတို့ကို သူပြစ်တင်ဆုံးမပြီး၊ သူ၏ အမြင်တွင် ငါတို့၌ ရွေးနုတ်ထိုက်သော အင်္ဂါရပ် တစ်ခုမျှမရှိ၊ ငါတို့သည် ရှင်သန်နေသော စာတန်ဖြစ်သည်ဟု ငါတို့အား ခံစားစေလေသည်။ ငါတို့၏ မျှော်လင့်ချက်များ ပျောက်လွင့်သွားသည်၊ သူ့အား အကျိုးအကြောင်း မသင့်သော မည်သည့် တောင်းဆိုမှုကိုမျှ ငါတို့မပြုဝံ့တော့သကဲ့သို့၊ သူ့အပေါ် မည်သည့်ကြံစည်ချက်များကိုမျှ ငါတို့ လက်သင့်မခံဝံ့တော့ဘဲ၊ ငါတို့၏ အိမ်မက်များသည်ပင် ညတွင်းချင်း ပျောက်ကွယ်သွားသည်။ ဤသည်မှာ ငါတို့ထဲမှ မည်သူမျှ စိတ်မကူးနိုင်သကဲ့သို့၊ ငါတို့ထဲမှ မည်သူမျှ လက်မခံနိုင်သည့် အမှန်တရားတစ်ခု ဖြစ်သည်။ အချိန်တစ်ခဏအတွင်းတွင်၊ ငါတို့သည် ငါတို့၏ အတွင်းပိုင်း ဟန်ချက်ညီမှုကို ဆုံးရှုံးပြီး၊ ရှေ့တွင်ရှိသော လမ်းကို မည်သို့ဆက်ရမည်ကို ငါတို့မသိကြချေ၊ သို့မဟုတ် ငါတို့၏ ယုံကြည်ခြင်းများ၌ မည်သို့ ရှေ့ဆက်ရမည်ကို မသိကြပေ။ ငါတို့၏ ယုံကြည်ခြင်းသည် ဒုံးရင်းပြန်ဆိုက်သည့်အလားဖြစ်ပြီး၊ သခင်ယေရှုကို ငါတို့ တစ်ခါမျှ မတွေ့ဖူးသည့်အလား သို့မဟုတ် တစ်ခါမျှ မသိကျွမ်းဖူးသည့်အလား ထင်ရလေသည်။ ငါတို့၏ မျက်စိရှေ့၌ရှိသော အရာတိုင်းသည် ငါတို့ကို စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်စေပြီး၊ စိတ်မပိုင်းဖြတ်နိုင်ဘဲ တွေဝေနေစေသည်။ ငါတို့သည် တုန်လှုပ် ချောက်ချားကြသည်၊ စိတ်ပျက်ကြသည်၊ ပြီးလျှင် ငါတို့၏ နှလုံးသားထဲက နက်ရှိုင်းသောနေရာတွင် ထိန်းထား၍မရသည့် ဒေါသနှင့် အရှက်ရခြင်း ရှိကြသည်။ ငါတို့သည် ရင်ဖွင့်ဖို့ ကြိုးစားကြသည်၊ ထွက်ပေါက်ရှာဖို့ ကြိုးစားကြပြီး၊ ထို့ပြင် သူ့ကို ရင်ဖွင့်နိုင်ဖို့အလို့ငှာ ငါတို့၏ ကယ်တင်ရှင် ယေရှုကို ဆက်စောင့်ဖို့ ကြိုးစားကြသည်။ ငါတို့သည် မောက်မာခြင်း မရှိသကဲ့သို့၊ နှိမ့်ချခြင်းလည်း မရှိဘဲ၊ အပြင်ပန်း၌ ပုံမှန်ဖြစ်သလို ထင်ရသည့်အချိန်များရှိသော်လည်း၊ ငါတို့၏ နှလုံးသားတွင် ယခင်က တစ်ခါမျှ မခံစားဖူးသည့် ဆုံးရှုံးမှုဝေဒနာ၏ ဖိစီးနှိပ်စက်ခြင်းကို ခံရလေသည်။ တစ်ခါတစ်ရံတွင် ငါတို့သည် အပြင်ပန်း၌ ခါတိုင်းနှင့်မတူ တည်ငြိမ်နေသည်ဟု ထင်ကောင်း ထင်ရနိုင်သော်လည်း၊ ငါတို့၏ စိတ်များမှာ မုန်တိုင်းထန်သော ပင်လယ်ကဲ့သို့ အလွန်အမင်း စိတ်ဆင်းရဲခြင်းဖြင့် စိတ်နှောင့်အယှက် ဖြစ်နေရသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ငါတို့၏ လွန်ကဲသော စိတ်ဆန္ဒများကို အဆုံးသတ်ပေးပြီး သူသည် ငါတို့၏ ကယ်တင်ရှင်ဖြစ်ပြီး ငါတို့ကို ကယ်တင်နိုင်စွမ်းရှိသည်ဟု ယုံကြည်ရန် လိုလားဘဲဖြစ်စေရင်း၊ ငါတို့၏ မျှော်လင့်ချက်များနှင့် အိပ်မက်များ အားလုံးကို ခွာချပစ်လေသည်။ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် သူနှင့် ငါတို့အကြား မည်သူကမျှ ကြိုးစား၍ မဖြတ်ကူးလိုသည့် အလွန်နက်လှသော ချောက်နက်ကြီးတစ်ခုကို ဖြစ်ပေါ်စေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ပထမဦးဆုံးအကြိမ် ငါတို့ခံစားရပြီးဖြစ်သည့် အင်မတန်ကြီးမားသော ဆုတ်ဆိုင်းမှု၊ ငါတို့၏အသက်တာ၌ အင်မတန်ကြီးမားသော အရှက်ရမှုဖြစ်သည်။ သူ၏တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ဘုရားသခင်၏ ဂုဏ်သရေနှင့် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သည်းမခံခြင်းအား ငါတို့ကို အမှန်တကယ် နားလည်စေသည်၊ ယင်းနှင့်ယှဉ်ရာတွင် ငါတို့သည် အလွန့်အလွန် နိမ့်ကျပြီး အလွန့်အလွန် မစင်ကြယ်ကြပေ။ သူ၏တရားစီရင်မှုနှင့် ဝေဖန်ပြစ်တင်မှုက ငါတို့ မည်မျှ မာနထောင်လွှားပြီး ခမ်းကြီးနားကြီးနိုင်သည်၊ ပြီးလျှင် လူသည် ဘုရားသခင်နှင့် မည်သည့်အခါမျှ ယှဉ်နိုင်မည် မဟုတ်သည်ကို သို့မဟုတ် ဘုရားသခင်နှင့် တန်းတူဖြစ်မည် မဟုတ်သည်ကို ငါတို့အား ပထမဦးဆုံးအကြိမ် နားလည်စေသည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုက ထိုသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြင့် နောက်ထပ် အသက်မရှင်ဖို့၊ ဤသဘာဝနှင့် အနှစ်သာရကို အမြန်ဆုံး ဖယ်ရှားဖို့နှင့် ဘုရားသခင်အဖို့ ဆိုးယုတ်သောသူဖြစ်ခြင်းနှင့် မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်ခြင်းကို ရပ်စဲရန် တမ်းတမိစေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် ငါတို့အား သူ၏စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ပုန်ကန်လိုစိတ် မရှိတော့ဘဲ၊ သူ၏နှုတ်ကပတ်တော်များကို ပျော်ရွှင်စွာ နာခံစေပြီးဖြစ်သည်။ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုသည် အသက်ဆက်လက်ရှင်သန်ရန် စိတ်ဆန္ဒအား ငါတို့ကို နောက်တစ်ကြိမ် ပေးပြီးဖြစ်သကဲ့သို့၊ သူ့ကို ငါတို့၏ ကယ်တင်ရှင်အဖြစ် ပျော်ရွှင်စွာ လက်ခံစေပြီး ဖြစ်သည်။ ငါတို့သည် သိမ်းပိုက်ခြင်းအမှုမှ၊ ငရဲမှ၊ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်မှ လှမ်းထွက်လာပြီးဖြစ်သည်...။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဤလူစုဖြစ်သည့် ငါတို့ကို ရရှိပြီးဖြစ်သည်။ သူသည် စာတန်အပေါ် အောင်နိုင်ပြီးဖြစ်သကဲ့သို့၊ သူ၏ရန်သူ အမြောက်အများကို နှိမ်နင်းပြီး ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၄)- ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှုမြင်ခြင်း

အရှေ့သို့- ၇။ သင်က ဘုရားသခင်သည် လူကို လုံးဝ သန့်စင်စေဖို့နှင့် ကယ်တင်ဖို့အလို့ငှာ နောက်ဆုံးသော ကာလအတွင်းတွင် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်သည်ဟု သင် သက်သေခံသည်၊ သို့သော် အနန္တတန်ခိုးရှင် ဘုရားသခင် ဖော်ပြသည့် နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီးဖြစ်ကာ ယင်းတို့ထဲမှ အချို့သည် အတော်အတန် ပြင်းထန်၏- ယင်းတို့က လူကို ရှုတ်ချပြီး ကျိန်ဆဲသည်။ ဤသည်မှာ လူသားကို အပြစ်ပေးခြင်း မဟုတ်ပါလား။ ယင်းကို လူသားနှင့်ဆိုင်သည့် သန့်စင်စေခြင်းနှင့် ကယ်တင်ခြင်းဟု ခေါ်ဆိုနိုင်သနည်း။

နောက်တစ်ခုသို့- ၉။ ဣသရေလလူမျိုးများသည် ယေဟောဝါကို မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ယုံကြည်ကြပြီးဖြစ်ကာ သခင်ယေရှုကို ယုံကြည်သည့် လူများကို ကမ္ဘာအနှံ့ ရှာတွေ့နိုင်သည်။ ယောဟောဝါ၊ သခင်ယေရှုနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်သည် တစ်ပါးတည်းသော ဘုရားသခင်ဖြစ်သည့်အတွက်၊ လူတို့က ယေဟောဝါကို ယုံကြည်သည်ဖြစ်စေ သခင်ယေရှုကို ယုံကြည်သည်ဖြစ်စေ၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလ တရားစီရင်ခြင်းကို ၎င်းတို့ လက်မခံပါက၊ ၎င်းတို့ သုတ်သင်ပယ်ရှင်းခံရလိမ့်မည်ဟု သင်သည် အဘယ်ကြောင့် ပြောဆိုသနည်း။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ လူတို့၏ အသက်တာများသည် လျှပ်တစ်ပြက်၊ နှစ်အနည်းငယ်အတွင်း ကုန်လွန်သွားသည်။ ပြန်ကြည့်လျက်၊ ၎င်းတို့သည် ၎င်းတို့၏ အသက်တာများကို ပြန်လည်သတိရမိကြသည်- ကျောင်းသွားရင်း၊ အလုပ်လုပ်ရင်း၊ အိမ်ထောင်ပြုရင်း၊ သားသမီးများရှိရင်း၊ သေခြင်းကို စောင့်ဆိုင်းရင်း၊ ၎င်းတို့၏ အသက်တာများတစ်ခုလုံးသည် လူသား တည်ရှိမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ရည်မှန်းချက်များ လုံးဝ ကင်းမဲ့ပြီး ရှင်သန်ခြင်းတွင် မည်သည့် တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မျှ မရှာတွေ့နိုင်ဘဲလျက်၊ မိသားစု၊ ငွေကြေး၊ အဆင့်အတန်း၊ အခွင့်အလမ်းနှင့် သိက္ခာတရားအတွက် မအားမလပ် ဟိုဟိုသည်သည် ပြေးလွှားရင်း ကုန်လွန်ခဲ့ကြသည်။ ထို့ကြောင့် လူတို့သည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဤ နာကျင်စရာဖြစ်ပြီး အနှစ်မဲ့သည့် နည်းလမ်းဖြင့် အသက်ရှင်ကြလေသည်။ လူတို့၏ အသက်တာများသည် အဘယ်ကြောင့် အလွန် နာကျင်ဖွယ်ဖြစ်ပြီး အနှစ်မဲ့ပါသနည်း။ ပြီးလျှင် လူသား တည်ရှိခြင်း၏ နာကျင်မှုနှင့် အနှစ်မဲ့ခြင်းတို့ကို မည်သို့ ဖြေရှင်းနိုင်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-လူသားတို့ ကြံ့ကြံ့ခံကြရသည့် မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ဖျားနာခြင်းနှင့် အိုမင်းသောအသက်အရွယ်တို့မှ...

၅။ ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်ခုလုံး၏ ခေတ်များတွင်၊ ဘုရားသခင်သည် ဣသရေလနိုင်ငံတွင် အမှုပြုခဲ့သည်။ သခင်ယေရှုက သူသည် နောက်ဆုံးသော ကာလတွင် ပြန်ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်၊ ထို့ကြောင့် သူ ပြန်ကြွလာသည့်အခါ၊ သူသည် ဣသရေလနိုင်ငံတွင် ရောက်ရှိသင့်ပေသည်။ သို့သော် သင်က သခင်ယေရှု ပြန်ကြွလာနှင့်ပြီးဖြစ်သည်၊ သူသည် လူ့ဇာတိ၌ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ အမှုကို တရုတ်နိုင်ငံတွင် ဆောင်ရွက်နေသည်ဟု သက်သေခံကြသည်။ တရုတ်နိုင်ငံသည် ဘုရားမဲ့ဝါဒီ နိုင်ငံရေး ပါတီတစ်ခုက အုပ်စိုးထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဘုရားသခင်ကို သာ၍ ကြီးမားသည့် ခုခံမှုနှင့် ခရစ်ယာန်များကို သာ၍ ကြီးမားသည့် နှိပ်စက်ညှဉ်းဆဲခြင်း ပြုသည့် နိုင်ငံမရှိပေ။ သခင်၏ ပြန်ကြွလာခြင်းသည် အဘယ်သို့ တရုတ်နိုင်ငံတွင် ဖြစ်နိုင်မည်နည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“နေထွက်ရာမှသည် နေဝင်ရာထိတိုင် ငါ၏ အမည်နာမသည် တစ်ပါးအမျိုးသားများအလယ်တွင် ကြီးမြတ်လိမ့်မည်...ဟု...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။