၃၅။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံပြီးနောက် ကျွန်ုပ်တို့သည် အသက်တာအသစ်ကို ရရှိသည်

ကျူရီချူး၊ မလေးရှား

ကျွန်မက အလှဖန်တီးရှင်တစ်ယောက် ဖြစ်ပြီး၊ ကျွန်မ ခင်ပွန်းက လယ်သမားတစ်ယောက်ဖြစ်သည်။ ကျွန်မတို့က မလေးရှားရှိ အမျိုးသမီးများ အချစ်ရှာဖို့ ကြိုးစားရန်အတွက် ရိုးရာ လုပ်ဆောင်ချက် ဖြစ်သော လိမ္မော်သီးပစ်သည့် ပွဲတစ်ပွဲတွင် ဆုံတွေ့ခဲ့ကြသည်။ ကျွန်မတို့ မင်္ဂလာဆောင်ကို တစ်နှစ်အကြာတွင် သင်းအုပ်ဆရာ တစ်ယောက်၏ သက်သေအားဖြင့် အသင်းတော်တစ်ခုတွင် ပြုလုပ် ကျင်းပခဲ့သည်။ ကျွန်မတို့ အိမ်ထောင်ရေးအတွက် သင်းအုပ်ဆရာ၏ ဆုတောင်းခြင်းအားဖြင့် ကျွန်မ အလွန်တို့ထိခံရပြီး၊ ကျွန်မသည် ဘာသာရေးကိုင်းရှိုင်းသူ မဟုတ်သော်လည်း၊ ဘုရားသခင်ကို ကျွန်မ တိတ်ဆိတ်စွာ ပန်ကြားခဲ့သည်။ “ဒီယောက်ျားက ကျွန်မအတွက် မဆုတ်မနစ် ချစ်မြတ်နိုးပြီး၊ ဂရုစိုက်စောင့်ရှောက်ပါစေ၊ ပြီးတော့ ကျွန်မရဲ့ ကျန်တဲ့ တစ်ဘဝလုံးတစ်လျှောက် ကျွန်မရဲ့ အဖော်ဖြစ် ပါစေ။”

အိမ်ထောင်ရေး ဘဝကို စပြီးနောက်၊ ကျွန်မနှင့် ကျွန်မခင်ပွန်း တို့အကြား ပဋိပက္ခများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ သူက နံနက်၄နာရီ တိုင်း ဟင်းသီးဟင်းရွက်ရောင်းချဖို့ အိမ်မှ ထွက်လေ့ရှိပြီး ညနေ၇နာရီအထိ ပြန်မလာပါ၊ သို့သော် ကျွန်မက ည၁၀နာရီ နောက်ပိုင်းအထိ အလုပ်မပြီးသေးပါ။ ကျွန်မတို့မှာ အတူတကွ နေရသည့်အချိန် အနည်းငယ်သာ ရှိသည်။ ကျွန်မ၏ ခြေကုန်လက်ပန်း ကျနေသည့် ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ အိမ်သို့ပြန်လာသည့် အချိန်တိုင်း၊ ကျွန်မခင်ပွန်း၏ အရေးတယူရှိမှု၊ ဂရုစိုက်မှု နှင့် နားလည်မှု အချို့တို့ကို ခံယူဖို့ များစွာ မျှော်လင့်နေခဲ့သည်။ အလုပ်မည်သို့ရှိသည် ကိုလည်းကောင်း၊ ကျွန်မ ပျော်သည် မပျော်သည်ကိုလည်းကောင်း သူ့အား ကျွန်မကို မေးစေလိုသည်။ သို့သော် ကျွန်မ စိတ်ပျက်စွာပင်၊ လက်တွေ့တွင် ကျွန်မ အလုပ်မှ အိမ်သို့ ပြန်ရောက်သည့်အချိန်တိုင်း၊ သူက ရုပ်မြင်သံကြားမကြည့်နေပါက၊ သူ့ဖုန်းကို ကလိနေသည်၊ ပြီးလျှင် ကျွန်မကို အပင်ပန်းခံ၍ပင် နှုတ်မဆက်ပါ။ ၎င်းမှာ ကျွန်မ အသက်မရှိသည့်အလားပင် ဖြစ်သည်။ ဤအရာက ကျွန်မကို စိတ်ပျက် အားလျော့စေပြီး၊ တဖြည်းဖြည်းချင်း ကျွန်မ ခင်ပွန်းကို တိုး၍ မကျေမနပ် ဖြစ်လာခဲ့သည်။

တစ်ခါက ဖောက်သည်တစ်ယောက်နှင့် ကျွန်မ သဘောထား ကွဲလွဲမှုတစ်ခု ဖြစ်ပြီး၊ စိတ်တိုကာ၊ တကယ့်ကို မတရား အလုပ်ခံ ရသည်ဟု ခံစားနေခဲ့သည်။ အိမ်သို့ ပြန်ရောက်ပြီးနောက် ကျွန်မခင်ပွန်း က ကျွန်မကို နှစ်သိမ့်မည်ဟု မျှော်လင့်လျက် ကျွန်မခင်ပွန်းအား ထိုအကြောင်းကို မကျေနပ်ချက်များ ရင်ဖွင့်ခဲ့သော်လည်း၊ ကျွန်မ အံ့အားသင့်စွာပင်၊ သူက သူ့ဖုန်းဖြင့် ကစားနေစဉ် ကျွန်မကို အာရုံစိုက်မှု အနည်းငယ်သာပေးလျက် အသိအမှတ်ပြုရုံလောက်သာ ရှိခဲ့သည်။ ထို့နောက် သူက သူ့ခေါင်းကို အောက်သို့ငိုက်ပြီး၊ သူ့ဖုန်းဆီ ပြန်ရောက်သွားသည်။ ကျွန်မကို သူ၏ လုံးလုံး စိတ်မဝင်စားခြင်းက တကယ့်ကို စိတ်ညစ်စရာကောင်းလှသောကြောင်၊ ကျွန်မ သူ့ကို ရန်မူ ကာ “ရှင်က ကျောက်တုံးနဲ့လုပ်ထားတာလား။ ကျွန်မ စကားစမြည် တောင် ပြောလို့မရတော့ဘူး။ ရှင် တစ်ယောက်တစ်လေကိုများ ဂရုစိုက် လား။” ဟု အော်ပြောခဲ့သည်။ ကျွန်မ အလွန်ဒေါသထွက်နေသည်ကို မြင်သောကြောင့်၊ သူက မတုံ့ပြန်ချင်ပါ။ စကားမပြောဘဲ လျစ်လျူရှု ခြင်းကို ကျွန်မ ပိုခံရလေ၊ ကျွန်မ ဒေါသများ ပိုကြီးထွားလာလေ ဖြစ်သည်။ သူတစ်ခုခုပြောလာအောင် လုပ်မည်ဟု လုံးလုံးစိတ်ပိုင်းဖြတ် ပြီး၊ ကျွန်မက သူ့ကို နားပူနားဆာ လုပ်ပြီးရင်းလုပ်ခဲ့သည်။ မမျှော်လင့်စွာပင်၊ သူက ကျွန်မအား ရုတ်တရက် “နင်ပြောလို့မဝသေး ဘူးလား။” ဟု ပြန်အော်ခဲ့သည်။ ဤအရာက ကျွန်မကို ပို၍ပင် ဒေါသထွက်စေပြီး၊ မတရားသဖြင့် အလုပ်ခံရသည်ဟု ပို၍ပင် ခံစားရသည်၊ ထို့ကြောင့် ကျွန်မက သူ့နှင့် အကျိုးသင့်အကြောင်းသင့် ပြောဖို့ ဆက်ကြိုးစားခဲ့သည်။ နောက်ဆုံးတွင် သူက လုံးဝ တစ်ခု တစ်လေ ပြောရန် ငြင်းဆန်ခဲ့သောကြောင့် ကျွန်မတို့ စကားများခြင်းက ပြီးဆုံးလုနီးပါး ဖြစ်ခဲ့သည်။ ကျွန်မ ယောက်ျားများ ကျွန်မကို စိတ်သက်သာအောင် လုပ်ပေးဖို့ ကြိုးစားလေမလား ဟု တွေးလျက် အလုပ်မှ ကျွန်မကို စိတ်ညစ်စေသည့် အရာတစ်ခုအကြောင်း ကျွန်မ ခင်ပွန်းကို ကျွန်မ ညည်းညူမိသည့် နောက်ထပ် အချိန်တစ်ခု ရှိခဲ့ သော်လည်း၊ ထိုသို့ အစား သူက ရေခဲအလား အေးစက်ကာ “လက်ခုပ် ဆိုတာ နှစ်ဖက်တီးမှ မြည်တာလေ။ နင်က တခြားလူတွေရဲ့ ပြဿနာ တွေကိုသာ မြင်တယ်- နင့်ကိုယ်နင်လည်း ပြန်ကြည့်စမ်း ပါဦး။” ဟု ရုတ်ခြည်း တုံ့ပြန်ခဲ့လေသည်။ ကျွန်မ ချက်ချင်း ဒေါသ အမျက် ခြောင်းခြောင်း ထွက်ကာ၊ သူ့ကို ဒေါသတကြီးပြောဆိုခြင်းမှ မိမိ ကိုယ်ကို မရပ်နိုင်ခဲ့ပါ။ မကျေမချမ်းမှုဖြင့် ပြည့်ကာ၊ ကျွန်မက “သူက ဘာလူစားလဲ။ ငါဟာ ဘာဖြစ်လို့များ သူ့လိုလူတစ်ယောက်ကို ယူခဲ့မိ ပါလိမ့်။ သူက ငါ့ခံစားချက်တွေအတွက် လုံးဝ စာနာ ထောက်ထားမှု မရှိဘူး- သူ့မှာ ငါ့အတွက် နှစ်သိမ့်စရာ စကားလုံး တစ်လုံးမှမရှိဘူး။” ဟု တွေးမိသည်။ ထိုအချိန်မှစပြီး၊ အလုပ်ထဲတွင် ဖြစ်ပျက်သမျှကို သူ့ကို ဝေငှခြင်းမှ လုံးလုံး ရပ်တန့်လုနီးပါး ဖြစ်ခဲ့သည်။ နောက်ပိုင်း တစ်ချိန်တွင် သူက ကျွန်မ အလုပ်အကြောင်း မေးဖို့ ကြိုးစားခဲ့ သော်လည်း၊ ကျွန်မ သူ့ကို အရေးတယူလုပ်လိုစိတ် လုံးဝ မရှိတော့ပါ။ သူက ကျွန်မကို တစ်စုံတစ်ခုအကြောင်း မေးခြင်းမှ တဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။ ကျွန်မတို့မှာ စကားပြောခြင်းအတွက် တူညီသည့် အကြောင်းအရာ နည်းသထက် နည်းလာခဲ့သည်၊ ပြီးလျှင် စိတ်ပျက်စရာကောင်းသည့် အရာ တစ်စုံတစ်ခု ဖြစ်တိုင်း၊ ကျွန်မ စကားကို နားထောင်ပေးမည့် သူငယ်ချင်းတစ်ယောက်ကိုသာ သွားရှာ လိုက်သည်။ တစ်ခါတစ်ရံတွင် ကျွန်မက တစ်စုံတစ်ယောက်ကို စကားပြောရင်း အပြင်မှာ မိုးချုပ်သည်အထိ နေခဲ့ပြီး၊ ညသန်းခေါင်း နောက်ပိုင်းအထိ အိမ်ပြန်မရောက်ခဲ့ပါ။ ကျွန်မ အိမ်သို့ အလွန်မိုးချုပ်မှ ပြန်လျှင်ပင်၊ သူက ဂရုမစိုက်ပုံရှိဆဲ ဖြစ်သော်လည်း၊ ကျွန်မတို့အိမ်ကို ကျွန်မက ဟိုတယ်တစ်ခုအဖြစ် သဘောထားသည်ဟုသာ ပြောခဲ့သည်။ ကျွန်မက တကယ့်ကို အစော်ကားခံရသည်ဟု ခံစားရပြီး၊ ကျွန်မတို့ကို ကတောက်ကဆတ် ဖြစ်စေပြီး၊ တကယ့်ကို မကြာခဏ စကားများ စေလျက် ကျွန်မခင်ပွန်းနှင့် ပတ်သက်သည့် ကျွန်မ၏ မကျေနပ်ချက်က ကြီးထွားလာခဲ့သည်။ ကျွန်မတို့ နှစ်ယောက်လုံး ဒုက္ခခံနေခဲ့သည်။ ကျွန်မက အခြေအနေများကို ထိုနည်းဖြင့် မဆက်ချင်တော့ သောကြောင့်၊ သူနှင့် စကားကောင်းကောင်းပြောဖို့ အခွင့်အရေးတစ်ခု ရှာဖွေဖို့ ကျွန်မ ဆုံးဖြတ်လိုက်သည်။

တစ်ရက် ညစာစားပြီးနောက်တွင်၊ ကျွန်မက “ရှင်ကျွန်မကို ကြည့်လို့မရဘူးမဟုတ်လား။ ရှင်ဘာဖြစ်လို့ ကျွန်မကို တစ်ခါမှ အရေးမစိုက်တာလဲ။ ရှင့်မှာ ကျွန်မနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုရှိရင်၊ ကျွန်မကို တိုက်ရိုက်သာ ပြောလိုက်စမ်းပါ။” ဟု သူ့ကို မေးခဲ့သည်။ သူက စကားတစ်လုံးမှ ပြန်မပြောသည့်အချိန်တွင်၊ ကျွန်မက သူ့ကို ဆက်တိုက်ပြောနေခဲ့သည်။ အံ့အားသင့်စွာဖြင့် သူက “ငါ့ကို ဒီမေးခွန်းတွေ မေးတာ ရပ်လိုက်စမ်းပါ။ အရာအားလုံးက နင့်အတွက် ပြဿနာချည်းပဲ- အဲဒါကို ငါစိတ်ကုန်လာပြီ။” ဟု ကျွန်မကို ဒေါသဖြင့် အော်ပြောခဲ့သည်။ သူ့ထံမှ ထိုသို့သော တုံ့ပြန်မှုအမျိုးအစားကို ရခြင်းက ကျွန်မ၏ ဒေါသကို နှိုးဆွပေးပြီး၊ ကျွန်မတို့ အချင်းချင်း အပြန်အလှန်ပြောကြလျက် ထပ်ပြီး စတင် စကားများကြပြန်သည်။ ဤအရာက အချိန်အတော်ကြာ ဖြစ်ပွားခဲ့သည်မှာ သူက ထပြီး ကျွန်မကို တွန်းထည့်လိုက်သည်အထိ ဖြစ်သည်။ ကျွန်မက ဟန်ချက်ပျက်သွားပြီး၊ ဆိုဖာပေါ် ပစ်ကျသွားသည်။ ကျွန်မခင်ပွန်းကို ကျွန်မကို လက်ရွယ်သည်ကို မြင်ရသည်မှာ လုံးလုံး ကြေကွဲဖွယ် ဖြစ်သည်။ ကျွန်မက “ဒါဟာ ငါသေချာရွေးထားတဲ့ ယောက်ျားပါလား။ ဒါဟာ ငါအရမ်းမျှော်လင့်ထားတဲ့ အိမ်ထောင်ရေးပါလား။ သူဟာ ငါ့ကို ဘယ်လိုလုပ်ပြီး ဒီနည်းနဲ့ ဆက်ဆံနိုင်ပါလိမ့်။” ဟု တွေးမိသည်။ ထိုအချိန်မှစပြီး၊ ကျွန်မ သူ့ကို မည်သည့်မျှော်လင့်ချက်မျှ နောက်ထပ် မထားတော့ပါ။

၂၀၁၆ ခုနှစ် ဧပြီလတွင် ကံအားလျော်သည့် အခွင့်အားဖြင့်၊ အစ်မတစ်ယောက်က ကျွန်မနှင့် သခင်ယေရှု၏ ဧဝံဂေလိကို ဝေငှခဲ့ သည်။ သူမက သခင်က ကျွန်မတို့ကို ချစ်ပြီး၊ ကျွန်မတို့ကို ကယ်တင်ဖို့ ကားတိုင်တွင် သံမှိုစွဲခံရကြောင်း ပြောခဲ့သည်။ ကျွန်မက သူ့ချစ်ခြင်း အားဖြင့် အလွန်တို့ထိခံရသောကြောင့် သခင့်ဧဝံဂေလိကို ကျွန်မ လက်ခံခဲ့သည်။ ကျွန်မအိမ်ထောင်ရေးတွင် ပြဿနာများအကြောင်း ကျွန်မ၏ သင်းအုပ်ဆရာအား စကားပြောသည့်အချိန်တွင် သူက “ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ပထမဆုံး စမပြောင်းလဲဘဲ၊ ဘယ်သူ့ကိုမှ မပြောင်းနိုင်ဘူး။ ကျွန်တော်တို့က သခင်ယေရှုရဲ့ စံနမူနာ ကို လိုက်သင့်ပြီး၊ တခြားလူတွေအတွက် သည်းခံမှုနှင့် စိတ်ရှည်မှုတို့ကို လက်တွေ့လုပ်ဆောင်သင့်တယ်။” ဟု ကျွန်မအား ပြောပြခဲ့သည်။ ထို့ကြောင့် ကျွန်မက မိမိကိုယ်ကို ပြောင်းလဲဖို့ စတင်ကြိုးစားခဲ့သည်။ ကျွန်မ အလုပ်ပြီးလျှင်ပြီးချင်း အိမ်သို့ပြန်ပြီး၊ အိမ်ရှင်းခဲ့သည်၊ ပြီးလျှင် တစ်ခါတစ်ရံ ကျွန်မ ခင်ပွန်းက ကျွန်မကို လျစ်လျူရှုပြီး၊ ကျွန်မ ဒေါသထွက်မည့်ဆဲဆဲအချိန်တွင်၊ ကျွန်မကို သည်းခံမှုနှင့် စိတ်ရှည်မှုတို့ ပေးသနားပါရန် တောင်းလျှောက်လျက် သခင့်ကို ကျွန်မ ဆုတောင်း ခဲ့သည်။ ကျွန်မကိုယ်ကျွန်မ မထိန်းချုပ်နိုင်သည့် အချိန်များတွင် ကျွန်မခင်ပွန်းနှင့် စကားများခဲ့သည်၊ ထိုသို့စကားများပြီးနောက်တွင် ကျွန်မက အခြေအနေများ ချောမွေ့ကောင်းမွန်လာစေရန် ကနဦး အားထုတ်ကြိုးပမ်းမှုတစ်ခု လုပ်ဖို့ ကြိုးစားခဲ့သည်။ ကျွန်မမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်ကို မြင်သည့်အတွက်၊ ကျွန်မခင်ပွန်း ကလည်း သခင့်ကို စတင်ယုံကြည်လာခဲ့သည်။ ကျွန်မတို့နှစ်ဦးလုံး ယုံကြည်သူများ ဖြစ်သွားသည်နှင့် တပြိုင်နက်၊ ကျွန်မတို့ စကား မကြာခဏ ဖြစ်သည်မှာ နည်းပါးလာပြီး၊ ပို၍ ဆက်ဆံမှုပြေပြစ် လာခဲ့သည်။ ကျွန်မတို့အတွက် ကိုယ်တော်၏ ကိုယ်ပိုင် ကယ်တင်ခြင်း ကို တွေ့မြင်ပြီးနောက်၊ ကျွန်မမှာ သခင့်ကို ကျေးဇူးတင်ခြင်းဖြင့် ပြည့်နှက်ခဲ့သည်။

သို့သော် အချိန်ပိုပိုကုန်လာခဲ့ပြီး၊ ကျွန်မတို့က မိမိကိုယ်ပိုင် စိတ်နေစိတ်ထားများကို မထိန်းချုပ်နိုင်ဆဲသာ ရှိလေသည်။ အိမ်တွင်း ရေး အငြင်းပွားမှုများသည် တစ်ခါတစ်ရံ ပေါက်ကွဲထွက်ဆဲဖြစ်ပြီး၊ အထူးသဖြင့် အခြားတစ်ယောက်က စိတ်မကြည်ဘဲ၊ ကျွန်မတို့ထဲမှ တစ်ယောက်မှ သည်းခံမှုနှင့် စိတ်ရှည်ခြင်းကို လက်တွေ့မလုပ်ဆောင် နိုင်သည့်အချိန်တွင်၊ အကျိုးဆက်အနေဖြင့် ကျွန်မတို့၏ ရန်ဖြစ်မှု များက ပို ပြင်းထန်သထက် ပြင်းထန်လာခဲ့သည်။ ငြင်းပွားမှုတိုင်း နောက်တွင် ကျွန်မက နာကျင်မှုဖြင့် ဝန်ပိခဲ့သည်၊ ပြီးလျှင် ကျွန်မက သခင့်ကို ဆုတောင်းခဲ့သည်၊ “သခင်၊ ကိုယ်တော်က ကျွန်မတို့ကို သည်းခံပြီး၊ စိတ်ရှည်တတ်ဖို့ သွန်သင်တယ်၊ ဒါပေမဲ့ ကျွန်မ အဲဒါကို လုပ်နိုင်ပုံမပေါ်ဘူး။ ကျွန်မ မကြိုက်တာတစ်ခုခုကို ကျွန်မ ယောက်ျား လုပ်တာတွေ့တဲ့အခါမှာ၊ ကျွန်မ သူ့ကို တကယ့်ကို မကျေမချမ်း ဖြစ်ပါတယ်။ သခင်၊ ကျွန်မ ဘာလုပ်သင့်ပါသလဲ။” နောက်ပိုင်းတွင် ကျွန်မက လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ရှာတွေ့ဖို့ မျှော်လင့်လျက် အသင်းတော်မှ စီစဉ်သည့် အတန်းတိုင်းသို့ စတင် တက်ရောက်ခဲ့သည်။ သို့သော်လည်း ထိုအတန်းမှ ရရှိဖို့ ကျွန်မ မျှော်လင့်နေခဲ့သည့်အရာကို မရရှိခဲ့ပါ။ ကျွန်မက “ကျွန်တော့် မိန်းမနဲ့ ကျွန်တော်လည်း ခဏခဏ စကားများကြတယ်။ ပေါလုကတောင် ‘ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။’ (ရောမသြဝါဒစာ ၇:၁၈) လို့ပြောထားတယ်။ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ ခဏခဏ အပြစ်ကျူးလွန်ပြီး ဝန်ခံတဲ့ သံသရာရဲ့ ပြဿနာအတွက် ဘယ်သူ့မှာမှ ဖြေရှင်းချက် မရှိဘူး။ ကျွန်တော်တို့က သခင့်ကို ဆုတောင်းပြီး၊ သူ့သက်ညှာမှုအတွက် တောင်းလျှောက်ရုံသာရှိတယ်။” ဟု ပြောလာသည့် ကျွန်မတို့ အုပ်စုခေါင်းဆောင်ကို အကူအညီတောင်း ခဲ့သည်။ သူဤသို့ပြောသည်ကို ကြားရခြင်းက ကျွန်မကို ဆုံးရှုံးမှု တစ်ခု ခံစားရခြင်းဖြင့် ကျန်ရစ်စေသည်။ ကျွန်မတို့၏ ကျန်သည့် ဘဝတစ်လျှောက်လုံး ကျွန်မတို့က ပဋိပက္ခတွင် နစ်မြုပ်ခြင်းဖြင့် ကုန်ဆုံးရမည့်ကိန်းဆိုက်နေခြင်းများ ဖြစ်နိုင်သလား။

၂၀၁၇ခုနှစ် မတ်လတွင် စကားအမြဲတမ်းနည်းသော ကျွန်မခင်ပွန်း က ဖျတ်လက်တက်ကြွသော စကားပြောရသည်ကို ခုံမင်သူ တစ်ယောက် အဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။ ထို့အပြင် သူက ကျမ်းစာနှင့်ပတ်သက်သည့် သူ့နားလည်မှုအကြောင်း ကျွန်မနှင့် မကြာခဏ မိတ်သဟာယဝေငှခဲ့ပြီး၊ ကျွန်မကို ပို၍အံ့အားသင့်စေ သည့်အရာမှာ မိတ်သဟာယတွင် သူဝေငှသည့်အရာက အလင်းဖြင့် အမှန်တကယ် ပြည့်ဝနေခြင်းဖြစ်သည်။ ကျွန်မ ပဟေဌိဖြစ်ခဲ့သည်။ ၎င်းမှာ သူက ရုတ်တရက် ကွဲပြားသည့်လူတစ်ယောက် ဖြစ်လာပြီး၊ သူပြောနေသည့်အရာများက တကယ့်ကို ထိုးထွင်းအမြင်ပြည့်ဝလေ သည်။ မည်သည့်အရာဖြစ်ပျက်နေသည်ကို ကျွန်မ တကယ့်ကို နားလည်သဘောပေါက် လိုခဲ့သည်။ တစ်နေ့တွင် သူက လူမှုရေး အင်တာနက် အက်ပလီကေးရှင်းတစ်ခုတွင် အုပ်စုဝင်တစ်ယောက် ဖြစ်နေကြောင်း ကျွန်မ မတော်တဆ ရှာဖွေတွေ့ရှိခဲ့ပြီး၊ သူတို့နှင့် သူမည်သည့်အရာများ ပြောနေသည်ကို ကျွန်မ သူ့အား အချိန်မဆွဲဘဲ မေးခဲ့သည်။ သူ့မျက်နှာပေါ်တွင် အလွန်လေးနက်သော အကြည့် တစ်ခုဖြင့် သူက အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို ဆင်ခြင်သုံးသပ်နေကြောင်း၊ သခင်ယေရှုသည် ပြန်ကြွလာနှင့်ပြီး ဖြစ်ကာ၊ သူ့နာမတော်က အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ကြောင်းတို့ကို ကျွန်မကို ပြောပြခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်က နှုတ်ကပတ်တော် သန်းပေါင်းများစွာကို မိန့်မြွက်ခဲ့ပြီး ဖြစ်ကာ၊ သူက နောက်ဆုံးသောကာလတွင် လူသား မျိုးနွယ်ကို တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက် နေကြောင်းတို့ကို သူက ပြောခဲ့သည်။ ၎င်းက ဤသမ္မာကျမ်းစာဆိုင်ရာ ပရောဖက်ပြုခြင်း “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) ကို ပြည့်ဝစေခဲ့ကြောင်းလည်း သူက ပြောခဲ့သည်။ ကျွန်မတို့က ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်တို့ကို ရှာဖွေသည့် အချိန် တွင်၊ ကျွန်မတို့၏ အယူအဆများနှင့် စိတ်ကူးများကို ကြောင်းကျိုး မမြင်တော့ဘဲ ဖက်တွယ်ထားခြင်းအစား ဘုရားသခင်၏ အသံတော်ကို ကြားခြင်းတွင် အာရုံစိုက်ဖို့လိုကြောင်း ကျွန်မခင်ပွန်းက ကျွန်မကို ပြောခဲ့သည်။ ကျွန်မတို့က သမ္မာတရားကို မရှာဖွေဘဲ၊ ဘုရားသခင်၏ ထုတ်ဖော်ခြင်းကို မတုန်မလှုပ်ဖြင့်သာ စောင့်မျှော်နေပါက၊ ကျွန်မတို့က သခင့်ပြန်ကြွခြင်းကို ကြိုဆိုနိုင်စွမ်းရှိမည် မဟုတ်ပါ။ ဤအရာကို ကြားခြင်းက ကျွန်မကို ကြက်သေသေစေပြီး၊ ၎င်းက စိတ်ကူး၍ပင် မရသည့်ပုံရှိသည်။ နောက်ပိုင်းတွင် ကျွန်မတို့က သခင့်ပြန်ကြွလာခြင်း အကြောင်း နှင့် ပတ်သက်သည့် တစ်စုံတစ်ခုကို ကြားခဲ့ပါက၊ ပွင့်လင်းသော နှလုံးတစ်ခုဖြင့် ကျွန်မတို့ ရှာဖွေသင့်ပြီး၊ ၎င်းကို ရိုးသားစွာ စုံစမ်းလေ့လာသင့်သည် ဟု အိန္ဒိယလူမျိုး သင်းအုပ်ဆရာ တစ်ယောက် ပြောသည်ကို ကျွန်မကြားဖူးခဲ့ခြင်းက အတွေးပေါ်လာ ခဲ့သည်။ ကျွန်မတို့က မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကို မှီခိုပြီး၊ ကြောင်းကျိုးမမြင်တော့ဘဲ ဝေဖန်အကဲဖြတ်လို့ကိုမရပါ။ ထို့ကြောင့် ကျွန်မက သခင့်ကို ဆုတောင်းချက်တစ်ခု ဆိုလိုက်သည်။ “သခင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်က ကိုယ်တော့် ပြန်လာခြင်း တကယ်ဖြစ်တယ်ဆိုရင်၊ ကျွန်မ သမ္မာတရားကို ရှာဖွေနိုင်ပြီး၊ ဒါကို ပွင့်လင်းတဲ့နှလုံးသားတစ်ခုနဲ့ စုံစမ်းစစ်ဆေးနိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်မကို ဦးဆောင်၊ လမ်းပြတော်မူပါ။ မဟုတ်ရင်လည်း ကျွန်မက ကိုယ်တော့်ဆီက သွေဖည်မသွားအောင် ကျွန်မ စိတ်နှလုံးကို ကျေးဇူးပြုပြီး ကွယ်ကာတော်မူပါ။ အာမင်။”

ဤဆုတောင်းချက် ပြီးနောက်တွင် ကျွန်မ သမ္မာကျမ်းစာကို ဖွင့်လိုက်ပြီး၊ ဗျာဒိတ်ကျမ်း ၃:၂၀ တွင် ဤကျမ်းပိုဒ် “ကြည့်ရှုလော့၊ ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။” ကိုတွေ့ခဲ့သည်။ ကျွန်မမှာ ရုတ်တရက် လှုံ့ဆော်ခြင်း အခိုက်အတန့် တစ်ခု ရှိခဲ့ပြီး၊ ဤသည်မှာ ကျွန်မကို သူပြန်လာသည့်အချိန်တွင် သူက ကျွန်မတံခါးကို လာခေါက်မည်ဟု ပြောလျက် သခင်က စကားပြောနေ သည်ဟု ခံစားရသည်။ ဤသည်မှာ ကျွန်မက သူ့အသံကို နားထောင်ရန် နှင့် တံခါးဖွင့်ရန် သူက ကျွန်မကို အမိန့်ပေးသည်ဟု ကျွန်မ ခံစားရသည်။ ၎င်းက သမ္မာကျမ်းစာထဲတွင် ပညာရှိ သတို့သမီးများက မင်္ဂလာဆောင်လုလင်၏ အသံကို သူတို့ကြားသည့် အခါတွင် သူ့ကို ကြိုဆိုဖို့ ပြေးလာသည့်အလားပင် ဖြစ်သည်။ ထို့နောက် ကျွန်မက ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃ ကို တွေးခဲ့သည်။ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” ဤကျမ်းပိုဒ်များကို ကျွန်မ စဉ်းစားချင့်ချိန်ရင်း၊ ကျွန်မထဲတွင် စိတ်လှုပ်ရှားမှု အသိစိတ်တစ်ခု ပြည့်လာခဲ့သည်။ သခင်က သူပြန်လာချိန်တွင် ပိုမိုများပြားသော နှုတ်ကပတ်တော်များကို မိန့်မြွက်ပြီး၊ ကျွန်မတို့အပေါ် သမ္မာတရားကို ပေးသနားတော်မူမည်ဟု ဟိုးအရင်က ပြောခဲ့သည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ပြီးလျှင် အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်သည် လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်ဖို့ နှုတ်ကပတ်တော်များကို ဖော်ပြနေသည့် အမှုတော်ဖြစ်သည်- အနန္တတန်ခိုးရှင်ဘုရားသခင်သည် အမှန်တကယ်ပင် သခင်ယေရှု ပြန်ကြွလာခြင်းများ ဖြစ်နေနိုင်သလား။ သခင်တကယ်ပြန်ကြွလာပြီ ဖြစ်ပြီး၊ လူသားမျိုးနွယ်၏ အခက်အခဲများ အားလုံးကို ဖြေရှင်းဖို့ သမ္မာတရားကို ဖော်ပြပြီဆိုပါက၊ ကျွန်မတို့အတွက် အပြစ်၏ ချည်နှောင်မှုများမှ ရုန်းထွက်လွတ်မြောက်ဖို့ မျှော်လင့်ချက်ရှိသည်။ ထို့နောက် ကျွန်မနှင့် ကျွန်မ ခင်ပွန်းတို့ကြားမှ ပြဿနာများ မပြေလည်သွားနိုင်ပါလား။ ကျွန်မက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမများနှင့် ကျွန်မကို ဆက်သွယ်ပေးဖို့ ကျွန်မခင်ပွန်းကို တောင်းဆိုရာတွင် အချိန်မဆိုင်းခဲ့ပါ။ ကျွန်မလည်း အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းစစ်ဆေးလိုပါသည်။

ဝတ်ပြုအစည်းအဝေးတွင် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ညီအစ်ကိုမောင်နှမ တစ်ချို့က သခင့်ပြန်ကြွလာခြင်း၊ သခင့်နာမတော်အသစ်၊ နှင့် သူဆောင်ရွက်မည့် အမှုတော် တို့ကဲ့သို့ သမ္မာတရား၏ ရှုထောင့်မျိုးစုံနှင့် ပတ်သက်ပြီး ကျွန်မနှင့် မိတ်သဟာယပြုဖို့ သမ္မာကျမ်းစာ ကျမ်းပိုဒ်တစ်ချို့ကို ရွေးချယ်ခဲ့သည်။ ဤမိတ်သဟာယက ကျွန်မအတွက် အလွန့်အလွန် လက်ခံယုံကြည် စေပြီး၊ လုံးလုံး အသစ်ဖြစ်လေသည်။ သခင့်နောက်ဆုံးသောကာလ အမှုတော်အကြောင်း ကျွန်မ တကယ့်ကို ပို၍ သိချင်ခဲ့သောကြောင့်၊ ကျွန်မက ဘုရားနှုတ်ကပတ်တော်များကို နားလည်နိုင်ဖို့ ကျွန်မကို ဉာဏ်အလင်းပေးပါရန် သူ့ကို တောင်းလျှောက်လျက် ဘုရားသခင် ထံသို့ အကြိမ်ကြိမ် ဆုတောင်းခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ညီအစ်ကိုမောင်နှမတို့၏ မိတ်သဟာယပြုခြင်းများကို နားထောင်ခြင်းတို့အားဖြင့် လူသားမျိုးနွယ်ကို ဘုရားသခင်၏ စီမံခန့်ခွဲခြင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ၏ အမှုတော် အဆင့်သုံးဆင့် နှင့် လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ခရီးဆုံးပန်းတိုင် တို့၌ ဘုရား၏ ရည်မှန်းချက်ကို နားလည်သဘောပေါက်မှုတစ်ခု ကျွန်မ တဖြည်းဖြည်းချင်း ရရှိလာခဲ့သည်။ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းလေ့လာနေစဉ်၊ ကျွန်မက အသေးအဖွဲကိစ္စအချို့အတွက် ကျွန်မခင်ပွန်းနှင့် ကတောက်ကဆတ် မဖြစ်ဘဲ မနေနိုင်ခဲ့ပါ။ ထိုသို့ ကတောက်ကဆတ်ဖြစ်ပြီးနောက်၊ ကျွန်မ တကယ့်ကို အပြစ်ရှိသည်ဟု ခံစားရပြီး၊ စိတ်ညစ်ခဲ့ကာ၊ မိမိကိုယ်ကို “ငါက ဘုရားနှုတ်ကပတ်တော်တွေကို ဘာဖြစ်လို့ ဘယ်တော့မှ လက်တွေ့မလုပ်ဆောင်နိုင်ရတာလဲ။” ဟု မေးခဲ့သည်။ ဤအရာက ကျွန်မကို ဦးနှောက်ခြောက်စေခဲ့သည်။ တစ်ခါ ဝတ်ပြုအစည်းအဝေး တစ်ခုတွင် ကျွန်မက အစ်မတစ်ယောက်ကို “ကျွန်မနဲ့ ကျွန်မ ယောက်ျားတို့ဟာ ဘာဖြစ်လို့ အမြဲတမ်း စကားများနေရတာလဲ။ ကျွန်မတို့ ဘာဖြစ်လို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မသင့်မြတ်နိုင်ရတာလဲ။” ဟု မေးခဲ့သည်။ သူမက ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်တစ်ချို့ကို ရှာတွေ့ခဲ့သည်။ “လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))ယေရှုသည် လူသားအလယ်တွင် အမှုများစွာ လုပ်ဆောင်ခဲ့သော်လည်း၊ သူသည် လူသားမျိုးနွယ် အားလုံး၏ ရွေးနုတ်ခြင်းကိုသာ ပြီးစီးစေခဲ့ပြီး လူသားတို့၏ အပြစ်ဖြေရာယဇ် ဖြစ်လာခဲ့သည်။ သူသည် လူသားထံမှ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး ဖယ်ရှားမပေးခဲ့ပေ။ စာတန်၏စွမ်းအားမှ လူသားကို အပြည့်အဝ ကယ်တင်ခြင်းသည် ယေရှုအနေဖြင့် အပြစ်ဖြေရာယဇ် ဖြစ်လာပြီး လူသား၏ အပြစ်များကို သယ်ဆောင်ရန် လိုအပ်သည်သာမက၊ ဘုရားသခင်အနေဖြင့် လူသားထံမှ သူ၏ ဆိုးယုတ်စွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား လုံးဝဖယ်ရှားပေးရန် သာ၍ပင် ကြီးမားသော အမှုကို လုပ်ဆောင်ရန်လည်း လိုအပ်ပေသည်။ ထို့ကြောင့် လူသားသည် သူ၏အပြစ်များမှ ခွင့်လွှတ်ခံရပြီး ဖြစ်သဖြင့်၊ ဘုရားသခင်သည် လူသားကို ခေတ်သစ်ထဲသို့ ဦးဆောင်ရန် လူ့ဇာတိ ပြန်လည်ခံယူပြီဖြစ်ပြီး၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းအမှုကို စတင်ပြီဖြစ်သည်။ ဤအမှုသည် လူသားကို သာ၍မြင့်မားသည့် လောကတစ်ခုထဲသို့ ဆောင်ကြဉ်းပြီးဖြစ်သည်။ သူ၏အုပ်စိုးမှုအောက်တွင် ကျိုးနွံနာခံသူအားလုံးသည် သာ၍မြင့်မားသော သမ္မာတရားကို မွေ့လျော်ပြီး သာ၍ကြီးမြတ်သော ကောင်းချီးမင်္ဂလာများကို ရရှိရပေမည်။ ၎င်းတို့သည် အလင်းတွင် အမှန်တကယ် အသက်ရှင်ကြရမည် ဖြစ်ပြီး သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို ရရှိကြရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ကျမ်းဦးစကား)

ထို့နောက် သူက ဤမိတ်သဟာယပြုခြင်းကို ဝေငှခဲ့သည်။ “အစမှာ၊ အာဒံနဲ့ ဧဝတို့က ဧဒင်ဉယျာဉ်မှာ ဘုရားသခင် ရှေ့တော်မှောက်မှာ ပျော်ပျော်ရွှင်ရွှင် အသက်ရှင်နေထိုင်ခဲ့ကြတယ်။ ဘာစကားများတာမှ မရှိဘူး။ ဆင်းရဲဒုက္ခ မရှိဘူး။ ဒါပေမဲ့ သူတို့က မြွေစကားကို နားထောင်ပြီး၊ ကောင်းမကောင်းသိကျွမ်းရာအပင်ကနေ အသီးကို စားခဲ့ကြတယ်၊ သူတို့ကဘုရားခင်ရဲ့ စောင့်ရှောက်မှု နဲ့ ကွယ်ကာမှုတို့ကို ဆုံးရှုံးပြီး၊ စာတန်ရဲ့ တန်ခိုးအောက်မှာ အသက်ရှင်ရင်း ဘုရားသခင်ဆီကနေ ပိုပိုဝေးကွာလာပြီး၊ သူ့ကို သစ္စာဖောက်တယ်။ အဲဒီနောက်မှာ ဝမ်းနည်းမှုတွေနဲ့ ဒုက္ခခံစားခြင်း နေ့ရက်တွေက စတင်ခဲ့တယ်။ ဒီပုံစံအတိုင်းရှိခဲ့တာ အခုအထိဖြစ်ပြီး၊ ကျွန်မတို့က စာတန်ရဲ့ နက်နက်နဲနဲ ဖောက်ပြန်ဖျက်စီးတာကို ပိုပိုပြီးခံလာရတယ်။ ကျွန်မတို့က ဖောက်ပြန်ပျက်စီးပြီး၊ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ ပြည့်နေတယ်။ ကျွန်မတို့အားလုံးက အင်မတန် မာနထောင်လွှားတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ လှည့်စားတယ်၊ ပြီးတော့ တဇွတ်ထိုးနိုင်တယ်။ ကျွန်မတို့က အရေးကိစ္စအားလုံးမှာ တခြားလူတွေက ကျွန်မတို့ကို နားထောင်တာကိုသာ အမြဲတမ်း လိုချင်ရင်း အတ္တဆန်တယ်။ အဲဒီ့အကြောင်းအရင်းကြောင့် လူတွေက အချင်းချင်း ရန်ဖြစ်ပြီး သတ်ဖြတ်ကြတယ်။ မိဘတွေနဲ့ ကလေးတွေ၊ ပြီးတော့ ခင်ပွန်းတွေနဲ့ ဇနီးတွေတောင်မှ အချင်းချင်း သည်းခံမှုနဲ့ စိတ်ရှည်မှု မရှိကြဘဲ၊ အချင်းချင်း သဟဇာတဖြစ်ဖြစ် သင့်မြတ်နိုင်စွမ်း မရှိကြဘူး- ကျွန်မတို့က အခြေခံအကျဆုံး အသိစိတ်နဲ့ ဆင်ခြင်တုံတရားတို့တောင် ကင်းမဲ့နေကြတယ်။ ကျွန်မတို့က သခင်ယေရှုရဲ့ ရွေးနှုတ်ခံရပေမဲ့လည်း၊ သခင့်ကို ဆုတောင်း၊ ဝန်ခံပြီး၊ ဝန်ချတောင်းပန်ကြတယ်၊ ပြီးတော့ သခင့်သွန်သင်ချက်တွေကို လိုက်နာစောင့်ထိန်းဖို့ အရမ်းကြိုးစားကြပေမဲ့လည်း၊ ကျွန်မတို့က အပြစ်ကျူးလွန်ပြီး၊ ဘုရားသခင်ကို အာမခံဘဲ မနေနိုင်သေးဘူး။ အဲဒါက သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနှုတ်ကယ်တင်ခြင်း အမှုတော်ကိုသာ ဆောင်ရွက်ခဲ့လို့ဖြစ်တယ်။ သူက လူသားမျိုးနွယ်ကို အပြည့်အဝ ကယ်တင်ခြင်းနဲ့ သန့်စင်ခြင်း အမှုတော်ကို မဆောင်ရွက် ခဲ့ဘူး။ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို လက်ခံတာက ကျွန်မတို့ဟာ အပြစ်နောက်ထပ် မကျူးလွန်တော့ဘဲ၊ ကျွန်မတို့က သခင့် ရှေ့တော်မှောက်ကို ဆုတောင်းခြင်းနဲ့ လာဖို့၊ သူ့သနားကရုဏာကို လက်ခံဖို့၊ ပြီးတော့ ကျွန်မတို့ အပြစ်တွေ ခွင့်လွှတ်ခံရဖို့ အခွင့်အလမ်း ရှိတယ်လို့သာ ဆိုလိုတာဖြစ်တယ်။ ဒါပေမဲ့ ကျွန်မတို့က ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကနေ သန့်စင်မခံရဘူး။ ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝတွေက ကျွန်မတို့ထဲမှာ နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်နေတုန်းပဲ။ နောက်ဆုံးသောကာလမှာ ဘုရားသခင် ပြန်ကြွလာပြီး၊ လူသားမျိုးနွယ်ကို သန့်စင်ခြင်းနဲ့ ပြောင်းလဲခြင်း အမှုတော်အဆင့်ကို လုပ်ပြီး၊ အဲဒီနည်းအတိုင်း ကျွန်မတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝတွေနဲ့ ပတ်သက်တဲ့ပြဿနာကို ဖြေရှင်းတာကို ကျွန်မတို့ လိုအပ်နေသေးတယ်။ ပြီးတော့ အခု ဘုရားသခင်က ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား တွေကနေ လုံးလုံးကယ်တင်ဖို့၊ ပြီးတော့ ကျွန်မတို့ကို စာတန်ရဲ့ အုပ်စိုးမှုကနေ ရုန်းထွက်လွတ်မြောက်ပြီး၊ အပြည့်အဝ ကယ်တင်ခံရ ခွင့်ပေးဖို့ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ အတွက် နှုတ်ကပတ်တော်တွေကို ဖော်ပြရင်း နောက်တစ်ကြိမ် လူ့ဇာတိခံခဲ့ပြီ။ ကျွန်မတို့က ဘုရားအမှုတော်အသစ်ကို အမီလိုက်၊ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကို လက်ခံ၊ သမ္မာတရားကို ရှာဖွေပြီး၊ ဘုရားနှုတ်ကပတ်တော်တွေကို လက်တွေ့လုပ်ဆောင်သမျှ ကာလပတ်လုး၊ ကျွန်မတို့ရဲ့ ဖောက်ပြန် ပျက်စီးတဲ့ စိတ်သဘောထားတွေက တဖြည်းဖြည်းချင်း ပြောင်းလဲသွား လိမ့်မယ်။ ဒါက ကျွန်မတို့ စစ်မှန်တဲ့ လူ့ပုံသဏ္ဍာန်မှာ အသက်ရှင် နေထိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး၊ အဲဒီနောက်မှသာ ကျွန်မတို့က တခြားလူတွေနဲ့ ကျွန်မတို့ အပြန်အလှန် ဆက်ဆံရေး တွေမှာ သဟဇာတကို အောင်မြင်ရရှိနိုင်လိမ့်မယ်။”

ကျွန်မတို့က ဤအပြစ်ကျူးလွန်ပြီးနောက် ဝန်ခံခြင်း အခြေအနေ အတွင်းတွင် အမြဲတမ်း အသက်ရှင်နေထိုင်နေရသည့် အကြောင်း အရင်းမှာ သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနှုတ်ကယ်တင်ခြင်း အမှုတော်ကို ဆောင်ရွက်ခဲ့သော်လည်း၊ ယုံကြည်သူများအနေဖြင့် ကျွန်တော်တို့အပြစ်များက ခွင့်လွှတ်ခံရရုံမျှသာရှိပြီး၊ သို့သော် ကျွန်မ တို့၏ အပြစ်ရှိသော သဘာဝကမူ၊ အလွန်နက်ရှိုင်း ခိုင်မာစွာ အမြစ်တွယ်နေဆဲဖြစ်ကာ၊ ကျွန်မတို့၏ ဆိုးယုတ်သော စိတ်သဘောထားက ယခုထိ သန့်စင်မခံရသေး သောကြောင့် ဖြစ်သည်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဤအစ်မ၏ မိတ်သဟာယတို့မှ နောက်ဆုံးတွင် ကျွန်မ နားလည်သဘောပေါက် ခဲ့သည်။ အကောင်းဆုံးသော နမူနာတစ်ခုမှာ ကျွန်မက သခင့် သွန်သင်ချက်များအညီ စိတ်ရှည်မှုနှင့် သည်းခံမှုတို့ကို လက်တွေ့ လုပ်ဆောင်ဖို့ မည်သို့ရည်ရွယ်ခဲ့သော်လည်း ကျွန်မ ခင်ပွန်းက ကျွန်မ မကြိုက်သည့်အရာ တစ်ခုခုကို ပြောသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ ကျွန်မ ဒေါသထွက်ခြင်းမှ မိမိကိုယ်ကို မရပ်တန့်နိုင်ခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်ပါစေ ကျွန်မ မိမိကိုယ်ကို ကြိုးမကိုင်နိုင်ခဲ့ပါ။ ကျွန်မတို့ကို ကယ်တင်ဖို့ ဘုရားအမှုတော် မရှိဘဲနှင့်၊ ကျွန်မတို့၏ ဆိုးယုတ်ပြီး၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မိမိကိုယ်ပိုင် အားထုတ်ကြိုးပမ်းမှုတွင် မှီခိုလျက် ဖယ်ရှားဖို့ ဆိုသည်မှာ မဖြစ်နိုင်ပါ။ ပြီးလျှင် ယခုအခါ ဘုရားသခင်က လူသားမျိုးနွယ်ကို တရားစီရင်ခြင်း နှင့် သန့်စင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ လာလျက် တစ်ဖန် လူ့ဇာတိခံယူခဲ့ပြီ။ ဘုရားသခင်၏အမှုတော်အသစ်ကို လက်ခံခြင်းနှင့် သမ္မာတရားကို အမှန်တကယ် လိုက်နာခြင်းအားဖြင့် ကျွန်မတို့က စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်းကို အောင်မြင်ရရှိဖို့ အခွင့်အလမ်းရှိသည်။ ကျွန်မကို သူ့အသံတော်ကို ကြားခွင့်ပြုခဲ့သည့် သခင့် သနားကရုဏာအတွက် ကျွန်မတကယ့်ကို တို့ထိခံရပြီး၊ အလွန့်အလွန် ကျေးဇူးတင်ရှိလေသည်။ သို့သော်လည်း ကျွန်မက လုံးလုံး မရှင်းလင်းသေးပါ- ဘုရားသခင်က ကျွန်မတို့ကို သန့်စင်ပြီး ပြောင်းလဲဖို့ နှုတ်ကပတ်တော်များ မိန့်မြွက်ရန် ဤတစ်ကြိမ်တွင် လာခဲ့ခြင်း ဖြစ်သည်ကို ကျွန်မ သိသော်လည်း၊ နှုတ်ကပတ်တော်များက ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ တရားစီရင်ပြီး၊ သန့်စင်နိုင်သနည်း။ ထို့ကြောင့် ကျွန်မ၏ စိတ်ရှုပ်ထွေးမှုကို ရှင်းပြခဲ့သည်။

ထိုအစ်မက ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော် နောက်ထပ် ကျမ်းပိုဒ်တစ်ခုကို ဖတ်ပြခဲ့သည်။ “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)

သူက ကျွန်မနှင့် ပို၍များပြားသော မိတ်သဟာယကို ဆက်ပြီးဝေငှ ခဲ့သည်။ “ဘုရားနှုတ်ကပတ်တော်တွေက သူတရားစီရင်ခြင်း အမှုတော် ကို ဘယ်လိုဆောင်ရွက်တယ်ဆိုတာ ကျွန်မတို့အတွက် ရှင်းရှင်း လင်းလင်း ရှင်းပြထားတယ်။ သူက လူသားမျိုးနွယ်ကို တရားစီရင်ပြီး၊ သန့်စင်ဖို့ နှုတ်ကပတ်တော်တွေကို အသုံးပြုတယ်။ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝနဲ့ အနှစ်သာရ၊ ပြီးတော့ ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတို့ကို တိုက်ရိုက် ထုတ်ဖော်ပြီး၊ ခွဲခြမ်းစိတ်ဖြာဖို့ သူက နှုတ်ကပတ်တော်တွေကို အဓိကအားဖြင့် သုံးတယ်။ ကျွန်မတို့ ဘုရားသခင်ကို ဘယ်လိုကျိုးနွွံနာခံပြီး၊ ကိုးကွယ်သင့်တယ်၊ ကောင်းမွန်တဲ့ လူ့သဘာဝကို အသက်ရှင်နေထိုင်ပုံ၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို အောင်မြင်ရရှိဖို့ သမ္မာတရားကို ရှာဖွေလိုက်စားပုံ၊ ရိုးသားတဲ့လူတစ်ယောက် ဖြစ်ပုံ၊ ပြီးတော့ လူတွေအတွက် ဘုရားသခင်ရဲ့ အလိုတော်နဲ့၊ သတ်မှတ်ချက်တွေ ကိုလည်း သူက ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ သူက ဘယ်လိုလူမျိုးကို ကြိုက်တယ်၊ ပြီးတော့ ဘယ်လိုလူမျိုးကို သုတ်သင်ဖယ်ရှင်းတယ်၊ ပြီးတော့ ပိုများတဲ့အရာ တွေကို ကျွန်မတို့ကို ပြောခဲ့တယ်။ ကျွန်မတို့ကို ပြုပြင်ဖို့နဲ့၊ ကိုင်တွယ်ဖြေရှင်းဖို့၊ ကျွန်မတို့ကို စမ်းသပ်ဖို့နဲ့၊ စစ်ဆေးဖို့ လူတွေ၊ အဖြစ်အပျက်တွေ၊ အမှုအရာတွေ နဲ့ ပတ်ဝန်းကျင်တွေ ကိုလည်း သတ်မှတ်တယ်။ ဒါက ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်ပြီး၊ ကျွန်မတို့ကို ဘုရားသခင် ရှေ့တော်မှောက်ကို အတင်းအကျပ် လာခိုင်းတယ်၊ သမ္မာတရားကို ရှာဖွေခိုင်းတယ်၊ သူ့နှုတ်ကပတ်တော်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံခိုင်းတယ်၊ ပြီးတော့ ကိုယ်ကိုယ့်ကိုယ် ပြန်လည်သုံးသပ်ပြီး၊ သိကျွမ်းခိုင်းတယ်။ ကျွန်မတို့က ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံတဲ့အချိန်မှာ သူက ကျွန်မတို့ရဲ့ သူ့ကို ပုန်ကန်လိုခြင်းနဲ့ အာခံခြင်း၊ ကျွန်မတို့ရဲ့ မမှန်ကန်တဲ့ ရည်ရွယ်ချက်တွေ၊ ပြီးတော့ ကျွန်မတို့ အယူအဆတွေနဲ့ စိတ်ကူးတွေကို ကွက်ကွက်ကွင်းကွင်း အပြည့်အဝ ထုတ်ဖော်ရင်း ကျွန်မတို့နဲ့ မျက်နှာချင်းဆိုင် စကားပြောနေတယ်လို့ခံစားရတယ်။ အဲဒီနောက်မှာမှ ကျွန်မတို့က ကိုယ့်သဘာဝတွေ၊ အနှစ်သာရတွေဟာ မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်မှု၊ လှည့်စားမှု၊ ကောက်ကျစ်မှု၊ အတ္တကြီးမှု နဲ့ စက်ဆုပ်ဖွယ်ကောင်းမှုတို့နဲ့ ပြည့်နေတယ်ဆိုတာကို ကျွန်မတို့ မြင်နိုင်တယ်။ ကျွန်မတို့က ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေတဲ့ နှလုံးသားတွေ လုံးလုံးကင်းမဲ့တာ၊ ကျွန်မတို့ရဲ့ ဆိုးယုတ်ပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝတွေကို လုံးလုံး အခြေခံပြီး အသက်ရှင်တာ၊ ကျွန်မတို့ ထုတ်ဖော်သမျှက ကျွန်မတို့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထား ဖြစ်တယ်ဆိုတာ၊ ပြီးတော့ ကျွန်မတို့က လူသားပုံသဏ္ဍာန် လုံးလုံး ကင်းမဲ့တယ်ဆိုတာတွေကို ကျွန်မတို့မြင် ရတယ်။ ကျွန်မတို့ဟာ ကျွန်မတို့နှလုံးသားထဲကနေ ကိုယ့်ကိုယ်ကိုယ် စမုန်းတီးလာပြီး၊ ကိုယ့်ကိုယ်ကိုယ် ရွံရှာတယ်၊ ပြီးတော့ စာတန်ရဲ့ စွမ်းအားအောက်မှာ နောက်ထပ် အသက်မရှင်ဖို့နဲ့ စာတန်ရဲ့ ကစားခြင်းနဲ့ ထိခိုက်ခြင်းကို မခံဖို့ ဆန္ဒရှိလာတယ်။ အဲဒီအပြင် ဘုရားသခင်ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကတစ်ဆင့် ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့ အနှစ်သာရနဲ့ သူ့ဖြောင့်မတ်တဲ့ စိတ်သဘောထားတို့က စော်ကားတာ လုံးဝ သည်းမခံဘူး ဆိုတာကို လည်း ကျွန်မတို့ မြင်ရတယ်။ ဘုရားသခင်အတွက် ချစ်ကြောက်ရိုသေ တဲ့ နှလုံးသားက ကျွန်မတို့ထဲမှ ဖြစ်လာပြီး၊ ကျွန်မတို့က ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သမ္မာတရားကို လက်တွေ့ လုပ်ဆောင်ဖို့ ဆန္ဒရှိလာတယ်။ သမ္မာတရားကို ကျွန်မတို့ စပြီး လက်တွေ့လုပ်ဆောင်တာနဲ့တပြိုင်နက်၊ ဘုရားသခင်ရဲ့ စေတနာ ရှိပြီး၊ သနားကရုဏာပြည့်စုံတဲ့ စိတ်သဘောထားက ကျွန်မတို့ဆီမှာ ပေါ်ထွန်းတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို မပြတ်ဖတ်ရှုခြင်း၊ သူ့တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားခြင်း တို့ကနေ၊ ကျွန်မတို့က ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ သဘာဝတွေနဲ့ ပတ်သက်ပြီး နားလည်သဘောပေါက်လာတယ်၊ ဘုရားသခင် ဖော်ပြတဲ့ သမ္မာတရားတွေကို ပိုနားလည်လာတယ်၊ ပြီးတော့ သူ့တရားစီရင်ခြင်း နဲ့ ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံပြီး၊ ကျိုးနွံနာခံဖို့ ဇာတိခန္ဓာကို စွန့်ပယ်ပြီး၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့နဲ့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ပိုလို့တောင် ဆန္ဒရှိလာတယ်။ ကျွန်မတို့က ဖောက်ပြန်ပျက်စီးခြင်းတွေကို ထုတ်ဖော်တာ နည်းသထက် နည်းလာ တယ်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာ ပိုပိုလွယ်လာတယ်၊ ပြီးတော့ ဘုရားသခင်ကို ကြောက်ပြီး မကောင်းမှုကို ရှောင်ကြဉ်တဲ့ လမ်းကြောင်းပေါ်သို့ တဖြည်းဖြည်းချင်း ခြေလှမ်းလာတယ်။ ဘုရား နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း တို့ကို တွေ့ကြုံခံစားခြင်းအားဖြင့်၊ ဒါဟာ ကျွန်မတို့ကို ကယ်တင်ပြီး၊ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကနေ ကုစား တဲ့ ကုထုံးဖြစ်တာကို ကျွန်မတို့အားလုံးက ကိုယ့်စိတ်နှလုံးတွေ ထဲမှာ အတည်ပြုနိုင်စွမ်း ရှိလာတယ်။ ဒါဟာ ကျွန်မတို့ ဖောက်ပြန် ပျက်စီးတဲ့ လူသားတွေအတွက် ဘုရားသခင်ရဲ့ အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း နဲ့ ပြစ်တင် ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားခြင်းမရှိဘဲ၊ ကျွန်မတို့က စစ်မှန်တဲ့ လူသားပုံသဏ္ဍာန်ကို ဘယ်တော့မှ အသက်ရှင်နေထိုင် နိုင်စွမ်း ရှိမှာမဟုတ်ဘူး။”

ဘုရားနှုတ်ကပတ်တော်များနှင့် ထိုအစ်မ၏ မိတ်သဟာယတို့က ကျွန်မအပေါ် ကြီးမားသည့် အကျိုးသက်ရောက်မှုတစ်ခု ရှိခဲ့သည်။ ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းနှင့် ပြစ်တင် ဆုံးမခြင်း အမှုတော်တို့သည် အမှန်တကယ် အလွန်လက်တွေ့ကျပြီး၊ ကျွန်မတို့က မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ကို ပြောင်းလဲလိုပါက၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း နှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားရမည်ဟု ကျွန်မ ခံစားခဲ့ရ သည်။ မဟုတ်ပါက ကျွန်မတို့က အပြစ်ကျူးလွန်ပြီးနောက်၊ ဝန်ခံသည့် သံသရာတွင် ထာဝရ အသက်ရှင်နေလိမ့်မည်၊ ပြီးလျှင် အပြစ်၏ ချည်နှောင်မှုမှ ကျွန်မတို့ မည်သည့်အခါမျှ ရုန်းထွက်လွတ်မြောက် နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်မက မိမိကိုယ်ကို သိကျွမ်းနိုင်ပြီး၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက တစ်နေ့ မကြာမီ ပြောင်းလဲနိုင်ရန်၊ နှင့် စစ်မှန်သည့် လူသားသဏ္ဍာန်တစ်ခုကို ကျွန်မ အသက်ရှင်နိုင်ဖို့၊ ကျွန်မကို သူ့နှုတ်ပတ်တော်များဖြင့် ရေလောင်းပြီး အစာကျွေးဖို့နှင့် ကျွန်မကို တရားစီရင်ဖို့နှင့် ပြစ်တင်ဆုံးမဖို့ ပတ်ဝန်းကျင်တစ်ခု စီစဉ်ပေးပါရန် တောင်းလျှောက် လျက်၊ ဘုရားသခင်ကို မိမိ၏စိတ်နှလုံးထဲမှ ဆုတောင်းချက်တစ်ခု ဆိုခဲ့သည်။

ဘုရားသခင်၏နောက်ဆုံးသောကာလမှ အမှုတော်ကို လက်ခံပြီး နောက်၊ ဘုရားသခင်က ကျွန်မ အတွက် စီစဉ်ထားသည့် အိမ်ထောင်ရေးနှင့် ပတ်သက်ပြီး နားလည်သဘောပေါက်မှု အသစ် တစ်ခုကိုလည်း ကျွန်မ ရခဲ့သည်။ တစ်ချိန်တွင် အစ်မ တစ်ယောက်က ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်များ၏ ကျမ်းပိုဒ်အနည်းငယ်ကို ဖတ်ပြခဲ့သည်။ “လူတိုင်းက သူတို့ကိုယ်တိုင် မကြုံရခင်မှာ အိမ်ထောင်ပြုခြင်းနှင့်ပတ်သက်၍ အတွေးမှားများစွာ သိုထားတတ်ကြလေသကဲ့သို့ ဤအတွေးမှားများ အားလုံးသည် အတော်အတန် နှစ်လိုဖွယ်ဖြစ်သည်။ အမျိုးသမီးများက သူတို့၏ အမျိုးသားများသည် ၎င်းတို့၏ စိတ်ကူးအားလုံးကို ဖြည့်ဆည်းပေးမည့် မင်းသားလေးဖြစ်မည်ဟု စိတ်ကူးကြပြီး အမျိုးသားများက သူတို့သည် စနှိုးဝှိုက်ကို လက်ထပ်ကြမည်ဟု စိတ်ကူးကြသည်။ ဤစိတ်ကူးယဉ်မှုက အိမ်ထောင်ပြုခြင်းနှင့် ပတ်သက်ပြီး လူတိုင်းတွင် အချို့သော သတ်မှတ်ချက်များ၊ သူတို့ကိုယ်ပိုင် တောင်းဆိုချက်များနှင့် စံနှုန်းများရှိသည်ကို ပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))အိမ်ထောင်ပြုခြင်းသည် လူတစ်ယောက်၏ဘဝတွင် အရေးကြီးသည့် ဆုံမှတ်တစ်ခု ဖြစ်ပါသည်။ ယင်းသည် လူတစ်ယောက် ကံကြမ္မာ၏ ရလဒ်ဖြစ်ပြီး တစ်ဦးတစ်ယောက်၏ ကံကြမ္မာထဲက အလွန်အရေးကြီးသည့် အချိတ်အဆက် တစ်ခု ဖြစ်သည်။ ယင်းကို မည်သူမဆို၏ တစ်ဦးချင်း စိတ်ဆန္ဒ သို့မဟုတ် ကြိုက်နှစ်သက်မှုနှင့်မျှ တည်ဆောက်ထားခြင်းမဟုတ်သကဲ့သို့ မည်သည့် ပြင်ပအချက်အလက်မဆို၏ လွှမ်းမိုးမှု မခံရဘဲ၊ နှစ်ဦးနှစ်ဖက်၏ ကံကြမ္မာအားဖြင့်၊ စုံတွဲ၏ ကံကြမ္မာနှင့်ပတ်သက်ပြီး ဖန်ဆင်းရှင်၏ စီစဉ်မှုနှင့် ကြိုတင်သတ်မှတ်မှုအားဖြင့် လုံးဝ သတ်မှတ်ပါသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃))တစ်ဦးတစ်ယောက်က အိမ်ထောင်တစ်ခုထဲသို့ ဝင်ရောက်သည့်အခါ သူ၏ဘဝခရီးက သူ့လက်တွဲဖော်အပေါ်မှာ လွှမ်းမိုးမှုရှိပြီး သက်ရောက်မှု ရှိပါလိမ့်မည်။ အလားတူ၊ လူတစ်ယောက် အဖော်၏ ဘဝခရီးကလည်း တစ်ယောက်၏ ဘဝကံကြမ္မာကို လွှမ်းမိုးမှုနှင့် သက်ရောက်မှု ရှိပါလိမ့်မည်။ တစ်နည်းပြောရလျှင် လူသား ကံကြမ္မာများသည် ဆက်စပ်နေကြလေသည်။ မည်သူကမျှ အခြားသူထံ လုံးဝအမှီအခိုကင်းခြင်းဖြင့် မိမိ၏ ဘဝတာဝန်များကို ပြီးဆုံးအောင် မပြုလုပ်နိုင်ပါ သို့မဟုတ် သူ့အခန်းကဏ္ဍကို မဆောင်ရွက်နိုင်ပါ။ လူတစ်ယောက်၏ မွေးဖွားခြင်းက ဆက်ဆံရေးများနှင့်ဆိုင်သော ကြီးမားသည့် ကွင်းဆက်တစ်ခု အပေါ်မှာ ဆက်နွယ်မှုရှိပေသည်။ အရွယ်ရောက် ကြီးပြင်းခြင်း ကလည်း ဆက်ဆံရေးများ၏ ရှုပ်ထွေးသည့် ကွင်းဆက်တစ်ခု ပါဝင်သည်။ အလားတူပင်၊ အိမ်ထောင်ပြုခြင်းတစ်ခုသည်လည်း အဖွဲ့ဝင်တိုင်းပါဝင်ပြီး ယင်း၏ အစိတ်အပိုင်းဖြစ်သည့် လူတိုင်း၏ ကံကြမ္မာကို လွှမ်းမိုးမှုရှိနေရင်း လူသားဆက်နွယ်မှု၏ ကျယ်ပြန့်ပြီး ရှုပ်ထွေးသည့် ကွန်ယက်ထဲမှာ မလွှဲမရှောင်သာ ဖြစ်တည်ပြီး ဆက်လက် တည်ရှိလေသည်။ အိမ်ထောင်တစ်ခုသည် နှစ်ဦးနှစ်ဖက် မိသားစုများ၊ သူတို့ကြီးပြင်းလာသည့် အခြေအနေများ၊ သူတို့၏ အသွင်အပြင်များ၊ အသက်အရွယ်များ၊ အရည်အချင်းများ၊ ပါရမီများ၊ သို့မဟုတ် တစ်ခြား မည်သည့် အချက်အလက်မဆို၏ ရလဒ်မဟုတ်ပေ၊ ယင်းထက် ဝေမျှပြီးယူထားသည့် တာဝန်နှင့် ဆက်စပ်နေသည့် ကံကြမ္မာတစ်ခုမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းရှင်က စီစဉ်ညွှန်ကြားပြီး စီမံခဲ့သည့် လူသားကံကြမ္မာ၏ ရလဒ်ဖြစ်သည့် အိမ်ထောင်ပြုခြင်း၏ မူလဇာစ်မြစ် ဖြစ်ပါသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ထို့နောက် သူမက ကျွန်မနှင့် သူမ၏ မိတ်သဟာယကို ဝေငှခဲ့သည်။ “ကျွန်မတို့ အိမ်ထောင်ရေးတွေရဲ့ တစ်ခုချင်းစီကို ဘုရားသခင်က ကြိုတင်ပြဌာန်းတော်မူခဲ့တယ်၊ ဘယ်သူ က မိသားစုနဲ့ စမယ်ဆိုတာ ဟိုးအရင်းကတည်းက ဘုရားသခင်က ဆုံးဖြတ်ခဲ့ပြီးသား- ဒါတွေအားလုံးကို ဘုရားရဲ့ကိုယ်ပိုင် အမြော် အမြင်ကတစ်ဆင့် စီစဉ်ပါတယ်။ ကျွန်မတို့အတွက် သူရွေးချယ်ပေးတဲ့ အိမ်ထောင်ရေးက ကျွန်မတို့ လူမှုရေး အဆင့်အတန်းတွေ၊ ကျွန်မတို့ အပြင်ပန်းအသွင်အပြင် ဒါမှမဟုတ် ကျွန်မတို့ အစွမ်းအစ တို့အပေါ် မူမတည်ပါဘူး၊ ဒါပေမဲ့ အိမ်ထောင်ရေးကို ဘဝမှာ လူနှစ်ယောက်လုံးရဲ့ ခံယူထားတဲ့တာဝန် နဲ့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ကိုယ့်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ထိန်းချုပ်ခံရတယ်၊ ဒါ့ကြောင့် ကျွန်မတို့က ကိုယ့်ဘဝအဖော်ရဲ့ လိုအပ်ချက်တွေအများကြီး မကြာခဏရှိကြတယ်၊ ကျွန်မတို့နည်းလမ်းနဲ့ပဲ သူတို့ကို အမြဲတမ်း လုပ်ဆောင်စေချင်တယ်။ သူတို့မလုပ်တဲ့အချိန်မှာ၊ ကျွန်မတို့က ဒါကို လက်ခံဖို့ ငြင်းဆိုပြီး၊ စိတ်မကျေမနပ်ခံစားကြတယ်။ ကျွန်မတို့က သူတို့နဲ့ စကားများပြီး၊ ဒေါသထွက်တယ်၊ ဒါမှမဟုတ် ညည်းတောင် ညည်းညူတယ်၊ ပြီးတော့ ဘုရားသခင်ကို အပြစ်တင်ပြီး၊ နားလည်မှု လွဲတယ်။ ဒါက လူနှစ်ယောက်လုံးကို နာကျင်မှုမှာ အသက်ရှင်ဖို့ ဦးတည်လာတယ်။ အဲဒီလိုနာကျင်မှုမျိုးကို ဘယ်သူကမှ ဆောင်ကြဉ်း လာတာ မဟုတ်သလို၊ ဘုရားရဲ့ အုပ်စိုးမှုနဲ့ စီစဉ်မှုတွေက ဆောင်ကြဉ်း လာတာလည်း မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ မာနထောင်လွှားပြီး ဘဝင်မြင်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ ကျွန်မတို့ အသက်ရှင်တာကြောင့် အဲဒါ ဖြစ်ပေါ်လာတာ ဖြစ်တယ်။ အဲဒီလို ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ကျွန်မတို့ကို ဘုရားအုပ်စိုးမှု နဲ့ ကွဲလွဲစေတယ်။ ကျွန်မတို့ဟာ သူ့စီစဉ်ညွှန်ကြားခြင်းတွေနဲ့ စီစဉ်မှုတွေကို ကျိုးနွံမနာခံနိုင်ဘူး။”

ဤအစ်မ မိတ်သဟာယပြုခြင်း ကို ကြားလျက်၊ ကျွန်မခင်ပွန်းနှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံရေးဖြစ်စဉ်ကို ကျွန်မ ပြန်ပြောင်းတွေး ခဲ့သည်။ ကျွန်မက သူ့နှင့် စိတ်မကျေမနပ်ဖြစ်ခြင်းကို အမြဲတမ်း ဖော်ပြနေပြီး၊ ကျွန်မ၏နည်းလမ်းဖြင့် အရေးကိစ္စများကို ဆောင်ရွက်ဖို့ သူ့ကို အမြဲတမ်း တောင်းဆိုနေခဲ့သည်- ကျွန်မကို သူ့စိတ်ထဲမထားဘဲ၊ ကျွန်မအတွက် ထောက်ထားညှာတာခြင်းနှင့် ဂရုစိုက်ခြင်း မပြပါက၊ ကျွန်မ၏ သုခအတွက် မမေးမြန်းပါက၊ ကျွန်မက သူနှင့်ပတ်သက်ပြီး ဗျစ်တောက်ဗျစ်တောက်လုပ်ကာ၊ သူက မကောင်းဘူးဟု တွေးလေ သည်။ သူ့ကို နည်းမျိုးစုံဖြင့် အထင်သေးပြီး၊ သူ့ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ကာ သူနှင့် စစ်အေးတိုက်ပွဲဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ကျွန်မက မာနထောင်လွှားသော၊ ဘဝင်မြင့်သော၊ တစ်ကိုယ်ကောင်း ဆန်သော၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော လူတစ်ယောက် အမှန် တကယ်ပင် ဖြစ်လေသည်။ ကျွန်မက မိမိကိုယ်ပိုင် အကျိုးစီးပွားကိုသာ တွေးတောပြီး၊ အခြားလူများအတွက် လုံးဝမတွေးတောသည့် သူ တစ်ယောက်ပင် ဖြစ်လေသည်။ ၎င်းကို သေချာစွာတွေးတောပြီး၊ ကျွန်မခင်ပွန်းက ကျွန်မအတွက် ဂရုမစိုက်သည်မှာ လုံးဝ မဟုတ် ကြောင်း၊ သူက ဘာသိဘာသာနေတတ်ပြီး၊ စိတ်ခံစားချက်ပိုင်း ဆိုင်ရာ ကို ထိထိမိမိသိပ်မပြတတ်ကြောင်းတို့ကို ကျွန်မ မြင်လာရသည်။ သူ့မှာ သူ့ကိုယ်ပိုင် အတွေးများနှင့် နှစ်သက်ရာများလည်း ရှိသည်၊ သို့သော်လည်း သူမကြိုက်သည့်အရာများ လုပ်ဆောင်ဖို့ ကျွန်မက သူ့ကို မလျှော့တမ်း အတင်းအကျပ် စေခိုင်းခဲ့သည်။ ကျွန်မက သူလုပ်သမျှကို ကျွန်မကိုသာ အမြဲတမ်း ဗဟိုပြုစေလိုသည်၊ ပြီးလျှင် ၎င်းက ကျွန်မတို့နှစ်ယောက်ကြား ပဋိပက္ခများစွာ ဖြစ်စေသည့် အရာဖြစ်သည်။ ထို့နောက် ကျွန်မ၏ အတိတ်မှ အပြုအမူအတွက် နောင်တမရဘဲ မနေနိုင်ခဲ့ပါ။ ယခင်က ကျွန်မက သခင့်ဧဝံဂေလိကို သူ့အား ဝေငှခဲ့သူတစ်ယောက် ဖြစ်သော်လည်၊ ယခု သူက ဘုရားသခင် ၏ နောက်ဆုံးသောကာလ ဧဝံဂေလိကို ကျွန်မနှင့် ဝေငှခဲ့သည်ဟု ကျွန်မခင်ပွန်းပြောသည့် အကြောင်းအရာကိုလည်း ကျွန်မ တွေးမိ သည်။ ဤသည်မှာ ကျွန်မတို့အတွက် ဘုရားသခင်၏ ကျေးဇူးတော်နှင့် သူ၏ အံ့သြဖွယ် စီစဉ်တို့ ဖြစ်သည်။ ကျွန်မတို့နှစ်ဦးလုံးက အလွန့်အလွန် ကောင်းကြီးမင်္ဂလာခံစားရသူများ ဖြစ်သော်လည်း၊ ကျွန်မက မည်သည့်ကျေးဇူးတင်ရှိမှု အမျိုးအစားကိုမျှ မသိခဲ့ပါ။ ထိုအစား ကျွန်မက ဘုရားသခင်ကို အမြဲမပြတ် အပြစ်တင်လျက် ကျွန်မအတွက် ဘုရားသခင် စီစဉ်ပေးခဲ့သည့် အိမ်ထောင်ရေးကို ကျိုးနွွံနာခံဖို့လည်း ဆန္ဒမရှိပါ။ ကျွန်မက အလွန်မာနထောင်လွှားပြီး၊ ဆင်ခြင်တုံတရား အလွန်ကင်းမဲ့သည်။ ကျွန်မကို သူ့နှုတ်ကပတ်တော် များဖြင့် လမ်းပြခဲ့ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ကျွန်မ၏ အိမ်ထောင်ရေးတွင် ဆင်းရဲဒုက္ခအားလုံး၏ အရင်းအမြစ်ကို ကျွန်မ ရှာတွေ့ခဲ့သည်- ကျွန်မ၏ စိတ်နှလုံးထဲတွင် သောက ကင်းဝေးခြင်းနှင့် ပြေလျော့မှုတို့၏ အသိစိတ်တစ်ခုကို ရရှိခဲ့သည်။ ကျွန်မက ထိုအချိန်မှစပြီး ကျွန်မဘဝတွင် ဘုရားသခင်ကို မှီခိုဖို့နှင့် အားကိုးဖို့၊ ကျွန်မ၏ မာနထောင်လွှားပြီး၊ ဘဝင်မြင့်သော ဖောက်ပြန် ပျက်စီးသည့် စိတ်သဘောထားကို စွန့်လွှတ်ဖို့နှင့် ကျွန်မခင်ပွန်းနှင့် သဟဇာတဖြစ်စွာ ပေါင်းသင်းဆက်ဆံဖို့တို့ကို ဆန္ဒရှိလာခဲ့သည်။

ထိုအချိန်ကတည်းက ကျွန်မ ခင်ပွန်းနှင့် ကျွန်မတို့က မကြာခဏ ဆိုသကဲ့သို့ ဘုရားသခင်၏နှုတ်ကပတ်တော်များကို အတူတကွ ဖတ်ရှုပြီး သမ္မာတရားနှင့် ပတ်သက်ပြီး မိတ်သဟာယပြုကြသည်၊ ပြီးလျှင် ဖန်ဆင်းခံသတ္တဝါတစ်ယောက်၏ တာဝန်ကို ကျွန်မတို့၏ စွမ်းရည်များဖြင့် အကောင်းဆုံး ထမ်းဆောင်လေသည်။ ကျွန်မတို့သည် ဘုရားနှုတ်ကပတ်တော်များဖြင့် နေ့စဉ်နေ့တိုင်း အစာကျွေးခံရပြီး၊ ရေလောင်းခံရသည်။ ကျွန်မတို့ ပြဿနာတစ်ခု ကြုံတွေ့ရသည့် အချိန်တွင် သူ့နှုတ်ကပတ်တော်များအတိုင်း သူ့အလိုတော်ကို ရှာဖွေသည်။ ကျွန်မတို့၏ ဖောက်ပြန်ပျက်စီးမှု ကို ထုတ်ဖော်ခဲ့ပါက သို့မဟုတ် စကားများခြင်းတစ်ခုဖြစ်ပါက၊ ကျွန်မတို့နှစ်ယောက်လုံး ဘုရားရှေ့တော်မှောက်ကို လာပြီး၊ မိမိကိုယ်ကို ပြန်လည်သုံးသပ်ကာ၊ သိကျွမ်းကြသည်။ ကျွန်မတို့က ဤအရာကို လက်တွေ့ လုပ်ဆောင် သည့်အချိန်တွင်၊ ကျွန်မတို့က အချင်းအချင်း နားလည်သဘောပေါက်မှု နှင့် ခွင့်လွှတ်မှု ပိုရရှိသည်။ ကျွန်မတို့၏ မကြာခဏ စကားများခြင်းက နည်းသထက် နည်းလာခဲ့သည်၊ ကျွန်မတို့ အိမ်အသက်တာက သဟဇာတဖြစ်လာပြီး၊ ကျွန်မတို့ အသက်တာက တိုး၍ ပြည့်ဝသထက် ပြည့်ဝလာပြီ။ ကျွန်မ အတွက် တို့ထိအခံရဆုံးအရာမှာ ကျွန်မခင်ပွန်း၏ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းက ကျွန်မတို့၏ နားလည် သဘောပေါက်မှုထက် ပိုကောင်းခြင်း ဖြစ်သည်။ ဘုရား နှုတ်ကပတ်တော်နှင့် ပတ်သက်သည့် သူ၏ နားလည်သဘောပေါက်မှု အကြောင်း ကျွန်မနှင့် မကြာခဏဆိုသကဲ့သို့ မိတ်သဟာယဝေငှပြီး၊ ကျွန်မက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခု ထုတ်ဖော် သည်ကို သူမြင်သည့်အချိန်တွင်၊ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်တို့အပေါ် ကျွန်မနှင့် မိတ်သဟာယ ဝေငှလေသည်။ ကျွန်မအတွက် သူ့စောင့်ရှောက်ခြင်းနှင့် ချစ်ခြင်း မေတ္တာတို့ကို ကျွန်မ အမှန်တကယ် ခံစားရပြီ- ကျွန်မ စိတ်နှလုံးအတွင်းမှ ကျွန်မ ပျော်ရွှင် လေသည်။ ကျွန်မတို့၏ လမ်းကြောင်းကို ပြန်ပြောင်းတွေး ကြည့်လျက်၊ ကျွန်မက ကျွန်မဖြစ်နေဆဲဖြစ်ပြီး၊ သူကလည်း သူဖြစ်နေ ဆဲပင်။ ကျွန်မတို့က အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံခဲ့ပြီး၊ သမ္မာတရားအချို့ကို နားလည်ခဲ့ သောကြောင့်၊ အရာအားလုံး လုံးဝပြောင်းလဲလေပြီ။ ကျွန်မတို့ကို ကယ်တင်ခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါသည်။

အရှေ့သို့- ၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

နောက်တစ်ခုသို့- ၃၆။ ပျောက်သားသောတစ်ယောက် ပြန်လာခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။