ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရှိမည့် နည်းလမ်း

ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရှိခြင်းသည် အလွန် နက်နဲသော သင်ခန်းစာတစ်ခု ဖြစ်သည်။ အရာရာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်ရရန်၊ ဝိညာဉ်ရေးရာ သိနားလည်မှု ရှိရမည်ဖြစ်ပြီး၊ သမ္မာတရားများစွာကိုလည်း နားလည်သဘောပေါက်ရမည်ဖြစ်သည်။ ဘုရားသခင်ကို သိနားလည်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လူတို့သည် မကြာခဏ အလွန် သဘောထား ကျဉ်းမြောင်းကြပြီး၊ ၎င်းတို့ ရှေ့တွင်ရှိသည့်အရာကိုသာ ကြည့်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မိမိတို့၏ အမှန်နှင့် အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း၊ အဖြူ၊ အမဲတို့နှင့်ဆိုင်သော အမြင်များပေါ်အခြေခံ၍ သို့မဟုတ် လူသား အယူအဆများနှင့် စိတ်ကူးများပေါ် အခြေခံ၍ အကဲဖြတ်ကြပြီး၊ ဘုရားသခင်က ဤအရာကို လုပ်ဆောင်ခြင်းက မှားသည် သို့မဟုတ် ထိုအရာကို လုပ်ဆောင်ခြင်းက မှားသည်ဟု ပြောဆိုကြသည်။ သို့တိုင် မည်သည့်အရာ မှန်သနည်း။ တစ်စုံတစ်ရာကို ဘုရားသခင် လုပ်ဆောင်သရွေ့၊ ထိုအရာ မှန်ကန်ပေသည်။ လူတို့ကို ဖျက်ဆီးရန် ဘုရားသခင်အတွက် မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဘုရားသခင်က လူမျိုးစုတစ်စုကို ပြုစုပျိုးထောင်ခဲ့ပြီး၊ ကြီးပွားချမ်းသာစေခဲ့သော်လည်း၊ သင်က ဤလူမျိုးစုအနေဖြင့် မကြီးပွားမချမ်းသာသင့်ဟု ခံစားသည်။ သို့ဆိုလျှင် အဘယ်သို့ဖြစ်ပြီး ထိုမျိုးစု ကြီးပွားချမ်းသာလာခဲ့သနည်း။ ဂျူးလူမျိုးများက ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြသည်။ ထို့ကြောင့် လူတို့၏ အမြင်တွင်၊ ဘုရားသခင်က ဒေါသထွက်လာပြီး၊ ၎င်းတို့ကို ကျိန်ဆဲသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို သူ ချေမှုန်းလိုက်သင့်သည်ဟူ၍ ဖြစ်သည်။ သို့သော် ဤသည်မှာ လူ၏ အယူအဆနှင့် စိတ်ကူးသာဖြစ်သည်။ ဘုရားသခင်က ဂျူးလူမျိုးများကို ကျိန်ဆဲကာ အပြစ်ပေးပြီးနောက်၊ ၎င်းတို့ကို သူ အသက်ရှင်ကျန်ခွင့်ပေးပြီး၊ ၎င်းတို့၏ အမျိုးအနွယ်များ ကျန်ရှိမည်ဖြစ်ကြောင်း၊ ကမ္ဘာအနှံ့က အခြားသော နိုင်ငံများဆီသို့ ၎င်းတို့ ကွဲလွင့်မည်ဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် မိမိတို့၏ ကိုယ်တိုင် တိုင်းနိုင်ငံကို ပြန်လည်ရရှိမည်ဖြစ်ကြောင်း ၎င်းတို့ထံ သူ ကတိတစ်ခု ပြုခဲ့သည်။ ဘုရားသခင်၏ ကတိတော်များက မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင် ပြောဆိုခဲ့သည့် အပြစ်ဒဏ်နှင့်ဆိုင်သော စကားများလည်း ပြည့်စုံမည်ဖြစ်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အလွန် အံ့ဩဖွယ်ကောင်း၏။ ဘုရားသခင်၏ အမှုတော်နှင့် လူတို့အပေါ် ကျရောက်သော အမှုအရာများကို အမှန်နှင့် အမှား၊ မှန်ကန်ခြင်းနှင့် မမှန်ကန်ခြင်း ရှုထောင့်များမှ အကဲဖြတ်ရန် သင် ကြိုးစားလျှင်၊ ယင်းတို့ကို သင် ငြင်းပယ်မိလိမ့်မည်ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်၏ အမှုတော်နှင့် တူပုံမရကြောင်းနှင့် သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီကြောင်း သင် တွေးထင်လိမ့်မည်ဖြစ်ပြီး ယင်းတို့ကို သင် ငြင်းပယ်မိလိမ့်မည်။ ယင်းတို့ကို သင် ငြင်းပယ်လျှင်၊ ယင်းတို့ကို သမ္မာတရားအဖြစ် သင် မည်သို့ ကျိုးနွံနာခံနိုင်မည်နည်း။ ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ လူတို့သည် အဘယ်ကြောင့် ထိုအရာများကို ငြင်းပယ်ကြသနည်း။ ဤသည်မှာ လူသား အယူအဆက ဖြစ်စေခြင်း ဖြစ်သည်။ ယင်းမှာ လူသား ဦးနှောက်က အသိအမှတ်ပြုနိုင်သည့်အရာနှင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များအပေါ် လူတို့ မြင်နိုင်သည့်အရာတို့တွင် အကန့်အသတ်များရှိကာ လူတို့ နားလည်နိုင်သည့် သမ္မာတရားတွင် အကန့်အသတ်များ ရှိသည်ကို ဆိုလိုပေသည်။ ဘုရားသခင်ကို အမှန်တကယ် သိရှိရန် ဤအကန့်အသတ်များကို သင် မည်သို့ ထိုးဖောက်ကျော်လွှားနိုင်မည်နည်း။ သင်သည် ဘုရားသခင်ထံမှ အမှုအရာများကို လက်ခံရမည်ဖြစ်ပြီး၊ သင် နားမလည်နိုင်သည့် သင် ကြုံရသော အရာများကို ပေါ့ပေါ့တန်တန် မသတ်မှတ်ရသကဲ့သို့ အချို့သော ပြဿနာများကို မဖြေရှင်းနိုင်လျှင် ကြောင်းကျိုးမမြင်ဘဲ ဝေဖန်မှုများ မပြုရပေ။ ဤသည်မှာ လူတို့ အပိုင်ဆိုင်သင့်ဆုံးသော ဆင်ခြင်တုံတရား ဖြစ်သည်။ သင်က၊ “ယင်းမှာ ဘုရားသခင် လုပ်ဆောင်သည့်အရာ မဟုတ်၊ ဘုရားသခင်က ယင်းကို လုံးဝ လုပ်ဆောင်မည်မဟုတ်”ဟု ပြောလျှင်၊ သင် ဆင်ခြင်တုံတရား မဲ့ပေသည်။ မည်သည့်အရာကို သင် အမှန်တကယ် နားလည်နိုင်သနည်း။ သင်သည် ဘုရားသခင်ကိုယ်စား ဝေဖန်မှုများ ပြုလုပ်ဝံ့လျှင်၊ သင်သည် အမှန်တကယ် ဆင်ခြင်တုံတရား မဲ့ပေသည်။ ဘုရားသခင်သည် သင် တွေးထင်သည့်အတိုင်း သို့မဟုတ် သင့် စိတ်ကူးများ၏ နယ်ပယ်အတွင်းတွင် အတိအကျ သေချာပေါက် ပြုမူဆောင်ရွက်လိမ့်မည်မဟုတ်။ ဘုရားသခင်သည် ကြီးမြတ်လွန်းသည်၊ ဉာဏ်မမီနိုင်ဖွယ် ဖြစ်လွန်းသည်၊ နက်နဲလွန်းသည်၊ အံ့ဩဖွယ်ကောင်းလွန်းပြီး အမြော်အမြင် ရှိလွန်းပေသည်။ အဘယ်ကြောင့် “လွန်း”ဟူသည့် စကားလုံးကို ငါ ဖြည့်စွက်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားများက ဘုရားသခင်ကို နားမလည်နိုင်ကြသောကြောင့် ဖြစ်သည်။ သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သောကြောင့် ဘုရားသခင်ကို နားလည်သဘောပေါက်ရန် မကြိုးစားနှင့်။ သင်ထံတွင် ဤအတွေး မရှိတော့သည်နှင့်တစ်ပြိုင်နက်၊ ဆင်ခြင်တုံတရား အနည်းငယ် သင် ပိုင်ဆိုင်လိမ့်မည်။ ဘုရားသခင်အတွက် စည်းမျဉ်းများ ချမှတ်ရန် မကြိုးစားနှင့်။ ထိုသို့လုပ်ဆောင်ခြင်းမှ သင် ရှောင်ကြဉ်နိုင်လျှင်၊ ဆင်ခြင်တုံတရား ပိုင်ဆိုင်လိမ့်မည်။ ဘုရားသခင်အတွက် စည်းမျဉ်းများ ချမှတ်ပြီး ဘုရားသခင်က တစ်နည်းနည်းဖြင့် ပြုမူဆောင်ရွက်သင့်ကြောင်း၊ ထိုအရာကို ဘုရားသခင်က ဤနည်းဖြင့် လုံးဝ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ သို့မဟုတ် ထိုအရာကို ဘုရားသခင်က ထိုသို့ လုံးဝ လုပ်ဆောင်မည်မဟုတ်ကြောင်း၊ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက် လုံးဝ မဟုတ်ကြောင်းနှင့် အခြားတစ်စုံတစ်ရာသည် ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခု လုံးဝ မဟုတ်ကြောင်းကို ပြောသည့် လူများစွာ ရှိသည်။ “လုံးဝ”ဟူသော ဤစကားလုံး ဖြည့်စွက်ချက်နှင့်ပတ်သက်၍ အဘယ်သို့နည်း။ (ဆင်ခြင်တုံတရား ကင်းမဲ့ပါသည်။) ဘုရားသခင်က အံ့ဩဖွယ်ကောင်းလွန်းပြီး၊ အမြော်အမြင်ရှိလွန်းသည်ဟု သင် ပြောသောလည်း၊ ထို့နောက် သင်က နည်းလမ်းတစ်ခုခုဖြင့် ဘုရားသခင် လုံးဝ ပြုမူဆောင်ရွက်မည်မဟုတ်ဟု ပြောသည်။ ယင်းမှာ ဆန့်ကျင်ကွဲလွဲမှုတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကိုသိသော စစ်မှန်သည့် အသိ မဟုတ်ပေ။ မိမိကိုယ်ပိုင် အမြင်များကို မလျှော့တမ်းပြောရန်နှင့် ဘုရားသခင်အတွက် စည်းမျဉ်းများ အမြဲ ချမှတ်ရန်မှာ လုံးဝ ဆင်ခြင်တုံတရား မဲ့ခြင်း ဖြစ်သည်။

ဘုရားသခင်သည် အမှုတော်၏ ဤနောက်ဆုံးအဆင့်ကို လုပ်ဆောင်နေပြီး၊ တရုတ်ပြည်တွင် သူ ပေါ်ထွန်းကာ အမှုပြုနိုင်မည်ဟု မည်သူကမျှ မတွေးခဲ့ကြပေ။ ထိုအရာကို သင် စိတ်မကူးနိုင်ခြင်းသည် သင်၏ စိတ်နှလုံးရှိ အယူအဆများနှင့် စိတ်ကူးများအပြင်၊ သင်၏ အတွေးကို ကန့်သတ်ချက်များကြောင့် ဖြစ်သည် မဟုတ်လော။ အမေရိက၊ ယူကေ သို့မဟုတ် အစ္စရေးနိုင်ငံတို့ကို အားလုံး ဖြစ်နိုင်ဖွယ်ရှိသောနိုင်ငံများအဖြစ် သင် တွေးကောင်း တွေးနိုင်သော်လည်း ဘုရားသခင်က တရုတ်နိုင်ငံတွင် အမှုပြုမည်ကို လုံးဝ စိတ်မကူးနိုင်ပေ။ ထိုအရာသည် သင့်အတွက် မယုံကြည်နိုင်လောက်အောင်ဖြစ်သည်။ ထိုအရာသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ကျော်လွန်သော်လည်း ဘုရားသခင်သည် သူ၏ နောက်ဆုံးနှင့် အရေးအကြီးဆုံး အမှုတော်ကို ဆောင်ရွက်လျက်၊ တရုတ်နိုင်ငံတွင် သူ၏ အမှုကို စတင်လုပ်ဆောင်ရုံရှိသေးသည်။ ဤသည်မှာ လူသား အယူအဆများနှင့် အလွန် ဆန့်ကျင်ကွဲလွဲနေသည်။ ထို့ကြောင့် ဤအရာမှ မည်သည့်အရာကို သင် သင်ယူပြီးပြီနည်း။ (ဘုရားသခင်၏ အမှုတော်သည် လူသား အယူအဆများနှင့် မကိုက်သကဲ့သို့ အံ့ဩဖွယ်ဖြစ်ပြီး ဉာဏ်မမီနိုင်ဖွယ်ဖြစ်ကြောင်းကို ဖြစ်သည်။) ဘုရားသခင်၏ အမှုတော်သည် လူသား စိတ်ကူးများကို အလွန် ကျော်လွန်သည်။ အံ့ဖွယ်ရာနှင့် ဉာဏ်မမီနိုင်ဖွယ်ဖြစ်သည်၊ အမြော်အမြင်ရှိသည်၊ နက်နဲသည်။ ဤသည်တို့မှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ကို ဖော်ပြရန် အသုံးပြုသည့် လူသား စကားများဖြစ်ပြီး၊ ဤအရာကို ကျိုးကြောင်းသင့်သည်ဟု စဉ်းစားကြသည်။ လူတို့သည် ဤစကားများဖြင့် ပေါင်းရုံးဖော်ပြသည်မှာ လူသား အယူအဆများနှင့် ကွဲလွဲဆန့်ကျင်သည့် အရာများကို ဘုရားသခင် လုပ်ဆောင်ခြင်းမှတစ်ဆင့် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်သည် အံ့ဖွယ်ရာဖြစ်ပြီး ဉာဏ်မမြင်နိုင်ဖွယ်ဖြစ်သည်၊ လူသား အယူအဆများနှင့် ဆန့်ကျင်ကွဲလွဲသည်။ ဤအရာမှ အခြား မည်သည့်အရာကို လူတို့ သင်ယူနိုင်သနည်း။ လူသားမျိုးနွယ်၏ ယခင် အယူအဆများနှင့် စိတ်ကူးများအားလုံး ဖြိုဖျက်ခံရပြီးဖြစ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအယူအဆများသည် မည်သည့်နေရာမှ လာခဲ့သနည်း။ သင် မြင်သည့်အရာမှ ကြည့်လျှင်၊ တရုတ်နိုင်ငံသည် ဆင်းရဲပြီး ခေတ်နောက်ကျသည်။ ကွန်မြူနစ်ပါတီက အာဏာ စွဲကိုင်ထားသည်။ ခရစ်ယာန်များ နှိပ်စက်ညှဉ်းပန်းခြင်း ခံရကြသည်။ လွတ်လပ်မှု မရှိ၊ လူ့အခွင့်အရေးများ မရှိသကဲ့သို့ တရုတ်လူမျိုးများသည် ကမ္ဘာ့စင်မြင့်ထက်တွင် နိမ့်ပါးသည့် အဆင့်အတန်းတစ်ခုဖြင့်၊ အရှေ့အာရှ၏ သနားစဖွယ် နာမကျန်းဖြစ်သော လူများကဲ့သို့ ထင်ရလျက်၊ အားရလောက်အောင် ပညာတတ်ခြင်း မရှိကြချေ။ ဘုရားသခင်သည် သူ၏ အမှုတော်ကို လုပ်ဆောင်ရန် တရုတ်နိုင်ငံတွင် အဘယ်သို့ လူ့ဇာတိခံယူနိုင်မည်နည်း။ ယခုတွင်၊ ဤအယူအဆ မှန်ကန်သလော၊ မှားယွင်းသလောဟူသည်ကို ကြည့်လော။ (လုံးဝ မှားယွင်းပေသည်။) ပထမဦးစွာ၊ ဘုရားသခင်က ဤနည်းဖြင့် အဘယ်ကြောင့် အမှုပြုမည်၊ ထိုအရာသည် သူက နှိမ့်ချကာ ကွယ်ဝှက်ချင်သောကြောင့် ဟုတ်မဟုတ်၊ သို့မဟုတ် ဤနည်းဖြင့် အမှုပြုခြင်းသည် နက်နဲသော အဓိပ္ပာယ်နှင့် တန်ဖိုး သယ်ဆောင်သလော ဟူသည်တို့ကို မပြောဘဲနေကြစို့။ ဤအဆင့်ကို မဆွေးနွေးဘဲ၊ ဘုရားသခင်က ဤနည်းဖြင့် အမှုပြုခြင်းသည် လူသား အယူအဆများနှင့် များစွာ ကွဲလွဲခြင်း ရှိမရှိဟူသည့်အကြောင်းကို ပြောဆိုကြစို့။ အလွန်များစွာ ကွဲလွဲပေသည်။ လူတို့က စိတ်ကူးမရနိုင်ပေ။ ထိုအရာသည် ကောင်းကင်ဘုံ၏ နက်နဲမှုတစ်ခု ဖြစ်ပြီး၊ မည်သူမျှ မသိပေ။ နက္ခတ္တဗေဒပညာရှင်များ၊ ပထဝီဝင်ပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် ပရောဖက်များကို ခေါ်လျှင်ပင်၊ ထိုအရာကို တစ်ဦးတလေက အဖြေရှာနိုင်မည်လော။ အသက်ရှင်သူဖြစ်စေ၊ သေသူဖြစ်စေ၊ တတ်စွမ်းနိုင်သောလူအားလုံးက စိစစ်ကာ စုံစမ်းစစ်ဆေးလျှင်ပင် သို့မဟုတ် နက္ခတ္တဗေဒနှင့်ဆိုင်သော အဝေးကြည့်မှန်ပြောင်းများဖြင့် စောင့်ကြည့်ကာ လေ့လာလျှင်ပင်၊ အားလုံး အရာရောက်မည် မဟုတ်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ လူသားမျိုးနွယ်သည် အရေးမပါလွန်းခြင်း၊ မသိနားမလည်လွန်းခြင်း၊ ဘုရားသခင်၏ အရေးကိစ္စများကို နားလည်သဘောပေါက်ရန် ထိုးထွင်းအမြင် ကင်းမဲ့လွန်းခြင်း ဖြစ်သည်။ သင် နားလည်သဘောပေါက်နိုင်ခြင်း မရှိလျှင်၊ ဒုက္ခမခံနှင့်။ သင် ကြိုးစားခဲ့လျှင် နောက်ဆုံး ရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ သင်၏ အယူအဆများသည် သမ္မာတရားနှင့် တန်းတူ မဟုတ်သကဲ့သို့ ဘုရားသခင် လုပ်ဆောင်လိုသည့်အရာနှင့် အလွန်ခြားနားလေသည်။ ယင်းတို့သည် တူညီသောအရာ လုံးဝ မဟုတ်။ လူသားများရှိသည့် နည်းပါးသော အသိပညာသည် အချည်းနှီးဖြစ်၏၊ မည်သည့်အရာကိုမျှ အဖြေမရှားနိုင် သို့မဟုတ် မည်သည့် ပြဿနာကိုမျှ မဖြေရှင်းနိုင်ပေ။ ယခု သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ တရားဒေသနာများနှင့် မိတ်သဟာယများကို နားထောင်သဖြင့်၊ သင်တို့၏ စိတ်နှလုံးတွင် အနည်းငယ်မျှ ပို၍ နားလည်ကြသလော။ ဘုရားသခင်အပေါ် သိသည့် အသိတစ်ခုခု သင်တို့တွင် ရှိကြသလော။ တစ်စုံတစ်ဦးက၊ “ဘုရားသခင်သည် သူ လုပ်ဆောင်သည့်အရာကို ကျွန်ုပ်တို့နှင့် မဆွေးနွေးပါ။ ကျွန်ုပ်တို့ကို အာကာသ အမှတ်လက္ခဏာတစ်ခု ပေးလျှင်သာ သူ လုပ်ဆောင်ရန် ရည်ရွယ်သည့်အရာကို ကျွန်ုပ်တို့ နားလည်နိုင်မည် သို့မဟုတ် ဟောကိန်းတစ်ခုကို ပေးရန် ပရောဖက်တစ်ဦးကို စေ့ဆော်ပင်စေ့ဆော်နိုင်မည်ဖြစ်သည်”ဟု ပြောကောင်းပြောနိုင်သည်။ အာကာသ နိမိတ်လက္ခဏာဖြင့်ပင် သင် နားလည်နိုင်မည်မဟုတ်သကဲ့သို့ ပရောဖက်တစ်ပါးကလည်း နားလည်နိုင်မည် မဟုတ်ပေ။ ဝိညာဉ်ရေးရာ နယ်ပယ်တွင် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် ရှေးခေတ်အချိန်ကာလများမှသည် ယခုထိတိုင် လျှို့ဝှက်ချက်အဖြစ် ရှိနေဆဲဖြစ်ပြီး၊ အလွန် လျှို့ဝှက်သည်မှာ လူသားတစ်ဦးကမျှ မသိနိုင်ပေ။ ပရောဖက်တစ်ဦး သို့မဟုတ် နက္ခတ္တဗေဒပညာရှင် သို့မဟုတ် အတတ်ပညာရှင်၊ ပညာရပ်တစ်ခုခုတွင် ကျွမ်းကျင်သူ သို့မဟုတ် သိပ္ပံပညာရှင်တစ်ဦးက မည်မျှ ပါရမီရှိသည်ဖြစ်စေ၊ ၎င်း အလိုရှိသည့်အရာအားလုံးကို လေ့လာနိုင်မည်ဖြစ်သော်လည်း၊ ဘုရားသခင်၏ အရေးကိစ္စများကို မည်သည့်အခါတွင်မျှ နားလည်မည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ အတိတ်က အမှုတော်ကို လေ့လာနိုင်ပြီး၊ ထိုအရာကို ဘုရားသခင် လုပ်ရသည့် အကြောင်းရင်းနှင့် ပတ်သက်သည့် တစ်စုံတစ်ရာ ရှိကောင်းရှိနိုင်သော လျှို့ဝှက်ချက် အနည်းငယ် သို့မဟုတ် အဓိပ္ပာယ်ကို ထုတ်နုတ်နိုင်ကောင်း ထုတ်နုတ်နိုင်မည် ဖြစ်သော်လည်း၊ အနာဂတ်တွင် မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်မည်ကို သို့မဟုတ် သူ၏ ရည်ရွယ်ချက်များကို မည်သူမျှ မသိပေ။ ထို့ကြောင့် လူတို့သည် စောင့်ကြည့်ခြင်းနှင့် လေ့လာခြင်း၊ ရေရှည် စုံစမ်းမေးမြန်းခြင်းနှင့် အတွေ့အကြုံမှတစ်ဆင့်၊ နည်းလမ်းများစွာဖြင့် စိစစ်ခြင်းမှတစ်ဆင့် သို့မဟုတ် များစွာသော လုံ့လနှင့် ကြိုးစားလုပ်ဆောင်မှုမှတစ်ဆင့်၊ ဘုရားသခင်ကို နားလည်သဘောပေါက်ရန် သို့မဟုတ် နောက်ဆုံးတွင် သူ အမှုပြုပုံကို နားလည်သဘောပေါက်ရန် မစဉ်းစားသင့်ပေ။ ဤသည်မှာ မဖြစ်နိုင်သကဲ့သို့ မည်သည့်အခါတွင်မျှ အလုပ်ဖြစ်လိမ့်မည် မဟုတ်။ ထို့ကြောင့်၊ လူတို့သည် ဘုရားသခင်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိလျှင်၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သနည်း။ (ကျိုးနွံနာခံသင့်ပါသည်။) လူတို့အတွက် ကျိုးနွံနာခံရန်မှာ အကျိုးသင့်အကြောင်းသင့်အဖြစ်ဆုံးဖြစ်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံး ဖြစ်သည်။ ကျိုးနွံနာခံခြင်းသည် အကြောင်းပြချက်ဖြစ်သည်။ ထိုအကြောင်းပြချက်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းပေါ် အခြေခံ၍ သူ့ကို သာ၍ သိရှိနိုင်ရန်၊ သမ္မာတရားကို ရရှိပြီး အသက်ကို ရရှိနိုင်ရန် ဖြစ်သည်။ ဤသည်မှာ သင် ရရှိသင့်သည့်အရာဖြစ်ပြီး သင် လိုချင်တပ်မက်သင့်သည့် ရတနာဖြစ်သည်။ နိုင်ငံတကာ အရေးကိစ္စများ၊ အမှုအရာများကို ဘုရားသခင် လုပ်ဆောင်ပုံနှင့် ဤလူသားမျိုးနွယ်ကို သူ ဦးဆောင်လမ်းပြပုံတို့ကဲ့သို့သော အဓိက အပြင်ပန်း အဖြစ်အပျက်များနှင့် စပ်လျဉ်း၍မူ၊ ဤအရာများကို သင် နားလည်လာနိုင်လျှင်၊ သာ၍ပင် ကောင်း၏။ သင်က၊ “ထိုအရာများကို ကျွန်ုပ် တကယ် ဂရုမစိုက်ပါ။ ထိုအတွက် ကျွန်ုပ်တွင် အစွမ်းအစ သို့မဟုတ် စိတ်မရှိပါ။ ဘုရားသခင်က သမ္မာတရားဖြင့် ကျွန်ုပ်ကို ထောက်ပံ့ကာ ကျွန်ုပ်၏ စိတ်သဘောထားအား ပြောင်းလဲစေပုံကိုသာ ကျွန်ုပ် ဂရုစိုက်သည်”ဟု ပြောလျှင်လည်း အဆင်ပြေသည်။ သင့်ထံတွင် ကျိုးနွံနာခံတတ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသရွေ့ သင်သည် နောက်ဆုံးတွင် ဘုရားသခင်ထံမှ သမ္မာတရားအပြင် ဉာဏ်ပညာကိုလည်း ရရှိနိုင်လိမ့်မည်။ သမ္မာတရားက လူတို့၏ စိတ်သဘောထားများကို ပြောင်းလဲပေးသည်။ ထိုအရာသည် လူတို့ ရရှိရန် ကြိုးစားသင့်သည့် အသက်ဖြစ်ပြီး၊ ၎င်းတို့ လျှောက်လှမ်းသင့်သည့် လမ်းကြောင်း ဖြစ်သည်။ သို့ဆိုလျှင် လူတို့ ရရှိသည့် ဉာဏ်ပညာမှာ အဘယ်နည်း။ ထိုအရာကို မသိဘဲနှင့်ပင်၊ ဘုရားသခင်က အမှုအရာများစွာ လုပ်ဆောင်သည့် နည်းလမ်း၊ ယင်းတို့ကို သူ အဘယ်ကြောင့် လုပ်ဆောင်သည်၊ သူ၏ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များက မည်သည့်အရာဖြစ်ပြီး၊ အချို့သော အရာများကို လုပ်ဆောင်ရာတွင် သူ၏ စည်းမျဉ်းများက မည်သည့်အရာများဖြစ်သည်ဟူသည်တို့ကို သင် မြင်နိုင်လိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ သမ္မာတရားကို တွေ့ကြုံခြင်း ဖြစ်စဉ်မှတစ်ဆင့် ဤအရာကို မသိလိုက်ဘဲ သဘောပေါက်နိုင်လိမ့်မည်။ ဤစကားများနှင့် ကိစ္စရပ်များက အလွန် နက်နဲလွန်းကောင်းနက်နဲလွန်းနိုင်ပြီး၊ ထိုအရာကို စကားလုံးများဖြင့် သင် ဖော်ပြနိုင်မည်မဟုတ်သော်လည်း သင်၏ စိတ်နှလုံးတွင် ခံစားမိလိမ့်မည်ဖြစ်ပြီး၊ ထိုအရာကို သဘောမပေါက်ဘဲနှင့် စစ်မှန်သည့် သိနားလည်မှုတစ်ခု ရှိလိမ့်မည်။

အာဗြဟံ၏ ဇာတ်လမ်းဖြင့် အစပြုကြစို့။ သူသည်၈၅ နှစ်ကြာ အသက်ရှင်ခဲ့သော်လည်း သားမရခဲ့သေးချိန်တွင်၊ ဘုရားသခင်က သားတစ်ဦးကို ပေးရန် ကတိပေးခဲ့သည်။ သူ၏ ဇနီး စာရာ၏ တုံ့ပြန်ချက်မှာ အဘယ်နည်း။ သူမက၊ “ငါ အိုနှင့်နေပြီဖြစ်ပြီး မြုံနေသည်။ အဘယ်သို့ သားတစ်ဦးကို ငါ မွေးနိုင်မည်နည်း”ဟု သူ့ကိုယ်သူ တွေးခဲ့သည်။ ဤသည်မှာ လူသား အယူအဆဖြစ်သည် မဟုတ်လော။ သူသည် ဘုရားသခင်၏ အမှုတော်ကို တိုင်းတာရန် လူသားအယူအဆများကို သုံးခဲ့ပြီး၊ ထိုသို့ဖြင့် ထိုသို့သောအရာတစ်ခုက မဖြစ်နိုင်ဟု သံသယရှိကာ တွေးထင်နိုင်ခဲ့သည်။ ထို့နောက် မည်သည့်အရာကို သူ လုပ်ဆောင်ခဲ့သနည်း။ သူမသည် သူမ၏ အစေခံမိန်းကလေး ဟာဂရကို ကိုယ်လုပ်တော်အဖြစ် အာဗြဟံအား ပေးခဲ့သည်။ ထို့ကြောင့် ငါ့ကို ပြောလော့၊ ဘုရားသခင်သည် သူမ လုပ်ဆောင်ခဲ့သည့်အရာကို မြင်သလော။ ဘုရားသခင် သိရှိခဲ့ပါသည်။ နောက်နှစ်တွင်၊ ဟာဂရသည် ဣရှမေလဟူ အမည်ရသော သားတစ်ဦးကို မွေးဖွားခဲ့သည်။ အာဗြဟံ အသက် ၉၉ နှစ်အရွယ်ရှိခဲ့ချိန်တွင်၊ ယေဟောဝါ ဘုရားသခင်သည် သူ့ထံ ပေါ်ထွန်းခဲ့ပြီး လာမည့်နှစ် ဤအချိန်ဝန်းကျင်တွင် စာရာက သူ့ကို သားတစ်ဦး ဖွားမြင်ပေးမည်ဖြစ်ကြောင်းနှင့်၊ ခါနန်ပြည်တစ်ခုလုံးကို သူနှင့် သူ၏ သားစဉ်မြေးဆက်တို့အား ၎င်းတို့၏ ထာဝရတည်တံ့သော ပိုင်ဆိုင်သည့် ဥစ္စာပစ္စည်းအဖြစ် ပေးမည်ဟု ကတိပြုခဲ့သည်။ နောက်နှစ်တွင် စာရာသည် ဣဇာက်ဟု အမည်ရသော သားတစ်ဦးကို ဖွားမြင်ခဲ့သည်။ သခင်မ၏ သားဖြစ်သည်နှင့်အမျှ၊ ဣဇာက်သည် အမွေခံဖြစ်ခဲ့သော်လည်း ကိုယ်လုပ်တော်တစ်ဦးမှ မွေးဖွားခဲ့သည့် ဣရှမေလသည် အမွေမခံနိုင်ခဲ့ပေ။ နောက်ပိုင်းတွင်၊ ဟာဂရနှင့် ဣရှမေလသည် နှသ်ထုတ်ခံခဲ့ရပြီး ဟာဂရက သူ့ကို ရေရော အစားအစာပါ မရှိသည့် ကန္တာရသို့ ခေါ်ဆောင်သွားခဲ့သည်။ သေခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ဟာဂရသည်၊ “ထွက်ပေါက် မရှိပါ။ ကျွန်ုပ်တွင် ကလေးတစ်ယောက်ရှိပြီး ကျွန်ုပ် အသက်ရှင်ချင်ပါသည်”ဟု ဆိုလျက် ယေဟောဝါ ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ယေဟောဝါသည် ၎င်းတို့ကို ရေပေးရန် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ခဲ့ပြီး၊ ၎င်းတို့ အသက်ရှင်ကျန်ခဲ့ကြသည်။ နောက်ပိုင်းတွင် ကန္တာရသည် ၎င်းတို့၏ နေအိမ်ဖြစ်လာခဲ့ပြီး၊ ၎င်းတို့ အခြေချနေထိုင်ကာ သားစဉ်မြေးဆက်များစွာ ရှိခဲ့ကြသည်။ ထိုသားစဉ်မြေးဆက်များမှာ အရှေ့အလယ်ပိုင်းတွင် နထိုင်နေကြသည့် အာရပ်လူမျိုးများကဲ့သို့သော ခေတ်သစ်လူမျိုးများ ဖြစ်သည်။ သင် မြင်သလော၊ ဤအရာကို အခွင့်ပေးရာတွင် ဘုရားသခင်၏ စေတနာ ရှိပေသည်။ မည်သူမျှ မလေ့လာခဲ့သည့် အဓိက ပြင်ပအဖြစ်အပျက်တစ်ခု ရှိခဲ့သော်လည်း၊ ဘုရားသခင်၏ လုပ်ဆောင်မှု မပါရှိဟု မဆိုလိုပေ။ ဘုရားသခင်၏ လုပ်ဆောင်မှု ပါရှိပေသည်။ ထိုအရာမှာ တစ်စုံတစ်ဦးက ဘုရားသခင် မမြင်အောင် တစ်စုံတစ်ရာကို လျှို့ဝှက်စွာ လုပ်ဆောင်သကဲ့ မဟုတ်ပေ၊ မုချ မဟုတ်။ ဤနေရာတွင် ဘုရားသခင်၏ စေတနာရှိ၏။ ကမ္ဘာလောကကို ဟန်ချက်ညီစေပြီး၊ လုအပ်သည့်အခါ အသုံးခံရန်အလို့ငှာ ဣရှမေလ၏ အမျိုး ရှင်သန်မည်ဟု ဘုရားသခင် အခွင့်ပေးကာ ကတိပြုခဲ့သည်။ ၎င်းတို့သည် နယ်မြေအတွက်၊ ဂါဇာကမ်းမြောင်နှင့် ယေရုရှလင်မြို့အတွက် ဣသရေလလူမျိုးများနှင့် အမြဲ တိုက်ခိုက်ခဲ့ကြသည်။ ဤကိစ္စရပ်တွင် ဘုရားသခင်၏ လုပ်ဆောင်ချက်ကို သင် မြင်ရမည်။ ဆိုးသောအရာအဖြစ် လူတို့ မြင်သည့်အရာ တစ်စုံတစ်ဦးကို ဘုရားသခင် လုပ်ဆောင်ခဲ့ပြီး၊ ယင်းမှာ သူ၏ အတွက်မှားခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည် သို့မဟုတ် လုံလောက်အောင် သူ သေချာစွာ မစောင့်ကြည်ခြင်း သို့မဟုတ် လူတို့က လွယ်ပေါက်များကို အခွင့်အရေးယူခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ သာမန် လူ၏ စိတ်က အလှမ်းမီနိုင်ပြီး စိတ်ကူးနိုင်စွမ်းရှိသည့်အရာ ဖြစ်သည်။ ဘုရားသခင်က တစ်မှေးအိပ်ပြီး အမှုအရာများကို စောင့်ကြည့်ခြင်း မရှိခဲ့သောကြောင့် ဟာဂရသည် ဣရှမေလကို မွေးဖွားခဲ့ကြောင်း၊ ပြီးလျှင် ဘုရားသခင်က ၎င်းတို့ကို သနားပြီး ကန္တာရတွင် အသက်ရှင်ရန် ၎င်းတို့အတွက် စီစဉ်ပေးလျက်၊ ရှင်သန်ခွင့်ပေးခဲ့သည်ဟု လူတို့က တွေးထင်ကြသည်။ အမှန်တကယ် ဤသို့ ဟုတ်သလော။ (မဟုတ်ပါ။) ဘုရားသခင်တွင် အကြံအစည်တစ်ခုရှိပြီး အမျိုးမျိုးသော လူမျိုးစုများ၏ မွေးဖွားခြင်းနှင့် တည်ရှိခြင်း၊ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ မျိုးနွယ်စုများနှင့် အသားအရောင်တို့ အားလုံးသည် လူသားမျိုးနွယ်တစ်ခုလုံးကို ဟန်ချက်ညီစေရာတွင် အခန်းကဏ္ဍတစ်ခုကို ပါဝင်လုပ်ဆောင်ကြပြီး၊ ကမ္ဘာလောက၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် မည်သည့် အခန်းကဏ္ဍကို ၎င်းတို့ အတိအကျပါဝင်လုပ်ဆောင်ကြသည်ကို သင် မြင်နိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခု ဟုတ်သလော။ လူမျိုးစုတစ်စုက မည်သို့ မြန်ဆန်စွာ မျိုးပွားသည်၊ ယင်း၏ တစ်ကမ္ဘာလုံး လူဦးရေ၊ ကမ္ဘာမြေပေါ်နှင့် လူသားမျိုးနွယ်တစ်ခုလုံးထဲတွင် ယင်းက မည်သည့် အခန်းကဏ္ဍကို ပါဝင်လုပ်ဆောင်သည်ဆိုသည်နှင့် ယင်း၏ လူတို့က မည်သည့်အရာကို လုပ်ဆောင်သည်ဟူသည်တို့ကို ကောင်းသည့်အရာရော၊ မကောင်းသည့်အရာများပါ ဘုရားသခင် ထိန်းချုပ်သည်။ မကောင်းသည့်အရာများကို ပြောဆိုသည့်အခါ၊ လူတို့သည် ထိုအရာများက ဘုရားသခင်ထံမှ အမှန်တကယ် မလာနိုင်ဘဲ စာတန်၏ လုပ်ဆောင်ချက်သာဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော် စာတန်သည်လည်း ဘုရားသခင်၏ လက်ထဲတွင် ရှိသည် မဟုတ်လော။ လူအချို့က၊ “စာတန်က သူ နှစ်သက်သည့်အတိုင်း လုပ်ဆောင်ပြီး ဘုရားသခင်က ထိန်းချုပ်ခြင်း မရှိပါ”ဟု ဆိုကြသည်။ ဤသည်မှာ ရှင်းပြချက်ဖြစ်သလော။ ဤကိစ္စရပ်ကို ယုတ္တိတန်စွာ အကျိုးသင့်အကြောင်းသင့် စဉ်းစား၍ မရနိုင်သကဲ့သို့ ထိုသို့ လုပ်ဆောင်ရန်မှာ မှားယွင်းပေသည်။ အချို့သော အရာများသည် အပြင်ပန်းမှာ ဆိုးရွားပုံရပြီး အချို့မှာ ကောင်းမွန်သည့်ပုံရသော်လည်း အားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် ရှိကြသည်။ ကောင်းသည့်အရာနှင့် မကောင်းသည့်အရာနှစ်ခုလုံးက ဘုရားသခင်၏ လက်ထဲတွင် ရှိပြီး သူ၏ စေတနာသည် အရာရာ၏ နောက်ကွယ်တွင်ရှိသည်နှင့်အမျှ၊ ဘုရားသခင်သည် မကောင်းသည့် အရာများပေါ်တွင် မဟုတ်ဘဲ ကောင်းသည့်အရာများပေါ်တွင်သာ အချုပ်အခြာအာဏာကို စွဲကိုင်သည်ဟု သင် ပြော၍ မရနိုင်ပေ။ ဘုရားသခင်ကို အထင်လွဲကာ အတိုက်အခံလုပ်ရန် လွယ်ကူသည်နှင့်အမျှ၊ သင့်အတွက် အမှုအရာများက ဆိုးသည်ဟု ကောက်ချက်ချပြီး ထိုမှန်ဘီလူးမှတစ်ဆင့်သာ ကြည့်ရန်မှာ မမှန်ကန်ပေ။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းတွင် သူ၏ စေတနာရှိ၏။ ထို့ကြောင့် ဘုရားသခင်၏ စေတနာမှာ အဘယ်နည်း။ လူတို့သည် မိမိတို့ မျက်စိရှေ့တွင် ဖြစ်ပျက်သည့် မကောင်းသည့်အရာများကိုသာ မြင်နိုင်ပြီး၊ အဖြစ်မှန်ဖြစ်ပြီးသည့်နောက် ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်တွင် မည်သည့် အကျိုးဆက်များ ဖြစ်ကောင်းဖြစ်မည်ကို ၎င်းတို့ လုံးဝ မမြင်နိုင်ပေ။ နောင် အနှစ်တစ်ထောင် သို့မဟုတ် နှစ်ထောင်တွင် မည်သည့်အရာ ဖြစ်လိမ့်မည်၊ ထိုအရာက မည်သည့်နေရာရှိလိမ့်မည်ဆိုသည်နှင့် ကမ္ဘာလောက၏ အခြေအနေကို ပုံဖော်ခြင်းနှင့် မည်သည့် အဓိကအခန်းကဏ္ဍကို ထိုအရာက ပါဝင်လုပ်ဆောင်လိမ့်မည်ဟူသည်တို့နှင့်ပတ်သက်၍ လူတို့က ဤအရာကို မမြင်နိုင်သော်လည်း ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ဖြစ်သည်။ ကမ္ဘာလောကနှင့် လူသားမျိုးနွယ်အားလုံး၏ အခြေအနေ တိုးတက်ဖြစ်ပေါ်ခြင်းသည် ရိုးရှင်းသည့် ကိစ္စရက်တစ်ခုလော။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်နေရာတိုင်းတွင်၊ အဓိက အဖြစ်အပျက်အချို့ ဖြစ်ပွားသည့်နေရာတိုင်းတွင်၊ သို့မဟုတ် ကပ်ဘေးတစ်ခု သို့မဟုတ် ငလျင်တစ်ခု ရှိသည့်နေရာတိုင်းတွင်၊ ဘုရားသခင်က ထိန်းချုပ်မှု ရှိပေသည်။ ဝိညာဉ်ရေးရာ သိနားလည်မှုမရှိသည့် အချို့သော အဓိပ္ပာယ်မရှိသည့် လူများက၊ “ဘုရားသခင်က အရာရာကို ထိန်းချုပ်လျှင်၊ ဘုရားသခင်၏ ရွေးချယ်ထားသော လူတို့အပေါ် နတ်ဆိုး၏ ဖိနှိပ်မှု၊ သတ်ဖြတ်ခြင်းနှင့် ရက်စက်သော နှိပ်စက်ညှဉ်းပန်းမှုများသည်လည်း သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။ ဘုရားသခင်က ထိုအရာကို လှုံ့ဆော်ပေးခဲ့သလော။” ထိုအရာကို ဤသို့ ကြည့်ခြင်းက မှန်ကန်သလော။ ခိုင်လုံသလော။ ဤအရာက ဘုရားသခင်ကို အပျက်သဘောဆောင်သည့် နေရာတစ်ခုတွင် ထားရှိပြီး မှားယွင်းပေသည်။ ထို့ကြောင့် ဤကိစ္စရပ်ကို သင် မည်သို့ ကြည့်သင့်သနည်း။ ဘုရားသခင်သည် အရာခပ်သိမ်းကို ကြံစည်ပြီး “အရာခပ်သိမ်း”တွင် မည်သည့်အရာ ပါဝင်သနည်း။ အရာရာ ပါဝင်၏။ တောင်တန်းများနှင့် မြစ်များ၊ သစ်ပင်များ၊ အပင်များ၊ လူများ၊ စသည်တို့ကဲ့သို့သော ပကတိမျက်စိဖြင့် မြင်နိုင်သည့် မည်သည့်အရာမဆို ပါဝင်သည်။ ပကတိမျက်စိဖြင့် မမြင်နိုင်သည့် အဏုဇီဝရုပ်များအပြင်၊ နတ်ဆိုးများ၊ စာတန်နှင့် ဝိညာဉ်ရေး နယ်ပယ်၏ ဝိညာဉ်မျိုးစုံနှင့် တစ္ဆေများလည်း ပါဝင်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိကြ၏။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား လုပ်ဆောင်စေလိုသည့်အရာများကို လုပ်ဆောင်ကြသည်။ သူသည် ၎င်းတို့ကို လိုအပ်သည့်အခါတိုင်း လွှတ်ပေးပြီး လုပ်ဆောင်သင့်သည့်အရာကို ၎င်းတို့ လုပ်ဆောင်ကြသည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာဖြစ်သည်။ ဘုရားသခင်က မည်သို့မည်ပုံ အုပ်စိုးကာ စီစဉ်သည်ဖြစ်စေ၊ အဆုံးတွင် ဘုရားသခင်၏ အလိုတော်အား ဆောင်ရွက်ခြင်းရှိသည်ကို သင် မြင်ရပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ခုစီတိုင်း ပြည့်စုံလိမ့်မည် ဖြစ်သည်။

လူတို့သည် ယခုတွင် ဘုရားသခင် လုပ်ဆောင်သည့်အရာ တစ်စုံတစ်ခု၏ သက်ရောက်မှု သို့မဟုတ် ထိုအရာ၏ ရည်ရွယ်ချက်၊ ဘုရားသခင်က ထိုအရာကို အဘယ်ကြောင့် လုပ်ဆောင်သည် သို့မဟုတ် သူ၏ ရည်ရွယ်ချက်က မည်သည့်အရာ ဖြစ်သည်ဟူသည်တို့ကို မြင်ကောင်း မြင်နိုင်သည်။ ဤအရာသည် နှစ်ပေါင်းနှစ်ထောင်ကြာပြီးနောက် မမြင်ရဖြစ်ကောင်း ဖြစ်နေနိုင်သေးပြီး၊ လူသားမျိုးနွယ်က မသိသေးဘဲရှိမည်ဖြစ်သော်လည်း၊ နှစ်ထောင်ချီလွန်ပြီးနောက်တွင်၊ “ဤအရာကို လုပ်ဆောင်ရန် ဘုရားသခင်အတွက် အလွန် မှန်ကန်ပြီး နှစ်သက်ဖွယ်ဖြစ်သည်။ ဘုရားသခင်သည် အမှန်တကယ်ကို ဘုရားဖြစ်သည်”ဟူ၍ ယုံကြည်လက်ခံကြမည်ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းက သမ္မာတရားဖြစ်ပြီး မည်သည့်အရာမျှ မမှားယွင်းသည်ကို လူသားမျိုးနွယ်က ရှာဖွေတွေ့ရှိကြလိမ့်မည်။ ဥပမာအနေဖြင့်၊ ကျေးဇူးတော် ခေတ်ထဲက သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်းနှင့် သေခြင်းသည် ထိုအမှုတော် အဆင့်၏ ရှုံးနှိမ့်မှုတစ်ခုအဖြစ် ကမ္ဘာလောကကြီးက ထိုအချိန်တွင် ရှုမြင်ခဲ့သည်။ ၎င်းတို့က၊ “သခင်ယေရှုသည် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းနှင့်ဆိုင်သည့် သေမျိုး ကံကြမ္မာအတိုင်း မလိုက်ခဲ့ဘဲ အမှုတစ်ခုတလေကိုမျှ သူ မလုပ်ဆောင်မီ ယုဒ၏ သစ္စာဖောက်ခြင်းခံခဲ့ရသည်၊ စစ်သားများ၏ ဖမ်းဆီးခြင်း၊ ကျာပွတ်နှင့် ရိုက်နှက်ခြင်း၊ ဆူးဦးရစ်သရဖူကို ဆောင်းစေခြင်း၊ လှောင်ပြောင်ခြင်းနှင့် နောက်ဆုံးတွင် ကားတိုင်ထက် သံမှိုရိုက်နှက်ခြင်းတို့ကို ခံခဲ့ရသည်။ ဤသည်မှာ ရှုံးနှိမ့်မှုတစ်ခု မဟုတ်လော”ဟု တွေးခဲ့ကြသည်။ ကားစင်တင်သတ်ခံရခြင်းသည် ရှုံးနှိမ့်မှုတစ်ခုလော။ ယုဒသည် သခင်ယေရှုကို အစိုးရအတွက် သစ္စာဖောက်ခဲ့သော်လည်း အစိုးရက မည်သည့်အရာကို ကိုယ်စားပြုသနည်း။ စာတန်၏ အင်အားစုများကို ကိုယ်စားပြုပေသည်။ သခင်ယေရှုက စာတန်လက်ထဲသို့ အပ်နှံခြင်းခံရသည်မှာ ကောင်းသလော၊ ဆိုးသလော။ (အပြင်ပန်းတွင် မကောင်းသည့်ပုံပေါ်သည်။) လူတို့က၊ “အို၊ မဟုတ်ပါ။ ဘုရားသခင်၏ အမှုတော်သည် နတ်ဆိုး၏ နှောင့်ယှက်ခြင်းခံရလေပြီ။ ဤသည်မှာ မကောင်းပါ။ မကောင်းသည့် လက္ခဏာတစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်က စောင့်ကြည့်မနေသကဲ့သို့ ထိုမျှ တန်ခိုးမရှိသောကြောင့် ဖြစ်သည်။ လူ့ဇာတိခံ ခရစ်တော်သည် အဘယ်သို့ဖြစ်ပြီး သစ္စာဖောက်ခံရကာ အုပ်စိုးသူများလက်ထဲသို့ အပ်နှံခြင်းခံရနိုင်မည်နည်း။ ယင်းမှာ သိသိသာသာပင် စာတန်၏ ပြုသမျှနုရခြင်းသာ ဖြစ်သည် မဟုတ်လော။ သခင်ယေရှုအနေဖြင့် ထွက်ပြေးလွတ်မြောက်ဖို့ နည်းလမ်းတစ်ခု အမြန်ရှာရမည်၊ သို့မဟုတ်လျှင် ဤအမှုတော်က ပြီးသွားမည်မဟုတ်လော။ ခရစ်တော်တွင် သာသနာလုပ်ငန်းတစ်ခု ရှိသေးသည်”ဟု တွေးခဲ့ကြသည်။ ဤသည်မှာ လူတို့ တွေးထင်ခဲ့သည့်အရာ မဟုတ်လော။ ထို့ကြောင့် ပေတရုက၊ “သခင်၊ ကိုယ်တော်၌ ဤသို့မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ။” (ရှင်မဿဲခရစ်ဝင် ၁၆:၂၂)ဟု ပြောခဲ့ခြင်းဖြစ်ပြီး၊ လူသား အယူအဆများ ဖြစ်လာသည်။ ၎င်းတို့က၊ “ဘုရားသခင်သည် အုပ်စိုးသူမင်းများလက်ထဲသို့ အပ်နှံခံရခြင်းက တကယ်ကို ဖြစ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် သူ အပ်နှံခြင်းခံရလျှင်၊ ဘုရား မဟုတ်ပါ”ဟု တွေးခဲ့ကြသည်။ ဤသည်မှာ လူသားအယူအဆတစ်ခု ဖြစ်သည် မဟုတ်လော။ လူတို့က ထိုသို့သော အရာများ ပြောဆိုနိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းမှ တားဆီးနိုင်ခြင်းသည် ၎င်းတို့၌ ဤအယူအဆမျိုး ရှိခဲ့သောကြောင့်သာ ဖြစ်သည်။ ပေတရုကို ယေရှုက မည်သည့်အရာ ပြောခဲ့သနည်း။ “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့” (မဿဲ ၁၆:၂၃) ဟူ၍ ဖြစ်သည်။ သခင်ယေရှုက ပေတရုကို စာတန်အတွက် သဘောထားခဲ့သည်။ နောက်ဆုံးတွင်၊ သခင်ယေရှုသည် စာတန်၏ လက်ထဲသို့ အပ်နှံခြင်းခံခဲ့ရပြီး၊ ထိုလူများသည် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်း အမှုတော်ကို ပြီးမြောက်ရန် အစေခံသူများဖြစ်လာခဲ့ကြသည်။ သခင်ယေရှုအတွက် စာတန်၏ လက်ထဲသို့ အပ်နှံခံရခြင်းက ကောင်းသည့်အရာလော၊ ဆိုးသည့်အရာလော။ (ကောင်းသည့်အရာတစ်ခု ဖြစ်ပါသည်။) ထိုအရာကို ဤသို့ ကြည့်သည့်အခါ၊ ဘုရားသခင်၏ အမှုတော်က ဤနည်းလမ်းဖြင့် ပြီးမြောက်ခဲ့ခြင်းသည် ကောင်းသည့်အရာတစ်ခု ဖြစ်သည်၊ မကောင်းသည့်အရာမဟုတ်ပေ။ ယုဒ၏ သစ္စာဖောက်ခြင်းမှသည် သခင်ယေရှု၏ ကားစင်တင်သတ်ခံရခြင်းတစ်လျှောက် ဘုရားသခင်က တစ်ခုတလေကို လုပ်ဆောင်ခဲ့သလော။ သူသည် ထွက်ပြေးလွတ်မြောက်ရန် စီစဉ်ခဲ့သလော သို့မဟုတ် သူ့ကို ကယ်တင်ရန် တစ်ဦးတလေ ရောက်လာခဲ့သလော။ (ရောက်မလာခဲ့ပါ။) ဘုရားသခင်က သခင်ယေရှုကို ကောင်းကင်သို့ တန်းတန်းမတ်မတ် ချီမသွားပြီး မည်သူမျှ သူ့ကို မမြင်နိုင်မည့် မိုးတိမ်များနောက်သို့ ကွယ်ဝှက်လျက် နိမိတ်လက္ခဏာတစ်ခု ထင်ရှာစေမည့် နည်းလမ်းကို စဉ်းစားခဲ့သလော။ ကောင်းကင်သို့တက်ကြွခြင်းတစ်ခုမျှ ကျက်သရေရှိလိုက်လေခြင်း၊ ခမ်းနားလိုက်လေခြင်းပါတကား။ သို့သော် ဤအရာများကို ဘုရားသခင် မလုပ်ဆောင်ခဲ့သည်နှင့်အမျှ မည်သူမျှ မတွေ့ခဲ့ကြပေ။ ဘုရားသခင်က ဤအရာကို မလုပ်ဆောင်ခြင်းက သူ မလုပ်ဆောင်နိုင်ကြောင်းကို သက်သေပြသလော။ ထိုအရာကို ဘုရားသခင် လုပ်ဆောင်နိုင်သလော။ (လုပ်ဆောင်နိုင်ပါသည်။) သို့ဆိုလျှင် အဘယ်ကြောင့် သူ မလုပ်ခဲ့သနည်း။ (ဘုရားသခင်၏ စေတနာရှိပြီး သူ့ထံတွင် အစီအစဉ်တစ်ခု ရှိပါသည်။) ဘုရားသခင်၏ အစီအစဉ်မှာ အဘယ်နည်း။ မိမိကိုယ်ကိုယ် စာတန်ထံ လွှဲပြောင်းပေးပြီးနောက် လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ရန် မိမိကိုယ်ကိုယ် စွန့်လွှတ်စတေးလျက်၊ ကားတိုင်ထက်တွင် ထိုအပြစ်သားများ၏ နေရာကို ယူရန်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်လုပ်ဆောင်လိုသည့်အရာ ဖြစ်သည်။ လူတို့က မိမိတို့၏ အယူအဆများဖြင့် စိတ်ကူးသည့်အရာများကို သူ မလုပ်ဆောင်ပေ။ လူများစွာက၊ “ဘုရားသခင်သည် သူ့ကို အတိုက်အခံလုပ်ခဲ့သည့် ထိုဆိုးယုတ်သောလူအားလုံးကို ပစ်ချရန် နောက်ထပ်လျှပ်စီးစေလွှတ်သင့်ပြီး၊ ၎င်းတို့ကို ပစ်ချပြီးနောက်တွင်၊ ကောင်းကင်သို့ သခင်ယေရှု တက်ကြွမည်။ ယင်းမှာ မည်မျှ ကျက်သရေရှိပြီး အံ့ဖွယ်ဖြစ်မည်နည်း။ ယင်းက ဘုရားသခင်၏ အခွင့်အာဏာကို မည်မျှ ထုတ်ဖော်ပြမည်နည်း။ ဘုရားသခင်ကို ကားစင်တင်ခြင်း အကျိုးဆက်များကို ဤနတ်ဆိုးများနှင့် စာတန်များအပြင် ဤလူသားများအားလုံးက မြင်တွေ့ပါစေ၊ ပြီးလျှင် အနာဂတ်၌ ၎င်းတို့ ပြုဝံ့ကြမည်မဟုတ်၊ မှန်ပါသလော”ဟု တွေးကြသည်။ လူတို့က အတိုက်အခံ လုပ်ကောင်းလုပ်ဝံ့မည် မဟုတ်သော်လည်း၊ ဘုရားသခင်၏ အမှုတော် မပြီးမြောက်လျှင် ထိုအရာသည် အတားအဆီးတစ်ခု ဖြစ်သည် မဟုတ်လော။ လူသား အယူအဆများသည် ဘုရားသခင်၏ အမှုတော်ကို အမြဲ နှောင့်ယှက်သောကြောင့် ဘုရားသခင်သည် ထိုသို့ အမှုမပြုပေ။ လူအချို့သည် ယေရှုခရစ်တော်က သူ၏ ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ရန် ကားစင်တင်ခံခဲ့ရသောကြောင့် သူ့ကို အမှန်တကယ် ယုံကြည်ကြသော်လည်း၊ တစ်ချိန်တည်းတွင်၊ “သခင်ယေရှုသည် ကားစင်တင်သတ်မခံခဲ့ရသင့်ပါ။ လူ့ဇာတိခံယူရန်မှာ မလွယ်ကူသကဲ့သို့ သူသည် နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်းတို့ဖြင့် အမှုပြုခဲ့ရမည်၊ လူတို့၏ စွန့်ပစ်ခြင်းခံခဲ့ရမည်ဖြစ်ပြီး၊ ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲတို့၏ အသရေဖျက်ခြင်းတို့ကို ခံခဲ့ရမည်ဖြစ်သည်။ ဤသည်မှာ အလွန်သနားဖွယ်ဖြစ်သည်။ သူသည် ကားစင်တင်သတ်ခံရခြင်းကို ရှောင်ရှားခဲ့သင့်သည်၊ ထိုအဆင့်ထိ မိမိကိုယ်ကိုယ် မနှိမ့်ကျစေခဲ့သင့်ပါ၊ ထိုအတွက် လိုအပ်ချက်မရှိပါ”ဟု ကောင်းမွန်သည့် ရည်ရွယ်ချက်ရှိသမျှဖြင့် ပြောကြလိမ့်မည် ဖြစ်သည်။ ထိုအရာကို ဤကဲ့သို့ ကြည့်ရန်မှာ လူတို့အတွက် မှန်ကန်သလော။ (မမှန်ပါ။) ယခု ထိုအရာကို ကြည့်သည့်အခါ၊ နှစ်ပေါင်းနှစ်ထောင်လွန်ပြီးနောက်ပိုင်းတွင်၊ ဤစဉ်းစားတွေးခေါ်ပုံက မှားယွင်းပေသည်။ လူသား စိတ်တွင် သမ္မာတရား ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် လူတို့၏ စိတ်တွင် မည်သည့်အရာ ရှိကြသနည်း။ လူသား စိတ်ကူးများနှင့် အယူအဆများအပြင် ကောင်းမွန်သည့် ရည်ရွယ်ချက်များ၊ ခံစားချက်များ၊ သနားကရုဏာနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းတို့သာ ဖြစ်သည်။ ဤအရာများက ဘုရားသခင်၏ အမှုတော်ကို ပြီးမြောက်စေနိုင်သလော။ ယင်းတို့သည် သူ၏ အလိုတော်ကို ဆောင်ရွက်နိုင်သလော။ မဆောင်ရွက်နိုင်၊ ထို့ကြောင့် သခင်ယေရှု၏ စကားများဖြစ်သည့် “အချင်းစာတန်၊ ငါ့နောက်သို့ ဆုတ်လော့”ဟု လာခြင်းဖြစ်သည်။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် စာတန်၏ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ အပ်နှံလိုခဲ့သည်၊ စာတန်ကိုယ်တိုင်အား ခရစ်တော်ကို ကားစင်တင်သတ်ခွင့်ပေးလိုခဲ့ပြီး ကားစင်တင်သတ်ခြင်းမှတစ်ဆင့် ရွေးနုတ်ခြင်းအမှုကို ပြီးမြောက်လိုခဲ့သည်။ ဘုရားသခင်သည် မည်သည့် နိမိတ်လက္ခဏာမျှ မထင်ရှားစေခဲ့ပေ။ ဘုရားသခင်က “ဘုရားသခင် တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်”ဟု အကြိမ်အတော်များများ ပြောခဲ့သည်။ ဤအရာအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က မမြင်ပါ၊ မိမိကိုယ်ကိုယ် မပူပန်ပါ၊ အလေးမထားပါ၊ စကားတစ်ခွန်းမျှ မပြောသကဲ့သို့ လုံးဝ တိတ်ဆိတ်မြဲတတ်ဆိတ်နေသည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် “တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်”ဟူသည့်အရာ၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤတွင် ဘုရားသခင်၏ ရည်ရွယ်ချက်၊ ဉာဏ်ပညာနှင့် စိတ်သဘောထားတို့ ပါရှိသည်။ ဘုရားသခင်က တိတ်ဆိတ်မြဲ တိတ်ဆိတ်နေခြင်းဖြင့် သူ၏ မည်သည့် စိတ်သဘောထားက သူ့တွင် ပေါ်လွင်သနည်း။ ဤနေရာတွင် ဘုရားသခင်၏ ဉာဏ်ပညာပါရှိသည်။ သူသည် သူ၏ စီမံခန့်ခွဲခြင်းအမှုကို ပြီးစီးလိုသည်။ လူတို့တွင် အယူအဆများ သို့မဟုတ် စိတ်ကူးများ မည်မျှရှိသည်ဖြစ်စေ၊ သူသည် ရှင်းပြချက်တစ်ခုမျှ မပေးဘဲ ဤအရာများကို ဦးစွာပထမ ရှောင်ရှားသော်လည်း၊ သူ၏ ရွေးချယ်ထားသော လူများက သမ္မာတရားကို နားလည်ပြီး သူ့ကို ကျိုးနွံနာခံနိုင်သည့်နေ့ရောက်လာသည့်အချိန်ထိ၊ သူ၏ အလိုတော်ကို ဆောင်ရွက်ထားပြီး ၎င်းတို့အပေါ် သူ၏ အမှု ပြီးစီးကာ စာတန်ကို သူ လုံးဝ နှိမ်နင်းပြီး ဘုန်းအသရေ ရရှိသည့်အချိန်ထိတိုင်၊ တိတ်ဆိတ်စွာနှင့် လက်တွေ့ကျကျ အမှုပြုလေသည်။ သူသည် ဤအမှန်တရားများနှင့် ရလဒ်များကို လူသားမျိုးနွယ်အားလုံး မြင်ရန် သက်သေအဖြစ်၊ စာတန်မြင်ရန်အတွက် သက်သေအဖြစ် အသုံးပြုလေသည်။ ဤသည်မှာ ဘုရားသခင် နှုတ်ဆိတ်မြဲနှုတ်ဆိတ်ခြင်းက ထုတ်ဖော်ပြသည့် သူ၏ စိတ်သဘောထားနှင့် ရည်ရွယ်ချက် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ ထိုအရာက ဘုရားသခင်၏ စိတ်ရှည်ခြင်းကို ပြသလော။ (ပြပါသည်။) ဤအချိန်တွင် ဘုရားသခင်သည် အဘယ်ကြောင့် စိတ်ရှည်ခဲ့သနည်း။ သူ အဘယ်ကြောင့် နူတ်ဆိတ်မြဲနှုတ်ဆိတ်ခဲ့သနည်း။ ဘုရားသခင်၏ ဉာဏ်ပညာမှာ ဤသို့ဖြစ်သည်။ အချို့သော အရာများသည် နက်နဲသောအရာများဖြစ်သည်မှာ မည်သည့် ဖန်ဆင်းခံ၊ ဖန်ဆင်းခံ မဟုတ်သော အရာ၊ ကောင်းကင်တမန်ကမျှ နားလည်ခွင့် သို့မဟုတ် သဘောပေါက်ခွင့် မရှိပေ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်ပညာ ဖြစ်သည်။ ဘုရားသခင်သည် အချိန်မတန်သေးဘဲ စကားမပြောနိုင်သကဲ့သို့၊ နောက်ထပ် စကားတစ်ခွန်းမျှပင် သူ ပြောဆိုရာတွင် အကျိုးကျေးဇူး တစ်ခုခု ရှိသလော။ ၎င်းတို့ နားမလည်သည့်အတွက် အကျိုးမရှိပေ။ သူသည် တစ်စုံတစ်ဦးနှင့် စကားပြောလျှင်၊ ၎င်းက နားလည်မည်လော။ (နားလည်မည် မဟုတ်ပါ။) ထိုအခြေအနေတွင်၊ စကားပြောရာ၌ အကျိုးမရှိပေ။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်တွင် လူသားမျိုးနွယ်ကို ဘုရားသခင်က၊ “ငါ ကားစင်တင်သတ်ခံချင်သည်၊ အပြစ်နှင့် ပြည့်သည့် ဇာတိခန္ဓာ ပုံသဏ္ဍာန်ဖြင့် လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ရန် ငါ၏ အဖိုးတန် အသွေးကို ပူဇော်ချင်သည်”ဟု ပြောခဲ့လျှင် ၎င်းတို့ နားလည်ခဲ့ကြမည်လော။ (နားလည်ခဲ့ကြမည် မဟုတ်ပါ။) မည်သည့်အရာများကသာ ဘုရားသခင်၏ စကားများ ဖြစ်ခဲ့သနည်း။ သူက “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ”ဟု ပြောခဲ့ပြီး လူတို့အား စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို လက်တွေ့လုပ်ဆောင်စေခဲ့သည်။ လူသားထံ ဘုရားသခင်က နောက်ထပ် တစ်ခုတလေ ပြောဆိုခဲ့သလော။ (မပြောခဲ့ပါ။) အဘယ်ကြောင့် သူ မပြောခဲ့သနည်း။ (လူသားက နားလည်သဘောပေါက်နိုင်ခဲ့မည် မဟုတ်ပါ။) လူသားမျိုးနွယ်က နားလည်နိုင်မည့် နည်းလမ်းမရှိပေ။ ဤအရာကြောင့် ဘုရားသခင်သည် သူ၏ စိတ်သဘောထားနှင့် အတွေးများကို ဆိတ်ဆိတ်နေခြင်းဖြင့် ထုတ်ဖော်ပြရန် မဖြစ်မနေလုပ်ခဲ့ရသည်။ ဘုရားသခင်သည် ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် မည်သူမဆိုနှင့် စကားပြောလျှင်ပင်၊ ၎င်းတို့က နားလည်မည် မဟုတ်ပေ။ ထို့ကြောင့်၊ သူသည် လူသားမျိုးနွယ်ကို သက်သေပြပြီး သူ၏ အလိုတော်ကို ဆောင်ရွက်ရန် သူ၏ လုပ်ဆောင်ချက်များနှင့် အဖြစ်မှန်များကိုသာ အသုံးပြုနိုင်ခဲ့သည်။ အနှစ်နှစ်ထောင်ကြာပြီးနောက် ယခုချိန်မှသာ၊ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်ကို လုပ်ဆောင်သည်နှင့်အမျှ ဤအရာများကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် အနှစ်နှစ်ထောင်ကာလ အဖြစ်အပျက်များကို လူတို့ ပြန်ကြည့်ပြီး ထိုအချိန်က သခင်ယေရှု ကားစင်တင်ခံရခြင်း၏ အရေးပါမှုကို ယခုချိန်မှသာ နားလည်ကြသည်။ ဘုရားသခင်၏ ကားစင်တင်ခံရခြင်း၊ စာတန်ထံ အပ်နှံခြင်း၊ ထိုအခြေအနေများတွင် ယုဒ၏ သစ္စာဖောက်ခံရခြင်းနှင့် သစ္စာဖောက်ခံရသည့်နောက်၊ သခင်ယေရှု အလွန်များစွာ ဆင်းရဲဒုက္ခခံခဲ့ရခြင်း၊ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန် သွေးတစ်စက်မျှမကျန်အောင် ကုန်ခမ်းသွားခြင်းအကြောင်းရင်းနှင့် ထိုအရာ၏ အရေးပါမှုတို့ကိုမူ၊ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ပေါ်ထွန်းပြီး အမှုပြုသည်နှင့်အမျှ လူဇာတိခံခြင်းကို သက်သေခံချိန်တွင်သာ ဤအကြောင်းကို ပြောဆိုခဲ့ပြီး၊ ထို့အပြင်၊ ဘုရားသခင်၏ အလိုတော်နှင့် စီမံခန့်ခွဲမှုတို့ကဲ့သို့သော နက်နဲမှုများစွာကို ထုတ်ဖော်ပြောလေသည်။ ယခုတွင် လူတို့သည် အမှုတော်၏ အဆင့်သုံးဆင့်ကြားက ဆက်စပ်မှုကို မြင်ပြီးဖြစ်သဖြင့်၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်ဆိုင်သော ရူပါရုံကို နောက်ဆုံးတွင် ၎င်းတို့ သိရှိကြကာ ဤသမ္မာတရားများနှင့် ဘုရားသခင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို နားလည်ကြလေသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အနှစ်တစ်ထောင် ကြိုတင် ပြောပြခဲ့လျှင်၊ လူတို့ နားလည်ခဲ့ကြမည်လော။ (နားလည်ခဲ့ကြမည် မဟုတ်ပါ။) ထို့ကြောင့် ဘုရားသခင်သည် နှုတ်ဆိတ်နေစဉ်တွင် အရာရာတိုင်းကို မကြာခဏ လုပ်ဆောင်လေသည်။ ဤနှုတ်ဆိတ်ခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အလွန် အမြော်အမြင်ရှိသောကြောင့်၊ အလွန်အံ့ဩဖွယ်ဖြစ်ပြီး အလွန်နက်နဲသောကြောင့် ဖြစ်သည်။ ဘုရားသခင်က စောစီးစွာ ပြောဆိုခဲ့မည်ဆိုလျှင်၊ မည်သည့်အရာကို သူ ပြောသည်ဖြစ်စေ၊ လူတို့က နားလည်နိုင်မည်မဟုတ်၊ သဘောပေါက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က သူ၏ အမှုကို လုပ်ဆောင်ကာ လူသားမျိုးနွယ်ကို ဦးဆောင်ရန် တိတ်ဆိတ်စွာ သန္နိငှာန်မပျက် ဆက်လုပ်ရုံသာလုပ်နိုင်သည်။ ဘုရားသခင်နောက်သို့ လိုက်ရန်မှာ လူသားများအတွက် မှန်ကန်ပြီး လမ်းကို ကြာကြာဆင်းလျှောက်သွားလေ ပိုလင်းလက်လာလေ ဖြစ်သည်။ ဘုရားသခင်က သင့်ကို လမ်းလွဲစေမည်မဟုတ်သကဲ့သို့၊ သူက သင့်ကို စာတန်ထံ အပ်နှံလျှင်ပင်၊ ဘုရားသခင်သည် အဆုံးထိ တာဝန်ယူသည်။ သင့်ထံတွင် ဤယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး၊ ဤသည်မှာ ဘုရားသခင်အပေါ် ဖန်ဆင်းခံများ ရှိသင့်သည့် သဘောထား ဖြစ်သည်။ သင်က၊ “ဘုရားသခင်က ကျွန်ုပ်ကို ကစားစရာတစ်ခုကဲ့သို့ စာတန်ထံ အပ်နှံလျှင်ပင်၊ သူသည် ဘုရားသခင် ဖြစ်နေဆဲဖြစ်ပြီး၊ သူ့နောက်လိုက်သည့် ကျွန်ုပ်၏ စိတ်နှလုံးကို ကျွန်ုပ် မပြောင်းလဲနိုင်၊ သူ့ကို ယုံကြည်သည့် ကျွန်ုပ်၏ ယုံကြည်ခြင်းကို မပြောင်းလဲနိုင်ပါ”ဟု ပြောနိုင်လျှင်၊ ဤသည်မှာ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှုဖြစ်သည်။

သခင်ယေရှု ကားစင်တင်ခံခဲ့ရကတည်းကစ၍ အနှစ်နှစ်ထောင်ရှိပြီဖြစ်ပြီး၊ ယခုတွင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို လက်ခံသောလူတို့သည် သူ၏ အသံကိုကြားကာ နေ့တိုင်း တရားဒေသနာများကို နားထောင်ပြီး သမ္မာတရားကို မိတ်သဟာယပြုကြသည်။ ၎င်းတို့သည် ဘုရားသခင့်အမှုတော်၏ အဆင့်သုံးဆင့်ကို နားလည်ကြပြီး၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ နက်နဲမှုများကို သိရှိကြသည်။ ဘာသာတရားထဲတွင်ရှိသည့် သခင့်ကို ယုံကြည်သူများသည် နားလည်ကြသလော။ ယခုတွင်ပင်လျှင် ၎င်းတို့ နားမလည်ကြသကဲ့သို့ ၎င်းတို့၏ အယူအဆများကို ဖက်တွယ်ကြဆဲဖြစ်သည်။ တစ်စုံတစ်ဦးက၊ “သခင်ယေရှုသည် ဆင်းရဲသော လက်သမားတစ်ဦး၏ သားဖြစ်သည်။ သင်တို့ ယုံကြည်သည့် သခင်မျိုးကို ကြည့်ပါလော့”ဟု ပြောသည့်အခါ၊ ၎င်းတို့သည် ချေပနိုင်စွမ်းမရှိဖြစ်ပြီး ဘုရားသခင်ကို သက်သေမခံနိုင်ကြပေ။ လူတို့ စက်ဆုပ်ဖွယ်ဖြစ်ကြသည်တကား။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အလွန်များသည့် သမ္မာတရားများကို ဖော်ပြပြီးဖြစ်ကာ အင်မတန်ကြီးမားသည့် အရာများကို လုပ်ဆောင်ပြီးဖြစ်သော်လည်း၊ ဤအရာများတွင်ရှိသည့် အရေးပါမှု၊ တန်ဖိုးနှင့် သမ္မာတရားကို လူတို့အား သူ ကိုယ်တိုင်ကိုယ်ကျ မပြောပြလျှင်၊ လူတစ်ဦးကမျှ ဘုရားသခင်အတွက် စကားပြောပြီး သက်သေခံရန် ထရပ်နိုင်ခြင်း မရှိပေ။ ဘုရားသခင်အတွက် စကားပြောခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် အချုပ်အခြာအာဏာ၊ ဤလူသားမျိုးနွယ်ကို ရွေးနုတ်ရန် သူ ပေးခဲ့သည့် အဖိုးအခနှင့် သူ၏ အတွေးများအပြင် သူ လုပ်ဆောင်ခဲ့သည့် အရာအားလုံး၏ အဓိပ္ပာယ်တို့ကို သက်သေခံရန် ဖြစ်သည်။ လူတို့သည် ဤအရာမှ မည်သည့်အရာကို နားလည်နိုင်သနည်း။ (လူသားမျိုးနွယ်က ဘုရားသခင်၏ အမှုတော်ကို စိတ်မကူးနိုင်ပါ။) လူသားမျိုးနွယ်သည် ဘုရားသခင်၏ အမှုတော်ကို စိတ်မကူးနိုင်သကဲ့သို့ ဉာဏ်မမီနိုင်ပေ။ ထို့ကြောင့် လူသည် ဘုရားသခင်၏ အမှုတော်၊ လူသားမျိုးနွယ်အပေါ် သူ၏ လမ်းပြမှုနှင့် သူ၏ အလိုတော်တို့ကို ရှုမြင်ရန်၊ သို့မဟုတ် သဘောထားရန် မှန်ကန်သည့် ရှုထောင့်အမြင်နှင့် ရပ်တည်ချက် ရှိရမည်ဖြစ်သည်။ လူသည် မှန်ကန်သည့် ရပ်တည်ချက်တစ်ခု ရှိရမည်။ ဤသည်မှာ အလွန်အရေးပါ၏။ သင် အဘယ်သူဖြစ်ပြီး ဘုရားသခင်က အဘယ်သူဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို သင့်အား နားလည်နိုင်စေသည့် သင် ရှိရန် လိုအပ်သော အရာများ၊ အခြေခံအားဖြင့် သင် ရှင်းလင်းစွာ နားလည်နိုင်စွမ်း သို့မဟုတ် ဉာဏ်မီနိုင်စွမ်းမရှိသည့်အရာနှင့် သင် မည်သည့် သဘောထားမျိုး ရှိသင့်သည်ဟူသည်တို့ကို သင် သိရှိရမည်။ ဤသည်မှာ သင် ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားဖြစ်သည်။ ဤနည်းဖြင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် အတော်လေး ပုံမှန်ဖြစ်ကာ သဘောညီညွှတ်လိမ့်မည်။ ဘုရားသခင်အကြောင်း သင် လေ့လာပြီး ထင်မြင်ချက်ပေးရာတွင် သို့မဟုတ် သူ လုပ်ဆောင်သည့် အရာရာတိုင်းကို စုံစမ်းစစ်ဆေးရာတွင် သင်သည် အမြဲ စောင့်ကြည့်၊ ခန့်မှန်း၊ သံသယထားသည့် သဘောထား သို့မဟုတ် အတိုက်အခံပင်လုပ်သည့် သဘောထားတစ်ခုကို အမြဲ ခံယူလျှင်၊ ပြဿနာရှိလိမ့်မည် ဖြစ်သည်။ ဤသည်မှာ သဘောတရားသက်သက်ဖြစ်သည်၊ ဤသည်မှာ သုတေသနဖြစ်သည်။ ဤသည်မှာ မယုံကြည်သောသူတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှုထောင့်အမြင်တစ်ခုနှင့် ကျိုးနွံနာခံခြင်း၊ ရှာဖွေခြင်းနှင့် ကြောက်ရွံ့ခြင်း သဘောထားတစ်ခုတို့ဖြင့် သဘောထားရမည်။ ဤအရာသည်သာ ဘုရားသခင်နှင့်ဆိုင်သော စစ်မှန်သည့် အသိပညာနှင့် သိနားလည်မှု ဖြစ်စေလိမ့်မည်။ သင်သည် ဘုရားသခင်ကို နားလည်လျှင် ဘုရားသခင်ကို ဆန့်ကျင်ရပ်တည်မည်မဟုတ် သို့မဟုတ် အနည်းဆုံးအနေဖြင့် သူ့ကို သင် အထင်လွဲမည် မဟုတ်ပေ။ သင်က ကျိုးနွံနာခံနိုင်ပြီး၊ “ဘုရားသခင်က ဤအရာကို လုပ်ဆောင်ခြင်း၏ အဓိပ္ပာယ်ကို ကျွန်ုပ် မသိသော်လည်း၊ သူ လုပ်ဆောင်သည့် အရာတိုင်းက မှန်ကန်သည်ကို ကျွန်ုပ် နားလည်သည်”ဟု ပြောနိုင်လိမ့်မည်။ ဤသိနားလည်မှုသည် မည်သည့်အရာနည်း။ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းက အဓိပ္ပာယ်ရှိပြီး လူတို့ ကျိုးနွံနာခံသင့်သည်ဟု သင်၏ စိတ်နှလုံးက အပြည့်အဝ ယုံကြည်လက်ခံခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည် စာတန်လက်ထဲသို့ မိမိကိုယ်ကိုယ် အပ်နှံခဲ့ပြီး စာတန်အားဖြင့် ကားစင်တင်သတ်ခြင်းခံခဲ့ရသည်။ ဤသည်မှာ လူတို့အမြင်တွင် ကောင်းသည့်အရာတစ်ခု မဟုတ်သော်လည်း သူသည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းကာ လူသားမျိုးနွယ်ကို ရွေးနုတ်သည့် အမှုအား ပြီးစီးခဲ့သည်။ ဤသည်မှာ ကြီးမြတ်သည့်အရာတစ်ခု၊ လူသားမျိုးနွယ်အားလုံးအတွက် ကြီးမားသည့် အဓိပ္ပာယ်နှင့် တန်ဖိုးရှိသော အရာတစ်ခု ဖြစ်သည်။ သို့သော် လူသားမျိုးနွယ်ကို ထိုအရာကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သလော။ (မမြင်နိုင်ခဲ့ပါ။) လူသားမျိုးနွယ်က ထိုအရာကို ရှင်းလင်းစွာ မမြင်ခဲ့ပေ။ လူသားမျိုးနွယ်သည် ထိုအရာ၌ရှိသည့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မမြင်ခဲ့သကဲ့သို့၊ ထိုအရာကို ဘုရားသခင် လုပ်ဆောင်သည့် အဓိပ္ပာယ်နှင့် တန်ဖိုးတို့ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိခဲ့ပေ။ ဆိုလိုသည်မှာ လူတို့သည် လူသားမျိုးနွယ်အတွက် အလွန့်အလွန် ကြီးမားသော အကျိုးကျေးဇူးကို မမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။ သခင်ယေရှုက ကားစင်တင်သတ်ခံရပြီးနောက် သုံးရက်မြောက်သောနေ့တွင် ပြန်လည်ထမြောက်ခဲ့ကြောင်း၊ လူတို့ရှေ့ ပေါ်ထွန်းကာ ၎င်းတို့နှင့် တွေ့ဆုံခဲ့ကြောင်း၊ စကားပြောခဲ့ကြောင်း၊ ထပ်တလဲလဲ ပြန်လည်ပြောဆိုခဲ့ပြီးနောက် ထွက်ခွာခဲ့ကြောင်းကိုသာ ၎င်းတို့ မြင်ခဲ့ကြသည်။ သို့သော် ဘုရားသခင်၏ အလိုတော် ပြည့်စုံခဲ့သည်။ ဤသည်မှာ ကြီးမားသည့် အရေးပါမှုရှိသည် မဟုတ်လော။ (ရှိပါသည်။) ထိုအရာကို လူတို့က နားလည်ခဲ့ကြသလော။ နားမလည်ခဲ့ကြ။ ဤကိစ္စရပ်မှကြည့်လျှင်၊ လူတို့သည် မိမိတို့ကိုယ်ကိုယ်နှင့်ဆိုင်သည့် မှန်ကန်သော ဆန်းစစ်ချက်တစ်ခုနှင့် ဘုရားသခင်အတွက် မှန်ကန်သော သဘောထားတစ်ခု ရှိရမည်ဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ထိုအရာကို လူတို့က နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ၊ မိမိတို့ နှုတ်များကို ပိတ်ထားရမည်။ ဤသည်မှာ မှန်ကန်၏။ အရာရာကို သွားလေ့လာရန် မစဉ်းစားနှင့်၊ ယင်းမှာ အဆင်မပြေပေ။ အဘယ်ကြောင့် အဆင်မပြေသနည်း။ ထိုသို့လုပ်ဆောင်ရန် သင် အခွင့်မရှိဟုပြောဖို့ စဉ်းမျဉ်းမရှိသော်လည်း၊ သင်သည် ရှေ့မတိုးသာအောင်ဖြစ်ကာ အန္တရာယ်ရှိလိမ့်မည် ဖြစ်သည်။ သင်သည် ယခု နားမလည်နိုင်သကဲ့သို့ သဘောမပေါက်နိုင်သော်လည်း၊ အမြဲ လေ့လာလိုသည်၊ ဘုရားသခင်ကို အမြဲ ဆန့်ကျင်ရပ်တည်လိုသည်။ သင်သည် လေ့လာခြင်းအားဖြင့် နားမလည်နိုင်ဘဲ သမ္မာတရားကိုလည်း မရှာလျှင်၊ မည်သည့် ပြဿနာများ အလွယ်တကူ ဖြစ်ပေါ်နိုင်သနည်း။ ဘုရားသခင်ကို အထင်လွဲရန် သင့်အတွက် လွယ်လိမ့်မည်။ အစတွင် သင် နားလည်လိမ့်မည် ဖြစ်ပြီး၊ အမှုအရာများကို ရှင်းလင်းစွာ သင် နားမလည်နိုင်သကဲ့သို့ ဤနားလည်မှုလွဲခြင်းက ဆက်ရှိနေလျှင်၊ သင်သည် အပျက်သဘောဆောင်ပြီး အားနည်းလိမ့်မည်ဖြစ်ကာ ထိုအရာက သင်၏တာဝန် ထမ်းဆောင်ခြင်းနှင့် သင်၏ အသက် ဝင်ရောက်ခြင်းကို ထိခိုက်လိမ့်မည်။ ဤအရာအားလုံး ဆက်စပ်ပေသည်။ များစွာသော အရာတို့ကို တစ်နှစ် သို့မဟုတ် နှစ်နှစ်မျှဖြင့် ရှင်းလင်းစွာ နားမလည်နိုင်သကဲ့သို့ သမ္မာတရားက အလွန် နက်နဲပေသည်။ ဘုရားသခင်က သင့်ကို ယခု ဉာဏ်အလင်းပေးလျှင်ပင်၊ သင်၏ သေးငယ်သော ဝိညာဉ်ရင့်ကျက်မှုဖြင့် သင် နားလည်နိုင်မည်လော။ အနည်းငယ် သင် နားလည်နိုင်လျှင်ပင်၊ သမ္မာတရားကို အကုန်အစင် သင် နားလည်နိုင်မည်လော။ သင်က၊ “မြေဆွဲအားကို ကျွန်ုပ် သိသည်။ အဘယ်ကြောင့် အမှုအရာများ ပြိုလဲပြီး မြေကြီးပေါ်တွင် ကြွမနေသနည်း။ သို့သော် သင်သည် လေထုကို စွန့်ခွာပြီး အာကာသထဲသို့ သွားလျှင် သင် လွှင့်မျောမည် မဟုတ်လော။ သင်သည် ကမ္ဘာမြေ၏ ဆွဲငင်အားရှိသော ဆွဲခြင်းကို သင် စွန့်ခွာမည် ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာကို ကျွန်ုပ် နားလည်သောကြောင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကျွန်ုပ် နားလည်နှင့်ထားသည် မဟုတ်လော”ဟု ပြောပေမည်။ မြေဆွဲအားအပေါ် အချုပ်အခြာအာဏာကို ဘုရားသခင် အဘယ်သို့ အတိအကျ ကိုင်စွဲသည်ကို သင် မသိသကဲ့သို့ ထိုအရာ၏ သရုပ်သကန်ကိုသာ သင် နားလည်ခြင်း ဖြစ်သည်။ ယင်းက သင်သည် ထိုအရာအပေါ် အချုပ်အခြာအာဏာကို ဘုရားသခင် စွဲကိုင်ပုံအား သင် နားလည်ပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ သင် နားလည်နိုင်လျှင်ပင်၊ ထိုအရာအပေါ် အချုပ်အခြာအာဏာကို သင် စွဲကိုင်နိုင်မည်လော။ လူတို့သည် လေထုကို စွန့်ခွာလျှင် ဒုက္ခရောက်ကြမည်ဖြစ်သည်။ ၎င်းတို့သည် မြေဆွဲအားမရှိဘဲ နေရာအနှံ့ လွှင့်မျောရုံ လွှင့်မျောကာ ပျံသန်းကြမည် ဖြစ်သည်။ ဤအရာမှ မည်သည့်အရာကို သင် မြင်နိုင်သနည်း။ (လူတို့ ဉာဏ်မမီနိုင်သည့် အရာများစွာ ရှိခြင်း ဖြစ်သည်။) လူတို့သည် ဉာဏ်မမီနိုင်သည့်တိုင်၊ ဘုရားသခင်ကို လေ့လာပြီး စောင့်ကြည့်ရန် အမြဲ ဘုရားသခင်ကို ဆန့်ကျင်ကြသည်။ ၎င်းတို့က၊ “ဤကိစ္စရပ်ကို ငါ နားမလည်နိုင်လျှင်၊ သင်သည် ဘုရားသခင် မဟုတ်ပါ”ဟု ဆိုလျက်၊ ၎င်းတို့၏ စိတ်နှလုံးများက သံသယရှိကြသည်။ ဤအမြင်မှာ အဘယ်သို့နည်း။ ဤအမြင်နှင့် ရပ်တည်ချက်တို့က မှားယွင်းသည်။ ယင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး၊ အမြဲ လေ့လာရန်မှာ မှားယွင်းပေသည်။ သင်သည် ဘုရားသခင်ကို နားလည်ရမည်ဖြစ်ပြီး၊ “ဤအရာကို ကျွန်ုပ် နားမလည်နိုင်ပါ။ အလွန် နက်နဲပြီး၊ ဘုရားသခင်က ကျွန်ုပ်ကို ဉာဏ်အလင်းပေးလျှင်ပင် ကျွန်ုပ် လုံးလုံးလျားလျား နားလည်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ကျိုးနွံနာခံသော စိတ်နှလုံးဖြင့် နှစ်အနည်းငယ် ကျွန်ုပ် ရှာဖွေမည်ဖြစ်ပြီး ဘုရားသခင်က ကျွန်ုပ်ကို အဖြေမပေးလျှင်၊ ထိုအကြောင်းကို ငါ မေ့သာမေ့လိုက်မည်။ ကျွန်ုပ်နှင့် ဘုရားသခင်ကြားတွင် အတားအဆီးများ သို့မဟုတ် အထင်လွဲမှုများ မရှိပါ။ ဘုရားသခင်အကြောင်း ကျွန်ုပ် အထင်မလွဲလျှင် သို့မဟုတ် ညည်းညူခြင်း မပြုလျှင်၊ သူ့ကို ကျွန်ုပ် အတိုက်အခံလုပ်မည် မဟုတ်ပါ။ သူ့ကို ကျွန်ုပ် အတိုက်အခံ မလုပ်လျှင်၊ သူ့ကို ပုန်ကန်မည်မဟုတ်သကဲ့သို့၊ သူ့ကို ကျွန်ုပ် ပုန်ကန်ခြင်းမရှိလျှင်၊ သူ့ကို ငြင်းပယ်မည်မဟုတ်၊ သို့မဟုတ် သူ့ထံမှ လမ်းလွဲမည် မဟုတ်ပါ။ ကျွန်ုပ်သည် အစဉ်ထာဝရ ဘုရားသခင်၏ နောက်လိုက်တစ်ဦး ဖြစ်ပါသည်”ဟု ပြောရမည်။ “ထာဝစဉ် ဘုရားသခင်၏ နောက်လိုက်တစ်ဦး”ဖြစ်ခြင်းအတွက် အခြေခံအုတ်မြစ်မှာ အဘယ်နည်း။ ထိုအရာမှာ “ဘုရားသခင် လုပ်ဆောင်သည့်အရာက ကျွန်ုပ်၏ အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ကျွန်ုပ် အမြဲ ကျိုးနွံနာခံကာ လိုက်လျှောက်မည်။ ဘုရားသခင်သည် ကျွန်ုပ်၏ ဘုရားသခင် ဖြစ်နေဆဲဖြစ်ပြီး ကျွန်ုပ်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ လူသားတစ်ဦးဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို အဘယ်သို့ ဆက်ဆံသည်ဖြစ်စေ၊ မီးအိုင်ဖြစ်သည့် ငရဲထဲသို့၊ စာတန်ထံသို့ သို့မဟုတ် နတ်ဆိုးများထံသို့ ပစ်ချသည်ဖြစ်စေ၊ မကျေနပ်ချက်များမရှိဘဲ သူ့ကို ကျွန်ုပ် အမြဲ ကျိုးနွံနာခံမည်။ ဘုရားသခင်၏ အဆင့်အတန်းက မပြောင်းလဲနိုင်သကဲ့သို့ အဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်ုပ်၏ ကိုယ်ပိုင်လက္ခဏာသည်လည်း မပြောင်းလဲနိုင်ပါ။ ဤအချက် မပြောင်းမလဲ ရှိနေသရွေ့၊ ဘုရားသခင်နောက် ကျွန်ုပ် လိုက်မည်ဖြစ်ပြီး သူသည် ကျွန်ုပ်၏ ဘုရားသခင် အစဉ်ထာဝရ ဖြစ်သည်”ဟူ၍ ဖြစ်၏။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုက ခိုင်မာစွာ အမြစ်တွယ်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် သူ့ကို ကျောခိုင်းလိမ့်မည် မဟုတ်။ ဤသည်မှာ ဖန်ဆင်းခံအနေဖြင့် သင်၏ ကိုယ်ပိုင်လက္ခဏာနှင့် ဘုရားသခင်ကြားက ဆက်နွှယ်မှု ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင်ရှိသည့် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာနှင့် နေရာအပြင်၊ ဖန်ဆင်းခံအနေဖြင့် သင် လိုက်နာစောင့်ထိန်းသင့်သည့် သင်၏ ကိုယ်ပိုင် လက္ခဏာနှင့် နေရာကို သင် ရှင်းလင်းစွာ မြင်နိုင်သည်နှင့်၊ ပြီးလျှင် ဤအရာများက သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် သူ့ထံမှ လမ်းလွဲသွားမည် မဟုတ်ပေ။ ထို့နောက် သင် အားနည်းသည့်အခါ၊ အပျက်သဘောဆောင်၊ ဝမ်းနည်းသည့်အခါ သို့မဟုတ် သင်၏ အယူအဆများနှင့် မကိုက်သည့် တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး၊ ထိုအရာကို သင် ဉာဏ်မမီနိုင် သို့မဟုတ် နားမလည်နိုင်သည့်အခါ၊ ဤအရာက သင်၏ ဘုရားသခင်နှင့် ဆက်ဆံရေးကို ထိခိုက်နိုင်သလော။ (မထိခိုက်နိုင်ပါ။) သင်သည် ရူပါရုံများနှင့်ဆိုင်သည့် သမ္မာတရားအကြောင်း ရှင်းလင်းနေသရွေ့၊ အခြေခံအုတ်မြစ်ချပြီး၊ ပတ်ဝန်းကျင်များစွာကို တွေ့ကြုံကာ ဘုရားသခင် လုပ်ဆောင်သည့် အရာတိုင်းတွင် အဓိပ္ပာယ်ရှိသည်ကို သဘောပေါက်သရွေ့၊ ဘုရားသခင်၏ အမှုတော်ကို သင် သိရှိလိမ့်မည်ဖြစ်ပြီး၊ အယူအဆများ တစ်ဖန် ဖြစ်ပေါ်ဖို့အတွက် ခက်ခဲလိမ့်မည် ဖြစ်သည်။ လူအချို့သည် တစ်စိတ်တစ်ပိုင်းကိုသာ နားလည်နိုင်ကြသည်။ ဥပမာအနေဖြင့်၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် စပ်လျဉ်း၍၊ ဘုရားသခင် လုပ်ဆောင်သည့်အရာက အဓိပ္ပာယ်ရှိသည်ဟု လူတို့က ဝန်ခံကြသော်လည်း၊ ပြုပြင်ခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ အယူအဆများ ရှိကြသည်။ မည်သူက ၎င်းတို့ကို ပြုပြင်သည်ဖြစ်စေ၊ ထိုအရာကို လက်ခံရန် ၎င်းတို့ မလိုမလားဖြစ်ကြပြီး၊ ကိစ္စရပ်က ဘုရားသခင်ထံမှလာသည်ဟု ဝန်မခံကြပေ။ ထိုအရာကို လူက လုပ်ဆောင်ခြင်းဖြစ်ပြီး စာတန်ထံမှလာသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ နောက်ထပ် အမှားတစ်ခု ဖြစ်သည် မဟုတ်လော။ နောက်ထပ် ပြဿနာ ဖြစ်ပေါ်ပြီး၊ သမ္မာတရားကို ရှာဖွေခြင်းအား ဆက်လုပ်ရမည်ဖြစ်သည်။ ဤအရာကို သင် မကျော်လွန်နိုင်လျှင်၊ ဘုရားသခင်၏ အမှုတော်ကို သင် အပြည့်အဝ ကျိုးနွံနာခံနိုင်သလော။ သင်၏ အယူအဆများနှင့် ကိုက်ညီသည့် အရာကိုသာ သင် ကျိုးနွံနာခံနိုင်ပြီး၊ မကိုက်သည့်အရာကို မကျိုးနွံမနာခံနိုင်ပေ။ ဤလူစားမျိုးသည် ဘုရားသခင်ကို အလွယ်တကူ အတိုက်အခံသာလုပ်နိုင်ပြီး၊ မိမိ၏ စိတ်သဘောထား မပြောင်းလဲသေးသည့် တစ်စုံတစ်ဦး ဖြစ်သည်။

လူတို့အတွင်းတွင် ၎င်းတို့၏ အယူအဆများ၊ ရှုထောင့်အမြင်များနှင့် ရပ်တည်ချက်တို့ကို မကြာခဏ လွှမ်းမိုးသည့် များစွာသော အတွေးများ၊ စိတ်ကူးများနှင့် အခြေအနေများ ရှိသည်။ ဤအတွေးများ၊ စိတ်ကူးများနှင့် အခြေအနေများကို သမ္မာတရား ရှာဖွေခြင်းမှတစ်ဆင့် တစ်ခုပြီးတစ်ခု ဖြေရှင်းနိုင်လျှင်၊ ယင်းတို့က ဘုရားသခင်နှင့် သင် ဆက်ဆံရေးကို ထိခိုက်လိမ့်မည် မဟုတ်။ ယခုတွင် သင်သည် သေးငယ်သော ဝိညာဉ်ရင့်ကျက်မှု ရှိကောင်းရှိနိုင်ပြီး၊ ဘုရားသခင်ကို အချိန်တိုအတွင်းသာ သင် ယုံကြည်ပြီးဖြစ်သောကြောင့် သို့မဟုတ် အခြား အကြောင်းရင်းအမျိုးမျိုးကြောင့်၊ သင်သည် အလွန်များသည့် သမ္မာတရားများကို နားမလည်ပေ။ သို့သော် စည်းမျဉ်းတစ်ခုကို သင် သဘောပေါက်သင့်သည်။ အပြင်ပန်းမှ ကြည့်ကောင်းသည်ဖြစ်စေ၊ ကြည့်မကောင်းသည်ဖြစ်စေ၊ လူသား အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ဘုရားသခင် လုပ်ဆောင်သည့်အရာတိုင်းကို ကျွန်ုပ် ကျိုးနွံနာခံသင့်သည်။ ကျွန်ုပ်တွင် မှန်သည်လော၊ မှားသည်လောဟူ၍ ဝေဖန်၊ အကဲဖြတ်၊ စိစစ် သို့မဟုတ် လေ့လာပိုင်ခွင့်မရှိပါ။ ကျွန်ုပ် လုပ်ဆောင်သင့်သည့်အရာမှာ ဖန်ဆင်းခံတစ်ဦးအဖြစ် ကျွန်ုပ်၏ တာဝန်ကို ဖြည့်ဆည်းပြီးနောက် ကျွန်ုပ် နားလည်သည့် သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေပြီး၊ မှန်သော လမ်းခရီးမှ သွေဖည်မသွားရန် ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်ကို နားလည်ခွင့်ပေးသမျှ မည်မျှကိုမဆို ကျွန်ုပ် လက်တွေ့လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်က ကျွန်ုပ်ကို ဉာဏ်အလင်းမပေးလျှင်ပင် ကျွန်ုပ် လက်တွေ့လုပ်ဆောင်သင့်သည့်အရာကို ရှာဖွေမည်ဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ် နားလည်ရန် မလိုအပ်သည့်အရာတစ်ခုနှင့်ပတ်သက်၍ ကျွန်ုပ်ကို ဉာဏ်အလင်းမပေးလျှင်၊ ကျွန်ုပ် ကျိုးနွံနာခံကာ စောင့်ဆိုင်းမည်ဖြစ်ပြီး၊ တစ်နေ့တွင် ဘုရားသခင်က ကျွန်ုပ်ကို နားလည်ခွင့်ပေးကောင်း ပေးမည်ထင်သည်။ သခင်ယေရှု၏ ကားစင်တင်ခံရခြင်းကဲ့သို့ပင်၊ နှစ်ပေါင်းနှစ်ထောင်လွန်ပြီးနောက် ဘုရားသခင်၏ နောက်ဆုံးသော ကာလ အမှုတော်ကို လက်ခံခဲ့ကြသည့်လူများသည် အခြေခံအားဖြင့် နားလည်ကြပြီး၊ မိမိတို့၏ လိုက်စားမှုအပေါ် သိပ်စိတ်မဝင်စားသောသူတို့ပင်လျှင်လည်း ထိုအရာက အဘယ်အရာဖြစ်သည်ကို နားလည်ကြသည်။ သင်သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့် စပ်လျဉ်းသည့် ကြီးမားသော အမှုအချို့ကို ယခု နားလည်ကောင်း နားလည်နိုင်မည် မဟုတ်သော်လည်း၊ သမ္မာတရားကို သင် နားမလည်သကဲ့သို့ သူ၏ တည်ရှိခြင်းကို ငြင်းပယ်သောကြောင့် သူ့ကို သင် အထင်လွဲသည်။ ယင်းက သင်နှင့် ဘုရားသခင်ကြားက ပုံမှန်ဆက်ဆံရေးကို ဖြိုဖျက်လေသည်။ ဤသည်မှာ ကြီးလေးသော အမှားတစ်ခု ဖြစ်သည်။ သင့်အနေဖြင့် “ကျွန်ုပ် နားမလည်သည့် ဤအရာများအတွက် ကျွန်ုပ် စောင့်ရုံစောင့်လိုက်မည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို တစ်နေ့တွင် ဉာဏ်အလင်းပေးသည့်အခါ၊ ယင်းတို့အားလုံးကို ကျွန်ုပ် နားလည်ကောင်း နားလည်နိုင်သည်”ဟု ပြောသည့် သဘောထား၊ ရှုထောင့်အမြင်နှင့် ရပ်တည်ချက်တစ်ခု ရှိသင့်ပေသည်။ သခင်ယေရှု ထွက်ခွာခဲ့ချိန်တွင်၊ သူက၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ” ဟု ဆိုခဲ့သည်။ အဘယ်ကြောင့် ၎င်းတို့ မခံနိုင်ခဲ့ကြသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် မရင့်ကျက်သောကြောင့်ဖြစ်ပြီး၊ ၎င်းတို့ နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။ ထိုအရာမှာ သုံးနှစ် သို့မဟုတ် ငါးနှစ်အရွယ် ကလေးတစ်ဦးကို ငွေရှာခြင်း သို့မဟုတ် မိသားစုကို ထောက်ပံ့ပေးခြင်းအကြောင်းကို ပြောပြခြင်းနှင့် တူသည်။ ထိုအရာကို သူ ကြားလိမ့်မည် ဖြစ်သော်လည်း၊ သူနှင့် အလွန် အလှမ်းဝေးသည်ဟု ခံစားရသည်မှာ သူ နားမလည်နိုင်သကဲ့သို့ ထိုအရာကို သူ လက်လှမ်းမမီနိုင်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ပြောပြလိုသည့် လူတို့ နားလည်သင့်သော အရာများစွာရှိသော်လည်း၊ လူသားမျိုးနွယ်၏ မရင့်ကျက်သော ဝိညာဉ်ရင့်ကျက်မှုကြောင့်၊ သို့မဟုတ် ဘုရားသခင်၏ အမှုတော် လုပ်ငန်းစဉ်များကို လူသားထံ လုံးဝ ထုတ်ဖော်ပြထားခြင်း မရှိသေးသကဲ့သို့၊ လူတို့က ယင်းတို့ကို မတွေ့ကြုံရသေးသောကြောင့်၊ ဤအရာများကို အလွန်စောစီးစွာ သိရှိထားလျှင် ၎င်းတို့ နားလည်မည် မဟုတ်ပေ။ ၎င်းတို့ နားထောင်ကြလျှင်ပင်၊ အယူဝါဒအဖြစ် သဘောထားမည်ဖြစ်ကာ တိုက်ရိုက် နားလည်ကြမည်ဖြစ်သော်လည်း၊ ဘုရားသခင်က မည်သည့်အရာ ပြောနေသည်ကို အမှန်တကယ် သိကြမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က စကားမပြောခြင်း ဖြစ်သည်။ ဘုရားသခင်အတွက် စကားမပြောရန် သင့်တော်သလော။ လူသားအတွက် အကျိုးကျေးဇူး တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) ထိုအရာက လူတို့၏ အသက်တာများ ကြီးထွားခြင်းကို နှောင့်နှေးစေလိမ့်မည်လော။ သင်၏ နေ့စဉ် အသက်တာ သို့မဟုတ် သင်၏ ပုံမှန် လိုက်စားမှုကို သက်ရောက်မှုမရှိခြင်းနှင့်အတူ နှောင့်နှေးမှု တစ်ခုတလေ သေချာပေါက် ရှိမည်မဟုတ်၊ လုံးဝ ရှိမည်မဟုတ်။ ဤသည်မှာ အရေးအကြီးဆုံးသော အရာဖြစ်သည်နှင့်အမျှ သင်၏ စိတ်နှလုံးကို သင် ဖြေလျော့ကာ သမ္မာတရားကိုသာ လိုက်စားလေသည်။ နောက်ဆုံးတွင် အားလုံးက သမ္မာတရား လိုက်စားခြင်းနှင့် သက်ဆိုင်သည်။ သမ္မာတရားကို သင် လိုက်စားလျှင် ဘုရားသခင် လုပ်ဆောင်သည့် အရာအချို့ရှိ နက်နဲမှုများ၊ သူ လုပ်ဆောင်သမျှရှိ သူ၏ ဉာဏ်ပညာ၊ အံ့ဖွယ်ဖြစ်ခြင်းနှင့် စိတ်သဘောထားအပြင်၊ လူသားမျိုးနွယ်က နားလည်သင့်သည့် အရာများသည် ဘုရားသခင်နောက်လိုက်ခြင်း၏ လုပ်ငန်းစဉ်မှတစ်ဆင့် တဖြည်းဖြည်း ရှင်းလင်းလာလိမ့်မည်။ ဘုရားသခင်ကို သိသည့်အသိ ရရှိခြင်းတွင် ပါဝင်သည့် သွင်ပြင်လက္ခဏာများစွာရှိပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံမှုများ၊ ပေါင်းသင်းမှုများနှင့် ဆက်သွယ်မှု ဖြစ်စဉ်တွင် သူ၏ နှုတ်ကပတ်တော်များကို သင် တွေ့ကြုံရမည်၊ သူ၏ နှုတ်ကပတ်တော်များကို သင် အရသာခံရမည်၊ သူ၏ အမှုတော်အပြင် သူ၏ ဉာဏ်အလင်းပေးခြင်းနှင့် သင့်အပေါ် လမ်းပြခြင်းတို့ကို သင် အရသာခံရမည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်အတောအတွင်းတွင်၊ သိပင်မသိလိုက်ဘဲ၊ သင်သည် ဘုရားသခင်ကို သိသည့် အသိပညာ ရရှိလိမ့်မည်။ ဆိုလိုသည်မှာ သင့်အပေါ် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်ကို တွေ့ကြုံခြင်း လုပ်ငန်းစဉ်မှတစ်ဆင့် ဘုရားသခင်အပေါ် သိနားလည်ခြင်းကို သင် တဖြည်းဖြည်း ရရှိလိမ့်မည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်များကို သင် မဖြတ်သန်းဘဲ၊ ဘုရားနှုတ်ကပတ်တော်များကို သိမြင်ရန် သင်၏ စိတ်ကူးစိတ်သန်းကို အားကိုးလျက်၊ နေ့တိုင်း ကောင်းကင်သို့သာ မျက်လုံးပြူး ကြည့်ရုံသာ ကြည့်နေလျှင်၊ မည်သည့်အခါတွင်မျှ သင် သိနားလည်မှု ရရှိလိမ့်မည် မဟုတ်။ နောက်ဆုံးတွင် သင်သည် သံသယရှိကာ၊ “ဘုရားသခင် အဘယ်မှာနည်း။ လကို သူ ဖန်ဆင်းခဲ့သလော။ မနက်တွင် နေထွက်ပြီး ညတွင် နေဝင်သည်။ ဤသည်မှာ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို ဘုရားသခင် ကိုင်စွဲပုံဖြစ်သလော”ဟု ပြောလိမ့်မည် ဖြစ်သည်။ ဤသို့သော သိနားလည်မှုမျိုးက အနှစ်မဲ့ပြီး သင်၏ ခံယူချက်သည် အနှစ်မဲ့သော စကားများသာ ဖြစ်လာလိမ့်မည်။ ဘုရားသခင်ကို ယုံကြည်သလောဟု တစ်စုံတစ်ဦးက သင့်ကို မေးလျှင်၊ သင်က၊ “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်ပါသည်။ ကျွန်ုပ်ကို ခံယူချက်ရှိသည်။ ကျွန်ုပ်သည် ခရစ်ယာန်တစ်ဦး ဖြစ်သည်”ဟု ပြောပေမည်။ ထို့နောက် ၎င်းတို့က၊ “အဘယ်ကြောင့် သင် ဗုဒ္ဓဘာသာဝင်တစ်ဦး မဖြစ်သနည်း”ဟု မေးလျှင်၊ သင်က၊ “ဗုဒ္ဓဘာသာသည် စစ်မှန်သော လမ်းခရီးမဟုတ်၊ ခရစ်ယာန်ဘာသာက စစ်မှန်သော လမ်းခရီးဖြစ်သည်”ဟု ပြောပေမည်။ ဤအရာကိုသာ သင် ပြောနိုင်သည့် အချက်က သင့်ထံတွင် အတွေ့အကြုံမရှိသကဲ့သို့ မည်သည့်အရာကိုမျှ သင် မရရှိသေးကြောင်းကို သက်သေပြပေသည်။ ဘုရားသခင်နှင့် ပတ်သက်သမျှအားလုံး၊ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ စိတ်သဘောထား၊ သူ၏ အချုပ်အခြာအာဏာအပြင်၊ လူသားမျိုးနွယ်နှင့် အရာခပ်သိမ်းအတွက် သူ၏ အစီအစဉ်များ၊ သူ့နှုတ်ကပတ်တော်များ၏ စစ်မှန်မှုနှင့် မှန်ကန်တိကျမှု၊ လူသားမျိုးနွယ်အတွက် ယင်းတို့၏ အရေးပါမှု၊ အကျိုးဖြစ်ခြင်းနှင့် တန်ဖိုးတို့အပြင်၊ စမ်းသပ်မှုများ၊ ဆုံးမကဲ့ပြင်ခြင်း၊ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်း၊ နှစ်သိမ့်ခြင်းနှင့် တိုက်တွန်းခြင်းမှတစ်ဆင့်ဖြစ်သည့် သူ၏ အမှုပြုခြင်း နည်းလမ်းအချို့၊ ပြီးလျှင် လူအတွက် သူ၏ အထူး လမ်းပြခြင်းအချို့ - ဤအရာများကို သင် ကိုယ်တိုင်ကိုယ်ကျ မတွေ့ကြုံသေးလျှင်၊ အမှန်တကယ် မမြည်းစမ်းရသေးလျှင်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်နိုင်သလော။ သူ့ကို သင် အမှန်တကယ် ကျိုးနွံနာခံနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ သိနားလည်မှုသည် စစ်မှန်သည့် သိနားလည်မှု လုံးဝ မရှိဘဲ အမြဲ အမေးဝါကျ၊ အမေးဝါကျ တစ်သီတစ်တန်း ဖြစ်နေလိမ့်မည်။ ထို့ကြောင့်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် ဖြစ်သလော။ ထိုအရာသည် ဖန်ဆင်းခံနှင့် ဖန်ဆင်းရှင်ကြားက ဆက်ဆံရေး အမှန်တကယ် ဖြစ်သလော။ ဤအမေး ဝါကျက မည်သည့်အရာကို အတိအကျ ကိုယ်စားပြုသနည်း။ ဘုရားသခင်သည် ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်း သို့မဟုတ် သူ၏ အနှစ်သာရတွင်ဖြစ်စေ သင့်ကို အစဉ်ထာဝရ ရင်းနှီးအကျွမ်းဝင်လိမ့်မည် မဟုတ်ပေ။ သူသည် သင်၏ မိသားစုမဟုတ်၊ သင်၏ ဆွေမျိုးများ မဟုတ်။ သူသည် သင် မသိဖူးသည့် မရင်းနှီးသော လည်ပတ်သူတစ်ဦးကဲ့သို့ အမြဲ ထင်ရသည်။ ထို့ကြောင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ရှင်းပြရန် မလွယ်ပေ။ သို့သော် ထိုအရာသည် ဖန်ဆင်းခံနှင့် ဖန်ဆင်းရှင်ကြား ဆက်ဆံရေးနှင့် တကယ်ကို ကိုက်ညီခြင်း မရှိပေ။

ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဓိက အချက်များမှာ မည်သည့်အရာနည်း။ ဘုရားသခင်၌ ယုံကြည်ခြင်းကို ဘဝတွင် လူတို့ရှိသင့်သည့် စစ်မှန်မှုအဖြစ်သို့ မည်သို့ ပြောင်းလဲရမည်နည်း။ ကျိုးနွံနာခံခြင်းကို မည်သို့ စွမ်းဆောင်ပြီး ဘုရားသခင်ကို ရရှိမည်နည်း။ သင်သည် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းအပေါ် မှီခိုရမည်ဖြစ်ပြီး အရေးအကြီးဆုံးမှာ ဘုရားသခင်ကို သင် ကျိုးနွံနာခံပြီး မရရှိနိုင်မီ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမမှုတို့ကို မှီခိုရမည်ဖြစ်သည်။ လူများစွာတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသော်လည်း၊ သူ၏ အမှုတော်အား မည်သို့ တွေ့ကြုံရမည်ကို နားမလည်ကြပေ။ ထိုသို့တွေ့ကြုံရန်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပြုပြင်ခြင်း၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့ကို သင် တွေ့ကြုံရမည်။ ဘုရားသခင်၏ သတ်မှတ်ချက်အားလုံးကို လက်တွေ့လုပ်ရမည်၊ ဝင်ရောက်ကာ ရရှိရမည်ဖြစ်သည်။ ဤအရာကို ဘုရားသခင်၏ အမှုတော်အား တွေ့ကြုံခြင်းဟု ခေါ်သည်။ ဤသည်ကို ဘုရားသခင်၏ အမှုတော်အား တွေးကြုံခြင်းဟု ခေါ်သည်။ ထိုအရာကို တွေ့ကြုံရန်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် စိတ်နှလုံးဖြင့် သူနှင့်အတူ ပုံမှန် ဆက်ဆံရေးတစ်ခု ထူထောင်ရမည်၊ အမြဲ ဆုတောင်းကာ သူ့ထံမှ ရှာဖွေရမည်ဖြစ်သည်။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် အခက်အခဲများကို သင် ရင်ဆိုင်ရသည်ဖြစ်စေ၊ သင်သည် သူ၏ နှုတ်ကပတ်တော်များ၌ အဖြေများကို ရှာပြီး၊ အမြဲ ဆုတောင်းကာ သူနှင့်အတူ မိတ်သဟာယပြုလျက်၊ ဘုရားသခင်ကို သင် မှီခိုပြီး အားကိုးရမည်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းသည် သူနှင့်အတူ အဆက်အသွယ်ရှိကာ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတော်ကို ကျိုးနွံနာခံရန်၊ သင့်ထံတွင် ပြဿနာများ သို့မဟုတ် အခက်အခဲများရှိသည့်အခါ သူ့ထံ ဆုတောင်းပြီး သူ့ထံမှ ရှာဖွေရန် ဖြစ်သည်။ ဤနည်းဖြင့် အတွေ့အကြုံများစွာ သင် ရှိကာ သမ္မာတရားကို သင် နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဖြစ်ပျက်သည့်အရာများအတွက် ဘုရားနှုတ်ကပတ်တော်များအား မည်သို့ အသုံးပြုရမည်ကို သင် သင်ယူပြီးဖြစ်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို အသုံးပြုရန် နည်းလမ်းများစွာရှိသည်။ ဥပမာအားဖြင့်၊ အမှုအရာများ ဖြစ်ပျက်သည့်အခါ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်း၊ ထိုသို့ဖြင့် လူတို့ မည်သို့ ပြုမူဆောင်ရွက်သင့်ပုံ၊ စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် လူတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်ဆိုသည်တို့ကို ဘုရားနှုတ်ကပတ်တော်များက မည်သို့ ရှင်းလင်းစွာ ဖော်ပြသည်ကို မြင်ခြင်းဖြစ်သည်။ ဤအရာအားလုံးကို သင် သိပြီး ဘုရားသခင်၏ စိတ်ဆန္ဒများကို နားလည်သည့်အခါ၊ သင်သည် ဘုရားသခင်နှင့်ဆိုင်သည့် အသိနှင့် နားလည်မှုအချို့ ရှိလိမ့်မည်ဖြစ်သည်။ စမ်းသပ်မှုများနှင့် ရင်ဆိုင်ရသည့်အခါ သင်သည်၊ “ထိုသို့သော ကြီးမားသည့် စမ်းသပ်မှုများနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်က မည်သည့်အရာ ပြောသနည်း။ လူတို့ကို ဘုရားသခင် စစ်ဆေးခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ အဘယ်ကြောင့် လူတို့ကို သူ စစ်ဆေးချင်သနည်း”ဟူသည်တို့ကို ရှာဖွေသင့်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသည်၊ အမြဲ ပုန်ကန်တတ်ပြီး နာခံခြင်းမရှိကြောင်းနှင့် သူ့ကို သင် ကျိုးနွံနာခံခြင်းမရှိဘဲ စဉ်ဆက်မပြတ် စိတ်ကူးများနှင့် အယူအဆများရှိကြောင်း၊ ပြီးလျှင် ဘုရားသခင်က စမ်းသပ်မှုများမှတစ်ဆင့် သင့်ကို သန့်စင်စေလိုကြောင်းကို ဘုရားနှုတ်ကပတ်တော်များက ပြောသည်။ မည်သည့်အရာကို သင် တွေ့ကြုံသည်ဖြစ်စေ၊ နှိပ်စက်ညှဉ်းပန်းခြင်းနှင့် စမ်းသပ်မှုများဖြစ်စေ၊ သို့မဟုတ် ပြုပြင်ခံရခြင်း၊ ဆုံးမပဲ့ပြင်ခံရခြင်းနှင့် အပြစ်ပေးခံရခြင်းဖြစ်စေ၊ ဘုရားသခင်က သင့်အတွက် မည်သည့် ပတ်ဝန်းကျင်ကို စီစဉ်ပေးသည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် နည်းလမ်းကို သူ အသုံးပြုသည်ဖြစ်စေ၊ သင်သည် ဘုရားနှုတ်ကပတ်တော်များတွင် အဖြေများနှင့် အခြေခံအကြောင်းရင်းကို အမြဲရှာရမည်ဖြစ်ပြီး၊ သင်နှင့်ဆိုင်သည့် သူ၏ ရည်ရွယ်ချက်များနှင့် သတ်မှတ်ချက်များကို ရှာဖွေရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ မည်သည့်အရာ ဘုရားသခင် ပြောဆိုထားပြီးဖြစ်သည်၊ လူတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရန် သူ အလိုရှိသည်၊ လူတို့အပေါ် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် သူ၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ဆိုသည်တို့ကို ပထမဆုံး သင် စဉ်းစားရမည်ဖြစ်သည်။ ဤအရာများကို နားလည်လော့။ ပြီးလျှင် ဘုရားသခင်၏ အမှုတော်အား မည်သို့ တွေ့ကြုံရမည်ကို သင် သိရှိလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာမရှိသကဲ့သို့ သမ္မာတရားကို သင် မချစ်ဘဲ လူများ၊ စာအုပ်များ၊ သို့မဟုတ် ကျော်ကြားပြီး ကြီးမြတ်သည့် လူများက မည်သည့်အရာပြောသည် သို့မဟုတ် ဤအရာ ဖြစ်ပျက်သည့်အခါ ဘာသာမဲ့များက မည်သည့်အရာ လုပ်ဆောင်ကြသည်ဆိုသည်ကို အမြဲ စဉ်းစားလျှင်၊ ဤနည်းဖြင့် သင် ရှာဖွေကာ လက်တွေ့လုပ်ဆောင်လျှင် သင်သည် ယုံကြည်ခြင်းမရှိသူများနှင့် ဆိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သင်၏ အတွေးများနှင့် လမ်းကြောင်းသည် ဘာသာမဲ့များနှင့် အတူတူပင် ဖြစ်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးဖြစ်သော်လည်း၊ သင်၏ အတွေးခေါ်မှုသည် ဘာသာမဲ့သူများနှင့် အတူတူပင်ဖြစ်ပြီး ဘာသာမဲ့သူများ၏ လမ်းကြောင်းကို သင် လျှောက်လျှင်၊ ဤသည်မှာ မှားယွင်းသော လမ်းနှင့် တစ်ဖက်ပိတ်လမ်းတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ယုံကြည်သည့် တစ်စုံတစ်ဦးက လုပ်ဆောင်သင့်သည့်အရာ သို့မဟုတ် လျှောက်သင့်သည့် လမ်းကြောင်း မဟုတ်ပေ။ အသင်းတော် အတွင်းတွင် ဤကဲ့သို့သော လူများရှိကြပြီး၊ ၎င်းတို့သည် ယုံကြည်ခြင်းမရှိသူများနှင့် ဆိုင်သည်၊ အသင်းတော်ထဲတွင် ပုန်းကွယ်သည့် ဘာသာမဲ့သူများ ဖြစ်သည်။

လူနှင့် ဘုရားသခင်သည် မည်သို့ ဆက်သွယ်ကြသနည်း။ သင်သည် ဘုရားသခင်ကို မည်သို့ သိရှိနိုင်သနည်း။ လူ့အပေါ် မည်သို့ သူ အမှုပြုသနည်း။ သူ၏ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းအားဖြင့် ဖြစ်သည်။ ယင်းမှတစ်ဆင့် သူသည် သူ၏ ရည်ရွယ်ချက်များကို ထုတ်ဖော်ပြသည်၊ သင် လျှောက်သင့်သည့် လမ်းကြောင်းဆီသို့ သင့်ကို လမ်းပြသည်၊ သင့်ကို စစ်ဆေးပြီး သင့်အတွက် သူ၏ သတ်မှတ်ချက်များနှင့် စံနှုန်းများကို ပြောပြသည်။ သိပင်မသိလိုက်ဘဲနှင့်၊ လူတို့သည် ဘုရားနှုတ်ကပတ်တော်များရှိ သမ္မာတရား၏ သွင်ပြင်လက္ခဏာအားလုံးကို နားလည်ကြသည်။ လူတို့အား မည်သို့ ကိုင်တွယ်ဖြေရှင်းပြီး ကိစ္စရပ်များအား မည်သို့ ကိုင်တွယ်ရမည်၊ မိမိတို့၏ ညီအစ်ကို မောင်နှမများ၊ အသင်းတော် အလုပ်နှင့် မိမိတို့၏ တာဝန်ကို မည်သို့ သဘောထားရမည်၊ စမ်းသပ်မှုများအား မည်သို့ တွေ့ကြုံရမည်၊ ဘုရားသခင်ကို မည်သို့ သစ္စာစောင့်သိရမည်၊ မည်သို့ စွန့်လွှတ်ရမည်၊ ဘာသာမဲ့သူများ၏ လောကကို မည်သို့ သဘောထားရမည်၊ စသည်တို့နောက်ကွယ်ရှိ စည်းမျဉ်းများ။ ဤအရာအားလုံး ဘုရားနှုတ်ကပတ်တော်တွင် ရှိပြီး သူက လူသားမျိုးနွယ်အား ပြောပြပြီး ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် လူက ထိုအရာကို မည်သ့် အတိုင်းအတာထိ တွေ့ကြုံသနည်း။ လူတို့သည် ဘုရားသခင်ကို သူ၏ နှုတ်ကပတ်တော်များတွင် တွေ့မြင်နိုင်ပြီး၊ သူနှင့် မျက်နှာချင်းဆိုင်လာနိုင်သည်။ တစ်စုံတစ်ဦးက၊ “သင် ယုံကြည်သည့် ဘုရားသခင်က မည်သည့်နေရာတွင် ရှိသနည်း”ဟု မေးကောင်းမေးနိုင်သည်။ ထိုအရာကို မတွေ့ကြုံသေးသည့်သူတို့သည် နားမလည်နိုင်ပေ။ “ဟုတ်သည်၊ ဘုရားသခင် အဘယ်မှာနည်း။ သူသည် ကျွန်ုပ်ထံ လုံးဝ မပေါ်ထွန်းဖူးပါ။ သူသည် တတိယကောင်းကင်ဘုံတွင်ရှိသည်ဟု အမြဲ ပြောသော်လည်း၊ သူ့ကို ကျွန်ုပ် လုံးဝ မတွေးဖူးပါ။ ဘုရားသခင် အမှန်တကယ် မည်မျှ ကြီးမားသည်၊ မည်မျှ အရပ်ရှည်သည် သို့မဟုတ် မည်မျှ အစွမ်းတန်ခိုးကြီးမားပြီး အရာခပ်သိမ်းသိသည်ကို ကျွန်ုပ် မသိပါ”ဟူ၍ ဖြစ်သည်။ အတွေ့အကြုံရှိသည့်သူတို့က၊ “ထိုအရာများသည် အရေးမကြီးပါ။ ဘုရားသခင်ကို ကျွန်ုပ် စယုံကြည်သည့်ရက်ကတည်းက ဘုရားနှုတ်ကပတ်တော်များကို ကျွန်ုပ် တွေ့ကြုံခဲ့သည်။ ယခု သူ့ကို ကျွန်ုပ် အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာ ယုံကြည်ပြီးဖြစ်ကာ သူ၏ နှုတ်ကပတ်တော်များတွင် သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ကျွန်ုပ် မြင်ပြီး၊ သူ့အပေါ် သိနားလည်မှုနှင့် သိကျွမ်းမှုအချို့ ကျွန်ုပ် ရှိသည်။ ဤနှစ်ကာလများတစ်လျှောက်လုံးတွင် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံပြီးနောက်၊ တစ်နေ့တွင် ဘုရားသခင်က ကျွန်ုပ်ထံ လာပြီး ကျွန်ုပ်နှင့် စကားပြောလျှင်၊ ကျွန်ုပ်နှင့် ပတ်သက်လျှင်၊ သူသည် ထိုနှုတ်ကပတ်တော်များကို ဖော်ပြခဲ့သည့် ဘုရားသခင် ဖြစ်ကြောင်း၊ သူသည် ကျွန်ုပ် ယုံကြည်သည့်သူဖြစ်ကြောင်းကို သံသယမရှိဘဲ ကျွန်ုပ် အတည်ပြုနိုင်မည်ဖြစ်သည်။ သူ မည်သည့်အရာနှင့် တူသည်ဖြစ်စေ၊ သူ၏ နှုတ်ကပတ်တော်များနှင့် ဤအရာများက တစ်ခုတည်းသော အရင်းအမြစ်နှင့် သက်ဆိုင်သရွေ့၊ သူသည် ကျွန်ုပ် ယုံကြည်သည့် ဘုရားသခင်၊ ကောင်းကင်ဘုံမှလာသည့် ဘုရားသခင်၊ ကျွန်ုပ်၏ ကံကြမ္မာနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည့် သူဖြစ်သည်”ဟု ပြောကြမည်ဖြစ်သည်။ ဤအချိန်တွင် ဘုရားသခင်အတွက် သင့်ကို ကောင်းကင်ဘုံမှ စကားပြောရန် လိုအပ်ဦးမည်လော။ (မလိုအပ်ပါ။) ဘုရားသခင်က မည်သည့် ပုံစံ သို့မဟုတ် ပုံသဏ္ဍာန် ဆောင်ယူသည်ဖြစ်စေ၊ ထိုအရာကို သင် မြင်ရန်မလိုပေ။ မလိုအပ်ပေ။ သင်သည် ထိုသိချင်စိတ်ပြင်းပြခြင်း ရှိမည်မဟုတ်။ သို့သော် အဘယ်ကြောင့်နည်း။ ဤသို့ နှစ်ချီတွေ့ကြုံပြီးနောက်တွင်၊ ဘုရားသခင်၏ ဆက်သွယ်ခြင်းဖြင့်၊ သူ့ကို သင် သိရှိကြောင်း သို့မဟုတ် အလွန် ရင်းနှီးကြောင်း သင် မပြောနိုင်သော်လည်း၊ အနည်းဆုံးအနေဖြင့် သူ၏ နှုတ်ကပတ်တော်များ၊ ထိုနှုတ်ကပတ်တော်များနှင့်လည်းကောင်း၊ သူ၏ အမှုတော်နှင့်လည်းကောင်း သက်ဆိုင်သည့် သင်၏ အတွေ့အကြုံမှတစ်ဆင့် သင်သည် သူနှင့် သူစိမ်းတစ်ဦး မဟုတ်တော့ပေ။ သူသည် သင်၏ ဘဝကို လမ်းပြလျက် သင်နှင့်အတူ ရှိသည်၊ သင်၏ နေ့ရက်စဉ်တိုင်းနှင့် သင်၏ ကံကြမ္မာတို့အပေါ် အချုပ်အခြာအာဏာရှိလေသည်။ သင်၏ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသနှင့် ပျော်ရွှင်မှုအားလုံးကို အလွန်ကောင်းစွာ သူ နားလည်ပြီး၊ သူ၏ထိုအရာများကိုလည်း သင် သိလေသည်။ သင်သည် သူ့ကို အထင်မလွဲ သို့မဟုတ် သူနှင့်ပတ်သက်၍ မညည်းညူတော့သကဲ့သို့ သင်၏ စိတ်နှလုံးရှိ သူ၏ နေရာမှာ သူ နန်းထိုင်ပြီး ဘုရင်အဖြစ် စိုးစံသည်၊ သင်၏ ဖြစ်တည်မှုတစ်ခုလုံးကို ထိန်းချုပ်နိုင်သည်ဟုပင် သင် ပြောနိုင်လေသည်။ “ဘုရင်အဖြစ် စိုးစံ”ခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဖြေရှင်းရန် ဘုရားနှုတ်ကပတ်တော်များကို သင် အသုံးပြုပြီး သူ၏ နှုတ်ကပတ်တော်များက သင့်စိတ်နှလုံး၏ ဆရာသခင်ဖြစ်သည်ဟု ဆိုလိုပေသည်။ သင်သည် ဆရာသခင် မဟုတ်တော့ပေ။ သင်၏ အသိပညာနှင့် သညာ၊ သင် ဖတ်ရှုခဲ့သည့် စာအုပ်များ၊ သင့်ဘဝ၏ အတွေ့အကြုံများနှင့် အဖြစ်အပျက်များ - ဤအရာအားလုံးက သင့်ကို မဦးဆောင်နိုင်ပေ။ ဘုရားနှုတ်ကပတ်တော်များက အရာရာတွင် သင့်ကို ဦးဆောင်လမ်းပြလိမ့်မည်။ ယင်းတို့သည် သင့်ဘဝ၏ လမ်းညွှန်စာအုပ် ဖြစ်လာလိမ့်မည်၊ သင်၏ လက်တွေကျသည့် ဘဝတွင် နေ့စဉ် ထုတ်ဖော်ပြကာ အသက်ရှင်နေထိုင်လိမ့်မည်။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုများကို သင် ရှိလိမ့်မည် နည်းလမ်း ဖြစ်သည်။ ထိုအချိန်တွင်၊ တစ်စုံတစ်ဦးက သင့်ကို၊ “ဘုရားသခင်ကို သင် ယုံကြည်သဖြင့်၊ သူ့ကို သင် သိသလော”ဟု တစ်ဖန်မေးလျှင်၊ သင်က၊ “ဘုရားသခင်ကို ကျွန်ုပ် အနည်းငယ် သိပါသည်။ သူ မည်မျှ အစွမ်းတန်ခိုးကြီးပြီး ဉာဏ်ပညာရှိသည်ကို ဖော်ပြရန် စကားလုံးများ ကျွန်ုပ် အသုံးမပြုဝံ့သကဲ့သို့ သူ့ကို ကျွန်ုပ် မသတ်မှတ်ဝံ့ပါ။ သို့သော် အနည်းဆုံးအနေဖြင့်၊ ဘုရားသခင်သည် ဉာဏ်မမီနိုင်ဖွယ်ဖြစ်ကြောင်း၊ အလွန် ဉာဏ်ပညာရှိပြီး အံ့ဖွယ်ဖြစ်ကြောင်းနှင့် လူသားမျိုးနွယ်ကို အလွန် ချစ်ကြောင်းကို ကျွန်ုပ် သိပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အလွန် ကြီးမား၊ အလွန် စစ်မှန်ပြီး သူ၏ စိတ်သဘောထားက အလွန် ဖြောင့်မတ်သည်”ဟု ပြောပေမည်။ ဤအသိပညာ အနည်းငယ်မျှသည် လူတို့၏ မရေရာသကဲ့သို့ နားလည်ရခက်သော အယူအဆများနှင့် စိတ်ကူများထက် သာ၍ တန်ဖိုးရှိသည် မဟုတ်လော။ (ရှိပါသည်။) သို့ဆိုလျှင် ဤတန်ဖိုးရှိသောအရာများက မည်သည့်နေရာမှ လာသနည်း။ ဘုရားနှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းမှ လာသည်။ ဆိုလိုသည်မှာ၊ ဤနှစ်များတစ်လျှောက်လုံးတွင် ဘုရားနှုတ်ကပတ်တော်များဖြင့် ထောက်ပံ့ပေးခြင်းခံရပြီးနောက်၊ ယင်းတို့သည် သင့်အထဲတွင် အမြစ်တွယ်ပြီး၊ အစို့အညှောက်ထွက်၊ အပွင့်ပွင့်ပြီး အသီးသီးကာ သင်သည် သူ့နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ပြီးဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို အသက်ရှင်နေထိုင်စဉ် ဤအကျိုးတရားကို သင် မည်သို့ စွမ်းဆောင်ရရှိသနည်း။ (လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများအပေါ် ဘုရားသခင်၏ အစီအစဉ်များကို နည်းနည်းချင်း တွေ့ကြုံခြင်းအားဖြင့် ဖြစ်သည်။) ထိုအရာသည် အတွေ့အကြုံမှလာသည်၊ အတိအကျပြောရလျှင် ဤကာလအတောအတွင်းတွင် ဘုရားနှုတ်ကပတ်တော်များကို စဉ်ဆက်မပြတ် အတိအမှတ်ပြုခြင်း၊ ဘုရားသခင်၏ စာကြောင်းတစ်ခုစီတိုင်းက သမ္မာတရားဖြစ်ပြီး သင်၏ ဘဝတွင် သင် လိုအပ်သည့်အရာဖြစ်သည်ကို အတည်ပြုခြင်းမှ လာပေသည်။ ထိုအချိန်တွင်၊ တစ်စုံတစ်ဦးက၊ “သင် ယုံကြည်သည့် ဘုရားသခင်သည် ဘုရားမဟုတ်။ သူ မတည်ရှိ၊ သူ့ကို မြင်၍မရပါ”ဟု ပြောလျှင်၊ သင်က၊ “ဘုရားသခင်၏ တည်ရှိခြင်းနှင့် အချုပ်အခြာအာဏာကို လူတစ်ဦးက ဆုံးဖြတ်ရန် မဟုတ်ပါ။ ဆုံးဖြတ်သူမှာ ဘုရားသခင်ဖြစ်သည်။ အဆုံးအဖြတ်ပေးသည်မှာ ဘုရားသခင်၏ တည်ရှိခြင်းနှင့် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာနှင့်ဆိုင်သည့် အမှန်တရား ဖြစ်သည်။ အဆုံးအဖြတ်ပေးသည်မှာ ဤနှစ်ကာလများတွင် ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ကျွန်ုပ်၏ တကယ့် အတွေ့အကြုံ ဖြစ်သည်။ အဆုံးအဖြတ်ပေးသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်း သက်သေခံချက်အားလုံး ဖြစ်သည်။ ဤသည်မှာ သက်သေဖြစ်သည်”ဟု ပြောလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို သက်သေခံခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးက၊ “ဘုရားသခင် အဘယ်မှာနည်း”ဟု တစ်ဖန်မေးလျှင်၊ သင် မည်သို့ ပြန်ဖြေမည်နည်း။ (သူ့ကို ယုံကြည်သည့် လူတိုင်း၏ စိတ်နှလုံးတွင်ရှိသည်။) ဘုရားသခင်က လူတို့၏ စိတ်နှလုံးများတွင် အသက်ရှင်နှင့်ပြီးဖြစ်သော်လည်း၊ သူသည် အရာခပ်သိမ်းအတွင်းနှင့် အထဲတွင်၊ ကျွန်ုပ်တို့ အနီးဝန်းကျင်တွင်လည်း ရှိသည်။ ဤသည်မှာ ဘုရားသခင်၏ တည်ရှိခြင်း ဖြစ်သည်။ ထိုအရာကို သင် ငြင်း၍ မရနိုင်သကဲ့သို့ သင် တွေ့ကြုံသည့်အရာသည် သင် မြင်သည့်အရာထက် သာ၍ စစ်မှန်သည်။ ဘုရားသခင်ကို သင် မြင်လျှင်ပင်၊ သူ့ကို သင် မှတ်မိမည်လော။ (မှတ်မိမည် မဟုတ်ပါ။) ဘုရားသခင်၏ ဝိညာဉ် ခန္ဓာက လူတို့ကြား ဆင်းသက်ပြီး၊ “ငါ ဘုရားသခင်ဖြစ်သည်”ဟု ပြောလျှင်၊ သင်သည် အလန့်တကြားဖြစ်သွားပြီး၊ “သင် ဘုရားသခင်လော။ သင့်ကို ကျွန်ုပ် မမှတ်မိသည်မှာ အဘယ်သို့ဖြစ်သနည်း။ သင်ကဲ့သို့သော ဘုရားသခင်ကို ကျွန်ုပ် လက်မခံပါ”ဟု ပြောပေမည်။ အမှန်တွင် သင် ကြောက်မည်ဖြစ်သည်။ ဤတုံ့ပြန်မှုမျိုး သင် အဘယ်ကြောင့် ရှိမည်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သင် မသိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ့အပေါ် ဤသဘောထားနှင့် အပြုအမူမျိုး သင်၌ ရှိပေသည်။

ဘုရားသခင်ကို ယုံကြည်သည့်အခါ အာရုံစိုက်ရန် အရေးအကြီးဆုံးသော အရာမှာ အဘယ်နည်း။ သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်းက အရေးအကြီးဆုံးဖြစ်သည်ဟု သင် ဆိုနိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံသည့် ဖြစ်စဉ်တွင်၊ လူတို့တွင် မည်သည့် မှားယွင်းသော အခြေအနေများ၊ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် သို့မဟုတ် ပုန်ကန်သည့် အခြေအနေများ ရှိသည်ဖြစ်စေ၊ မည်သည့် မှားယွင်းသော အမြင်များ ရှိသည်ဖြစ်စေ၊ ဤအရာအားလုံး ပြောင်းလဲရမည်ဖြစ်ပြီး သမ္မာတရားဖြင့် ဖြေရှင်းရမည်ဖြစ်သည်။ ဤနည်းဖြင့် သင်၏ အတွင်းပိုင်း အခြေအနေက တဖြည်းဖြည်း တိုးတက်လိမ့်မည်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက တိုး၍ ပုံမှန် ဖြစ်လာလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ တည်ရှိခြင်းကို သင် ခံစားရလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးက ပုံမှန်မဟုတ်လျှင် ဘုရားသခင်၏ တည်ရှိခြင်းကို သင် ခံစားရလိမ့်မည် မဟုတ်။ ဤအရာအားလုံးတွင် သမ္မာတရား ရှိသည် မဟုတ်လော။ အားလုံးတွင် သမ္မာတရား ရှိ၏။ လူတို့သည် မည်သည့်အရာနှင့်အမျှ ထိတွေ့ဆက်ဆံခြင်းမရှိဘဲ၊ မည်သည့်အရာကိုမျှ မြင်ခြင်း၊ သိခြင်းမရှိဘဲ၊ ချိုးခြံသောအကျင့်ကျင့်သည့် တာအို ဘုန်းကြီးများနှင့် သီလရှင်များကဲ့သို့ အပြင်လောကကို လျစ်လျူရှုလျက်၊ လေဟာနယ်တစ်ခုတွင် အသက်ရှင်နေကြသည့်အလား ဘုရားသခင်ကို ယုံကြည်ကြလျှင်၊ ထိုအရာသည် မှန်ကန်သော နည်းလမ်း မဟုတ်ပေ။ လူတို့သည် လိုက်နာနိုင်လျှင်၊ နားလည်သဘောပေါက်ပြီး တွေ့ကြုံနိုင်လျှင်၊ အမှုအရာများစွာတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်နိုင်ကြလိမ့်မည်။ သို့သော် လတ်တလောတွင် လူအများစုအတွက် အလွန် နက်နဲလွန်းပြီး အလှမ်းမမီနိုင်သည့် ကိစ္စရပ်အချို့ရှိသည်။ ထို့ကြောင့် အဝေးတွင် ရှိသည့်အရာကို ရှာဖွေရာတွင် အနီးတွင်ရှိသည့်အရာကို သင် မစွန့်သင့်ပေ။ ဘုရားနှုတ်ကပတ်တော်အများကိုသာ အာရုံစိုက်ပြီး၊ ထိုနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် မည်သို့ တိုင်းတာရမည်ကိုသာ သင်ယူလော့။ ယင်းတို့နှင့် သင့်ကိုယ်သင် တိုင်းတာခြင်းအားဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ သင့်အနေဖြင့် ဘုရားနှုတ်ကပတ်တော်များတွင် ဖော်ထုတ်ထားသည့် အမျိုးမျိုးသော အခြေအနေများ ရှိမရှိ၊ မည်သည့် အခြေအနေတွင် သင် ရှိသည်၊ ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာကို ရည်ညွှန်းသည်ဆိုသည်နှင့် မည်သည့် လူသားအခြေအနေများကို သူ ပြောဆိုနေသည်ဟူသည်တို့ကို သိမြင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို ရှင်းလင်းစွာ ဆန်းစစ်ပြီး နားလည်ရမည်ဖြစ်သည်။ တစ်ခါတစ်ရံ လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို တစ်ကြိမ်တစ်ခါ ကြားလိမ့်မည်ဖြစ်သော်လည်း၊ ထိုနှုတ်ကပတ်တော်များက နားတစ်ဖက်တွင် ဝင်ပြီး အခြားတစ်ဖက်တွင် ထွက်ကာ၊ “ဘုရားနှုတ်ကပတ်တော်များက ငါ့ကို ရည်ရွယ်ခြင်း မရှိပါ။ ငါ့ထံတွင် ဤအခြေအနေ မရှိပါ။ အခြားလူများအကြောင်းကို သူ ပြောနေခြင်း ဖြစ်သည်”ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ ယင်းတို့ကို နားလည်ရန် မှားယွင်းသော နည်းလမ်းဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို သင် နားမလည်သေးကြောင်း၊ ထိုနှုတ်ကပတ်တော်များက သင့်အပေါ် သက်ရောက်မှု မရှိသေးကြောင်းနှင့် ယင်းတို့ကို သင် စဉ်းစားခြင်း မရှိသေးကြောင်းကို ပြပေသည်။ ဘုရားနှုတ်ကပတ်တော်များက လူတို့ကို ဖော်ထုတ်နေသည်ကို သင် ကြားသည့် နေ့ရက် ရောက်မလာမီထိ အတွေ့အကြုံ ရယူလော့။ ပြီးလျှင် သင်က၊ “ဘုရားသခင်က ကျွန်ုပ်အကြောင်းကို ပြောနေခြင်းဖြစ်သည်”ဟု ပြောလိမ့်မည်။ ဤသည်မှာ သင့်ကိုယ်သင့် ဘုရားနှုတ်ကပတ်တော်များနှင့် တိုင်းတာခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ အစသာရှိသေးသည်။ ဘုရားနှုတ်ကပတ်တော်များထဲသို့ ဝင်ရောက်ခြင်း၏ အစသာဖြစ်သည်။ သူ ပြောဆိုသည့် ဤအခြေအနေက မည်သည့်အရာ အမှန်တကယ်ဖြစ်သည်ကို သင် သိကောင်းသိမည် မဟုတ်ပေ။ ထို့ကြောင့် သင့်အနေဖြင့် သမ္မာတရားက မည်သည့်အရာဖြစ်သည်၊ သူ၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် လူသားမျိုးနွယ်ကို မည်သည့် လမ်းကြောင်း သူ ပေးသည်ဆိုသည်တို့ကို ဘုရားသခင် ပြောသည့်အရာထဲတွင် သင် ရှာဖွေရသည့် ကာလတစ်ခု ကြုံရမည်ဖြစ်သည်။ ဤအရာတွင် သေးစိတ် အချက်များပါဝင်၏။ အပြင်ပန်း အခြေအနေတစ်ခုကို သင် ဆန်းစစ်ရုံဆန်းစစ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးကာ ပြီးလိုက်ခြင်းမျှသာ မဟုတ်ပေ။ လူတို့၏ အခြေအနေကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် ၎င်းတို့အား ဆန်းစစ်စေရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ၎င်းတို့ကို ပြောင်းလဲစေရန် ဖြစ်သည်။ ဤသည်မှာ မှားယွင်းသည့် အခြေအနေဖြစ်ကြောင်းနှင့် ဤအခြေအနေမျိုးတွင် သင် အသက်ရှင်လျှင်၊ သို့မဟုတ် ဤအမြင်မျိုးရှိလျှင်၊ ဘုရားသခင်ကို သင် အတိုက်အခံလုပ်နိုင်ကြောင်း ဘုရားသခင်က ပြောသည်။ ဤသည်မှာ ပုန်ကန်မှုဖြစ်သည်။ ဘုရားသခင်ကို သဘောမကျဖြစ်စေပြီး၊ စာတန်နှင့် သက်ဆိုင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်ကာ သမ္မာတရားနှင့် မကိုက်ညီပေ။ လမ်းကြောင်းကို သင် ပြောင်းလဲရမည်။ လမ်းကြောင်း ပြောင်းလဲနေစဉ်တွင်၊ ဘုရားသခင်၏ သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်၊ ဤသတ်မှတ်ချက်များတွင် သမ္မာတရားရှိသည်ဆိုသည်တို့ကို သင် နားလည်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ကာ၊ “ဤကိစ္စရပ်တွင် ဘုရားသခင်က မည်သည့်အရာကို တောင်းဆိုသနည်း။ လမ်းကြောင်းကို ငါ အဘယ်သို့ ပြောင်းလဲရမည်နည်း၊ ဤအခြေအနေမျိုးမှ ငါ့ကိုယ်ငါ လွတ်မြောက်စေပြီး၊ မည်သို့ ဖြေရှင်းရမည်နည်း”ဟု စဉ်းစားဆင်ခြင်ရမည်။ ဤအရာတွင် သမ္မာတရားကို ရှာဖွေခြင်း ပါဝင်သည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သင့်ကိုယ်သင် တိုင်းတာခြင်းက မလုံလောက်ပေ။ ဤအရာအပြင်၊ သမ္မာတရားကို သင် နားလည်ရန် လိုအပ်ပြီး သင့်ကိုယ်သင် သိနိုင်ရမည်။ ထို့နောက် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များက အလွန်ကောင်းသည်ဟု သင် ခံစားမိလိမ့်မည်ဖြစ်ပြီး၊ သူ့ကို လှိုက်လှိုက်လှဲလှဲ ချီးမွမ်းနိုင်လိမ့်မည်။ “ဘုရားသခင် အလွန် အမြော်အမြင်ရှိသည်။ လူ၏ အတွင်းအကျဆုံး စိတ်နှလုံးကို စိစစ်နေသည်”ဟူ၍။ ထိုသို့ ဖြစ်သလော။ ထိုအရာသည် အတော်အလှမ်းဝေးပြီး ဘုရားသခင် တောင်းဆိုသည့်အရာ မဟုတ်ပေ။ သူသည် သင့်ကို ထိုအပျက်သဘောဆောင်သည့်၊ မှားယွင်းသည့် အခြေအနေများ၊ ထိုဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လက်လွှတ်ရန် တောင်းဆိုပြီး၊ ယင်းတို့ကို သင် ဖြေရှင်းပြီးသည်နှင့်၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ သင်၏ သမ္မာတရား သိနားလည်ခြင်းက တဖြည်းဖြည်း နက်သည်ထက်နက်လာသည်နှင့်အမျှ၊ သင်၏ အတွင်းပိုင်း အခြေအနေက လုံးဝ ပြောင်းလဲသွားလိမ့်မည် ဖြစ်ပြီး၊ အမှုအရာများအပေါ် သင်၏ ယခင်အမြင်ကို သင် လက်လွှတ်လိမ့်မည်၊ ထိုအမြင်က မှားယွင်းသည်ကို သိမြင်လိမ့်မည်၊ အမှားက မည်သည့်နေရာတွင် ရှိပြီး ထိုအရာ၏ အနှစ်သာရ မည်သည့်အရာဖြစ်သည်ဆိုသည်ကို သိလိမ့်မည်ဖြစ်ကာ ထိုသို့ဖြင့် ဖြေရှင်းနိုင်လိမ့်မည်။ လောကီအမှုအရာများနှင့် စာတန်ဆန်သော အမြငများကို သင် လုံးဝ လက်လွှတ်နိုင်သည့်အခါ၊ အတွင်းတွင် သင် အနှစ်မဲ့ခံစားရကောင်းခံစားရမည်ဖြစ်သော်လည်း၊ သင် နားလည်ပြီးဖြစ်သည့် သမ္မာတရားသည် သင်၏ စိတ်နှလုံးကို စတင် နေရာယူလိမ့်မည်ဖြစ်သည်။ မည်သည့် မှန်ကန်သော အမြင်ကို ဘုရားသခင်က သင့်အား ရှိစေလိုသည်၊ မည်သည့်အရာကို သင့်အား သူ ပိုင်ဆိုင်စေလိုသည်၊ မည်သည့်အမြင်များက ရှိရန် မှန်ကန်ပြီး မည်သည့်အမြင်များက မှားယွင်းသည်ဟူသည့် ဤအရာများကို သိနားလည်ခြင်းအတွက် သမ္မာတရားကို စဉ်ဆက်မပြတ် ရှာဖွေပြီး ထိုအရာထဲသို့ သာ၍ နက်ရှိုင်းစွာ ဝင်ရောက်ရန် သင့်ကို တောင်းဆိုသည့် ဖြစ်စဉ်တစ်ခုရှိပြီး၊ သမ္မာတရားကို သင် အမှန်တကယ် နားလည်ပြီးသည့်အခါ၊ သင်၏ စိတ်နှလုံးသည် လုံးလုံးလျားလျား ကျေနပ်ကာ စိတ်ချသွားလိမ့်မည်ဖြစ်သည်။ တစ်စုံတစ်ဦးအတွက် သမ္မာတရားကို ယုံကြည်ပြီး လက်ခံရန် မလွယ်ကူပေ။ လူအားလုံးတွင် တက်ကြွရှင်သန်သော အတွေးများရှိသည်။ ၎င်းတို့အားလုံးတွင် အတွေးများ၊ စိတ်ကူးများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး၊ ၎င်းတို့တွင် လုပ်စရာဘာမျှမရှိသည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များက မှန်ကန်ခြင်း သို့မဟုတ် မှားယွင်းခြင်းရှိမရှိဟူသည်ကို အမြဲ လေ့လာကာ စိစစ်ကြလိမ့်မည် ဖြစ်သည်။ သမ္မာတရားကို နားလည်ပြီး ၎င်း၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ဝေမျှသည့် လူတစ်ဦးနှင့်ဆုံလျှင်၊ ၎င်းတို့သည် အကျိုးကျေးဇူးနှင့် တည်ဆောက်မှုတစ်ခုခု ရရှိမည်ဖြစ်သည်။ သို့သော် အဓိပ္ပာယ်မဲ့သည့်အရာများနှင့် အဓိပ္ပာယ်မရှိသည့် အမြင်များကို ပြောသည့် တစ်စုံတစ်ဦးကို ၎င်းတို့ ကြုံရလျှင်၊ ထိုသူတို့ကြောင့် ၎င်းတို့ ယိမ်းယိုင်သွားမည်ဖြစ်သည်။ ဤသည်မှာ ပုံမှန်အခြေအနေတစ်ခု ဖြစ်၏။ သို့သော် လုံလုံလောက်လောက် တွေ့ကြုံပြီးနောက်တွင်၊ တစ်နေ့၌ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကို ၎င်းတို့ လုံးဝ အသိအမှတ်ပြုလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့ မည်သည့်နေရာတွင် မှားယွင်းသည်ကို သဘောပေါက်ကြလိမ့်မည်။ သို့သော် ထိုအရာကို သဘောပေါက်ခြင်းက သမ္မာတရားကို ၎င်းတို့ လက်တွ့လုပ်ဆောင်နိုင်သည်ဟု ဆိုလိုနိုင်သလော။ (မဆိုလိုနိုင်ပါ။) ၎င်းတို့သည် “ထိုသို့ ကိုယ့်ကိုယ်ကိုယ် ငြင်းပယ်ရုံငြင်းပယ်ရမည်လော”ဟု တွေးလျက် မလိုမလားဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို ဆက်လက် စိစစ်လိုကြဆဲဖြစ်ပြီး၊ မိမိတို့ စိတ်နှလုံးများတွင် မည်သည့်အရာကို စဉ်းစားသည်ဖြစ်စေ၊ ၎င်းတို့၏ ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက အမြဲ ရှိနေသည်။ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် လွယ်ကူသည်မဟုတ်ပေ။ ၎င်းတို့သည် ထိုအရာကို သမ္မာတရားအဖြစ် အလွန် ရိုးရှင်းစွာ သို့မဟုတ် ဖြူစင်စွာ တိုက်ရိုက် လက်ခံနိုင်ခြင်း မရှိပေ။ ထိုအရာက သမ္မာတရားဖြစ်သည်ကို ၎င်းတို့ ရှင်းလင်းစွာ သိကြလျှင်ပင်၊ ထိုအရာကို မြန်ဆန်စွာနှင့် လုံးဝ လက်တွေ့မလုပ်ဆောင်နိုင်ကြသေးပေ။ ဤအရာက လူ့အတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် စာတန်ဆန်သော အနှစ်သာရတစ်ခုရှိသည်ဟူသည့် အချက်ကို အတည်ပြုသည်။ ဘုရားသခင့် အမှုတော်၏ ရည်ရွယ်ချက်နှင့် သမ္မာတရား ဖော်ပြချက်သည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန်၊ ဖောက်ပြန်ပျက်စီးမှုကို ဖော်ထုတ်ရန်၊ ထိုဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းပြီး နည်းနည်းချင်း သန့်စင်စေရန်ဖြစ်သည်။ လူတစ်ဦး၏ အမြင်များသည် ဘုရားသခင်၏ အမြင်နှင့် တဖြည်းဖြည်း ကိုက်ညီလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့ လုပ်ဆောင်သည့်အရာက သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ မည်သည့် ရှုထောင့်ဖြင့် ဘုရားသခင်နှင့် သင် ကိုက်ညီသည်ဖြစ်စေ၊ ထိုရှုထောင့်ဖြင့် သူ့ကို သင် အထင်လွဲမည် မဟုတ်။ ဘုရားသခင်နှင့်ပတ်သက်၍ သင် အထင်လွဲသည့် နေရာတိုင်းသည်၊ သင် သမ္မာတရားကို ရှာဖွေပြီး ထိုအထင်လွဲခြင်းကို ဖြေရှင်းရန် အသုံးပြုသင့်သည့်နေရာ ဖြစ်သည်။ သင့်အနေဖြင့် သင်၏ အထင်လွဲခြင်းက မှန်ကန်ပြီး လျောက်ပတ်သည်၊ ထိုအမြင်ကို ကျင့်သုံးသည့်နေရာတိုင်းတွင် စံနမူနာဖြစ်ပြီး အဓိပ္ပာယ်ရှိသည်ဟု အမြဲတွေးထင်လျက်၊ မိမိ၏ အမြင်ကို အမြဲ မလျှော့တမ်း မပြောသင့်ပေ။ ဤသည်မှာ ရယ်ဖွယ်ရာဖြစ်သည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်။ ၎င်းတို့အတွက် အနည်းငယ် မာနထောင်လွှားရန်မှာ ပုံမှန်ဖြစ်သည်။ သမ္မာတရားကို လက်ခံသရွေ့ ၎င်းတို့ ပြောင်းလဲနိုင်သည်။ ၎င်းတို့အနေဖြင့် အဓိပ္ပာယ်မဲ့ပြီး အမှုအရာများအပေါ် မမှန်ကန်သည့် အမြင်များကို ကိုင်စွဲလျှင် အန္တရာယ်များပြီး၊ ၎င်းတို့အတွက် သမ္မာတရားကို လက်ခံရန် လွယ်မည်မဟုတ်သကဲ့သို့ ထိုအရာကို မကြာခဏ အထင်လွဲကြလိမ့်မည် ဖြစ်သည်။ ဤလူစားမျိုးများသည် ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများရှိရန်နှင့် ဘုရားသခင်အပေါ် ဆန့်ကျင်လိုရန် အလားအလာ အရှိဆုံး ဖြစ်သည်။ ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်သည့် အစားမျိုး ဖြစ်သည်။ ဘုရားသခင်ကို အထင်လွဲခြင်းနှင့် စပ်လျဉ်း၍၊ တစ်စုံတစ်ဦးသည် သမ္မာတရားကို မရှာဖွေလျှင်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာက မှားယွင်းသည်ဟု တွေးထင်လိမ့်မည်။ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ပြိုင်ဆိုင်ကာ တိုက်ခိုက်လျက်၊ အမြဲ “တရားစွဲ”လျှင်၊ နောက်ဆုံး၌ ကျရှုံးမှုဖြင့် အဆုံးသတ်သွားရလိမ့်မည်ဖြစ်ပြီး၊ လုံးဝ အရှက်ကွဲသွားရလိမ့်မည် ဖြစ်သည်။ သမ္မာတရားနှင့် ဘုရားသခင်သည် အမြဲ အောင်မြင်လျက် ပေါ်ထွက်လိမ့်မည်။ သင့်အနေဖြင့် ကျိုးနွံနာခံတတ်သော စိတ်နှလုံးတစ်ခု ထိန်းသိမ်းနိုင်ပြီး၊ ဘုရားသခင်နှင့် သင်၏ ပြိုင်ဆိုင်မှုနှင့် တိုက်ခိုက်မှုတွင် သမ္မာတရားကို ရှာဖွေကာ လက်ခံနိုင်လျှင်၊ ထိုအခါမှသာ သင်၏ စိတ်နှလုံး ပြောင်းလဲနိုင်ပြီး၊ နောက်ဆုံးတွင် ဘုရားနှုတ်ကပတ်တော်ရှေ့၌ သင် ကျိုးနွံနာခံရလိမ့်မည်။ ဤဖြစ်စဉ်ကို တွေ့ကြုံခြင်းသည် ဘုရားသခင်က လူကို ကယ်တင်ခြင်းနှင့် ရရှိခြင်း ဖြစ်စဉ်ဖြစ်ပြီး၊ သမ္မာတရားကို လက်ခံသည်ထက် သေဆုံးလိုသောသူတို့သည် ထုတ်ဖော်ပြခံရကာ ရှင်းလင်းပစ်ခံရလိမ့်မည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ ရှေ့တွင် ကျိုးနွံနာခံနိုင်လျှင်၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံသည့် တစ်စုံတစ်ဦးဖြစ်သည်၊ သူနှင့် သဟဇာတဖြစ်ခြင်းကို ရရှိနိုင်ပြီး၊ သူ့ကို မည်သည့်အခါတွင်မျှ တစ်ဖန် ပုန်ကန်မည်မဟုတ် သို့မဟုတ် အတိုက်အခံလုပ်လိမ့်မည် မဟုတ်သည့်သူတစ်ဦး ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားသခင်ကို နှစ်ပေါင်းမည်မျှကြာ ယုံကြည်ပြီးသည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ပြီး၊ သူ့ကို ကျိုးနွံနာခံရာတွင် အောင်မြင်နိုင်သရွေ့၊ နောက်ဆုံးတွင် အားလုံးက ၎င်းတို့၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်ကြသည်။ သင့်ကို ဥပမာတစ်ခု ငါ ပေးပါရစေ။ သင်က ရုက္ခဗေဒ သို့မဟုတ် စိုက်ပျိုးရေးကို လေ့လာပြီး မြေတွင် သစ်သီးစေ့ ဆယ်စေ့ကို မျိုးစေ့ကြဲသည်ဆိုပါစို့။ သင် သင်ယူပြီးသည့်အရာမှကြည့်လျှင်၊ ဤမျိုးစေ့ဆယ်စေ့က သစ်ပင်ဆယ်ပင် ပေါက်စေနိုင်သည်ကို သင် သိသည်။ ဤသည်မှာ သိပ္ပံအခြေခံအုတ်မြစ်နှင့် သဘောတရားပေါ် အခြေခံသည့် ကောက်ချက်တစ်ခုဖြစ်ပြီး ဤကောက်ချက်ကို သင် လိုက်နာစောင့်ထိန်းသည်။ ထို့ကြောင့် ဘုရားသခင်က မျိုးစေ့ဆယ်စေ့က သစ်ပင်ဆယ့်တစ်ပင် ပေါက်စေနိုင်သည်ဟု ပြောသည့်အခါ၊ သင် ယုံမည်မဟုတ်။ “ဖြစ်နိုင်သလော။ မျိုးစေ့ဆယ်စေ့က အဘယ်သို့ သစ်ပင်ဆယ်ပင် ပေါက်စေနိုင်မည်နည်း”ဟူ၍။ အမှန်တွင်၊ သင် မမြင်ခဲ့သည့် ကွယ်ဝှက်ထားသော မျိုးစေ့တစ်စေ့ ရှိလေသည်။ သင်၏ ကိုယ်ပိုင် အမြင်ကို စွဲမြဲခြင်းအတွက် အခြေခံအကြောင်းရင်းမှာ အဘယ်နည်း။ ထိုအရာမှာ သင် သင်ယူခဲ့သည် သိပ္ပံသက်သေအထောက်အထေားနှင့် အသိပညာဖြစ်သည်။ ဤအရာများက သင်၏ တွေးခေါ်မှုကို ထိန်းချုပ်ပြီး၊ ထိုနယ်ပယ်ကို ကျော်လွန်၍ သင် မမြင်နိုင်ပေ။ ယင်းကို သင်၏ စံနှုန်းအဖြစ် သင် ယူလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စံနှုန်းအဖြစ် သင် ယူနေခြင်း မဟုတ်ပေ။ ပြီးလျှင် ယင်းမှာ လူသား ပုန်ကန်မှုဖြစ်သည်။ သင်က၊ “ငါ့ထံတွင် အခြေခံအုတ်မြစ်တစ်ခု ရှိသည်။ ထို့ကြောင့် ငါ၏ ကောက်ချက်က သမ္မာတရားမဟုတ်ဟု သင် အဘယ်သို့ ပြောနိုင်သနည်း။ သင် ပြောသည့်အရာသည် အခြေအမြစ်မရှိပါ။ ထို့ကြောင့် သင်၏ စကားများက သမ္မာတရားဖြစ်သည်ဟု အဘယ်ကြောင့် သင် ပြောနိုင်သနည်း။ ယင်းတို့သည် အခြေခံအုတ်မြစ် လုံးဝ မရှိပါ။ လူမည်မျှက ထိုအရာကို သက်သေပြသနည်း။ မည်သူက သက်သေပြသနည်း။ အဘယ်သူ မြင်ခဲ့သနည်း။ အဖြစ်မှန်များက အဘယ်မှာနည်း”ဟု တွေးမည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမြဲမေးခွန်းထုတ်လျက်၊ သူ့ကို အမြဲ ငြင်းပယ်ရင်း၊ “ဘုရားသခင် ပြောသည့်အရာ မှားယွင်းသည်။ ငါ၏ ကောက်ချက်က သက်သေပြခံရပြီးဖြစ်သောကြောင့် မှန်ကန်သည့် ကောက်ချက်တစ်ခုဖြစ်သည်။ ဤနယ်ပယ်တွင် ငါက ပညာတတ်တစ်ဦး၊ အတတ်ပညာရှင်တစ်ဦး ဖြစ်သောကြောင့် ငါ၏ ကောက်ချက်က အမှန်အဖြစ် မှတ်သားခံရသင့်သည်”ဟု အမြဲ ခံစားရင်း၊ အဖြစ်မှန်များကို မမြင်မီ ဘုရားနှုတ်ကပတ်တော်များကို သင် ငြင်းပယ်လေသည်။ သင်သည် မျိုးစေ့ဆယ်စေ့ကို ပေါက်သည့်သစ်ပင် ဆယ်ပင်နှင့် တန်းတူထားသည်။ ထို့ကြောင့် ဘုရားသခင်က သစ်ပင်ဆယ့်တစ်ပင် ပေါက်လိမ့်မည်ဟု ပြောသည်အခါ သင် မယုံပေ။ သို့သော် နောက်ဆုံးရလဒ်နှင့် အဖြစ်မှန်က သစ်ပင်ဆယ့်တစ်ပင် ပေါက်သည်ဆိုလျှင်၊ သင် ယုံကြည်လက်ခံလိမ့်မည်လော။ (ယုံကြည်ပါမည်။) သင်သည် လုံးဝ ယုံကြည်လက်ခံလိမ့်မည်လော။ အဘယ်သို့ဖြစ်သနည်း။ (အဖြစ်မှန်များကို ကျွန်ုပ် မြင်သည်။) အဖြစ်မှန်များကို သင် မြင်သည့်အခါ၊ သင် ဆည်းပူးခဲ့သည့် အသိပညာနှင့် သင်၏ ကောက်ချက်ကို သင် စတင် ငြင်းပယ်ပြီး၊ သင်၏ စိတ်နှလုံးတွင် ရုန်းကန်မှုတစ်ခု ရှိဖို့ သေချာသလောက်ဖြစ်လိမ့်မည်။ “ငါ အဘယ်သို့ မှားနိုင်ရမည်နည်း။ သိပ္ပံပညာသည် အမှန်တကယ် မှားနိုင်မည်လော”ဟူ၍။ ဤဖြစ်စဉ်တွင်၊ ဘုရားနှုတ်ကပတ်တော်များက မှန်ခြင်း၊ မှားခြင်း ရှိမရှိဟူသည်ကို လူတို့ လေ့လာကာ စိစစ်ကြလိမ့်မည်ဖြစ်ပြီး၊ ယင်းတို့ကို နှိုင်းယှဉ်ကြလိမ့်မည်။ “မည်သည့်အရာက မှန်ကန်သနည်း။ ဘုရားနှုတ်ကပတ်တော်များလော သို့မဟုတ် သိပ္ပံဆိုင်ရာ အကြောင်းပြချက်များလော။ မည်သူက သာ၍ မှန်ကန်နိုင်ဖွယ်ရှိသနည်း”ဟူ၍။ အဖြစ်မှန်များက မှန်ကန်သော်လည်း၊ ယင်းတိုကို လူတို့က လုံးလုံး လက်ခံနိုင်ခြင်း မရှိကြသေးဘဲ ဘုရားသခင် လုပ်ဆောင်သည့်အရာကို ၎င်းတို့ အပြည့်အဝ ယုံကြည်လက်ခံနိုင်ပြီး အမှန်တကယ် လက်ခံနိုင်ခြင်းမရှိမီ နှစ်အတော်ကြာ ၎င်းတို့ စောင့်ဆိုင်းကြရမည်ဖြစ်သည်။ ဘုရားသခင်သည် အခြေခံအုတ်မြစ်မရှိဘဲ စကားပြောခြင်း သို့မဟုတ် ပြုမူဆောင်ရွက်ခြင်း မရှိပေ။ သူ၏ လုပ်ရပ်များ၏ လုပ်ငန်းစဉ်က သင့်အား ရလဒ်များက မည်သည့်အရာဖြစ်သည်ကို မြင်သည်ထိတိုင် သင်ကိုယ်တိုင်အတွက် တွေ့ကြုံပြီး သင်ယူခွင့်ပေးသည်။ ဤလုပ်ငန်းစဉ်မှာ မည်သည့်အရာကို သင် ရရှိသနည်း။ ထိုအရာက သင့်အား ဘုရားသခင်၏ လုပ်ရပ်များပေါ် စစ်မှန်သည့် အတည်ပြုချက်တစ်ခု ရှိခွင့်ပေးသည်။ သူသည် သင့်အား “ကိုယ်တော်သည် ဘုရားသခင်ဖြစ်ပါသည်။ ကိုယ်တော်သည် ကြီးမြတ်ပြီး မြင့်မြတ်သည်၊ ဉာဏ်ပညာရှိပြီး အံ့ဩဖွယ်ဖြစ်သည်”ဟု အခြေအမြစ်မရှိဘဲ ပြောခွင့်မပေးပေ။ သူက သင့်ကို ထိုသို့ သက်သေခံခွင့် မပေးပေ။ သူသည် သင့်ကိုယ်သင်အတွက် တွေ့ကြုံကာ သိမြင်ခွင့်ပေးရန် ဤအဖြစ်မှန်များကို အသုံးပြုသည်။ မျိုးစေ့ဆယ်စေ့က သစ်ပင်ဆယ်ပင်ပေါက်စေလိမ့်မည်ဟူသည်မှာ မှားသည်ဟု ဘုရားသခင် သင့်ကို ပြောမည်မဟုတ်။ သူသည် သင့်ကို ချေပမည်မဟုတ်၊ သို့မဟုတ် ငြင်းခုံမည်မဟုတ်ဘဲ အကြောင်းအချက်ကို သက်သေပြရန် အဖြစ်မှန်များကို အသုံးပြုမည်ဖြစ်ပြီး သင့်ကိုယ်သင်အတွက် မြင်ခွင့်ပေးမည်ဖြစ်သည်။ သင် အသက်နှစ်ဆယ်အရွယ်ဖြစ်ချိန်တွင် ဘုရားသခင်က ဤအရာကို သင့်အား ပြောပြခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ သူက၊ “ငါသည် သမ္မာတရားဖြစ်ပြီး သင် ငါ့စကားကို နားထောင်ရမည်”ဟု မပြောခဲ့ပေ။ ဘုရားသခင်က ထိုသို့မပြောခဲ့။ သူက လုပ်ဆောင်ရုံသာ လုပ်ဆောင်ခဲ့ပြီး၊ သင် အသက်သုံးဆယ်ရောက်သည့်အခါ ရလဒ်ကို သင် မြင်ရလေသည်။ ယင်းမှာ ထိုမျှ ကြာလေသည်။ ဤအချိန်အတောအတွင်းတွင် ဘုရားသခင်က သင်နှင့် ငြင်းခုံခဲ့သလော။ (မငြင်းခုံခဲ့ပါ။) သို့ဆိုလျှင်၊ မည်သူက ငြင်းခုံနေသနည်း။ ဘုရားသခင်နှင့် ငြင်းခုံပြီး၊ “ဘုရားသခင် မှားသည်။ သူ ပြောဆိုပြီး လုပ်ဆောင်သည့်အရာက သိပ္ပံနည်းမကျသကဲ့သို့ ကျိုးကြောင်းမသင့်ပါ”ဟု အမြဲတွေးသည့်သူများမှာ လူများဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် ငြင်းခုံရသည်ကို နှစ်သက်ကြသော်လည်း သူသည် နှုတ်ဆိတ်ရုံနှုတ်ဆိတ်နေပြီး၊ ဆက်လက် ပြုမူဆောင်ရွက်လေသည်။ ဆယ်နှစ်လွန်ပြီးနောက်တွင် သင်သည် အဖြစ်မှန်တစ်ခုကို သိရှိပြီး လန့်သွားလိမ့်မည်။ “အို၊ လက်စသတ်တော့ ငါ၏ ရှုထောင့် မှားခဲ့ပါတကား”ဟူ၍။ သင် မှားသည်ဟု ဝန်ခံသည့်အချိန်တွင်၊ ထိုကိစ္စရပ်၏ ကောက်ချက်သည် အမှန်တကယ် ပုံပေါ်နှင့်ပြီးဖြစ်သည်။ သို့သော် ထိုအရာကို သင် လက်ခံနိုင်သလော။ သင်သည် ဖြစ်ရပ်တစ်ခုကိုသာ လက်ခံနေသော်လည်း၊ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာ ဖြစ်နေသည်ကို သင် အမှန်တကယ် မသိသေးပေ။ နောက်ထပ် သင် နှစ်ပေါင်းမည်မျှ အတွေ့အကြုံ လိုအပ်သနည်း။ ဤကိစ္စရပ်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာနှင့်ဆိုင်သော ကောက်ချက်က မှန်ကန်ကြောင်းနှင့် သင် မှားယွင်းစဉ်တွင် ဘုရားသခင်သည် သမ္မာတရားဖြစ်ကာ မှန်ကန်ကြောင်း သင် အတည်မပြုနိုင်မီတွင် သင်ကိုယ်တိုင်အတွက် ထိုအရာကို နောက်ထပ် ဆယ်စုနှစ်တစ်ခုကြာ တွေ့ကြုံရန် လိုအပ်ကောင်းလိုအပ်နိုင်ပေသည်။ သင် အသက်လေးဆယ်ဖြစ်သည်နှင့်၊ လုံးလုံး ယုံကြည်လက်ခံလိမ့်မည်ဖြစ်ပြီး၊ “ဘုရားသခင်သည် သမ္မာတရားဖြစ်သည်။ သူသည် အမှန်တကယ် ဘုရားသခင်ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာက အလွန် အံ့ဩဖွယ်ဖြစ်ကာ စစ်မှန်သည်။ ဘုရားသခင် အလွန် ဉာဏ်အမြော်အမြင်ရှိသည်”ဟု သင် ပြောလိမ့်မည်။ သင့်ကိုယ်သင် ငြင်းပယ်သည်။ ကြည့်လော့၊ ထိုအရာက နှစ်ပေါင်းမည်မျှ အတွေ့အကြုံ လိုအပ်ခဲ့သနည်း။ (အနှစ်နှစ်ဆယ်ဖြစ်သည်။) ပြီးလျှင် ဤအနှစ်နှစ်ဆယ်တွင် ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်လေပြီနည်း။ သူသည် သင့်ကို ပြောပြရန် နယူတန်၏ နိယာမက မည်သည့်အရာဖြစ်သည်ကို ရှင်းပြခြင်းကဲ့သို့သော ပုံသေနည်းကို မသုံးခဲ့ပေ။ အချို့သော အရာများကို သင့်အား မြင်တွေ့စေရန် သူသည် အဖြစ်မှန်များကို အသုံးပြုပြီး၊ ယင်းတို့ကို သင့်အနီးဝန်းကျင်တွင် ဖြစ်ပျက်နေသည့် ဖြစ်စဉ်များနှင့် အဖြစ်အပျက်များမှတစ်ဆင့် နားလည်ရန် သင့်ကို ဉာဏ်အလင်းပေးပြီး လမ်းပြခဲ့သည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက်တွင် သင်သည် သိနားလည်မှု အနည်းငယ် ရရှိလိမ့်မည်ဖြစ်ပြီး၊ “ကျွန်ုပ် မှားခဲ့ပါသည်။ သို့သော် ကျွန်ုပ် လုံးလုံး မှားခဲ့ပါသလော”ဟု ပြောလိမ့်မည်။ နောက်ထပ် တွေ့ကြုံလော့၊ ပြီးလျှင် ဘုရားသခင်က သင့်အတွက် အဖြစ်မှန် အချို့ကို စီစဉ်ပေးလိမ်မည်ဖြစ်ပြီး၊ သင် အသက်လေးဆယ်ဖြစ်သည့်အခါ၊ နောက်ထပ် ဆယ်စုနှစ်ပြီးနောက်တွင်၊ သင် မှားခဲ့ကြောင်း ဝန်ခံလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အမှုပြုပုံဖြစ်သည်။ ဤသည်တို့မှာ သူ လုပ်ဆောင်သည့် အမှုအရာများ ဖြစ်သည်။ သင် မှားယွင်းခဲ့ပြီး ဘုရားသခင် မှန်သည်ဟု မည်သည့် ဖြစ်စဉ်မှတစ်ဆင့် သင် အသိအမှတ်ပြုနိုင်သနည်း။ ဤအသိတရား သင် ရှိလာလိမ့်မည့်မှာ အဖြစ်မှန်များကို ကြုံခြင်းဖြစ်စဉ်မှတစ်ဆင့်ဖြစ်ပြီး၊ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းအောက်တွင် ဖြစ်သည်။ ထိုသို့သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်ကို ကောက်ချက်တစ်ခု ပေးရုံမျှမပေးသကဲ့သို့ အခြေခံအုတ်မြစ်မရှိဘဲနှင့် သင့်ကို မယုံကြည်စေပေ။ ဘုရားသခင်က သင့်ကို အတင်းအကျပ် နားလည်စေခဲ့လျှင်၊ အဆင်ပြေမည်လော။ သင့်အား နားလည်စေရန် ဘုရားသခင်က သင့်ကို အတင်းအဓမ္မ ထိန်းချုပ်ခဲ့လျှင်၊ သင် နားလည်မည်ဖြစ်ပြီး ဘုရားသခင် မှန်ကန်သည်ကို တစ်နည်းနည်းဖြင့် သင် သိမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အား စက်ရုပ်များအဖြစ်သို့ ပြောင်းရန် မဟုတ်။ ယင်းမှာ သူ အလိုရှိသောအရာ မဟုတ်ပေ။ သူသည် လူတို့အား သမ္မာတရားကို နားလည်စေလိုသည်၊ မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများ ပြုလုပ်စေလိုပြီး၊ သူ့ကို ကျိုးနွံနာခံနိုင်စေလိုသည်။ သို့သော် ဤရလဒ်ကို စွမ်းဆောင်ရရှိခြင်းက အချိန်ကြာသည်။

ယခုတွင် ဘုရားသခင်၏ အမှုတော်က လက်တွေ့ကျသည်ဟု သင်တို့ တွေ့ကြုံပြီလော။ (တွေ့ကြုံပါပြီ။) အလွန် လက်တွေ့ကျပေသည်။ ဘုရားသခင့် အမှုတော်၏ လက်တွေ့ကျင်ခြင်းသည် လူ၏ စိတ်ကူးသက်သက်၊ မရေရာသော အမြင်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထို့ကြောင့် သင့်အထဲတွင် စိတ်ကူးသက်သက်ဖြစ်သည့်အရာများ သို့မဟုတ် အနှစ်မဲ့ပြီး လက်တွေ့မကျသည့်အရာများ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်တွင် အခြေခံအကြောင်းရင်းမရှိသည့် အရာများကို သင် သုံးသပ်ဆင်ခြင်ရန် လိုအပ်သည်။ ဤအရာများအားလုံးကို ချေပရုံမျှ ချေပရန်မှာ သင့်အတွက် မှန်ကန်သည်။ ထိုအရာက မုချ မှန်ကန်ပြီး၊ ဤနည်းဖြင့် သင် တွေ့ကြုံရန်လိုအပ်သည်။ အရာခပ်သိမ်း၏ ဖန်ဆင်းရှင်ဖြစ်သည့် ဘုရားသခင်သည် အမှုအရာ မည်မျှကို ဖန်ဆင်းခဲ့သနည်း။ သူ မည်မျှ ဉာဏ်အမြော်အမြင်ရှိရမည်နည်း။ ဤအရာကို သုံးနှစ် သို့မဟုတ် ငါးနှစ်အတွင်း သင် လုံးလုံးလျားလျား တွေ့ကြုံကာ နားလည်နိုင်မည်ဟု သင် ထင်လျှင်၊ မဖြစ်နိုင်ပေ။ တစ်သက်တာ အတွေ့အကြုံဖြင့်ပင် ထိုအရာကို သင် နားလည်နိုင်မည် မဟုတ်။ ထို့ကြောင့် သင့်အနေဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံသင်နှင့်အမျှ လက်တွေ့ကျရမည်။ အသေးစိတ်အချက်အလက်များမှ စတင်လျက် သေးငယ်သောအရာဖြင့် အစပြုပြီး သမ္မာတရား စည်းမျဉ်းများကို ရှာဖွေလော့။ သင် နားမလည်နိုင်သည့် တစ်စုံတစ်ရာနှင့် ရင်ဆိုင်ရသည့်အခါ၊ ပူပန်သောကရောက်ခြင်း သို့မဟုတ် စိတ်မရှည်ခြင်း မဖြစ်ဘဲ ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်စေပြီး သမ္မာတရားကို ရှာဖွေရန် သင်ယူလော့။ ဘုရားသခင်ရှေ့တွင် မည်သို့ ငြိမ်သက်နိုင်မည်နည်း။ သင်၏ စိတ်နှလုံးက ဆုတောင်းပြီး သူနှင့်အတူ မိတ်သဟာယပြုရမည်ဖြစ်ပြီး၊ သင် ငြိမ်သက်လာခြင်း မရှိနိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ပြီး တွေးဆနိုင်သည် သို့မဟုတ် ဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းများကို သီဆိုနိုင်သည်။ ဤအရာအားလုံးက ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်း ရလဒ်ကို စွမ်းဆောင်ရရှိစေလိမ့်မည် ဖြစ်သည်။ လူတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ရှေ့သို့ ပြန်လာသည့်အခါ ငြိမ်သက်လာလိမ့်မည်ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်ခြင်း သို့မဟုတ် အပြင်အနီးဝန်းကျင်တွင် ပြေးလွှားနေခြင်းက မည်သည့်အရာမျှ မရရှိစေဘဲ အဓိပ္ပာယ်မရှိဟု ၎င်းတို့ ခံစားရလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုသည်ဖြစ်စေ၊ သမ္မာတရားကို မိတ်သဟာယပြုသည်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်ကို ချီးမွမ်းရာတွင် ဓမ္မတေးများကို သီဆိုသည်ဖြစ်စေ၊ ဘုရားသခင်ရှေ့တွင် ၎င်းတို့ ငြိမ်သက်နေသရွေ့၊ ၎င်းတို့၏ စိတ်ဝိညာဉ်က တစ်စုံတစ်ရာကို ရရှိလိမ့်မည်ဖြစ်ပြီး ဉာဏ်အလင်းပေးခြင်းခံရလိမ့်မည် ဖြစ်ကာ ၎င်းတို့၏ စိတ်နှလုံးက အားဖြည့်ခံရပြီး ကျေနပ်အားရလိမ့်မည်ဖြစ်သည်။ တဖြည်းဖြည်းနှင့်၊ ဘုရားသခင်၏ အမှုတော်ကို သင် ရှင်းလင်းစွာ မြင်လိမ့်မည်။ သူ့ကို ကျိုးနွံနာခံနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့် အသက်ကို ရရှိနိုင်လိမ့်မည်။ လူတို့သည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်ကို ရရှိလိုလျှင်၊ ၎င်းတို့အနေဖြင့် စွန့်လွှတ်စတေးမှုများ ပြုလုပ်ရမည်၊ ဆင်းရဲဒုက္ခများစွာ သည်းညည်းခံရမည်ဖြစ်ပြီး နှစ်များစွာအတောအတွင်း ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံလျက် အချိန်နှင့် အားအင် ကုန်ဆုံးရမည်ဖြစ်သည်။ ထိုအခါတွင်သာ ၎င်းတို့သည် သမ္မာတရားနှင့် အသက်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းအားလုံးကို ရရှိနိုင်ပေသည်။

၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်

အရှေ့သို့- ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဖန်ဆင်းခံသတ္တဝါတစ်ဦး၏တာဝန်အား ကောင်းစွာဆောင်ရွက်ခြင်းအားဖြင့်သာလျှင် အသက်ရှင်ခြင်း၌ တန်ဖိုးရှိ၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။