ဘုရားသခင်ကို ကျိုးနွံနာခံခြင်းသည် သမ္မာတရားကို ရရှိခြင်း၌ အခြေခံ သင်ခန်းစာတစ်ခုဖြစ်သည်

သင်သည် သင်၏ ယုံကြည်ခြင်းတွင် ဘုရားသခင်အား ကျိုးနွံနာခံလိုလျှင် သင့်ကိုယ်သင်သိခြင်းသည် အလွန်အမင်း အရေးကြီးသည်။ သင့်ကိုယ်သင်မသိလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားနိုင်မည်မဟုတ်ပေ။ အသက်ဝင်ရောက်မှုသည် မိမိကိုယ်ကို သိမြင်ခြင်းဖြင့် စတင်သည်။ သင်သည် ဖောက်ပြန်ပျက်စီးမှုအချို့ကို ထုတ်ဖော်လျှင်၊ သို့မဟုတ် ဘုရားသခင်အတွက် မုန်းတီးစက်ဆုပ်ဖွယ်ဖြစ်သော၊ နာကျင်စေသောအရာများကို လုပ်ဆောင်လျှင်၊ မိုက်မဲသောအရာများကို လုပ်ဆောင်လျှင် ပြီးနောက်တွင် သင်သည် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည်။ ပြန်လည်သုံးသပ်ခြင်းက ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားရန် မည်သို့ ကူညီနိုင်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတို့သည် ဤအရာကို စဉ်းစားသည်။ “ဖြစ်ပျက်ခဲ့သော ဤအရာများသည် ငါ့အား အမှန်တကယ်ပင် ထုတ်ဖော်ခဲ့သည်။ ငါ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်။ ယင်းကို ဖယ်ရှားရန်အတွက် ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်။ ဘုရားသခင်က ဤအခြေအနေမှတစ်ဆင့် ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်သည်မှာ ကောင်းသည်။ အခြားလူများက ငါ့အား မည်သို့ထင်မြင်ပါစေ၊ မည်သို့ ဆက်ဆံပါစေ သမ္မာတရားကို ရှာဖွေရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ရမည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို သိရမည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားသခင်အား ကျိုးနွံနာခံခြင်း သဘောထားဖြစ်သည်။ ဘုရားသခင်အား ယုံကြည်ခြင်းသည် သမ္မာတရားအား လက်ခံခြင်းလိုအပ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သမ္မာတရားကို လက်မခံသူတို့သည် ပြဿနာများ ဖြစ်ပေါ်သောအခါတွင် ဆင်ခြေများ၊ အကြောင်းပြချက်များရှာကြပြီး တာဝန်ကို အခြားတစ်ယောက်အပေါ်သို့ တွန်းပို့သည်။ အခြားလူများက ၎င်းတို့ကို ကောင်းစွာ မဆက်ဆံသည့်အကြောင်းကိုဖြစ်စေ၊ ၎င်းတို့အတွက် မစဉ်းစားသည့်အကြောင်းကိုဖြစ်စေ၊ ဂရုမစိုက်သည့်အကြောင်းကိုဖြစ်စေ အစဉ်ညည်းညူကြသည်။ အကြောင်းပြချက်မျိုးစုံကို ရှာကြသည်။ ဤအကြောင်းပြချက်များအားလုံးကို ရှာခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းသည် သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်ခြင်းကို အစားထိုးနိုင်သလော။ ဘုရားသခင်အပေါ် သင်၏ ကျိုးနွံနာခံခြင်းကို အစားထိုးနိုင်သလော။ အစားမထိုးနိုင်ပေ။ ဆိုလိုသည်မှာ သင့်တွင် မည်သည့်အကြောင်းပြချက်မျိုးရှိပါစေ၊ သင့်တွင် ကောင်းကင်ထက်ကြီးသော နာကြည်းချက်များပင်ရှိပါစေ သမ္မာတရားကို လက်မခံလျှင် သင်သည် ဇာတ်သိမ်းသွားပြီဖြစ်သည်။ သင်၏ သဘောထားသည် အဘယ်သို့ရှိသည်ကို ဘုရားသခင်က ကြည့်လိုသည်။ အထူးသဖြင့် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သောကိစ္စများတွင်ဖြစ်သည်။ သင်ညည်းညူခြင်းက တစ်ခုခုအသုံးဝင်သလော။ သင်၏ ညည်းညူခြင်းများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းနိုင်သလော။ သင်သည် ညည်းညူပြီး သင့်ကိုယ်သင် မှန်ကန်ကြောင်းပြပြီးဖြစ်သည်ဟု ခံစားရလျှင် ဤအရာက သင်နှင့်ပတ်သက်သည့် မည်သည့်အရာကို ဖော်ပြမည်နည်း။ သမ္မာတရားကို သင် ရရှိပြီးဖြစ်သလော။ ဘုရားသခင်က သင့်အား အသိအမှတ်ပြုမည်လော။ ဘုရားသခင်က “သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သူမဟုတ်။ ထို့ကြောင့် ဘေးသို့ဖယ်လော့။ ငါသည် သင့်အား ရွံရှာစက်ဆုပ်သည်” ဟု ဆိုလျှင် သင်သည် ဇာတ်သိမ်းသွားပြီမဟုတ်လော။ ဘုရားသခင်က “ငါသည် သင့်အား ရွံရှာစက်ဆုပ်သည်” ဟု ပြောခြင်းသည် သင့်အား ထုတ်ဖော်ပြီး သင်မည်သူဖြစ်သည်ကို သတ်မှတ်လိမ့်မည်။ ဘုရားသခင်က သင်နှင့်ပတ်သက်၍ အဘယ်ကြောင့် သတ်မှတ်ချက်ချမည်နည်း။ သမ္မာတရားကို သင် လက်မခံသောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် သူ၏ အချုပ်အခြာအာဏာကို သင် လက်မခံပေ။ သင်သည် အစဉ်သဖြင့် ပြင်ပအကြောင်းပြချက်များကို ရှာဖွေနေပြီး အမှုကိစ္စများကို အစဉ်သဖြင့် အခြားလူများအပေါ် ပုံချသည်။ ဘုရားသခင်က သင့်အား အသိတရားနှင့် သမ္မာတရားအပေါ် ချစ်ခြင်းကင်းမဲ့သည်ဟု မြင်သည်။ ကျိုးကြောင်းမသင့်၊ တစ်ဇွတ်ထိုးလုပ်ပြီး ထိန်း၍မရဟူ၍ မြင်သည်။ သင် မိမိကိုယ်ကို ပြန်သုံးသပ်ခြင်း ရှိနိုင်ရန်အတွက် သင့်အား ဘေးဖယ်ပြီး လျစ်လျူရှုထားရမည်။ သင့်အား တရားဒေသနာများနှင့် သမ္မာတရားအပေါ် မိတ်သဟာယကို နားထောင်စေရခြင်း ရည်ရွယ်ချက်မှာ သမ္မာတရားကို သင်နားလည်နိုင်ရန်၊ သင်၏ ပြဿနာများကို ဖြေရှင်းနိုင်ရန်၊ သင်၏ ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားရန်ဖြစ်သည်။ သင့်အတွက် သမ္မာတရားသည် လက်လွတ်စပယ် ရေရွတ်ပြောဆိုသည့် အရာတစ်ခုလော။ သင့်အတွက် နှုတ်ဖြင့်သာ ပြောဆိုပြီး ပြီးဆုံးသွားသည့် အရာတစ်ခု ဖြစ်သလော။ သမ္မာတရားအား နားလည်ခြင်းသည် သင်၏ ဝိညာဉ်တွင်ရှိသော ဗလာဖြစ်မှုကို ဖြည့်ဆည်းရန်အတွက် ဝိညာဉ်ရေးမှီတွယ်ရာတစ်ခုအဖြစ် လုပ်ဆောင်သင့်သည့် အရာဖြစ်သလော။ မဟုတ်ပေ။ သင့်အတွက် ဤရည်ရွယ်ချက်ဖြင့် အသုံးပြုရန်မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းနိုင်ရန်အတွက် သမ္မာတရား ရှိနေခြင်းဖြစ်သည်။ သင့်အား လမ်းကြောင်းတစ်ခုပေးရန်ဖြစ်သည်။ ပြီးလျှင် ပြဿနာများကို ကြုံရသည့်အခါ ဤသမ္မာတရားများဖြင့် အသက်ရှင်နိုင်သည်။ ပြီးလျှင် ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လျှောက်နိုင်သည်။ သမ္မာတရားကို သင်နားလည်သည်နှင့် သင်သည် သင်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးမှု၊ သို့မဟုတ် သင်၏ စာတန်ဆန်သော ပညာရေးတွင်ရှိသော ထိုအရာများကို အခြေခံပြီး ပြုမူဆောင်ရွက်မည် မဟုတ်တော့ပေ။ သင်သည် စာတန်ဆန်သော တွေးခေါ်ပုံ၊ သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် ရှင်သန်မည် မဟုတ်တော့ပေ။ ထိုအစား သင်သည် သမ္မာတရားဖြင့် အသက်ရှင်လိမ့်မည်။ သမ္မာတရားဖြင့် ပြုမူဆောင်ရွက်လိမ့်မည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အထမြောက်အောင် ဆောင်ရွက်နိုင်သည်။ လူအချို့က “ငါသည် ယုံကြည်သူဖြစ်သည်မှာ သိပ်မကြာသေးပေ။ အတွေ့အကြုံများစွာ မရှိပေ။ သမ္မာတရားကို နားမလည်ပေ။ ငါ၏ ဝိညာဉ်ရင့်ကျက်မှုမှာ သေးငယ်သည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်” ဟု ဆိုကြသည်။ ဤအရာတို့သည် စင်စစ်အားဖြင့် ဖြစ်ရပ်မှန်ကို အခြေခံသော ဆင်ခြေများသာဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လျှင်ပင် သင် လက်လှမ်းမီသော သမ္မာတရားများရှိသည်။ သင်နားလည်သမျှကို လက်တွေ့လုပ်ဆောင်သင့်သည်။ သင်စွမ်းဆောင်နိုင်သမျှကို အကောင်အထည်ဖော်သင့်သည်။ သင်နားလည်သည့် သမ္မာတရားများကိုပင် လက်တွေ့မလုပ်ဆောင်လျှင် ပြဿနာတစ်ခု ရှိသည်။ သင် ယုံကြည်သူဖြစ်သည့်အချိန်က မည်မျှကြာသည်ဖြစ်စေ၊ မကြာသည်ဖြစ်စေ တရားဒေသနာများကို နှစ်အနည်းငယ် နားထောင်နေသရွေ့ သမ္မာတရားအချို့ကို သင်နားလည်လိမ့်မည်။ သင်သည် သမ္မာတရားများစွာကို သိသော်လည်း မည်သည့်အရာကိုမျှ လက်တွေ့မလုပ်ဆောင်လျှင် သင်သည် ရှုတ်ချခံရမည်။ သမ္မာတရားအား ကျိုးနွံနာခံခြင်းသဘောထားသည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရားအား ကျိုးနွံနာခံခြင်းသည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရားအား မည်သို့ ကျိုးနွံနာခံရမည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို မည်သို့ ကျိုးနွံနာခံရမည်၊ လူတို့တွင် မည်သည့်သဘောထား ရှိသင့်သည်ဆိုသော ဤအရာများကို သင်သိလျှင် လက်တွေ့လုပ်ဆောင်သင့်သည်။ မည်သည့်အရာဖြစ်ပျက်ပါစေ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းနှင့်အညီ ပြုမူရမည်ကို သင်ယူရမည်။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် သမ္မာတရားသည် သင့်အတွက် အဓိပ္ပာယ်မရှိပေ။ အယူဝါဒတစ်ခု၊ သင်၏ နှုတ်တွင်ရှိသော ဆောင်ပုဒ်တစ်ခုသာဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်မီအထိ စစ်မှန်မှု ရှိမည်မဟုတ်ပေ။ လုပ်ဆောင်နိုင်သည့်အခါမှသာ သမ္မာတရားသည် သင်၏ အသက်ဖြစ်လာနိုင်သည်။ အမှုအရာများဖြစ်ပျက်ပြီး သင်၏ နှစ်သက်မှုအတိုင်း လုပ်ဆောင်ကာ ဤလူသည် မှားယွင်းသည်၊ ထိုလူသည် မှားယွင်းသည်ဟု ထင်မြင်လျက် သင့်ကိုယ်သင်မှန်သည်ဟု အစဉ် မြင်ပြီး အခြားလူများက မည်သည့်အရာပြောသည်ဖြစ်စေ သဘောမတူသောအခါတွင် သင်သည် အပြစ်ကင်းပြီး ဖောက်ပြန်ပျက်စီးခြင်း မရှိသည်မှာ ဖြစ်နိုင်သလော။ ဤသည်မှာ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းဟု ခေါ်သည်။ ယင်းသည် ပို၍ လေးနက်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်သည်။

ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ပထမအဆင့်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို သင် နာခံနိုင်ခြင်း ရှိမရှိ၊ ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် အခြေအနေအမျိုးမျိုးကို သင် နာခံနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ ငြိမ်းချမ်းမှုရှိသော အချိန်များတွင် သင်သည် ဘုရားသခင်အပေါ် မည်သည့်အယူအဆမျှမရှိဘဲ သိသာသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မထုတ်ဖော်ပေ။ ထို့ကြောင့် သင်သည် မဆိုးပေ၊ သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်သူတစ်ယောက်ဖြစ်သည်ဟု သင် ခံစားရသည်။ သို့သော် တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်၏ စိတ်နှလုံးသည် နိုးကြွလာပြီး သင်၏ ကိုယ်ပိုင်အတွေးများနှင့် အယူအဆများ ရှိလာသည်။ အထူးသဖြင့် သင်သည် သင်၏တာဝန်တွင် ဒုက္ခခံနိုင်ပြီး အဖိုးအခပေးဆပ်နိုင်သောအခါ သင်သည် ဘုရားသခင်ကို ချစ်သောသူတစ်ယောက်ဖြစ်သည်ဟု သင်ခံစားရသည်။ ထို့ကြောင့် သင်သည် မျှော်လင့်မထားဘဲ ပြုပြင်ခံရပြီး သင်က သင့်တာဝန်တွင် တစ်ဇွတ်ထိုးလုပ်ပြီး စည်းမျဉ်းနှင့်မညီဟု လူတစ်ယောက်က ပြောသောအခါ သင်သည် လက်ခံနိုင်မည်လော။ (လက်ခံရန် မလွယ်ကူပါ။) လက်ခံရန် မလွယ်ကူလျှင် သင်သည် မည်သည့်အရာကို လုပ်ဆောင်သနည်း။ လက်ခံခြင်းနှင့် နာခံခြင်းကို သင် အဘယ်သို့ ရရှိနိုင်သနည်း။ ဤတွင် လက်တွေ့လုပ်ဆောင်ရန် စည်းမျဉ်းအနည်းငယ်ရှိသည်။ ရှေးဦးစွာ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည်။ သမ္မာတရားကို ရှာဖွေရန် သင်၏ ကိုယ်ပိုင်အတွေးများနှင့် အကြောင်းပြချက်ကို လက်လွှတ်ရမည်။ သင်၏ ကိုယ်ပိုင်အတွေးများနှင့် အကြောင်းပြချက်သည် သမ္မာတရားနှင့် မလွဲမသွေ ကိုက်ညီခြင်းမျိုး မရှိဆိုသည်ကို သင် နားလည်သင့်သည်။ သင်သည် အသိစိတ်ကို ပိုင်ဆိုင်လျှင် အခြားလူများက ပြောစရာရှိသည့်အရာကို သင် ဦးစွာ နားထောင်သင့်ပြီး အသေအချာ တွေးတောကြည့်သင့်သည်။ ၎င်းတို့၏ ပြောဆိုမှုက သမ္မာတရားနှင့် ညီလျှင် သင် လက်ခံသင့်သည်။ ဤသည်မှာ အသိစိတ်ရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်ကိုယ်တိုင်၏ စဉ်းစားပုံက မှန်ကန်သည်ဟု အစဉ်ယုံကြည်ပြီး သင်၏ ကိုယ်ပိုင်အမြင်ရှုထောင့်ကို ဖက်တွယ်ထားလျှင် အခြားလူများက မည်မျှမှန်ကန်ပါစေ၊ ၎င်းတို့ပြောသည့်အရာ မည်မျှက သမ္မာတရားနှင့် ကိုက်ညီပါစေ ၎င်းတို့ ပြောသည့်အရာကို လက်မခံလျှင် သင်သည် ပုန်ကန်နေပြီး ဆင်ခြင်တုံတရားမရှိခြင်းပင်ဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက် ဖြစ်ရခြင်း၏ အကြောင်းရင်းသည် သမ္မာတရားကို ကျိုးနွံနာခံရန်၊ ဘုရားနှုတ်ကပတ်တော်ကို ကျိုးနွံနာခံရန်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံရန်၊ ဘုရားသခင်ဆီမှ လာသောအရာအားလုံးကို ကျိုးနွံနာခံရန်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ကျိုးနွံနာခံရန် ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် ဘုရားအိမ်တော်က စီစဉ်သည့်အရာကို ရှာဖွေရမည်။ ထိုအရာများကို သင်သိသည်နှင့် ဘုရားသခင် တောင်းဆိုသည့်အတိုင်း သင်ဆောင်ရွက်နိုင်သည်။ ဤသည်တို့မှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများဖြစ်သည်။ ရှေးဦးစွာ သင် ကျိုးနွံနာခံရမည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ လူတို့သည် ကျိုးနွံနာခံနိုင်ခြင်း မရှိသောအခါ ဤသည်မှာ မကြာခဏပင် ၎င်းတို့၏ ကိုယ်ပိုင် ကျိုးကြောင်းစဉ်းစားမှု၊ ဆင်ခြေများနှင့် မမူမှန်သော အကြောင်းပြချက်များ ရှိနေသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ဤသို့သော ကျိုးကြောင်းစဉ်းစားပုံဖြင့် ကျိုးနွံနာခံရန် အလွန်ပင် အလားအလာမရှိပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ရှေးဦးစွာ သင်၏ ကိုယ်ပိုင်ကျိုးကြောင်းစဉ်းစားပုံနှင့် ဆင်ခြေများကို လက်လွှတ်လော့။ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ လုပ်ဆောင်လော့။ သင်သည် အချိန်တစ်ခုအထိ ထိုသို့ လက်တွေ့လုပ်ဆောင်ပြီးသည်နှင့် သင်သည် သင်၏တာဝန်ကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ထမ်းဆောင်သောအခါ သင့်တာဝန်တွင် ပိုပို၍ ထိရောက်မှုရှိလာသည်ကို တွေ့ရမည်။ ဤသည်မှာ ဘုရားသခင်အား ကျိုးနွံနာခံနေခြင်းဖြစ်သည်ဟု သင်၏ စိတ်ဝိညာဉ်တွင် သေချာလာပြီး သင်၏ ကျိုးနွံနာခံခြင်းက ပို၍ သန့်စင်လာသည်။ သို့သော် သင်သည် သင်၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများကို အစဉ် ဖက်တွယ်နေလျှင်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင်၊ အစဉ်သဖြင့် ဘုရားသခင်ကို ဆန့်ကျင်နေပြီး အတိုက်အခံပြုနေလျှင် ဤသည်မှာ ပုန်ကန်ခြင်းဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်သည်။ မည်သည့် သိသာသော မကောင်းမှုကိုမျှ သင် မကျူးလွန်လျှင်ပင် သင်သည် စိုးစဉ်းမျှပင် ကျိုးနွံနာခံခြင်း ရှိမည်မဟုတ်ဘဲ သမ္မာတရား စစ်မှန်မှု လုံးဝ ကင်းမဲ့လိမ့်မည်။

ကျိုးနွံနာခံခြင်း သင်ခန်းစာများက အခက်ခဲဆုံးဖြစ်သည်။ သို့သော် အလွယ်ကူဆုံးလည်း ဖြစ်သည်။ မည်သည့်ပုံစံဖြင့် ခက်ခဲသနည်း။ (လူတို့တွင် ကိုယ်ပိုင် အယူအဆများရှိသည်။) လူတို့က အယူအဆများရှိသည်က ပြဿနာမဟုတ်ပေ။ မည်သည့်လူက အယူအဆမရှိသနည်း။ လူတို့အားလုံးက နှလုံးများနှင့် ဦးနှောက်များရှိကြသည်။ ၎င်းတို့အားလုံး ကိုယ်ပိုင်အယူအဆများရှိကြသည်။ ဤနေရာတွင် ယင်းသည် ပြဿနာမဟုတ်။ ဤသို့ဆိုလျှင် မည်သည့်အရာဖြစ်သနည်း။ ပြဿနာသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမရှိလျှင် သင့်တွင် အယူအဆမည်မျှရှိပါစေ နာခံနိုင်လိမ့်မည်။ ထိုအရာများက ပြဿနာဖြစ်မည်မဟုတ်။ လူတစ်ယောက်က ဤအသိစိတ်ရှိပြီး “အရာရာတိုင်းမှာ ဘုရားကို ငါ နာခံရမယ်။ ဆင်ခြေတွေ မပေးဘူး။ ငါ့ကိုယ်ပိုင်စိတ်ကူးတွေအတိုင်း ဆက်မလုပ်ဘူး။ ဒီကိစ္စမှာ ငါ့ဘာသာငါ ဆုံးဖြတ်ချက်မချဘူး” ဟူ၍ ပြောလျှင် သူ့အတွက် နာခံရန် မလွယ်ကူသလော။ လူတစ်ယောက်က မိမိဘာသာ ဆုံးဖြတ်ချက်မချလျှင် သူသည် မိမိကိုယ်ကို အမှန်ထင်ခြင်းမရှိသည့် လက္ခဏာဖြစ်သည်။ သူ၏ ကိုယ်ပိုင်အယူဆများကို မလျှော့တမ်းမပြောလျှင် သူသည် အသိစိတ်ရှိသည့် လက္ခဏာတစ်ခုဖြစ်သည်။ သူသည် နာခံနိုင်ခြင်းလည်းရှိလျှင် သမ္မာရားကို လက်တွေ့လုပ်ဆောင်မှုကို ရရှိပြီးဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို မချခြင်း၊ မိမိ၏ အယူအဆများကို မလျှော့တမ်း လုပ်ဆောင်မှုမရှိခြင်းတို့သည် ကျိုးနွံနာခံနိုင်ခြင်းအတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည်။ ဤအရည်အသွေးနှစ်ခုကို သင် ပိုင်ဆိုင်လျှင် သင့်အနေဖြင့် ကျိုးနွံနာခံပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုကို ရရှိရန် လွယ်ကူလိမ့်မည်။ ထို့ကြောင့် သင်သည် ကျိုးနွံနာခံခြင်း မရှိမီတွင် ထိုအရာများဖြင့် သင့်ကိုယ်သင် ပြင်ဆင်ရမည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း သဘောထားကို ရရှိရန်အတွက် သင်မည်သို့ ဆောင်ရွက်သင့်သည်၊ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ဆိုသည်ကို အဖြေရှာရမည်။ ဤသည်မှာ အမှန်ပင် ထိုမျှ မခက်ခဲပေ။ သို့သော် ထိုမျှ လွယ်ကူခြင်းလည်းမရှိပေ။ အဘယ်ကြောင့် ခက်ခဲသနည်း။ လူသားတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့် ခက်ခဲခြင်းဖြစ်သည်။ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်သောအခါ သင့်တွင် မည်သည့်စိတ်ထား၊ သို့မဟုတ် အခြေအနေရှိသည်ဖြစ်စေ သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်ခြင်းကို တားဆီးလျှင် ထိုစိတ်ထား၊ သို့မဟုတ် အခြေအနေသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ အရင်းခံသည်။ ဤသည်မှာ ဤကိစ္စ၏ အမှန်တရားပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ မာနထောင်လွှားခြင်း၊ ပုန်ကန်ခြင်း၊ အဓိပ္ပာယ်မရှိခြင်း၊ တစ်ယူသန်ဖြစ်ခြင်း၊ မလိုမုန်းထားခြင်း၊ စိတ်နှလုံးခိုင်မာခြင်းတို့နှင့် သက်ဆိုင်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းလျှင် သင့်အတွက် ကျိုးနွံနာခံရန် လွယ်ကူလိမ့်မည်။ ဤသို့ဆိုလျှင် ဤဖောက်ပြန်ပျက်စီးမှုများကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် ကျိုးနွံနာခံလိုစိတ်မရှိသောအခါတွင် ဆုတောင်းရမည်။ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး မေးရမည်။ “ငါသည် အဘယ်ကြောင့် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ ငါ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း အမှုအရာများကို လုပ်ဆောင်ရန် အဘယ်ကြောင့် အစဉ်သဖြင့် မလျှော့တမ်း လုပ်ဆောင်နေသနည်း။ အဘယ်ကြောင့် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့မလုပ်ဆောင်နိုင်သနည်း။ ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ ဘုရားသခင်အား နာခံခြင်းကို ငါ လက်တွေ့လုပ်ဆောင်သင့်သည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်သင့်သည်။ ငါ၏ ကိုယ်ပိုင်ဆန္ဒ၊ သို့မဟုတ် ကိုယ်ပိုင် လိုအင်ဆန္ဒများကို အကောင်အထည် မဖော်သင့်ပေ။ ဘုရားနှုတ်ကပတ်တော်များ၊ ဘုရား၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်သင့်သည်။ သို့မှသာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ညီသည်” ဟူ၍ ဖြစ်သည်။ ဤရလဒ်မျိုးကို ရရှိရန်အတွက် ဘုရားသခင်အား ဆုတောင်းရန်၊ သမ္မာတရားကို ရှာဖွေရန် လိုအပ်သည်။ သမ္မာတရားကို သင် နားလည်သောအခါ သင်သည် သမ္မာတရားကို ပို၍ လွယ်ကူစွာ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ထို့နောက်တွင် သင်သည် ဇာတိပကတိကို ပုန်ကန်ပြီး ယင်းနှင့် သက်ဆိုင်သောအရာများကို လက်လွှတ်နိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးအတွင်းတွင် သမ္မာတရားကို နားလည်သော်လည်း ဇာတိပကတိ၊ အဆင့်အတန်း၊ ပကာသနနှင့် သိက္ခာတို့၏ အကျိုးအမြတ်များကို လက်မလွှတ်နိုင်လျှင် သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် ရုန်းကန်ကြိုးစားရလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်၏ စိတ်နှလုံးတွင် ဇာတိပကတိ၊ ပကာသနနှင့် သိက္ခာတို့၏ အကျိုးအမြတ်ကို အရာအားလုံး၏ အထက်တွင် ထားရှိသောကြောင့်ဖြစ်သည်။ ဤသည်မှာ သင်သည် သမ္မာတရားကို မချစ်ဘဲ ယင်းအစား အဆင့်အတန်းနှင့် ဂုဏ်ကို ချစ်သည်ဟု ဆိုလိုသည်။ ဤသို့ဆိုလျှင် ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် ဆုတောင်းရမည်။ သမ္မာတရားကို ရှာဖွေရမည်။ အဆင့်အတန်းနှင့် ဂုဏ်သတင်းကဲ့သို့သောအရာများ၏ အနှစ်သာရကို အပြည့်အဝ မြင်ရမည်။ သင်သည် ဤအရာများကို စွဲလမ်းခြင်း လျော့နည်းရမည်။ ပြီးလျှင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် အရေးကြီးသည်ဆိုသည်ကို မြင်ရန်၊ ဤအရာကို အခြားအရာအားလုံးထက် တန်ဖိုးထားရန် လိုအပ်သည်။ သင်သည် ဤအရာအားလုံးကို လုပ်ဆောင်သောအခါ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် စိတ်ဆန္ဒရှိလိမ့်မည်။ တစ်ခါတစ်ရံတွင် လူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် ပြုပြင်ခံရခြင်းကို လိုအပ်သည်။ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရရှိရန် လိုအပ်သည်။ ဤသို့ဖြင့် ပြဿနာ၏ အနှစ်သာရသည် အပြည့်အဝ ရှင်းလင်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပို၍ လွယ်ကူသည်။ အမှန်တကယ်တွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၏ အကြီးမားဆုံးသော အတားအဆီးသည် မိမိ၏ ကိုယ်ပိုင်ဆန္ဒက ကြီးမားလွန်းပြီး အရာရာတိုင်း၏ ရှေ့တွင်ရှိနေသောအခါတွင်ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်ကျိုးကြည့်ခြင်းက အရာရာတိုင်း၏ ရှေ့တွင်ရှိနေသောအခါ၊ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းက အရာရာတိုင်း၏ ရှေ့တွင်ရှိနေသောအခါတွင်ဖြစ်သည်။ ထို့ကြောင့် အမှုအရာများ ဖြစ်ပေါ်လာသောအခါ ဤသို့သောသူများက အစဉ် တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်အတွက် အကျိုးဖြစ်စေမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြသည်။ သမ္မာတရားစည်းမျဉ်းများကို အလေးထားမှု လုံးဝမရှိပေ။ ၎င်းတို့သည် အစဉ်သဖြင့် ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားကြသည်။ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်သည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ “သင်က ဤအရာကို အလိုရှိလျှင် ငါက ထိုအရာကို အလိုရှိသည်။ သင်သည် သင်၏အရာကို အလိုရှိလျှင် ငါသည် ငါ၏အရာကို မလျှော့တမ်းလုပ်ဆောင်မည်” ဟု ဆုံးဖြတ်ခြင်းကို ဆိုလိုသည်။ ဤသည်မှာ နာခံခြင်းကို ပြသခြင်းဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ သမ္မာတရားကို ရှာဖွေခြင်း လုံးဝမဟုတ်ဘဲ မိမိ၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း မရမက လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်ပြီး ကျိုးကြောင်းမသင့်လျော်သော ဖော်ပြမှုဖြစ်သည်။ တစ်နေ့တွင် သင်၏ နှစ်သက်မှုများနှင့် စိတ်ပိုင်းဖြတ်မှုများသည် သမ္မာတရားနှင့် ကွဲလွဲနေသည်ကို သင် သတိပြုမိနိုင်လျှင်လည်းကောင်း၊ သင့်ကိုယ်သင် ငြင်းပယ်ပြီး အရှိအတိုင်း မြင်လာနိုင်ကာ သင့်ကိုယ်သင် မယုံကြည်တော့လျှင်လည်းကောင်း၊ ထို့နောက်တွင် တဖြည်းဖြည်းချင်းဖြင့် အမှုအရာများကို သင်၏ ကိုယ်ပိုင်နည်းလမ်းအတိုင်း မလုပ်ဆောင်တော့လျှင်လည်းကောင်း၊ သို့မဟုတ် မစဉ်းမစားဖြင့် မဆုံးဖြတ်တော့ဘဲ သမ္မာတရားကို ရှာဖွေနိုင်လျှင်လည်းကောင်း၊ ဘုရားသခင်ထံ ဆုတောင်းပြီး အမှီပြုနိုင်လျှင်လည်းကောင်း ဤသည်မှာ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုဖြစ်သည်။ မည်သည့် လက်တွေ့လုပ်ဆောင်မှုက သမ္မာတရားနှင့် ကိုက်ညီသည်ကို သင် အတည်မပြုမီတွင် သင်သည် ရှာဖွေရမည်။ ဤသည်မှာ လုံးဝပင် မှန်ကန်သောလုပ်ဆောင်မှုဖြစ်ပြီး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ရှာဖွေရန်အတွက် ပြုပြင်ခြင်းခံရသည်အထိ စောင့်လျှင် ဤသည်မှာ အနည်းငယ် ဘာသိဘာသာနေခြင်းဖြစ်ပြီး နှောင့်နှေးမှုများဖြစ်ဖို့ များသည်။ သမ္မာတရားအား ရှာဖွေရန် သင်ယူခြင်းသည် အလွန်အရေးပါသည်။ သမ္မာတရားအား ရှာဖွေခြင်း၏ အကျိုးအမြတ်များမှာ အဘယ်နည်း။ ရှေးဦးစွာ မိမိ၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်လိုက်ပြီး မဆင်မခြင် လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်နိုင်သည်။ ဒုတိယအနေဖြင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းနှင့် ဆိုးယုတ်သော အကျိုးဆက်များကို ရှောင်ကြဉ်နိုင်သည်။ တတိယအနေဖြင့် မည်သို့ စောင့်ပြီး စိတ်ရှည်ရမည်ကို သင်ယူနိုင်သည်။ ပြီးလျှင် အမှုအရာများကို ရှင်းလင်းစွာ၊ တိကျစွာ သိမြင်ခြင်းအားဖြင့် အမှားများဖြစ်ပေါ်ခြင်းကို တားဆီးနိုင်သည်။ ဤအရာများအားလုံးကို သမ္မာတရားအား ရှာဖွေခြင်းအားဖြင့် ရရှိနိုင်သည်။ သင်သည် အရာရာ၌ သမ္မာတရားအား ရှာဖွေရန် သင်ယူသောအခါ မည်သည့်အရာမျှ မရိုးရှင်းသည်ကိုလည်းကောင်း၊ အာရုံမစိုက်ဘဲ အားစိုက်ထုတ်မှု မပြုလုပ်လျှင် အမှုအရာများကို လုပ်ဆောင်ရာတွင် ကောင်းမွန်မည် မဟုတ်သည်ကိုလည်းကောင်း သင် တွေ့ရှိလိမ့်မည်။ ဤသို့ အချိန်အတန်ကြာ လေ့ကျင့်ပြီးနောက်တွင် သင့်အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ သင်သည် ပို၍ ရင့်ကျက်ပြီး အတွေ့အကြုံရှိလာလိမ့်မည်။ သင်၏ သဘောထားသည် ပို၍နူးညံ့လာပြီး ပို၍ အလွန်အကျွံ မဟုတ်ဘဲဖြစ်လာမည်။ စိတ်လိုက်မာန်ပါ ပြုလုပ်မည့်အစား စွန့်စားပြီး ယှဉ်ပြိုင်တတ်မည့်အစား သင်သည် သမ္မာတရားကို ရှာဖွေနိုင်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည်။ ထို့နောက်တွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်း ပြဿနာသည် ပြေလည်သွားလိမ့်မည်။ ဤသို့ဖြင့် သင့်အနေဖြင့် ကျိုးနွံနာခံရန် လွယ်ကူလိမ့်မည်။ အမှန်ပင် ထိုမျှ မခက်ခဲပေ။ အစပိုင်းတွင် အနည်းငယ် ခက်ခဲကောင်းခက်ခဲနိုင်သည်။ သို့သော် သင်သည် ထိုပြဿနာကို ဖြေရှင်းသည်အထိ စိတ်ရှည်နိုင်သည်။ စောင့်ဆိုင်းပြီး သမ္မာတရားကို ဆက်လက်ရှာဖွေနိုင်သည်။ သင်သည် အမှုအရာများ သင့်အပေါ် ကျရောက်သောအခါ သင်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို အစဉ်ပြုလုပ်လိုလျှင်၊ ပြီးလျှင် သင်သည် အစဉ်သဖြင့် ကျိုးကြောင်းပြချက်များပေးပြီး သင်၏ ကိုယ်ပိုင်အယူအဆများကို မရမက လုပ်ဆောင်လျှင် ဤသည်မှာ အလွန်ပင် ဒုက္ခပေးလာလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်မလျှော့တမ်း စွဲကိုင်သောအရာများသည် အပြုသဘောမဆောင်ဘဲ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်းတွင်ရှိသော အရာများအားလုံးဖြစ်သောကြောင့်ဖြစ်သည်။ ထိုအရာများအားလုံးသည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားက ထုတ်ဖော်ခြင်းများဖြစ်သည်။ ဤသို့သော အခြေအနေများတွင် သင်သည် သမ္မာတရားကို ရှာဖွေရန် ဆန္ဒရှိနိုင်သော်လည်း လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် ဘုရားထံ ဆုတောင်းရန် ဆန္ဒရှိနိုင်သော်လည်း အပေါ်ယံသာ လုပ်ဆောင်နေလိမ့်မည်။ လူတစ်ယောက်က သင့်ကိုသမ္မာတရားနှင့်ပတ်သက်ပြီး မိတ်သဟာယဖွဲ့ကာ သင့် ရည်ရွယ်ချက်၏ မသန့်စင်မှုများကို ဖော်ထုတ်လျှင် သင်သည် မည်သို့ ရွေးချယ်မည်နည်း။ သမ္မာတရားကို အလွယ်တကူ နာခံနိုင်သလော။ ဤသို့သောအချိန်တွင် နာခံရန် သင့်အတွက် အလွန်ပင် အားစိုက်ရလိမ့်မည်။ သင် နာခံနိုင်မည်မဟုတ်ပေ။ သင်သည် ပုန်ကန်ပြီး ကျိုးကြောင်းပြချက်များပေးရန် ကြိုးစားလိမ့်မည်။ သင်က “ငါ့ဆုံးဖြတ်ချက်တွေက ဘုရားအိမ်တော်အတွက်ပဲ။ မမှားဘူး။ ငါ့ကို ဘာလို့ နာခံဖို့ တောင်းဆိုနေသေးတာလဲ” ဟူ၍ ပြောလိမ့်မည်။ သင်သည် နာခံနိုင်မည်မဟုတ်သည့်ပုံစံကို မြင်သလော။ ဤအရာအပြင် သင်သည် အာခံခြင်းလည်း ပြုလုပ်လိမ့်မည်။ ဤသည်မှာ သိလျက်နှင့်လုပ်သော ပြစ်မှားမှုဖြစ်သည်။ ဤသည်မှာ အလွန့်အလွန် ဒုက္ခမပေးသလော။ လူတစ်ယောက်က သမ္မာတရားနှင့်ပတ်သက်ပြီး သင့်ကို မိတ်သဟာယပြုသောအခါ သင်က သမ္မာတရားကို မနာခံနိုင်ဘဲ သိလျက်ဖြင့်ပင် ပြစ်မှားလျှင်၊ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ အာခံခြင်း ပြုလုပ်လျှင် သင်၏ ပြဿနာသည် ဆိုးရွားသော ပြဿနာဖြစ်သည်။ သင်သည် ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရဖို့ အန္တရာယ်ရှိသည်။

ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း သင်ခန်းစာသည် အလွန်ပင်လေးနက်သည်။ စတင်ဝင်ရောက်သောအခါတွင် အလွန်ခက်ခဲသည့်ပုံစံရှိသော်လည်း အချိန်အတန်ကြာ ကြုံတွေ့ပြီးနောက်တွင် အလွန်ခက်ခဲသည်ဟု မခံစားရပေ။ ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများကို လိုက်နာဖို့ လိုအပ်သည်။ သင်သည် စည်းမျဉ်းများကို မရှာဖွေဘဲ အကြိမ်များစွာ ကျရှုံးလျှင် ဤသည်မှာ သင်သည် သင်ခန်းစာမရသေးသည့် သဘောဖြစ်သည်။ ပြီးလျှင် ကျိုးနွံနာခံခြင်းသည် သင့်အတွက် သင်ယူရန် အလွန်ခက်ခဲသော သင်ခန်းစာဖြစ်နေဆဲဖြစ်သည်။ အဘယ်ကြောင့် ခက်ခဲသနည်း။ ဖောက်ပြန်ပျက်စီးသော လူသားများအတွင်းတွင် အခက်အခဲများစွာ ရှိသောကြောင့် ဖြစ်သည်။ လူတို့တွင် အယူအဆများ၊ စိတ်ကူးများရှိပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးလည်း ရှိသည်။ ထိုအရာများအားလုံးအပြင် ၎င်းတို့တွင် အသိအမြင်နှင့် အရင်းအနှီးအချို့လည်း ရှိလျှင်လည်းကောင်း၊ ကောလိပ်ဘွဲ့ရပြီး အရည်အချင်းမြင့်လျှင်လည်းကောင်း၊ လူအဖွဲ့အစည်းတွင် ငွေနှင့် အဆင့်အတန်းရှိပြီး ကဏ္ဍတိုင်းတွင် သာလွန်မှုကို ပြလျှင်လည်းကောင်း ဤသည်မှာ ပြဿနာဖြစ်သည်။ ဤသို့သောသူတို့သည် သမ္မာတရားကို လက်ခံရန် ဖြစ်နိုင်ခြေနည်းလိမ့်မည်။ လူတို့သည် အသိပညာကို သမ္မာတရားအဖြစ် မှတ်ယူသောကြောင့် အသိပညာများစွာကို ပိုင်ဆိုင်ခြင်းသည် ဒုက္ခပေးလိမ့်မည်။ ဤသို့ဖြင့် သမ္မာတရားအား သဘောပေါက်နားလည်ခြင်းနှင့် လက်ခံခြင်းသည် အလွန်ခက်ခဲပင်ပန်းလာသည်။ သင်သည် သမ္မာတရားကို နားမလည်လျှင်၊ လူ့သဘာဝ သို့မဟုတ် အသိစိတ်မရှိလျှင် သင်သည် ဖြူတစ်ကောင်ကဲ့သို့ဖြစ်သည်။ ဖြူကောင်များသည် မည်သူကမျှ နှောင့်ယှက်၍၊ သို့မဟုတ် ဒုက္ခပေး၍ မရသော ကြောက်စရာကောင်းသည့် တိရစ္ဆာန်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသောသူများသည် ဤသို့ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်ခံမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကိုလည်း လုံးဝ ကျိုးနွံနာခံခြင်း မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးသည် ဆိုးယုတ်မှုနှင့် ပြည့်နေသည်။ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့်သာ နေထိုင်ကြသည်။ ရလဒ်အနေဖြင့် လူတို့ကြုံရသည့် အမှုကိစ္စတစ်ခုချင်းစီတိုင်းက အခက်အခဲများစွာ ရှိနေပြီး ၎င်းတို့သည် အယူအဆနှင့် စိတ်ကူးများစွာ ဖြစ်ပေါ်လာသည်။ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်လာသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို ခံရသောအခါ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာတစ်ခုခုတွင် အတားအဆီးတစ်ခု ကြုံရသောအခါ ၎င်းတို့သည် ဆင်ခြေများပေးကြသည်။ နားလည်မှုလွဲကြသည်။ အပျက်သဘောဆောင်လာပြီး ညည်းညူကြသည်။ ၎င်းတို့သည် အဓိပ္ပာယ်မရှိသော ဇာတ်လမ်းပုံပြင်များနှင့် အကြောင်းပြချက်များ သက်ရောက်မှုနှင့် အထင်အမြင်မှားစေခြင်းတို့ကို ခံရသည်။ ဤအရာတို့သည် အခက်အခဲများဖြစ်သည်။ ဤအခက်အခဲများကို လူတို့ ဖြေရှင်းနိုင်လျှင် သမ္မာတရားကို လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်မည်။ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းက လွယ်ကူလိမ့်မည်။ ဤအတွက်ကြောင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရရှိရန်အတွက် ဦးစွာ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရမည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံရမည်။ ဤသည်မှာ ပထမ အခက်အခဲဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များတွင် မည်သည့်အရာပါဝင်သနည်း။ သင့်အနီးတွင် ဘုရားသခင်က ဖြစ်ပေါ်စေသော လူများ၊ ဖြစ်ရပ်များနှင့် အကြောင်းအရာများပါဝင်သည်။ တစ်ခါတစ်ရံတွင် ဤလူများ၊ ဖြစ်ရပ်များနှင့် အကြောင်းအရာများသည် သင့်အား ပြုပြင်လိမ့်မည်။ တစ်ခါတစ်ရံတွင် သင့်အား စုံစမ်းသွေးဆောင်လိမ့်မည်၊ သို့မဟုတ် စစ်ကြောလိမ့်မည်၊ သို့မဟုတ် နှောင့်ယှက်လိမ့်မည်၊ သို့မဟုတ် သင့်အား အပျက်သဘောဆောင်ရန် ပြုလုပ်လိမ့်မည်။ သို့သော် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင်ရှာဖွေနိုင်သရွေ့ သင်သည် တစ်စုံတစ်ခုကို သင်ယူနိုင်လိမ့်မည်။ ဝိညာဉ်ရင့်ကျက်မှုကို ရရှိလိမ့်မည်။ ခုခံရန် အင်အားရှိလိမ့်မည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းသည် ဘုရားသခင်အား ကျိုးနွံနာခံရာတွင် အခြေခံအကျဆုံးသော သင်ခန်းစာဖြစ်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များတွင် ဘုရားသခင်က သင့်အနီးတွင် ဖြစ်ပေါ်စေသော လူများ၊ ဖြစ်ရပ်များ၊ အကြောင်းအရာများနှင့် အမျိုးမျိုးသော အခြေအနေများ ပါဝင်သည်။ ဤသို့ဆိုလျှင် ဤအခြေအနေများဖြင့် ရင်ဆိုင်ရသောအခါ သင်သည် မည်သို့ တုံ့ပြန်သင့်သနည်း။ အခြေခံအကျဆုံးသောအရာမှာ ဘုရားသခင်ထံမှ ခံယူရန် ဖြစ်သည်။ “ဘုရားသခင်ထံမှ ခံယူခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ညည်းညူခြင်းနှင့် အာခံခြင်းသည် ဘုရားသခင်ထံမှ ခံယူခြင်း ဖြစ်သလော။ အကြောင်းပြချက်များရှာပြီး ဆင်ခြေများပေးခြင်းသည် ဘုရားသခင်ထံမှ ခံယူခြင်း ဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်ထံမှ ခံယူခြင်းကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင့်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ရှေးဦးစွာ စိတ်ထိန်းလော့။ သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံခြင်းအား လက်တွေ့လုပ်ဆောင်လော့။ ဆင်ခြေများ၊ သို့မဟုတ် ရှင်းပြချက်များ မပြုနှင့်။ မည်သူက မှန်သည်၊ မည်သူက မှားသည်ဆိုသည်ကို စိစစ်ရန်၊ သို့မဟုတ် မှန်းဆရန် မကြိုးစားနှင့်။ မည်သူ၏ အမှားက ပို၍ လေးနက်သည်၊ မည်သူ့အမှားက ထိုမျှ မလေးနက်သည်ကို မစစ်ဆေးနှင့်။ ဤအရာများကို အစဉ် စစ်ဆေးခြင်းသည် ဘုရားသခင်ထံမှ ခံယူခြင်း သဘောထားဖြစ်သလော။ ယင်းမှာ ဘုရားသခင်အား ကျိုးနွံနာခံခြင်း သဘောထားဖြစ်သလော။ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသဘောထား၊ သို့မဟုတ် ဘုရားသခင်ထံမှ ခံယူခြင်းသဘောထား၊ သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံခြင်းသဘောထား မဟုတ်ပေ။ ဘုရားသခင်ထံမှ ခံယူခြင်းသည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သင့်အပေါ်သို့ ကျရောက်သောအရာမှန်သမျှသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအတွင်း၌ ရှိသည်ကိုလည်းကောင်း၊ ထိုအရာများသည် ဘုရားသခင်၏ အစီအစဉ်များနှင့် စေတနာကောင်းကြောင့် ဖြစ်ပျက်သည်ကိုလည်းကောင်း သင်သေချာလျှင် သင်သည် ထိုအရာများကို ဘုရားသခင်ထံမှ ခံယူနိုင်သည်။ အမှန်နှင့် အမှားကို မစစ်ဆေးခြင်း၊ မိမိကိုယ်ကိုအတွက် ဆင်ခြေများမပေးခြင်း၊ အခြားလူများအပေါ် အမှားမရှာခြင်း၊ ဇီဇာမကြောင်ခြင်း၊ ဖြစ်ပျက်ခဲ့သည့်အရာ၏ အရှိအတိုင်းဖြစ်သော အကြောင်းရင်းများကို အသေးစိတ် မစစ်ဆေးခြင်း၊ အမှုအရာများကို ပိုင်းခြားပြီး ဆန်းစစ်ရန် လူသား၏ စိတ်ကို အသုံးမပြုခြင်းတို့အားဖြင့် အစပြုလော့။ ဤအရာတို့သည် ဘုရားသခင်ထံမှ ခံယူရန်အတွက် သင်လုပ်ဆောင်ရမည့် အသေးစိတ်အချက်များ ဖြစ်သည်။ ပြီးလျှင် ဤအရာကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းမှာ ကျိုးနွံနာခံခြင်းဖြင့် စတင်ရန်ဖြစ်သည်။ သင့်တွင် အယူအဆများရှိလျှင်ပင်၊ သို့မဟုတ် အကြောင်းအရာများကို သင်ရှင်းလင်းစွာ မသိလျှင်ပင် ကျိုးနွံနာခံလော့။ ဆင်ခြေများ၊ သို့မဟုတ် ပုန်ကန်ခြင်းများဖြင့် အစမပြုနှင့်။ ပြီးလျှင် ကျိုးနွံနာခံပြီးနောက်တွင် သမ္မာတရားကို ရှာဖွေလော့။ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေလော့။ သင်သည် မည်သို့ ဆုတောင်းသင့်သနည်း။ “အို ဘုရားသခင် ကိုယ်တော်သည် ကိုယ်တော်၏ စေတနာကောင်းဖြင့် ကျွန်ုပ်အတွက် ဤအခြေအနေကို စီစဉ်ညွှန်ကြားခဲ့ပါသည်” ဟု ပြောလော့။ သင်သည် ဤသို့ပြောသောအခါ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင်၏ စိတ်နှလုံးတွင် ခံယူခြင်းသဘောထား ရှိပြီးဖြစ်သည်၊ သင့်အတွက် ဤအခြေအနေကို ဘုရားသခင်က စီစဉ်ညွှန်ကြားခဲ့သည်ကို အသိအမှတ်ပြုပြီးဖြစ်သည်ဟု ဆိုလိုသည်။ “အို ဘုရားသခင်၊ ကျွန်ုပ် ယနေ့ကြုံတွေ့ခဲ့ရသည့် အခြေအနေတွင် မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို ကျွန်ုပ်မသိပါ။ ကျွန်ုပ်အား ဉာဏ်အလင်းပြပြီး လမ်းပြရန်၊ ကိုယ်တော်၏ ရည်ရွယ်ချက်ကို နားလည်အောင် လုပ်ပေးပါရန် ကိုယ်တော်အား တောင်းဆိုပါသည်။ ဤသို့အားဖြင့် ကျွန်ုပ်သည် ယင်းနှင့်အညီ ဆောင်ရွက်နိုင်ပြီး ပုန်ကန်ခြင်း၊ အာခံခြင်းလည်းမရှိဘဲ ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ဆန္ဒကို အမှီမပြုဘဲ နေနိုင်လိမ့်မည်။ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်လိုစိတ် ရှိပါသည်” ဟူ၍ ပြောလော့။ ဆုတောင်းပြီးနောက်တွင် သင်သည် စိတ်နှလုံးတွင် ငြိမ်သက်ခြင်းရှိလိမ့်မည်။ ပြီးလျှင် သင်၏ ဆင်ခြေများကို အလိုအလျောက် လက်လွှတ်လိမ့်မည်။ ဤသည်မှာ သင်၏ စိတ်ဓာတ်ပြောင်းလဲခြင်း မဟုတ်လော။ ယင်းသည် သင့်အနေဖြင့် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ရန်အတွက် လမ်းဖွင့်ပေးသည်။ ပြီးလျှင် ကျန်ရှိသော တစ်ခုတည်းသောပြဿနာမှာ သမ္မာတရားကို သင်နားလည်သောအခါ မည်သို့လက်တွေ့လုပ်ဆောင်သင့်သည်ပင် ဖြစ်သည်။ သင့်အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အချိန်ကျသောအခါ သင်သည် ပုန်ကန်ခြင်းကို တစ်ဖန် ထုတ်ဖော်လျှင် ဘုရားသခင်ထံ တစ်ဖန်ဆုတောင်းရမည်။ သင်၏ ပုန်ကန်ခြင်းက ပြေလည်သွားသည်နှင့် အလိုအလျောက်ပင် သမ္မာတရားအား သင်လက်တွေ့လုပ်ဆောင်ရန် လွယ်ကူလိမ့်မည်။ ပြဿနာများ ထွက်ပေါ်လာသောအခါ သင်သည် ဘုရားသခင်ရှေ့တွင် မိမိကိုယ်ကို ငြိမ်သက်အောင် သင်ယူပြီး သမ္မာတရားအား ရှာဖွေရမည်။ သင်သည် ပြင်ပအရာများအားဖြင့် စဉ်ဆက်မပြတ် နှောင့်ယှက်ခြင်းခံရလျှင်၊ သင်၏ အခြေအနေသည် အစဉ်သဖြင့် တစ်သမတ်တည်းမဟုတ်လျှင် ယင်းသည် မည်သည့်အရာကြောင့် ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို သင် နားမလည်သောကြောင့်ဖြစ်သည်။ သင့်အတွင်းတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဦးဆောင်နေသောကြောင့် ဖြစ်သည်။ သင့်ကိုယ်သင် မထိန်းနိုင်ပေ။ ဤသို့သော အချိန်များတွင် သင်သည် မိမိကိုယ်ကို ပြန်လည်သုံးသပ်ပြီး သင့်အတွင်းတွင် ရှိသော ပြဿနာကို ရှာရမည်။ သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်များကို ရှာပြီး ထိုနှုတ်ကပတ်တော်တို့က ဖော်ထုတ်ထားသည့်အရာကို ကြည့်လော့။ ထို့နောက်တွင် တရားဒေသနာများနှင့် မိတ်သဟာယများကို နားထောင်လော့၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော် ဓမ္မသီချင်းများကို နားထောင်လော့။ သင်ကိုယ်တိုင်၏ အခြေအနေကို ဤနှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်လော့။ ဤသည်မှာ သင့်အတွင်းတွင် မည်သည့်ပြဿနာများရှိနေသည်ကို မြင်နိုင်သည့်နည်းဖြစ်သည်။ ဤပြဿနာများကို ရှင်းလင်းစွာ မြင်ခြင်းအားဖြင့် ၎င်းတို့ကို ကိုင်တွယ်ရသည်မှာ ပို၍ လွယ်ကူလိမ့်မည်။ အခြားလူများ၌ သင့်အား ပြဿနာဖြစ်စေသည့် မည်သည့်အမှုကိစ္စရှိပါစေ လုံးဝ အရေးမစိုက်နှင့်။ မိမိကိုယ်ကို ပြန်လည်သုံးသပ်ခြင်းကို အာရုံစိုက်လော့။ ဘုရားသခင်က သင့်အား စစ်ကြောနေသည်ဟု အခိုင်အမာ ပြောဆိုလျက် တစ်ဆိတ်ကို တစ်အိတ်မလုပ်နှင့်။ ဤသည်မှာ ဘုရားသခင်နှင့် လုံးဝ မသက်ဆိုင်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများသည် မိမိကိုယ်ကို သိမြင်မှု လုံးဝ ကင်းမဲ့ပြီး မိမိကိုယ်ကို အပေါ်ယံလှပအောင် ပြုလုပ်ရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။ အလွန်အကျွံ အထိမခံနိုင် မဖြစ်နှင့်။ ဤသည်မှာ ဘုရားသခင်ထံမှ စမ်းသပ်မှုဖြစ်သည်ဟု သင် ဆုံးဖြတ်လျှင် သင်၏ ကိုယ်ပိုင် ပြဿနာများကို ပို၍ပင် ဆင်ခြင်သုံးသပ်ဖို့ လိုသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို လုံးလုံးလျားလျား ရှင်းလင်းမပစ်လျှင် ယင်းသည် သင့်အား ဆက်လက်၍ အရူးလုပ်ပြီး လှည့်စားနေမည်သာဖြစ်သည်။ ဤသို့ဆိုလျှင် ဖြေရှင်းချက်မှာ အဘယ်နည်း။ သင်သည် ဆုတောင်းရမည်။ “ဘုရားသခင်၊ ကျွန်ုပ်သည် အလွန် တစ်ဇွတ်ထိုးဆန်ပြီး မာနထောင်လွှားသည်။ ဇာတိပကတိ၏ အလိုကို ဖြည့်ဆည်းရန် အစဉ်စဉ်းစားနေသည်။ ကျွန်ုပ်သည် အလွန်ပင် ပုန်ကန်ပါသည်။ ကျွန်ုပ်အား ဆုံးမပဲ့ပြင်တော်မူပါ” ဟူ၍ ဖြစ်သည်။ ဆုတောင်းပြီးနောက်တွင် သင်သည် အနည်းငယ် စိတ်ပူလိမ့်မည်။ “ဘုရားသခင်က ငါ့အား အမှန် ပဲ့ပြင်ဆုံးမလျှင် အဘယ်သို့လုပ်ရမည်နည်း။ မဖြစ်ပေ။ ဆုတောင်းပြီး စိတ်ပိုင်းဖြတ်ရမည်။ ဘုရားသခင်က ငါ့အား မည်မျှ ဆုံးမပဲ့ပြင်ပါစေ၊ ငါ့အား နာမကျန်းဖြစ်ရန်၊ သို့မဟုတ် သေရန်ပင် ပြုလုပ်ပါစေ ဘုရားသခင်အား ကျိုးနွံနာခံဦးမည်” ဟူ၍ဖြစ်သည်။ သင်သည် ဤသို့ ဆုတောင်းပြီးသည်နှင့် သင်၏အတွင်းထဲတွင် အားကြီးလာလိမ့်မည်။ သင်၏ အခြေအနေသည် ကွာခြားလိမ့်မည်။ သင်သည် မည်သို့ ခံစားရမည်နည်း။ သင်က “ယုံကြည်သူဖြစ်ခဲ့သည့် ဤနှစ်များတစ်လျှောက်တွင် ဘုရားသခင်ထံမှ စမ်းသပ်မှုကို ငါ ကြုံရသည်မှာ ဤသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူ၏ လက်တော်က ငါ့အပေါ်သို့ ကျရောက်ပြီး သူသည် ငါနှင့် အလွန်နီးကပ်နေသည်ဟု ငါ ခံစားရသည်။ ဘုရားသခင်သည် ငါ့အား သူကိုယ်တိုင် ဦးဆောင်နေသည်။ ငါ့အား လေ့ကျင့်ပေးရန်၊ သန့်စင်ပေးရန်အတွက် ဤစမ်းသပ်မှုမျိုးကို သူကိုယ်တိုင် စီစဉ်ပေးပြီး ငါ့အား သင်ခန်းစာရရှိစေကာ ထိုသင်ခန်းစာမှ သမ္မာတရားကို ရရှိစေသည်။ ဘုရားသခင်က ငါ့အား အလွန်ချစ်သည်” ဟု စဉ်းစားလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်း မဟုတ်လော။ ဤအချိန်တွင် သင်သည် ဝိညာဉ်ရင့်ကျက်မှုအချို့ မရှိသလော။ (ရှိပါသည်။) ဤသည်မှာ အမှန်ပင် လက်တွေ့ကျသော နားလည်မှုဖြစ်သည်။ သင်၏ စိတ်အတွင်းတွင် “ဘုရားသခင်က ငါ့အား စစ်ကြောနေသည့်အတွက် မည်သည့်သဘောထားကို ငါထားသင့်သနည်း။ ဘုရားသခင်အား ကျေနပ်စေရန် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း” ဟု တွေးတောနေနိုင်သည်။ သင်သည် ဤသို့ စဉ်းစားသောအခါ၊ ဤသို့ ရှာဖွေသောအခါ မကြာခင်တွင် ကျိုးနွံနာခံခြင်းကို ရရှိလိမ့်မည်။ သင်သည် သင့်အတွက် ကျိုးကြောင်းပြပြောဆိုခြင်းကို ရပ်တန့်လိမ့်မည်။ “ငါသည် ကျိုးနွံနာခံခြင်း မရှိဘဲ အစဉ်သဖြင့် ငြင်းခုံနေလျှင်၊ အခြားလူများတွင် သို့မဟုတ် အရှိအတိုင်းဖြစ်သော အခြေအနေများတွင် အစဉ်သဖြင့် အကြောင်းပြချက်များ ရှာဖွေနေလျှင်၊ ဆင်ခြေများရှာပြီး အမှန်နှင့်အမှားကို ပိုင်းခြားစိစစ်နေလျှင် ငါသည် လူသားပင်မဟုတ်ပေ။ လူယုတ်မာတစ်ယောက်နှင့်ပင် အဆင့်မတူသော သားရဲတစ်ကောင် ဖြစ်သည်” ဟူ၍ သင် စဉ်းစားလိမ့်မည်။ ထို့နောက်တွင် သင်သည် အပြစ်ရှိသကဲ့သို့ ခံစားရပြီး သက်သောင့်သက်သာ မရှိဖြစ်လိမ့်မည်။ သင်က “ဘုရားသခင်အား ငါ ချက်ချင်း ကျိုးနွံနာခံရမည်။ ဘုရားသခင်က ငါ့ဘက်တွင် ရှိသည်။ ဤသည်မှာ သူက ငါ့အား လမ်းပြသည့်ပုံစံဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စေတနာကောင်း၏ ပုံစံဖြစ်သည်ဟု မကြာခဏပြောဆိုခဲ့သည်။ ယနေ့တွင် ယင်းကို ငါမြည်းစမ်းခဲ့ရသည်။ ငါသည် သင်ခန်းစာယူသင့်သည်၊ ပြောင်းလဲသင့်သည်၊ အမှန်နှင့် အမှားကြားတွင် ပိတ်မိမနေသင့်ဟု ဘုရားသခင်က ရည်ရွယ်ချက်ရှိသည်။ ဤသည်မှာ ငါ့အတွက် ဘုရားသခင်၏ ချစ်ခြင်း၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပံ့ပိုးမှုနှင့် လမ်းပြမှုဖြစ်သည်။ ဘုရားသခင်က ငါ့အား အလွန်ချစ်ပြီး သူ၏ ချစ်ခြင်းက စစ်မှန်သည်။” ဟု တွေးလိမ့်မည်။ သင်၏ စိတ်နှလုံးတွင် တို့ထိခြင်းခံရမည်။ အဘယ်ကြောင့် တို့ထိခြင်းခံရမည်နည်း။ ယခုတွင် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သင်နားလည်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ချစ်ခြင်းကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ပြီးဖြစ်သည်။ သင်သည် ဤရက်များတစ်လျှောက်တွင် သမ္မာတရားကို အဆက်မပြတ် ရှာဖွေခြင်းမှတစ်ဆင့် အတွေ့အကြုံရှိသည်။ လူတို့သည် ဤအရာကို ကြုံတွေ့စဉ်တွင် ဘုရားသခင်ကို ပုန်ကန်နိုင်သေးသလော။ ပုန်ကန်နိုင်သေးသည်။ ပုန်ကန်မှု ရှိနိုင်သေးသည်။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသောကြောင့် ဖောက်ပြန်ပျက်စီးသော၊ အဓိပ္ပာယ်မရှိသော အတွေးမျိုးစုံက စဉ်ဆက်မပြတ် ပွင့်ထွက်လျက်ရှိသည်။ ၎င်းတို့သည် “ဘုရားသခင်က ငါ့အား စစ်ကြောနေသောကြောင့် ငါ သေမည်လော။ ဘုရားသခင်က ငါ့အား အမှန်ပင် ဆုံးမပဲ့ပြင်နေလျှင် ငါ့အား အလွန်အမင်း နာမကျန်းဖြစ်အောင် ပြုလုပ်မည်လော။ ကြောက်ရွံ့မိသည်” ဟူ၍ အစဉ် စဉ်းစားနေသည်။ ကြောက်ရွံ့ခြင်းက မည်သည့်နေရာမှ လာသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မယုံကြည်ခြင်း၊ သူ၏ စီစဉ်ညွှန်ကြားမှုများကို ခွင့်မပြုလိုခြင်းနှင့် စိတ်ပူခြင်းတို့မှ လာသည်။ “ငါသေလျှင် မည်သို့ဖြစ်မည်နည်း။ မည်သည့်နေရာတွင် ငါရပ်တည်သည်ကို မသိပေ” ဟူ၍ ဖြစ်သည်။ လူတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းနည်းပါးလွန်းသည်။ ဤသို့သောအချိန်မျိုးတွင် လူတို့၌ ယုံကြည်ခြင်းမည်မျှရှိသနည်း။ လုံးဝမရှိပေ။ လူတစ်ယောက်သည် ဘုရားသခင်၏ လက်ထဲမှ အလွန်ပင် လွတ်မြောက်လိုလျှင် သူသည် ဘုရားသခင်အား အကြွင်းမဲ့ သစ္စာဖောက်ခြင်းဖြစ်သည်။ အခြေအနေက ဤသို့ဖြစ်လာသောအခါ လူတို့သည် လွတ်မြောက်လိုကြသည်။ ၎င်းတို့သည် ဖြစ်ပျက်နေသည့်အရာကို ကျိတ်မှိတ်လက်ခံခြင်း မရှိပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သင်က “ငါသည် ကျိုးနွံနာခံနိုင်သည်။ ငါသည် တို့ထိခြင်းခံရသကဲ့သို့ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ငါ ခံစားရပြီး ဘုရားသခင်က ငါ့အား ဂရုစိုက်သည်။ ဤသည်မှာ လုံလောက်ပြီဖြစ်သည်။ ငါသည် ကျေနပ်မှုရှိသည်” ဟူ၍သာ ပြော၍မရပေ။ ဤသည်မှာ မလုံလောက်ပေ။ သင်သည် ရှေ့သို့ ဆက်သွားနေရမည်။ ဆက်လက်၍ ရှာဖွေရမည်။ စဉ်းစားလော့။ “ယောဘက သူ၏ ယုံကြည်ခြင်းကို မည်သို့ရရှိခဲ့သနည်း။ သူသည် မည်သည့်အတိုင်းအတာအထိ ကျိုးနွံနာခံနိုင်သနည်း။ ငါသည် အဘယ်ကြောင့် အလွန်ကြောက်ရွံ့သနည်း။ ငါ၏ ကြောက်ရွံ့မှုက မည်သည့်နေရာမှ လာသနည်း။ ဤသည်မှာ ငါသည် ဘုရားသခင်အား ယုံကြည်ခြင်း နည်းပါးလွန်းသောကြောင့်ဖြစ်သည်။ ငါသည် ဘုရားသခင်၏ လက်ထဲတွင် အပျော်ဆုံး၊ အလုံခြုံဆုံးဖြစ်သည်၊ ဘုရားသခင်သည် ငါ၏ ခိုကိုးရာဖြစ်သည်ဟု ငါ မယုံကြည်ပေ။ ဤအရာများကို ငါ မယုံကြည်ပေ။ ငါသည် အလွန်ပင် လှည့်ဖြားကာ ကောက်ကျစ်ဆိုးယုတ်သောသူ ဖြစ်ပါတကား။ ဤသည်မှာ ဘုရားသခင်က ငါ့အား စစ်ကြောနေခြင်း ဖြစ်သည်ကို ငါသတိပြုမိခဲ့သည်။ ပြီးလျှင် စမ်းသပ်ခြင်းဆိုသည်မှာ ငါ၏ အသက်ကို ယူဆောင်သွားမည်ဆိုသည့် အဓိပ္ပာယ်မဟုတ်ပေ။ သူသည် ငါ့အား ဆော့ကစားနေခြင်း၊ သို့မဟုတ် တမင်ထုတ်ဖော်နေခြင်းလည်းမဟုတ်ပေ။ ယင်းသည် စမ်းသပ်မှုတစ်ခုသာဖြစ်သည်။ ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ဖို့ ရည်ရွယ်သည်။ ငါသည် ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်းမရှိနိုင်သေးပေ။ ဘုရားသခင်အား အပြည့်အဝ မယုံနိုင်သေးဘဲ သူ၏ လက်ထဲတွင် ကိုယ့်ကိုယ်ကိုယ် မအပ်နှံနိုင်သေးပေ။ ငါသည် အလွန်ကောက်ကျစ်ဆိုးယုတ်သည်။ အဆိုးရွားဆုံးသော အရာများအတွက် အပြစ်ရှိသည်။ ဘုရားသခင်ထံမှ ဤသို့အလေးထားခြင်းသည် ငါနှင့် မထိုက်တန်ပေ။ ဘုရားသခင်၏ ဂရုစိုက်မှုသည် ငါနှင့် မထိုက်တန်ပေ” ဟူ၍ ဖြစ်သည်။ ထို့နောက်တွင် သင်သည် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ သင်သည် ဆုတောင်းပြီး ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်သည်။ သင်၏ ပုန်ကန်မှုနှင့် သင်၏ ရည်ရွယ်ချက်များအား ပြုပြင်သင့်သည်။ သင်သည် ဤအတိုင်းအတာအထိ သမ္မာတရားကို နားလည်သည်။ သို့သော် သင့်တွင် ဘုရားသခင်အား ယုံကြည်ခြင်းမရှိသေးပေ၊ သို့မဟုတ် ဘုရားသခင်၏ လက်ထဲသို့ သင့်ကိုယ်သင် မအပ်နှံရဲသေးပေ။ ဤသည်မှာ အဘယ်နည်း။ သစ္စာဖောက်ခြင်းဖြစ်သည်။ သင်၏ လှည့်စားမှု၊ သင်၏ မာနထောင်လွှားမှု၊ သင်၏ သံသယဖြစ်မှု၊ သင်၏ ကောက်ကျစ်ဆိုးယုတ်မှုတို့ကြောင့် သင်သည် ဘုရားသခင်အပေါ် ယုံကြည်မှု ကင်းမဲ့သည်။ ဤသည်မှာ ကြောက်ရွံ့မှုလာသည့်နေရာဖြစ်သည်။ ကြောက်ရွံ့မှု၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်အပေါ် ယုံကြည်မှုကင်းမဲ့ခြင်း ဖြစ်သည်။ “ငါသည် ဘုရားသခင်၏ လမ်းပြမှုကို ကျိုးနွံနာခံလျှင် သူသည် ငါ့အား စာတန်ဆီသို့ လွှဲပြောင်းပေးပြီး ငါ့အား သေစေမည်လော” ဟူ၍ အစဉ် စိုးရိမ်သည်။ ဤသည်မှာ မည်သို့သော အတွေးမျိုးဖြစ်သနည်း။ အဓိပ္ပာယ်မရှိ မဖြစ်သလော။ လူတစ်ယောက်က ဘုရားသခင်အား အဘယ်ကြောင့် ဤသို့ထင်မြင်မည်နည်း။ သမ္မာတရားမရှိလျှင် လူတို့သည် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မမြင်နိုင်ဘဲ ဘုရားသခင်ကို အစဉ် နားလည်မှုလွဲပြီး မှန်းဆထင်ကြေးပေးကြသည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် လူတစ်ယောက်သည် သမ္မာတရားကို နားလည်ရန်လိုသည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့်သာ လူတို့သည် လူသားတစ်ယောက် ပြောဆိုသင့်သည့်ပုံစံအတိုင်း အသိစိတ်ဖြင့် စကားပြောနိုင်သည်။ သင်သည် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် ကွယ်ကာမှုကို ခံစားရသော်လည်း၊ ဘုရားသခင်က ပေးသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၏ ခံစားချက်ကို သင်ခံစားခဲ့သည်ဆိုသော်လည်း၊ သင်သည် အလွန်ပင် လုံခြုံမှုရှိသည်ဟု ခံစားရသော်လည်း ဘုရားသခင်၏ လက်ထဲသို့ သင့်ကိုယ်သင်အပ်နှံရန် တွန့်ဆုတ်နေဆဲဖြစ်သည်။ သင်သည် ကြောက်ရွံ့နေဆဲဖြစ်သည်။ ဤသည်မှာ ပုန်ကန်ခြင်း မဟုတ်သလော။ ဤပုန်ကန်ခြင်းတွင် မည်သည့်အရာ ရောနှောပါဝင်နေသနည်း။ မည်သည့်အရာက ထိန်းချုပ်သနည်း။ လှည့်စားခြင်းနှင့် မာနထောင်လွှားခြင်းဖြစ်သည်။ ဤသည်မှာ အမှန်ပင် မကောင်းဆိုးဝါးဆန်သော သဘာဝမဟုတ်လော။ လူတစ်ယောက်သည် မကောင်းဆိုးဝါးဆန်သော သဘာဝရှိလျှင် သူ့၌ စာတန်ဆန်သော စိတ်သဘောထားရှိသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ဤပြဿနာကို ဖြေရှင်းရန်အတွက် လူတို့သည် သမ္မာတရားကို ရှာဖွေဖို့လိုအပ်သည်။ လူတို့သည် သမ္မာတရားကို မချစ်လျှင်၊ သမ္မာတရားကို မရှာဖွေလျှင် ဖောက်ပြန်ပျက်စီးမှုကို မည်မျှထုတ်ဖော်ပါစေ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သည့်အခါမျှ ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ထိုသို့သောသူမျိုးသည် ကယ်တင်ခြင်းကို အလွယ်တကူရရှိမည်မဟုတ်ပေ။

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသောအခါ ပြဿနာသည် ပြေလည်သွားသည်ဟု သတ်မှတ်ရန်အတွက် မည်သည့်ရလဒ်မျိုးကို ရရှိဖို့ လိုအပ်သနည်း။ အခြေအနေတစ်ခုခုသည် ဘုရားသခင်ထံမှ စမ်းသပ်မှုဖြစ်သည်ကို လူအချို့က ကောင်းစွာ သတိပြုမိသော်လည်း ဘုရားသခင်၏ လက်ထဲတွင် မိမိတို့ကိုယ်ကို ထားရှိလိုစိတ် မရှိကြပေ။ ၎င်းတို့က ဘုရားသခင်ကို အားကိုး၍ မရနိုင်ဟုလည်းကောင်း၊ ဘုရားသခင်သည် ယုံကြည်၍ မရနိုင်ဟုလည်းကောင်း ခံစားရကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို အမှီမပြုရဲရုံသာမကဘဲ ဤအခြေအနေများကိုလည်း ကြောက်ရွံ့ကြသည်။ အမှုအရာများက ဤအဆင့်သို့ ရောက်ရှိပြီးသောအခါတွင် ၎င်းတို့သည် မိမိတို့တွင် မည်သည့်သမ္မာတရားများ ရှိထားသင့်သနည်း။ မည်သို့ လိုက်စားသင့်သနည်း။ ၎င်းတို့သည် သန့်စင်ခြင်းခံရရန်၊ အပြည့်အဝ ကျိုးနွံနာခံမှုကို ရရှိရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ကြဉ်သည့် လမ်းကြောင်းပေါ်တွင် ခြေချရန် မည်မျှသောလိုက်စားမှုကို ပြုလုပ်ရန်လိုအပ်သနည်း။ ဤအရာအားလုံးသည် ကျိုးနွံနာခံခြင်း သမ္မာတရားနှင့် သက်ဆိုင်သည်။ ဤအချိန်၌ သင်သည် အမှန်ပင် ဘုရားသခင်အပေါ် သိမြင်မှုမရှိပေ။ ပြီးလျှင် စစ်မှန်သော ယုံကြည်ခြင်းကို သင်ပိုင်ဆိုင်နိုင်ရန် မဖြစ်နိုင်ပေ။ စစ်မှန်သော ယုံကြည်ခြင်းမရှိဘဲ သင်သည် ဘုရားသခင်အပေါ် သံသယ၊ မသင်္ကာမှု၊ အထင်လွဲမှုများနှင့် အာခံမှုတို့မှ အပြည့်အဝ ကင်းလွတ်မှုကို ရရှိဖို့ရန်အတွက်၊ သင့်ကို အပြည့်အဝ ကျိုးနွံနာခံစေရန်အတွက် သင်သည် မည်သည့်ရူပါရုံသမ္မာတရားများဖြင့် ပြင်ဆင်ထားဖို့ လိုအပ်သနည်း။ သင်သည် ဤပြဿနာများကို ဖြေရှင်းပြီး မသန့်စင်ခြင်းမှ၊ တစ်ကိုယ်ရေသတ်မှတ်ချက်များနှင့် ရွေးချယ်မှုများမှ အပြည့်အဝကင်းလွတ်ခြင်းသို့ ရောက်ရှိစေရန်အတွက် သင်သည် မည်သည့်သမ္မာတရားများဖြင့် ပြင်ဆင်ထားသင့်သနည်း။ ဤသည်မှာ သင်တို့ မရှင်းလင်းသေးသည့် အရာတစ်ခုဖြစ်သည်။ ဤအရာကို အနည်းငယ် တွေးကြည့်လော့။ ဘုရားသခင်အပေါ် အပြည့်အဝ နာခံမှုရရှိရန် မည်သည့်လိုက်စားမှုမျိုး လိုအပ်သနည်း။ သမ္မာတရားအချို့ကို သင်ပိုင်ဆိုင်ရမည်။ သမ္မာတရားကို သင်၏အသက်အဖြစ် ရရှိသောအခါတွင် ယင်းသည် သင်၏ ဝိညာဉ်ရင့်ကျက်မှု ဖြစ်လိမ့်မည်။ ယင်းသည် ကျိုးနွံနာခံမှုကို သင်ရရှိနိုင်သည့် အခြေခံအချက်နှင့် အခြေခံအုတ်မြစ်ဖြစ်လိမ့်မည်။ သင်သည် ဤသမ္မာတရားများဖြင့် အပြည့်အဝ ကျိုးနွံနာခံခြင်းကို ရရှိနိုင်သည်။ ဤသို့ဆိုလျှင် သင့်၌ မည်သည့်သမ္မာတရားများဖြင့် ပြင်ဆင်ထားဖို့ လိုအပ်သနည်း။ (ကျွန်ုပ်တို့သည် ဘုရားသခင်အကြောင်း သိမြင်မှုကို လိုက်စားရမည်။) ယင်းသည် တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ထိုအရာအပြင် လူတို့ကိုယ်၌က ပူးပေါင်းလုပ်ဆောင်မှု အချို့၊ လက်တွေ့လုပ်ဆောင်မှုအချို့ လိုအပ်သည်။ ပေတရုပြောသည့်အရာကို သင်တို့ မှတ်မိသလော။ (“အကယ်၍ ဘုရားသခင်သည် လူသားတို့ကို အရုပ်များသဖွယ် ကစားနေခဲ့လျှင်ပင်၊ လူသားတို့သည် မည်သည့် မကျေနပ်ချက် ရှိမည်နည်း။”) ဤသည်မှာ ကျိုးနွံနာခံခြင်းအကြောင်း ဖြစ်သည်။ သင်သည် အမှုအရာများကို ဤသို့ တွေ့ကြုံလျှင် တဖြည်းဖြည်းချင်းဖြင့် သမ္မာတရားကို သင်ယူပြီး ရလဒ်များကို အလိုအလျောက်ရရှိလိမ့်မည်။ ရှေးဦးစွာ သင်သည် ဘုရားသခင်နှင့် သမ္မာတရားအပေါ် ကျိုးနွံနာခံခြင်းသဘောထားတစ်ခု လိုအပ်သည်။ ဘုရားသခင်သည် သင့်အပေါ် မည်သည့်ပုံစံမျိုးဖြင့် ကြည့်နေသည်ကိုလည်းကောင်း၊ သင့်အပေါ် သူ၏ သဘောထားနှင့် လေသံက မည်သို့ဖြစ်သည်ကိုလည်းကောင်း၊ သူသည် သင့်ကို အလွန်အမင်း မနှစ်မြို့သည်ဖြစ်စေ၊ နှစ်မြို့သည်ဖြစ်စေ၊ သူသည် သင့်ကို ထုတ်ဖော်မည်ဖြစ်စေ၊ မထုတ်ဖော်မည်ဖြစ်စေ မစိုးရိမ်နှင့်။ သင်ကိုယ်တိုင်၏ အခက်အခဲများနှင့် ပြဿနာများကို ဖြေရှင်းခြင်းအားဖြင့် အစပြုလော့။ သာမန်လူများသည် ပေတရု ပြောခဲ့သည့်အရာကို အလွယ်တကူ ရရှိနိုင်သလော။ (အလွယ်တကူ မရရှိနိုင်ပါ။) သူသည် ဤသို့ပြောသည့်အခွင့်ကို ရရှိဖို့ရန်အတွက် သူ့၌ မည်သည့်အတွေ့အကြုံများရှိခဲ့ပြီး မည်သည့်စစ်မှန်မှုများကို ပိုင်ဆိုင်ခဲ့သနည်း။ (ဘုရားသခင်က လူကို မည်သို့ဆက်ဆံသည်ဖြစ်စေ ယင်းမှာ လူကိုကယ်ဖို့ဖြစ်ပြီး ချစ်ခြင်းကလွဲ၍ အခြားမဟုတ်ဟု သူ အပြည့်အဝ ယုံကြည်ခဲ့သည်။ ဤအတွက်ကြောင့် သူသည် ကျိုးနွံနာခံရန် လိုလိုလားလား ဖြစ်ခဲ့ခြင်း ဖြစ်သည်။) ပေတရုက “အကယ်၍ ဘုရားသခင်သည် လူသားတို့ကို အရုပ်များသဖွယ် ကစားနေခဲ့လျှင်ပင်၊” ဟု ပြောခဲ့ပြီး သင်က “ဘုရားသခင်က လူကို မည်သို့ ဆက်ဆံသည်ဖြစ်စေ” ဟု ပြောခဲ့သည်။ သင်သည် သင့်ကိုယ်သင် ဖန်ဆင်းခံအဖြစ်၊ ဘုရားသခင်၏ နောက်လိုက်အဖြစ်၊ ဘုရားအိမ်တော်သားတစ်ဦးအဖြစ် မှတ်ယူနေသည်။ ဤသို့ဆိုလျှင် ဤနှစ်ခု၌ ကွာခြားမှုရှိသလော။ ရှိသည်။ ခြားနားချက်တစ်ခု ရှိသည်။ အရုပ်တစ်ခုနှင့် လူသားတစ်ဦးကြား ခြားနားချက်သည် မည်သည့်နေရာ၌ တည်ရှိသနည်း။ အရုပ်မှာ လုံးဝ မည်သည့်အရာမျှ မဟုတ်။ တန်ဖိုးမရှိဘဲ စိတ်ပျက်ဖွယ်ကောင်းသော သေးနုပ်သိမ်ဖျင်းသောအရာ ဖြစ်သည်။ အရုပ်ဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ ထိုအမျိုးအစားဖြစ်သည်။ သို့သော် လူတစ်ဦးဆိုလျှင် အဘယ်သို့နည်း။ လူတစ်ဦးတွင် အတွေးများနှင့် ဦးနှောက်ရှိသည်။ စကားပြောဆိုနိုင်ပြီး အမှုအရာများကို လုပ်ဆောင်နိုင်သည်။ ပုံမှန်လူသားလှုပ်ရှားမှုများကို ကျင့်ကြံပြုမူနိုင်သည်။ အရုပ်ဖြစ်သူများနှင့် နှိုင်းယှဉ်လျှင် လူသား၏တန်ဖိုးနှင့် အဆင့်အတန်းကြားတွင် ကွာခြားမှုရှိသလော။ သင်သည် သင့်ကိုယ်သင် လူသားအဖြစ် မြင်ပြီး အရုပ်တစ်ခုအဖြစ် မမြင်လျှင် သင့်အပေါ် ဘုရားသခင်၏ ဆက်ဆံမှုနှင့်ပတ်သက်ပြီး သင့်၌ တောင်းဆိုမှုများ မရှိသလော။ ဘုရားသခင်အပေါ် သင်၏ တောင်းဆိုမှုများမှာ အဘယ်နည်း။ (ကျွန်ုပ်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံရန် ဖြစ်သည်။) ဘုရားသခင်က သင့်အား လူသားတစ်ဦးကဲ့သို့ အဘယ်သို့ ဆက်ဆံသင့်သနည်း။ ဘုရားသခင်သည် သင့်အား သူ၏ လူ့သဘာဝအပေါ် တောင်းဆိုမှုများကို မျှဝေပြီး ထိုအရာများကို ဖြည့်ဆည်းရန် သင့်အား တောင်းဆိုလျှင် သင်သည် ထိုသို့ လုပ်ဆောင်နိုင်မည်လော။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး သင့်အားလိုက်နာရန် တောင်းဆိုလျှင် သင်သည် ထိုသို့ လုပ်ဆောင်နိုင်မည်လော။ ဘုရားသခင်သည် သင့်အား သူ့အပေါ် ကျိုးနွံနာခံရန်၊ သူ့ကို ချစ်ရန် တောင်းဆိုလျှင် သင်ထိုသို့ လုပ်ဆောင်နိုင်သလော။ သင်သည် ဤအရာတစ်ခုမျှ မလုပ်ဆောင်နိုင်လျှင် ဘုရားသခင်က သင့်အား လူသားတစ်ဦးအဖြစ် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ သင်သည် အသိတရား၊ အသိစိတ် တစ်ခုမျှ မရှိဘဲ လူသားတစ်ဦး လုပ်ဆောင်သင့်သည့် အရာများကို မလုပ်ဆောင်နိုင်လျှင် ဘုရားသခင်က သင့်အား လူသားတစ်ဦးအဖြစ် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ လူတို့သည် သမ္မာတရားကို လက်ခံရန် ငြင်းဆန်ကာ ဘုရားသခင်ကိုပင် ဝေဖန်ရှုတ်ချလျက်၊ မိမိတို့ကိုယ်ကို ဘုရားသခင်၏ ရန်သူများဖြစ်စေလျက် မဆင်မခြင် လုပ်ဆောင်လျှင် ၎င်းတို့၌ လူ့သဘာဝရှိသလော။ ဘုရားသခင်သည် ထိုသို့သောသူကို လူသားတစ်ဦးအဖြစ် ဆက်ဆံမည်လော။ ဘုရားသခင်သည် စာတန်များနှင့် နတ်ဆိုးများကို လူသားများကဲ့သို့ ဆက်ဆံမည်လော။ သင့်အား လူသားအဖြစ် သတ်မှတ်ခြင်းနှင့် သင့်အား အရုပ်အဖြစ်သတ်မှတ်ခြင်းသည် သဘောထားနှင့် ဆက်ဆံမှုတွင်ရှိသော ကွာခြားချက်နှင့်ဆိုင်သောကိစ္စဖြစ်သည်။ သင်သည် လူသားအဖြစ် သတ်မှတ်ခြင်းခံရလျှင် မည်သည့်ဆက်ဆံမှုမျိုးကို သင်တောင်းဆိုမည်နည်း။ သင်သည် လေးစားခြင်းခံရရန်၊ တိုင်ပင်ဆွေးနွေးခြင်းခံရရန်၊ သင်၏ ခံစားချက်များကို အလေးထားခြင်းခံရရန်၊ သင်သည် လုံလောက်သောနေရာနှင့် လွတ်လပ်ခွင့်ပေးခြင်းခံရရန်၊ သင်၏ သိက္ခာနှင့် ဂုဏ်သတင်းကို အလေးထားခြင်းခံရရန် တောင်းဆိုလိမ့်မည်။ ယင်းသည် လူသားများ ဆက်ဆံခံရသည့် ပုံစံဖြစ်သည်။ သို့သော် အရုပ်များဆိုလျှင် အဘယ်သို့နည်း။ (၎င်းတို့သည် မည်သည့်အရာမျှ မဟုတ်။ ခြေဖြင့် ကန်ကျောက်၍ ရသည်။) (၎င်းတို့ကို အသုံးပြုလိုသောအခါ အသုံးပြုနိုင်ပြီး အသုံးမပြုလိုသောအခါ ဘေးသို့လွှင့်ပစ်ထားနိုင်သည်။) ဤသည်မှာ သင့်တင့်လျောက်ပတ်သောစကား ဖြစ်သည်။ ဤသည်မှာ အရုပ်များကို ဆက်ဆံမှုနှင့်ပတ်သက်ပြီး သင်တို့ပြောရမည့်အရာ ဖြစ်သည်။ ဤသို့ဆိုလျှင် လူသားတစ်ဦးကို အရုပ်တစ်ခုအဖြစ် ဆက်ဆံခြင်းကို သင်တို့ မည်သို့ ဖော်ပြမည်နည်း။ (၎င်းတို့ကို သင်လိုအပ်သောအခါ အသုံးပြုပြီး မလိုအပ်သောအခါတွင် လျစ်လျူသာရှုပါ။) သင်သည် ၎င်းတို့ကို ဆက်ဆံသည်မှာ တစ်စက်မျှ လေးစားမှုမရှိ။ ပြီးလျှင် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို ကာကွယ်ဖို့ မလိုပေ။ သင်သည် ၎င်းတို့ကို မည်သည့်လုပ်ပိုင်ခွင့်ဖြစ်စေ၊ မည်သည့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်စေ၊ မည်သည့်လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြစ်စေ မပေးပေ။ အကြောင်းအရာများတွင် ၎င်းတို့နှင့် တိုင်ပင်ဆွေးနွေးဖို့၊ သို့မဟုတ် ၎င်းတို့၏ ဂုဏ်ကို ထည့်သွင်းစဉ်းစားဖို့၊ သို့မဟုတ် ထိုသို့သောအရာ တစ်ခုတလေကိုမျှ မလိုအပ်ပေ။ သင်သည် စိတ်ကြည်သောအခါတွင် ၎င်းတို့အပေါ် သဘောထားကောင်း နိုင်သော်လည်း စိတ်မကြည်သောအခါတွင် ၎င်းတို့ကို ခြေဖြင့် ကန်ကျောက်နိုင်သည်။ ယင်းသည် အရုပ်တစ်ခုအပေါ် ထားရှိသည့် သဘောထားဖြစ်သည်။ ဘုရားသခင်က လူတို့အား အရုပ်များကဲ့သို့ ဆက်ဆံခဲ့လျှင် ၎င်းတို့က မည်သို့ ခံစားရမည်နည်း။ ဘုရားသခင်သည် ချစ်ဖွယ်ကောင်းသည်ဟု ၎င်းတို့ ခံစားရဦးမည်လော။ (ခံစားရမည်မဟုတ်ပါ။) သို့သော် ပေတရုက ဘုရားသခင်ကို ချီးမွမ်းနိုင်ခဲ့သည်။ သေသည့်အဆင့်အထိ ကျိုးနွံနာခံခြင်းကို ရရှိဖို့ရန် သူ့ကို အခွင့်ပေးခဲ့သည့် မည်သည့်သမ္မာတရားစစ်မှန်မှုများကို သူ ပိုင်ဆိုင်ခဲ့သနည်း။ ဘုရားသခင်က စင်စစ်အားဖြင့် လူအား အရုပ်တစ်ခုကဲ့သို့ မဆက်ဆံခဲ့ပေ။ သို့သော် ပေတရု၏ နားလည်မှုက ဤအဆင့်သို့ ရောက်သောအခါ သူသည် “ဘုရားသခင်က ငါ့ကို ဤနည်းဖြင့် ဆက်ဆံခဲ့လျှင် ငါသည် ကျိုးနွံနာခံသင့်ဆဲ ဖြစ်သည်။ ဘုရားသခင်က ငါ့အား ဆော့ကစားစရာအရုပ်တစ်ခုအဖြစ် ဆက်ဆံလျှင် ငါသည် အဘယ်သို့ အဆင်သင့်မဖြစ်ဘဲ၊ မလိုလားဘဲ ရှိနိုင်မည်နည်း။” ဟု တွေးခဲ့သည်။ ပေတရုက ဤအဆင်သင့်ဖြစ်ခြင်း၊ လိုလားခြင်းကို ရရှိခဲ့သည်။ “အဆင်သင့်ဖြစ်ပြီး လိုလားခြင်း” သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ (ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှအောက်တွင် သူ့ကိုယ်သူထားရှိပြီး ယင်းတို့ကို အပြည့်အဝ ကျိုးနွံနာခံခြင်း ဖြစ်သည်။) ယင်းသည် ကျိုးနွံနာခံခြင်း သမ္မာတရား ဖြစ်သည်။ သင့်အား စာတန်ထံသို့ လွှဲပြောင်းပေးခြင်းမှာ အရုပ်တစ်ခုကို ဆက်ဆံသည့်ပုံစံ ဖြစ်မည်မဟုတ်လော။ သင့်ကို အလိုမရှိသောအခါ၊ သင့်အား စာတန်က သွေးဆောင်ပြီး အရူးလုပ်နိုင်ရန်အတွက် သင်သည် စာတန်ထံ လွှဲပြောင်းပေးခြင်းခံရသောအခါ သင်သည် စွန့်ပစ်ခြင်းခံရမည်။ ပေတရု၏ သဘောထားမှာ အဘယ်နည်း။ သူ့တွင် ညည်းညူမှုတစ်ခုခုရှိသလော။ သူသည် ဘုရားသခင်ထံ ညည်းညူသလော။ ဘုရားသခင်ကို ကျိန်ဆဲသလော။ စာတန်ဘက်သို့ ဦးလှည့်သလော။ (မလှည့်ပါ။) ဤသည်မှာ ကျိုးနွံနာခံခြင်းဟု ခေါ်သည်။ သူ့တွင် ညည်းညူခြင်းမရှိ။ အပျက်သဘောဆောင်မှု၊ သို့မဟုတ် အာခံမှုကို ပြသခြင်းများမရှိ။ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပြေလည်ခဲ့ပြီ မဟုတ်လော။ ဤသည်မှာ ဘုရားသခင်နှင့် ပြည့်စုံစွာ သဟဇာတဖြစ်ခြင်း ဖြစ်သည်။ ဤသည်မှာ သူက ဘုရားသခင်ကို သစ္စာဖောက်သလော၊ မဖောက်သလောဆိုသည်နှင့် မသက်ဆိုင်ပေ။ ဤသည်မှာ “ဘုရားသခင်က ငါ့အား မည်သည့်နေရာ၌ ထားသည်ဖြစ်စေ ငါ၏ စိတ်နှလုံးတွင် ဘုရားသခင်ရှိမည်။ ဘုရားသခင်က ငါ့အား မည်သည့်နေရာ၌ ထားသည်ဖြစ်စေ ငါသည် ဘုရားသခင် ပိုင်ဆိုင်သည့်သူ ဖြစ်မည်။ သူသည် ငါ့အား ပြာအဖြစ် ပြောင်းလဲလျှင်ပင် ငါ့ကို ဘုရားသခင်က ပိုင်ဆိုင်ဦးမည်။ ငါသည် မည်သည့်အခါမျှ စာတန်ဘက်သို့ ဦးလှည့်မည်မဟုတ်” ဆိုသည်နှင့် သက်ဆိုင်သည်။ သူသည် ဤကျိုးနွံနာခံခြင်းအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။ ဤအရာကို ပြောဆိုခြင်းသည် လွယ်ကူသော်လည်း လုပ်ဆောင်ခြင်းက ခက်ခဲသည်။ သင်သည် ဤအရာအားလုံးကို ပြည့်စုံစွာ၊ ရှင်းလင်းစွာ မြင်သည်အထိ အချိန်ပမာဏတစ်ခုအထိ သမ္မာတရားဖြင့် ပြင်ဆင်ထားရမည် ဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန်ပို၍ လွယ်ကူလိမ့်မည်။ သင်သည် ဘုရားသခင်အကြောင်း အကြွင်းမဲ့သိမြင်ဖို့ မလိုအပ်သကဲ့သို့ ဘုရားသခင်အနေဖြင့် သင့်အား တစ်စုံတစ်ခုကို သီးသန့်ထုတ်ဖော်ပြဖို့လည်း မလိုအပ်ပေ။ သင့်၌ သင့်လျော်သောသဘောထားနှင့် ဤသို့သော ကျိုးနွံနာခံမှုမျိုး ရှိနိုင်လျှင် လုံလောက်မည် ဖြစ်သည်။ သင့်အပေါ် ဘုရားသခင်၏ ဆက်ဆံမှုအတွက် သင့်၌ မည်သည့်တောင်းဆိုချက်မျှ မရှိသင့်ပေ၊ သို့မဟုတ် သင့်အား စံသတ်မှတ်ချက်အတိအကျပေးရန် သူ့ကို မတောင်းဆိုသင့်ပေ။ တစ်စုံတစ်ခုသည် သမ္မာတရားနှင့် ကိုက်ညီပြီး ဖန်ဆင်းရှင်ရှိသင့်သည့် အရာတစ်ခု ဖြစ်လျှင်ပင် သင်သည် ယင်းကို မတောင်းဆိုသင့်ပေ။ သင်က “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်ကို မည်သို့ဆက်ဆံသည်ဖြစ်စေ အဆင်ပြေသည်။ ကိုယ်တော်သည် ကျွန်ုပ်ကို သေစေနိုင်သည်။ ကျွန်ုပ်ကို ငရဲသို့ သွားစေနိုင်သည်။ ကိုယ်တော် ကျွန်ုပ်ကို မည်သို့ဆက်ဆံသည်ဖြစ်စေ အဆင်ပြေသည်။ ကိုယ်တော်သည် ကျွန်ုပ်အား စာတန်ထံသို့ လွှဲပြောင်းပေးလျှင်ပင် ဘုရားသခင်သည် ကျွန်ုပ်၏ ဘုရားသခင် ဖြစ်ဆဲဖြစ်မည်။ ပြီးလျှင် ကျွန်ုပ်သည်လည်း ဘုရားသခင်၏ ဖန်ဆင်းခံ ဖြစ်ဆဲဖြစ်မည်။ ကျွန်ုပ်သည် ကိုယ်တော်ကို မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်” ဟု ဆိုသင့်သည်။ ဤသဘောထားဖြင့် သင်သည် ကျိုးနွံနာခံခြင်း စစ်မှန်မှုကို ပိုင်ဆိုင်သည်။ “အကယ်၍ ဘုရားသခင်သည် လူသားတို့ကို အရုပ်များသဖွယ် ကစားနေခဲ့လျှင်ပင်၊ လူသားတို့သည် မည်သည့် မကျေနပ်ချက် ရှိမည်နည်း။” ပေတရုက ပြုလုပ်နိုင်ခဲ့သည့် ဤအဆိုသည် သင်တို့အားလုံးအတွက် အလွန်အရေးကြီးသည်။ ဤသည်မှာ ပေတရု၏ ကျိုးနွံနာခံမှုဖြစ်သည်။ သင်သည် ဤအဆိုကို စဉ်ဆက်မပြတ် တွေးတောပြီး ဤအရာအပေါ် အမှန်တကယ် နားလည်မှုနှင့် အတွေ့အကြုံကိုရရှိပါက ဘုရားသခင်ကို ကျိုးနွံနာခံရန် အလွန်ပို၍ လွယ်ကူသည်ကို သင်တွေ့ရလိမ့်မည်။ လူတို့က ဘုရားသခင်ကို ပုန်ကန်သည့် သွင်ပြင်လက္ခဏာများသည် ၎င်းတို့ ကျိုးကြောင်းမသင့်ဆုံးသော သွင်ပြင်လက္ခဏာများဖြစ်သည်။ လူတို့က ၎င်းတို့၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ထားသောအခါ၊ အမှန်တကယ်ဖြစ်သော မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ထားသောအခါ ၎င်းတို့သည် ပို၍ ကောင်းစွာပြုမူသည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကျိုးကြောင်းပြပြောဆိုရန်၊ သို့မဟုတ် အာခံရန် အခွင့်မရှိဟု ခံစားရသည်။ သို့သော် ၎င်းတို့သည် အလုပ်အနည်းငယ် လုပ်ပြီးသောအခါ၊ သို့မဟုတ် အနည်းငယ် အလုပ်လုပ်ပေးပြီးသောအခါ ၎င်းတို့တွင် အရင်းအနှီးအချို့ ရှိသည်ဟု ခံစားရသည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးကြောင်းပြပြောဆိုချင်ပြီး ဘုရားသခင်၏ ကောင်းချီးများကို လိုချင်သည်။ ဤသည်မှာ ဒုက္ခပေးလာသည်။ ၎င်းတို့၏ အသိစိတ်သည် ပုံမှန်မဟုတ်။ ယုတ်မာသည် မဟုတ်လော။ ဤသည်မှာ လူတို့သည် သမ္မာတရားစစ်မှန်မှုမရှိဘဲ သနားစဖွယ်ကောင်းပုံဖြစ်သည်။ မည်သူမဆို၌ သမ္မာတရားဖြင့် မပြင်ဆင်ထားလျှင် အဆင်ပြေနိုင်သလော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သမ္မာတရားကို လက်ခံခြင်းမရှိဘဲ မဖယ်ရှားနိုင်ပေ။ သမ္မာတရားဖြင့် မပြင်ဆင်ထားခြင်းသည် လူတစ်ယောက်၏ အသိတရားနှင့် အသိစိတ်တို့က ပုံမှန်မဟုတ်ဟု ဆိုလိုသည်။ ၎င်းတို့သည် အယူဝါဒအချို့ကို နားလည်ကောင်းနားလည်နိုင်ပြီး “ငါသည် ဖန်ဆင်းခံတစ်ဦးဖြစ်ပြီး ဘုရားသခင်ထံ ကျိုးနွံနာခံသင့်သည်။ ယင်းမှာ ငါပိုင်ဆိုင်သင့်သည့် အသိစိတ် ဖြစ်သည်” ဟူသောအရာမျိုးကို ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့သည် ဤအရာကို စကားအားဖြင့် နားလည်ကောင်း နားလည်နိုင်ပြီး ဆောင်ပုဒ်များကို အော်ဟစ်နိုင်သည်။ သို့သော် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်သောအခါ ယင်းကို ဘုရားသခင်က စီစဉ်ညွှန်ကြားခြင်းဖြစ်သည်ကို ၎င်းတို့ ကောင်းစွာသိသော်လည်း ယင်းကို ၎င်းတို့ လက်မခံနိုင်၊ သို့မဟုတ် ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လူသားများသည် ပုန်ကန်တတ်သောကြောင့်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြေလည်သောကြောင့်၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်နိုင်စွမ်း အပြည့်အဝရှိသောကြောင့် ဖြစ်သည်။ ဤသည်မှာ အခြေအနေ၏ စစ်မှန်မှုဖြစ်သည်။ လူတို့သည် သမ္မာတရားဖြင့် လုံလောက်စွာ မပြင်ဆင်ထားလျှင် ၎င်းတို့၏ဘဝများသည် ဤမျှ သနားစဖွယ်ဖြစ်လိမ့်မည်။ ဘုရားသခင်ကို ပုန်ကန်သူများ၊ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိသူများ သို့မဟုတ် သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို လက်မခံနိုင်သူများသည်လည်း ဘုရားသခင်ကို ယုံကြည်သူများ မဟုတ်သလော။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်း မရှိသနည်း။ သမ္မာတရားကို ၎င်းတို့ လက်မခံသောကြောင့်၊ သို့မဟုတ် မယုံကြည်သောကြောင့် ဖြစ်သည်။ ဤသည်မှာ အမှန်တရားတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) လူအချို့သည် သီးသန့်လူတစ်ဦးအကြောင်းကို ပြောသည်။ “သူသည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သည်။ တစ်စုံတစ်ခု ဖြစ်ပေါ်သောအခါ သူသည် အစဉ် အတိုက်အခံဖြစ်သည်။ အစဉ်ဆင်ခြေများပေးပြီး ချစ်တီးခေါင်း သန်းရှာသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို မယုံကြည်၊ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို မယုံကြည်။ ထို့ကြောင့် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ခြင်း မရှိ” ဟူ၍ ဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင် ဤအရာများသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များ ဖြစ်သည်ကိုလည်းကောင်း၊ ဤသည်မှာ သူ့အတွက် ဘုရားသခင်က ပြင်ဆင်ပေးသည့် အခြေအနေ ဖြစ်သည်ကိုလည်းကောင်း၊ ဤအရာမှတစ်ဆင့် ဘုရားသခင်က သူ့အား သန့်စင်လိုပြီး သမ္မာတရား ရရှိစေလိုသည်ဟုလည်းကောင်း သူယုံကြည်သည်။ ဤသို့ဆိုလျှင် သူသည် ကျိုးနွံနာခံနိုင်သလော။ ဤသို့ဆိုလျှင် သူသည် ပုန်ကန်မှုကို ရပ်ပြီး ဘုရားသခင်အား သစ္စာဖောက်ခြင်းကို ရှောင်ကြဉ်နိုင်သလော။ သူသည် ယင်းကို ဘုရားသခင်ထံမှ ခံယူရန် ဖြစ်နိုင်သလော။ လက်မခံနိုင်ပေ။ အဘယ်ကြောင့် လက်မခံနိုင်သနည်း။ လူသည် ဤသမ္မာတရား စစ်မှန်မှုများကို မပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ သင်တို့၏ လက်ရှိဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းသည်။ ထို့ကြောင့် ယခုတွင် ဘုရားသခင်သည် သင်တို့ကို စစ်ကြောနေခြင်း မရှိပေ။ ဤသည်မှာ အခြေခံအကြောင်းရင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် အစမ်းသပ်ခံရသည်နှင့် တစ်ပြိုင်နက် သင်တို့အားလုံး၏ သရုပ်မှန်တို့ကို ပြသမည်ဖြစ်ပြီး ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်ကာ စာတန်က လှောင်ရယ်မည် ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်မှာ စစ်မှန်မှု မဟုတ်သလော။ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် ယခုအချိန်တွင် သေးငယ်လွန်းသည်။ သင်တို့သည် အယူဝါဒအကြောင်းကို ပြောဆိုနိုင်ပြီး ဆောင်ပုဒ်များကို ရွတ်ဖတ်နိုင်သည်။ ပြီးလျှင် အခြားလူတို့၏ ပြဿနာများကို ရှင်းလင်းစွာ မြင်နိုင်သည်။ သို့သော် သင်တို့၏ ကိုယ်ပိုင်အခြေအနေကို မသိ။ ယင်းနှင့်ပတ်သက်ပြီး မရှင်းလင်းပေ။ ထိုအခြေအနေနှင့် ဝိညာဉ်ရင့်ကျက်မှုမျိုးဖြင့် ဘုရားသခင်က သင်တို့ကို စစ်ကြောမည်လော။ စုံလင်ခြင်းအမှုကို သင်တို့အပေါ်သို့ ပြုရန်အချိန်မကျသေးပေ။ သင်တို့သည် ဤအတွက် ပြင်ဆင်ထားခြင်း မရှိပေ။

ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းသည် ဘုရားသခင်၏ နောက်လိုက်တစ်ဦးချင်းစီတိုင်း ရင်ဆိုင်ရသည့် အခြေခံအကျဆုံး သင်ခန်းစာဖြစ်သည်။ အလေးနက်ဆုံးသင်ခန်းစာလည်း ဖြစ်သည်။ သင်သည် ဘုရားသခင်အား မည်သည့်အတိုင်းအတာအထိ ကျိုးနွံနာခံနိုင်သည်ဖြစ်စေ ယင်းက သင်၏ဝိညာဉ်ရင့်ကျက်မှု မည်မျှကြီးမားသည်၊ သင့်ယုံကြည်ခြင်း မည်မျှကြီးမားသည်ဆိုသည်တို့ ဖြစ်သည်။ ဤအရာများသည် အပြန်အလှန်ဆက်နွှယ်နေသည်။ အကြွင်းမဲ့ ကျိုးနွံနာခံခြင်းသို့ ရောက်ရှိရန်အတွက် မည်သည့်သမ္မာတရားများကို ထားရှိဖို့ လိုအပ်သနည်း။ ရှေးဦးစွာ သင်သည် ဘုရားသခင်အား မည်သည့်တောင်းဆိုမှုမျှ ပြုလုပ်၍မရပေ။ ဤသည်မှာ သမ္မာတရားတစ်ခု ဖြစ်သည်။ ဤသမ္မာတရားကို သင်မည်သို့ အကောင်အထည်ဖော်နိုင်သနည်း။ ဘုရားသခင်ကို သင်တောင်းဆိုသောအခါတွင် စဉ်းစားပြီး သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရန်အတွက် ဤသမ္မာတရားကို အသုံးပြုလော့။ “ငါသည် ဘုရားသခင်အပေါ် မည်သည့်တောင်းဆိုမှုများ ရှိသနည်း။ ယင်းတို့သည် သမ္မာတရားနှင့် ညီသလော။ ကျိုးကြောင်းသင့်သလော။ ယင်းတို့သည် မည်သည့်နေရာက လာသနည်း။ ငါ၏ ကိုယ်ပိုင်စိတ်ကူးများမှ လာသလော၊ သို့မဟုတ် စာတန်က ငါ့ကိုပေးသော အတွေးများဖြစ်သလော။” စင်စစ်အားဖြင့် ဤအရာများ တစ်ခုမျှ မဟုတ်ပေ။ ဤအယူအဆများသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ထွက်ပေါ်လာသည်။ သင်သည် ဤကျိုးကြောင်းမသင့်သော တောင်းဆိုမှုများ နောက်ကွယ်ရှိ ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများကို စိစစ်ရမည်။ ယင်းတို့သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ကိုက်ညီမှုရှိမရှိကို ကြည့်ရမည်။ မည်သည့်အရာကို သင်လိုက်စားသင့်သနည်း။ သင်သည် သမ္မာတရားကို ချစ်သောသူဖြစ်လျှင် ပေတရုကဲ့သို့ပင် နောက်လိုက်တစ်ဦးဖြစ်ရန် လိုက်စားသင့်သည်။ ပေတရုက “ဘုရားသခင်က ငါ့အား ဆော့ကစားစရာအရုပ်တစ်ခုအဖြစ် ဆက်ဆံလျှင် ငါသည် အဘယ်သို့ အဆင်သင့်မဖြစ်ဘဲ၊ မလိုလားဘဲ ရှိနိုင်မည်နည်း။” ဟု ဆိုခဲ့သည်။ ပေတရုပြောခဲ့သည့်အရာကို လူအချို့က နားမလည်ကြပေ။ ၎င်းတို့က “ဘုရားသခင်သည် လူတို့ကို အရုပ်ကဲ့သို့ မည်သည့်အခါက ဆက်ဆံခဲ့ပြီး ငါတို့ကို စာတန်ဆီသို့ လွှဲပြောင်းပေးခဲ့ဖူးသနည်း။ ယင်းကို ငါ မမြင်ဖူးပါ။ ဘုရားသခင်သည် ငါ့အပေါ် အလွန်ကောင်းသည်။ အလွန်ကျေးဇူးတော် ကြီးမားသည်။ ဘုရားသခင်သည် ထိုသို့သော ဘုရားမျိုးမဟုတ်။ ဘုရားသခင်သည် လူသားတို့ကို ဤထက်ပို၍ ချစ်ရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူသည် လူတို့ကို အရုပ်ကဲ့သို့ အဘယ်ကြောင့် ဆက်ဆံမည်နည်း။ ယင်းသည် သမ္မာတရားနှင့် မကိုက်ညီ။ ဤသည်မှာ ဘုရားသခင်အား နားလည်မှုလွဲခြင်းဖြစ်ပြီး ဘုရားသခင်အပေါ် အမှန်တကယ် သိမြင်မှုမဟုတ်” ဟု မေးမြန်းကြသည်။ သို့သော် ပေတရု၏ စကားများက မည်သည့်နေရာက လာသနည်း။ (စမ်းသပ်မှုမျိုးစုံကို ဖြတ်သန်းပြီးနောက် ရရှိခဲ့သော ဘုရားသခင်အပေါ် သူ၏ သိမြင်မှုမှ လာသည်။) ပေတရုသည် စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းများစွာကို ဖြတ်သန်းခဲ့သည်။ သူ၏ တစ်ကိုယ်ရေတောင်းဆိုမှုများ၊ အစီအစဉ်များ၊ လိုအင်ဆန္ဒများအားလုံးကို ဘေးဖယ်ထားခဲ့ပြီး ဘုရားသခင်အား မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မတောင်းဆိုခဲ့ပေ။ ထိုအခါက သူ့တွင် ကိုယ်ပိုင်အတွေးများမရှိခဲ့ဘဲ သူ့ကိုယ်သူ အပြည့်အဝ လွှဲပြောင်းပေးခဲ့သည်။ သူက “ဘုရားသခင်သည် သူလုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်။ စမ်းသပ်မှုများတစ်လျှောက် ငါ့ကို ထားရှိနိုင်သည်။ သူသည် ငါ့ကို ရိုက်နှက်နိုင်သည်။ ငါ့ကို တရားစီရင်နိုင်သည်၊ သို့မဟုတ် ပြစ်တင်ဆုံးမနိုင်သည်။ ငါ့ကို ပြုပြင်ရန်အတွက် အခြေအနေများကို သူဖန်တီးနိုင်သည်။ သူသည် ငါ့ကို ဖွံ့ဖြိုးအောင်မွမ်းမံပေးနိုင်သည်။ ငါ့ကို ခြင်္သေ့သားရဲတွင်း၊ သို့မဟုတ် ဝံပုလွေသားရဲတွင်းထဲတွင် ထားရှိနိုင်သည်။ မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သည်ဖြစ်စေ မှန်ကန်သည်။ ပြီးလျှင် မည်သည့်အရာကိုမဆို ငါကျိုးနွံနာခံမည်။ ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားဖြစ်သည်။ ငါသည် မည်သည့်ညည်းညူမှု၊ သို့မဟုတ် ရွေးချယ်မှုမျှ ရှိမည်မဟုတ်” ဟု တွေးသည်။ ဤသည်မှာ အကြွင်းမဲ့ ကျိုးနွံနာခံခြင်း မဟုတ်လော။ တစ်ခါတစ်ရံတွင် လူတို့က “ဘုရားသခင် လုပ်ဆောင်သမျှတိုင်းသည် သမ္မာတရားဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် ဤအရာတွင် မည်သည့်သမ္မာတရားကိုမျှ ငါရှာမတွေ့ရသည်မှာ အဘယ်ကြောင့်နည်း။ တစ်ခါတစ်ရံ၌ ဘုရားသခင်သည်ပင် သမ္မာတရားနှင့် မညီသည့်အရာများကို လုပ်ဆောင်သည့် ပုံစံရှိသည်။ ဘုရားသခင်သည်လည်း တစ်ခါတစ်ရံ မှားယွင်းသည်။ သို့သော် မည်သို့ဆိုစေ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်။ ငါ ကျိုးနွံနာခံမည်” ဟု တွေးကြသည်။ ဤသို့သော ကျိုးနွံနာခံမှုမျိုးသည် အကြွင်းမဲ့ ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ရွေးချယ်၍ ကျိုးနွံနာခံမှု ဖြစ်သည်။ စစ်မှန်သော ကျိုးနွံနာခံမှု မဟုတ်။ ဤသည်မှာ ပေတရုတွေးခဲ့သည့် ပုံစံနှင့် ကွဲလွဲနေသည်။ သင့်အား အရုပ်ကဲ့သို့ ဆက်ဆံရာတွင် သင့်အား အကြောင်းပြချက်ကို ရှင်းပြရန်၊ သို့မဟုတ် သင့်အပေါ် မျှတသည့်၊ ကျိုးကြောင်းသင့်သည့် ပုံစံရှိရန်မလိုပေ။ သင်သည် မည်သည့်ပုံစံနှင့်မဆို ဆက်ဆံခြင်းကို လုံးဝခံနိုင်သည်။ အမှုအရာများကို သင်နှင့် ဆွေးနွေးရန်၊ သို့မဟုတ် အချက်အလက်များနှင့် အကြောင်းပြချက်များကို ရှင်းပြရန် မလိုပေ။ သင် အတည်ပြုလက်ခံခြင်းမရှိဘဲ အမှုအရာများကို ရှေ့ဆက်မလုပ်နိုင်လျှင် သင်သည် အရုပ်ကဲ့သို့ ဆက်ဆံခံရခြင်း ဖြစ်မည်လော။ မဖြစ်ပေ။ ဤသည်မှာ သင့်အား လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့် အပြည့်အဝ ပေးခြင်း၊ အလုံးစုံ လေးစားမှုပေးခြင်း ဖြစ်လိမ့်မည်။ ဤသည်မှာ သင့်အား လူသားအဖြစ် ဆက်ဆံခြင်းဖြစ်လိမ့်မည်။ အရုပ်အဖြစ် မဟုတ်ပေ။ အရုပ်ဆိုသည်မှာ အဘယ်နည်း။ (လုပ်ပိုင်ခွင့်နှင့် အခွင့်အရေး မရှိသောအရာတစ်ခုဖြစ်သည်။) သို့သော် ယင်းသည် လုပ်ပိုင်ခွင့်မရှိသောအရာတစ်ခုသာ ဖြစ်သလော။ ပေတရု၏ စကားများကို အဘယ်သို့ အကောင်အထည်ဖော်နိုင်သနည်း။ ဥပမာ သင်သည် သီးသန့်အကြောင်းအရာတစ်ခုကို အချိန်အတန်ကြာ ရှာဖွေနေခဲ့သော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်သေးဟု ဆိုပါစို့။ သို့မဟုတ် သင်သည် ဘုရားသခင်ကို နှစ် ၂၀ ကျော် ယုံကြည်ခဲ့ပြီး မည်သည့်အရာဖြစ်သည်ကို မသိသေးဟု ဆိုပါစို့။ ဤအခြေအနေတွင် သင်သည် ကျိုးနွံနာခံသင့်သည် မဟုတ်လော။ ကျိုးနွံနာခံရမည်။ ဤကျိုးနွံနာခံခြင်းသည် မည်သည့်အရာအပေါ်တွင် အခြေခံသနည်း။ “ဘုရားသခင်က ငါ့အား ဆော့ကစားစရာအရုပ်တစ်ခုအဖြစ် ဆက်ဆံလျှင် ငါသည် အဘယ်သို့ အဆင်သင့်မဖြစ်ဘဲ၊ မလိုလားဘဲ ရှိနိုင်မည်နည်း”ဟူသည့် ပေတရုပြောခဲ့သည့်အရာအပေါ် အခြေခံသည်။ သင်သည် လူ့အယူအဆများနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို အစဉ်သဖြင့် ချဉ်းကပ်ကာ၊ ဘုရားသခင် လုပ်ဆောင်သမျှ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို အကဲဖြတ်ဖို့ ယင်းတို့ကို အသုံးပြုလျှင်၊ ဤသည်မှာ ဘုရားသခင်ကို ပုံသေသတ်မှတ်နေခြင်း မဟုတ်လော၊ ဘုရားသခင်ကို အာခံနေခြင်း မဟုတ်လော။ ဘုရားသခင် လုပ်ဆောင်သမျှအားလုံးသည် လူသား၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီနိုင်သလော။ မကိုက်ညီလျှင် ထို့အတွက်ကြောင့် သင်သည် ယင်းကို လက်မခံသလော၊ သို့မဟုတ် မနာခံသလော။ ဤသို့သောအချိန်များတွင် သမ္မာတရားကို မည်သို့ရှာဖွေသင့်သနည်း။ ဘုရားသခင်နောက်ကို မည်သို့ လိုက်သင့်သနည်း။ ဤသည်မှာ သမ္မာတရားပါဝင်သည်။ ဘုရားနှုတ်ကပတ်တော်များမှ အဖြေတစ်ခုကို ရှာဖွေသင့်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါတွင် ဖန်ဆင်းခံ၏နေရာတွင်သာ စွဲစွဲမြဲမြဲ နေသင့်သည်။ မည်သည့်အချိန်ဖြစ်စေ၊ ဘုရားသခင်သည် သင့်ထံမှ ပုန်းကွယ်နေသည်ဖြစ်စေ၊ သင့်ထံ ပေါ်ထွန်းပြီးသည်ဖြစ်စေ၊ သင်သည် ဘုရားသခင်၏ ချစ်ခြင်းခံစားနိုင်သည်ဖြစ်စေ၊ မခံစားနိုင်သည်ဖြစ်စေ သင်၏ တာဝန်ခံယူမှု၊ ဝတ္တရားနှင့် တာဝန်များက မည်သည့်အရာဖြစ်သည်ကို သိရမည်။ လက်တွေ့လုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ဤသမ္မာတရားများကို သင်နားလည်ရမည်။ သင်သည် “ဒီကိစ္စက သမ္မာတရားနဲ့ကိုက်ညီသလို၊ ငါ့အတွေးတွေနဲ့လည်း ကိုက်ညီတယ်လို့ ငါ ရှင်းရှင်းလင်းလင်းမြင်ရရင် ငါ ကျိုးနွံနာခံမယ်။ ငါ့အတွက် မရှင်းလင်းဘဲ၊ ဒါတွေက ဘုရားရဲ့ လုပ်ဆောင်မှုတွေဆိုတာ အတည်မပြုနိုင်ရင် အရင်ဆုံး ခဏစောင့်မယ်၊ ပြီးရင် ဒါကို ဘုရားက လုပ်တာသေချာတာနဲ့ ကျိုးနွံနာခံမယ်။” ဟူ၍ ပြောရင်း သင်၏အယူအဆများကို ဖက်တွယ်ထားဆဲဖြစ်လျှင် ဤသည်မှာ ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦးဟုတ်သလော။ မဟုတ်ပေ။ ဤသည်မှာ အခြေအနေအပေါ်တွင် မူတည်သော ကျိုးနွံနာခံမှုဖြစ်သည်။ အကြွင်းမဲ့၊ အပြည့်အဝ ကျိုးနွံနာခံခြင်း မဟုတ်။ ဘုရားသခင်၏ အမှုတော်သည် လူသားအယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီပေ။ လူ့ဇာတိခံခြင်းသည် လူသားအယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီပေ။ ပြီးလျှင် အထူးသဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသည် မကိုက်ညီပေ။ လူအများစုသည် ဤအရာကို လက်ခံပြီး ကျိုးနွံနာခံရန် အလွန်ပင် အခက်အခဲ ဖြစ်ကြသည်။ ဘုရားသခင်၏ အမှုတော်ကို သင် ကျိုးနွံနာခံနိုင်ခြင်း မရှိလျှင် ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းမွန်စွာ သင်ဖြည့်ဆည်းနိုင်သလော။ ယင်းမှာ ဖြစ်ကိုဖြစ်နိုင်မည်မဟုတ်။ ဖန်ဆင်းခံတစ်ဦး၏ တာဝန်မှာ အဘယ်နည်း။ (ဖန်ဆင်းခံတစ်ဦး၏ နေရာ၌ ရပ်တည်ရန်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန်နှင့် ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံရန် ဖြစ်သည်။) မှန်သည်။ ယင်းမှာ ဤအရာ၏ အရင်းအမြစ်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤအရေးကိစ္စကို ကိုင်တွယ်ရန် မလွယ်ကူသလော။ ဖန်ဆင်းခံတစ်ဦး၏နေရာတွင် ရပ်တည်ပြီး သင်၏ ဘုရားသခင်ဖြစ်သည့် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံခြင်းသည် ဖန်ဆင်းခံတိုင်းက အထိန်းသိမ်းသင့်ဆုံးသောအရာ ဖြစ်သည်။ သင်နားမလည်သော၊ သို့မဟုတ် သင်မသိသော သမ္မာတရားများစွာ ရှိသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် သဘောမပေါက်နိုင်ပေ။ ထို့ကြောင့် သင်သည် သမ္မာတရားများကို လက်ခံမည်မဟုတ်၊ သို့မဟုတ် ကျိုးနွံနာခံမည်မဟုတ်။ မှန်သလော။ ဥပမာ သင်သည် ပရောဖက်ပြုချက်အချို့ကို နားမလည်ပေ။ ထို့ကြောင့် ယင်းတို့သည် ဘုရားနှုတ်ကပတ်တော် ဖြစ်သည်ဟု သင် အသိအမှတ်မပြုသည် မဟုတ်လော။ ဤအရာကို သင်မငြင်းနိုင်ပေ။ ထိုစကားများသည် အစဉ်သဖြင့် ဘုရားထံမှ နှုတ်ကပတ်တော်များ ဖြစ်လိမ့်မည်ဖြစ်ပြီး ယင်းတို့တွင် သမ္မာတရားပါဝင်သည်။ ယင်းတို့ကို သင်နားမလည်သော်လည်း ယင်းတို့သည် ဘုရားနှုတ်ကပတ်တော် ဖြစ်ဆဲဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်အချို့က ပြည့်စုံခြင်းမရှိလျှင် ယင်းတို့သည် ဘုရားနှုတ်ကပတ်တော်မဟုတ်၊ သမ္မာတရားမဟုတ်ဟု ဆိုလိုသလော။ သင်က “ပြည့်စုံခြင်းမရှိလျှင် ဘုရားနှုတ်ကပတ်တော် မဖြစ်ဖို့များသည်။ ရောနှောနေခြင်း ဖြစ်ဖို့များသည်” ဟု ဆိုလျှင် ဤသည်မှာ အဘယ်သို့သော သဘောထားနည်း။ ဤသည်မှာ ပုန်ကန်ခြင်းသဘောထားတစ်ခု ဖြစ်သည်။ သင့်တွင် အသိစိတ်ရှိရမည်။ အသိစိတ်ဆိုသည်မှာ အဘယ်နည်း။ အသိစိတ်ရှိခြင်းသည် မည်သည့်အရာအပေါ်တွင် အခြေခံသနည်း။ ဖန်ဆင်းခံတစ်ဦး၏နေရာတွင် ရပ်တည်ပြီး သင်၏ ဘုရားသခင်ဖြစ်သည့် ဖန်ဆင်းရှင်အပေါ် ကျိုးနွံနာခံခြင်းအပေါ်၌ အခြေခံသည်။ ဤသည်မှာ သမ္မာတရားဖြစ်သည်။ ထာဝရ ပြောင်းလဲ၍မရသော သမ္မာတရားဖြစ်သည်။ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်သိသလော၊ သို့မဟုတ် နားလည်သလော၊ သို့မဟုတ် ဘုရားသခင်က သူ၏ ရည်ရွယ်ချက်များကို သင့်အပေါ်၌ ပြသခြင်းရှိမရှိတို့အပေါ်တွင် အခြေခံဖို့ လိုအပ်သလော။ ဤအရာအားလုံးအပေါ်တွင် အခြေခံဖို့ လိုသလော။ (မလိုပါ။) ဤသို့ဆိုလျှင် မည်သည့်အရာအပေါ်တွင် အခြေခံသနည်း။ ကျိုးနွံနာခံခြင်း သမ္မာတရားအပေါ် အခြေခံသည်။ ကျိုးနွံနာခံခြင်း သမ္မာတရားဆိုသည်မှာ အဘယ်နည်း။ (ဖန်ဆင်းခံတစ်ဦး၏ နေရာ၌ ရပ်တည်ခြင်းနှင့် ဖန်ဆင်းရှင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်။) ဤသည်မှာ ကျိုးနွံနာခံခြင်း သမ္မာတရား ဖြစ်သည်။ ဤသို့ဆိုလျှင် အမှန်နှင့်အမှားကို စိစစ်ရန် သင့်အတွက် လိုအပ်မှုတစ်ခုခုရှိသလော။ သင်သည် အကြွင်းမဲ့ကျိုးနွံနာခံခြင်းကို ရရှိရန်အတွက် ဘုရားသခင်က မှန်သောအရာကို လုပ်ဆောင်ခြင်းရှိမရှိကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်သလော။ ဘုရားသခင်သည် သင်ကျိုးနွံနာခံရန်အတွက် ဤသမ္မာတရားရှုထောင့်ကို ရှင်းလင်းစွာ၊ နှံ့စပ်စွာ ရှင်းပြဖို့ လိုအပ်သလော။ (မလိုအပ်ပါ။) ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကျိုးနွံနာခံခြင်း သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်သင့်သည်။ ဤသည်မှာ လုံလောက်ပြီဖြစ်သည်။ လူအချို့သည် အလွန့်အလွန် ငြင်းခုံတတ်ပြီး အစဉ်သဖြင့် ပြဿနာရှာသည်။ ၎င်းတို့သည် “ဘုရားသခင်သည် သမ္မာတရား မဟုတ်လော။ ဘုရားသခင်သည် ဖန်ဆင်းရှင်မဟုတ်လော။ ဘုရားသခင် လုပ်ဆောင်သည့်အရာများတွင် ငါ့အတွက် အဓိပ္ပာယ် မရှိသည့်အရာအချို့ အဘယ်ကြောင့်ရှိနေသနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ငါ့ကို ရှင်းလင်းစွာ ရှင်းမပြသနည်း။ သူက ရှင်းမပြလျှင် ငါသည် အဘယ်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ငါ မကျိုးနွံမနာခံနိုင်သည့် အကြောင်းရင်းမှာ ထိုအရာကို ငါနားမလည်နိုင်သောကြောင့် မဟုတ်လော။ ငါနားမလည်နိုင်လျှင် ကျိုးနွံနာခံရန် စိတ်တွန်းအား ရှိမည်မဟုတ်” ဟူ၍ အစဉ်သဖြင့် စဉ်းစားကြသည်။ ဤသည်မှာ ပုန်ကန်မှု မဟုတ်သလော။ ကျိုးနွံနာခံရန် ဤစိတ်တွန်းအား လိုအပ်သလော။ မလိုအပ်ပေ။ ရိုးရှင်းသော ဆင်ခြင်တုံတရားတစ်မျိုးသာ လိုသည်။ ယင်းမှာ “ဘုရားသခင်ထံမှ လာသည့် အရာမှန်သမျှကို ငါကျိုးနွံနာခံမည်။ ဘုရားနှုတ်ကပတ်တော်များ ပြည့်စုံသောအခါ ငါသည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ချီးမွမ်းမည်။ ဘုရားနှုတ်ကပတ်တော်များ မပြည့်စုံသောအခါ ယင်းတို့သည် သူ၏ နှုတ်ကပတ်တော်များ ဖြစ်ဆဲဖြစ်ပြီး မပြည့်စုံရုံသက်သက်ဖြင့် လူသား၏စကားများ ဖြစ်သွားမည်မဟုတ်။ ငါသည် ဝေဖန်အပြစ်တင်ခြင်းမရှိဘဲ ကျိုးနွံနာခံဖို့သာ လိုသည်။ ဘုရားသခင်သည် အစဉ်သဖြင့် ငါ၏ဘုရားသာ ဖြစ်လိမ့်မည်” ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏နေရာကို ယူနည်းဖြစ်သည်။ သင်သည် ဤအသိစိတ်မျိုးဖြင့်၊ ဤသမ္မာတရားစစ်မှန်မှုများဖြင့် လူတို့သည် ဘုရားသခင်၏ အမြင်တွင် အရုပ်များသာ၊ သို့မဟုတ် ပုရွက်ဆိတ်များသာဖြစ်သည်ဟု သင်ခံစားရသည့်အချိန်များတွင် သင်သည် စိတ်မချမ်းမသာဖြစ်ဦးမည်လော။ နိမ့်ကျသည်ဟု ခံစားရမည်လော။ (ခံစားရမည်မဟုတ်ပါ။) ဘုရားသခင်သည် သင့်အား လူသားတစ်ဦးကဲ့သို့ ဆက်ဆံနေသောကြောင့် သင်သည် ယခုတွင် နိမ့်ကျသည်ဟု ခံစားရမည်မဟုတ်။ ပြီးလျှင် သင်သည် ဘုရားသခင်ရှေ့တွင် အဆင့်အတန်းရှိဆဲဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ချီမခဲ့ပြီး ဖြစ်သည်။ ဤအတွက်ကြောင့် သင်သည် နိမ့်ကျသည်ဟု မခံစားရခြင်းဖြစ်သည်။ ဘုရားသခင်က သင့်အား မချီမခဲ့လျှင်၊ သူသည် သင့်အား အစဉ်ပြုပြင်ပြီး ဆုံးမပဲ့ပြင်နေလျှင် သင်သည် ယင်းနှင့်ပတ်သက်ပြီး မပျော်မရွှင် ခံစားရမည်။ ထိုသို့ မပျော်မရွှင် ခံစားရခြင်းသည် ကိုင်တွယ်ရမည့် ပြဿနာတစ်ခုဖြစ်သည်။ လူတို့သည် ၎င်းတို့အတွင်း၌ အခက်အခဲများစွာရှိသောကြောင့် ဤသို့ မကြာခဏ ခံစားရသည်။ ၎င်းတို့သည် အစဉ်သဖြင့် ဘုရားသခင်အပေါ် တောင်းဆိုချက်များရှိပြီး “ကိုယ်တော်သည် ကျွန်ုပ်ကို လူသားတစ်ဦးကဲ့သို့ ဆက်ဆံရမည်။ ကိုယ်တော်သည် ကျွန်ုပ်ကို လေးစားပြီး အထင်ကြီးရမည်။ ကျွန်ုပ်အတွက် စဉ်းစားပြီး ကျွန်ုပ်၏ အားနည်းချက်များကို နားလည်ပေးရမည်။ ကိုယ်တော်သည် သည်းခံရမည်။ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်ပြီး ကျွန်ုပ်သည် အသိအမြင်မရှိ။ ဤသို့သောအလုပ်မျိုးကို ယခင်က ကျွန်ုပ်မလုပ်ခဲ့ဖူးပါ” ဟူ၍ အစဉ် တွေးကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် ဆင်ခြေတစ်ပုံတစ်ပင်ရှိပြီး ကျိုးနွံနာခံခြင်း လုံးဝမရှိပေ။ ကျိုးနွံနာခံခြင်း သမ္မာတရားအပေါ် ယနေ့ မိတ်သဟာယပြီးနောက်တွင် ဤဆင်ခြေများသည် အမှန်တကယ် အကြောင်းပြချက်များပင် ဟုတ်သလော။ မည်သည့်ဆင်ခြေကမျှ စစ်မှန်သော အကြောင်းပြချက်တစ်ခု မဟုတ်။ သင်၏ တာဝန်၊ သင်၏ဝတ္တရားနှင့် သင်၏အလုပ်သည် ကျိုးနွံနာခံရန်ဖြစ်သည်။

လူတို့အနေဖြင့် မည်သည့်ပြဿနာမျှမရှိသောအခါ၌ ကျိုးနွံနာခံရန် လွယ်ကူသည်။ သို့သော် ပြဿနာက အမှန်ပင် ဖြစ်ပေါ်လာသောအခါ ၎င်းတို့သည် ကျိုးနွံနာခံရန် မတတ်နိုင်ကြပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ဤအခက်အခဲကို ဖြေရှင်းရန်အတွက် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေဖို့ လိုအပ်သည်။ မိမိသည် ဘုရားသခင်က ချီးမြှင့်ခြင်းခံရသော မြင့်မြတ်သည့်သူတစ်ယောက်ဖြစ်သည်ဟု ခံစားရသောသူမှနေ၍ မိမိသည် ဘုရားသခင်၏ အမြင်တွင် အရည်အချင်းလုံးဝမရှိသော တန်ဖိုးနိမ့်ကျသောအရုပ်တစ်ခု၊ မည်သည့်အရာမျှမဟုတ်၊ တန်ဖိုးမရှိသော သေးနုပ်သိမ်ဖျင်းသူတစ်ယောက်ဖြစ်ပြီး ဘုရားသခင်အား ပျော်ရွှင်စွာ ကျိုးနွံနာခံနိုင်ကာ ဘုရားသခင်အပေါ် တောင်းဆိုမှုများ လုံးဝမရှိသည်အထိ ထိုအတွေ့အကြုံအဆင့်သို့ ရောက်ရှိရန် အချိန်မည်မျှ လိုအပ်သနည်း။ (ပေတရုသည် သူ၏နောက်ဆုံးသော ခုနစ်နှစ်တွင် စမ်းသပ်မှုများ ရာချီ၍ ဖြတ်သန်းခဲ့သည်။ လူတစ်ယောက်သည် သမ္မာတရားကို မလိုက်စားလျှင် သူသည် နှစ်မည်မျှယုံကြည်သည်ဖြစ်စေ ထိုအတွေ့အကြုံအဆင့်သို့ ရောက်ရှိနိုင်မည်မဟုတ်။) ဤသည်မှာ ယုံကြည်သည့် နှစ်အရေအတွက်နှင့် မဆိုင်ပေ။ ထိုထက် လူတစ်ယောက်က သမ္မာတရားကို လိုက်စားသလော၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်သလောဆိုသည့်အပေါ်တွင် မူတည်သည်။ အားလုံးက သင်မည်သည့်အရာကို လိုက်စားသည်ဆိုသည့်အပေါ် မူတည်သည်။ လူအချို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းမှလွဲ၍ အခြားမည်သည့်အရာမျှ မလိုက်စားဘဲ အစဉ်သဖြင့် မိမိတို့ကိုယ်ကို ပြစားဝင့်ဝါကာ လူအများထဲတွင် ထင်ပေါ်လိုကြသည်။ ၎င်းတို့သည် အနည်းငယ်မျှသော အနှောင့်အယှက်၊ သို့မဟုတ် ကျရှုံးမှုကို ကြုံတွေ့သောအခါ ပြိုလဲကြပြီး အပျက်သဘောဆောင်ကာ တုံ့ဆိုင်းသွားကြသည်။ လူအချို့သည် မျှတမှုမရှိသော အားသာချက်ကို ရယူလိုကြသည်။ သို့သော် သမ္မာတရားကို မချစ်ပေ။ ၎င်းတို့သည် အခြားလူ၏ ထိခိုက်မှုမှ အကျိုးအမြတ်ရသောအခါ၌ ပျော်ရွှင်ကြသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို မရလျှင် ဝမ်းမနည်းကြ၊ သို့မဟုတ် စိတ်အနှောင့်အယှက်မဖြစ်ကြ။ လူအချို့သည် မည်သည့်အဆင့်အတန်းမျှ မရှိလျှင် ၎င်းတို့၏ ယုံကြည်မှု၌ စိတ်တက်ကြွမှုနည်းကြသည်။ ပြီးလျှင် ဤအဆင့်အတန်းရှိသည်နှင့် အခြားမည်သူမဆိုထက်ပို၍ စိတ်အားတက်ကြွကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အခါမျှ အပျက်သဘောမဆောင်ဘဲ အလွန်ပင်ပန်းသည်အထိ ပျော်ရွှင်စွာ အလုပ်လုပ်ကြသည်။ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် အမှုအရာများကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်းကိုသာ လုံးဝ အရေးမစိုက်ခြင်း ဖြစ်သည်။ ပြီးလျှင် ရလဒ်အနေဖြင့် ၎င်းတို့သည် ယုံကြည်သည့်နှစ်များစွာ ကြာပြီးနောက်တွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကင်းမဲ့ဆဲဖြစ်သည်။ နှစ်အနည်းငယ်ကြာ ယုံကြည်သူဖြစ်ပြီး အလွန်ကောင်းသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိသည့် အခြားလူများကို ၎င်းတို့ မြင်သောအခါတွင် အားကျပြီး နောင်တရကြသည်။ သို့သော် ထိုခံစားချက် ပြီးဆုံးသွားသောအခါတွင် သမ္မာတရားကို ၎င်းတို့ မလိုက်စားသေးပေ။ လူတစ်ယောက်သည် သမ္မာတရားအတွက် ကြိုးပမ်းခြင်းအပေါ် အာရုံမစိုက်လျှင်၊ ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အသုံးမပြုလျှင် သူ၌ ယုံကြည်သည့်နှစ်မည်မျှရှိပါစေ အသုံးမဝင်ပေ။ သမ္မာတရားကို မလိုက်စားသူတို့သည် ဘုရားသခင်က စုံလင်အောင်ပြုလုပ်ပေးခြင်းကို မည်သည့်အခါမျှ မခံရနိုင်ပေ။ ပေတရုသည် စမ်းသပ်မှုများကို ရာချီ၍ ဖြတ်သန်းခြင်းအားဖြင့် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသည်။ သင်တို့သည်လည်း စမ်းသပ်မှုများကို ရာချီ၍ ဖြတ်သန်းရမည် မဟုတ်လော။ ဤအဆင့်တွင် စမ်းသပ်မှုမည်မျှကို သင်တို့ ဖြတ်သန်းပြီးသနည်း။ ရာချီ၍မရှိလျှင် တစ်ရာဆိုလျှင် အဘယ်သို့နည်း။ (မရှိသေးပါ။) ပေတရုသည် စမ်းသပ်မှုများကို ရာချီ၍ ဖြတ်သန်းခြင်းမှတစ်ဆင့် စုံလင်အောင်ပြုလုပ်ပေးခြင်းခံရသည်။ ထို့ကြောင့် သင်တို့သည် စမ်းသပ်မှုတစ်ခုကိုပင် မဖြတ်သန်းရသေးလျှင်၊ သို့မဟုတ် စမ်းသပ်မှုတစ်ရာကိုသာ ဖြတ်သန်းပြီးလျှင် သင်တို့၏ အတွေ့အကြုံသည် သူနှင့် လုံးဝ မနီးစပ်ပေ။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် ချို့တဲ့နေသည်။ သမ္မာတရားကို လိုက်စားခြင်းအတွက် အားစိုက်ထုတ်ရန် မလိုအပ်သလော။ ယင်းကို မည်သို့လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်အတွက် အားစိုက်ထုတ်ရမည်။ မည်သည့်အရာကိုမျှ အလေးအနက်မတွေးတောဘဲ ပူပင်ကြောင့်ကြမဲ့သောဘဝကို နေထိုင်ကာ တစ်နေကုန် အလုပ်ရှုပ်လျက် ပေါ့ဆခြင်း၊ နားဝေတိမ်တောင်ဖြစ်ခြင်း မရှိနှင့်။ ဤသည်မှာ အလုပ်ရှုပ်ခြင်းသည် ပြဿနာတစ်ခုဖြစ်သည်ဟု ပြောခြင်းမဟုတ်။ သင့်တွင် လုပ်စရာများစွာရှိလျှင် သင်သည် အလုပ်ရှုပ်ရလိမ့်မည်။ အလုပ်မရှုပ်ခြင်းသည် အစဉ်သဖြင့် ရွေးချယ်စရာတစ်ခုမဟုတ်ပေ။ သို့သော် သင်သည် အရာရာတိုင်းကို ဂရုစိုက်လျက် အလုပ်ရှုပ်နေစဉ်တွင် သမ္မာတရားအတွက်၊ စည်းမျဉ်းများအတွက် ကြိုးပမ်းရဦးမည် ဖြစ်သည်။ သင်သည် အမှုအရာများကို သဘောပေါက်နားလည်ပြီး သင်ချို့တဲ့သည့် မည်သည့်အရာမဆိုအတွက် ဘုရားသခင်အား တောင်းလျှောက်ရန် ကြိုးစားရဦးမည် ဖြစ်သည်။ ဘုရားသခင်ထံ တစ်စုံတစ်ခုကို မည်သို့တောင်းလျှောက်သနည်း။ သင်သည် နေ့စဉ် ထိုအရာအတွက် သင့်စိတ်နှလုံးတွင် ဘုရားသခင်ကို ဆုတောင်းသည်။ ဤသည်မှာ သင့်စိတ်နှလုံး၌ သမ္မာတရားကို တောင့်တသည်ဆိုသည်ကိုပြပြီး သင့်တွင် သင်၏ ပြင်းပြသောရည်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် ဘုရားသခင်ကို အခွင့်ပေးရန် စိတ်ဆန္ဒရှိသည်။ သင်၏ စိတ်နှလုံးက စစ်မှန်ရိုးသားလျှင် ဘုရားသခင်က သင့်ဆုတောင်းချက်များကို ကြားလိမ့်မည်။ သင်ခန်းစာများကို ယူနိုင်ရန်အတွက် ဘုရားသခင်သည် သင့်အတွက် သင့်တင့်လျောက်ပတ်သော အခြေအနေများကို စီစဉ်ကာ ပြင်ဆင်ပေးလိမ့်မည်။ သင်က “ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်ချို့တဲ့သည်။ ဘုရားသခင်သည် ကျွန်ုပ်ကို နင်းချေသည့် အကြီးစားစမ်းသပ်မှုကို ပေးမည်လော” ဟု ဆိုကောင်းဆိုနိုင်သည်။ မဟုတ်ပေ။ ယင်းမှာ ဖြစ်နိုင်မည်မဟုတ်။ ဘုရားသခင်သည် ဤသို့သောအရာမျိုးကို လုံးဝ ပြုလုပ်မည်မဟုတ်။ လူတစ်ယောက်၏ ယုံကြည်ခြင်းက မည်မျှကြီးမားသည်ဆိုသည်နှင့် သူ၏ အမှန်တကယ် ဝိညာဉ်ရင့်ကျက်မှုက မည်သည့်အရာဖြစ်သည်ဆိုသည်ကို ဘုရားသခင်က အသိဆုံးဖြစ်သည်။ သင်သည် ဤတွင် ယုံကြည်ခြင်းရှိရမည်။ ဘုရားသခင်သည် သုံးနှစ်အရွယ် ရှိသောကလေးကို မည်သည့်အခါမျှ အရွယ်ရောက်သူတစ်ဦး၏ ဝန်ထုပ်ဝန်ပိုးအား ထမ်းခိုင်းမည်မဟုတ်။ မည်သည့်အခါမျှ ဤသို့ လုပ်ဆောင်မည်မဟုတ်။ သင့်စိတ်နှလုံးတွင် ဤအရာကို သေချာသိထားရမည်။ သို့သော် သင်သည် ဘုရားသခင်ကို တောင်းလျှောက်ဖို့လိုသည်။ သင့်တွင် ထိုဆန္ဒနှင့် ထိုစိတ်ပိုင်းဖြတ်ချက်ရှိရမည်။ သို့မှသာ ဘုရားသခင်က သင်၏တောင်းဆိုမှုကို လုပ်ဆောင်မည်ဖြစ်သည်။ သင်သည် အစဉ်သဖြင့် ကြောက်ရွံ့ပြီး ပုန်းကွယ်နေလျှင်၊ ပင်ပန်းမည်ကို ကြောက်ရွံ့လျှင်၊ ငြိမ်းချမ်းသော၊ ပူပင်ကြောင့်ကြမဲ့သောနေ့ရက်များကို အစဉ်အလိုရှိလျှင် ဘုရားသခင်က သင်၌ အလုပ်လုပ်မည်မဟုတ်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို လွတ်လပ်စွာ၊ ရဲရင့်စွာ တိုးလျှိုးတောင်းပန်ရန်၊ သင့်ကိုယ်သင် အမှန်တကယ် ပေးအပ်ရန်၊ အရာရာကို ဘုရားသခင်ထံသို့ လွှဲပြောင်းပေးရန်သာ လိုအပ်သည်။ သို့မှသာ ဘုရားသခင်က သင်၌ အလုပ်လုပ်မည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကို စိတ်ကူးပေါက်သလို ညှဉ်းပန်းရန်အတွက် အသေအချာပင် လုပ်ဆောင်မည်မဟုတ်ဘဲ ရလဒ်များနှင့် ပန်းတိုင်များကို ရရှိဖို့ကိုသာ လုပ်ဆောင်သည်။ ဘုရားသခင်သည် အသုံးမဝင်သောအလုပ်ကို လုပ်ဆောင်မည်မဟုတ်၊ သို့မဟုတ် သင်မထမ်းနိုင်သောဝန်ကို သင့်ပခုံးပေါ်သို့ ထားရှိမည်မဟုတ်။ သင်သည် ဤတွင် ယုံကြည်ခြင်းရှိရမည်။ စုံလင်ခြင်းကို ရှာဖွေရန်၊ ဘုရားသခင်ကို ကျေနပ်စေပြီး လက်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံတစ်ဦးဖြစ်ဖို့ ကြိုးစားရန် စိတ်ပိုင်းဖြတ်ချက်ရှိရမည်။ မည်သည့် စိတ်ပိုင်းဖြတ်ချက်နည်း။ စုံလင်ခြင်းကို ရှာဖွေရန်၊ သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်သောသူတစ်ယောက်ဖြစ်လာဖို့ ရှာဖွေရန်၊ ဘုရားသခင်ကို ချစ်ပြီး သက်သေခံသူတစ်ယောက်ဖြစ်လာဖို့ ရှာဖွေရန်အတွက် စိတ်ပိုင်းဖြတ်ချက်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ဝမ်းအမြောက်ဆုံးသောအရာ ဖြစ်သည်။ သင့်တွင် ထိုစိတ်ပိုင်းဖြတ်ချက်မရှိဘဲ “ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်နှင့် အလုပ်ရှုပ်နေသည်။ ကျွန်ုပ်သည် ဝန်တစ်ခုကို ထမ်းနေသည်။ အလုပ်လုပ်ပေးနေသည်။ တရားဒေသနာများကို နားထောင်နေသည်။ ကျွန်ုပ်သည် အခြားမည်သူမဆို၏နောက်တွင် ကျန်ရစ်မနေပါ” ဟု ပြော၍သာ ကျေနပ်ရောင့်ရဲနေလျှင် သင့်၌ မည်သည့်အလားအလာမျှ မရှိ။ အများဆုံးအနေဖြင့် သင်သည် အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်သည်။ သို့သော် ဘုရားသခင်၏ လူများထဲမှ တစ်ဦးဖြစ်လာမည် မဟုတ်။ သင်သည် တိုးတက်ဖို့ ဆန္ဒမရှိဘဲ အကြောင်းအရာများကို အရှိအတိုင်းသာ ရောင့်ရဲနေသည် မဟုတ်လော။ သမ္မာတရားကို သင်မလိုက်စား။ စုဝေးပွဲများတွင် သမ္မာတရားကို မိတ်သဟာယမဖွဲ့ပေ။ ပြီးလျှင် တရားဒေသနာများကို နားထောင်ပြီးသည်နှင့် သင်သည် ငိုက်မျဉ်းသည်။ သို့သော် လောကီအမှုကိစ္စများကို ဆွေးနွေးသောအခါတွင် သင်သည် စကားကို အလျင်မပြတ် ပြောဆိုသည်။ သင့်မျက်လုံးများက အရောင်တောက်လာသည်။ ဤသည်တို့မှာ အလုပ်လုပ်ပေးသူတစ်ဦး၏ အပြုအမူအများဖြစ်သည်။ သမ္မာတရားအကြောင်းပြောသည်နှင့် တစ်ပြိုင်နက် မျက်လုံးက အရောင်တောက်လာသောလူအချို့ရှိသည်။ ၎င်းတို့သည် အလွန်အမင်း ချို့တဲ့သည်ဟု ခံစားရပြီး ကောင်းမွန်၍ လက်တွေ့ကျသော အရာတစ်ခုကို ၎င်းတို့ ကြားသောအခါ ၎င်းတို့သည် အလျင်အမြန် မှတ်သားကြသည်။ ၎င်းတို့သည် ဘုရားသခင်က တောင်းဆိုသောအရာနှင့် အလွန်ဝေးကွာလွန်းပြီး ၎င်းတို့၏ စိတ်နှလုံး၌ အပြုသဘောဆောင်သောအရာများ လုံလောက်စွာမရှိဟု ခံစားရသည်။ စာတန်၏ အဆိပ်များစွာရှိနေပြီး ၎င်းတို့သည် ဘုရားသခင်ကို ပုန်ကန်လွန်းသည်ဟု ၎င်းတို့ ခံစားရသည်။ ၎င်းတို့က “ဘုရားသခင်သည် ငါ့အပေါ် ကျေနပ်မှုမရှိသည်မှာ မဆန်းပေ။ ငါသည် သူအလိုရှိသည့်အရာနှင့် အလွန်အလှမ်းဝေးသည်။ ငါသည် မည်သည့်နည်းဖြင့်မဆို ဘုရားသခင်နှင့် သဟဇာတမဖြစ်။ ငါသည် သူ့အား အလွန်နားလည်မှုလွဲသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သည့်အခါမှ ငါ အထမြောက်အောင် ဆောင်ရွက်နိုင်မည်နည်း” ဟူ၍ မိမိတို့ဘာသာ စဉ်းစားကြသည်။ ၎င်းတို့သည် ၎င်းတို့၏တာဝန်တွင် ဤအရာများကို အဖြေရှာဖို့ ကြိုးစားရန်အတွက် နှောင့်နှေးမနေပေ။ ပြီးလျှင် ၎င်းတို့သည် တိတ်တဆိတ် ဆုတောင်း၍ ဘုရားသခင်ရှေ့သို့ မကြာခဏလာသည်။ “ဘုရားသခင်၊ ကျွန်ုပ်ကို စမ်းသပ်မှုများထဲတွင် ထားရှိပါ။ ကျွန်ုပ်ကို ထုတ်ဖော်ဖို့၊ ကျွန်ုပ်ကို သမ္မာတရားအား နားလည်ခွင့်ပေးဖို့၊ သမ္မာတရားစစ်မှန်မှုကို ရရှိခွင့်ပေးဖို့၊ ကိုယ်တော်ကို သိလာခွင့်ပေးဖို့ ကိုယ်တော်ကို တောင်းလျှောက်ပါတယ်။ ကျွန်ုပ်ကို ဆုံးမပဲ့ပြင်တော်မူပါ၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမတော်မူပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ဤအရာနှင့် ဝန်ထုပ်တစ်ခုကို ထမ်းသောအခါ ဤအရာကို စိတ်တွင် အစဉ်ထားရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို အစဉ်ဆာငတ်နေကြသောကြောင့် ဘုရားသခင်က ၎င်းတို့အပေါ်တွင် စတင်အလုပ်လုပ်သည်။ သူသည် လူ၊ ဖြစ်ရပ်၊ အမှုအရာအချို့နှင့် အခြေအနေမျိုးစုံကို စီစဉ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ထိုအရာများမှ တစ်စုံတစ်ခုကို နေ့စဉ် သင်ယူနိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် မျက်နှာသာပေးခြင်းခံရသည်မဟုတ်လော။ ပေတရုသည် အဘယ်ကြောင့် စမ်းသပ်မှုများကို ရာချီ၍ တွေ့ကြုံခံစားနိုင်သနည်း။ သမ္မာတရားကို သူလိုက်စားခဲ့သောကြောင့်၊ ဘုရားသခင်၏ စမ်းသပ်မှုများကို မကြောက်သောကြောင့်၊ ဘုရားသခင်၏ စမ်းသပ်မှုများသည် လူတို့ကို သန့်စင်ရန်အတွက် ရှိနေကြောင်း ယုံကြည်သောကြောင့် ဖြစ်သည်။ ဤလမ်းကြောင်းသည် လူတို့ကို စုံလင်နိုင်သည်၊ တစ်ခုတည်းသော မှန်ကန်သည့် လမ်းကြောင်းဖြစ်သည်ဟု သူယုံကြည်ခဲ့သည်။ ဤအတွက် သူဆုတောင်းခဲ့သည်။ ဤအရာအတွက် သူ့ကိုသူ အသုံးခံခဲ့ပြီး ဆက်ကပ်ခဲ့သည်။ ဤအတွက်ကြောင့် ဘုရားသခင်သည် သူ့၌ အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က သူ့ကို ရွေးချယ်ခဲ့သည်၊ သူသည် ပေတရုကို စမ်းသပ်ပြီး စုံလင်အောင်ပြုလုပ်ပေးရန် စိတ်ဆုံးဖြတ်ထားခဲ့သည်ဟု ဆိုလိုသလော။ ဤသည်မှာ အတိအကျပင် မှန်သည်။ ဘုရားသခင်က လူတစ်ယောက်ကို ရွေးချယ်သောအခါ သူ့တွင် ပန်းတိုင်တစ်ခုရှိပြီး စိတ်တွင် စည်းမျဉ်းများရှိသည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ လူအများစုသည် ဘုရားသခင်ထံမှ ဤလုပ်ဆောင်မှုမျိုးကို အဘယ်ကြောင့် မရနိုင်သနည်း။ သမ္မာတရားကို ၎င်းတို့ မလိုက်စားဘဲ ဤစိတ်ပိုင်းဖြတ်ချက်ကင်းမဲ့သောကြောင့်ဖြစ်သည်။ ဤအတွက်ကြောင့် ဘုရားသခင်က ၎င်းတို့တွင် အလုပ်မလုပ်ခြင်း ဖြစ်သည်။ ဘုရားသခင်က မည်သူ့ကိုမျှ အတင်းအဓမ္မမခိုင်းပေ။ ဘုရားသခင်သည် တစ်စုံတစ်ယောက်ကို စုံလင်အောင် ပြုလုပ်ပေးလိုသောအခါ ယင်းသည် အတိုင်းမသိ အလွန်ကောင်းသောအရာ ဖြစ်သည်။ မည်သည့်ဒုက္ခအတိုင်းအတာမဆို ထိုက်တန်သည်။ သို့သော် လူအများစုတွင် ဤစိတ်ပိုင်းဖြတ်ချက်မရှိ။ ၎င်းတို့သည် စမ်းသပ်မှုများ၊ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရသောအခါ အဝေးသို့သာ သုတ်သုတ်ပျာပျာဖြင့် ထွက်ပြေးပြီး ပုန်းကွယ်ကြသည်။ ဘုရားသခင်သည် ဤသို့သောသူမျိုးကို အတင်းလုပ်ဆောင်ခိုင်းမည်လော။ လူအချို့သည် သမ္မာတရားကို မလိုက်စားပေ။ ခရစ်တော်ကို မျက်နှာချင်းဆိုင်တွေ့မြင်ရန် သတ္တိပင်မရှိပေ။ ၎င်းတို့က “ခရစ်တော်ကို ကျွန်ုပ်မြင်တွေ့ခဲ့လျှင် မည်သည့်အရာပြောရမည်ကို သိမည်မဟုတ်။ မည်သည့်သမ္မာတရားကိုမျှ ကျွန်ုပ်မသိ၊ သို့မဟုတ် မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိ။ ကျွန်ုပ်တွင် မည်သည့်အရာ မှားယွင်းနေသည်ကို ခရစ်တော်က မြင်တွေ့ခဲ့လျှင် ရှက်ဖွယ်ဖြစ်မည် မဟုတ်လော။ ကျွန်ုပ်သည် ပြုပြင်ခြင်းခံရလျှင် ကိုင်တွယ်နိုင်မည်မဟုတ်။ ဘုရားသခင်ကို ကျွန်ုပ် ရှောင်ပြီး သူနှင့် သင့်တင့်လျောက်ပတ်သော အကွာအဝေး၌ နေရမည်။ ကျွန်ုပ်သည် အစဉ်သဖြင့် ဘုရားသခင်နှင့် အဆက်အသွယ်ပြုကာ သူ့ရှေ့တွင် နေထိုင်လျှင် သူသည် ကျွန်ုပ်အကြောင်းသိမြင်ပြီး ကျွန်ုပ်ကို ရွံရှာလိမ့်မည်။ ကျွန်ုပ်သည် ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်ပြီး ကောင်းသောခရီးပန်းတိုင်ရှိတော့မည်မဟုတ်” ဟုပြောကြသည်။ အမှုအရာများမှာ ဤသို့ ဟုတ်သလော။ (မဟုတ်ပါ။) လူအချို့သည် ဤအယူအဆမျိုးတို့ကို စိတ်တွင်ထားရှိကြသည်။ ဘုရားသခင်သည် ဤသို့သောသူတစ်ယောက်ထံမှ တစ်စုံတစ်ခုကို တောင်းဆိုမည်လော။ (တောင်းဆိုမည်မဟုတ်ပါ။) ထို့ကြောင့် မည်သည့်အရာကို သင်လိုက်စားသည်ဖြစ်စေ၊ သင်၏ စိတ်ပိုင်းဖြတ်ချက်က မည်သည့်အတိုင်းအတာအထိ ရောက်ရှိသည်ဖြစ်စေ ဘုရားသခင်သည် သင့်အား ထိုအဆင့်အထိ စုံလင်အောင်ပြုလုပ်ပေးမည် ဖြစ်သည်။ သင်သည် သမ္မာတရားကို မလိုက်စားဘဲ ဘုရားသခင်ထံမှ အစဉ်ပုန်းကွယ်ကာ သင့်ကိုယ်သင် သူနှင့် ဝေးကွာစေလျှင်၊ သင့်အတွေးများကို ဘုရားသခင်ထံမှ အစဉ်ဖုံးကွယ်နေလျှင် သင်ကဲ့သို့သောလူတို့နှင့်ပတ်သက်ပြီး မည်သည့်အရာကို ဘုရားသခင်ပြောဖို့ရှိသနည်း။ (“ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။” (ရှင်မဿဲခရစ်ဝင် ၇:၆)) သင်သည် သမ္မာတရားကို မချစ်ဘဲ ဘုရားသခင်ထံမှ ပုန်းကွယ်သည်။ သို့သော် သူသည် သင့်အား ဆက်လက်၍ စစ်ကြောပြီး စုံလင်အောင်ပြုလုပ်ပေးမည်ဟု သင်ထင်သလော။ သင် မှားယွင်းနေပြီ ဖြစ်သည်။ သင်သည် သင့်တော်သောလူစားမျိုး မဟုတ်လျှင် မည်မျှတိုးလျှိုးတောင်းပန်ပြီး ဆုတောင်းသည်ဖြစ်စေ လုံးဝ အကျိုးရှိမည်မဟုတ်။ ဘုရားသခင်က ထိုအရာကို လုပ်ဆောင်မည်မဟုတ်။ ဘုရားသခင်သည် လူတို့ကို အတင်းအဓမ္မ မလုပ်ဆောင်ခိုင်းပေ။ ယင်းမှာ သူ၏ စိတ်သဘောထား၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ သို့သော် သမ္မာတရားကို လိုက်စားသောသူများထံမှ သူအလိုရှိသည့်အရာမှာ ၎င်းတို့သည် ပေတရု၊ သို့မဟုတ် ယောဘ၊ သို့မဟုတ် အာဗြဟံကဲ့သို့ ဖြစ်နိုင်ခြင်း၊ ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသကဲ့သို့ အသက်တာတွင် မှန်ကန်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းကောင်း လှမ်းနိုင်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ကြဉ်သောလမ်းကြောင်းပေါ်သို့ ခြေလှမ်းကောင်း လှမ်းနိုင်ခြင်း၊ အဆုံးတွင် သမ္မာတရားကို ရရှိပြီး စုံလင်အောင်ပြုလုပ်ပေးခြင်းခံရခြင်း ဖြစ်သည်။ ဘုရားသခင်က ဤလူစားမျိုးကို ရရှိဖို့ မျှော်လင့်သည်။ သို့သော် သင်က သင့်ဘာသာ မရှာဖွေလျှင် ဘုရားသခင်က သင့်အား အတင်းစေခိုင်းမည်လော။ မဟုတ်ပါ။ ဘုရားသခင်က မည်သူ့ကိုမျှ လုံးဝ အတင်းအကျပ် မပြုခဲ့ပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အား တို့ထိရန် မလျှော့တမ်း လုပ်ဆောင်မည်မဟုတ်။ သင့်အား ဆုပ်ကိုင်ထားပြီး လက်မလွှတ်ခြင်း ရှိမည်မဟုတ်။ သင့်အား စုံလင်အောင်ပြုလုပ်ပေးပြီး ဤသို့ မဖြစ်မီတွင် မရပ်တန့်ဖို့ရန် ရည်ရွယ်ခြင်း ရှိမည်မဟုတ်ပေ။ သင့်အား အမှန်အတိုင်းပြောရလျှင် ဘုရားသခင်သည် ဤသို့သော မည်သည့်အရာကိုမျှ လုံးဝ လုပ်ဆောင်မည်မဟုတ်ပေ။ ဤသည်မှာ သူ၏ သဘောထားဖြစ်သည်။ ဘုရားသခင်က အဆုံးတွင် သူ၏အမှုတော်ပြီးဆုံးသောအခါ ယောဘ၊ ပေတရု၊ အာဗြဟံကဲ့သို့သောလူများကိုပို၍ ရရှိမည်ဖြစ်ရန်သာ မျှော်လင့်သည်။ သို့သော် အဆုံးတွင် လူမည်မျှက သမ္မာတရားကို အမှန်တကယ် လိုက်စားပြီး ဘုရားသခင်၏ ရရှိခြင်းကို ခံရသည်ဆိုသည်မှာ သူ အတင်းအဓမ္မလုပ်ဆောင်မည် မဟုတ်သည့်အရာတစ်ခုဖြစ်သည်။ သူသည် အမှုအရာများကို ယင်းတို့၏လမ်းကြောင်းအတိုင်း သွားစေမည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လက်တွေ့ကျသောအလုပ်၏ ဘက်တစ်ဖက်ဖြစ်သည်။ ဘုရားသခင်သည် သီးသန့်အရေအတွက်တစ်ခုကို ဆုံးဖြတ်မထားပေ။ ၁၀၊ ၂၀၊ ၁၀၀၀၊ သို့မဟုတ် ၂၀၀၀၊ သို့မဟုတ် ၁၀၀၀၀ ပင် ဖြစ်သင့်သည်ဟု ဆုံးဖြတ်မထားပေ။ သူသည် ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ သတ်မှတ်မထားပေ။ ဘုရားသခင်သည် ဤပုံစံဖြင့် ဆက်လက်လုပ်ဆောင်နေခြင်း၊ လက်တွေ့ကျသော ပုံစံဖြင့် အလုပ်လုပ်ခြင်းနှင့် လူတို့ကြားတွင် လက်တွေ့ကျစွာ လမ်းလျှောက်နေခြင်းသာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားပါဝင်သော အလုပ်၊ လူသားမျိုးနွယ်ကို အကျိုးဖြစ်စေသောအလုပ်၏ ကဏ္ဍတိုင်းကို ဆောင်ရွက်လျက် သူအလုပ်လုပ်ပြီး စကားပြောသည့်ပုံစံဖြစ်သည်။ ဤသည်မှာ သင့်တော်သောလူစားမျိုးအတွင်းတွင်၊ သမ္မာတရားကို တောင့်တသောသူများအတွင်းတွင် သူဆက်လက်၍ လုပ်ဆောင်သော အလုပ်ဖြစ်သည်။ အဆုံးတွင် စိတ်ခိုင်မာမှုရှိပြီး သမ္မာတရားကို လိုက်စားသောသူတို့သည် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရမည်။ ၎င်းတို့သည် ကောင်းချီးအခံစားရဆုံးဖြစ်ပြီး ထာဝရအသက် ရမည့်သူများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူတိုင်းအပေါ် ဖြောင့်မတ်ပြီး မည်သူ့ကိုမျှ တရားမမျှတစွာ မဆက်ဆံသည်ကို သက်သေပြဖို့ လုံလောက်သည်။ သင်တို့အားလုံးက ယနေ့တွင် ဘုရားသခင်နောက်သို့ လိုက်နိုင်ခြင်းမှာ ကြုံသလို ဖြစ်ပျက်ခြင်း မဟုတ်ပေ။ ဤအရာကို ရှေးယခင်ကတည်းက ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏ မိသားစုများ၊ မည်သည့်အချိန်တွင် ၎င်းတို့မွေးဖွားသည်၊ ၎င်းတို့ကြီးပြင်းသည့် ပတ်ဝန်းကျင်၊ ၎င်းတို့၏ အစွမ်းအစ၊ ဆုကျေးဇူး၊ အရည်အချင်း၊ ပတ်ဝန်းကျင်တို့ဖြစ်သည့် ဤအရာအားလုံးကို ကြိုတင်သတ်မှတ်သည်။ အဆုံးတွင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက မည်သည့်အရာဖြစ်သည်ဟု လူတို့မြင်မည်နည်း။ အဆုံးတွင် ရှင်သန်နိုင်ခြင်းနှင့် လှပသောခရီးပန်းတိုင်ကို ရခြင်းသည် လူတို့၏ ကိုယ်ပိုင်လိုက်စားမှုများနှင့် ၎င်းတို့ပေးဆပ်သည့် အဖိုးအခပေါ်တွင် မူတည်သည်။ ဘုရားသခင်က ဤအရာများကို ကြိုတင်သတ်မှတ်ခြင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ သို့သော် လူတို့၏ ပူးပေါင်းလုပ်ဆောင်ခြင်းကလည်း အလွန်အရေးကြီးသည်။ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်းရှိမရှိအပေါ်တွင် အခြေခံ၍ ဘုရားသခင်က လူတို့၏ အဆုံးသတ်များကို အဆုံးအဖြတ်ပေးသည်။ ဤသည်မှာ သူ၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။

လူတိုင်းက လူ့ဇာတိခံဘုရားသခင်၏ လက်တွေ့ကျသောအပိုင်းကို မြင်တွေ့ပြီးဖြစ်သည်။ ဘုရားသခင်က လူတစ်ယောက်ချင်းစီတိုင်းအား မျှတစွာ၊ ကျိုးကြောင်းသင့်စွာ ဆက်ဆံသည်။ ယင်းကို သင်မြင်တွေ့ပြီး ဖြစ်သည်။ အခြားလူများက မြင်တွေ့ပြီး ဖြစ်သည်။ သင်တို့အားလုံး မြင်တွေ့ပြီး ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ လူအချို့သည် ခရစ်တော်ကို မြင်သောအခါ အယူအဆများရှိပြီး “သူသည် အလွန်ပင် သာမန်ပုံစံရှိသည်။ အလွန်ပင် မထင်ပေါ်ပေ။ ဤသည်မှာ အမှန်ပင် လူ့ဇာတိခံခြင်း ဖြစ်နိုင်သလော။ ငါ သူ့ကို မယုံကြည်ပါ။ ငါ သူ့ကို ယုံကြည်ဖို့ မဖြစ်နိုင်ပါ” ဟု တွေးကြသည်။ သို့မဟုတ် ၎င်းတို့သည် သူ၏နောက်သို့ တွန့်ဆုတ်စွာနှင့် လိုက်ကြပြီး သူ့ကို သံသယများနှင့် ယုံကြည်ကာ ၎င်းတို့၏အယူအဆများကို ၎င်းတို့နှင့်အတူ သယ်ယူလာကြသည်။ ခရစ်တော်ကို မြင်သော အခြားလူတို့မှာ ဆင်ခြင်တုံတရားအချို့ရှိပြီး “လူ့ဇာတိခံယူခြင်းသည် သာမန်လူတစ်ယောက်ဖြစ်သည်။ သို့သော် သူသည် သမ္မာတရားကို ဖော်ပြနိုင်ပြီး လူတို့ကို အသက်ပေးနိုင်သည်။ ထို့ကြောင့် ငါသည် သူ့ကို ဘုရားကဲ့သို့ ဆက်ဆံသင့်သည်။ ငါသည် သူ၏စကားများကို သမ္မာတရားအဖြစ်၊ ဖန်ဆင်းရှင်၏ နှုတ်ကပတ်တော်များအဖြစ် လက်ခံပြီး လက်တွေ့လုပ်ဆောင်သည်။ ငါ သူ့နောက်ကို လိုက်မည်” ဟု တွေးကြသည်။ ဤလူတို့သည် အဆုံးတွင် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရပြီး သမ္မာတရားကို ရရှိကြသည်။ အဆုံးတွင် မည်သို့သောသူမျိုးတို့က သမ္မာတရားကို ရရှိသနည်း။ သမ္မာတရားကို လိုက်စားသူတို့ဖြစ်သည်။ ဘုရားသခင်သည် နေ့စဉ် သူရွေးချယ်ထားသောလူများကို ရေလောင်းသည်၊ ပံ့ပိုးသည်၊ ထိန်းကျောင်းသည်၊ အလုပ်လုပ်သည်။ ငါသည် တရားဒေသနာများနှင့် မိတ်သဟာယကို ဝေမျှသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်ရွေးချယ်ထားသောလူတို့တွင် အလုပ်လုပ်သည်။ လူတိုင်းက ရေလောင်းခြင်းနှင့် ပံ့ပိုးမှုကို ရရှိသည်။ မည်သူကမျှ အထူးဆက်ဆံမှုကို မရရှိပေ။ ပြီးလျှင် အသင်းတော်အသက်တာတွင် ပါဝင်ပြီး မိမိတာဝန်ကို ထမ်းဆောင်သောသူတိုင်းသည် ဤပုံစံဖြင့် ဘုရားသခင်၏အမှုတော်ကို နေ့စဉ် မွေ့လျော်ရသည်။ ငါသည် လူတစ်ဦးချင်းစီတိုင်းကို တူညီစွာ ဆက်ဆံသည်။ မေးခွန်းများကို မည်သူကမေးသည်ဖြစ်စေ အဖြေများကို ငါပေးသည်။ မည်သည့်အပိုဂရုစိုက်မှုကိုမျှ ငါမပေး။ အထူးအခြေအနေများကို မပြင်ဆင်၊ သို့မဟုတ် မည်သူ့ကိုမျှ တိုက်တွန်းရန်၊ သို့မဟုတ် အားပေးရန် မကြိုးစားပေ။ သန့်ရှင်းသောဝိညာဉ်တော်ထံမှ အပိုဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုတို့ကို မပေးပေ၊ သို့မဟုတ် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို မပြပေ။ ဘုရားသခင်က ဤသို့သော မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ဘုရားသခင်သည် လူတို့၏ အပြစ်များကို ခွင့်လွှတ်ပြီး နောင်တလမ်းကြောင်းကို လျှောက်စေရန်အတွက် ကျေးဇူးတော်ခေတ်တွင် များစွာသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို ပြသခဲ့သည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး သံသယရှိမည်မဟုတ်ပေ။ လက်ရှိအမှုတော်အဆင့်သည် သမ္မာတရားကို ပေးခြင်း အလုံးစုံ ပါဝင်သည်။ ဤသို့ဖြင့် လူတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်နိုင်သည်။ သင်သည် မည်မျှ ဒုက္ခခံပြီးဖြစ်စေ အဆုံးတွင် သမ္မာတရားကို ရရှိခဲ့လျှင် သင်သည် စုံလင်အောင်ပြုလုပ်ပေးခြင်းခံရပြီး သိမ်းဆည်းခြင်း ခံရမည့်သူတစ်ယောက် ဖြစ်သည်။ သမ္မာတရားကို သင်မရရှိလျှင် သင်ရှာသည့် မည်သည့်အကြောင်းပြချက်မဆို အသုံးမဝင်ပေ။ သင်က “ဘုရားသခင်သည် မည်သည့်အံ့ဖွယ်အမှုတို့ကိုမျှ မလုပ်ဆောင်ခဲ့သောကြောင့် ကျွန်ုပ် မယုံကြည်နိုင်”၊ “ဘုရားသခင်သည် ကျွန်ုပ် ဉာဏ်မမီနိုင်သော သမ္မာတရားများကို အစဉ်ဖော်ပြနေသောကြောင့် ကျွန်ုပ် မယုံကြည်နိုင်”၊ သို့မဟုတ် “ဘုရားသခင်သည် အလွန်လက်တွေ့ကျလွန်းသည်၊ သာမန်ဖြစ်လွန်းသည်၊ ထို့ကြောင့် ကျွန်ုပ် မယုံကြည်နိုင်” ဟု ဆိုနိုင်သည်။ ဤအရာအားလုံးမှာ သင်၏ ပြဿနာများဖြစ်သည်။ သင့်ကို အခြားလူများနည်းတူ သမ္မာတရားကို ပေးခဲ့သည်။ ဤသို့ဆိုလျှင် သင်က ဖယ်ရှားရှင်းလင်းခံရစဉ်တွင် ၎င်းတို့က အဘယ်ကြောင့် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရသနည်း။ သမ္မာတရားကို သင်အဘယ်ကြောင့် မရရှိခဲ့သနည်း။ ဤသည်မှာသင်၏ တရားစီရင်မှုဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို သင်မလိုက်စားခဲ့သောကြောင့် ဖြစ်သည်။ ဤနောက်ဆုံးအဆင့်တွင် ဘုရားသခင်သည် နှုတ်ကပတ်တော်များ၏ အမှုကိုသာ ပြုသည်။ သူသည် လူသားမျိုးနွယ်ကို တရားစီရင်ပြီး သန့်စင်ရန်အတွက် နှုတ်ကပတ်တော်များကို လက်တွေ့ကျစွာ အသုံးပြုသည်။ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို မပြပေ။ ဘုရားသခင်၏ အံ့ဖွယ်အမှုများကို သင်မြင်လိုလျှင် အတိတ်ရှိ လွန်ခဲ့သော နှစ် ၂၀၀၀ တွင် သခင်ယေရှု အံ့ဖွယ်အမှုများကို ကြည့်ရန် ထိုခေတ်သို့ သွားလော့။ ဤခေတ်တွင် ယုံကြည်သူ မပြုလုပ်နှင့်။ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို လက်ခံပြီးဖြစ်သောကြောင့် ထူးဆန်းသောတန်ခိုးများကို မရှာနှင့်။ ထိုအရာများကို ဘုရားသခင် မလုပ်ဆောင်ပေ။ ဤသည်မှာ ကျိုးကြောင်းသင့်သလော။ (သင့်ပါသည်။) ဤသည်မှာ မျှတပြီး ကျိုးကြောင်းသင့်သည်။ သမ္မာတရားကို သင်လိုက်စားလျှင် ဘုရားသခင်က သင့်အား မမျှတစွာ ဆက်ဆံမည်မဟုတ်။ သမ္မာတရားကို သင်မလိုက်စားဘဲ အလုပ်လုပ်ပေးခြင်းကိုသာ လိုက်စားပြီး အဆုံးတိုင်အောင် သစ္စာရှိစွာဖြင့် အစဉ်အလုပ်လုပ်ပေးနေလျှင် ဘုရားသခင်သည် သင့်အား ကျန်ရှိနေခွင့်ပြုပြီး သင်က ကျေးဇူးတော်ခံစားရမည်။ သို့သော် သင်သည် အဆုံးတိုင်အောင် အလုပ်လုပ်မပေးနိုင်လျှင် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်။ ဖယ်ရှားရှင်းလင်းခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဖျက်ဆီးခြင်းကို ဆိုလိုသည်။ ဤသည်မှာ မျှတပြီး ကျိုးကြောင်းသင့်သည်။ ဤတွင် လူတို့အပေါ် မမျှတသော ဆက်ဆံမှုမရှိ။ အားလုံးက ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အခြေခံသည်။ ဤအရာများအားလုံးကို ကြည့်လျှင် လူတို့လျှောက်သည့်လမ်းကြောင်းသည် အရေးကြီးဆုံး မဟုတ်လော။ မည်သည့်လမ်းကြောင်းကို သင်လိုက်စားသည်၊ မည်သည့်လူစားမျိုးဖြစ်ရန် သင်ရှာဖွေသည်၊ မည်သည့်လိုက်စားမှုမျိုးကို သင်ပါဝင်လုပ်ဆောင်သည်၊ မည်သည့်အရာကို သင်မျှော်လင့်သည်၊ ဘုရားသခင်ကို သင်မည်သည့်အရာ တောင်းဆိုသည်၊ ဘုရားသခင်အပေါ် သင်၏သဘောထားမည်သို့ရှိသည်၊ သင်သည် ဘုရားရှေ့ရောက်သောအခါ ဘုရားနှုတ်ကပတ်တော်အပေါ် သင်၏သဘောထား မည်သို့ရှိသည်တို့အားလုံးသည် အလွန်အရေးကြီးသည်။ သင်တို့ ငါ့ကို ပြောလော့။ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုတို့ကို ပြသခြင်းသည် လူတို့ကို စုံလင်အောင်ပြုလုပ်ပေးနိုင်သလော။ ဥပမာ သင်သည် ကားတိုက်မှုတစ်ခုဖြစ်ပြီး ဘုရားသခင်က သင့်ကို ကယ်တင်လျှင် ယင်းက သင့်ကို စုံလင်အောင်ပြုလုပ်ပေးနိုင်သလော။ သင်သည် တစ်ကြိမ်သေပြီး ပြန်လည်အသက်ရှင်အောင်ပြုလုပ်ပေးခြင်းခံရလျှင် ယင်းက သင့်ကို စုံလင်အောင်ပြုလုပ်ပေးနိုင်သလော။ သို့မဟုတ် သင်၏ အိပ်မက်ထဲတွင် သင်သည် ကောင်းကင်နိုင်ငံတော်သို့ တက်သွားပြီး ဘုရားသခင်ကို မြင်ခဲ့လျှင် ယင်းက သင့်ကို စုံလင်အောင်ပြုလုပ်ပေးနိုင်သလော။ (မပြုလုပ်ပေးနိုင်ပါ။) ဤအရာများသည် သမ္မာတရား၏ နေရာကို ဝင်မယူနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အဆုံးသတ်သော အမှုတော်အဆင့်ဖြစ်သည့် ဤအမှုတော် နောက်ဆုံးအဆင့်တွင် သူသည် လူတို့ကို စုံလင်အောင်ပြုလုပ်ပေးရန်၊ လူတို့ကို ထုတ်ဖော်ရန် နှုတ်ကပတ်တော်များကို သူအသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်မှတစ်ဆင့် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရလျှင် သူသည် သင့်အား သိမ်းဆည်းထားသည်ဟု မည်သူကမျှ စောဒကမတက်နိုင်ပေ။ စာတန်ကလည်း သင့်ကို သိမ်းဆည်းခြင်းခံရသည်ဟု မစွပ်စွဲနိုင်ပေ။ ဤသည်မှာ ဘုရားသခင်အလိုရှိသည့် လူစားမျိုးဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာကို ပံ့ပိုးပေးခဲ့သည်။ ထို့ကြောင့် သင်သည် အဆုံး၌ မည်သည့်အရာကိုမျှ မရရှိလျှင် ယင်းမှာ မည်သူ့အမှားဖြစ်မည်နည်း။ (ကျွန်ုပ်တို့၏ ကိုယ်ပိုင်အမှားဖြစ်သည်။) လမ်းမှားကို ရွေးချယ်သည့်အတွက် သင်တို့၏ ကိုယ်ပိုင်အမှားဖြစ်သည်။ လူတို့လျှောက်လှမ်းသည့် လမ်းကြောင်းသည် အလွန်အရေးကြီးသည်။ အဘယ်သို့ အရေးကြီးသနည်း။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ၎င်းတို့၏ ခရီးပန်းတိုင်ကို အဆုံးအဖြတ်ပေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် ပရောဖက်ပြုချက်များက ပြည့်စုံပြီးဖြစ်သလော၊ ဘုရားသခင်က နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသခဲ့သလော၊ ဘုရားသခင်က ကမ္ဘာပေါ်မှ မည်သည့်အချိန်တွင် အမှန်တကယ် ထွက်ခွာမည်၊ ဘုရားသခင်က ကမ္ဘာပေါ်မှ အမှန်ပင် ထွက်ခွာသောအခါတွင် သင်က မျက်မြင် မြင်တွေ့နိုင်မည်လောဆိုသည်တို့ကို အဖြေရှာရန် အစဉ်ကြိုးစားမနေသင့်ခြင်းဖြစ်သည်။ ယင်းကို အဖြေရှာခြင်းသည် သင့်အတွက် လုံးဝ အကျိုးရှိမည်မဟုတ်။ ယင်းသည် သင်၏ခရီးပန်းတိုင်အပေါ်၊ သို့မဟုတ် သင် စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရခြင်းအပေါ် သက်ရောက်မှုမရှိပေ။ ဤသို့ဆိုလျှင် သင့်အတွက် မည်သည့်အရာက အရေးပါသနည်း။ (ယုံကြည်ခြင်းတွင် ကျွန်ုပ်လျှောက်သည့်လမ်းကြောင်းဖြစ်သည်။) သင်လျှောက်သည့်လမ်းကြောင်းသည် သင်က စုံလင်အောင်ပြုလုပ်ပေးခြင်း ခံရနိုင်၊ မခံရနိုင်ကို အမှန်ပင် သက်ရောက်မှုရှိသည်။ စုံလင်အောင်ပြုလုပ်ပေးခြင်းခံရရန် သင်၏ လိုက်စားမှုတွင် သင်အဝင်ရောက်သင့်ဆုံးသော သမ္မာတရားမှာ အဘယ်နည်း။ ဘုရားသခင်အား ကျိုးနွံနာခံခြင်း သမ္မာတရား ဖြစ်သည်။ ဘုရားသခင်အား ကျိုးနွံနာခံခြင်းသည် သမ္မာတရား၏ အမြင့်ဆုံး၊ အရေးပါဆုံးဖြစ်သည်။ အနှစ်သာရတွင် သမ္မာတရားအား လိုက်စားခြင်းသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လိုက်စားခြင်းနှင့် တူညီသည်။ သင်သည် သင်၏ဘဝတစ်ခုလုံးတွင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို လိုက်စားရန်လိုအပ်သည်။ ပြီးလျှင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လိုက်စားခြင်းဖြစ်သည့် ဤလမ်းကြောင်းသည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းဖြစ်သည်။ သင်၏ ဘဝတစ်ခုလုံးတွင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လိုက်စားရန် အဘယ်ကြောင့် လိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လိုက်စားသည့်လမ်းစဉ်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖြေရှင်းသည့် လမ်းစဉ် ဖြစ်သောကြောင့် ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို အဘယ်ကြောင့်ဖြေရှင်းဖို့ လိုအပ်သနည်း။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုသည် ဘုရားသခင်နှင့် ကွဲလွဲနေသောကြောင့် ဖြစ်သည်။ သင်သည် စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်နေထိုင်လျှင် သင်၏ အနှစ်သာရသည် စာတန်၏၊ နတ်ဆိုးများ၏ အနှစ်သာရဖြစ်သည်။ ပြီးလျှင် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းအား လိုက်စားခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းရန် လိုအပ်သည်။ ဤသည်မှာ အလွန်အရေးပါသည်။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသရွေ့၊ မဖြေရှင်းရသေးသည့် စိတ်သဘောထားအနည်းငယ်မျှ ကျန်ရှိနေသရွေ့ သင်သည် ဘုရားသခင်နှင့် ကွဲလွဲနေလိမ့်မည်။ သင်သည် ဘုရားသခင်၏ ရန်သူဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြေလည်သည့်အတိုင်းအတာသည် ဘုရားသခင်အပေါ် သင်ကျိုးနွံနာခံသည့် အတိုင်းအတာဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပြေလည်သည့် ရာခိုင်နှုန်းသည် ဘုရားသခင်အပေါ် သင်ကျိုးနွံနာခံသည့် ရာခိုင်နှုန်းဖြစ်သည်။

ဤစုဝေးပွဲတွင် ဘုရားသခင်အား သိခြင်းအကြောင်းကို ငါတို့မပြောရသေးပေ။ ဘုရားသခင်အား သိခြင်းသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို ရောက်ရှိရန်အတွက် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းနှင့် စုံလင်အောင်ပြုလုပ်ခံရခြင်းအား လိုက်စားခြင်းလမ်းစဉ်မှတစ်ဆင့် တဖြည်းဖြည်းချင်း ရရှိသည်။ ဘုရားသခင်အကြောင်း သိမြင်မှုကို လိုက်စားခြင်းကိုယ်၌သည် အလွန်လေးနက်သော သင်ခန်းစာဖြစ်လိမ့်မည်။ ထို့ကြောင့် ဤအကြောင်းကို ငါတို့မပြောရသေးခြင်း ဖြစ်သည်။ ယခုအချိန်တွင် ငါတို့သည် လူတို့၏ လက်တွေ့လုပ်ဆောင်မှုများ၊ အသက်တာများ၊ လိုက်စားမှုများ၊ ၎င်းတို့လျှောက်သည့် လမ်းကြောင်းများနှင့် နီးကပ်စွာ ဆက်စပ်နေသည့် အကြောင်းအရာများကို ပြောနေကြခြင်း ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ရှာဖွေခြင်းဖြစ်စဉ်တွင် သင်သည် ဘုရားသခင်ကို တဖြည်းဖြည်းချင်း နားလည်ပြီး သူ၏ ရည်ရွယ်ချက်များကို သိလာသည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်သောအခါ ဘုရားသခင်အပေါ် ပို၍ သိမြင်မှုရှိသည်မဟုတ်လော။ (ဟုတ်သည်။) ဤသို့ဆိုလျှင် သင့်၌ ဘုရားသခင်အပေါ် အမှန်တကယ် သိမြင်မှုအချို့ရှိသည်။ သင်သည် ဘုရားသခင်နောက်သို့ လိုက်သောအခါ၌ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းကို အဘယ်ကြောင့်ရရှိနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သူ၏စိတ်နှလုံးကိုသိပြီး သူ၏ ရည်ရွယ်ချက်များကို နားလည်သောကြောင့်ဖြစ်သည်။ ဘုရားသခင်က သင့်အပေါ် မည်သည့်စံနှုန်းများနှင့် စည်းမျဉ်းများအား တောင်းဆိုသည်နှင့် သူ၏ ပန်းတိုင်များက မည်သည့်အရာဖြစ်သည်ကို သင်နားလည်သောကြောင့် ဖြစ်သည်။ ဤနားလည်မှုတွင် ဘုရားသခင်အပေါ် သိမြင်မှုအချို့ မပါဝင်သလော။ (ပါဝင်ပါသည်။) ဤအရာကို တဖြည်းဖြည်းချင်း ရယူခြင်းဖြစ်ပြီး အားလုံးက အပြန်အလှန်ဆက်စပ်နေသည်။ သင်သည် ဘုရားသခင်အကြောင်း သိမြင်မှုကိုသာ လိုက်စားလျှင် အခက်အခဲဖြစ်လိမ့်မည်။ သင်က “ကျွန်ုပ်သည် တစ်နေ့ပြီး တစ်နေ့ ဘုရားသခင်အကြောင်း သိမြင်မှုကို လိုက်စားခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်။ ပန်းပွင့်များက မည်သည့်နေရာမှ လာသည်၊ သိုးသူငယ်များက နို့သောက်ရန် အဘယ်ကြောင့် ဒူးထောက်ပြီး နွားငယ်များက ဒူးမထောက်သည်ကို ကျွန်ုပ် ကြည့်မည်။ ဤအရာအားလုံးကို ကျွန်ုပ်လေ့လာမည်ဖြစ်ပြီး ဤနည်းဖြင့် ဘုရားသခင်ကို ကျွန်ုပ် သိလာမည်” ဟု ဆိုနိုင်သည်။ ထိုအရာအားလုံးကို သုတေသနပြုလုပ်ခြင်းအားဖြင့် ဘုရားသခင်အကြောင်း သိမြင်မှုကို သင်ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ သမ္မာတရားသည် သုတေသနမှ မလာဘဲ အတွေ့အကြုံမှတစ်ဆင့်သာ အမှန်တကယ် သိမြင်ရသည်။ သုတေသနသည် လုံးဝ အသုံးမဝင်ပေ။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းသည်ကိုလည်းကောင်း၊ ယင်းသည် အလွန်ကောင်းသည်ကိုလည်းကောင်း သင်သိသည်။ ပြီးလျှင် ဤသို့ဖြင့် သင့်တွင် ဘုရားသခင်အကြောင်း သိမြင်မှုအချို့ရှိပြီး ဖြစ်သည်။ သို့သော် မည်သည့်အရာကို သင်အာရုံစိုက်သင့်သနည်း။ သမ္မာတရားကို သင်လိုက်စားရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်။ ပြီးလျှင် ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုကို ရရှိရမည်။ ဤလိုက်စားခြင်း ဖြစ်စဉ်တွင် သင်သည် အဓိကမဟုတ်သောမေးခွန်းများစွာကို အနည်းငယ်ချင်းစီ ဖြေရလိမ့်မည်။ ပြီးလျှင် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် ဝင်ရောက်မှုအတွက် လမ်းကြောင်းတစ်ခု ရှာတွေ့လိမ့်မည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက နှံ့စပ်စွာ ပြေလည်လေလေ၊ သင့်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အပေါ် ကျိုးနွံနာခံမှုကို ရရှိရန် လွယ်ကူလေလေ ဖြစ်သည်။ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဘောင်ခတ်ခြင်းကို မခံရတော့သည်နှင့် လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို အမှန်တကယ် ရရှိသည်။ ပြီးလျှင် မည်သည့်သမ္မာတရားကိုမဆို လက်တွေ့လုပ်ဆောင်ခြင်းသည် မပင်ပန်းဘဲ အလွန်လွယ်ကူသည်။ ယင်းသည် သမ္မာတရားက လူတို့၏အသက်ဖြစ်လာခြင်း မဟုတ်လော။

၂၀၁ ၇ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်

အရှေ့သို့- ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ

နောက်တစ်ခုသို့- ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရှိမည့် နည်းလမ်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။