ဘုရားသခင်အားနာခံခြင်းနှင့်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု အခြေခံသဘောတရားများ

ယနေ့တွင် ယောဘကို လူတိုင်းက အားကျရသည့် အကြောင်းရင်းမှာ သူ့ထံတွင် စစ်မှန်သည့် ယုံကြည်ခြင်း ရှိခဲ့သောကြောင့် ဖြစ်သည်။ သို့သော် သူ့အတွေ့အကြုံ၏ အသေးစိတ်အချက်များနှင့် သူ အဘယ်ကြောင့် အမှန်တကယ် သက်သေခံနိုင်ခဲ့သည်ဆိုသည့်အကြောင်းတို့ကို သင်တို့ ယခင်က မိတ်သဟာယပြုပြီးကြပြီလော။ သူ၏ နေ့စဉ်အသက်တာသည် မည်ကဲ့သို့ ဖြစ်သနည်း။ သူ၏ ဘဝတွင် ဘုရားသခင်နှင့် သူ မည်သို့ တွေ့ဆုံပတ်သက်ခဲ့သနည်း။ သူ၏ လုပ်ရပ်တိုင်းမှ၊ သမ္မာတရားကို သူ ရှာဖွေခဲ့ကြောင်း၊ ဘုရားသခင်ကို သူ ကျိုးနွံနာခံပြီး၊ ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို လက်ခံခဲ့ကြောင်း မည်သို့ မြင်ရသနည်း။ ဤအရာများကို အသေးစိတ် ထည့်သွင်းစဉ်းစားသည် မဟုတ်လော။ (ထည့်သွင်းစဉ်းစားပါသည်။) ဤအရာများသည် ယနေ့ လူတို့ ချို့တဲ့သောအရာတစ်ခုဖြစ်သည့် သမ္မာတရား လိုက်စားခြင်း အသေးစိတ်ကို ထည့်သွင်းစဉ်းစား၏။ လူတို့က ယောဘ၏ ကျော်ကြားသော ပြောဆိုချက်ဖြစ်သည့် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဟူသည်ကိုသာ သိကြသည်။ ဤစကားရပ်ကို ၎င်းတို့ ရွတ်ပြနိုင်သော်လည်း၊ ယောဘက ထိုအရာကို အဘယ်ကြောင့် ပြောနိုင်ရသည့်အကြောင်းရင်း အတိအကျကို မရှင်းမလင်း ဖြစ်ကြသည်။ ဤကျော်ကြားသော ပြောဆိုချက်သည် ယောဘအတွက် အလွယ်တကူ ဖြစ်လာခဲ့သည် မဟုတ်။ တစ်သက်စာ အတွေ့အကြုံတစ်ခု တွေ့ကြုံပြီးသည့်နောက်တွင်သာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သူ၏ တစ်သက်စာ အတွေ့အကြုံတွင်၊ ဘုရားသခင့် လက်တော်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများအပြင် အမှုအရာများစွာတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို သူ မြင်ခဲ့ပြီး၊ သူ၏ ချမ်းသာကြွယ်ဝမှုအားလုံးကို ဘုရားသခင် ပေးထားခဲ့ခြင်းဖြစ်သည်ကို မြင်ခဲ့သည်။ တစ်နေ့တွင်၊ ထိုအရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီး၊ ဘုရားသခင်က သိမ်းယူသွားခဲ့ခြင်းဖြစ်သည်ကို သူ သိခဲ့သည်။ ယောဘ ကောက်ချချက်မိသည်မှာ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ဘုရားသခင်၏ နာမတော်ကို ကောင်းချီးပေးရမည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဤကောက်ချက်ကို မည်သို့ ချခဲ့သနည်း။ ဤသို့ကောက်ချက်ချခြင်းက ဖြစ်စဉ်တစ်ခု လိုအပ်သလော။ ဤအရာတွင် သမ္မာတရားကို လိုက်စားသည်နှင့်အမျှ ယနေ့ လူတို့ လျှောက်လှမ်းသည့် လမ်းကြောင်း ပါဝင်၏။ ယင်းသည် ဤရလဒ်ကို ရရှိပုံ၊ ဤအကျိုးတရားများကို ဖြစ်စေပုံ ဖြစ်သည်။ ဤအကျိုးတရားများကို ရက်ပိုင်းအတွင်း ရသည်မဟုတ်၊ သို့မဟုတ် နှစ်အနည်းငယ်အတွင်းပင် ရသည် မဟုတ်ပေ။ ထိုအရာက လူတို့ ဘဝများ၏ ကဏ္ဍတိုင်း၊ အသေးစိတ်အချက်တိုင်းနှင့် ပတ်သက်ပေသည်။

ဘုရားသခင်ကို ယောဘ၏ ယုံကြည်မှုသည် အမည်ခံမဟုတ်ခဲ့ပေ။ သူသည် စစ်မှန်သော ယုံကြည်သူတစ်ဦး၏ စံနမူနာ ကိုယ်စားပြု ဖြစ်ခဲ့သည်။ အရာခပ်သိမ်းတွင် သူသည် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ သူ၏ သားသမီးများ၏ ပျော်ပွဲရွှင်ပွဲများနှင့်ပတ်သက်၍ သူ စိတ်မသက်မသာဖြစ်သည့်အခါ၊ ဘုရားသခင်ထံ ဆုတောင်းပြီး ၎င်းတို့ကို ဘုရားသခင်ထံ အပ်နှံခဲ့သည်။ သူ၏ ခြံမွေးတိရစ္ဆာန်များကို မည်သို့ ပြုစုပျိုးထောင်ရမည်ဟူသည်နှင့်ပတ်သက်၍ သူ မကြာခဏ ဆုတောင်းခဲ့သည်မှာ သေချာသည်။ သူသည် အရာရာကို ဘုရားသခင်၏ လက်ထဲသို့ အပ်နှံခဲ့သည်။ သူသည် လူ၏ စိတ်သဘောဖြင့် သူ၏ ခြံမွေးတိရစ္ဆာန်များကို ပြုစုပျိုးထောင်ခြင်းအား အမြဲ စီစဉ်ကာ တွက်ချက်လျက်၊ သူ ကြံစည်ခဲ့သည့် ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် မိမိကိုယ်ပိုင် ဉာဏ်နှင့် စိတ်ကူးကိုသာ မှီခိုပြီး ဦးနှောက်ခြောက်ခံစဉ်းစားရင်း၊ ဘာသာမဲ့သူတစ်ဦးကဲ့သို့ ဖြစ်ခဲ့မည်ဆိုလျှင်၊ ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများစွာ သူ တွေ့ကြုံခဲ့လျှင်ပင်၊ ဘုရားသခင်၏ လက်တော်အပြင် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သူ တွေ့မြင်နိုင်ခဲ့မည်လော။ (တွေ့မြင်နိုင်ခဲ့မည် မဟုတ်ပါ။) သူသည် ဘုရားသခင်ထံ မကြာခဏ ဆုမတောင်းခဲ့လျှင်၊ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို သူ တွေ့ကြုံခံစားခဲ့မည် မဟုတ်။ သူသည် သာမန် ယုံကြည်သူတစ်ဦးကဲ့သို့ မကြာခဏ အပျက်သဘောဆောင်ကာ အားနည်းခဲ့မည်ဖြစ်ပြီး၊ သူ့အထဲတွင် အတိုက်အခံလုပ်သည့် စိတ်သဘော ဖြစ်ပေါ်ကောင်းဖြစ်ပေါ်ခဲ့မည် ဖြစ်သည်။ “ဘုရားသခင် ရှိသည်ဟု လူတို့က အမြဲ ပြောကြသည်။ ဘုရားသခင်ကို ငါ ယုံကြည်သော်လည်း ဘုရားသခင်က ငါ၏ အစီအစဉ်များအတိုင်း ငါ့ကို ကောင်းချီးမပေးပါ။ ဘုရားသခင်ကို ငါ နေ့တိုင်း ကိုးကွယ်ပြီး ယဇ်များပူဇော်သည်။ ဘုရားသခင် အမှန်တကယ် ရှိလျှင်၊ ငါ့အတွက် သူ၏ ကောင်းချီးများသည် ငါ တောင်းနိုင်ခဲ့သမျှ သို့မဟုတ် စိတ်ကူးနိုင်ခဲ့သမျှထက် ပိုကြီးမားသင့်သည်။ ထိုရည်မှန်းချက်ကို ငါ မရရှိသေးသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ဘုရားသခင် အမှန်တကယ် ရှိမရှိ ပြောရန် ခက်သည်”ဟူ၍။ ဘုရားသခင်၏ တည်ရှိခြင်းဟူသည့် စကားလုံးဘေး၌ မေးခွန်းသင်္ကေတတစ်ခုကို သူ ရေးခဲ့မည်ဖြစ်သည်။ ယင်းမှာ အပျက်သဘော သက်ရောက်မှုတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သူသည် ဘုရားသခင်၏ လက်တော် သို့မဟုတ် သူ၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို မြင်နိုင်ခဲ့မည် မဟုတ်။ ထို့အပြင်၊ ဘုရားသခင်ကို သူ ညည်းညူမည်ဖြစ်ပြီး၊ ဘုရားသခင်အပေါ် အထင်လွဲမှုများ၊ ရွံ့မုန်းမှုနှင့် ပုန်ကန်မှုတို့ သူ ဖြစ်ပေါ်ခဲ့မည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သောလူတို့သည် ကောင်းချီးများကို အမြဲ လိုက်စားလျက် မိမိတို့ သဘောအတိုင်းလုပ်ဆောင်လျှင်၊ အဆုံးတွင်၊ ယောဘကဲ့သို့ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ”ဟု ပြောနိုင်ကြလိမ့်မည်လော။ ၎င်းတို့ထဲတွင် ဤအတွေ့အကြုံဆိုင်ရာ အသိပညာမျိုး ဖြစ်ပေါ်လိမ့်မည်လော။ (ဖြစ်ပေါ်လိမ့်မည် မဟုတ်ပါ။) သေချာပေါက် ဖြစ်ပေါ်လိမ့်မည် မဟုတ်။ အဘယ်ကြောင့် မဖြစ်ပေါ်သနည်း။ ဤပြဿနာသည် မည်သည့်နေရာမှ လာသနည်း။ (သူတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မယုံကြည်ကြသကဲ့သို့ ဘုရားသခင်ထံမှ ရှာဖွေခြင်းလည်း မရှိကြပါ။ အမှုအရာများကို လူ့နည်းလမ်းများဖြင့် သူတို့ ဖြေရှင်းကြသည်။) လူတို့သည် ဘုရားသခင်ကို မှီခိုအားကိုးမည့်အစား အဘယ်ကြောင့် မိမိတို့ကိုယ်ပိုင် ရည်မှန်းချက်များကို ရရှိရန် လူသားနည်းလမ်းများကို အသုံးပြုလျက် ဦးနှောက်ခြောက်ခံ စဉ်းစားကြသနည်း။ အစီအစဉ်များကို ၎င်းတို့ ပြုလုပ်ကြသည့်အခါ၊ ဘုရားသခင်၏ အလိုဆန္ဒများကို ၎င်းတို့ ရှာဖွေကြသလော။ ၎င်းတို့သည် “ဘုရားသခင် မည်သည့်အရာ လုပ်ဆောင်မည်ကို ကျွန်ုပ် မသိပါ။ ဤအစီအစဉ်၊ ဤတွက်ချက်ခြင်းကို ကျွန်ုပ် အရင်လုပ်မည်။ သို့သော် ကျွန်ုပ်၏ အစီအစဉ်က ကျွန်ုပ်၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိမည်၊ မရရှိမည်ကို ကျွန်ုပ် မသိပါ။ ဤသည်မှာ အစီအစဉ်တစ်ခုသာ ဖြစ်သည်။ ကျွန်ုပ်၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိနိုင်လျှင်၊ ထိုအရာသည် ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်သည်။ စွမ်းဆောင်မရရှိနိုင်လျှင်၊ ကျွန်ုပ်ကိုယ်တိုင်၏ ကြောင်းကျိုးမမြင်ခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်၏ အစီအစဉ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် မကိုက်ညီခဲ့သောကြောင့် ဖြစ်သည်”ဟု ပြောဆိုလျက်၊ ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ရှိကြသလော။ ဤသဘောထားမျိုး ၎င်းတို့တွင် ရှိကြသလော။ (မရှိကြပါ။) သို့ဆိုလျှင် ဤလုပ်ရပ်လမ်းကြောင်းများက အဘယ်သို့ ဖြစ်ပေါ်သနည်း။ ဤသည်တို့မှာ လူသား စိတ်ကူးများနှင့် အယူအဆများ၊ လူသား အလိုဆန္ဒများ၊ ဘုရားသခင်အပေါ် လူသား၏ အကျိုးသင့်အကြောင်းသင့်မဟုတ်သော တောင်းဆိုချက်များ ဖြစ်သည်။ ယင်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ထွက်ပေါ်၏။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ ထို့အပြင်၊ ထိုသို့သော လူများတွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ရှိကြသလော။ (မရှိကြပါ။) ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု မရှိကြသည်ကို သင် မည်သို့ မြင်သနည်း။ (၎င်းတို့သည် မိမိတို့ ပြုလုပ်သည့် အစီအစဉ်များကို စွမ်းဆောင်ရရှိရန် အပြည့်အဝ လိုအပ်သည်ဟု ခံစားကြသည်။) ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ မာနထောင်လွှားမှုနှင့် ပုန်ကန်ခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို ကောင်းချီးပေးသည်ဟု ၎င်းတို့ ခံစားကြသော်လည်း၊ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒများနှင့် တွက်ချက်မှုများကို ရရှိကြသည့်အခါ ဘုရားသခင်ကို ဘေးဖယ်ထားလိုက်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ဘေးဖယ်ထားသည့်အခါ ၎င်းတို့ ကျိုးနွံနာခံနေကြသလော။ ကျိုးနွံနာခံခြင်း မရှိကြသကဲ့သို့ ၎င်းတို့ စိတ်နှလုံးတွင် ဘုရားသခင် မရှိပေ။ ဘုရားသခင်က အမှုအရာများကို မည်သို့ လုပ်ဆောင်လိုသည်ကို မဆိုထားနှင့်၊ အမှုအရာများအပေါ် ဘုရားသင်က မည်သို့ အချုပ်အခြာအာဏာ စွဲကိုင်ပြီး စီစဉ်သည်ကို ၎င်းတို့ လုံးဝ မစဉ်းစားကြချေ။ ဤအရာမှ မည်သည့်အရာကို မြင်နိုင်သနည်း။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မရှာဖွေကြ၊ ကျိုးနွံနာခံခြင်း မရှိကြသကဲ့သို့၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးလည်း မရှိကြချေ။ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် အစီအစဉ်များကို ဦးစွာ ပြုလုပ်ကြပြီးနောက်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များအကြောင်းကို လုံးဝ မစဉ်းစားဘဲ လူသား နည်းလမ်းများ၊ စိတ်ကူးများနှင့် အယူအဆများပေါ် မှီခိုလျက်၊ မိမိတို့ အစီအစဉ်များအတိုင်း ပြုမူဆောင်ရွက်ကာ ကြိုးစားလုပ်ဆောင်ကြလေသည်။ ခြံမွေးတိရစ္ဆာန်များကို မွေးခြင်းနှင့်ပတ်သက်လာသည့်အခါ၊ လူတို့သည် မိမိတို့ စိတ်နှလုံးများတွင် “လူသည် မိမိ လုပ်သင့်သည့်အရာကို အကောင်းဆုံး ကြိုးစားလုပ်ဆောင်သင့်ပြီး ကောင်းကင်ဘုံ၏ အလိုတော်ကို ကျိုးနွံနာခံသင့်သည်”ဟူသည့်အရာကို အနည်းဆုံး သိရန် လိုအပ်သည်။ ယင်းမှာ “ခြံမွေးတိရစ္ဆာန်များကို ကျွေးမွေးရန် ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် ဖြည့်ဆည်းမည်။ ၎င်းတို့ကို အာဟာရချို့တဲ့စေခွင့်၊ သို့မဟုတ် အအေးဒဏ်ခံစားခွင့် သို့မဟုတ် ဆာလောင်ခွင့်၊ နာမကျန်းမဖြစ်ခွင့်ပေးမည် မဟုတ်ပါ။ နောက်နှစ်တွင် ၎င်းတို့ရှိမည့် သားပေါက်အရေအတွက်မှာ ဘုရားလက်ထဲတွင်ရှိသည်။ ထိုအရာကို ကျွန်ုပ် မသိပါ။ ထိုအရာကို ကျွန်ုပ် မတောင်းဆိုသကဲ့သို့ အစီအစဉ်များ ပြုလုပ်မည် မဟုတ်ပါ။ ဤကိစ္စများအားလုံးသည် ဘုရားသခင်၏ သဘောအတိုင်း ဖြစ်သည်”ဟု ဆိုလိုပေသည်။ ၎င်းတို့သည် ပြုမူဆောင်ရွက်ရန် လူသား အယူအဆများနှင့် စိတ်ကူးများကို မရမက မှီခိုအားကိုးလျှင်၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံတတ်သော သဘောထားတစ်ခု ရှိကြသလော။ (မရှိကြပါ။) ဤဆောင်ရွက်ပုံ နည်းလမ်းနှစ်ခုထဲမှ မည်သည့်အရာသည် လူ၏ အလိုဆန္ဒမှလာပြီး မည်သည့်အရာသည် ဘုရားသခင်ကို ကျိုးနွံနာခံသောလုပ်ရပ် ဖြစ်သနည်း။ (ပထမတစ်ခုသည် လူ၏ အလိုဆန္ဒမှလာပြီး မယုံကြည်သူတို့၏ ဆောင်ရွက်ပုံနည်းလမ်းဖြစ်သည်။ ဒုတိယ ဆောင်ရွက်ပုံနည်းလမ်းသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ရှာဖွေသူတို့ထံမှ လာပါသည်။) ၎င်းတို့ အားလုံးက ဘုရားသခင်ကို ယုံကြည်ကြပြီး၊ တူညီသည့်အရာကို အားလုံး လုပ်ဆောင်ကြသော်လည်း၊ ၎င်းတို့ လုပ်ရပ်များ၏ ရည်ရွယ်ချက်၊ အရင်းအမြစ်နှင့် ရည်မှန်းချက်တို့အပြင်၊ ၎င်းတို့၏ စည်းမျဉ်းများက ကွဲပြားလေသည်။ ထိုသို့ဖြင့်၊ လူတို့ ရှိကြသည့် လမ်းကြောင်းကို မြင်နိုင်ပေသည်။ ကွာခြားချက်တစ်ခု မရှိလေသလော။ မယုံကြည်သူတို့၏ အနှစ်သာရသည် ဘာသာမဲ့သူတို့၏ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့ လုပ်ရပ်များ၏ အရင်းအမြစ်နှင့် ရည်မှန်းချက်သည် အဘယ်နည်း။ ၎င်းတို့စိတ်များတွင် အကျိုးအမြတ်ကို ရှေ့တန်းတင်ထားသဖြင့်၊ ထိုအရာသည် ၎င်းတို့ ကိုယ်ပိုင် အကျိုးစီးပွားများအတွက်သာ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ လုပ်ရပ်များတွင်၊ မိမိတို့ကိုယ်ပိုင် စိတ်သဘောကို သီးသန့် မှီခိုအားကိုးကြလေသည်။ မိမိတို့ကိုယ်ပိုင် စိတ်သဘောကို ၎င်းတို့ မှီခိုကြသည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ ၎င်းတို့သည် သေချာစဉ်းစားပြီးနောက် မိမိတို့ကိုယ်ပိုင် အစီအစဉ်များကို လုံးဝ ပြုလုပ်ကြသည်။ စိတ်လိုက်မာန်ပါ သို့မဟုတ် ကြောင်းကျိုးမမြင်စွာ ၎င်းတို့ ပြုမူဆောင်ရွက်ခြင်း မရှိကြပေ။ ထို့ထက်၊ ၎င်းတို့တွင် ကြံရွယ်ချက်များနှင့် ရည်မှန်းချက်များ ရှိကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ၎င်းတို့ ထည့်မတွက်ကြပေ။ မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ချက်အပေါ် လုံးလုံးလျားလျား ပြုမူဆောင်ရွက်ချက်သည်။ ၎င်းတို့အတွက် အခြားမည်သူကမျှ အစီအစဉ်များ မပြုလုပ်ပေးသကဲ့သို့ ဤသို့ပြုမူဆောင်ရွက်ရန် အခြားမည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့ကို အတင်းအကျပ်မခိုင်းပေ။ ၎င်းတို့ကိုယ်တိုင်က မိမိတို့ကိုယ်ပိုင် အစီအစဉ်များအတိုင်း ပြုမူဆောင်ရွက်ရန် ဆုံးဖြတ်ကြသောကြောင့် မိမိတို့ကိုယ်ပိုင် စိတ်သဘောအပေါ် မှီခိုကြခြင်း ဖြစ်သည်။ ထို့နောက် မိမိတို့ကိုယ်ပိုင် အစီအစဉ်များအတိုင်း၊ အဖိုးအခမည်မျှပေးရသည်ဖြစ်စေ၊ မိမိတို့ကိုယ်ပိုင် အလိုဆန္ဒများကို ဖြည့်ဆည်းပြီး ထိုအစီအစဉ်များ၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ဦးနှောက်ခြောက်ခံစဉ်းစားကာ ပြုမူဆောင်ရွက်ကြသည်။ ၎င်းတို့ ပြုမူဆောင်ရွက်သည်နှင့်အမျှ၊ ဤမရေရာသော ထင်မြင်ချက်လည်း ရှိကြသည်။ “ဘုရားသခင်ကို ကျွန်ုပ် ယုံကြည်သောကြောင့် သူ ကျွန်ုပ်ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ ရှက်ဖွယ်ဖြစ်သည် မဟုတ်လော။ မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ဘုရားသခင်က သင့်ကို ကောင်းချီးပေးလိမ့်မည်နည်း။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးလိမ့်မည်ကို သင် မည်သို့ သိသနည်း။ သင်၏ စိတ်ပိုင်းဖြတ်မှုများကြောင့် ဘုရားသခင်က အမှုအရာများကို ဖြစ်စေလိမ့်မည်လော။ ဤသည်မှာ ကျိုးကြောင်းမသင့်သော စိတ်ကူးတစ်ခု မဟုတ်လော။ ဘုရားသခင်က သင့်ကို သေချာပေါက် ကောင်းချီးပေးလိမ့်မည်ကို သင် ယုံကြည်လျှင်၊ ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းနှင့် ညီမျှသလော။ (မညီမျှပါ။) သို့သော် လူများစွာက ဤအရာကို ရောထွေးကြသည်။ ၎င်းတို့က “ဘုရားသခင်က ငါ့ကို ကောင်းချီးပေးလိမ့်မည်ဟု ငါ ယုံကြည်သည်။ ပြီးလျှင် သူက ငါ၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးလိမ့်မည်ဟု ငါ ယုံကြည်သည်”ဟု ပြောကြသည်။ ဤသည်မှာ ဘုရားသခင်အပေါ် ကျိုးနွံနာခံသော သဘောထားတစ်ခုဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ အမှားတစ်ခု ဖြစ်သည် မဟုတ်လော။ အမှားတစ်ခု ဖြစ်ရုံသာမက၊ ဘုရားသခင်အပေါ် ပုန်ကန်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းလည်း ဖြစ်သည်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးလိမ့်မည်ဟု ယုံကြည်ခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို သင် ကျိုးနွံနာခံသည်ဟု မဆိုလိုပေ။ ဤသည်တို့မှာ မတူကွဲပြားသော အရာနှစ်ခု ဖြစ်သည်။ ဤအရာကို ပြောဆိုခြင်းဖြင့်၊ သင်သည် သင်၏ မာနထောင်လွှားသော သဘာဝ၏ ထိန်းချုပ်ခြင်းကို လုံးဝ ခံနေရပြီး၊ ဤအရာကို ပြောဆိုခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီပေ။

ငါ ယခုတင် မိတ်သဟာယပြုခဲ့သည့် ဘုရားသခင်ကို ပုန်ကန်သည့် အပြုအမူ၏ အနှစ်သာရ မည်သည့်အရာ ဖြစ်သနည်း။ ဤကိစ္စရပ်၏ ရင်းမြစ်ကို စိတ်ဖြာလေ့လာဆွေးနွေးလော့။ ထိုအရာ၌ သမ္မာတရား လက်တွေ့လုပ်ဆောင်မှု တစ်ခုတလေ ရှိသလော။ ကျိုးနွံနာခံမှု တစ်ခုတလေ ရှိသလော။ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အတွက် နေရာတစ်ခု ရှိသလော။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိကြသလော။ (မရှိကြပါ။) သင်တို့အားလုံးက ငြင်းကြသောကြောင့် တိတိကျကျ ပြောရလျှင်၊ ဤအရာများ ထင်ရှားသည့် နည်းလမ်းများမှာ အဘယ်နည်း။ သင်သည် ဤအရာကို မိမိကိုယ်ကိုနှင့် ယှဉ်ကြည့်ရမည်ဖြစ်ပြီး၊ မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးရမည်ကို သိရမည်။ ထိုအရာကို မည်သို့ စိတ်ဖြာလေ့လာဆွေးနွေးရမည်ကို သင် သိလျှင်၊ သင့်အတွင်းရှိ အခြေအနေအား မည်သို့ အကဲဖြတ်ရမည်ကို သင် သိလိမ့်မည်ဖြစ်ပြီး၊ သင် လက်တွေ့လုပ်ဆောင်သည့်အရာအားလုံးက စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်နှင့် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိဟူသည်တို့ကို သင် သိလိမ့်မည် ဖြစ်သည်။ ပထမဆုံး၊ လူတို့သည် သမ္မာတရားကို ရှာဖွေခြင်းမရှိဘဲ မိမိတို့ အစီအစဉ်များကို ဦးစွာ ပြုလုပ်ကြလျှင်၊ ဤနေရာ၌ ကျိုးနွံနာခံမှုတစ်ခုတလေ ရှိသလော။ (မရှိပါ။) ကျိုးနွံနာခံခြင်းမရှိသည်ကို မြင်သည့်အခါ၊ ကျိုးနွံနာခံတတ်ရန်အလို့ငှာ အဘယ်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ဘုရားသခင်၏ အလိုဆန္ဒများကို ဦးစွာပထမ ရှာဖွေပါ။) ကိစ္စရပ်များစွာတွင်၊ ဘုရားသခင်သည် သူ၏ အလိုဆန္ဒများကို ရှင်းလင်းစွာ သင့်အား မပြပေ။ ထို့ကြောင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ဟု အဘယ်သို့ သေချာနိုင်သနည်း။ (သေချာရန် ဘုရားသခင်ထံ ဆုတောင်းခြင်းအပေါ် ကျွန်ုပ်တို့ မှီခိုရပါမည်။) အကြိမ်အနည်းငယ် သင် ဆုတောင်းပြီး၊ ဘုရားသခင်၏ အလိုဆန္ဒများကို သင် နားမလည်သေးလျှင်၊ မည်သည့်အရာကို လုပ်ဆောင်သနည်း။ ကြောင်းကျိုးမမြင်စွာ မပြုမူနှင့်။ ပထမဆုံး၊ ဤနည်းဖြင့် ပြုမူဆောင်ရွက်ခြင်းက လိုအပ်ခြင်း ရှိမရှိ၊ ဤလုပ်ရပ်များက ဘုရားသခင်၏ အစီအစဉ်များနှင့် သက်ဆိုင်ခြင်း ရှိမရှိ၊ ဤသို့ ပြုမူဆောင်ရွက်ရန် အခြေအနေများက ပြည့်မီခြင်း ရှိမရှိဆိုသည်နှင့် သင်၏ အစီအစဉ်ကို သင် စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိဟူသည်တို့ကို ကြည့်လော့။ စွမ်းဆောင်မရရှိနိုင်ဘဲ ဤအစီအစဉ်ကို သင် ဆက်လက် စွဲမြဲနေလျှင်၊ ယင်းမှာ ကျိုးကြောင်းမသင့်သည့် ဆောင်ရွက်ပုံနည်းလမ်းတစ်ခုဖြစ်သည့်သဘော မဟုတ်လော။ သင်၏ အစီအစဉ်များနှင့် စိတ်ကူးများက လက်တွေ့ကျခြင်း ရှိမရှိက အလွန်အရေးပါသည်။ သင်၏ စိတ်နှလုံးတွင် သင်က၊ “ဤအစီအစဉ်ကို ငါ အရင်ဆုံး လုပ်မည်။ ပြီးလျှင် ဘုရားသခင်က ငါ့ကို ကောင်းချီးပေးလျှင် ဤအရာထက်ပင် ငါ အကျိုးရရှိကောင်း ရရှိလိမ့်မည်”ဟု သင် တွေးလေသည်။ သင်သည် ကံစမ်းသော စိတ်နေသဘောထားရှိပြီး၊ ထို့နောက်တွင် သင်၏ ကိုယ်ပိုင် အလိုဆန္ဒပေါ် မှီခိုကာ သင်ယုံကြည်သည့်အတိုင်း ခိုင်ခိုင်မာမာ ရပ်တည်ရန် ကြိုးစားလေသည်။ သင်၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများက ကြီးမားပြီး၊ သင်သည် မာနထောင်လွှားကာ ရိုင်းလည်း ရိုင်းစိုင်းလေသည်။ လူတို့၏ အစီအစဉ်များနှင့် စိတ်ပိုင်းဖြတ်မှုများသည် အမှားများ အမြဲရှိပြီး၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည့်အရာများ မဟုတ်ပေ။ လူတို့သည် သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်ကြသည့်အခါ၊ ၎င်းတို့၏ အစီအစဉ်များနှင့် စိတ်ပိုင်းဖြတ်မှုများသည် မှန်ကန်နိုင်သလော။ ယင်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီနိုင်သလော။ ဤသည်မှာ သေချာသောအရာတစ်ခု မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့ မဆုံးဖြတ်နိုင်သည့်၊ နားမလည်သည့် ကိစ္စရပ်များစွာ ရှိသောကြောင့်ဖြစ်သည်။ လူတို့၏ စိတ်ပိုင်းဖြတ်မှုများနှင့် အစီအစဉ်များသည် လူသား စိတ်ကူးများ၊ ၎င်းတို့၏ ထင်ကြေးများနှင့် ထင်မြင်ချက်များသာဖြစ်သည်။ သမ္မာတရားကို နားမလည်သောသူတို့သည် အရာခပ်သိမ်းက ဘုရားလက်ထဲရှိကြောင်းနှင့် ယင်းတို့ကို သူက စီစဉ်ညွှန်ကြားပြီး စီစဉ်ကြောင်းကို မမြင်နိုင်ကြပေ။ ဘုရားသခင်၏ လက်တော်များက မည်သည့်အရာ လုပ်ဆောင်နေသည်၊ သူ၏ ရည်ရွယ်ချက်များ မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် လူတို့အပေါ် လတ်တလောတွင် မည်သည့် အမှုကို သူ လုပ်ဆောင်နေသည်ဟူသည်တို့ကို သင် သိမြင်ရမည်။ သင်၏ အစီအစဉ်များနှင့် ဆုံးဖြတ်ချက်များက ဘုရားသခင် လုပ်ဆောင်လိုသည့် အမှုကို ဆန့်ကျင်လျှင်၊ ရလဒ်က မည်သည့်အရာများ ဖြစ်လိမ့်မည်နည်း။ သင်၏ အစီအစဉ်များက ကျရှုံးရန် သေချာသည်။ လူတို့အနေဖြင့် မစီစဉ်သင့်ကြောင်းကို ဤကိစ္စရပ်များမှ သင် ရှင်းလင်းစွာ သိမြင်ရမည်ဖြစ်သည်။ စီစဉ်ခြင်းကိုယ်၌က အမှားတစ်ခု ဖြစ်သည်။ ထို့ကြောင့် လူတို့သည် မှန်ကန်စွာ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် အမှုအရာများကို ဖြစ်လာသည့်အတိုင်း ခံယူရန် သင်ယူသင့်သည်။ ၎င်းတို့ နားမလည်သည့် အမှုအရာများနှင့်ပတ်သက်၍ ကြောင်းကျိုးမမြင်စွာ သင် မပြုမူ သို့မဟုတ် မစီစဉ်သင့်ပေ။ သင် နားမလည်နိုင်သည့် ကိစ္စရပ်များစွာရှိပြီး အလယ်တွင် မည်သည့်ပြဿနာများ ပေါ်ပေါက်ကောင်းပေါ်ပေါက်မည်ကို သင် မသိပေ။ ဤသည်တို့မှာ လူတို့၏ အစီအစဉ်များတွင် မျှော်လင့်မထားသည့် အခြေအနေများ ဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ ထို့ကြောင့် လူတို့၏ အစီအစဉ်များသည် အားလုံးက လူသား စိတ်ကူးများ၊ အနှစ်မဲ့သောအရာများနှင့် လက်တွေ့မကျသောအရာများသာ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သနည်း။ တစ်နည်းအားဖြင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံးတစ်ခု ရှိသင့်ကြပြီး၊ မိမိတို့ကိုယ်ပိုင် အစီအစဉ်တစ်ခုမျှ ၎င်းတို့ မပြုလုပ်သင့်ပေ။ နောက်တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေဖြစ်ခြင်းမရှိဘဲ မိမိတို့၏ တာဝန်များနှင့် ဝတ္တရားများကိုလည်း ဖြည့်ဆည်းရမည်။ သင် စီစဉ်ပြီး သတ်မှတ်သည့် အရာများကို သင် ဖြစ်မြောက်အောင်လုပ်နိုင်ခြင်း ရှိမရှိမှာမူ၊ ယင်းသည် ဘုရားလက်ထဲတွင် ရှိ၏။ သင်က အနည်းငယ်သာ စီစဉ်သော်လည်း ဘုရားသခင်က များစွာ သင့်ကိုပေးခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်က များစွာ စီစဉ်သော်လည်း အလွန်များစွာ မရရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့သော အလားတူ အတွေ့အကြုံများစွာကို သင် ဖြတ်သန်းပြီးနောက်တွင်၊ လူ၏ အလိုဆန္ဒ သို့မဟုတ် အစီအစဉ်များပေါ်အခြေခံ၍ မည်သည့်အရာမျှ မပြောင်းလဲသည်ကို သင် သဘောပေါက်လိမ့်မည်။ အားလုံးက ကိစ္စရပ်များပေါ် ဘုရားသခင် စီစဉ်ပြီး အချုပ်အခြာအာဏာ စွဲကိုင်ပုံအပေါ် မူတည်သည်။ အရာခပ်သိမ်းက သူ၏ လက်ထဲတွင် ရှိသည်။ ဤသို့ အတွေ့အကြုံကို စဉ်ဆက်မပြတ် စုဆောင်းခြင်းအားဖြင့်၊ ဘုရားသခင်က အရာအားလုံးအပေါ် အမှန်တကယ် အချုပ်အခြာအာဏာရှိသည်ကို လူတို့ တွေ့ရှိလာကြသည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်က အရာအားလုံးပေါ် အချုပ်အခြာအာဏာရှိသည်ဟူသည့်အချက်ကို မှန်ကန်ကြောင်း သင် အတည်ပြုလျှင်၊ သမ္မာတရားကို သင် ရရှိပြီးဖြစ်လိမ့်မည်။ ယင်းမှာ အတွေ့အကြုံအားဖြင့် ရရှိခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ၊ သင်၏ အစီအစဉ်များသည် အတော်အတန် ကောင်းမွန်ကောင်း ကောင်းမွန်နိုင်သော်လည်း၊ မမျှော်လင့်သည့်အရာများက အချိန်မရွေး ဖြစ်ပျက်နိုင်သည်။ ဖြစ်ပျက်မည့် တစ်မူထူးသော အရာများစွာကို သင် စိတ်မကူးကြည့်နိုင်ပေ။ ယင်းသည် ကဏ္ဍတိုင်းတွင် သင်၏ စိတ်ကူးများနှင့် အစီအစဉ်များကို ကျော်လွန်သည်။ သင် ပြင်ဆင်မထားသည့်အလား ကိစ္စရပ်များစွာ သင့်ကို ခံစားစေပြီး၊ သင်၏ အစီအစဉ်တွင် အမှားများက မည်သည့်နေရာတွင် ရှိသည်၊ ထိုအစီအစဉ်များက အောင်မြင်မည်လော၊ ကျရှုံးမည်လောဆိုသည်နှင့် လူတို့ လုပ်နိုင်သည့်အရာ၊ မလုပ်နိုင်သည့်အရာတို့ကို သင် မသိပေ။ လူသားများ ကြိုတင်မခန့်မှန်းနိုင်သည့် အရာများစွာ၊ ၎င်းတို့၏ အစီအစဉ်များနှင့် စိတ်ကူးများ၏ အကန့်အသတ် အတိုင်းအတာပြင်ပတွင်ရှိသည့် အရာများရှိသည်ကို သင် မသိလိုက်ဘဲ ခံစားမိသည်။ ထိုသို့သော အချိန်တွင်၊ မည်သည့် ကောက်ချက်ကို သင် ချမိသနည်း။ (ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာရှိသည်ဟူ၍ ဖြစ်ပါသည်။) အရာအားလုံးပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာထဲတွင်၊ အသေးစိတ်အချက်တစ်ခု ရှိသည်။ ဘုရားသခင်က တစ်စုံတစ်ရာကို သင့်အား မပေးလျှင်၊ သင် မည်မျှ အလုပ်များသည်ဖြစ်စေ၊ အားသွန်ခွန်စိုက်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် ရုန်းကန်သည်ဖြစ်စေ၊ အသုံးမဝင်ပေ။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးလျှင်၊ အားလုံးက အခက်အခဲတစ်ခုမျှမရှိဘဲ ချောမွေ့စွာ အဆင်ပြေပြီး၊ မည်သူကမျှ သင့်ကို မတားဆီးပေ။ ဤကိစ္စရပ်တွင်၊ ဘုရားသခင်က ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း၊ ဘုရားသခင်က သင်၏ အစီအစဉ်များအားလုံးကို အလွန်ရှင်းလင်းစွာ သိမြင်နိုင်ကာ ဤကိစ္စရပ်က သူ၏ လက်ထဲတွင် လုံးလုံးလျားလျား ရှိကြောင်းတို့ကို သင် သဘောပေါက်လိမ့်မည်။ ဤအတွေ့အကြုံဖြင့်၊ သင်၏ စိတ်နှလုံးသည် မသိလိုက်ဘဲ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော မှန်ကန်သည့် ထိုးထွင်းအမြင်နှင့် အသိတို့ စတင်ရှိလာလိမ့်မည်။ မည်သည့် ထိုးထွင်းအမြင်နှင့် အသိတို့ ဖြစ်သနည်း။ ဘုရားသခင်သည် ထိုအရာကို သင့်အား ပေးနေသည့်သူဖြစ်သည်။ ထိုအရာကို ဘုရားသခင်က သိမ်းယူလိုလျှင်၊ ဘုရားသခင်ကို သင် မည်မျှ ကျိုးနွံနာခံသည်ဖြစ်စေ၊ ဘုရားသခင်ကို သင် မည်မျှ သိကျွမ်းသည်ဖြစ်စေ အရေးမကြီးပေ။ ထိုအရာကို သူ သိမ်းယူသင့်လျှင်၊ သိမ်းယူလိမ့်မည် ဖြစ်သည်။ အားလုံးက သူ၏ လက်ထဲတွင်ရှိသည်။ အားလုံးကို သူက စီမံထားခြင်းဖြစ်ပြီး အားလုံးကို သူ စီစဉ်ထားခြင်း ဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင် ရွေးချယ်မှု မရှိသင့်ပေ။ ဤအချိန်တွင်၊ သင်၏ အစီအစဉ်များ၊ တွက်ချက်မှုများနှင့် ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တို့သည် သင်၏ စိတ်နှလုံးတွင် အဓိကနေရာကို ယူလိမ့်မည်ဦးမည်လော။ ယူလိမ့်မည် မဟုတ်ပါ။ ဤလူသား အစီအစဉ်များနှင့် တွက်ချက်မှုများသည် မသိလိုက်ဘဲ လျော့ပါးသွားလိမ့်မည်ဖြစ်ပြီး၊ ယင်းတို့ကို သင် စွန့်လွှတ်လိမ့်မည်။ ဤအရာများ မည်သို့ အစားထိုးခံရသနည်း။ သင့်အတွက် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တွေ့ကြုံခြင်းသည် သူ၏ အချုပ်အခြာအာဏာကို တွေ့မြင်ခြင်းနှင့် ညီမျှသည်။ သင့်ထံမှ ဤအရာများကို သူ အဘယ်ကြောင့် သိမ်းယူခဲ့သည်ကို ဘုရားသခင် မပြောသော်လည်း၊ သင်သည် မသိလိုက်ဘဲ နားလည်လိမ့်မည်။ ဘုရားသခင်သည် သင့်ကို ချမ်းသာကြွယ်ဝမှုများစွာဖြင့် ကောင်းချီးပေးလျက် ဥစ္စာပစ္စည်းတစ်မျိုးဖြင့် ကောင်းချီးပေးလျှင်၊ ထိုသို့ အဘယ်ကြောင့် သူ လုပ်ဆောင်သည်ကို သင့်အား သူ မပြောပြပေ။ သို့သော် သင်၏ စိတ်နှလုံးတွင် ခံစားချက်တစ်ခု သင် ရှိပြီး၊ ဤသည်မှာ လူတစ်ဦးက ရယူနိုင်သည့်အရာတစ်ခု မဟုတ်ဘဲ ဘုရားသခင်ထံမှ ကောင်းချီးတစ်ခုဖြစ်သည်ကို သင် သိလေသည်။ တစ်နေ့တွင်၊ အချို့သော အရာများကို သိမ်းယူခြင်းခံရပြီး၊ ယင်းမှာ ဘုရားသခင်ထံမှ လာသည်ကို သင်၏ စိတ်နှလုံးတွင် သင် ရှင်းလင်းစွာ သိလိမ့်မည်။ ဤအရာကို သင် ရှင်းလင်းစွာ သိသည့်အခါ၊ သင် လျှောက်သည့် ခြေလှမ်းတိုင်း၊ သင် အသက်ရှင်သည့် နေ့ရက်တိုင်းနှင့် သင် ကျော်လွန်သည့် နှစ်ကာလတိုင်းတွင် ဘုရားသခင်က သင့်ကို လမ်းပြနေသည်ကို သင် ခံစားရလိမ့်မည် မဟုတ်လော။ ဘုရားသခင်က သင့်ကို လမ်းပြသည်နှင့်အမျှ၊ သင်သည် သူနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံလာပြီးဖြစ်ကြောင်း၊ နေ့စဉ် သူနှင့် သင် ဆက်ဆံရကြောင်း၊ နေ့တိုင်းတွင် သင်သည် အသစ်သော အသိပညာ ရှိပြီး၊ နှစ်တိုင်းတွင် သင်သည် ကြီးမားသော အကျိုးခံစားရခြင်းရျိကြောင်းကို သင် မသိလိုက်ဘဲ ခံစားမိလိမ့်မည်။ မသိလိုက်ဘဲနှင့်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် သင်၏ သိနားလည်မှုသည် ယခင်ထက် တိုး၍ နက်နဲလာလိမ့်မည်။ ဤအဆင့်တွင် သင် အတွေ့အကြုံရှိသည်အခါ၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် နေရာတစ်ခု ရှိသည် မဟုတ်လော။ ဘုရားသခင်က သင်၏ စိတ်နှလုံးတွင် နေရာတစ်ခု ရှိလျှင်၊ သင့်ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသည်။ ထို့ကြောင့် အခြားအရာတစ်ခုတလေ သို့မဟုတ် အတွေးတစ်ခုတလေ သို့မဟုတ် သဘောတရားတစ်ခုတလေက သင့်ကို အထင်အမြင်မှားစေနိုင်မည်လော၊ သင့်ကို စိတ်ရှုပ်ထွေးစေနိုင်မည်လော သို့မဟုတ် သင့်ကို ဘုရားသခင်အား စွန့်ခွာစေနိုင်မည်လော။ မဖြစ်နိုင်ပေ။ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သည့် အသိရှိလျှင်သာ၊ သင်၏ စိတ်နှလုံးတွင် သမ္မာတရားက သူ့ဘာသာ အမြစ်တွယ်ပြီးဖြစ်လျှင်သာ၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် အစဉ်ထာဝရ နေထိုင်နိုင်သည်။ သမ္မာတရားသည် သင်၏ စိတ်နှလုံးတွင် အမြစ်ချခြင်းမရှိလျှင်၊ ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ ရှိနိုင်သလော။ သေချာပေါက် မရှိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် ကင်းကွာနိုင်ပြီး သူ့ကို အချိန်မရွေး သစ္စာဖောက်နိုင်သောကြောင့် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ဘဝများကို လမ်းညွှန်ရန် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများ၊ အယူအဆများ၊ အစီအစဉ်များ၊ တွက်ချက်မှုများနှင့် စိတ်ဆန္ဒများကို အမြဲ အသုံးပြုလျှင်၊ ဘုရားသခင်နှင့်ဆိုင်သည့် ဤအသိပညာကို ၎င်းတို့ ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ထို့ကြောင့်၊ ယောဘကဲ့သို့ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းအား စွမ်းဆောင်ရရှိရန်အလို့ငှာ၊ သင်၏ အတွေ့အကြုံနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းက မှန်ကန်ရမည်။ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတွင် အမှားတစ်ခုရှိလျှင်၊ သင်၏ ယုံကြည်ခြင်း သို့မဟုတ် အလိုဆန္ဒက မည်မျှ ကြီးမားသည်ဖြစ်စေ၊ အသုံးမဝင်ပေ။ သင်၏ ရည်မှန်းချက်များက မည်မျှ မြင့်မားကောင်းမြင့်မားနိုင်သည်ဖြစ်စေ၊ အသုံးမဝင်ပေ။ ဘဝ၏ အရေးကိစ္စများစွာတွင် လူတို့၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများက အမှားရှိကြသည်။ အပြင်ပန်းတွင်၊ လူတို့သည် ၎င်းတို့တွင် မြင့်မားသည့် သန္နိာန်ရှိကြသည့်အလား၊ ၎င်းတို့၏ စိတ်နှလုံးက စိတ်အားထက်သန်မှုအပြည့်ရှိကြသည့်အလား၊ များစွာ ဆင်းရဲဒုက္ခခံနိုင်ကြပြီး ကြီးမားသည့် အဖိုးအခပေးနိုင်ကြသည့်ပုံပေါ်ကြသည်။ သို့သော် စုဆောင်းထားသည့် အတွေ့အကြုံများစွာရှိပြီးနောက်တွင်၊ အဆုံး၌၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များအပေါ် အတွေ့အကြုံဆိုင်ရာ အသိပညာကို ၎င်းတို့ မရရှိကြသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှု နည်းလမ်းများက အမှားရှိပြီး၊ ၎င်းတို့၏ ခံစားချက်အရ အသိ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအပြင်၊ ၎င်းတို့၏ အစီအစဉ်များက ဦးဆောင်သောကြောင့် ဖြစ်သည်။ ဤအရာများက ဦးဆောင်သောကြောင့် ဘုရားသခင်သည် ၎င်းတို့ထံမှ ကွယ်ဝှက်လေသည်။ ဘုရားနှုတ်ကပတ်တော်များက၊ “ငါသည် သန့်ရှင်းသော နိုင်ငံထံသို့ ပေါ်ထွန်းပြီး ညစ်ညူးသောပြည်ထံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်သည်”ဟု ဆိုသည်။ “ညစ်ညူးသောပြည်”က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ထိုအရာက လူတို့၏ အမျိုးမျိုးသော စိတ်ဆန္ဒများ၊ အစီအစဉ်များနှင့် စိတ်ပိုင်းဖြတ်မှုများကို ရည်ညွှန်းသည်။ မှန်သည်ဟု ၎င်းတို့ တွေးထင်သည့် ၎င်းတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကိုပင် ရည်ညွှန်းသည်။ ဤအရာများက သင့်အပေါ် ဘုရားသခင် အမှုမပြုအောင် တားဆီးပြီး၊ ယင်းတို့သည် သင့်ကို လုံးဝ ပိတ်ပင်လျက် သင်၏ မျက်နှာရှေ့က နံရံတစ်ခုကဲ့သို့ဖြစ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို လုံးဝ မမြင်နိုင်ပေ။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင် မမြင်နိုင်၊ သို့မဟုတ် မတွေ့ကြုံနိုင်လျှင်၊ သူ၏ အချုပ်အခြာအာဏာကို သင် သိရှိလာနိုင်သလော။ (သိရှိမလာနိုင်ပါ။) ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင် မည်သည့်အခါတွင်မျှ သိရှိမလာနိုင်ပေ။

သူ၏ သားသမီးများကို ကိုင်တွယ်ဖြေရှင်းသည့်အခါ ယောဘ ထားရှိသည့် သဘောထားကို လာကြည့်ကြစို့။ ယောဘသည် ယေဟောဝါကို ကြောက်ရွံ့သော်လည်း သူ၏ သားသမီးများက ဘုရားသခင်ကို မယုံကြည်ခဲ့ကြပေ။ ဤသည်မှာ ယောဘအတွက် အလွန်ရှက်ဖွယ်ဖြစ်သည်ဟု အပြင်လူတို့က တွေးထင်ကြမည်မဟုတ်လော။ လူ၏ အယူအဆများအရ၊ ယောဘသည် ဂုဏ်မြင့်သော မိသားစုမှဖြစ်ပြီး၊ သူသည် ယေဟောဝါ ဘုရားသခင်ကို ကြောက်ရွံ့သော်လည်း သူ၏ သားသမီးများက ဘုရားသခင်ကို မယုံကြည်သောကြောင့် သူသည် ရိုသေလေးစားဖွယ်ရာ မရှိပေ။ ဤရိုသေလေးစားဖွယ်ရာရှိခြင်းနှင့်ဆိုင်သော အယူအဆသည် လူသား အလိုဆန္ဒ၊ လူသား တစ်ဇောက်ကန်းဖြစ်ခြင်းမှ လာသည် မဟုတ်လော။ လူတို့က၊ “ဤသည်မှာ လုံးဝ လေးစားဖွယ်မကောင်းပါ။ ဘုရားသခင်ကို သူတို့ ယုံကြည်စေဖို့ ငါ နည်းလမ်းတစ်ခု စဉ်းစားပြီး ငါ၏ ရိုသေလေးစားဖွယ်ဖြစ်ခြင်းကို ပြန်ရယူရမည်”ဟု စဉ်းစားကောင်းစဉ်းစားနိုင်သည်။ ဤသည်မှာ လူသား အလိုဆန္ဒမှ ပေါက်ဖွားသည် မဟုတ်လော။ ဤသည်မှာ ယောဘ လုပ်ဆောင်ခဲ့သည့်အရာ မဟုတ်လော။ (မဟုတ်ပါ။) ထိုအရာကို သမ္မာကျမ်းစာတွင် မည်သို့ မှတ်သားထားသနည်း။ (ယောဘသည် ယဇ်ပူဇော်ပြီး သူတို့အတွက် ဆုတောင်းပေးခဲ့ပါသည်။) ယောဘသည် သူတို့အတွက် ယဇ်ပူဇော်ပြီး ဆုတောင်းရုံဆုတောင်းခဲ့သည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ယောဘက လက်တွေ့လုပ်ဆောင်နေသည့် စည်းမျဉ်းများကို သင်တို့ မြင်နိုင်သလော။ ယောဘက သူ့သားသမီးများ၏ ပျော်ပွဲရွှင်ပွဲကို တားဆီးခဲ့ခြင်း သို့မဟုတ် နှောင့်ယှက်ခဲ့ခြင်း ရှိမရှိကို ငါတို့ မသိကြသော်လည်း၊ သူ သေချာပေါက် မပါဝင်ခဲ့ပေ။ ၎င်းတို့အတွက် သူ ယဇ်သာပူဇော်ပေးခဲ့သည်။ သူက၊ “ယေဟောဝါ ဘုရားသခင်၊ သူတို့ကို တို့ထိတော်မူပါ၊ ကိုယ်တော့်ကို ယုံကြည်စေပြီး ကိုယ်တော်၏ ကျေးဇူးတော်ကို ရရှိစေပါ။ ကျွန်ုပ် ပြုသည့်အတိုင်း သူတို့ကို ကိုယ်တော့်ကို ကြောက်ရွံ့စေပြီး မကောင်းမှုကို ရှောင်ကြဉ်စေပါ”ဟု တစ်ကြိမ်တစ်ခါမျှ ဆုတောင်းခဲ့သလော။ ဤသို့ သူ တစ်ကြိမ်တစ်ခါမျှ ဆုတောင်းခဲ့သလော။ သမ္မာကျမ်းစာက ထိုသို့သော မှတ်တမ်း မပါရှိပေ။ ယောဘ၏ ဆောင်ရွက်ပုံနည်းလမ်းမှာ ၎င်းတို့နှင့် ကင်းအောင်နေခြင်း၊ ယေဟောဝါ ဘုရားသခင်ကို ၎င်းတို့ ပြစ်မှားမိမည်စိုးသဖြင့်၊ ၎င်းတို့အတွက် ယဇ်ပူဇော်ပေးခြင်းနှင့် စိုးရိမ်ပေးခြင်းတို့ ဖြစ်သည်။ ယောဘသည် ဤအရာများကို လက်တွေ့လုပ်ဆောင်ခဲ့သည်။ သူ၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများမှာ အဘယ်နည်း။ သူသည် ၎င်းတို့ကို ဖိအားမပေးခဲ့ပေ။ သို့ဆိုလျှင် ယောဘသည် ဘုရားသခင်ကို သူ၏ သားသမီးများ ယုံကြည်ရန် အလိုရှိသလော၊ အလိုမရှိသလော။ ၎င်းတို့ ယုံကြည်ရန် သူ အလိုရှိသည်မှာ အမှန်ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သည့် ဖခင်တစ်ဦးအနေဖြင့်၊ မိမိ၏ သားသမီးများက ဘုရားသခင်ကို လေးနက်စွာ ယုံကြည်ခြင်းမရှိဘဲ လောကကို ဤသို့ ဖက်တွယ်သည်ကို မြင်ရခြင်းသည် သူ့ကို အလွန်ဝမ်းနည်းစေခဲ့မည် ဖြစ်သည်။ သူသည် သူ၏ သားသမီးများက ဘုရားသခင်ရှေ့သို့ လာရန်၊ သူကဲ့သို့ပင် ယဇ်ပူဇော်ရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို လက်ခံရန် အလိုရှိခဲ့သည်မှာ သေချာသည်။ ဤသည်မှာ ရိုသေလေးစားဖွယ်ဖြစ်ခြင်းနှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်။ မိဘတစ်ဦး၏ တာဝန်ဖြစ်သည်။ သို့သော် သူ၏ သားသမီးများသည် ယုံကြည်ရန် မရွေးချယ်ခဲ့ကြသကဲ့သို့၊ ဖခင်တစ်ဦးအနေဖြင့်၊ ယောဘသည် ၎င်းတို့ကို ဖိအားမပေးခဲ့ပေ။ ယင်းမှာ သူ၏ သဘောထား ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သူ လုပ်ဆောင်ခဲ့သနည်း။ သူသည် ၎င်းတို့ကို ကန်ကျောက်ကာ အော်ဟစ်လျက် တရွတ်တိုက် ဆွဲခေါ်ခဲ့သလော သို့မဟုတ် ၎င်းတို့ကို ဖျောင်းဖျရန် ကြိုးစားခဲ့သလော။ (မကြိုးစားခဲ့ပါ။) သေချာပေါက် မကြိုးစားခဲ့ပေ။ အလွန်ဆုံးအနေဖြင့်၊ သူသည် တိုက်တွန်းခွန်အားပေးသည့် စကားအနည်းငယ်ကို ရံဖန်ရံခါ ပြောဆိုခဲ့ပြီး၊ သူ၏ သားသမီးများက နားမထောင်ကြသည့်အခါ၊ သူ လက်လျှော့လိုက်သည်။ မည်သည့်အရာကိုမျှ အကန့်အသတ် ဘောင်ကျော်လွန်းစွာ မလုပ်ဆောင်ရန် ၎င်းတို့ကို သူ ပြောပြီးနောက် လူအသီးသီးက မိမိတို့ကိုယ်ပိုင်ဘဝကို အသက်ရှင်နေထိုင်လျက် ပြတ်သားသည့် စည်းကိုသတ်မှတ်ရင်း ၎င်းတို့နှင့် သူ ခွဲနေခဲ့သည်။ ယေဟောဝါ ဘုရားသခင်ကို ၎င်းတို့ ပုန်ကန်ပြစ်မှားမိမည်ကို ကြောက်သောကြောင့် ယောဘက ၎င်းတို့အတွက် ယဇ်ပူဇော်ပေးခဲ့သည်။ သူသည် ၎င်းတို့၏ နေရာတွင် ယဇ်ပူဇော်ခဲ့ခြင်း မဟုတ်။ သူ့ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသောကြောင့် ထိုအရာကို သူ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယောဘသည် ၎င်းတို့အပေါ် ဖိအားမပေးခဲ့သကဲ့သို့ ၎င်းတို့ကို ကန်ကျောက်ကာ အော်ဟစ်လျက် တရွတ်တိုက်ဆွဲခြင်း မရှိသည့်အပြင်၊ “ဤသည်တို့မှာ ငါ၏ သားသမီးများဖြစ်သည်။ ဘုရားသခင်က လူအနည်းငယ် နောက်ထပ် ရနိုင်ရန်အလို့ငှာ ဘုရားသခင်ကို ယုံကြည်အောင် သူတို့ကို ငါ လုပ်ရမည်”ဟုလည်း မပြောခဲ့ပေ။ ဤအရာကို သူ မပြောခဲ့သကဲ့သို့ ထိုသို့သော အစီအစဉ် သို့မဟုတ် တွက်ချက်မှုတစ်ခုမျှ သူ မရှိခဲ့သည့်အပြင်၊ ဤသို့ ပြုမူဆောင်ရွက်ခဲ့ခြင်းလည်း မရှိပေ။ ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် လူသား အလိုဆန္ဒမှ လာသည်ကို၊ ဘုရားသခင် မနှစ်သက်သည်ကို သူ သိခဲ့သည်။ ယောဘသည် သူ၏ သားသမီးများကို တိုက်တွန်းရုံတိုက်တွန်းခဲ့ပြီး၊ ၎င်းတို့အတွက် ဆုတောင်းခဲ့သည်။ သို့သော် သူသည် ၎င်းတို့ကို ဖိအားပေးခြင်း မရှိခဲ့၊ သို့မဟုတ် ၎င်းတို့ကို ကန်ကျောက်ကာ အော်ဟစ်လျက် တရွတ်တိုက်ဆွဲခြင်း မရှိခဲ့ပေ။ သူသည် ရှင်းရှင်းလင်းလင်း ခွဲနေခဲ့သည်။ ဤသည်မှာ ယောဘ၏ ဆင်ခြင်တုံတရားဖြစ်ခဲ့ပြီး၊ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းတစ်ခုလည်း ဖြစ်ခဲ့သည်။ ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမည့် အရာတစ်ခုတလေကို လုပ်ဆောင်ရန် လူသား အလိုဆန္ဒ သို့မဟုတ် ကောင်းမွန်သည့် ရည်ရွယ်ချက်များပေါ် မှီခိုခြင်း မရှိနှင့်ဟူ၍ ဖြစ်သည်။ ထို့အပြင်၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခဲ့ခြင်း မရှိသကဲ့သို့ ဘုရားသခင်က ၎င်းတို့ကို မတို့ထိခဲ့ပေ။ ယောဘက ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ခဲ့သည်။ “ဘုရားသခင်သည် သူတို့အပေါ် အမှုပြုခြင်း မရှိသောကြောင့် သူတို့အတွက် ငါ ဆုတောင်းမည် မဟုတ်ပါ။ ဘုရားသခင်အပေါ် မည်သည့်အရာမျှ ငါ တောင်းဆိုမည်မဟုတ်သကဲ့သို့ ဤကိစ္စရပ်တွင် ဘုရားသခင်ကို ငါ မပုန်ကန်မပြစ်မှားချင်ပါ”ဟူ၍ ဖြစ်သည်။ သူ၏ သားသမီးများ ကယ်တင်ခံရဖို့၊ ယေဟောဝါရှေ့သို့ ၎င်းတို့ လာပြီး ကောင်းချီးခံစားရဖို့ မျက်ရည်စက်လက်ဖြင့် သူ လုံးဝ ဆုမတောင်းခဲ့၊ အစာမရှောင်ခဲ့ပေ။ သူသည် ဤသို့ လုံးဝ ပြုမူခဲ့ခြင်း မရှိပေ။ ဤသို့ ပြုမူခြင်းက ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမည်ဖြစ်ကြောင်းနှင့် ဘုရားသခင်က နှစ်သက်မည်မဟုတ်ကြောင်းကို သူ သိခဲ့သည်။ ဤအသေးစိတ်အချက်များမှ မည်သည့်အရာကို သင် မြင်နိုင်သနည်း။ ယောဘ၏ ကျိုးနွံနာခံခြင်းသည် စစ်မှန်သလော။ (စစ်မှန်ပါသည်။) သာမန်လူသည် ဤကျိုးနွံနာခံမှုမျိုး စွမ်းဆောင်ရရှိနိုင်သလော။ သာမန်လူက မရရှိနိုင်ပေ။ သားသမီးများသည် ၎င်းတို့ မိဘများ၏ တန်ဖိုးအထားရဆုံး ရတနာများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့က ဤသို့ပျော်ကြသည့်အခါ၊ ဘုရားသခင် ရှေ့မှောက်သို့ မလာဘဲ၊ ဆိုးယုတ်သည့် ရေပန်းစားမှုများနောက်လိုက်ကြပြီး ဘုရားသခင်ကို ယုံကြည်ကာ ကယ်တင်ခံရမည့် ၎င်းတို့၏ အခွင့်အရေး ဆုံးရှုံးသည်ကို၊ ပြီးလျှင် ထာဝရပြစ်ဒဏ်ခံရသောအဖြစ်သို့ နစ်မြုပ်သွားနိုင်ပြီး ဖျက်ဆီးခံရမည်ကို မြင်ရခြင်း - ဤသည်မှာ သာမန်လူအတွက် စိတ်ပိုင်းဆိုင်ရာအရ အောင်မြင်ကျော်လွှားရန် အလွန်ခက်ခဲသော ဒုက္ခတစ်ခု ဖြစ်သည်။ သို့သော ယောဘက ထိုအရာကို ဖြစ်မြောက်အောင် လုပ်နိုင်ခဲ့သည်။ သူသည် တစ်ခုတည်းသောအရာကိုသာ လုပ်ဆောင်ခဲ့သည်။ ယင်းမှာ ၎င်းတို့အတွက် မီးရှို့ရာယဇ်ပူဇော်ကာ မိမိစိတ်နှလုံးတွင် စိုးရိမ်ပူပန်ခြင်း ဖြစ်သည်။ ထိုမျှသာဖြစ်၏။ သူ၏ သားသမီးများသည် သူ အမြတ်နိုးဆုံးသော သွေးသားများ ဖြစ်သော်လည်း၊ ၎င်းတို့အတွက် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမည့် မည်သည့်အရာကိုမျှ သူ အပိုမလုပ်ခဲ့ပေ။ ယောဘ၏ ဤလက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းကို သင် မည်သို့ တွေးထင်သနည်း။ ထိုအရာက သူ့ထံတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိကြောင်းနှင့် သူသည် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခဲ့ကြောင်း ပြသည်။ သူ့သားသမီးများ၏ အနာဂတ်နှင့်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ၊ သူသည် လုံးဝ ဆုမတောင်းခဲ့သကဲ့သို့ လူသား အလိုဆန္ဒပေါ် အခြေခံသည့် မည်သည့် ဆောင်ရွက်ပုံနည်းလမ်းကိုမျှ အသုံးမပြုခဲ့ပေ။ သူသည် မိမိကိုယ်တိုင် မသွားဘဲ သူ၏ အစေခံများကို အချို့သော အရာများ လုပ်ဆောင်ရန် စေလွှတ်ရုံစေလွှတ်ခဲ့သည်။ ဤပျော်ပွဲရွှင်ပွဲတွင် သူ မပါဝင်ရသည့် အကြောင်းရင်းမှာ သူသည် ဤအရာများဖြင့် ညစ်ညမ်းခြင်းခံရန် မလိုလားခဲ့သောကြောင့်ဖြစ်ပြီး၊ ထို့အပြင် ၎င်းတို့နှင့် သူ မရောချင်ခဲ့ပေ။ ၎င်းတို့နှင့် ရောနှောခြင်းအားဖြင့် သူသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားမိမည် ဖြစ်သည်။ ထို့ကြောင့် သူသည် ဆိုးယုတ်သော နေရာများနှင့် ကင်းအောင်နေခဲ့သည်။ ယောဘ၏ လက်တွေ့လုပ်ဆောင်မှုများအတွက် သီးသန့် အသေးစိတ်အချက်များ ရှိသလော။ ပထမဆုံး၊ သူ၏ သားသမီးများကို သူ ဆက်ဆံပုံအကြောင်း ပြောကြစို့။ သူ၏ ရည်မှန်းချက်မှာ အရာခပ်သိမ်းတွင် ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန် ဖြစ်သည်။ သူသည် ဘုရားသခင် မလုပ်ဆောင်ခဲ့သည့် အရာများကို ဖိအားပေးရန် မကြိုးစားခဲ့သကဲ့သို့၊ လူသား အလိုဆန္ဒများပေါ်အခြေခံ၍ တွက်ချက်မှုများနှင့် အစီအစဉ်များ မရှိခဲ့ပေ။ သူသည် အရာခပ်သိမ်းတွင် ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုများကို နားထောင်ကာ စောင့်ဆိုင်းခဲ့သည်။ ဤသည်မှာ ယေဘုယျစည်းမျဉ်းတစ်ခု ဖြစ်သည်။ အသေးစိတ်ကျသော လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းများမှာ အဘယ်အရာများဖြစ်ခဲ့သနည်း။ (သူ၏ သားသမီးများ ပျော်ကြချိန်တွင် သူ မပါဝင်ခဲ့ပါ။ သူသည် ၎င်းတို့နှင့် ကင်းအောင်နေခဲ့ပြီး၊ ၎င်းတို့အတွက် မီးရှို့ရာယဇ်များ ပူဇော်ခဲ့သော်လည်း ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ရန် မရမက မတောင်းဆိုခဲ့သကဲ့သို့ ၎င်းတို့ကို ကန်ကျောက်ကာ အော်ဟစ်လျက် တရွတ်တိုက်မဆွဲခဲ့ဘဲ ၎င်းတို့နှင့် ရှင်းရှင်းလင်းလင်း ခွဲနေခဲ့သည်။) ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်း ဖြစ်သည်။ သာမန်လူသည် ဤကိစ္စရပ်ကို ကြံရသည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်သနည်း။ (၎င်းတို့သည် မိမိတို့ သားသမီးများက ဘုရားသခင်ကို ယုံကြည်ရန် ဘုရားသခင်ထံ ဆုတောင်းကြသည်။) အခြား မည်သည့်အရာ ရှိသေးသနည်း။ ဘုရားသခင်က ထိုအရာကို မလုပ်ဆောင်လျှင်၊ ၎င်းတို့သည် မိမိတို့ သားသမီးများက ကောင်းချီးခံစားရရန်အလို့ငှာ ဘုရားကျောင်းသို့ တရွတ်တိုက်ဆွဲခေါ်သွားကြသည်။ ၎င်းတို့က ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ခြင်းနှင့်ဆိုင်သည့် ကြီးမားသော အကျိုးကျေးဇူးကို ရရှိပြီးဖြစ်ကာ ၎င်းတို့ သားသမီးများက မရရှိကြသေးသည်ကို မြင်သောကြောင့် ၎င်းတို့ စိတ်နှလုံးတွင် နာကျင်ခံစားပြီး ဝမ်းပန်းတနည်း ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့သားသမီးများအား ဤအကျိုးကျေးဇူးကို ဆုံးရှုံးမသွားစေချင်ကြသောကြောင့် မိမိတို့၏ သားသမီးများကို ဘုရားကျောင်းသို့ ဆွဲခေါ်ရမည့် နည်းလမ်းကို ရှာတွေ့ရန် ကြိုးစားရင်း ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ ဤအရာက ၎င်းတို့၏ မိဘဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းခြင်းနှင့် ညီမျှသည်ဟု တွေးထင်နေကြသည်။ ၎င်းတို့၏ သားသမီးများက သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်း ရရှိနိုင်ခြင်း ရှိမရှိဆိုသည်ကို ၎င်းတို့ အမှန်တကယ် အရေးမစိုက်ကြပေ။ ယောဘသည် ဤအရာကို မလုပ်ဆောင်ခဲ့ဘဲ သာမန်လူက ထိုအရာကို လုပ်နိုင်စွမ်း မရှိပေ။ အဘယ်ကြောင့် လုပ်နိုင်စွမ်းမရှိသနည်း။ (လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ခံစားချက်များပေါ် အခြေခံ၍ ပြုမူဆောင်ရွက်ကြပါသည်။) လူအများစုက ဤသို့ ပြုမူဆောင်ရွက်ခြင်းသည် ဘုရားသခင်ကို ပုန်ကန်ပြစ်မှားခြင်း ရှိမရှိဟူသည်ကို မည်သို့မျှ ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ၎င်းတို့၏ ဦးစားပေးမှာ မိမိတို့ကိုယ်ကိုယ် စိတ်ကျေနပ်စေရန်၊ ၎င်းတို့၏ ခံစားချက်များကို ဂရုစိုက်ရန်နှင့် မိမိ၏ ကိုယ်ပိုင် စိတ်ဆန္ဒများကို ဖြည့်ဆည်းရန် ဖြစ်သည်။ ဘုရားသခင်က အမှုအရာများအပေါ် မည်သို့ အချုပ်အခြာအာဏာ စွဲကိုင်သည် သို့မဟုတ် စီစဉ်သည်၊ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်၊ သူ၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်တို့ကို ၎င်းတို့ ထည့်မတွက်ကြပေ။ မိမိတို့ကိုယ်ပိုင် စိတ်ဆန္ဒများ၊ မိမိတို့ကိုယ်ပိုင် ခံစားချက်များ၊ မိမိတို့ကိုယ်ပိုင် ကြံရွယ်ချက်များနှင့် မိမိတို့ကိုယ်ပိုင် အကျိုးအမြတ်များကိုသာ ၎င်းတို့ ထည့်တွက်ကြသည်။ ယောဘက သူ၏ သားသမီးများကို မည်သို့ ဆက်ဆံသနည်း။ ၎င်းတို့ကို ဧဝံဂေလိမျှဝေပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ပေးရင်း ဖခင်တစ်ဦးအဖြစ် သူ၏တာဝန်ကိုသာ ဖြည့်ဆည်းသည်။ သို့ရာတွင် ၎င်းတို့က သူ့ကို နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ ၎င်းတို့က နာခံသည်ဖြစ်စေ၊ မနာခံသည်ဖြစ်စေ ယောဘက ၎င်းတို့ကို ဘုရားသခင်အား ယုံကြည်ရန် အတင်းအဓမ္မမစေခိုင်းပေ။ သူသည် ၎င်းတို့ကို ကန်ကျောက်အော်ဟစ်ပြီး ဆွဲမခေါ်ပေ၊ သို့မဟုတ် ၎င်းတို့၏ ဘဝကို ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ၎င်းတို့၏ အယူအဆများနှင့် ထင်မြင်ချက်များသည် သူ၏ကိုယ်ပိုင် အယူအဆ၊ ထင်မြင်ချက်တို့နှင့် ကွဲပြားသည်။ ထို့ကြောင့် သူသည် ၎င်းတို့ လုပ်ဆောင်သည့်အရာကို ဝင်ရောက်မစွက်ဖက်ပေ။ ၎င်းတို့က မည်သည့်လမ်းကြောင်းအမျိုးအစားကို လျှောက်နေသည်ကို ဝင်ရောက်မစွက်ဖက်ပေ။ ယောဘက သူ၏ သားသမီးများကို ဘုရားသခင်အားယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ပြောဆိုခြင်းနည်းပါးသလော။ သူသည် ၎င်းတို့အား ဤအရာနှင့်ပတ်သက်၍ သေချာပေါက် လုံလောက်စွာ ပြောဆိုပြီးဖြစ်လိမ့်မည်။ သို့သော် ၎င်းတို့က နားထောင်ရန် ငြင်းဆန်ပြီး လက်မခံကြပေ။ ဤအရာအပေါ် ယောဘ၏ သဘောထားက အဘယ်နည်း။ “ငါ့တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်။ မည်သည့်လမ်းကြောင်းမျိုးကို ၎င်းတို့လျှောက်ကြသည်နှင့် ပတ်သက်ပြီး ၎င်းတို့ရွေးချယ်သည့်အရာအပေါ် မူတည်သည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအပေါ် မူတည်သည်။ ဘုရားသခင်က ၎င်းတို့အပေါ် အလုပ်မလုပ်လျှင်၊ သို့မဟုတ် မတို့ထိလျှင် ၎င်းတို့ကို အတင်းအဓမ္မစေခိုင်းဖို့ ငါ ကြိုးစားမည်မဟုတ်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ယောဘက ဘုရားရှေ့တွင် ၎င်းတို့အတွက် ဆုမတောင်းခဲ့ပေ၊ သို့မဟုတ် ၎င်းတို့အတွက် မချိတင်ကဲဝေဒနာဖြင့် မငိုပေ၊ သို့မဟုတ် ၎င်းတို့အတွက် အစာမရှောင်ပေ၊ သို့မဟုတ် မည်သည့်နည်းလမ်းဖြင့်မျှကို ဒုက္ခမခံပေ။ ဤအရာများကို သူ မလုပ်ဆောင်ပေ။ ယောဘက ဤအရာများကို အဘယ်ကြောင့်တစ်ခုမျှ မလုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာများထဲမှ မည်သည့်အရာကမျှ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းနည်းလမ်းများ မဟုတ်သောကြောင့်ဖြစ်သည်။ ၎င်းတို့အားလုံးသည် လူသားအယူအဆများမှ ထွက်ပေါ်လာပြီး ကိစ္စရပ်များကို တက်ကြွစွာ ဖိအားပေးသည့် နည်းလမ်းများဖြစ်သောကြောင့်တည်း။ ယောဘ၏ သားသမီးများသည် သူကဲ့သို့ပင် တူညီသောလမ်းကြောင်းကို မလျှောက်ခဲ့ကြသည့်အခါ၊ ဤသည်မှာ သူ၏ သဘောထားဖြစ်သည်။ ထို့ကြောင့် သူ၏ သားသမီးများ သေဆုံးကြသောအခါ၊ သူ၏ သဘောထားမှာ မည်သည့်အရာဖြစ်ခဲ့သနည်း။ သူ ငိုကြွေးခဲ့သလော၊ မငိုကြွေးခဲ့သလော။ သူ၏ ခံစားချက်များကို သူ ဖွင့်ထုတ်ခဲ့သလော။ သူ ထိခိုက်ခံစားခဲ့သလော။ သမ္မာကျမ်းစာတွင် ဤအရာများနှင့်သက်ဆိုင်၍ မည်သည့် မှတ်တမ်းမျှ မပါရှိပေ။ ယောဘက သူ၏ သားသမီးများ သေဆုံးကြသည်ကို မြင်သည့်အခါ၊ နှလုံးကြေကွဲခဲ့သလော သို့မဟုတ် ဝမ်းနည်းခဲ့သလော။ (နှလုံးကြေကွဲ ဝမ်းနည်းခဲ့ပါသည်။) သူ၏ သားသမီးများအတွက် သူ ခံစားရသည့် ချစ်ခင်မှုအရ စကားပြောရလျှင်၊ သူသည် ထိုဝမ်းနည်းမှုကို အနည်းငယ်မျှ သူ သေချာပေါက်ခံစားခဲ့ရသော်လည်း ဘုရားသခင်ကို သူ ကျိုးနွံနာခံနေဆဲ ဖြစ်သည်။ သူ၏ ကျိုးနွံနာခံခြင်းကို မည်သို့ ဖော်ပြခဲ့သနည်း။ သူက၊ “ဤသားသမီးများကို ဘုရားသခင်က ကျွန်ုပ်ကို ပေးထားခဲ့ခြင်း ဖြစ်သည်။ သူတို့ ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ သူတို့၏ အသက်တာများက ဘုရားလက်ထဲတွင် ရှိသည်။ ဘုရားသခင်ကို သူတို့ ယုံကြည်ခဲ့ပြီး၊ ဘုရားသခင်က သူတို့ကို သိမ်းယူလိုခဲ့လျှင်၊ ထိုသို့ သူ လုပ်ဆောင်ဦးမည်ဖြစ်သည်။ သူတို့က ဘုရားသခင်ကို မယုံကြည်လျှင်၊ သူတို့ သိမ်းယူခံရမည်ဟု ဘုရားသခင် ပြောလျှင် သူတို့ သိမ်းယူခံရဦးမည်ဖြစ်သည်။ ဤအရာအားလုံးက ဘုရားသခင် လက်တော်ထဲတွင်ရှိသည်။ မဟုတ်လျှင်၊ လူတို့၏ အသက်များကို မည်သူက သိမ်းယူနိုင်မည်နည်း”ဟူ၍ ပြောခဲ့သည်။ တိုတိုပြောရလျှင်၊ သိမ်းယူခံရမည်ဟူသည့် ဤစကားက မည်သည့်အရာကို ဆိုလိုသနည်း။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) သူသည် သူ၏ သားသမီးများကို ဆက်ဆံသည့်အခါ ဤသဘောထားကို ထိန်းသိမ်းခဲ့သည်။ ၎င်းတို့ အသက်ရှိသည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သူ ဤသဘောထား ဆက်ရှိခဲ့သည်။ သူ၏ ကျင့်သုံးမှုနည်းလမ်းသည် မှန်ကန်သည်။ သူ ကျင့်သုံးသည့် နည်းလမ်းတိုင်းတွင်၊ အရာရာကို သူ ဆက်ဆံသည့် အမြင်၊ သဘောထားနှင့် အခြေအနေတွင် သူသည် အစဉ်သဖြင့် နာခံသည့်၊ စောင့်ဆိုင်းသည့်၊ ရှာဖွေပြီးနောက် အသိပညာကိုရရှိသည့် အနေအထားနှင့် အခြေအနေတွင်ရှိသည်။ ဤသဘောထားက အလွန်အရေးကြီးသည်။ လူတို့သည် ၎င်းတို့လုပ်သမျှတွင် မည်သည့်အခါမျှ ဤသဘောထားမျိုးမရှိလျှင်၊ အလွန်ပြင်းထန်သော တစ်ကိုယ်ရေစိတ်ကူးများရှိပြီး အရာရာတွင် တစ်ကိုယ်ရေ ရည်ရွယ်ချက်များနှင့် အကျိုးအမြတ်ကို ရှေ့တန်းတင်လျှင် ၎င်းတို့သည် အမှန်တကယ် နာခံနေခြင်းဖြစ်သလော။ (မဖြစ်ပါ။) ဤသို့သောလူများတွင် စစ်မှန်သော နာခံခြင်းကို မမြင်နိုင်ပေ။ ၎င်းတို့သည် စစ်မှန်သော နာခံခြင်းကို မရရှိနိုင်ပေ။

လူအချို့သည် မိမိတို့တာဝန်ကို လုပ်ဆောင်စဉ် သမ္မာတရား စည်းမျဉ်းများ ရှာဖွေခြင်းကို အာရုံမစိုက်ကြဘဲ ထိုအစား ပြုမူဆောင်ရွက်ရန် မိမိတို့ ကိုယ်ပိုင် အလိုဆန္ဒကို အမှီပြုကြသည်။ အားကောင်းသည့် ကိုယ်ရေးကိုယ်တာ စိတ်ကူးများရှိသော တစ်စုံတစ်ဦးတွင် အတွေ့ရဆုံးသော သရုပ်သကန်မှာ အဘယ်နည်း။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ ချင့်ချိန်နိုင်သမျှအရာအားလုံးကို ချင့်ချိန်လျက်၊ လုံးစေ့ပတ်စေ့ အစီအစဉ်တစ်ခုကို ဖန်တီးရင်း၊ မိမိတို့ စိတ်ထဲတွင် အမှုအရာများကို ဦးစွာ တွက်ချက်ကြလေသည်။ ထိုအစီအစဉ်တွင် ဟာကွက်များမရှိဟု ၎င်းတို့ ခံစားရသည့်အခါ၊ မိမိတို့ ကိုယ်ပိုင် အလိုဆန္ဒနှင့်အညီ လုံးလုံးလျားလျား လက်တွေ့လုပ်ဆောင်ကြသည်။ အကျိုးဆက်မှာ ၎င်းတို့၏ အစီအစဉ်သည် အပြောင်းအလဲများကို အမီမလိုက်နိုင်သောကြောင့် တစ်ခါတစ်ရံ အမှုအရာများက မှားယွင်းသွားသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ သင်၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ပြုမူဆောင်ရွက်သည့်အခါ အမှုအရာများက မကြာခဏ မှားယွင်းသွားတတ်ပေသည်။ ထို့ကြောင့် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ လူတိုင်းက ထိုင်ပြီး သမ္မာတရားကို အတူတကွ ရှာဖွေသင့်သည်။ ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ သူ၏ လမ်းပြမှုကို တောင်းလျှောက်သင့်ပေသည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းဖြင့်၊ ၎င်းတို့၏ မိတ်သဟာယမှ ထွက်လာသည့် အရာများသည် နားလည်မှုနှင့်ပြည့်ဝပြီး၊ ရှေ့ဆက်ရမည့် လမ်းတစ်ခုကို ပေးသည်။ ထို့အပြင်၊ ဘုရားသခင်ထံ ကိစ္စရပ်များကို အပ်နှံခြင်း၊ သူ့ကို ကြည်ညိုခြင်း၊ သူ့ကို မှီခိုခြင်း၊ သင့်ကို သူ့ကို ဦးဆောင်စေခြင်းနှင့် သင့်ကို စောင့်ရှောက်ကာ ကာကွယ်စေခြင်းအားဖြင့်၊ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်၊ ပိုမိုသေချာသော တွယ်စရာကို သင် ရရှိလိမ့်မည်ဖြစ်ပြီး၊ မည်သည့် ကြီးမားသော ပြဿနာကိုမျှ သင် ကြုံရလိမ့်မည် မဟုတ်ပေ။ လူတို့က မိမိတို့ ခေါင်းများထဲတွင် အကြံထုတ်သည့်အရာများသည် အမှန်တရားများနှင့် လုံးဝ ကိုက်ညီနိုင်သလော။ ယင်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီနိုင်သလော။ ဤသည်မှာ မဖြစ်နိုင်ပေ။ သင်သည် တာဝန်ထမ်းဆောင်သောအခါတွင် ဘုရားသခင်ကို အမှီမပြု၊ အားမကိုးဘဲ၊ သင်ဆန္ဒရှိသလိုသာ လုပ်ဆောင်လျှင် သင်သည် မည်မျှတော်သည်ဖြစ်စေ ကျရှုံးသည့်အချိန်များ အစဉ် ရှိနေလိမ့်မည်။ မာနထောင်လွှားပြီး မိမိမှန်သည်ဟု မှတ်ယူသောလူများသည် ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများနောက်သို့ လိုက်လေ့ရှိသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သည့် စိတ်နှလုံးရှိသလော။ ပြင်းထန်သည့် တစ်ကိုယ်ရေ စိတ်ကူးများရှိသောလူများသည် ဘုရားသခင်ကို မေ့လျော့ကြကာ အချိန်ကျသောအခါတွင် ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းကို မေ့လျော့ကြသည်။ ၎င်းတို့သည် လမ်းဆုံးရောက်သောအခါ၊ မည်သည့်အရာကိုမျှ ပြီးမြောက်ရန် မတတ်နိုင်သောအခါတွင်မှသာ ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်း မရှိခဲ့ကြသကဲ့သို့ ဘုရားသခင်ထံ ဆုမတောင်းခဲ့ကြသည်ကို တွေးမိကြသည်။ ဤသည်မှာမည်သည့်ပြဿနာဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်မရှိခြင်း ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မရှိကြောင်း၊ ပြီးလျှင် မိမိတို့ကိုယ်တိုင်အပေါ်တွင်သာ ၎င်းတို့ မှီခိုကြကြောင်းကို ညွှန်ပြနေသည်။ ထို့ကြောင့် သင်သည် အသင်းတော်အလုပ်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ၊ ပြင်ပအရေးကိစ္စအချို့ကို ကိုင်တွယ်နေသည်ဖြစ်စေ၊ သို့မဟုတ် သင်ကိုယ်တိုင်၏ဘဝတွင် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၏ စိတ်နှလုံးတွင် စည်းမျဉ်းများရှိရမည်။ အခြေအနေတစ်ခုရှိရမည်။ မည်သည့် အခြေအနေနည်း။ “မည်သည့်အရာဖြစ်စေ၊ ကျွန်ုပ်အပေါ်တွင် တစ်စုံတစ်ရာ မဖြစ်ပျက်မီ ကျွန်ုပ် ဆုတောင်းရမည်။ ဘုရားသခင်ကို ကျွန်ုပ် ကျိုးနွံနာခံသင့်ပြီး၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသင့်သည်။ အရာရာတိုင်းကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်ပြီး၊ ထိုအရာဖြစ်ပျက်သောအခါတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျွန်ုပ်ရှာဖွေရမည်။ ကျွန်ုပ်တွင် ဤစိတ်နေစိတ်ထားရှိရမည်။ ကျွန်ုပ်၏ ကိုယ်ပိုင်အစီအစဉ်များကို မပြုလုပ်ရပေ။” ဤသို့ အချိန်အနည်းငယ် တွေ့ကြုံပြီးနောက်တွင် လူတို့သည် အမှုအရာများစွာတွင် ဘုရားသခင်၏ အချုပ်အခြာအာဏာအား မိမိတို့မြင်ရသည်ကို တွေ့ရလိမ့်မည်။ သင်သည် အစဉ်သဖြင့် ကိုယ်ပိုင်အစီအစဉ်များ၊ စဉ်းစားသုံးသပ်ခြင်းများ၊ ဆန္ဒများ၊ တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ၊ တောင့်တမှုများရှိလျှင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ အမှတ်တမဲ့ သွေဖည်သွားလိမ့်မည်။ ဘုရားသခင်က မည်သို့လုပ်ဆောင်သည်ကို သင် မြင်ရလိမ့်မည်မဟုတ်ပေ။ အချိန်အများစုတွင် ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်နေလိမ့်မည်။ သင်သည် အမှုအရာများကို ကိုယ်ပိုင်စိတ်ကူးများအရ လုပ်ဆောင်ရသည်ကို မနှစ်သက်သလော။ သင်သည် ကိုယ်ပိုင်အစီအစဉ်များကို မပြုလုပ်သလော။ သင်သည် အသိဉာဏ်ရှိသည်၊ ပညာတတ်ဖြစ်သည်၊ အသိပညာရှိသည်၊ သင့်တွင် အမှုအရာများကို လုပ်ဆောင်ရန် နည်းလမ်းများနှင့် နည်းပညာရှိသည်၊ ယင်းတို့ကို သင့်ဘာသာလုပ်ဆောင်နိုင်သည်၊ သင်သည် တော်သည်၊ ဘုရားသခင်ကို မလိုအပ်ပေဟု သင် ထင်သည်။ ထို့ကြောင့် ဘုရားသခင်က ပြောသည်။ “ဤသို့ဆိုလျှင် သွား၍ သင့်ဘာသာ လုပ်ဆောင်လော့။ ကောင်းမွန်သည်ဖြစ်စေ၊ မကောင်းမွန်သည်ဖြစ်စေ တာဝန်ယူလော့။ ငါ ဂရုမစိုက်ပေ။” ဘုရားသခင်က သင့်ကို အရေးမစိုက်ပေ။ လူတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤနည်းဖြင့် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒနောက်လိုက်ပြီး ၎င်းတို့ ယုံကြည်ချင်သလို ယုံကြည်ကြလျှင် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မည်သည့်အခါမျှ မတွေ့ကြုံနိုင်ပေ။ ဘုရားသခင်၏ လက်တော်ကို မည်သည့်အခါမျှ မမြင်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် အလင်းပေးမှုကို မည်သည့်အခါမျှ မခံစားရနိုင်ပေ။ ဘုရားသခင်၏ လမ်းပြမှုကို မခံစားရနိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ မည်သည့်အရာ ဖြစ်ပျက်မည်နည်း။ ၎င်းတို့၏ စိတ်နှလုံးသည် ဘုရားသခင်ထံမှ ပို၍ပင် ဝေးကွာသွားလိမ့်မည်ဖြစ်ပြီး ဆင့်ပွားသက်ရောက်မှုများရှိလိမ့်မည်။ မည်သည့်သက်ရောက်မှုများဖြစ်သနည်း။ (ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းဆန်ခြင်းဖြစ်သည်။) ဤသည်မှာ ဘုရားသခင်ကို သံသယဝင်ပြီး ငြင်းဆန်ခြင်းကိစ္စတစ်ခု သက်သက်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးတွင် နေရာမရှိသကဲ့သို့ ရေရှည်တွင် ၎င်းတို့သည် ၎င်းတို့ဆန္ဒရှိသည့်အတိုင်းလုပ်ဆောင်ကြသည့်အခါ၊ အလေ့အကျင့်တစ်ခု ဝင်လာလိမ့်မည်။ ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခုဖြစ်ပျက်သည့်အခါ ၎င်းတို့လုပ်ဆောင်မည့် ပထမဆုံးသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်ဖြေရှင်းချက်ကို စဉ်းစားရန်၊ ၎င်းတို့၏ ကိုယ်ပိုင် အရင်းခံအကြောင်းရင်းများ၊ ရည်ရွယ်ချက်များနှင့်အညီ လုပ်ဆောင်ရန်၊ အစီအစဉ်များကို စဉ်းစားခြင်းဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် အကျိုးအမြတ်ရှိမရှိကို အရင်ဆုံး စဉ်းစားကြလိမ့်မည်။ အကျိုးအမြတ်ရှိလျှင် ၎င်းတို့က လုပ်ဆောင်လိမ့်မည်။ အကျိုးအမြတ်မရှိလျှင် လုပ်ဆောင်မည်မဟုတ်ပေ။ ဤလမ်းကြောင်းကို တိုက်ရိုက်လျှောက်လှမ်းခြင်းသည် ၎င်းတို့၏ အလေ့အကျင့်ဖြစ်လာလိမ့်မည်။ ၎င်းတို့သည် နောင်တရခြင်းမရှိဘဲ ဤသို့ဆက်လက်လုပ်ဆောင်နေလျှင် ထိုသို့သောလူတို့ကို ဘုရားသခင်က မည်သို့ ဆက်ဆံလိမ့်မည်နည်း။ ဘုရားသခင်သည် ၎င်းတို့ကို အရေးစိုက်မည်မဟုတ်ဘဲ တစ်ဖက်တွင် ထားထားလိမ့်မည်။ တစ်ဖက်တွင် ထားရှိခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင်က ၎င်းတို့ကို ပဲ့ပြင်ဆုံးမလိမ့်မည်မဟုတ်သကဲ့သို့ ပြစ်တင်ဝေဖန်လိမ့်မည်လည်း မဟုတ်ပေ။ ၎င်းတို့သည် ဉာဏ်အလင်းပေးခံရခြင်း၊ အလင်းပြခြင်း သို့မဟုတ် လမ်းပြခြင်းတို့ကို မဆိုထားနှင့်၊ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်း သို့မဟုတ် အပြစ်ဖော်ဆုံးမခြင်းတို့ မရှိဘဲ တိုး၍ စိတ်အလိုလိုက်ကြလိမ့်မည် ဖြစ်သည်။ ဤသည်မှာ တစ်ဖက်တွင် ထားရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်က ၎င်းကို တစ်ဖက်တွင် ထားရှိသည့်အခါ တစ်စုံတစ်ဦးက မည်သို့ ခံစားရသနည်း။ ၎င်းတို့၏ စိတ်ဝိညာဉ်က မှောင်မည်းလာသည်။ ဘုရားသခင်က ၎င်းနှင့်အတူ မရှိ။ ၎င်းသည် အမြင်အာရုံများ မရှင်းမလင်း ခံစားရသည်။ ပြုမူဆောင်ရွက်ရမည့် လမ်းကြောင်း မရှိသကဲ့သို့ မိုက်မဲသော ကိစ္စရပ်များကိုသာ ကိုင်တွယ်ဖြေရှင်းရသည်။ ဤသို့ အချိန်ကုန်ဆုံးသည်နှင့်အမျှ၊ ဘဝက အဓိပ္ပာယ်မရှိဟု ၎င်းတို့ တွေးထင်ကြပြီး၊ ၎င်းတို့၏ စိတ်ဝိညာဉ်များက အနှစ်မဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဘာသာမဲ့သူများနှင့် အတူတူပင် ဖြစ်ပြီး၊ တိုး၍ အကျင့်ပျက်လာကြသည်။ ဤသည်မှာ ဘုရားသခင်၏ ပစ်ပယ်ခြင်းခံရသော လူတစ်ဦး ဖြစ်သည်။ လူအချို့က၊ “ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်ခြင်းက အဓိပ္ပာယ်မဲ့သည်၊ ကျွန်ုပ်က အားအင် နည်းသည်ထက် နည်းလာနေသည်ဟု အဘယ်ကြောင့် ကျွန်ုပ် ယခင်ထက် သာ၍ ခံစားရသနည်း။ ကျွန်ုပ်တွင် စိတ်ပါဝင်စားမှု မရှိသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ကျွန်ုပ်၏ စိတ်ပါဝင်စားမှုက မည်သည့်နေရာသို့ ရောက်သွားသနည်း”ဟု ဆိုကြသည်။ “ကျွန်ုပ် အချိန်ကြာမြင့်စွာ ယုံကြည်လေ၊ ကျွန်ုပ် စယုံကြည်ခဲ့ချိန်ကလောက် ယုံကြည်ခြင်း မရှိဟု ကျွန်ုပ် တွေးထင်လေဖြစ်သည်မှာ အဘယ်သို့ ဖြစ်သနည်း။ ကျွန်ုပ် စတင်ယုံကြည်ခဲ့ချိန်တွင်၊ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရသည်ကို ကျွန်ုပ် အထူးသဖြင့် မွေ့လျော်ခဲ့သည်။ ထို့ကြောင့် ထိုမွေ့လျော်ခြင်းနှင့်ဆိုင်သည့် ခံစားချက် ကျွန်ုပ် မရှိတော့သည်မှာ အဘယ်သို့ ဖြစ်သနည်း”ဟု ပြောသည့်အခြားသူများ ရှိသည်။ ထိုခံစားချက်သည် မည်သည့်နေရာသို့ ရောက်သွားခဲ့သနည်း။ ဘုရားသခင်သည် သင့်ထံမှ ကွယ်ဝှက်ပြီးဖြစ်သောကြောင့် သင်သည် သူ့ကို ခံစား၍ မရနိုင်ပေ။ ထိုသို့ဖြင့် သင်သည် သနားဖွယ်ဖြစ်လာကာ ခြောက်သွေ့ညိုးနွမ်းလာသည်။ မည်သည့် အတိုင်းအတာထိ သင် ခြောက်သွေ့ညိုးနွမ်းသနည်း။ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် ရူပါရုံများအကြောင်းကို သင် မရှင်းမလင်း ဖြစ်လာသည်။ သင်၏ စိတ်နှလုံးတွင် မည်သည့်အရာမျှ မရှိသကဲ့သို့ သင်၏ နုံချာသော၊ သနားဖွယ်ဖြစ်သော အသွင်အပြင်က ပေါ်ထွက်လာသည်။ ဤသည်မှာ ကောင်းသလော၊ ဆိုးသလော။ (ဆိုးပါသည်။) ဘုရားသခင်က လူတစ်ဦးကို စွန့်ခွာသည့်အခါ၊ ၎င်းတို့သည် ဤသို့စဉ်းစားဉာဏ်ကင်းမဲ့ကာ မိုက်မဲလာကြပြီး၊ ၎င်းတို့တွင် ဘာမျှ မရှိပေ။ ဤသည်မှာ ဘုရားသခင်ကို စွန့်ခွာသူတို့၏ သနားဖွယ်ဖြစ်သော အသွင်အပြင် ဖြစ်သည်။ ဤအချိန်တွင်၊ ဘုရားသခင်ကို ယုံကြည်ရန်မှာ ကောင်းသည်ဟု ၎င်းတို့ မတွေးထင်တော့ပေ။ ထိုအကြောင်းကို ၎င်းတို့ မည်မျှ စဉ်းစားသည်ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းက မှန်ကန်သည့် လမ်းခရီးဟု ၎င်းတို့ မထင်ကြချေ။ ၎င်းတို့အရ၊ ဤလမ်းသည် မည်သည့်နေရာသို့မျှ မရောက်ပေ။ ပြီးလျှင် မည်သူက ၎င်းတို့ကို အကြံပြုသည်ဖြစ်စေ ဤလမ်းပေါ် ၎င်းတို့ လျှောက်ကြလိမ့်မည် မဟုတ်။ ၎င်းတို့ ဆက်မယုံကြည်နိုင်သောကြောင့်၊ လောကဆီသို့ ပြေးသွားကြရသည်။ ၎င်းတို့အတွက် ငွေရှာခြင်းနှင့် ချမ်းသာကြွယ်ဝမှု ရရှိခြင်းက ၎င်းတို့တွင်ရှိသည့် တစ်ခုတည်းသော ရွေးချယ်မှု၊ လက်တွေ့အကျဆုံးသော လမ်းကြောင်း ဖြစ်သည်။ ရာထူးတိုးခြင်းများနှင့် ကြွယ်ဝမှု၊ ပျော်ရွှင်ခြင်းနှင့် စိတ်ကျေနပ်ခြင်း၊ မိမိတို့၏ ဘိုးဘေးများကို ဂုဏ်ပြုခြင်းနှင့် မြန်ဆန်သော အသက်မွေးအလုပ် တိုးတက်ရေးတို့ကို ၎င်းတို့ လိုက်စားကြသည်။ ၎င်းတို့၏စိတ်နှလုံးများက ဤအရာများနှင့် ပြည့်သောကြောင့် မိမိတို့တာဝန်ကို ၎င်းတို့ လုပ်ဆောင်နိုင်ကြသေးသလော။ မလုပ်ဆောင်နိုင်ကြပေ။ တစ်စုံတစ်ဦးတွင် ဤကဲ့သို့သော အတွေးများသာရှိသော်လည်း စစ်မှန်သည့် ယုံကြည်မှု အနည်းငယ် ရှိသေးပြီး၊ ထိုအရာကို ၎င်းတို့ ဆက်လက်လိုက်စားရန် လိုလားနေလျှင်၊ ၎င်းတို့အပေါ် ဘုရားအိမ်တော်၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့ အလုပ်လုပ်နိုင်သရွေ့၊ ဘုရားအိမ်တော်က ၎င်းတို့ကို အခွင့်အရေး ပေးလိမ့်မည်။ လူတစ်ဦးစီအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ မြင့်မားခြင်း မရှိပေ။ ယင်းမှာ အဘယ်ကြောင့်နည်း။ လူတို့သည် လေဟာနယ်တစ်ခုထဲတွင် အသက်မရှင်ကြသကဲ့သို့ မဖောက်ပြန်မပျက်စီးသည့်သူ မည်သူမျှ မရှိပေ။ ဘုရားသခင်ကို အတိုက်အခံလုပ်သည့် စိတ်ကူးများ မရှိသည့်သူ မည်သူ ရှိသနည်း။ ဘုရားသခင်ကို အတိုက်အခံလုပ်ရာတွင် ပြစ်မှားမှုများ မကျူးလွန်ခဲ့သည်သူ မည်သူ ရှိသနည်း။ ဘုရားသခင်ကို ပုန်ကန်သည့် အခြေအနေများနှင့် အပြုအမူများ မရှိသည့်သူ မည်သူ ရှိသနည်း။ နောက်တစ်လှမ်းတိုးပြောရလျှင်၊ ဘုရားသခင်နှင့် ပတ်သက်၍ မယုံကြည်သည့်၊ သံသယရှိသည့်၊ အထင်လွဲ သို့မဟုတ် ထင်ကြေးပေးသည့် စိတ်ကူး၊ အတွေး၊ သို့မဟုတ် အခြေအနေအချို့ မရှိသောသူ မည်သူ ရှိသနည်း။ လူတိုင်း ရှိကြသည်။ ထို့ကြောင့် ဘုရားသခင်က လူတို့ကို မည်သို့ ဆက်ဆံသနည်း။ ဤအရာများအပေါ် သူ ရေးကြီးခွင့်ကျယ်လုပ်သလော။ မည်သည့်အခါတွင်မျှ မလုပ်ခဲ့ပေ။ မည်သည့်အရာကို ဘုရားသခင် လုပ်ဆောင်သနည်း။ လူအချို့သည် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ အယူအဆများ အမြဲ ရှိကြသည်။ ၎င်းတို့က၊ “တစ်စုံတစ်ဦးက ဘုရားသခင်ကို ယုံကြည်သရွေ့၊ ၎င်းတို့ကို သူ အမြဲ ဖော်ထုတ်လိမ့်မည်။ တရားစီရင်လိမ့်မည်။ ပြစ်တင်ဆုံးမကာ ပြုပြင်လိမ့်မည်။ သူသည် လူတို့ကို လက်မလွှတ်သကဲ့သို့ ၎င်းတို့ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မပေးပါ”ဟု ဆိုကြသည်။ ယင်းမှာ ဖြစ်သည့်ပုံဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်ကို ယုံကြည်ပြီး သူ၏ အိမ်သို့လာသော လူအားလုံးသည် ထိုသို့ လွတ်လပ်စွာ လုပ်ဆောင်ကြသည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဖိအားပေးခြင်း မခံရပေ။ လူအချို့သည် ယုံကြည်ခြင်း ပျော်ဆုံးကြပြီးဖြစ်သည်။ လောကီ အမှုအရာများတွင် ၎င်းတို့ မွေ့လျော်သွားကြပြီးဖြစ်ကာ မည်သူကမျှ ၎င်းတို့ကို တားဆီးခြင်း မရှိ သို့မဟုတ် ၎င်းတို့ ထွက်သွားသည်ကို မြင်ရဖို့ ဝန်လေးခြင်း မရှိပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း ရှိလာခြင်းနှင့် ယုံကြည်ခြင်းကို စွန့်ခြင်းနှစ်ခုလုံးတွင်၊ ၎င်းတို့ လွတ်လပ်ကြသည်။ ထို့အပြင်၊ ဘုရားသခင်က မည်သူကိုမျှ အတင်းအကျပ်မလုပ်ခိုင်းပေ။ လူတို့အပေါ် သူ၏ သတ်မှတ်ချက်များက မည်သည့်အရာဖြစ်စေ၊ ၎င်းတို့ လျှောက်လိုသည့် လမ်းကို သူ ရွေးချယ်ခွင့်ပေးပြီး၊ မည်သူကိုမျှ သူ ဖိအားပေးခြင်း မရှိပေ။ သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့ အမှုပြုသည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို သူ မည်သို့ လမ်းပြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန် ဦးဆောင်သည်ဖြစ်စေ၊ မည်သူကိုမျှ ဘုရားသခင်က လုံးဝ အကျပ်ကိုင်ခြင်း မရှိခဲ့ပေ။ သူသည် ပြဿနာများကို ဖြေရှင်းရန်နှင့် လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးရန် သမ္မာတရားနှင့်ပတ်သက်၍ အမြဲ မိတ်သဟာယပြုရင်း၊ သူသည် လူကို ထောက်ပံ့ကာ ထိန်းကျောင်းရန် သမ္မာတရားကို အမြဲ ဖော်ပြသည်။ လူတို့အား သမ္မာတရားကို နားလည်ခွင့်ပေးခြင်းနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (၎င်းတို့က သမ္မာတရားကို လက်ခံနိုင်ကြရန်အလို့ငှာ ဖြစ်သည်။) သင်သည် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်ခံလျှင်၊ ဤပုန်ကန်တတ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မယုံကြည်သူများ၏ အမြင်များနှင့် မမှန်ကန်သည့် အခြေအနေမျိုးစုံတို့ကို ကြံ့ကြံ့ခံနိုင်ရန် ဝိညာဉ်ရင့်ကျက်မှု ရှိပေသည်။ ဤအခြေအနေများကို သင် ပိုင်းခြားသိမြင်နိုင်သည့်အခါ၊ အထင်အမြင်မှားစေခြင်း ခံရလိမ့်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးသည် သမ္မာတရားမျိုးစုံကို နားလည်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်ကို အထင်မလွဲသကဲ့သို့ သူ၏ ရည်ရွယ်ချက်များကို ၎င်းက နားလည်လေသည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် ဖန်းဆင်းခံတစ်ဦး၏ တာဝန်ကို ကောင်းစွာ လုပ်ဆောင်နိုင်ကြသည်။ ထို့အပြင်၊ လူသား ပုံသဏ္ဍာန်ဖြင့် ၎င်းတို့ အသက်ရှင်နိုင်ကြပြီး၊ ဘဝ၏ မှန်ကန်သည့် လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ကြလေသည်။ တစ်စုံတစ်ဦးက ဘဝ၏ မှန်ကန်သည့် လမ်းကြောင်းပေါ် လျှောက်သည့်အခါ၊ ဖန်ဆင်းခံတစ်ဦး ခံသင့်သည့် သက်သေကိုခံသည့်အခါ၊ နောက်ဆုံးတွင် စာတန်ကို အနိုင်ယူနိုင်သည့်အခါ၊ စိတ်သဘောထား ပြောင်းလဲမှုကို တွေ့ကြုံသည့်အခါ၊ ဘုရားသခင်ကို စစ်မှန်သည့် ကျိုးနွံနာခံမှုနှင့် ကြောက်ရွံ့ခြင်း ရှိကာ လက်သင့်ခံနိုင်ဖွယ်ဖြစ်သော ဖန်ဆင်းခံတစ်ဦးဖြစ်လာသည့်အခါ၊ ထိုသို့သော လူတစ်ဦးသည် အဆုံးစွန် ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ကယ်တင်ခြင်းကို ရရှိပြီး ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်

အရှေ့သို့- စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်

နောက်တစ်ခုသို့- ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိရှိမည့် နည်းလမ်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။