သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၁)
ပြီးခဲ့သည့်စုဝေးပွဲတွင် ငါတို့၏ မိတ်သဟာယ၌ မည်သည့်အကြောင်းကို ငါတို့ ပြောဆိုခဲ့သနည်း။ “သမ္မာတရားကို လိုက်စားရန် နည်းလမ်း”၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အိမ်ထောင်နှင့်ပတ်သက်ပြီး “လက်လွှတ်ခြင်း”အကြောင်းအရာကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အိမ်ထောင်အကြောင်းအရာကို ငါတို့ အကြိမ်ရေအနည်းငယ် မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့်အခေါက်တွင် အဓိကအားဖြင့် မည်သည့်အရာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သနည်း။ (အိမ်ထောင်နှင့်သက်ဆိုင်သာ စိတ်ကူးယဉ်အမျိုးမျိုးကို လက်လွှတ်ခြင်း၊ အိမ်ထောင်နှင့် ပတ်သက်ပြီး အိမ်ထောင်ကျပြီးသူတို့၌ရှိသော လိုရာဆွဲ မမှန်မကန်ပြောသည့် အယူအဆနှင့်နားလည်မှုအချို့ကို ပြုပြင်ခြင်းအပြင် လိင်မှုဆန္ဒအား မှန်ကန်စွာ ချဉ်းကပ်ခြင်းကိုပါ မိတ်သဟာယဖွဲ့ခဲ့သည်။ အဆုံးတွင် အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းသည် ကျွန်ုပ်တို့၏ တာဝန်မဟုတ်ဆိုသည်ကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ခဲ့သည်။) “အိမ်ထောင်နှင့် သက်ဆိုင်သော စိတ်ကူးယဉ်အမျိုးမျိုးကို” လက်လွှတ်ခြင်း အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤသို့ဆိုလျှင် သင်တို့သည် မည်မျှနားလည်ခဲ့သနည်း။ မည်မျှကို မှတ်မိနိုင်သနည်း။ အိမ်ထောင်နှင့်ပတ်သက်ပြီး လူတို့၌ ရှိသည့် သဘာဝမကျသော၊ လက်တွေ့မကျသော၊ ကလေးဆန်ပြီး၊ ဆင်ခြင်တုံတရားမရှိသော ထင်မြင်ချက်များနှင့် ဆန္ဒများအကြောင်းကို ငါတို့ အဓိက မိတ်သဟာယမဖွဲ့ခဲ့သလော။ (ဖွဲ့ခဲ့ပါသည်။) အိမ်ထောင်အား မှန်ကန်စွာ သဘောပေါက်နားလည်ခြင်းနှင့် အိမ်ထောင်နှင့်ပတ်သက်ပြီး မှန်ကန်သော နည်းလမ်းကို ကျင့်သုံးခြင်းသည် အိမ်ထောင်အပေါ်တွင် လူတို့ထားရှိသင့်သည့် သဘောထားဖြစ်သည်။ အိမ်ထောင်ကို ကစားပွဲတစ်ခုအဖြစ် မခံယူသင့်သကဲ့သို့ မိမိ၏ စိတ်ကူးယဉ်များနှင့် လက်တွေ့မကျသော လိုက်စားမှုများအားလုံးကို ဖြည့်ဆည်းရန် တစ်စုံတစ်ခုအဖြစ်လည်း မခံယူသင့်ပေ။ အိမ်ထောင်နှင့်သက်ဆိုင်သော စိတ်ကူးယဉ်အမျိုးမျိုး၌ မည်သည့်အရာ ပါဝင်သနည်း။ ဘဝအပေါ် လူတို့တွင် ထားရှိသော ထိုစိတ်ကူးယဉ်များနှင့် အမျိုးမျိုးသော သဘောထားများကြားတွင် ဆက်ဆံရေးတစ်ခုရှိပြီး အရေးကြီးဆုံးမှာ ယင်းတို့သည် ကမ္ဘာလောကနှင့် လူ့အဖွဲ့အစည်းထံမှ လူတို့ရရှိသော အိမ်ထောင်နှင့်ပတ်သက်သော ဆိုရိုးစကား၊ အနက်ဖွင့်ဆိုမှုနှင့် သဘောထားအမျိုးမျိုးတို့ဖြင့် ဆက်နွှယ်နေသည်။ ဤဆိုရိုးစကားများ၊ အနက်ဖွင့်ဆိုမှုများ၊ သဘောထားများသည် လူ့အဖွဲ့အစည်းနှင့် လူသားမျိုးနွယ်အားလုံးထံမှ ဆင်းသက်လာသော မြောက်များစွာသော လက်တွေ့မကျသည့်၊ မှားယွင်းသည့် ဆိုရိုးစကားများနှင့် အမြင်များဖြစ်သည်။ ဤအရာများကို လူတို့ အဘယ်ကြောင့် လက်လွှတ်ဖို့ လိုအပ်သနည်း။ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံမှ လာသောကြောင့် ဖြစ်သည်။ ဤအရာများသည် ဆိုးယုတ်သော ကမ္ဘာလောကမှ ပေါ်ပေါက်လာသော အိမ်ထောင်နှင့်သက်ဆိုင်သည့် အမြင်များ၊ သဘောထားမျိုးစုံဖြစ်သောကြောင့် ဖြစ်ပြီး ဤအမြင်များ၊ သဘောထားများသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်က စီမံခဲ့သော အိမ်ထောင်၏ မှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်လည်းကောင်း၊ အယူအဆနှင့်လည်းကောင်း လုံးဝ သွေဖည်နေသောကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဘုရားသခင် စီမံခဲ့သော အိမ်ထောင်၏ အယူအဆနှင့် အဓိပ္ပာယ်သတ်မှတ်ချက်သည် လူသား၏ တာဝန်၊ ဝတ္တရားများအပြင် ဘဝတွင် လူတို့ ပုံဖော်သင့်သည့် လူ့သဘာဝ၊ ဆင်ခြင်တုံတရား၊ အသိစိတ်တို့အပေါ်ကိုပါ ပို၍ အာရုံစူးစိုက်သည်။ အိမ်ထောင်အပေါ် ဘုရားသခင်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည် အဓိကအားဖြင့် လူတို့အား အိမ်ထောင်၏ မူဘောင်အတွင်း၌ ၎င်းတို့၏ တာဝန်များအား မည်သို့ မှန်ကန်စွာ ဆောင်ရွက်ရမည်ကို အလေးအနက် တိုက်တွန်းသည်။ သင်သည် အိမ်ထောင်ပြုခြင်းမရှိဘဲ အိမ်ထောင်၏ တာဝန်များအား ဖြည့်ဆည်းခြင်း၌ ပါဝင်ခြင်းမရှိလျှင် အိမ်ထောင်အပေါ် ဘုရားသခင်၏ အဓိပ္ပာယ်သတ်မှတ်ချက်အပေါ် မှန်ကန်သော နားလည်မှုရှိသင့်နေဆဲဖြစ်သည်။ ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားသော ကဏ္ဍတစ်ခုမှာ ဘုရားသခင်က လူတို့အား အိမ်ထောင်၏ မူဘောင်အတွင်းတွင် ၎င်းတို့ တာဝန်ယူဆောင်ရွက်သင့်သည့် တာဝန်များအား ထမ်းရွက်ဖို့ ပြင်ဆင်ရန် တွန်းအားပေးခြင်းဖြစ်သည်။ အိမ်ထောင်မှာ ဆော့စကားရမည့် ကစားပွဲတစ်ခုမဟုတ်သကဲ့သို့ ကလေးများက အိမ်မှုကိစ္စလုပ်တမ်း ကစားခြင်းကဲ့သို့လည်းမဟုတ်ပေ။ မိမိ၏ စိတ်တွင် သိရမည့်၊ အယူအဆရှိရမည့် ပထမဆုံးအရာမှာ အိမ်ထောင်သည် တာဝန်နှင့်ဆိုင်သော လက္ခဏာတစ်ခု ဖြစ်ခြင်းဖြစ်သည်။ ပို၍ပင် အရေးကြီးသည်မှာ မိမိ၏ သာမန်လူ့သဘာဝတွင် ဖြည့်ဆည်းသင့်သည့် တာဝန်များအတွက် မိမိကိုယ်ကိုပြင်ဆင်ရန်၊ သို့မဟုတ် အသင့်ဖြစ်စေရန် ဖြစ်သည်။ စာတန်နှင့် ဆိုးယုတ်သော ကမ္ဘာလောကထံမှဖြစ်သော အိမ်ထောင်နှင့်သက်ဆိုင်သည့် အယူအဆ၊ နားလည်မှု၊ ဆိုရိုးစကားများသည် မည်သည့်အရာအပေါ် ပို၍ အာရုံစိုက်သနည်း။ စိတ်ခံစားမှုများ၊ လိင်မှုဆန္ဒများဖြင့် ဆော့ကစားခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆန္ဒများအား ဖြည့်ဆည်းခြင်း၊ ဆန့်ကျင်ဘက်လိင်အပေါ် အသွေးအသားဆိုင်ရာ သိချင်စိတ်ပြင်းပြခြင်းအား ဖြည့်ဆည်းခြင်းတို့အပေါ် ပို၍ အာရုံစိုက်ပြီး လူသား၏ မာန်မာနအား ဖြည့်ဆည်းခြင်းကိုလည်း ပို၍အာရုံစိုက်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းတို့သည် တာဝန်၊ သို့မဟုတ် လူ့သဘာဝအကြောင်းကို လုံးဝ မပြောပေ။ ဘုရားသခင်က စီမံသော အိမ်ထောင်၌ နှစ်ဦးနှစ်ဖက်က မည်သို့ပါဝင်ပတ်သက်သည်ဆိုသည်ကို ပို၍ပင် မပြောပေ။ ယင်းမှာ ယောက်ျားနှင့် မိန်းမသည် အိမ်ထောင်၏ မူဘောင်အတွင်းတွင် ၎င်းတို့၏ တာဝန်များကို ထမ်းရွက်သင့်ခြင်း၊ ၎င်းတို့၏ ဝတ္တရားများကို ဖြည့်ဆည်းသင့်ခြင်း၊ ယောက်ျားနှင့် မိန်းမက လုပ်ဆောင်သင့်သည့် အရာရာတိုင်းကိုကောင်းစွာ လုပ်ဆောင်ခြင်းတို့ဖြစ်သည်။ ကမ္ဘာလောကက လူတို့အား အယူဝါဒသွတ်သွင်းသည့် အိမ်ထောင်နှင့်သက်ဆိုင်သော အနက်ဖွင့်ဆိုမှု၊ ဆိုရိုးစကားနှင့် သဘောထားအမျိုးမျိုးသည် လူသား၏ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒအား ဖြည့်ဆည်းခြင်း၊ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒကို စူးစမ်းခြင်း၊ စိတ်ခံစားချက်နှင့် လိုအင်ဆန္ဒကို ရှာဖွေခြင်းတို့အပေါ် ပို၍ အာရုံစိုက်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းမှလာသော အိမ်ထောင်နှင့်သက်ဆိုင်သည့် ဤဆိုရိုးစကားများ၊ သိနားလည်မှုများ၊ သို့မဟုတ် သဘောထားအမျိုးမျိုးကို သင်လက်ခံလျှင် သင်သည် ဤဆိုးယုတ်သော အယူအဆများ၏ သက်ရောက်မှုကို ရှောင်ကြဉ်နိုင်မည်မဟုတ်ပေ။ ပို၍ အတိအကျဆိုရလျှင် သင်သည် ကမ္ဘာလောကထံမှလာသည့် အိမ်ထောင်နှင့်သက်ဆိုင်သော ဤအမြင်များ၏ ဖျက်ဆီးခြင်းကို ရှောင်ကြဉ်နိုင်မည်မဟုတ်ပေ။ သင်သည် ဤအယူအဆများ၊ အမြင်များ၏ ဖျက်ဆီးခြင်း၊ သက်ရောက်ခြင်းကို ခံရပြီးသည်နှင့် သင်သည် ဤအယူအဆများ၏ ထိန်းချုပ်ခြင်းကို မရှောင်ကြဉ်နိုင်ပေ။ တစ်ချိန်တည်းတွင် သင်သည် ဘာသာမဲ့သူများကဲ့သို့ပင် ဤအမြင်များက အရူးလုပ်ခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်းကိုလည်း လက်ခံလိမ့်မည်။ ဘာသာမဲ့သူများသည် အိမ်ထောင်နှင့်သက်ဆိုင်သော ဤအယူအဆများ၊ အမြင်များကို လက်ခံလိုက်သည်နှင့်တစ်ပြိုင်နက် ချစ်ခြင်းအကြောင်းနှင့် ၎င်းတို့၏ လိင်မှုဆန္ဒများအား ဖြည့်ဆည်းခြင်းအကြောင်းကို ပြောဆိုကြသည်။ အလားတူပင် သင်သည် ဤအယူအဆများ၊ အမြင်များကို လုံးလုံးလျားလျား လက်ခံလိုက်သည်နှင့်တစ်ပြိုင်နက်၊ သင်သည်လည်း ချစ်ခြင်းအကြောင်းနှင့် သင်၏ လိင်မှုဆန္ဒများအကြောင်းကို ပြောလိမ့်မည်။ ဤသည်မှာ ရှောင်၍မရနိုင်သကဲ့သို့ လွတ်မြောက်ခြင်းလည်း မရှိနိုင်ပေ။ သင်သည် အိမ်ထောင်နှင့်ဆိုင်သည့် မှန်ကန်သော အဓိပ္ပာယ်သတ်မှတ်ချက်မရှိသော်လည်း၊ အိမ်ထောင်အပေါ် မှန်ကန်သော သဘောပေါက်နားလည်မှုနှင့် သဘောထားမရှိသော်လည်း၊ သင်သည် ကမ္ဘာလောကထံမှ၊ လူ့အဖွဲ့အစည်းထံမှ၊ လူသားမျိုးနွယ်ထံမှလာသော အိမ်ထောင်နှင့်သက်ဆိုင်သည့် အမျိုးမျိုးသော အမြင်နှင့် ဆိုရိုးစကားအားလုံးကို အလိုအလျောက် လက်ခံလိမ့်မည်။ သင်သည် ယင်းတို့ကို ကြားသရွေ့၊ သိမြင်သရွေ့၊ ဤအယူအဆများအား ခုခံတိုက်ခိုက်ရန် ခံနိုင်ရည်မရှိသရွေ့ ဤသို့သော လူမှုအခြေအနေ၏ သက်ရောက်မှုကို သတိမထားမိဘဲ ခံရမည်ဖြစ်သည်။ ပြီးလျှင် အိမ်ထောင်နှင့်သက်ဆိုင်သော ဤအမြင်များ၊ ဆိုရိုးစကားများကို သတိမထားမိဘဲ လက်ခံမိလိမ့်မည်။ သင်၏ စိတ်အတွင်း၌ ဤအရာများကို လက်ခံသောအခါ ဤအယူဆများ၊ အမြင်များက အိမ်ထောင်အပေါ် သင်၏ သဘောထားအား ထိခိုက်ခြင်းကို မရှောင်နိုင်ပေ။ သင်သည် လေဟာနယ်တစ်ခုအတွင်းတွင် နေထိုင်ခြင်းမရှိသောကြောင့် ကမ္ဘာလောကထံမှ၊ လူ့အဖွဲ့အစည်းထံမှ၊ လူသားမျိုးနွယ်ထံမှလာသော အိမ်ထောင်နှင့်သက်ဆိုင်သော ဆိုရိုးစကားအမျိုးမျိုး၏ သက်ရောက်ခြင်းနှင့် ထိန်းချုပ်ခြင်းကိုပင် အလွန်ခံရတတ်သည်။ ယင်းတို့က သင့်အား ချုပ်ကိုင်လိုက်သည်နှင့် သင်သည် ယင်းတို့မှ လွတ်မြောက်ရန် အလွန်ခက်ခဲသည်ကို တွေ့မြင်ရမည်ဖြစ်ပြီး သင်ကိုယ်တိုင်၏ အိမ်ထောင်က မည်သို့ဖြစ်သင့်သည်ဆိုသည်ကို စိတ်ကူးမယဉ်ဘဲ နေနိုင်မည်မဟုတ်ပေ။
ပြီးခဲ့သည့်အခေါက်က အိမ်ထောင်နှင့်သက်ဆိုင်သော စိတ်ကူးယဉ်အမျိုးမျိုးကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤစိတ်ကူးယဉ်များသည် ဆိုးယုတ်သော လူသားမျိုးနွယ်၏ အိမ်ထောင်အပေါ် အမျိုးမျိုးသော မှားယွင်းသည့် နားလည်မှုများနှင့် အမြင်များမှ ဆင်းသက်လာသည်။ ဤနားလည်မှုများ၊ အမြင်များသည် အတိအကျဖြစ်စေ၊ အကြမ်းဖျဉ်းဖြစ်စေ အားလုံးသည် သမ္မာတရားကို လိုက်စားသူတစ်ယောက်က လက်လွှတ်သင့်သောအရာများဖြစ်သည်။ ပထမအနေဖြင့် အိမ်ထောင်၏ မှားယွင်းသော အဓိပ္ပာယ်သတ်မှတ်ချက်နှင့် နားလည်မှုအမျိုးမျိုးကို ၎င်းတို့ လက်လွှတ်သင့်သည်။ ဒုတိယအနေဖြင့် ၎င်းတို့၏ လက်တွဲဖော်ကို မှန်ကန်စွာ ရွေးချယ်သင့်သည်။ တတိယအနေဖြင့် အိမ်ထောင်ကျပြီးဖြစ်သူတို့သည် ၎င်းတို့၏ အိမ်ထောင်အပေါ် မှန်ကန်သော နည်းလမ်းကို ကျင့်သုံးသင့်သည်။ “မှန်ကန်သော” ဟူသည့် စကားမှာ ဘုရားသခင်က ထားရှိရန် လူတို့ကို ဆုံးမဩဝါဒပေးပြီး ညွှန်ကြားသည့် အိမ်ထောင်အပေါ် ရှိသင့်သော သဘောထားနှင့် တာဝန်ကို ရည်ညွှန်းသည်။ အိမ်ထောင်သည် ချစ်ခြင်း၏ သင်္ကေတမဟုတ်သည်ကိုလည်းကောင်း၊ အိမ်ထောင်သို့ ဝင်ရောက်ခြင်းသည် အိမ်ထောင်နန်းတော်သို့ ဝင်ရောက်ခြင်းမဟုတ်သည်ကိုလည်းကောင်း၊ အုတ်ဂူထဲသို့ ဝင်ရောက်ခြင်းမဟုတ်သည်ကိုလည်းကောင်း၊ မင်္ဂလာဝတ်စုံတစ်ခု၊ စိန်လက်စွပ်တစ်ကွင်း၊ ဘုရားကျောင်းတစ်ခု၊ ထာဝရချစ်ခြင်း၏ ကတိသစ္စာများအား ပြောဆိုခြင်း၊ ဖယောင်းတိုင်မီးဖြင့် ညစာများ၊ ချစ်ခြင်း၊ သို့မဟုတ် နှစ်ယောက်တည်းကမ္ဘာတို့ဆိုလျှင် ပို၍ပင် မဟုတ်သည်ကိုလည်းကောင်း လူတို့ နားလည်သင့်သည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ အိမ်ထောင်၏ သဘောကိုမဆောင်ပေ။ ထို့ကြောင့် အိမ်ထောင်အကြောင်းကို ပြောဆိုသောအခါ သင်လုပ်ဆောင်သင့်သည့် ပထမဆုံးသောအရာမှာ အိမ်ထောင်နှင့်ပတ်သက်ပြီး သင်၏ စိတ်ကူးယဉ်များမှ ဖြစ်ပေါ်သော သင်္ကေတဖြစ်သည့်အရာများနှင့်အတူ သင်၏ စိတ်နှလုံးတွင် အခိုင်အမာတည်ထားပြီးဖြစ်သော အိမ်ထောင်နှင့်သက်ဆိုင်သည့် စိတ်ကူးယဉ်များကို လက်လွှတ်ခြင်းဖြစ်သည်။ အိမ်ထောင်၏ မှန်ကန်သော အနက်ဖွင့်ဆိုမှုအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် စာတန်၏ ဆိုးယုတ်သော ကမ္ဘာလောကမှလာသည့် အိမ်ထောင်နှင့်သက်ဆိုင်သော မမှန်မကန် လိုရာဆွဲပြောသည့် အယူအဆများအား ပိုင်းခြားစိစစ်ခြင်းအားဖြင့် သင်တို့သည် အိမ်ထောင်၏ အဓိပ္ပာယ်သတ်မှတ်ချက်အပေါ် ပို၍ တိကျသော နားလည်မှုရှိမလာသလော။ (ရှိလာပါသည်။) အိမ်ထောင်မကျသောသူများအတွက် ဤအရာများအား ပြောဆိုခြင်းသည် အိမ်ထောင်၏ အရေးကိစ္စများနှင့်ပတ်သက်ပြီး အတော်အတန်ပို၍ တည်ကြည်ခိုင်မာသည်ဟု မခံစားရစေသလော။ ပြီးလျှင် ဤသည်မှာ သင်တို့အား အသိအမြင်တိုးတက်လာစေရန် ထောက်ကူမပေးသလော။ (ထောက်ကူပေးပါသည်။) မည်သည့် ကဏ္ဍတွင် အသိအမြင်တိုးတက်လာသနည်း။ (အိမ်ထောင်နှင့်သက်ဆိုင်သော ကျွန်ုပ်၏ ယခင်က စိတ်ကူးယဉ်များတွင် ပန်းပွင့်များ၊ စိန်လက်စွပ်များ၊ မင်္ဂလာဝတ်စုံများ၊ ထာဝရချစ်ခြင်းနှင့်ဆိုင်သည့် ကတိသစ္စာများအား ပြောဆိုခြင်းများကဲ့သို့သော မရေရာသည့်အရာများသာ ပါဝင်သည်။ ယခုတွင် ဘုရားသခင်ပေးသည့် မိတ်သဟာယကို နားထောင်ပြီးသောအခါ အိမ်ထောင်ဟူသည်မှာအမှန်တကယ်တွင် ဘုရားသခင်က စီမံခြင်းဖြစ်သည်ကိုလည်းကောင်း၊ လူနှစ်ယောက်သည် အတူတကွ တစ်ယောက်ကိုတစ်ယောက် ထောက်ထားမှုပြသနိုင်ခြင်း၊ တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုစောင့်ရှောက်နိုင်ခြင်း၊ တစ်ယောက်ကိုတစ်ယောက် တာဝန်ယူနိုင်ခြင်း ဖြစ်သည်ကိုလည်းကောင်း ကျွန်ုပ် နားလည်ရပါသည်။ ထိုအရာမှာ တာဝန်သိစိတ်ဖြစ်ပြီး အိမ်ထောင်အပေါ် ဤအမြင်သည် ပို၍ လက်တွေ့ကျကာ ဤမရေရာသောအရာများ မပါဝင်ပေ။) သင်တို့ အသိအမြင် တိုးတက်လာသည် မဟုတ်လော။ အကြမ်းဖျဉ်းဆိုရလျှင် သင်တို့သည် အသိအမြင် တိုးတက်လာသည်။ အသေးစိတ်ဆိုရလျှင် သင်ယခင်က သဘောကျပြီး စိတ်ဝင်စားသော အရာများတွင် စံနှုန်း အနည်းငယ်ပြောင်းလဲမှုရှိသလော။ (ရှိပါသည်။) သင်တို့သည် အရပ်ရှည်သော၊ ချမ်းသာသော၊ ချောမောသော ယောက်ျား၊ သို့မဟုတ် ဖြူသော၊ ချမ်းသာသော၊ လှပသော မိန်းမအား ရှာတွေ့လိုခြင်းကို အစဉ်သဖြင့် ပြောလေ့ရှိခဲ့သည်။ ယခုတွင် သင်တို့သည် မည်သည့်အရာကို အာရုံစိုက်ကြသနည်း။ အနည်းဆုံးအနေဖြင့် လူတစ်ယောက်၏ လူ့သဘာဝကို သင်တို့ အာရုံစိုက်သည်။ လူတစ်ယောက်သည် မှီခိုအားထား၍ရနိုင်သလော၊ တာဝန်သိစိတ်ရှိသလောဆိုသည်ကို အာရုံစိုက်သည်။ ပြောလော့။ လူတစ်ယောက်သည် ဤဦးတည်ချက်၊ ဤရည်ရွယ်ချက်၊ ဤနည်းလမ်းနှင့်အညီ လက်တွဲဖော်တစ်ယောက်ကို ရွေးချယ်လျှင် ၎င်းတို့သည် ပျော်ရွှင်သောအိမ်ထောင်ရှိမည်ဆိုသည်က ပို၍ ဖြစ်နိုင်သလော၊ သို့မဟုတ် ၎င်းတို့သည် မပျော်ရွှင်ဘဲ ကွာရှင်းလိမ့်မည်ဆိုသည်က ပို၍ ဖြစ်နိုင်သလော။ (ပျော်ရွှင်မည်ဆိုသည်က ပို၍ ဖြစ်နိုင်ပါသည်။) ပျော်ရွှင်မည်ဆိုသည်က အတော်အတန် ပို၍ ဖြစ်နိုင်သည်။ ဤသို့သော အိမ်ထောင်မျိုးသည် ပျော်ရွှင်သော အိမ်ထောင်ဖြစ်ရန် တစ်ရာရာနှုန်းပြည့်အာမခံသည်ဟု ငါတို့ အဘယ်ကြောင့်မဆိုသနည်း။ ဤအတွက် အကြောင်းပြချက် မည်မျှရှိသနည်း။ အနည်းဆုံးအနေဖြင့် အကြောင်းပြချက်တစ်ခုမှာ လူတို့သည် အမှားများလုပ်နိုင်ပြီး လူတစ်ယောက်ကို လက်မထပ်မီတွင် ထိုသူကို ရှင်းလင်းစွာ မမြင်နိုင်ခြင်း ဖြစ်သည်။နောက်ထပ်အကြောင်းပြချက်တစ်ခုမှာ လူတစ်ယောက်သည် အိမ်ထောင်ပြုခင်တွင် “ငါတို့တွင် လိုက်ဖက်ညီသည့် ပင်ကိုစရိုက်ရှိပြီး ရည်မှန်းချက်လည်းတူသည်၊ ငါတို့ အိမ်ထောင်ပြုပြီးလျှင်၊ သူက တာဝန်ယူပြီး သူ့ဝတ္တရားတွေကို ဖြည့်ဆည်းချင်စိတ်ရှိသည်၊ ငါ့ကို လုံးဝ စိတ်မပျက်စေရဟူ၍လည်း ကတိပေးခဲ့သည်” ဟု တွေးလျက်ဖြင့် အိမ်ထောင်နှင့်ပတ်သက်ပြီး အလွန်ကောင်းသော စိတ်ကူးများရှိနိုင်သည်။ သို့ရာတွင် ၎င်းတို့ အိမ်ထောင်ကျပြီးနောက်တွင် အိမ်ထောင်ဘဝရှိ အရာရာတိုင်းက ၎င်းတို့ ဆန္ဒရှိနိုင်သည့်အတိုင်း မဖြစ်ပေ။ အရာရာတိုင်းက ချောမွေ့ခြင်း မဖြစ်ပေ။ ပြီးလျှင်လည်း လူအချို့က သမ္မာတရားကို ချစ်ပြီး အပြုသဘောဆောင်သောအရာများကို ချစ်သည်။ လူအချို့မှာမူ မကောင်းသည့်၊ ဆိုးယုတ်ခြင်းမရှိသော လူ့သဘာဝရှိသည့် ပုံစံပေါ်နိုင်သော်လည်း အပြုသဘောဆောင်သောအရာများကို မချစ်ဘဲ သမ္မာတရားကို မလိုက်စားပေ။ ၎င်းတို့ အိမ်ထောင်ပြုပြီး အတူတကွ နေထိုင်ကြသောအခါ သူ၏ လူ့သဘာဝတွင်ရှိသော အနည်းငယ်သော တာဝန်၊ ဝတ္တရားအသိစိတ်သည် တဖြည်းဖြည်းချင်းဖြင့် လွင့်ပါးသွားသည်။ သူသည် အချိန်နှင့်အမျှ ပြောင်းလဲသည်။ သူ၏ သရုပ်မှန်ကို ပြသည်။ ငါ့ကို ပြောလော့။ အိမ်ထောင်ပြုပြီးသော စုံတွဲထဲက တစ်ယောက်သည် သမ္မာတရားကို လိုက်စားပြီး အခြားတစ်ယောက်က မလိုက်စားလျှင်၊ သင်တစ်ဦးတည်းသာ သမ္မာတရားကို လိုက်စားပြီး သူက သမ္မာတရားကို လုံးဝ လက်မခံလျှင် သင်သည် သူ့ကို မည်မျှ ကြာရှည်စွာ သည်းခံနိုင်မည်နည်း။ (ကြာရှည်စွာ သည်းခံနိုင်မည်မဟုတ်ပါ။) သင်သည် သူ၏ လူ့သဘာဝတွင်ရှိသော အလေ့အကျင့်အချို့၊ သို့မဟုတ် အသေးစား ချို့ယွင်းချက်၊ အားနည်းချက်အချို့ကို မလိုချင်စွာဖြင့် သည်းခံပြီး တောင့်ခံနိုင်သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သင်တို့နှစ်ဦးသည် အသုံးအနှုန်း၊ သို့မဟုတ် လိုက်စားမှုတူညီမည်မဟုတ်ပေ။ သူသည် သမ္မာတရားကို မလိုက်စားသကဲ့သို့ အပြုသဘောဆောင်သောအရာများကိုလည်း မချစ်ပေ။ ပြီးလျှင် ကမ္ဘာလောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် သက်ဆိုင်သော အရာများကို အစဉ်နှစ်သက်သည်။ တဖြည်းဖြည်းချင်းဖြင့် သင်တို့နှစ်ဦးသည် စကားပြောနည်းလာသည်။ သင်တို့၏ ရည်မှန်းချက်များ ကွာခြားလာသည်။ ပြီးလျှင် သူ၏ တာဝန်များအား ဖြည့်ဆည်းရန်ဆန္ဒသည် မကြာခင် လွင့်ပါးသွားသည်။ ဤသို့သော အိမ်ထောင်မျိုးသည် ပျော်ရွှင်သော အိမ်ထောင်ဖြစ်သလော။ (မဖြစ်ပါ။) မပျော်ရွှင်လျှင် သင် အဘယ်သို့ လုပ်ဆောင်သင့်သနည်း။ (လူနှစ်ဦးသည် အတူတကွ မနေနိုင်လျှင် အခွင့်အရေးရသည်နှင့်လမ်းခွဲသင့်သည်။) မှန်သည်။ အစပိုင်းတွင် ဤစိတ်ကူးရှိခြင်းမှ ၎င်းတို့ လမ်းခွဲသည်အထိ မည်မျှကြာသနည်း။ ရှေးဦးစွာ လူနှစ်ဦးသည် အတူတကွ ကောင်းစွာ သင့်သင့်မြတ်မြတ် နေထိုင်ကြသည်။ အချိန်အတန်ကြာအထိ သင့်သင့်မြတ်မြတ် နေထိုင်ပြီးနောက်တွင် ၎င်းတို့သည် စတင်၍ ထိပ်တိုက်ရင်ဆိုင်လာကြသည်။ ထိပ်တိုက်ရင်ဆိုင်ပြီးနောက်တွင် ပြန်လည်သင့်မြတ်ကြသည်။ ပြန်လည်သင့်မြတ်သည်နှင့် ယောက်ျားက မပြောင်းလဲသည်ကို မိန်းမက မြင်သည်။ ထို့ကြောင့် သူက သည်းညည်းခံသည်။ ဤအရာကို သည်းညည်းခံပြီး အချိန်အနည်းငယ်ကြာပြီးနောက်တွင် ၎င်းတို့သည် တစ်ဖန်ပြန်၍ ငြင်းခုံကြသည်။ ဤပဋိပက္ခက အထွတ်အထိပ်သို့ ရောက်ပြီးနောက်တွင် အခြေအနေများက ပြန်လည်၍ ငြိမ်သက်သွားပြန်သည်။ သူမက “ကျွန်ုပ်တို့သည် ကောင်းစွာ လိုက်ဖက်ခြင်းမရှိပါ။ ဤသည်မှာ အစက ကျွန်ုပ်စိတ်ကူးခဲ့သကဲ့သို့ မဟုတ်ပါ။ အတူနေရခြင်းက ဒုက္ခကြီးသည်။ ကျွန်ုပ်တို့ ကွာရှင်းသင့်သလော။ သို့သော် ဤအခြေအနေကို ရောက်ဖို့က ကျွန်ုပ်တို့အတွက် တော်တော်ခက်ခဲခဲ့ပြီး၊ ကျွန်ုပ်တို့က ခဏခဏ ပြတ်ကာ ပြန်အဆင်ပြေခဲ့သည်။ ကျွန်ုပ် သူ့ကို အလွယ်တကူ ကွာရှင်း၍မဖြစ်ပါ။ ကျွန်ုပ် သည်းညည်းခံရမည်။ တစ်ယောက်တည်းနေရခြင်းက နှစ်ယောက်အတူနေခြင်းလောက် မည်သည့်အခါတွင်မျှ မကောင်းပါ” ဟူ၍ တွေးသည်။ သူမသည် တစ်နှစ်၊ နှစ်နှစ်အထိ သည်းညည်းခံသည်။ သူမသည် သူ့ကို ကြည့်လေလေ၊ မကျေမနပ်ဖြစ်လေလေဖြစ်သည်။ အချိန်ကြာလေလေ၊ သူမကပို၍ မချင့်မရဲဖြစ်လာလေလေဖြစ်သည်။ အတူတကွနေထိုင်ခြင်းသည် သူမအား မပျော်ရွှင်စေပေ။ ပြီးလျှင် ၎င်းတို့သည် ပိုပိုပြီး စကားပြောနည်းလာသည့်အချက်တွင် ဆင်တူသည်။ သူ၏ အမှားများက အရေအတွက် ပိုပိုများလာသည်ကို သူမမြင်ပြီး သူ့အား သည်းညည်းခံချင်စိတ် ပိုပို၍ နည်းလာသည်။ ငါးနှစ်၊ ခြောက်နှစ်ကြာပြီးနောက်တွင် သူမသည် မခံနိုင်တော့ဘဲ ပေါက်ကွဲကာ သူနှင့် လုံးဝ အဆက်ဖြတ်ချင်သည်။ သူမသည် ဤသို့ လုံးဝ အဆက်ဖြတ်ခြင်းကို ပြုလုပ်ရန် မဆုံးဖြတ်မီတွင် အစမှ အဆုံးအထိ ဤကိစ္စတစ်ခုလုံးကို စဉ်းစားရမည်။ ကွာရှင်းပြီးနောက်တွင် သူမ မည်သို့နေထိုင်မည်ကို ရှင်းလင်းစွာ၊ နှံ့စပ်စွာ စဉ်းစားရမည်။ အားလုံးကို အသေအချာစဉ်းစားပြီးနောက်တွင် သူမသည် သူမ၏ စိတ်ကို တင်းမထားနိုင်ပေ။ သို့သော် အကြိမ်အတော်များများ အသေအချာ ထပ်စဉ်းစားပြီးနောက်တွင် သူမသည် “ငါ သူ့ကို ကွာမည်၊ ငြိမ်းချမ်းသည့်ဘဝကို တစ်ယောက်တည်းနေရခြင်းက ဤထက်ပိုကောင်းသည်” ဟူ၍ စဉ်းစားပြီး သူမ၏ ခင်ပွန်းကို ထားခဲရန် စိတ်မပါတပါဖြင့် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့နှစ်ယောက်သည် အစဉ်ငြင်းခုံပြီး အဆင်ပြေနိုင်ခြင်းမရှိပေ။ သူမ သည်းခံနိုင်လေ့ရှိသောအရာသည် ယခုတွင် သည်းမခံနိုင်ဖွယ်ဖြစ်သည်။ သူ့ကို မြင်ရခြင်းသည် သူမအား စိတ်မချမ်းမသာဖြစ်စေသည်။ သူစကားပြောသည်ကို ကြားရခြင်းက သူမကို ဒေါသထွက်စေသည်။ သူ၏ အသံကို ကြားခြင်း၊ သူ၏ အသွင်၊ သူ၏ အဝတ်အစား၊ သူအသုံးပြုသောအရာများကို မြင်ခြင်းသည်ပင် သူမကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး စိတ်ကုန်စေသည်။ ၎င်းတို့နှစ်ဦးသည် အချင်းချင်း သူစိမ်းများဖြစ်သည်အထိ မခံနိုင်တော့သော အခြေအနေသို့ ရောက်ရှိပြီး သူမက သူ့ကို ကွာရှင်းလိုက်ရသည်။ သူ့ကို သူမ ကွာရှင်းရသည့် အကြောင်းပြချက်မှာ အဘယ်နည်း။ ၎င်းတို့နှစ်ဦး အတူတကွနေထိုင်ခြင်းသည် အလွန်ဒုက္ခကြီးလွန်းသည်။ သူမဘာသာ နေထိုင်ခြင်းက ပို၍ကောင်းသည်။ ဤအခြေအနေသို့ ရောက်လာသောအခါ သူမသည် သူ့အပေါ်တွင် စိတ်မရှိတော့ပေ။ ခံစားချက်မရှိတော့ပေ။ သူမ အသေအချာစဉ်းစားကာ အဖြေရှာပြီးဖြစ်သည်။ တစ်ယောက်တည်းနေထိုင်ရသည်က ပို၍ကောင်းသည်။ ဘာသာမဲ့သူများက “တစ်ယောက်တည်းနေတဲ့အခါမှာ ဘယ်သူ့အတွက်မှ စိတ်ပူစရာမလိုဘူး” ဟူ၍ မကြာခဏ ပြောသကဲ့သို့ပင် ဖြစ်သည်။ ဤသို့မဟုတ်လျှင် သူမသည် အစဉ်သဖြင့် သူ့အကြောင်းကို တွေးပြီး “သူ စားပြီးပြီလော။ ကောင်းကောင်း အဝတ်ဝတ်၏လော။ သူ အိပ်လို့ပျော်၏လော။ အိမ်ကနေထွက်ပြီး အလုပ်လုပ်ရတာ သူ့အတွက် ပင်ပန်းနေမည်လော၊ အတင်းအခိုင်းခံနေရသလော၊ သူ ဘယ်လိုခံစားရမည်နည်း” ဟူ၍ တွေးတောနေရလိမ့်မည်။ သူမသည် သူ့အကြောင်းကို အစဉ် စိတ်ပူနေရမည်။ သို့သော် ယခုတွင် သူမသည် တွေးစရာ၊ စိတ်ပူစရာ မည်သူမျှမရှိဘဲ တစ်ယောက်တည်းနေရသည်မှာ ပို၍ ငြိမ်းချမ်းသည်ကို မြင်သည်။ ဤသို့သော ယောက်ျားသည် ဤသို့ နေထိုင်ရန် မထိုက်တန်ပေ။ သူသည် သူမ၏ အရေးစိုက်မှုဖြင့် မထိုက်တန်ပေ။ သူမ၏ ချစ်ခြင်းနှင့် မထိုက်တန်ပေ။ သူ့အတွက် မည်သည့်တာဝန်ကိုမျှ သူမ ယူခြင်းဖြင့် မထိုက်တန်ပေ။ သူနှင့်ပတ်သက်ပြီး ချစ်နိုင်စရာ မည်သည့်အရာမျှ မရှိပေ။ အဆုံးတွင် သူမသည် ကွာရှင်းရန် လျှောက်ထားသည်။ ၎င်းတို့၏ အိမ်ထောင်ကအဆုံးသတ်သွားသည်။ သူမသည် လုံးဝ နောက်ပြန်မလှည့်သကဲ့သို့ သူမ၏ ဆုံးဖြတ်ချက်ကို လုံးဝ နောင်တမရပေ။ ဤသို့သော အိမ်ထောင်များရှိသည်မဟုတ်လော။ (ဟုတ်သည်။) လူတစ်ယောက်၏ ယခင်ဘဝမှ ယခင်က ကြင်နာမှုများ၊ အာဃာတများကဲ့သို့သော အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာသော အိမ်ထောင်များလည်းရှိသည်။ ယခင်က ငါတို့ ဆွေးနွေးခဲ့သကဲ့သို့ပင် လူအချို့သည် အခြားလူအပေါ် အကြွေးတင်သောကြောင့် အတူတွကနေထိုင်ကြသည်။ စုံတွဲကြားတွင် မိန်းမက ယောက်ျားအပေါ် အကြွေးတင်သည်၊ သို့မဟုတ်လျှင် ယောက်ျားက မိန်းအပေါ် အကြွေးတင်သည်။ ယခင်ဘဝတွင် တစ်ဦးတစ်ယောက်က အလွန်အမင်း အခွင့်အရေးယူကောင်းယူခဲ့နိုင်သည်။ လွန်စွာ အကြွေးတင်ခဲ့နိုင်သည်။ ထို့ကြောင့် ဤဘဝတွင် ထိုသူက သူ၏ အကြွေးကို ပြန်ဆပ်နိုင်ရန်အတွက် ၎င်းတို့ အတူတကွ နေထိုင်ကြခြင်းဖြစ်သည်။ ဤသို့သော အိမ်ထောင်များစွာတို့သည် မပျော်ရွှင်သော အိမ်ထောင်များဖြစ်သည်။ သို့သော် ၎င်းတို့ မကွာရှင်းနိုင်ပေ။ ၎င်းတို့သည် မိသားစု ရှိသောကြောင့်၊ သို့မဟုတ် ၎င်းတို့၏ သားသမီးများကြောင့်၊ သို့မဟုတ် အခြားသော အကြောင်းပြချက်တစ်ခုခုကြောင့် အတူတကွ မဖြစ်မနေ နေထိုင်ရသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ထိုလင်မယားသည် အချင်းချင်း အဆင်မပြေနိုင်ကြပေ။ အစဉ်သဖြင့် ရန်ဖြစ်သည်။ အစဉ်သဖြင့် ငြင်းခုံသည်။ ပြီးလျှင် ၎င်းတို့၏ ပင်ကိုစရိုက်၊ စိတ်ဝင်စားမှု၊ လိုက်စားမှုနှင့် ဝါသနာတို့သည် လုံးဝ မတူညီပေ။ ၎င်းတို့ အချင်းချင်း မနှစ်သက်ကြဘဲ အတူတကွနေထိုင်ခြင်းက ၎င်းတို့နှစ်ဦးလုံးအပေါ် မည်သည့်ပျော်ရွှင်မှုကိုမျှ ယူဆောင်မပေးပေ။ သို့သော် ၎င်းတို့သည် အချင်းချင်း မကွာရှင်းနိုင်ပေ။ ထို့ကြောင့် သေသည်အထိ အတူတကွ နေထိုင်ကြသည်။ သေခြင်းက နီးကပ်လာသောအချိန်တွင် ၎င်းတို့က ၎င်းတို့၏ လက်တွဲဖော်ကို မခံချင်အောင်ပြောဆိုနေဆဲဖြစ်ပြီး “နောက်ဘဝတွင် သင့်ကို ကျွန်ုပ်မတွေ့လိုပါ” ဟု ပြောသည်။ ၎င်းတို့သည် အချင်းချင်းအလွန် မုန်းတီးသည် မဟုတ်လော။ သို့သော် ဤဘဝတွင် အချင်းချင်း မကွာရှင်းနိုင်ပေ။ ဤအရာကို ဘုရားသခင်က စီမံထားခြင်းဖြစ်သည်။ ဤမတူညီသော အိမ်ထောင်အမျိုးအစားများသည် ဖွဲ့စည်းတည်ဆောက်ပုံ၊ သို့မဟုတ် ဇာစ်မြစ်က မည်သို့ဖြစ်စေ၊ သင်က အိမ်ထောင်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ အိမ်ထောင်နှင့်ပတ်သက်ပြီး သင့်၌ရှိသော လက်တွေ့မကျသော၊ နုံအသော စိတ်ကူးယဉ်အမျိုးမျိုးကို အစဉ်သဖြင့် သင် လက်လွှတ်သင့်သည်။ သင်သည် အိမ်ထောင်ရေးကို မှန်ကန်စွာ ရင်ဆိုင်ပြီး လူတို့၏ စိတ်ခံစားချက်များ၊ ဆန္ဒများဖြင့် ကစားခြင်း မပြုသင့်ပေ။ လူ့အဖွဲ့အစည်းက သင့်အား အယူဝါဒသွတ်သွင်းသည့် အိမ်ထောင်ရေးအပေါ် မှားယွင်းသည့်အမြင်ထောင်ချောက်တွင် မိပြီး အိမ်ထောင်ရေးအပေါ် သင်မည်သို့ ခံစားရသည်ကို အစဉ် စားမြုံပြန်နေခြင်းအား ပို၍ပင် မပြုသင့်ပေ။ သင်၏ လက်တွဲဖော်က သင့်အား ချစ်သလော။ သင်၏ လက်တွဲဖော်က သင့်အားချစ်သည်ကို ခံစားရသလော။ သင်သည် သင်၏ လက်တွဲဖော်ကို ချစ်နေဆဲဖြစ်သလော။ သင်သည် သင်၏ လက်တွဲဖော်အတွက် ချစ်ခြင်းမည်မျှရှိသေးသနည်း။ သင်၏ လက်တွဲဖော်က သင့်အတွက် တစ်ခုတလေ ခံစားရဆဲဖြစ်သလော။ သင်က သင်၏ လက်တွဲဖော်အတွက် တစ်စုံတစ်ခု ခံစားရဆဲဖြစ်သလော။ ဤအရာများကို ခံစားရန်၊ သို့မဟုတ် စားမြုံပြန်ရန် မလိုအပ်ပေ။ ဤအရာအားလုံးသည် လွဲမှားနေသော၊ အဓိပ္ပာယ်မဲ့သောအယူအဆများဖြစ်သည်။ ဤအရာများကို သင် စားမြုံပြန်လေလေ၊ သင်၏ အိမ်ထောင်ရေးက အကျပ်အတည်းရှိနေသည်ဟု သင် ခံစားရလေလေဖြစ်သည်။ ပြီးလျှင် ဤအတွေးများထဲသို့ သင် သက်ဆင်းလေလေ၊ သင်သည် အိမ်ထောင်ရေး၏ ကျော့ကွင်းတွင် ပိတ်မိနေသည်ကို သက်သေပြလေလေဖြစ်သည်။ ပြီးလျှင် သင်သည် အသေအချာပင် ပျော်ရွှင်မည်မဟုတ်၊ သို့မဟုတ် လုံခြုံစိတ်ချသည့် စိတ်တစ်ခုတလေရှိမည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် ဤအယူအဆများ၊ အမြင်များ၊ အတွေးများအတွင်းသို့ သက်ဆင်းသောအခါ၌ သင်၏ အိမ်ထောင်သည် ပုံမမှန်ဖြစ်လာသောကြောင့်လည်းကောင်း၊ သင်၏ လူ့သဘာဝသည် ပုံပျက်လာသောကြောင့်လည်းကောင်း၊ လူ့အဖွဲ့အစည်းထံမှ အိမ်ထောင်ရေးနှင့်ပတ်သက်သော အယူအဆနှင့် အမြင်အမျိုးမျိုးတို့၏ ထိန်းချုပ်ခြင်း၊ ပြန်ပေးဆွဲခြင်းကိုလည်း သင်အပြည့်အဝခံရသောကြောင့်လည်းကောင်း ဖြစ်သည်။ ထို့ကြောင့် လူ့အဖွဲ့အစည်းထံမှ၊ ဆိုးယုတ်သော လူသားမျိုးနွယ်ထံမှ လာသည့် အိမ်ထောင်ရေးအပေါ် အမြင်နှင့်လည်းကောင်း ဆိုရိုးစကားအမျိုးမျိုးတို့နှင့်လည်းကောင်း စပ်လျဉ်း၍သင်သည် ယင်းတို့ကို တိကျစွာ ပိုင်းခြားသိမြင်နိုင်ရမည်။ ဤအမြင်များ၊ ဆိုရိုးစကားများကိုလည်း ငြင်းပယ်ရမည်။ အခြားလူများက မည်သို့ပြောသည်ဖြစ်စေ၊ အိမ်ထောင်ရေးအပေါ် ၎င်းတို့၏ ဆိုရိုးစကားများက မည်သို့ ပြောင်းလဲသည်ဖြစ်စေ အခြေခံအားဖြင့် လူတို့သည် အိမ်ထောင်ရေးအပေါ် ဘုရားသခင်၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို မစွန့်လွှတ်သင့်သကဲ့သို့ လူတို့သည် အိမ်ထောင်အပေါ် ဆိုးယုတ်သော ကမ္ဘာလောက၏ အမြင်များ၏ သက်ရောက်မှုခံရခြင်း၊ သို့မဟုတ် အမြင်ပိတ်ဆို့ခံရခြင်းကိုလည်း မခံရသင့်ပေ။ တဲ့တိုးဆိုရလျှင် အိမ်ထောင်သည် ကြီးကောင်ဝင်ချိန်မှ အရွယ်ရောက်သည်အထိ လူတစ်ဦးဘဝ၏ မတူညီသော အဆင့်တစ်ခုနှင့်ဆိုင်သည့် အစဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် အရွယ်ရောက်သူ ဖြစ်ပြီးနောက်တွင် ဘဝ၏ မတူညီသောအဆင့်သို့ သင်ဝင်ရောက်သည်။ ဤဘဝ၏ အဆင့်တွင် သင်သည် လက်ထပ်ထမ်းမြားခြင်းသို့ ဝင်ရောက်ပြီး သင်ကိုယ်တိုင်နှင့် သွေးသားတော်စပ်မှု မရှိသောသူတစ်ယောက်နှင့် အတူတကွနေထိုင်သည်။ ထိုသူနှင့်အတူ စတင်နေထိုင်သည့်နေ့မှစ၍ သင်သည် ဇနီး၊ သို့မဟုတ် ခင်ပွန်းတစ်ယောက်အနေဖြင့် အိမ်ထောင်ဘဝနှင့်ဆိုင်သော အရာအားလုံး၏ တာဝန်၊ ဝတ္တရားများကို ထမ်းရွက်ရမည်၊ ထို့အပြင် သင်တို့နှစ်ဦးသည် အိမ်ထောင်ဘဝ၏ အမှုအရာအားလုံးကို ထမ်းဆောင်ရမည်ဟု အဓိပ္ပာယ်ရသည်။ ဆိုလိုသည်မှာ အိမ်ထောင်သည် လူတစ်ယောက်က သူ၏ မိဘများကို စွန့်ခွာခဲ့ပြီဖြစ်သည်ဟုလည်းကောင်း၊ တစ်ကိုယ်တည်းဖြစ်သောဘဝကို နှုတ်ဆက်ခဲ့ပြီဖြစ်သည်ကိုလည်းကောင်း၊ အခြားတစ်စုံတစ်ယောက်နှင့်အတူ လူနှစ်ယောက်နှင့်ဆိုင်သည့် ဘဝထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ကိုလည်းကောင်း ညွှန်ပြသည်။ ဤသည်မှာ လူနှစ်ဦးက ဘဝကို အတူတကွ ရင်ဆိုင်သည့် အဆင့်ဖြစ်သည်။ သင့်အနေဖြင့် ဘဝတွင် မတူညီသောအဆင့်တစ်ခုသို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်ကို ဤအဆင့်က ညွှန်ပြပြီး ဘဝ၏ စမ်းသပ်မှုမျိုးစုံကို ရင်ဆိုင်ရမည်ဆိုသည်ကိုလည်း ညွှန်ပြသည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ဘဝကို မည်သို့ကိုင်တွယ်မည်ဆိုသည်နှင့် သင်နှင့် သင်၏ လက်တွဲဖော်သည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ကြုံရသောအရာများအားလုံးကို အတူတကွ မည်သို့ ရင်ဆိုင်မည်ဆိုသည်တို့မှာ သင့်အတွက် စမ်းသပ်မှုများဖြစ်နိုင်သည်၊ သို့မဟုတ် ဤအရာများသည် သင့်အတွက် စုံလင်ခြင်းဖြစ်နိုင်သည်၊ သို့မဟုတ် ဤအရာများသည် ဘေးဒုက္ခများဖြစ်နိုင်သည်။ ဘဝတွင် ပို၍ များသော အတွေ့အကြုံအရင်းအမြစ်များလည်း ဖြစ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာများသည် သင့်အား ဘဝအပေါ် ပို၍လေးနက်သော နားလည်မှုနှင့် တန်ဖိုးထားမှုတို့ကို ပေးသော အရင်းအမြစ်ဖြစ်နိုင်သည်၊ ဟုတ်ပါသလော။ (ဟုတ်ပါသည်။) အိမ်ထောင်အပေါ် မှန်ကန်သော နားလည်မှုရှိခြင်းနှင့် အိမ်ထောင်နှင့်သက်ဆိုင်သော စိတ်ကူးယဉ်အမျိုးမျိုးတို့အကြောင်း ငါတို့၏ ပြန်ပြောင်းပြောဆိုမှုကို ဤတွင် အဆုံးသတ်မည်။
ပြီးခဲ့သည့်အခေါက်က အခြားအကြောင်းအရာတစ်ခုကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယင်းမှာ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းသည် သင်၏ တာဝန်မဟုတ်ဆိုသည့် အကြောင်းရာဖြစ်သည်။ ဤအကြောင်းကို မိတ်သဟာယဖွဲ့သောအခါ၌ မည်သည့်အရာကို ငါတို့ အလေးပေးပြောခဲ့သနည်း။ (ကျွန်ုပ်တို့၏ ဘဝ ပျော်ရွှင်မှုကို ကျွန်ုပ်တို့၏ လက်တွဲဖော်ထံသို့ မအပ်နှံရ၊ ပြီးလျှင် ကျွန်ုပ်တို့၏ လက်တွဲဖော်ကို ဆွဲဆောင်ရန်၊ သို့မဟုတ် ကျွန်ုပ်တို့၏ ချစ်ခြင်းဆိုသောအရာကို ကာကွယ်ရန် သက်သက်အတွက် ကျွန်ုပ်တို့၏ လက်တွဲဖော်ကို ကျေနပ်စေသည့် အရာများကို မလုပ်ရဟူ၍ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဖန်ဆင်းခံများဖြစ်သည်ကိုလည်းကောင်း၊ အိမ်ထောင်တွင် ကျွန်ုပ်တို့ ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများသည် ဖန်ဆင်းခံများအနေဖြင့် ကျွန်ုပ်တို့ ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများဖြင့် ကွဲလွဲဆန့်ကျင်ခြင်းမရှိသည်ကိုလည်းကောင်း ကျွန်ုပ်တို့ မမေ့လျော့ရပါ။) လူများစွာတို့သည် ၎င်းတို့ဘဝ၏ ပျော်ရွှင်မှုကို ၎င်းတို့၏ အိမ်ထောင်အပေါ်တွင် အမှီပြုထားကြသည်။ ပြီးလျှင် ပျော်ရွှင်မှုအား လိုက်စားရာတွင် ၎င်းတို့၏ ပန်းတိုင်သည် အိမ်ထောင်၏ ပျော်ရွှင်မှုနှင့် ပြည့်စုံမှုကို လိုက်စားခြင်းဖြစ်သည်။ ၎င်းတို့၏ အိမ်ထောင်သည် ပျော်ရွှင်သော အိမ်ထောင်ဖြစ်ပြီး ၎င်းတို့၏ လက်တွဲဖော်နှင့် အတူနေရသည်ကို ပျော်ရွှင်လျှင် ၎င်းတို့၌ ပျော်ရွှင်သောဘဝရှိမည်ဟူ၍ ၎င်းတို့ ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို မနားမနေ အားစိုက်ထုတ်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိရမည့် ဘဝတစ်သက်တာတာဝန်အဖြစ် မှတ်ယူကြသည်။ ဤအကြောင်းကြောင့် လူများစွာတို့သည် အိမ်ထောင်သို့ ဝင်ရောက်သောအခါ ၎င်းတို့၏ အိမ်ထောင်ကို “စိုပြည်”စေရန်အတွက် ၎င်းတို့လုပ်ဆောင်နိုင်သည့် အရာများစွာကို ဦးနှောက်ခြောက်ခံ စဉ်းစားကြသည်။ “စိုပြည်ခြင်း” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ ၎င်းတို့ပြောသကဲ့သို့ ၎င်းတို့သည် အိမ်ထောင်ကျပြီးသည်မှာ မည်မျှကြာသည်ဖြစ်စေ စတင်၍ ချိန်းချက်တွေ့ဆုံကြသောအချိန်ကကဲသို့ပင် ၎င်းတို့သည် အလွန်ရင်းနှီးမှုရှိကြပြီး အချင်းချင်း မည်သည့်အခါမျှ စွန့်ခွာနိုင်မည်မဟုတ်ဟူ၍ အစဉ် ခံစားရခြင်းကိုလည်းကောင်း၊ ၎င်းတို့သည် အစဉ်သဖြင့် အတူတကွ လက်တွဲမဖြုတ်ဘဲ မည်သည့်အခါမျှ မခွဲလိုခြင်းကိုလည်းကောင်း ဆိုလိုသည်။ ထို့အပြင် ၎င်းတို့သည် မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ ၎င်းတို့၏ လက်တွဲဖော်အကြောင်းကို အချိန်ပြည့် စဉ်းစားနေပြီး သတိရနေတတ်ကြသည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးသည် အခြားလူ၏ အသံ၊ အပြုံး၊ စကား၊ အပြုအမူတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့ လက်တွဲဖော်၏ အသံကို ၎င်းတို့ တစ်ရက်မကြားရလျှင် ၎င်းတို့၏ စိတ်နှလုံးက ခြောက်ကပ်လာသည်။ ၎င်းတို့၏ လက်တွဲဖော်ကို တစ်ရက် မတွေ့ရလျှင် ၎င်းတို့၏ ဝိညာဉ်ပျောက်ဆုံးသွားသကဲ့သို့ ခံစားရသည်။ ဤသည်တို့မှာ အိမ်ထောင်ရေး သာယာပျော်ရွှင်မှု၏ သင်္ကေတနှင့် လက္ခဏာများဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ ထို့ကြောင့် အချို့သော အချိန်ပြည့်အိမ်ရှင်မဆိုသောသူများသည် အိမ်၌နေပြီး ၎င်းတို့၏ ခင်ပွန်းက အိမ်သို့ပြန်လာမည်ကို စောင့်ခြင်းသည် အပျော်ရွှင်ဆုံးသောအရာဖြစ်သည်ဟု ခံစားကြရသည်။ ၎င်းတို့၏ ခင်ပွန်းက အိမ်သို့ အချိန်မှန်မရောက်လျှင် ပြန်မရောက်လျှင် ခင်ပွန်းထံသို့ ဖုန်းခေါ်သည်။ ၎င်းတို့၏ နှုတ်မှ ပထမဆုံးထွက်သည့် မေးခွန်းမှာ အဘယ်နည်း။ (အိမ်ကို ဘယ်အချိန်ပြန်ရောက်မှာလဲ။) သင်တို့သည် ဤအရာကို မကြာခဏ ကြားခဲ့ရသည့် ပုံစံရှိသည်။ ဤမေးခွန်းသည် လူများစွာ၏ စိတ်နှလုံးတွင် လွန်စွာ အမြစ်တွယ်နေသည်။ ပထမဆုံးမေးခွန်းမှာ “အိမ်ကို ဘယ်အချိန်ပြန်ရောက်မှာလဲ” ဟူ၍ ဖြစ်သည်။ ၎င်းတို့က ဤသို့ မေးလိုက်သည်နှင့် တိကျသော အဖြေကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ပျော်ရွှင်သောအိမ်ထောင်တစ်ခုရှိ မိန်းမတစ်ယောက်၏ အချစ်နာကျခြင်းက ပေါ်လွင်လာသည်။ ဤသည်မှာ အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားသောသူများ၏ ဘဝတွင်ရှိသော သာမန်အခြေအနေဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကြင်ရာဘက်က အလုပ်မှ အိမ်သို့ ပြန်လာသည်ကို အိမ်၌ တိတ်ဆိတ်စွာ စောင့်သည်။ ၎င်းတို့က အပြင်သို့ ထွက်လျှင် ဝေးရာသို့ မသွားရဲပေ၊ သို့မဟုတ် ကြာရှည်စွာ မထွက်လိုပေ။ ၎င်းတို့၏ လက်တွဲဖော်က အိမ်သို့ပြန်လာပြီး မည်သူမျှမရှိသောအိမ်ကို တွေ့ကာ အလွန်နာကျင်မည်၊ စိတ်ပျက်မည်၊ စိတ်မချမ်းမသာဖြစ်မည်ကို ၎င်းတို့ကြောက်ရွံ့သည်။ ဤလူတို့သည် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်း၌ မျှော်လင့်ခြင်း၊ ယုံကြည်ခြင်းနှင့် ပြည့်နေသည်။ ပြီးလျှင် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရာ၌၊ သို့မဟုတ် မည်သည့်အပြောင်းအလဲကိုမဆို ပြုလုပ်ရာ၌ ချုပ်တည်းထားခြင်း မရှိပေ။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ယခင်ကကဲ့သိုပင် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို ဆက်လက်လိုက်စားကာ မိမိတို့ လက်တွဲဖော်ကို ချစ်ဖို့ လုပ်ဆောင်ပြီး ၎င်းတို့၏ လက်တွဲဖော်အား ၎င်းတို့ကို ချစ်ခြင်းရှိမရှိဟူသည်ကို အစဉ် မေးသောသူအချို့ပင်ရှိသည်။ ထို့ကြောင့် စုဝေးပွဲ အချိန်ကာလအတွင်းတွင် မိန်းမတစ်ယောက်က “ကျွန်ုပ်ယောက်ျားက အိမ်ပြန်မရောက်သေးဘူးလော။ သိုဆိုလျှင် သူ တစ်ခုခုစားပြီးပြီလော။ သူ ပင်ပန်းနေပြီလော။ကျွန်ုပ်က ဤစုဝေးပွဲတွင် ရှိနေဆဲဖြစ်ပြီးနည်းနည်းမျှ စိတ်မအေးနိုင်ပါ။ကျွန်ုပ် သူ့ကို စိတ်ပျက်အောင် လုပ်မိသလို ခံစားမိသည်” ဟု တွေးနိုင်သည်။ သူမက နောက်စုဝေးပွဲတစ်ခုကို တက်ရန် သွားသောအခါ သူမ၏ ခင်ပွန်းကို “ရှင် ဘယ်အချိန်ပြန်ရောက်မည်ဟု ထင်သနည်း။ ၊ အပြင်မှာ ကျွန်ုပ် စုဝေးပွဲတက်နေတုန်း ရှင် ပြန်ရောက်ရလျှင် အထီးကျန်သလို မခံစားရဘူးလော” ဟူ၍ မေးသည်။ သူမ၏ ခင်ပွန်းက “အထီးကျန်သလို မခံစားရဘဲ မည်သို့နေမည်နည်း။ ဤနေရာတွင် မည်သူမျှမရှိပါ။ ကိုယ်ကိုယ်တိုင်သာ ရှိသည်။ ၊ ပုံမှန်အားဖြင့် ကျွန်ုပ်တို့က ဤနေရာတွင် အမြဲအတူရှိကြသည်။၊ ယခု ရုတ်တရက်ကြီး ကျွန်ုပ်တစ်ဦးတည်းသာ ရှိသည်။ သင် အဘယ်ကြောင့် စုဝေးပွဲများ အမြဲတက်နေရသနည်း။ သင် တက်လို့ရပါသည်၊ သို့သော်ကျွနု်ပ်အိမ်ပြန်မရောက်မီ သင်ပြန်ရောက်လျှင် ကောင်းမည်” ဟူ၍ တုံ့ပြန်သည်။ သူမ၏ စိတ်နှလုံးတွင် သူမသိသည်။ “ဟုတ်သည်၊သူက ငါ့အပေါ် အများကြီး မတောင်းဆိုပါ၊ သူ အိမ်ပြန်မရောက်မီ ငါပြန်ရောက်ဖို့သာ လိုသည်” ဟူ၍ ဖြစ်သည်။ နောက်စုဝေးပွဲတွင် သူမသည် နာရီကို အဆက်မပြတ် ကြည့်သည်။ သူမ၏ ခင်ပွန်းအလုပ်ပြီးခါနီးသည့်အချိန်ရောက်သည်ကို သူမ မြင်သောအခါ သူမက ထပ်၍ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ “ရှင်တို့ ဆက်လုပ်ကြပါ၊ အိမ်တွင် ကျွန်မ လုပ်ရမည့်အရာတစ်ခု ရှိသောကြောင့် သွားမှဖြစ်မည်” ဟု ပြောသည်။ သူမက အိမ်သို့ အလျင်အမြန် ပြန်သွားပြီး “ကောင်းသည်၊ငါ့ယောက်ျား ပြန်မရောက်သေးပါ၊ စားဖို့အတွက် အမြန်ပြင်ဆင်ပြီး အိမ်ကို သန့်ရှင်းရေးလုပ်ထားမည်၊၊ သို့ဆိုလျှင် သူ ပြန်လာသည့်အခါ အိမ်က သန့်ရှင်းနေသည်ကို သူမြင်နိုင်သည်၊ ဟင်းနံ့တွေ ရနိုင်သည်၊ ဤနေရာတွင်လူရှိသည်ကို သိနိုင်သည်၊ အစာစားမည့်အချိန်တွင် ငါတို့ အတူရှိနေနိုင်ခြင်းက တော်တော်ကောင်းတာသည်၊ စုဝေးပွဲတွင် အချိန်နည်းနည်း လျော့သွားပြီး နားထောင်ခြင်း နည်းသွားပြီး ရတာ နည်းသွားသော်လည်း ငါ့ယောက်ျား အိမ်ပြန်မရောက်မီ ပြန်ရောက်နိုင်ပြီး သူ့ကို ပူပူနွေးနွေး ချက်ကျွေးရခြင်းက တော်တော်ကောင်းပါသည်။ဤသည်မှာ သာယာပျော်ရွှင်သည့် အိမ်ထောင်ကို ထိန်းသိမ်းဖို့အတွက် အဓိကကျသည်” ဟူ၍ တွေးသည်။ ထို့နောက်တွင် သူမသည် စုဝေးပွဲများ၌ ဤသို့ မကြာခဏ လုပ်ဆောင်ပြီး ရံဖန်ရံခါတွင် စုဝေးပွဲက သတ်မှတ်ချိန်ကျော်လွန်သွားသည်။ သူမက အိမ်သို့ အမြန်ပြန်သောအခါ သူမ၏ ခင်ပွန်းက ရောက်နှင့်နေသည်ကို သူမ တွေ့ရသည်။ သူသည် အနည်းငယ် မကျေမနပ်ဖြစ်ပြီး သူမအပေါ် စိတ်ကျေနပ်မှုမရှိပေ။ သူသည် “စုဝေးပွဲတစ်ချိန်ကိုသာ မတက်လို့ မရဘူးလော။ သင်က အိမ်မှာမရှိဘဲနှင့် ငါ အိမ်ပြန်ရောက်လာပြီး ဤနေရာတွင် သင့်ကို မတွေ့ရခြင်းကြောင့် ငါ မည်သို့ခံစားရသည်ကို မင်းမသိဘူးလော။ ငါ စိတ်တိုသည်” ဟူ၍ ညည်းတွားသည်။ သူမက ဤသို့ကြားရသည်ကို အလွန်ပင် စိတ်လှုပ်ရှားပြီး “သူဆိုလိုသည်မှာ သူငါ့ကို တကယ်ချစ်ပြီး ငါမရှိဘဲ မနေနိုင်ဘူးဆိုသည့်သဘောဖြစ်သည်။ ငါ ဤနေရာတွင် မရှိသည်ကို သူမြင်ရင် သူ စိတ်တိုသည်။ ၊ ငါ အရမ်းပျော်ပါသည်။ သူက နည်းနည်း စိတ်ဆိုးနေသော်လည်း ငါ့အပေါ် သူ၏အချစ်ကို ခံစားမိသေးသည်၊ နောက်တစ်ခါ ငါ သတိထားပြီး စုဝေးပွဲကို နာရီမည်မျှကြာ လုပ်သည်ဖြစ်စေ အိမ်ကို စောပြီး ပြန်လာရမည်။ ငါ့အပေါ် သူ၏ အချစ်ကို စိတ်ပျက်အောင် လုပ်လို့မဖြစ်ပါ။ စုဝေးပွဲများတွင် ငါက နည်းနည်းသာရပြီး ဘုရားနှုတ်ကပတ်တော်ကို နည်းနည်းလျှော့နားထောင်ရခြင်းက အရေးမကြီးပါ” ဟု တွေးသည်။ သူမသည် ထိုအချိန်မှစ၍ စုဝေးပွဲများ တက်ရောက်သောအခါတွင် သူမစဉ်းစားနိုင်သမျှမှာ သူမခင်ပွန်း၏ အချစ်နှင့် ထိုက်တန်ရန်နှင့် သူမ၏ အိမ်ထောင်၌ သူမ အားထုတ်သည့် ပျော်ရွှင်မှုကိုပါ ထိန်းသိမ်းရန်အတွက် အိမ်သို့ ပြန်ရောက်ခြင်းဖြစ်သည်။ သူမသည် အိမ်သို့ စောစီးစွာ ပြန်မရောက်လျှင် သူမအတွက် သူမခင်ပွန်း၏ ချစ်ခြင်းကို စိတ်ပျက်စေမည်ဟူ၍ ခံစားမိသလိုရှိသည်။ ပြီးလျှင် သူမသည် သူ့အား ဤသို့ဖြင့် ဆက်လက်၍ စိတ်ပျက်စေလျှင် သူသည် ထွက်သွားပြီး အခြားတစ်ယောက်ကို ရှာကာ ယခင်ကကဲ့သို့ သူမအား မချစ်ဘဲနေမည်လောဆိုသည်ကို တွေးတောသည်။ ချစ်ခြင်းနှင့် အချစ်ခံရခြင်းသည် အစဉ်သဖြင့် ပျော်ရွှင်မှုတစ်ခုဖြစ်သည်ဟု သူမ ယုံကြည်သည်။ ပြီးလျှင် ချစ်ခြင်းနှင့် အချစ်ခံရခြင်းဖြစ်သည့် ဤဆက်ဆံရေးကို ထိန်းသိမ်းခြင်းသည် ဘဝတွင် သူမ၏ လိုက်စားမှုဖြစ်သည်၊ သူမ လိုက်စားရန် စိတ်ဆုံးဖြတ်ထားသောအရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ သံသယ၊ သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိဘဲ သူမ လုပ်ဆောင်သည့်အရာဖြစ်သည်။ အိမ်မှအဝေးသို့ သွားပြီး မိမိတို့တာဝန်ကို ထမ်းဆောင်ရသောသောအခါ၌ မိမိတို့၏ ခေါင်းဆောင်အား “ကျွန်မက အိမ်မှ အဝေးထွက်ပြီး ညအိပ်နေလို့မရပါ၊ ကျွန်မတွင် အိမ်ထောင်ရှိသည်။ ထို့ကြောင့်ကျွန်မ အိမ်မပြန်လျှင် ကျွန်မယောက်ျားက တစ်ယောက်တည်းဖြစ်နေမည်ဖြစ်သည်။ ညတွင် သူတစ်ရေးနိုးသည့်အခါ ကျွန်မရှိမှာမဟုတ်ဘဲ သူ စိတ်ဆိုးလိမ့်မည်ဖြစ်သည်။ မနက်ရောက်ကာသူမျက်စိဖွင့်သည်အခါ ကျွန်မ ရှိမှာမဟုတ်ဘဲ သူ နာကျင်လိမ့်ည်။ ကျွန်မက အိမ်ကို မကြာခဏမပြန်လျှင် ကျွန်မ ယောက်ျားက ကျွန်မ၏သစ္စာရှိမှုနှင့် အပြစ်ကင်းမှုကို သံသယဖြစ်မည် မဟုတ်လော။ ကျွန်မတို့ လက်ထပ်သည့်အချိန်တွင် အချင်းချင်း သစ္စာရှိမည်ဟု သဘောတူညီချက်လုပ်ခဲ့ကြသည်၊ မည်သို့ဖြစ်စေကျွန်မ ကတိတည်ရမည်၊ ကျွန်မက သူ့အတွက် ထိုက်တန်ချင်ပါသည်။၊ ဤကမ္ဘာမှာ သူလိုမျိုး ကျွန်မကို ချစ်သည့်သူ တစ်ယောက်မျှမရှိသောကြောင့် ကျွန်မ၏ အပြစ်ကင်းမှုကို သက်သေပြဖို့၊ ကျွန်မက သူ့အပေါ် လုံးဝ သစ္စာရှိသည်ကို သက်သေပြဖို့အတွက် ကျွန်မက အိမ်မှဝေးရာတွင် လုံးဝ ညအိပ်လို့မရပါ၊ အသင်းတော်အလုပ်က မည်သို့ပင် အလုပ်များပါစေ၊ ၊ ကျွန်မတာဝန်က မည်မျှအရေးတကြီးဖြစ်ပါစေ မည်မျှ နောက်ကျနေပါစေ ညရောက်သည့်အခါ အိမ်ကို ပြန်မှဖြစ်မည်” ဟူ၍ မကြာခဏပြောသောသူအချို့ပင်ရှိသည်။ ဤသည်မှာ သူမ၏ အပြစ်ကင်းမှုနှင့် သစ္စာရှိမှုကို ထိန်းသိမ်းရန်အတွက်ဟု သူမ ဆိုသည်။ သို့သော် ဤသည်မှာ လုပ်ရိုးလုပ်စဉ်သာ၊ စကားများသာဖြစ်သည်။ အမှန်တကယ်တွင် သူမသည် သူမ၏ အိမ်ထောင်က မသာမယာဖြစ်ပြီး ပြိုကွဲမည်ကို ကြောက်ရွံ့သည်။ သူမသည် သူမ၏ အိမ်ထောင်သာယာပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် သူမ၏ တာဝန်ကို ဆုံးရှုံးပြီး သူမ ထမ်းဆောင်ရမည့် တာဝန်ကိုသာ စွန့်ပစ်မည်ဖြစ်သည်။ အိမ်ထောင်သာယာပျော်ရွှင်မှုသည် သူမ လုပ်ဆောင်သမျှတိုင်း၏ တွန်းအားနှင့် အရင်းအမြစ်ဖြစ်သကဲ့သို့ဖြစ်သည်။ သူမသည် သာယာပျော်ရွှင်သော အိမ်ထောင်မရှိဘဲ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို မထမ်းဆောင်နိုင်ပေ။ သာယာပျော်ရွှင်သော အိမ်ထောင်မရှိဘဲ ဖန်ဆင်းခံကောင်းတစ်ယောက် မဖြစ်နိုင်ပေ။ သူမသည် သူမအတွက် သူမခင်ပွန်း၏ ချစ်ခြင်းကို စိတ်မပျက်စေခြင်းနှင့် အချစ်ခံရလျက်နေရခြင်းကို အိမ်ထောင်သာယာပျော်ရွှင်မှု၏ လက္ခဏာများအဖြစ်နှင့် သူမ၏ လိုက်စားရန် ဘဝပန်းတိုင်များအဖြစ်ပါ မှတ်ယူသည်။ တစ်ရက်တွင် သူမသည် အလွန်ပင် ချစ်ခြင်းမခံရတော့လျှင်၊ သို့မဟုတ် မှားယွင်းသောအရာ တစ်စုံတစ်ခုကို သူမ ပြုလုပ်ပြီး သူမအတွက် သူမခင်ပွန်း၏ ချစ်ခြင်းကို စိတ်ပျက်စေလျှင်၊ သူ့ကို သူမအပေါ် စိတ်ပျက်ပြီး မကျေမနပ်ဖြစ်စေလျှင် သူမ စိတ်ဖောက်သွားသကဲ့သို့ ခံစားရလိမ့်မည်။ စုဝေးပွဲများ သူမ တက်တော့မည်မဟုတ်၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်တော့မည်မဟုတ်ပေ။ အသင်းတော်က သူမအား တာဝန်တစ်ခုခုထမ်းဆောင်ရန် လိုအပ်သောအခါတွင်ပင် သူမသည် ငြင်းဆန်ရန်အတွက် ဆင်ခြေမျိုးစုံ ပေးလိမ့်မည်။ ဥပမာအနေဖြင့်၊ သူမသည် နေမကောင်း၊ သို့မဟုတ် အိမ်တွင် အရေးတကြီး ကိစ္စအချို့ရှိသည်ဟူ၍ ပြောသည်။ ပြီးလျှင် သူမသည် တာဝန်မထမ်းဆောင်ရရန်အတွက် အဓိပ္ပာယ်မရှိသော၊ စိတ်ကူးပေါက်ရာဖြစ်သော ဆင်ခြေများကိုပင် ကြံဖန်ပေးသည်။ ဤလူတို့က အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား ဘဝတွင် သာလွန်အရေးကြီးသည်ဟု မှတ်ယူကြသည်။ လူအချို့သည် ၎င်းတို့၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ၎င်းတို့ တတ်နိုင်သမျှ အရာရာတိုင်းကိုပင် ပေးဆပ်ကြသည်။ ၎င်းတို့၏ အိမ်ထောင်ဘက်က ၎င်းတို့ကို အစဉ်ချစ်ရန်၊ ဦးစွာ လက်ထပ်ခဲ့သောအချိန်က ၎င်းတို့တွင်ရှိသော ချစ်စိတ်ကို လုံးဝ မဆုံးရှုံးရန်၊ အစပိုင်းတွင် အိမ်ထောင်နှင့်ပတ်သက်ပြီး ၎င်းတို့တွင်ရှိသော ထိုခံစားချက်ကို မည်သည့်အခါမျှ မဆုံးရှုံးရန်အတွက် ၎င်းတို့အိမ်ထောင်ဘက်၏ စိတ်နှလုံးကို ချည်နှောင်ပြီး ထိန်းသိမ်းထားရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် မတွန့်ဆုတ်ကြပေ။ ပို၍ ကြီးမားသော စတေးမှုများကိုပင် ပြုလုပ်သော မိန်းမအချို့ပင်ရှိသည်။ အချို့မှာ ၎င်းတို့၏ နှာတံကို ချွန်အောင်လုပ်ကြသည်။ အချို့မှာ ၎င်းတို့၏ မေးစေ့ကို ပြုပြင်ပုံဖော်ထားသည်။ အချို့မှာ မည်သည့်ဝေဒနာကိုမဆို ခံယူလျက် ရင်သားကြီးသည့် ခွဲစိတ်မှုနှင့် အဆီစုပ်ထုတ်မှုတို့ ပြုလုပ်ကြသည်။ အချို့မိန်းမများမှာ ၎င်းတို့၏ ခြေသလုံးက အလွန်တုတ်သည်ဟု ထင်သောကြောင့် ၎င်းတို့၏ ခြေထောက်များကို သေးသွယ်အောင် ပြုလုပ်ရန်အတွက် သွားရောက်ခွဲစိတ်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် အာရုံကြောထိခိုက်မှုကို ခံစားရပြီး မတ်တပ်မရပ်နိုင်တော့ပေ။ ဤသို့သောမိန်းမတစ်ယောက်၏ ယောက်ျားက ဤအရာကို မြင်သောအခါ သူသည် “သင်ယခင်က ခြေထောက် တုတ်သည်။၊ သို့သော် သင်သည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ ယခုတွင် သင် မတ်တပ်မရပ်နိုင်ပေ၊ သင် ဘာအတွက်မျှ အသုံးမဝင်တော့ပါ။ ကျွန်ုပ် ကွာရှင်းချင်သည်” ဟု ဆိုသည်။ မြင်သလော။ သူမသည် ကြီးသော အဖိုးအခကို ပေးဆပ်ပြီး ဤသည်မှာ အဆုံးတွင် သူမရရှိသောအရာဖြစ်သည်။ နေ့စဉ် လှပစွာ ဝတ်ဆင်သော၊ ရေမွှေးဆွတ်ပြီး မိမိမျက်နှာကို ပေါင်ဒါရိုက်သော မိန်းမအချို့လည်းရှိသည်။ ၎င်းတို့သည် ၎င်းတို့၏ လက်တွဲဖော်အတွက် ဆွဲဆောင်မှုရှိစေရန်၊ ၎င်းတို့၏ လက်တွဲဖော်က အစတွင်ချစ်ခဲ့သည့်အတိုင်း ၎င်းတို့ကို ချစ်ရန်အတွက် မိမိတို့ကိုယ်ကို ငယ်ရွယ်ပြီး လှပနေစေရန်အတွက် နှုတ်ခမ်းနီ၊ ပါးနီ၊ အိုင်းရှဲဒိုးကဲ့သို့သော အလှကုန်ပစ္စည်းမျိုးစုံကို အသုံးပြုကြသည်။ အလားတူပင် ယောက်ျားများသည်လည်း အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအတွက် အနစ်နာခံမှုများစွာကို လုပ်ဆောင်ကြသည်။ တစ်စုံတစ်ယောက်သည် “သင်သည် လူသိများသည့် ယုံကြည်သူတစ်ယောက်ဖြစ်သည်။ ဤနားတွင်ရှိသောသူ အတော်များများက သင့်ကိုကိုသိကြသည်။၊ ဤအတွက်ကြောင့် သင်အတိုင်ခံရပြီး အဖမ်းခံရနိုင်သည်။ ထို့ကြောင့် ဤနေရာကို စွန့်ခွာပြီး ၊ အခြားတစ်နေရာရာတွင် သင်၏ တာဝန်ကို ထမ်းဆောင်လော့”ဟု အပြောခံရသည်။ ထို့နောက်တွင် သူသည် စိတ်သောကရောက်ပြီး “သို့သော်ငါ ထွက်သွားလျှင် ငါ့အိမ်ထောင်က ပြီးဆုံးသွားပြီဆိုသည့် သဘောဖြစ်သလော။ ၊ အားလုံးက ယခု တစ်စစီ ပြိုလဲသွားမည်လော။ ငါအိမ်မှ ထွက်လျှင် ငါ့မိန်းမက အခြားတစ်ယောက်နှင့်နေမည်လော။ ယခုကစပြီး ငါတို့ လမ်းခွဲသွားမည်လော။ မည်သည့်အခါတွင်မျှ တစ်ဖန် အတူမနေရတော့မည်လော””ဟူ၍ တွေးသည်။ သူသည် ဤအရာများကို စဉ်းစားလျက် စိတ်မချမ်းမသာဖြစ်သည်။ ထို့ကြောင့် သူသည် စတင်၍ ညှိနှိုင်းပြီး “ကျွန်ုပ် နေ၍ရမည်လော။ တစ်ပတ် တစ်ကြိမ် အိမ်ကို ပြန်ရလျှင်ပင် အဆင်ပြေမည်ဖြစ်သည်။ ကျွန်ုပ် မိသားစုကို စောင့်ရှောက်ရဦးမည်ဖြစ်သည်” ဟု ဆိုသည်။ အမှန်တကယ်တွင် သူသည် သူ၏မိသားစုကို စောင့်ရှောက်ရန် အမှန်တကယ် စဉ်းစားနေခြင်းမဟုတ်ပေ။ သူ၏မိန်းမက အခြားတစ်ယောက်နှင့် လိုက်ပြေးသွားပြီး မည်သည့်အခါမျှ အိမ်ထောင်ပျော်ရွှင်မှုကို နောက်တစ်ဖန် လုံးဝ ရလိမ့်မည်မဟုတ်သည်ကို သူ ကြောက်ရွံ့သည်။ သူ၏ စိတ်နှလုံးသည် ပူပင်မှု၊ ကြောက်ရွံ့မှုနှင့် ပြည့်နေသည်။ သူ၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို ဤသို့ ပျောက်ကွယ်ပြီး မတွေ့မမြင်ရတော့မည်ကို သူ အလိုမရှိပေ။ ဤသို့သောလူတို့၏ စိတ်နှလုံးတွင် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုသည် အရာရာတိုင်းထက် ပို၍ အရေးကြီးသည်။ ယင်းမရှိလျှင် ၎င်းတို့သည် လုံးဝ ဝိညာဉ်ကင်းမဲ့နေသလို ခံစားရသည်။ ၎င်းတို့က “ချစ်ခြင်းမေတ္တာသည် သာယာပျော်ရွှင်သည့် အိမ်ထောင်အတွက် အရေးကြီးဆုံးအရာဖြစ်သည်။ ငါက ငါ့မိန်းမကို ချစ်ပြီး သူက ငါ့ကိုချစ်သာကြောင့်သာ ငါတို့တွင် သာယာပျော်ရွှင်သည့် အိမ်ထောင်ရှိပြီး ဤမျှထိ မြဲလာနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်အပေါ် ငါ၏ယုံကြည်မှုကြောင့်၊ ငါ့တာဝန်ကို ထမ်းဆောင်သောကြောင့် ဤချစ်ခြင်းမေတ္တာကိုဆုံးရှုံးပြီး ဤချစ်ခြင်းမေတ္တာကအဆုံးသတ်သွားလျှင် ငါ၏အိမ်ထောင်ရေးသာယာပျော်ရွှင်မှုက ပြီးဆုံးကာ ပျောက်ကွယ်သွားသည့် သဘော ဖြစ်သည် မဟုတ်လော။ ဤအိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို ငါ နောက်တစ်ခါ ခံစားနိုင်မည် မဟုတ်တော့လေသလော။ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုမရှိလျှင် ငါတို့တွင် မည်သည့်အရာ ဖြစ်မည်နည်း။ ငါ့မိန်းမ၏ ဘဝသည် ငါ၏ ချစ်ခြင်းမေတ္တာမရှိလျှင် မည်သို့ နေမည်နည်း။ ငါ့မိန်းမ၏ အချစ်ကို ငါဆုံးရှုံးရလျှင် ငါ ဘာဖြစ်မည်နည်း။ ဘုရားရှေ့တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်း၊ လူ၏တာဝန်ကို ပြီးမြောက်ခြင်းက ဤဆုံးရှုံးမှုကို ဖာထေးပေးနိုင်သလော”ဟူ၍ ယုံကြည်ကြသည်။ ၎င်းတို့မသိ။ ၎င်းတို့တွင် အဖြေမရှိပေ။ ပြီးလျှင် ဤသမ္မာတရားရှုထောင့်ကို ၎င်းတို့ နားမလည်ပေ။ ထို့ကြောင့် ဘုရားအိမ်တော်က အိမ်ထောင်ပျော်ရွှင်မှုကို အခြားအရာအားလုံးထက် လိုက်စားသူတို့အား ဧဝံဂေလိဖြန့်ဝေပြီး မိမိတို့ တာဝန်ကို ထမ်းဆောင်ရန် မိမိတို့အိမ်မှထွက်ခွာပြီး ဝေးသောတစ်နေရာသို့ သွားဖို့အတွက် လိုအပ်သောအချိန်တွင် ၎င်းတို့သည် မကြာခဏ စိတ်ပျက်ကြသည်။ အကူအညီမဲ့သလို ခံစားရသည်။ ၎င်းတို့သည် မကြာခင်တွင် ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုကို ဆုံးရှုံးရနိုင်သည်ဆိုသည့် အချက်ကိုပင် စိတ်မအေးနိုင်ဖြစ်ကြသည်။ လူအချို့မှာ ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် ၎င်းတို့တာဝန်များကို စွန့်ပစ်ကြသည်၊ သို့မဟုတ် ထမ်းဆောင်ဖို့ ငြင်းဆန်ကြသည်။ အချို့မှာ ဘုရားအိမ်တော်၏ အရေးကြီးသော အစီအစဉ်များကိုပင် ငြင်းဆန်ကြသည်။ မိမိတို့၏ အိမ်ထောင်ပျော်ရွှင်မှုကို ထိန်းသိမ်းရန်အတွက် မိမိတို့ အိမ်ထောင်ဘက်၏ ခံစားချက်များကို သိဖို့ မကြာခဏ ကြိုးစားသူအချို့လည်းရှိသည်။ ၎င်းတို့၏ ယုံကြည်မှု၊ ၎င်းတို့ ခံယူခဲ့သော ဘုရားသခင်အား ယုံကြည်မှုလမ်းကြောင်း၊ ၎င်းတို့၏ တာဝန်အား ထမ်းဆောင်ခြင်းတို့နှင့်ပတ်သက်ပြီး ၎င်းတို့၏ အိမ်ထောင်ဘက်က အနည်းငယ် မကျေနပ်လျှင်၊ သို့မဟုတ် နှစ်သက်မှုမရှိလျှင်၊ သို့မဟုတ် စိတ်ကျေနပ်ခြင်းမရှိလျှင် ၎င်းတို့သည် ရုတ်ချည်းပင် လမ်းကြောင်းပြောင်းပြီး အလျှော့ပေးသည်။ ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုအား ထိန်းသိမ်းရန်အတွက် ၎င်းတို့၏ အိမ်ထောင်ဘက်အပေါ် မကြာခဏ အလျှော့ပေးမှုများ ပြုလုပ်သည်။ ၎င်းတို့ရှိနေသည်ဆိုသည်ကို ၎င်းတို့၏ အိမ်ထောင်ဘက်အား ပြရန်အတွက်၊ ၎င်းတို့၏ အိမ်ထောင်ဘက်အား တစ်ယောက်တည်းဖြစ်ကာ အထီးကျန်နေသည်ဟု မခံစားရစေရန်အတွက်၊ ၎င်းတို့၏ အိမ်ထောင်ဘက်အား ၎င်းတို့၏ ချစ်ခြင်းကို ခံစားရစေရန်အတွက် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးအား စွန့်လွှတ်ရမည်၊ စုဝေးခြင်း၊ ဘုရားနှုတ်ကပတ်တော်အား ဖတ်ခြင်းနှင့် ဝိညာဉ်ရေးဝတ်ပြုခြင်းများ ပြုလုပ်ခြင်းအတွက် အချိန်ကို စွန့်လွှတ်ရမည်ဆိုလျှင်ပင် ၎င်းတို့၏ အိမ်ထောင်ဘက်ကို အလျှော့ပေးခြင်းများ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ၎င်းတို့အိမ်ထောင်ဘက်၏ ချစ်ခြင်းကို ဆုံးရှုံးခြင်း၊ သို့မဟုတ် မရှိခြင်းထက် ဤသို့သာ လုပ်ဆောင်ကြလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ယုံကြည်ခြင်းအတွက်၊ သို့မဟုတ် ၎င်းတို့ လျှောက်လှမ်းခဲ့သည့်ဘုရားသခင်အပေါ် ယုံကြည်ခြင်းလမ်းကြောင်းအတွက် ၎င်းတို့အိမ်ထောင်ဘက်၏ ချစ်ခြင်းကို စွန့်လွှတ်လျှင် ဤသည်မှာ ၎င်းတို့သည် ၎င်းတို့အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို စွန့်လွှတ်ခြင်းဖြစ်သည်၊ ထိုအိမ်ထောင်ရေးသာယာပျော်ရွှင်မှုကို ခံစားနိုင်တော့မည်မဟုတ်၊ ဤသို့ဆိုလျှင် ၎င်းတို့သည် အထီးကျန်သော၊ သနားစဖွယ်ဖြစ်သော၊ ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သောသူတစ်ယောက်ဖြစ်လိမ့်မည်ဟူ၍ ခံစားရသောကြောင့်ဖြစ်သည်။ ကြေကွဲဝမ်းနည်းဖွယ်ဖြစ်သော၊ သနားစဖွယ်ဖြစ်သော သူတစ်ယောက်ဖြစ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အခြားလူတစ်ယောက်၏ ချစ်ခြင်း၊ သို့မဟုတ် မြတ်နိုးခြင်းကို မခံရသောသူတစ်ယောက်ကို ဆိုလိုသည်။ ဤလူတို့သည် အယူဝါဒအချို့နှင့် သူ၏ ကယ်တင်ခြင်းအမှုကို ဘုရားသခင် လုပ်ဆောင်ခြင်း၏ အရေးပါမှုကို နားလည်သော်လည်း၊ ဖန်ဆင်းခံအနေဖြင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်သင့်သည်ဆိုသည်ကို ၎င်းတို့နားလည်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ၎င်းတို့၏ အိမ်ထောင်ဘက်အား ၎င်းတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို အပ်နှံကာ ၎င်းတို့၏ ကိုယ်ပိုင်ပျော်ရွှင်မှုကို ၎င်းတို့၏ အိမ်ထောင်ရေးသာယာပျော်ရွှင်မှုအပေါ်တွင် အမှီပြုစေသည်မှာ အမှန်ပင်ဖြစ်သောကြောင့် ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သင့်သည်ဆိုသည်ကို နားလည်ပြီး သိကြသော်လည်း ၎င်းတို့၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားမှုကို လက်မလွှတ်နိုင်ကြသေးပေ။ ၎င်းတို့သည် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းကို ဤဘဝသက်တမ်းတွင် ၎င်းတို့ လိုက်စားသင့်သည့် တာဝန်အဖြစ် မှားယွင်းစွာ မြင်ကြသည်။ ပြီးလျှင် အိမ်ထောင်ရေးသာယာပျော်ရွှင်မှုအား လိုက်စားခြင်းကို ဖန်ဆင်းခံတစ်ယောက်က လိုက်စားပြီး ပြီးမြောက်သင့်သည့် တာဝန်အဖြစ် မှားယွင်းစွာ ရှုမြင်ကြသည်။ ဤသည်မှာ အမှားတစ်ခုမဟုတ်လော။ (ဟုတ်သည်။)
အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းတွင် အမှားက မည်သည့်နေရာတွင် တည်ရှိသနည်း။ ယင်းသည် အိမ်ထောင်အပေါ် ဘုရားသခင်၏ အဓိပ္ပာယ်သတ်မှတ်ချက်နှင့် အိမ်ထောင်ကျပြီးသော လင်မယားတို့အား ဘုရားသခင်အပ်နှံသည့်အရာနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) မည်သည့်အရာ မှားယွင်းနေသနည်း။ လူအချို့က “ယောက်ျား တစ်ယောက်တည်းနေခြင်းက မကောင်းကြောင်း ဘုရားသခင် ပြောခဲ့သည်။ ထို့ကြောင့်သူက ယောက်ျားအတွက် အိမ်ထောင်ဘက်တစ်ယောက်ကို ဖန်ဆင်းခဲ့သည်။ ဤအိမ်ထောင်ဘက်က သူ့ကို အဖော်ပြုပေးသည်။ ဤသည်မှာအိမ်ထောင်အပေါ် ဘုရားသခင်၏ အဓိပ္ပာယ်သတ်မှတ်ချက်မဟုတ်သလော၊ ဤသည်မှာအိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို လိုက်စားခြင်း၏ တစ်စိတ်တစ်ပိုင်းမဟုတ်လော။ လူနှစ်ယောက်က အချင်းချင်း အဖော်ပြုပြီး သူတို့၏ နှစ်ဦးနှစ်ဖက်တာဝန်များကိုထမ်းဆောင်နေခြင်းက ဘာမှားသနည်း” ဟု ဆိုသည်။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် မိမိတာဝန်များကို ထမ်းဆောင်ခြင်းနှင့် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းကို မိမိတာဝန်အဖြစ် ခိုင်ခိုင်မာမာ မှတ်ယူခြင်းတွင် ကွာခြားမှုရှိသလော။ (ရှိသည်။) ဤတွင် ပြဿနာသည် အဘယ်နည်း။ (၎င်းတို့သည် အိမ်ထောင်ပျော်ရွှင်မှုအား လိုက်စားခြင်းကို ၎င်းတို့၏ အရေးကြီးဆုံးတာဝန်အဖြစ် မှတ်ယူသည်။ အမှန်တကယ်တွင် အသက်ရှင်သည့် လူသားအတွက် ဖန်ဆင်းရှင်ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် သူ၏ အကြီးမားဆုံးသော တာဝန်ဖြစ်သည်။ ၎င်းတို့သည် ဘဝတွင် လိုက်စားရန် ပန်းတိုင်ကို နားလည်မှုလွဲခဲ့သည်။) ဤအကြောင်းကို မည်သူက ဆက်လက်၍ ပြောလိုသနည်း။ (လူတစ်ယောက်သည် အိမ်ထောင်တွင် သူဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများအပေါ် မှန်ကန်သောချဉ်းကပ်မှုကို မကျင့်သုံးနိုင်သောအခါ သူသည် သူ၏အိမ်ထောင်ကို ထိန်းသိမ်းခြင်းအတွက် သူ၏အချိန်နှင့်အားအင်ကို အသုံးချလိမ့်မည်။ သို့ရာတွင် ရှေးဦးစွာ အိမ်ထောင်၏ တာဝန်အပေါ် မှန်ကန်သော ချဉ်းကပ်မှုသည် မိမိက ဖန်ဆင်းခံဖြစ်သည်ကိုလည်းကောင်း၊ မိမိ၏ အချိန်အများစုကို မိမိတာဝန်အား ထမ်းဆောင်ရင်း၊ မိမိကို ဘုရားသခင် အပ်နှံသည့်အရာနှင့် ပေးသည့်တာဝန်ကို ပြီးမြောက်ရင်း ကုန်ဆုံးသင့်သည်ကိုလည်းကောင်း မမေ့ခြင်းဖြစ်သည်။ ထို့နောက်တွင် အိမ်ထောင်၏ စည်းဘောင်အတွင်း၌ရှိသော တာဝန်နှင့် ဝတ္တရားများကို ဖြည့်ဆည်းသင့်သည်။ ဤအရာနှစ်ခုသည် ကွဲပြားသည်။) အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းသည် လူတို့ လက်ထပ်ပြီးသည်နှင့် ဘဝတွင် ၎င်းတို့ လိုက်စားသင့်သည့် ပန်းတိုင်မဟုတ်သလော။ ဤသည်မှာ ဘုရားသခင်က စီမံသော အိမ်ထောင်နှင့် တစ်ခုခုသက်ဆိုင်ခြင်းရှိသလော။ (မရှိပါ။) ဘုရားသခင်က လူအား အိမ်ထောင်ကို ပေးခဲ့သည်။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ယောက်ျား၊ သို့မဟုတ် မိန်းမ၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းနိုင်သည့် ပတ်ဝန်းကျင်တစ်ခုကို သင့်အား ဘုရားသခင် ပေးခဲ့သည်။ ဘုရားသခင်က သင့်အား အိမ်ထောင်ကိုပေးခဲ့သည်။ ဤသည်မှာ သူသည် သင့်အား လက်တွဲဖော်တစ်ယောက်ကို ပေးခဲ့သည်ဟု ဆိုလိုသည်။ ဤလက်တွဲဖော်သည် ဤဘဝ အဆုံးသတ်သည်အထိ သင့်ကို အဖော်ပြုမည်ဖြစ်ပြီး ဘဝ၏ အဆင့်တိုင်းတွင် သင့်အား အဖော်ပြုလိမ့်မည်။ “အဖော်ပြုမည်” ဆိုသည်မှာ အဘယ်အရာကို ငါဆိုလိုသနည်း။ သင်၏ လက်တွဲဖော်သည် သင့်ကို ကူညီပြီး စောင့်ရှောက်လိမ့်မည်၊ ဘဝတွင် သင်ကြုံတွေ့ရသော အရာများအားလုံးကို ဝေမျှလိမ့်မည်ဟု ငါဆိုလိုသည်။ ဤသည်မှာ သင်သည် အမှုအရာမည်မျှကို ကြုံတွေ့ပါစေ ယင်းတို့ကို တစ်ဦးတည်း ရင်ဆိုင်ရတော့မည်မဟုတ်ဘဲ သင်တို့နှစ်ဦးက အတူတကွ ရင်ဆိုင်မည်ဖြစ်သည်။ ဤသို့နေထိုင်ခြင်းသည် ဘဝကို အတော်အတန် ပို၍ လွယ်ကူစေပြီး ပို၍ သက်သောင့်သက်သာရှိစေသည်။ လူနှစ်ဦးလုံးက ၎င်းတို့လုပ်ဆောင်ရမည့်အရာကို လုပ်ဆောင်သည်။ တစ်ဦးချင်းစီက မိမိတို့၏ ကျွမ်းကျင်မှုနှင့် အားသာချက်များကို အသုံးချသည်။ မိမိတို့၏ ဘဝကို စတင်သည်။ ဤမျှ ရိုးရှင်းသည်။ သို့ရာတွင် ဘုရားသခင်သည် လူတို့အား တောင်းဆိုမှုတစ်ခုပြုပြီး “ငါသည် သင့်ကို အိမ်ထောင်အား ပေးခဲ့သည်၊ သင်သည် ယခုတွင် အိမ်ထောင်ကျပြီးသည်ဖြစ်သည့်အတွက် အဆုံးတိုင်အောင် သင်၏ လက်တွဲဖော်ကို အပြည့်အဝချစ်ရမည်ဖြစ်ပြီး စဉ်ဆက်မပြတ် မြှောက်ပင့်ပြောဆိုရမည်။ ဤသည်မှာ သင်၏ တာဝန်ဖြစ်သည်” ဟူ၍ ပြောဆိုခြင်းကို လုံးဝ မပြုလုပ်ခဲ့ပေ။ ဘုရားသခင်က သင့်အား အိမ်ထောင်ကို ပေးခဲ့သည်။ လက်တွဲဖော်တစ်ယောက်ပေးခဲ့သည်။ ကွဲပြားသော ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်တစ်ခုကို ပေးခဲ့သည်။ ဤရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် အခြေအနေမျိုးတွင် သင်သည် လွတ်လပ်စွာ၊ လွယ်ကူစွာ ရှင်သန်နိုင်ရန်အလို့ငှာ သူသည် သင်၏ လက်တွဲဖော်အား သင်နှင့်အတူ အရာရာကို မျှဝေပြီး ရင်ဆိုင်စေသည်။ တစ်ချိန်တည်းတွင် သင့်အား ကွဲပြားသော ဘဝအခြေအနေတစ်ခုကို တန်ဖိုးထားစေသည်။ သို့ရာတွင် ဘုရားသခင်က သင့်အား အိမ်ထောင်ထံသို့ လွှဲအပ်လိုက်ခြင်းမရှိပေ။ မည်သည့်အရာကို ငါဆိုလိုသနည်း။ ဘုရားသခင်က သင်၏ အသက်၊ သင်၏ ကံကြမ္မာ၊ သင်၏တာဝန်၊ ဘဝတွင် သင်လိုက်လျှောက်သည့် လမ်းကြောင်း၊ ဘဝတွင် သင်ရွေးချယ်သည့် ဦးတည်ချက်၊ သင့်တွင်ရှိသော ယုံကြည်ခြင်းအမျိုးအစားတို့ကို ယူပြီး သင်၏ လက်တွဲဖော်ထံသို့ သင့်အတွက် ဆုံးဖြတ်ပေးဖို့ ပေးလိုက်ခြင်းမရှိဟု ငါဆိုလိုသည်။ မိန်းမတစ်ယောက်တွင်ရှိသော ကံကြမ္မာအမျိုးအစား၊ လိုက်စားမှုများ၊ ဘဝလမ်းကြောင်းနှင့် ဘဝအပေါ် သဘောထားအမြင်တို့ကို သူမ၏ ခင်ပွန်းက ဆုံးဖြတ်ရမည်၊ သို့မဟုတ် ယောက်ျားတစ်ယောက်တွင်ရှိသော ကံကြမ္မာအမျိုးအစား၊ လိုက်စားမှု၊ ဘဝအပေါ် သဘောထားအမြင်နှင့် ဘဝတို့ကို သူ၏ ဇနီးက ဆုံးဖြတ်ရမည်ဟူ၍ ဘုရားသခင်က မပြောခဲ့ပေ။ ဘုရားသခင်က ဤသို့သောအရာများကို လုံးဝ မပြောခဲ့ဘဲ အမှုအရာများကို ဤသို့ စီမံခဲ့ခြင်းမရှိပေ။ သင် မြင်သလော။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် အိမ်ထောင်ကို ထူထောင်ခဲ့သောအချိန်တွင် ဤသို့သောအရာ တစ်စုံတစ်ခုကို ပြောဆိုခဲ့သလော။ (မပြောဆိုခဲ့ပါ။) အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းသည် ဘဝတွင် မိန်းမ၊ သို့မဟုတ် ယောက်ျားတစ်ယောက်၏ တာဝန်ဖြစ်သည်ဟုလည်းကောင်း၊ သင်၏ ဘဝတာဝန် ပြီးမြောက်ရန်အတွက်နှင့် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် အောင်မြင်စွာ ကျင့်ကြံပြုမူရန်အတွက် သင်၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို ကောင်းစွာ ထိန်းသိမ်းရမည်ဟုလည်းကောင်း ဘုရားသခင်က လုံးဝ မပြောခဲ့ပေ။ ဘုရားသခင်က ဤသို့သောအရာ တစ်ခုတလေကိုမျှ လုံးဝ မပြောခဲ့ပေ။ ဘုရားသခင်က “သင်သည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင်၏ ဘဝလမ်းကြောင်းကို ရွေးချယ်ရမည်၊ သင်က ကယ်တင်ခြင်းကို ရရှိမည်၊ မရရှိမည်ဆိုသည်ကို သင်၏ အိမ်ထောင်အားဖြင့်၊ သင်၏ အိမ်ထောင်ဘက်အားဖြင့် ဆုံးဖြတ်မည်ဖြစ်သည်၊ သင်၏ ဘဝအပေါ် ရှုမြင်သုံးသပ်ချက်နှင့် သင်၏ ကံကြမ္မာကို သင်၏ အိမ်ထောင်ဘက်က ဆုံးဖြတ်လိမ့်မည်” ဟူ၍လည်း မပြောခဲ့ပေ။ ဘုရားသခင်က ဤသို့သောအရာကို ပြောခဲ့ဖူးသလော။ (မပြောခဲ့ဖူးပါ။) ဘုရားသခင်သည် သင့်အတွက် အိမ်ထောင်ကို စီမံခဲ့ပြီး သင့်အား လက်တွဲဖော်တစ်ယောက်ပေးခဲ့သည်။ သင်သည် အိမ်ထောင်ထဲသို့ ဝင်ရောက်သော်လည်း ဘုရားသခင်ရှေ့၌ သင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းက မပြောင်းလဲပေ။ သင်သည် သင်ဖြစ်နေဆဲဖြစ်သည်။ သင်သည် မိန်းမတစ်ယောက်ဖြစ်လျှင် ဘုရားရှေ့၌ သင်သည် မိန်းမတစ်ယောက်ဖြစ်နေဆဲ ဖြစ်သည်။ သင်သည် ယောက်ျားတစ်ယောက်ဖြစ်လျှင် သင်သည် ဘုရားရှေ့၌ ယောက်ျားတစ်ယောက် ဖြစ်ဆဲ ဖြစ်သည်။ သို့သော် သင်တို့နှစ်ဦးလုံးတွင် တူညီသည့်အရာတစ်ခုရှိသည်။ ယင်းမှာ သင်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သင်တို့အားလုံးသည် ဖန်ဆင်းရှင်ရှေ့၌ ဖန်ဆင်းခံများဖြစ်ကြသည်။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင်တို့သည် အချင်းချင်း သည်းခံပြီး ချစ်ကြသည်။ အချင်းချင်း ကူညီထောက်ပံ့ကြသည်။ ဤသည်မှာ သင်တို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းဖြစ်သည်။ သို့ရာတွင် ဘုရားသခင်ရှေ့၌ သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် သင်ပြီးမြောက်သင့်သည့် တာဝန်ကို သင်၏ လက်တွဲဖော်အပေါ် သင်ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် အစားထိုး၍မရပေ။ ထို့ကြောင့် သင်၏ လက်တွဲဖော်အပေါ် သင်၏တာဝန်များနှင့် ဘုရားရှေ့တွင် ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သည့် တာဝန်ကြား၌ ဆန့်ကျင်ကွဲလွဲမှုရှိလျှင် သင်ရွေးချယ်သင့်သည့်အရာမှာ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ရန်နှင့် သင်၏ လက်တွဲဖော်အပေါ် သင်၏ တာဝန်များကို မဖြည့်ဆည်းရန်ဖြစ်သည်။ ဤသည်မှာ သင်ရွေးချယ်သင့်သည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်ဖြစ်သည်။ သင် ပြီးမြောက်သင့်သည့် တာဝန်လည်းဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။ သို့ရာတွင် လူအချို့မှာ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်း၊ သို့မဟုတ် ၎င်းတို့၏ လက်တွဲဖော်အပေါ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်း၊ ၎င်းတို့၏ လက်တွဲဖော်ကို ဂရုစိုက်ခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ ချစ်ခြင်းတို့ကို ဘဝတွင် ၎င်းတို့၏ တာဝန်အဖြစ်သို့ မှားယွင်းစွာ ရောက်စေကြသည်။ ၎င်းတို့သည် ၎င်းတို့၏ လက်တွဲဖော်ကို ၎င်းတို့၏ကောင်းကင်၊ ၎င်းတို့၏ ကံကြမ္မာအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ မှားယွင်း၏။ သင်၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိပြီး သင်၏ လက်တွဲဖော်က အုပ်စိုးခြင်းမရှိပေ။ အိမ်ထောင်သည် သင်၏ ကံကို မပြောင်းလဲနိုင်သကဲ့သို့ ဘုရားသခင်က သင့်ကံအား အုပ်စိုးသည်ဆိုသည့်အချက်ကိုလည်း မပြောင်းလဲနိုင်ပေ။ သင့်တွင်ရှိသင့်သော ဘဝအပေါ် ရှုမြင်သုံးသပ်ချက်နှင့် သင် လိုက်လျှောက်သင့်သည့် လမ်းကြောင်းအမျိုးအစားနှင့်ပတ်သက်ပြီး ဤအရာတို့ကို ဘုရားသခင်၏ သွန်သင်ချက်များ၊ သတ်မှတ်ချက်များနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်ထဲတွင် သင် ရှာဖွေသင့်သည်။ ဤအရာများသည် သင်၏ လက်တွဲဖော်အပေါ် အမှီပြုခြင်းမရှိဘဲ သူဆုံးဖြတ်ရန်အတွက်လည်းမဟုတ်ပေ။ သင့်အပေါ် သူ၏ တာဝန်များကို ဖြည့်ဆည်းခြင်းအပြင် သူသည်သင်၏ ကံကြမ္မာအပေါ် ထိန်းချုပ်ခြင်းမရှိသင့်သကဲ့သို့ ဘဝတွင် သင်၏ ဦးတည်ချက်ကို ပြောင်းလဲရန်လည်း သူ မတောင်းဆိုသင့်ပေ။ မည်သည့်လမ်းကြောင်းကို သင်လိုက်ရမည်ကိုလည်း မဆုံးဖြတ်သင့်ပေ။ ဘဝအပေါ်တွင် မည်သည့် ရှုမြင်သုံးသပ်ချက်မျိုး သင်ရှိသင့်သည်ကိုလည်း မဆုံးဖြတ်သင့်ပေ။ သူသည် သင့်အား ကယ်တင်ခြင်း လိုက်စားခြင်းကို ချုပ်ချယ်ခြင်း၊ သို့မဟုတ် နှောင့်ယှက်ခြင်းကို ပို၍ပင် မလုပ်သင့်ပေ။ အိမ်ထောင်နှင့်ပတ်သက်လျှင် လူတို့လုပ်နိုင်သမျှမှာ ခင်ပွန်းနှင့် ဇနီးနှစ်ဦးလုံးသည် အချင်းချင်းအပေါ် ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းပြီး အိမ်ထောင်ကို ဘုရားသခင်ထံမှ လက်ခံကာ လူအတွက် ဘုရားသခင် စီမံထားခဲ့သည့် အိမ်ထောင်၏ အဓိပ္ပာယ်သတ်မှတ်ချက်ကို လိုက်နာရန်ဖြစ်သည်။ ၎င်းတို့ မလုပ်နိုင်သည့်အရာမှာ ထာဝရအတွက်ကို မဆိုထားနှင့် ၎င်းတို့ လက်တွဲဖော်၏ ကံကြမ္မာ၊ ယခင်ဘဝ၊ လက်ရှိဘဝ၊ သို့မဟုတ် နောက်ဘဝတို့ကို ဆုံးဖြတ်ခြင်းဖြစ်သည်။ သင်၏ ခရီးပန်းတိုင်၊ သင်၏ ကံကြမ္မာ၊ သင်လိုက်လျှောက်သည့် လမ်းကြောင်းတို့ကို ဖန်ဆင်းရှင်ကသာ ဆုံးဖြတ်နိုင်သည်။ ထို့ကြောင့် ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင်၏ အခန်းကဏ္ဍသည် ဇနီးဖြစ်စေ၊ ခင်ပွန်းဖြစ်စေ ဤဘဝ၌ သင်လိုက်စားသင့်သည့် ပျော်ရွှင်မှုသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်ထမ်းဆောင်ခြင်းနှင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ပြီးမြောက်ခြင်းမှ လာသည်။ အိမ်ထောင်သက်သက်မှ လာခြင်းမဟုတ်ပေ။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ဇနီး၊ သို့မဟုတ် ခင်ပွန်း၏ တာဝန်ကို ဖြည့်ဆည်းခြင်းမှ လာသည်ဆိုလျှင် ပို၍ပင် မဟုတ်ပေ။ သင် လိုက်လျှောက်ရန် ရွေးချယ်သည့်လမ်းကြောင်းနှင့် သင်ခံယူသည့် ဘဝအပေါ် ရှုမြင်သုံးသပ်ချက်တို့ကို အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအပေါ်တွင် မတည်ဆောက်သင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းတို့ကို လင်မယားစုံတွဲမှ တစ်ယောက် သို့မဟုတ် အခြားတစ်ယောက်က ပို၍ပင် မဆုံးဖြတ်သင့်ပေ။ ဤသည်မှာ သင်နားလည်သင့်သည့် အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်ရေးသာယာပျော်ရွှင်မှုကိုသာ လိုက်စားပြီး ဤလိုက်စားမှုကို ၎င်းတို့၏တာဝန်အဖြစ် မှတ်ယူသော အိမ်ထောင်သို့ဝင်ရောက်သည့် လူများသည် ဤသို့သော အတွေးအမြင်များကို လက်လွှတ်သင့်သည်။ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းကို ပြောင်းလဲသင့်သည်။ ဘဝတွင် ၎င်းတို့ ဦးတည်သည့် ဦးတည်ချက်ကို ပြောင်းလဲသင့်သည်။ သင်သည် ဘုရားသခင်၏ စီမံမှုအောက်တွင် အိမ်ထောင်သို့ ဝင်ရောက်ပြီး သင်၏ လက်တွဲဖော်နှင့် အတူတကွ နေထိုင်သည်။ ဤမျှသာဖြစ်သည်။ ဤသည်မှာ သင်တို့၏ ဘဝကို အတူတကွ မျှဝေနေထိုင်စဉ်တွင် ဇနီး၊ သို့မဟုတ် ခင်ပွန်းတစ်ယောက်၏ တာဝန်များကို ဖြည့်ဆည်းရန် လုံလောက်သည်။ မည်သည့်လမ်းကြောင်းကို သင်လိုက်လျှောက်သည်နှင့် ဘဝနှင့်ပတ်သက်သည့် မည်သည့် သဘောထားအမြင်အား သင်ခံယူသည်နှင့်ပတ်သက်လျှင် သင်၏ လက်တွဲဖော်သည် ဤအရာများကို ဆုံးဖြတ်ရန် ဝတ္တရားမရှိဘဲ ဆုံးဖြတ်ပိုင်ခွင့်လည်းမရှိပေ။ သင်သည် အိမ်ထောင်ကျပြီးဖြစ်ကာ အိမ်ထောင်ဘက်ရှိသော်လည်း သင်၏ အိမ်ထောင်ဘက်ဆိုသူသည် ဘုရားသခင်က စီမံထားပြီးဖြစ်သည့် အိမ်ထောင်ဘက်တစ်ယောက်၏ အဓိပ္ပာယ်ကိုသာ သယ်ဆောင်နိုင်သည်။ သူသည် အိမ်ထောင်ဘက်တစ်ဦး၏ တာဝန်များကိုသာ ဖြည့်ဆည်းနိုင်သည်။ သင်၏ အိမ်ထောင်ဘက်နှင့် မသက်ဆိုင်သော အခြားသော အရာမှန်သမျှကို သင်ရွေးချယ်ဆုံးဖြတ်နိုင်သည်။ ပို၍ပင် အရေးကြီးသည်မှာ သင်၏ ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်များသည် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများ၊ နားလည်မှုများအပေါ် အခြေမခံသင့်ဘဲ ဘုရားနှုတ်ကပတ်တော်အပေါ်တွင် အခြေခံသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအမှုကိစ္စအပေါ် မိတ်သဟာယကို သင်နားလည်သလော။ (နားလည်ပါသည်။) ထို့ကြောင့် မည်သို့ပင်ဖြစ်စေ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင်ရှိသည့် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို လိုက်စားသော၊ သို့မဟုတ် မည်သည့်စွန့်လွှတ်အနစ်နာခံမှုကိုမဆို ပြုလုပ်သော မည်သည့်လက်တွဲဖော်မဆို၏ လုပ်ရပ်များကို ဘုရားသခင်က အမှတ်ရမည်မဟုတ်ပေ။ သင်သည် သင်၏လက်တွဲဖော်အပေါ် သင်၏ တာဝန်၊ ဝတ္တရားများကို မည်မျှကောင်းမွန်စွာ၊ ပြည်စုံစွာဖြည့်ဆည်းပါစေ၊ သင့်လက်တွဲဖော်၏ မျှော်မှန်းချက်များကို သင်မည်မျှ ပြည့်မီအောင်လုပ်ဆောင်နိုင်ပါစေ၊ တစ်နည်းအားဖြင့် သင်၏ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုကို မည်မျှကောင်းမွန်စွာ၊ မည်မျှပြည့်စုံစွာ ထိန်းသိမ်းပါစေ၊ သို့မဟုတ် ထိုအရာက မည်မျှအားကျဖွယ်ဖြစ်ပါစေ သင်သည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု မဆိုလိုသကဲ့သို့ သင်သည် စံမီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်သည်ဟုလည်း သက်သေမပြပေ။ သင်သည် ပြည့်စုံသော ဇနီး၊ သို့မဟုတ် ပြည့်စုံသော ခင်ပွန်းဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယင်းသည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ကန့်သတ်ခံထားရသည်။ ဖန်ဆင်းရှင်က သူ၏ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်မည်သို့ ထမ်းဆောင်သည်၊ မည်သည့်လမ်းကြောင်းမျိုးကို သင်လိုက်လျှောက်သည်၊ ဘဝအပေါ် သင်၏ သဘောထားအမြင်ကမည်သည့်အရာဖြစ်သည်၊ ဘဝတွင် မည်သည့်အရာကို သင်လိုက်စားသည်၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို သင်မည်သို့ ပြီးမြောက်အောင်လုပ်ဆောင်သည်ဆိုသည်တို့အပေါ် အခြေခံပြီး သင်က မည်သို့သောသူမျိုးဖြစ်သည်ကို တိုင်းတာသည်။ ဘုရားသခင်သည် ဤအရာများဖြင့် ဘုရားသခင်က ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင် လိုက်လျှောက်သော လမ်းကြောင်းနှင့် သင်၏အနာဂတ် ခရီးပန်းတိုင်ကို တိုင်းတာသည်။ သင်သည် ဇနီး၊ သို့မဟုတ် ခင်ပွန်းတစ်ယောက်အဖြစ် သင်၏ တာဝန်၊ ဝတ္တရားများအား အဘယ်သို့ ဖြည့်ဆည်းသည်၊ သို့မဟုတ် သင်၏ လက်တွဲဖော်အပေါ် သင်၏ ချစ်ခြင်းသည် သူ့အား ကျေနပ်စေခြင်းရှိမရှိဆိုသည်တို့အပေါ် အခြေခံပြီး ဤအရာများကို သူ မတိုင်းတာပေ။ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းက သင်၏တာဝန် မဟုတ်ခြင်းနှင့်ပတ်သက်ပြီး ဤအကြောင်းအရာကို အပြီးသတ်ရန် ဤအသေးစိတ်အချက်များကို ယနေ့ ငါပေးခဲ့ပြီးဖြစ်သည်။ သင် မြင်သလော။ ဤပြဿနာများကို ငါ မိတ်သဟာယမဖွဲ့လျှင် လူတို့က ဤအရာများကို ၎င်းတို့ နားလည်ပြီး အနည်းငယ်သိသည်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော် ၎င်းတို့၌ တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သောအခါတွင် ၎င်းတို့သည် မှန်သယောင်ရှိပြီး မှားယွင်းသောကိစ္စများကြောင့် ပိတ်မိပြီး တားဆီးခံနေရဆဲဖြစ်မည်။ ၎င်းတို့သည် ဇနီး၊ သို့မဟုတ် ခင်ပွန်းတစ်ယောက်၏ ဝတ္တရားများကို ဖြည့်ဆည်းလိုပြီး ထိုစဉ်တွင် လူသားတစ်ဦး၊ ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာများကိုလည်း ကောင်းစွာလုပ်ဆောင်လိုလိမ့်မည်။ သို့ရာတွင် ဤအရာနှစ်ခုက တစ်ခုနှင့်တစ်ခု ကွဲလွဲနေသောအခါ၊ သို့မဟုတ် ဆန့်ကျင်ပြီး တားဆီးပိတ်ဆို့နေသောအခါ မည်သို့ ကိုင်တွယ်သင့်သည်ဆိုသည်မှာ အလုံးစုံ ရှင်းလင်းခြင်းမရှိပေ။ ယခုတွင် ဤသို့ မိတ်သဟာယပြုပြီးနောက် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) တစ်ဖက်တွင် လူတို့သည် ၎င်းတို့၏ အယူအဆများ၌ ကောင်းသည်၊ မှန်သည်ဟု ယုံကြည်သောအရာများနှင့် အခြားတစ်ဖက်တွင် သမ္မာတရားအရ အပြုသဘောဆောင်သော၊ မှန်ကန်သော၊ ကောင်းမွန်သောအရာများကြား၌ ကွာခြားမှုတစ်ခုရှိသည်။ ဤအရာကို နားလည်အောင် ရှင်းလိုက်သောအခါ ရှင်းလင်းလာသည်။ အပြုသဘောဆောင်ပြီး ကောင်းမွန်သည်ဟု လူတို့ ယုံကြည်သောအရာများသည် လူ၏ အယူအဆများ၊ စိတ်ကူးများ၊ ခံစားချက်နှင့် ပြည့်နေလေ့ရှိသည်။ ယင်းတို့သည် သမ္မာတရားနှင့် ဆက်စပ်မှု မရှိပေ။ “ဆက်စပ်မှုမရှိ” ဆိုသည်မှာ မည်သည့်အရာကို ငါ ဆိုလိုသနည်း။ ယင်းတို့သည် သမ္မာတရားမဟုတ်ဟု ငါ ဆိုလိုသည်။ သင်သည် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သောအရာများနှင့် သမ္မာတရား မဟုတ်သောအရာများကို အပြုသဘောဆောင်သော အရာများအဖြစ်လည်းကောင်း၊ သမ္မာတရားအဖြစ်လည်းကောင်း မှတ်ယူလျှင်၊ ယင်းတို့ကို သမ္မာတရားအဖြစ် ယုံကြည်လျက် လိုက်လျှောက်ကာ တင်းကျပ်စွာ ဖက်တွယ်ထားလျှင် သင်သည် သမ္မာတရားအား လိုက်စားသည့်လမ်းကြောင်းကို လျှောက်နိုင်မည်မဟုတ်ပေ။ ပြီးလျှင် သင်သည် အဆုံးတွင် သမ္မာတရားနှင့် အလွန်ဝေးကွာသွားလိမ့်မည်။ ဤသည်မှာ မည်သူ့တာဝန်ဖြစ်သနည်း။
ငါတို့ ယခု မိတ်သဟာယဖွဲ့နေသည့် အကြောင်းအရာမှာ လူတို့သည် အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းကို လက်လွှတ်သင့်ကြောင်းနှင့် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်းမျှဖြင့် လုံလောက်ကြောင်း ဖြစ်သည်။ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအား လိုက်စားခြင်းကို လက်လွှတ်ခြင်းအပေါ် ငါတို့ မိတ်သဟာယဖွဲ့ခြင်းက ပြီးဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင် အခြားကိစ္စရပ်တစ်ခုကို ငါတို့ မိတ်သဟာယဖွဲ့မည်။ သင်သည် အိမ်ထောင်၏ ကျွန်မဟုတ်ပေ။ ဤသည်မှာ ငါတို့ မိတ်သဟာယဖွဲ့သင့်သည့် ကိစ္စရပ်တစ်ခုဖြစ်သည်။ လူအချို့သည် အိမ်ထောင်ကျပြီးနောက်တွင် မည်သည့်အရာကို ယုံကြည်သနည်း။ “ကျွန်ုပ်ဘဝက ယခု ဤသို့သတ်မှတ်ထားတာသည်။ ကျွန်ုပ်သည် ကျန်သည့်ဘဝတစ်လျှောက်လုံးတွင် ဤလူနှင့် နေဖို့ ကံပါလာသည်။ ကျွန်ုပ် မိဘများနှင့်မိသားစုထဲက လူကြီးများသည် ကျွန်ုပ်တစ်သက်လုံးအားကိုးရမည့် သူများ မဟုတ်ပါ။ ကျွန်ုပ်၏ မိတ်ဆွေများလည်း မဟုတ်ပါ။ သို့ဆိုလျှင် မည်သူက ကျွန်ုပ် တစ်သက်လုံး အားကိုးရမည့်သူများ ဖြစ်သနည်း။ ကျွန်ုပ်နှင့်အတူ အိမ်ထောင်ကျသူသည် ကျွန်ုပ် ဘဝတစ်လျှောက်လုံး အားကိုးရမည့်သူ ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤသို့သော အတွေးများ၏ လှုံ့ဆော်မှုအောက်တွင် လူများစွာတို့သည် ၎င်းတို့အိမ်ထောင်ကျပြီးသည်နှင့် တည်ငြိမ်သောဘဝ၊ အရိပ်အာဝါသရှိသော လုံခြုံသောနေရာ၊ ရင်ဖွင့်စရာ တစ်စုံတစ်ယောက်ရှိလိမ့်မည်ဟု ယုံကြည်လျက် အိမ်ထောင်ကို အလွန်အရေးကြီးသည်ဟု မြင်ကြသည်။ မိန်းမများက “အိမ်ထောင်ရှိလျှင် ကျွန်ုပ်တွင် အားကိုးရမည့် သန်မာသော လက်များရှိသည်” ဟု ဆိုကြသည်။ ယောက်ျားများက “အိမ်ထောင်ရှိလျှင် ကျွန်ုပ်တွင် အေးချမ်းသော အိမ်ရှိသည်။ ကျွန်ုပ် လေလွင့်မနေတော့ပါ။ ဤအရာကို စဉ်းစားကြည့်ရုံဖြင့် ကျွန်ုပ် ပျော်ရသည်။ ကျွန်ုပ် အနီးအနားက တစ်ကိုယ်ရေတစ်ကာယသမားများကို ကြည့်လော့။ မိန်းမများသည် အားကိုးစရာ မည်သူမျှမရှိဘဲ၊ အခြေတကျ အိမ်မရှိဘဲ၊ မှီပြီး ငိုဖို့အတွက် ပခုံးမရှိဘဲနှင့် တစ်နေကုန် လျှောက်သွားကြသည်။ ယောက်ျားများက နွေးထွေးသည့် အိမ်မရှိကြပါ။ သနားဖွယ်ကောင်းလိုက်လေချင်း ပါတကား” ဟူ၍ ပြောသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အိမ်ထောင်ရေး သာယာပျော်ရွှင်မှုအကြောင်း စဉ်းစားသောအခါ အလွန်စိတ်ချမ်းသာဖွယ်၊ ကျေနပ်ဖွယ်ဖြစ်သည်ဟု ထင်ကြသည်။ ကျေနပ်ခြင်းကို ခံစားရသည့်အပြင် ၎င်းတို့သည် ၎င်းတို့၏အိမ်ထောင်အတွက်၊ ၎င်းတို့၏ အိမ်အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်သင့်သည်ဟု ခံစားရသည်။ ထို့ကြောင့် လူအချို့သည် အိမ်ထောင်ကျသည်နှင့် ၎င်းတို့၏ အိမ်ထောင်သည်ဘဝအတွက် ၎င်းတို့တတ်နိုင်သမျှ ပေးအပ်မြုပ်နှံရန် ပြင်ဆင်ကြသည်။ ၎င်းတို့၏ အိမ်ထောင်အတွက် ကြိုးပမ်းရန်၊ ရုန်းကန်ရန်၊ အလုပ်ကြိုးစားရန် ပြင်ဆင်ကြသည်။ အချို့သည် အသည်းအသန် ပိုက်ဆံရှာပြီး ဒုက္ခခံသည်။ ပြီးလျှင် ၎င်းတို့ဘဝ၏ ပျော်ရွှင်မှုကို ၎င်းတို့၏ လက်တွဲဖော်အပေါ်သို့ ပို၍ပင် အပ်နှံကြသည်။ ဘဝတွင် ၎င်းတို့ ပျော်ရွှင်ဝမ်းမြောက်ခြင်းရှိမရှိဟူသည်မှာ ၎င်းတို့၏ လက်တွဲဖော်က မည်သည့်ပုံစံရှိမည်၊ သူက လူကောင်းတစ်ယောက် ဟုတ်မဟုတ်၊ သူ၏ ပင်ကိုစရိုက်နှင့် စိတ်ဝင်စားမှုတို့က ၎င်းတို့နှင့် ကိုက်ညီခြင်းရှိမရှိ၊ သူသည် ပိုက်ဆံရှာနိုင်ပြီး မိသားစုတစ်စုကို စီမံနိုင်သည့်သူ ဟုတ်မဟုတ်၊ အနာဂတ်တွင် ၎င်းတို့အတွက် အခြေခံ မရှိမဖြစ် လိုအပ်ချက်များကို သေချာစေနိုင်ပြီး ၎င်းတို့အား ပျော်ရွှင်သော၊ တည်ငြိမ်သော၊ နှစ်သက်ဖွယ်ကောင်းသော မိသားစုတစ်စုကို ပေးနိုင်သူဟုတ်မဟုတ်၊ ဝေဒနာ၊ ဆင်းရဲဒုက္ခ၊ ကျရှုံးမှု၊ သို့မဟုတ် အနှောင့်အယှက်တစ်ခုခုကို ကြုံရသည်အခါတွင် ၎င်းတို့ကို နှစ်သိမ့်ပေးနိုင်သူဟုတ်မဟုတ်တို့အပေါ်တွင် မူတည်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအရာများကို အတည်ပြုရန်အတွက် ၎င်းတို့သည် အတူတကွနေစဉ်တွင် ၎င်းတို့၏ လက်တွဲဖော်ကို အထူးအာရုံစိုက်ကြသည်။ ၎င်းတို့သည် အလွန်ဂရုစိုက်ပြီး အာရုံစိုက်ခြင်းဖြင့် ၎င်းတို့ လက်တွဲဖော်၏ အတွေး၊ အမြင်၊ စကား၊ အပြုအမူ၊ သူ၏ လှုပ်ရှားမှုတိုင်းနှင့် သူ၏ အားသာချက်၊ အားနည်ချက်တိုင်းကိုပါ ကြည့်ရှုလေ့လာပြီး မှတ်သားကြသည်။ ၎င်းတို့သည် ဘဝတွင် ၎င်းတို့၏ လက်တွဲဖော်က ဖွင့်ပြသည့် အတွေးများ၊ အမြင်များ၊ စကားများ၊ အပြုအမူများအားလုံးကို အသေးစိတ် မှတ်မိကြသည်။ ဤသို့ဖြင့် ၎င်းတို့၏ လက်တွဲဖော်ကို ပို၍ နားလည်နိုင်ကြသည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ လက်တွဲဖော်က ၎င်းတို့ကို ပို၍ နားလည်ပေးရန်လည်း မျှော်လင့်ကြသည်။ ၎င်းတို့သည် အချင်းချင်း ချုပ်ထိန်းနိုင်ရန်၊ သို့မဟုတ် တစ်စုံတစ်ခုဖြစ်ပျက်သောအခါတိုင်းတွင် ၎င်းတို့၏ လက်တွဲဖော်ရှေ့တွင် ပေါ်လာသော ပထမဆုံးသောသူဖြစ်နိုင်ရန်၊ သူ့ကို ကူညီသည့် ပထမဆုံးသူဖြစ်ရန်၊ သူ့အတွက် ရပ်တည်ပြီး ပံ့ပိုးသည့်၊ အားပေးသည့်၊ သူ၏ ခိုင်မာသော အထောက်အပံ့ဖြစ်သည့် ပထမဆုံးသောသူဖြစ်ရန်အတွက် ၎င်းတို့၏ လက်တွဲဖော်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် နေရာယူခွင့်ပေးပြီး ၎င်းတို့ လက်တွဲဖော်၏ စိတ်နှလုံးထဲသို့လည်း မိမိတို့ဘာသာ နေရာယူကြသည်။ ။ ဤသို့သော အသက်ရှင်နေထိုင်မှု အခြေအနေများတွင် ခင်ပွန်းနှင့် ဇနီးသည် ၎င်းတို့၏ လက်တွဲဖော်က မည်သို့သောသူမျိုးဖြစ်သည်ကို ပိုင်းခြားသိမြင်ဖို့ ကြိုးစားလေ့မရှိဘဲ ၎င်းတို့၏ လက်တွဲဖော်အပေါ်ရှိသည့် ၎င်းတို့၏ ခံစားချက်သက်သက်ဖြင့်သာ အသက်ရှင်နေထိုင်ကြသည်။ ၎င်းတို့၏ လက်တွဲဖော်ကို ဂရုစိုက်ရန်၊ သည်းခံရန်၊ သူ၏ အမှားများ၊ အားနည်းချက်များ၊ လိုက်စားမှုများအားလုံးကို ကိုင်တွယ်ရန် ၎င်းတို့၏ ခံစားချက်များကို အသုံးပြုကြသည်။ ၎င်းတို့ အလိုရှိသည့်အချိန်တိုင်းတွင် လုပ်ဆောင်ပေးသည်အထိပင်ဖြစ်သည်။ ဥပမာ မိန်းမတစ်ယောက်၏ ခင်ပွန်းက “သင်၏စုဝေးပွဲက ကြာလွန်းသည်။ နာရီဝက်သာသွားပြီး အိမ်ပြန်လာခဲ့ပါ” ဟု ဆိုသည်။ သူမက “ကျွန်မ တတ်နိုင်သလောက် လုပ်လိုက်ပါမည်” ဟု တုံ့ပြန်သည်။ အသေအချာပင် နောက်တစ်ကြိမ်တွင် သူမသည် စုဝေးပွဲသို့ နာရီဝက်သွားပြီး အိမ်ပြန်လာသည်။ ယခုတွင် သူမ၏ ခင်ပွန်းက “ထိုသို့သာ ဖြစ်ရမည်။ ၊ နောက်တစ်ကြိမ်တွင် သင့်မျက်နှာကိုသာ သွားပြပြီး ပြန်လာခဲ့လိုက်ပါ” ဟု ပြောသည်။ သူမက “အို ရှင် ကျွန်မကို ထိုမျှ လွမ်းသည်လော။ ကောင်းပြီ၊ အတတ်နိုင်ဆုံးလုပ်လိုက်ပါမည်” ဟု ပြောသည်။ အသေအချာပင် စုဝေးပွဲသို့ သူမသွားသည့် နောက်တစ်ကြိမ်တွင် သူ့ကို စိတ်မပျက်စေပေ။ ဆယ်မိနစ်ခန့်တွင် အိမ်သို့ ပြန်လာသည်။ သူမ၏ ခင်ပွန်းက အလွန်ကျေနပ်ပြီး ပျော်ရွှင်ကာ “ထိုသို့လုပ်ဆောင်ခြင်းက ပိုကောင်းသည်” ဟု ဆိုသည်။ သူသည် သူမကို အရှေ့သို့ သွားစေလိုလျှင် သူမက အနောက်သို့ မသွားရဲပေ။ သူသည် သူမကို ရီစေလိုလျှင် သူမက မငိုရဲပေ။ သူမက ဘုရားနှုတ်ကပတ်တော်ဖတ်ပြီး ဓမ္မသီချင်းများအား နားထောင်သည်ကို သူ မြင်ပြီး မနှစ်သက်ဘဲ ရွံရှာကာ “တစ်ချိန်လုံး ဤစာများကို ဖတ်ပြီး ဤသီချင်းများကို ဆိုနေခြင်းသည် အဘယ် အသုံးဝင်သနည်း။ ကျွန်ုပ် အိမ်တွင် ရှိနေစဉ် ဤစာများကို မဖတ်ဘဲ၊ ထိုသီချင်းများကို မဆိုဘဲ နေ၍မရသလော” ဟု ပြောသည်။ သူမက “အင်းပါ၊ အင်းပါ ကျွန်မ မဖတ်တော့ဘူး” ဟု ပြန်ဖြေသည်။ သူမသည် ဘုရားနှုတ်ကပတ်တော်ကို မဖတ်ရဲတော့၊ သို့မဟုတ် ဓမ္မသီချင်းများကို နားမထောင်ရဲတော့ပေ။ သူမ ခင်ပွန်း၏ တောင်းဆိုမှုများကြောင့် သူသည် သူမက ဘုရားသခင်ကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်အား ဖတ်ခြင်းကို မနှစ်သက်ကြောင်း နောက်ဆုံးတွင် သူမ နားလည်သွားသည်။ ထို့ကြောင့် သူ အိမ်တွင်ရှိစဉ်တွင် သူမသည် သူ့ကို အဖော်ပြုသည်။ တီဗီကို အတူတကွကြည့်သည်။ အစာစားသည်။ စကားပြောသည်။ သူ၏ မကျေနပ်ချက်များအား ပေါက်ကွဲသည်ကိုပင် နားထောင်ပေးသည်။ သူမသည် သူပျော်သရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်မည်ဖြစ်သည်။ ဤအရာများသည် အိမ်ထောင်ဘက်တစ်ယောက်က ဖြည့်ဆည်းသင့်သည့် တာဝန်များဖြစ်သည်ဟု သူမ ယုံကြည်သည်။ ဤသို့ဆိုလျှင် သူမသည် ဘုရားနှုတ်ကပတ်တော်ကို မည်သည့်အချိန်၌ ဖတ်သနည်း။ သူမ၏ ခင်ပွန်း အပြင်ထွက်သည်ကို စောင့်ပြီး သူထွက်သွားသည့်အခါ တံခါးကို သော့ခတ်ကာ အလျင်အမြန် စတင်ဖတ်ရှုပေသည်။ တစ်စုံတစ်ယောက်က တံခါးနားသို့ လာသည်ကို သူမကြားရသောအခါ စာအုပ်ကို သူမ အလျင်အမြန် သိမ်းလိုက်ပြီး အလွန်ကြောက်သောကြောင့် ဆက်၍ မဖတ်ရဲတော့ပေ။ တံခါးကို သူမ ဖွင့်သောအခါ မိမိ၏ ခင်ပွန်းပြန်လာခြင်းမဟုတ်သည်ကို သူမ မြင်ရသည်။ ဤသည်မှာ အချက်ပေးခေါင်းလောင်းက မှား၍ မြည်ခြင်းဖြစ်သည်။ ထို့ကြောင့် သူမသည် ဆက်၍ ဖတ်သည်။ ဆက်လက်၍ သူမ ဖတ်သောအခါတွင် ရင်တမမဖြစ်နေရသည်။ သူမသည် စိတ်လှုပ်ရှားပြီး ကြောက်ရွံကာ “သူ တကယ်ပဲ အိမ်ကို ပြန်လာလျှင် အဘယ်သို့ လုပ်ရမည်နည်း။ ယခုလောလောဆယ် ငါမဖတ်တော့ခြင်းက ကောင်းသည်။ ငါ သူ့ကို ဖုန်းဆက်ပြီး သူ ဘယ်ရောက်နေပြီနည်း၊ ဘယ်အချိန်ပြန်လာမည်နည်းဟူသည်ကို မေးလိုက်မည်” ဟူ၍ တွေးသည်။ ဤသို့ဖြင့် သူမက သူ့ကို ဖုန်းခေါ်ပြီးနောက် သူက “ယနေ့နည်းနည်း အလုပ်များသောေကြာင့် သုံး၊ လေးနာရီမထိုးခင်အထိ ငါ အိမ်ပြန်မရောက်လောက်ပါ” ဟု ဆိုသည်။ ဤသည်မှာ သူမကို စိတ်ငြိမ်သက်စေသည်။ သို့သော် သူမသည် ဘုရားနှုတ်ကပတ်တော်ကို ဖတ်နိုင်ရန်အတွက် သူမ၏ စိတ်သည် တည်ငြိမ်နိုင်သေးသလော။ မတည်ငြိမ်နိုင်ပေ။ သူမ၏ စိတ်သည် အနှောင့်အယှက်ဖြစ်သွားပြီဖြစ်သည်။ သူမသည် ဘုရားရှေ့သို့သွား၍ အလျင်အမြန်ဆုတောင်းသည်။ သူမ ဘာကိုပြောသနည်း။ ဘုရားသခင်အပေါ် သူမ၏ ယုံကြည်မှုတွင် ယုံကြည်ခြင်းကင်းမဲ့နေသည်ဟုလည်းကောင်း၊ သူမသည် သူမခင်ပွန်းကို ကြောက်ရွံ့ပြီး ဘုရားနှုတ်ကပတ်တော်ဖတ်ရန်အတွက် သူမ၏ စိတ်ကို မငြိမ်သက်စေနိုင်ကြောင်းကိုလည်းကောင်း သူမ ပြောသလော။ သူမသည် ဤအရာများကို ပြော၍မဖြစ်ဟု ခံစားမိသည်။ ထို့ကြောင့် သူမသည် ဘုရားသခင်က ပြောစရာ ဘာမှမရှိပေ။ သို့သော် ထို့နောက်တွင် သူမသည် မျက်စိကိုမှိတ်ပြီး လက်အုပ်ချီလိုက်သည်။ သူမ စိတ်ငြိမ်သက်သွားပြီး အလွန်ပျာယာခတ်မနေတော့ပေ။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်ကို သွား၍ ဖတ်သည်။ သို့သော် နှုတ်ကပတ်တော်များက စိတ်ထဲသို့ မရောက်ပေ။ သူမက “ယခုငါ မည်သည့်အရာကို ဖတ်နေသနည်း။ မည်သည့်နေရာကို ငါ ဆင်ခြင်နေခဲ့သနည်း။ငါ တွေးနေသည့်အရာ လုံးဝ ပျောက်သွားသည်” ဟူ၍ စဉ်းစားသည်။ သူမသည် စဉ်းစားလေလေ၊ စိတ်ရှုပ်ပြီး စိတ်မအေးနိုင်ဖြစ်လေလေဖြစ်သည်။ “ငါ ဒီနေ့ မဖတ်တော့ဘူး၊ ဝိညာဉ်ရေးဆက်ကပ်ခြင်းကို ဒီတစ်ကြိမ် မလုပ်မိတာ ကိစ္စမရှိပါဘူး” ဟူ၍ ဖြစ်သည်။ သင် မည်သို့ထင်သနည်း။ ဘဝက သူမအတွက် ကောင်းမွန်နေသလော။ (မဟုတ်ပါ။) ဤသည်မှာ အိမ်ထောင်ရေးဆိုင်ရာ စိတ်သောက၊ သို့မဟုတ် အိမ်ထောင်ရေား သာယာပျော်ရွှင်မှုလော။ (စိတ်သောက ဖြစ်သည်။) ဤအခြေအနေတွင် အချို့သော အိမ်ထောင်မကျသေးသောသူများက “သို့ဆိုလျှင် သင်သည် မီးထဲသို့ ခုန်ဆင်းမိပြီး ဖြစ်သည် မဟုတ်လော။ အိမ်ထောင်နှင့်ပတ်သက်၍ သိပ်ကောင်းသည့်အရာတစ်ခုမျှ မရှိပေ၊ ဟုတ်ပါသလော။ ကျွန်ုပ်ဘဝ မည်မျှ အဆင်ပြေသည်ကို မြင်သလော။ ကျွန်ုပ်က အခြားတစ်ဦးတစ်ယောက်အကြောင်းကို စိုးရိမ်စရာ မရှိသကဲ့သို့ ကျွန်ုပ် ကြိုက်သည့် မည်သည့်အချိန်တွင်ဆို စုဝေးပွဲတက်ခြင်းနှင့် ကျွန်ုပ်၏ တာဝန်အား လုပ်ဆောင်ခြင်းကို မည်သူမျှ မတားဆီးပေ ” ဟု ဆိုကောင်းဆိုနိုင်သည်။ သင်၏ လက်တွဲဖော်က သင့်ကို ကျေနပ်စေရန်၊ ဘုရားနှုတ်ကပတ်တော်အား သင် ရံဖန်ရံခါဖတ်ခြင်း၊ သို့မဟုတ် စုဝေးပွဲတက်ခြင်းကို သဘောတူစေရန်အတွက် သင်သည် မနက်စာပြုလုပ်ရန်၊ အိမ်သန့်ရှင်းရေးလုပ်ရန်၊ ရှင်းလင်းရန်၊ ကြက်များကို အစာကျွေးရန်၊ ခွေးကို အစာကျွေးရန်၊ ပင်ပန်းသောအလုပ်မျိုးစုံကို လုပ်ရန်နှင့် ပုံမှန်အားဖြင့် ယောက်ျားများက လုပ်သောအရာများကိုပင်လုပ်ရန် နေ့စဉ် အလွန်စောစွာ ထသည်။ သင်သည် သင်၏ ခင်ပွန်းကို ကျေနပ်စေရန်အတွက် အိမ်ဖော်အဘွားကြီးတစ်ယောက်ကဲ့သို့ မမောမပန်း အလုပ်လုပ်သည်။ သူ အိမ်ပြန်မလာမီတွင် သင်သည် သူ၏ သားရေဖိနပ်များကို ပွတ်တိုက်ပြီး သူ၏ ကွင်းထိုးဖိနပ်များကို စီထားပေးသည်။ သူ အိမ်ပြန်လာပြီးနောက်တွင် သင်သည် သူ့အား အလျင်အမြန်ဖုန်ခါပေးပြီး သူ၏ ကုတ်အင်္ကျီကို ကူချွတ်ပေးကာ တန်းတွင် ချိတ်ထားပြီး “ယနေ့အရမ်းပူသည်၊ သင်ပူနေသလော၊ ရေဆာသလော ၊ယနေ့နေ့ ဘာစားချင်သနည်း၊ ချဉ်သည့်အရာ စားမည်လော၊ စပ်သည့်အရာ စားမည်လော၊ အဝတ်လဲဖို့ လိုသလော၊ ဤအဝတ်များကို ချွတ်ပါလော့၊ ကျွန်ုပ် လျှော်ပေးပါမည်” ဟူ၍ မေးမြန်းသည်။ သင်သည် အိမ်ဖော် အဘွားကြီးတစ်ယောက်၊ သို့မဟုတ် ကျွန်တစ်ယောက်ကဲ့သို့ ဖြစ်သည်။ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် သင်ဖြည့်ဆည်းသင့်သည့် တာဝန်နယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သည်။ သင်သည် သင့်ခင်ပွန်း၏ အလိုကျပြုလုပ်ပေးသည်။ သူ့ကို သင်၏ သခင်အဖြစ် သင်မှတ်ယူသည်။ ဤသို့သော မိသားစုတွင် အိမ်ထောင်ဘက်နှစ်ဦးကြားတွင် သိသာသော အဆင့်အတန်း ကွာခြားမှုရှိသည်။ တစ်ယောက်မှာ ကျွန်ဖြစ်ပြီး တစ်ယောက်မှာ အရှင်သခင်ဖြစ်သည်။ တစ်ယောက်က ရိုကျိုးလွန်းပြီး နှိမ့်ချသည်။ အခြားတစ်ယောက်က ခက်ထန်ပြီး အထက်စီးကျသည့်ပုံစံရှိသည်။ တစ်ယောက်က ခယသည်။ အခြားတစ်ယောက်က မာနထောင်လွှားမှုဖြင့် ပြည့်နှက်နေသည်။ သိသာထင်ရှားစွာပင်၊ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင်ရှိသော လူနှစ်ဦး၏ အဆင့်အတန်းသည် တန်းတူညီမျှခြင်းမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤကျွန်မှာ မိမိကိုယ်ကို အောက်ကျခံနေသည်မဟုတ်လော။ (ဟုတ်သည်။) ဤကျွန်သည် သူမကိုယ်သူမ အောက်ကျခံနေသည်။ သင်သည် ဘုရားသခင်က လူသားမျိုးနွယ်အတွက် စီမံခဲ့သော အိမ်ထောင်အပေါ် တာဝန်ကို ထိန်းသိမ်းရန် ပျက်ကွက်ခဲ့သည်။ ပြီးလျှင် သင်သည် လွန်လွန်းနေပြီ ဖြစ်သည်။ သင်၏ ခင်ပွန်းက တာဝန်ကို မဖြည့်ဆည်းဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ သို့တိုင်အောင် သင်သည် ဤသို့ အိမ်ထောင်ဘက်တစ်ယောက်၏ အလိုကျ အသင့်ရှိနေဆဲဖြစ်မည်ဖြစ်ပြီး သူ၏ ဩဇာအာဏာကို နာခံမည်။ သူ့ကို အစေခံပြီး သူ့အတွက် အရာရာကို လုပ်ဆောင်ပေးရန်အတွက် သူ၏ ကျွန်နှင့် အိမ်ဖော်အဘွားအိုဖြစ်ချင်လိမ့်ဦးမည် ဖြစ်သည်။ သင်သည် မည်သို့သောသူမျိုးဖြစ်သနည်း။ သင်၏ သခင်မှာ အတိအကျ မည်သူဖြစ်သနည်း။ သင်သည် ဘုရားသခင်အတွက် အဘယ်ကြောင့် ဤသို့ လက်တွေ့မလုပ်ဆောင်သနည်း။ သင်၏ လက်တွဲဖော်ကို သင်၏ ဘဝအတွက် ပံ့ပိုးဖို့ ဘုရားသခင်က စီမံခဲ့သည်။ ဤသည်မှာ သူလုပ်ဆောင်သင့်သည့်အရာတစ်ခု ဖြစ်သည်။ သင်သည် သူ့အပေါ် မည်သည့်အရာကိုမျှ အကြွေးမတင်ပေ။ သင်သည် သင်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ပြီး သင်ဖြည့်ဆည်းသင့်သည့် တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းသည်။ သူက ဖြည့်ဆည်းသလော။ သူ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သလော။ အိမ်ထောင်တစ်ခုတွင် ခံ့ညားလောက်သောသူ မည်သူမဆိုက သခင်ဖြစ်သင့်ပြီး အလုပ်ကို ကြိုးစားလုပ်နိုင်ကာ အများဆုံးလုပ်နိုင်သည့် မည်သူမဆိုက ကျွန်ဖြစ်သင့်သည် မဟုတ်ပေ။ အိမ်ထောင်တစ်ခုတွင် လူနှစ်ဦးလုံးက အချင်းချင်းအပေါ် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသင့်ပြီး အချင်းချင်း အဖော်ပြုသင့်သည်။ နှစ်ဦးလုံးသည် အချင်းချင်းအပေါ် တာဝန်ရှိသည်။ နှစ်ဦးလုံးသည် အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် ဖြည့်ဆည်းရန် ဝတ္တရားများ၊ လုပ်ဆောင်ရန် အမှုအရာများရှိသည်။ သင်သည် သင်၏ အခန်းကဏ္ဍနှင့်အညီ ပြုမူဆောင်ရွက်သင့်သည်။ သင်၏ အခန်းကဏ္ဍက မည်သည့်အရာဖြစ်ပါစေ ထိုအခန်းကဏ္ဍတွင် သင်လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သင့်သည်။ မလုပ်ဆောင်လျှင် သင်သည် သာမန်လူ့သဘာဝမရှိသောသူ ဖြစ်သည်။ အရပ်သုံးစကားဖြင့်ဆိုလျှင် သင်သည် တစ်ပြားမျှ မတန်ပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်သည် တစ်ပြားမှမတန်သော်လည်း သင်သည် သူ၏ အလိုကျ အဆင်သင့်ရှိပေးပြီး လိုလိုလားလားဖြင့် သူ၏ ကျွန်ဖြစ်နိုင်လျှင် ဤသည်မှာ လုံးလုံး မိုက်မဲပြီး သင့်အား တန်ဖိုးမဲ့စေသည်။ ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းသနည်း။ ဘုရားသခင်အား သင် ယုံကြည်ခြင်းသည် မကောင်းမှုလုပ်ဆောင်ခြင်း ဖြစ်သလော။ ဘုရားနှုတ်ကပတ်တော်အား ဖတ်ခြင်းတွင် ပြဿနာရှိသလော။ ဤအရာများအားလုံးကို လုပ်ဆောင်ခြင်းသည် ဖြောင့်မတ်ပြီး ဂုဏ်ပြုထိုက်ပေသည်။ အစိုးရက ဘုရားသခင်အား ယုံကြည်သောသူတို့ကို ဖိနှိပ်သောအခါတွင် မည်သည့်အရာကို ဖော်ပြနေသနည်း။ ဤသည်မှာ လူသားမျိုးနွယ်က အလွန်ဆိုးယုတ်ကြောင်း၊ ဆိုးယုတ်သော အင်အားစုများနှင့် စာတန်ကို ကိုယ်စားပြုကြောင်းကို ဖော်ပြနေပေသည်။ ယင်းသည် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်ကို ကိုယ်စားမပြုပေ။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းက သင်သည် သူတစ်ပါးတို့၏ အောက်တွင်ရှိသည်၊ သို့မဟုတ် သူတစ်ပါးတို့ထက် နိမ့်ကျသည်ဟု မဆိုလိုပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ ဘုရားသခင်အား သင်ယုံကြည်ခြင်းသည် သင့်အား လောကီလူများထက်ပို၍ မြင့်မြတ်စေသည်။ သမ္မာတရားကို သင်လိုက်စားခြင်းက ဘုရားသခင်၏ အမြင်တွင် သင့်အား ဂုဏ်ရှိစေသည်။ ဘုရားသခင်သည် သင့်အား သူ၏အချစ်တော်အဖြစ် မှတ်ယူသည်။ သို့တိုင်အောင် သင်သည် သင်၏အိမ်ထောင်တွင် တစ်ဖက်လူအား ဖော်လံဖားရန် သက်သက်အတွက် သင့်ကိုယ်သင် အောက်ကျခံပြီး ရက်ရောစွာဖြင့် သင့်အိမ်ထောင်ဘက်၏ ကျွန်ဖြစ်လာသည်။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်သောအခါ၌ အဘယ်ကြောင့် ဤသို့ မလုပ်ဆောင်သနည်း။ အဘယ်ကြောင့် ဤအရာကို မကိုင်တွယ်နိုင်သနည်း။ ဤသည်မှာ လူသား၏ နိမ့်ကျမှုနှင့် ဆိုင်သည့် ဖော်ပြချက်တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။)
သင့်အနေဖြင့် သင်၏ တာဝန်များကို ဖြည့်ဆည်းတတ်ဖို့ သင်ယူနိုင်ရန်၊ အခြားလူတစ်ယောက်နှင့် အတူတကွ ငြိမ်းချမ်းစွာနေထိုင်ပြီး ဘဝကို အတူတကွမျှဝေတတ်ဖို့ သင်ယူနိုင်ရန်၊ သင်၏ လက်တွဲဖော်နှင့် အတူမျှဝေခံစားသည့် ဘဝက အဘယ်ကဲ့သို့ဖြစ်သည်ဆိုသည်နှင့် သင်တို့အတူတကွ ကြုံတွေ့သည့် အရာများအားလုံးအား မည်သို့ကိုင်တွယ်ရမည်ဆိုသည်တို့ကို တွေ့ကြုံခံစားပြီး သင်၏ ဘဝကို ပို၍ကြွယ်ဝကာ ပို၍ ထူးခြားစေနိုင်ရန်အလို့ငှာ သင့်အတွက် အိမ်ထောင်ကို ဘုရားသခင်က စီမံပေးခဲ့သည်။ သို့ရာတွင် သူသည် သင့်အား အိမ်ထောင်ထံသို့ လွှဲအပ်လိုက်ခြင်းမရှိပေ။ ပြီးလျှင် သင့်အား သင်၏ လက်တွဲဖော်ထံသို့ သူ၏ကျွန်ဖြစ်ရန် ရောင်းမစားသည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် သူ၏ ကျွန်မဟုတ်ပေ။ သူသည်လည်း သင်၏ ကျွန်မဟုတ်ပေ။ သင်တို့သည် တန်းတူညီမျှ ဖြစ်ကြသည်။ သင်သည် သင်၏ လက်တွဲဖော်အတွက် ဇနီး၊ သို့မဟုတ် ခင်ပွန်း၏ တာဝန်များသာ ရှိသည်။ ဤတာဝန်များကို သင်ဖြည့်ဆည်းသောအခါ ဘုရားသခင်က သင့်အား ကျေနပ်ဖွယ်ဖြစ်သော ဇနီး၊ သို့မဟုတ် ခင်ပွန်းဖြစ်သည်ဟု သတ်မှတ်သည်။ သင်၏ လက်တွဲဖော်တွင်ရှိပြီး သင့်တွင်မရှိသောအရာ မည်သည့်အရာမျှမရှိသကဲ့သို့ သင်သည် သင်၏ လက်တွဲဖော်ထက် ပို၍မညံ့ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားလျှင်၊ သင့်တာဝန်ကို ထမ်းဆောင်နိုင်လျှင်၊ စုဝေးပွဲများကို မကြာခဏ တက်နိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်ကို ဆုတောင်းဖတ်ရွတ်ပြီး ဘုရားရှေ့သို့ လာနိုင်လျှင် ဤအရာများသည် ဘုရားသခင် လက်ခံသောအရာများဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက် လုပ်ဆောင်သင့်သည့်အရာများဖြစ်ကာ ဖန်ဆင်းခံတစ်ယောက် နေထိုင်သင့်သည့် သာမန်ဘဝဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး ရှက်ဖွယ်ကောင်းသည့်အရာမရှိသကဲ့သို့ ဤသို့သောဘဝမျိုးကို နေထိုင်ရသောကြောင့် သင်၏ လက်တွဲဖော်အပေါ် တစ်ခုတလေ အကြွေးတင်သည်ဟုလည်း မခံစားရပေ။ သင်သည် သူ့အပေါ် မည်သည့်အရာမျှ အကြွေးမတင်ပေ။ သင်ဆန္ဒရှိလျှင် သင်၏ လက်တွဲဖော်အား ဘုရားသခင်၏ အမှုတော်ကို သက်သေခံရန် သင့်၌ ဝတ္တရားရှိသည်။ သို့ရာတွင် သူက ဘုရားသခင်ကို မယုံကြည်လျှင်၊ သင်နှင့် လမ်းကြောင်းတစ်ခုတည်းကို မလိုက်လျှောက်လျှင် သင်၏ ယုံကြည်ခြင်း၊ သို့မဟုတ် သင်လိုက်လျှောက်သော လမ်းကြောင်းနှင့်ပတ်သက်သော တစ်ခုခု၊ သို့မဟုတ် သတင်းအချက်အလက်တစ်ခုခုကို သူ့အား ပြောပြရန်၊ သို့မဟုတ် ရှင်းလင်းပြရန် မလိုအပ်သကဲ့သို့ ဝတ္တရားလည်းမရှိပေ။ သူသည် ဤအကြောင်း သိပိုင်ခွင့် တစ်စုံတစ်ရာလည်း မရှိပေ။ သင့်အား ပံ့ပိုးရန်၊ အားပေးရန်၊ ခုခံကာကွယ်ပေးရန်မှာ သူ၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ သူသည် ဤသို့ မလုပ်ဆောင်နိုင်လျှင် လူ့သဘာဝကင်းမဲ့သည်။ အဘယ်ကြောင့်နည်း။ လမ်းမှန်ကို သင်လိုက်လျှောက်သောကြောင့်ဖြစ်သည်။ သင်၏မိသားစုနှင့် သင့်လက်တွဲဖော်က သင်နှင့်အတူ ကောင်းချီးခံစားရပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရခြင်းသည် လမ်းမှန်ကို သင်လိုက်လျှောက်သောကြောင့်ဖြစ်သည်။ သင်၏လက်တွဲဖော်သည် သင်၏ယုံကြည်ခြင်းကြောင့်၊ သို့မဟုတ် သင် ဖိနှိပ်ခံရသောကြောင့် သင့်အား ခွဲခြားဆက်ဆံခြင်း၊ သို့မဟုတ် အနိုင်ကျင့်ခြင်း၊ သို့မဟုတ် အိမ်အလုပ်များနှင့် အခြားသောအရာများကို သင် ပို၍ လုပ်သင့်သည်၊ သို့မဟုတ် သင်သည် သူ့အပေါ် တစ်စုံတစ်ခု အကြွေးတင်သည်ဟု ယုံကြည်ခြင်းတို့ထက် သင်၏ လက်တွဲဖော်သည် ဤအတွက် ကျေးဇူးတင်ပိုင်ခွင့်သာ ရှိသည်။ သူသည် သူ့အပေါ် စိတ်ခံစားချက်ဆိုင်ရာ၊ ဝိညာဉ်ရေးဆိုင်ရာ၊ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် အကြွေးမတင်ပေ။ သူက သင့်အပေါ် အကြွေးတင်သည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကြောင့် သူသည် ဘုရားသခင်ထံမှ ကျေးဇူးတော်နှင့် ကောင်းချီးများကို ပို၍ ခံစားရသည်။ သူသည် ဤအရာများကို ခြွင်းချက်အနေဖြင့် ရရှိသည်။ “သူသည် ဤအရာများကို ခြွင်းချက်အနေဖြင့် ရရှိသည်” ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ဤသို့သောသူတစ်ယောက်သည် ဤအရာများနှင့် မထိုက်တန်သကဲ့သို့ ဤအရာများကို မရရှိသင့်ပေဟု ငါဆိုလိုသည်။ အဘယ်ကြောင့် မရရှိသင့်သနည်း။ သူသည် ဘုရားသခင်နောက်သို့ မလိုက်သောကြောင့်၊ သို့မဟုတ် ဘုရားသခင်ကို အသိအမှတ် မပြုသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူ ခံစားရသော ကျေးဇူးတော်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကြောင့် ဖြစ်ပေါ်သည်။ သူသည် သင်နှင့်အတူ အကျိုးအမြတ်ရရှိပြီး သင်နှင့်အတူ ကောင်းချီးများကို ခံစားရသည်။ သူ့အနေဖြင့် သင့်အား ကျေးဇူးတင်မှသာ မှန်ကန်သည်။ တစ်နည်းအားဖြင့် သူသည် ဤအပိုဆောင်းဖြစ်သော ကောင်းချီးများနှင့် ဤကျေးဇူးတော်ကို ခံစားရသောကြောင့် သူ၏ တာဝန်ကို ပို၍ဖြည့်ဆည်းသင့်ပြီး ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို ပို၍ ပံ့ပိုးသင့်သည်။ အိမ်တွင် လူတစ်ယောက်က ဘုရားကို ယုံကြည်သောကြောင့် လူအချို့သည် မိမိတို့၏ မိသားစုစီးပွားရေး အဆင်ပြေပြီး အလွန်ပင် အောင်မြင်လာကြသည်။ ၎င်းတို့ ငွေများစွာရရှိကြသည်။ ၎င်းတို့၏ မိသားစုက ကောင်းမွန်သော ဘဝကို နေထိုင်ရသည်။ ရုပ်ဝတ္ထုပစ္စည်းများဖြင့် ချမ်းသာလာသည်။ ၎င်းတို့၏ ဘဝအရည်အသွေးက မြှင့်တက်လာသည်။ ဤအရာများအားလုံးသည် အဘယ်သို့ ဖြစ်လာသနည်း။ သင်တို့ထဲမှ တစ်စုံတစ်ယောက်က ဘုရားသခင်ကို မယုံကြည်လျှင် သင့်မိသားစုသည် ဤအရာများအားလုံးကို ရရှိနိုင်မည်လော။ လူအချို့က “ဘုရားသခင်က ဤလူများကို ချမ်းသာဖို့ ကံပါလာအောင် စီမံပေးခဲ့ခြင်း ဖြစ်သည်” ဟူ၍ ဆိုသည်။ ဘုရားသခင်က ဤအရာကို စီမံသည်မှာ မှန်သည်။ သို့သော် ၎င်းတို့မိသားစုက ဘုရားသခင်အား ယုံကြည်သူတစ်ယောက်မရှိလျှင် ၎င်းတို့၏ စီးပွားရေးသည် အလွန်အဆင်ပြေတင့်တယ်ကာ ကောင်းချီးခံစားရခြင်း ရှိမည်မဟုတ်ပေ။ ၎င်းတို့တွင် ဘုရားသခင်ကို ယုံကြည်သောသူတစ်ယောက် ရှိသောကြောင့်၊ ဘုရားသခင်ကို ယုံကြည်သောထိုသူက စစ်မှန်သော ယုံကြည်ခြင်းရှိသောကြောင့်၊ ရိုးသားစစ်မှန်စွာ လိုက်စားသောကြောင့်၊ ဘုရားသခင်အတွက် မိမိကိုယ်ကို ဆက်ကပ်အပ်နှံပြီး အသုံးခံလိုစိတ်ရှိသောကြောင့် သူ၏ မယုံကြည်သူ အိမ်ထောင်ဘက်သည် ခြွင်းချက်အနေဖြင့် ကျေးဇူးတော်နှင့် ကောင်းချီးများကိုရရှိသည်။ ဘုရားသခင်အတွက် ဤသေးငယ်သောအရာများကို ပြုလုပ်ရန် အလွန်လွယ်ကူသည်။ မယုံကြည်သောသူများသည် ကျေနပ်မှုမရှိသကဲ့သို့ ဘုရားသခင်အား ယုံကြည်သူများကို ဖိနှိပ်ပြီး အနိုင်ကျင့်ခြင်းပင် လုပ်ဆောင်ကြသည်။ နိုင်ငံနှင့် လူ့အဖွဲ့အစည်းက ယုံကြည်သူတို့အပေါ် သက်ရောက်စေသော ဖိနှိပ်မှုသည် ၎င်းတို့အတွက် ဘေးဒုက္ခဖြစ်နေပြီဖြစ်သည်။ သို့တိုင်အောင် ၎င်းတို့၏ မိသားစုဝင်များသည် ပို၍ပင် လုပ်ဆောင်ကာ ဖိအားကို တိုးပွားစေသည်။ ဤသို့သော အခြေအနေမျိုးတွင် သင်သည် ၎င်းတို့ကို စိတ်ပျက်စေသည်ဟု ယုံကြည်ကာ သင့်အိမ်ထောင်အတွက် ကျွန်ဖြစ်လာလိုစိတ်ရှိဆဲဖြစ်လျှင် ဤသည်မှာ အမှန်ပင် သင်မလုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့က ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို အားမပေးလျှင် ကိစ္စမရှိပေ။ ဤသို့ဆိုလျှင် ၎င်းတို့က ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုကို ကာကွယ်မပေးလျှင်လည်း ကိစ္စမရှိပေ။ ၎င်းတို့သည် ဤအရာများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်။ သို့ရာတွင် ဘုရားသခင်ကို သင်ယုံကြည်သောကြောင့် သင့်ကို ကျွန်အဖြစ် ၎င်းတို့ မဆက်ဆံသင့်ပေ။ သင်သည် ကျွန်တစ်ယောက်မဟုတ်ပေ။ လူသားတစ်ယောက်၊ ဂုဏ်ရှိသော၊ ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်ရှေ့တွင် ဖန်ဆင်းခံတစ်ယောက်ဖြစ်ပြီး မည်သူမျှ၏ ကျွန် မဟုတ်ပေ။ သင်သည် ကျွန်ဖြစ်ရမည်ဆိုလျှင် သမ္မာတရားအတွက်သာ ကျွန်ဖြစ်နိုင်သည်။ ဘုရားသခင်အတွက် ကျွန်ဖြစ်နိုင်သည်။ မည်သူမျှ၏ ကျွန် မဖြစ်နိုင်ပေ။ သင်၏ အိမ်ထောင်ဘက်အား သင်၏ အရှင်သခင်အဖြစ်ထားရှိဖို့ဆိုလျှင် ပို၍ပင် မရပေ။ ဇာတိပကတိ ဆက်ဆံရေးများအရ သင်၏ မိဘများမှလွဲပြီး ဤကမ္ဘာလောက၌ သင်နှင့် အနီးစပ်ဆုံးသူသည် သင်၏ အိမ်ထောင်ဘက်ဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်ကို သင် ယုံကြည်သောကြောင့် သူသည် သင့်အား ရန်သူတစ်ယောက်ကဲ့သို့ ဆက်ဆံပြီး သင့်အား တိုက်ခိုက်၊ ဖိနှိပ်သည်။ စုဝေးပွဲများ သင်တက်ရောက်သည်ကို ကန့်ကွက်သည်။ အတင်းအဖျင်းစကား တစ်ခုခုကို ကြားလျှင် အိမ်ပြန်လာပြီး သင့်အားဆူပူကာ မကောင်းမကန်း ဆက်ဆံသည်။ သင်က အိမ်တွင် ဆုတောင်းသောအခါ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး သူ့ဘဝ၏ ပုံမှန်အခြေအနေကို လုံးဝ ထိခိုက်မှုမရှိသောအခါတွင်ပင် သူသည် သင့်အား ဆူပူပြီး ဆန့်ကျင်လိမ့်ဦးမည် ဖြစ်သည်။ ပြီးလျှင် သင့်ကို ရိုက်ပင် ရိုက်လိမ့်မည်။ ပြောလော့။ ဤသည်မှာ မည်သည့်အရာမျိုးဖြစ်သနည်း။ သူသည် မကောင်းဆိုးဝါးတစ်ကောင် မဟုတ်လော။ ဤသည်မှာ သင်နှင့် အနီးဆုံးသူဖြစ်သလော။ ဤသို့သောသူသည် သင့်အား သူ့အပေါ် မည်သည့်တာဝန်ကိုမဆို ဖြည့်ဆည်းစေရန် ထိုက်တန်သလော။ (မထိုက်တန်ပါ။) မထိုက်တန်ပေ။ ထို့ကြောင့် ဤသို့သော အိမ်ထောင်မျိုးတွင်ရှိသည့် လူအချို့သည် ၎င်းတို့လက်တွဲဖော်၏ အလိုကျ ရှိနေဆဲဖြစ်သည်။ အရာရာကို အနစ်နာခံလိုစိတ်ရှိဆဲဖြစ်ပြီး မိမိတို့တာဝန်ကို ထမ်းဆောင်လျက် ကုန်ဆုံးသင့်သည့်အချိန်၊ မိမိတို့တာဝန်ကို ထမ်းဆောင်ရန် အခွင့်အရေးနှင့် ကယ်တင်ခြင်းရရန် အခွင့်အရေးကိုပင် စွန့်လွှတ်လိုစိတ်ရှိနေဆဲဖြစ်သည်။ ဤအရာများကို ၎င်းတို့ မလုပ်ဆောင်သင့်ပေ။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဤသို့သော အယူအဆများကို စွန့်လွှတ်သင့်သည်။ လူတို့သည် ဘုရားသခင်အပေါ် အကြွေးတင်ခြင်းမှလွဲ၍ မည်သူ့အပေါ်ကိုမျှ မည်သည့်အရာမျှ အကြွေးမတင်ပေ။ သင်သည် သင်၏မိဘ၊ သင်၏ခင်ပွန်း၊ သင်၏ဇနီး၊ သင်၏ သားသမီးအပေါ် အကြွေးမတင်ပေ။ သင်၏ မိတ်ဆွေများဆိုလျှင် ပို၍ပင် အကြွေးမတင်ပေ။ မည်သူ့အပေါ်ကိုမျှ မည်သည့်အရာမျှ သင်အကြွေးမတင်ပေ။ အိမ်ထောင်အပါအဝင် လူတို့တွင်ရှိသမျှတိုင်း၏ အရင်းအမြစ်သည် ဘုရားသခင်၌ ရှိသည်။ အကြွေးတင်ခြင်းအကြောင်း ငါတို့ ပြောရမည်ဆိုလျှင် လူတို့သည် ဘုရားသခင်အပေါ်သာ အကြွေးတင်သည်။ ဘုရားသခင်က သင့်အား သူ့ကို ပြန်လည်ပေးဆပ်ဖို့ မတောင်းဆိုသည်မှာ မှန်သည်။ သူသည် သင့်အား ဘဝတွင် မှန်ကန်သောလမ်းကို လိုက်လျှောက်ရန်သာ တောင်းဆိုသည်။ အိမ်ထောင်နှင့်ပတ်သက်ပြီး ဘုရားသခင်၏ အကြီးမားဆုံးသော ရည်ရွယ်ချက်မှာ သင်၏ အိမ်ထောင်ကြောင့် သင်၏ ဂုဏ်နှင့် သမာဓိကို မဆုံးရှုံးရန်၊ ဘဝအပေါ် မိမိကိုယ်ပိုင် အမြင်၊ သို့မဟုတ် လိုက်စားမှုအတွက် မိမိကိုယ်ပိုင် ဦးတည်ချက်မရှိဘဲ လိုက်စားရန် မှန်ကန်သည့် လမ်းကြောင်းမရှိသည့်သူ မဖြစ်ရန်၊ သမ္မာတရားအား လိုက်စားခြင်းကိုပင် စွန့်လွှတ်သော၊ ကယ်တင်ခြင်းရရှိရန် အခွင့်အရေးကို စွန့်လွှတ်သော၊ မိမိအား ဘုရားသခင်ပေးသော စေခိုင်းချက်၊ သို့မဟုတ် တာဝန်မှန်သမျှကို စွန့်လွှတ်ပြီး ထိုအစား မိမိအိမ်ထောင်အပေါ် လိုလိုလားလားဖြင့် ကျွန်ဖြစ်လာသောသူတစ်ယောက် မဖြစ်လာရန် ဖြစ်သည်။ သင်သည် သင်၏ အိမ်ထောင်ကို ဤသို့ ကိုင်တွယ်လျှင် သင့်အနေဖြင့် လုံးဝ အိမ်ထောင်မပြုလျှင် ပို၍ ကောင်းပေမည်။ တစ်ကိုယ်တည်းဘဝက သင့်အတွက် ပို၍ သင့်တော်သည်။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ဤသို့သော အိမ်ထောင်အခြေအနေ၊ သို့မဟုတ် ဖွဲ့စည်းတည်ဆောက်ပုံမှ မိမိကိုယ်ကို မဖယ်ရှားနိုင်လျှင် အိမ်ထောင်မှ သင့်ကိုယ်သင် အပြည့်အဝ လွတ်မြောက်စေလျှင် အကောင်းဆုံး ဖြစ်မည်။ လွတ်လပ်သောသူအဖြစ် နေထိုင်ခြင်းက သင့်အတွက် ပို၍ ကောင်းလိမ့်မည်။ ငါပြောခဲ့သကဲ့သို့ပင် အိမ်ထောင်ကို စီမံရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ သင့်အတွက် လက်တွဲဖော်ရှိနိုင်ရန်၊ ဘဝ၏ အဆင့်တိုင်းတွင် သင် တစ်ယောက်တည်း မဖြစ်စေရန်၊ သို့မဟုတ် အထီးမကျန်စေရန်အလို့ငှာ သင်၏ လက်တွဲဖော်ကို အဖော်ပြုလျက် ဘဝ၏ အတက်အကျများကို ဖြတ်သန်းပြီး ဘဝ၏ အဆင့်တိုင်းကို ဖြတ်သန်းရန်အတွက်ဖြစ်သည်။ သင့်ဘေးတွင် တစ်စုံတစ်ယောက်ရှိစေရန်၊ သင်၏ အတွင်းအကျဆုံးသော အတွေးများအား ရင်ဖွင့်ဖို့ တစ်စုံတစ်ယောက်ရှိရန်၊ သင့်အား နှစ်သိမ့်ပြီး ဂရုစိုက်သည့်သူတစ်ယောက်ရှိရန်ဖြစ်သည်။ သို့ရာတွင် သင်၏ ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်ခွင့်မရှိဘဲ အိမ်ထောင်၏ ကျွန်ဖြစ်လာရန်အလို့ငှာ အ သင့်အား ချည်နှောင်ရန်၊ သို့မဟုတ် သင်၏ လက်နှင့် ခြေကို ချည်နှောင်ရန်၊ ဘုရားသခင်က အိမ်ထောင်ကို အသုံးပြုခြင်းမဟုတ်ပေ။ ဘုရားသခင်က သင့်အတွက် အိမ်ထောင်ကို စီမံပြီး သင့်အတွက် လက်တွဲဖော်တစ်ယောက်ကို စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ သင် ကျွန်ခံရန် အရှင်သခင်တစ်ယောက်ကို သူ ရှာပေးခြင်းမဟုတ်ပေ။ သင်၏ ကိုယ်ပိုင်လိုက်စားမှု၊ ကိုယ်ပိုင် ဘဝပန်းတိုင်များမရှိဘဲ၊ သင်၏ လိုက်စားမှုအတွက် မှန်ကန်သော ဦးတည်ချက်မရှိဘဲ၊ ကယ်တင်ခြင်းကို ရှာဖွေပိုင်ခွင့်မရှိဘဲ သင်၏ အိမ်ထောင်အတွင်းတွင် သင့်အား ပိတ်လှောင်ထားခြင်းကိုလည်း မခံရစေလိုပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင် အိမ်ထောင်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ သင့်အပေါ် ဘုရားသခင်ပေးအပ်သော အကြီးမားဆုံး လုပ်ပိုင်ခွင့်မှာ သင်၏ ကိုယ်ပိုင်ဘဝပန်းတိုင်များအား လိုက်စားခွင့်၊ ဘဝအပေါ် မှန်ကန်သော ရှုမြင်သုံးသပ်ချက်ကို တည်ဆောက်ခွင့်၊ ကယ်တင်ခြင်းအား ရှာဖွေခွင့်ဖြစ်သည်။ ဤလုပ်ပိုင်ခွင့်ကို သင့်ထံမှ မည်သူမျှ မယူဆောင်နိုင်ပေ။ သင်၏ အိမ်ထောင်ဘက် အပါအဝင် မည်သူမျှ ဤအရာကို ဝင်ရောက်မစွက်ဖက်နိုင်ပေ။ ထို့ကြောင့် သင့်အိမ်ထောင်တွင် ကျွန်၏ အခန်းကဏ္ဍကို လုပ်ဆောင်သော သင်တို့သည် ဤသို့နေထိုင်သည့်ပုံစံကို ပြုပြင်သင့်သည်။ သင်၏ အိမ်ထောင်တွင် ကျွန်ဖြစ်လိုသည့် သင်၏ အယူအဆများ၊ သို့မဟုတ် ကျင့်သုံးမှုများကို ပြုပြင်သင့်ပြီး ထိုအခြေအနေကို နောက်တွင် ထားခဲ့သင့်သည်။ သင့် လက်တွဲဖော်၏ ချုပ်ချယ်ခြင်းကို မခံနှင့်။ သင့်လက်တွဲဖော်၏ စိတ်ခံစားမှု၊ အမြင်၊ စကား၊ သဘောထား၊ သို့မဟုတ် သူ၏ လုပ်ဆောင်မှုများအားဖြင့်ပင် ထိခိုက်ခံရခြင်း၊ ကန့်သတ်ခံရခြင်း၊ ချုပ်ထိန်းခံရခြင်း၊ သို့မဟုတ် ချည်နှောင်ခြင်းကို မခံနှင့်။ ထိုအရာအားလုံးကို နောက်တွင် ချန်ထားပြီး ဘုရားသခင်အပေါ် ရဲရင့်စွာ၊ ရဲတင်းစွာ အမှီပြုလော့။ သင်သည် လူသားတစ်ယောက် ဖြစ်ပြီး ခွေးတစ်ကောင်မဟုတ်သည့်အတွက် ဘုရားနှုတ်ကပတ်တော်ကို ဖတ်လိုလျှင် ဘုရားနှုတ်ကပတ်တော်ကို ဖတ်လော့။ စုဝေးပွဲတက်ရမည့်အချိန်တွင် စုဝေးပွဲများ တက်လော့။ သင်၏ အပြုအမူကို စည်းကမ်းဖြင့် ထိန်းရန်၊ သို့မဟုတ် သင်၏ ဘဝကို ကန့်သတ်ရန်၊ ထိန်းချုပ်ရန် မည်သူ့ကိုမျှ မလိုအပ်ပေ။ ဘဝတွင် သင်၏ ကိုယ်ပိုင်ပန်းတိုင်များနှင့် ဦးတည်ချက်ကို သင် ရွေးချယ်ခွင့်ရှိသည်။ ဘုရားသခင်က ဤလုပ်ပိုင်ခွင့်ကို သင့်အပေါ် ပေးအပ်ခဲ့ပြီး အထူးသဖြင့် သင်သည် မှန်ကန်သော လမ်းကြောင်းကို လျှောက်နေသည်။ အရေးကြီးဆုံးသောအရာမှာ ဘုရားအိမ်တော်က သင့်အား အလုပ်တစ်ခုခုလုပ်ဆောင်ရန် လိုအပ်သောအခါ၊ ဘုရားအိမ်တော်က သင့်အား တာဝန်တစ်ခုပေးသောအခါ၊ သင်သည် ရွေးချယ်ခြင်း သို့မဟုတ် သံသယမရှိဘဲ အရာရာတိုင်းကို တာဝန်သိစွာ စွန့်လွှတ်သင့်သည်။ သင်လုပ်ဆောင်သင့်သည့်တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကို ပြီးမြောက်သင့်သည်။ ဤအလုပ်ကြောင့် သင်အိမ်မှ ဆယ်ရက်၊ သို့မဟုတ် တစ်လကြာ ထွက်ခွာရန် လိုအပ်လျှင် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် သင် ရွေးချယ်သင့်သည်။ ဘုရားသခင်က သင့်အား အပ်နှံသည့် စေခိုင်းချက်ကို ပြီးမြောက်သင့်ပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေသင့်သည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားသောသူများ ပိုင်ဆိုင်သင့်သည့် သဘောထား၊ စိတ်ခိုင်မာမှုနှင့် ဆန္ဒဖြစ်သည်။ ဤအလုပ်ကြောင့် သင်သည် ခြောက်လ၊ တစ်နှစ်၊ သို့မဟုတ် မသိနိုင်သော အချိန်ကာလတစ်ခုအထိ အဝေးမှာနေဖို့ လိုအပ်လျှင် တာဝန်သိစွာဖြင့် သင့်မိသားစုနှင့် သင်၏ အိမ်ထောင်ဘက်ကို စွန့်လွှတ်ပြီး ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကို သွား၍ ပြီးမြောက်အောင် သင် လုပ်ဆောင်သင့်သည်။ ယင်းမှာအဘယ်ကြောင့်ဆိုသော် ဤအချိန်သည် ဘုရားအိမ်တော်၏ အလုပ်နှင့် သင့်တာဝန်က သင့်ကို အလိုအပ်ဆုံးအချိန်ဖြစ်ပြီး သင်၏ အိမ်နှင့် သင့်လက်တွဲဖော်က သင့်အား အလိုအပ်ဆုံးအချိန်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်သည် အိမ်ထောင်ကျလျှင် သင့်အိမ်ထောင်၏ ကျွန်ဖြစ်ရမည်၊ သို့မဟုတ် သင့်အိမ်ထောင် အဆုံးသတ်လျှင်၊ ပြိုကွဲလျှင် ဂုဏ်အသရေမဲ့သည်ဟု မတွေးရပေ။ အမှန်တွင် ယင်းသည် ဂုဏ်သရေမဲ့ခြင်းမဟုတ်သကဲ့သို့ အိမ်ထောင်အဆုံးသတ်သွားသည့် အခြေအနေများနှင့် ဘုရားသခင်၏ အစီအစဉ်က မည်သည့်အရာဖြစ်သည်ကို ကြည့်ရမည်။ ယင်းကို ဘုရားသခင်က စီမံပြီး ထိန်းချုပ်ကာ လူကြောင့် မဖြစ်လျှင် ယင်းသည် ဂုဏ်အသရေရှိသည်။ ဂုဏ်ယူဖွယ်ဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဘုရားသခင်ကို ကျေနပ်စေပြီး သင်၏တာဝန်ကို ပြီးမြောက်ဖို့ အားထုတ်လျက် တရားမျှတသော အကြောင်းတရားကြောင့် သင်၏ အိမ်ထောင်ကို သင်စွန့်လွှတ်ပြီး အဆုံးသတ်လိုက်သောကြောင့်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က အမှတ်ရပြီး လက်ခံမည့်အရာတစ်ခုဖြစ်သည်။ ထို့ကြောင့် ဂုဏ်အသရေရှိသောအရာဖြစ်ပြီး ဂုဏ်အသရေကင်းမဲ့မှုမဟုတ်ဟု ငါဆိုခြင်းဖြစ်သည်။ လူအချို့၏ အိမ်ထောင်သည် ၎င်းတို့၏ လက်တွဲဖော်က ၎င်းတို့ကို စွန့်ပစ်ပြီး သစ္စာဖောက်သော်လည်း၊ အရပ်သုံးစကားဖြင့်ဆိုလျှင် ၎င်းတို့သည် ပစ်ထားခြင်းခံရပြီး အဖြတ်ခံရသော်လည်း ဤသည်မှာ ရှက်စရာကောင်းသောအရာတစ်ခုမဟုတ်ပေ။ ထိုအစား သင်သည် “ဒါ ငါ့အတွက် ဂုဏ်ယူစရာပဲ၊ ဘာကြောင့်လဲ၊ ငါ့အိမ်ထောင်က ဒီအခြေအနေထိရောက်ပြီး ဒီလို အဆုံးသတ်သွားတာက ဘုရားသခင်က စီမံပြီး ထိန်းချုပ်တယ်။ ဒီအဆင့်ကို လျှောက်လှမ်းဖို့ ငါ့ကို ဦးဆောင်တာက ဘုရားသခင်ရဲ့ လမ်းပြမှုပဲ၊ ဘုရားသခင်က ဒီလိုမလုပ်ဘဲ ငါ့ကို အိမ်ပေါ်ကနေ ကန်ချအောင် သူ့ကို မလုပ်ဘူးဆိုရင် ငါက ဒီအဆင့်ကို လျှောက်လှမ်းဖို့ တကယ်ကို ယုံကြည်ခြင်းနဲ့ သတ္တိရှိမှာမဟုတ်ဘူး၊ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာနှင့် လမ်းပြခြင်းကြောင့်ပါပဲ။ ဘုရားသခင် ဘုန်းကြီးပါစေ” ဟူ၍ ပြောသင့်သည်။ ဤသည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။ အိမ်ထောင်မျိုးစုံတွင် ဤအတွေ့အကြုံမျိုးကို သင်ရရှိနိုင်သည်။ သင်သည် ဘုရားသခင်၏ လမ်းပြမှုအောက်တွင် လမ်းမှန်ကို လိုက်လျှောက်ဖို့ ရွေးချယ်နိုင်သည်။ ဘုရားသခင်က သင့်အားပေးသည့် တာဝန်ကို ပြီးမြောက်နိုင်သည်။ ဤအကြောင်းပြချက်မျိုးဖြင့်၊ ဤတွန်းအားမျိုးဖြင့် သင်၏ အိမ်ထောင်ဘက်ကို စွန့်ခွာနိုင်ပြီး သင်၏ အိမ်ထောင်ကို အဆုံးသတ်နိုင်သည်။ ဤသည်မှာ ဂုဏ်ပြုရမည့်အရာ ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ဝမ်းမြောက်ပျော်ရွှင်ရန် ထိုက်တန်သည့်အရာတစ်ခုရှိသည်။ ယင်းမှာ သင်သည် သင့်အိမ်ထောင်၏ ကျွန်တစ်ယောက်မဟုတ်တော့ပေ။ သင့်အိမ်ထောင်၏ ကျွန်ဖြစ်ခြင်းမှ သင်လွတ်မြောက်ခဲ့ပြီးဖြစ်သည်။ သင့်အိမ်ထောင်၏ ကျွန်ဖြစ်ပြီး လွတ်မြောက်လိုသော်လည်း မလွတ်မြောက်နိုင်သောကြောင့် စိုးရိမ်စရာ၊ နာကျင်စရာ၊ ရုန်းကန်စရာမလိုတော့ပေ။ ထိုအခိုက်အတန့်မှစ၍ သင်သည် လွတ်မြောက်ပြီးဖြစ်သည်။ သင်သည် လွတ်လပ်သည်။ ယင်းမှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ ဤအရာကို ပြောပြီးနောက်တွင် မိမိ၏ အိမ်ထောင်က ယခင်က နာကျင်လျက် အဆုံးသတ်ခဲ့သူများနှင့် ဤအမှုကိစ္စ၏ အရိပ်ထဲတွင် ကာဆီးခြင်းခံနေရဆဲဖြစ်သောသူများသည် ၎င်းတို့၏ အိမ်ထောင်ကို အမှန်တကယ် လက်လွှတ်နိုင်ဖို့၊ အိမ်ထောင်က သင့်အပေါ် ထားရစ်ခဲ့သည့် အရိပ်များကို လက်လွှတ်နိုင်ဖို့၊ အိမ်ထောင်က သင့်အပေါ်ထားရစ်ခဲ့သော မုန်းတီးမှု၊ ဒေါသနှင့် မချိတင်ကဲဝေဒနာတို့ကို လက်လွှတ်နိုင်ဖို့၊ သင်၏ လက်တွဲဖော်အတွက် သင်ပြုလုပ်ခဲ့သော အနစ်နာခံမှုနှင့် အားစိုက်ထုတ်မှုအားလုံးတို့ကို သူ၏ ဖောက်ပြန်မှု၊ သစ္စာဖောက်မှု၊ လှောင်ပြောင်မှုတို့အားဖြင့် ပြန်၍ ပေးဆပ်ခြင်းခံရသောကြောင့် နာကျင်ပြီး ဒေါသမထွက်တော့ဖို့ ငါ မျှော်လင့်သည်။ ဤအရာများအားလုံးကို သင်၏ နောက်တွင် ချန်ထားရစ်ခဲ့ဖို့၊ သင့်အိမ်ထောင်၏ ကျွန်မဖြစ်တော့သည်ကို ဝမ်းမြောက်ဖို့၊ သင့်အိမ်ထောင်တွင် အရှင်သခင်အတွက် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန်၊ သို့မဟုတ် မလိုအပ်သော အနစ်နာခံမှုများလုပ်ဆောင်ရန် မလိုတော့သည်ကို ဝမ်းမြောက်ဖို့၊ ဤအစား ဘဝ၌ ဘုရားသခင်၏ လမ်းပြမှုနှင့် အချုပ်အခြာအာဏာအောက်တွင် လမ်းမှန်ကို လျှောက်လှမ်းဖို့၊ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် သင့်တာဝန်ကို ထမ်းဆောင်ဖို့၊ စိတ်မကောင်းမဖြစ်တော့ဘဲ စိတ်ပူစရာ မည်သည့်အရာမျှမရှိတော့ဖို့ ငါမျှော်လင့်သည်။ သင်၏ အိမ်ထောင်ဘက်နှင့်ပတ်သက်ပြီး စိုးရိမ်ရန်၊ စိတ်ပူရန်၊ သို့မဟုတ် စိတ်သောကရောက်ရန်၊ သို့မဟုတ် သင်၏ စိတ်တွင် သူ့အကြောင်းကို တွေးတောမှုများ နေရာယူနေရန် မလိုအပ်တော့သည်မှာ အမှန်ပင်ဖြစ်သည်။ ယခုမှစ၍ အရာရာတိုင်းက ကောင်းမွန်လိမ့်မည်။ သင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို သင့်အိမ်ထောင်ဘက်ဖြင့် ဆွေးနွေးစရာ မလိုတော့ပေ။ သူ၏ ချုပ်ချယ်ခြင်းကို ခံရဖို့ မလိုအပ်တော့ပေ။ သမ္မာတရားကို ရှာဖို့သာ သင် လိုအပ်သည်။ ဘုရားနှုတ်ကပတ်တော်တွင် စည်းမျဉ်းများနှင့် အခြေပြုချက်ကိုသာ ရှာဖွေလော့။ သင်သည် လွတ်လပ်ပြီးဖြစ်ကာ သင့်အိမ်ထောင်၏ ကျွန်မဖြစ်တော့ပေ။ သင်၏ နောက်တွင် ထိုအိမ်ထောင်၏ အိပ်မက်ဆိုးကို ချန်ထားခဲ့သည်မှာ၊ ဘုရားရှေ့သို့ သင် စစ်မှန်စွာ လာရောက်သည်မှာ၊ သင့်အိမ်ထောင်၏ ကန့်သတ်ခြင်းကို မခံရတော့သည်မှာ၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရန်၊ စုဝေးပွဲများတက်ရန်၊ ဝိညာဉ်ရေး ဆက်ကပ်အပ်နှံမှုများ ပြုလုပ်ရန် ပို၍ အချိန်ရှိသည်မှာ ကံကောင်းသည်။ သင်သည် လုံးဝ လွတ်လပ်သည်။ သင်သည် တစ်စုံတစ်ယောက်၏ စိတ်အခြေအနေအပေါ် မူတည်ပြီး ပုံစံတစ်မျိုးဖြင့် ပြုမူဆောင်ရွက်ရန် မလိုတော့ပေ။ တစ်စုံတစ်ယောက်၏ လှောင်ပြောင်ပြောဆိုမှုများကို နားထောင်ဖို့ မလိုတော့ပေ။ တစ်စုံတစ်ယောက်၏ စိတ်အခြေအနေ၊ သို့မဟုတ် ခံစားချက်များကို ထည့်စဉ်းစားစရာမလိုတော့ပေ။ သင်သည် တစ်ကိုယ်တည်းဘဝကို နေထိုင်နေသည်။ အလွန်ကောင်းပေသည်။ သင်သည် ကျွန်တစ်ယောက်မဟုတ်တော့ပေ။ လူတို့အပေါ် ဖြည့်ဆည်းရန် တာဝန်အမျိုးမျိုးရှိသည့် ပတ်ဝန်းကျင်မှ သင် လွတ်မြောက်နိုင်သည်။ သင်သည် စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်နိုင်သည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် ဖန်ဆင်းခံတစ်ယောက် ဖြစ်နိုင်ပြီး ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်နိုင်သည်။ ဤအရာ သက်သက်ကို လုပ်ဆောင်ရသည်မှာ မည်မျှကောင်းမွန်လှသနည်း။ သင်သည် သင့်အိမ်ထောင်နှင့်ပတ်သက်ပြီး နောက်တစ်ဖန် ငြင်းခုံရန်၊ စိတ်ပူရန်၊ စိတ်အနှောင့်အယှက်ဖြစ်ရန်၊ သည်းခံရန်၊ တောင့်ခံရန်၊ ဒုက္ခခံရန်၊ သို့မဟုတ် စိတ်ဆိုးရန် လုံးဝ မလိုတော့ပေ။ သင်သည် ထိုစက်ဆုပ်ဖွယ်ပတ်ဝန်းကျင်နှင့် ရှုပ်ထွေးသောအခြေအနေတွင် နောက်တစ်ဖန် အသက်ရှင်ရန် လုံးဝ မလိုအပ်တော့ပေ။ ဤသည်မှာ အလွန်ကောင်းသည်။ ဤအရာများအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ အရာရာတိုင်းက အဆင်ပြေသည်။ လူတစ်ယောက်သည် ဖန်ဆင်းရှင်ရှေ့သို့ လာသောအခါတွင် ဘုရားနှုတ်ကပတ်တော်နှင့်အညီ၊ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ပြီး ပြောဆိုသည်။ အရာရာတိုင်းက အဆင်ပြေချောမွေ့သည်။ ထိုရှုပ်ထွေးသော အငြင်းပွားမှုများ မရှိတော့ပေ။ သင်၏ စိတ်နှလုံးက ငြိမ်သက်ခြင်းရှိနိုင်သည်။ ဤအရာများအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ သို့သော် လူအချို့သည် အလွန်ပင် စက်ဆုပ်ဖွယ်ဖြစ်သော အိမ်ထောင်ပတ်ဝန်းကျင်၌ ကျွန်ဖြစ်လိုစိတ်ရှိနေဆဲဖြစ်သည်မှာ စိတ်မကောင်းစရာဖြစ်သည်။ ထိုပတ်ဝန်းကျင်မှ ၎င်းတို့ မလွတ်မြောက်ပေ၊ သို့မဟုတ် နောက်တွင် ချန်မထားရစ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ဤလူတို့သည် ၎င်းတို့၏ အိမ်ထောင်ကို အဆုံးမသတ်ဘဲ ပြိုကွဲသောအိမ်ထောင်ကို နောက်ချန်ထားလျက် အသက်မရှင်လျှင်ပင် အနည်းဆုံးအနေဖြင့် ၎င်းတို့အိမ်ထောင်၏ ကျွန်များမဖြစ်သင့်ဟု ငါမျှော်လင့်ဆဲဖြစ်သည်။ သင်၏ အိမ်ထောင်ဘက်က မည်သူဖြစ်စေ၊ သူက မည်သည့်ပင်ကိုစွမ်းရည်၊ သို့မဟုတ် လူ့သဘာဝကို ပိုင်ဆိုင်ပါစေ၊ သူ၏ အဆင့်အတန်းက မည်မျှမြင့်ပါစေ၊ မည်မျှကျွမ်းကျင်မှုရှိပြီး လုပ်ရည်ကိုင်ရည်ရှိပါစေ သူသည် သင်၏ အရှင်သခင် မဟုတ်သေးပေ။ သူသည် သင်၏ အိမ်ထောင်ဘက်၊ သင်နှင့် တန်းတူညီသောသူဖြစ်သည်။ သူသည် သင့်ထက်ပို၍ မမြင့်မြတ်သကဲ့သို့ သင်က သူ့ထက်လည်း မနိမ့်ကျပေ။ သူသည် သူ၏ အိမ်ထောင်တာဝန်များကို မဖြည့်ဆည်းနိုင်လျှင် သင်သည် သူ့ကို ပြစ်တင်မောင်းရဲပိုင်ခွင့်ရှိသည်။ သူ့အား စီမံရန်၊ ဩဝါဒပေးရန်မှာ သင်၏ ဝတ္တရားဖြစ်သည်။ သူသည် အလွန်ပင် ခံ့ညားလောက်သည်ဟု သင်ထင်သောကြောင့်၊ သို့မဟုတ် သူသည် သင့်အား စိတ်ကုန်လိမ့်မည်၊ သင့်အား ငြင်းပယ်ပြီး မုန်းတီးလိမ့်မည်၊ သို့မဟုတ် စွန့်ပစ်လိမ့်မည်ကို ကြောက်သောကြောင့်၊ သို့မဟုတ် သင်၏ အိမ်ထောင်ဆက်ဆံရေး၏ တည်တံ့မှုကို ထိန်းသိမ်းလိုပြီး သူ၏ ကျွန်ဖြစ်ရန်၊ သင့်အိမ်ထောင်၏ ကျွန်ဖြစ်ရန် သင့်ကိုယ်သင် လိုလိုလားလားဖြင့် အထိခိုက်ခံသောကြောင့် သင့်ကိုယ်သင် အဆင့်အတန်း မကျစေနှင့်၊ သင့်ကိုယ်သင် အသုံးချခံ မဖြစ်စေနှင့်။ ဤသည်မှာ သင့်တင့်လျောက်ပတ်ခြင်းမရှိပေ။ ဤသည်မှာ အိမ်ထောင်၏ စည်းဘောင်အတွင်းတွင် လူတစ်ယောက် ပြုမူဆောင်ရွက်သင့်သည့် ပုံစံမဟုတ်သကဲ့သို့ လူတစ်ယောက် ဖြည့်ဆည်းသင့်သည့် တာဝန်လည်း မဟုတ်ပေ။ ဘုရားသခင်က သင့်အား ကျွန်ဖြစ်ရန် မတောင်းဆိုသကဲ့သို့ အရှင်သခင်ဖြစ်ရန်လည်း မတောင်းဆိုပေ။ သင့်တာဝန်များကို ဖြည့်ဆည်းရန်သာ သူတောင်းဆိုသည်။ ဤအတွက်ကြောင့် အိမ်ထောင်တွင် သင်ထမ်းဆောင်သင့်သည့် တာဝန်များကို မှန်ကန်စွာ နားလည်ရမည်ဖြစ်သည်။ ပြီးလျှင် အိမ်ထောင်တွင် သင်ပါဝင်သည့် အခန်းကဏ္ဍကိုလည်း မှန်ကန်စွာ နားလည်ပြီး ရှင်းလင်းစွာ မြင်သင့်သည်။ သင်ပါဝင်သည့် အခန်းကဏ္ဍသည် ပုံပျက်ပြီး လူ့သဘာဝနှင့် မကိုက်ညီလျှင်၊ သို့မဟုတ် ဘုရားသခင်က စီမံထားသောအရာနှင့် မကိုက်ညီလျှင် သင့်ကိုယ်သင် စစ်ဆေးသင့်ပြီး ဤအခြေအနေမှ မည်သို့ လွတ်မြောက်ရမည်ကို ဆင်ခြင်သုံးသပ်သင့်သည်။ သင်၏ အိမ်ထောင်ဘက်ကို ပြစ်တင်မောင်းမဲ၍ရလျှင် ပြစ်တင်မောင်းမဲလော့။ သင့်အိမ်ထောင်ဘက်အား ပြစ်တင်မောင်းမဲခြင်းအားဖြင့် မလိုလားသော အကျိုးဆက်များကို သင် ခံစားရမည်ဆိုလျှင် သင်သည် ပို၍ အမျှော်အမြင်ရှိသော၊ ပို၍ သင့်လျော်သော ရွေးချယ်မှုကို ပြုလုပ်သင့်သည်။ မည်သို့ပင်ဖြစ်စေ သင်သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းအား ရရှိလိုလျှင်၊ သင့်အိမ်ထောင်၏ ကျွန်ဖြစ်ခြင်းနှင့် သက်ဆိုင်သော သင်၏ အယူအဆများ၊ သို့မဟုတ် ကျင့်သုံးမှုများကို စွန့်ရမည်။ သင်သည် သင့်အိမ်ထောင်၏ ကျွန်မဖြစ်ရဘဲ ထိုအခန်းကဏ္ဍကို နောက်တွင် ချန်ထားသင့်သည်။ စစ်မှန်သော လူသားဖြစ်သင့်သည်။ စစ်မှန်သော ဖန်ဆင်းခံတစ်ဦး ဖြစ်သင့်သည်။ တစ်ချိန်တည်းတွင် သင့်တာဝန်ကို ထမ်းဆောင်သင့်သည်။ သင် နားလည်သလော။ (နားလည်ပါသည်။)
လူတို့အား အိမ်ထောင်အပေါ် ၎င်းတို့၏ မှားယွင်းသောအမြင်များကို စွန့်လွှတ်ရန် ပြောဆိုလျက် “လူတို့သည် အိမ်ထောင်၏ ကျွန် မဖြစ်သင့်ပေ” ဟူသည့် အရေးကိစ္စကို ငါတို့ ယခု မိတ်သဟာယပြုခဲ့သည်။ ဆိုလိုသည်မှာ လူအချို့သည် ၎င်းတို့၏ အိမ်ထောင် ပြိုကွဲခြင်း၊ အဆုံးသတ်ခြင်းမဖြစ်စေရန် ၎င်းတို့၏ အိမ်ထောင်ကို ဆက်လက်လည်ပတ်စေပြီး တတ်နိုင်သမျှလုပ်ဆောင်ရမည်ဟု ထင်ကြသည်။ ဤပန်းတိုင်ကို ရရှိရန်အတွက် အလျှော့ပေးမှုများ ပြုလုပ်ကြသည်။ ၎င်းတို့သည် ၎င်းတို့၏အိမ်ထောင်ကို ဆက်လက်ရှင်သန်စေရန် ၎င်းတို့ကိုယ်တိုင်၏ အပြုသဘောဆောင်သော လိုက်စားမှုများစွာကိုသာ စွန့်လွှတ်ကြသည်။ ပြီးလျှင် ၎င်းတို့သည် ၎င်းတို့အိမ်ထောင်၏ ကျွန်အဖြစ် လိုလိုလားလား အသက်ရှင်လာကြသည်။ ဤလူတို့သည် အိမ်ထောင်၏ ဖြစ်တည်မှုနှင့် အဓိပ္ပာယ်သတ်မှတ်ချက်ကို မှားယွင်းစွာ အနက်ဖွင့်ဆိုကြသည်။ အိမ်ထောင်အပေါ် ၎င်းတို့၏ သဘောထား မှားယွင်းသည်။ ထို့ကြောင့် ဤသို့သော အတွေးအမြင်များကို ၎င်းတို့ စွန့်လွှတ်သင့်သည်။ ဤသို့သော ပုံပျက်နေသော အိမ်ထောင်ရေးအခြေအနေမျိုးကို ရှောင်သင့်သည်။ အိမ်ထောင်အပေါ် မှန်ကန်သော နည်းလမ်းကို ကျင့်သုံးသင့်သည်။ အိမ်ထောင်တွင် ပေါ်ပေါက်လာသော ဤပြဿနာများကို မှန်ကန်စွာ ကိုင်တွယ်သင့်သည်။ ဤသည်မှာ အိမ်ထောင်နှင့်ပတ်သက်ပြီး လူတို့ စွန့်လွှတ်သင့်သည့် တတိယပြဿနာဖြစ်သည်။ နောက်တစ်ခုတွင် အိမ်ထောင်နှင့်သက်ဆိုင်သော စတုတ္ထပြဿနာကို ငါတို့ မိတ်သဟာယဖွဲ့မည်။ အိမ်ထောင်သည် သင်၏ ခရီးပန်းတိုင်မဟုတ်ပေ။ ဤသည်မှာလည်း ပြဿနာတစ်ခုဖြစ်သည်။ ယင်းသည် ငါတို့ မိတ်သဟာယဖွဲ့သည့် အကြောင်းအရာဖြစ်သည့်အတွက် လူတို့၏ အိမ်ထောင်၌ လက်ရှိ အခြေအနေအတွင်းတွင်ရှိသော ထင်ရှားသည့် ပြဿနာတစ်ခုဖြစ်သည်။ ဤသည်မှာ အိမ်ထောင်အခြေအနေမျိုးစုံတွင် တည်ရှိသည်။ အိမ်ထောင်အပေါ် လူတို့၌ရှိသော သဘောထားမျိုး၊ သို့မဟုတ် ရှင်သန်နေထိုင်သည့် အခြေအနေတစ်မျိုးလည်း ဖြစ်သည်။ ထို့ကြောင့် ဤပြဿနာကို ငါတို့ မိတ်သဟာယဖွဲ့ပြီး ရှင်းလင်းအောင် ပြုလုပ်သင့်သည်။ မိန်းမအချို့သည် အိမ်ထောင်ကျပြီးနောက်တွင် သင့်တော်သူကို တွေ့ရှိခဲ့သည်ဟု ၎င်းတို့က ထင်ကြသည်။ ဤယောက်ျားကို အားကိုးပြီး ယုံကြည်နိုင်သည်ဟုလည်းကောင်း၊ သူသည် ၎င်းတို့၏ဘဝလမ်းကြောင်းတွင် ၎င်းတို့အတွက် ခိုင်မာသော အထောက်အပံ့ဖြစ်နိုင်သည်ဟုလည်းကောင်း၊ သူ့ကို အားကိုးရန် လိုအပ်သောအခါတွင် သူသည် ခိုင်မာပြီး အားကိုးထိုက်လိမ့်မည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ယောက်ျားအချို့က ၎င်းတို့သည် သင့်တော်သော မိန်းမကို တွေ့ရှိခဲ့သည်ဟု ထင်ကြသည်။ သူမသည် လှပပြီး ရက်ရောသည်။ နူးညံ့ပြီး ထောက်ထားသည်။ အကျင့်သီလရှိပြီး နားလည်ပေးတတ်သည်။ ဤမိန်းမနှင့်ဆိုလျှင် ၎င်းတို့တွင် တည်ငြိမ်သောဘဝ၊ အေးချမ်း၊ နွေးထွေးသောအိမ်ရှိမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ လူတို့သည် အိမ်ထောင်ကျသောအခါ ၎င်းတို့အားလုံးက ကံကောင်းပြီး ပျော်ရွှင်သည်ဟု မိမိတို့ကိုယ်ကို ထင်ကြသည်။ လူအများစုက ၎င်းတို့ အိမ်ထောင်ပြုသောအခါ ၎င်းတို့၏ လက်တွဲဖော်သည် ၎င်းတို့ရွေးချယ်သော အနာဂတ်ဘဝ၏ သင်္ကေတဖြစ်သည်၊ ၎င်းတို့၏အိမ်ထောင်သည် ဤဘဝတွင် ၎င်းတို့ရှာဖွေသော ခရီးပန်းတိုင်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အိမ်ထောင်ကျသောသူတိုင်းက အိမ်ထောင်သည် ၎င်းတို့၏ ခရီးပန်းတိုင်ဖြစ်သည်ဟုလည်းကောင်း၊ ထိုသို့သော အိမ်ထောင်ရှိသည်နှင့် ထိုအိမ်ထောင်သည် ၎င်းတို့၏ ခရီးပန်းတိုင်ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်ဟု ဆိုလိုသည်။ “ခရီးပန်းတိုင်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ခြေကုပ်တစ်ခုကို ဆိုလိုသည်။ ၎င်းတို့သည် ၎င်းတို့၏ တက်လမ်း၊ ၎င်းတို့၏ အနာဂတ်နှင့် ၎င်းတို့၏ ပျော်ရွှင်မှုကို ၎င်းတို့၏ အိမ်ထောင်အပေါ်နှင့် ၎င်းတို့နှင့်အတူ အိမ်ထောင်ပြုသောလက်တွဲဖော်အပေါ်ကိုပါ အပ်နှံသည်။ ထို့ကြောင့် အိမ်ထောင်ပြုပြီးနောက်တွင် ၎င်းတို့သည် တစ်စုံတစ်ခုကို အလိုရှိခြင်း၊ သို့မဟုတ် စိတ်ပူရခြင်းများ ထပ်မံရှိတော့မည်မဟုတ်ဟု ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်ကို တွေ့ရှိပြီးဖြစ်သည်ဟုလည်းကောင်း၊ ဤခရီးပန်းတိုင်သည် ၎င်းတို့၏ လက်တွဲဖော်ဖြစ်ပြီး ထိုသူနှင့်အတူ တည်ဆောက်ခဲ့သည့် အိမ်လည်းဖြစ်သည်ဟုလည်းကောင်း ခံစားရသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်ကို တွေ့ရှိပြီးဖြစ်သောကြောင့် မည်သည့်အရာကိုမျှ လိုက်စားရန်၊ သို့မဟုတ် မည်သည့်အရာကိုမျှ မျှော်လင့်ရန် မလိုတော့ပေ။ အိမ်ထောင်အပေါ် လူတို့၏ သဘောထားနှင့် အမြင်များမှကြည့်လျှင် ထိုအရာသည် အိမ်ထောင်၏ ဖွဲ့စည်းတည်ဆောက်ပုံ တည်ငြိမ်မှုအတွက် အကျိုးရှိသည်မှာ အမှန်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ယောက်ျား၊ သို့မဟုတ် မိန်းမတစ်ယောက်သည် ၎င်းတို့၏ အိမ်ထောင်ဘက်အဖြစ် ဆန့်ကျင်ဘက်လိင်ဖြစ်သော ပုံသေလက်တွဲဖော်တစ်ယောက်ရှိလျှင် ၎င်းတို့သည် ဖောက်ပြန်တော့မည်မဟုတ်ပေ၊ သို့မဟုတ် ဆန့်ကျင်ဘက်လိင်နှင့် လိင်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုများပို၍ ရှိတော့မည်မဟုတ်ပေ။ ဤသည်မှာ အိမ်ထောင်ဘက်အများစုအတွက် အကျိုးရှိသည်။ အနည်းဆုံးအနေဖြင့် ဆက်ဆံရေးများနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စိတ်နှလုံးများက တည်ငြိမ်သွားလိမ့်မည်။ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ဖြစ်သော ပုံမှန် လက်တွဲဖော်တစ်ယောက်အပေါ် စိတ်ဝင်စားလိမ့်မည်ဖြစ်ပြီး ဆန့်ကျင်ဘက်လိင်ဖြစ်သော ပုံမှန် အိမ်ထောင်ဘက်တစ်ယောက်ကြောင့် အခြေခံ နေထိုင်ရာ ပတ်ဝန်းကျင်တစ်ခုတွင် တည်ငြိမ်လိမ့်မည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ သို့ရာတွင် လူတစ်ယောက်က အိမ်ထောင်ပြုသောအခါ၊ သူသည် သူ၏အိမ်ထောင်ကို သူ၏ ခရီးပန်းတိုင်အဖြစ် မှတ်ယူပြီး ၎င်းတို့၏ လိုက်စားမှုအားလုံး၊ ဘဝအပေါ် သဘောထားအမြင်၊ ဘဝတွင် ၎င်းတို့လိုက်လျှောက်သည့်လမ်းကြောင်းနှင့် သူ့အပေါ် ဘုရားသခင် တောင်းဆိုသည့်အရာတို့ကိုမူ သူအားလပ်သောအချိန်၌ လုပ်ဆောင်ရန်ဖြစ်သော မလိုလားအပ်သောအရာများအဖြစ်မှတ်ယူလျှင် သူ၏ အိမ်ထောင်ကို သူ၏ ခရီးပန်းတိုင်အဖြစ် မသိမသာထားရှိခြင်းသည် ကောင်းသောအရာမဟုတ်ဘဲ အပြန်အလှန်အားဖြင့် ယင်းသည် ဘဝတွင် မှန်ကန်သော ပန်းတိုင်များအား ၎င်းတို့လိုက်စားရာ၌လည်းကောင်း၊ ဘဝတွင် မှန်ကန်သော သဘောထားအမြင်ကို ၎င်းတို့ တည်ဆောက်ခြင်း၌လည်းကောင်း၊ ကယ်တင်ခြင်းအား ၎င်းတို့ လိုက်စားခြင်း၌ပင်လည်းကောင်း အတားအဆီးတစ်ခု၊ ခလုတ်ကန်သင်းတစ်ခု၊ အနှောင့်အယှက်တစ်ခုဖြစ်လာသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အိမ်ထောင်ကျသောသူတစ်ယောက်က သူ၏လက်တွဲဖော်ကို သူ၏ ခရီးပန်းတိုင်အဖြစ်၊ သူ၏ ဘဝကံကြမ္မာအဖြစ် သတ်မှတ်သောအခါတွင် သူ၏ လက်တွဲဖော်၏ အမျိုးမျိုးသော စိတ်ခံစားချက်များ၊ သူ၏ ပျော်ရွှင်မှုနှင့် မပျော်ရွှင်မှုတို့သည် သူကိုယ်တိုင်နှင့် ဆက်စပ်နေသည်ဟုလည်းကောင်း၊ သူကိုယ်တိုင်၏ ပျော်ရွှင်မှု၊ မပျော်ရွှင်မှုနှင့် အမျိုးမျိုးသော စိတ်ခံစားချက်တို့သည် သူ၏ လက်တွဲဖော်နှင့် ဆက်စပ်နေသည်ဟုလည်းကောင်း၊ ထို့ကြောင့် သူ၏ လက်တွဲဖော်၏ ရှင်ခြင်း၊ သေခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းတို့သည် သူ၏ ကိုယ်ပိုင် ရှင်ခြင်း၊ သေခြင်း၊ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်းတို့နှင့် ဆက်စပ်နေသည်ဟု ယုံကြည်ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ အိမ်ထောင်က မိမိတို့၏ ဘဝခရီးပန်းတိုင်ဖြစ်သည်ဟူသော ဤလူတို့၏ အယူအဆသည် ၎င်းတို့၏ ဘဝလမ်းကြောင်း၊ အပြုသဘောဆောင်သောအရာများနှင့် ကယ်တင်ခြင်းတို့ကို ၎င်းတို့ လိုက်စားခြင်းအား နှေးကွေးစေပြီး လှုပ်ရှားမှုနည်းစေသည်။ မိမိတို့၏အိမ်ထောင်တွင် ဘုရားသခင်နောက်သို့လိုက်သော သူတစ်ယောက်၏ လက်တွဲဖော်သည် ဘုရားသခင်နောက်သို့ မလိုက်ရန် ရွေးချယ်ပြီး ထိုအစား လောကီအရာများနောက်သို့ လိုက်ရန် ရွေးချယ်လျှင် ဘုရားသခင်နောက်သို့ လိုက်သောသူသည် သူ့ လက်တွဲဖော်၏ သက်ရောက်မှုကို ပြင်းထန်စွာ ခံရလိမ့်မည်။ ဥပမာ ဇနီးဖြစ်သူက ဘုရားသခင်ကို သူမ ယုံကြည်ပြီး သမ္မာတရားအား လိုက်စားသင့်သည်ဟုလည်းကောင်း၊ သူမ၏ အလုပ်ကို စွန့်လွှတ်ပြီး သူမ၏ တာဝန်ကို ထမ်းဆောင်သင့်သည်၊ သူမကိုယ်သူမ အသုံးခံသင့်သည်၊ ဘုရားအိမ်တော်တွင် သူမကိုယ်သူမ နှစ်မြုပ်ထားသင့်သည်ဟုလည်းကောင်း ယုံကြည်ပြီး သူမ၏ ခင်ပွန်းကမူ “ဘုရားကို ယုံတာ ကောင်းပါတယ်၊ ဒါပေမဲ့ ငါတို့က အသက်ရှင်ရဦးမယ်၊ ငါတို့ နှစ်ယောက်လုံးက တာဝန်ထမ်းဆောင်ရင် ဘယ်သူက ပိုက်ဆံရှာမှာလဲ၊ အိမ်ကို ဘယ်သူ ထောက်ပံ့မှာလဲ၊ ငါတို့မိသားစုရဲ့ ဘဝကို ဘယ်သူ ထိန်းသိမ်းမှာလဲ” ဟု တွေးသည်။ ဤသို့သောအမြင်ဖြင့် သူသည် ဆက်လက်၍ အလုပ်လုပ်ပြီး လောကီအရာများကို ဆက်လက်၍ လိုက်စားရန် ရွေးချယ်သည်။ သူသည် ဘုရားသခင်ကို မယုံကြည်ဟု မပြောသကဲ့သို့ထိုသို့ယုံကြည်ခြင်းကို ဆန့်ကျင်သည်ဟုလည်း မပြောပေ။ ဘုရားသခင်ကို ယုံကြည်သော ဇနီးဖြစ်သူက “ငါ့ယောက်ျားက ငါ့ရဲ့ ခရီးပန်းတိုင်ပဲ၊ သူ အဆင်ပြေမှပဲ ငါအဆင်ပြေတယ်၊ သူက အဆင်မပြေရင် ငါလည်း အဆင်မပြေနိုင်ဘူး၊ ငါတို့က ကြိုးတစ်ချောင်းတည်းနဲ့ ချည်းထားတဲ့ နှံကောင်တွေလိုပဲ၊ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်းတွေကို ငါတို့ အတူမျှဝေတယ်၊ အတူအသက်ရှင်ပြီး အတူသေတယ်၊ သူသွားတဲ့ ဘယ်နေရာကိုမဆို ငါသွားတယ်၊ အခု ငါတို့ရဲ့လမ်းကြောင်းကို ရွေးချယ်တဲ့နေရာမှာ သဘောထားကွဲလွဲမှုတွေရှိပြီး အက်ကြောင်းတွေ စပေါ်လာပြီ၊ ဒီတော့ ဘယ်လို သင့်မြတ်အောင်လုပ်မလဲ၊ ငါက ဘုရားနောက်ကို လိုက်ချင်တယ်၊ ဒါပေမဲ့ သူက ဘုရားအပေါ် ယုံကြည်ခြင်းကို စိတ်မဝင်စားဘူး၊ သူက ဘုရားကို မယုံကြည်ရင် ငါက ငါ့ရဲ့ ကိုယ်ပိုင်ယုံကြည်ခြင်းမှာ တိုးတက်မှုရှိနိုင်မှာမဟုတ်ဘူး။ ဘုရားနောက်လိုက်နေသလို ခံစားရမှာမဟုတ်တော့ဘူး။ ဒါက အစကတည်းက ငါက သူ့ကို ငါ့ရဲ့မိုးကောင်းကင်၊ ငါ့ရဲ့ ကံကြမ္မာအဖြစ် မှတ်ယူခဲ့လို့ပဲ။ငါ သူ့ကို ထားမသွားနိုင်ဘူး။သူက ဘုရားကို မယုံကြည်ရင် ငါတို့နှစ်ယောက်လုံး မယုံကြည်ဘူး။ သူ ဘုရားကို ယုံကြည်ရင်တော့ ငါတို့နှစ်ယောက်လုံး ယုံကြည်မယ်။ သူက ဘုရားကို မယုံကြည်ရင် ငါ့ဝိညာဉ်ကို ယူသွားခံရသလိုမျိုး ငါ့မှာ တစ်ခုခုကင်းမဲ့နေသလို ခံစားရမှာပဲ ” ဟူ၍ အစဉ် တွေးသည်။ သူမသည် ဤကိစ္စနှင့်ပတ်သက်ပြီး အချိန်ပြည့် စိတ်သောကရောက်ကာ စိတ်ပူသည်။ သူမသည် သူမ၏ ခင်ပွန်းက ဘုရားသခင်အား ယုံကြည်နိုင်ဖို့ မျှော်လင့်လျက် မကြာခဏ ဆုတောင်းသည်။ သို့သော် မည်သို့ ဆုတောင်းပါစေ သူမ၏ ခင်ပွန်းက တို့ထိခြင်းမခံရဘဲ ဘုရားသခင်ကို မယုံကြည်ပေ။ သူမသည် စိတ်ဒုက္ခရောက်သည်။ မည်သည့်အရာကို သူမ လုပ်ဆောင်ရမည်နည်း။ သူမ လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှမရှိပေ။ ထို့ကြောင့် သူမ အစွန်းကုန်အားထုတ်သည်။ သူမ၏ ခင်ပွန်းက အိမ်တွင်ရှိသရွေ့ သူမသည် သူ့အား ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရန် ခေါ်သွားသည်။ သူမ၏ ခင်ပွန်းက ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရှုပြီး သူမက ဖတ်သောအခါ မနှစ်သက်ခြင်းမရှိဘဲ နားထောင်သည်။ သို့သော် သူသည် မိတ်သဟာယတွင် တက်ကြွစွာ ပါဝင်ခြင်းမရှိပေ။ ၎င်းတို့သည် ခင်ပွန်းနှင့် ဇနီးဖြစ်သောကြောင့် သူသည် သူမနှင့် မငြင်းခုံပေ။ သူ့ကို ဓမ္မသီချင်းများဆိုခိုင်းသောအခါ သူက လိုက်လျောပြီး သီဆိုတတ်ဖို့ သင်ယူသည်။ သင်ယူပြီးနောက်တွင် သူသည် ဓမ္မသီချင်းများကို အပြည့်အဝ သင်ယူတတ်မြောက်ခြင်းရှိမရှိ၊ သို့မဟုတ် နှစ်သက်ခြင်းရှိမရှိကို မပြောပေ။ စုဝေးပွဲများကို တက်ခိုင်းသောအခါ ရံဖန်ရံခါ သူ့၌ အချိန်ပိုအနည်းငယ်ရှိသောအခါ စုဝေးပွဲသို့ သူ၏ ဇနီးနှင့်အတူ သွားလိမ့်မည်။ သို့သော် ပုံမှန်အားဖြင့် သူသည် အလုပ်လုပ်လျက်၊ ပိုက်ဆံရှာလျက်ဖြင့် အလုပ်ရှုပ်နေသည်။ သူသည် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သက်ဆိုင်သော အရာတစ်ခုခုကို လုံးဝ မပြောပေ။ စုဝေးပွဲတက်ရန်၊ သို့မဟုတ် တာဝန်ထမ်းဆောင်ရန် မည်သည့်အခါမျှ သူကစ၍ မပြောပေ။ အချုပ်အားဖြင့် သူသည် ဤအရာအားလုံးအပေါ် ဟက်ဟက်ပက်ပက် မရှိပေ။ ဘုရားသခင်အပေါ် ယုံကြည်မှုကို သူ မဆန့်ကျင်ပေ။ သို့သော် အားပေးခြင်းလည်းမရှိပေ။ ဤအပေါ် သူ၏ သဘောထားက အဘယ်သို့ရှိသည်ကို မပြပေ။ ဘုရားသခင်ကို ယုံကြည်သော ဇနီးဖြစ်သူက ဤအရာအားလုံးကို အလွန်အလေးအနက်ထားပြီး မှတ်မိကာ “ငါတို့က လက်ထပ်ထားတဲ့ လင်မယားဖြစ်ပြီး ငါတို့ နှစ်ယောက်က မိသားစုတွေဆိုတော့ နိုင်ငံတော်ကို ငါဝင်ရရင် သူလည်း ဝင်ရမှဖြစ်မယ်၊ ငါ့ရဲ့ ယုံကြည်မှုနောက်ကို သူမလိုက်ရင် သူက နိုင်ငံတော်ကို ဝင်ရမှာမဟုတ်ဘူး၊ ဒါမှမဟုတ် ကယ်တင်ခြင်းရမှာမဟုတ်ဘူး၊ ဒါဆို ငါလည်း အသက်ရှင်ချင်မှာမဟုတ်ဘဲ သေချင်မှာပဲ”ဟု ဆိုသည်။ သူမက မသေသေးသော်လည်း သူမ၏ စိတ်နှလုံးတွင် ဤကိစ္စကြောင့် အစဉ်သဖြင့် စိတ်ပူ၊ နာကျင်ပြီး စိတ်ဆင်းရဲကာ “တစ်နေ့မှာ ကပ်ဘေးတွေကျရောက်လာပြီး သူက ကပ်ဘေးထဲမှာသေသွားရင် ငါ ဘာလုပ်မလဲ၊ အခုဆို အရမ်းကြီးတဲ့ ကပ်ရောဂါတစ်ခုရှိတယ်၊ သူက ဒီကပ်ရောဂါရရင် ငါက အသက်ရှင်မှာမဟုတ်တော့ဘူး၊ သူက ဘုရားအပေါ် ငါယုံကြည်တာကို ဆန့်ကျင်တယ်လို့မပြောဘူး၊ ဒါပေမဲ့ တစ်နေ့ကျရင် သူက ငါ့ကို ဘုရားကို ဆက်ပြီး မယုံကြည်စေချင်တော့ဘူးလို့ တကယ်ပြောလာရင် ငါ ဘာလုပ်မလဲ” ဟု တွေးသည်။ ထိုအချိန်ရောက်လာသောအခါ သူမသည် သူမခင်ပွန်း၏ နောက်သို့လိုက်ပြီး ဘုရားသခင်အား မယုံကြည်ရန်၊ ဘုရားသခင်ကို သစ္စာဖောက်ရန် ရွေးချယ်မိမည်ကို သူမ စိုးရိမ်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူမ၏ စိတ်နှလုံးတွင် သူမ၏ ခင်ပွန်းသည် သူမ၏ စိတ်ဝိညာဉ်၊ သူမ၏ ဘဝဖြစ်သည်။ သူမ၏ မိုးကောင်းကင်၊ သူမ၏ အရာရာ ပို၍ပင် ဖြစ်သည်။ သူမ၏ စိတ်နှလုံးတွင်ရှိသော သူမ၏ ခင်ပွန်းသည် သူမကို အချစ်ဆုံးဖြစ်ပြီး သူမက သူမ၏ ခင်ပွန်းကို အချစ်ဆုံးဖြစ်သည်။ သို့သော် ယခုတွင် သူမသည် ပြဿနာတစ်ခုကို ကြုံရသည်။ သူမ၏ ခင်ပွန်းက ဘုရားသခင်အပေါ် သူမ၏ ယုံကြည်မှုကို ဆန့်ကျင်ပြီး သူမ၏ ဆုတောင်းချက်များက အချည်းနှီးဖြစ်လျှင် အဘယ်သို့နည်း။ ဤအရာကို သူမ အလွန်စိုးရိမ်ပူပန်သည်။ သူမသည် အိမ်မှ အဝေးသို့ သူမ၏တာဝန်ကို သွားရောက်ထမ်းဆောင်ရန် လိုအပ်သောအခါတွင် ဘုရားအိမ်တော်တွင်လည်း သူမတာဝန်ကို ထမ်းဆောင်လိုသော်လည်း သူမတာဝန်ကို ထမ်းဆောင်ရန်အတွက် အိမ်မှထွက်ခွာပြီး အဝေးသို့ ခရီးထွက်ရမည်ကို ကြားသောအခါ၊ အိမ်မှ အဝေးတွင် အချိန်ကြာသည်အထိ ရှိနေရမည်ကို ကြားရသောအခါ သူမသည် အလွန့်အလွန် မချိတင်ကဲဝေဒနာခံစားရသည်။ အဘယ်ကြောင့်နည်း။ အိမ်မှ သူမ ထွက်ခွာခြင်းအားဖြင့် သူမ၏ ခင်ပွန်းကို စောင့်ရှောက်မည့်သူ တစ်ယောက်မျှမရှိမည်ကို စိုးရိမ်သည်။ သူမသည် သူမ၏ ခင်ပွန်းကို လွမ်းဆွတ်မည်ဖြစ်ပြီး သူ့အတွက် မရပ်မနား စိတ်ပူနေမိမည် ဖြစ်သည်။ သူမသည် သူ့စိတ်ပူမည်ဖြစ်ပြီး သူ့ကို တောင့်တလိမ့်မည်။ သူမ၏ အနီးတွင် သူမရှိဘဲ မနေနိုင်ဟုပင် ခံစားရမည်။ ဘဝတွင် မျှော်လင့်ချက်နှင့် ဦးတည်ချက် ပျောက်ဆုံးလိမ့်မည်၊ သူမ၏တာဝန်ကိုလည်း စိတ်ပါလက်ပါ ထမ်းဆောင်နိုင်မည်မဟုတ်ဟု သူမ ခံစားရသည်။ ယခုတွင် သူမသည် ဤအရာကို တွေးကြည့်ရုံဖြင့် သူမ၏ စိတ်နှလုံးက နာကျင်ရသည်။ ဤသို့ အမှန်တကယ်ဖြစ်မည်ဆိုလျှင် ဆိုဖွယ်ရာမရှိပေ။ ထို့ကြောင့် အသင်းတော်တွင် သူမသည် အခြားနေရာတစ်ခု၌ သူမ၏တာဝန်ကို သွားရောက်ထမ်းဆောင်ဖို့ မည်သည့်အခါမျှ မတောင်းဆိုရဲပေ။ သို့မဟုတ် ကြာမြင့်သည့် အချိန်ကာလတစ်ခုထိ အဝေးတွင်နေပြီး အိမ်မှ အဝေး၌ ညအိပ်ရန် လိုအပ်သည့် အလုပ်တစ်ခုခုရှိလျှင် သူမသည် အလုပ်အတွက် မိမိကိုယ်ကို မည်သည့်အခါမျှ ရှေ့ထွက်မပြရဲပေ၊ သို့မဟုတ် ဤသို့သော တောင်းဆိုမှုကို လက်မခံရဲပေ။ သူမသည် သူမ၏ ညီအစ်ကိုမောင်နှမများအတွက် စာများပေးပို့လျက်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် သူမ၏ အိမ်တွင် စုဝေးခြင်းအတွက် ၎င်းတို့ကို ဧည့်ခံလျက်ဖြင့် သူမ တတ်နိုင်သမျှကို လုပ်ဆောင်သည်။ သို့သော် သူမသည် သူမ၏ ခင်ပွန်းဖြင့် တစ်နေ့လုံး မည်သည့်အခါမျှ မခွဲခွာရဲပေ။ အမှန်တကယ်ပင် အထူးအခြေအနေတစ်ခုရှိပြီး သူမ၏ ခင်ပွန်းက အလုပ်ကိစ္စဖြင့် ခရီးသွားရမည်ဆိုလျှင်၊ သို့မဟုတ် ရက်အနည်းငယ် အဝေးသို့ သွားရမည်ဆိုလျှင် သူမသည် သူမ၏ ခင်ပွန်းမထွက်ခွာမီ နှစ်ရက်၊ သုံးရက်ကြာအထိ ငိုကြွေးလိမ့်မည်။ သူမ၏ မျက်လုံးများက ခရမ်းချဉ်းသီးများကဲ့သို့ ယောင်ယမ်းလာသည်အထိ ငိုလိမ့်မည်။ အဘယ်ကြောင့် သူမ ငိုသနည်း။ သူမ၏ ခင်ပွန်းက လေယာဉ်ပျက်ကျ သေဆုံးပြီး သူ၏ ကိုယ်ခန္ဓာကိုပင် မတွေ့ရမည်ကို သူမ စိုးရိမ်သည်။ ဤသို့ဆိုလျှင် သူမ အဘယ်သို့ ပြုလုပ်မည်နည်း။ သူမသည် မည်သို့အသက်ရှင်ပြီး နေ့ရက်များကို ဖြတ်သန်းရမည်နည်း။ သူမ၏ မိုးကောင်းကင်သည် ကွယ်ပျောက်သွားလိမ့်မည်။ သူမ၏ နှလုံးသားသည် အခိုးခံလိုက်ရသကဲ့သို့ ခံစားရမည်။ ဤအကြောင်းကို တွေးရုံမျှပင် သူမကို ကြောက်လန့်စေသည်။ ဤအတွက်ကြောင့် သူမက ဤအကြောင်းစဉ်းစားမိသောအခါ ငိုခြင်းဖြစ်သည်။ သူမ၏ ခင်ပွန်းက ထွက်ခွာခြင်းပင် မရှိသေးသည့်တိုင် သူမသည် နှစ်ရက်၊ သုံးရက်ကြာ ငိုသည်။ သူ ပြန်လာသည့်အချိန်အထိ သူမ ဆက်လက်၍ ငိုသည်။ အလွန်ငိုသောကြောင့် သူမ၏ ခင်ပွန်းက စိတ်အနှောင့်အယှက်ဖြစ်ကာ “သူက ဘာဖြစ်နေတာလဲ၊ ငါက သေတောင်မသေသေးဘဲနဲ့ သူက ငိုနေတယ်၊ သူက ငါ့ကို သေဖို့ ကျိန်နေတာလား” ဟု ဆိုသည်။ သူသည် မည်သို့မျှ မတတ်နိုင်ပေ။ သူမသည် ဆက်လက်၍သာ ငိုပြီး “ကျွန်မက ရှင့်ကို အဝေးကို မသွားစေချင်တာပါ၊ ကျွန်မ မျက်စိအောက်ကနေ ပျောက်မသွားစေချင်ဘူး” ဟု ဆိုသည်။ သူမသည် သူမ၏ ကံကြမ္မာနှင့် ခရီးပန်းတိုင်ကို သူမနှင့်အတူ အိမ်ထောင်ပြုသည့် သူမ၏ ခင်ပွန်းအပေါ်တွင် ထားရှိသည်။ ဤသို့ လုပ်ဆောင်ခြင်းသည် မိုက်မဲသည်ဖြစ်စေ၊ ကလေးဆန်သည်ဖြစ်စေ မည်သည့်ဖြစ်ရပ်မျိုးမဆိုတွင် ဤသို့သောလူများရှိသည်။ ဤသို့သော ယောက်ျားများက ပိုများသလော၊ မိန်းမများက ပိုများသလော။ (မိန်းမများက ပိုများသည်။) ဤသို့သော မိန်းမများက ပိုများသည့် ပုံစံရှိသည်။ မိန်းမများက အနည်းငယ် အားနည်းနိုင်သည်။ ယောက်ျားနှင့် မိန်းမကြားတွင် မည်သူက မည်သူ့ကို စွန့်ခွာသည်ဖြစ်စေ ၎င်းတို့သည် ဆက်လက်၍ အသက်ရှင်နေနိုင်ဆဲဖြစ်သလော။ (အသက်ရှင်နေနိုင်ဆဲ ဖြစ်သည်။) မည်သူက မည်သူ့ကို စွန့်ခွာသည်ဖြစ်စေ ဤသည်မှာ သင်ရွေးချယ်နိုင်သော အရာတစ်ခုဖြစ်သလော။ ဤသည်မှာ သင်ထိန်းချုပ်နိုင်သော အရာတစ်ခုဟုတ်သလော။ (မဟုတ်ပါ။) မဟုတ်ပေ။ ယင်းသည် သင်ထိန်းချုပ်နိုင်သော အရာတစ်ခုမဟုတ်။ ထို့ကြောင့် သင်သည် မိုက်မဲသော စိတ်ကူးများ၌ လမ်းပျောက်သွားသည်။ သင်သည် ငိုသည်။ စိတ်တိုသည်။ စိတ်ပူသည်။ နာကျင်သည်။ ဤအရာအားလုံးတွင် အဓိပ္ပာယ်တစ်ခုခုရှိသလော။ (မရှိပါ။) ဤလူတို့သည် ၎င်းတို့၏ လက်တွဲဖော်ကို ကြည့်နိုင်ခြင်း၊ သူ၏လက်ကို ဆုပ်ကိုင်နိုင်ခြင်း၊ သူနှင့်အတူ နေထိုင်နိုင်ခြင်းက ၎င်းတို့၌ တစ်သက်တာ အထောက်အပံ့ ရှိသည်၊ ချော့မော့ခြင်း၊ နှစ်သိမ့်ခြင်းကို ခံရသကဲ့သို့ဖြစ်သည်ဟု ခံစားကြရသည်။ ၎င်းတို့သည် အစားအစာ၊ သို့မဟုတ် အဝတ်အစားအတွက် စိတ်ပူစရာရှိမည်မဟုတ်၊ အရေးစိုက်စရာရှိမည်မဟုတ်၊ ၎င်းတို့၏ လက်တွဲဖော်သည် ၎င်းတို့၏ ခရီးပန်းတိုင်ဖြစ်သည်ဟု ထင်ကြသည်။ မယုံကြည်သူများတွင် “ဒီဘဝမှာ မင်းရှိနေရင် ငါ တခြားဘာမှမလိုအပ်ဘူး” ဟူသော ဆိုရိုးစကားတစ်ခုရှိသည်။ ဤသည်မှာ ဤလူတို့က ၎င်းတို့၏ အတွင်းကျကျ စိတ်နှလုံးတွင် ၎င်းတို့၏ အိမ်ထောင်နှင့် ၎င်းတို့၏ လက်တွဲဖော်အပေါ် ခံစားရသောပုံစံဖြစ်သည်။ ၎င်းတို့၏ လက်တွဲဖော်က ပျော်သောအခါ၌ ၎င်းတို့ ပျော်ရွှင်သည်။ ၎င်းတို့၏ လက်တွဲဖော်က စိတ်ပူသောအခါတွင် စိတ်ပူသည်။ ၎င်းတို့၏ လက်တွဲဖော်က ဒုက္ခခံရသောအခါ ၎င်းတို့က ဒုက္ခခံရသည်။ ၎င်းတို့၏ လက်တွဲဖော်သေဆုံးသောအခါ ၎င်းတို့သည်လည်း အသက်မရှင်ချင်တော့ပေ။ ၎င်းတို့၏ လက်တွဲဖော်က ထွက်သွားပြီး အခြားတစ်ယောက်နှင့် ချစ်ကြိုက်လျှင် ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သနည်း။ (၎င်းတို့ အသက်မရှင်ချင်တော့ပါ။) အချို့မှာ အသက်မရှင်ချင်တော့သောကြောင့် မိမိကိုယ်ကို အဆုံးစီရင်ကြသည်။ အချို့မှာ စိတ်ဖောက်သွားကြသည်။ ပြောလော့။ ဤသည်တို့မှာ အဘယ်သို့နည်း။ မည်သို့သောသူမျိုးက စိတ်ဖောက်သနည်း။ စိတ်ဖောက်သည်ဆိုသည်မှာ ထိုသူက တစ္ဆေ၊ သူရဲပူးနေသည်ကို ပြသည်။ မိန်းမအချို့သည် ၎င်းတို့၏ ခင်ပွန်းက ဘဝတွင် ၎င်းတို့၏ ခရီးပန်းတိုင်ဖြစ်သည်ဟုလည်းကောင်း၊ ထိုသို့သော ယောက်ျားကို တွေ့သည်နှင့် ၎င်းတို့သည် အခြားမည်သည့်ယောက်ျားကိုမျှ နောက်တစ်ဖန် ချစ်မည်မဟုတ်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤသည်မှာ “ဒီဘဝမှာ သူရှိနေရင် ငါ တခြားဘာမှမလိုအပ်ဘူး” ဆိုသည့် အရာဖြစ်သည်။ သို့သော် သူမ၏ ခင်ပွန်းသည် သူမကို စိတ်ပျက်စေသည်။ အခြားလူတစ်ယောက်ကို သွား၍ ချစ်ပြီး သူမကိုလည်း အလိုမရှိတော့ပေ။ ဤသို့ဆိုလျှင် အဆုံး၌ အဘယ်အရာ ဖြစ်သနည်း။ ထို့နောက်တွင် သူမသည် ဆန့်ကျင်ဘက်လိင်အဖွဲ့ဝင်အားလုံးကို လုံးဝ မုန်းတီးသည်။ သူမသည် အခြားသောယောက်ျားတစ်ယောက်ကို မြင်သောအခါ သူမသည် သူ့ကို တံတွေးဖြင့် ထွေးလိုသည်။ သူ့ကို ကျိန်ဆဲလိုသည်။ ရိုက်နှက်လိုသည်။ သူမတွင် ကြမ်းကြုတ်သော စိတ်သဘောများ ဖြစ်ပေါ်လာသည်။ သူမ၏ အသိတရားသည် မူမမှန်ဖြစ်လာသည်။ အမှန်ပင် စိတ်ဖောက်သောသူအချို့ရှိသည်။ ဤသည်တို့မှာ လူတို့သည် အိမ်ထောင်ကို မှန်ကန်စွာ နားမလည်သောအခါတွင်ဖြစ်သော အကျိုးဆက်များဖြစ်သည်။
ဤလူတို့သည် ပျော်ရွှင်မှုနောက်သို့ လိုက်ရာတွင် ၎င်းတို့၏ အောင်မြင်မှု၏ သင်္ကေတအဖြစ် အိမ်ထောင်ကို မြင်ပြီး ၎င်းတို့ ကြာရှည်စွာ အိပ်မက်မက်ခဲ့ပြီး ယခုတွင် ဖြစ်မြောက်ခဲ့သည့် ဘဝရည်မှန်းချက်နှင့် ပန်းတိုင်အဖြစ်လည်း မြင်သည်။ ၎င်းတို့အတွက် အိမ်ထောင်သည် ၎င်းတို့ဘဝ ရည်မှန်းချက်များ၏ နောက်ဆုံးသော ရည်မှန်းချက်ဖြစ်သည်။ အိမ်ထောင်နှင့်ပတ်သက်၍ ၎င်းတို့၏ လိုက်စားမှုသည် ဤဘဝကို ၎င်းတို့၏ လက်တွဲဖော်နှင့် မျှဝေရန်၊ အတူတကွ ကြီးပြင်းရန်၊ အတူတကွ အသက်ရှင်ပြီး သေဆုံးရန်ဖြစ်သည်။ ၎င်းတို့၏ အိမ်ထောင်သည် ၎င်းတို့၏ ခရီးပန်းတိုင်ဖြစ်သည်ဆိုသည့် အတွေးနှင့် အယူအဆကို အတည်ပြုရန်အတွက် ဆင်ခြင်တုံတရားနှင့် လူတစ်ယောက်၏ တာဝန်နယ်ပယ်ကို ကျော်လွန်သော အိမ်ထောင်ဘဝတွင်ရှိသည့် အမှုအရာများစွာကို လုပ်ဆောင်ကြသည်။ လူတစ်ယောက်၏ တာဝန်နယ်ပယ်ကို ကျော်လွန်သော ဤအရာများတွင် ၎င်းတို့၏ သမာဓိ၊ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် ၎င်းတို့ လိုက်စားသော ပန်းတိုင်တို့ကို ၎င်းတို့ ဆုံးရှုံးရသည့် လွန်ကဲသော အရာများပါဝင်သည်။ ဥပမာ ၎င်းတို့သည် နေ့စဉ် ၎င်းတို့၏ လက်တွဲဖော်သည် မည်သူနှင့်ရှိသည်၊ သူ အပြင်သွားသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သည်၊ သူသည် အခြား ဆန့်ကျင်ဘက်လိင်အဖွဲ့ဝင်များနှင့် ဆက်သွယ်မှုတစ်ခုခုရှိမရှိ၊ အခြားသော ဆန့်ကျင်ဘက်လိင်အဖွဲ့ဝင်များနှင့် မိတ်ဆွေဆက်ဆံရေးနယ်ပယ်ထက် ကျော်လွန်သော ဆက်ဆံမှု၊ သို့မဟုတ် ခင်မင်ရင်းနှီးသော ဆက်နွှယ်မှုတစ်ခုခုရှိမရှိဆိုသည်တို့ကို မကြာခဏ မျက်ခြည်မပြတ်စောင့်ကြည့်သည်။ ၎င်းတို့သည် ၎င်းတို့လက်တွဲဖော်၏ စိတ်ထဲတွင်ရှိမရှိနှင့် ၎င်းတို့၏ လက်တွဲဖော်က ၎င်းတို့ကို ချစ်နေသေးခြင်းရှိမရှိတို့ကို ကြည့်ရန်အတွက် ၎င်းတို့အပေါ်ထားရှိသည့် ၎င်းတို့လက်တွဲဖော်၏ သဘောထားကို ကြည့်ရှုလေ့လာလျက်၊ စုံစမ်းစစ်ဆေးလျက်ဖြင့် အချိန်များစွာကို ကုန်ဆုံးသော သူအချို့လည်းရှိသည်။ မိမိ၏ ယောက်ျားက အိမ်ပြန်ရောက်သောအခါတွင် သူ၏ အဝတ်အစားကို အနံ့ခံပြီး မိန်းမတစ်ယောက်ယောက်၏ ဆံပင်မွှေးရှိမရှိကို စစ်သော၊ သူ၏ အင်္ကျီတွင် အခြားမိန်းမ၏ နှုတ်ခမ်းနီ အမှတ်အသား ရှိမရှိစစ်သော မိန်းမအချို့လည်းရှိသည်။ ၎င်းတို့မသိသော မိန်းမတစ်ယောက်ယောက်၏ ဖုန်းနံပါတ်ရှိမရှိကို ကြည့်ရန်အတွက် ၎င်းတို့ယောက်ျား၏ ဖုန်းကိုလည်း စစ်ဆေးပြီး ၎င်းတို့၏ ယောက်ျား၌ ဖုန်းမည်မျှရှိသည်၊ မည်သူနှင့် သူ ဆက်ဆံသည်၊ နေ့စဉ် ၎င်းတို့က ဖုန်းခေါ်သောအခါ၌ သူပြောသည့်အရာက မှန်ကန်ခြင်းရှိမရှိတို့ကိုပင် ကြည့်ရန်အတွက် စစ်ဆေးသည်။ ဥပမာ မိန်းမတစ်ယောက်က သူမ၏ ယောက်ျားကို ဖုန်းခေါ်ပြီး “ရှင်ဘယ်မှာလဲ၊ ဘာလုပ်နေတာလဲ”ဟု မေးသည်။ သူမ၏ ယောက်ျားက “ငါ အလုပ်မှာ စာရွက်စာတမ်းတွေ စစ်နေတာ” ဟု ပြန်ဖြေသည်။ သူမက “ရှင်စစ်နေတဲ့ စာရွက်စာတမ်းတွေကို ဓာတ်ပုံရိုက်ပြီး ကျွန်မဆီ ပို့လိုက်” ဟု ပြောသည်။ သူမ၏ ယောက်ျားက သူမပြောသည့်အတိုင်း ပြုလုပ်ပြီး သူမက “ရုံးမှာ ရှင်နဲ့ ဘယ်သူရှိလဲ” ဟု မေးသည်။ သူက “ငါပဲရှိတယ်” ဟု ပြန်ဖြေသည်။ သူမက “ရုံးမှာ ဘယ်သူရှိလဲဆိုတာ ကျွန်မ ကြည့်လို့ရအောင် ကျွန်မကို ဗီဒီယိုကော ခေါ်လို့ရမလား”ဟု ပြောသည်။ သူသည် သူမကို ဗီဒီယိုကောခေါ်ပြီး လမ်းလျှောက်ထွက်သွားသော မိန်းမတစ်ယောက်၏ ပုံသဏ္ဍာန်ရှိပုံရသည်ကို သူမ မြင်သည်။ ထို့ကြောင့် “ဒါ မမှန်ဘူး။ အဲဒီ မိန်းမက ဘယ်သူလဲ” ဟု ပြောသည်။ သူက “အဲဒါက သန့်ရှင်းရေးသမားပါ” ဟု ပြောသည်။ သူမက “အော် အင်း” ဟု ပြောသည်။ ထိုအခါမှသာ သူမက စိတ်သက်သာသွားသည်။ ဤသို့သောလူတို့သည် ၎င်းတို့ယောက်ျား၏ ဖုန်း၊ မည်သည့်နေရာတွင်ရှိသည်၊ တစ်နေကုန် မည်သည့်အရာကို လုပ်ဆောင်နေသည်တို့ကို စစ်ဆေးသည်။ ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်အတွက် အလွန်ကြီးသော မျှော်မှန်းချက်များရှိပြီး မိမိကိုယ်ကို ယုံကြည်မှုမရှိသည့် ခံစားချက်က ပို၍ပင် ကြီးသည်။ ၎င်းတို့တွင် ၎င်းတို့၏ အိမ်ထောင်ဘက်ကို ပိုင်ဆိုင်ပြီး ထိန်းချုပ်လိုသည့် အလွန်ဆန္ဒရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့၏ အိမ်ထောင်ဘက်သည် ၎င်းတို့၏ ခရီးပန်းတိုင်ဖြစ်သည်ကိုလည်းကောင်း၊ ၎င်းတို့၏ အိမ်ထောင်ဘက်သည် ၎င်းတို့၏ တစ်ဘဝလုံးတွင် ၎င်းတို့နှင့်အတူရှိရမည့်၊ ရှိသင့်သည့်သူဖြစ်သည်ကိုလည်းကောင်း သေချာသောကြောင့် ၎င်းတို့သည် အိမ်ထောင်တွင် မည်သည့် အက်ကွဲကြောင်းကိုမျှ ပေါ်ရန်၊ သို့မဟုတ် ချို့ယွင်းချက်၊ အသေးစား ပြဿနာတစ်ခုခုကိုပင် ပေါ်ပေါက်ရန် ခွင့်ပြုဖို့ မဖြစ်နိုင်ပေ။ ဤအရာအားလုံးကို ၎င်းတို့ ခွင့်မပြုနိုင်ပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ အိမ်ထောင်ဘက်ကို စောင့်ကြည့်ရာ၌လည်းကောင်း၊ ၎င်းတို့၏ အိမ်ထောင်ဘက်ကို မေးမြန်းကြည့်ရာ၌လည်းကောင်း၊ သူ၏ လှုပ်ရှားမှုများနှင့် မည်သည့်နေရာတွင်ရှိသည်ကို စုံစမ်းမေးမြန်းရာ၌လည်းကောင်း၊ သူ့ကို ထိန်းချုပ်ရာ၌လည်းကောင်း ၎င်းတို့၏ အားအင်အများစုကို အသုံးချကြသည်။ အထူးသဖြင့် ၎င်းတို့၏ အိမ်ထောင်ရေးပြဿနာသောအခါတွင် ဤသည်မှာ ၎င်းတို့ သည်းမခံနိုင်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့ သောင်းကျန်းသည်။ လူးလှိမ့်သည်။ ငိုယိုသည်။ ပြဿနာရှာသည်။ မိမိကိုယ်ကို အဆုံးစီရင်မည်ဟု ခြိမ်းခြောက်သည်။ အချို့မှာ စုဝေးပွဲများသို့ပင် ၎င်းတို့၏ ပြဿနာများကို ယူဆောင်လာပြီး နည်းဗျူဟာများကို ညီအစ်ကိုမောင်နှမများဖြင့် ဆွေးနွေးကာ “သူက ကျွန်မရဲ့ အချစ်ဦးပဲ၊ ကျွန်မ အချစ်ဆုံးယောက်ျားပဲ၊ ကျွန်မဘဝတစ်ခုလုံးမှာ တခြားယောက်ျားတစ်ယောက်ရဲ့ လက်ကိုတောင် လုံးဝ မကိုင်ခဲ့ဘူး၊ ဒါမှမဟုတ် တခြားယောက်ျားတစ်ယောက်ရဲ့ အသားကိုတောင် လုံးဝ မထိခဲ့ဘူး၊ ကျွန်မအတွက် သူက တစ်ဦးတည်းသောယောက်ျားပဲ၊ သူက ကျွန်မရဲ့ မိုးကောင်းကင်ပဲ၊ ဒီဘဝမှာ သူက ကျွန်မအတွက်ပဲ၊ သူက တခြားတစ်ယောက်နဲ့ ထွက်သွားတယ်၊ သူ ကျွန်မအပေါ် လုပ်တဲ့အရာကို မြိုသိပ်မထားနိုင်ဘူး”ဟု ဆိုသည်။ လူတစ်ယောက်က သူမအား “ဒါကို မြိုသိပ်မထားနိုင်တဲ့နေရာမှာ ဘာအကျိုးရှိလဲ၊ ဖြစ်ပြီးတဲ့ဟာကို ပြောင်းလဲနိုင်လို့လား၊ ခင်ဗျားယောက်ျားက ဟိုးအရင်ကတည်းက ဒီလို တပ်မက်မှုရှိတာကို သူများတွေ မြင်ရတယ်” ဟု ဆိုသည်။ သူမက “သူက ဒီလို တပ်မက်မှုရှိရှိမရှိရှိ အခုဖြစ်တဲ့ဟာကို ကျွန်မ လက်ကိုမခံနိုင်ဘူး၊ သူ့ကို ဒဏ်ခတ်ပြီး သူ့မယားငယ်က ကျွန်မနေရာကို ဝင်မယူအောင်လုပ်ဖို့ ဘယ်သူက ကျွန်မကို ကူပြီး အကြံဉာဏ်ထုတ်ပေးမှာလဲ” ဟု ပြန်ပြောသည်။ သင် တွေ့သလော။ သူမသည် အလွန်စိတ်တိုပြီး ဤအရာကို မိတ်သဟာယဖွဲ့ရန်အတွက် စုဝေးပွဲသို့ သူမ၏ ပြဿနာကို သယ်ဆောင်လာသည်။ ဤသည်မှာ မိတ်သဟာယဖြစ်သလော။ ဤသည်မှာ မသင့်လျော်သော ဝေဖန်ချက်များကို ဖွင့်ထုတ်နေခြင်းဖြစ်သည်။ အပျက်သဘောဆောင်သော သတင်းစကားများကို ဖွင့်ချနေခြင်းဖြစ်သည်။ အပျက်သဘောဆောင်သော အချက်အလက်များကို ဖြန့်နေခြင်းဖြစ်သည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင်ကိစ္စဖြစ်သည်။ သင်သည် အိမ်ပြန်ပြီး တံခါးပိတ်ကာ သူ့ကို ရိုက်နှက်ပြီး ငြင်းခုံသည်ဖြစ်စေ ဤသည်မှာ သင့်ကိစ္စဖြစ်သည်။ သို့သော် သင်သည် စုဝေးပွဲများတွင် သင်၏ ပြဿနာများကို သယ်ဆောင်ပြီး ထိုပြဿနာများအကြောင်းကို ပြောဆိုဆွေးနွေးခြင်း မပြုရပေ။ သင်သည် စုဝေးပွဲတွင် သမ္မာတရားကို ရှာဖွေလိုလျှင် “ကျွန်မမှာ ဒီလိုဖြစ်ခဲ့တယ်၊ ဒီအခြေအနေကနေ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကယ်ထုတ်ပြီး သူ့ကြောင့် စိတ်မကျဉ်းကျပ်အောင် ဘယ်လိုလုပ်လို့ရနိုင်မလဲ၊ ဒီကိစ္စက ဘုရားအပေါ် ကျွန်မ ယုံကြည်ခြင်းနဲ့ တာဝန်ထမ်းဆောင်မှုကို မထိခိုက်အောင် ကျွန်မ ဘယ်လိုလုပ်လို့ရနိုင်မလဲ” ဟု ပြောနိုင်သည်။ သင့်အနေဖြင့် သမ္မာတရားကို ရှာဖွေသည်မှာ ပြဿနာမရှိပေ။ သို့သော် သင်သည် စုဝေးပွဲသို့သွားပြီး သင်၏ အငြင်းပွားမှုများအကြောင်း ပြောဆိုလျှင် ထိုအရာသည် သင်မလုပ်ဆောင်သင့်သောအရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့် ဤသို့ မလုပ်ဆောင်သင့်သနည်း။ အိမ်ထောင်အပေါ် သင်၏ မမှန်ကန်သော သိနားလည်မှုကြောင့် ဤပြဿနာကို သင်တွေ့ကြုံရပြီး လက်ရှိဘဝအခြေအနေများတွင် သင်ရောက်ရှိနေသည်ကို တွေ့ရခြင်းဖြစ်သည်။ ထို့နောက် သင်သည် ဤအငြင်းပွားမှုများနှင့် အကျိုးဆက်များကို မိတ်သဟာယဖွဲ့ရန်အတွက် ညီအစ်ကိုမောင်နှမများထံ ယူဆောင်လိုသည်။ ဤသည်မှာ အခြားလူတို့အပေါ် ထိခိုက်ရုံသာမကဘဲ သင့်အတွက်လည်း အကျိုးမဖြစ်ပေ။ သင်၏ အငြင်းပွားမှုများအကြောင်းကို သင် ပြောဆိုသည်။ သို့သော် လူအများစုက သမ္မာတရားကို နားမလည်သကဲ့သို့ ဝိညာဉ်ရင့်ကျက်မှုလည်းမရှိပေ။ ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ သင့်အား အယူအဆများ ပေါ်လာရန်ကူညီပေးပြီး သင်၏ အငြင်းပွားမှုများကို စစ်ဆေးပေးခြင်းသာဖြစ်သည်။ ၎င်းတို့သည် သင့်အား အပြုသဘောဆောင်သော ဝင်ရောက်မှုကို ရရှိရန် မကူညီနိုင်ရုံသာမကဘဲ ဆန့်ကျင်ဘက်အနေဖြင့် အမှုအရာများကို ပို၍ ဆိုးစေပြီး ပြဿနာကို ပို၍ လေးနက်ကာ ရှုပ်ထွေးစေသည်။ လူအများစုသည် နားဝေတိမ်တောင်ဖြစ်ပြီး သမ္မာတရား၊ သို့မဟုတ် ရည်ရွယ်ချက်များကို နားမလည်ကြပေ။ ဤသို့သောလူတို့သည် သင့်အား အကျိုးရှိသော၊ တန်ဖိုးရှိသော အထောက်အကူကို ပေးနိုင်မည်လော။ လူတစ်ယောက်က “ရှင်က အမြဲတမ်း သူ့ရဲ့ တရားဝင်မယားဖြစ်နေမှာပဲ၊ မကောင်းမှုက ဘယ်တော့မှ တရားမျှတမှုကို မကျော်လွှားနိုင်ဘူး”ဟု ဆိုသည်။ ဤသည်မှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) အခြားတစ်ယောက်က “သူ့ရဲ့ မယားငယ်အတွက် နေရာဖယ်မပေးနဲ့၊ ပြီးရင် သူက ရှင့်နေရာကို ယူနိုင်မလားဆိုတာ စောင့်ကြည့်တာပေါ့” ဟု ဆိုသည်။ ဤသည်မှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) လူတို့က ဤအရာများကို ပြောသည်ကို သင်ကြားရသောအခါ သင် ပျော်ရွှင်သလော၊ သို့မဟုတ် သင့်ကို ဒေါသထွက်စေသလော။ ၎င်းတို့က ဤအရာများကို ပြောသည်မှာ သင့်အား တဇောက်ကန်းဖြစ်စေရန်အတွက်လော၊ သို့မဟုတ် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ရှိစေရန်အတွက်လော။ အခြားတစ်ယောက်က “ကျွန်မ လုံးဝ နားလည်ပါတယ်၊ အခုခေတ်မှာ ယောက်ျားကောင်းတွေ မရှိတော့ဘူး၊ ပိုက်ဆံရှိတဲ့ ဘယ်ယောက်ျားမဆို ဆိုးသွားတာချည်းပဲ” ဟု ဆိုသည်။ ဤသည်မှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ထို့နောက်တွင် လူတစ်ယောက်က “ရှင်က ဒါကို သည်းခံလို့မဖြစ်ဘူး၊ ရှင်က အလွယ်တကူနဲ့ အနိုင်ကျင့်တာ ခံမှာမဟုတ်ဘူးဆိုတာ ဒီမယားငယ် သိအောင်လုပ်ရမယ်၊ ရှင့်အကြောင်းသိအောင် ပြလိုက်၊ သူအလုပ်လုပ်တဲ့နေရာကို သွားပြီး လူတိုင်းကို ပြောပြ၊ သောင်းကျန်းပြလိုက်၊ ပြီးတော့ သူက ရှင့်ယောက်ျားရဲ့ မယားငယ်ဆိုတာ ပြောလိုက်၊ ရှင်က သူ့ရဲ့ တရားဝင်မယားဆိုတော့ လူတိုင်းက သေချာပေါက် ရှင့်ဘက်က ရှိပြီး သူ့ဘက် ရှိမှာမဟုတ်ဘူး၊ သူ့ကို နေရာဖယ်ပေးပြီး နောက်ဆုတ်သွားအောင် လုပ်လိုက်”ဟု ဆိုသည်။ ဤသည်မှာ သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) ဤဆိုရိုးစကားများသည် လူအများစု၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော နားလည်မှုများ မဟုတ်သလော။ (ဟုတ်သည်။) အခြားတစ်ယောက်က အတော်အတန် တည်ကြည်သောပုံစံဖြင့် စကားပြောပြီး “သူက ရှင်နဲ့ တစ်သက်လုံးအတူနေလာတာ၊ ရှင် သူ့ကို စိတ်မကုန်သေးဘူးလား၊ သူက တခြားတစ်ယောက်နဲ့ အတူနေချင်ရင် ခွင့်ပြုလိုက်ပေါ့၊ သူက အိမ်ကို ပိုက်ဆံယူလာပြီး ရှင်က စားစရာ၊ သောက်စရာရှိရင် မလုံလောက်ဘူးလား၊ ရှင်က ကျေနပ်သင့်တယ်၊ ဒါဆိုရင် သူက ရှင့်ကို အမြဲတမ်း နှောင့်ယှက်နေတာမျိုးလည်းရှိမှာမဟုတ်ဘူး၊ သူက အိမ်ပြန်လာပြီး သူ့အိမ်အဖြစ် အသိအမှတ်ပြုသရွေ့ ဒါ မလုံလောက်ဘူးလား၊ ရှင်က ဘာကို စိတ်ဆိုးနေတာလဲ၊ ရှင်က တကယ်တမ်း ဒီကနေ အကျိုးကျေးဇူးရနေတာပဲ”ဟု ဆိုသည်။ ဤသည်မှာ စိတ်သက်သာရာရသည့် ပုံစံရှိသည်။ သို့သော် သမ္မာတရား ဟုတ်သလော။ (မဟုတ်ပါ။) သင့်တင့်လျောက်ပတ်သော သူတစ်ယောက်က ဤသို့သောအရာ တစ်ခုခုကို ပြောမည်လော။ (ပြောမည်မဟုတ်ပါ။) ဤသည်မှာ သဘောထားကွဲလွဲမှုကို နှိုးဆွပေးရန်၊ သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ခြင်းကို လှုံ့ဆော်ပေးရန် ရည်ရွယ်ခြင်းမဟုတ်လျှင် အမှုအရာများကို ငြိမ်သက်စေပြီး စည်းမျဉ်းမရှိသော အလျှော့ပေးမှုကို ပြုလုပ်ရန် ရည်ရွယ်သည်။ ဤနေရာတွင် ဤအမှုကိစ္စနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူက ရှိသင့်သည့် အမြင်ရှုထောင့်၊ မှန်ကန်ပြီး သမ္မာတရားနှင့်လည်း ညီသော အမြင်ရှုထောင့်တစ်ခုကို ထင်ဟပ်သည့် စကားရှိသလော။ (မရှိပါ။) လူအများစုမှာ ဤသို့ မပြောသလော။ (ပြောသည်။) ဤသည်မှာ မည်သည့်အရာကို သက်သေပြသနည်း။ (လူအများစုမှာ အလွန်ပင် နားဝေတိမ်တောင်ဖြစ်ကြသည်။) သမ္မာတရားကို မလိုက်စားသကဲ့သို့ သမ္မာတရားကိုလည်း နားမလည်ပေ။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားကို နားမလည်သကဲ့သို့ လူအပေါ် ဘုရားသခင်၏ တောင်းဆိုချက်များကိုလည်း နားမလည်ပေ။ ပို၍ တိကျစွာဆိုရလျှင် အိမ်ထောင်အပေါ် ဘုရား၏ နှုတ်ကပတ်တော်နှင့် အဓိပ္ပာယ်သတ်မှတ်ချက်အရ အိမ်ထောင်နှင့် စပ်လျဉ်း၍ လူတို့သည် အိမ်ထောင်တွင် ဖြစ်ပေါ်သော ပြဿနာများကို ဘုရားအလိုတော်နှင့်ညီသော နည်းလမ်းဖြင့် မည်သို့ ကိုင်တွယ်ပြီး တဇောက်ကန်းမလုပ်သင့်သည်ကို နားမလည်ကြခြင်းသာ ဖြစ်သည်။
မည်သည့်ပြဿနာကို သင်ကြုံရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သင်သည် ဘုရားနှုတ်ကပတ်တော်ကို သင်၏ အခြေပြုချက်အဖြစ်၊ သမ္မာတရားကို သင်၏ စံအဖြစ်ထားရှိပြီး ထိုပြဿနာကို အစဉ်ချဉ်းကပ်ရမည်။ သို့ဆိုလျှင် အိမ်ထောင်ရေးတွင် ဖြစ်ပေါ်သော ဤပြဿနာများနှင့်ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်တွင်ရှိသော အခြေပြုချက်မှာ အဘယ်နည်း။ သမ္မာတရား၏ စံသတ်မှတ်ချက်မှာ အဘယ်နည်း။ သင်၏ အိမ်ထောင်ဘက်သည် သင်တို့၏ အိမ်ထောင်ရေးအပေါ် သစ္စာမရှိ၊ ယင်းမှာ သူ၏ ပြဿနာဖြစ်သည်။ သို့သော် သင်သည် သူ၏ ပြဿနာကို အိမ်ထောင်ရေးအပေါ် သင်၏ မှန်ကန်သော သဘောထားနှင့် တာဝန်သိစိတ်ရှိခြင်းအား ထိခိုက်ခွင့်ပြု၍ မရပေ။ သူသည် ပြစ်မှားသူဖြစ်သည်။ သို့သော် သူ၏ပြစ်မှားမှုကို အိမ်ထောင်ရေးအပေါ်တွင် ရှိသင့်သော သင်၏ သဘောထားအပေါ် ထိခိုက်ခွင့် ပြု၍မရပေ။ သူသည် သင်၏ ခရီးပန်းတိုင်ဖြစ်သည်ဟု သင် ယုံကြည်သည်။ သို့သော် ဤသည်မှာ သင်ထင်မြင်သည့်အရာသာ ဖြစ်ပြီး အမှန်တွင် ဤကဲ့သို့မဟုတ်ပေ။ ဘုရားသခင်ကလည်း ဤသို့ဖြစ်ရန် မည်သည့်အခါမျှ မသတ်မှတ်ပေ၊ သို့မဟုတ် မစီမံခဲ့ပေ။ သင်သည် ချစ်ခင်စိတ်ကြောင့်၊ လူသားဆန္ဒကြောင့်၊ ပို၍အတိအကျဆိုရလျှင် လူသား၏ တဇောက်ကန်းဖြစ်မှုကြောင့် သူသည် သင်၏ ခရီးပန်းတိုင်ဖြစ်သည်၊ သင်၏ ဘဝကြင်ဖော်ဖြစ်သည်ဟု မရမက ယုံကြည်ခြင်းသာဖြစ်သည်။ သင့်အနေဖြင့် ဤအရာကို မရမက ယုံကြည်ခြင်းသည် မှားယွင်း၏။ ယခင်က မည်သည့်အရာကို သင်ယုံကြည်ခဲ့သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ သင်သည် ယခုတွင် လမ်းကြောင်းပြောင်းပြီး ဘုရားသခင်က လူတို့အား ထားရှိရန် တောင်းဆိုသော မှန်ကန်သည့် အတွေးများနှင့် သဘောထားများက မည်သည့်အရာများဖြစ်သည်ကို ကြည့်သင့်သည်။ သင်၏ အိမ်ထောင်ဘက်က သစ္စာမရှိလျှင် သင်သည် မည်သို့ ကိုင်တွယ်သင့်သနည်း။ သင် ရန်မဖြစ်သင့်၊ ပြဿနာမရှာသင့်ပေ။ သောင်းကျန်းပြီး မြေပေါ်တွင် လူးလှိမ့်ခြင်းလည်း မပြုသင့်ပေ။ ဤသို့ဖြစ်သောအခါတွင် မိုးပြိုမသွားသည်ကိုလည်းကောင်း၊ သင်၏ အိပ်မက်ခရီးပန်းတိုင်က ပျက်စီးမသွားသည်ကိုလည်းကောင်း၊ သင့်အိမ်ထောင်ရေးက ပျက်စီးသွားသည်၊ သို့မဟုတ် လမ်းဆုံးသို့ရောက်သွားသည်ဟု ဆိုလိုဖို့ဝေးစွ၊ သင့်အိမ်ထောင်ရေးက အဆုံးသတ်ပြီး ပြိုကွဲရမည်ဟု မဆိုလိုသည်မှာ အမှန်ပင်ဖြစ်သည်ကိုလည်းကောင်း သင်နားလည်သင့်သည်။ ဤသည်မှာ လူတိုင်းက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့်လည်းကောင်း၊ လူတို့သည် ကောက်ကျစ်ဆိုးညစ်သော ခေတ်ရေစီးကြောင်းများနှင့် ကမ္ဘာလောက၏ လူအများကျင့်သုံးသော အလေ့အထများ၏ လွှမ်းမိုးမှုကို ခံရပြီး ကောက်ကျစ်ဆိုးညစ်သော ခေတ်ရေစီးကြောင်းများကို ဆန့်ကျင်၍ မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် ခံနိုင်ရည်မရှိသောကြောင့်လည်းကောင်း အမှားပြုလုပ်ခြင်းကို မရှောင်နိုင်ဘဲ သစ္စာမရှိကြခြင်း၊ ၎င်းတို့၏ အိမ်ထောင်ရေးတွင် လမ်းလွဲကြခြင်း၊ ၎င်းတို့၏ လက်တွဲဖော်ကို စိတ်ပျက်စေကြခြင်း ဖြစ်သည်။ ဤအမြင်ရှုထောင့်မှနေ၍ ကြည့်လျှင် ထိုအရာသည် အလွန်ကြီးမားသော ပြဿနာမဟုတ်ပေ။ အိမ်ထောင်မိသားစုအားလုံးသည် ကမ္ဘာလောက၏ အထွေထွေပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း၏ ကောက်ကျစ်ဆိုးညစ်သော ခေတ်ရေစီးကြောင်းများနှင့် လူအများကျင့်သုံးသော အလေ့အထများ၏ လွှမ်းမိုးခြင်းကို ခံရသည်။ တစ်ဦးချင်းစီ၏ အမြင်ရှုထောင့်မှကြည့်လျှင်လည်း လူတို့၌ လိင်မှုဆန္ဒများရှိသည်။ ထို့အပြင် ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲများတွင်ရှိသော ယောက်ျားနှင့် မိန်းမကြားရှိ ချစ်မှုရေးရာများနှင့် လူ့အဖွဲ့အစည်းရှိ အပြာစာပေရုပ်ရှင်၏ ခေတ်ရေစီးကြောင်းများကဲ့သို့သော ဖြစ်ရပ်များ၏ လွှမ်းမိုးခြင်းကို ခံရသည်။ လူတို့အနေဖြင့် ၎င်းတို့ ထိန်းသိမ်းသင့်သော စည်းမျဉ်းများကို လိုက်နာရန် ခက်ခဲသည်။ တစ်နည်းအားဖြင့် လူတို့အတွက် ကိုယ်ကျင့်တရား အခြေခံစည်းမျဉ်းကို ထိန်းသိမ်းရန် ခက်ခဲသည်။ လိင်မှုဆန္ဒ၏ စည်းဘောင်တို့သည် အလွယ်တကူ ကျိုးပျက်သည်။ လိင်မှုဆန္ဒကိုယ်၌ကမူ ဖောက်ပြန်ပျက်စီးခြင်းမရှိပေ။ သို့သော် လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်၊ ထို့အပြင် လူတို့သည် ဤသို့သော အထွေထွေပတ်ဝန်းကျင်မျိုးတွင် နေထိုင်သည့်အချက်ကြောင့် ယောက်ျားနှင့် မိန်းမကြားရှိ ဆက်နွှယ်မှုများနှင့်ပတ်သက်လျှင် အမှားများကို အလွယ်တကူပြုလုပ်ကြသည်။ ဤသည်မှာ သင် ရှင်းလင်းစွာ နားလည်သင့်သော အရာတစ်ခုဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသူ မည်သူမဆိုသည် ဤသို့သော အထွေထွေပတ်ဝန်းကျင်မျိုးတွင် စုံစမ်းသွေးဆောင်ခြင်း၊ သို့မဟုတ် ဖြားယောင်းခြင်းကို တောင့်မခံနိုင်ပေ။ လူသား၏ လိင်မှုဆန္ဒသည် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပြည့်လျှံနေနိုင်သည်။ လူတို့သည် ဖောက်ပြန်ခြင်းကို အချိန်မရွေး၊ နေရာမရွေး ပြုလုပ်လိမ့်မည်။ ဤသည်မှာ လိင်မှုဆန္ဒကိုယ်၌က ပြဿနာရှိသောကြောင့်မဟုတ်ဘဲ လူတို့ကိုယ်တိုင်နှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသောကြောင့် ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ကျင့်တရား၊ ကျင့်ဝတ်၊ သမာဓိတို့ကို ဆုံးရှုံးစေသည့် သစ္စာမရှိခြင်း၊ ဖောက်ပြန်ခြင်း၊ မယားငယ်ထားခြင်း စသည်တို့ကဲ့သို့သော အရာများကို လုပ်ဆောင်ရန် ၎င်းတို့၏ လိင်မှုဆန္ဒကို အသုံးပြုလိမ့်မည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေဖြင့် ဤအရာများကို မှန်ကန်စွာ သဘောထားနိုင်လျှင် ယင်းတို့ကို ဆင်ခြင်တုံတရားရှိစွာ ကိုင်တွယ်သင့်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ယောက်ဖြစ်ပြီး သူသည်လည်း ဖောက်ပြန်ပျက်စီးသော လူသားတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် မည်သည့်အခါမျှ သစ္စာမမဲ့ရဟု တောင်းဆိုလျက် သင်က သင့်အိမ်ထောင်ရေးအပေါ်တွင် သစ္စာရှိစွာ နေနိုင်သောကြောင့်သက်သက်နှင့် သူ့အား သင်ကဲ့သို့ဖြစ်ရမည်၊ သစ္စာရှိရမည်ဟု မတောင်းဆိုရပေ။ ဤသို့သောအရာတစ်ခု ဖြစ်ပျက်သောအခါတွင် သင်သည် ယင်းကို မှန်ကန်သောနည်းဖြင့် ရင်ဆိုင်သင့်သည်။ အဘယ်ကြောင့်နည်း။ လူတိုင်းသည် ထိုသို့သော ပတ်ဝန်းကျင် သို့မဟုတ် စုံစမ်းသွေးဆောင်မှုကို ကြုံရရန် အခွင့်အလမ်းရှိသည်။ သင်သည် သင်၏ အိမ်ထောင်ဘက်ကို သိမ်းငှက်တစ်ကောင်ကဲ့သို့ စောင့်ကြည့်နိုင်သည်။ သို့သော် ဤသည်မှာ အရေးပါမည်မဟုတ်ပေ။ သင်က သူ့ကို အနီးကပ် ပို၍ စောင့်ကြည့်လေ၊ ဖောက်ပြန်မှုက ပို၍မြန်မြန်၊ ပို၍စောစော ဖြစ်ပျက်လေပင်။ ယင်းမှာ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသောကြောင့်လည်းကောင်း၊ လူတိုင်းက ကောက်ကျစ်ဆိုးညစ်သော လူ့အဖွဲ့အစည်း၏ ဤယေဘုယျပတ်ဝန်းကျင်တွင် နေထိုင်သောကြောင့်လည်းကောင်း၊ အလွန်နည်းပါးသောသူများသာ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံခြင်း မရှိသောကြောင့်လည်းကောင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အခြေအနေ သို့မဟုတ် အနေအထားကြောင့်သာ ထိုသို့ မပြုလုပ်ခြင်းဖြစ်သည်။ လူသားက သားရဲတိရစ္ဆာန်များထက် ပို၍သာလွန်သောအချက် များစွာမရှိပေ။ အနည်းဆုံးအနေဖြင့် သားရဲတစ်ကောင်သည် သူ၏ လိင်မှုဗီဇစိတ်ကို သဘာဝအလျောက် တုံ့ပြန်သည်။ သို့သော် လူသားများက ဤသို့မဟုတ်ပေ။ လူသားများသည် အသိစိတ်ရှိရှိဖြင့် လူတကာနှင့် လိင်ဆက်ဆံခြင်း၊ သွေးရင်းများနှင့် လိင်ဆက်ဆံခြင်းကို ပြုလုပ်နိုင်သည်။ လူတို့သည်သာ လက်လွတ်စပယ် လိင်ဆက်ဆံခြင်းကို ပြုလုပ်နိုင်သည်။ ထို့ကြောင့် ဤဆိုးယုတ်သော လူ့အဖွဲ့အစည်း၏ အထွေထွေပတ်ဝန်းကျင်တွင် ဘုရားသခင်ကို မယုံကြည်သူများသာမဟုတ်ဘဲ လူအားလုံးနီးပါးက ထိုသို့သောအရာများကို လုပ်ဆောင်နိုင်စွမ်းရှိသည်။ ဤသည်မှာ ငြင်းမရနိုင်သော အချက်ဖြစ်ပြီး ဤပြဿနာမှ မလွတ်မြောက်နိုင်ပေ။ ထို့ကြောင့် ဤသို့သောအရာမျိုးသည် မည်သူမဆိုအပေါ် ဖြစ်ပျက်နိုင်သည့်အတွက် သင်၏ခင်ပွန်း၌ ဖြစ်ပျက်ခြင်းကို အဘယ်ကြောင့် သင်ခွင့်မပြုသနည်း။ ဤသို့ဖြစ်သည်မှာ အမှန်တကယ်တွင် အလွန်ပင် သာမန်ကိစ္စဖြစ်သည်။ သူက သင့်အား စွန့်ပစ်ပြီး ပစ်ထားသောအခါတွင် သင်က ဤအရာကို မကျော်လွှားနိုင်ဘဲ ခံနိုင်ရည်မရှိသည်မှာ သင်သည် သူ့အပေါ် စိတ်ပိုင်းဆိုင်ရာ နှောင်ဖွဲ့နေသောကြောင့်သာ ဖြစ်သည်။ ဤသို့သောအရာက အခြားတစ်ယောက်အပေါ် ဖြစ်ပျက်လျှင် သင်သည် ခနဲ့ပြုံးပြုံးပြီး “ဒါ ပုံမှန်ပဲ၊ လူ့အဖွဲ့အစည်းမှာ လူတိုင်းက ဒီလိုပဲမဟုတ်ဘူးလား” ဟူ၍သာ တွေးလိမ့်မည်။ ထိုဆိုရိုးစကားက အဘယ်သို့ရှိသနည်း။ ကိတ်မုန့်တစ်ခုနှင့် ပတ်သက်သလော။ (၎င်းတို့သည် ကိတ်မုန့်ကိုလည်း ယူချင်ပြီး စားလည်းစားချင်သည်။) ဤအရာတို့အားလုံးမှာ ကမ္ဘာလောက၏ ကောက်ကျစ်ဆိုးညစ်သော ခေတ်ရေစီးကြောင်းများ၏ လူကြိုက်များသော စကားများနှင့် အကြောင်းအရာများ ဖြစ်သည်။ ဤသည်မှာ ယောက်ျားတစ်ယောက်အတွက် ချီးကျူးထိုက်သောအရာတစ်ခု ဖြစ်သည်။ အကယ်၍ ယောက်ျားတစ်ယောက်၌ ကိတ်မုန့်မရှိ၊ ကိတ်မုန့်တစ်ခုတလေကိုမျှ မစားနိုင်လျှင် ထိုယောက်ျား၌ အရည်အချင်းမရှိသည်ကို ပြပြီး လူတို့က သူ့အား လှောင်ရီလိမ့်မည်။ ထို့ကြောင့် မိန်းမတစ်ယောက်၌ ဤသို့သောအရာမျိုး ဖြစ်ပျက်သောအခါ သူမ သောင်းကျန်းနိုင်သည်။ လူးလှိမ့်နိုင်သည်။ သူမ၏ တဇောက်ကန်းဖြစ်မှုကို ရင်ဖွင့်နိုင်ပြီး ဤသို့ဖြစ်ပျက်သောကြောင့် ငိုယိုနိုင်သည်။ ပြဿနာရှာနိုင်သည်။ အစာမစားဘဲနေနိုင်သည်။ ပြီးလျှင် သေလိုပြီး မိမိကိုယ်ကို ကြိုးဆွဲချကာ အဆုံးစီရင်နိုင်သည်။ မိန်းမအချို့သည် အလွန်စိတ်ဆိုးကြသဖြင့် စိတ်ဖောက်သွားကြသည်။ ဤသည်မှာ အိမ်ထောင်ရေးအပေါ် သူမ၏ သဘောထားနှင့် မသိမသာ ဆက်နွှယ်နေသည်။ ပြီးလျှင် “သူမ၏ အိမ်ထောင်ဘက်သည် သူမ၏ ခရီးပန်းတိုင်ဖြစ်သည်” ဆိုသည့် သူမ၏ အယူအဆနှင့်လည်း တိုက်ရိုက်ဆက်နွှယ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့၏ အိမ်ထောင်ရေးကို ဖြိုခွဲခြင်းအားဖြင့် သူမ၏ ခင်ပွန်းသည် သူမဘဝ၏ ခရီးပန်းတိုင်နှင့်သက်ဆိုင်သော ယုံကြည်အပ်နှံမှုနှင့် အလွန်ကောင်းသော ရည်မှန်းချက်ကို ဖျက်ဆီးလိုက်ပြီဟု မိန်းမဖြစ်သူက ယုံကြည်သည်။ သူမ၏ ခင်ပွန်းက ၎င်းတို့အိမ်ထောင်ရေး၏ ဟန်ချက်ကို စ၍ ဖျက်ဆီးခဲ့သောကြောင့်၊ စည်းဘောင်များကို စ၍ ချိုးဖောက်ခဲ့သောကြောင့်၊ သူက သူမကို ပစ်ထားခဲ့သောကြောင့်၊ အိမ်ထောင်၏ ကတိကဝတ်များကို ချိုးဖောက်ခဲ့ပြီး သူမ၏ လှပသော အိပ်မက်ကို အိပ်မက်ဆိုးအဖြစ် ပြောင်းလဲပစ်ခဲ့သောကြောင့် သူမသည် ဤနည်းများဖြင့် မိမိကိုယ်ကို ဖော်ပြပြီး ဤအလွန်အကျွံဖြစ်သော အပြုအမူများကို လုပ်ဆောင်သည်။ လူတို့သည် ဘုရားသခင်ထံမှ အိမ်ထောင်ရေးအပေါ် မှန်ကန်သော နားလည်မှုကို လက်ခံလျှင် ၎င်းတို့သည် အတော်အတန်ပို၍ ဆင်ခြင်တုံတရားရှိစွာ ပြုမူလိမ့်မည်ဖြစ်သည်။ သာမန်လူတို့သည် ၎င်းတို့အပေါ် ဤသို့သောအရာမျိုး ဖြစ်ပျက်သောအခါ နာကျင်လိမ့်မည်။ ငိုကြွေးလိမ့်မည်။ ဒုက္ခရောက်လိမ့်မည်။ သို့သော် ၎င်းတို့သည် စိတ်ငြိမ်သက်ပြီး ဘုရားနှုတ်ကပတ်တော်အကြောင်း စဉ်းစားသောအခါ၊ လူ့အဖွဲ့အစည်းတွင်ရှိသော အထွေအထွေပတ်ဝန်းကျင်အကြောင်းကို စဉ်းစားသောအခါ၊ ထို့နောက်တွင် တကယ့်အခြေအနေကို စဉ်းစားသောအခါ၊ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ကို တွေးမိသောအခါ ၎င်းတို့သည် ထိုကိစ္စကို ဆင်ခြင်တုံတရားရှိစွာနှင့် မှန်ကန်စွာ ကိုင်တွယ်လိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် ခွေးက အရိုးကို ဖက်တွယ်ထားသကဲ့သို့ ထိုအရာကို ဖက်တွယ်မည့်အစား လွှတ်ချလိမ့်မည် ဖြစ်သည်။ “လွှတ်ချလိမ့်မည်” ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ငါဆိုလိုသည်မှာ သင့်ခင်ပွန်းက ဤအရာကို ပြုလုပ်ပြီး သင်တို့၏အိမ်ထောင်ရေးအပေါ် သစ္စာမရှိခဲ့သည့်အတွက် သင်သည် ဤအချက်ကို လက်ခံသင့်သည်၊ သူနှင့်အတူထိုင်ပြီး စကားပြောကာ “ရှင့် အစီအစဉ်က ဘယ်လိုလဲ၊ အခု ကျွန်မတို့ ဘာလုပ်မလဲ၊ ကျွန်မတို့ အိမ်ထောင်ကို ရှေ့ဆက်မလား၊ ဒါမှမဟုတ် အိမ်ထောင်ကို အဆုံးသတ်ပြီး ခွဲနေဖို့ ရွေးမလား” ဟု မေးသင့်သည်။ ထိုင်၍သာ စကားပြောပါ။ ရန်ဖြစ်ရန်၊ သို့မဟုတ် ပြဿနာဖြစ်ရန် မလိုပေ။ သင့်ခင်ပွန်းက အိမ်ထောင်ရေးကို အဆုံးသတ်ဖို့ မလျှော့တမ်းပြောဆိုလျှင် ဤသည်မှာ အရေးကြီးကိစ္စမဟုတ်ပေ။ ဘာသာမဲ့သူများက “ပင်လယ်ထဲမှာ ငါးတွေ အများကြီးရှိတယ်”၊ “ယောက်ျားတွေက ဘတ်စ်ကားတွေလိုပဲ၊ မကြာခင်မှာ နောက်တစ်စီးက အမြဲတမ်းရောက်လာမယ်”၊ ပြီးလျှင် အခြားဆိုရိုးစကားက အဘယ်နည်း၊ “သစ်ပင်တစ်ပင်အတွက် သစ်တောတစ်ခုလုံးကို အဆုံးရှုံးမခံနဲ့” ဟူ၍ မကြာခဏပြောကြသည်။ ဤသစ်ပင်က အကျည်းတန်ရုံသာမကဘဲ အတွင်းတွင်လည်း ပုပ်ပွနေသည်။ ဤဆိုရိုးစကားများမှာ မှန်ကန်သလော။ ဤအရာများသည် ဘာသာမဲ့သူများကမိမိတို့ကိုယ်ကို နှစ်သိမ့်ရာတွင် အသုံးပြုသောအရာများ ဖြစ်သည်။ သို့သော် ယင်းတို့သည် သမ္မာတရားနှင့် သက်ဆိုင်မှုရှိသလော။ (မရှိပါ။) ဤသို့ဆိုလျှင် မှန်ကန်သော အတွေးအခေါ်နှင့် အမြင်မှာ မည်သည့်အရာ ဖြစ်သင့်သနည်း။ ဤသို့သော ဖြစ်ရပ်ကို သင်ကြုံရသောအခါ ရှေးဦးစွာ တဇောက်ကန်းမလုပ်သင့်ပေ။ သင်၏ ဒေါသကို ထိန်းပြီး “စိတ်လျှော့ပြီး စကားပြောကြတာပေါ့၊ ရှင်က ဘာလုပ်ဖို့ စီစဉ်ထားလဲ” ဟု ပြောရမည်။ သူက “ငါက မင်းနဲ့အတူ ဆက်ကြိုးစားဖို့ စီစဉ်ထားတယ်” ဟု ဆိုသည်။ ထို့နောက် သင်က “ဒီလိုဆိုရင် ဆက်ကြိုးစားကြတာပေါ့၊ ဆက်ပြီးတော့ မဖောက်ပြန်နဲ့တော့၊ ယောက်ျားတစ်ယောက်အနေနဲ့ ရှင့်တာဝန်ကို ထမ်းဆောင်ပါ၊ ဒီကိစ္စမှာ ကျွန်မတို့ စည်းတစ်ခုထားလို့ရတယ်၊ ရှင်က မလုပ်နိုင်ရင် ကျွန်မတို့ လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်သွားကြတာပေါ့၊ ကျွန်မတို့ အိမ်ထောင်ရေးက ဒီမှာ အဆုံးသတ်သင့်တယ်လို့ ဘုရားက စီမံကောင်း စီမံနိုင်တယ်၊ ဒီလိုဆိုရင် ကျွန်မက သူ့အစီအစဉ်ကို ကျိုးနွံနာခံလိုစိတ်ရှိပါတယ်၊ ရှင်က ကျယ်တဲ့လမ်းကို လျှောက်နိုင်တယ်၊ ကျွန်မက ဘုရားကို ယုံကြည်ခြင်းလမ်းကြောင်း လျှောက်မယ်၊ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ထိခိုက်မှာမဟုတ်ဘူး၊ ကျွန်မက ရှင့်ကို ဝင်မစွက်ဖက်ဘူး၊ ရှင်ကလည်း ကျွန်မကို မချုပ်ချယ်နဲ့၊ ကျွန်မရဲ့ ကံကြမ္မာက ရှင့်အပေါ်မမူတည်ဘူး။ ရှင်က ကျွန်မရဲ့ ခရီးပန်းတိုင်လည်းမဟုတ်ဘူး။ ဘုရားက ကျွန်မရဲ့ ကံကြမ္မာနဲ့ ကျွန်မခရီးပန်းတိုင်ကို ဆုံးဖြတ်တယ်။ ဒီဘဝမှာ ကျွန်မရောက်တဲ့ မှတ်တိုင်က ကျွန်မရဲ့ နောက်ဆုံးမှတ်တိုင်ဖြစ်လိမ့်မယ်။ ကျွန်မရဲ့ ခရီးပန်းတိုင်ကို ရောက်တာ ဖြစ်လိမ့်မယ်။ ဘုရားကို ကျွန်မ မေးရမယ်။ သူသိတယ်၊ သူက အချုပ်အခြာအာဏာရှိတယ်။ သူ့ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံချင်တယ်။ ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မနဲ့ အတူ ဒီအိမ်ထောင်ကို ရှေ့မဆက်ချင်ရင် ကျွန်မတို့က ငြိမ်းချမ်းစွာနဲ့ ခွဲခွာကြမယ်။ ကျွန်မက သီးသန့်ကျွမ်းကျင်မှု တစ်ခုခုမရှိပေမဲ့၊ ဒီမိသားစုက ငွေကြေးနဲ့ပတ်သက်ပြီး ရှင့်ကို မှီခိုနေပေမဲ့ ကျွန်မက ရှင်မရှိဘဲ ဆက်ပြီးနေလို့ ရပါသေးတယ်။ ပြီးတော့ ကျွန်မ ကောင်းကောင်းနေမှာပါ။ ဘုရားက စာကလေးတစ်ကောင်ကို ဆာလောင်စေမှာမဟုတ်ဘူး။ ဒီတော့ အသက်ရှင်တဲ့လူသားဖြစ်တဲ့ ကျွန်မအတွက် သူက ဘယ်လောက်ပိုပြီး လုပ်ပေးလိုက်မလဲ။ကျွန်မမှာ လက်နဲ့ ခြေရှိတယ်၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တယ်။ ရှင် စိတ်ပူဖို့မလိုပါဘူး။ ကျွန်မရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးမှာ ကျွန်မအနားမှာ ရှင်မရှိဘဲနဲ့ အထီးကျန်နေရမယ်လို့ ဘုရားသခင်က စီမံထားရင် ကျွန်မ နာခံလိုစိတ်ရှိတယ်။ ဒါကို စောဒကမတက်ဘဲ လက်ခံလိုစိတ်ရှိပါတယ်” ဟု ပြောသည်။ ဤသို့လုပ်ဆောင်သည်မှာ ကောင်းသောအရာ မဟုတ်လော။ (ဟုတ်သည်။) အလွန်ကောင်းသည် မဟုတ်လော။ ငြင်းခုံ၊ ရန်ဖြစ်ရန် မလိုအပ်ပေ။ လူတိုင်းက ဤကိစ္စကို နောက်ဆုံး၌ သိသွားစေရန်အတွက် မပြီးမဆုံးနိုင်အောင် ပြဿနာရှာရန် ပို၍ပင် မလိုအပ်ပေ။ ဤသို့သောမည်သည့်အရာကိုမျှ ပြုလုပ်ရန် မလိုအပ်ပေ။ အိမ်ထောင်တစ်ခုသည် သင်နှင့် သင်၏ခင်ပွန်းမှလွဲ၍ မည်သူနှင့်မျှ မသက်ဆိုင်ပေ။ အိမ်ထောင်ရေးတွင် ပဋိပက္ခတစ်ခုဖြစ်ပေါ်လျှင် သင်တို့နှစ်ဦးက ဖြေရှင်းပြီး အကျိုးဆက်ကို ခံရမည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေဖြင့် ရလဒ်က မည်သို့ရှိသည်ဖြစ်စေ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်။ အိမ်ထောင်ရေးနှင့်ပတ်သက်လျှင် မည်သည့်အက်ကြောင်းများ ဖြစ်ပေါ်ပါစေ၊ မည်သည့်အကျိုးဆက်များ ဖြစ်ပေါ်ပါစေ၊ အိမ်ထောင်က ရှေ့ဆက်သည်ဖြစ်စေ၊ မဆက်သည်ဖြစ်စေ၊ သင့်အိမ်ထောင်အတွင်းတွင် ဘဝသစ်တစ်ခုကို စတင်သည်ဖြစ်စေ၊ သင့်အိမ်ထောင်ရေးက ရုတ်ချည်း ဆုံးသတ်သွားသည်ဖြစ်စေ သင့်အိမ်ထောင်ရေးသည် သင်၏ ခရီးပန်းတိုင်မဟုတ်ဘဲ သင့်အိမ်ထောင်ဘက်သည်လည်း သင်၏ ခရီးပန်းတိုင်မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဘဝတစ်လျှောက် သင်၏ လမ်းကြောင်းတွင် သင့်ကို အဖော်ပြုသည့် အခန်းကဏ္ဍ၌ ပါဝင်ရန်အတွက် သင့်ဘဝနှင့် သင်၏ ဖြစ်တည်မှုတွင် ပေါ်လာရန် သူ့ကို ဘုရားသခင်က စီမံထားခြင်းသာဖြစ်သည်။ သူသည် သင့်အား လမ်းဆုံးအထိ တစ်လျှောက်လုံး အဖော်ပြုပြီး သင်နှင့်အတူ တကယ့်အဆုံးတိုင်အောင် သွားရောက်နိုင်လျှင် ဤထက်ပို၍ ကောင်းသောအရာမရှိဘဲ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ဘုရားသခင်ကို သင် ကျေးဇူးတင်သင့်သည်။ အိမ်ထောင်တွင် ပြဿနာတစ်ခုရှိလျှင်၊ အက်ကြောင်းများပေါ်လာသည်ဖြစ်စေ၊ သင်မနှစ်သက်သောအရာတစ်ခု ဖြစ်ပျက်ပြီး အဆုံး၌ သင့်အိမ်ထောင်က အဆုံးသတ်သည်ဖြစ်စေ သင့်တွင် ခရီးပန်းတိုင်မရှိတော့ဟူ၍လည်းကောင်း၊ သင့်ဘဝက ယခုတွင် မှောင်မိုက်ထဲသို့ ကျရောက်သည်ဟူ၍လည်းကောင်း၊ အလင်းမရှိတော့ဘဲ သင့်၌ အနာဂတ်မရှိဟူ၍လည်းကောင်း မဆိုလိုပေ။ သင့်အိမ်ထောင်အဆုံးသတ်ခြင်းသည် ပို၍ကောင်းမွန်သောဘဝ၏ အစ ဖြစ်နိုင်သည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဘုရားသခင် စီစဉ်ညွှန်ကြားပြီး စီမံသည်။ သင့်အိမ်ထောင် အဆုံးသတ်ခြင်းက သင့်အား အိမ်ထောင်ရေးအပေါ် ပို၍လေးနက်သော သဘောပေါက်မှုနှင့် တန်ဖိုးထားမှု၊ ပို၍လေးနက်သော နားလည်မှုကို ပေးခြင်း ဖြစ်နိုင်သည်။ သင့်အိမ်ထောင်ရေး အဆုံးသတ်ခြင်းသည် သင်၏ဘဝပန်းတိုင်များနှင့် ဦးတည်ချက်၊ သင်လျှောက်သော လမ်းကြောင်းတို့တွင် သင့်အတွက် အရေးကြီးသော အလှည့်အပြောင်းဖြစ်နိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းက သင့်ထံသို့ ယူဆောင်လာမည့်အရာမှာ စိတ်ပျက်စရာကောင်းသော အမှတ်တရများ ဖြစ်မည်မဟုတ်ဘဲ နာကျင်သော အမှတ်တရများဆိုလျှင် ပို၍ပင် မဟုတ်သကဲ့သို့ အားလုံးက အပျက်သဘောဆောင်သော အတွေ့အကြုံများနှင့် ရလဒ်များလည်း ဖြစ်မည်မဟုတ်ပေ။ ထိုထက် သင်အိမ်ထောင်ကျဆဲဖြစ်လျှင် သင့်တွင် မရှိနိုင်သည့် အပြုသဘောဆောင်သော၊ တက်ကြွသော အတွေ့အကြုံများကို သယ်ဆောင်ပေးလိမ့်မည်။ သင်၏အိမ်ထောင် ဆက်လက်မြဲနေလျှင်၊ သင်သည် သင်၏ နောက်ဆုံးအချိန်အထိ ဤရိုးသော၊ သာမန်မျှသာဖြစ်သော၊ ငြီးငွေ့ဖွယ်ကောင်းသောဘဝကို အစဉ်သဖြင့် နေထိုင်ကောင်း နေထိုင်ရနိုင်သည်။ သို့ရာတွင် သင့်အိမ်ထောင်ရေးက အဆုံးသတ်ပြီး ပြိုကွဲလျှင် ဤသည်မှာ သေချာပေါက် မကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ သင်သည် ယခင်က သင့်အိမ်ထောင်ရေး၏ ပျော်ရွှင်မှုနှင့် တာဝန်တို့၏ ချုပ်ချယ်ခြင်းကို ခံရပြီး စိတ်ခံစားချက်များ၊ သို့မဟုတ် သင့်အိမ်ထောင်ဘက်အတွက် သင်အရေးစိုက်သည့် ရှင်သန်နေထိုင်မှုပုံစံ၊ သူ့အား သင်ကြည့်ရှုစောင့်ရှောက်ခြင်း၊ သူ့အတွက် ထည့်သွင်းစဉ်းစားပေးခြင်း၊ သူ့အတွက် ဂရုစိုက်ခြင်း၊ သူ့အတွက် စိတ်ပူခြင်းတို့အားဖြင့်ပါ ချုပ်ချယ်ခြင်းခံရသည်။ သို့ရာတွင် သင့်အိမ်ထောင်ရေး အဆုံးသတ်သည့်နေ့မှစ၍ သင့်ဘဝ၏ အခြေအနေအားလုံး၊ ရှင်သန်နေထိုင်ခြင်းအတွက် သင်၏ ပန်းတိုင်များနှင့် သင်၏ ဘဝလိုက်စားမှုများသည် လုံးလုံးလျားလျား၊ အပြည့်အဝ ပြောင်းလဲမှုကို ကြုံရသည်။ ဤပြောင်းလဲမှုသည် သင်၏အိမ်ထောင်ရေး အဆုံးသတ်ခြင်းအားဖြင့် သင့်ထံ၌ ဖြစ်ပေါ်သည်ဟု ဆိုရမည်။ ဤသည်မှာ ဤရလဒ်၊ ပြောင်းလဲမှု၊ အကူးအပြောင်းသည် ဘုရားသခင်က သင့်အတွက် စီမံထားသည့် အိမ်ထောင်မှတစ်ဆင့် သင့်အား ရရှိရန် ဘုရားသခင် ရည်ရွယ်သည့်အရာ ဖြစ်နိုင်သည်။ သင့်အိမ်ထောင်ရေးအား အဆုံးသတ်စေခြင်းအားဖြင့် သင် ရရှိရန် ဘုရားသခင်က ရည်ရွယ်သောအရာ ဖြစ်နိုင်သည်။ သင်သည် နာကျင်ပြီး ကွေ့ကောက်သောလမ်းကြောင်းကို ယူဆောင်ခဲ့သော်လည်း၊ သင်သည် အိမ်ထောင်ရေး၏ စည်းဘောင်အတွင်းတွင် မလိုအပ်သော အနစ်နာခံမှုနှင့် အလျှော့ပေးမှုအချို့ကို လုပ်ဆောင်ခဲ့သော်လည်း အဆုံး၌ သင်ရရှိသည့်အရာမှာ အိမ်ထောင်သည်ဘဝအတွင်းတွင် မရရှိနိုင်ပေ။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေ “အိမ်ထောင်ရေးသည် သင်၏ ခရီးပန်းတိုင်ဖြစ်သည်” ဆိုသည့် အတွေးအမြင်ကို လက်လွှတ်ခြင်းက မှန်ကန်သည်။ သင့်အိမ်ထောင်ရေးက ရှေ့ဆက်မြဲသည်ဖြစ်စေ၊ ကပ်ဆိုက်နေသည်ဖြစ်စေ၊ သင့်အိမ်ထောင်ရေးက ပြိုကွဲမှုကို ရင်ဆိုင်နေသည်ဖြစ်စေ၊ အဆုံးသတ်နှင့်ပြီဖြစ်စေ၊ အခြေအနေက မည်သို့ဖြစ်စေ အိမ်ထောင်ရေးကိုယ်၌က သင်၏ ခရီးပန်းတိုင်မဟုတ်ပေ။ ဤသည်မှာ လူတို့နားလည်သင့်သည့် အရာတစ်ခုဖြစ်သည်။
“အိမ်ထောင်ရေးသည် လူတစ်ယောက်၏ ခရီးပန်းတိုင်ဖြစ်သည်” ဆိုသည့် အတွေးအမြင်ကို လူတို့ မထားရှိသင့်ပေ။ ဤအတွေးအမြင်သည် ဘဝတွင် သင်၏လမ်းကြောင်းကို ရွေးချယ်ရန်အတွက် သင်၏ လွတ်လပ်ခွင့်နှင့် သင်၏ လုပ်ပိုင်ခွင့်အပေါ် အလွန်အန္တရာယ်ရှိစေသည်။ “ဘေးအန္တရာယ်” ဆိုခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ ဤစကားလုံးကို ငါ အဘယ်ကြောင့် အသုံးပြုသနည်း။ ငါဆိုလိုသည်မှာ ရွေးချယ်မှုတစ်ခုခုကို သင်ပြုလုပ်သည့် အချိန်တိုင်းတွင်၊ သို့မဟုတ် တစ်ခုခုကို သင် ပြောသည့် အချိန်တိုင်းတွင် သို့မဟုတ် အမြင်တစ်ခုခုကို လက်ခံသည့် အချိန်တိုင်းတွင် ယင်းသည် သင်၏ အိမ်ထောင်ရေးပျော်ရွှင်မှု၊ သို့မဟုတ် သင့်အိမ်ထောင်ရေး၏ တည်ကြည်ခိုင်မာမှုနှင့် သက်ဆိုင်လျှင်၊ သို့မဟုတ် သင့်လက်တွဲဖော်က သင်၏ ခရီးပန်းတိုင်နှင့် သင်၏ အဆုံးစွန်သော အထောက်အပံ့ ဖြစ်သည်ဆိုသည့် အယူအဆနှင့် သက်ဆိုင်လျှင်ပင် သင် လွတ်လပ်မည် မဟုတ်ပေ။ အလွန်အမင်းပင် သတိထားပြီး ဂရုစိုက်ရလိမ့်မည်။ မသိမသာဖြင့် ဤပုံစံဖြင့် သင်၏ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်း၊ ဘဝတွင် သင့်လမ်းကြောင်းကို ရွေးချယ်ပိုင်ခွင့်အပြင် အပြုသဘောဆောင်သော `အရာများကို လိုက်စားပြီး သမ္မာတရားကို လိုက်စားရန် သင်၏ လုပ်ပိုင်ခွင့်တို့သည် ဤအတွေးအမြင်များဖြင့် ချည်နှောင်ခံရပြီး ဖယ်ရှားခြင်းပင် ခံရမည်။ ထို့ကြောင့် ဘုရားရှေ့သို့ သင်လာသည့် အကြိမ်ရေသည် တဖြည်းဖြည်း နည်းပါးလာလိမ့်မည်။ ဘုရားရှေ့သို့ သင်လာသည့် အကြိမ်ရေ နည်းပါးလာခြင်းသည် မည်သည့်အရာကို ညွှန်ပြနေသနည်း။ ကယ်တင်ခြင်းရဖို့ သင်၏ မျှော်လင့်ချက်များသည် တဖြည်းဖြည်း နည်းပါးလာပြီး သင်၏ ဘဝအခြေအနေများသည် စိတ်ဆင်းရဲဖွယ်ဖြစ်လာမည်။ သနားစဖွယ်ဖြစ်မည်။ မှောင်မိုက်ပြီး ညစ်ပေလာမည်။ အဘယ်ကြောင့်နည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ မျှော်လင့်ချက်၊ ရည်မှန်းချက်အားလုံးနှင့် ဘဝပန်းတိုင်၊ ဦးတည်ချက်တို့ကို သင်နှင့် အိမ်ထောင်ပြုသော လက်တွဲဖော်အပေါ်တွင် ထားရှိခဲ့ပြီး သူ့ကို သင်၏ အရာရာအဖြစ် မှတ်ယူသောကြောင့်ဖြစ်သည်။ အတိအကျအနေဖြင့် သင်သည် လက်တွဲဖော်ကို သင်၏အရာအရာအဖြစ် မှတ်ယူခြင်းကြောင့်ပင် သူသည် သင်၏ အခွင့်အရေးများအားလုံးကို ဖယ်ရှားခြင်း၊ သင်၏စိတ်ကူးကို ပျက်ပြားစေပြီး နှောင့်ယှက်ခြင်း၊ သင်၏ သမာဓိနှင့် ဂုဏ်သိက္ခာ၊ သင်၏ ပုံမှန်အတွေးအခေါ်နှင့် ဆင်ခြင်တုံတရားကို ဖယ်ရှားခြင်း၊ ဘုရားကို ယုံကြည်ပြီး ဘဝတစ်လျှောက် လမ်းမှန်အား လိုက်လျှောက်ပိုင်ခွင့်၊ မှန်ကန်သော သဘောထားအမြင်ကို တည်ဆောက်ပိုင်ခွင့်၊ ကယ်တင်ခြင်းအား လိုက်စားပိုင်ခွင့်တို့ကို ပိတ်ပင်ခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် သင်၏ ဤအခွင့်အရေးများအားလုံးကို သင့်အိမ်ထောင်ဘက်က အုပ်စိုးပြီး ထိန်းချုပ်သည်။ ထို့ကြောင့် ထိုသို့သောလူတို့သည် သနားဖွယ်ရာ၊ ယုတ်ညံ့စွာနှင့် ယုတ်မာစွာ အသက်ရှင်ရသည်ဟု ငါဆိုခြင်းဖြစ်သည်။ ဤသို့သောသူတစ်ယောက်၏ အိမ်ထောင်ဘက်က တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး မပျော်မရွှင်ဖြစ်လျှင်၊ ပုံစံတစ်ခုခုဖြင့် သက်သောင့်သက်သာမရှိဘဲ သူ၏စိတ်နှလုံးက မူမမှန်ဖြစ်နေသည်ဟု ပြောဆိုလျှင်ပင် သူသည် အလွန်ကြောက်ရွံ့သွားပြီး ရက်နှင့်ချီ၍ မစားနိုင်၊ မအိပ်နိုင်ပေ။ ပြီးလျှင် ဘုရားရှေ့သို့ပင်လာပြီး မျက်ရည်စက်လက်ဖြင့် ဆုတောင်းသည်။ ယခင်က သူ၏ဘဝတွင် မည်သည့်အရာနှင့်ပတ်သက်၍မျှ အလွန် စိတ်မချမ်းမသာဖြစ်ခြင်း၊ စိတ်ပူပင်ခြင်း လုံးဝမရှိခဲ့ဖူးပေ။ သူသည် အလွန်ပင် စိတ်ပူသည်။ ဤသို့သောအရာ ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် သူသည် သေတော့မည်ကဲ့သို့ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ ဖြစ်သနည်း။ သူသည် မိုးပြိုတော့မည်ဟုလည်းကောင်း၊ သူ၏ အဓိက အထောက်အမသည် ဖြိုလဲခြင်းခံရမည်ဟုလည်းကောင်း၊ ဤသည်မှာ သူသည်လည်း ဇာတ်သိမ်းတော့မည်ဟု ဆိုလိုခြင်းဖြစ်သည် ဟူ၍လည်းကောင်း ယုံကြည်သည်။ လူတစ်ယောက်၏ ရှင်ခြင်း၊ သေခြင်းသည် ဖန်ဆင်းရှင်၏ လက်တော်ထဲတွင်ရှိသည်ဟု သူ မယုံကြည်ပေ။ ဘုရားသခင်က သူ၏အိမ်ထောင်ဘက်ကို သူ့ထံမှ ယူဆောင်သွားပြီး သူ၏ လက်တွဲဖော်ကို ဆုံးရှုံးစေမည်ကိုလည်းကောင်း၊ သူ၏ အထောက်အမအား ဆုံးရှုံးစေမည်ကိုလည်းကောင်း၊ သူ၏ မိုးကောင်းကင်ကြီး ပြိုလဲမည်ကိုလည်းကောင်း၊ သူ၏ ဝိညာဉ်ဆုံးရှုံးမည်ကိုလည်းကောင်း သူ အလွန်အမင်း ကြောက်ရွံ့သည်။ ဤသို့ဖြစ်သည်မှာ အလွန်ပင် ပုန်ကန်သည့်ပုံစံတစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်အား အိမ်ထောင်တစ်ခုကို ပေးခဲ့ပြီး၊ သင်က သင်၏ အထောက်အမနှင့် သင်၏လက်တွဲဖော်ကို ရရှိသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်နှင့်ပတ်သက်သမျှ အရာအားလုံးကို သင် မေ့လျော့သည်။ သင်သည် ဘုရားသခင်ကို အလိုမရှိတော့ပေ။ သင့်လက်တွဲဖော်သည် သင်၏ဘုရား၊ သင်၏သခင်ဖြစ်လာပြီး သင်၏ ကိုးစားရာပါ ဖြစ်လာသည်။ ဤသည်မှာ သစ္စာဖောက်ခြင်းဖြစ်ပြီး ဘုရားသခင်အပေါ် လူတစ်ဦးလုပ်ဆောင်နိုင်သည့် အပုန်ကန်ဆုံး လုပ်ရပ်ဖြစ်သည်။ မိမိတို့၏ အိမ်ထောင်ဘက်က အနည်းငယ် စိတ်ဆိုးသောအခါ၊ သို့မဟုတ် ဖျားနာသောအခါတွင် အလွန် ကြောက်လန့်သဖြင့် စည်းဝေးပွဲများကို ရက်ပေါင်းများစွာ မတက်သောသူအချို့ပင်ရှိသည်။ ၎င်းတို့က မည်သူ့ကိုမျှ မပြောသကဲ့သို့ ၎င်းတို့၏ တာဝန်ကိုလည်း အခြားလူတစ်ယောက်လုပ်ဆောင်ရန် လွှဲပြောင်းမပေးချေ။ ၎င်းတို့သည် အငွေ့ပျံသွားသည့်အလား ပျောက်ကွယ်သွားကြသည်။ ၎င်းတို့အိမ်ထောင်ဘက်၏ ရှင်ခြင်းနှင့် သေခြင်းသည် ဘဝတွင် ၎င်းတို့ အရေးစိုက်ဆုံးသောအရာ၊ ၎င်းတို့ ဂရုအစိုက်ဆုံးသောအရာဖြစ်သည်။ ဤအရာထက် မည်သည့်အရာကမျှ ပို၍ အရေးမကြီးနိုင်တော့ပေ။ ယင်းသည် ၎င်းတို့အတွက် ဘုရားသခင်ထက်၊ ဘုရားသခင်၏ စေခိုင်းချက်နှင့် ၎င်းတို့၏တာဝန်ထက် ပို၍အရေးကြီးလေသည်။ ဤသို့သောလူတို့သည် ဘုရားရှေ့တွင် ဖန်ဆင်းခံများအဖြစ် ၎င်းတို့ရှိသင့်သည့် ပင်ကိုလက္ခဏာ၊ တန်ဖိုး၊နှင့် အဓိပ္ပာယ်တို့ ဆုံးရှုံးပြီး ဘုရားသခင်က ၎င်းတို့ကို အလွန်မုန်းတီးသည်။ ဘုရားသခင်က သင့်အား အခြေကျသောဘဝနှင့် လက်တွဲဖော်ကို ပေးသည်မှာ သင်ပို၍ ကောင်းစွာ အသက်ရှင်နိုင်ပြီး သင့်အား ကြည့်ရှုစောင့်ရှောက်မည့် သူတစ်ယောက်ရှိရန်၊ သင့်နံဘေးတွင် လူတစ်ယောက်ရှိစေရန်ဖြစ်ပြီး သင့်ထံတွင်အိမ်ထောင်ဘက်ရှိသည်နှင့် ဘုရားသခင်ကို မေ့လျော့နိုင်ရန်၊ ဘုရားနှုတ်ကပတ်တော်များကို မေ့လျော့နိုင်ရန်၊ သို့မဟုတ် တာဝန်ကို ထမ်းဆောင်ရမည့် သင်၏ဝတ္တရားနှင့် ကယ်တင်ခြင်း လိုက်စားရမည့် သင်၏ဘဝပန်းတိုင်တို့ကို စွန့်ပစ်ပြီး သင့်အိမ်ထောင်ဘက်အတွက် အသက်ရှင်နိုင်ရန် မဟုတ်ပေ။ သင်သည် အမှန်ပင် ဤသို့လုပ်ဆောင်လျှင်၊ အမှန်ပင် ဤသို့နေထိုင်လျှင် တတ်နိုင်သမျှ အမြန်ဆုံး လမ်းကြောင်းပြောင်းမည်ဟု ငါ မျှော်လင့်သည်။ လူတစ်ယောက်သည် သင့်အတွက် မည်မျှအရေးကြီးပါစေ၊ သူသည် သင့်ဘဝအတွက်၊ သင်၏ ရှင်သန်မှုအတွက်၊ သို့မဟုတ် သင်၏ဘဝလမ်းကြောင်းအတွက် မည်မျှအရေးကြီးပါစေ ဖောက်ပြန်ပျက်စီးသွားသော လူသားတစ်ဦးသာဖြစ်သောကြောင့် သူသည် သင်၏ ခရီးပန်းတိုင်မဟုတ်ပေ။ ဘုရားသခင်သည် လက်ရှိအိမ်ထောင်ဘက်ကို သင့်အတွက် စီစဉ်ပေးခဲ့သဖြင့် သင်သည် ထိုသူနှင့် အတူတကွနေထိုင်နိုင်ခြင်းဖြစ်သည်။ ဘုရားသခင်က စိတ်ပြောင်းပြီး သင့်အတွက် အခြားတစ်ယောက်ကို စီစဉ်ပေးလျှင် သင်သည် အလားတူပင် နေထိုင်၍ရသေး၏။ ထို့ကြောင့် သင်၏ လက်ရှိအိမ်ထောင်ဘက်သည် သင့်အတွက် တစ်ဦးတည်းသောသူ မဟုတ်သကဲ့သို့ သင်၏ ခရီးပန်းတိုင်လည်း မဟုတ်ပေ။ ဘုရားသခင်သည်သာ သင်၏ ခရီးပန်းတိုင်ကို ပေးအပ်သောသူဖြစ်သည်။ ဘုရားသခင်သည်သာ လူသားမျိုးနွယ်၏ ခရီးပန်းတိုင်ကို ပေးအပ်သောသူဖြစ်သည်။ သင်သည် သင့်မိဘများကို စွန့်ခွာလျှင် အသက်ရှင်သန်နိုင်သေးသည်။ သင်၏ လက်တွဲဖော်ကို စွန့်ခွာလျှင်လည်း အလားတူပင် အသက်ရှင်နိုင်သေးသည်။ ။ သင့်မိဘများသည် သင်၏ ခရီးပန်းတိုင်မဟုတ်သကဲ့သို့ သင်၏ လက်တွဲဖော်သည်လည်း သင်၏ ခရီးပန်းတိုင်မဟုတ်ပေ။ သင့်တွင် လက်တွဲဖော်ရှိသောကြောင့် သင်၏စိတ်၊ သင်၏ဝိညာဉ်၊ သင်၏ အသွေးအသားကို အပ်နှံရမည့် တစ်စုံတစ်ယောက် ရှိသောကြောင့်လောက်နှင့် ဘဝတွင် အရေးကြီးဆုံးသော အရာများကို မမေ့လျော့နှင့်။ သင်သည် ဘုရားသခင်ကို မေ့လျော့လျှင်၊ သင့်အား ဘုရားသခင်အပ်နှံထားသောအရာကို မေ့လျော့လျှင်၊ ဖန်ဆင်းခံတစ်ယောက် ထမ်းဆောင်သင့်သော တာဝန်ကို မေ့လျော့လျှင်၊ သင်၏ ပင်ကိုလက္ခဏာက မည်သည့်အရာဖြစ်သည်ကို မေ့လျော့လျှင် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားအားလုံးကို ဆုံးရှုံးပြီးဖြစ်လိမ့်မည်။ ယခုတွင် သင့်ဘဝက မည်သို့ရှိသည်ဖြစ်စေ၊ သင်သည် အိမ်ထောင်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ဖန်ဆင်းရှင်ရှေ့တွင် သင်၏ ပင်ကိုလက္ခဏာသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ မည်သူမျှ သင်၏ ခရီးပန်းတိုင် ဖြစ်၍မရပေ။ သင့်ကိုယ်သင် လူတိုင်းထံ၌ အပ်နှံ၍မရပေ။ဘုရားသခင်ကသာ သင့်အား သင့်တော်သော ခရီးပန်းတိုင်ကို ပေးနိုင်သည်။ ဘုရားသခင်သည်သာ လူသားမျိုးနွယ်၏ ရှင်သန်ရေးကို အပ်နှံသောသူဖြစ်ပြီး ဤသို့ အစဉ်အမြဲ ဖြစ်လိမ့်မည်။ ဤသည်မှာ ရှင်းသလော။ (ရှင်းပါသည်။)
အိမ်ထောင်ရေးအပေါ် ငါတို့၏ မိတ်သဟာယပြုချက်ကို ဤတွင် အဆုံးသတ်မည်။ သင်တို့သည် မိမိတို့၏ကိုယ်ပိုင်အယူအဆ၊ အမြင်တို့ကို ဖော်ပြလိုလျှင် သို့မဟုတ် သင်၏ ခံစားချက်များအား ထုတ်ဖော်ပြောဆိုလိုလျှင် ကျေးဇူးပြုပြီး ယခု ပြောဆိုကြလော့။ (အိမ်ထောင်ရေးဟူသည် လူတစ်ယောက်၏ ခရီးပန်းတိုင် ဖြစ်သည်ဆိုသော ထိုအတွေးအမြင်များ ကျွန်ုပ်၌ ရှိခဲ့ဖူးသည်။ ကျွန်ုပ်၏ အိမ်ထောင်ဘက်က ဖောက်ပြန်ခဲ့လျှင် ကျွန်ုပ်သည် အရူးအမူးဖြစ်ပြီး အသက်ဆက်ရှင်နိုင်တော့မည် မဟုတ်ဟု ခံစားရသည်။ ၎င်းတို့သည်လည်း ဤသို့သော အတွေ့အကြုံများရှိကာ၊ ဤသို့သောအရာကို ဖြတ်သန်းရသည်မှာ အလွန်နာကျင်ကြောင်း ညီအစ်ကိုမောင်နှမအချို့ ဆိုကြသည်ကို ကျွန်ုပ်ကြားခဲ့ရသည်။ သို့သော် ယနေ့တွင် ဘုရားသခင်၏ မိတ်သဟာယပြုချက်ကို နားထောင်ပြီးနောက် ဤကိစ္စအပေါ် မှန်ကန်သော နည်းလမ်းကို ကျွန်ုပ်ကျင့်သုံးနိုင်သည်။ ပထမအနေဖြင့် ဤကောက်ကျစ်ဆိုးညစ်သော လူ့အဖွဲ့အစည်းတွင် လူတို့သည် ပြင်ပလောကရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ ဖျားယောင်းသွေးဆောင်ခြင်းကို ခံရနိုင်ပြီး ၎င်းတို့အနေဖြင့် အမှားများပြုလုပ်မိရန် အလွန်လွယ်ကူသည်ဟု ဘုရားသခင်က ဆိုသည်။ ထို့ကြောင့် ယခုတွင် ဤအရာမျိုးကို ကျွန်ုပ် နားလည်နိုင်သည်။ ဒုတိယအနေဖြင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အိမ်ထောင်ဘက်များအပေါ်တွင် မှန်ကန်သော နည်းလမ်းကိုလည်း ကျင့်သုံးရမည်။ ကျွန်ုပ်တို့၏ အိမ်ထောင်ဘက်သည် ဘဝတွင် ကျွန်ုပ်တို့၏ ခရီးပန်းတိုင်မဟုတ်ပေ။ ဘုရားသခင်သည်သာ ခရီးပန်းတိုင်ဖြစ်သည်။ ဘုရားသခင်ကို အမှီပြုခြင်းအားဖြင့်သာ ကျွန်ုပ်တို့သည် အမှန်တကယ် ဆက်လက် အသက်ရှင်နိုင်သည်။ ယခုတွင် ကျွန်ုပ်သည် ဤအရာနှင့်ပတ်သက်ပြီး နားလည်မှုအသစ် အနည်းငယ်ရရှိသည်ဟု ကျွန်ုပ် ခံစားရသည်။) အကောင်းဆုံးပါပင်။ ငါတို့ မိတ်သဟာယပြုသည့် သမ္မာတရားနှင့် သက်ဆိုင်သော အမြင်များနှင့် သဘောထားများအားလုံးသည် လူတို့အား မူမမှန်သည့်၊ မမှန်ကန်သော၊ အပျက်သဘောဆောင်သော အတွေးအမြင်အားလုံးကို ဖယ်ရှားပစ်စေနိုင်ရန် ရည်ရွယ်သည်။ ထို့နောက်တွင် လူတို့သည် ထိုကဲ့သို့သော ကိစ္စကို ကြုံကြိုက်သောအခါ မှန်ကန်သော အတွေးအမြင်များဖြင့် အင်အားခိုင်မာစေနိုင်ဖို့ အတွက်လည်းကောင်း၊ မှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ရှိနိုင်ဖို့အတွက်လည်းကောင်း၊ လမ်းမလွဲစေဖို့အတွက်လည်းကောင်း၊ စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို နောက်ထပ် မခံရတော့ဖို့အတွက်လည်းကောင်း ဤအရာတို့ကို မိတ်သဟာယပြုခြင်းဖြစ်သည်။ လူတို့အနေဖြင့် အစွန်းရောက်သောအရာများကို မလုပ်ဆောင်ဖို့ရန်အတွက်၊ အရာရာ၌ ဘုရားသခင်ထံမှ လက်ခံနိုင်ရန်အတွက်၊ အရာရာ၌ ဘုရားသခင်၏ အစီအစဉ်များကို ကျိုးနွံနာခံနိုင်ပြီး စစ်မှန်သော ဖန်ဆင်းခံများ ဖြစ်နိုင်ရန်အတွက် ဤအရာများကို မိတ်သဟာယပြုခြင်း ဖြစ်သည်။ ဤသို့ပြုလုပ်သည်မှာ မှန်ကန်သော နည်းလမ်းဖြစ်သည်။ ကောင်းပြီ။ ယနေ့အတွက် ငါတို့၏ မိတ်သဟာယပြုချက်ကို ဤတွင် ပြီးဆုံးကြပါစို့။ နှုတ်ဆက်ပါသည်။
၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်