သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၅)

ပြီးခဲ့သည့်အကြိမ်က၊ ငါတို့သည် နတ်ဆိုးများမှ လူဝင်စားသူများ၌ရှိသော သွေဖည်ခြင်း၏ တိကျသော သရုပ်သကန်သုံးမျိုးဖြစ်သည့် ကာမရာဂစိတ်လွန်ကဲခြင်း၊ ကာမရာဂနိုးဆွခြင်းနှင့် လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာမဲ့ခြင်းတို့အကြောင်း မိတ်သဟာယဖွဲ့ခဲ့ကြသည်၊ ဆိုလိုသည်မှာ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုနှင့်စပ်လျဉ်း၍ လူတို့တွင် ရှိသော သွေဖည်သည့် သရုပ်သကန်များ ဖြစ်သည်။ ထိုသို့သော လူများ၏ အဓိကပြဿနာမှာ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုအပေါ် ၎င်းတို့၏ သဘောထားက အထူးပင် လျှပ်ပေါ်လော်လည်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ အကန့်အသတ်များကို ချိုးဖောက်ကြပြီး၊ မည်သည့်အခြေအနေတွင်မဆို မိမိတို့၏ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများကို ချုပ်တည်းခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းမပြုဘဲ ထို့ထက် အလိုလိုက်ကြသည်။ အထူးပင် လျှပ်ပေါ်လော်လည်သော လူတစ်စုလည်း ရှိသေးသည်။ ဆိုလိုသည်မှာ လျှပ်ပေါ်လော်လည်ခြင်း၏ အခြေခံအုပ်မြစ်ပေါ်တွင်၊ ၎င်းတို့သည် ရိုးဖြောင့်ခြင်းကင်းမဲ့လာပြီး ပို၍ဆိုးသည်ထက် ဆိုးလာကြသည်။ ၎င်းတို့ထဲမှ အချို့သည် ဧဝံဂေလိတရားကို ဟောပြောနေစဉ် မိမိတို့၏ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများကို ဖြည့်ဆည်းရန် အခွင့်အရေးမျိုးစုံကို ရှာဖွေပြီး ဖန်တီးကြသည်အထိပင် ဖြစ်သည်။ ၎င်းတို့သည် အထူးသဖြင့် ဆန့်ကျင်ဘက်လိင်ရှိသောသူများကို ဟောပြောကြပြီး သင့်တော်သော ပစ်မှတ်တစ်ခုကို တွေ့သည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူကို ငါးစာဟပ်စေဖို့ သွေးဆောင်ရန် နည်းလမ်းများနှင့် နည်းစနစ်အမျိုးမျိုးကို အသုံးပြုလျက် ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်ရန် ယုတ်ညံ့သော လှည့်ကွက်များကိုပင် အသုံးပြုလျက် မိမိတို့၏ တိုက်စစ်ကို ဖွင့်ကြသည်။ ဧဝံဂေလိတရားကို ဟောပြောနေစဉ် ဤလူတို့သည် ဤပုံစံဖြင့် ပြုမူရုံသာမက ဘုရားသခင်၏ နာမကို ကြီးစွာ အရှက်ရစေသည့်အရာများကိုလည်း လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ကာမရာဂ အတွေးများကို လက်သင့်ခံရုံမျှသာ မဟုတ်ဘဲ၊ ထို့ထက်မိမိတို့၏ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများကို ဖြည့်ဆည်းရန် အကြောင်းပြချက်အဖြစ် ဧဝံဂေလိတရား ဟောပြောခြင်းအခွင့်အရေးကို အမြတ်ထုတ်ကြသည်။ ထို့အပြင် ၎င်းတို့သည် မတူညီသော အသက်အရွယ်များနှင့် မတူညီသော အခြေအနေများရှိသည့် လူများအပေါ်တွင် တူညီသောအရာများကို လုပ်ဆောင်ရင်း အလားတူအမှားကိုပင် အကြိမ်ကြိမ် ပြုလုပ်ကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သော လူများကို သိရှိသောအခါ ၎င်းတို့ကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ၎င်းတို့ကို ဧဝံဂေလိတရား ဟောပြောခြင်းတာဝန်အား ဆက်လက်ထမ်းဆောင်ခွင့်ပြုသင့်သလော၊ သို့မဟုတ် ၎င်းတို့ကို မောင်းထုတ်ပြီး ဤတာဝန်ကို ထမ်းဆောင်ခြင်းမှ တားဆီးသင့်သလော။ (၎င်းတို့ကို မောင်းထုတ်သင့်ပါသည်။) ၎င်းတို့ကို မောင်းထုတ်ခြင်းသည် ဝမ်းနည်းစရာတစ်ခုဖြစ်သလော။ ၎င်းတို့က အခြားလူတစ်ဦးကို ရရှိနိုင်မည်ဆိုလျှင်ကော အဘယ်သို့နည်း။ (၎င်းတို့ကို ဆက်ရှိနေခွင့်ပြုပြီး ဧဝံဂေလိတရားကို ဆက်လက်ဟောပြောခွင့်ပြုမည်ဆိုလျှင် အကျိုးဆက်များက ပို၍ပင် ဆိုးရွားလိမ့်မည်။ လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာမဲ့သည့် လုပ်ရပ်များ၌ ၎င်းတို့ ပါဝင်ပတ်သက်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ နာမတော်အပေါ် အရှက်ရစေပါသည်။) ငါ့ကို ပြောလော့၊ စိတ်ထဲတွင် လိင်ပိုင်းဆိုင်ရာ တပ်မက်မှုက အစဉ်မပြတ် နေရာယူနေသည့် ထိုသို့သော လူများသည် ဧဝံဂေလိတရားကို ဟောပြောသောအခါ လူများကို ရနိုင်သလော။ (မရနိုင်ပါ။) ဧဝံဂေလိတရား ဟောပြောခြင်းမှတစ်ဆင့် ရံဖန်ရံခါ လူအနည်းငယ်ကို ရလျှင်ပင် ၎င်းတို့သည် ဘုရားသခင်၏ နာမတော်ကို အရှက်ရစေသည့်အရာများကိုလည်း လုပ်ဆောင်နိုင်စွမ်းရှိသည်။ ထိုသို့သော လူများကို အသုံးပြုခြင်းသည် အကျိုးထက် အပြစ်က ပိုများသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ၎င်းတို့ကို မောင်းထုတ်ခြင်းသည် ဝမ်းနည်းစရာဖြစ်သေးသလော။ (မဖြစ်ပါ။) ဤလူစားမျိုးသည် ပြောင်းလဲနိုင်သလော။ ၎င်းတို့၏ ပြဿနာသည် ဖြေရှင်းရန် လွယ်ကူသလော။ (မလွယ်ကူပါ။ ဤသည်မှာ ၎င်းတို့၏ သဘာဝအနှစ်သာရနှင့်ဆိုင်သည့် ပြဿနာဖြစ်သည်၊ ယင်းသည် မပြောင်းလဲနိုင်ပါ။) ကာမရာဂစိတ်နှင့် ပြည့်နေသော လူတို့သည် လူသားများမဟုတ်ကြပေ။ ၎င်းတို့အတွင်း၌ နတ်ဆိုးတစ်ကောင်က သူပြောလိုသည့်အရာကို ပြောရန်နှင့် သူလုပ်လိုသည့်အရာကို လုပ်ရန် ထိုသူတို့၏ ဇာတိပကတိကို အသုံးပြုလျက် အသက်ရှင်နေခြင်း ဖြစ်သည်။ အခြားသူများက အသိစိတ်နှင့်လည်းကောင်း၊ ဆင်ခြင်တုံတရားနှင့်လည်းကောင်း ကိုက်ညီသော တိုက်တွန်းအားပေးမှုများနှင့် သတိပေးချက်များကို အသုံးပြုလျှင် ဤအရာများက ၎င်းတို့၏ သဘာဝအနှစ်သာရကို ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ကို ကူညီရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့် ၎င်းတို့၏ ဤပြဿနာကို ဖြေရှင်း၍ရနိုင်သလော။ (ဖြေရှင်း၍မရနိုင်ပါ။) ၎င်းတို့ ပြုပြင်ခြင်းခံရလျှင်ပင် ၎င်းတို့ကို ကြီးကြပ်ရန် တစ်စုံတစ်ဦးကို တာဝန်ပေးထားလျှင်ပင် သို့မဟုတ် ၎င်းတို့၏ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများကို အလိုလိုက်ရန် အခွင့်အရေးမရှိစေဖို့အလို့ငှာ မတူညီသော ပတ်ဝန်းကျင်တစ်ခုသို့ ၎င်းတို့ကို ရွှေ့ပြောင်းလျှင်ပင်၊ ၎င်းတို့အတွင်းရှိ နတ်ဆိုးဆန်သော သဘာဝကို ဖြေရှင်း၍ရနိုင်သလော။ (ဖြေရှင်း၍မရနိုင်ပါ။) နတ်ဆိုးများမှ လူဝင်စားသောလူများ လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆိုတွင် ၎င်းတို့သည် လူ့သဘာဝ ကင်းမဲ့ကြသည်။ ဤအရာကို ၎င်းတို့၏ သဘာဝအနှစ်သာရအားဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။ ထို့ကြောင့် သင်သည် ၎င်းတို့ကို တိုက်တွန်းအားပေးရန် သို့မဟုတ် ကူညီရန် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ယင်းက ၎င်းတို့၏ သဘာဝအနှစ်သာရနှင့်ဆိုင်သည့် ပြဿနာကို မဖြေရှင်းနိုင်ပေ။ တစ်ချက်အနေဖြင့် ဤသည်မှာ နတ်ဆိုးများ၏ သဘာဝအနှစ်သာရက သမ္မာတရားကို မုန်းတီးပြီး သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံနိုင်သောကြောင့် ဖြစ်သည်။ နောက်တစ်ချက်အနေဖြင့် နတ်ဆိုးများမှ လူဝင်စားသူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြပြီး ၎င်းတို့ကျူးလွန်သော မကောင်းမှုနှင့်စပ်လျဉ်း၍ သတိပြုမိခြင်း တစ်စိုးတစ်စိမျှ မရှိကြသည့်အပြင် အရှက်တရား၊ နောင်တ သို့မဟုတ် ဝမ်းနည်းမှုတို့ကို မည်သည့်အခါမျှ မခံစားရပေ။ သို့ဖြစ်၍ ၎င်းတို့သည် ပုံမှန်လူများ ရှိသင့်သည့် ကသိကအောက်ဖြစ်သည့်စိတ် သို့မဟုတ် ရှက်စိတ်ကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် လူ့ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်များ သို့မဟုတ် ကျင့်ကြံပြုမူရာတွင် ပိုင်ဆိုင်သင့်သည့် ဂုဏ်သိက္ခာနှင့် ရှက်စိတ်တို့ကို နားမလည်ကြပေ။ ဤအရာများထဲမှ တစ်ခုကိုမျှ ၎င်းတို့ နားမလည်ကြပေ။ ၎င်းတို့သည် နားကြားကောင်းသည့် အယူဝါဒအချို့ကို စိတ်ကူးရနိုင်လျှင်ပင် ပုံမှန်လူ့သဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း သက်သေမပြပေ။ ၎င်းတို့သည် သူတော်ကောင်းယောင်ဆောင်ပြီး လှည့်ဖြားတတ်သော လူများသာ ဖြစ်ကြသည်။ ထို့ကြောင့် ထိုသို့သော လူများကို မည်သည့်သမ္မာတရားများ မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့၏ သဘာဝအနှစ်သာရက မပြောင်းလဲနိုင်ပေ။ သို့ဆိုလျှင် ဖြေရှင်းနည်းတစ်ခုတည်းသာ ရှိသည်။ ထိုသို့သော လူများကို တာဝန်အတွက် အသုံးမပြုနှင့်။ ၎င်းတို့ကို သန့်စင်ဖယ်ရှားလော့။ ဤအရာက ပြဿနာကို ဖြေရှင်းပေးသည်။ အချို့လူများက “အကယ်၍ ၎င်းတို့ကို ဖယ်ရှားပြီး ရှင်းလင်းပစ်လိုက်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်အတွင်း၌ မိမိတို့၏ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုကို မွေ့လျော်ခြင်းမရှိသည့်အပြင် အလုပ်ကို မနှောင့်ယှက်တော့လျှင် ၎င်းတို့သည် မယုံကြည်သူများကြားတွင် ဤအရာများကို လုပ်ဆောင်ပါက လူများကို ထိခိုက်စေဦးမည် မဟုတ်လော။ ၎င်းတို့ကို လူ့အဖွဲ့အစည်းရှိ လူများကို ထိခိုက်ခြင်းမှ တားဆီးရန် တစ်စုံတစ်ဦးကို ၎င်းတို့အား ကြီးကြပ်ဖို့ တာဝန်ပေးလျက် ဘုရားအိမ်တော်၌ ဆက်လက်ထားရှိသင့်သည် မဟုတ်လော”ဟု ပြောကြသည်။ ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ (၎င်းတို့ကို ဘုရားအိမ်တော်၌ ထားရှိခြင်းသည် ညီအစ်ကိုမောင်နှမများကို ထိခိုက်စေသည်၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ပြီး ဘုရားသခင်၏ အမှုတော်ကို အဖျက်အမှောင့်လုပ်သည်။ ဤသည်မှာ မသင့်လျော်ပါ။ ၎င်းတို့ကို လောကသို့ ပြန်သွားခွင့်ပြုလော့။ လောကတွင် နတ်ဆိုးများနှင့် စာတန်များ အလွန်များပြားပြီး မည်သည့် နှောင့်ယှက်မှုမျိုးကို ၎င်းတို့ ဖြစ်စေသည်ဖြစ်စေ နတ်ဆိုးများကို ထိခိုက်စေခြင်းဖြစ်သည်ဟု မှတ်ယူ၍မရပေ။ ၎င်းတို့အားလုံးသည် နတ်ဆိုးများဖြစ်သောကြောင့် ၎င်းတို့ လုပ်ဆောင်သည့်အရာကို ထိခိုက်မှုဖြစ်ခြင်းဖြစ်သည်ဟု မှတ်ယူ၍မရနိုင်ပါ။) ဤအမြင်သည် လက်တွေ့အရှိတရားနှင့် ကိုက်ညီသည် မဟုတ်လော။ (ကိုက်ညီပါသည်။) ဤအမြင် မှန်ကန်သည်။ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများကို အလိုလိုက်သူများသည် နတ်ဆိုးများဖြစ်ကြပြီး ညီအစ်ကိုမောင်နှမများကို ထိခိုက်စေရန်အတွက် ဘုရားအိမ်တော်၌ ၎င်းတို့ကို ဆက်နေခွင့်ပြု၍မရပေ။ ၎င်းတို့ လူ့အဖွဲ့အစည်းထဲတွင် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာမဆိုက ဘုရားအိမ်တော်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို မယုံကြည်သူများသည် လူ့သဘာဝ ကင်းမဲ့ပြီး နတ်ဆိုးများချည်းသာ ဖြစ်သောကြောင့် ဖြစ်သည်။ နတ်ဆိုးများက ၎င်းတို့ကြားတွင် မည်သို့ပင် တိုက်ခိုက်ကြသည်ဖြစ်စေ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်မည်မဟုတ်ပေ။ ၎င်းတို့အားလုံးသည် စာတန်နှင့်ဆိုင်ကြပြီး ရှေးဦးစွာ စာတန်နှင့် ပူးပေါင်းကြသူများ ဖြစ်သည်။ ၎င်းတို့သည် နှစ်ထောင်ချီ အချင်းချင်း တိုက်ခိုက်ပြီး အချင်းချင်း ထိခိုက်စေကြပြီး ဖြစ်သည်။ ထိုအရာသည် ငါတို့နှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ၎င်းတို့သည် တစ်ဦးကိုတစ်ဦး ထိခိုက်နစ်နာစေပြီး ယင်းမှာ ၎င်းတို့ စိတ်လိုလက်ရ ပါဝင်ပတ်သက်သည့်အရာတစ်ခု ဖြစ်သည်။ ၎င်းတို့အားလုံးသည် တူညီသော ယုတ်ညံ့သည့် အမျိုးအစားဖြစ်သည်။ တစ်မျိုးတစ်စားတည်း ဖြစ်ကြသည်။ တိုတိုပြောရလျှင်၊ ဘုရားအိမ်တော်သည် ဤလူစားမျိုးကို အလိုမရှိပေ။ အကြောင်းမှာ နတ်ဆိုးများဖြစ်သော လူများသည် သင့်လျော်သော အလုပ်တာဝန်များကို အာရုံစိုက်လုပ်ဆောင်ခြင်း မရှိကြသည့်အပြင်၊ အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိသောကြောင့် ၎င်းတို့ မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ နှောင့်ယှက်မှုများကိုသာ ဖြစ်စေပြီး အဖျက်အမှောင့်လုပ်ခြင်းနှင့် ဖျက်ဆီးခြင်းတွင်သာ ပါဝင်ကြသည်။ ၎င်းတို့သည် လူများအတွက် အကျိုးရှိသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ကြပေ။ လူများကိုသာ ထိခိုက်နစ်နာစေနိုင်ကြသည်။ ၎င်းတို့က အစေခံမှုအချို့ကို ပေးနိုင်လျှင်ပင် ၎င်းတို့ဖြစ်စေသော ဆုံးရှုံးမှုများက ဤအရာထက် သာလွန်သည်။ ထိုသို့သော လူများသည် အတော်အတန် အကျင့်ကောင်းပုံရပြီး မကောင်းသည့်အရာ မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမရှိဟု ထင်ရနိုင်သော်လည်း ၎င်းတို့ အခွင့်အရေးရသည်နှင့်တစ်ပြိုင်နက် အမှန်တကယ် မကောင်းသောအရာများကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ထို့ကြောင့် ထိုသို့သော လူများကို ရှင်းလင်းပစ်ခြင်းဖြင့် ချက်ချင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ ၎င်းတို့သည် အစေခံမှုအချို့ကို ပေးနိုင်ပြီး မှန်ကန်သောအရာအချို့ကို လုပ်ဆောင်နိုင်သော်လည်း ဤသည်မှာ ၎င်းတို့၏ သဘာဝအနှစ်သာရ ပြောင်းလဲပြီးဖြစ်ကြောင်းကို မဆိုထားနှင့်၊ ၎င်းတို့ အမှန်တကယ် နောင်တရကြောင်းကို မဆိုလိုပေ။ ၎င်းတို့၏ လက်ရှိအနေအထား မည်သို့ပင်ဖြစ်စေ လူတစ်ဦးသည် ၎င်းတို့ကို ယုံကြည်ရန် သို့မဟုတ် ၎င်းတို့ အလုပ်တစ်ခုတလေကို လုပ်နိုင်သည်ဟု ယုံကြည်ရန် မဆိုထားနှင့်၊ ၎င်းတို့၏ အယောင်ဆောင် အသွင်အပြင်အားဖြင့် အထင်အမြင်မှားစေခြင်း မခံသင့်ပေ။ ၎င်းတို့၏ သဘာဝအနှစ်သာရသည် နတ်ဆိုးတစ်ကောင်၏ သဘာဝအနှစ်သာရဖြစ်သောကြောင့် ၎င်းတို့ မည်သည့်နေရာတွင် အသင်းတော်အသက်တာကို နေထိုင်သည်ဖြစ်စေ ၎င်းတို့သည် ချိန်ကိုက်ဗုံးတစ်လုံးဖြစ်ပြီး လူတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေသည်။ ၎င်းတို့သည် မကောင်းသည့် အရာများလုပ်ဆောင်ခြင်းမှ ယာယီ ရှောင်ကြဉ်လျှင်ပင် ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်း၊ ၎င်းတို့၏ လှုပ်ရှားမှုတိုင်းသည် သင်၏ စိတ်အခြေအနေနှင့် စိတ်ခံစားချက်များကို နှောင့်ယှက်နေလိမ့်ဦးမည်ဖြစ်ပြီး သင်၏ အမြင်များကိုပင် လွှမ်းမိုးနိုင်ကောင်း လွှမ်းမိုးနိုင်သည်။ ဤသည်မှာ အနီးအနားတွင် နတ်ဆိုးတစ်ကောင်ရှိခြင်း၏ အကျိုးဆက်ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်သည် လတ်တလော မကောင်းသော အခြေအနေတစ်ခုတွင် ရှိသည် သို့မဟုတ် အနည်းငယ် အပျက်သဘောဆောင်နေခဲ့သည် သို့မဟုတ် သင့်အား ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများ ဖြစ်ပေါ်စေခဲ့သည့် အပျက်သဘောဆောင်သော ဝါဒဖြန့်မှုများနှင့် အခြေအမြစ်မရှိသော ကောလာဟလအချို့ကို သင် ကြားခဲ့သည်ဆိုပါစို့။ အကယ်၍ သင်၏အနီးတွင် နတ်ဆိုးတစ်ကောင်ရှိလျှင် သင်အိပ်သောအခါ အိပ်မက်ဆိုးများ ဆက်မက်နေပေမည်။ သင်သည် ၎င်းတို့နှင့် စကားပြောဆိုပြီးနောက် သင်၏အခြေအနေသည် အပြုသဘောဆောင်ပြီး စိတ်ဓာတ်တက်ကြွလာနိုင်ခြင်း မရှိသည်သာမက၊ သင်၏ စိတ်ဝိညာဉ်ထဲတွင် တိုး၍ စိတ်ဓာတ်ကျကာ မျှော်လင့်ချက်ကင်းသည်ဟုပင် ခံစားရနိုင်သည်။ သင်သည် ၎င်းတို့နှင့် ပို၍ရင်းနှီးလေ၊ ဘုရားသခင်၏ မျက်မှောက်တော်ကို မခံစားရလေ ဖြစ်သည်။ သင်သည် ၎င်းတို့နှင့် အချိန်ကြာကြာ ထိတွေ့ဆက်ဆံလေ သင်၏စိတ်နှလုံးက ဘုရားသခင်ထံမှ ပို၍ အလှမ်းဝေးလေ၊ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်မဲ့သည်ဟု သင် ပို၍ခံစားရလေဖြစ်ပြီး ၎င်းတို့၏ စကားတိုင်းနှင့် လုပ်ရပ်တိုင်းကပင် သင်၏အတွေးများကို သက်ရောက်မှုရှိလိမ့်မည်ဖြစ်ကာ သင်၏ အနီးဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် သင်၏အမြင်များနှင့် သဘောထားများကို လွှမ်းမိုးလိမ့်မည်။ သို့ရာတွင် သင်သည် သာမန် ဖောက်ပြန်ပျက်စီးသော လူသားများနှင့် အပြန်အလှန်ဆက်ဆံပြီး ပေါင်းသင်းသောအခါတွင်မူ ကွဲပြားပြီး သင်၌ ဤဆိုးကျိုးပေးသော တုံ့ပြန်မှုများ ရှိလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် နတ်ဆိုးများဖြစ်သည့် လူတို့က အနီးအနားတွင်ရှိသောအခါ ဖြစ်ပေါ်စေသော ထိခိုက်နစ်နာမှုကို လူတို့က သိသိသာသာ မခံစားရလျှင်ပင် အခြားသူများအပေါ် ထိုသူတို့ ဖြစ်စေသော ထိခိုက်နစ်နာမှုက ၎င်းတို့ဖြစ်စေသော ခြိမ်းခြောက်မှုကဲ့သို့ပင် အစဉ်တည်ရှိနေသည်။ ၎င်းတို့သည် သင့်အပေါ် အတော်အတန် ဖော်ရွေပုံရလျှင်ပင်၊ သင့်ကို မမုန်းတီးဟု ထင်ရလျှင်ပင်၊ သင့်ကို မဝေဖန် သို့မဟုတ် မတိုက်ခိုက်ခဲ့လျှင်ပင်၊ ၎င်းတို့သည် နတ်ဆိုးများဖြစ်ပြီး လူသားများမဟုတ်သရွေ့ ၎င်းတို့၏ စကားလုံးများနှင့် လုပ်ဆောင်ချက်များ၊ စကားနှင့် အပြုအမူတို့သည် သင့်အပေါ် သက်ရောက်မှုရှိလိမ့်ဦးမည်ဖြစ်သည်။ ဤသက်ရောက်မှုသည် သင်သတိမပြုမိဘဲ ဖြစ်ပေါ်လာပြီး သမ္မာတရားကို နားမလည်သောသူများက ယင်းကို သိမြင်ခြင်း ရှိကောင်းမရှိနိုင်ပေ။ ထို့ကြောင့် ဧဝံဂေလိအဖွဲ့များအတွင်းတွင် နတ်ဆိုးများမှ ဝင်စားသောလူများကို တွေ့ရှိပါက၊ အထူးသဖြင့် မိမိတို့၏ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများကို လက်လွတ်စပယ် မွေ့လျော်သောသူများကို တွေ့ရှိပါက ၎င်းတို့ကို ချက်ချင်း ကိုင်တွယ်ပြီး ရှင်းလင်းပစ်ရမည်။ ဆိုးယုတ်သော လူများကို အလိုလိုက်ခြင်း သို့မဟုတ် သည်းခံခြင်း မပြုရပေ။ လူတို့သည် ဧဝံဂေလိအဖွဲ့များတွင် လူတစ်ဦးပိုရှိခြင်းက ဧဝံဂေလိ ကြိုးပမ်းမှုများအတွက် အင်အားတစ်စု တိုးလာခြင်းဖြစ်သည်ဟု အမြဲတွေးထင်ကြသည်။ လူတစ်ဦးပိုရှိခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း နတ်ဆိုးတစ်ကောင် တိုးလာခြင်းမှာမူ ဒုက္ခပြဿနာဖြစ်သည့် သဘောဖြစ်သည်။ အကယ်၍ ယင်းမှာ လူတစ်ဦးပိုရှိခြင်းဖြစ်ပါက ၎င်း၏အစွမ်းအစ အနည်းငယ် ညံ့ဖျင်းပြီး ရိုးရှင်းသော တာဝန်များကိုသာ လုပ်ဆောင်နိုင်လျှင်ပင် အနည်းဆုံးအနေဖြင့် ၎င်းသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခြင်း သို့မဟုတ် ပျက်စီးစေခြင်း ပြုမည်မဟုတ်ပေ။ သို့သော် နတ်ဆိုးတစ်ကောင်မှာမူ ကွဲပြားသည်။ ၎င်းတို့သည် အပြင်ပန်းအားဖြင့် ရှင်းလင်းစွာပြောဆိုနိုင်ပြီး အပြောကောင်းကာ ၎င်းတို့၏ အစွမ်းအစအရ၊ အလုပ်၏ နယ်ပယ်တစ်ခုခုအတွက် ကြီးကြပ်ရေးမှူးအဖြစ် အရည်အချင်း ပြည့်မီကောင်းပြည့်မီနိုင်ပေသည်။ သို့ရာတွင် ၎င်းတို့၏ သဘာဝအနှစ်သာရကို ထောက်ရှုလျှင် ၎င်းတို့အတွက် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် လုံးဝမဖြစ်နိုင်ပေ။ ၎င်းတို့သည် အလုပ်ကို လုံးဝ ကမောက်ကမသာ ဖြစ်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးများလုပ်ဆောင်သည့် မည်သည့်အရာမဆိုသည် အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော လူများ၏ ဒုစရိုက်အမှုများကို ချက်ချင်း ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်သင့်သည်၊ သို့မှသာ ဘုရားသခင် ရွေးချယ်ထားသော လူများက နတ်ဆိုးများ၏ ဒုစရိုက်အမှုများကို ခွဲခြားသိမြင်နိုင်မည်ဖြစ်သည်။ ၎င်းတို့က နတ်ဆိုးများဖြစ်ကြောင်းကို သင် မသိရှိ သို့မဟုတ် သဘောမပေါက်သေးသည့်အပြင်၊ သင်က ၎င်းတို့ကို ရံဖန်ရံခါ ကောက်ကျစ်ဆိုးယုတ်သော ကာမရာဂစိတ်ကို ထုတ်ဖော်ပြတတ်သည့် သာမန်လူများဖြစ်သည်ဟု ခံစားရသည်ဆိုလျှင်၊ ယင်းက ၎င်းတို့ကို နောက်ထပ် လေ့လာစောင့်ကြည့်ရန်အတွက် ဆက်နေခွင့်ပြုခြင်းကို လျော်ကန်သင့်မြတ်ရုံမျှ ဖြစ်စေနိုင်သည်။ အကယ်၍ ရံဖန်ရံခါ ကောက်ကျစ်ဆိုးယုတ်သော ကာမရာဂစိတ်ကို ၎င်းတို့ ဖော်ပြရုံမျှသာမဟုတ်ဘဲ ၎င်းတို့ သွားသည့်နေရာတိုင်းတွင် မိမိတို့၏ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများကို အလိုလိုက်ရန် ကြိုက်နှစ်သက်သော ဆန့်ကျင်ဘက်လိင်ဝင်များကို ရှာဖွေခြင်းကို ဦးစားပေးလုပ်ဆောင်သည့် ထိုကာမဂုဏ်၌ လျှပ်ပေါ်လော်လည်သော လူများကဲ့သို့၊ ၎င်းတို့ ဝါးမျိုနိုင်သော ဝိညာဉ်များကို ရှာဖွေသော နတ်ဆိုးများကဲ့သို့ပင် ထိုကာမရာဂစိတ်၌ မွေ့လျော်ခံစားကာ နေရာတိုင်းတွင် လူများကို အထင်အမြင်မှားစေခြင်း၊ ထောင်ချောက်ဆင်ခြင်းနှင့် ထိခိုက်စေခြင်းများ ပြုလုပ်ကြောင်း၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံသူတိုင်းသည် ၎င်းတို့၏ နှောင့်ယှက်မှုကို ခံရကြောင်း၊ ၎င်းတို့ သွားသည့်နောက် ထိုသို့သော ပြဿနာများကို အစဉ်မပြတ် ချန်ထားခဲ့ကြောင်းတို့ကို သင်တွေ့ရှိပါက၊ ဤသည်မှာ လူသားတစ်ဦး၏ အပြုအမူမဟုတ်ပေ။ နတ်ဆိုးတစ်ကောင်၏ အပြုအမူဖြစ်သည်မှာ သိသာထင်ရှားသည်။ နောင်ဖြစ်လာမည့် ပြဿနာအား တားဆီးရန် နတ်ဆိုးများကို အမြန်ဆုံး ရှင်းလင်းပစ်သင့်သည်။ လူတိုင်းသည် ရံဖန်ရံခါ အမှားများလုပ်မိနိုင်သည်၊ အထိန်းအကွပ်မဲ့နိုင်ပြီး လူ့သဘာဝ၏ နယ်နိမိတ်များအား ကျော်လွန်သည့်အရာများကိုပင် လုပ်ဆောင်မိနိုင်သည်။ သို့သော် ဤအပြုအမူက ဆက်တိုက်ဖြစ်နေခြင်းမရှိ၊ ၎င်းတို့သည် ယင်း၌ ပျော်မွေ့ခြင်းမရှိသည့်အပြင်၊ မှားယွင်းစွာလုပ်ဆောင်ပြီး ကျူးလွန်ပြီးနောက်တွင် ၎င်းတို့ နောင်တရကြသည်၊ အပြစ်ရှိသည်ဟု ခံစားရပြီး အရှက်တရားကို ခံစားကြရသည်။ ၎င်းတို့သည် အလားတူ အခြေအနေ သို့မဟုတ် ကိစ္စရပ်ကို ထပ်မံကြုံတွေ့သောအခါ စုံစမ်းသွေးဆောင်မှုကို ရှောင်ရှားနိုင်ပြီး နောက်ကြောင်းပြန်လှည့်ခြင်းနှင့် နောင်တရခြင်း လက္ခဏာများ ပြသနိုင်သည်။ သို့သော် နတ်ဆိုးများသည် မည်သည့်အခါမျှ နောက်ကြောင်းပြန်မလှည့်ပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နောင်တမရနိုင်သည့်အပြင် နောင်တမရကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို အတိုက်အခံလုပ်ရန်၊ ဘုရားသခင်ကို ပြစ်မှားစော်ကားရန်နှင့် ဘုရားသခင်ကို တိုက်ခိုက်ရန်ဖြစ်သည့် နတ်ဆိုးများ၏ သဘာဝ ပြောင်းလဲသည်ကို သင်မြင်ဖူးသလော။ မပြောင်းလဲဖူးပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်မျှကြာအောင် အချုပ်အခြာအာဏာ ကိုင်စွဲပြီး စီမံခန့်ခွဲခဲ့သည်ဖြစ်စေ၊ ဘုရားသခင်သည် သူ၏ အနန္တတန်ခိုး၊ ဉာဏ်ပညာနှင့် သြဇာအာဏာကို မည်မျှပင် ထုတ်ဖော်ပြီးသည်ဖြစ်စေ စာတန်သည် အာခံနေမြဲဖြစ်ပြီး ဘုရားသခင်ကို ဆက်လက်၍ ကန့်ကွက်ပြောဆိုနေသည်။ ၎င်းသည် အစဉ်အမြဲ ဘုရားသခင်၏ နှိမ်နင်းထားသောရန်သူဖြစ်ပြီးဖြစ်သော်လည်း ၎င်းသည် ဘုရားသခင်ကို ဆန့်ကျက်ကန့်ကွက်နေဆဲဖြစ်ပြီး၊ သူ့ကို တိုက်ခိုက်ကာ အတိုက်အခံလုပ်နေဆဲဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး၏ သဘာဝအနှစ်သာရသည် နတ်ဆိုးတစ်ကောင်၏ သဘာဝအနှစ်သာရဖြစ်ပါက ၎င်းတို့၏ သွေဖည်သော သဘာဝအနှစ်သာရသည် မည်သည့်အခါမျှ ပြောင်းလဲနိုင်ခြင်း မရှိပေ။ သွေဖည်ခြင်းသည် ၎င်းတို့၏ စစ်မှန်သော စရိုက်ဖြစ်သည်၊ သွေဖည်ခြင်းသည် ၎င်းတို့၏ နှစ်သက်မှုဖြစ်ပြီး ၎င်းတို့၏ သဘာဝလည်းဖြစ်သောကြောင့် ၎င်းတို့ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ သင်သည် ဤလူစားမျိုးကို မည်သည့်အသင်းတော်၌ တွေ့မြင်သည်ဖြစ်စေ သင်သည် ၎င်းတို့ကို အမြန်ဆုံး ဖော်ထုတ်၊ ပိုင်းခြားသိမြင်ပြီးနောက် ရှင်းလင်းပစ်သင့်သည်။ နတ်ဆိုးများကို နောင်တရရန် အခွင့်အရေးမပေးနှင့်။ ဤလုပ်နည်းကိုင်နည်းကို ကျင့်သုံးခြင်းသည် အသင်းတော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများကို အကျိုးပြုသည်။ သို့ဆိုလျှင် မည်သည့် လူစားမျိုးကို နောင်တရရန် အခွင့်အရေးပေးသင့်သနည်း။ ထိုသို့သော လူတစ်ဦးသည် နတ်ဆိုးမဟုတ်ဘဲ ပုံမှန်လူတစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့သည် ယာယီအားနည်းမှုကြောင့် သို့မဟုတ် အထူးအခြေအနေများအောက်တွင်သာ ပြစ်မှားသော်လည်း နောက်ပိုင်းတွင် ၎င်းတို့ နောင်တရကြောင်း၊ မိမိကိုယ်ကိုပင် မုန်းတီးပြီး မိမိ ကိုယ်တိုင်၏မျက်နှာကိုပင် ရိုက်ကြောင်းတို့ကို သေချာအောင်လုပ်ရမည်။ ၎င်းတို့၏ အသိစိတ်သည် အလုပ်လုပ်နိုင်ကြောင်းကို သင်သေချာရမည်။ ထိုသို့သော လူများကို နောင်တရရန် အခွင့်အရေးပေး၍ရသည်။ သို့သော် နတ်ဆိုးများသည် အခွင့်အရေးရသည့်အခါတိုင်း မိမိတို့၏ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများကို မွေ့လျော်ကြသည်။ ဤအရာကို ၎င်းတို့၏ သဘာဝက ဆုံးဖြတ်ခြင်းဖြစ်သည်။ ထို့ကြောင့် နတ်ဆိုးများကို နောင်တရရန် အခွင့်အရေးပေး၍မရသည့်အပြင်၊ ၎င်းတို့ကို အစောဆုံး ကိုင်တွယ်သင့်သည်၊ ရှင်းလင်းပစ်သင့်သည် သို့မဟုတ် နှင်ထုတ်သင့်ပေသည်။ ဤသည်မှာ ဤလူစားမျိုးကို ဆက်ဆံခြင်းအတွက် စည်းမျဉ်းဖြစ်ပြီး ၎င်းတို့ကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဤကိစ္စရပ်သည် ယခု ရှင်းလင်းပြီလော။ (ရှင်းလင်းပါပြီ။)

လူအချို့က အမှုအရာများကို ထိုးထွင်းမမြင်နိုင်ကြပေ။ နတ်ဆိုးများဖြစ်ကြသူများထဲမှ အချို့မှာ အတော်ပင် အသက်အရွယ်ကြီးရင့်နေကြသည့်တိုင် လိင်ပိုင်းဆိုင်ရာ တပ်မက်မှုကစားပွဲတွင် အစဉ်မပြတ် ပါဝင်နေကြသည်ကို ၎င်းတို့ တွေ့မြင်ကြသည်။ အခြားသူများက သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ ထိုသူတို့က အလေးဂရုမပြုကြပေ။ ၎င်းတို့ မှားယွင်းစွာလုပ်ဆောင်ခဲ့ကြောင်း မျက်နှာချင်းဆိုင် ဝန်ခံလျှင်ပင် နောက်ပိုင်းတွင် ၎င်းတို့ လုပ်ဆောင်လိုသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြဆဲဖြစ်သည်။ အမှုအရာများကို ထိုးထွင်းမမြင်နိုင်သော လူများသည် ခေါင်းခြောက်သွားရသည်၊ “နတ်ဆိုးများသည် အဘယ်သို့ဖြစ်ပြီး ထိုသို့သော အားကောင်းသည့် လိင်ပိုင်းဆိုင်ရာ တပ်မက်မှုများ ရှိနိုင်ကြသနည်း။ ထိုသို့သော အိုမင်းသည့် အရွယ်တွင် ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး အလွန်သွေဖည်နေနိုင်သေးသနည်း။ ဤလူသည် ဤပုံစံဖြင့် တစ်စိုက်မတ်မတ် ပြုမူလျက် ဤကိစ္စများတွင် အကျင့်ပါနေသော ပြစ်မှုကျူးလွန်သူဖြစ်သည်။ ၎င်းတို့သည် အဘယ်သို့ဖြစ်ပြီး ရှက်စိတ် မရှိနိုင်ရသနည်း။ ချုပ်တည်းမှုကို ၎င်းတို့ အဘယ်သို့ဖြစ်ပြီး မသိနိုင်ရသနည်း”ဟူ၍ ဖြစ်ည်။ ဤသည်မှာ အမှုအရာများကို ထိုးထွင်းမမြင်နိုင်ခြင်း မဟုတ်လော။ နှစ်ပေါင်းများစွာကြာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ၎င်းတို့သည် လူတို့၏ သဘာဝအနှစ်သာရကို အခြေခံ၍ လူတို့အား ဆက်ဆံရန် မသိကြသေးသည့်အပြင် နတ်ဆိုးများ၏ သဘာဝအနှစ်သာရက မည်သည့်အခါမျှ မပြောင်းလဲကြောင်းကိုလည်း နားမလည်ကြသေးပေ။ ဤသည်မှာ အလွန် စဉ်းစားဉာဏ်မဲ့ပြီး မသိနားမလည်ခြင်း ဖြစ်သည် မဟုတ်လော။ နတ်ဆိုးများသည် ထိုနည်းအတိုင်း မွေးဖွားလာကြခြင်းဖြစ်သည်၊ ကျားဖြစ်စေ မဖြစ်စေ၊ ၎င်းတို့၏ အသက်အရွယ် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ထိုသတ္တဝါမျိုး အတိအကျ ဖြစ်ကြသည်။ ၎င်းတို့၏ သဘာဝအနှစ်သာရသည် နတ်ဆိုးတစ်ကောင်၏ သဘာဝအနှစ်သာရ ဖြစ်သည်။ နတ်ဆိုးများ၏ ကာမရာဂစိတ်ကာမဂုဏ်လွန်ကဲခြင်း၊ ကာမရာဂနိုးဆွခြင်းနှင့် လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာမဲ့ခြင်း တို့၏ သရုပ်သကန်တစ်ခုမှာ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုကစားပွဲတွင် အထူးသဖြင့် ပါဝင်ခြင်းဖြစ်ပြီး ၎င်းတို့၏ ဇာတိပကတိ ပျက်စီးသည်အထိ ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ အသက်မည်မျှကြီးသည်အထိ အသက်ရှင်သည်ဖြစ်စေ ဤလူစားမျိုးအဖြစ် ၎င်းတို့ ဆက်ရှိနေပြီး ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ဘာမျှ မထူးဆန်းပေ။ ၎င်းတို့ မငယ်တော့သည်ကို သင် တွေ့မြင်ရပြီး အပြင်ပန်းအားဖြင့် ၎င်းတို့က လိင်ပိုင်းဆိုင်ရာ တပ်မက်မှုကစားပွဲတွင် ပါဝင်မည့်အမျိုးအစားနှင့် မတူသော်လည်း နတ်ဆိုးတစ်ကောင်က ၎င်းတို့အတွင်း၌ နေထိုင်သည်နှင့်အမျှ၊ ၎င်းတို့သည် မိမိတို့ ဇာတိပကတိ၏ အသက်အရွယ် သို့မဟုတ် လိင်အားဖြင့် သော်လည်းကောင်း၊ မိမိတို့၏ ပတ်ဝန်းကျင်အားဖြင့် သော်လည်းကောင်း ကန့်သတ်ခြင်းမခံရဘဲ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုကစားပွဲတွင် ပါဝင်ကြသည်။ ယင်းသည် ၎င်းတို့၏ မိသားစု သို့မဟုတ် မိဘများနှင့်လည်း သေချာပေါက်ဆက်စပ်ခြင်းမရှိပေ။ ယင်းသည် မျိုးရိုးဗီဇနှင့် မဆိုင်ဘဲ ၎င်းတို့၏ အတွင်းပိုင်း သဘာဝအနှစ်သာရနှင့်ဆိုင်သည့် ပြဿနာဖြစ်သည်။ ၎င်းတို့တွင် သွေဖည်သော သဘာဝအနှစ်သာရရှိပြီး ယင်းက ၎င်းတို့၏ ဂုဏ်အင်္ဂါသည် နတ်ဆိုးတစ်ကောင်၏ ဂုဏ်အင်္ဂါဖြစ်ကြောင်း ဆုံးဖြတ်ပေးသည်။ ၎င်းတို့၏ သဘာဝအနှစ်သာရသည် ဖော်ထုတ်ခြင်းခံရပြီးသားဖြစ်ကာ ၎င်းတို့၏ သဘာဝအနှစ်သာရက ၎င်းတို့၏ ပင်ကိုအရည်အချင်းကိုဆုံးဖြတ်ပေးသောကြောင့် ဤလူစားမျိုးများအတွက် ၎င်းတို့အနေဖြင့် ယခင်က မည်သည့်အလုပ်အကိုင်ကို လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ ယခု ၎င်းတို့ အသက်မည်မျှကြီးသည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ စကားပြောစွမ်းရည်များ သို့မဟုတ် ၎င်းတို့၏ မွေးရာပါ အခြေအနေများက မည်သို့ပင်ဖြစ်စေကာမူ၊ ဤအရာများထဲမှ တစ်ခုမျှသည် ၎င်းတို့၏ ပင်ကိုအရည်အချင်းကို သက်ရောက်မှုမရှိပေ။ အကယ်၍ သင်သည် ၎င်းတို့၏ အပြင်ပန်း အသွင်အပြင်ကိုသာ ကြည့်မည်ဆိုလျှင်၊ “ဤလူသည် အလွန် ယဉ်ကျေးပြီး ဗဟုသုတကြွယ်ဝပုံရသည်၊ ပြိးလျှင် အတော်လေး သပ်ရပ်ကျနစွာ စကားပြောသည်။ ဧကန်မုချ သူတို့သည် ရည်မွန်မှု၊ ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်းနှင့် အရှက်တရားတို့ကို နားလည်သူတစ်ဦး ဖြစ်သည်။ သူတို့သည် အဘယ်သို့ဖြစ်သည့် ထိုသို့သော ကောက်ကျစ်ဆိုးယုတ်သည့် အရာများကို လုပ်ဆောင်နိုင်မည်နည်း။ သူတို့သည် လိင်ပိုင်းဆိုင်ရာ တပ်မက်မှုနှင့်ဆိုင်သည့် ကစားပွဲတွင် ပါဝင်မည့်အမျိုးအစားနှင့် မတူပါတကား”ဟု ဆိုလျက်၊ အလွယ်တကူ အထင်အမြင်မှားစေခြင်း ခံရလိမ့်မည်။ သင်သည် ဤကိစ္စကို ထိုးထွင်းမမြင်နိုင်ပေ။ သင်သည် ယင်းကို အနည်းငယ် စိတ်ကူး၍ပင်မရနိုင်သောအရာအဖြစ် မြင်ပြီး၊ အတော်အတန် ယုံရခက်နေသည်။ ဤရှုထောင့်ကို သင်ကိုင်စွဲထားခြင်းသည် အလွန် စဉ်းစားဉာဏ်ကင်းမဲ့လှသည်တကား။ နတ်ဆိုးတစ်ကောင်သည် ၎င်းဆင်မြန်းသည့် ဇာတိပကတိက မည်သည့်အရာပင်ဖြစ်စေ၊ နတ်ဆိုးဆန်သောအရာများကို လုပ်ဆောင်နိုင်သည်။ ဤလူသည် အပြင်ပန်းအားဖြင့် မည်သို့မည်ပုံပေါက်သည်ဖြစ်စေ၊ အသက်မည်မျှကြီးစေကာမူ၊ သို့မဟုတ် ၎င်းတို့၏ ပင်ကိုစရိုက်က မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့သည် မိမိတို့၏ သဘာဝနှင့် ကိုက်ညီသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လိမ့်မည်။ ယင်းသည် ၎င်းတို့၏ အသွင်အပြင်၊ အသက်အရွယ် သို့မဟုတ် ပညာရေးနှင့် မည်သို့မျှ မသက်ဆိုင်သည့်အပြင်၊ ၎င်းတို့၏ လူမျိုးနှင့် သက်ဆိုင်ရန် မဆိုထားနှင့်၊ ၎င်းတို့၏ ဘာသာရေးနောက်ခံနှင့်လည်း မသက်ဆိုင်ပေ။ ပြီးလျှင် ၎င်းတို့၏ မိသားစုပတ်ဝန်းကျင်နှင့်လည်း မည်သို့မျှ မသက်ဆိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာများကို ၎င်းတို့ လုပ်ဆောင်နိုင်ခြင်းနှင့် ဤသရုပ်သကန်များ ရှိခြင်းသည် ၎င်းတို့၏ အနှစ်သာရနှင့် သဘာဝက ဆုံးဖြတ်ခြင်းဖြစ်သည်။ ထို့ကြောင့် တစ်ချက်အနေဖြင့် ယင်းကို ထူးဆန်းသည် သို့မဟုတ် စိတ်ကူး၍ပင်မရနိုင်ဟု မမြင်နှင့်။ ပြီးလျှင် နောက်တစ်ချက်အနေဖြင့် စဉ်းစားဉာဏ်မရှိသောအရာများကို မလုပ်နှင့်။ ၎င်းတို့ကို ပြောင်းလဲရန်အလို့ငှ ကယ်တင်လိုလျက်၊ ၎င်းတို့ ပုံမှန်လူ့သဘာဝ၏ လမ်းကြောင်းပေါ်သို့ ပြန်လာနိုင်ကြရန်အလို့ငှာ သမ္မာတရားကို ၎င်းတို့ ချစ်မြတ်နိုးလာစေရန် ကြိုးစားလျက် ၎င်းတို့ကို အမြဲတမ်း သည်းခံလိုခြင်း၊ ၎င်းတို့အပေါ် စိတ်ရှည်လိုခြင်းနှင့် ၎င်းတို့ကို နောင်တရရန် အခွင့်အရေးများ ပေးလိုခြင်းတို့ မရှိနှင့်။ အကယ်၍ သင်သည် နတ်ဆိုးများဖြစ်သော ဤလူတို့ကို ကူညီပြီး ကယ်တင်ရန် ရည်ရွယ်နေဆဲဖြစ်ပါက သင်သည် အလွန် မိုက်မဲလှပေသည်။ သင်သည် ဤလူစားမျိုး၏ အနှစ်သာရကို နားလည်ခြင်းမရှိ၊ ၎င်းတို့ကို ဆက်ဆံခြင်းအတွက် စည်းမျဉ်းများကို နားလည်ခြင်းမရှိ၊ သမ္မာတရားကို နားလည်ခြင်း မရှိသည့်အပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်း မရှိပေ။ အကယ်၍ ၎င်းတို့တွင် သွေဖည်သော သဘာဝအနှစ်သာရရှိသည်ကို သင် တွေ့မြင်ပြီး ၎င်းတို့ နောင်တရစေရန် ကူညီဖို့ ရည်ရွယ်နေဆဲဖြစ်ပါက ယင်းက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မယုံကြည်ကြောင်း ပြသပေသည်။ သင်သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ရှုမြင်ခြင်း သို့မဟုတ် အကဲဖြတ်ခြင်းမပြုပေ။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် စစ်မှန်သော ကျိုးနွံနာခံခြင်း သို့မဟုတ် လက်ခံခြင်း မရှိပေ။ သင်သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင်မြင်ရသည့်အရာနှင့် အပြင်ပန်းဖြစ်စဉ်များကို အခြေခံ၍သာ ရှုမြင်ပြီး အကဲဖြတ်လိုသည့်အပြင်၊ သင်၏ကိုယ်ပိုင် စိတ်အားထက်သန်မှုနှင့် ကောင်းသောရည်ရွယ်ချက်များကို အခြေခံ၍သာ ပြုမူဆောင်ရွက်လိုသည်။ ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးနှင့် ရှုထောင့်ဖြစ်ပြီး ပုန်ကန်ခြင်း၏ သရုပ်သကန်တစ်ခုလည်း ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုကစားပွဲတွင် ပါဝင်သော ဤလူစားမျိုးကို ကိုင်တွယ်ခြင်းအတွက် ဖြေရှင်းနည်းမှာ အလွန်ရိုးရှင်းသည်။ ၎င်းတို့ကို ၎င်းတို့၏ အနှစ်သာရအတိုင်း ဆက်ဆံလော့။ ၎င်းတို့ ဤလူစားမျိုးဖြစ်ကြောင်း သင်သေချာသရွေ့ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်းဖြင့် ကိုင်တွယ်ဖြေရှင်းလော့။ ၎င်းတို့ကို နောင်တရရန် နောက်ထပ်အခွင့်အရေးပေးဖို့ မလိုအပ်ပေ။ အခြားသူများ နားမလည်လျှင်ပင် ဘောင်ခတ်ခြင်းမခံနှင့်။ နတ်ဆိုးများ၏ အနှစ်သာရသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ငယ်ရွယ်စဉ်တွင် ဤသို့သော သတ္တဝါမျိုးဖြစ်သည်၊ ၎င်းတို့အနေဖြင့် သက်လတ်ပိုင်းတွင် ဤလူစားမျိုးအဖြစ် ဆက်ရှိနေပြီး အိုမင်းသောအရွယ်တွင်၊ ၎င်းတို့၏ ကြီးရင့်သော အရွယ်ရှိနေလင့်ကစား၊ ၎င်းတို့သည် ဤသို့သော သတ္တဝါမျိုးအဖြစ် ရှိနေဆဲဖြစ်သည်။ ၎င်းတို့ ပြောင်းလဲမည်မဟုတ်ပေ။ ငါ့ကို ပြောလော့၊ မိန်းကလေးငယ်များကို သွေးဆောင်ခေါ်သွားသော အသက် ခုနစ်ဆယ် သို့မဟုတ် ရှစ်ဆယ်အရွယ် အမျိုးသားကြီးများ သို့မဟုတ် လူငယ်လေးများကို ထွက်ရှာသော အသက် ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်အရွယ် အမျိုးသမီးကြီးများ ရှိကြသလော။ (ရှိပါသည်။) လူ့အဖွဲ့အစည်းတွင် ထိုသို့သော ထူးဆန်းပြီး သွေဖည်သည့်အရာများစွာ ရှိသည်။ ၎င်းတို့သည် အသက်ကြီးလာမှ လိင်ပိုင်းဆိုင်ရာ တပ်မက်မှုကစားပွဲတွင် ပါဝင်လာခြင်းဖြစ်သလော။ (မဟုတ်ပါ။) ၎င်းတို့သည် ငယ်ရွယ်စဉ်ကတည်းက ဤသို့ဖြစ်သည်၊ တစ်သက်လုံး ဤသို့သော သတ္တဝါမျိုး ဖြစ်ကြပြီးဖြစ်သည်။ ဤအရာကို ဖော်ပြရန် ဘာသာတရားမရှိသူများက မည်သည့်အသုံးအနှုန်းများကို သုံးကြသနည်း။ ဤသည်မှာ ၎င်းတို့က “နွားအိုမြက်နုကြိုက်ခြင်း”ဟု ခေါ်သည့်အရာဖြစ်သည်။ ဤအရာကို တဏှာရာဂပြည့်လျှမ်းသောဟု ၎င်းတို့က ခေါ်ကြသည်။ ၎င်းတို့၏ စကားအသုံးအနှုန်း မည်မျှ နုရွသည်ကို ကြည့်လော့။ ၎င်းတို့သည် ဤအရာအမျိုးအစားနှင့် ဤလူစားမျိုးကို ဖော်ပြရန် “တဏှာရာဂပြည့်လျှမ်းသော”၊ “လွတ်လပ်သောစိတ်ဓာတ်ရှိသော”၊ “မည်သို့နေထိုင်ရမည်ကို သိသော” သို့မဟုတ် “လောကီထုံးတမ်းများကို ဖောက်ဖျက်နိုင်သော” ဟူသကဲ့သို့သော အသုံးအနှုန်းများ သို့မဟုတ် ဆိုစကားများကို သုံးကြသည်။ ထိုသို့သော ကိစ္စရပ်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် ဘာသာတရားမရှိသူများက အသုံးပြုသည့် အသုံးအနှုန်းများနှင့် ဆိုစကားများသည် စက်ဆုပ်ဖွယ်ကောင်းပေသည်။ ၎င်းတို့သည် ဤကိစ္စရပ်များကို အရင်းအမြစ်မှ၊ အနှစ်သာရမှ စရိုက်လက္ခဏာသတ်မှတ်ရန် မှန်ကန်သော ဝေါဟာရကို မသုံးနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်တွင် ဘာသာတရားမရှိသော လောကနှင့် ဤလူသားမျိုးနွယ်ကိုယ်၌က သွေဖည်နေပြီး အခြားတစ်ဖက်တွင် ထိုသို့သော ပြဿနာများ၏ အရင်းအမြစ်ကို မည်သူမျှ ထိုးထွင်းမမြင်နိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤကိစ္စရပ်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ၎င်းတို့၏ ရှုထောင့်များသည် အလွန်ပေါ့တန်ပြီး အလွန် အဓိပ္ပာယ်မဲ့ကာ ကောက်ကျစ်ဆိုးယုတ်သည်။ ထိုအရာများသည် ဤကိစ္စရပ်များ၏ အနှစ်သာရနှင့် ကင်းကွာနေသည်။

နတ်ဆိုးများမှ လူဝင်စားသောလူများ၌ရှိသည့် သွေဖည်ခြင်းအတွင်းက ကာမရာဂစိတ်ပြင်းပြခြင်း၊ လိင်ကိစ္စတွင်ကိုယ်ကျင့်သိက္ခာမဲ့ခြင်းနှင့် ကာမရာဂနိုးဆွခြင်းတို့၏ သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက်၊ သွေဖည်ခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခုဖြစ်သည့် ထူးဆန်းခြင်းအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ “ထူးဆန်းသော” ဟူသည့် စကားလုံးသည် များစွာသော အကြောင်းအရာကို ခြုံငုံသည်၊ ယင်းမှာ ထူးဆန်းခြင်း၏ တိကျသော သရုပ်သကန်များနှင့် အချို့သောဆက်စပ်မှုများ သေချာပေါက်ရှိသည်။ ထူးဆန်းခြင်းအပြင်၊ သဘာဝလွန်ဖြစ်ခြင်း၊ အစွန်းရောက်ခြင်းနှင့် မူမမှန်ခြင်းတို့ကဲ့သို့သော သရုပ်သကန်များလည်း ရှိသေးသည်။ ဤအရာများအားလုံးသည် စာတန်များနှင့် နတ်ဆိုးများဖြစ်ကြသူတို့၏ သွေဖည်သော သရုပ်သကန်များ ဖြစ်ကြသည်။ ထူးဆန်းခြင်း၊ သဘာဝလွန်ဖြစ်ခြင်း၊ အစွန်းရောက်ခြင်းနှင့် ပုံမှန်မဟုတ်ခြင်းတို့ဖြစ်သည့် ဤသွင်ပြင်လက္ခဏာများဖြစ်သည် လူတို့ နေ့စဉ်ဘဝတွင် သို့မဟုတ် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရာတွင် အခါအားလျော်စွာ တွေ့မြင်ရသည့်အရာများ ဖြစ်ကြသည်။ အပြင်းထန်ဆုံးသော အခြေအနေများမှ စတင်ကြစို့။ ထို့နောက် အသင့်အတင့်ဖြစ်သော အခြေအနေများကို ဆွေးနွေးကြမည်။ မည်သို့ပင်ဖြစ်စေ၊ ထိုအရာက မည်သို့ ထင်ရှားသည်ဖြစ်စေ၊ သွေဖည်ခြင်း၏ သဘာဝအနှစ်သာရ ပါဝင်သည်ချည်းသာ ဖြစ်သည်။ အပြင်းထန်ဆုံးသော အခြေအနေမှာ ဘာသာစကားအမျိုးမျိုးဖြင့် မကြာခဏ ပြောဆိုခြင်းဖြစ်သည်။ ဤသည်မှာ အထူးသဖြင့် စုဝေးပွဲများတွင် ဆုတောင်းသည့် အတောအတွင်း၌ ဖြစ်ပြီး၊ ၎င်းတို့သည် မည်သည့်လူမျိုး၏ ဘာသာစကားမျှ မဟုတ်သော၊ မည်သူမျှ နားမလည်နိုင်သော ထူးဆန်းသည့် ဘာသာစကားအချို့ကို ပြောဆိုကောင်း ပြောဆိုပေမည်။ ဤသို့ဖြစ်ပျက်သောအခါ၊ ယင်းမှာ ထိုလူကိုယ်တိုင်က ပြောဆိုနေခြင်း မဟုတ်တော့ဘဲ၊ အခြားသော ဝိညာဉ်တစ်ပါး၏ လွှမ်းမိုးခြင်းကို ခံနေရခြင်းသာ ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်ပင်လျှင် မိမိတို့ ဘာပြောနေသည်ကို မသိကြပေ။ ၎င်းတို့သည် ယင်းကို မသင်ယူခဲ့ကြသည့်အပြင်၊ မည်သူကမျှလည်း ၎င်းတို့ကို မသင်ပေးခဲ့သည့်တိုင်၊ အချို့သော အခြေအနေတစ်ခုတွင် ၎င်းတို့က ထိုအရာကို ထုတ်ပြောလိုက်ခြင်းသာ ဖြစ်သည်။ တစ်ခါတစ်ရံ ၎င်းတို့သည် ဘာသာစကားအမျိုးမျိုးကို မိမိတို့ဆန္ဒအလျောက် ပြောဆိုကြပြီး၊ တစ်ခါတစ်ရံတွင်မူ မိမိတို့ဆန္ဒမပါဘဲ ပြောဆိုကြသည်။ တစ်ခါတစ်ရံတွင် သတိရှိစွာ ပြောဆိုကြပြီး၊ တစ်ခါတစ်ရံတွင်မူ ထိုအရာကို သတိမထားမိဘဲ ပြောဆိုကြသည်။ ဤသည်မှာ အလွန်ထူးဆန်းသည် မဟုတ်လော။ ၎င်းတို့ စကားပြောဆိုပြီးသွားသောအခါ၊ ၎င်းတို့ကို နောက်တစ်ကြိမ် ထပ်ပြောခိုင်းပါက၊ ၎င်းတို့ မပြောနိုင်တော့ပေ။ ၎င်းတို့ ပြောခဲ့သည့်အရာကို သင် မေးပါကလည်း ၎င်းတို့ မသိကြပေ။ ဤသည်မှာ အခြေအနေတစ်မျိုး ဖြစ်သည်။ ပုံမှန်လူများ မကြားနိုင်သော အသံများကို မကြာခဏ ကြားရသည့် လူများလည်း ရှိသေးသည်။ ဥပမာအားဖြင့်၊ ၎င်းတို့သည် အနီးအနားမှ တစ်စုံတစ်ယောက်က ၎င်းတို့အား စကားပြောနေသည်ကို ကြားကောင်းကြားရနိုင်သော်လည်း၊ အခြားသူများကမူ မည်သူ့ကိုမျှ မမြင်ရ၊ မကြားရနိုင်ပေ။ အမှန်တကယ်တွင်၊ ၎င်းတို့သည် မသိသော သတ္တဝါများနှင့် စကားပြောဆိုနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အလွန်စိတ်အားထက်သန်စွာ ပြောဆိုနေကြပြီး၊ သင်သည် ၎င်းတို့ကို ဖြတ်ပြော၍မရသည့်အပြင်၊ စကားတစ်ခွန် ဝင်ပြော၍လည်း မရနိုင်ပေ။ ထို့အပြင်၊ ၎င်းတို့၏ စကားအကြောင်းအရာသည် တောင်စဉ်ရေမရ ဖြစ်သည်။ စကားလုံးများသည် အကြောင်းအရာတစ်ခုနှင့်တစ်ခုမဆက်စပ်သည့်အပြင်၊ အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ထွက်ပေါ်လာတတ်သည်။ ဘေးမှကြည့်ရှုသူတစ်ဦးအနေဖြင့် ဤအရာကို ကြည့်ရခြင်းက သင့်ကို ကြောက်ရွံ့စေပြီး ကျောချမ်းစေသည်။ ထိုသို့သော သရုပ်သကန်များသည် အလွန်ထူးဆန်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤလူစားမျိုးသည် ထူးဆန်းသောအရာများ၊ ရုပ်ဝတ္ထုလောကတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော အရာများကိုလည်း မကြာခဏ တွေ့မြင်တတ်သည်။ ဥပမာအားဖြင့်၊ အချို့သူများသည် သေဆုံးသွားသော ဆွေမျိုးများက ၎င်းတို့အား လက်ဝှေ့ယမ်းပြနေခြင်း၊ ပြုံးပြနေခြင်း သို့မဟုတ် ခေါင်းညိတ်ပြနေခြင်း၊ သို့မဟုတ် နှုတ်ဆက်နေခြင်းကိုပင် တွေ့မြင်ကြသည်။ ဤသည်ကို တွေ့မြင်ပြီးနောက် ၎င်းတို့သည် အထူးပင် စိတ်လှုပ်ရှားလာကြသည်။ အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်များ ချဉ်းကပ်လာပြီး ၎င်းတို့အား တုပ်နှောင်ကြသည်ကို မကြာခဏ တွေ့မြင်ရသည့် လူအချို့ပင် ရှိသေးသည်။ ၎င်းတို့သည် ရုန်းကန်ကြပြီး “ငါ့ကို လွှတ်။ ငါ မသွားပါ။ ငါမည်သည့်နေရာကိုမျှ သွားမည်မဟုတ်ပါ”ဟု အော်ဟစ်ကြသည်။ အနီးအနားမှ လူများက ဘာဖြစ်သနည်းဟု မေးကြသော်လည်း၊ မည်သူမျှ ၎င်းတို့အား စကားပြောနေသည်ကို ၎င်းတို့ မခံစားရဘဲ၊ “ဘုရားသခင်၊ ကယ်တော်မူပါ...”ဟု အော်ဟစ်ရင်း ဆက်လက်ရုန်းကန်နေကြသည်။ အနက်ရောင်ဝတ် ပုဂ္ဂိုလ်များ ကြောက်လန့်၍ ထွက်ပြေးသွားကြပြီး၊ ထို့နောက်တွင် ၎င်းတို့ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။ သတိပြန်ဝင်လာသောအခါ၊ ၎င်းတို့သည် အနီးအနားမှ လူများအား အနက်ရောင်ဝတ် ပုဂ္ဂိုလ်များကို တွေ့ခဲ့ကြသလောဟု မေးကြသည်။ ပုံမှန်လူများသည် ထိုသူတို့ကို မမြင်နိုင်ကြပေ။ အကယ်၍ မြင်နိုင်ခဲ့မည်ဆိုပါက ဆိုးရွားသော ပြဿနာတစ်ခု ဖြစ်ပေမည်။ သို့သော် ဤပုဂ္ဂိုလ်များကမူ ထိုသူတို့ကို မြင်နိုင်ပြီး ခံစားနိုင်သည်။ နောက်ထပ် အခြေအနေတစ်မျိုးလည်း ရှိသေးသည်။ အချို့လူများသည် နောက်ပြောင်ခြင်း သို့မဟုတ် မြူးထူးသောင်းကျန်းခြင်းကို မနှစ်သက်ကြဘဲ ပုံမှန်အားဖြင့် နုတ်ဆိတ်ကြသော်လည်း၊ တစ်နည်းနည်းဖြင့် ၎င်းတို့သည် ရုတ်တရက် မိမိတို့နေရာ၌ပင် ငိုရင်း၊ ရယ်ရင်း၊ ရုတ်ရုတ်သဲသဲဖြစ်စေကာ ချွေးများ အလွန်အကျွံထွက်ရင်း စတင်ပတ်ချာလည်လှည့်ကြသည်။ ရုတ်တရက် မြွေကဲ့သို့ မြေပေါ်တွင် တွားသွားသည့်သူအချို့ သို့မဟုတ် ဘဲကဲ့သို့ လမ်းလျှောက်သည့်သူအချို့ပင် ရှိသေးသည်။ ရုတ်တရက်၊ အသက်ရှင်နေသော လူတစ်ဦးသည် တိရစ္ဆာန်တစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့၏ အမူအရာနှင့် လုပ်ဆောင်ချက်များသည် လူသားတစ်ဦးနှင့် လုံးဝ ကွဲပြားလျက်၊ တိရစ္ဆာန်တစ်ကောင်နှင့် တစ်ထပ်တည်းတူလာသည်။ ၎င်းတို့သည် ဤသရုပ်သကန်များကို အခါအားလျော်စွာ ပြသကြသည်။ ဤသည်မှာ ထူးဆန်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤထူးဆန်းသော သရုပ်သကန်များသည် သဘာဝလွန်ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသရုပ်သကန်များသည် အလွန် သဘာဝလွန်ဖြစ်လှသည်။ သဘာဝလွန်ဆိုသည်မှာ မူမမှန်ခြင်း၊ သဘာဝကျသော သို့မဟုတ် ပုံမှန်ဖြစ်သော အခြေအနေများကို ကျော်လွန်ခြင်းအား ဆိုလိုသည်။ ဤသည်ကို သဘာဝလွန်ဟု ခေါ်သည်။ ယင်းသည် သာမန်ထက် ထူးကဲသည်၊ သာမန်လူများ၏ ပုံမှန်သရုပ်သကန်များနှင့် ကွဲပြားသည်၊ ယင်းသည် မူမမှန်သောအရာဖြစ်သည်။ ဤသည်ကို ထူးဆန်းခြင်း၊ သဘာဝလွန်ဖြစ်ခြင်း၊ မူမမှန်ခြင်းဟု ခေါ်သည်။ ဤသရုပ်သကန်များသည် အစွန်းရောက်ခြင်းနှင့် မည်သည့် ပတ်သက်မှုမျှမရှိသော်လည်း၊ ထူးဆန်းခြင်း၊ သဘာဝလွန်ဖြစ်ခြင်းနှင့် မူမမှန်ခြင်းတို့၏ သဘောသဘာဝမှ အကဲဖြတ်ရလျှင်၊ ဤသရုပ်သကန်များတွင် သွေဖည်သော အနှစ်သာရတစ်ခုရှိပြီး ဇာတိပကတိနှင့်ဆိုင်သော ပုံမှန် ဖောက်ပြန်ပျက်စီးသည့် လူသားများ၏ သရုပ်သကန်များနှင့် မကိုက်ညီသည်မှာ အမှန်ပင်ဖြစ်သည်။ ဇာတိပကတိနှင့်ဆိုင်သော ပုံမှန်လူသားများသည် လူ့ပင်ကိုအသိစိတ်၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ပုံမှန်စဉ်းစားတွေးခေါ်မှု၊ ဆင်ခြင်တုံတရားနှင့် အမျိုးမျိုးသော ပုံမှန်လူ့စွမ်းရည်များ၏ ကန့်သတ်ခြင်း၊ ချုပ်ထိန်းခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ခံကြရသည်။ သို့သော် နတ်ဆိုးများဖြစ်ကြသူတို့တွင်ရှိသည့် ဤထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော၊ မူမမှန်သော သရုပ်သကန်များသည် ပုံမှန်လူ့ပင်ကိုအသိစိတ်၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ စွမ်းရည်များ၊ ပုံမှန်စဉ်းစားတွေးခေါ်မှုနှင့် ပုံမှန်ဆင်ခြင်တုံတရားတို့၏ နယ်ပယ်ကို ကျော်လွန်သွားပြီးဖြစ်သည်။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ ထိန်းချုပ်မှုကို မခံရတော့ပေ။ ၎င်းတို့ ထိန်းချုပ်ခြင်း မခံရတော့ပေ။ ထိန်းချုပ်မခံရခြင်းဆိုသည်မှာ ထူးထူးကဲကဲ ပြုမူခြင်းကို ဆိုလိုသည်။ ပုံမှန်လူများ မပြသင့်သည့် အချို့သော တစ်မူထူးခြားသည့် သရုပ်သကန်များနှင့် လက်တွေ့လုပ်ဆောင်မှုများကို ၎င်းတို့၌ တွေ့မြင်ရသည်။ ဤသည်မှာ ထိုသို့သောလူများသည် ပုံမှန်ဆင်ခြင်တုံတရား၊ ပုံမှန်စဉ်းစားတွေးခေါ်မှု သို့မဟုတ် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်တို့၏ ထိန်းချုပ်မှုကို မခံရဘဲ၊ ပြင်ပမှ တစ်စုံတစ်ခု သို့မဟုတ် ဝိညာဉ်ဆိုးတစ်ခုခု၏ ထိန်းချုပ်မှုနှင့် တွန်းအားပေးမှုကို ခံနေရခြင်းဖြစ်ပြီး၊ ၎င်းတို့အား ပုံမှန်လူ့သဘာဝကို ကျော်လွန်သောအရာများ၊ အခြားသူများအတွက် နားမလည်နိုင်သော၊ ဦးနှောက်ခြောက်စေပြီး ကျောချမ်းဖွယ်ကောင်းသော အရာများကိုပင် ပြုလုပ်စေသည်ကို ဆိုလိုသည်။ ဤသည်ကို ထူးဆန်းခြင်း၊ သဘာဝလွန်ဖြစ်ခြင်း၊ မူမမှန်ခြင်းဟု ခေါ်သည်။ ငါ့ကို ပြောလော့၊ ဤသရုပ်သကန်များသည် သွေဖည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤထူးဆန်းသော သရုပ်သကန်များကို သွေဖည်သောအရာဟု သေချာပေါက် ခေါ်ဆိုနိုင်သည်။ နတ်ဆိုးများထံမှ ဝင်စားသောသူများတွင် ထူးဆန်းသော သရုပ်သကန်များစွာ ရှိသည်။ ဥပမာအားဖြင့်၊ အချို့လူများသည် တစ်စုံတစ်ယောက်က ၎င်းတို့အား ရှင်းပြ၍မရနိုင်အောင် စကားပြောနေသည်ကို မကြာခဏ ကြားရသော်လည်း၊ အခြားသူများကမူ ယင်းကို မကြားနိုင်ပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်ထဲတွင် အသံတစ်သံက ဤအရာ သို့မဟုတ် ထိုအရာကို လုပ်ဆောင်ရန် ညွှန်ကြားလျက် ၎င်းတို့နှင့် စကားပြောနေသည်ကို မကြာခဏ ကြားရတတ်သည်။ အချို့သူများသည် ပုံမှန်လူများ မမြင်နိုင် သို့မဟုတ် မခံစားနိုင်သော အရာများကို အမြဲတမ်း မြင်နိုင်သည်။ ၎င်းတို့က၊ “စစ်တပ်တစ်တပ်က အမြောက်များ၊ တင့်ကားတွေနှင့် လမ်းမပေါ် ဖြတ်သွားသည်ကို ကျွန်ုပ်တွေ့လိုက်သည်၊ အရေအတွက်က တစ်ထောင်နှစ်ထောင်မရှိရင်လျှင်ပင် သုံးရာငါးရာတော့ ရှိသည်။ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်” ဟု ပြောကြသည်။ အခြားသူများက ဤအရာများကို မမြင်နိုင်သော်လည်း၊ ၎င်းတို့ကမူ မြင်နိုင်သည်။ ၎င်းတို့မြင်သောအရာသည် အဖြစ်မှန် သို့မဟုတ် ဝိညာဉ်ရေးရာနယ်ပယ်မှ ဖြစ်စဉ်တစ်ခု ဟုတ်မဟုတ်ဟူသည်ကို ငါတို့ ပူပန်ခြင်းမရှိပေ။ ၎င်းတို့က ဤအရာများကို မြင်နိုင်သည်ဟူသော အချက်ကိုယ်၌က အလွန်ပင် တစ်မူထူးခြားသည်။ အဘယ်ကြောင့် ငါက တစ်မူထူးခြားသည်ဟု ပြောသနည်း။ ဤသည်မှာ သွေဖည်ခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည်ဟု ငါ အဘယ်ကြောင့် ပြောသနည်း။ အကြောင်းမှာ ဘုရားသခင် ဖန်ဆင်းထားသော ပုံမှန်လူတစ်ဦး၏ မည်သည့်အာရုံခံအင်္ဂါမဆိုတွင် ပတ်ဝန်းကျင် အခြေအနေဖြစ်စေ၊ ၎င်းတို့ ပတ်လည်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများဖြစ်စေ ၎င်းသိမြင်နိုင်သည့်အရာအတွက် အချို့သော ကန့်သတ်ချက်များ ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့အားလုံးကို ဇာတိပကတိ၏ ပင်ကိုအသိစိတ်ဖြင့် စွမ်းဆောင်ရရှိနိုင်သော အတိုင်းအတာအတွင်း၌သာ သိမြင်ကြရသည်။ မြင်နိုင်၊ ကြားနိုင်၊ အနံ့ခံနိုင် သို့မဟုတ် ဇာတိပကတိဖြင့် ခံစားနိုင်သည့်အရာဖြစ်စေ၊ ကန့်သတ်ချက်များ ရှိသည်။ ဤကန့်သတ်ချက်များက အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းတို့သည် ရုပ်လောက၏ နယ်ပယ်အတွင်း၌သာ ကန့်သတ်ခံရခြင်းကို ရည်ညွှန်းသည်။ သို့ဆိုလျှင်၊ အဘယ်ကြောင့် ဘုရားသခင်သည် လူတို့အား ထိုသို့သော အာရုံခံအင်္ဂါများကို ပေးခဲ့သနည်း။ ယင်းမှာ ဝိညာဉ်ရေးရာနယ်ပယ်မှ အပြုသဘောဆောင်သော သို့မဟုတ် အပျက်သဘောဆောင်သော အရာဖြစ်စေ၊ ရုပ်လောကနှင့်မသက်ဆိုင်သော မည်သည့်အရာမဆို လူတို့၏ဘဝများကို မနှောင့်ယှက်ရန်၊ လူတို့၏ မည်သည့်အာရုံခံအင်္ဂါကိုမျှ မနှောင့်ယှက်ရန်နှင့် ရုပ်လောကရှိ လူတို့၏ ဘဝနေထိုင်မှုပုံစံနှင့် စည်းမျဉ်းများကို မထိခိုက်စေရန် ဖြစ်သည်။ ထို့ကြောင့်၊ လူသားများသည် ဤရုပ်လောကတွင် အသက်ရှင်ကြပြီး၊ ရုပ်လောကပြင်ပတွင် အခြားမည်သည့်အရာများ တည်ရှိနေလင့်ကစား၊ ဘုရားသခင်သည် သင်၏ ဇာတိပကတိဆိုင်ရာ အာရုံခံအင်္ဂါများ၏ အတိုင်းအတာကိုကျော်လွန်၍ ဤအရာများကို မြင်ခွင့်ပေးလိမ့်မည် မဟုတ်၊ ကြားခွင့်သို့မဟုတ် ခံစားခွင့်ပေးလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သင့်အား ပုံမှန်အသက်ရှင်ခွင့်ပေးလျက်၊ သင်၏ စိတ်နှင့် ဆင်ခြင်တုံတရားအား ရုပ်လောကပြင်ပရှိ မည်သည့်သတ္တဝါများ၏ နှောင့်ယှက်ခြင်းမခံရအောင် ကာကွယ်ရန်ဖြစ်သည်။ လူတစ်ဦး၏ စိတ်နှင့် ဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်နေသမျှ၊ ၎င်း၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်က ပုံမှန်အတိုင်း အလုပ်လုပ်လိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းသည်လည်း ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ကာ၊ ၎င်း၏ ပင်ကို လူ့သဘာဝ အခြေအနေများ၏ သွင်ပြင်လက္ခဏာအားလုံးသည် မပျက်စီးဘဲ မူလအခြေအနေအတိုင်း ရှိနေလိမ့်မည်ဖြစ်သည်။ မပျက်စီးဟု ဆိုရာတွင် အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ သင်၏ အာရုံကြောစနစ်၊ သင်၏ အာရုံခံအင်္ဂါများ၊ သင်၏ အစွမ်းအစနှင့် သင်၏ ပင်ကိုအခြေအနေများ၏ အခြားသော သွင်ပြင်လက္ခဏာအားလုံးသည် ဇာတိပကတိဆိုင်ရာ ဘဝ၏ အတိုင်းအတာအတွင်း၌ ပုံမှန်ဖြစ်ပြီး ကောင်းမွန်သည်ကို ဆိုလိုသည်။ စိတ်နှင့် ဆင်ခြင်တုံတရားသည် ပုံမှန်ဖြစ်သောအခါ၊ လူတစ်ဦး၏ ဤသွင်ပြင်လက္ခဏာအားလုံးသည် ပုံမှန်ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ မူလအခြေအနေကို ထိန်းသိမ်းထားနိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍ လူတစ်ဦး၏ အာရုံခံအင်္ဂါများက သိမြင်နိုင်သောအရာသည် ဇာတိပကတိဖြင့် ရောက်ရှိနိုင်သော အတိုင်းအတာကို ကျော်လွန်သွားပြီး ဤအကန့်အသတ်ဖြင့် ချုပ်နှောငင်ခြင်းမခံရတော့ပါက၊ ၎င်း၏ စိတ်နှင့် ဆင်ခြင်တုံတရားတွင် ပြဿနာများ ပေါ်ပေါက်လာလိမ့်မည်။ ၎င်းသည် ရုပ်လောကပြင်ပမှ အရာများ၏ လွှမ်းမိုးခြင်း၊ ပျက်စီးစေခြင်းနှင့် နှောင့်ယှက်ခြင်းတို့ကို ခံရလိမ့်မည်။ ထို့နောက် ၎င်း၏ အာရုံကြောများတွင် ပြဿနာများ ပေါ်ပေါက်လာမည်ဖြစ်ပြီး၊ ၎င်း၏ စိတ်များ ဖောက်ပြန်သွားလိမ့်မည်။ ဤသည်မှာ မည်သည့် အခြေအနေမျိုးကို ဆိုက်ရောက်စေလိမ့်မည်နည်း။ ၎င်းတို့သည် စိတ်ကျန်းမာရေးချို့တဲ့လာကြလိမ့်မည်။ ၎င်းတို့သည် ရူးသွပ်သွားလိမ့်မည်၊ အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုလိမ့်မည်၊ ငိုကြွေးပြီး ရုတ်ရုတ်သဲသဲဖြစ်စေလျက် အရှက်မဲ့စွာ ဟိုသည် ပြေးလွှားကြလိမ့်မည်။ ထိုအခါ ထိုသို့သော လူတစ်ဦးက လုံးဝ ပျက်စီးသွားပြီဖြစ်သည်။ ပျက်စီးသွားခြင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ အခြားတစ်စုံတစ်ခုက ထိုလူ၏ စိတ်နှလုံးက ဝင်ရောက်လာပြီး၊ ၎င်း၏ စိတ်နှင့် ဆင်ခြင်တုံတရားကို နှောင့်ယှက်ဖျက်ဆီးကာ၊ ၎င်း၏နှလုံးသားကို ပုံမှန်ဆင်ခြင်တုံတရား၏ ထိန်းချုပ်ခြင်းမခံရစေဘဲ အခြားအရာတစ်ခုခု၏ ထိန်းချုပ်ခြင်းကို ခံရစေခြင်းအား ဆိုလိုသည်။ ထိုအခြားအရာက လူတစ်ဦးကို ထိန်းချုပ်လိုက်သည်နှင့်တစ်ပြိုင်နက်၊ ဆေးပညာအရ ပြောရလျှင်၊ အပြင်ပန်း သရုပ်သကန်မှာ စိတ်ကစဉ့်ကလျားရောဂါ ဖြစ်သည်။ လူတစ်ဦးသည် စိတ်ကစဉ့်ကလျားရောဂါ ဖြစ်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် ပုံမှန်လူတစ်ဦး ဖြစ်သေးသလော။ (မဟုတ်ပါ။) ၎င်းသည် ပုံမှန်လူတစ်ဦး မဟုတ်တော့သည့်အပြင်၊ ဘုရားသခင်က ထိုသို့သော လူများအပေါ်တွင် အလုပ်လုပ်လိမ့်မည်မဟုတ်ပေ။ နားလည်ပြီလော။ (နားလည်ပါသည်။)

ဘုရားသခင်က လူတို့အား ပေးသည့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ပုံမှန်စဉ်းစားတွေးခေါ်မှုနှင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့သည် ၎င်းတို့အတွက် မည်သည့် အခန်းကဏ္ဍကို ဆောင်ရွက်သနည်း။ ယင်းတို့သည် လူတို့၏ စိတ်များနှင့် ဆင်ခြင်တုံတရားကို ကာကွယ်သည့် အခန်းကဏ္ဍ ဆောင်ရွက်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့၏ စိတ်များနှင့် ဆင်ခြင်တုံတရားကို ကာကွယ်ခြင်းသည် လူတို့ကို ကာကွယ်ခြင်းနှင့် ညီမျှသည်။ ယင်းတို့သည် လူတို့၏ စိတ်အခြေအနေနှင့် ဆင်ခြင်တုံတရားတို့ ပုံမှန်ဖြစ်စေရန်၊ ရုပ်လောကပြင်ပမှ အရာများ၏ နှောင့်ယှက်မှုကို မခံရစေသည့်အပြင်၊ ရုပ်လောကပြင်ပမှ မည်သည့်အသံ သို့မဟုတ် ပုံရိပ်များ၏ နှောင့်ယှက်မှုကိုမျှ မခံရစေရန် သေချာစေသည်။ ဤသည်မှာ လူတို့အား ဘုရားသခင်ကို အေးချမ်းစွာ ယုံကြည်ခွင့်ပေးပြီး ပုံမှန်အသက်ရှင်နေထိုင်ခွင့်ပေးသည့်အပြင် ၎င်းတို့၏ တစ်ကိုယ်ရေလုံခြုံမှုကို သေချာစေသည်။ ဤသည်မှာ ကောင်းသောအရာ ဖြစ်သည်။ သို့သော် ထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော၊ မူမမှန်သော သရုပ်သကန်များနှင့် ပြည့်နေသည့်သူများသည် ပုံမှန်လူများ၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ပုံမှန်စဉ်းစားတွေးခေါ်မှုနှင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို မပိုင်ဆိုင်ကြပေ။ ၎င်းတို့က အချိန်မရွေး၊ နေရာမရွေး၊ သာမန်လူများ မမြင်နိုင်သော ထူးဆန်းသည့်အရာများ သို့မဟုတ် မြင်ကွင်းများကို မြင်နိုင်သည်၊ သာမန်လူများ မကြားနိုင်သော အသံများကို ကြားနိုင်သည်၊ သို့မဟုတ် သာမန်လူများ မလုပ်နိုင်သော အရာများကို လုပ်နိုင်ပြီး၊ ထူးဆန်းသော အပြုအမူများကို ပြသကြသည်။ ၎င်းတို့၏ အနီးအနားမှ လူများက ယင်းကို နားမလည်နိုင်သည့်အပြင်၊ ထိုသို့သော ကိစ္စရပ်များ၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်ကြပေ။ ဤလူစားမျိုးသည် နတ်ဆိုးတစ်ကောင်မှ လူဝင်စားသောသူဖြစ်ပြီး ၎င်းတို့သည် လူသားမျိုးနွယ်နှင့် မသက်ဆိုင်ပေ။ အသက်တာတွင် စာတန်က ၎င်းတို့ကို နောက်ပိုင်းကာလ၌ ဖမ်းသွားခြင်း မဟုတ်ဘဲ၊ ဤလူစားမျိုးသည် အနှစ်သာရအားဖြင့် နတ်ဆိုးနှင့်ဆိုင်သောသူ ဖြစ်သည်။ ရိုးရှင်းစွာဆိုရလျှင်၊ နတ်ဆိုးတစ်ကောင်ဖြစ်သော တစ်စုံတစ်ဦး၏ စိတ်နှင့် ဆင်ခြင်တုံတရားသည် မွေးကတည်းက ပုံမှန်မဟုတ်ပေ။ ဆိုလိုသည်မှာ၊ ၎င်းတို့၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ စဉ်းစားတွေးခေါ်မှုနှင့် ဆင်ခြင်တုံတရားတို့သည် အားလုံး မပြည့်စုံပေ။ ၎င်းတို့ ပညာသင်ကြားခွင့် ရရှိလျှင်ပင်၊ ပုံမှန်လူ့သဘာဝနှင့်ဆိုင်သည့် ဤအရာများကို ၎င်းတို့ မပိုင်ဆိုင်ကြပေ။ ၎င်းတို့အနေဖြင့် စိတ်ဖောက်ပြန်မှု မဖြစ်သည့် ပုံမှန်အခြေအနေများတွင် အတော်အတန် ပုံမှန်စကားပြောဆိုနေသည်ကို သင် တွေ့ရသော်လည်း၊ ဤသည်မှာ ၎င်းတို ပုံမှန်လူများဖြစ်သည်ဟု မဆိုလိုပေ။ ဤထူးဆန်းသော သရုပ်သကန်များ ၎င်းတို့ ရှိနေခြင်းက ၎င်းတို့သည် ပုံမှန်လူများမဟုတ်ဘဲ၊ လူမဟုတ်သော နတ်ဆိုးများဖြစ်ကြောင်း ပြသသည်။ ၎င်းတို့၏ ဤထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော၊ ပုံမှန်မဟုတ်သော သရုပ်သကန်များသည် မည်သူ့ထံကမျှ သင်ယူထားခြင်း မဟုတ်သည့်အပြင်၊ မည်သူကမျှ ကူးစက်စေခြင်းလည်း မဟုတ်ပေ။ သို့ဆိုလျှင် ထိုအရာများကမည်သို့ ဖြစ်ပေါ်လာခဲ့သနည်း။ ယင်းတို့သည် မွေးရာပါ ဖြစ်သည်။ ထိုသို့သောလူတစ်ဦး၏ ဂုဏ်အင်္ဂါမှာ နတ်ဆိုးတစ်ကောင်၏ ဂုဏ်အင်္ဂါဖြစ်သည်။ နတ်ဆိုးတစ်ကောင်၏ ဂုဏ်အင်္ဂါရှိခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အဓိပ္ပာယ်နှစ်မျိုး ရှိသည်။ ပထမအဓိပ္ပာယ်မှာ ဤလူစားမျိုးသည် နတ်ဆိုးတစ်ကောင်မှ လူဝင်စားသောသူ ဖြစ်သည်။ ဒုတိယအဓိပ္ပာယ်မှာ ၎င်းတို့သည် လူ့ဝိညာဉ်မပါဘဲ မွေးဖွားလာပြီး နောက်ပိုင်းတွင် နတ်ဆိုးတစ်ကောင်၏ ဝင်ပူးခြင်းကို ခံရခြင်း ဖြစ်သည်။ တိုတိုပြောရလျှင်၊ ထိုသို့သောလူများ၏ သဘာဝအနှစ်သာရမှာ လူမဟုတ်ဘဲ နတ်ဆိုးသာဖြစ်သည်။ ၎င်းတို့သည် လူမဟုတ်သောကြောင့်ပင်လျှင်၊ ၎င်းတို့၏ အာရုံခံအင်္ဂါများနှင့် ၎င်းတို့၏ ပင်ကိုအခြေအနေများနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာအားလုံးက ပုံမှန်လူများ၏ အခြေအနေများနှင့် ကွဲပြားပြီး ခြားနားသည်။ အာရုံခံအင်္ဂါများအရဆိုလျှင်၊ ၎င်းတို့သည် ပုံမှန်လူများ မခံစားနိုင်၊ မမြင်နိုင် သို့မဟုတ် မကြားနိုင်သော အရာများကို မကြာခဏ အာရုံခံနိုင်သည်။ ဇာတိပကတိ၏ ပင်ကိုအသိစိတ်များအရဆိုလျှင်၊ ၎င်းတို့လုပ်ဆောင်သော သို့မဟုတ် ပြောဆိုသော အရာများ၊ ၎င်းတို့၏ အချို့သော သရုပ်သကန်များသည် ပုံမှန်လူသားပင်ကိုအသိစိတ်များ၏ အတိုင်းအတာကို ကျော်လွန်သည်ဟု လူတို့အား မကြာခဏ ခံစားစေသည်။ ၎င်းတို့သည် သာမန်ထက် အလွန်ထူးကဲကြသည်။ သဘာဝလွန်ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဇာတိပကတိ၏ ပင်ကိုအသိစိတ်များကို ကျော်လွန်ခြင်းအား ဆိုလိုသည်။ ပုံမှန်လူများသည် ဇာတိပကတိ၏ ပင်ကိုအသိစိတ်များဖြင့် ရောက်ရှိနိုင်သော အတိုင်းအတာကို မကျော်လွန်နိုင်သော်လည်း၊ ဤပုဂ္ဂိုလ်များကမူ လွယ်ကူစွာ ထိုသို့ပြုလုပ်ကြသည်။ ၎င်းတို့သည် ဇာတိပကတိ ပင်ကိုအသိစိတ်များ၏ ထိန်းချုပ်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းကို မခံရသောကြောင့်၊ ထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော၊ ပုံမှန်မဟုတ်သော အပြုအမူများ သို့မဟုတ် ကျင့်ကြံပြုမူမှုများကို မကြာခဏ အလိုအလျောက် ပြသကြသည်။ သင်တို့သည် ဤလူစားမျိုး၏ အနှစ်သာရကို ယခု ရှင်းလင်းပြီလော။ (ရှင်းပါပြီ။) သင်တို့သည် ဤလူစားမျိုးကို အားကျသလော။ (အားမကျပါ။) ၎င်းတို့ကို အားကျခြင်းသည် ကောင်းသောအရာ ဖြစ်သလော။ (မဟုတ်ပါ။) အချို့လူများက၊ “ကြည့်ပါ၊ ၎င်းတို့ ဆုတောင်းသောအခါ ဘာသာစကားအမျိုးမျိုးနှင့် ပြောနိုင်သည်။ ထိုအရာကို ကျွန်ုပ်တို့ နားမလည်နိုင်ပါ သို့မဟုတ် မပြောတတ်ပါ။ ပြီးလျှင် ၎င်းတို့က ဘာသာစကားအတော်များများကို မသင်ယူဘဲ တတ်ကျွမ်းကြတယ်။ ၎င်းတို့ မည်သည့်အခါမျှ နေမကောင်းမဖြစ်ပါ၊ ရက်ပေါင်းများစွာ အစာမစားဘဲနှင့် ဆာလောင်ခြင်းမရှိသည့်အပြင်၊ ရက်ပေါင်းများစွာ မအိပ်ဘဲနှင့်ပင်ပန်းခြင်းမရှိပါ”ဟု ပြောကြသည်။ အခြားသူများကမူ၊ “ဤလူက စွမ်းဆောင်နိုင်သည်။ သူက အတိတ်ကိုလည်း ကြည့်နိုင်ပြီး အနာဂတ်ကိုလည်း ကြိုပြောနိုင်သည်။ နက္ခတ္တဗေဒမှ ပထဝီဝင်အထိ အရာအားလုံးကို သိသည်။ လူတို့၏ မျက်နှာကိုကြည့်ပြီး ကံကြမ္မာကို ဖတ်နိုင်သည်။ ဗေဒင်ဟောနိုင်သည်။ လူတစ်ယောက်က မည်သည့်ပုံစံဖြစ်သည်ဖြစ်စေ၊ သူက တစ်ချက်ကြည့်လိုက်သည်နှင့် ထိုသူ၏ ကံကြမ္မာကို သိသည်။ သူသည် အမှန်ပင် ဆရာတစ်ဆူဖြစ်သည်။ ညဘက်တွင် သင်က သူ့ကို အိပ်နေသည်ဟု မြင်ရသော်လည်း၊ အမှန်တွင် သူက အစေခံတစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ မရဏာနိုင်ငံသို့ သွားနေခြင်းဖြစ်သည်”ဟု ပြောကြသည်။ အချို့လူများသည် ဤလူစားမျိုးကို ၎င်းတို့၏ အစွမ်းအစများကြောင့် အားကျကြသည်။ ထိုသို့သောလူများကို အားကျခြင်းသည် မိုက်မဲသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့က၊ “ကျွန်ုပ်တွင် မည်သည့် ထူးခြားသော အစွမ်းတန်ခိုးမျှ မရှိပါ။ မျက်လှည့်ပညာ အနည်းငယ်ကိုသာ တတ်လျှင်၊ ပူသည့်အခါ ရေခဲမုန့်စားချင်လျှင်၊ လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနှင့် ချောကလက်အရသာ၊ စတော်ဘယ်ရီအရသာ၊ ကျွန်ုပ်စားချင်သည့် မည်သည့်အရသာမဆိုဖြင့် ရေခဲချောင်းအချို့ ဖန်တီးနိုင်လျှင် ကောင်းမည်”ဟု ပြောဆိုလျက် ဤသဘာဝလွန်ဖြစ်သော အထူးစွမ်းအားများရှိသည့် လူများကို အားကျဖူးသလော။ လူတိုင်းတွင် ကလေးဆန်သော အတွေးများ ရှိသည်။ ဤအတွေးများက မှားယွင်းကြောင်း လူတို့ ရှင်းရှင်းလင်းလင်း မြင်သောအခါ၊ အလိုအလျောက် စွန့်လွှတ်နိုင်သည်။ ဘုရားသခင်သည် ပုံမှန်လူများအား ဘဝကို တွေ့ကြုံခံစားစေချင်သည်၊ ဘဝကို မြည်းစမ်းစေချင်သည်၊ ဘဝ၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများ၊ ထိုဘဝ၏ အမျိုးမျိုးသော အခက်အခဲများနှင့် စိတ်ပျက်စရာများကို တွေ့ကြုံခံစားစေချင်သည့်အပြင်၊ တွေ့ကြုံခံစားခြင်းဖြစ်စဉ်တွင် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တန်ဖိုးထားစေချင်သည်၊ ဖန်ဆင်းခံများသည် ဖန်ဆင်းရှင်အပေါ် ထားရှိသည့် အမျိုးမျိုးသော မမှန်ကန်သည့် သဘောထားများကို အသိအမှတ်ပြုစေချင်ပြီး၊ ထို့နောက်တွင် ဘုရားသခင်ကို ကိုးကွယ်ခြင်း၊ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်းတို့အား စွမ်းဆောင်ရရှိလျက် လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိစေချင်သည်။ လူတို့သည် ဘဝနှင့်ဆိုင်သည့် ဤအတွေ့အကြုံများ ရှိသောအခါ၊ ဖန်ဆင်းရှင်က လူ့ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည်ဟူသော အချက်ကို ၎င်းတို့ သိရှိလာလိမ့်မည်ဖြစ်ပြီး၊ ထို့နောက်တွင် ဖန်ဆင်းရှင်က လူ့ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကိုင်စွဲသည်ဟူသော အချက်ကို အသိအမှတ်ပြု၊ ယုံကြည်ပြီး ကျိုးနွံနာခံကြလိမ့်မည်။ ထို့နောက်တွင်၊ ၎င်းတို့သည် လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိနိုင်ပြီး သင့်လျော်သော ဖန်ဆင်းခံတစ်ဦးများ ဖြစ်နိုင်ကြလိမ့်မည်။ မည်သည့် လက်တွေ့မကျသော အတွေးများ တစ်ခုတလေအတိုင်း အသက်မရှင်နှင့်။ ထိုအရာများသည် မည်သည့်အခါမျှ လက်တွေ့ဖြစ်လာလိမ့်မည် မဟုတ်။ ထိုသဘာဝလွန်ဖြစ်သော၊ ထူးဆန်းသော၊ ပုံမှန်မဟုတ်သော အရာများသည် အစဉ်ထာဝရ စာတန်များနှင့် နတ်ဆိုးများ၏ သီးသန့်ပိုင်နက် ဖြစ်သည်။ ယင်းတို့သည် ပုံမှန်လူသားများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ ထို့ကြောင့်၊ မည်သည့်အချိန်၌ပင်ဖြစ်စေ၊ သဘာဝလွန်ဖြစ်သည့် လူတစ်ဦး၊ အထူးအစွမ်းတန်ခိုးများနှင့် ပြည့်သော လူတစ်ဦး ဖြစ်လာရန် မည်သည့်အခါမျှ မစဉ်းစားနှင့်၊ သင်၏ ကိုယ်ပိုင်ပင်ကိုအသိစိတ်များ သို့မဟုတ် သင်၏ ကိုယ်ပိုင်ကန့်သတ်ချက်များကို ကျော်လွန်ရန်လည်း မစဉ်းစားနှင့်။ အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားရှိသော သာမန်လူတစ်ဦးသာ ဖြစ်လော့၊ သင်၏ မှန်ကန်သောနေရာကို ထိန်းသိမ်းပြီးသင်၏ တာဝန်ကို ဖြည့်ဆည်းလော့။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။

နတ်ဆိုးများဖြစ်ကြသူတို့၌ရှိသည့် ထူးဆန်းခြင်းနှင့်ဆိုင်သည့် သရုပ်သကန်များသည် ယခုတွင် အခြေခံအားဖြင့် ရှင်းလင်းပြီလော။ ဤသည်တို့မှာ အပြင်းထန်ဆုံးဖြစ်သော သရုပ်သကန်အချို့ဖြစ်သည်။ ထိုသို့သောလူများသည် ပုံမှန်လူများကဲ့သို့ တစ်မျိုးတစ်စားတည်း မဟုတ်ကြောင်း ယင်းတို့က လူတို့ကို ရှင်းလင်းစွာ ခံစားစေပြီး သဘောပေါက်စေသည်။ ၎င်းတို့သည် ပုံမှန်လူများကြားတွင် အလွန်ပင် မူမမှန်သည့်ပုံပေါ်ကြသည်။ ဤမူမမှန်ခြင်းက ၎င်းတို့၏ အပြုအမူနှင့် အမူအရာအပြင် နေ့စဉ်ဘဝတွင် ၎င်းတို့၏ အမျိုးမျိုးသော သရုပ်သကန်များက အထူးသဖြင့် ထူးဆန်းသည်၊ သဘာဝလွန်ဖြစ်သည်၊ ပုံမှန်မဟုတ်ဟု လူတို့အား ခံစားရစေသည်။ ၎င်းတို့သည် သာမန်လူများနှင့် ကွဲပြားနေခြင်းသာဖြစ်သည်။ ၎င်းတို့သည် ဇာတိပကတိ ပင်ကိုအသိစိတ်များ၏ ကန့်သတ်ခြင်းကို မခံရသည့်အပြင်၊ ၎င်းတို့၏ ယုတ္တိမရှိသော အပြုအမူများကို မချုပ်တည်းနိုင်ဘဲ၊ ဝိညာဉ်ဆိုးများ ဝင်ပူးနေသည့်အလား၊ သတိတစ်ခုတလေမျှ လုံးဝ မရှိသည့်ပုံရသည်။ ဤသည်ကို လူတို့ ပယ်ရှားသင့်သည့်အရာတစ်ခုဖြစ်သည့် နတ်ဆိုးများ၏ သွေဖည်သော သဘာဝအနှစ်သာရနှင့်ဆိုင်သည့် သွင်ပြင်လက္ခဏာတစ်ခုအဖြစ် သတ်မှတ်သင့်သည်။ ဤသဘာဝလွန်ဖြစ်ပြီး ပုံမှန်မဟုတ်သော အရာများကို လိုက်စားဖို့ မဆိုထားနှင့်၊ အားကျခြင်းပင် မပြုသင့်ပေ။ အကယ်၍ သင်သည် တစ်ချိန်က သဘာဝလွန်ဖြစ်သော လူတစ်ဦးဖြစ်ရန် သို့မဟုတ် ဤသဘာဝလွန်အရာများကို လုပ်ဆောင်ရန် ရည်ရွယ်ခဲ့ပါက၊ ချက်ချင်းရပ်လော့။ နောင်တရလျှင် အချိန်မီသေးသည်။ ထိုသို့သောလူတစ်ဦးဖြစ်ရန် မကြံစည်နှင့်။ သင်သည် ဤလမ်းကြောင်းပေါ်သို့ စတင်ပြီး နတ်ဆိုးတစ်ကောင်က သင်၏စိတ်ထဲသို့ ချွတ်နင်းဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် သင့်ကို အလိုရှိတော့မည်မဟုတ်သည့်အပြင်၊ သင်သည် ပျက်စီးသွားလိမ့်မည်။ သင် ပျက်စီးသွားလိမ့်မည်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ အကြောင်းမှာ နတ်ဆိုးတစ်ကောင်က သင့်ကို ဝင်ပူးပြီးသင်၏စိတ်ကို ထိန်းချုပ်လိုက်သည်နှင့်တစ်ပြိုင်နက်၊ သင်သည် အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်သောကြောင့် ဖြစ်သည်။ နတ်ဆိုးတစ်ကောင်သည် သင့်ကို ဝင်ပူးလိုက်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် သင်၏အတွေးအခေါ်များနှင့် သင်၏စိတ်ကို နှောင့်ယှက်လျက်၊ သင့်ကို စတင်ဝင်စွက်ဖက်လေသည်။ ၎င်းသည် သင်၏ နေ့စဉ်ဘဝတွင် ပါဝင်ပြီး၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သင် ဆင်ခြင်စဉ်းစားအခါ သင်၏ စဉ်းစားတွေးခေါ်မှုဖြစ်စဉ်တွင် ပါဝင်လေသည်။ အကယ်၍ သင်သည် ၎င်း၏ ဝင်နှောင့်ယှက်မှုကို မငြင်းဆန်နိုင်ပါက၊ သင်၏ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းကို တဖြည်းဖြည်း ဆုံးရှုံးသွားလိမ့်မည်ဖြစ်ပြီး၊ အဆုံးတွင် သင်သည် အောက်ကျို့စွာ ကျိုးနွံနာခံလိမ့်မည်။ နတ်ဆိုးတစ်ကောင်က သင့်ကို လုံးဝ ထိန်းချုပ်လိုက်သောအခါ၊ ဆေးပညာအရဆိုလျှင်၊ သင်သည် စိတ်ကစဉ့်ကလျားရောဂါရှိသည်ဟု ရောဂါအမည်တပ်ခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်၏ အိမ်တော်တွင်မူ၊ သင်သည် သေဒဏ်စီရင်ခြင်း ခံရလိမ့်မည်။ သင် အဆုံးသတ်သွားလိမ့်မည်။ ပျက်စီးသွားလိမ့်မည်။ စိတ်ကစဉ့်ကလျားရောဂါရှိသည်ဟု ရောဂါအမည်တပ်ခံရသော တစ်စုံတစ်ဦးသည် ပုံမှန်လူတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် ထိုသို့သောလူတစ်ဦးကို အလိုရှိသေးသလော။ ဘုရားသခင်၏ အမြင်တွင်၊ ဤသည်မှာ မည်သည့်လူစားမျိုးဖြစ်သနည်း။ (လူမဟုတ်သောသူဖြစ်သည်။) ဘုရားသခင်၏ အမြင်တွင်၊ သင်သည် စာတန်၏ ဖမ်းသွားခြင်းကို ခံရပြီးဖြစ်သည်။ ဤသည်မှာ အနည်းငယ် စိတ်ကူးသက်သက်ဖြစ်ပုံရကောင်းရနိုင်သည်။ ရိုးရှင်းစွာ ပြောရလျှင်၊ ယင်းမှာ စာတန်က သင်၏နှလုံးသားကို ထိန်းချုပ်သည်ဟု ဆိုလိုသည်။ ယင်းမှာ စာတန်က သင်၏နှလုံးသားထဲတွင် အုပ်စိုးပြီး အာဏာစွဲကိုင်ထားကြောင်းနှင့် သင်သည် စာတန်၏ ရုပ်သေးရုပ် ဖြစ်လာပြီးဖြစ်ကြောင်းကို ဆိုလိုသည်။ ဤသည်မှာ သင်သည် စာတန်၏ ဖမ်းသွားခြင်းကို ခံရပြီးဖြစ်သည်ဟု ဆိုလိုသည်။ တစ်စုံတစ်ဦးသည် စာတန်၏ ဖမ်းသွားခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် နတ်ဆိုးများဖြစ်ကြသောသူများနှင့် အတူတူပင်ဖြစ်သွားကြပြီး၊ ထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော၊ ပုံမှန်မဟုတ်သောသူများ အလျင်အမြန် ဖြစ်လာကြသည်။ ထိုသို့သောလူများသည် ကယ်တင်၍ မရနိုင်တော့ပေ။ ဤသို့ပြောခြင်းဖြင့် ငါသည် အဘယ်အရာကို ဆိုလိုသနည်း။ နတ်ဆိုးများဖြစ်ကြသောသူတို့၏ ထူးဆန်းသော သရုပ်သကန်များနှင့်စပ်လျဉ်း၍ ပိုင်းခြားသိမြင်မှု ရှိရန် သင် လိုအပ်ကြောင်း ငါ ပြောနေခြင်းဖြစ်သည်။ ပိုင်းခြားသိမြင်မှု ရရှိပြီးနောက်၊ သင်သည် ထိုသို့သောလူများနှင့် ဝေးဝေးနေရမည်ဖြစ်ပြီး ၎င်းတို့နှင့် ရင်းနှီးအောင်မနေရပေ။ ၎င်းတို့ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ၊ ပါဝင်ပတ်သက်ခြင်း မရှိနှင့်။ ၎င်းတို့ကို အလေးအနက် မထားနှင့်။ ဥပမာအားဖြင့်၊ သင် လုံးဝ မမြင်နိုင် သို့မဟုတ် မခံစားနိုင်သော အရာတစ်ခုကို ၎င်းတို့ ပြောဆိုသည် ဆိုပါစို့။ ဤအရာကို သင့်အား ပြောဆိုရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ သင်နှင့် ရင်းနှီးရန်နှင့် သင့်ကို သွေးဆောင်ရန် ဖြစ်သည်။ အကယ်၍ သင်သည် သိချင်စိတ်ပြင်းပြပြီး ၎င်းတို့ကို ပြင်းပြစွာ အားကျကာ ၎င်းတို့နောက်လိုက်ပါက၊ သင်သည် ကြီးမားသော အန္တရာယ်ထဲတွင် ရှိနေသည်။ အဘယ်ကြောင့် သင်သည် အန္တရာယ်ထဲတွင် ရှိနေသည်ဟု ငါ ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ စာတန်က လူတို့ကို အထင်အမြင်မှားစေပြီး သွေးဆောင်နေခြင်းဖြစ်ကာ၊ ၎င်းက ဝါးမျိုနိုင်သော ဝိညာဉ်များကို ရှာဖွေနေခြင်းကြောင့် ဖြစ်သည်။ အကယ်၍ သင်သည် စာတန်အပေါ်၌ ပိုင်းခြားသိမြင်မှု ဘာဆိုဘာမျှ မရှိသည့်အပြင်၊ သိချင်စိတ်ပြင်းပြပြီး အားကျနေသေးပါက၊ သင်သည် စုံစမ်းသွေးဆောင်ခြင်းကို မလွန်ဆန်နိုင်ဖြစ်ပြီးသားဖြစ်ကာ စာတန်သည် သင့်အပေါ် အလုပ်လုပ်ရန် အခွင့်အရေးကို အမိအရ အသုံးချဖို့ အလားအလာအလွန်ရှိသည်။ ထို့ကြောင့်၊ သင်သည် ကြီးမားသော အန္တရာယ်ထဲတွင် ရှိနေသည်။ သင်သည် မည်သည့် သတိထားကာကွယ်မှုမျှမရှိဘဲ စာတန်ထံ ချဉ်းကပ်သည်။ ဤသည်မှာ မိုက်မဲသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ၎င်းအပေါ်၌ မည်သည့် သတိထားကာကွယ်မှုမျှ မရှိသည်ကို စာတန် မြင်သောအခါ၊ ၎င်းသည် လူမိုက်တစ်ဦးကဲ့သို့ သင့်ကို မရပ်မနား ကျီစယ်ပြီး သွေးဆောင်ရန် ကြိုးစားလိမ့်မည်။ အကယ်၍ သင် မငြင်းပယ်ပါက၊ သင်သည် မပြောဘဲသိသာသော သဘောတူညီချက်ပေးနေသည်ဟု ၎င်းက ယူဆသောကြောင့်၊ ၎င်းသည် ဆက်လက်၍ ပိုမိုလုပ်ဆောင်လိမ့်မည်။ အကယ်၍ သင်သည် စာတန်များဖြစ်ကြသောသူတို့ ပြောဆိုသည့် ထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော၊ ပုံမှန်မဟုတ်သော အမှုအရာများအကြောင်းကို အမြဲ သိချင်စိတ်ပြင်းပြသည်ဟု ခံစားရပြီး၊ ၎င်းတို့အကြောင်းကို မေးမြန်းစုံစမ်းခြင်းပင် လုပ်ပါက၊ ဤသည်မှာ သင်သည် ထိုသို့သောအရာများကို စိတ်ဝင်စားပြီး ပစ်ပစ်ခါခါငြင်းခြင်းမရှိကြောင်း သက်သေပြသည် မဟုတ်လော။ ထိုသို့သောအရာများကို စိတ်ဝင်စားခြင်းသည် ကောင်းသော လက္ခဏာ မဟုတ်ပေ။ အကယ်၍ သင်သည် ဤအရာများကို စိတ်ဝင်စားပါက၊ စာတန်၏ အမြင်တွင်၊ ယင်းမှာ သင်သည် ဘုရားသခင်၊ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများကို စိတ်မဝင်စားသည့်သဘော ဖြစ်သည်။ ဤအရာက ၎င်းကို နှစ်သက်စေပြီး၊ ၎င်းသည် သင့်အပေါ် အလုပ်စတင်ရန် ရည်ရွယ်လျက်၊ သင့်ထံသို့ “ဖော်ရွေသော” လက်တစ်ဖက်ကို ဝမ်းသာအားရ အလိုအလျောက် ဆန့်တန်းလာလိမ့်မည်။ ဤနည်းအားဖြင့်၊ သင်သည် အန္တရာယ်ထဲတွင် ရှိနေသည်။ ထို့ကြောင့်၊ ထိုသို့သောလူများကို ကြုံတွေ့သောအခါ၊ ၎င်းတို့နှင့် သာမန်ကာလျှံကာ ရင်းနှီးအောင်မနေနှင့်၊ ပြီးလျှင် ၎င်းတို့ကို စိတ်ဝင်စားလာခြင်း မရှိနှင့်။ ထိုအစား၊ သင်သည် ပိုင်းခြားသိမြင်မှု ရှိသင့်သည်၊ ၎င်းတို့ကို သတိထားကာကွယ်သင့်ပြီး ၎င်းတို့နှင့် ခပ်ကင်းကင်းနေသင့်သည်။ အချို့လူများက၊ “အကယ်၍ ကျွန်ုပ်တို့သည် သူတို့ကို မချဉ်းကပ် သို့မဟုတ် စိတ်မဝင်စားပါက၊ သူတို့ကို မည်သို့ ပိုင်းခြားသိမြင်နိုင်မည်နည်း။ ‘မိမိကိုယ်ကိုသိပြီး ရန်သူကိုသိလျှင် တိုက်ပွဲတိုင်း နိုင်လိမ့်မည်’ ဟူသော ဆိုရိုးစကားအတိုင်းပင်ဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့သည် ရန်သူ့အတွင်းစည်းထဲသို့ ထိုးဖောက်မဝင်ရောက်ပါက၊ မိမိတို့ကိုယ်ကိုနှင့် မိမိတို့၏ရန်သူကို မည်သို့ သိနိုင်မည်နည်း”ဟု ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ ယင်းမှာ ကပ်ရောဂါတစ်ခု ဖြစ်ပွားသောအခါ၊ အချို့သော သိပ္ပံပညာရှင်များနှင့် သုတေသီများက ဗိုင်းရပ်စ်ကို မရမက လက်ဖြင့်ကိုင်တွယ်ပြီး လေ့လာကြရာ၊ အချို့က ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရပြီး သေဆုံးသွားကြသည်နှင့် တူသည်။ ထို့ကြောင့်၊ သင်သည် ထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော သရုပ်သကန်များကို ပြသသည့် ထိုနတ်ဆိုးများကို တင်းကြပ်စွာ သတိထားကာကွယ်ရမည်။ ၎င်းတို့အား သင့်ကို ထိခိုက်စေရန် အခွင့်အရေးပေးခြင်းထက် အလွန်အကျွံ သတိထားခြင်းက ပိုကောင်းသည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ရန် ချက်ချာပါးနပ်သော နည်းလမ်းဖြစ်သည်။ တစ်ချက်အနေဖြင့်၊ ၎င်းတို့ကို စိတ်မဝင်စားနှင့်၊ ၎င်းတို့နှင့် အဆက်အသွယ်မလုပ်နှင့် သို့မဟုတ် ရင်းနှီးအောင်မနေနှင့်။ နောက်တစ်ချက်အနေဖြင့်၊ ၎င်းတို့၏ ထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော သရုပ်သကန်များကို မလိုက်စားနှင့် သို့မဟုတ် အတုမယူနှင့်။ ဤသည်မှာလည်း သင် လက်တွေ့လုပ်ဆောင်သင့်သည့်ပုံစံ ဖြစ်သည်။ အကယ်၍ သင်သည် ဤသဘာဝလွန်ဖြစ်သော၊ ထူးဆန်းသော၊ ပုံမှန်မဟုတ်သော လူများနှင့် မကြာခဏ ထိတွေ့ဆက်ဆံပြီး၊ သင်၏ သတိထားကာကွယ်မှုမရှိခြင်းတွင်၊ သင်သည် ၎င်းတို့၏ လွှမ်းမိုးမှုကို ခံရကာ၊ ၎င်းတို့၏ သရုပ်သကန်များအကြောင်းကို စဉ်ဆက်မပြတ် ကြားရပြီး မြင်တွေ့နေရပါက၊ မသိလိုက်ဘဲနှင့် ၎င်းတို့၏ ထူးဆန်းသော သရုပ်သကန်များက သင်၏နှလုံးသားနှင့် မှတ်ဉာဏ်ထဲတွင် စွဲထင်သွားလိမ့်မည်။ ထို့နောက်၊ ထိုအရာကို သတိမထားမိဘဲ၊ သင်သည် ၎င်းတို့ကို လိုက်စားပြီး အတုယူချင်လာလိမ့်မည်။ ဤသည်မှာ သာ၍ပင် အန္တရာယ်များသော နိမိတ် ဖြစ်သည်။ သင်သည် ၎င်းတို့ကို လိုက်စားပြီး အတုယူချင်သည်နှင့်တစ်ပြိုင်နက်၊ ယင်းမှာ သင့်နှလုံးသား၏ ကာကွယ်ရေးစည်းများ လုံးဝ ပြိုလဲသွားပြီဖြစ်သည်ကို ဆိုလိုသည်။ ဤသည်မှာ စာတန်အား သင်၏နှလုံးသားထဲသို့ ဝင်ရောက်ပြီး သင့်ကို ထိန်းချုပ်ကာ ပိုင်ဆိုင်ခွင့်ပြုရန် သင် သဘောတူညီခြင်းနှင့် ညီမျှသည်။ ဤသို့ဖြင့်၊ သင်သည် သင့်ကိုယ်သင် စာတန်ထံသို့ လွှဲအပ်နေခြင်းဖြစ်ပြီး၊ ဤနည်းအားဖြင့် စာတန်သည် သင့်ကို လျင်မြန်စွာ ထိန်းချုပ်နိုင်သည်။ သို့ဆိုလျှင် သင်သည် ပျက်စီးသွားပြီ မဟုတ်လော။ မိမိတို့၏နှလုံးသားများကို ဘုရားသခင်ထံ ပေးအပ်ရန်မှာ လူတို့အတွက် အမှန်တကယ် ခက်ခဲလှသည်။ လူတို့၏နှလုံးသားများတွင် အာဏာစွဲကိုင်ရန် ဘုရားသခင်အတွက် မလွယ်ကူပေ။ ဘုရားသခင်သည် လူတို့၏နှလုံးသားများတွင် အလွယ်တကူ ကြီးကြပ်ပြီး အာဏာစွဲကိုင်ခြင်း မပြုပေ။ လူသားမျိုးနွယ်အပေါ် ဘုရားသခင် လုပ်ဆောင်သောအလုပ်တွင် ၎င်းတို့၏ ပင်ကိုအခြေအနေများကို အခြေခံ၍ ၎င်းတို့အား ရေလောင်းပေးခြင်း၊ ထိန်းကျောင်းခြင်း၊ ဉာဏ်ပွင့်စေခြင်း၊ အလင်းပေးခြင်း၊ လမ်းပြခြင်းနှင့် ကာကွယ်ခြင်းတို့ ပါဝင်သည်။ ထို့အပြင်၊ ဘုရားသခင်သည် ၎င်းတို့အား ဆုံးမပဲ့ပြင်သည်၊ ရိုက်နှက်ဆုံးမသည်၊ ပြစ်တင်ဆုံးမသည်၊ တရားစီရင်သည်၊ တစ်ချိန်တည်းတွင် လူတို့အတွက် အမျိုးမျိုးသောအခြေအနေများကိုလည်း ပြင်ဆင်ပေးသည်။ ဤအရာက ၎င်းတို့ အသက်ကြီးလာသည်နှင့်အမျှ၊ ဖြစ်ရပ်မှန်အခြေအနေများတွင် ဘုရားသခင်၏အမှုနှင့် သမ္မာတရား၏ အမျိုးမျိုးသော သွင်ပြင်လက္ခဏာများအပေါ် အသိပညာကို တဖြည်းဖြည်း ရရှိခွင့်ပေးသည်။ ထို့နောက်၊ ပုံမှန်လူ့သဘာဝ၏ စဉ်းစားတွေးခေါ်မှုနှင့်အညီ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားသည် ၎င်းတို့၏နှလုံးသားများတွင် တဖြည်းဖြည်း အမြစ်စွဲပြီး ၎င်းတို့၏အသက် ဖြစ်လာကာ၊ ထိုသို့ဖြင့် ဤလူများသည် ဘုရားသခင်၏ ရယူခြင်းကို ခံကြရသည်။ ဤအရာအားလုံးအတွက် ဖြစ်စဉ်တစ်ခု ရှိသည်။ သို့သော် လူတို့ကို စာတန်၏ အထင်အမြင်မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းမှာမူ ကွဲပြားသည်။ စာတန်၏အနှစ်သာရက သွေဖည်သည်ဟု ငါတို့ အဘယ်ကြောင့် ပြောဆိုကြသနည်း။ ၎င်းသည် လူတို့ကို အတင်းအဓမ္မ ပိုင်ဆိုင်ပြီး ထိန်းချုပ်သည်။ ဤသွင်ပြင်လက္ခဏာသည် စာတန်၏အနှစ်သာရက သွေဖည်ကြောင်း သက်သေပြရန် လုံလောက်သည်။ ဤသည်မှာ ခိုင်လုံသော သက်သေ ဖြစ်သည်။ သင်သည် နတ်ဆိုးတစ်ကောင်ဖြစ်သော လူစားမျိုးဖြစ်ခြင်းကို လိုက်စားလိုသောအခါ၊ ဤထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော၊ ပုံမှန်မဟုတ်သော သရုပ်သကန်များ၊ အပြုအမူများနှင့် စွမ်းရည်များကို သင် လိုက်စားသောအခါ၊ သင်၏နှလုံးသားက စာတန်အတွက် ပွင့်သွားသည်။ ဤသည်မှာ သင်၏နှလုံးသားထဲတွင် သင်က စာတန်အား၊ “ဝင်ခဲ့ပါ၊ သင့်အတွက် နေရာတစ်ခု ကျွန်ုပ် ထိန်းသိမ်းထားသည်။ သင်သည် ကျွန်ုပ်၏ ဖြစ်တည်မှုတစ်ခုလုံးကို ထိန်းချုပ်နိုင်သည်”ဟု ပြောနေသည့်အလား ဖြစ်သည်။ စာတန်သည် သင့်ကို မည်သည့်အရာ ပြောလိမ့်မည်နည်း။ “အကယ်၍ သင်သည် ငါ့စကားကို နားထောင်ပြီး သင်၏နှလုံးသားထဲတွင် ငါ့ကို အာဏာစွဲကိုင်ခွင့်ပြုပါက၊ သင် ပိုင်ဆိုင်လိုသမျှ အရာအားလုံးကို သင် သင်ယူနိုင်သည်။ သင်သည် ထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော အရာအားလုံးကို ပိုင်ဆိုင်လိမ့်မည်၊ သင်သည် သာမန်လူများကို ကျော်လွန်လိမ့်မည်ဖြစ်ပြီး သာမန်လူများကို ကျော်သွားလိမ့်မည်”ဟူ၍ ဖြစ်သည်။ လူတို့၏ ဤထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော၊ ပုံမှန်မဟုတ်သော အပြုအမူများနှင့် သရုပ်သကန်များ သို့မဟုတ် စွမ်းရည်များကို လိုက်စားခြင်းသည် စာတန်နှင့် ၎င်းတို့ စကားပြောဆိုနေခြင်းနှင့် ညီမျှပြီး၊ ၎င်းတို့၏နှလုံးသားများထဲတွင် စာတန်ကို လက်ခံနေခြင်းနှင့်လည်း ညီမျှသည်။ အကယ်၍ သင်သည် ဤထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော အရာများကို လိုက်စားပါက၊ စာတန်သည် သင်၏နှလုံးသားထဲတွင် လျင်မြန်စွာ စတင်အလုပ်လုပ်လိမ့်မည်။ ဤအချိန်တွင်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစ်ဖန် နားထောင်သောအခါ၊ ပုံမှန်လူတစ်ဦး၏ အတွေးများ၊ အမြင်များနှင့် သဘောထားများ ရှိတော့မည်မဟုတ်ဘဲ၊ လုံးဝဆန့်ကျင်ဘက်သို့ ပြောင်းလဲသွားလိမ့်မည်။ သမ္မာတရားအပေါ် သင်၏သဘောထားသည် ပုံမှန်လူတစ်ဦး၏ သဘောထားနှင့် လုံးဝ ကွဲပြားသွားလိမ့်မည်။ သင် ထင်ရှားစေသည့်အရာမှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားအပေါ် ရန်လိုခြင်း ဖြစ်လိမ့်မည်။ ယင်းမှာ ဖြစ်သည့်ပုံစံဖြစ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ရန်လိုပါက၊ သမ္မာတရားကို ရရှိနိုင်သေးသလော။ သင် မရနိုင်တော့ပေ။ သင်သည် စာတန်၏ ဖမ်းသွားခြင်းကို ခံရပြီးဖြစ်သည်။ ထို့ကြောင့်၊ နတ်ဆိုးများမှ လူဝင်စားသောသူတို့၏ ထူးဆန်းသော၊ သဘာဝလွန်ဖြစ်သော၊ ပုံမှန်မဟုတ်သော သရုပ်သကန်များနှင့်စပ်လျဉ်း၍၊ လူတို့သည် ၎င်းတို့ကို တင်းကြပ်စွာ သတိထားကာကွယ်ရမည်၊ ၎င်းတို့ကို သတိနှင့် ဆင်ခြင်မြော်တွေးမှုဖြင့် ဆက်ဆံရမည်ဖြစ်ပြီး ၎င်းတို့ကို အရေးမပါဟု သဘောမထားရပေ။ ဆိုလိုသည်မှာ၊ သင်သည် ဤသရုပ်သကန်များအပေါ် ပိုင်းခြားသိမြင်မှု ရှိရမည်ဖြစ်သည်။ သင်၏နှလုံးသားထဲတွင် ၎င်းတို့ကို တိတ်တဆိတ် အားကျခြင်း၊ လေးစားခြင်း သို့မဟုတ် လိုက်စားပြီး အတုယူခြင်းတို့ကို ပြုဖို့ မဆိုထားနှင့်၊ ၎င်းတို့ကို စိတ်မဝင်စားနှင့် သို့မဟုတ် ထိုသို့သောလူများနှင့် ရင်းနှီးအောင်မလုပ်နှင့်။ ထိုအစား၊ သင်သည် ဤလူစားမျိုးနှင့် ဝေးဝေးနေရမည်၊ ၎င်းတို့အပေါ် ပိုင်းခြားသိမြင်မှု ရှိရမည်၊ ရှင်းလင်းသော ရပ်တည်ချက် ရှိရမည်ဖြစ်ပြီး ၎င်းတို့နှင့် သင်ကိုယ်တိုင်ကြားတွင် ရှင်းလင်းသော နယ်နိမိတ်တစ်ခု သတ်မှတ်ရမည်။ နားလည်ပြီလော။ (နားလည်ပါသည်။)

ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ နတ်ဆိုးများဖြစ်ကြသော ၎င်းတို့၌ရှိသည့် ထူးဆန်းခြင်း၏ အပြင်းထန်ဆုံးသော သရုပ်သကန်များ ဖြစ်သည်။ ဤသရုပ်သကန်များသည် လူတို့အတွက် ပိုင်းခြားသိမြင်ရန် အတော်အတန် ပို၍ လွယ်ကူသည်။ အနည်းငယ်မျှသာ ပြင်းထန်မှု လျော့နည်းသည့် သရုပ်သကန်အချို့လည်း ရှိသေးသည်။ ဆိုလိုသည်မှာ နေ့စဉ်ဘဝတွင် ၎င်းတို့၌ မကြာခဏဆိုသလို အစွန်းရောက်သော အတွေးများနှင့် အမြင်များအပြင် အစွန်းရောက်သော အပြုအမူများနှင့် ကျင့်ကြံမှုများ ရှိကြသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ပုံမှန်လူ့သဘာဝက သည်းခံနိုင်သည့် အတိုင်းအတာကို မကြာခဏ ကျော်လွန်လေ့ရှိသည်။ ဥပမာအနေဖြင့် ၎င်းတို့သည် တစ်စုံတစ်ရာကို မှားယွင်းစွာ ပြောဆိုမိလျှင် သို့မဟုတ် လုပ်ဆောင်မိလျှင် မိမိတို့ကိုယ်ကို မုန်းတီးကြသည်၊ မိမိတို့၏ မျက်နှာကို မိမိတို့ကိုယ်တိုင် ရိုက်ပြီး နေ့ဘက်တွင် အစာမစားခြင်းနှင့် ညဘက်တွင် မအိပ်ခြင်းတို့ဖြင့် မိမိတို့ကိုယ်ကို အပြစ်ပေးသည်အထိပင် ပြုလုပ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ အမှားများကို ပြုပြင်ရန် မိမိတို့၏ စိတ်ပိုင်းဖြတ်မှုကို ပြသသည့် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလျက် မိမိတို့၏ ဇာတိပကတိကို အပြစ်ပေးရန် အစွန်းရောက်သော နည်းလမ်းများကို မကြာခဏ အသုံးပြုကြသည်။ တစ်စုံတစ်ဦးက၊ “ဤသို့ပြုလုပ်ခြင်းသည် ပြဿနာကို ဖြေရှင်းမည် မဟုတ်ပါ။ သင်သည် ဦးစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိလာရမည်ဖြစ်ကာ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှာဖွေရမည်။ သို့မှသာလျှင် တဖြည်းဖြည်း ပြောင်းလဲမှု ဖြစ်ပေါ်လာနိုင်ပေသည်။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကိုမဆို ပြောင်းလဲခြင်းသည် တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း ဖြစ်နိုင်သည့်အရာ မဟုတ်ပေ။ ယင်းသည် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်၊ ဖြစ်စဉ်တစ်ခုရှိရန် လိုအပ်သည်”ဟု ၎င်းတို့ကို အကြံပြုကောင်းပြုနိုင်သည်။ ဤသည်မှာ တိကျမှန်ကန်သော ပြောဆိုချက်ဖြစ်သော်လည်း ၎င်းတို့သည် လက်မခံသည့်အပြင် လက်တွေ့လည်း မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အမျိုးမျိုးသော ပြဿနာများကို သမ္မာတရား စည်းမျဉ်းများအား အခြေခံ၍ မချဉ်းကပ်ဘဲ အစွန်းရောက်သော စီမံချက်များကို ကျင့်သုံးကြသည်။ ၎င်းတို့သည် မည်မျှ အစွန်းရောက်ကြသနည်း။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် မိမိတို့၏ ဇာတိပကတိကို ထိခိုက်စေသော နည်းလမ်းများနှင့် မိမိတို့ကိုယ်ကို ညှဉ်းဆဲသော နည်းလမ်းများအား မကြာခဏ အသုံးပြုကြသည်။ ယင်းမှာ အစွန်းရောက်ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် အခြားသူများကိုလည်း အစွန်းရောက်သော နည်းလမ်းများကို အသုံးပြုလျက် ဤနည်းအတိုင်း ဆက်ဆံကြသည်။ ၎င်းတို့သည် အမျိုးမျိုးသော ကိစ္စရပ်များကိုလည်း အစွန်းရောက်သော နည်းလမ်းများဖြင့် သဘောထားကြသည်။ ဥပမာအနေဖြင့် အမျိုးသမီးတစ်ဦးသည် သူ၏တာဝန်နှင့်ပတ်သက်၍ အလွန်အလုပ်များနေသည်ဟု မကြာခဏ ခံစားရပြီး သူ၏ဆံပင်ကို ညှပ်ရန်နှင့် လျှော်ရန် အချိန်ပေးရခြင်းက အလွန်အမင်း ကသီလင်တဖြစ်လွန်းသည်ဟု ခံစားရသောကြောင့် သူ၏ဆံပင်အားလုံးကို ယတိပြတ် ရိတ်ပစ်လိုက်သည် ဆိုကြပါစို့။ ဆံပင်ရိတ်သည့် အကြိမ်အရေအတွက်ကို လျှော့ချရန်အတွက် ပုံမှန်ဆံပင်ကြီးထွားမှုကို ကန့်သတ်ရန် ဓာတုဗေဒပစ္စည်းအချို့ကိုပင် သူ လိမ်းကျံခဲ့သည်။ ဤသည်မှာ အစွန်းရောက်ခြင်းဖြစ်သည် မဟုတ်လော။ သူသည် ခေါင်းတုံးဖြစ်နေသည်ကို မြင်သောအခါ လူတို့က သူ့ကို အမျိုးသားတစ်ဦးဟု ယူဆကြသော်လည်း သူ၏အသံနှင့် ကိုယ်လုံးကိုယ်ပေါက်ကို အကဲဖြတ်ခြင်းအားဖြင့် သူ့ကို အမျိုးသမီးတစ်ဦးဖြစ်နိုင်သည်ဟု ထင်ကြသည်။ သူသည် အမျိုးသားလော သို့မဟုတ် အမျိုးသမီးလောဟူသည်ကို ၎င်းတို့ မခွဲခြားနိုင်ကြပေ။ အခြားညီအစ်ကိုမောင်နှမများကို မေးပြီးမှသာလျှင် သူသည် အမျိုးသမီးဖြစ်ပြီး ကရိကထသက်သာစေရန် ခေါင်းရိတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ သိရှိကြရသည်။ ပိုင်းခြားသိမြင်မှုမရှိသော အချို့လူများက ထိုသို့သောလူကို အထင်ကြီးလေးစားလျက် ဤအတွက် လက်မပင်ထောင်ပြကြသည်။ “ကြည့်ပါ၊ ဇာတိပကတိကို ဆန့်ကျင်တွန်းလှန်ရန် သူ၏စိတ်ပိုင်းဖြတ်မှုက သာမန်လူများထက် အမှန်တကယ် သာလွန်ပါသည်။ ဇာတိပကတိကို သူ မုန်းတီးခြင်းက စစ်မှန်သော မုန်းတီးမှုဖြစ်သည်။ ဇာတိပကတိကို တန်ဖိုးမထားခြင်းနှင့်ပတ်သက်လာသည့်အခါ သူက အမှန်တကယ် အရေးယူဆောင်ရွက်ခဲ့သည်။ တစ်နေ့တွင် ကျွန်ုပ်လည်း သူ့လိုပင် ခေါင်းရိတ်ပစ်လိုက်မည်” ဟူ၍ ဖြစ်သည်။ အချို့က သူ့ကို အတုပင်ခိုးကြသေးသည်။ ၎င်းတို့သည် တစ်မျိုးတစ်စားတည်းဖြစ်ကြသည် မဟုတ်ကြလော။ ၎င်းတို့သည် မျိုးတူသော စိတ်ဓာတ်ရှိသူတစ်ဦးကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤကိစ္စအပေါ် ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်သာမက ယင်းကို အလွန်အမင်း ချီးကျူးပြီး အတုယူရန်လည်း အလိုရှိကြသည်။ ဤသူတို့သည် အစွန်းရောက်သောသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့၊ အစွန်းရောက်သောသူတို့သည် အရာရာကို စံသွေသော စေ့ဆော်မှု အင်အားတစ်ခုဖြင့် လုပ်ဆောင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤစံသွေသော စေ့ဆော်မှုသည် အဘယ်မှ လာသနည်း။ ပုံမှန်လူ့သဘာဝတွင် ဤစံသွေသော စေ့ဆော်မှု ရှိသလော။ (မရှိပါ။) သို့ဆိုလျှင် အဘယ်ကြောင့် ပုံမှန်လူ့သဘာဝတွင် ဤစံသွေသော စေ့ဆော်မှု မရှိသနည်း။ အကြောင်းမှာ လူတို့၌ ပုံမှန်လူ့သဘာဝ၏ အတွေးအခေါ်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိပါက ၎င်းတို့သည် ကိစ္စရပ်များကို အတော်အတန် ပုံမှန်ကျသော၊ အပြုသဘောဆောင်ပြီး လက်တွေ့ကျသော နည်းလမ်းဖြင့် စဉ်းစားကြလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ဤအစွန်းရောက်သော အပြုအမူများကို လုံးဝ ပါဝင်လုပ်ဆောင်ကြလိမ့်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့ကြိုက်နှစ်သက်သည့်အရာတစ်ခုဖြစ်စေ၊ မကြိုက်နှစ်သက်သည့်အရာတစ်ခုဖြစ်စေ မည်သည့်အရာကိုမဆို လုပ်ဆောင်သည်ဖြစ်စေ ပုံမှန်နှင့် ဆင်ခြင်တုံတရားရှိစွာ ပြုမူကြလိမ့်မည်ဖြစ်ပြီး အစွန်းရောက်ကြလိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် အစွန်းရောက်သည့် ဤလူစားမျိုး၏ အတွေးအခေါ်တွင် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) ၎င်းတို့၏ နားလည်သဘောပေါက်မှုနှင့်ပတ်သက်၍ ပြဿနာအချို့ ရှိနေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအနေဖြင့် ဘုရားသခင်သည် လူတို့အား မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိရန် တောင်းဆိုသည်။ ၎င်းတို့သည် သစ္စာစောင့်သိမှုအား မည်သို့စွမ်းဆောင်ရရှိနိုင်မည်ကို စဉ်းစားကြပြီး ဒုက္ခဆင်းရဲကို ခံစားရမည်ဟု ကောက်ချက်ချကြသောကြောင့် ဒုက္ခဆင်းရဲ ခံစားခြင်းကို လက်တွေ့လုပ်ဆောင်ကြသည်။ ၎င်းတို့သည် သတ်မှတ်ထားသော ဆန်စေ့အရေအတွက်နှင့် ဟင်းသီးဟင်းရွက် အတုံးအရေအတွက်ကို စားသုံးလျက် အစာစားတိုင်း စည်းမျဉ်းများကို လိုက်နာကြသည်။ ၎င်းတို့၏ အဝတ်အစားများ စုတ်ပြဲသွားသောအခါ ဖာထေးပြီး ဆက်လက်ဝတ်ဆင်ကြရာ အခြားသူများအမြင်တွင် ခြိုးခြံစွာကျင့်ကြံသူများကဲ့သို့ ထင်ရသည်။ အခြားသူများက နေ့စဉ် ခြောက်နာရီမှ ရှစ်နာရီအထိ အိပ်စက်ကြသော်လည်း ၎င်းတို့သည် တစ်နာရီ သို့မဟုတ် နှစ်နာရီသာ အိပ်စက်ကြသည်။ ၎င်းတို့သည် မိမိတို့၌ ဒုက္ခဆင်းရဲ ခံစားရန် စိတ်ပိုင်းဖြတ်မှုရှိပြီး အခြားမည်သူ့ထက်မဆို ပို၍ သစ္စာစောင့်သိသည်ဟု ခံစားကြရသည်။ ပုံမှန်လူများ နားမလည်နိုင်သော ဤအစွန်းရောက်သည့် အတွေးများနှင့် အပြုအမူများကို အမြဲတစေ ၎င်းတို့ စဉ်းစားနေကြသည်။ ဥပမာအနေဖြင့် ၎င်းတို့သည် တစ်စုံတစ်ဦးကို စကားပြောနေစဉ် တစ်စုံတစ်ရာကို မမှန်မကန် ပြောဆိုမိလျှင် သို့မဟုတ် စကားလုံးတစ်လုံးကို တလွဲအသုံးပြုမိပြီး လှောင်ပြောင်ခြင်းခံရလျှင် အရှက်ရသည်ဟု ခံစားရပြီး၊ “ကျွန်ုပ်သည် ဤစကားလုံးကို ကျွန်ုပ်၏ဘဝတွင် မည်သည့်အခါတွင်မျှ တစ်ဖန် အသုံးပြုလိမ့်မည် မဟုတ်ပါ။ ပြီးလျှင် ထိုမျှသာ မဟုတ်၊ ကျွန်ုပ်ကို အပြစ်မရှာနိုင်ရန်အလို့ငှာ ကျွန်ုပ်သည် ဤလူကို ကျွန်ုပ်၏ဘဝတွင် နောက်တစ်ဖန် မည်သည့်အခါတွင်မျှ မြင်ရလိမ့်မည် မဟုတ်သည့်အပြင်၊ ဤလူနှင့် မည်သည့်အခါတွင်မျှ စကားပြောလိမ့်မည် မဟုတ်ပါ” ဟူ၍ တွေးဆကြသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသို့ လုပ်နိုင်ကြသည်။ ဤအရာကို ၎င်းတို့ လိုက်နာစောင့်ထိန်းနိုင်ကြသည်။ ၎င်းတို့သည် မည်သည့် အစွန်းရောက်သော အပြုအမူ သို့မဟုတ် အတွေးနှင့် အမြင်ကိုမဆို တစ်သက်တာလုံး လိုက်နာစောင့်ထိန်းနိုင်ပြီး တစ်ဦးတလေ၏ ဖျောင်းဖျမှုကို ငြင်းပယ်နိုင်ကြသည်။ ၎င်းတို့သည် ဤသို့ပင် လိုက်နာစောင့်ထိန်းကြပြီး ဤသည်မှာ သမ္မာတရားကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခု၊ ဘုရားသခင်ကို ချစ်ခြင်း၏ သရုပ်သကန်တစ်ခုနှင့် သစ္စာစောင့်သိခြင်း၏ သရုပ်သကန်တစ်ခုဖြစ်သည်ဟု ယုံကြည်လျက် ၎င်းတို့၏ လိုက်နာစောင့်ထိန်းမှုအတွက် အကြောင်းပြချက်များနှင့် အခြေခံများပင် ရှိကြသည်။ ငါ့ကို ပြောလော့၊ ထိုသို့သောလူများသည် ဒုက္ခပေးတတ်သောသူများ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့နှင့် အဆင်ပြေရန် ရန် လွယ်ကူသလော။ (မလွယ်ကူပါ။) သို့ဆိုလျှင် ၎င်းတို့၏ အပြုအမူများသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ယင်းတို့သည် အစွန်းရောက်သော အတွေးအခေါ်တစ်မျိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဤအစွန်းရောက်သော အပြုအမူများနှင့် သရုပ်သကန်များကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် မှတ်ယူပြီး ထိုသို့မရမက လုပ်ဆောင်ကြသည်။ ဤအစွန်းရောက်သော အတွေးအခေါ်များနှင့် အမြင်များသည် ဤလူစားမျိုးတွင်ရှိသည့် ဤအပြုအမူများ၏ အရင်းအမြစ်ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဤနည်းလမ်းများဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ထံ သစ္စာစောင့်သိမှုကို ဖော်ပြခြင်းဖြစ်သည်ဟု ယုံကြည်ကြပြီး ထို့အပြင် ထိုသို့မလုပ်ဆောင်သော မည်သူ့ကိုမဆို အတွင်းစိတ်၌ မထီမဲ့မြင်ပြုလျက် ပြစ်တင်ရှုတ်ချကာ ခွဲခြားဆက်ဆံကြသည်။ ဥပမာအနေဖြင့် မိမိ၏ခေါင်းကို ရိတ်ခဲ့သည့် အစောပိုင်းက ဖော်ပြခဲ့သော အမျိုးသမီးကို စဉ်းစားကြည့်လော့။ အခြားသူများက ခေါင်းမရိတ်ကြသည်ကို မြင်သောအခါ သူက၊ “ဟမ့်၊ သင်တို့က ထိုသို့သော ရှည်လျားသည့်ဆံပင်ကို ပုံစံအမျိုးမျိုးပင် ပုံသွင်းလျက် ထားရှိကြသည်။ သင်တို့အားလုံးက အလွန်ဂုဏ်မောက်ကြသည်။ ဘုရားကို သင်တို့ မချစ်ကြပါ။ ကျွန်ုပ်ကို ကြည့်ပါ၊ ကျွန်ုပ် နှစ်ပေါင်းများစွာကြာ ခေါင်းတုံးတုံးထားပြီး လှောင်ပြောင်ခံရမည်ကို မည်သည့်အခါတွင်မျှ မကြောက်ခဲ့ပါ။ ကျွန်ုပ် ဂုဏ်မမောက်ပါ။ သင်တို့က ဆံပင်ကို အလွန်ရှည်အောင်ထားပြီး မကြာခဏ လျှော်ရသည်။ အချိန်ဖြုန်းလိုက်လေခြင်းပါတကား။ ထိုအချိန်အားလုံးဖြင့်၊ ဘုရားနှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပြီး တာဝန်အနည်းငယ် ပိုမိုထမ်းဆောင်ခြင်းက ကောင်းသည် မဟုတ်လော” ဟူ၍ တွေးကြသည်။ သူသည် အခြားသူများကိုပင် ပြစ်တင်ရှုတ်ချသေးသည်။ ဤလူစားမျိုးသည် နှစ်ပေါင်းများစွာကြာ ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို နားထောင်ပြီး တရားဒေသနာများကို နားထောင်သော်လည်း သမ္မာတရားဟူသည်မှာ အဘယ်အရာဖြစ်သည်ကို နားမလည်သေးပေ။ ၎င်းတို့၌ အစွန်းရောက်သော အတွေးများစွာ ရှိနေဆဲဖြစ်ပြီး ဤအစွန်းရောက်သော အတွေးများစွာ၏ လမ်းညွှန်မှုအောက်တွင် ၎င်းတို့သည် အစွန်းရောက်သော အပြုအမူများ၊ ကျင့်ကြံမှုများနှင့် ပုံစံများစွာကို ပြသကြပြီးနောက် မိမိတို့ကိုယ်ကို ဘုရားသခင်ကို အချစ်ဆုံးနှင့် အသစ္စာအရှိဆုံးသောသူများအဖြစ် သတ်မှတ်ကြသည်။ ဤသည်မှာ သွေဖည်ခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အရာရာတွင် အစွန်းရောက်ခြင်းသည် သွေဖည်ခြင်း ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤအစွန်းရောက်သော သရုပ်သကန်များသည် အခြားသူများကို မထိခိုက်ပေ၊ သို့ဆိုလျှင် အဘယ်ကြောင့် ယင်းတို့ကို သွေဖည်သည်ဟု ငါတို့ ပြောဆိုရသနည်း။ (ဤသရုပ်သကန်များသည် ပုံမှန်လူများ၏ တွေးခေါ်ခြင်းနှင့် မကိုက်ညီပါ။ ယင်းတို့သည် ပုံမှန်လူများ ရှိသင့်သော အပြုအမူများနှင့် ကျင့်ကြံမှုများ မဟုတ်ပါ။) ဤအစွန်းရောက်သော သရုပ်သကန်များသည် ပုံမှန်လူများ၏ တွေးခေါ်မှုနှင့်လည်းကောင်း၊ သရုပ်သကန်များနှင့်လည်းကောင်း ဘာဆိုဘာမျှ ဆက်စပ်မှု မရှိပေ။ ယင်းတို့သည် လက်တွေ့ဘဝနှင့် ကင်းကွာသည်၊ ပုံမှန်လူ့သဘာဝရှိသော လူများ ရှိသင့်သည့် ဓမ္မဓိဋ္ဌာန်ကျသော၊ လက်တွေ့ကျသော ဘဝများနှင့် ကင်းကွာပေသည်။ ၎င်းတို့သည် အမျိုးမျိုးသော ကိစ္စရပ်များအတွက် အစွန်းရောက်သော လုပ်နည်းကိုင်နည်းကို ခံယူကျင့်သုံးကြပြီးနောက် ဤအစွန်းရောက်သော၊ လွန်ကဲသောအတွေးများ၊ အမြင်များနှင့် အပြုအမူများကို အပြုသဘောဆောင်သောအရာများအဖြစ် သတ်မှတ်ကြသည့်အပြင်၊ သမ္မာတရားကိုမူ အပျက်သဘောဆောင်သောအရာအဖြစ် သတ်မှတ်ကြသည်။ ဤသည်မှာ အမှန်နှင့် အမှားကို ရှုပ်ထွေးစေခြင်း၊ အဖြူကို အမည်းပြောင်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်နှင့် အမှားကို ရှုပ်ထွေးစေခြင်းနှင့် အဖြူကို အမည်းပြောင်းခြင်း၊ အယူအဆများကို အမြင်အားဖြင့် အစားထိုးခြင်း၊ ဤသည်မှာ သွေဖည်ခြင်း ဖြစ်သည်။ သင်သည် ပုံမှန်လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ပုံမှန်လူများ၏ တွေးခေါ်မှု သို့မဟုတ် အမျိုးမျိုးသော ကိစ္စရပ်များအပေါ် ပုံမှန်လူများရှိသင့်သည့် အတွေးများနှင့် အမြင်များအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့က မခံယူနိုင်သည့်အပြင်၊ အတွင်းစိတ်ဖြင့် ရိုးရှင်းစွာ လက်မခံကြပေ။ လက်မခံသည့်အပြင် ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ လမ်းကြောင်းမှ ကင်းကွာသော ရယ်ဖွယ်ကောင်းပြီး ထူးဆန်းသည့် ကျင့်ကြံမှုများ၊ အပြုအမူများနှင့် အတွေးများ၊ အမြင်များကိုပင် ဖန်တီးကြသည်၊ ယင်းတို့ကို မိမိတို့ကိုယ်တိုင်၌ အကောင်အထည်ဖော်ပြီး ၎င်းတို့၏ အစွန်းရောက်သော အတွေးများ၊ အမြင်များအပြင်၊ အပြုအမူများနှင့် မကိုက်ညီသော မည်သည့်အရာမဆို မှားယွင်းစဉ်တွင် ၎င်းတို့၏ အစွန်းရောက်သော အတွေးများ၊ အမြင်များ၊ အပြုအမူများနှင့် ကိုက်ညီသော မည်သည့်အရာမဆို မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီသည်ဟု ယုံကြည်လျက် ဤအရာကို လူအားလုံး၊ ဖြစ်ရပ်အားလုံးနှင့် အမှုအရာအားလုံးကို တိုင်းတာရန် စံအဖြစ် တစ်ပြုင်နက် အသုံးပြုကြလေသည်။ ဤသည်မှာ အမှန်နှင့် အမှားကို ရှုတ်ထွေးစေခြင်း မဟုတ်လော။ အမည်းကို အဖြူပြောင်းခြင်း မဟုတ်လော။ ယင်းမှာ အယူအဆများကို အမြင်အားဖြင့် အစားထိုးခြင်း မဟုတ်လော။ ဤသည်မှာ နတ်ဆိုးများမှ လူဝင်စားသူများ၌ရှိသော သွေဖည်ခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို ဘယ်သောအခါမျှ လက်မခံကြဘဲ ထိုအစား အပြုသဘောမဆောင်သော သို့မဟုတ် အပျက်သဘောဆောင်သောအရာများကို လူတို့ အတုယူကာ အတုခိုးရန်အတွက် အပြုသဘောဆောင်သောအရာများအဖြစ် လွှဲပြောင်းအသုံးပြုကြပြီး ထိုသို့ဖြင့် လူတို့ကို ဘုရားသခင်နှင့် ဝေးကွာစေသည့် ပန်းတိုင်ကို စွမ်းဆောင်ရရှိကြသည်။ ဤသည်မှာလည်း အစွန်းရောက်သော အပြုအမူတစ်မျိုး ဖြစ်သည်။

နတ်ဆိုးများဖြစ်ကြသော သူတို့တွင် သွေဖည်ခြင်း၏ နောက်ထပ်သရုပ်သကန်တစ်ခု ရှိသည်။ ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှ မနှစ်သက်ကြပေ။ ၎င်းတို့သည် လုံးဝ ဝိညာဉ်ရေးရာဆန်သော သီအိုရီများနှင့် ပြောဆိုချက်များတစ်စုံကို အမြဲတစေ ဖန်တီးလိုလျက်၊ ဤသဘာဝလွန်ကိစ္စရပ်များ၏ အခြေခံအကြောင်းရင်းကိုပင် သုတေသနပြုလိုကြလျက် ပုံမှန်မဟုတ်သော၊ သဘာဝလွန်သော အရာများကို လိုက်စားခြင်းအား နှစ်သက်ကြလေသည်။ ၎င်းတို့သည် ဤအရာများကို လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးအား ကိုင်တွယ်ဖြေရှင်းရန်နှင့် အကဲဖြတ်ရန် အသုံးပြုလျက် သမ္မာတရားအဖြစ်၊ နေ့စဉ်ဘဝရှိ လုပ်ဆောင်ချက်များအတွက် လမ်းညွှန်များ၊ လားရာများနှင့် ပန်းတိုင်များအဖြစ် သဘောထားကြသည်။ ဥပမာအနေဖြင့် ၎င်းတို့အတွက် အမှုအရာများ အဆင်ပြေချောမွေ့ခြင်းမရှိသောအခါ ၎င်းတို့သည် မိမိတို့၏ကံဇာတာကို ဆုံးဖြတ်ရန် အခြေခံအကြောင်းရင်းတစ်ခုကို ရှာဖွေရန် ကြိုးပမ်းလျက် ယခင်ညက မည်သည့်အိပ်မက်များ မက်ခဲ့သည်ကိုလည်းကောင်း၊ ၎င်းတို့၏ ပတ်ဝန်းကျင်တွင် ပုံမှန်မဟုတ်သော ဖြစ်စဉ်များ ဖြစ်ပွားခဲ့ခြင်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် နိမိတ်မကောင်းသော လက္ခဏာများ တစ်ခုတလေ ရှိသလောဟူသည်ကိုလည်းကောင်း ပြန်လည်စဉ်းစားကြသည်၊ ဤသည်တို့မှာ ၎င်းတို့ အမြဲတစေ လိုက်စားသည့် အမှုအရာအမျိုးအစားများ ဖြစ်သည်။ အထူးသဖြင့် ဆိုးရွားသော ရောဂါများရှိသည့် လူများနှင့် တွေ့ကြုံရသောအခါ ထိုသို့သောလူများနှင့် ထိတွေ့ဆက်ဆံခြင်းသည် မိမိတို့၏ ကိုယ်ပိုင်ဇီဝစွမ်းအင်ကို စုပ်ယူသွားမည်ဖြစ်ပြီး ကံဆိုးမှုကို ဆောင်ကြဉ်းလာမည်ဟု ယုံကြည်ကြလျက်၊ ထိုသူတို့ကို နိမိတ်မကောင်းဟု မှတ်ယူကြသည်။ သို့ဖြစ်၍ ထိုသို့သောလူများနှင့် ထိတွေ့ဆက်ဆံပြီးနောက် ၎င်းတို့သည် မိမိတို့၏ နဖူးမည်းနေခြင်း ရှိမရှိ သို့မဟုတ် မိမိတို့၌ ကံဆိုးခြင်း အရိပ်အယောင် ရှိမရှိကို ကြည့်ရန် မှန်ကို မကြာခဏ ကြည့်ရှုကြသည်။ ယေဘုယျအားဖြင့် ၎င်းတို့သည် မိမိတို့၏ကံဇာတာ မည်သို့ဖြစ်မည်ကို အမြဲတစေ စဉ်းစားနေကြသည်။ အားလပ်ချိန်ရသည့်အခါတိုင်း ၎င်းတို့သည် ရှေးရိုးပြက္ခဒိန်ကို လှန်လှောကြည့်ရှုခြင်း သို့မဟုတ် အွန်လိုင်းတွင် ဗေဒင်ဟောပြောချက်များကို ရှာဖွေခြင်း ပြုလုပ်ကြသည်။ ၎င်းတို့ မက်ခဲ့သည့် အိပ်မက်တစ်ခု သို့မဟုတ် အခြားသူများထံမှ ကြားသိခဲ့ရသည့် အယူသီးသောစကားတစ်ခု၊ ဤအရာအားလုံးကို ၎င်းတို့၏ကံဇာတာ ကောင်းမကောင်းဟူသည်ကို အကဲဖြတ်ရန် အခြေခံအကြောင်းရင်းတစ်ခုအဖြစ် ၎င်းတို့က မှတ်ယူနိုင်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း မိမိတို့အနီးဝန်းကျင်ရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို သဘောထားရန်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံအကြောင်းရင်းအဖြစ် ဘယ်သောအခါမျှ အသုံးမပြုကြသည့်အပြင်၊ မိမိတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့် ဖြစ်ရပ်တိုင်းကို သဘောထားရန် သမ္မာတရားကို အခြေခံအကြောင်းရင်းအဖြစ်လည်း အသုံးမပြုကြပေ။ ထိုအစား ၎င်းတို့သည် ပုံမှန်မဟုတ်သော ခံစားချက်အချို့ကို အမြဲတစေ ရှာဖွေကြသည်။ ဥပမာအနေဖြင့် တစ်နေ့ သီချင်းဆိုနေစဉ် အနည်းငယ် နေမကောင်းဖြစ်သည်ဟု ၎င်းတို့ ခံစားရပါက၊ “ဘုရားက ငါ့ကို တားဆီးနေခြင်းဖြစ်သလော။ ဘုရားက ငါ့ကို သီချင်းမဆိုစေချင်ဘူးလော” ဟု တွေးကြသည်။ တစ်နေ့တွင် ဧဝံဂေလိတရားကို ဟောပြောရန် အပြင်ထွက်မည်ဆိုပါက တစ်စုံတစ်ဦးနှင့် အချိန်နှင့်နေရာကို ရှင်းလင်းစွာ စီစဉ်ထားပြီးဖြစ်သော်လည်း မိမိတို့၏ စိတ်ဝိညာဉ်ထဲရှိ ခံစားချက်ကို သဘောပေါက်ရန် ၎င်းတို့ ဆုတောင်းရဦးမည်ဖြစ်သည်။ ဆုတောင်းပြီးနောက် မိနစ်အနည်းငယ် စောင့်ဆိုင်းသော်လည်း မည်သည့်အရာမျှ မခံစားရပေ။ ထို့နောက် ၎င်းတို့သည် ထိုနေ့တွင် နေနှင့်ပတ်သက်၍ ပုံမှန်မဟုတ်သော ဖြစ်စဉ်များ ရှိမရှိ သို့မဟုတ် အပြင်ဘက်တွင် ငှက်ကျားမြည်သံ သို့မဟုတ် ကျီးအော်သံများ ရှိမရှိဟူသည်ကို ကြည့်ရှုပြီး ထိုနေ့တွင် မိမိတို့၏ကံဇာတာ မည်သို့ဖြစ်မည်ကိုလည်းကောင်း၊ ဧဝံဂေလိတရားကို ဟောပြောရန် အပြင်ထွက်ခြင်းက ချောမွေ့ခြင်း ရှိမည် မရှိမည်ကိုလည်းကောင်း၊ လူတို့ကို ရရှိနိုင်မည် မရရှိနိုင်မည်ကိုလည်းကောင်း အကဲဖြတ်ရန် ယင်းတို့ကို အသုံးပြုကြသည်။ အကယ်၍ ဤနည်းလမ်းများ အလုပ်မဖြစ်ပါက သွားမည် မသွားမည်ကို ဆုံးဖြတ်ရန် အကြွေစေ့ပင် ပစ်ကြသေးသည်။ အကယ်၍ ပန်းဖက်လှန်ကျပါက ၎င်းတို့အတွက် အမှုအရာများ ချောမွေ့စွာဖြစ်မည်ဖြစ်ပြီး လူတို့ကို ရရှိနိုင်မည်ဟု အဓိပ္ပာယ်ရသည်၊ အကယ်၍ ခေါင်းဖက်လှန်ကျပါက အမှုအရာများ ချောမွေ့စွာဖြစ်မည်မဟုတ်သည့်အပြင်၊ လူတို့ကို ရရှိနိုင်မည်မဟုတ်ဟု အဓိပ္ပာယ်ရသည်။ ၎င်းတို့သည် အပြင်ထွက်မည် မထွက်မည်ကို ဤအရာများအား အခြေခံ၍ ဆုံးဖြတ်ကြသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ သမ္မာတရားကို မိမိတို့၏အခြေခံအဖြစ် သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းအဖြစ် ဘယ်သောအခါမျှ အသုံးမပြုကြပေ။ ထိုအစား ၎င်းတို့သည် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အကဲဖြတ်ရန်၊ မိမိတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့် အမျိုးမျိုးသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် မိမိတို့ လက်တွေ့လုပ်ဆောင်သင့်သည့် စည်းမျဉ်းများကို ဆုံးဖြတ်ရန် ထိုအယူသီးသောစကားများ သို့မဟုတ် ပုံမှန်မဟုတ်သော ခံစားချက်များနှင့် ဖြစ်စဉ်များကို အမြဲတစေ အားကိုးကြသည်။ ၎င်းတို့သည် ဤအခြေအမြစ်မရှိသော၊ ထူးခြားဆန်းကြယ်သော၊ ထူးထူးဆန်းဆန်းဖြစ်သော၊ သဘာဝလွန် ခံစားချက်များကို အမြဲတစေ ရှာဖွေကြပြီး ယင်းတို့ကို အခြေခံ၍ အမြဲတစေ ပြုမူကာ အသက်ရှင်ကြသည်။ အချို့လူများသည် အပြင်ထွက်စဉ် ကြောင်နက်တစ်ကောင်ကို မြင်သည့်အခါ ယင်းသည် ကံဆိုးခြင်းကို ကိုယ်စားပြုသည်ဟု ယုံကြည်ကြပြီး အပြင်မထွက်ဘဲ ကိစ္စရပ်များအား နှောင့်နှေးစေခြင်းကိုပင် ပို၍နှစ်သက်ကြသည်။ အချို့သည် တစ်စုံတစ်ရာကို ကိုင်တွယ်ရန် သွားရာလမ်းတွင် ကားပျက်သွားမည်ဖြစ်ပြီး ယင်းသည် ဘုရားသခင်က ၎င်းတို့ကို တားဆီးနေခြင်းဖြစ်ကြောင်း၊ ထိုနေ့တွင် ၎င်းတို့၏ကံ မကောင်းကြောင်းနှင့် ၎င်းတို့ အပြင်မထွက်သင့်ကြောင်း ယုံကြည်ကြသည်။ အချို့သည် အပြင်ထွက်သောအခါ အခေါင်းတစ်ခုကို မြင်လျှင် ထိုနေ့တွင် ငွေနှင့်ပတ်သက်၍ ကံကောင်းမည်ဟု ယုံကြည်ကြသည်။ မည်သည့်အရာကိုမဆို လုပ်ဆောင်သောအခါ ဤလူစားမျိုးသည် အယူသီးသောစကားတစ်မျိုးမျိုးတွင် အခြေခံအကြောင်းရင်းတစ်ခုကို အမြဲတစေ ရှာဖွေသည်။ ၎င်းတို့၌ သမ္မာတရားကို အခြေခံသည့် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ မရှိပေ။ အခြားသူများက မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ သို့မဟုတ် ဘုရားသခင်၏အိမ်တော်က အလုပ်ကို မည်သို့ပင် ဆောင်ရွက်စေကာမူ သမ္မာတရား စည်းမျဉ်းများအတိုင်း အသက်ရှင်ရန်နှင့် အလုပ်လုပ်ရန် ဘယ်သောအခါမျှ ၎င်းတို့ မသင်ယူကြပေ။ အိမ်တွင် ရေပိုက်ခေါင်း ရုတ်တရက် ပျက်စီးပြီး ယိုစိမ့်ခြင်းကဲ့သို့သော ပုံမှန်မဟုတ်သည့် ဖြစ်စဉ်အချို့ ရံဖန်ရံခါ ဖြစ်ပွားပါက ယင်းသည် မကောင်းသည့် နိမိတ်ဟု သံသယဝင်ကြသည်။ ရံဖန်ရံခါ လေပြင်းတစ်ချက် တိုက်ခတ်၍ ပြတင်းပေါက် ပွင့်သွားပြီး မှန်ကွဲသွားပါက ၎င်းတို့သည် “ဤလေပြင်းက ပုံမှန်မဟုတ်ပါ။ ဘေးအန္တရာယ်၏ လက္ခဏာတစ်ခုကဲ့သို့ ထင်ရသည်။ ဘုရားက ငါ့ကို အပြင်မထွက်အောင် တားဆီးနေခြင်း ဖြစ်သလော”ဟု ခံစားကြရသည်။ ၎င်းတို့ အပြင်ထွက်သောအခါ နှင်းကျပါက ၎င်းတို့က “ကြည့်ပါ၊ ကျွန်ုပ် အပြင်ထွက်ထွက်ချင်း နှင်းကျသည်။ လူများက၊ ‘ထင်ရှားကျော်ကြားသည့်လူများ အပြင်ထွက်သည့်အခါ လေနှင့်နှင်းကို ဆွဲဆောင်သည်’ဟု မကြာခဏ ပြောကြသည်။ ကျွန်ုပ်က ထင်ရှားကျော်ကြားသည့် လူတစ်ယောက် ဖြစ်ပုံရသည်”ဟု ပြောကြသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သောအရာ မဟုတ်လော။ ၎င်းတို့သည် အရာခပ်သိမ်းကို အကဲဖြတ်ရန်နှင့် ဆုံးဖြတ်ရန် အခြေခံအကြောင်းရင်းအဖြစ် ဤထူးဆန်းပြီး နားလည်ရခက်သော စကားများကို အသုံးပြုကြသည်။ ဥပမာအနေဖြင့် အပြင်ထွက်သောအခါ ၎င်းတို့၏ ကျောပိုးအိတ်ကြိုးက တံခါးလက်ကိုင်တွင် ငြိသွားပါက ယင်းအတွက် ဆိုရိုးစကားတစ်ခုနှင့် အရေးပါမှုတစ်ခု ရှိသည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့သည် ရှေးရိုးပြက္ခဒိန်ကို အလျင်အမြန် လှန်လှောကြည့်ရှုပြီး ဤအချိန်တွင် အမှုအရာများကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အပြင်ထွက်ခြင်းအတွက် ဆိုရိုးစကားမှာ “ကိစ္စအားလုံး မသင့်လျော်ပါ၊ အပြင်ထွက်ရန် မသင့်တော်ပါ” ဟူ၍ ဖြစ်သည်ကို တွေ့ရှိကြသည်။ ၎င်းတို့က “ကိစ္စအားလုံး မသင့်လျော်ပါဟူသည်မှာ ငါ မည်သည့်အရာမျှ လုပ်ဆောင်၍မရ၊ ငါ အိမ်တွင် နေရမည်ဟု ဆိုလိုသည်။ ဤသည်မှာ ဘုရားသခင်က ငါ့ကို စိတ်အေးလက်အေးနှင့် သက်သောင့်သက်သာ နေခွင့်ပေးခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကာကွယ်ခြင်းဖြစ်သည်”ဟု တွေးဆကြသည်။ ၎င်းတို့သည် ဤအရာအတွက်ပင် အခြေခံအကြောင်းရင်းတစ်ခုကို ရှာတွေ့ကြသည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ မည်သည့်အခြေအနေတွင်ဖြစ်စေ ယင်းအတွက် ဆိုရိုးစကားတစ်ခုခုရှိသည်ဟု ၎င်းတို့က ခံစားကြရသည်။ ဤသည်မှာ ထူးခြားဆန်းပြားသည် မဟုတ်လော။ ၎င်းတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာတိုင်းကို ထူးဆန်းသော ဖြစ်စဉ်တစ်ခုအဖြစ် ရှုမြင်ကြပြီး ဤ “ထူးဆန်းသော ဖြစ်စဉ်များ” ကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းမှာ ထူးဆန်းသော ဆိုရိုးစကားမျိုးစုံ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့်အရာရာတိုင်းကို သဘောထားရန် ဤထူးဆန်းသော ဆိုရိုးစကားအမျိုးမျိုးကို အသုံးပြုကြသည်။ ထို့ကြောင့် သင်သည် ဤလူစားမျိုးနှင့်အတူ နေထိုင်ပါက ၎င်းတို့သည် အထူးသဖြင့် ထူးဆန်းသည်ဟု သင် မကြာခဏ ခံစားရလိမ့်မည်။ ၎င်းတို့သည် သင့်ကို ကျောချမ်းစေလျက် သင်၏ နှလုံးကို တုန်လှုပ်စေသည့် တစ်စုံတစ်ရာအား ရုတ်တရက် ပြောဆိုကောင်း ပြောဆိုပေမည်။ ဥပမာအနေဖြင့် ညဉ့်နက်သန်းခေါင်တွင် ခွေးဟောင်သံကြားရခြင်းက အလွန်ပုံမှန်ဖြစ်သော ကိစ္စဖြစ်သော်လည်း ၎င်းတို့အတွက်မူ ယင်းသည် အရေးကြီးသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။ မည်သည့် ဆိုရိုးစကားက ထိုအချိန်နာရီတွင် ခွေးဟောင်ခြင်းအား ရှင်းပြသည်ကို သိရှိရန် ၎င်းတို့သည် အချက်အလက်များကို ရှာဖွေရမည်၊ ဗေဒင်မေးမြန်းခြင်းနှင့် ကံကြမ္မာဟောခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ ၎င်းတို့နှင့် အတန်ကြာ အပြန်အလှန်ဆက်ဆံပြီး ပေါင်းသင်းပြီးနောက် သင် မည်သည့်အရာကို ခံစားရလိမ့်မည်နည်း။ သင်သည် အဓိပ္ပာယ်မရှိသော ဆိုရိုးစကားအချို့ကြောင့် မကြာခဏ အနှောင့်အယှက်ပေးခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။ သင်၏ စိတ်နှလုံးထဲတွင် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ရှိလိမ့်မည်လော။ (ရှိလိမ့်မည် မဟုတ်ပါ။) ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းမရှိဘဲ သင်သည် အရာရာတိုင်းအတွက် ဆိုရိုးစကားတစ်ခုကို ရှာဖွေရန် လိုအပ်လာလျက် ၎င်းတို့ကဲ့သို့ နေမထိထိုင်မသာဖြစ်လာလိမ့်မည်။ သင် ရှာဖွေရင်း ရှာဖွေရင်းဖြင့် ဘုရားသခင်သည် သင်၏ စိတ်နှလုံးထဲမှ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးသည် ထိုအယူသီးသော ဆိုရိုးစကားများဖြင့်သာ ကျန်ရစ်ခဲ့လိမ့်မည်။ ဤသည်မှာ သင်၏ အတွေးများ ဂနာမငြိမ်ဖြစ်သည်အထိ၊ သင်၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်း သို့မဟုတ် ဝမ်းမြောက်ခြင်း မရှိသည်အထိ၊ သင်၏ အတွေးအခေါ်များ ပရမ်းပတာဖြစ်သည်အထိနှင့် သင်သည် ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်များကို ဆုံးရှုံးသည်အထိ မကောင်းသောဝိညာဉ်များ၊ နတ်ဆိုးများနှင့် စာတန်များ၏ အနှောင့်အယှက်ပေးခြင်းကို သင် ခံနေရသည်ဟု ဆိုလိုပေသည်။ လူတို့ဘဝများ၏ ပုံမှန်အစီအစဉ်နှင့် ပုံစံများသည် ဤပရမ်းပတာဖြစ်သော အတွေးအခေါ်များနှင့် ပရမ်းပတာဖြစ်သော ဆိုရိုးစကားများကြောင့် လုံးဝဖရိုဖရဲဖြစ်သွားသည်။ မည်သည့်အရာ ဖြစ်သည်ဖြစ်စေ၊ ဤလူစားမျိုးသည် ယင်းကို ထူးဆန်းသော ဆိုရိုးစကားအချို့ဖြင့် ရှင်းပြနိုင်ပြီး နောက်ဆုံးတွင် အဓိပ္ပာယ်မဲ့သည့်၊ ထူးထူးဆန်းဆန်းနိုင်သော နည်းလမ်းဖြင့် သဘောထားနိုင်သည်။ ဤသည်မှာ သွေဖည်ခြင်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး၏ ပြုပြင်ခြင်းကို ခံရပြီးနောက် လူအချို့က၊ “ဤမနက်တွင် ငါ၏ ခန္ဓာကိုယ်နှင့်ပတ်သက်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားခဲ့ရသည်။ မျက်နှာသစ်သည့်အခါ ကျွန်ုပ်၏နဖူး မည်းနေသည်ကို သတိပြုမိသည်။ ထိုအတိုင်းပင်၊ ယနေ့ ငါ ကျွန်ုပ် ပြုပြင်ခြင်းခံခဲ့ရသည်။ ကြည့်ပါ၊ နိမိတ်များ ရှိနေသည်။ ထို့ကြောင့်၊ အားလပ်ချိန်ရတိုင်း မှန်ကို ငါ နေ့တိုင်း ကြည့်ရမည်။ ငါ၏ နေဖူးမည်းနေသည်ကို တွေ့လျှင် သတိထားဖို့လိုသည်။ ငါပြုပြင်ခြင်းခံရနိုင်သည်၊ တစ်ခုခု အဆင်မပြေဖြစ်နိုင်သည် သို့မဟုတ် တစ်စုံတစ်ခု၌ စိတ်ပျက်ရနိုင်သည်” ဟူ၍ တွေးဆကြသည်။ အချို့လူများသည် ဧဝံဂေလိတရားကို ဟောပြောရန် သွားသောအခါ ဧဝံဂေလိတရား လက်ခံရန် အလားအလာရှိသူသည် တောင့်တပြီး ရှာဖွေသော စိတ်နှလုံးရှိသည့် အတော်လေး သဘောကောင်းသော လူတစ်ဦးဖြစ်ပြီး မိတ်သဟာယဖွဲ့သောအခါ သမ္မာတရားကို လက်ခံနိုင်သည်ကို တွေ့မြင်ရလျှင် ဘုရားသခင်ကို ကျေးဇူးတင်သည့်အပြင်၊ “မနေ့က ငါ စမ်းချောင်းတစ်ခုတွင် ခြေထောက်ဆေးနေသည်ဟု အိပ်မက်မက်ခဲ့သည်။ ထိုစမ်းရေက စည်းစိမ်ဥစ္စာကို ကိုယ်စားပြုသည်၊ စည်းစိမ်ဥစ္စာရရှိခြင်းက ဧဝံဂေလိတရား ဟောပြောခြင်းအားဖြင့် တစ်စုံတစ်ယောက်ကို ရရှိခြင်းအား ကိုယ်စားပြုတယ်။ ထို့ကြောင့် ယနေ့ ဤလူကို ရရှိသည့်အတွက် ဘုရားကိုလည်း ကျေးဇူးတင်ရမည်။ ဘုရားက နိမိတ်တစ်ခုကို ပေးထားပြီးသားဖြစ်သည်” ဟူ၍လည်း စဉ်းစားကြသည်။ ၎င်းတို့ မည်သည့်အရာကို ကြုံတွေ့ရသည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို ခံစားရသည်ဖြစ်စေ ဖြစ်ကြောင်းရင်းမြစ်ကို အမြဲတစေ ခြေရာခံလိုပြီး အခြေခံအကြောင်းရင်းတစ်ခုကို အမြဲတစေ ရှာဖွေရန် လိုအပ်သည်။ အချို့လူများက၊ “ဘယ်ဘက် မျက်ခမ်းလှုပ်ခြင်းက ကံကောင်းခြင်း နိမိတ်ဖြစ်သော်လည်း ညာဘက်မျက်ခမ်းလှုပ်ခြင်းက ကံဆိုးခြင်း နိမိတ်ဖြစ်သည်” ဟူသော အယူသီးသည့် ဆိုရိုးစကားကို ယုံကြည်ကြပြီး ၎င်းတို့အပေါ် ကျရောက်သည့် အမှုအရာများကို အကဲဖြတ်ရန် ဤအရာကို အခြေခံအကြောင်းရင်းအဖြစ် အသုံးပြုကြသည်။ ၎င်းတို့သည် သမ္မာတရား၌ ဘယ်သောအခါမျှ အားမထုတ်ကြသည့်အပြင်၊ အမျိုးမျိုးသော ကိစ္စရပ်များကို အကဲဖြတ်ရန် အခြေခံအကြောင်းရင်းအဖြစ် သမ္မာတရားကို ရှာဖွေခြင်း သို့မဟုတ် အသုံးပြုခြင်းလည်း မရှိပေ။ ၎င်းတို့၏ စိတ်နှလုံးများသည် အမျိုးမျိုးသော ထူးဆန်းသည့်၊ အဓိပ္ပာယ်မဲ့သော၊ နားလည်ရခက်သော၊ သဘာဝလွန် ဆိုရိုးစကားများ၊ အတွေးများနှင့် အမြင်များ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့သည့် မှားယွင်းသော အယူအဆများဖြင့် လုံးဝပြည့်နှက်နေသည်။ ၎င်းတို့သည် ဤအရာများ၏ လွှမ်းမိုးခြင်းကို ခံနေရသည်။

အချို့လူများသည် အပြင်ပန်းတွင် အတော်လေး ပုံမှန်ဖြစ်သည်ဟု ထင်ရသည်၊ ၎င်းတို့၏ ဘဝ၊ အလုပ်နှင့် အခြားသူများနှင့် အပြန်အလှန်ဆက်ဆံမှုများက အစွန်းရောက်သော၊ သဘာဝလွန်ဖြစ်သော သို့မဟုတ် ထူးခြားဆန်းပြားသော သရုပ်သကန်များ မပြသပေ။ သို့သော် ၎င်းတို့နှင့် အချိန်ကြာမြင့်စွာ ပေါင်းသင်းဆက်ဆံပြီးနောက် ၎င်းတို့၏ စိတ်များနှင့် နှလုံးသားများသည် မကောင်းသော ခေတ်ရေစီးကြောင်းများမှ အစပြုသည့် အဓိပ္ပာယ်မဲ့သော၊ နားလည်ရခက်ပြီး လွဲချော်သော အယူသီးသည့် ဆိုရိုးစကားအမျိုးမျိုးဖြင့် လုံးဝပြည့်နှက်နေကြောင်းနှင့် ၎င်းတို့သည် မိမိတို့အနီးဝန်းကျင်တွင် ဖြစ်ပျက်သည့် အမျိုးမျိုးသော ကိစ္စရပ်များကို အကဲဖြတ်ရန် ဤဆိုရိုးစကားများကို အခြေခံအကြောင်းရင်းအဖြစ် အသုံးပြုကြောင်းတို့ကို ရှာဖွေတွေ့ရှိရပေသည်။ အမှုအရာများသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် ကာကွယ်မှုအောက်တွင် ရှိသည်ကို ၎င်းတို့ အသိအမှတ်ပြုသည့်အခါတွင်ပင် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို အယူသီးသော ဆိုရိုးစကားများဖြင့် အဓိပ္ပာယ်ဖွင့်ဆိုလျက်၊ ထိုသို့သောကိစ္စရပ်များကို ရှင်းပြရန် အခြေခံအကြောင်းရင်းအဖြစ် အယူသီးသော ဆိုရိုးစကားတစ်မျိုးမျိုးကို ၎င်းတို့ ရှာဖွေနေဆဲဖြစ်သည်။ ဤသည်မှာ သွေဖည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားများစွာကို ကြားပြီးနောက် သမ္မာတရားကို ၎င်းတို့ ယခုတိုင် နားမလည်နိုင်သေးခြင်း၊ ပြဿနာများကို သမ္မာတရားဖြင့် မရှုမြင်နိုင်ခြင်းနှင့် သမ္မာတရားနှင့် ကိုက်ညီသော စကားတစ်ခွန်းမျှ မပြောနိုင်ခြင်းတို့သည် အဘယ်သို့ ဖြစ်သနည်း။ ၎င်းတို့၏ စိတ်နှလုံးများသည် အဘယ်သို့ဖြစ်ပြီး သမ္မာတရား ကင်းမဲ့နိုင်ကာ ထိုအစား ထိုမိစ္ဆာဒိဋ္ဌိအယူဝါဒများ၊ အဓိပ္ပယ်မရှိသည့် မှားယွင်းသော အယူအဆများနှင့် အယူသီးမှုများ၏ စိုးမိုးခြင်းနှင့် ပြည့်နှက်ခြင်းကို ခံနေရနိုင်သနည်း။ ဤသည်မှာ သွေဖည်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများက “သင် ပုရွက်ဆိတ်များကို နင်း၍မဖြစ်ပါ။ ပုရွက်ဆိတ်သည်လည်း သက်ရှိတစ်ခုပင်ဖြစ်သည်။ သင်က တစ်ကောင်ကို နင်းသတ်လိုက်ပြီး ထိုတစ်ကောင်က ဝိညာဉ်နယ်ပယ်ကို ပြန်သွားကာ ကောင်းကင်ရှိ အဘိုးအိုထံတွင် သင့်ကို သွားတိုင်လျှင် သင် ပြစ်ဒဏ်ခံရလိမ့်မည်”ဟုပင် ပြောကြသည်။ “သင်က ငါးတစ်ကောင်ကို သတ်လိုက်ပြီး ထိုငါး၏ပါးစပ်က သင့်ဘက်ကို မျက်နှာမူလျက် ပွင့်နေလျှင်၊ ယင်းမှာ သင့်ကို စွပ်စွဲနေသည့်သဘော ဖြစ်သည်။ ထိုငါးကို သင် စား၍မရပါ၊ စားလိုက်လျှင် သင် ပြစ်ဒဏ်ခံစားရလိမ့်မည်။ ကြက်များ၊ ခွေးများ၊ နွားများ၊ ဝက်များကို သတ်ခြင်းက အသက်နုတ်ခြင်းသာ ဖြစ်သည်။ ထိုအတွက် သင် ပြစ်ဒဏ်ခံရလိမ့်မည်”ဟူ၍ ဖြစ်သည်။ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို ၎င်းတို့ အဘယ်မှ ရရှိကြသနည်း။ ဤဆိုးယုတ်သော လူသားမျိုးနွယ်ထံမှ ၎င်းတို့ ကြားသိရခြင်း မဟုတ်လော။ ၎င်းတို့သည် ဤနေရာမှ ဆိုရိုးစကားတစ်ခု၊ ထိုနေရာမှ ဆိုရိုးစကားတစ်ခုကို ရွေးပြီး အားလုံးကို လက်ခံကြကာ ဤဆိုရိုးစကားများကို ဘုရားသခင်၏ အလိုတော်လောက် မြင့်မားသည်ဟု မှတ်ယူလျက် အမြင့်ဆုံးသော အမိန့်များအဖြစ်ပင် သဘောထားကြသည်။ အချို့လူများသည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးသည့်တိုင် “သင် ကြက်များကို မသတ်ရပါ။ ဤဘဝတွင် သင် ကြက်များကို သတ်လျှင် နောက်ဘဝတွင် သင်က ကြက်တစ်ကောင်ဖြစ်လာပြီး တစ်စုံတစ်ယောက်၏ သတ်ခြင်းကို ခံရလိမ့်မည်။ ထို့ကြောင့် သင် အသက်မသတ်ရပါ။ အသက်သတ်လျှင် သင် အပြစ်ဒဏ်ခံစားရလိမ့်မည်” ဟူသော စကားများကို ပြောနေဆဲဖြစ်သည်။ ၎င်းတို့သည် ဤသို့ပြောသော်လည်း ကြက်သားစားသည့်အခါတွင်မူ ၎င်းတို့ကိုယ်တိုင် တစ်နပ်တည်းဖြင့် တစ်ကောင်လုံးကို စားနိုင်သည်။ ဤသည်မှာ သွေဖည်နေခြင်း မဟုတ်လော။ အခြားသူများက “သင် တိရစ္ဆာန်သားရေများကို ဝတ်ဆင်၍မဖြစ်ပါ။ တိရစ္ဆာန်များ သေဆုံးပြီးနောက်တွင် သူတို့၏ဝိညာဉ်များက ခံစားနိုင်သေးသည်။ သင်က တိရစ္ဆာန်သားရေများကို ဝတ်ဆင်လျှင် တိရစ္ဆာန်၏ဝိညာဉ်ကို သင့်ကိုယ်ပေါ်တွင် ခြုံထားသကဲ့သို့ပင် ဖြစ်သည်။ ဤတိရစ္ဆာန်က မတရားသေဆုံးခဲ့ရသည်ဆိုလျှင် ယင်းက သင့်ကို ရှာတွေ့ပြီး သင့်နောက်ကို တကောက်ကောက်လိုက်နိုင်သည်။ ယင်းက သင့်နောက်ကို စပြီးလိုက်ပြီဆိုသည်နှင့် သင် ငြိမ်သက်ခြင်း ရှိလိမ့်မည် မဟုတ်ပါ”ဟု ပြောကြသည်။ ငါ့ကို ပြောလော့၊ ဤဆိုရိုးစကားများသည် ထူးဆန်းသည် မဟုတ်လော။ (ဟုတ်ပါသည်။) အခြားတစ်စုံတစ်ဦးက ဆံပင်တု ဝတ်ဆင်ထားသည်ကို မြင်သောအခါ အခြားသူအချို့ကလည်း၊ “သင် ဝတ်ထားသည့် ဆံပင်တု၏ မူလပိုင်ရှင်က မတရားသေဆုံးခဲ့ရခြင်း ဖြစ်နိုင်သည်။ သူ့လိပ်ပြာက ဆံပင်ထဲတွင် ရှိနေဆဲဖြစ်သည်။ သင်က သူ့ဆံပင်ကို ဝတ်ဆင်လျှင် သူ့လိပ်ပြာက သင့်နောက်ကို လိုက်လာလိမ့်မည်” ဟု ပြောရမည့်အရာတစ်ခု ရှိနေဆဲဖြစ်သည်။ ထူးဆန်းသော၊ နားလည်ရခက်သည့်အပြင် အဓိပ္ပာယ်မဲ့သော ဆိုရိုးစကားမျိုးစုံသည် ဤလူစားမျိုးက စိတ်နှလုံးထဲတွင် တန်ဖိုးထားသည့်အရာများ ဖြစ်လာသည်။ ထိုအရာများသည် ၎င်းတို့၏ အထွတ်အထိပ်ညွှန်ကြားချက်များ ဖြစ်သည်။ ၎င်းတို့သည် ဤအဓိပ္ပာယ်မဲ့ပြီး ရယ်ဖွယ်ကောင်းသော ဆိုရိုးစကားများကို သမ္မာတရားဖြစ်သည့်အလား လိုက်နာကြသည့်တိုင် ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့ လိုက်လျှောက်နေသည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် ထိုအရာများကို လိုက်နာသည်သာမက အခြားသူများကိုလည်း ထိုသို့ပြုလုပ်ရန် ပြောဆိုကြသည်။ အကယ်၍ အခြားသူများက မလိုက်နာပါက ၎င်းတို့သည် လိုက်နာရန် ဖိအားပေးလျက်၊ လူတို့ကို ခြိမ်းခြောက်ရန်နှင့် ကြောက်လန့်စေရန် ကြောက်မက်ဖွယ်ကောင်းသော၊ ကြက်သီးထဖွယ် ဆိုရိုးစကားများကိုပင် အသုံးပြုကြသည်။ သမ္မာတရားကို နားမလည်သောသူများက ၎င်းတို့ကြောင့် ကြောက်လန့်သွားကြသည်။ ဤထူးထူးဆန်းဆန်းဖြစ်ပြီး အဓိပ္ပာယ်မဲ့သော ဆိုရိုးစကားများသည် လူ့လောကတွင် နတ်ဆိုးများနှင့် စာတန်တို့ ဖြန့်ဝေခဲ့သည့် အခြေအမြစ်မရှိသော ကောလာဟလများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆအချို့ ဖြစ်သည်။ တစ်ချက်အနေဖြင့်၊ ထိုအရာများသည် လူတို့၏ ပုံမှန်တွေးခေါ်မှုနှင့် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်ပြီး ထိန်းချုပ်သည်၊ နောက်တစ်ချက်အနေဖြင့်၊ နတ်ဆိုးများနှင့် စာတန်သည် အချို့လူများကို စိုးမိုးရန် ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများကို အသုံးပြုပြီး ဤလူတို့ကို ဤလူ့လောကတွင် ၎င်းတို့အတွက် အစေခံစေကာ ၎င်းတို့၏ ထွက်ပေါက်များ၊ ၎င်းတို့၏ အမျိုးမျိုးသော နားလည်ရခက်ပြီး ထူးခြားဆန်းပြားသော အတွေးအခေါ်များကို အကောင်အထည်ဖော်သူများ ဖြစ်လာစေသည်။ ထို့ကြောင့် ဤထူးဆန်းသောလူများ၏ သရုပ်သကန်တစ်ခုတလေကို အကဲဖြတ်သည့်အခါ၊ ၎င်းတို့၏ သဘာဝအနှစ်သာရက ကောက်ကျစ်ဆိုးယုတ်ပေသည်။ ၎င်းတို့သည် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံကြ။ သွေဖည်သောအရာများကို ၎င်းတို့ အကြည်ညိုဆုံး ဖြစ်သည်။ ဤအရာက ပြဿနာဖြစ်သည့်အရာ အတိအကျ ဖြစ်ပေသည်။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အပြင်၊ ပိုင်းခြားသိမြင်မှု ကင်းမဲ့သောအခါ ၎င်းတို့သည် ဤထူးဆန်းပြီး နားလည်ရခက်သော ဆိုရိုးစကားများ၏ လွှမ်းမိုးခြင်းနှင့် အထင်အမြင်မှားစေခြင်းကို အမှုမဲ့အမှတ်မဲ့ မကြာခဏ ခံကြရသည်။ သို့သော် လူတို့က သမ္မာတရားကို နားလည်ပြီးနောက်တွင် ၎င်းတို့သည် အမှုအရာများ မိမိတို့အပေါ် ကျရောက်သောအခါ မည်သည့်အရာကို လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ မည်သို့ ပြုမူရမည်ကိုလည်းကောင်း၊ မည်သည့်အရာကို ထိန်းသိမ်းရမည်၊ မည်သည့်အရာအား စွန့်လွှတ်ရမည်ကိုလည်းကောင်း ပုံမှန်ဆင်ခြင်တုံတရားနှင့် ပုံမှန်တွေးခေါ်မှုတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အခြေခံ၍ ဆုံးဖြတ်ရန် သိရှိကြသည်။ ဤသည်မှာ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအား မည်သို့သဘောထားရမည်ကို ပိုင်းခြားသိမြင်ရန်၊ အကဲဖြတ်ရန်နှင့် ဆုံးဖြတ်ရန် ဤနားလည်ရခက်ပြီး အဓိပ္ပာယ်မဲ့သော ဆိုရိုးစကားများကို အသုံးပြုခြင်းထက်၊ ပုံမှန်လူ့သဘာဝရှိသော လူများက နားလည်သင့်ပြီး ထိန်းသိမ်းသင့်သည့်အရာဖြစ်သည်။ ဤထူးဆန်းသော လူစားမျိုးအပေါ် ပိုင်းခြားသိမြင်မှု ရရှိပြီးနောက် ၎င်းတို့၏ အနှစ်သာရကို သင် ရှင်းလင်းစွာ မြင်သလော။ ၎င်းတို့၏ အနှစ်သာရကား အဘယ်နည်း။ ယင်းသည် သွေဖည်ခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကြီးမြတ်သောသူအဖြစ် မရိုသေဘဲ စာတန်ကို ကြီးမြတ်သူအဖြစ် ရိုသေကြသည်။ ၎င်းတို့သည် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခုအကြောင်း ပြောဆိုလိုသည့်အခါ၊ ဘုရားသခင်ကို ကျေးဇူးတင်လိုသည့်အခါ သို့မဟုတ် ဘုရားသခင် ချမှတ်ပေးသည့် ပတ်ဝန်းကျင်များကို လက်ခံလိုသည့်အခါတွင်ပင် ၎င်းတို့၏ အခြေခံအကြောင်းရင်းအဖြစ် ထူးဆန်းသော၊ နားလည်ရခက်သော၊ အဓိပ္ပာယ်မဲ့သော သို့မဟုတ် မိုက်မဲသော ဆိုရိုးစကားတစ်ခုကို ရှာဖွေကြသည်။ ၎င်းတို့အတွက် ဤနားလည်ရခက်ပြီး၊ အဓိပ္ပာယ်မဲ့သော ဆိုရိုးစကားများနှင့် အမြင်များသည် သမ္မာတရားအထက်တွင်ရှိပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာအထက်တွင် ရှိသည်။ ထို့ကြောင့် ဤလူစားမျိုး၏ သဘာဝအနှစ်သာရသည် သေချာပေါက် သွေဖည်သော အနှစ်သာရတစ်ခု ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့ အသက်ရှင်နေထိုင်ရာတွင် အမှီပြုသည့်အရာသည် စာတန်၏အသက်ဖြစ်သောကြောင့် ဖြစ်သည်၊ ၎င်းတို့ ချီးမြှောက်သောအရာ၊ အားပေးထောက်ခံပြီး လေးစားသောအရာသည် သမ္မာတရားမဟုတ်ဘဲ စာတန်၏ မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများ ဖြစ်သည်။ သင် မြင်တွေ့ရသည့်အရာသည် ၎င်းတို့၏ တစ်ကိုယ်ရေ အပြုအမူဖြစ်လျှင်ပင် ဤတစ်ကိုယ်ရေ အပြုအမူများ၏ နောက်ကွယ်ရှိ အင်အားစုမှာ နတ်ဆိုးများနှင့် စာတန်၏ အမျိုးမျိုးသော အတွေးများနှင့် အမြင်များ ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် လူသားပုံပေါက်သော်လည်း ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်၏ အမျိုးမျိုးသော မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများအတွက် ထွက်ပေါက်တစ်ခု၊ အမွေဆက်ခံသူတစ်ဦးနှင့် သက်သေခံတစ်ဦး ဖြစ်သည်။ ၎င်းတို့ သက်သေခံသောအရာနှင့် အားပေးထောက်ခံသောအရာသည် စာတန်၏ မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများဖြစ်ကာ သမ္မာတရား မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သွေဖည်သော သဘာဝအနှစ်သာရ၏ သရုပ်သကန် ဖြစ်သည်။

ငါ့ကို ပြောလော့၊ လူတစ်ဦးသည် ကောင်းကင်တမန်များကို မြင်နိုင်ခြင်းက ကောင်းသောအရာတစ်ခု ဖြစ်သလော။ အကယ်၍ တစ်စုံတစ်ဦးသည် ကောင်းကင်တမန်များကို အမှန်တကယ် မြင်နိုင်ပါက ယင်းသည် ကောင်းသောအရာဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ထိုကောင်းကင်တမန်သည် စစ်မှန်သော ကောင်းကင်တမန်တစ်ပါးမဟုတ်ဘဲ စာတန်က အယောင်ဆောင်ထားသော ကောင်းကင်တမန်တစ်ပါးဖြစ်ပါက ယင်းကို မြင်တွေ့ခြင်းသည် အလွန်အန္တရာယ်များသည်။ အကယ်၍ စာတန်သည် ကောင်းကင်တမန်တစ်ပါးအဖြစ် အယောင်ဆောင်ပြီး သင့်အား မြင်ခွင့်ပေးပါက၊ ဤသည်မှာ သင့်အတွက် ကောင်းသောအရာတစ်ခုလော သို့မဟုတ် မကောင်းသောအရာတစ်ခုလော။ (မကောင်းသည့်အရာတစ်ခု ဖြစ်ပါသည်။) အဘယ်ကြောင့် ယင်းသည် မကောင်းသောအရာတစ်ခုဖြစ်သည်ဟု သင် ပြောဆိုရသနည်း။ ပုံမှန်အခြေအနေများအောက်တွင် သေမျိုးဖြစ်သော ဇာတိပကတိသည် ကောင်းကင်တမန်များကို မြင်နိုင်သလော။ (မမြင်နိုင်ပါ။) လူသားများတွင် ဤစွမ်းရည် ရှိသလော။ (ကျွန်ုပ်တို့၌ မရှိပါ။) တိတိကျကျပြောရလျှင် လူသားများသည် ဝိညာဉ်ရေးရာ နယ်ပယ်နှင့်ဆိုင်သော စာတန် သို့မဟုတ် ကောင်းကင်တမန်များကို မြင်နိုင်သည့် စွမ်းရည်မရှိပေ။ သို့သော် အကယ်၍ သင်သည် ၎င်းတို့ကို မြင်တွေ့ပါက အဘယ်သို့ ဖြစ်နေသနည်း။ သင်၏ ဇာတိပကတိ၏ စွမ်းရည်ကအနည်းငယ် ပြောင်းလဲသွားသည်ဟု အဓိပ္ပာယ်သက်ရောက်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ဖြစ်သည့်အရာ အတိအကျပင် ဖြစ်သည်။ ဇာတိပကတိ၏ စွမ်းရည်နှင့်ပတ်သက်၍ သာမန်ထက်လွန်ကဲသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားပြီးချိန်တွင် ယင်းကို ဘုရားသခင်က ပြောင်းလဲစေခဲ့ခြင်းဖြစ်သလော၊ အခြားတစ်ခုခုက ပြောင်းလဲစေခဲ့ခြင်းဖြစ်သလော သို့မဟုတ် သင်ကိုယ်တိုင်က ပြောင်းလဲစေခဲ့ခြင်းဖြစ်သလော။ (အခြားတစ်ခုခုက ပြောင်းလဲစေခဲ့ခြင်းသည် သေချာသလောက်ဖြစ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်သည် သင့်အတွက် ယင်းကို ပြောင်းလဲပေးမည်လော။ (ထိုသို့သောအလုပ်ကို ဘုရားသခင် မလုပ်ဆောင်ပါ။) လူတို့ အသက်ရှင်နေစဉ်တွင် ဘုရားသခင်သည် ၎င်းတို့၏ ယုံကြည်ခြင်းကို ပို၍ခိုင်မာစေရန်အလို့ငှာ ၎င်းတို့အား ကောင်းကင်တမန်များ သို့မဟုတ် ဝိညာဉ်နယ်ပယ်မှ အချို့အရာများကို မြင်နိုင်ခွင့်ပေးလျက် ၎င်းတို့၏ စွမ်းရည်များကို ပြောင်းလဲပေးမည်လော။ ဘုရားသခင်သည် ဤအရာများကို လုပ်ဆောင်မည်လော။ (လုပ်ဆောင်မည် မဟုတ်ပါ။) သူလုပ်ဆောင်မည်မဟုတ်ကြောင်းကို ငါတို့ သေချာမှုဖြင့် ပြောနိုင်သည်။ လူတစ်ဦးသည် ကယ်တင်ခြင်းကို မရရှိမီတွင် ဘုရားသခင်က ဤအရာများကို လုံးဝလုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိအောင် သေချာသည်။ သို့ဆိုလျှင် သင်၏ ဇာတိပကတိ စွမ်းရည်သည် ရုတ်တရက် ပြောင်းလဲသွားပြီး သာမန်ထက်လွန်ကဲသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်က ပြောင်းလဲခဲ့ခြင်းမဟုတ်သည့်အပြင် သင်ကိုယ်တိုင်လည်း ပြောင်းလဲစေနိုင်ခြင်းမရှိပါက မည်သည့်အရာ ဖြစ်နေသနည်း။ ဘုရားသခင်သည် ထိုသို့သောအရာကို လုပ်ဆောင်မည်မဟုတ်သည့်အပြင်၊ သင်ကိုယ်တိုင်လည်း ယင်းကို ပြောင်းလဲစေနိုင်မည်မဟုတ်ပေ။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ စာတန်နှင့် ဝိညာဉ်ဆိုးများက သင့်အပေါ် အလုပ်လုပ်နေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ စာတန်နှင့် ဝိညာဉ်ဆိုးများသည် သင့်အား ပုံမှန်လူများ မမြင်နိုင်သောအရာများကို မြင်နိုင်ခွင့်ပေးပြီး ပုံမှန်လူများ မကြားနိုင်သော စကားများကို ကြားနိုင်ခွင့်ပေးလျက် သဘာဝလွန် ကျင့်ကြံမှုများကို သင် လုပ်ဆောင်ဖို့အလို့ငှာ သင့်ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်ခြင်းဖြစ်သည်။ ဤသည်မှာ လုံးဝကောင်းသောအရာ မဟုတ်ပေ။ အကယ်၍ စာတန်က သင့်အား အခြားသူများ မမြင်နိုင်သောအရာများကို မြင်ခွင့်ပေးပါက သူ၏ရည်ရွယ်ချက်ကား အဘယ်နည်း။ သင်၏ အမြင်ကို ကျယ်စေရန်လော၊ ဝိညာဉ်နယ်ပယ် တည်ရှိမှုကို သင့်အား ယုံကြည်စေရန်လော သို့မဟုတ် ဘုရားသခင်အပေါ် သင့်အား ယုံကြည်ခြင်း ရှိစေရန်လော။ (မဟုတ်ပါ။) စာတန်သည် ဤအရာကို သင့်အပေါ် လုပ်ဆောင်သောအခါ သူ၌ ကောင်းသော ရည်ရွယ်ချက်များ သို့မဟုတ် ကောင်းသော စေ့ဆော်မှုများ ရှိသလော။ (မရှိပါ။) မုချမရှိပေ။ စာတန်သည် သင် ပုံမှန်အားဖြင့် မမြင်နိုင်သော အချို့အရာများကို သင့်အား မြင်ခွင့်ပေးရန် သင်၏ ဤသာမန်ထက်လွန်ကဲသော စွမ်းရည်ကို အသုံးပြုပြီး ထိုသို့ဖြင့် သင့်အား သွေးဆောင်ဖြားယောင်းကာ ဝိညာဉ်နယ်ပယ်၏ ကိစ္စရပ်များအပေါ် ပို၍ စိတ်ဝင်စားစေသည်။ သူသည် သင့်အား ဤအကျိုးကျေးဇူးအနည်းငယ်၊ ဤအရသာအနည်းငယ်ကို ပေးပြီးနောက် သူ နောက်ဆက်တွဲလုပ်ဆောင်မည့်အရာကို လက်ခံရန် သင့်အား သွေးဆောင်သည်။ ပြီးလျှင် ထိုအရာသည် အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ စာတန်သည် သင့်အပေါ် သမ္မာတရားကို ပေးသနားလိမ့်မည်လော။ သူသည် သင့်အား အသက်ဖြင့် ထောက်ပံ့လိမ့်မည်လော။ မဟုတ်ပေ၊ သူသည် သင့်အား ပျက်စီးယိုယွင်းစေလိမ့်မည်၊ သင်၏ ဇာတိပကတိနှင့်ဆိုင်သည့် အမျိုးမျိုးသော မွေးရာပါ စွမ်းရည်များကို ဖျက်ဆီးလိမ့်မည်၊ ထို့နောက် သင့်အား သိမ်းပိုက်လိမ့်မည်၊ ဘုရားသခင်၏ ဘေးမှ သင့်အား လုယူသွားလိမ့်မည်ဖြစ်ပြီး သင့်အား ဘုရားသခင်ကို စွန့်ပစ်စေမည်ဖြစ်သည်။ စာတန်သည် လူတစ်ဦးအား ကောင်းကင်တမန်များကို မြင်ခွင့်ပေးသည်ဖြစ်စေ သို့မဟုတ် ဝိညာဉ်နယ်ပယ်မှ ဖြစ်စဉ်တစ်ခုတလေကို မြင်ခွင့်ပေးသည်ဖြစ်စေ ငါ့ကို ပြောလော့၊ ယင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) အကယ်၍ တစ်စုံတစ်ဦးသည် အခြားသူများ မမြင်နိုင်သောအရာများကို မကြာခဏ မြင်နိုင်လျှင် သို့မဟုတ် သူသည် သူ၏အိမ်ခေါင်မိုးပေါ်တွင် ကောင်းကင်တမန်များ ပျံဝဲနေသည်ကို မကြာခဏ မြင်ရသည်ဟု ပြောဆိုလျှင်၊ ကောင်းကင်တမန်များသည် လှပပြီး သန့်ရှင်းစင်ကြယ်ကာ သူနှင့် မကြာခဏ စကားပြောဆိုကြသည်ဟု ပြောဆိုလျှင် ထိုသို့သောလူတစ်ဦးနှင့် ကြုံတွေ့ရသောအခါ သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (အမြန် ဝေးဝေးနေလော့။) သင်သည် အမြန် ထိုသို့သောလူတစ်ဦးနှင့် ဝေးဝေးနေရမည်။ ၎င်းတို့နှင့် မည်သည့်အရာကိုမျှ မဆွေးနွေးနှင့်။ အကယ်၍ သင်သည် ဤကိစ္စကို စိတ်ဝင်စားပြီး ၎င်းတို့နှင့် ဆွေးနွေးပါက ယင်းသည် အန္တရာယ်ရှိသည်။ ၎င်းတို့အား “သင် အန္တရာယ်ကျရောက်နေသည်၊ သင်သည် အခြားသူများ မမြင်နိုင်သောအရာများကို အမြဲတစေ မြင်နိုင်သည်။ သင်သည် သွေဖည်နေသူဖြစ်သည်၊ ငါ သင့်နှင့် နောက်ထပ် ပေါင်းသင်းဆက်ဆံတော့မည် မဟုတ်ပါ” ဟု မပြောဆိုနှင့်။ သင်သည် ဤအရာများကို ပြောဆိုရန် မလိုအပ်ပေ၊ သင်၏ စိတ်နှလုံးထဲတွင် သိထားလျှင် လုံလောက်ပြီဖြစ်သည်။ နတ်ဆိုးများနှင့် စာတန်သည် ၎င်းတို့ကို ပစ်မှတ်ထားပြီးဖြစ်သည် သို့မဟုတ် ဤလူသည် လူသားမဟုတ်ဘဲ ပင်ကိုအားဖြင့် နတ်ဆိုးတစ်ကောင် ဖြစ်သည်။ လူသားများသည် နတ်ဆိုးများနှင့် ပေါင်းသင်းဆက်ဆံ၍မရပေ။ နတ်ဆိုးများနှင့် ပေါင်းသင်းဆက်ဆံသော လူသားများအတွက် တစ်ခုတည်းသော နောက်ဆုံးရလဒ် ရှိသည်၊ ယင်းမှာ နတ်ဆိုးများ၏ ဝါးမျိုခြင်းကို ခံရခြင်း ဖြစ်သည်။ သင်သည် သဘာဝလွန် ဖြစ်စဉ်များကို တွေ့ကြုံခံစားရသည့် ဤလူစားမျိုးနှင့် ကြုံတွေ့ရသောအခါ ၎င်းတို့က မည်သည့်နားလည်ရခက်သော သို့မဟုတ် ထူးဆန်းသော အရာများကို ပြောဆိုသည်ဖြစ်စေ သင် လုံးဝ သိလိုစိတ်မပြင်းပြရ။ ထိုသို့သောလူများနှင့် အလျင်အမြန် ဝေးဝေးနေလော့။ ၎င်းတို့အား ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်ကို ယုံကြည်စေရန် မဆိုထားနှင့်၊ ၎င်းတို့ကို မလေ့လာပါနှင့်၊ မစူးစမ်းနှင့် သို့မဟုတ် ၎င်းတို့ကို ပြောင်းလဲရန် မကြိုးစားပါနှင့်။ အကယ်၍ သင်သည် ထိုသို့ပြုလုပ်ပါက အလွန်မိုက်မဲရာကျသည်။ ဘုရားသခင်ပင်လျှင် နတ်ဆိုးများဖြစ်သည့် လူများကို အလိုမရှိပေ၊ သို့ပါလျက် သင်သည် နတ်ဆိုးတစ်ကောင်ကို ဘုရားသခင်၏အိမ်တော်ထဲသို့ ခေါ်ဆောင်လာပြီး သူ့အား တာဝန်ထမ်းဆောင်စေခဲ့သည်။ ဤသည်မှာ အသင်းတော်၏အလုပ်ကို အကျိုးပြုနိုင်သလော။ ယင်းသည် မည်သည့် အကျိုးကျေးဇူးမျှ ဆောင်ကြဉ်းပေးလိမ့်မည် မဟုတ်သည်သာမက အသင်းတော်၏အလုပ်အား အနှောင့်အယှက်နှင့် အဖျက်အမှောင့်ကိုပင် ဆောင်ကြဉ်းပေးလိမ့်မည်။ သင်သည် ဤအရာကို ကောင်းသော ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်သော်လည်း ဘုရားသခင်က ယင်းကို အောက်မေ့လိမ့်မည်မဟုတ်သည့်အပြင် သင့်အား ပြစ်တင်ရှုတ်ချခြင်းပင် ပြုလိမ့်မည်။ ဤသည်မှာ ဒုစရိုက်အမှုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သင်သည် ထိုသို့သောအရာများကို ဘယ်သောအခါမျှ မပြုလုပ်ရပေ။ သင် ရင်းနှီးသောသူတစ်ဦးဖြစ်စေ၊ မရင်းနှီးသောသူတစ်ဦးဖြစ်စေ၊ သင်၏ မိသားစု၊ အရင်းနှီးဆုံးသော ဆွေမျိုးများ သို့မဟုတ် မိတ်ဆွေများဖြစ်စေ သို့မဟုတ် သင်နှင့်အတူ ပူးပေါင်းဆောင်ရွက်သည့် ညီအစ်ကိုမောင်နှမများဖြစ်စေ၊ အကယ်၍ သူသည် သူ၏ခြံဝင်းထဲတွင် တစ်စုံတစ်ဦး လမ်းလျှောက်နေသည်ကို မကြာခဏ မြင်တွေ့ရလျှင် သို့မဟုတ် တစ်စုံတစ်ဦးက တံခါးကြားမှ သူ့ကို အမြဲတစေ ချောင်းကြည့်နေသည်ကို မြင်တွေ့ရလျှင်၊ ပြီးလျှင် သူသည် ကောင်းကင်တမန်များနှင့် စကားပြောဆိုနိုင်ကြောင်း၊ ဘုရားသခင် သူ့အား ပြောဆိုသည့်အရာကို သူ ကြားနိုင်ကြောင်း၊ သူသည် အောင်နိုင်သူ သားယောက်ျားလေးဖြစ်ကြောင်း၊ သူသည် သားဦးတစ်ဦး၊ ချီဆောင်ခြင်းခံရမည့်သူတစ်ဦးဖြစ်ကြောင်း သူ ခံစားနေရပြီးဖြစ်သည်ကိုလည်း မကြာခဏ ပြောဆိုပါက ထိုသို့သောလူတစ်ဦးကို သင်သည် ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးအဖြစ် ဆက်ဆံနိုင်သေးသလော။ (မဆက်ဆံနိုင်ပါ။) သင်တို့၏ စိတ်နှလုံးထဲတွင် ရှင်းလင်းနေရမည်။ ထိုသို့သောလူများကို ညီအစ်ကိုမောင်နှမများအဖြစ် အမှတ်မမှားနှင့်၊ မမိုက်မဲနှင့်။ အကယ်၍ သင်သည် မိုက်မဲပြီး ထိုသို့သောလူများကို မြင်တွေ့သောအခါ “သူတို့သည် အောင်နိုင်သူများ၊ သားဦးများ၊ စုံလင်စေခြင်းခံရသူများ ဖြစ်သည်၊ သူတို့၌ သမ္မာတရားရှိသည်၊ ကျွန်ုပ် ၎င်းတို့နှင့် ရင်းနှီးအောင် နေရမည်”ဟု တွေးထင်ပါက သင်သည် အန္တရာယ်ရှိနေသည်သာမက ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကိုလည်း အလွယ်တကူ ခံရလိမ့်မည်ဖြစ်ပြီး ယင်းသည် ဒုက္ခဖြစ်စေပေလိမ့်မည်။ သင်သည် လူတို့ကို ပိုင်းခြားသိမြင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏ သဘာဝအနှစ်သာရကို ထွင်းဖောက်မြင်နိုင်ခြင်း မရှိပေ။ ဘုရားသခင်သည် ထိုသို့သောအလုပ်မျိုးကို လုပ်ဆောင်မည်လော။ ဘုရားသခင်သည် နတ်ဆိုးများနှင့် စာတန်များကို မကယ်တင်ပေ။ ဘုရားသခင် လုပ်ဆောင်သောအလုပ်မှာ လူတို့အား သမ္မာတရားဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပြီး သမ္မာတရားကို နားလည်ခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ကျိုးနွံနာခံခြင်းအားဖြင့် သမ္မာတရားကို ၎င်းတို့၏အသက်အဖြစ် စွမ်းဆောင်ရရှိခွင့်ပေးပြီး ဘုရားသခင်အပေါ် စစ်မှန်သော အသိပညာနှင့် စစ်မှန်သော ကြောက်ရွံ့ခြင်းကို ရရှိခွင့်ပေးကာ ထိုသို့ဖြင့် စာတန်၏ ဩဇာလွှမ်းမိုးမှုမှ လုံးဝလွတ်မြောက်ပြီး ကယ်တင်ခြင်းကို ရရှိစေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လုပ်ဆောင်သောအလုပ် ဖြစ်သည်။ ထူးဆန်းသော ဆိုရိုးစကားများ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများ တစ်ခုတလေကမျှ လူတို့ကို မကယ်တင်နိုင်ဘဲ၊ သမ္မာတရားသာလျှင် လူတို့ကို ကယ်တင်နိုင်သည်။ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများသည် သမ္မာတရားနှင့် ဆက်စပ်မှု ဘာဆိုဘာမျှ မရှိပေ။ ထိုအရာများသည် လူတို့ကို အထင်အမြင်မှားစေပြီး ဖောက်ပြန်ပျက်စီးစေနိုင်ရုံသာရှိပြီး လူတို့ကို ကယ်တင်ခြင်းရရှိစေနိုင်ခြင်း မရှိပေ။ လူတို့သည် ကယ်တင်ခြင်းကို ရရှိရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းတို့အား ရရှိရန်အတွက် တစ်ခုတည်းသော လမ်းကြောင်းမှာ သမ္မာတရားကို လက်ခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ အခြားလမ်းကြောင်းမရှိပေ။ ကယ်တင်ခြင်းကို ရရှိရန်အတွက် အချို့သော အစွန်းရောက်သည့် နည်းလမ်းများ သို့မဟုတ် ဆိုရိုးစကားများ၊ သို့မဟုတ် အဓိပ္ပာယ်မဲ့ပြီး ထူးဆန်းသော ဆိုရိုးစကားများဖြင့် သမ္မာတရားကို ပုံမှားရိုက်ရန် သို့မဟုတ် အစားထိုးရန် မကြိုးစားနှင့်။ ဤလမ်းကြောင်းများထဲမှ တစ်ခုမျှ အလုပ်မဖြစ်ပေ၊ ယင်းတို့သည် ဘုရားသခင်ထံမှ မဟုတ်ပေ။

နတ်ဆိုးများမှ လူဝင်စားသောသူတို့၌ရှိသည့် သွေဖည်ခြင်း၏ သရုပ်သကန်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက်၊ ယခုအခါတွင် ၎င်းတို့၏ နောက်ထပ် သရုပ်သကန်တစ်ခုဖြစ်သည့် ဆိုးယုတ်မှုအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ကြစို့။ ဆိုးယုတ်မှု၏ သရုပ်သကန်များသည် သွေဖည်ခြင်း၏ သရုပ်သကန်များနှင့် တူညီမှုများ ရှိသော်လည်း ကွာခြားချက်များလည်း ရှိသည်။ သွေဖည်ခြင်း၏ သရုပ်သကန်များသည် ပုံမှန်လူ့သဘာဝ၏ တွေးခေါ်မှု၊ အသိတရား၊ ဆင်ခြင်တုံတရား သို့မဟုတ် ပင်ကိုအသိစိတ်တို့နှင့် မကိုက်ညီသည့်အပြင်၊ ဖန်ဆင်းခံ လူသားများအတွက် ဘုရားသခင် စီမံပေးထားသော ပုံမှန်လူ့သဘာဝ၏ အမျိုးမျိုးသော မွေးရာပါ အခြေအနေများနှင့်လည်း မကိုက်ညီပေ။ ထို့ထက်၊ ယင်းတို့သည် ပုံမှန်လူ့သဘာဝ၏ ဤအမျိုးမျိုးသော မွေးရာပါ အခြေအနေများကို ကျော်လွန်သည်။ အလုံးစုံ သရုပ်သကန်မှာ ပုံမှန်မဟုတ်ခြင်း၊ သဘာဝလွန်ဖြစ်ခြင်း၊ အစွန်းရောက်ခြင်းနှင့် ထူးဆန်းခြင်းတို့ ဖြစ်သည်။ ဆိုလိုသည်မှာ ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် အသိတရားရှိသော လူတို့သည် ထိုသို့သော လူပုဂ္ဂိုလ်များ၏ သရုပ်သကန်များနှင့် အပြုအမူများအရသာမက ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုထောင့်များအရပါ ၎င်းတို့ကို အလွန်ထူးဆန်းသည်ဟု မြင်ကြသည်။ ၎င်းတို့ အဘယ်ကြောင့် ထိုသို့ တွေးမည် သို့မဟုတ် ပြုမူမည်ဟူသည်ကို သင် တကယ်ကို နားလည်သဘောပေါက်နိုင်မည် မဟုတ်ချေ။ ယခု မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သင် နားလည်သွားပြီ ဖြစ်သည်။ သို့ဆိုလျှင် အရင်းခံအကြောင်းတရားက အဘယ်မှာ တည်ရှိသနည်း။ ယင်းမှာ ၎င်းတို့၏ သဘာဝအနှစ်သာရနှင့် နတ်ဆိုးများအဖြစ် ၎င်းတို့၏ဂုဏ်အင်္ဂါတို့တွင် တည်ရှိပေသည်။ ဤသည်တို့မှာ အခြေခံအားဖြင့် သွေဖည်ခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ သို့ရာတွင် နတ်ဆိုးများ၏ ဆိုးယုတ်မှုတွင် အများအားဖြင့် မြင်တွေ့ရသော အပြင်ပန်း သရုပ်သကန်အချို့သာ ပါဝင်သည်မဟုတ်။ ထို့ထက်၊ ယင်းသည် သမ္မာတရားအပေါ် ထားရှိသော ဤလူစားမျိုး၏ သဘောထားနှင့် တိုက်ရိုက် သက်ဆိုင်သည်။ ယင်းသည် သွေဖည်ခြင်းထက် သာ၍ ယုတ်ညံ့ပြီး သာ၍ ဆိုးရွားသည်။ ဆိုးယုတ်မှု၏ သရုပ်သကန်များကိုလည်း ထိုသို့သောလူများက သမ္မာတရားအား သဘောထားပုံအားဖြင့် သတ်မှတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ပထမဦးစွာ၊ နတ်ဆိုးများဖြစ်ကြသောသူတို့သည် သမ္မာတရားကို ရန်လိုကြသည်၊ ဤသည်မှာ ဆိုးယုတ်မှု၏ ပထမဆုံး သရုပ်သကန် ဖြစ်သည်။ ဆိုးယုတ်မှု၏ ဒုတိယ သရုပ်သကန်မှာ သမ္မာတရားအပေါ် ရန်လိုသော သဘောထားရှိခြင်းအပြင် နတ်ဆိုးများသည် ထိုသမ္မာတရားကို တက်ကြွစွာ တိုက်ခိုက်ခြင်းလည်း ဖြစ်သည်။ ဆိုးယုတ်မှု၏ တတိယ သရုပ်သကန်မှာ သမ္မာတရားကို ရန်လိုခြင်းနှင့် တိုက်ခိုက်ခြင်းအပြင် နတ်ဆိုးများသည် တစ်ဆင့်တက်၍ သမ္မာတရားကို အစားထိုးလိုခြင်း ဖြစ်သည်။ ၎င်းတို့၏ ဆိုးယုတ်မှု သရုပ်သကန်များသည် သမ္မာတရားကို ရန်လိုခြင်းနှင့် တိုက်ခိုက်ခြင်းဟူသော အဆင့်တွင်သာ မည်သည့်အခါမျှ ရပ်တန့်နေလိမ့်မည် မဟုတ်ပေ။ ထို့ထက်၊ ဤသရုပ်သကန်နှစ်ခု၏ အခြေခံအုတ်မြစ်ပေါ်တွင်၊ ၎င်းတို့သည် သမ္မာတရားကို အစားထိုးလိုကြသေးသည်။ ဤသည်မှာ ၎င်းတို့၏ အနှစ်သာရ ဖြစ်သည်။ နတ်ဆိုးများ၌ရှိသော ဆိုးယုတ်မှု၏ သရုပ်သကန်များစွာတို့သည် ငါတို့ ယခင်က မိတ်သဟာယဖွဲ့ပြီးဖြစ်သည့် အန္တိခရစ်တို့၏ အနှစ်သာရရှိသူများ၏ သရုပ်သကန်များနှင့် တူညီသောကြောင့် ဤကဏ္ဍများကို နှိုက်နှိုက်ချွတ်ချွတ် ကြိုးစားလေ့လာရန် မလိုအပ်ပေ။ ယနေ့တွင် ငါတို့သည် နတ်ဆိုးများ၌ရှိသော ဆိုးယုတ်မှု၏ သရုပ်သကန်သုံးမျိုးဖြစ်သည့် သမ္မာတရားကို ရန်လိုခြင်း၊ တိုက်ခိုက်ခြင်းနှင့် အစားထိုးရန် ကြိုးပမ်းခြင်းတို့ကို အဓိကအားဖြင့် စိတ်ဖြာလေ့လာဆွေးနွေးကြမည်။

ပထမဆုံးအနေဖြင့်၊ နတ်ဆိုးများဖြစ်ကြသော သူတို့၌ရှိသည့် သမ္မာတရားအပေါ် ရန်လိုခြင်း၏ သရုပ်သကန်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြစို့။ သမ္မာတရားအပေါ် ရန်လိုခြင်းဟူသော အကြောင်းအရာနှင့်ပတ်သက်၍ ငါတို့ ယခင်က အတော်များများ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။ ဤသည်မှာ ထိုသို့သော အကြောင်းအရာနှင့်ပတ်သက်၍ သင်တို့ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း မဟုတ်ပေ။ သမ္မာတရားအပေါ် ရန်လိုခြင်း၏ သရုပ်သကန်သည် နတ်ဆိုးများဖြစ်ကြသောသူတို့၌ အလွန် သိသာထင်ရှားသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မည်သည့် အပြုသဘောဆောင်သောအရာကိုမျှ၊ မှန်ကန်ပြီး လူ့သဘာဝ၏ အသိတရား၊ ဆင်ခြင်တုံတရားတို့နှင့် ကိုက်ညီသည့် မည်သည့်အရာကိုမျှ လက်မခံနိုင်ကြပေ။ အထူးသဖြင့် သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်သည့် အရာတစ်ခုနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ထိုအရာကို သာ၍ပင် လက်ခံနိုင်မှု နည်းပါးသည်။ ၎င်းတို့ လက်မခံနိုင်ခြင်းမှာ ခေါင်းခါပြီး ငြင်းပယ်ရုံမျှသာ မဟုတ်ပေ။ ထို့ထက်၊ မိမိတို့၏ စိတ်နှလုံးထဲတွင် စက်ဆုပ်ခြင်းနှင့် ရွံရှာခြင်းအပြင် အမုန်းတရားတို့ကို ၎င်းတို့ ခံစားရသည်။ ၎င်းတို့၏ အမုန်းတရားသည် မည်မျှ နက်ရှိုင်းသနည်း။ တစ်စုံတစ်ဦးက သမ္မာတရားကို တိတိကျကျနှင့် လက်တွေ့ကျမှုဖြင့် မိတ်သဟာယဖွဲ့လျှင် ၎င်းတို့သည် ထိုသူကို သဘောမကျစရာအဖြစ် မြင်ကြသည်။ ယင်းမှာ မနာလိုမှု အနည်းငယ်မျှသာ မဟုတ်၊ ရန်လိုခြင်း ဖြစ်သည်။ ရန်လိုခြင်းဟူသည် အဘယ်နည်း။ ယင်းမှာ သင်က ၎င်းတို့၏အဖေကို သတ်ခဲ့သည့်အလား သင့်ကို သဘောထားခြင်းအား ဆိုလိုသည်။ အမှန်တွင် သင်သည် ၎င်းတို့နှင့် မည်သည့် နက်ရှိုင်းသော ပေါင်းသင်းဆက်ဆံမှုမျိုးမျှ ရှိကောင်းမရှိနိုင်သည့်အပြင်၊ ၎င်းတို့ကလည်း သင့်ကို သေချာပေါက် မသိနိုင်သော်လည်း၊ သင်သည် သမ္မာတရားကို နားလည်ပြီး ထိုသမ္မာတရားကို မိတ်သဟာယဖွဲ့လျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် စက်ဆုပ်မှုကို ခံစားရသည်။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသူတစ်ဦးအပေါ် စက်ဆုပ်ခြင်းကို မခံစားရသော်လည်း ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့် မည်သူ့ကိုမဆို အလွန်အမင်း စက်ဆုပ်ရွံရှာပြီး ၎င်းက မိမိတို့ကို သတ်နေသည့်အလား ခံစားရသည်။ ၎င်းတို့၏ အမုန်းတရားသည် ဤအတိုင်းအတာအထိ ရောက်ရှိသည်။ ၎င်းတို့၏ တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ အခြားသူများက သမ္မာတရား စည်းမျဉ်းများ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့သည် ထိုအရာကို ကြားသည့်အခါ အလွန်အမင်း မနှစ်မြို့သည့်အပြင်၊ ငြိမ်ငြိမ်မထိုင်နိုင်ဖြစ်လာကြသည်။ အချို့က ဆင်ခြေတစ်ခုရှာပြီး ထွက်သွားကြစဉ်တွင်၊ အချို့ကမူ လုံးဝ စိတ်ထင့်ခြင်းမရှိဘဲ ထပြီး ထွက်သွားကြသည်။ အခြားတစ်ဖက်တွင်မူ ပုံမှန်လူ့သဘာဝ၏ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသောလူများသည် မှန်ကန်သောစကားများ၊ အထူးသဖြင့် သမ္မာတရားနှင့် ကိုက်ညီသောစကားများကို မတမ်းတလျှင်ပင်၊ သို့မဟုတ် သဘောမတူလျှင်ပင် အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ယင်းတို့ကို လက်မခံကြမည်သာဖြစ်သော်လည်း သိက္ခာဆယ်ရန် ဆက်ထိုင်နေနိုင်ကြသေးသည်။ သို့သော် စာတန်များဖြစ်ကြသောသူတို့သည် ငြိမ်ငြိမ်မထိုင်နိုင်ကြပေ။ သမ္မာတရားကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ စိတ်နှလုံးထဲတွင် စက်ဆုပ်ခြင်းနှင့် ဂနာမငြိမ်ဖြစ်ခြင်းတို့ကို ခံစားရပြီး ထိုနေရာတွင် မနေနိုင်လောက်အောင် ဂနာမငြိမ်ဖြစ်သည့်အခါ ထွက်ခွာသွားကြသည်။ ထိုသို့ မလုပ်နိုင်ပါက ၎င်းတို့သည် ဗီဒီယိုများကြည့်ရန် အွန်လိုင်းတက်သည်၊ မိမိတို့၏စိတ်များကို လေလွင့်စေပြီး အာရုံထွေပြားစေသော အပြုအမူအချို့ကို လုပ်ဆောင်ကြသည်၊ အကြောင်းအရာပြောင်းပြီး တန်ဖိုးမရှိသော စကားများပြောသည်၊ သို့မဟုတ် အခြားသူများကို သေးသိမ်စေပြီး ဩဝါဒပေးနေရင်း မိမိတို့၏ “ကြီးကျယ်ခမ်းနားသော” သမိုင်းကို ချီးမြှောက်ပြီး သက်သေခံကြသည်။ တိုတိုပြောရလျှင် သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့လျှင် ၎င်းတို့က စက်ဆုပ်မှုကို ခံစားရသည်၊ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားသည် အလွန်အမင်း ရန်လိုခြင်း ဖြစ်သည်။ သင်သည် သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘဲ အချို့သော စီမံအုပ်ချုပ်ရေး သို့မဟုတ် အထွေထွေ အရေးကိစ္စရပ်ဆိုင်ရာ အလုပ်တစ်ခုခုအကြောင်းကိုသာ မိတ်သဟာယဖွဲ့လျှင်၊ ဧဝံဂေလိတရား ဟောပြောခြင်းမှ ရယ်စရာဖြစ်ရပ်အချို့ကို မျှဝေလျှင်၊ သို့မဟုတ် အပြင်ပန်း ကိစ္စရပ်များအကြောင်း စကားစမြည်ပြောလျှင် ၎င်းတို့သည် ငြိမ်ငြိမ်ထိုင်နိုင်ပြီး အခြားလူတိုင်းနှင့်အတူ အတော်လေး သဘောညီညွှတ်ပုံရလျက် လိုက်ပါစကားပြောနိုင်ကြလေသည်။ သို့သော် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်နှင့်တစ်ပြိုင်နက်၊ အထူးသဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်သည့်အခါ ၎င်းတို့၏ အနှစ်သာရနှင့် စရိုက်အမှန်တို့က ပေါ်လွင်လာသည်။ ၎င်းတို့ ဂနာမငြိမ်ဖြစ်လာကြပြီး အနည်းငယ်မျှ ထပ်နားထောင်လျှင် ၎င်းတို့၏ ဦးခေါင်းများ ပေါက်ကွဲတော့မည့်အလား ခံစားရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပို၍ဖတ်လေ ၎င်းတို့ တရားစီရင်ခံနေရသည်ဟု ပို၍ ခံစားရလေဖြစ်ပြီး ၎င်းတို့ ပြစ်တင်ရှုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်ဟု ပို၍ ခံစားရလေဖြစ်ကာ ၎င်းတို့၏ အသက်က အန္တရာယ်ရှိနေသည်ဟု ခံစားရလေ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ပို၍ဖတ်လေ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ရောဂါတစ်ခုခု စွဲကပ်ခံရသည့်အလား စက်ဆုပ်ခြင်းနှင့် မုန်းတီးခြင်းကို ပို၍ ခံစားရလေ ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤပြဿနာသည် အလွန်ဆိုးရွားသည် မဟုတ်လော။ ထိုသို့သောလူများသည် ကယ်တင်ခြင်းခံရနိုင်သေးသလော။ အထူးသဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသောသူတစ်ဦးဖြစ်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင် သမ္မာတရားကို လိုက်စားသောသူတို့သည် ရိုးသားလိုသောကြောင့် အမှန်အတိုင်းပြောဆိုရန်နှင့် မိမိတို့ကိုယ်ကို ဖွင့်ချရန် လေ့ကျင့်ကြသည်။ နတ်ဆိုးများက ဤအရာကို ကြားသည့်အခါ မိမိတို့၏ စိတ်နှလုံးထဲတွင် စက်ဆုပ်မှုကို ခံစားရသည်၊ သင့်ကို မထီမဲ့မြင်ပြုကာ မုန်းတီးကြသည်။ ၎င်းတို့က သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အတွက် ယုတ်ညံ့သည်ဟု ခံစားရစဉ်တွင်၊ ၎င်းတို့မှာမူ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့်အတွက် ဂုဏ်သိက္ခာရှိသည်၊ သင့်ထက် သာ၍ မြင့်မြတ်ပြီး သာ၍ ကြီးမြတ်သည်ဟု ခံစားရသည်။ ဤသည်မှာ မည်သည့် ရှုထောင့်မျိုး ဖြစ်သနည်း။ ဤသည်မှာ အဖြူကိုအမည်း ပြောင်းခြင်းပင် မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို ရန်လိုသောသူတို့ ဖြစ်သည့်ပုံစံ ဖြစ်သည်။ သင်သည် သမ္မာတရားကို သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းအချို့ကို မိတ်သဟာယဖွဲ့လျှင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် သင့်ကို မထီမဲ့မြင်ပြုသည်သာမက သင့်အပေါ် အလွန်အမင်း မနှစ်မြို့ခြင်းလည်း ခံစားရသည်။ ၎င်းတို့သည် သင့်ကို စေ့စေ့ပင် ကြည့်မည်မဟုတ်ပေ။ သင်သည် ၎င်းတို့နှင့် အသင်းတော်အလုပ်အကြောင်း ဆွေးနွေးလိုလျှင် ၎င်းတို့က သင့်ကို အမြဲ ရှောင်ရှားသည်။ ၎င်းတို့သည် သင်နှင့် စကားမပြောလိုကြသည့်အပြင်၊ သင်တို့နှစ်ဦးတွင် တူညီသည့်အရာ မည်သည့်အရာမျှ မရှိဟု ခံစားရသည်။ သင်သည် သမ္မာတရား သို့မဟုတ် လူကို ကယ်တင်ခြင်းဆိုင်ရာ ဘုရားသခင်၏ အလုပ်ပါဝင်သည့်အကြောင်းအရာများမှလွဲ၍ မည်သည့်အကြောင်းအရာကိုမဆို ၎င်းတို့နှင့် စကားစမြည်ပြောဆိုနိုင်သည်။ ၎င်းတို့သည် ဤအကြောင်းအရာများကို မဆွေးနွေးလိုကြပေ။ ဥပမာအားဖြင့် သင်က ၎င်းတို့အား “ကျွန်ုပ်တို့၏ တာဝန်ကို သစ္စာစောင့်သိစွာ မည်သို့ ထမ်းဆောင်ရမည်ကို မိတ်သဟာယဖွဲ့ပြီး ဤအဆင့်တွင် ကျွန်ုပ်တို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ မည်သည့်ပြဿနာများ ရှိနေသေးသည်ဟူသည်နှင့် ယင်းတို့အား မည်သို့ ဖြေရှင်းရမည်ကို ဆွေးနွေးကြပါစို့”ဟု ပြောလိုက်လျှင် ဤအရာကို ကြားသည့်အခါ၊ ၎င်းတို့၏ ဦးခေါင်းများ ပေါက်ကွဲတော့မည့်အလား ခံစားရပြီး မိမိတို့၏ စိတ်နှလုံးထဲတွင် အလွန်အမင်း စက်ဆုပ်ကို ခံစားရကာ သင့်အပေါ် ရန်မူလိုလာသည်နှင့်အမျှ ၎င်းတို့၏ မျက်လုံးများ မီးဝင်းဝင်းတောက်လာနိုင်ပေသည်။ ၎င်းတို့သည် စာတန်ကို သစ္စာစောင့်သိရန် မည်သည့်ဒုက္ခကိုမဆို ခံလိုကြသော်လည်း သမ္မာရားကို အနည်းငယ်မျှ လက်မခံကြဘဲ ဘုရားသခင်နှင့် သမ္မာတရားကိုမူ အထူးသဖြင့် ပစ်ပစ်ခါခါငြင်းကြသည်။ မည်သူက ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့ မခံယူကြပေ။ သင်က ၎င်းတို့အား အသိပညာ သို့မဟုတ် ကျော်ကြားသော စာပေလက်ရာများကို လေ့လာရန် စေခိုင်းလျှင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်မြင့်မြတ်သည်ဟု ခံစားရလျက် အလွန်လိုလားကြသည်။ သို့သော် ၎င်းတို့သည် တရားဒေသနာများ သို့မဟုတ် သမ္မာတရားအား အခြားသူများ မိတ်သဟာယဖွဲ့သည်ကို နားထောင်သည့်အခါ ၎င်းတို့ ညှဉ်းပန်းနှိပ်စက်ခံရသည့်အလား သို့မဟုတ် တရားခွင်တွင် စစ်ဆေးခံရသည့်အလား ဖြစ်သည်။ ၎င်းတို့ အလွန်အမင်း မနှစ်မြို့ဆုံးသောအရာမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် အထွေထွေကိစ္စရပ်ဆိုင်ရာ အလုပ်အချို့နှင့် ၎င်းတို့၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ကောင်းချီးမင်္ဂလာများ ရရှိခြင်း အလားအလာများကို အကျိုးရှိစေမည့်အရာများအား လုပ်ဆောင်ကြလိမ့်မည်ဖြစ်သော်လည်း ထိုသို့သောလူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ကြသည့်အပြင်၊ ဝိညာဉ်ရေးရာ ဝတ်ပြုဆုတောင်းခြင်းကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် စုဝေးပွဲများအတွင်း သမ္မာတရားကိုလည်း မိတ်သဟာယမဖွဲ့ကြသည့်အပြင်၊ ၎င်းတို့၏ တစ်ကိုယ်ရေ အတွေ့အကြုံဆိုင်ရာ အသိပညာကိုလည်း မည်သည့်အခါမျှ မမျှဝေကြပေ။ စုဝေးပွဲများ ၎င်းတို့ တက်ရောက်ခြင်းသည် လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည်။ သင်က ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားနှင့်ပတ်သက်သည့် ၎င်းတို့၏ အသိပညာကို မိတ်သဟာယဖွဲ့ရန် တောင်းဆိုလျှင် ၎င်းတို့သည် စကားတစ်ခွန်းမျှ မပြောနိုင်သည့်အပြင်၊ “ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် အိမ်ရှင်မများနှင့် လူ့အသိုင်းအဝိုင်း၏ အောက်ခြေလူတန်းစားအလွှာတွင်ရှိသည့် လူများအတွက်ဖြစ်သည့်အရာတစ်ခု ဖြစ်သည်။ ငါကဲ့သို့သော ကြီးမြတ်သည့်ပုဂ္ဂိုလ်က ထိုသို့သောအရာများကို လုပ်နိုင်မည်နည်း။ ငါသည် ကြီးမြတ်သောအရာများနှင့် ကြီးမြတ်သော စီမံခန့်ခွဲမှုအလုပ်ကို လုပ်ဆောင်သည့်သူတစ်ဦး ဖြစ်သည်၊ ကြီးမြတ်သည့် ကောင်းချီးများကို ရရှိမည့်သူတစ်ဦး ဖြစ်သည်။ နိုင်ငံတော်ထဲသို့ ငါ ဝင်ရောက်သည့်အခါ ငါသည် တိုင်တစ်တိုင်နှင့် အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်လိမ့်မည်။ ငါသည် ကြီးမြတ်သည့် တာဝန်များကို ထမ်းရွက်သည့်သူတစ်ဦး ဖြစ်သည်။ သင်တို့ မည်သူဖြစ်သည်ဟု ထင်သနည်း။ သင်တို့ကဲ့သို့ အသင်းတော်တစ်ခုတည်းတွင် စုဝေးပွဲများတက်ဖို့ပင် ငါ့ကို အဆင့်အတန်းနိမ့်ကျစေသည်”ဟု တွေးလျက်၊ မိမိတို့စိတ်နှလုံးများတွင် စက်ဆုပ်မှုကို ခံစားကြရသည်။ ၎င်းတို့ မည်မျှ မောက်မာသည်ကို ကြည့်လော့။ သမ္မာတရားအပေါ် ၎င်းတို့၏ ရန်လိုခြင်းသည် သမ္မာတရားနှင့် ဆက်စပ်သောလူအားလုံးနှင့် အရာအားလုံးအပေါ် ရန်လိုခြင်းအပြင် သမ္မာတရားနှင့် ဆက်စပ်သောလက်တွေ့လုပ်ဆောင်မှုများနှင့် အဆိုအမိန့်များအပေါ် ရန်လိုခြင်းလည်း ဖြစ်သည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများအပေါ်ပင် ရန်လိုကြသည်။ ဥပမာအားဖြင့် သင်က အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများက သန့်ရှင်းသူတို့၏ အမူအကျင့် ရှိသင့်ကြောင်း၊ အလုပ်တွင်ဖြစ်စေ နေ့စဉ်အသက်တာတွင်ဖြစ်စေ လိင်မတူသူများကြား ပေါင်းသင်းဆက်ဆံမှုသည် အချို့သော နယ်နိမိတ်များအတွင်း ကျင့်ကြံပြုမူသင့်ကြောင်း၊ လူတိုင်းသည် တည်ကြည်ပြီး လျောက်ပတ်စွာနေသင့်ကြောင်း၊ မဆင်မခြင် ပရောပရည်လုပ်ခြင်းတွင် မပါဝင်သင့်သည့်အပြင်၊ အမျိုးသားနှင့် အမျိုးသမီးများကြား ဆက်ဆံရေးကို လေးစားပြီး အိမ်ထောင်ရေးကို လေးစားသင့်ကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဘုရားအိမ်တော်သည် လိင်ပိုင်းဆိုင်ရာ လွတ်လပ်မှုကို မထောက်ခံကြောင်း ဖော်ပြလျှင် ဤသည်ကို ကြားသည့်အခါ ၎င်းတို့ မည်သည့်အရာကို တွေးကြလိမ့်မည်နည်း။ “ယင်းမှာခေတ်မမီတော့သည့် အဆိုအမိန့်၊ အဖန်တစ်ရာတေနေသည့် လက်သုံး စကားဖြစ်သည်။ ငါတို့ မည်သည့် ခေတ်တွင် ရှိသနည်း၊ သန့်ရှင်းသူတို့၏ အမူအကျင့်နှင့် အမျိုးသားအမျိုးသမီးတွေကြား နယ်နိမိတ်များအကြောင်း ပြောနေသေးသည်တကား။ အတိတ်ကာလတွင်၊ ဧကရာဇ်များသည် မိမိတို့၏ နန်းတော်များတွင် မောင်းမဆောင်များကို မိမိတို့ကိုယ်တိုင်အတွက် အပြည့်အစုံရှိခဲ့ကြသည်။ ခမ်းနားလိုက်လေခြင်းပါတကား။ ငါ့တွင် အစွမ်းအစနှင့် နည်းလမ်းရှိလျှင်၊ မောင်းမဆောင်တစ်ခု ငါ မရှိနိုင်လျှင်ပင်၊ အနည်းဆုံးအနေဖြင့် အတူတူနေဖို့ လက်ရွေးစင်လူတစ်စု ရှိမည်ဖြစ်သည်”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့် အပြုသဘောဆောင်သောအရာကိုမျှ၊ မည်သည့် မှန်ကန်သော အဆိုအမိန့်ကိုမျှ လုံးဝ လက်မခံကြ၊ အထူးသဖြင့် သမ္မာတရား၏ နှုတ်ကပတ်တော်များကို လုံးဝ လက်မခံကြသည့်အပြင်၊ ယင်းတို့ကို အတော်ပင် ပစ်ပစ်ခါခါငြင်းပြီး မုန်းတီးကြသည်။ ထို့ကြောင့် ၎င်းတို့၏ သမ္မာတရားအပေါ် ရန်လိုခြင်းနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်ပေါ်တွင် ဤလူများသည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို စဉ်ဆက်မပြတ် တိုက်ခိုက်ကြသည်။ သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခာ သို့မဟုတ် ဘုရားသခင်၏ မည်သည့် တိကျသော သတ်မှတ်ချက်ကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့တွင် ဝေဖန်ရန်နှင့် အကဲဖြတ်ရန် မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းသော အယူအဆများ တစ်စုံ အမြဲရှိသည်။ ဤဝေဖန်ခြင်းနှင့် အကဲဖြတ်ခြင်းသည် တိုက်ခိုက်မှုတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားနှင့် အပြုသဘောဆောင်သော အရာများကို လူမည်မျှက လက်ခံသည်ဖြစ်စေ ၎င်းတို့သည် လုံးဝ လက်ခံကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဘုရားအိမ်တော်က အားပေးထောက်ခံသည့်အရာနှင့် လူတို့အား လက်တွေ့လုပ်ဆောင်ရန် သမ္မာတရားက တောင်းဆိုသည့်အရာသည် ကြွေးကြော်သံများနှင့် လုပ်ရိုးလုပ်စဉ်များချည်းသာဖြစ်ပြီး လူသား လိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းပေးသည့်အရာမှာ လောကီ ခေတ်ရေစီးကြောင်းများဖြစ်သည်ဟု ယုံကြည်ကြသည်။ ယခု လောကီ ခေတ်ရေစီးကြောင်းများက မည်သည့်အရာကို အားထောက်ခံသည်ဖြစ်စေ ထိုအရာသည် အမြင့်ဆုံးသော သမ္မာတရား ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ ဆိုးယုတ်မှုကို ကိုးကွယ်ခြင်း မဟုတ်လော။ သို့ဖြစ်၍ သင်သည် သမ္မာတရား၏ မည်သည့်သွင်ပြင်လက္ခဏာကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ ၎င်းတို့သည် ထိုအရာကို ပုဂ္ဂလဓိဋ္ဌာန်ကျကျ ရန်လိုကြသည့်အပြင်၊ ထိုအရာကို ဝေဖန်ကြလိမ့်မည်၊ တိုက်ခိုက်ကြလိမ့်မည်၊ ပြစ်မှားစော်ကားကြလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့် ဘုရားသခင်သည် လူတို့ကို ရိုးသားရန် တောင်းဆိုသည်။ ၎င်းတို့သည် ရိုးသားသောသူတစ်ဦးဖြစ်ခြင်းကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ “ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် လူနုံလူအများအတွက်ဖြစ်သည်။ လူနုံလူအများသာ ရိုးသားသောလူများဖြစ်ခြင်းကို လက်တွေ့လုပ်ဆောင်ကြသည်။ လူနုံလူအများသာ မိမိတို့စိတ်နှလုံးများတွင် တွေးသည့်အရာ၊ ၎င်းတို့၏ သီးသန့်အရေးကိစ္စများကို အခြားသူတို့အား ပြောကြသည်။ လူနုံလူအများသာ အမှန်အတိုင်း စကားပောကြသည်။ လူနုံလူအများကသာ မိမိတို့၏ ကံကြမ္မာကို ထိန်းချုပ်ရန် အခြားသူတို့အား ပေးအပ်ကြသည်။ ကျွန်ုပ်သည် လူနုံလူအမဟုတ်ပါ။ ကျွန်ုပ်၏ ကံကြမ္မာက ကျွန်ုပ်လက်တွင်ရှိပြီး အခြားသူများက ဝင်စွက်ပိုင်ခွင့်မရှိပါ။ ကျွန်ုပ် စိတ်နှလုံးတွင် ကျွန်ုပ်တွေးသည့်အရာကို ပြောချင်သည်ဖြစ်စေ၊ မပြောချင်သည်ဖြစ်စေ၊ အခြားသူတို့က ဝင်စွက်ဖက်ပိုင်ခွင့်မရှိပါ။ ယင်းမှာ လူတို့ကို ကျွန်ုပ် ပြောပြချင်သည့်အရာတစ်ခု မဟုတ်ပါ၊ ထိုအရာ မည်သည့်အရာဖြစ်သည်ကို သိရှိဖို့ အိမ်မက်ပင် မမက်နှင့်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို မုန်းတီးခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) နတ်ဆိုးများဖြစ်ကြသောလူများသည် သမ္မာတရားကို လက်မခံကြသည့်အပြင် လက်တွေ့လည်း မလုပ်ဆောင်ကြပေ။ သမ္မာတရားကို ရန်လိုခြင်းနှင့် တိုက်ခိုက်ခြင်းအပြင် ၎င်းတို့သည် တစ်ဆင့်တက်ပြီး သမ္မာတရားကို အစားထိုးရန် စာတန်ထံမှ အမျိုးမျိုးသော စာတန်ဆန်သည့် အဆိပ်အတောက်များ၊ ရှုထောင့်များနှင့် လက်တွေ့လုပ်ဆောင်မှုများကို အသုံးပြုကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန်နှင့် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် သတ်မှတ်ချက်များအဖြစ် အခြားသူများကို အထင်အမြင်မှားစေရန် အကြံအစည်များ၊ လိမ်လည်မှုများ၊ နည်းလမ်းအမျိုးမျိုး သို့မဟုတ် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံခြင်းနှင့် အဖိုးအခပေးခြင်းတို့နှင့်ဆိုင်သည့် အပြင်ပန်းဟန်ဆောင်မှုကို အသုံးပြုကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ရာတွင် ရိုးသားသောသူတစ်ဦး ဖြစ်ရန်မလိုအပ်၊ မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိရန် မလိုအပ်၊ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရန် မလိုအပ်ဟု တွေးထင်ကြသည်။ ပိုများသော ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံသရွေ့၊ အဖိုးအခပိုပေးသရွေ့၊ အလုပ်ပိုလုပ်သရွေ့၊ ကောင်းသောအရာများကို ပိုမို ဆောင်ရွက်ပြီး ကုသိုလ်ပိုမိုစုဆောင်းသရွေ့၊ လူတို့၏ သဘောတူညီမှုနှင့် လေးစားမှုကို ရရှိစေသည့်အရာများကို ပိုမိုလုပ်ဆောင်ရသရွေ့၊ ဤနည်းလမ်းများမှတစ်ဆင့် ညီအစ်ကိုမောင်နှမများ၏ ယုံကြည်မှုကို ရရှိသရွေ့၊ ၎င်းတို့၏ ချီးမြှောက်မှုနှင့် ထောက်ခံမှုကို ရရှိသရွေ့ ဤအရာအားလုံးကို ကောင်းကင်နိုင်ငံတော်၏ ကောင်းချီးမင်္ဂလာများနှင့် လဲလှယ်ခြင်းတည်းဟူသော ပန်းတိုင်ကို ၎င်းတို့ စွမ်းဆောင်ရှရိနိုင်သည်ဟု တွေးထင်ကြသည်။ ဤရှုထောင့်သည် မယုံနိုင်လောက်အောင် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ (ဟုတ်ပါသည်။)

သမ္မာတရားကို ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းဖြစ်စေ၊ သမ္မာတရားကို ရန်လိုပြီး တိုက်ခိုက်ခြင်းဖြစ်စေ၊ သို့မဟုတ် သမ္မာတရားကို အစားထိုးရန် စာတန်၏ မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများကို အမြဲ အသုံးပြုလိုခြင်းဖြစ်စေ၊ ဤသည်တို့အားလုံးမှာ နတ်ဆိုးများက သမ္မာတရားကို သဘောထားပုံ၏ တိကျသော သရုပ်သကန်များ ဖြစ်ကြသည်။ ယင်းတို့က မည်သည့် သရုပ်သကန်များဖြစ်သည်ဖြစ်စေ နတ်ဆိုးများ၏ ဆိုးယုတ်သော အနှစ်သာရကို အပြည့်အဝ ဖော်ထုတ်သည်ချည်းသာ ဖြစ်သည်။ သမ္မာတရားကို ရန်လိုခြင်း၊ သမ္မာတရားကို တိုက်ခိုက်ခြင်းနှင့် သမ္မာတရားကို အစားထိုးရန် ကြိုးပမ်းခြင်းတို့သည် နတ်ဆိုးများသာလျှင် ကျူးလွန်နိုင်သော လုပ်ရပ်များ ဖြစ်ကြသည်။ နတ်ဆိုးများသာလျှင် သမ္မာတရားနှင့် ဘုရားသခင်ကို ထိုသို့သော အမုန်းတရား၊ ဝေဖန်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့ဖြင့် သဘောထားပြီး လူတို့အား သမ္မာတရားနှင့် ဘုရားသခင်ထံမှ ဝေးကွာသွားစေရန် အထင်အမြင်မှားစေဖို့၊ လှည့်ဖြားပြီး သွေးဆောင်ဖို့အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကြသည်။ နတ်ဆိုးများသာလျှင် လူတို့၏ စိတ်နှလုံးကို ဝယ်ယူပြီး ၎င်းတို့ကို ထိန်းချုပ်ခြင်းဟူသော ၎င်းတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိရန်၊ လူတို့၏ စိတ်နှလုံးထဲရှိ ဘုရားသခင်၏ နေရာကို အစားထိုးရန် ကြိုးပမ်းသည့်အနေဖြင့် လူတို့၏ ယုံကြည်မှု၊ ထောက်ခံမှုနှင့် ချီးမွမ်းမှုကို လိမ်လည်လှည့်ဖြား၍ ရယူရန် နည်းလမ်းတိုင်းကို စဉ်းစားတတ်ကြသည်။ တိုတိုပြောရလျှင် နတ်ဆိုးများသည် သမ္မာတရားနှင့် သမ္မာတရားကို လိုက်စားသောသူတို့အပေါ် ထိုသို့သော သဘောထားကို ခံယူကျင့်သုံးသည်ဆိုသောအချက်က ၎င်းတို့၏ အနှစ်သာရသည် ဆိုးယုတ်ကြောင်း ဖော်ထုတ်သည်။ အပြုသဘောဆောင်သောအရာများနှင့် သမ္မာတရားသည် ဖန်ဆင်းခံ လူသားအားလုံး တမ်းတပြီး ချစ်မြတ်နိုးသည့်အရာဖြစ်ကာ လူတို့ တန်ဖိုးထားထိုက်သည့်အရာလည်း ဖြစ်သည်။ ယင်းတို့သည် ဖန်ဆင်းခံ လူသားများ အလိုအပ်ဆုံးအရာလည်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူသားမျိုးနွယ်က စာတန်၏ သြဇာလွှမ်းမိုးမှုမှ လွတ်မြောက်ရန်၊ မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းရန်နှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ရန်အတွက် သမ္မာတရားသည် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်သောကြောင့် ဖြစ်သည်။ ပုံမှန်လူများက ကယ်တင်ခြင်းကို ရရှိရန်အတွက် သမ္မာတရားကို လိုက်စားခြင်း၊ သမ္မာတရားကို လက်ခံခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မရှိမဖြစ်လိုအပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ အခြားနည်းလမ်းမရှိပေ။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် ခက်ခဲလျှင်ပင် ၎င်းတို့၏ အတွင်းကျကျ ဖြစ်တည်မှုနှင့် နှလုံးသွင်းအရဖြစ်သော အလိုဆန္ဒ၏ ရှုထောင့်အမြင်မှကြည့်လျှင် ၎င်းတို့သည် သမ္မာတရားကို ရန်လိုကြသည်မဟုတ်ပေ။ ၎င်းတို့၏ နှလုံးသွင်းအရဖြစ်သော သဘောထားသည် သမ္မာတရားကို ရန်လိုလိမ့်မည့် သဘောထားတစ်ခု မဟုတ်သည့်အပြင်၊ သမ္မာတရားကို တမင်တကာ တိုက်ခိုက်သည့် သို့မဟုတ် မည်သည့် မိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် အဓိပ္ပာယ်မဲ့ပြီး မှားယွင်းသော အယူအဆများကိုမဆို အသုံးပြု၍ သမ္မာတရားကို အစားထိုးရန် နည်းလမ်းပေါင်းစုံ ကြိုးပမ်းသည့် သဘောထားတစ်ခုလည်း မဟုတ်ပေ။ စာတန်သာလျှင် ဤအရာကို လုပ်ဆောင်နိုင်သည်။ ၎င်း၏ သမ္မာတရားကို ရန်လိုသည့် အနှစ်သာရသည် အဆင်းနီသော နဂါးကြီး၏ သမ္မာတရားကို ရန်လိုသည့် အနှစ်သာရနှင့် တူညီသည်။ အပြုသဘောဆောင်သည့် မည်သည့်အရာမဆို၊ သမ္မာတရားနှင့် သက်ဆိုင်သည့် မည်သည့်အရာမဆို စာတန်က ငြင်းပယ်သည်၊ ပြစ်တင်ရှုတ်ချပြီး၊ ပစ်ပယ်သည်။ ဤသမ္မာတရားများသည် ၎င်းကို ခြိမ်းခြောက်မှုမရှိလျှင်ပင် ၎င်းသည် ထိုအရာများကို ရန်လိုပြီး မုန်းတီးနေဆဲဖြစ်သည်။ ဤသည်မှာ ၎င်း၏ သဘာဝက ညွှန်ကြားခြင်း ဖြစ်သည်။ နတ်ဆိုးများတွင် ဆိုးယုတ်သော သဘာဝရှိသောကြောင့် သမ္မာတရားသည် ၎င်းတို့အတွက် ၎င်းတို့၏ ရန်သူဖြစ်သည်။ “ရန်သူ” ဟူသော စကားလုံးက မည်သည့်အရာကို သွယ်ဝှိုက်ညွှန်းဆိုသနည်း။ ရန်သူများက မည်သည့်အခါမျှ သဟဇာတမဖြစ်နိုင်၊ မည်သည့်အခါမျှ မိတ်ဆွေမဖြစ်နိုင်၊ မည်သည့်အခါမျှ စိတ်တူသဘောတူ အဖော်အဖက် မဖြစ်နိုင်ဟု ဆိုလိုသည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီးနှင့်ကဲ့သို့ပင် ဖြစ်သည်။ ၎င်းသည် ဘုရားသခင်ကို ယုံကြည်သောသူတို့ကို အထူးသဖြင့် အမုန်းတရားနှင့် ရန်လိုမှုဖြင့် ဆက်ဆံသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်း ရပ်တန့်ပြီး ဘုရားသခင်ကို စော်ကားသရွေ့ လူ့အဖွဲ့အစည်းတွင် မည်သည့် ဆိုးယုတ်မှုကိုမဆို ကျူးလွန်နိုင်ပေသည်။ သင် ခိုးသည်ဖြစ်စေ၊ လုယက်သည်ဖြစ်စေ၊ သို့မဟုတ် လိင်ကိစ္စတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့သော လုပ်ရပ်များတွင် ပါဝင်သည်ဖြစ်စေ ၎င်းက ဂရုမစိုက်ပေ။ သင်သည် ၎င်းနှင့် ပူးပေါင်းပြီး မည်သည့် မကောင်းမှုကိုမဆို လုပ်နိုင်သည်။ သို့သော် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းလျှင် ၎င်းက ခွင့်ပြုလိမ့်မည်မဟုတ်။ ၎င်းသည် သင့်ကို ဖမ်းဆီးလိမ့်မည်၊ ညှဉ်းပန်းနှိပ်စက်ပြီး သေစေသည်အထိပင် ပြုလုပ်မည်။ ၎င်းသည် သင့်ကို တကယ်ကိုပင် တည်ရှိခွင့်ပေးမည် မဟုတ်ချေ။ သင် တည်ရှိနေသရွေ့ သင်သည် ၎င်း၏ မျက်စိထဲက ဆူးငြောင့်ဖြစ်သည်။ သင် တည်ရှိနေသည့် နေ့ရက်တိုင်း ၎င်းက စိတ်ထဲတွင် ပူပန်ပြီး မသက်မသာ ခံစားရသည်။ ၎င်းက သင့်ကို ဖျက်ဆီးပြီးသည့်အခါ၊ သင် မတည်ရှိတော့သည့်အခါမှသာ ၎င်းက အောင်မြင်သည်ဟု ခံစားရပြီး စိတ်သက်သာရာရကာ စိတ်အေးချမ်းသွားသည်။ နတ်ဆိုးများဖြစ်ကြသောသူတို့၏ သမ္မာတရားအပေါ် သဘောထားသည် သမ္မာတရားအပေါ်ထားသည့် အဆင်းနီသော နဂါးကြီး၏ အမုန်းတရားနှင့် သဘာဝအားဖြင့် တူညီသည်။ သင်သည် သမ္မာတရားကို လိုက်စားလျှင်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင်၊ အရာရာကို စည်းမျဉ်းများအတိုင်း လုပ်ဆောင်လျှင်၊ ရပ်တည်ချက်ရှိလျှင်၊ စည်းမျဉ်းများကို စွဲကိုင်လျှင် ၎င်းတို့သည် သင့်ကို သဘောမကျစရာအဖြစ် မြင်လိမ့်မည်ဖြစ်ပြီး မုန်းတီးကြလိမ့်မည်။ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်လာပြီး အာဏာရလာလျှင် သင့်အား ညှဉ်းပန်းနှိပ်စက်ဖို့အတွက် အပြစ်ရှာရန် နည်းလမ်းတိုင်းကို စဉ်းစားကြမည်ဖြစ်ပြီး သင့်အား ဖယ်ရှားရှင်းလင်းရန် ပြစ်မှုတစ်ခုခုအတွက် သင့်ကို အမှုပင်ဆင်ကြလိမ့်မည်။ သမ္မာတရားကို လိုက်စားသောသူများအားလုံး ၎င်းတို့၏ ဖယ်ကျဉ်ခြင်းကို ခံရပြီး၊ အသင်းတော်တွင် ကျန်ရှိနေသူများအားလုံးက နားဝေတိမ်တောင်ဖြစ်သောသူများနှင့် သမ္မာတရားကို စိုးစဉ်းမျှ နားမလည်သောသူများ ဖြစ်သည့်အခါ ၎င်းတို့သည် ဘေးကင်းသည်ဟု ခံစားရပြီး ၎င်းတို့ကို ခြိမ်းခြောက်သည့်အရာ မည်သည့်အရာမျှ မရှိတော့ကြောင်းနှင့် ၎င်းတို့၏ နေ့ရက်များက လွယ်ကူချောမွေ့ကြောင်း ခံစားရသည်။ ထို့ကြောင့် နတ်ဆိုးများဖြစ်ကြသောသူတို့သည် သမ္မာတရားကို ရန်လိုသည်သာမက သမ္မာတရားကို ချစ်မြတ်နိုးပြီး လိုက်စားသောသူတို့ကိုလည်း ရန်လိုကြသည်။ ဤအရာက ၎င်းတို့တွင် ဆိုးယုတ်သော သဘာဝရှိကြောင်း ဖော်ပြသည် မဟုတ်လော။ (ဟုတ်ပါသည်။) အချို့လူများသည် နတ်ဆိုးများ၏ ပြစ်တင်ရှုတ်ချခြင်း၊ ဖယ်ကျဉ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရပြီးနောက် “ကျွန်ုပ် ၎င်းတို့ကို စိတ်အနှောင့်အယှက်မပေးခဲ့သော်လည်း၊ အဘယ်ကြောင့် ၎င်းတို့က ကျွန်ုပ်ကို သဘောမကျစရာအဖြစ် မြင်ကြသနည်း”ဟု ပြောကြသည်။ ဤသည်မှာ နားဝေတိမ်တောင်သော စကားမဟုတ်လော။ ဤသည်မှာ အမှုအရာများကို ထိုးထွင်းမမြင်နိုင်ခြင်းနှင့် လူတို့ကို ပိုင်းခြားမသိမြင်နိုင်ခြင်း မဟုတ်လော။ အဆင်းနီသော နဂါးကြီးသည် ခရစ်ယာန်များကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သည်မှာ ခရစ်ယာန်များက ဥပဒေများကို ချိုးဖောက်ပြီး ရာဇဝတ်မှုများ ကျူးလွန်သောကြောင့် ဖြစ်သလော။ သို့မဟုတ် ခရစ်ယာန်များက ၎င်းကို ဖြုတ်ချပြီး ၎င်း၏ နိုင်ငံရေးအာဏာကို သိမ်းပိုက်ရန် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သောကြောင့်ဖြစ်သလော။ (နှစ်ခုလုံးမဟုတ်ပါ။) သို့ဆိုလျှင် အဘယ်ကြောင့်နည်း။ ငါတို့သည် ၎င်း၏ အာဏာကို သိမ်းပိုက်ရန် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် မဆိုထားနှင့်၊ နိုင်ငံရေးတွင် မပါဝင်သည့်အပြင်၊ ၎င်းကို ဆန့်ကျင်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်းလည်း မပြုကြပေ။ သို့ဆိုလျှင် ၎င်းသည် ဘုရားသခင်ကို ယုံကြည်သော ငါတို့ကို အဘယ်ကြောင့် ဤသို့ ဖိနှိပ်ပြီး ဖမ်းဆီးသနည်း။ သင်က ဘုရားသခင်နောက်လိုက်ခြင်း၊ သမ္မာတရားကို လက်ခံခြင်း၊ ဘုရားသခင်ကို ကြီးမြတ်သည်ဟု ဂုဏ်ပြုပြီး သူ့ကို ကိုးကွယ်ခြင်းတို့ကြောင့်သာ ၎င်းက သင့်ကို မုန်းတီးခြင်း ဖြစ်သည်။ သင်သည် ၎င်းကို သစ္စာဖောက်ပြီးဖြစ်သည်ဟု ၎င်းက ယုံကြည်သည်။ သင်သည် ၎င်းနောက်မလိုက်၊ ၎င်းကို မကိုးကွယ်၊ ၎င်းကို ကျိုးနွံနာခံခြင်း မရှိသောကြောင့် ၎င်းက သင့်ကို မုန်းတီးသည်။ ထို့ကြောင့် ၎င်းသည် သင့်ကို ပျောက်ကွယ်သွားစေခြင်းနှင့်ဆိုင်သည့်ပန်းတိုင်ကို စွမ်းဆောင်ရရှိရန် သင့်ကို ဖိနှိပ်ပြီး ဖယ်ရှားရှင်းလင်းလိုသည်။ ၎င်းသည် ဆိုးယုတ်သော နတ်ဆိုးဖြစ်သောကြောင့်၊ သမ္မာတရားကို ရန်လိုသည့် သဘာဝအနှစ်သာရ ရှိသောကြောင့် သင် ဘုရားသခင်နောက်လိုက်လျှင် ၎င်းက သင့်ကို ရန်လိုလိမ့်မည်၊ သင့်ကို မုန်းတီးလိမ့်မည်၊ သင့်ကို ညှဉ်းပန်းနှိပ်စက်ရန်၊ ဖယ်ရှားရှင်းလင်းရန်နှင့် ဘုရားသခင်၏ ဘေးမှ သင့်ကို ဆတ်ခနဲ့ဖယ်ရန် နည်းလမ်းပေါင်းစုံကို ကြိုးစားလိမ့်မည်။ ဤသည်မှာ ၎င်း၏ ရည်မှန်းချက် ဖြစ်သည်။ သင်သည် ဘုရားသခင်နောက်လိုက်ခြင်းအား ရပ်တန့်လိုက်လျှင် ၎င်းသည် သင့်ကို သိပ်ရန်လိုလိမ့်မည် မဟုတ်ပေ။ ၎င်းသည် သင့်ကို ဖျက်ဆီးရန်၊ ဖောက်ပြန်ပျက်စီးစေရန်၊ ကစားပြီး ထိန်းချုပ်ရန် ကြိုးစားနေလိမ့်ဦးမည် ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် ၎င်းကို ကိုးကွယ်ပြီး ၎င်းနောက်လိုက်နိုင်လျှင် ၎င်းသည် အားရကျေနပ်လိမ့်မည်ဖြစ်ပြီး သင့်ကို ညှဉ်းဆဲလိမ့်မည် မဟုတ်ပေ။ သို့သော် အဆုံးတွင် သင်သည် ၎င်းနှင့်အတူ သင်္ဂြိုဟ်ခြင်းသာ ခံရနိုင်သည်။ စာတန်ကို ကိုးကွယ်သောသူ မည်သူမျှ ကောင်းသော အဆုံးသတ်သို့ မရောက်ဖူးပေ။

ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ သဘာဝသည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ အန္တိခရစ်များဖြစ်ကြသည့် စာတန်နှင့်ဆိုင်သောသူများသည် အဘယ်ကြောင့် သမ္မာတရားနှင့် ဘုရားသခင်ကို အလွန်ရန်လိုကြသနည်း။ ငါ့ကို ပြောလော့၊ ၎င်းတို့၏ သဘာဝ အနှစ်သာရ ဆိုးယုတ်လိုက်လေခြင်းတကား။ ၎င်းတို့သည် သမ္မာတရားကိုလည်းကောင်း၊ ဘုရားသခင်၏ အလုပ်ကိုလည်းကောင်း၊ အပြုသဘောဆောင်သောအရာ တစ်ခုတလေကိုလည်းကောင်း၊ သို့မဟုတ် မှန်ကန်သော ပြောဆိုချက်များနှင့် ကျင့်ကြံမှုများကိုလည်းကောင်း ခြွင်းချက်မရှိ လက်မခံကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် စက်ဆုပ်မှုကို ခံစားရပြီး ယင်းတို့ကို လက်ခံရန် ငြင်းပယ်သည်သာမက ဘုရားသခင်ကို အတိုက်အခံလုပ်ရန် မကောင်းမှုကို တက်ကြွစွာ ပြုလုပ်ကြသည့်အပြင် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ပြစ်တင်ရှုတ်ချရန် အမျိုးမျိုးသော အခြေအမြစ်မရှိသည့် ကောလာဟလများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို ဖြန့်ကြသည်။ ဤကဲ့သို့သော ဆိုးယုတ်သည့်လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ကောင်းချီးများလည်း ရရှိလိုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်ထဲသို့ အယုံသွင်းဝင်ရောက်လာကြသော်လည်း သမ္မာတရားကို အနည်းငယ်မျှ လက်မခံသောကြောင့် ထုတ်ဖော်ခြင်းခံရကာ ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရသည်။ ဥပမာအားဖြင့်၊ ပြုပြင်ခြင်းကို လက်ခံခြင်းသည် အပြုသဘောဆောင်သော အရာတစ်ခု ဖြစ်သည်။ ပုံမှန်လူများက အမှားအယွင်း ပြုလုပ်မိပြီး ပြုပြင်ခြင်းခံရသည့်အခါ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကြလိမ့်မည်။ ၎င်းတို့၏ မှားယွင်းစွာ ပြုလုပ်ခြင်းက မှားယွင်းသော ရည်ရွယ်ချက်များ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ခဲ့လျှင် ထိုအရာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေကြလိမ့်မည်။ ၎င်းတို့၏ မှားယွင်းစွာ ပြုလုပ်ခြင်းသည် ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းပြီး အမှုအရာများကို ရှင်းလင်းစွာ မမြင်ခဲ့ခြင်းကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်လျှင်၊ ထိုအရာကို ဖြေရှင်းရန် လမ်းကြောင်းတစ်ခုကို တက်ကြွစွာ ရှာဖွေကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို ကူညီရန်နှင့် လမ်းပြရန်အတွက် ကောင်းမွန်သော အစွမ်းအစရှိပြီး သမ္မာတရားကို နားလည်သောသူများကို ရှာဖွေကြလိမ့်မည်။ တိုတိုပြောရလျှင်၊ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့၏ လမ်းညွှန်မှုနှင့် ထိန်းသိမ်းမှုအောက်တွင် ၎င်းတို့သည် ပြုပြင်ခံရခြင်းကို မှန်ကန်စွာ သဘောထားကြလိမ့်မည်။ သို့သော် နတ်ဆိုးများဖြစ်သည့်သူတို့သည် ပြုပြင်ခံရခြင်းကို မည်သို့ သဘောထားကြသနည်း။ နတ်ဆိုးများကိုယ်၌က သမ္မာတရားကို ရန်လိုကြသော်လည်း ၎င်းတို့၏ ဆိုးယုတ်သော သဘာဝဖြင့် ၎င်းတို့သည် ရန်လိုခြင်းမျှဖြင့် လုံးဝ ရပ်တန့်ကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို ပြစ်တင်ရှုတ်ချခြင်း၊ အတိုက်အခံလုပ်ခြင်းနှင့် ပြစ်မှားစော်ကားခြင်းတို့ကိုလည်း ပြုကြလိမ့်မည်။ သို့ဖြစ်၍ ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကျိုးကြောင်းပြ ငြင်းခုံရန်နှင့် ခုခံကာကွယ်ရန် အားကြိုးမာန်တက် ကြိုးစားကြသည်။ ၎င်းတို့သည် သမ္မာတရားကို ငြင်းပယ်သည်သာမက ၎င်းတို့ကို ပြုပြင်သည့်သူများကိုလည်း တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချကြသည့်အပြင် “ဘုရားကို ယုံကြည်ခြင်းသည် အလွန် ခက်ခဲလှပါသည်တကား။ ကျွန်ုပ်တို့ကဲ့သို့ အစွမ်းအစ ညံ့ဖျင်းပြီး သမ္မာတရားကို နားမလည်သူများသည် နောက်ဆုံးတွင် နှင်ထုတ်ခြင်းခံရမည်သာ ဖြစ်သည်။ ဘုရားအိမ်တော်ကို မှီခိုကပ်ရပ်နေရန် ကြိုးစားခြင်းမှာ မလွယ်ကူပါ။ ညံ့ဖျင်းသော အစွမ်းအစရှိသူများအတွက် ရှေ့ဆက်ရန် လမ်းမရှိပါ။ ကျွန်ုပ်တို့သည် အခြားသူများ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည်မှတစ်ပါး ဘာမျှ မလုပ်နိုင်ပါ။ အခြားသူများက ကျွန်ုပ်တို့ကို မည်သို့ပင် ဒုက္ခပေးသည်ဖြစ်စေ၊ ကျွန်ုပ်တို့ ခါးစည်းခံရုံသာ ရှိသည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အစွမ်းအစ ညံ့ဖျင်းခြင်းမှလွဲ၍ မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။ သင်၏ အစွမ်းအစ ညံ့ဖျင်းလျှင် သင်သည် အခြားသူများထက် နိမ့်ကျသည်” ဟူသော စကားများကိုပင် ဖြန့်ကြသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို လက်မခံသည်သာမက သို့မဟုတ် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းခြင်းတို့ မရှိသည်သာမက ဤပြဿနာကို ဖြေရှင်းရန် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကိုလည်း မရှာဖွေကြပေ။ အကယ်၍ ၎င်းတို့၏ အစွမ်းအစသည် အမှန်တကယ် ညံ့ဖျင်းပါက ၎င်းတို့သည် မိမိတို့၏ ပင်ကိုအခြေအနေများနှင့်ဆိုင်သည့် အခြေခံအုတ်မြစ်အပေါ်၌ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် မိမိတို့၏ သစ္စာစောင့်သိမှုကို ပေးအပ်ရန် အကောင်းဆုံးကို မည်သို့ ပေးဆပ်နိုင်မည်နည်း။ ၎င်းတို့သည် ဤသို့ တွေးမည်လော။ သမ္မာတရားကို ၎င်းတို့ ရန်လိုကြသောကြောင့်၊ ဤသို့ လုံးဝ တွေးမည်မဟုတ်ပေ။ ထို့အပြင် ၎င်းတို့သည် ပို၍ပင် ဆိုးရွားအောင် ပြုလုပ်ကြမည်ဖြစ်ပြီး ဝေဖန်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကို ပြုကြမည်ဖြစ်ကာ ၎င်းတို့ကို ပြုပြင်သည့်သူများအား မိမိတို့၏ စိတ်နှလုံးထဲတွင် တိတ်တဆိတ် ကျိန်ဆဲခြင်းပင် ပြုကြလိမ့်မည်။ “ဟွန့်။ သင်သည် ယနေ့ ငါ့ကို မသက်မသာဖြစ်အောင် လုပ်လေပြီ။ တစ်နေ့နေ့တွင် သင့်ကို ငါ အကြောင်းသိစေမည်။ ငါ၏ အစွမ်းအစ ညံ့ဖျင်းသည်ဟု သင် ထင်သလော။ ငါသည် ဘုရားကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးဖြစ်သော်လည်း သင်က နှစ်အနည်းငယ်သာ ယုံကြည်ရသေးသည်။ သင်က ငါ့ကို သဘောမကျစရာအဖြစ် မြင်သလော။ တစ်နေ့နေ့တွင် သင့်ကို ငါ အကျိုးဆက်များ ခံစားစေမည်၊ သင့်ကို ဆိုးရွားစွာ သေစေမည်” ဟူ၍ ဖြစ်သည်။ သင်တို့ မြင်သည့်အတိုင်း ၎င်းတို့ ပြုပြင်ခြင်းခံရသည့်အခါ မည်သည့်အရာမျှ ၎င်းတို့ မပြောသည့်အပြင်၊ အပြုံးကိုပင် ဆင်မြန်းထားသော်လည်း ၎င်းတို့၏ စိတ်နှလုံးများက နာကြည်းမှု၊ မုန်းတီးမှုနှင့် ကျိန်ဆဲခြင်းတို့ဖြင့် ပြည့်လျှံနေသည်။ အချို့လူများသည် ပြုပြင်ခြင်းကို လက်ခံရန် မိမိတို့၏ မလိုလားမှုကို ပြကြပြီး အခါအားလျော်စွာ စောဒကတက်သော၊ တိုက်ခိုက်သော သို့မဟုတ် ဝေဖန်သော စကားများကို ပြောဆိုကြသည်။ ၎င်းတို့သည် ပြုပြင်ခြင်းကို ရန်လိုသည်သာမက ၎င်းတို့ကို ပြုပြင်သည့်သူများကိုလည်း မည်သူက ထိုသို့ပြုသည်ဖြစ်စေ အလျော့ပေးရန် ငြင်းဆန်လျက်၊ အစပြု၍ တိုက်ခိုက်ကြသည်။ အချို့သော အမျိုးသမီးများသည် အတော်အတန် ကိုယ်လုံးကိုယ်ပေါက်သေးသွယ်ကျစ်လျစ်လှပပြီး အပြင်ပန်းတွင် အတော်လေး နူးညံ့သိမ်မွေ့ပုံ ပေါက်နိုင်သော်လည်း တစ်စုံတစ်ဦးက ၎င်းတို့ကို အမှန်တကယ် ပြုပြင်သည့်အခါ ၎င်းတို့ ဒေါသပေါက်ကွဲလေသည်။ “ကျွန်ုပ်သည် ဤမျှနှစ်ကာလများတစ်လျှောက်လုံး ဘုရားသခင်ကို ယုံကြည်ရင်း အလွန်ဆင်းရဲဒုက္ခခံစားခဲ့ရသည်။ ယင်းမှာ လွယ်ကူလေပြီလော။ သင်က ကျွန်ုပ်ကို သဘောမကျစရာအဖြစ် မြင်သည်။ ကောင်းပြီ၊ သင်မမွေးမီကပင် ကျွန်ုပ်သည် ဧဝံဂေလိတရားကို ဟောပြောနေခဲ့သည်။ ကျွန်ုပ် အသက်ကြီးသောကြောင့်သက်သက် သင်က ကျွန်ုပ်ကို အနိုင်ကျင့်ရန် ကြိုးစားနေခြင်းလော။ သင့်ကို ပြောမည်၊ ဘယ်တော့မှ ဖြစ်လာမည်မဟုတ်။ သွား၍ မေးကြည့်လော့၊ ကျွန်ုပ်၏ တစ်သက်တာတွင် မည်သူ့ကို အလျှော့ပေးခဲ့ဖူးသနည်း”ဟူ၍ ဖြစ်သည်။ ဤကဲ့သို့သော စိတ်သဘောထားမျိုးရှိသည့် လူများသည် သမ္မာတရားကို လက်ခံနိုင်သလော။ မုချ လက်မခံနိုင်ပေ။ ၎င်းတို့သည် ပြုပြင်ခြင်းကို လက်မခံသည်သာမက ၎င်းတို့ကို ပြုပြင်သည့်သူများကိုလည်း ကျိန်ဆဲကြသည်။ ၎င်းတို့သည် အလွန်ပင် မလိုမုန်းထားတတ်ကြသည် မဟုတ်လော။ နတ်ဆိုးများနှင့် စာတန်များဖြစ်သည့် လူများသည် မရိုးဖြောင့်ကြ၊ စိတ်မချရ၊ သစ္စာမဲ့ပြီး ဉာဏ်များကြသည်။ သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားသည် ရန်လိုခြင်းနှင့် တိုက်ခိုက်ခြင်း သဘောထားတစ်ခု ဖြစ်သည့်အတွက်၊ ၎င်းတို့၏ ဒုစရိုက်အမှုများ ဖော်ထုတ်ခြင်းခံရပြီး ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်မရှိဘဲ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းကို ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် လုံးဝ အလွန် ကောင်းစွာပြုမူကြလိမ့်မည် မဟုတ်ဘဲ သို့မဟုတ် ကျိုးနွံကြလိမ့်မည်မဟုတ်ဘဲ အတိုက်အခံလုပ်ရန် နည်းလမ်းများကို အသုံးပြုကြလိမ့်မည်။ အချို့က ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို ညှဉ်းဆဲနေသည်ဟု ဆိုလျက်၊ အခြားသူများကို ၎င်းတို့အတွက် ခုခံကာကွယ်ပေးရန် လှုံ့ဆော်လျက်၊ အသင်းတော်၏အလုပ်ကို တမင်တကာ နှောင့်ယှက်ရင်း အလိမ်အညာများကို လုပ်ကြံဖန်တီးကြသည်။ အခြားသူများကမူ “ဘုရားအိမ်တော်က ကျွန်ုပ်ကို မည်သို့ပင်ဆက်ဆံပါစေ၊ ကျွန်ုပ်ကို ဘီ အုပ်စုသို့ ပို့သည်ဖြစ်စေ၊ ရှင်းလင်းပစ်သည်ဖြစ်စေ၊ ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ယခင်အတိုင်း ထမ်းဆောင်မည် ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်အပေါ် သစ္စာစောင့်သိပြီး ဤလမ်းခရီးကို ဘယ်တော့အခါမျှ ငြင်းပယ်မည်မဟုတ် သို့မဟုတ် ကျွန်ုပ်၏တာဝန်ကိုလည်း စွန့်လွှတ်မည် မဟုတ်ပါ”ဟုဆိုလျက် ကျိုးနွံနာခံဟန်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ နောင်တရပြီးဖြစ်သည့်အလား၊ ဘုရားအိမ်တော်က ၎င်းတို့ကို မည်သို့ပင် ဆက်ဆံပါစေ လက်ခံနိုင်ပြီး ကျိုးနွံနာခံနိုင်ကာ မိမိတို့၏ တာဝန်ကို စွန့်လွှတ်မည် မဟုတ်သည့်အလား ထင်ရစေလျက် လူများကို လှည့်ဖြားရန် အပြင်ပန်းဟန်ဆောင်မှုတစ်ခုကို တင်ပြကြသည်။ အမှန်တွင် ၎င်းတို့သည် သင့်ကို လှည့်စားနေခြင်းဖြစ်ပြီး သင့်ကို ကစားနေခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ဘာသာ ဤသို့တွေးကြသည်၊ “ဟွန့်။ ငါ့ကို အစေခံမှုပေးရန် အသုံးချချင်သည်လော။ လုံးဝမဖြစ်နိုင်။ ငါသည် သင့်ကို ငါ၏ သန္နိဋ္ဌာန်အား ထုတ်ဖော်ပြောဆိုပြီး ငါ၏တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိသည်ဟု ပြောသောအခါ၊ ယင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာဖြစ်ပြီး၊ ငါသည် သင်တို့ကို အရူးလုပ်နေခြင်းသာ ဖြစ်သည်။” အပြင်ပန်းတွင် ၎င်းတို့အနေဖြင့် တာဝန်ထမ်းဆောင်လိုစိတ်ရှိသည်ဟု လူတို့ကို ထင်စေလျက် အထူးသဖြင့် ကျိုးနွံပြီး နာခံပုံရကြသည်။ သို့သော် သင်က ၎င်းတို့ကို တာဝန်ထမ်းဆောင်ရန် အမှန်တကယ် စီစဉ်သည့်အခါ ၎င်းတို့သည် ဝတ်ကျေတမ်းကျေလုပ်သည်၊ လှည့်စားမှုကို အသုံးပြုပြီး သင့်ကို လှည့်ဖြားသည့်အပြင် သင်နှင့်အတူ ကိုယ်ဖျောက်ကစားတတ်ကြသည်။ ၎င်းတို့ကို တာဝန်တစ်ခု ပေးအပ်ပြီးကတည်းက ဆယ်ရက်ကျော်ကြာကောင်းကြာနိုင်ပြီး လုံးဝ တိုးတက်မှု ရှိလိမ့်မည်မဟုတ်ပေ။ အချို့လူများသည် မသိနားမလည်ဖြစ်ကြပြီး ပိုင်းခြားသိမြင်မှု ကင်းမဲ့ကြကာ ၎င်းတို့က “သူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိသည်ဟု ဆိုလျက် ထိုတာဝန်ကို ထမ်းဆောင်ရန် သဘောတူခဲ့စဉ်က အတော်လေး စိတ်အားထက်သန်ခဲ့ကြသည်။ သူတို့ လိမ်ညာနေပုံမပေါ်ခဲ့ပါ။ ယခု မည်သို့ဖြစ်ပြီး သူတို့ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ရတော့သနည်း” ဟု တွေးလျက် ဤအရာကို နားမလည်နိုင် ဖြစ်ကြလိမ့်မည်။ ငါသည် သင့်ကို အမှန်တရား ပြောမည်။ ၎င်းတို့သည် လူလိမ်ကြီးများသာ ဖြစ်ကြသည်။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ နတ်ဆိုးများဖြစ်ကြသူများသည် တာဝန်ထမ်းဆောင်ခြင်းကို မည်သို့ သဘောထားကြသနည်း။ ၎င်းတို့သည် ယင်းကို ဘုရားအိမ်တော်က ၎င်းတို့အား အစေခံမှုပေးစေရန် အသုံးချနေခြင်း၊ ၎င်းတို့ကို ကစားစရာကဲ့သို့ သဘောထားနေခြင်းအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ တာဝန်ထမ်းဆောင်ခြင်းအပေါ် နတ်ဆိုးများဖြစ်သည့်သူများ၏ စိတ်နေစိတ်ထား ဖြစ်သည်။ သင် အသုံးချခံရလောက်အောင် အဘယ်အရာရှိသနည်း။ အလွန်ဆုံးအနေဖြင့်၊ သင်သည် အသက်မွေးအလုပ်တစ်ခုခုအကြောင်းကို အနည်းငယ် နားလည်ခြင်းသာ ဖြစ်သည်။ အကယ်၍ ဘုရားအိမ်တော်က ဤနယ်ပယ်နှင့်ဆိုင်သည့် အလုပ်တွင် လိုအပ်ချက်တစ်ခု ရှိပါက အလွန်ဆုံးနေဖြင့် သင်သည် ဤတာဝန်ကို ထမ်းဆောင်ရန် သင့်တော်သည်ဟုသာ ဆိုလိုပေသည်။ သင့်ကို တိုင်းတာရန်နှင့် သင့်အပေါ် တောင်းဆိုမှုများ ပြုလုပ်ရန် တာဝန်ထမ်းဆောင်ခြင်း ကိစ္စကို အသုံးပြုခြင်းသည် သင့်ကို ချီးမြှောက်ခြင်း ဖြစ်သည်။ အကယ်၍ သင်က ငြင်းပယ်ပြီး လက်မခံပါက စေတနာကို တန်ဖိုးထားရန် သင် ပျက်ကွက်ခြင်းဖြစ်သည်။ ဤသည်မှာ နတ်ဆိုးများဖြစ်သည့်သူများက မည်မျှ ဆင်ခြင်တုံတရား မရှိသည့်အကြောင်းပင် ဖြစ်သည်။ ၎င်းတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် တောင်းဆိုပြီး အသင်းတော်က ၎င်းတို့အတွက် အလုပ်စီစဉ်ပေးသည့်အခါ ဘုရားအိမ်တော်က ၎င်းတို့ကို အသုံးချလိုသည်ဟု ၎င်းတို့က ယူဆကြသည်။ အကယ်၍ သင်သည် အသင်းတော်၌ အသုံးချခံရရန် အမှန်တကယ် စံတန်ဖိုးအချို့ ရှိပါက ဤသည်မှာ သင့်အတွက် ကံကောင်းခြင်းလော သို့မဟုတ် ကံဆိုးခြင်းလော။ (ကံကောင်းခြင်း ဖြစ်ပါသည်။) ဤသည်မှာ သင့်အတွက် ကံအကြောင်းမလှသည့်ဖြစ်ရပ်တစ်ခုလော သို့မဟုတ် ကောင်းချီးမင်္ဂလာတစ်ခုလော။ (ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပါသည်။) အဘယ်ကြောင့် ယင်းကို ကောင်းချီးမင်္ဂလာဟု သင်ဆိုသနည်း။ (ဘုရားသခင်အတွက် အစေခံမှု ပေးနိုင်ခြင်းသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းမှာ ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်ပါသည်။) သင်သည် ဤအရာကို နားလည်ရမည်။ ဘုရားသခင်အတွက် အစေခံခြင်းသည် ဘုရားသခင်၏ ချီးမြှောက်ခြင်း ဖြစ်သည်။ ချီးမြှောက်ခြင်းဟူသည် အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားအိမ်တော်၏ အလုပ်တွင် အသုံးချနိုင်သည့် ဤအနည်းငယ်မျှသော လုပ်ငန်းပိုင်းဆိုင်ရာ အစွမ်းအစ သင်ရှိသည်ကို ဆိုလိုသည်၊ ယင်းမှာ ဘုရားသခင်က သင့်ကို ပေးသည့် အခွင့်အရေးတစ်ခုဖြစ်သည်၊ ဘုရားသခင်သည် သူ့အတွက် အစေခံမှုပေးရန် အခွင့်အရေးတစ်ခု၊ ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေးတစ်ခု သင့်ကို ပေးပြီးဖြစ်သည့်အပြင်၊ ဤသည်မှာ သင် ကောင်းချီးခံစားရရန်အတွက် အခြေခံကျသော သတ်မှတ်ချက်တစ်ခု ဖြစ်သည်ကို ဆိုလိုသည်။ သင်သည် ဤအခြေခံကျသော သတ်မှတ်ချက်ကို ပိုင်ဆိုင်သည့်အခါမှသာ သမ္မာတရားကို လက်ခံပြီး သမ္မာတရားကို တစ်ဆင့်ပြီးတစ်ဆင့် လက်တွေ့လုပ်ဆောင်ရန်နှင့် ကယ်တင်ခြင်းကို ရရှိမည့် အခွင့်အရေး ရနိုင်ပေသည်။ အကယ်၍ သင်၌ အသုံးဝင်သော အရည်အသွေးများ လုံးဝမရှိပါက ဘုရားအိမ်တော်၌ သင်သည် အသုံးမကျသူတစ်ဦး ဖြစ်သည်။ ဘုရားအိမ်တော်က သင့်ကို အခမဲ့ ထောက်ပံ့နေဦးမည်လော။ အကယ်၍ သင်သည် ဘုရားအိမ်တော်၌ ထမ်းဆောင်ရန် မည်သည့်တာဝန်မျှ မရှိပါက ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းရန်အတွက် သင့်တော်ပြီး ကျိုးကြောင်းဆီလျော်သော နည်းလမ်းနှင့် အခြေခံကျသော သတ်မှတ်ချက်ကင်းမဲ့နေသည်။ အကယ်၍ သင့်ကို ဘုရားအိမ်တော်ရှိ တိကျသည့် မည်သည့်အလုပ်တွင်မျှ အသုံးပြု၍မရပါက၊ ယင်းမှာ သင်သည် ဘုရားသခင်နှင့် မည်သည့်ဆက်ဆံရေးမျှ မတည်ဆောက်ခဲ့ကြောင်းကို ဆိုလိုပြီး ထို့ကြောင့် သင်သည် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် အခွင့်အရေးမရှိ၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်ပြုသည့် အမှု၏ မည်သည့်အဆင့် သို့မဟုတ် မည်သည့်အချိန်ကာလကိုမဆို လက်ခံရန် အခွင့်အရေးမရှိပေ။ သို့ဆိုလျှင် သင်သည် ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေးနှင့် သတ်မှတ်ချက်များ ရှိနေသေးသလော။ ထို့ကြောင့် အကယ်၍ သင့်၌ အသုံးချခံရရန် စံတန်ဖိုးရှိသည်ဟု ဆိုထားပါက ဤသည်မှာ ဘာသာတရားမရှိသည့်လောကတွင် သက်သောင့်သက်သာဖြစ်သည့်ပုံပေါ်ကောင်းပေါ်မည် မဟုတ်သည့်အပြင်၊ “အသုံးချသည်” ဟူသည်မှာ အပျက်သဘောဆောင်သော ဝေါဟာရတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဘုရားအိမ်တော်၌မူ သင့်ကို မည်သူက အသုံးချနေသည်ကို သင် ကြည့်ရမည်။ ဤ “အသုံးချသည်” ဟူသည်ကို မည်သို့ အနက်ဖွင့်သင့်သနည်း။ အကယ်၍ ဘုရားသခင်က သင့်ကို အသုံးချပါက ယင်းမှာ သင်၌ တန်ဖိုးတစ်ခုခု ရှိနေသေးပြီး ဘုရားသခင်အတွက် အစေခံမှုပေးနိုင်သေးကြောင်း သက်သေပြသည်။ သင်သည် ဘုရားသခင်အတွက် အစေခံမှု ပေးသည့်အခါ ဤသည်မှာ ဘုရားသခင်က သင့်ကို ချီးမြှောက်နေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင်က သင့်ကို အခွင့်အရေးတစ်ခု ပေးနေခြင်း၊ ဘုရားသခင်က သင့်ကို ချီးမြှောက်နေခြင်း ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာ ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က သင့်ကို အလေးထားမှုတစ်ခုခု ရှိပြီး သင့်ကို အခွင့်အရေးတစ်ခု ပေးရန် လိုလားနေဆဲဖြစ်ကြောင်း သက်သေပြသည်။ သို့ဖြစ်၍ ဘုရားသခင်၏ အသုံးချခြင်းကို ခံရခြင်းသည် ရှက်ဖွယ်ဖြစ်သလော။ ယင်းမှာ ဆုံးရှုံးမှုတစ်ခုလော။ အသုံးချခံရရာတွင် သင်သည် ဆုံးရှုံးမှုကို ခံစားရသလော။ ယင်းက သင့်ကို သင်၏မာန သို့မဟုတ် ဂုဏ်သိက္ခာကို ဆုံးရှုံးစေသလော။ မဆုံးရှုံးစေပေ၊ သင်သည် ပို၍များစွာ ရရှိသည်။ ယင်းက သင့်အား သမ္မာတရားနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရန်အတွက် ဘုရားသခင်၏ ရှေ့မှောက်သို့ လာရန် အခွင့်အရေးကို ပေးသည်။ သင်သည် မည်သည့်ဆုံးရှုံးမှုကိုမျှ လုံးဝ မခံစားရပေ၊ သင်သည် ကြီးမားသော အကျိုးကျေးဇူးကို ရရှိပေသည်။ သို့သော် နတ်ဆိုးများမှ လူဝင်စားဖြစ်လာသောသူတို့သည် ဤသို့ မမြင်ကြပေ။ ၎င်းတို့၌ ဆိုးယုတ်သော သဘာဝတစ်ခု ရှိသည်။ စာတန်က ၎င်းတို့ကို မည်သို့ပင် အသုံးချပြီး ဖောက်ပြန်ပျက်စီးစေပါစေ ၎င်းတို့၌ ကန့်ကွက်ချက်မရှိပေ။ ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ အတော်လေး ကျေနပ်ကြသည်။ အကယ်၍ အစိုးရအရာရှိများက ၎င်းတို့ကို အသုံးချပါက ၎င်းတို့သည် ယင်းကို ကံကောင်းခြင်း၊ ချမ်းသာကြွယ်ဝခြင်း၏ လက္ခဏာတစ်ခုအဖြစ် မှတ်ယူကြသည်။ ၎င်းတို့သည် ယင်းကို မပိုင်းခြားကြ၊ မဆန့်ကျင်ကြ၊ အတိုက်အခံမလုပ်ကြ၊ သို့မဟုတ် မငြင်းပယ်ကြပေ။ သို့သော် အသင်းတော်၌ တာဝန်တစ်ခုကို ထမ်းဆောင်ရန် ရာထူးတိုးမြှင့်ခြင်းခံရပါက ၎င်းတို့သည် ယင်းကို အစေခံမှုပေးနေရခြင်း၊ မိမိတို့ကိုယ်ကို ရောင်းစားနေခြင်းဖြစ်ပြီး အသင်းတော်က ၎င်းတို့ကို အသုံးချနေသည်ဟု ခံစားကြရသည်။ ဥပမာအားဖြင့်၊ အမျိုးသမီးတစ်ဦးဦးက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုခုနှင့်ပတ်သက်၍ အနည်းငယ် နားလည်သဖြင့် အသင်းတော်က သူမအား ဤနယ်ပယ်တွင် အလုပ်လုပ်ရန် စီစဉ်ပေးသည်။ သူမသည် ယင်းကို ဘုရားသခင်ထံမှ လက်မခံနိုင်သည်သာမက သူမ၏ စိတ်နှလုံးထဲတွင် အထူးသဖြင့် စက်ဆုပ်သည်ဟုလည်း ခံစားရသည်။ “ငါ့ကို အသုံးချဖို့ ကြိုးစားနေသလော။ တစ်ဖန် ပြန်စဉ်းစားပါဦး။ ငါက ထိုမျှ မမိုက်မဲပါ။ ငါ ဤမျှကြာကြာ အသက်ရှင်ပြီးဖြစ်ကာ မည်သူမျှ၏ အသုံးချခြင်းကို မခံရဖူးပါ။ ငါ့ကို အသုံးချနိုင်မည့်သူ မမွေးသေးပါ”ဟူ၍ ဖြစ်သည်။ သင်သည် အလွန်စိတ်ဆိုးဒေါသထွက်ရန် မလိုအပ်ပေ။ အကယ်၍ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိပါက ယင်းကို ဘုရားသခင်ထံမှ လက်ခံပြီး သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်လော့။ အကယ်၍ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိပါက ဘုရားအိမ်တော်မှ ထွက်သွားလော့။ ဘုရားအိမ်တော်၏ တံခါး ဖွင့်ထားသည်၊ သင် အချိန်မရွေး ထွက်သွားနိုင်ပြီး သင်သွားလိုသည့် မည်သည့်နေရာကိုမဆို သွားနိုင်သည်။ ဘုရားသခင်သည် သမ္မာတရားကို လူတို့အပေါ် အခမဲ့ ပေးသည်။ ဘုရားသခင်၏ သမ္မာတရားကို ပေးသနားခြင်းနှင့် သူ၏ လူတို့အား အသက်ကို ထောက်ပံ့ခြင်းတို့သည် အခမဲ့ချည်းသာဖြစ်သည်။ သူသည် သင့်ထံမှ တစ်ပြားတစ်ချပ်မျှ တောင်းခဲ့သလော။ (မတောင်းခဲ့ပါ။) သင်သည် တာဝန်အနည်းငယ်ကို ထမ်းဆောင်သော်လည်း ယင်းကို ဘုရားသခင်၏ အသုံးချခြင်း ခံရသည်ဟု သင်က ရှုမြင်သည်။ ဤသည်မှာ အသိစိတ်ကင်းမဲ့ခြင်း၊ သနားကရုဏာကို တန်ဖိုးထားရန် ပျက်ကွက်ခြင်း မဟုတ်လော။ ဘုရားသခင်က သင့်ကို အသုံးချလျှင်ကော အဘယ်ဖြစ်သနည်း။ ယင်းမှာ မှားသလော။ သင်၏ တကယ့်အသက်ကို ဘုရားသခင်က ပေးခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အသုံးချရန် မထိုက်တန်သလော။ သူသည် အရည်အချင်းမပြည့်မီသလော။ သင်သည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအကြောင်းကို အနည်းငယ် နားလည်သောကြောင့်သက်သက် မောက်မာစွာ ပြုမူ၍ရသလော။ ဘုရားသခင်သည် ခယဝယလုပ်လျက်၊ သင့်ကို ရိုသေလေးစားစွာ တောင်းပန်လျက်၊ သင့်ကို ကတိများပေးလျက်၊ သင့်ကို ချီးမြှောက်ပြီး ပလ္လင်ပေါ်၌ တင်ထားပေးမှ သင်ဝမ်းသာမည်လော။ ပုံမှန်လူ့သဘာဝမရှိသော လူများသည် တာဝန်ထမ်းဆောင်ခြင်း ကိစ္စကို မှန်ကန်စွာ နားမလည်နိုင်ကြပေ။ ၎င်းတို့က၊ “ဘုရားအိမ်တော်က ကျွန်ုပ်ကို အသုံးချနေသည်။ ကျွန်ုပ်က ထိုမျှ မမိုက်မဲပါ၊ မိုက်မဲသူများသာ ဘုရား၏ အသုံးချခြင်းကို ခံဖို့ ဆန္ဒရှိကြသည်”ဟု အမြဲ ပြောဆိုကြသည်။ သင်တို့ မြင်သည့်အတိုင်း ဤအတွေးသည် သွေဖည်ပြီး ဆိုးယုတ်သည့်အပြင် လုံးဝ အကျိုးအကြောင်းဆီလျော်မှုမရှိပေ။ ထိုသို့သော လူများကို မည်သို့ ဆက်ဆံသင့်သနည်း။ လွယ်ကူပေသည်။ ၎င်းတို့ကို ရှင်းလင်းပစ်သည်ဖြစ်စေ၊ ဘီ အုပ်စုသို့ ခန့်အပ်သည်ဖြစ်စေ၊ ၎င်းတို့ကို သန့်စင်ဖယ်ရှားလိုက်ရုံသာ ပြုလော့။ အကယ်၍ သင်သည် အသုံးချခံရမည်ကို အလွန်ကြောက်ရွံ့ပါက အဘယ်ကြောင့် ဘုရားအိမ်တော်ကို တွယ်ကပ်နေသေးပြီး တာဝန်တစ်ခုကို ထမ်းဆောင်လိုသည်ဟု ဆိုနေသေးသနည်း။ ဤသည်မှာ သူတော်ကောင်းယောင်ဆောင်ခြင်းနှင့် လူများကို လှည့်စားနေခြင်း မဟုတ်လော။ အကယ်၍ သင်သည် အသုံးချခံရမည်ကို ကြောက်ရွံ့ပါက ဘုရားအိမ်တော်သည် သင့်ကို တာဝန်တစ်ခု ထမ်းဆောင်ရန် မည်သည့်အခါတွင်မျှအသုံးချလိမ့်မည်မဟုတ်။ ဘုရားအိမ်တော်သည် လူတို့အပေါ် အတင်းအကျပ်မပြုပေ။ ယခုသည် တစ်ဦးချင်းစီကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်သည့် အချိန်ဖြစ်သည်။ မည်သူမဆို တာဝန်ထမ်းဆောင်လိုစိတ်ရှိသူသည် ကျန်ရစ်လိမ့်မည်။ မည်သူမဆို တာဝန်ထမ်းဆောင်လိုစိတ်မရှိသူသည် အသင်းတော်မှ လျင်မြန်စွာ ထွက်သွားသင့်ပြီး လုံးဝ ပြန်မလာသင့်ပေ။ ဘုရားအိမ်တော်သည် မည်သူ့ကိုမျှ အနိုင်အထက်မပြုပေ။ မိမိတို့၏ တာဝန်ကို လိုလိုလားလား ထမ်းဆောင်သူများသာ ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်ကြသည်။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိသူများသည် စာတန်၏ အစေခံများချည်းသာဖြစ်ကြပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ရန် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။ အချို့လူများသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ကောင်းချီးများ ရရှိလိုကြသော်လည်း တစ်ချိန်တည်းတွင် အသုံးချခံရမည်ကို ကြောက်ရွံ့ကြသည်။ ဤလူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော လူများဖြစ်ကြသလော။ (မဟုတ်ပါ။) ၎င်းတို့သည် ဘုရားအိမ်တော်က ၎င်းတို့အား အခွင့်ကောင်းယူနေသည်၊ ၎င်းတို့က ကြီးမားသော ဆုံးရှုံးမှုတစ်ခု ခံစားနေရသည်ဟု အမြဲ ခံစားလျက် ဆုံးရှုံးမှုများ ခံစားရမည်ကို အမြဲ ကြောက်ရွံ့ကြသည်။ ဤသည်မှာ မိမိတို့အတွက် ကောင်းသည့်အရာကို အသိအမှတ်ပြုရန် ပျက်ကွက်ခြင်း မဟုတ်လော။ သင်သည် အဘယ်ဆုံးရှုံးမှုကို ခံစားရပြီးဖြစ်သနည်း။ အကယ်၍ သင်သည် သင်၏ နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သမ္မာတရားနှင့် ကယ်တင်ခြင်းအတွက် လဲလှယ်ရန် ကြိုးစားပါက ထိုအလှဲအလှယ်ကို သင် မပြုလုပ်နိုင်၊ သင်သည် ထိုက်တန်ခြင်းမရှိ၊ အရည်အချင်းပြည့်မီခြင်းမရှိဟု ငါဆိုသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အသက်ဖြစ်သည်၊ ယင်းတို့သည် လူသားမျိုးနွယ်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားရန်နှင့် စာတန်၏ စွမ်းအားမှ လွတ်မြောက်ရန်အတွက် အစွမ်းထက်ဆုံးသော လက်နက် ဖြစ်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ၊ သမ္မာတရားသာလျှင် စာတန်၏ သဘာဝ အနှစ်သာရကို ပိုင်ဆိုင်သည့် အိုဟောင်းသော လူသားမျိုးနွယ်ကို အမြစ်ဖြတ်နိုင်သည်။ ဘုရားသခင်၏ အသက်၊ သမ္မာတရားသာလျှင် ဤလူသားမျိုးနွယ်ကို ဆက်လက်ရှင်သန်ခွင့်ပြုနိုင်ပြီး စာတန်၏ ကံကြမ္မာကို အဆုံးသတ်စေနိုင်သည်။ ဘုရားသခင်၏ အသက်နှင့် သမ္မာတရားသည် အဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။ လောကရှိ မည်သည့် ရုပ်ဝတ္ထုပစ္စည်းဖြင့်လည်းကောင်း၊ လူတို့ အဖိုးတန်သည်ဟု မှတ်ယူသည့် မည်သည့်အရာမျှဖြင့်လည်းကောင်း ယင်းတို့ကို လဲလှယ်၍မရနိုင်ပေ။ လူတို့သည် ၎င်းတို့၏ မပြောပလောက်သော နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကို မဆိုထားနှင့်၊ မိမိတို့၏ အသက်ကို ပူဇော်ဆက်ကပ်လျှင်ပင် ယင်းတို့အတွက် လဲလှယ်၍မရနိုင်ပေ။ သမ္မာတရားသည် ရောင်းရန်မဟုတ်ပေ၊ ဘုရားအိမ်တော်သည် သမ္မာတရားကို မရောင်း၊ အသက်ကို မရောင်းချပေ။ သို့ဖြစ်၍ လူတို့သည် အသက်ကို ရရှိရန် အဘယ်အရာကို အတိအကျ လုပ်ဆောင်နိုင်သနည်း။ သမ္မာတရားကို လက်ခံခြင်း၊ သမ္မာတရားကို ကျိုးနွံနာခံခြင်း၊ မိမိတို့၏ သစ္စာစောင့်သိမှုနှင့် ရိုးသားမှုကို ဘုရားသခင်ထံ ပေးအပ်ခြင်း၊ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်းအားဖြင့်သာ အသက်ကို ၎င်းတို့ ရရှိနိုင်ပေသည်။

စာတန်၏ ဆိုးယုတ်သော အနှစ်သာရရှိသည့် လူတို့တွင် အထူးသဖြင့် မလိုမုန်းထားသော စိတ်သဘောထားများ ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားအပေါ် ရန်လိုပြီး တိုက်ခိုက်သည်သာမက သမ္မာတရားကို အစားထိုးရန် မိမိတို့၏ ကိုယ်ပိုင် မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများကို အသုံးပြုလိုကြသည်။ ၎င်းတို့၏ အဓိက သရုပ်သကန်မှာ ၎င်းတို့ကို မိမိတို့ကို ပြုပြင်သူ သို့မဟုတ် ဖော်ထုတ်သူ မည်သူ့ကိုမဆို မုန်းတီးပြီး တိုက်ခိုက်ကာ ၎င်းတို့အတွက် အမှုအရာများ ခက်ခဲအောင် ပြုလုပ်ကြခြင်း ဖြစ်သည်။ ဤစိတ်သဘောထား အနှစ်သာရသည် အလွန် ဆိုးယုတ်သည်၊ မည်သည့် ရိုင်းစိုင်းကြမ်းတမ်းသော တိရစ္ဆာန်ထက်မဆို၏ အနှစ်သာရထက် ပို၍ ရက်စက်ကြမ်းကြုတ်သည်။ ကျားများနှင့် ခြင်္သေ့တို့တွင် ရိုင်းစိုင်းကြမ်းတမ်းသော စိတ်သဘောထားများ ရှိကြသော်လည်း ၎င်းတို့ ဗိုက်မဆာသည့်အခါ သို့မဟုတ် သင်က ၎င်းတို့ကို ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မပြုသည့်အခါတွင် ၎င်းတို့သည် သင့်ကို လျစ်လျူရှုပြီး ထိခိုက်စေလိုခြင်း မရှိကြပေ။ သို့သော် နတ်ဆိုးများမှာမူ ကွဲပြားခြားနားသည်။ သင်က ၎င်းတို့ကို လျစ်လျူရှုလျှင်ပင် ၎င်းတို့၏ အဆင့်အတန်းကို သင် ခြိမ်းခြောက်မှု ဖြစ်စေနေသရွေ့ ၎င်းတို့သည် သင့်ကို လက်လွှတ်မည် မဟုတ်ပေ။ ၎င်းတို့သည် သင့်ကို တိုက်ခိုက်ရန် အစပြုလုပ်ဆောင်ကြလိမ့်မည်။ သင်က ၎င်းတို့ကို ဖော်ထုတ်ပြီး ပြုပြင်မည်ဆိုလျှင်မူ သင့်ကို မည်မျှ သာ၍ပင် တိုက်ခိုက်ကြလိမ့်မည်နည်း။ ၎င်းတို့သည် ပြုပြင်ခြင်းခံရမှုကို မည်သည့်အခါမျှ လက်ခံခြင်းမရှိသည်သာမက မှန်ကန်သော ပြောဆိုချက်များ သို့မဟုတ် အကြံပြုချက်များ တစ်ခုတလေကို နားထောင်ရန် ငြင်းပယ်ကြသည်။ ထိုအစား ၎င်းတို့သည် အရေးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲရန်၊ ရုန်းကန်မှုနှင့် ပြိုင်ဆိုင်မှုတိုင်းတွင် အသာစီးရရန်၊ တက်ကြွမှုမရှိခြင်းမှ အစပြုလုပ်ဆောင်သည့်အဖြစ်သို့ ပြောင်းလဲရန် တစ်ဖက်သားကို ပြန်လည်တုံ့ပြန်ဖို့ နည်းလမ်းအမျိုးမျိုးကို စဉ်းစားကြသည်။ အသင်းတော်ထဲတွင် စည်းမျဉ်းများကို မလိုက်နာသော၊ ကန့်သတ်ချုပ်ချယ်မှု တစ်ခုတလေ၏ ချည်နှောင်ခြင်းမခံရသော၊ မည်သူ၏ ဝေဖန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းကိုမျှ မခံနိုင်သော၊ တစ်စုံတစ်ဦးက သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ လက်မခံသော၊ ပြုပြင်သည့်အခါ အတိုက်အခံလုပ်ပြီး ငြင်းခုံသော၊ ၎င်းတို့ကို ဖော်ထုတ်သူ မည်သူ့ကိုမဆို မုန်းတီးပြီး တိုက်ခိုက်သော တစ်စုံတစ်ဦးကို သင်မြင်သည် ဆိုပါစို့၊ ဤသည်မှာ နတ်ဆိုးတစ်ကောင် ဖြစ်သည်။ အချို့လူများသည် မိမိတို့၏ အလုပ်တွင် အမှားအနည်းငယ် လုပ်ကြပြီး အခြားသူများက ၎င်းတို့ကို မည်သည့်အရာအတွက်မျှ ဝေဖန်ခြင်း သို့မဟုတ် ဖော်ထုတ်ခြင်း မပြုမီတွင်ပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန်နှင့် ခုခံကာကွယ်ရန် အကြောင်းပြချက်များ ရှာဖွေဖို့ နည်းလမ်းပေါင်းစုံကို စဉ်းစားလျက်၊ မိမိတို့၏ အလုပ်ညံ့ဖျင်းရခြင်းမှာ အကြောင်းရင်းများနှင့် ရှင်းလင်းချက်များ ရှိကြောင်းနှင့် တစ်စုံတစ်ဦးက ထိုအလုပ်ကို ဖျက်ဆီးခဲ့ကြောင်း ပြောဆိုလျက်၊ တာဝန်ကို အခြားသူများအပေါ် ပုံချရန်နှင့် မိမိတို့ကိုယ်ကို အပြစ်ကင်းစင်စေရန် နည်းလမ်းမျိုးစုံကို ကြိုးစားလျက် ၎င်းတို့က လက်ဦးမှုရယူကာ တိုက်ခိုက်ကြသည်။ တစ်စုံတစ်ဦးက မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည့်အခါတိုင်း ယင်းမှာ အမှန်တကယ်တွင် ၎င်းတို့အကြောင်းဖြစ်သည်ဟု ယုံကြည်လျက် ၎င်းတို့သည် အထူးသဖြင့် ထိရှလွယ်ကြပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့သူများကိုပင် ဝေဖန်ပြီး ပြစ်တင်ရှုတ်ချလျက်၊ မိမိတို့၏မာနကို ကာကွယ်ရန်နှင့် မိမိတို့၏ အမှားများကို ဖုံးကွယ်ရန် နည်းလမ်းမျိုးစုံကို ကြိုးစားကြသည်။ ထိုသို့သောလူများသည် နောင်တရရန် မဆိုထားနှင့်၊ မိမိတို့၏ အမှားများကို လုံးဝ ဝန်ခံလိမ့်မည်မဟုတ် သို့မဟုတ် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်လိမ့်မည် မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရန်၊ အခြားသူများ၏ အမြင်တွင် စုံလင်သောလူများနှင့် အပြစ်အနာအဆာကင်းသော ပုဂ္ဂိုလ်များ ဖြစ်ရန်၊ အခြားသူများက အမှားများ လုံးဝ မလုပ်သည့်သူများအဖြစ် မြင်သည့်လူများ ဖြစ်ရန် နည်းလမ်းပေါင်းစုံကို စဉ်းစားကြသည်။ ၎င်းတို့သည် စကားရပ်တစ်ခုကို မှားယွင်းစွာ ပြောဆိုမိသည်ဖြစ်စေ၊ ဝေါဟာရတစ်ခုကို မှားယွင်းစွာ အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့၏ အလုပ်တွင် အချို့သော သွေဖည်မှုများ သို့မဟုတ် အပြစ်အနာအဆာများ ရှိသည်ဖြစ်စေ၊ သို့မဟုတ် အခြားသူများက ရှာဖွေတွေ့ရှိသွားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် ရည်ရွယ်ချက်အချို့ကို ဖော်ထုတ်သည်ဖြစ်စေ၊ ၎င်းတို့သည် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခု ဖြစ်တော့မည့်အလား၊ ၎င်းတို့၏ အသက်က အန္တရာယ်ရှိနေသည့်အလား သို့မဟုတ် သို့မဟုတ် ကမ္ဘာကြီး အဆုံးသတ်တော့မည့်အလား ယင်းကို မကောင်းသော နိမိတ်တစ်ခုဟု ၎င်းတို့ ခံစားရသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကြောင်းပြရန်နှင့် ခုခံကာကွယ်ရန် နည်းလမ်းအမျိုးမျိုးကို စဉ်းစားကြသည်။ ဤသည်မှာ ၎င်းတို့၏ အလိုလိုဖြစ်သော တုံ့ပြန်မှု ဖြစ်သည်။ ၎င်းတို့သည် မိမိတို့အနီးဝန်းကျင်တွင်ရှိသည့်သူများကို လှည့်ဖြားရန် လူတို့၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသော အရာများ၊ လူတို့၏ စိတ်နှလုံးကို သိမ်းသွင်းသည့် စကားများကို ပြောဆိုလျက် အပြင်ပန်းဟန်ဆောင်မှုအချို့ကိုပင် ဖန်တီးကြသည်။ ၎င်းတို့သည် လူများက မိမိတို့၏ သရုပ်အမှန်အား၊ မိမိတို့၏ ချို့ယွင်းချက်များနှင့် အပြစ်အနာအဆာများအား သိရှိသွားမည်ကို အထူးသဖြင့် ကြောက်ရွံ့ကြပြီး မိမိတို့၏ အခြေအနေမှန် ဖော်ထုတ်ခံရမည်ကို အထူးသဖြင့် ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် မိမိတို့၏ အစွမ်းအစ ညံ့ဖျင်းကြောင်း သို့မဟုတ် မိမိတို့၏ လူ့သဘာဝတွင် ပြဿနာများရှိကြောင်းကို မည်သည့်အခါတွင်မျှ ဝန်မခံကြသည့်အပြင်၊ ၎င်းတို့လုပ်ခဲ့သော အမှားများ သို့မဟုတ် ၎င်းတို့ဖော်ထုတ်ခဲ့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို သာ၍ပင် ဝန်မခံကြသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ပေါက်ကြားခွင့်မပြုသည်ကို သေချာစေလျက် မိမိတို့ကိုယ်ကို မြဲမြံစွာ ဖုံးကွယ်ထားကြသည်။ ၎င်းတို့၏ ပန်းတိုင်မှာ မိမိတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ကာကွယ်ရန်၊ လူတို့အား ၎င်းတို့တွင် လူ့သဘာဝ၌ ချို့ယွင်းချက်များမရှိကြောင်း၊ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး လိုက်စားကြောင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြောင်း၊ ဒုက္ခဆင်းရဲကို ခံနိုင်ပြီး အဖိုးအခပေးနိုင်ကြောင်း၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျှ မရှိကြောင်း ထင်မြင်စေလျက် လူတို့၏ စိတ်နှလုံးထဲတွင် ဂုဏ်အသရေရှိသည့်၊ အပြစ်အနာအဆာကင်းသော ပုံရိပ်တစ်ခုကို ထာဝစဉ် ထိန်းသိမ်းထားရန် ဖြစ်သည်။ ထိုသို့သောလူများသည် နတ်ဆိုးများဖြစ်ပြီး လူသားများ မဟုတ်ကြပေ။ နတ်ဆိုးများသည် သမ္မာတရားကို လက်မခံရုံသာမက မိမိတို့ကိုယ်ကို သမ္မာတရား၏ ပြရုပ်အဖြစ်၊ စုံလင်သော ပုံရိပ်၏ စံနမူနာအဖြစ် ဟန်ဆောင်ရန် နည်းလမ်းတိုင်းကိုပင် စဉ်းစားကြသည်။ ဤသည်မှာ စံသွေပြီး ဆိုးယုတ်သည်၊ မှန်သလော။ ၎င်းတို့သည် ဘုရားသခင်ကို မည်မျှကြာအောင် ယုံကြည်သည်ဖြစ်စေ မိမိတို့ကိုယ်ကို စုံလင်သောလူများ၊ အပြစ်အနာအဆာ ကင်းစင်သူများအဖြစ် အမြဲ တင်ပြကြသည်။ ၎င်းတို့တွင် အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း သို့မဟုတ် အယူအဆများ ရှိလျှင်ပင် ဖုံးကွယ်မြဲဖုံးကွယ်ထားလျက် ထုတ်ဖော်ရန် မည်သည့်အခါတွင်မျှ မဝံ့ရဲကြပေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို ဖော်ထုတ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုသူကို မုန်းတီးပြီး ညှဉ်းဆဲရန် နည်းလမ်းအမျိုးမျိုးကို စဉ်းစားကြစဉ်တွင်၊ ၎င်းတို့၏ ပုံရိပ်ကို ပြန်လည်ရရှိရန် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုကြသည်။ ဥပမာအားဖြင့် အချို့လူများသည် အမြဲတစေ မိမိတို့ကိုယ်ကို ခုခံကာကွယ်ကြပြီး အထင်အမြင်မှားစေသော နတ်ဆိုးဆန်သည့် စကားအချို့ကို ပြောဆိုကာ ပိုင်းခြားသိမြင်မှု ကင်းမဲ့သော အချို့လူများကို အထင်အမြင်မှားစေရန်၊ ထိုသို့ဖြင့် ၎င်းတို့အပေါ် လူတို့၏ အမြင်ကို ပြောင်းလဲစေရန်နှင့် လူတို့က ၎င်းတို့၏ စရိုက်လက္ခဏာ သရုပ်ဖော်ချက်ကို ပြန်လည်သုံးသပ်စေရန် တမင်တကာ အဖြူကို အမည်းအဖြစ်သို့ ပြောင်းလဲစေပြီး အမှားအမှန်ကို ရောထွေးစေကြသည်။ ထိုသို့သောလူများသည် စစ်မှန်သော နတ်ဆိုးများဖြစ်ပြီး လူ့သဘာဝ တစ်စက်မျှ မရှိပေ။ နတ်ဆိုးများသည် မည်မျှ ကောင်းစွာ သရုပ်ဆောင်နိုင်သည်ဖြစ်စေ၊ အမျိုးမျိုးသော ကိစ္စရပ်များအပေါ် ၎င်းတို့၏ အမြင်များ မည်သို့ပင်ဖြစ်စေ၊ တိုတိုပြောရလျှင်၊ ၎င်းတို့တွင် ဆိုးယုတ်သော သဘာဝတစ်ခု ရှိသောကြောင့် ၎င်းတို့သည် သမ္မာတရားကို ရန်လိုကြလိမ့်မည်။ ဆိုလိုသည်မှာ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာမှ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာများကို မည်သည့်အခါတွင်မျှ လက်မခံကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်ကြ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်မခံကြပေ။ ၎င်းတို့၏ သဘာဝ အနှစ်သာရမှာ ဘုရားသခင်ကို မုန်းတီးရန် ဖြစ်သည်။ ဘုရားသခင် မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ ၎င်းတို့က စက်ဆုပ်ကြသည်။ သင်သည် ၎င်းတို့၏ စက်ဆုပ်မှုကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်သည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ အပြင်ပန်းအားဖြင့်၊ ၎င်းတို့သည် စုဝေးပွဲများကိုလည်း တက်ရောက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုကြကာ သမ္မာတရားတိုင်းအပေါ် ရန်လိုသော သဘောထားကို မပြကြပေ။ သို့သော် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသော သို့မဟုတ် ၎င်းတို့၏ အကျိုးစီးပွားများပါဝင်ပတ်သက်သည့် တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ကိုလည်းကောင်း၊ ဘုရားအိမ်တော်ကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ဝေဖန်ကြလိမ့်မည်။ သမ္မာတရားကို လိုက်စားသူများကို ဝေဖန်ပြီး တိုက်ခိုက်ကြလိမ့်မည်၊ မည်သည့် အပြုသဘောဆောင်သော အရာကိုမဆို ဝေဖန်ကြလိမ့်မည်၊ ၎င်းတို့သည် မိမိတို့၏ ဆိုးယုတ်သော သဘာဝကို ဖော်ထုတ်ကြလိမ့်မည်။ ဤအချိန်တွင် သမ္မာတရားကို လက်ခံလိုစိတ်ရှိသည်ဟူသော ၎င်းတို့၏ အဆိုမှာ အပြင်ပန်း ဟန်ဆောင်မှုတစ်ခုသာဖြစ်ကြောင်း သင် ရှာဖွေတွေ့ရှိလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာတွင် ၎င်းတို့သည် သမ္မာတရားကို အလွန်မုန်းတီးပြီး ပစ်ပစ်ခါခါငြင်းကာ အနည်းငယ်မျှပင် လက်မခံကြပေ။ သို့သော် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဟန်ဆောင်ရာတွင်တော်သောကြောင့် ဖာရိရှဲများကဲ့သို့ပင် အချို့လူများကို လှည့်ဖြားကြသည်။

နတ်ဆိုးများမှ လူဝင်စားသောသူတို့သည် သမ္မာတရားအတွက် ရန်လိုမှု၊ ဝေဖန်မှုနှင့် တိုက်ခိုက်မှုများသာလျှင် ရှိကြသည်။ ထိုသို့သော စိတ်သဘောထားဖြင့် သမ္မာတရားကို လက်ခံရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် အခြားသူများက ကြားဖို့အလို့ငှာ အသံကျယ်ကျယ်ဖြင့် ပြီးစလွယ် ဖတ်ပြပြီးနောက် ပြီးပြီဟု မှတ်ယူလိုက်သည်။ တကယ့်အလုပ်ကို လုပ်ဆောင်ရမည့်အချိန် ရောက်လာသည့်အခါတွင် ၎င်းတို့သည် အလုပ်အစီအစဉ်များတွင် သတ်မှတ်ထားသည့် စည်းမျဉ်းများအတိုင်း လုံးဝ လက်တွေ့မလုပ်ဆောင်ကြဘဲ ထို့ထက် မိမိတို့၏ ကိုယ်ပိုင်အလိုဆန္ဒ၊ မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများအတိုင်းသာ ပြုမူကြသည်။ ၎င်းတို့သည် မိမိတို့၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် အကျိုးရှိသော ထိုအလုပ်အစီအစဉ်များကိုသာ အကောင်အထည်ဖော်ကြလိမ့်မည်။ အကယ်၍ အလုပ်အစီအစဉ်များသည် ၎င်းတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် အကျိုးမရှိပါက ၎င်းတို့တွင် ထိုသို့အကောင်အထည်ဖော်ရန် အစွမ်းအစ ရှိလျှင်ပင် အကောင်အထည်ဖော်ကြလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ပြီးသည်နှင့်တစ်ပြိုင်နက် လူတို့သည် ဤအရာကို ဘုရားအိမ်တော်က လုပ်ဆောင်ခဲ့ကြောင်း သိရှိကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကို မဟုတ်ဘဲ ဘုရားသခင်ကိုသာ ကျေးဇူးတင်ကြလိမ့်မည်ဖြစ်သောကြောင့် ဖြစ်သည်။ လူတို့သည် ဘုရားသခင်က လူကို ချစ်သည်ဟု ခံစားရလိမ့်မည်ဖြစ်ပြီး ၎င်းတို့တွင် ကောင်းကျိုး တစ်ခုတလေ ရှိသည်ဟု ခံစားရလိမ့်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ ၎င်းတို့သည် ဂုဏ်သတင်း၊ အဆင့်အတန်း သို့မဟုတ် မည်သည့်အကျိုးကျေးဇူးကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ နတ်ဆိုးများတွင် သမ္မာတရားကို ရန်လိုသော သဘာဝတစ်ခု ရှိသောကြောင့် ၎င်းတို့သည် မည်သည့်အရာကိုမျှ သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်လိမ့်မည်မဟုတ်ဘဲ၊ ထို့ထက် မိမိတို့၏ ကိုယ်ပိုင် ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများနှင့် ပင်ကိုအသိစိတ်များအတိုင်းသာ ပြုမူကြလိမ့်မည် ဖြစ်သည်။ စာတန်၏ ပင်ကိုအသိစိတ်များမှာ အဘယ်အရာများနည်း။ မကောင်းမှုကို ပြုလုပ်ရန်နှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ရန်၊ ဘုရားသခင်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ရန်၊ လူတို့ကို ဘုရားသခင်နှင့် ဝေးကွာစေရန်၊ ဘုရားသခင်ကို သစ္စာဖောက်စေရန်နှင့် မိမိကို ကိုးကွယ်စေရန် ဖြစ်သည်။ အသင်းတော်သို့ လာရောက်ရာတွင် စာတန်၏ ရည်ရွယ်ချက်မှာ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန် ဖြစ်သည်။ ၎င်းသည် အသင်းတော်၏ အလုပ်ကို ဖရိုဖရဲအခြေအနေနှင့် နှောင့်ယှက်ခြင်း ဖြစ်စေနိုင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လိမ့်မည်။ ၎င်း၏ အဆင့်အတန်း သို့မဟုတ် ဂုဏ်သတင်းအတွက် အကျိုးကျေးဇူး တစ်စုံတစ်ရာ မရှိလျှင်ပင် အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ပျက်စီးစေခြင်းတို့ကို ဖြစ်စေနိုင်သရွေ့ ၎င်းသည် မိမိ၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီးဖြစ်သည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်သည် ဒေသအားလုံးတွင်ရှိသည့် အသင်းတော်များကို လစဉ် ဧဝံဂေလိတရား ဟောပြောခြင်းမှတစ်ဆင့် ရရှိသော လူအရေအတွက်အား တိကျမှန်ကန်စွာနှင့် အမှန်အတိုင်း အစီရင်ခံရန် တောင်းဆိုသည်။ ၎င်းတို့သည် ဤအရာကို လှည့်ဖြားမှုကင်းသော နည်းလမ်းဖြင့် လုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ၊ ၎င်းတို့သည် လှည့်ဖြားရန်နှင့် မှားယွင်းသော ကိန်းဂဏန်းများကို အစီရင်ခံရန် နည်းလမ်းတိုင်းကို စဉ်းစားကြလိမ့်မည်။ ဤလတွင် လူတစ်ရာပို၍ အစီရင်ခံပြီး နောက်လတွင် လူနှစ်ရာပို၍ အစီရင်ခံကာ အကယ်၍ မည်သူမျှ ထိုအရာကို မသိရှိပါက၊ နောက်ထပ် ရာပေါင်းများစွာ ပို၍ အစီရင်ခံကြလိမ့်မည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များအတိုင်း မည်သည့်အခါတွင်မျှ လက်တွေ့မလုပ်ဆောင်ကြသည့်အပြင်၊ မည်သည့်ပြဿနာများကို တွေ့ကြုံရသည်ဖြစ်စေ သမ္မာတရား စည်းမျဉ်းများကို မရှာဖွေကြပေ။ ၎င်းတို့သည် ကျင့်ကြံပြုမူပုံ သို့မဟုတ် ပြုမူဆောင်ရွက်ပုံတို့တွင် ကိုယ်ကျင့်တရားဆိုင်ရာ နယ်နိမိတ်များ မရှိကြပေ။ ၎င်းတို့သည် နတ်ဆိုးများ ဖြစ်ကြသည်။ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့ လက်ခံလိမ့်မည် မဟုတ်ပေ။ ၎င်းတို့၏ အသိစိတ်က ခံစားချက်မဲ့သည်။ ၎င်းတို့သည် အသိစိတ်ကင်းမဲ့သော သတ္တဝါများ ဖြစ်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ဖြန့်ဝေခြင်းအတွက် မည်သူက လက်ခံသင့်ပြီး မည်သူက လက်မခံသင့်ဟူသည့် စည်းမျဉ်းများကို ပြဋ္ဌာန်းထားသည်။ ၎င်းတို့သည် ဤစည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ကြသလော။ (ပြုမူဆောင်ရွက်နိုင်ခြင်း မရှိကြပါ။) အလုပ်အစီအစဉ်များက အသင်းတော်တစ်ခု တည်ထောင်ရန် လူမည်မျှ လိုအပ်ကြောင်း၊ ခရိုင်တစ်ခု ဖွဲ့စည်းရန် အသင်းတော်မည်မျှ လိုအပ်ကြောင်း၊ တိုင်းတစ်ခု ဖွဲ့စည်းရန် ခရိုင်မည်မျှ လိုအပ်နိုင်ကြောင်း၊ အဆင့်ဆင့်သော ခေါင်းဆောင်များကို တည်ထောင်ခြင်းအတွက် သတ်မှတ်ချက်များနှင့် စည်းမျဉ်းများက အဘယ်အရာဖြစ်ကြောင်းတို့ကို ပြဋ္ဌာန်းထားသည်။ ၎င်းတို့သည် ဤစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်ပါ။) ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အတွက် သို့မဟုတ် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိသော မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ဘာသာ “ငါက သင့်အတွက် အလုပ်ကို ကောင်းကောင်းလုပ်ပေးပြီး အသက်တာတွင် ညီအစ်ကိုမောင်နှမတွေအားလုံး ကြီးထွားလာပြီး ငါ့အပေါ် ပိုင်းခြားသိမြင်မှုရရှိလျှင်၊ ငါ့ခြေကုပ်နှင့် အဆင့်အတန်းကို ငါ ဆက်ထိန်းထားနိုင်လိမ့်ဦးမည်လော။ ငါသည် သင်တို့အတွက် ငါ့ကိုယ်ငါ သေချာပေါက် ပင်ပန်းခံမည် မဟုတ်ပါ။ အမှုအရာများကို ဖြစ်ကတတ်ဆန်းသာ ငါ လုပ်လိုက်မည်။ ဘုရားအိမ်တော်က လူငါးဆယ်ဖြင့် အသင်းတော်တစ်ခု ဖွဲ့စည်းဖို့ လိုအပ်သော်လည်း၊ ငါက ရှစ်ဆယ် သို့မဟုတ် ကိုးဆယ်နှင့် မရမကဖွဲ့စည်းမည်။ အသင်းတော်ခေါင်းဆောင်များအား မည်သို့ ရွေးကောက်တင်မြှောက်သည်ဟူသည်အတွက်မူ၊ ယင်းမှာ မည်သည့်လက်တွေ့လုပ်ဆောင်မှုက ငါ့ကို အကျိုးပြုသည်ဟူသည့်အပေါ် မူတည်သည်။ ရွေးကောက်တင်မြှောက်ထားသည့် အသင်းတော်ခေါင်းဆောင်က ငါ့စိတ်ကြိုက် မဟုတ်လျှင်၊ ငါ့စကားကို နားထောင်ပြီး ငါ့ကို နာခံသည့်သူတစ်ယောက်ကို ခေါင်းဆောင်အဖြစ် ငါခန့်အပ်မည်” ဟု တွေးကြသည်။ ၎င်းတို့ ဤသို့ အလုပ်လုပ်ခြင်းဖြင့် ပုံမှန်အသင်းတော်အသက်တာ ဖြစ်လာနိုင်သလော။ အစဉ်ထာဝရ အချိန်ယူရလိမ့်မည် ဖြစ်သည်။ ပုံမှန်အသင်းတော်အသက်တာမရှိဘဲ ညီအစ်ကိုမောင်နှမများသည် အသက်ဝင်ရောက်မှုတွင် လျင်မြန်စွာ ကြီးထွားနိုင်သလော။ ယုံကြည်သူအသစ်များသည် အခြေခံအုတ်မြစ်ကို လျင်မြန်စွာ ချနိုင်သလော။ (မချနိုင်ပါ။) ဆိုလိုသည်မှာ နတ်ဆိုးများဖြစ်ကြသည့် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိသော မည်သည့်အလုပ်ကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ အတော်လေး တက်ကြွစွာ အလုပ်ရှုပ်နေကြသည်ကို သင် မြင်ရသော်လည်း ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေကြသနည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက်သာ အမှုအရာများကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကို အကျိုးပြုသရွေ့ မိမိတို့ကိုယ်ကို အပြည့်အဝ လွတ်လပ်ခွင့်ပေးလျက် မိမိတို့အလိုရှိသမျှကို လုပ်ဆောင်ကြသည်။ ၎င်းတို့တွင် မည်သို့သော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိသည်ဖြစ်စေ အာဏာရရှိသည့်အခါတွင် ယင်းတို့ကို အပြည့်ဝဆုံးသော အတိုင်းအတာအထိ အကောင်အထည်ဖော်ကြလိမ့်မည်။ ၎င်းတို့သည် ဤအခွင့်အရေးကို လုံးဝ လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။ အသင်းတော်အသက်တာ၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှု၊ အသင်းတော်၏ ဖွဲ့စည်းပုံစနစ်အပြင်၊ ဘုရားအိမ်တော်၏ ဧဝံဂေလိအလုပ်နှင့် အခြားနယ်ပယ်များရှိ အလုပ်တို့ တိုးတက်ခြင်း သို့မဟုတ် ချောမွေ့စွာ တိုးတက်နေခြင်းရှိမရှိဟူသည်တို့အတွက်မူ၊ ဤအရာများထဲမှ တစ်ခုမျှက ၎င်းတို့ ဂရုစိုက်သောအရာများ မဟုတ်ပေ။ ဥပမာအားဖြင့် အသင်းတော်တစ်ခုသည် စာအုပ်များကို မည်သို့ ဖြန့်ဝေသင့်သည်၊ မည်သူ့ကို ဖြန့်ဝေသင့်သည်ဟူသည်ကို ၎င်းတို့အား ပြောပြပါက ၎င်းတို့က “အလွန်တင်းကျပ်ရန် မလိုအပ်ပါ။ ယင်းတို့ကို မည်သည့်ပုံစံဖြင့်မဆို ငါ ဖြန့်ဝလိုက်မည်ဖြစ်ပြီး ထိုမျှသာဖြစ်သည်” ဟု တွေးဆကြသည်။ အသင်းတော်က စာအုပ်များ သိုလှောင်သည့်နေရာသည် လုံခြုံခြင်း ရှိမရှိ မေးမြန်းသည့်အခါတွင် ၎င်းတို့က “လုံခြုံခြင်း ရှိမရှိဟူသည်ကို မည်သူက ဂရုစိုက်သနည်း။ မည်သို့ပင်ဖြစ်စေ၊ စာအုပ်များကို သိုလှောင်ဖို့ နေရာတစ်ခု ကျွန်ုပ်တို့ ရှိသည်၊ ထို့ကြောင့် အဆင်ပြေပါသည်”ဟု ပြောကြသည်။ သင်မြင်သည့်အတိုင်း အထက်လူကြီးများထံမှ မူဝါဒများအတွက် ၎င်းတို့တွင် တန်ပြန်ရေးအစီအမံများ ရှိသည်။ ၎င်းတို့သည် ဘုရားအိမ်တော်မှ အလုပ်အစီအစဉ်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ တိကျသော စည်းမျဉ်းများ တစ်ခုတလေကိုမျှ အကောင်အထည်မဖော်ကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများနှင့် နည်းလမ်းများအတိုင်း ပြုမူကြသည်။ ဤသည်မှာ သမ္မာတရားကို မိမိတို့၏ ကိုယ်ပိုင် လက်တွေ့လုပ်ဆောင်မှုများဖြင့် အစားထိုးရန် ကြိုးစားနေခြင်း မဟုတ်လော။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသော လူများသည် ထိုသို့သော နတ်ဆိုးများ၏ လက်ထဲသို့ ကျရောက်သွားပါက ၎င်းတို့ ဆင်းရဲဒုက္ခခံစားရလိမ့်မည်၊ နတ်ဆိုးများသည် မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့က ဓားပြခေါင်းဆောင်များ၊ ဒေသခံ အာဏာရှင်များ၊ ဆရာသခင်များ သို့မဟုတ် ဧကရာဇ်များ ဖြစ်သည့်အလား လူတိုင်းက၎င်းတို့၏ စကားကို နားထောင်ကြရလိမ့်မည်။ ဘုရားသခင် ရွေးချယ်ထားသော လူများအတွက် ပုံမှန်အသင်းတော်အသက်တာ ရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်၊ မှန်သော လမ်းခရီးတွင် အခြေခံအုတ်မြစ်ကို လျင်မြန်စွာ ချရန် ဖြစ်နိုင်လိမ့်မည် မဟုတ်သည့်အပြင်၊ အမျိုးမျိုးသော သမ္မာတရားများတွင် လျင်မြန်စွာ တိုးတက်မှုရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ နတ်ဆိုးများသည် ကောင်းသည့်အရာ တစ်ခုတလေကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ။ အသင်းတော်တစ်ခုသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များထံမှ နှောင့်ယှက်မှုများကို တွေ့ကြုံခံစားရပြီး ဖရိုဖရဲဖြစ်သည့် အခြေအနေတစ်ခု ပေါ်ပေါက်လာသည့် မည်သည့်နေရာတွင်မဆို၊ ယင်းက ထိုအသင်းတော်၏ ခေါင်းဆောင်များသည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင်၊ အရုပ်များသက်သက် ဖြစ်ကြောင်း သက်သေပြသည်။ ယုံကြည်ခြင်း၌ အသစ်ဖြစ်သော ညီအစ်ကိုမောင်နှမများသည် အခြေခံအုတ်မြစ်တစ်ခုကိုပင် မချရသေးမီတွင် အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းကို ခံကြရပြီး အသင်းတော်အသက်တာသည်လည်း ဖရိုဖရဲဖြစ်ခြင်းသို့ ကျဆင်းသွားသည်။ ဤအရာကို အယောင်ဆောင် ခေါင်းဆောင်များက တကယ့်အလုပ်ကို မလုပ်ဆောင်ခြင်းက ဖြစ်စေခြင်းဖြစ်သည်။ ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်များက တကယ့်အလုပ်ကို လုပ်ဆောင်ရန် အချိန်မရှိခြင်းကြောင့် ဖြစ်နိုင်သလော။ (မဟုတ်ပါ။) အကယ်၍ ၎င်းတို့သည် ဤမရှိမဖြစ်လိုအပ်သော အလုပ်ကို လုပ်ဆောင်လိုပါက ၎င်းတို့တွင် လုံလောက်သည်ထက်ပိုသော အချိန်ရှိမည်ဖြစ်သော်လည်း ထိုအရာကို ယတိပြတ် မလုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ နတ်ဆိုးများ၏ ဆိုးယုတ်သော သဘာဝကို ဖော်ထုတ်သည်။ ၎င်းတို့သည် အသင်းတော် လုံးဝ ဖရိုဖရဲဖြစ်လာရန် ဆန္ဒရှိလျက်၊ အသင်းတော်၏ အလုပ်သည် ဖရိုဖရဲဖြစ်ခြင်းနှင့် ရပ်တန့်နေခြင်း အခြေအနေတွင် ရှိနေရန် တောင့်တလျက်၊ အသင်းတော်အဖွဲ့ဝင်အားလုံးသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို နာခံကြရန်၊ အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် နတ်ဆိုးများ၏ အထင်အမြင်မှားစေခြင်းကို ခံကြရပြီး ဘုရားသခင်နောက်သို့ မလိုက်ကြရန် မျှော်လင့်လျက် အသင်းတော်က ဖရိုဖရဲမဖြစ်မည်ကို အကြောက်ဆုံးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အလိုရှိသည့်အရာ အတိအကျ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့သည် ပျော်ရွှင်ကာ စိတ်ကျေနပ်ကြမည်ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ပုံမှန်အသင်းတော်အသက်တာ ရှိသည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် စားသောက်နိုင်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်သည့်အခါ၊ အသင်းတော်အသက်တာတွင် ပါဝင်သည့်အခါတိုင်း တစ်စုံတစ်ခုကို ရရှိနိုင်သည့်အခါတွင် ၎င်းတို့သည် မသက်မသာ ခံစားကြရသည်။ အဘယ်ကြောင့်ဆိုသော် လူတို့က အမြဲတစေ တစ်စုံတစ်ခုကို ရရှိနေပြီး အသက်တာတွင် တဖြည်းဖြည်း ကြီးထွားလာပါက ၎င်းတို့သည် မိမိတို့အပေါ် ပိုင်းခြားသိမြင်မှု ရရှိလာပြီး မိမိတို့အားငြင်းပယ်ကြလိမ့်မည်ဖြစ်ကာ မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးသွားကြလိမ့်မည်ဖြစ်ပြီး ယင်းမှာ ထိုသူတို့ မမြင်လိုသော အကျိုးဆက်တစ်ခု ဖြစ်သည်။ အသင်းတော် ပို၍ ဖရိုဖရဲဖြစ်လေ ၎င်းတို့၏ ပါရမီများကို ပြသရန် အခွင့်အရေးများ ပိုမိုရရှိလေဖြစ်ပြီး ၎င်းတို့၏ ပါရမီများကို ပြသရန် အခွင့်အရေးရှိလေ မိမိတို့ စိတ်တိုင်းကျနေနိုင်ပြီး ဖရိုဖရဲအခြေအနေတွင် အောင်ပွဲကို ရှာဖွေနိုင်လေ ဖြစ်သည်ဟု ၎င်းတို့ ခံစားကြရသည်။ ဤသည်မှာ အမှန်တကယ်ပင် နတ်ဆိုးများ၏ အကြံအစည် ဖြစ်သည်။ နတ်ဆိုးများ ရှိနေသည့်နေရာတွင် မည်သည့် သမ္မာတရား စည်းမျဉ်းနှင့် မည်သည့် တိကျသော အလုပ်အစီအစဉ်ကိုမျှ အကောင်အထည်ဖော်၍မရနိုင်ပေ။ ညီအစ်ကိုမောင်နှမများသည် အလုပ်အစီအစဉ်များကို ဖတ်ရှုနိုင်ခြင်းမရှိသည့်အပြင်၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် လမ်းကြောင်းမရှိကြပေ။ အသင်းတော်၌ ဖရိုဖရဲအခြေအနေ ပေါ်ပေါက်လာသည့်အခါတွင် နတ်ဆိုးများဖြစ်ကြသည့် ဤအယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များသည် ယင်းကို ရိုးရှင်းစွာပင် မဖြေရှင်းသည့်အပြင်၊ တိတ်တဆိတ်ပင် ဝမ်းမြောက်နေကြသည်။ ၎င်းတို့သည် အခြားနတ်ဆိုးတစ်ကောင် သို့မဟုတ် အန္တိခရစ်တစ်ဦးကို ခေါင်းဆောင်အဖြစ် ခန့်အပ်လျက် ဒုက္ခပြဿနာတစ်ခုခုကို ဖန်တီးရန် နည်းလမ်းတိုင်းကိုပင် စဉ်းစားကြသည်။ ယင်းက အသင်းတော်ကို ပို၍ပင် ဖရိုဖရဲဖြစ်စေသည်။ ဤအရာက ၎င်းတို့ကို ပို၍ပင် ပျော်ရွှင်စေသည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီး အမှုအရာများကို လုပ်ဆောင်ပုံနှင့် တူညီသည် မဟုတ်လော။ အဆင်းနီသော နဂါးကြီးသည် လူတို့ကို ဘုရားသခင်အား ယုံကြည်ရန်၊ ဘုရားသခင်နောက်သို့ လိုက်ရန် သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် ခွင့်မပြုပေ။ ၎င်းသည် လူတို့အား ပါတီကို နားခံရန်နှင့် ပါတီနောက်သို့ လိုက်ရန်သာ ခွင့်ပြုသည်။ ၎င်းတို့ စားနိင်၊ သောက်နိုင်သည်၊ ပျော်ပါးနိုင်ပြီး မည်သည့်ပြစ်မှုမဆို ကျူးလွန်နိုင်သည်။ ၎င်းတို့က မည်သည့်ပြစ်မှုကို ကျူးလွန်သည်ဖြစ်စေ ၎င်းက မကန့်သတ်ပေ။ လူ့အဖွဲ့အစည်းတွင် ဒေသခံ လူမိုက်များ၊ လူရမ်းကားများနှင့် ပြည့်တန်ဆာများစွာ ရှိသည်။ လူတို့သည် အပြစ်တရားထဲတွင် နေထိုင်ပြီး အပြစ်တရားနှင့်ဆိုင်သော ကာမဂုဏ်များတွင် မွေ့လျော်ကြသည်။ ထို့ကြောင့် မည်သူမျှ အမျိုးသားရေး ကိစ္စများကို ဂရုမစိုက်ကြသည့်အပြင်၊ တရုတ်ကွန်မြူနစ်ပါတီက နောက်ကွယ်တွင် မည်မျှ ဆိုးယုတ်မှု လုပ်ဆောင်ခဲ့သည်ကို မည်သူမျှ မစုံစမ်းကြပေ။ ဤသည်ကို အာရုံလွှဲပြောင်းခြင်းဟု ခေါ်သည်။ တရုတ်နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ရာတွင် အဆင်းနီသော နဂါးကြီးအတွက် အထိရောက်ဆုံး နည်းဗျူဟာမှာ နိုင်ငံအမျိုးမျိုးမှ အမျိုးမျိုးသော ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများနှင့် ဆိုးယုတ်သည့် အတွေးများ၊ အမြင်များကို တရုတ်နိုင်ငံသို့ မိတ်ဆက်ပေးခြင်း ဖြစ်သည်။ ဤနောက်ပိုင်းတွင် တရုတ်လူမျိုးများသည် လိင်ပိုင်းဆိုင်ရာအရ လုံးဝ လွတ်လပ်သွားကြသည်၊ ၎င်းတို့၏ စိတ်များက ပွင့်လင်းလာကြပြီး လိင်အကြောင်း ၎င်းတို့ ပြောဆိုပုံသည်လည်း ပွင့်လင်းလာသည်။ ၎င်းတို့သည် ဤအရာများကို တစ်နေ့လုံး တွေးတောကြသည်။ သာမန်လူတို့၏ ဘဝက အဘယ်အရာ ဖြစ်လာခဲ့သနည်း။ ယင်းက အစားအသောက်နှင့် လိင်၊ ၎င်းတို့၏ ပင်ကိုလိုအင်ဆန္ဒများကို ဗဟိုပြုနေသည်။ သာမန်လူတို့သည် ထိုသို့သော ဆိုးသွမ်းသည့် သံသရာထဲတွင် အားလုံး ပိတ်မိနေကြသည်။ ထို့ကြောင့် ၎င်းတို့သည် နိုင်ငံရေးနှင့် အုပ်စိုးသူများအပေါ် မိမိတို့၏ သတိဝီရိယထားခြင်းကို လျှော့ချလိုက်ကြသည်။ နိုင်ငံရေးနှင့် အုပ်စိုးသူများအပေါ် ထိလွယ်ရှလွယ်ဖြစ်ခြင်း မရှိကြတော့သည့်အပြင်၊ ၎င်းတို့အကြောင်းကို ဂရုမစိုက်ကြတော့ပေ။ ဘိန်းစွဲသူများကဲ့သို့ ၎င်းတို့၏ စိတ်စွမ်းအားက ယုတ်လျော့သွားသည်။ အမျိုးသားများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လိုက်စားရန် ရည်မှန်းချက် မရှိကြတော့သည့်အပြင်၊ အမျိုးသမီးများသည်လည်း ဇနီးကောင်းများနှင့် မိခင်ကောင်းများ ဖြစ်လိုသည့် လိုအင်ဆန္ဒ မရှိကြတော့ပေ။ လူတို့သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ကြ သို့မဟုတ် သင့်လျော်သော အလုပ်တာဝန်များကို မထမ်းဆောင်ကြတော့ပေ။ မည်သူမျှ နိုင်ငံရေးတွင် မပါဝင်ကြတော့သည့်အပြင် လူတိုင်းက အဆင်းနီသော နဂါးကြီးကို လုံးဝ ကျိုးနွံနာခံကြသည်။ ဤနည်းအားဖြင့် အဆင်းနီသော နဂါးကြီး၏ အစိုးရစနစ်က ခိုင်မာလာသည်၊ အကြောင်းမှာ ထိုသို့သောလူများသည် အုပ်ချုပ်ရန် လွယ်ကူသောကြောင့် ဖြစ်သည်။ “အုပ်ချုပ်ရန် လွယ်ကူသည်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ အဆင်းနီသော နဂါးကြီးက သာမန်လူတို့ကို မည်သို့ပင် ဖိနှိပ်စေကာမူ ၎င်းတို့တွင် ကန့်ကွက်ချက်များ မရှိသည့်အပြင်၊ ယင်းကို ခါးစည်းခံကြရသည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ယခု အတိအကျ စွမ်းဆောင်ရရှိပြီးဖြစ်သော အကျိုးသက်ရောက်မှု မဟုတ်လော။ (ဟုတ်ပါသည်။) တရုတ်ရုပ်ရှင်များ သို့မဟုတ် အွန်လိုင်းဗီဒီယိုများကို ကြည့်လော့၊ ၎င်းတို့ထဲမှ ရှစ်ဆယ်မှ ကိုးဆယ်ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ တပ်မက်မှု သို့မဟုတ် အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးများအကြောင်း ဖြစ်သည်။ ဤအရာက လူတို့အပေါ် ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုတစ်ခု ရှိသည်။ ယင်းက ကလေးသူငယ်များနှင့် အရွယ်မရောက်သေးသူများကို ကာကွယ်ပေးခြင်း မရှိပေ။ အနောက်တိုင်းသားများသည် ဤကိစ္စရပ်တွင် တင်းကျပ်သော စည်းမျဉ်းများ ရှိကြသည်။ ၎င်းတို့သည် ကလေးသူငယ်များနှင့် အရွယ်မရောက်သေးသူများကို ကာကွယ်ပေးပြီး ၎င်းတို့အတွက် ကြိုတင်ကာကွယ်ရေး အစီအမံများ ရှိကြသည်။ ယနေ့ တရုတ်လူငယ်များသည် ထိုသို့သော လူမှုပတ်ဝန်းကျင်တွင် ကြီးပြင်းလာကြသည်။ အလွန်ငယ်ရွယ်သော အရွယ်တွင် ၎င်းတို့၏ စိတ်များက အချစ်ဇာတ်လမ်း၊ အချစ်၊ လိင်ကိစ္စနှင့် အိမ်ထောင်ရေးကဲ့သို့သော အရာများနှင့် ပြည့်ကျပ်နေသည်။ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်တကား။ အကယ်၍ လူသားမျိုးနွယ်သည် ထိုသို့သော လူမှုအသိုင်းအဝိုင်းတွင် နေထိုင်ပြီး လူမှုပတ်ဝန်းကျင်၏ လေ့ကျင့်သင်ကြားပေးခြင်းနှင့်ပညာပေးမှုမှတစ်ဆင့် လူသားမျိုးနွယ်၏ ပုံမှန်ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်များက စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ယုတ်ညံ့သော အတိုင်းအတာအထိ ခံရပါက လူတို့၏ စိတ်နှလုံးများသည် ကောက်ကျစ်ဆိုးယုတ်ပြီး ယုတ်ညံ့သွားကြလိမ့်မည်။ ကောက်ကျစ်ဆိုးယုတ်ခြင်းနှင့် ယုတ်ညံ့ခြင်း၏ သရုပ်သကန်တစ်ခုမှာ လူတို့သည် ဤကိစ္စရပ်တွင် ရှက်စိတ်မရှိကြခြင်း သို့မဟုတ် ဤကိစ္စရပ်တွင် ၎င်းတို့၏ ရှက်စိတ်အတွက် စံနှုန်းက နိမ့်ကျသွားခြင်း ဖြစ်သည်။ အချို့လူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောကြောင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် မဖြတ်ကျော်မည့် စည်းတစ်ခု ရှိကြသည်။ ဤသည်မှာ ၎င်းတို့၏ အနည်းငယ်မျှသော အသိစိတ်နှင့် ဆင်ခြင်တုံတရားက စွမ်းဆောင်ရရှိနိုင်သည့် ရှက်စိတ်အနည်းငယ် ဖြစ်သည်။ သို့သော် ဤလူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ထိုလူမှုအသိုင်းအဝိုင်း အခြေအနေတွင် ကြီးပြင်းလာခြင်း၏ အရိပ်များနှင့် အမှတ်အသားများကို သယ်ဆောင်နေကြဆဲ ဖြစ်သည်။ ယနေ့တိုင်အောင် အချို့သည် ထိုအရာများကို တဖြည်းဖြည်း ခါချနေစဉ်တွင်၊ အခြားသူများမှာမူ ထိုအရိပ်ထဲတွင် နေထိုင်နေကြဆဲဖြစ်ပြီး ယင်းမှ လွတ်မြောက်လာခြင်း မရှိကြသေးပေ။ ထိုသို့သော လူမှုပတ်ဝန်းကျင်နှင့် နောက်ခံတွင် ကြီးပြင်းလာသော လူများသည် အပြုသဘောဆောင်သော အရာများအတွက်၊ တရားမျှတမှုအတွက် ၎င်းတို့၏ အတွင်းစိတ် လိုအင်ဆန္ဒနှင့် မှန်ကန်သော လမ်းကြောင်းကို လျှောက်လှမ်းရန် ၎င်းတို့၏ သန္နိဋ္ဌာန်၊ စိတ်ပိုင်းဖြတ်မှု သို့မဟုတ် တမ်းတမှုတို့သည် အတိုင်းအတာတစ်ခုအထိ ဖျက်ဆီးခံခဲ့ရပြီး ဖြစ်သည်။ “ဖျက်ဆီးခံရသည်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာထိုသို့သော လူမှုပတ်ဝန်းကျင်၏ လေ့ကျင့်သင်ကြားပေးခြင်းနှင့် ပညာပေးခြင်းကို ခံခဲ့ရသဖြင့် ဤလူတို့၏ အပြုသဘောဆောင်သော အရာများကို တမ်းတရန်နှင့် အလင်းနှင့် တရားမျှတမှုတို့ကို လိုက်စားရန် စိတ်ပိုင်းဖြတ်ခြင်း၊ ဇွဲလုံ့လနှင့် စိတ်စွမ်းအားတို့က အလွန် အားနည်းနေသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် မည်သည့် မုန်တိုင်းများကိုမျှ၊ မည်သည့် အခက်အခဲများ သို့မဟုတ် မည်သည့် ရှုံးနိမ့်မှုများကိုမျှ မခံနိုင်ကြပေ။ ၎င်းသည် ဘိန်းရှူကြပြီးဖြစ်သည့် လူများကဲ့သို့ ဖြစ်သည်၊ ၎င်းတို့ မူးယစ်ဆေး ဖြတ်လိုက်လျှင်ပင် မူးယစ်ဆေး၏ ထိခိုက်နစ်နာစေခြင်းက ထိုနေရာတွင် မရပ်တန့်သွားပေ။ ၎င်းတို့သည် အခက်အခဲများ သို့မဟုတ် ရှုံးနိမ့်မှုများကို တွေ့ကြုံရသည့်အခါ၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါတွင် ၎င်းတို့သည် မိမိတို့၏ စိတ်များကို ထုံကျင်စေရန်နှင့် ဘဝတွင် တွေ့ကြုံရသော အခက်အခဲအမျိုးမျိုးမှ လွတ်မြောက်ရန် ဘိန်းကို နောက်တစ်ကြိမ် ပြန်လည်သုံးစွဲကောင်း သုံးစွဲနိုင်သည်။ ဆိုလိုသည်မှာ ၎င်းတို့အတွက် မိမိတို့၏ မူးယစ်ဆေးစွဲခြင်းကို တစ်ကြိမ်တည်းနှင့် အပြီးတိုင် ဖြတ်ရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် လမ်းခရီးတစ်လျှောက်တွင် ဒုံးရင်းအခြေအနေသို့ ပြန်ရောက်မည်ဖြစ်ပြီး မိမိတို့၏ နည်းလမ်းဟောင်းများသို့ ပြန်သွားကာ ဘဝတွင်ရှိသည့် ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် ယခင်နည်းလမ်းကိုပင် အသုံးပြုကြလိမ့်မည်။ ထိုသို့သော ဆိုးယုတ်သည့် လူမှုပတ်ဝန်းကျင်နှင့် နောက်ခံတွင် ကြီးပြင်းလာခဲ့သော ဤလူတို့သည် စာတန်ထံမှ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများစွာကို လက်ခံရရှိခဲ့ပြီးဖြစ်ကာ ယင်းတို့သည် ၎င်းတို့၏ စိတ်နှလုံးထဲတွင် အလွန် နက်ရှိုင်းစွာ အမြစ်တွယ်နေပြီ ဖြစ်သည်။ သမ္မာတရားကို လိုက်စားရန် ၎င်းတို့၏ စိတ်ဆန္ဒသည် အလွန် မခိုင်ခံ့သေးသည့်အပြင် စာတန်ဆန်သော ဆိုးယုတ်သည့် အင်အားစုများ၏ အထင်အမြင်မှားစေခြင်း၊ သွေးဆောင်ခြင်း သို့မဟုတ် အမျိုးမျိုးသော စုံစမ်းသွေးဆောင်ခြင်းများကို ၎င်းတို့ မခံနိုင်ကြပေ။ ဆိုလိုသည်မှာ ဤလူတို့သည် ဘုရားသခင်နောက်သို့ လိုက်ကြသော်လည်း ဘဝအပေါ် ၎င်းတို့၏ သဘောထားအမြင်၊ ၎င်းတို့၏ စံတန်ဖိုးစနစ်၊ ချစ်ခြင်းမေတ္တာအပေါ် ၎င်းတို့၏ သဘောထားအမြင်နှင့် ပျော်ရွှင်မှုအပေါ် ၎င်းတို့၏ သဘောထားအမြင် အားလုံးသည် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ နက်ရှိုင်းစွာ လွှမ်းမိုးခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းကို ခံကြရပြီး ဤအရာများ၏ ကန့်သတ်ခြင်းနှင့် ချည်နှောင်ခြင်းတို့ကိုပင် ခံကြရသည်။ အချို့သည် ပျော်ရွှင်သော အိမ်ထောင်ရေးတစ်ခု၊ နှစ်ယောက်တည်း ကမ္ဘာကို လိုက်စားလိုကြဆဲဖြစ်ပြီး လိင်မှုဆိုင်ရာ တပ်မက်မှုတွင် မွေ့လျော်ရန် လောက၏ ဆိုးယုတ်သည့် ခေတ်ရေစီးကြောင်းများဆီသို့ ပြန်သွားလိုကြဆဲ ဖြစ်သည်။ ဤလူတို့အတွက် ထိုဆိုးယုတ်သည့် အတွေးများနှင့် ရှုထောင့်များ၏ နောက်တစ်ကြိမ် စိမ့်ဝင်ပျံ့နှံ့ခြင်း သို့မဟုတ် ထိန်းချုပ်ခြင်းကို ခံရရန် အလွန် လွယ်ကူသည်။ အထူးသဖြင့် လူတို့သည် အချစ်နှင့် အိမ်ထောင်ရေး ပါဝင်သော ရုပ်ရှင်အချို့ကို ကြည့်သည့်အခါတွင် ၎င်းတို့၏ စိတ်နှလုံးများက အားနည်းသွားကြသည်၊ ၎င်းတို့သည် အိမ်ထောင်ရေးနှင့် အချစ်ဖြင့် အသက်ရှင်နေကြပြီး ဘဝကို ပျော်မွေ့နေသော ဘာသာတရားမရှိသူများကို အားကျကြပြီး သမ္မာတရားကို လိုက်စားရန်နှင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုအင်ဆန္ဒ ဆုံးရှုံးသွားကြသည်။ ဤသည်မှာ အလွန် ကြောက်လန့်စရာကောင်းသော အရာတစ်ခု ဖြစ်သည်။ ဤအမှန်တကယ်ဖြစ်သော အခြေအနေများမှ ကြည့်သည့်အခါ၊ လူတိုင်းသည် ယနေ့တိုင်အောင် ဘုရားသခင်နောက်သို့ လိုက်ရန် မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းခဲ့ရသော်လည်း ဘေးကင်းလုံခြုံခြင်း မရှိသေးကြောင်း တွေ့မြင်နိုင်သည်။ သင်သည် သမ္မာတရားကို လိုက်စားရာတွင်၊ သမ္မာတရားကို လက်ခံကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် သင်၏ အစွမ်းခွန်အားရှိသမျှကို သုံးစွဲပြီးဖြစ်သည်ဟု ခံစားရကောင်း ခံစားရနိုင်သော်လည်း လူသားအပေါ် စာတန်၏ ဖျက်ဆီးမှုများ၏ ဂယက်ရိုက်ခတ်မှုများက သင့်အထဲတွင် ဖယ်ရှားခြင်း မခံရသေးသဖြင့် သင်သည် ကြီးမားသော အန္တရာယ်ထဲတွင် ရှိနေဆဲ ဖြစ်သည်။

နတ်ဆိုးများ၏ ဆိုးယုတ်သော သရုပ်သကန်များအကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြစို့။ နတ်ဆိုးများ၏ ဆိုးယုတ်သော သရုပ်သကန်များသည် အလွန် များပြားလှသည်။ ယင်းတို့က နေရာတိုင်းတွင် ရှိသည်ဟု သင်ပြောနိုင်သည်။ သင်သည် ယင်းတို့ကိုမည်သည့်လူအုပ်စုတွင်မဆို တွေ့ရှိလိမ့်မည်။ ငါတို့သည် နတ်ဆိုးများ၏ ဆိုးယုတ်သော အနှစ်သာရကို သရုပ်ဖော်ရန် ၎င်းတို့၏ အမျိုးမျိုးသော ဆိုးယုတ်သည့် သရုပ်သကန်များကို သမ္မာတရားနှင့်အညီ အဓိကအားဖြင့် တိုင်းတာသည်။ ဤသည်မှာ အတိကျဆုံးသော နည်းလမ်း ဖြစ်သည်။ သမ္မာတရားအပေါ် နတ်ဆိုးများထားရှိသည့် အမျိုးမျိုးသော သဘောထားများဖြစ်သည့် ယင်းကို ရန်လိုခြင်း၊ တိုက်ခိုက်ခြင်းနှင့် အစားထိုးရန် ကြိုးပမ်းခြင်းတို့အရ၊ ဤလူစားမျိုး၏ သဘာဝ အနှစ်သာရက ဆိုးယုတ်သော အနှစ်သာရ၊ နတ်ဆိုးတစ်ကောင်၏ အနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ပြောင်းလဲမည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံသည့်အပြင်၊ သမ္မာတရားကို အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် လုံးဝ မမှတ်ယူသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့သည် သမ္မာတရားကို အပြုသဘောဆောင်သော အရာတစ်ခုအဖြစ် မမှတ်ယူကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် လူ့သဘာဝမရှိသည့်အပြင်၊ ၎င်းတို့က နတ်ဆိုးများဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံနိုင်ကြ၊ ပြီးလျှင် သမ္မာတရားကို လက်ခံခြင်းအတွက် စွမ်းရည်လည်း မရှိသည့်အပြင် သမ္မာတရားကို လက်ခံရန် မည်သည့်လိုအပ်ချက်မျှလည်း မရှိပေ။ သို့ဆိုလျှင် ၎င်းတို့၏ လိုအပ်ချက်မှာ အဘယ်အရာနည်း။ ယင်းမှာ ဆိုးယုတ်သောအရာများ၊ ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်လိုသော အရာများနှင့် သမ္မာတရားကို တိုက်ခိုက်ပြီး အစားထိုးသော အရာများကို လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဘဝပေးတာဝန်ဖြစ်ပြီး ၎င်းတို့၏ သဘာဝ အနှစ်သာရက စေခိုင်းခံရခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် အဆုံးတွင် ထိုသို့သောလူများသည် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းကိုသာ ခံရနိုင်သည်။ ဘုရားအိမ်တော်တွင် ၎င်းတို့အတွက် နေရာမရှိသည့်အပြင်၊ ၎င်းတို့လုပ်ဆောင်ရန် မည်သည့်တာဝန်မျှလည်း မရှိပေ။ ဘုရားအိမ်တော်သည် ၎င်းတို့အတွက် လိုအပ်ချက် ဘာဆိုဘာမျှ မရှိပေ။ ဘုရားအိမ်တော်တွင် ရိုးသားစွာ တာဝန်ထမ်းဆောင်သူများသည် သမ္မာတရားကို ချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် စိတ်ခံစားချက်အရ သမ္မာတရားကို လက်ခံလိုစိတ်ရှိကြသည်၊ သမ္မာတရားကို ရန်မလိုကြ၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ ငြင်းပယ်လိမ့်မည်မဟုတ်သည့်အပြင်၊ ဘုရားသခင်ကို မည်သည့်အခါမျှ ဝေဖန်ခြင်း၊ တိုက်ခိုက်ခြင်း သို့မဟုတ် ပြစ်မှားစော်ကားခြင်း ပြုလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် သမ္မာတရားကို အစားထိုးသည့် မည်သည့်ပြောဆိုချက်များကိုမျှ တမင်တကာ ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်သည့်အပြင် သမ္မာတရားကို အစားထိုးသည့် မည်သည့်အပြုအမူများ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုများတွင်မျှ ပါဝင်လုပ်ဆောင်လိမ့်မည် မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ စာတန်နှင့် နတ်ဆိုးများ၏ ဆိုးယုတ်သော သရုပ်သကန်များဖြစ်သည့် သမ္မာတရားကို ရန်လိုခြင်း၊ သမ္မာတရားကို တိုက်ခိုက်ခြင်းနှင့် သမ္မာတရားကို အစားထိုးခြင်းတို့သည် စာတန်တွင် ဆိုးယုတ်သောအနှစ်သာရတစ်ခု ရှိကြောင်း သက်သေပြရန် လုံလောက်သည်။ ၎င်းတို့သည် အသင်းတော်တွင် ဆက်လက်တည်ရှိမနေနိုင်ပေ။ ဘုရားသခင် ရွေးချယ်ထားသော လူများက သမ္မာတရားကို တိုး၍ နားလည်လာကြသည်နှင့်အမျှ၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့်အပြင် ရန်လိုသော လူအမျိုးမျိုးကို လူအများစုက ပိုင်းခြားသိမြင်လာသည်နှင့်အမျှ နတ်ဆိုးများဖြစ်ကြသည့် ထိုသူတို့၏ သဘာဝ အနှစ်သာရက တိုး၍ ရှင်းလင်းစွာ ဖော်ထုတ်ခံလာရပြီး လူတို့က တိုး၍ ရှင်းလင်းတိကျစွာ အသိအမှတ်ပြုကာ ပိုင်းခြားသိမြင်လာကြလေသည်။ ထို့ကြောင့် ဤလူများသည် အခြားသူများ၏ တိုး၍ ငြင်းပယ်ခြင်းကို ခံလာရပြီး အခြားသူများနှင့် ခင်ခင်မင်မင် ပေါင်းသင်းဆက်ဆံရန်နှင့် သဘောညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ရန် တိုး၍ မစွမ်းဆောင်နိုင် ဖြစ်လာကြသည်။ နောက်ဆုံးတွင်၊ ၎င်းတို့သည် တဖြည်းဖြည်း ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ ထိုသို့သောလူများ ဖယ်ရှားရှင်းလင်းခြင်းခံရသည်ကို သင်တို့ မြင်လိုစိတ် ရှိကြသလော။ (မြင်လိုစိတ်ရှိပါသည်။) ၎င်းတို့ တဖြည်းဖြည်း ဖယ်ရှားရှင်းလင်းခြင်းခံရခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ တစ်ချက်အနေဖြင့်၊ ယင်းက ဘုရားသခင် ရွေးချယ်ထားသော လူအများစုသည် ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားလာပြီး နတ်ဆိုးများဖြစ်ကြသည့် ထိုသူတို့အား ပိုင်းခြားသိမြင်လာကာ ဘုရားသခင်ကို ယုံကြည်သူများအဖြစ် သို့မဟုတ် ညီအစ်ကိုမောင်နှမများအဖြစ် မမှတ်ယူကြတော့ကြောင်း သက်သေပြသည်။ နောက်တစ်ချက်အနေဖြင့်၊ နတ်ဆိုးများဖြစ်ကြသည့် ထိုသူတို့ လုပ်ဆောင်သော အရာများသည် တိုး၍ ဖော်ထုတ်ခံလာရပေသည်။ လူတို့က ၎င်းတို့၏ သဘာဝ အနှစ်သာရကို ဖွင့်ချလိုက်ကြပြီး ၎င်းတို့ ပေးသည့် အစေခံမှုပင်လျှင် စံချိန်မမီကြောင်း လူတိုင်း မြင်ကြသည်။ ၎င်းတို့သည် အသင်းတော်တွင် နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကိုသာ ဖြစ်စေပြီး မည်သည့် အပြုသဘောဆောင်သော အကျိုးတရားမျှ မရှိပေ။ ဖယ်ရှားရှင်းလင်းခြင်းနှင့် ရှင်းလင်းပစ်ခြင်းကို ၎င်းတို့ ခံရသည်နှင့်တစ်ပြိုင်နက် အသင်းတော်၏ အလုပ်က ပုံမှန် တိုးတက်သွားသည်။ နတ်ဆိုးများဖြစ်ကြသည့် ထိုသူတို့တွင် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များထက် ဆိုးသည်။ အချို့သားရဲတိရစ္ဆာန်များသည် မိမိတို့၏ ဆရာသခင်များ၏စကားကို နားထောင်ရန်၊ လုံ့လဝီရိယဖြင့် အလုပ်လုပ်ရန်နှင့် မိမိတို့၏ ဆရာသခင်များအတွက် ဒုက္ခမဖြစ်စေရန် သိကြသည်။ သားရဲတိရစ္ဆာန်များတွင် ဆင်ခြင်တုံတရားတစ်ခုခု ရှိသော်လည်း နတ်ဆိုးများက ဤသည်ကို စွမ်းဆောင်မရရှိနိုင်ကြပေ။ အကယ်၍ သင်သည် ၎င်းတို့အား တာဝန်တစ်ခု ထမ်းဆောင်ရန် အသုံးပြုပါက ၎င်းတို့ကို ကြီးကြပ်ရန် လူအချို့ကို သင် စီစဉ်ထားရဦးမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် နာခံမှုရှိစွာ အစေခံမှု ပေးနိုင်ပါက ယင်းမှာ လက်ခံနိုင်ဖွယ်ဖြစ်မည်ဖြစ်သော်လည်း ၎င်းတို့သည် ကောင်းမွန်စွာ အစေခံမှုပေးမည် မဟုတ်ပေ။ သင်သည် ၎င်းတို့ကို ကြီးကြပ်လျှင်ပင် ၎င်းတို့ကို သင် မစောင့်ကြည့်နိုင်သည့် အချိန်များ အမြဲရှိနေလိမ့်မည်။ အကယ်၍ သင်သည် ၎င်းတို့ကို ခဏတာ အကြည့်လွှဲလိုက်ပါက သို့မဟုတ် အမှုအရာတစ်ခုကို လျစ်လျူရှုလိုက်ပါက နတ်ဆိုးများသည် အားနည်းချက်ကို အခွင့်ကောင်းယူပြီး အသင်းတော်၏ အလုပ်အတွက် ကမောက်ကမအခြေအနေနှင့် ဒုက္ခပြဿနာတို့ကို ဖြစ်စေလိမ့်မည်။ သင်သည် ၎င်းတို့ကို စောင့်ကြည့်ရန် လူများစွာကို အသုံးပြုပြီး အဆုံးတွင် ၎င်းတို့ ဖန်တီးခဲ့သော အရှုပ်ထုပ်ကို ရှင်းလင်းရန် လူများစွာကို သင် လိုအပ်နေဦးမည် ဖြစ်သည်။ ၎င်းတို့ကို တာဝန်တစ်ခု ထမ်းဆောင်ရန် အသုံးပြုခြင်းသည် အလွန်ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်စေကြောင်း၊ ယင်းမှာ မထိုက်တန်ကြောင်း၊ ၎င်းတို့ကို အသုံးပြုခြင်းသည် အလွန်ခက်ခဲပင်ပန်းပြီး ဒေါသထွက်စရာကောင်းကြောင်း သင် ခံစားရလိမ့်မည်။ ၎င်းတို့ အလုပ်လုပ်နေသည်ကို စောင့်ကြည့်ခြင်းသည် သားရဲတိရစ္ဆာန်များ အလုပ်လုပ်နေသည်ကို စောင့်ကြည့်နေရသကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ပုံမှန်လူများ လုပ်နိုင်သော အရာကို မည်သည့်အခါတွင်မျှ မလုပ်နိုင်ပေ။ နောက်ဆုံးတွင် သင်သည် ၎င်းတို့ကို ထိုးထွင်းသိမြင်လိမ့်မည်။ ထိုသို့သောလူများသည် သားရဲတိရစ္ဆာန်များဖြစ်သည်၊ ၎င်းတို့သည် နတ်ဆိုးများဖြစ်သည်၊ ၎င်းတို့ မည်သည့်အခါတွင်မျှ ပြောင်းလဲမည် မဟုတ်ပေ။ သားရဲတိရစ္ဆာန်များနှင့် နတ်ဆိုးများသည် သမ္မာတရားကို မည်သည့်အခါတွင်မျှ လက်ခံကြလိမ့်မည် မဟုတ်ပေ။ သင်သည် ဤအရေးကိစ္စကို နောက်ဆုံးတွင် ရှင်းလင်းစွာ သိမြင်ပြီး နတ်ဆိုးများအား မည်သည့်အခါတွင်မျှ ထပ်မံအသုံးမပြုရန် နောက်ဆုံးတွင် ဆုံးဖြတ်ကာ ၎င်းတို့ကို သန့်စင်ဖယ်ရှားလိုက်သည်။ သားရဲတိရစ္ဆာန်များနှင့် နတ်ဆိုးများသည် လူသားများ ဖြစ်လာနိုင်သလော။ ဤသည်မှာ မဖြစ်နိုင်ပေ။ အဆင်းနီသော နဂါးကြီးအား သားသတ်ဓားကို ချထားရန် စေခိုင်းခြင်းသည် မဖြစ်နိုင်ပေ၊ ၎င်း၏ သဘာဝသည် နတ်ဆိုးတစ်ကောင်၏ သဘာဝ ဖြစ်သည်။ ၎င်းသည် မျက်တောင်တစ်ချက်မခတ်ဘဲ လူသတ်သည်။ နတ်ဆိုးများနှင့် စာတန်သည် စိတ်တူကိုယ်တူ လူတစ်သိုက်ဖြစ်သည်။ အဆင်းနီသော နဂါးကြီးကို သင် ရှုမြင်ပုံသည် ဤသားရဲတိရစ္ဆာန်များနှင့် နတ်ဆိုးများကို သင် ရှုမြင်သင့်ပုံ ဖြစ်သည်၊ ဤသည်မှာ မှန်ကန်၏။ အကယ်၍ သင်သည် စာတန်နှင့် အဆင်းနီသော နဂါးကြီးအား သင် ရှုမြင်ပုံနှင့် ကွဲပြားစွာ နတ်ဆိုးများကို ရှုမြင်ပါက ဤသည်မှာ နတ်ဆိုးများ၏ အနှစ်သာရကို သင် စေ့စေ့စပ်စပ် သိနားလည်မှု မရှိသေးကြောင်း သက်သေပြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို လူသားများအဖြစ် ဆက်လက်ဆက်ဆံနေဆဲဖြစ်ပါက၊ ၎င်းတို့တွင် လူ့သဘာဝရှိသည်၊ ချီးကျူးထိုက်သော အရည်အသွေးအချို့ ရှိပြီး ရွေးနုတ်ခြင်းကို ခံရနိုင်သေးသည့်အပြင် ၎င်းတို့ကို အခွင့်အရေးများ ပေးရန် လိုအပ်နေဆဲဖြစ်သည်ဟု ယုံကြည်ပါက သင်သည် မသိနားမလည်သောသူ ဖြစ်သည်။ သင်သည် ၎င်းတို့၏ လှည့်ဖြားမှုကို တစ်ဖန် ခံရပြီးဖြစ်ကာ ဤအတွက် အဖိုးအခကို သင် ပေးဆပ်ရလိမ့်မည်။ ၎င်းတို့၏ လှည့်ဖြားမှုမခံရစေဖို့အတွက်၊ သင်သည် နတ်ဆိုးများကို အကုန်အစင် ရှင်းလင်းပစ်ရမည်။ ၎င်းတို့ကို လုံးဝ သက်ညှာမှုမပြနှင့်။ ကောင်းပြီ၊ နတ်ဆိုးများ၏ ဆိုးယုတ်သော သရုပ်သကန်များနှင့်ပတ်သက်၍ ယနေ့အတွက် မိတ်သဟာယဖွဲ့ခြင်းမှာ ထိုမျှသာ ဖြစ်သည်။ နှုတ်ဆက်ပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၆)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။