သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၂)

ယခုတလော ငါတို့သည် သမ္မာတရားကို လိုက်စားရန်နည်းလမ်း ဟူသည့် လက်တွေ့လုပ်ဆောင်ခြင်းတွင် ပထမဆုံး အဓိကအချက်ဖြစ်သည့် “လက်လွှတ်ခြင်း” ကို ဆွေးနွေးနေခဲ့ကြသည်။ ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့သည် “လက်လွှတ်ခြင်း” နှင့်ပတ်သက်သည့် တတိယအချက်ဖြစ်သော မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမုန်းတီးမှုတို့ကို လက်လွှတ်ခြင်းဟူသည့် လုံးဝအသစ်ဖြစ်သော အကြောင်းအရာတစ်ခုကို မိတ်သဟာယဖွဲ့ခဲ့သည်။ ဤအကြောင်းအရာတွင် ရှုထောင့်တစ်မျိုးတည်းသာ မဟုတ်ဘဲ အချက်အလက်များနှင့် အကြောင်းအရာများစွာ ပါဝင်သည်။ ဤအကြောင်းအရာများသည် လူတို့က ဘုရားသခင်၏ အလုပ်ဖြစ်စဉ်တွင် တွေ့ကြုံခံစားရသည့်အရာများ ဖြစ်ပြီး ၎င်းတို့သည် လူတို့၏ အသက်တာများနှင့် လိုက်စားမှုများနှင့် တိုက်ရိုက်သက်ဆိုင်သည်၊ ထို့ကြောင့် ငါတို့ အမှန်တကယ် မိတ်သဟာယဖွဲ့ရမည့် ပထမဆုံးရှုထောင့်မှာ ဘုရားသခင်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းသည့် ဖြစ်စဉ်တွင် လူတို့ မရှောင်လွှဲနိုင်သော အကြောင်းအရာတစ်ခု ဖြစ်သည်။ ပြီးခဲ့သည့်တစ်ကြိမ်က ဤအကြောင်းအရာ၏ အစိတ်အပိုင်းတစ်ခုကို ငါ မိတ်သဟာယဖွဲ့ခဲ့သည်။ ငါ အတိအကျ မည်သည့်အရာကို မိတ်သဟာယဖွဲ့ခဲ့သည်ကို တစ်စုံတစ်ဦးက ငါတို့ကို ပြောပြလော့။ (ပြီးခဲ့သည့်တစ်ကြိမ်က ဘုရားသခင်သည် မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမုန်းတီးမှုတို့ကို လက်လွှတ်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ခဲ့ပါသည်။ ဘုရားသခင်သည် ရှေးဦးစွာ ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖော်ထုတ်ခဲ့ပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့တွင် ဘုရားသခင်၏ နေ့ရက်နှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ ရှိကြသည့်အပြင် ဘုရားသခင်၏ အလုပ်သည် အလွန် သဘာဝလွန်ပြီး သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်ကာ လူတို့ကို တို့ထိနေသမျှကာလပတ်လုံး လူတို့သည် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာ ပြောင်းလဲသွားလိမ့်မည်ဟုလည်း ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ ဤအယူအဆများနှင့် စိတ်ကူးများကို ဖော်ထုတ်နေစဉ်တွင် ဘုရားသခင်သည် သူ၏အလုပ်၌ သူရည်ရွယ်ထားသည့် ရလဒ်မှာ သူ၏နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ထဲသို့ အလုပ်လုပ်ထည့်သွင်းရန်ဖြစ်ကြောင်း၊ သို့မှသာ ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာများတွင် အမှုအရာများ ကျွန်ုပ်တို့အပေါ် ကျရောက်သည့်အခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်းကို ကျွန်ုပ်တို့အား ပြောပြခဲ့ပါသည်၊ ဤသည်မှာ ကျွန်ုပ်တို့တစ်ဦးချင်းစီအပေါ် ဘုရားသခင်၏ တောင်းဆိုချက် ဖြစ်ပါသည်။) အခြားမည်သူ ထပ်ဖြည့်စွက်နိုင်သေးသနည်း။ (ပြီးခဲ့သည့်တစ်ကြိမ်က ဘုရားသခင်သည် လူတို့က ၎င်းတို့၏ ယာယီသရုပ်သကန်များကို အခြေခံ၍ ဘုရားသခင်က ၎င်းတို့ကို ဆုံးဖြတ်သတ်မှတ်သည်ဟု ယုံကြည်ကြသည့်အချက်နှင့်ပတ်သက်၍လည်းကောင်း၊ အပြင်ပန်း စည်းမျဉ်းစည်းကမ်းများနှင့် အပြင်ပန်း ကောင်းမွန်သောအပြုအမူများကို လိုက်နာခြင်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ကျေနပ်စေပြီး ကယ်တင်ခြင်းကို ရရှိနိုင်သည်ဟု ထင်မြင်ကြသည့်အချက်နှင့်ပတ်သက်၍လည်းကောင်း မိတ်သဟာယဖွဲ့ခဲ့ပါသည်၊ ဤအရာအားလုံးသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများ ဖြစ်ကြပါသည်။ ထို့ပြင် လူတို့ အားနည်းနေချိန်တွင်ဖြစ်စေ၊ ပုန်ကန်ခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်သည့်အချိန်တွင်ဖြစ်စေ ဘုရားသခင်က ၎င်းတို့ကို ဆုံးမပဲ့ပြင်ပြီး အပြစ်ဒဏ်ပေးလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြပါသည်၊ ဤသည်မှာလည်း အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်ပါသည်။ လူတို့၏ ဤအယူအဆများနှင့် စိတ်ကူးများကို ဘုရားသခင် ဖော်ထုတ်ခြင်းမှတစ်ဆင့် ဘုရားသခင် အလိုရှိသောအရာမှာ ကျွန်ုပ်တို့၏ အပြင်ပန်း ကောင်းမွန်သောအပြုအမူများ မဟုတ်သကဲ့သို့ အချို့သော အပြင်ပန်း ကျင့်ကြံမှုများနှင့် စည်းမျဉ်းစည်းကမ်းများကို ကျွန်ုပ်တို့ ပုံသေစောင့်ထိန်းရန်ကိုလည်း သူအလိုမရှိကြောင်း ကျွန်ုပ်တို့ နားလည်ခဲ့ကြပါသည်။ ထိုအစား အမှုအရာများ ကျွန်ုပ်တို့အပေါ် ကျရောက်သည့်အခါတွင် သမ္မာတရား စည်းမျဉ်းများကို ကျွန်ုပ်တို့ ရှာဖွေနိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ရန်ကို သူမျှော်လင့်ပါသည်။) လူတိုင်းတွင် ဤအယူအဆများနှင့် စိတ်ကူးများ အနည်းနှင့်အများ ရှိကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့ သမ္မာတရားကို မလိုက်စားမီတွင်ဖြစ်စေ၊ ၎င်းတို့ သမ္မာတရားကို နားမလည်ဘဲ သမ္မာတရားကို မရရှိသေးသည့်အခါတွင်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်းနှင့်ပတ်သက်၍ ထင်ကြေးပေးရန် သို့မဟုတ် ဘုရားသခင် အလုပ်လုပ်မည့်နည်းလမ်းနှင့်ပတ်သက်၍ ကောက်ချက်အလျင်အမြန်ချရန် ဤအယူအဆများနှင့် စိတ်ကူးများကို အသုံးပြုလေ့ရှိကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို၊ မိမိတို့၏ အဆုံးသတ်ကို၊ နောင်တွင် ၎င်းတို့ ကောင်းချီးခံစားရမည် သို့မဟုတ် ကံဆိုးမိုးမှောင်ကျမည်ကို ဆုံးဖြတ်သတ်မှတ်ပေးရန် ဤထင်ကြေးပေးမှုများကို အသုံးပြုလေ့ရှိကြသည်။ ထို့ကြောင့် လူတို့၏ သမ္မာတရားကို လိုက်စားသည့် ဖြစ်စဉ်တွင် ဤအယူအဆများနှင့် စိတ်ကူးများသည် လူတို့၏ ဘုရားသခင်၏အလုပ်ကို လက်ခံခြင်းအတွက်၊ ၎င်းတို့၏ သမ္မာတရားကို လိုက်စားခြင်းအတွက်နှင့် ၎င်းတို့၏ သမ္မာတရားကို ရရှိခြင်းအတွက် ကြီးမားသော အတိုင်းအတာအထိ အတားအဆီးများ ဖြစ်လာခဲ့သည်။ ဆိုလိုသည်မှာ လူတို့သည် ဤအယူအဆများနှင့် စိတ်ကူးများကို လက်မလွှတ်နိုင်ဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် နောက်လိုက်ခြင်းအတွက် ၎င်းတို့၏ လှုံ့ဆော်မှုနှင့် အခြေခံအကြောင်းရင်းအဖြစ် အမြဲမှတ်ယူနေမည်ဆိုလျှင် ဤအယူအဆများနှင့် စိတ်ကူးများသည် သမ္မာတရားကို လိုက်စားခြင်းနှင့် ရရှိခြင်းမှ ၎င်းတို့ကို ကြီးမားသော အတိုင်းအတာအထိ တားဆီးလိမ့်မည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဘုရားသခင်ရှေ့မှောက်၌ မိမိတို့၏ ကိုယ်ပိုင်တန်ဖိုး၊ အမှတ်သညာနှင့် အဆင့်အတန်းကို ဆုံးဖြတ်ရန်၊ ဘုရားသခင်၏ အိမ်တော်၌ မည်သို့သော ဆက်ဆံမှုကို ၎င်းတို့ ရရှိနိုင်မည်ကို ဆုံးဖြတ်ရန်၊ နောင်တွင် ၎င်းတို့၏ ပန်းတိုင်သည် မည်သည့်အရာဖြစ်မည်နှင့် မည်သည့်ကောင်းချီးမင်္ဂလာများကို ရရှိမည်ကို ဆုံးဖြတ်ရန်၊ ၎င်းတို့တွင် အခွင့်အာဏာ မည်မျှရှိမည်နှင့် မြို့မည်မျှကို အုပ်ချုပ်ရမည်ကို ဆုံးဖြတ်ရန်၊ ကောင်းကင်ဘုံ၌ ၎င်းတို့သည် တိုင်တစ်တိုင် သို့မဟုတ် ဒေါက်တိုင်တစ်ခု ဖြစ်မည် မဖြစ်မည်ကို ဆုံးဖြတ်ရန်၊ သို့မဟုတ် ဤဘဝတွင် မည်မျှရရှိနိုင်ပြီး နောင်ဘဝတွင် မည်မျှရရှိနိုင်သည်ကို ဆုံးဖြတ်ရန် မိမိတို့၏ အယူအဆများနှင့် စိတ်ကူးများကိုသာ အသုံးပြုနိုင်ကြလိမ့်မည်။ ဤအယူအဆများနှင့် စိတ်ကူးများသည် လူတို့၏ အသက်တာများနှင့် လိုက်စားမှုများ ပါဝင်သောကြောင့် ၎င်းတို့သည် လူတို့ လျှောက်လှမ်းသော လမ်းကြောင်းများကို လွှမ်းမိုးပြီး ပြောစရာမလိုသည်မှာ ၎င်းတို့သည် လူတို့၏ နောက်ဆုံး အဆုံးသတ်နှင့် ပန်းတိုင်ကိုလည်း လွှမ်းမိုးသည်။ လူတို့သည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ပြီး လိုက်စားသည်။ ထို့ကြောင့် ၎င်းတို့သည် ဤအယူအဆများ၊ စိတ်ကူးများကို အခြေခံပြီး မလွှဲမရှောင်သာဖြင့် အရာရာတိုင်းနှင့်ပတ်သက်၍ ရှုမြင်ကာ အရာရာတိုင်းကို ဝေဖန်သုံးသပ်ပြီး စိတ်ပိုင်းဖြတ်ချက်များ ချမှတ်ကြသည်။ ထို့ကြောင့် ဘုရားသခင်က သမ္မာတရားကို မည်သို့ပံ့ပိုးပေးပြီး လူတို့အား မည်သည့်အမြင်များကို ကိုင်စွဲသင့်ကာ မည်သည့်လမ်းကြောင်းအား လျှောက်သင့်သည်ကို ပြောသည်ဖြစ်စေ လူတို့က ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လက်မလွှတ်သရွေ့ ယင်းတို့ဖြင့် ဆက်လက်၍ အသက်ရှင်လိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများသည် သဘာဝအလျောက် လူတို့၏ ဘဝနှင့် ၎င်းတို့ ရှင်သန်သည့် နိယာမများ ဖြစ်လာမည်။ ပြီးလျှင် ယင်းတို့သည် ဖြစ်ရပ်နှင့် အမှုအရာမျိုးစုံတို့ကို လူတို့ကိုင်တွယ်ဖြေရှင်းသည့် လုပ်နည်းကိုင်နည်းများနှင့် နည်းလမ်းများ မလွဲမသွေ ဖြစ်လာလိမ့်မည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် လူများနှင့် အမှုအရာများကို ၎င်းတို့ ရှုမြင်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်သည့် စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်ကို ၎င်းတို့ မည်သို့ယုံကြည်ပါစေ၊ မည်သို့လိုက်စားပါစေ၊ ဆင်းရဲဒုက္ခ မည်မျှကို ခံရပါစေ၊ အဖိုးအခ မည်မျှပေးဆပ်ရပါစေ အားလုံးက အချည်းနှီးဖြစ်လိမ့်မည်။ လူတစ်ဦးက သူ၏ အယူအဆများ၊ စိတ်ကူးများနှင့် အသက်ရှင်သရွေ့ ဤသူသည် ဘုရားသခင်ကို အတိုက်အခံပြုနေပြီး ဘုရားသခင်ကို ရန်မူဆန့်ကျင်သည်။ သူသည် ဘုရားသခင်က ချမှတ်သော ပတ်ဝန်းကျင်များအပေါ်၊ သို့မဟုတ် ဘုရားသခင်၏ တောင်းဆိုချက်များအပေါ် စစ်မှန်သော ကျိုးနွံနာခံမှုမရှိ။ ထို့နောက် အဆုံးတွင် သူ၏ အဆုံးသတ်မှာ အလွန်ပင် ဝမ်းနည်းဖွယ်ရာ ဖြစ်လိမ့်မည်။ သင်က ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး ဖြစ်သော်လည်း ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံခဲ့ပြီး အလုပ်ရှုပ်ကာ အဖိုးအခကြီးစွာပေးဆပ်သော်လည်း စမှတ်နှင့် သင်လုပ်ဆောင်သော အရာတိုင်း၏ အရင်းအမြစ်သည် သင်၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများဖြစ်လျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ် လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း မရှိပေ။ ဤအယူအဆများနှင့် စိတ်ကူးများသည် စာအုပ်များမှလာသည်ဖြစ်စေ၊ လူ့အဖွဲ့အစည်းမှလာသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိုအင်ဆန္ဒများနှင့် စိတ်ဝင်စားမှုများမှလာသည်ဖြစ်စေ အတိုချုပ်အားဖြင့် ယင်းတို့သည် အယူအဆများနှင့် စိတ်ကူးများ ဖြစ်နေသရွေ့ ယင်းတို့သည် သမ္မာတရား မဟုတ်ပေ။ ပြီးလျှင် ယင်းတို့သည် သမ္မာတရား မဟုတ်သရွေ့ ယင်းတို့သည် သမ္မာတရားကို ဆန့်ကျင်ဘက်ပြုသည်၊ လူတို့၏ သမ္မာတရားကို လက်ခံခြင်းအတွက် ခလုတ်တံသင်းဖြစ်ပြီး ဘုရားသခင်နှင့် သမ္မာတရား၏ ရန်သူဖြစ်၏။ ထို့ကြောင့် သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း အသက်ရှင်နေထိုင်သရွေ့ သင်သည် ဤအယူအဆများနှင့် စိတ်ကူးများအတိုင်း အရာရာတိုင်းကို အကဲဖြတ်ပြီး ရှုမြင်လိမ့်မည်ဖြစ်ကာ ၎င်းတို့ကြောင့် သင်သည် အဆုံးတွင် ဘုရားသခင်က သင့်အတွက် ချမှတ်ပေးသော ပတ်ဝန်းကျင်များကို ပုန်ကန်မည်ဖြစ်ပြီး ဘုရားသခင်၏ လမ်းညွှန်မှု သို့မဟုတ် သင့်အပေါ် သူ၏ အချုပ်အခြာအာဏာကို ပုန်ကန်မည်မှာ သေချာပေသည်။ အတိုချုပ်အားဖြင့် ဤနေရာတွင် စစ်မှန်သော လက်ခံခြင်းနှင့် ကျိုးနွံနာခံခြင်း မရှိပေ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ သင်သည် ဆင်းရဲဒုက္ခ မည်မျှခံရသည်ဖြစ်စေ၊ အဖိုးအခ မည်မျှပေးဆပ်သည်ဖြစ်စေ၊ သင်၏ အယူအဆများနှင့် စိတ်ကူးများအတိုင်း အသက်ရှင်နေထိုင်နေသရွေ့ သင်ခံစားရသော ဆင်းရဲဒုက္ခများနှင့် သင်ပေးဆပ်သော အဖိုးအခသည် သမ္မာတရား စည်းမျဉ်းများနှင့် မကိုက်ညီဘဲ သမ္မာတရားနှင့်လည်း မည်သို့မျှ မသက်ဆိုင်သောကြောင့် ဖြစ်သည်။ သင်ခံစားရသော ဆင်းရဲဒုက္ခများနှင့် သင်ပေးဆပ်သော အဖိုးအခသည် လူ့အယူအဆများနှင့် စိတ်ကူးများကိုလည်းကောင်း၊ သင်၏ နှစ်သက်မှုများကိုလည်းကောင်း အခြေခံပြီး သင်၏ ဇာတိပကတိဆိုင်ရာ လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန်နှင့် သင်၏ အချို့သော ရည်မှန်းချက်များကို ကျေနပ်စေရန်အတွက် ဖြစ်သည်။ ပေါလုက ပြသခဲ့သောအရာ ကဲ့သို့ဖြစ်သည်။ သူသည် အလုပ်များစွာ လုပ်ခဲ့ပြီး များစွာလှည့်လည်သွားလာခဲ့သည်။ ဥရောပ၏ နေရာဒေသများစွာတွင် ဧဝံဂေလိတရားဟောခဲ့သည်။ သို့သော် ဆင်းရဲဒုက္ခမည်မျှကို သူခံစားရပါစေ၊ အဖိုးအခမည်မျှပေးဆပ်ပါစေ၊ မည်မျှ လှည့်လည်သွားလာပါစေ သူ့တွင် သမ္မာတရားနှင့် ကိုက်ညီသည့် အတွေးများနှင့် အမြင်များ လုံးဝမရှိခဲ့ပေ။ သမ္မာတရားကို လုံးဝ လက်မခံခဲ့သကဲ့သို့ ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းနှင့် သက်ဆိုင်သော သဘောထားနှင့် စစ်မှန်သော အတွေ့အကြုံ လုံးဝမရှိခဲ့။ သူသည် သူ၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများအတွင်း၌ အစဉ် အသက်ရှင်ခဲ့သည်။ သူ၏ သတ်သတ်မှတ်မှတ်ဖြစ်သော အယူအဆနှင့် စိတ်ကူးမှာ အဘယ်နည်း။ ယင်းမှာ သူသည် ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီး ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုသောအခါတွင် သူ့အတွက် ဓမ္မသရဖူကို သိုထားခြင်းဖြစ်သည်။ ဤသည်မှာ ပေါလု၏ အယူအဆနှင့် စိတ်ကူးဖြစ်သည်။ သူ့အယူအဆနှင့် စိတ်ကူး၏ သတ်သတ်မှတ်မှတ်ဖြစ်သော သဘောတရားဆိုင်ရာ အခြေပြုချက်မှာ အဘယ်နည်း။ ဘုရားသခင်သည် လူတစ်ဦး ပြုလုပ်ခဲ့သည့် အလုပ်ရှုပ်မှုပမာဏကိုလည်းကောင်း၊ သူပေးဆပ်ခဲ့သည့် အဖိုးအခကိုလည်းကောင်း၊ ဆင်းရဲဒုက္ခမည်မျှကို သူခံစားခဲ့သည်ကိုလည်းကောင်း အခြေခံ၍ သူ၏ အဆုံးသတ်ကို အဆုံးအဖြတ်ပေးမည်ဟူ၍ ဖြစ်သည်။ သူ၏ အယူအဆ၊ စိတ်ကူးတို့နှင့်ပတ်သက်သည့် ထိုသို့သော သဘောတရားဆိုင်ရာ အခြေခံအရ ပေါလုသည် အန္တိခရစ်များ၏ လမ်းကြောင်းပေါ်သို့ အမှုမဲ့အမှတ်မဲ့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူသည် လမ်းဆုံးသို့ ရောက်သွားသောအခါ နောင်တတစ်ခုတလေရဖို့ မဆိုထားနှင့်၊ သူ့အပြုအမူနှင့် ဘုရားသခင်ကို အတိုက်အခံပြုသည့် သရုပ်သကန်၊ သို့မဟုတ် ဘုရားသခင်ကို အတိုက်အခံပြုသည့် သူ၏ အနှစ်သာရတို့နှင့်ပတ်သက်၍ မည်သည့်နားလည်မှုမျှ မရှိခဲ့ပေ။ သူသည် ဘုရားသခင်ကို ယုံကြည်စဉ်တွင် သူ၏ နဂိုအယူအဆနှင့် စိတ်ကူးကို ကိုင်စွဲထားဆဲ ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှု အနည်းငယ်မျှ မရှိရုံမကဘဲ ပြောင်းပြန်ပင်ဖြစ်ကာ သူသည် အပြန်အလှန်အနေဖြင့် ဘုရားသခင်ထံမှ ကောင်းသောအဆုံးသတ်နှင့် ခရီးပန်းတိုင်ကို ပို၍ပင် ရခွင့်ရှိသည်ဟု ယုံကြည်ခဲ့သည်။ “အပြန်အလှန်” ဆိုသည်မှာ ကြားကောင်းသော၊ ယဉ်ကျေးမှုရှိသော ပြောဆိုနည်း ဖြစ်သည်။ သို့သော် အမှန်တွင် ယင်းသည် အပြန်အလှန်တစ်ခုမဟုတ်၊ သို့မဟုတ် အပေးအယူတစ်ခုပင် မဟုတ်။ သူသည် ဤအရာများကို ဘုရားသခင်ထံမှ တိုက်ရိုက်တောင်းနေခြင်း၊ ယင်းတို့ကို ဘုရားသခင်ထံမှ ပွင့်ပွင့်လင်းလင်း တောင်းဆိုနေခြင်း ဖြစ်သည်။ ယင်းတို့ကို ဘုရားသခင်ထံမှ မည်သို့ တောင်းဆိုသနည်း။ “ကျွန်ုပ်သည် ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီး ကောင်းစွာသော တိုက်လှန်ခြင်းကို ပြုခဲ့ပြီ။ ဂုဏ်ကျက်သရေသရဖူသည် ယခုတွင် ငါ၏အရာဖြစ်သည်။ ဤသည်မှာ ငါနှင့် ထိုက်တန်သောအရာ ဖြစ်ပြီး ဘုရားသခင်က ငါ့အား ထိုက်တန်စွာ ပေးသင့်သောအရာဖြစ်သည်” ဟူ၍ သူပြောခဲ့သကဲ့သို့ပင် ဖြစ်သည်။ ပေါလု လျှောက်ခဲ့သော လမ်းကြောင်းသည် ဘုရားသခင်ကို အတိုက်အခံ ပြုခြင်းဖြစ်သည်။ ဤသို့ဖြင့် သူသည် ပျက်စီးခြင်းသို့ရောက်ခဲ့ပြီး သူ့အပေါ် ကျရောက်သော နောက်ဆုံးအဆုံးသတ်မှာ အပြစ်ပေးခံရခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သူ၏ အယူအဆနှင့် စိတ်ကူးဖြင့် ခွဲ၍မရနိုင်ပေ။ သူသည် သူ၏ ကိုယ်ပိုင်အယူအဆနှင့် စိတ်ကူးကို အစဉ် ခေါင်းမာစွာ ဆက်လက်ကိုင်စွဲထားခဲ့သည်၊ သူသည် ဘုရားသခင် ပြောခဲ့သည့်အရာ၊ ဘုရားသခင်က လူတို့ကို ပံ့ပိုးပေးခဲ့သည့် သမ္မာတရားများတည်းဟူသော အသက်၏ လမ်းခရီးကို ဘေးဖယ်ထားပြီး လျစ်လျူရှုခဲ့ကာ မထီမဲ့မြင်ပြုခြင်းနှင့် အထင်အမြင်သေးခြင်း သဘောထားကိုပင် ခံယူခဲ့သည့်အပြင် ယေရှုခရစ်တော်သည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း ဖြစ်သည်ဟူသော အချက်ကိုပင် သူအသိအမှတ်မပြု သို့မဟုတ် လက်မခံခဲ့ပေ။ သူသည် လမ်းဆုံးသို့ ရောက်သွားသောအခါတွင် သူ၏ အယူအဆနှင့် စိတ်ကူးကို ယခင်ကအတိုင်း ခေါင်းမာစွာ မလျှော့တမ်း စွဲကိုင်ထားဆဲဖြစ်ပြီး ဘုရားသခင်နှင့် မိမိကိုယ်ကို ဆက်လက်ယှဉ်ပြိုင်ကာ အဆုံးတွင် မလွှဲမရှောင်သာသော ပျက်စီးခြင်း၏ အဆုံးသတ်ဆီသို့ ဦးတည်သွားခဲ့သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ဖြစ်စဉ်တွင် လူတို့သည် ၎င်းတို့၏ အမျိုးမျိုးသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုအားလုံးကို လက်လွှတ်နိုင်ပြီး သမ္မာတရားကို လိုက်စားခြင်းမှ ၎င်းတို့ကို တားဆီးသည့် လက်တွေ့ဘဝမှ အချို့အရာများကို လက်လွှတ်နိုင်သည့်တိုင် မိမိတို့နှင့် ဘုရားသခင်ကြားရှိ အတားအဆီးများ သို့မဟုတ် ဘုရားသခင်အပေါ် ၎င်းတို့၏ ရန်လိုမုန်းတီးမှုကို လက်မလွှတ်နိုင်ပါက ဤသည်မှာ အလွန်ပင် စိတ်မကောင်းဖွယ်ရာနှင့် ဝမ်းနည်းဖွယ်ရာ အရာတစ်ခု ဖြစ်လိမ့်မည်ဖြစ်ကာ အဆုံးတွင် လူတို့သည် ပေါလုကဲ့သို့ အပြစ်ပေးခံရခြင်းတည်းဟူသော တူညီသည့်အဆုံးသတ်ကို ရိတ်သိမ်းကြလိမ့်မည်။ ယင်းမှာ လုံးဝ သံသယဖြစ်ဖွယ်မရှိ သေချာသည်။ ထို့ကြောင့် “လက်လွှတ်ခြင်း” ၏ လက်တွေ့လုပ်ဆောင်ခြင်းတွင် “မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမုန်းတီးမှုကို လက်လွှတ်ခြင်း” ဟူသောအချက်သည် အလွန်အရေးကြီးပြီး အရေးပါဆုံးဖြစ်ကာ လျစ်လျူရှု၍မရနိုင်ပေ။ ဤသည်မှာ သင် မကြာခဏ ဆန်းစစ်ရမည့်အရာ ဖြစ်သည်။ သင်၏ ဘုရားသခင်နှင့် ဆက်ဆံရေးတွင်လည်းကောင်း၊ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားခြင်း ဖြစ်စဉ်တွင်လည်းကောင်း၊ သမ္မာတရားနှင့်ဖြစ်စေ၊ ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့်ဖြစ်စေ၊ ဘုရားသခင်၏ တောင်းဆိုချက်များနှင့်ဖြစ်စေ မကိုက်ညီဘဲ သင်နှင့် ဘုရားသခင်ကြားတွင် တည်ရှိနေသော မည်သည့်အယူအဆများနှင့် စိတ်ကူးများ သင်၌ ရှိနေသေးသနည်း။ သင်သည် ဤအရာများကို ဆန်းစစ်သင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ကာ ထို့နောက် ယင်းတို့ကို လက်လွှတ်သင့်သည်။ လက်လွှတ်ခြင်း၏ ရည်ရွယ်ချက်မှာ ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းရန်မဟုတ်ဘဲ သမ္မာတရားကို လက်ခံရန်၊ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်က လူတို့အား တင်ပြခဲ့သည့် သမ္မာတရား စည်းမျဉ်းများကို လက်ခံရန်နှင့် သင်၏ အယူအဆများနှင့် စိတ်ကူးများကို အစားထိုးဖို့ ဤသမ္မာတရား စည်းမျဉ်းများကို အသုံးပြုရန်၊ သင်၏ လိုက်စားမှုနောက်ကွယ်မှ ရှုထောင့်နှင့် သင်၏ လိုက်စားမှု ဦးတည်ချက်ကို ပြောင်းလဲရန်ဖြစ်သည်၊ သို့မှသာ သင်သည် သင်၏ အယူအဆများနှင့် စိတ်ကူးများနှင့် သဟဇာတဖြစ်မည့်အစား သင်၏ အသက်တာတွင်လည်းကောင်၊ ဘုရားသခင်နောက်သို့ လိုက်သည့် ဖြစ်စဉ်တွင်လည်းကောင်း ဘုရားသခင်နှင့် သဟဇာတဖြစ်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ အလုပ်သည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရန်ဖြစ်ပြီး သူသည် လူတို့အား ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းရန်အလို့ငှာ သမ္မာတရားကိုလည်း ပံ့ပိုးပေးသည်။ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြေရှင်းခြင်းအားဖြင့် ဘုရားသခင်သည် သူချမှတ်ပေးသော ပတ်ဝန်းကျင်တိုင်းကို ချဉ်းကပ်ရန်နှင့် ၎င်းတို့ အသက်တာတွင် ရင်ဆိုင်ရသော အမှုအခင်းတိုင်းကို ချဉ်းကပ်ရန်အတွက် မှန်ကန်သော အတွေးအခေါ်များ၊ အမြင်များ၊ ရပ်တည်ချက်များနှင့် ရှုထောင့်များကို လူတို့အား ရှိစေသည်။ ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်ဆောင်ပြီး သူ၏နှုတ်ကပတ်တော်များမှတစ်ဆင့် လူတို့အား သမ္မာတရားကို ပံ့ပိုးပေးခြင်းမှာ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို ဖြည့်ဆည်းပေးရန်အလို့ငှာ မဟုတ်ဘဲ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို တန်ပြန်တိုက်ခိုက်ရန်နှင့် အဆုံးတွင် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို လက်လွှတ်စေပြီး ဘုရားသခင်ကို သိကျွမ်းနားလည်မှုကို ရရှိစေရန် ဖြစ်သည်။

ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် လူတို့၏ အယူအဆများနှင့် စိတ်ကူးများအချို့ကို ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည်။ ဤအယူအဆများနှင့် စိတ်ကူးများအပြင် လူတို့တွင် သမ္မာတရားကို လိုက်စားသည့် ဖြစ်စဉ်၌ ၎င်းတို့ လက်လွှတ်သင့်သော ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်သည့် အခြားသော အယူအဆများနှင့် စိတ်ကူးအချို့လည်း ရှိကြသေးသည်။ ဥပမာအားဖြင့် လူတို့သည် ဘုရားသခင်၏ အလုပ်ကို လက်ခံပြီးနောက် ၎င်းတို့ သမ္မာတရားကို လိုက်စားနိုင်မည်ဆိုလျှင် ၎င်းတို့သည် လုံးဝ အသစ်ပြုပြင်ခြင်းခံရမည်ဖြစ်ပြီး ၎င်းတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိတို့၏ အသက်အဖြစ် ရရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် လုံးဝအသစ်သော အသက်တာတစ်ခုကို ရရှိမည်ဖြစ်ကာ လူသစ်တစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာမည်ဟု ယုံကြည်ကြသည်။ ၎င်းတို့၏ အစွမ်းအစသည် တိုးတက်လာမည်ဖြစ်ပြီး ၎င်းတို့၏ ပင်ကိုအသိစိတ်များမှာလည်း အတိုင်းအတာတစ်ခုအထိ ပြောင်းလဲသွားမည်ဖြစ်ရာ ၎င်းတို့ လုံးဝမမျှော်လင့်ထားသည့် အမှုအရာများ ၎င်းတို့အပေါ် မကြာခဏ ဖြစ်ပျက်လာလိမ့်မည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ပင်ကိုအရည်အသွေးများထက် ကျော်လွန်သော အမှုအရာများကို လုပ်ဆောင်နိုင်မည်သာမက ယင်းတို့ကို အလွန်အမင်း လွယ်ကူစွာနှင့် ချောမွေ့စွာ လုပ်ဆောင်နိုင်ကြလိမ့်မည်။ ထို့ထက်မက ဘုရားသခင်ကို ယုံကြည်သည့် ဖြစ်စဉ်တွင် အချို့သောလူတို့သည် သမ္မာတရားကို စတင်လိုက်စားသည့်အချိန်မှစ၍ ၎င်းတို့၏ ပင်ကိုစရိုက်နှင့် စိတ်ထားတို့ တိုးတက်လာခဲ့ကြောင်း၊ ၎င်းတို့၏ မျက်စိများသည် ယခင်ကထက် ပို၍တောက်ပလာကြောင်းနှင့် ၎င်းတို့၏ အကြားအာရုံသည် ယခင်ကထက် ပိုကောင်းလာကြောင်းကိုပင် မကြာခဏ ခံစားကြရသည်။ အခါအားလျော်စွာ ၎င်းတို့သည် မှန်ထဲတွင် ကြည့်ရှုပြီး ၎င်းတို့သည် ကောင်းကင်တမန်များနှင့် တဖြည်းဖြည်း ပို၍တူလာသည်ဟု ခံစားကြရသည်၊ ၎င်းတို့သည် ပို၍ပို၍ လှပလာသည်ဟု ခံစားကြရပြီး ယခင်ကထက် များစွာ ပို၍ တက်ကြွလန်းဆန်းနေသည်ဟု ခံစားကြရသည်။ အချို့သောလူတို့သည် ၎င်းတို့၏ အသက်တာဆိုင်ရာ အလေ့အကျင့်အချို့ ပြောင်းလဲသွားပြီး ၎င်းတို့၏ နေထိုင်မှုပုံစံများ ကွဲပြားသွားသည်ဟုပင် ခံစားကြရသည်၊ ယခင်က ၎င်းတို့ အိပ်ရာဝင်နောက်ကျပါက အဆက်မပြတ် သမ်းဝေနေလိမ့်မည်၊ သို့သော် ၎င်းတို့ သမ္မာတရားကို စတင်လိုက်စားသည့်အချိန်မှစ၍ ဤတုံ့ပြန်မှုများ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းတို့သည် ဤအရာကို အထူးပင် အံ့ဩဖွယ်ဖြစ်သည်ဟု မြင်ကြသည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် ၎င်းတို့ သမ္မာတရားကို စတင် လိုက်စားသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်သည် ၎င်းတို့အပေါ် အလုပ်အချို့ကို လုပ်ဆောင်မည်ဖြစ်ရာ ၎င်းတို့သည် မမျှော်လင့်ထားသော ပြောင်းလဲခြင်းများကို ကြုံတွေ့ရမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဤအရာတွင် ၎င်းတို့၏ အစွမ်းအစသည် တစ်ညအတွင်း တိုးတက်လာခြင်း ပါဝင်သည်၊ ၎င်းတို့သည် သာမန် သို့မဟုတ် အလွန်ညံ့ဖျင်းသော အစွမ်းအစ ရှိသည့်အခြေအနေမှ အလွန် ထက်မြက်သော၊ အရည်အချင်းရှိသော၊ အတွေ့အကြုံရှိသော အခြေအနေသို့ ရောက်ရှိသွားပြီး အစွမ်းအစနှင့် ဉာဏ်ပညာရှိသော လူတစ်ဦး ဖြစ်လာကာ ၎င်းတို့၏ တွေးခေါ်မှုနယ်ပယ်သည်လည်း မြင့်မားလာလိမ့်မည်။ လူတို့ ဘုရားသခင်ကို ပထမဆုံး စတင်ယုံကြည်ပြီး သမ္မာတရားကို လိုက်စားရန် ဆုံးဖြတ်သည့်အခါ ၎င်းတို့တွင် သမ္မာတရားကို လိုက်စားခြင်းနှင့်ပတ်သက်၍ အလွန်အကျွံ ချဲ့ကားပြီး လက်တွေ့မကျသော စိတ်ကူးများ ရှိကြသည်၊ အတိုချုပ်အားဖြင့် ၎င်းတို့ထဲမှ တစ်ခုမျှ လက်တွေ့အရှိတရားနှင့် အမှန်တကယ် မကိုက်ညီပေ။ လူတို့သည် ၎င်းတို့ သမ္မာတရားကို လိုက်စားနေသမျှကာလပတ်လုံး ၎င်းတို့နှင့်ပတ်သက်သည့် ရှုထောင့်များစွာသည် မြင့်တက်လာပြီး ရှေ့သို့ ခုန်တက်သွားမည်ဖြစ်ကာ အချို့သောနယ်ပယ်များတွင် ၎င်းတို့သည် သာမန်လူများကိုပင် ကျော်လွန်သွားလိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် အချို့သောလူတို့သည် မိမိတို့ကိုယ်ကို “မြည်းထက်သာ”၊ အချို့က “မြင်းထက်သာ”၊ အချို့ကမူ “နွားထက်သာ” ဟု အမည်ပေးကြသည်။ ဤအမည်များသည် မြည်းများ၊ မြင်းများနှင့် နွားများကို ကျော်လွန်ခြင်းဟု အသီးသီး အဓိပ္ပာယ်ရသည်၊ ဆိုလိုသည်မှာ မြင်းတစ်ကောင်ထက် ပိုမြန်အောင် ပြေးနိုင်ခြင်းနှင့် မြည်းတစ်ကောင် သို့မဟုတ် နွားတစ်ကောင်ထက် ပို၍အားရှိခြင်း ဖြစ်သည်။ မြည်းများသည် ယေဘုယျအားဖြင့် ပစ္စည်းများကို ဆွဲရာတွင် အလွန်အားကောင်းသည်၊ မြင်းများတွင် အလွန်အားကောင်းသော ခြေထောက်များရှိပြီး နွားများတွင် ကြီးမားသော ခံနိုင်ရည်ရှိသည်၊ ထို့ကြောင့် ဤလူတို့သည် မိမိတို့ကိုယ်ကို “မြည်းထက်သာ”၊ “မြင်းထက်သာ” နှင့် “နွားထက်သာ” ဟု ခေါ်ကြသည်။ သင်တို့ မြင်သလော၊ ၎င်းတို့သည် ၎င်းတို့ရွေးချယ်သော အမည်များကို အထူးပင် စဉ်းစားသုံးသပ်ကြသည်။ လူတို့ မိမိတို့အတွက် ရွေးချယ်သော အမည်များမှတစ်ဆင့် လူတို့တွင် ဘုရားသခင်၏ အလုပ်နှင့်ပတ်သက်၍ ၎င်းတို့၏ ကိုယ်ပိုင်နားလည်မှုရှိကြောင်း တွေ့မြင်နိုင်သည်၊ ဝမ်းနည်းစရာမှာ ဤနားလည်မှုသည် သမ္မာတရားနှင့် မကိုက်ညီဘဲ အပြုသဘောမဆောင်ခြင်း ဖြစ်သည်၊ ယင်းမှာ လူတို့၏ အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်သည်။ ဤအယူအဆနှင့် စိတ်ကူးသည် လွဲချော်သည်ဖြစ်စေ၊ အစွန်းရောက်သည်ဖြစ်စေ အတိုချုပ်အနေဖြင့် ယင်းသည် အချက်အလက်များနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း မကိုက်ညီပေ၊ ယင်းသည် အလွန်အနှစ်မဲ့ပြီး သဘာဝလွန်အမှုအရာများနှင့် သက်ဆိုင်သည်။ လူတို့အပေါ် ဘုရားသခင် အလုပ်လုပ်သည့် စည်းမျဉ်းမှာ ဤသို့ဖြစ်သည်။ လူတို့တွင် မည်သို့သော အစွမ်းအစမျိုးရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်သို့သော အလုပ်လုပ်နိုင်စွမ်း သို့မဟုတ် အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းရှိသည်ဖြစ်စေ၊ ၎င်းတို့၏ မွေးရာပါ ပင်ကိုအရည်အသွေးများ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ ပင်ကိုစရိုက်၊ အလေ့အကျင့်များ၊ နေထိုင်မှုပုံစံများ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့၏ လိင်အမျိုးအစား မည်သို့ပင်ဖြစ်စေ၊ အတိုချုပ်အနေဖြင့် ဘုရားသခင်၏ အလုပ်မှာ လူတို့အား ၎င်းတို့၏ မွေးရာပါ အစွမ်းအစ၊ ပင်ကိုအသိစိတ်များ၊ ပင်ကိုစရိုက်၊ အလေ့အကျင့်များ၊ ၎င်းတို့၏ မှန်ကန်သော နေထိုင်မှုပုံစံများနှင့် လျော်ကန်သင့်မြတ်သော စိတ်ဝင်စားမှုများနှင့် ဝါသနာများ စသည်တို့ကို အခြေခံ၍ သမ္မာတရားကို နားလည်စေခြင်း၊ သမ္မာတရားကို လက်ခံစေခြင်း၊ သမ္မာတရားကို ကျိုးနွံနာခံစေခြင်း၊ ထို့နောက် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေခြင်းဟူသည့် ရလဒ်ကို ရရှိစေရန် ဖြစ်သည်။ သို့ဆိုလျှင် ဤရလဒ်ကို မည်သည့်အရာပေါ် အခြေခံ၍ ရရှိသနည်း။ ယင်းကို လူတို့တွင် သမ္မာတရားကို သိမြင်ပြီး သဘောပေါက်နားလည်နိုင်စွမ်း ရှိခြင်းအပေါ် အခြေခံ၍လည်းကောင်း၊ ၎င်းတို့တွင် ပုံမှန်လူ့သဘာဝရှိခြင်းအပေါ် အခြေခံ၍လည်းကောင်း ရရှိခြင်းဖြစ်သည်။ ယင်းကို မြင့်မားသော လူ့သဘာဝဟု ခေါ်သည့်အရာပေါ် အခြေခံ၍ ရရှိခြင်းမဟုတ်သကဲ့သို့ သဘာဝလွန် လူ့သဘာဝတစ်ခုပေါ် အခြေခံ၍ ရရှိခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ငါတို့သည် သမ္မာတရား၏ မည်သည့်ရှုထောင့်များကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ သင်တို့သည် ပုံမှန်လူ့သဘာဝနှင့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း ပိုင်ဆိုင်ထားသည်ဟူသော အခြေခံအပေါ်၌ ယင်းတို့ထဲသို့ ဝင်ရောက်နိုင်စေရန်သာ ဖြစ်သည်။ သို့ရာတွင် လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် ဤအရာနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားသခင်၏ အလုပ်နှင့် သူ၏ သမ္မာတရားကို ဖော်ပြခြင်းအားဖြင့် လူတို့၌ ရရှိသောရလဒ်သည် ၎င်းတို့၏ မွေးရာပါ အစွမ်းအစနှင့် ပင်ကိုအသိစိတ်များကို ဆန့်ကျင်သည်၊ ၎င်းတို့၏ ပင်ကိုစရိုက်၊ အလေ့အကျင့်များ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများကိုလည်း ဆန့်ကျင်သည်ဟု လူတို့က ယုံကြည်ကြသည်။ လူတို့သည် သမ္မာတရားကို လက်တွေ့ကျသော နည်းလမ်းဖြင့် လိုက်စားရန် ကြိုးစားအားထုတ်မည့်အစား အံ့ဖွယ်ရာတစ်ခုခု ၎င်းတို့အပေါ် ဖြစ်ပျက်လာရန်၊ သဘာဝလွန်သည့်အရာ သို့မဟုတ် မမျှော်လင့်ထားဘဲ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ပင်ကိုအသိစိတ်များထက် ကျော်လွန်သည့်အရာတစ်ခုခု ၎င်းတို့အပေါ် ဖြစ်ပျက်လာရန် မကြာခဏ မျှော်လင့်ကြသည်။ ဤအချက်က အဘယ်အရာကို သက်သေပြသနည်း။ လူတို့သည် သမ္မာတရားကို လိုက်စားခြင်းအား အထူးပင် သဘာဝလွန်ပြီး အနှစ်မဲ့သည့်အရာတစ်ခုအဖြစ် ရှုမြင်ကြသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင် လူတို့အပေါ် အလုပ်လုပ်သည့် နည်းလမ်းများကို အထူးပင် သဘာဝလွန်ပြီး အနှစ်မဲ့သည်ဟု ရှုမြင်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ၎င်းတို့ သမ္မာတရားကို ပို၍လိုက်စားလေ၊ ၎င်းတို့၏ အစွမ်းအစ ပို၍မြင့်မားလာလေဖြစ်ရန်၊ သို့မဟုတ် တရားဒေသနာများစွာကို နားထောင်ပြီး သမ္မာတရားများစွာကို လက်ခံနားလည်ပြီးနောက် ၎င်းတို့၏ အစွမ်းအစသည် ယခင်ကထက် ပို၍မြင့်မားလာရန် မကြာခဏ မျှော်လင့်ကြသည်။ ဤသည်မှာ အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအနေဖြင့် အတတ်ပညာတစ်ခုကို သင်ယူခြင်းကို ကြည့်လော့။ သင်သည် ကျောင်းတွင် ပညာသင်ကြားနေစဉ်က လုပ်ငန်းပိုင်းဆိုင်ရာ အတတ်ပညာတစ်ခုခုကို ကျွမ်းကျင်လိုပါက သင်သည် ဤလုပ်ငန်းပိုင်းဆိုင်ရာ အတတ်ပညာနှင့်ပတ်သက်သော အသိပညာကို အလွတ်ကျက်မှတ်ခဲ့ရပြီး မိုးလင်းမှ မိုးချုပ်ထိ စာသင်ခဲ့ရကာ သင်၏အားလပ်ချိန်များကို အသုံးပြု၍ ယင်းကိုသင်ယူရန် ကြိုးစားအားထုတ်ခဲ့ရသည်။ သင် ဘုရားသခင်ကို စတင်ယုံကြည်သည့်အချိန်မှစ၍၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်နေသမျှ ကာလပတ်လုံး၊ လူတို့၏ အစွမ်းအစသည် တိုးတက်လာမည်၊ ၎င်းတို့ ပြောင်းလဲသွားမည်၊ ၎င်းတို့သည် ယခင်ကနှင့် မတူတော့ဟု သင်ထင်သည်။ သို့ဖြစ်၍ ဘုရားသခင် မည်သို့ပင်အလုပ်လုပ်ပါစေ၊ လူတစ်ဦးသည် ပူးပေါင်းဆောင်ရွက်ရန်သာ လိုအပ်ပြီး၊ သမ္မာတရားကို လိုက်စားရန်နှင့် လုပ်ငန်းပိုင်ဆိုင်ရာ အတတ်ပညာနှင့်ဆိုင်သော အသိပညာကို သင်ယူရန် ကြိုးစားအားထုတ်ဖို့ မလိုအပ်ဟု သင်ဆုံးဖြတ်သည်၊ လူတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းမှာ လုံလောက်သည်၊ ဤနည်းလမ်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်း၌ လူတစ်ဦးသည် တိုးတက်မှုရှိနေဆဲ ဖြစ်လိမ့်မည်။ ဤသည်မှာ လူတို့ စိတ်ကူးပုံဖော်သည့် နည်းလမ်းပင် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့၊ ဤသည်မှာ လိုက်စားရန် မှန်ကန်သော နည်းလမ်းလော။ ဤနည်းလမ်းဖြင့် လိုက်စားခြင်းသည် စစ်မှန်သော ပြောင်းလဲခြင်းဆီသို့ ဦးတည်နိုင်သလော။ (မဟုတ်ပါ၊ မဦးတည်နိုင်ပါ။) ပြောင်းလဲခြင်းတစ်ခု ဖြစ်နိုင်ချေ လုံးဝမရှိပေ။ ဥပမာအားဖြင့် အချို့သောလူတို့သည် ကောင်းစွာသီချင်းဆိုနိုင်ရန် မိုးလင်းမှ မိုးချုပ်ထိ လေ့ကျင့်ရမည်၊ အခြားသူများ၏ နည်းစနစ်များကို ခိုးယူရမည်၊ အခြားလူများ၏ အားသာချက်များမှ သင်ယူရန် သီချင်းအမျိုးမျိုးကို နားထောင်ရမည်၊ ဤနည်းလမ်းဖြင့်သာ ၎င်းတို့ အောင်မြင်မှုများ ရရှိနိုင်မည်ဟု ထင်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် အချို့သောလူတို့က သီချင်းဆိုခြင်းသည် ပါရမီအပေါ် မူတည်သည်ဟု ယုံကြည်ကြသည်၊ လူတစ်ဦးသည် သီချင်းဆိုခြင်းအတွက် ဆုကျေးဇူးရှိပြီး သီချင်းဆိုခြင်းကို နှစ်သက်ပါက ၎င်းတို့ ကောင်းစွာသီချင်းဆိုနိုင်လိမ့်မည်ဖြစ်ပြီး တစ်စုံတစ်ဦးသည် သီချင်းဆိုခြင်းအတွက် ဆုကျေးဇူးမရှိပါက သို့မဟုတ် သီချင်းဆိုခြင်းကို မနှစ်သက်ပါက ကောင်းစွာသီချင်းဆိုနိုင်ရန်၊ စိတ်ခံစားမှုဖြင့် သီချင်းဆိုနိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ တို့ထိမှုကို အားကိုးရမည်ဖြစ်ပြီး သို့မှသာ ၎င်းတို့ သီချင်းဆိုသည်ကို ကြားရခြင်းက အခြားသူများကို ပျော်ရွှင်မှု ဆောင်ကြဉ်းပေးလိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ အကျိုးဆက်အနေဖြင့် လူအများစုသည် ဤသို့သော အထင်အမြင်မှားခြင်းမျိုးကို အစဉ်သဖြင့် ထားရှိကြသည်၊ ၎င်းတို့သည် ၎င်းတို့ကို လှုံ့ဆော်ရန် သန့်ရှင်းသောဝိညာဉ်တော်ကို အားကိုးကြသည်၊ သို့မဟုတ်ပါက ၎င်းတို့ သီချင်းဆိုရန် ပါးစပ်ကို ဖွင့်ကြမည်မဟုတ်ပေ။ ဤသည်မှာ အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်သည် မဟုတ်လော။ အချို့သောလူတို့သည် လုပ်ငန်းပိုင်ဆိုင်ရာ အတတ်ပညာနှင့်ဆိုင်သော အသိပညာကို သင်ယူရာတွင် ထိုမျှလောက် ကြိုးစားအားထုတ်ရန် မလိုအပ်ဟု ထင်ကြပြီး လူတို့ သမ္မာတရားကို လိုက်စားနေသမျှ ကာလပတ်လုံး ဘုရားသခင် အလုပ်လုပ်မည်ဖြစ်ကာ လူတို့ ထိုအချည်းနှီးဖြစ်သော စွန့်လွှတ်အနစ်နာခံမှုများကို ပြုလုပ်ခြင်းသည် အသုံးမဝင်ဘဲ အချည်းနှီးဖြစ်သည်ဟု ထင်ကြသည်။ ဘုရားသခင် အလုပ်လုပ်သည်နှင့်တစ်ပြိုင်နက် ယင်းသည် လူတို့ ကြိုးစားအားထုတ်ခြင်း၏ မည်သည့်ပမာဏထက်မဆို ပို၍အသုံးဝင်သည်ဟု ၎င်းတို့ ထင်ကြသည်၊ ထို့ကြောင့် လူတို့သည် မိမိတို့၏ တာဝန်များကို ရိုးသားစွာထမ်းဆောင်ပြီး မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်ထံ ဆက်ကပ်ရန် လိုလားနေသမျှကာလပတ်လုံး သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲ၌ အလုပ်လုပ်မည်ဖြစ်ပြီး ၎င်းတို့၏ အစွမ်းအစနှင့် အရည်အချင်းများသည် ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာကို ကျော်လွန်၍ ချက်ချင်း မြင့်တက်သွားလိမ့်မည်၊ ၎င်းတို့သည် ယခင်က နားမလည်ခဲ့သော အရာများကို နားလည်နိုင်လိမ့်မည်ဖြစ်ပြီး ယခင်က စာနှစ်ကြောင်းကိုပင် တစ်ကြိမ်တည်း မဖတ်နိုင်ခဲ့သော်လည်း ဘုရားသခင်ကို စတင် ယုံကြည်ပြီးနောက် စာဆယ်ကြောင်းကို တစ်ကြိမ်တည်း ဖတ်နိုင်ပြီး ယင်းတို့အားလုံးကို အလွတ်ကျက်မှတ်နိုင်လိမ့်မည်။ သို့သော် ၎င်းတို့ မည်မျှပင် လေ့ကျင့်ပါစေ ဤအရာကို ၎င်းတို့ မအောင်မြင်နိုင်သေးပေ၊ ထို့ကြောင့် ၎င်းတို့က “ဘုရားသခင်က ငါ့ကို ကျေးဇူးမပြုနေဘူးလား။ ငါ့တာဝန်ကို ထမ်းဆောင်ရာမှာ ငါက လုံလောက်အောင် အလုပ်မကြိုးစားဘူးလား၊ လုံလောက်အောင် ရိုးသားမှုမရှိဘူးလား” ဟု စဉ်းစားကြသည်။ ဤသည်မှာ အမှန်ပင်လော။ (မဟုတ်ပါ။) သင်တို့က သင်တို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် စွမ်းရည်များ၏ အတိုင်းအတာကို ကျော်လွန်သော သဘာဝလွန်သည့်အရာကို သင်တို့ ပို၍ ရရှိနိုင်စွမ်းရှိခြင်းသည် ဘုရားသခင်၏ အမှုတော် ဖြစ်ကြောင်း သက်သေပြခြင်း ဖြစ်သည်ဟုလည်းကောင်း၊ သင်တို့၏ ရိုးသားဖြောင့်မတ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်တို့သည် တစ်နေ့တခြား ကြီးမားလာလျှင်၊ ဘုရားသခင်သည် သင်တို့၌ ပို၍ပို၍ အမှုပြုမည်ဖြစ်ကာ သင်တို့၏ အစွမ်းအစနှင့် စွမ်းရည်များသည်လည်း တစ်နေ့တခြား ကြီးမားလာလိမ့်မည်ဟုလည်းကောင်း တွေးထင်ကြ၏။ ဤသည်မှာ လူတို့တွင် ရှိသည့် အယူအဆနှင့် စိတ်ကူးတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့သည် အထူးသဖြင့် ဤသို့ တွေးလေ့ရှိကြသလော။ (ရှိကြပါသည်။) ဤသို့ စဉ်းစားခြင်း၏ ရလဒ်မှာ အဘယ်နည်း။ အမြဲ ကျရှုံးခြင်းနှင့် အမှန်တကယ် ဖြစ်ပေါ်လာမှု မရှိခြင်း မဟုတ်လော။ အစဉ်အမြဲ မအောင်မြင်ခြင်းနှင့် ဖြစ်မြောက်မလာခြင်းသာ မဟုတ်လော။ အချို့သောသူတို့က “ကျွန်ုပ်သည် ဘုရားသခင်အား မိမိ၏ အစွမ်းကုန် ရိုးသားဖြောင့်မတ်ခြင်းကို ပေးအပ်ခဲ့လင့်ကစား ဘုရားသခင်သည် ကျွန်ုပ်အား အဘယ်ကြောင့် ကောင်းသော အစွမ်းအစကို ပေးမသနားသနည်း။ ဘုရားသခင်သည် ကျွန်ုပ်အား အဘယ်ကြောင့် လောကီသဘာဝလွန်သော စွမ်းရည်များကို မပေးသနည်းကျွန်ုပ် အဘယ်ကြောင့် အမြဲအားနည်းနေသေးသနည်း။ ကျွန်ုပ်၏ အစွမ်းအစ မတိုးတက်သေးပေ။ မည်သည့်အရာကိုမျှ ရှင်းလင်းစွာ ကျွန်ုပ် မမြင်နိုင်သကဲ့သို့ ခက်ခဲရှုပ်ထွေးသော ကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ ကျွန်ုပ် စိတ်ရှုပ်ထွေးလာသည်။ ယခင်က ဤကဲ့သို့ ဖြစ်ခဲ့သည်။ အဘယ်ကြောင့် ယခုတွင် တစ်ပုံစံတည်း ဖြစ်နေသေးသနည်း။ ထို့အပြင် ကျွန်ုပ်၏ တာဝန်ထမ်းဆောင်မှုနှင့် ပြဿနာများကို ကျွန်ုပ်၏ ကိုင်တွယ်မှုတို့တွင် ကျွန်ုပ်၏ ဇာတိပကတိကို အဘယ်ကြောင့် ကျွန်ုပ် လုံးဝ မကျော်လွန်နိုင်သနည်း။ အယူဝါဒအချို့ကို ကျွန်ုပ် နားလည်သော်လည်း အမှုအရာများကို ရှင်းလင်းစွာ မမြင်နိုင်သေးသကဲ့သို့ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ ကျွန်ုပ် မပြတ်မသားဖြစ်နေပြီး အစွမ်းအစရှိသူတို့ကို မမီသေးပါ။ ကျွန်ုပ်၏ အလုပ်လုပ်နိုင်စွမ်းသည်လည်း ညံ့ဖျင်းပြီး ကျွန်ုပ်၏ တာဝန် ထမ်းဆောင်မှုသည် အရည်အသွေးညံ့သည်။ ကျွန်ုပ်၏ အစွမ်းအစသည် လုံးဝ မတိုးတက်သေးပါ။ မည်သည့်အရာ ဖြစ်နေသနည်း။ ဘုရားသခင်အပေါ် ကျွန်ုပ်၏ ရိုးသားစစ်မှန်မှုက မလုံလောက်ခြင်းများ ဖြစ်နိုင်မည်လော။ သို့မဟုတ် ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်လေသလော။ မည်သည့်နေရာတွင် ကျွန်ုပ် ချို့တဲ့နေသနည်း”ဟုဆိုလျက် အပျက်သဘောပင် ဆောင်လာကြသည်။ လူအချို့သည် အမျိုးမျိုးသော အကြောင်းပြချက်များကို ရှာကြပြီး ဤအချက်ကို ပြောင်းလဲရန် တရားဒေသနာများကို ပိုမိုနားထောင်ခြင်း၊ ပိုမိုများပြားသော ဘုရားနှုတ်ကပတ်တော်များကို အလွတ်ကျက်ခြင်း၊ ပိုမိုများပြားသော ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း မှတ်စုများကို ရေးသားခြင်းအပြင် သမ္မာတရားကို လူတို့ မိတ်သဟာယပြုသည်ကို ပိုမိုနားထောင်ခြင်းနှင့် ပိုမိုရှာဖွေခြင်းတို့ကဲ့သို့သော လုပ်နည်းကိုင်နည်းများစွာကို ကြိုးစားကြည့်ကြပြီးဖြစ်သည်။ သို့သော် နောက်ဆုံးရလဒ်မှာ စိတ်ပျက်စရာဖြစ်နေဆဲဖြစ်သည်။ အလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းတို့သည် ဘုရားသခင်ကို သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ ယုံကြည်ပြီးနောက်တွင်ပင် မည်သည့် တိုးတက်မှုမျှမရှိဘဲ ယခင်ကဲ့သို့ ဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ပင်ကိုစရိုက်ကို ကြည့်ရှုပြီး ယခင်ကကဲ့သို့ပင် သတ္တိမရှိသေးကြောင်း၊ အိုမင်းသော နွားတစ်ကောင်ကဲ့သို့ နှေးကွေးနေဆဲဖြစ်ကြောင်း၊ သို့မဟုတ် ၎င်းတို့တွင် စိတ်မရှည်သော ပင်ကိုစရိုက်ရှိနေဆဲဖြစ်ပြီး အရာရာတိုင်းကို ကမူးရှူးထိုးပုံစံဖြင့် ကိုင်တွယ်နေဆဲ ဖြစ်ကြောင်း တွေ့ရှိကြသည်၊ ပြောင်းလဲခြင်း လုံးဝမရှိပေ။ အခြားသူများကမူ မကြာသေးမီက ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများ မပြောင်းလဲသေးဟု ထင်ရကြောင်း၊ ၎င်းတို့၏ ချို့ယွင်းချက်များ၊ အလေ့အကျင့်များနှင့် အပြစ်အနာအဆာအချို့လည်း မပြောင်းလဲသေးကြောင်း သတိပြုမိကြသည်။ အိပ်ရာဝင်နောက်ကျပြီး အိပ်ရာထနောက်ကျခြင်းကို နှစ်သက်သော အခြားသူများကမူ ဤအသက်တာဆိုင်ရာ အလေ့အကျင့်များလည်း မပြောင်းလဲသေးကြောင်း သတိပြုမိကြသည်။ ထို့ကြောင့် ၎င်းတို့အားလုံးက “မည်သည့်အရာဖြစ်နေသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ငါ့အပေါ်တွင် အလုပ်မလုပ်နေခြင်းများ ဖြစ်သလား။ ဘုရားသခင်က ငါ့ကို စွန့်ပစ်လိုက်ပြီလား။ ဘုရားသခင်က ငါ့ကို မနှစ်သက်ဘူးလား။ ငါက လမ်းမှားကို လျှောက်နေခြင်း ဖြစ်သလား။ ငါက မှားယွင်းသည့်နည်းလမ်းဖြင့် လိုက်စားနေခြင်း ဖြစ်သလား။ ငါ့တာဝန်ကို ထမ်းဆောင်ရာတွင် ငါ့စိတ်နှလုံးကို လုံလောက်အောင် မထည့်ထားဘူးလား။ ငါက လုံလောက်သည့် အဖိုးအခကို မပေးဆပ်ခဲ့ဘူးလား” ဟု စူးစမ်းကြသည်။ ၎င်းတို့သည် အကြောင်းရင်းအမျိုးမျိုးကို ရှာဖွေကြသော်လည်း နောက်ဆုံးတွင် ရလဒ်မထွက်ဘဲ အဆုံးသတ်ကြသည်။ ၎င်းတို့ ရလဒ်မထွက်ရခြင်း၏ အကြောင်းရင်းမှာ အဘယ်နည်း။ (အကြောင်းမှာ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများအတွင်း၌ အစဉ်အသက်ရှင်ခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ၎င်းတို့သည် ကိုယ်တော့်အပေါ် ရိုးသားနေသမျှကာလပတ်လုံး ဘုရားသခင် အလုပ်လုပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းတို့ တိုးတက်လာလိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်၊ ၎င်းတို့၏ ထိုသို့သော အတွေးအခေါ်များသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများမှ ပေါက်ဖွားလာခြင်း ဖြစ်ပါသည်။) လူတို့၏ အယူအဆများနှင့် စိတ်ကူးများသည် ၎င်းတို့၏ လိုက်စားမှု၏ ပန်းတိုင်များနှင့် နည်းလမ်းများကို ဆုံးဖြတ်သည်၊ ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းများကို ဆုံးဖြတ်သည်၊ နောက်ဆုံးတွင် ၎င်းတို့၏ အကျိုးအမြတ်များနှင့် အဆုံးသတ်များကို ဆုံးဖြတ်သည်။ လူတို့တွင် ထိုသို့သော အယူအဆများနှင့် စိတ်ကူးများ ရှိပါက ၎င်းတို့ အဘယ်အရာကို ရရှိမည်နည်း။ ၎င်းတို့ သမ္မာတရားကို ရရှိမည်လော။ ၎င်းတို့ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းနှင့် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ရရှိမည်လော။ ၎င်းတို့ ဘုရားသခင်အပေါ် စစ်မှန်သော ကျိုးနွံနာခံမှုကို ရရှိမည်လော။ (မရရှိပါ။) ၎င်းတို့သည် ဤအရာများထဲမှ တစ်ခုကိုမျှ ရရှိမည်မဟုတ်ပေ။

ဘုရားသခင်ကို ယုံကြည်ခြင်း၌ ဘုရားသခင်၏ အမှုတော်သည် လူတို့နှင့်ပတ်သက်၍ အတိအကျ မည်သည့်အရာကို ပြောင်းလဲရန် ရည်ရွယ်သည်ကိုလည်းကောင်း၊ ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးခြင်း ပြဿနာကို မည်သို့ ဖြေရှင်းသည်ကိုလည်းကောင်း၊ လူတို့၌ သူ မည်သည့်အရာကို ပြီးမြောက်အောင်မြင်စေရန် ရည်ရွယ်သည်ကိုလည်းကောင်း လူတစ်ဦးသည် နားလည်သင့်သည်၊ ဤသည်တို့မှာ ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သင့်သည့် ကိစ္စရပ်များဖြစ်သည် မဟုတ်လော။ အချုပ်အားဖြင့်ဆိုသော် ဘုရားသခင်သည် သူ၏အမှုတော်ဖြင့် လူတို့၌ အတိအကျ မည်သည့်အကျိုးသက်ရောက်မှုများကို ရရှိရန် ရည်ရွယ်သည်ကို လူတစ်ဦးသည် နားလည်သင့်သည်။ ပထမဦးစွာ ဘုရားသခင်၏ အမှုတော်၏ ဤအဆင့်တွင် သူသည် သမ္မာတရားကို ဖော်ပြပြီး အသက်ကို ထောက်ပံ့နေခြင်း ဖြစ်သည်။ လူတို့အား သမ္မာတရားကို ထောက်ပံ့ပေးခြင်းအလုပ်သည် ၎င်းတို့အနေဖြင့် လက်တွေ့ဘဝတွင် လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးတို့ကို ကြုံတွေ့သည့်အခါ လိုက်နာရမည့် သမ္မာတရား စည်းမျဉ်းများအကြောင်း ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်၊ သို့မှသာ ယင်းတို့ကို နားလည်ပြီးနောက် ၎င်းတို့သည် ဤသမ္မာတရား စည်းမျဉ်းများကို အခြေခံ၍ လူများနှင့် အမှုအရာများကို ရှုမြင်နိုင်မည်ဖြစ်ပြီး ကျင့်ကြံပြုမူကာ လုပ်ဆောင်နိုင်မည်ဖြစ်ကာ ဤအခြေခံအပေါ်၌ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြေရှင်းခြင်းခံရပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားနိုင်ကာ ဘုရားသခင်ကို စစ်မှန်စွာနှင့် အကြွင်းမဲ့ ကျိုးနွံနာခံနိုင်ကြမည် ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခြင်းခံရခြင်း၏ နိမိတ်လက္ခဏာတစ်ခုလည်းဖြစ်ပြီး နောက်ဆုံးတွင် လူတို့၌ မြင်တွေ့နိုင်သည့် ကယ်တင်ခြင်းခံရခြင်း၏ စစ်မှန်သော သရုပ်သကန်တစ်ခု ဖြစ်သည်မှာ ပြောစရာမလိုပေ။ ဘုရားသခင်က လူတို့အား သမ္မာတရားကို ထောက်ပံ့ပေးသည့် ဖြစ်စဉ်တစ်ခုလုံးတွင် ဖြေရှင်းရန်လိုအပ်သည့် အဓိကကျသော ကိစ္စရပ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ အဓိကအားဖြင့် ဖြေရှင်းရန် ကိစ္စရပ်နှစ်မျိုး ရှိသည်။ ဖြေရှင်းရန် ပထမကိစ္စရပ်အမျိုးအစားမှာ လူတို့၏ အယူအဆများ ဖြစ်သည်။ စာတန်ထံမှလာသော လူတို့၏ မှားယွင်းသော၊ လွဲချော်သော၊ ခိုင်မြဲစွာဆုပ်ကိုင်ထားသော အတွေးအခေါ်များနှင့် ရှုမြင်ချက်အမျိုးမျိုးတို့ကို လူတို့၏ အယူအဆများဟု စုပေါင်းရည်ညွှန်းသည်။ ဤမှားယွင်းသော အတွေးအခေါ်များနှင့် ရှုမြင်ချက်များသည် လူတို့၏ အတွေးအခေါ်များနှင့် အပြုအမူများကို ထိန်းချုပ်ပြီး ၎င်းတို့က လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် အခြေခံ အတွေးအခေါ်သီအိုရီတစ်ခု ဖြစ်နှင့်ပြီးဖြစ်သောကြောင့် ယင်းတို့ကို လုံးဝဥဿုံ ဖြေရှင်းရမည်ဖြစ်သည်။ ဤသည်မှာ လူတို့၏ အတွေးအခေါ်များနှင့် သက်ဆိုင်သော ဖြေရှင်းရန်လိုအပ်သည့် ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဖြေရှင်းရန် အခြားကိစ္စရပ်အမျိုးအစားမှာ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အသင်းတော်အသက်တာတွင် မကြာခဏ မိတ်သဟာယဖွဲ့ခြင်း၊ ဆွေးနွေးခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်း ခံရသည့် ခေါင်းစဉ်တစ်ခု ဖြစ်သည်။ အချို့သော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတို့၏ မှားယွင်းသော အတွေးအခေါ်များနှင့် ရှုမြင်ချက်များကြောင့် ဖြစ်ပွားပြီး အခြားသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှာမူ စာတန်ဆန်သော စိတ်သဘောထားများသက်သက် ဖြစ်ကြသည်။ သူ၏အမှုတော်နှင့် နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်က လူတို့၌ ဖြေရှင်းရန် ရည်ရွယ်သည့် အရာနှစ်ခုမှာ ၎င်းတို့၏ အယူအဆများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ကြသည်။ ၎င်းတို့၏ အယူအဆများသည် လူများနှင့် အမှုအရာများကို လူတစ်ဦး မည်သို့ရှုမြင်သည်နှင့် သက်ဆိုင်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ လူတစ်ဦး မည်သို့ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်နှင့် သက်ဆိုင်သည်။ ဤအရာနှစ်ခု ဖြေရှင်းပြီး၍ လူတို့သည် သမ္မာတရားကို ရရှိကာ ဘုရားသခင်ကို ကျိုးနွံနာခံနိုင်ပြီး သူနှင့် သဟဇာတ ဖြစ်လာနိုင်သည့်အခါ ဘုရားသခင်၏အမှုတော်သည် ယင်း၏အကျိုးသက်ရောက်မှုကို ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ ဘုရားသခင်၏အမှုတော်သည် အဆုံးသတ်သို့ ရောက်ရှိပြီးဖြစ်လိမ့်မည်။ သို့ရာတွင် ဘုရားသခင်၏အမှုတော် ဖြစ်စဉ်တစ်ခုလုံးတစ်လျှောက် ဘုရားသခင် အလုပ်လုပ်သည့် နည်းလမ်းဖြစ်စေ၊ သူ၏အမှုတော်၏ တိကျသော အဆင့်များဖြစ်စေ၊ သို့မဟုတ် သူဖော်ပြသည့် သမ္မာတရားတစ်ခုစီဖြစ်စေ ဤအရာတစ်ခုမျှသည် လူတို့၏ ပင်ကိုစရိုက်များ၊ အစွမ်းအစများ၊ အရည်အချင်းများ၊ ပင်ကိုအသိစိတ်များ၊ ဘဝအလေ့အထများနှင့် နေထိုင်မှုပုံစံများ၊ သို့မဟုတ် ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများကဲ့သို့သော ကဏ္ဍများကို ပစ်မှတ်ထားခြင်း မရှိပေ။ တစ်နည်းအားဖြင့်ဆိုသော် ဘုရားသခင်၏အမှုတော်၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် အရေးပါမှုသည် လူတို့၏ မွေးရာပါ အစွမ်းအစများနှင့် အရည်အချင်းများ၊ ပင်ကိုအသိစိတ်များ၊ ပင်ကိုစရိုက်များ စသည်တို့ကို ပြောင်းလဲရန် မဟုတ်ပေ။ သင်သည် မည်သို့သော အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် သင်၏ မွေးရာပါ ပင်ကိုစရိုက်၊ ဘဝအလေ့အထများ၊ ပင်ကိုအသိစိတ်များနှင့် အခြားသော ကဏ္ဍအမျိုးမျိုးတို့သည် မည်သို့ပင်ဖြစ်နေပါစေ ဘုရားသခင်သည် ဤအရာတစ်ခုကိုမျှ မကြည့်ပေ။ သူသည် သင် ပုံမှန်လူ့သဘာဝရှိသော လူတစ်ဦး ဟုတ်မဟုတ်ကိုသာ ကြည့်ပြီး ထို့နောက် ဤအခြေခံအပေါ်၌ သင့်အား သမ္မာတရားကို ထောက်ပံ့ပေးကာ သင့်အပေါ် အလုပ်လုပ်သည်။ ဘုရားသခင်သည် သင့်အား သမ္မာတရား၏ မည်သည့်ကဏ္ဍများကို ထောက်ပံ့ပေးသည်ဖြစ်စေ၊ သို့မဟုတ် သင့်အပေါ် သူ မည်သို့သောအလုပ်မျိုးကို လုပ်ဆောင်သည်ဖြစ်စေ၊ နောက်ဆုံးတွင် ယင်းမှာ သင်၏ မွေးရာပါ အစွမ်းအစနှင့် ပင်ကိုအသိစိတ်များကို ပြောင်းလဲရန်အလို့ငှာ မဟုတ်ပေ၊ ယင်းမှာ သင်၏ အစွမ်းအစ သို့မဟုတ် ပင်ကိုအသိစိတ်များကို မြှင့်တင်ပြီး ပိုကောင်းအောင်ပြုလုပ်ရန်၊ သို့မဟုတ် ယင်းတို့ကို အထူးသဖြင့် သဘာဝလွန်ဖြစ်အောင် ပြုလုပ်ရန် မဟုတ်ပေ၊ ဤကဏ္ဍတစ်ခုမျှသည် ဘုရားသခင်က သူ၏အမှုတော်ဖြင့် ပြောင်းလဲလိုသည့် ပစ်မှတ်များ မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ခဲ့သည်ဖြစ်စေ၊ တရားဒေသနာ မည်မျှကို သင် နားထောင်ခဲ့သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် သင် မည်မျှ အားထုတ်ကြိုးပမ်းခဲ့သည်ဖြစ်စေ သင်၏ မွေးရာပါ အစွမ်းအစသည် အတူတူပင်ဖြစ်နေမည်ဖြစ်ပြီး ပြောင်းလဲမည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ခြင်း၊ တရားဒေသနာများကို နှစ်ပေါင်းများစွာ နားထောင်ခဲ့ခြင်းနှင့် နှစ်ပေါင်းများစွာ လှည့်လည်သွားလာကာ မိမိကိုယ်ကို အသုံးခံခဲ့ခြင်းတို့ကြောင့် ယင်းသည် ပြောင်းလဲမည် မဟုတ်ပေ။ သင်၏ ပင်ကိုစရိုက်၊ ပင်ကိုအသိစိတ်များ၊ ဘဝအလေ့အထများ၊ စိတ်ဝင်စားမှုများ၊ ဝါသနာများ စသည်တို့အတွက်လည်း အတူတူပင် ဖြစ်သည်မှာ အမှန်ပင်၊ သင်သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး သင်၏တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ခြင်းကြောင့် ၎င်းတို့သည် ပြောင်းလဲမည် မဟုတ်ပေ။ လူတို့၏ အယူအဆများထဲတွင် ဤပြောင်းလဲခြင်းသည် နိမ့်ကျသွားခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ မြင့်တက်လာခြင်းကို ဆိုလိုသည်မှာ သေချာသည်၊ ဤအရာများကို ယခင်ကထက် ပိုမြင့်မားပြီး ပိုကောင်းအောင် ပြုလုပ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏အမှုတော်သည် မည်သည့်အဆင့်တွင် ရှိနေသည်ဖြစ်စေ၊ ယင်းကိုလုပ်ဆောင်ရန် သူ မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ သူ၏အမှုတော်က ပြောင်းလဲသည့်အရာသည် လူတို့၏ မွေးရာပါ အစွမ်းအစများ၊ အလုပ်လုပ်နိုင်စွမ်းများ၊ ပင်ကိုအသိစိတ်များ၊ ပင်ကိုစရိုက်များနှင့် စသည်တို့ မဟုတ်ပေ။ သို့ဖြစ်၍ သင်၏ အစွမ်းအစသည် ညံ့ဖျင်းပြီး သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန်၊ သို့မဟုတ် အလုပ်ကိစ္စရပ်တစ်ခုအတွက် ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်ရန် အစွမ်းအစကို လက်ရှိတွင် မပိုင်ဆိုင်ပါက နောင် အနှစ် ၂၀ သို့မဟုတ် ၃၀ တွင်လည်း သင် ပိုင်ဆိုင်မည် မဟုတ်ပေ၊ သင်သည် သမ္မာတရားကို လိုက်စားခြင်းကြောင့် အဆုံးစွန်တွင် ကယ်တင်ခြင်းခံရလျှင်ပင် သင်သည် ယင်းကို ပိုင်ဆိုင်ဦးမည် မဟုတ်ပေ။ သင်၏ အစွမ်းအစသည် ပြောင်းလဲမည် မဟုတ်ပေ။ သို့ဆိုလျှင် သင်၏ ပင်ကိုအသိစိတ်များက ပြောင်းလဲမည်လော။ လူတိုင်းသည် မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်းနှင့် သေခြင်းတို့ကို တွေ့ကြုံခံစားရပြီး ကြီးမားသော ဖြစ်ရပ်များနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် စိတ်လှုပ်ရှားခြင်း၊ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း စသည်တို့ ဖြစ်လာကြလိမ့်မည်၊ ဤပင်ကိုအသိစိတ်များသည်လည်း ပြောင်းလဲမည် မဟုတ်ပေ။ ဥပမာအားဖြင့် လူတို့သည် အလွန်ကျယ်လောင်သော အသံတစ်ခုကို ကြားသည့်အခါ ၎င်းတို့အားလုံးသည် မိမိတို့၏ခေါင်းများကို အုပ်ပြီး လုံခြုံသောနေရာတစ်ခုတွင် ပုန်းကြလိမ့်မည်၊ ဤသည်မှာ ပင်ကိုအသိစိတ် ဖြစ်သည်။ သင်၏လက်သည် မီးတောက်တစ်ခု သို့မဟုတ် ပူသောအရာတစ်ခုခုကို ထိမိသည့်အခါ သင်သည် လက်ကို အလိုအလျောက် ပြန်ရုတ်လိမ့်မည်၊ သို့မဟုတ် သင်သည် ကံမကောင်းအကြောင်းမလှသော သတင်းတစ်ခုခုကို ကြားသည့်အခါ သင်သည် အတွင်း၌ အလိုအလျောက် တုန်လှုပ်ပြီး ထိတ်လန့်မှုကို ခံစားရလိမ့်မည်။ သင်သည် အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ အလိုအလျောက်ဆိုသလို သင်၏ ပထမဆုံးအတွေးမှာ “ငါ လုံခြုံပါ၏လော။ ဤအန္တရာယ်က ငါ့ထံ လာနေသလော” ဟူ၍ ဖြစ်လိမ့်မည်။ ဤသည်မှာ ပင်ကိုအသိစိတ် ဖြစ်သည်။ ထို့ပြင် တစ်စုံတစ်ယောက်က သင့်ကို ရိုက်ရန် လက်လှမ်းသည့်အခါ သင်သည် မိမိကိုယ်ကို ကာကွယ်ရန် အလိုအလျောက် ရှောင်တိမ်းလိမ့်မည်၊ ဖုန် သို့မဟုတ် ရေသည် သင်၏မျက်လုံးများထဲသို့ ဝင်သည့်အခါ သင်သည် အလိုအလျောက် မျက်စိမှိတ်လိမ့်မည်၊ သင် သွားကိုက်သည့်အခါ သင်၏သွားကို သင်၏လက်ဖြင့် မကြာခဏ ထိကိုင်လိမ့်မည်။ သင်သည် ပင်ကိုအသိစိတ်ဖြင့် အလိုအလျောက်တုံ့ပြန်မှုတစ်ခု ရှိမည်ဖြစ်ပြီး သရုပ်သကန်တစ်ခုခု ရှိမည် သို့မဟုတ် ပင်ကိုအသိစိတ်နှင့်ဆိုင်သော လုပ်ဆောင်မှုတစ်ခုကို လုပ်ဆောင်လိမ့်မည်။ လူတို့သည် ဤပင်ကိုအသိစိတ်နှင့်ဆိုင်သော တုံ့ပြန်မှုများဖြင့် မွေးဖွားလာခဲ့ကြသည်။ မည်သူမျှ ယင်းတို့ကို ယူဆောင်သွား၍မရသကဲ့သို့ ဘုရားသခင်သည်လည်း ၎င်းတို့ကို ပြောင်းလဲတော်မူမည် မဟုတ်ပေ။ ဤပင်ကိုအသိစိတ်နှင့်ဆိုင်သော တုံ့ပြန်မှုများကို လူတို့ကို သူဖန်ဆင်းခဲ့စဉ်က ဘုရားသခင်က ၎င်းတို့အတွက် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် လူတို့ကို ကာကွယ်ရန် ရည်ရွယ်သည်။ ၎င်းတို့သည် ဖန်ဆင်းခံလူသားတစ်ဦး ပိုင်ဆိုင်ရမည့်အရာတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ဤပင်ကိုအသိစိတ်များကို ယူဆောင်သွားမည် မဟုတ်သကဲ့သို့ သင်သည် သမ္မာတရားကို လိုက်စားခြင်းကြောင့်လည်း ယင်းတို့ကို ဆုံးရှုံးသွားမည် မဟုတ်ပေ။ ဤအရာဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ သင်သည် သမ္မာတရားကို လိုက်စားခြင်း၊ သမ္မာတရားများစွာကို နားလည်ပြီးဖြစ်ခြင်းနှင့် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံမှုရှိခြင်းတို့ကြောင့် မီးလောင်သည့်အခါ သင် ကြောက်ရွံ့မည်မဟုတ်ခြင်း သို့မဟုတ် သင်၏လက်ကို ဆီပူအိုးထဲသို့ ထည့်သည့်အခါ အပူလောင်သည်ကို သင် ခံစားရမည်မဟုတ်ခြင်းတို့ ဖြစ်မည်မဟုတ်ဟု ငါဆိုလိုသည်၊ ဤသည်မှာ မဖြစ်နိုင်သည့်အရာ ဖြစ်သည်။ တစ်စုံတစ်ယောက်က ထိုသို့သော သက်သေခံချက်တစ်ခုကို ပေးခဲ့လျှင် သင် မည်သို့ထင်မည်နည်း။ သင်သည် ၎င်းတို့ကို အားကျပြီး အထင်ကြီးလေးစားမည်လော။ သင်သည် ယင်းကို မည်သို့သော အကဲဖြတ်မှုနှင့် စရိုက်လက္ခဏာ သရုပ်ဖော်မှုမျိုး ပြုလုပ်မည်နည်း။ အနည်းဆုံးအနေဖြင့် ဤသည်မှာ သဘာဝလွန် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ဘုရားသခင်သည် ယင်းကို ပြုလုပ်တော်မူမည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဖန်ဆင်းပေးထားသည့် ပင်ကိုအသိစိတ်များနှင့် ပတ်သက်၍မူ သင်သည် သမ္မာတရားကို လိုက်စားသောကြောင့် ဘုရားသခင်သည် သင်၏ ဤပင်ကိုအသိစိတ်များကို ယူဆောင်သွားမည် မဟုတ်သကဲ့သို့၊ သူသည် ဤပင်ကိုအသိစိတ်များကို သဘာဝလွန် စွမ်းအားများအဖြစ်သို့လည်း ပြောင်းလဲပေးမည် မဟုတ်ပေ။ ဥပမာအားဖြင့် သင်သည် မှောင်မိုက်သောနေရာတစ်ခုတွင် ရှိနေပြီး မည်သည့်အရာကိုမျှ မမြင်နိုင်ဟု ဆိုကြပါစို့၊ သင်သည် သင့်အနီးအနားကို အလိုအလျောက် စမ်းတဝါးဝါး လုပ်မည်ဖြစ်ပြီး သင့်ပတ်လည်ရှိ အသံများကို ခွဲခြားသိမြင်ရန် သင်၏နားများဖြင့် ဂရုတစိုက် နားထောင်ကာ ရှေ့သို့ သင်၏လမ်းကို အလိုအလျောက် စမ်းတဝါးဝါးသွားလိမ့်မည်။ သင်သည် သမ္မာတရားကို လိုက်စားသောကြောင့် ဇာတိပကတိကို ကျော်လွန်သွားမည် မဟုတ်ပေ၊ ပို၍မှောင်လာလေလေ၊ သင်၏မျက်လုံးများသည် ပို၍လင်းလာသည်ဟု ခံစားရလေလေဖြစ်ပြီး အမှုအရာများကို သင် ပို၍ရှင်းလင်းစွာ မြင်နိုင်လေလေ၊ သင်၏ဦးတည်ရာကို ရှာတွေ့ရန် ပို၍လွယ်ကူလေလေ ဖြစ်မည်မဟုတ်ပေ၊ ဤသည်မှာ သဘာဝလွန်ဖြစ်ပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာတစ်ခု မဟုတ်ပေ။ သင်သည် သမ္မာတရားများစွာကို နားလည်ပြီးဖြစ်လျှင်ပင်၊ သမ္မာတရားကို ကျိုးနွံနာခံနိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လျှင်ပင် ဤကိစ္စနှင့်ပတ်သက်၍ သင်၏ ပင်ကိုအသိစိတ်များသည် အတူတူပင်ဖြစ်နေနိုင်ပြီး ဆုတ်ယုတ်မသွားပါက ယင်းမှာ ကောင်းမွန်လှပြီးဖြစ်သည်၊ သို့တိုင် သင်သည် ၎င်းတို့ကို သဘာဝလွန်ဖြစ်လာစေလိုသည်၊ ယင်းမှာ မဖြစ်နိုင်သည့်အရာ ဖြစ်ပေသည်တကား။ ထို့အပြင် လူတစ်ဦး၏ အမှုအရာများကို ရှုမြင်နိုင်စွမ်း၊ ကိုင်တွယ်နိုင်စွမ်းနှင့် ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းနိုင်စွမ်းတို့သည်လည်း ဘုရားသခင်က သူ၏အမှုတော်ဖြင့် ပြောင်းလဲရန် ရည်ရွယ်သည့်အရာများ မဟုတ်ပေ။ လူတစ်ဦး၏ အမှုအရာများကို ကိုင်တွယ်နိုင်စွမ်းသည် တစ်ဖက်တွင် ၎င်းတို့၏ အစွမ်းအစအပေါ် မူတည်ပြီး အခြားတစ်ဖက်တွင် ၎င်းတို့၏ မွေးရာပါ ပင်ကိုဉာဏ်ရည် အပေါ် မူတည်ကာ ၎င်းတို့၏ ပင်ကိုဉာဏ်ရည်တွင် ၎င်းတို့၏ ဆုကျေးဇူးများ ပါဝင်သည်။ အချို့လူများသည် ပြင်ပကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် အချို့သော အရည်အချင်းများနှင့် ဆုကျေးဇူးများကို အထူးသဖြင့် ပိုင်ဆိုင်လျက် မွေးဖွားလာကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် တွေးခေါ်ခြင်းနှင့် လူမှုဆက်ဆံရေးတွင် ကောင်းမွန်ကြသည်၊ ၎င်းတို့သည် အထူးလူမှု ဆက်ဆံရေးစွမ်းရည်တစ်ခုဖြင့် မွေးဖွားလာကြပြီး လူများနှင့် မည်သို့ အပြန်အလှန်ဆက်ဆံရမည်၊ အမှုအရာများကို ရှုမြင်ရမည်နှင့် အချို့သောကိစ္စရပ်များကို ကိုင်တွယ်ရမည်ကို ၎င်းတို့ သိကြသည်။ ၎င်းတို့၏စိတ်ထဲတွင် အမှုအရာအမျိုးမျိုးနှင့် ပတ်သက်လာလျှင် အလွန်ယုတ္တိရှိသော အလွန်ရှင်းလင်းသည့် အတွေးအခေါ်အမျှင်တန်းများ ၎င်းတို့၌ ရှိကြသည်။ တစ်စုံတစ်ခုကို ၎င်းတို့ ရှုမြင်သည့်အခါ မည်သည့်သွေဖည်ခြင်း သို့မဟုတ် အဓိပ္ပာယ်မဲ့ခြင်းမျှမရှိဘဲ ကိစ္စရပ်၏ အခရာကို သဘောပေါက်နိုင်ကြပြီး ပြဿနာများကို အတော်အတန် တိကျမှန်ကန်သောနည်းလမ်းဖြင့် ကိုင်တွယ်နိုင်ကြသည်။ ဤလူအမျိုးအစားသည် ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်းကို ပိုင်ဆိုင်သည်။ အချို့လူများသည် ဤစွမ်းရည်ဖြင့် မွေးဖွားလာကြခြင်းမဟုတ်ဘဲ ၎င်းတို့သည် စာအုပ်များဖတ်ခြင်း၊ ပန်းများစိုက်ခြင်း၊ မြက်ပင်များစိုက်ခြင်း၊ ငှက်များမွေးခြင်းနှင့် ထိုသို့သောအရာများကိုသာ နှစ်သက်ကြသည်။ ဤအရာကို အဘယ်သို့ခေါ်သနည်း။ ယင်းကို သန့်စင်ပြီး အေးချမ်းသော နေထိုင်မှုဘဝပုံစံရှိခြင်းဟု ခေါ်သည်။ ဤသူတို့သည် ကျက်သရေရှိခြင်းနှင့် သန့်စင်ခြင်းကို လိုက်စားသောလူများ ဖြစ်ကြသည်။ ၎င်းတို့သည် လူမှုဆက်ဆံရေး သို့မဟုတ် ပြင်ပကိစ္စရပ်များကို ကိုင်တွယ်ရာတွင် မတော်ကြပေ၊ ၎င်းတို့၌ ဤစွမ်းဆောင်နိုင်ရည် မရှိပေ။ ၎င်းတို့ အပြင်ထွက်၍ ကိစ္စရပ်များ ကိုင်တွယ်ရန်၊ ရှေ့နေတစ်ဦးနှင့် တိုင်ပင်ရန် သို့မဟုတ် အရေးပါသောပုဂ္ဂိုလ်တစ်ဦးနှင့် အပြန်အလှန်ဆက်ဆံရန် လိုအပ်သည့်အခါ ၎င်းတို့သည် အလွန်ကြောက်ရွံ့ထိတ်လန့်ပြီး ထိုလူကို တည့်တည့်မကြည့်ဝံ့ကြပေ၊ ၎င်းတို့ကို မေးခွန်းများမေးသည့်အခါ ၎င်းတို့သည် စကားအထစ်အငေါ့ငေါ့ဖြစ်ပြီး မည်သို့ပြောရမည်ကို မသိဖြစ်ကြသည်။ ၎င်းတို့သည် အသုံးမကျပေ၊ ဟုတ်သည် မဟုတ်လော။ ဤလူအမျိုးအစားသည် ကိစ္စတစ်ခုခုနှင့် မရင်ဆိုင်ရသည့်အခါ “ကျွန်ုပ်သည် မည်သို့မည်ပုံရှိသော အမှုအရာများကို လုပ်ခဲ့ပါသည်၊ ကျွန်ုပ်၌ မည်သို့မည်ပုံရှိသော ထင်ရှားကျော်ကြားသည့် အတိတ်ရှိခဲ့ပါသည်၊ ကျွန်ုပ်သည် တစ်ချိန်က မည်သို့မည်ပုံရှိသော လူများနှင့် အပြန်အလှန် ဆက်ဆံခဲ့ဖူးပြီး မည်သို့မည်ပုံရှိသော ကျော်ကြားသူများကို သိကျွမ်းခဲ့ပါသည်...” ဟုဆိုလျက် ကြွားဝါရာ၌ အလွန်တော်ကြသည်။ သို့ရာတွင် ၎င်းတို့ကို တစ်စုံတစ်ခုကို ကိုင်တွယ်ရန် အမှန်တကယ် စေလွှတ်သည့်အခါ ၎င်းတို့သည် အရိပ်အယောင်ပင် မတွေ့ရဘဲ ပျောက်ကွယ်သွားကြသည်။ ဖြစ်ချင်တော့ ၎င်းတို့စွမ်းဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကြွားဝါခြင်းဖြစ်ပြီး ၎င်းတို့၌ စစ်မှန်သော အရည်အချင်း သို့မဟုတ် အသိပညာမရှိသကဲ့သို့ ကိစ္စရပ်များ ကိုင်တွယ်နိုင်စွမ်းလည်း မရှိကြောင်း ထင်ရှားသွားသည်။ တစ်စုံတစ်ယောက်သည် ကိစ္စရပ်များကို ကိုင်တွယ်ရာ၌ ညံ့ဖျင်းသည်ဟူသောအချက်ကို ၎င်းတို့ သမ္မာတရားကို လိုက်စားခြင်းဖြင့် ပြောင်းလဲနိုင်သလော။ ကံမကောင်းစွာပင် ယင်းကို မပြောင်းလဲနိုင်ပေ။ သီးသန့်နေတတ်သော ပင်ကိုစရိုက်ရှိပြီး ငယ်စဉ်ကတည်းက အခြားလူများကို ရင်ဆိုင်ရန် ကြောက်ရွံ့ခဲ့ကြသော ထိုတစ်ဦးချင်းစီကို ကြည့်လော့။ ၎င်းတို့သည် အသက်နှစ်ဆယ် သို့မဟုတ် သုံးဆယ်အရွယ်တွင် လူတို့နှင့် စကားပြောသည့်အခါ သို့မဟုတ် လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်းပါဝင်သည့် ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ အလွန်စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ ၎င်းတို့ အသက်လတ်ပိုင်းအရွယ်သို့ ရောက်သည့်အချိန်တွင် လူအုပ်ရှေ့တွင် စကားပြောသည့်အခါ ရှက်ပြီး မျက်နှာနီနေဆဲ ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့ အသက်ရှင်နေသမျှကာလပတ်လုံး ကျယ်ပြန့်သောလောကကို မည်သည့်အခါမျှ ရင်ဆိုင်နိုင်ကြမည် မဟုတ်ပေ။ အခြားလူများမှာမူ ကွဲပြားသည်၊ ၎င်းတို့သည် ဆယ်ကျော်သက်အရွယ်ကတည်းက လူတို့နှင့် စကားစမြည်ပြောခြင်းနှင့် အပြန်အလှန်ဆက်ဆံခြင်းကို နှစ်သက်ခဲ့ကြသည်။ ၎င်းတို့ မည်သို့သောအရေးပါသည့် ပုဂ္ဂိုလ်နှင့် အပြန်အလှန်ဆက်ဆံသည်ဖြစ်စေ ၎င်းတို့ ကြောက်ရွံ့မည်မဟုတ်သကဲ့သို့ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ထိတ်လန့်ခြင်း မဖြစ်ပေ။ ၎င်းတို့၌ ဉာဏ်ပညာရှိသောကြောင့် လူကြောက်ခြင်း မရှိပေ။ လူများများရှိလေ၊ ၎င်းတို့ ပို၍ပျော်ရွှင်ပြီး ပို၍အားတက်သရောဖြစ်လေဖြစ်ကာ ၎င်းတို့ ပို၍ စွမ်းပကားပြလေ ဖြစ်သည်။ တစ်စုံတစ်ယောက်၏ ပင်ကိုစရိုက်နှင့် ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်းသည် ၎င်းတို့ ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားခြင်းမှတစ်ဆင့် ပြောင်းလဲနိုင်သလော။ (မပြောင်းလဲနိုင်ပါ။) ဘုရားသခင်သည် လူတို့နှင့်ပတ်သက်၍ ဤအရာများကို ပြောင်းလဲတော်မမူပေ။ အချို့လူများသည် ၎င်းတို့၏ ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်း ညံ့ဖျင်းခြင်းသည် ၎င်းတို့၏ လူ့သဘာဝ၌ ချို့ယွင်းချက်တစ်ခုဖြစ်ကြောင်း သိသောကြောင့် ယင်းကို ကျော်လွှားရန် ကြိုးစားလုပ်ဆောင်ကြသည်။ ၎င်းတို့သည် အသက်လတ်ပိုင်း သို့မဟုတ် အသက်ကြီးပိုင်းသို့ ရောက်သည့်အခါ ဆယ်စုနှစ်များစွာ မာကျောအောင်ပြုခြင်းကို တွေ့ကြုံခံစားပြီးနောက်တွင်လည်းကောင်း၊ များပြားကျယ်ပြန့်သော အတွေ့အကြုံကို စုဆောင်းပြီးနောက်တွင်လည်းကောင်း ၎င်းတို့သည် လောလောလတ်လတ် ကိစ္စရပ်အချို့ကို မနည်းမနော ကိုင်တွယ်ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်မည် ဖြစ်သည်၊ သို့သော် ၎င်းတို့သည် အရေးကြီးသော၊ အသက်သေဆုံးနိုင်သည့် ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်း ရှိနေဦးမည် မဟုတ်ပေ။ အထူးသဖြင့် အချို့လူများသည် အသက်ကြီးလာသည့်အခါ မိမိတို့ဘာသာ ဘာတစ်ခုမျှ မကိုင်တွယ်နိုင်ကြပေ၊ ၎င်းတို့ ကိုင်တွယ်ရန် ကြိုးစားသည့် မည်သည့်အရာမဆို၊ ၎င်းတို့သည် ယင်းကို လုံးဝ ကမောက်ကမဖြစ်အောင် လုပ်သည်၊ ၎င်းတို့သည် ယင်းကို လုံးဝ မထမ်းဆောင်နိုင်ပေ၊ မိမိတို့၏ မိသားစုရေးရာများ၏ ဝန်ကိုပင် မထမ်းနိုင်ကြပေ။ ပြီးလျှင် ၎င်းတို့ မည်သည့်အရာလုပ်ကြသနည်း။ အချို့ကိစ္စများတွင် ၎င်းတို့၏ကလေးများသည် ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်းရှိသောကြောင့် ဤလူများသည် ၎င်းတို့၏ကလေးများကို ကူညီခိုင်းပြီး ၎င်းတို့အတွက် လုပ်ဆောင်ပြီးဖြစ်သည့်အရာများကို ခံစားကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် အကျိုးပြုခဲ့ပြီးပြီ ကျွန်ုပ်၌ ကိစ္စရပ်များ ကိုင်တွယ်နိုင်စွမ်း ရှိသည်” ဟု ထင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့၌ ဤစွမ်းဆောင်နိုင်ရည် မရှိပေ။ ယခု ကြီးပြင်းလာပြီး တာဝန်ယူနိုင်ပြီဖြစ်သော ၎င်းတို့၏ကလေးများက ဤကိစ္စရပ်များ တာဝန်ယူခဲ့ခြင်း ဖြစ်သည်။ ဤလူများသည် ယခုအခါ အမှုအရာများကို ကိုင်တွယ်ဖြေရှင်းရာ၌ ငယ်စဉ်ကကဲ့သို့ စိုးရိမ်ကြောင့်ကြပြီး ကြောက်ရွံ့ခြင်း မရှိနိုင်တော့သော်လည်း ယင်းမှာ ၎င်းတို့၏ ကိစ္စရပ်များကို ကိုင်တွယ်နိုင်စွမ်းသည် ပြောင်းလဲသွားပြီ သို့မဟုတ် တိုးတက်လာပြီဟု မဆိုလိုပေ။ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ၎င်းတို့ အသက်ကြီးလာပြီ၊ အတွေ့အကြုံရလာပြီ၊ အမှုအရာများကို မကြောက်တော့ဟု ဆိုလိုသည်။ “အမှုအရာများကို မကြောက်တော့” ဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ၎င်းတို့သည် အမှုအရာများစွာကို တွေ့ကြုံခံစားခဲ့ပြီး အမှုအရာများ၏ ပုံစံများကို သဘောပေါက်လာသောကြောင့် အမှုအရာများကို ပို၍ ပွင့်လင်းသောစိတ်ဖြင့် ကြည့်ရှုနိုင်ကြသည်၊ သို့ဖြစ်၍ ၎င်းတို့သည် အန္တရာယ်အနည်းငယ်နှင့် အမှန်တကယ် ကြုံတွေ့ရပါက ၎င်းတို့ ကြောက်ရွံ့မည်မဟုတ်ဘဲ “ကောင်းပြီ၊ ကျွန်ုပ် ဤနေရာတွင်ရှိသည်။ ပိုက်ဆံလိုချင်လျှင် ကျွန်ုပ်မှာ တစ်ပြားမျှ မရှိပါ၊ အသက်လိုလျှင် အသက်တစ်ချောင်းသာ ရှိသည်၊ ကြိုက်သလိုလုပ်” ဟု တွေးကြလိမ့်မည်။ ထိုသို့သောလူများသည် တိုးတက်မှုတစ်စုံတစ်ရာ ရရှိပြီးပြီလော။ ၎င်းတို့သည် တိုးတက်မှု လုံးဝမရရှိသေးပေ၊ ၎င်းတို့သည် အမှုအရာများကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်လာလျှင် အတော်အတန် ပေါ့ဆပြီး နားဝေတိမ်တောင်ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် ယခင်ကကဲ့သို့ပင် စိတ်မဆင်ခြင်ဘဲ စိတ်မရှည်ကြပေ။ ၎င်းတို့သည် ယခင်က အမှုအရာများကို အဆုံးတိုင် မလုပ်ဆောင်နိုင်ခဲ့သကဲ့သို့ ယခုပင်လျှင် တစ်စက်မျှ မပြောင်းလဲသေးပေ။ ယင်းမှာ ၎င်းတို့ဖြစ်သည့် ပုံစံပင် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤသည်မှာ အမှုအရာများ အမှန်တကယ်ဖြစ်သည့် ပုံစံ မဟုတ်လော။ (ဟုတ်ပါသည်။)

သင်တို့ထဲတွင် အသက်အရွယ်အမျိုးမျိုးရှိသော လူများ ရှိကြသည်။ ယခုအချိန်အထိ သင်သည် ထူးခြားသောအရာတစ်ခုကို တွေ့ကြုံခံစားခဲ့ဖူးသလော။ သမ္မာတရားကို လိုက်စားခြင်းဖြစ်စဉ်တွင် သင်၏ အစွမ်းအစသည် လုံးဝပြောင်းလဲသွားပြီး ယခင်ကထက် များစွာ ပိုကောင်းလာခဲ့သလော၊ သို့မဟုတ် သင်၏ ပင်ကိုအသိစိတ်များ ပြောင်းလဲသွားခဲ့သလော။ သင်သည် ထိုသို့သော အတွေ့အကြုံမျိုး ရှိခဲ့ဖူးသလော။ (မရှိခဲ့ဖူးပါ။) သို့ဆိုလျှင် “ကျွန်ုပ်သည် ယခင်က အတော်လေး အသုံးမကျခဲ့ပါ။ ကျွန်ုပ်သည် စကားပြောမကောင်းခဲ့ပါ၊ ကျွန်ုပ်၌ မည်သည့်စွမ်းရည်များ သို့မဟုတ် ကျွမ်းကျင်မှုများမျှ မရှိခဲ့ပါ၊ မည်သည့် လူမှုဆက်ဆံရေး စွမ်းရည်များမျှလည်း မရှိခဲ့ပါ။ ယခု ဘုရားသခင်၏ အမှုတော်ကို ကျွန်ုပ်လက်ခံပြီးဖြစ်သောအခါ ကျွန်ုပ်သည် စကားပြောကောင်းလာသည်၊ ကျွန်ုပ်၌ လူမှုဆက်ဆံရေးစွမ်းရည်များ ရှိလာပြီး အမှုအရာများကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်လာလျှင် ဉာဏ်ကောင်းပြီး နည်းလမ်းကျွမ်းကျင်ကာ အမှုအရာများကို မည်သို့ကိုင်တွယ်ရမည်ကို သိပါသည်” ဟု တစ်စုံတစ်ယောက်က ပြောခဲ့ဖူးသလော။ တစ်စုံတစ်ယောက်သည် ဤသို့သော အတွေ့အကြုံမျိုး ရှိခဲ့ဖူးသလော။ (မရှိခဲ့ဖူးပါ။) အချို့က “ထိုအရာများသည် ကျွန်ုပ်အပေါ် မဖြစ်ပျက်ခဲ့သော်လည်း ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ဘုရားသခင်၏အမှုတော်ကို တွေ့ကြုံခံစားခြင်းဖြစ်စဉ်တွင် ကျွန်ုပ်၏ ပင်ကိုစရိုက် ပြောင်းလဲသွားသည်ဟု ကျွန်ုပ်ခံစားရသည်။ ကျွန်ုပ်သည် ယခင်က စကားဖြည်းဖြည်းပြောတတ်ပြီး လူတိုင်းက ကျွန်ုပ်ကို ‘စိတ်ပေါက်မှလိပ်လောက်ပြေးသူ’ ဟု ခေါ်ကြသည်။ ကျွန်ုပ်၌ ‘နှေးကွေးလေးကန်သူ’ ဟူသော အခြားနာမည်ပြောင်တစ်ခုလည်း ရှိခဲ့သည်။ ဘုရားသခင်ကို ကျွန်ုပ်ယုံကြည်စပြုကတည်းက ကျွန်ုပ်၏ တုံ့ပြန်မှုများသည် ယခင်ကထက် ပိုမြန်လာပြီး ကျွန်ုပ်သည် ပိုမြန်မြန် စကားပြောကာ လှုပ်ရှားသည်။ ကျွန်ုပ်သည် အမှုအရာများကိုလည်း ပို၍မြန်ဆန်ပြီး ထိရောက်စွာ ကိုင်တွယ်ပါသည်” ဟု ဆိုကြသည်။ ထိုသို့သောအရာများ ဖြစ်တတ်သလော။ (မဖြစ်တတ်ပါ။) ယင်းမှာ ဖြစ်နိုင်ကောင်းဖြစ်နိုင်သည့် ကိစ္စတစ်ခု ရှိသည်။ ဥပမာအားဖြင့် အချို့လူများသည် နိုင်ငံခြားဘာသာစကား တစ်ခုကို သင်ယူပြီး ယင်းကို စတင်၍ ပြောဆိုလေ့ကျင့်သည့်အခါ ၎င်းတို့သည် တစ်ကြိမ်လျှင် စကားတစ်လုံးဖြင့် အလွန်ဖြည်းညင်းစွာ ပြောကြသည်။ အခြားသူများက ဤလူများသည် နှေးကွေးသော စိတ်နေစိတ်ထားဖြင့် မွေးဖွားလာသောကြောင့် အလွန်ဖြည်းညင်းစွာ စကားပြောခြင်းဖြစ်နိုင်သည်ဟု ထင်ကြသည်။ သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက် ဤလူများသည် ထိုနိုင်ငံခြားဘာသာစကားကို ပြောဆိုသူများနှင့် မကြာခဏ ထိတွေ့ဆက်ဆံခဲ့သောကြောင့် မိမိတို့၏ မိခင်ဘာသာစကားကို ပြောဆိုသကဲ့သို့ လျင်မြန်စွာပင် ယင်းကို အလွန်ကျွမ်းကျင်စွာ ပြောဆိုနိုင်လာကြပြီး အဖြစ်မှန်ကို မသိသော အခြားသူများက “ထိုလူ၏ ပင်ကိုစရိုက် ပြောင်းလဲသွားပြီ။ ၎င်းသည် ယခင်က ဖြည်းညင်းစွာ စကားပြောတတ်ပြီး လူတို့သည် ၎င်းကို နားထောင်ရင်း စိတ်မရှည်ဟု ခံစားခဲ့ကြရသော်လည်း ယခုအခါ ၎င်းသည် အလွန်ကျွမ်းကျင်စွာ စကားပြောသည်၊ ၎င်းသည် သွက်လက်သောသူတစ်ဦး ဖြစ်လာပြီ။ ၎င်း၏ ရှင်းလင်းပြတ်သားသော စကားပြောပုံအရ ၎င်းသည် အမှုအရာများကို လျင်မြန်စွာ ကိုင်တွယ်ပြီး ပင်ကိုစရိုက်ကောင်းရှိသည်ကို သင်ပြောနိုင်သည်” ဟု ထင်ကြသည်။ ဤကိစ္စတွင် ၎င်း၏ ပင်ကိုစရိုက်၌ ပြောင်းလဲမှုတစ်ခု ရှိခဲ့ပါသလော။ (မရှိခဲ့ပါ။) အမှန်တကယ်တွင် ဤသည်မှာ ပုံမှန်ပုံစံတစ်ခု ဖြစ်သည်။ ယင်းမှာ အတတ်ပညာတစ်မျိုးကို သင်ယူရာတွင် ပုံမှန်တိုးတက်မှု၏ ဖြစ်စဉ်တစ်ခုဖြစ်သည်၊ ယင်းမှာ ပင်ကိုစရိုက်ကို ပြောင်းလဲခြင်းဖြစ်စဉ်တစ်ခု မဟုတ်ပေ။ အစွမ်းအစ၊ အရည်အချင်းနှင့် ပင်ကိုအသိစိတ်များဖြစ်စေ၊ သို့မဟုတ် ပင်ကိုစရိုက်၊ အလေ့အထများ၊ စိတ်ဝင်စားမှုများနှင့် ဝါသနာများဖြစ်စေ၊ ဤကဏ္ဍတစ်ခုမျှသည် ဘုရားသခင်က သူ၏အမှုတော်မှတစ်ဆင့် ပြောင်းလဲလိုသည့်အရာများ မဟုတ်ပေ။ လူတို့ကို သမ္မာတရားဖြင့် ထောက်ပံ့ရန် ဘုရားသခင် အမှုပြုခြင်းနှင့် စကားပြောခြင်းတို့၏ ရည်ရွယ်ချက်မှာ လူသားများ၏ ဤမွေးရာပါ စွမ်းရည်များအားလုံးကို ပြောင်းလဲရန်ဖြစ်သည်ဟု သင် အမြဲ ယုံကြည်ပြီး ထိုအခါတွင်မှ လူတစ်ဦးကို လုံးဝ ပြန်မွေးဖွားသူတစ်ဦး၊ ဘုရားသခင် ပြောထားသည့်အတိုင်း အမှန်တကယ် လူသစ်တစ်ဦးအဖြစ် ယူဆ၍ရနိုင်သည်ဟု တွေးထင်လျှင် သင် အလွန်တရာ မှားယွင်းပေသည်။ ဤသည်မှာ လူသား အယူအဆနှင့် စိတ်ကူးတစ်ခု ဖြစ်သည်။ ဤအရာကို နားလည်ပြီးနောက်တွင် ထိုသို့သော အယူအဆများ၊ စိတ်ကူးများ၊ ခန့်မှန်းချက်များ သို့မဟုတ် ခံစားချက်များကို သင် လက်လွှတ်သင့်သည်။ ဆိုလိုသည်မှာ သမ္မာတရားကို လိုက်စားခြင်း ဖြစ်စဉ်တွင် “ကျွန်ုပ်၏ အစွမ်းအစ တိုးတက်ပြီလော။ ကျွန်ုပ်၏ ပင်ကိုအသိစိတ်များ ပြောင်းလဲပြီလော။ ကျွန်ုပ်၏ ပင်ကိုစရိုက်များသည် ယခင်ကလောက် ဆိုးသေးသလော။ ကျွန်ုပ်၏ အသက်ရှင်နေထိုင်မှုပုံစံများ ပြောင်းလဲပြီလော”ဟူသည့် ဤအရာများကို အကျဉ်းရုံးရန် ခံစားချက်များ သို့မဟုတ် မှန်းဆချက်များအပေါ် သင် အမြဲ မမှီခိုသင့်ပေ။ ဤအရာများအပေါ် မတွေးဆနှင့်။ ထိုသို့တွေးဆခြင်းသည် အချည်းနှီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအရာများသည် ဘုရားသခင်က ပြောင်းလဲရန် ရည်ရွယ်သည့် သွင်ပြင်လက္ခဏာများ မဟုတ်သကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်က ဤအရာများကို မည်သည့်အခါတွင်မျှ ပစ်မှတ်ထားခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်က လူတို့၏ အစွမ်းအစ၊ ပင်ကိုအသိစိတ်များ၊ ပင်ကိုစရိုက် စသည်တို့ကို ပြောင်းလဲရန် လုံးဝ မရည်ရွယ်ခဲ့သကဲ့သို့ လူတို့၏ ဤသွင်ပြင်လက္ခဏာများကို ပြောင်းလဲခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် ဘုရားသခင် မည်သည့်အခါကမျှ စကားမပြောလေပြီ။ သွယ်ဝိုက်ညွှန်းဆိုချက်မှာ ဘုရားသခင်၏ အမှုတော်သည် လူတို့အား သမ္မာတရားကို နားလည်စေရန်နှင့်၊ ထို့နောက်တွင် သမ္မာတရားကို လက်ခံကာ ကျိုးနွံနာခံစေရန် ရည်မှန်းလျက် ၎င်းတို့၏ ပင်ကိုအနေအထားများအရ သမ္မာတရား ထောက်ပံ့ပေးသည်။ တစ်နည်းအားဖြင့် ဆိုရသော် သင့်ထံတွင် မည်သည့် အစွမ်းအစမျိုးရှိသည်ဖြစ်စေ၊ ပြီးလျှင် သင်၏ ပင်ကိုစရိုက်နှင့် ပင်ကိုအသိစိတ်များက မည်သို့ဖြစ်စေ၊ ဘုရားသခင် လုပ်ဆောင်လိုသည့်အရာမှာ သင်၏ ပင်ကိုအစွမ်းအစ၊ ပင်ကိုအသိစိတ်များနှင့် ပင်ကိုစရိုက်တို့ကို ပြောင်းလဲခြင်းထက် သင့်အထဲသို့ သမ္မာတရားကို အမှုပြုရန်၊ သင်၏ အယူအဆဟောင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ဖြစ်သည်။ ယခုတွင် သင်နားလည်ပြီဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်က ပြောင်းလဲရန် ရည်မှန်းသည့်အရာမှာ အဘယ်နည်း။ (ဘုရားသခင်၏ အမှုတော်သည် လူတို့အတွင်းရှိ အယူအဆဟောင်းများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ရည်ရွယ်သည်။) ယခု ဤသမ္မာတရားကို သင် နားလည်သဖြင့် လက်တွေ့မကျသကဲ့သို့ သဘာဝလွန်သော အရာများနှင့် သက်ဆိုင်သည့် စိတ်ကူးများနှင့် အယူအဆများကို လက်လွှတ်သင့်ပြီး သင့်ကိုယ်သင် တိုင်းတာရန် သို့မဟုတ် မိမိကိုယ်ကိုအပေါ် တောင်းဆိုမှုများပြုလုပ်ရန် ဤအယူအဆများနှင့် စိတ်ကူးများကို အသုံးမပြုသင့်ပေ။ ထိုအစား ဘုရားသခင်က သင့်ကို ပေးထားသည့် ပင်ကိုအနေအထားအမျိုးမျိုးပေါ် အခြေခံ၍ သမ္မာတရားကို သင် ရှာဖွေကာ လက်ခံသင့်သည်။ ဤအရာတွင် နောက်ဆုံး ရည်မှန်းချက်မှာ အဘယ်နည်း။ ထိုအရာမှာ သင်၏ ပင်ကိုအနေအထားများအရ၊ သမ္မာတရား စည်းမျဉ်းများကို သင် နားလည်ခြင်း၊ သင် ကြုံရသည့် အမျိုးမျိုးသော အခြေအနေများကို ရင်ဆိုင်ရာတွင် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား စည်းမျဉ်းတစ်ခုစီတိုင်းကို နားလည်ခြင်းနှင့် သင့်အနေဖြင့် ဤသမ္မာတရား စည်းမျဉ်းများအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်နိုင်ပြီး ပြုမူနေထိုင်ကာ ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ခြင်းက ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်၏ ရည်ရွယ်ချက်သည် သမ္မာတရားများကို လူတို့ထဲသို့ သွင်းပေးရန်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်လာမည်ဖြစ်ကာ ၎င်းတို့က လူများနှင့် အမှုအရာများကို ရှုမြင်သည့်၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည့် အခြေခံများ ဖြစ်လာမည်ဖြစသည့်အပြင် ၎င်းတို့၏အသက် ဖြစ်လာမည်ဖြစ်သောကြောင့် ဖြစ်သည်၊ လူတို့ကို စွမ်းအားရှင်များ သို့မဟုတ် သဘာဝလွန် စွမ်းအားများရှိသော လူများအဖြစ်သို့ ပြောင်းလဲရန် မဟုတ်ပေ။ “စွမ်းအားရှင်” နှင့် “သဘာဝလွန် စွမ်းအားများရှိသော လူများ” ဖြင့် ငါ မည်သည့်အရာကို ဆိုလိုသနည်း။ လူတစ်ဦး၏ ပင်ကိုအသိစိတ်များကို ကျော်လွန်နိုင်ခြင်း၊ လူတစ်ဦး၏ စွမ်းရည်အတိုင်းအတာကို ကျော်လွန်နိုင်ခြင်း၊ လူတစ်ဦး၏ အစွမ်းအစကို ကျော်လွန်နိုင်ခြင်း၊ လူတစ်ဦး၏ လိင်ကိုပင် ကျော်လွန်နိုင်ခြင်းနှင့် လူတစ်ဦး၏ လိင်ကို ကျော်လွန်၍ အသက်ရှင်နိုင်ခြင်းဟူသည့် ဤသည်တို့မှာ သဘာဝလွန် စွမ်းအားများ မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် အချို့လူများသည် အထူးပြု ဘာသာစကားလေ့လာမှုများတွင် မပါဝင်ဘဲ ဘာသာစကားများစွာ သို့မဟုတ် ဆယ်မျိုးထက်မကကိုပင် ပြောဆိုနိုင်သည်။ ဤသည်မှာ သဘာဝလွန် ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသဘာဝလွန်ဖြစ်ခြင်းသည် လူ့အစွမ်းအစ၊ အရည်အချင်းနှင့် ပင်ကိုအသိစိတ်ကို ကျော်လွန်သည် မဟုတ်လော။ (ကျော်လွန်ပါသည်။) ထို့ထက်မက ဘာသာစကားအမျိုးမျိုးကို ပြောဆိုသည့်အခါ ၎င်းတို့သည် မတူညီသော ယောက်ျားနှင့် မိန်းမအသံများကိုပင် ပြောင်းလွယ်ပြင်လွယ် အသုံးပြုနိုင်သည်။ ဤသည်မှာ သာ၍ပင် သဘာဝလွန် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ ဘာသာစကားမည်မျှ ပြောဆိုသည်ဖြစ်စေ၊ ၎င်းတို့ ရောထွေးသွားခြင်းမရှိသကဲ့သို့၊ မည်မျှကြာကြာ ပြောဆိုသည်ဖြစ်စေ မပင်ပန်းကြပေ၊ ရေအနည်းငယ် မသောက်လျှင်ပင် ရေမငတ်ကြပေ။ ထို့အပြင် ၎င်းတို့ ပို၍စကားပြောလေ၊ ၎င်းတို့၏မျက်လုံးများ ပို၍လင်းလက်လာလေ၊ ၎င်းတို့၏မျက်နှာ ပို၍တောက်ပလာလေဖြစ်ပြီး ၎င်းတို့တစ်ကိုယ်လုံး တောက်ပနေသည်။ ဤသည်မှာ သဘာဝလွန် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ စကားပြောနေစဉ် သေနတ်ဖြင့် ပစ်ခံရလျှင်ပင် ၎င်းတို့ မည်သည့်အရာမျှ မဖြစ်ဘဲ ဆက်လက်စကားပြောနေသည်။ ယင်းမှာ သာ၍ပင် သဘာဝလွန်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ ကျည်ဆန်ကို မြင်သည့်အခါ ရှောင်ရန်ပင် မကြိုးစားဘဲ ယင်းအစား တည့်တည့်ရင်ဆိုင်သည်။ ကျည်ဆန်သည် ၎င်းတို့၏ ရင်ဘတ်ကို ဖြတ်သွားသော်လည်း ၎င်းတို့သည် ခိုင်မာစွာရပ်တည်ပြီး ယိမ်းယိုင်ခြင်းမရှိပေ။ ၎င်းတို့သည် မည်သည့်နည်းနှင့်မျှ ထိခိုက်ခြင်းမရှိသကဲ့သို့ ၎င်းတို့၏ ခေါင်းပေါ်မှ ဆံပင်တစ်မျှင်မျှပင် မထိခိုက်ပေ။ ဤသည်မှာ ပင်ကိုအသိစိတ်ကို ကျော်လွန်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤဖြစ်ရပ်အားလုံးသည် လူ့ပင်ကိုအသိစိတ်ကို ကျော်လွန်သည်။ အားလုံးထဲတွင် အပြင်းထန်ဆုံးအရာမှာ ၎င်းတို့သည် သာမန်မဟုတ်သော သူတစ်ဦး ဖြစ်လာခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ သာမန်လူများနှင့် ကွဲပြားသောသူ၊ သာမန်လူများ၏ အစွမ်းအစနှင့် အရည်အချင်းများကို ကျော်လွန်သောသူ၊ သာမန်လူများ၏ ပင်ကိုအသိစိတ်များကိုလည်း ကျော်လွန်သောသူတစ်ဦး ဖြစ်လာခြင်း ဖြစ်သည်။ ကဏ္ဍအားလုံးတွင် ၎င်းတို့၏ သရုပ်သကန်များသည် သာမန်လူများ၏ သရုပ်သကန်များနှင့် ကွဲပြားပြီး အထူးသဖြင့် သဘာဝလွန်ဖြစ်သည်။ ဤသည်မှာ ပြဿနာကို ဆိုလိုသည်။ ၎င်းတို့သည် သာမန်လူတစ်ဦး ဖြစ်နေသေးသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာများ ဖြစ်ကြသနည်း။ (ဝိညာဉ်ဆိုးတစ်ခု ဖြစ်ပါသည်။) ၎င်းတို့သည် ဝိညာဉ်ဆိုးတစ်ခု ဖြစ်သည်။ သင်တို့သည် ဤအရာကို လိုက်စားလိုသလော။ (မလိုက်စားလိုပါ။) သင်တို့တစ်ဦးမျှ မလိုက်စားလိုပါ၊ သို့ဆိုလျှင် ဘုရားသခင်၏အမှုတော်သည် လူတို့ကို ထိုအတိုင်းအတာအထိ ပြောင်းလဲစေမည်ဟု သင် ထင်သလော။ ဘုရားသခင်၏အမှုတော်၏ ရည်ရွယ်ချက်သည် တစ်ဦးချင်းစီကို သာမန်မဟုတ်သော လူများအဖြစ်သို့ ပြောင်းလဲရန် ဖြစ်သလော။ (မဟုတ်ပါ။) ယင်းမှာ သင်သည် သမ္မာတရားကို လက်ခံရန်နှင့် သူ သင့်အတွက် ချမှတ်ပေးထားသည့် ပတ်ဝန်းကျင်များကို ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာအတွင်း တွေ့ကြုံခံစားရန်ဖြစ်ပြီး သို့မှသာ ဤအရာမှ သင်သည် ဘုရားသခင် သူ၏အမှုတော်ကို လုပ်ဆောင်သည့် အပင်ပန်းခံရသော ရည်ရွယ်ချက်များကိုဖြစ်စေ၊ သင်၏ကိုယ်ပိုင် မလုံလောက်မှုများနှင့် ချို့တဲ့မှုများကိုဖြစ်စေ၊ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကိုဖြစ်စေ နားလည်နိုင်မည်ဖြစ်ကာ ထို့နောက် ဤနားလည်မှုကို အခြေခံ၍ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်သည့်အပြင် တဖြည်းဖြည်း သမ္မာတရားထဲသို့ ဝင်ရောက်လာရန် ဖြစ်သည်၊ ဤဖြစ်စဉ်သည် နှေးကွေးပြီး လုံးဝ သဘာဝလွန် မဟုတ်ပေ။ အချို့လူများသည် အပျက်သဘောဆောင်နေသည့်အခါ ဤသို့ပြောလိုကြသည်။ “ကျွန်ုပ် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ရာမှ မည်သည့်အရာ ရခဲ့ပြီနည်း” ဟူ၍ဖြစ်သည်။ သင်သည် မည်သည့်အရာမျှ မရခဲ့ဟု ဆိုသော်လည်း၊ အောက်ပါတို့ကို သင် ဂရုတစိုက် စဉ်းစားသင့်သည်။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီးနောက် သင်သည် ယခုအခါ အမှုအရာများစွာကို ရှင်းလင်းစွာ ရှုမြင်နေရသလော။ သင် ယုံကြည်သည့်အချိန် ကြာလေလေ၊ သင် ပို၍ငြိမ်းချမ်းပြီး အခြေခိုင်သည်ဟု ခံစားရလေလေ၊ ဤသည်မှာ ဘဝ၏ မှန်ကန်သောလမ်းခရီးဖြစ်သည်ဟု သင် ပို၍ခံစားရလေလေ ဖြစ်သည်မှာ ဟုတ်သလော။ သင်သည် ဤသို့ခံစားရပါကအမှန်တကယ် တစ်စုံတစ်ခုကို ရရှိခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ သင်သည် မည်သည့်ရုပ်ဝတ္ထုပစ္စည်းများကိုမျှ မရရှိခဲ့သော်လည်း၊ ပိုက်ဆံ၊ အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်ဖြစ်သည့် သင်၏လက်ဖြင့် ဆုပ်ကိုင်နိုင်သော သို့မဟုတ် သင်၏မျက်စိဖြင့် မြင်နိုင်သောအရာများကို မရရှိခဲ့သော်လည်း၊ သင်သည် သင်၏စိတ်နှလုံးထဲတွင် အချို့သော သမ္မာတရားများကိုမူ နားလည်ခဲ့ပြီးဖြစ်သည်။ သင်သည် ဘုရားသခင်၏ အမှန်တကယ်တည်ရှိမှုနှင့် အရာခပ်သိမ်းအပေါ် သူ၏အချုပ်အခြာအာဏာကိုင်စွဲမှုအပေါ် အတိုင်းအတာတစ်ခုအထိ နားလည်မှုကို ရရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လူတို့အတွက် သူ၏လိုအပ်ချက်များကိုလည်း နားလည်ခဲ့ပြီးဖြစ်ကာ ဖန်ဆင်းခံတစ်ဦးဆိုသည်မှာ အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်တာဝန်ကို ထမ်းဆောင်သင့်သည်ကိုလည်းကောင်း သင် သိသည်။ ပြီးလျှင် ယခုချက်ချင်း၊ သင့်ကို တာဝန်တစ်ခု ထမ်းဆောင်ခွင့်မပြုပါက သင်သည် ပြင်းစွာသောဝေဒနာကို ခံစားရပြီး သင်၏အသက်တာသည် အနှစ်မဲ့သည်ဟု ခံစားရလိမ့်မည်။ ဤအရာအားလုံးက သင်သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှ အကျိုးကျေးဇူးများ ရရှိပြီးဖြစ်ကြောင်း မဖော်ပြပေလော။ သင် ရရှိခဲ့သည့်အရာသည် မည်သည့်ရုပ်ဝတ္ထုပစ္စည်းထက်မဆို ပို၍တန်ဖိုးရှိသည်။ ဤသည်တို့မှာ ဘုရားသခင်၏ အမှုတော်က လူတို့၌ ပြီးမြောက်အောင်မြင်စေသည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။ သူသည် လူတို့အား လူ့သဘာဝ၊ လူ့ပင်ကိုအသိစိတ်များ၊ သို့မဟုတ် ဇာတိပကတိ၏ ပုံမှန်လိုအပ်ချက်များနှင့် ပုံမှန်သရုပ်သကန်များကို ကျော်လွန်သည့် သဘာဝလွန်၊ လက်တွေ့မကျသော ပြောင်းလဲမှုအချို့ကို တွေ့ကြုံခံစားစေရန် ရည်ရွယ်တော်မမူပေ။ ယင်းအစား သူသည် လူတို့အား ပုံမှန်လူ့သဘာဝ၏ အတိုင်းအတာအတွင်း ပတ်ဝန်းကျင်အမျိုးမျိုးကို တွေ့ကြုံခံစားစေရန် ရည်ရွယ်ပြီး ဤဖြစ်စဉ်တွင်၊ နားလည်မှုများနှင့် အတွေ့အကြုံအမျိုးမျိုးကို တဖြည်းဖြည်းနှင့် ဖြည်းညင်းစွာ ရရှိစေရန် ရည်ရွယ်သည်။ အချုပ်အားဖြင့်ဆိုသော် ဤတစ်ဆင့်ဆင့်နှင့် ဖြည်းညင်းသော ဖြစ်စဉ်တစ်လျှောက်လုံးတွင် လူတို့၏ အတွေးအခေါ်များနှင့် အယူအဆများသည် တစ်စတစ်စ ပြောင်းလဲသွားသည်၊ ၎င်းတို့ လူများနှင့် အမှုအရာများကို ရှုမြင်သည့် ရှုထောင့်များ ပြောင်းလဲသွားသည်၊ လူအမျိုးမျိုး၊ ဖြစ်ရပ်အမျိုးမျိုးနှင့် အမှုအရာအမျိုးမျိုးတို့ကို ကိုင်တွယ်သည့် ၎င်းတို့၏ ရှုမြင်ချက်များနှင့် နည်းလမ်းများ ပြောင်းလဲသွားသည်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့သည် ယခင်ကကဲ့သို့ သိသာထင်ရှားခြင်း မရှိတော့သကဲ့သို့ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် အတိုင်းအတာတစ်ခုအထိ ပြန်လည်ကောင်းမွန်လာသည်။ ၎င်းတို့သည် ထိုလက်တွေ့မကျသော၊ အထင်မှားစေသော၊ အနှစ်မဲ့သော၊ ဗလာဖြစ်သော၊ သို့မဟုတ် သဘာဝလွန်သောအရာများအစား ဤစစ်မှန်သော အကျိုးကျေးဇူးများကို ရရှိကြသည်။

ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်သည့်အလုပ်ကို တဖြည်းဖြည်းချင်းဖြစ်သော ပုံစံဖြင့် လုပ်ဆောင်တော်မူပြီး မလွဲဧကန်ပင် ပို၍ အဓိကကျသည့် အခြားစည်းမျဉ်းတစ်ခု ရှိသေးသည်မှာ သူ၏အလုပ်ကို လုပ်ဆောင်ရာတွင် ဘုရားသခင်သည် အမှုအရာများကို ယင်းတို့၏ သဘာဝအတိုင်း ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ “အမှုအရာများကို ယင်းတို့၏ သဘာဝအတိုင်း ဆောင်ရွက်ခြင်း” ဟူသည့် ဤစည်းမျဉ်းသည် လူတို့အတွက် နားလည်ရန် အနည်းငယ် ခက်ခဲနိုင်သည်။ အမှုအရာများကို ယင်းတို့၏ သဘာဝအတိုင်း ဖြစ်စေသည်ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်သည် လူတို့အပေါ် အလုပ်လုပ်သည်ဖြစ်စေ၊ လူတို့အား စကားပြောသည်ဖြစ်စေ၊ သူသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမှုအရာများကို အတင်းအကျပ်မခိုင်းဟု ဆိုလိုသည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်များကို ချမှတ်ပေးပြီး အခြားလူတို့ကို သူပြုသည့်အတိုင်းပင် သင့်အား သမ္မာတရားဖြင့် ထောက်ပံ့သည်။ သူချမှတ်ပေးသည့် ပတ်ဝန်းကျင်များကို သင်မည်သို့ ရှုမြင်နားလည်သင့်သည်နှင့်ပတ်သက်၍လည်းကောင်း၊ သင်သည် မည်သည့်အမြင်ရှုထောင့်နှင့် သဘောထားဖြင့် ယင်းတို့ကို ချဉ်းကပ်သင့်သည်နှင့်ပတ်သက်၍လည်းကောင်း ဘုရားသခင်သည် ရှင်းလင်းသော နှုတ်ကပတ်တော်များကို မိန့်ကြားခဲ့ပြီး သင့်အား ရှင်းလင်းသော သမ္မာတရား စည်းမျဉ်းများကိုလည်း ပြောကြားပြီးဖြစ်သည်။ သင်သည် ယင်းတို့ကို မည်သို့ ချဉ်းကပ်သည်နှင့်ပတ်သက်၍မူ ယင်းမှာ သင်၏ ကိုယ်ပိုင် လွတ်လပ်စွာ ရွေးချယ်မှု ဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိရန် ရွေးချယ်နိုင်သည် သို့မဟုတ် သမ္မာတရားကို ငြင်းပယ်ရန် ရွေးချယ်နိုင်သည်။ ဘုရားသခင် စီစဉ်ညွှန်ကြားသည့် ပတ်ဝန်းကျင်များမှတစ်ဆင့် သင့်အား ထုတ်ဖော်ခြင်းကို လက်ခံရန် သင် ရွေးချယ်နိုင်သည် သို့မဟုတ် ဘုရားသခင်၏ အလုပ်ကို လျစ်လျူရှုရန် ရွေးချယ်နိုင်သည်၊ သင်၌ ရွေးချယ်ပိုင်ခွင့် လွတ်လပ်မှု ရှိသည်၊ သင်သည် လွတ်လပ်စွာ ရွေးချယ်နိုင်သည်။ ဥပမာအားဖြင့် သင်ထမ်းဆောင်သင့်သော တာဝန်နှင့်ပတ်သက်လာလျှင် သင်၏ စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းသတ္တိရှိသမျှဖြင့် ယင်းကို လုပ်ဆောင်ရန် သင်ရွေးချယ်နိုင်သည် သို့မဟုတ် ဝတ်ကျေတမ်းကျေ သဘောထားဖြင့် ယင်းကို လုပ်ဆောင်ရန် သင်ရွေးချယ်နိုင်သည်။ ဤသည်မှာ သင်၏ ပုဂ္ဂိုလ်ရေး ရွေးချယ်မှုအပေါ် လုံးလုံးလျားလျား အခြေခံပြီး သင်၏ ကိုယ်ပိုင် အစွမ်းအစ၊ စွမ်းရည်များ၊ ပင်ကိုအသိစိတ်များ စသည်တို့အပေါ်တွင်လည်း အခြေခံသည်မှာ ဧကန်မုချပင်။ ဘုရားသခင်သည် အပိုအလုပ်ကို မလုပ်ဆောင်ပေ၊ ဆိုလိုသည်မှာ ပုံမှန်အခြေအနေများအောက်တွင် ဘုရားသခင်သည် တိုက်တွန်းခြင်း သို့မဟုတ် အတင်းအကျပ်ခိုင်းခြင်း ဟူသည့် မည်သည့်အပိုအလုပ်ကိုမျှ မလုပ်ဆောင်ပေ။ ဤသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်များကို ချမှတ်ပေးသည်ဟု ဆိုလိုသည်၊ ယင်းမှာ သူသည် သင့်အတွက် အပူစာ၊ အအေးစာ၊ ထမင်းနှင့် ဟင်းချို၊ သစ်သီးများ၊ ဖျော်ရည်များနှင့် စသည်တို့ပါဝင်သော စားသောက်ပွဲတစ်ခုကို ပြင်ဆင်ပေးသကဲ့သို့ပင် ဖြစ်ပြီး သင်ရွေးချယ်သည့်အရာနှင့်ပတ်သက်လာလျှင် ဘုရားသခင်သည် သင့်အား လွတ်လပ်ခွင့်ကို ပေးသည်၊ သင်မည်သည့်ရွေးချယ်မှုကို ပြုလုပ်သည်ဖြစ်စေ ထိုသို့ပြုလုပ်ရန် သင့်တွင် လွတ်လပ်ခွင့်ရှိပြီး ဘုရားသခင်သည် ဝင်ရောက်မစွက်ဖက်ဘဲ သူသည် လူတို့ကို ထောက်ပံ့ရန် သမ္မာတရားကို ဖော်ပြခြင်းအပေါ်၌သာ အာရုံစိုက်သည်။ အချို့သောလူတို့သည် စားသောက်ပွဲ၏ အရသာရှိသော ဟင်းလျာများ မည်သို့ရှိသည်ကို မိမိတို့ကိုယ်တိုင် မြည်းစမ်းခြင်းမရှိဘဲ စားသောက်ပွဲကို အပေါ်ယံ ကြည့်ရှုရုံသာ ကြည့်ကြသည်။ ၎င်းတို့သည် စားသောက်ပွဲအပေါ် မှတ်ချက်ပေးပြီး အယူဝါဒအချို့ကို ပြောဆိုကာ ထို့နောက် ထွက်ခွာသွားကြသည်။ အခြားသူတို့သည် စားသောက်ပွဲကို ကြည့်ရန်သာ ရွေးချယ်ပြီး ယင်း၏ အရသာရှိသော အစားအစာများကို လျစ်လျူရှုကာ မည်သည့်သဘောထား သို့မဟုတ် မည်သည့်အမြင်မျှမရှိဘဲ ထွက်ခွာသွားကြသည်။ ယင်း၏ အရသာရှိသော ဟင်းလျာများကို မိမိတို့ကိုယ်တိုင် မြည်းစမ်းခဲ့ကြပြီး တွေ့ကြုံခံစားခဲ့ကြသည့်အပြင် အရသာရှိသော အစားအစာများထဲမှ တစ်ခုကို မည်သို့ပြုလုပ်ရမည်ကိုလည်း သင်ယူခဲ့ကြသည့် အခြားသူများလည်း ရှိသေးသည်။ ဘုရားသခင် ချမှတ်ပေးသည့် ပတ်ဝန်းကျင်တွင် သင်၏ သဘောထားသည် မည်သို့ပင်ဖြစ်စေ၊ ယင်းကို ဝမ်းမြောက်ဝမ်းသာ လက်ခံသည်ဖြစ်စေ၊ ယင်းကို ငြင်းပယ်ပြီး ပိတ်ပင်သည်ဖြစ်စေ၊ ယင်းကို စက်ဆုပ်ရွံရှာပြီး ရန်လိုသည်ဖြစ်စေ စသည်တို့အားလုံးသည် ဘုရားသခင်နှင့်ပတ်သက်သမျှ သဘောထားများ ဖြစ်ကြသည်။ လူတို့၏ အမျိုးမျိုးသော သဘောထားများကို ဘုရားသခင်သည် မည်သို့ ချဉ်းကပ်ပြီး ကိုင်တွယ်သနည်း။ လူတို့အား များစွာသော သမ္မာတရားများကို ပေးပြီးနောက်တွင် ၎င်းတို့အပေါ် ဘုရားသခင်၏ သဘောထားမှာ ကြည့်ရှုပြီး မှတ်တမ်းတင်ရန်သာ ဖြစ်သည်။ လူတို့ ရွေးချယ်သည့်အရာ သို့မဟုတ် ၎င်းတို့၏ သဘောထား မည်သို့ရှိသည်နှင့်ပတ်သက်၍ ဘုရားသခင်သည် ဝင်ရောက်မစွက်ဖက်ပေ၊ ဤကိစ္စသည် ဘုရားသခင်နှင့် မသက်ဆိုင်ပေ။ သို့ဆိုလျှင် ဤကိစ္စသည် အဘယ်အရာနှင့် သက်ဆိုင်သနည်း။ ယင်းမှာ သင်ရွေးချယ်သော လမ်းကြောင်း၊ သင်နောက်ဆုံးတွင် ရရှိသည့်အရာနှင့် သင်၏ ကိုယ်ပိုင် နောက်ဆုံးအဆုံးသတ်တို့နှင့် သက်ဆိုင်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်သည် မည်သည့်အပို အထောက်အကူပြုသော အလုပ်ကိုမျှ မလုပ်ဆောင်ဘဲ သူဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများကိုသာ ဖြည့်ဆည်းသည်။ သူသည် သင့်အား သမ္မာတရားကို ပေးပြီး လူ၊ ဖြစ်ရပ်နှင့် အမှုအရာအမျိုးမျိုးတို့ကို ကိုင်တွယ်ရန်အတွက် စည်းမျဉ်းများကို သင့်အား ပြောကြားပြီးနောက်တွင် သူသည် သင့်အတွက် ပတ်ဝန်းကျင်များကိုလည်း ချမှတ်ပေးကောင်း ချမှတ်ပေးပေမည်။ သို့ရာတွင် သင်ပြုလုပ်သော နောက်ဆုံးရွေးချယ်မှုများ အတိအကျ မည်သို့ရှိသည် သို့မဟုတ် သင်လျှောက်လှမ်းသော လမ်းကြောင်း မည်သို့ရှိသည်ကို ဘုရားသခင် ဝင်ရောက်မစွက်ဖက်ပေ၊ သူသည် သင့်အား မိမိကိုယ်တိုင် ရွေးချယ်စေသည်။ ဥပမာအားဖြင့် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရလျှင် သမ္မာတရား စည်းမျဉ်းများနှင့် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတိုင်း ပြုမူရန် သို့မဟုတ် သင်၏ ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း ထင်ရာစိုင်းပြီး မဆင်မခြင် ပြုမူရန် သင်ရွေးချယ်နိုင်သည်။ အရာရာတိုင်းကို သမ္မာတရား စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရန်နှင့် သင်၏တာဝန်ကို အလုပ်အစီအစဉ်များအတိုင်း ထမ်းဆောင်ရန် သင်ရွေးချယ်ပါက ဘုရားသခင်သည် ဤအရာကို စောင့်ကြည့်လေ့လာပြီး မှတ်တမ်းတင်လိမ့်မည်ဖြစ်ကာ နောက်ဆုံးတွင် သင်သည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်ကို ကျိုးနွံနာခံပြီးဖြစ်လိမ့်မည်၊ ဤသည်မှာ အဆုံးသတ်တစ်ခု ဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်အလိုအတိုင်း အမှုအရာများကို လုပ်ဆောင်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်လျက် ထင်ရာစိုင်းပြီး မဆင်မခြင် ပြုမူပါက ဤသည်မှာလည်း ရွေးချယ်မှုတစ်ခုဖြစ်ပြီး သင်လျှောက်လှမ်းနေသော လမ်းကြောင်းကို ကိုယ်စားပြုကာ ဘုရားသခင်သည်လည်း ယင်းကို စောင့်ကြည့်ပြီး မှတ်တမ်းတင်လိမ့်မည်ဖြစ်ကာ သင်၏ အဆုံးသတ် မည်သို့ဖြစ်မည်မှာ ပြောစရာမလိုပေ။ သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိပြီးဖြစ်ပါက ဤသည်မှာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင့်အား ရရှိစေမည်ဖြစ်ပြီး သင့်အတွက် ကောင်းမွန်သော ပန်းတိုင်တစ်ခုကိုလည်း ရရှိစေမည်ဖြစ်သည်။

ဘုရားသခင်၏အလုပ်တွင် သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များ ပါဝင်သည်ဟု လူတို့က ယုံကြည်ကြသည်။ သို့ဆိုလျှင် လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲရှိ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ၎င်းတို့သည် ကြိုးကိုင်ညွှန်ကြားခြင်းတစ်မျိုး ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် လူတို့ကို ပိုက်ကွန်ကြီးတစ်ခုထဲ၌ လျှို့ဝှက်စွာ ဖုံးအုပ်ထားပြီး ၎င်းတို့၏ အပြုအမူအားလုံးနှင့် ၎င်းတို့ရှိနေသော ပတ်ဝန်းကျင်များကို ကြိုးကိုင်ညွှန်ကြားကာ ၎င်းတို့လုပ်ဆောင်သမျှကို စောင့်ကြည့်နေသည်ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ လူတို့၌ရှိသော အယူအဆများနှင့် စိတ်ကူးများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အကျိုးဆက်အနေဖြင့် လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို သတိထားရှောင်ကာ ကြောက်ရွံ့လာကြပြီး ဤသည်မှာ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များအပေါ် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကြောင့် ဖြစ်ရခြင်း ဖြစ်သည်။ ၎င်းတို့ ဤသို့ ကြောက်ရွံ့ပြီး ကာကွယ်နေခြင်းသည် ဘုရားသခင်ကို စစ်မှန်သော ကျိုးနွံနာခံခြင်းနှင့် ကြောက်ရွံ့ခြင်းမဟုတ်ဘဲ ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်း ပုံစံတစ်မျိုး ဖြစ်သည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်ပြီး အရာခပ်သိမ်း၌ ရှိသည်ဟုလည်းကောင်း၊ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ “လူက ပြုမူဆောင်ရွက်သည့်အခါ ကောင်းကင်ဘုံက စောင့်ကြည့်နေသည်။” ဟူသည်မှာ မှန်ကန်သည်ဟုလည်းကောင်း လူတို့က ထင်ကြသည်။ ဘုရားသခင်သည် ၎င်းတို့အား ရွေးချယ်ပိုင်ခွင့် လွတ်လပ်မှုကို မပေးဘဲ ၎င်းတို့၏ စိတ်နှလုံးများ၊ ၎င်းတို့၏ လက်များနှင့် ခြေထောက်များကို ချုပ်တည်းရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့အပေါ် အဆက်မပြတ် စောင့်ကြည့်နေပြီး မျက်ခြေမပြတ် ကြည့်နေသည်ဟုလည်းကောင်း၊ ၎င်းတို့ကို သမ္မာတရား လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်ခိုင်းခြင်း၊ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များကို ပြောင်းလဲရန် အတင်းအကျပခိုင်းခြင်းနှင့် ဘုရားသခင်၏ အလိုတော်များနှင့်အညီ အမှုအရာများကို လုပ်ဆောင်ရန် အတင်းအကျပ်ခိုင်းခြင်းတို့ကို ပြုသည်ဟုလည်းကောင်း ၎င်းတို့က ထင်ကြသည်။ ဤသည်တို့အားလုံးမှာ လူ့အယူအဆများ ဖြစ်ကြသည်။ အတိအကျဆိုရလျှင် ဤသည်မှာ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်းတစ်မျိုး ဖြစ်သည်။ အမှန်တွင် ဘုရားသခင်သည် လူတို့ကို အတင်းအကျပ်ခိုင်းရန်၊ ချည်နှောင်ရန် သို့မဟုတ် ကြိုးကိုင်ညွှန်ကြားရန် မည်သည့်အခါမျှ ရည်ရွယ်ခြင်း မရှိခဲ့ပေ။ ဘုရားသခင်သည် လူတို့ကို မည်သည့်အခါမျှ ဘောင်မခတ်ပေ သို့မဟုတ် အတင်းအကျပ် မခိုင်းသည့်အပြင် လူတို့ကို သာ၍ပင် အတင်းအကျပ် မပြုပေ။ ဘုရားသခင်က လူတို့အား ပေးသည့်အရာမှာ လုံလောက်သော လွတ်လပ်ခွင့် ဖြစ်သည်၊ သူသည် လူတို့အား ၎င်းတို့ လျှောက်လှမ်းသင့်သော လမ်းကြောင်းကို ရွေးချယ်ခွင့်ပြုသည်။ သင်သည် ဘုရားအိမ်တော်၌ ရှိနေလျှင်ပင်၊ သင်သည် ဘုရားသခင်၏ ကြိုတင်ခွဲခန့်မှတ်သားခြင်းနှင့် ရွေးချယ်ခြင်းကို ခံရလျှင်ပင် သင်သည် မည်သို့ပင်ဖြစ်စေ လွတ်လပ်သည်။ သင်သည် ဘုရားသခင်၏ အမျိုးမျိုးသော တောင်းဆိုချက်များနှင့် အစီအစဉ်များကို ငြင်းပယ်ရန် ရွေးချယ်နိုင်သည် သို့မဟုတ် ၎င်းတို့ကို လက်ခံရန် ရွေးချယ်နိုင်သည်၊ ဘုရားသခင်သည် သင့်အား လွတ်လပ်စွာ ရွေးချယ်ရန် အခွင့်အရေးကို ပေးသည်။ သို့သော် သင်မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ၊ သင်မည်သို့ ပြုမူသည်ဖြစ်စေ၊ သင်ရင်ဆိုင်ရသော ကိစ္စရပ်တစ်ခုကို ကိုင်တွယ်ရာတွင် သင်၏ အမြင်ရှုထောင့် မည်သို့ရှိသည်ဖြစ်စေ၊ ယင်းကို ဖြေရှင်းရန် သင်နောက်ဆုံးတွင် မည်သည့်နည်းလမ်းများကို အသုံးပြုသည်ဖြစ်စေ သင်၏ လုပ်ဆောင်ချက်များအတွက် သင်တာဝန်ယူရမည်။ သင်၏ နောက်ဆုံးအဆုံးသတ်သည် သင်၏ ပုဂ္ဂိုလ်ရေး တရားစီရင်မှုများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် အခြေမခံဘဲ ဘုရားသခင်က သင့်အပေါ် မှတ်တမ်းတင်နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် များစွာသော သမ္မာတရားများကို ဖော်ပြပြီးနောက်နှင့် လူတို့သည် ဤများစွာသော သမ္မာတရားများကို ကြားပြီးနောက်တွင် ဘုရားသခင်သည် လူတစ်ဦးစီ၏ အမှားအမှန်များကို တိတိကျကျ အကဲဖြတ်မည်ဖြစ်ပြီး လူတစ်ဦးစီ၏ နောက်ဆုံးအဆုံးသတ်ကို သူပြောဆိုခဲ့သည့်အရာ၊ သူတောင်းဆိုသည့်အရာနှင့် လူတို့အတွက် သူဖော်ထုတ်ခဲ့သော စည်းမျဉ်းများကို အခြေခံ၍ ဆုံးဖြတ်မည်ဖြစ်သည်။ ဤကိစ္စတွင် ဘုရားသခင်၏ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များသည် ဘုရားသခင်က လူတို့ကို ကြိုးကိုင်ညွှန်ကြားနေခြင်း သို့မဟုတ် သူက ၎င်းတို့ကို ချည်နှောင်နေခြင်း မဟုတ်ပေ၊ သင်သည် လွတ်လပ်သည်။ သင်သည် ဘုရားသခင်ကို သတိထားရှောင်ရန် မလိုအပ်သကဲ့သို့ ကြောက်ရွံ့ရန် သို့မဟုတ် စိုးရိမ်ပူပန်ရန်လည်း မလိုအပ်ပေ။ သင်သည် အစမှအဆုံး လွတ်လပ်သူတစ်ဦး ဖြစ်သည်။ ဘုရားသခင်သည် သင့်အား လွတ်လပ်သော ပတ်ဝန်းကျင်တစ်ခု၊ လွတ်လပ်စွာ ရွေးချယ်ရန် ဆန္ဒတစ်ခုနှင့် လွတ်လပ်စွာ ရွေးချယ်ရန် နေရာတစ်ခုကို ပေးလျက် သင့်အား မိမိကိုယ်တိုင် ရွေးချယ်စေပြီး သင်အဆုံးသတ် ရရှိသည့် မည်သည့်အဆုံးသတ်မဆိုသည် သင်လျှောက်လှမ်းသော လမ်းကြောင်းအားဖြင့် လုံးလုံးလျားလျား ဆုံးဖြတ်ခြင်းခံရသည်။ ဤသည်မှာ မျှတသည် မဟုတ်လော။ (ဟုတ်ပါသည်။) အဆုံးစွန်၌ သင်သည် ကယ်တင်ခြင်းခံရပြီး ဘုရားသခင်ကို ကျိုးနွံနာခံကာ ဘုရားသခင်နှင့် သဟဇာတဖြစ်သူတစ်ဦး ဖြစ်လျှင် သင်သည် ဘုရားသခင် လက်ခံသောသူတစ်ဦး ဖြစ်လျှင် ယင်းမှာ သင်၏ မှန်ကန်သော ရွေးချယ်မှုများကြောင့် သင်ရရှိသည့်အရာ ဖြစ်သည်၊ အဆုံးစွန်၌ သင်သည် ကယ်တင်ခြင်းမခံရဘဲ ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်လျှင်၊ ဘုရားသခင်၏ ရယူခြင်းကို သင်မခံရလျှင်၊ သင်သည် ဘုရားသခင် လက်ခံသောသူတစ်ဦး မဟုတ်လျှင် ယင်းမှာလည်း သင်၏ ကိုယ်ပိုင် ရွေးချယ်မှုများကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် သူ၏အလုပ်တွင် ဘုရားသခင်သည် လူတို့အား ရွေးချယ်ရန် လွတ်လပ်မှုများစွာကို ပေးပြီး လူတို့အား အကြွင်းမဲ့ လွတ်လပ်ခွင့်ကိုလည်း ပေးသည်။ အကြောင်းမှာ ဘုရားသခင်သည် လူတို့၏ အဆုံးသတ်များနှင့် ပန်းတိုင်များအပါအဝင် လူ၊ ဖြစ်ရပ်နှင့် အမှုအရာအားလုံးကို တိုင်းတာရန် သမ္မာတရားကို အသုံးပြုသောကြောင့် ဖြစ်သည်။ လူတို့၏ အဆုံးသတ်များနှင့် ပန်းတိုင်များသည်လည်း သမ္မာတရားကို အသုံးပြု၍ ဆုံးဖြတ်ခြင်းခံရသည်၊ ဤသည်မှာ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သည့် စည်းမျဉ်းဖြစ်ပြီး မည်သည့်အခါမျှ မပြောင်းလဲပေ။ သင်သည် သူ့ကို ကြောက်ရွံ့ခြင်း၊ သူ့ကို သတိထားရှောင်ခြင်းနှင့် လမ်းဆုံးတိုင်အောင် ကြောက်ရွံ့တုန်လှုပ်စွာနှင့် ကျိုးကျိုးနွံနွံဖြင့် လျှောက်လှမ်းခြင်းတို့ကြောင့် ဘုရားသခင်သည် သင့်ကို လက်ခံမည်မဟုတ်၊ သင့်အား ကျေးဇူးပြုမည်မဟုတ်၊ သင့်ကို ကယ်တင်ခြင်းခံရခွင့်ပြုမည်လည်း မဟုတ်ပေ၊ သို့မဟုတ် သင်ပြုလုပ်ခဲ့သော မည်သည့်ဖြည့်ဆည်းမှုကြောင့်မဆို အဆုံးတွင် သင့်ကို ကယ်တင်ခြင်းခံရခွင့်ပြုမည်လည်း မဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုသော် လူတစ်ဦးသည် မိမိတို့ မထိုက်တန်သော အဆုံးသတ်တစ်ခု သို့မဟုတ် ကောင်းသော ပန်းတိုင်တစ်ခုဖြင့် အဆုံးသတ်ရသည့် ခြွင်းချက်များ ရှိမည်မဟုတ်ပေ၊ လူတစ်ဦးစီ အဆုံးသတ်ရရှိသည့် မည်သည့်အဆုံးသတ်မဆိုသည် ၎င်းတို့ လျှောက်လှမ်းသော လမ်းကြောင်းအားဖြင့် ဆုံးဖြတ်ခြင်းခံရသည်။ ငါသည် သင့်အား ဥပမာတစ်ခု ပေးမည်။ ဘုရားသခင်သည် သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ချမှတ်ပေးသည်ဆိုပါစို့၊ ပြီးလျှင် ဤပတ်ဝန်းကျင်တွင် သင်လုပ်ဆောင်သင့်သည့်အရာမှာ သင်၏ ကိုယ်ပိုင် ပြစ်မှားခြင်းများကို ဆင်ခြင်သုံးသပ်ပြီး သိကျွမ်းရန်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၊ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးအခေါ်များနှင့် အမြင်များ၊ ချို့တဲ့မှုများနှင့် မလုံလောက်မှုများ၊ သို့မဟုတ် ဘုရားသခင်အပေါ် သင်၏ နားလည်မှုလွဲမှားခြင်းများနှင့် စောဒကတက်ခြင်းအချို့ကို သိလာရန် ဖြစ်သည်။ သင်သည် ဆင်ခြေများပေးခြင်းနှင့် မိမိကိုယ်ကို ကာကွယ်ရန် လိမ်လည်လှည့်ဖြားစွာ ခုခံချေပခြင်းတို့ကိုလည်း ရပ်တန့်သင့်ပြီး ထိုအစား သင်၏ လက်ရှိအခြေအနေကို ပြောင်းလဲရန် သက်ဆိုင်ရာ သမ္မာတရားများကို ကျိုးနွံနာခံနိုင်ကာ ရှာဖွေနိုင်ပြီး သမ္မာတရားကို သင့်အတွင်းသို့ လက်ခံကာ ထို့နောက် သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူသင့်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် အလိုရှိသော အကျိုးသက်ရောက်မှုကို ရရှိလိမ့်မည်။ အလားတူအမှုအရာများ သင့်အပေါ် နောက်တစ်ကြိမ် ဖြစ်ပျက်လာသောအခါ သင်သည် သမ္မာတရား စည်းမျဉ်းများအတိုင်း သဘာဝအတိုင်း လက်တွေ့လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး သင့်အား ကူညီရန် ဘုရားသခင်အနေဖြင့် အထူးပတ်ဝန်းကျင်များကို ချမှတ်ပေးရန် လိုအပ်တော့မည် မဟုတ်ပေ။ ဤသည်မှာ လူတို့ ရရှိနိုင်သောအရာတစ်ခုဖြစ်ပြီး ၎င်းတို့ ယင်းကို ရရှိနိုင်ပါက ဘုရားသခင်သည် မလိုအပ်သော အလုပ်တစ်ခုတလေကိုမျှ လုပ်ဆောင်မည် မဟုတ်ပေ။ သို့သော် သမ္မာတရားကို မလိုက်စားသောသူများနှင့်ပတ်သက်လာလျှင်မူ ဘုရားသခင်၏ သဘောထားသည် ကွဲပြားသည်။ အချို့သောလူတို့သည် ၎င်းတို့အပေါ် အမှုအရာများ ကျရောက်သည့်အခါ သမ္မာတရားကို မရှာဖွေကြ သို့မဟုတ် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြဘဲ ထိုအစား အပျက်သဘောဆောင်ပြီး မြည်တွန်တောက်တီးကာ ဘုရားသခင်နှင့် အခြားလူတို့အပေါ် စောဒကတက်နေကြသည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် အယူအဆများ ဖြစ်ပေါ်လာသည်သာမက သူ့အပေါ် ဝေဖန်သုံးသပ်ခြင်းလည်း ပြုကြသည်။ တစ်စုံတစ်ဦးက ၎င်းတို့ကို ပြုပြင်ပြီး ဖော်ထုတ်ပါက ၎င်းတို့သည် မိမိတို့ကိုယ်ကို မှန်ကန်ကြောင်းပြရန် ဆင်ခြေများကို ရှာဖွေကြမည်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏အလုပ်တွင် အပျက်သဘောဆောင်ကာ ခိုကပ်လာနိုင်သည် သို့မဟုတ် အမှုအရာများကိုပင် ဖြိုဖျက်နိုင်သည်။ ထိုသို့သောလူတို့သည် ကယ်တင်၍မရနိုင်ဘဲ ဘုရားသခင် ပစ်ပယ်သောသူများ ဖြစ်ကြသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ရင်း သမ္မာတရားကို အနည်းငယ် စိတ်ဝင်စားမှုရှိပြီး တရားဒေသနာများကို နားထောင်လိုစိတ်ရှိကာ သမ္မာတရားဆီသို့ ကြိုးစားအားထုတ်လျှင်၊ သင်၌ အပြုသဘောဆောင်သော သဘောထား အနည်းငယ်ရှိလျှင် ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်ဖြစ်ပြီး သင်သည် သမ္မာတရားကို ရှာဖွေသောအခါ သင့်အား အနည်းငယ် လှုံ့ဆော်မည်ဖြစ်ကာ ထို့နောက် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းရှိမရှိကို သူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိမ့်မည်။ သို့သော် သင်သည် သင်၏အလုပ်တွင် အပျက်သဘောဆောင်ပြီး ခိုကပ်ရန်၊ ဆင်ခြေများပေးပြီး မိမိကိုယ်ကို မှန်ကန်ကြောင်းပြရန်နှင့် နေရာအနှံ့တွင် အော်ဟစ်ဆူပူရန် ရွေးချယ်ပြီး မိမိကိုယ်ကို သိရန် သို့မဟုတ် နောင်တရရန် မရွေးချယ်ပါက ဘုရားသခင်သည် အဘယ်အရာကို လုပ်ဆောင်မည်ဖြစ်ပြီး သင့်ကို သူမည်သို့ ကိုင်တွယ်မည်နည်း။ ဘုရားသခင်သည် မည်သည့်ပြောင်းလဲမှုများ ဖြစ်ပေါ်သည်ကို တိတ်တဆိတ် စောင့်ကြည့်ရုံသာ ကြည့်ရှုမည်။ ဘုရားသခင်သည် သင့်ကို လှုံ့ဆော်မည် မဟုတ်သကဲ့သို့ သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားကို ရှာဖွေရန် သင့်အား တိုက်တွန်းမည်လည်း မဟုတ်ပေ။ ဘုရားသခင်သည် ပါဝင်ပတ်သက်မည်မဟုတ် သို့မဟုတ် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဘဲ သူသည် သင်၏ စိတ်တိုင်းကျ သရုပ်ဆောင်စေမည်။ သင်၏ အသိစိတ် နိုးကြားလာပြီး “ငါ ဤသို့ မလုပ်ဆောင်ခဲ့သင့်ပါ” ဟု သင်တွေးထင်သည့်အခါ၊ သို့မဟုတ် သင်၏ လက်ရှိအခြေအနေနှင့် ဆင်တူသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုကို သင် ရံဖန်ရံခါ ကြားပြီး ထိုလူ မည်သို့ ပြုမူခဲ့သည်ကို သိရှိကာ ထို့နောက် သင်လုပ်ဆောင်ခဲ့သည့်အရာသည် မသင့်လျော်၊ ကျိုးကြောင်းမဆီလျော်ဘဲ မဖွယ်မရာဖြစ်သည်ဟု ရုတ်တရက် ခံစားရပြီး သင်၏ စိတ်နှလုံးထဲတွင် သိမ်မွေ့သော နာကျင်မှုတစ်ခု ရှိလာသည့်အခါ ထိုအချိန်မှစ၍ သင်သည် နောက်တစ်ဖန် အပျက်သဘောဆောင်ခြင်း သို့မဟုတ် အားနည်းခြင်း ရှိတော့မည်မဟုတ်ဘဲ မိမိကိုယ်ကို မှန်ကန်ကြောင်းပြရန် သင်၏ ပါးစပ်ကို ဖွင့်ဟရန် ရှက်ရွံ့နေမည်ဖြစ်ကာ အနှောင့်အယှက်ပေးပြီး ဖြိုဖျက်တတ်သော သင်၏ စိတ်ကူးများ သို့မဟုတ် လုပ်ဆောင်ချက်များသည် အရေအတွက်အားဖြင့် တဖြည်းဖြည်း နည်းပါးလာမည်ဖြစ်ပြီး တဖြည်းဖြည်းနှင့် လျော့နည်းပြင်းထန်လာမည်ဖြစ်သည်။ ဤသည်မှာ နောက်ဆုံး၌ မည်မျှအထိ တိုးတက်သွားသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ယင်းမှာ သင်၏ ကိုယ်ပိုင် အပြုအမူသာ ဖြစ်သည်။ ဘုရားသခင်သည် သင့်အား နောက်ဆုံး၌ အကဲဖြတ်ရန်အတွက် သက်သေအထောက်အထားကို ရှာဖွေဖို့ ရည်ရွယ်ချက်ဖြင့် လျှို့ဝှက်စွာနှင့် တိတ်တဆိတ် စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။ နိနေဝေမြို့သည် ပျက်စီးခြင်းခံရတော့မည့်အချိန်မှာကဲ့သို့ပင် ဘုရားသခင်သည် နိနေဝေမြို့သားတို့ထံ သတင်းစကားတစ်ခုကို သယ်ဆောင်သွားရန် ယောနကို စေလွှတ်ရုံသာ ပြုခဲ့သည်။ ဘုရားသခင်သည် ၎င်းတို့အား မိမိတို့၏ အပြစ်များကို ဝန်ချတောင်းပန်ရန်၊ နောင်တရရန် သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် ပြဿနာများကို နားလည်ရန် မလှုံ့ဆော်ခဲ့ပေ၊ သူသည် ဤအရာများကို မလုပ်ဆောင်ခဲ့ပေ။ ဘုရားသခင်သည် သတင်းစကားကို သယ်ဆောင်သွားရန် ယောနကို စေလွှတ်ရုံသာ ပြုခဲ့ပြီး တစ်ချိန်တည်းတွင် ဤသတိပေးချက်ကို ကြားပြီးနောက် ၎င်းတို့ မည်သို့သော တုံ့ပြန်မှုများနှင့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့သည်ကိုလည်းကောင်း၊ အထက်မှ အောက်ခြေအထိ အမျိုးမျိုးသော လူအားလုံး၏ အစီအစဉ်များ မည်သို့ရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်ထံမှ ဤသတိပေးချက်အပေါ် ၎င်းတို့၏ သဘောထားများ မည်သို့ရှိသည်ကိုလည်းကောင်း သိမြင်ရန် လျှို့ဝှက်စွာ စောင့်ကြည့်ခဲ့သည်။ သူလုပ်ဆောင်ခဲ့သမျှမှာ လျှို့ဝှက်စွာ စောင့်ကြည့်ခြင်း ဖြစ်သည်။ “စောင့်ကြည့်သည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဘုရားသခင်သည် ဘေးမှရပ်ကြည့်သူတစ်ဦးကဲ့သို့ အမှုအရာများ မည်သို့ ဖွံ့ဖြိုးတိုးတက်သွားသည်နှင့် အမှုအရာများ ပြောင်းလဲသွားသည့် လားရာကို စောင့်ကြည့်နေပြီး သူသည် မည်သည့်နည်းလမ်းဖြင့်မျှ ဝင်ရောက်မစွက်ဖက်ဟု ဆိုလိုသည်။ ယောနကို ထိုစာကြောင်းအနည်းငယ်ကို သယ်ဆောင်သွားစေခြင်းမှလွဲ၍ ဘုရားသခင်သည် မည်သည့်ထပ်ဆောင်းအလုပ်ကိုမျှ မလုပ်ဆောင်ခဲ့သကဲ့သို့ လူတို့ကို တိုက်တွန်းအားပေးသည့် မည်သည့်အလုပ်ကိုမျှလည်း မလုပ်ဆောင်ခဲ့သည့်အပြင် ထို့ထက်ပင် သတင်းပါးစေရန် ထပ်ဆောင်းနှုတ်ကပတ်တော်များ မရှိခဲ့ဘဲ ယောန၏ ပါးစပ်မှ ထွက်ပေါ်လာသော ထိုစကားသုံးလေးခွန်းသာ ရှိခဲ့သည်။ မလွဲဧကန်ပင် ယနေ့ခေတ်လူတို့အပေါ် ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သည့် စည်းမျဉ်းများသည် မပြောင်းလဲဘဲ ရှိနေသည်၊ သူသည် ဤနည်းလမ်းဖြင့် အလုပ်လုပ်နေဆဲဖြစ်ပြီး ဤသည်မှာ အစမှအဆုံး လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထား ဖြစ်သည်။ သူသည် တစ်စုံတစ်ဦးကို ပြောင်းလဲစေလိုသည်ဖြစ်စေ သို့မဟုတ် လူတစ်ဦး၌ တစ်စုံတစ်ခုကို ပြီးမြောက်စေလိုသည်ဖြစ်စေ သူ၏အလုပ်တွင် ဘုရားသခင်၏ သဘောထား၊ စည်းမျဉ်းများနှင့် နည်းလမ်းများသည် မပြောင်းလဲပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ဘုရားသခင် ဖန်ဆင်းခဲ့သည့်အရာမှာ စက်များ သို့မဟုတ် ရုပ်သေးရုပ်များမဟုတ်ဘဲ လွတ်လပ်သောဆန္ဒရှိသည့် အသက်ရှင်သောလူများ၊ ဖန်ဆင်းခံ လူသားများ ဖြစ်ကြသည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြသည့်အခါ သို့မဟုတ် တစ်စုံတစ်ခုကို ပြီးမြောက်စေလိုသည့်အခါ သူသည် သူ၏ရည်ရွယ်ချက်များကို သဘောပေါက်ဖို့ ကြိုးစားရန် ၎င်းတို့အား ထောက်ကူပေးဖို့ ပတ်ဝန်းကျင်တစ်ခုကို ဦးစွာ မကြာခဏ ချမှတ်ပေးပြီး တစ်ခါတစ်ရံတွင် သူ၏ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များက မည်သည့်အရာများဖြစ်သည်ကို လူတို့အား တိုက်ရိုက် ပြောကြားလိမ့်မည်၊ ကျန်သည့်အရာမှာ ၎င်းတို့၏ လွတ်လပ်သောဆန္ဒနှင့် ၎င်းတို့ ပိုင်ဆိုင်သော အမျိုးမျိုးသော အခြေအနေများကို အခြေခံ၍ ဆုံးဖြတ်ချက်များ ချမှတ်သည့် လူတို့အပေါ်တွင် မူတည်သည်။ ဤသည်မှာ နိနေဝေမြို့သားတို့အပေါ် ဘုရားသခင်၏ သဘောထားဖြစ်ခဲ့ပြီး ယခု သူကယ်တင်လိုသော လူတို့အပေါ် သူ၏သဘောထားသည် မပြောင်းလဲဘဲ ရှိနေသည်။ ဘုရားသခင်၏ အလုပ်နှင့်ဆိုင်သည့် စည်းမျဉ်းများသည် မပြောင်းလဲခဲ့ပေ၊ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အမြဲ အလုပ်လုပ်ပြီး သူဖန်ဆင်းခဲ့သော လူသားများအပေါ် သူ၏အလုပ်နှင့်ဆိုင်သည့် စည်းမျဉ်းများသည် အမြဲ ဤသို့ပင် ဖြစ်သည်။ ယောနသည် နိနေဝေမြို့သားတို့အား သတိပေးပြီးနောက်တွင် သူသည် အနားယူစိတ်ဖြေလျှော့ဖို့ နေရာတစ်ခုကို ရှာဖွေရန် သွားခဲ့ပြီး ဘုရားသခင်၏ သတင်းစကားကို မြို့၏အထက်မှ အောက်ခြေအထိ သတင်းပါးပြီးနောက်တွင်လည်းကောင်း၊ ဘုရားသခင်က နိနေဝေမြို့ကို ဖျက်ဆီးတော့မည်ဟူသော သတင်းကို လူတိုင်း သိရှိပြီးနောက်တွင်လည်းကောင်း နိနေဝေမြို့သားတို့အကြား မည်သို့သော တုန်လှုပ်မှုများနှင့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို သိမြင်ရန် မြို့သူမြို့သားများကို ဘေးမှနေ၍ စောင့်ကြည့်ခဲ့သည်၊ သူလုပ်ဆောင်ခဲ့သမျှမှာ စောင့်ကြည့်လေ့လာခြင်း ဖြစ်သည်။ ဤစောင့်ကြည့်ခြင်းသည် အချိန်ယူခဲ့ပြီး ဤဖြစ်စဉ်အတွင်းတွင် ဘုရားသခင်သည် ဤအမှုအရာအားလုံးရှိ ပြောင်းလဲမှုများကို စောင့်ကြည့်နေခဲ့သည်။ အမှုအရာများသည် ကောင်းသော ဦးတည်ချက်တစ်ခု၌ ဖွံ့ဖြိုးတိုးတက်သွားပါက ဘုရားသခင်သည် နှစ်ထောင်းအားရဖြစ်ပေမည်၊ အမှုအရာများသည် မကောင်းသော ဦးတည်ချက်တစ်ခု၌ ဖွံ့ဖြိုးတိုးတက်သွားပါက သူသည် ဝမ်းနည်းကြေကွဲခြင်း ဖြစ်ကောင်း ဖြစ်မည်ဖြစ်သော်လည်း ယင်းမှာ အခြေအနေအပေါ်တွင် မူတည်ပေမည်။ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းကို ခံရသောကြောင့် ဘုရားသခင်သည် စိတ်မကောင်းဖြစ်မည်ဖြစ်ပြီး လူသားများသည် ပျက်စီးခြင်းနှင့် ရင်ဆိုင်နေရသည့်အခါ သို့မဟုတ် အသက်တစ်ချောင်း ဆုံးရှုံးတော့မည့်အခါတွင် ဘုရားသခင်သည် စိတ်မကောင်းဖြစ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသောလူတို့ ဤသို့ ထုံထိုင်း၍ ဉာဏ်နှေးကာ ဤသို့ ပုန်ကန်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားသခင်သည် စိတ်မကောင်းဖြစ်ခြင်းမရှိပေ။ ဘုရားသခင်သည် သူ၏မူလအစီအစဉ်အတိုင်း၊ သူအလုပ်လုပ်သည့် နည်းလမ်းများအတိုင်းလည်းကောင်း၊ ဖန်ဆင်းခံများကို သူကိုင်တွယ်သည့် နည်းလမ်းများနှင့် စည်းမျဉ်းများအတိုင်းလည်းကောင်း သူလုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်မည်ဖြစ်သည်။ ဤနေရာတွင် လူ့ခံစားချက်များ သို့မဟုတ် စိတ်လှုပ်ရှားမှုများ မရှိဘဲ ဖန်ဆင်းရှင်၏ အမှုအရာများကို လုပ်ဆောင်ရာရှိ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များသာ ရှိသည်။ သို့ဖြစ်၍ ဤကိစ္စနှင့်ပတ်သက်၍ ဖန်ဆင်းခံလူသားများ၏ ကျဉ်းမြောင်းသောစိတ်ထားကို အသုံးပြုကာ ဘုရားသခင်၏ အတွေးအခေါ်များနှင့် စိတ်ကူးများအပေါ် မှန်းဆချက်များနှင့် ခန့်မှန်းချက်များ ပြုလုပ်ခြင်းအစား လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အယူအဆများကို လက်လွှတ်သင့်ပြီး လူတို့ကို ဆက်ဆံရန် ဘုရားသခင်၏ သဘောထားနှင့် နည်းလမ်းများကို တိကျစွာ နားလည်သဘောပေါက်သင့်သည်။ ဘုရားသခင်သည် သင့်အပေါ် အလုပ်လုပ်ပြီး သင့်အား လေ့ကျင့်ပေးရန်နှင့် လက်တွေ့လုပ်ဆောင်နိုင်စေရန် သင့်အတွက် ပတ်ဝန်းကျင်များကို ချမှတ်ပေးကာ လူ၊ ဖြစ်ရပ်နှင့် အမှုအရာများကို စီစဉ်ပေးပြီး သူသည် သင့်အတွင်းသို့ သမ္မာတရားကို အလုပ်လုပ်သွင်းလိုသည်၊ ဤနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်ရန် ဘုရားသခင်၏ မူလရည်ရွယ်ချက်သည် အဘယ်အရာကို အခြေခံသနည်း။ ယင်းမှာ အသက်ကို လေးမြတ်ခြင်းနှင့် တန်ဖိုးထားခြင်းဟူသည့် စည်းမျဉ်းအပေါ် အခြေခံသည်။ ဤသည်မှာ ဖန်ဆင်းရှင်က ဖန်ဆင်းခံလူသားများအပေါ် ထားရှိသော ခံစားချက်တစ်ခု မဟုတ်ပေ၊ ဘုရားသခင်၌ ခံစားချက်များ မရှိပေ။ ဤမူလရည်ရွယ်ချက်၏ စည်းမျဉ်းသည် လူ့ဇာတိပကတိဆိုင်ရာ ဆွေမျိုးတော်စပ်မှု၏ ခံစားချက်များကို ကျော်လွန်ပြီး ယင်းမှာ ချစ်ခင်တွယ်တာမှုတစ်မျိုးလည်း မဟုတ်ဘဲ ယင်းမှာ အသက်ကို တန်ဖိုးထားခြင်းနှင့် လေးမြတ်ခြင်းဟူသည့် စည်းမျဉ်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ အချို့သောလူတို့က “ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားကြီးခြင်းလော။ ဤသည်မှာ သူ၏ မြင့်မားသော ဖြစ်ခြင်းအဆင့်အတန်းလော” ဟု ဆိုကြသည်။ သင်တို့ ယင်းသို့ဖြစ်သည်ဟု ထင်သလော။ (မဟုတ်ပါ။) သင်သည် “ဖြစ်ခြင်းအဆင့်အတန်း” နှင့် “စိတ်သဘောထားကြီးခြင်း” ဟူသော ဝေါဟာရများကို လူတို့ကို ဖော်ပြရန် အသုံးပြုနိုင်သော်လည်း ယင်းတို့ကို ဘုရားသခင်နှင့်ပတ်သက်၍ မသုံးနှုန်းနှင့်။ ဤသည်မှာ စိတ်သဘောထားကြီးခြင်းလည်း မဟုတ်၊ ဖြစ်ခြင်းအဆင့်အတန်းတစ်ခုလည်း မဟုတ်ပေ။ ရှုထောင့်တစ်ခုအားဖြင့် ဤသည်မှာ ဖန်ဆင်းရှင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းဟု ဆိုနိုင်ပြီး အခြားရှုထောင့်တစ်ခုအားဖြင့် ဤသည်မှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကို ထုတ်ဖော်ခြင်းတစ်ခုဖြစ်သည်ဟုလည်း ဆိုနိုင်သည်။ ဘုရားသခင်သည် မည်သည့်ဖန်ဆင်းခံ၏ အသက်ကိုမဆို တန်ဖိုးထားပြီး လေးမြတ်သော်လည်း ဤတန်ဖိုးထားခြင်းနှင့် လေးမြတ်ခြင်းကို အခြေခံ၍ ဘုရားသခင်သည် သူ၏စည်းမျဉ်းများအပေါ် အလျှော့မပေးဘဲ ဤစည်းမျဉ်းများသည် ခံစားချက်များ သို့မဟုတ် ဇာတိပကတိနှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် အဘယ်အရာနှင့် သက်ဆိုင်သနည်း။ ၎င်းတို့သည် ဘုရားသခင်တစ်ဦးတည်းသာ ပိုင်ဆိုင်သော သမ္မာတရား၏ စည်းမျဉ်းများ ဖြစ်ကြသည်။ စဉ်းစားကြည့်လော့၊ လူတို့၌ ကလေးများရှိလျှင် ၎င်းတို့သည် ၎င်းတို့ကို အလွန်အမင်း ချစ်ခင်ကြပြီး ၎င်းတို့အပေါ် အလွန်နက်ရှိုင်းသော ခံစားချက်များ ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ကလေးများကို မိမိတို့၏ လက်မောင်းများထဲ၌ ပွေ့ချီထားနိုင်ပြီး ၎င်းတို့နှင့် တစ်နေ့လုံး အတူရှိနေနိုင်ရန်ပင် ဆန္ဒရှိကြသည်။ ဘုရားသခင်၌ လူသားများအပေါ် ထိုသို့သော ခံစားချက်များ သို့မဟုတ် ချစ်ခင်တွယ်တာမှု မရှိပေ။ ၎င်းတို့၏ သွေးသားတော်စပ်မှုများကြောင့် လူတို့သည် မိမိတို့၏ ကလေးများအပေါ် ထိုသို့သော ခံစားချက်များ ဖြစ်ပေါ်လာပြီး ထိုသို့သော ခံစားချက်များသည် လူတို့ကို ၎င်းတို့၏ ဆင်ခြင်တုံတရားနှင့် စည်းမျဉ်းများကို ဆုံးရှုံးစေလိမ့်မည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ သဘာဝကျသော သို့မဟုတ် ပုံမှန်ဖြစ်သော ထုတ်ဖော်ခြင်းများ မဟုတ်သကဲ့သို့ ချစ်ခြင်းမေတ္တာ၏ သရုပ်သကန်တစ်ခုလည်း မဟုတ်ပေ။ ၎င်းတို့သည် ခံစားချက်များနှင့် တဇောက်ကန်းဖြစ်ခြင်းသက်သက်သာ ဖြစ်သည်၊ ၎င်းတို့သည် သွေးသားတော်စပ်မှုမှ ပေါ်ပေါက်လာသော ခံစားချက်များ ဖြစ်ကြသည်။ ခံစားချက်များသည် သမ္မာတရားများ မဟုတ်သကဲ့သို့ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သင့်သည့်အရာလည်း မဟုတ်ပေ၊ ၎င်းတို့သည် အပျက်သဘောဆောင်သော အရာများ ဖြစ်ကြသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ဖူးဖူးမှုထားခြင်း မရှိ သို့မဟုတ် အလိုမလိုက်ပေ။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်နည်း။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားများ၏ အသက်ကို တန်ဖိုးထားခြင်းနှင့် အသက်ကို လေးမြတ်ခြင်းဟူသည့် စည်းမျဉ်းကို အခြေခံ၍ သင့်ကို ရွေးချယ်ခဲ့ပြီး သင့်အတွက် တာဝန်ရှိကာ သင့်အပေါ် အလုပ်လုပ်ပြီး အဖိုးအခပေးလျက် သင့်အား သမ္မာတရားနှင့် အသက်ဖြင့် ထောက်ပံ့ရန် နှုတ်ကပတ်တော်များကို ပြောဆိုသည်။ သို့သော် ဘုရားသခင် အလုပ်လုပ်သည့်နည်းလမ်းမှာ လူတို့ စိတ်ကူးသည့်အတိုင်း သင့်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်း သို့မဟုတ် ပို၍ အရပ်သုံးစကားဆန်သော ဝေါဟာရကို သုံးရလျှင် သင့်ကို ဇွတ်အတင်း တောင်းဆိုခြင်းအားဖြင့် မဟုတ်ပေ။ ယင်းမှာ ထိုသို့မဟုတ်ပေ။ ဘုရားသခင်သည် လူတို့ကို ဇွတ်အတင်း မတောင်းဆိုပေ၊ သူသည် လူတို့ကို မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် မည်သည့်အခါမျှ အတင်းအကျပ်မခိုင်းပေ။ ကောင်းချီးများကို ရရှိရန်အလို့ငှာ ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်ခြင်း၌ လူတို့သည် ဘုရားသခင်ကို အမြဲ ဇွတ်အတင်း တောင်းဆိုလိုကြပြီး ဘုရားသခင်အား ၎င်းတို့ကို ကောင်းချီးများပေးရန် အမြဲ အတင်းအကျပ်ပြုလိုကြသည့်အပြင် ဘုရားသခင်အပေါ် တွယ်ကပ်ပြီး ကောင်းကင်နိုင်ငံတော်ထဲသို့ သူ ၎င်းတို့ကို ဝင်ခွင့်ပြုရန် သူ့ကို ဇွတ်အတင်း တောင်းဆိုလိုကြသည်။ ဤသည်မှာ မှန်သည်မဟုတ်လော။ (မှန်ပါသည်။) ဘုရားသခင်သည် သင့်ကို ဇွတ်အတင်း မတောင်းဆိုပေ။ ဤအရပ်သုံးစကားဖြစ်သော “သင့်ကို ဇွတ်အတင်း တောင်းဆိုသည်” ဟူသော ဝေါဟာရကို အသုံးပြုရန် မကောင်းသော်လည်း ယင်းမှာ အနည်းငယ် ပုံဖော်နိုင်ပြီး လူတို့အတွက် နားလည်ရန် လွယ်ကူသည်။ ဘုရားသခင်သည် သင့်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်း မဟုတ်ပေ၊ သင်သည် လွတ်လပ်သည်။ သူသည် သင်၏အသက်ကို လေးမြတ်ခြင်း၊ တန်ဖိုးထားခြင်းနှင့် မြတ်နိုးခြင်းတို့ကြောင့် သင့်အပေါ် ဘုရားသခင် လုပ်ဆောင်သော ဤအလုပ်အားလုံးကို သင်တန်ဖိုးထားပါက သူသည် သင့်အတွက် မည်သည့်ပတ်ဝန်းကျင်ကိုမဆို စီစဉ်ညွှန်ကြားပြီး စီစဉ်သည့်အခါ ဘုရားသခင်ကို သတိထားရှောင်ရန်၊ နားလည်မှုလွဲမှားခြင်းများ ထားရှိရန်၊ အတိုက်အခံလုပ်သည်ဟု ခံစားရရန် သို့မဟုတ် ငြင်းပယ်ရန် သင်မရွေးချယ်သင့်ပေ။ ထိုအစား သင်သည် ဖန်ဆင်းခံတစ်ဦး လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်သင့်ပြီး ဖန်ဆင်းရှင်အပေါ် ဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် သဘောထားဖြစ်သော ကျိုးနွံနာခံခြင်းနှင့် လက်ခံခြင်းကို ပြသသင့်သည်။ ဤသို့မဟုတ်လော။ (ဟုတ်ပါသည်။) ဤရှုထောင့်ကို ယခု ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးဖြစ်သည်။

လူတို့ ဘုရားသခင်၏အလုပ်ကို ချဉ်းကပ်သည့် နည်းလမ်းသည် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများထဲမှ တစ်ခုကို ဖော်ထုတ်ပြီးဖြစ်သည်။ ဤအယူအဆနှင့် စိတ်ကူးမှာ အဘယ်နည်း။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များဟူသည်မှာ သူက လူတို့ကို ကြိုးကိုင်ညွှန်ကြားပြီး ထိန်းချုပ်နေခြင်းအဖြစ် ၎င်းတို့က အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်သည့်ပုံစံလော။ (မဟုတ်ပါ။) လူတို့၏ စိတ်နှလုံး နက်ရှိုင်းသောနေရာတွင် ၎င်းတို့သည် ဘုရားသခင်ကို မထင်မရှား ကြောက်ရွံ့ကြသည်။ ဘုရားသခင်အကြောင်း ပြောဆိုရုံမျှဖြင့် သူသည် ကြောက်မက်ဖွယ်ကောင်းပြီး ချစ်ခင်နှစ်လိုဖွယ်မကောင်းဟု ၎င်းတို့ ခံစားကြရသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားမထောင်ဘဲ သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း မရှိပါက သင်သည် သူ၏နှုတ်ကပတ်တော်များကို နားထောင်ပြီး သူ၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသည့်တိုင်အောင် သူသည် သင့်အပေါ် အမျက်ထွက်မည်ဖြစ်ပြီး သူသည် သင့်ကို စုံလင်စေသည်အထိ လက်လျှော့မည်မဟုတ်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤသည်မှာ လူတို့၌ရှိသော အယူအဆတစ်ခု မဟုတ်လော။ လူတို့သည် ဘုရားသခင်ကို အဘယ်အရာဟု စိတ်ကူးကြသနည်း။ ၎င်းတို့သည် သူ့ကို အာဏာရှင်တစ်ဦးအဖြစ် စိတ်ကူးကြသည် မဟုတ်လော။ သင်သည် သူ၏အုပ်ချုပ်မှုကို လက်ခံရမည်၊ သူ၏မူဝါဒများကို လက်ခံရမည်၊ သူ့အပေါ် ရိုသေကိုင်းရှိုင်းပြီး သူသင့်အား ပြောသမျှကို လုပ်ဆောင်ရမည်ဟုလည်းကောင်း၊ သင်သည် သူ၏နောက်ကွယ်တွင် သူ့အကြောင်း ပြော၍မရနိုင်ဟုလည်းကောင်း၊ သူက သင့်အတွက် ချမှတ်ပေးသော ပတ်ဝန်းကျင်များကို သင်လက်ခံရမည်ဟုလည်းကောင်း၊ သင်လက်မခံပါက သင်သည် အပြစ်ပေးခြင်းခံရပြီး တုံ့ပြန်ဒဏ်ခတ်ခြင်းကို ခံရမည်ဟုလည်းကောင်း ၎င်းတို့က ထင်ကြသည်။ ဘုရားသခင်သည် အမှန်တကယ် ဤနည်းလမ်းဖြင့် အမှုအရာများကို လုပ်ဆောင်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် သင့်ကို လေးစားပြီး သင့်အတွက် တာဝန်ယူသည်။ ဘုရားသခင်သည် ဖန်ဆင်းခံလူသားများ၏ အသက်ကို တန်ဖိုးထားသည်။ လူတို့သည် မိမိတို့အတွက် အဘယ်အရာ ကောင်းသည်ကို မသိရှိခြင်း သို့မဟုတ် ကိုယ်တော်၏ ကြင်နာမှုကို အသိအမှတ်မပြုခြင်းတို့ မဖြစ်သင့်ပေ။ သင်သည် ဘုရားသခင်၏ ကြင်နာမှုကို အသိအမှတ်ပြုပါက သူချမှတ်ပေးသော ပတ်ဝန်းကျင်များကို သင်လက်ခံသင့်ပြီး သူ့ထံမှ ၎င်းတို့ကို လက်ခံသင့်သည်။ သင်သည် ယင်းတို့ထဲရှိ သမ္မာတရားများကို လက်မခံလျှင်ပင်၊ ယင်းတို့ထဲရှိ သမ္မာတရား စည်းမျဉ်းများကို နားမလည်လျှင်ပင်၊ သင်မည်သည့်အရာကို လက်တွေ့လုပ်ဆောင်သင့်သည်ကိုဖြစ်စေ၊ ပြောင်းလဲသင့်သည်ကိုဖြစ်စေ နားမလည်လျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်ကို သတိထားရှောင်ခြင်း သို့မဟုတ် သူ့ကို နားလည်မှုလွဲမှားခြင်းတို့ မဖြစ်သင့်ပေ၊ ဤသည်မှာ သင်ရရှိသင့်သည့်အရာ ဖြစ်သည်။ သင်သည် ဤပတ်ဝန်းကျင်များမှ မည်သည့်အရာကိုမျှ မရရှိလျှင်ပင် ဘုရားသခင်၏ အလိုတော်များကို အဓိပ္ပာယ်လွဲမှားစွာ မကောက်ယူနှင့်။ ဘုရားသခင်သည် သင့်ထံမှ မည်သည့်အရာကိုမျှ ရရှိရန် မရှာဖွေနေပေ။ သင်သည် သေးငယ်သော ဖန်ဆင်းခံတစ်ဦးသာ ဖြစ်သည်၊ ဘုရားသခင်သည် သင့်ထံမှ အဘယ်အရာကို ရရှိရန် ရှာဖွေနိုင်မည်နည်း။ သင်၏အသက်နှင့် ယနေ့ သင်ခံစားနေရသမျှအားလုံးကို ဘုရားသခင်က သင့်အား ပေးခဲ့ခြင်းဖြစ်ပြီး သင်နားလည်သော အယူဝါဒအနည်းငယ်သည်လည်း ထိုသို့ပင် ဖြစ်သည်။ သင်၏ လွတ်လပ်သောဆန္ဒ၊ သင်၏ အစွမ်းအစ၊ သင်၏ ဆုကျေးဇူးများ၊ သင်၏ စွမ်းရည် ကြီးကြီးငယ်ငယ်များနှင့် ကျွမ်းကျင်မှုများအားလုံးကို ဘုရားသခင်က သင့်အား ပေးခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်ထံမှ ရရှိရန် ရှာဖွေဖို့ အဘယ်အရာ ရှိသနည်း။ ဘုရားသခင်သည် သင့်အား သူ့ကို ကျိုးနွံနာခံစေပြီး ကြောက်ရွံ့စေလျက် သင့်အတွင်းသို့ သမ္မာတရားကို အလုပ်လုပ်သွင်းပြီးနောက် ဘုန်းအသရေကို ရရှိပြီး ဤသည်မှာ ဘုရားသခင် သင့်ထံမှ ရရှိရန် ရှာဖွေသည့်အရာဖြစ်သည်ဟု သင်ထင်ပါက သင်သည် သင်၏ ကိုယ်ပိုင် ယုတ်ညံ့သော စံနှုန်းများဖြင့် သူ့ကို တရားစီရင်နေခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် လူတို့ထံမှ အဘယ်ဘုန်းအသရေကို ရရှိနိုင်သနည်း။ အဆုံးတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို ရရှိကြသူများမှာ လူတို့ကိုယ်တိုင် ဖြစ်ကြသည်။ သူ၏အလုပ် မပြီးဆုံးမီတွင် ဘုရားသခင်သည် ဘုန်းအသရေကို ရရှိပြီးဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်ကိုယ်တော်တိုင်သည် ဘုန်းအသရေနှင့် ပြည့်စုံသောကြောင့် ဖြစ်သည်၊ သူ၏သမ္မာတရားနှင့် သြဇာအာဏာသည် စာတန်၏ ရှုံးနိမ့်မှုကို သက်သေပြချက်ဖြစ်ပြီး ၎င်းတို့သည် အပြုသဘောဆောင်သော အရာအားလုံး၏ လက်တွေ့ကျမှု ဖြစ်ကြသည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် ဘုန်းအသရေနှင့် ပြည့်စုံသည်၊ သို့ဖြစ်လျှင် သူသည် သင်ကဲ့သို့ သေးငယ်သော ဖန်ဆင်းခံတစ်ဦးထံမှ ဘုန်းအသရေအနည်းငယ်ကို ရရှိရန် လိုအပ်နေသေးသလော။ ဘုရားသခင်သည် လူတို့ထံမှ မည်သည့်အရာကိုမျှ ရရှိရန် မရှာဖွေပေ။ သူသည် မည်သည့်အရာကိုမဆို ရရှိရန် ရှာဖွေပါက ယင်းမှာ လူတို့အား သူ၏စီမံခန့်ခွဲမှုအစီအစဉ်အတိုင်း သူ၏တောင်းဆိုချက်များကို အဆုံးစွန်၌ ဖြည့်ဆည်းနိုင်စေရန်ဖြစ်ပြီး လူတို့သည် ကယ်တင်ခြင်းကို ရရှိပြီး ဘုရားသခင်နှင့် သဟဇာတ ဖြစ်နိုင်သည်နှင့်တစ်ပြိုင်နက် သူသည် ထို့နောက်တွင် ငြိမ်သက်ခြင်းချမ်းသာသို့ ဝင်ရောက်လိမ့်မည်၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းကြောင့် ဘုရားသခင်သည် အပြန်အလှန်အားဖြင့် ငြိမ်သက်ခြင်းချမ်းသာသို့ ဝင်ရောက်ခွင့်ရလိမ့်မည်၊ ဤသည်မှာ ဘုရားသခင် ရရှိရန် ရှာဖွေသည့်အရာ ဖြစ်သည်။ သို့ဆိုလျှင် အဆုံးတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို ရရှိကြသူများမှာ လူတို့မဟုတ်လော။ လူတို့သည် သမ္မာတရားကို ရရှိပြီးဖြစ်လိမ့်မည်၊ ၎င်းတို့သည် ဘဝတွင် ပျောက်ဆုံးနေသည်ဟု နောက်တစ်ဖန် ခံစားရတော့မည်မဟုတ်၊ ၎င်းတို့၌ ဦးတည်ချက်တစ်ခုနှင့် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်၊ ၎င်းတို့သည် ဘုရားသခင်နှင့် သဟဇာတဖြစ်ပြီး သူ့ကို နောက်တစ်ဖန် ပုန်ကန်တော့မည်မဟုတ်၊ ၎င်းတို့သည် မည်သည့်ဆိုးယုတ်သော အင်အားစု၏ ဖမ်းဆီးခြင်းကိုမျှ နောက်တစ်ဖန် ခံရတော့မည်မဟုတ်၊ ၎င်းတို့သည် စစ်မှန်သော ဖန်ဆင်းခံများ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့သည် သေခြင်းနှင့် နောက်တစ်ဖန် ရင်ဆိုင်ရတော့မည်မဟုတ်၊ ယင်းမှာ အလွန်ကြီးမြတ်သော ဂုဏ်တစ်ခုဖြစ်သည်တကား။ အကြီးမားဆုံး လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးကျေးဇူးများကို ရရှိကြသူများမှာ လူသားများ၊ ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံသောသူများ ဖြစ်ကြသည်။ ဤရှုထောင့်ကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးပြီလော။ ဤအတွင်း၌ လူတို့၏ အယူအဆနှင့် စိတ်ကူးမှာ အဘယ်နည်း။ (ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များဟူသည်မှာ သူက လူတို့ကို ကြိုးကိုင်ညွှန်ကြားပြီး ထိန်းချုပ်နေခြင်းအဖြစ် ၎င်းတို့က အဓိပ္ပာယ် ဖွင့်ဆိုကြသည်။) ငါတို့သည် ဤအကြောင်းကို မိတ်သဟာယမဖွဲ့ခဲ့ပါက လူတို့သည် မိမိတို့၏ စိတ်ထဲတွင် ၎င်းတို့ မဖော်ပြနိုင်သော သို့မဟုတ် စနစ်ကျသော သီအိုရီတစ်ခုအဖြစ် မဖော်ဆောင်ရသေးသော အတွေးအခေါ်များနှင့် အမြင်အချို့ အမြဲရှိနေလိမ့်မည်။ ဤအရာများသည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ၎င်းတို့ကို ဘောင်မခတ်သော်လည်း သို့မဟုတ် ၎င်းတို့၏ နေ့စဉ်ဘဝများကို သိသာသောနည်းလမ်းဖြင့် မထိခိုက်သော်လည်း ၎င်းတို့သည် ၎င်းတို့၏ သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားနှင့် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို ပြင်းထန်စွာ ထိခိုက်စေသည်။ ထို့ကြောင့် ဤသည်တို့မှာ လူတို့ လက်လွှတ်ရမည့်အရာများ ဖြစ်ကြသည်။ ဤပြဿနာကို ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက် သင်သည် သင်နှင့် ဘုရားသခင်ကြားရှိ အတားအဆီးတစ်ခုကို လက်လွှတ်ပြီး ဖြစ်လိမ့်မည်ဖြစ်ပြီး သင်၏ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းပေါ်ရှိ အတားအဆီးတစ်မျိုးကို ဖယ်ရှားပြီးဖြစ်လိမ့်မည်ဖြစ်ကာ သင်သည် သမ္မာတရားကို လိုက်စားရန် ပို၍ လွယ်ကူစေမည်ဖြစ်သည်။ စစ်မှန်သော အခက်အခဲများကို ဖြေရှင်းသည့်အခါ သင်နှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် အနှောင့်အယှက်များ လျော့နည်းသွားမည်ဖြစ်သောကြောင့် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပို၍ လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ယင်းမှာ စစ်မြေပြင်သို့ သွားခြင်းနှင့်တူသည်၊ သင်တို့သည် စစ်တိုက်ရန် သွားသည့်အခါ ဝန်ပေါ့ပေါ့ဖြင့် သွားခြင်းက ပိုကောင်းသည် သို့မဟုတ် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်း၍သွားခြင်းက ပိုကောင်းသည်ဟု သင်တို့ ထင်သလော။ မည်သည့်အရာက ပို၍ သက်သောင့်သက်သာရှိသနည်း။ (စစ်တိုက်ရန် ဝန်ပေါ့ပေါ့ဖြင့် သွားခြင်း ဖြစ်ပါသည်။) ဝန်ပေါ့ပေါ့ဖြင့် စစ်တိုက်ရန် သွားခြင်း၊ သင်၏ကျောပေါ်တွင် လက်နက်တစ်ခုကို သယ်သွားရုံမျှဖြင့် လုံလောက်သည်၊ ယင်းမှာ ထိုနည်းလမ်းဖြင့် ရိုးရှင်းပြီး လွယ်ကူသည်။ ထို့အပြင် သင်သည် အိုးများနှင့် ခရီးဆောင်အိတ် သို့မဟုတ် အလှကုန်များနှင့် အားကစားပစ္စည်းများကို သယ်ဆောင်သွားပါက ဝန်ထုပ်ဝန်ပိုးသည် အလွန်လေးလံလိမ့်မည်၊ အရာများစွာကို သယ်ဆောင်၍ စစ်တိုက်ခြင်းသည် နာကျင်ဖွယ်ဖြစ်ပြီး တိုက်ခိုက်ရန် အဆင်မပြေဖြစ်လိမ့်မည်။ ဤအယူအဆများနှင့် စိတ်ကူးများသည် လူတို့ သယ်ဆောင်သွားလာသော ဝန်ထုပ်ဝန်ပိုးအမျိုးမျိုးနှင့်တူပြီး ၎င်းတို့ သွားလေရာရာ၌ ၎င်းတို့အတွက် ပြဿနာများနှင့် ဝန်ထုပ်ဝန်ပိုးများ ဖြစ်ကြသည်။ အတိုချုပ်ဆိုရလျှင် အခါအားလျော်စွာ ဤအရာများသည် သင့်အား ထိခိုက်စေမည်ဖြစ်ပြီး သမ္မာတရားကို လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှ သင့်အား တားဆီးမည်ဖြစ်သည်။ အရေးကြီးသော ပြဿနာများ မရှိသည့်အခါ သင်၌ မည်သည့်ကြီးမားသော ပြဿနာမျှ မရှိဟု ထင်ရလိမ့်မည်။ သို့သော် အရေးကြီးသော စည်းမျဉ်းဆိုင်ရာ ပြဿနာများ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် သင်သည် သင့်အား ဘုရားသခင်ထံမှ ပိုင်းခြားထားသော ဤအရာများ၏ အတားအဆီးတစ်ခု ရှိလိမ့်မည်။ ဤအရာများ ထွက်ပေါ်လာသည့်အခါ သင်သည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး၌ ပြဿနာတစ်ခု ရှိသည်ဟုလည်းကောင်း၊ သင်နှင့် ဘုရားသခင်ကြား၌ ပဋိပက္ခတစ်ခုရှိသည်ဟုလည်းကောင်း ခံစားရလိမ့်မည်၊ ဘုရားသခင်ကို ယုံကြည်သော သင်၏ စိတ်နှလုံးသည် နောက်တစ်ဖန် ထိုသို့ သန့်စင်တော့မည်မဟုတ်ဘဲ သင်၌ အခက်အခဲများစွာ ရှိလိမ့်မည်။ သို့သော် သင်သည် ဤအရာများကို လက်လွှတ်လိုက်သည့်အခါ သင်သည် ကောင်းသည်ဟု ခံစားရလိမ့်မည်၊ သင်၏ စိတ်နှလုံးသည် သက်သောင့်သက်သာရှိပြီး လွတ်မြောက်ကာ နောက်တစ်ဖန် ဘောင်ခတ်ခြင်း သို့မဟုတ် ချည်နှောင်ခြင်း မခံရတော့ပေ။ ဤအရာများသည် သင်၏ မသိစိတ် သို့မဟုတ် သင်၏ အတွေးအခေါ်များထဲတွင် အခါအားလျော်စွာ ပေါ်လာမည်ဖြစ်သော်လည်း သင်သည် ၎င်းတို့ကို အခြေခံအားဖြင့် ဖြေရှင်းပြီးဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် အမှုအရာများကို နောက်တစ်ကြိမ် လုပ်ဆောင်သည့်အခါ ၎င်းတို့ကို လုပ်ဆောင်ရာတွင် ပို၍ လွယ်ကူစွာ ခံစားရမည်ဖြစ်ပြီး ပို၍ ရိုးရှင်းစွာ လုပ်ဆောင်လိမ့်မည်။ ဤအယူအဆများနှင့် စိတ်ကူးများသည် သင်၏ စိတ်နက်ရှိုင်းသော နေရာများတွင် သိမ်မွေ့သော အကျိုးသက်ရောက်မှုတစ်ခု ရှိနေနိုင်သေးသော်လည်း အနည်းဆုံးအနေဖြင့် သင်သည် သင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော ဆန္ဒထဲတွင် ၎င်းတို့သည် အပြုသဘောဆောင်သော အရာများမဟုတ်ကြောင်းကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး ဖြစ်လိမ့်မည်ဖြစ်သောကြောင့် ပုဂ္ဂလဓိဋ္ဌာန်ကျကျအားဖြင့် သင်သည် ၎င်းတို့ကို လက်လွှတ်မည်ဖြစ်ပြီး ၎င်းတို့၏ ထိခိုက်မှုကို ခံရမည်မဟုတ်ပေ။ ဤသို့ဖြင့် သင်သည် သင်နှင့် ဘုရားသခင်ကြားရှိ ဤအတားအဆီးကို အခြေခံအားဖြင့် လက်လွှတ်ပြီး ဖြေရှင်းပြီးဖြစ်လိမ့်မည်။

ငါတို့သည် သမ္မာတရားကို လိုက်စားခြင်းဟူသည့် အကြောင်းအရာနှင့်ပတ်သက်၍ ဤနည်းလမ်းအတိုင်း မကြာခဏ မိတ်သဟာယဖွဲ့ကြသည်။ သင်တို့သည် သမ္မာတရားကို လိုက်စားခြင်း၏ အရေးပါမှုကို ခံစားရနိုင်သလော။ သင်တို့နှင့် သိကျွမ်းသော သင်တို့ပတ်ဝန်းကျင်မှ လူများထဲမှ အချို့သည် အသင်းတော်၏ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းပင် ခံရလျက် ကိုင်တွယ်ခြင်းခံရသည်ကို သင်တို့ မြင်တွေ့သောအခါ ယင်းနှင့်ပတ်သက်၍ သင်တို့၌ အတွေးတစ်ခုခု ရှိခဲ့သလော။ သင်တို့သည် ယင်းမှ အတွေ့အကြုံ သို့မဟုတ် သင်ခန်းစာ တစ်ခုခု ရရှိခဲ့သလော။ ဘီ အုပ်စုသို့ ပြောင်းရွှေ့ခံရသူများနှင့် ရှင်းလင်းပစ်ခြင်းခံရသူများ၏ အဓိကပြဿနာများမှာ အဘယ်အရာများ ဖြစ်သနည်း။ (ကျွန်ုပ်နှင့် သိကျွမ်းသော ကျွန်ုပ်ပတ်ဝန်းကျင်မှ အချို့သောလူများ ဘီ အုပ်စုသို့ ပြောင်းရွှေ့ခံရခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်း ခံရသည်ကို ကျွန်ုပ် မြင်တွေ့သောအခါ ယင်းက ကျွန်ုပ်၏ နှလုံးသားနှင့် စိတ်တို့ကို လှုပ်နှိုးခဲ့ပါသည်။ ၎င်းတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ကြသော်လည်း သမ္မာတရားကို အမှန်တကယ် မလိုက်စားကြဘဲ၊ ကျွန်ုပ်သည်လည်း သမ္မာတရားကို မလိုက်စားဘဲ ကျွန်ုပ်အပေါ် အမှုအရာများ ကျရောက်သည့်အခါတိုင်း သမ္မာတရားကို မရှာဖွေပါက ကျွန်ုပ်သည် နောက်ဆုံး၌ ၎င်းတို့ကဲ့သို့ ဖယ်ရှားရှင်းလင်းခြင်း ခံရမည် ဖြစ်ပါသည်။) ဤလူများကို ကိုင်တွယ်ရာတွင် ဘုရားအိမ်တော်၏ စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကို သင်တို့ သိသလော။ ဘုရားအိမ်တော်သည် ၎င်းတို့၏ လူ့သဘာဝ ညံ့ဖျင်းပြီး သမ္မာတရားကို မလိုက်စားရုံဖြင့်၊ ၎င်းတို့ကို မနှစ်မြို့ဖွယ်ဟု မြင်ရုံဖြင့် ၎င်းတို့ကို ရှင်းလင်းပစ်ခဲ့ခြင်းလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ကိုင်တွယ်ခြင်းမခံရသောသူအားလုံးသည် ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာမရှိ၊ ၎င်းတို့အားလုံးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လိုက်စားကာ သမ္မာတရားကို ကျိုးနွံနာခံနိုင်ပြီး ဘုရားသခင်ကို ချစ်၍ ကြောက်ရွံ့သည်ဟူသော အဆိုမှာ မှန်သလော။ ယင်းမှာ မှန်ကန်သလော။ (မမှန်ကန်ပါ။) ထိုလူများသည် သမ္မာတရားကို မချစ်မြတ်နိုးဘဲ ယင်းကို အလွန်အမင်း မနှစ်မြို့ရုံဖြင့် ဘုရားအိမ်တော်၏ ရှင်းလင်းပစ်ခြင်း သို့မဟုတ် ဘီ အုပ်စုသို့ ပြောင်းရွှေ့ခြင်းကို ခံခဲ့ရခြင်းလော။ ၎င်းတို့သည် လူ့သဘာဝ ညံ့ဖျင်းပြီး သမ္မာတရားကို လက်ခံရန် လုံးဝငြင်းပယ်သောကြောင့် သို့မဟုတ် ၎င်းတို့၏ ရုပ်ရည်မရှိခြင်း သို့မဟုတ် ယာယီပြစ်မှားမှုတစ်ခုခုကြောင့် ကိုင်တွယ်ခံခဲ့ရခြင်းလော။ ဤသည်မှာ ဘုရားအိမ်တော်က လူတို့ကို ကိုင်တွယ်သည့် စည်းမျဉ်းဖြစ်သလော။ (မဟုတ်ပါ။) တစ်စုံတစ်ဦးသည် သမ္မာတရားကို မလိုက်စားသောကြောင့် ဘုရားအိမ်တော်က ၎င်းတို့ကို ကိုင်တွယ်ပြီး သတ်မှတ်ချက်နှင့်မညီညွတ်သဖြင့် တာဝန်ထမ်းဆောင်ခြင်းမှ ပိတ်ပင်ကာ ၎င်းတို့ကို မောင်းထုတ်လိုက်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ဤလူများကို အဘယ်ကြောင့် ကိုင်တွယ်ပြီး ေမောင်းထုတ်လိုက်သနည်း။ (အကြောင်းမှာ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ခဲ့ဘဲ အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့ကာ ဘုရားအိမ်တော်၏အလုပ်ကို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေခဲ့သောကြောင့် ဖြစ်ပါသည်။) ဤသည်မှာ အဓိကအကြောင်းရင်း ဖြစ်ခဲ့သလော။ (ဟုတ်ပါသည်။) အခြားမည်သည့် အကြောင်းရင်းများ ရှိခဲ့သေးသနည်း။ အစဉ်မပြတ် လိမ်လည်ပြောဆိုမှုကြောင့် တစ်စုံတစ်ဦး မောင်းထုတ်ခြင်း ခံရဖူးသလော။ (မခံရဖူးပါ။) သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သောကြောင့် တစ်စုံတစ်ဦး မောင်းထုတ်ခြင်းခံရဖူးသလော။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိသောကြောင့် တစ်စုံတစ်ဦး မောင်းထုတ်ခြင်းခံရဖူးသလော။ (မခံရဖူးပါ။) ဤလူများ မောင်းထုတ်ခြင်းခံရသည်မှာ ဝမ်းနည်းစရာဖြစ်သည်ဟု သင် ထင်သလော။ ၎င်းတို့ထဲမှ တစ်စုံတစ်ဦးမျှ မတရားပြုခံရခြင်း ရှိခဲ့သလော။ (မရှိပါ။) လုံးဝတစ်ဦးတစ်ယောက်မျှ မတရားပြုခံရခြင်း မရှိခဲ့ပေ။ ဤလူများ ကျူးလွန်ခဲ့သော ဒုစရိုက်အမှုများအရ ၎င်းတို့သည် ဝိညာဉ်ရေးရာနယ်ပယ်သို့ သွားသောအခါ ဆယ့်ရှစ်ကြိမ်တိုင်တိုင် သေဆုံးထိုက်ပြီး ၎င်းတို့အားလုံး အပြစ်ဒဏ်ပေးခြင်းခံရမည် ဖြစ်သည်။ သေဆုံးပြီးနောက် ပြန်အသက်ရှင်လာကာ နောက်တစ်ဖန် အပြစ်ဒဏ်ပေးခြင်းခံရပြီး နောက်တစ်ဖန် သေဆုံးကာ နောက်တစ်ဖန် ပြန်အသက်ရှင်လာပြီး နောက်တစ်ဖန် အပြစ်ဒဏ်ပေးခြင်းခံရကာ နောက်တစ်ဖန် သေဆုံးသည်။ ၎င်းတို့သည် စုစုပေါင်း ဆယ့်ရှစ်ကြိမ် သေဆုံးထိုက်သည်။ ၎င်းတို့သည် ဒုစရိုက်အမှုများစွာကို ကျူးလွန်ခဲ့ပြီး ၎င်းတို့၏ အပြစ်များသည် အလွန် ယုတ်မာလှပေတကား။ သို့ဆိုလျှင် ဤလူများကို အဘယ်ကြောင့် ကိုင်တွယ်ပြီး နှင်ထုတ်ခဲ့သနည်း။ အကြောင်းမှာ ၎င်းတို့ကို မကိုင်တွယ်ဘဲ နေ၍မဖြစ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်ဘဲ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေနေပြီး အမှုအရာများကို ဖြိုဖျက်နေခြင်းတည်း။ အချို့က ဤလူများသည် လိမ်လည်ပြောဆိုခြင်းကို နှစ်သက်ပြီး လူ့သဘာဝ ညံ့ဖျင်းသောကြောင့် သို့မဟုတ် အဆင့်အတန်းနှင့် အာဏာအတွက် ယှဉ်ပြိုင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာတွင် သစ္စာမစောင့်သိသောကြောင့် ကိုင်တွယ်ခြင်းခံရသည်ဟုပင် ထင်ကြသည်။ အခြားနားဝေတိမ်တောင်ဖြစ်သောလူများကမူ ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို မလိုက်စားသောကြောင့် ဖြစ်သည်ဟု ဆိုကြသည်။ သို့ဆိုလျှင် သင်တို့သည် သမ္မာတရားကို ချစ်မြတ်နိုးသလော။ မောင်းထုတ်ခြင်း မခံရသောသူအားလုံးသည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လိုက်စားကြသလော။ (မဟုတ်ပါ။) ဤအရာများထဲမှ တစ်ခုမျှ အဖြစ်မှန်များ မဟုတ်ပေ။ အမှန်တကယ်တွင် ဤလူများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေကာ အမှုအရာများကို ဖြိုဖျက်သည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သောကြောင့် ကိုင်တွယ်ပြီး နှင်ထုတ်သည်ကို ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့သည် စာတန်နှင့် နတ်ဆိုးများ၊ အဆင်းနီသော နဂါးကြီးတို့ လုပ်ဆောင်လိုသော်လည်း မလုပ်ဆောင်နိုင်သည့် အမှုအရာများကို လုပ်ဆောင်ခဲ့ကြပြီး ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ကြီးမားစွာ ချိုးဖောက်ကာ ဘုရားသခင်ကို ပြင်းထန်စွာ အမျက်ထွက်စေခဲ့သည်။ ၎င်းတို့ကို မမောင်းထုတ်ဘဲ နေ၍မဖြစ်သောကြောင့်သာ မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားအိမ်တော်က လူတို့အပေါ် မေတ္တာကင်းမဲ့ပြီး ကြမ်းတမ်းခြင်းကြောင့် မဟုတ်သကဲ့သို့ ဘုရားသခင်က လူတို့အား အခွင့်အရေးများ မပေးခြင်းကြောင့်လည်း မဟုတ်ပေ။ ထိုအစား ထိုလူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် အလွန်အကျွံပြုမူခဲ့ကြပြီး အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေကာ အသင်းတော်၏အလုပ်ကို ၎င်းတို့ ဖြစ်ပေါ်စေခဲ့သော ဆုံးရှုံးမှုများမှာ အလွန်ကြီးမားခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေခြင်းမဟုတ်သည့်အပြင် အလုပ်လုပ်ပေးနေခြင်းပင် မဟုတ်ပေ။ ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေနေပြီး မကောင်းမှုကို ပြုနေခြင်း ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသူများထဲမှ တစ်ဦးတစ်ယောက်မျှ အသင်းတော်၌ ဤကဲ့သို့သော လူများ ရှိနေခြင်းကို မနှစ်သက်ပေ။ သင်သည် အသင်းတော်၌ လှောင်ပြောင်သည့်စကားတစ်ခုခု ပြောဆိုလျှင် သို့မဟုတ် လိမ်လည်ပြောဆိုလျှင် ယင်းမှာ သင်၏ ပုဂ္ဂိုလ်ရေးအပြုအမူမျှသာဖြစ်ပြီး သင်သည် သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို မလိုက်စားခြင်းမျှသာ ဖြစ်သည်။ ယင်းက အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို မဖြစ်ပေါ်စေသရွေ့ သင့်ကို မည်သူမျှ ကိုင်တွယ်မည်မဟုတ်ပေ။ သင်သည် တစ်ခါတစ်ရံ မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အနည်းငယ် ဝတ်ကျေတမ်းကျေလုပ်သော်လည်း အချိန်အများစုတွင် သင်သည် အကျိုးသက်ရောက်မှုရှိပါက သင်သည် အဖျက်အမှောင့်လုပ်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်းကို မဖြစ်ပေါ်စေသရွေ့ ဘုရားအိမ်တော်သည် သင့်အား စည်းမျဉ်းများနှင့်အညီ ဆက်ဆံလျက် နေထိုင်ပြီး တာဝန်ထမ်းဆောင်ရန် အခွင့်အရေးကို ပေးလိမ့်မည်။ သို့သော် ဤလူများသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းတို့သည် မဆင်မခြင်ဘဲ ဒုစရိုက်အမှုများကို ကျူးလွန်ခဲ့ကြပြီး ကဏ္ဍတိုင်းတွင် စည်းမျဉ်းများကို ချိုးဖောက်ကာ ကြီးမားသော ဂယက်ရိုက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ အသင်းတော်အလုပ်၏ ကဏ္ဍအားလုံးသည် ဖြိုဖျက်ခြင်းခံခဲ့ရပြီး ညီအစ်ကိုမောင်နှမများစွာတို့ ထမ်းဆောင်ခဲ့သော တာဝန်များ၏ အသီးအပွင့်များသည် လုံးဝ အလဟဿ ဖြစ်ခဲ့ရသည်။ ၎င်းတို့၏ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ၏ အကျိုးဆက်များသည် အလွန်ကြီးမားပြီး ယင်းတို့ကို ပြန်လည်ပြုပြင်ရန် မရေမတွက်နိုင်သော အခြားသူများက မရေမတွက်နိုင်သော အချိန်များစွာ ယူရမည်ဖြစ်သောကြောင့် ဤလူများကို မောင်းထုတ်ခဲ့ရခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့်သာ ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များကို ပုံမှန်ထမ်းဆောင်နိုင်ပြီး ကောင်းမွန်သောရလဒ်များ ရရှိစေရန် ကာကွယ်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ရှင်းလင်းပစ်ခြင်းဖြင့်သာ ညီအစ်ကိုမောင်နှမများအတွက် သင့်လျော်သော အလုပ်လုပ်သည့် ပတ်ဝန်းကျင်နှင့် နေထိုင်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် အသင်းတော်၌ ကျန်ရှိနေမည်ဆိုလျှင် ၎င်းတို့သည် ဘေးဆိုးတစ်ခုသာ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့ သွားလေရာရာ၌ ညစ်ညမ်း၍ အဆိပ်အတောက်ဖြစ်စေသော အငွေ့အသက်နှင့် ပရမ်းပတာအခြေအနေတစ်ခု ရှိနေမည် ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် မည်သည့်အရာကမျှ အလုပ်လုပ်ပေးခြင်း၏ စံနှုန်းနှင့်ပင် မကိုက်ညီခဲ့ပေ။ ၎င်းတို့ လုပ်ဆောင်ခဲ့သမျှမှာ နှောင့်ယှက်ခြင်း၊ ဖြိုဖျက်ခြင်းနှင့် ဖျက်ဆီးခြင်းတို့သာ ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်ခဲ့သည့် အရာတိုင်းမှာ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ရန်အလို့ငှာ ဖြစ်သည်။ ၎င်းတို့သည် စာတန်၏ အစေခံများ မဟုတ်လော။ ထိုသို့သောလူများသည် အသင်းတော်၌ ကျန်ရှိနေနိုင်သလော။ ၎င်းတို့သည် သာမန်ဖောက်ပြန်ပျက်စီးသော လူသားများမဟုတ်ဘဲ စာတန်၏ အစေခံများ ဖြစ်ကြသည်။ ဤလူများသည် အဘယ်အရာကို လုပ်ဆောင်ခဲ့ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ပူဇော်သက္ကာများကို ဖြုန်းတီးခဲ့ပြီး ဘာသာတရား မရှိသူများအား အကြွင်းမဲ့ ပေးခဲ့သည်။ ၎င်းတို့သည် ဘာသာတရား မရှိသူများအား ငွေပေးရာတွင် အလွန် ရက်ရောခဲ့ကြပြီး ထိုသူတို့က မတောင်းဆိုသည့်အခါ၌ပင် ၎င်းတို့အပေါ် အတင်းအကျပ် ပေးခဲ့ကြသည်။ ၎င်းတို့က ဘာသာတရား မရှိသူများအား အလုပ်အချို့ လုပ်ဆောင်ရန် တောင်းဆိုပြီး ဘာသာတရား မရှိသူများက ဒေါ်လာတစ်ရာ လုံလောက်မည်ဟု ပြောသောအခါ ၎င်းတို့က သုံးရာ အတင်းပေးခဲ့ကြပြီး ဘာသာတရား မရှိသူများက ဒေါ်လာသုံးရာ တောင်းသောအခါ ၎င်းတို့က ငါးရာ အတင်းပေးခဲ့ကြကာ ၎င်းတို့၏ လုပ်အားခများကို ပေးချေပြီးနောက်တွင် ဘာသာတရား မရှိသူများအား အပိုဆုကြေးငွေများပင် ပေးခဲ့ကြသည်။ ပူဇော်သက္ကာ မည်မျှ သုံးစွဲရမည်ဖြစ်စေ ၎င်းတို့သည် အထက်ကို ယင်းနှင့်ပတ်သက်၍ မေးမြန်းရမည့်အစား မိမိတို့သဘောအတိုင်း ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်အညီ သို့မဟုတ် ဘုရားအိမ်တော်က ပေးအပ်သော စည်းမျဉ်းများနှင့်အညီ မလုပ်ဆောင်ခဲ့ကြသည့်အပြင် အမှန်စင်စစ် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများနှင့်အညီ လုံးဝ မလုပ်ဆောင်ခဲ့ကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို လုံးဝမကာကွယ်ဘဲ မိမိတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများကို လိုက်ကာ မိမိတို့နှစ်သက်သလို လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများထက် ဘာသာတရား မရှိသူများကို ကာကွယ်ပေးလိုကြပြီး ဘုရားသခင်၏ ပူဇော်သက္ကာများကို နေရာတိုင်းတွင် ဖြုန်းတီးခဲ့ကြသည်။ ထိုငွေသည် ၎င်းတို့ ရှာဖွေခဲ့သော ငွေဖြစ်သလော။ ဘာသာတရား မရှိသူများအား ဆုကြေးငွေများနှင့် လက်ဆောင်များ ပေးသည့်အခါ ၎င်းတို့သည် လုံးဝ နောက်မတွန့်ခဲ့ကြဘဲ မည်သူမျှ ၎င်းတို့နှင့် သဘောထားကွဲလွဲခွင့် မရှိခဲ့သည့်အပြင် ၎င်းတို့နှင့် သဘောထားကွဲလွဲသူ မည်သူ့ကိုမဆို ၎င်းတို့က ပြစ်တင်ဆုံးမခဲ့ကြသည်။ ဤကဲ့သို့သော လူများသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်နောက် လိုက်သောလူများဖြစ်သည်ဟု သင် ထင်သလော။ ၎င်းတို့သည် အမှိုက်သရိုက်များ မဟုတ်လော။ ဤကဲ့သို့သော လူများကို ရှင်းလင်းပစ်သင့်သလော။ (ရှင်းလင်းပစ်သင့်ပါသည်။) ဤလူများသည် အခြားမည်သည့် မကောင်းမှုများကို ကျူးလွန်ခဲ့ကြသေးသနည်း။ ဧဝံဂေလိတရားကို ဟောပြောရာတွင် ၎င်းတို့သည် ဘုရားအိမ်တော်ကို လှည့်ဖြားရန် မှားယွင်းသော ကိန်းဂဏန်းများကို တင်ပြခဲ့ကြပြီး မှားယွင်းသော ကိန်းဂဏန်းများကို မတင်ပြသူ မည်သူ့ကိုမဆို ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်ပြီး ဖိနှိပ်ခဲ့ကြသည်။ ၎င်းတို့သည် အခြားသူများအား မှားယွင်းသော ကိန်းဂဏန်းများကို တင်ပြရန် အတင်းအကျပ်ခိုင်းစေခဲ့ပြီး ထိုသို့ပြုလုပ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မပေးခဲ့ပေ။ မည်သည့်လူစားမျိုးက ဤသို့ပြုမူကြသနည်း။ ၎င်းတို့သည် လူများပင် ဟုတ်ကြသေးသလော။ အကယ်၍ သင်က ၎င်းတို့သည် လူ့သဘာဝ ညံ့ဖျင်းပြီး သမ္မာတရားကို မချစ်မြတ်နိုးသကဲ့သို့ သမ္မာတရားကို မလိုက်စားကြသူများမျှသာ ဖြစ်သည်ဟု ဆိုပါက ဤအဆိုသည် ကျိုးကြောင်းဆီလျော်သလော။ ယင်းမှာ အဓိပ္ပာယ်မရှိသောစကား မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် သမ္မာတရားကို မချစ်မြတ်နိုးဘဲ သမ္မာတရားကို မလိုက်စားကြသည်သာမက သမ္မာတရားကို ချစ်မြတ်နိုးခြင်းနှင့် လိုက်စားခြင်းကို မဆိုထားနှင့်၊ ပုံမှန်လူ့သဘာဝကိုပင် မပိုင်ဆိုင်ကြပေ။ ၎င်းတို့သည် နတ်ဆိုးများပင်တည်း။ သင် ဤအရာကို ယခု ရှင်းရှင်းလင်းလင်း မြင်ပြီ မဟုတ်လော။ (မြင်ပါပြီ။) ဤလူများ၏ သဘာဝသည် အဘယ်အရာဖြစ်သနည်း။ (နတ်ဆိုးတို့၏ သဘာဝ ဖြစ်ပါသည်။) ၎င်းတို့၌ နတ်ဆိုးတို့၏ သဘာဝ ရှိသည်။ ရှင်းလင်းပစ်ခြင်း ခံရပြီးနောက်တွင် ဤလူများသည် “ကျွန်ုပ် အပြစ်မရှိပါ၊ ကျွန်ုပ် ထိုသို့ မလုပ်ခဲ့ပါ” ဟု ဆိုလျက် အာခံခဲ့ကြပြီး မတရားပြုခံရသည်ဟုပင် ခံစားခဲ့ကြသည်။ အမှန်တရားသည် ၎င်းတို့၏ မျက်စိရှေ့တွင် ရှိနေသော်လည်း ၎င်းတို့သည် ဝန်ခံရန် ငြင်းပယ်ခဲ့ကြပြီး မိမိတို့၏ ဆင်ခြေများကို ခေါင်းမာစွာ ဖက်တွယ်ထားကာ အဆုံးတိုင် အာခံနေခဲ့ကြသည်၊ ၎င်းတို့ကို ရှင်းလင်းပစ်ခဲ့ခြင်းမှာ မှန်ကန်ကြောင်းကို ဤအရာက သက်သေမပြပေလော။ ဤသို့သော လူစားမျိုးများကို ရှင်းလင်းမပစ်ပါက အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ ၎င်းတို့ နောင်တရမည်လော။ သင်သည် ၎င်းတို့အား တာဝန်တစ်ခုကို ဆက်လက်ထမ်းဆောင်ရန် အခွင့်အရေးပေးပြီး ၎င်းတို့ကို ပြုပြင်ရုံမျှသာ ပြုလုပ်လျှင်ပင် ၎င်းတို့သည် နောင်တရပြီး ပိုကောင်းအောင် ပြောင်းလဲနိုင်မည်လော။ (မပြောင်းလဲနိုင်ပါ။) ၎င်းတို့ နောင်တရနိုင်ချေ လုံးဝမရှိပေ။ ဤသည်မှာ မည်သည့် သဘာဝ အနှစ်သာရ ဖြစ်သနည်း။ မည်သို့သော လူစားမျိုးသည် နောင်တမရနိုင်ဘဲ အမှန်တရားနှင့် ရင်ဆိုင်ရသည့်အခါ၌ပင် နောင်တမရသနည်း။ (နတ်ဆိုးများ ဖြစ်ပါသည်။) နတ်ဆိုးများ၊ စာတန်၏ အနှစ်သာရရှိသော လူများ၊ ဝိညာဉ်ဆိုးများနှင့် ညစ်ညူးသော မကောင်းဆိုးဝါးများသည် နောင်တရမည်မဟုတ်ပေ၊ သင်သည် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့ နောင်တရမည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုနှင့်ဆိုင်သော အမှန်တရားများကိုပင် အသိအမှတ်မပြုကြပေ၊ သို့ဖြစ်လျှင် ၎င်းတို့သည် သမ္မာတရားကို လက်ခံပြီး မိမိတို့ကိုယ်ကို သိလာနိုင်မည်လော။ ၎င်းတို့သည် ထိုသို့ လုံးဝပြုလုပ်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့၏ ဒုစရိုက်အမှုနှင့်ဆိုင်သော အမှန်တရားများကို အသိအမှတ်ပြုနိုင်ခဲ့ပါက သမ္မာတရားကို လက်ခံရန် အခွင့်အရေးတစ်ခု ရှိပေမည်၊ သို့သော် ၎င်းတို့သည် အမှန်တရားများကိုပင် ဝန်မခံကြသည့်အပြင် မိမိတို့၏ လုပ်ရပ်များ၏ သဘောသဘာဝကို အသိအမှတ်မပြု သို့မဟုတ် လက်မခံကြပေ။ ထိုသို့သောလူများသည် နောင်တရရန် မဖြစ်နိုင်ပေ။ ၎င်းတို့သည် သောဒုံမြို့သားများကဲ့သို့ပင် ဖြစ်သည်။ သင်က သောဒုံမြို့သားများအား “သင်တို့ နောင်တမရပါက ဘုရားသခင်သည် ဤမြို့ကို ဖျက်ဆီးတော်မူလိမ့်မည်” ဟု ပြောခဲ့လျှင် ၎င်းတို့ လက်ခံမည်လော။ ဤစကားများကို ကြားပြီးနောက် ၎င်းတို့၏ သဘောထားသည် မည်သို့ ဖြစ်မည်နည်း။ ၎င်းတို့သည် ထိုစကားများကို မကြားခဲ့သည့်အလား ပြုမူပြီး မိမိတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း အမှုအရာများကို ဆက်လက်လုပ်ဆောင်ကာ လုံးဝ နောင်တရခြင်းမရှိဘဲ မိမိတို့ကြိုက်နှစ်သက်သမျှကို လုပ်ဆောင်ကြပေမည်။ ထို့ကြောင့် ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်မှာ ဖျက်ဆီးခြင်းခံရခြင်း ဖြစ်ခဲ့သည်။ အသင်းတော်၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေခဲ့သော ဤလူများအတွက်မူ ဘုရားသခင်သည် ၎င်းတို့အား အခွင့်အရေးများ ပေးခဲ့သည့်တိုင် ၎င်းတို့သည် ထိုအခွင့်အရေးများကို တန်ဖိုးမထား သို့မဟုတ် နောင်တမရခဲ့ဘဲ ဘုရားသခင်ကို အဆုံးတိုင် ခေါင်းမာစွာ ဆန့်ကျင်ခဲ့ကြသည်။ ဤလူများ၌ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိပေ။ ၎င်းတို့သည် သနားထိုက်သလော။ (မသနားထိုက်ပါ။) မသနားထိုက်သော ဤလူများကို ကာကွယ်ပေးခဲ့သူ တစ်စုံတစ်ဦး ရှိသလော။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ဒုက္ခခံစားခဲ့ပြီး အဖိုးအခပေးခဲ့သည်ဟုလည်းကောင်း၊ အလွန်ပင် ပင်ပန်းစွာနှင့် အလွန်ပင် လုံ့လဝီရိယရှိစွာ အလုပ်လုပ်ခဲ့သည်ဟုလည်းကောင်း၊ ၎င်းတို့ထဲမှ အချို့သည် အတော်လေး ကောင်းမွန်သော အစွမ်းအစရှိပြီး ကြီးမားသော အလုပ်လုပ်နိုင်စွမ်းနှင့် ခေါင်းဆောင်မှုစွမ်းရည်များကို ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ ၎င်းတို့ မောင်းထုတ်ခြင်း ခံရသည်မှာ ဝမ်းနည်းစရာဖြစ်သည်ဟုလည်းကောင်း ခံစားလျက် ၎င်းတို့ကို အထင်ကြီးလေးစားသူ တစ်စုံတစ်ဦး ရှိသလော။ ယင်းမှာ ဝမ်းနည်းစရာလော။ (မဟုတ်ပါ။) ယင်းမှာ ဝမ်းနည်းစရာမဟုတ်ပေ၊ ဆိုလိုသည်မှာ ၎င်းတို့ကို မောင်းထုတ်လိုက်ခြင်းသည် မှန်ကန်ခဲ့သည်ဟု ဆိုလိုသည်။ ဤလူများသည် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိနှင့် ၎င်းတို့ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းနေသည်ကို စောင့်ကြည့်လေ့လာပြီး ကြည့်ရှုရုံသာ ပြုလော့။ လူများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်၌ပင် အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေပါက ၎င်းတို့သည် လူသားမျိုးနွယ်၏ အမှိုက်သရိုက်များ ဖြစ်ကြသည်။ ဖန်ဆင်းခံများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် မှန်ကန်မျှတခြင်း ရှိကိုရှိပြီး ထိုတာဝန်သည် မည်သည့်အရာပင်ဖြစ်စေ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားကို ကောင်းမွန်စွာ ဖြည့်ဆည်းရမည် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် စံချိန်မီခြင်းထက် လျော့နည်းနေလျှင်ပင် အနည်းဆုံးအနေဖြင့် ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို မဖြစ်ပေါ်စေသင့်ပေ။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေခြင်းသည် စာတန်လုပ်ဆောင်သည့်အရာ ဖြစ်သည်၊ ယင်းမှာ ဖောက်ပြန်ပျက်စီးသော လူသားများ လုပ်ဆောင်သင့်သည့်အရာ မဟုတ်ပေ။ ဖောက်ပြန်ပျက်စီးသော လူသားများသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို ခံခဲ့ရပြီး ဘုရားသခင်ကို အတိုက်အခံမလုပ်ဘဲ မနေနိုင်ကြပေ၊ သို့သော် ပုံမှန်လူ့သဘာဝ၊ အသိတရားနှင့် ဆင်ခြင်တုံတရားရှိသော လူများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်နေစဉ်တွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို တမင်တကာ ဖြစ်ပေါ်စေမည်မဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရားက ၎င်းတို့ကို ချုပ်တည်းထားသောကြောင့်ဖြစ်ပြီး သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ဘုရားအိမ်တော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ဖြိုဖျက်ခြင်း ပြုမည်မဟုတ်ပေ။ တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို စံချိန်မီသော နည်းလမ်းဖြင့် မထမ်းဆောင်နိုင်လျှင်ပင် ယင်းကို သာမန်အဆင့်အတန်းတစ်ခုအထိ ထမ်းဆောင်ရန်မှာ လက်ခံနိုင်ဖွယ်ဖြစ်ပြီး ဤသည်မှာ အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းနှင့် ကိုက်ညီသည်။ သို့သော် ဤလူများသည် ဤစံနှုန်းနှင့်ပင် မကိုက်ညီနိုင်ကြပေ၊ သို့ဖြစ်၍ အဆုံးတွင် ၎င်းတို့သည် ဤအဆင့်သို့သာ ဆိုက်ရောက်နိုင်သည်။ ၎င်းတို့၏ များပြားသော ဒုစရိုက်အမှုများကြောင့် ဘုရားအိမ်တော်၏ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းကို ခံရခြင်း ဖြစ်သည်။ ဤသူများသည် လူသားမျိုးနွယ်၏ အမှိုက်သရိုက်များ ဖြစ်ကြသည်။

နောက်တစ်ခုအနေဖြင့် သမ္မာတရားကို မည်သို့လိုက်စားရမည်ဟူသည့် လက်တွေ့လုပ်ဆောင်မှုအတွင်းရှိ “လက်လွှတ်ခြင်း” ၏ တတိယအချက်ဖြစ်သော “မိမိနှင့် ဘုရားသခင်ကြားရှိ အတားအဆီးများနှင့် ဘုရားသခင်အပေါ် မိမိ၏ ရန်လိုမှုကို လက်လွှတ်ခြင်း” ဟူသည့်အချက်နှင့် သက်ဆိုင်သော အယူအဆများနှင့် စိတ်ကူးများ၏ ပြဿနာများအကြောင်းကို ငါတို့ ပြောကြစို့။ ငါတို့သည် ဘုရားသခင်၏အလုပ်နှင့်ပတ်သက်သော လူတို့၏ အယူအဆများနှင့် စိတ်ကူးများအချို့ကို ယခုလေးတင် ပြောခဲ့ကြသည်။ ယခု ယင်းကို ကြည့်ရှုရာတွင် လူတို့၌ ဘုရားသခင်၏အလုပ်နှင့်ပတ်သက်၍ အခြားသော အယူအဆများနှင့် စိတ်ကူးများအချို့ မရှိကြပေလော။ ဤအယူအဆများနှင့် စိတ်ကူးများသည် လူတို့က ဘုရားသခင်၏အလုပ်ကို မည်သို့သဘောထားသည်ကိုလည်းကောင်း၊ ဘုရားသခင်၏အလုပ်ကို ၎င်းတို့ မည်သို့တွေ့ကြုံခံစားသည်ကိုလည်းကောင်း၊ ဘုရားသခင်၏အလုပ်ကို ၎င်းတို့ မည်သို့နားလည်ပြီး သိရှိသည်ကိုလည်းကောင်း သက်ရောက်မှုရှိမည်လော။ အသင်းတော်၌ ပေါ်ပေါက်သည့် အမျိုးမျိုးသော လူစားမျိုးများထဲတွင် တစ်မျိုးမှာ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ ဖြစ်ကြသည်။ ၎င်းတို့ကို ကိုင်တွယ်ခြင်းခံရစေသည့် မည်သည့်မကောင်းမှုကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဖြစ်စေ၊ အသင်းတော်က ၎င်းတို့ကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် ဖြစ်စေခဲ့သည့် မည်သည့်ကိစ္စရပ်များပင်ဖြစ်စေ၊ ဘုရားအိမ်တော်က မယုံကြည်သူများ၊ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို ရှင်းလင်းဖယ်ရှားခြင်းနှင့်ပတ်သက်၍ အချို့သော အယူအဆများရှိသည့် လူအချို့ အမြဲရှိနေပြီး ဤအယူအဆများနှင့် စိတ်ကူးများသည် ၎င်းတို့၌ ဘုရားသခင်၏အလုပ် သို့မဟုတ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်၍ လုံးဝနားလည်မှု မရှိဟူသောအချက်ကြောင့် ဖြစ်သည်။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများထဲတွင် အသင်းတော်သည် ဘုရားသခင် မြေကြီးပေါ်၌ အလုပ်လုပ်သည့်နေရာ ဖြစ်သောကြောင့် အသင်းတော်သည် လူတို့ ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်တွေ့ရန် အနီးစပ်ဆုံးနေရာဖြစ်ပြီး ယင်းမှာ ဘုရားသခင်၏ အချုပ်အခြာအာဏာ ပေါ်လွင်ထင်ရှားသည့် အထင်ရှားဆုံးနေရာဖြစ်သည်ဟုလည်း ဆိုနိုင်ပေသည်။ သို့သော် ဤနေရာ၌ လူတို့သည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအချို့ ပေါ်ပေါက်သည်ကို မကြာခဏ မြင်တွေ့ကြရသည်။ လူတို့၏ အယူအဆများထဲတွင် ၎င်းတို့က အသင်းတော်သည် ဘုရားသခင်၏အလုပ်နှင့် ဆက်စပ်သောနေရာဖြစ်သောကြောင့် ယင်းမှာ ခင်မင်ရင်းနှီးမှုနှင့် ငြိမ်းချမ်းမှု၊ မေတ္တာနှင့် ခွင့်လွှတ်ခြင်း၊ ပျော်ရွှင်မှုနှင့် နှစ်သိမ့်မှုတို့နှင့် ပြည့်နှက်နေသော ငြိမ်သက်အေးချမ်းသည့် နေရာတစ်ခု ဖြစ်သင့်သည်ဟု ထင်ကြသည်။ ၎င်းတို့က ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကဲ့သို့သော ပုဂ္ဂိုလ်များသည် အသင်းတော်၌ မည်သည့်အခါမျှ မပေါ်ပေါက်သင့်ဟုလည်းကောင်း၊ ဆိုးယုတ်သောလူများ မကောင်းမှုပြုသည့် ဖြစ်စဉ်များ မရှိသင့်ဟုလည်းကောင်း ယုံကြည်ကြသည်။ ပြီးလျှင် ၎င်းတို့က ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် အသင်းတော်၌ သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်သည့် ဖြစ်စဉ်များ မရှိသင့်သည်မှာ အမှန်ပင်ဖြစ်ပြီး မည်သည့်အမျိုးအစားမဆိုဖြစ်သော ဥပဒေမဲ့သောလူများ သို့မဟုတ် ဥပဒေမဲ့သောအရာများ၊ သို့မဟုတ် လူ့အလို၊ လူ့ခံစားချက်များနှင့် လူ့သဘာဝတို့နှင့် မကိုက်ညီသော အရာများ သာ၍ပင် မရှိနေသင့်ဟု ထင်ကြသည်။ ၎င်းတို့က အသင်းတော်၌ အရာအားလုံးသည် အလွန်ငြိမ်းချမ်း၊ အေးချမ်း၊ သာယာ၊ အပြုသဘောဆောင်၊ အကောင်းမြင်ပြီး တက်ကြွနေသင့်သည်ဟုလည်းကောင်း၊ လူ့သဘာဝ၏ လိုအပ်ချက်များနှင့် မကိုက်ညီသော တိုက်ခိုက်ခြင်းများ သို့မဟုတ် စက်ဆုပ်ဖွယ်ရာများ သို့မဟုတ် အကျည်းတန်သော အရာများပင် မရှိသင့်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤအရာအားလုံးသည် လူတို့၏ အယူအဆများ ဖြစ်ကြသည်။ သို့သော် အဖြစ်မှန်များသည် လူတို့၏ အယူအဆများနှင့် စိတ်ကူးများနှင့် မကိုက်ညီပေ။ ကာလ သို့မဟုတ် အလုပ်အဆင့် မည်သို့ပင်ဖြစ်စေ၊ အသင်းတော်၌ အချို့သော ဆိုးယုတ်သောလူများနှင့် အန္တိခရစ်တို့က အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်ကာ ဘုရားအိမ်တော်အလုပ်၏ ကဏ္ဍအချို့ကို ဖြိုဖျက်ခြင်းခံရစေပြီး အသင်းတော်အလုပ်၏ စနစ်တကျရှိမှုကို ဖရိုဖရဲဖြစ်စေ၍ နှောင့်ယှက်ခြင်းခံရစေသည့် ဖြစ်ရပ်များနှင့် အခြားထိုသို့သောအရာများ အမြဲတစေ ဖြစ်ပေါ်လျက်ရှိသည်။ ဤအရာများ ဖြစ်ပျက်သောအခါ လူတို့သည် ယင်းမှာ စဉ်းစား၍မရနိုင်ဟု ခံစားရပြီး ၎င်းတို့၏ စိတ်နှလုံးများသည် အကူအညီမဲ့ခြင်း၊ သဘောပေါက်နားမလည်နိုင်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့နှင့် ပြည့်နှက်နေကာ ၎င်းတို့က “ဘုရားသခင် အမှန်တကယ် တည်ရှိသလော။ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ် အချုပ်အခြာအာဏာကို မည်သို့ကိုင်စွဲပြီး သူ၏အသင်းတော်၊ သူ၏ အိမ်တော်ကို မည်သို့အုပ်စိုးသနည်း။ ဘုရားသခင်သည် ဤအရာကို အမှန်တကယ် အရေးစိုက်သလော၊ သို့မဟုတ် မစိုက်သလော။ ဘုရားသခင် အဘယ်မှာရှိသနည်း။ ဤဥပဒေမဲ့သောအရာများ ဖြစ်ပျက်သည့်အခါနှင့် ဆိုးယုတ်သောလူများ ပေါ်ပေါက်ပြီး နှောင့်ယှက်မှုတစ်ခုကို ဖြစ်ပေါ်စေသည့်အခါ အဘယ်ကြောင့် မည်သူမျှ ၎င်းတို့ကို တားဆီးရန် ရှေ့မထွက်လာဘဲ ဘုရားသခင်သည်လည်း ရှေ့ထွက်ပြီး ၎င်းတို့ကို တားဆီးခြင်း မရှိသနည်း။ ဤနေရာတွင် အတိအကျ မည်သို့ဖြစ်ပျက်နေသနည်း။ အသင်းတော်သည် ဘုရားအိမ်တော် မဟုတ်လော။ ဘုရားသခင်နောက် လိုက်သောသူများသည် သူ၏ ရွေးချယ်ထားသောလူများ မဟုတ်လော။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏အိမ်တော်ကို မစောင့်ကြည့် သို့မဟုတ် မကာကွယ်သနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် သူ၏ ရွေးချယ်ထားသောလူများက ပိုးအိမ်တစ်ခုထဲတွင်၊ ခိုလှုံရာတစ်ခုထဲတွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန် မကာကွယ်သနည်း” ဟု တွေးမိကြသည်။ လူတို့၌ရှိသော ဤသံသယများနှင့် ဤနားမလည်နိုင်ခြင်းသည် လူတို့၏ အမျိုးမျိုးသော အယူအဆများကြောင့် ဖြစ်ပေါ်လာသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအယူအဆများသည် အဓိကအားဖြင့် အဘယ်အရာနှင့်ပတ်သက်သနည်း။ ယင်းတို့သည် ဘုရားသခင်၏အလုပ်နှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်သည် မဟုတ်လော။ ဆိုးယုတ်သောလူများ မကောင်းမှုပြုခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေခြင်းကဲ့သို့သော ကိစ္စရပ်များ အသင်းတော်၌ ဖြစ်ပျက်သောကြောင့်လည်းကောင်း၊ လူတို့သည် ဤကိစ္စရပ်များကို နားမလည်သောကြောင့်လည်းကောင်း ဤကိစ္စရပ်များ၏ ဇာစ်မြစ်များနှင့် ၎င်းတို့၏ အဆုံးသတ်ရလဒ်မှာ အဘယ်အရာဖြစ်မည်ကို ၎င်းတို့ ထွင်းဖောက်မြင်နိုင်ရန် ခက်ခဲသည်။ လူတို့သည် ဤအရာများကို ထွင်းဖောက်မမြင်နိုင်သောကြောင့် ၎င်းတို့သည် အယူအဆအမျိုးမျိုးနှင့် ဘုရားသခင်နှင့်ပတ်သက်သော အယူအဆများကို ဖြစ်ပေါ်စေသည်။ အချို့လူများက “ဘုရားအိမ်တော်သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များအပေါ် မေတ္တာပြသင့်သည်။ ဘုရားအိမ်တော်က ၎င်းတို့အား မေတ္တာမပြပါက ယင်းမှာ လူ့အဖွဲ့အစည်းနှင့် တူညီမည် မဟုတ်လော။ လူ့အဖွဲ့အစည်းတွင် လူတစ်စုက အခြားလူတစ်စုကို အစဉ်သဖြင့် ညှဉ်းပန်းနှိပ်စက်နေကြပြီး အားလုံးမှာ အာဏာနှင့် ဩဇာအတွက် ယှဉ်ပြိုင်ခြင်းငှာ ဖြစ်သည်။ ဆိုးယုတ်သောလူများကို ရှင်းလင်းပစ်ပြီး နှင်ထုတ်ခြင်းအားဖြင့် ဘုရားအိမ်တော်သည်လည်း အလားတူ လူတို့ကို ညှဉ်းပန်းနှိပ်စက်နေသည် မဟုတ်လော။ ဘုရားအိမ်တော်၌ နေထိုင်ခြင်းသည် ထင်သလောက် လုံခြုံခြင်း မရှိပါတကား။ သင်သည် မည်သည့် လှုပ်ခတ်မှုများသော အခြေအနေများကိုမဆို အမှန်တကယ် ကြုံတွေ့ရပါက သင်သည် မတရားပြုခံရပြီး ရှင်းလင်းပစ်ခြင်းခံရနိုင်ကာ သင့်အတွက် မည်သူမျှ အပြစ်ကင်းစင်ကြောင်း သက်သေပြလိမ့်မည်မဟုတ်ပေ။ ဘုရားသခင် အတိအကျ အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် ဘုရားသခင်သည် ထွက်လာပြီး တစ်စုံတစ်ခုကို မပြောဆို သို့မဟုတ် မလုပ်ဆောင်သနည်း။ ကျွန်ုပ်တို့အား သင်၏ တည်ရှိမှုကို မြင်တွေ့ခွင့်ပေးပါ၊ ကျွန်ုပ်တို့အား သင်၏ အနန္တတန်ခိုးကို မြင်တွေ့ခွင့်ပေးပါ၊ ကျွန်ုပ်တို့အား သင်၏ အချုပ်အခြာအာဏာကို ကိုယ်မျက်စိဖြင့် မြင်တွေ့ခွင့်ပေးပါ၊ ထိုနည်းဖြင့် ကျွန်ုပ်တို့ စိတ်သက်သာရာရမည် မဟုတ်လော” ဟု ထင်ကြသည်။ အသင်းတော်၌ လူတို့သည် ၎င်းတို့ နားမလည်နိုင်ဟု မြင်သော ဖြစ်ရပ်အချို့ကို ကြုံတွေ့ရသည့်အခါတိုင်း၊ ၎င်းတို့ထဲမှ အချို့တွင် မလုံခြုံမှုနှင့် သံသယကဲ့သို့သော ခံစားချက်များ ဖြစ်ပေါ်လာပြီး အချို့က ဤဖြစ်ရပ်များကို ရှောင်ပင် ရှောင်ရှားလိုကြကာ အခြားသူများက အပျက်သဘောဆောင်မှုထဲသို့ ကျရောက်သွားကြသည်၊ အထူးသဖြင့် အချို့မှာ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် လှည့်စားခြင်းကို ခံရပြီးနောက် မိမိတို့ကိုယ်ကို လက်လျှော့လိုက်ကြကာ အချို့မှာ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်းနှင့် အသုံးချခြင်းကို ခံရပြီး ၎င်းတို့၏ ကြံရာပါများ ဖြစ်လာပြီးနောက် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရန် အသင်းတော်၏ သီးခြားခွဲထုတ်ထားခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းကိုပင် ခံကြရသည်။ ဤအရာအားလုံးကို နားမလည်နိုင်ဟု မြင်လာသည့် တစ်ချိန်တည်းမှာပင် လူတို့သည် ဘုရားသခင်၏ တည်ရှိမှုကိုလည်း သံသယဝင်လာကြသည်။ အကြောင်းမှာ လူများစွာတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ အဓိကရင်းမြစ်မှာ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ်၊ အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသော ၎င်းတို့၏ ယုံကြည်ချက်ကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ လူများစွာတို့သည် ဘုရားသခင်က အရာအားလုံးအပေါ်၊ အရာခပ်သိမ်းအပေါ်နှင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာကိုင်စွဲနိုင်သည်ဟု ယုံကြည်ကြပြီး သို့ဖြစ်၍ ၎င်းတို့သည် ဘုရားသခင်၏ တည်ရှိမှုကိုလည်းကောင်း၊ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အနှစ်သာရကိုလည်းကောင်း ယုံကြည်ကြသည်။ သို့သော် ၎င်းတို့ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသော ဤအရာများက ၎င်းတို့အား ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ် ၎င်းတို့၏ ယုံကြည်ချက်ကို သံသယဝင်စေပြီး ယိမ်းယိုင်စေကာ ထို့နောက် ၎င်းတို့သည် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသောအချက်ကို သံသယဝင်လာကြပြီး ၎င်းတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည်လည်း နောက်ဆက်တွဲအဖြစ် စတင်ယိမ်းယိုင်လာသဖြင့် ဤပြဿနာစဉ်ဆက်မပြတ် ဖြစ်ပေါ်လာသည်။ လူတို့၌ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ အမျိုးမျိုးရှိကြပြီး ဤအယူအဆများနှင့် စိတ်ကူးများသည် သမ္မာတရား သို့မဟုတ် အဖြစ်မှန်များနှင့် လုံးဝမကိုက်ညီဘဲ ထိုအစား ယင်းတို့သည် လူတို့၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အနက်ဖွင့်ဆိုချက်များ သို့မဟုတ် နားလည်မှုလွဲမှားခြင်းများ ဖြစ်ကြသည်။ သို့ဖြစ်၍ ဆက်လက်၍ ငါတို့သည် ဘုရားသခင်က သင် မြင်နိုင်ပြီး ခံစားနိုင်သော သင်၏အနီးအနားရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးအပေါ် မည်သို့ အချုပ်အခြာအာဏာကိုင်စွဲသည်ကိုလည်းကောင်း၊ ဤအရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာအတွက် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ သူ အောင်မြင်ရန် ရည်ရွယ်သည့် ရည်ရွယ်ချက်မှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း မိတ်သဟာယဖွဲ့ကြမည်။

“ဘုရားသခင်၏ အချုပ်အခြာအာဏာ” ဟူသော ဝေါဟာရသည် အလွန်ကျယ်ပြန့်သော အကြောင်းအရာများကို လွှမ်းခြုံသည်။ ပိုမိုကျယ်ပြန့်သော ပတ်ဝန်းကျင်ကို ဘေးဖယ်ထားလျှင် အသင်းတော်နှင့် ပတ်သက်လာသောအခါ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟူသောအချက်မှာ စစ်မှန်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာသည် အနှစ်သာရ မရှိသော စကားစုတစ်ခုမဟုတ်သကဲ့သို့ ဖြစ်စဉ်တစ်ခုမျှသာလည်း မဟုတ်ဘဲ ထိုအစား ယင်း၏ အမှန်တကယ်ဖြစ်သော ဥပမာများနှင့် အမှန်တကယ် ဖြစ်သော ရလဒ်များ ရှိနေသည်။ သို့ဆိုလျှင် အသင်းတော်၌ ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ စည်းမျဉ်းများမှာ အဘယ်အရာများ ဖြစ်သနည်း။ ငါတို့သည် ဤအရာကို ဦးစွာ စဉ်းစားကြစို့။ ဘုရားသခင်သည် မည်သည့်လူများကို အသင်းတော်ထဲသို့ လက်ခံသည်ကို အချုပ်အခြာအာဏာကိုင်စွဲပြီး စီစဉ်သလော။ (ဟုတ်ပါသည်။) ဤသည်မှာ အနှစ်သာရ မရှိခြင်း မဟုတ်ပေ။ ဘုရားသခင်၏ ဧဝံဂေလိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သည့်လူများထံသို့ ရောက်ရှိသည်၊ မည်သည့်လူများသည် ဘုရားသခင်၏အလုပ်ကို လက်ခံနိုင်စွမ်းရှိသည်၊ မည်သည့်လူများသည် အသင်းတော်ထဲသို့ ဝင်ရောက်နိုင်သည်။ ဤအရာအားလုံးကို ဘုရားသခင်က ပြဋ္ဌာန်းသတ်မှတ်သည်။ ယခုလောလောဆယ်၊ ငါတို့သည် ဤလူများ၏ လူ့သဘာဝအကြောင်းနှင့် ၎င်းတို့သည် ဆိုးယုတ်သောလူများ ဟုတ်မဟုတ်ကို မပြောကြစို့၊ ၎င်းတို့သည် အသင်းတော်ထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိသည်ဟူသောအချက်က ဘုရားသခင်သည် ဤအရာကို ပြဋ္ဌာန်းသတ်မှတ်သည်ဟု ဆိုလိုသည်။ ဘုရားသခင်၏ ပြဋ္ဌာန်းသတ်မှတ်ခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာ၏ ကဏ္ဍတစ်ခုလော။ (ဟုတ်ပါသည်။) ဦးစွာပထမအနေဖြင့် ငါတို့ သေချာနိုင်သည့်အရာတစ်ခုရှိသည်၊ ယင်းမှာ လူတိုင်း အသင်းတော်ထဲသို့ ဝင်ရောက်ခြင်းကို ဘုရားသခင်က ပြဋ္ဌာန်းသတ်မှတ်သည်ဟူ၍ ဖြစ်သည်။ “ဘုရားသခင်၏ ပြဋ္ဌာန်းသတ်မှတ်ခြင်း” ဟူသော ဝေါဟာရသည် အနည်းငယ် မရှင်းလင်းဟု ထင်ရသောကြောင့် “ဘုရားသခင်က အဆုံးအဖြတ်ပေးသည်၊ ဘုရားသခင်က တံခါးကို စောင့်ကြပ်သည်” ဟုသာ ဆိုကြစို့။ ဘုရားသခင်သည် နိုင်ငံတော်၏ တံခါးဖြစ်ပြီး အသင်းတော်၏ တံခါးလည်း ဖြစ်သည်။ မည်သို့သော လူစားမျိုးသည် အသင်းတော်၏၊ ဘုရားအိမ်တော်၏ အဖွဲ့ဝင်များအဖြစ် တရားဝင် ဖြစ်လာနိုင်သည်နှင့်ပတ်သက်လာလျှင် ဘုရားသခင်က တံခါးကို စောင့်ကြပ်သည်။ ၎င်းတို့သည် အသင်းတော်ထဲသို့ ဝင်ရောက်လာခဲ့သော မယုံကြည်သူများ သို့မဟုတ် ဆိုးယုတ်သောလူများ ဖြစ်စေ၊ ဘုရားသခင်ကို ယုံကြည်ရန် စိတ်ဝင်စားသော သို့မဟုတ် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်နောက် လိုက်နိုင်စွမ်းရှိသော လူကောင်းများ ဖြစ်စေ ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်ပြီး အသင်းတော်၏ အဖွဲ့ဝင်များ ဖြစ်လာပါက ဤသည်မှာ မည်သည့်လူကမျှ ဆုံးဖြတ်နိုင်သည့်အရာမဟုတ်ဘဲ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ စီစဉ်မှုများနှင့် ပြဋ္ဌာန်းသတ်မှတ်ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အချို့သော မသမာသော ရည်ရွယ်ချက်များ သို့မဟုတ် ပန်းတိုင်များကို စိတ်ထဲထားရှိသည်ဖြစ်စေ၊ ၎င်းတို့၏ လူ့သဘာဝသည် မည်သို့ရှိသည်ဖြစ်စေ၊ ၎င်းတို့၏ ပညာရေးအဆင့်နှင့် လူမှုရေးနောက်ခံသည် မည်သို့ရှိသည်ဖြစ်စေ ၎င်းတို့သည် အသင်းတော်သို့ ဝင်ရောက်ပြီး သူ၏ရှေ့မှောက်သို့ လာရောက်နိုင်သည်ကို ဆုံးဖြတ်သူမှာ ဘုရားသခင်ဖြစ်သည်။ တံခါးကို စောင့်ကြပ်သူမှာ ဘုရားသခင် ဖြစ်သည်။ လူတို့သည် တံခါးကို ကောင်းစွာ စောင့်ကြပ်နိုင်သလော။ (မစောင့်ကြပ်နိုင်ပါ။) လူတို့သည် ဤကိစ္စကို မဆုံးဖြတ်နိုင်ပေ၊ ယင်းမှာ လူတို့၏ အလိုဆန္ဒအပေါ် မူမတည်ပေ။ ဥပမာအားဖြင့် သင်က တစ်စုံတစ်ဦးသည် ပါးနပ်ပြီး လူ့အဖွဲ့အစည်း၌ အဆင့်အတန်းရှိသည်ကို မြင်သောအခါ “ဤလူသည် ဘုရားအိမ်တော်သို့ အသင်းတော် ခေါင်းဆောင်တစ်ဦးအဖြစ် လာရောက်နိုင်လျှင် ကောင်းမည်။ ငါတို့အသင်းတော်၌ ထိုသို့သောလူများ လိုအပ်သည်” ဟု ထင်ပေမည်။ သို့သော် ဘုရားသခင်သည် ၎င်းတို့ကို အလိုမရှိပေ၊ သူသည် ၎င်းတို့ကို မနှိုးဆော်ပေ။ အခြားလူများက ၎င်းတို့အား ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့သည် ကြားရသည့်အရာကို နားမလည်ကြပေ။ ၎င်းတို့သည် အခြားမည်သည့်အရာကိုမဆို နားထောင်သောအခါ နားလည်နိုင်စွမ်းရှိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားသောအခါမှသာ ၎င်းတို့ နားမလည်နိုင်ဘဲ ငတုံးများကဲ့သို့ ဖြစ်နေသည်။ ထိုသို့သောလူများသည် အသင်းတော်ထဲသို့ ဝင်ရောက်နိုင်သေးသလော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိရန် စိတ်ဝင်စားသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားဆိုင်ရာ မိတ်သဟာယဖွဲ့ခြင်းကို နားထောင်သောအခါ မိမိတို့၏ စိတ်နှလုံးများကို မငြိမ်သက်စေနိုင်ဘဲ ငြိမ်ငြိမ်မထိုင်နိုင်ကြပေ၊ တရားဒေသနာ နှစ်ခု သို့မဟုတ် သုံးခုကို နားထောင်ပြီးနောက် ၎င်းတို့ မလာတော့ပေ။ ထိုသို့သောလူများ၌ စစ်မှန်သော ယုံကြည်ခြင်းမရှိပေ၊ သို့ဖြစ်လျှင် ၎င်းတို့အပေါ် သင်၏ ကောင်းမွန်သော ရည်ရွယ်ချက်များသည် အကျိုးသက်ရောက်မှုတစ်ခုခု ရှိမည်လော။ သင်သည် ၎င်းတို့ကို အသင်းတော်ထဲသို့ ခေါ်ဆောင်လာနိုင်မည်လော။ မခေါ်ဆောင်နိုင်ပေ။ ထိုအရာကို ဘုရားသခင်က အဆုံးအဖြတ် ပေးပိုင်ခွင့်ရှိသည်။ ဘုရားသခင်က သူသည် ထိုသို့သောလူများကို အလိုမရှိဟု ဆိုပြီး ယင်းမှာ အစေခံခြင်းအတွက်ဖြစ်စေ၊ အခန်းကဏ္ဍတစ်ခုခုမှ ပါဝင်ရန်အတွက်ဖြစ်စေ သူသည် ၎င်းတို့ကို အလိုမရှိပေ။ သို့ဖြစ်၍ သင်သည် စေတနာကောင်းများဖြင့် ၎င်းတို့ကို အတင်းဆွဲခေါ်လျှင်ပင် အချည်းနှီးဖြစ်မည်ဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် ထွက်ခွာသွားရမည်သာ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ အဖွဲ့ဝင်များ ဖြစ်လာရန် မဖြစ်နိုင်ပေ၊ မည်သူက ၎င်းတို့ကို ဆွဲခေါ်သည်ဖြစ်စေ အချည်းနှီးဖြစ်မည်။ ဤသည်မှာ လူတို့က မဆုံးဖြတ်နိုင်သော ကိစ္စရပ်တစ်ခုဖြစ်သည်၊ ယင်းကို ဘုရားသခင်က ပြဋ္ဌာန်းသတ်မှတ်ပြီး ဘုရားသခင်က တံခါးကို စောင့်ကြပ်သည်။ အချို့လူများ၌ လူမှုရေးအဆင့်အတန်းမရှိ၊ ၎င်းတို့သည် အရေးပါသော ပုဂ္ဂိုလ်များမဟုတ်ဘဲ သာမန်အစွမ်းအစရှိပြီး ထူးမခြားနားသော ရုပ်ရည်ရှိသော်လည်း ၎င်းတို့သည် အတော်လေး ရိုးစင်းပြီး ပွင့်လင်းကာ ဘုရားသခင်ကို ယုံကြည်ခြင်းကိစ္စရပ်များ၌ စိတ်ဝင်စားကြသည်။ ၎င်းတို့၌ မည်သည့်အခက်အခဲများ ရှိသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်နှင့် ခွဲခွာ၍မရနိုင်ဘဲ ၎င်းတို့၏ စိတ်အားထက်သန်မှုသည် အလွန်ကြီးမားသည်။ ဤစိတ်အားထက်သန်သော စွမ်းအင်သည် ညီအစ်ကိုမောင်နှမများ မြင်တွေ့ရသည်ကို ပျော်ရွှင်စေသည့်အရာဖြစ်ပြီး ဘုရားသခင်သည်လည်း ယင်းကို မြင်တွေ့ရသည်ကို နှစ်သက်တော်မူသည်။ အမှန်တကယ်တွင် ၎င်းတို့သည် ဘုရားသခင်၏ ဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောကြောင့် ဤမျှ စိတ်အားထက်သန်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်ထဲသို့ ဝင်ရောက်ပြီး အသင်းတော်ရှိ လူများသည် လူကောင်းများ ဖြစ်ကြသည်ကိုလည်းကောင်း၊ နေ့စဉ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နေကြသည်ကိုလည်းကောင်း မြင်တွေ့ပြီးနောက် ၎င်းတို့သည် ဤအရာကြောင့် အလွန်အားတက်လာပြီး ဤသည်မှာ အသက်တာ၏ မှန်ကန်သောလမ်းခရီးဖြစ်သည်ဟု ခံစားရသောကြောင့် ၎င်းတို့သည် ဧဝံဂေလိတရားကို စတင်ဟောပြောပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကာ ဘုရားသခင်နောက် လိုက်သောသူများ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နိုင်သည်ကို မည်သူက ဆုံးဖြတ်သနည်း။ (ဘုရားသခင်က ဆုံးဖြတ်ပါသည်။) ဆုံးဖြတ်သူမှာ ဘုရားသခင် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား အသင်းတော်ထဲသို့ ဝင်ရောက်ရန် ခွင့်ပြုသောကြောင့်သာ ဘုရားသခင်ကို ယုံကြည်နိုင်ကြသည်။ ဘုရားသခင်က အလုပ်မလုပ်ဘဲ ၎င်းတို့ကို မနှိုးဆော်ခဲ့ပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်နိုင်မည်မဟုတ်ဘဲ ၎င်းတို့သည် အသင်းတော်ထဲသို့ အတင်းအကျပ် ဆွဲခေါ်ခြင်းခံခဲ့ရပါက ၎င်းတို့သည် အနှေးနှင့်အမြန်ဆိုသလို ထွက်ခွာသွားရမည်သာ ဖြစ်သည်။ လူတို့၌ သမ္မာတရားကို လက်ခံရန်အတွက် ၎င်းတို့၏ ပင်ကိုယ်အရည်အသွေးများအတွင်း၌ စွမ်းရည်မရှိပေ၊ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်ခံနိုင်သည်ဟူသောအချက်က ဘုရားသခင်သည် ၎င်းတို့အပေါ် အလုပ်လုပ်ကြောင်း သက်သေပြသည်။ ဘုရားသခင်က ၎င်းတို့အပေါ် အလုပ်လုပ်ပါက ၎င်းတို့သည် အသင်းတော်၏ အဖွဲ့ဝင်များ ဖြစ်လာနိုင်သည်။ ဤသည်မှာ လူအမျိုးမျိုး အသင်းတော်ထဲသို့ ဝင်ရောက်ရန်အတွက် ကြိုတင်လိုအပ်ချက်ဖြစ်ပြီး ထိုကြိုတင်လိုအပ်ချက်မှာ ဘုရားသခင်က ၎င်းတို့ကို အလိုရှိခြင်း ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၌ မည်သည့်အခန်းကဏ္ဍမှ ပါဝင်သည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် သူ၏အိမ်တော်၏ တံခါးကို စောင့်ကြပ်သည်။ သူက ၎င်းတို့ကို ဝင်ခွင့်မပြုပါက ၎င်းတို့သည် တံခါးအပြင်ဘက်တွင် ရှိနေသည်၊ သူက ၎င်းတို့ကို ဝင်ခွင့်ပြုပါက ၎င်းတို့သည် တံခါးအတွင်းဘက်တွင် ရှိနေသည်။ ထို့ကြောင့် အသင်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခြင်းသည် ထိုမျှ ရိုးရှင်းသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။ လူများကို လက်ခံရန် ဘုရားသခင်အတွက် အခြေခံအဖြစ် အသုံးပြုသည့် စည်းမျဉ်းများနှင့် ပတ်သက်လာလျှင် ဘုရားသခင်၌ သူ၏ ကိုယ်ပိုင်စည်းမျဉ်းများ ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ငါတို့သည် ဘုရားသခင်က မည်သို့သောလူကို အလိုရှိသည်နှင့် မည်သို့သောလူကို အလိုမရှိသည်ကို မိတ်သဟာယဖွဲ့မည်မဟုတ်ပေ။ ယင်းမှာ အလွန်ရှုပ်ထွေးသည်။ အဘယ်ကြောင့် ယင်းမှာ ရှုပ်ထွေးသည်ဟု ငါ ဆိုရသနည်း။ ဘုရားသခင်၌ မည်သူက အသင်းတော်သို့ ဝင်ရောက်သည်၊ မည်သည့်ကာလအတွင်း ၎င်းတို့ မည်သည့်အခန်းကဏ္ဍမှ ပါဝင်သည်၊ မည်သည့်ကာလအတွင်း ၎င်းတို့ မည်သည့်တာဝန်ကို ထမ်းဆောင်သည် သို့မဟုတ် မည်သည့်အရေးကြီးသော အလုပ်ကို တာဝန်ယူသည်၊ မည်သည့်ကာလ၌ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်လိုအပ်ချက်များနှင့် ၎င်း၏ ဝန်ထမ်းလိုအပ်ချက်များနှင့် ကိုက်ညီသည်တို့အတွက် အစီအစဉ်တစ်ခု ရှိသည်။ ဘုရားသခင်သည် ပစ္စုပ္ပန်အခိုက်အတန့်၌သာ လုပ်ဆောင်ခြင်းထက်၊ မဟာအမြင်နှင့် အလုံးစုံအဆင့်တွင် ထိန်းညှိပြီး ထိန်းချုပ်သည်။ ဤသည်မှာ အလွန်ရှုပ်ထွေးသော ကိစ္စရပ်တစ်ခုဖြစ်ပြီး စကားအနည်းငယ်ဖြင့် ရှင်းလင်းစွာ ရှင်းပြ၍မရနိုင်သောကြောင့် ငါတို့သည် အသေးစိတ်ကို ပြောမည်မဟုတ်ပေ။ အတိုချုပ်အားဖြင့် လူတစ်ဦးသည် ဘုရားအိမ်တော်၏ တံခါးသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိကို မည်သည့်လူကမျှ မဆုံးဖြတ်နိုင်ပေ၊ ဘုရားသခင်သည် ဤအရာအပေါ် အချုပ်အခြာအာဏာကိုင်စွဲပြီး ဤအရာကို စီစဉ်သည်။ ဘုရားအိမ်တော်သို့ ဝင်ရောက်ပြီးနောက် လူအမျိုးမျိုးသည် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ကြပြီး အခန်းကဏ္ဍအမျိုးမျိုးမှ ပါဝင်ကာ လမ်းကြောင်းအမျိုးမျိုးကို လျှောက်လှမ်းကြသည်။ ဤအမျိုးမျိုးသော လူစားမျိုးအားလုံး၌ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ၊ တက်ကြွသည်ဖြစ်စေ၊ မတက်ကြွသည်ဖြစ်စေ အမျိုးမျိုးသော မတူညီသည့် သရုပ်သကန်များ ရှိကြသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အုပ်ချုပ်မှုအောက်တွင် ရှိလေသည်။

ဘုရားသခင်၏ အချုပ်အခြာအာဏာဟူသည်မှာ အရာခပ်သိမ်းသည် ကိုယ်တော်၏ အုပ်စိုးမှုအောက်တွင် ယင်းတို့၏ သဘာဝအတိုင်း ဖြစ်ပေါ်လာပြီး ဖြစ်ပျက်ခြင်းကို ဆိုလိုသည်။ မည်သည့်ဖြစ်ရပ်မျှ တိုက်ဆိုင်မှုအားဖြင့် ဖြစ်ပေါ်ခြင်းမရှိသကဲ့သို့ မည်သည့်ဖြစ်ရပ်မဆို ကြုံတွေ့ရသော တိုးတက်မှုများနှင့် အပြောင်းအလဲများကို မည်သည့်လူတစ်ဦးတစ်ယောက်ကမျှ စတင်ခြင်း သို့မဟုတ် ဆုံးဖြတ်ခြင်း မဟုတ်ပေ၊ ဘုရားသခင်သည် ဤအရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်။ အမှန်ပင်၊ ဖြစ်ရပ်တစ်ခုတလေ၏ နောက်ဆုံးအကျိုးဆက်နှင့် သရုပ်ဖော်ချက်မဆိုသည်လည်း ထိုဖြစ်ရပ်အမျိုးအစား၏ အနှစ်သာရနှင့် ယင်းတွင် ပါဝင်ပတ်သက်သော လူအမျိုးအစားများ၏ အနှစ်သာရအပေါ် အခြေခံပြီး ထိုဖြစ်ရပ်ကို သတ်မှတ်ရန်အတွက် အခြေခံမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ဘုရားသခင် သတ်မှတ်ထားသော စည်းမျဉ်းများ လုံးလုံးဖြစ်ပေသည်။ မည်သည့်ဖြစ်ရပ်အမျိုးအစားမျှ တိုက်ဆိုင်မှုအားဖြင့် ဖြစ်ပေါ်ခြင်းမရှိသကဲ့သို့ မည်သည့်ဖြစ်ရပ်အမျိုးအစား၏ နောက်ဆုံးအကျိုးဆက်ကိုမျှ လူတို့က ဆုံးဖြတ်ခြင်းမဟုတ်ပေ။ စင်စစ်အားဖြင့် ဖြစ်ပျက်သည့် မည်သည့်ဖြစ်ရပ်အမျိုးအစား၏ အစကိုမဆို ဘုရားသခင်က စီစဉ်ပြီး ဖြစ်ပေါ်စေသည်။ ဘုရားသခင်သည် ဖြစ်ရပ်အမျိုးအစားတစ်ခုကို ဖြစ်ပေါ်စေသည့်အခါ ကိုယ်တော်သည် ယင်းတွင် ပါဝင်လုပ်ဆောင်ရန် လူအမျိုးအစားတစ်ရပ်ကို စီစဉ်ပေးပြီး ထိုလူအမျိုးအစားသည် အစေခံသူတစ်ဦး၏ သို့မဟုတ် အဖြည့်ခံတစ်ဦး၏ ကဏ္ဍမှ ပါဝင်ကောင်းပါဝင်မည်ဖြစ်ကာ ၎င်းတို့သည် အပျက်သဘောဆောင်သော ကဏ္ဍမှ ပါဝင်ကောင်းပါဝင်မည် သို့မဟုတ် အပြုသဘောဆောင်သော ကဏ္ဍမှ ပါဝင်ကောင်းပါဝင်မည် ဖြစ်သည်။ သို့သော် ၎င်းတို့သည် မည်သည့်ကဏ္ဍမှ ပါဝင်သည်ဖြစ်စေ ဤအမှုအရာအားလုံး၏ အစကို ဘုရားသခင်က စီစဉ်ခြင်း ဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင် စီစဉ်မှုများ ပြုလုပ်ခြင်းနှင့်ဆိုင်သော ရှင်းပြချက်နှစ်ခု ရှိသည်။ ရှင်းပြချက်တစ်ခုမှာ ဘုရားသခင်သည် အပြုသဘောဆောင်သော စီစဉ်မှုအချို့ကို ကိုယ်တိုင်ပြုလုပ်ပြီး အပြုသဘောဆောင်သော လမ်းညွှန်မှုနှင့် ကြီးကြပ်မှုအချို့ကို ပံ့ပိုးပေးကာ အပြုသဘောဆောင်သော ပုဂ္ဂိုလ်အချို့ကို ဖြစ်ရပ်တစ်ခု စတင်စေသည်၊ ဤသည်မှာ “ဘုရားသခင်၏ စီစဉ်မှုများ” နှင့်ဆိုင်သော ရှင်းပြချက်တစ်ခု ဖြစ်သည်။ နောက်ထပ် ရှင်းပြချက်တစ်ခုမှာ ဘုရားသခင်သည် အချို့သောအမှုအရာများကို လုပ်ဆောင်ရန် ဝိညာဉ်အမျိုးအစားတစ်ခုကို စေလွှတ်ပြီး စေခိုင်းခြင်း ဖြစ်သည်။ ဤအမှုအရာများသည် လူတို့၏အမြင်တွင် အပျက်သဘောဆောင်ပြီး ကောက်ကျစ်ဆိုးယုတ်သောကြောင့် ဤအပျက်သဘောဆောင်ပြီး ကောက်ကျစ်ဆိုးယုတ်သော ပုဂ္ဂိုလ်များသည် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ မုချဖြစ်ကြသည်၊ ဆိုလိုသည်မှာ ဘုရားသခင်က အဖြည့်ခံများနှင့် အပျက်သဘောဆောင်သော သင်ခန်းစာများအဖြစ် သူ၏အိမ်တော်သို့ ဝင်ရောက်ရန် အစကတည်းက ကြိုတင်ပြဋ္ဌာန်းထားသော လူအမျိုးအစားများ ဖြစ်ကြသည်။ ဘုရားသခင်သည် ၎င်းတို့အား ဤကဏ္ဍများမှ ပါဝင်စေသည်၊ အကြောင်းမှာ ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့်ဆိုလျှင် ဤသည်တို့မှာ ၎င်းတို့ ပါဝင်ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော ကဏ္ဍများ ဖြစ်သောကြောင့် ဖြစ်ပြီး ကိုယ်တော်သည် ၎င်းတို့အား ၎င်းတို့၏ စိတ်တိုင်းကျ သရုပ်ဆောင်စေကာ အဖြည့်ခံများအဖြစ် ၎င်းတို့ လုပ်ဆောင်သင့်သည်ကို ၎င်းတို့၏ စိတ်တိုင်းကျ လုပ်ဆောင်စေသည်။ လုပ်ငန်းစဉ်တစ်ခုလုံးတစ်လျှောက်တွင် အပြုသဘောဆောင်သော ပုဂ္ဂိုလ်များ၏ သရုပ်သကန်များဖြစ်စေ၊ အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ၏ သရုပ်သကန်များဖြစ်စေ ဤအမှုအရာအားလုံးကို ချဉ်းကပ်ရာတွင်လည်းကောင်း၊ ကိုင်တွယ်ရာတွင်လည်းကောင်း ဘုရားသခင်၏ စည်းမျဉ်းမှာ ၎င်းတို့ကို ၎င်းတို့၏ သဘာဝအတိုင်း ဖြစ်စေခြင်း ဖြစ်သည်။ ဤအမှုအရာများကို ရှုမြင်ရာတွင်လည်းကောင်း၊ ကိုင်တွယ်ရာတွင်လည်းကောင်း အပြုသဘောဆောင်သော ပုဂ္ဂိုလ်များ၌ အပြုသဘောဆောင်သော ရှုမြင်ချက်အချို့၊ လူ့သဘာဝနှင့် အသိစိတ်၏ စံနှုန်းတို့နှင့် ကိုက်ညီသော ရှုမြင်ချက်အချို့ ရှိကြသည်။ ၎င်းတို့ထဲမှ အချို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို ထုတ်ဖော်ကြသော်လည်း၊ လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်း၏ သရုပ်သကန်အချို့ကို ပိုင်ဆိုင်ခြင်း သို့မဟုတ် အခြားသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအချို့ကို ထုတ်ဖော်ခြင်းတို့ ရှိကြသော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့သည် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို စွဲကိုင်ကြသည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် ကျင့်ကြံပြုမူခြင်းအတွက် အခြေခံအကျဆုံး စံသတ်မှတ်ချက်ကို စွဲကိုင်ကြသည်။ အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များနှင့် ပတ်သက်လာလျှင်မူ ဘုရားသခင်သည် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် လမ်းညွှန်ခြင်း မပြုဘဲ ၎င်းတို့ကို ၎င်းတို့၏ သဘာဝအတိုင်း လိုက်လျှောက်စေသည်။ ၎င်းတို့သည်လည်း ၎င်းတို့၏ စိတ်တိုင်းကျ သရုပ်ဆောင်ကြပြီး ၎င်းတို့၏ ရုပ်ပျက်ဆင်းပျက်ဖြစ်မှုကို ဖော်ထုတ်ကာ အချို့သောအမှုအရာများကို ၎င်းတို့၏ စိတ်တိုင်းကျ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ဖော်ထုတ်သည့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ၊ ဆိုလိုသည်မှာ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ၏ ကဏ္ဍများမှ အောင်မြင်စွာ ပါဝင်သရုပ်ဆောင်ကြပြီး အခြားသူများကို လက်တွေ့ဘဝတွင် မည်သို့သော လူစားမျိုးများသည် နတ်ဆိုးများဖြစ်ကြောင်း၊ မည်သို့သောလူစားမျိုးများသည် ဆိုးယုတ်သောလူများ ဖြစ်ကြောင်း၊ မည်သို့သောလူစားမျိုးများသည် အန္တိခရစ်များဖြစ်ကြောင်းနှင့် ဘုရားသခင် ဖော်ထုတ်သည့် အန္တိခရစ်များ၊ ဆိုးယုတ်သောလူများ၊ စာတန်များနှင့် နတ်ဆိုးများ၏ ရုပ်ဆိုးအကျည်းတန်သော မျက်နှာများသည် အတိအကျ မည်သို့မည်ပုံ ဖြစ်ကြောင်းကို ထင်ထင်ရှားရှား မြင်တွေ့နိုင်စေသည်။ ဤအပျက်သဘောဆောင်သော ပုဂ္ဂိုလ်များကို လက်တွေ့ဘဝတွင် သက်ရှိသင်ခန်းစာများအဖြစ် အသုံးမပြုခဲ့ပါက သင်၏စိတ်ထဲတွင် နတ်ဆိုးများနှင့် စာတန်များသည် ထာဝရ မြင်တွေ့ကိုင်တွယ်၍ မရသောအရာများ ဖြစ်နေမည်ဖြစ်ပြီး ထာဝရ မှန်းဆချက်တစ်ခု သို့မဟုတ် ရုပ်ပုံတစ်ခုမျှသာ ဖြစ်နေမည်ဖြစ်သည်။ သို့သော် ယခုအခါတွင် ဤသက်ရှိသာဓကများကို သင်၏ မျက်စိရှေ့တွင် အတိအကျ ချထားပြီးဖြစ်ကာ ဤလူ့အရေခွံခြုံထားသော နတ်ဆိုးများသည် သင်၏ မျက်စိရှေ့တွင် အသက်ဝင်ထင်ရှားစွာ နေထိုင်လျက်ရှိပြီး ၎င်းတို့၏ ပြောဆိုပြုမူပုံ၊ ၎င်းတို့၏ စကားတစ်လုံးချင်းနှင့် လုပ်ရပ်တစ်ခုချင်း၊ ၎င်းတို့၏ မျက်နှာအမူအရာများနှင့် ၎င်းတို့၏ စကားပြောသံနေသံထားပင်လျှင် သင်၏အသက်တာတွင်၊ သင်၏ရှေ့မှောက်၌ အသက်ဝင်ထင်ရှားစွာ ပေါ်ပေါက်လာပြီး သင်၏စိတ်ထဲတွင် စွဲထင်သွားသည်။ ဤသည်မှာ သင့်အတွက် မကောင်းသည့်အရာ မဟုတ်ပေ။ ဤသို့သောအရာမျိုးသည် အသင်းတော်တွင် အကြိမ်ကြိမ်အခါခါ ဖြစ်ပေါ်သည်။ ပထမအကြိမ် ဖြစ်ပျက်သည့်အခါ သင်သည် စိတ်မသက်မသာခံစားရပြီး ဘုရားသခင်ထံ ဆုတောင်းရန် လိုအပ်သည်ဟု သင်ထင်သည်။ ဒုတိယအကြိမ် ဖြစ်ပျက်သည့်အခါ သင်က “ကျွန်ုပ်သည် မိမိကိုယ်ကို ကာကွယ်ရန် သမ္မာတရားကို အသုံးပြုတတ်ဖို့ သင်ယူရမည်ဖြစ်ပြီး နောက်တစ်ကြိမ် ဤသို့သောလူစားမျိုးကို ကြုံတွေ့သည့်အခါ ၎င်းတို့ကို ကျွန်ုပ် ရှောင်ရမည်” ဟု သင်တွေးတောကာ သင့်ကိုယ်သင် ကာကွယ်ရန်နှင့် ဆိုးယုတ်သောလူများထံမှ ဝေးဝေးနေရန် မည်သို့လုပ်ဆောင်ရမည်ကို သင် စတင်စဉ်းစားသည်။ တတိယအကြိမ် ဤသို့သောလူစားမျိုး ပေါ်လာသည့်အခါ သင်က “အဘယ်ကြောင့် ဤလူများသည် အဆင်းနီသော နဂါးကြီးကဲ့သို့၊ စာတန်ကဲ့သို့ တစ်ပုံစံတည်း စကားပြောကြသနည်း။ ၎င်းတို့ပြောသည့်အရာများသည် အထင်အမြင်မှားစေသောအရာများ မဟုတ်လော။ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်လော။ ဤသရုပ်သကန်များကို ပြသသောလူများသည် အန္တိခရစ်များဖြစ်သည်ဟု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောထားပုံရသည်။ ကျွန်ုပ်သည် ၎င်းတို့ကို ပိုင်းခြားသိမြင်ပြီး ဖော်ထုတ်ရမည်၊ ၎င်းတို့၏ အထင်အမြင်မှားစေခြင်းကို ကျွန်ုပ် မခံနိုင်ပါ၊ ၎င်းတို့ထံမှ ကျွန်ုပ် ဝေးဝေးနေရမည်” ဟု သင် စဉ်းစားသုံးသပ်သည်။ ဤသို့သောအရာမျိုးကို အကြိမ်ကြိမ်အခါခါ တွေ့ကြုံခံစားခြင်းအားဖြင့် သင်သည် အန္တိခရစ်များ၊ ဆိုးယုတ်သောလူများ၊ စာတန်များနှင့် နတ်ဆိုးများကို ပိုင်းခြားသိမြင်ခြင်းကိုလည်းကောင်း၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများဟူသည် အဘယ်အရာ ဖြစ်သည်ကိုလည်းကောင်း ပို၍ရှင်းလင်းပြီး ပို၍နက်ရှိုင်းသော နားလည်မှုတစ်ခုကို ရရှိသည်။ သင်၏နားလည်မှုသည် စကားလုံးများနှင့် အယူဝါဒများတွင် ရပ်တန့်မနေတော့သကဲ့သို့ ရုပ်ပုံများတွင် သာ၍ပင် ရပ်တန့်မနေတော့ပေ။ ထိုအစား သင်သည် ဤအရာများကို လက်တွေ့ဘဝတွင် ပို၍ပို၍ ခွဲခြားသိမြင်နိုင်လာပြီး တစ်ချိန်တည်းတွင် သင်သည် ဤလူများအား သမ္မာတရားကိုအသုံးပြု၍ ရှုမြင်နိုင်လာသည့်အပြင် ဖြစ်ပျက်ခဲ့သော ဤအမှုအရာများကိုလည်း သမ္မာတရားကို အသုံးပြု၍ ဖြေရှင်းနိုင်လာသည်။ မှန်ပေသည်၊ ဤအမှုအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဤလူများအပေါ် အတိအကျ မည်သို့သော ရပ်တည်ချက်ကို ခံယူသင့်သည်၊ ၎င်းတို့ကို မည်သည့်ရှုထောင့်မှ ရှုမြင်သင့်သည်၊ ၎င်းတို့နှင့် မည်သို့သော ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားသင့်သည်တို့ကို စဉ်းစားလျက် သင်၏အမြင်များနှင့် ရပ်တည်ချက်များကိုလည်း အဆက်မပြတ် ပြင်ဆင်နေသည်။ သင်သည် ဤအမှုအရာများကို ရင်ဆိုင်ရသည့်အခါ ဤပြဿနာများကို အလိုအလျောက် စဉ်းစားသုံးသပ်မည်ဖြစ်ပြီး အဖြေများရှာဖွေရန်နှင့် ကောက်ချက်များချရန် သမ္မာတရားကို အဆက်မပြတ် ရှာဖွေကာ နောက်ဆုံးတွင် တစ်စုံတစ်ရာကို ရရှိမည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်အတွင်း ဘုရားသခင် လုပ်ဆောင်သမျှမှာ လူတို့ကို သမ္မာတရားဖြင့် ပံ့ပိုးပေးပြီး ၎င်းတို့အား သမ္မာတရားကို နားလည်စေရန်ဖြစ်သည်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြစ်စေ၊ ၎င်းတို့အပေါ် ကျရောက်သည့်အမှုအရာများ၌ သမ္မာတရားကို လူတို့အား နားလည်စေခြင်းဖြစ်စေ ခြုံငုံ၍ဆိုရလျှင် ဘုရားသခင်သည် ဤအခြေအနေကို အစပျိုးချိန်တွင်ပင် ဖယ်ရှားခြင်းမပြုပေ။ ဤအမှုသည် ဖြစ်ပျက်ရမည်ဖြစ်ပြီး ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက် ဝင်ရောက်မှုနှင့် အသင်းတော်၏အလုပ်အတွက် အကျိုးရှိပါက ဘုရားသခင်သည် ယင်းကို လူတို့အပေါ် ကျရောက်ခွင့်ပြုမည်ဖြစ်ပြီး ကိုယ်တော်သည် ယင်းကို တားဆီးမည်မဟုတ်ဘဲ ယင်း၏ သဘာဝအတိုင်း တိုးတက်ပြောင်းလဲစေမည်ဖြစ်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ တစ်ဖက်တွင် လူတို့ကို ဖယ်ရှားရှင်းလင်းရန်ဖြစ်ပြီး အခြားတစ်ဖက်တွင် လူတို့ကို စုံလင်အောင် ပြုလုပ်ပေးရန် ဖြစ်သည်။ မှန်ပေသည်၊ လူတို့ကို ဖယ်ရှားရှင်းလင်းရာတွင် ကိုယ်တော်သည် အဖြည့်ခံများအဖြစ် အစေခံပြီး အစေခံခြင်းနှင့်ပင် မထိုက်တန်သူများကို မုချ ပစ်မှတ်ထားသော်လည်း လူတို့ကို စုံလင်အောင်ပြုလုပ်ရာတွင်မူ ကိုယ်တော်သည် သူရွေးချယ်ထားသူများ၊ ဆိုလိုသည်မှာ သမ္မာတရားကို လိုက်စားလိုသော ၎င်းတို့ထဲမှသူများကို ပစ်မှတ်ထားသည်။ ဤအရာ၌ နှစ်ခွသော အရေးပါမှုရှိသည်။ အရေးပါမှုတစ်ခုမှာ ၎င်းတို့ တင်ဆက်သည့် ဟန်ဆောင်လုပ်ပြခြင်းမှတစ်ဆင့် ဆိုးယုတ်သောလူများသည် ထုတ်ဖော်ခြင်း၊ ဖယ်ရှားရှင်းလင်းခြင်းနှင့် အသင်းတော်မှ ရှင်းလင်းပစ်ခြင်းတို့ကို ခံကြရခြင်းဖြစ်သည်။ အခြားတစ်ခုမှာ ဤဆိုးယုတ်သောလူများ တဖြည်းဖြည်း ဟန်ဆောင်လုပ်ပြပြီး အဖြည့်ခံများအဖြစ် အစေခံသည့် လုပ်ငန်းစဉ်တွင် ဘုရားသခင် ရွေးချယ်ထားသောလူများသည် ပိုင်းခြားသိမြင်တတ်ရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲရှိ သမ္မာတရားကို နားလည်ရန် အစွမ်းရှိလာကြခြင်း ဖြစ်သည်။ ဤနည်းလမ်းဖြင့် ဘုရားသခင်သည် သမ္မာတရားကို လူတို့ထဲသို့ လက်တွေ့ကျသော နည်းလမ်းဖြင့် အလုပ်လုပ်သွင်းပေးသည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူဖော်ထုတ်သည့် ဆိုးယုတ်သောလူအမျိုးမျိုး၊ အန္တိခရစ်များ၊ စာတန်များနှင့် နတ်ဆိုးအမျိုးမျိုးတို့၏ ကောက်ကျစ်ဆိုးယုတ်သော အနှစ်သာရနှင့်ဆိုင်သော အမျိုးမျိုးသော သရုပ်သကန်အားလုံးကို လူတို့၏ လက်တွေ့ဘဝများတွင် ပြသစေပြီး ဤအရာက လူတို့ကို ကောက်ကျစ်ဆိုးယုတ်သော၊ ရုပ်ဆိုးအကျည်းတန်သော၊ အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ၊ ဖြစ်ရပ်များနှင့် အမှုအရာအမျိုးမျိုးတို့နှင့်ပတ်သက်၍ ရှင်းလင်းသော နားလည်မှုနှင့် အသိပညာတစ်ခု ရှိစေသည်။ ဥပမာအားဖြင့် ဆိုရလျှင် ဘုရားသခင်က သင့်အား “သင်သည် မီးသွေးခဲများကို သင်၏လက်များဖြင့် မထိတွေ့နိုင်၊ သင်၏လက်ချောင်းများ မီးလောင်ပြီး နာကျင်လိမ့်မည်” ဟု သင့်အား ပြောသည် ဆိုကြပါစို့။ သင်သည် မီးသွေးခဲများ မည်သို့ပုံပန်းသဏ္ဌာန်ရှိသည်ကို မသိ၊ ၎င်းတို့ကို ထိတွေ့ရခြင်းက မည်သို့ခံစားရသည်ကို သင်မသိသကဲ့သို့ ကိုယ်တော်က သင့်အား ဤသို့ပြောပြီးနောက်တွင် သင်နားလည်သည့်အရာမှာ အယူဝါဒတစ်ခု ဖြစ်သည်။ ထို့နောက် အချို့လူများက မီးသွေးခဲတစ်ခုသည် ဘောလုံးတစ်လုံး သို့မဟုတ် ရှည်လျားသော အတုံးတစ်တုံးဖြစ်သည်ဟု စိတ်ကူးကြည့်ကြသည်။ မီးသွေးခဲများ၏ အရောင်သည် မည်သို့ရှိသနည်း။ ယင်းတို့ကို ထိတွေ့ရခြင်းက မည်သို့ခံစားရသနည်း။ ယင်းတို့ကို ထိတွေ့ခြင်း၏ နာကျင်မှုသည် မည်သို့ဖြစ်မည်နည်း။ သင်မသိပေ။ မီးသွေးခဲများအပေါ် သင်၏ စိတ်ထဲတွင် စွဲမှတ်နေသောအရာမှာ သင်၏စိတ်က စိတ်ကူးနိုင်သည့်အရာ၏ ရုပ်ပုံတစ်ခုမျှသာဖြစ်ပြီး ယင်းသည် တကယ့်အရာဝတ္ထုနှင့် မည်သည့်အခါမျှ သက်ဆိုင်မည်မဟုတ်ပေ။ သို့ဖြစ်၍ တစ်နေ့တွင် ဘုရားသခင်က လောင်ကျွမ်းနေသော မီးသွေးခဲ ဗန်းတစ်ဗန်းကို ထုတ်ယူပြီး သင်၏ရှေ့တွင် ချထားသည့်အခါ သင်သည် ယင်းတို့ကို မမှတ်မိဘဲ ယင်းတို့သည် အတော်လေးပူပုံရသည်ဟု သင် ခံစားရုံသာ ခံစားရသည်။ သင်သည် ယင်းတို့ကို ထိတွေ့သည့်အခါ သင်၏လက်ချောင်းများ ပိုပူလာမည်ဟုတ်မဟုတ်ကို ကြည့်ရန် သင်၏လက်ကို ယင်းတို့ထံသို့ သတိဖြင့် လှမ်းလိုက်သည်။ ဘုရားသခင်က “သင် ထိကြည့်နိုင်သည်၊ သို့သော် ၎င်းတို့ကို အချိန်ကြာမြင့်စွာ မထိတွေ့နှင့်၊ သို့မဟုတ်ပါက ယင်းတို့သည် သင်၏အရေပြားကို မီးလောင်စေလိမ့်မည်” ဟု မိန့်တော်မူသည်။ အချို့လူများသည် မိုက်မဲကြသည်၊ ၎င်းတို့သည် လက်ငါးချောင်းလုံးကို ဆန့်ထုတ်ပြီး မီးသွေးခဲတစ်ခဲကို ဆုပ်ကိုင်လိုက်ရာ ၎င်းတို့၏ လက်တစ်ဖက်လုံး မီးလောင်ပြီး အရည်ကြည်ဖုထွက်လေသည်။ အခြားသူများမှာမူ ထက်မြက်ပြီး သတိရှိကြသည်၊ ၎င်းတို့သည် လက်တစ်ချောင်းကိုသာ ဆန့်ထုတ်ပြီး မီးသွေးခဲတစ်ခဲကို ညင်သာစွာ ထိတွေ့ကာ တစ်စက္ကန့်မပြည့်မီ ပြန်ရုတ်လိုက်ပြီး “အိုး၊ အလွန်ပင် ပူပါတကား။ တကယ်ကို အပူလောင်နေသည်” ဟု ပြောကြသည်။ သင်သည် ၎င်းကို ထိတွေ့ရန် လက်ငါးချောင်းကို အသုံးပြုသည်ဖြစ်စေ၊ လက်တစ်ချောင်းကို အသုံးပြုသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ သင်ထိတွေ့သည့်အရာမှာ ရုပ်ပုံ သို့မဟုတ် စကားလုံးများအစား တကယ့်အရာဝတ္ထုဖြစ်ပြီး သင်၏ ကျန်သည့်ဘဝတစ်သက်တာလုံး သင်သည် လောင်ကျွမ်းနေသော မီးသွေးခဲများကို ထိတွေ့ရသည့် ခံစားချက်နှင့် အတွေ့အကြုံကိုလည်းကောင်း၊ လောင်ကျွမ်းနေသော မီးသွေးခဲများက သင့်အတွက် မည်သည့်အရာကို ဆိုလိုသည်ကိုလည်းကောင်း မည်သည့်အခါမျှ မေ့မည်မဟုတ်ပေ။ သင်သည် လောင်ကျွမ်းနေသော မီးသွေးခဲများကို နောက်တစ်ကြိမ် မြင်တွေ့သည့်အခါ သင်သည် အခြားသူများကို “သင်သည် ယင်းတို့ကို မီးလှုံရန်၊ အဝတ်အစားများကို ခြောက်သွေ့စေရန်နှင့် ပေါင်မုန့်များကို မီးကင်ရန် အသုံးပြုနိုင်သည်၊ သို့သော် သင်သည် ယင်းတို့ကို သင်၏လက်များဖြင့် မည်သည့်အခါမျှ မထိတွေ့ရ၊ သင်ထိတွေ့ပါက မီးလောင်ပြီး အရည်ကြည်ဖုထွက်လိမ့်မည်” ဟု ပြောလိမ့်မည်။ လူများက “ကျွန်ုပ် မီးလောင်ပြီး အရည်ကြည်ဖုထွက်လျှင် မည်သည့်အရာ ဖြစ်မည်နည်း” ဟု ပြောကောင်းပြောမည်။ သင်ကလည်း “အနည်းဆုံးတော့ သင်သည် အရာဝတ္ထုများကို သင်၏လက်များဖြင့် ကိုင်နိုင်တော့မည်မဟုတ်သကဲ့သို့ သင်စားသောက်ရန်လည်း အဆင်မပြေဖြစ်မည်ဖြစ်ပြီး ကာယအလုပ်လုပ်ရန် သာ၍ပင် အဆင်မပြေဖြစ်လိမ့်မည်” ဟု ပြန်ပြောလိမ့်မည်။ ဤသည်မှာ အတွေ့အကြုံအရ ပြောခြင်းဖြစ်သည် မဟုတ်လော။ ထိုနက်ရှိုင်းသော အတွေ့အကြုံပြီးနောက်တွင် ပူလောင်သော မီးသွေးခဲများ၏ အပူလောင်သည့်ခံစားမှုသည် သင်၏ မှတ်ဉာဏ်ထဲတွင် နက်နက်ရှိုင်းရှိုင်း စွဲထင်သွားလိမ့်မည် ဖြစ်သောကြောင့် သင်သည် မီးသွေးခဲများကို နောက်တစ်ကြိမ် အလွယ်တကူ ထိတွေ့တော့မည်မဟုတ်ပေ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကိုင်စွဲထားပြီး လူတို့သည် သင်ခန်းစာများ သင်ယူနိုင်ပြီး ၎င်းတို့ထံမှ အကျိုးခံစားနိုင်ရန်နှင့် ကိုယ်တော်က လူတို့အား ပံ့ပိုးပေးသော သမ္မာတရားများနှင့် နှုတ်ကပတ်တော်များကို ၎င်းတို့ထဲသို့ အမှန်တကယ် အလုပ်လုပ်သွင်းပေးနိုင်ရန်အလို့ငှာ အမှုအရာအမျိုးမျိုးကို လူတို့အပေါ် ဖြစ်ပျက်စေရန် စီစဉ်သည်၊ သို့ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားများသည် လူတို့၏စိတ်နှလုံးထဲတွင် အယူဝါဒများ၊ ကြွေးကြော်သံများ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ မဟုတ်တော့ဘဲ ၎င်းတို့၏အသက်နှင့် ၎င်းတို့ ရှင်သန်ရန် မှီခိုအားထားရသော စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်လာကာ ၎င်းတို့၏အသက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်၊ ဤနည်းလမ်းဖြင့် ဘုရားသခင်၏အမှုတော်သည် အကျိုးဖြစ်ထွန်းပြီး ဖြစ်လိမ့်မည်။

ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် ပတ်သက်လာသည့်အခါ လူတို့ မြင်သင့်သည့်အရာမှာ ဘုရားသခင်သည် ဖြစ်ရပ်တစ်ခု၏ အစကို စီစဉ်ပြီးနောက် ယင်း၏ တိုးတက်ပြောင်းလဲမှုလမ်းကြောင်းကို လမ်းညွှန်ပြီး ဦးဆောင်သည်ဟူ၍ ဖြစ်သည်။ နောက်ဆုံးတွင် ထိုဖြစ်ရပ်၏ အကျိုးဆက်သည် မည်သည့်အရာဖြစ်သည်၊ သမ္မာတရားကို လိုက်စားသူတို့သည် ယင်းမှ အဘယ်အရာကို ရရှိပြီး မည်မျှရရှိသည်၊ ဤဖြစ်ရပ်နှင့် ယင်းတွင် ပါဝင်ပတ်သက်သော လူများနှင့် အမှုအရာများသည် အဘယ်သို့ အဆုံးသတ်သွားသည်၊ ၎င်းတို့ကို နောက်ဆုံးတွင် မည်သို့ စီစဉ်သည်တို့နှင့်ပတ်သက်၍မူ ဤအရာများကိုလည်း ဘုရားသခင်က ဆုံးဖြတ်သည်မှာ ဟုတ်ပေသည်၊ ဤသည်မှာ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ဖြစ်ရပ်တစ်ခုစီ၏ အစ၊ ဖြစ်စဉ်နှင့် အကျိုးဆက်ကိုသာ ကြိုတင်သတ်မှတ်၏၊ ထို့နောက် ကိုယ်တော်သည် ဖြစ်ရပ်တစ်ခုလုံးကို မိမိသတ်မှတ်ထားသည့် ဦးတည်ချက်အတိုင်း လွတ်လပ်စွာ ဖြစ်ပေါ်တိုးတက်သွားရန် ခွင့်ပြုသည်။ ဤသို့ပြုရခြင်း၏ ရည်ရွယ်ချက်မှာ အရာခပ်သိမ်းကို သဘာဝ နိယာမတရားများနှင့်အညီ ကိုက်ညီစေရန်၊ သို့မဟုတ် မည်သည့်လွဲချော်မှုကိုမျှဖြစ်စေ၊ မည်သည့်ပြုပြင်မွမ်းမံခြင်းကိုမျှဖြစ်စေ မခံရဘဲ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်စေရန်ဖြစ်ပြီး ထိုသို့အားဖြင့် ဘုရားသခင် ရည်ရွယ်သည့် အကျိုးသက်ရောက်မှုကို ရရှိစေရန် ဖြစ်ပေသည်။ ဤသို့မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် ဘုရားသခင်သည် ဖြစ်ရပ်တစ်ခုကို စတင်ရန်နှင့် ဖြစ်ပေါ်ရန် စီစဉ်သည့်အခါ ကိုယ်တော်သည် ဤဖြစ်ရပ်နှင့် ထိတွေ့သောလူတို့၏ သဘောထားများနှင့် ယင်းအပေါ် ၎င်းတို့၏ ရှုမြင်ချက်များ မည်သို့ဖြစ်သည်ကို စတင်လေ့လာသည်၊ ၎င်းတို့သည် ယင်းကို အာရုံစိုက်သောပုံစံဖြင့် ရှုမြင်သည်ဖြစ်စေ သို့မဟုတ် ယင်းကို အရေးတယူပြုရန် စိတ်မဝင်စားသည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းတွင် ၎င်းတို့၏စိတ်နှလုံးဖြင့် ပါဝင်ဆောင်ရွက်သည်ဖြစ်စေ၊ ယင်းကို ငြင်းပယ်၊ အတိုက်အခံလုပ်ပြီး ရှောင်ကြဉ်သည်ဖြစ်စေ ဘုရားသခင်သည် လူအမျိုးမျိုးတို့၏ သရုပ်သကန်များကို လေ့လာနေခြင်းဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် လူအမျိုးမျိုးတို့၏ သရုပ်သကန်များတွင် ဝင်ရောက်စွက်ဖက်သလော။ ဘုရားသခင်သည် ဝင်ရောက်စွက်ဖက်ခြင်းမပြုပေ။ ဘုရားသခင်သည် သင့်အား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို ပေးသည်။ သင်သည် ဤဖြစ်ရပ်ကို အလွန်အရေးကြီးသည်ဟု မှတ်ယူပြီး ယင်းနှင့်ပတ်သက်၍ အလွန် အလေးအနက်ထားနိုင်သည် သို့မဟုတ် သင်သည် ယင်းကို လျစ်လျူရှုပြီး ယင်းအပေါ် အရေးမစိုက်သော သဘောထားကို ခံယူနိုင်သကဲ့သို့ သင်သည် ကြားနေခြင်း၊ ယင်းကို ရှောင်ရှားခြင်းနှင့် ယင်းတွင် မပါဝင်ခြင်းဟူသော သဘောထားကိုလည်း ခံယူနိုင်သည်မှာ ပြောစရာမလိုပေ၊ ဘုရားသခင်သည် တိတ်ဆိတ်စွာ စောင့်ကြည့်လေ့လာနေရုံသာ ဖြစ်သည်။ သို့သော် ဖြစ်ရပ်တစ်ခုလုံး၏ ပေါ်ပေါက်လာခြင်းနှင့် ဖြစ်ပျက်ခြင်းကို ဘုရားသခင်က စတင်ခြင်းဖြစ်သည်။ ဤသည်မှာ ဖြစ်ရပ်တစ်ခုအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့်ဆိုင်သော ကနဦးအဆင့် ဖြစ်သည်။ ဤဖြစ်ရပ်သည် တိုးတက်ပြောင်းလဲလာသည့်အခါ ယင်းတွင် မည်သည့်လူများ ပါဝင်သည်၊ မည်သည့်လူများ ပါဝင်ပတ်သက်လာသည်၊ ၎င်းတို့ ပါဝင်ပတ်သက်လာသည်နှင့်တစ်ပြိုင်နက် ထိုဖြစ်ရပ်သည် မည်သည့်ဦးတည်ချက်သို့ တိုးတက်ပြောင်းလဲသွားသည်တို့နှင့်ပတ်သက်၍မူ ထိုဖြစ်ရပ်သည် ဘုရားသခင်အလိုရှိသော ဦးတည်ချက်အတိုင်းလည်းကောင်း၊ အကျိုးသက်ရောက်မှုဖြင့်လည်းကောင်း တိုးတက်ပြောင်းလဲသွားစေရန် ဤလူအားလုံးကို လှည့်ပတ်စီမံပြီး စီစဉ်ခင်းကျင်းသူမှာ ဘုရားသခင်ဖြစ်သည်မှာ မှန်ပေသည်။ ထိုနည်းတူစွာပင် ဤဖြစ်ရပ်သည် လူအများသိရှိလာပြီး အရေးကိစ္စတစ်ခုလုံးသည် အထွတ်အထိပ်သို့ တိုးတက်ပြောင်းလဲသွားသည့်အခါ ဘုရားသခင်သည် လူအမျိုးမျိုးတို့၏ သဘောထားများ၊ သရုပ်သကန်များ၊ ထင်မြင်ချက်များနှင့် ရှုမြင်ချက်များကို ကြည့်ရှုနေဆဲဖြစ်သည်။ ကိုယ်တော်က သင်သည် ဤဖြစ်ရပ်ကို အမှန်တကယ် နှလုံးသွင်းခြင်း ရှိမရှိ၊ သင်သည် ဤဖြစ်ရပ်နှင့်ပတ်သက်၍ အလွန်အမင်း အလေးအနက်ထားကာ တင်းကျပ်ပြီး အလွန်စိတ်ထက်သန်ခြင်း ရှိမရှိ၊ သို့မဟုတ် သင်သည် ယင်းအပေါ် လျစ်လျူရှုခြင်း၊ ယင်းကို အရေးမစိုက်ခြင်း၊ ယင်းအပေါ် မယုံနိုင်လောက်အောင် ထုံထိုင်းနေခြင်း ရှိမရှိ၊ သို့မဟုတ် ယင်းအပေါ် ရှောင်ရှားခြင်းနှင့် ရွံရှာခြင်းဟူသော သဘောထားကို ခံယူခြင်း ရှိမရှိတို့ကို စောင့်ကြည့်နေသည်။ ကိုယ်တော်က သင်သည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦး ဟုတ်မဟုတ်နှင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ တောင်းဆိုချက်များ၊ သမ္မာတရားတို့နှင့်ပတ်သက်လာလျှင် စိတ်ထက်သန်သူတစ်ဦး ဟုတ်မဟုတ်တို့ကို သိရှိရန် စောင့်ကြည့်နေသည်။ ဖြစ်ရပ်တစ်ခုလုံး၏ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွင် သင်၏သဘောထားသည် ပို၍ပို၍ ထင်ရှားလာပြီး ဘုရားသခင်သည် သမ္မာတရားအပေါ် သင်၏သဘောထား၊ သူချမှတ်ပေးသော ပတ်ဝန်းကျင်များအပေါ် သင်၏သဘောထားတို့ကို ပို၍ပို၍ ရှင်းလင်းစွာ မြင်တွေ့လိမ့်မည်ဖြစ်ကာ ကိုယ်တော်သည် သမ္မာတရားကို လိုက်စားခြင်းအပေါ် သင်၏သဘောထားကိုလည်း ရှင်းလင်းစွာ မြင်တွေ့လိမ့်မည်ဖြစ်သည်။ ဖြစ်ရပ်တစ်ခုလုံးသည် ယင်း၏အဆုံးသို့ တိုးတက်ပြောင်းလဲသွားပြီး ယင်း၏ မလွှဲမရှောင်သာသော အကျိုးဆက်ကို ရရှိသည့်အခါ ဘုရားသခင်သည် ဖြစ်ရပ်တစ်ခုလုံးမှ သင်အဘယ်အရာကို ရရှိခဲ့သည်၊ သင်၏စိတ်ထဲတွင် သင်အဘယ်အရာကို တွေးတောနေသည်၊ သင်အဘယ်အရာကို တွက်ချက်နေသည်တို့ကို စောင့်ကြည့်နေဆဲဖြစ်သည်။ ကိုယ်တော်က သင်သည် သင့်ကိုယ်သင် ကာကွယ်ရန်၊ လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ရန်၊ ဤဖြစ်ရပ်မှ အတွေ့အကြုံရရှိရန်နှင့် သင်ခန်းစာများ ရယူရန်ကိုသာ အာရုံစိုက်နေခြင်းဟုတ်မဟုတ် သို့မဟုတ် သင်သည် အမှုအရာများကို သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ပြီး သင် ယခင်ကကဲ့သို့ ရှုပ်ထွေးနောက်ကျိခြင်း မရှိတော့ခြင်း ဟုတ်မဟုတ်တို့ကို ကြည့်ရှုနေသည်။ ဘုရားသခင်သည် ဤဖြစ်ရပ်အပေါ် သင်၏သဘောထားသည် မည်သို့ဖြစ်သည်ကိုလည်း ကြည့်ရှုလိမ့်မည်၊ သင်သည် တိတ်ဆိတ်နေပြီး မည်သည့်အမြင်ကိုမျှ မဖော်ပြဘဲ သင့်အပေါ် ပုဂ္ဂိုလ်ရေးအရ သက်ရောက်မှုမရှိသည့် မည်သည့်အရာနှင့်မဆို အဝေးတွင်နေခြင်း ဟုတ်မဟုတ်၊ သို့မဟုတ် ဤဖြစ်ရပ်ကို ကြုံတွေ့ရာတွင် သင်သည် ဖြူစင်သော နားလည်သဘောပေါက်မှု ကင်းမဲ့သည်သာမက ထိုအစား ဘုရားသခင်အပေါ် သင်၏နားလည်မှုလွဲမှားခြင်းများနှင့် မကျေမနပ်ပြောဆိုခြင်းများသည်လည်း ပို၍ပြင်းထန်လာပြီး သင်သည် သူနှင့်ပတ်သက်ပြီး သာ၍များသော အယူအဆများနှင့် စိတ်ကူးများကို ဖြစ်ပေါ်စေကာ ယင်းကို ရှောင်ရှားလိုသည့် အဆင့်အထိပင် ဖြစ်ခြင်းဟုတ်မဟုတ်တို့ကို ကြည့်ရှုလိမ့်မည်။ အမှုအရာအမျိုးမျိုး ဖြစ်ပေါ်လာသည့်အခါ လူအမျိုးမျိုးတို့တွင် မတူညီသော အတွေးအခေါ်များနှင့် ရှုမြင်ချက်များ ရှိကြပြီး ဘုရားသခင်သည် ၎င်းတို့အားလုံးကို လေ့လာပြီး မှတ်တမ်းတင်နေသည်။ မည်သည့်နှစ်၊ မည်သည့်နေ့၊ မည်သည့်နာရီ၊ မည်သည့်မိနစ် သို့မဟုတ် မည်သည့်စက္ကန့်တွင်မဆို သင်အဘယ်အရာကို တွေးတောနေသည်၊ သင်အဘယ်အရာကို ပြောဆိုနေသည်၊ သင်အဘယ်အရာကို တွက်ချက်နေသည်၊ သင်အဘယ်အရာကို စီစဉ်နေသည်၊ သမ္မာတရားများ၏ မည်သည့်ရှုထောင့်ကို သင်နားလည်လာသည်၊ တစ်စုံတစ်ဦးက သမ္မာတရား၏ ရှုထောင့်အချို့ကို မိတ်သဟာယဖွဲ့သည့်အခါ သင်၏သဘောထားသည် မည်သို့ဖြစ်သည်၊ သင်သည် ယင်းကို အတိုက်အခံလုပ်ပြီး ယင်းအပေါ် စက်ဆုပ်ရွံရှာကာ ယင်းကို နားမထောင်လိုခြင်းဟုတ်မဟုတ်၊ သို့မဟုတ် သင်၏လွတ်မြောက်ရာလမ်းကို ဖန်တီးရန် စီစဉ်ခြင်းဟုတ်မဟုတ်၊ ဘုရားသခင်သည် ဤအမှုအရာအားလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ အသင်းတော်၊ ဘုရားအိမ်တော် သို့မဟုတ် ၎င်းတို့၏ပတ်ဝန်းကျင်တွင် ပေါ်ပေါက်လာသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မည်သည့်သဘောထားမျှ လုံးဝ မရှိဘဲ အရုပ်များကဲ့သို့ ထုံထိုင်းပြီး ဉာဏ်ထိုင်းနေသော လူအချို့လည်း ရှိသည်။ ၎င်းတို့က “ကျွန်ုပ်သည် မကောင်းမှုမပြုသကဲ့သို့ အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ မဖြစ်စေဘဲ သို့မဟုတ် အခြားသူများကို တရားမစီရင်သကဲ့သို့ မည်သည့်လူများကိုဖြစ်စေ၊ မည်သည့်ဖြစ်ရပ်များကိုဖြစ်စေ၊ မည်သည့်အမှုအရာများကိုဖြစ်စေ ကြုံတွေ့သည့်အခါ မည်သည့်မှတ်ချက်မျှ မပေးဘဲ၊ သဘောထား သို့မဟုတ် အမြင်များ မရှိဘဲ ကျွန်ုပ်သည် စက်ရုပ်တစ်ရုပ်ကဲ့သို့ ပြုမူပြီး ကျွန်ုပ်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ကာ စည်းကမ်းလိုက်နာသောပုံစံဖြင့် ကောင်းစွာ အလုပ်လုပ်ပေးရုံသာဆိုလျှင် လုံလောက်ပြီ” ဟု တွေးတောလျက် ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။ ဤသည်မှာလည်း အတွေးအခေါ်နှင့် အမြင်တစ်မျိုးဖြစ်သည်။ ဘုရားသခင်သည် ဤအတွေးအခေါ်နှင့် အမြင်အမျိုးအစားကိုလည်း လေ့လာပြီး မှတ်တမ်းတင်လိမ့်မည်မှာ အမှန်ပင်။ အရာခပ်သိမ်းနှင့် ဖြစ်ရပ်အားလုံးအပေါ်တွင်လည်းကောင်း၊ လူတို့၏ပတ်ဝန်းကျင်တွင် ဖြစ်ပျက်သည့် တိကျသော အမှုအရာတိုင်းအပေါ်တွင်လည်းကောင်း ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အတွက် ပတ်ဝန်းကျင်များကို ချမှတ်ပေးရန်နှင့် ၎င်းတို့အား သက်ရှိသင်ခန်းစာများဖြင့် ပံ့ပိုးပေးရန်ဖြစ်သည်၊ သို့မှသာ အမှုအရာအမျိုးမျိုးတို့ကို ရင်ဆိုင်ရာတွင် လူအမျိုးမျိုးတို့သည် ၎င်းတို့၏ အမှန်ကန်ဆုံးသောဘက်ကို ပြသကြမည်ဖြစ်ပြီး ၎င်းတို့၏ အမှန်ကန်ဆုံးသော အတွေးအခေါ်များနှင့် ရှုမြင်ချက်များ၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် ၎င်းတို့၏ အမှန်ကန်ဆုံးသော သဘောထားကို ပြသကြမည်ဖြစ်သည်။ လူတို့တွင်ရှိသော ဤသဘောထားများသည် လွတ်လပ်မှုနှင့် လွတ်လပ်ခွင့်အခြေအနေတစ်ခုတွင် လုံးလုံးလျားလျား ထင်ရှားပေါ်လွင်သည်။ ဘုရားသခင်သည် မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ကြိုးကိုင်ညွှန်ကြားခြင်း မပြုဘဲ ကိုယ်တော်သည် လူအမျိုးမျိုးတို့ကို ၎င်းတို့၏ အတွေးအခေါ်များ၊ ရှုမြင်ချက်များနှင့် သဘောထားများကို ၎င်းတို့၏ စိတ်တိုင်းကျနှင့် ၎င်းတို့၏ သဘာဝအတိုင်း ဖော်ပြခွင့်ပြုရုံသာဖြစ်ပြီး နောက်ဆုံးတွင် လူအမျိုးမျိုးတို့ကို ၎င်းတို့၏ သရုပ်သကန်များအတိုင်း ထုတ်ဖော်ပြီး အမျိုးမျိုးသော လူတို့ကို ဆက်ဆံသည်။ “လူအမျိုးမျိုးတို့” အတွင်းတွင် မည်သူတို့ ပါဝင်သနည်း။ ဘုရားသခင်သည် လူအမျိုးမျိုးတို့အတွက် မည်သို့သော စီစဉ်ခင်းကျင်းမှုများကို ပြုလုပ်သနည်း။ ဘုရားသခင်သည် သမ္မာတရားကို ချစ်မြတ်နိုးသူတို့အား သမ္မာတရားကို ရရှိစေသည်။ ကိုယ်တော်သည် သမ္မာတရားကို စိတ်မဝင်စားသော်လည်း အလုပ်လုပ်ပေးလိုသူတို့အား ထိုသို့လုပ်ဆောင်ရန် စိတ်တည်ငြိမ်စေသည်။ သမ္မာတရားကို ရွံရှာပြီး အလွန်အမင်း မနှစ်မြို့သူတို့နှင့်ပတ်သက်၍မူ ကိုယ်တော်သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သော ၎င်းတို့၏ သဘောထားကို ဖော်ထုတ်သော်လည်း ၎င်းတို့သည် အစေခံရန် စိတ်တည်ငြိမ်နိုင်လျှင် သို့မဟုတ် အစေခံရန် သင့်လျော်လျှင် ဘုရားသခင်သည် ဤပိုကောင်းသောသူများကို ရွေးချယ်ပြီး ၎င်းတို့အား အစေခံပိုင်ခွင့် ပေးလိမ့်မည်၊ သို့သော် ၎င်းတို့သည် အစေခံရန် မသင့်လျော်လျှင် သို့မဟုတ် ၎င်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေနိုင်သည့်အဆင့်အထိ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့လျှင် ဘုရားသခင်သည် အခါအခွင့်သင့်သည့်အခါတွင် ၎င်းတို့ကို ရှင်းလင်းပစ်လိမ့်မည်။ ဘုရားသခင်လုပ်ဆောင်သော ဤအလုပ်အားလုံးသည် လူတို့၏ အယူအဆများနှင့် မကိုက်ညီသည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် ဤအရာအားလုံးတွင် ဘုရားသခင်၏ သည်းခံခြင်းနှင့် ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို မြင်နိုင်သလော။ (ဤအမှုအရာများမှ ကျွန်ုပ်တို့သည် ဤလက်တွေ့ကျသော အလုပ်မှတစ်ဆင့် ဘုရားသခင်သည် လူတို့ကို တွေ့ကြုံခံစားရန် ဦးဆောင်သည်ကိုလည်းကောင်း၊ ဤအလုပ်အားလုံး၏ နောက်ကွယ်တွင် လူသားအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာရှိသည်ကိုလည်းကောင်း မြင်နိုင်ပါသည်။) ဤအလုပ်အတွင်းတွင် ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်များ၊ သူ၏အမှုတော်၏ ဉာဏ်ပညာနှင့် သူကယ်တင်ရန် ရည်ရွယ်သော လူသားများအပေါ် သူ၏ တာဝန်ယူသော သဘောထားတို့ ရှိသည်။ နောက်ထပ် ရှုထောင့်တစ်ခုရှိသေးသည်၊ ၎င်းမှာ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းသည် လူသားများတွင်ရှိသော အရာများမဟုတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်ဆောင်သမျှအရာတိုင်းတွင် အလွန်တင်းကျပ်ပြီး စိတ်ထက်သန်ကာ မည်သည့်အခါမျှ ပေါ့ဆခြင်းမရှိပေ။ အထူးသဖြင့် လူတို့ သမ္မာတရားကို ရရှိခြင်းကိစ္စနှင့်ပတ်သက်လာလျှင် ကိုယ်တော်သည် အလွန်တင်းကျပ်ပြီး စိတ်ထက်သန်သည်။ လူတို့၏အသက်တာများနှင့် လူတို့၏ အဆုံးသတ်များအတွက် တာဝန်ယူရန်အလို့ငှာ ဘုရားသခင်သည် ဤသို့ ပြုမူရမည်ဖြစ်သည်။ အမှန်ပင်၊ ဘုရားသခင်အတွက်မူ ဤသည်မှာ သူ၏အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့သည် အတိအကျ ဤသို့ဖြစ်ခြင်းပင်တည်း။ သင်သည် သင်၏အသက်တာအပေါ်နှင့် သင်၏အဆုံးသတ်နှင့် ပန်းတိုင်အပေါ် မည်သို့သဘောထားရှိသည်ဖြစ်စေ၊ ယင်းသည် အလေးအနက်ထားပြီး တင်းကျပ်သော သဘောထားဖြစ်စေ သို့မဟုတ် ဝတ်ကျေတမ်းကျေ သဘောထားဖြစ်စေ၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်အတွက်မူ ကိုယ်တော်သည် သင့်အား ရွေးချယ်ခဲ့ပြီးဖြစ်သောကြောင့်လည်းကောင်း၊ ကိုယ်တော်သည် သင့်အား သမ္မာတရားဖြင့် ပံ့ပိုးပေးပြီး ကယ်တင်လိုသောကြောင့်လည်းကောင်း ကိုယ်တော်သည် သင်၏ စကားတစ်လုံးချင်းနှင့် လုပ်ရပ်တစ်ခုချင်း၊ အရာခပ်သိမ်း၌ သင်၏ သဘောထားများကို အပြည့်အဝ နားလည်သဘောပေါက်မည်ဖြစ်ပြီး သင်၏သဘောထားအားလုံးကို အခြေခံ၍ သင်၏အဆုံးသတ်ကို နောက်ဆုံးတွင် ဆုံးဖြတ်မည်ဖြစ်သည်။ သင်၏သဘောထားအားလုံးကို အခြေခံ၍ သင်သည် နောက်ဆုံးတွင် သမ္မာတရားကို ရရှိသူတစ်ဦးနှင့် ဘုရားသခင်ကို ကျိုးနွံနာခံပြီး ကိုယ်တော်နှင့် သဟဇာတဖြစ်နိုင်မည့်သူတစ်ဦး ဖြစ်မည်ဟုတ်မဟုတ်ကို ကိုယ်တော်က ကြည့်ရှုလိမ့်မည်။ သင်သည် ဘုရားသခင် လူတို့ကို ကယ်တင်ခြင်းကိစ္စနှင့်ပတ်သက်၍ မည်သည့်အခါမျှ စိတ်ထက်သန်ခြင်းမရှိခဲ့ဘဲ ယင်းကို ဂရုတစိုက် စဉ်းစားသုံးသပ်ခဲ့ဖူးခြင်း မရှိကာ ဘုရားသခင်သည် လူတို့ကို မည်သို့ကယ်တင်သည်ကို မသိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ဖန်ဆင်းခံလူသားများအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသော ဖန်ဆင်းရှင်တစ်ဦးအနေဖြင့် ကိုယ်တော်သည် လူသားများကဲ့သို့ ရှုပ်ထွေးနောက်ကျိပြီး စိတ်ရှုပ်ထွေးနေခြင်းမရှိပေ။ ကိုယ်တော်သည် လူသားမျိုးနွယ်အား ကယ်တင်ခြင်းအလုပ်ကို အလေးအနက်ထားသောပုံစံဖြင့် လုပ်ဆောင်သည်။ ကိုယ်တော်သည် သင့်အား ဖန်ဆင်းခဲ့ပြီး သင့်အား ရွေးချယ်ခဲ့သည်။ ကိုယ်တော်သည် ၎င်းတို့အား လုံးဝ ကယ်တင်မည်ဟု လူတို့အား ကတိပေးခဲ့သောကြောင့် ကိုယ်တော်သည် ဤအလုပ်ကို ပြီးမြောက်အောင်မြင်စေမည်ဖြစ်ပြီး အဆုံးတိုင် တာဝန်ယူမည်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် သူ၏အလုပ်ကို ပြီးမြောက်အောင်မြင်စေခြင်းနှင့် အဆုံးတိုင် တာဝန်ယူခြင်းတို့တွင် စစ်မှန်သော သရုပ်သကန်များနှင့် လက်တွေ့ကျသော အလုပ်အကြောင်းအရာများ ရှိသည်။ ဤသည်မှာ ဘုရားသခင် အလုပ်လုပ်ဆောင်ပုံဖြစ်ပြီး ဤသည်မှာ သူ၏ ရိုးသားပြီး စိတ်ရင်းမှန်သော သဘောထား ဖြစ်သည်။ ဘုရားသခင်သည် သင့်အား ဝတ်ကျေတမ်းကျေ ဆက်ဆံမည်မဟုတ် သို့မဟုတ် သင့်အား ကြွေးကြော်သံတစ်ခုခုဖြင့် ဝတ်ကျေတမ်းကျေ လှည့်ဖြားမည်မဟုတ်သကဲ့သို့ အထူးသဖြင့် ဘုရားသခင်၏ အမှုတော်သည် လူတို့ကို ကယ်တင်ရန်အလို့ငှာ ဘုရားသခင် ပေးဆပ်သည့် စစ်မှန်သော အဖိုးအခနှင့် လူတို့အပေါ် သူ၏ တာဝန်ယူသော သဘောထားကို ပို၍ကောင်းစွာ ထင်ဟပ်စေသည်။

လူတို့သည် လူတို့ကို ဘုရားသခင် ကယ်တင်ခြင်းနှင့် အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာ ကိုင်စွဲခြင်းတို့၏ စည်းမျဉ်းများနှင့် ရည်ရွယ်ချက်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်အပေါ် ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများသည် အတိုင်းအတာတစ်ခုအထိ ဖြေရှင်းပြီးဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကိစ္စနှင့်ပတ်သက်၍ လူတို့ အဘယ်အရာကို နားလည်သင့်သနည်း။ ယင်းမှာ ဘုရားသခင် အချုပ်အခြာအာဏာကိုင်စွဲထားသော အမှုအရာအမျိုးမျိုးတွင်ဖြစ်စေ၊ တိကျသောအမှုအရာတစ်ခုတွင်ဖြစ်စေ လူတို့၏ ပူးပေါင်းဆောင်ရွက်မှုသည် ၈၀ ရာခိုင်နှုန်း သို့မဟုတ် ၉၀ ရာခိုင်နှုန်းပင် ရှိပြီး ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုမြင်ချက်များ၊ အဆိုပါအမှုအရာအပေါ် ၎င်းတို့၏ သဘောထားများသည် ဘုရားသခင်၏အမြင်တွင် အလွန်အရေးကြီးသည်ဟူ၍ ဖြစ်သည်။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ သင်သည် မည်သည့်အရာမျှမပြောဘဲ သင်၏ရပ်တည်ချက်ကို မပြပါက ဘုရားသခင်သည် သင့်အား ဂရုစိုက်မည်မဟုတ်ဘဲ သင့်အား လျစ်လျူရှုလိမ့်မည်ဟု မထင်နှင့်။ သင်သည် ဘုရားသခင်က သင့်အား လျစ်လျူရှုစေလိုပါက သင်သည် ဘုရားသခင်ကို မယုံကြည်ဘဲနေခြင်းက ပိုကောင်းလိမ့်မည်။ သင်သည် ဘုရားသခင်၏အိမ်တော်၌ ရှိနေသောကြောင့်လည်းကောင်း၊ ဘုရားသခင်သည် သင့်အား ရွေးချယ်ခဲ့ပြီးဖြစ်သောကြောင့်လည်းကောင်း ဘုရားသခင်သည် သင့်အား လုံးဝ လျစ်လျူရှုမည် မဟုတ်ပေ။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အမြင်တွင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်းခံရသည်၊ သင့်ကဲ့သို့ သေးငယ်သောလူတစ်ဦးကို သာ၍ပင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း ခံရပေသည်။ သင်သည် ပုရွက်ဆိတ်တစ်ကောင်ဖြစ်လျှင်ပင် ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရပါက ဘုရားသခင်သည် သင့်အား အဆက်မပြတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး သင့်အား ဦးဆောင်နေဆဲ ဖြစ်လိမ့်မည်။ ဘုရားသခင်သည် သင့်အား စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသောကြောင့် သင်သည် မိမိအပေါ် ကျရောက်သည့်အမှုအရာများအား လက်ကို လက်ခံရမည်ဖြစ်သည်။ ယင်းတို့ကို မရှောင်ရှားနှင့်၊ ရှောင်ရှားခြင်းသည် ပညာရှိသော ရွေးချယ်မှုတစ်ခု မဟုတ်ပေ။ သင်သည် ယင်းတို့ကို ရင်ဆိုင်ရမည်။ သင်သည် ယင်းတို့ကို ရင်ဆိုင်ပြီး ရှင်းလင်းသော သဘောထားတစ်ခုရှိမှသာလျှင် သူက သင့်အတွက် ချမှတ်ပေးထားသော ပတ်ဝန်းကျင်များတွင် ဘုရားသခင်က သင့်အား နားလည်စေသော သမ္မာတရားများကို ရရှိရန် အခွင့်အရေး ရရှိလိမ့်မည် ဖြစ်သော်လည်း ယင်းတို့ကို ရှောင်ရှားခြင်းကမူ သင်၏ တိတ်ဆိတ်နေမှုထဲတွင် သမ္မာတရားများကို နားလည်စေနိုင်မည် မဟုတ်ပေ။ ရူပါရုံများနှင့်သက်ဆိုင်သော သမ္မာတရားများမှလွဲ၍ အခြားသောသမ္မာတရားများ၊ ဆိုလိုသည်မှာ လူ့အသက်တာနှင့် ဖြစ်တည်မှုနှင့်သက်ဆိုင်သော သမ္မာတရားအမျိုးမျိုးတို့သည် ပတ်ဝန်းကျင်တစ်ခုမှတစ်ဆင့် သို့မဟုတ် ဖြစ်ပေါ်နေသော လူအမျိုးအစားတစ်ရပ်၏ အပြုအမူနှင့်ဆိုင်သော ဆက်စပ်အခြေအနေမှတစ်ဆင့် ဖော်ပြခြင်းခံရသည်။ လူတို့သည် စစ်မှန်သော အတွေ့အကြုံနှင့် နားလည်မှုကို ရရှိပြီးမှသာလျှင် ဤသမ္မာတရားများ၏ လက်တွေ့ကျမှုများကို အမှန်တကယ် နားလည်သဘောပေါက်နိုင်သည်။ လူအများစုသည် ဤအချက်ကို ရှင်းလင်းစွာ မမြင်နိုင်ဘဲ သမ္မာတရားအမျိုးမျိုးအပေါ် ၎င်းတို့၏ သဘောထားသည် လျစ်လျူရှုသော သဘောထားဖြစ်ကာ ၎င်းတို့သည် ဤပတ်ဝန်းကျင်များကိုလည်း အဆက်မပြတ် ရှောင်ရှားလိုကြပြီး လက်တွေ့ပြဿနာများနှင့် ပတ်သက်၍ သမ္မာတရားကို ရှာဖွေရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် သမ္မာတရားကိုအခြေခံ၍ လူအမျိုးအစားအမျိုးမျိုးနှင့် ဖြစ်ရပ်အမျိုးမျိုးကို ပိုင်းခြားသိမြင်တတ်ရန် မသင်ယူသကဲ့သို့ ပြဿနာအမျိုးမျိုးကို ဖြေရှင်းရန် သမ္မာတရားကို အသုံးချရာ၌လည်း လေ့ကျင့်ခြင်းမရှိပေ။ ၎င်းတို့အပေါ် မည်သည့်အရာကျရောက်သည်ဖြစ်စေ ၎င်းတို့တွင် သဘောထား သို့မဟုတ် ရှုမြင်ချက်များ မရှိသကဲ့သို့ ၎င်းတို့သည် မိတ်သဟာယဖွဲ့ခြင်းများနှင့် ဆွေးနွေးမှုများတွင်လည်း မပါဝင်ကြပေ။ ၎င်းတို့သည် နေ့စဉ် ဘုရားသခင်ထံ ဆုတောင်းခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ ဓမ္မသီချင်းများ သင်ယူခြင်းနှင့် ၎င်းတို့၏တာဝန်များကို ဖြည့်ဆည်းခြင်းတို့ဖြင့်သာ ကျေနပ်နေကြပြီး ဤသည်မှာဖြစ်၏။ ငါသည် သင့်အား အရာတစ်ခုကို ပြောမည်၊ ယင်းက အလုပ်လုပ်ပေးသူတစ်ဦး၏ လက္ခဏာများမှာ ၎င်းတို့သည် အားထုတ်ရန်သာ ဆန္ဒရှိပြီး သမ္မာတရား၏ မည်သည့်ရှုထောင့်ကိုမျှ စိတ်မဝင်စား သို့မဟုတ် သမ္မာတရား၏ မည်သည့်ရှုထောင့်နှင့်ပတ်သက်၍မျှ စိတ်ထက်သန်ရန် ဆန္ဒမရှိဘဲ ထိုသို့လုပ်ဆောင်ခြင်းကို စိတ်အနှောင့်အယှက် ဖြစ်သည်ဟု မြင်ခြင်းဖြစ်သည်၊ ဤသည်မှာ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်သည်။ သင်သည် စာတန်၏ အစေခံတစ်ဦး သို့မဟုတ် ဆိုးယုတ်သောလူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦး မဟုတ်ပါက အကောင်းဆုံးအနေဖြင့် သင်သည် အလုပ်လုပ်ပေးသူတစ်ဦးသာ ဖြစ်နိုင်သည်။ သို့သော် ကယ်တင်ခြင်းကို ရရှိနိုင်သော ဘုရားသခင်၏ လူများအတွက်မူ ကွဲပြားသည်။ ၎င်းတို့သည် အလုပ်လုပ်ပေးပြီး အားအနည်းငယ်ထုတ်ရုံမျှဖြင့် မကျေနပ်ကြဘဲ လူ၊ ဖြစ်ရပ်နှင့် အမှုအရာအမျိုးမျိုးတို့တွင် သမ္မာတရားအမျိုးမျိုးကို သင်ယူပြီး နားလည်ကာ ထို့နောက် ဤသမ္မာတရားများကို အခြေခံ၍ လူအမျိုးမျိုးနှင့် ဖြစ်ရပ်အမျိုးမျိုးကို ရှုမြင်ပြီး ကိုင်တွယ်ကြသည်။ ဤနည်းလမ်းဖြင့် သမ္မာတရားအမျိုးမျိုးသည် ၎င်းတို့ထဲသို့ တဖြည်းဖြည်း အလုပ်လုပ်သွင်းခြင်းခံရပြီး ၎င်းတို့၏အသက်နှင့် ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် စည်းမျဉ်းများ တဖြည်းဖြည်း ဖြစ်လာသည်။ သမ္မာတရားက သင်၏အသက် ဖြစ်လာမှသာလျှင် သင်သည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်ဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက ဤအကျိုးသက်ရောက်မှုကို ရရှိနိုင်မည်မဟုတ်ပေ။ အမှုအရာများကို တွေ့ကြုံခံစားရန် မကြောက်နှင့်၊ လူတို့ကို ပိုင်းခြားသိမြင်ရန် မကြောက်နှင့်။ အမှုအရာအမျိုးမျိုး ဖြစ်ပေါ်ခြင်းသည် မကောင်းသည့်အရာ မဟုတ်ဘဲ ဘုရားသခင်သည် ဤအရာအပေါ် အချုပ်အခြာအာဏာကိုင်စွဲထားသည်။ ဘုရားသခင် အချုပ်အခြာအာဏာကိုင်စွဲထားပြီး စီစဉ်မှုများ ပြုလုပ်နေသဖြင့် သင်သည် အဘယ်အရာကို ကြောက်ရွံ့စရာရှိသနည်း။ ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲထားပြီး စီစဉ်မှုများ ပြုလုပ်နေသောကြောင့် သင့်အတွက်မူ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခြင်းသည် အနည်းဆုံးအနေဖြင့် မလိုမုန်းထားခြင်း သို့မဟုတ် စုံစမ်းသွေးဆောင်ခြင်း မဟုတ်ပေ။ ထိုအစား ယင်းသည် သင့်အနေဖြင့် သင်ခန်းစာများ သင်ယူရန်၊ ဆုံးမသွန်သင်ခံရရန်၊ အကျိုးခံစားရရန်နှင့် သင့်အား စုံလင်အောင်ပြုလုပ်ရန်အလို့ငှာ ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်မှုများကို ကျိုးနွံနာခံနိုင်လျှင်၊ သင့်အပေါ် ဖြစ်ပျက်သည့်အရာကို အပြုသဘောဆောင်သော သင်ခန်းစာများအဖြစ် ချဉ်းကပ်နိုင်လျှင်၊ သမ္မာတရားကို ရှာဖွေပြီး မိမိ သင်ယူသင့်သော သင်ခန်းစာများကို သင်ယူနိုင်လျှင် သမ္မာတရားသည် သဘာဝအတိုင်းနှင့် မသိမသာ သင်၏အထဲသို့ အလုပ်လုပ်သွင်းခြင်းခံရမည်ဖြစ်ပြီး သင်၏အသက် ဖြစ်လာလိမ့်မည်။ ထို့ကြောင့် လူအများစုသည် အမှုအရာအမျိုးမျိုးနှင့် ရင်ဆိုင်ရသည့်အခါ လျစ်လျူရှုခြင်း၊ ရှောင်ရှားခြင်း၊ မပါဝင်ခြင်းနှင့် စိတ်မဝင်စားခြင်းဟူသော သဘောထားကို ခံယူပြီး အမြင်များ မဖော်ပြခြင်း သို့မဟုတ် မိတ်သဟာယမဖွဲ့ခြင်းတို့မှာ မှားယွင်းသည်၊ ဤသည်မှာ မသင့်လျော်ပေ။ အဘယ်ကြောင့် ယင်းသည် မှားယွင်းပြီး မသင့်လျော်ဟု ငါပြောရသနည်း။ ဤသဘောထားမှာ သင်သည် သူ၏ကယ်တင်ခြင်း သို့မဟုတ် သူ၏ ရည်ရွယ်ချက်ကောင်းများကို စိတ်မဝင်စားကြောင်းနှင့် သင်သည် ဘုရားသခင်၏ စုံလင်အောင်ပြုလုပ်ခြင်းကို ခံရရန် စိတ်မဝင်စားဘဲ ယင်းကို အရေးမစိုက်ကာ ငြင်းပယ်ကြောင်းကို ဘုရားသခင်အား ပြသသည်။ ဤသည်မှာ သင်၏ သဘောထားဖြစ်သည်ကို ဘုရားသခင် မြင်တွေ့သည့်အခါ သူသည် သင့်အား ကယ်တင်လိုဦးမည်လော။ ဘုရားသခင်သည် သင့်အား ကယ်တင်လိုလျှင်ပင် သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက သူသည် သင့်အား မည်သို့ ကယ်တင်နိုင်မည်နည်း။ “ရွှံ့ပျော့ကို နံရံတွင်ကပ်၍မရ” ဟူသော ဆိုရိုးစကားရှိသည့်အတိုင်းပင် ဤဆိုရိုးစကားသည် ဤသို့သောလူစားမျိုးကို အတိအကျ ရည်ညွှန်းသည်။

ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံးအတွင်း၊ အထူးသဖြင့် သူ၏အမှုတော်၏ ဤနောက်ဆုံးအဆင့်အတွင်းတွင်၊ ကိုယ်တော်သည် များစွာသော သမ္မာတရားများကို ဖော်ပြခဲ့ပြီးဖြစ်ကာ သင်သည် ထိုအရာအားလုံးကို ကြားခဲ့ပြီးဖြစ်သည်။ သင်သည် ထိုသမ္မာတရားများထဲမှ မည်မျှကို တွေ့ကြုံခံစားခဲ့သည်ဖြစ်စေ၊ နားလည်ခဲ့သည်ဖြစ်စေ၊ အနည်းဆုံးအနေဖြင့် ထိုအရာများကို သင် သိရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် မည်သည့် ထပ်ဆောင်း ဝင်ရောက်စွက်ဖက်ခြင်းနှင့် လွယ်ကူချောမောစေသည့် အလုပ်ကိုမျှ လုပ်ဆောင်တော့မည် မဟုတ်ပေ။ ဘုရားသခင်သည် သင့်အပေါ် ကျရောက်သည့်အရာတိုင်းတွင် သင်၏ သဘောထားနှင့် သင်၏ ပူးပေါင်းဆောင်ရွက်မှုကိုသာ စောင့်မျှော်နေသည်။ ကိုယ်တော်သည် သင်၏ သဘောထား၊ သင်၏ ရှုထောင့်အမြင်များ၊ သင်၏ လိုက်စားမှုများနှင့် သင်လျှောက်လှမ်းသော လမ်းကြောင်းကို မြင်တွေ့လိုသည်။ သင်သည် လူများ၊ ဖြစ်ရပ်များ၊ သို့မဟုတ် အမှုအရာများကို ရင်ဆိုင်ရသည့်အခါတိုင်း ဘုရားသခင်က သင်၌ သဘောထားမရှိ၊ ရှုထောင့်အမြင်များမရှိဘဲ အစဉ်သဖြင့် ပြောစရာမရှိကြောင်း မှတ်တမ်းတင်လျှင် ငါ့ကို ပြောလော့၊ သင်သည် လူအတစ်ဦး မဟုတ်လော။ မည်သည့်လူစားမျိုးက အစဉ်သဖြင့် ပြောစရာမရှိသနည်း။ နားမကြားသူများ၊ စကားမပြောနိုင်သူများ၊ ဉာဏ်တစ်ပိုင်းတစ်စသာရှိသူများ၊ သို့မဟုတ် လူပေါများ မဟုတ်လော။ ဘုရားသခင် မှတ်တမ်းတင်သည့်အရာမှာ သင်၌ သဘောထားမရှိဟူ၍ ဖြစ်သည်၊ သို့ဖြစ်၍ ကိုယ်တော်က သင့်ကို နောက်ဆုံးတွင် အမှတ်ပေးသည့်အခါ သင်ရရှိမည့်အရာမှာ အမှတ် သုည ဖြစ်လိမ့်မည်။ သင့်အပေါ် တစ်စုံတစ်ခု ကျရောက်သည့်အခါ ဘုရားသခင်က “သင်သည် အဖိုးအခပေးလိုစိတ် ရှိသလော” ဟု မေးပြီး သင်က “ဟုတ်ကဲ့၊ ရှိပါသည်” ဟု ဆိုကာ ကိုယ်တော်က “သင်၌ စိတ်ပိုင်းဖြတ်မှု ရှိသလော။ သင် သစ္စာဆိုပြီးပြီလော” ဟု မေး၍ သင်က “ဟုတ်ကဲ့” ဟု ပြန်ဖြေသည်။ သင်၌ ဤစိတ်ပိုင်းဖြတ်မှုသာ ရှိသော်လည်း ဤပတ်ဝန်းကျင်ကို တွေ့ကြုံခံစားခြင်းမှ သင် အဘယ်အရာ ရရှိခဲ့သည်ကို မေးသည့်အခါ သင်၌ ပြောစရာမရှိဘဲ သင်တွေ့ကြုံခံစားခဲ့ရသည့် ပတ်ဝန်းကျင်တိုင်းမှ မည်သည့်အရာမျှ မရရှိခဲ့လျှင် အဆုံးတွင် ဘုရားသခင်က သင့်ကို အမှတ်ပေးသည့်အခါ ယင်းမှာ နှစ်မှတ်သာ ဖြစ်လိမ့်မည်။ အဘယ်ကြောင့် နှစ်မှတ်ဖြစ်သနည်း။ သင်၏ ထိုစိတ်ပိုင်းဖြတ်မှု အနည်းငယ်ကြောင့် သင်သည် နှစ်မှတ် ရရှိခဲ့ခြင်း ဖြစ်သည်။ ငါ့ကို ပြောလော့၊ သို့ဆိုလျှင် သင်သည် ပျက်စီးရတော့မည် မဟုတ်လော။ သင်၌ ကယ်တင်ခြင်း မျှော်လင့်ချက် ရှိနေဦးမည်လော။ ကယ်တင်ခြင်း မျှော်လင့်ချက်ကို သင်ကိုယ်တိုင် ကြိုးစားခြင်းမှတစ်ဆင့် ရရှိခြင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ် လျှောက်လှမ်းရန် ရွေးချယ်ခြင်းအတွက် သင်ပြန်လည်ရရှိသော အသီးအပွင့် ဖြစ်သည်။ သို့ဖြစ်၍ သင့်အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ ယင်းကို မကြောက်ရွံ့နှင့် သို့မဟုတ် မရှောင်ကြဉ်နှင့်၊ ကိုယ့်ခေါင်းကိုယ် လက်နှင့်ကာပြီး လိပ်ခေါင်းကျုံ့ဝင်သကဲ့သို့ မလုပ်နှင့်။ ထိုအစား ယင်းကို အပြုသဘောဆောင်စွာနှင့် တက်ကြွစွာ ရင်ဆိုင်လော့။ သင်သည် အမှုအရာများကို ကြောက်တတ်ပြီး ကြောက်ရွံ့ကာ သင်စကားမှားပြောမိလျှင် ဖော်ထုတ်ခံရပြီး အခြားသူများ၏ ထွင်းဖောက်မြင်ခြင်းကို ခံရမည်ကို စိုးရိမ်သဖြင့် မည်သူနှင့် သက်ဆိုင်သည်ဖြစ်စေ မည်သည့်အရာကိုမျှ အကဲဖြတ်ရန် မရဲလျှင်၊ သင်သည် အစဉ်သဖြင့်ကြောက်ရွံ့ပြီး မည်သည့်အခါမျှ မပါဝင်လျှင် ဤသည်မှာ သင်သည် သင်၏အခွင့်အရေးကို စွန့်လွှတ်နေခြင်းဟု ဆိုလိုသည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် စွမ်းအင်များစွာ အသုံးပြုခဲ့ကောင်း ပြုခဲ့နိုင်သော်လည်း အမှန်တရားမှာ သင်သည် သင်၏ကိုယ်ပိုင်အဆုံးသတ်ကို လွန်ခဲ့သော အချိန်ကတည်းက ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်ဟူ၍ ဖြစ်သည်။ အဆုံးတွင် သင်သည် နှစ်မှတ်သာ ရရှိမည်ဖြစ်ရာ သင်သည် နှစ်မှတ်တန် လူအတစ်ဦး မဟုတ်လော။ နှစ်မှတ်ရခြင်းသည် နှစ်မှတ်တန် လူအတစ်ဦးဖြစ်ခြင်းနှင့် အတူတူပင် မဟုတ်လော။ သင်သည် နှစ်မှတ်သာ ရရှိမည်ဖြစ်သဖြင့် ဤတစ်သက်တာအတွင်း သင်၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် အချည်းနှီး ဖြစ်ခဲ့ရမည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်သည်၊ ဤတစ်ကြိမ်တွင် သင်၏ယုံကြည်ခြင်းသည် အချည်းနှီးဖြစ်ခဲ့လျှင် သင်၏အဆုံးသတ်သည် သတ်မှတ်ပြီးဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသားများကို ကယ်တင်သည့်အမှုကို မည်သည့်အခါမျှ ထပ်မံလုပ်ဆောင်တော့မည် မဟုတ်ပေ။ ဤသည်မှာ နောက်ဆုံးအခွင့်အရေး ဖြစ်သည်။ သင်သည် ယင်းအတွက် ယခုတိုင် မကြိုးစားဘဲ လွတ်သွားစေလျှင်၊ သင်သည် ကယ်တင်ခြင်းကို မရရှိနိုင်လျှင် ယင်းမှာ အလွန်ပင် ဝမ်းနည်းစရာ ဖြစ်ပေလိမ့်မည်။ သင်သည် ဘုရားသခင်၏ အမှုတော်ကို နှစ်ပေါင်းမည်မျှ တွေ့ကြုံခံစားခဲ့သည်ဖြစ်စေ သင်သည် အနည်းဆုံး အောင်မှတ်တစ်ခု ရရှိရမည်၊ သို့မှသာ သင်ရှင်သန်ရန် မျှော်လင့်ချက် ရှိနေဦးမည် ဖြစ်သည်။ သင်၏ အလုပ်လုပ်ပေးခြင်းသည်ပင် စံမမီလျှင်၊ သင်သည် များစွာသော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကိုလည်း ဖြစ်ပေါ်စေခဲ့လျှင် သင်သည် မည်သည့်အသီးအပွင့်ကိုမျှ လုံးဝ ရိတ်သိမ်းခဲ့ရမည် မဟုတ်ဘဲ ကယ်တင်ခြင်းရရှိရန် သင်၏မျှော်လင့်ချက်သည်လည်း သုည ဖြစ်သွားပေလိမ့်မည်။ ဘုရားသခင် ချမှတ်ပေးသော ပတ်ဝန်းကျင်တိုင်းတွင် ပွဲကြည့်ပရိတ်သတ် မလုပ်နှင့်။ ပါဝင်သူတစ်ဦး ဖြစ်လော့၊ ယင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လော့။ သို့သော် သင်အနိမ့်ဆုံး လိုက်နာရမည့် စည်းမျဉ်းတစ်ခု ရှိသည်။ နှောင့်ယှက်မှုများကို မဖြစ်ပေါ်စေနှင့်။ သင်သည် ပါဝင်နိုင်ပြီး သင်၏ ကိုယ်ပိုင်ထင်မြင်ချက်များနှင့် အကဲဖြတ်မှုများကို ဖော်ပြနိုင်သည်၊ သင်သည် သာမန်လူတစ်ဦးကဲ့သို့ ပြောဆိုပြီး စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုလျှင်ပင် အရေးမကြီးပေ။ သို့ရာတွင် သင်သည် အမှုအရာတိုင်းတွင် သမ္မာတရားကို ရှာဖွေခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို ကျိုးနွံနာခံခြင်းဟူသည့် စည်းမျဉ်းနှင့် ရည်ရွယ်ချက်ဖြင့် ပါဝင်ရမည်။ သို့မှသာ သင်၏ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိပေမည်။ ကယ်တင်ခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်ကို မည်သည့် အခြေခံအချက်အလက်ပေါ်တွင် ထူထောင်ထားသနည်း။ ကိစ္စရပ်အသီးသီး ဖြစ်ပေါ်သည့်အခါ သမ္မာတရားအတွက် ကြိုးပမ်းရန်၊ သမ္မာတရားနှင့်ပတ်သက်၍ တွေးဆကာ သမ္မာတရားကို အားထုတ်ရန် သင်စွမ်းဆောင်နိုင်သည့် အခြေခံအချက်အလက်ပေါ်တွင် ထူထောင်ထားခြင်း ဖြစ်သည်။ ဤအခြေခံအချက်အလက်ပေါ်တွင်သာ သင်သည် သမ္မာတရားကို နားလည်နိုင်သည်၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ကယ်တင်ခြင်းကို ရရှိနိုင်ပေသည်။ သို့သော် ကိစ္စရပ်များ ဖြစ်ပေါ်သည့်အခါ သင်သည် မည်သည့် အကဲဖြတ်ချက်မျှ သို့မဟုတ် မည်သည့် သရုပ်ဖော်ချက်များနှင့် မည်သည့် ကိုယ်ပိုင်အယူအဆမျှ မပေးဘဲ အစဉ်သဖြင့် ပွဲကြည့်ပရိတ်သတ်တစ်ဦးဖြစ်နေပြီး မည်သည့်အရာအပေါ်တွင်မျှ မည်သည့်အမြင်မျှမရှိလျှင် သို့မဟုတ် သင့်ထံတွင် အမြင်များ အမှန်တကယ်ရှိလျှင်ပင် သင် မဖော်ပြသကဲ့သို့ ယင်းတို့က မှန်သည်ကိုဖြစ်စေ၊ မှားသည်ကိုဖြစ်စေ မသိဘဲ သင်၏ စိတ်ထဲတွင်သာ ပိတ်လှောင်ထားပြီး ယင်းတို့အကြောင်းကို စဉ်းစားလျှင် သင်သည် သမ္မာတရားကို ရရှိခြင်းမရှိဘဲ အဆုံးသတ်သွားရလိမ့်မည်။ ထိုအကြောင်းကို တွေးလော့။ ဤသည်မှာ ကြီးကျယ်ခမ်းနားသော စားပွဲတော်၌ ထိုင်နေပြီး ငတ်မွတ်နေသကဲ့သို့ပင် ဖြစ်သည်။ သင်သည် သနားစဖွယ် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ အမှုတော်တွင် သင်သည် ဆယ်နှစ်ကြာ ယုံကြည်ပြီး ထိုတစ်ချိန်လုံး ပွဲကြည့်ပရိတ်သတ်တစ်ဦး ဖြစ်နေခဲ့လျှင် သို့မဟုတ် သင်သည် အနှစ် ၂၀၊ ၃၀ ကြာ ယုံကြည်ပြီးဖြစ်ကာ ထိုတစ်ချိန်လုံး ပွဲကြည့်ပရိတ်သတ်တစ်ဦး ဖြစ်နေခဲ့လျှင် အဆုံး၌ သင်၏ အဆုံးသတ်ကို ဆုံးဖြတ်ရမည့်အချိန် ရောက်သည့်အခါ ဘုရားသခင်က သင်၏ မှတ်တမ်းအား ပေးအပ်သော အဆင့်သတ်မှတ်ချက်မှာ နှစ်မှတ်သာ ရှိသည်ဖြစ်၍ သင်သည် နှစ်ပြားမတန်သော လူနုံလူအတစ်ဦးသာ ဖြစ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို ရရှိရန် သင်၏ အခွင့်အလမ်းနှင့် ကယ်တင်ခြင်း ရရှိရန် မျှော်လင့်ချက်တို့မှာလည်း သင်ကိုယ်တိုင်ကြောင့် လုံးဝ ပျက်စီးပြီး ဖြစ်လိမ့်မည်။ တကယ့်အဆုံးတွင် သင်သည် နှစ်ပြားမတန်သော လူနုံလူအတစ်ဦးအဖြစ် အမည်တပ်ခံရလိမ့်မည်ဖြစ်ပြီး ထိုအရာသည် သင့်ထိုက်နှင့်သင့်ကံ ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) နှစ်ပြားမတန်သော လူနုံလူအတစ်ဦး မဖြစ်ခြင်းအတွက် လျှို့ဝှက်ချက်မှာ အဘယ်နည်း။ (လျှို့ဝှက်ချက်မှာ ပွဲကြည့်ပရိတ်သတ်တစ်ဦး မဖြစ်ရန်ဖြစ်သည်။) ပွဲကြည့်ပရိတ်သတ်တစ်ဦး မဖြစ်နှင့်။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့် သမ္မာတရားကို ရရှိရန်အလို့ငှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရမည်ဖြစ်သည်။ အချို့က “သို့ဆိုလျှင် သင်သည် ကျွန်ုပ်အား အရာရာတိုင်း၌ ကိုယ်တိုင် ပါဝင်ပတ်သက် ခိုင်းချင်သလော။ သို့သော် လူတို့က ‘မဆိုင်လျှင် ဝင်မရှုပ်နှင့်’ဟု ပြောကြသည်”ဟု ဆိုကောင်းဆိုနိုင်သည်။ သင့်အား ပါဝင်ပတ်သက်ရန် စေခိုင်းခြင်းသည် သမ္မာတရားကို ရှာဖွေကာ သင် ကြုံရသည့် အမှုအရာများမှ သင်ခန်းစာများယူရန် သင့်ကို စေခိုင်းခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ဥပမာအနေဖြင့် လူတစ်မျိုးမျိုးကို သင် ကြုံရသည့်အခါ ၎င်းတို့၏ သရုပ်သကန်များနှင့် ၎င်းတို့ လုပ်ဆောင်သည့် အရာများမှတစ်ဆင့် ချင့်ချိန်နိုင်စွမ်းကို သင် ရရှိရမည်ဖြစ်သည်။ ၎င်းတို့က သမ္မာတရားကို ချိုးဖောက်လျှင် သမ္မာတရားကို ချိုးဖောက်သည့် မည်သည့်အရာအား ၎င်းတို့ လုပ်ဆောင်မိခဲ့သည်ကို သင် ပိုင်းခြားသိမြင်ရမည်။ ဤလူက ဆိုးယုတ်သည့်သူတစ်ဦး ဖြစ်သည်ဟု အခြားသူတို့က ပြောလျှင် ၎င်းတို့က ထိုသူအား ဆိုးယုတ်သော သူတစ်ဦးအဖြစ် သရုပ်ဖော်ဖို့အတွက် မည်သည့်အရာကို ထိုသူ ပြောဆိုကာ လုပ်ဆောင်ခဲ့ပြီး မကောင်းမှုပြုခြင်းနှင့်ဆိုင်သည့် မည်သည့် သရုပ်သကန်များ ထိုသူတွင် ရှိသည်ဟူသည်ကို သင် ပိုင်းခြားသိမြင်ရမည်။ ဤလူသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်း မရှိသကဲ့သို့ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အဆုံးရှုံးအနစ်နာခံလျက် အပြင်လူတို့အား ကူညီသည်ဟု အခြားသူတို့က ပြောလျှင် ဤလူလုပ်ဆောင်နေခဲ့သည့်အရာက မည်သည့်အရာဖြစ်သည်ကို သင် မေးမြန်းစုံစမ်းသင့်သည်။ ပြီးလျှင် မေးမြန်းစုံစမ်းပြီးနောက်တွင် ဤအရာများကို သိရုံမျှက မလုံလောက်ပေ။ သင့်အနေဖြင့် “ထိုသို့သောအရာများကို ငါ လုပ်များ လုပ်ဆောင်မိနိုင်သလော။ မည်သူကမျှ ငါ့ကို အပြစ်ဖော်ဆုံးမခြင်း မရှိလျှင် အလားတူအရာများကို ငါလည်း လုပ်ကောင်းလုပ်မိမည်ဖြစ်ပြီး ထိုအခါ ထိုလူကဲ့သို့ပင် ငါသည်လည်း အလားတူ အဆုံးသတ်ရှိမည် မဟုတ်လော။ ဤသည်မှာ အန္တရာယ်များမည် မဟုတ်လော။ ကံကောင်းထောက်မ၍ ဘုရားသခင်သည် ငါ့ကို သတိပေးချက်တစ်ခုပေးဖို့ ဤပတ်ဝန်းကျင်ကို ခင်းကျင်းပေးခဲ့သည်။ ယင်းမှာ ငါ့အတွက် အကြီးမားဆုံး ကွယ်ကာပေးခြင်း ဖြစ်သည်”ဟူ၍လည်း တွေးဆရမည်ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ တွေးဆပြီးနောက်တွင် သင်သည် အမှုအရာတစ်ခုကို သဘောပေါက်၏။ ထိုလူစားမျိုး လိုက်လျှောက်နေသည့် လမ်းကြောင်းကို သင် လိုက်လျှောက်၍မရဘဲ ထိုလူစားမျိုး သင် ဖြစ်၍မရ၊ သင့်ကိုယ်သင် ဆုံးမရမည်ဟူ၍ ဖြစ်သည်။ မည်သည့်အရာများကို သင် ကြုံရသည်ဖြစ်စေ ယင်းတို့မှ သင်ခန်းစာများကို သင်ယူရမည်ဖြစ်သည်။ သင် အပြည့်အဝ နားမလည်သကဲ့သို့ သင်၏ စိတ်နှလုံးတွင် ထူးဆန်းသည်ဟု ခံစားရသည့် အရာများရှိလျှင် ယင်းတို့နှင့်ပတ်သက်၍ သင် မေးခွန်းများမေးပြီး ယင်းတို့အကြောင်းကို သိရှိအောင် လုပ်ကာ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် အရေးကိစ္စများ၏ စစ်မှန်သော အခြေအနေကို သေချာအောင် လေ့လာစိစစ်သင့်သည်။ ဤသည်မှာ စူးစမ်းခြင်း မဟုတ်၊ အလေးအနက်ထားခြင်း ဖြစ်သည်။ အလေးအနက်ထားခြင်းဟူသည်မှာ ဟန်ဆောင်လုပ်ပြခြင်း သို့မဟုတ် အများလုပ်သည့်အတိုင်းလိုက်လုပ်ခြင်း မဟုတ်ပေ။ တာဝန်ယူသည့် သဘောထားတစ်ခု ဖြစ်သည်။ ပြဿနာများနှင့်ပတ်သက်၍ ရှင်းလင်းမှုကို ရရှိခြင်းနှင့် ထို့နောက် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းတို့အားဖြင့် ထို့နောက်တွင်သာ အနာဂတ်၌ အလားတူ အခြေအနေမျိုး ရင်ဆိုင်ရသည့်အခါ သင်သည် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု၊ မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်နိုင်ခြင်းနှင့် စိတ်အေးချမ်းကာ စိတ်အေးလက်အေးဖြစ်သည့် ခံစားချက်တစ်ခု ရှိလိမ့်မည် ဖြစ်သည်။ သင်သည် ကိစ္စရပ်အားလုံးတွင် အခြားလူများနောက်လိုက်ခြင်းနှင့် အလိုက်သင့်လုပ်ဆောင်ခြင်းထက် အဖြစ်မှန်များ၏ စစ်မှန်သော အခြေအနေကို နားလည်ရန်နှင့် ထိုအရာများမှ သမ္မာတရားကို ရရှိပြီး လူများနှင့် အမှုအရာများအား မည်သို့ ရှုမြင်ရမည်ကို သင်ယူရန် ကြိုးစားခြင်းနှင့်ဆိုင်သည့် စည်းမျဉ်းအပေါ် အခြေခံ၍ အလေးအနက် ထားနေခြင်း ဖြစ်သည်။ သင်၏ လုပ်ရပ်များတွင် အလေးအနက် ထားခြင်းအားဖြင့်သာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပြီး စည်းမျဉ်းများအပေါ် အခြေခံ၍ ပြုမူလာနိုင်ပေသည်။ အလေးအနက်ထားခြင်း မရှိသောသူတို့သည် အခြားလူများနောက်လိုက်ကာ အလိုက်သင့်လုပ်ဆောင်ဖွယ်ရှိပြီး ဤနည်းဖြင့် ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို ချိုးဖောက်ဖို့ အလားအလာရှိပေသည်။ ဥပမာအားဖြင့်ဆိုသော် တစ်စုံတစ်ဦးသည် သူ၏တာဝန်ကို တစ်သမတ်တည်း ဝတ်ကျေတမ်းကျေ လုပ်သောကြောင့် တာဝန်ထမ်းဆောင်ခြင်းရာတွင် အရည်အချင်းမပြည့်မီဟု သတ်မှတ်ခံရသည် ဆိုပါစို့။ သင်က “သူက အပြင်ပန်းတွင် ကောင်းပုံရသည်။ သူ ဝတ်ကျေတမ်းကျေ လုပ်နေသည်ကို ကျွန်ုပ် မည်သို့ဖြစ်၍များ သတိမပြုမိခဲ့သနည်း။ သူ၏ အထင်အမြင်မှားစေခြင်းကို ကျွန်ုပ် ခံလိုက်ရသလော။ သူသည် သူ၏ တာဝန်တွင် မည်သည့်နည်းလမ်းများဖြင့် ဖြစ်ကတတ်ဆန်း လုပ်နေခဲ့သနည်း။ မည်သည့်အရာများကို ဝတ်ကျေတမ်းကျေ နည်းလမ်းဖြင့် သူ လုပ်ဆောင်ခဲ့သနည်း” ဟု ဆိုသည်။ ထိုသူ ဝတ်ကျေတမ်းကျေလုပ်ခဲ့သည့် နည်းလမ်းအချို့ကို အခြားတစ်စုံတစ်ဦးက သင့်အား ပြောပြသည့်အခါ သင်က “ထိုသူသည် အမှန်ပင် ဟန်ဆောင်ကောင်းလေစွ။ အပေါ်ယံတွင် သူသည် ကောင်းမွန်ပုံရပြီး သာယာနာပျော်ဖွယ်ဖြစ်သော စကားများကို ပြောဆိုခဲ့၏။ သူက ‘ဘုရားသခင်သည် ကျွန်ုပ်တို့အား ကျေးဇူးတော်များစွာ ပေးသနားခဲ့ပြီဖြစ်၍ ကျွန်ုပ်တို့သည် ဟီရိသြတ္တပ္ပကင်းမဲ့၍မဖြစ်၊ မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ကြရမည်’ ဟု ဆိုခဲ့၏။ သူ ထိုသို့ပြောသည်ကို ကျွန်ုပ်ကြားရသောအခါ၊ သူသည် မိမိ၏တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်နေသည်ဟု ထင်မှတ်ခဲ့၏။ သူသည် ဤမျှလောက် ဝတ်ကျေတမ်းကျေ ဖြစ်လိမ့်မည်ဟုမူ ကျွန်ုပ်သည် တစ်ခါမျှပင် စိတ်မကူးမိခဲ့ချေ။ ကျွန်ုပ်သည် အထင်အမြင်မှားစေခြင်းကို ခံလိုက်ရသည် မဟုတ်လော။ ကျွန်ုပ်၌ လူတို့ကို ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ခဲ့၏။ လူပုဂ္ဂိုလ်များနှင့် အမှုအရာများကို ရှုမြင်ရာ၌ဖြစ်စေ၊ လူတို့ကို ဆက်ဆံရာ၌ဖြစ်စေ သမ္မာတရား စည်းမျဉ်းများကို အခြေမခံခဲ့ပေ။ ကျွန်ုပ်သည် သူ၏ တာဝန်၌ ရရှိသော အကျိုးသက်ရောက်မှုများကိုဖြစ်စေ၊ သူ၏ တိကျသော အပြုအမူနှင့် သရုပ်သကန်များကိုဖြစ်စေ၊ သို့တည်းမဟုတ် သူ၏ အနှစ်သာရကိုဖြစ်စေ မကြည့်ဘဲ ထိုသူ၏ စကားပြောကောင်းခြင်းကိုသာ ကြည့်ခဲ့မိ၏။ ဤအရေးကိစ္စ၌ ကျွန်ုပ် အမှား လုပ်ခဲ့လေပြီ။ အပြင်ပန်းတွင် ကောင်းဟန်ရှိသောလူတို့သည် အမှန်တကယ်တွင် ကောင်းချင်မှကောင်းကြပြီး နားထောင်၍ကောင်းသော စကားများ ပြောဆိုကြသော်လည်း သူတို့ပြောသည့်အတိုင်း အမှန်တကယ် လုပ်ဆောင်ချင်မှ လုပ်ဆောင်ကြကာ သူတို့သည် ဟီရိသြတ္တပ္ပနှင့် လူ့သဘာဝရှိသော လူများလည်း ဖြစ်ချင်မှ ဖြစ်ကြသည်ကို သိလာရ၏။ ယခုမှစ၍ ကျွန်ုပ်သည် လူတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ရှုမြင်ရမည်ဖြစ်ပြီး လူတို့ကို ပိုင်းခြားသိမြင်တတ်ရန်လည်း သင်ယူရပေမည်။ ကျွန်ုပ်သည် နောက်တစ်ကြိမ် အရူးလုပ်ခံရ၍ မဖြစ်တော့ချေ” ဟု ဆိုသည်။ သင်မြင်သည် မဟုတ်လော၊ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်က အနည်းငယ် အလေးအနက်ထားပြီး သမ္မာတရားကို ရှာဖွေကာ ထို့နောက် ကောက်ချက်များချသရွေ့ သင်သည် တစ်စုံတစ်ခုကို ရရှိလိမ့်မည်။ သင်သည် ဤအကျိုးကျေးဇူးများကို ရိတ်သိမ်းရလျှင် ယင်းမှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် လူတို့ကို ပိုင်းခြားသိမြင်ခြင်းအမှုတွင် တစ်စုံတစ်ခု သင်ယူခဲ့ပြီး အနည်းငယ် အကျိုးကျေးဇူး ရရှိခဲ့လိမ့်မည်။ ဤသည်မှာ သမ္မာတရားနှင့်ပတ်သက်၍ အလေးအနက်ထားခြင်းနှင့် ကြိုးစားအားထုတ်ခြင်းမှ သင်ရရှိသည့်အရာ ဖြစ်သည်။ သင်သည် ဤနည်းလမ်းအတိုင်း အလေးအနက်မထားဟု ဆိုပါစို့။ တစ်စုံတစ်ဦးသည် သူ၏တာဝန်ကို အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ထမ်းဆောင်သောကြောင့် မောင်းထုတ်ခိုင်းခြင်း ခံရသည်ဟု သင်ကြားသည့်အခါ သင်က “သူသည် အဘယ်ကြောင့် ဝတ်ကျေတမ်းကျေ လုပ်ရသနည်း။ သူသည် အဘယ်ကြောင့် မောင်းထုတ်ခြင်းခံရသနည်း” ဟု မမေးပေ။ ထိုအစား သင်က သင်၏စိတ်ထဲတွင် “ဝတ်ကျေတမ်းကျေလုပ်သည်မှာ မည်သည့်အရေးနည်း။ မည်သို့ပင်ဖြစ်စေ ငါ့ကိုမူ မောင်းမထုတ်သေးပေ၊ သို့ဖြစ်၍ အရာအားလုံး အဆင်ပြေသည်” ဟုသာ တွေးနေသည်။ ထိုသို့ဆိုလျှင် သင်သည် ဤအမှုအရာမှ သတိပေးချက် အနည်းငယ် ရရှိခဲ့ခြင်း၊ သင်ခန်းစာ အနည်းငယ် သင်ယူခဲ့ခြင်း၊ သို့မဟုတ် ပိုင်းခြားသိမြင်မှု အနည်းငယ် တိုးပွားခဲ့ခြင်း ရှိမည်လော။ မရှိပေ။ အဘယ်ကြောင့် သင်၌ ရှိမည်မဟုတ်သနည်း။ အကြောင်းမှာ သင်သည် ထိုသို့သောအရာများကို စိတ်မဝင်စား သို့မဟုတ် အလေးမထားသောကြောင့် ဖြစ်ပြီး သင်သည် သင်၏ကိုယ်ပိုင် အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားကို လိုက်စားမှုအတွက် မည်သည့်ဝန်ကိုမျှ လုံးဝ မထမ်းဆောင်ပေ၊ သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် အသက်ဝင်ရောက်မှုဆိုင်ရာ အမှုအရာများအပေါ် အခြားသူများ၏ မိတ်သဟာယဖွဲ့ခြင်းကို စိတ်မဝင်စားသကဲ့သို့ ပါဝင်ခြင်းလည်း မရှိဘဲ အများဆုံးအနေဖြင့် သင်သည် သဘောတူညီသည့် စကားအချို့ကို ဝတ်ကျေတမ်းကျေ ပြောဆိုလိုက်ရုံသာ ဖြစ်သည်။ ဤသို့သော လူစားမျိုး များစွာရှိသလော။ ၎င်းတို့အပေါ် အမှုအရာများ ကျရောက်သည့်အခါ ၎င်းတို့သည် အထူးသဖြင့် ဝတ်ကျေတမ်းကျေလုပ်ပြီး ဖြစ်သလို လုပ်ဆောင်ခြင်းကို နှစ်သက်ကြကာ ၎င်းတို့၏ ကိုယ်ပိုင် အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားကို လိုက်စားမှုအတွက် မည်သည့်ဝန်တာကိုမျှ လုံးဝ မထမ်းဆောင်ကြပေ။ အခြားသူများနှင့် ဆက်ဆံသည့်အခါ အတင်းအဖျင်း အနည်းငယ် ပြောဆိုခြင်းကို နှစ်သက်ခြင်းမှလွဲ၍ အသက်ဝင်ရောက်မှု ပါဝင်ပတ်သက်သည့် အရာများ သို့မဟုတ် ဘုရားသခင် ချမှတ်ပေးသော ပတ်ဝန်းကျင်များတွင် လူတို့ သင်ယူသင့်သည့် သင်ခန်းစာများကဲ့သို့သော အရာများကို ၎င်းတို့ လုံးဝ စိတ်ဝင်စားခြင်းမရှိပေ။ ၎င်းတို့၏ လက်ရှိ အလုပ်အနည်းငယ်ကို ပြီးစီးသွားပြီးနောက် ၎င်းတို့သည် ထိုနေရာတွင် ငေးမောတွေဝေစွာ ထိုင်နေကြပြီး ခဏတာ မှေးစက်ရန် သို့မဟုတ် အနားယူရန်သာ လိုလားကြကာ ၎င်းတို့၏ ကိုယ်ပိုင် အသက်ဝင်ရောက်မှုအတွက် မည်သည့်ဝန်တာကိုမျှ လုံးဝ မထမ်းဆောင်ကြပေ။ ၎င်းတို့၌ရှိသော စိတ်ပိုင်းဖြတ်မှု အနည်းငယ်နှင့် ဆန္ဒအနည်းငယ်မှလွဲ၍ ဤလူတို့သည် နောက်ဆုံး၌ မည်သည့်သမ္မာတရားကိုမျှ ရရှိမည်မဟုတ်ဘဲ အဆုံးတွင် ၎င်းတို့၏ စုစုပေါင်းအမှတ်သည် နှစ်မှတ်သာ ဖြစ်နိုင်ပြီး ၎င်းတို့သည် ၎င်းတို့၏ နှစ်ပြားတန် ငမိုက်ဖြစ်ခြင်းကို ဖယ်ရှားနိုင်မည်မဟုတ်ပေ၊ သို့ဖြစ်၍ ဤတစ်သက်တာတွင် ၎င်းတို့သည် ပြီးဆုံးသွားပေလိမ့်မည်။ သင်သည် ဤတစ်ကြိမ်တွင် ပြီးဆုံးသွားလျှင် သင်သည် အမှန်တကယ်ပင် ပြီးဆုံးသွားမည်ဖြစ်ပြီး သင်ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် ရှိတော့မည် မဟုတ်ပေ၊ အကြောင်းမှာ သင်၏အဆုံးသတ်သည် သတ်မှတ်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံတစ်ဦး နောက်ဆုံး၌ ရရှိသည့်အမှတ်သည် သူ၏အဆုံးသတ်နှင့် တိုက်ရိုက်ဆက်စပ်နေသည်။ သင်သည် အောင်မှတ်တစ်ခု ရရှိလျှင် သင်၏အဆုံးသတ်မှာ သင်ကယ်တင်ခြင်းခံရခြင်း ဖြစ်လိမ့်မည်။ သင်သည် အောင်မှတ်တစ်ခု မရရှိလျှင် သင်၌ ကောင်းသော အဆုံးသတ်တစ်ခု ရှိမည်မဟုတ်ပေ။ ဤသည်မှာ လူတို့၏ အဆုံးသတ်များကို နောက်ဆုံးတွင် ဆုံးဖြတ်သည့်အချိန်ဖြစ်ပြီး အဆုံးသတ်တစ်ခု သတ်မှတ်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းမှာ ထာဝရဖြစ်ပြီး ပြောင်းလဲတော့မည် မဟုတ်ပေ။ ကောင်းသော အဆုံးသတ်တစ်ခုအတွက် ကြိုးစားရန် နောက်ထပ်အခွင့်အရေး ရှိတော့မည်မဟုတ်သကဲ့သို့ ယင်းကို ပြောင်းလဲရန်လည်း မည်သည့်အခွင့်အရေးမျှ ရှိတော့မည်မဟုတ်ပေ။ သင်၏ကံကြမ္မာသည် အပြီးတိုင် သတ်မှတ်ပြီးဖြစ်လိမ့်မည်။ သင်နားလည်ပြီလော။ ဤသည်မှာ သင့်ကို ခြောက်လှန့်ရန် ရည်ရွယ်သလော။ (မဟုတ်ပါ။) စဉ်းစားကြည့်လော့။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲပြီး ကယ်တင်သည့်အမှုကို လုပ်ဆောင်နေကာ ကိုယ်တော်သည် လူတို့ ပိုင်ဆိုင်သင့်သည့် အမျိုးမျိုးသော သမ္မာတရားများကို ၎င်းတို့အား ပေးသနားနေသည်။ ဘုရားသခင်သည် ဤသို့သောအမှုကို အကြိမ်မည်မျှ လုပ်ဆောင်နိုင်သနည်း။ (ဤတစ်ကြိမ်တည်းသာ ဖြစ်ပါသည်။) ယင်းကို ယခင်က မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးသကဲ့သို့ နောင်တွင်လည်း မည်သည့်အခါမျှ ထပ်မံလုပ်ဆောင်တော့မည် မဟုတ်ပေ။ ဤသည်မှာ တစ်ကြိမ်တည်းသာဖြစ်ပြီး ယင်းပြီးစီးသည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ ကြီးမြတ်သောအမှုသည် အပြည့်အဝ ပြီးမြောက်လိမ့်မည်။ “အပြည့်အဝ ပြီးမြောက်သည်” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ကိုယ်တော်သည် ယင်းကို ထပ်မံလုပ်ဆောင်တော့မည် မဟုတ်ကြောင်းနှင့် လုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်းကို ဆိုလိုသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် လူတို့၏ နောက်ဆုံးသော အဆုံးသတ်များသည် မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့သည် အပြီးသတ်သတ်မှတ်ပြီးဖြစ်ကာ ပြောင်းလဲတော့မည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား နောက်တစ်ကြိမ် ထမ်းဆောင်ရန် သို့မဟုတ် ၎င်းတို့၏ဘဝများကို နောက်တစ်ကြိမ် အသက်ရှင်ရန် အခွင့်အရေး ပေးတော့မည်မဟုတ်ပေ။ ကုန်လွန်သွားသော အချိန်သည် မည်သည့်အခါမျှ ပြန်လာတော့မည်မဟုတ်သကဲ့သို့ မည်သည့်ပြောင်းလဲမှုမျှလည်း ရှိတော့မည်မဟုတ်ပေ။ သို့ဖြစ်၍ သင်သည် ဤအခွင့်အရေးကို ဆုပ်ကိုင်မထားလျှင် သင်သည် ကယ်တင်ခြင်းခံရမည့် အခွင့်အရေးကို ဆုံးရှုံးလိမ့်မည်။ သင်သည် ဘုရားသခင် ချမှတ်ပေးထားသော အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို လျစ်လျူရှုလျှင်၊ ယင်းတို့နှင့်ပတ်သက်လာပါက ထုံထိုင်းပြီး ဉာဏ်မမီလျှင်၊ ယင်းတို့ကို ဂရုမစိုက်ဘဲ ဆက်ဆံလျှင် သင်သည် နှစ်ပြားတန် ငမိုက်တစ်ဦး ဖြစ်သည်။ သင်ကိုယ်တိုင်ပင် သင်၏ကိုယ်ပိုင် အဆုံးသတ်နှင့် ပန်းတိုင်ကို အလေးမထားလျှင် သင့်ကို မည်သူက အရေးစိုက်မည်နည်း။ သင့်ကို ဤမျှအကြိမ်များစွာ ပြောခဲ့ပြီးဖြစ်သော်လည်း သင်က အလေးမထားပေ၊ သို့ဖြစ်ပါက သင်သည် နှစ်ပြားတန် ငမိုက်တစ်ဦးမဟုတ်လျှင် အဘယ်အရာဖြစ်မည်နည်း။ ကယ်တင်ခြင်းခံရခြင်းအမှုထက် ပိုအရေးကြီးသောအရာ မရှိပေ။ ထိုသို့မဟုတ်လော။ (ဟုတ်ပါသည်။) မှန်ပေသည်၊ ငါ စောစောကပြောခဲ့သည့်အတိုင်း၊ လူတစ်ဦး၏ နောက်ဆုံးသော အဆုံးသတ်သည် ဘုရားသခင်က အချုပ်အခြာအာဏာကိုင်စွဲသော အမျိုးမျိုးသော ပတ်ဝန်းကျင်များတွင် ထိုသူ၏ ခြုံငုံသော သရုပ်သကန်များဖြင့် ဆုံးဖြတ်ခြင်းခံရသည်၊ သို့ဖြစ်၍ လူတို့သည် နေ့စဉ်ဘဝတွင် ၎င်းတို့၏ ခြုံငုံသော သရုပ်သကန်များကို အာရုံစိုက်သင့်သည်။ ဤနေရာရှိ ရည်ရွယ်ချက်မှာ သင့်အား အတင်းအဖျင်းပြောပြီး အငြင်းပွားမှုများတွင် ပါဝင်စေရန် တောင်းဆိုနေခြင်း မဟုတ်ဘဲ သင်၏ လက်ရှိပတ်ဝန်းကျင်နှင့် အခြေအနေများကို အခြေခံ၍ ဖြစ်နိုင်သမျှ အတိုင်းအတာအထိ သမ္မာတရားကို နားလည်စေပြီး သမ္မာတရားထဲသို့ ဝင်ရောက်စေရန်၊ သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းစေရန်၊ ဘုရားသခင်၏အမှုတော် မပြီးဆုံးမီတွင် ငါတို့မိတ်သဟာယဖွဲ့ခဲ့သော “လက်လွှတ်ခြင်း” ၏ အချက်သုံးချက်ထဲသို့ အနည်းနှင့်အများဆိုသလို ဝင်ရောက်ဖို့ ကြိုးစားစေရန် ဖြစ်သည်။ သို့မှသာ သင်သည် အမှတ် ၆၀ သို့မဟုတ် ထို့ထက်ပို၍ အောင်မြင်မည်ဖြစ်ပြီး သင်သည် ကယ်တင်ခြင်းခံရသူတစ်ဦး ဖြစ်လိမ့်မည်။ သို့ရာတွင် သင်သည် ဤအချက်သုံးချက်ထဲမှ တစ်ခုနှင့်မျှ နီးပင်မနီးစပ်လျှင်၊ သို့မဟုတ် ယင်းတို့ထဲမှ တစ်ခုတွင်မျှ မအောင်မြင်လျှင်၊ ယင်းတို့ထဲမှ တစ်ခုတွင်မျှ အမှန်တကယ် ဝင်ရောက်မှုမရှိလျှင် သင်သည် အောင်မှတ်တစ်ခု ရရှိမည်မဟုတ်ဘဲ သင်သည် ကယ်တင်ခြင်း၏ ပစ်မှတ်တစ်ခု ဖြစ်လိမ့်မည်မဟုတ်ပေ။ သင်နားလည်ပြီလော။ (ဟုတ်ပါသည်။)

ယခု သင်တို့အားလုံး အဘယ်အရာကို လက်တွေ့လုပ်ဆောင်ရန် အာရုံစိုက်သင့်သနည်း။ ဘုရားသခင် ချမှတ်ပေးသော ပတ်ဝန်းကျင်များတွင် သမ္မာတရားကို ရှာဖွေခြင်းနှင့် သင်ခန်းစာများ သင်ယူခြင်း ဖြစ်သည်။ နေ့စဉ်နေ့တိုင်း သင်သည် သမ္မာတရားကို လုံးဝ မလိုက်စားဘဲ အားထုတ်လုပ်ဆောင်ပြီး အလုပ်လုပ်ဆောင်ခြင်းကိုသာ ကျေနပ်နေလျှင် အစေခံသူတစ်ဦးသာ ဖြစ်သည်။ သင်သည် အားထုတ်လုပ်ဆောင်ခဲ့ပြီး ဘုရားသခင် ချမှတ်ပေးသော အမျိုးမျိုးသော ပတ်ဝန်းကျင်များကို တွေ့ကြုံခံစားခဲ့ကာ သမ္မာတရားအချို့ကို နားလည်ခဲ့လျှင် သမ္မာတရားမည်မျှ ရရှိခဲ့သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ နောက်ဆုံးတွင် အကျိုးကျေးဇူးများ ရရှိခဲ့သည်၊ ပြီးလျှင် ဤအရာများကို ရရှိရန် သင့်အတွက် အလွန်ကြာမြင့်သော အချိန်ယူခဲ့ရပြီး သင်၏တိုးတက်မှုသည် နှေးကွေးခဲ့လျှင်ပင် သင်သည် အနည်းဆုံးအနေဖြင့် ဘုရားသခင်၏ အမှုတော်၏ ရေစီးကြောင်းထဲတွင် ရှိနေပြီး သင်သည် အကျိုးကျေးဇူးများ ရရှိခဲ့သူတစ်ဦး ဖြစ်သည်၊ သို့ဖြစ်လျှင် သင်သည် ကယ်တင်ခြင်းခံရမည့် အခွင့်အရေးတစ်ခု ရှိပေမည်။ ယခု သင်တို့လုပ်ဆောင်သင့်သည့် အခြေခံအကျဆုံးအရာမှာ အဘယ်နည်း။ သင်တို့သည် အမျိုးမျိုးသော ရှုပ်ထွေးပြီး အဓိပ္ပာယ်မဲ့သည့် အရေးကိစ္စများအားလုံးမှ ဖယ်ထွက်လိုက်ပြီး သင်တို့၏ စိတ်နှလုံးကို သမ္မာတရားကို လိုက်စားခြင်းအပေါ်၌ ထားသင့်သည်၊ သင်တို့သည် အချိန်တိုအတွင်း သင်တို့၏ အမျိုးမျိုးသော အခြေအနေများကို ကိုင်တွယ်နိုင်ရန်၊ သင်တို့၏ အသက်သေစေနိုင်သော အားနည်းချက်၊ သင်တို့၏ ပျော့ချက်များနှင့် သင်တို့၏ ပြဿနာများကို သိရှိလာရန်၊ ထို့နောက် ၎င်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေရန် ကြိုးစားသင့်သည်၊ ထိုသို့ဖြင့် သင်၌ လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခုနှင့် လိုက်စားရန် ပန်းတိုင်တစ်ခု ရှိမည်ဖြစ်ပြီး သင်လုပ်ဆောင်သော တာဝန်တွင် လိုက်နာရန် ရှင်းလင်းသော သမ္မာတရား စည်းမျဉ်းများ ရှိမည်ဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင် ချို့တဲ့မှုများ၊ သင်၏ကိုယ်ပိုင် တာဝန်နှင့် သင်၏ကိုယ်ပိုင် ပတ်ဝန်းကျင်နှင့်ပတ်သက်၍ လိုက်စားရန် ရှင်းလင်းသော ပန်းတိုင်နှင့် ဦးတည်ချက်တစ်ခု ရှိသင့်သည်၊ ခေါင်းမပါသော ကြက်တစ်ကောင်ကဲ့သို့ ပြေးလွှားပြီး သင်၏ ခြေထောက်များက မျက်စိစုံမှိတ် ခေါ်ဆောင်သွားရာ မည်သည့်နေရာတွင်မဆို အဆုံးသတ်ခြင်းမျိုး မဖြစ်သင့်ပေ၊ ယင်းမှာ အန္တရာယ်ရှိသည်။ သင်သည် အားထုတ်လုပ်ဆောင်ရုံသာ လုပ်ပြီး သမ္မာတရားကို မရရှိသည့် အခြေအနေနှင့် သင်၏ဘဝ၏ လက်ရှိအခြေအနေကို ဖယ်ရှားပစ်ရမည်။ ပွဲကြည့်ပရိတ်သတ် မလုပ်နှင့်၊ အမျိုးမျိုးသော အငြင်းပွားမှုများထဲသို့ ပါဝင်ခြင်း မပြုနှင့်။ သင်သည် ၎င်းတို့ထဲသို့ ပါဝင်လိုစိတ်မရှိလျှင် သင်သည် သမ္မာတရား စည်းမျဉ်းများတွင် ကြိုးစားအားထုတ်တတ်ရန် သင်ယူရမည်။ သင်သည် သမ္မာတရား စည်းမျဉ်းတစ်ခုစီကို နားလည်လျှင် သင်သည် ဤသို့သော အငြင်းပွားမှုများမှ လွတ်မြောက်နိုင်လိမ့်မည်။ အဘယ်ကြောင့် ငါ ထိုသို့ပြောရသနည်း။ သင်သည် အမျိုးမျိုးသော သမ္မာတရားများကို နားလည်ပြီးမှသာလျှင် ၎င်းတို့ထဲသို့ ဝင်ရောက်နိုင်ပြီး သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် မျှော်လင့်ချက် ရှိပေမည်။ ထို့နောက် သင်သည် အမျိုးမျိုးသော အမှုအရာများတွင် ပါဝင်သည့်အခါ သင်၌ စည်းမျဉ်းများ ရှိမည်ဖြစ်ပြီး ဤအရာများကို မည်သို့ရင်ဆိုင်ရမည်ကို သိရှိလိမ့်မည်။ အကယ်၍ သင်သည် ပွဲကြည့်ပရိတ်သတ်အဖြစ်မှ ရပ်တန့်လိုက်ရုံသာဖြစ်သော်လည်း သမ္မာတရားတိုင်းနှင့်ပတ်သက်၍ လုံးဝ ရှုပ်ထွေးနေပြီး မည်သည့်သမ္မာတရားကိုမျှ နားမလည်ဘဲ သင်နားလည်သမျှမှာ အယူဝါဒများနှင့် စကားလုံးအနည်းငယ်သာဖြစ်ကာ သင်သည် မတူညီသော အမျိုးအစားရှိ လူတို့ကို မည်သို့ပိုင်းခြားသိမြင်ရမည်ကို မသိဘဲ သင်သည် ပြဿနာများနှင့် ကြုံတွေ့သည့်အခါ ဖြစ်ရပ်များ၏ အကြောင်းအရာကိုသာ ပြောဆိုသည့်အပြင် မည်သူမှန်သည်၊ မည်သူမှားသည်ကိုသာ ဆုံးဖြတ်ချက်ချကာ ထို့ထက်မပိုဘဲ အဆုံးတွင် သင်သည် သမ္မာတရားကို မရရှိလျှင် မည်သည့်အမှုအရာတွင်မဆို သင်၏ပါဝင်မှုသည် တန်ဖိုးမရှိပေ။ ဤသို့သော ပါဝင်မှုသည် အဘယ်အရာအဖြစ်သို့ ပြောင်းလဲသွားသနည်း။ ယင်းသည် အငြင်းပွားမှုများကို လှုံ့ဆော်ခြင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့ကြောင့် သင်သည် သမ္မာတရား စည်းမျဉ်းများတွင် ကြိုးစားအားထုတ်တတ်ရန် သင်ယူရမည်ဖြစ်ပြီး ၎င်းတို့ကို အသုံးချခြင်းအပေါ် သင်ပို၍ပို၍ ရှင်းလင်းလာသည်နှင့်တစ်ပြိုင်နက် သင်သည် တိုး၍တိကျမှန်ကန်စွာ လုပ်ဆောင်သည်နှင့် သင်၌ သမ္မာတရားထဲသို့ ဝင်ရောက်ရန် မျှော်လင့်ချက် ရှိလိမ့်မည်ဖြစ်ပြီး ထို့နောက် သင်၌ ကယ်တင်ခြင်းခံရရန်လည်း မျှော်လင့်ချက် ရှိပေလိမ့်မည်။

ဘုရားသခင်က လူတို့အတွက် ချမှတ်ပေးထားသော ပတ်ဝန်းကျင်များတွင် ၎င်းတို့က သမ္မာတရားကို မည်သို့ရရှိနိုင်သည်နှင့်ပတ်သက်၍ ငါတို့သည် စုစုပေါင်း လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်း မည်မျှကို ခုနက မိတ်သဟာယဖွဲ့ခဲ့သနည်း။ ပွဲကြည့်ပရိတ်သတ် မလုပ်နှင့်၊ ဆက်လက်၍ မည်သည့်အရာရှိသေးသနည်း။ (အားထုတ်လုပ်ဆောင်ရုံသာ မလုပ်နှင့်။) သင်သည် အားထုတ်လုပ်ဆောင်ရုံခြင်းဖြင့်သာ ကျေနပ်နေသော်လည်း သမ္မာတရားကို လိုက်စားလိုစိတ် မရှိသည့် အခြေအနေမျိုးကို ဖယ်ရှားလော့။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (အမျိုးမျိုးသော အငြင်းပွားမှုများထဲသို့ ပါဝင်ခြင်း မပြုနှင့်။) အမျိုးမျိုးသော အငြင်းပွားမှုများထဲသို့ ပါဝင်ခြင်း မပြုနှင့်၊ အမျိုးမျိုးသော ရှုပ်ထွေးသည့် အရေးကိစ္စများတွင် နစ်မနေနှင့်။ ဤအရာများဖြင့် သမ္မာတရား စည်းမျဉ်းများကို လိုက်နာခြင်းအား အစားမထိုးနှင့်။ သင်တို့သည် ဤစည်းမျဉ်းအားလုံးကို လိုက်နာသင့်သည်။ သင်သည် ၎င်းတို့ကို စွဲကိုင်ထားလျှင် သင်သည် သမ္မာတရားကို လိုက်စားခြင်းနှင့် မဝေးတော့ဘဲ မကြာမီ သမ္မာတရားကို လိုက်စားခြင်း၏ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤအရာသည် လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသလော။ ငါသည် အသင်းတော်ရှိ လူတို့နှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်သော်လည်း အလွန်နည်းသော လူတို့ကသာ ငါ့ကို အသက်ဝင်ရောက်မှုအကြောင်း သို့မဟုတ် သမ္မာတရား စည်းမျဉ်းများ ပါဝင်ပတ်သက်သည့် မေးခွန်းများကို မေးကြပြီး အလွန်နည်းသော လူတို့ကသာ ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အခြေအနေများအကြောင်း ပြောဆိုပြီးနောက် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းများကို ရှာဖွေကြသည်။ ထိုအစား အချို့လူတို့က သမ္မာတရားနှင့် မည်သည့်အရာမျှ မဆိုင်သော မေးခွန်းများကို မေးကြပြီး ၎င်းတို့သည် “ရှာဖွေသည်” ကဲ့သို့သော စကားလုံးများကိုပင် အသုံးပြုကြသည်။ ငါသည် “ရှာဖွေသည်” ဟူသော စကားလုံးကို ကြားသည့်အခါ ငါသည် အလွန်ဂရုတစိုက်နှင့် အလေးအနက် နားထောင်ကာ ၎င်းတို့အား ငါ၏အာရုံကို အပြည့်အဝ ပေးသော်လည်း ၎င်းတို့သည် မပြောပလောက်သော အပြင်ပန်းကိစ္စတစ်ခုကို မေးနေခြင်းဖြစ်ကြောင်း ထင်ရှားလာသည့်အခါ ငါသည် စက်ဆုပ်ရွံရှာမိသည်။ ငါက “သင်မေးနေသည့် အမှုအရာသည် အသင်းတော်၏အလုပ် သို့မဟုတ် အသက်ဝင်ရောက်မှုနှင့် တစ်စက်မျှ မဆိုင်ပေ။ ‘ရှာဖွေသည်’ ဟူသော စကားလုံးကို မသုံးနှင့်။ သင်သည် ‘ရှာဖွေသည်’ ဟူသော စကားလုံးကို စော်ကားနေခြင်း ဖြစ်သည်” ဟု ဆိုသည်။ “ရှာဖွေသည်” ဟူသော စကားလုံးကို မလျော်ကန်စွာ အသုံးပြု၍ရနိုင်သလော။ (မသုံးနိုင်ပါ။) တစ်စုံတစ်ဦးက ငါ့ကို “ကျွန်ုပ်၏ကလေး ကျောပေါ်တွင် မှဲ့တစ်လုံးရှိသည်။ အချို့လူများက ဤမှဲ့သည် သူကံမကောင်းကြောင်း ဆိုလိုသည်ဟု ပြောကြပြီး အခြားသူများက ထိုမှဲ့ပေါက်နေသည့်နေရာတွင် ဖျားနာမှုအန္တရာယ် ရှိနိုင်သည်ဟု ပြောကြသည်။ မည်သို့ပင်ဖြစ်စေ၊ သူကံမကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကျွန်ုပ်ဂရုမစိုက်ပါ၊ သို့သော် ယင်းသည် သူ၏ကျန်းမာရေးအတွက် အမှန်တကယ် အန္တရာယ်ရှိလျှင် ဤမှဲ့ကို ဖယ်ရှားသင့်သည်ဟု ကိုယ်တော်ထင်ပါသလော” ဟုပင် မေးခဲ့သည်။ သင်တို့ကို ဤသို့မေးခဲ့လျှင် သင်တို့ မည်သို့ဖြေမည်နည်း။ ဤအရာသည် သမ္မာတရားနှင့် သက်ဆိုင်သည်ဟု သင်တို့ထင်သလော။ ဤအရာသည် အသင်းတော်၏အလုပ်နှင့် သက်ဆိုင်သလော။ (မသက်ဆိုင်ပါ။) ယင်းသည် ဤအရာနှစ်ခုလုံးနှင့် မသက်ဆိုင်ပေ၊ သို့ဖြစ်၍ ငါသည် ဤအမှုအရာနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် အရေးတယူလုပ်ရန် တာဝန်ရှိသလော။ (မရှိပါ။) ငါ၌ ထိုသို့သော တာဝန်မရှိပေ။ သို့ဖြစ်၍ ငါက “သင်၏သား ကိုယ်ပေါ်တွင် မှဲ့တစ်လုံးရှိသည်ဟူသောအချက်သည် သမ္မာတရားနှင့် မည်သည့်အရာမျှ မဆိုင်ပေ။ ထိုအကြောင်း ငါ့ကိုမမေးနှင့်၊ ဆရာဝန်တစ်ဦးထံသွားပြီး မေးလော့။ ငါသည် သင်၏မိသားစုဆရာဝန် မဟုတ်ပေ” ဟု ဆိုခဲ့သည်။ ငါသည် ဤအမှုအရာနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် အရေးတယူလုပ်သင့်သည်ဟု သင်တို့ထင်သလော။ (မလုပ်သင့်ပါ။) သင် မည်သူ့ကိုမေးသည်ဖြစ်စေ၊ မည်သူမျှ ဤအမှုအရာနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် အရေးတယူလုပ်လိုမည် မဟုတ်ပေ။ ၎င်းတို့က တာဝန်ယူရန် ကြောက်ရွံ့၍မဟုတ်ပေ။ ထိုအစား ၎င်းတို့၌ ထိုသို့သောရာများနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် အရေးတယူလုပ်ရန် တာဝန်မရှိသောကြောင့် ဖြစ်သည်။ သင်၏သား၏မှဲ့ကို ဖယ်ရှားခြင်း သို့မဟုတ် မဖယ်ရှားခြင်းသည် အသင်းတော်၏အလုပ်ကို သက်ရောက်မှု ရှိမည်လော။ ယင်းသည် သင်၏ကိုယ်ပိုင် တာဝန်ထမ်းဆောင်မှုကို သက်ရောက်မှုရှိမည်လော။ ဤအမှုအရာသည် ငါနှင့် တစ်စက်မျှ မဆိုင်ပေ။ ထိုအကြောင်း ငါ့ကိုမမေးနှင့်၊ ဤသည်မှာ အဓိပ္ပာယ်မရှိသော ကိစ္စတစ်ခု ဖြစ်သည်။ ယင်းသည် သမ္မာတရားနှင့် လုံးဝ တစ်စက်မျှ မသက်ဆိုင်ပေ၊ သို့သော်လည်း သင်သည် “ရှာဖွေသည်” ဟူသော စကားလုံးကို သုံးနေသေးသည်။ သင်သည် “ရှာဖွေသည်” ဟူသော စကားလုံးကို ညစ်ညူးစေသည်။ ယင်းမှာ စက်ဆုပ်ဖွယ်ကောင်းလှသည်။ တစ်စုံတစ်ဦးကလည်း “လိပ်တစ်ကောင် ကျွန်ုပ်၏ခြံထဲသို့ ရောက်လာသည်၊ ကျွန်ုပ် သူ့ကို ဖမ်းသင့်သလော၊ မဖမ်းသင့်သလော။ ကိုယ်တော့်ထံမှ ကျွန်ုပ် ရှာဖွေလိုပါသည်” ဟု မေးခဲ့သည်။ သူသည် ငါ့ထံမှ အဖြေတစ်ခုကို ရှာဖွေရန် ဤမေးခွန်းကို တင်ပြခဲ့သည်။ ငါ သူ့ကို ဖြေသင့်သည်ဟု သင်ထင်သလော။ (မဖြေသင့်ပါ။) သူက “ကျွန်ုပ် သူ့ကို ဖမ်းခြင်းဖြင့် ဥပဒေချိုးဖောက်မိလျှင်ကော အသို့နည်း။ ကျွန်ုပ် ဥပဒေချိုးဖောက်ပြီး ကိုယ်တော်က ကျွန်ုပ်ကို မတားလျှင် ကိုယ်တော်၌ တာဝန်ရှိလိမ့်မည်” ဟု ဆိုသည်။ သင်ဘာပြောမည်နည်း။ (သင်သည် သင်၏ကိုယ်ပိုင်သဘောဆန္ဒအလျောက် သူ့ကို ဖမ်းရန် ဆုံးဖြတ်ခဲ့သည်။ သင် ဥပဒေချိုးဖောက်ခြင်းသည် ကျွန်ုပ်နှင့် တစ်စက်မျှ မသက်ဆိုင်ပေ။) သင်ဥပဒေချိုးဖောက်သည်ဖြစ်စေ၊ မချိုးဖောက်သည်ဖြစ်စေ ယင်းမှာ သင်၏ကိစ္စဖြစ်ပြီး ငါနှင့် တစ်စက်မျှ မသက်ဆိုင်ပေ။ သင်သည် ငါ့ကို အသင်းတော်၏အလုပ်ဆိုင်ရာ စည်းမျဉ်းများနှင့် သမ္မာတရား စည်းမျဉ်းများကဲ့သို့သော အရာများအကြောင်း မေးခွန်းများ မေးနိုင်သည်၊ သို့သော် ဥပဒေရေးရာကိစ္စများနှင့်ပတ်သက်လာလျှင် ရှေ့နေတစ်ဦးကို သွားရှာလော့။ သင်နေထိုင်ရာ မည်သည့်နိုင်ငံတွင်မဆို ရှေ့နေတစ်ဦးနှင့် တိုင်ပင်လော့။ ငါသည် ရှေ့နေတစ်ဦးမဟုတ်ပေ၊ သို့ဖြစ်၍ ထိုသို့သောကိစ္စများအကြောင်း ငါ့ကိုမမေးနှင့်။ ငါသည် သမ္မာတရားကို ဖော်ပြရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်သည့်အမှုကို လုပ်ဆောင်ရန် ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။ ငါသည် သမ္မာတရားကိုသာ ပေးသနားပြီး စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့သည်။ သင်ကယ်တင်ခြင်းခံရနိုင်သည်ဖြစ်စေ၊ မခံရနိုင်သည်ဖြစ်စေ ယင်းမှာ ငါနှင့် တစ်စက်မျှ မသက်ဆိုင်ပေ။ ယင်းမှာ သင်၏ကိုယ်ပိုင်ကိစ္စ ဖြစ်သည်။ သင်၏ကိုယ်ပိုင်ဘဝရှိ သီးသန့်ကိစ္စများကို မဆိုထားနှင့်၊ သင်သည် ထိုအရာများအကြောင်း ငါ့ကို သာ၍ပင် မမေးသင့်ပေ၊ ငါ၌ သင့်ကို ဖြေရန် တာဝန်မရှိပေ။ ထိုသို့ပင်ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

ဘုရားသခင်၏အမှုတော်နှင့် သက်ဆိုင်သော ဤအကြောင်းအရာသည် လူတို့၏ နောက်ဆုံးအဆုံးသတ်များနှင့် ခွဲခြား၍မရအောင် ဆက်စပ်နေသည်၊ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်၏ အမှုတော်ကို လက်ခံပြီး တွေ့ကြုံခံစားသည့်အခါ ၎င်းတို့နှင့်အတူ အယူအဆများနှင့် စိတ်ကူးများကို သယ်ဆောင်မသွားနိုင်ပေ၊ ၎င်းတို့သည် ဤအယူအဆများနှင့် စိတ်ကူးများကို အခြေအမြစ်မှ လက်လွှတ်သင့်ပြီး ၎င်းတို့ကို မိမိတို့ကိုယ်နှင့် ဘုရားသခင်ကြားတွင် တည်ရှိခွင့် မပြုသင့်ပေ။ မှန်ကန်သော အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် သဘောထားများဖြင့် ဘုရားသခင်၏အမှုတော်ကို ချဉ်းကပ်ခြင်းအားဖြင့်သာလျှင် လူတို့သည် သမ္မာတရားကို နားလည်ပြီး ရရှိရန် အခွင့်အရေး ရှိနိုင်မည်၊ မှန်ကန်သော သဘောထားများနှင့် မှန်ကန်သော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များဖြင့် ဘုရားသခင်၏အမှုတော်ကို ချဉ်းကပ်ခြင်းအားဖြင့်သာလျှင် လူတို့သည် ဘုရားသခင်၏ အမှုတော်ကို အမှန်တကယ် နားလည်ပြီး တွေ့ကြုံခံစားနိုင်ကာ နောက်ဆုံး၌ ဘုရားသခင်၏အမှုတော်အတွင်းမှ ၎င်းတို့ရရှိသင့်သည့် သမ္မာတရားများကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင်မည်သည့်အရာကို လက်လွှတ်သည်ဖြစ်စေ အချုပ်အားဖြင့်ဆိုသော် ယင်းအားလုံးမှာ သင့်အား မှန်ကန်သောလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်နှင့် သမ္မာတရားကို လိုက်စားသည့် လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းစေရန်ဖြစ်ပြီး အဆုံးစွန်သော ရလဒ်နှင့် ရည်ရွယ်ချက်မှာ သင့်အား သမ္မာတရား စည်းမျဉ်းများကို နားလည်စေပြီး သမ္မာတရားကို ရရှိစေရန်မှလွဲ၍ အခြားမဟုတ်ပေ။ ဤသည်မှာ ဤအကြောင်းအရာအပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်း၏ နောက်ဆုံးသော ရည်ရွယ်ချက် ဖြစ်သည်။ ငါတို့မည်သည့်အရာကို မိတ်သဟာယဖွဲ့ခဲ့သည်ဖြစ်စေ နောက်ဆုံးသော ရည်ရွယ်ချက်မှာ လူတို့အား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်စေရန် ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး များစွာသော အမှုအရာများတွင် သင်၏အခြေခံအဖြစ် သမ္မာတရား စည်းမျဉ်းများ ရှိကာ အမှုအရာများကို လုပ်ဆောင်ရာတွင် လားရာမဲ့ခြင်း၊ ပန်းတိုင်မဲ့ခြင်း၊ သို့မဟုတ် ပျောက်ဆုံးခြင်း မရှိတော့လျှင် ဤသည်မှာ သင်၏အစွမ်းအစ တိုးတက်လာသည်ဟု မဆိုလိုဘဲ သင်၏လုပ်ဆောင်ချက်များနှင့် ကျင့်ကြံပြုမူခြင်းအတွက် စံသတ်မှတ်ချက်များအဖြစ် ဘုရားသခင်၏ သမ္မာတရား၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သင့်၌ရှိသည်ဟု ဆိုလိုသည်။ ဆိုလိုသည်မှာ သင်၏ပင်ကို အစွမ်းအစ၊ စွမ်းရည်များနှင့် အရည်အချင်းများကို အခြေခံ၍ သင်သည် သမ္မာတရားကို နားလည်ခဲ့ပြီး သင်၏ ကျင့်ကြံပြုမူခြင်းအတွက် စံသတ်မှတ်ချက်များ သင့်၌ရှိသည်၊ သို့ဖြစ်၍ သင်သည် ဤလောကနှင့် အရာခပ်သိမ်းတို့တွင် လွတ်လပ်စွာ နေထိုင်နိုင်သော ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်သည်။ ထိုသို့သော လူသားတစ်ဦးသာလျှင် ဖန်ဆင်းခံ လူသားတစ်ဦးအဖြစ် အမှန်တကယ် စံမီသည်။ ဤသည်မှာ စံမီသော ဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်သည်။ သင်နားလည်ပြီလော။ (ဟုတ်ကဲ့။) သို့ဆိုလျှင် ယနေ့အတွက် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤနေရာတွင် ပြီးဆုံးပြီ။ နှုတ်ဆက်ပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။