သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)

ဤရာသီအချိန်ကာလ အတောအတွင်းတွင် ငါတို့ အဓိက မိတ်သဟာယဖွဲ့သည့် အကြောင်းအရာမှာ “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ဖြစ်သည်။ ယခင်က သမ္မာတရားအား လိုက်စားခြင်းအတွက် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းနှစ်ခုကို ငါတို့ အနှစ်ချုပ်ခဲ့သည်။ ပထမ စည်းမျဉ်းမှာ အဘယ်နည်း။ (ပထမ စည်းမျဉ်းမှာ လက်လွှတ်ခြင်း ဖြစ်ပြီး ဒုတိယမှာ ရည်စူးအပ်နှံခြင်းဖြစ်သည်။) ပထမစည်းမျဉ်းမှာ လက်လွှတ်ခြင်းဖြစ်ပြီး ဒုတိယမှာ ရည်စူးအပ်နှံခြင်း ဖြစ်သည်။ “လက်လွှတ်ခြင်း” အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့၍ မပြီးသေးပေ။ “လက်လွှတ်ခြင်း”၏ ပထမ အဓိကဆိုလိုရင်းမှာ အဘယ်နည်း။ (အပျက်သဘောဆောင်သော စိတ်ခံစားချက် အမျိုးမျိုးကို လက်လွှတ်ခြင်း ဖြစ်သည်။) အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို လက်လွှတ်ခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကို ငါတို့ အဓိက မိတ်သဟာယဖွဲ့ခဲ့သနည်း။ လူတို့ တွေ့ကြုံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ငါတို့ အဓိက မိတ်သဟာယဖွဲ့ပြီး ဖွင့်ပြခဲ့သည်။ လူတို့၏ နေ့စဉ် အသက်တာများတွင်၊ ၎င်းတို့၏ အသက်တာလမ်းကြောင်းတွင် မည်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်မျိုးတို့က မကြာခဏ လူတို့တွင် ပေါ်ပေါက်လေ့ရှိသည်ဆိုသည်ကိုလည်းကောင်း၊ ယင်းတို့ကို မည်သို့ လက်လွှတ်ရမည်ဆိုသည်ကိုလည်းကောင်း ဖြစ်သည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များက လူတို့အတွင်းတွင် ခံစားချက်အမျိုးအစားတစ်ခုအဖြစ် ထင်ရှားပေါ်လွင်သည်။ သို့သော် လက်တွေ့တွင် ယင်းတို့သည် လူတို့ကိုင်စွဲသည့် မှားယွင်းသော အတွေးနှင့် ယုံကြည်မှုအမျိုးမျိုးတို့အားဖြင့် ဖြစ်ပေါ်သည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးတို့သည် လူတို့တွင်ရှိသော မတူညီသော အတွေးများ၊ အမြင်ရှုထောင့်များကြောင့် ဖြစ်ပေါ်ပြီး လူတို့အတွင်းတွင် ပေါ်လွင်ကာ ပြသသည်။ ငါတို့ အစောပိုင်းက မိတ်သဟာယပြုခဲ့သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ပြဿနာများ၊ လူတို့၏ အပြုအမူ အမျိုးမျိုးနှင့် ၎င်းတို့၏ အတွေးအမြင်အမျိုးမျိုးတို့အပေါ်ကို အခြေခံလျှင် မည်သည့်ပြဿနာများကို သင်တို့ မြင်တွေ့သနည်း။ တစ်နည်းအားဖြင့် အပြင်ပန်းတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက် အမျိုးမျိုး ပြသခြင်းတို့ကို ပိုင်းခြားစိစစ်ခြင်းအားဖြင့် လူတို့၏ အတွေးများတွင် ဖုံးကွယ်နေသော အနှစ်သာရအချို့ကို သင်တို့ သိမြင်နိုင်သလော။ လူတစ်ယောက်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ပြသသောအခါ၌ ငါတို့သည် ယင်းတို့ကို နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေပြီး ဂရုတစိုက် ပိုင်းခြားစိစစ်လျှင် ထိုအပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်းတွင် ဖုံးကွယ်နေသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် လူတို့၏ မမှန်ကန်သော အမြင်၊ ရှုထောင့်နှင့် သဘောထားတို့ကို ငါတို့ လေ့လာကြည့်ရှုနိုင်သည်။ ပြီးလျှင် ၎င်းတို့အတွင်းမှ အမျိုးမျိုးသော လူများ၊ အမှုကိစ္စများ၊ အကြောင်းအရာများကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများကိုပင် ငါတို့ မြင်နိုင်သည်မဟုတ်လော။ (ဟုတ်သည်။) ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ပိုင်းခြားစိစစ်ခြင်းနှင့်ပတ်သက်ပြီး ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အချိန်အမျိုးမျိုးမှတစ်ဆင့် လူတို့၏ အမျိုးမျိုးသော မှားယွင်းသော၊ အတွေးမှားသော၊ တစ်ဖက်သတ်ဆန်သော၊ အပျက်သဘောဆောင်သော၊ ကောင်းကျိုးမပြုသောအတွေးအမြင်များသည် ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်းတွင် ဖုံးကွယ်နေသည်ဟု ငါတို့ ဆိုနိုင်သလော။ ငါတို့ ဤသို့ ဆိုနိုင်သလော။ (ဆိုနိုင်သည်။) ယခုတွင် မည်သည့်အရာကို ငါ ပြောခဲ့သနည်း။ (လူတို့၏ အမျိုးမျိုးသော မှားယွင်းသော၊ အတွေးမှားသော၊ တစ်ဖက်သတ်ဆန်သော၊ အပျက်သဘောဆောင်သော၊ ကောင်းကျိုးမပြုသော အတွေးအမြင်များသည် ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်းတွင် ဖုံးကွယ်နေသည်ဟု ဘုရားသခင်က ယခု ပြောခဲ့သည်။) ငါပြောသည်ကို သင်တို့ ရှင်းလင်းစွာ နားလည်သလော။ (ကိုယ်တော်ပြောသည်ကို နားလည်ပါသည်။) ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ငါတို့ မိတ်သဟာယမဖွဲ့လျှင် လူတို့သည် အပြင်သို့ထွက်ပေါ်လာသော ခဏတာ၊ သို့မဟုတ် ရေရှည်ဖြစ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အာရုံအလွန်စူးစိုက်ခြင်း မရှိကောင်းမရှိနိုင်ပေ။ သို့ရာတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်းတွင် ဖုံးကွယ်နေသော အမျိုးမျိုးသော အတွေးအမြင်များကို ပိုင်းခြားစိစစ်ပြီးနောက်တွင် လူတို့သည် ဤအမှန်တရားကို အသိအမှတ်ပြုသလော။ အပျက်သဘောဆောင်သော အတွေးအမြင်အမျိုးမျိုးသည် လူတို့၏ မတူညီသော အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်းတွင် ဖုံးကွယ်နေကြသည်။ တစ်နည်းအားဖြင့် လူတစ်ယောက်က အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို တွေ့ကြုံခံစားရသောအခါ၌ အပြင်ပန်းတွင် ယင်းတို့သည် ခံစားချက်အချို့အနေဖြင့် ဖြစ်ပေါ်နိုင်သည်။ လူတို့သည် ၎င်းတို့၏ စိတ်ခံစားချက်များကို ရင်ဖွင့်နိုင်သည်။ စိတ်ဓာတ်ကျဖွယ် ဖြစ်သောအရာများကို ပြောနိုင်သည်။ အသက်ကင်းမဲ့မှုကို ဖြန့်ပြီး အပျက်သဘောဆောင်သော ရလဒ်အချို့ကို ဖြစ်ပေါ်စေနိုင်သည်၊ သို့မဟုတ် အတော်အတန် အစွန်းရောက်သော အရာများကို လုပ်ဆောင်နိုင်သည်။ ဤသည်မှာ အပြင်ပန်းတွင် ဖွင့်ပြသည့်အရာဖြစ်သည်။ သို့ရာတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် အစွန်းရောက် အပြုအမူများကို ပြသခြင်းနောက်ကွယ်တွင် လူတို့တွင်ရှိသော အပျက်သဘောဆောင်သော အတွေးအမြင်အမျိုးမျိုးတို့ အမှန်တကယ် တည်ရှိသည်။ ထို့ကြောင့် ဤအချိန်ကာလအတောအတွင်းတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ငါတို့ ဆွေးနွေးနေခဲ့ကြသော်လည်း လက်တွေ့တွင် ငါတို့သည် လူတို့၏ မတူညီသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖော်ထုတ်ခြင်း၊ ပိုင်းခြားစိစစ်ခြင်းအားဖြင့် လူတို့၏ အပျက်သဘောဆောင်သော အတွေးအမြင်အမျိုးမျိုးကို ပိုင်းခြားစိစစ်နေခြင်းဖြစ်သည်။ ဤအတွေးအမြင်များကို ငါတို့ အဘယ်ကြောင့် ဖော်ထုတ်သနည်း။ ဤအပျက်သဘောဆောင်သော အတွေးအမြင်များသည် လူတို့၏ စိတ်ခံစားချက်များအပေါ်ကိုသာ သက်ရောက်မှုရှိသလော။ ဤသည်မှာ ယင်းတို့သည် လူတို့တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်စေသောကြောင့်သာဖြစ်သလော။ မဟုတ်ပေ။ ဤမှားယွင်းသော အတွေးအမြင်များသည် လူတစ်ယောက်၏ စိတ်ခံစားချက်များနှင့် လိုက်စားမှုများကိုသာ လွှမ်းမိုးခြင်းမဟုတ်ပေ။ သို့ရာတွင် ၎င်းတို့၏ စိတ်ခံစားချက်များနှင့် ပြင်ပအပြုအမူများသည် လူတို့ မြင်တွေ့သိမြင်နိုင်သောအရာများဖြစ်သည်။ ထို့ကြောင့် လူတို့၏ အမျိုးမျိုးသော အပျက်သဘောဆောင်သော၊ ကောင်းကျိုးမပြုသော၊ မသင့်လျော်သော အတွေးအမြင်များကို ဖော်ထုတ်ရန် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ပိုင်းခြားစိစစ်ရာတွင် ရိုးရှင်းပြီး အဆင်ပြေသော နည်းလမ်းကို ငါတို့ အသုံးပြုသည်။ ငါတို့သည် ဤအတွေးအမြင်နှင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖော်ထုတ်ခြင်းမှာ ဤအတွေးအမြင်များသည် လူများ၊ အမှုအရာများအပေါ် ရှုမြင်ခြင်း၊ လက်တွေ့ဘဝတွင် ကျင့်ကြံနေထိုင်ခြင်းနှင့် ပြုမူဆောင်ရွက်ခြင်းတွင် လူတို့၏ အမြင်ရှုထောင့်နှင့် ရပ်တည်ချက်တို့နှင့် သက်ဆိုင်သောကြောင့်ဖြစ်သည်။ ယင်းတို့သည် လူတို့၏ ရှင်သန်ရေးပန်းတိုင်များ၊ ဦးတည်ချက်နှင့်လည်း သက်ဆိုင်ပြီး ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့်လည်း အလိုအလျောက် သက်ဆိုင်သည်။ ထို့ကြောင့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့အား ငါတို့ ဖော်ထုတ်ခြင်းကို လုပ်ဆောင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို မိတ်သဟာယဖွဲ့ခြင်း၏ အဓိကရည်ရွယ်ချက်သည် လူတို့၏ အမျိုးမျိုးသော မှားယွင်းသော၊ အပျက်သဘောဆောင်သော၊ ကောင်းကျိုးမပြုသော အတွေးအမြင်များကို ဖော်ထုတ်ရန်၊ ပိုင်းခြားစိစစ်ရန်၊ ဖြေရှင်းရန်ဖြစ်သည်။ ဤအပျက်သဘောဆောင်သော အတွေးအမြင်များကို ငါတို့ ဖွင့်ပြခြင်းအားဖြင့် လူတို့သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် ၎င်းတို့၏ အတွေးထဲတွင် တည်ရှိသော မမှန်ကန်သော အမြင်များ၊ သဘောထားများ၊ ရှုထောင့်များကို ရှင်းလင်းစွာ သိမြင်နိုင်လိမ့်မည်။ ဤသည်မှာ ဤမှားယွင်းသော အတွေးအမြင်များကြောင့် ဖြစ်သော အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို ဖြေရှင်းရန် အထောက်အကူပြုသည်။ ဤသို့အားဖြင့် လူတို့အား ဤမှားယွင်းသော အတွေးအမြင်များကို သိမြင်ပြီး ရိပ်စားမိစေသည်။ ထို့နောက်တွင် ၎င်းတို့သည် မှန်ကန်သော လမ်းကြောင်းကို ရှာဖွေနိုင်သည်။ ဤမှားယွင်းသော အတွေးအမြင်များ ကို လက်လွှတ်နိုင်သည်။ အပြည့်အဝ စွန့်ပစ်နိုင်သည်။ အဆုံးစွန်သော ပန်းတိုင်မှာ လူတို့၏ နေ့စဉ် အသက်တာတွင်၊ သို့မဟုတ် ၎င်းတို့၏ ဘဝလမ်းကြောင်းတစ်လျှောက်တွင် ကြုံတွေ့ရသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို မှန်ကန်သော အတွေးအမြင်များဖြင့် ရင်ဆိုင်ရန်၊ ချဉ်းကပ်ရန်၊ ကိုင်တွယ်ရန်၊ ဖြေရှင်းရန် အရည်အချင်း ဖြစ်ပေါ်စေဖို့ ဖြစ်သည်။ အနှစ်ချုပ်လျှင် အလိုရှိသော ရလဒ်မှာ အဘယ်နည်း။ လူတို့အနေဖြင့် မိမိတို့အတွင်းတွင် တည်ရှိသော အမျိုးမျိုးသော အပျက်သဘောဆောင်သော အတွေးများကို သိမြင်ပြီး ရိပ်စားခြင်း ရှိစေနိုင်ရန်၊ ယင်းတို့ကို သိမြင်ပြီးနောက်တွင် ၎င်းတို့၏ အသက်တာနှင့် အသက်တာလမ်းကြောင်းတွင် ဤမှားယွင်းသောအတွေးအမြင်များကို ဆက်လက်၍ ပြောင်းလဲပြီး ပြုပြင်ခြင်း ရှိစေနိုင်ရန်၊ သမ္မာတရားနှင့်ညီသော မှန်ကန်သည့် အတွေးအမြင်များကို ရှာဖွေ၊ လက်ခံပြီး နာခံခြင်း ရှိစေနိုင်ရန်၊ အဆုံးတွင် မှန်ကန်သော အတွေးအမြင်များဖြင့် အသက်ရှင်ပြီး ကျင့်ကြံနေထိုင်ခြင်း ရှိစေနိုင်ရန်ဖြစ်သည်။ ဤသို့ ရည်ရွယ်ခြင်းဖြစ်သည်။ သင်တို့ သဘောတူလက်ခံသလော။ (လက်ခံပါသည်။) အပြင်ပန်းတွင် ငါတို့သည် လူတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖော်ထုတ်သည်။ သို့သော် အမှန်တကယ်တွင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် လူတို့၏ မှားယွင်းသော အတွေးအမြင်များကို ငါတို့ ဖော်ထုတ်ခြင်းဖြစ်သည်။ အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ကြုံတွေ့သောအခါတွင် ယင်းတို့ကို ရင်ဆိုင်ပြီး ကိုင်တွယ်ရန်၊ အဆုံးတွင် လူများ၊ အမှုအရာများကို ရှုမြင်သောအခါ၊ ၎င်းတို့ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သောအခါတွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် မှန်ကန်သော အတွေးအမြင်များကို အသုံးပြုဖို့အတွက် လူတို့ကို ထောက်ကူပေးဖို့ ရည်ရွယ်သည်။ ဤသည်မှာ “သမ္မာတရားကို လိုက်စားရန်နည်းလမ်း”၏ အဓိကဆိုလိုရင်းဆီသို့ ပြန်မရောက်ရှိသလော။ (ရောက်ရှိသည်။)

အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို လက်လွှတ်ခြင်းအကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် အဆုံး၌ အဓိကဆိုလိုရင်းမှ သွေဖည်ခြင်းမရှိဘဲ “သမ္မာတရားကို လိုက်စားရန်နည်းလမ်း” ၏ ပိုမိုကျယ်ပြန့်သော အကြောင်းအရာသို့ ပြန်လည်ရောက်ရှိဆဲ ဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) အစပိုင်းတွင် လူအချို့က “အပျက်သဘောဆောင်သော စိတ်ခံစားချက် အမျိုးမျိုးကို လက်လွှတ်ခြင်းသည် သမ္မာတရားအား လိုက်စားခြင်းနှင့် အလွန်သက်ဆိုင်သည့် ပုံစံမရှိ၊ အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ယာယီစိတ်နေစိတ်ထားများ၊ သို့မဟုတ် ခဏတာဖြစ်သော အတွေးများ၊ အယူအဆများသာဖြစ်သည်” ဟူ၍ ထင်မြင်ကောင်း ထင်မြင်နိုင်သည်။ ယင်းက ခဏတာဖြစ်သော အတွေး၊ သို့မဟုတ် ယာယီစိတ်နေစိတ်ထားသာဖြစ်လျှင် ငါတို့ မိတ်သဟာယဖွဲ့သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ နယ်ပယ်အတွင်းတွင် မရှိပေ။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် လူတို့က အခြားလူများနှင့် အမှုအရာများကို ရှုမြင်သည့်ပုံစံ၊ ၎င်းတို့ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သည့်ပုံစံတို့နှင့် ဆက်နွှယ်သည့် စည်းမျဉ်းနှင့် အနှစ်သာရနှင့်ဆိုင်သော ပြဿနာများပါဝင်သည်။ ဘဝတွင် လူတို့ ထိန်းသိမ်းသင့်သည့် မှန်ကန်သော အမြင်ရှုထောင့်များ၊ ရပ်တည်ချက်များ၊ စည်းမျဉ်းများနှင့် ဘဝနှင့် ရှင်သန်နေထိုင်ရေး နည်းလမ်းများအပေါ် ၎င်းတို့၏ အမြင်များပါ ပါဝင်သည်။ ဤအရာများကို မိတ်သဟာယဖွဲ့ခြင်း၏ အဆုံးစွန်ရည်ရွယ်ချက်မှာ လူတို့သည် ဘဝတွင် အမျိုးမျိုးသော အမှုကိစ္စများကို ရင်ဆိုင်ရသောအခါ ဤအမှုကိစ္စများကို မိမိတို့၏ သဘောသဘာဝအလျောက်၊ သို့မဟုတ် တစ်ဇွတ်ထိုးကိုင်တွယ်ခြင်း မရှိတော့စေရန်၊ သို့မဟုတ် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသုံးပြုလျက် ဤပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိတော့စေရန် ထောက်ကူပေးဖို့ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် လူ့အဖွဲ့အစည်းမှ ၎င်းတို့အတွင်းသို့ သွတ်သွင်းခဲ့သော ဆိုးယုတ်သော အတွေးအခေါ် အမျိုးမျိုးကို အခြေခံပြီး ဤပြဿနာများကို ကိုင်တွယ်မည် မဟုတ်ဟူ၍လည်း အဓိပ္ပာယ်ရသည်မှာ ပြောစရာမလိုပေ။ ထိုအစား ၎င်းတို့သည် ဤပြဿနာများကို မှန်ကန်သော နည်းဖြင့် ချဉ်းကပ်လိမ့်မည်။ ဘဝတွင် ကြုံတွေ့ရသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းသောအခါ လူတစ်ယောက်အနေဖြင့် အနည်းဆုံး ပိုင်ဆိုင်သင့်သော အသိစိတ်၊ ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်လိမ့်မည်။ ထို့အပြင် သာမန်လူသား၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အခြေခံသတ်မှတ်ချက်များအောက်တွင် ၎င်းတို့သည် ဘဝနှင့် ဖြစ်တည်မှုတွင် ပါဝင်ပြီး ကြုံတွေ့ရသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်၊ သမ္မာတရားနှင့် ဘုရားသခင် သွန်သင်သော စည်းမျဉ်းအမျိုးမျိုးတို့နှင့်အညီ ကိုင်တွယ်လိမ့်မည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက် အမျိုးမျိုးကို မိတ်သဟာယဖွဲ့ခြင်း၊ ပိုင်းခြားစိစစ်ခြင်းသည် ဤရည်ရွယ်ချက်ကို ရရှိရန်အတွက်ဖြစ်သည်။ နားလည်သလော။ (နားလည်ပါသည်။) ငါ့အား ပြောလော့။ (ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို မိတ်သဟာယဖွဲ့ခြင်း၊ ပိုင်းခြားစိစစ်ခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်သည် လူတို့အား ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်းရှိ မှားယွင်းသော အတွေးအမြင်များကို ပိုင်းခြားသိမြင်ပြီး ပြုပြင်စေရန် ထောက်ကူဖို့ဖြစ်သည်။ ထိုသို့အားဖြင့် ဘဝတွင် ၎င်းတို့ ကြုံတွေ့ရသော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရား စည်းမျဉ်းများနှင့်အညီ မှန်ကန်စွာကိုင်တွယ်ဖြေရှင်းရန် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်ပြီး အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အမှီပြုစေရန်ဖြစ်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘဝအပေါ် ၎င်းတို့၏ အမြင်ကို တဖြည်းဖြည်းချင်း ပြောင်းလဲစေသည်။ သမ္မာတရားကို အခြေခံပြီး လူများ၊ အမှုအရာများကို ရှုမြင်စေသည်။ သမ္မာတရားနှင့် အညီ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်စေသည်။ ၎င်းတို့၏ သာမန်လူ့သဘာဝအတိုင်း အသက်ရှင်နေထိုင်စေသည်။) ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို မိတ်သဟာယမဖွဲ့ခဲ့လျှင်၊ သို့မဟုတ် ပိုင်းခြားစိစစ်ခြင်းမရှိလျှင်၊ လူတို့၏ အပျက်သဘောဆောင်သော အတွေးအမြင်အမျိုးမျိုးကို ငါ မိတ်သဟာယဖွဲ့ခြင်း၊ ဖော်ထုတ်ခြင်းမရှိခဲ့လျှင် လူတို့သည် ၎င်းတို့၏ နေ့စဉ်အသက်တာများ၌ ပြဿနာများကို ကြုံတွေ့ရသောအခါ ၎င်းတို့သည် မှားယွင်းသော ရပ်တည်ချက်နှင့် ရှုထောင့်ကို မကြာခဏ ခံယူပြီး ဤအမှုကိစ္စများကို မှားယွင်းသော အတွေးအမြင်များဖြင့် ရင်ဆိုင်ခြင်း၊ ကိုင်တွယ်ခြင်း၊ ဖြေရှင်းခြင်းတို့ လုပ်ဆောင်လိမ့်မည်။ ဤသို့ဖြင့် လူတို့သည် ဤအပျက်သဘောဆောင်သော အတွေးများ၏ ကန့်သတ်ခြင်း၊ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို ကြီးမားသော အတိုင်းအတာအထိ မကြာခဏ ခံရမည်။ ဘဝတွင်ရှိသော ပြဿနာအမျိုးမျိုးကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်တွင် ဖွင့်ပြသော စည်းမျဉ်းများနှင့် နည်းလမ်းများနှင့်အညီ ကိုင်တွယ်နိုင်မည်မဟုတ်ပေ။ လူတစ်ယောက်သည် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် မှန်ကန်သောအတွေးအမြင်များနှင့် မှန်ကန်သော ရှုထောင့်၊ ရပ်တည်ချက်တို့ပါ ရှိလျှင် ဤလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ၎င်းတို့ ကြုံတွေ့သောအခါ ယင်းတို့ကို မှန်ကန်သော အမြင်ရှုထောင့်ဖြင့်၊ သို့မဟုတ် အနည်းဆုံး သာမန်လူသား၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်းတွင် ကိုင်တွယ်ရန်၊ မလိုအပ်သော ပြဿနာဆီ ဆိုက်ရောက်စေနိုင်ပြီး မလိုလားအပ်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သော အမျိုးမျိုးသော ပြဿနာများကို တစ်ဇွတ်ထိုးပုံစံဖြင့်၊ သို့မဟုတ် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအရ ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ရန် အလွန်ပင် အထောက်အကူပြုလိမ့်မည်။ ဥပမာ လူတစ်ယောက်က အနာဂတ်၊ ဖျားနာခြင်း၊ မိသားစု၊ အိမ်ထောင်၊ ချစ်ခင်မှု၊ ငွေကြေး၊ လူတို့ကြား ဆက်ဆံရေး၊ သူ၏ ကိုယ်ပိုင်ပင်ကိုစွမ်းရည်အပြင် သူ၏ လူမှုအဆင့်အတန်း၊ တန်ဖိုးနှင့် အခြားသော အလားတူ ပြဿနာများအပေါ် ချဉ်းကပ်သည့်ပုံစံသည် သမ္မာတရားအား နားမလည်မီတွင် ၎င်းတို့၏ မိသားစုတွင်၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင် ၎င်းတို့ ကြားခဲ့ရသော၊ သင်ယူခဲ့ရသော၊ သို့မဟုတ် လွှမ်းမိုးခြင်း၊ သက်ရောက်ခြင်း ခံခဲ့ရသော အရာများအပေါ် အခြေခံရုံသာမက ၎င်းတို့ဘာသာ ယူဆောင်လာသော အတွေ့အကြုံ၊ သို့မဟုတ် နည်းလမ်းအချို့ကိုပါ အခြေခံသည်။ လူတစ်ယောက်ချင်းစီသည် အမှုအရာများကို ချဉ်းကပ်ရာတွင် သူများနှင့်မတူသော ကိုယ်ပိုင်နည်းလမ်းရှိကြသည်။ လူတစ်ယောက်ချင်းစီသည် အမှုအရာများကို ကိုင်တွယ်ဖြေရှင်းသောအခါတွင် သဘောထားတစ်ခုခုကို အလေးပေးသည်။ အမှုအရာများကို လူတို့ချဉ်းကပ်သည့် မတူညီသောပုံစံများတွင် တွေ့ရလေ့ရှိသော အချက်အလက်ရှိသည်မှာ ပြောစရာမလိုပေ။ ၎င်းတို့အားလုံးသည် အပျက်သဘောဆောင်သော၊ ကောင်းကျိုးမပြုသော၊ သို့မဟုတ် တစ်ဖက်သတ်ဆန်သော အတွေးအမြင်များ၏ ကြီးစိုးခြင်း၊ ချုပ်ကိုင်ခြင်းကို ခံရခြင်းဖြစ်သည်။ ၎င်းတို့၏ အဆုံးစွန် ရည်ရွယ်ချက်မှာ ၎င်းတို့၏ ကိုယ်ပိုင် ကျော်ကြားမှု၊ စည်းစိမ်နှင့် ကိုယ်ကျိုးကို ရရှိရန်ဖြစ်သည်။ ပို၍ အသေးစိတ်ဆိုရလျှင် ဤအတွေးအမြင်များသည် စာတန်က သွတ်သွင်းခြင်း၊ သင်ကြားပေးခြင်းတို့မှ လာသည်။ ယင်းတို့သည် လူသားမျိုးနွယ်တစ်ခုလုံးတွင် စာတန်က ဖြန့်ဝေသော၊ အားပေးသော၊ ပျိုးထောင်သော မှားယွင်းသော အတွေးအမြင်အမျိုးမျိုးမှ စတင်ဖြစ်ပေါ်သည်ဟူ၍လည်း ဆိုနိုင်သည်။ ဤမှားယွင်းသော အတွေးအမြင်များ၏ ညွှန်ကြားမှုအောက်တွင် လူတို့သည် မိမိတို့ကိုယ်ကို ကာကွယ်ရန်၊ မိမိတို့ အကျိုးစီးပွား အပြည့်အဝ ရရှိဖို့ သေချာစေရန် ယင်းတို့ကို မသိစိတ်မှနေ၍ အသုံးပြုကြသည်။ ၎င်းတို့သည် ကိုယ်ကျိုးပြည့်ဖို့ရန်အတွက် မိမိတို့ကိုယ်ကို အကာအကွယ်ပေးပြီး ကိုယ်ပိုင်အကျိုးအမြတ် အပြည့်အဝရရှိဖို့ အားထုတ်ရန် လူ့အဖွဲ့အစည်းနှင့် ကမ္ဘာဘလောကမှ စတင်ဖြစ်ပေါ်သော အတွေးအမြင်အမျိုးမျိုးကို အစွမ်းကုန် ကြိုးစား အသုံးချကြသည်။ ဤသို့ ကိုယ်ကျိုးပြည့်ရန် ရည်ရွယ်ချက်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး ကိုယ်ကျင့်တရား စည်းဘောင်များနှင့် အသိစိတ်၊ ဆင်ခြင်တုံတရားတို့ကိုပါ ကျော်လွန် လုပ်ဆောင်လေသည်။ ထို့ကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၊ အပျက်သဘောဆောင်သော အတွေးအမြင်များ၏ ညွှန်ကြားမှုအောက်တွင် အခြားလူများနှင့် အမှုအရာများအပေါ် လူတို့၏ ရှုမြင်ပုံ၊ ၎င်းတို့ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ပုံ၏ အဆုံးစွန်ရလဒ်သည် လူတို့ကြားတွင် အပြန်အလှန် အသုံးချခြင်း၊ လှည့်စားခြင်း၊ ထိခိုက်ခြင်း၊ သဘောထားကွဲလွဲခြင်းတို့ကိုသာ ဖြစ်စေနိုင်သည်။ နောက်ဆုံးတွင် အပျက်သဘောဆောင်သော အတွေးအမြင်အမျိုးမျိုး၏ ညွှန်ကြားချက်၊ ချည်နှောင်မှု၊ သို့မဟုတ် သွေးဆောင်မှုအောက်တွင် လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များထံမှ ပို၍ ဝေးကွာသွားလိမ့်မည်၊ သို့မဟုတ် ဘုရားသခင်က သွန်သင်သော မည်သို့ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ရမည်ဆိုသော စည်းမျဉ်းများထံမှပင် ဝေးကွာသွားလိမ့်မည်။ အပျက်သဘောဆောင်သော အတွေးအမျိုးမျိုး၏ ညွှန်ကြားမှု၊ သွေးဆောင်မှုအောက်တွင် လူတို့သည် ဘုရားသခင်က တောင်းဆိုသည့်အတိုင်း သမ္မာတရားကို မည်သည့်အခါမျှ အမှန်တကယ် ရရှိမည်မဟုတ်၊ သို့မဟုတ် သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှု၏ စစ်မှန်မှုသို့ ဝင်ရောက်မည်မဟုတ်ဟု ဆိုနိုင်ပေသည်။ သမ္မာတရားအား မိမိတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများ၊ မိမိတို့၏ ကျင့်ကြံနေထိုင်မှုနှင့် ပြုမူဆောင်ရွက်မှုများအပေါ် ၎င်းတို့၏ အမြင်များကို ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံခြင်း စည်းမျဉ်းအား လိုက်နာရန်လည်း ၎င်းတို့အတွက် ခက်ခဲလာသည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖြေရှင်းရာတွင် အမှန်တကယ်၌ အပျက်သဘောဆောင်သော အတွေးအမြင်အမျိုးမျိုးကို လက်လွှတ်ဖို့လည်း လိုအပ်သည်။ လူတို့သည် ၎င်းတို့အတွင်းတွင်ရှိသော မှားယွင်းသော အတွေးအမြင် အမျိုးမျိုးကို သိမြင်သောအခါမှသာ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးအစားတိုင်းကို လက်လွှတ်နိုင်သည်။ အပျက်သဘောဆောင်သော အတွေးအမြင်များကို လူတို့ လက်လွှတ်သည့်အခါတွင် ၎င်းတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များလည်း များစွာ ပြေလည်သွားသည်မှာ ပြောစရာမလိုပေ။ ဥပမာ အစောပိုင်းက ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် စိတ်ဓာတ်ကျသော စိတ်ခံစားချက်များကို စဉ်းစားကြည့်ကြစို့။ ရိုးရှင်းစွာဆိုလျှင် လူတစ်ယောက်သည် သူ၏ ကံကြမ္မာက ဆိုးဝါးသည်ဟု စဉ်ဆက်မပြတ် ခံစားရသောကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်လျှင် သူ၏ ကံကြမ္မာက ဆိုးဝါးသည်ဆိုသော အတွေးအမြင်များကို ကိုင်စွဲထားသောအခါတွင် သူသည် မသိစိတ်မှနေ၍ စိတ်ဓာတ်ကျသည့် စိတ်ခံစားချက်အတွင်းသို့ နှစ်မြုပ်သွားသည်။ ထို့အပြင် သူ၏ တစ်ဖက်သတ်ဆန်သော အသိစိတ်က သူ၏ ကံကြမ္မာသည် ဆိုးဝါးသည်ဆိုသည့် ယုံကြည်မှုကို ပို၍ အားဖြည့်ပေးသည်။ အနည်းငယ်ခက်ခဲသော၊ ကြိုးစားရသောအရာတစ်ခုကို သူကြုံရသည့်အခါတိုင်းတွင် “အို ငါ၏ ကံကြမ္မာသည် ဆိုးဝါးသည်” ဟူ၍ ထင်သည်။ သူ၏ ဆိုးဝါးသော ကံကြမ္မာဟူ၍ မှတ်ယူလိုက်သည်။ ရလဒ်အနေဖြင့် စိတ်ပျက်အားငယ်ခြင်း၊ မိမိကိုယ်ကို စွန့်ပစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းဟူသည့် အပျက်သဘောဆောင်သည့် စိတ်ခံစားချက်ထဲတွင် အသက်ရှင်သည်။ လူတို့သည် ဘဝတွင် ၎င်းတို့ ကြုံတွေ့ရသည့် အမျိုးမျိုးသော အခက်အခဲများကို မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်လျှင်လည်းကောင်း၊ သို့မဟုတ် အပျက်သဘောဆောင်သော အတွေးအမြင်များ ဖြစ်ပေါ်သောအခါ သမ္မာတရားကို ရှာဖွေနိုင်လျှင်လည်းကောင်း၊ ယင်းတို့ကို ရင်ဆိုင်ရန် ဘုရားနှုတ်ကပတ်တော်ကို အမှီပြုလျှင်လည်းကောင်း၊ လူသား၏ ကံကြမ္မာက အဘယ်သို့ဖြစ်သည်ဆိုသည်ကို သိမြင်လျှင်လည်းကောင်း၊ ၎င်းတို့၏ ကံကြမ္မာသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်၊ ဘုရားသခင်က ထိန်းချုပ်သည်ဆိုသည်ကို ယုံကြည်လျှင်လည်းကောင်း ဘဝတွင်ရှိသော ဤဘေးဒုက္ခများ၊ စိန်ခေါ်မှုများ၊ အတားအဆီးများ၊ အခက်အခဲများကို မှန်ကန်စွာ ချဉ်းကပ်နိုင်သည်၊ သို့မဟုတ် ဤအခက်အခဲများကို မှန်ကန်စွာ နားလည်နိုင်သည်။ ဤသို့လုပ်ဆောင်ရာတွင် ဆိုးဝါးသော ကံကြမ္မာရှိသည့် ၎င်းတို့၏ အတွေးအမြင်များသည် တစ်ခုခုပြောင်းလဲသလော။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ဤပြဿနာများကို ရင်ဆိုင်ရန် သင့်လျော်သော ရပ်တည်ချက်ရှိသလော။ (ရှိသည်။) ဤပြဿနာများကို ရင်ဆိုင်ရာတွင် လူတို့သည် မှန်ကန်သော ရပ်တည်မှုရှိသောအခါ ၎င်းတို့၏ စိတ်ဓာတ်ကျသည့် ခံစားချက်သည် ပြင်းထန်သည့် အခြေအနေမှ အလယ်အလတ်သို့ ပြောင်းလဲသွားကာ၊ အလယ်အလတ်မှ အနည်းငယ်သို့ ကူးပြောင်းလျက် အနည်းငယ်သာဖြစ်သော အခြေအနေမှ လုံးဝ ကွယ်ပျောက်သွားပြီး ၎င်းတို့၏ ဖြစ်တည်မှုထံမှ ပပျောက်သွားသည်အထိ တဖြည်းဖြည်းချင်း သက်သာလာလေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ စိတ်ဓာတ်ကျသည့် ခံစားချက်များ မရှိတော့ပေ။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့ ယခင်က ကိုင်စွဲထားသော “ငါ၏ ကံကြမ္မာသည် ဆိုးဝါးသည်” ဆိုသည့် အတွေးအမြင်က ပြောင်းလဲမှုတစ်ခုကို ကြုံရသောကြောင့်ဖြစ်သည်။ ပြုပြင်ပြီးနောက်တွင် ၎င်းတို့သည် ၎င်းတို့၏ ကံကြမ္မာကို စိတ်ဓာတ်ကျသည့် ခံစားချက်ဖြင့် မရှုမြင်တော့ဘဲ တက်ကြွပြီး အကောင်းမြင်သော သဘောထားဖြင့်၊ ဘုရားသခင်၏ သွန်သင်မှု နည်းလမ်းများဖြင့်၊ လူသားမျိုးနွယ်ကို ဘုရားသခင်ဖွင့်ပြခဲ့သော ကံကြမ္မာ၏ အနှစ်သာရ ရှုထောင့်ဖြင့် ပြဿနာများကို ချဉ်းကပ်သည်။ ထို့ကြောင့် ယခင်က ၎င်းတို့ ကြုံတွေ့ခဲ့သည့် အလားတူပြဿနာမျိုးကို ရင်ဆိုင်ရသောအခါ ဆိုးဝါးသော ကံကြမ္မာရှိသည်ဆိုသည့် အတွေးအမြင်မှတစ်ဆင့် ၎င်းတို့၏ ကံတရားကို မရှုမြင်တော့ပေ။ ပြီးလျှင် ဤပြဿနာများကို စိတ်ဓာတ်ကျသည့် ခံစားချက်ဖြင့် ခုခံခြင်း၊ သို့မဟုတ် ပုန်ကန်ခြင်းမရှိတော့ပေ။ အစပိုင်းတွင် ၎င်းတို့သည် ဥပေက္ခာပြုပြီး ယင်းတို့ကို လျစ်လျူရှုနိုင်သော်လည်း၊ သို့မဟုတ် ကိုင်တွယနိုင်သော်လည်း အချိန်ကြာလာသောအခါ သမ္မာတရား လိုက်စားခြင်းအား ၎င်းတို့ ပို၍ နှိုက်နှိုက်ချွတ်ချွတ်လေ့လာပြီး ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာသောအခါ၊ လူများနှင့် အမှုအရာများကို ရှုမြင်ရာတွင် ၎င်းတို့၏ အမြင်ရှုထောင့်နှင့် ရပ်တည်ချက်တို့က ပို၍ မှန်ကန်လာသောအခါ ၎င်းတို့၏ စိတ်ဓာတ်ကျသည့် ခံစားချက်သည် ပျောက်ကွယ်သွားရုံသာမကဘဲ ၎င်းတို့သည် ပို၍လည်း တက်ကြွပြီး အကောင်းမြင်လာသည်။ နောက်ဆုံးတွင် ၎င်းတို့သည် လူသားကံကြမ္မာ၏ သဘောသဘာဝကို အပြည့်အဝနားလည်ခြင်းနှင့် ရှင်းလင်းသော အသိအမြင်ကို ရရှိသည်။ ၎င်းတို့သည် ဤအမှုကိစ္စများကို ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုအပေါ် နာခံခြင်း သဘောထား၊ သို့မဟုတ် စစ်မှန်မှုဖြင့် မှန်ကန်စွာ ကိုင်တွယ်ပြီး ချဉ်းကပ်နိုင်သည်။ ထိုအဆင့်တွင် ၎င်းတို့သည် ၎င်းတို့၏ စိတ်ဓာတ်ကျသည့် ခံစားချက်များကို အပြည့်အဝ လက်လွှတ်နိုင်သည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်ခြင်းသည် ဘဝတွင် အရေးပါသော အကြောင်းအရာဖြစ်သည့် ဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။ အနှစ်ချုပ်လျှင် အပျက်သဘောဆောင်သော စိတ်ခံစားချက်သည် လူတစ်ယောက်၏ စိတ်နှလုံးအတွင်း နက်ရှိုင်းစွာ အမြစ်တွယ်သောအခါ၊ သို့မဟုတ် လူများ၊ အမှုအရာများအပေါ် သူ၏ ရှုမြင်ပုံ၊ ၎င်းတို့၏ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ပုံတို့ကို လွှမ်းမိုးသောအခါ ယင်းသည် သာမန် အပျက်သဘောဆောင်သော စိတ်ခံစားချက်သက်သက်ထက် ပိုသည်မှာ သံသယရှိစရာမလိုပေ။ ယင်း၏ နောက်ကွယ်တွင် ဤကိစ္စ၊ ထိုကိစ္စများနှင့်ပတ်သက်ပြီး မမှန်ကန်သော အတွေး၊ သို့မဟုတ် အမြင်ရှုထောင့်တစ်ခု တည်ရှိသည်။ ဤသို့သော ဖြစ်ရပ်မျိုးတွင် သင်လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ အရင်းအမြစ်ကို စိစစ်ရုံသာမကဘဲ ပို၍ အရေးကြီးသည်မှာ သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအတွင်းတွင် ပုန်းကွယ်နေသော သေမင်းတမန်ကို စစ်ဆေးရန်ဖြစ်သည်။ ဤပုန်းကွယ်နေသော အဓိကအရာမှာ သင်၏ စိတ်နှလုံးတွင် အချိန်ကြာမြင့်စွာ သူ့ဘာသာ အမြစ်တွယ်နေသော အပျက်သဘောဆောင်သော အတွေး၊ သို့မဟုတ် အမြင်ရှုထောင့်တစ်ခု၊ အမှုအရာများအား ကိုင်တွယ်ဖြေရှင်းခြင်းအပေါ် မှားယွင်းသော၊ သို့မဟုတ် အမှားရှိသော အတွေး၊ အမြင်ရှုထောင့်တစ်ခုဖြစ်သည်။ မှားယွင်းသော၊ အပျက်သဘောဆောင်သော အချက်များနှင့် ပတ်သက်လျှင် ဤအတွေး၊ သို့မဟုတ် အမြင်ရှုထောင့်သည် အသေအချာပင် သမ္မာတရားနှင့် ကွဲလွဲပြီး ဆန့်ကျင်နေသည်။ ဤအဆင့်တွင် သင်၏ အလုပ်မှာ ယင်းကို စဉ်းစားရန်၊ ပိုင်းခြားစိစစ်ရန်၊ ရင်းနှီးကျွမ်းဝင်ရန်သာမကဘဲ သင့်အပေါ် ဖြစ်ပေါ်စေသည့် ထိခိုက်မှု၊ သင့်အပေါ်တွင် အသုံးပြုသော ထိန်းချုပ်မှု၊ ချည်နှောင်မှု၊ သမ္မာတရားအား သင်လိုက်စားခြင်းအပေါ်တွင်ရှိသော အပျက်သဘောဆောင်သော သက်ရောက်မှုတို့ကို နှံ့စပ်စွာ နားလည်ရန်ဖြစ်သည်။ ထို့ကြောင့် သင်လုပ်ဆောင်ဖို့ လိုအပ်သောအရာမှာ အပျက်သဘောဆောင်သော အတွေးအမြင်အမျိုးမျိုးကို ဖော်ထုတ်ရန်၊ ပိုင်းခြားစိစစ်ရန်၊ သိမြင်ရန်ဖြစ်သည်။ တစ်ချိန်တည်းတွင် ယင်းတို့ကို ပိုင်းခြားသိမြင်ပြီး ရိပ်စားမိရန်အတွက် ဘုရားသခင် မိတ်သဟာယဖွဲ့သည့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဘုရားနှုတ်ကပတ်တော်ကို ရှာဖွေရမည်။ သင်၏ မှားယွင်းသော၊ အပျက်သဘောဆောင်သော အတွေးအမြင်များကို သမ္မာတရားဖြင့် အစားထိုးပြီး သင့်အား ရစ်ပတ်နေသော အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို အပြည့်အဝ ဖြေရှင်းရမည်။ ဤသည်မှာ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအား ဖြေရှင်းခြင်းလမ်းကြောင်းဖြစ်သည်။

လူအချို့က “ငါသည် မိမိကိုယ်ကိုတွင် ယခုအထိ အပျက်သဘောဆောင်သော စိတ်ခံစားချက်တစ်ခုကိုမျှ သတိမပြုမိပေ” ဟု ဆိုကြသည်။ မစိုးရိမ်နှင့်။ အနှေးနှင့် အမြန်ဆိုသလို သင့်တော်သောအချိန်တွင်၊ သင့်လျော်မှုရှိသော ပတ်ဝန်းကျင်တွင်၊ သို့မဟုတ် သင့်လျော်သော အသက်အရွယ်သို့ သင်ရောက်သောအခါတွင်၊ သို့မဟုတ် ဘဝ၌ ထူးခြားသော အရေးပါသော အဆင့်တစ်ခုသို့ ရောက်သောအခါတွင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် အလိုအလျောက် ထွက်ပေါ်လာလိမ့်မည်။ သင်သည် ယင်းတို့ကို သတိရှိစွာဖြင့် ရှာဖွေရန်၊ သို့မဟုတ် တူးဆွရန် မလိုအပ်ပေ။ ယင်းတို့သည် လူတိုင်း၏ စိတ်နှလုံးတွင် အနည်းနှင့်အများဆိုသလို အတိုင်းအတာတစ်ခုအထိ တည်ရှိသည်။ ဤသည်မှာ လူတို့သည် လူသားကမ္ဘာလောကတွင် အသက်ရှင်ကြသောကြောင့် ဖြစ်သည်။ မည်သူကမျှ ၎င်းတို့၏ ကိုယ်ပိုင်အတွေးအမြင်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မည်သည့်အရာကိုမဆို ကွန်ပြူတာတစ်ခုကဲ့သို့ မချဉ်းကပ်ပေ။ လူတို့၏ အတွေးများသည် လှုပ်ရှားမှုရှိသည်။ အပြုသဘောဆောင်သော၊ အပျက်သဘောဆောင်သောအရာများကို လက်ခံနိုင်စွမ်းရှိသည့် သေတ္တာတစ်ခုကဲ့သို့ဖြစ်သည်။ ကံမကောင်းစွာပင် လူတို့သည် အပြုသဘောဆောင်သော အတွေးအမြင်များကို လက်မခံမီ ကြာမြင့်စွာသောအချိန်ကတည်းက စာတန်၊ လူ့အဖွဲ့အစည်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ထံမှ မှားယွင်းသော၊ မမှန်ကန်သော အတွေးအမြင်အမျိုးမျိုးကို လက်ခံပြီးသားဖြစ်သည်။ ဤမမှန်ကန်သော အတွေးအမြင်များသည် လူတို့၏ ဝိညာဉ်အတွင်းပိုင်းတွင် ပြည့်နေပြီး ၎င်းတို့၏ နေ့စဉ်အသက်တာနှင့် ဘဝလမ်းကြောင်းများကို ပြင်းထန်စွာ ထိခိုက်ပြီး ဝင်ရောက်စွက်ဖက်သည်။ ထို့ကြောင့် အပျက်သဘောဆောင်သော အတွေးအမြင်အမျိုးမျိုးသည် လူတို့၏ ဘဝနှင့် ဖြစ်တည်မှုတို့နှင့်အတူ ယှဉ်တွဲလိုက်ပါသည့် တစ်ချိန်တည်းတွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးသည်လည်း ၎င်းတို့၏ ဘဝနှင့် ဖြစ်တည်မှု လမ်းကြောင်းတို့နှင့်အတူ လိုက်ပါသည်။ ထို့ကြောင့် လူတစ်ဦးချင်းစီက မည်သို့ရှိသည်ဖြစ်စေ တစ်နေ့တွင် ခဏတာဖြစ်သော အပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် သင့်တွင် အနည်းငယ်သာ ရှိရုံမဟုတ်ဘဲ များစွာရှိသည်ကို သင်ရှာဖွေတွေ့ရှိလိမ့်မည်။ သင်သည် အပျက်သဘောဆောင်သော အတွေး၊ သို့မဟုတ် အမြင်ရှုထောင့်တစ်ခုကိုသာ ပိုင်ဆိုင်ရုံမဟုတ်ဘဲ တစ်ချိန်တည်းတွင် သင့်၌ များပြားသော အပျက်သဘောဆောင်သော အတွေးအမြင်များ တည်ရှိနေသည်။ ယင်းတို့သည် ပေါ်လွင်ခြင်း မရှိသေးသော်လည်း ယင်းမှာ သင်၏ မှားယွင်းသောအတွေးအမြင်များကို ဖော်ထုတ်စေနိုင်သည့်၊ သို့မဟုတ် သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ရင်ဖွင့်ပြီး ဖွင့်ပြစေနိုင်သည့် သင့်တော်သော ပတ်ဝန်းကျင်၊ သင့်တင့်မှုရှိသော အချိန်၊ သို့မဟုတ် ပိုမိုဆိုးရွားပြင်းထန်စေသည့်အရာ မရှိသောကြောင့်၊ သို့မဟုတ် ထိုပတ်ဝန်းကျင်၊ သို့မဟုတ် အချိန်က မရောက်ရှိသေးသောကြောင့်သာ ဖြစ်သည်။ ဤအကြောင်းရင်းများထဲမှ တစ်ခုက အသက်ဝင်လာလျှင် ယင်းသည် စနက်တံကဲ့သို့ ပြုမူပြီး သင်၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များနှင့် အပျက်သဘောဆောင်သော အတွေးအမြင်များ ပေါက်ကွဲထွက်စေရန် မီးရှို့ပေးလိမ့်မည်။ သင်သည် မရည်ရွယ်ဘဲနှင့် ယင်းတို့၏ လွှမ်းမိုးခြင်း၊ ထိန်းချုပ်ခြင်း၊ ချည်နှောင်ခြင်းကို ခံရမည်။ ယင်းတို့သည် သင့်အတွက် အတားအဆီးပင် ဖြစ်လာနိုင်ပြီး သင်၏ ရွေးချယ်မှုများကို လွှမ်းမိုးနိုင်သည်။ အချိန်မကျသေး၍သာဖြစ်သည်။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးသည် လူတို့၏ ဘဝတွင်၊ သို့မဟုတ် လူတို့၏ ဖြစ်တည်မှုလမ်းကြောင်းတွင် ကြုံတွေ့ရနိုင်သော ပြဿနာများဖြစ်သောကြောင့်ဖြစ်သည်။ ပြီးလျှင် ယင်းတို့သည် လူတိုင်းက ၎င်းတို့၏ ဘဝ၊ သို့မဟုတ် ဖြစ်တည်မှုတွင် ရင်ဆိုင်ရသော လက်တွေ့ပြဿနာများဖြစ်သည်။ ၎င်းတို့သည် အနှစ်မဲ့ခြင်းမရှိဘဲ ခိုင်လုံမှုရှိသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် မိမိကိုင်စွဲသင့်သည့် စည်းမျဉ်းများ တိုက်ရိုက်ပါဝင်ပြီး မိမိရှိသင့်သည့် ရှင်သန်ရေးအပေါ် ရှုမြင်သုံးသပ်ချက် ပါဝင်သည်။ ငါတို့ အနေဖြင့် ဤပြဿနာများကို အသေအချာတူးဆွပြီး ပိုင်းခြားစိစစ်ရန် လိုအပ်သည်။

ယခင်က “ဖိနှိပ်ချုပ်ချယ်ခံရခြင်း” ဟူသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်ကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ “ဖိနှိပ်ချုပ်ချယ်ခံရခြင်း”၏ ပြဿနာကို ငါတို့ အကြိမ်မည်မျှ မိတ်သဟာယဖွဲ့ခဲ့သနည်း။ (နှစ်ကြိမ် မိတ်သဟာယဖွဲ့ခဲ့သည်။) ပထမအကြိမ်တွင် မည်သည့်အရာကို ငါတို့ မိတ်သဟာယဖွဲ့သနည်း။ (ပထမအကြိမ်တွင် လူတို့သည် ၎င်းတို့ ကျေနပ်သလို မကြာခဏ မလုပ်ဆောင်နိုင်ဘဲ ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များဖြစ်ပေါ်ပုံကို မိတ်သဟာယဖွဲ့ခဲ့သည်။ ဒုတိယအကြိမ်တွင် လူတို့သည် ၎င်းတို့၏ ကျွမ်းကျင်မှုကို အကျိုးရှိရှိ အသုံးမချနိုင်ဘဲ ဖိနှိပ်ချုပ်ချယ်ခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များရှိသည့် အခြေအနေတွင် မကြာခဏ နေထိုင်ရပုံကို မိတ်သဟာယဖွဲ့ခဲ့သည်။) ဤသွင်ပြင်လက္ခဏာ နှစ်ခုကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ယင်းတို့မှတစ်ဆင့် ဤဖိနှိပ်ချုပ်ချယ်ခံရခြင်း အမျိုးအစားနှစ်ခု နောက်ကွယ်တွင် ဘဝအပေါ် လူတို့ ချဉ်းကပ်ပုံနှင့် ပတ်သက်ပြီး ဆင်တူသော ဖုံးကွယ်ထားသော အတွေးအမြင်များရှိသည်ဟု ငါတို့ ဆိုနိုင်သလော။ မိမိကျေနပ်သလို လုပ်ဆောင်နိုင်စွမ်းမရှိခြင်းမှ အရင်းခံသော ပထမအမျိုးအစားသည် မည်သည့်အတွေး၊ သို့မဟုတ် အမြင်ရှုထောင့်ကို ကိုယ်စားပြုသနည်း။ ယင်းသည် အစဉ်သဖြင့် တစ်ဇွတ်ထိုးလုပ်ဆောင်ပြီး တာဝန်မခံယူလိုသည့်၊ တာဝန်ခံယူရန် လိုအပ်မှုကို နားမလည်ဘဲ ရုတ်တရက်ဖြစ်ပေါ်သော စိတ်ဆန္ဒ၊ စိတ်နေစိတ်ထား၊ ခံစားချက်၊ စိတ်ဝင်စားမှုတို့အပေါ် အခြေခံပြီး အမှုအရာများကို လုပ်ဆောင်သည့် စိတ်ဓာတ်ဖြစ်သည်။ ဤသည်မှာ ဘဝအပေါ် လူတို့ ခံယူသည့် သဘောထားတစ်ခုမဟုတ်လော။ (ဟုတ်သည်။) ယင်းသည် ရှင်သန်ရေးနည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ယင်းသည် အပြုသဘောဆောင်သော သဘောထားနှင့် ရှင်သန်ရေးနည်းလမ်း ဖြစ်သလော။ (မဖြစ်ပါ။) ယင်းသည် အပြုသဘောမဆောင်ပေ။ လူတို့သည် အစဉ်သဖြင့် မိမိတို့ ကျေနပ်သလို နေထိုင်လိုပြီး စိတ်အခြေအနေ၊ စိတ်ဝင်စားမှု၊ ဝါသနာတို့အပေါ် အခြေခံပြီး အမှုအရာများကို တစ်ဇွတ်ထိုး လုပ်ဆောင်လိုသည်။ ဤသည်မှာ မှန်ကန်သော အသက်ရှင်နည်း မဟုတ်ပေ။ ယင်းသည် အပျက်သဘောဆောင်ပြီး ဖြေရှင်းရန် လိုအပ်သည်။ ဤအပျက်သဘောဆောင်သော သဘောထားနှင့် ရှင်သန်ရေးနည်းလမ်းမှ ဖြစ်ပေါ်သော အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ပို၍ပင် ဖြေရှင်းသင့်သည်မှာ ပြောစရာမလိုပေ။ အခြားအမျိုးအစားမှာ မိမိ၏ ကိုယ်ပိုင်ကျွမ်းကျင်မှုကို အကျိုးရှိရှိ အသုံးမချနိုင်ခြင်းမှတစ်ဆင့် ထွက်ပေါ်သော အပျက်သဘောဆောင်သည့် ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ ကျွမ်းကျင်မှုကို ထုတ်ဖော်၍ မပြသနိုင်သောအခါတွင်လည်းကောင်း၊ မိမိတို့ကိုယ်ကို ထုတ်မပြနိုင်သောအခါတွင်လည်းကောင်း၊ မိမိတို့တစ်ဦးချင်းစီ၏ တန်ဖိုးကို မထင်ဟပ်စေနိုင်သောအခါတွင်လည်းကောင်း၊ သူတစ်ပါးတို့၏ အတည်ပြုမှုကို မရရှိနိုင်သောအခါတွင်လည်းကောင်း၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ နှစ်သက်မှုများကို မဖြည့်ဆည်းနိုင်သောအခါတွင်လည်းကောင်း ၎င်းတို့သည် မပျော်ရွှင်ဘဲ ညှိုးငယ်ပြီး ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤသည်မှာ ဖြစ်တည်ခြင်း၏ မှန်ကန်သော နည်းလမ်းနှင့် အမြင်ရှုထောင့်ဖြစ်သလော။ (မဖြစ်ပါ။) မမှန်ကန်သောအရာများကို ပြောင်းလဲသင့်ပြီး သမ္မာတရား၊ သာမန်လူ့သဘာဝတို့နှင့် ကိုက်ညီသည့် မှန်ကန်သော နည်းလမ်းဖြင့် ထိုအရာများကို ဖြေရှင်းကာ အစားထိုးရန်အတွက် သမ္မာတရားကို ရှာဖွေသင့်သည်။ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များ ထွက်ပေါ်မှုနောက်ကွယ်ရှိ ဤအကြောင်းရင်းနှစ်ခုကို ငါတို့ ယခင်က မိတ်သဟာယဖွဲ့ခဲ့သည်။ မိမိကျေနပ်သလို လုပ်ဆောင်နိုင်စွမ်းမရှိခြင်းနှင့် မိမိ၏ ကျွမ်းကျင်မှုကို အကျိုးရှိရှိ အသုံးမချနိုင်ခြင်းကဲ့သို့သော အရာများဖြစ်သည်။ ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များ ထွက်ပေါ်ခြင်းတွင် အခြားအကြောင်းရင်းတစ်ခုရှိသည်။ မည်သည့်အရာ ဖြစ်သည်ကို သင်တို့ စဉ်းစားနိုင်သလော။ လူတို့အား ဖိနှိပ်ချုပ်ချယ်ခံရမှုကို ခံစားစေနိုင်သည့် မိမိ၏ ကိုယ်ပိုင်ဖြစ်တည်မှုဆိုင်ရာ အမြင်ရှုထောင့်နှင့် သက်ဆိုင်သော အခြားသောအရာအချို့မှာ အဘယ်နည်း။ သေချာမသိသလော။ အခြားအကြောင်းရင်းမှာ မိမိ၏ စံသတ်မှတ်ချက်များနှင့် လိုအင်ဆန္ဒများကို မဖြည့်ဆည်းနိုင်သောကြောင့် ဖိနှိပ်ချုပ်ချယ်ခံရသကဲ့သို့ ခံစားရပြီး ဖိနှိပ်ချုပ်ချယ်မှုခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဤအရာကို ခဏ စဉ်းစားကြည့်လော့။ ဤဖိနှိပ်ချုပ်ချယ်ခံရသည့် ပြဿနာသည် တည်ရှိသလော။ လူသားများအတွက် တကယ့် ပြဿနာဖြစ်သလော။ (ဖြစ်သည်။) ငါတို့ အစောပိုင်းက ဆွေးနွေးခဲ့သော မိမိတို့ ကျေနပ်သလို လုပ်ဆောင်လိုသောလူတို့သည် ပို၍ အတ္တဆန်ပြီး တစ်ဇွတ်ထိုးလုပ်ဆောင်တတ်ကြသည်။ ဘဝအပေါ် ၎င်းတို့၏ သဘောထားကို ၎င်းတို့၏ ရုတ်တရက်ဖြစ်ပေါ်သော ဆန္ဒအလျောက် လုပ်ဆောင်ပြီး ၎င်းတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းဖြင့် အမျိုးအစားသတ်မှတ်သည်။ ၎င်းတို့သည် သူတစ်ပါးတို့အပေါ် ဆရာလုပ်လိုသဖြင့် အသိုင်းအဝိုင်း တစ်ခုအတွင်းတွင် နေထိုင်ရန် မသင့်တော်ပေ။ ၎င်းတို့၏ ရှင်သန်ရေးနည်းလမ်းသည် လူတိုင်းအား ၎င်းတို့ကို အရေးပေးရန် လုပ်ဆောင်ဖို့ဖြစ်သည်။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး သူတစ်ပါးတို့နှင့် သဟဇာတဖြစ်စွာ မနေထိုင်နိုင်ပေ၊ သို့မဟုတ် သဟဇာတဖြစ်စွာ ပူးတွဲလုပ်ဆောင်နိုင်ခြင်း မရှိပေ။ ဖိနှိပ်ချုပ်ချယ်ခံရမှု ဖြစ်ပေါ်သည့် ဒုတိယလူအမျိုးအစားမှာ အစဉ်သဖြင့် ကြွားဝါလိုသော၊ မိမိကိုယ်ကို ထုတ်ဖော်ပြသလိုသော၊ မိမိက အရေးပါ၍ မိမိတစ်ဦးတည်းဖြင့်သာ လုံလောက်သည်ဟု ထင်သော၊ သူတစ်ပါးတို့အား ဖြစ်တည်ရန် နေရာ လုံးဝ မပေးသောသူဖြစ်သည်။ ၎င်းတို့သည် ကျွမ်းကျင်မှု၊ သို့မဟုတ် ပင်ကိုစွမ်းရည်အနည်းငယ် ပိုင်ဆိုင်သရွေ့ ပတ်ဝန်းကျင်က သင့်တော်သည်ဖြစ်စေ၊ မသင့်တော်သည်ဖြစ်စေ၊ ၎င်းတို့၏ ကျွမ်းကျင်မှုသည် တန်ဖိုးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားအိမ်တော်တွင် အသုံးပြုနိုင်သည်ဖြစ်စေ၊ အသုံးမပြုနိုင်သည်ဖြစ်စေ ပြသလိုကြလိမ့်မည်။ ဤသို့သောသူမျိုးသည် တသီးပုဂ္ဂလဝါဒကိုလည်း အလေးပေးတတ်ကြသည်မဟုတ်လော။ ဤအရာအားလုံးသည် လူတို့၏ ရှင်သန်ရေးနည်းလမ်းများတွင် ပါဝင်သလော။ (ပါဝင်သည်။) ဤနေထိုင်ရေး၊ ရှင်သန်ရေးနည်းလမ်း နှစ်ခုလုံးသည် မမှန်ကန်ပေ။ ယခုတွင် ငါတို့ အစောပိုင်းက ဆွေးနွေးခဲ့သည့် မိမိ၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို မဖြည့်ဆည်းနိုင်ခြင်းမှတစ်ဆင့် ဖြစ်ပေါ်သော ဖိနှိပ်ချုပ်ချယ်မှုခံရသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ပြန်ဆွေးနွေးကြစို့။ အကြောင်းတရား၊ ပတ်ဝန်းကျင်၊ သို့မဟုတ် အချိန်ကာလက မည်သို့ရှိသည်ဖြစ်စေ၊ မည်သည့်အလုပ်မျိုးကို ၎င်းတို့ ပါဝင်ဆောင်ရွက်သည်ဖြစ်စေ အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင် စံသတ်မှတ်ချက်များ၊ လိုအင်ဆန္ဒများ အမှန်တကယ် ဖြစ်ပေါ်ခြင်း ပန်းတိုင်ကို ဗဟိုပြုပြီး ၎င်းတို့၏ စံနှုန်းအဖြစ် သတ်မှတ်သည်။ ၎င်းတို့သည် ဤရည်ရွယ်ချက်ကို အမှန်တကယ် ဖြစ်ပေါ်အောင် မလုပ်နိုင်လျှင်၊ သို့မဟုတ် မပြီးမြောက်နိုင်လျှင် ၎င်းတို့သည် ဖိနှိပ်ချုပ်ချယ်ခံရသကဲ့သို့ ခံစားရပြီး ဝမ်းနည်းကြသည်။ ဤသည်မှာလည်း လူအမျိုးအစားတစ်ခု၏ ရှင်သန်ရေးနည်းလမ်းတစ်ခု မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာလည်း အချို့သောလူများအတွက် ရှင်သန်ရေးနည်းလမ်းတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ဤရှင်သန်ရေးနည်းလမ်းအားဖြင့် နေထိုင်သောသူများ၏ အဓိကအတွေး၊ သို့မဟုတ် အမြင်ရှုထောင့်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့တွင် စံသတ်မှတ်ချက်များ၊ လိုအင်န္ဒများရှိသရွေ့ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ဆန္ဒများ အမှန်တကယ် ဖြစ်ပေါ်လာစေရန် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရှင်သန်ရေးနည်းလမ်းနှင့် ပန်းတိုင်ဖြစ်သည်။ သူတစ်ပါးတို့ ပေးဆပ်ရသည့် အဖိုးအခ၊ သို့မဟုတ် သူတစ်ပါးတို့ လုပ်ဆောင်ရသည့် စွန့်လွှတ်အနစ်နာခံမှုများက မည်သို့ရှိသည်ဖြစ်စေ၊ လူမည်မျှက ဝန်ထုပ်ဝန်ပိုးကို ထမ်းရွက်ရသည်ဖြစ်စေ၊ ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအတွက် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်အနစ်နာခံရသည်ဖြစ်စေ ၎င်းတို့သည် အရှုံးပေးခြင်းမရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ဆန္ဒများ အမှန်တကယ် ဖြစ်ပေါ်လာစေရန် ပန်းတိုင်ကို လိုက်စားလိမ့်မည်။ ၎င်းတို့သည် တွန့်ဆုတ်ခြင်းမရှိဘဲ သူတစ်ပါးတို့၏ ပခုံးကို ချနင်းရန်၊ သို့မဟုတ် သူတစ်ပါးတို့၏ အကျိုးစီးပွားများကို စတေးရန်ပင် လိုလားကြသည်။ ဤပန်းတိုင်ကို ၎င်းတို့ မရရှိနိုင်လျှင် ဖိနှိပ်ချုပ်ချယ်မှုကို ၎င်းတို့ ခံစားရသည်။ ဤသို့သော အတွေးအမြင်မျိုးက မှန်ကန်သလော။ (မမှန်ကန်ပါ။) မည်သို့ မှားယွင်းသနည်း။ (အလွန်တစ်ကိုယ်ကောင်းဆန်လွန်းသည်။) “တစ်ကိုယ်ကောင်းဆန်ခြင်း” ဆိုသည့် ဝေါဟာရသည် အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလော။ (အပျက်သဘောဆောင်သည်။) ယင်းသည် အပျက်သဘောဆောင်ပြီး ကောင်းကျိုးမပြုသောအရာဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို အခြေခံပြီး ယင်းကို ဖြေရှင်းရမည်။

မိမိ၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို မဖြည့်ဆည်းနိုင်ခြင်းမှ ဖြစ်ပေါ်သည့် ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များကို မည်သို့ ဖြေရှင်းသင့်သနည်း။ လူတို့တွင်ရှိသော စံသတ်မှတ်ချက်နှင့် ဆန္ဒအမျိုးမျိုးကို ဦးစွာ ကြည့်ရှုစစ်ဆေးကြည့်ကြစို့။ ငါတို့၏ မိတ်သဟာယကို ထိုနေရာမှ စကြပါစို့။ (ကောင်းပါပြီ။) ငါတို့၏ မိတ်သဟာယကို လူတို့တွင်ရှိသော စံသတ်မှတ်ချက်များနှင့် ဆန္ဒများမှစတင်ခြင်းသည် လူတို့အတွက် နားလည်ပြီး ရှင်းလင်းစွာ စဉ်းစားတွေးတောရန် ပို၍ လွယ်ကူစေသည်။ ထို့ကြောင့် လူတို့တွင်ရှိသော စံသတ်မှတ်ချက်များ၊ ဆန္ဒများကို စတင်ကြည့်ကြစို့။ အချို့သော စံသတ်မှတ်ချက်များနှင့် ဆန္ဒများမှာ လက်တွေ့ကျပြီး အချို့မှာမူ လက်တွေ့မကျပေ။ လူအချို့တွင် စိတ်ကူးယဉ်ဆန်သော စံသတ်မှတ်ချက်များရှိပြီး အချို့တွင် လက်တွေ့ကျသော စံသတ်မှတ်ချက်များရှိသည်။ စိတ်ကူးယဉ်ဆန်သူများ၏ စံသတ်မှတ်ချက်များကို ငါတို့ ဦးစွာ မိတ်သဟာယပြုသင့်သလော၊ သို့မဟုတ် လက်တွေ့ကျသူများ၏ စံသတ်မှတ်ချက်များကို ငါတို့ ဦးစွာ မိတ်သဟာယပြုသင့်သလော။ (လက်တွေ့ကျသူများ၏ စံသတ်မှတ်ချက်များကို ဦးစွာ မိတ်သဟာယပြုသင့်သည်။) လက်တွေ့ကျသူများ၏ စံသတ်မှတ်ချက်များကို ဦးစွာ မိတ်သဟာယ ပြုသင့်သည်။ လက်တွေ့မကျသော စံသတ်မှတ်ချက်များအတွက် အဘယ်သို့ ပြုလုပ်မည်နည်း။ ယင်းတို့ကို ငါတို့ မိတ်သဟာယပြုသင့်သလော၊ မပြုသင့်သလော။ မိတ်သဟာယမပြုလျှင် ယင်းတို့ကို လူတို့ သတိပြုမိမည်လော။ (သတိပြုမိမည်မဟုတ်ပါ။) လူတို့သည် ယင်းတို့ကို မိတ်သဟာယမဖွဲ့ဘဲ သတိပြုမိမည်မဟုတ်လျှင် ယင်းတို့ကို အမှန်ပင် မိတ်သဟာယဖွဲ့ဖို့ လိုအပ်သည်။ လူတို့သည် မိတ်သဟာယဖွဲ့ခြင်းမရှိလျှင်ပင် လက်တွေ့ကျသူများ၏ စံသတ်မှတ်ချက်များကို မကြာခဏ သိမြင်တတ်သည်။ ဤအရာများသည် လူတိုင်း၏ အတွေးနှင့် အသိစိတ်တွင် တည်ရှိသည်။ အချို့သော စံသတ်မှတ်ချက်များနှင့် ဆန္ဒများသည် အမှန်တကယ် ဖြစ်ပေါ်လာသည်ဖြစ်စေ၊ မဖြစ်ပေါ်လာသည်ဖြစ်စေ ကလေးဘဝမှ လူကြီးဘဝအထိ မပြောင်းလဲဘဲ ကျန်ရှိနေပြီး အချို့မှာမူ အသက်အရွယ်နှင့်အမျှ ပြောင်းလဲသွားသည်။ လူတို့သည် အသက်ကြီးလာပြီး ၎င်းတို့၏ အသိပညာ၊ အမြင်ရှုထောင့်၊ အတွေ့အကြုံတို့ ကျယ်ပြန့်လာသည်နှင့်အမျှ ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများက စဉ်ဆက်မပြတ် ပြောင်းလဲသည်။ ၎င်းတို့သည် ပို၍ လက်တွေ့ကျလာသည်။ လက်တွေ့ဘဝနှင့် ပို၍ နီးစပ်လာသည်။ ပို၍ အသေးစိတ်လာသည်။ ဥပမာ လူအချို့သည် ငယ်ရွယ်သောအချိန်တွင် အဆိုတော်ဖြစ်ချင်ကြသည်။ သို့သော် အသက်ကြီးလာသောအခါ ၎င်းတို့သည် တီးလုံးနှင့် လိုက်ဖက်အောင် မသီဆိုနိုင်သည်ကို သဘောပေါက်လာသည်။ ထို့ကြောင့် အဆိုတော် ဖြစ်ခြင်းသည် လက်တွေ့မကျပေ။ ထို့နောက် ၎င်းတို့သည် သရုပ်ဆောင်တစ်ယောက်ဖြစ်ရန် စဉ်းစားကြသည်။ နှစ်အနည်းငယ် ကြာပြီးနောက်တွင် ၎င်းတို့သည် မှန်ကိုကြည့်ပြီး ၎င်းတို့သည် ထိုမျှ ဆွဲဆောင်မှုမရှိသည်ကို သဘောပေါက်လာကြသည်။ ၎င်းတို့သည် အနည်းငယ် အရပ်ရှည်သော်လည်း သရုပ်ဆောင်ခြင်း၌ မကျွမ်းကျင်ပေ။ ၎င်းတို့၏ အမူအရာသည် ထိုမျှသဘာဝကျသည့် ပုံစံမရှိပေ။ သရုပ်ဆောင်ဖြစ်ခြင်းသည်လည်း လက်တွေ့မကျပေ။ ထို့ကြောင့် ဒါရိုက်တာဖြစ်ရန် စဉ်းစားကြသည်။ ဤသို့ဆိုလျှင် သရုပ်ဆောင်များအတွက် ရုပ်ရှင်ရိုက်နိုင်မည်။ ၎င်းတို့သည် အသက်နှစ်ဆယ်ပိုင်းသို့ရောက်လာပြီး ကောလိပ်တွင် အဓိကဘာသာရပ်တစ်ခုကို ရွေးချယ်ရသောအခါ ၎င်းတို့၏ စံသတ်မှတ်ချက်သည် ဒါရိုက်တာဖြစ်ခြင်းသို့ ပြောင်းလဲသွားသည်။ ဘွဲ့ရပြီးနောက်တွင် ၎င်းတို့၏ ဒါရိုက်တာဒီပလိုမာကိုရရှိပြီး လက်တွေ့လောကထဲသို့ ဝင်ရောက်သောအခါ၌ ဒါရိုက်တာဖြစ်ခြင်းတွင် ကျော်ကြားမှုနှင့် ဂုဏ်လိုအပ်သည်ကိုလည်းကောင်း၊ အရည်အချင်းများ လိုအပ်သည်ကိုလည်းကောင်း၊ ငွေကြေးအရင်းအမြစ်များလည်း လိုအပ်ပြီး အချက်တိုင်းတွင် ၎င်းတို့က အားနည်းသည်ကိုလည်းကောင်း သဘောပေါက်သွားကြသည်။ မည်သူကမျှ ၎င်းတို့ကို ဒါရိုက်တာအဖြစ် ငှားရမ်းမည်မဟုတ်။ ထို့ကြောင့် ၎င်းတို့သည် ရုပ်ရှင်လောကတွင် ကိုယ်မျှော်လင့်ထားသည်ထက် ပို၍နိမ့်သောအရာကို လက်ခံပြီး လမ်းကြောင်းရှာရသည်။ ဇာတ်ညွှန်းကြီးကြပ်သူ၊ သို့မဟုတ် ထုတ်လုပ်ရေးစီစဉ်သူ ဖြစ်ကောင်းဖြစ်နိုင်သည်။ အချိန်ကြာလာသောအခါ ၎င်းတို့သည် “ထုတ်လုပ်သူတစ်ယောက် လုပ်ခြင်းက ငါ့အတွက် သင့်တော်နိုင်သည်၊ အလုပ်ရှုပ်ပြီး ပိုက်ဆံရှာရသည်ကို ငါ နှစ်သက်သည်၊ စကားကောင်းစွာ ပြောဆိုနိုင်သည်၊ ငါသည် အတော်အတန် ကြည့်ကောင်းသောသူဖြစ်သည်၊ လူတို့က ငါ့အား စိတ်တိုစရာအဖြစ် မမြင်ပေ၊ ငါသည် သူတစ်ပါးတို့နှင့် ကောင်းစွာ ဆက်ဆံနိုင်ပြီး ၎င်းတို့၏ မျက်နှာသာပေးမှုကို ရရှိနိုင်သည်၊ ထုတ်လုပ်ရေးက ငါ့အတွက် ကောင်းစွာ သင့်တော်သောအရာ ဖြစ်ကောင်းဖြစ်နိုင်သည်” ဟူ၍ စဉ်းစားသည်။ ကြည့်လော့။ ၎င်းတို့၏ စံသတ်မှတ်ချက်က တဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ အဘယ်ကြောင့် ပြောင်းလဲသနည်း။ အစပိုင်းတွင် ၎င်းတို့၏ အတွေးများက ဖြည်းဖြည်းချင်း ရင့်ကျက်သွားသောကြောင့်၊ အမှုအရာများအပေါ် ၎င်းတို့၏ သိမြင်နားလည်မှုက ပို၍ တိကျလာသောကြောင့်၊ ပို၍ အရှိအတိုင်းဖြစ်လာပြီး လက်တွေ့ကျလာသောကြောင့် ပြောင်းလဲခြင်းဖြစ်သည်။ ထို့နောက်တွင် လက်တွေ့ဘဝတွင် နေထိုင်လျက်ဖြင့် ၎င်းတို့၏ လက်တွေ့ဘဝ ပတ်ဝန်းကျင်နှင့် ဘဝ၏ လက်တွေ့လိုအပ်ချက်များ၊ ဖိအားများကို အခြေခံပြီး ၎င်းတို့၏ ယခင်က စံသတ်မှတ်ချက်များသည် ထိုပတ်ဝန်းကျင်ကြောင့် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ လမ်းဆုံးရောက်သောအခါတွင် ၎င်းတို့သည် ဒါရိုက်တာ မဖြစ်နိုင်ဘဲ ထိုအစား ထုတ်လုပ်သူဖြစ်ရန် ရွေးချယ်ကြသည်။ သို့သော် ထုတ်လုပ်သူဖြစ်ခြင်းသည် တကယ်တမ်းတွင် ၎င်းတို့၏ စံသတ်မှတ်ချက်များကို အမှန်တကယ် ဖြစ်ပေါ်စေသလော၊ ဖြစ်မပေါ်စေသလော။ ၎င်းတို့သည် မိမိတို့ဘာသာ လုံးဝ အဖြေမရှာနိုင်ပေ။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် စတင်ပြီးသည်နှင့် ဆယ်နှစ်ကြာ၊ သို့မဟုတ် အငြိမ်းစားယူသည်အထိပင် လုပ်ဆောင်ကြသည်။ ဤသည်မှာ လက်တွေ့ကျသူများ၏ စံသတ်မှတ်ချက်များအား အကြမ်းဖျဉ်း ခြုံငုံသုံးသပ်ချက်ဖြစ်သည်။

လူတို့၏ စံသတ်မှတ်ချက်များကို စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်နှင့် လက်တွေ့ကျသူများ၏ စံသတ်မှတ်ချက်ဟူ၍ ဤအမျိုးအစားနှစ်ခုအဖြစ် ခွဲခြားနိုင်ပုံကို ငါတို့ ယခုဆွေးနွေးခဲ့ကြသည်။ စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်များကို စတင်ပြောကြစို့။ လက်တွေ့ကျသူများ၏ စံသတ်မှတ်ချက်များကို ခွဲခြားသိမြင်ရန် လွယ်ကူသင့်သည်။ တစ်ဖက်တွင် စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်သည် အလွန်ခိုင်လုံခြင်းမရှိဘဲ လက်တွေ့ဘဝနှင့် အတော်အတန် ဝေးကွာသည်။ ၎င်းတို့သည် လူသား၏ ရှင်သန်ရေးတွင်ပါဝင်သော နေ့စဉ်မရှိမဖြစ် လိုအပ်သောအရာများကဲ့သို့သော လက်တွေ့ကျသော အမှုကိစ္စများဖြင့်လည်း အလွန်ပင်အလှမ်းဝေးသည်။ ဤစံသတ်မှတ်ချက်များသည် ခိုင်လုံသော အယူအဆများရှိသော်လည်း တိကျသော အခြေချသည့်နေရာမရှိပေ။ ဤစံသတ်မှတ်ချက်များနှင့် ဆန္ဒများသည် စိတ်ကူးယဉ်များဖြစ်သည်၊ အတော်အတန်ပင် အနှစ်မဲ့ပြီး လူသားသဘာဝဖြင့် အဆက်ပြတ်နေသည်ဟု ဆိုနိုင်သည်။ အချို့ကို စိတ်ကူးသက်သက်အဖြစ် သတ်မှတ်နိုင်ပြီး အချို့မှာ တစ်ပိုင်းတစ်စ ဖြစ်နေသော ပင်ကိုစရိုက်မှ ဖြစ်ပေါ်သော စံသတ်မှတ်ချက်များနှင့် ဆန္ဒများပင်ဖြစ်သည်။ စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်များမှာ အဘယ်နည်း။ စိတ်ကူးယဉ်ဝါဒသည် နားလည်ရန် လွယ်ကူသင့်သည်။ ယင်းသည် စိတ်ကူးအိပ်မက်၊ စိတ်ကူးယဉ်ဖြစ်သည်။ လက်တွေ့ဘဝရှိ နေ့စဉ်မရှိမဖြစ်လိုအပ်ချက်များနှင့်သက်ဆိုင်သော လက်တွေ့အမှုကိစ္စများနှင့် မသက်ဆိုင်ပေ။ ဥပမာ ကဗျာဆရာတစ်ယောက် ဖြစ်ခြင်း၊ နာမည်ကျော်ကဗျာဆရာတစ်ယောက်ဖြစ်ခြင်း၊ ကမ္ဘာမြေပေါ်တွင် လှည့်လည်သွားလာခြင်း၊ သို့မဟုတ် ဓါးသမားဖြစ်ခြင်း၊ လှည့်လည်သွားလာသော သူရဲကောင်းဖြစ်ခြင်း၊ ကမ္ဘာမြေပေါ်တွင်လည်း လှည့်လည်သွားလာခြင်း၊ အိမ်ထောင်မပြုဘဲ၊ သားသမီးမရှိဘဲ နေခြင်း၊ ဘဝ၏ အသေးအဖွဲကိစ္စများ၏ ချည်နှောင်မှုမှ ကင်းလွတ်ခြင်း၊ နေ့စဉ် မရှိမဖြစ် လိုအပ်ချက်များအား စိုးရိမ်မှု မရှိခြင်း၊ လွယ်ကူသက်သာစွာ နေထိုင်ခြင်း၊ ဟိုဟိုသည်သည်သို့ လွင့်မျောခြင်း၊ အစဉ်သဖြင့် ထာဝရရှင်သန်ပြီး လက်တွေ့ဘဝမှ လွတ်မြောက်ရန် ဆန္ဒပြင်းပြခြင်းတို့ဖြစ်သည်။ ဤသည်မှာ စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်ဖြစ်သလော။ (ဖြစ်သည်။) သင်တို့ထဲရှိ တစ်ယောက်ယောက်တွင် ဤသို့သော အတွေးများရှိသလော။ (မရှိပါ။) တရုတ်နိုင်ငံ၏ အတိတ်ရှိ မူးယစ်ပြီး ကဗျာရေးသော ထိုနာမည်ကြီးသော ကဗျာဆရာများဆိုလျှင် အဘယ်သို့နည်း။ ၎င်းတို့သည် စိတ်ကူးယဉ်သမားများဖြစ်သလော၊ လက်တွေ့ကျသူများဖြစ်သလော။ (စိတ်ကူးယဉ်သမားများဖြစ်သည်။) ၎င်းတို့ ထောက်ခံအားပေးသည့် အယူအဆများသည် စိတ်ကူးယဉ်သမားများ၏ စိတ်ကူးယဉ်များ၊ စိတ်ကူးအိပ်မက်များဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ဟိုဟိုသည်သည် လွင့်မျောနေကြပြီး မရေရာသော၊ သေချာမှုမရှိသော ဝေါဟာရများဖြင့် ပြောဆိုသည်။ ကမ္ဘာသည် မည်မျှ ငြိမ်းချမ်းသည်၊ လူသားမျိုးနွယ်သည် မည်မျှ ငြိမ်းချမ်းနိုင်သည်၊ လူတို့သည် မည်သို့ သဟဇာတဖြစ်စွာ ယှဉ်တွဲနေထိုင်နိုင်သည်ဆိုသည်တို့ကို စိတ်ကူးကြသည်။ ၎င်းတို့သည် သာမန်လူ့သဘာဝ၏ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ဘဝ၏ မရှိမဖြစ်လိုအပ်ချက်များမှ မိမိတို့ကိုယ်ကို အဆက်ဖြတ်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤလက်တွေ့ဘဝ ပြဿနာများမှ အဆက်ဖြတ်ကြပြီး လက်တွေ့နှင့် လုံးဝ အဆက်ပြတ်နေသော စိတ်ကူးယဉ်ဖြစ်သော၊ သို့မဟုတ် စိတ်ကူးသက်သက်ဖြစ်သော နယ်ပယ်ကို စိတ်ကူးတွေးတောကြသည်။ ၎င်းတို့သည် ထိုနယ်ပယ်အတွင်းတွင်ရှိပြီး ထိုနေရာတွင် နေထိုင်သောသူများအဖြစ် မိမိတို့ကိုယ်ကို ပုံဖော်ကြသည်။ ဤသည်မှာ စိတ်ကူးယဉ်သမား၏ စံသတ်မှတ်ချက်မဟုတ်လော။ ရှေးယခင်က ကဗျာတစ်ပုဒ်ရှိသည်။ ကဗျာစာကြောင်းတစ်ခုမှာ “ကျွန်ုပ်သည် လေဟုန်စီးပြီး အိမ်သို့ ပျံသန်းသွားချင်သည်” ဟူ၍ ဖြစ်သည်။ ထိုကဗျာ၏ ခေါင်းစဉ်မှာ အဘယ်နည်း။ (“ရေသံစဉ်” ဖြစ်သည်။) ထိုကဗျာ၏ စာသားများကို ဖတ်လော့။ (“ကျွန်ုပ်သည် လေဟုန်စီးပြီး အိမ်သို့ ပျံသန်းသွားချင်သည်။ ကျောက်စိမ်းနန်းတော်က အလွန်မြင့်သောကြောင့် ကောင်းကင်တွင် အလွန်အေးနေသဖြင့် ကျွန်ုပ်စိုးရွံ့မိသည်။ ကျွန်ုပ်၏ အရိပ်ဖြင့် ကခုန်လျက် သေမျိုးတို့၏ အနှောင်အဖွဲ့ကို ကျွန်ုပ်မခံစားရတော့ပါ။”) “ကျွန်ုပ်၏ အရိပ်ဖြင့် ကခုန်လျက် သေမျိုးတို့၏ အနှောင်အဖွဲ့ကို ကျွန်ုပ်မခံစားရတော့ပါ” ဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ဤစာကြောင်းနှစ်ခုသည် မရရှိနိုင်သော၊ သို့မဟုတ် အမှန်တကယ် မဖြစ်လာနိုင်သော စံသတ်မှတ်ချက်များရှိသည့် စိတ်ကူးယဉ်သမားတစ်ယောက်၏ ဖိနှိပ်ချုပ်ချယ်မှုခံရသော၊ မကျေမနပ်ဖြစ်သော စိတ်ခံစားချက်များကို ဖော်ပြသလော။ ယင်းတို့သည် ဤဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်အောက်၌ ဖော်ပြသော အရာတစ်ခုဖြစ်သလော။ ဤအရာ၏ အဓိကအချက်မှာ အဘယ်နည်း။ ထိုအချိန်၌ သူရောက်ရှိနေသော ပတ်ဝန်းကျင်နှင့် နောက်ခံကို မည်သည့်စာကြောင်းက ညွှန်ပြနေသနည်း။ “ကောင်းကင်တွင် အလွန်အေးနေသဖြင့် ကျွန်ုပ်စိုးရွံ့မိသည်” ဆိုသည့် စာကြောင်းဖြစ်သလော။ (ဟုတ်သည်။) သူသည် ဖောက်ပြန်ပျက်စီးသော နေရာတစ်ခု ဖြစ်သည့် အရာရှိလောက၏ မှောင်မိုက်ဆိုးယုတ်မှုကို ဖော်ထုတ်နေခြင်းဖြစ်သည်။ သူသည် ထာဝရရှင်သန်သောသူတစ်ယောက်ဖြစ်လိုသည်။ ဤသို့သော ပတ်ဝန်းကျင်နှင့် အခြေအနေမှ လွတ်မြောက်လိုသည်။ အရာရှိတစ်ယောက်အဖြစ်မှ ရိုးရှင်းစွာ နုတ်ထွက်လိုက်ခြင်းက သူ့အတွက် လုံလောက်မည်မဟုတ်သလော။ ဤပတ်ဝန်းကျင်ကို သူ ပြောင်းလဲလိုခြင်း ဖြစ်သလော။ သူသည် ဤသို့သော ပတ်ဝန်းကျင်ကို ကျေနပ်မှုမရှိဘဲ သူပုံဖော်သည့် စိတ်ကူးယဉ်ဘဝ၏ ပတ်ဝန်းကျင်နှင့် မကိုက်ညီသကဲ့သို့ ခံစားရသည်။ စိတ်အတွင်းထဲတွင် ဖိနှိပ်ချုပ်ချယ်ခံရမှုကို ခံစားရသည်။ ဤသည်မှာ စိတ်ကူးယဉ်သမားတစ်ယောက်၏ စံသတ်မှတ်ချက် အမျိုးအစားတစ်ခုဖြစ်သည်။ စိတ်ကူးယဉ်သမား၏ စံသတ်မှတ်ချက်များသည် အများအားဖြင့် စိတ်ကူးယဉ်ဆန်သောအရာများသို့ ဦးတည်လေ့ရှိသည်။ ယင်းတို့သည် လက်တွေ့မကျဘဲ စိတ်ကူးသက်သက် ဖြစ်သည်။ လက်တွေ့ဘဝနှင့် အဆက်ပြတ်သည်။ ယင်းမှာ ၎င်းတို့သည် ရုပ်ဝတ္ထုနယ်ပယ်၏ ပြင်ပတွင်ရှိသော အခြားကမ္ဘာတစ်ခုတွင်၊ အမှီအခိုကင်းသော၊ သီးသန့်ဖြစ်သောနေရာတွင် နေထိုင်နေသကဲ့သို့ဖြစ်ပြီး စိတ်ကူးယဉ်မှုများထဲတွင် မွေ့လျော်ပြီး လက်တွေ့အရှိတရားဖြင့် အဆက်ပြတ်နေသည်။ ခေတ်ပေါ် လူ့အဖွဲ့အစည်းတွင် နေထိုင်သော လူအချို့ကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် ရှေးအဝတ်အစားများကို ဝတ်ဆင်လိုသည်။ ၎င်းတို့၏ ဆံပင်ကို ရှေးပုံစံဖြင့် ပုံဖော်သည်။ ရှေးဘာသာစကားဖြင့် ပြောဆိုသည်။ ၎င်းတို့က “အို ဤသို့သောဘဝမျိုးသည် အလွန်ကောင်းလှသည်၊ ထာဝရရှင်သန်နေသူ တစ်ယောက်ကဲ့သို့ဖြစ်သည်၊ လွင့်မျောပြီး လှည့်လည်သွားလာသည်၊ ရုပ်ခန္ဓာ၏ ဒုက္ခများမှ ကင်းလွတ်သည်၊ လက်တွေ့ဘဝ၏ ဆင်းရဲဒုက္ခအမျိုးမျိုးမှ ကင်းလွတ်သည်၊ ဤသို့သော နေထိုင်ရာပတ်ဝန်းကျင်မျိုးတွင် ဖိနှိပ်မှုမရှိ၊ အသုံးချမှုမရှိ၊ စိုးရိမ်ပူပင်မှုမရှိ၊ လူတို့သည် တန်းတူညီမျှသည်၊ တစ်ယောက်နှင့် တစ်ယောက်ကူညီပြီး သဟဇာတဖြစ်စွာ နေထိုင်ကြသည်။ ထိုအကောင်းဆုံးသော နေထိုင်ရာ အခြေအနေများသည် မည်မျှလှပပြီး တပ်မက်ဖွယ်ရှိသနည်း” ဟူ၍ တွေးကြသည်။ မယုံကြည်သူများကြားတွင် ဤအရာများနောက်သို့ လိုက်သောသူအချို့ရှိသည်။ လူအချို့သည် ဆင်တူသော သီချင်းများကို သီဆိုကြသည်၊ သို့မဟုတ် ဆင်တူသော ကဗျာများကို ရေးကြသည်၊ သို့မဟုတ် ဆင်တူသော တင်ဆက်မှုများကို ပြုလုပ်ကြသည်။ ရလဒ်အနေဖြင့် လူတို့သည် စိတ်ကူးယဉ်သမားများက အိပ်မက်မက်သည့် ထိုအခြားကမ္ဘာကို ပို၍ပင် တောင့်တကြသည်။ လူအချို့က ဤသီချင်းများကို သီဆိုသောအခါ၊ သို့မဟုတ် ဤသို့ ပြသတင်ဆက်ကြသောအခါ ၎င်းတို့ သီဆိုလေလေ၊ ၎င်းတို့၏ စိတ်အခြေအနေက ညှိုးငယ်လေလေ၊ စိတ်ကူးယဉ်ကမ္ဘာကို တောင့်တပြီး ဖက်တွယ်လေလေဖြစ်သည်။ အဆုံးတွင် မည်သို့ ဖြစ်ပျက်သနည်း။ လူအချို့သည် အချိန်ကြာစွာ သီဆိုပြီးနောက်တွင် ၎င်းတို့၏ စိုးရိမ်ပူပင်မှုများမှ မလွတ်မြောက်နိုင်ဟု ခံစားကြရသည်။ မည်မျှ သီဆိုပါစေ လူသားကမ္ဘာ၏ နွေးထွေးမှုကို ၎င်းတို့ မခံစားနိုင်သေးပေ။ မည်မျှ သီဆိုပါစေ ၎င်းတို့ စိတ်ကူးယဉ်ဝါဒက မြင်ယောင်သည့် နယ်ပယ်က ပိုကောင်းသည်ဟု ခံစားရဆဲဖြစ်သည်။ ၎င်းတို့သည် ကမ္ဘာလောကကို စိတ်ပျက်လာသည်။ ဤလူသားနယ်ပယ်တွင် အသက်မရှင်လိုတော့ပေ။ နောက်ဆုံးတွင် ထိုစိတ်ကူးယဉ်ကမ္ဘာသို့ ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းဖြင့် သွားရန် ခိုင်မာစွာ ဆုံးဖြတ်ချက်ချကြသည်။ အချို့မှာ အဆိပ်သောက်သည်။ အချို့မှာ အဆောက်အဦးပေါ်မှ ခုန်ချသည်။ အချို့မှာ ၎င်းတို့၏ ဘောင်းဘီဖြင့် မိမိတို့၏ လည်ပင်းကို ညှစ်ကြသည်။ အချို့မှာ ဘုန်းကြီးဖြစ်လာပြီး ဘာသာရေးအကျင့်ကို လိုက်စားကြသည်။ ၎င်းတို့၏ စကားအရ ၎င်းတို့သည် လောကီသံယောဇဉ်များအပေါ် ထင်ယောင်ထင်မှားဖြစ်ခြင်းကို ထိုးထွင်မြင်ပြီးဖြစ်ကြသည်။ အမှန်တကယ်တွင် ကမ္ဘာလောကအား ၎င်းတို့ စိတ်ပျက်ခြင်းကို ဖြေရှင်းရန်အတွက် ဤသို့သော အစွန်းရောက်သည့် လုပ်ဆောင်မှုများ၊ နည်းလမ်းများကို ကျင့်သုံးဖို့ မလိုပေ။ ဤသို့သော ပြဿနာများ၊ အခက်အခဲများကို ကိုင်တွယ်ရန် နည်းလမ်းများစွာရှိသည်။ သို့သော် ဤပြဿနာများ၏ ဖုံးကွယ်နေသော အနှစ်သာရကို ၎င်းတို့ မသိမြင်နိုင်သောကြောင့် အဆုံးတွင် ၎င်းတို့၏ စံသတ်မှတ်ချက်များ အမှန်တကယ် ဖြစ်လာစေဖို့ ရည်ရွယ်ချက် အောင်မြင်ရန်အတွက် ဤအခက်အခဲများကို ကိုင်တွယ်ပြီး ယင်းတို့မှ လွတ်မြောက်ရန် အစွန်းရောက်နည်းလမ်းများကို ရွေးချယ်ကြသည်။ ဤသည်မှာ မယုံကြည်သူများနှင့် ၎င်းတို့၏ ပြဿနာများကြားတွင် နေထိုင်သော စိတ်ကူးယဉ်သမားအချို့ကို ကိုယ်စားပြုသည်။

ဘုရားအိမ်တော်တွင်၊ အသင်းတော်တွင် ဆင်တူသော စံသတ်မှတ်ချက်များ ရှိသည့်သူများရှိသလော။ အသေအချာပင်ရှိသည်။ ထိုသူတို့ကို သင်တို့ မတွေ့ရှိသေးခြင်းသာဖြစ်သည်။ ထို့ကြောင့် ထိုသူတို့အကြောင်းကို သင်တို့အား ငါပြောမည်။ လောကီ၌ရှိနေစဉ်တွင် မယုံကြည်သူများကြားရှိ စိတ်ကူးယဉ်သမားများကဲ့သို့ ငြိမ်းချမ်းခြင်း၊ သဟဇာတဖြစ်ခြင်း၊ ငြိမ်သက်အေးချမ်းခြင်း၊ အားလုံးအတွက် တန်းတူညီမျှမှု ရှိခြင်းဖြစ်သည့် အကောင်းဆုံးလူ့အဖွဲ့အစည်းတစ်ခုကို တောင့်တသော ပုဂ္ဂိုလ်များရှိသည်။ ဤအကောင်းဆုံးသော လူ့အဖွဲ့အစည်းသည် ကဗျာဆရာ၊ သို့မဟုတ် စာရေးဆရာအချို့က သရုပ်ဖော်ပြသော စိတ်ကူးယဉ်ကမ္ဘာကဲ့သို့ ဖြစ်သည်။ သို့သော် ယင်းသည် လူတို့၏ အကောင်းဆုံးသော ကမ္ဘာအတွင်းတွင် တည်ရှိသော နေရာများ၊ ဘဝနေနည်း၊ သို့မဟုတ် နေထိုင်ရာ ပတ်ဝန်းကျင်အချို့ကဲ့သို့ ပို၍ ဖြစ်လေ့ရှိသည်မှာ ပြောစရာမလိုပေ။ ဤသို့သော လိုအပ်ချက်များ၊ စံသတ်မှတ်ချက်များ၏ တွန်းအားပေးခြင်းခံရသော ဤလူတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များကို လက်တွေ့အကောင်အထည် ဖော်ရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်ယုံကြည်မှုကို မသိစိတ်မှနေ၍ ရှာဖွေကြသည်။ ရှာဖွေစဉ်တွင် ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းမွန်သော လမ်းကြောင်းဖြစ်ပြီး ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ကောင်းသော ရွေးချယ်မှုတစ်ခုဖြစ်သည်ကို ၎င်းတို့ ရှာဖွေတွေ့ရှိကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များကို သယ်ဆောင်လာပြီး လူတို့ကြားတွင် နွေးထွေးမှု၊ ဂရုစိုက်မှု၊ တန်ဖိုးထားခံရမှု၊ ကြည့်ရှုစောင့်ရှောက်ခြင်းခံရမှုတို့ကို ကြုံတွေ့ရဖို့ မျှော်လင့်လျက် ဘုရားအိမ်တော်သို့ ဝင်လာကြသည်။ ပြီးလျှင် ဘုရားသခင်၏ ကြီးမြတ်သော ချစ်ခြင်းနှင့် ကွယ်ကာခြင်းကို ခံစားရရန် ပို၍ပင် မျှော်လင့်ကြသည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ဘုရားအိမ်တော်သို့ ဝင်လာကြသည်။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းသည်ဖြစ်စေ၊ မဖြည့်ဆည်းသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ၎င်းတို့၏ စံသတ်မှတ်ချက်များက မပြောင်းမလဲဘဲ ကျန်ရှိနေသည်။ ၎င်းတို့စိတ်အတွင်းတွင် ၎င်းတို့၏ စံသတ်မှတ်ချက်များကို အစဉ်သဖြင့် သယ်ဆောင်ပြီး ကိုင်စွဲထားကြသည်။ အစမှ အဆုံးအထိ ၎င်းတို့၏ စံသတ်မှတ်ချက်များကို အောက်ပါအတိုင်း ဖော်ပြနိုင်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ဝင်ရာတွင် ထိုနေရာသည် နွေးထွေးမှုကို ၎င်းတို့ ခံစားနိုင်သော၊ နွေးထွေးမှု၊ ပျော်ရွှင်မှုနှင့် ပျော်ရွှင်သုခတို့ကို မွေ့လျော်နိုင်သော နေရာတစ်ခုဖြစ်ဖို့ မျှော်လင့်ကြသည်။ ပဋိပက္ခ၊ သံသယဖြစ်ခြင်း၊ သို့မဟုတ် လူတို့ကြားတွင် ခွဲခြားဆက်ဆံခံရခြင်းတို့ မရှိသောနေရာ၊ လူတို့ကြားတွင် ဖြစ်ပျက်သော အနိုင်ကျင့်ခြင်း၊ လှည့်စားခြင်း၊ ထိခိုက်ခံရခြင်း၊ သို့မဟုတ် ဖယ်ကြဉ်ခံရခြင်းတို့ မရှိသော နေရာတစ်ခုဖြစ်ဖို့ မျှော်လင့်ကြသည်။ ဤအရာတို့သည် အခြေခံအားဖြင့် ဤသို့သော စိတ်ကူးယဉ်သမားများ၏ စိတ်တွင် တွေ့ရှိနိုင်သော စံသတ်မှတ်ချက်များဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် အချင်းချင်း စက်ပစ္စည်းများကဲ့သို့ ဆက်ဆံသော၊ အသက်ဝင်မှုနှင့် အတွေးအခေါ်တစ်ခုခု ကင်းမဲ့သော၊ ၎င်းတို့ တွေ့ဆုံသောအခါ ခင်မင်ရင်းနှီးမှုကို ပြရန်၊ ရန်လိုမှု မရှိသည်ကိုပြရန် စက်ရုပ်ကဲ့သို့ ပြုံးခြင်း၊ ခေါင်းညိတ်ခြင်း၊ ဦးညွှတ်ခြင်းတို့ ရှိသောနေရာတစ်ခုအဖြစ် ၎င်းတို့က ပုံဖော်ကြသည်။ ဤအကောင်းဆုံးသောနေရာတွင် လူတို့ကြား၌ ကြီးမားသော ချစ်ခြင်းရှိသည်။ တစ်ယောက်နှင့် တစ်ယောက် ဂရုစိုက်နိုင်ကြသည်။ တန်ဖိုးထားနိုင်ကြသည်။ ကြည့်ရှုစောင့်ရှောက်နိုင်ကြသည်။ ကူညီပေးပြီး နားလည်နိုင်ကြသည်။ အလိုက်အထိုက် နေနိုင်ကြသည်။ အချင်းချင်းအတွက် ကာကွယ်ပေးခြင်း၊ ဖုံးဖိပေးခြင်းပင် လုပ်ဆောင်နိုင်ကြသည်။ ဤအရာအားလုံးမှာ စိတ်ကူးယဉ်သမားများက စိတ်ကူးယဉ်ပြီး အိပ်မက်မက်သော အရာအချို့ဖြစ်သည်။ ဥပမာ စိတ်ကူးယဉ်သမားများက ဘုရားအိမ်တော်သို့ ဝင်သောအခါ ၎င်းတို့၏ စံသတ်မှတ်ချက်နှင့် မျှော်လင့်ချက်မှာ အသက်ကြီးသူများသည် ငယ်ရွယ်သူများ၏ လေးစားခြင်း၊ တန်ဖိုးထားခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်း၊ အသေးစိတ်ဂရုစိုက်ပြီး အာရုံစိုက်ခြင်းတို့ကို ခံရကောင်း ခံရနိုင်သည်ဟူ၍ဖြစ်သည်။ လေးစားခြင်းအပြင် လူတို့သည် လေးစားမှုပေးသော အခေါ်အဝေါ်များကို အသုံးပြုပြီး အစ်ကိုကြီးများကို “ဦးလေးကြီးဘယ်သူ”၊ “ဦးလေးဘယ်ဝါ”၊ “ဦးလေး ဘယ်သူ” ဟူ၍ ခေါ်ပြောနှုတ်ဆက်ပြီး အစ်မကြီးများကို “အဘွား ဘယ်သူ”၊ “အဒေါ် ဘယ်သူ”၊ “အစ်မ ဘယ်သူ” ဟူ၍ ခေါ်ပြောနှုတ်ဆက်ပြီး အခြေခံအားဖြင့် လူတိုင်းတွင် ၎င်းတို့အား ခေါ်ဆိုနှုတ်ဆက်သည့် ကိုယ်ပိုင်ပုံစံရှိဖို့လည်း ၎င်းတို့ မျှော်လင့်ကြသည်။ လူတို့သည် အထူးပင် ဖော်ရွေပျူငှာလိမ့်မည်၊ သဟဇာတဖြစ်မည်၊ အပြင်ပန်းတွင် အချင်းချင်း ယဉ်ကျေးမှုရှိမည်၊ အပြင်ပန်းတွင်၊ သို့မဟုတ် စိတ်နှလုံးအတွင်းတွင် မည်သူကမျှ စိတ်ယုတ်မာများ၊ သို့မဟုတ် မကောင်းသောအရာများ၊ သို့မဟုတ် ဆိုးယုတ်သောအရာများ ရှိမည်မဟုတ်ဟူ၍ ၎င်းတို့ မျှော်လင့်ကြသည်။ တစ်စုံတစ်ယောက်က အမှားတစ်ခု ပြုလုပ်လျှင်၊ သို့မဟုတ် အခက်အခဲများကို ကြုံတွေ့လျှင် လူတိုင်းက ထိုသူကို ကူညီရန် ကူညီသောလက်ကို ဆန့်တန်းနိုင်ကြသည်။ ထို့အပြင် ထိုသူကို အလွန်ပင် ဂရုစိုက်သည်းခံလျက် ပံ့ပိုးပေးနိုင်ကြသည်ဟူ၍ ၎င်းတို့က မျှော်လင့်ကြသည်။ အထူးသဖြင့် အားနည်းသောသူများ၊ ကမ္ဘာလောကတွင် သူတစ်ပါးတို့၏ အလွယ်တကူ အနိုင်ကျင့်ခြင်း၊ သို့မဟုတ် ဖိနှိပ်ခြင်းကို ခံရသော အတော်အတန် ရိုးဖြောင့်သောလူများနှင့်ပတ်သက်လျှင် ဤသို့သောသူများ အသင်းတော်သို့၊ ဘုရားအိမ်တော်သို့ ဝင်ရောက်သောအခါ အသေးစိတ် ဂရုစိုက်မှု၊ အာရုံစိုက်မှု၊ အထူးဆက်ဆံမှုတို့ကို လက်ခံရရှိနိုင်ဖို့ကို ၎င်းတို့ ပို၍ပင် မျှော်လင့်ကြသည်။ ဤစိတ်ကူးယဉ်သမားများ ပြောသည့်အတိုင်း ၎င်းတို့သည် ဘုရားအိမ်တော်သို့ ဝင်လာသောအခါ လူတိုင်း ပျော်ရွှင်ပြီး ကျန်းမာဖို့ ၎င်းတို့က ဆန္ဒရှိသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြသောကြောင့် အတူတကွနေထိုင်သော မိသားစုကြီးနှင့် မွေးချင်းများ ဖြစ်လိမ့်မည်ဟု ၎င်းတို့ မျှော်လင့်ကြသည်။ အနိုင်ကျင့်ခြင်း၊ အပြစ်ပေးခြင်း၊ ထိခိုက်ခြင်းတို့မရှိသင့်ဟု ၎င်းတို့က ထင်မြင်ကြသည်။ ပြဿနာတစ်ခု ဖြစ်ပေါ်လျှင် လူတို့ကြား၌ အငြင်းပွားခြင်း၊ သို့မဟုတ် စိတ်တိုခြင်း မရှိသင့်ကြောင်း၊ ထိုအစား လူတိုင်းက အချင်းချင်းအပေါ် တည်ငြိမ်စွာ၊ အလွန် စိတ်ရှည်ခြင်း၊ အကူအညီပေးခြင်းတို့ဖြင့် ဆက်ဆံသင့်ကြောင်း၊ သူတစ်ပါးတို့အား သက်သောင့်သက်သာဖြစ်စေရန် အစဉ်လုပ်ဆောင်သင့်ကြောင်း၊ လူတစ်ဦးချင်းစီက သူတစ်ပါးတို့အပေါ် ၎င်းတို့၏ အကောင်းဆုံးသော၊ အကြင်နာဆုံးသောအပိုင်းကိုသာ ပြသင့်ကြောင်း၊ ၎င်းတို့၏ ဆိုးယုတ်သော၊ မကောင်းသောအပိုင်းကို မိမိတို့ဘာသာ သိမ်းဆည်းထားသင့်ကြောင်းတို့ကို ယုံကြည်ကြသည်။ လူတို့သည် တစ်ယောက်နှင့် တစ်ယောက် စက်ရုပ်များကဲ့သို့ ဆက်ဆံသင့်သည်၊ တစ်ယောက်နှင့်တစ်ယောက် အပျက်သဘောဆောင်သောအရာတစ်ခုခု ပြုလုပ်ဖို့ မဆိုထားနှင့် အခြားလူများအပေါ် အပျက်သဘောဆောင်သော အမြင်၊ သို့မဟုတ် ထင်မြင်ချက်တို့ပင် လုံးဝ မရှိသင့်ဟု ၎င်းတို့က ယုံကြည်ကြသည်။ လူတို့သည် သူတစ်ပါးတို့အပေါ် စိတ်စေတနာကောင်း ရှိသင့်သည်၊ “ကောင်းသောသူများ၌ ငြိမ်းချမ်းသည့် ဘဝရှိသည်” ဆိုသည့် ဤစကားပုံက ရှင်းလင်းစွာ ဖော်ပြနေသည်ဟူ၍ ၎င်းတို့က ထင်မြင်ကြသည်။ ဤသို့မှသာ စစ်မှန်သော ဘုရားအိမ်တော်နှင့် စစ်မှန်သော အသင်းတော်ဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ သို့ရာတွင် ဤစိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်များသည် လက်တွေ့ အကောင်အထည်မပေါ်သေးပေ။ ၎င်းတို့၏ နေရာတွင် ဘုရားအိမ်တော်သည် စည်းမျဉ်းများကို ဗဟိုပြုသည်။ လူတို့ကြား၌ အပြန်အလှန်ကူညီမှု၊ ပံ့ပိုးမှုကို အလေးပေးသည်။ သမ္မာတရားစည်းမျဉ်းများနှင့် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး လူမျိုးစုံကို ဆက်ဆံရန် လူတိုင်းအား တောင်းဆိုသည်။ ဘုရားအိမ်တော်သည် အမျိုးအစားမတူညီသော လူတို့ကို ခွဲခြားသိမြင်ခြင်း၊ ၎င်းတို့ကို ပုံစံတစ်မျိုးဖြင့် ဆက်ဆံခြင်းတို့ကဲ့သို့ လူတို့အပေါ် “မငဲ့ကွက်သော” သတ်မှတ်ချက်အချို့ကိုပင် တင်ပြထားသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်နေသော၊ အလုပ် အစီအစဉ်များကို ချိုးဖောက်နေသော၊ သို့မဟုတ် စည်းမျဉ်းများကို ဆန့်ကျင်နေသာ တစ်စုံတစ်ယောက်ကို မြင်လျှင် ရှေ့ထွက်ပြီး ဖော်ထုတ်ကာ ကိုင်တွယ်ဖြေရှင်းရန်လည်း ဘုရားအိမ်တော်က လူတို့အား တောင်းဆိုသည်။ ဤသို့အားဖြင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အကာအကွယ် ပေးနိုင်သည်။ ပြီးလျှင် ဘုရားအိမ်တော်သည် စိတ်ခံစားချက်ကို အခြေခံ၍ မည်သူကိုမဆို ကာကွယ်ပေးရန်၊ သို့မဟုတ် ဖုံးဖိပေးရန် လူတို့အား ခွင့်မပြုပေ။ ဘုရားအိမ်တော်သည် အမျိုးမျိုးသော ခေါင်းဆောင်ပိုင်းအဆင့်များကိုလည်း ချမှတ်ခဲ့သည်မှာ ပြောစရာမလိုပေ။ ကဏ္ဍတစ်ခုတွင် ဘုရားအိမ်တော်သည် အသင်းတော်၏ နေ့စဉ်အလုပ်ကို ကိုင်တွယ်ဖို့ အဆင့်အားလုံးရှိ ခေါင်းဆောင်များကို တောင်းဆိုသည်။ အခြားကဏ္ဍတစ်ခုတွင် အမျိုးမျိုးသော အလုပ်တာဝန်များကို တင်းကျပ်စွာ ကြီးကြပ်ဖို့၊ စီမံဖို့၊ နောက်ဆက်တွဲလိုက်လုပ်ဖို့၊ တစ်ချိန်တည်းတွင် မတူညီသော လူမျိုးစုံ၏ အခြေအနေနှင့် အသင်းတော်အသက်တာအကြောင်းကို တစ်ချိန်လုံး သိရှိထားဖို့၊ နားလည်ဖို့၊ အာရုံစိုက်ဖို့၊ ၎င်းတို့တာဝန်ကို ထမ်းဆောင်စဉ်တွင် ၎င်းတို့တွင်ရှိသော သဘောထားနှင့် ပြုမူလုပ်ဆောင်တတ်သောအရာများကို ကြည့်ရှုလေ့လာဖို့၊ လိုအပ်လျှင် ကျိုးကြောင်းသင့်သော၊ သင့်တင့်လျောက်ပတ်သော ပြင်ဆင်မှုများကို ပြုလုပ်ဖို့ သတ်မှတ်ထားသည်။ လူတစ်ဦးတစ်ယောက်က ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအား ဆန့်ကျင်နေသည်၊ သို့မဟုတ် စည်းမျဉ်းများကို ချိုးဖောက်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးနေသည်ကို တွေ့ရှိလျှင် ထိုသူကို တင်းကျပ်စွာ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ဖို့၊ အသေးစား ပုန်ကန်ပြစ်မှားမှုများအတွက် သတိပေးချက်များ ထုတ်ပြန်ဖို့၊ ပို၍ဆိုးသောအမှုကိစ္စများကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖို့ကိုလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဘုရားအိမ်တော်က တောင်းဆိုသည်။ ဤအခြေအနေတွင် လူအချို့သည် ရှင်းလင်းခံရခြင်း၊ နှင်ထုတ်ခံရခြင်း၊ သို့မဟုတ် ၎င်းတို့၏ အမည်များ ပယ်ဖျက်ခြင်းတို့ကို ခံရပြီးဖြစ်သည်။ လူတို့သည် တာဝန်အမျိုးမျိုးကို ထမ်းဆောင်ဖို့နှင့် အလုပ်အမျိုးမျိုးကို ပါဝင်ဆောင်ရွက်ဖို့ ဘုရားအိမ်တော်သို့ လာရောက်သည့်အခါတွင် လူများစွာတို့သည် ဘုရားနှုတ်ကပတ်တော်မှလာသည့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို ကြားရသည်။ တွေ့မြင်ရသည်၊ သို့မဟုတ် တွေ့ကြုံခံစားရသည်။ ထို့အပြင် အဆင့်အမျိုးမျိုးရှိ ခေါင်းဆောင်များ၏ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို တွေ့ကြုံရသည်။ ဘုရားအိမ်တော်တွင် လူတို့ ကြုံတွေ့ရသော ဤပတ်ဝန်းကျင်နှင့် အမှုကိစ္စအမျိုးမျိုးသည် စိတ်ကူးယဉ်သမားများ ပုံဖော်သော အကောင်းဆုံးသော ဘုရားအိမ်တော်နှင့် အသင်းတော်ဖြင့် လုံးဝ ကွာခြားသည်မှာ ယင်းတို့သည် ၎င်းတို့ မျှော်မှန်းချက်များ၏ အပြင်သို့ အလွန်ပင်ရောက်ရှိနေသည်အထိဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် အလွန်ကြီးမားသော ဖိအားကို ခံစားရသည်။ တစ်ဖက်တွင် ၎င်းတို့သည် အသင်းတော်တွင် ပေါ်ပေါက်သော ဖြစ်ရပ်အမျိုးမျိုး၊ သို့မဟုတ် ပြဿနာများကို ကိုင်တွယ်ရာတွင် အသင်းတော်၏ နည်းလမ်းများ၊ စည်းမျဉ်းများအား မယုံကြည်နိုင်လောက်ဖွယ်ဖြစ်သည်ဟု မြင်ကြသည်။ အခြားတစ်ဖက်တွင် အပြုသဘောဆောင်သောအရာများ၊ အသင်းတော်နှင့် ဘုရားအိမ်တော်တို့နှင့်ပတ်သက်သည့် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ လွဲမှားသော အယူအဆများကြောင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များ ထွက်ပေါ်လာသည်။ ဤဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များ ဖြစ်ပေါ်လာပြီးနောက်တွင် ၎င်းတို့၏ မှားယွင်းသော အတွေးအမြင်များကို ချက်ချင်း မပြုပြင်နိုင်သောကြောင့်၊ သို့မဟုတ် ၎င်းတို့၏ စံသတ်မှတ်ချက်များတွင်ရှိသော ပြဿနာများကို ရိပ်စားမိခြင်း၊ ရှင်းလင်းစွာ သိမြင်နိုင်ခြင်းမရှိသောကြောင့် အကျိုးဆက်အနေဖြင့် ၎င်းတို့စိတ်အတွင်းတွင် အယူအဆများစွာ စတင်ထွက်ပေါ်လာသည်။ ထို့အပြင် ၎င်းတို့သည် သမ္မာတရားကို နားမလည်နိုင်သောကြောင့်၊ သို့မဟုတ် ဤအယူအဆများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်သောကြောင့် ဤအယူအဆများသည် ၎င်းတို့၏ အတွေးများတွင်၊ သို့မဟုတ် ၎င်းတို့၏ စိတ်ဝိညာဉ်များအတွင်းတွင် အလွန်ပင် အမြစ်တွယ်လာပြီး ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များကို အစဉ် ကြီးထွားလာစေပြီး ပို၍ ပြင်းထန်လာစေသည်။ လက်တွေ့တွင် ဘုရားသခင်၊ ဘုရားသခင်၏ အိမ်တော်၊ အသင်းတော်၊ ယုံကြည်သူများ၊ ခရစ်ယာန်များအားလုံးတို့သည် ဤစိတ်ကူးယဉ်သမားများက ၎င်းတို့၏ စံသတ်မှတ်ချက်များ၌ စိတ်ကူးထင်မြင်သော ငြိမ်သက်အေးချမ်းသော သုခဘုံ၊ ကောင်းကင်ဘုံ၊ သို့မဟုတ် စိတ်ကူးယဉ်ကမ္ဘာနှင့် သဟဇာတမဖြစ်ပေ။ ရလဒ်အနေဖြင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် တည်ရှိသော ဖိနှိပ်ချုပ်ချယ်ခံရမှုသည် ဆက်လက်၍ စဉ်ဆက်မပြတ် စုဝေးလာသည်။ ၎င်းတို့သည် ဤအရာမှ မိမိတို့ကိုယ်ကို လွတ်မြောက်အောင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ အသင်းတော်တွင် ဤသို့သောသူများရှိသလော။ (ရှိသည်။)

လူအချို့က “ဘုရားအိမ်တော်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအား လက်ခံခြင်းအကြောင်းကို အစဉ်ပြောဆိုသနည်း။ ဘုရားသခင်အား ယုံကြည်သူများသည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို အဘယ်သို့ ရင်ဆိုင်ရနိုင်ဆဲဖြစ်သနည်း။ ဘုရားအိမ်တော်သည် အဘယ်ကြောင့် လူတို့ကို နှင်ထုတ်သနည်း။ ဤတွင် လုံးဝ ချစ်ခြင်းမရှိပေ။ ‘ကမ္ဘာမြေတွင်ရှိသော ကောင်းကင်ဘုံ’၌ အဘယ်သို့ ဤသို့သောအရာများ ဖြစ်ပျက်နိုင်သနည်း။ အသင်းတော်တွင် အန္တိခရစ်များက အဘယ်သို့ ပေါ်ပေါက်နိုင်သနည်း။ အန္တိခရစ်များက သူတစ်ပါးတို့ကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ အပြစ်ပေးခြင်းတို့ဖြစ်သော ဖြစ်ရပ်များ အဘယ်သို့ ရှိနိုင်သနည်း။ အသင်းတော်တွင် ဘုရားအိမ်တော်တွင် လူတို့သည် အဘယ်သို့ တစ်ယောက်နှင့် တစ်ယောက် ဖော်ထုတ်ပြီး စိစစ်နိုင်သနည်း။ အဘယ်သို့ အငြင်းပွားမှုများ ရှိနိုင်သနည်း။ အဘယ်သို့ မနာလိုမှုနှင့် သဘောထားကွဲလွဲမှုရှိနိုင်သနည်း။ မည်သို့ ဖြစ်နေသနည်း။ ကျွန်ုပ်တို့သည် ဘုရားအိမ်တော်သို့ လာရောက်ပြီး ဖြစ်သောကြောင့် ကျွန်ုပ်တို့ကြားတွင် ချစ်ခြင်းရှိသင့်သည်၊ ကျွန်ုပ်တို့အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် ကူညီနိုင်သင့်သည်။ ဤအရာများသည် အဘယ်သို့ ဖြစ်ပေါ်နိုင်နေသေးသနည်း” ဟူ၍ ဆိုကြသည်။ ဤအယူအဆများရှိသောသူ များစွာရှိသလော။ လူများစွာတို့သည် ဘုရားအိမ်တော်ကို ၎င်းတို့၏ စိတ်ကူးထင်မြင်မှုမှတစ်ဆင့် ကြည့်ရှုကြသည်။ ယခုတွင် ငါ့အား ပြောလော့။ ဤစိတ်ကူးထင်မြင်မှုများနှင့် အနက်ဖွင့်ဆိုမှုများသည် အရှိအတိုင်း ဖြစ်သလော။ (အရှိအတိုင်း မဖြစ်ပါ။) မည်သည့်နေရာတွင် အရှိအတိုင်းဖြစ်ခြင်း မရှိသနည်း။ (လူသားမျိုးနွယ်သည် အလွန်အမင်း ဖောက်ပြန်ပျက်စီးသည်။ ဘုရားသခင် ကယ်တင်သည့်သူများ အားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် သူတစ်ပါးတို့နှင့် ဆက်ဆံသည့်အခါ၌ ဖောက်ပြန်ပျက်စီးမှုကို မလွှဲမရှောင်သာ ဖွင့်ပြလိမ့်မည်။ မနာလိုခြင်းနှင့် သဘောထားကွဲလွဲမှုရှိမည်။ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ခြင်း ဖြစ်ရပ်များရှိမည်။ ဤအရာများ ဖြစ်ပျက်ဖို့က သေချာသည်။ ဤသို့သော စိတ်ကူးယဉ်သမားများက စိတ်ကူးသောအရာများ မရှိပါ။ ထို့အပြင် အသင်းတော်အသက်တာနှင့် အလုပ်ကို ကာကွယ်ရန်အတွက် အသင်းတော်သည် သမ္မာတရား စည်းမျဉ်းများကို အခြေခံပြီး လူတို့ကို ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်လိမ့်မည်၊ သို့မဟုတ် လူတို့အား ထိန်းညှိပြီး လူစားထိုးမည်၊ သို့မဟုတ် ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများအား ရှင်းလင်းပြီး နှင်ထုတ်မည်။ ဤသည်မှာ စည်းမျဉ်းများနှင့်ညီသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်အညီ လုပ်ဆောင်သောအခါတွင် အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးကြသောကြောင့်ဖြစ်သည်။ အသင်းတော်သည် ဤသို့သောလူများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း၊ သို့မဟုတ် လူစားထိုးခြင်း၊ ဖယ်ရှားခြင်းကဲ့သို့သော ဆောင်ရွက်မှုများကို မလုပ်ဆောင်လျှင် လက်တွေ့ကျမည်မဟုတ်ပါ။) ဤသည်မှာ လက်တွေ့မကျပေ။ ထို့ကြောင့် ဤလူတို့၏ အယူအဆများသည် စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်များဖြစ်ခြင်းဖြစ်သည်။ ၎င်းတို့အားလုံးသည် လက်တွေ့မကျပေ။ အားလုံးက အနှစ်မဲ့ပြီး စိတ်ကူးခြင်းသာ ဖြစ်သည်မဟုတ်လော။ ယခုပင်လျှင် ဤသို့သောလူတို့သည် ဘုရားသခင်အား အဘယ်ကြောင့် ယုံကြည်သင့်သည်ကို နားမလည်သေးပေ။ လူအချို့က “ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းသည်။ ဘုရားသခင်အား ယုံကြည်ခြင်းသည် ကောင်းသောအရာများကို လုပ်ဆောင်ပြီး လူကောင်းတစ်ယောက်ဖြစ်ခြင်းကို ဆိုလိုသည်” ဟု ဆိုကြသည်။ ဤဖော်ပြချက်က မှန်ကန်သလော။ (မမှန်ကန်ပါ။) “ဘုရားသခင်အား ယုံကြည်သူများသည် ၎င်းတို့၏ စိတ်နှလုံးတွင် ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိသင့်သည်” ဤဖော်ပြချက်သည် မှန်ကန်သလော။ (မမှန်ကန်ပါ။) မိမိ၏ စိတ်နှလုံးတွင် ကောင်းမွန်သော ရည်ရွယ်ချက်များရှိခြင်း ဆိုသည်မှာ မည်သို့သော စကားမျိုးဖြစ်သနည်း။ သင်သည် ဆန္ဒရှိရုံသက်သက်ဖြင့် ကောင်းမွန်သော ရည်ရွယ်ချက်များရှိနိုင်သလော။ သင့်တွင် ကောင်းမွန်သော ရည်ရွယ်ချက်များရှိသလော။ မိမိ၏ စိတ်နှလုံးတွင် ကောင်းမွန်သော ရည်ရွယ်ချက်များရှိခြင်းသည် လူသား၏ ကျင့်ကြံနေထိုင်မှု စည်းမျဉ်းတစ်ခုဖြစ်သလော။ ယင်းသည် ဆောင်ပုဒ်တစ်ခု၊ အယူဝါဒတစ်ခုသာ ဖြစ်သည်။ အနှစ်မရှိသောအရာ ဖြစ်သည်။ သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ ပါဝင်ပတ်သက်ခြင်းမရှိသောအခါ၌ သင်သည် ဤသို့ အလွန်ပင် ကောင်းမွန်စွာ ပြောဆိုနိုင်ပြီး “ငါ၏ စိတ်နှလုံးတွင် ကောင်းမွန်သော ရည်ရွယ်ချက်များရှိသည်၊ ငါသည် သူတစ်ပါးတို့ကို အနိုင်ကျင့်ခြင်း၊ ထိခိုက်ခြင်း၊ လိမ်ညာခြင်း၊ သို့မဟုတ် အခွင့်အရေးယူခြင်းမရှိ” ဟူ၍ တွေးနိုင်သည်။ သို့သော် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများ၊ အဆင့်အတန်း၊ မာနတို့ ပါဝင်ပတ်သက်သောအခါ “မိမိ၏ စိတ်နှလုံးတွင် ကောင်းမွန်သော ရည်ရွယ်ချက်များရှိခြင်း” ဆိုသည့် စကားသည် သင့်အား ထိန်းချုပ်နိုင်စွမ်း ရှိမည်လော။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းနိုင်သလော။ (မဖြေရှင်းနိုင်ပါ။) ထို့ကြောင့် ဤဖော်ပြချက်သည် အနှစ်မရှိပေ။ သမ္မာတရားမဟုတ်ပေ။ သမ္မာတရားသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်နိုင်သည်။ သင်လုပ်ဆောင်သည့်အရာ အမျိုးအစား၏ အနှစ်သာရနှင့် တကယ့်သဘာဝကို ဖော်ထုတ်ပြီး ပိုင်းခြားစိစစ်နိုင်သည်။ သင်လုပ်ဆောင်သည့်အရာများ၏၊ သင်ဖွင့်ပြသည့် စိတ်သဘောထား၏ အနှစ်သာရကို သတ်မှတ်ဆုံးဖြတ်ပြီး ရှုတ်ချနိုင်သည်။ ထို့နောက်တွင် သင်၏ နေထိုင်သည့်ပုံစံနှင့် သင်၏ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်သည့်ပုံစံကို ပြောင်းလဲရန်အတွက် သင့်အား သင့်လျော်သော လမ်းကြောင်းနှင့် စည်းမျဉ်းများ ပေးအပ်နိုင်သည်။ ဤနည်းအားဖြင့် လူတို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး ၎င်းတို့၏ ရှင်သန်နေထိုင်သည့် ပုံစံကို ပြောင်းလဲနိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်သည်။ ဤသို့လုပ်ဆောင်နိုင်သည်မှာ လူတို့အား ၎င်းတို့၏ စိတ်နှလုံး၌ ကောင်းမွန်သော ရည်ရွယ်ချက်များထားရှိရန် တိုက်တွန်းခြင်း မဟုတ်ပေ။ သမ္မာတရားကသာ လုပ်ဆောင်နိုင်သည်။ သမ္မာတရားသည် ဆောင်ပုဒ်များ၊ အယူဝါဒများ၊ သို့မဟုတ် စည်းမျဉ်းစည်းကမ်းများ ပံ့ပိုးပေးခြင်းအားဖြင့် လူတစ်ယောက်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းမဟုတ်ဘဲ မိမိ၏ ကျင့်ကြံနေထိုင်ရန် နည်းလမ်းအတွက် စည်းမျဉ်းများ၊ စံသတ်မှတ်ချက်များ၊ ဦးတည်ချက်များကို ပေးခြင်းအားဖြင့် ဖြေရှင်းခြင်းဖြစ်သည်။ သမ္မာတရားသည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစားထိုး နေရာယူရန် ဤစည်းမျဉ်းများ၊ စံသတ်မှတ်ချက်များနှင့် ဦးတည်ချက်များကို အသုံးပြုသည်။ မိမိတို့ မည်သို့ ကျင့်ကြံနေထိုင်ရမည်ဆိုသည်အတွက် လူတို့၏ စည်းမျဉ်းများ၊ စံသတ်မှတ်ချက်များနှင့် ဦးတည်ချက်များသည် ပြောင်းလဲသွားပြီး ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့၏ စိတ်တွင်ရှိသည့် မှားယွင်းသော အယူအဆနှင့် မှားယွင်းသော အတွေးများအားလုံးသည်လည်း အလိုအလျောက် ပြောင်းလဲသွားသည်။ လူတစ်ယောက်သည် သမ္မာတရားကို နားလည်ပြီး ရရှိသောအခါ သူ၏ အတွေးများသည်လည်း ထိုနားလည်မှုအတိုင်း ပြောင်းလဲသွားသည်။ ယင်းသည် မိမိ၏ စိတ်နှလုံးတွင် ကောင်းမွန်သော ရည်ရွယ်ချက်များ ရှိခြင်းနှင့်မသက်ဆိုင်ဘဲ ၎င်းတို့၏ အတွေးများ၏ အရင်းအမြစ်တွင်၊ ၎င်းတို့၏ စိတ်သဘောထားတွင်၊ ၎င်းတို့၏ အနှစ်သာရတွင် ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည်။ ဤသို့သောသူက ဖွင့်ပြပြီး အသက်ရှင်နေထိုင်သည့်အရာသည် အပြုသဘောဆောင်လာသည်။ ၎င်းတို့ ကျင့်ကြံနေထိုင်ပုံ၏ ဦးတည်ချက်၊ ပုံစံ၊ အရင်းအမြစ်တို့အားလုံးသည် ပြောင်းလဲမှုကို ကြုံရသည်။ ၎င်းတို့၏ ပြောဆိုပြုမူမှုများ၌ ဘုရားနှုတ်ကပတ်တော်အား ၎င်းတို့၏ အခြေပြုချက်နှင့် စံသတ်မှတ်ချက်အဖြစ် ထားရှိသည်။ ပြီးလျှင် သာမန်လူ့သဘာဝကို ၎င်းတို့ အသက်ရှင်နေထိုင်နိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့အား “မိမိတို့၏ စိတ်နှလုံးတွင် ကောင်းသောရည်ရွယ်ချက်များ” ရှိရန်သာ ပြောဆိုခြင်းသည် လိုအပ်ဆဲဖြစ်သလော။ အသုံးဝင်သလော။ ထိုစကားသည် အနှစ်မရှိပေ။ မည်သည့်ပြဿနာကိုမျှ လုံးဝ မဖြေရှင်းနိုင်ပေ။ စိတ်ကူးယဉ်သမားများသည် ဘုရားအိမ်တော်သို့၊ အသင်းတော်သို့ ဝင်လာပြီးနောက်တွင် ၎င်းတို့၏ စံသတ်မှတ်ချက်များကို အကောင်အထည် မဖော်နိုင်သေးပေ။ ဤအတွက်ကြောင့် ၎င်းတို့၏ စိတ်နှလုံးတွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားကြရသည်။ စိတ်ကူးယဉ်သမားအချို့က အစိုးရ၊ သို့မဟုတ် လူ့အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် ၎င်းတို့၏ စံသတ်မှတ်ချက်များက အကောင်အထည်မဖော်နိုင်သည်ကို၊ မပြည့်ဝနိုင်သည်ကို တွေ့ရှိကြသကဲ့သို့ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် မကြာခဏ စိတ်ပျက်အားလျော့ကြသည်။ လူအချို့သည် အရာရှိများ၊ သို့မဟုတ် ဧကရာဇ်များဖြစ်လာပြီးနောက်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်ကျေနပ်ပြီး အလွန်ပင် မာနထောင်လွှားလာကြသည်။ ကဗျာတစ်ခုတွင် “ပြင်းထန်သောလေသည် မြှင့်တက်ပြီး မိုးတိမ်များက ပြန့်ကျဲသွားသည်” ဆိုသော စာသားကဲ့သို့ဖြစ်သည်။ နောက်စာကြောင်းက မည်သို့ ဆိုသနည်း။ (“ငါ၏ အင်အားက ပင်လယ်တို့တွင်ရှိသော အရာအားလုံးကို ယခု အုပ်စိုးသောအခါ ငါ၏ ဇာတိမြေသို့ ငါပြန်သည်။”) ကြည့်လော့။ ၎င်းတို့၏ စကားများသည် ထူးဆန်းသည့်ပုံစံရှိသည်။ သာမန်လူ့သဘာဝနှင့် အသိစိတ်ရှိသူတို့အနေဖြင့် နားလည်ရန် ခက်ခဲသည့် စိတ်ခံစားချက်မျိုးကို ၎င်းတို့ ပိုင်ဆိုင်သည်။ ဤစိတ်ကူးယဉ်သမားများသည် အစဉ်သဖြင့် အဆင့်မြင့်သော လေသံဖြင့် ပြောဆိုသည်။ အဆင့်မြင့်သော လေသံဖြင့် ပြောဆိုသည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့လုပ်ဆောင်သမျှတွင် မည်သည့်အခါမျှ လက်တွေ့အရှိတရားကို ရင်မဆိုင်ပေ၊ သို့မဟုတ် တကယ့်ပြဿနာများကို မဖြေရှင်းပေဟု ဆိုလိုသည်။ လက်တွေ့အရှိတရားက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ နားမလည်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် စိတ်ခံစားချက်များ၏ တွန်းအားပေးခြင်းကို ခံရသည်။ ဤလူတို့သည် ဘုရားအိမ်တော်သို့ လာသောအခါ သမ္မာတရားမည်မျှကို ၎င်းတို့ ကြားရပါစေ ဘုရားသခင်အား ယုံကြည်ခြင်း၏ အဓိပ္ပာယ်၊ သို့မဟုတ် ဘုရားသခင်အား ယုံကြည်ခြင်း၏ အရေးပါမှုကို နားမလည်ကြပေ။ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်း၏ တန်ဖိုးကို မဆိုထားနှင့် သမ္မာတရား၏ တန်ဖိုးကိုပင် နားလည်သဘောပေါက်ခြင်းမရှိပေ။ ၎င်းတို့အစဉ် လိုက်စားသောအရာမှာ စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်များ ဖြစ်သည်။ ၎င်းတို့၏ အိပ်မက်သည် တစ်နေ့တွင် ဘုရားအိမ်တော်သည် ၎င်းတို့ ပုံဖော်သည့်အတိုင်း လေးစားမှုဖြင့် လူတို့ အချင်းချင်း ဆက်ဆံသော၊ သဟဇာတဖြစ်စွာ အတူတကွ နေထိုင်သော၊ အချင်းချင်း ဆက်ဆံရေး အလွန်အဆင်ပြေသော၊ တစ်ယောက်နှင့်တစ်ယောက် တန်ဖိုးထားသော၊ ကြည့်ရှုစောင့်ရှောက်သော၊ မြတ်နိုးသော၊ ကူညီသော၊ ကျေးဇူးတင်သောနေရာ ဖြစ်ရန်ဖြစ်သည်။ လူတို့သည် အချင်းချင်းအပေါ် ကောင်းသောစကားများ၊ ကောင်းချီးစကားများကို ပြောဆိုသော၊ မနှစ်မြို့စရာဖြစ်သော၊ သို့မဟုတ် ထိခိုက်စေသောစကားများ လုံးဝ မပြောသော၊ သို့မဟုတ် လူတို့၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဖော်ထုတ်သည့် စကားများမပြောသော၊ သို့မဟုတ် မည်သည့် အငြင်းပွားမှုမျှ မရှိသော၊ သို့မဟုတ် တစ်ယောက်နှင့်တစ်ယောက် ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းသည့် သူများမရှိသော နေရာဖြစ်ရန်ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားမည်မျှကို ကြားရပါစေ ဘုရားသခင်အား ယုံကြည်ခြင်း၏ အဓိပ္ပာယ်၊ သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များက အဘယ်သို့ဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်က လူတို့အား မည်သို့သောသူမျိုးဖြစ်စေချင်သည်တို့ကို နားမလည်သေးပေ။ ၎င်းတို့သည် ဤအရာများကို နားမလည်ရုံသာမကဘဲ တစ်နေ့တွင် ဘုရားအိမ်တော်၌ ၎င်းတို့ ဆန္ဒရှိသော အကောင်းဆုံးဖြစ်သော ဆက်ဆံမှုကို ခံစားနိုင်ဖို့ရန်ကိုလည်း ပို၍ပင် မျှော်လင့်ကြသည်။ ၎င်းတို့သည် ဤသို့သော ဆက်ဆံမှုကို မရရှိလျှင် ဘုရားအိမ်တော်၌ ၎င်းတို့၏ စံသတ်မှတ်ချက်များကို လက်တွေ့အကောင်အထည် ဖော်နိုင်သည့်နေရာမရှိ၊ လက်တွေ့အကောင်အထည်ဖော်နိုင်သော အခွင့်အရေးလည်း လုံးဝမရှိဟု ခံစားကြရသည်။ ထို့ကြောင့် လူအချို့သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစဉ်တွင် အရှုံးပေးရန် မကြာခဏ စဉ်းစားကြပြီး “ဘုရားသခင်အား ယုံကြည်ခြင်းသည် ပျင်းရိဖွယ်ဖြစ်ပြီး အနှစ်မရှိပေ၊ ဘုရားသခင်အား ယုံကြည်သူများသည် ဗုဒ္ဓဘာသာကို ယုံကြည်သူများကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် ကူညီခြင်း၊ မြတ်နိုးခြင်း၊ လေးစားခြင်းမရှိ၊ ပြီးလျှင် ဘုရားသခင်အား ယုံကြည်သူများသည် သမ္မာတရားနှင့် စည်းမျဉ်းများကို အစဉ်သဖြင့် ဆွေးနွေးနေကြသည်၊ အပြန်အလှန် ဆက်ဆံရေးများတွင် ပိုင်းခြားသိမြင်မှုအကြောင်းကို မကြာခဏပြောဆိုသည်၊ ရံဖန်ရံခါ ဖော်ထုတ်ခြင်း၊ ဝေဖန်ခြင်းရှိသည်၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ ပြုပြင်ခံရခြင်းကိုပင် မကြာခဏ ကြုံတွေ့ရသည်၊ ဤသည်မှာ ငါအလိုရှိသော ဘဝမျိုးမဟုတ်” ဟူ၍ ဆိုကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ကောင်းကင်ဘုံသို့ ၎င်းတို့ ဝင်ရမည်ဟူသော မျှော်လင့်ချက် တစ်စွန်းတစ်စ မရှိလျှင် ဤသို့သော စိတ်ကူးယဉ်သမားများသည် အသင်းတော်မှ အချိန်မရွေး ထွက်ခွာနိုင်ပြီး အခြားလမ်းကြောင်းတစ်ခုကို ရှာဖွေနိုင်သည်။ ဤသို့ဆိုလျှင် ငါ့အား ပြောလော့။ ဤလူတို့သည် ဘုရားအိမ်တော်နှင့် သက်ဆိုင်သလော။ ဘုရားအိမ်တော်တွင် ကျန်ရှိနေရန် သင့်တော်သလော။ (မသင့်တော်ပါ။) မည်သည့်နေရာသို့ ၎င်းတို့ သွားသင့်သည်ဟု သင်တို့ ထင်မြင်သနည်း။ (ဘုန်းကြီးဘဝကို ခံယူရန် သင့်တော်သည်။) ဗုဒ္ဓ၊ သို့မဟုတ် တာအိုဘုရားကျောင်းများသို့ ၎င်းတို့ သွားနိုင်သည်။ ဤနှစ်ခုလုံး အဆင်ပြေလိမ့်မည်။ ၎င်းတို့သည် လောကီကမ္ဘာတွင် ဖိနှိပ်ချုပ်ချယ်မှုကို မခံစားရသော်လည်း ဘုရားအိမ်တော်တွင် ဖိနှိပ်ချုပ်ချယ်မှုကို အထူးခံစားရသည်။ ၎င်းတို့၏ စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် အခွင့်အလမ်းမရှိ၊ သို့မဟုတ် ယင်းတို့ကို အသုံးချရန် နေရာမရှိဟု ခံစားကြရသည်။ ထို့ကြောင့် ဤလူတို့သည် မီးခိုးလိပ်များဖြင့်၊ အဆက်မပြတ် အမွှေးတိုင်ထွန်းထားခြင်းဖြင့် ပြည့်နေသော နေရာတို့ဖြင့် သင့်တော်သည်။ ထိုနေရာများသည် တိတ်ဆိတ်သည်။ ထိုနေရာများသည် သင် မည်သို့ ကျင့်ကြံနေထိုင်သင့်သည်ကို မသင်ကြားပေ။ သင်၏ မှားယွင်းသော အတွေးအမြင်အမျိုးမျိုးကို မဖော်ထုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းမရှိပေ။ ထိုနေရာရှိ လူတို့ကြားတွင် ခပ်ခွာခွာနေကြပြီး လေးစားမှုရှိသည်။ လူတို့သည် တစ်ရက်လျှင် စကားအနည်းငယ်ထက်ပို၍ ပြောဆိုခြင်းမရှိပေ။ အငြင်းပွားမှုများ လုံးဝ မရှိပေ။ သင်သည် မည်သူ၏ ကြီးကြပ်မှု၊ သို့မဟုတ် စည်းကမ်းသတ်မှတ်မှု အောက်တွင်မျှ မရှိပေ။ သင်သည် ထိုနေရာ၌ မိမိဘာသာ ဖူလုံသောဘဝကို နေထိုင်ရမည်။ တစ်နှစ်လုံးတွင် လူစိမ်းများကို ကြုံတွေ့မှုမရှိလုနီးပါးဖြစ်သည်။ နေ့စဉ်အရေးကိစ္စများကို စိုးရိမ်ဖို့ မလိုပေ။ သင်၏ ကိုယ်ခန္ဓာအာဟာရအတွက် လိုအပ်လျှင် ဇလုံငယ်တစ်ခု၊ သို့မဟုတ် သပိတ်တစ်ခုကို ယူပြီး အများပြည်သူထံမှ အစားအစာ၊ ငွေကြေးကို တောင်းခံနိုင်သည်။ အစာစားရန် အစားအစာအချို့ကို ရရှိနိုင်သည်။ ပိုက်ဆံရှာရန် မလိုအပ်ပေ။ ထိုနေရာများတွင် လောကီပြဿနာများအားလုံး ပျောက်ကွယ်သွားသည်။ လူတို့သည် အချင်းချင်း အလွန်ကြင်နာစွာ ဆက်ဆံသည်။ မည်သူကမျှ မည်သူနှင့်မျှ မငြင်းခုံပေ။ သဘောထားကွဲလွဲမှု တစ်ခုခုရှိလျှင် လူတို့၏ စိတ်နှလုံး၌သာ ထားရှိသည်။ နေ့ရက်များသည် အေးဆေးသက်သာစွာဖြင့် ကုန်ဆုံးသည်။ ဤသည်မှာ အဆုံးစွန်သော သုခဘုံအဖြစ် ခေါ်ဆိုကြသည့် နေရာဖြစ်သည်။ စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်များ၏ နေရာဖြစ်သည်။ စိတ်ကူးယဉ်သမားများက ၎င်းတို့၏ စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်နိုင်သော နေရာဖြစ်သည်။ ဤလူတို့သည် ၎င်းတို့စိတ်ကူးသည့်နေရာတွင် နေထိုင်သင့်သည်။ အသင်းတော်တွင် မနေထိုင်သင့်ပေ။ ၎င်းတို့ကဲ့သို့ လူများအတွက် အသင်းတော်တွင် လုပ်ဆောင်စရာ များလွန်းသည်။ ၎င်းတို့သည် နေ့စဉ် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရမည်။ စုဝေးပွဲများ တက်ရမည်။ စည်းမျဉ်းတစ်ခုစီကို သင်ယူရမည်။ သမ္မာတရား၊ ၎င်းတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့နှင့် ပတ်သက်၍ အချိန်ပြည့် မိတ်သဟာယဖွဲ့ရမည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အခြေခံပြီး လုပ်ဆောင်ကာ စည်းမျဉ်းများကို ချိုးဖောက်သောသူအချို့သည် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းကို ရင်ဆိုင်ရသည်။ လူအနည်းငယ်သည် ဤအရာများကို ကြိမ်ဖန်များစွာပင် ကြုံရသည်။ ဤလူတို့သည် ဤနေရာတွင် အထူးပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး မပျော်ရွှင်ကြပေ။ အသင်းတော်သည် ၎င်းတို့အတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်မဟုတ်ပေ။ ၎င်းတို့သည် ဤနေရာတွင် ၎င်းတို့၏ အချိန်ကို ကုန်ဆုံးစေမည့်အစား၊ သို့မဟုတ် ၎င်းတို့၏ ငယ်ရွယ်မှုကို ဖြုန်းတီးမည့်အစား ၎င်းတို့နှစ်သက်သည့်နေရာသို့ စောစောစီးစီး သွား၍ နေထိုင်ခြင်းက ပို၍ကောင်းလိမ့်မည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤနေရာတွင် ၎င်းတို့၏ အချိန်ကို ကုန်ဆုံးစေရန်၊ အစဉ်သဖြင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး သက်သောင့်သက်သာမရှိသော၊ ဝမ်းမြောက်မှုမရှိသော၊ မပျော်ရွှင်သောဘဝကို နေထိုင်ရန် မလိုအပ်ဟု ထင်ကြသည်။ ဤသည်မှာ ငါတို့ ကိုင်တွယ်ပြောဆိုမည့် စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်များကို ပြသလေ့ရှိသော တစ်ခုတည်းသောအရာဖြစ်သည်။ ဤလူများနှင့်ပတ်သက်ပြီး ပြောစရာ များစွာမရှိပေ။ သင်သည် ၎င်းတို့နှင့် သမ္မာတရားမည်မျှကို မိတ်သဟာယဖွဲ့ပါစေ ၎င်းတို့က နားထောင်မည်မဟုတ်ပေ။ ၎င်းတို့သည် စိတ်ကူးယဉ်မှုများတွင် တစ်နေကုန် မွေ့လျော်နေပြီး ၎င်းတို့စဉ်းစားသည့်အရာများအားလုံးမှာ အလွန်ပင် လက်တွေ့မကျသလို မရေရာပေ။ သာမန်လူ့သဘာဝနှင့် အလွန် အလှမ်းဝေးလွန်းသည်။ ၎င်းတို့သည် ဤအရာများကို တစ်နေကုန် စဉ်းစားပြီး သာမန်လူများနှင့် ပြောဆိုဆက်ဆံနိုင်ခြင်းမရှိပေ။ သာမန်လူများသည်လည်း ၎င်းတို့၏ ကမ္ဘာအား ဖွဲ့စည်းတည်ထောင်ထားသည့်အရာများကို နားမလည်နိုင်ပေ။ ထို့ကြောင့် ဤလူများသည် မည်သည့်အတွေးအမြင်များကို ကိုင်စွဲပါစေ ၎င်းတို့၏ စံသတ်မှတ်ချက်များသည် အနှစ်မရှိပေ။ ၎င်းတို့၏ စံသတ်မှတ်ချက်များက အနှစ်မရှိသောကြောင့် ၎င်းတို့၏ အတွေးအမြင်များသည်လည်း အလိုအလျောက် အနှစ်မရှိပေ။ ၎င်းတို့သည် ပိုင်းခြားသိမြင်ရန်၊ သို့မဟုတ် အလွန်နက်နဲစွာ တူးဆွကြည့်ရန် မထိုက်တန်ပေ။ ၎င်းတို့သည် အနှစ်မရှိသောကြောင့် ၎င်းတို့အား ဤသို့ဆက်လက်၍ ဖြစ်ခွင့်ပြုလော့။ ဤလူတို့သည် ၎င်းတို့ အလိုရှိသည့် မည်သည့်နေရာကိုမဆို သွားနိုင်သည်။ ဘုရားအိမ်တော်က ဝင်ရောက်စွက်ဖက်မည်မဟုတ်။ ၎င်းတို့သည် ဘုရားအိမ်တော်တွင်နေပြီး ၎င်းတို့၏ တာဝန်အနည်းငယ်ကို ထမ်းဆောင်လိုစိတ်ရှိလျှင်၊ သို့မဟုတ် အစေခံလိုစိတ်ရှိလျှင် အနှောင့်အယှက် မဖြစ်သရွေ့၊ သို့မဟုတ် မကောင်းမှုကို ၎င်းတို့ မလုပ်ဆောင်သရွေ့ ၎င်းတို့၏ လိုအပ်ချက်များကို ငါတို့ ဖြည့်ဆည်းပေးပြီး ၎င်းတို့အား နောင်တရရန် အခွင့်အရေးပေးမည်။ အချုပ်အားဖြင့် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအပေါ်၊ ဘုရားအိမ်တော်အပေါ်၊ အသင်းတော်အပေါ် အခင်အမင်မပျက်သရွေ့ ၎င်းတို့ကိုယ်တိုင်က ထွက်ခွာလိုသည့် ဆန္ဒကို မဖော်ပြလျှင် ဤသို့သောသူမျိုးကို ငါတို့ ကိုင်တွယ်ရန် မလိုအပ်ပေ။ ဤသို့ဆိုလျှင် ဤအရာကို ငါတို့ လက်ကမ်းပြီး ကြိုဆိုကြစို့။ သဘောတူသလော။ (သဘောတူပါသည်။) ဤသို့ဆိုလျှင် ပြီးဆုံးပြီဖြစ်သည်။

စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်များသည် အနှစ်မရှိတတ်ပေ။ လက်တွေ့ကျသူများ၏ စံသတ်မှတ်ချက်များမှာမူ အလွန်ပင်ပို၍ လက်တွေ့ကျပြီး လူတို့၏ ဘဝများနှင့် လက်တွေ့ ပတ်ဝန်းကျင်များနှင့် နီးစပ်စွာ ကိုက်ညီမှုရှိသည်။ လူသား၏ ဘဝ၊ ဖြစ်တည်မှုနှင့်သက်ဆိုင်သော မေးခွန်းများနှင့်လည်း ပို၍ ခိုင်လုံစွာ ဆက်နွှယ်နေပြီး မိမိ၏ဘဝကို အခြေချပြီး စတင်ခြင်းနှင့်သက်ဆိုင်သည့် မေးခွန်းများပါ ပါဝင်သည်မှာ ပြောစရာမလိုပေ။ မိမိဘဝကို အခြေချပြီး စတင်ခြင်းတွင် ကျွမ်းကျင်မှုများ၊ အရည်အချင်းများ၊ လူတို့ ရယူသည့် ပင်ကိုစွမ်းရည်များ၊ ၎င်းတို့ လက်ခံရရှိသော အမျိုးမျိုးသော ပညာရေးအမျိုးအစားများ၊ ၎င်းတို့၏ ပါရမီ၊ လုပ်ကိုင်နိုင်စွမ်းနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတို့ ပါဝင်သည်။ စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်များတွင် ဤအချက်များ အကျုံးဝင်သည်။ လက်တွေ့ကျသူများ၏ စံသတ်မှတ်ချက်များ၏ နယ်ပယ်တွင် ဤစံသတ်မှတ်ချက်များသည် ၎င်းတို့၏ ဘဝနေထိုင်မှု အခြေအနေကို တိုးတက်စေရန် ရည်ရွယ်သည်ဖြစ်စေ၊ ၎င်းတို့၏ ကိုယ်ပိုင် ဝိညာဉ်ရေးလောကကို ဖြည့်ဆည်းဖို့ ရည်ရွယ်သည်ဖြစ်စေ လူတို့၏ လက်တွေ့ဘဝများတွင် ခိုင်လုံစွာ ပေါ်လွင်သည်။ ဥပမာ လူအချို့သည် ခေါင်းဆောင်အရည်အချင်းများကို ပိုင်ဆိုင်ပြီး ထင်ပေါ်ရသည်ကို နှစ်သက်သည်။ ၎င်းတို့သည် လူအများရှေ့တွင် ဟောပြောခြင်း၊ သို့မဟုတ် နှုတ်မှုဆိုင်ရာ ပြောဆိုဆက်ဆံမှုများတွင် ထူးချွန်နိုင်သည်၊ သို့မဟုတ် လူတို့အား အလွန်နားလည်ခြင်း၊ လူတို့အား အသုံးချရာတွင် ကျွမ်းကျင်ခြင်း ရှိနိုင်သည်။ ဤအရာကို လူတို့အား ခိုင်းစေခြင်းအဖြစ် ပို၍ သင့်လျော်စွာ ဖော်ပြနိုင်သည်။ အကျိုးဆက်အနေဖြင့် ဤသို့သောလူများသည် ရာထူးကြီးကြီးရှိခြင်း၊ ခေါင်းဆောင်နေရာများ၌ နေခြင်း၊ သို့မဟုတ် လူသားအရင်းအမြစ်တွင် အလုပ်လုပ်ခြင်းကို အထူးနှစ်သက်ကြသည်။ ၎င်းတို့သည် ဤနယ်ပယ်များရှိ ၎င်းတို့၏ ပါရမီကို သတိပြုမိသည်နှင့် ၎င်းတို့သည် လူတို့ကြားတွင် ခေါင်းဆောင်များ၊ သို့မဟုတ် စီစဉ်သူများဖြစ်ရန်၊ အလုပ်တာဝန်များ၊ အမှုထမ်းများကို ကြီးကြပ်ရန်၊ သို့မဟုတ် အလုပ်တာဝန်တစ်ခုခုအား ညွှန်ကြားရန်ပင် ဆန္ဒပြင်းပြကြသည်။ ၎င်းတို့၏ အဓိက စံသတ်မှတ်ချက်မှာ ခေါင်းဆောင်ဖြစ်ရန်ဖြစ်သည်။ ဤသည်မှာ လူ့အဖွဲ့အစည်းတွင် ၎င်းတို့ ပြုမူဆောင်ရွက်သည့်ပုံစံဖြစ်သည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ဝင်ရောက်သောအခါ ဘုရားအိမ်တော်ကို ဘာသာရေး အဖွဲ့အစည်းတစ်ခုအဖြစ်၊ တစ်မူထူးခြားသော အဖွဲ့အစည်းတစ်ခုအဖြစ် မြင်ကြသည်။ အသင်းတော်သို့ ဝင်ပြီးနောက်တွင် ၎င်းတို့၏ စံသတ်မှတ်ချက်များက မပြောင်းလဲဘဲ ကျန်ရှိနေသည်။ ၎င်းတို့၏ စံသတ်မှတ်ချက်များသည် ၎င်းတို့နေထိုင်သည့် ပတ်ဝန်းကျင်၊ သို့မဟုတ် အခြေအနေ ပြောင်းလဲခြင်းတို့၏ သက်ရောက်မှုမရှိပေ။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ အလားတူ ခေါင်းဆောင်မှု စံသတ်မှတ်ချက်ကို သယ်ဆောင်လာသည်။ ၎င်းတို့၏ ဆန္ဒသည် ဘုရားအိမ်တော်တွင် ခေါင်းဆောင်မှုနေရာကို ရယူရန်ဖြစ်သည်။ အသင်းတော်တစ်ခုအား ဦးဆောင်ခြင်း၊ အဆင့်တစ်ခုခုအတွက် တာဝန်ယူရခြင်း၊ သို့မဟုတ် အဖွဲ့တစ်ခုကို ဦးဆောင်ခြင်းကဲ့သို့ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စံသတ်မှတ်ချက်ဖြစ်သည်။ သို့ရာတွင် ဘုရားအိမ်တော်တွင်ရှိသော အလုပ်အစီအစဉ်များတွင် ခေါင်းဆောင်များ၊ သို့မဟုတ် အမှုဆောင်များ ရွေးချယ်ခြင်းအတွက် စည်းမျဉ်းစည်းကမ်းများ ရှိသောကြောင့်၊ ဤလူတို့သည် လိုအပ်သော အရည်အချင်းများနှင့် ကိုက်ညီအောင် မလုပ်ဆောင်နိုင်သောကြောင့် အဆင့်တစ်ခုခုအတွက် ခေါင်းဆောင်ရွေးချယ်မှု လုပ်ငန်းစဉ်တွင် ၎င်းတို့ ရံဖန်ရံခါ ပါဝင်လျှင်ပင် ၎င်းတို့သည် အဆုံးတွင် ၎င်းတို့၏ စံသတ်မှတ်ချက်ကို မရရှိနိုင်သကဲ့သို့ ၎င်းတို့ ဆန္ဒပြင်းပြသည့် ခေါင်းဆောင်လည်း မဖြစ်လာနိုင်ပေ။ ၎င်းတို့သည် ခေါင်းဆောင်ပိုင်းကို ရယူရန်၊ သို့မဟုတ် ၎င်းတို့၏ စံသတ်မှတ်ချက် အလုပ်ကို လုပ်ဆောင်ရန် မတတ်နိုင်လေလေ၊ ၎င်းတို့၏ စိတ်အတွင်းတွင် ၎င်းတို့၏ စံသတ်မှတ်ချက်များက ထကြွလေလေဖြစ်ပြီး ခေါင်းဆောင်ပိုင်းအတွက် ၎င်းတို့၏ တောင့်တမှုက ပို၍ ပြင်းထန်လာသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ညီအစ်ကို မောင်နှမများ အလယ်တွင်ဖြစ်စေ၊ ရာထူးကြီး ခေါင်းဆောင်များ ရှေ့တွင်ဖြစ်စေ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသရန်၊ ၎င်းတို့သည် ထူးချွန်ပြီး ထူးခြားမှု ရှိသည့်ပုံစံရှိစေရန်၊ ၎င်းတို့၏ ပင်ကိုစွမ်းရည်များ အသိအမှတ်ပြုခံရဖို့ သေချာစေရန်အတွက် အမျိုးမျိုးသော ကြိုးပမ်းအားထုတ်မှုတို့ကို အလွန်အမင်း အားစိုက်လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ နှစ်သက်မှုတို့ကို ဖြည့်ဆည်းပေးရန်အတွက် ၎င်းတို့၏ ကိုယ်ပိုင်အသိတရားကိုပင် အထိခိုက်ခံနိုင်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက သတ်မှတ်သော ခေါင်းဆောင်ပိုင်းအတွက် သတ်မှတ်ချက်များနှင့် ကိုက်ညီရန် အချို့သောအရာများကို လုပ်ဆောင်ပြီး၊ သို့မဟုတ် ပြောဆိုပြီး အချို့သော အပြုအမူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ထုတ်ဖော်ပြသနိုင်သည်။ သို့ရာတွင် အဆက်မပြတ် အားထုတ်သော်လည်း ၎င်းတို့သည် ခေါင်းဆောင်ဖြစ်ရန် ၎င်းတို့၏ စံသတ်မှတ်ချက်ကို မရရှိနိုင်သေးပေ။ စိတ်ပျက်အားလျော့သော၊ လမ်းပျောက်သော၊ စိတ်ဓာတ်လှုံ့ဆော်မှု ကင်းမဲ့သွားသောသူများရှိကြသည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံနိုင်သောအခါ၊ သို့မဟုတ် ၎င်းတို့၏ ပြဿနာများအတွက် ဖြေရှင်းချက်များ ရှာမတွေ့နိုင်သောအခါတွင် ၎င်းတို့ ယခင်က တွေ့ကြုံခဲ့သော အပျက်သဘောဆောင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များသည် ပို၍ ပြင်းထန်လာသည်။ ၎င်းတို့သည် အစဉ်သဖြင့် ရာထူးကြီးကြီးရရှိလိုပြီး ခေါင်းဆောင်ဖြစ်လိုကြသည်။ ဤစံသတ်မှတ်ချက်များသည် ဘုရားသခင်အား ၎င်းတို့ မယုံကြည်မီတွင်ပင် ၎င်းတို့၏ စိတ်နှလုံး၌ ပေါ်ပေါက်နှင့်ပြီးဖြစ်သည်။ ဤစံသတ်မှတ်ချက်များကို ၎င်းတို့ အကောင်အထည်မဖော်နိုင်သောကြောင့် ၎င်းတို့စိတ်အတွင်းထဲတွင် မမြင်နိုင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် ခံစားချက်က အစဉ်ရှိနေသည်။ ဘုရားအိမ်တော်သို့ ၎င်းတို့ ဝင်ပြီးနောက်တွင်ပင် ထိုနေရာ၌ ၎င်းတို့၏ စံသတ်မှတ်ချက်များကို အကောင်အထည်မဖော်နိုင်သေးဘဲ ၎င်းတို့စိတ်အတွင်းတွင်ရှိသော ဖိနှိပ်ချုပ်ချယ်ခံရသည့် ခံစားချက်များသည် ပို၍ ကြီးထွားလာပြီး လေးလံလာသည်။ ၎င်းတို့၏ ခေါင်းဆောင်မှု အရည်အချင်းများကို အသုံးချခြင်းမခံရသောကြောင့် ဤလူတို့သည် မကျေမနပ်ဖြစ်လာကြသည်။ ၎င်းတို့၏ စံသတ်မှတ်ချက်များကို စွမ်းဆောင်ရရှိနိုင်ခြင်း မရှိသောကြောင့် ၎င်းတို့သည် ကံမကောင်းဟု ခံစားရသည်။ စိတ်ပျက်ကြသည်။ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့၏ စံသတ်မှတ်ချက်များကို မဖြည့်ဆည်းရဘဲ ရှိနေသောကြောင့် ၎င်းတို့၏ စိတ်အတွင်းတွင် တရားမမျှတမှုကို ခံစားရသည်။ ၎င်းတို့၏ အရည်အချင်းများအတွက် ထွက်ပေါက်မရှိသောကြောင့် ၎င်းတို့သည် ဘဝနှင့် ရှေ့တွင်ရှိသော လမ်းကြောင်းနှင့်ပတ်သက်၍ စိတ်ပျက်အားလျော့လာကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ နေ့စဉ်အသက်တာတွင် အလုပ်အမျိုးမျိုးကို လုပ်ဆောင်စဉ်တွင် ဖိနှိပ်ချုပ်ချယ်ခံရသည့် ခံစားမှုသည် မကြာခဏရှိနေသည်။ လူအချို့သည် များစွာ အားထုတ်ကြိုးစားပြီးနောက်တွင်ပင် ခေါင်းဆောင်များ ဖြစ်မလာနိုင်သေးပေ၊ သို့မဟုတ် ၎င်းတို့၏ စံသတ်မှတ်ချက်ကို မရရှိနိုင်သေးပေ။ ဤသို့သော အခြေအနေများတွင် ၎င်းတို့သည် ၎င်းတို့၏ စိတ်ခံစားချက်များကို ထွက်ပေါက်ရှာရန်၊ သို့မဟုတ် ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရမှုကို ထုတ်လွှတ်ရန်၊ သိရှိစေရန် နည်းလမ်းအမျိုးမျိုးကို ကျင့်သုံးလာကြသည်။ ရာထူးကြီးကြီးရရန် မိမိတို့၏ စံသတ်မှတ်ချက်များကို ကိုင်စွဲဆဲထားသည့်တိုင် ဘုရားသခင်ကို ယုံကြည်သောသူအချို့သည် ၎င်းတို့စိတ်နှလုံး၏ ဆန္ဒကို ရရှိပြီး အသင်းတော်၌ ခေါင်းဆောင်များဖြစ်လာသည်မှာ မှန်သည်။ သို့ရာတွင် ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ဘုရားအိမ်တော်၏ အစီအစဉ်များနှင့်အညီ ခေါင်းဆောင်အဖြစ် ၎င်းတို့၏ တာဝန်ကို မထမ်းဆောင်နိုင်ကြပေ။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ဘုရားအိမ်တော်၏၊ ညီအစ်ကိုမောင်နှမများ၏ တောင်းဆိုချက်များနှင့် ကြီးကြပ်မှုအောက်တွင် ဤခေါင်းဆောင်ကဏ္ဍများကို စိတ်မပါစွာဖြင့် ထမ်းဆောင်နေကြရသည်ကို မိမိတို့ကိုယ်ကို တွေ့ရှိကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များကို ရရှိပြီး ၎င်းတို့လုပ်ဆောင်ရန် ဆန္ဒအရှိဆုံးသောအရာများကို လုပ်ဆောင်နေသော်လည်း ဖိနှိပ်ချုပ်ချယ်ခံရမှုကို ခံစားရဆဲဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် ၎င်းတို့၏ တစ်ကိုယ်ရေ စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန်ဖြစ်သော အခြေခံအုတ်မြစ်ကို အခြေခံပြီး ဦးဆောင်နေသောကြောင့်ဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် ဘုရားအိမ်တော်က သတ်မှတ်သော အလုပ်တာဝန်များကို အပြင်ပန်းတွင်၊ သို့မဟုတ် အပေါ်ယံတွင် ထမ်းဆောင်နေသည့်ပုံစံ ရှိနိုင်သော်လည်း ၎င်းတို့၏ စံသတ်မှတ်ချက်များသည် ဤတာဝန်များထက် အလွန်ပင်ပို၍ မြင့်သည်။ ၎င်းတို့၏ ရည်မှန်းချက်၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများနှင့် ရူပါရုံတို့သည် ၎င်းတို့၏ လက်ရှိနေရာများ၏ နယ်ပယ်ကို အလွန်ပင် ကျော်လွန်သည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကြောင့် ၎င်းတို့၏ ပြမူဆောင်ရွက်မှုများ၊ အတွေးများအပြင် ၎င်းတို့၏ အစီအစဉ်များ၊ ရည်ရွယ်ချက်များသည် ဘောင်ခတ်ပြီး ကန့်သတ်ခံရသည်။ ထို့ကြောင့် ခေါင်းဆောင်နေရာကို ခံယူပြီးသည့်နောက်တွင်ပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဆဲဖြစ်သည်။ ဤပြဿနာများ၏ အကြောင်းရင်းမှာ အဘယ်နည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ခေါင်းဆောင်များ ဖြစ်လာသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များ၌ ၎င်းတို့ ပေးခဲ့သော ကတိများကို အကောင်အထည်ဖော်ရန် ဆက်လက် လိုက်စားသောကြောင့်ဖြစ်သည်။ သို့ရာတွင် ဘုရားအိမ်တော်၌၊ သို့မဟုတ် အသင်းတော်၌ ခေါင်းဆောင်အဖြစ် အစေခံခြင်းသည် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို အကောင်အထည်မပေါ်စေပေ။ ပြီးလျှင် ၎င်းတို့၏ ခံစားချက်များသည် ရောထွးပြီး တစ်ခုနှင့်တစ်ခု ကွဲလွဲလာသည်။ ဤကွဲလွဲမှုများနှင့် ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များ၊ လိုက်စားမှုများကို လက်လွှတ်ရန် မတတ်နိုင်ခြင်းတို့ကြောင့် ၎င်းတို့သည် စိတ်အတွင်းထဲတွင် ဖိနှိပ်ချုပ်ချယ်မှုကို မကြာခဏ ခံစားရပြီး ထွက်ပေါက်ရှာရန် မတတ်နိုင်ဖြစ်ကြသည်။ ဤသည်မှာ လူအမျိုးအစားတစ်ခုဖြစ်သည်။ ဘုရားအိမ်တော်၌ ဤစိတ်ကူးယဉ်သမားများကြားတွင် မိမိတို့၏ စံသတ်မှတ်ချက်များအတွက် ကြိုးစားသော်လည်း မရရှိနိုင်သေးသောသူများရှိပြီး မိမိတို့၏ စံသတ်မှတ်ချက်များအတွက် ကြိုးစားပြီး နောက်ဆုံးတွင် အကောင်အထည်ပေါ်သော်လည်း ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဆဲ ဖြစ်သောသူများလည်းရှိသည်။ ၎င်းတို့သည် မည်သည့်အခြေအနေတွင် ရောက်ရှိနေသည်ဖြစ်စေ ဘုရားအိမ်တော်၌ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး မိမိတို့၏ ဘဝကို ရှင်သန်နေလင့်ကစား ၎င်းတို့၏ စံသတ်မှတ်ချက်များကို လက်မလျှော့ဘဲ ဆက်လက်၍ လိုက်စားနေဆဲ ဖြစ်သောသူများ ရှိကြသည်။

စာရေးသားခြင်း၊ နှုတ်မှုဆိုင်ရာ ပြောဆိုဆက်ဆံခြင်းနှင့် စာပေတွင် ပါရမီရှိသူများလည်းရှိသည်။ ၎င်းတို့သည် ၎င်းတို့၏ စာပေကျွမ်းကျင်မှုမှတစ်ဆင့် ၎င်းတို့၏ အတွေးများကို ဖော်ပြပြီး တစ်ချိန်တည်းတွင် ဤကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသကာ ဘုရားအိမ်တော်အပေါ် ၎င်းတို့၏ အရည်အချင်း၊ တန်ဖိုး၊ ပါဝင်ကူညီမှုတို့ကို လူတို့ သတိပြုမိစေရန် လုပ်ဆောင်ဖို့ မျှော်လင့်ကြသည်။ ၎င်းတို့၏ စံသတ်မှတ်ချက်သည် ထူးချွန်သော၊ အရည်အသွေးပြည့်မီသော စာရေးသူနှင့် ပညာတတ်တစ်ယောက်ဖြစ်ဖို့ လိုက်စားရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ ဝင်ပြီး စာသားကို အခြေခံသော တာဝန်များကို စတင်ထမ်းဆောင်သောအခါ ၎င်းတို့၏ အရည်အချင်းများကို အသုံးချရန် နေရာတစ်ခုတွေ့ရှိသည်ဟု ခံစားရသည်။ ၎င်းတို့၏ စာရေးဆရာများ၊ ပညာတတ်များဖြစ်ရန် စံသတ်မှတ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် ၎င်းတို့၏ အားသက်ချက်များ၊ ပါရမီများကို စိတ်ထက်သန်စွာ ထုတ်ဖော်ပြသကြသည်။ ၎င်းတို့သည် ၎င်းတို့တာဝန်များကို ဆက်လက် ထမ်းဆောင်သော်လည်း ၎င်းတို့၏ စံသတ်မှတ်ချက်များကို လက်မလျှော့ပေ။ တာဝန်များအား ၎င်းတို့ ထမ်းဆောင်ရာတွင် ၈၀ မှ ၉၀ ရာခိုင်နှုန်းမှာ ၎င်းတို့၏ စံသတ်မှတ်ချက်များအပေါ် အခြေခံသည်ဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် ၎င်းတို့တာဝန်များကို ထမ်းဆောင်ရန် စိတ်ပါဝင်စားမှုသည် ဤစံသတ်မှတ်ချက်များကို ၎င်းတို့လိုက်စားခြင်း၊ မျှော်လင့်ခြင်းမှ လာခြင်းဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဤသို့သောလူများအတွက် တာဝန်ထမ်းဆောင်ခြင်းသည် သန့်စင်မှုမရှိသောကြောင့် သမ္မာတရားစည်းမျဉ်းများနှင့် ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ တာဝန်ထမ်းဆောင်ခြင်း စံနှုန်းများကို ပြည့်မီရန် ခက်ခဲသွားသည်။ ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ရန်သက်သက်ဖြင့် ဘုရားအိမ်တော်သို့ လာခြင်းမဟုတ်ဘဲ ထိုအစား ၎င်းတို့၏ ကိုယ်ပိုင်စွမ်းရည်များကို ပြသရန်အတွက် မိမိတို့၏ တာဝန်ထမ်းဆောင်ရသည့် အခွင့်အလမ်းကို အသုံးချဖို့ မျှော်လင့်ပြီး ၎င်းတို့၏ ပင်ကိုစွမ်းရည်များအား ပြသခြင်းမှတစ်ဆင့် ၎င်းတို့၏ စံသတ်မှတ်ချက်များကို ရရှိပြီး ၎င်းတို့၏ တန်ဖိုးကို ထုတ်ဖော်ပြသရန် တောင့်တကြသည်။ ထို့ကြောင့် ၎င်းတို့တာဝန်အား စံမီရန် ထမ်းဆောင်ခြင်းတွင် ၎င်းတို့၏ အကြီးမားဆုံး အတားအဆီးမှာ ၎င်းတို့၏ စံသတ်မှတ်ချက်များဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်သည် တစ်ကိုယ်ရေနှစ်သက်မှုများနှင့် အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် ၎င်းတို့၏ အတွေးအမြင်တို့ဖြင့် ရောထွေးနေသည်။ လူအချို့သည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုခုကို နားလည်သည်၊ သို့မဟုတ် ပင်ကိုစွမ်းရည်တစ်ခုခုရှိသည်။ ဥပမာ အချို့မှာ ကွန်ပြူတာနည်းပညာကို နားလည်ပြီး ကွန်ပြူတာအင်ဂျင်နီယာများအဖြစ် အလုပ်လုပ်ခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့သည် မျက်မှန်တပ်သည်။ ပညာရှင်ဆန်ဆန် ဝတ်ဆင်သည်။ အထူးခြားဆုံးအနေဖြင့် အများနှင့်မတူသော၊ သို့မဟုတ် သူတစ်ပါးတို့ မြင်တွေ့ရလေ့မရှိသော လက်ဆွဲကွန်ပြူတာများကို သယ်ဆောင်ကြသည်။ မည်သည့်နေရာသို့ ၎င်းတို့ သွားသည်ဖြစ်စေ ထိုနေရာတွင် ၎င်းတို့၏ လက်ဆွဲကွန်ပြူတာများကို ဖွင့်၍ ထိုင်ပြီး ဝဘ်ဆိုင်စာမျက်နှာအမျိုးမျိုးတွင် သတင်းအချက်အလက် စစ်ဆေးကာ ကွန်ပြူတာဖြင့် ပြဿနာအမျိုးမျိုးကို ကိုင်တွယ်ကြသည်။ ထိုအရာအားလုံးကို ပညာရှင်ဆန်သည့် အသွင်ဖြင့် လုပ်ဆောင်သည်။ အချုပ်အားဖြင့် ပညာရှင်ဆန်သော အမြင်ရှုထောင့်၊ အပြုအမူ၊ စကား၊ ဟန်ပန်အမူအရာတို့သည် ၎င်းတို့ မိမိကိုယ်ကို တောင်းဆိုပြီး သူတစ်ပါးတို့ရှေ့တွင် ကြွားလုံးထုတ်သော အရာဖြစ်သည်။ ကွန်ပြူတာအင်ဂျင်နီယာလုပ်ငန်း၌ ပညာရှင်ဖြစ်ရန် ကြိုးပမ်းသည်။ ဘုရားအိမ်တော်သို့ ဝင်လာပြီးနောက်တွင် ဤလူတို့သည် နောက်ဆုံး၌ ၎င်းတို့၏ စံသတ်မှတ်ချက်ကို အကောင်အထည်ဖော်ပြီး ကွန်ပြူတာနည်းပညာနှင့် ဆက်စပ်သည့် အလုပ်တာဝန်များကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အစဉ်သဖြင့် နည်းပညာကို လေ့လာပြီး ၎င်းတို့၏ ကျွမ်းကျင်မှုများကို မြှင့်တင်နေကြသည်။ အမျိုးမျိုးသော ပြဿနာများကို ဇွဲလုံ့လရှိစွာဖြင့် ခွဲခြားဖော်ထုတ်ပြီး ဖြေရှင်းကြသည်။ လုပ်ငန်းဆိုင်ရာ ခေတ်ရေစီးကြောင်းများနှင့် ၎င်းတို့၏ နယ်ပယ်တွင် သတင်းအချက်အလက်အသစ်ကို အားပေးမြှင့်တင်ခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းတို့အား အမီလိုက်ဖို့ ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။ ဤသို့သောသူများသည် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုကို အထူးစိတ်ဝင်စားပြီး နားလည်မှုရှိသောကြောင့် ပညာရှင်များ၊ အထူးကျွမ်းကျင်သူများ ဖြစ်လာကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ စံသတ်မှတ်ချက်သည် ပညာရှင်များဖြစ်လာရန်ဖြစ်သည်။ ဘုရားအိမ်တော်က ၎င်းတို့အား အရေးကြီးသောနေရာသို့ ချထားမည်၊ ၎င်းတို့ကို အထင်ကြီးမည်၊ ၎င်းတို့အပေါ် မှီခိုမည်ဟု ၎င်းတို့ မျှော်လင့်ကြသည်။ ဘုရားအိမ်တော်တွင်၊ လက်ရှိအချိန်ကာလတွင် ဤသို့သော လူအများစုမှာ ၎င်းတို့၏ အားသာချက်များကို အမှန်ပင် အသုံးချပြီးဖြစ်ကာ ၎င်းတို့၏ စံသတ်မှတ်ချက်များကို ရရှိပြီးဖြစ်သည်မှာ မှန်သည်။ သို့ရာတွင် ဤလူတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်စဉ်တွင် ၎င်းတို့၏ အလုပ်ကို လုပ်ရာ၌ ၎င်းတို့သည် ၎င်းတို့တာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ ကိုယ်ပိုင် စံသတ်မှတ်ချက်များနောက် လိုက်နေခြင်းဖြစ်သလောဆိုသည်ကို စဉ်းစားဖူးသလော။ ဤသည်မှာ အလုံးစုံ ရှင်းလင်းမှုမရှိဖြစ်သည် မဟုတ်လော။ ၎င်းတို့ လုပ်ဆောင်သည့် အလုပ်သည် အထူးပြုအလုပ်ဖြစ်သည်။ ရှုပ်ထွေးသည်။ ပင်ပန်းသည်။ သို့ရာတွင် ၎င်းတို့ပိုင်ဆိုင်သည့် ကျွမ်းကျင်မှုသည် ဤအလုပ်အတွက် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များဖြင့် အလွန်ပင် ပြည့်မီခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များအား လိုက်စားပြီး တာဝန်များကို ထမ်းဆောင်စဉ်တွင် အတော်အတန် ကန့်သတ်ထိန်းချုပ်ခြင်းခံရသည်ဟု ခံစားကြရသည်။ ဤလူတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသော စံသတ်မှတ်ချက်များကြောင့် ဘုရားသခင်အား ယုံကြည်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရားအမျိုးမျိုးနှင့် တာဝန်ထမ်းဆောင်ခြင်း စည်းမျဉ်းများဖြင့် ရင်ဆိုင်ရသောအခါ အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ချုပ်ချယ်ခံရခြင်းကို ခံစားရနိုင်သည်။ အချို့သောလူတို့မှာ ဤကဲ့သို့ဖြစ်သည်။

ဧဝံဂေလိ ဖြန့်ဝေရာတွင် ပါဝင်သော အခြားလူအုပ်စုတစ်စုရှိသည်။ ၎င်းတို့သည် ဧဝံဂေလိတွင် ခေါင်းဆောင်ဖြစ်ရန်၊ ပထမဖြစ်ရန်၊ ၎င်းတို့ပါဝင်သည့် မည်သည့်အသင်းတော်မဆိုတွင် ဦးဆောင်ပြီး ထူးချွန်ရန် ဆန္ဒပြင်းပြကြပြီး နောက်တွင် ကျန်ရစ်ခဲ့ရန် လုံးဝ မကျေနပ်ကြပေ။ ၎င်းတို့သည် တာဝန်များကို ထမ်းဆောင်ပြီး ၎င်းတို့၏ အလုပ်ကို ဆောင်ရွက်ကြသော်လည်း ၎င်းတို့လိုက်စားသည်မှာ ၎င်းတို့စီစဉ်ပြီး ပုံဖော်သော ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ပန်းတိုင်များဖြစ်သည်။ ယင်းတို့မှာ ဘုရားသခင်နှင့်၊ သို့မဟုတ် သမ္မာတရားနှင့် မသက်ဆိုင်ပေ။ ဤပန်းတိုင်များ၊ စံသတ်မှတ်ချက်များ ဖော်ထုတ်ခံရပြီး တံဆိပ်ကပ်ခြင်းခံရသောအခါ၊ သို့မဟုတ် အတားအဆီးအချို့ကို ၎င်းတို့ ရင်ဆိုင်ရသောအခါ ၎င်းတို့၏ စံသတ်မှတ်ချက်များသည် အကောင်အထည် မဖော်နိုင်သကဲ့သို့ ၎င်းတို့၏ တန်ဖိုးကို မပြသနိုင်သည်ကို ၎င်းတို့ သဘောပေါက်သောအခါတွင် ဤလူများသည် အထူးပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး မကျေမနပ်ဖြစ်ကြသည်။ ၎င်းတို့ထဲမှ လူများစွာတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များကို လိုက်စားစဉ်တွင် အတည်ပြုခြင်း၊ တရားဝင်ဖြစ်ခြင်းတို့ကို လက်ခံရရှိလိုသည်။ ဤအရာများကို ၎င်းတို့ မရရှိသောအခါ၊ သို့မဟုတ် ၎င်းတို့၏ အားစိုက်ရမှုကြောင့် ချက်ချင်း ပြန်မရသောအခါ ဤသည်မှာ မတန်ပေ၊ မျှတပေဟု ၎င်းတို့ ခံစားရသောကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ၎င်းတို့ ခံစားရသည်။ ဤသို့သော အပြုအမူများကို ၎င်းတို့ မပြသသလော။ (ပြသသည်။) ဧဝံဂေလိ ဖြန့်ဝေခြင်း၌ ပါဝင်သောသူများထဲတွင် အရည်အသွေးပြည့်မီပြီး စံနမူနာယူဖွယ်ဖြစ်သော တရားဟောဆရာများ၊ သို့မဟုတ် ဧဝံဂေလိတရားဟောဆရာများ အစဉ်သဖြင့် ဖြစ်လိုသူအချို့ ရှိကြသည်။ နာမည်ကြီးသော ဧဝံဂေလိတရားဟောဆရာ တစ်ယောက်ယောက် အကြောင်းကို ၎င်းတို့ကြားလျှင် တစ်နေ့တွင် ၎င်းတို့သည်လည်း ဤသို့ ဖြစ်နိုင်သည်၊ အနာဂတ်မျိုးဆက်၏ အောက်မေ့ဂုဏ်ပြုခြင်း၊ ချီးမွမ်းခြင်းကို ခံရနိုင်သည်၊ ဘုရားသခင်က အမှတ်ရခြင်းကို ခံရနိုင်သည်ဟူ၍ အားကျမှု၊ မျှော်လင့်မှုတို့ဖြင့် ပြည့်နေသည်။ ၎င်းတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင် စံသတ်မှတ်ထားသော နည်းလမ်းဖြင့် တရားဟောလိုကြသည်။ ဘုရားအိမ်တော်တွင် တရားဟောဆရာဖြစ်လာပြီး နာမည်ကြီးရန်၊ သို့မဟုတ် အနာဂတ်မျိုးဆက်များက အမှတ်ရခြင်းကို ခံရရန် ပန်းတိုင်နှင့် စိတ်ဓာတ်လှုံ့ဆော်မှုအဖြစ် ၎င်းတို့၏ စံသတ်မှတ်ချက်ကို အသုံးပြုလိုကြသည်။ ဤသည်မှာ ၎င်းတို့၏ စံသတ်မှတ်ချက်ဖြစ်သည်။ သို့ရာတွင် ဘုရားအိမ်တော်၌ မည်သည့်အလုပ်မဆိုအတွက် တင်းကျပ်သော သတ်မှတ်ချက်များရှိပြီး ဤအလုပ်ကို လုပ်ဆောင်ရန် လူတို့အား ဘုရားသခင် ပြောသည့် စည်းမျဉ်းများရှိသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ၎င်းတို့ စံသတ်မှတ်ထားသည့် ဧဝံဂေလိတရားဟောဆရာမျိုး မဖြစ်နိုင်သောကြောင့်၊ မကြာခဏပင် ကြီးကြပ်ခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းအောက်တွင် ရှိနေသောကြောင့်၊ ၎င်းတို့အလုပ်နှင့် ပတ်သက်ပြီး ခေါင်းဆောင်များ၊ အမှုဆောင်များထံမှ နောက်ဆက်တွဲအလုပ်နှင့် စစ်ဆေးမေးမြန်းမှုတို့ ရှိသောကြောင့် ဤလူများသည် ဖိနှပ်ချုပ်ချယ်မှုကို ခံစားရရသည်။ အထူးကျွမ်းကျင်မှု၊ သို့မဟုတ် ပင်ကိုစွမ်းရည်များကို ပိုင်ဆိုင်သောကြောင့် ဘုရားအိမ်တော်ကို ဝင်ပြီးနောက်တွင် မိမိတို့၏ စံသတ်မှတ်ချက်များနောက်သို့ ဆက်လက် လိုက်စားသောသူများလည်းရှိသည်။ ဥပမာ သရုပ်ဆောင် ဖြစ်သူများကြားတွင် အချို့မှာ တင်ဆက်ရာတွင် ကျွမ်းကျင်မှုရှိပြီး သရုပ်ဆောင်ပညာကို အခြေခံနားလည်မှုရှိသည်။ ၎င်းတို့သည် အကောင်းဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်လာရန် ဆန္ဒပြင်းပြကြပြီး တစ်နေ့တွင် မယုံကြည်သူများကြားတွင် လူသိများသော နာမည်ကြီး သရုပ်ဆောင်များကဲ့သို့၊ အရေးပါသူများ၊ ကြယ်ပွင့်များ၊ ဘုရင်၊ ဘုရင်မများကဲ့သို့ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု မျှော်လင့်ကြသည်။ သို့ရာတွင် ဘုရားအိမ်တော်၌ ဤအမှုကိစ္စနှင့်ပတ်သက်ပြီး ဖောက်ပြန်ပျက်စီးမှု၏ စိတ်သဘောထားနှင့် ပြသမှုသည် အစဉ်သဖြင့် ဖော်ထုတ်ခြင်းခံရသည်။ သရုပ်ဆောင်များအတွက် အသေးစိတ် သတ်မှတ်ချက်များ၊ စည်းမျဉ်းများရှိသည်။ ၎င်းတို့သည် သရုပ်ဆောင်များအဖြစ် နာမည်ကျော်ကြားမှုအချို့ကို ရရှိပြီးလျှင်ပင် လူတို့ကိုးကွယ်လိုက်လျှောက်သည့် နာမည်ကြီးသူများ ဖြစ်မလာနိုင်သေးပေ။ ထို့ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ၎င်းတို့ ခံစားရသည်။ ၎င်းတို့က “ဘုရားအိမ်တော်သည် ဒုက္ခပေးသည်၊ အရာရာ၌ လူတို့ကို အစဉ်သဖြင့် ကန့်သတ်ထားသည်၊ နာမည်ကြီးသူများ၏ စံနမူနာနောက်လိုက်ခြင်းသည် မည်သို့ မှားယွင်းသနည်း၊ ပင်ကိုစရိုက်နှင့် သတ်မှတ်ချက်အနည်းငယ်ဖြင့် တမူထူးခြားစွာ ဝတ်စားဆင်ယင်ခြင်းက မည်သို့ မှားယွင်းနေသနည်း” ဟူ၍ ဆိုကြသည်။ ဘုရားအိမ်တော်ရှိ သရုပ်ဆောင်များ၏ ဝတ်စုံနှင့် အသေးစိတ် တင်ဆက်မှုများအပေါ် သတ်မှတ်ချက်များကြောင့် ၎င်းတို့၏ အမြင်တွင် နာမည်ကြီးသူနှင့် အရေးပါသူများဖြစ်လာခြင်းအပေါ် ဤသတ်မှတ်ချက်များနှင့် ၎င်းတို့၏ စံသတ်မှတ်ချက်ကြားတွင် ကွဲလွဲမှု၊ သဟဇာတမဖြစ်မှု အစဉ်သဖြင့် ရှိနေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် အလွန်ပင် စိတ်မချမ်းမသာဖြစ်ပြီး “ငါ၏ စံသတ်မှတ်ချက်များကို အကောင်အထည် ဖော်ရန် အဘယ်ကြောင့် အလွန်ခက်ခဲသနည်း၊ ဘုရားအိမ်တော်တွင် နေရာတကာ၌ အတားအဆီးများကို အဘယ်ကြောင့် ငါကြုံရသနည်း” ဟူ၍ စဉ်းစားသည်။ ဤသို့သော အတွေးများကို ၎င်းတို့ တွေ့ကြုံခံစားရသောအခါ၊ သို့မဟုတ် ဤမျှော်မှန်းချက်များနှင့် မကိုက်ညီသောအခါတွင် ဖိနှိပ်ချုပ်ချယ်မှုကို ၎င်းတို့ ခံစားရသည်။ ဤဖိနှိပ်ချုပ်ချယ်ခံရမှု၏ နောက်ကွယ်တွင် ၎င်းတို့၏ စံသတ်မှတ်ချက်များသည် သဘာဝကျပြီး တန်ဖိုးရှိသည်ဟူသော ၎င်းတို့၏ ယုံကြည်မှုရှိသည်။ ၎င်းတို့၏ စံသတ်မှတ်ချက်များနောက်သို့ လိုက်ခြင်းသည် လုံးဝမမှား၊ ၎င်းတို့တွင် ဤသို့ လုပ်ပိုင်ခွင့်ရှိသည်ဟုလည်း ယုံကြည်ကြသည်။ အကျိုးဆက်အနေဖြင့် ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များသည် ၎င်းတို့အတွင်း၌ စတင်ထွက်ပေါ်လာသည်။ ဥပမာ အချို့သော ဒါရိုက်တာများသည် ရုပ်ရှင်အချို့ကို ဒါရိုက်တာပြုလုပ်ပြီးနောက်တွင် အတွေ့အကြုံအတော်များများ ရရှိပြီးဖြစ်သည်ဟု ခံစားကြသည်။ ၎င်းတို့၏ ရုပ်ရှင်များကို ပြသဖို့ ထိုက်တန်သည်၊ ရုပ်ရှင်ရိုက်ကူးရေးပညာ၊ တည်းဖြတ်ခြင်း၊ သရုပ်ဆောင် တင်ဆက်မှုများ၊ ဤသို့သောအမျိုးအစားအားလုံးကို စီမံမှုတို့နှင့်ပတ်သက်လျှင် ယခင်နှင့် နှိုင်းယှဉ်ကြည့်လျှင် တိုးတက်မှုရှိသည်ဟု ယုံကြည်ကြသည်။ အထက်မှ လမ်းပြမှုကို ရရှိပြီးနောက်တွင် ၎င်းတို့၏ ရုပ်ရှင်များသည် နောက်ဆုံး၌ သင့်လျော်သော စံနှုန်းများဖြင့် ကိုက်ညီမှုရှိပြီး အချိန်မီ ထုတ်လွှင့်ပြသသည်။ ဤသည်မှာ အရည်အသွေးပြည့်မီသော ဒါရိုက်တာဖြစ်ရန် ၎င်းတို့၏ လိုက်စားမှုသည် သင့်တော်သော၊ သဘာဝကျသော၊ လိုအပ်သော ရည်မှန်းချက်ဖြစ်သည်ဟူ၍ အတည်ပြုသည့်ပုံစံရှိသည်။ သို့ရာတွင် အရည်အသွေးပြည့်မီသောဒါရိုက်တာဖြစ်လာရန် လိုက်စားစဉ်တွင် ၎င်းတို့၏ စည်းမျဉ်းနှင့်မညီသော အယူအဆ၊ အမြင်၊ လုပ်ဆောင်မှုအချို့သည် မကြာခဏပင် ငြင်းပယ်ခြင်း၊ ပယ်ဖျက်ခြင်း၊ သို့မဟုတ် အသိအမှတ်ပြု မခံရခြင်းတို့ ရှိသည်။ ၎င်းတို့သည် မကြာခဏ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကိုပင် ကြုံရနိုင်သည်။ ယင်းကြောင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရပြီး “ဘုရားအိမ်တော်တွင် ဒါရိုက်တာတစ်ယောက်ဖြစ်ရန် အဘယ်ကြောင့် အလွန်ခက်ခဲသနည်း၊ မယုံကြည်သူများ၏ လောကတွင်ရှိသော ထိုဒါရိုက်တာများကို ကြည့်ပါ၊ အဘယ်မျှပင် စွဲမက်ဖွယ်ကောင်းသနည်း၊ ၎င်းတို့ကို လူများက လက်ဖက်ရည်တိုက်ကြသည်၊ သောက်စရာများကို ခွက်ထဲသို့ လောင်းထည့်ပေးသည်၊ ၎င်းတို့ ခြေထောက်ကိုပင် ဆေးကြောပေးသည်၊ ဘုရားအိမ်တော်တွင် ဒါရိုက်တာဖြစ်ခြင်းသည် အဆင့်အတန်းနှင့် ဟိတ်ဟန်ကင်းမဲ့သည်၊ မည်သူကမျှ ငါတို့ကို အရေးမစိုက်၊ မလေးစားပေ၊ ငါတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသနည်း၊ မည်သည့်အရာကို ငါတို့ လုပ်ဆောင်သည်ဖြစ်စေ မည်သည့်အခါမျှ မမှန်ကန်ပေ၊ မည်မျှ ဖိနှိပ်ချုပ်ချယ်လိုက်သနည်း၊ ငါတို့တွင် ကိုယ်ပိုင်အယူအဆ၊ အမြင်နှင့် အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းများရှိသည်၊ ထို့ကြောင့် အဘယ်ကြောင့် အစဉ်သဖြင့် ကိုင်တွယ်ဖြေရှင်းခြင်း ခံရသနည်း၊ ငါတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနောက်သို့လိုက်ခြင်းသည် မှားယွင်းသလော၊ သို့မဟုတ် ငါတို့၏ စံသတ်မှတ်ချက်များနောက်သို့ လိုက်ခြင်းက သဘာဝမကျသည်မှာ ဖြစ်နိုင်သလော၊ ငါတို့၏ စံသတ်မှတ်ချက်များအား အကောင်အထည်ဖော်ခြင်းသည် အဘယ်ကြောင့် အလွန် ခက်ခဲသနည်း၊ အလွန်ပင် ဖိနှိပ်ချုပ်ချယ်ခံရသည်” ဟု ဆိုကြသည်။ ၎င်းတိုသည် မည်သို့ တွေးသည်ဖြစ်စေ ဖိနှိပ်ချုပ်ချယ်မှုကို ခံရဆဲဖြစ်သည်။ “ဘုရားအိမ်တော်တွင် အရည်အသွေး ပြည့်မီသော အဆိုတော်ဖြစ်ခြင်း၊ ကောင်းစွာ သီဆိုခြင်း၊ ကိုယ်ပိုင်ဟန်ကို ထုတ်ဖော်ပြသခြင်း၊ ငါ့အသံကို နားထောင်သော လူတိုင်းက ချစ်ခြင်းကို ခံရခြင်းကလွဲ၍ အခြားမည်သည့်အရာကိုမျှ ငါ မလိုက်စားပါ” ဟု ပြောသော အဆိုတော်အချို့ရှိသည်။ သို့ရာတွင် ဘုရားအိမ်တော်သည် ဓမ္မသီချင်းများ သီဆိုခြင်းအတွက် သတ်မှတ်ချက်နှင့် စည်းမျဉ်းအမျိုးမျိုးကို မကြာခဏ တင်ပြပြီး ဤအဆိုတော်များသည် ထိုသတ်မှတ်ချက်များကို ကြိမ်ဖန်များစွာ ချိုးဖောက်သောကြောင့် မကြာခဏ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသည်။ ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခြင်းကို မခံရသောအချိန်တွင် ၎င်းတို့၏ စံသတ်မှတ်ချက်များကို ချောမွေ့စွာ အကောင်အထည် ဖော်နိုင်သည်ဟု ခံစားရသည်။ သို့သော် ၎င်းတို့သည် ကိုင်တွယ်ဖြေရှင်းခံရပြီး အနှောင့်အယှက် အနည်းငယ်ကို ကြုံရသောအခါ ထိုအချိန်ကာလအတွင်း ၎င်းတို့၏ အားစိုက်မှု၊ ဖြစ်မြောက်မှုများသည် အတည်ဖြစ်ခြင်းမရှိဘဲ အစမှ ပြန်စရသည်ဟု ခံစားရသည်။ ယင်းကြောင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းတွင် ဖိနှိပ်ချုပ်ချယ်ခံရသော ခံစားချက်ဖြစ်ပေါ်ပြီး “အို ငါ၏ စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် အလွန်ပင် ခက်ခဲသည်၊ ကမ္ဘာလောကသည် ကျယ်ပြန့်သည်၊ သို့တိုင်အောင် ငါ့အတွက် နေရာမရှိသည့် ပုံစံရှိသည်၊ ဘုရားအိမ်တော်တွင်လည်း ထို့အတူဖြစ်သည်၊ ငါ၏ ကိုယ်ပိုင်အသက်မွေးအလုပ်ကို လိုက်စားခြင်းသည် အဘယ်ကြောင့် အလွန်ခက်ခဲသနည်း၊ ငါလုပ်ဆောင်လိုသည့်အရာများကို လုပ်ဆောင်ရန် အဘယ်ကြောင့် အလွန်ခက်ခဲသနည်း၊ မည်သူကမျှ ငါ့အား ခွင့်ပြုချက်မပေး၊ နေရာတကာတွင် အတားအဆီးများ ကြုံရသည်၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို စဉ်ဆက်မပြတ်ခံရသည်၊ ဤအရာအားလုံးတို့သည် အမှန်တကယ်ကို အခက်အခဲဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်သည်၊ မယုံကြည်သူများ၏ လောကတွင် ၎င်းတို့သည် အစဉ်သဖြင့် တစ်ယောက်နှင့်တစ်ယောက် ကြံစည်ပြီး တိုက်ခိုက်နေကြသည်၊ နေရာတိုင်းတွင် အလုပ်နှင့်ပတ်သက်သော အတားအဆီးများရှိသည်၊ ထို့ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်မှာ သာမန်ဖြစ်သည်၊ သို့သော် ငါ၏ စံသတ်မှတ်ချက်များနှင့်အတူ ဘုရားအိမ်တော်သို့ ငါလာသောအခါ အဘယ်ကြောင့် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရဆဲဖြစ်သနည်း” ဟူ၍ ဆိုကြသည်။ ဘုရားအိမ်တော်တွင် အလုပ်အမျိုးမျိုးကို ပါဝင်ဆောင်ရွက်သောသူများသည် ၎င်းတို့၏ စံသတ်မှတ်ချက်များအား လိုက်စားခြင်းဖြစ်စဉ်တွင် အနှောင့်အယှက်များကို မကြာခဏ ကြုံတွေ့ရသည်။ မကြာခဏပင် အတည်ပြုခြင်းမခံရပေ။ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို မကြာခဏခံရပြီး အသိအမှတ်ပြုခြင်းကို ခံရလေ့မရှိပေ။ တက်ကြွမှုမရှိစွာဖြင့် ဤအရာများကို ကြုံတွေ့ပြီးနောက်တွင် ၎င်းတို့သည် အမှုမဲ့ အမှတ်မဲ့ ဆိုသလို စိတ်ဓာတ်ကျလာကြသည်။ ၎င်းတို့၏ ဘဝသည်လည်း ပြီးဆုံးသွားသည်က ကောင်းသည်၊ ၎င်းတို့၏ စံသတ်မှတ်ချက်မျာကို အကောင်အထည်ဖော်ရန် မဖြစ်နိုင်ဟူ၍ ခံစားကြရသည်။ ၎င်းတို့သည် ဘုရားအိမ်တော်သို့ မလာမီတွင် “ငါသည် ငါနှင့်အတူ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ရည်မှန်းချက်များကို သယ်ဆောင်သည်။ ငါသည် ကိုယ်ပိုင်ဆန္ဒများရှိပြီး ဘုရားအိမ်တော်တွင်လည်း မရေမတွက်နိုင်သော အလားအလာများစွာရှိသည်။ ငါသည် အရည်အသွေး ပြည့်မီသော ဒါရိုက်တာ၊ သရုပ်ဆောင်၊ စာရေးဆရာ၊ သို့မဟုတ် အရည်အသွေး ပြည့်မီသော အကသမား၊ အဆိုတော်၊ ဂီတပညာရှင်ပင်ဖြစ်လာနိုင်သည်” ဟူ၍ ထင်လေ့ရှိသည်။ ၎င်းတို့၏ ပင်ကိုစွမ်းရည်များကို ထုတ်ဖော်ပြသခြင်း၊ ၎င်းတို့၏ စံသတ်မှတ်ချက်များကို အောင်မြင်ခြင်းမရှိနိုင်သည့်အချိန်တွင် ဘုရားအိမ်တော်က ၎င်းတို့အား ကိုယ်ပိုင်စင်တစ်ခု ပံ့ပိုးပေးမည်၊ ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ အိပ်မက်များ၊ ရည်မှန်းချက်များ လက်တွေ့ဖြစ်လာနိုင်သည့် ကျယ်ပြန့်သောနေရာတစ်ခု ပံ့ပိုးပေးမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ဘုရားအိမ်တော်တွင်ရှိသော စင်သည် အထူးပင် ကြီးမားသည်ဟု ၎င်းတို့ ခံစားရသည်။ သို့ရာတွင် နှစ်များစွာ ကြာပြီးနောက်တွင် ၎င်းတို့က “ဤစင်သည် ငါ၏ ခြေအောက်တွင် သေးငယ်သွားသည်ဟု အဘယ်ကြောင့် ငါခံစားရသနည်း။ ငါ၏ ကမ္ဘာက အဘယ်ကြောင့် သေးငယ်သွားသနည်း။ ငါ၏ စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် ဖြစ်နိုင်ခြေသည် ပို၍ ဝေးလာပြီး ဖြစ်နိုင်ခြင်းပင် မရှိပေ။ အဘယ်သို့ ဖြစ်နေသနည်း” ဟူ၍ တွေးတောကြသည်။ ဤအဆင့်တွင် ဤလူတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များကို လက်လျှော့မည် မဟုတ်သေးပေ၊ သို့မဟုတ် ဤစံသတ်မှတ်ချက်များ၊ ဆန္ဒများ မှန်ကန်ခြင်း ရှိမရှိကို မေးခွန်းထုတ်မည်မဟုတ်သေးပေ။ ၎င်းတို့သည် ဤစံသတ်မှတ်ချက်များ၊ ဆန္ဒများကို ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းဆီသို့ သယ်ဆောင်လာဆဲဖြစ်သည်။ အကျိုးဆက်အနေဖြင့် လူတို့၏ ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များသည် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ သို့မဟုတ် ဆန္ဒများကို လိုက်စားနေစဉ်တွင်ဖြစ်စေ၊ တကယ့်တာဝန်များကို ထမ်းဆောင်သောအခါတွင်ဖြစ်စေ ၎င်းတို့နောက်သို့ နေရာတကာ လိုက်ပါသည်။ ဖိနှပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များကို သယ်ဆောင်သူတို့အတွက်၊ သို့မဟုတ် ယင်းတို့ကို လက်မလွှတ်နိုင်သူတို့အတွက် ဤနှစ်ခုကြား ဆန့်ကျင်ကွဲလွဲမှုသည် ပြန်လည်သင့်မြတ်ခြင်း မရှိနိုင်ပေ။ ယင်းတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လိုက်စားခြင်းနှင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်း နှစ်ခုလုံးအတွင်းသို့ ဖိနှိပ်ချုပ်ချယ်ခံရသော ခံစားမှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် လူတို့သည် တာဝန်ထမ်းဆောင်နေစဉ်တွင် မည်သို့ပင်ဖြစ်စေ မိမိတို့ကိုယ်ကို စဉ်ဆက်မပြတ် ချိန်ညှိနေကြသည်။ ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ အိပ်မက်များနောက်သို့ စဉ်ဆက်မပြတ် လိုက်နေကြသည်။ လူတို့သည် တစ်ချိန်လုံး ဖိနှိပ်ချုပ်ချယ်မှု၊ စိတ်မပါမှုကို ခံစားလျက် ဆန့်ကျင်ကွဲလွဲသော သဘောထားဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်နေသည်ဟု ဆိုနိုင်သည်။ သို့သော် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို အကောင်အထည်ဖော်ရန်၊ ၎င်းတို့၏ တန်ဖိုးကို ထုတ်ဖော်ပြသပြီး ဤစံသတ်မှတ်ချက်များ၊ ဆန္ဒများနောက်သို့လိုက်ရန်အတွက် ၎င်းတို့တာဝန်များကို ထမ်းဆောင်ခြင်းမှလွဲပြီး ရွေးချယ်စရာမရှိပေ။ ၎င်းတို့သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ မည်သည့်အရာကို ရရှိရန် ရှာဖွေနေသည်ကိုလည်းကောင်း၊ မည်သည့်ရည်ရွယ်ချက်ကို ၎င်းတို့ ဖြစ်မြောက်ဖို့ ကြိုးစားနေသည်၊ လိုက်စားဖို့ကြိုးစားနေသည်၊ အကောင်အထည်ဖော်ဖို့ ကြိုးစားနေသည်ကိုလည်းကောင်း မသေချာပေ။ ၎င်းတို့အတွက် ပို၍ မရှင်းမလင်းဖြစ်လာသည်။ ရှေ့တွင်ရှိသောလမ်းသည် ပိုပို၍ မရှင်းမလင်းဖြစ်လာသည်။ ဤသို့သော အခြေအနေတွင် ၎င်းတို့၏ ဖိနှိပ်ချုပ်ချယ်ခံရသော စိတ်ခံစားချက်များကို လက်လွှတ်ရန်၊ သို့မဟုတ် ဖြေရှင်းရန် မခက်ခဲသလော။ (ခက်ခဲသည်။)

ဤအဆင့်အထိ မိတ်သဟာယဖွဲ့ပြီးနောက်တွင် လူတို့အနေဖြင့် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများ၊ တာဝန်များကြားရှိ ဆက်သွယ်မှုကို မည်သို့ နားလည်ပြီး သိမြင်သင့်သည်ဆိုသည့်အကြောင်းကို ဆက်လက်၍ မိတ်သဟာယပြုကြစို့။ ရှေးဦးစွာ စံသတ်မှတ်ချက်များ အကြောင်းကို ပြောကြစို့။ အထူးသဖြင့် ငါတို့ အစောပိုင်းက ပြောခဲ့သော ထိုလူတို့၏ စံသတ်မှတ်ချက်များအကြောင်းကို ပြောကြစို့။ လူတို့သည် ဘုရားအိမ်တော်တွင် ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် လိုက်စားခြင်းသည် သင့်လျော်သလော။ (မသင့်လျော်ပါ။) ဤအရေးကိစ္စ၏ သဘောသဘာဝမှာ အဘယ်နည်း။ အဘယ်ကြောင့် မသင့်လျော်သနည်း။ (တာဝန်များထမ်းဆောင်စဉ်တွင် ၎င်းတို့၏ စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် လိုက်စားခြင်းအားဖြင့် ၎င်းတို့သည် ဖန်ဆင်းခံများအနေဖြင့် တာဝန်ထမ်းဆောင်ခြင်းကို လိုက်စားရမည့်အစား မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသပြီး ကိုယ်ပိုင်အသက်မွေးအလုပ်များကို တည်ထောင်နေခြင်း ဖြစ်သည်။) ပြောလော့။ မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ရန် လိုက်စားခြင်းသည် မှားယွင်းသလော။ (မှားယွင်းသည်။) ဤသည်မှာ မှားယွင်းသည်ဟု သင်တို့ ဆိုလျှင် ယင်းသည် ၎င်းတို့၏ လူ့အခွင့်အရေးတစ်ခုကို ပိတ်ပင်သလော။ (မပိတ်ပင်ပါ။) ဤသို့ဆိုလျှင် ပြဿနာက အဘယ်နည်း။ (လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ သမ္မာတရားကို လိုက်စားသင့်ပြီး ဘုရားနှုတ်ကပတ်တော်က ၎င်းတို့အား လိုက်စားရန် ညွှန်ပြသည့် လမ်းကြောင်းနောက်သို့ လိုက်သင့်သည်။ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများ၊ စံသတ်မှတ်ချက်များနောက်သို့သာ လိုက်လျှင် ၎င်းတို့သည် ၎င်းတို့၏ ဇာတိပကတိက အလိုရှိသည့်အရာကို လိုက်စားနေခြင်းဖြစ်ပြီး ယင်းသည် စာတန်က သွတ်သွင်းခဲ့သော သဘောတရားတစ်ခုဖြစ်သည်။) ကမ္ဘာလောကတွင် မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များအား အကောင်အထည်ဖော်ရန် လိုက်စားခြင်းသည် သင့်လျော်သည်ဟု သတ်မှတ်ကြသည်။ မည်သည့် စံသတ်မှတ်ချက်များကို သင်လိုက်စားသည်ဖြစ်စေ ယင်းတို့က တရားဝင်ဖြစ်ပြီး မည်သည့် ကိုယ်ကျင့်တရား စည်းဘောင်များကိုမျှ မချိုးဖောက်လျှင် ပြဿနာမရှိပေ။ မည်သူကမျှ မည်သည့်အရာကိုမျှ မေးခွန်းမထုတ်ပေ။ သင်သည် မှန်ခြင်း၊ မှားခြင်းနှင့်သက်ဆိုင်သော ကိစ္စများတွင် ပိတ်မိမနေပေ။ သင်တစ်ကိုယ်ရေနှစ်သက်သည့် မည်သည့်အရာကိုမဆို လိုက်စားသည်။ ယင်းကို သင်ရရှိလျှင်၊ သင်၏ ပန်းတိုင်သို့ ရောက်လျှင် သင်အောင်မြင်သည်။ သို့သော် သင် လွဲချော်လျှင်၊ ရှုံးနိမ့်လျှင် ယင်းသည် သင်၏ ကိုယ်ပိုင်အရေးကိစ္စဖြစ်သည်။ သို့ရာတွင် သင်သည် အထူးနေရာတစ်ခု ဖြစ်သော ဘုရားအိမ်တော်သို့ ဝင်သောအခါ သင်နှင့်အတူ မည်သည့်စံသတ်မှတ်ချက်များ၊ ဆန္ဒများကို သယ်ဆောင်လာသည်ဖြစ်စေ ထိုအရာအားလုံးကို သင် လက်လွှတ်သင့်သည်။ အဘယ်ကြောင့်နည်း။ သင်သည် မည်သည့်အရာကို အထူးလိုက်စားသည်ဖြစ်စေ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လိုက်စားခြင်းသည်၊ ထိုလိုက်စားခြင်းအကြောင်းကိုသာ ပြောရလျှင် ယင်း၏ လုပ်ဆောင်မှု လမ်းစဉ်နှင့် ယင်း၏ လမ်းကြောင်းအားလုံးသည် အတ္တဝါဒ၊ မိမိကိုယ်ကျိုး၊ အဆင့်အတန်း၊ ဂုဏ်တို့ကို ဗဟိုပြုသည်။ ဤအရာများအားလုံးသည် ယင်းက ဗဟိုပြုသောအရာများဖြစ်သည်။ တစ်နည်းအားဖြင့် လူတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များအား အကောင်အထည်ဖော်ရန် လိုက်စားသောအခါ အကျိုးခံစားခွင့်ရှိသူမှာ ၎င်းတို့သာ ဖြစ်သည်။ လူတစ်ယောက်သည် အဆင့်အတန်း၊ ဂုဏ်၊ မာန်မာန၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးစီးပွားများအတွက် သူ၏ စံသတ်မှတ်ချက်များကို အကောင်အထည် ဖော်ရန် လိုက်စားခြင်းသည် ဖြောင့်မတ်သလော။ (မဖြောင့်မတ်ပါ။) တစ်ကိုယ်ရေဖြစ်သော၊ သီးသန့်ဖြစ်သော စံသတ်မှတ်ချက်များ၊ အတွေးများ၊ ဆန္ဒများကြောင့် ၎င်းတို့ ခံယူသည့် နည်းစနစ်နှင့် နည်းလမ်းများ အားလုံးသည် မိမိကိုယ်ကို ဗဟိုပြုပြီး တစ်ကိုယ်ရေ အကျိုးအမြတ်အပေါ်တွင် အာရုံစိုက်သည်။ ယင်းတို့ကို သမ္မာတရားနှင့် နှိုင်းယှဉ်ကြည့်လျှင် ယင်းတို့သည် ဖြောင့်မတ်ခြင်း မရှိသကဲ့သို့ သဘာဝကျခြင်းလည်းမရှိပေ။ လူတို့သည် ယင်းတို့ကို လက်လွှတ်သင့်သည်။ ဤသည်မှာ မသေချာသလော။ (သေချာသည်။) ၎င်းတို့ကို လက်လွှတ်သင့်သည်။ အတ္တဝါဒကို လက်လွှတ်သင့်သည်။ တစ်ကိုယ်ရေ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်သင့်သည်။ ဤအရာကို လူတို့လျှောက်သည့် လမ်းကြောင်းများ၏ အနှစ်သာရ၏ ရှုထောင့်မှ မြင်ရသည်။ မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား အကောင်အထည်ဖော်ရန် လိုက်စားခြင်းသည် အပြုသဘောဆောင်သော အရာတစ်ခုမဟုတ်ပေ။ အချည်းနှီးသာဖြစ်သည်။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ အခြားရှုထောင့်တစ်ခုကို ယခု ဆွေးနွေးကြစို့။ ဘုရားအိမ်တော်၊ အသင်းတော်သည် နာမည်က မည်သို့ရှိသည်ဖြစ်စေ မည်သို့သောနေရာ ဖြစ်သနည်း။ မည်သည့်နေရာမျိုးဖြစ်သနည်း။ အသင်းတော်၊ ဘုရားအိမ်တော်၏ အနှစ်သာရမှာ အဘယ်နည်း။ ပထမအနေဖြင့် သဘောတရားဆိုင်ရာ ရှုထောင့်မှ ကြည့်လျှင် ယင်းသည် ကမ္ဘာလောက၊ လူ့အဖွဲ့အစည်း၊ သို့မဟုတ် လူ့အဖွဲ့အစည်းတွင်ရှိသော လူသားအုပ်စု၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု မဟုတ်ပေ။ ကမ္ဘာလောက၊ သို့မဟုတ် လူသားမျိုးနွယ်နှင့် မသက်ဆိုင်ပေ။ ယင်းကို အဘယ်ကြောင့် တည်ဆောက်ခဲ့သနည်း။ ယင်း၏ ပေါ်ထွန်းမှု၊ ဖြစ်တည်မှု၏ အကြောင်းရင်းမှာ အဘယ်နည်း။ အကြောင်းရင်းမှာ ဘုရားသခင်နှင့် သူ၏ အမှုတော်ကြောင့် ဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) ဘုရားသခင် တည်ရှိမှုနှင့် သူ၏ အမှုတော်ကြောင့် အသင်းတော်၊ ဘုရားအိမ်တော်က ဖြစ်တည်သည်။ ထို့ကြောင့် အသင်းတော်၊ ဘုရားအိမ်တော်သည် တစ်ကိုယ်ရေ ပါရမီများကို ထုတ်ဖော်ပြသပြီး တစ်ကိုယ်ရေ စံသတ်မှတ်ချက်များ၊ ရည်မှန်းချက်များ၊ ဆန္ဒများကို ဖြည့်ဆည်းရန် နေရာတစ်ခုဖြစ်သလော။ (မဖြစ်ပါ။) ဤသို့မဟုတ်သည်မှာ ရှင်းသည်။ အသင်းတော်၊ ဘုရားအိမ်တော်သည် ဘုရားသခင်၏ တည်ရှိမှုနှင့် သူ၏ အမှုတော်တည်ရှိမှုကြောင့် ဖြစ်တည်သည်။ ထို့ကြောင့် ယင်းသည် တစ်ကိုယ်ရေပါရမီများကို ထုတ်ဖော်ပြသရန်၊ သို့မဟုတ် တစ်ကိုယ်ရေ စံသတ်မှတ်ချက်များ၊ ရည်မှန်းချက်များ၊ ဆန္ဒများကို အကောင်အထည် ဖော်ရန် နေရာတစ်ခုမဟုတ်ပေ။ ယင်းသည် ဇာတိပကတိတွင်ရှိသော ဘဝ၊ ဇာတိပကတိဆိုင်ရာ မျှော်လင့်ချက်များ၊ ကျော်ကြားမှုနှင့် စည်းစိမ်၊ အဆင့်အတန်း၊ ဂုဏ် စသဖြင့်တို့ကို ဗဟိုမပြုပေ။ ဤအရာများအတွက် အလုပ်မလုပ်ပေ။ လူသားများ၏ ရုပ်ဝတ္ထုဆိုင်ရာ ကျော်ကြားမှု၊ အဆင့်အတန်း၊ မွေ့လျော်မှု၊ သို့မဟုတ် မျှော်လင့်ချက်များအတွက် ထွက်ပေါ်ခြင်း၊ ဖြစ်တည်ခြင်းလည်း မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်နေရာမျိုးဖြစ်သနည်း။ အသင်းတော်၊ ဘုရားအိမ်တော်သည် ဘုရားသခင် တည်ရှိမှုနှင့် သူ၏ အမှုတော် တည်ရှိမှုကြောင့် တည်ဆောက်ခဲ့ခြင်းဖြစ်သောကြောင့် ယင်းသည် ဘုရားသခင်၏ အလိုတော်ကို မဆောင်ရွက်သင့်သလော။ သူ၏ နှုတ်ကပတ်တော်များကို ထုတ်ဖော်ပြောပြီး သူ့ကို သက်သေမခံသင့်သလော။ (ဟုတ်သည်။) ဤသည်မှာ သမ္မာတရား မဟုတ်သလော။ (ဟုတ်သည်။) အသင်းတော်၊ ဘုရားအိမ်တော်သည် ဘုရားသခင်နှင့် သူ၏ အမှုတော် တည်ရှိမှုကြောင့် ဖြစ်တည်သည်။ ထို့ကြောင့် ယင်းသည် ဘုရားအလိုတော်ကိုသာ ဆောင်ရွက်နိုင်သည်။ သူ၏ နှုတ်ကပတ်တော်များကို ထုတ်ဖော်ပြောပြီး သူ့အတွက် သက်သေခံနိုင်သည်။ ယင်းသည် တစ်ကိုယ်ရေအဆင့်အတန်း၊ ကျော်ကြားမှု၊ ရှေ့ရေး၊ သို့မဟုတ် အခြားအကျိုးစီးပွားတစ်ခုခုနှင့် လုံးဝ မသက်ဆိုင်ပေ။ အသင်းတော်၊ ဘုရားအိမ်တော်က အမှုအားလုံးကို ထိန်းချုပ်သော စည်းမျဉ်းများသည် ဘုရားနှုတ်ကပတ်တော်၊ သူ၏ သတ်မှတ်ချက်၊ သူ၏ သွန်သင်ချက်များအပေါ် အခြေခံသင့်သည်။ ကျယ်ပြန့်စွာဆိုရလျှင် ယင်းသည် ဘုရားအလိုတော်နှင့် သူ၏ အမှုတော်ကို ဗဟိုပြုသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် နိုင်ငံတော် ဧဝံဂေလိကို ချဲ့ထွင်ခြင်း၊ သူ၏ နှုတ်ကပတ်တော်ကို သက်သေခံပြီး ထုတ်ဖော်ပြောခြင်းကို ဗဟိုပြုသည်ဟု ဆိုနိုင်သည်။ ဤသည်မှာ မှန်ကန်သလော။ (မှန်ကန်သည်။) ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်း၊ သူ၏ နှုတ်ကပတ်တော်များကို ထုတ်ဖော်ပြောခြင်း၊ သူ့အတွက် သက်သေခံခြင်းတို့အပြင် အသင်းတော်၊ ဘုရားအိမ်တော်အတွက် ပို၍ပင် အရေးကြီးသော အရာတစ်ခုခုရှိသလော။ (ဤသည်မှာ ဘုရားသခင် ရွေးချယ်သောသူများက သူ၏ အမှုတော်ကို တွေ့ကြုံသော၊ သန့်စင်ခြင်းကို လက်ခံရရှိပြီး ကယ်တင်ခြင်းကို ရရှိသော နေရာဖြစ်သည်။) သင်တို့ပြောသည်မှာ အတိအကျပင်ဖြစ်သည်။ အသင်းတော်၊ ဘုရားအိမ်တော်သည် ဘုရားအလိုတော်ကို ဆောင်ရွက်သော၊ သူ၏ နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြောသော၊ သူ့အတွက် သက်သေခံသောနေရာ ဖြစ်ပြီး အရေးကြီးဆုံးမှာ ကယ်တင်ခြင်းကို လူတို့ လက်ခံရရှိနိုင်သော နေရာဖြစ်သည်။ ဤအရာကို သင်မှတ်မိသလော။ (မှတ်မိသည်။) ဖတ်လော့။ (အသင်းတော်၊ ဘုရားအိမ်တော်သည် ဘုရားအလိုတော်ကို ဆောင်ရွက်သော၊ သူ၏ နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြောသော၊ သူ့အတွက် သက်သေခံသော၊ သူရွေးချယ်ထားသော လူများက သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို လက်ခံရရှိသောနေရာတစ်ခု ဖြစ်သည်။) အသင်းတော်၊ ဘုရားအိမ်တော်သည် ဘုရားအလိုတော်ကို ဆောင်ရွက်သော၊ သူ၏ နှုတ်ကပတ်တော်ကို ထုတ်ဖော်ပြောသော၊ သူ့အတွက် သက်သေခံသော၊ သူရွေးချယ်ထားသောလူများက သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းကို လက်ခံရရှိသောနေရာတစ်ခုဖြစ်သည်။ ဤသို့သော နေရာဖြစ်သည်။ ဤသို့သော နေရာတွင် မည်သည့်အလုပ်မျိုးဖြစ်စေ တစ်ကိုယ်ရေ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား ဖြည့်ဆည်းခြင်းနှင့် ကိုက်ညီသော အလုပ်၊ သို့မဟုတ် ပရောဂျက်တစ်ခုခု ရှိသလော။ တစ်ကိုယ်ရေ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား ဖြည့်ဆည်းခြင်း ရည်ရွယ်ချက်အတွက် လုပ်ဆောင်သော အလုပ်၊ သို့မဟုတ် ပရောဂျက် မရှိသကဲ့သို့ ဤအရာများ၏ သွင်ပြင်လက္ခဏာ တစ်ခုမျှသည် တစ်ကိုယ်ရေ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းအတွက် မတည်ရှိပေ။ ထို့ကြောင့် ဘုရားအိမ်တော်တွင် တစ်ကိုယ်ရေ စံသတ်မှတ်ချက်များနှင့် ဆန္ဒများရှိသင့်သလော။ (မရှိသင့်ပါ။) မရှိသင့်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ကိုယ်ရေ စံသတ်မှတ်ချက်များနှင့် ဆန္ဒများသည် အသင်းတော်တွင် ဘုရားသခင် လုပ်ဆောင်လိုသည့် မည်သည့်အလုပ်မဆိုဖြင့် ကွဲလွဲနေသောကြောင့် ဖြစ်သည်။ တစ်ကိုယ်ရေစံသတ်မှတ်ချက်များနှင့် ဆန္ဒများသည် အသင်းတော်တွင် လုပ်ဆောင်သော မည်သည့်အလုပ်မဆိုဖြင့် ဆန့်ကျင်ကွဲလွဲနေသည်။ ယင်းတို့သည် သမ္မာတရားနှင့် ဆန့်ကျင်သည်။ ဘုရားအလိုတော်နှင့်လည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်၏ ထုတ်ဖော်ပြောဆိုချက်များနှင့်လည်းကောင်း၊ ဘုရားအတွက် သက်သေခံခြင်းနှင့်လည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် သန့်စင်ခြင်း၊ ကယ်တင်ခြင်းအမှုနှင့်လည်းကောင်း သွေဖည်နေသည်။ လူတစ်ယောက်၏ စံသတ်မှတ်ချက်များက မည်သို့ရှိသည်ဖြစ်စေ ယင်းတို့သည် တစ်ကိုယ်ရေ စံသတ်မှတ်ချက်များ၊ ဆန္ဒများဖြစ်သရွေ့ ဘုရားအလိုတော်နောက်သို့ လူတို့ လိုက်ခြင်းကို တားဆီးလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်တို့ကို ထုတ်ဖော်ပြောခြင်းနှင့် ဘုရားအပေါ် သက်သေခံခြင်းကို ထိခိုက်မည်၊ သို့မဟုတ် နှောင့်ယှက်လိမ့်မည်။ ယင်းတို့သည် တစ်ကိုယ်ရေ စံသတ်မှတ်ချက်များ၊ ဆန္ဒများဖြစ်သရွေ့ လူတို့အား သန့်စင်ခြင်း၊ ကယ်တင်ခြင်းကို ရရှိခွင့် မပေးနိုင်သည်မှာ ပြောစရာမလိုပေ။ ဤနှစ်ခုကြားတွင် ကွဲလွဲနေခြင်း သက်သက်သာ မဟုတ်ဘဲ တစ်ခုနှင့်တစ်ခု အခြေခံအားဖြင့် ဆန့်ကျင်နေသည်။ သင်၏ ကိုယ်ပိုင် စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လိုက်စားစဉ်တွင် သင်သည် ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို ထုတ်ဖော်ပြောခြင်း၊ ဘုရားအပေါ် သက်သေခံခြင်းအပြင် လူတို့၏ ကယ်တင်ခြင်းကိုလည်း တားဆီးပြီး သင်၏ ကိုယ်ပိုင်ကယ်တင်ခြင်းကိုလည်း နှောင့်ယှက်သည်မှာ ပြောစရာမလိုပေ။ အတိုချုပ်အားဖြင့် လူတို့၏ စံသတ်မှတ်ချက်များက မည်သို့ရှိသည်ဖြစ်စေ ယင်းတို့သည် ဘုရားအလိုတော်ကို လုပ်ဆောင်ဖို့ မဟုတ်သကဲ့သို့ ဘုရားသခင်အား အကြွင်းမဲ့နာခံခြင်းနှင့် သက်ဆိုင်သည့် အမှန်တကယ်ရလဒ်ကို မရရှိနိုင်ပေ။ လူတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများနောက်သို့ လိုက်သောအခါ ၎င်းတို့၏ အဆုံးစွန်သော ရည်ရွယ်ချက်သည် သမ္မာတရားအား နားလည်ရန်မဟုတ်၊ သို့မဟုတ် မိမိတို့ မည်သို့ ကျင့်ကြံနေထိုင်ရမည်၊ ဘုရားအလိုတော်ကို မည်သို့ ဖြည့်ဆည်းရမည်၊ မိမိတို့၏ တာဝန်များကို မည်သို့ကောင်းစွာ ထမ်းဆောင်ပြီး ဖန်ဆင်းခံများအနေဖြင့် မိမိတို့၏ ကဏ္ဍကို မည်သို့ ဖြည့်ဆည်းရမည်ဆိုသည်တို့ကို နားလည်ရန်မဟုတ်ပေ။ လူတို့အနေဖြင့် ဘုရားသခင်အပေါ် စစ်မှန်သော ကြောက်ရွံ့မှုနှင့် နာခံမှုရှိဖို့မဟုတ်ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ လူတစ်ယောက်၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများက အကောင်အထည်ပေါ်လေလေ၊ ဘုရားသခင်ထံမှ ဝေးကွာပြီး စာတန်နှင့် နီးစပ်လေလေဖြစ်သည်။ အလားတူပင် လူတစ်ယောက်သည် မိမိ၏ စံသတ်မှတ်ချက်များကို လိုက်စားပြီး ရရှိလေလေ၊ မိမိ၏ စိတ်နှလုံးက ဘုရားကို ပုန်ကန်လာလေလေ၊ ဘုရားသခင်နှင့် ပို၍ ဝေးကွာလေလေဖြစ်သည်။ အဆုံးတွင် မိမိသဘောအတိုင်း မိမိ၏ စံသတ်မှတ်ချက်များကို ဖြည့်ဆည်းပြီး မိမိ၏ ဆန္ဒများကို အကောင်အထည်ဖော်ကာ ဖြည့်ဆည်းနိုင်သောအခါ ဘုရားသခင်အား၊ သူ၏ အချုပ်အခြာအာဏာနှင့် သူနှင့်သက်ဆိုင်သော အရာရာတိုင်းအား ပို၍ မထီမဲ့မြင်ပြုလာသည်။ ဘုရားသခင်အား ငြင်းဆန်ခြင်း၊ အာခံခြင်း၊ ဆန့်ကျင်ပြီး ရပ်တည်ခြင်းလမ်းကိုပင် လျှောက်လှမ်းနိုင်သည်။ ဤသည်မှာ နောက်ဆုံး ရလဒ်ဖြစ်သည်။

ဘုရားအိမ်တော်၊ အသင်းတော်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ပြီးနောက်တွင် လူတို့သည် ဘုရားအိမ်တော်သားတစ်ဦးအဖြစ် ဘုရားအိမ်တော်၌ နေထိုင်ပြီး ရှင်သန်စဉ်တွင် မည်သည့်သဘောထားနှင့် ရပ်တည်ချက်ကို ခံယူရမည်ကိုလည်း နားလည်သင့်သည်။ လူအချို့က “ကိုယ်တော်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကိုယ်ပိုင် စံသတ်မှတ်ချက်များ၊ သို့မဟုတ် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ဆန္ဒများကို အကောင်အထည်ဖော်ရန် လိုက်စားခွင့်မပြုပါ” ဟူ၍ ဆိုကြသည်။ သင်တို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနောက်သို့ လိုက်ခြင်းကို ငါ သင်တို့အား မကန့်သတ်ပေ။ ဘုရားအိမ်တော်တွင် မည်သို့ သင့်လျော်စွာ နေထိုင်ရမည်၊ ဖန်ဆင်းခံတစ်ယောက်အနေဖြင့် ဘုရားအိမ်တော်တွင် သင့်လျော်သော ရပ်တည်ချက်ကို မည်သို့ ခံယူပြီး သင်၏ တာဝန်များအား ထမ်းဆောင်ရမည်ဆိုသည်ကို သင့်အား ငါပြောနေခြင်းဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များအား အကောင်အထည်ဖော်ရန် လိုက်စားခြင်းကို ဆက်လက်လုပ်ဆောင်လျှင် ငါသည် ရိုးရှင်းစွာဖြင့် ပြောလိုက်၍ရသည်- ကျေးဇူးပြု၍ ထွက်ခွာလော့။ အသင်းတော်သည် သင်၏ စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် လိုက်စားဖို့အတွက် နေရာတစ်ခုမဟုတ်။ ဘုရားအိမ်တော်၏ ပြင်ပတွင် သင်လုပ်ဆောင်လိုသည့် သင်၏ စံသတ်မှတ်ချက်တွင်ရှိသော မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ရည်မှန်းချက်များနောက်သို့ လိုက်နိုင်သည်။ သင်လုပ်ဆောင်ဖို့ လိုသည်မှာ ဘုရားအိမ်တော်မှ ထွက်ခွာဖို့သာဖြစ်သည်။ ပြီးလျှင် သင်လုပ်ဆောင်သည့်အရာကို မည်သူကမျှ ဝင်ရောက်စွက်ဖက်မည်မဟုတ်။ သို့ရာတွင် အသင်းတော်၊ ဘုရားအိမ်တော်သည် သင်၏ စံသတ်မှတ်ချက်များအား အကောင်အထည် ဖော်ရန် လိုက်စားခြင်းအတွက် သင့်တော်သောနေရာမဟုတ်ပေ။ ပို၍ အတိအကျဆိုလျှင် ဤနေရာ၌ သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များ၊ ဆန္ဒများနောက်သို့လိုက်ရန် သင့်အတွက် မဖြစ်နိုင်ပေ။ ဘုရားအိမ်တော်၊ အသင်းတော်တွင် တစ်ရက်ပင် သင်နေလျှင် သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များအား အကောင်အထည်ဖော်ရန်၊ သို့မဟုတ် လိုက်စားရန် စဉ်းစားခြင်းပင် မပြုနှင့်။ သင်က “ကျွန်ုပ်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကို စွန့်လွှတ်သည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်လိုပြီး အရည်အချင်းရှိသော ဖန်ဆင်းခံဖြစ်လိုသည်” ဟု ဆိုလျှင် ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်လိမ့်မည်။ ဘုရားအိမ်တော်ရှိ သင်၏ နေရာနှင့်အညီ၊ စည်းကမ်းများနှင့်အညီ သင့်တာဝန်များကို ထမ်းဆောင်နိုင်သည်။ သို့သော် သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကို လိုက်စားပြီး အကောင်အထည်ဖော်ရန် ဆက်လက်လုပ်ဆောင်ပြီး သင်၏ ဘဝကို အချည်းနှီးအသက်မရှင်ရန် ရည်ရွယ်လျှင် သင့်တာဝန်များကို စွန့်လွှတ်ပြီး ဘုရားအိမ်တော်မှ ထွက်ခွာနိုင်သည်။ သို့မဟုတ် “ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်နှင့် ဆန္ဒများအား အကောင်အထည်ဖော်ရန် လိုက်စားဖို့အတွက် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ မိမိဆန္ဒအလျောက် နုတ်ထွက်ပါသည်။ ကမ္ဘာလောကသည် ကျယ်ပြန့်ပြီး ကျွန်ုပ်အတွက် နေရာတစ်နေရာရှိရမည်။ နှုတ်ဆက်ပါသည်” ဆိုသော စာကို ရေးသားနိုင်သည်။ ဤသို့အားဖြင့် သင်သည် သင့်တင့်လျောက်ပတ်သည့်ပုံစံဖြင့် ထွက်ခွာပြီး သင်၏ ကိုယ်ပိုင် စံသတ်မှတ်ချက်များနောက်သို့ လိုက်နိုင်သည်။ သို့ရာတွင် သင်က “ကျွန်ုပ်သည် ကျွန်ုပ်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကိုသာ စွန့်လွှတ်မည်၊ ဘုရားအိမ်တော်တွင် တာဝန်များကို ထမ်းဆောင်မည်၊ အရည်အချင်းရှိသော ဖန်ဆင်းခံတစ်ယောက်ဖြစ်မည်၊ ကယ်တင်ခြင်းကို လိုက်စားမည်” ဟု ဆိုလျှင် ငါတို့ကြားတွင် တူညီမှုရှိသော ရပ်တည်ချက်အချို့ကို ရှာတွေ့နိုင်သည်။ သင်သည် ဘုရားအိမ်တော်သားတစ်ဦးအဖြစ် ငြိမ်းချမ်းစွာ ဆက်လက်ကျန်ရှိနေလိုသောကြောင့် ရှေးဦးစွာ သင်၏နေရာနှင့်အညီ ဖန်ဆင်းခံကောင်းတစ်ယောက်ဖြစ်ပြီး သင့်တာဝန်များကို ထမ်းဆောင်ရန် နည်းလမ်းကို သင်ယူသင့်သည်။ ဤသို့ဆိုလျှင် သင်သည် ဘုရားအိမ်တော်တွင် မိမိ၏နာမည်နှင့်လိုက်အောင် လုပ်ဆောင်နိုင်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်လာလိမ့်မည်။ ဖန်ဆင်းခံဆိုသည်မှာ သင်၏ အပြင်ပန်း ကိုယ်ပိုင်လက္ခဏာနှင့် ဂုဏ်ပုဒ်ဖြစ်သည်။ အသေးစိတ် ဖော်ပြမှုများနှင့် အနှစ်သာရတို့ ရှိသင့်သည်။ ဤသည်မှာ ဂုဏ်ပုဒ်ရှိခြင်းသက်သက်သာ မဟုတ်ဘဲ သင်သည် ဖန်ဆင်းခံ ဖြစ်သောကြောင့် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်များကို ထမ်းဆောင်သင့်သည်။ သင်သည် ဖန်ဆင်းခံဖြစ်သောကြောင့် ဖန်ဆင်းခံ၏ တာဝန်ရှိသောအရာများကို ဖြည့်ဆည်းသင့်သည်။ ဤသို့ဆိုလျှင် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်၊ ဝတ္တရားများမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်သည် ဖန်ဆင်းခံများ၏ တာဝန်၊ ဝတ္တရားနှင့် တာဝန်ရှိသောအရာများကို ရှင်းလင်းစွာ ချပြသည်မဟုတ်လော။ ယနေ့မှစ၍ သင်သည် ဘုရားအိမ်တော်၏ စစ်မှန်သော အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦးအဖြစ် သင့်ကိုယ်သင် အသိအမှတ်ပြုသည်။ အကျိုးဆက်အနေဖြင့် ယနေ့မှစ၍ သင်၏ ဘဝအစီအစဉ်များကို ပြန်လည်စဉ်းစားသင့်သည်။ သင့်ဘဝအတွက် ယခင်က သင်ချမှတ်ခဲ့သော စံသတ်မှတ်ချက်များ၊ ဆန္ဒများ၊ ပန်းတိုင်များကို မလိုက်စားတော့ဘဲ လက်လွှတ်သင့်သည်။ ထိုအစား သင်သည် ဖန်ဆင်းခံတစ်ယောက် ရှိသင့်သည့် ဘဝပန်းတိုင်များနှင့် ဦးတည်ချက်ကို စီစဉ်ရန် သင်၏ ကိုယ်ပိုင်လက္ခဏာနှင့် အမြင်ရှုထောင့်ကို ပြောင်းလဲသင့်သည်။ ရှေးဦးစွာ သင်၏ ပန်းတိုင်နှင့် ဦးတည်ချက်သည် ခေါင်းဆောင်ဖြစ်ရန်၊ သို့မဟုတ် လုပ်ငန်းတစ်ခုခုတွင် ဦးဆောင်ရန်၊ ထူးချွန်ရန်၊ သို့မဟုတ် အလုပ်တစ်ခုခုကို လုပ်ဆောင်သော နာမည်ကြီးသည့် ပုဂ္ဂိုလ်ဖြစ်ရန်၊ သို့မဟုတ် ပညာရပ်တစ်ခုခုကို ကျွမ်းကျင်တတ်မြောက်ရန် မဖြစ်သင့်ပေ။ သင်၏ ပန်းတိုင်မှာ ဘုရားသခင်ထံမှ သင်၏တာဝန်ကို လက်ခံရရှိရန် ဖြစ်သင့်သည်။ ဆိုလိုသည်မှာ ယခုအချိန်တွင် မည်သည့်အလုပ်ကို သင်လုပ်ဆောင်သင့်သည်ကို သိရှိရန်၊ မည်သည့်တာဝန်ကို သင်ဖြည့်ဆည်းဖို့လိုသည်ကို သိရှိရန်ဖြစ်သည်။ ဘုရားအိမ်တော်တွင် ဘုရားသခင်က သင့်အပေါ် မည်သည့်အရာကို တောင်းဆိုသည်၊ သင့်အတွက် မည်သည့်တာဝန်ကို စီစဉ်ပြီးဖြစ်သည်ဆိုသည်ကို မေးမြန်းဖို့ လိုသည်။ ထိုတာဝန်နှင့်ပတ်သက်ပြီး နားလည်သင့်သည့်၊ သဘောပေါက်သင့်သည့်၊ လိုက်နာသင့်သည့် စည်းမျဉ်းများနှင့်ပတ်သက်ပြီး နားလည်ကာ ရှင်းလင်းမှုရှိသင့်သည်။ ယင်းတို့ကို သင် မမှတ်မိနိုင်လျှင် စာရွက်ပေါ်တွင် ချရေးနိုင်သည်၊ သို့မဟုတ် သင်၏ ကွန်ပြူတာပေါ်တွင် မှတ်သားနိုင်သည်။ ယင်းတို့ကို စစ်ဆေးပြီး တွေးတောရန် အချိန်ယူလော့။ ဖန်ဆင်းခံအဖွဲ့ဝင်တစ်ယောက်အနေဖြင့် သင်၏ အဓိကဘဝ ပန်းတိုင်သည် ဖန်ဆင်းခံတစ်ယောက်ဖြစ်သည့် သင်၏ တာဝန်များကို ဖြည့်ဆည်းပြီး အရည်အချင်းရှိသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန် ဖြစ်သင့်သည်။ ဤသည်မှာ သင့်တွင်ရှိသင့်သော အခြေခံအကျဆုံးသော ဘဝပန်းတိုင်ဖြစ်သည်။ ဒုတိယအနေဖြင့် ပို၍ အသေးစိတ်ကျသောအရာမှာ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင့်တာဝန်များကို မည်သို့ ဖြည့်ဆည်းပြီး အရည်အချင်းရှိသော ဖန်ဆင်းခံတစ်ယောက် မည်သို့ ဖြစ်ရမည်ဆိုသည့်အရာ ဖြစ်သည်။ သင်၏ ဂုဏ်၊ အဆင့်အတန်း၊ မာန်မာန၊ အနာဂတ် စသဖြင့်တို့နှင့် သက်ဆိုင်သော မည်သည့်ပန်းတိုင်၊ သို့မဟုတ် ဦးတည်ချက်မဆို စွန့်လွှတ်သင့်သည်မှာ ပြောစရာမလိုပေ။ အချို့က “အဘယ်ကြောင့် ယင်းတို့ကို စွန့်လွှတ်သင့်သနည်း” ဟု မေးနိုင်သည်။ ရိုးရှင်းသည်။ ကျော်ကြားမှု၊ ချမ်းသာမှု၊ အဆင့်အတန်းတို့ နောက်လိုက်ခြင်းသည် ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းအား တားဆီးလိမ့်မည်။ ဘုရားအိမ်တော်၊ သို့မဟုတ် အသင်းတော်တွင် အလုပ်အချို့ကို နှောင့်ယှက်လိမ့်မည်။ အသင်းတော်၏ အလုပ်အချို့ကိုပင် သေးသိမ်စေလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်အား ဖြန့်ခြင်း၊ ဘုရားသခင်အပေါ် သက်သေခံခြင်းကို ထိခိုက်မည်။ အဆိုးရွားဆုံးမှာ ကယ်တင်ခြင်းကို လူတို့ လက်ခံရရှိခြင်းအား ထိခိုက်မည်။ သင့်တာဝန်ကို အရည်အချင်းရှိစွာ ထမ်းဆောင်ပြီး အရည်အချင်းရှိသော ဖန်ဆင်းခံတစ်ယောက် ဖြစ်ရန်အတွက် သင်အလိုရှိသော မည်သည့်နည်းလမ်းဖြင့်မဆို ပန်းတိုင်များ ချမှတ်ပြီး သင်၏ အတွေ့အကြုံများကို အနှစ်ချုပ်နိုင်သည်။ သို့သော် သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များအား အကောင်အထည်ဖော်ခြင်းကို လုံးဝ မလိုက်စားသင့်ပေ။ သင်၏ စံသတ်မှတ်ချက်များသည် သင့်တာဝန်ကို ထမ်းဆောင်ခြင်းတွင် သင်ခံယူသောစည်းမျဉ်း၊ သို့မဟုတ် နည်းလမ်းတစ်ခုခုဖြင့် ရောထွေးမသွားသင့်ပေ။ သင့်တာဝန်ကို အရည်အချင်းရှိစွာ ထမ်းဆောင်ပြီး အရည်အချင်းရှိသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန်အတွက် ဘုရားနှုတ်ကပတ်တော်ပြင်ပတွင် သင်၏ ကိုယ်ပိုင်အယူအဆများ၊ အခွင့်အရေးများကို အနှစ်ချုပ်ခြင်းအစား ဘုရားနှုတ်ကပတ်တော်အတွင်းတွင် စည်းမျဉ်းများကို ရှာဖွေပြီး ပို၍ တိကျမှန်ကန်သော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှာဖွေသင့်သည်။ ဤလက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများသည် အဆုံးစွန်အနေဖြင့် အရည်အချင်းရှိသော ဖန်ဆင်းခံဖြစ်ပြီး သင်၏တာဝန်ကို ထမ်းဆောင်ရန် နည်းလမ်းကို ဗဟိုပြုသည်။ အရာရာတိုင်းသည် သမ္မာတရားအား နားလည်ခြင်း၊ ဖန်ဆင်းခံတစ်ယောက်အဖြစ် သင့်တာဝန်ကို ထမ်းဆောင်ခြင်း၊ အဆုံးတွင် သင့်တာဝန်အား ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တွင်၊ သို့မဟုတ် သင်၏ နေ့စဉ်အသက်တာတွင်ရှိသော အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ရင်ဆိုင်သောအခါ လိုက်နာရန် စည်းမျဉ်းများအား နားလည်ခြင်းတို့အပေါ်တွင် ဗဟိုပြုသည်။ ရှင်းသလော။ (ရှင်းသည်။) သင်သည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများနှင့်အညီ သင့်တာဝန်ကို ထမ်းဆောင်လျှင်၊ အရည်အချင်းရှိသော ဖန်ဆင်းခံတစ်ယောက် ဖြစ်ရန် ကြိုးပမ်းလျှင် ဤရလဒ်များကို သင်ရရှိနိုင်သည်။ သို့ရာတွင် သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် လိုက်စားလျှင် ဘုရားသခင်၏ လက်ခံမှုကို မည်သည့်အခါမျှ သင်ရရှိမည်မဟုတ်ပေ။

လူတို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းနောက်သို့ မလိုက်ဘဲ ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များအား အကောင်အထည် ဖော်ခြင်းကို ဆက်တိုက်လိုက်စားလျှင် ၎င်းတို့သည် အဆုံး၌ ပို၍ မာနထောင်လွှားလာမည်၊ တစ်ကိုယ်ကောင်းဆန်မည်၊ ရန်မူမည်၊ ရက်စက်မည်၊ လောဘကြီးမည်။ အခြားမည်သည့်အရာရှိသေးသနည်း။ ၎င်းတို့သည် ပို၍လည်း ကြီးကျယ်လာပြီး ဘဝင်မြင့်လာမည်။ သို့ရာတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို လိုက်စားမှုအား စွန့်လွှတ်ပြီး အမျိုးမျိုးသော သမ္မာတရားများအား နားလည်ခြင်းနှင့် လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ မိမိတို့ မည်သို့ ကျင့်ကြံနေထိုင်ပြီး ပြုမူဆောင်ရွက်ရမည်တို့နှင့် သက်ဆိုင်သည့် ဘုရားနှုတ်ကပတ်တော်၏ ကဏ္ဍအမျိုးမျိုးနှင့် သမ္မာတရား၏ စံသတ်မှတ်ချက်များကိုပါ လိုက်စားသောအခါ ၎င်းတို့သည် လူသားပုံသဏ္ဌာန်အတိုင်း ပို၍ အသက်ရှင်လိမ့်မည်။ ၎င်းတို့သည် အမျိုးမျိုးသော အလုပ်များကို ဆောင်ရွက်သောအခါ၊ သို့မဟုတ် မတူညီသော ပတ်ဝန်းကျင်များကို ကြုံရသောအခါ ယခင်ကဲ့သို့ လမ်းပျောက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ကို ခံစားရမည်မဟုတ်ပေ။ ထို့အပြင် ၎င်းတို့ မကြာခဏ ဖြစ်လေ့ရှိခဲ့သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များတွင် ပိတ်မိနေခြင်း၊ မိမိတို့ကိုယ်ကို ကယ်မထုတ်နိုင်ခြင်း၊ အပျက်သဘောဆောင်သော အတွေးများ၊ စိတ်ခံစားချက်များ၏ ကန့်သတ်ခြင်း၊ ချည်နှောင်ခြင်းကို ခံရခြင်း၊ နောက်ဆုံး၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုး၏ ထိန်းချုပ်ခံရခြင်း၊ ဖုံးကွယ်ခံရခြင်း အဖြစ်သို့ ရောက်ရှိခြင်းတို့ ဖြစ်မည် မဟုတ်တော့ပေ။ မိမိတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို လိုက်စားခြင်းသည် လူတို့အား ဘုရားနှုတ်ကပတ်တော်နှင့်လည်းကောင်း၊ တိကျမှန်ကန်စွာ အရည်အချင်းရှိသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းနှင့်လည်းကောင်း သက်ဆိုင်သော စည်းမျဉ်းများမှ အဝေးသို့သာ ခေါ်ဆောင်သွားသည်။ ၎င်းတို့သည် ဘုရားသခင်၏ အစီအစဉ်များနှင့် စီစဉ်ညွှန်ကြားမှုအား မည်သို့ နာခံရမည်ကို သတိမပြုမိကြဘဲ လူသား၏ အသက်၊ အိုမင်းရင့်ရော်ခြင်း၊ ဖျားနာခြင်း၊ သေခြင်းတို့အားလုံးသည် အဘယ်သို့ဖြစ်သည်ကို နားမလည်ကြပေ။ ၎င်းတို့သည် မုန်းတီးခြင်းအား မည်သို့ ကိုင်တွယ်ရမည်၊ သို့မဟုတ် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြပေ။ ၎င်းတို့၏ ဘဝထဲသို့ ရောက်လာသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအား မည်သို့ စီမံကိုင်တွယ်ရမည်ကိုလည်း လုံးဝ မသိဆိုသည်မှာ ပြောစရာမလိုပေ။ အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် ရင်ဆိုင်ရသောအခါ ၎င်းတို့သည် အကူအညီမဲ့ဖြစ်ကြသည်။ စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်ကာ လမ်းပျောက်ကြသည်။ အဆုံးတွင် အပျက်သဘောဆောင်သော ခံစားချက်များနှင့် အတွေးအမြင်များအား ၎င်းတို့၏ စိတ်နှလုံးတွင် ပျံ့နှံ့ပြီး ကြီးထွားစေကာ ထိုအရာများက ထိန်းချုပ်ခြင်း၊ ချည်နှောင်ခြင်းကို ခံရခြင်းသာ ဖြစ်စေနိုင်သည်။ ထို့အပြင် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၊ သို့မဟုတ် အတွေးအမြင်များ၏ ဦးဆောင်ခြင်းကို ခံရပြီး ၎င်းတို့သည် အစွန်းရောက် အပြုအမူများကိုလည်း လုပ်ဆောင်နိုင်သည်၊ သို့မဟုတ် မိမိတို့ကိုယ်ကိုနှင့် သူတစ်ပါးတို့ကို ထိခိုက်သော အမှုအရာများကို လုပ်ဆောင်ကာ မတွေးရဲစရာဖြစ်သော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည်။ ဤသို့သော လုပ်ဆောင်မှုများသည် လူတို့၏ သဘာဝကျသော လိုက်စားမှုများကို နှောင့်ယှက်ပြီး ၎င်းတို့တွင်ရှိသင့်သည့် အသိစိတ်နှင် ဆင်ခြင်တုံတရားကို ထိခိုက်သည်။ ထို့ကြောင့် ယခုတွင် အရေးကြီးဆုံးအရာမှာ လူတို့အနေဖြင့် ၎င်းတို့ တောင့်တဆဲ ဖြစ်သောအရာများက မည်သည့်အရာများဖြစ်သနည်း၊ ဇာတိပကတိနှင့်၊ လောကနှင့်၊ ဇာတိပကတိ၏ အကျိုးစီးပွားနှင့်၊ ကျော်ကြားမှု၊ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ချမ်းသာမှု စသည်တို့ကဲ့သို့သောအရာများနှင့် သက်ဆိုင်သော၊ ၎င်းတို့က တောင့်တဆဲဖြစ်သော၊ လိုအပ်ဆဲဖြစ်သော၊ ထိုးထွင်းမမြင်နိုင်သော၊ ၎င်းတို့ကို ကြိမ်ဖန်များစွာ ချည်နှောင်ပြီး သွေးဆောင်သော အရာများသည် မည်သည့်အရာများ ဖြစ်သည်ကို မိမိတို့၏ စိတ်နှလုံးအတွင်းထဲတွင် စစ်ဆေးရန်ဖြစ်သည်။ ၎င်းတို့သည် ဤအရာများ၏ ပိတ်ဆို့ခြင်းကိုပင် အလွန်အမင်း ခံရနိုင်သည်၊ သို့မဟုတ် ထိုအရာများကို အလွန်ပင် အထင်ကြီးခြင်း ရှိနိုင်သည်။ ခြေလှမ်းအနည်းငယ် မှားလျှင် အချိန်မရွေး၊ နေရာမရွေး ယင်းတို့၏ ဖမ်းဆီးခြင်းကို အလွယ်တကူ ခံရနိုင်သည်။ ဤသို့ဆိုလျှင် ဤအရာများသည် ၎င်းတို့၏ စံသတ်မှတ်ချက်များဖြစ်သည်။ ၎င်းတို့သည် ဤစံသတ်မှတ်ချက်များကို ရရှိသည်နှင့် ဤသည်မှာ ၎င်းတို့၏ ကျဆုံးခန်းဖြစ်ပြီး ၎င်းတို့ပျက်စီးခြင်း၏ အရင်းအမြစ်ဖြစ်လာသော အချိန်ဖြစ်သည်။ ဤအမှုကို သင်တို့ မည်သို့ မြင်သနည်း။ (လူတို့သည် မိမိတို့၏ စိတ်နှလုံးအတွင်းထဲတွင် မည်သည့်အရာကို တောင့်တဆဲဖြစ်သည်ကို စစ်ဆေးသင့်သည်။ ၎င်းတို့သည် ဇာတိပကတိနှင့်ဆိုင်သော၊ လောကီနှင့်ဆိုင်သော ကျော်ကြားမှု၊ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်း၊ ချမ်းသာကြွယ်ဝမှု၊ စသဖြင့်တို့ကဲ့သို့သော အရာများကို ထိုးထွင်းမြင်ဖို့ လိုအပ်သည်။ ဤသို့မဟုတ်လျှင် ထိုအရာများ၏ ဖမ်းဆီးခြင်းကို အလွယ်တကူ ခံရနိုင်သည်။) ၎င်းတို့သည် ထိုအရာများ၏ ဖမ်းဆီးခြင်းကို ခံရနိုင်သည်မဟုတ်လော။ ထို့ကြောင့် ဇာတိပကတိနှင့် သက်ဆိုင်သော ဤအရာများသည် အလွန် အန္တရာယ်ရှိသည်။ သင်သည် ယင်းတို့ကို ထိုးထွင်းမမြင်နိုင်လျှင် အစဉ်သဖြင့် ယင်းတို့၏ လွှမ်းမိုးခြင်း၊ ဆုပ်ကိုင်ခြင်းကို ခံရမည့် အန္တရာယ်ရှိလိမ့်မည်။ ထို့ကြောင့် ယခုတွင် သင်တို့အတွက် လုပ်ဆောင်ရန် အရေးပါဆုံးသောအရာမှာ ငါ အစောပိုင်းက ပြောခဲ့သည့် ဤဇာတိပကတိနှင့်ဆိုင်သောအရာများကို ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အခြေခံပြီး ဆန်းစစ်ကာ နားလည်ရန်ဖြစ်သည်။ ယင်းတို့ကို သင် ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်သည်နှင့် ယင်းတို့ကို လက်လွှတ်ပြီး သင်၏ ကိုယ်ခန္ဓာ၊ စိတ်၊ စွမ်းအင်တို့ကို သာမန်ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန် ရင်းနှီးမြုပ်နှံပြီး သင်၏ လက်ရှိတာဝန်နှင့်အလုပ်တို့အပေါ်လည်း ရင်းနှီးမြုပ်နှံသင့်သည်။ သင့်ကိုယ်သင် ထူးခြားသော၊ သို့မဟုတ် အနိုင်မခံ အရှုံးမပေးသောသူတစ်ယောက်အဖြစ်၊ သို့မဟုတ် ထူးကဲသော ပါရမီများ၊ အရည်အချင်းများရှိသူတစ်ယောက်အဖြစ် မြင်ခြင်းကို ရပ်တန့်လော့။ သင်သည် မထင်ရှားသောသူ တစ်ယောက်သာဖြစ်သည်။ မည်မျှ မထင်ရှားသနည်း။ ဘုရားသခင်က ဖန်ဆင်းခဲ့သော ဖန်ဆင်းခံများနှင့် အရာအားလုံးထဲတွင် သင်သည် တစ်ယောက်အပါအဝင်သာဖြစ်သည်။ သာမန်အဖြစ်ဆုံးသော သူတစ်ယောက် ဖြစ်သည်။ မည်သည့်အတိုင်းအတာအထိ သာမန်ဖြစ်သနည်း။ သင်သည် မြက်ပင်တစ်ပင်ကဲ့သို့၊ သစ်ပင်တစ်ပင်ကဲသို့၊ တောင်တစ်လုံး၊ ရေတစ်စက်၊ သို့မဟုတ် ကမ်းခြေတွင်ရှိသော သဲတစ်ပွင့်ကဲ့သို့ပင် ထူးခြားမှုမရှိပေ။ သင်ကြွားဝါစရာ မည်သည့်အရာမျှ မရှိပေ။ အထင်ကြီးသင့်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ ဤမျှပင် သင်သည် သာမန်ဖြစ်သည်။ ထို့အပြင် သင်၏ စိတ်နှလုံးအတွင်းထဲတွင် သင်အလွန်အထင်ကြီးလေးစားသောသူများ၊ ခမ်းနားကြီးကျယ်သော ပုဂ္ဂိုလ်များ၊ နာမည်ကြီးသူများ၊ ဂုဏ်ယူဝံ့ကြွားလျက် ရှိသော ကြီးမြတ်သောလူများ၏ ပုံရိပ်များ၊ သို့မဟုတ် သင်အားကျသည့် အချို့သောအရာများ ရှိဆဲဖြစ်လျှင် ထိုအရာများကို ဖယ်ရှားပြီး လက်လွှတ်သင့်သည်။ ထိုအရာများ၏ သဘာဝနှင့် အနှစ်သာရကို သင်ထိုးထွင်းမြင်သင့်သည်။ သာမန် ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း လမ်းကြောင်းပေါ်သို့ ပြန်သွားသင့်သည်။ သာမန် ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသည် သင်လုပ်ဆောင်သင့်သည့် အခြေခံအကျဆုံးသောအရာဖြစ်သည်။ ထို့နောက် သင်သည် သမ္မာတရားအား လိုက်စားခြင်းဖြစ်သည့် ဤအကြောင်းအရာဆီကို ပြန်လာပြီး သမ္မာတရားအပေါ် ပို၍ အားစိုက်ထုတ်သင့်သည်။ ပြင်ပမှ သတင်းများ၊ အချက်အလက်များ၊ ဖြစ်ရပ်များ၊ နာမည်ကြီးသူများ၏ အကြောင်းများအား ထိတွေ့မှုကို အနည်းဆုံးဖြစ်ရန် ကြိုးစားလော့။ သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ရန် ဆန္ဒကို ပြန်လည်နှိုးဆွပေးနိုင်သည့် မည်သည့်အရာကိုမဆို ရှောင်ကြဉ်သည်က အကောင်းဆုံးဖြစ်သည်။ ယခုတွင် သင့်အတွက် အကျိုးမရှိသော၊ အပျက်သဘောဆောင်သော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို သင်ရှောင်ကြဉ်ဖို့ လိုသည်။ ထိုအရာများဖြင့် သီးခြားနေပြီး ဤရှုပ်ထွေးသော၊ ပရမ်းပတာဖြစ်သော ကမ္ဘာလောကထဲတွင်ရှိသော အရာရာတိုင်းကို ရှောင်ဖို့ ကြိုးစားလော့။ ယင်းတို့သည် သင့်အပေါ် ခြိမ်းခြောက်မှု၊ သို့မဟုတ် သွေးဆောင်မှု မဖြစ်စေလျှင်ပင် ထိုအရာများကို သင် ရှောင်သင့်ဆဲဖြစ်သည်။ မောရှေသည် တောထဲတွင် နှစ်လေးဆယ်ကြာ နေခဲ့သကဲ့သို့ဖြစ်သည်။ သူသည် ကောင်းစွာ အသက်ရှင်နိုင်သေးသည် မဟုတ်လော။ အဆုံးတွင် သူသည် စကားကောင်းစွာ မပြောဆိုနိုင်သော်လည်း ဘုရားသခင်က ရွေးချယ်ခြင်းကို ခံရသည်။ ဤသည်မှာ သူ့ဘဝတွင် ဂုဏ်ယူဖွယ် အဖြစ်ဆုံးသော အရာဖြစ်သည်။ ယင်းသည် မကောင်းသောအရာ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ရှေးဦးစွာ သင်၏ အတွေးထဲတွင်ရှိသော သင်၏ စိတ်နှလုံးကို သက်သာစေလော့။ ပြီးလျှင် သင်၏ အတွေးထဲတွင် သင်၏ ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားသော ဖြောင့်မတ်ခြင်းအား ဆာလောင်ငတ်မွတ်သော စိတ်ထားကို ပိုင်ဆိုင်သင့်သည်။ သင်သည် သင်၏ စံသတ်မှတ်ချက်များအပေါ်တွင် စဉ်ဆက်မပြတ် တွေးတောနေမည့်အစား၊ သို့မဟုတ် ထိုအရာများကို သင်ရရှိနိုင်ခြင်းရှိမရှိကို အဆက်မပြတ် အားထုတ်ပြီး ချင့်ချိန်စဉ်းစားနေမည့်အစား ဤသို့သော အစီအစဉ်၊ ဤသို့သော စိတ်ဓာတ်နှင့် ဆန္ဒရှိသင့်သည်။ သင်သည် ယခင်က စံသတ်မှတ်ချက်များ၊ ဆန္ဒများကို သင်တွယ်တာမှုအား အပြည့်အဝ အဆက်ဖြတ်ပြီး အရည်အချင်းရှိသော၊ သာမန်ဖြစ်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန် ကြိုးပမ်းသင့်သည်။ သာမန်ဖန်ဆင်းခံထဲတွင် ပါဝင်ခြင်းသည် မကောင်းသောအရာမဟုတ်ပေ။ အဘယ်ကြောင့် ငါ ဤသို့ပြောသနည်း။ ဤသည်မှာ အမှန်တွင် ကောင်းသောအရာတစ်ခုဖြစ်သည်။ သင်၏ ဇာတိပကတိ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လွှတ်ရန် စတင်သည်နှင့် တစ်ပြိုင်နက်၊ ထူးခြားသော အဆင့်အတန်း၊ နေရာ၊ သို့မဟုတ် တန်ဖိုးတစ်ခုခုမရှိသော သာမန် ဖန်ဆင်းခံတစ်ယောက်ဖြစ်ရန် ခိုင်မာသော ဆုံးဖြတ်ချက်ကို သင်ချလိုက်သည်နှင့် တစ်ပြိုင်နက် သင်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင်၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်တွင် သင့်ကိုယ်သင် အပြည့်အဝ နာခံရန် လိုလားမှုနှင့် ဆုံးဖြတ်ချက်ရှိပြီး ဘုရားသခင်အား သင့်၏ဘဝကို စီစဉ်ညွှန်ကြားပြီး အုပ်စိုးခွင့်ပြုသည်ဟု အဓိပ္ပာယ်ရသည်။ သင်သည် နာခံရန်၊ တစ်ကိုယ်ရေ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လက်လျှော့ပြီး ဘေးဖယ်ရန်၊ ဘုရားသခင်အား သင်၏ အရှင်သခင်ဖြစ်စေပြီး သင်၏ ကံကြမ္မာကို အုပ်စိုးခွင့်ပြုရန်၊ ဤသို့သော စိတ်ထားရှိသော အရည်အချင်းရှိသည့် ဖန်ဆင်းခံတစ်ယောက် ဖြစ်လာရန်၊ ဤသို့သော စိတ်ထား၊ သဘောထားနှင့် သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်တွင် လိုလားမှုရှိသည်။ ဤသည်မှာ သင့်တွင်ရှိသင့်သော ဘဝအပေါ် ရှုမြင်သုံးသပ်ချက်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သလော။ သမ္မာတရား ဖြစ်သလော။ (ဖြစ်သည်။) သင်၏ ဘဝပန်းတိုင်များနှင့် သင့်ဘဝ၏ ဦးတည်ချက်သည် မည်သည့်အရာကို ဗဟိုပြုသနည်း။ (ဖန်ဆင်းခံတစ်ယောက်၏ တာဝန်အား ထမ်းဆောင်ခြင်းကို ဗဟိုပြုသည်။) ဤသည်မှာ အခြေခံအကျဆုံးသောအရာဖြစ်သည်။ အခြားမည်သည့်အရာ ရှိသနည်း။ (သာမန်ဖန်ဆင်းခံတစ်ယောက် ဖြစ်ရန် လိုက်စားခြင်းဖြစ်သည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (ကယ်တင်ခြင်းရရှိရန် သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်။) ဤသည်မှာ နောက်တစ်ခုဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (ဘုရားနှုတ်ကပတ်တော်ကို ဗဟိုပြုပြီး သမ္မာတရားအပေါ် ပို၍ အားစိုက်ထုတ်ခြင်း ဖြစ်သည်။) ဤသည်မှာ အနည်းငယ်ပို၍ ခိုင်လုံသည် မဟုတ်လော။ သင်၏ ဘဝပန်းတိုင်များနှင့် သင့်ဘဝ၏ ဦးတည်ချက် အားလုံးသည် ဘုရားနှုတ်ကပတ်တော်အပေါ် ဗဟိုပြုသင့်သည်။ သမ္မာတရားကို ပို၍ အားစိုက်ထုတ်သင့်သည်။ မရေရာသော စံသတ်မှတ်ချက်များနောက်သို့ လိုက်ခြင်းတွင် ယခင်က သင်ရှိခဲ့သော စိတ်ထက်သန်မှုကို ယူပြီး ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ သမ္မာတရားအား ဆင်ခြင်တွေးတောခြင်းအပေါ် နေရာပြောင်း၍ ထားရှိလော့။ ပြီးလျှင် သမ္မာတရားအပေါ် သင် တိုးတက်မှုရှိမရှိ ကြည့်လော့။ သင်သည် သမ္မာတရားအပေါ် အမှန်တကယ် တိုးတက်မှုရှိလျှင် သင့်၌ အသေးစိတ် ဖော်ပြမှုများ ရှိလိမ့်မည်။ ဆိုလိုသည်မှာ လူသား၏ အတွေးအမြင်နှင့် စည်းမျဉ်းတို့ ပါဝင်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ရင်ဆိုင်ရသောအခါတွင် သင်သည် လမ်းပျောက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဦးနှောက်ခြောက်ခြင်း၊ သို့မဟုတ် တွေဝေခြင်းတို့ကို မခံစားရတော့ပေ။ ထိုအစား သင်သည် ဘုရားထံ ဆုတောင်းလိမ့်မည်။ သူ၏ နှုတ်ကပတ်တော်များက လမ်းပြခြင်းကို ခံရမည်။ တည်ငြိမ်ခိုင်မာသော စိတ်နှလုံးရှိလိမ့်မည်။ ဘုရားကို နာခံပြီး ဘုရားအလိုတော်နှင့်ညီသည့် ပုံစံဖြင့် မည်သို့ ပြုမူဆောင်ရွက်ရမည်ကို သိလိမ့်မည်။ ဤသည်မှာ ဘဝတွင် လမ်းမှန်ပေါ်သို့ သင် အမှန်တကယ် ရောက်ရှိသည့်အချိန်ဖြစ်သည်။ လူများစွာတို့သည် ၎င်းတို့၏ ဘဝတွင် တိုးတက်မှု နှေးကွေးကြသည်မှာ ၎င်းတို့တာဝန်များကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင် စံသတ်မှတ်ချက်များ၊ ကျော်ကြားမှု၊ အဆင့်အတန်း၊ ၎င်းတို့ စိတ်ကူးသည့် ဘဝပန်းတိုင်များကို အစဉ်သဖြင့် လိုက်စားပြီး ၎င်းတို့၏ ဇာတိပကတိ ဆန္ဒများကို ဖြည့်ဆည်းစဉ်တွင် ကောင်းချီးများကို လက်ခံရရှိလိုသောကြောင့် ဖြစ်သည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် လက်တွေ့ကျသည့်ပုံစံဖြင့် ၎င်းတို့တာဝန်များကို မဖြည့်ဆည်းနိုင်ပေ။ စစ်မှန်သော အသက်ဝင်ရောက်မှုကို မတွေ့ကြုံကြပေ။ ၎င်းတို့သည် အစမှ အဆုံးအထိတွင် စစ်မှန်သော အတွေ့အကြုံနှင့် သက်သေခံချက်ကို မမျှဝေနိုင်ပေ။ အကျိုးဆက်အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေသည်မှာ မည်မျှကြာပြီဖြစ်စေ အသက်နှင့် သမ္မာတရားသို့ ဝင်ရောက်ခြင်းတွင် ၎င်းတို့၏ တိုးတက်မှုသည် အနည်းအကျဉ်းသာ ဆက်လက်ရှိနေသည်။ အသီးအပွင့် အနည်းငယ်သာ ဖြစ်ထွန်းသည်။ သင်သည် သင့်တာဝန်များအား ထမ်းဆောင်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်းအပေါ် သင်၏ အားအင်အားလုံးကို ထည့်သွင်းပြီး သမ္မာတရားဆီသို့ ဦးတည်ကာ ကြိုးစားလုပ်ဆောင်ခြင်းတို့အပေါ် အမှန်တကယ် ဆက်ကပ်အပ်နှံခဲ့လျှင် သင်ရောက်ရှိနေသော လက်ရှိ အခြေအနေ၊ ဝိညာဉ်ရင့်ကျက်မှု၊ အနေအထားတွင် သင်တို့ရှိနေမည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့သည် ပုံမှန်အားဖြင့် သာမန်မျှသာဖြစ်သော အလုပ်များ၊ အတတ်ပညာဆိုင်ရာ အလုပ်နှင့် လက်ရှိ အလုပ်တာဝန်တို့ကိုသာ အာရုံစိုက်သောကြောင့်ဖြစ်ပြီး ဤအလုပ်များ၏ ဖုံးကွယ်နေသော အနှစ်သာရမှာ ၎င်းတို့၏ ကိုယ်ပိုင် စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်လျက် တစ်ကိုယ်ရေဆန္ဒများ၊ ရည်မှန်းချက်များကို ဖြည့်ဆည်းရန် ဖြစ်သောကြောင့်ဖြစ်သည်။ ဤစံသတ်မှတ်ချက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ဤသည်မှာ လူတို့သည် အစဉ်သဖြင့် ၎င်းတို့၏ အလုပ်တွင် ရှိနေပြီး အချို့သော အောင်မြင်မှုများကို ရရှိလိုခြင်း၊ ရလဒ်အချို့ကို ရရှိလိုခြင်း၊ သူတစ်ပါးတို့က အသိအမှတ်ပြုခြင်းကို ရရှိလိုခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်တန်ဖိုးကို ထုတ်ဖော်ပြသရန်အတွက် ၎င်းတို့၏ အိပ်မက်များနှင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်များကို အစဉ်သဖြင့် အကောင်အထည် ဖော်လိုသည်။ ထို့နောက်တွင် ၎င်းတို့သည် စိတ်ကျေနပ်မှု ရှိကြသည်။ သို့ရာတွင် ဤသည်မှာ သမ္မာတရားကို လိုက်စားခြင်းမဟုတ်ပေ။ ဤသည်မှာ ၎င်းတို့အတွင်းတွင်ရှိသော အနှစ်မဲ့မှုကို ဖြည့်ဆည်းခြင်းသာဖြစ်ပြီး ၎င်းတို့၏ ဘဝကို ကြွယ်ဝစေရန် အလုပ်ကို အသုံးပြုခြင်းဖြစ်သည်။ ဤသို့ဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) ထို့ကြောင့် လူတစ်ယောက်သည် မည်မျှကြာရှည်စွာ အလုပ်လုပ်သည်ဖြစ်စေ၊ သို့မဟုတ် အလုပ်မည်မျှ လုပ်ဆောင်ပြီးသည်ဖြစ်စေ အားလုံးက သမ္မာတရားနှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သေးဘဲ သမ္မာတရားအား လိုက်စားရန် အလှမ်းဝေးနေသည်။ လူတို့သည် ၎င်းတို့၏ အလုပ်တာဝန်များနှင့် သက်ဆိုင်သော စည်းမျဉ်းများနှင့်ပတ်သက်လျှင် ဝင်ရောက်မှု၊ သို့မဟုတ် နားလည်မှုမရှိသေးပေ။ အကျိုးဆက်အနေဖြင့် သင်တို့သည် ပင်ပန်းနွမ်းနယ်ပြီး “ငါတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် ကိုင်တွယ်ဖြေရှင်းခံရသနည်း။ ငါတို့သည် များစွာ အားစိုက်ထုတ်သည်၊ ဆင်းရဲဒုက္ခများစွာကို ခံသည်၊ ကြီးမားသော အဖိုးအခကို ပေးသည်။ ငါတို့သည် အဘယ်ကြောင့် ကိုင်တွယ်ဖြေရှင်းခံရဆဲ ဖြစ်သနည်း” ဟူ၍ တွေးတောကြသည်။ ဤသည်မှာ သမ္မာတရားကို သင် နားမလည်သောကြောင့်ဖြစ်သည်။ သင်သည် စည်းမျဉ်းများကို မည်သည့်အခါမျှ နားမလည်၊ သဘောမပေါက်ခဲ့သကဲ့သို့ စည်းမျဉ်းများအပေါ် မည်သည့် အားစိုက်ထုတ်မှုမျှ မရှိခဲ့ပေ။ တစ်နည်းအားဖြင့် သင်သည် သမ္မာတရားအပေါ်၊ ဘုရားနှုတ်ကပတ်တော်အပေါ် အားစိုက်ထုတ်ခြင်း မရှိပေ။ သင်သည် စည်းကမ်းအနည်းငယ်ကိုသာ လိုက်နာပြီး သင်၏ ကိုယ်ပိုင်ထင်မြင်မှုအတိုင်း ပြုမူဆောင်ရွက်ခြင်းသာဖြစ်သည်။ သင်သည် သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များ၊ အယူအဆများရှိသော ကမ္ဘာတွင် အစဉ်သဖြင့် နေထိုင်သည်။ သင်လုပ်ဆောင်သမျှသည် သမ္မာတရားနှင့် မသက်ဆိုင်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်အသက်မွေးအလုပ်နောက်သို့ လိုက်နေခြင်းဖြစ်ပြီး ဘုရားအလိုတော်ကို လုပ်ဆောင်နေခြင်းမဟုတ်ပေ။ ထို့ကြောင့် သင်သည် ဘုရားနှုတ်ကပတ်တော်တွင်ရှိသော စည်းမျဉ်းများကို နားမလည်သေးပေ။ အဆုံးတွင် လူအချို့သည် အစေခံသူများအဖြစ် သတ်မှတ်ခံရသည်။ အချို့မှာ မတရားခံရသည်ဟု ခံစားရသည်။ မတရားခံရသည်ဟု ခံစားရခြင်း အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ ၎င်းတို့သည် ၎င်းတို့၏ ဒုက္ခနှင့် အဖိုးအခပေးဆပ်ခြင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ညီမျှသည်ဟု ထင်ကြသောကြောင့်ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၏ ဒုက္ခနှင့် အဖိုးအခပေးဆပ်ခြင်းသည် ဆင်းရဲဒုက္ခအချို့ကို တောင့်ခံခြင်းသာဖြစ်သည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်း မဟုတ်ပေ။ ပို၍ အတိအကျဆိုလျှင် ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ယင်းသည် အားစိုက်ထုတ်ပြီး အလုပ်လုပ်နေခြင်းသာ ဖြစ်သည်။ အားစိုက်ထုတ်ခြင်းနှင့် အလုပ်လုပ်ခြင်း သက်သက်သည် သင်၏ တာဝန်များကို အရည်အချင်းရှိစွာ ထမ်းဆောင်နေခြင်း ဖြစ်သလော။ ဤသည်မှာ အရည်အချင်းရှိသော ဖန်ဆင်းခံတစ်ယောက် ဖြစ်ခြင်းဟုတ်သလော။ (မဟုတ်ပါ။) ဤနှစ်ခုကြားတွင် အကွာအဝေးတစ်ခု၊ ကွာဟမှုတစ်ခုရှိသည်။

ဖိနှိပ်ချုပ်ချယ်မှုခံစားရသော အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်ခြင်းအကြောင်းအရာနှင့်ပတ်သက်ပြီး ယနေ့အတွက် ငါတို့၏ မိတ်သဟာယကို ဤတွင် ရပ်ကြစို့။ ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို မရရှိနိုင်သောကြောင့် ဖိနှပ်ချုပ်ချယ်မှုကို ခံစားရသော ဤလူများတွင် ဖြစ်ပေါ်သော ဤပြဿနာများကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်သလော။ (ရှင်းလင်းသည်။) မည်သည့်အရာက ရှင်းလင်းသနည်း။ အနည်းငယ် အနှစ်ချုပ်ကြည့်ကြစို့။ ရှေးဦးစွာ စံသတ်မှတ်ချက်များဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို ပြောကြစို့။ ဤတွင် ပိုင်းခြားစိစစ်သော စံသတ်မှတ်ချက်များသည် အပျက်သဘောဆောင်သည်။ ယင်းတို့သည် သဘာဝကျသော အရာများ မဟုတ်ပေ၊ သို့မဟုတ် အပြုသဘောဆောင်သော အရာများမဟုတ်ပေ။ စံသတ်မှတ်ချက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ “စံသတ်မှတ်ချက်များ” အတွက် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပေးရန် တိကျသော စကားအသုံးအနှုန်းကို အသုံးပြုလော့။ (ယင်းတို့သည် သာမန်လူသား၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို သွေဖည်သော၊ လူသားများက မိမိတို့ဘာသာ စိတ်ကူးပြီး လက်တွေ့အရှိတရားနှင့် မကိုက်ညီသော အနှစ်မဲ့သော အတွေးများဖြစ်သည်။ ၎င်းတို့သည် အစစ်အမှန်မဟုတ်ပါ။) သင် ပြောခဲ့သောအရာများသည် စိတ်ကူးယဉ်သမားများ၏ စံသတ်မှတ်ချက်များဖြစ်သည်။ စံသတ်မှတ်ချက်များကို ယေဘုယျအနေဖြင့် မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုမည်နည်း။ သင်တို့ အဓိပ္ပာယ် ဖွင့်ဆိုနိုင်သလော။ အဓိပ္ပာယ်ဖွင့်ဆိုရန် ခက်ခဲသလော။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်နှင့် မျှော်လင့်ချက်များအတွက် သတ်မှတ်သော လိုက်စားသော ပန်းတိုင်များမှာ အဘယ်နည်း။ (လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်နှင့် မျှော်လင့်ချက်များအတွက် တည်ဆောက်သော လိုက်စားသော ပန်းတိုင်များမှာ စံသတ်မှတ်ချက်များ ဖြစ်သည်။) ဤအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ မှန်ကန်သလော။ (မှန်ကန်သည်။) လူတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်၊ မျှော်လင့်ချက်များ၊ အကျိုးစီးပွားများအတွက် လိုက်စားရန် သတ်မှတ်ထားသော ပန်းတိုင်များမှာ စံသတ်မှတ်ချက်များနှင့် ဆန္ဒများဖြစ်သည်။ ဤသည်မှာ မယုံကြည်သူများက ညွှန်းဆိုသည့် အတိုင်း စံသတ်မှတ်ချက်များကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ဖြစ်သလော။ ငါတို့သည် ယင်း၏ ဖုံးကွယ်နေသော အနှစ်သာရကို အခြေခံပြီး အဓိပ္ပာယ်ဖွင့်ဆိုနေခြင်း ဖြစ်သည်မဟုတ်လော။ (ဟုတ်သည်။) စံသတ်မှတ်ချက်များ၏ အသေးစိတ် အမျိုးအစားက မည်သို့ရှိသည်ဖြစ်စေ၊ ယင်းတို့သည် အဆင့်မြင့်သည်ဖြစ်စေ၊ နိမ့်ကျသည်ဖြစ်စေ၊ သာမန်ဖြစ်စေ ယင်းတို့အားလုံးသည် လူတို့က ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် လိုက်စားရန် သတ်မှတ်ထားသော ပန်းတိုင်များဖြစ်သည်။ ဤပန်းတိုင်များသည် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ သို့မဟုတ် ဆန္ဒများဖြစ်သည်။ ဤသည်မှာ ယခင်ဥပမာများတွင် ငါတို့ မိတ်သဟာယဖွဲ့ပြီး ပိုင်းခြားစိစစ်ခဲ့သည့်သူများ၏ စံသတ်မှတ်ချက်များ မဟုတ်သလော။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်၊ မျှော်လင့်ချက်များ၊ အကျိုးစီးပွားများ စသည်တို့အတွက် လိုက်စားရန် သတ်မှတ်ထားသော ပန်းတိုင်များမှာ စံသတ်မှတ်ချက်များနှင့် ဆန္ဒများဖြစ်သည်။ စံသတ်မှတ်ချက်များနှင့် ဆန္ဒများနောက်သို့ လိုက်သော်လည်း လက်တွေ့ အကောင်အထည် မဖော်နိုင်သောသူများသည် အသင်းတော်အတွင်းတွင် ဖိနှိပ်ချုပ်ချယ်မှုကို မကြာခဏ ခံစားရသည်။ ဤလူတို့သည် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ အချိန်ခဏ စဉ်းစားကြည့်လော့။ သင်သည်လည်း ဤသို့သော အခြေအနေ၊ အနေအထားတွင် ရှိသလော။ သင်သည်လည်း ဤသို့သော အခြေအနေ၊ ဤသို့သော စိတ်ခံစားချက်များနှင့် မကြာခဏ နေထိုင်သလော။ သင်သည် ဤစိတ်ခံစားချက်များရှိလျှင် မည်သည့်အရာအတွက် သင်ကြိုးပမ်းနေသနည်း။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်၊ မျှော်လင့်ချက်များ၊ အကျိုးစီးပွားများအတွက် ကြိုးပမ်းနေခြင်းဖြစ်သည်။ သင် သတ်မှတ်သော စံသတ်မှတ်ချက်များနှင့် လိုက်စားသော ပန်းတိုင်များမှာ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများ၏ ကန့်သတ်ခြင်း၊ တားဆီးခြင်းကို မကြာခဏခံရသည်။ ၎င်းတို့ကို လက်တွေ့အကောင်အထည် မဖော်နိုင်ပေ။ ရလဒ်အနေဖြင့် သင်သည် မပျော်မရွှင်ဖြစ်ပြီး ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်များဖြင့် နေထိုင်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ လူသား၏ စံသတ်မှတ်ချက်များ၏ ပြဿနာဖြစ်သည်။ ရှေးဦးစွာ လူသား၏ စံသတ်မှတ်ချက်များကို ငါတို့ ပိုင်းခြားစိစစ်ခဲ့သည်။ ထို့နောက်တွင် မည်သည့်အရာကို ငါတို့ မိတ်သဟာယပြုခဲ့သနည်း။ အသင်းတော်၊ ဘုရားအိမ်တော်သည် လူတို့က ၎င်းတို့၏ စံသတ်မှတ်ချက်များကို ဖြည့်ဆည်းဖို့အတွက် နေရာတစ်ခုမဟုတ်ကြောင်းကို ငါတို့ မိတ်သဟာယပြုခဲ့သည်။ ထို့နောက် လူတို့အနေဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် လိုက်စားသင့်သည့် မှန်ကန်သောပန်းတိုင်များ အကြောင်းကိုလည်းကောင်း၊ အရည်အချင်းရှိသော ဖန်ဆင်းခံတစ်ယောက် မည်သို့ဖြစ်ရမည်ကိုလည်းကောင်း၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို မည်သို့ထမ်းဆောင်ရမည်ကိုလည်းကောင်း ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤသို့မဟုတ်လော။ (ဟုတ်သည်။) ဤအရာများကို မိတ်သဟာယဖွဲ့ခြင်း၏ အဓိက ရည်ရွယ်ချက်သည် လူတို့အား ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် တာဝန်များကို မည်သို့ရွေးချယ်ပြီး မည်သို့ ကိုင်တွယ်ရမည်ကို ပြောပြရန်ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ မသင့်လျော်သော စံသတ်မှတ်ချက်များကို စွန့်ပစ်သင့်သည်။ ၎င်းတို့၏ တာဝန်များမှာမူ ဤဘဝတွင် ၎င်းတို့ ပေးဆပ်ပြီး ၎င်းတို့၏ တစ်ဘဝလုံးကို ဆက်ကပ်အပ်နှံသင့်သည့် အရာဖြစ်သည်။ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်များသည် အပြုသဘောဆောင်သော အရာများဖြစ်သည်။ လူသား၏ စံသတ်မှတ်ချက်များမှာမူ ဤသို့မဟုတ်ဘဲ ကိုင်စွဲမထားသဖြင့် စွန့်လွှတ်သင့်သည်။ လူတို့ ကိုင်စွဲပြီး လိုက်စားသင့်သောအရာများမှာ အရည်အချင်းရှိသော ဖန်ဆင်းခံဖြစ်လာပြီး ဤသို့သောသူအနေဖြင့် ၎င်းတို့တာဝန်များကို ထမ်းဆောင်ရန်ဖြစ်သည်။ ဤသို့ဆိုလျှင် လူတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များက ၎င်းတို့၏ တာဝန်များနှင့် ကွဲလွဲနေသောအခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကို လက်လွှတ်ပြီး စွန့်ပစ်သင့်သည်။) ၎င်းတို့၏ စံသတ်မှတ်ချက်များကို စွန့်ပစ်ပြီး ၎င်းတို့၏ တာဝန်များကို ကိုင်စွဲထားသင့်သည်။ လူတို့သည် မည်သည့်အချိန်အထိ၊ သို့မဟုတ် မည်သည့်အရွယ်အထိ အသက်ရှင်နိုင်သည်ဖြစ်စေ ၎င်းတို့လုပ်ဆောင်သင့်သည့်အရာနှင့် လိုက်စားသင့်သည့်အရာသည် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်များကို မည်သို့ ဖြည့်ဆည်းပြီး ဘုရားသခင်၊ သူ၏ နှုတ်ကပတ်တော်၊ သမ္မာတရားတို့အပေါ် နာခံခြင်းအား မည်သို့ရရှိရမည်ဆိုသည့်အပေါ် ဗဟိုပြုသင့်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်မှသာ အဓိပ္ပာယ်ရှိသော၊ တန်ဖိုးရှိသောဘဝကို နေထိုင်နိုင်သည်မဟုတ်လော။ (ဟုတ်သည်။) ကောင်းပါပြီ။ ယနေ့ ဤနေရာတွင် ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၆)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။