သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၈)

ယခင်က သမ္မာတရားကို လိုက်စားရန်နည်းလမ်း၏ ပထမဆုံး အရေးပါသော သွင်ပြင်လက္ခဏာဖြစ်သည့် လက်လွှတ်ခြင်းအကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ လက်လွှတ်ခြင်းနှင့် ပတ်သက်ပြီး လက်တွေ့လုပ်ဆောင်ရန် ပထမအချက်ဖြစ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးအား လက်လွှတ်ခြင်းကို ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ လူတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးရာတွင် ငါတို့၏ ရည်ရွယ်ချက်သည် အဓိကအားဖြင့် ထိုအပျက်သဘောဆောင်သော စိတ်ခံစားချက်များအောက်တွင် ပုန်းကွယ်နေသော မမှန်ကန်သည့်၊ လွဲမှားသော အယူအဆများနှင့် အမြင်ရှုထောင့်များကို ကိုင်တွယ်ရန်ဖြစ်သည်။ ထိုသို့မဟုတ်သလော။ (ဟုတ်ပါသည်။) ဆိုလိုသည်မှာ လူတို့၏ စိတ်နှလုံးများတွင်ရှိသည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖြေရှင်းခြင်းအားဖြင့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအပေါ် ၎င်းတို့စိတ်နှလုံးအတွင်းနက်နက်တွင် ကိုင်စွဲထားသော အပျက်သဘောဆောင်သည့် အယူအဆများ၊ အမြင်များကို ကိုင်တွယ်ရန် ငါတို့ ရည်ရွယ်သည်။ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို ဖော်ထုတ်ခြင်း၊ စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် လူတို့အား မှန်ကန်သော အတွေးများ၊ သဘောထား နားလည်မှုတို့ကို ပေးအပ်ခြင်းအားဖြင့် လူတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို ဖြေရှင်းကောင်းဖြေရှင်းနိုင်မည်မှာလည်း အမှန်ပင်ဖြစ်သည်။ ဤသည်မှာ လူတို့အပေါ်အမှုအရာများ ကျရောက်သည့်အခါတိုင်းတွင် ၎င်းတို့၏ နေ့စဉ်အသက်တာတွင်ဖြစ်စေ၊ ဘဝလမ်းကြောင်းတွင်ဖြစ်စေ မှားယွင်းသော၊ လွဲမှားနေသော အယူအဆများ၊ အမြင်များအားဖြင့် စိတ်သောကရောက်ခြင်း သို့မဟုတ် ချည်နှောင်ခြင်းကို မခံရဘဲ ထိုအစား နေ့စဉ် ၎င်းတို့အပေါ်သို့ကျရောက်သည့် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို သမ္မာတရားနှင့်ညီသည့် အပြုသဘောဆောင်သော၊ မှန်ကန်သော အယူအဆများ၊ သဘောထားနှင့် နေ့ရက်စဉ်တိုင်း ရင်ဆိုင်ဖို့ရန်အတွက်ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် လက်တွေ့ဘဝတွင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ကြုံရသောအခါ တဇောက်ကန်း တုံ့ပြန်မည်မဟုတ်ဘဲ ပုံမှန်လူသား၏ အသိစိတ်၊ ဆင်ခြင်တုံတရားနယ်ပယ်အတွင်းတွင် ရှင်သန်လိမ့်မည်။ ဘုရားသခင်က သွန်သင်ပေးသည့် တိကျ၊ မှန်ကန်သော နည်းလမ်းများကို အသုံးပြုလျက် ၎င်းတို့၏ ဘဝနှင့် ဘဝလမ်းကြောင်းတွင် ၎င်းတို့ရင်ဆိုင်ရသည့်၊ တွေ့ကြုံရသည့် အခြေအနေတိုင်းကို နိူင်းနိူင်းချိန်ချိန် ချဉ်းကပ်ပြီး ကိုင်တွယ်နိုင်လိမ့်မည်။ ဤသို့ လုပ်ဆောင်ရခြင်း၏ ရူထောင့်တစ်ခုမှာ မှန်ကန်သော အယူအဆများနှင့် သဘောထားများ၏ လမ်းပြမှုနှင့် လွှမ်းမိုးမှုအောက်တွင် လူတို့ အသက်ရှင်ဖို့အတွက် ဖြစ်သည်။ အခြားရှုထောင့်တစ်ခုမှာ ဤအပြုသဘောဆောင်သော အယူအဆနှင့် သဘောထားများ၏ လမ်းပြမှု၊ လွှမ်းမိုးမှုအောက်တွင် အခြေအနေတိုင်းကို ၎င်းတို့ မှန်မှန်ကန်ကန် ကိုင်တွယ်ဖို့ရန်အတွက် ဖြစ်သည်။ အခြေအနေတိုင်းကို မှန်ကန်စွာ ကိုင်တွယ်နိုင်ခြင်းသည် အဆုံးစွန်သော ပန်းတိုင်မဟုတ်သည်မှာ မှန်သည်။ အဆုံးစွန်သော ပန်းတိုင်မှာ ဘုရားသခင်ကို ယုံကြည်သူများ ဖြစ်မြောက်သင့်သည့်အရာများကို ဖြစ်မြောက်ရန်ဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိပြီး မကောင်းမှုကို ရှောင်ကြဉ်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ ဘုရားသခင်၏ အစီအစဉ်များ၊ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန်၊ သူပြင်ဆင်သော ပတ်ဝန်းကျင်တိုင်းကို ကျိုးနွံနာခံရန်၊ ပြီးလျှင် ဘုရားသခင်က အချုပ်အခြာအာဏာရှိသည့် မိမိ၏ ကံကြမ္မာကို ကျိုးနွံနာခံရန်လည်းဖြစ်ပြီး လူတိုင်း၊ ဖြစ်ရပ်တိုင်း၊ အမှုအရာတိုင်းတွင်၊ ပတ်ဝန်းကျင်တိုင်းတွင် ဆင်ခြင်တုံတရားရှိစွာ အသက်ရှင်ရန်ဖြစ်သည်။ အနှစ်ချုပ်ရလျှင် လူတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ သို့မဟုတ် အပျက်သဘောဆောင်သော အယူအဆနှင့် သဘောထားများကို ငါတို့ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးသည်ဖြစ်စေ ဤအရာအားလုံးသည် ဖန်ဆင်းခံတစ်ယောက် လျှောက်သင့်သည့် လမ်းကြောင်း၊ သာမန်လူတစ်ယောက်အပေါ် ဘုရားသခင် တောင်းဆိုသည့် ဘဝလမ်းကြောင်းနှင့် ဆက်နွှယ်နေသည်။ ပြီးလျှင် ဖန်ဆင်းခံတစ်ယောက်က လူများ၊ အမှုအရာများကို မည်သို့ရှုမြင်သည်၊ မည်သို့ ကျင့်ကြံပြုမူသည်၊ မည်သို့ လုပ်ဆောင်သည်ဆိုသည်တို့အရ၊ ဖန်ဆင်းခံတစ်ယောက်တွင်ရှိသင့်သည့် စည်းမျဉ်းများနှင့်လည်း ဆက်နွှယ်နေသည်မှာ အမှန်ဖြစ်သည်။ အပျက်သဘောဆောင်သော စိတ်ခံစားမှုအမျိုးမျိုးကို လက်လွှတ်ခြင်းသည် အပြင်ပန်းအားဖြင့် လူတို့၏ အပျက်သဘောဆောင်သော စိတ်ခံစားမှုများကို ဖြေရှင်းခြင်းနှင့် ထိုအပျက်သဘောဆောင်သော စိတ်ခံစားမှုများအောက်၌ ဖုံးကွယ်နေသော အပျက်သဘောဆောင်သည့်၊မှားယွင်းသော အယူအဆများ၊ သဘောထားများကို ကိုင်တွယ်ခြင်းဖြစ်သည်။ သို့သော် အမှန်တွင် ယင်းသည် အခြေခံအားဖြင့် လူတို့အား လမ်းပြခြင်း၊ ထောက်ပံ့ခြင်း၊ ကူညီခြင်း၊ သို့မဟုတ် မည်သို့ ကျင့်ကြံပြုမူရမည်၊ စစ်မှန်ပြီး ပုံမှန်လူတစ်ယောက်၊ ဆင်ခြင်တုံတရားရှိသောသူ၊ ဖြစ်ဖို့ရန် ဘုရားသခင် တောင်းဆိုသောသူ၊ ဘုရားသခင် ချစ်သောသူ၊ အမျိုးမျိုးသော ပတ်ဝန်းကျင်၊ လူ၊ ဖြစ်ရပ်နှင့် အမှုအရာများကို ကြုံရသောအခါ ဘုရားသခင်ကို ကျေနပ်စေသောလူတစ်ဦး မည်သို့ဖြစ်ရမည်ကို လူတို့အား သွန်သင်ခြင်းဖြစ်သည်။ ယင်းသည် အခြားသော သမ္မာတရားစည်းမျဉ်း သွင်ပြင်လက္ခဏာများနှင့် တူညီသည်။ ယင်းတို့အားလုံးက မိမိ၏ ကျင့်ကြံနေထိုင်မှုနှင့် ဆက်နွှယ်သည်။ အပေါ်ယံအားဖြင့်၊ အပျက်သဘောဆောင်သော စိတ်ခံစားမှုအမျိုးမျိုးကို လက်လွှတ်ခြင်းအကြောင်းအရာသည် လုံးဝ သာမန်မျှသာဖြစ်သော စိတ်ခံစားမှု၊ သို့မဟုတ် လတ်တလောတွင် လူတို့ အသက်ရှင်သည့် အခြေအနေတစ်ခု ပါဝင်သည့် ပုံစံရှိသည်။ သို့သော် လက်တွေ့တွင် ဤစိတ်ခံစားမှုများနှင့် ဤရိုးရှင်းသော အခြေအနေများသည် လူတို့လျှောက်သည့် လမ်းကြောင်းနှင့် ကျင့်ကြံပြုမူသည့် စည်းမျဉ်းများနှင့် ဆက်စပ်သည်။ လူတစ်ယောက်၏ အမြင်ရှုထောင့်မှကြည့်လျှင် ယင်းတို့သည် အရေးမပါသကဲ့သို့၊ ပြောပြဖို့ရန် မတန်ဟု ထင်ကောင်းထင်ရနိုင်သည်။ သို့ရာတွင် ယင်းတို့သည် လူတို့ကိုင်စွဲသည့် သဘောထားနှင့် ဆက်နွှယ်ပြီး အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ကြုံရသောအခါ လူတို့ ခံယူသည့် ရှုထောင့်အမြင်များ၊ ရပ်တည်ချက်များနှင့် ဆက်နွှယ်နေသောကြောင့် ယင်းတို့သည် မိမိ၏ ကျင့်ကြံနေထိုင်မှုနှင့် သက်ဆိုင်သည်။ ပို၍ အတိအကျဆိုရလျှင် ယင်းတို့တွင် လူများ၊ အမှုအရာများကို ရှုမြင်ရန်နည်းလမ်း၊ ကျင့်ကြံပြုမူရန် နည်းလမ်း၊ ပြုမူဆောင်ရွက်ရန် နည်းလမ်းတို့ပါဝင်သည်။ ယင်းတို့တွင် လူများ၊ အမှုအရာများကို ရှုမြင်ရန်နည်းလမ်း၊ ကျင့်ကြံပြုမူရန် နည်းလမ်းနှင့် ပြုမူဆောင်ရွက်ရန်နည်းလမ်းတို့ပါဝင်သောကြောင့် ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၊ အပျက်သဘောဆောင်သော အယူအဆများ၊ သဘောထားများအား လူတို့၏ နေ့စဉ်အသက်တာများတွင် စဉ်ဆက်မပြတ် ဆန်းစစ်ပြီး ဆင်ခြင်သုံးသပ်ဖို့ လိုအပ်သည်။ ဆင်ခြင်သုံးသပ်စဉ်တွင် ၎င်းတို့၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၊ သို့မဟုတ် အပျက်သဘောဆောင်သော၊ မှားယွင်းသော အယူအဆနှင့် သဘောထားများရှိသည်ကို ၎င်းတို့ ရှာဖွေတွေ့ရှိသည့်အခါတိုင်းတွင် မိမိတို့ကိုယ်ကို ချက်ချင်း ပြုပြင်နိုင်ရန်၊ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၊ မှားယွင်းသောအယူအဆများ၊ သဘောထားများကို သမ္မာတရားစည်းမျဉ်းများနှင့်ညီသည့် အပြုသဘောဆောင်ပြီး၊ မှန်ကန်သောအတွေးများနှင့် သဘောထားများဖြင့် ချက်ချင်းအစားထိုးနိုင်ရန်လည်း လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာက ၎င်းတို့အား ဘုရားနှုတ်ကပတ်တော်ကို အခြေခံအုတ်မြစ်အဖြစ်၊ သမ္မာတရားအား စံအဖြစ်ထားရှိပြီး လူများ၊ အမှုအရာများကို ရှုမြင်ရန်၊ ကျင့်ကြံပြုမူပြီး ပြုမူဆောင်ရွက်ရန် အခွင့်ပေးသည်။ ထိုအရာမှာ လူတို့အနေဖြင့် ဘုရားသခင်နှင့် ကိုက်ညီရန်နှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းရှိပြီး မကောင်းမှုမှ ရှောင်ကြဉ်ရန်အလို့ငှာ လူတို့၏ စိတ်သဘောထားများ ပြောင်းလဲခြင်းအတွက် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည့် အထက်ပါ အကြောင်းအရာများသည် အခြေခံအားဖြင့် “သမ္မာတရားကို လိုက်စားရန် နည်းလမ်း” တွင်ရှိသော “လက်လွှတ်ခြင်း” ဖြစ်သည့် ပထမကဏ္ဍ၏ အဓိကကျသော အသေးစိတ်အချက်များဖြစ်သည်။ လူသား၏ စိတ်ခံစားချက်အမျိုးမျိုးထဲတွင် အချို့သော အသေးစိတ်ကျသည့်၊ အသေးစား အပျက်သဘောဆောင်သောအရာများ၊ သို့မဟုတ် သဘောထားထင်ဟပ်ခြင်းလုံးဝမရှိသော ထူးခြားသည့်အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့လည်းရှိပြီး ယင်းတို့သည်လည်း အချို့သော အပျက်သဘောဆောင်သည့် သို့မဟုတ် မှားယွင်းသော အတွေးများ၊ သဘောထားများနှင့် ဆက်နွှယ်နေသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များ၊ သို့မဟုတ် မှားယွင်းသော အတွေးများနှင့် သဘောထားများသည် လူတို့အပေါ် သက်ရောက်မှုအလွန်နည်းပါးသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ငါတို့သည် ယင်းတို့အကြောင်းကို အလွန်အသေးစိတ်ကျစွာဖြင့် တစ်ခုချင်း မိတ်သဟာယပြုမည်မဟုတ်ပေ။

ငါတို့ အစောပိုင်းက မိတ်သဟာယပြုခဲ့သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အားလုံးသည် အခြေခံအားဖြင့် လူတို့၏ လက်တွေ့ဘဝများတွင်၊ သို့မဟုတ် ၎င်းတို့၏ ဘဝလမ်းကြောင်းပေါ်တွင် တည်ရှိသော ပြဿနာများကို ကိုယ်စားပြုနိုင်သည်။ ဤစိတ်ခံစားချက်များတွင် လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည်ဆိုသည်တို့နှင့်ပတ်သက်သည့် အမျိုးမျိုးသော အမြင်ရှုထောင့်များပါဝင်သည်။ လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည်ဆိုသည်တို့နှင့်ပတ်သက်သော ဤ အပျက်သဘောဆောင်သည့် အမျိုးမျိုးသော အတွေးများနှင့် သဘောထားများသည် ပိုမိုကျယ်ပြန့်သော ဦးတည်ချက်များ၊ အဓိကစည်းမျဉ်းများတို့နှင့် သက်ဆိုင်ပြီး သမ္မာတရားအား လူတို့ လိုက်စားမှုနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ဤအရာတို့သည် လူတို့၏ အတွေးများနှင့် သဘောထားများအတွင်းတွင် လူတို့ လက်လွှတ်ပြီး ကိုင်တွယ်သင့်သည့် အရာများဖြစ်သည်။ အစားအစာ၊ အဝတ်အစား၊ တစ်ကိုယ်ရေဘဝ စသည်တို့ကဲ့သို့သော ကျန်ရှိသည့် အချို့သော သီးသန့်ဖြစ်သည့်၊ သဘောထားကို ထင်ဟပ်ခြင်းမရှိသော၊ သို့မဟုတ် ပို၍ တစ်ကိုယ်ရေကိစ္စဖြစ်သော အမှုအရာများတွင် လူများ၊ အမှုအရာများကို မည်သို့ရှုမြင်သည်၊ မည်သို့ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်ဆိုသည်တို့နှင့် သက်ဆိုင်သည့် အဓိကစည်းမျဉ်းများ မပါဝင်ပေ။ ယင်းတို့တွင် အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများကြား ခွဲခြားမှုကို ပြုလုပ်ခြင်း မပါဝင်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ယင်းတို့သည် ငါတို့မိတ်သဟာယဖွဲ့နေသည့် အကြောင်းအရာ၏ နယ်ပယ်အတွင်းတွင်မရှိပေ။ ဥပမာ တစ်စုံတစ်ယောက်က “အရောင်နက်တဲ့ အရာတွေကို ငါကြိုက်တယ်” ဟု ဆိုသောအခါတွင် ဤသည်မှာ သူ၏ လွတ်လပ်ခွင့်ဖြစ်သည်။ သူ၏ တစ်ကိုယ်ရေ အကြိုက်နှင့် နှစ်သက်မှုဖြစ်သည်။ ယင်းတွင် စည်းမျဉ်းတစ်ခုခု ပါဝင်သလော။ (မပါဝင်ပါ။) ဤသည်မှာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံကို မဆိုထားနှင့်။ လူများ၊ အမှုအရာများအား ရှုမြင်ပုံပင် မပါဝင်ပေ။ ဥပမာ အဝေးမှုန်ခြင်းကြောင့် မျက်မှတ်တပ်သူတစ်ယောက်သည် “ရွှေအနားကွပ်ပါတဲ့ မျက်မှန်ကိုင်းကို ငါ ကြိုက်တယ်” ဟုဆိုပြီး အခြားတစ်ယောက်က “ရွှေအနားကွပ်တွေက အရမ်း ခေတ်နောက်ကျနေပြီ၊ အနားကွပ်မပါတဲ့ မျက်မှန်တွေကို ငါ ပိုကြိုက်တယ်” ဟု ဆိုသည်။ ဤသည်မှာ လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည်ဆိုသည့် စည်းမျဉ်းများ ပါဝင်သလော။ (မပါဝင်ပါ။) ယင်းတွင် လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ မည်သို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်ရမည်ဆိုသည့် စည်းမျဉ်းများမပါဝင်ပေ။ အခြားသူများက “နေ့စဉ် အိမ်မှုကိစ္စတွေ၊ သန့်ရှင်းရေးအလုပ်နဲ့ပတ်သက်ပြီး ငါ့မှာ အပျက်သဘောဆောင်တဲ့ ခံစားချက်တွေရှိတယ်၊ ဒါတွေက ဒုက္ခပေးပြီး ငါ့ဘဝကို ပင်ပန်းအောင်လုပ်တယ်လို့ ငါ အမြဲတမ်းခံစားရတယ်၊ စားတာတောင်မှ စိတ်အနှောင့်အယှက်ဖြစ်တယ်၊ ထမင်းတစ်နပ်ပြင်ဆင်ဖို့အတွက် တစ်နာရီကျော်ကြာတယ်၊ စားပြီးတော့ ဟင်းတွေကို ဆေးရသေးတယ်၊ အိုးတွေကို သန့်ရှင်းရတယ်၊ မီးဖိုချောင်ကို ရှင်းရတယ်၊ ဒါတွေကလည်း အထူးသဖြင့် စိတ်ရှုပ်စရာကောင်းတယ်” ဟု ဆိုကြသည်။ အခြားသောလူများကလည်း “ဘဝက ဒုက္ခပေးတယ်၊ အဝတ်အစားတွေကို ရာသီတိုင်း လဲဝတ်ရတယ်၊ ဒါတောင်မှ အဝတ်တွေက ဘယ်လောက်ပါးပါး နွေရာသီမှာ အရမ်းပူပြီး အဝတ်တွေကဘယ်လောက်ထူထူ ဆောင်းရာသီမှာ အရမ်းအေးတယ်၊ ဒီရုပ်ခန္ဓာက တကယ်ကို ဒုက္ခတစ်ခုပဲ” ဟု ဆိုကြသေးသည်။ ၎င်းတို့ဆံပင် ညစ်ပေသောအခါ ခေါင်းမလျှော်လိုပေ။ သို့သော် ခေါင်းမလျှော်သောအခါ ယားယံသည်။ ၎င်းတို့သည် ထိုင်းမှိုင်းပြီး မသပ်ရပ်သည့် ပုံစံရှိသည်။ ၎င်းတို့သည် ခေါင်းမလျှော်ဘဲနေ၍ မရသော်လည်း၊ ခေါင်းလျှော်သောအခါတွင်မူ စိတ်တိုကြပြီး “ဆံပင်မရှိရင် မကောင်းဘူးလား၊ တစ်ချိန်လုံး ဆံပင်ညှပ်ပြီး ခေါင်းလျှော်နေရတာ တော်တော်စိတ်ရှုပ်ဖို့ကောင်းတယ်” ဟု စဉ်းစားကြသည်။ ဤအရာများသည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ ဟုတ်သလော။ (ဟုတ်ပါသည်။) ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များကို ဖြေရှင်းသင့်သလော။ ယင်းတို့သည် လက်လွှတ်သင့်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးတွင် ပါဝင်သလော။ (မပါဝင်ပါ။) အဘယ်ကြောင့် မပါဝင်သနည်း။ (ဤအရာတို့သည် ကိုယ်ခန္ဓာ၏ ရုပ်ပိုင်းဆိုင်ရာ ဘဝနှင့် ဆက်နွှယ်သော အလေ့အကျင့်နှင့် ပြဿနာအချို့သာဖြစ်သည်။) မိန်းမများ၊ အထူးသဖြင့် အရွယ်ရောက်ပြီးသော မိန်းမများသည် လျှော်ဖွပ်ခြင်း၊ ရှင်းလင်းခြင်း၊ မိမိတို့ ပြုလုပ်ထားသောအရာများကို သန့်စင်ခြင်းတို့ကဲ့သို့သော ဤအသေးအဖွဲဖြစ်သော နေ့စဉ်ကိစ္စများကို ကိုင်တွယ်နိုင်ကြသည်။ ယောက်ျားများက အနည်းငယ်ပို၍ ဆိုးသည်။ ၎င်းတို့သည် ချက်ပြုတ်ခြင်း၊ အဝတ်လျှော်ဖွပ်ခြင်းနှင့် အိမ်မှုကိစ္စများကို စိတ်အနှောင့်အယှက်ဖြစ်သည်ဟု မြင်လေ့ရှိသည်။ အထူးသဖြင့် အဝတ်လျှော်ဖွပ်ခြင်းနှင့် ပတ်သက်လျှင် ၎င်းတို့ အခက်အခဲဖြစ်ကြသည်။ ၎င်းတို့ လျှော်သင့်သလော။ လျှော်လိုစိတ်မရှိပေ။ မလျှော်သင့်သလော။ အလွန်ညစ်ပတ်လွန်းသည်။ လှောင်ပြောင်ခံမည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် ရေဖြင့် တစ်ခဏအကြာ ဆေးကြောလိုက်သည်။ ယောက်ျားများနှင့် မိန်းမများသည် ဤအသေးအဖွဲ နေ့စဉ်အမှုကိစ္စများကို ကိုင်တွယ်ခြင်းအပေါ်တွင် အနည်းငယ် မတူညီသော လုပ်နည်းကိုင်နည်းများနှင့် သဘောထားများရှိသည်။ မိန်းမများသည် သန့်ရှင်းမှုနှင့် အသွင်အပြင်ကို အာရုံစိုက်လျက်၊ ပို၍ စေ့စပ်တတ်ပြီး စစ်စစ်ပေါက်ပေါက် ဂရုထားတတ်သည်။ ယောက်ျားများမှာမူ ဤအရေးကိစ္စများကို ကိုင်တွယ်ရာ၌ အတော်အတန်ကြမ်းတမ်းနိုင်သည်။ သို့သော် ယင်းနှင့်ပတ်သက်၍ ဘာမျှ မမှားပေ။ အလွန်ရှုပ်ပွလွန်းလျှင် မကောင်းပေ။ အထူးသဖြင့် သင်သည် အခြားလူများနှင့် နေထိုင်ရသောအခါ သင်၏ ချို့ယွင်းချက်များစွာကို သင် ဖော်ထုတ်နေမိမည်ဖြစ်ပြီး ဤအတွက်ကြောင့် အခြားလူများက သင့်ကို မနှစ်သက်ခြင်း ဖြစ်လိမ့်မည်။ ဤချို့ယွင်းချက်များသည် သင်၏ လူ့သဘာဝရှိ အားနည်းချက်များဖြစ်ပြီး၊ အောင်မြင်ကျော်လွှားသင့်သည့်အရာများကို သင် အောင်မြင်ကျော်လွှားသင့်သည်။ ဖြေရှင်းသင့်သည့်အရာများကို ဖြေရှင်းသင့်သည်။ သင်နေထိုင်သည့်နေရာတွင် အနည်းငယ်ပို၍ လုံ့လရှိလော့။ အရာဝတ္ထုများကို စီစဉ်တကျဖြစ်စေလော့။ သင်၏ အဝတ်များ၊ စောင်များကို ကောင်းမွန်စွာ ခေါက်လော့။ သူတစ်ပါးတို့ကို စိတ်အနှောင့်အယှက်မဖြစ်စေရန်အတွက် တစ်ရက်ကြားတစ်ခါ၊ သို့မဟုတ် သုံးလေးရက်တစ်ခါ သင်၏ အလုပ်ပတ်ဝန်းကျင်ကို သန့်ရှင်းစေပြီး စီစဉ်တကျဖြစ်အောင် လုပ်ဆောင်လော့။ ဤသည်မှာ အမှန်ပင် ဤမျှ ရိုးရှင်းသည်။ သင့်အနေဖြင့် အခက်အခဲဖြစ်ဖို့ မလိုပေ၊ ဟုတ်ပါသလော။ (ဟုတ်သည်။) သင်ကိုယ်တိုင် အကြိမ်မည်မျှ ရေချိုးသည်၊ အဝတ်အစားများကိုလဲသည်နှင့်ပတ်သက်၍မူ အခြားသူများ၏ စိတ်အခြေအနေကို မထိခိုက်သရွေ့ ကိစ္စမရှိပေ။ ဤသည်မှာ စံနှုန်းဖြစ်သည်။ သင်က ရေမချိုးလျှင်၊ ခေါင်းမလျှော်လျှင်၊ အချိန်ကြာသည်အထိ အဝတ်အစားမလဲလျှင် သင် အနံ့ထွက်လာပြီး၊ မည်သူကမျှ သင့်အနီးတွင် နေလိုမည်မဟုတ်။ ဤသည်မှာ အဆင်မပြေပေ။ အနည်းဆုံးအနေဖြင့် အခြားသူတို့၏ အစိတ်အခြေအနေကို မထိခိုက်ဖို့ရန်အလို့ငှာ သင်သည် ဆေးကြောသုတ်သင်ပြီး မိမိကိုယ်ကို အမြင်ကောင်းအောင် လုပ်ဆောင်သင့်သည်။ သင်နှင့် စကားပြောစဉ်တွင် ၎င်းတို့၏ နှာခေါင်း၊ သို့မဟုတ် ပါးစပ်ကို ၎င်းတို့ ပိတ်မထားရသင့်သကဲ့သို့ သင့်ကြောင့် ကသိကအောက်ဖြစ်ခြင်း မရှိသင့်ပေ။ အခြားသူများက သင့်ကို ဤသို့ ဆက်ဆံပြီး သင်က အရေးမစိုက်၊ ဂရုမစိုက်လျှင် ထိုသို့ဆက်လက်၍ သင်နေထိုင်နိုင်သည်။ မည်သူကမျှ သင့်အား အလွန်အကျူးတောင်းဆိုမှုများ မပြုပေ။ သင် လက်ခံနိုင်သရွေ့ဖြစ်သည်။ သို့သော် သင်က ရှက်မိလျှင် သင်၏ တစ်ကိုယ်ရေ နေထိုင်ရာပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးကို အကောင်းဆုံး စီမံ လုပ်ဆောင်လော့။ သို့မှသာ ဤအရာများကြောင့် အခြားသူများ စိတ်အနှောင့်အယှက်ဖြစ်မည်မဟုတ်ပေ။ ပန်းတိုင်မှာ သင်ကိုယ်တိုင်၏ ဘဝအပေါ် လွန်ကဲသော ဝန်ထုတ်ဝန်ပိုး၊ သို့မဟုတ် စိတ်ဖိစီးမှုတစ်ခုခု မထားရှိရန်၊ အခြားသူများ၏ ခံစားချက်များကို ထည့်စဉ်းစားရန်ဖြစ်သည်။ အခြားသူများကို ဖိအားမပေးနှင့်၊ သို့မဟုတ် အတင်းအဓမ္မ လွှမ်းမိုးခြင်းမပြုနှင့်။ ဤသည်မှာ ပုံမှန်လူသား၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတွက် အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်သည်။ သင်သည် ဤမျှပင် မပိုင်ဆိုင်လျှင် သင့်တင့်လျောက်ပတ်စွာ သင် မည်သို့ ကျင့်ကြံပြုမူမည်နည်း။ ထို့ကြောင့် ပုံမှန် လူ့သဘာဝရှိသူတစ်ယောက်က ရယူနိုင်သင့်သည့် ဤအရာများကို များစွာရှင်းပြဖို့ မလိုအပ်ပေ။ ဘုရားအိမ်တော်က သင့်အား တိကျသော တာဝန်များ၊ အမိန့်များ ပေးဖို့ မလိုအပ်ပေ။ ယင်းတို့ကို သင့်ဘာသာ ကိုင်တွယ်နိုင်သင့်သည်။ အထက်တွင် ငါပြောခဲ့သော တစ်ကိုယ်ရေကိစ္စများသည် လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ မည်သို့ ကျင့်ကြံပြုမူရမည်၊ မည်သို့ လုပ်ဆောင်ရမည်ဆိုသည်တို့အတွက် စည်းမျဉ်းများ၊ သို့မဟုတ် စံသတ်မှတ်ချက်များ မပါဝင်ပေ။ ထို့ကြောင့် ယင်းတို့ကို ကိုင်တွယ်ရန်အတွက် အခြေခံအကျဆုံးသော လူသား၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အမှီပြုနိုင်သည်။ ပုံမှန်လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသော သူတစ်ယောက်သည် ဤဉာဏ်ရည်အဆင့်ကို ပိုင်ဆိုင်သင့်သည်။ ထိုအရာကို အလွန်အရေးစိုက်စရာမလိုပေ။ ထို့အပြင် ဤအသေးအဖွဲကိစ္စများကို သမ္မာတရားအား လိုက်စားခြင်းမှတစ်ဆင့် နားလည်ရန်၊ သို့မဟုတ် ဖြေရှင်းရန်လိုအပ်သည့် ပြဿနာများအဖြစ် သဘောမထားသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာတို့သည် ပုံမှန်လူ့သဘာဝရှိသူ မည်သူမဆို ဖြစ်မြောက်နိုင်သောအရာများ ဖြစ်သောကြောင့်ဖြစ်သည်။ ခွေးကလေးတစ်ကောင်ကပင် ရည်မွန်ရမည်ဟူသည့် အဓိပ္ပာယ်ကို နားလည်သည်။ လူသားများက ယင်းကို နားမလည်လျှင် ၎င်းတို့သည် လူသားဖြစ်ရန် စံနှုန်းကို မပြည့်မီခြင်းဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့တွင် အိမ်မွေးခွေးတစ်ကောင်ရှိ၏။ ဤခွေးသည် အထူးပင်ကြည့်ကောင်းသည်။ မျက်လုံးက ကြီးပြီး ပါးစပ်ကျယ်သည်။ ကောင်းစွာ ပုံစံကျသည့် နှာခေါင်းရှိသည်။ တစ်ခါတွင် သူကိုယ်တိုင်၏ ကလေးနှင့် အစာလု ရန်ဖြစ်ကြပြီး ခွေးကလေးက သူ့ နှာခေါင်းကို ကိုက်လိုက်သည်။ ထို့နောက်တွင် သူ့နှာခေါင်း၏ အလယ်၌ သေးငယ်သော ဒဏ်ရာတစ်ခုရသွားပြီး သူ၏ အသွင်အပြင် ပုံပျက်သွားသည်။ ငါသည် အနာကို အလျင်အမြန်ဆေးထည့်ပြီး “ယခုတွင် ငါတို့ အဘယ်အရာ လုပ်ဆောင်နိုင်သနည်း၊ အလွန်ကြည့်ကောင်းသောခွေးက အမာရွတ်ထင်သွားလျှင် ဝမ်းနည်းစရာကောင်းလိုက်မည့် မြင်ကွင်းပါတကား” ဟူ၍ ပြောလိုက်သည်။ ငါသည် ထိုခွေးကို “ယခုမှစပြီး ငါတို့အပြင်သွားလျှင် မလိုက်နှင့်၊ သင့်မျက်နှာပေါ်က အမာရွတ်ကို လူတို့မြင်လျှင် သင် ရုပ်ဆိုးသည်ဟု ထင်ကြလိမ့်မည်” ဟု ပြောလိုက်သည်။ သူက နားထောင်ပြီးနောက်တွင် သဘောတူသည့် အသံပြုသည်။ ခဏတာ ငေးကြောင်ကြည့်နေပြီး မျက်လုံးများက ကျယ်သွားသည်။ ငါက ဆက်ပြောသည်။ “သင်သည် ဒဏ်ရာရနေသည်၊ သင်၏ နှာခေါင်းတွင် အလွန်ကြီးသောဒဏ်ရာရှိသည်၊ လူတို့က မြင်လျှင် ရီကောင်းရီကြမည်၊ သင် အနားယူပြီး ပျောက်ကင်းဖို့ လိုသည်၊ လုံးဝ မပျောက်မချင်း ငါတို့နှင့် အပြင်သို့ မလိုက်၍မရ” ဟူ၍ ဖြစ်သည်။ သူက ငါ၏စကားများကို ကြားပြီးနောက်တွင် နောက်ထပ်အသံမပြုတော့ဘဲ အပြင်ထွက်ရန် မရမကမလုပ်ဆောင်တော့ပေ။ ခွေးတစ်ကောင်ပင်လျှင် နားလည်သည်ဟု ငါ တွေးမိသည်။ အတန်ငယ်ကြာပြီးနောက်တွင် အနာက အနာဖေးဖုံးသွားပြီး အလွန်ပင် သက်သာလာသည်။ ထို့ကြောင့် ခွေးကို အပြင်ခေါ်သွားလိုက်သည်။ ညီအစ်မတစ်ယောက်က ခွေးကလေးကို မြင်ပြီး “သင်၏ နှာခေါင်းက မည်သို့ဖြစ်သနည်း” ဟု မေးသည်။ ခွေးက ကြားပြီးနောက်တွင် ခေါင်းကို နောက်သို့လှည့်ပြီး နောက်ပြန်မကြည့်ဘဲ ကားဆီသို့ တန်းတန်းမတ်မတ်ပြေးကာ ပြန်လာရန် ငြင်းဆန်သည်။ ထိုညီအစ်မက သူ့ကို စကားပြောသောအခါ လိမ္မာစွာစွာနေသည်။ သူမက ရေပေးသောအခါ သောက်သည်။ ထွက်မပြေးပေ။ သို့သော် “သင်၏ နှာခေါင်းက မည်သို့ဖြစ်သနည်း” ဟု မေးသည်နှင့်တစ်ပြိုင်နက်၊ ခေါင်းကိုလှည့်ပြီး နောက်ပြန်မကြည့်ဘဲ ပြေးသွားသည်။ အိမ်သို့ ငါတို့ ပြန်ရောက်သောအခါ ငါက “သင့်နှာခေါင်းက ဒဏ်ရာရထားသည်၊ ညီအစ်မက သင့်ကို မေးသောအခါ အဘယ်ကြောင့်ပြေးသနည်း၊ ရှက်သလော” ဟု ခွေးကို မေးလိုက်သည်။ သူက ငါ့အား ရှက်သည့်အမူအရာဖြင့် ကြည့်ပြီး သူ၏ခေါင်းကို ဆက်တိုက်ငုံ့ထားကာ ငါ့ကို ကြည့်ရန် အလွန်ရှက်လျက်ရှိသည်။ သူသည် ငါ၏လက်အတွင်းသို့ တိုးဝှေ့ဝင်ပြီး သူ့အား ပွတ်သပ်ကာ ချီခိုင်းသည်။ ငါက “သင်၏ ကလေးဖြင့် ရန်ဖြစ်၍ မရတော့ပေ၊ သင်ဒဏ်ရာရပြီး ထပ်၍ အမာရွတ်ဖြစ်လျှင် ရုပ်ဆိုးသွားနိုင်သည်၊ လူတို့က လှောင်ရီလိမ့်မည်၊ သင်၏ မျက်နှာကို မည်သည့်နေရာတွင် ဖုံးကွယ်ထားရမည်နည်း” ဟူ၍ သူ့ကို ပြောလိုက်သည်။ ကြည့်လော့။ ငါးနှစ်အရွယ်ရှိသော ခွေးကလေးပင် ရှက်ရကောင်းမှန်းသိသည်။ သူ့မျက်နှာက ဒဏ်ရာရထားသောကြောင့် လူတို့ထံမှ ပုန်းကွယ်ရမည်ကို သိပြီး လှောင်ရီခံရမည်ကို ကြောက်သည်။ ခွေးငယ်ကလေးပင် ဤဉာဏ်ရည်အဆင့်ရှိလျှင် လူသားများလည်း ရှိသင့်သည်မဟုတ်လော။ (ရှိသင့်ပါသည်။) လူသားများလည်း ရှိသင့်သည်။ ဆိုလိုသည်မှာ ထိုအရာသည် ၎င်းတို့၏ အသိစိတ်အတွင်းတွင် ၎င်းတို့ပိုင်ဆိုင်သည့်အရာတစ်ခု ဖြစ်သင့်သည်။ ရည်မွန်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ တည်ဆောက်စရာဖြစ်လာစေပြီး သူတစ်ပါးတို့က မနှစ်သက်ခြင်း၊ သို့မဟုတ် စက်ဆုပ်မှု မဖြစ်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ သင်ကိုယ်တိုင်၏ အတွင်းတွင် ဤစံနှုန်းရှိသင့်သည်။ ထိုအရာမှာ နေ့စဉ်အသက်တာတွင် အရိုးရှင်းဆုံးသော အမှုအရာဖြစ်သည်။ သာမန်လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရားဖြင့် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သို့မဟုတ် အပျက်သဘောဆောင်သော စိတ်ခံစားချက်များအား ဖြေရှင်းခြင်းကဲ့သို့သော သမ္မာတရားများအကြောင်းကို မိတ်သဟာယဖွဲ့ဖို့မလိုအပ်ဘဲ အမှုအရာများကို တိကျမှန်ကန်စွာ သင် ကိုင်တွယ်နိုင်သည်။ သင်သည် သင်၏ ကိုယ်ပိုင်အိမ်တွင် နေလျှင် အနည်းငယ်ရှုပ်ပွ၍ ရသည်၊ စံနှုန်းများမှာ ထိုမျှတင်းကျပ်မှုမရှိသည်မှာ မှန်သည်။ သို့ရာတွင် သင်သည် ညီအစ်ကိုမောင်နှမများနှင့်အတူတကွ နေထိုင်လျှင် သင်၏ ပုံမှန်လူ့သဘာဝကို ကောင်းစွာထိန်းသိမ်းဖို့ သေချာလုပ်ဆောင်ရမည်။ ဤအရာအတွက် တိကျသည့် သတ်မှတ်ချက်၊ သို့မဟုတ် တင်းကျပ်သော စံနှုန်းတစ်ခုတလေမရှိသော်လည်း သာမန်လူသားတစ်ယောက်အနေဖြင့် ဤအမှုကိစ္စများကို သင် နားလည်သင့်သည်။ ဤအရာများသည် သာမန်လူ့သဘာဝရှိသောသူများ လုပ်ဆောင်သင့်ပြီး ပိုင်ဆိုင်သင့်သောအရာများဖြစ်သည်။ ဤအရာတို့တွင် လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ မည်သို့ ကျင့်ကြံပြုမူပြီး၊ လုပ်ဆောင်ရမည်ဆိုသည်တို့နှင့်ပတ်သက်သော အတွေးများ၊ သဘောထားများ၊ ရှုထောင့်အမြင်များ၊ သိုမဟုတ် ရပ်တည်ချက်များ မပါဝင်ပေ။ ပြီးလျှင် ပိုမိုကြီးမားသော ဘဝလမ်းကြောင်း၊ ဦးတည်ချက်၊ သို့မဟုတ် ပန်းတိုင်တို့ သေချာပေါက် မပါဝင်ပေ။ သို့ဖြစ်၍ ဤအမှုကိစ္စများကို သာမန်လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရား၏ သတ်မှတ်ချက်များနှင့်အညီ ဖြေရှင်းခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်လိမ့်မည်။ သို့မှသာ သူတစ်ပါးတို့သည် ဤအရာများကြောင့် အတင်းအဖျင်းပြောခြင်း၊ ဤအရာများကြောင့် သင့်အား ရွံရှာမှု ဖြစ်မည်မဟုတ်ပေ။ တစ်ကိုယ်ရေအလေ့အကျင့်များ၊ ဝါသနာများ၊ ပင်ကိုစရိုက် မတူညီမှုများ၊ သို့မဟုတ် စည်းမျဉ်းများနှင့် မသက်ဆိုင်သော အမှုကိစ္စများနှင့်စပ်လျဉ်း၍ ရွေးချယ်မှုများနှင့်ပတ်သက်လျှင် ဤအရာများ၌ အတွေးများနှင့် သဘောထားများ မပါဝင်ပေ။ သင်သည် လွတ်လပ်စွာရွေးချယ်ပြီး သင်၏ ကိုယ်ပိုင်ဟန်အမူအရာကို ထိန်းသိမ်းခွင့်ရှိသည်။ ဘုရားအိမ်တော်က ဝင်ရောက်စွက်ဖက်မည်မဟုတ်ပေ။ ဘုရားသခင်သည် လူတို့အား လွတ်လပ်သောစိတ်ဆန္ဒ၊ အခြေခံအသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပေးခဲ့ပြီး လူတစ်ဦးချင်းစီအား ကိုယ်ပိုင်စိတ်ဝင်စားမှုများ၊ ဝါသနာများ၊ အလေ့အကျင့်များ၊ သို့မဟုတ် မိမိတို့၏ ပင်ကိုစရိုက်များနှင့် သင့်တော်သော ဘဝနေမှုပုံစံများကို ရွေးချယ်ခွင့်ပြုသည်။ မည်သူကမျှ သင့်ကို ထိန်းချုပ်ပြီး ကန့်သတ်ပိုင်ခွင့်၊ သို့မဟုတ် အပြစ်တင်ပိုင်ခွင့်မရှိပေ။ သမ္မာတရားစည်းမျဉ်းများ၊ သို့မဟုတ် ဘုရားနှုတ်ကပတ်တော်ထဲတွင်ရှိသော ဘုရားသခင်၏ သတ်မှတ်ချက်များမပါဝင်သော အမှုကိစ္စများနှင့် စပ်လျဉ်း၍၊ အတိအကျဆိုရလျှင် လူများ၊ အမှုအရာများကို မည်သို့ ရှုမြင်ရမည်၊ မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ရမည်ဆိုသည်တို့ မပါဝင်သော အမှုကိစ္စများနှင့်ပတ်သက်လျှင် လူတို့သည် အခြားလူများ၏ ဝင်ရောက်စွက်ဖက်ခြင်းလုံးဝမရှိဘဲ မိမိတို့၏ ကိုယ်ပိုင်ဘဝနေနည်းကို လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။ ခေါင်းဆောင်၊ အဖွဲ့ခေါင်းဆောင်၊ သို့မဟုတ် ကြီးကြပ်ရေးမှူးက ကိုယ်ရေးကိုယ်တာကိစ္စများနှင့်ပတ်သက်ပြီး သင့်အား ဝေဖန်လျှင် သို့မဟုတ် ဝင်ရောက်စွက်ဖက်လျှင် သင်သည် ၎င်းတို့အား ငြင်းဆန်ပိုင်ခွင့်ရှိသည်။ အနှစ်ချုပ်ပြောရလျှင် ဤသာမန်လူ့သဘာဝ၏ အရေးကိစ္စများသည် ဘုရားနှုတ်ကပတ်တော်၏ သတ်မှတ်ချက်များ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများနှင့် လုံးဝ သက်ဆိုင်မှုမရှိပေ။ သင်သည် သက်သောင့်သက်သာရှိပြီး သင့်လျော်သည်ဟု ခံစားရသရွေ့၊ သင်၏ အပြုအမူက သူတစ်ပါးတို့အပေါ် သက်ရောက်မှုတစ်ခုခုမရှိသရွေ့၊ သို့မဟုတ် မနှောင့်ယှက်သရွေ့ ပြဿနာမရှိပေ။ ဥပမာ သင်သည် ကောင်းစွာဝတ်ဆင်ပြီး သပ်သပ်ရပ်ရပ်နေရသည်ကို နှစ်သက်လျှင် သူတစ်ပါးတို့အပေါ် သက်ရောက်မှုမရှိသရွေ့ ပြဿနာမဟုတ်ပေ။ သို့သော် ညနက်ပြီး အခြားလူများက ၁၁ နာရီ၌ အိပ်ဖို့လိုကာ သင်က အဝတ်လျှော်ဖွပ်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်နေဆဲဖြစ်လျှင် ဤသည်မှာ လက်ခံနိုင်စရာမဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်အိမ်တွင်ရှိပြီး အခြားလူများ၏ ဘဝကို မထိခိုက်ပါက၊ သင်ဆန္ဒရှိလျှင် မနက်လေးနာရီ၊ ငါးနာရီအထိ မအိပ်ဘဲ တစ်ညလုံးနေနိုင်သည်။ ဤသည်မှာ သင်၏ လွတ်လပ်ခွင့်ဖြစ်သည်။ သို့ရာတွင် ယခုအခါ သင်သည် ညီအစ်ကိုမောင်နှမများနှင့် အတူတကွနေထိုင်သောကြောင့် သင်၏ ပြုမူဆောင်ရွက်မှုများသည် ၎င်းတို့၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်များနှင့် အချိန်ဇယားများကို သက်ရောက်လိမ့်မည်။ ယင်းမှာမကောင်းပေ။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့် သင်သည် သင်၏ လုပ်ပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်ကို မှန်ကန်စွာ အသုံးချနေခြင်းမဟုတ်ပေ။ ထိုအစား သင်သည် တစ်ဇွတ်ထိုးလုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းကို လူ့သဘာဝကင်းမဲ့ခြင်းဟု ခေါ်သည်။ သင်၏ ကိုယ်ပိုင်လွတ်လပ်ခွင့်အတွက်နှင့် သင်ကိုယ်တိုင်၏ အသွေးအသား နှစ်သက်မှုများ၊ ဆန္ဒများကို ဖြည့်ဆည်းရန် သူတစ်ပါးတို့၏ ဘဝကို သင်နှောင့်ယှက်ပြီး ၎င်းတို့၏ အနားယူရန်အချိန်ကိုပင် အသုံးချသည်။ ဤအပြုအမူသည် သာမန်လူသားအသိစိတ်၊ ဆင်ခြင်တုံတရားနှင့် မကိုက်ညီပေ။ ပြောင်းလဲဖို့လိုသည်။ ဤသည်မှာ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းများနှင့် ဆက်နွှယ်သည်။ သင်၏ တစ်ကိုယ်ရေ ဘဝနေမှုပုံစံ၊ သို့မဟုတ် သန့်ရှင်းမှု အလေ့အထများနှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေခြင်းရှိမရှိနှင့် မသက်ဆိုင်ပေ။ မည်သို့ ကျင့်ကြံပြုမူသည်ဆိုသည့် စည်းမျဉ်းများနှင့် သက်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ သင်သည် အခြားသူများ၏ ခံစားချက်၊ စိတ်အခြေအနေ၊ သို့မဟုတ် အကျိုးစီးပွားတို့ကို ထည့်မစဉ်းစားပေ။ သင်သည် အခြားသူများကို ထိခိုက်လျက် သင်၏ ကိုယ်ပိုင်ကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းသည်။ ဤသို့ ပြုမူသည့်နည်းလမ်းသည် ကျင့်ကြံပြုမူခြင်းအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ၊ သို့မဟုတ် ကျင့်ကြံပြုမူခြင်းစည်းမျဉ်းများနှင့် မကိုက်ညီပေ။ ထို့ကြောင့် သာမန်လူ့သဘာဝ၏ နှစ်သက်မှု၊ စိတ်ဝင်စားမှု၊ ဘဝနေမှုပုံစံ ရွေးချယ်မှုများ၊ အလေ့အကျင့်များ၊ လွတ်လပ်ခွင့်များ၊ လုပ်ပိုင်ခွင့်များစသည်တို့အားလုံးသည် သာမန်လူ့သဘာဝဖြစ်သည်ဟု သတ်မှတ်ဖို့ရန်အတွက် လူတစ်ယောက်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား နယ်ပယ်အတွင်းတွင် ရှိနေရမည်။ ယင်းတို့သည် သာမန်လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်ကို ကျော်လျှင် ယင်းသည် သာမန်လူ့သဘာဝမဟုတ်ပေ၊ ဟုတ်ပါသလော။ (မဟုတ်ပါ။) သာမန်လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်များအတွင်းတွင် သင်သည် သာမန်လူတစ်ယောက်ကဲ့သို့ ပြုမူသည်။ သင်သည် သာမန်လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်များကို ကျော်လွန်ပြီး သင်၏ လွတ်လပ်ခွင့်ကို အလေးပေးဆဲဖြစ်လျှင် သင်သည် သာမန်လူတစ်ယောက်ကဲ့သို့ ပြုမူနေခြင်းမဟုတ်ပေ။ သင်သည် လူစဉ်မမီပေ။ ဤသည်မှာ ပြောင်းလဲရန် လိုအပ်သောအရာတစ်ခုဖြစ်သည်။ ဤအရာကို ရှင်းလင်းစွာသိသင့်သည်။ မည်သည့်အရာကို ရှင်းလင်းစွာ သိသင့်သနည်း။ ဤကိုယ်ရေးကိုယ်တာ ကိစ္စများကို သာမန်လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်းတွင် ကိုင်တွယ်သင့်သည်ကိုလည်းကောင်း၊ ဤသည်မှာ ကျင့်ကြံပြုမူခြင်း စည်းမျဉ်းဖြစ်သည်ကိုလည်းကောင်း ရှင်းလင်းစွာ သိသင့်သည်။ သင်၏ တစ်ကိုယ်ရေ အလေ့အကျင့်များ၊ တောင်းဆိုမှုများ၊ ဘဝနေမှုပုံစံ ရွေးချယ်မှုများ စသည်တို့အားလုံးသည် သာမန်လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရား၏ နယ်ပယ်များကို မကျော်လွန်သရွေ့ သင့်အပေါ်တွင် မူတည်သည်။ ဤကိစ္စများနှင့်ပတ်သက်ပြီး အတိအကျ သတ်မှတ်ချက်များမရှိပေ။

“လက်လွှတ်ခြင်း” ဆိုသည့် သမ္မာတရားအား လိုက်စားရန် နည်းလမ်း၏ ပထမအခန်းကဏ္ဍတွင် သိမ်ငယ်ခြင်း၊ မုန်းတီးခြင်း၊ အမျက်ဒေါသ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖိစီးခြင်း၊ ပူပန်ခြင်း၊ စိတ်သောက၊ ဖိနှိပ်ချုပ်ချယ်မှု ခံစားရခြင်းတို့ကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားချက်အမျိုးမျိုးကို လက်လွှတ်ခြင်းနှင့်စပ်လျဉ်း၍ ဤအရာတို့သည် အခြေခံအားဖြင့် ငါတို့ မိတ်သဟာယဖွဲ့ဖို့ လိုအပ်သည့် အဓိက ဦးတည်ချက်ဆိုင်ရာ ပြဿနာများနှင့် စည်းမျဉ်းများပါဝင်သော ပြဿနာများဖြစ်သည်။ အသေးစားဖြစ်သော၊ စည်းမျဉ်း၊ သို့မဟုတ် ဦးတည်ချက်များ မပါဝင်သော အဓိကမဟုတ်သည့် ပြဿနာများအတွက်မူ ယင်းတို့ကို အစောပိုင်းက ငါတို့ ပြည့်စုံစွာ မိတ်သဟာယဖွဲ့ခဲ့သည်။ သင်၏ ကိုယ်ရေးကိုယ်တာ ပြဿနာများအပေါ် သင်ခံစားရသည့် မလိုလားခြင်း၊ ကျေနပ်မှုမရှိခြင်း၊ ရောင့်ရဲမှုရှိခြင်း စသည်တို့အတွက်မူ ယင်းတို့တွင် စစ်မှန်သော အတွေးများနှင့် ရှုထောင့်များ မပါဝင်သရွေ့၊ လူများ၊ အမှုအရာများကို မည်သို့ရှုမြင်သည်၊ သို့မဟုတ် မည်သို့ ကျင့်ကြံပြုမူပြီး လုပ်ဆောင်သည်တို့နှင့် မသက်ဆိုင်သရွေ့ ယင်းတို့သည် သင်၏ တစ်ကိုယ်ရေ အရေးကိစ္စများဖြစ်သည်။ သင်သည် ယင်းတို့ကို သင်၏ အသိစိတ်၊ ဆင်ခြင်တုံတရား၏ နယ်ပယ်အတွင်းတွင် ချိန်ညှိပြီး ကိုင်တွယ်ရန် လိုအပ်သည်။ ဥပမာ သင်သည် ဆာလောင်နေပြီး ချက်ပြုတ်လိုစိတ်မရှိသော်လည်း သင်သည် ဗိုက်ထဲတွင် အစာမရှိဘဲ အလုပ်လုပ်ရန်မှာ အားနည်းလွန်းပြီး သင်ချက်ပြုတ်သောအခါတွင် စိတ်တိုသည်ဆိုပါစို့။ သင်က “ဤသည်မှာ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်တစ်ခုလော” ဟူ၍ စဉ်းစားကောင်း စဉ်းစားနိုင်သည်။ ဤသည်မှာ အပျက်သဘောဆောင်သော စိတ်ခံစားချက် မဟုတ်ပေ။ ဤသည်မှာ ချက်ပြုတ်ခြင်းနှင့်ပတ်သက်ပြီး သင်၏ ရုပ်ပိုင်းဆိုင်ရာ ပျင်းရိမှုနှင့် မနှစ်သက်မှုဖြစ်သည်။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော ဇာတိပကတိ၏ အရေးကိစ္စဖြစ်သည်။ သင်က ငွေကြေးတတ်နိုင်လျှင် သင့်အား ကူညီချက်ပြုတ်ပေးရန် တစ်စုံတစ်ယောက်ကို ငှားရမ်းနိုင်သည်။ ငွေကြေးမတတ်နိုင်လျှင် သင့်ဘာသာဖြေရှင်းခြင်းကိုသာ လုပ်ဆောင်နိုင်သည်။ သူတစ်ပါးတို့က သင့်အတွက် ဤဘဝပြဿနာများကို ဖြေရှင်းပေးရန် ဝတ္တရားမရှိပေ။ ဤသည်မှာ သင်ကိုယ်တိုင်၏ တာဝန်ဖြစ်သည်။ စားခြင်း၊ အဝတ်အစား ဝတ်ဆင်ခြင်း၊ တိုက်ချွတ်ဆေးကြောခြင်းတို့ဖြစ်သော ဤသာမန်အလုပ်များသည် လူသားဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယင်းတို့သည် လူသား၏ ဖြစ်တည်မှုတွင် ပင်ကိုရှိရင်းစွဲဖြစ်သည်။ လူသားများသည် ကြောင်များ၊ ခွေးများနှင့် မတူပေ။ ကြောင်ကလေး၊ သို့မဟုတ် ခွေးကလေးတစ်ကောင်ကို သင် မွေးစားလိုက်သည်နှင့် သင်သည် သူ၏ အစားအသောက်အတွက် တာဝန်ယူရသည်။ သူ ဆာလောင်လျှင် သင်က ကျွေးဖို့လိုအပ်သည်။ သို့သော် ဤသည်မှာ လူသားများအတွက် အလုပ်ဖြစ်မည်မဟုတ်။ လူသားများသည် ဤဘဝ၏ ကဏ္ဍများကို မိမိတို့ဘာသာ တာဝန်ယူပြီး ထမ်းရွက်ရသည်။ ဤသည်မှာ ဝန်ထုပ်ဝန်ပိုးမဟုတ်ပေ။ ဤအရာများကို ကောင်းမွန်စွာ ကိုင်တွယ်ရန် သင်ယူခြင်းသည် ပုံမှန်လူ့သဘာဝရှိသော လူများ စွမ်းဆောင်ရရှိနိုင်သောအရာတစ်ခုဖြစ်သည်။ လူအချို့က ဤအရာများကို ယခင်က တစ်ခါမျှ မလုပ်ဆောင်ဖူးကြောင်း ခံစားရနိုင်ခြင်းသာ ရှိသည်။ အထူးသဖြင့် မိဘများက အစီအစဉ်တကျဖြစ်ရန် ကူညီလုပ်ဆောင်ပေးပြီး အလွန်အလိုလိုက်သဖြင့် မည်သို့ချက်ပြုတ်ရမည်၊ လျှော်ဖွပ်ရမည်၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်ဘဝတွင်ရှိသော အကြောင်းကိစ္စများကို မည်သို့ ကိုင်တွယ်ရမည်တို့ကို တစ်ခါမျှ မသင်ခဲ့သော လူအချို့တွင် ဤသို့ ဖြစ်တတ်ပေသည်။ ဤသည်မှာ မိသားစုပတ်ဝန်းကျင်၏ ရလဒ်တစ်ခုဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် ၎င်းတို့မိဘများကို စွန့်ခွာပြီး စတင်၍ အမှီအခိုကင်းစွာ နေထိုင်လိုက်သည်နှင့် အဝတ်လျှော်ဖွပ်ခြင်း၊ အိပ်ရာပြင်ခြင်းတို့ အပါအဝင် အရာရာကို ၎င်းတို့ဘာသာ လုပ်နိုင်စွမ်းရှိကြသည်။ အမှန်တွင် ဤအရာတို့သည် ပုံမှန်လူ့သဘာဝက စွမ်းဆောင်ရရှိနိုင်သောအရာများ ဖြစ်သည်။ ယင်းတို့သည် အရွယ်ရောက်ပြီးသူ မည်သူမဆိုအတွက် ခက်ခဲသောအလုပ်များမဟုတ်သကဲ့သို့ အသေအချာပင် မနိုင်မနင်းဖြစ်ခြင်းမရှိပေ။ ဤပြဿနာများသည် လွယ်ကူစွာ ပြေလည်သွားသည်။ သင်သည် သင်၏ ဘဝအဆင့်အတန်းအတွက် ပိုမိုမြင့်မားသော စံနှုန်းများရှိလျှင် ပို၍ကောင်းအောင် လုပ်ဆောင်နိုင်သည်။ သင်သည် သင်၏ဘဝအဆင့်အတန်းအတွက် တင်းကျပ်မှု နည်းသည့်၊ သို့မဟုတ် နိမ့်ပါးသည့် မျှော်မှန်းချက်များ ရှိလျှင် သင်သည် ထိုအရာနှင့်ပတ်သက်၍ ပိုပြီးပေါ့ပေါ့တန်တန် လုပ်ဆောင်နိုင်သည်။ ဤအရာတို့အားလုံးသည် စည်းမျဉ်းများမပါဝင်သော အရေးကိစ္စများဖြစ်သည်။

သမ္မာတရားကို လိုက်စားရန်နည်းလမ်း၏ ပထမဆုံး အရေးပါသော အကြောင်းအရာဖြစ်သည့် အပျက်သဘောဆောင်သော စိတ်ခံစားချက်အမျိုးမျိုးကို လက်လွှတ်ခြင်းနှင့်စပ်လျဉ်း၍ အခြေခံအားဖြင့် ပြီးစီးပြီဖြစ်သောကြောင့် ဤတွင် ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ကြစို့။ ဆက်လက်၍ သမ္မာတရားအား လိုက်စားခြင်းလုပ်ငန်းစဉ်တွင် အပျက်သဘောဆောင်သော စိတ်ခံစားချက်များကို လက်လွှတ်ခြင်းအပြင် တစ်ကိုယ်ရေလိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ လိုအင်ဆန္ဒများကိုလည်း လက်လွှတ်သင့်သည်။ ဤသည်မှာ ယနေ့ ငါတို့ မိတ်သဟာယပြုကြမည့် သမ္မာတရားကို လိုက်စားရန်နည်းလမ်းအား လက်တွေ့လုပ်ဆောင်ခြင်းရှိ “လက်လွှတ်ခြင်း”၏ ဒုတိယအရေးပါသော ကဏ္ဍဖြစ်သည်။ လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ လိုအင်ဆန္ဒများကို လက်လွှတ်ခြင်းအား သင်တို့ နားလည်သလော။ (နားလည်ပါသည်။) ယခုတင် “လက်လွှတ်ခြင်း”နှင့်သက်ဆိုင်သော ဤတိကျသည့် လက်တွေ့လုပ်ဆောင်မှု၏ ရည်ရွယ်ချက်များကို ငါ ပြောပြခဲ့ပြီး သင်တို့သည်လည်း ယင်းတို့ကို အာရုံစိုက်ပြီးဖြစ်သည်။ ယခု ဤအကြောင်းအရာကို ဆန်းစစ်ကြစို့။ တစ်ကိုယ်ရေလိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ လိုအင်ဆန္ဒများအား လက်လွှတ်ခြင်းအကြောင်းကို ငါတို့ ပြောကြသောအခါတွင် စိတ်ထဲတွင် မည်သည့်အရာ ဖြစ်ပေါ်သနည်း။ မည်သည့်ဥပမာများကို သင်တို့ စဉ်းစားနိုင်သနည်း။ (အစောပိုင်းက ဘုရားသခင် မိတ်သဟာယပြုခဲ့သော လူတို့၌ရှိသည့် စံသတ်မှတ်ချက်များကို ကျွန်ုပ် စဉ်းစားနိုင်သည်။ သရုပ်ဆောင်ခြင်း၊ ကျော်ကြားသူများ၊ သို့မဟုတ် နာမည်ကျော်များဖြစ်လာရန် ရည်မှန်းချက် ရှိခြင်းကဲ့သို့သော ပါရမီတစ်ခုခုရှိသည့် လူများကဲ့သို့ဖြစ်သည်။ စာရေးသားမှု အရည်အချင်းများနှင့် စာပေဆိုင်ရာ ပါရမီအနည်းငယ်ရှိသော အခြားလူတို့သည် ဘုရားအိမ်တော်တွင် စာသားအခြေခံသော တာဝန်များကို ထမ်းဆောင်ရန် ဆန္ဒပြင်းပြပြီး စာရေးဆရာများဖြစ်လာနိုင်သည်။ ဤသည်တို့မှာ လူတို့တွင် ထွက်ပေါ်သော စံသတ်မှတ်ချက်အချို့ဖြစ်သည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (လူတို့သည် အောင်မြင်မှုနှင့် ၎င်းတို့၏ ကိုယ်ပိုင် အလားအလာများ၊ မျှော်လင့်ချက်များနောက်သို့လိုက်ပြီး ကောင်းချီးရရှိလိုသည့် ဆန္ဒရှိကြသည်။) ဆက်၍ စဉ်းစားကြည့်လော့။ အခြားမည်သည့်အရာ ရှိသေးသနည်း။ ဤတွင် အလေးထားသင့်သည်မှာ မည်သည့်အရာဖြစ်သနည်း။ ထိုအရာမှာ လူတို့ လက်လွှတ်သင့်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ လိုအင်ဆန္ဒများနှင့် သက်ဆိုင်သည်။ ၎င်းတို့၏ အလားအလာများနှင့် ကံကြမ္မာအပေါ် ၎င်းတို့ ထားရှိသည့် လူတို့၏တန်ဖိုးကြီးသော ဆန္ဒများ၊ မျှော်လင့်ချက်များအပြင် လူတို့၏ လက်တွေ့ဘဝများနှင့် သက်ဆိုင်သော အခြေအနေတွင်၊ လူသားဖြစ်တည်မှု၏ လိုအပ်သော အခြေအနေများတွင် လူတို့ လက်လွှတ်သင့်သည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများတွင် အခြားမည်သည့်အရာ ပါဝင်သေးသနည်း။ ဘဝတွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုနှင့် သမ္မာတရားအား လိုက်စားမှုကို ထိခိုက်စေနိုင်သော အရေးပါသည့် ပြဿနာအချို့မှာ အဘယ်နည်း။ (လူတို့သည် အိမ်ထောင်ကျသည့် အရွယ်သို့ ရောက်သောအခါ အိမ်ထောင်ကျခြင်း၏ ကန့်သတ်ချုပ်ချယ်မှုများကို ခံရနိုင်သည်။ ထို့အပြင် လူတစ်ယောက်၏ အသက်မွေးအလုပ်သည် ဘုရားသခင်အပေါ် သူ၏ ယုံကြည်မှုနှင့် ကွဲလွဲမှုရှိသည့်အခါ သူ၏ ကိုယ်ပိုင်အသက်မွေးအလုပ် နောက်သို့လိုက်ရန် ရွေးချယ်ကောင်းရွေးချယ်နိုင်သည်။ ဤသည်တို့မှာလည်း လက်လွှတ်ရန်လိုအပ်သော ကဏ္ဍနှစ်ခုဖြစ်သည်။) ဤသို့ဆိုသည်မှာ ကောင်းသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်မှုသည် သင့်အား ရလဒ်များနှင့် အသိအမှတ်ပြုခြင်းကို ပေးပြီးဖြစ်သည်။ သင်သည် အရေးပါသော ကဏ္ဍနှစ်ခုဖြစ်သည့် အိမ်ထောင်နှင့် အသက်မွေးအလုပ်ကို မှန်ကန်စွာ ပြောပြခဲ့သည်။ ဤအရေးပါသော အချက်နှစ်ခုသည် လူသားဘဝ၏ လမ်းကြောင်းပေါ်တွင် တစ်သက်တာ အရေးကိစ္စများနှင့်သက်ဆိုင်သည့် ပြဿနာများထဲတွင် ရှိသည်။ အိမ်ထောင်ပြုခြင်းသည် လူတိုင်းအတွက် အရေးပါသော ကိစ္စဖြစ်ပြီး လူတစ်ယောက်၏ အသက်မွေးအလုပ်သည်လည်း မရှောင်လွှဲနိုင်သကဲ့သို့ မလွှဲသာသော အရေးပါသည့် ကိစ္စတစ်ခုဖြစ်သည်။ ဤနှစ်ခုအပြင် အခြားအရေးပါသော ကိစ္စများရှိသလော။ (မိသားစု၊ မိဘ၊ သားသမီးများကို ကိုင်တွယ်ရသည့် ကဏ္ဍလည်းရှိသည်။ ဤအမှုကိစ္စများသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့်လည်းကောင်း၊ သမ္မာတရားအား လိုက်စားခြင်းနှင့် လည်းကောင်း ကွဲလွဲမှုရှိသည့်အခါ လူတို့အတွက် လက်လွှတ်ရန် ခက်ခဲလာသည်။) သင်တို့သည် အကြမ်းဖျဉ်းဖော်ပြချက်ပြုလုပ်သောအခါ ထိုသို့ရှည်လျားသော စာကြောင်းများကို အသုံးမပြုသင့်ပေ။ အစောပိုင်းတွင် ငါတို့သည် အိမ်ထောင်နှင့် အသက်မွေးအလုပ်ကို ပြောခဲ့ကြသည်။ ထို့ကြောင့် ဤအကြောင်းအရာကို မည်သို့ ခေါ်ဆိုသင့်သနည်း။ (မိသားစုဟု ခေါ်ဆိုသင့်သည်။) မှန်သည်။ မိသားစုသည်လည်း အရေးပါသော ကဏ္ဍတစ်ခုဖြစ်သည်။ ဤသည်မှာ လူတစ်ဦးချင်းစီတိုင်း ပါဝင်သလော။ (ပါဝင်ပါသည်။) လူတစ်ဦးချင်းစီတိုင်း ပါဝင်ပြီး ထိုအရာသည် လုံလောက်အောင် တိကျကာ သဘောထားကို ထင်ဟပ်စေသည်။ အိမ်ထောင်၊ မိသားစု၊ အသက်မွေးအလုပ်အားလုံးသည် တစ်ကိုယ်ရေလိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ လိုအင်ဆန္ဒများ၏ အဓိကဆိုလိုရင်းပါဝင်သည်။ တစ်ကိုယ်ရေလိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ လိုအင်ဆန္ဒများအား လက်လွှတ်ခြင်းနှင့် သက်ဆိုင်သော အရေးပါသည့် အကြောင်းအရာ စုစုပေါင်း လေးခုရှိသည်။ ထိုအရာများထဲမှ သုံးခုကို သင်တို့ မှန်ကန်စွာ ဖော်ထုတ်နိုင်ခဲ့သည်။ ဤသည်မှာ ကောင်းပေသည်။ ဤအကြောင်းအရာသည် အသေးစိတ်ကျသော မိတ်သဟာယဖွဲ့မှုလိုအပ်သည်ဟု ထင်ရသည်။ ထိုအရာမှာ သင်တို့စိတ်တွင် ပါရှိနှင့်ပြီးဖြစ်သည့် အကြောင်းအရာဖြစ်သည်။ ယင်းသည် သင်တို့၏ ဘဝများနှင့်၊ သို့မဟုတ် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု၊ အတွေ့အကြုံနှင့် အတော်ပင် နီးကပ်စွာ ဆက်နွှယ်နေသည်။ နောက်ထပ်အကြောင်းအရာတစ်ခုရှိပြီး ယင်းသည် အမှန်တွင် အလွန်ရိုးရှင်းသည်။ ထိုအရာမှာ အဘယ်နည်း။ ထိုအရာမှာ လူတစ်ယောက်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာတို့ဖြစ်သည်။ ယင်းမှာ မရိုးရှင်းသလော။ (ရိုးရှင်းပါသည်။) လူတစ်ယောက်၏ စိတ်ဝင်စားမှုများနှင့် ဝါသနာဟု ငါအဘယ်ကြောင့်ဆိုသနည်း။ ဤအကြောင်းအရာကို အသေအချာကြည့်ပြီး စိတ်ဝင်စားမှုများနှင့် ဝါသနာတို့သည် ငါတို့ ဆွေးနွေးဖို့လိုအပ်သည့် တစ်ကိုယ်ရေလိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများနှင့် ဆက်နွှယ်နေသလောဆိုသည်ကို ကြည့်လော့။ (ကြည့်ပါမည်။) အိမ်ထောင်သည် ထိုအရာများနှင့် ဆက်နွှယ်ခြင်းရှိသလော။ (ဆက်နွှယ်သည်။) မိသားစုက ထိုအရာများနှင့် ဆက်နွှယ်ခြင်းရှိသလော။ (ရှိသည်။) အသက်မွေးအလုပ်က ထိုအရာများနှင့်ဆက်နွှယ်ခြင်းရှိသလော။ ထိုအရာမှာလည်း ဆက်နွှယ်ခြင်းရှိ၏။ ဤကဏ္ဍလေးခု၏ တစ်ခုစီတိုင်းသည် လူတစ်ယောက်၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများနှင့် ဆက်နွှယ်နေသည်။ ကဏ္ဍတစ်ခုစီ၌ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ယင်းနှင့်ပတ်သက်ပြီး စိတ်ကူးထင်မြင်မှုနှင့် တိကျသည့် သတ်မှတ်ချက်များ၊ မိမိ၏ အသွေးအသားနှင့် စိတ်ခံစားချက်များတွင် မိမိရရှိလိုသောအရာများပါဝင်သည်။ ကဏ္ဍတစ်ခုစီတွင် တိကျသည့် သတ်မှတ်ချက်များနှင့် ခိုင်မာသော လိုက်စားမှုများရှိပြီး လူတစ်ယောက်၏ အားစိုက်ထုတ်မှုနှင့် ယင်းတို့အတွက် သူ ပေးဆပ်သော အဖိုးအခများလည်း ပါဝင်သည်။ ကဏ္ဍတစ်ခုစီသည် လူတစ်ယောက်၏ ဘဝတစ်လျှောက် သူ၏ အတွေးအမြင်များကို ပါဝင်လွှမ်းမိုးပြီး သူ၏ လက်ရှိပန်းတိုင်များအား လိုက်စားမှုကို သက်ရောက်နိုင်သည်။ ယင်းတို့သည် လူများ၊ အမှုအရာများအား ရှုမြင်ပုံ၊ ကျင့်ကြံပြုမူကာ လုပ်ဆောင်ပုံကိုလည်း သက်ရောက်မှုရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ငါသည် ယေဘုယျ ဝေါဟာရများဖြင့် ပြောဆိုလျှင် သင်တို့က မရှင်းမလင်းဖြစ်ပြီး နားလည်ရန် အခက်တွေ့ကောင်းတွေ့နိုင်သည်။ ထို့ကြောင့် ကဏ္ဍတစ်ခုစီကို တစ်ခုချင်း မိတ်သဟာယဖွဲ့ကြစို့။ ဂရုတစိုက် ဆန်းစစ်ကြစို့။ ပြီးလျှင် သင်တို့သည် တဖြည်းဖြည်းချင်းဖြင့် ပြဿနာများကို ရှင်းလင်းစွာ နားလည်ခြင်းရှိကောင်းရှိနိုင်သည်။ ထိုအရာများ ရှင်းလင်းသွားသည်နှင့် လူတို့သည် ဤနေရာတွင် ၎င်းတို့ အကောင်အထည်ဖော်ပြီး လိုက်နာသင့်သည့် စည်းမျဉ်းများကို ရှာဖွေကောင်း ရှာဖွေနိုင်သည်။

ဦးစွာပထမ စိတ်ဝင်စားမှုများနှင့် ဝါသနာများအကြောင်းကို ပြောကြစို့။ စိတ်ဝင်စားမှုများ၊ ဝါသနာများသည် လူတို့ ရံဖန်ရံခါ အပျော်သဘောအတွက် လုပ်ဆောင်သည့်အရာများ၊ သို့မဟုတ် ၎င်းတို့၏ ယာယီ ဝါသနာပါ၍ လုပ်သောအရာများ၊ သို့မဟုတ် စိတ်ဝင်တစား လေ့လာမှုများ မပါဝင်သည်မှာ မှန်သည်။ ယင်းတို့သည် ခဏတာဖြစ်သောအရာများနှင့် မသက်ဆိုင်ပေ။ ဤနေရာတွင် စိတ်ဝင်စားမှုများ၊ ဝါသနာများသည် လူတစ်ယောက်၏ ဝိညာဉ်ရေးရာ ဖြစ်တည်မှုနှင့် ဝိညာဉ်အတွင်းပိုင်းထဲတွင် တည်ရှိသော အစစ်အမှန်တောင့်တမှုနှင့် လိုက်စားမှုကို ရည်ညွှန်းသည်။ သူသည် ဤအရာများအတွက် အရေးယူဆောင်ရွက်ကာ အစီအစဉ်များရေးဆွဲခြင်းပင် ပြုလုပ်လိမ့်မည်။ ထို့အပြင် သူသည် ဤစိတ်ဝင်စားမှုများ၊ ဝါသနာများကို ဖြည့်ဆည်းရန်၊ သို့မဟုတ် ဆက်လက်ဖြစ်ပေါ်စေရန်အတွက်၊ သို့မဟုတ် သူ၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် ကိုက်ညီသောအလုပ်ကို လုပ်ဆောင်ရန် ခိုင်မာသော အားထုတ်မှုများပြုလုပ်ပြီး ကြိုးပမ်းလိမ့်မည်။ ဤဆက်စပ်အခြေအနေတွင် စိတ်ဝင်စားမှုများ၊ ဝါသနာများက လူတစ်ဦးချင်းစီသည် ပန်းတိုင်များ၊ စံသတ်မှတ်ချက်များ သတ်မှတ်ပြီးဖြစ်ကြောင်းနှင့် အဖိုးအခပေးပြီးဖြစ်ကြောင်း၊ အားအင် အသုံးချပြီးဖြစ်ကြောင်း၊ သို့မဟုတ် တိကျသည့် လုပ်ဆောင်ချက်များ ပြုပြီးဖြစ်ကြောင်း သွယ်ဝိုက်ညွှန်းဆိုပေသည်။ ဥပမာ ၎င်းတို့သည် ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများအတွက် ဆီလျော်မှုရှိသည့် အသိပညာကို သွားရောက်လေ့လာပြီး ဤအသိပညာကို လေ့လာမှုအပေါ် ၎င်းတို့နေ့စဉ်ဘဝ၏ အချိန်အများစုကို ကုန်ဆုံးကြကာ ဤအတွက် လက်တွေ့ကျသည့် အတွေ့အကြုံနှင့် လက်တွေ့ အသိအမှတ်ပြုခြင်းကို ရရှိကြသည်။ ဥပမာ လူအချို့တွင် ပန်းချီရေးဆွဲခြင်းကို သတ်သတ်မှတ်မှတ်ဖြစ်သည့် စိတ်ဝင်စားမှုနှင့် ဝါသနာရှိကြသည်။ ဤပန်းချီတို့သည် ပုံတူများ၊ သို့မဟုတ် ရှုခင်းများ ရေးဆွဲခြင်းကဲ့သို့ မရိုးရှင်းပေ။ ထိုအရာသည် ဤသို့သော ရိုးရှင်းသည့် စိတ်ဝင်စားမှုများ၊ ဝါသနာများထက်ပိုသည်။ ၎င်းတို့သည် ပုံကြမ်းရေးဆွဲခြင်း၊ ရှုခင်းများ၊ ပုံတူများကဲ့သို့သော ပန်းချီနှင့်ပတ်သက်သည့် နည်းပညာအမျိုးမျိုးကို လေ့လာပြီး၊ လူအချို့မှာ ဆေးပန်းချီကိုပင် လေ့လာကြသည်။ ဤသို့လေ့လာခြင်းအတွက် ၎င်းတို့၏ အကြောင်းပြချက်မှာ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများထံမှသာ ထွက်ပေါ်လာခြင်းမဟုတ်ပေ။ ထိုထက် ပန်းချီအပေါ် ၎င်းတို့၏ စိတ်ဝင်စားမှုကြောင့် ၎င်းတို့ ဖြစ်ပေါ်စေပြီး သတ်မှတ်ခဲ့သော စံသတ်မှတ်ချက်များ၊ ၎င်းတို့ ပိုင်ဆိုင်သော ဆန္ဒများမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့သည် ပန်းချီအပေါ်ကို ၎င်းတို့တစ်ဘဝလုံး၏ အားအင်ကိုပင် နှစ်မြှုပ်ထားလိုကြပြီး ထူးချွန်သော ပန်းချီဆရာများ ဖြစ်လိုကြကာ ပန်းချီရေးဆွဲခြင်းကို အသက်မွေးဝမ်းကျောင်းပညာတစ်ခုအဖြစ် လိုက်စားလိုကြသည်။ ဤအသက်မွေးဝမ်းကျောင်းပညာကို မလုပ်ဆောင်ခင်တွင် အကြီးစားပြင်ဆင်မှုနှင့် စီစဉ်မှုလိုအပ်သည်။ ဥပမာ ဆက်လက်၍ ပညာသင်ကြားပြီး လေ့ကျင်ရန်အတွက် အထူးပြုကျောင်းများ တက်ခြင်း၊ ပန်းချီရေးဆွဲခြင်းနှင့်ပတ်သက်သည့် ကဏ္ဍအမျိုးမျိုးကို လေ့လာခြင်း၊ တိုက်ရိုက်ပုံကြမ်းရေးဆွဲခြင်း၊ ကျွမ်းကျင်သူများ၊ နာမည်ကြီးအနုပညာရှင်များထံမှ လမ်းပြမှုခံယူခြင်း၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းနှင့် အခြားသောအရာများဖြစ်သည်။ ဤလှုပ်ရှားမှုအားလုံးသည် ၎င်းတို့၏ လိုက်စားမှု၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို ဗဟိုပြုသည်။ ဤလိုက်စားမှု၊ စံသတ်မှတ်ချက်၊ ဆန္ဒများအားလုံးသည် ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာများကို အခြေခံသည်။ ၎င်းတို့ဘဝ၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများဖြစ်ပေါ်လာခြင်းမှာ ဤစိတ်ဝင်စားမှုနှင့် ဝါသနာများကြောင့်ဖြစ်သည်။ လူအချို့သည် ရှေးခေတ်၊ ယခုခေတ်၊ ပြည်တွင်းနှင့် တိုင်းတစ်ပါးနိုင်ငံသမိုင်းတို့အပါအဝင်၊ သမိုင်းလေ့လာခြင်းကို အလွန်စိတ်ထက်သန်ပြင်းပြသည်။ ၎င်းတို့၏ စိတ်ဝင်စားမှု ကြီးထွားလာသောအခါ ၎င်းတို့သည် ဤနယ်ပယ်တွင် ပါရမီရှိသော ပုဂ္ဂိုလ်များအဖြစ် မိမိတို့ကိုယ်ကို မြင်လာကြသည်။ ယင်းနှင့် ဆက်နွှယ်သော အသက်မွေးအလုပ်ကို လိုက်စားရန် စိတ်ဝင်စားလာကြသည်။ ၎င်းတို့သည် ဆက်လက်သင်ယူပြီး ၎င်းတို့၏ ပညာရေးကို မြှင့်တင်သည်။ ဤဖြစ်စဉ်အတောအတွင်းတွင် ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများသည် ဆက်လက်၍ ရုပ်လုံးပေါ်လာပြီး ခိုင်မာလာသည်မှာ အမှန်ပင်ဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် သမိုင်းပညာရှင်များဖြစ်လာရန် ဆန္ဒပြင်းပြကြသည်။ သမိုင်းပညာရှင်ဖြစ်မလာမီတွင် ၎င်းတို့၏ အချိန်နှင့် အားအင်အများစုသည် ဤစိတ်ဝင်စားမှုနှင့် ဝါသနာကို ဗဟိုပြုသည်။ စီးပွားရေးကို အထူးစိတ်ဝင်စားသော၊ ကိန်းဂဏန်းများနှင့် အလုပ်လုပ်ခြင်း၊ စီးပွားရေးနယ်ပယ်နှင့် ဆက်စပ်သည့်အရာများကို လေ့လာခြင်းအား နှစ်သက်သောလူအချို့လည်း ရှိသည်။ ၎င်းတို့သည် ဘဏ္ဍာရေးလုပ်ငန်းတွင် ထူးချွန်သည့်၊ သို့မဟုတ် အောင်မြင်သော ပုဂ္ဂိုလ်များဖြစ်ရန် မျှော်လင့်ကြသည်။ အတိုချုပ်အားဖြင့် ၎င်းတို့သည် ၎င်းတို့၏ စိတ်ဝင်စားမှုနှင့် ဝါသနာကို အခြေခံပြီး လိုက်စားမှုတစ်ခုကိုလည်း ဖြစ်ပေါ်စေကြသည်။ ပြီးလျှင် ထိုစိတ်ဝင်စားမှု၊ ဝါသနာနှင့်ဆက်စပ်သော စံသတ်မှတ်ချက်များနှင့် ဆန္ဒများ ဖြစ်ပေါ်သည်။ တစ်ချိန်တည်းတွင် ၎င်းတို့သည် သင်ယူရန်၊ သုတေသနပြုရန်၊ ၎င်းတို့ပညာရေးကို မြှင့်တင်ရန်၊ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် ဆက်စပ်သည့် ကျယ်ပြန့်သောအသိပညာကို ရယူရန်အတွက် ၎င်းတို့၏ အချိန်ကိုလည်း ရင်းနှီးမြုပ်နှံသည်၊ အလုပ်လုပ်သည်၊ အဖိုးအခပေးဆပ်သည်၊ အားအင်ကို အသုံးချသည်။ အခြားသောလူများမှာ အနုပညာတင်ဆက်ခြင်း၊ အက၊ တေးသီချင်းသီဆိုခြင်း၊ သို့မဟုတ် ဒါရိုက်တာလုပ်ခြင်းတို့ကဲ့သို့သော အနုပညာများကို စိတ်ထက်သန်ပြင်းပြမှုရှိကြသည်။ ဤသို့သော စိတ်ဝင်စားမှုများ၊ ဝါသနာများဖြစ်ပေါ်လာပြီးနောက်တွင် ဤစိတ်ဝင်စားမှုနှင့် ဝါသနာများ၏ တွန်းအားအောက်၌ ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများမှာ တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာကြပြီး ခိုင်မာလာသည်။ ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများက တဖြည်းဖြည်းချင်းဖြင့် ၎င်းတို့၏ ဘဝပန်းတိုင်များ ဖြစ်လာသောအခါ ထိုပန်းတိုင်များကို လိုက်စားခြင်းအတွက်၊ ၎င်းတို့၏ အားစိုက်ထုတ်မှု၊ ကြိုးပမ်းမှု၊ အလုပ်လုပ်မှုတို့ကိုလည်း ရည်စူးအပ်နှံကြသည်။ လူအချို့မှာ ပညာရေးနယ်ပယ်တွင် အလုပ်လုပ်ခြင်းကို နှစ်သက်ကြသည်။ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် ဆက်နွှယ်သည့် အသက်မွေးအလုပ်နောက်သို့ လိုက်ရန်အတွက် စိတ်ပညာနှင့် အခြားသော ဆက်စပ်မှုရှိသည့် အသိပညာတို့ကဲ့သို့သော ပညာရေးကဏ္ဍအမျိုးမျိုးကို လေ့လာကြသည်။ လူအချို့က ဒီဇိုင်းရေးဆွဲခြင်း၊ အင်ဂျင်နီယာ၊ နည်းပညာ၊ လျှပ်စစ်၊ သို့မဟုတ် ပိုးမွှားများကို သုတေသနလုပ်ခြင်း၊ အဏုဇီဝရုပ်၊ တိရစ္ဆာန်အပြုအမူအမျိုးမျိုး၊ ရှင်သန်ရေးလှုပ်ရှားမှုပုံစံများ၊ မူလဇာစ်မြစ်များနှင့် နောက်ထပ်အမှုအရာတို့ကို နှစ်သက်ကြသည်။ လူအချို့သည် မီဒီယာအလုပ်ကို နှစ်သက်ကြပြီး အစီအစဉ်တင်ဆက်သူ၊ တွေ့ဆုံမေးမြန်းခန်း တင်ဆက်သူ၊ သတင်းထောက် စသည်တို့အဖြစ် မီဒီယာလုပ်ငန်းက ခန့်အပ်ခြင်းကို ခံရရန် ဆန္ဒပြင်းပြကြသည်။ လူတို့သည် ၎င်းတို့၏ အမျိုးမျိုးကွဲပြားခြားနားသော စိတ်ဝင်စားမှုများ၊ ဝါသနာများ၏ တွန်းအားပေးခြင်းကို ခံရပြီး ဆက်လက်သင်ယူကြကာ နှံ့စပ်စွာ စူးစမ်းလေ့လာကြပြီး၊ တဖြည်းဖြည်းချင်းဖြင့် သိနားလည်မှုရရှိကြသည်။ ၎င်းတို့၏ လိုက်စားမှု၊ စံသတ်မှတ်ချက်နှင့် ဆန္ဒများသည် ၎င်းတို့စိတ်နှလုံးထဲတွင် ပိုမိုနက်သည်ထက် နက်လာပြီး၊ ဆက်လက်၍ ရုပ်လုံးပေါ်လာကြသည်။ ၎င်းတို့၏ လိုက်စားမှု၊ စံသတ်မှတ်ချက်နှင့် ဆန္ဒများ တဖြည်းဖြည်းချင်း ပုံပေါ်လာသည့် ဖြစ်စဉ်တွင် လူတစ်ဦးချင်းစီသည် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို ဦးတည်ပြီး ကြိုးပမ်းကာ ရှေ့ဆက်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သည့် တိကျသော လုပ်ရပ်တိုင်းသည် ဤအရာများအပေါ် ၎င်းတို့၏ အားအင်၊ အချိန်၊ နုပျိုခြင်းတို့ကို ရင်းနှီးမြုပ်နှံပြီး စိတ်ခံစားချက်များ၊ အားစိုက်ထုတ်မှုများကိုပင် ရင်းနှီးမြုပ်နှံသည်။

အကြင်သူ၏ စိတ်ဝင်စားမှုများ၊ ဝါသနာများက မည်သည့်နယ်ပယ်၊ သို့မဟုတ် လုပ်ငန်းတွင်ရှိသည်ဖြစ်စေ၊ မည်သည့်အမျိုးအစား၌ ပါဝင်သည်ဖြစ်စေ၊ ထိုအရာများက လိုက်စားမှုတစ်ခု အစပျိုးပြီး အလားတူ လိုက်လျောညီထွေရှိသော စံသတ်မှတ်ချက်များ၊ ဆန္ဒများချမှတ်လိုက်သည်နှင့် ဘဝပန်းတိုင်များနှင့် ဦးတည်ချက်တို့သည်လည်း တစ်သမတ်တည်းဖြစ်လာကြသည်။ မိမိ၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများက ဘဝပန်းတိုင်များဖြစ်လာသောအခါ ဤကမ္ဘာလောကရှိ သူ၏ အနာဂတ်လမ်းကြောင်းသည် အခြေခံအားဖြင့် သတ်မှတ်ပြီးဖြစ်သည်။ သတ်မှတ်ပြီးဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ဤတွင် ညွှန်းဆိုလျက်ရှိသည့် အရေးကိစ္စမှာ အဘယ်နည်း။ ယင်းမှာ သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများမှ ဖြစ်ပေါ်လာသော စံသတ်မှတ်ချက်များ၊ ဆန္ဒများကို သင် ဆုံးဖြတ်ပြီးသည်နှင့် သင်သည် ထိုဦးတည်ချက်အတိုင်း ကြိုးပမ်းခြင်း၊ ရုန်းကန်ခြင်းလည်း လုပ်ဆောင်ရမည်မှာ ယိမ်းယိုင်ခြင်းမရှိသော၊ ပြတ်သားသော စိတ်ဓာတ်နှင့်အားမာန်ရှိပြီး တစ်သက်စာ အားအင်၊ အချိန်၊ အဖိုးအခတို့ကို ပေးဆပ်လိုစိတ်ရှိသည်အထိ ဖြစ်သည်။ သင်၏ဘဝ၊ ကံကြမ္မာ၊ အလားအလာများနှင့် သင်၏ အဆုံးစွန်ခရီးပန်းတိုင်သည်ပင် သင်ချမှတ်ပြီးဖြစ်သော ဘဝပန်းတိုင်များနှင့် ဆက်နွှယ်ခြင်း မရှိလျှင်ပင်၊ လွှမ်းမိုးခြင်းကို မလွှဲမရှောင်သာ ခံရမည်ဖြစ်သည်။ ဤတွင် ငါအလေးပေးလိုသော အဓိကအချက်မှာ အဘယ်နည်း။ လူတစ်ယောက်သည် စိတ်ဝင်စားမှု၊ သို့မဟုတ် ဝါသနာတစ်ခုခုကို အခြေခံပြီး သူ၏ လိုက်စားမှု၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို ချမှတ်ပြီးသည်နှင့် သူသည် အချိန်ဖြုန်းနေခြင်း၊ မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ ရှိနေမည် မဟုတ်တော့ပေ။ တိကျမှုရှိသော စိတ်ဝင်စားမှုနှင့် ဝါသနာများကြောင့် ခိုင်မာသော လုပ်ဆောင်မှုများသည် စတင် ရုပ်လုံးပေါ်လာသည်။ တစ်ချိန်တည်းတွင် ဤတိကျသော လုပ်ဆောင်မှုများ၏ လမ်းပြမှုအောက်တွင် သင်သည် သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို ချမှတ်မိလိမ့်မည်။ ထိုအချိန်မှစ၍ သင်၏ နှလုံးက ရပ်တန့်မည်မဟုတ်သကဲ့သို့၊ သင်၏ ခြေထောက်က အငြိမ်ရပ်နေမည်မဟုတ်ပေ။ သင်သည် သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများအတွက် သင်၏အသက်ကို ရှင်သန်ရန် ရည်ရွယ်ထားပေသည်။ သင်သည် မည်သည့်အခါမျှ အသိပညာအနည်းငယ်ကိုသာ ရယူပြီး အဆုံးသတ်လိုက်မည်မဟုတ်ပေ။ သင်သည် အလွန်ပါရမီရှိသောကြောင့်၊ အလွန်အလားအလာရှိပြီး ဆုကျေးဇူးများရှိသောကြောင့် သင်သည် သေချာပေါက် သင်နှင့် သင့်တော်သော နေရာတစ်ခုကို ရှာလိမ့်မည်၊ သို့မဟုတ် သင်သည် မည်သည့်နောင်တမျှမရှိဘဲ ဤကမ္ဘာလောကတွင်၊ လူပုံအလယ်တွင် အမြင့်သို့ တက်လှမ်းပြီး သာမန်ထက်ထူးခြားလာရန်အတွက် မရပ်မနား အားစိုက်ထုတ်လိမ့်မည်။ သင်သည် အောင်မြင်မှုကို ခိုင်မာစွာ ယုံကြည်လျက် သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများနောက်သို့ လိုက်လိမ့်မည်။ ဤအရာများကို ရရှိရန်အလို့ငှာ မည်သည့် အဖိုးအခကိုမဆို ပေးဆပ်လိုစိတ်ပင်ရှိမည်ဖြစ်ပြီး မည်သည့် အခက်အခဲ၊ အန္တရာယ်၊ ဒုက္ခကိုဆို ရင်ဆိုင်လိမ့်မည်။ လူတို့သည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်နိုင်သနည်း။ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို အခြေခံပြီး စံသတ်မှတ်ချက်များ၊ ဆန္ဒများဖြစ်ပေါ်ပြီးနောက်တွင် ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ ပြုမူဆောင်ရွက်နိုင်သနည်း။ (၎င်းတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များကို လက်တွေ့အကောင်အထည်ဖော်ရန်၊ ပိုမိုမြင့်မားသောအရာများကို လိုက်စားရန်၊ အားလုံးထက် ထက်သာရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အခက်အခဲကိုမဆို ရင်ဆိုင်ရာတွင် နောက်မဆုတ်ဘဲ ၎င်းတို့၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို ဆက်လက်လိုက်စားသည်။) လူတို့တွင် မွေးရာပါ ဗီဇရှိသည်။ ၎င်းတို့၏ အားသာချက်များက မည်သည့်အရာများဖြစ်သည်၊ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့ လုံးဝ မသိလျှင် ၎င်းတို့အတွက် နေရာမရှိ၊ ၎င်းတို့၏ကိုယ်ပိုင်တန်ဖိုးကို အကောင်အထည်မဖော်နိုင်ဟု ၎င်းတို့ခံစားရပြီး အသုံးမကျဟု ခံစားကြရသည်။ ၎င်းတို့သည် ၎င်းတို့၏ တန်ဖိုးကို ထုတ်ဖော်ပြသနိုင်ခြင်းမရှိပေ။ သို့ရာတွင် လူတစ်ယောက်က သူ၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို ရှာဖွေတွေ့ရှိသည်နှင့် သူ၏ ကိုယ်ပိုင်တန်ဖိုးကို အကောင်အထည်ဖော်ရန် ယင်းတို့ကို တံတားတစ်ခုအဖြစ်၊ သို့မဟုတ် ခုတုံးအဖြစ် ပြောင်းလဲပစ်လိမ့်မည်။ သူသည် သူ၏ စံသတ်မှတ်ချက်များကို လိုက်စားရန်လည်းကောင်း၊ ပို၍တန်ဖိုးရှိသော ဘဝကို နေထိုင်ရန်လည်းကောင်း၊ အသုံးဝင်သောပုဂ္ဂိုလ်ဖြစ်ရန်လည်းကောင်း၊ လူအုပ်ထဲတွင် ထင်ပေါ်ပြီး သတိထားမိခြင်းခံရရန်လည်းကောင်း၊ လေးစားခြင်း၊ အသိအမှတ်ပြုခြင်း ခံရရန်လည်းကောင်း၊ သာမန်ထက်ထူခြားသူဖြစ်ရန်လည်းကောင်း အဖိုးအခ ပေးဆပ်လိုစိတ်ရှိသည်။ ဤသို့အားဖြင့် သူသည် စိတ်ကျေနပ်အားရမှု ရှိသောဘဝကို နေထိုင်နိုင်သည်။ ဤကမ္ဘာတွင် အောင်မြင်သော အသက်မွေးအလုပ်ရှိနိုင်ပြီး ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို ဖြည့်ဆည်းနိုင်သည်။ ဤသို့ဖြင့် ၎င်းတို့သည် တန်ဖိုးရှိသောဘဝတစ်ခုကို နေထိုင်နိုင်သည်။ ပျားပန်းခတ်မျှ လှုပ်ရှားနေကြသော လူစုများကို ကြည့်သည့်အခါ ထိုသူကဲ့သို့ အလိုအလျောက် ဆုကျေးဇူးရှိသောသူ၊ မြင့်မားသော စံသတ်မှတ်ချက်များ၊ ဆန္ဒများ ချမှတ်ပြီးဖြစ်သောသူ၊ အဆုံးတွင် မရပ်မနား အားထုတ်ခြင်းမှတစ်ဆင့် ဤအရာများကို ရရှိပြီးဖြစ်သောသူ အနည်းငယ်သာရှိသည်။ ၎င်းတို့သည် ၎င်းတို့နှစ်ခြိုက်သည့်အရာကို လုပ်ဆောင်လျက် အသက်မွေးအလုပ်တစ်ခုကို တည်ဆောက်ကြပြီး ဖြစ်သည်။ ၎င်းတို့ဆန္ဒရှိသော ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်သိက္ခာကို ရရှိပြီး ဖြစ်သည်။ ၎င်းတို့၏ တန်ဖိုးကို ထုတ်ဖော်ပြသပြီးဖြစ်ကာ ၎င်းတို့၏ မိမိကိုယ်ကိုတန်ဖိုးထားမှုကို အကောင်အထည်ဖော်ကြပြီး ဖြစ်သည်။ ဤသည်မှာ လူတို့၏ လိုက်စားမှုဖြစ်သည်။ မိမိတို့၏ အများနှင့်မတူသော စိတ်ဝင်စားမှုများ၊ ဝါသနာများ၏ တွန်းအားပေးခြင်းကို ခံရသော လူတစ်ဦးချင်းစီတွင် မိမိတို့၏ ကိုယ်ပိုင်လိုက်စားမှု၊ စံသတ်မှတ်ချက်နှင့် ဆန္ဒများရှိကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို သတ်မှတ်ပြီးနောက်တွင် ဤစံသတ်မှတ်ချက်များ၊ ဆန္ဒများကို ၎င်းတို့ မရရှိနိုင်ခြင်း ဖြစ်နိုင်သည်မှာ မှန်သည်။ သို့ရာတွင် လူတစ်ဦးချင်းစီသည် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို ချမှတ်လိုက်သည်နှင့်၊ ဤလိုက်စားမှုများရှိသည်နှင့် ၎င်းတို့သည် ဧကန်မုချ မိမိတို့ကိုယ်ကို သာမန်ဖြစ်နေခွင့် ပေးမည်မဟုတ်ပေ။ ဆိုရိုးစကားရှိသကဲ့သို့ပင် လူတိုင်းက ဝင့်ကြွားစွာ ပြုမူဆောင်ရွက်လိုသည်။ ၎င်းတို့ တမူထူးခြားသည်ဟု အခြားသူများအား တွေးထင်စေလိုသည်။ မည်သူကမျှ “ဤသည်မှာ ကျွန်ုပ်၏ဘဝ ဖြစ်မည့်ပုံစံ ဖြစ်သည်။ ကျွန်ုပ်သည် ကျွဲနွားကျောင်းသူ၊ လယ်သမား၊ သာမန်ပန်းရံသမား၊ သို့မဟုတ် တံခါးစောင့်ဖြစ်နိုင်သည်။ ပစ္စည်းပို့သမား၊ သို့မဟုတ် ပစ္စည်းပို့ကားမောင်းသူပင် ဖြစ်နိုင်သည်” ဟု ပြောသည့် သာမန်လူတစ်ယောက် ဖြစ်လိုစိတ်မရှိပေ။ မည်သူကမျှ ထိုကဲ့သို့သော စံသတ်မှတ်ချက်မရှိပေ။ “ပျော်ရွှင်ချမ်းမြေ့သည့် ပစ္စည်းပို့သမားဖြစ်ဖို့က စံသတ်မှတ်ချက်တစ်မျိုးဖြစ်သလား” ဟု သင်ဆိုသည်ဆိုပါစို့။ လူတိုင်းက “မဖြစ်ပါ၊ ဤသည်မှာ လုံးဝ စံသတ်မှတ်ချက်မဟုတ်ပါ၊ ပစ္စည်းပို့ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်ခြင်း၊ တစ်ကမ္ဘာလုံးက သိပြီးလေးစားသည့် သူဌေးတစ်ယောက်ဖြစ်ခြင်း၊ ဤအရာများကသာ စံသတ်မှတ်ချက်နဲ့ ဆန္ဒတစ်ခုဖြစ်သည်” ဟူ၍ တုံ့ပြန်လိမ့်မည်။ မည်သူကမျှ ၎င်းတို့၏အခန်းကဏ္ဍကို သာမန်လူတစ်ယောက်အဖြစ် လက်ခံလိုစိတ်မရှိပေ။ လူတစ်ယောက်သည် စိတ်ဝင်စားမှု၊ သို့မဟုတ် ဝါသနာတစ်ခု၏ အနည်းငယ်မျှသော အငွေ့အသက်ကိုပင် ရရှိသည်နှင့် လူ့အဖွဲ့အစည်းတွင် အရေးပါသော ပုဂ္ဂိုလ်ဖြစ်ရန်၊ သို့မဟုတ် အသင့်အတင့် အောင်မြင်မှုကိုရရှိရန် အခွင့်အရေး တစ်သန်းပုံထဲမှ တစ်ပုံသာရှိလျှင် သူသည် လက်လျှော့မည်မဟုတ်ပေ။ သူသည် ၁၀၀ ရာခိုင်နှုန်းကျော်သည်အထိ အားထုတ်ပြီး မည်သည့်အဖိုးအခကိုမဆို ပေးဆပ်လိမ့်မည်မဟုတ်လော။ (ဟုတ်သည်။) လူတို့သည် မည်သည့်အခါမျှ လက်မလျှော့ကြပေ။

လူတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများမှ ဖြစ်ပေါ်လာသည့် စံထားရာများနှင့် လိုအင်ဆန္ဒများ၏ သဘောသဘာဝမှာ အဘယ်နည်း။ ဤနေရာတွင် ငါတို့သည် လူတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို ဖော်ထုတ်နေခြင်း မဟုတ်ပေ။ ဤသို့ဆိုလျှင် ငါတို့သည် တကယ်တမ်း၌ မည်သည့်အရာကို ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးနေခြင်း ဖြစ်သနည်း။ လူတို့တွင်ရှိသည့် အချို့သော စိတ်ဝင်စားမှုများ၊ ဝါသနာများမှ ထွက်ပေါ်လာသည့် လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများ၏ ရလဒ်အနေဖြင့် လူတို့လျှောက်သော လမ်းကြောင်းများနှင့် လူတို့ပြသသော အပြုအမူအမျိုးမျိုးကို ငါတို့ ဖော်ထုတ်နေခြင်း မဟုတ်လော။ ဤသည်မှာ ငါတို့ ဖော်ထုတ်နေသော အနှစ်သာရ မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် လူတို့သည် ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများအတွက် လျှောက်သော လမ်းကြောင်းများမှာ အဘယ်နည်း။ မည်သူမဆို၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများသည် မည်သည့်လမ်းကြောင်းမျိုးပေါ်သို့ ၎င်းတို့အား ဆိုက်ရောက်စေသနည်း။ မည်သည့်ပန်းတိုင်မျိုးကို ၎င်းတို့ ရရှိသနည်း။ လူတို့သည် ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို အကောင်အထည်ဖော်စဉ်တွင် ၎င်းတို့၏ အားအင်နှင့် အချိန်ကို ရင်းနှီးမြှုပ်နှံခြင်း၊ ပြီးလျှင် ပိုများသော ဝေဒနာကို ခါးစည်းခံခြင်း၊ အမျိုးမျိုးသော ရုပ်ပိုင်းဆိုင်ရာ အလုပ်ကြမ်း၊ မောပန်းနွမ်းနယ်မှု၊ ဖိစီးမှုနှင့် အခြားသော အလားတူ ဆင်းရဲဒုက္ခများကို ခါးစည်းခံခြင်းတို့အပြင် အရေးကြီးဆုံးအနေဖြင့် ၎င်းတို့လျှောက်သည့် လမ်းကြောင်းမှာ အဘယ်နည်း။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့၏ စံထားရာများနှင့် လိုအင်ဆန္ဒများ အကောင်အထည်ပေါ်လာအောင် အားထုတ်စဉ်တွင် ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများနှင့် လိုအင်ဆန္ဒများ အကောင်အထည်ပေါ်လာခြင်းကို ရရှိရန်အလို့ငှာ မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းရမည်နည်း။ ဦးစွာပထမ လူတို့သည် ဤလောကတွင် ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရန် ၎င်းတို့၏ ပထမခြေလှမ်းအဖြစ် မည်သည့်အရာကို လေ့လာသင့်ကြသနည်း။ (အသိပညာမျိုးစုံဖြစ်ပါသည်။) မှန်သည်။ ၎င်းတို့သည် အသိပညာမျိုးစုံကို သင်ယူပြီး တတ်မြောက်အောင် လုပ်ဆောင်သင့်သည်။ ၎င်းတို့၏ အသိပညာက ပို၍ ပြည့်စုံ၊ ကြွယ်ဝကာ နက်နဲလေလေ ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများနှင့် ၎င်းတို့နီးစပ်လေလေ ဖြစ်မည်။ ၎င်းတို့၏ အသိပညာက ပြည့်စုံ၊ ကြွယ်ဝကာ နက်နဲလေလေ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များအဖြစ် ၎င်းတို့အသိအမှတ်ပြုခံရဖို့ ဖြစ်နိုင်ခြေရှိလေလေဖြစ်ပြီး လူ့အဖွဲ့အစည်းတွင် ပိုမိုမြင့်မားသော အဆင့်အတန်းကို ၎င်းတို့ ခံစားရလေလေ ဖြစ်လိမ့်မည်။ တစ်ချိန်တည်းတွင် ၎င်းတို့၏ အသိပညာက ကြွယ်ဝ၊ နက်နဲကာ ပြည့်စုံလေလေ အချိန်နှင့် အားအင်ကို ပို၍ ရင်းနှီးမြှုပ်နှံဖို့ ၎င်းတို့ လိုအပ်လေလေ ဖြစ်လိမ့်မည့်သဘောဖြစ်သည်။ ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာ အားအင်၏ ရှုထောင့်မှ ပြောဆိုခြင်းဖြစ်သည်။ ထို့အပြင် လူတို့သည် အသိပညာ အခြေခံအုတ်မြစ်ကို ရယူပြီးနောက်တွင် ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများနှင့် လိုအင်ဆန္ဒများ အကောင်အထည်ပေါ်လာမည့် အဖြစ်နှင့် ခြေတစ်လှမ်းပို၍ နီးစပ်သွားသည်။ လုံလောက်သော အသိပညာရှိခြင်းသည် ပထမခြေလှမ်း၊ အောက်ဆုံး အခြေခံအုတ်မြစ်သာ ဖြစ်သည်။ ဤနောက်၌ လူတို့သည် လူ့အဖွဲ့အစည်းတွင်၊ လူအများထဲတွင်၊ စွန်းထင်းသော အရောင်အသွေးမျိုးစုံတွင် မိမိတို့ကိုယ်ကို နှစ်မြှုပ်ဖို့လိုသည်၊ သို့မဟုတ် အဘက်ဘက်မှ အင်အားစုများဖြင့် ရင်ဆိုင်၊ ရုန်းကန်၊ ယှဉ်ပြိုင်လျက်၊ အမျိုးမျိုးသော ယှဉ်ပြိုင်ပွဲများ၊ အားပြိုင်ပွဲများ၊ ဆွေးနွေးပွဲများတွင် ပါဝင်လျက် ၎င်းတို့၏ စံထားရာများ၊ လိုအင်ဆန္ဒများနှင့် ဆက်နွှယ်နေပြီး အကြိတ်အနယ် ပြိုင်ဆိုင်ရသော ကြိုးဝိုင်းဟု ဆိုနိုင်သည့် နယ်ပယ်ထဲတွင် မိမိတို့ကိုယ်ကို နှစ်မြှုပ်ဖို့လိုသည်။ လူတို့သည် များပြားလှသော အားအင်ကို သုံးနေစဉ်တွင် ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများ အကောင်အထည်ပေါ်လာခြင်းကို ရရှိရန်အလို့ငှာ မတူညီသော အခြေအနေများ၊ ပတ်ဝန်းကျင်များနှင့်လည်း အသားကျရန် လိုအပ်သည်။ တစ်ချိန်တည်း၌ စွန်းထင်းသော အရောင်အသွေးမျိုးစုံတွင် လူတို့သည် လူအများနှင့်၊ လူ့အဖွဲ့အစည်း၏ ယန္တရားများ၊ ကစားပွဲ၏ စည်းမျဉ်းများနှင့် အသားကျရန်အလို့ငှာ မိမိတို့၏ အသိပညာကို အမှီပြုရမည်။ ထို့အပြင် လူအများထံမှ ၎င်းတို့ သင်ယူခဲ့သော အရာများအပြင် ၎င်းတို့ပိုင်ဆိုင်နှင့်ပြီးဖြစ်သော ရှင်သန်ရေး နည်းလမ်းများ၊ အတွေးအခေါ်များနှင့် စည်းမျဉ်းများကို ပို၍ အမှီပြုရမည်ဖြစ်သည်။ ဤဖြစ်စဉ်မှတစ်ဆင့် လူတို့သည် ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများများ၊ လိုအင်ဆန္ဒများ၏ ပန်းတိုင်များနှင့် တဖြည်းဖြည်းချင်း ပို၍ နီးကပ်လာသည်။ ဒုက္ခသုက္ခများစွာ၊ အလှည့်အပြောင်းများစွာကို ရှင်သန်ကျော်ဖြတ်ပြီးနောက်တွင် အဆုံးစွန် ရလဒ်မှာ အဘယ်နည်း။ အနိုင်ရသူများအနေဖြင့် ဆုသရဖူကို ရယူပြီး ရှုံးနိမ့်သူများကမူ မည်သည့်အရာမျှ မရခြင်း ဖြစ်သည်။ အဆုံးတွင် ဤရလဒ်ဖြင့် ၎င်းတို့သည် မိမိတို့ဘဝ၏ လိုက်စားမှုများ၊ စံထားရာများ၊ လိုအင်ဆန္ဒများကို စွမ်းဆောင်ရရှိကြပြီး မိမိတို့၏ ဘဝပန်းတိုင်များကို အကောင်အထည်ဖော်ကာ မိမိတို့၏ လုပ်ငန်းနယ်ပယ်တွင် ခိုင်မာသော ခြေကုပ်ကို ရရှိသွားကြလေသည်။ ထိုအချိန်တွင် လူတို့သည် ပုံမှန်အားဖြင့် လူလတ်ပိုင်း၊ သို့မဟုတ် သက်ကြီးပိုင်း အရွယ်သို့ ရောက်ရှိနှင့်ပြီး ဖြစ်လေ့ရှိသည်။ အချို့ဆိုလျှင် အမြင်အာရုံ အားနည်းလာပြီး ထိပ်ပြောင်ကာ အကြားအာရုံ ဆုံးရှုံးကုန်ပြီး ချောင်နဲ့နဲ့ သွားများနှင့် ဇရာထောင်းနေသည့် အရွယ်သို့ပင် ရောက်နေနိုင်သည်။ ထိုအသက်အရွယ်တွင် ၎င်းတို့သည် ၎င်းတို့၏ စံထားရာများနှင့် လိုအင်ဆန္ဒများကို စွမ်းဆောင်ရရှိပြီး ဖြစ်သော်လည်း ထိခိုက်နစ်နာစေသော အရာများစွာကိုလည်း ပြုလုပ်ထားမိကြပြီးဖြစ်သည်။ ၎င်းတို့သည် ဤအရာထဲသို့ ၎င်းတို့၏ တစ်ဘဝလုံးကို မြှုပ်နှံခဲ့ကြပြီးဖြစ်သည်။ ၎င်းတို့၏ ဘဝတစ်လျှောက်တွင် ၎င်းတို့၏ စံထားရာများ၊ လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရန်အလို့ငှာ ၎င်းတို့၏ အလိုဆန္ဒနှင့် ဆန့်ကျင်သည့် အရာများစွာကို ၎င်းတို့ ပြောဆိုခဲ့သည်။ လူ့ကျင့်ဝတ်များနှင့် အသိတရားကို ချိုးဖောက်သော အပြုအမူများစွာကို ကျူးလွန်ခဲ့ပြီး အချို့သော စည်းများကို ကျော်ခဲ့သည်။ လွန်လွန်ကဲကဲဖြစ်ကာ ကိုယ်ကျင့်တရားနှင့်မညီသော အပြုအမူများကိုပင် ပါဝင်လုပ်ဆောင်ခဲ့သည်။ ၎င်းတို့သည် သူတစ်ပါးတို့ကို လှည့်စားခဲ့သည့်အပြင် ကိုယ်တိုင် လှည့်စားခံခဲ့ရသည်မှာလည်း အကြိမ်ရေမနည်းလှ။ သူတစ်ပါးတို့ကို အနိုင်ယူခဲ့ပြီး အနိုင်ယူခြင်းကိုလည်း ခံခဲ့ကြရပြီ။ ၎င်းတို့သည် ရှင်ကျန်ရစ်ကာ ခြေကုပ်တစ်ခု ရရှိထားသည်အထိ ကံကောင်းထောက်မကြ၏။ ကိုယ်ပိုင်တန်ဖိုးကို အကောင်အထည်ဖော်ခဲ့ပြီး အချည်းနှီး အသက်ရှင်ခဲ့ခြင်းလည်း မရှိသည့်အလား ၎င်းတို့၏ ဘဝက ပြည့်စုံသည့်ပုံစံ ရှိသည်။ ၎င်းတို့၏ စံထားရာများနှင့် လိုအင်ဆန္ဒများအတွက် တစ်ဘဝလုံး ရုန်းကန်ခဲ့ပြီး တန်ဖိုးရှိသော၊ အဓိပ္ပာယ်ရှိသော ဘဝကို နေထိုင်ခဲ့သည့် ပုံစံရှိသည်။ သို့တိုင်အောင် ၎င်းတို့သည် ၎င်းတို့လျှောက်လှမ်းသင့်ခဲ့သော ကျင့်ကြံပြုမူခြင်း လမ်းကြောင်းကို မသိမြင်နိုင်ကြပေ။ ၎င်းတို့၏ ဘဝအတွက် မည်သည့်ဆောင်ပုဒ်မျှလည်း မရှိသကဲ့သို့ လူသားမျိုးနွယ်နှင့်၊ လူ့အဖွဲ့အစည်းနှင့်သာမက မိမိတို့ကိုယ်တိုင်နှင့်ပင် အသေအလဲ ယှဉ်ပြိုင်ရင်း ၎င်းတို့၏ စံထားရာများနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရန်အတွက်သက်သက်နှင့်တင် ၎င်းတို့၏ တစ်ဘဝလုံး ရုန်းကန်ခဲ့ကြသည်။ ၎င်းတို့သည် ကျင့်ကြံပြုမူခြင်းအတွက် လိုအပ်သော အသိတရား၊ ဘောင်အကန့်အသတ်နှင့် စည်းမျဉ်းများကို ဆုံးရှုံးခဲ့ကြပြီ။ ၎င်းတို့၏ စံထားရာများနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ပြီးဖြစ်ကာ အဆင့်တစ်ခုစီ၌ ၎င်းတို့ ချမှတ်သော ဘဝပန်းတိုင်များကို အလှည့်အပြောင်းများစွာနောက်တွင် ရရှိပြီးဖြစ်သော်လည်း ၎င်းတို့သည် စိတ်ထဲတွင် စိတ်သက်သာခြင်း၊ သို့မဟုတ် ကျေနပ်ခြင်း မရှိကြပေ။ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများနှင့် ဝါသနာများအတွက် ၎င်းတို့ ချမှတ်ထားသော လိုက်စားမှုများ၊ စံထားရာများနှင့် လိုအင်ဆန္ဒများသည် ရိုးရှင်းစွာ ဆိုရလျှင် အဆုံး၌ ၎င်းတို့အား ကျော်ကြားမှုနှင့် အကျိုးအမြတ်နောက် လိုက်သည့်လမ်းကြောင်းသို့ ဆိုက်ရောက်သွားစေသည်။ ၎င်းတို့သည် ၎င်းတို့၏ အဆုံးစွန်ပန်းတိုင်များကို ရယူပြီးနောက်တွင် ၎င်းတို့၏ ကိုယ်ပိုင်တန်ဖိုးကို အကောင်အထည် ဖော်ပြီးဖြစ်သည်ဟုလည်းကောင်း၊ လူရာဝင်သည်ဟူသည့် ခံစားချက်ကို ရရှိပြီးဖြစ်သည်ဟုလည်းကောင်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်နှစ်ခုလုံးကို ရရှိပိုင်ဆိုင်ခဲ့သည်ဟုလည်းကောင်း ခံစားရနိုင်သော်လည်း အနာဂတ်၊ ၎င်းတို့၏ ခရီးပန်းတိုင်၊ လူတို့ အမှန်တကယ် နားလည်သင့်သည့် လူသား၏ ဖြစ်တည်မှု တန်ဖိုးတို့နှင့်ပတ်သက်၍မူ မသိနားမလည် ရှိနေကြဆဲဖြစ်သည်။ ၎င်းတို့သည် ဇရာအိုအရွယ်သို့ ရောက်လာသောအခါ ၎င်းတို့ လိုက်စားခဲ့ဖူးသမျှသည် ရရှိရန် အလွန်ခက်ခဲပြီး အလွန်အနှစ်မဲ့လှသည်ဟု တိုး၍တိုး၍ ခံစားလာရသည်။ ဤအနှစ်မဲ့ခြင်းနှင့် ရရှိရန် ခက်ခဲခြင်းသည် ၎င်းတို့အား ဟာတာတာဖြစ်စိတ်နှင့် စိုးရိမ်ကြောင့်ကြစိတ်များ တစ်လိပ်လိပ်ဖြစ်ပေါ်စေသည်။ လူတို့သည် ၎င်းတို့လိုက်စားခဲ့သော စံထားရာများနှင့် လိုအင်ဆန္ဒများသည် ၎င်းတို့၏ ဝင့်ဝါမှုကိုသာ ဖြည့်ဆည်းပေးပြီး တစ်ခဏတာ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ပေးဖို့အတွက်သာ အသုံးဝင်ကာ ခဏတစ်ဖြုတ်သာ ခံသော ဖြေသိမ့်စရာတစ်ခုထက် မပိုသည်ကို ဇရာအိုအရွယ်မှသာ သဘောပေါက်ကြသည်။ ဤသို့သော ဖြေသိမ့်စရာသည် စိတ်မအေးခြင်းနှင့် စိုးရိမ်ကြောင့်ကြခြင်းတစ်မျိုးအဖြစ်သို့ အလျင်အမြန် ပြောင်းသွားသည်။ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဇရာအိုအရွယ်သို့ ရောက်လာသောအခါ ၎င်းတို့၏ အနာဂတ်အကြောင်းအပြင် ၎င်းတို့ မည်သို့ဖြစ်လာမည်၊ သေပြီးနောက်တွင် မည်သည့်အရာဖြစ်မည်ဆိုသည်တို့ကို ပို၍ ချင့်ချိန်စဉ်းစားလာတတ်ကြသောကြောင့် ဖြစ်သည်။ ဤမေးခွန်းအားလုံးအတွက် အဖြေမရဘဲ ရှိနေသောအခါတွင်၊ ဤအမှုကိစ္စများနှင့်ပတ်သက်ပြီး မှန်ကန်သော အတွေးအမြင် တစ်စုံတစ်ရာမျှ မရှိသောအခါတွင် လူတို့ စိုးရိမ်ကြောင့်ကြပြီး စိတ်မအေးနိုင် ဖြစ်လာကြလိမ့်မည်။ ဤစိုးရိမ်ကြောင့်ကြခြင်းနှင့် စိတ်မအေးနိုင်ခြင်းတို့သည် ၎င်းတို့ မျက်လုံးများမှိတ်ကာ ကွယ်လွန်သွားကြသည့်အချိန်အထိ ၎င်းတို့နှင့်အတူ ဆက်လက်တည်ရှိနေလိမ့်မည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်မှလာသော ဝမ်းမြောက်မှုသည် လူသား၏ စိတ်နှလုံးမှ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ ပြီးလျှင် ထိုအရာကို ဖမ်းယူဆုပ်ကိုင်ဖို့ ကြိုးစားခြင်းပင် ပြုလေလေ ထိုအရာက အလွယ်တကူ မှေးမှိန်ပျောက်ကွယ်သွားလေလေဖြစ်ပြီး ဤဝမ်းမြောက်စိတ်က စိတ်မအေးနိုင်ခြင်းနှင့် ကြောက်ရွံ့ခြင်းအဖြစ်သို့ ပို၍ အလွယ်တကူ ကူးပြောင်းသွားလေလေ ဖြစ်သည်။ ထို့ကြောင့် လူတို့၏ အမျိုးမျိုးသော စိတ်ဝင်စားမှုများ၊ ဝါသနာများမှ ပေါ်ထွက်လာသည့် စံထားရာများနှင့် လိုအင်ဆန္ဒများက မည်သို့ရှိသည်ဖြစ်စေ ယင်းတို့သည် အဆုံး၌ ကျော်ကြားမှုနှင့် အကျိုးအမြတ်နောက် လိုက်သည့်လမ်းကြောင်းဆီသို့ ဆိုက်ရောက်သွားစေသည်။ ပြီးလျှင် စွမ်းဆောင်ရရှိသည့် အဆုံးစွန်သော ပန်းတိုင်၊ လူတို့ရရှိသည့် အရာသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ထက် ဘာမျှမပိုပေ။ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်သည် ဇာတိပကတိ ဝင့်ဝါမှုနှင့်ဆိုင်သည့် ယာယီနှစ်သိမ့်မှုနှင့် တစ်ခဏတာ ကျေနပ်မှုကိုသာ ပေးသည်။ လူတို့သည် သမ္မာတရားကို နားမလည်သောအခါ ၎င်းတို့၏ လိုက်စားမှုများ၊ စံထားရာများနှင့် လိုအင်ဆန္ဒများသည် စစ်မှန်ကာ ၎င်းတို့အား တည်ကြည်ခိုင်မာမှုရှိစေကြောင်း၊ ၎င်းတို့သည် ကမ္ဘာလောကတွင် ၎င်းတို့၏နေရာကို ပိုကောင်းကောင်း ရှာနိုင်ကြောင်း၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်ကို ပို၍ ထိန်းချုပ်နိုင်ပြီး ၎င်းတို့ဘဝကို သာ၍ ချုပ်ကိုင်ထားနိုင်ကြောင်း၊ ၎င်းတို့ကိုယ်တိုင်၏ ကံကြမ္မာကို တာဝန်ယူနိုင်ကြောင်း ခံစားကြရသည်။ သို့သော် ၎င်းတို့၏ စံထားရာများနှင့် လိုအင်ဆန္ဒများ အကောင်အထည်ပေါ်လာသောအခါတွင်မူ လူတို့သည် နောက်ဆုံး၌ သတိဝင်လာခြင်းကို တွေ့ကြုံခံစားရတော့သည်။ ဤသတိဝင်လာခြင်း၏ အကြောင်းတရားမှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ဘဝ၏ အားအင်ကို ၎င်းတို့ ပေးအပ်မြှုပ်နှံခဲ့သည့်အရာသည် လက်ဖြင့် ဆုပ်ကိုင်၍ မရနိုင်သော၊ သို့မဟုတ် နှလုံးသားဖြင့် ခံစား၍မရနိုင်သော အနှစ်မဲ့သည့်အရာတစ်ခု ဖြစ်သည်ကို သဘောပေါက်ခြင်းဖြစ်သည်။ ၎င်းတို့က ဖမ်းဆုပ်ပြီး ဆုပ်ကိုင်ထားဖို့ ကြိုးစားလေလေ ချော်ထွက်သွားလေလေဖြစ်ပြီး ၎င်းတို့အား ဆုံးရှုံးသည့်စိတ်၊ ဟာတာတာဖြစ်သည့် စိတ်တို့ကို ပို၍ ခံစားရစေသည်။ သာ၍ကြီးမားသော ကြောက်ရွံ့စိတ်နှင့် နောင်တတို့ကို ပို၍ခံစားရစေသည်မှာလည်း အမှန်ပင်ဖြစ်သည်။ လူတို့တွင် စိတ်ဝင်စားမှုများနှင့် ဝါသနာများရှိသောကြောင့် စံထားရာများနှင့် လိုအင်ဆန္ဒများ ၎င်းတို့တွင် ဖြစ်ပေါ်လာသည်။ ပြီးလျှင် ဤစံထားရာများနှင့် လိုအင်ဆန္ဒများသည် လူတို့အား ၎င်းတို့အနေနှင့် ကိုယ့်ဘဝကို ထိန်းချုပ်နိုင်စွမ်းရှိကြောင်း၊ ကိုယ့်ဘဝလမ်းကြောင်းကို ထိန်းကျောင်းနိုင်ကြောင်း၊ ကိုယ့်ဖြစ်တည်မှုပုံစံနှင့် ရည်ရွယ်ချက်များကို ဆုံးဖြတ်နိုင်စွမ်းရှိကြောင်း ယုံကြည်စေသည့် အထင်မှားမှုကို ဖန်တီးသည်။ ဤအထင်မှားမှု၏ မူလရင်းမြစ်တွင် သမ္မာတရားကို လူတို့မလိုက်စားသည့်အဖြစ်၊ သမ္မာတရားကို လူတို့မစွဲလမ်းသည့် အဖြစ်က ရှိနေသည်။ ပြီးလျှင် ထိုအထင်မှားမှုသည် သမ္မာတရားကို လူတို့နားမလည်ခြင်းကြောင့် ဖြစ်လာသည်ဟု ဆိုကောင်းဆိုနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ လူတို့သည် သမ္မာတရားကို နားမလည်သောအခါ ၎င်းတို့၏ ဇာတိပကတိ၊ သို့မဟုတ် ၎င်းတို့၏ စိတ်ဝိညာဉ်အား ကျေနပ်မှုရှိစေနိုင်သည့် အရာများကို မကြာခဏပင် အလိုအလျောက် လိုက်စားကြသည်။ ဤအရာများသည် ၎င်းတို့နှင့် မည်မျှအလှမ်းဝေးနေသည်ဖြစ်စေ ၎င်းတို့သည် ဤအရာများကို ရယူပြီး ကိုင်စွဲထားနိုင်သည်ဟု ခံစားရသရွေ့ တစ်ဘဝလုံးစာ အချိန်နှင့် အားအင်ကိုပင် အသုံးချလျက် အဖိုးအခပေးဆပ်လိုစိတ် ရှိကြသည်။ လူတို့သည် သမ္မာတရားကို နားမလည်သောကြောင့် ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများကို ၎င်းတို့၏ ဘဝပန်းတိုင်များအား လိုက်စားခြင်းအတွက် အုတ်မြစ်အဖြစ်သော်လည်းကောင်း၊ အရည်အချင်းတစ်မျိုး၊ သို့မဟုတ် အရင်းအနှီးတစ်ခုအဖြစ်သော်လည်းကောင်း အလွယ်တကူ မှားယွင်းမှတ်ယူမိကြပြီး ဤအတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်လိုစိတ်ရှိကြသည်။ သင်သည် ဤအဖိုးအခကို ပေးဆပ်သည်နှင့်၊ ဤလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းသည်နှင့် စာတန်က ထိန်းချုပ်ထားသော လမ်းကြောင်း၊ ကမ္ဘာလောက၏ ခေတ်ရေစီးကြောင်းများနှင့် ကစားပွဲ၏ စည်းမျဉ်းများက ထိန်းချုပ်ထားသော လမ်းကြောင်းကို လျှောက်လှမ်းဖို့ ကံပါလာပြီဖြစ်သည်။ တစ်ချိန်တည်းတွင် သင်သည် လူ့အဖွဲ့အစည်း၏ စွန်းထင်းသော အရောင်အသွေးမျိုးစုံတွင်၊ လူ့အဖွဲ့အစည်း၏ အကြိတ်အနယ် ပြိုင်ဆိုင်ရသော ကြိုးဝိုင်းထဲတွင် အလိုလို သင့်ကိုယ်သင် နှစ်မြှုပ်ဖို့ ကံပါလာပြီဖြစ်သည်။ သင်သည် မည်သည့်အရောင် စွန်းထင်းပါစေ၊ မည်သည့်အရာက သင့်ကို ထိုးသတ်သည်ဖြစ်စေ၊ သင်၏ လူ့သဘာဝက မည်မျှအထိ ပုံပျက်လာပါစေ “ငါ၏ စံထားရာများနှင့် လိုအင်ဆန္ဒများကို အကောင်အထည်ဖော်ရန်အတွက်၊ ငါ၏ အနာဂတ်အတွက် ငါ တောင့်ခံရမည်” ဟု ပြောလျက် သင့်ကိုယ်သင် နှစ်သိမ့်သည်။ “ဤလူ့အဖွဲ့အစည်းတွင် ငါ နေသားကျအောင် နေရမည်၊ မည်သည့်အရောင်အဆိုးခံရပါစေ လက်ခံပြီး အသားကျအောင် နေရမည်” ဟူ၍လည်း သင့်ကိုယ်သင် စဉ်ဆက်မပြတ် ပြောသည်။ သင်သည် ဤမတူညီသော ပတ်ဝန်းကျင်များအားလုံးနှင့် နေသားကျအောင် နေစဉ်တွင် သင်အဆိုးခံရသော မတူညီသည့် အရောင်များနှင့်လည်း ကျင့်သားရအောင် လုပ်ဆောင်နေပြီး မတူညီသော ပုံစံများ၊ မတူညီသော အကျင့်စရိုက်များရှိသည့် သင်ကိုယ်တိုင်၏ မတူညီသော ပုံစံများကိုလည်း စဉ်ဆက်မပြတ် လက်ခံနေသည်။ ဤသို့ဖြင့် လူတို့သည် အမှုမဲ့အမှတ်မဲ့ ပိုပို၍ ထုံထိုင်းလာသည်။ ပိုပို၍ ရှက်စိတ်မရှိဖြစ်လာသည်။ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည်လည်း ၎င်းတို့၏ အတွေးများ၊ လိုအင်ဆန္ဒများ၊ ရွေးချယ်မှုများကို ပိုပို၍ လမ်းပြနိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်းမရှိ ဖြစ်လာသည်။ အဆုံး၌ လူအများစုသည် ၎င်းတို့၏ စံထားရာများနှင့် လိုအင်ဆန္ဒများကို လိုက်စားစဉ်တွင် ယင်းတို့ကို မတူညီသော အတိုင်းအတာများဖြင့် ရရှိကြသည်။ လူပုဂ္ဂိုလ်အနည်းငယ်ကမူ မည်သို့ လိုက်စားပါစေ၊ မည်မျှ အားစိုက်ထုတ်ပြီး ဆင်းရဲဒုက္ခမည်မျှကို ဖြတ်သန်းရပါစေ ၎င်းတို့၏ စံထားရာများနှင့် လိုအင်ဆန္ဒများကို အကောင်အထည်မဖော်နိုင်ဆဲ ဖြစ်သည်မှာကား အမှန်ပင်ဖြစ်သည်။ အဆုံးစွန်ရလဒ်က မည်သို့ရှိသည်ဖြစ်စေ လူသားတို့သည် မည်သည့်အရာကို ရရှိသနည်း။ အောင်မြင်သောသူတို့သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရရှိသည်။ ကျရှုံးသူများကမူ ဤကျော်ကြားမှုနှင့် အကျိုးအမြတ်ကို မရရှိနိုင်သော်လည်း ၎င်းတို့ ရရှိသည့်အရာမှာ အောင်မြင်သောသူများနှင့် တူညီသည်။ ၎င်းတို့သည် စာတန်က ဖြည့်ပေးသော၊ ထို့ပြင် ဤဆိုးယုတ်သည့် လူသားမျိုးနွယ်သာမက လူမှုယန္တရားတစ်ခုလုံးနှင့် လူ့အဖွဲ့အစည်း၏ မကောင်းသည့် လွှမ်းမိုးမှုက ဖြည့်ပေးသော အန္တရာယ်အမျိုးမျိုးနှင့် အပျက်သဘောဆောင်သော အတွေးအမျိုးမျိုးကို လက်ခံရရှိကြသည်။ ဤသို့မဟုတ်လျှင် လူတို့သည် “အတွေ့အကြုံရှိပြီးဖြစ်သည်”၊ “ဒုက္ခပေးသော မြေခွေးအို”၊ “ဝါရင့်ပြီး စဉ်းလဲသောမြွေ”၊ သို့မဟုတ် “လောကဓံများစွာကို ကျော်ဖြတ်ခဲ့သည်” အစရှိသည့် စကားရပ်များကို အဘယ်ကြောင့် မကြာခဏ အသုံးပြုကြလိမ့်မည်နည်း။ အဘယ့်ကြောင့်ဆိုသော် သင်သည် သင်၏ စံထားရာများနှင့် လိုအင်ဆန္ဒများနောက်သို့ လိုက်ရာတွင် ဤစွန်းထင်းသော အရောင်အသွေးမျိုးစုံနှင့် ဤလူ့အဖွဲ့အစည်း၏ အကြိတ်အနယ် ပြိုင်ဆိုင်ရသော ကြိုးဝိုင်းထဲ၌လည်း များစွာ “သင်ယူတတ်မြောက်”သောကြောင့်ဖြစ်သည်။ သင်၏ ရုပ်ပိုင်းဆိုင်ရာ ဗီဇတွင် မရှိသောအရာများကို သင် “သင်ယူတတ်မြောက်”သည်။ “သင်ယူတတ်မြောက်” ဟူသည့် ဝေါဟာရသည် မျက်တောင်အဖွင့်အပိတ်ထဲတွင် ရှိသင့်သည်။ “သင်ယူတတ်မြောက်” ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ လူ့အဖွဲ့အစည်း၊ စာတန်နှင့် ဆိုးယုတ်သော လူသားမျိုးနွယ်သည် သာမန်လူသားအသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဖီဆန်သည့် အတွေးအမျိုးမျိုးဖြင့် သင့်အား အယူဝါဒသွတ်သွင်းခြင်း၊ ပိုပို၍ လျော့နည်းသော အသိစိတ်၊ ဆင်ခြင်တုံတရားဖြင့် သင် အသက်ရှင်ကာ တိုး၍ အရှက်ကင်းမဲ့လာစေရန်၊ ပုံမှန်လူများနှင့် လမ်းကြောင်းအမှန် လျှောက်သောသူတို့ကို တိုး၍ စက်ဆုပ်လာစေရန် လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ တစ်ချိန်တည်းတွင် အဆိုးဆုံးရလဒ်မှာ အဘယ်နည်း။ သင်သည် ပုံမှန်လူ့သဘာဝ၊ အသိစိတ်၊ ဆင်ခြင်တုံတရားရှိသူတို့ကို တိုး၍တိုး၍ အထင်သေးလာမည်သာမကဘဲ တစ်ချိန်တည်းတွင် မိမိတို့၏ အသိစိတ်နှင့် ကိုယ်ကျင့်တရားကို သစ္စာဖောက်သောသူတို့၏ စက်ဆုပ်ဖွယ် လုပ်ရပ်များကိုလည်း အားကျပြီး လေးစားလာမည်ဖြစ်သည်။ ၎င်းတို့၏ စက်ဆုပ်ဖွယ် လုပ်ရပ်များနှင့် မကောင်းသော အပြုအမူမှ ၎င်းတို့ရရှိသည့် ကြွယ်ဝသော ရုပ်ဝတ္ထု၊ သို့မဟုတ် စီးပွားရေး အကျိုးအမြတ်များကို သင်အားကျလာမည်ဖြစ်သည်။ ဤသည်မှာ အကျိုးဆက်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ပို၍ ကြောက်လန့်ဖွယ်ကောင်းသော အကျိုးဆက်ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့၏ စံထားရာများနှင့် လိုအင်ဆန္ဒများ အကောင်အထည်ပေါ်လာအောင် အားထုတ်သည်နှင့်အမျှ ၎င်းတို့၏ မျက်နှာထားသည် ပို၍ပို၍ တင်းမာလာပြီး ကြောက်မက်ဖွယ်ဖြစ်လာသည်။ ၎င်းတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် တဖြည်းဖြည်းချင်း ပျောက်ဆုံးသွားသည်။ ၎င်းတို့၏ ကိုယ်ကျင့်တရားအမြင်၊ ဘဝအမြင်နှင့် အပြုအမူတို့သည်လည်း ပိုပို၍ ဆိုးယုတ်၊ အကျည်းတန်ပြီး စက်ဆုပ်ဖွယ်ဖြစ်လာကာ ယုတ်ညံ့လာလေသည်။

လူတစ်ယောက်သည် စိတ်ဝင်စားမှုများ၊ ဝါသနာများ ဖြစ်ပေါ်သည့်အချိန်မှသည် သူ၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်သည့် အချိန်အထိ ဤဖြစ်စဉ်အတောအတွင်းတွင် သူလျှောက်သည့်လမ်းကြောင်းနှင့် သူပါဝင်လုပ်ဆောင်သည့် လှုပ်ရှားမှုများသည်၊ ဆိုလိုသည်မှာ သူ၏ လက်ရှိဘဝအခြေအနေတစ်ခုလုံးသည် လူ့အဖွဲ့အစည်းနှင့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ လက်ထဲတွင်ရှိသော ဘဝအခြေအနေဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်သည်။ အမှန်တွင် ထိုအရာမှာ လူတို့က ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို လိုက်စားစဉ်တွင် စာတန်၏ ကြိုးကိုင်ညွှန်ကြားခြင်း၊ နင်းခြေခြင်း၊ အသုံးချခြင်းတို့ကို လူတို့ လိုလိုလားလားလက်ခံသည့် ဖြစ်စဉ်တစ်ခုလည်းဖြစ်သည်။ စာတန်က လူတို့ကို အရာရာတွင် ပို၍ သေသေချာချာ ဖျက်ဆီးသောအချိန်အတွင်းဖြစ်သော ဖြစ်စဉ်တစ်ခုလည်းဖြစ်သည်မှာ မှန်သည်။ သင်ကြုံရသည့် အခြေအနေတိုင်းတွင် စာတန်သည် သင်က သင်၏ ပန်းတိုင်များကို ရရှိဖို့ရန်အလို့ငှာ လူသား၏ ဂုဏ်သိက္ခာ၊ တစ်ကိုယ်ရေတည်ကြည်မှု၊ ကိုယ်ကျင့်တရား နယ်ပယ်များ၊ မိမိ၏ အသိစိတ်၊ ကျင့်ကြံပြုမူခြင်းအတွက် စံများကဲ့သို့သော အပြုသဘောဆောင်သည့်၊ သာမန်လူ့သဘာဝက ထိန်းသိမ်းသင့်သည့် အရာများကို စွန့်ပစ်လျက်၊ လိုအပ်သည့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုရမည်ဟူသော အယူအဆကို သင့်အထဲသို့ အဆက်မပြတ် သွတ်သွင်းပေးသည်။ စာတန်သည် သင့်အား ဤအရာများကို တဖြည်းဖြည်းချင်းစွန့်ပစ်ရန် လှည့်စားသည်နှင့်အမျှ၊ သင်၏ အသိစိတ်၊ ဆင်ခြင်တုံတရား၊ ကိုယ်ကျင့်တရား နယ်ပယ်များအပြင် သင့်တွင်ကျန်နေသော အရှက်တရား အနည်းငယ်ကိုလည်း သူအကဲစမ်းသည်။ ဤအရာများကို အကဲစမ်းပြီးနောက်တွင် သင့်အား ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ လှည့်စားခြင်း၊ သွေးဆောင်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် နင်းခြေခြင်းတို့၏ အလယ်တွင် အဆက်မပြတ် အလျှော့ပေးစေသည်။ သင်သည် အဆက်မပြတ် အလျှော့ပေးလျက်ရှိစဉ်တွင် လူများ၊ အမှုအရာများကို မည်သို့ရှုမြင်ရမည်၊ မည်သို ကျင့်ကြံပြုမူကာ လုပ်ဆောင်ရမည်ဆိုသည်နှင့် ပတ်သက်သည့် စာတန်က သွတ်သွင်းသော အတွေးအမြင်များကို ခံယူရန် သင် ရွေးချယ်ပြီး၊ စာတန်က သင့်အားပေးသည့် အတွေးအမြင်များနှင့် မည်သို့ ကျင့်ကြံပြုမူကာ လုပ်ဆောင်သည်ဟူသည့် နည်းစနစ်များ၊ နည်းလမ်းများကို သင် တက်ကြွစွာ လက်တွေ့လုပ်ဆောင်လေသည်။ သင်သည် ဤအရာအားလုံးကို တွန့်ဆုတ်စွာနှင့် မရည်ရွယ်ဘဲ ပါဝင်လုပ်ဆောင်သည်။ သို့သော် တစ်ချိန်တည်းတွင် သင်၏စံသတ်မှတ်ချက်များ၊ ဆန္ဒများကို ရရှိရန်အလို့ငှာ အလွန်လိုက်လျောသော သဘောထားဖြင့် ထိုအရာအားလုံးကို လိုလားစွာ၊ တက်ကြွစွာ သင်လုပ်ဆောင်လေသည်။ တိုတိုပြောရလျှင် ဤဖြစ်စဉ်အတောအတွင်းတွင် လူတို့သည် မတက်မကြွဖြစ်နေကြသည်၊ သို့သော် အခြားရှုထောင့်မှကြည့်လျှင် ၎င်းတို့သည် စာတန်၏ ထိန်းချုပ်မှုနှင့် ဖောက်ပြန်ပျက်စီးစေမှုကို တက်ကြွစွာ လိုက်နာနေကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို လိုက်စားအားထုတ်စဉ်တွင် လူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ စွန်းထင်းသော အရောင်အသွေးမျိုးစုံထဲတွင် ယင်းတို့၏ လက်ထဲတွင် အချိန်တိုင်း အသက်ရှင်ကြသည်။ အလားတူပင် ၎င်းတို့သည် လိုလားခြင်း၊ မလိုလားခြင်းနှစ်ခုလုံးဖြစ်သည့် ရှုပ်ထွေးပြီး သဘောကွဲလွဲနေသော စိတ်ဓာတ်ဖြင့် အသက်ရှင်ကြပြီး၊ ရှုပ်ထွေးခြင်း၊ သဘောကွဲလွဲခြင်းနှစ်မျိုးလုံးရှိသော ပတ်ဝန်းကျင်စစ်စစ်တွင် အသက်ရှင်ကြသည်။ ဤဖြစ်စဉ်တစ်လျှောက်တွင် လူတို့သည် ၎င်းတို့လိုက်စားလျက်ရှိသည့် စံသတ်မှတ်ချက်များ၊ ဆန္ဒများ၊ ဘဝပန်းတိုင်များနှင့် ပို၍ နီးကပ်လာသည်နှင့်အမျှ ၎င်းတို့သည် လူသားတစ်ယောက်နှင့် တူညီမှု လျော့နည်းသည်ထက် လျော့နည်းလာကြသည်။ ၎င်းတို့၏ အသိစိတ်သည် ပို၍ ထုံထိုင်းလာနေပြီး ၎င်းတို့၏ ဆင်ခြင်တုံတရားက မှေးမှိန်လာသည်။ သို့ရာတွင် စိတ်ထဲတွင် လူတို့သည် ၎င်းတို့၌ စံသတ်မှတ်ချက်များ၊ ဆန္ဒများရှိသည်ဟု ယုံကြည်ကြသည်။ လူအချို့က ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများသည် ၎င်းတို့၏ ခံယူချက်များဖြစ်ကြောင်း ၎င်းတို့စိတ်နှလုံးတွင် ခံယူချက်များရှိခြင်းသည် ၎င်းတို့၌ ယုံကြည်မှုများရှိသည်ဆိုသည့် သဘောဖြစ်ကြောင်းနှင့် ဘဝတွင် ယုံကြည်မှုများ ရှိသင့်ကြောင်းကိုပင် ပြောဆိုကြသည်။ ၎င်းတို့တွင် ယုံကြည်မှုများရှိသောကြောင့် ပုံမှန်လူသားများဖြစ်သည်ဟုလည်းကောင်း၊ ထို့ကြောင့် ၎င်းတို့၏ ယခင်က နည်းလမ်းများနှင့် ရှင်သန်ရေးနည်းဥပဒေသများအတိုင်း ၎င်းတို့ ဆက်လက်လိုက်စားသင့်သည်ဟုလည်းကောင်း၊ ဤရလဒ်များက ကောင်းနေပြီး၊ ၎င်းတို့၏ ဘဝစံသတ်မှတ်ချက်များ၊ ပန်းတိုင်များနှင့် ပို၍ နီးကပ်လာစေသရွေ့ အရာရာကို ဆုံးရှုံးရမည်ဆိုလျှင်ပင် ဤအတွက် ၎င်းတို့ပေးဆပ်သည့် မည်သည့်အဖိုးအခမဆို ထိုက်တန်သည်ဟုလည်းကောင်း ယုံကြည်ကြလေသည်။ ထို့ကြောင့် လူတို့သည် လိုလားခြင်း၊ မလိုလားခြင်းနှစ်ခုလုံးရှိသော ကွဲလွဲနေသော စိတ်ဓာတ်အတွင်းတွင် စာတန်၏ ထိန်းချုပ်မှု၊ စာတန်၏ အတွေးများ၊ ကြိုးကိုင်ညွှန်ကြားမှုနှင့် လှည့်စားမှုတို့ကို ဆက်လက်၍ လက်ခံနေကြပေလိမ့်မည်။ လူတို့က ၎င်းတို့သည် လူ့အဖွဲ့အစည်းနှင့် ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်ကို ကောင်းစွာသတိပြုမိလျှင်ပင် ဤသို့သော အခြေအနေမျိုးများတွင် ၎င်းတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များကို အကောင်အထည်ဖော်ပြီး ၎င်းတို့၏ ဘဝပန်းတိုင်များကို ရရှိရန်အလို့ငှာ ဆက်လက်၍ မရပ်မနား အားထုတ်လိုက်စားနေဦးမည်ဖြစ်သည်။ ၎င်းတို့သည် ယခုအချိန်အထိ မလျှော့တမ်းလုပ်ဆောင်နိုင်သည့် ၎င်းတို့၏ အရည်အချင်းဖြင့် ဝမ်းမြောက်လျက်၊ လိုအပ်သည့် မည်သည့်နည်းကိုမဆို ကျင့်သုံးနိုင်ကာ မည်သည့်အခါမျှ အရှုံးမပေးကြသည့်အချက်နှင့်ပတ်သက်ပြီး မိမိတို့ကိုယ်ကိုပင် ဂုဏ်ပြုကြလေသည်။ လူတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လိုက်စားသည့်အတောအတွင်း ပြသသော အပြုအမူများအပြင် ၎င်းတို့လျှောက်သည့် လမ်းကြောင်းများနှင့် ၎င်းတို့၏ ပြောင်းလဲမှုအမျိုးမျိုးတို့ကို ကြည့်သည့်အခါ မည်သည့် လမ်းကြောင်းပုံစံသည် လူတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို အားထုတ်လိုက်စားခြင်းနှင့် သက်ဆိုင်သနည်း။ (ပျက်စီးခြင်းသို့ ဦးတည်နေသည့် လမ်းကြောင်းဖြစ်သည်။) ဤသည်မှာ လူတို့က လျှောက်လှမ်းလေလေ၊ ဘုရားသခင်နှင့် အဝေးသို့ လွင့်မျောလေလေဖြစ်သော ပြန်လမ်းမရှိသည့် လမ်းကြောင်းဖြစ်သည်။ ပျက်စီးခြင်းလမ်းကြောင်းဖြစ်သည်ဟုလည်း ဆိုကောင်းဆိုနိုင်သည်။ လူတို့က ချမှတ်ခဲ့သော စိတ်ကူးယဉ်များနှင့် ဆန္ဒများက ခေါ်ဆောင်သည့် ဘဝပန်းတိုင်များတွင် စာတန်က ၎င်းတို့ကို စောင့်ဆိုင်းနေသည်။ ဤဘဝပန်းတိုင်များသို့ ဦးတည်သည့်လမ်းတစ်လျှောက်တွင် ၎င်းတို့နောက်သို့လိုက်ပြီး ၎င်းတို့နှင့်အတူပါရှိသောအရာသည် သမ္မာတရားမဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော် မဟုတ်ပေ။ သို့ဆိုလျှင် မည်သူဖြစ်သနည်း။ (ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများနှင့် လောကီအတွေးအခေါ်အမျိုးမျိုးပါရှိသည့် စာတန်ဖြစ်သည်။) စာတန်၊ စာတန်၏ ထိန်းချုပ်မှု၊ ဖောက်ပြန်ပျက်စီးစေခြင်း၊ လှည့်စားမှု၊ ထပ်ခါထပ်ခါ သွေးဆောင်မှုတို့က ၎င်းတို့နှင့်အတူ ပါရှိလေသည်။ ဤသည်မှာ ပြန်လမ်းမရှိသော လမ်းကြောင်း၊ ပျက်စီးခြင်းလမ်းကြောင်း မဟုတ်လော။ (ဟုတ်ပါသည်။) အဘယ်ကြောင့်ဆိုသော် လူတို့သည် ၎င်းတို့၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လိုက်စားစဉ်တွင် ၎င်းတို့ အမှန်တကယ် လိုက်စားနေသောအရာမှာ ၎င်းတို့၏ ပန်းတိုင်ဖြစ်သော စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းမဟုတ်ဘဲ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရယူဖို့အတွက် ၎င်းတို့၏ တွန်းအားနှင့် အခြေခံအုတ်မြစ်အဖြစ် ဤအရာများအား လိုက်စားခြင်းကို အသုံးပြုကြပေသည်။ ဤသည်မှာ တကယ့်အနှစ်သာရနှင့် အမှန်တရားဖြစ်သည်။ ဤလမ်းကြောင်းသည် လူတို့အား ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ လောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများကိုသာ ပိုပို၍ တောင့်တစေသည်။ ဤလမ်းကြောင်းသည် လူတို့အား ပိုပို၍သာ နှစ်မြှုပ်စေပြီး ၎င်းတို့အား အပြုသဘောဆောင်သောအရာများနှင့် ဝေးကွာစေလျက် ပိုပို၍ စာရိတ္တပျက်ပြားအောင် လုပ်ဆောင်ကာ ဆင်ခြင်တုံတရား ပို၍ ကင်းမဲ့ပြီး အသိစိတ်မရှိအောင် လုပ်ဆောင်လေသည်။ တစ်ချိန်တည်းတွင် ပုံမှန်လူ့သဘာဝရှိသော သူတစ်ယောက်ရှိသင့်သည့် ပို၍ လက်တွေ့ကျသော အသက်ရှင်နည်းများ၊ ဘဝပန်းတိုင်များဖြင့် ဝေးကွာအောင် ခေါ်ဆောင်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပို၍နက်နဲစွာ အမြစ်တွယ်လာအောင်သာ လုပ်ဆောင်နိုင်သည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်ညွှန်ကြားမှုမှ သသာ၍ ဝေးကွာအောင်သာ လုပ်ဆောင်နိုင်သည်။ အပြုသဘောဆောင်သောအရာနှင့် အပျက်သဘောဆောင်သောအရာများကြား ပိုင်းခြားသိမြင်ရန် လူတို့အတွက် ပို၍ ခက်ခဲလာအောင်လည်း လုပ်ဆောင်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။ ဤသို့ဆိုလျှင် ဤပြဿနာများကို ငါတို့ မည်သို့ဖြေရှင်းနိုင်သနည်း။ လူသား၏ လိုက်စားမှု၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများ၏ အနှစ်သာရကို ငါတို့ နားလည်သည်နှင့် မည်သည့်အရာကို ငါတို့ မိတ်သဟာယဖွဲ့သင့်သနည်း။ လူတို့၏ လိုက်စားမှု၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို မည်သို့လက်လွှတ်ရမည်ဆိုသည့်အကြောင်း ဖြစ်သင့်သည်မဟုတ်လော။ (ဖြစ်သင့်ပါသည်။)

ငါတို့သည် ယခုတွင် မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို လိုက်စားခြင်းသည် ပြန်လမ်းမရှိသော လမ်းကြောင်းဖြစ်ကြောင်း၊ ပျက်စီးခြင်းသို့ ဦးတည်သည့်လမ်းဖြစ်ကြောင်းတို့ကို မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဤသို့ဆိုလျှင် လူတို့သည် ဤသို့သော ဘဝလမ်းကြောင်းကို စွန့်ပစ်သင့်သလော။ (စွန့်ပစ်သင့်ပါသည်။) ၎င်းတို့သည် ၎င်းတို့အသက်ရှင်သည့်ပုံစံကို လက်လွှတ်ပြီး ပြောင်းလဲသင့်သည်။ ယင်းသည် ဘဝတွင် မှန်ကန်သောနည်းမဟုတ်သကဲ့သို့ မှန်ကန်သောလမ်းကြောင်းလည်းမဟုတ်ပေ။ မမှန်ကန်သောကြောင့် ယင်းကို လက်လွှတ်သင့်သည်။ မိမိအသက်ရှင်သည့်ပုံစံကို ပြောင်းလဲပြီး ဘဝနှင့် ရှင်သန်ရပ်တည်မှုအပေါ် မှန်ကန်သောနည်းကို ခံယူသင့်သည်။ လူတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများအား ဆက်ဆံသည့်ပုံစံ၊ လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို ဆက်ဆံသည့်ပုံစံတွင် မှန်ကန်သောနည်းကို ခံယူသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ဤစိတ်ဝင်စားမှုများ၊ ဝါသနာများနှင့်အတူ လူတို့၏ ပါရမီများ၊ ဆုကျေးဇူးများသည် လူတို့အား ၎င်းတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို ချမှတ်စေသည်။ တစ်ချိန်တည်းတွင် ၎င်းတို့ လိုက်စားရန် ပန်းတိုင်များကိုလည်း ဖြစ်ပေါ်စေသည်။ ဤပန်းတိုင်များသည် မမှန်ကန်သကဲ့သို့ပေ။ လူတို့အား ပြန်လမ်းမရှိသည့်လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်ပြီး ဘုရားသခင်နှင့် ဝေးရာသို့ ခေါ်ဆောင်ကာ နောက်ဆုံးတွင် ၎င်းတို့ကို ပျက်စီးခြင်းသို့ ပို့ဆောင်မည်ဖြစ်သည်။ ၎င်းတို့သည် မမှန်ကန်သည့်အတွက်၊ မှန်ကန်သော ဆောင်ရွက်ပုံနည်းလမ်းမှာ အဘယ်နည်း။ လူတို့သည် စိတ်ဝင်စားမှုများ၊ ဝါသနာများရှိရန်မှာ မှန်ကန်ခြင်းရှိမရှိကို ဦးစွာ ကြည့်ကြစို့။ ဆိုလိုသည်မှာ ၎င်းတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို အပျက်သဘောဆောင်သောအရာအများ၏ အတန်းအစားအောက်တွင် စာရင်းသွင်းနိုင်သလော။ (မသွင်းနိုင်ပါ။) လူတို့၏ စိတ်ဝင်စားမှုများ၊ ဝါသနာများသည် ပင်ကိုအားဖြင့် မှားယွင်းခြင်းမရှိပေ။ ယင်းတို့သည် အပျက်သဘောဆောင်သောအရာများဖြစ်သည်ဟု အသေအချာပင် မဆိုနိုင်သည်မှာ မှန်သည်။ ယင်းတို့ကို မရှုတ်ချသင့် သို့မဟုတ် မဝေဖန်သင့်ပေ။ လူတို့အနေဖြင့်အချို့သောနယ်ပယ်များ၌ စိတ်ဝင်စားမှုများ၊ ဝါသနာများ၊ ပါရမီများရှိခြင်းသည် သာမန်လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လူတိုင်းတွင် ထိုအရာများ ရှိသည်။ လူအချို့သည် အကကခြင်းကို နှစ်သက်သည်။ အချို့မှာ သီချင်းဆိုခြင်း၊ ပုံရေးဆွဲခြင်း၊ ဖျော်ဖြေခြင်း၊ စက်ပစ္စည်းပညာ၊ စီးပွားရေး၊ အင်ဂျင်နီယာ၊ ဆေးပညာ၊ စိုက်ပျိုးမွေးမြူရေး၊ သင်္ဘောလိုက်ခြင်း၊ သို့မဟုတ် အချို့သော အားကစားများကို နှစ်သက်ကြသည်။ အခြားသောသူများမှာ ပထဝီ၊ ဘူမိဗေဒ၊ သို့မဟုတ် လေယာဉ်မောင်းအတတ်ပညာတို့အား လေ့လာရသည်ကို နှစ်သက်ပြီး၊ အခြားသောသူများက ပို၍ပင် ထင်ရှားမှုမရှိသော ဘာသာရပ်များအား လေ့လာရသည်ကိုနှစ်သက်ကောင်း နှစ်သက်နိုင်သေးသည်မှာ အမှန်ပင်ဖြစ်သည်။ လူတစ်ယောက်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများက မည်သို့ရှိသည်ဖြစ်စေ ယင်းတို့အားလုံးသည် လူ့သဘာဝနှင့် ပုံမှန်လူသားဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ယင်းတို့ကို အပျက်သဘောဆောင်သောအရာများအဖြစ် သွားပုပ်လေလွင့်ပြောဆိုခြင်း မပြုသင့်၊ ဝေဖန်ခြင်းလည်း မပြုသင့်သကဲ့သို့ ပိတ်ပင်ခြင်းကို ပို၍ပင် မပြုသင့်ပေ။ ဆိုလိုသည်မှာ သင့်တွင်ရှိနိုင်သော မည်သည့် စိတ်ဝင်စားမှုနှင့် ဝါသနာမဆိုသည် သဘာဝကျသည်။ မည်သည့်စိတ်ဝင်စားမှု သို့မဟုတ် မည်သည့်ဝါသနာမဆိုသည် သဘာဝကျပြီး တည်ရှိခွင့်ပြုသင့်သဖြင့်၊ ယင်းတို့နှင့် ဆက်နွှယ်သော စံသတ်မှတ်ချက်များ၊ ဆန္ဒများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ဥပမာအားဖြင့် လူအချို့မှာ တေးဂီတကို နှစ်သက်ကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဂီတသမား၊ သို့မဟုတ် ဂီတမှူးဖြစ်လိုသည်” ဟု ဆိုကြသည်။ ထို့နောက်တွင် ဂီတကို သွားရောက်လေ့လာပြီး မိမိတို့ကိုယ်ကို ဂီတဖြင့် ရှေ့ဆက်ရန်အတွက် အခြားအရာအားလုံးကို လျစ်လျူရှုကာ ၎င်းတို့၏ ဘဝပန်းတိုင်နှင့် ဦးတည်ချက်ကို ဂီတမှူး နေရာကို ရယူခြင်းအဖြစ် သတ်မှတ်ကြသည်။ ဤသည်မှာ လုပ်ဆောင်ရန် မှန်သောအရာဖြစ်သလော။ (လုပ်ဆောင်ရန် မှန်ကန်သောအရာ မဟုတ်ပါ။) သင်သည် ဘုရားသခင်ကို မယုံကြည်လျှင်၊ သင်သည် ကမ္ဘာလောကနှင့် သက်ဆိုင်ပြီး၊ သင်၏ကိုယ်ပိုင်စိတ်ဝင်စားမှုများ၊ ဝါသနာများက ချမှတ်ထားသော စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်လျက် သင်၏ဘဝကို ကုန်ဆုံးလျှင် ဤအရာနှင့်ပတ်သက်ပြီး ငါတို့၌ ပြောစရာမရှိပေ။ ယခုတွင် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ဤသို့သော စိတ်ဝင်စားမှုများ၊ ဝါသနာများရှိပြီး သင်၏ တစ်ဘဝလုံးကို နှစ်မြုပ်လိုကာ သင်၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများ၊ ဝါသနာများက ချမှတ်ထားသော စံသတ်မှတ်ချက်များ၊ ဆန္ဒများကို အကောင်အထည်ဖော်ရန် ဘဝသက်တမ်းတစ်ခု၏ အဖိုးအခကို ပေးဆပ်လိုလျှင် ဤလမ်းကြောင်းမှာ ကောင်းသလော၊ ဆိုးသလော။ ဤသည်မှာ အားပေးအားမြှောက်ပြုထိုက်ပါသလော။ (အားပေးအားမြှောက် မပြုထိုက်ပါ။) အားပေးအားမြှောက်ပြုထိုက်ခြင်းရှိမရှိကို မပြောသေးဘဲ နေကြစို့။ အရာရာတိုင်းကို လေးနက်စွာ လုပ်ဆောင်သင့်သည်။ ဤသို့ဆိုလျှင် ဤအမှုအရာ မှန်သည်၊ မှားသည်ကို ဆုံးဖြတ်ရန် သင် မည်သို့ လုပ်ဆောင်သနည်း။ သင်ချမှတ်ခဲ့သော လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများသည် သင့်အပေါ် ဘုရားသခင်၏ သွန်သင်ချက်များ၊ သူ၏ ကယ်တင်ခြင်းနှင့် မျှော်မှန်းချက်များနှင့်လည်းကောင်း၊ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်၏ အလိုတော်နှင့်လည်းကောင်း၊ သင်၏ တာဝန်နှင့်လည်းကောင်း ဆက်စပ်မှုတစ်ခုခုရှိမရှိ၊ ယင်းတို့သည် သင်၏ တာဝန်ကို ပြီးမြောက်စေရန် ကူညီပြီး သင်၏တာဝန်ကို ပို၍ ထိရောက်စွာ ဖြည့်ဆည်းပေးခြင်းရှိမရှိ၊ သို့မဟုတ် ကယ်တင်ခြင်းခံရရန် သင်၏ အခွင့်အရေးများကိုမြှင့်တင်ပြီး ဘုရားသခင်၏ အလိုတော်အား ဖြည့်ဆည်းခြင်းအား စွမ်းဆောင်ရရှိရန် ကူညီပေးခြင်းရှိမရှိတို့ကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်သည်။ သာမန်လူတစ်ယောက်အနေဖြင့် စံသတ်မှတ်ချက်များ၊ ဆန္ဒများအား သင်၏လိုက်စားခြင်းသည် သင်၏ လုပ်ပိုင်ခွင့်ဖြစ်သော်လည်း၊ သင်သည် သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များ၊ ဆန္ဒများကို အကောင်အထည်ဖော်ပြီး ဤလမ်းကြောင်းကို လိုက်စားသည်နှင့်အမျှ၊ ယင်းတို့သည် သင့်အား ကယ်တင်ခြင်းလမ်းကြောင်းသို့ ဆိုက်ရောက်စေလိမ့်မည်လော။ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်းလမ်းသို့ ဆိုက်ရောက်စေလိမ့်မည်လော။ အဆုံးတွင် သင့်အား ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ကိုးကွယ်ခြင်းရလဒ်ဆီသို့ ဆိုက်ရောက်စေလိမ့်မည်လော။ (ဆိုက်ရောက်စေမည်မဟုတ်ပါ။) ယင်းမှာ သေချာသည်။ ယင်းတို့သည် ဆိုက်ရောက်စေလိမ့်မည် မဟုတ်သည့်အတွက်၊ ဤသို့ဆိုလျှင် ဘုရားသခင်အား ယုံကြည်သူတစ်ယောက်အနေဖြင့် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကြောင့် ချမှတ်သော စံသတ်မှတ်ချက်များ၊ ဆန္ဒများနှင့် သင်၏ ပါရမီများ၊ ဆုကျေးဇူးများသည်ပင်လျှင် အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလော။ ထိုအရာများကို သင် ရှိသင့်သလော၊ မရှိသင့်သလော။ (ထိုအရာများသည် အပျက်သဘောဆောင်ပြီး ကျွန်ုပ်တို့ မရှိသင့်ပါ။) ယင်းတို့ကို သင်တို့ မရှိသင့်ပေ။ ဤသို့ဆိုလျှင် လူတစ်ယောက်၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများ၏ သဘောသဘာဝသည် မည်သည့်အရာ ဖြစ်လာသနည်း။ ယင်းတို့သည် အပြုသဘောဆောင်သော အရာများဖြစ်လာသလော သို့မဟုတ် အပျက်သဘောဆောင်သောအရာများ ဖြစ်လာသလော။ ယင်းတို့သည် သင့်တွင်ရှိသင့်သော လုပ်ပိုင်ခွင့်၊ သို့မဟုတ် သင့်တွင်မရှိသင့်သောအရာတစ်ခု ဖြစ်လာသလော။ (ယင်းတို့သည် အပျက်သဘောဆောင်လာသည်၊ ကျွန်ုပ် မရှိသင့်သည့်အရာတစ်ခုဖြစ်သည်။) ထိုအရာများသည် သင်မရှိသင့်သော အရာတစ်ခုဖြစ်လာသည်။ လူအချို့က “ဤသို့ဆိုလျှင် ကျွန်ုပ်၌ ထိုအရာများကို ကျွန်ုပ် မရှိသင့်လျှင် ကိုယ်တော်က ကျွန်ုပ်၏ လုပ်ပိုင်ခွင့်များကို ယူဆောင်သွားသည့် သဘော ဖြစ်ရပေမည်” ဟု ဆိုကြသည်။ ငါသည် သင်၏ လုပ်ပိုင်ခွင့်များကို ယူဆောင်သွားနေခြင်း မဟုတ်။ မည်သည့်လမ်းကြောင်းမျိုးကို လူတို့ လျှောက်သင့်သည်၊ သမ္မာတရားအား မည်သို့လိုက်စားရမည်ဆိုသည်ကို ငါ ပြောဆိုနေခြင်းဖြစ်သည်။ သင်၏ လုပ်ပိုင်ခွင်များကို ငါ ယူဆောင်သွားနေခြင်း မဟုတ်ပေ။ လွတ်လပ်စွာ ရွေးချယ်ခွင့်သည် သင့်အတွက်ဖြစ်သည်။ သင်သည် ရွေးချယ်ခွင့်ရှိသည်။ သို့သော် ဤကိစ္စရပ်၏ သဘောသဘာဝသည် အဘယ်သို့ဖြစ်သည်ဆိုသည်နှင့် ထိုအရာကို အဘယ်သို့ အကဲဖြတ်သင့်သည်ဆိုသည်နှင့်ပတ်သက်၍မူ၊ ငါတို့၏ အကြောင်းပြချက်အတွက် အခြေပြုချက်ရှိပြီး ကြုံသလို ပြောဆိုနေခြင်းမဟုတ်ပေ။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို သင်၏ အခြေပြုချက်အဖြစ် ယူပြီး သမ္မာတရား၏ ရှုထောင့်အမြင်မှ ပြောဆိုလျှင် လူတစ်ယောက်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများသည် အပြုသဘောဆောင်သောအရာများ မဟုတ်ပေ။ ပို၍ အတိအကျဆိုရလျှင်၊ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်အနေဖြင့် သင်သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိလိုလျှင်၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်အား ကြောက်ရွံ့ခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်း၊ ဘုရားသခင်အား ကျိုးနွံနာခံခြင်းတို့ကို စွမ်းဆောင်ရရှိလိုလျှင် လောကီလူများက ရှိသည့်အတိုင်း အလားတူစံသတ်မှတ်ချက်များ၊ ဆန္ဒများကို သင့်တွင် မရှိသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် သင်သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိလိုလျှင် သင်၏ ကိုယ်ပိုင်လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လက်လွှတ်သင့်သည်။ တစ်နည်းအားဖြင့် သင်သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိလိုလျှင် သင်၏ ကိုယ်ပိုင် စံသတ်မှတ်ချက်များ၊ ဆန္ဒများကို မလိုက်စားသင့်ပေ။ ပြီးလျှင် အထူးသဖြင့် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို စုဆောင်းခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် ဤစံသတ်မှတ်ချက်များ၊ ဆန္ဒများအား လိုက်စားခြင်းကို အသုံးမပြုသင့်ပေ။ ဤသို့ ဆို၍ ရနိုင်သလော။ (ရနိုင်ပါသည်။) ယခုတွင် အားလုံး ရှင်းသွားပြီဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူအနေဖြင့် သင်သည် သမ္မာတရားကို လိုက်စားလိုစိတ်ရှိပြီး ကယ်တင်ခြင်းကို ရရှိရန် ဆန္ဒရှိသည့်အတွက်၊ သင်၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လက်လွှတ်သင့်သည်။ ဤလမ်းကြောင်းကို စွန့်ပစ်သင့်သည်။ ယင်းသည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရှာသည့် လမ်းကြောင်းဖြစ်ပြီး၊ ဤစံသတ်မှတ်ချက်များ၊ ဆန္ဒများကို လက်လွှတ်လော့။ သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို သင်၏ ဘဝ ရည်မှန်းချက်ပန်းတိုင်အဖြစ် မရွေးချယ်သင့်ပေ။ ထိုအစား သင်၏ဘဝပန်းတိုင်မှာ သမ္မာတရားအားလိုက်စားပြီး ကယ်တင်ခြင်းကိုရရှိရန် ဖြစ်သင့်သည်။

လူအချို့က “ကျွန်ုပ်၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို အကောင်အထည်မဖော်နိုင်သလို၊ ထိုအရာအားလုံးကို လက်လွှတ်ခဲ့သည့်အတွက်၊ ကျွန်ုပ်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့်ပတ်သက်ပြီး မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်သင့်သနည်း” ဟု မေးကြသည်။ ဤသည်မှာ သင်နှင့်ဆိုင်သော ကိစ္စဖြစ်သည်။ သင့်တွင် စိတ်ဝင်စားမှုများ၊ ဝါသနာများရှိနိုင်သော်လည်း ယင်းတို့သည် သင်၏ သာမန်လိုက်စားမှုကို မနှောင့်ယှက်သရွေ့၊ သင်၏တာဝန် ထမ်းဆောင်ခြင်း၊ သင်၏ စေခိုင်းချက်တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းအား ဝင်ရောက်မစွက်ဖက်သရွေ့၊ သင်၏ ဘဝပန်းတိုင်များ၊ သို့မဟုတ် သင်လျှောက်သောလမ်းကြောင်းကို မထိခိုက်သရွေ့ ဤစိတ်ဝင်စားမှုများနှင့် ဝါသနာများကို သင်ထားရှိနိုင်သည်။ ဤကဲ့သို့လည်း နားလည်နိုင်သည်မှာ အမှန်ဖြစ်သည်။ ဤစိတ်ဝင်စားမှုများ၊ ဝါသနာများသည် သင့်လူ့သဘာဝ၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် ယင်းတို့ကို ဘုရားသခင်က သင့်အားပေးခြင်းဖြစ်သည်ဟု ဆိုကောင်းဆိုနိုင်သည်။ လူတစ်ယောက်၏ အသွင်အပြင်၊ မိသားစု၊ နောက်ခံ၊ ရှင်သန်ရာနေရပ်တို့ကဲ့သို့သော ကဏ္ဍအားလုံးကို ဘုရားသခင်က ကြိုတင်စီမံထားပြီးဖြစ်သည်။ ထို့ကြောင့် သင့်တွင်ရှိသော စိတ်ဝင်စားမှုများ၊ ဝါသနာများကိုလည်း ဘုရားသခင်ကပေးထားခြင်းဖြစ်သည်ကို ငါတို့ မငြင်းနိုင်ပေ။ ဤအချက်ကို ငြင်းမရနိုင်၊ အသေအချာပင်ဖြစ်သည်။ ဥပမာ လူအချို့သည် ဘာသာစကားများ၊ ပန်းချီရေးဆွဲခြင်း၊ ဂီတ၊ အသံ၊ အရောင်များကို ခွဲခြားခြင်း စသဖြင့်တို့တွင် ကျွမ်းကျင်ကြသည်။ ဤအရာများသည် သင်၏ အထူးကျွမ်းကျင်မှုများ၊ သို့မဟုတ် စိတ်ဝင်စားမှုများ၊ ဝါသနာများဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ယင်းတို့အားလုံးသည် လူ့သဘာဝနှင့် သက်ဆိုင်သည်ဟု ဆိုကောင်းဆိုနိုင်သည်။ ဘုရားသခင်က လူတို့အား အဘယ်ကြောင့် အချို့သော စိတ်ဝင်စားမှုများ၊ ဝါသနာများကို ပေးသနည်း။ ဤသည်မှာ သင်၏ လူသားဘဝကို အနည်းငယ်ပို၍ ကြွယ်ဝပြီး အရောင်အသွေးစုံလင်စေရန်ဖြစ်သည်။ သို့မှသာ ဘဝတွင် မှန်သောလမ်းကြောင်းကို သင်လျှောက်လှမ်းခြင်းအား ထိခိုက်မှုမရှိဘဲ သင်၏ဘဝသည် ဖျော်ဖြေမှုနှင့် အနားယူခြင်း လက္ခဏာအချို့ ပါရှိနိုင်ပြီး သင်၏ဘဝကို ခြောက်သွေ့မှု လျော့နည်းစေသည်။ ပျင်းရိမှု၊ ငြီးငွေ့မှုကို လျော့နည်းစေသည်။ ဥပမာ စုဝေးပွဲများတွင် ဓမ္မတေးသီချင်းများ သီဆိုရန် အချိန်ကျသောအခါ ဂီတတူရိယာတစ်ခုကို တီးခတ်နိုင်သောသူတစ်ယောက်သည် စန္ဒရား၊ သို့မဟုတ် ဂီတာကို တီးခတ်ခြင်းအားဖြင့် သီချင်းသီဆိုခြင်းနှင့် တွဲဖက်ပေးနိုင်သည်။ မည်သူကမျှ မတီးခတ်နိုင်လျှင် လူတိုင်းက ဤဝမ်းမြောက်ပျော်ရွှင်မှုကို ခံစားခွင့်ရရှိမည်မဟုတ်ပေ။ တွဲဖက်တီးခတ်ပေးသည့်သူတစ်ယောက်ရှိလျှင် ရလဒ်သည် တီးခတ်ပေးသူမရှိဘဲ သီချင်းဆိုခြင်းထက် အလွန်ပို၍ ကောင်းပေလိမ့်မည်ဖြစ်ပြီး လူတိုင်းက ပျော်ရွှင်လိမ့်မည်ဖြစ်သည်။ တစ်ချိန်တည်းတွင် ယင်းသည် အမြင်ကို ကျယ်စေသည်။ အတွေ့အကြုံများကို ပို၍ကောင်းမွန်စေသည်။ ဘဝက ပို၍ အနှစ်သာရရှိလာသည်။ ဘဝသည်ပို၍ လှပသည်ဟု လူတို့က ခံစားရပြီး ၎င်းတို့၏ စိတ်အခြေအနေက ပို၍ ရွှင်ပျလာသည်။ ဤသည်မှာ ၎င်းတို့၏ ပုံမှန်လူ့သဘာဝနှင့် ဘုရားသခင်အပေါ် ယုံကြည်မှုတွင် ၎င်းတို့လျှောက်သည့် လမ်းကြောင်းတို့နှစ်ခုလုံးအတွက် အကျိုးရှိသည်။ ဥပမာ သင်သည် ပန်းချီရေးဆွဲခြင်းကို နှစ်သက်လျှင် ညီအစ်ကိုမောင်နှမများ၏ အသက်တာက ငြီးငွေ့ဖွယ်ဖြစ်လာသည့်အခါ၊ သင်သည် ရယ်ရွှင်ဖွယ်ကောင်းသော ပုံများကို ရေးဆွဲနိုင်သည်။ အချို့သောလူများ၏ အပျက်သဘောဆောင်သော အမူအရာများ၊ မျက်နှာများ၊ အပျက်သဘောဆောင်သော မှတ်ချက်များကို ဟာသဉာဏ်ရှိသော၊ ရယ်ဖွယ်ဖြစ်သော ကာတွန်းများအဖြစ် ပုံဆွဲသရုပ်ဖော်နိုင်သည်။ ထို့နောက်တွင် ယင်းတို့ကို စာအုပ်ငယ်တစ်အုပ်အဖြစ် စုစည်းကာ ထိုအပျက်သဘောဆောင်သော မိန်းမလျာများအပါအဝင် လူတိုင်းအား မျှဝေနိုင်သည်။ ၎င်းတို့က တွေ့မြင်ပြီး “အမလေး၊ ဒါ ငါ့ပုံလား” ဟု ပြောသောအခါတွင် ၎င်းတို့သည် တခစ်ခစ်ရယ်ပြီး ပျော်ရွှင်လိမ့်မည်ဖြစ်ကာ အပျက်သဘောဆောင်တော့မည်မဟုတ်ပေ။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်လော။ ထိုအရာသည် အလွန်အားစိုက်ထုတ်စရာမလိုပေ။ သို့တိုင်အောင် ထိုအရာက ၎င်းတို့၏ အပျက်သဘောဆောင်ခြင်းမှ အလွန်ပင် အလွယ်တကူ ထွက်လာနိုင်အောင် ကူညီပေးသည်။ မိမိ၏ အားလပ်သောအချိန်တွင် ပုံရေးဆွဲခြင်း၊ ဂီတတူရိယာများကို တီးခတ်ခြင်း၊ အနုပညာ ဆွေးနွေးခြင်း၊ သို့မဟုတ် သရုပ်ဆောင်ခြင်းကို စူးစမ်းလေ့လာပြီး အပျက်သဘောဆောင်သောလူအမျိုးမျိုး၊ မာနထောင်လွှားသောသူအမျိုးမျိုးနှင့် ထင်ရာမြင်ရာလုပ်ဆောင်သော အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးတို့အပါအဝင် အမျိုးမျိုးသော ဇာတ်ကောင်များကို သရုပ်ဆောင်ခြင်းတို့သည် လူတို့၏ ပိုင်းခြားသိမြင်မှုကို တိုးတက်စေရန်၊ ၎င်းတို့၏ အမြင်ကို ကျယ်စေရန် ကူညီပေးနိုင်သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု မဟုတ်သလော။ ဤစိတ်ဝင်စားမှုများ၊ ဝါသနာများသည် အဘယ်သို့ အသုံးမဝင်ခြင်းရှိပါသနည်း။ ယင်းတို့သည် လူတို့အတွက် အကျိုးရှိသည်။ သို့ရာတွင် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကြောင့် စံသတ်မှတ်ချက်များ၊ ဆန္ဒများ ဖြစ်ပေါ်စေလျှင်၊ ပြန်လမ်းမရှိသောလမ်းကြောင်းဆီသို့ သင့်အား ဦးတည်ပေးသည့် သက်ရောက်မှုရှိလျှင် ယင်းတို့သည် သင့်အတွက် မကောင်းပေ။ သို့သော် သင်၏ လူ့သဘာဝအတွက် ထိုးထွင်းအမြင်ရှိစေသော၊ သင်၏ဘဝကို ပို၍ ကြွယ်ဝပြီး ပေါ်လွင်ထင်ရှားစေသော၊ သင့်အား ပို၍ ဟာသဉာဏ်ရွှင်ပြီး ရွှင်ပျစေသော၊ ပို၍ အားအင်ပြည့်ဝစွာ၊ လွတ်လပ်စွာ၊ ချုပ်ချယ်မှုကင်းစွာ အသက်ရှင်စေသောပုံစံဖြင့် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို သင်၏ဘဝအတွက် အသုံးချလျှင် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများသည် အပြုသဘောဆောင်သော သက်ရောက်မှုရှိလိမ့်မည်။ လူတိုင်းအား အကျိုးဖြစ်စေပြီး သင့်အား တည်ဆောက်စရာဖြစ်စေလိမ့်မည်ဖြစ်သော်လည်းသင်၏တာဝန်ထမ်းဆောင်ခြင်းနှင့် သင်၏ စေခိုင်းချက်တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းအား ထိခိုက်မည်မဟုတ်ပေ။ ယင်းတို့သည် သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် အတိုင်းအတာတစ်ခုအထိ ကူညီပေးလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ သင်သည် စိတ်ညစ်သောအခါ၊ စိတ်ဓာတ်ကျသောအခါ သီချင်းသီဆိုခြင်း၊ တူရိယာတစ်ခုကို တီးခတ်ခြင်း၊ သို့မဟုတ် တက်ကြွသော၊ စည်းဝါးကျသော ဂီတကို တီးခတ်ခြင်းသည် သင်၏ စိတ်အခြေအနေကို မြှင့်တင်ပေးနိုင်ပြီး သင့်အား ဘုရားသခင်ရှေ့သို့လာ၍ ဆုတောင်းနိုင်စေသည်။ သင်သည် အပျက်သဘောဆောင်ခြင်းရှိတော့မည်မဟုတ်၊ စောဒကတက်တော့မည်မဟုတ်၊ သို့မဟုတ် နုတ်ထွက်လိုတော့မည်မဟုတ်ပေ။ တစ်ချိန်တည်းတွင် သင်၏ အားနည်းချက်များ၊ ချို့ယွင်းချက်များကို ရှာဖွေတွေ့ရှိမည်ဖြစ်ပြီး သင်သည် အလွန်ထိရှလွယ်ကာ ဒေါသထွက်ခြင်း၊ သို့မဟုတ် အနှောင့်အယှက်များအား မခံနိုင်သည်ကို သဘောပေါက်လိမ့်မည်။ တူရိယာတစ်ခုကို တီးခတ်ခြင်းသည် သင်၏ စိတ်အခြေအနေကို တိုးတက်စေရန် အထောက်အကူပြုလိမ့်မည်။ ဤသည်မှာ မည်သို့အသက်ရှင်ရမည်ကို သိခြင်းဟု ခေါ်သည်။ ဤစိတ်ဝင်စားမှုများ၊ ဝါသနာများသည် အပြုသဘောဆောင်သော သက်ရောက်မှုမရှိသလော။ (ရှိပါသည်။) စိတ်ဝင်စားမှုများ၊ ဝါသနာများသည် သင့်လျော်စွာ အသုံးပြုခြင်းခံရသောအခါ သင်၏ စိတ်အခြေအနေကို ပြောင်းလဲနိုင်သော၊ ပို၍သာမန်ဖြစ်သော၊ ဆင်ခြင်တုံတရားရှိသောဘဝကို ရှင်သန်ရသည့်အခွင့်ကို ရရှိစေသော တန်ဆာပလာများအဖြစ် ရှုမြင်နိုင်သည်။ ယင်းတို့သည် အတိုင်းအတာတစ်ခုအထိ သမ္မာတရားစစ်မှန်မှုထဲသို့ သင်၏ဝင်ရောက်မှုကို မြန်ဆန်စေသည်၊ သို့မဟုတ် လွယ်ကူချောမွေ့စေပြီး၊ သင်၏တာဝန်ကို ထမ်းဆောင်ရာ၌ ကူညီပေးရန် ဖြည့်စွက်တန်ဆာပလာအဖြစ် ပံ့ပိုးပေးနိုင်သည်။ လူအချို့၏ လူ့သဘာဝမှာ ကောင်းမွန်ခြင်းမရှိသကဲ့သို့ ဆိုးယုတ်သည်မှာ ပြောစရာမလိုပေ။ ၎င်းတို့သည် အစဉ်သဖြင့် ရည်မှန်းချက်ကြီးကြပြီး အန္တိခရစ်၏ စိတ်သဘောထားရှိကြသည်၊ သို့မဟုတ် အန္တိခရစ်များဖြစ်ကြသည်။ ၎င်းတို့အတွက် စိတ်ဝင်စားမှုများ၊ ဝါသနာများရှိခြင်းသည် ဒုက္ခပေးနိုင်သည်။ ၎င်းတို့သည် ထိုအရာများကို အရင်းအနှီးအဖြစ် အသုံးပြုကောင်းပြုနိုင်ပြီး မိမိတို့အတွက်သာ အစဉ် စဉ်းစားကြသောကြောင့်ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်မှုများကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရန်လိုမှုနှင့် ရဲတင်းမှုကို ကြီးထွားစေသည်မှာ သံသယရှိစရာမလိုပေ။ ထို့ကြောင့် စိတ်ဝင်စားမှုများနှင့် ဝါသနာများကိုယ်၌က ပင်ကိုအားဖြင့် မဆိုးပေ၊ သို့မဟုတ် အပျက်သဘောဆောင်သောအရာများမဟုတ်ပေ။ ကောင်းသော၊ ပုံမှန်ဖြစ်သောလူတို့သည် ယင်းတို့ကို အပြုသဘောဆောင်သောအရာများအတွက် အသုံးပြုကြပြီး မကောင်းသော၊ ဆိုးယုတ်သော၊ အပျက်သဘောဆောင်သောသူများကမူ ဆိုးသော၊ မကောင်းသောအမှုများ လုပ်ဆောင်ရန်အတွက် အသုံးပြုကြသည်။ ထို့ကြောင့် စိတ်ဝင်စားမှုများနှင့် ဝါသနာများသည် သင့်အား ပို၍ကောင်းစေနိုင်သကဲ့သို့ ပို၍လည်း ဆိုးစေနိုင်သည်။ ထိုသို့ ဖြစ်သည်မဟုတ်သလော။ (ဟုတ်ပါသည်။) လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား မည်သို့လက်လွှတ်ရမည်ဆိုသည့် အဓိကဆိုလိုရင်းကို ပြန်သွားကြစို့။ စိတ်ဝင်စားမှုများနှင့် ဝါသနာများကို နားလည်ပြီးနောက်တွင် လူတို့သည် လူတစ်ယောက်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို မျက်မှန်စိမ်းတပ်၍ မကြည့်သင့်သကဲ့သို့၊ စိတ်ဝင်စားမှု၊ သို့မဟုတ် ဝါသနာတစ်ခုခုရှိသူတို့ကို ဧကန်မုချ မငြင်းပယ်သင့်ပေ။ စိတ်ဝင်စားမှုများ၊ ဝါသနာများသည် ပုံမှန်လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး လူတို့သည် ယင်းတို့ကို မှန်ကန်စွာ ကိုင်တွယ်သင့်သည်။ သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများက သူတစ်ပါးတို့၏ ဘဝကို ထိခိုက်လာသည်ဆိုလျှင်၊ သို့မဟုတ် သူတစ်ပါးတို့အား ကသိကအောက်ဖြစ်စေလျှင် ၊ သို့မဟုတ် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို ထိန်းသိမ်းခြင်းက သူတစ်ပါးတို့ကို ထိခိုက်နစ်နာစေလျှင်၊ သို့မဟုတ် နှောင့်ယှက်လျှင် ဤသည်မှာ သင့်တင့်လျောက်ပတ်ခြင်းမရှိပေ။ ဤအရာမှ လွဲ၍ သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများသည် သဘာဝကျပြီး၊ လူတို့အနေဖြင့် ယင်းတို့ကို သင့်လျော်စွာ ကိုင်တွယ်ပြီး ကျိုးကြောင်းညီညွတ်စွာ အသုံးပြုကာ အသုံးချနိုင်ဖို့ မျှော်လင့်ရပေသည်။ ယင်းတို့ကို အသုံးပြုပြီး အသုံးချရန် အကောင်းဆုံး၊ အမှန်ကန်ဆုံးနည်းလမ်းမှာ သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို သင်လုပ်ဆောင်သည့်အလုပ်နှင့် သင်ထမ်းဆောင်သောတာဝန်တို့အပေါ် အကြီးမားဆုံးသက်ရောက်မှုရှိစေရန်၊ အလဟဿမဖြစ်စေဘဲ ယင်းတို့ကို အပြည့်အဝအသုံးချရန်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ လူအချို့က “ကျွန်ုပ်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများသည် ကျွန်ုပ်၏တာဝန်ကိုထမ်းဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍတစ်ခုတွင် ရှိနေနိုင်သည်၊ သို့သော် ဤနယ်ပယ်ရှိ ကျွန်ုပ်၏ အသိပညာသည် ယခုအချိန်တွင် လုံလောက်မှုမရှိသကဲ့သို့ ကောင်းစွာပြည့်စုံမှုမရှိဟု ခံစားရသည်၊ ကျွန်ုပ်သည် မိမိကိုယ်ကို တိုးတက်အောင် လုပ်ဆောင်လိုပြီး ဤနယ်ပယ်နှင့်ပတ်သက်သော ဘာသာရပ်များအပေါ် ပို၍ကောင်းသော၊ ပို၍စနစ်ကျသော သင်ယူလေ့လာမှုတစ်ခု လုပ်ဆောင်ပြီးနောက် ကျွန်ုပ်၏ တာဝန်များအတွက် အသုံးပြုလိုပါသည်။ ကျွန်ုပ် ဤသို့ လုပ်ဆောင်၍ ရသလော” ဟူ၍ ဆိုကြသည်။ သင် လုပ်ဆောင်နိုင်၏။ ဘုရားအိမ်တော်သည် သင်တို့အား ဆက်လက်၍ သင်ယူလေ့လာရန် ထပ်တလဲလဲ တိုက်တွန်းအားပေးသည်။ အသိပညာသည် တန်ဆာပလာတစ်ခုဖြစ်ပြီး၊ မိမိ၏ အတွေးများကို ပျက်စီးယိုယွင်းစေသော၊ တိုက်စားသောအရာတစ်ခုခုမပါဝင်လျှင် သင်သည် ယင်းကို လေ့လာပြီး သင်၏နားလည်မှုကို ပို၍လေးနက်သည်ထက် လေးနက်စေနိုင်သည်။ သင်၏ တာဝန်များကို ထမ်းဆောင်ရန် အပြုသဘောဆောင်သော၊ အကျိုးဖြစ်စေသော တန်ဆာပလာတစ်ခုအဖြစ် အသုံးပြုနိုင်ပြီး ထိရောက်မှုရှိကာ သက်ရောက်မှုရှိစေနိုင်သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခုမဟုတ်လော။ သင့်တင့်လျောက်ပတ်သော နည်းလမ်းမဟုတ်လော။ (ဟုတ်ပါသည်။) ဤလက်တွေ့လုပ်ဆောင်မှုနည်းလမ်းသည် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို ကိုင်တွယ်ရန် သင့်လျော်သောနည်းလမ်းတစ်ခုလည်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ တစ်ချိန်တည်းတွင် ယင်းသည် လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လက်လွှတ်ရန် မှန်ကန်သောနည်းလမ်းတစ်ခုလည်းဖြစ်သည်။ သင်သည် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို မှန်ကန်စွာ အသုံးပြုပြီး အသုံးချနေခြင်းဖြစ်သည်။ တစ်ကိုယ်ရေပန်းတိုင်များကို ရရှိရန်၊ သို့မဟုတ် တစ်ကိုယ်ရေရည်မှန်းချက်များ၊ တက်မက်မှုများဖြည့်ဆည်းဖို့ လိုက်စားသည့် ပန်းတိုင်ကို ရရှိရန် အသုံးပြုနေခြင်းမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ သဘာဝကျပြီး၊တိကျမှန်ကန်သော လက်တွေ့လုပ်ဆောင်မှုနည်းလမ်းတစ်ခု ဖြစ်သည်။ မှန်ကန်ပြီး အပြုသဘောဆောင်သော လက်တွေ့လုပ်ဆောင်မှုနည်းလမ်းတစ်ခုဖြစ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ထို့အပြင် ထိုအရာသည် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို မည်သို့လက်လွှတ်ရမည်နှင့်သက်ဆိုင်သည့် ခိုင်မာသောလမ်းကြောင်းတစ်ခုအနေဖြင့်လည်း အသုံးဝင်ပေသည်။

စိတ်ဝင်စားမှုများ၊ ဝါသနာများကို မည်သို့ မှန်ကန်စွာ သဘောထားရမည်ဆိုသည့် ပြဿနာကို ငါတို့ ရှင်းလင်းခဲ့ပြီးဖြစ်သည်။ ယခုတွင် အမှန်တကယ် လက်လွှတ်ခြင်းဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ ငါတို့သည် စိတ်ဝင်စားမှုများနှင့် ဝါသနာများကို ဝေဖန်နေခြင်း၊ သို့မဟုတ် ရှုတ်ချနေခြင်းမဟုတ်ပေ။ ထိုထက် လူတို့သည် ၎င်းတို့၏ အခြေခံအုတ်မြစ်နှင့် အရင်းအနှီးအဖြစ် စိတ်ဝင်စားမှုများ၊ ဝါသနာများကို ထားရှိလျက်၊ ချမှတ်ကြသည့် လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို ပိုင်းခြားစိစစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် အမှန်တကယ် လက်လွှတ်ရမည်မှာ ဤလိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများဖြစ်သည်။ သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို အပြုသဘောဆောင်သောနေရာ၌ ရှိစေပြီး အပြုသဘောဆောင်သော သက်ရောက်မှုကို ဖြစ်ပေါ်စေခြင်းအကြောင်းကို အစောပိုင်းက ငါတို့ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤသည်မှာ လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လက်လွှတ်ခြင်းအတွက် သက်ဝင်လှုပ်ရှားသော လက်တွေ့လုပ်ဆောင်မှုနည်းလမ်းဖြစ်သည်။ အခြားအချက်တစ်ခုမှာ လူတို့သည် စိတ်ဝင်စားမှုများ၊ ဝါသနာများရှိသောကြောင့် ၎င်းတို့၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များ၊ ဆန္ဒများကို မလိုက်စားသင့်ပေ။ ဤသည်မှာ ပို၍ လက်တွေ့ကျသော လက်လွှတ်ခြင်းပုံစံတစ်ခုဖြစ်သည်။ တစ်နည်းအားဖြင့် တစ်ချက်မှာ သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို ကောင်းစွာ အသုံးချရန်ဖြစ်ပြီး အခြားတစ်ချက်မှာ သင်၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများ၊ ဝါသနာများကြောင့် သတ်မှတ်ခဲ့သော စံသတ်မှတ်ချက်များ၊ ဆန္ဒများကို မလိုက်စားသင့်ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကြောင့် သင့်တွင်ရှိသော ဘဝပန်းတိုင်များကို မလိုက်စားနှင့်ဟူ၍ ဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် စိတ်ဝင်စားမှုများ၊ ဝါသနာများကို ပုံမှန် အသုံးချနေခြင်းဖြစ်ပြီး စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လိုက်စားနေခြင်းမဟုတ်ကြောင်းကို မည်သို့ သတ်မှတ်ဆုံးဖြတ်နိုင်သနည်း။ သင့်တွင် စိတ်ဝင်စားမှု၊ သို့မဟုတ် ဝါသနာတစ်ခုရှိလျှင်လည်းကောင်း၊ ယင်းကို သင့်အလုပ်အပေါ်၊ သင်၏တာဝန်ထမ်းဆောင်မှုအပေါ်၊ သင်ကိုယ်တိုင်၏နေ့စဉ်အသက်တာအပေါ် မှန်ကန်စွာ အသုံးချလျှင်လည်းကောင်း၊ သင်၏ လိုက်စားမှုပန်းတိုင်သည် သင့်ကိုယ်သင် ဖော်ထုတ်ပြသရန်၊ သို့မဟုတ် ကြွားဝါပြောဆိုရန် မဟုတ်လျှင်လည်းကောင်း၊ သင်၏ လူသိများမှုကို မြှင့်တင်ရန်၊ သို့မဟုတ် သူတစ်ပါးတို့၏ အထင်ကြီးမှု၊ ချီးကျူးမှု၊ လေးစားမှုတို့ကို ရရှိရန် သေချာပေါက် မဟုတ်လျှင်လည်းကောင်း၊ ပို၍ အထူးသဖြင့် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကြောင့် လူတို့၏ စိတ်နှလုံးတွင် သင့်အတွက် နေရာတစ်ခုရှိဖို့ လုပ်ဆောင်ပြီး ဤသို့အားဖြင့် အခြေကျစေကာ သင့်နောက်သို့လိုက်စေရန်မဟုတ်လျှင်လည်းကောင်း၊ သင်သည် သင်၏စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သော၊ သင့်လျော်သော၊ သင့်တင့်လျောက်ပတ်သော၊ ဆင်ခြင်တုံတရားရှိသော အသုံးချမှုကို လုပ်ဆောင်ပြီးဖြစ်သည်။ ယင်းမှာ ပုံမှန်လူ့သဘာဝနှင့် ကိုက်ညီပြီး ဘုရားအလိုတော်နှင့်ညီသည်။ သင်သည် သမ္မာတရားစည်မျဉ်းများနှင့်အညီ ထိုအရာတို့ကို အသုံးချနေခြင်းဖြစ်သည်။ သို့သော် သင်သည် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို အသုံးချစဉ်တွင်၊ သို့မဟုတ် ကျင့်သုံးနေစဉ်တွင် သင့်ကိုယ်သင် ထုတ်ဖော်ပြသမည့် အလွန်ပင် ပြင်းထန်သော ရည်ရွယ်ချက်ဖြင့် သူတစ်ပါးတို့အား သင့်ကို လေးစားရန်၊ လက်ခံရန် အတင်းစေခိုင်းလျှင်၊ သင်သည် မရိုးမဖြောင့်စွာနှင့် အရှက်မဲ့စွာဖြင့် သူတစ်ပါးတို့အား သင့်ကို နားထောင်ပြီး လက်ခံရန် အတင်းလုပ်ဆောင်ကာ သူတစ်ပါးတို့က မည်သို့ ခံစားရသည်ဖြစ်စေ သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများအား ထုတ်ဖော်ပြသခြင်းမှတစ်ဆင့် သင်ရရှိသည့် မာန်မာနကို ကျေနပ်စေလျှင်၊ အဆုံးတွင် သူတစ်ပါးတို့အား ထိန်းချုပ်ရန်၊ သူတစ်ပါးတို့၏ စိတ်နှလုံးထဲတွင် နေရာတစ်ခုရရှိရန်၊ လူတို့ကြား၌ ဂုဏ်သိက္ခာကို တည်ဆောက်ရန်အတွက် အရင်းအနှီးအဖြစ် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို အသုံးချလျှင်၊ အဆုံးတွင် သင်သည် သင်၏ ကိုယ်ပိုင်စိတ်ဝင်စားမှုများ၊ ဝါသနာများ၏ ရလဒ်အဖြစ် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို ရရှိလျှင် ဤသည်မှာ စိတ်ဝင်စားမှုများ၊ ဝါသနာများကို သဘာဝကျကျ အသုံးပြုခြင်းမဟုတ်သကဲ့သို့ သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို ပုံမှန်အသုံးချခြင်းလည်း မဟုတ်ပေ။ ဤသို့သော လုပ်ဆောင်မှုများကို ရှုတ်ချသင့်သည်။ သူတစ်ပါးတို့က ပိုင်းခြားသိမြင်ပြီး ငြင်းပယ်ခြင်းကို ခံရသင့်သည်။ ပြီးလျှင် ယင်းတို့ကို လူတို့က လက်လွှတ်သင့်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ သင့်တွင် အချို့သော ပါရမီများ၊ ကျွမ်းကျင်မှုများရှိသည်ဆိုသည်ကို သူတစ်ပါးတို့အား ပြသရန်၊ သင်၏ စိတ်ဝင်စားမှုများ၊ အရည်အချင်းများသည် သူတစ်ပါးတို့ထက်သာသည်ဆိုသည်ကို ပြရန်အတွက် သင့်တာဝန်များကို ထမ်းဆောင်ရန် အခွင့်အလမ်းများကို အသုံးပြုသောအခါ၊ သို့မဟုတ် သင့်ကိုယ်သင် ခေါင်းဆောင်၊ ကြီးကြပ်သူ သို့မဟုတ် ထူးချွန်သော ပါရမီရှိသူတစ်ယောက်ဖြစ်ခြင်းတည်းဟူသော မူမမှန်သည့် အကြောင်းပြချက်ပေးသောအခါ ဤသို့ လုပ်ဆောင်သည့်နည်းလမ်းသည် သင့်တင့်လျောက်ပတ်ခြင်းမရှိပေ။ ထိုအရာတွင် လူတို့ကြား ဂုဏ်သိက္ခာကို တည်ဆောက်ပြီး သင်၏ ကိုယ်ပိုင်ရည်မှန်းချက်ကြီးသော ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများအား မူမမှန်သော အကြောင်းပြချက်တစ်ခုအနေဖြင့် အသုံးချရန် လုပ်ဆောင်ခြင်း ပါဝင်သည်။ အတိအကျဆိုရလျှင် ဤလုပ်ငန်းစဉ် သို့မဟုတ် လုပ်ဆောင်မှုလမ်းကြောင်းသည် သင်၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို အကောင်အထည်ဖော်ရန်အတွက် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများနှင့် ယင်းတို့အပေါ် လူတို့၏ လေးစားမှုကို အသုံးချခြင်းနှင့် ညီမျှသည်။ ဤသည်မှာ သင် လက်လွှတ်သင့်သည့်အရာဖြစ်သည်။ လူအချို့က “ဤအရာကို ကြားပြီးနောက်တွင် မည်သို့ လက်လွှတ်ရမည်ကို ကျွန်ုပ် မသိသေးပါ”ဟု ဆိုကြသည်။ လက်တွေ့တွင် လက်လွှတ်ခြင်းသည် လွယ်ကူသလော။ တမူထူးခြားသော စိတ်ဝင်စားမှုများ၊ ဝါသနာများကို သင်ပိုင်ဆိုင်သောအခါ သင်သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်လျှင် ဤစိတ်ဝင်စားမှုများ၊ ဝါသနာများသည် သင်၏ လူ့သဘာဝအတွင်းတွင် ရှိနေပြီး မည်သည့်လမ်းကြောင်းကို သင်လျှောက်လှမ်းသည်ဆိုသည်နှင့် လုံးဝ သက်ဆိုင်မှုမရှိပေ။ သို့ရာတွင် သင်သည် သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို စဉ်ဆက်မပြတ် ထုတ်ဖော်ပြသနေပြီး လူတို့ကြားတွင် ကျော်ကြားမှုကို ရယူနိုင်ရန်၊ သို့မဟုတ် သင် ထင်ပေါ်ကျော်ကြားမှုကို မြှင့်တင်ရန် ကြိုးစားသည်နှင့်၊ သင့်အား လူတို့ပို၍ သိလာစေရန်လုပ်ဆောင်ပြီး အာရုံစိုက်မှုကို ပို၍ ဆွဲဆောင်သည်နှင့်တစ်ပြိုင်နက် ဤဖြစ်စဉ်နှင့် လုပ်ဆောင်မှုလမ်းကြောင်းသည် ရိုးရှင်းသော လုပ်ဆောင်မှုနည်းလမ်းများမဟုတ်ပေ။ ဤလုပ်ဆောင်မှုများ၊ အပြုအမူများအားလုံးကို ပေါင်းစပ်လိုက်သောအခါ ယင်းတို့သည် လူတစ်ယောက်လျှောက်လမ်းသော လမ်းကြောင်းကို ပုံဖော်သည်။ သို့ဆိုလျှင် ဤလမ်းကြောင်းမှာ အဘယ်နည်း။ ဘုရားအိမ်တော်အတွင်းတွင် မိမိ၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို လိုက်စားရန်၊ သူတစ်ပါးတို့က လေးစားခြင်းကို လိုက်စားရန်၊ မိမိ၏ ကိုယ်ပိုင်ရည်မှန်းချက်ကြီးသော ဆန္ဒများပြည့်ဝခြင်းကို ရရှိရန် အားထုတ်မှုတစ်ခုဖြစ်သည်။ ဤလိုက်စားမှုမျိုးကို သင်စတင်လိုက်သည်နှင့် သင်ရှိနေသည့်လမ်းကြောင်းသည် ပြန်လမ်းမရှိသည့် လမ်းကြောင်း၊ ပျက်စီးခြင်းသို့ ဦးတည်သည့်လမ်းကြောင်းဖြစ်လာသည်။ သင်သည် အလျင်အမြန် နောက်ပြန်လှည့်သင့်သည် မဟုတ်လော။ ဤလုပ်ရပ်များကို ပြောင်းပြန်လှန်သင့်သည် မဟုတ်လော။ ဤလုပ်ရပ်များနှင့် ရည်မှန်းချက်ကြီးသော ဆန္ဒများကို လက်လွှတ်သင့်သည် မဟုတ်လော။ လူအချို့က “မည်သို့ လက်လွှတ်ရမည်ကို ကျွန်ုပ် မသိသေးပါ” ဟု ဆိုနိုင်သည်။ ဤသို့ဆိုလျှင် မလုပ်ဆောင်နှင့်။ “မလုပ်ဆောင်နှင့်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်၏ စိတ်ဝင်စားမှုများ၊ ဝါသနာများကို ဖုံးကွယ်ထားပြီး ယင်းတို့ကို ထုတ်ဖော်ပြသခြင်းမပြုရန် အကောင်းဆုံးကြိုးစားသင့်သည်ဟု ဆိုလိုသည်။ လူအချို့က “သို့သော် ကျွန်ုပ်၏ တာဝန်များကို ထမ်းဆောင်ရန်အတွက် ယင်းကို လိုအပ်လျှင် ယင်းတို့ကို ကျွန်ုပ် ပြသင့်သလော” ဟု မေးနိုင်သည်။ သင်ပြသင့်သောအချိန်တွင်၊ ယင်းတို့ကို သင်ပြရမည်ဖြစ်သောအချိန်တွင် ထိုသို့ လုပ်ဆောင်သင့်သည်။ ယင်းမှာ သင့်တော်သောအချိန်ဖြစ်သည်။ သို့ရာတွင် သင်သည် လက်ရှိတွင် သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား လိုက်စားသည့်လမ်းကြောင်းပေါ်တွင်ရှိနေလျှင် ယင်းတို့ကို မထုတ်ဖော်နှင့်။ သင်သည် ယင်းတို့ကို ကြွားဝါရန် ဆန္ဒပြင်းပြသောအခါ ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ ခိုင်မာသော ဆုံးဖြတ်ချက်ကို ချသင့်သည်။ ဤဆန္ဒများကို ချုပ်တည်းသင့်ပြီး၊တစ်ချိန်တည်းတွင် ဘုရားသခင်၏ စိစစ်မှုနှင့် ပဲ့ပြင်ဆုံးမမှုကို လက်ခံသင့်သည်။ သင်၏ စိတ်နှလုံးကို ထိန်းချုပ်ပြီး သင်၏ ရည်မှန်းချက်ကြီးသော ဆန္ဒများကို ယင်းတို့ အစပျိုးရာအရပ်၌ ဘောင်ခတ်ထားသင့်ပြီး ပပျောက်အောင် လုပ်ဆောင်သင့်သည်။ လက်တွေ့ဖြစ်လာရန် လုံးဝ ခွင့်မပြုသင့်ပေ။ ဤသည်မှာ ကောင်းသလော။ (ကောင်းပါသည်။) လုပ်ဆောင်ရန် လွယ်ကူသလော။ မလွယ်ကူပေ၊ ဟုတ်ပါသလော။ မည်သူက ပါရမီအနည်းငယ်ရှိပြီး မကြွားဝါလိုသနည်း။ အထူးကျွမ်းကျင်မှုတစ်ခုခု ရှိသူတို့အကြောင်းကို ပြောပင်မပြောနှင့်။ လူအချို့သည် ချက်ပြုတ်နိုင်ပြီး အစားအစာများကို ပြင်ဆင်နိုင်သည်။ ၎င်းတို့သွားသည့်နေရာမှန်သမျှတွင် ကြွားဝါလိုသည်။ မိမိတို့ကိုယ်ကို “တို့ဟူးမိန်းမလှ”၊ သို့မဟုတ် “ခေါက်ဆွဲဘုရင်မ” ဟူ၍ပင် ခေါ်ကြသည်။ ဤအသေးစားကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသထိုက်သလော။ ၎င်းတို့သည် ထူးကဲသော ဆုကျေးဇူးများကို ပိုင်ဆိုင်မည်ဆိုလျှင် ၎င်းတို့၏ မာနထောင်လွှားမှုသည် မည်မျှ လွန်ကဲလာမည်နည်း။ ၎င်းတို့သည် ပြန်လမ်းမရှိသည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ မှားယွင်းသောလမ်းကို၊ သို့မဟုတ် ပြန်လမ်းမရှိသောလမ်းကို လူတို့ လျှောက်လှမ်းခြင်းအပြင် ၎င်းတို့၏ စိတ်ဝင်စားမှုများနှင့် ဝါသနာများကြောင့် ၎င်းတို့အများစုသည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်စဉ်တွင် ၎င်းတို့၏ ဝါသနာများ၊ စိတ်ဝင်စားမှုများကြောင့် နိုးကြားတက်ကြွသော အတွေးများ မကြာခဏရှိကြသည်။ ဘုရားသခင်အား ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် ၎င်းတို့၏ စိတ်တွင် ၎င်းတို့ ချမှတ်ခဲ့သော စံသတ်မှတ်ချက်များ၊ ဆန္ဒများကို စဉ်ဆက်မပြတ် အပြန်အလှန်စဉ်းစားကြသည်၊ သို့မဟုတ် ၎င်းတို့၏ အကောင်အထည်မဖော်ရသေးသော စံသတ်မှတ်ချက်များ၊ ဆန္ဒများနှင့်သက်ဆိုင်၍ ကို မိမိတို့ကိုယ်ကို အဆက်မပြတ် သတိပေးကောင်းပေးနိုင်ပြီး ၎င်းတို့တွင် လုံးဝ အကောင်အထည်မဖော်ရသေးသော ဤစံသတ်မှတ်ချက်များ၊ ဆန္ဒများရှိနေဆဲဖြစ်သည်ဟု ၎င်းတို့၏ စိတ်နှလုံးထဲတွင် စဉ်ဆက်မပြတ်ပြောဆိုကြသည်။ ၎င်းတို့သည် ဤအရာများအတွက် တိကျသော အဖိုးအခတစ်ခုခုကို လုံးဝ မပေးဆပ်ခဲ့သော်လည်း၊ သို့မဟုတ် တိကျသော လက်တွေ့လုပ်ဆောင်မှုတစ်ခုခုကို မခံယူခဲ့သော်လည်း ဤစံသတ်မှတ်ချက်များ၊ ဆန္ဒများသည် ၎င်းတို့စိတ်နှလုံးတွင် အလွန်ပင် အမြစ်တွယ်နေပြီး ၎င်းတို့သည် ထိုအရာများကို လုံးဝ လက်မလွှတ်ပေ။

အစောပိုင်းတွင် စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို လိုက်စားခြင်းနှင့် ဤကမ္ဘာလောက၏ လမ်းကြောင်းနောက်ကို လိုက်ခြင်းသည်လည်း ပြန်လမ်းမရှိသည့် လမ်းကြောင်း၊ ပျက်စီးခြင်းသို့ ဦးတည်သည့်လမ်းဖြစ်ကြောင်းကို ငါတို့ မိတ်သဟာယဖွဲ့ပြီး စိတ်ဖြာလေ့လာဆွေးနွေးခဲ့ကြသည်။ ဤအရာနှင့် သမ္မာတရားအား လိုက်စားခြင်းသည် ပြိုင်မျဉ်းနှစ်ကြောင်းကဲ့သို့ဖြစ်သည်။ ဤမျဉ်းကြောင်းများ ဆုံသည့် အမှတ်တစ်ခု မည်သည့်အခါမျှ ရှိလိမ့်မည်မဟုတ်ပေ။ ယင်းတို့သည်လည်း တစ်ခုနှင့်တစ်ခု မည်သည့်အခါမျှ ဆုံမည်မဟုတ်သည်မှာလည်း အမှန်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လိုက်စားကာ ကယ်တင်ခြင်းရရှိလိုလျှင် သင်၏ စိတ်နှလုံး၌ ယခင်က ကိုင်စွဲထားသော စံသတ်မှတ်ချက်နှင့် ဆန္ဒတိုင်းကို လုံးဝ လက်လွှတ်ရမည်။ ယင်းတို့ကို ထိန်းသိမ်းမထားနှင့်၊ သို့မဟုတ် မမြတ်နိုးနှင့်။ ယင်းတို့ကို စွန့်ပစ်သင့်သည်။ သင်၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို လိုက်စားခြင်းနှင့် သမ္မာတရားအား လိုက်စားခြင်းတို့သည် ဆီနှင့်ရေ၏ လမ်းကြောင်းများကဲ့သို့ဖြစ်သည်။ သင့်တွင် စံသတ်မှတ်ချက်များနှင့် ဆန္ဒများရှိပြီး ယင်းတို့ကို အကောင်အထည်ဖော်လိုလျှင် သမ္မာတရားကို သင် လိုက်စားနိုင်မည်မဟုတ်ပေ။ သင်သည် သမ္မာတရားအား နားလည်ခြင်းနှင့် များစွာသော အတွေ့အကြုံနှစ်ကာလများမှတစ်ဆင့် တည်ကြည်ခိုင်မာသောပုံစံဖြင့် သမ္မာတရားအား လိုက်စားခြင်းအပေါ် သင်၏ စိတ်ကို ချမှတ်လိုလျှင် သင်၏ ယခင်က စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို စွန့်ပစ်ပြီး ယင်းတို့ကို သင်၏ အသိစိတ်အတွင်းမှ၊ သို့မဟုတ် သင်၏ စိတ်ဝိညာဉ်အတွင်းမှ အပြည့်အဝ ဖယ်ရှားသင့်သည်။ သင်သည် သမ္မာတရားကို လိုက်စားလိုလျှင် သင်၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများသည် မည်သည့်အခါမျှ အကောင်အထည်ပေါ်ခြင်းသို့ ရောက်လာလိမ့်မည် မဟုတ်။ ထိုအစား ယင်းတို့သည် သမ္မာတရားအား သင်၏လိုက်စားခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတွင်းသို့ သင်၏ဝင်ရောက်မှုကို နှောင့်ယှက်မည်ဖြစ်ပြီး သင့်အား စိတ်ဓာတ်ကျစေလိမ့်မည်ဖြစ်ကာ သမ္မာတရားအား လိုက်စားရန် သင်၏ လမ်းကြောင်းကို ခက်ခဲကြမ်းတမ်းစေရန် လုပ်ဆောင်လိမ့်မည်။ သင်၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား အကောင်အထည်မဖော်နိုင်သည်ကို သင်သိသည့်အတွက်၊ ယင်းတို့အား ပြတ်သားစွာ အဆက်ဖြတ်ပြီး၊ လုံးဝ လက်လွှတ်လိုက်သည်က ပိုကောင်းသည်။ ယင်းတို့အကြောင်းကို တစ်ဖန်ပြန်၍ မတွေးနှင့်။ ယင်းတို့နှင့်ပတ်သက်သည့် မည်သည့်အမြင်မှားမှုကိုမဆို ကိုင်စွဲမထားနှင့်။ သင်က “ကျွန်ုပ်သည် သမ္မာတရားအား လိုက်စားခြင်းနှင့် ကယ်တင်ခြင်းအား ရယူခြင်းလမ်းကြောင်းကို အလွန်စိတ်ဝင်စားမှုမရှိဆဲဖြစ်သည်၊ ကျွန်ုပ်သည် သမ္မာတရားအား လိုက်စားနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လိုက်စားသူဟုတ်မဟုတ်ဆိုသည်ကို ကျွန်ုပ်မသိသေးပါ။ ဤကယ်တင်ခြင်းအား ရယူခြင်းလမ်းကြောင်းကို ကျွန်ုပ် မရှင်းလင်းသေးပါ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ ကျွန်ုပ်တွင် လောကီစံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လိုက်စားခြင်းအပေါ် အလွန်ခိုင်မာသော လမ်းကြောင်းတစ်ခုရှိပြီး အလွန်ခိုင်မာသော အစီအစဉ်နှင့် နည်းဗျူဟာရှိသည်” ဟုဆိုလျှင်၊ ဤသို့ဖြစ်လျှင် သင်သည် သင်၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို သွားအကောင်အထည်ဖော်ရန်အတွက် သမ္မာတရားအား လိုက်စားခြင်းနှင့် သင့်တာဝန်များအား ထမ်းဆောင်ခြင်းလမ်းကြောင်းကို လက်လွှတ်နိုင်သည်။ သင်သည် သင်၏ကိုယ်ပိုင်စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လိုက်စားရမည်လော၊ သမ္မာတရားအား လိုက်စားရမည်လောဆိုသည်ကို မသေချာလျှင် အချိန်ကာလတစ်ခုအထိ စိတ်တည်ငြိမ်စွာထားရှိရန် သင့်အား ငါ အကြံပေး၏။ ဘုရားအိမ်တော်တွင် နောက်ထပ် တစ်နှစ်၊ နှစ်နှစ် နေကြည့်လော့။ ဘုရားနှုတ်ကပတ်တော်များကို သင်စားသောက်လေလေ၊ ပတ်ဝန်းကျင်များကို သင်တွေ့ကြုံလေလေ၊ အမှုအရာများအား သင်ရှုမြင်ပုံအတွက်သင်၏ ရှုထောင့်နှင့် နည်းလမ်းက ရင့်ကျက်လေလေဖြစ်ပြီး သင်၏ စိတ်နေစိတ်ထားနှင့် အခြေအနေသည် တိုးတက်လိမ့်မည်။ ယင်းက သင့်အတွက် အလွန်ကြီးမားသော ကောင်းချီးဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ နှစ်အနည်းငယ်ကြာပြီးနောက်တွင် သင်သည် ကမ္ဘာလောကနှင့် လူသားမျိုးနွယ်အပေါ် နှံ့စပ်မှုရှိသော အသိအမြင်ကို ရရှိလျက် သမ္မာတရားအချို့ကို နားလည်ကောင်း နားလည်လာနိုင်သည်။ ဤသို့ဆိုလျှင် သင်သည် သင်၏ စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို လုံးဝ လက်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး သင်၏ ကျန်သည့်ဘဝတစ်လျှောက်လုံးတွင် ဘုရားသခင်နောက်သို့ လိုလိုလားလား လိုက်လျှောက်ကာ သူ၏ စီစဉ်ညွှန်ကြားမှုကို လက်ခံနိုင်လိမ့်မည်။ ဘုရားအိမ်တော်တွင် သင် ရင်ဆိုင်ရနိုင်သော ဆင်းရဲဒုက္ခများက မည်မျှကြီးမားပါစေ သင့်တာဝန်များကို ထမ်းဆောင်ခြင်း၊ သင်၏ စေခိုင်းချက်တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ခြင်းအား ဆက်လက်၍ လုပ်ဆောင်နိုင်လိမ့်မည်။ အရေးကြီးဆုံးမှာ သင်သည် သင်၏ ယခင်က စံသတ်မှတ်ချက်များနှင့် ဆန္ဒများကို စွန့်ပစ်ရန် ခိုင်မာစွာ စိတ်ပိုင်းဖြတ်ပြီး ဆုံးဖြတ်ပြီးလိမ့်မည်ဖြစ်ကာ ဤသို့ဖြင့် ယိမ်းယိုင်ခြင်းမရှိဘဲ တည်ကြည်ခိုင်မာသောပုံစံဖြင့် သမ္မာတရားအား သင် လိုက်စားခွင့်ရှိလိမ့်မည်။ သို့ရာတွင် သင်သည် ယခုတွင် မသေချာနိုင်ဘဲ တစ်နှစ်၊ နှစ်နှစ်အတွင်းတွင် သမ္မာတရားအား သင် လိုက်စားနိုင်ခြင်းရှိမရှိကို ပြန်လည် အကဲဖြတ်လိုလျှင် ဘုရားအိမ်တော်က သင့်အား အတင်းအဓမ္မလုပ်ဆောင်မည်မဟုတ်၊ သို့မဟုတ် “သင်သည် အာရုံထွေပြားနေပြီး မတည်ငြိမ်” ဟု ပြောဆိုမည်မဟုတ်ပေ။ တစ်နှစ်၊ နှစ်နှစ်ကြာပြီးနောက်တွင် ဘုရားနှုတ်ကပတ်တော်များကို သင်ပို၍ ဖတ်ရှုသောအခါ၊ တရားဒေသနာများကို ပို၍ နားထောင်သောအခါ၊ သမ္မာတရားအနည်းငယ်ကို နားလည်သောအခါ၊ သင်၏ လူ့သဘာဝက ရင့်ကျက်လာသောအခါတွင် အမှုအရာများကို သင်ရှုမြင်ပုံအပေါ် သင်၏ အမြင်ရှုထောင့်၊ ဘဝအပေါ် သင်၏ ရှုမြင်သုံးသပ်ချက်နှင့် သင်၏ အတွေးအခေါ်တို့ ပြောင်းလဲလိမ့်မည်။ ထိုအချိန်တွင် သင်၏ ရွေးချယ်မှုများသည် ယခုအချိန်ထက် အတော်အတန်ပို၍ တိကျလိမ့်မည်။ သို့မဟုတ် မယုံကြည်သူများ၏ စကားရပ်ကို အသုံးပြုရလျှင် ထိုအချိန်တွင် သင်ကိုယ်တိုင် လိုအပ်သည့်အရာ၊ မည်သည့်လမ်းကြောင်းကို သင် လျှောက်ရမည်၊ သင်သည် မည်သည့်လူစားမျိုး ဖြစ်ရမည်ဆိုသည်တို့ကို သိလိမ့်မည်။ ဤသည်မှာ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်။ သင်သည် ဘုရားသခင်အား ယုံကြည်ခြင်းကို အမှန်တကယ် စိတ်ဝင်စားမှုမရှိဘဲ သင်၏ မိဘများက၊ သို့မဟုတ် လုပ်ဖော်ကိုင်ဘက်များက သင့်အား ဧဝံဂေလိကို တင်ပြခဲ့သောကြောင့်သာ ယုံကြည်ခဲ့ပြီး သိက္ခာဆယ်ရန်အတွက်၊ သို့မဟုတ် ယဉ်ကျေးသမှုဖြင့် လက်ခံခဲ့သည်ဆိုပါစို့။ သင်သည် အင်တင်တင်ဖြင့် စုဝေးပွဲများတက်ပြီး ဘုရားအိမ်တော်၌ သင့်တာဝန်များကို ထမ်းဆောင်သည်။ တစ်ချိန်တည်းတွင် အသင်းတော်ရှိ ညီအစ်ကိုမောင်နှမများက မဆိုးဟုလည်းကောင်း၊ အနည်းဆုံးအနေဖြင့် လူတို့ကို အနိုင်မကျင့်ဟုလည်းကောင်း၊ ဘုရားအိမ်တော်သည် ကျိုးကြောင်းသင့်မြတ်သော နေရာဖြစ်သည်ဟုလည်းကောင်း၊ သမ္မာတရားက ဩဇာရှိသောနေရာ ဖြစ်သည်ဟုလည်းကောင်း၊ လူတို့သည် ဖိနှိပ်ခြင်း၊ သို့မဟုတ် သူတစ်ပါးတို့က အနိုင်ကျင့်ခြင်းကို မခံရသည့်နေရာဖြစ်သည်ဟုလည်းကောင်း သင် ထင်မြင်ကာ ဘုရားအိမ်တော်သည် မယုံကြည်သူများ၏ လောကထက်ပို၍ ကောင်းသည်ဟု သင်ခံစားရသည်။ သို့သော်လည်း သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လုံးဝ လက်မလွှတ် သို့မဟုတ် မပြောင်းလဲခဲ့ပေ။ ဤအရာနှင့် ပြောင်းပြန်ပင်ဖြစ်သည်။ ဤယခင်က ကိုင်စွဲခဲ့သော စံသတ်မှတ်ချက်များ၊ ဆန္ဒများသည် သင်၏ နှလုံးသား၊ စိတ်နှင့် ဝိညာဉ်အတွင်းထဲတွင် ပို၍အားကောင်းလာပြီး၊ သိသာရှင်းလင်းလာသည်။ ယင်းတို့သည် ပို၍ သိသာလာသောအခါ ဘုရားသခင်အား ယုံကြည်ခြင်းနှင့် ပတ်သက်လျှင် မိတ်သဟာယဖွဲ့သည့် သမ္မာတရားအပြင် နေ့စဉ်နှုတ်ကပတ်တော်များ၊ လုပ်ဆောင်မှုများ၊ ဘဝနေနည်းများ စသည်တို့သည် တိုး၍ ပျင်းရိဖွယ်ဖြစ်ပြီး ခြောက်သွေ့လာသည်ဟု သင်မြင်သည်။ သင်သည် ကသိကအောက်ခံစားရပြီး သမ္မာတရားအား လိုက်စားခြင်းသည် မဖြစ်နိုင်ပေ။ သမ္မာတရားအား လိုက်စားခြင်းကို သင်လုံးဝ စိတ်ဝင်စားမှုမရှိသကဲ့သို့ ဘဝတွင် မှန်ကန်သောလမ်းကြောင်းအား လျှောက်ခြင်း၊ မည်သို့ သင့်လျော်စွာ မည်သို့ ပြုမူနေထိုင်ရမည်၊ သို့မဟုတ် အပြုသဘောဆောင်သောအရာများတွင် မည်သည့်အရာများ ပါဝင်သည်ဆိုသည်တို့နှင့်ပတ်သက်ပြီး သင်၏ စိတ်တွင် အထင်မကြီးပေ။ သင်သည် ဤသို့သောသူတစ်ဦးဖြစ်လျှင် ငါ သင့်ကို ပြောမည်။ အလျင်အမြန်သွားပြီး သင်၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များ၊ ဆန္ဒများကို အားထုတ်လိုက်စားလော့။ ဤကမ္ဘာလောကတွင် သင့်အတွက် နေရာတစ်နေရာ၊ မကောင်းမှု၏ ရှုပ်ထွေးပြီး ဖရိုဖရဲဖြစ်သော ရေစီးကြောင်းများအလယ်ရှိ နေရာတစ်နေရာရှိသည်။ သင်သည် သင်မျှော်လင့်ထားသကဲ့သို့ပင် သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို အကောင်အထည်ဖော်ကာ သင်ဆန္ဒရှိသည့်အရာများကို လက်ခံရရှိလိမ့်မည်မှာ သေချာပေသည်။ ဘုရားအိမ်တော်သည် သင်နေထိုင်ရန်အတွက် မသင့်တော်ပေ။ သင့်အတွက် အကောင်းဆုံးနေရာမဟုတ်သကဲ့သို့ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းသည် သင်လျှောက်လိုသော လမ်းကြောင်းမဟုတ်သည်မှာ သေချာသည်။ အထူးသဖြင့် သင် လိုအပ်သောအရာမဟုတ်ပေ။ သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများက ပုံပေါ်နေစဉ်တွင် သင်သည် ကမ္ဘာလောကထဲသို့ သွားရောက်ကြိုးပမ်းရန်အတွက် ငယ်ရွယ်နေဆဲဖြစ်ပြီး အားအင်၊ သို့မဟုတ် အရင်းအမြစ်များရှိဆဲဖြစ်စဉ်တွင် ယခု အခွင့်အရေးကို အသုံးချလော့။ ဘုရားအိမ်တော်မှ အလျင်အမြန် ထွက်ခွာလော့။ သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား သွား၍ အကောင်အထည်ဖော်လော့။ ဘုရားအိမ်တော်က သင့်အား ဆွဲထားမည်မဟုတ်ပေ။ သင်သည် ကောင်းချီးများရရှိရန် မျှော်လင့်ချက် ဆုံးရှုံးပြီး သင်၏ အတွေ့အကြုံများအား သက်သေခံခြင်းနှင့်ပတ်သက်ပြီး ပြောစရာမရှိတော့သည့်နေ့ရက်အထိ သင့်တာဝန်များကို ကောင်းစွာထမ်းဆောင်ခြင်းအား မပြီးမြောက်သေးဘဲ နောက်ဆုံးတွင်အသက် ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ်၊ သို့မဟုတ် ရှစ်ဆယ်အရွယ်မှ နိုးထလာပြီး သမ္မာတရားကို လိုက်စားလိုစိတ်ဖြစ်သည့်နေ့ရက်အထိ မစောင့်နှင့်။ ထိုအချိန်တွင် အလွန်နောက်ကျသွားလိမ့်မည်။ သင်သည် ဘုရားအိမ်တော်၌ မနေလိုလျှင် သင့်ကိုယ်သင် ပျက်စီးသွားစေလိမ့်မည်။ သင်ကဲ့သို့သောလူတို့အနေဖြင့် မိမိ၏ စိတ်ဆန္ဒကို ဆန့်ကျင်ပြီး သင်၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လက်လွှတ်ရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား လက်လွှတ်ခြင်းနှင့်ပတ်သက်ပြီး ငါဆွေးနွေးသည့် အဆိုတွင် သင်သည် သမ္မာတရားကို လိုက်စားသူတစ်ယောက်ဖြစ်သည်၊ သို့မဟုတ် ယခုအချိန်တွင် သင်သည် သမ္မာတရားကို စတင်မလိုက်စားသေးသော်လည်း သမ္မာတရားအား လိုက်စားသူတစ်ဦးဖြစ်ရန် သင်၏ စိတ်နှလုံးကို ပြင်ဆင်ပြီးဖြစ်ကာ သင်သည် ကယ်တင်ခြင်းကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ သင် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားအိမ်တော်မှ ထွက်ခွာမည်မဟုတ်ဟူ၍ ဖြစ်သည်။ ငါသည် ဤသို့သောသူများကို ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်သည်။ မသက်ဆိုင်ကြောင်းရှင်းလင်းချက်တစ်ခုကို ငါ ထည့်သင့်သည်မှာ အမှန်ဖြစ်၏။ “လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား လက်လွှတ်ခြင်း” အကြောင်းအရာကို ယနေ့ ငါ မိတ်သဟာယဖွဲ့သောအခါတွင် လူတို့သည် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရယူလိုစိတ်ရှိသည်ဟူသော အဆိုဖြင့်ဖြစ်သည်။ အထူးသဖြင့် သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရယူလိုစိတ်ရှိသူတို့ကို ရည်ရွယ်ပေသည်။ ထိုသူတို့မှ လွဲ၍ သမ္မာတရားအား လိုက်စားခြင်း၊ ကယ်တင်ခြင်းကို ရယူခြင်းနှင့်သက်ဆိုင်သော လမ်းကြောင်း၊ ဦးတည်ချက်၊ လိုလားမှု၊ သို့မဟုတ် စိတ်ဆုံးဖြတ်ချက်တို့ကို အရေးမစိုက်သည့်သူများအနေဖြင့် ယနေ့အကြောင်းအရာကို နားထောင်ရန် မလိုအပ်ပေ။ ဤသည်မှာ ငါ ဖြည့်စွက်ပြီးဖြစ်သည့် မသက်ဆိုင်ကြောင်း ရှင်းလင်းချက်ဖြစ်သည်။ ထိုအရာသည် လိုအပ်သောအရာဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ငါတို့သည် လူတို့အား လွတ်လပ်ခွင့်ပေးသည်။ မည်သူ့ကိုမျှ အတင်းအကျပ်မပြုပေ။ မည်သည့်သမ္မာတရား စည်းမျဉ်းမဆို၊ မည်သည့် သွန်သင်မှု၊ ပံ့ပိုးမှု၊ ထောက်ပံ့မှု၊ ကူညီမှုမဆိုကို ဆင်ခြင်တုံတရားနှင့် လူတို့က လိုလားမှုရှိသည်ဟူသည့် အခြေအနေအပေါ် အခြေခံပြီး ပေးထားခြင်းဖြစ်သည်။ သင်သည် နားထောင်လိုစိတ်မရှိလျှင် သင်၏ နားကို ဖုံးထားနိုင်ပြီး နားမထောင်၊ လက်မခံဘဲ နေနိုင်သည်၊ သို့မဟုတ် ထွက်ခွာခြင်းကိုလည်း လုပ်ဆောင်နိုင်သည်။ နှစ်မျိုးလုံးက လက်ခံနိုင်ဖွယ်ဖြစ်သည်။ ဘုရားအိမ်တော်တွင် သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းကို မည်သူ့ကိုမျှ လက်ခံရန် အတင်းအကျပ်မပြုပေ။ ဘုရားသခင်သည် လူတို့အား လွတ်လပ်ခွင့်ပေးပြီး မည်သူ့ကိုမျှ အတင်းအကျပ်မပြုပေ။ ပြောလော့။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဟုတ်သလော။ (ဟုတ်သည်။) ၎င်းတို့ကို အတင်းအကျပ်ပြုရန် လိုအပ်သလော။ (မလိုအပ်ပါ။) အတင်းအကျပ်ပြုလုပ်ရန် မလိုအပ်ပေ။ သမ္မာတရားက အသက်၊ ထာဝရအသက်ကို ဆောင်ကြဉ်းသည်။ သင်သည် ဤအရာကို လက်ခံလိုစိတ်ရှိကာ လက်ခံပြီး နာခံလျှင် သင်သည် ဤအရာကို လက်ခံရရှိလိမ့်မည်။ သင်က လက်မခံဘဲ ငြင်းပယ်ပြီး ခုခံလျှင် သင် ရရှိလိမ့်မည်မဟုတ်။ သင်က ရယူနိုင်သည်ဖြစ်စေ၊ မရယူနိုင်သည်ဖြစ်စေ အကျိုးဆက်များကို သင်လက်ခံရမည်။ ဤသည်မှာ မမှန်ပါသလော။ (မှန်ပါသည်။)

သမ္မာတရားကို လိုက်စားစဉ်တွင် အချို့သောအရာများကို လက်လွှတ်ရန် လိုအပ်မှုကို ငါတို့ မိတ်သဟာယဖွဲ့ရသည့် အကြောင်းရင်းမှာ သမ္မာတရားအား လိုက်စားခြင်းနှင့် ကယ်တင်ခြင်းကို ရယူခြင်းသည် မာရသွန်ပြေးပွဲ၌ လူတို့ ပါဝင်ယှဉ်ပြိုင်သောအချိန်အခါနှင့် ဆင်တူသောကြောင့်ဖြစ်သည်။ မာရသွန်ပြေးပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သော ပြိုင်ပွဲဝင်များသည် ထူးကဲသော ကိုယ်ကာယ ခွန်အား၊ သို့မဟုတ် ထူးချွန်သော ကျွမ်းကျင်မှုများကို မလိုအပ်သော်လည်း ခံနိုင်ရည်နှင့် ဇွဲလုံ့လအချို့ကို ပိုင်ဆိုင်ဖို့ လိုအပ်သည်။ ပြီးလျှင် ယုံကြည်ခြင်းအပြင် ဇွဲလုံ့လရှိရန် စိတ်ခိုင်မာမှုလည်း လိုအပ်သည်။ မာရသွန်ပြေးပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ဖြစ်စဉ်တွင် ဤဝိညာဉ်ရေးရာ လိုအပ်ချက်များအပြင် လူတို့သည် ၎င်းတို့၏ ခရီးပန်းတိုင်သို့ ပို၍ လွယ်ကူစွာ၊ ပို၍ လွတ်လပ်စွာ၊ သို့မဟုတ် ၎င်းတို့၏ ဆန္ဒများနှင့် ပို၍ညီသည့်ပုံစံဖြင့် ရောက်ရှိရန်အတွက် အချို့သော ဝန်ထုပ်ဝန်ပိုးများကို တဖြည်းဖြည်းချင်း လက်လွှတ်ဖို့လိုအပ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ အားကစားတစ်ခုအနေဖြင့် မာရသွန်ပြေးပွဲသည် မိမိတို့၏ ပန်းတိုင်သို့ ရောက်ရှိသည့် ပြိုင်ပွဲဝင်များ၏ အဆင့်ကို ဂရုမစိုက်ပေ။ ထိုထက် ပြိုင်ပွဲတစ်လျှောက်တွင် လူတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်၊ ဇွဲလုံ့လ၊ ခံနိုင်ရည်နှင့် ဤဖြစ်စဉ်တွင် ၎င်းတို့ ကြုံရသည့်အရာရာတိုင်းကို ဂရုစိုက်သည်။ ထိုသို့ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ပတ်သက်လျှင် သမ္မာတရားအား လိုက်စားခြင်း၊ အဆုံး၌ ကယ်တင်ခြင်းကို ရယူခြင်းသည် မာရသွန်ပြေးပွဲနှင့် ဆင်တူသည်။ အလွန်ရှည်ကြာသော ဖြစ်စဉ်တစ်ခု လိုအပ်ပြီး၊ ဤဖြစ်စဉ်တွင် သမ္မာတရားအား လိုက်စားခြင်းနှင့် မသက်ဆိုင်သည့် အရာများစွာကို လက်လွှတ်ခြင်းလည်း လိုအပ်သည်။ ဤအရာများသည် သမ္မာတရားနှင့် မသက်ဆိုင်ရုံသာမကဘဲ ပို၍ အရေးကြီးသည်မှာ ယင်းတို့သည် သမ္မာတရားအား သင်၏လိုက်စားခြင်းကို နှောင့်ယှက်နိုင်ပေသည်။ ထို့ကြောင့် ဤအရာများကို လက်လွှတ်ခြင်းနှင့် ဖြေရှင်းခြင်းဖြစ်စဉ်တွင် နာကျင်မှုအချို့ကို မလွှဲမရှောင်သာ တွေ့ကြုံရနိုင်ပြီး အချို့သောအရာများကို စွန့်ပစ်ကာ မှန်ကန်သော ရွေးချယ်မှုများကို ပြုလုပ်ဖို့ လိုအပ်နိုင်သည်။ သမ္မာတရားကို လိုက်စားခြင်းက လူတို့အား များစွာသောအရာများကို လက်လွှတ်ဖို့ တောင်းဆိုရသည့်အကြောင်းမှာ ဤအရာများသည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းနှင့် ကွဲလွဲပြီး လူတို့အား ဘုရားသခင်လမ်းပြသည့် မှန်ကန်သော ဘဝပန်းတိုင်များနှင့် ဦးတည်ချက်တို့ကို ဆန့်ကျင်သောကြောင့်ဖြစ်သည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားရန်အတွက်နှင့်၊ သို့မဟုတ် ကြွယ်ဝပေါများသော ပိုင်ဆိုင်မှုပစ္စည်းနှင့် ငွေကြးကဲ့သို့သော ရလဒ်များကို ရရှိရန်အတွက် သမ္မာတရားကို ဆန့်ကျင်ပြီး လူတစ်ယောက်အား သမ္မာတရားလိုက်စားခြင်း၊ ဘဝတွင် မှန်ကန်သောလမ်းကြောင်းကို လျှောက်ခြင်းတို့မှ တားဆီးသည့် မည်သည့်အရာမဆိုသည် အပျက်သဘောဆောင်သောအရာဖြစ်သည်။ မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို လိုက်စားသည့် ဤလမ်းကြောင်းသည် လူတို့၏ အရည်အချင်းအအပြင်၊ ၎င်းတို့၏ အသိပညာ၊ ၎င်းတို့၏ မှားယွင်းသော အတွေးများနှင့် ရှုထောင့်များ၊ ၎င်းတို့၏ အမျိုးမျိုးသော လောကီအတွေးအခေါ်များ၊ နည်းလမ်းများ၊ လှည့်ကွက်များ၊ အကြံအစည်များအပေါ်တွင်လည်း အမှီပြုသည်။ မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များ၊ ဆန္ဒများအား အကောင်အထည်ဖော်ခြင်းကို အားထုတ်လိုက်စားလေလေ၊ သမ္မာတရားမှ၊ ဘုရားနှုတ်ကပတ်တော်မှ၊ ဘုရားသခင်က မိမိအတွက် ညွှန်ပြသော မှန်ကန်သောလမ်းကြောင်းမှ အဝေးသို့ လွင့်မျောလေလေဖြစ်သည်။ မိမိ၏ စိတ်နှလုံးတွင်ရှိသော စံသတ်မှတ်ချက်များ၊ ဆန္ဒများဆိုသောအရာများသည် အမှန်တွင် အနှစ်မဲ့အရာများဖြစ်သည်။ ယင်းတို့သည် သင့်အား မည်သို့ကျင့်ကြံပြုမူရမည်၊ ဘုရားသခင်အား မည်သို့ ကိုးကွယ်ပြီး သိနားလည်ရမည်၊ သို့မဟုတ် ဘုရားသခင်၊ ဘုရားသခင်၏ အလိုတော်နှင့် အချုပ်အခြာအာဏာအား မည်သို့ နာခံရမည်ဆိုသည်နှင့် အခြားဤသို့သော အပြုသဘောဆောင်သည့်အရာများကို သင်ကြားမပေးနိုင်ပေ။ သင်သည် သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို အားထုတ်လိုက်စားသောအခါ သမ္မာတရားနှင့် ကိုက်ညီသည့် ဤအပြုသဘောဆောင်သော၊ တန်ဖိုးရှိသောအရာများကဲ့သို့သော အရာများကို လုံးဝ ရရှိမည်မဟုတ်ပေ။ လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများအပေါ် တိမ်းညွှတ်သည့် မည်သည့်ဘဝလမ်းကြောင်းမဆိုသည် တူညီသော အဆုံးစွန်ပန်းတိုင်၊ အနှစ်သာရနှင့် သဘောသဘာဝရှိသည်။ ယင်းတို့အားလုံးသည် သမ္မာတရားကို ဆန့်ကျင်ကြသည်။ သို့ရာတွင် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းသည် ဤသို့မဟုတ်ပေ။ ယင်းသည် သင်၏ဘဝလမ်းကြောင်းကို မှန်ကန်စွာ ဦးဆောင်လမ်းပြလိမ့်မည်။ ဤသည်မှာ အတော်အတန် အကျယ်တဝင့် ပြောဆိုပုံ ဖြစ်သည်။ ပို၍ တိကျစွာပြောရလျှင်၊ ယင်းသည် အမျိုးမျိုးသောလူများ၊ ဖြစ်ရပ်များ၊ အမှုအရာများအား သင် ဆက်ဆံသည့်ပုံစံအတွက် သင်၏ မမှန်ကန်သကဲ့သို့ မှားယွင်းသောအတွေးအမြင်များကို ဖော်ထုတ်ပြလိမ့်မည်။ တစ်ချိန်တည်းတွင် ယင်းသည် သင့်အား မှန်ကန်ပြီး တိကျသောအတွေးအမြင်များကို အသိပေးလိမ့်မည်။ လမ်းညွှန်လိမ့်မည်။ ပံ့ပိုးပြီး သွန်သင်လိမ့်မည်ဖြစ်သည်။ လူများ၊ အမှုအရာများကို သင်ရှုမြင်သည်နှင့်အမျှ၊ ကျင့်ကြံပြုမူကာ လုပ်ဆောင်သည်နှင့်အမျှ၊ ထိုအရာက မည်သည့်အတွေးများနှင့် ရှုထောင့် အမျိုးအစားများ ရှိရမည်ဆိုသည်ကိုလည်း သင့်အား ပြောပြလိမ့်မည်မှာ အမှန်ပင်ဖြစ်သည်။ ဤသမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းသည် သင့်အား မည်သို့ ကျင့်ကြံပြုမူရမည်၊ ပုံမှန်လူ့သဘာဝ၏ ဘောင်အတွင်းတွင် မည်သို့ နေထိုင်ပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ မည်သို့ ကျင့်ကြံပြုမူရမည်ဆိုသည်တို့ကို ပြောပြသည်။ အနည်းဆုံးအနေဖြင့် သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းအောက်သို့ ကျဆင်းမသွားသင့်ပေ။ သင်သည် လူသားကဲ့သို့ အသက်ရှင်သင့်ပြီး လူသားအနေဖြင့် အသက်ရှင်သင့်သည်။ ဤအရာအပြင် ဤလမ်းကြောင်းသည် သင့်အား အမှုကိစ္စတိုင်းကို သင်ရှုမြင်ပြီး အရာရာကို လုပ်ဆောင်သည်နှင့်အမျှ ရှိသင့်သည့် အတွေးများ၊ ရှုထောင့်များ၊ ရှုထောင့်အမြင်များနှင့် ရပ်တည်ချက်များကို ပို၍ အသေးစိတ် အသိပေးသည်။ ဤမှန်ကန်သော အတွေးများ၊ ရှုထောင့်များ၊ ရှုထောင့်အမြင်များနှင့် ရပ်တည်ချက်များသည် တစ်ချိန်တည်းတွင် မိမိထိန်းသိမ်းသင့်သည့် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်းတို့၏ မှန်ကန်သော စံသတ်မှတ်ချက်နှင့် စည်းမျဉ်းများဖြစ်သည်။ လူတစ်ယောက်သည် သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း လုံးလုံးလျားလျား လူများ၊ အမှုအရာများကို ရှုမြင်ခြင်း၊ ကျင့်ကြံပြုမူကာ လုပ်ဆောင်ခြင်းနှင့်ဆိုင်သော လက်တွေ့အရှိတရားကို ရရှိသောအခါ၊ သို့မဟုတ် ဝင်ရောက်သောအခါ ထိုသူသည် ကယ်တင်ခြင်းခံလာရပြီး ဖြစ်သည်။ လူတစ်ယောက်သည် ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို ရရှိသည်နှင့် အမှုအရာများအပေါ် သူ၏ ရှုထောင့်အမြင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် လုံးဝ ကိုက်ညီကာ ဘုရားသခင်နှင့်အညီဖြစ်လျက် လုံးဝ ပြောင်းလဲသွားလိမ့်မည်။ ဤအဆင့်သို့ ရောက်ရှိသောအခါ လူတစ်ယောက်သည် ဘုရားသခင်အား ပုန်ကန်တော့မည်မဟုတ်ပေ။ ဘုရားသခင်က ထိုသူအား ရိုက်နှက်ဆုံးမတော့မည်မဟုတ်၊ သို့မဟုတ် တရားစီရင်တော့မည် မဟုတ်သကဲ့သို့ မုန်းတီးမည်လည်း မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤလူသည် ဘုရားသခင်၏ ရန်သူမဟုတ်တော့သောကြောင့် ဘုရားသခင်ကို ဆန့်ကျင်ပြီး မရပ်တည်တော့သကဲ့သို့ ဘုရားသခင်သည် မှန်ကန်စွာနှင့် တရားသဖြင့် သူ၏ ဖန်ဆင်းခံ၏ ဖန်ဆင်းရှင် ဖြစ်လာသောကြောင့်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ဩဇာအာဏာအောက်သို့ ပြန်လာခဲ့ကြပြီး ဘုရားသခင်က သူ့ကို လူတို့ ပေးအပ်သင့်သည့် ကိုးကွယ်မှု၊ နာခံမှု၊ ကြောက်ရွံ့မှုကို မွေ့လျော်ခံစားသည်။ အရာရာတိုင်းက အလိုအလျောက် နေရာတကျ ဖြစ်သွားသည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့်အရာအားလုံးသည် လူသားမျိုးနွယ်အတွက် ဖြစ်ပြီး အပြန်အလှန်အနေဖြင့် လူသားမျိုးနွယ်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင်ရှိသော အရာအားလုံးကို စီမံသည်။ အရာအားလုံးသည် လူသားမျိုးနွယ်၏ စီမံမှုအောက်တွင်ရှိသည်။ အရာရာတိုင်းသည် ဘုရားသခင်က သတ်မှတ်သော စည်းမျဉ်းနှင့် နိယာမများကို လိုက်လျှောက်ပြီး အစီအစဉ်တကျ တိုးတက်ကာ ရှေ့ဆက်သည်။ လူသားမျိုးနွယ်သည် ဘုရားသခင် ဖန်ဆင်းခဲ့သောအရာအားလုံးကို မွေ့လျော်ခံစားရသည်။ အရာအားလုံးသည် လူသားမျိုးနွယ်၏ စီမံမှုအောက်တွင် အစီအစဉ်တကျ တည်ရှိသည်။ အရာအားလုံးသည် လူသားမျိုးနွယ်အတွက်ဖြစ်ပြီး လူသားမျိုးနွယ်သည် အရာအားလုံးအတွက်ဖြစ်သည်။ ဤအရာအားလုံးမှာ အလွန်ပင် သဟဇာတဖြစ်ပြီး အစီအစဉ်ကျသည်။ အားလုံးက ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သူ၏ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းမှလာသည်။ ဤသည်မှာ အလွန်ပင် အံ့ဩဖွယ်ကောင်းသောအရာဖြစ်သည်။ ဤသည်မှာ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား လက်လွှတ်ခြင်း၏ အဆုံးစွန်သော အဓိပ္ပာယ်တစ်ခုဖြစ်သည်။ သင် မြင်သလော၊ သင်သည် ယခုတွင် သင်၏ ယာယီဖြစ်သော စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လက်လွှတ်သော်လည်း အဆုံးတွင် သင်ရရှိသည့်အရာမှာ သမ္မာတရားဖြစ်သည်။ အသက်ဖြစ်သည်။ တန်ဖိုးအရှိဆုံးသော အရာဖြစ်သည်။ သင် လက်လွှတ်သည့် တန်ဖိုးမရှိသော စံသတ်မှတ်ချက်များ၊ ဆန္ဒများနှင့် ယှဉ်လျှင် ယင်းတို့သည် အဆထောင်ပေါင်းမည်မျှ၊ သို့မဟုတ် သောင်းပေါင်းမည်မျှပင် ပို၍ တန်ဖိုးရှိသည်ကို မည်သူ သိမည်နည်း။ ယင်းတို့သည် နှိုင်းယှဉ်၍ မရသလောက်ဖြစ်သည်။ ဤသို့ဖြစ်သည် မဟုတ်သလော။ (ဟုတ်ပါသည်။) တစ်ချက်ကို ရှင်းလင်းစွာ သိထားသင့်သည့်မှာ အမှန်ဖြစ်၏။ စံသတ်မှတ်ချက်များနှင့် ဆန္ဒများအား လိုက်စားခြင်းသည် သင့်အား မည်သို့ ကျင့်ကြံပြုမူရမည်ကို မည်သည့်အခါမျှ သင်ကြားပေးလိမ့်မည်မဟုတ်ဆိုသည်ကို လူတို့ နားလည်သင့်သည်။ သင်မွေးဖွားသည့်နေ့ရက်ကတည်းက သင်၏မိဘများက သင့်ကို “သင်သည် လိမ်ညာတတ်ရန် သင်ယူရမည်၊ သင့်ကိုယ်သင် ကာကွယ်တတ်ရန် သင်ယူရမည်၊ သူတစ်ပါးတို့အား သင့်ကို အနိုင်ကျင့်ခွင့်မပြုနှင့်၊ တစ်စုံတစ်ယောက်က သင့်အား အနိုင်ကျင့်သောအခါ သင် မာကျောရမည်၊ အားမပျော့နှင့်၊ သင်သည် အနိုင်ကျင့်ရန် ဤမျှလွယ်ကူသည်ဟု သူတစ်ပါးတို့ကို မထင်စေနှင့်။ ထို့အပြင် လူ့အဖွဲ့အစည်းတွင် ခိုင်မာစွာ ရပ်တည်နိုင်ရန်အလို့ငှာ သင်သည် အသိပညာကို ရယူပြီး သင့်ကိုယ်သင် အားတင်းရမည်။ သင်သည် ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားရမည်၊ မိန်းမများသည် အမှီအခိုကင်းသင့်သည်၊ ယောက်ျားများသည် ကမ္ဘာလောက၏ ဝန်ကို ထမ်းသင့်သည်” ဟူ၍ ပြောခဲ့သည်။ သင် ငယ်ရွယ်စဉ်ကတည်းက သင်၏ မိဘများသည် သင့်အား ဤသို့ သွန်သင်ဆုံးမခဲ့သည်။ သူတို့သည် သင့်အား မည်သို့ ကျင့်ကြံပြုမူရမည်ကို သင်ကြားပေးနေသကဲ့သို့ဖြစ်သည်။ သို့သော် လက်တွေ့တွင် ၎င်းတို့သည် သင့်အား မည်သည့်အရာသည် အပြုသဘောဆောင်ပြီး မည်သည့်အရာသည် အပျက်သဘောဆောင်သည် ဆိုသည်ကို မသိနားမလည်စေရန်၊ တရားမျှတမှုနှင့် ဆိုးယုတ်မှုကြား မည်သို့ ခွဲခြားသိမြင်ရမည်ကို၊ အပြုသဘောဆောင်သောအရာများနှင့် အပျက်သဘောဆောင်သောအရာများအား မည်သို့ ပိုင်းခြားသိမြင်ရမည်ကို မသိနားမလည်စေရန်အတွက် ဤကမ္ဘာလောကထဲသို့၊ ဤဆိုးယုတ်သော ခေတ်ရေစီးကြောင်းထဲသို့ သင့်အား တွန်းပို့ရန်အတွက် မည်သို့ပင်ဖြစ်စေ လုပ်ဆောင်လျက် ကြိုးပမ်းကြပြီး ၎င်းတို့၏ အသက်ကိုပင် စွန့်ကြမည့်ပုံရှိလေသည်။ တစ်ချိန်တည်းတွင် သင်၏မိဘများက “မည်သို့ဖြစ်စေ လုပ်ဆောင်ပါ၊ အခြားသူများနှင့် ပတ်သက်၍ အလွန် မယဉ်ကျေးနှင့်။ သူတစ်ပါးကို သည်းခံခြင်းသည် သင့်ကိုယ်သင် ရက်စက်ခြင်းဖြစ်သည်” ဟူ၍လည်း သင့်ကို သင်ကြားပေးခဲ့သည်။ အမှုအရာများကို သင်စတင်၍ နားလည်စကတည်းက ၎င်းတို့သည် သင့်အား ဤသို့ သင်ကြားပေးနေခဲ့ကြပြီး ကျောင်း၌၊ လူ့အဖွဲ့အစည်း၌ လူတိုင်းက သင့်အား ဤသို့ပင် သင်ကြားသည်။ ၎င်းတို့သည် သင့်အား လူသားတစ်ယောက်အနေဖြင့် ကျင့်ကြံပြုမူရန် သင်ကြားပေးခြင်းမဟုတ်ဘဲ သင်မကောင်းဆိုးဝါးဖြစ်လာရန်၊ လိမ်ညာရန်၊ မကောင်းမှုပြုလုပ်ရန်နှင့် ပျက်စီးရန် သင်ကြားပေးခြင်းဖြစ်သည်။ ဘုရားသခင်ကို သင် ယုံကြည်ပြီးသည့်အခါမှသာ ရိုးသားသူတစ်ယောက်အဖြစ် ကျင့်ကြံပြမူကာ သမ္မာတရားနှင့် မှန်ကန်သော အချက်အလက်များကို ပြောဆိုရမည်ကို သင် သိလာခြင်းဖြစ်သည်။ သင်သည် အားတင်းပြီး နောက်ဆုံးတွင် အမှန်အတိုင်းပြောနိုင်လာသည်။ တစ်ကြိမ်ပြောဆိုရန်အလို့ငှာ သင်၏ အသိတရားနှင့် ကိုယ်ကျင့်တရားစည်းများကို သင် ထိန်းသိမ်းထားသည်။ သို့သော် သင်သည် လူ့အဖွဲ့အစည်း၏ ပစ်ပယ်ခြင်းကို ခံရသည်။ မိသားစု၏ အပြစ်တင်ခြင်းကို ခံရသည်။ မိတ်ဆွေများ၏ လှောင်ပြောင်ခြင်းကိုပင် ခံရသည်။ အဆုံးတွင် မည်သို့ ဖြစ်သနည်း။ သင်သည် အထိနာသည်။ ခံနိုင်ရည်မရှိသကဲ့သို့ မည်သို့ ကျင့်ကြံပြုမူရမည်ကို သင်မသိတော့ပေ။ လူသားတစ်ယောက်အနေဖြင့် ကျင့်ကြံပြုမူခြင်းသည် ခက်ခဲလွန်းသည်။ မကောင်းဆိုးဝါးဖြစ်ခြင်းက ပို၍ လွယ်ကူသည်။ မကောင်းဆိုးဝါးတစ်ကောင်သာ လုပ်ပြီး ဤလူ့အဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းနောက်ကို လိုက်လော့။ မည်သူကမျှ မည်သည့်အရာမျှ ပြောလိမ့်မည်မဟုတ်။ လူသားမျိုးနွယ်တစ်ခုလုံးသည် သင့်အား မည်သို့ကျင့်ကြံပြုမူရမည်ကို သင်ကြားမပေးပေ။ ဘုရားသခင်ကို သင် ယုံကြည်ပြီးနောက်တွင် ဘုရားသခင်ပြောသည့် စကားတိုင်းကို သင်ကြားပြီး ဘုရားသခင် လုပ်ဆောင်သမျှမှာ သင့်အနေဖြင့် စစ်မှန်သောလူသားတစ်ယောက် ဖြစ်လာနိုင်ရန်အလို့ မည်သို့ကျင့်ကြံပြုမူရမည်၊ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်တို့ကို သွန်သင်ပေးရန် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များ၌သာ စစ်မှန်သော လူသားဘဝက မည်သည့်အရာ ဖြစ်သည်ဆိုသည့် မှန်ကန်သော အဖြေကို သင် ရှာတွေ့နိုင်သည်။ ထို့ကြောင့် လူများ၊ အမှုအရာများကို ရှုမြင်ပုံ၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ပုံတို့ကို သမ္မာတရားအား စံအဖြစ်ထားရှိလျက် ဘုရားနှုတ်ကပတ်တော်အပေါ်တွင်သာ အလုံးစုံ အခြေခံရမည်ဖြစ်သည်။ ဤသည်မှာ လူတစ်ယောက်ကဲ့သို့ ပြုမူဆောင်ရွက်ခြင်းဟု ခေါ်သည့်အရာဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်နှင့်အညီ ကျင့်ကြံပြုမူခြင်း၏ အခြေခံကို နားလည်သောအခါ၊ သမ္မာတရားစည်းမျဉ်းများကို နားလည်သဘောပေါက်ပြီး ဝင်ရောက်သောအခါတွင် မည်သို့ ကျင့်ကြံပြုမူရမည်ကို သိလိမ့်မည်ဖြစ်ကာ သင်သည် စစ်မှန်သော လူသားတစ်ယောက်ဖြစ်လာလိမ့်မည်။ ဤသည်မှာ ကျင့်ကြံပြုမူခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဤသို့သောသူ၏ ဘဝသည်မှာ အကျိုးရှိ၏။ ထိုသူသာ အသက်ရှင်ရန် ထိုက်တန်ပြီး မသေသင့်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် မကောင်းဆိုးဝါးများကဲ့သို့ ပြုမူဆောင်ရွက်သောသူများ၊ လူ့အရေပြားကို ဝတ်ဆင်လျက် လမ်းလျှောက်သော ထိုအလောင်းကောင်များ၊ ထိုလူများသည် အသက်ရှင်ဖို့ မထိုက်တန်ပေ။ အဘယ်ကြောင့်နည်း။ ဘုရားသခင် ဖန်ဆင်းခဲ့သမျှမှာ လူသားမျိုးနွယ်အတွက်၊ ဘုရားသခင်၏ ဖန်ဆင်းခံများအတွက် ပြင်ဆင်ထားခြင်းဖြစ်ပြီး မကောင်းဆိုးဝါးအမျိုးအစားအတွက် ပြင်ဆင်ထားခြင်းမဟုတ်သောကြောင့်ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုလူတို့သည် အဘယ်ကြောင့် အသက်ရှင်နေနိုင်ဆဲဖြစ်သနည်း။ ၎င်းတို့မှာ ဘုရားသခင်က ကယ်တင်ရန် ရည်ရွယ်ထားသူတို့၏ အကျိုးအမြတ်ကို မျှဝေခံစားနေသည်မဟုတ်လော။ အစေခံခြင်း လုပ်ဆောင်စေရန် နတ်ဆိုးများနှင့် စာတန်ကို အသုံးချလျက်၊ ဘုရားသခင်ရွေးချယ်ထားသောသူများကို အပျက်သဘောဆောင်သောအရာများအား ပိုင်းခြားသိမြင်စေပြီး နတ်ဆိုးများ၏ အနှစ်သာရကို သိမြင်စေသော ဤအဆင့်ရှိ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကြောင့်သာ မဟုတ်လျှင် ရှေးယခင်ကတည်းက ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးပြီးဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤလူတို့သည် ဘုရားသခင်ဖန်ဆင်းခဲ့သောအရာအားလုံးကို မွေ့လျော်ခံစားရန် မထိုက်တန်သကဲ့သို့၊ ဘုရားသခင် ဖန်ဆင်းခဲ့သောအရာများကို ဖြုန်းတီးပြီး ပျက်စီးစေသောကြောင့်ဖြစ်သည်။ ဘုရားသခင်က ဤအရာကို မြင်သောအခါ မည်သို့ခံစားရမည်ဟု သင်ထင်သနည်း။ စိတ်ချမ်းသာလိမ့်မည်လော။ (စိတ်ချမ်းသာလိမ့်မည် မဟုတ်ပါ။) ထို့ကြောင့် ဘုရားသခင်သည် စစ်မှန်သောလူသားများဖြစ်သော ပုံမှန်လူ့သဘာဝရှိသည့် လူအုပ်စုကို အရေးတကြီးကယ်တင်လိုပြီး ကျင့်ကြံပြုမူရန် နည်းလမ်းကို သွန်သင်ပေးလိုသည်။ ဤလူတို့ ကယ်တင်ခြင်းရရှိသောအခါ၊ ကျန်ရှိပြီး၊ ဖျက်ဆီးခြင်းမခံရရန် အရည်အချင်းပြည့်မီသောအခါ ဘုရားသခင်၏ ကြီးမြတ်သောအမှု ပြီးမြောက်လိမ့်မည်။ ဆိုလိုသည်မှာ ဤအရာများသည် တိကျပြီး မှန်ကန်သည့်အဆင့်ကို ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ၎င်းတို့၏ ရှင်သန်ရေး နည်းဥပဒေသများ၊ ဘဝအပေါ် ၎င်းတို့၏ ရှုမြင်သုံးသပ်ချက်များ၊ ၎င်းတို့လျှောက်သည့်လမ်းကြောင်းများ၊ ထို့အပြင် ၎င်းတို့၏ လိုက်စားမှုများ၊ ဘုရားသခင်၊ သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို ၎င်းတို့ ဆက်ဆံသည့် သဘောထားများတို့သည် အနည်းဆုံးအနေဖြင့် သမ္မာတရားကို မဆန့်ကျင်သကဲ့သို့၊ ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည်အထိ ဧကန်မုချ မလုပ်ဆောင်သောအခါ၊ ဤလူများသည် အခြေခံကျသောနည်းလမ်းဖြင့် ဘုရားသခင်ကို နာခံနိုင်သောကြောင့် ဖျက်ဆီးခြင်းမခံရသောအခါ ဘုရားသခင်၏ ကြီးမြတ်သောအမှုသည် ပြီးမြောက်လိမ့်မည်။ ဤကြီးမြတ်သောအမှု ပြီးမြောက်မည်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဘုရားသခင် ကယ်တင်ခဲ့သောသူတို့သည် ထာဝရ တည်ရှိနိုင်သည်၊ ထာဝရအသက်ရှင်နိုင်သည်ဟု ဆိုလိုသည်။ လူသား၏ ဘာသာစကားဖြင့် ဆိုရလျှင် ဤလူသားမျိုးနွယ်သည် ဆက်ခံသူများရှိလိမ့်မည်ဟုလည်းကောင်း၊ ဘုရားသခင် ဖန်ဆင်းခဲ့သော လူသားများ၏ ဘိုးဘေးများသည် ဆက်ခံသူများရှိလိမ့်မည်ဟုလည်းကောင်း၊ အရာအားလုံးကို စီမံနိုင်စွမ်းရှိသည့်လူသားများ ရှိလိမ့်မည်ဟုလည်းကောင်း ဆိုလိုပေသည်။ ထို့နောက်တွင် ဘုရားသခင်က စိတ်သက်သာရာရလိမ့်မည်။ ထို့နောက် အနားယူလိမ့်မည်ဖြစ်ကာ သူသည် အမှုအရာများကို စိုးရိမ်ဖို့ လိုတော့မည် မဟုတ်ပေ။ အရာအားလုံးတွင် ဘုရားသခင် ချမှတ်ပြီးဖြစ်သည့် ကိုယ်ပိုင်စည်းမျဉ်းများ၊ နည်းဥပဒေသများရှိသည်။ ဘုရားသခင်က ယင်းတို့အား အတွေး၊ စိတ်ကူး၊ သို့မဟုတ် စီမံကိန်းတစ်ခုပေးရန် မလိုအပ်ပေ။ အရာအားလုံးသည် ယင်းတို့၏ သက်ဆိုင်ရာစည်းမျဉ်းများ၊ နည်းဥပဒေများအတွင်းတွင် တည်ရှိသည်။ လူသားများက ယင်းတို့ကို ထိန်းသိမ်းပြီး စီမံရန်သာရှိသည်။ ဤသို့သော လူသားမျိုးနွယ်ဖြင့် ဘုရားသခင်သည် စိုးရိမ်ဖို့ လိုလိမ့်ဦးမည်ဟု သင်တို့ ထင်သလော။ သူသည် စိတ်နှစ်မြှုပ်ထားရန် လိုအပ်ဦးမည်လော။ ဘုရားသခင်က အနားယူလိမ့်မည်။ သူအနားယူသောအခါ သူ၏ ကြီးမြတ်သောအမှု ပြီးမြောက်မည့်အချိန် ရောက်လာပြီးဖြစ်လိမ့်မည်။ ဤသည်မှာ လူသားများအတွက် အောင်ပွဲခံရမည့် အချိန်လည်းဖြစ်သည်မှာ အမှန်ဖြစ်၏။ ဆိုလိုသည်မှာ နောက်ဆုံးတွင် ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်း၏ အခြေခံအုတ်မြစ်ပေါ်၌ ကယ်တင်ခြင်းကို ရယူလိမ့်မည်ဖြစ်သည်။ ဘုရားသခင်အား အာခံကြမည်မဟုတ်တော့ဘဲ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီလိမ့်မည်။ လူသားများသည် ဘုရားသခင်၏ ရယူခြင်းကို ခံရမည်ဖြစ်ကာ သေခြင်းကို မြည်းစမ်းရတော့မည်မဟုတ်ပေ။ ထိုအချိန်တွင် ၎င်းတို့သည် ကယ်တင်ခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ ဤသည်မှာ အောင်ပွဲခံရန် ထိုက်တန်သောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် အလွန်ပင်ကြီးမားသော အကျိုးအမြတ်များ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များက ဤအရာများဖြစ်သည်ကို သင်သိသည့်အတွက်၊ လူတို့သည် ယခင်က ၎င်းတို့ ကိုင်စွဲခဲ့သော သေးငယ်သော စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လက်လွှတ်ထိုက်သည်မဟုတ်လော။ (လက်လွှတ်ထိုက်ပါသည်။) မည်သည့်နည်းလမ်းနှင့် သင်တိုင်းတာသည်ဖြစ်စေ ဤသည်မှာ သင့်လျော်ပေသည်။ ထို့ကြောင့် သင့်လျော်သည့်အတွက်၊ သင် လက်မလွှတ်သင့်သလော။ (လက်လွှတ်သင့်ပါသည်။) ၎င်းတို့ လက်လွှတ်သင့်သည်ကို လူတိုင်းက သဘောတရားအရ သိကြသည်။ သို့သော် ထိုအရာကို အတိအကျ မည်သို့ လုပ်ဆောင်ရသနည်း။ အမှန်တကယ်တွင် အလွန်ရိုးရှင်းသည်။ ဤသည်မှာ သင်၏ စံသတ်မှတ်ချက်များ၊ ဆန္ဒများအတွက် သင်သည် မည်သည့်ဆောင်ရွက်မှုကိုမျှ၊ မည်သည့်အားထုတ်မှုကိုမျှ မပြုလုပ်တော့၊ သို့မဟုတ် မည်သည့်အဖိုးအခကိုမျှ မပေးဆပ်တော့ဟု ဆိုလိုသည်။ သင်သည် ယင်းတို့ကို သင်၏စိတ်ထဲတွင် နေရာမပေးတော့ပေ၊ သို့မဟုတ် ယင်းတို့အတွက် စွန့်လွှတ်အနစ်နာခံမှု လုံးဝ မပြုလုပ်တော့ပေ။ ထိုအစား သင်သည် ဘုရားသခင်ဘက်သို့ လှည့်သည်။ သင်၏ တစ်ကိုယ်ရေဆန္ဒများ၊ စံသတ်မှတ်ချက်များကို လက်လွှတ်သည်။ ယင်းတို့အပေါ် စွဲလန်းခြင်းကို ရပ်တန့်သည်။ ပြီးလျှင် သင်အိပ်မက်မက်သောအခါတွင်ပင် ယင်းတို့အား အိပ်မက်မက်ခြင်းမရှိတော့ပေ။ ထိုအစား သင်၏ စိတ်နှလုံးတွင် သင်၏ ဦးတည်ချက်နှင့် စိတ်ဆန္ဒတို့ကို သမ္မာတရားအားလိုက်စားခြင်းနှင့် ကယ်တင်ခြင်းအား ရယူခြင်းလမ်းကြောင်းဘက်သို့ သင် တဖြည်းဖြည်း ပြောင်းလဲလေသည်။ တစ်ရက်ပြီးတစ်ရက် သင်လုပ်ဆောင်သမျှ၊ အတွေးများ၊ အားအင်၊ သင်ပေးဆပ်သော အဖိုးအခတို့အားလုံးသည် သမ္မာတရားအား လိုက်စားခြင်းနှင့် ကယ်တင်ခြင်းရယူခြင်းအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ သင် တဖြည်းဖြည်းချင်း လက်လွှတ်သည့် နည်းလမ်းဖြစ်သည်။

“လူတို့၏ လိုက်စားမှုများ၊ စံသတ်မှတ်ချက်များ၊ ဆန္ဒများအား လက်လွှတ်ခြင်း” အကြောင်းအရာနှင့်သက်ဆိုင်သည့် ယနေ့ မိတ်သဟာယနှင့်ပတ်သက်၍ ငါသည် ပြည့်စုံစွာ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သလော။ မည်သို့လက်လွှတ်ရမည်ကို သင်တို့ သိသလော။ လူအချို့က၊ “အို ကိုယ်တော်မပြောမီကပင် ကျွန်ုပ်က လက်လွှတ်နှင့်ပြီးဖြစ်သည်”ဟု ဆိုကောင်းဆိုနိုင်သည်။ သို့သော် ဤသည်မှာ မုချ မှန်ကန်ခြင်းမရှိပေ။ အမှန်တွင် လူတို့က ကမ္ဘာလောက၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းကို တဖြည်းဖြည်းချင်း ရိပ်စားမိပြီး မယုံကြည်သူများ လျှောက်လှမ်းသော ကျော်ကြားမှုနှင့် အကျိုးအမြတ်အား လိုက်စားခြင်းလမ်းကြောင်းကိုလည်း တဖြည်းဖြည်းချင်း ရိပ်စားမိကာ လက်လွှတ်ကြသည်မှာ သမ္မာတရားအား လိုက်စားခြင်းဖြစ်စဉ်မှတစ်ဆင့်သာ ဖြစ်သည်။ သင်က သမ္မာတရားကို မလိုက်စားရသေးသကဲ့သို့ သင်၏ စိတ်နှလုံး၌ လက်လွှတ်ခြင်းကို စဉ်းစားရုံမျှသာရှိလျှင် ဤသည်မှာ အမှန်တကယ် လက်လွှတ်ခြင်းနှင့် လုံးဝ မတူညီပေ။ သင်က လက်လွှတ်ရန် ပြင်ဆင်ခြင်းနှင့် အမှန်တကယ် လက်လွှတ်ခြင်းသည် ကွဲပြားသောအရာနှစ်ခုဖြစ်သည်။ ခြားနားမှုတစ်ခုရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် အရေးကြီးဆုံးအရာမှာ သမ္မာတရားအား စတင်လိုက်စားရန်ဖြစ်သည်။ ယင်းသည် မည်သည့်အချိန်တွင်ဖြစ်စေ မပြောင်းလဲသင့်ပေ။ အရေးကြီးဆုံးသောအရာဖြစ်သည်။ သမ္မာတရားကို သင်စတင်လိုက်စားသည်နှင့် စံသတ်မှတ်ချက်များ၊ ဆန္ဒများအား လက်လွှတ်ခြင်းသည် ပိုမိုလွယ်ကူလာသည်။ သင်က သမ္မာတရားကို လက်မခံဘဲ “ကျွန်ုပ်သည် ဤစံသတ်မှတ်ချက်များ၊ ဆန္ဒများကို အမှန်ပင် လက်လွှတ်လိုပါသည်၊ ကျွန်ုပ်သည် စုံလင်သောအရောင်အသွေးမျိုးစုံတွင် အရောင်ဆိုးခြင်းမခံလိုပါ၊ သို့မဟုတ် ကြိုးဝိုင်းထဲတွင် မထိုးသတ်လိုပါ” ဟု ဆိုလျှင်၊ သင်က ရှင်သန်လိုဆဲဖြစ်လျှင် ယင်းမှာ မဖြစ်နိုင်ဟု ငါသင့်ကို ပြောမည်။ နည်းလမ်းမရှိပေ။ ထိုသို့ကောင်းမွန်သော အပေးအယူကို သင်ရရှိမည်မဟုတ်ပေ။ သင်က သမ္မာတရားကို မလိုက်စားလိုသော်လည်း စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လက်လွှတ်လိုဆဲဖြစ်လျှင် ဤသည်မှာ မဖြစ်နိုင်ပေ။ သာမန်လူများအားလုံးတွင် စံသတ်မှတ်ချက်များ၊ ဆန္ဒများရှိကြသည်။ အထူးသဖြင့် ဆုကျေးဇူး၊ သို့မဟုတ် ပါရမီအနည်းငယ်ရှိသူတို့တွင် ရှိကြသည်။ အထီးကျန်ရသည်ကို ဝမ်းသာပျော်ရွှင်ပြီး သာမန်မျှသာဖြစ်သောဘဝကို ရှင်သန်ရန် မိမိကိုယ်ကို လိုလိုလားလားဖြင့် လက်ခံသောသူ မည်သည့်နေရာတွင်ရှိသနည်း။ မည်သည့်နေရာတွင်မျှ ဤသို့သောသူမရှိပေ။ လူတိုင်းက ထင်ပေါ်လိုကြသည်။ မိမိတို့ကိုယ်ကို တစ်စုံတစ်ခု ဖြစ်ထွန်းအောင် လုပ်ဆောင်လိုကြသည်။ ၎င်းတို့နှင့်ပတ်သက်ပြီး အရောင်အဝါတစ်ခုခု ရှိလိုကြပြီး ၎င်းတို့၏ဘဝကို ပို၍ သက်သောင့်သက်သာဖြစ်အောင် လုပ်ဆောင်လိုကြသည်။ သင်သည် တစ်ကိုယ်ရေ စံသတ်မှတ်ချက်များ၊ ဆန္ဒများကို လက်လွှတ်လိုလျှင် ကယ်တင်ခြင်းကို ရယူပြီး အဓိပ္ပာယ်ရှိသောဘဝကို အသက်ရှင်နေထိုင်လိုလျှင် သမ္မာတရားကို လက်ခံရမည်။ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံရမည်။ ဤနည်းဖြင့် သင့်တွင် မျှော်လင့်ချက်ရှိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ခြင်းနှင့် ဘုရားသခင်နောက်သို့ လိုက်ခြင်းသည် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ထို့ကြောင့် သိသာထင်ရှားသော ပြောင်းလဲမှုများရှိသော်လည်း တစ်ခုသောအရာမှာ အခြေခံအားဖြင့် မပြောင်းမလဲ ရှိနေသည်။ သမ္မာတရားအား လိုက်စားခြင်းဖြစ်သည်။ ဤသည်မှာ အရေးကြီးဆုံးသော အကြောင်းအရာဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းပြီ။ ယနေ့ ငါတို့၏ အကြောင်းအရာနှင့်သက်ဆိုင်သော မိတ်သဟာယကို ဤနေရာတွင် အဆုံးသတ်ကြစို့။ နှုတ်ဆက်ပါသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်

အရှေ့သို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)

နောက်တစ်ခုသို့- သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၉)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။