ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပုံနှင့်ပတ်သက်သည့် နှုတ်ကပတ်တော်များ

ကောက်နုတ်ချက် (၄၉)

လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် အဓိပ္ပာယ်မဲ့ပြီး ဆိုးယုတ်သည့် အရာများသာ ဖွဲ့စည်းပါဝင်သည်။ ယင်းတို့ထဲမှ အဆိုးရွားဆုံးမှာ လူ၏ မာနထောင်လွှားသော စိတ်သဘောထားနှင့် ထိုစိတ်သဘောထားမှ ပွင့်အံထွက်သည့်အရာများ၊ ဆိုလိုသည်မှာ သီးခြားဖြစ်သည့် မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်းနှင့် မိမိကိုယ်ကို ကြီးကျယ်ခြင်းတို့အပြင် အခြားသူများထက် ပိုတော်သည်ဟူသော ယုံကြည်မှု၊ မည်သူ့ကိုမျှ ကျိုးနွံနာခံရန် မလိုလားခြင်း၊ ဆုံးဖြတ်ပိုင်ခွင့် ရှိဖို့အတွက် အမြဲတမ်း မရမက တောင်းဆိုခြင်း၊ ကိစ္စရပ်အားလုံးတွင် ကြွားဝါခြင်း၊ မိမိ၏ လုပ်ရပ်များတွင် မြောက်ပင့်ခြင်းနှင့် ချီးမွမ်းခြင်းတို့ကို ရှာဖွေခြင်း၊ အခြားသူများအား မိမိကို ဝန်းရံစေလိုသည့် အမြဲဖြစ်သော စိတ်ဆန္ဒတစ်ခုနှင့် အမြဲ အတ္တဆန်ခြင်း၊ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများ အမြဲထားရှိခြင်း၊ ပြီးလျှင် သရဖူများနှင့် ဆုလာဘ်များအပြင် ရှင်ဘုရင်တစ်ဦးကဲ့သို့ စိုးစံရန် အမြဲ အလိုရှိခြင်းတို့ ဖြစ်သည်။ ဤကိစ္စအားလုံးက ပြင်းထန်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတွင် ပါဝင်ပေသည်။ ကျန်သည့်အရာများမှာ သာမန် ပြဿနာများသာ ဖြစ်သည်။ ဥပမာအနေဖြင့် မှားယွင်းသည့် အမြင်အချို့၊ အဓိပ္ပာယ်မရှိသည့် အတွေး၊ ကောက်ကျစ်မှုနှင့် လှည့်ဖြားမှု၊ မနာလိုမှု၊ တစ်ကိုယ်ကောင်းဆန်ခြင်းတို့ ရှိခြင်း၊ အငြင်းအခုံသန်ခြင်းနှင့် စည်းမျဉ်းမရှိဘဲ ပြုမူဆောင်ရွက်ခြင်း စသည်တို့သည် ဖြစ်လေ့ဖြစ်ထအရှိဆုံးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများဖြစ်သည်။ စာတန်၏ စိတ်သဘောထားအတွင်းတွင် ပါဝင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစား များစွာရှိသော်လည်း၊ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံးမှာ မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားမဲ့လေဖြစ်ကာ သူတို့ ပို၍ ဆင်ခြင်တုံတရားမဲ့လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားဖြင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင် အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးများ မရှိကြချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝ မဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏အစီအစဉ်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာနှင့် ထိန်းချုပ်မှုရှိရေးအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကို ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး လုံးဝ မရှိပေ။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသည့်အဆင့်ဆီ ရောက်လိုလျှင် သူတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ပို၍ ရှိလေဖြစ်လိမ့်မည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိလေသည်။ သမ္မာတရားကို ရရှိသည့်သူများသာလျှင် စစ်မှန်သော လူသားဖြစ်သည်။

ကောက်နုတ်ချက် (၅၀)

မာနထောင်လွှားမှု၊ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်းနှင့် ခေါင်းမာခြင်းတို့ကဲ့သို့သော လူ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် ကုရခက်သည့် ရောဂါအမျိုးအစားတစ်ခု ဖြစ်သည်။ ယင်းတို့သည် လူသားကိုယ်ခန္ဓာတွင် ကြီးထွားသည့် အန္တရာယ်ပေးနိုင်သော အကျိတ်တစ်ခုကဲ့သို့ဖြစ်ပြီး ဆင်းရဲဒုက္ခအချို့ မရှိဘဲ ဖြေရှင်းမရနိုင်ပေ။ ရက်အနည်းငယ်အတွင်း ပျောက်သည့် ခဏတာ နာမကျန်းဖြစ်ခြင်းနှင့်မတူဘဲ ဤကုရခက်သည့် ရောဂါသည် သာမည ရောဂါမဟုတ်သကဲ့သို့ ထိုအရာအပေါ် ရှိန်လောက်သည့် နည်းလမ်းကို သုံးရမည်ဖြစ်သည်။ သို့ရာတွင် သင်တို့ သိရှိရမည့် အမှန်တရားတစ်ခု ရှိ၏။ ဖြေရှင်းမရသည့် ပြဿနာဟူ၍ မရှိပေ။ သင့်အနေဖြင့် သမ္မာတရားကို လိုက်စားသည်နှင့်အမျှ ဘဝတွင် ကြီးထွားကာ သမ္မာတရားနှင့်ဆိုင်သည့် သင်၏ သိနားလည်မှုနှင့် အတွေ့အကြုံတို့ နက်သည်ထက်နက်လာသည်နှင့်အမျှ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တရွေ့ရွေ့ လျော့သွားလိမ့်မည်ဖြစ်သည်။ သန့်စင်သွားသည်ဟု ယူဆမခံရနိုင်မီ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက မည်သည့်အတိုင်းအတာအထိ လျော့လာရမည်နည်း။ ယင်းတို့၏ ဘောင်ခတ်ခြင်းကို သင် မခံရတော့သကဲ့သို့ ယင်းတို့ကို သင် သိမြင်ကာ စွန့်ပစ်နိုင်သည့်အချိန်ထိ ဖြစ်သည်။ ထိုအရာများက တစ်ခါတစ်ရံ သူတို့ဘာသာ ပေါ်လာကောင်း ပေါ်လာနိုင်သော်လည်း သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ကာ သမ္မာတရားကို ပုံမှန်အတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး တာဝန်သိကာ တာဝန်ယူမြဲယူနိုင်၍ ယင်းတို့၏ ဘောင်ခတ်ခြင်းကို မခံရပေ။ ထိုအချိန်တွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်အတွက် ပြဿနာ ဖြစ်ပေါ်စေတော့မည်မဟုတ်သကဲ့သို့ ယင်းတို့ကို သင် အောင်မြင်နှင့်ပြီးဖြစ်ကာ ကျော်လွှားနှင့်ပြီး ဖြစ်သည်။ ယင်းမှာ ဘဝတွင် ကြီးထွားရင့်ကျက်မှုရှိခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ပုံမှန် အခြေအနေများအောက်တွင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်း၊ ချည်နှောင်ခြင်း မခံရတော့ပေ။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမည်မျှကို ၎င်းတို့ ထုတ်ဖော်ပြသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် လူအချို့က သမ္မာတရားကို မရှာဖွေကြပေ။ အကျိုးဆက်အနေဖြင့် ဘုရားသခင်ကို နှစ်များစွာကြာ ယုံကြည်သည့်နောက်တွင်ပင် ၎င်းတို့၏ စိတ်သဘောထားများက မပြောင်းမလဲ ရှိနေသည်။ ၎င်းတို့က “တစ်စုံတစ်ရာကို ငါ လုပ်ဆောင်သည့်အခါတိုင်းတွင် ငါ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ငါ ထုတ်ဖော်ပြသည်။ တစ်ခုခု လုပ်ဆောင်ခြင်းကို ငါ ရှောင်ကြဉ်လျှင် ယင်းတို့ကို ငါ ထုတ်ဖော်ပြမည်မဟုတ်ပါ။ ယင်းက ပြဿနာကို ပြေလည်စေသည် မဟုတ်လော”ဟု တွေးကြသည်။ ဤသည်မှာ အစာနင်မည်ကို ကြောက်သောကြောင့် အစာစားခြင်းကို ရှောင်ကြဉ်ခြင်း မဟုတ်လော။ ဤအရာ၏ အကျိုးဆက်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ငတ်ပြတ်ခြင်းဆီသို့သာ ဆိုက်ရောက်စေနိုင်သည်။ အကြင်သူသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြပြီး မဖြေရှင်းပါက ထိုအရာမှာ သမ္မာတရားကို လက်မခံခြင်းနှင့် မမျှော်လင့်ဘဲ သေဆုံးခြင်း သဘောသက်ရောက်ပေသည်။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို မလိုက်စားလျှင် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်နည်း။ သင်သည် ကိုယ့်သေတွင်း ကိုယ်တူးမိလိမ့်မည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ဘုရားသခင်၌ သင့် ယုံကြည်မှု၏ ရန်သူဖြစ်သည်။ ယင်းတို့သည် သင်၏ သမ္မာတရား လိုက်စားခြင်း၊ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သည့် သင်၏ အတွေ့အကြုံနှင့် သူ့ကို သင်၏ ကျိုးနွံနာခံခြင်းတို့အား ဟန့်တားသည်။ အကျိုးဆက်အနေဖြင့် သင်သည် အဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိမ့်မည်မဟုတ်။ ယင်းမှာ ကိုယ့်သေတွင်းကို ကိုယ်တူးခြင်း မဟုတ်လော။ ဆိုးယုတ်သော စိတ်သဘောထားများက သင့်ကို သမ္မာတရားအား လက်ခံခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းမှ ဟန့်တား၏။ ထိုစိတ်သဘောထားများကို သင် ရှောင်လွှဲမရနိုင်။ ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအရာများကို သင် အောင်မြင်ကျော်လွှားခြင်း မရှိပါက သင့်ကို ထိန်းချုပ်လိမ့်မည်။ ထိုအရာများကို သင် အောင်မြင်ကျော်လွှားနိုင်လျှင် ထိုအရာများအားဖြင့် သင် ဘောင်ခတ်ခံရမည်မဟုတ်တော့ဘဲ လွတ်မြောက်သွားလိမ့်မည်။ တစ်ခါတစ်ရံ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သင့်အတွင်း၌ မှားယွင်းသည့် အတွေးများနှင့် စိတ်ကူးများအပြင် ဆိုးယုတ်သည့် တွေးခေါ်မှုတို့ ဖြစ်ပေါ်စေလျက်၊ သင့်အား ဘဝင်ခိုက်စေလျက်၊ သို့မဟုတ် ကြီးကျယ်စေလျက်၊ ထိုသို့သော အတွေးများကို ပွင့်အံထွက်စေရင်း သင့်စိတ်နှလုံးတွင် ထွက်ပေါ်ကာ ၎င်းတို့ဘာသာ ထင်ရှားပြသလိမ့်ဦးမည် ဖြစ်သည်။ သို့ရာတွင် သင် ပြုမူဆောင်ရွက်သည့်အခါ သင်၏ လက်နှင့် ခြေတို့သည် ထိုအရာများ၏ ချည်နှောင်ခြင်းခံရတော့မည် မဟုတ်သကဲ့သို့ သင်၏ စိတ်နှလုံးသည်လည်း ထိန်းချုပ်ခြင်းခံရတော့မည် မဟုတ်ပေ။ သင်က “ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးထားရန်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ အမှုအရာများကို လုပ်ဆောင်ရန်နှင့် ဖန်ဆင်းခံတစ်ဦးအနေဖြင့် ကျွန်ုပ်၏ တာဝန်နှင့် ဆက်ကပ်မှုတို့ကို ဖြည့်ဆည်းရန်ဖြစ်သည်။ ကျွန်ုပ်သည် တစ်ခါတစ်ရံ ဤစိတ်သဘောထားမျိုး ထုတ်ဖော်ပြဆဲဖြစ်သော်လည်း ကျွန်ုပ်အပေါ် ထိုအရာက လုံးဝ လွှမ်းမိုးခြင်း မရှိပါ”ဟု ပြောလိမ့်မည်။ ဤသည်မှာ လုံလောက်ပေသည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးသည် အခြေခံအားဖြင့် ပြေလည်သွားပြီးဖြစ်လိမ့်မည်။ လူ၏ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုသည် မရေမရာဖြစ်ကာ လက်ဆုပ်လက်ကိုင် မပြနိုင်သည့်အရာ ဖြစ်သလော။ (မဟုတ်ပါ။) ဤသည်မှာ ထိုအရာသည် မည်မျှလက်တွေ့ကျပုံဖြစ်သည်။ လူအချို့က “သမ္မာတရား အနည်းငယ်ကို ကျွန်ုပ် နားလည်သော်လည်း ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော အတွေးများနှင့် စိတ်ကူးများ တစ်ခါတစ်ရံတွင် ရှိနေဆဲဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကျွန်ုပ် ထုတ်ဖော်ပြနေဆဲဖြစ်သည်။ မည်သည့်အရာကို ကျွန်ုပ် လုပ်ဆောင်သင့်သနည်း”ဟု ပြောကြသည်။ သင်သည် သမ္မာတရားကို လိုက်စားသူတစ်ဦး အမှန်တကယ်ဖြစ်လျှင် သင့်ထံ၌ မှားယွင်းသည့် အတွေးများနှင့် စိတ်ကူးများရှိသည့်အခါတိုင်း သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ပြသည့်အခါတိုင်းတွင် ယင်းတို့ကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ အခြေခံအကျဆုံးသော လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းဖြစ်သည်။ ယင်းကို သင် မေ့လိမ့်မည်မဟုတ်၊ ဟုတ်သလော။ ထို့အပြင် သင့်ထံတွင် မမှန်သည့် အတွေးများနှင့် စိတ်ကူးများရှိသည့်အခါ ယင်းတို့ကို သင် ငြင်းပယ်သင့်သည်ကိုလည်း သိသင့်သည်။ ထိုအရာများကို လိုက်လျှောက်ရန် မဆိုထားနှင့် ထိုအရာများ၏ ဘောင်ခတ်ခြင်းနှင့် ချည်နှောင်ခြင်းကို သင် ခံ၍မရပေ။ သင့်အနေဖြင့် သမ္မာတရားအနည်းငယ် နားလည်သရွေ့ ဤအရာသည် ပြီးမြောက်ရန် လွယ်ကူသင့်ပေသည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြလျှင် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့ သင် အားထုတ်ရမည်။ သင်က “အို ဘုရားသခင်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ကျွန်ုပ် တစ်ဖန် ထုတ်ဖော်ပြမိပါပြီ။ ကျေးဇူးပြုပြီး ကျွန်ုပ်ကို ပဲ့ပြင်ဆုံးမပါ။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ကျွန်ုပ် မထိန်းချုပ်နိုင်ပါ”ဟု ပြော၍မရပေ။ သင်သည် ဤသို့ဆုတောင်းလျှင် သမ္မာတရားကို လိုက်စားသောသူတစ်ဦးမဟုတ်။ ထိုအရာက သင်သည် အပျက်သဘောဆောင်ပြီး မတက်မကြွဖြစ်နေကြောင်းနှင့် သင်သည် မိမိကိုယ်ကို လက်လျှော့ပြီဖြစ်ကြောင်း ပြပေသည်။ သင်သည် အခေါင်းတစ်လုံးကို ပြင်ဆင်ကာ မိမိ၏ အသုဘ အစီအစဉ်များကို ပြုလုပ်လိုက်သည်ကမှ ပို၍ကောင်းဦးမည်။ ငါ့ကို ပြောလော့၊ ထိုသို့သော ဆုတောင်းချက်တစ်ခုကို မည်သည့်လူစားမျိုးက ပြုလုပ်သနည်း။ အသုံးမကျသော သူတစ်ဦးကသာ ထိုသို့သော ပုံစံဖြင့် ဘုရားသခင်ထံ ဆုတောင်းပေမည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် ထိုသို့သော စကားများကို လုံးဝ ထုတ်ပြောမည်မဟုတ်။ သင်သည် သမ္မာတရားကို ချစ်သောသူတစ်ဦးဖြစ်လျှင် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို ရွေးသင့်ပြီး မည်သို့လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်နှင့် ပတ်သက်၍လည်း ရှင်းလင်းသင့်ပေသည်။ အလွန်သာမန်ဖြစ်သော ဤပြဿနာများ သင့်အပေါ် ကျရောက်သည့်အခါ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သင် မသိလျှင် သင်သည် အလွန်အသုံးမကျပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းခြင်းသည် ရာသက်ပန် အားထုတ်မှုတစ်ခုဖြစ်သည်၊ နှစ်အနည်းငယ်မျှဖြင့် စွမ်းဆောင်ရရှိနိုင်သည့်အရာတစ်ခု မဟုတ်။ သမ္မာတရားနှင့် အသက်ရရှိခြင်းအကြောင်း စိတ်ကူးယဉ်မှုများ သင် အဘယ်ကြောင့် ထားရှိသနည်း။ ယင်းသည် မိုက်မဲပြီး မသိနားမလည်ခြင်း မဟုတ်လော။

အသက်စိတ်သဘောထားရှိ ပြောင်းလဲမှုတစ်ခုကို လိုက်စားခြင်း ဖြစ်စဉ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အချယ်များက လူတိုင်းအတွက် အကြီးမားဆုံး အခက်အခဲ ဖြစ်စေသည်။ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်ကို ထုတ်ဖော်ပြသည့်အခါ၊ သို့မဟုတ် ထိုစိတ်သဘောထားကို အကြိမ်ကြိမ် ထုတ်ဖော်ပြသည့်အခါနှင့် ထိုအရာကို ထိန်းချုပ်နိုင်ခြင်းမရှိဟုခံစားရသည့်အခါ ၎င်းတို့ ဇာတ်သိမ်းပြီဖြစ်ကာ ပြောင်းလဲမရနိုင်ဟု သတ်မှတ်လျက် မိမိတို့ကိုယ်ကို စီရင်ချက်ချကြသည်။ ဤသည်မှာ လူအများစုတွင် တည်ရှိသည့် ရှုပ်ထွေးမှုနှင့် နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ယခုအခါတွင် သမ္မာတရားကို လိုက်စားသောသူအချို့က လူတစ်ဦးအတွင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ တည်ရှိသရွေ့ ၎င်းတို့တာဝန် ထမ်းဆောင်ခြင်းအား ထိခိုက်စေပြီး ၎င်းတို့၏ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းကို ဟန့်တားလျက် ယင်းတို့ကို မကြာခဏ ၎င်းတို့ ပွင့်အံထွက်စေနိုင်ကြောင်းနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်ဆိုင်သည့် ပြဿနာကို ဖြေရှင်းရန် မိမိတို့ကိုယ်ကို မသုံးသပ်နိုင်လျှင် မိမိတို့၏ တာဝန်များကို ပြည့်စုံလုံလောက်စွာ ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ကြောင်းကိုလည်း သဘောပေါက်ကြပြီးဖြစ်သည်။ ထို့ကြောင့် မိမိတို့၏ တာဝန်များကို အပျက်သဘောဆောင်ပြီး အရေးမထားဘဲ ဝတ်ကျေတမ်းကျေပုံစံဖြင့် အမြဲ ထမ်းဆောင်ကြသူများသည် မိမိတို့ကိုယ်ကို လေးနက်စွာ ဆင်ခြင်သုံးသပ်သင့်သကဲ့သို့ ဖြေရှင်းရန် မိမိတို့ပြဿနာ၏ ဖြစ်ကြောင်းရင်းမြစ်ကို ရှာဖွေဖော်ထုတ်သင့်ပေသည်။ သို့ရာတွင် လူအချို့သည် မူမမှန်သော သိနားလည်မှုတစ်ခုရှိကြပြီး “မိမိတို့တာဝန်များကို လုပ်ဆောင်နေစဉ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြသူအားလုံးသည် ရပ်တန့်ကာ မိမိတို့တာဝန်များကို ဆက်လက် မထမ်းဆောင်မီ ယင်းတို့ကို လုံးဝ ဖြေရှင်းသင့်သည်”ဟု တွေးထင်ကြသည်။ ဤသည်မှာ ယုတ္တိတန်သော အမြင်တစ်ခု ဖြစ်သလော။ ထိုအရာမှာ လူသား စိတ်ကူးစိတ်သန်းတစ်ခုဖြစ်ပြီး လုံးဝ ယုတ္တိမတန်ပေ။ အမှန်တွင် လူအများစုအနေဖြင့် မိမိတို့တာဝန်များကို ထမ်းဆောင်နေစဉ် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ပြသည်ဖြစ်စေ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို ၎င်းတို့ ရှာဖွေသရွေ့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ပြသည့် အကြိမ်ရေကို တဖြည်းဖြည်း လျှော့ချနိုင်ကြပြီး နောက်ဆုံးတွင် မိမိတို့တာဝန်များကို ပြည့်စုံလုံလောက်စွာ ထမ်းဆောင်နိုင်ကြပေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုတော် တွေ့ကြုံခြင်း ဖြစ်စဉ်ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြသည်နှင့်တစ်ပြိုင်နက် ယင်းကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေသင့်ပြီး သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို သိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးသင့်ပေသည်။ ဤသည်မှာ သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို ဆန့်ကျင်တိုက်ခိုက်သည့် ဖြစ်စဉ်ဖြစ်ပြီး သင်၏ ဘဝအတွေ့အကြုံအတွက် မုချလိုအပ်ပေသည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံကာ သင်၏ စိတ်သဘောထားကို ပြောင်းလဲနေစဉ်တွင် သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားကို ပြိုင်ဆိုင်ကာ နောက်ဆုံးတွင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီး စာတန်အပေါ် အောင်နိုင်လျက် ထိုသို့ဖြင့် စိတ်သဘောထားတွင် အပြောင်းအလဲတစ်ခု စွမ်းဆောင်ရရှိရန် သင် နားလည်သည့် သမ္မာတရားကို သင် အသုံးပြုလေသည်။ မိမိ၏ စိတ်သဘောထား ပြောင်းလဲခြင်း ဖြစ်စဉ်သည် လူ့အယူအဆများနှင့် စိတ်ကူးများအပြင် စကားများနှင့် အယူဝါဒများကို အစားထိုးရန်နှင့် ရှင်သန်မှုအတွက် အတွေးအခေါ်များ၊ စာတန်ထံမှလာသည့် အယူလွဲမှုများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အတွေးမှားများကို အစားထိုးရန်၊ ဤအရာများကို သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များဖြင့် တဖြည်းဖြည်းချင်း အစားထိုးရန်အလို့ငှာ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်းဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ရရှိခြင်းနှင့် မိမိ၏ စိတ်သဘောထား ပြောင်းလဲခြင်းဖြစ်စဉ်ဖြစ်သည်။ သင်၏ စိတ်သဘောထား မည်မျှ ပြောင်းလဲပြီးဖြစ်သည်ကို သင် သိရှိလိုလျှင် သမ္မာတရား မည်မျှ သင်နားလည်သည်၊ သမ္မာတရားမည်မျှအား သင် လက်တွေ့လုပ်ဆောင်ပြီး ဖြစ်သည်ဆိုသည်နှင့် သမ္မာတရား မည်မျှ သင် အသက်ရှင်နေထိုင်နိုင်သည်ဆိုသည်တို့ကို သင် ရှင်းလင်းစွာ သိမြင်ရန်လိုအပ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်မျှကို သင်နားလည်ကာ ရရှိပြီးဖြစ်သည့် သမ္မာတရားနှင့် အစားထိုးပြီးဖြစ်ကြောင်းနှင့် ယင်းတို့က သင့်အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အတိုင်းအတာအထိ ထိန်းချုပ်နိုင်ကြောင်း၊ ဆိုလိုသည်မှာ သင် နားလည်သည့် သမ္မာတရားများက သင်၏ အတွေးများနှင့် ရည်ရွယ်ချက်များအပြင် သင်၏ နေ့စဉ်ဘဝနှင့် လက်တွေ့လုပ်ဆောင်မှုတို့အား မည်သည့်အတိုင်းအတာထိ လမ်းပြပေးနိုင်ကြောင်းတို့ကို ရှင်းလင်းစွာ သင် သိမြင်ရမည်။ အမှုအရာများ သင့်အပေါ် ကျရောက်သည့်အခါ အသာစီးရသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သလော၊ သင့်ကို လွှမ်းမိုးပြီး လမ်းပြသည်မှာ သင် နားလည်သည့် သမ္မာတရားများ ဖြစ်သလောဆိုသည်ကို သင် ရှင်းလင်းစွာ သိမြင်သင့်သည်။ ဤသည်မှာ သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် အသက်ဝင်ရောက်မှုတို့ကို တိုင်းတာသည့် စံနှုန်းဖြစ်သည်။

ကောက်နုတ်ချက် (၅၁)

တစ်စုံတစ်ဦးသည် ပြစ်တင်ဝေဖန်ခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ရင်ဆိုင်ရချိန်တွင် ဆင်ခြေပေးလေ့ရှိသောအခါ မည်သည့်အရာဖြစ်နေသနည်း။ ဤသည်မှာ အလွန်မာနထောင်လွှားသော၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သော၊ ခေါင်းမာသော စိတ်သဘောထားတစ်မျိုးဖြစ်သည်။ မာနထောင်လွှားပြီး ခေါင်းမာသောလူများသည် သမ္မာတရားကို လက်ခံဖို့ ခက်ခဲသည်ကို တွေ့ရသည်။ ၎င်းတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များ၊ ထင်မြင်ချက်များနှင့် အတွေးများအတိုင်း မကိုက်ညီသည့်အရာ တစ်စုံတစ်ခုကို ၎င်းတို့ကြားသောအခါ ယင်းကို ၎င်းတို့ လက်မခံနိုင်ကြပေ။ အခြားသူများ ပြောသောစကားက မှန်သည်ဖြစ်စေ သို့မဟုတ် မှားသည်ဖြစ်စေ၊ သို့မဟုတ် မည်သူက ပြောခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အကြောင်းအရာကို ပြောခဲ့သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ကိုယ်ပိုင် တာဝန်ဝတ္တရားများနှင့် ဆက်စပ်သည်ဖြစ်စေ မဆက်စပ်သည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်။ ဤအရာများအကြောင်းကို ၎င်းတို့ ဂရုမစိုက်ကြပေ၊ ၎င်းတို့အတွက် အလျင်လိုနေသည်မှာ အရင်ဆုံး ၎င်းတို့၏ ကိုယ်ပိုင်ခံစားချက်များ ပြည့်ဝစေရန် ဖြစ်သည်။ ဤသည်မှာ ခေါင်းမာခြင်း မဟုတ်လော။ ခေါင်းမာခြင်းက အဆုံးတွင် လူများအပေါ် ယူဆောင်လာပေးသည့် ဆုံးရှုံးမှုများမှာ မည်သည်တို့ ဖြစ်သနည်း။ ၎င်းတို့အတွက် သမ္မာတရားကို ရရန်မှာ ခက်ခဲသည်။ သမ္မာတရားကို လက်မခံခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ရပြီး နောက်ဆုံးရလဒ်မှာ သမ္မာတရားကို ၎င်းတို့ အလွယ်တကူ မရနိုင်ခြင်း ဖြစ်သည်။ လူသား၏ သဘာဝအနှစ်သာရမှ သဘာဝအတိုင်း ပွင့်အံထွက်လာသည့် မည်သည့်အရာမဆိုသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး ၎င်းနှင့် လုံးဝ မသက်ဆိုင်ပေ။ ထိုသို့သောအရာများထဲမှ တစ်ခုမျှသည် သမ္မာတရားနှင့် မကိုက်ညီပေ၊ သို့မဟုတ် သမ္မာတရားကို မချဉ်းကပ်ပေ။ ထို့ကြောင့် ကယ်တင်ခြင်းကို ရရန် လူတစ်ယောက်သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရမည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ၎င်းတို့၏ကိုယ်ပိုင် နှစ်သက်မှုများအတိုင်း အမြဲ ပြုမူလိုသည်ဆိုပါက ထိုသူသည် ကယ်တင်ခြင်းကို မရနိုင်။ သင်သည် ဘုရားသခင်နောက်သို့ လိုက်ပြီး သင်၏ တာဝန်ကို ကောင်းစွာထမ်းဆောင်လိုလျှင် အမှုအရာများက သင့်သဘောအတိုင်းမဖြစ်သောအခါ ရှေးဦးစွာ စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းကို သင် ရှောင်ကြဉ်ရမည်။ ရှေးဦးစွာ စိတ်တည်ငြိမ်အောင်ပြုပြီး ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်းရှိလော့။ သင်၏ စိတ်နှလုံးတွင် ဘုရားထံ ဆုတောင်းပြီး ဘုရားထံမှ ရှာဖွေလော့။ ခေါင်းမာခြင်းမရှိနှင့်။ ရှေးဦးစွာ ကျိုးနွံနာခံလော့။ ဤသို့သော စိတ်နေစိတ်ထားဖြင့်သာ သင်သည် ပြဿနာများအတွက် ပိုမိုကောင်းမွန်သော ဖြေရှင်းချက်ကို ရရှိစေနိုင်သည်။ သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ရာတွင် ဇွဲလုံ့လရှိလျှင်၊ သင့်အပေါ် မည်သည့်အမှုအရာ ကျရောက်ပါစေ ဘုရားသခင်ထံဆုတောင်းပြီး ဘုရားသခင်ထံမှ ရှာဖွေနိုင်လျှင်၊ ယင်းကို နာခံသည့်စိတ်ထားနှင့် ရင်ဆိုင်နိုင်လျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဖော်ပြချက်များ မည်မျှရှိသည်မှာ အရေးမပါပေ၊ သို့မဟုတ် ယခင်က သင်သည် မည်သည့် ပြစ်မှားမှုများ ကျူးလွန်ခဲ့သည်မှာလည်း အရေးမပါပေ။ သမ္မာတရားကို သင်ရှာဖွေသမျှကာလပတ်လုံး ယင်းတို့ကို ဖြေရှင်းနိုင်လိမ့်မည်။ သင့်တွင် မှန်ကန်သော စိတ်ထားရှိသရွေ့၊ သမ္မာတရားကို လက်ခံနိုင်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားသခင်ကို နာခံနိုင်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန် လုံးဝ တတ်နိုင်စွမ်းရှိသည်။ သင်သည် ရံဖန်ရံခါ အနည်းငယ် ပုန်ကန်ပြီး အာခံနိုင်သော်လည်း၊ တစ်ခါတစ်ရံတွင် ခုခံသော အကြောင်းပြချက်များ ပြသပြီး မနာခံနိုင်သော်လည်း ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏ ပုန်ကန်သော အခြေအနေကို ပြောင်းလဲပစ်နိုင်လျှင် သင်သည် သမ္မာတရားကို လက်ခံနိုင်သည်။ ဤသို့ပြုလုပ်ပြီးနောက်တွင် သင့်၌ ထိုသို့သော ပုန်ကန်မှုနှင့် အာခံမှုက အဘယ်ကြောင့် ဖြစ်ပေါ်လာသည်ကို ဆင်ခြင်စဉ်းစားလော့။ အကြောင်းရင်းကို ရှာပြီး ယင်းကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေလော့။ ပြီးလျှင် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိုလက္ခဏာသွင်ပြင်သည် သန့်စင်ခြင်းခံရနိုင်သည်။ ဤသို့ တိုက်မိ၍ လဲကျခြင်းမှ အနည်းငယ် သက်သာပြီးနောက်တွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်သည်အထိ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တဖြည်းဖြည်းချင်း ပယ်ရှင်းသွားလိမ့်မည်။ ထို့နောက် သမ္မာတရားသည် သင့်အတွင်း၌ အုပ်စိုးပြီး သင်၏ အသက်ဖြစ်လာလိမ့်မည်။ သင်၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် နောက်ထပ်အတားအဆီး ရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံလာနိုင်မည်ဖြစ်ပြီး သမ္မာတရားစစ်မှန်မှုကို အသက်ရှင်နေထိုင်လိမ့်မည်။ ဤကာလအတောအတွင်း သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းတို့တွင် လက်တွေ့ကျသော တွေ့ကြုံခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ရရှိမည်။ နောင်တစ်ချိန် သင့်ထံ တစ်စုံတစ်ခု ဖြစ်ပျက်လာသောအခါ ဘုရားသခင်ကို နာခံသည့်နည်းလမ်းတစ်ခုဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကိုလည်းကောင်း၊ မည်သည့်အပြုအမူမျိုးက ဘုရားသခင်ကို ဆန့်ကျင်သည်ကိုလည်းကောင်း သင်သိလိမ့်မည်။ သင့်စိတ်နှလုံးထဲတွင် ဤအရာများကို ရှင်းလင်းစွာ သိထားလျက်နှင့်ပင် သမ္မာတရားစစ်မှန်မှုအပေါ် မိတ်သဟာယဖွဲ့နိုင်စွမ်း မရှိဆဲ ဖြစ်မည်လော။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေရန် သင့်အား တောင်းဆိုခံရလျှင် သင်သည် အမှုကိစ္စများစွာကို တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို သိပြီးလိမ့်မည် ဖြစ်သောကြောင့် ယင်းသည် ပြဿနာတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည် မဟုတ်ပေ။ သင် မည်သို့ပြောသည်ဖြစ်စေ ယင်းသည် အမှန်ဖြစ်လိမ့်မည်။ ပြီးလျှင် သင်မည်သည့်အရာကို ပြောသည်ဖြစ်စေ ယင်းသည် လက်တွေ့ကျနေလိမ့်မည်။ စကားများနှင့် အယူဝါဒများကို ဆွေးနွေးရန် သင်တောင်းဆိုခံရလျှင် သင်ဆန္ဒရှိမည်မဟုတ်ပေ။ စိတ်နှလုံးထဲတွင် ယင်းတို့ကို ငြီးငွေ့နေလိမ့်မည်။ သို့ဆိုလျှင် သမ္မာတရားစစ်မှန်မှုထဲသို့ သင်ဝင်ရောက်ပြီး ဖြစ်လိမ့်မည် မဟုတ်လော။ သမ္မာတရားကို လိုက်စားသောလူတို့သည် နှစ်အနည်းငယ်ထက် မပိုသောအားထုတ်မှုဖြင့်ပင် ယင်း၏ အတွေ့အကြုံကို ရနိုင်သည်။ ထို့နောက် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်သည်။ သမ္မာတရားကို မလိုက်စားသောသူတို့အတွက်မူ ၎င်းတို့အလိုရှိလျှင်ပင် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ဖို့ မလွယ်ကူချေ။ ဤသည်မှာ သမ္မာတရားကို မချစ်သောသူတို့တွင် ပုန်ကန်လိုစိတ်များပြားလှစွာ ရှိနေခြင်းကြောင့်ဖြစ်သည်။ ကိစ္စရပ်အချို့တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့ လိုအပ်သည့်အချိန်တိုင်း ၎င်းတို့အတွက် အမြဲ ဆင်ခြေပေးကြပြီး ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာနှင့်၎င်းတို့ ရှိကြလေသည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန်မှာ ၎င်းတို့အတွက် အလွန်ခက်လိမ့်မည်။ ၎င်းတို့သည် ဆုတောင်း၍ ရှာဖွေကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကောင်း ရှိနိုင်သော်လည်း ၎င်းတို့ထံ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ၊ အခက်အခဲများ ၎င်းတို့ ကြုံရသောအခါ ၎င်းတို့၏စိတ်အတော်အတန် ရှုပ်ထွေးနောက်ကျိနေလျက် ၎င်းတို့၏စိတ်ဖရိုဖရဲ ရှုပ်ထွေးနေမှု ပေါ်လာပြီး ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားတို့ ထွက်လာကြသည်။ ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားသည် ပြင်းထန်လိုက်လေခြင်း။ ၎င်းတို့စိတ်နှလုံး၏ ပိုနည်းသောအပိုင်းကသာ စိတ်ဖရိုဖရဲရှုပ်ထွေးနေ၍ ပိုကြီးသောအပိုင်းသည် ဘုရားသခင်ကို လိုက်နာလိုလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အခက်အခဲပိုနည်းလိမ့်မည်။ ၎င်းတို့ ခဏတာ ဆုတောင်းနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ယောက်က ၎င်းတို့နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့လိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုအခိုက်အတန့်အတွင်းတွင် သမ္မာတရားကို ၎င်းတို့ နားလည်လိုက်သရွေ့ ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ ပို၍လွယ်ကူသွားလိမ့်မည်။ ၎င်းတို့၏ စိတ်ဖရိုဖရဲရှုပ်ထွေးမှုသည် အလွန်ကြီးမားသည်မှာ ၎င်းတို့စိတ်နှလုံး၏ ပိုကြီးသောအပိုင်းကို နေရာယူထားလျှင် ပုန်ကန်လိုခြင်းသည် အဓိကဖြစ်ပြီး အလျှော့ပေးခြင်းသည် သာမညဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ချေ။ အကြောင်းမှာ ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု သေးငယ်လွန်းသောကြောင့် ဖြစ်သည်။ ပြီးလျှင် သမ္မာတရားကို လုံးဝ မချစ်သူများသည် အလျှင်း စိတ်ဖရိုဖရဲရှုပ်ထွေးနေပြီး အလွန့်အလွန် သို့မဟုတ် အလုံးစုံ ပုန်ကန်တတ်ကြသည်။ ဤလူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မည်သည့်အခါမျှ တတ်နိုင်လိမ့်မည်မဟုတ်သည့် နားဝေတိမ်တောင် ဖြစ်နေသူများဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အပေါ် စွမ်းအင်ပမာဏ မည်မျှသုံးစွဲပါစေ အသုံးဝင်မည် မဟုတ်ပေ။ သမ္မာတရားကို ချစ်သောလူများတွင် သမ္မာတရားကို လိုက်စားရန် ပြင်းထန်သော တွန်းအားတစ်ခုရှိသည်။ ထိုအရာသည် ၎င်းတို့ကို တွန်းအားပေးသည့်အရာ၏ ပိုကြီးမားသော အပိုင်းဖြစ်ခဲ့လျှင် သို့မဟုတ် ထူးထူးကဲကဲ အများစုဖြစ်ခဲ့လျှင် သမ္မာတရားက ၎င်းတို့ကို သိသာထင်ရှားစွာပင် ဆက်သွယ်နေပြီဖြစ်၏။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်မှာ သေချာနေပြီဖြစ်သည်။ သမ္မာတရားကို ချစ်ခြင်းသည် ရိုးရှင်းသောကိစ္စတစ်ခု မဟုတ်ပေ။ တစ်စုံတစ်ယောက်သည် ဆန္ဒအနည်းငယ်မျှ ရှိရုံဖြင့် သမ္မာတရားကို ချစ်သည့်သူ ဖြစ်မသွားပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့နားလည်သည်နှင့်တစ်ပြိုင်နက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ကြိုးစားအားထုတ်ကာ ဒုက္ခကို ခါးစည်းခံပြီး အဖိုးအခပေးဆပ်နိုင်သည့်အဆင့်အထိ ရောက်ရမည်ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို ချစ်သည့်သူတစ်ဦး ဖြစ်သည်။ သမ္မာတရားကို ချစ်သောလူတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မည်မျှပွင့်အံထွက်လာပါစေ၊ သို့မဟုတ် ပြစ်မှားမှု မည်မျှ၎င်းတို့ ကျူးလွန်မိပါစေ သမ္မာတရားကို လိုက်စားမှုတွင် မဆုတ်မနစ် ကြိုးပမ်းနိုင်သည်။ ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းနိုင်သည်၊ သမ္မာတရားကို ရှာဖွေနိုင်သည်၊ ပြီးလျှင် သမ္မာတရားကို လက်ခံနိုင်သည်။ နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ဤသို့တွေ့ကြုံပြီးနောက် ၎င်းတို့၏ ကြိုးစားအားထုတ်မှုများမှ ရလဒ်ကောင်းများ ထွက်လာနိုင်ပြီး သာမန်အခက်အခဲများက ၎င်းတို့ကို နှောင့်နှေးစေနိုင်တော့မည် မဟုတ်။ အခက်အခဲ ကြီးကြီးမားမားများ ၎င်းတို့ ကြုံရလျှင် ၎င်းတို့ကျရှုံးလျှင်ပင် ယင်းသည် ပုံမှန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန်သေးငယ်သောကြောင့် ဖြစ်သည်။ ပုံမှန်အခြေအနေများတွင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သရွေ့ မျှော်လင့်ချက်ရှိ၏။ ဘုရားသခင်ကို ၎င်းတို့ သိလာပြီး ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးတစ်ခုရှိသောအခါ ကြီးမားသော စိန်ခေါ်မှုများသည်ပင်လျှင် ၎င်းတို့အတွက် ဖြေရှင်းဖို့ လွယ်ကူသည်။ ၎င်းတို့အတွက် မည်သည့်စိန်ခေါ်မှုကမျှ ပြဿနာတစ်ရပ် မဟုတ်တော့ပေ။ လူများ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုပြီး သမ္မာတရားကို ပို၍မိတ်သဟာယပြုနေသရွေ့ကာလပတ်လုံး ၎င်းတို့အပေါ် မည်သည့်အခက်အခဲများ ကျရောက်ရပါစေ၊ ဘုရားသခင်ထံ ၎င်းတို့ ဆုတောင်းနိုင်ပြီး ပြဿနာများကို ဖြေရှင်းရန် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်အပေါ်တွင် အမှီပြုနိုင်လျှင် သမ္မာတရားကို နားလည်ရန်နှင့် ယင်းကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်။ ပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တဖြည်းဖြည်း စတင်၍ ဖယ်ရှားခံရလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း လုပ်ရပ်တစ်ခုချင်းစီဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်ကို ၎င်းတို့ ခွာချသည်။ သမ္မာတရားကို ပို၍ လက်တွေ့လုပ်ဆောင်ခြင်းကြောင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပို၍ ဖယ်ရှားစေသည်။ ဤသည်မှာ သဘာဝနိယာမတစ်ရပ် ဖြစ်သည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်နေကြောင်းကို လူတို့ မြင်ပြီး မိမိကိုယ်ကို ချုပ်တည်းမှုနှင့် ခံနိုင်ရည် ရှိမှုတို့အပေါ် အားကိုးခြင်းဖြင့် ယင်းကို ဖြေရှင်းရန် ကြိုးစားပါက ၎င်းတို့ အောင်မြင်လိမ့်မည်လော။ ယင်းသည် လွယ်ကူမည်မဟုတ်ပေ။ ထိုနည်းလမ်းဖြင့် ၎င်းတို့ ဖြေရှင်းနိုင်ပါက ထိုအခါ ဘုရားသခင်အနေဖြင့် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုတော်ကို လုပ်ရန် လိုအပ်မည် မဟုတ်ပေ။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ဖြေရှင်းရန် လူတစ်ဦးသည် ဘုရားသခင်ထံ ဆုတောင်းခြင်းအပေါ် အားကိုးရမည်၊ ပြီးလျှင် ဘုရားသခင်အပေါ် အားကိုးရမည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် မိမိကိုယ်ကို သုံးသပ်ခြင်းအားဖြင့် မိမိကိုယ်ကို သိခြင်းတို့အပေါ်တွင် အားကိုးရမည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခြင်းကို အားကိုးရမည်။ ဤသည်မှာ ယင်းကို တဖြည်းဖြည်း ဖြေရှင်းနိုင်သည့်အရာဖြစ်သည်။ လူတို့သည် ပူးပေါင်းမဆောင်ရွက်ပါက၊ မိမိတို့ကိုယ်ကို မည်သို့သုံးသပ်ရမည်ကို မသိပါက၊ သမ္မာတရားကို လက်မခံနိုင်ပါက၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သတိမပြုမိပါက၊ နောင်တရခြင်း မရှိပါက၊ ပြီးလျှင် ဇာတိပကတိနှင့် စာတန်ကို မမုန်းပါက ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ့အလိုလို ဖယ်ရှားသွားလိမ့်မည် မဟုတ်ပေ။ ဤနေရာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်သည် အလွန် အံ့ဩဖွယ်ကောင်းသည်။ လူများ သမ္မာတရားကို ငတ်မွတ်ပြီး ၎င်းတို့၏ စိတ်သဘောထားထဲတွင် အပြောင်းအလဲတစ်ခုကို လိုက်စားနေသရွေ့ ဘုရားသခင်သည် ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး လမ်းပြပေးလိမ့်မည်။ သတိပင်မပြုလိုက်မိဘဲ တစ်ချိန်တည်းတွင် လူများသည် သမ္မာတရားကို နားလည်ပြီး မိမိတို့ကိုယ်ကို သိလာနိုင်လိမ့်မည်။ ဤအချိန်တွင် ၎င်းတို့သည် စတင်၍ သမ္မာတရားကို ချစ်ပြီး တောင့်တလာလိမ့်မည်။ ၎င်းတို့သည် ၎င်းတို့၏ကိုယ်ပိုင် စိတ်နှလုံးများထဲမှနေ၍ စာတန်၏သဘာဝနှင့် စိတ်သဘောထားတို့ကို မုန်းတီးနိုင်ကြလိမ့်မည်။ ယင်းက ၎င်းတို့အတွက် ဇာတိပကတိကို စွန့်လွှတ်ဖို့ ပို၍လွယ်ကူစေပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ၎င်းတို့အတွက် များစွာ ပို၍လွယ်ကူသည်ဟု ခံစားရစေသည်။ ထိုအချိန်တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် နည်းနည်းချင်း ပြောင်းလဲလာလိမ့်မည်။ ပြီးလျှင် ၎င်းတို့တွင် ဘုရားသခင်ကို ပုန်ကန်လိုခြင်း တစ်စုံတစ်ရာ ရှိတော့မည် မဟုတ်ပေ။ မည်သူမဆို၊ မည်သည့်အဖြစ်အပျက် သို့မဟုတ် မည်သည့်အရာတို့၏ ထိန်းချုပ်ခြင်းကို မခံရဘဲ ၎င်းတို့သည် ဘုရားသခင်ကို အပြည့်အဝ ကျိုးနွံနာခံနိုင်ကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့၏ အသက်စိတ်သဘောထားတွင် လုံးဝ အပြောင်းအလဲတစ်ခုဖြစ်သည်။

ကောက်နုတ်ချက် (၅၂)

အချို့သောသူများသည် ၎င်းတို့၏တာဝန်များ ဆောင်ရွက်စဉ်တွင်ပင် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့ စိတ်ကျေနပ်စေရုံမျှသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်းသာ ပြုမူကြပြီး အမြဲပင် ထင်ရာစိုင်းကာ မဆင်မခြင် ပြုလုပ်ကြပေသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လမ်းကြောင်းကို မလျှောက်ကြပေ။ “ထင်ရာစိုင်းကာ မဆင်မခြင်ပြုလုပ်ခြင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းသည် ကိစ္စတစ်ခုခု တွေ့ကြုံသည့်အခါ တွေးခေါ်မြော်မြင်ခြင်း၊ သို့မဟုတ် ရှာဖွေခြင်းအတွက် မည်သည့်နည်းစနစ်မှ မရှိဘဲ မိမိသင့်တော်သလို ပြုမူဆောင်ရွက်ခြင်းကို ဆိုလိုသည်။ အခြားသူတစ်ဦးတလေ ပြောသည့် မည်သည့်အရာမျှ သင့်စိတ်နှလုံးကို မတို့ထိနိုင်၊ သို့မဟုတ် သင့်စိတ်ကို မပြောင်းလဲနိုင်ပေ။ သင့်ကို သမ္မာတရား မိတ်သဟာယဖွဲ့သည့်အခါတွင် သင်သည် လက်ပင်မခံနိုင်ပေ။ အခြားလူများက အမှန်တစ်ခုတလေကို ပြောသည့်အခါတွင် သင်နားမထောင်ဘဲ သင့်ကိုယ်သင် မှန်ကန်သည်ဟု ယုံကြည်ပြီး သင်၏ကိုယ်ပိုင် စိတ်ကူးများကို ဖက်တွယ်ထားလျက် မိမိ၏ ကိုယ်ပိုင်ထင်မြင်ယူဆချက်များကိုသာ ဆုပ်ကိုင်ထားသည်။ သင်၏အတွေးက မှန်ကန်လျှင်ပင် သင်သည် အခြားလူများ၏ ထင်မြင်ယူဆချက်များကိုလည်း ထည့်တွက်စဉ်းစားသင့်သည်။ သင်သည် လုံးဝ ထည့်တွက်မစဉ်းစားလျှင် ဤသည်မှာ အလွန်အမင်း မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း မဟုတ်သလော။ မိမိကိုယ်ကို မှန်သည်ဟု အလွန်အမင်း မှတ်ယူပြီး တစ်ဇွတ်ထိုးဆန်သော လူများအတွက်မူ သမ္မာတရားကို လက်ခံဖို့ မလွယ်ကူပေ။ သင်သည် မှားသည့်အရာတစ်စုံတစ်ခု လုပ်ပြီး အခြားလူများက “သင်သည် သမ္မာတရားအတိုင်း လုပ်ဆောင်နေခြင်း မဟုတ်” ဟု ပြောလျက် သင့်အား ဝေဖန်လျှင်၊ သင်က “ကျွန်ုပ် သမ္မာတရားအတိုင်း မလုပ်လျှင်ပင် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်ပုံစံ ဖြစ်နေဆဲ ဖြစ်သည်” ဟု ပြန်ပြောပြီး ထို့နောက်တွင် ဤအရာမှာ မှန်ကန်ကြောင်း ၎င်းတို့အား တွေးစေဖို့ သင်သည် အကြောင်းပြချက်အချို့ ရှာတွေ့သည်။ ၎င်းတို့က “သင် ဤသို့ပြုလုပ်ခြင်းသည် အနှောင့်အယှက်ဖြစ်စေပြီး အသင်းတော်အလုပ်ကို ထိခိုက်လိမ့်မည်” ဟု ပြောလျက် သင့်အား ပြစ်တင်မောင်းမဲလျှင် သင်က နားမထောင်ရုံမျှမက “ဤသည်မှာ မှန်ကန်သည့်နည်းလမ်းဖြစ်သည်ဟု ကျွန်ုပ် ထင်သည်၊ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ် လုပ်ဆောင်မည့်နည်းလမ်းဖြစ်သည်” ဟူ၍ ဆင်ခြေများ သင့်နှုတ်မှ ဆက်တိုက်ထွက်လာသည်။ ဤသည်မှာ အဘယ်စိတ်သဘောထားနည်း။ (မာနထောင်လွှားခြင်း ဖြစ်ပါသည်။) မာနထောင်လွှားခြင်းဖြစ်သည်။ မာနထောင်လွှားသော သဘာဝသည် သင့်ကို တစ်ဇွတ်ထိုး လုပ်စေသည်။ သင်က မာနထောင်လွှားသော သဘာဝရှိလျှင် သင်သည် မည်သူမဆိုက ပြောသည့်အရာကို အရေးမစိုက်ဘဲ ထင်ရာမြင်ရာ၊ အလျင်စလို ပြုမူလိမ့်မည်။ သို့ပြုလျှင် သင်သည် သင်၏ထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းတို့ကို မည်သို့ ဖြေရှင်းသနည်း။ ဥပမာအနေဖြင့် သင့်ထံတစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင်၌ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် အစီအစဉ်များ ရှိသည်ဆိုကြပါစို့။ မည်သည့်အရာလုပ်ရမည်ကို မဆုံးဖြတ်မီတွင် သင်သည် သမ္မာတရားကို ရှာဖွေပြီး သင်၏အတွေးများသည် မှန်ကန်ခြင်း ရှိမရှိ၊ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ သင့်အား ပြောပြရန်၊ သင့်အတွက် စစ်ဆေးခြင်းများ ပြုလုပ်ပေးရန် လူတိုင်းကို တောင်းဆိုလျက် သင်သည်ဤအရာအပေါ် သင် တွေးထင်သည့်အရာ၊ ယုံကြည်သည့်အရာတို့နှင့်ပတ်သက်၍ အနည်းဆုံးအနေဖြင့် လူတိုင်းနှင့် မိတ်သဟာယပြုသင့်သည်။ ဤသည်မှာ ထင်ရာမြင်ရာပြုခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းတို့ကို ဖြေရှင်းသည့် အကောင်းဆုံး နည်းစနစ် ဖြစ်ပေသည်။ ပထမဦးစွာ သင့်အမြင်များကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းကို ဖြေရှင်းရန်အတွက် သင် လက်တွေ့လုပ်ဆောင်ခြင်း၏ ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်။ ထင်ရာမြင်ရာနှင့် ကမူးရှူးထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သို့လက်တွေ့လုပ်ဆောင်နိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်။ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင် ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ယင်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက် သင် ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံအကြောင်းရင်း ရှာသင့်သည်— ဘုရားသခင်၏ နှုတ်ကပတ်တော်များအရ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်သင့်သည်။ ဤသည်မှာ အသင့်တော်ဆုံးနှင့် တိကျအမှန်ကန်ဆုံး လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။ သင်သည် လူတိုင်း အတူတကွ မိတ်သဟာယပြုဖို့နှင့် ရှာဖွေဖို့ သမ္မာတရားကို ရှာဖွေပြီး ပြဿနာကို တင်ပြသည့်အချိန်သည် သန့်ရှင်းသောဝိညာဉ်တော်က ဉာဏ်အလင်းပေးခြင်းကို ထောက်ပံ့ပေးသည့်အချိန် ဖြစ်သည်။ ဘုရားသခင်က လူများကို စည်းမျဉ်းများအတိုင်း ဉာဏ်အလင်းပေးသည်၊ ၎င်းတို့၏သဘောထားကို သူက ဆင်ခြင်သုံးသပ်သည်။ သင်၏အမြင်သည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင်ယုံကြည်သည့်အတိုင်း ခေါင်းမာစွာနှင့် ရပ်တည်လျှင်၊ ဘုရားသခင်သည် သင့်ထံမှ သူ၏မျက်နှာကို ကွယ်ဝှက်လိမ့်မည်ဖြစ်ပြီး သင့်ကို လျစ်လျူရှုလိမ့်မည်။ သင့်ကို ရှေ့မဆက်နိုင်အောင် ဖြစ်စေလိမ့်မည်၊ သင့်ကို ဖော်ထုတ်ပြီး သင်၏အကျည်းတန်သော အခြေအနေကို ဖော်ထုတ်လိမ့်မည်။ အခြားတစ်ဘက်တွင် သင်၏ သဘောထားသည် မှန်ကန်ပါက သင်ကိုယ်တိုင်၏ နည်းလမ်းအတွက် မရမကပြောဆိုခြင်း မရှိသည်သာမက မိမိကိုယ်ကို ဖြောင့်မတ်သည်ဟု မယူမှတ်သကဲ့သို့ ထင်ရာမြင်ရာနှင့် မဆင်မခြင်လုပ်ခြင်း မရှိဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု ရှိပါက လူတိုင်းနှင့် သင် မိတ်သဟာယပြုပါက သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့အလယ် စတင် အမှုပြုလိမ့်မည်ဖြစ်ပြီး သူသည် တစ်စုံတစ်ဦး၏ စကားများအားဖြင့် သင့်ကို သိနားလည်မှုဆီသို့ ဦးဆောင်လမ်းပြကောင်း လမ်းပြလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော်က ဉာဏ်အလင်းပေးသည့်အခါတွင် သူသည် ကိစ္စရပ်တစ်ခု၏ အဓိကအချက်ကို စကားအနည်းငယ် သို့မဟုတ် စကားစုအနည်းငယ်ဖြင့်၊ သို့မဟုတ် သင့်ကို စိတ်ကူးတစ်ခုပေးခြင်းအားဖြင့် နားလည်အောင် သင့်ကို ဦးဆောင်လေသည်။ ထိုခဏချင်းတွင် သင် ဖက်တွယ်နေခဲ့ပြီးဖြစ်သည့် မည်သည့်အရာမဆို မှားယွင်းသည်ကို သင် နားလည်ပြီး ထိုခဏချင်းတွင်ပင် လုပ်ဆောင်ရန် အသင့်တော်ဆုံး နည်းလမ်းကို သင် နားလည်လေသည်။ ထိုသို့သော အဆင့်ကို ရောက်ရှိပြီးနောက် သင်သည် မကောင်းမှု လုပ်ဆောင်ခြင်းကို အောင်မြင်စွာ ရှောင်ကြဉ်ပြီး မဟုတ်သလော၊ ပြီးလျှင် တစ်ချိန်တည်းတွင်ပင် အမှားတစ်ခု၏ အကျိုးဆက်များကို ခံရခြင်းအား ရှောင်ရှားပြီး မဟုတ်သလော။ ထိုသို့သောအရာတစ်ခုကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ဤအရာကို သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး ရှိသည့်အခါနှင့် သင်သည် သမ္မာတရားကို နာခံသော စိတ်နှလုံးဖြင့် ရှာဖွေသည့်အခါတို့တွင်သာ ရရှိလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို သင်လက်ခံရရှိပြီး လက်တွေ့လုပ်ဆောင်ဖို့ စည်းမျဉ်းများကို သတ်မှတ်ပြီးသည်နှင့် တစ်ပြိုင်နက် သင်၏ လက်တွေ့လုပ်ဆောင်မှုသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည် ဖြစ်ကာ၊ သင်သည် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းနိုင်လိမ့်မည် ဖြစ်သည်။ ထိုနည်းအတိုင်း သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် မည်သည့်အရာအပေါ်တွင် အရေးပါစွာ မူတည်သနည်း။ အဓိကမှာ သင့်တွင် မှန်ကန်သောရည်ရွယ်ချက်များနှင့် သဘောထားတို့ ရှိခြင်းအပေါ်တွင် မူတည်သည်။ ဤသည်မှာ အရေးပါသည်။ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သောအခါ လူများ၏ ရည်ရွယ်ချက်များနှင့် သဘောထားများကို သူစေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ပြီးလျှင် ဤအချက်များအပေါ်အခြေခံ၍ ၎င်းတို့ကို ဉာဏ်အလင်းပေးမည်လော သို့မဟုတ် ဦးဆောင်မည်လောဆိုသည်ကို သူဆုံးဖြတ်သည်။ ဘုရားသခင်၏အမှုတော်ကို လူများ နားလည်နိုင်ပြီး ဤကိစ္စရပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါက ဘုရားသခင်ထံ မည်သို့ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရမည်ကို ၎င်းတို့သိလိမ့်မည်။ ဤသည်ကို သင်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်သလော။ မကြာခဏဆိုသလိုပင် မကောင်းမှုပြုခြင်းကို ရှောင်ကြဉ်ရန် လူများ ဆန္ဒရှိကြပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ စည်းမျဉ်းများအတိုင်း ပြုလုပ်လိုကြသည်။ သို့သော် ဤသည်မှာ သမ္မာတရားအပေါ် လူများ၏သဘောထားနှင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကျိုးနွံနာခံသည့် စိတ်နှလုံးတစ်ခု ၎င်းတို့တွင် ရှိမရှိဆိုသည်တို့အပေါ်တွင် မူတည်သည်။ သင့်ပုဂ္ဂလိက ရည်ရွယ်ချက်များကို လက်လွှတ်နိုင်ပြီး ဘုရားသခင်ကို နာခံသည့်၊ ဘုရားသခင်ထံ ရိုးသားစွာ ဆုတောင်းပြီး သူ့ထံမှ ရှာဖွေသည့် စိတ်ဓာတ်ရှိပါက ဘုရားသခင်၏ဉာဏ်အလင်းပေးခြင်းကို ရရန် သင့်အတွက် မကြာတော့ပေ။ သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာများ ဖြစ်ပြီး သမ္မာတရား၏ အဓိကအချက်များက မည်သည့်နေရာတွင် တည်ရှိသည်ကို သင်နားလည်အောင် ပြုလုပ်ပေးရန် ဘုရားသခင်သည် နည်းလမ်းအချို့ကို သုံးလိမ့်မည်။ ဘုရားသခင်ထံ သင်ဆုတောင်းပြီး သူ့ထံမှ ရှာဖွေသောအခါ သင့်တွင် မှန်ကန်သော စိတ်ဓာတ်ရှိပြီး ရိုးသားသရွေ့ ဘုရားသခင်က သင့်ကို ဉာဏ်အလင်းပေးလိမ့်မည်။ တစ်ခုတည်းသော စိုးရိမ်ဖွယ်ကိစ္စမှာ လူများသည် သမ္မာတရားကို စစ်မှန်စွာ မရှာဖွေဘဲ အခြားသူများ မြင်ရန်သာ ဟန်ပြအဖြစ် လုပ်ရိုးလုပ်စဉ်အတိုင်းသာ လုပ်ဆောင်လျှင် ဖြစ်သည်။ ထိုအခြေအနေတွင် ဘုရားသခင်၏ဉာဏ်အလင်းပေးခြင်းကို ၎င်းတို့ ရနိုင်လိမ့်မည်မဟုတ်ချေ။ သင်၏ သဘောထားသည် ခေါင်းမာစွာဖြင့် မရမက သမ္မာတရားကို ငြင်းဆိုခြင်း၊ အခြားမည်သူမဆို၏ အကြံပြုချက်များကို ငြင်းပယ်ခြင်း၊ သမ္မာတရားကို မရှာဖွေခြင်း၊ သင့်ကိုယ်သင်သာ ယုံကြည်မှုရှိခြင်းနှင့် သင်အလိုရှိသည့်အတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်လျှင်၊ ဘုရားသခင် လုပ်ဆောင်သည့်အရာ၊ သို့မဟုတ် တောင်းဆိုသည့်အရာက မည်သည့်အရာဖြစ်စေ ဤသည်မှာ သင်၏ စိတ်သဘောထားဖြစ်လျှင် ဘုရားသခင်၏ တုံ့ပြန်မှုက အဘယ်အရာဖြစ်သနည်း။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ သင့်ကို ဘေးဖယ်ထားသည်။ သင်သည် တစ်ဇွတ်ထိုး မဖြစ်သလော။ သင်သည် မာနမထောင်လွှားသလော။ သင်သည် မိမိ မှန်ကန်သည်ဟု အစဉ်အမြဲမထင်သလော။ သင်သည် နာခံခြင်းမရှိလျှင်၊ မည်သည့်အခါမျှ မရှာဖွေလျှင်၊ သင်၏ စိတ်နှလုံးသည် လုံးလုံး ပိတ်ထားပြီး ဘုရားသခင်ကို အာခံလျှင် ဘုရားသခင်က သင့်အား အလေးဂရုမပြုပေ။ အဘယ်ကြောင့် ဘုရားသခင်က သင့်အား အလေးဂရုမပြုသနည်း။ သင်၏ စိတ်နှလုံးသည် ဘုရားသခင်အတွက် ပိတ်ထားလျှင် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံနိုင်သလော။ ဘုရားသခင်က သင့်ကို အပြစ်တင်သောအခါ သင် ခံစားရနိုင်သလော။ လူတို့သည် ခေါင်းမာသောအခါ ၎င်းတို့၏ ဆိုးယုတ်သော သဘာဝနှင့် အထိန်းအကွပ်မဲ့ ကြမ်းတမ်းမှုတို့သည် ပွင့်ထွက်လာသည့်အခါ ဘုရားသခင်လုပ်ဆောင်သော မည်သည့်အရာကိုမျှ ၎င်းတို့ မခံစားရပေ။ အားလုံးက သက်ရောက်မှုမရှိပေ။ ထို့ကြောင့် ဘုရားသခင်က အသုံးမဝင်သောအလုပ်ကို မလုပ်ဆောင်ပေ။ သင်သည် ဤသို့သော ခေါင်းမာစွာ ဆန့်ကျင်တတ်သည့် သဘောထားမျိုးရှိလျှင် ဘုရားသခင်လုပ်ဆောင်သမျှမှာ သင့်ထံမှ ပုန်းကွယ်ခြင်းသာဖြစ်သည်။ ဘုရားသခင်က မလိုလားအပ်သောအရာများကို လုပ်ဆောင်မည်မဟုတ်ပေ။ သင်သည် ဤသို့ ခေါင်းမာစွာ ဆန့်ကျင်နေသောအခါ၊ ဤသို့ ပိတ်ဆို့ထားသောအခါ ဘုရားသခင်သည် သင့်အထဲတွင် မည်သည့်အရာကိုမျှ လုံးဝ အတင်းဆောင်ရွက်လိမ့်မည်မဟုတ်ပေ၊ သို့မဟုတ် သင့်အပေါ် မည်သည့်အရာကိုမျှ အတင်း လုပ်ဆောင်မည်မဟုတ်ပေ။ သူသည် သင့်အား တို့ထိပြီး ဉာဏ်အလင်းဖွင့်ပြရန် မည်သည့်အခါမျှ ဆက်လက်၍ ထပ်ခါထပ်ခါ ကြိုးစားမည်မဟုတ်ပေ။ ဘုရားသခင်က ဤသို့ မဆောင်ရွက်ပေ။ ဘုရားသခင်က အဘယ်ကြောင့် ဤနည်းအားဖြင့် မလုပ်ဆောင်သနည်း။ အဓိကအားဖြင့် ဘုရားသခင်သည် သင့်တွင် စိတ်သဘောထားတစ်မျိုး၊ သမ္မာတရားကို စိတ်ကုန်ပြီး ဆင်ခြင်တုံတရား မရှိနိုင်သော အထိန်းအကွပ်မဲ့ကြမ်းတမ်းမှုကို မြင်တွေ့ပြီး ဖြစ်သောကြောင့်ဖြစ်သည်။ ရိုင်းစိုင်းသော တိရစ္ဆာန်တစ်ကောင်၏ အထိန်းအကွပ်မဲ့ ကြမ်းတမ်းခြင်း ပွင့်ထွက်လာသောအခါတွင် လူတို့သည် ယင်းကို ထိန်းချုပ်နိုင်သည်ဟု သင်ထင်သလော။ ယင်းကို အော်ဟစ်ပြောဆိုခြင်းက တစ်ခုခုထူးခြားစေသလော။ ယင်းကို ကျိုးကြောင်းပြပြောဆိုခြင်း၊ သို့မဟုတ် နှစ်သိမ့်ခြင်းသည် တစ်ခုခုအသုံးဝင်သလော။ ယင်းကို လူတို့က ချဉ်းကပ်ရဲသလော။ ဤအရာကို ဖော်ပြရန် နည်းလမ်းကောင်းတစ်ခုရှိသည်။ ထိုတိရစ္ဆာန်သည် ကျိုးကြောင်းပြပြောဆို၍ မရနိုင်ပေ။ သင်၏ အထိန်းအကွပ်မဲ့ ကြမ်းတမ်းမှုက ပေါ်ထွက်လာပြီး သင်သည် ကျိုးကြောင်းပြပြောဆို၍ မရသောအခါ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သနည်း။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ သင်သည် ဆင်ခြင်တုံတရား မရှိနိုင်ပါက ဘုရားသခင်က သင့်အား မည်သည့်အရာကို ထပ်၍ ပြောရမည်နည်း။ တစ်ခုခုထပ်၍ ပြောဆိုခြင်းသည် အသုံးမဝင်ပေ။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုသောအခါ သင်သည် ကောင်းချီးခံစားရသလော၊ သို့မဟုတ် ဒုက္ခခံရသလော။ အချို့သော အကျိုးအမြတ်များ ရသလော၊ သို့မဟုတ် ဆုံးရှုံးမှုကို ခံရသလော။ သင်သည် ဧကန်မုချ ဆုံးရှုံးမှုကို ခံရလိမ့်မည်။ မည်သူက ဤအရာကို ဖြစ်စေသနည်း။ (ကျွန်ုပ်တို့ ဖြစ်စေပါသည်။) သင် ဖြစ်စေသည်။ သင့်ကို ဤသို့ပြုမူရန် မည်သူကမျှ အတင်းမတိုက်တွန်းပေ။ သို့တိုင်အောင် သင်က စိတ်မချမ်းမသာဖြစ်သည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင် ဖြစ်စေသည်မဟုတ်လော။ ဘုရားသခင်က သင့်ကို အလေးဂရုမပြုပေ။ ဘုရားသခင်ကို သင်မခံစားရနိုင်ပေ။ သင်၏ စိတ်နှလုံးတွင် မှောင်မိုက်ခြင်းရှိသည်။ သင်၏ အသက်တာသည် အထိအခိုက်ခံရသည်။ သင့်အပေါ်သို့ ဤအရာကို သင်ကိုယ်တိုင်ဖြစ်စေသည်။ သင်နှင့် ထိုက်တန်သည်။

ကိစ္စတစ်ခုကို ရင်ဆိုင်သောအခါ လူများသည် သမ္မာတရားကို မရှာဖွေဘဲ တစ်ဇွတ်ထိုးနိုင်လွန်းပြီး ၎င်းတို့၏ ကိုယ်ပိုင်အကြံအစည်များကိုသာ အခိုင်အမာ ပြောဆိုနေပါက ဤသည်မှာ အလွန်အန္တရာယ်များသည်။ ဘုရားသခင်သည် ဤလူများကို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်ကာ ဘေးဖယ်ထားလိမ့်မည်။ ဤသို့လုပ်ခြင်း၏ အကျိုးဆက်က မည်သည့်အရာဖြစ်လိမ့်မည်နည်း။ ၎င်းတို့ ဖယ်ရှားခံရခြင်း၏ အန္တရာယ်ရှိသည်ဟု အသေအချာဆိုနိုင်သည်။ သို့ရာတွင် သမ္မာတရားကို ရှာဖွေသူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို ရနိုင်ပြီး ရလဒ်အနေဖြင့် ဘုရားသခင်၏ကောင်းချီးကို ရနိုင်သည်။ သမ္မာတရားကို ရှာဖွေခြင်းနှင့် မရှာဖွေခြင်းဟူသည့် မတူညီသော သဘောထားနှစ်ခုသည် သင့်ထံတွင် မတူညီသော အခြေအနေနှစ်ရပ်နှင့် မတူညီသောရလဒ်နှစ်မျိုးတို့ကို ဖြစ်ပေါ်စေနိုင်သည်။ မည်သည့်ရလဒ်အမျိုးအစားကို သင်တို့ ပိုနှစ်သက်သနည်း။ (ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းကို ရရန်ကို ကျွန်ုပ် ပိုနှစ်သက်မည်ဖြစ်သည်။) လူတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှု ခံရန်နှင့် ဘုရားသခင်၏ ကျေးဇူးတော်များကို လက်ခံရရှိရန် ဆန္ဒရှိပါက မည်သည့် သဘောထားမျိုး ၎င်းတို့ ရှိရမည်နည်း။ ၎င်းတို့သည် ယေဘုယျအားဖြင့် ဘုရားသခင်ရှေ့တွင် ရှာဖွေပြီး နာခံသည့် သဘောထား ရှိရမည်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ အခြားသူများနှင့် ဆက်ဆံသည်ဖြစ်စေ၊ သို့မဟုတ် သင်ရင်ဆိုင်နေရသည့် အထူးပြဿနာတစ်ခုခုကို ကိုင်တွယ်ဖြေရှင်းသည်ဖြစ်စေ သင်၌ ရှာဖွေခြင်းနှင့် နာခံခြင်း သဘောထား ရှိရမည်။ ဤသဘောထားမျိုးရှိသဖြင့် သင်၌ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး အတော်အတန် ရှိသည်ဟု ဆိုနိုင်သည်။ သမ္မာတရားကို သင်ရှာဖွေကာ နာခံနိုင်ခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လမ်းကြောင်း ဖြစ်သည်။ အကယ်၍ သင်၌ ရှာဖွေခြင်းနှင့် နာခံခြင်း သဘောထား ရှိရမည့်အစား မိမိကိုယ်ကို ဖက်တွယ်ကာ ခေါင်းမာစွာ ဆန့်ကျင်လိုပြီး သမ္မာတရားကို လက်ခံဖို့ ငြင်းပယ်သည့်အပြင် သမ္မာတရားကို စိတ်ကုန်ပါက သင်သည် ဆိုးယုတ်မှုအမြောက်အမြားကို အလိုအလျောက် ကျူးလွန်မိလိမ့်မည် ဖြစ်သည်။ ယင်းကို သင်ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ လူများသည် ဤအရာကို ဖြေရှင်းရန် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေပါက ၎င်းတို့အနေဖြင့် မည်မျှတွေ့ကြုံခံစားပါစေ၊ အခြေအနေ မည်မျှနှင့် ကြုံတွေ့ရပါစေ၊ ဘုရားသခင်က ၎င်းတို့အတွက် သင်ခန်းစာမည်မျှကို သတ်မှတ်ပေးပါစေ အဆုံးသတ် အကျိုးဆက်မှာ ၎င်းတို့သည် သမ္မာတရားကို နားလည်လိမ့်ဦးမည် မဟုတ်ဘဲ အဆုံး၌ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိဆဲသာ ဖြစ်လိမ့်မည်။ လူများသည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ပါက ဘုရားသခင်၏ လမ်းခရီးကို ၎င်းတို့လိုက်လျှောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီးကို မည်သည့်အခါမျှ လိုက်မလျှောက်နိုင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသောအကျင့်ကို ရှောင်နိုင်သည့်သူများ မဟုတ်ပေ။ လူများသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုပြီး ဘုရားနောက်ကို လိုက်လျှောက်လိုခြင်း အကြောင်းတို့ကို မပြီးနိုင်မစီးနိုင် ပြောကြသည်။ အမှုကိစ္စများသည် ထိုမျှ ရိုးရှင်းသလော။ လုံးဝ မရိုးရှင်းပေ။ ဤအရာများသည် လူတို့၏အသက်တာ၌ အလွန့်အလွန် အရေးကြီးပေသည်။ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ ဘုရားသခင်ကို ကျေနပ်စေဖို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းကို စွမ်းဆောင်ရရှိဖို့ မလွယ်ကူပေ။ သို့ရာတွင် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတစ်ခုကို သင်တို့အား ငါပြောမည်။ သင့်ထံ၌ တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ သင်၌ ရှာဖွေခြင်းနှင့် နာခံခြင်း သဘောတရားရှိပါက ဤအရာက သင့်ကို ကာကွယ်လိမ့်မည်။ အဆုံးသတ် ပန်းတိုင်သည် သင့်အနေဖြင့် ကာကွယ်ခြင်း ခံရဖို့ မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်စေဖို့နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ သင်ဝင်ရောက်နိုင်စေဖို့ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေဖို့ ဖြစ်သည်။ ဤသည်မှာ အဆုံးသတ် ပန်းတိုင်ဖြစ်သည်။ သင်တွေ့ကြုံခံစားသမျှတွင် သင်၌ ဤသဘောထား ရှိပါက သင်၏တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းခြင်းတို့သည် အနှစ်သာရမရှိသော စကားများနှင့် ဆောင်ပုဒ်များ ဖြစ်သည်ဟု သင်ခံစားရတော့မည် မဟုတ်ချေ။ ယင်းက အလွန် ခက်ခဲပင်ပန်းသည်ဟု ခံစားရတော့မည် မဟုတ်ချေ။ ထိုအစား သင်သတိမထားလိုက်မီတွင် အတော်အသင့် များပြားသော သမ္မာတရားတို့ကို သင်နားလည်လာလိမ့်မည်။ ထိုနည်းအားဖြင့် သင် တွေ့ကြုံခံစားဖို့ ကြိုးစားပါက သင်သည် ဆုလာဘ်များ သေချာပေါက် ရိတ်သိမ်းရလိမ့်မည်။ သင်သည် မည်သူဖြစ်သည်၊ အသက်အရွယ် မည်မျှရှိသည်၊ သင်မည်မျှ ပညာတတ်သည်၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ ယုံကြည်ထားသည်၊ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်သည်တို့က အရေးမပါပေ။ သင်၌ ရှာဖွေပြီး နာခံသည့် သဘောထားရှိသမျှ ကာလပတ်လုံး၊ ဤနည်းဖြင့် သင်တွေ့ကြုံခံစားသမျှ ကာလပတ်လုံး အဆုံး၌ သင်သည် သမ္မာတရားကို နားလည်ဖို့နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သေချာပေလိမ့်မည်။ သို့ရာတွင် သင်၌ ဖြစ်ပျက်လာသမျှ အရာအားလုံးတွင် ရှာဖွေခြင်းနှင့် နာခံခြင်း သဘောထားမရှိပါက သင်သည် သမ္မာတရားကို နားလည်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရား စစ်မှန်မှုထဲသို့လည်း ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ချေ။ သမ္မာတရားကို မည်သည့်အခါမျှ နားမလည်ဘဲ သမ္မာတရားစစ်မှန်မှုထဲသို့ မည်သည့်အခါမျှ မဝင်ရောက်နိုင်သူတို့သည် “သမ္မာတရားဆိုသည်မှာ အဘယ်အရာနည်း။ အယူဝါဒများဆိုသည်မှာ အဘယ်အရာနည်း။ သမ္မာတရားစစ်မှန်မှုဆိုသည်မှာ အဘယ်အရာနည်း။ ပြီးလျှင် သမ္မာတရားစစ်မှန်မှု မရှိခြင်းဆိုသည်မှာ အဘယ်အရာနည်း။ ၎င်းကို ကျွန်ုပ် အဘယ်ကြောင့် နားမလည်ရသနည်း” ဟု တွေးကြသည်။ တရားဒေသနာများကို ၎င်းတို့ မကြာခဏ နားထောင်ကြပြီး သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြသည်။ ၎င်းတို့သည် မနက်စောစော အိပ်ရာထ၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်း၊ ပို၍ နားထောင်ခြင်း၊ ပို၍ လေ့လာခြင်းနှင့် ပို၍ ရေးခြင်းတို့ကို ပြုလုပ်ပြီး နောက်ကျမှ အိပ်ရာဝင်ကြသည်။ ၎င်းတို့၏မှတ်စုစာအုပ်များထဲတွင် ၎င်းတို့ ကြားသည့် တည်ဆောက်စရာဖြစ်သော အရာများကို အချို့သော စာအုပ်များအပြည့် မှတ်စုရေးထားကြသည်။ ၎င်းတို့သည် များစွာအားထုတ်ကြိုးပမ်းကြသော်လည်း ကံမကောင်းစွာဖြင့် သမ္မာတရားကို ၎င်းတို့ မည်သည့်အခါကမျှ နားမလည်ခဲ့ကြပေ။ ထို့ကြောင့် သမ္မာတရားသည် နက်နဲလွန်းသည်ဟု ၎င်းတို့ ခံစားမိကြသည်။ နှစ်အတန်ကြာ နားထောင်ပြီးနောက် အယူဝါဒအချို့ကို ၎င်းတို့နားလည်ကြသည်၊ သို့သော် ၎င်းတို့ အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ရသနည်း။ ကိစ္စရပ်များကို ရင်ဆိုင်ရသောအခါ ၎င်းတို့ အဘယ်ကြောင့် စိတ်ရှုပ်ထွေးလာရသနည်း။ သမ္မာတရားကို နားလည်ခြင်းနှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းသည် အလွန်စိတ်ကူးသက်သက် ဖြစ်သည်ဟု ၎င်းတို့မှတ်ယူပြီး ဤအရာများသည် ရရန် အလွန်ခက်ခဲသည်ဟု ၎င်းတို့ ခံစားမိကြသည်။ အမှန်မှာ ၎င်းတို့သည် ယင်းကို နားလည်မှု လွဲနေခြင်းဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းသည် စကားလုံးဆက် ကစားပွဲများကို ကစားနေခြင်းကဲ့သို့ မဟုတ်။ စကားများနှင့် အယူဝါဒများအချို့အကြောင်းကို ပြောနိုင်ပြီး ထိုမျှသာ မဟုတ်။ ယင်းသည် ထိုကဲ့သို့ မဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အသားအပေးဆုံးဖြစ်သည့် အရာမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတွင် စည်းမျဉ်းများကို နားလည်သဘောပေါက်နိုင်ခြင်းတို့ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းနှင့် စည်းမျဉ်းများဖြင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းတို့ကို နားလည်ခြင်းအားဖြင့်သာ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ခြင်းသည် အရေးအကြီးဆုံးအရာဖြစ်သည်။

ကောက်နုတ်ချက် (၅၃)

လူတို့သည် ၎င်းတို့၏တာဝန်များအပေါ် တာဝန်ယူမှုမရှိသောအခါ၊ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်သောအခါ၊ မှန်ပါ့သမားအဖြစ် ပြုမူပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်သောအခါတွင် ဤသည်မှာ မည်သည့်စိတ်သဘောထား ဖြစ်သနည်း။ ဤသည်မှာ ဉာဏ်နီဉာဏ်နက်များခြင်းဖြစ်သည်။ စာတန်၏ စိတ်သဘောထား ဖြစ်သည်။ လူသား၏ ရှင်သန်ရေး အတွေးအခေါ်များထဲတွင် အပေါ်လွင်ဆုံးဖြစ်သော သွင်ပြင်လက္ခဏာသည် ဉာဏ်နီဉာဏ်နက်များခြင်းပင် ဖြစ်၏။ လူတို့သည် ၎င်းတို့ ဉာဏ်နီဉာဏ်နက်မများလျှင် အခြားသူများအား စိတ်အနှောင့်အယှက် ပေးသောသူ ဖြစ်လာဖွယ်ရှိပြီး မိမိတို့ကိုယ်ကို ကာကွယ်နိုင်မည်မဟုတ်ဟု တွေးထင်ကြ၏။ ၎င်းတို့သည် မည်သူ့ကိုမျှ မနာကျင်စေအောင် သို့မဟုတ် စိတ်အနှောင့်အယှက် မပေးမိအောင် အတော်အသင့် ဉာဏ်နီဉာဏ်နက်များရမည်၊ ထိုသို့အားဖြင့် သူတို့ကိုယ်သူတို့ ဘေးကင်းအောင် ထိန်းသိမ်းကြကာ သူတို့၏ အသက်မွေးမှုအား ကာကွယ်ကြပြီး အခြားလူများကြားတွင် ခိုင်ခံ့သောအခြေကုပ် ရရှိနိုင်ကြသည်ဟု သူတို့ထင်မှတ်ကြ၏။ မယုံကြည်သူများအားလုံးက စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြသည်။ ၎င်းတို့အားလုံးသည် မှန်ပါ့သမားများဖြစ်ပြီး မည်သူ့ကိုမျှ စိတ်ဆိုးအောင် မပြုလုပ်ကြပေ။ သင်သည် ဘုရားအိမ်တော်သို့ လာပြီးဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးဖြစ်ကာ ဘုရားအိမ်တော်၏ တရားဒေသနာများကို ကြားနာပြီးဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် သမ္မာတရားကို မလိုက်စားနိုင်ဘဲ၊ စိတ်နှလုံးမှ စကားမပြောနိုင်ဘဲ ရိုးသားသူတစ်ဦးမဖြစ်နိုင်ဘဲ ရှိရသနည်း။ သင်သည် အဘယ်ကြောင့် အစဉ်သဖြင့် မှန်ပါ့သမား လုပ်နေရသနည်း။ မှန်ပါ့သမားများသည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ကာကွယ်သည်။ အသင်းတော်၏ အကျိုးစီးပွားကို မကာကွယ်ပေ။ တစ်ယောက်ယောက်က မကောင်းမှုပြုလုပ်ပြီး အသင်းတော်၏ အကျိုးစီးပွားအား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့မြင်သောအခါ လျစ်လျူရှုကြသည်။ ၎င်းတို့သည် မှန်ပါ့သမားများ ဖြစ်လိုကြသည်။ ပြီးလျှင် မည်သူ့ကိုမျှ စိတ်ဆိုးအောင်မပြုပေ။ ဤသည်မှာ တာဝန်မသိတတ်ခြင်းဖြစ်သည်။ ဤသို့သော လူစားမျိုးသည် ဉာဏ်များလွန်းပြီး မယုံကြည်ထိုက်ပေ။ လူအချို့သည် ၎င်းတို့၏ ကိုယ်ပိုင်ပကာသနနှင့် ဂုဏ်ကို ကာကွယ်ရန်၊ ၎င်းတို့၏ ကျော်ဇောမှုနှင့် အဆင့်အတန်းကို ထိန်းသိမ်းရန်အတွက် မည်မျှပင် ပေးဆပ်ရပါစေ သူတစ်ပါးတို့အား ကူညီပြီး ၎င်းတို့မိတ်ဆွေများအတွက် အနစ်နာခံရန် လိုလားကြသည်။ သို့သော် ဘုရားအိမ်တော်၏ အကျိုးစီးပွား၊ သမ္မာတရားနှင့် တရားမျှတမှုကို ကာကွယ်ဖို့ လိုလာသောအခါတွင်မူ ၎င်းတို့၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ မရှိတော့ဘဲ ယင်းတို့သည် လုံးဝ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်သောအခါတွင် လုံးဝ မလုပ်ဆောင်ကြပေ။ ဘာများ ဖြစ်နေသနည်း။ ၎င်းတို့၏ သိက္ခာနှင့် ဂုဏ်ကို ကာကွယ်ရန်အတွက် ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံကြလိမ့်မည်။ သို့သော် တကယ့်အလုပ်ကို လုပ်ဆောင်ရန်နှင့် လက်တွေ့ကျသော ကိစ္စများကို ကိုင်တွယ်ရန်၊ အသင်းတော်၏ အလုပ်နှင့် အပြုသဘောဆောင်သောအရာများကို ကာကွယ်ရန်၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ကာကွယ်ပြီး ပံ့ပိုးပေးရန် လိုအပ်လာသောအခါတွင်မူ ၎င်းတို့သည် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ပြီး မည်သည့်ဆင်းရဲဒုက္ခကိုမဆို ခါးစည်းခံရန် အဘယ်ကြောင့် အားအင်မရှိကြတော့သနည်း။ ဤသည်မှာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့၌ သမ္မာတရားကို စိတ်ကုန်သော စိတ်သဘောထားမျိုး ရှိကြသည်။ ၎င်းတို့၏ စိတ်သဘောထားသည် သမ္မာတရားကို စိတ်ကုန်သည်ဟု အဘယ်ကြောင့်ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခု၌ ဘုရားကို သက်သေခံခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ ဘုရားရွေးချယ်ထားသောလူများကို ကာကွယ်ခြင်း၊ စာတန်၏ အကြံအစည်းများကို ဆန့်ကျင်တိုက်ခိုက်ခြင်း၊ သို့မဟုတ် အသင်းတော်၏ အလုပ်ကို ကာကွယ်ခြင်းတို့ ပါဝင်သောအခါတိုင်းတွင် ၎င်းတို့သည် ထွက်ပြေးပုန်းကွယ်ကြပြီး မည်သည့်သင့်တင့်လျောက်ပတ်သောကိစ္စကိုမျှ အာရုံစိုက် လုပ်ဆောင်ခြင်း မရှိကြပေ။ ၎င်းတို့၏ သူရသတ္တိနှင့် ဆင်းရဲဒုက္ခကို ခါးစည်းခံသည့် စိတ်ဓာတ်သည် အဘယ်မှာနည်း။ ဤအရာများကို မည်သည့်နေရာတွင် ၎င်းတို့ အသုံးပြုကြသနည်း။ ဤသည်မှာ မြင်ရန် လွယ်ကူသည်။ လူတစ်ယောက်က ၎င်းတို့အနေဖြင့် အလွန်တစ်ကိုယ်ကောင်းမဆန်သင့်ကြောင်း၊ စက်ဆုပ်ဖွယ် မဖြစ်သင့်ကြောင်းနှင့် မိမိတို့ကိုယ်ကို မကာကွယ်သင့်ကြောင်း၊ ပြီးလျှင် ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို ကာကွယ်သင့်ကြောင်း ပြောလျက် ၎င်းတို့ကို ပြစ်တင်ရှုတ်ချလျှင်ပင် ၎င်းတို့က အမှန်တကယ် ဂရုစိုက်ခြင်းမရှိပေ။ ၎င်းတို့က “ထိုအရာများကို ငါမလုပ်။ ထိုအရာများက ငါနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိ။ ထိုသို့ပြုမူခြင်းသည် ငါ၏ ဂုဏ်ဒြပ်၊ အကျိုးအမြတ်နှင့် အဆင့်အတန်းအတွက် လိုက်စားခြင်းတွင် မည်သည့်ကောင်းကျိုး ရှိမည်နည်း” ဟု မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသူမဟုတ်ပေ။ ၎င်းတို့သည် ဂုဏ်ဒြပ်၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကိုသာ ရှာဖွေလိုကြ၏။ ပြီးလျှင် ၎င်းတို့အား ဘုရားသခင် ပေးအပ်ထားသော အလုပ်ကို လုံးဝ လုပ်ဆောင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်းတို့သည် အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သောအခါ ထွက်ပြေးဖို့ကိုသာ ရွေးချယ်ကြသည်။ ဤအရာက ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို မနှစ်သက်ကြကြောင်းနှင့် သမ္မာတရားကို စိတ်မဝင်စားကြကြောင်း ဆိုလိုပေသည်။ ဤသည်မှာ သမ္မာတရားကို စိတ်ကုန်ခြင်းနှင့်သက်ဆိုင်သော ရှင်းလင်းသော သရုပ်သကန်တစ်ခုဖြစ်၏။ သမ္မာတရားကို ချစ်ပြီး သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သော သူတို့သည်သာ ဘုရားအိမ်တော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော သူတို့က လိုအပ်သောအခါ ရှေ့ထွက်လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည်သာ ဘုရားသခင် ရွေးချယ်ထားသောသူတို့ကို လမ်းကြောင်း အမှန်ပေါ်သို့ ခေါ်ဆောင်ပေးကာ ဘုရားသခင်၏ အလုပ်အပေါ် နာခံမှုရှိစေရန် ၎င်းတို့အား ထောက်ကူပေးလျက် ဘုရားသခင်ကို သက်သေခံပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ရဲရင့်စွာဖြင့် ထရပ်ကာ ရှိထားသောတာဝန်ကို မဖြစ်မနေ လုပ်ဆောင်နိုင်သည်။ ဤသည်သာ တာဝန်သိသည့် သဘောထားဖြစ်ပြီး ဘုရားအလိုတော်ကို ဂရုစိုက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန် ဖြစ်သည်။ သင်တို့သည် ဤသဘောထားအား မပိုင်ဆိုင်ကြလျှင် သင်တို့ကိုင်တွယ်သည့် အကြောင်းအရာများ၌ ပေါ့ပေါ့ဆဆ ကိုင်တွယ်ခြင်းမှလွဲ၍ သင်တို့၌ဘာမျှမရှိကြ။ ထို့နောက် “ငါသည် ငါ၏တာဝန် အတိုင်းအတာအတွင်းသာ ငါလုပ်မည်။ အခြားအရာအားလုံးအား ငါဂရုမစိုက်။ အကယ်၍ ငါ့အား သင်တစ်စုံတစ်ခုတောင်းဆိုပါက ငါ့စိတ်ကြည်လင်သည့်အချိန်တွင် သင့်ကိုငါအဖြေပေးမည်။ သို့မဟုတ်လျှင် ငါအဖြေပေးမည်မဟုတ်။ ဤသည်မှာ ငါ၏ သဘောထားဖြစ်သည်” ဟူ၍ သင် တွေးလျှင် ဤအရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးအစားတစ်ခု ဖြစ်သည်မဟုတ်လော။ မိမိ၏ ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ဇောမှုနှင့် ဂုဏ်တို့ကိုသာ ကာကွယ်ခြင်းဖြစ်ပြီး မိမိ၏ ကိုယ်ပိုင်အကျိုးနှင့်သက်ဆိုင်သည့် ကိစ္စများကိုသာ ကာကွယ်ခြင်းသည် ဖြောင့်မတ်သော အကြောင်းတရားကို ကာကွယ်နေခြင်း ဖြစ်သလော။ ယင်းမှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်နေခြင်း ဖြစ်သလော။ ဤ သေးသိမ်ခြင်း၊ အတ္တကြီးသော ကြံရွယ်ချက်တို့၏ နောက်ကွယ်တွင် သမ္မာတရားကို စိတ်ကုန်သော စိတ်သဘောထား ရှိသည်။ သင်တို့အများစုသည် ဤသရုပ်သကန်မျိုးကို မကြာခဏ ဖော်ပြလေ့ရှိပြီး ဘုရားအိမ်တော်၏ အကျိုးကျေးဇူးနှင့် သက်ဆိုင်သော တစ်စုံတရာကို သင်တို့ကြုံတွေ့ရသည်နှင့် သင်တို့သည် “ငါမမြင်ခဲ့ဘူး” သို့မဟုတ် “ငါမသိဘူး၊” သို့မဟုတ် “ငါမကြားခဲ့ဘူး” ဟုဆိုလျက် မလိမ့်တပတ်လုပ်သည်။ သင်သည် အမှန်တကယ် သတိမထားမိသည်ဖြစ်စေ၊ ဟန်ဆောင်နေခြင်းသာဖြစ်စေ အရေးကြီးဆုံးသောအချိန်များတွင် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို သင် ထုတ်ဖော်ပြလျှင် သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူ ဟုတ်မဟုတ်ဆိုသည်ကို ပြောရန် ခက်ခဲသည်။ ငါ့အတွက်မူ သင်သည် မိမိ၏ ယုံကြည်မှုတွင် မရှင်းမလင်း ဖြစ်နေသောသူ၊ သို့မဟုတ် မယုံကြည်သူတစ်ယောက်ပင် ဖြစ်သည်။ သမ္မာတရားကို ချစ်သောသူတစ်ယောက် လုံးဝ မဟုတ်ပေ။

သမ္မာတရားအား ငြီးငွေ့ခြင်းက မည်သည့်အရာကို ဆိုလိုသည်ကို သင်တို့ နားလည်ကောင်း နားလည်မည် ဖြစ်သော်လည်း သမ္မာတရားကို ငြီးငွေ့ခြင်းက စိတ်သဘောထားတစ်ခု ဖြစ်သည်ဟု အဘယ်ကြောင့် ငါပြောသနည်း။ စိတ်သဘောထားတစ်ခုသည် ရံဖန်ရံခါ၊ ခဏတာဖြစ်သော သရုပ်သကန်များနှင့် မပတ်သက်သကဲ့သို့ ရံဖန်ရံခါ၊ ခဏတာဖြစ်သည့် သရုပ်သကန်များသည် စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုအဖြစ် ဘောင်မဝင်ပေ။ လူတစ်ဦးတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ရှိသည်ဖြစ်စေ ထိုအရာသည် ၎င်းတို့ထံမှ မကြာခဏ၊ သို့မဟုတ် စဉ်ဆက်မပြတ်ပင် ပွင့်အံထွက်လာလိမ့်မည် ဖြစ်ပြီး ထိုလူ၌ အခွင့်အခါသင့်သည့်အခါတိုင်း ပေါ်ထွက်လာလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ရံဖန်ရံခါ၊ ခဏတာဖြစ်သည့် သရုပ်သကန်တစ်ခုအရ စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုကို ထင်ရာမြင်ရာ ဖော်ပြ၍မရနိုင်ပေ။ သို့ဆိုလျှင် စိတ်သဘောထားတစ်ခုဟူသည်မှာ အဘယ်နည်း။ စိတ်သဘောထားများသည် ရည်ရွယ်ချက်များနှင့် စိတ်ဓာတ်လှုံ့ဆော်မှုတို့နှင့် ဆက်နွှယ်သည်၊ လူတစ်ဦး၏ တွေးခေါ်မှု၊ ရှုထောင့်အမြင်တို့နှင့် ဆက်နွှယ်သည်။ ယင်းတို့သည် သင့်ကို စိုးမိုးကာ လွှမ်းမိုးနေသည်ဟု သင် ခံစားနိုင်သည်ဟု ထင်ရသော်လည်း စိတ်သဘောထားများသည် အပေါ်ယံ အဖြစ်အပျက်များဖြင့်လည်း ကွယ်ဝှက်ကာ ဖုံးကွယ်ခံရပြီး မထင်မရှားဖြစ်နေနိုင်သည်။ တိုတိုပြောရလျှင် သင့်အတွင်း၌ စိတ်သဘောထားတစ်ခုရှိသရွေ့ ထိုအရာက သင့်ကို နှောင့်ယှက်လိမ့်မည်၊ သင့်ကို ဘောင်ခတ်ကာ ထိန်းချုပ်လိမ့်မည်ဖြစ်ပြီး သင့်အထဲတွင် များစွာသော အပြုအမူများနှင့် သရုပ်သကန်များကို ဖြစ်ပေါ်စေလိမ့်မည်။ ယင်းမှာ စိတ်သဘောထားတစ်ခုဖြစ်သည်။ သမ္မာတရားကို ငြီးငွေ့ခြင်း စိတ်သဘောထားက မည်သည့် အပြုအမူများ၊ အတွေးများ၊ ရှုထောင့်အမြင်များနှင့် သဘောထားများကို မကြာခဏ ဖြစ်ပေါ်စေသနည်း။ လူတို့ ပြသသည့် သမ္မာတရားကို ငြီးငွေ့ခြင်း၏ အဓိက ထူးခြားသော ပင်ကိုလက္ခဏာများထဲမှ တစ်ခုမှာ အပြုသဘောဆောင်သည့်အရာများနှင့် သမ္မာတရားတို့ကို စိတ်ဝင်စားမှု ကင်းမဲ့ခြင်းအပြင် စိတ်မပါခြင်း၊ စိတ်နှလုံး၏ ခံစားမှုကင်းမဲ့ခြင်း၊ သမ္မာတရားကို လက်လှမ်းမီလိုစိတ် ကင်းမဲ့ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ပါဝင်သည့် မည်သည့်အရာမဆိုနှင့် ပတ်သက်လာသည့်အခါတိုင်း ဤအရာအားလုံး ကိစ္စကိုမရှိဟု တွေးခြင်းဖြစ်သည်။ ရိုးရှင်းသည့် ဥပမာတစ်ခုကို ငါ ပေးမည်။ ကောင်းမွန်သည့် ကျန်းမာရေးနှင့် စပ်လျဉ်း၍ လူတို့ မကြာခဏ ပြောဆိုသည့် ဘဝပေးအသိ တစ်စိတ်တစ်ပိုင်းမှာ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးရန်၊ အဆီအနှစ် နည်းသောအစာ ပိုစားကာ အသားလျှော့စားပြီး အထူးသဖြင့် ဆီကြော်စာများကို လျှော့စားရန်ဖြစ်သည်။ ဤသည်မှာ လူတို့၏ ကျန်းမာရေးနှင့် ကျန်းမာရေးကောင်းသည့် အခြေအနေအတွက် အပြုသဘောဆောင်သည့် လမ်းညွှန်တစ်ခု ဖြစ်သည်။ လူတိုင်းက မည်သည့်အရာ ပိုစားပြီး မည်သည့်အရာ လျှော့စားရမည်ကို နားလည်နိုင်သည်၊ ထို့ကြောင့် ဤသည်မှာ သဘောတရားအရ လက်ခံခြင်းဖြစ်သလော သို့မဟုတ် လက်တွေ့လုပ်ဆောင်မှုဖြင့် လက်ခံခြင်းဖြစ်သလော။ (သဘောတရားအရဖြစ်ပါသည်။) သဘောတရားအရ လက်ခံခြင်းသည် မည်သို့ ပေါ်လွင်သနည်း။ အခြေခံကျသည့် အသိအမှတ်ပြုခြင်းမျိုးတွင်ဖြစ်သည်။ ထိုအရာမှာ ဤအဆို မှန်ကန်ကြောင်းနှင့် သင်၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အခြေခံသည့် ချင့်ချိန်နိုင်စွမ်းမှတစ်ဆင့် ဤအဆို အလွန်ကောင်းကြောင်း တွေးထင်နေခြင်း ဖြစ်သည်။ သို့ရာတွင် ဤအဆိုကို ဖော်ပြရန် အထောက်အထားတစ်ခုခု ရှိသလော။ သင့်ထံတွင် ထိုအရာကို ယုံကြည်ခြင်းအတွက် အကြောင်းပြချက်တစ်ခုခု ရှိသလော။ ထိုအရာကို သင်ကိုယ်တိုင် တွေ့ကြုံခြင်းမရှိဘဲနှင့် ဤအဆို မှန်သည်၊ မှားသည်ဆိုသည်ကို အထောက်အထား ခိုင်ခိုင်လုံလုံတင်ပြရန် အကြောင်းပြချက် သို့မဟုတ် အခြေခံအကြောင်းရင်းတစ်ခုခု မရှိဘဲ၊ ပြီးလျှင် ယခင် အမှားများမှ သင်ခန်းစာများကို မုချ ဆွဲထုတ်ခြင်းမရှိဘဲနှင့် လက်တွေ့ဘဝ နမူနာများတစ်ခုခုမရှိဘဲ ဤအမြင်ရှုထောင့်ကို သင်လက်ခံလိုက်သည်။ ဤသည်မှာ သဘောတရားအရ လက်ခံခြင်း ဖြစ်သည်။ ထိုအရာကို သင်က သဘောတရားဖြင့် လက်ခံသည်ဖြစ်စေ၊ လက်တွေ့ကျကျ လက်ခံသည်ဖြစ်စေ “ဟင်းသီးဟင်းရွက်များ ပိုစားပြီး အသားလျှော့စား”ဟူသည့် အဆိုမှာ မှန်ကန်ပြီး အပြုသဘောဆောင်သည့် အရာတစ်ခု ဖြစ်သည်ဟု ဦးစွာပထမ သင် အတည်ပြုရမည်ဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရားကို ငြီးငွေ့သည့် သင်၏ စိတ်သဘောထားကို မည်သို့ မြင်ရနိုင်သနည်း။ သင့်ဘဝတွင် ဤအဆိုကို ချဉ်းကပ်ကာ ကျင့်သုံးပုံပေါ် အခြေခံ၍ မြင်ရနိုင်သည်။ ဤအရာက ထိုအဆိုအပေါ် သင်၏ သဘောထား၊ ထိုအဆိုကို သဘောတရားအရနှင့် အယူဝါဒအရ သင် လက်ခံခြင်းရှိမရှိ သို့မဟုတ် လက်တွေ့ဘဝတွင် ထိုအဆိုကို သင် ကျင့်သုံးကာ သင်၏ လက်တွေ့အရှိတရား ဖြစ်စေခြင်း ရှိမရှိဆိုသည်တို့ကို ပြသပေသည်။ သင်သည် အယူဝါဒအရ ဤအဆိုကို လက်ခံလိုက်သော်လည်း လက်တွေ့ဘဝတွင် သင် လုပ်ဆောင်သည့်အရာက ဤအဆိုနှင့် လုံးဝ ကွဲလွဲဆန့်ကျင်လျှင်၊ သို့မဟုတ် ဤအဆိုနှင့်ပတ်သက်၍ လက်တွေ့ကျသည့် ကျင့်သုံးမှု သင် လုံးဝ မပြလျှင် ဤအဆိုကို သင် နှစ်သက်သလော၊ သို့မဟုတ် ငြီးငွေ့သလော။ ဥပမာအားဖြင့် သင်သည် အစိမ်းရောင် ဟင်းသီးဟင်းရွက်အချို့ကို မြင်ကာ စားပြီး “အစိမ်းရောင် ဟင်းသီးဟင်းရွက်များက ကျန်းမာရေးအတွက် ကောင်းသော်လည်း အရသာမကောင်းသလို အသားက ပိုအရသာရှိသည်။ ထို့ကြောင့် ဦးစွာပထမ အသားအချို့ကို ငါ စားမည်” စဉ်းစားပြီးနောက် အသားကိုသာ သင်စားပြီး အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို မစားပေ။ ဤအရာက မည်သည့် စိတ်သဘောထားမျိုးကို ပြသနည်း။ မှန်ကန်သည့် အဆိုများကို လက်မခံခြင်း၊ အပြုသဘောဆောင်သည့် အရာများကို ငြီးငွေ့ခြင်းနှင့် သွေးသား နှစ်သက်မှုများအတိုင်း စားသုံးရန်သာ လိုလားခြင်းနှင့်ဆိုင်သည့် စိတ်သဘောထားတစ်ခုဖြစ်သည်။ အစားကြီးပြီး ပျော်ရွှင်မှုကို တပ်မက်သည့် ဤလူစားမျိုးသည် အပြုသဘောဆောင်သည့်အရာများကို အလွန် ငြီးငွေ့လာနှင့်ပြီးဖြစ်သည်၊ အတိုက်အခံလုပ်ကာ ငြင်းပယ်နှင့်ပြီးဖြစ်သည်။ ပြီးလျှင် ဤသည်မှာ စိတ်သဘောထားတစ်မျိုးဖြစ်၏။ ဤအဆိုသည် အတော်လေး မှန်ကန်သည်ဟု လူတစ်ဦးက အသိအမှတ်ပြုကောင်း ပြုမည်ဖြစ်သော်လည်း မိမိဘာသာ ထိုသို့မလုပ်နိုင်ပေ။ ၎င်းမလုပ်ဆောင်နိုင်သော်လည်း အခြားသူများအား ထိုသို့လုပ်ဆောင်ရန် ပြောနေဆဲဖြစ်သည်။ များစွာ ပြောဆိုသည့်နောက်တွင် ထိုအဆိုသည် ၎င်းအတွက် သဘောတရားတစ်မျိုးဖြစ်လာကာ ၎င်းအပေါ် သက်ရောက်မှု မရှိလေပြီ။ ဟင်းသီးဟင်းရွက်များကို ပိုမိုစားသုံးခြင်းက မှန်ကန်ပြီး အသားပိုမိုစားသုံးခြင်းက မကောင်းသည်ကို ထိုလူက အလွန်ကောင်းစွာ သိသော်လည်း “မည်သို့ဆိုစေ၊ ငါ အခွင့်ကောင်း မဆုံးရှုံးသေးပါ၊ အသားစားခြင်းသည် အကျိုးကျေးဇူးရှိပြီး ကျန်းမာရေးကို ထိခိုက်စေသည်ဟု မခံစားရပါ”ဟူ၍ တွေးသည်။ ၎င်းတို့၏ လောဘနှင့် လိုအင်တို့သည် ၎င်းတို့အား မမှန်ကန်သည့် ဘဝနေထိုင်မှုပုံစံတစ်ခုကို ရွေးချယ်စေပြီး မှန်ကန်သည့် ဘဝပေးအသိနှင့် မှန်ကန်သည့် ဘဝနေထိုင်မှုပုံစံကို စဉ်ဆက်မပြတ် ဆန့်ကျင်စေသည်။ ၎င်းတို့သည် အခွင့်အရေးများနှင့် သွေးသားဆိုင်ရာ ပျော်ရွှင်မှုများကို မက်မောသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ရှိသောကြောင့် မှန်ကန်သည့် အဆိုများနှင့် အပြုသဘောဆောင်သည့် အရာများကို လက်ခံရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်လော။ လုံးဝ လွယ်ကူလိမ့်မည် မဟုတ်။ ထို့နောက် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အုပ်စိုးခြင်း ခံရသည် မဟုတ်လော။ ထိုအရာမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်အံထွက်မှုတစ်ခု ဖြစ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ အပြင်ပန်းအားဖြင့် ထင်ရှားသည့်အရာမှာ ဤအပြုအမူများနှင့် သဘောထားတစ်ခုဖြစ်သော်လည်း အမှန်တွင် ၎င်းတို့ကို အုပ်စိုးနေသည်မှာ စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ သမ္မာတရားကို ငြီးငွေ့ခြင်းဖြစ်သည်။ သမ္မာတရားကို ငြီးငွေ့သည့် ဤစိတ်သဘောထားကို ရှာဖွေတွေ့ရှိရန် ခက်ခဲ၏။ ၎င်းတို့က သမ္မာတရားကို ငြီးငွေ့သည်ဟု မည်သူမျှ မခံစားရသော်လည်း ဘုရားသခင်ကို ၎င်းတို့ နှစ်အချို့ကြာ ယုံကြည်ပြီးဖြစ်ကာ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိသည့်အချက်က သမ္မာတရားကို ၎င်းတို့ ငြီးငွေ့ကြောင်းပြသရန် လုံလောက်ပေသည်။ လူတို့သည် အလွန်များသည့် တရားဒေသနာများကို နားထောင်ပြီး အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကြသည်။ ပြီးလျှင် ၎င်းတို့အတွက် ဘုရားသခင်၏ အလိုတော်မှာ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်ပြီး မိမိတို့၏ ဘဝများဖြစ်စေရန်အလို့ငှာ ၎င်းတို့၏ စိတ်နှလုံးတွင် သူ၏ နှုတ်ကပတ်တော်များကို လက်ခံရန်နှင့် ဤနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး အသုံးပြုရန် မိမိတို့၏ ဘဝများထဲ ယူဆောင်လာရန် ဖြစ်သည်။ ဤသတ်မှတ်ချက်သည် လူအများစုအတွက် စွမ်းဆောင်ရရှိရန် ခက်ခဲသောကြောင့် လူအများစုသည် သမ္မာတရားကို ငြီးငွေ့သည့် စိတ်သဘောထားရှိသည်ဟု ဆိုထားခြင်း ဖြစ်သည်။

လူတစ်ဦးက သမ္မာတရားကို နားလည်သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ၎င်းအတွက် မခက်ခဲသကဲ့သို့ လူတစ်ဦးက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်နှင့်တစ်ပြိုင်နက် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လေသည်။ မိမိနားလည်သည့် သမ္မာတရားများကို မိမိအသက်ရှင်နေထိုင်သည့် လက်တွေ့အရှိတရားများအဖြစ်သို့ ပြောင်းလဲရန် အမှန်တကယ် ခက်ခဲသလော။ သင့်ကို ငါ ဥပမာတစ်ခု ပေးမည်။ ရာသီဥတုက အေးမြပြီး သင်သည် နဖူးထက်မှ ချွေးစက်လက်ဖြင့် အိမ်မှထွက်ရန် ကြိုးစားသဖြင့် သင်၏ မိခင်က သင်၏ချွေးများ ခြောက်အောင်သုတ်ပြီးမှ အပြင်ထွက်ရန်၊ မဟုတ်လျှင် အအေးမိလိမ့်မည်ဖြစ်ကြောင်း သင့်ကို ပြောသည်ဆိုပါစို့။ သင်၏ မိခင်က သင့်အတွက် အကောင်းဆုံးဖြစ်စေချင်သည်ကို သင်သိသော်လည်း သူ၏ အကြံကို သင် အလေးအနက်မထားသကဲ့သို့ သူ၏ အကြံပြုချက်က မှန်ကန်ကြောင်း သင် ခံစားရသော်လည်း လျစ်လျူရှုလေသည်။ သင်သည် နဖူးထက်မှ ချွေးစက်လက်ထွက်နေစေကာမူ အပြင်ထွက်ပြီး တစ်ခါတစ်ရံ ဤသို့ အပြင်ထွက်ပြီးနောက် သင် အအေးမိသော်လည်း နောက်တစ်ကြိမ် အိမ်မှထွက်သည့်အခါ သူ၏ အကြံကို သင် ဆက်လက်ဆန့်ကျင်နေဆဲဖြစ်သည်။ သူ၏ အကြံ မှန်ကန်ပြီး သင်၏ အကျိုးအတွက်ဖြစ်ကြောင်းနှင့် သင့်မိခင်၏ စေ့ဆော်မှုနှင့် ရည်ရွယ်ချက်တို့က အမြဲ သင်ကိုယ်တိုင်၏ ကောင်းကျိုးအတွက် ဖြစ်ကြောင်းကို သင် ရှင်းလင်းစွာ သိသော်လည်း ထိုအရာကို ဂရုမစိုက်သကဲ့သို့ နားမထောင်ဘဲနေဆဲ ဖြစ်သည်။ ဤသည်မှာ စိတ်သဘောထားတစ်ခု မဟုတ်လော။ သင့်ထံတွင် ဤစိတ်သဘောထားမရှိပါက မည်သည့်အရာကို လုပ်ဆောင်ရန် သင် ရွေးချယ်မည်နည်း။ (နားထောင်ပါမည်။) ဤအကြံ၏ အရေးပါမှုကို သင် သိမည်ဖြစ်ပြီး နားမထောင်ခြင်းမှ သင် ခံစားရမည့် အကျိုးဆက်များနှင့် နာကျင်မှုကို သိမည်ဖြစ်သကဲ့သို့ ဤအကြံပြုချက်၏ အဓိပ္ပာယ်ကို သဘောပေါက်ကာ နားလည်ပေမည်။ သင်သည် ဤအကြံကို တင်းကျပ်စွာ လိုက်နာပြီး အမြဲ ဆောင်ရွက်နိုင်မည်ဖြစ်ကာ ထို့နောက်တွင် အအေးမိဖွယ်ရှိမည် မဟုတ်ပေ။ ဤသည်မှာ ဥပမာတစ်ခုသာ ဖြစ်သည်။ ထိုအရာသည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်း၊ နားထောင်ခြင်းတို့နှင့် တူသည်။ ထို့ကြောင့် လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို မည်သို့ သဘောထားသင့်သနည်း။ ဤသည်မှာ အရေးအပါဆုံးသော မေးခွန်းဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားနှင့်အညီ စကားပြောပြီး မှန်ကန်ပါက ၎င်း၏ စကားများကို လက်ခံခြင်းမှ လူတို့ အကျိုးကျေးဇူး ရှိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ပြီး ထိုသမ္မာတရားများကို လူတို့ လက်ခံနိုင်ပါက ၎င်းတို့ အကျိုးရှိလိမ့်မည်သာမက အသက်ကိုလည်း ရကြလိမ့်မည်ဖြစ်သည်။ လူများစွာတို့သည် ဤကိစ္စရပ်ကို ရှင်းလင်းစွာ မမြင်နိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို အမြဲ မထီမဲ့မြင်ပြုကြလေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ သူက လူတို့ကို တိုက်တွန်းသည်ဖြစ်စေ၊ ပြစ်တင်မောင်းမဲသည်ဖြစ်စေ၊ သတိပေးသည်ဖြစ်စေ၊ နှစ်သိမ့်နေသည်ဖြစ်စေ၊ သို့မဟုတ် လေးနက်စွာ တောင်းပန်နေသည်ဖြစ်စေ၊ သူ မည်သို့ စကားပြောသည်ဖြစ်စေ ၎င်းတို့၏ စိတ်နှလုံးများကို မနိုးထစေနိုင်ပေ။ ၎င်းတို့သည် သူ၏ နှုတ်ကပတ်တော်များအတိုင်း မပြုမူနိုင်သကဲ့သို့ ယင်းတို့ကို နားထောင်ပြီးသည့်နောက်တွင် ၎င်းတို့ ဂရုမစိုက်ဘဲ ရှိနေကြသည်။ ဤသည်မှာ လူ၏ စိတ်သဘောထားများထဲမှ တစ်ခုဖြစ်သည့် ခေါင်းမာခြင်းနှင့် သမ္မာတရားကို ငြီးငွေ့ခြင်း ဖြစ်သည်။ ဘုရားသခင်က သင့်ကို လုပ်ဆောင်ရန် ပြောပြီး အမိန့်ပေးသည့် အမှုအရာများကို သင် ချဉ်းကပ်ပုံတွင် ဘုရားနှုတ်ကပတ်တော်ကို လိုက်မလျှောက်နိုင်ပါက ဤစိတ်သဘောထားကို သင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်။ ဘုရားသခင်ပြောသည့် စကားတိုင်းကို သင်က မည်မျှ အသိအမှတ်ပြုသည်ဖြစ်စေ၊ အာမင်ဟု ပြောသည်ဖြစ်စေ၊ ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် နှုတ်ဖြင့် သင် မည်မျှ ချီးမွမ်းသည်ဖြစ်စေ အချည်းနှီးဖြစ်၏။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို လက်ခံကာ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်ဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များကို သင်၏ အသက်နှင့် သင်၏ လက်တွေ့အရှိတရား ဖြစ်စေရမည်ဖြစ်သည်။ ယင်းသည်သာ အသုံးဝင်ပေသည်။ ဥပမာအနေဖြင့် လှည့်ဖြားတတ်သည့် စိတ်သဘောထားရှိသူတစ်ဦးသည် ရိုးသားပြီး မှန်ကန်စွာ စကားပြောဆိုရန် သန္နိဋ္ဌာန်ချပါက ဤသည်မှာ စွမ်းဆောင်ရရှိရန် ၎င်းတို့အတွက် အတော်အတန် လွယ်ကူသော်လည်း ပြောင်းလဲရန် အခက်ခဲဆုံးသောအရာမှာ သမ္မာတရားကို ငြီးငွေ့သည့် စိတ်သဘောထားနှင့် ခေါင်းမာခြင်းဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ ဤစိတ်သဘောထား ရှိသည့်လူတို့သည် မိမိတို့၏ စိတ်နှလုံးတွင် အလေးအနက် မထားသကဲ့သို့ ဘုရားသခင်က မည်သည့် သဘောထားမျိုး ခံယူသည်ဖြစ်စေ၊ သတိပေးသည့်၊ သတိရစေသည့်၊ တိုက်တွန်းသည့်၊ သို့မဟုတ် လေးနက်စွာ တောင်းပန်သည့်၊ အမှန်တရားများကို တင်ပြသည့် သို့မဟုတ် အမှုအရာများကို စဉ်းစားအဖြေရှာသည့် သဘောထားတစ်ခုဖြစ်သည်ဖြစ်စေ ထိုအရာက ၎င်းတို့၏ စိတ်နှလုံးကို မတို့ထိသကဲ့သို့ ဤသည်မှာ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲပေသည်။ သမ္မာတရားအား ငြီးငွေ့သည့် စိတ်သဘောထားကို သတိပြုမိရန် လူတို့အတွက် ခက်ပြီး ၎င်းတို့အနေဖြင့် သမ္မာတရားကို မကြာခဏ ရှာဖွေကာ မိမိတို့ကိုယ်ပိုင် အခြေအနေများကိုလည်းကောင်း၊ အဘယ်ကြောင့် သမ္မာတရားကို ၎င်းတို့ လက်မခံနိုင်ရသည်ဆိုသည်ကိုလည်းကောင်း၊ အဘယ်ကြောင့် မိမိတို့ နားလည်သည့် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်နိုင်ရသည်ဆိုသည်ကိုလည်းကောင်း သုံးသပ်ဆင်ခြင်ရမည်။ ဤပြဿနာကို ၎င်းတို့ လုံးလုံးလျားလျား နားလည်ပါက သမ္မာတရားကို ငြီးငွေ့ခြင်းက မည်သည့်အရာကိုဆိုလိုကြောင်း သိကြလိမ့်မည်။

ဗိုလ်ကျလွန်းခြင်း မရှိသကဲ့သို့ ရိုကျိုးလွန်းခြင်းလည်း မရှိသည့် သဘောထားဖြင့် သူ့ဘာသာ ထင်ရှားသည့် လူတို့၏ စိတ်သဘောထားအတွင်းတွင် ကွယ်ဝှက်ထားသည့် တစ်စုံတစ်ရာ ရှိ၏။ ၎င်းတို့တွင် မိမိတို့ကိုယ်ပိုင် စဉ်းစားသည့်နည်းလမ်းနှင့် မိမိတို့ကိုယ်ကို ဖော်ပြသည့် နည်းလမ်းရှိပြီး ဤသည်မှာ အသင့်တော်ဆုံး နည်းလမ်းဖြစ်သည်ဟု တွေးထင်ကြလေသည်။ အခြားသူများက မည်သည့်အရော ပြောဆို၊ လုပ်ဆောင်သည်ဖြစ်စေ ယင်းတို့၏ လွှမ်းမိုးခြင်း ၎င်းတို့ မခံကြပေ။ လူများက ၎င်းတို့ကို အထင်ကြီးစေလိမ့်မည်ဟု ၎င်းတို့ ခံစားရသည့် မည်သည့်အရာကိုမဆို ၎င်းတို့ မရမက လုပ်ဆောင်ပြီး ဤသည်မှာ လုပ်ဆောင်ရန် မှန်ကန်သည့်အရာဟု ယုံကြည်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှ လက်မခံကြ၊ အမှန်တရားများကို မှန်ကန်စွာ ရင်မဆိုင်နိုင်ကြသကဲ့သို့ မည်သည့် သမ္မာတရား စည်းမျဉ်းမျှ မရှိကြချေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်းနှင့် သမ္မာတရားကို ငြီးငွေ့ခြင်း စိတ်သဘောထားဖြစ်သည်။ စာတန်နှင့် သက်ဆိုင်ပြီး သမ္မာတရားကို ငြီးငွေ့သောသူများသည် ဘုရားသခင်က မည်မျှ စကားပြောသည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်များကို နားမဝင်သကဲ့သို့ မသိမမြင်ချင်ကြချေ။ စာတန်သည် ဘုရားနှုတ်ကပတ်တော်များကို သမ္မာတရားအဖြစ် မည်သည့်အခါတွင်မျှ သဘောမထားပေ၊ ယင်းတို့ကို လျစ်လျူရှုသည်၊ လူတို့အား ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်ခံခွင့်မပေးသကဲ့သို့ လူတို့က သူ့ကို ကျိုးနွံနာခံရန်အလို့ငှာ စိတ်လည်းရှုပ်ထွေးစေလေသည်။ ဤသည်မှာ စာတန်က ဘုရားသခင်ကို အတိုက်အခံလုပ်ပုံ ဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန်၊ နိုးထစေပြီး သန့်စင်စေရန် သမ္မာတရားကို ဖော်ပြကာ စာတန်က ဘုရားသခင်၏ အမှုတော်ကို နှောင့်ယှက်ပြီး ဖျက်ဆီးရန် အစွမ်းကုန် ကြိုးစားသည်။ လူသားမျိုးနွယ်ကို စိတ်ရှုပ်ထွေးစေရာတွင် စာတန်၏ ရည်မှန်းချက်မှာ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ဒုက္ခပေးကာ နောက်ဆုံးတွင် လူသားမျိုးနွယ်ကို ဝါးမျိုပြီး ချေမှုန်းရန်ဖြစ်သည်။ ဥပမာအနေဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို အစားအစာ မျိုးစုံပေးပြီး အစေ့အဆန်နှင့် ဟင်းသီးဟင်းရွက်မျိုးစုံအပြင် ယင်းတို့ကို စိုက်ပျိုးရန်အတွက် သင့်တော်သော မြေကြီးကိုလည်း ဖန်ဆင်းခဲ့သည်။ လူတို့က အလုပ်ကြိုးစားသရွေ့ စားသုံးပြီး အသုံးပြုရန် လုံလုံလောက်လောက် ရှိကြလိမ့်မည်ဖြစ်ကာ ကျန်းမာသည့် စားသောက်ပုံတစ်ခုရှိဖို့ သေချာစေနိုင်သည်။ သို့ရာတွင် လူတို့သည် မတင်းတိမ်နိုင်သကဲ့သို့ အမြဲ ချမ်းသာကြွယ်ဝချင်ကြပြီး ကောက်ပဲသီးနှံ ထွက်ရှိနှုန်းများ တိုးပွားရန် မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲနည်းများကို မရမက သုတေသနပြုကြသည်။ ယင်းက ကောက်ပဲသီးနှံများ၏ တကယ့် အာဟာရဓာတ်ကို ပျက်စီးစေပြီး သဘာဝအစားအစာကို သဘာဝမဟုတ်သော အစားအစာအဖြစ် ပြောင်းလဲသွားစေသည်။ ဤအရာများကို လူတို့ စားသုံးပြီးသည့်နောက်တွင် ၎င်းတို့ ကိုယ်ခန္ဓာ၌ ရောဂါမျိုးစုံ ပေါ်လာသည်။ ဤသည်မှာ စာတန်၏ လုပ်ဆောင်ချက်တစ်ခု မဟုတ်လော။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အတိုင်းအတာတစ်ခုထိ ခံရပြီးဖြစ်ကာ ၎င်းတို့အားလုံးသည် အသက်ရှင်သည့် စာတန်နှင့် အသက်ရှင်သည့် နတ်ဆိုးများ ဖြစ်လာကြသည်။ ယခင်က ဘုရားသခင်ကို အတိုက်အခံ လုပ်ခဲ့သည်မှာ စာတန်နှင့် ဝိညာဉ်ဆိုးများသာ ရှိခဲ့သော်လည်း ယခုတွင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ် တစ်ခုလုံးက ဘုရားသခင်ကို အတိုက်အခံလုပ်ကြလေသည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော လူသားများသည် နတ်ဆိုးနှင့် စာတန်များ ဖြစ်ကြသည် မဟုတ်လော။ စာတန်၏ သားစဉ်မြေးဆက်များ ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စာတန်က လူသားမျိုးနွယ်ကို ထောင်စုနှစ်ချီ ဖောက်ပြန်ပျက်စီးစေခြင်းက ယူဆောင်လာခဲ့သည့် အကျိုးဆက်ဖြစ်သည်။ ဆိုးယုတ်သော စိတ်သဘောထားတစ်ခုကို သင် မည်သို့သိပြီး ရိပ်စားမိနိုင်သနည်း။ စာတန်က လုပ်ဆောင်ရန် နှစ်သက်သော အရာများအရလည်းကောင်း၊ အမှုကိစ္စများကို စာတန် လုပ်ဆောင်ရာတွင် အသုံးပြုသော နည်းလမ်းများ၊ လှည့်ကွက်များအရလည်းကောင်း အပြုသဘောဆောင်သောအရာများကို စာတန်က လုံးဝ မနှစ်သက်ကြောင်း၊ ၎င်းက မကောင်းမှုကို နှစ်သက်ကြောင်းနှင့် သူ့ကိုယ်သူ အရည်အချင်းရှိသည်၊ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု အစဉ် ထင်မြင်ကြောင်း တွေ့မြင်နိုင်သည်။ ဤသည်မှာ စာတန်၏ မာနထောင်လွှားသော သဘာဝဖြစ်သည်။ ဤအတွက်ကြောင့် စာတန်က ဘုရားသခင်ကို စဉ်းတောင့်စဉ်းလဲ ငြင်းဆန်၊ အာခံပြီး ဆန့်ကျင်နေခြင်းဖြစ်သည်။ စာတန်သည် အပျက်သဘောဆောင်သောအရာများအားလုံးနှင့် မကောင်းသောအရာအားလုံး၏ ကိုယ်စားလှယ်နှင့် အရင်းအမြစ်ဖြစ်သည်။ ဤအရာကို ရှင်းလင်းစွာ မြင်နိုင်လျှင် သင်သည် ဆိုးယုတ်သော စိတ်သဘောထားများကို ချင့်ချိန်နိုင်စွမ်း ရှိလေသည်။ လူတို့အတွက် သမ္မာတရားကို လက်ခံပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်သည် ရိုးရှင်းသော ကိစ္စတစ်ခုမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အားလုံးတွင် ဆိုးယုတ်သော စိတ်သဘောထားများရှိပြီး ၎င်းတို့အားလုံးသည် ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထားများ၏ ချုပ်ချယ်ကန့်သတ်ခြင်းနှင့် ချုပ်နှောင်ခြင်းကို ခံစားရသောကြောင့် ဖြစ်သည်။ ဥပမာ ရိုးသားသူတစ်ယောက်ဖြစ်ခြင်းသည် ကောင်းသည်ဟု လူအချို့က အသိအမှတ်ပြုသည်။ ပြီးလျှင် အခြားလူတို့က ရိုးသားသည်ကိုလည်းကောင်း၊ အမှန်တရားကို ပြောသည်ကိုလည်းကောင်း၊ ရိုးရှင်းပြီး ပွင့်လင်းနွေးထွေးသည့်ပုံစံဖြင့် ပြောဆိုသည်ကိုလည်းကောင်း မြင်သည့်အခါ ၎င်းတို့က အားကျပြီး မနာလိုဖြစ်လာကြသည်။ သို့တိုင်အောင် ၎င်းတို့ကိုယ်တိုင် ရိုးသားသောသူဖြစ်ရန် သင် တောင်းဆိုလျှင် ယင်းကို ခက်ခဲသည်ဟု ၎င်းတို့က မြင်ကြသည်။ ၎င်းတို့သည် ရိုးသားသောစကားများကို ပြောဆိုပြီး ရိုးသားသောအရာများကို လုပ်ဆောင်ရန် လုံးလုံးလျားလျားပင် မစွမ်းဆောင်နိုင်ကြပေ။ ဤသည်မှာ ဆိုးယုတ်သော စိတ်သဘောထားတစ်ခု မဟုတ်လော။ ၎င်းတို့က ကြားကောင်းသည့်အရာများကို ပြောကြသည်။ သို့သော် ယင်းတို့ကို လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်မှာ သမ္မာတရားကို စိတ်ကုန်ခြင်း ဖြစ်သည်။ သမ္မာတရားကို စိတ်ကုန်သောသူတို့သည် သမ္မာတရားကို လက်ခံရာတွင် အခက်အခဲဖြစ်နေပြီး သမ္မာတရားစစ်မှန်မှုအတွင်းသို့ ဝင်ရန် မဖြစ်နိုင်ပေ။ သမ္မာတရားကို စိတ်ကုန်သောသူတို့အတွက် အသိသာဆုံးအခြေအနေမှာ ၎င်းတို့သည် သမ္မာတရားနှင့် အပြုသဘောဆောင်သောအရာများကို စိတ်မဝင်စားကြဘဲ ယင်းတို့ကို ငြင်းပယ်၍ပင် စက်ဆုပ်ရွံရှာကာ ရေပန်းစားမှုများနောက်သို့ အထူးသဖြင့် လိုက်လိုကြသည်။ ဘုရားသခင် ချစ်သောအရာများနှင့် ဘုရားသခင်က လူတို့ကို လုပ်ဆောင်ရန် တောင်းဆိုသောအရာကို ၎င်းတို့က စိတ်နှလုံးထဲတွင် လက်မခံပေ။ ထိုအစား ၎င်းတို့သည် ထိုအရာများကို အထင်အမြင်သေးပြီး စိတ်ဝင်စားမှုမရှိပေ။ ပြီးလျှင် လူအချို့သည် စံနှုန်းများနှင့် လူတို့အပေါ် ဘုရားသခင် သတ်မှတ်သော စည်းမျဉ်းများကိုပင် မကြာခဏ အထင်အမြင်သေးကြသည်။ ၎င်းတို့သည် အပြုသဘောဆောင်သောအရာများကို ငြင်းပယ်ကြပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် အပြုသဘောဆောင်သောအရာများအပေါ် အတိုက်အခံလုပ်ကာ ဆန့်ကျင်ပြီး အထင်သေးမှုများ အပြည့်ရှိကြသည်။ ဤသည်မှာ သမ္မာတရားကို စိတ်ကုန်ခြင်း၏ အဓိက သရုပ်သကန်ဖြစ်သည်။ အသင်းတော်အသက်တာတွင် ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ တာဝန်များထမ်းဆောင်ခြင်း၊ သမ္မာတရားဖြင့် ပြဿနာများကို ဖြေရှင်းခြင်းတို့အားလုံးသည် အပြုသဘောဆောင်သောအရာများဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် နှစ်လိုဖွယ်ရာများဖြစ်သည်။ သို့သော် လူအချို့သည် ဤအပြုသဘောဆောင်သောအရာများကို ငြင်းပယ်ကြသည်။ ဤအရာများကို ဂရုမစိုက်ဘဲ စိတ်မဝင်စားကြပေ။ မုန်းတီးဖွယ်အကောင်းဆုံး ဖြစ်သည့်အရာမှာ ၎င်းတို့သည် ရိုးသားသောသူများ၊ သမ္မာတရားကို လိုက်စားသူများ၊ တာဝန်များကို သစ္စာရှိစွာ ထမ်းဆောင်သူများ၊ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်ပေးသောသူများကဲ့သို့သော အပြုသဘောဆောင်သောလူတို့အပေါ် အထင်သေးသောသဘောထားကို ခံယူကျင့်သုံးကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤလူများကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် အစဉ်ကြိုးစားကြသည်။ ဤလူတို့သည် အားနည်းချက်များ ရှိသည်ကို၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ပြချက်များ ရှိသည်ကို ၎င်းတို့က ရှာဖွေတွေ့ရှိလျှင် ဤအရာကို အမိအရကိုင်လျက် တစ်ဆိတ်ကို တစ်အိတ်လုပ်ကာ အဆက်မပြတ် သိမ်ငယ်အောင်ပြုလုပ်သည်။ ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သောသူများကို အဘယ်ကြောင့် အလွန် မုန်းတီးကြသနည်း။ ၎င်းတို့သည် ဆိုးယုတ်သောသူများ၊ မယုံကြည်သူများ၊ အန္တိခရစ်များအပေါ် အဘယ်ကြောင့် အလွန်နှစ်သက်ပြီး လိုက်လျောကြကာ ဤသို့သောလူများနှင့် အဘယ်ကြောင့် မကြာခဏ ပေါင်းသင်းကြသနည်း။ အပျက်သဘောဆောင်ပြီး မကောင်းသောအရာများနှင့် ပတ်သက်သည့်နေရာတွင် ၎င်းတို့သည် စိတ်လှုပ်ရှားပြီး ပီတိဖြစ်ကြသည်။ သို့သော် အပြုသဘောဆောင်သောအရာများနှင့် ပတ်သက်သောအခါတွင် ၎င်းတို့၏ သဘောထားတွင် အတိုက်အခံလုပ်မှုများ စတင်ပေါ်ပေါက်လာကြသည်။ အထူးသဖြင့် လူများက သမ္မာတရားကို မိတ်သဟာယဖွဲ့သည်ကို၊ သို့မဟုတ် သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနေသည်ကို ကြားသောအခါတွင် ၎င်းတို့၏ စိတ်နှလုံးတွင် ပျင်းရိလာကာ မကျေမနပ်ဖြစ်ပြီး ၎င်းတို့သည် မိမိတို့၏ မကျေနပ်ချက်များကို ရင်ဖွင့်ကြသည်။ ဤစိတ်သဘောထားသည် သမ္မာတရားကို စိတ်ကုန်ခြင်းမဟုတ်သလော။ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်ပြနေခြင်း မဟုတ်လော။ ဘုရားသခင်အတွက် အလုပ်လုပ်ပြီး သူ့အတွက် စိတ်အားထက်သန်စွာ လှည့်လည်သွားလာရန် နှစ်သက်သော ဘုရားကို ယုံကြည်သူများစွာရှိပြီး ၎င်းတို့၏ ဆုကျေးဇူးများ၊ အားသာချက်များကို အသုံးပြုရခြင်းနှင့်ပတ်သက်လျှင် ၎င်းတို့၏ နှစ်သက်မှုများကို အလိုလိုက်ပြီး ကြွားဝါလျက် ၎င်းတို့သည် အကန့်အသတ်မဲ့သော စွမ်းအင်ရှိကြသည်။ သို့သော် ၎င်းတို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ ပြုမူလုပ်ဆောင်ခိုင်းလျှင် ၎င်းတို့သည် အားမရှိတော့ပေ။ စိတ်အားထက်သန်မှု ပျောက်သွားကြသည်။ ၎င်းတို့သည် ကြွားဝါခွင့်မပြုလျှင် နုံးချည့်လာပြီး မျှော်လင့်ချက် မဲ့သွားကြသည်။ ၎င်းတို့သည် ကြွားဝါရန်အတွက် အားအင်ရှိသည်မှာ အဘယ်ကြောင့်နည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အားအင်မရှိသည်မှာ အဘယ်ကြောင့်နည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ လူအားလုံးသည် မိမိတို့ကိုယ်ကို အသိအမှတ်ပြုခံရအောင် လုပ်လိုကြသည်။ ၎င်းတို့အားလုံးသည် အနှစ်မဲ့သော ဘုန်းကျက်သရေကို ငမ်းငမ်းတက် လိုချင်ကြသည်။ လူတိုင်းက ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရေးအတွက် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်လာလျှင် မကုန်ခန်းနိုင်သော စွမ်းအင်များ ရှိကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဇာတိပကတိကို စွန့်ပစ်ခြင်းနှင့်ပတ်သက်လာလျှင် အဘယ်ကြောင့် နုံးချည့်လာကြသနည်း၊ မျှော်လင့်ချက်မဲ့လာကြသနည်း။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ ယင်းက လူတို့၏ စိတ်နှလုံးများက သန့်စင်မှုမရှိသည်ကို သက်သေပြသည်။ ၎င်းတို့သည် ကောင်းချီးများရရှိဖို့အတွက် သက်သက်ဖြင့် ဘုရားသခင်ကို ယုံကြည်ကြသည်။ ရိုးရှင်းစွာ ဆိုရလျှင် ၎င်းတို့သည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရရန်အလို့ငှာ ယုံကြည်ကြခြင်း ဖြစ်သည်။ လိုက်စားရန် ကောင်းချီးများ၊ သို့မဟုတ် အကျိုးအမြတ်များမရှိလျှင် လူတို့သည် နုံးချည့်လာပြီး မျှော်လင့်ချက်မဲ့လာကြပြီး စိတ်အားထက်သန်မှုမရှိတော့ပေ။ ဤအရာအားလုံးတို့သည် သမ္မာတရားကို စိတ်ကုန်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ ဤစိတ်သဘောထားဖြင့် ထိန်းချုပ်ခြင်း ခံရသောအခါ လူများက သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းကို ရွေးချယ်လိုစိတ်မရှိကြပေ။ မိမိတို့ကိုယ်ပိုင်လမ်းအတိုင်း သွားသည်။ ပြီးလျှင် ၎င်းတို့သည် မှားယွင်းသောလမ်းကို ရွေးချယ်ကြသည်။ ဂုဏ်ဒြပ်၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းသည် မှားသည်ကို ကောင်းစွာသည့်သည့်တိုင် ဤအရာများမရှိဘဲ လုပ်ဆောင်ရန်၊ သို့မဟုတ် ဤအရာများကို ဘေးဖယ်ထားရန် ခံနိုင်ခြင်း မရှိကြဆဲဖြစ်ကာ ၎င်းတို့သည် ယင်းတို့ကို လိုက်စားဆဲဖြစ်ပြီး စာတန်၏လမ်းကြောင်းကို လျှောက်ကြသည်။ ဤဖြစ်ရပ်တွင် ၎င်းတို့က ဘုရားနောက်ကို လိုက်ခြင်းမဟုတ်ဘဲ စာတန်နောက်သို့ လိုက်ခြင်းဖြစ်သည်။ ၎င်းတို့ လုပ်သမျှသည် စာတန်ကို အစေခံခြင်းဖြစ်ပြီး ၎င်းတို့သည် စာတန်၏ အစေခံများဖြစ်ကြသည်။

သမ္မာတရားကို ငြီးငွေ့သည့် စိတ်သဘောထားကို ပြောင်းလဲရန် လွယ်ကူသလော။ သမ္မာတရားကို ငြီးငွေ့ခြင်းသည် လူသားမျိုးနွယ်၏ နက်ရှိုင်းသည့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော ထူးခြားသည့် ပင်ကိုလက္ခဏာတစ်ခု ဖြစ်ပြီး ပြောင်းလဲရန် အခက်ခဲဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခုကို သမ္မာတရားအား လက်ခံခြင်းအားဖြင့်သာ စွမ်းဆောင်ရရှိနိုင်သောကြောင့်ဖြစ်သည်။ သမ္မာတရားကို ငြီးငွေ့သော တစ်စုံတစ်ဦးသည် သမ္မာတရားကို အလွယ်တကူ လက်မခံနိုင်ပေ၊ ရောဂါကျွမ်းနေသည့် လူတစ်ဦးက အစားအစာကို ငြင်းပယ်ပုံအတိုင်းပင်ဖြစ်သည်။ ဤသည်မှာ အလွန် အန္တရာယ်များပြီး သမ္မာတရားကို ငြီးငွေ့သည့် လူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် အလွယ်တကူ ကယ်တင်မခံရနိုင်ပေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးဖြစ်သော်လည်း သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် အပြုသဘောဆောင်သည့်အရာများက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို မသိသကဲ့သို့ ကယ်တင်ခြင်းရရှိရန် သမ္မာတရား လိုက်စားခြင်း၏ ဘဝ ရည်မှန်းချက်အကြောင်းကိုပင် မရှင်းလင်းလျှင် ဤသည်မှာ မိမိလမ်း ပျောက်နေသည့် မျက်ကန်းတစ်ဦး မဟုတ်လော။ ထို့ကြောင့် သမ္မာတရားကို ငြီးငွေ့ခြင်းက သမ္မာတရားကို လက်ခံရန် မဖြစ်နိုင်အောင်ဖြစ်စေပြီး ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးသည် ပြောင်းလဲရန် မလွယ်ကူပေ။ သမ္မာတရားကို လက်ခံရန်နှင့် မှန်ကန်သည့် လမ်းကြောင်းကို လျှောက်ရန် ရွေးချယ်နိုင်သည့်လူများသည် သမ္မာတရားကို ချစ်သောသူများ ဖြစ်ပြီး ဤကဲ့သို့သောလူများသည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အလွယ်တကူ ပြောင်းလဲနိုင်ကြ၏။ တစ်စုံတစ်ဦးတွင် သမ္မာတရားကို ငြီးငွေ့သည့် စိတ်သဘောထားရှိသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းခံရရန် မိမိ စိတ်နှလုံးတွင် မျှော်လင့်နေဆဲဖြစ်လျှင် မည်သည့်နေရာမှ အစပြုသင့်သနည်း။ မည်သည့်စမှတ်က ဤအရာကို သာ၍ လွယ်ကူစေလိမ့်မည်နည်း။ အမြန်ဆုံး လမ်းမှာ အဘယ်နည်း။ (အပြုသဘောဆောင်သည့်အရာများက မည်သည့်အရာ ဖြစ်သည်ဆိုသည်နှင့် စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့ကို နားလည်ပြီးသည့်နောက်တွင် သူတို့အနေဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ် စည်းမျဉ်းများနှင့် စံနှုန်းများကို သူတို့၏ စနစ်များအဖြစ် အသုံးပြုသင့်ပြီး တစ်စုံတစ်ရာသည် စည်းမျဉ်းများကို ဆန့်ကျင်ကာ ဘုရားအလိုတော်နှင့်အညီ မဟုတ်လျှင် စည်းမျဉ်းများကို သူတို့ ထိန်းသိမ်းပြီး ထိုအရာကို မလုပ်ဆောင်သင့်ပါ။) ၎င်းတို့သည် ဦးစွာပထမ သမ္မာတရား အသီးသီး၏ စည်းမျဉ်းများကို သဘောပေါက်သင့်သည်။ ဤသည်မှာ အလွန်အရေးကြီးပေသည်။ ထို့နောက်တွင် အဘယ်သို့နည်း။ (သူတို့သည် သမ္မာတရားကို ငြီးငွေ့သည့် အခြေအနေတစ်ခု ပွင့်အံထွက်ပြီး သူတို့၏ တာဝန်နှင့် စည်းမျဉ်းများ ပါဝင်ပတ်သက်သည့်အခါ ဇာတိပကတိကို စွန့်ကာ စည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။) မှန်ပေ၏။ ၎င်းတို့တွင် လမ်းကြောင်းတစ်ခု ရှိရမည်ဖြစ်ပြီး ထိုရည်မှန်းချက်နှင့် လမ်းကြောင်းတို့ ရှင်းလင်းနေသင့်ပေသည်။ ယခု အရေးပါသည့်အရာမှာ ၎င်းတို့ စိတ်သဘောထား၏ မည်သည့် သွင်ပြင်လက္ခဏာက မည်သည့် အခြေအနေနှင့် မည်သည့်အချိန်တွင် ပွင့်အံထွက်သည်ဆိုသည်နှင့် မည်သည့်နည်းလမ်းဖြင့် ထုတ်ဖော်ပြကြသည်ဆိုသည်တို့ကို လူအများစုက မသိကြခြင်း ဖြစ်သည်။ ထိုအရာအားလုံးကို ၎င်းတို့ သိခဲ့ကြလျှင် ပြောင်းလဲရန် ၎င်းတို့အတွက် လွယ်ကူမည် မဟုတ်လော။ ယခု ကြည့်သည့်အခါ လူတို့၏ အမျိုးမျိုးသော အတွေး သို့မဟုတ် သဘောထားများတွင် ၎င်းတို့၏ စိတ်သဘောထားများ ပါဝင်ပေသည်။ အမျိုးမျိုးသော စိတ်သဘောထားများ၏ စိုးမိုးမှုမရှိပါက၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အကဲစမ်းခြင်း သို့မဟုတ် ခက်ခဲစေခြင်းတို့ မရှိပါက လူတို့အတွက် မိမိတို့၏ မှားယွင်းသော အတွေးများကို ပြုပြင်ရန် လွယ်ကူမည်ဖြစ်သည်။ ဥပမာအားဖြင့် သင့်မိခင်က သင့်အား အိမ်မှမထွက်မီ သင့်ချွေးများကို သုတ်သွားဖို့ ပြောသည်ဆိုပါစို့။ သင် နာခံတတ်သည့်၊ သားသမီးဝတ်ကျေပွန်သည့် ကလေးဖြစ်ပါက သင့်မိခင်၏ စေတနာကို ခံစားမိရင်း ဤအကြံ၏ မှန်ကန်မှုကိုလည်း သဘောပေါက်နိုင်သကဲ့သို့ ယင်း၏ အကျိုးကျေးဇူးကို သိနိုင်ကာ အသိအမှတ်ပြုပြီး လက်ခံနိုင်ပေသည်။ သင့်ထံတွင် ထဖောက်ပြီး သင့်ကို ဆွဲထားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမရှိလျှင် ဤအကြံပြုချက်ကို လက်ခံရန် သင့်အတွက် လွယ်ကူပေလိမ့်မည်။ ဤအကြံသည် အလွန်ရိုးရှင်းပြီး ဆောင်ရွက်ရန် လွယ်ကူသကဲ့သို့ မှန်ကန်သည်ကို သင် သိသော်လည်း သင့်ထံတွင် သမ္မာတရားကို ငြီးငွေ့ပြီး ခေါင်းမာသည့် စိတ်သဘောထားတစ်ခု ရှိသောကြောင့် သင့်ကို ထိုအရာအား တမင်တကာ ဆန့်ကျင်စေနိုင်သကဲ့သို့ သင့်မိခင်ကို စိတ်ဆင်းရဲစေနိုင်ကာ သင်နှင့်ပတ်သက်၍ စိုးရိမ်ပြီး သောကရောက်စေနိုင်သည်။ ယင်းမှာ အကျိုးဆက်ဖြစ်၏။ တိုတိုပြောရလျှင် အကြင်သူက အမှုအရာများ မိမိအပေါ် ကျရောက်သည့်အရာ ကိုင်တွယ်ဖြေရှင်းပုံ၊ အပြုသဘောဆောင်သော အရာများကို အကြင်သူ ကိုင်တွယ်ဖြေရှင်းပုံအပြင် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အကြင်သူ စဉ်ဆက်မပြတ် တိုက်ခိုက်ပြီး ရင်ဆိုင်တွန်းလှန်ပုံတို့သည် သမ္မာတရား လိုက်စားရန် ၎င်းတို့၏ သန္နိဋ္ဌာန်ကို ကိုယ်စားပြုပေသည်။ သင်သည် ဤသန္နိဋ္ဌာန််ရှိပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပယ်ရန်၊ သမ္မာတရားကို လက်ခံရန်၊ ဘုရားနှုတ်ကပတ်တော်ကို သင်၏ အသက်ဖြစ်စေရန်နှင့် လူသားပုံသဏ္ဌာန်ဖြင့် အသက်ရှင်ရန် လိုလားနေပါက သင် ပြောင်းလဲနိုင်ပေသည်။ သမ္မာတရားကို လိုက်စားရန် သင်၏ သန္နိဋ္ဌာန် မည်ရွေ့မည်မျှ ကြီးမားသည်ဆိုသည်မှာ သင်၏ ပြောင်းလဲမှု ကြီးမားမည့်ပုံစံ ဖြစ်သည်။

ကယ်တင်ခြင်းသည် အဓိကအားဖြင့် မည်သည့်အရာကို ရည်ညွှန်းသနည်း။ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို အဓိက ရည်ညွှန်း၏။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲပြီးသည့်အခါမှသာ စာတန်၏ စွမ်းအားကို ၎င်းတို့ စွန့်ပယ်ကာ ကယ်တင်ခံရနိုင်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သူတို့အတွက် စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုသည် အဓိက ကိစ္စတစ်ခုဖြစ်သည်။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲသည့်အခါ လူသား ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်လိမ့်မည်ဖြစ်ပြီး ကယ်တင်ခြင်းကို အပြည့်အဝ ရရှိလိမ့်မည်။ တစ်စုံတစ်ဦးအနေဖြင့် သိပ်ကြည့်ကောင်းခြင်း၊ ဆုကျေးဇူးရှိခြင်း၊ သို့မဟုတ် ပါရမီမရှိဘဲဖြစ်နေနိုင်သည်၊ ၎င်းတို့အနေဖြင့် နမော်နမဲ့ စကားပြောကာ သိပ်ရှင်းလင်းစွာ မပြောဆိုနိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် ဝတ်ကောင်းစားလှ ဝတ်ဆင်ရာတွင် တော်ပြီး အပြင်ပန်းအနေဖြင့် အလွန်သာမန်ဖြစ်ပုံ ရကောင်းရနိုင်သော်လည်း ၎င်းတို့ထံ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မိမိတို့ အလိုဆန္ဒအတိုင်း ပြုမူခြင်းထက် သို့မဟုတ် မိမိတို့ ကိုယ်ကျိုးအတွက် ကြံစည်ခြင်းထက် သမ္မာတရားကို ရှာဖွေနိုင်စွမ်းရှိကာ ဘုရားသခင်က ၎င်းတို့အား တာဝန်တစ်ခု ထမ်းဆောင်ရန် အမိန့်ပေးသည့်အခါ သူ့ကို နာခံနိုင်ကြပြီး ၎င်းတို့ကို သူ ပေးအပ်သည့်အရာကို ပြီးမြောက်နိုင်ကြလေသည်။ ဤလူစားမျိုးကို သင် အဘယ်သို့ တွေးသနည်း။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် စွဲဆောင်မှုမရှိသော်လည်း သို့မဟုတ် အသွင်အပြင်တွင် အထင်ကြီးလောက်စရာ မရှိသော်လည်း ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့ပြီး နာခံသည့် စိတ်နှလုံးရှိကာ ဤတွင် ၎င်းတို့၏ အားသာချက်များ ပေါ်လွင်လေသည်။ လူတို့က ဤအရာကို မြင်သည့်အခါ ၎င်းတို့က “ဤလူတွင် တည်ငြိမ်သည့် စိတ်သဘောထားတစ်ခုရှိပြီး အမှုအရာများ ဖြစ်ပျက်သည့်အခါ အရေးမထားခြင်း မရှိဘဲ သို့မဟုတ် မိုက်မဲသည့်၊ နုံအသည့် တစ်စုံတစ်ရာကို လုပ်ဆောင်ခြင်း မရှိဘဲ ဘုရားသခင် ရှေ့မှောက်တွင် တည်တည်ငြိမ်ငြိမ် ရှာဖွေနိုင်ကြသည်။ ၎င်းတို့၌ လေးနက်ပြီး တာဝန်ယူသော သဘောထားရှိသည်။ ၎င်းတို့သည် တာဝန်သိပြီး မိမိတို့တာဝန်ကို သစ္စာရှိစွာ ဖြည့်ဆည်းရန် မိမိတို့ကိုယ်ကို အပြည့်အဝ ဆက်ကပ်နိုင်ကြသည်။” ဤလူသည် မိမိပြောဆို၊ ပြုမူပုံတွင် ချုပ်ထိန်းသည်၊ ၎င်းတွင် ပုံမှန်ဆင်ခြင်တုံတရား ရှိပြီး ၎င်း အသက်ရှင်နေထိုင်သည့်အရာနှင့် ပြသသည့် စိတ်သဘောထားအရ ၎င်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ၎င်းတွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိပါက ၎င်း၏ လုပ်ရပ်များအတွက် စည်းမျဉ်းများ ရှိသလော။ ၎င်းသည် စည်းမျဉ်းများကို မုချရှာဖွေပြီး မှားယွင်းသည့် လုပ်ရပ်များတွင် မဆင်မခြင် ပါဝင်ပတ်သက်ခြင်း မရှိပေ။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စိတ်သဘောထား ပြောင်းလဲခြင်းကို လိုက်စားခြင်းအားဖြင့် စွမ်းဆောင်ရရှိသည့် အဆုံးစွန် ရလဒ်ဖြစ်သည်။ ၎င်း၏ စကားသည် ချင့်ချင့်ချိန်ချိန်ဖြစ်ပြီး မှန်ကန်တိကျသည်၊ ပေါ့ပေါ့ဆဆ စကားမပြောပေ၊ စိတ်အေးစေရန်အားပေးပြီး ယုံကြည်စိတ်ချရသည့် နည်းလမ်းဖြင့် ပြုမူဆောင်ရွက်ကာ ဘုရားသခင်ကို နာခံခြင်း၊ မကောင်းမှုကို ရှောင်ကြဉ်ခြင်းနှင့်ဆိုင်သည့် စစ်မှန်မှုများကို ပိုင်ဆိုင်လေသည်။ ဤသရုပ်သကန်အားလုံးကို ဤလူ၌ တွေ့ရသည်။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီးဖြစ်ကာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည့် လူတစ်ဦး ဖြစ်သည်။ ဤအရာများကို ဟန်ဆောင်၍မရချေ။ လူတစ်ဦး၏ စိတ်သဘောထားသည် ၎င်း၏ ဘဝဖြစ်၏။ လူတစ်ဦးက မည်သည့် စိတ်သဘောထားရှိသည်ဖြစ်စေ ယင်းမှာ ၎င်း၏ အပြုအမူ ဖြစ်လိမ့်မည်။ လူတို့၏ အပြုအမူနှင့် သရုပ်သကန်များသည် ၎င်းတို့ စိတ်သဘောထားများ၏ အုပ်စိုးခြင်းခံရကာ လူတို့ တစ်သမတ်တည်း ဖော်ပြသည့်အရာမှာ ၎င်းတို့ စိတ်သဘောထား၏ ပွင့်အံထွက်မှုများဖြစ်သည်၊ ၎င်းတို့၏ အကျင့်စရိုက် မဟုတ်ပေ။ စိတ်သဘောထားဆိုင်ရာ ပြဿနာများနှင့် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၏ ပွင့်အံထွက်မှုများကို အသိအမှတ်ပြုနိုင်ခြင်းနှင့် ထို့နောက်တွင် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ယင်းတို့ကို ဖြေရှင်းနိုင်ခြင်းသည် စိတ်သဘောထား ပြောင်းလဲမှုကို လိုက်စားရာတွင် အကြင်သူ စွမ်းဆောင်ရရှိရမည့် အခြေခံအကျဆုံးသော အရာဖြစ်သည်။

ကောက်နုတ်ချက် (၅၄)

မည်သည့်တာဝန်မျိုးကို သင်ထမ်းဆောင်နေပါစေ သို့မဟုတ် မည်သည့်အသက်မွေးဝမ်းကြောင်း ပညာမျိုးကို သင်လေ့လာနေပါစေ သင်ပို၍ လေ့လာသင်ယူလေ သင်ပို၍ ကျွမ်းကျင်လာလေ ဖြစ်သင့်ကာ ပြီးပြည့်စုံမှုကို ရရန် ကြိုးပမ်းသင့်သည်။ ထိုအခါ သင်ထမ်းဆောင်သည့်တာဝန်သည် ပိုကောင်းပြီးရင်း ကောင်းလာလိမ့်မည်။ လူအချို့သည် မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်ရာတွင် တာဝန်သိသိ မလုပ်ဆောင်ကြပေ။ ၎င်းတို့ကြုံရသည့် မည်သည့်အခက်အခဲများကိုမဆို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် အခြားလူများက ၎င်းတို့ကို လမ်းညွှန်ပြီး ကူညီဖို့ကို အမြဲလိုချင်ကြသည်။ မိမိဘာသာ ကြိုးစားအားထုတ်မှု မရှိဘဲ ၎င်းတို့ကို အနီးကပ် သင်ကြားပြသပေးပြီး ၎င်းတို့အတွက် ကိစ္စများကို လုပ်ပေးဖို့ အခြားလူများကို တောင်းဆိုသည်အထိပင် ဖြစ်သည်။ ၎င်းတို့သည် အခြားလူများကို အဆက်မပြတ် အားကိုးကြပြီး ထိုလူများ၏အကူအညီမပါဘဲ မလုပ်နိုင်ကြပေ။ ဤသို့လုပ်သည့်အတွက် ၎င်းတို့သည် ဆန်ကုန်မြေလေးများ ဖြစ်ကြသည် မဟုတ်လော။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ၊ အမှုအရာများကို လေ့လာရာတွင် သင် စိတ်နှစ်ထားဖို့ လိုအပ်သည်။ သင်သည် အတတ်ပညာဆိုင်ရာ အသိပညာကင်းမဲ့ပါက အတတ်ပညာဆိုင်ရာ အသိပညာကို လေ့လာလော့။ သမ္မာတရားကို နားမလည်ပါက သမ္မာတရားကို ရှာဖွေလော့။ သမ္မာတရားကို သင် နားလည်ပြီး အတတ်ပညာဆိုင်ရာ အသိပညာကို သင် ရရှိပါက သင်၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ထိုအရာများကို သင် အသုံးချနိုင်လိမ့်မည်ဖြစ်ပြီး ရလဒ်များ ရရှိလိမ့်မည်။ ဤသည်မှာ မှန်သော ပါရမီနှင့် စစ်မှန်သော အသိပညာရှိသည့် လူတစ်ဦး ဖြစ်သည်။ သင်၏ တာဝန်အတောအတွင်းတွင် သင်သည် မည်သည့် အတတ်ပညာဆိုင်ရာ အသိပညာကို လုံးဝ မလေ့လာဘဲ သမ္မာတရားကို မရှာဖွေပါက သင်ပေးသည့် အစေခံမှုသည် သာမန်ထက်နိမ့်ကျမည် ဖြစ်သည်။ သို့ဖြစ်၍ သင်၏ တာဝန်ထမ်းဆောင်ခြင်း အကြောင်းကို သင်မည်သို့များ ပြောနိုင်သနည်း။ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ဖို့ရန် အသုံးဝင်သည့် အသိပညာများစွာ သင် လေ့လာရမည်ဖြစ်ပြီး သင့်ကိုယ်သင် သမ္မာတရားများစွာဖြင့် ပြင်ဆင်ရမည်။ သင်ယူမှုကို မည်သည့်အခါတွင်မျှ မရပ်တန့်ရ၊ ရှာဖွေမှုကို လုံးဝ ရပ်တန့်ရမည်မဟုတ်သကဲ့သို့ အခြားသူများထံမှ သင်ယူခြင်းအားဖြင့် သင်၏ အားနည်းချက်များနှင့် ပတ်သက်၍ တိုးတက်စေခြင်းကို မည်သည့်အခါတွင်မျှ မရပ်တန့်ရပေ။ အခြားလူများ၏ အားသာချက်များက မည်သည့်အရာဖြစ်ပါစေ၊ သို့မဟုတ် မည်သည့်နည်းဖြင့် သင့်ထက် ၎င်းတို့ ပိုမိုအားကောင်းသည်ဖြစ်စေ ၎င်းတို့ထံမှ သင် သင်ယူရမည်။ သင့်ထက် သမ္မာတရား ပိုမိုကောင်းမွန်စွာ နားလည်သောသူ မည်သူမဆိုထံမှ သင် ပို၍ပင် သင်ယူသင့်ပေသည်။ နှစ်အချို့ကြာ သင်၏ တာဝန်ကို ဤသို့ ထမ်းဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရားကို နားလည်ကာ ယင်း၏ လက်တွေ့အရှိတရားများထဲသို့ ဝင်ရောက်လိမ့်မည်ဖြစ်သည်၊ သင့်တာဝန်ကို သင်ထမ်းဆောင်ခြင်းသည် စံချိန်မီလိမ့်မည်။ သင်သည် သမ္မာတရားနှင့် လူ့သဘာဝ ပိုင်ဆိုင်သည့်‌ လူတစ်ဦး၊ သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်လာပြီးဖြစ်လိမ့်မည်။ ဤအရာကို သမ္မာတရား လိုက်စားခြင်းအားဖြင့် စွမ်းဆောင်ရရှိပေသည်။ တာဝန်တစ်ခုကို မထမ်းဆောင်ဘဲ ထိုကဲ့သို့သော ရလဒ်များကို သင်မည်သို့ ရနိုင်မည်နည်း။ ယင်းသည် ဘုရားသခင်၏ချီးမြှောက်ခြင်းဖြစ်သည်။ သင့်တာဝန်များကို ထမ်းဆောင်နေစဉ်အတွင်း သမ္မာတရားကို သင်မလိုက်စားဘဲ အစေခံမှု ပေးရုံမျှဖြင့် သင်ကျေနပ်နေလျှင် အကျိုးဆက်များက မည်သည့်အရာများ ဖြစ်လိမ့်မည်နည်း။ တစ်ဖက်တွင် သင်သည် သင်၏တာဝန်များကို လုံလုံလောက်လောက် ထမ်းဆောင်မည်မဟုတ်ချေ။ အခြားတစ်ဖက်တွင် သင်သည် အတွေ့အကြုံဆိုင်ရာသက်သေခံချက် အစစ်အမှန် မရှိသလို သမ္မာတရားကို သင်ရမည်မဟုတ်။ ဤကဏ္ဍနှစ်ခုလုံးတွင် ပြစရာ တစ်ခုမျှ မရှိဘဲ ဘုရားသခင်၏ လက်ခံမှုကို သင်ရနိုင်သလော။ ယင်းမှာ ဖြစ်နိုင်မည် မဟုတ်။ ထို့ကြောင့် လူတစ်ဦးသည် အစေခံမှု ပေးရသည်ကို ကျေနပ်နေရုံဖြင့် ဘုရားသခင်၏ လက်ခံမှုကို လုံးဝ မရနိုင်ပေ။ အစေခံမှု ပေးရုံမျှဖြင့် သင်သည် ဆုလာဘ်ချီးမြှင့်ခြင်း ခံရနိုင်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်သည်ဟု တွေးသည်မှာ ဖြစ်ချင်သော အတွေးသက်သက်သာ ဖြစ်သည်။ ယင်းသည် မည်သည့်သဘောထားမျိုးနည်း။ ရိုးရိုးတန်းတန်း အစေခံမှု ပေးရုံမျှဖြင့် ကောင်းချီးများကို ရလိုခြင်းသည် ဘုရားသခင်ကို ဈေးဆစ်ခြင်း၊ ဘုရားသခင်ကို လှည့်စားရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိသာထင်ရှားပေသည်။ ထိုကဲ့သို့အစေခံသူများကို ဘုရားသခင်က လက်မခံချေ။ လူတစ်ဦးသည် မိမိ၏တာဝန်များကို ထမ်းဆောင်ရာတွင် ဂရုမစိုက်ဘဲ ဝတ်ကျေတမ်းကျေသာ လုပ်သောအခါ သို့မဟုတ် လှည့်စားမှုတွင် ပါဝင်ဆောင်ရွက်သောအခါ ၎င်းကို မည်သည့်စိတ်သဘောထားများက အုပ်စိုးသနည်း။ မာနထောင်လွှားခြင်း၊ ခေါင်းမာခြင်းနှင့် သမ္မာတရားကို မချစ်ခြင်းဟူသည့် ဤအရာများက ၎င်းကို အုပ်စိုးမနေသလော။ (အုပ်စိုးနေပါသည်။) သင်တို့တွင် ထိုကဲ့သို့သောသရုပ်သကန်များ ရှိသလော။ (ရှိပါသည်။) မကြာခဏ ရှိသလော၊ အခါအားလျော်စွာ ရှိသလော သို့မဟုတ် အချို့ကိစ္စရပ်များတွင်သာ ရှိသလော။ (မကြာခဏ ရှိပါသည်။) အဆိုပါအခြေအနေများကို အသိအမှတ်ပြုရာတွင် သင်တို့၏သဘောထားသည် အတော်အတန် ရိုးသားစစ်မှန်ပြီး သင်တို့တွင် ရိုးသားသော စိတ်နှလုံးရှိသည်။ သို့သော် ထိုအရာများကို အသိအမှတ်ပြုရုံမျှဖြင့် မလုံလောက်ပေ။ ယင်းက ထိုအရာများကို ပြောင်းလဲနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုအရာများကို ပြောင်းလဲရန် မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင့်တာဝန်များကို ထမ်းဆောင်ရာတွင် သင်သည် ဂရုမစိုက်ဘဲ ဝတ်ကျေတမ်းကျေသာ လုပ်သောအခါ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်သောအခါ သို့မဟုတ် မရိုသေ၊ မလေးစားသည့် သဘောထားတစ်ခု ရှိသောအခါ ဘုရားသခင် ရှေ့တော်မှောက်သို့ ဆုတောင်းခြင်းအားဖြင့် အမြန်လာရောက်ရမည်။ မိမိကိုယ်ကို သုံးသပ်ရမည်။ ပြီးလျှင် သင်သည် မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုး ပွင့်အံထွက်သည်ကို သတိပြုမိရမည်။ ထို့အပြင် ထိုစိတ်သဘောထားမျိုး မည်သို့ဖြစ်လာပုံနှင့် ယင်းကို မည်သို့ပြောင်းလဲနိုင်ပုံတို့ကို သင်နားလည်ရမည်။ ဤအရာကို နားလည်ခြင်း၏ ရည်ရွယ်ချက်သည် အပြောင်းအလဲ ဖြစ်လာစေရန်ဖြစ်သည်။ ထို့ကြောင့် အပြောင်းအလဲကို ရရန်အလို့ငှာ လူတစ်ဦးသည် မည်သည့်အရာကို လုပ်သင့်သနည်း။ လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်ခြင်းနှင့် တရားစီရင်ခြင်းတို့မှတစ်ဆင့် ၎င်း၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရသည် မည်မျှအကျည်းတန်ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်ကြောင်း၊ စာတန် သို့မဟုတ် နတ်ဆိုးများနှင့် မကွဲပြားကြောင်းတို့ကို သိလာရမည်။ သို့မှသာ ၎င်းသည် မိမိကိုယ်ကိုလည်းကောင်း၊ စာတန်ကိုလည်းကောင်း စက်ဆုပ်ရွံရှာနိုင်သည်။ သို့မှသာ ၎င်းသည် မိမိကိုယ်ကိုလည်းကောင်း၊ စာတန်ကိုလည်းကောင်း စွန့်ပစ်နိုင်သည်။ ဤနည်းဖြင့် လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လူတစ်ဦး ဆုံးဖြတ်လိုက်သောအခါ ၎င်းသည် ဘုရားသခင်၏ စိစစ်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကိုလည်း လက်ခံရမည်။ ထိုအခါ ၎င်းဘက်မှ တက်ကြွသော ပူးပေါင်းဆောင်ရွက်မှု အရိပ်အယောင်တစ်ခု ရှိရမည်။ ၎င်းသည် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်နည်း။ တာဝန်တစ်ခုကို ထမ်းဆောင်သောအခါ လူတစ်ဦးတွင် “တော်လောက်ပြီ” ဟူသည့် အတွေးရှိသည်နှင့်တစ်ပြိုင်နက် ယင်းကို ပြုပြင်ပြောင်းလဲရမည်။ လူတစ်ဦးသည် ထိုကဲ့သို့သောအတွေးမျိုးကို လက်သင့်ခံမထားရပေ။ မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ပေါ်ပေါက်လာသောအခါ လူတစ်ဦးသည် ဘုရားသခင်ထံ ဆုတောင်းရမည်။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုရမည်၊ မိမိကိုယ်ကို အလျင်အမြန် သုံးသပ်ရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရှာဖွေရမည်။ ပြီးလျှင် သူ၏တရားစီရင်ခြင်းနှင့် ဆုံးမခြင်းကို လက်ခံရမည်။ ဤနည်းဖြင့် လူတစ်ဦးသည် နောင်တရသော စိတ်နှလုံးတစ်ခု ရှိနိုင်လိမ့်မည်ဖြစ်ပြီး ၎င်း၏ အတွင်းစိတ်အခြေအနေသည် ပြောင်းလဲသွားလိမ့်မည်။ ဤအရာကို လုပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရည်ရွယ်ချက်မှာ သင် အမှန်တကယ် ပြောင်းလဲပြီး သစ္စာရှိရှိဖြင့် ထမ်းဆောင်နိုင်ရန်နှင့် ဘုရားသခင်၏ ပြစ်တင်ဝေဖန်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို အကြွင်းမဲ့ ကျိုးနွံနာခံပြီး လက်ခံရန် ဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင့်အခြေအနေသည် ပြောင်းပြန်ဖြစ်သွားလိမ့်မည်။ သင် တစ်ဖန် ဂရုမစိုက်ဘဲ ဝတ်ကျေတမ်းကျေသာ လုပ်တော့မည့်ဆဲဆဲအချိန်နှင့် သင် တာဝန်များကို မရိုသေမလေးစားသော သဘောထားတစ်ခုဖြင့် တစ်ဖန် မှတ်ယူတော့မည့်ဆဲဆဲအချိန်တွင် ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းနှင့် ပြစ်တင်ဝေဖန်ခြင်းတို့ကြောင့် သင်ချက်ချင်း ပြောင်းလဲနိုင်လျှင် ပြစ်မှားမှုတစ်ခုကို ကျူးလွန်မိခြင်းမှ ရှောင်ရှားခဲ့ပြီး ဖြစ်မည်မဟုတ်လော။ ဤသည်မှာ ဘဝတွင် သင်ရင့်ကျက်ကြီးထွားရေးအတွက် ကောင်းသောအရာတစ်ခု ဖြစ်သလော သို့မဟုတ် ဆိုးသောအရာတစ်ခု ဖြစ်သလော။ ယင်းသည် ကောင်းသောအရာတစ်ခုဖြစ်သည်။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို ကျေနပ်အောင် လုပ်ဆောင်သောအခါ သင့်စိတ်နှလုံးသည် အေးအေးသက်သာဖြစ်နေသည်၊ ဝမ်းမြောက်နေပြီး နောင်တရခြင်းများမှ ကင်းစင်နေသည်။ ယင်းသည် စစ်မှန်သော ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ဖြစ်သည်။

လူများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောအခါ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ရန် ၎င်းတို့အတွက် လွယ်ကူသည်၊ သို့သော် ဤသည်က ၎င်းတို့တွင် ကယ်တင်ခံရရန်အတွက် မျှော်လင့်ချက်မရှိဟု မဆိုလိုပေ။ ဘုရားသခင်သည် လူတို့ကို ကယ်တင်ခြင်းအမှုကို လုပ်ရန် ကြွလာခဲ့ပြီး သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်သည်။ လူများက ဤသမ္မာတရားများကို လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ်တွင်သာ မူတည်သည်။ လူတစ်ဦးသည် သမ္မာတရားကို လက်ခံနိုင်ပါက ၎င်းသည် ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ၎င်းက သမ္မာတရားကို လက်မခံဘဲ ဘုရားသခင်ကို ငြင်းပယ်ပြီး သစ္စာဖောက်နိုင်လျှင် ၎င်းသည် လုံးဝဇာတ်သိမ်းပြီ ဖြစ်သည်။ ဘေးဒုက္ခကြားထဲတွင် ဖျက်ဆီးခံရရန် စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။ ဤကံကြမ္မာကို မည်သူမျှ မလွတ်မြောက်နိုင်ပေ။ ဤအချက်ကို လူများသည် ထိပ်တိုက်ရင်ဆိုင်ကြရမည်။ လူအချို့က “ကျွန်ုပ်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အဆက်မပြတ် ပွင့်အံထွက်သည်၊ ပြီးလျှင် ကျွန်ုပ် မည်သည့်အခါကမျှ မပြောင်းလဲနိုင်ခဲ့ပါ။ ကျွန်ုပ် မည်သည့်အရာကို လုပ်သင့်သနည်း။ ဤသည်မှာ ကျွန်ုပ်၏ အရှိအတိုင်းပင် ဖြစ်သလော။ ဘုရားသခင်က ကျွန်ုပ်ကို မနှစ်သက်သလော။ သူက ကျွန်ုပ်ကို မုန်းသလော” ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သော သဘောထားမျိုး ဖြစ်သလော။ ဤသည်မှာ မှန်ကန်သော တွေးတောပုံ တွေးတောနည်း ဟုတ်သလော။ (မဟုတ်ပါ။) လူတစ်ဦးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောအခါ သူသည် ယင်းတို့ကို သဘာဝအလျောက် ပွင့်အံထွက်လိမ့်မည်။ သူသည် ယင်းတို့ကို ထိန်းချုပ်ဟန့်တားချင်သော်လည်း ထိုသို့ပြု၍ မရနိုင်ပေ။ ထို့ကြောင့် သူသည် သူ့အတွက် မျှော်လင့်ချက်မရှိဟု ခံစားမိသည်။ အမှန်မှာ ဤသို့ သေချာပေါက် မဟုတ်ပေ။ ယင်းသည် သမ္မာတရားကို ထိုလူက လက်ခံနိုင်ခြင်း ရှိမရှိဆိုသည့်အပေါ်တွင် မူတည်သည်။ ၎င်းသည် ဘုရားသခင်အပေါ် အားကိုးပြီး သူ့ကို ကိုးစားခြင်း ရှိမရှိဆိုသည့်အပေါ်တွင် မူတည်သည်။ လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မကြာခဏ ထုတ်ဖော်ကြသည်မှာ ၎င်းတို့၏အသက်တာသည် စာတန်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအားဖြင့် ထိန်းချုပ်ခြင်း ခံထားရကြောင်းနှင့် ၎င်းတို့၏အဖြစ်အနေသည် စာတန်၏ အဖြစ်အနေဖြစ်ကြောင်းကို သက်သေပြလေသည်။ လူများသည် ဤအမှန်တရားကို အသိအမှတ်ပြုပြီး လက်ခံသင့်၏။ လူ၏သဘာဝ အဖြစ်အနေနှင့် ဘုရားသခင်၏ အဖြစ်အနေတို့အကြားတွင် ကွဲပြားခြားနားချက်တစ်ခု ရှိသည်။ ၎င်းတို့သည် ဤအမှန်တရားကို အသိအမှတ်ပြုပြီးသည့်နောက် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူများက ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ထုတ်ဖော်သည့်အခါ၊ ဇာတိသွေးသား၏ သာယာမှုတွင် မွေ့လျော်ပြီး ဘုရားသခင်ထံမှ တိုး၍ ဝေးကွာသွားသည့်အခါ၊ သို့မဟုတ် ဘုရားသခင်က ၎င်းတို့၏ကိုယ်ပိုင် အကြံဉာဏ်များနှင့် မကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် အလုပ်လုပ်ပြီး ၎င်းတို့အတွင်း၌ မကျေနပ်ချက်များ ပေါ်ပေါက်သည့်အခါ ဤသည်မှာ ပြဿနာတစ်ခုနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားတစ်ခုဖြစ်သည်ကို ၎င်းတို့သည် ချက်ချင်း သတိပြုမိအောင် ပြုလုပ်သင့်သည်။ ယင်းမှာ ဘုရားသခင်ကို ပုန်ကန်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်။ ယင်းက သမ္မာတရားနှင့် မကိုက်ညီဘဲ ဘုရားသခင်၏ ရွံမုန်းခြင်းခံရ၏။ လူတို့က ဤအရာများကို သဘောပေါက်သည့်အခါ ၎င်းတို့သည် မညည်းညူသင့်ပေ၊ သို့မဟုတ် အပျက်သဘောဆောင်လာပြီး အချောင်မခိုသင့်ပေ၊ ပြီးလျှင် ၎င်းတို့သည် စိတ်ညစ်ခြင်း သာ၍ နည်းပါးသင့်သည်။ ထိုအစား ၎င်းတို့သည် မိမိတို့ကိုယ်ကို သာ၍ နက်နဲစွာ သိမြင်နိုင်သင့်သည်။ ထို့အပြင် ၎င်းတို့သည် ဘုရားသခင် ရှေ့မှောက်သို့ တက်ကြွစွာ လာရောက်နိုင်သင့်ပြီး ဘုရားသခင်၏ အပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ကို လက်ခံကာ ၎င်းတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ပြီး စည်းမျဉ်းများအတိုင်း ပြုမူနိုင်ကြသည်အထိပင် ၎င်းတို့၏အခြေအနေကို ချက်ချင်း ပြောင်းလဲသင့်သည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လာသကဲ့သို့ သင့်အတွင်းရှိ အခြေအနေသည်လည်း တိုး၍ ပုံမှန်ဖြစ်လာလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ ဖောက်ပြန်ပျက်စီးခြင်း၏ အဖြစ်အနေနှင့် စာတန်၏ အကျည်းတန်သော အခြေအနေအမျိုးမျိုးတို့ကို တိုး၍ ကြည်လင်ရှင်းလင်းမှုဖြင့် ဖော်ထုတ်နိုင်လိမ့်မည်။ “ကျွန်ုပ်ကို နှောင့်ယှက်နေသည်မှာ စာတန်ဖြစ်သည်”၊ သို့မဟုတ် “ယင်းမှာ စာတန်က ကျွန်ုပ်ကို ပေးသည့် အကြံဉာဏ်တစ်ခုဖြစ်သည်” ဟူသကဲ့သို့ မိုက်မဲပြီး ကလေးဆန်သည့် ထိုသို့သော စကားများကို ပြောတော့မည် မဟုတ်ပေ။ ထိုအစား သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့်သက်ဆိုင်သည့်၊ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသား၏ အနှစ်သာရနှင့်ဆိုင်သည့်၊ စာတန်၏ အနှစ်သာရနှင့် သက်ဆိုင်သည့် မှန်ကန်တိကျသော အသိပညာ ရှိလိမ့်မည်။ သင်၌ ဤအမှုအရာများကို သာ၍ မှန်ကန်တိကျသည့် ကိုင်တွယ်ဆက်ဆံနည်းတစ်ခု ရှိလာမည် ဖြစ်ပြီး ဤအမှုအရာများသည် သင့်ကို ဘောင်ခတ်လိမ့်မည် မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အနည်းငယ်ကို ထုတ်ဖော်ပြထားမိသောကြောင့်၊ သို့မဟုတ် သင်ပြစ်မှားထားမိသောကြောင့်၊ သို့မဟုတ် သင်၏တာဝန်ကို ဝတ်ကျေတမ်းကျေ ထမ်းဆောင်ထားမိသောကြောင့်၊ သို့မဟုတ် ပြုသမျှနုနေပြီး အပျက်သဘောဆောင်နေသည့် အခြေအနေ တစ်ခုတွင် သင်ရောက်နေသည်ကို မကြာခဏ တွေ့ရသောကြောင့် သင်သည် အားနည်းသွားမည် မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်နှင့် သူ၏ကယ်တင်ခြင်းအပေါ် ယုံကြည်မှုကို ပျောက်ဆုံးသွားမည် မဟုတ်ပေ။ သင်သည် ထိုသို့သော အခြေအနေများကြားတွင် အသက်ရှင်လိမ့်မည် မဟုတ်ဘဲ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မှန်ကန်စွာ ရင်ဆိုင်လိမ့်မည် ဖြစ်ပြီး သာမန် ဝိညာဉ်ရေးရာ အသက်တာကို အသက်ရှင်နိုင်စွမ်း ရှိလိမ့်မည်ဖြစ်သည်။ လူတစ်ဦးက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်သည့်အခါ ၎င်းသည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းနှင့် ဘောင်ခတ်ခြင်းတို့ကို မခံရတော့ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်အထိ မိမိကိုယ်ကို သုံးသပ်နိုင်လျှင်၊ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင် ရှေ့တော်မှောက်သို့ လာနိုင်လျှင်၊ သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ မိမိ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အနှစ်သာရကို ပိုင်းခြားသိမြင်၍ စိစစ်နိုင်လျှင် ၎င်းသည် ကယ်တင်ခံရခြင်းလမ်းကြောင်းကို စတင်ပြီးဖြစ်နေလိမ့်မည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုမျိုးဖြင့်လည်းကောင်း၊ အတွေ့အကြုံမျိုးဖြင့်လည်းကောင်း လူတစ်ဦးသည် မိမိ၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်နိုင်ပြီး စာတန်၏စွမ်းအားမှ လွတ်မြောက်နိုင်သည်။ ထိုအခါ ၎င်းသည် ဘုရားသခင်ရှေ့တော်မှောက်သို့ လာနေပြီး လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရပြီးဖြစ်သည်မဟုတ်လော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ရယူခြင်းလမ်းကြောင်း ဖြစ်သည့်အပြင် ကယ်တင်ခြင်းသို့ လမ်းကြောင်းလည်း ဖြစ်သည်။ လူသားများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် နက်ရှိုင်းစွာ အမြစ်တွယ်နေသည်။ စာတန်၏အနှစ်သာရနှင့် ၎င်း၏သဘာဝတို့က လူများ၏ အတွေးများ၊ အပြုအမူနှင့် စိတ်တို့ကို ထိန်းချုပ်သည်။ သို့သော်လည်း ဤအရာအားလုံးသည် သမ္မာတရား၏ ရှေ့တွင်လည်းကောင်း၊ ဘုရားအမှုတော်၏ ရှေ့တွင်လည်းကောင်း ဘုရားသခင်၏ကယ်တင်ခြင်း ရှေ့တွင်လည်းကောင်း အရေးမပါတော့ပေ။ ယင်းက မည်သည့်အဟန့်အတားကိုမျှ မဖြစ်ပေါ်စေပေ။ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ လူတစ်ဦးတွင် ရှိနိုင်သည်ဖြစ်စေ၊ ၎င်းသည် မည်သည့်အခက်အခဲများကို ရင်ဆိုင်ရသည်ဖြစ်စေ၊ ၎င်း၏အကန့်အသတ်များက မည်သည်တို့ဖြစ်သည်ဖြစ်စေ လျှောက်၍ ရနိုင်သော လမ်းကြောင်းတစ်ခု၊ ၎င်းကို ဖြေရှင်းသည့် နည်းလမ်းတစ်ခုနှင့် ယင်းတို့ကို ဖြေရှင်းရန် သက်ဆိုင်ရာ သမ္မာတရားများရှိသည်။ ဤနည်းဖြင့် လူများကယ်တင်ခံရရန်အတွက် မျှော်လင့်ချက် မရှိသလော။ ရှိသည်၊ လူများကယ်တင်ခံရရန်အတွက် မျှော်လင့်ချက် ရှိသည်။

ကောက်နုတ်ချက် (၅၅)

လူတစ်ဦးသည် မိမိ၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်စေ သို့မဟုတ် အတတ်ပညာဆိုင်ရာ အသိပညာကို သင်ယူလေ့လာခြင်းဖြစ်စေ လုံ့လဝီရိယ ရှိရမည်ဖြစ်ပြီး စည်းမျဉ်းများအတိုင်း ကိစ္စများကို ကိုင်တွယ်နိုင်ရမည်။ ဤကိစ္စများကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်မဖြေရှင်းနှင့်၊ သို့မဟုတ် ဖြစ်သလို မလုပ်နှင့်။ အတတ်ပညာဆိုင်ရာ အသိပညာကို သင်ယူလေ့လာခြင်း၏ ရည်ရွယ်ချက်မှာ လူတစ်ဦး၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်ဖြစ်ပြီး လူတစ်ဦးသည် ယင်းကို အားစိုက်ထုတ်၍ လုပ်ရမည်။ ဤသည်မှာ လူများ ပူးပေါင်းလုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်သည်။ လူတစ်ဦးသည် မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် စိတ်မပါဖြစ်နေပြီး အတတ်ပညာဆိုင်ရာ အသိပညာကို မသင်ယူရန် အကြောင်းပြချက်များနှင့် ဆင်ခြေများကို အမြဲတမ်းရှာနေပါက သူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန်အတွက် မိမိကိုယ်ကို ရိုးသားစွာ အသုံးခံနေခြင်း မဟုတ်ကြောင်း၊ သူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ဖို့ သူ၏တာဝန်ကို ကောင်းစွာ မထမ်းဆောင်ချင်ကြောင်းကို ယင်းက ပြသည်။ ဤသည်က အသိတရားနှင့် အသိစိတ်တို့ ကင်းမဲ့သော လူတစ်ဦးဖြစ်သည်မဟုတ်လော။ ထိုကဲ့သို့သော အကျင့်စရိုက်ရှိသောလူတစ်ဦးသည် ဒုက္ခပေးတတ်သည် မဟုတ်လော။ သူတို့ကို စီမံခန့်ခွဲဖို့ အလွန်အမင်း ခက်ခဲသည်မဟုတ်လော။ အသက်မွေးဝမ်းကြောင်း ပညာတစ်ခုကို လူတစ်ဦးက သင်ယူလေ့လာနေသော်လည်း သမ္မာတရားကိုလည်း သူတို့ ရှာဖွေရမည်ဖြစ်ပြီး သမ္မာတရားစည်းမျဉ်းများနှင့်အညီ အမှုကိစ္စများကို လုပ်ဆောင်ရမည်။ လူတစ်ဦးသည် ဤအတိုင်းအတာကို ကျော်လွန်၍ မလုပ်ဆောင်ရပေ၊ ပြီးလျှင် လူတစ်ဦးသည် မယုံကြည်သူတစ်ဦးကဲ့သို့ နားဝေတိမ်တောင် မဖြစ်ရပေ။ မယုံကြည်သူများတွင် အလုပ်နှင့်ပတ်သက်၍ မည်သည့်သဘောထား ရှိသနည်း။ သူတို့အများစုသည် လေလွင့်နေပြီး အချိန်ဖြုန်းနေရုံသာဖြစ်သည်၊ နေ့စဉ်လုပ်အားခအတွက်မျှဖြင့် နေ့တိုင်း အိုးနင်းခွက်နင်းဖြင့် ပြီးသွားပြီး ကိစ္စများကို သူတို့လုပ်ဆောင်နိုင်သည့်အချိန်တိုင်းတွင်လည်း ဝတ်ကျေတမ်းကျေသာ လုပ်နေကြသည်။ ထိရောက်မှု သို့မဟုတ် အသိစိတ်အပေါ် အခြေခံ၍ ပြုမူခြင်းအကြောင်း သူတို့ ဂရုမစိုက်ကြချေ။ ပြီးလျှင် သူတို့တွင် လေးနက်ပြီး တာဝန်သိသော သဘောထားတစ်ခု ကင်းမဲ့ကြသည်။ ၎င်းတို့က “ဤအရာကို ကျွန်ုပ်အား ပေးအပ်လိုက်ပြီး ဖြစ်သောကြောင့် ယင်းကို ပြီးစီးသည်အထိ တာဝန်ယူရမည်ဖြစ်သည်။ ဤကိစ္စကို ကျွန်ုပ် ကောင်းစွာ ကိုင်တွယ်ပြီး ဤတာဝန်ကို ထမ်းရွက်ရမည်” ဟု မပြောကြချေ။ သူတို့တွင် ဤအသိစိတ် ကင်းမဲ့သည်။ ထို့အပြင် မယုံကြည်သူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုး ရှိသည်။ ၎င်းတို့သည် အခြားလူတို့ကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသိပညာ သို့မဟုတ် စွမ်းရည်တစ်ခုခုကို သင်ပေးသည့်အခါ ၎င်းတို့က “ကိုယ်မွေးသည့်မျောက် ကိုယ့်ကိုပြန်ခြောက်လိမ့်မည်။ အခြားသူများကို ငါသိသမျှ အကုန်သင်ပေးလျှင် မည်သူမျှ ငါ့ကို အထင်ကြီးလေးစားမည် မဟုတ်ပါ။ ဆရာတစ်ယောက်အနေဖြင့် ငါ၏ အဆင့်အတန်းများ အားလုံးကို ဆုံးရှုံးရပြီးဖြစ်လိမ့်မည်။ ဖြစ်မည်မဟုတ်ပါ။ ငါသိသမျှကို သင်ပေးလို့မဖြစ်ပါ။ တစ်ခုခုကို ဆရာစား ချန်ထားရမည်။ ငါသိသည့်အရာ၏ ရှစ်ဆယ်ရာခိုင်နှုန်းကိုသာ သင်ပေးပြီး ကျန်သည့်အရာကို လျှိူထားရမည်။ ဤသည်မှာ ငါ့ကျွမ်းကျင်မှုများက အခြားသူများ၏ ကျွမ်းကျင်မှုများထက် သာကြောင်း ပြဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်” ဟူ၍ စဉ်းစားကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ လှည့်စားခြင်းဖြစ်သည်။ အခြားလူများကို သင်ပေးသောအခါ၊ ကူညီပံ့ပိုးပေးသောအခါ၊ သို့မဟုတ် သင်လေ့လာခဲ့သည့် အရာတစ်ခုကို ၎င်းတို့ကို မျှဝေပေးသောအခါ မည်သည့်သဘောထားကို သင်တို့ ခံယူသင့်သနည်း။ (ကျွန်ုပ်သည် အားကုန်စိုက်ထုတ်သင့်သည်။ မည်သည့်အရာကိုမျှ ထိမ်ချန်မထားသင့်ပါ။) လူတစ်ဦးသည် မည်သည့်အရာကိုမျှ မည်သို့ မထိမ်ချန်ဘဲ နေသနည်း။ “ကျွန်ုပ် သင်ယူလေ့လာပြီးသည့် အရာများနှင့် ပတ်သက်လာသည့်အခါတွင် ကျွန်ုပ်သည် တစ်ခုမျှ မထိမ်ချန်ဘဲ ယင်းတို့အကြောင်းကို သင်တို့အားလုံးကို ပြောပြဖို့ ပြဿနာမရှိပေ။ မည်သို့ပင်ဆိုစေ ကျွန်ုပ်သည် သင်တို့ အားလုံးထက် ပိုပြီးအစွမ်းအစမြင့်သည်။ ပြီးလျှင် ကျွန်ုပ်သည် ပိုမြင့်မားသည့်အရာများကို နားလည်နိုင်သေးသည်” ဟု သင်ပြောပါက ထိုသည်မှာ ထိမ်ချန်နေသေးခြင်းဖြစ်ပြီး ယင်းက အတော်အသင့် အပိုင်ကြံတတ်ခြင်းဖြစ်သည်။ သို့မဟုတ် “ကျွန်ုပ် သင်ယူလေ့လာပြီးသည့် အခြေခံအရာများ အားလုံးကို သင်တို့ကို သင်ပေးမည်။ ယင်းမှာ ကြီးကြီးမားမား ပြဿနာ မဟုတ်ပါ။ ကျွန်ုပ်သည် ပို၍များသော အသိပညာ ပိုင်ဆိုင်ထားဆဲဖြစ်ပြီး သင်တို့က ဤအရာများအားလုံးကို လေ့လာသင်ယူလျှင်ပင် ကျွန်ုပ်လောက် တိုးတက်ဦးမည်မဟုတ်” ဟု သင်ပြောပါက ထိုသည်က တစ်ခုခုကို ထိမ်ချန်နေခြင်း ဖြစ်နေဆဲပင် ဖြစ်သည်။ လူတစ်ဦးသည် တစ်ကိုယ်ကောင်းဆန်လွန်းပါက သူတို့သည် ဘုရားသခင်၏ ကောင်းချီးကို မရဘဲ ဖြစ်နေလိမ့်မည်။ ဘုရားသခင်၏ အလိုတော်ကို အလေးထားဖို့ လူများ သင်ယူလေ့လာသင့်သည်။ သင်နားလည်သဘောပေါက်ပြီးသည့် အရေးအကြီးဆုံးနှင့် မုချလိုအပ်သောအရာများကို ဘုရားသခင်၏အိမ်တော်သို့ ဖြည့်ဆည်းပေးရမည်။ သို့မှသာ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ယင်းတို့ကို သင်ယူလေ့လာနိုင်ပြီး ကျွမ်းကျင်နိုင်သည်။ ထိုသည်မှာ ဘုရားသခင်၏ကောင်းချီးကို ရရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ပြီးလျှင် သူသည် ပိုများသောအရာများကိုပင်လျှင် သင့်ထံ ပေးအပ်နှင်းလိမ့်မည်။ “အစွန့်အကြဲ ခံခြင်း အရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်” ဟု ဆိုသကဲ့သို့ ဖြစ်သည်။ လူတိုင်းသည် မိမိတို့၏ တာဝန်များတွင် အကျိုးဖြစ်ထွန်းပြီး ရလဒ်များ စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာ သင်၏ အထူးကျွမ်းကျင်မှုများနှင့် ဆုကျေးဇူးများကို သင်၏တာဝန် ထမ်းဆောင်ခြင်းတွင် ပြသလျက် ယင်းတို့ကို ဘုရားသခင်ထံ လုံးလုံးလျားလျား ဆက်ကပ်လော့။ သင်သည် သင်၏ ဆုကျေးဇူးများနှင့် ပါရမီများဖြင့် အလုံးစုံ ထောက်ပံ့လျှင် ထိုအရာများသည် ထိုတာဝန်ထမ်းဆောင်သော သူတို့အားလုံးအတွက်လည်းကောင်း၊ အသင်းတော်၏ အလုပ်အတွက်လည်းကောင်း အကျိုးဖြစ်လိမ့်မည်။ လူတိုင်းကို ရိုးရှင်းသော အရာအချို့ကို ပြောပြရုံဖြင့် သင်သည် အတော်အတန် ကောင်းမွန်စွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု သို့မဟုတ် မည်သည့်အရာမျှ ထိမ်ချန်ခြင်း မရှိဟု မစဉ်းစားနှင့်။ ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်။ သင်သည် လူတို့က တိုက်ရိုက်နားလည်နိုင်သည့် သဘောတရား၊ သို့မဟုတ် အကြောင်းအရာအနည်းငယ်ကိုသာ သင်ပေးသည်။ သို့သော် အနှစ်သာရနှင့် အရေးကြီးသောအချက်များကို လူသစ်တစ်ယောက်က နားမလည်နိုင်ပေ။ သင်က “ကောင်းပြီ။ မည်သို့ပင်ဆိုစေ၊ ကျွန်ုပ် သင့်ကို ပြောပြထားပြီဖြစ်ပြီး မည်သည့်အရာကိုမျှ တမင်တကာ ထိမ်ချန်မထားပါ။ သင်နားမလည်ပါက သင့်အစွမ်းအစ ညံ့ဖျင်းလွန်း၍ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်ကို အပြစ်မတင်နှင့်။ ယခု ဘုရားသခင် သင့်အား မည်သို့လမ်းပြသည်ကိုသာ ကျွန်ုပ်တို့ စောင့်ကြည့်ကြမည်” ဟု သင့်ကိုယ်သင် တစ်ချိန်လုံး စဉ်းစားနေသေးလျက် အသေးစိတ်ရှင်းပြခြင်း သို့မဟုတ် အပြည့်အစုံပြောပြခြင်း မရှိဘဲ ခြုံငုံသုံးသပ်ချက်တစ်ခုကိုသာ ပေးလေသည်။ ထိုကဲ့သို့သော ချိန်ဆပြောဆိုခြင်း၌ လှည့်ဖြားမှုပါသည် မဟုတ်သလော။ ယင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သည်မဟုတ်လော။ လူတို့အား သင့်စိတ်နှလုံးထဲ၌ ရှိသော အရာတိုင်းနှင့် သင်နားလည်ထားသော အရာတိုင်းကို သင် အဘယ့်ကြောင့် မသင်ပေးနိုင်ရသနည်း။ ထိုအစား သင်သည် အသိပညာကို အဘယ့်ကြောင့် ထိမ်ချန်ထားသနည်း။ ဤသည်မှာ သင်၏ ရည်ရွယ်ချက်များနှင့် သင်၏စိတ်သဘောထားနှင့်ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။ လူအများစုသည် ကျွမ်းကျင်မှုဆိုင်ရာ အသိပညာ၏ တိကျသော ကဏ္ဍအချို့နှင့် ပထမဦးဆုံး ထိတွေ့သောအခါ ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသာ ၎င်းတို့ သဘောပေါက်နိုင်သည်။ အဓိကအချက်များနှင့် အနှစ်သာရတို့ကို လူတို့ နားမလည်နိုင်မီ လေ့ကျင့်သည့်အချိန်ကာလတစ်ခုကို လိုအပ်သည်။ ဤအနုစိတ်သော အချက်များကို သင်ကျွမ်းကျင်ပိုင်နိုင်ပြီးသား ဖြစ်လျှင် အခြားသူများအား ယင်းတို့ကို တိုက်ရိုက်ပြောပြသင့်သည်။ သူတို့အား ဝေ့ဝိုက်သောလမ်းကြောင်းကို လိုက်စေပြီး စမ်းတဝါးဝါးဖြင့် အချိန်များစွာ မကုန်စေနှင့်။ ဤသည်မှာ သင်၏ တာဝန်ဝတ္တရားဖြစ်သည်။ သင်လုပ်သင့်သောအရာ ဖြစ်သည်။ သင်သည် အဓိကအချက်များနှင့် အနှစ်သာရဖြစ်သည်ဟု သင်ယုံကြည်သောအရာကို ၎င်းတို့အား ပြောပြလျှင် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်း ဖြစ်မည် မဟုတ်သလို တစ်ကိုယ်ကောင်းဆန်မည်လည်း မဟုတ်ချေ။ အခြားလူများကို ကျွမ်းကျင်မှုများ သင်တို့ သင်ကြားပေးသောအခါ သင်၏ အသက်မွေးဝမ်းကျောင်း အလုပ်နှင့်ပတ်သက်ပြီး သူတို့ကို ဆွေးနွေးပြောပြလော့ သို့မဟုတ် အသက်ဝင်ရောက်မှုအကြောင်း မိတ်သဟာယဖွဲ့လော့။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသော သွင်ပြင်လက္ခဏာများကို သင်မဖြေရှင်းနိုင်ပါက သင့်တာဝန်များကို ကောင်းစွာ သင်ထမ်းဆောင်နိုင်မည် မဟုတ်ပေ။ ဤအခြေအနေတွင် သင်တို့သည် လူ့သဘာဝ သို့မဟုတ် အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်သောသူတစ်ဦး သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတစ်ဦး မဟုတ်ပေ။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို သင်ရှာဖွေရမည်၊ ပြီးလျှင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ သင့်ထံတွင် လုံးဝ ကင်းရှင်းသွားပြီး ဘုရားသခင်၏အလိုတော်ကိုသာ အလေးထားသည့် အခြေအနေကို ရောက်ရမည်။ ဤနည်းဖြင့် သမ္မာတရားစစ်မှန်မှုကို သင်ရရှိလိမ့်မည်။ လူများသည် မယုံကြည်သူများကဲ့သို့ သမ္မာတရားကို မလိုက်စားဘဲ ဆိုးယုတ်သော စိတ်သဘောထားများဖြင့် အသက်ရှင်လျှင် အလွန် ပင်ပန်းနွမ်းနယ်ဖွယ်ကောင်းသည်။ မယုံကြည်သူများကြားတွင် ယှဉ်ပြိုင်မှုသည် အလွန်များပြားလှသည်။ ကျွမ်းကျင်မှု၊ သို့မဟုတ် အတတ်ပညာတစ်ခု၏ အနှစ်သာရကို ကျွမ်းကျင်အောင် ပြုလုပ်ခြင်းသည် ရိုးရှင်းသော ကိစ္စမဟုတ်ပေ။ ပြီးလျှင် အခြားလူတစ်ယောက်ယောက်က ဤအကြောင်းကို သိသွားပြီး သူကိုယ်တိုင် ကျွမ်းကျင်အောင် ပြုလုပ်သည်နှင့် သင်၏အသက်မွေးမှုက အန္တရာယ်ရှိလာလိမ့်မည်။ ထိုအသက်မွေးမှုကို ကာကွယ်ရန်အတွက် လူတို့သည် ဤသို့ ပြုမူဆောင်ရွက်ရန် တွန်းအားပေးခြင်းခံရသည်။ ၎င်းတို့သည် အချိန်ပြည့် သတိထားရမည်ဖြစ်သည်။ ၎င်းတို့ ကျွမ်းကျင်သောအရာသည် ၎င်းတို့၏ တန်ဖိုးအရှိဆုံး ငွေကြေးဖြစ်သည်။ ယင်းသည် ၎င်းတို့၏ အသက်မွေးမှု၊ ၎င်းတို့၏ အရင်းအနှီး၊ ၎င်းတို့၏ အသက်သွေးကြောဖြစ်ပြီး အခြားမည်သူ့ကိုမျှ အသိပေးပြောပြ၍မဖြစ်ပေ။ သို့သော် သင်သည် ဘုရားသခင်ကို ယုံကြည်သည်။ သင်သည် ဘုရားအိမ်တော်တွင် ဤသို့ တွေးပြီး ဤသို့ ပြုမူလုပ်ဆောင်လျှင် သင်သည် မယုံကြည်သူတစ်ယောက်နှင့် ဘာမျှ မကွာခြားတော့ပေ။ သင်သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ စာတန်၏အတွေးအခေါ်များအတိုင်း ဆက်လက် နေထိုင်ပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူတစ်ယောက် မဟုတ်ပေ။ သင့်တွင် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်များ အမြဲတမ်း ရှိပြီး သင့်တာဝန်ကို ထမ်းဆောင်စဉ်တွင် သဘောထား သေးသိမ်ပါက ဘုရားသခင်၏ကောင်းချီးကို သင်ရလိမ့်မည်မဟုတ်ပေ။

ဘုရားသခင်ကို ယုံကြည်လာပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်စားသောက်ပြီးဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံပြီးဖြစ်သောကြောင့် သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအပေါ်တွင် သင်ဆင်ခြင်သုံးသပ်ပြီး ယင်းတို့ကို သိလာပြီးဖြစ်သလော။ သင်ပြောဆိုပြုမူသည့် စည်းမျဉ်းများ၊ ကိစ္စများအပေါ် သင်၏အမြင်နှင့် သင့်အပြုအမူ၏ စည်းမျဉ်းများနှင့် ရည်မှန်းချက်ပန်းတိုင်များသည် ပြောင်းလဲပြီးဖြစ်သလော။ မယုံကြည်သူတစ်ဦးနှင့် သင် တစ်ခုမျှ မခြားနားသေးပါက ဘုရားသခင်သည် သူ့အပေါ် သင်၏ယုံကြည်ခြင်းကို အသိအမှတ်ပြုလိမ့်မည် မဟုတ်။ သင်သည် မယုံကြည်သူတစ်ဦး ဖြစ်နေသေးကြောင်းနှင့် မယုံကြည်သူတစ်ဦး၏ လမ်းကြောင်းကို သင်လျှောက်နေသေးကြောင်း သူက ပြောလိမ့်မည်။ ထို့ကြောင့် ယင်းက သင့်အပြုအမူတွင်ဖြစ်စေ၊ သင့်တာဝန်ကို ထမ်းဆောင်ရာတွင်ဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေပြု၍လည်းကောင်း၊ သမ္မာတရားစည်းမျဉ်းများအတိုင်းလည်းကောင်း သင်လက်တွေ့လုပ်ဆောင်ရမည်။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုရမည်။ သင်ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရမည်၊ ပြီးလျှင် သင်၏ မှားနေသောအတွေးများ၊ အမြင်များနှင့် လက်တွေ့လုပ်ဆောင်ခြင်းများကို ဖြေရှင်းရမည်။ ရှုထောင့်တစ်ခုအရ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို ဆန်းစစ်ခြင်းတို့မှတစ်ဆင့် ပြဿနာများကို သင်ရှာတွေ့ရမည်။ နောက်ရှုထောင့်တစ်ခုအရ ပြဿနာများကို ဖြေရှင်းရန်လည်း သမ္မာတရားကို သင်ရှာဖွေရမည်၊ ပြီးနောက် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်ရှာဖွေတွေ့ရှိသောအခါ ၎င်းတို့ကို သင်ချက်ချင်း ဖြေရှင်းရမည်၊ ဇာတိပကတိကို စွန့်လွှတ်ရမည်၊ ပြီးလျှင် သင့်ကိုယ်ပိုင်ဆန္ဒကို စွန့်ပစ်ရမည်။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက် ယင်းတို့အပေါ် အခြေပြု၍ သင်ပြုမူတော့မည် မဟုတ်ပေ။ သည့်ပြင် သင့်ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် အကျိုးစီးပွားများကို သင်လက်လွှတ်နိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်လာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏နောက်လိုက် အစစ်အမှန်တစ်ဦး ပိုင်ဆိုင်ရမည့် သမ္မာတရားစစ်မှန်မှုဖြစ်သည်။ အကယ်၍ သင်သည် မိမိကိုယ်ကို ပြန်လှန်ဆင်ခြင်သုံးသပ်နိုင်လျှင်၊ မိမိကိုယ်ကို သိနိုင်လျှင်၊ ဤနည်းဖြင့် ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်လျှင် သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ရာတွင် ထိုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပြီး ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ခြင်းသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်း အခံရဆုံးဖြစ်သည်။ ဤသည်ကို အဘယ်ကြောင့် ကျွန်ုပ်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် အသင်းတော်၏ အလုပ်အတွက်၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများ၏ အကျိုးအတွက် သင်သည် ပြုမူဆောင်ရွက်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းတွင်ပင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လက်ခံသည့်အရာ အတိအကျ ဖြစ်သည်။ ဤအရာများသည် ကောင်းမှုများ ဖြစ်ကြသည်။ ပြီးလျှင် ဤနည်းအတိုင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သင်သည် ဘုရားသခင်အတွက် သက်သေခံနေခြင်းဖြစ်သည်။ သို့ရာတွင် ဤသည်ကို သင်မလုပ်ဘဲ မယုံကြည်သူတစ်ဦးနှင့် မခြားနားပါက၊ ကိစ္စများကို ကိုင်တွယ်ရာတွင် မယုံကြည်သူများ၏ စည်းမျဉ်းများအတိုင်း ပြုမူနေပါက၊ သူတို့ ကျင့်ကြံပြုမူသည့် နည်းလမ်းများအတိုင်း ပြုမူနေပါက ဤသည်မှာ သက်သေခံနေခြင်းလော။ (မဟုတ်ပါ။) ဤသည်က မည်သည့်အကျိုးဆက်များကို သယ်ဆောင်လာသနည်း။ (ယင်းက ဘုရားသခင်ကို အရှက်ကွဲစေပါသည်။) ဤသည်က ဘုရားသခင်ကို အရှက်ကွဲစေသည်။ ဤသည်က ဘုရားသခင်ကို အရှက်ကွဲစေသည်ဟု သင် အဘယ်ကြောင့် ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ကျွန်ုပ်တို့ကို ရွေးချယ်ထားသောကြောင့်ဖြစ်သည်၊ ဘုရားသခင်က သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီးဖြစ်သည်၊ ကျွန်ုပ်တို့ကို သူကိုယ်တော်တိုင် လမ်းပြခဲ့ပြီးဖြစ်သည်၊ ကျွန်ုပ်တို့ကို ပံ့ပိုးပေးခဲ့ပြီးဖြစ်သည်၊ ပြီးလျှင် ကျွန်ုပ်တို့ကို ရေလောင်းပေးခဲ့ပြီးဖြစ်သည်၊ သို့တိုင် ကျွန်ုပ်တို့သည် သမ္မာတရားကို လက်မခံကြပေ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ကြပေ။ ပြီးလျှင် ဆိုးယုတ်သော အရာများအရ ကျွန်ုပ်တို့ နေထိုင်ကြဆဲဖြစ်ပြီး စာတန်၏ရှေ့မှောက်တွင် သက်သေမခံကြပေ။ ဤသည်က ဘုရားသခင်ကို အရှက်ကွဲစေပါသည်။) (ဘုရားသခင်ကို ယုံကြည်သူတစ်ဦးက သမ္မာတရားများစွာနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကို ဘုရားသခင် ပြောပြသည်ကို ကြားရပြီးသည့်တိုင် သူတို့ ပြုမူသောအခါ မယုံကြည်သူများ၏ ရှင်သန်မှု အတွေးအခေါ်များအတိုင်း သူတို့ နေထိုင်နေကြသေးသည်၊ ထို့ပြင် သူတို့သည် အထူးသဖြင့် လိမ်လည်လှည့်ဖြားတတ်ပြီး မိမိကိုယ်ကျိုးကိုသာ ကြည့်သည်။ သူတို့သည် မယုံကြည်သူများထက် ပိုဆိုးပြီး ပို၍ ဆိုးယုတ်သည်။) ဤကိစ္စနှင့်ပတ်သက်၍ သင်အနည်းငယ် နားလည်ကောင်းနားလည်နိုင်သည်။ လူများသည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို စားသောက်ကြသည်၊ ဘုရားသခင် ပံ့ပိုးပေးသည့်အရာ အားလုံးကို မွေ့လျော်ကြသည်၊ သို့တိုင် သူတို့သည် စာတန်နောက်သို့ လိုက်ကြဆဲဖြစ်သည်။ မည်သည့်အမှုအရာများ သို့မဟုတ် ခက်ခဲသော ပတ်ဝန်းကျင်များက သူတို့အပေါ် ကျရောက်သည်ဖြစ်စေ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားမထောင်နိုင်ကြသေးပေ သို့မဟုတ် ဘုရားသခင်ထံ ကျိုးနွံမနာခံနိုင်ခြင်း မရှိကြသေးပေ။ သူတို့သည် သမ္မာတရားကို မရှာဖွေကြပေ၊ သည့်ပြင် သူတို့သည် သူတို့၏သက်သေခံချက်တွင် ခိုင်မာစွာ မရပ်တည်ကြပေ။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်း မဟုတ်လော။ ဤသည်မှာ တကယ့်ကို ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ ဘုရားသခင်က သင့်ကို လိုအပ်သောအခါ သူ၏ခေါ်ဆောင်ခြင်း သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို သင်နားမထောင်ပေ။ သို့သော် ထိုအစား လောကီရေးရာ ရေပန်းစားမှုများ နောက်သို့ လိုက်သည်၊ စာတန်ကို အလေးဂရုပြုသည်၊ စာတန်နောက်သို့ လိုက်သည်၊ ပြီးလျှင် စာတန်၏ တွေးခေါ်မှုပုံစံ၊ ၎င်း၏စည်းမျဉ်းများနှင့် ရှင်သန်မှုနည်းစနစ်များအတိုင်း လက်တွေ့လုပ်ဆောင်သည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်းဖြစ်သည်။ ဘုရားသခင်ကို သစ္စာဖောက်ခြင်းသည် ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အရှက်ခွဲခြင်း မဟုတ်လော။ ဧဒင်ဥယျာဉ်ထဲမှ အာဒံနှင့် ဧဝကို စဉ်းစားကြည့်လော့။ ဘုရားသခင် ပြောခဲ့သည်မှာ “အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို သင်သည် မစားရ။ သင်စားသောနေ့တွင် ဧကန်မုချ သေရမည်။” (ကမ္ဘာဦးကျမ်း ၂:၁၇) ဤစကားလုံးများသည် မည်သူ၏ စကားလုံးများ ဖြစ်သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်ပါသည်။) ဤစကားလုံးများသည် သာမန်စကားလုံးများ ဖြစ်သလော။ (မဟုတ်ပါ။) ယင်းတို့က မည်သည်ဖြစ်သနည်း။ ယင်းတို့သည် သမ္မာတရားဖြစ်သည်။ ယင်းတို့သည် လူများက လိုက်နာသင့်သောအရာနှင့် လူများက လက်တွေ့လုပ်ဆောင်သင့်သောနည်းလမ်း ဖြစ်သည်။ အကောင်း၊ အဆိုး သိကျွမ်းရာအပင်ကို မည်သို့သဘောထားရမည်ကို ဘုရားသခင်က လူသားများကို ပြောခဲ့သည်။ လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းမှာ ယင်းကို မစားရန်ဖြစ်သည်၊ ပြီးနောက် စားပါက ဖြစ်လာမည့်အကျိုးဆက်ကို သူသည် လူသားများကို ပြောပြခဲ့သည်။ သူတို့သည် ယင်းကို စားသောနေ့တွင် ဧကန်မုချ သေရမည်ဟူ၍ ဖြစ်သည်။ လူသားများကို လက်တွေ့လုပ်ဆောင်ရမည့် စည်းမျဉ်းနှင့် မည်သည့်အန္တရာယ် ရှိသည်တို့ကို ပြောခဲ့သည်။ ဤသည်ကို ကြားပြီးနောက် သူတို့သည် ယင်းကို နားလည်ခဲ့သလော သို့မဟုတ် နားမလည်ခဲ့သလော။ (သူတို့သည် ယင်းကို နားလည်ခဲ့ပါသည်။) အမှန်မှာ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ခဲ့ပါသည်။ သို့သော် နောက်ပိုင်းတွင် “ထိုအပင်ကို သင်တို့စားသောနေ့တွင် ဧကန်မုချ သေရမည်ဟု ဘုရားသခင်က ပြောခဲ့သည်။ သို့သော် သင်ဧကန်မုချ သေမည် မဟုတ်ပေ။ သင်စားကြည့်၍ ရပါသည်” ဟု မြွေက ပြောသည်ကို သူတို့ ကြားခဲ့သည်။ မြွေက ပြောပြီးနောက်တွင် သူတို့သည် ၎င်း၏စကားများကို အလေးဂရုပြုခဲ့ပြီး အကောင်း၊ အဆိုး သိကျွမ်းရာအပင်၏အသီးကို စားခဲ့ကြသည်။ ဤသည်မှာ ဘုရားသခင်ကို သစ္စာဖောက်ခဲ့ခြင်းဖြစ်သည်။ သူတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အလေးဂရုပြုပြီး ၎င်းတို့နှင့်အညီ လက်တွေ့လုပ်ဆောင်ဖို့ မရွေးချယ်ခဲ့ပေ။ ဘုရားသခင် အမိန့်ပေးခဲ့သည့်အတိုင်း လုပ်ဆောင်ရမည့်အစား စာတန်၏စကားများကို ယုံကြည်ပြီး လက်ခံခဲ့ကြကာ ထိုစကားများအတိုင်း ပြုမူခဲ့ကြသည်။ ဤသည်၏ရလဒ်မှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ သူတို့၏အပြုအမူနှင့် လုပ်နည်းကိုင်နည်းတို့၏ သဘာဝမှာ ဘုရားသခင်ကို သစ္စာဖောက်ခြင်းနှင့် အရှက်ခွဲခြင်းဖြစ်သည်။ ပြီးလျှင် ရလဒ်မှာ သူတို့သည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးသွားပြီး ကိုယ်ကျင့်တရား ပျက်စီးသွားခဲ့သည်။ ယခုလူများသည် ထိုစဉ်က အာဒံနှင့် ဧဝတို့ကဲ့သို့ အတူတူပင်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ ကြားကြသော်လည်း ၎င်းတို့ကို လက်တွေ့မလုပ်ဆောင်ကြပေ။ သမ္မာတရားကို နားလည်လျှင်ပင် ယင်းကို လက်တွေ့မလုပ်ဆောင်ကြပေ။ ဤသည်၏သဘာဝမှာ အာဒံနှင့် ဧဝတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သူ၏ပညတ်တော်များကို အလေးဂရုမပြုကြခြင်းနှင့် အတူတူပင်ဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို သစ္စာဖောက်ခြင်းနှင့် အရှက်ခွဲခြင်းဖြစ်သည်။ လူများက ဘုရားသခင်ကို သစ္စာဖောက်ပြီး အရှက်ခွဲသောအခါ ဤသည်၏ရလဒ်မှာ သူတို့သည် စာတန်၏ ဖောက်ပြန်ဖျက်ဆီးခြင်းနှင့် ထိန်းချုပ်ခြင်းတို့ကို ဆက်၍ ခံကြရပြီး သူတို့၏ဆိုးယုတ်သော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို ခံကြရခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မည်သည့်အခါမျှ စာတန်၏ စွမ်းအားမှနေ၍ ရုန်းမထွက်နိုင်ကြပေ သို့မဟုတ် စာတန်၏ ဆွဲဆောင်မှု၊ စုံစမ်းသွေးဆောင်ခြင်းများ၊ တိုက်ခိုက်မှုများ၊ ကြိုးကိုင်ခြယ်လှယ်ခြင်းများနှင့် ဖျက်ဆီးဝါးမျိုခြင်းတို့မှ မလွတ်မြောက်နိုင်ပေ။ အကယ်၍ သင်သည် ဤအရာများထံမှ မည်သည့်အခါမျှ ရုန်းမထွက်နိုင်လျှင် သင့်ဘဝသည် အထူးသဖြင့် စိတ်ဆင်းရဲရပြီး ဒုက္ခရောက်ရလိမ့်မည်။ ပြီးလျှင် ဘဝတွင် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုတို့ ရှိလိမ့်မည်မဟုတ်ပေ။ အရာတိုင်းသည် အနှစ်သာရမဲ့သည်ဟု သင်ခံစားရလိမ့်မည်၊ ပြီးလျှင် အားလုံးကို အဆုံးသတ်ဖို့ သေခြင်းကိုပင်လျှင် သင်ရှာချင်ကောင်းရှာချင်လိမ့်မည်။ ဤသည်မှာ စာတန်၏ တန်ခိုး အောက်တွင် နေထိုင်သောသူတို့၏ သနားဖွယ်ကောင်းသော အခြေအနေဖြစ်သည်။

ကောက်နုတ်ချက် (၅၇)

ယခုတွင် သင်တို့သည် သင်တို့ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ချင့်ချိန်နိုင်စွမ်းအချို့ ရှိပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော မည်သည့်အရာများကို သင်ပုံမှန် ထုတ်ဖော်ပြတတ်ဆဲဖြစ်သည်၊ သမ္မာတရားနှင့်ကွဲလွဲသည့် မည်သည့်အရာများကို သင်လုပ်ဆောင်တတ်ဆဲ ဖြစ်သည်တို့က သင့်အတွက် ရှင်းလင်းလာသည်နှင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်ခြင်းက လွယ်ကူသွားလိမ့်မည်။ အမှုအရာများစွာတွင် လူတို့သည် အဘယ်ကြောင့် မိမိတို့ကိုယ်ကို မထိန်းနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် အချိန်ပြည့်၊ ကိစ္စရပ်တိုင်းတွင် ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော ၎င်းတို့စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံရသောကြောင့်ဖြစ်သည်။ ဤအရာသည် အရာရာတွင် ၎င်းတို့ကို ဘောင်ခတ်ပြီး နှောင့်ယှက်၏။ လူအချို့သည် အရာအားလုံးအဆင်ပြေပြီး မှောက်မှားခြင်း၊ သို့မဟုတ် အပျက်သဘောဆောင်ခြင်းတို့ မရှိသည့်အခါတွင် မိမိတို့ကိုယ်ကို ဝိညာဉ်ရင့်ကျက်မှုရှိသည်ဟု အစဉ် ခံစားကြရပြီး ဆိုးယုတ်သော၊ အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်၊ သို့မဟုတ် အန္တိခရစ်တစ်ယောက်က ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရသောအခါ ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မတွေးကြ။ ၎င်းတို့က “အခြားမည်သူမဆို မှောက်မှားနိုင်သည်။ သို့သော် ကျွန်ုပ်ကမူ ထိုသို့မဟုတ်။ မည်သူမဆို ဘုရားကို မချစ်ခြင်းဖြစ်နိုင်သည်။ သို့သော် ကျွန်ုပ်ကမူ ချစ်၏” ဟူ၍ပင် လူတိုင်းရှေ့တွင် ကြွားဝါလိမ့်မည်။ မည်သည့်ပတ်ဝန်းကျင် သို့မဟုတ် အခြေအနေတွင်မဆို ၎င်းတို့၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်သည်ဟု ၎င်းတို့ထင်မြင်ကြ၏။ ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့စမ်းသပ်ခြင်းခံရသောနေ့ရက် ရောက်လာသည့်အခါ ဘုရားသခင်နှင့်ပတ်သက်၍ စောဒကတက်ပြီး ညည်းညူကြတော့သည်။ ဤသည်မှာ ကျရှုံးခြင်း မဟုတ်သလော။ ဤသည်မှာ မှောက်မှားခြင်း မဟုတ်သလော။ မည်သည့်အရာကမျှ လူတို့ကို ၎င်းတို့စမ်းသပ်ခံရချိန်ထက် ပို၍ ဖော်ထုတ်ပြခြင်း မရှိပေ။ လူ၏ အတွင်းအကျဆုံး စိတ်နှလုံးကို ဘုရားသခင်က စောင့်ကြည့်လေ့လာသည်။ လူတို့သည် အချိန်မရွေး ကြွားဝါပြောဆိုခြင်း မပြုရပေ။ ၎င်းတို့သည် မည်သည့်အရာကို ကြွားဝါပြောဆိုသည်ဖြစ်စေ ထိုနေရာသည် အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့မှောက်မှားမည့်နေရာ ဖြစ်သည်။ အခြားလူများက အခြေအနေတစ်ခုခုတွင် မှောက်မှားပြီး ကျရှုံးသည်ကို မြင်သည့်အခါတွင် ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မတွေးကြပေ။ ၎င်းတို့ကိုယ်၌က အမှားအယွင်း မလုပ်မိနိုင်၊ ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မည်ဟုပင် ထင်ကြသည်။ သို့သော် ၎င်းတို့သည်လည်း အဆုံး၌ အလားတူ အခြေအနေများတွင်ပင် မှောက်မှားပြီး ကျရှုံးကြ၏။ ဤသည်မှာ အဘယ်သို့ ဖြစ်ရသနည်း။ ယင်းမှာ လူများသည် မိမိတို့၏သဘာဝ အနှစ်သာရကို နှံ့နှံ့စပ်စပ် နားမလည်သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝ အနှစ်သာရတို့၏ ပြဿနာအပေါ် သိမြင်မှုသည် လုံလုံလောက်လောက် မနက်ရှိုင်းသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းရသည်။ ဥပမာအနေဖြင့်၊ လူအချို့သည် အလွန်ပင် လှည့်ဖြားတတ်ကာ ၎င်းတို့၏ စကားများနှင့် လုပ်ဆောင်ချက်တို့တွင် မရိုးသားကြသည့်တိုင် ၎င်းတို့၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၌ မည်သည့်အရာက အပြင်းထန်ဆုံးဖြစ်သည်ကို ၎င်းတို့အား သင်မေးမြန်းလျှင် ၎င်းတို့က “ကျွန်ုပ်သည် အနည်းငယ် လှည့်ဖြားတတ်သည်” ဟု ပြောကြသည်။ ၎င်းတို့သည် အနည်းငယ် လှည့်ဖြားတတ်သည်ဟုသာ ၎င်းတို့ ပြောသော်လည်း ၎င်းတို့၏သဘာဝကိုယ်၌က လှည့်ဖြားတတ်သည်ဟု ၎င်းတို့မပြောသကဲ့သို့ ၎င်းတို့သည် လှည့်ဖြားတတ်သော လူတစ်ဦးဖြစ်သည်ဟုလည်း ၎င်းတို့မပြောပေ။ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော အခြေအနေအပေါ် ၎င်းတို့၏ သိမြင်မှုသည် ထိုမျှ မနက်နဲဘဲ ယင်းကို အလေးအနက် မကြည့်သကဲ့သို့ အခြားသူများကြည့်သကဲ့သို့ နှံ့နှံ့စပ်စပ်လည်း မကြည့်ပေ။ အခြားလူများ၏ အမြင်ရှုထောင့်မှကြည့်လျှင် ဤလူသည် အလွန်လှည့်ဖြားတတ်ပြီး အလွန်မရိုးဖြောင့်ပေ။ ၎င်းပြောသမျှတွင် လှည့်ကွက်ရှိပြီး ၎င်း၏စကားများနှင့် လုပ်ရပ်များသည် မည်သည့်အခါမျှ မရိုးသားချေ။ သို့ရာတွင် ထိုလူသည် မိမိကိုယ်ကို ထိုမျှ နက်ရှိုင်းစွာ မသိနိုင်ပေ။ ၎င်း၌ တိုက်တိုက်ဆိုင်ဆိုင် ရှိနေသည့် မည်သည့်အသိပညာမဆိုသည် အပေါ်ယံမျှသာ ဖြစ်သည်။ ၎င်းပြောဆိုပြီး ပြုမူတိုင်း ၎င်း၏သဘာဝ၌ အစိတ်အပိုင်းအချို့ကို ထုတ်ဖော်သည့်တိုင် ၎င်းက ဤအရာကို သတိမပြုမိပေ။ ၎င်း၏ ဤသို့လုပ်ဆောင်ခြင်းသည် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခြင်း မဟုတ်ဟု ယုံကြည်သည်။ ၎င်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ထားပြီးဖြစ်သည်ဟု ထင်သည်။ သို့သော် စောင့်ကြည့်လေ့လာလျှင် ဤလူသည် အတော်အတန် ကောက်ကျစ်ပြီး လှည့်စားတတ်သည်။ ၎င်း၏ စကားများနှင့် လုပ်ရပ်များသည် အလွန်ပင် မရိုးသားပေ။ ဆိုလိုသည်မှာ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝနှင့် သက်ဆိုင်သော အလွန်အပေါ်ယံဆန်သည့် သိနားလည်မှု ရှိကြပြီး ဤအရာနှင့် ၎င်းတို့ကို တရားစီရင်ပြီး ထုတ်ဖော်ပြသော ဘုရားသခင်၏ နှုတ်ကပတ်တော်များကြားတွင် ကြီးမားသော ခြားနားချက်တစ်ခု ရှိ၏။ ဤသည်မှာ ဘုရားသခင် ထုတ်ဖော်သောအရာထဲမှ အမှားအယွင်းတစ်ခု မဟုတ်ဘဲ ထိုအစား လူသားများသည် မိမိတို့၏ ကိုယ်ပိုင် သဘာဝနှင့်ပတ်သက်ပြီး လုံလောက်သည့် နက်နဲသော နားလည်မှု မရှိခြင်း ဖြစ်သည်။ လူတို့၌ မိမိတို့ကိုယ်ကို အခြေခံကျသော သို့မဟုတ် ပဓာနကျသော သိနားလည်မှု မရှိကြပေ။ ထိုအစား ၎င်းတို့သည် မိမိတို့၏ လုပ်ဆောင်ချက်များနှင့် အပြင်ပန်းထုတ်ဖော်ချက်များကို သိရှိလာခြင်းအပေါ် အာရုံစိုက်၍ ၎င်းတို့၏စွမ်းအားကို ပေးအပ်ထားကြသည်။ အကယ်၍ လူအချို့က မိမိတို့ကိုယ်ကို သိနားလည်ခြင်းအကြောင်း အနည်းငယ်ကို ရံဖန်ရံခါ ပြောနိုင်လျှင်ပင် ယင်းမှာ သိပ်လေးနက်မည် မဟုတ်ချေ။ အမှုကိစ္စ အမျိုးအစားတစ်ခုခုကို ပြုလုပ်ထားပြီး ဖြစ်သောကြောင့် သို့မဟုတ် အမှုကိစ္စ တစ်ခုခုကို ထုတ်ဖော်ထားပြီးဖြစ်သောကြောင့် သူသည် လူအမျိုးအစားတစ်မျိုးမျိုး ဖြစ်ကြောင်း သို့မဟုတ် သဘာဝအမျိုးအစားတစ်ခုခု ရှိကြောင်းကို မည်သူကမျှ တစ်ခါမျှ တွေးဖူးကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူတို့၏ သဘာဝနှင့် အနှစ်သာရတို့ကို ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်၊ သို့သော်လည်း လူတို့နားလည်သည့်အရာမှာ အမှုကိစ္စများကို လုပ်ဆောင်သည့် ၎င်းတို့၏ နည်းလမ်းများနှင့် ၎င်းတို့၏ ပြောပုံဆိုပုံတို့တွင် အားနည်းချက်ပြီး မပြည့်စုံဟူ၍ ဖြစ်၏။ အကျိုးဆက်အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ လူတို့အတွက် အတော်အတန် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်တစ်ခု ဖြစ်လေသည်။ လူတို့က ၎င်းတို့၏ အမှားများမှာ ၎င်းတို့သဘာဝ၏ ပွင့်အံထွက်မှုများ မဟုတ်ဘဲ ပေါ့ပေါ့ဆဆ ထုတ်ဖော်ပြမိသည့် ခေတ္တခဏမျှဖြစ်သော သရုပ်သကန်များသာ ဖြစ်သည်ဟု ထင်ကြသည်။ လူတို့က ဤသို့စဉ်းစားသည့်အခါ မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်ရန် အလွန်ခက်ခဲသည်။ သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမ္မာတရားကို မသိကြဘဲ သမ္မာတရားကို အလွန်အမင်း မဆာငတ်ကြ၍ ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါတွင်လည်း ၎င်းတို့သည် စည်းမျဉ်းများကို ဝတ်ကျေတမ်းကျေ နည်းလမ်းဖြင့်သာ လိုက်နာကြ၍ ဖြစ်သည်။ လူတို့က ၎င်းတို့၏ ကိုယ်ပိုင် သဘာဝများမှာ အလွန်ဆိုးရွားသည်ဟု မရှုမြင်ကြချေ၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခံရလောက်အောင် သို့မဟုတ် အပြစ်ဒဏ်ပေးခံရလောက်အောင် အတိုင်းအတာအထိ ၎င်းတို့ သိပ်မဆိုးကြဟု ယုံကြည်ကြလေသည်။ သို့တိုင်အောင် ဘုရားသခင်၏ စံနှုန်းများအရ လူတို့သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးနေသည်။ ၎င်းတို့သည် ကယ်တင်ခြင်းစံနှုန်းနှင့် ဝေးကွာနေဆဲ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် လူတို့၌ အပြင်ပန်းတွင် သမ္မာတရားကို မချိုးဖောက်ပုံပေါ်သည့် လုပ်နည်းကိုင်နည်းအချို့မျှသာရှိပြီး အမှန်တကယ်တွင်မူ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြဘဲ ဘုရားသခင်ကို မနာခံကြသောကြောင့် ဖြစ်သည်။

လူတို့၏ အပြုအမူ သို့မဟုတ် အနေအထိုင်တွင် ပြောင်းလဲမှုများသည် ၎င်းတို့၏ သဘာဝထဲက ပြောင်းလဲမှုတစ်ခုကို မညွှန်ပြကြပေ။ ဤအရာ မှန်ရသည့်အကြောင်းရင်းမှာ လူတို့၏ အပြုအမူရှိ ပြောင်းလဲမှုများသည် ၎င်းတို့၏ မူလသွင်ပြင်ကို အခြေခံကျကျ မပြောင်းလဲနိုင်ပေ။ ၎င်းတို့၏ သဘာဝကို ပြောင်းလဲရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ လူတို့သည် သမ္မာတရားကို နားလည်သည့်အခါမှသာ ၎င်းတို့၏ ကိုယ်ပိုင်သဘာဝအနှစ်သာရအပေါ် သိမြင်မှုရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မှသာ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုသည် လုံလုံလောက်လောက် နက်ရှိုင်းလာမည်ဖြစ်ကာ စည်းမျဉ်းတစ်စုံကို လိုက်နာစောင့်ထိန်းခြင်းထက် အခြားအရာတစ်ခု ဖြစ်လာပေမည်။ ယခုအချိန်တွင် သမ္မာတရားကို လူတို့ လက်တွေ့လုပ်ဆောင်သည့်ပုံစံသည် စံနှုန်းမမီဆဲ ဖြစ်သကဲ့သို့ သမ္မာတရားက သတ်မှတ်သည့် အရာအားလုံးကို အပြည့်အဝ မရရှိနိုင်ပေ။ လူတို့သည် သမ္မာတရား တစ်စိတ်တစ်ပိုင်းကိုသာ လက်တွေ့လုပ်ဆောင်ကြပြီး၊ အချို့သော အနေအထားနှင့် အခြေအနေများတွင် ၎င်းတို့ ရှိကြသည့်အခါမှသာ သမ္မာတရားကို အနည်းငယ် လက်တွေ့လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် အခြေအနေအားလုံးနှင့် နေရာအားလုံးတွင် သမ္မာတရားကို လက်တွေ့ လုပ်ဆောင်နိုင်သည်ဆိုသည်မှာ မမှန်ကန်ပေ။ အခါအားလျော်စွာ၊ လူတစ်ဦးသည် ပျော်ရွှင်ပြီး ၎င်းတို့၏ အခြေအနေ ကောင်းမွန်သောအခါ၊ သို့မဟုတ် ၎င်းတို့သည် သူတစ်ပါးတို့နှင့် မိတ်သဟာယဖွဲ့နေပြီး ၎င်းတို့၏ စိတ်နှလုံးတွင် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှိသောအခါ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသောအရာအချို့ကို ခဏတာ လုပ်ဆောင်နိုင်သည်။ သို့သော် အပျက်သဘောဆောင်ပြီး သမ္မာတရားကို မလိုက်စားသူတို့နှင့် နေထိုင်သောအခါတွင်မူ ၎င်းတို့သည် ဤလူများ၏ လွှမ်းမိုးခြင်းကို ခံရသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မိမိတို့၏ လမ်းကြောင်းပျောက်သွားပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိကြပေ။ ဤသည်မှာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက သေးငယ်လွန်းကြောင်း၊ သမ္မာတရားကို ၎င်းတို့ အမှန်တကယ် နားမလည်သေးကြောင်း ပြသည်။ မှန်ကန်သောလူများ၏ လမ်းပြခြင်း၊ ဦးဆောင်ခြင်းကို ခံရလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည့် လူအချို့ရှိကြသည်။ သို့သော် ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ယောက်၏ လှည့်စားခြင်း၊ နှောင့်ယှက်ခြင်းကို ခံရလျှင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိရုံမကဘဲ ၎င်းတို့သည် ထိုလူများနောက်သို့ လိုက်ရန်အတွက်လည်း လှည့်စားခံရတတ်သည်။ ဤသို့သောသူများသည် အန္တရာယ်ကျရောက်နိုင်ဆဲဖြစ်သည် မဟုတ်သလော။ ဤဝိညာဉ်ရင့်ကျက်မှုမျိုးရှိသည့် ဤသို့သော လူတို့သည် အမှုကိစ္စအားလုံးနှင့် အခြေအနေများအားလုံးတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။ သမ္မာတရားကို ၎င်းတို့လက်တွေ့လုပ်ဆောင်သည်ဆိုလျှင်ပင် ယင်းမှာ ၎င်းတို့ စိတ်ကြည်နေသောအခါ၊ သို့မဟုတ် အခြားလူတို့၏ လမ်းပြခြင်းကို ခံရသောအခါတွင်သာ ဖြစ်လိမ့်မည်။ ၎င်းတို့ကို ဦးဆောင်ပေးမည့် ကောင်းမွန်သော သူတစ်ယောက်မရှိပါက တစ်ခါတစ်ရံတွင် ၎င်းတို့သည် သမ္မာတရားအား ချိုးဖောက်သည့် အရာများကို လုပ်ဆောင်နိုင်စွမ်းရှိလိမ့်မည်ဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များမှ သွေဖည်လိမ့်မည်။ ပြီးလျှင် ဤသည်မှာ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် သင်၏ အခြေအနေ အနည်းငယ်ကိုသာ သိမြင်လာပြီး သင်၏ ကိုယ်ပိုင်သဘာဝ အနှစ်သာရကို သိမြင်မှုမရှိသောကြောင့်၊ ပြီးလျှင် ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် ဝိညာဉ်ရင့်ကျက်မှုကို မရရှိသေးသောကြောင့် ဖြစ်သည်။ ဤသို့ဖြင့် သင်သည် အနာဂတ်တွင် အဘယ်အရာအား လုပ်ဆောင်မည်ဆိုသည်ကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ပြီးလျှင် မည်သည့်အခြေအနေများတွင်မဆို၊ သို့မဟုတ် စမ်းသပ်မှုတွင်မဆို သင်သည် ခိုင်မာစွာ ရပ်တည်နိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။ အခြေအနေတစ်ခုတွင် သင်ရှိပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကာ သင် အနည်းငယ် ပြောင်းလဲပုံရသည့် အချိန်များစွာရှိသည့်တိုင် မတူကွဲပြားသော အခြေအနေများတွင် သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိချေ။ ဤသည်မှာ မရည်ရွယ်ဘဲ လုပ်မိသောအရာတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး တစ်ခါတစ်ရံ မလုပ်ဆောင်နိုင်ပေ။ အခိုက်အတန့်တစ်ခုတွင် သင် နားလည်ပြီး၊ နောက်အခိုက်အတန့်တွင် သင် မရှင်းမလင်းဖြစ်၏။ ယခုအချိန်တွင် သင်သည် မကောင်းသည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်သော်လည်း အနည်းငယ်အကြာတွင် သင် လုပ်ကာင်းလုပ်လိမ့်မည်။ ဤအရာက သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော အရာများ တည်ရှိနေဆဲဖြစ်သည်ကို သက်သေပြပြီး သင်သည် မိမိကိုယ်ကို အစစ်အမှန် သိရှိနိုင်စွမ်းမရှိပါက ဤအရာများသည် ဖြေရှင်းဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် သက်ဆိုင်သည့် စေ့စပ်သေချာသော သိနားလည်မှု မရရှိနိုင်ဘဲ၊ ဘုရားသခင်ကို ဆန့်ကျင်သည့် အရာများကို နောက်ဆုံးတွင် လုပ်ဆောင်နိုင်စွမ်းရှိပါက၊ သင်သည် အန္တရာယ်ရှိပေသည်။ သင်သည် သင်၏ သဘာဝကို ရိပ်စားမိနိုင်ပြီး ယင်းကို မုန်းတီးနိုင်ပါက၊ သင်သည် မိမိကိုယ်ကို ထိန်းချုပ်နိုင်လိမ့်မည်၊ မိမိကိုယ်ကို စွန့်လွှတ်နိုင်လိမ့်မည် ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်သည်။

ယနေ့ခေတ်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းတို့ကို ဦးစားမပေးကြပေ။ စကားများနှင့် အယူဝါဒများကို နားလည်ရန်နှင့် ပြောရန်တို့ကိုသာ အာရုံစိုက်ကြသည်။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် ဝမ်းနည်းခြင်း သို့မဟုတ် အပျက်သဘောဆောင်ခြင်းတို့ကို မခံစားရစေရန်အတွက် လုံလောက်သည်ဟု ၎င်းတို့ထင်ကြသည်။ ထိုအချိန်က သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်း မည်မျှက သင့်ကို အထောက်အကူပြုသည်ဖြစ်စေ နောက်ပိုင်းတွင် သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်တော့ပေ။ ဤတွင် မည်သည့်ပြဿနာရှိသနည်း။ ယင်းမှာ သမ္မာတရားကို နားလည်ရန် သို့မဟုတ် နားထောင်ရန်ကိုသာ သင်အရေးစိုက်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ကို သင်အာရုံမစိုက်ခြင်းဖြစ်သည်။ သမ္မာတရား ကဏ္ဍတစ်ခုကို မည်သို့လက်တွေ့လုပ်ဆောင်ရမည် သို့မဟုတ် ထိုသမ္မာတရားကဏ္ဍသည် အခြေအနေ မည်မျှနှင့်သက်ဆိုင်နေသည်တို့ကို သင်တို့ထဲမှ တစ်ယောက်ယောက်က အကျဉ်းချုပ်ပြီးပြီလော။ အကျဉ်းမချုပ်ရသေးပေ။ ဤအရာများကို သင်မည်သို့ အကျဉ်းချုပ်နိုင်မည်နည်း။ ဤအရာများကို အကျဉ်းချုပ်ရန် ယင်းတို့ကို သင်ကိုယ်တိုင် တွေ့ကြုံဖူးရမည်။ စကားများနှင့် အယူဝါဒများ အနည်းငယ်အပေါ်တွင် မိတ်သဟာယ ဖွဲ့ရုံသက်သက်သည် အသုံးမဝင်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်မဝင်စားခြင်းသည် လူသား၏ အခက်အခဲများအားလုံးထဲတွင် အကြီးဆုံးဖြစ်သည်။ လူတစ်ယောက်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဆိုသည်မှာ ၎င်း၏ လိုက်စားမှုများအပေါ်တွင် မူတည်သည်။ လူအချို့သည် ဧဝံဂေလိတရားကို ဖြန့်ရန်အလို့ငှာ မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ကြသည်။ အခြားလူများက သူတစ်ပါးတို့ကို သမ္မာတရားအကြောင်း ပြောပြီး ကြွားဝါရန်အလို့ငှာ မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်ကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး မိမိတို့ကိုယ်ကို ပြောင်းလဲရန် မဟုတ်ပေ။ ဤအရာများကို အရေးစိုက်သည့်လူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရုန်းကန်ကြရသည်။ ဤသည်မှာ လူသား၏အခက်အခဲများထဲမှ နောက်တစ်ခုဖြစ်သည်။ လူအချို့က “ကျွန်ုပ်သည် ယခု သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟု ထင်သည်၊ ကျွန်ုပ်သည် မည်သည့် သမ္မာတရားကိုမျှ လုံးဝ လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိသည့်အလား မဟုတ်ပေ။ အခြေအနေအချို့တွင် ကျွန်ုပ်သည် သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်သည်၊ ဆိုလိုသည်မှာ ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး သမ္မာတရားရှိသူ တစ်ဦးအဖြစ် မှတ်ယူ၍ရသည်” ဟု ဆိုကြသည်။ ယခင်က သို့မဟုတ် ဘုရားသခင်ကို သင် ပထမဦးဆုံး ယုံကြည်ခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်ပါက သင်၏အခြေအနေ အနည်းငယ် ပြောင်းလဲပြီးဖြစ်သည်။ အတိတ်တွင် သင်သည် မည်သည့်အရာကိုမျှ သိနားလည်ခဲ့ခြင်း မရှိသကဲ့သို့၊ သမ္မာတရားက မည်သည့်အရာဖြစ်သည် သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သည့်အရာ ဖြစ်သည်ကို သိခဲ့ခြင်း မရှိပေ။ ယခုအခါ သင်သည် ယင်းတို့နှင့်ပတ်သက်၍ အချို့အရာများကို သိလာပြီးဖြစ်ကာ နည်းလမ်းကောင်းအချို့ကို ရှိသော်လည်း ဤသည်မှာ ပြောင်းလဲပြီးဖြစ်သည့် သင်၏ အစိတ်အပိုင်းလေးတစ်ခုသာ ဖြစ်သည်။ သင်သည် သင်၏ သဘာဝ ပါဝင်သည့် ပိုကြီးမားပြီး နက်ရှိုင်းသော သမ္မာတရားများကို လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိသောကြောင့် ယင်းမှာ သင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် စစ်မှန်သော ပြောင်းလဲမှုတစ်ခု မဟုတ်ပေ။ သင်၏ အတိတ်နှင့်မတူသည်မှာ သင်သည် အတော်အတန် ဧကန်အမှန် ပြောင်းလဲပြီးဖြစ်သော်လည်း၊ ဤပြောင်းလဲမှုမှာ သင်၏ လူ့သဘာဝထဲက သေးငယ်သော ပြောင်းလဲမှုတစ်ခုသာ ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲမှုနှင့် နှိုင်းဆသည့်အခါ၊ သင်သည် စံချိန်မမီပေ။ ယင်းမှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် အောင်မြင်ဖြစ်မြောက်မှု မရှိသေးခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင် လူများသည် ၎င်းတို့ အပျက်သဘောဆောင်မနေဘဲ စွမ်းအားရှိနေသော အခြေအနေတစ်ရပ်တွင် ရှိနေကြသော်လည်း ၎င်းတို့တွင် သမ္မာတရားကို သိရန်နှင့် လက်တွေ့လုပ်ဆောင်ရန်အတွက် လမ်းကြောင်း မရှိ၊ သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သိအောင်လုပ်ရာတွင် ၎င်းတို့စိတ်မဝင်စားကြဟု ခံစားမိကြသည်။ ဤသည်မှာ မည်သို့ဖြစ်ရသနည်း။ တစ်ခါတစ်ရံတွင် သင်သည် လမ်းကြောင်းကို နားလည်သဘောပေါက်နိုင်ခြင်း မရှိသောကြောင့် စည်းမျဉ်းများကို လိုက်နာရုံသာ လိုက်နာပြီး သင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ထင်သည်။ ရလဒ်အနေဖြင့် သင့်အခက်အခဲများကို ဖြေရှင်းရန် သင်မတတ်နိုင်သေးပေ။ သင့်စိတ်နှလုံးထဲတွင် သင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး သင်၏ ဆက်ကပ်မှုကို ပြနေသည်ဟု သင်ခံစားရသည်။ ထို့ပြင် ပြဿနာများက အဘယ်ကြောင့် ပေါ်လာနေသေးသနည်းဟု သင်စူးစမ်းမိသည်။ ဤသည်မှာ သင်သည် သင်၏ စေတနာကောင်းများအရ ပြုမူနေခြင်းနှင့် သင်၏ကိုယ်ပိုင် ခံစားချက်များအရ အားထုတ်ကြိုးပမ်းမှုများကို သုံးပြီး ပြုမူနေခြင်းကြောင့်ဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကို သင်မရှာဖွေပေ၊ သင်သည် သမ္မာတရား၏ သတ်မှတ်ချက်များအတိုင်း မပြုမူပေ သို့မဟုတ် စည်းမျဉ်းများကို မလိုက်နာပေ။ ရလဒ်အနေဖြင့် သင်သည် ဘုရားသခင်၏စံနှုန်းများအောက် အဝေးကြီးတွင် ရှိနေသည်ဟု သင်အမြဲခံစားရသည်။ သင့်စိတ်နှလုံးက မသက်မသာ ခံစားရသည်။ ပြီးလျှင် သတိပင်မထားလိုက်မိဘဲ သင် အပျက်သဘောဆောင်လာသည်။ လူတစ်ဦးတစ်ယောက်ချင်းစီ၏ ခံစားချက်များအရ လိုအင်ဆန္ဒများသည်လည်းကောင်း၊ ခံစားချက်များအရ အားထုတ်ကြိုးပမ်းမှုများသည်လည်းကောင်း သမ္မာတရား၏ သတ်မှတ်ချက်များနှင့်အကွာကြီး ကွာခြားနေလေသည်။ ၎င်းတို့သည် သဘာဝအားဖြင့်လည်း ကွဲပြားသည်။ လူများ၏ အပြင်ပန်းချဉ်းကပ်မှုများက သမ္မာတရားကို အစားမထိုးနိုင်ပေ။ ပြီးလျှင် ယင်းတို့ကို ဘုရားသခင်၏ အလိုတော်နှင့်အညီ အပြည့်အဝ မလုပ်ဆောင်ပေ။ စင်စစ်တွင် သမ္မာတရားသည် ဘုရားအလိုတော်၏ စစ်မှန်သော ဖော်ပြချက်ဖြစ်သည်။ “ငါသည် ဆင်းရဲဒုက္ခများစွာခံပြီး အဖိုးအခပေးခဲ့သည်။ ဧဝံဂေလိတရားဟောပြောရင်း တစ်နေ့လုံး ငါ အလုပ်များနေသည်။ ငါက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဟု ကိုယ်တော်က အဘယ်သို့များ ပြောနိုင်သနည်း” ဟု ဧဝံဂေလိတရားကို ဖြန့်သောလူအချို့က တွေးသည်။ သို့ဆိုလျှင် သင့်အား ငါမေးမည်။ သင့်စိတ်နှလုံးထဲတွင် သမ္မာတရား မည်မျှကို ကိုင်စွဲထားသနည်း။ ဧဝံဂေလိတရားကို သင်ဟောပြောနေသောအခါ သမ္မာတရားနှင့်ညီသည့်အရာ မည်မျှကို သင်လုပ်ဆောင်သနည်း။ ဘုရားသခင်၏ အလိုတော်ကို သင်နားလည်သလော။ သင်သည် အမှုကိစ္စများကို လုပ်ဆောင်နေရုံသာ ဖြစ်သလော သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ဖြစ်သလောဆိုသည်ကို သင်ကိုယ်တိုင်ပင် မပြောနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် စိတ်ကျေနပ်စေရန်နှင့် ဘုရားသခင်က မျက်နှာသာပေးခြင်းကို ခံရရန်အတွက် သင့်လုပ်ရပ်များကို သုံးခြင်းတွင်သာ သင်အာရုံစိုက်နေသောကြောင့်ဖြစ်သည်။ ပြီးလျှင် သင့်ကိုယ်သင် အကဲဖြတ်ရန် “အရာတိုင်းတွင် သမ္မာတရားနှင့် ကိုက်ညီစေရန်အလို့ငှာ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေခြင်းဖြင့် သူ့ကို စိတ်ကျေနပ်စေခြင်း” ဟူသည့် စံနှုန်းကို သင်အသုံးမပြုပေ။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်နေသည်ဟု သင်ပြောလျှင် ဤကာလအတွင်း သင်၏စိတ်သဘောထားက မည်မျှပြောင်းလဲသွားသနည်း။ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းက မည်မျှတိုးပွားလာသနည်း။ ဤနည်းအတိုင်း သင့်ကိုယ်သင် အကဲဖြတ်ခြင်းဖြင့် သင်သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း ရှိမရှိဆိုသည့်အပေါ်တွင် သင့်စိတ်နှလုံး ရှင်းလင်းသွားလိမ့်မည်။

ကောက်နုတ်ချက် (၅၈)

စိတ်သဘောထား အပြောင်းအလဲများအကြောင်း သင်တို့ ဘာသိသနည်း။ စိတ်သဘောထား အပြောင်းအလဲများနှင့် အပြုအမူအပြောင်းအလဲများသည် အနှစ်သာရအားဖြင့် ကွဲပြားပြီး လက်တွေ့လုပ်ဆောင်မှု အပြောင်းအလဲများနှင့်လည်း ကွဲပြားသည်၊ ၎င်းတို့အားလုံးသည် အနှစ်သာရအားဖြင့် ကွဲပြားကြသည်။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၌ အပြုအမူအပေါ် အထူးအသားပေးကြသည်၊ ယင်း၏ရလဒ်ကြောင့် ၎င်းတို့၏ အပြုအမူ၌ အချို့သော အပြောင်းအလဲများ ဖြစ်ပေါ်လေသည်။ ဘုရားသခင်ကို ၎င်းတို့ စတင် ယုံကြည်ပြီးသည့်နောက်၊ ၎င်းတို့သည် ဆေးလိပ်သောက်ခြင်းနှင့် အရက်သောက်ခြင်း မရှိတော့သကဲ့သို့ ဆုံးရှုံးမှုတစ်ခု ခံစားရချိန်တွင် သည်းခံမှုကျင့်သုံးဖို့ ပိုနှစ်သက်လျက် အခြားသူများနှင့် မဖက်ပြိုင်တော့ချေ။ အပြုအမူဆိုင်ရာ ပြောင်းလဲမှုအချို့ကို ၎င်းတို့ ကြုံရသည်။ လူအချို့က ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်နှင့်တစ်ပြိုင်နက် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ရွတ်ခြင်းအားဖြင့် သမ္မာတရားကို နားလည်သည်ဟု ခံစားကြရသည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို တွေ့ကြုံပြီးဖြစ်ကာ ၎င်းတို့ကို အထူးသဖြင့် စိတ်အားထက်သန်စေလျက် မိမိတို့စိတ်နှလုံးတွင် စစ်မှန်သော မွေ့လျော်မှုရှိကြသည်။ ၎င်းတို့မစွန့်လွှတ်နိုင်သော၊ သို့မဟုတ် ဒုက္ခဆင်းရဲမခံနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပေ။ သို့သော် ရှစ်နှစ်၊ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်၊ သို့မဟုတ် အနှစ်သုံးဆယ်ပင် ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အသက်စိတ်သဘောထားများ၌ အပြောင်းအလဲ မရှိခဲ့သောကြောင့် ၎င်းတို့သည် ဒုံရင်းအခြေအနေ ပြန်ဆိုက်ရောက်ခြင်းဖြင့် အဆုံးသတ်ကြသည်။ ၎င်းတို့၏ မာနထောင်လွှားခြင်းနှင့် မောက်မာခြင်းတို့ တိုး၍ သိသာလာသည်။ ၎င်းတို့သည် အာဏာနှင့် အကျိုးအမြတ်အတွက် စတင် ပြိုင်ဆိုင်လာကြသည်၊ ၎င်းတို့သည် အသင်းတော်၏ငွေကို တပ်မက်ကြသည်၊ ၎င်းတို့သည် ဘုရားအိမ်တော်ကို အခွင့်အရေးယူသူများကို မနာလိုဖြစ်ကြသည်။ ဘုရားအိမ်တော်အတွင်းရှိ ကပ်ပါးကောင်များနှင့် အဖျက်ကောင်များဖြစ်လာကြပြီး၊ အချို့မှာ အယောင်ဆောင် ခေါင်းဆောင်များနှင့် အန္တိခရစ်များအဖြစ်ပင် ဖော်ထုတ်ခံရကာ ထုတ်ပယ်ခံရလေသည်။ ပြီးလျှင် ဤအချက်အလက်များသည် မည်သည့်အရာကို သက်သေပြသနည်း။ အပြုအမူဆိုင်ရာ အပြောင်းအလဲများမျှသည် ရေရှည်မတည်တံ့ပေ။ အကယ်၍ လူတို့၏ အသက်စိတ်သဘောထားများ၌ ပြောင်းလဲခြင်း မရှိပါက၊ ၎င်းတို့၏ စရိုက်မှန်များကို အနှေးနှင့်အမြန် ပြသလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အပြုအမူ ပြောင်းလဲမှုများ၏ အရင်းအမြစ်မှာ စိတ်အားထက်သန်မှု ဖြစ်ပြီး ထိုအချိန်က သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတစ်ခုခုနှင့် ပူးတွဲထားသောကြောင့် ၎င်းတို့အတွက် အချိန်ခဏတာ စိတ်အားထက်သန်လာရန်၊ သို့မဟုတ် စေတနာကောင်း ထားရှိရန်မှာ အလွန့်အလွန် လွယ်ကူသည်။ “ကောင်းမှုတစ်ခုလုပ်ရန် လွယ်သည်၊ ခက်ခဲသည်မှာ ကောင်းမှုများကို ရာသက်ပန်ပြုရန်ပင် ဖြစ်သည်” ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ လူတို့သည် အဘယ်ကြောင့် ၎င်းတို့၏ ဘဝတစ်ခုလုံးတစ်လျှောက် ကောင်းမှုများကို ပြုနိုင်စွမ်းမရှိကြသနည်း။ အကြောင်းမှာ လူများသည် သဘာဝအားဖြင့် ကောက်ကျစ်ကြသည်၊ တစ်ကိုယ်ကောင်းဆန်ပြီး ဖောက်ပြန်ပျက်စီးကြသည်။ အကြင်မည်သူ၏အပြုအမူကို ၎င်း၏သဘာဝ စီမံညွှန်ကြားပေသည်။ အကြင်သူ၏သဘာဝမှာ မည်သည့်အရာဖြစ်ပါစေ ထိုလူ ထုတ်ဖော်ပြသည့် အပြုအမူလည်း ထိုနည်းအတိုင်းပင်ဖြစ်ပြီး သဘာဝအလျောက် ထုတ်ဖော်သောအရာသည်သာ လူတစ်ဦး၏ သဘာဝကို ကိုယ်စားပြုသည်။ အတုအယောင်ဖြစ်သော အရာများမှာ ကြာရှည်မတည်နိုင်ပေ။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် အမှုပြုသောအခါ လူသားကို ကောင်းသောအပြုအမူဖြင့် ဆင်မြန်းရန် မဟုတ်ပေ- ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်မှာ လူတို့၏စိတ်သဘောထားများကို အသွင်ပြောင်းလဲရန်၊ ၎င်းတို့ကို အသစ်သောလူအဖြစ် တစ်ဖန်ပြန်မွေးဖွားစေရန် ဖြစ်သည်။ ထို့ကြောင့် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများအားလုံးက လူသားအနေဖြင့် ဘုရားသခင်အပေါ် အကြွင်းမဲ့ ကျိုးနွံနာခံခြင်းနှင့် ဆည်းကပ်ခြင်းတို့ကို စွမ်းဆောင်ရရှိနိုင်ဖို့အလို့ငှာနှင့်၊ သူ့ကို ပုံမှန် ကိုးကွယ်လာကြဖို့အလို့ငှာ သူ၏စိတ်သဘောထားကို ပြောင်းလဲရန် အသုံးတော်ခံဖို့ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏အမှု၏ ရည်ရွယ်ချက်ဖြစ်သည်။ ကောင်းမွန်စွာ ပြုမူခြင်းသည် ခရစ်တော်နှင့် သဟဇာတဖြစ်ခြင်းနှင့် တူညီဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့်ပင် မတူညီပေ။ အပြုအမူ အပြောင်းအလဲများသည် အယူဝါဒအပေါ် အခြေခံပြီး စိတ်အားထက်သန်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်၊ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်းအပေါ် အခြေတည်ဖို့ မဆိုထားနှင့်၊ ဘုရားသခင်အကြောင်း စစ်မှန်သောအသိ၊ သို့မဟုတ် သမ္မာတရားကို အခြေခံထားခြင်း မဟုတ်ပေ။ လူတို့လုပ်သော အရာအချို့တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းတို့ကို ခံရသည့် အချိန်များရှိသော်လည်း ဤသည်မှာ ၎င်းတို့ ဘဝ၏ ဖော်ပြချက်တစ်ခု မဟုတ်ပေ။ သမ္မာတရား စစ်မှန်မှုများထဲသို့ ၎င်းတို့ မဝင်ရောက်ရသေးသကဲ့သို့ ၎င်းတို့၏ အသက်စိတ်သဘောထား လုံးဝ မပြောင်းလဲသေးပေ။ လူတစ်ဦး၏ အပြုအမူ မည်မျှ ကောင်းသည်ဖြစ်စေ၊ ဘုရားကို ၎င်းတို့နာခံသည်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ကို သက်သေမပြပေ။ အပြုအမူဆိုင်ရာ အပြောင်းအလဲများက အသက်စိတ်သဘောထားထဲမှ အပြောင်းအလဲများကို ကိုယ်စားမပြုသကဲ့သို့ ဘဝ၏ ဖော်ပြချက်များအဖြစ် မှတ်ယူ၍မရပေ။ ထို့ကြောင့် လူအချို့ သူတို့စိတ်အားထက်သန်နေသော ကာလများအတွင်း အသင်းတော်အတွက် တစ်စုံတစ်ခု လုပ်နိုင်ကြောင်းနှင့် အချို့သော အရာများကိုပင် စွန့်လွှတ်နိုင်ကြောင်းကို သင်တို့ မြင်သောအခါ သူတို့ကို ချီးမမွမ်းနှင့်၊ သို့မဟုတ် မမြှောက်ပင့်နှင့်။ သူတို့သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်သောလူများ သို့မဟုတ် ဘုရားသခင်ကို ချစ်သောလူများဖြစ်ကြသည်ဟု မပြောနှင့်။ ထိုသို့ပြောခြင်းသည် မှားယွင်းသည်၊ အထင်အမြင်မှားစေပြီး သူတို့အတွက် ထိခိုက်နစ်နာစေသည်။ သို့သော် သူတို့၏ စိတ်အားထက်သန်မှုကိုလည်း မလျော့ပါးစေနှင့်၊ သမ္မာတရားနှင့် အသက်လိုက်စားခြင်း လမ်းကြောင်းတို့ဆီသို့ သူတို့ကို လမ်းပြရုံသာပြလော့။ မကြာခဏ စိတ်အားထက်သန်သူများတွင် များသောအားဖြင့် တိုးတက်လိုသည့်စိတ်ဆန္ဒနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ ရှိကြသည်။ သူတို့အများစုသည် သမ္မာတရားကို တောင့်တကြပြီး ဘုရားသခင်က ကြိုတင်ပြဋ္ဌာန်း၍ ရွေးချယ်ထားကြသူများဖြစ်ကြသည်။ အဓိကအားဖြင့် ဘုရားသခင်အတွက် စိတ်လိုလက်ရ အသုံးတော်ခံလိုသည့် အားမာန်တက်ကြွသော စိတ်နှလုံးတစ်ခုရှိသူများသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်သူများဖြစ်ကြသည်။ ဘုရားသခင်အတွက် အသုံးခံရာတွင် မစစ်မှန်သူများနှင့် သူတို့၏တာဝန်ကို လုပ်ဖို့ စိတ်မပါသူများသည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြပေ။ မိမိတို့၏ ယုံကြည်မှုတွင် ဟက်ဟက်ပက်ပက် မရှိဘဲ အလွယ်တကူ အပျက်သဘောဆောင်တတ်သူများသည် ခိုင်မာစွာ မရပ်တည်နိုင်ကြပေ။ အခက်အခဲအနည်းငယ်ကို ကြုံတွေ့ရသောအခါ သူတို့ နောက်ဆုတ်ကြသည်၊ ဖိနှိပ်မှုနှင့် အတိဒုက္ခတို့ကို ကြုံရသောအခါ သူတို့သည် ထွက်ပြေးပြီး သူတို့၏ယုံကြည်ချက်ကို စွန့်လွှတ်လိုက်ကြသည်။ ယုံကြည်မှုနှင့် စိတ်အားထက်သန်မှု ကြီးစွာရှိသောသူတို့သည်သာ အချိန်ကြာမြင့်စွာ မဆုတ်မနစ် လုံ့လထုတ်နိုင်သည်၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်သည်၊ ပြီးလျှင် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းမှန်ပေါ်သို့ တဖြည်းဖြည်း ဝင်ရောက်လာနိုင်သည်။ သို့သော် ယုံကြည်ချက်နည်းပြီး စိတ်အားထက်သန်မှု ကင်းမဲ့သောသူတို့သည် အဆုံးအထိ ဘုရားသခင်နောက်သို့ လိုက်ဖို့ ခဲယဉ်းကြောင်း တွေ့ရသည်။

လူတစ်ဦးသည် အပြုအမူကောင်းများစွာ ရှိပါက သမ္မာတရား စစ်မှန်မှုများ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများအတိုင်း ဆောင်ရွက်ခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုကို သင် ပိုင်ဆိုင်နိုင်သည်။ ဘုရားကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှု ရှောင်ကြဉ်ခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုများကို သင် ပိုင်ဆိုင်နိုင်သည်။ လူအချို့သည် စိတ်ထက်သန်မှုရှိသည်၊ အယူဝါဒကို ပြောဆိုနိုင်သည်၊ စည်းမျဉ်းများကို နာခံနိုင်ပြီး ကောင်းမှုများစွာ လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့အကြောင်း ပြော၍ရနိုင်သမျှမှာ လူ့သဘာဝ အနည်းငယ် ပိုင်ဆိုင်သည်ဟူ၍ ဖြစ်သည်။ အယူဝါဒပြောဆိုနိုင်ပြီး စည်းမျဉ်းများကို အစဉ်လိုက်နာသူများသည် သမ္မာတရားကို သေချာပေါက် လက်တွေ့မလုပ်ဆောင်နိုင်ချေ။ ၎င်းတို့ပြောသည့်အရာသည် မှန်ကန်ပြီး၊ ပြဿနာများ ကင်းရှင်းပုံရသော်လည်း၊ သမ္မာတရား၏ အနှစ်သာရနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များတွင် မည်သည့်အရာမျှ ပြောစရာ မရှိကြချေ။ ထို့ကြောင့် တစ်စုံတစ်ဦးက အယူဝါဒကို မည်မျှပြောဆိုနိုင်သည်ဖြစ်စေ၊ သမ္မာတရားကို ၎င်းတို့နားလည်သည်ဟု မဆိုလိုသကဲ့သို့၊ အယူဝါဒမည်မျှ နားလည်သည်ဖြစ်စေ၊ မည်သည့်ပြဿနာကိုမျှ ၎င်းတို့ မဖြေရှင်းနိုင်ပေ။ ဘာသာရေး အယူအဆသမားအားလုံးက ကျမ်းစာကို ရှင်းပြနိုင်သော်လည်း၊ အဆုံးတွင်၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရား အလုံးစုံကို ၎င်းတို့ လက်မခံသောကြောင့် အားလုံးကျရှုံးကြသည်။ မိမိတို့၏ စိတ်သဘောထားများ၌ ပြောင်းလဲခြင်းကို တွေ့ကြုံပြီးသော လူများမှာ ကွဲပြားသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ကြပြီး ၎င်းတို့သည် ကိစ္စအားလုံးကို သိမြင်တတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်နှင့် အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ဘုရားသခင် ကျေနပ်စေရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်ဆိုသည်တို့ကို သိကြပြီး ၎င်းတို့ ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးခြင်း သဘာဝကို နားလည်ကြသည်။ ၎င်းတို့၏ အတွေးအခေါ်များနှင့် အယူအဆများ ထုတ်ဖော်ခြင်း ခံရသောအခါ ၎င်းတို့သည် သိမြင်နိုင်ပြီး လူ့ဇာတိကို စွန့်ပယ်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ စိတ်သဘောထား အပြောင်းအလဲတစ်ခု ပေါ်လွင်ထင်ရှားသည့်ပုံပင် ဖြစ်သည်။ စိတ်သဘောထား၌ အပြောင်းအလဲတစ်ခုကို ကြုံရပြီးဖြစ်သည့် လူများနှင့်ပတ်သက်သည့် အဓိကသရုပ်သကန်မှာ ၎င်းတို့သည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာကြပြီး အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့သည် သမ္မာတရားကို အတော်အတန် တိကျမှန်ကန်မှုဖြင့် လက်တွေ့လုပ်ဆောင်ကြပြီး ဖောက်ပြန်ပျက်စီးခြင်းကို မကြာခဏ ထုတ်ဖော်မပြကြချေ။ ယေဘုယျအားဖြင့် မိမိတို့၏စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အထူးသဖြင့် ယုတ္တိတန်ပြီး ထိုးထွင်းသိမြင်တတ်သည်ဟု ထင်ရကာ သမ္မာတရားကို ၎င်းတို့ သိနားလည်ခြင်းကြောင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း သို့မဟုတ် မာနထောင်လွှားခြင်းတို့ကို များစွာ ထုတ်ဖော်မပြကြချေ။ ၎င်းတို့သည် ၎င်းတို့အထဲတွင် ထုတ်ဖော်ထားသော ဖောက်ပြန်ပျက်စီးမှုများစွာကို ရိပ်မိကာ သိမြင်နိုင်ကြသည်၊ ထို့ကြောင့် ၎င်းတို့သည် မာနထောင်လွှားလာခြင်း မဖြစ်ပေါ်စေကြပေ။ မည်သည့်နေရာကို ၎င်းတို့ ယူသင့်ပြီး ကျိုးကြောင်းဆီလျော်သည့် မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သင့်ကြောင်း၊ မည်ကဲ့သို့ တာဝန်သိတတ်ရမည် ဖြစ်ကြောင်း၊ မည်သည့် အရာကို ပြောရမည်နှင့် မပြောရမည်ဖြစ်ကြောင်းကိုသာမက မည်သူ့ကို မည်သည့် အရာကို ပြောရပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ ၎င်းတို့၌ ချင့်ချိန်တတ်သော နားလည်သဘောပေါက်မှု ရှိနိုင်ကြသည်။ ထို့ကြောင့် မိမိတို့စိတ်သဘောထားများ ပြောင်းလဲပြီးဖြစ်သည့် လူများသည် အတော်အတန် ယုတ္တိတန်ကြပြီး ထိုသို့သောလူများသာ လူသားပုံသဏ္ဌာန်ကို အမှန်တကယ် အသက်ရှင်နေထိုင်ကြသည်။ သမ္မာတရားကို ၎င်းတို့ နားလည်ကြသောကြောင့် အမှုအရာများကို သမ္မာတရားနှင့်အညီ ပြောဆိုကာ မြင်နိုင်ကြသည်။ ပြီးလျှင် ၎င်းတို့ လုပ်သမျှအရာအားလုံးတွင် ၎င်းတို့သည် ကိုယ်ကျင့်တရားကောင်းကြသည်။ ၎င်းတို့သည် အခြားသူများ၊ အကြောင်းအရာများ၊ အမှုအရာများ၏ လွှမ်းမိုးမှုကို ခံရခြင်း မရှိကြပေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင် အမြင်ရှုထောင့်များ ရှိကြပြီး သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းနိုင်ကြသည်။ ၎င်းတို့၏ စိတ်သဘောထားများမှာ အတော်အတန် တည်ငြိမ်ကြသည်၊ ၎င်းတို့သည် အခုတစ်မျိုး တော်ကြာတစ်မျိုး မလုပ်ကြဘဲ ၎င်းတို့၏ အခြေအနေများက မည်သည့်အရာ ဖြစ်ပါစေ ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ မည်ကဲ့သို့ လုပ်ဆောင်ရမည်၊ ဘုရားသခင်၏ စိတ်ကျေနပ်ခြင်းအဖို့ မည်ကဲ့သို့ ပြုမူရမည်ကို သိနားလည်ကြသည်။ မိမိတို့၏ စိတ်သဘောထားများ ပြောင်းလဲပြီးသော သူများသည် အခြားသူများက ၎င်းတို့အပေါ် အကောင်းမြင်စေရန် အပြင်ပန်းတွင် မည်သည့်အရာ လုပ်ဆောင်ဖို့ကို အာရုံမပြုပေ၊ ၎င်းတို့သည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် မည်သည့်အရာ လုပ်ဆောင်ရမည်နှင့်ပတ်သက်၍ အတွင်း ရှင်းလင်းမှု ရရှိကြပြီးဖြစ်သည်။ ထို့ကြောင့် အပြင်ပန်းတွင် ၎င်းတို့သည် အလွန် စိတ်အားထက်သန်ပုံ မရနိုင်သော်လည်း သို့မဟုတ် အလွန်အရေးကြီးသော အရာတစ်ခုတလေကို လုပ်ဆောင်ပြီးပုံ မရနိုင်သော်လည်း ၎င်းတို့ လုပ်သောအရာမှန်သမျှမှာ အဓိပ္ပာယ်ရှိသည်၊ တန်ဖိုးရှိပြီး လက်တွေ့ဆန်သောရလဒ်များ ဖြစ်ထွန်းလေသည်။ စိတ်သဘောထား ပြောင်းလဲပြီးသောသူများ၌ သမ္မာတရား စစ်မှန်မှု အမြောက်အမြား ရှိသည်မှာ သေချာပြီး အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၎င်းတို့၏ လုပ်ရပ်များ၏ စည်းမျဉ်းများဖြင့် ဤအရာကို အတည်ပြုနိုင်ပါသည်။ သမ္မာတရားကို မရရှိသေးသူများသည် အသက်စိတ်သဘောထားတွင် မည်သည့် ပြောင်းလဲမှုမျှ လုံးဝ မရရှိကြသေးပေ။ စိတ်သဘောထားရှိ ပြောင်းလဲမှုကို မည်သို့ အတိအကျ စွမ်းဆောင်ရရှိသနည်း။ လူသားများသည် စာတန်၏ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည်၊ ၎င်းတို့အားလုံးသည် ဘုရားသခင်ကို ခုခံကြပြီး၊ ဘုရားကို ခုခံသည့် သဘာဝရှိကြသည်။ ဘုရားကိုခုခံတတ်သည့် သဘာဝရှိပြီး ဘုရားကို ခုခံနိုင်ကြသူတို့အား ဘုရားကို နာခံပြီး ကြောက်ရွံ့နိုင်ကြသူများအဖြစ်သို့ ပြောင်းလဲခြင်းအားဖြင့် လူတို့ကို ဘုရားသခင် ကယ်တင်သည်။ ဤသည်မှာ မိမိ၏ စိတ်သဘောထား ပြောင်းလဲပြီးသူတစ်ဦးဖြစ်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သည်။ လူတစ်ဦးသည် မည်မျှ ဖောက်ပြန်ပျက်စီးပါစေ၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား မည်မျှရှိသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်သရွေ့ ဘုရား၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်ပြီး စမ်းသပ်မှုများနှင့် စစ်ဆေးမှုအမျိုးမျိုး လက်ခံနိုင်သရွေ့ ဘုရားသခင်အပေါ် စစ်မှန်သည့် သိနားလည်မှုရှိလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိကြသည့်အခါ မိမိတို့ကိုယ်တိုင်နှင့် စာတန်ကို မုန်းနိုင်ကြလိမ့်မည်၊ ပြီးလျှင် စာတန်ကို စွန့်ပစ်ပြီး ဘုရားသခင်ကို လုံးဝ နာခံရန် လိုလားနေကြလိမ့်မည်။ လူတစ်ဦးသည် ဤစိတ်ပိုင်းဖြတ်မှုရှိသည်နှင့် သမ္မာတရားကို လိုက်စားနိုင်သည်။ လူတို့သည် ဘုရားအပေါ် စစ်မှန်သည့် အသိရှိကြပါက ၎င်းတို့၏ ဆိုးယုတ်သော စိတ်သဘောထား သန့်စင်ခံရပြီး ဘုရားနှုတ်ကပတ်တော်များက ၎င်းတို့အတွင်းတွင် အမြစ်တွယ်ကာ ၎င်းတို့၏ အသက်နှင့် ၎င်းတို့တည်ရှိခြင်း အခြေခံဖြစ်လာပြီးဖြစ်ပါက ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်ပြီး လုံးဝ ပြောင်းလဲကာ လူသစ်များဖြစ်လာပြီးဖြစ်ပါက ဤအရာကို ၎င်းတို့ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုအဖြစ် ယူဆပေသည်။ စိတ်သဘောထားထဲက ပြောင်းလဲမှုတစ်ခုသည် ရင့်ကျက်ပြီး အတွေ့အကြုံရှိသော လူသားသဘာဝရှိခြင်းဟု မဆိုလိုသကဲ့သို့ လူတို့၏ အပြင်ဘက် စိတ်သဘောထားများက ယခင်ထက် ပိုမိုအောက်ကျို့တတ်သည်ဟု မဆိုလိုပေ။ ၎င်းတို့သည် မာနထောင်လွှား ခဲ့ဖူးကြသော်လည်း ယခုအခါ အကျိုးသင့်အကြောင်းသင့် ဆက်ဆံပြောဆိုနိုင်သည် သို့မဟုတ် ၎င်းတို့သည် မည်သူ့ကိုမျှ နားထောင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ အခြားသူများကို အနည်းငယ် နားထောင်နိုင်သည်ဟု မဆိုလိုပေ၊ ဤအပြင်ပန်း အပြောင်းအလဲများကို စိတ်သဘောထား အပြောင်းအလဲများဟု မဆိုနိုင်ပေ။ စိတ်သဘောထားထဲမှ အသွင်ပြောင်းလဲမှုများတွင် ထိုသို့သော သရုပ်သကန်များ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သော်လည်း အရေးအပါဆုံးသော ပါဝင်သည့်အရာမှာ အတွင်းကျကျ ၎င်းတို့၏အသက်တာ ပြောင်းလဲပြီးခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားက ၎င်းတို့ထဲတွင် အမြစ်တွယ်ပြီးဖြစ်ကာ၊ ၎င်းတို့အတွင်းတွင် အုပ်စိုးပြီး ၎င်းတို့အသက် ဖြစ်လာပြီးဖြစ်သောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ အမှုအရာများအပေါ် ၎င်းတို့၏ အမြင်များလည်း ပြောင်းလဲပြီး ဖြစ်သည်။ လောကထဲနှင့် လူသားမျိုးနွယ်နှင့်ပတ်သက်၍ မည်သည့်အရာဖြစ်နေသည်၊ လူသားမျိုးနွယ်ကို စာတန် ဖောက်ပြန်ပျက်စီးစေပုံ၊ ဘုရားသခင်ကို အဆင်းနီသော နဂါးကြီးက ခုခံပုံနှင့် အဆင်းနီသော နဂါးကြီး၏ အနှစ်သာရကို ၎င်းတို့ ရှင်းရှင်းလင်းလင်း ရိပ်စားမိနိုင်သည်။ ၎င်းတို့ စိတ်နှလုံးတွင် အဆင်းနီသော နဂါးကြီးနှင့် စာတန်ကို မုန်းတီးနိုင်ပြီး ဘုရားဘက်သို့ လုံးဝ လှည့်ကာ ဘုရားနောက် လိုက်နိုင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲပြီးဖြစ်ကာ ဘုရား၏ ရယူခြင်းခံရပြီးဖြစ်သည်ဆိုသည့် သဘောဖြစ်သည်။ အသက်စိတ်သဘောထားထဲက ပြောင်းလဲမှုများသည် အခြေခံကျသော ပြောင်းလဲမှုများဖြစ်သော်လည်း အပြုအမူရှိ အပြောင်းအလဲများမှာ အပေါ်ယံ ဖြစ်သည်။ အသက်စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိပြီးသည့်သူတို့သာ သမ္မာတရားကို ရရှိပြီးသူများဖြစ်ပြီး ၎င်းတို့သည်သာ ဘုရားသခင်၏ ရယူခြင်းခံရပြီး ဖြစ်လေသည်။

ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မိမိတို့အတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်အတွက် အမှုအရာများကို စွန့်လွှတ်ပြီး မိမိတို့ကိုယ်ကို အသုံးခံကြသည့်အခါ ယင်းသည် ကောင်းချီးခံစားရရန်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အပေါ် သစ္စာရှိသောအခါ ယင်းသည် ဆုချီးမြှင့်ခြင်းခံရရန်ဖြစ်သည်။ အနှစ်ချုပ်လျှင် အားလုံးက ကောင်းချီးရဖို့၊ ဆုချီးမြှင့်ခြင်းခံရဖို့၊ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရဖို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် အလုပ်လုပ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ၎င်းတို့က ကောင်းချီးရရန် တာဝန်ထမ်းဆောင်ကြသည်။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်း ဖြစ်သည်။ လူသား၏ ဆိုးယုတ်သော သဘာဝနှင့်ပတ်သက်ပြီး ပိုကောင်းသော အထောက်အထားမရှိပေ။ စိတ်သဘောထားများ ပြောင်းလဲပြီးသည့် လူများသည် ကွဲပြားကြသည်၊ ၎င်းတို့က သမ္မာတရားအားဖြင့် အသက်ရှင်သန်ခြင်းမှ အဓိပ္ပာယ်ရှိလာကြောင်း၊ လူသားဖြစ်ခြင်း၏ အခြေခံမှာ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခြင်း ဖြစ်ကြောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခြင်းသည် လုံးဝ သဘာဝကျပြီး တရားမျှတသည့် တာဝန်ဝတ္တရားတစ်ခု ဖြစ်ကြောင်း၊ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းသည့်လူများသာလျှင် လူသားဟု အခေါ်ခံထိုက်ကြောင်း၊ ပြီးလျှင် ၎င်းတို့က ဘုရားသခင်ကို မချစ်နိုင်သကဲ့သို့ သူ့ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်နိုင်ခြင်း မရှိလျှင် ၎င်းတို့သည် လူသားဟု အခေါ်မခံထိုက်ကြောင်း ခံစားကြရသည်။ ၎င်းတို့က မိမိအတွက် အသက်ရှင်သန်ခြင်းသည် အနှစ်သာရမဲ့ပြီး အဓိပ္ပာယ် မရှိဟုလည်းကောင်း၊ လူတို့က ဘုရားကျေနပ်စေရန်၊ ၎င်းတို့ တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်နှင့် အဓိပ္ပာယ်ရှိသော အသက်တာများတွင် နေရန် ရှင်သန်သင့်သည်ဟုလည်းကောင်း ခံစားရပေသည်။ ဤသို့ဖြင့် သေဆုံးရမည့်အချိန်၌ပင် ရောင့်ရဲတင်းတိမ်ကာ နောင်တ စိုးစဉ်းမျှ မရဘဲ ကျေနပ်ပြီး ၎င်းတို့ အချည်းအနှီး အသက်ရှင်ခဲ့ခြင်း မဟုတ်ကြောင်း ခံစားကြရလိမ့်မည်။ ကွဲပြားသည့် ဤအခြေအနေနှစ်ခုကို နှိုင်းယှဉ်ရာတွင် ဒုတိယလူသည် စိတ်သဘောထား ပုံသဏ္ဌာန် ပြောင်းလဲသွားပြီးသည့်သူများထဲမှ တစ်ဦးဖြစ်သည်ကို မြင်နိုင်သည်။ လူတစ်ဦး၏ အသက် စိတ်သဘောထားက ပြောင်းလဲသွားလျှင် အသက်တာအပေါ် သူ၏အမြင်သည်လည်း ဧကန်ပြောင်းလဲသွားသည်။ ကွဲပြားသည့် တန်ဖိုးများ ယခုရှိသွားသဖြင့် သူသည် နောက်တစ်ဖန် မည်သည့်အခါမျှ မိမိကိုယ်တိုင်အတွက် အသက်ရှင်တော့မည် မဟုတ်သည့်အပြင် ကောင်းချီးမင်္ဂလာများ ရရှိရန်ဟူသည့် ရည်ရွယ်ချက်အတွက်နှင့် ဘုရားသခင်ကို နောက်တစ်ဖန် မည်သည့်အခါမျှ ယုံကြည်တော့မည် မဟုတ်ပေ။ “ဘုရားသခင်ကို သိကျွမ်းခြင်းက အကျိုးရှိသည်။ ဘုရားသခင်ကို သိကျွမ်းပြီးသည့်နောက် ငါသေသွားလျှင် ယင်းမှာ ကောင်းမည်ဖြစ်သည်။ ဘုရားသခင်ကို ငါသိကျွမ်းနိုင်ပြီး ဘုရားသခင်ကို နာခံနိုင်လျှင် ငါသည် အဓိပ္ပာယ်ရှိသော အသက်တာကို အသက်ရှင်နိုင်လိမ့်မည်၊ ထိုသို့ဆိုလျှင် ငါသည် အချည်းနှီး အသက်ရှင်ခဲ့ခြင်း ဖြစ်လိမ့်မည် မဟုတ်သကဲ့သို့ နောင်တတစ်စုံတစ်ရာနှင့် သေဆုံးရမည်လည်း မဟုတ်။ ငါ၌ ညည်းညူစရာများ လုံးဝရှိလိမ့်မည်မဟုတ်” ဟု သူပြောနိုင်လိမ့်မည်။ ဤလူ၏ အသက်တာအပေါ် အမြင်သည် ပြောင်းလဲပြီးဖြစ်သည်။ ထို့ကြောင့် လူတစ်ဦး၏ အသက်စိတ်သဘောထား၌ အပြောင်းအလဲတစ်ရပ်အတွက် အဓိကအကြောင်းရင်းမှာ လူတစ်ဦးသည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်ကာ သမ္မာတရားကို ရရှိပြီးဖြစ်၍ ဘုရားသခင်အား သိကျွမ်းမှုရှိခြင်း ဖြစ်၏။ ထို့အတွက်ကြောင့် လူတစ်ဦး၏ ဘဝအပေါ် အမြင်သည် ပြောင်းလဲသွားပြီး ထိုသူ၏ စံတန်ဖိုးများသည်လည်း ယခင်နှင့် ကွာခြားသွား၏။ ပုံသဏ္ဌာန်ပြောင်းလဲမှုသည် လူတစ်ဦး၏ စိတ်နှလုံးနှင့် အသက်တာမှ စတင်၏။ ယင်းသည် အပြင်ပန်း ပြောင်းလဲမှုသက်သက် ဧကန်မုချမဟုတ်။ အချို့သော ယုံကြည်သူအသစ်များသည် ဘုရားသခင်ကို စတင်၍ ယုံကြည်လာသည့်နောက် လောကီကမ္ဘာကို ချန်ထားခဲ့ကြသည်။ နောက်ပိုင်းတွင် မယုံကြည်သူများနှင့် ကြုံကြိုက်သောအခါ ဤယုံကြည်သူများတွင် ပြောစရာ အနည်းငယ်သာရှိပြီး မယုံကြည်သူ ဆွေမျိုးများနှင့် မိတ်ဆွေများကို ဆက်သွယ်ခဲ၏။ မယုံကြည်သူများက “ဤလူ ပြောင်းလဲသွားပြီ” ဟုပြောကြ၏။ ထို့နောက် ယုံကြည်သူများက “ငါ့အသက်စိတ်သဘောထားက ပုံသဏ္ဌာန်ပြောင်းလဲသွားလေပြီ၊ ငါပြောင်းလဲသွားပြီဟု ဤမယုံကြည်သူများက ပြောကြ၏” ဟု တွေးတတ်ကြသည်။ အမှန်အားဖြင့် ထိုသို့သောသူ၏ စိတ်သဘောထားသည် ပြောင်းလဲသွားခဲ့ပြီလော။ မပြောင်းလဲသေးပေ။ သူပေါ်လွင်ထင်ရှားပြသည့်အရာတို့မှာ အပြင်ပန်း အပြောင်းအလဲများမျှသာ ဖြစ်၏။ သူ့အသက်တာတွင် မည်သည့်အပြောင်းအလဲစစ်စစ်မျှ မရှိဘဲ သူ၏ ဆိုးယုတ်သော သဘာဝသည် သူ၏ စိတ်နှလုံးအတွင်း၌ လုံးဝမထိမခိုက် အမြစ်တွယ်နေဆဲ ရှိ၏။ တစ်ခါတစ်ရံတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုကြောင့် လူတို့သည် စိတ်အားထက်သန်မှု၏ ဖမ်းစားထားခြင်းကို ခံကြရ၏၊ အပြင်ပန်းအပြောင်းအလဲအချို့ ပေါ်ပေါက်ကောင်း ပေါ်ပေါက်နိုင်ပြီး သူတို့သည် ကောင်းမှုအနည်းငယ်ကို လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်သည်။ သို့သော် ဤသည်မှာ စိတ်သဘောထား ပုံသဏ္ဌာန်ပြောင်းလဲခြင်းကို စွမ်းဆောင်ရရှိခြင်းနှင့် မတူပေ။ သင်သည် သမ္မာတရားကို မပိုင်ဆိုင်ဘဲ အမှုအရာများအပေါ် သင်၏အမြင်သည် မယုံကြည်သူများ၏ အမြင်နှင့်ပင် မကွာခြားတော့သည့် အတိုင်းအတာအထိ မပြောင်းလဲပါက၊ ဘဝအပေါ်ထားသည့် သင်၏ အမြင်များနှင့် စံနှုန်းများသည်လည်း ပြောင်းလဲခြင်း မရှိပါက၊ ထို့ပြင် ယုတ်စွအဆုံး သင်ပိုင်ဆိုင်သင့်သော အရာဖြစ်သည့် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံး သင်၌ မရှိပါက သင်သည် စိတ်သဘောထား ပြောင်းလဲမှုကို စွမ်းဆောင်ရရှိမည့်အဖြစ်မှ ဝေးလွန်းလှ၏။ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရန် အဓိကအကျဆုံးအရာမှာ ဘုရားသခင်ကို နားလည်ဖို့ လိုက်စားရမည်ဖြစ်ပြီး သူ့ကို အစစ်အမှန် နားလည်မှုတစ်ခုရှိရမည်။ ပေတရုကို ဥပမာအဖြစ် ကြည့်လော့။ စာတန်ထံသို့ သူ့ကို လက်လွှဲပေးဖို့ ဘုရားသခင်က အလိုရှိခဲ့သောအချိန်တွင် “ကိုယ်တော်က ကျွန်ုပ်ကို စာတန်ထံ ပေးလိုက်လျှင်ပင် ကိုယ်တော်က ဘုရားသခင်ဖြစ်နေဆဲပါ။ ကိုယ်တော်သည် အနန္တတန်ခိုးရှင် ဖြစ်ပါသည်။ ပြီးလျှင် အရာခပ်သိမ်းသည် ကိုယ်တော့်လက်ထဲတွင် ရှိပါသည်။ ကိုယ်တော် လုပ်သည့်အရာများအတွက် ကိုယ်တော့်ကို ကျွန်ုပ် မချီးမွမ်းဘဲ မည်သို့များ နေနိုင်မည်နည်း။ သို့ရာတွင် ကျွန်ုပ် မသေမီ ကိုယ်တော့်ကို သိခွင့်ရနိုင်ခဲ့လျှင် ယင်းမှာ ပို၍ မကောင်းပေသလော” ဟု သူက ပြောခဲ့သည်။ လူများ၏ အသက်တာတွင် ဘုရားသခင်ကို သိခြင်းသည် အရေးအကြီးဆုံး ဖြစ်သည်ဟု သူခံစားခဲ့ရသည်။ ဘုရားသခင်ကို သိပြီးနောက်တွင် မည်သို့သော သေခြင်းမျိုးမဆိုသည် ကိစ္စမရှိပေ၊ ထို့ပြင် ယင်းကို ဘုရားသခင် ကိုင်တွယ်ခဲ့သည့် မည်သည့်နည်းမဆိုသည် ကောင်းမွန်ပေသည်။ ဘုရားသခင်ကို သိခြင်းသည် အရေးအပါဆုံးအရာ ဖြစ်သည်ဟု သူခံစားခဲ့ရသည်။ အကယ်၍ သူသည် သမ္မာတရားကို မရခဲ့လျှင် သူမည်သည့်အခါမျှ ကျေနပ်နိုင်မည် မဟုတ်သော်လည်း ဘုရားသခင်ထံ စောဒကတက်မည်လည်း မဟုတ်ပေ။ သမ္မာတရားကို သူမလိုက်စားခဲ့မိသည့်အချက်ကိုသာ သူမုန်းတီးနေလိမ့်မည်။ ပေတရု၏ စိတ်ဓာတ်ကိုထောက်ဆလျှင် ဘုရားသခင်ကို သိရန် သူ၏အလွန်စိတ်ထက်သန်သော လိုက်စားခြင်းက သူ၏အသက်တာအမြင်နှင့် စံနှုန်းများသည် ပြောင်းလဲသွားပြီဖြစ်ကြောင်း ပြသည်။ ဘုရားသခင်ကို သိဖို့ သူ၏ နက်ရှိုင်းသောအာသီသက ဘုရားသခင်ကို သူအမှန်တကယ် သိခဲ့ကြောင်းကို သက်သေပြသည်။ ထို့ကြောင့် ဤစကားမှနေ၍ လူတစ်ဦးသည် သူ၏စိတ်သဘောထား ပြောင်းလဲသွားပြီဆိုသည်ကို မြင်နိုင်သည်။ သူသည် စိတ်သဘောထား ပြောင်းလဲသွားသော လူတစ်ယောက်ဖြစ်သည်။ သူ့အတွေ့အကြုံ၏ အဆုံးသတ်တွင် သူသည် ဘုရားသခင်ကို အသိဆုံးသော လူတစ်ဦးဖြစ်သည်၊ သူသည် ဘုရားသခင်ကို အမှန်တကယ် ချစ်သောလူတစ်ဦးဖြစ်သည်ဟု ဘုရားသခင်က ပြောခဲ့သည်။ သမ္မာတရား မရှိဘဲ လူတစ်ဦး၏ အသက်စိတ်သဘောထားသည် မည်သည့်အခါမျှ အမှန်တကယ် မပြောင်းလဲနိုင်ပေ။ အကယ်၍ သင်တို့သည် သမ္မာတရားကို အမှန်တကယ် လိုက်စားနိုင်ပြီး သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်မှသာ သင့်အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို သင်ရရှိနိုင်မည်ဖြစ်သည်။

အရှေ့သို့- မိမိကိုယ်ကို သိခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- ကျရှုံးမှု၊ ပြိုလဲမှု၊ စမ်းသပ်မှု၊ စစ်ဆေးမှုတို့အား မည်သို့ တွေ့ကြုံရမည်ဆိုသည်နှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။