ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း

ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို နှစ်သက်ကြသည်။ သူတို့အားလုံးက သြဇာအာဏာနောက် လိုက်ကြသည်။ ယခုတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ကြသော သင်တို့သည် သင်၏ လုပ်ဆောင်ချက်များကို ထမ်းဆောင်ရန် မိမိ၏ ရာထူး သို့မဟုတ် အဆင့်ကို အသုံးပြုကြသည်ဟု သင်တို့မခံစားကြသလော။ ဘုရားသခင်၏ အိမ်တော်၌ သူတို့ကိုယ်သူတို့ အရာရှိများဖြစ်သည်ဟု ထင်မြင်ကြကုန်သော အန္တိခရစ်နှင့် အတုအယောင် ခေါင်းဆောင်များလည်း ထိုနည်းတူ အသုံးပြုကြပြီး အခြားသူများထက် ပို၍မြင့်မြတ်ကာ ခေါင်းတစ်လုံးပိုသာကြသည်။ ၎င်းတို့တွင် တရားဝင်ရာထူးနှင့် အဆင့်မရှိပါက ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် ဝန်တာစိတ်မရှိသည့်အပြင် အလုပ်ကို ထက်သန်စွာ လုပ်ဆောင်မည်မဟုတ်ပေ။ လူတိုင်းသည် ခေါင်းဆောင်တစ်ဦးနှင့် အမှုဆောင်တစ်ဦးဖြစ်ခြင်းကို အရာရှိတစ်ဦးဖြစ်ခြင်းနှင့် ညီမျှသည်ဟု သဘောထားကာ လူတိုင်းက အရာရှိသူတစ်ဦးအဖြစ် အရေးယူ ဆောင်ရွက်လိုကြသည်။ အကောင်းမြင်သဘောဖြင့် ဆိုရသော် ဤသည်ကို သက်မွေးမှုလုပ်ငန်းအား လိုက်စားခြင်းဟု ကျွန်ုပ်တို့ခေါ်ဆိုသည်— သို့သော် အဆုးမြင်သဘောတွင် ဤသည်ကို ကိုယ်ပိုင်လုပ်ငန်းတွင် ပါဝင်ခြင်းဟုခေါ်သည်။ ယင်းမှာ ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများကို ဖြည့်ဆည်းရန်အတွက် ပုဂ္ဂလိကနိုင်ငံတော် ထူထောင်ခြင်းပင်ဖြစ်သည်။ အဆုံးတွင် အဆင့်အတန်းရှိခြင်းက ကောင်းသလော၊ ဆိုးသလော။ လူတို့အမြင်တွင် ယင်းက ကောင်းသောအရာဖြစ်သည်။ သင့်တွင် တရားဝင်ရာထူးတစ်ခု ရှိသောအခါ စကားပြောခြင်းနှင့် လုပ်ဆောင်ခြင်းက ကွာခြားလေသည်။ သင့်စကားလုံးများ၌ အင်အားရှိပြီး လူများက ယင်းတို့ကို အရေးစိုက်ကြမည်။ သူတို့သည် သင့်ကို ဖော်လံဖားပြီး သင့်ရှေ့တွင် ဟစ်ကြွေးသံများနှင့် ချီတက်ကာ နောက်မှနေ၍ ထောက်ခံကြလိမ့်မည်။ သို့သော် သင်၏ အဆင့်အတန်းနှင့် ရာထူးမရှိလျှင် သင့်စကားများကို နားစိုက်ကြမည် မဟုတ်တော့ချေ။ သင့်စကားများက မှန်ကန်ပြီး ကောင်းမွန်သော အသိတရားပြည့်ဝကာ လူတို့အတွက် အကျိုးပြုနိုင်သော်လည်း သင့်ကို မည်သူမျှ ဂရုစိုက်ကြမည် မဟုတ်ချေ။ ဤအရာက ဘာကိုပြသနည်း။ လူသားများက အဆင့်အတန်းကို အမွန်အမြတ်ထားကြသည်။ သူတို့အားလုံး၌ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ရှိကြသည်။ သူတို့အားလုံးသည် အခြားသူများ၏ ကိုးကွယ်ဆည်းကပ်မှုကို ရှာဖွေကြပြီး အဆင့်အတန်းတစ်ခုမှနေ၍ အရေးကိစ္စများကို ကိုင်တွယ်ရန် နှစ်သက်ကြသည်။ လူတစ်ဦးသည် အဆင့်အတန်းတစ်ခုမှနေ၍ ကောင်းစွာ ပြီးမြောက်နိုင်သလော။ လူတို့အား အကျိုးပြုသော အရာတို့ကို လုပ်ပေးနိုင်သလော။ ယင်းက မသေချာပေ။ ယင်းသည် သင်လျှောက်သည့်လမ်းကြောင်းနှင့် အဆင့်အတန်းအား သင်သဘောထားပုံအပေါ် မူတည်သည်။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားဘဲ လူတို့ကို အခြားသူများ၏ မျက်နှာသာပေးခြင်းကို အမြဲရယူလိုစိတ်ရှိကာ သင်၏ကိုယ်ပိုင် ရည်မှန်းချက်များနှင့် ဆန္ဒများ၊ ရာထူးဂုဏ်ဒြပ်အတွက် သင်၏ကိုယ်ပိုင် တောင့်တမှုတို့ကို အမြဲ ဖြည့်ဆည်းလိုစိတ်ရှိနေပါက သင်သည် အန္တိခရစ်များ၏လမ်းကို လျှောက်နေပေသည်။ အန္တိခရစ်များ၏ လမ်းကြောင်းကိုလျှောက်သော လူတစ်ဦးသည် ၎င်းတို့၏ လိုက်စားမှုနှင့် တာဝန်ထမ်းဆောင်မှု၌ သမ္မာတရားနှင့် ကိုက်ညီနိုင်မည်လော။ လုံးဝမကိုက်ညီနိုင်ပေ။ ဤသည်မှာ မိမိရွေးချယ်သော လမ်းကြောင်းက အရာရာကို အဆုံးအဖြတ်ပးသောကြောင့် ဖြစ်သည်။ လူတစ်ဦးသည် လမ်းမှားကို ရွေးချယ်မိလျှင် သူတို့၏ ကြိုးပမ်းမှုများ၊ သူတို့၏ တာဝန်ထမ်းဆောင်မှုနှင့် သူတို့၏ လိုက်စားမှုတို့က သမ္မာတရားနှင့် မည်သည့်နည်းနှင့်မျှ မကိုက်ညီပါချေ။ ယင်းတို့နှင့်ပတ်သက်သော မည်သည့်အရာက သမ္မာတရားနှင့် ကွဲလွဲသနည်း။ သူတို့၏ လုပ်ဆောင်ချက်များတွင် သူတို့က မည်သည့်အရာနောက်သို့ လိုက်ကြသနည်း။ (အဆင့်အတန်းနောက်သို့ဖြစ်၏။) အဆင့်အတန်းအတွက်ကြောင့် အမှုအရာများကိုပြုလုပ်သော လူတို့အားလုံးက မည်သည့်အရာကို ပြသကြသနည်း။ လူတချို့က၊ “သူတို့သည် အယူဝါဒစကားတို့ကို အမြဲပြောကြသည်၊ သူတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားကို မည်သည့်အခါမျှ မိတ်သဟာယမပြုကြ၊ သူတို့သည် အမြဲတမ်း ဝါကြွားသည်၊ သူတို့ကိုယ်ပိုင်အကျိုးအတွက် အမြဲစကားပြောကြသည်၊ ဘုရားသခင်ကို မည်သည့်အခါမျှ မချီးမြှောက်ကြ သို့မဟုတ် သက်သေမခံကြပေ။ မိမိအထဲတွင် ထိုသို့သောအရာများကို ထုတ်ဖော်ပြထားသော လူတို့သည် ရာထူးဂုဏ်ဒြပ်အတွက် ပြုမူကျင့်ကြံကြသည်။” ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ၎င်းတို့သည် အယူဝါဒ စကားများကို အဘယ်ကြောင့် ပြောပြီး ဝါကြွားကြသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေမခံသနည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးထဲတွင်၊ ၎င်းတို့၏ အဆင့်အတန်း၊ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အကျိုးအမြတ်တို့သာ ရှိသည်— ဘုရားသခင်လုံးလုံး မရှိပေ။ ထိုသို့သော လူများသည် ဂုဏ်ဒြပ်နှင့် ဩဇာအာဏာတို့ကို အထူးသဖြင့် မြတ်နိုးကိုးကွယ်ကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အကျိုးအမြတ်တို့သည် ၎င်းတို့အဖို့ အလွန်တရာ အရေးကြီးသည်။ ၎င်းတို့၏ ဂုဏ်သတင်း၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သည် ၎င်းတို့ဘဝ ဖြစ်လာကြသည်။ ဘုရားသခင်သည် ၎င်းတို့စိတ်နှလုံးများထဲ၌ မရှိပေ၊ ၎င်းတို့သည် ဘုရားသခင်ကို နာခံဖို့နေနေသာသာ၊ မကြောက်ကြပေ။ ၎င်းတို့လုပ်သမျှသည် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သည်၊ သက်သေခံပြီး အခြားသူများ၏ လေးစားအားကျမှု ရရှိဖို့ ဝါကြွားသည်။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်အကြောင်း၊ ၎င်းတို့လုပ်ပြီးဖြစ်သည့်အရာအကြောင်း၊ ၎င်းတို့မည်မျှ ဒုက္ခခံပြီးကြောင်း၊ ဘုရားသခင်ကို ၎င်းတို့မည်မျှ စိတ်ကျေနပ်စေကြောင်း၊ ၎င်းတို့ ကိုင်တွယ်ဖြေရှင်းခံရသည့်အခါ ၎င်းတို့မည်မျှ သည်းညည်းခံကြကြောင်း ကြွားလုံးထုတ်ကြသည်၊ အားလုံးမှာ လူများ၏ စာနာမှုနှင့် လေးစားအားကျမှုတို့ကို ရရှိဖို့ဖြစ်သည်။ ဤလူများသည် အန္တိခရစ်များကဲ့သို့ လူတစ်မျိုးတစ်စားတည်း ဖြစ်ကြသည်၊ ၎င်းတို့သည် ပေါလု၏ လမ်းကြောင်းကို လျှောက်ကြသည်။ ၎င်းတို့၏အန္တိမ အဆုံးသတ်မှာ အဘယ်နည်း။ (၎င်းတို့သည် အန္တိခရစ်များဖြစ်ကြပြီး မောင်းထုတ်ခြင်း ခံရသည်။) ထိုသို့သောရလဒ်မျိုးက သူတို့ကို စောင့်ကြိုနေကြောင်း ဒီလူတို့ သိကြသလော။ (သိကြပါသည်။) သူတို့ သိကြသလော။ သိလျှင် သူတို့ပြုသည့်အတိုင်း အဘယ့်ကြောင့် ဆက်၍ပြုလုပ်ကြသနည်း။ အမှန်တွင် သူတို့က မသိကြပေ။ သူတို့၏ လုပ်ရပ်များက ကောင်းမွန်ပြီး မှန်ကန်သည်ဟု သူတို့ယုံကြည်ကြသည်။ သူတို့ပြုလုပ်သည့် အရာများထဲက မည်သည့်အရာက ဘုရားသခင်ကို ဆန့်ကျင်သလော သို့မဟုတ် ဘုရားသခင်ကို မကျေနပ်စေသလော၊ သို့တည်းမဟုတ် သူတို့နောက်ကွယ်၌ ရည်ရွယ်ချက်တစ်ခုခုရှိသလော သို့မဟုတ် သူတို့လျှောက်လှမ်းနေသည့်လမ်းကြောင်းက မည်သည့်လမ်းကြောင်းလော ဟူသည်ကို တွေ့ရှိရန် မိမိဘာသာ လုံးဝ မဆင်ခြင်ကြပေ။ ထိုကဲ့သို့သော အရာများကို သူတို့၏ ဆန်းစစ်ခြင်း၌ မေ့လျော့ထားသည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ဤမေးခွန်းများကို သင်တို့ စဉ်းစားဖူးသလော- ဘုရားသခင် ကျွန်ုပ်အား အပ်နှင်းထားသော စေစားချက်မှာ သာမန်နောက်လိုက်တစ်ဦး၏ သာမာန်တာဝန်မဟုတ်ဘဲ အထူးစေစားချက်ဖြစ်သည်။ ဤတာဝန်၌ အထူးတာဝန်လိုအပ်ပြီး အထူးအရေးပါမှုရှိသည်။ ထို့ကြောင့် ဤအထူးလုပ်ငန်းကို ဆောင်ရွက်ခြင်းနှင့် ဤတာဝန်ကို ထမ်းဆောင်ခြင်းတွင် ဘုရားသခင်၏အလိုတော်နှင့် လိုက်လျောညီထွေဖြစ်စေရန် သို့မဟုတ် အနည်းဆုံး ဘုရားသခင်၏စက်ဆုပ်ရွံရှာမှုကို ရှောင်ရှားရန် မည်သည့်လမ်းကို လျှောက်သင့်သနည်း။ ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းခံရဖို့နှင့် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်ပြီးနောက် နှင်ထုတ်ခံရခြင်းကို ရှောင်ကြဉ်ဖို့ မည်ကဲ့သို့ လိုက်လျှောက်သင့်သနည်း။ ဤမေးခွန်းများကို သင်တို့ စဉ်းစားဖူးပါသလော။ (ခေါင်းဆောင်တစ်ဦးနှင့် အမှုဆောင်တစ်ဦးအဖြစ် စတင်အမှုထမ်းစဉ်တွင် ဘုရားသခင်သည် ကျွန်ုပ်အား ချီးမြှောက်ခဲ့သည်ဟု ကျွန်ုပ်ခံစားမိသည်။ သမ္မာတရားကို လိုက်လျှောက်ပြီး မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်သင့်ကြောင်း သိသော်လည်း ကျွန်ုပ်၏ မာထောင်လွှားသော သဘာဝကြောင့် ဂုဏ်သတင်းနှင့် အဆင့်အတန်းကို အမြဲတမ်း မလိုက်လျှောက်ဘဲ မနေနိုင်ချေ။ ဤသည်ကို သတိပြုပြီးနောက်မှ ကျွန်ုပ်သည် ဘုရားသခင်ထံ ဆုတောင်းပြီး အဖြေတစ်ခုရှာဖို့ သူ၏နှုတ်ကပတ်တော်ထဲမှ သက်ဆိုင်သော ကျမ်းပိုဒ်များကို ရှာဖွေနိုင်ခဲ့သည်။ ထိုအချိန်၌ ကျွန်ုပ်၏လမ်းကြောင်းကို အနည်းငယ် နောက်ကြောင်းလှည့်နိုင်ခဲ့သော်လည်း အနာဂတ်တွင် ဤအခြေအနေ ထပ်၍ဖြစ်လာနိုင်သည့်အပြင် စိတ်နှလုံးထဲ၌ မိမိကိုယ်ကို မုန်းတီးမိသော်လည်း ဤပြဿနာကို လုံးလုံးလျားလျား ဖြေရှင်းရခက်ပေသည်။) သင်သည် သင်၏ အတွေးအမြင်များကို မထိန်းချုပ်နိုင်ဘဲ ကျော်ကြားမှုနှင့် အဆင့်အတန်းကို လိုက်စားလိုသော သင်၏ ရည်မှန်းချက်နှင့် ဆန္ဒကိုလည်း သင်မထိန်းချုပ်နိုင်ပေ။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်စိတ်နှလုံးထဲတွင် အမြစ်တွယ်နေပြီဖြစ်ကြောင်း သက်သေဖြစ်သည်။ ဤသည်မှာ တဒင်္ဂစိတ်ခံစားချက် သို့မဟုတ် တခဏတာ စိတ်ခံစားမှုမဟုတ်သကဲ့သို့ သင့်အပေါ် အခြားသူများက သွတ်သွင်းထားခြင်းလည်း မဟုတ်ချေ။ ယင်းကို သင့်အား အခြားတစ်ယောက်ယောက်က သင်ပေးစရာမလိုပေ။ ယင်းမှာ သင့်အတွေးအမြင်၏ သဘာဝအထုံပါရမီနှင့် သင့်လုပ်ဆောင်ချက်၏ သဘာဝလမ်းကြောင်းဖြစ်သည်။ ဤအရာမှာ သင်၏သဘာဝဖြစ်၏။ လူတစ်ဦး၏သဘာဝထဲက ရှိရင်းစွဲ အရာများမှာ ပြောင်းလဲရန် အလားအလာမရှိဆုံးသော အရာများဖြစ်သည်။ ထို့ကြောင့် ဆိုးယုတ်သော သဘာဝကြောင့်၊ လူများသည် ဂုဏ်အဆင့်အတန်း ရသည်နှင့်တစ်ပြိုင်နက်၊ ထို့နောက်တွင် ၎င်းတို့သည် အန္တရာယ်ရှိကြသည်။ ထို့ကြောင့် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့တွင် လိုက်လျှောက်ဖို့ လမ်းကြောင်း မရှိသလော။ ၎င်းတို့သည် ထိုအန္တရာယ်ရှိသော အခြေအနေကို ကျရောက်ပြီးဖြစ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့အတွက် ပြန်လှည့်ရန်လမ်း မရှိတော့ပြီ‌လော။ ငါ့ကိုပြောလော့၊ ဖောက်ပြန်ပျက်စီးသော လူတို့ အဆင့်အတန်း ရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ မည်သူပင် ဖြစ်ပါစေ၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြသလော။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သလော။ (သမ္မာတရားကို ၎င်းတို့ မလိုက်စားလျှင်၊ ၎င်းတို့ အန္တိခရစ်များ ဖြစ်လာကြလိမ့်မည်ဖြစ်၏၊ သို့သော် သမ္မာတရားကို ၎င်း လိုက်စားလျှင် ဖြစ်ကြလိမ့်မည်မဟုတ်။) ယင်းက လုံးဝ မှန်ကန်ပေသည်။ လူများသည် သမ္မာတရားကို မလိုက်စားလျှင်၊ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာဖို့ သေချာပေသည်။ ပြီးလျှင် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သော သူများအားလုံးသည် ဂုဏ်အဆင့်အတန်းကြောင့် ထိုသို့ပြုလုပ်ရခြင်းဖြစ်သည်မှာ မှန်ကန်သလော။ မဟုတ်ပေ၊ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့်၊ မှန်ကန်သောလူများ မဟုတ်သောကြောင့် အဓိက ဖြစ်သည်။ ၎င်းတို့၌ ဂုဏ်အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သမ္မာတရားကို မလိုက်စားသည့်လူများအားလုံးသည် အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်ကြသည်။ ၎င်းတို့သည် ဒေသနာမည်မျှကို ကြားပြီးဖြစ်စေ၊ ထိုသို့သော လူများသည် သမ္မာတရားကို လက်မခံကြပေ။ ၎င်းတို့သည် လမ်းကြောင်းအမှန်ကို မလျှောက်ကြသော်လည်း မရိုးဖြောင့်သော လမ်းကြောင်းဆီသို့သွားရန် ဆုံးဖြတ်ထားကြပေသည်။ ဤသည်မှာ လူတို့ စားသည့်ပုံနှင့် ဆင်ဆင်တူ၏- အချို့သည် မိမိတို့၏ ကိုယ်ခန္ဓာကို အာဟာရဖြည့်တင်းပေးနိုင်ပြီး မိမိတို့၏ သာမန်တည်ရှိမှုကို ထောက်ပံ့ပေးနိုင်သည့် အစားအစာကို မစားသောက်ကြဘဲ၊ နောက်ဆုံးတွင် မိမိကိုယ် ဆိုးကျိုးဖြစ်စေလျက်၊ ဘေးဖြစ်စေသော အရာများကိုသာ မလျှော့တမ်း စားသုံးကြသည်။ ဤသည်မှာ လူတို့ မိမိတို့ကိုယ်တိုင် ပြုလုပ်ကြသည့် ရွေးချယ်မှုတစ်ခု မဟုတ်လော။ ဖယ်ရှားခြင်းခံရပြီးသည့်နောက်တွင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်အချို့က “ခေါင်းဆောင် ဖြစ်အောင်မလုပ်နဲ့၊ ပြီးတော့ ဂုဏ်အဆင့်အတန်း ရှိအောင်မလုပ်နဲ့။ လူတွေက ဂုဏ်အဆင့်အတန်းရတဲ့ တဒင်္ဂတွင်းမှာ အန္တရာယ်ရှိကြပြီး၊ ဘုရားသခင်က သူတို့ကို ဖော်ထုတ်လိမ့်မယ်။ သူတို့ ဖော်ထုတ်ခံရတာနဲ့တစ်ပြိုင်နက်၊ သူတို့ဟာ သာမန် ယုံကြည်သူတွေဖြစ်ဖို့တောင် အရည်အချင်းပြည့်မီမှာ မဟုတ်သလို၊ ဘာကောင်းချီးမင်္ဂလာမှ လုံးဝ ရမှာ မဟုတ်ဘူး။” ဟု ပြောလျက် အယူအဆများ ဖြန့်ဝေကြသည်။ ထိုသို့ပြောစရာလော။ အညှာတာဆုံးဆိုရလျှင်၊ ယင်းက ဘုရားသခင်ကို နားလည်မှုလွဲခြင်းအား ဖော်ပြပါသည်။ ကုန်ကုန်ပြောရလျှင်၊ ယင်းသည် သူ့ကို ပြစ်မှားစော်ကားခြင်း ဖြစ်၏။ သင်သည် မှန်ကန်သော လမ်းကြောင်းကို မလျှောက်ပါက၊ သမ္မာတရားကို မလိုက်စားသကဲ့သို့၊ ဘုရားသခင်၏လမ်းခရီးကို လိုက်မလျှောက်ဘဲ၊ ထိုအစား အန္တိခရစ်များ၏ လမ်းခရီးကို မလျှော့တမ်းသွားပြီး ပေါလု၏လမ်းကြောင်းတွင် အဆုံးသတ်ကာ၊ နောက်ဆုံး၌ ပေါလုကဲ့သို့ အဆုံးသတ်ဖြစ်သည့် အလားတူ အဆုံးသတ်ကို ကြုံရ၍၊ ဘုရားသခင်ကို အပြစ်တင်ဆဲဖြစ်ပြီး ဘုရားသခင်ကို မဖြောင့်မတ်ဟု ဝေဖန်အကဲဖြတ်နေဆဲဖြစ်ပါက၊ သင်သည် စစ်မှန်သော အန္တိခရစ်အမျိုးတစ်ဦးသာ မဟုတ်လော။ ထိုသို့သော အပြုအမူသည် ကျိန်ဆိုခြင်းခံရသည်။ လူများသည် သမ္မာတရားကို နားမလည်သည့်အခါ၊ ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအားဖြင့် အစဉ် အသက်ရှင်သန်ကြပြီး ဘုရားသခင်ကို မကြာခဏ နားလည်မှုလွဲကာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် ၎င်းတို့၏အယူအဆများနှင့် မကိုက်ညီဟု ခံစားကြရသည်၊ ယင်းက ၎င်းတို့၌ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်များကို ဖြစ်ပေါ်စေသည်။ ဤအရာဖြစ်ပျက်သည်မှာ လူများ၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့၏ ယုံကြည်ခြင်းက အလွန် သေးနုပ်ကာ၊ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် နုနယ်ပြီး နည်းပါးလွန်းသော သမ္မာတရားကိုသာ ၎င်းတို့ နားလည်သောကြောင့် ၎င်းတို့က အပျက်သဘောဆောင်သော အရာများပြောကာ ညည်းညူကြသည်— ယင်းတို့အားလုံးက ခွင့်လွှတ်ဖွယ်ရာဖြစ်သော်လည်း၊ ဘုရားသခင်၏ အောက်မေ့သတိရခြင်းကို မခံရပေ။ သို့သော် လမ်းကြောင်းအမှန်ကို မလျှောက်သည့်သူ၊ ဘုရားသခင်ကို လှည့်စား၊ ခုခံပြီး သစ္စာဖောက်ကာ ဘုရားသခင်နှင့် ဆန့်ကျင်တိုက်ခိုက်သော လမ်းကြောင်းကို အထူးသဖြင့် လျှောက်သည့် သူများရှိပေသည်။ ဤလူများသည် အဆုံးတွင် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ခံကြရကာ၊ ထာဝရအပြစ်ဒဏ်နှင့် ပျက်စီးခြင်းထဲသို့ ထိုးဆင်းကြသည်။ ၎င်းတို့သည် မည်သို့များ ဤအခြေအနေသို့ ရောက်ရှိကြသနည်း။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်းနှင့် သိမြင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံဘဲ မဆင်မခြင်ပြုကာ၊ တစ်ဇွတ်ထိုးနိုင်ပြီး နောင်တရဖို့ ခေါင်းမာစွာ ငြင်းဆန်ကာ ၎င်းတို့ ဖော်ထုတ်ခံရပြီး ဖယ်ရှားခံကြရပြီးသည့်နောက် ဘုရားသခင်သည် မဖြောင့်မတ်ဟုဆိုလျက်၊ ဘုရားသခင်နှင့်ပတ်သက်၍ပင် ညည်းညူကြသောကြောင့် ဖြစ်သည်။ ထိုသို့သော လူများသည် ကယ်တင်ခြင်းကို ခံရနိုင်သလော။ (မခံရနိုင်ပါ။) ၎င်းတို့ ကယ်တင်ခြင်း မခံရနိုင်ပါ။ သို့ဖြစ်၍ ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားခြင်းခံရသည့် လူတိုင်းသည် လုံးလုံး ကယ်တင်ခြင်းမခံရနိုင်လောက်အောင် ဖြစ်ကြသည်မှာ မှန်ကန်သလော။ ၎င်းတို့သည် လုံးဝ ရွေးနုတ်မရနိုင်လောက်အောင် ဖြစ်သည်ဟု ပြော၍မရပေ။ အလွန်နည်းပါးသော သမ္မာတရားများကို နားလည်သူ၊ ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသူများလည်း ရှိကြသည်— ခေါင်းဆောင်များ၊ သို့မဟုတ် အမှုတော်ဆောင်များ ဖြစ်လာပြီး ဂုဏ်အဆင့်အတန်း ရှိလာသည်နှင့်၊ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ လမ်းညွှန်ခြင်းကို ခံရကာ ဂုဏ်အဆင့်အတန်းကို လိုက်စားပြီး ဂုဏ်အဆင့်အတန်းကို အရသာတွေ့သောကြောင့် အန္တိခရစ်တို့၏ လမ်းကြောင်းကို အလိုလို လျှောက်ကြသည့် သူများလည်း ရှိသည်။ ထုတ်ဖော်ခြင်းနှင့် တရားစီရင်ခြင်းတို့ကို ခံရပြီးသည့်နောက်၊ ၎င်းတို့သည် နိနေဝေမြို့သားများကဲ့သို့ ဆိုးယုတ်ခြင်းကို စွန့်လွှတ်လျက်၊ ၎င်းတို့ လျှောက်ခဲ့ဖူးသကဲ့သို့ ဆိုးယုတ်သည့် လမ်းကြောင်းကို မလျှောက်တော့ဘဲ၊ မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်ပြီး အမှန်တကယ် နောင်တရပါက၊ ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ရှိသေးသည်။ သို့ရာတွင် ထိုသို့သော အခွင့်အရေးတစ်ခု၏ သတ်မှတ်ချက်များမှာ အဘယ်နည်း။ ၎င်းတို့သည် အမှန်တကယ် နောင်တရကာ၊ သမ္မာတရားကို လက်ခံနိုင်ရမည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့၌ မျှော်လင့်ချက်အချို့ ရှိနေသေးသည့်သဘောဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်နိုင်စွမ်းမရှိ၊ သမ္မာတရားကို လုံးဝလက်မခံဘဲ အမှန်တကယ် နောင်တရဖို့ ရည်ရွယ်ချက် မရှိပါက၊ ၎င်းတို့သည် လုံးလုံး ဖယ်ရှားခြင်း ခံရလိမ့်မည်။

“အဆင့်အတန်း” ဟူသော စကားလုံးကိုယ်နှိုက်သည် စမ်းသပ်မှုမဟုတ်သကဲ့သို့ စုံစမ်းသွေးဆောင်ခြင်းလည်း မဟုတ်ပေ။ ယင်းမှာ အဆင့်အတန်းကို လူတို့ ကိုင်တွယ်ပုံအပေါ်၌ မူတည်သည်။ ခေါင်းဆောင်အလုပ်ကို သင့်တာဝန်အဖြစ်၊ သင်ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားအဖြစ် ခံယူထားလျှင် သင်သည် အဆင့်အတန်း၏ ချုပ်ချယ်ခြင်းကို ခံရမည်မဟုတ်ပေ။ ယင်းကို တရားဝင်ဂုဏ်ပုဒ် သို့မဟုတ် ရာထူးတစ်ခုအဖြစ် လက်ခံထားပါက သင်သည် ဒုက္ခရောက်ပြီး ဗုန်းဗုန်းလဲကျမည်မှာ အသေအချာဖြစ်သည်။ သို့ဆိုလျှင် အသင်းတော်၏ ခေါင်းဆောင်နှင့် အမှုဆောင်တစ်ဦး ဖြစ်လာသောရာတွင် လူတစ်ဦးခံယူသင့်သည့် စိတ်ဓာတ်ကား အဘယ်နည်း။ သင်၏လိုက်စားမှုကို မည်သည့်နေရာတွင် အာရုံစိုက်သင့်သနည်း။ သင့်တွင် လမ်းကြောင်းရှိရမည်။ အကယ်၍ သင်သည် သမ္မာတရားကို မရှာဖွေဘဲ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း မရှိပါက သင်၏ ဤအဆင့်အတန်းသည် သင်၏ထောင်ချောက် ဖြစ်လာမည်ဖြစ်ပြီး သင်ပြိုလဲသွားလိမ့်မည်။ အချို့လူတို့သည် အဆင့်အတန်းတစ်ခုရလာသည်နှင့် တစ်ပြိုင်နက် ကွာခြားလာပြီး သူတို့၏စိတ်ဓာတ်မှာ ပြောင်းလဲသွားတတ်သည်။ သူတို့ကိုယ်သူတို့ မည်သို့ဝတ်စားရမည်၊ အခြားသူများကို မည်သို့ပြောဆိုရမည်၊ မည်သည့်လေသံမျိုးကို ခံယူရမည်၊ လူတို့နှင့် မည်သို့ဆက်ဆံရမည် သို့မဟုတ် မည်သည့်အသုံးအနှုန်းများကို သုံးရမည်ဟူသည်ကို မသိကြတော့ချေ။ ရလဒ်အနေဖြင့် သူတို့ကိုယ်သူတို့ ပုံရိပ်တစ်ခုကို စတင်ဖန်တီးကြသည်။ ဤသည်မှာ ဖောက်ပြန်ခြင်းမဟုတ်လော။ အချို့သောလူတို့သည် မယုံကြည်သူများ၏ ဆံပင်ပုံစံများ၊ သူတို့ဝတ်ဆင်သည့် အဝတ်အစားများ၊ ၎င်းတို့၏အပြောအဆိုနှင့် ပါရှိသည့် အရည်အသွေးများကို အလေးဂရုပြုကြသည်။ ထိုသူတို့သည် ၎င်းတို့အား အတုယူကာ ဤလမ်းစဉ်အတိုင်း မယုံကြည်သူများ၏ လမ်းညွှန်မှုနောက်လိုက်ကြသည်။ ဤသည်မှာ အပြုသဘောဆောင်သော အရာလော။ (မဟုတ်ပါပေ။) ဤတွင် ဘာဖြစ်နေသနည်း။ ဤသည်တို့ကို အပေါ်ယံအလေ့အကျင့်များအဖြစ် မြင်ရသော်လည်း ယင်းတို့သည် အမှန်တကယ် လိုက်စားမှုတစ်မျိုးဖြစ်သည်။ ယင်းတို့မှာ အတုအယောင်ဖြစ်၏။ ဤသည်မှာ မှန်ကန်သောနည်းလမ်းမဟုတ်ပေ။ ယခုတွင် သင်တို့သည် ဤထင်ရှားသော ရုပ်ပုံများနှင့် မျက်နှာဖုံးများတွင် အမှားနှင့်အမှန်ကို ခွဲခြားသိနိုင်သော်လည်း၊ ငြင်းဆိုပြီး အမှားကို မသိကျိုးကျွန်ပြုနိုင်သလော။ (ယင်းကို သတိပြုမိသောအခါ မသိကျိုးကျွန်ပြုနိုင်၏။) ဤသည်မှာ သင်တို့၏ လက်ရှိ ဝိညာဥ်ရင့်ကျက်မှုပင် ဖြစ်သည်။ ဤအတွေးများက သင့်စိတ်နှလုံးထဲ၌ အသစ်ဖြစ်သောအခါ ယင်းတို့ကို ထိုးထွင်းသိမြင်ပြီး ခွဲခြားနိုင်သည်။ အကယ်၍ သင်သည် အဆင့်အတန်းကို လိုက်ရန် လှုံ့ဆော်ခံရပါက ဤဆန္ဒကို သင်ကိုယ်တိုင် ထိန်းညှိနိုင်သည်၊ ထိုသို့ဖြင့် အသိစိတ်ပျောက်ကွယ်သွားသော သားရဲတိရစ္ဆာန်ကဲ့သို့ မိမိ၏စံထားရသူနောက် လိုက်နေသည့် အစွဲအလမ်းကြီးသော ပရိသတ်နှင့် တူမည်မဟုတ်တော့ပေ။ ကိုယ်တိုင်ကိုယ်ကျအားဖြင့် သင်သည် ထိုအယူအဆများကို ပိုင်းခြားသိမြင်နိုင်လေသည်။ သင်သည် လူတို့၏ ဝိုင်းရံခြင်းမရှိသောအခါ မည်သည့်စုံစမ်းသွေးဆောင်မှုမျှ မရှိတော့ဘဲ သင်၏ ဇာတိပကတိကို စွန့်လွှတ်နိုင်သည်။ သို့သော် လူတို့က သင့်နောက်လိုက်ဖို့၊ သင့်ပတ်လည်၌ ဝိုင်းရံဖို့၊ သင်၏ နေ့စဉ်လိုအပ်ချက်များကို ဂရုစိုက်ဖို့၊ သင့်ကို ကျွေးမွေးပြီး ဝတ်ဆင်ပေးဖို့နှင့် သင်၏လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့ဆိုပါက အဘယ်သို့ဖြစ်မည်နည်း။ သင်၏စိတ်နှလုံးထဲ၌ မည်သည့်ခံစားချက်များ လှုပ်ရှားလာမည်နည်း။ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ပျော်မွေ့နေမည် မဟုတ်လော။ သို့ဖြစ်လျှင် သင်သည် ဇာတိပကတိကို စွန့်နိုင်ဦးမည်လော။ လူတို့က သင့်ပတ်လည်တွင် စုပြုံသောအခါ၊ သင်သည် ကြယ်တစ်ပွင့်ကဲ့သို့ သင့်ပတ်လည်တွင် ၎င်းတို့ ဝိုင်းရံနေသောအခါ သင်၏အဆင့်အတန်းကို သင်မည်သို့ကိုင်တွယ်မည်နည်း။ သင်၏ အသိစိတ်ထဲက အရာများ၊ ဆိုလိုသည်မှာ သင်၏ အတွေးနှင့် စိတ်ကူးများ အကြားရှိအရာများ— အဆင့်အတန်းအား တန်ဖိုးထားခြင်း၊ အဆင့်အတန်းအား မွေ့လျော်ခြင်း၊ အဆင့်အတန်းအတွက် လောဘကြီးခြင်း သို့မဟုတ် အရူးအမူးစွဲလမ်းခြင်း— ဤအရာများအား တွေ့ရှိရန် သင်၏ စိတ်နှလုံးကို စစ်ဆေးနိုင်သလော။ ယင်းတို့ကို သင်သတိပြုမိနိုင်သလော။ သင်သည် သင့်စိတ်နှလုံးထဲမှ ဤအရာများကို စစ်ကြောပြီး သတိပြုနိုင်ပါက သင်သည် ထိုအခြေအနေ၌ ဇာတိပကတိကို စွန့်လွှတ်နိုင်မည်လော။ သင်၌ သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် ဆန္ဒမရှိပါက သင်သည် ဤအရာများကို မသိကျိုးကျွန်ပြုမည်မဟုတ်ပါ။ ၎င်းတို့ကို မွေ့လျော်ပြီး အကြိုက်တွေ့လိမ့်မည်။ ကိုယ့်ကိုယ်ကို ကျေနပ်မှုအပြည့်ဖြင့် သင်သည် “ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် အဆင့်အတန်းရှိခြင်းက အမှန်တကယ် ကောင်းမွန်ပေသည်။ ခေါင်းဆောင်နှင့် အမှုဆောင်တစ်ဦးအနေဖြင့် လူတိုင်းက ကျွန်ုပ်ပြောသည့်အတိုင်း လုပ်ကြသည်။ ထူးကဲသော ခံစားချက်ပါတကား။ ငါသည် ဤလူတို့ကို ဦးဆောင်ပြီး ရေလောင်းပေးသောသူဖြစ်၏။ ယခု သူတို့သည် ကျွန်ုပ်ကို နာခံနေကြပြီ။ အရှေ့သို့ သွားလော့ဟုဆိုသောအခါ မည်သူမျှ အနောက်သို့မသွားပေ။ ဆုတောင်းလော့ဟု ဆိုသောအခါ မည်သူမျှ သီချင်းမဆိုဝံ့ကြပေ။ ယင်းသည် အောင်မြင်မှုတစ်ခုဖြစ်သည်။” ဟု ဆိုလိမ့်မည်။ ထို့နောက် သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို စတင်၍ မွေ့လျော်ပြီးဖြစ်လိမ့်မည်။ သို့ဆိုလျှင် အဆင့်အတန်းသည် သင့်အတွက် မည်သည့်အရာ ဖြစ်တော့မည်နည်း။ (အဆိပ်ဖြစ်တော့မည်။) အဆိပ်ဖြစ်သော်ငြားလည်း ၎င်းကို ကြောက်ရွံ့ရန် မလိုအပ်ပေ။ ဤအခြေအနေတွင် သင်သည် မှန်ကန်သောလိုက်စားမှုနှင့် မှန်ကန်သော ကျင့်သုံးမှုနည်းလမ်းရှိရန် လိုအပ်သည်မှာ အတိအကျပင်ဖြစ်သည်။ များသောအားဖြင့် လူတို့တွင် အဆင့်အတန်းရှိသော်လည်း ၎င်းတို့ရဲ့အလုပ်က ရလဒ်များ မရသေးသောအခါ “ကျွန်ုပ်သည် အဆင့်အတန်းကို မနှစ်သက်၊ ထို့ပြင် ထိုအဆင့်အတန်းက ကျွန်ုပ်အား ပေးသမျှအရာတိုင်းကို မနှစ်သက်” ဟု သူတို့ဆိုလိမ့်မည်။ သို့သော်လည်း ၎င်းတို့၏အလုပ်သည် အောင်မြင်မှုအနည်းငယ်ကို ပြသပြီး ၎င်းတို့၏အဆင့်အတန်းက လုံခြုံပြီဟု ခံစားသည်နှင့်တစ်ပြိုက်နက် အသိစိတ်ဆုံးရှုံးပြီး အဆင့်အတန်းက ဆောင်ကျဥ်းပေးသည့် အကျိုးကျေးဇူးများကို ခံစားကြတော့သည်။ သင်သည် စုံစမ်းသွေးဆောင်မှုကို သတိပြုမိနိုင်သောကြောင့်ပင် ဇာတိကပတိကို စွန့်လွှတ်နိုင်သည်ဟု သင်ယုံကြည်သလော။ သင်၌ ထိုဝိညာဥ်ရင့်သန်မှုမျိုး တကယ်ရှိသလော။ အမှန်မှာ သင်၌ မရှိပေ။ သင်၏ သတိပြုမိခြင်းနှင့် စွန့်လွှတ်ခြင်းကို လူ၏အသိတရားနှင့် လူသားတို့ပိုင်ဆိုင်ထားသော အခြေခံ ဆင်ခြင်တုံတရားအားဖြင့်သာလျှင် ရရှိခြင်းဖြစ်သည်။ ယင်းတို့မှာ သင့်အား ဤနည်းအတိုင်း မလုပ်ဆောင်ရန် ပြောသောအရာများဖြစ်သည်။ ယင်းသည် သင့်ကိုကူညီသော သို့မဟုတ် သင့်ကို မှားယွင်းသောလမ်းကြောင်းမှ လွှဲဖယ်ပေးသော ဘုရားသခင်၌ ယုံကြည်မှုကို တွေ့ရှိခြင်းမှ သင်ရရှိသည့် အသိတရားစံနှုန်းနှင့် ဆင်ခြင်တုံတရားနည်းလမ်း ဖြစ်သည်။ ဤအတွက် ဆက်စပ်သည့် အကြောင်းအရာကား အဘယ်နည်း။ သင်သည် အဆင့်အတန်းကို နှစ်သက်သော်လည်း မရရှိသေးသောအခါ သင်သည် သင်၏ အသိတရားနှင့် ဆင်ခြင်နိုင်စွမ်း အနည်းငယ်ကို ပိုင်ဆိုင်ထားနိုင်သေးခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် သင့်ကို ချုပ်တည်းနိုင်သေးကာ အဆင့်အတန်းအား ပျော်မွေ့ခြင်းသည် မကောင်းသည့်အပြင် သမ္မာတရားနှင့် မကိုက်ညီကြောင်း၊ ယင်းသည် မှန်ကန်သောနည်းလမ်း မဟုတ်သည့်အပြင် ဘုရားသခင်ကို ဆန့်ကျင်ပြီး သူ့ကို မကျေနပ်စေကြောင်း သဘောပေါက်စေနိုင်သည်။ သင်၌ ပြသစရာ အောင်မြင်မှုများနှင့် ကောင်းကျိုးများမရှိသော ဇာတိပကတိကို စွန့်ပယ်နိုင်သော်လည်း သင်၌ ချီးမွမ်းထိုက်သော အလုပ်ကို ပြီးမြောက်သည်နှင့်တစ်ပြိုင်နက် သင်၏ရှက်စိတ်၊ သင်၏အသိတရား၊ သင်၏ ဆင်ခြင်တုံတရားနှင့် သင်၏ ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆများက သင့်ကို ချုပ်တည်းထားမည်လော။ သင်ပိုင်ဆိုင်သော အသိတရားစံနှုန်းလေးက ဘုရားသခင်ကို ကြောက်ရွံ့သော နှလုံးသား၏ အနီးအနားသို့ မရောက်သည့်အပြင် သင်၏သေးငယ်သော ယုံကြည်ခြင်းက လုံးဝ အရာရောက်မည် မဟုတ်ပေ။ ထို့ကြောင့် ယခု သင်ပိုင်ဆိုင်သော ထိုအသိတရားအနည်းငယ်သည် သမ္မာတရား၏ စစ်မှန်မှုနှင့် ညီမျှနေသလော။ မညီမျှသည်မှာ သိသာ၏။ ထို့အပြင် ယင်းသည် သမ္မာတရား၏ စစ်မှန်မှု မဟုတ်သောကြောင့် သင်တတ်စွမ်းနိုင်သောအရာသည် လူ၏အသိတရားနှင့် လူ၏ဆင်ခြင်တုံတရားတို့၏ အကန့်အသတ်များမှသာလျှင် လာခြင်းဖြစ်သည်။ သင်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စစ်မှန်မှုကို ယခုမရရှိသဖြင့် သင်တို့တွင် အဆင့်အတန်းနှင့် တရားဝင်ရာထူးများရရှိပါက သင်တို့ မည်ကဲ့သို့ ဖြစ်လာမည်နည်း။ သင်တို့သည် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်မည်လော။ (ယင်းသည် မသေချာပေ။) ဤအချိန်က အကြီးမားဆုံး အန္တရာယ်ဖြစ်၏။ ဤသည်ကို သင်တို့ ရှင်းလင်းစွာ မြင်နိုင်သလော။ ခေါင်းဆောင်တစ်ဦးနှင့် အမှုဆာင်တစ်ဦး ဖြစ်ရသည်မှာ အန္တရာယ်ရှိသလော၊ ငါ့ကိုပြောလော့။ (ရှိပါသည်။) အန္တရာယ်ကိုသိလျက်ပင် သင်တို့သည် ဤတာဝန်ကို ထမ်းဆောင်လိုစိတ် ရှိသေးသလော။ (ရှိပါသေးသည်။) တာဝန်ကို ထမ်းဆောင်လိုစိတ်ရှိခြင်းသည် လူသား၏ဆန္ဒဖြစ်ပြီး ယင်းက အပြုသဘောဆောင်သောအရာ ဖြစ်၏။ သို့သော်လည်း ဤအပြုသဘောဆောင်သည့် အရာတစ်ခုတည်းက သင့်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခွင့်ပြုမည်လော။ ဇာတိပကတိအလိုကို စွန့်နိုင်ပါမည်လော။ လူ၏ ကောင်းသောရည်ရွယ်ချက်များနှင့် လူ့စိတ်အလိုကို အားကိုးပြီး လူ့ဆန္ဒများနှင့် စိတ်ကူးများကို အားကိုးခြင်းဖြင့် သင်၏စိတ်ဆန္ဒကို ပြည့်စုံစေရန် ဆောင်ကြဉ်းပေးနိုင်မည်လော။ (မဆောင်ကြဥ်းပေးနိုင်ပါ။) သို့ဆိုလျှင် သင်၏ဆန္ဒများ၊ သင်၏စိတ်ကူးများနှင့် သင့်စိတ်အလိုတို့ကို သင်၏ စစ်မှန်မှုနှင့် သင်၏ တကယ့် ဝိညာဥ်ရင့်ကျက်မှုသို့ ရောက်စေရန် သင်တို့ ဘာလုပ်ရမည်ကို စဉ်းစားရပါမည်။ ယင်းက အမှန်တွင် ပြဿနာကြီးကြီးမားမား မဟုတ်ပေ။ စစ်မှန်သောပြဿနာမှာ လူသား၏ လက်ရှိအခြေအနေနှင့် ဝိညာဥ်ရင့်ကျက်မှုကို ထောက်ရှုပြီး၊ သူ၏ လူ့သဘာဝအရည်အသွေးများကို ထောက်ရှုရလျှင် သူသည် ဘုရားသခင်၏ နှစ်သက်လက်ခံမှု သတ်မှတ်ချက်များကို ကျေနပ်စေရန် အလှမ်းဝေးနေခြင်းဖြစ်သည်။ သင်တို့၏ လူ့စရိုက်လက္ခဏာသည် သမ္မာတရားကို လိုက်လျှောက်လိုသော ဆန္ဒမဟုတ်ဘဲ အသိတရားနှင့် ဆင်ခြင်တုံတရားသာလျှင် ဖြစ်သည်။ သင်၏တာဝန်ကို ထမ်းဆောင်သည့်အခါ သင်သည် အရေးမထားလိုသည့် သို့မဟုတ် ဝတ်ကျေတမ်းကျေ လုပ်လိုသည့် ဆန္ဒရှိကောင်းရှိမည် မဟုတ်သည်သာမက၊ ဘုရားသခင်ကို လှည့်ဖြားရန် ကြိုးစားလိုသည့် ဆန္ဒလည်းရှိမည် မဟုတ်သော်လည်း ထိုသို့ပြုလိမ့်မည်ဖြစ်သည်။ သင်တို့၏ လက်ရှိ တကယ့်အခြေအနေနှင့် ဝိညာဥ်ရင့်ကျက်မှုကို ထောက်ရှုလျှင် သင်သည် အန္တရာယ်ရှိသော နေရာသို့ ရောက်နေပြီဖြစ်သည်။ အဆင့်အတန်းရှိခြင်းက အန္တရာယ်ရှိပြီး မရှိခြင်းက ဘေးကင်းသည်ဟူသည်ကို သင်ဆက်ထိန်းထားနိုင်မည်လော။ အမှန်တွင် အဆင့်အတန်း မရှိခြင်းသည်လည်း အန္တရာယ်ရှိ၏။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် သင်အသက်ရှင်နေသမျှ ကာလပတ်လုံး သင်သည် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ သို့ဆိုလျှင် ခေါင်းဆောင်မဟုတ်သောသူများက လုံခြုံလျက် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းကသာ အန္တရာယ်ရှိသည့်သဘောလော။ (မဟုတ်ပါ။) သင်သည် သမ္မာတရားကို လိုက်စားသူမဟုတ်၊ သမ္မာတရား၏ စစ်မှန်မှုကို စိုးစဥ်းမျှမပိုင်ဆိုင်ပါက သင်သည် ခေါင်းဆောင်တစ်ဦး ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အန္တရာယ်ကျရောက်နေသည်။ ထို့ကြောင့် ဤအန္တရာယ်မှ လွတ်မြောက်ရန် သမ္မာတရားကို မည်သို့ လိုက်စားသင့်သနည်း။ ဤမေးခွန်းကို သင်တို့ စဉ်းစားဖူးသလော။ သင့်တွင် ဆန္ဒအနည်းငယ်သာရှိပြီး စည်းမျဥ်းအချို့ကို လိုက်နာရုံသာဆိုလျှင် ယင်းက အလုပ်ဖြစ်မည်လော။ ဤနည်းဖြင့် သင်အမှန်တကယ် ဘေးအန္တရာယ်အနေအထားမှ လွတ်မြောက်နိုင်မည်လော။ ရေတိုတွင် အလုပ်ဖြစ်နိုင်သော်လည်း ရေရှည်တွင် မည်သည့်အရာ ဖြစ်လာမည်ကို ပြောဖို့ခက်သည်။ သို့ဆိုလျှင် ဘာလုပ်ရမည်နည်း။ သမ္မာတရားကို လိုက်လျှောက်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု အချို့က ဆိုကြသည်။ ဤသည်မှာ လုံးဝမှန်ကန်သော်လည်း ယင်း၏စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် မည်သည့်နည်းဖြင့် လိုက်လျှောက်ရမည်နည်း။ လူ၏အသက်က မည်သို့ကြီးထွားနိုင်မည်နည်း။ ဤအရာတစ်ခုမျှ ရိုးရှင်းသော ကိစ္စများမဟုတ်ပေ။ ပထမဆုံးအနေဖြင့် သမ္မာတရားကို နားလည်ရမည်၊ ထို့နောက် ယင်းကို လက်တွေ့လုပ်ဆောင်ရမည်။ သမ္မာတရားကို နားလည်သရွေ့ ဤပြဿနာများတစ်ဝက်က ဖြေရှင်းပြီးသားဖြစ်သည်။ သူတို့သည် မိမိတို့၏ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ယင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်ဖြစ်သည်။ သူတို့သည် သူတို့နေထိုင်နေသော ဘေးအန္တရာယ်ကို ခံစားမိလိမ့်မည်။ သမ္မာတရားကို လိုလိုလားလား လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုသည် လူတစ်ဦးအား ဘုရားသခင်ကို နာခံမှုဆီသို့ အလိုအလျောက် ပို့ဆောင်ပေးသည်။ ဘုရားသခင်ကို နာခံသူသည် အန္တရာယ်ကင်းသလော။ သင်သည် အမှန်တကယ် အဖြေလိုအပ်သလော။ ဘုရားသခင်ကို အမှန်တကယ် နာခံသူများသည် ဘုရားသခင်ကို သစ္စာဖောက်ရန်ဝေးစွ၊ ဘုရားသခင်အား ပုန်ကန်ခြင်း သို့မဟုတ် ဆန့်ကျင်ခြင်း ပြုမည်မဟုတ်တော့ပေ။ သူတို့၏ကယ်တင်ခြင်းသည် သေချာပြီဖြစ်သည်။ ထိုသို့သောလူသည် လုံးလုံးလျားလျား အန္တရာယ်ကင်းသည်မဟုတ်လော။ ထို့ကြောင့် ပြဿနာများကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ သမ္မာတရားကိုခံယူရန် တည်ကြည်လေးနက်မှုကို သယ်ဆောင်ပြီး သမ္မာတရားထဲသို့ ကြိုးပမ်းအားထုတ်မှုကို ထည့်သွင်းရန်ပင်ဖြစ်သည်။ လူတို့က သမ္မာတရားကို အမှန်တကယ် နားလည်ထားလျှင် ပြဿနာအားလုံး ပြေလည်သွားလိမ့်မည်။

သင်တို့အတွက် ခေါင်းဆောင်တစ်ဦးနှင့် အမှုဆောင်တစ်ဦး ဖြစ်ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာက ထူးခြားသနည်း။ (တာဝန်ပိုယူခြင်းဖြစ်သည်။) တာဝန်ယူမှုမှာ ယင်း၏ အစိတ်အပိုင်းဖြစ်သည်။ ဤသည်မှာ သင်တို့အားလုံး သတိရှိနေသည့်အရာ ဖြစ်သည်၊ သို့သော် သင်၏တာဝန်များကို သင်မည်ကဲ့သို့ ကောင်းစွာ ဖြည့်ဆည်းနိုင်မည်နည်း။ မည်သည့်နေရာမှ စတင်ရမည်နည်း။ ဤတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းသည် အမှန်အားဖြင့် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ “တာဝန်ယူမှု” ဟူသော စကားလုံးသည် ၎င်းနှင့်ပတ်သက်သည့် ထူးခြားမှုတစ်ခု ရှိနေသယောင် ထင်ရသော်လည်း နောက်ဆုံးစိစစ်တွေ့ရှိမှုအရ ယင်းသည် မိမိ၏တာဝန်ပင်ဖြစ်သည်။ သင်တို့အတွက် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းမှာ မလွယ်ကူပေ၊ အဘယ့်ကြောင့်ဆိုသော် သင်တို့အနေဖြင့် ဖြတ်ကျော်သွားရန် အခက်ခဲဆုံးဖြစ်သည့် အဆင့်အတန်းအတားအဆီးကဲ့သို့သော သင့်ကို အဟန့်အတားဖြစ်စေသည့်အရာများ သင့်ရှေ့တွင် များစွာရှိနေသောကြောင့်ဖြစ်သည်။ သင်၌ မည်သည့်အဆင့်အတန်းမျှ မရှိဘဲ သာမန်ယုံကြည်သူသာ ဖြစ်ပါက ပို၍နည်းပါးသော စုံစမ်းသွေးဆောင်မှုများ ကြုံတွေ့ရနိုင်ပြီး သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။ သာမာန်လူများကဲ့သို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ခြင်းနှင့် သင်၏တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရင်း နေ့တိုင်း ဝိညာဉ်ရေးအသက်တာဖြင့် အသက်ရှင်နိုင်သည်။ ဤသည်မှာ လုံလောက်ပေ၏။ သို့သော် အကယ်၍ သင်၌ အဆင့်အတန်းရှိပါက သင်သည် ထိုအဆင့်အတန်းကပေးသည့် အတားအဆီးကို ဦးစွာ ဖြတ်ကျော်ရပါမည်။ ဤစမ်းသပ်မှုကို ဦးစွာ အောင်မြင်ရမည်။ ဤအတားအဆီးကို မည်သို့ဖြတ်ကျော်နိုင်မည်နည်း။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူ့အထဲ၌ နက်ရှိုင်းစွာ အမြစ်တွယ်နေသောကြောင့် သာမာန်လူများအတွက် ဤအရာက မလွယ်ကူပေ။ လူတို့အားလုံးသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် နေထိုင်ကြပြီး ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းအား ပင်ကိုယ်အားဖြင့် စွဲမက်ကြသည်။ ထိုသို့သော အခက်အခဲနှင့် အဆင့်အတန်းကို နောက်ဆုံး ရရှိပြီးနောက် ယင်း၏အကျိုးကျေးဇူးများကို မည်သူသည် အပြည့်အဝ မမွေ့လျော်ဘဲနေမည်နည်း။ သင့်စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး အနည်းဆုံး ဘုရားသခင်ကို ကြောက်ရွံ့ခြင်း စိုးစဥ်းမျှရှိပါက သင်သည် သင့်အဆင့်အတန်းကို ဂရုတစိုက်နှင့် သတိကြီးစွာ ကိုင်တွယ်မည်ဖြစ်ကာ သင်၏ တာဝန်ထမ်းဆောင်မှုတွင်လည်း သမ္မာတရားကို ရှာဖွေနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သည် သင့်စိတ်နှလုံးထဲတွင် နေရာမရှိသကဲ့သို့ သင်၏ တာဝန်ထမ်းဆောင်မှုကိုလည်း အဟန့်အတားဖြစ်စေမည် မဟုတ်ပေ။ သင်သည် ဝိညာဥ်ရင့်သန်မှု အလွန်သေးငယ်ပါက မကြာခဏ ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မိမိကိုယ်ကို ထိန်းထားရပေမည်။ အချို့သော အရာများကို လုပ်ဆောင်ရန်နည်းလမ်းများ သို့မဟုတ် အချို့သော ပတ်ဝန်းကျင်နှင့် အချို့သော စုံစမ်းသွေးဆောင်မှုများကို သတိရှိရှိ ရှောင်ရှားရန် နည်းလမ်းများ ရှာဖွေရမည်ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သည်ဆိုပါစို့။ သင်သည် သာမန်ညီအစ်ကို မောင်နှမများအချို့နှင့် ပေါင်းသင်းဆက်ဆံသောအခါ သင်သည် ၎င်းတို့ထက် အတော်လေးသာလွန်သည်ဟု သူတို့ ထင်ကြသည်မဟုတ်လော။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ယင်းကို ဤနည်းအတိုင်း မြင်ကြမည်ဖြစ်ပြီး ဤသည်မှာ သင့်အတွက် စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။ ဤသည်မှာ စမ်းသပ်မှုမဟုတ်၊ စုံစမ်းသွေးဆောင်မှုတစ်ခုပင် ဖြစ်ချေ၏။ သင်သည်လည်း ၎င်းတို့ထက်သာလွန်သည်ဟု သင်ယုံကြည်ပါက ဤသည်မှာ အလွန်အန္တရာယ်ရှိသည်၊ သို့သော် ၎င်းတို့သည် သင်နှင့် တန်းတူဖြစ်သည်ဟု သင်ထင်ပါက သင်၏စိတ်ဓာတ်သည် ပုံမှန်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ နှောက်ယှက်ခြင်းခံရမည်မဟုတ်ပေ။ ခေါင်းဆောင်တစ်ဦးအဖြစ် သင်၏အဆင့်အတန်းသည် ၎င်းတို့အဆင့်အတန်းထက် ပို၍ကြီးမြတ်သည်ဟု သင်ထင်ပါက သူတို့ သင့်ကို မည်သို့ဆက်ဆံကြမည်နည်း။ (သူတို့က ခေါင်းဆောင်ကို ကြည်ညိုကြလိမ့်မည်။) သူတို့က သင့်ကို ကြည်ညိုလေးစားရုံဖြစ်ပြီး ဘာမျှမပိုတော့သလော။ မဟုတ်ပေ။ သူတို့သည် ထိုအပေါ်မူတည်၍ ပြောဆိုလုပ်ဆောင်ရတော့မည်။ ဥပမာအားဖြင့်၊ သင်အအေးမိပြီး သာမန် ညီအစ်ကို မောင်နှမတစ်ဦးလည်း အအေးမိပါက မည်သူ့ကို ဦးစွာဂရုစိုက်မည်နည်း။ (ခေါင်းဆောင်ကိုဖြစ်သည်။) ယင်းက ဦးစားပေးခြင်းမဟုတ်သလော။ ဤသည်မှာ အဆင့်အတန်း၏ အကျိုးကျေးဇူးများထဲမှ တစ်ခုမဟုတ်လော။ အကယ်၍ သင်သည် ညီအစ်ကို သို့မဟုတ် နှမတစ်ဦးနှင့် အငြင်းပွားမှုဖြစ်လျှင် သင့်အဆင့်အတန်းကြောင့် သင့်အား မျှတစွာဆက်ဆံကြမည်လော။ အမှန်တရားဘက်မှ ရပ်တည်ကြမည်လော။ (မရပ်တည်တော့ပါ။) ဤအရာများသည် သင်ရင်ဆိုင်နေရသော စုံစမ်းသွေးဆောင်မှုများဖြစ်သည်။ ယင်းတို့ကို သင်ရှောင်နိုင်သလော။ ဤအရာကို သင်မည်သို့ ဖြေရှင်းသင့်သနည်း။ အကယ်၍ တစ်စုံတစ်ယောက်က သင့်အား ညံ့ဖျင်းစွာဆက်ဆံလျှင် သင်သည် ၎င်းတို့အား နှစ်သက်မည်မဟုတ်ဘဲ ၎င်းတို့အား မည်သို့တိုက်ခိုက်ရမည်၊ မည်သို့ဖယ်ထုတ်ပြီး မည်သို့လက်စားချေရမည်ကို စဉ်းစားကောင်း စဥ်းစားမည်ဖြစ်သည်၊ အမှန်တွင် ထိုလူနှင့်ပတ်သက်၍ အမှားအယွင်းမရှိပေ။ အခြားတစ်ဖက်တွင်၊ အချို့သောလူတို့က သင့်ကို မြှောက်ပင့်တတ်ပြီး သင်သည် ယင်းကို မကန့်ကွက်သည်သာမက ထိုခံစားချက်ကို အမှန်ပင် ပျော်မွေ့ကောင်း ပျော်မွေ့မည်ဖြစ်သည်။ ယင်းက ဒုက္ခပေးနေသည် မဟုတ်လော။ ထိုသူတို့သည် သင်၏ လူယုံဖြစ်လာပြီး သင်၏အမိန့်ကို ပြုလုပ်ရန်အတွက် သင့်အား မြှောက်ပင့်သူများကို ချက်ချင်းပင် စတင်၍ ရာထူးတိုးကာ လေ့ကျင့်သင်ကြားမည် မဟုတ်လော။ ထိုသို့ပြုပါက သင်သည် မည်သည့်လမ်းကြောင်း၌ ရှိနေတော့မည်နည်း။ (အန္တိခရစ်များ၏ လမ်းကြောင်းဖြစ်သည်။) ဤစုံစမ်းသွေးဆောင်မှုများထဲသို့ သင်ကျရောက်ပါက အန္တရာယ်ရှိနေပြီဖြစ်သည်။ သင်၏ ပတ်လမ်းထဲတွင် တစ်နေ့လုံး လူများရှိနေခြင်းသည် ကောင်းသောအရာတစ်ခုလော။ အချို့လူများက ခေါင်းဆောင်ဖြစ်လာပြီးနောက် ကိုယ့်အလုပ်ကိုယ်မလုပ် သို့မဟုတ် လက်တွေ့ရင်ဆိုင်ရသော ပြဿနာများကို မဖြေရှင်းကြကြောင်း ငါကြားပြီးပြီ။ ထို့အစား သူတို့စဉ်းစားသမျှမှာ ဇာတိပကတိ၏ သာယာမှုများဖြစ်သည်။ တစ်ခါတစ်ရံ သူတို့၏ ညစ်ပတ်သောအဝတ်အစားများကို အခြားသူများအား လျှော်ဖွပ်စေလျက် သူတို့အတွက် သီးသန့်လုပ်ထားသော အစားအစာများကိုပင် စားကြသည်။ အချိန်ကာလတစ်ခုအပြီး သူတို့သည် ဖော်ထုတ်ခံရခြင်းနှင့် ဇာတ်သိမ်းကာ အထုတ်ခံကြရသည်။ သင်တို့သည် ဤအရာမျိုးကို ကြုံတွေ့ရလျှင် ဘာလုပ်သင့်သနည်း။ သင်သည် အဆင့်အတန်းကို ပိုင်ဆိုင်ပါက လူတို့ သင့်ကို မြှောက်ပင့်ပေးကာ သင့်ကို အထူးအရေးစိုက်မှုနှင့် ဆက်ဆံကြလိမ့်မည်။ သင်သည် ဤစုံစမ်းသွေးဆောင်မှုများကို ကျော်လွှားနိုင်ပြီး ငြင်းဆန်နိုင်ကာ သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ လူတို့ကို တရားမျှတစွာ ဆက်လက်၍ ဆက်ဆံနိုင်ပါက ဤအရာက သင်သည် မှန်ကန်သော လူအမျိုးအစားဖြစ်ကြောင်းကို သက်သေပြသည်။ သင်သည် အဆင့်အတန်းကို ပိုင်ဆိုင်ပါက လူအချို့က သင့်ကို ကြည်ညိုကြလိမ့်မည်။ သူတို့သည် သင့်ပတ်လယ်တွင် အမြဲနေကာ ဖော်လံဖားပြီး မြှောက်ပင့်ကြလိမ့်မည်။ ဤသည်ကို သင်အဆုံးသတ်နိုင်သလော။ ထိုသို့သော အခြေအနေများကို သင်တို့ မည်သို့ကိုင်တွယ်မည်နည်း။ သင်တို့သည် ဂရုစိုက်ဖို့ မလိုအပ်သော်လည်း တစ်စုံတစ်ယောက်က သင်တို့အား “ဖေးမသောလက်တစ်စုံ” ကို ကမ်းပေးပြီး သင်တို့အား အလိုဖြည့်ပေးပါက သင်တို့သည် အဆင့်အတန်းရှိခြင်းက သင့်ကို ထူးခြားစေသည်၊ ထို့ပြင် အရေးပေးဆက်ဆံမှုကို အပြည့်အဝခံစားဖို့ဖြစ်သည်ဟု စဥ်းစားကာ တိတ်တဆိတ် ဝမ်းမြောက်မိပေမည်။ ထိုကဲ့သို့သောအရာများ ဖြစ်တတ်သည် မဟုတ်လော။ ဤအရာက တကယ့်ပြဿနာမဟုတ်သလော။ ထိုသို့သောအရာများကို သင်ကြုံရသောအခါ သင်၏စိတ်နှလုံးက သင့်ကို အပြစ်တင်သလော။ ရွံရှာစက်ဆုပ်ဖွယ်ရာ ခံစားရသလော။ တစ်စုံတစ်ယောက်သည် ရွံရှာစက်ဆုပ်ဖွယ် မခံစား၊ ယင်းကို မငြင်းပယ်ဘဲ စိတ်နှလုံး၌ စွပ်စွဲခြင်းနှင့် ပြစ်တင်ခြင်းမှ ကင်းလွတ်သော်လည်း၊ ထို့အစား ဤအရာများကို ပျော်မွေ့လိုပြီး အဆင့်အတန်းရှိခြင်းက ကောင်းသည်ဟု ခံစားနေလျှင် ထိုကဲ့သို့သောသူ၌ အသိတရားရှိသလော။ သူတို့၌ ဆင်ခြင်တုံတရားရှိသလော။ ဤသူသည် သမ္မာတရားကို ရှာဖွေသောသူလော။ (မဟုတ်ပါ။) ဤအရာက ဘာကိုပြသနည်း။ ဤသည်မှာ အဆင့်အတန်း၏ အကျိုးကျေးဇူးများကို တပ်မက်ခြင်းဖြစ်၏။ ဤအရာသည် သင့်ကို အန္တိခရစ်အဖြစ် မသတ်မှတ်သော်လည်း သင်သည် အန္တိခရစ်များ၏ လမ်းကြောင်း၌ စလျှောက်နေပြီဖြစ်သည်။ အရေးပေးဆက်ဆံမှုကို သင်မွေ့လျော်နေကျ ဖြစ်လာသောအခါ တစ်နေ့တွင် ထိုကဲ့သို့ အရေးပေးဆက်ဆံမှုကို မရရှိနိုင်တော့ပါက သင်စိတ်ဆိုးမည်မဟုတ်လော။ ညီအစ်ကို မောင်နှမအချို့က ဆင်းရဲပြီး သင့်ကိုဧည့်ခံဖို့ ပိုက်ဆံမရှိလျှင် သင်သည် ၎င်းတို့ကို မျှမျှတတ ဆက်ဆံမည်လော။ အကယ်၍ ၎င်းတို့က သင့်ကိုမကျေနပ်စေသည့် အမှန်တရားတစ်ခုကို သင့်အားပြောပါက သင်သည် ၎င်းတို့အပေါ် သြဇာအာဏာကို အသုံးပြုပြီး ၎င်းတို့အား မည်ကဲ့သို့ အပြစ်ပေးရမည်ကို တွေးတောနေမည်လော။ ၎င်းတို့ကိုတွေ့သောအခါ မကျေနပ်မှုကို ခံစားရပြီး သင်ခန်းစာပေးလိုစိတ်ရှိမည်လော။ ဤအတွေးများ သင့်ထံရောက်လာသောအခါ သည်သည် မကောင်းမှုကျူးလွန်ဖို့ မဝေးတော့သည်မဟုတ်လော။ လူတို့အနေဖြင့် အန္တိခရစ်တို့၏လမ်းကြောင်းကို လျှောက်လှမ်းရန် လွယ်ကူသလော။ အန္တိခရစ်ဖြစ်လာဖို့ လွယ်ကူသလော။ (လွယ်ကူသည်။) ဤသည်မှာ ဒေါပွစရာအလွန်ကောင်း၏။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အရာခပ်သိမ်း၌ သမ္မာတရားကို မရှာဖွေပါက သင်တို့သည် အန္တိခရစ်တို့၏လမ်းကြောင်းကို လျှောက်လှမ်းနေပေသည်။

လူအချို့သည် ဘုရားသခင်၏အလုပ်ကို နားမလည်ကြသည့်အပြင် ဘုရားသခင်က မည်သူ့ကို မည်သို့ ကယ်တင်မည်ကို မသိကြပေ။ လူအားလုံးသည် အန္တိခရစ်များ၏ စိတ်သဘောထားရှိကြပြီး အန္တိခရစ်၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနိုင်သည်ကို သူတို့မြင်ကြပြီး၊ ထို့ကြောင့် ထိုသို့သောလူများသည် ကယ်တင်ခြင်းမျှော်လင့်ချက်မရှိရဟု ထင်မှတ်သည်။ အဆုံးတွင် သူတို့အားလုံးသည် အန္တိခရစ်များအဖြစ် စီရင်ခြင်းခံရလိမ့်မည်။ ထိုသူတို့သည် ကယ်တင်ခြင်းသို့ မရောက်နိုင်ဘဲ အားလုံးပျက်စီးကြရမည်။ ထိုသို့သော အတွေးအမြင်များသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) သို့ဆိုလျှင် ဤပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရမည်နည်း။ ဦးစွာ သင်သည် ဘုရားသခင်၏ အလုပ်ကို နားလည်မှုရှိရမည်။ ဘုရားသခင် ကယ်တင်သောသူမှာ ဖောက်ပြန်ပျက်စီးသောလူကို ဖြစ်၏။ ဖောက်ပြန်ပျက်စီးသောသူသည် အန္တိခရစ်တို့၏လမ်းကြောင်းကို လျှောက်ပြီး ဘုရားသခင်ကို တွန်းလှန်နိုင်သည်။ ထို့အတွက်ကြောင့် သူသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ထို့ကြောင့် အန္တိခရစ်တို့၏လမ်းကြောင်းကို လိုက်မည့်အစား ဘုရားသခင်နောက်သို့ လူကို မည်သို့ အမှန်တကယ် လိုက်စေနိုင်သနည်း။ သူသည် သမ္မာတရားကို နားလည်ခြင်း၊ စစ်ကြောပြီး မိမိကိုယ်မိမိသိခြင်း၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိခြင်းနှင့် မိမိ၏ ဆိုးယုတ်သောသဘောကို သိခြင်းရှိရမည်။ ထို့နောက် သူသည် သမ္မာတရားကို ဆက်လက်ရှာဖွေပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်ဖြစ်သည်။ သို့မှသာ သင်သည် အန္တိခရစ်တို့၏ လမ်းကြောင်းကို မလျှောက်လှမ်းဘဲ သင်ကိုယ်တိုင် အန္တိခရစ်ဖြစ်လာခြင်းမှ ရှောင်ကြဉ်ကာ ဘုရားသခင် စက်ဆုပ်ရွံရှာဖွယ်နှင့် ငြင်းပယ်သောသူ ဖြစ်လာခြင်းမှ ရှောင်ကြဉ်ရန် သေချာစေနိုင်မည်ဖြစ်သည်။ ဘုရားသခင်သည် သဘာဝလွန်နည်းလမ်းများဖြင့် အလုပ်မလုပ်ပေ။ ထို့ထက် သူသည် လူတို့၏ စိတ်နှလုံးကို နက်နဲစွာ ရှာဖွေစစ်ဆေးသည်။ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အမြဲခံစားနေပါက ဘုရားသခင်သည် သင့်အား ပြစ်တင်ရှုတ်ချမည်သာဖြစ်သည်။ သင့်ကိုယ်သင် ဆန်းစစ်ကာ ဤအရာသည် သမ္မာတရားနှင့် မကိုက်ညီသည့်အပြင် ဘုရားသခင် မနှစ်သက်ကြောင်း သိရန်အတွက် ဤအပြစ်ကို သင့်အား သတိပြုစေမည်ဖြစ်သည်။ သင်သည် ဤသဘောပေါက်မှုကို ရရှိလာပြီး သင့်ကိုယ်သင် ဆန်းစစ်ကာ သိနားလည်နိုင်ပါက ပြဿနာကို ဖြေရှင်းရန် အခက်အခဲရှိမည်မဟုတ်ပေ။ သို့သော် သင်သည် ထိုကဲ့သို့သော အခြေအနေတွင် အချိန်ကြာမြင့်စွာ အသက်ရှင်ပြီး အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အမြဲခံစားနေပါက၊ ဘုရားသခင်ထံ ဆုတောင်းရန် သို့မဟုတ် သင့်ကိုယ်သင် စစ်ဆေးရန် ပျက်ကွက်ပြီး သမ္မာတရားကို ရှာဖွေရန် ပျက်ကွက်ပါက ဘုရားသခင်သည် မည်သည့်အရာမျှ လုပ်ဆောင်မည်မဟုတ်ပါ။ ကိုယ်တော်သည် သင်နှင့်အတူပါရှိသည်ဟု မခံစားရစေရန် သူက သင့်အား စွန့်ပစ်မည်ဖြစ်သည်။ ဤကဲ့သို့ ဆက်သွားပါက သင်သည် ဘုရားသခင် စက်ဆုပ်ရွံရှာစရာ ဖြစ်လာမည်မှာ သေချာကြောင်း ဘုရားသခင်က သင့်အား နားလည်သဘောပေါက်စေမည်။ ဤလမ်းကြောင်းက မှားယွင်းကြောင်း၊ သင်၏နေထိုင်မှုနည်းလမ်း မှားယွင်းကြောင်းကို ဘုရားသခင်သည် သင့်အား သိစေလိမ့်မည်။ လူတို့အား ထိုသို့သောအသိရှိမှုပေးရာ၌ ဘုရားခသင်၏ ရည်ရွယ်ချက်မှာ မှန်ကန်သောလုပ်ရပ်များနှင့် မှားယွင်းသောလုပ်ရပ်များကို ၎င်းတို့အားသိရှိစေရန်ဖြစ်ပြီး မှန်ကန်သောရွေးချယ်မှု ပြုလုပ်ခွင့်ပေးရန်ဖြစ်သည်။ သို့သော်လည်း လူတစ်ဦးက မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်နိုင်ခြင်း ရှိမရှိသည် ၎င်းတို့၏ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်လေသည်။ ဘုရားသခင်သည် ဤအရာများကို လုပ်ဆောင်သောအခါ သင့်အား သမ္မာတရားကို နားလည်ခြင်းဆီသို့ လမ်းပြပေးသည်၊ သို့သော် ထိုမျှမက ကိုယ်တော်သည် သင့်အတွက် ရွေးချယ်ခွင့်အာဏာကို ချန်ထားခဲ့ကာ ယင်းသည် သင်အနေဖြင့် မှန်ကန်သောလမ်းကြောင်း လျှောက်လှမ်းနေခြင်းရှိမရှိသာ ဖြစ်ပါသည်။ ဘုရားသခင်က သင့်အပေါ် မည်သည့်အခါမျှ သတ်မှတ်ပြဋ္ဌာန်းခြင်း မရှိပါပေ။ သူသည် သင့်ကို ဤအရာထိုအရာ ပြုလုပ်စေလျက် သင့်ကို အတင်းအကြပ် ချုပ်ကိုင်ခြင်း သို့မဟုတ် တစ်စုံတစ်ခုပြုလုပ်ရန် သင့်အား အမိန့်ပေးခြင်း မပြုပါ။ ဘုရားသခင်သည် ထိုသို့မပြုမူ။ သူသည် သင့်ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသည်။ ထိုအချိန်မျိုး၌ ဘာလုပ်သင့်သနည်း။ သင်လုပ်နေသောအရာ မှားနေကြောင်း၊ သင်၏နေထိုင်မှုပုံစံ မှားနေကြောင်း သင်သဘောပေါက်သည့်အခါ မှန်ကန်သော နည်းလမ်းများနှင့်အညီ သင်ချက်ချင်းထ၍ လက်တွေ့လုပ်ဆောင်နိုင်သလော။ ယင်းမှာ အလွန်ခက်လိမ့်မည်။ လူတို့ချစ်မြတ်နိုးသော အရာများသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက်၌ရပ်တည်သော စာတန်၏အတွေးအခေါ်နှင့် ယုတ္တိဗေဒဖြစ်သောကြောင့် ယင်းတွင် တိုက်ပွဲဝင်စရာရှိသည်။ တစ်ခါတစ်ရံတွင် သင်သည် မည်သည့်အရာ မှန်မည်၊ မှားမည်ကိုသိကာ သင့်စိတ်နှလုံးထဲတွင် တိုက်ပွဲတစ်ခုရှိနေသည်။ ထိုတိုက်ပွဲမျိုးရှိနေစဥ် သင်သည် မကြာခဏ ဆုတောင်းရမည်ဖြစ်ပြီး ဘုရားသခင်အား သင့်ကို လမ်းပြစေကာ သင်မလုပ်သင့်သောအရာများကို သိရှိလာစေရန် ဘုရားသခင်အား ဆုံးမခွင့်ပေးလော့။ ထို့နောက်တွင် ထိုသို့သော စုံစမ်းသွေးဆောင်မှုများမှ တက်ကြွစွာ ပြန်လှည့်ကာ၊ ရှောင်ရှားပြီး တိမ်းရှောင်ပါ။ ဤအရာက သင်၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ တိုက်ပွဲအတွင်း သင်သည် အမှားလုပ်မိဦးမည်ဖြစ်ပြီး လမ်းကြောင်းမှားကို လျှောက်ရန် လွယ်ကူသည်။ သင်သည် စိတ်နှလုံးထဲတွင် လမ်းကြောင်းမှန်ကို ရွေးချယ်နိုင်သော်လည်း သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းမည်ဟု မသေချာပေ။ ဤအရာသည် အမှန်တကယ် ဖြစ်သည့်ပုံမဟုတ်လော။ ခဏတာပေါ့လျော့မှုကြောင့် လမ်းကြောင်းမှားကို သင်လျှောက်လိမ့်မည်။ ဤနေရာတွင် ခဏတာ “ပေါ့လျော့မှု” ဟူသည် အဘယ်နည်း။ စုံစမ်းသွေးဆောင်မှုက ကြီးမားလွန်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သင့်အတွက်မှာမူ ဤအရာသည် ဂုဏ်သိက္ခာ သို့မဟုတ် သင့်စိတ်နေစိတ်ထား သို့မဟုတ် အထူးအကြောင်းအရာအချို့ သို့မဟုတ် အထူးပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားခြင်းတို့ပင် ဖြစ်နိုင်သည်။ အလေးနက်ဆုံးအချက်မှာ အမှန်တွင် သင့်ကို လွှမ်းမိုးချုပ်ကိုင်သည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤအရာမှာ သင့်အတွက် လမ်းကြောင်းမှန်ကိုလိုက်ရန် ခက်ခဲစေသည့်အရာ ဖြစ်သည်။ သင့်တွင် ယုံကြည်ချက်အနည်းငယ် ရှိကောင်းရှိနိုင်သော်လည်း အခြေအနေ၏ လှုပ်ခါခြင်းနှင့် ဟိုဖက်သည်ဖက် ယိမ်းထိုးခြင်းကို ခံရဆဲဖြစ်သည်။ သင်သည် ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို မခံရမချင်း၊ အပြစ်ဒဏ်ပေးခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို မခံရမချင်း၊ အတားအဆီးများက သင့်လမ်း၌ ရှုပ်ပွနေပြီး ရှေ့ဆီမှလမ်းကို သင်မတွေ့ရမချင်း သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားခြင်းက လမ်းမှန်မဟုတ်ဘဲ ဘုရားသခင် စက်ဆုပ်ရွံရှာပြီး ကျိန်ဆဲသောအရာဖြစ်ကြောင်း၊ ဘုရားသခင်တောင်းဆိုသော လမ်းကြောင်းကို လျှောက်လှမ်းခြင်းသည် အသက်တာအတွက် သင့်လျော်သောလမ်းဖြစ်ကြောင်းနှင့် ဤလမ်းကို လျှောက်လှမ်းရာ၌ သင်၏ဆန္ဒကို မထားရှိလျှင် လုံးလုံးလျားလျား နှင်ထုတ်ခံရမည်ဖြစ်ကြောင်း သင်သဘောပေါက်လိမ့်မည် မဟုတ်ပေ။ လူတို့သည် ခေါင်းတလားကို မတွေ့မချင်း မငိုကြပေ။ သို့ရာတွင် ဤတိုက်ပွဲဖြစ်နေစဥ် လူတစ်ဦးသည် ကြီးမားသော ယုံကြည်ခြင်း၊ ပူးပေါင်းဆောင်ရွက်ရန် ခိုင်မာသောသန္နိဋ္ဌာန်နှင့် သမ္မာတရားကို လိုက်လျှောက်လိုစိတ်ရှိပါက ဤစုံစမ်းသွေးဆောင်မှုများကို ကျော်လွှားရန် သူ့အတွက် ပိုမိုလွယ်ကူမည်ဖြစ်သည်။ သင်၏ ပဓာနကျသော အားနည်းချက်မှာ ဂုဏ်သိက္ခာကို အထူးဂရုစိုက်ခြင်းနှင့် အဆင့်အတန်းကို ချစ်မြတ်နိုးမှု၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် လောဘဇောနှင့် ဇာတိပကတိ၏ သာယာမှုများဖြစ်ပြီး ဤနယ်ပယ်များတွင် သင်၏ ဒုက္ခဝေဒနာသည် အထူးပြင်းထန်ပါက သင့်အတွက် အောင်မြင်စွာ လွတ်မြောက်လာရန် ခက်ခဲလိမ့်မည်။ အောင်မြင်စွာ လွတ်မြောက်လာရန် ခက်ခဲလိမ့်မည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ သမ္မာတရား လိုက်စားသည့်လမ်းကြောင်းကို ရွေးချယ်ရန် သင့်အတွက် ခက်ခဲလိမ့်မည်ဟု ဆိုလိုပြီး၊ ထို့ကြောင့် ထို့အစား သင်သည် မှားယွင်းသောလမ်းကြောင်းကို ရွေးချယ်လျက် ဘုရားသခင် သင့်ကို စက်ဆုပ်ရွံရှာကာ စွန့်ပယ်စေနိုင်လေသည်။ သို့ရာတွင် သင်သည် အမြဲဂရုစိုက်ပြီး ဆင်ခြင်မျှော်တွေးကာ၊ ပြစ်တင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းခံရရန် ဘုရားသခင်ထံ မကြာခဏ ရောက်လာနိုင်ပါက၊ သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မပျော်မွေ့သည်သာမက ကျော်ကြားမှု၊ အကျိုးအမြတ် သို့မဟုတ် ဇာတိပကတိ၏ စည်းစိမ်တို့ကို လိုချင်တပ်မက်ခြင်း မရှိပါက၊ ထို့အပြင် ထိုသို့သော အတွေးများရှိသောအခါ သင်သည် ယင်းတို့အား အစွမ်းကုန် စွန့်ပယ်ရန် ဘုရားသခင်အား မှီခိုအားထား၍ လုပ်ဆောင်ချက်ကို မပေါ်ပေါက်စေမီ ဘုရားသခင်ထံ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေကာ၊ နောက်ဆုံးတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ခြင်းနှင့် စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ခြင်းရှိပါက မည်သို့ပင်ရှိစေကာမူ သင်သည် ကြီးမားသော စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရသောအခါ လမ်းမှန်ကို ရွေးချယ်ရန် အလားအလာ ပိုရှိမည်မဟုတ်လော။ (မှန်ပါသည်။) ဤအရာက သင်၏ စုဆောင်းထားနေကျ ချုပ်တည်းမှုများပေါ်တွင် မူတည်လေသည်။ ငါ့ကိုပြောလော့- လူတစ်ဦးသည် ကြီးမားသော စုံစမ်းသွေးဆောင်မှုတစ်ခုကို ကြုံတွေ့ရပါက ၎င်း၏ ရှိရင်းစွဲ ဝိညာဥ်ရင့်ကျက်မှုအပေါ်၊ ၎င်း၏ကိုယ်ပိုင်ဆန္ဒအပေါ် သို့မဟုတ် ၎င်း၏ စုဆောင်းထားနေကျ ချုပ်တည်းမှုများအပေါ် အမှီပြုခြင်းဖြင့် ဘုရားသခင်၏အလိုတော်ကို အပြည့်အဝ ဖြည့်ဆည်းနိုင်သလော။ (မဖြည့်ဆည်းနိုင်ပါ။) တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းနိုင်သလော။ (ဖြည့်ဆည်းနိုင်ပါသည်။) လူသည် ယင်းကို တစ်စိတ်တစ်ပိုင်း ဖြည့်ဆည်းနိုင်သော်လည်း ကြီးစွာသော အခက်အခဲများနှင့် ရင်ဆိုင်ရသောအခါတွင် ဘုရားသခင်၏ ကြားဝင်ဆောင်ရွက်ပေးမှု လိုအပ်လေသည်။ အကယ်၍ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုပါက သမ္မာတရားအပေါ် လူ၏နားလည်မှုနှင့် လူ၏ဆန္ဒကိုသာ အမှီပြုခြင်းသည် သင့်အား ပြီးပြည့်စုံသော ကာကွယ်မှုကို မပေးနိုင်သကဲ့သို့ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းနိုင်ခြင်းနှင့် မကောင်းမှုကို လုံးဝရှောင်ကျဥ်နိုင်ခြင်း ရှိမည်မဟုတ်ပေ။ သော့ချက်မှာ လူသားသည် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပိုင်းဖြတ်ထားရမည့်အပြင် ကျန်သည့်အရာများအတွက် ဘုရားသခင်၏ အလုပ်ကို အားကိုးရမည်ဖြစ်သည်။ အကယ်၍ သင်က “ကျွန်ုပ်သည် ဤအဆုံးသတ်တိုင်အောင် ကြီးမားသော အားထုတ်မှုပြုခဲ့ပြီး တတ်နိုင်သမျှ လုပ်ခဲ့ပြီးပြီ။ အနာဂတ်တွင် မည်သည့် စုံစမ်းသွေးဆောင်းမှုများ သို့မဟုတ် အခြေအနေများ ကြုံတွေ့ပါစေ၊ ကျွန်ုပ်၏ ဝိညာဥ်ရင့်ကျက်မှုက အလွန်ပင်ကြီးမားပြီး ကျွန်ုပ် များစွာပင် ပြုလုပ်နိုင်သည်။” ဟု ဆိုပါက သင်ထိုသို့ပြုမူသည်ကိုမြင်လျှင် ဘုရားသခင် ဘာလုပ်မည်နည်း။ ဤစုံစမ်းသွေးဆောင်မှုများမှ သင့်အား ဘုရားသခင်က စောင့်ကြပ်ပေးလိမ့်မည်။ ဘုရားသခင်သည် သင့်အား ဤစုံစမ်းသွေးဆောင်မှုများမှ ကာကွယ်ပေးသောအခါ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သင်၏ယုံကြည်ခြင်း ပိုမိုခိုင်မာလာကာ သင်၏ဝိညာဥ်ရင့်ကျက်မှု တဖြည်းဖြည်း ကြီးထွားလာမည်ဖြစ်သည်။

ဖောက်ပြန်ပျက်စီးသောလူသည် အဆင့်အတန်း လိုက်စားရသည်ကို နှစ်သက်ပြီး ယင်း၏အကျိုးကျေးဇူးများကို ပျော်မွေ့သည်။ သင်သည် လက်ရှိတွင် အဆင့်အတန်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဤအရာသည် မည်သူအတွက်မဆို တည်မြဲလေသည်- အဆင့်အတန်းကို စွန့်လွှတ်ရန်နှင့် ယင်း၏ စုံစမ်းသွေးဆောင်မှုများကို ဖယ်ရှားရန် အလွန်တရာ ခက်ခဲပါသည်။ ဤအရာသည် လူသားအပိုင်းတွင် များစွာသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်သည်။ ထိုသို့သော ပူးပေါင်းဆောင်ရွက်မှုကို ဘာကဖြစ်ပေါ်စေသနည်း။ အဓိကအားဖြင့် သမ္မာတရားကို ရှာဖွေခြင်း၊ သမ္မာတရားကို လက်ခံခြင်း၊ ဘုရားသခင်၏ အလိုတော်ကို နားလည်ခြင်းနှင့် ပြဿနာများ၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း သဘောပေါက်ခြင်းဖြစ်သည်။ ဤအရာများအားဖြင့် လူတစ်ဦးသည် အဆင့်အတန်း၏ သွေးဆောင်မှုကို ကျော်လွှားရန် ယုံကြည်ခြင်းရှိလိမ့်မည်။ ထို့အပြင် သင်သည် စုံစမ်းသွေးဆောင်မှုမှ လွတ်မြောက်ရန်နှင့် ဘုရားသခင့်အလိုတော်ကို ဖြည့်ဆည်းရန် ထိရောက်သော နည်းလမ်းများကို သင်စဉ်းစားရမည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများရှိရမယ်။ ဤအရာသည် သင့်ကို မှန်ကန်သောလမ်းကြောင်းပေါ်တွင် ရှိနစေမည်ဖြစ်သည်။ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများမရှိလျှင် သင်သည် စုံစမ်းသွေးဆောင်မှုထဲသို့ မကြာခဏ ကျရောက်လိမ့်မည်။ သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်ချင်သော်လည်း မည်မျှကြိုးစားပါစေ၊ သင်၏ ကြိုးစားအားထုတ်မှုများသည် အဆုံးတွင် များစွာ အောင်မြင်မည်မဟုတ်ပေ။ သို့ဆိုလျှင် သင်တို့ မကြာခဏကြုံတွေ့ရသည့် စုံစမ်းသွေးဆောင်မှုများမှာ အဘယ်နည်း။ (ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ရာ၌ အောင်မြင်မှုအနည်းငယ် ရရှိပြီး ညီအကိုမောင်နှမများ၏ အထင်ကြီးလေးစားမှုကို ခံရသောအခါ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပြီး ဤခံစားချက်ကို လွန်စွာ ပျော်မွေ့တတ်သည်။ တစ်ခါတလေ ယင်းကို သတိမထားမိပေ။ တစ်ခါတလေ ဤအခြေအနေကို မှားမှန်းသိသော်လည်း ယင်းကို မရှောင်နိုင်သေးပေ။) ယင်းက စုံစမ်းသွေးဆောင်မှုပင် ဖြစ်၏။ အခြားမည်သူ ပြောဦးမည်နည်း။ (ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့် ညီအစ်ကိုညီအစ်မများက တစ်ခါတလေ ကျွန်ုပ်ကို အထူးပြုဆက်ဆံပေးကြသည်။) ယင်းသည်လည်း စုံစမ်းသွေးဆောင်မှုတစ်ခု ဖြစ်သည်။ သင်ကြုံတွေ့ရသော စုံစမ်းသွေးဆောင်မှုများကို သတိမပြုမိဘဲ ညံ့ဖျင်းစွာ ကိုင်တွယ်ဖြေရှင်းပြီး မှန်ကန်သောရွေးချယ်မှုများ မပြုလုပ်နိုင်ပါက ဤစုံစမ်းသွေးဆောင်မှုများသည် သင့်အား ပူဆွေးမှုနှင့် ဒုက္ခဝေဒနာဆီသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။ ဥပမာအနေဖြင့်၊ ညီအစ်ကိုမောင်နှမများ၏ အထူးပြုမူဆက်ဆံမှု၌ သင့်အားကျွေးမွေးခြင်း၊ ဝတ်စားဆင်ယင်ပေးခြင်း၊ နေရာထိုင်ခင်း ပြင်ဆင်ပေးခြင်းနှင့် သင်၏ နေ့စဉ်လိုအပ်ချက်များကို ထောက်ပံ့ပေးခြင်းစသည့် ရုပ်ပိုင်းဆိုင်ရာ အကျိုးခံစားခွင့်များ ပါဝင်သည်ဟု ဆိုပါစို့။ သင်နှစ်သက်သောအရာသည် သင့်အား ယင်းတို့ပေးသောအရာထက် ပိုကောင်းပါက သင်သည် ယင်းကို အထင်သေးလိမ့်မည်ဖြစ်ပြီး ယင်းတို့၏လက်ဆောင်များကို ငြင်းပယ်နိုင်သည်။ သို့သော် သင်သည် သူဌေးတစ်ဦးနှင့်တွေ့ပြီး သူမဝတ်ဆင်ဟုဆိုလျက် သင့်အား အကောင်းစား၀တ်စုံ ပေးခဲ့ပါက ထိုသို့သော သွေးဆောင်မှုကိုရင်ဆိုင်ရာတွင် သင်သည် ခိုင်မြဲစွာ ရပ်တည်နိုင်မည်လော။ သင့်ကိုယ်သင် “သူသည် ချမ်းသာပြီး ဤအဝတ်အစားများက သူ့အတွက် ဘာမျှမဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ယင်းတို့ကို မဝတ်ပေ။ သူကျွန်ုပ်ကိုမပေးလျှင် တစ်နေရာရာတွင် သိမ်းထားလိုက်မည်။ ထို့ကြောင့် ကျွန်ုပ် ယင်းတို့ကို ယူထားလိုက်မည်။” ဟုဆိုလျက် အခြေအနေအပေါ် သင်စဥ်းစားမိလိမ့်မည်။ ထိုဆုံးဖြတ်ချက်ကို သင်ဘာလုပ်မည်နည်း။ (၎င်းတို့က အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနေကြပြီဖြစ်သည်။) အဆင့်အတန်း၏ အကျိုးကျေးဇူးများကို အဘယ်ကြောင့် ခံစားနေကြသနည်း။ (အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ကောင်းမွန်သောအရာများကို လက်ခံခဲ့သောကြောင့်ဖြစ်သည်။) ယင်းမှာ သင့်အားပေးထားသည့် ကောင်းမွန်သောအရာများကို လက်ခံရုံအတွက် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားနေခြင်းလော။ အကယ်၍ သင့်အား သာမာန်အရာတစ်ခုကို ပေးထားသော်လည်း ယင်းသည် သင်လိုအပ်သည့် အရာသာဖြစ်သောကြောင့် ယင်းကို သင်လက်ခံပါက ဤအရာအား အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားခြင်းဟုလည်း မှတ်ယူရသလော။ (မှန်ပါသည်။ သူတို့၏ တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို ဖြည့်ဆည်းပေးဖို့ အခြားသူတို့ဆီက အရာများကို လက်ခံသည့်အခါတိုင်း မှတ်ယူရပါသည်။) သင်တို့ ဤအရာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိပုံရသည်။ ဤအကြောင်းကို သင်စဉ်းစားဖူးပါသလော- သင်သည် ခေါင်းဆောင်တစ်ဦး မဟုတ်သကဲ့သို့ အဆင့်အတန်းမရှိပါက သူသည် ဤလက်ဆောင်ကို ပေးဦးမည်လော။ (ပေးမည်မဟုတ်။) သူသေချာပေါက် ပေးမည်မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့် သင့်အား ဤလက်ဆောင်ကို ပေးအပ်ခြင်းဖြစ်သည်။ ထိုအရာ၏ သဘောသဘာဝသည် ပြောင်းလဲသွားသည်။ ဤသည်မှာ သာမာန် ပရဟိတမဟုတ်၊ ဤတွင် ပြဿနာရှိသည်။ အကယ်၍ သင်သည် သူ့ကို “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး မဟုတ်သော်လည်း ရိုးရိုးသာမန် ညီအစ်ကိုမောင်နှမတစ်ဦး ဖြစ်ပါက သင်သည် ကျွန်ုပ်အား ထိုသို့ လက်ဆောင်ပေးမည်လော။ ဤပစ္စည်းကို ညီအစ်ကိုမောင်နှမတစ်ဦး လိုအပ်ခဲ့လျှင် သူတို့ကို သင် ပေးမည်လော။” ဟုမေးလျှင် သူက “ကျွန်ုပ် မပေးနိုင်ပါ။ ငါသည် မည်သူ့ကိုမျှ လက်ဆောင်များ အရမ်းကာရော မပေးနိုင်ပါ။ သင်သည် ကျွန်ုပ်ခေါင်းဆောင်ဖြစ်သောကြောင့် သင့်ကို ပေးခြင်းဖြစ်သည်။ အကယ်၍ သင့်တွင် ဤအထူးတလည် အဆင့်အတန်းမရှိခဲ့လျှင် အဘယ်ကြောင့် ထိုသို့သော လက်ဆောင်မျိုးကို ကျွန်ုပ်ပေးရမည်နည်း။” ဟု ပြောမည်ဖြစ်သည်။ အခြေအနေကို သင် မည်သို့ နားမလည်ခဲ့သည်ကို ယခုကြည့်လော့။ ထိုဝတ်စုံအကောင်းစားကို သူအသုံးမလိုဟုပြောသည့်အခါ သင်သူ့ကိုယုံခဲ့သော်လည်း သင့်ကို လှည့်စားနေခြင်းဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ လက်ဆောင်ကို သင့်အား လက်ခံစေရန်ဖြစ်ပြီး၊ သို့ဖြစ်၍ နောင်တွင် သင်သည် သူ့အပေါ် ကောင်းပြီး အထူးဂရုစိုက်မှုကို ပေးစေရန် ဖြစ်သည်။ ဤသည်မျာ သူ့လက်ဆောင်၏ နောက်ကွယ်က ရည်ရွယ်ချက်ဖြစ်သည်။ အမှန်တွင် သင်သည် အဆင့်အတန်းမရှိလျှင် သူက ထိုသို့သောလက်ဆောင်မျိုးကို မည်သည့်အခါမျှ ပေးမည်မဟုတ်သည်ကို သင်၏စိတ်နှလုံးထဲ၌ သိသော်လည်း ယင်းကို သင် လက်ခံနေဦးမည်ဖြစ်သည်။ သင့်နှုတ်ဖြင့် “ဘုရားသခင်ကို ကျေးဇူးတင်ပါ၏။ ဘုရားသခင်ထံမှ ဤလက်ဆောင်ကို ကျွန်ုပ်ရရှိခဲ့ပြီ၊ ၎င်းသည် ကျွန်ုပ်အတွက် ဘုရားသခင်၏ ကရုဏာတော်ဖြစ်သည်။” ဟုဆိုသော်လည်း သင်သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားရုံသာမက၊ ၎င်းတို့နှင့် သင်ထိုက်တန်သကဲ့သို့ ဘုရားသခင်၏ ရွေးချယ်ထားသော လူများ၏ အရာများကိုလည်း မွေ့လျော်ပေသည်။ ဤသည်မှာ အရှက်မဲ့သည်မဟုတ်လား။ လူသည် အသိဉာဏ်မရှိ၊ အရှက်အလျဥ်းကင်းမဲ့လျှင် ယင်းက ပြဿနာဖြစ်သည်။ ဤသည်မှာ အကျင့်စာရိတ္တအရေးသာ ဖြစ်သလော။ အခြားသူများထံမှ ပစ္စည်းများကို လက်ခံခြင်းသက်သက်က မှားပြီး ငြင်းဆိုခြင်းသက်သက်က မှန်ကန်သည်လော။ ထိုအခြေအနေမျိုး သင်တို့ကြုံသည့်အခါ ဘာလုပ်သင့်သနည်း။ ၎င်းတို့ပြုလုပ်သည့်အရာသည် စည်းမျဥ်းများနှင့် ကိုက်ညီပါက ဤလက်ဆောင်ပေးသူကို သင်မေးရပါမည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော် သို့မဟုတ် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းများမှ လမ်းညွှန်ချက်ကို ရှာဖွေပြီး သင်လုပ်ဆောင်နေသည့်အရာသည် အခြေခံမူများနှင့် ကိုက်ညီခြင်းရှိမရှိ ကြည့်ရှုကြပါစို့။ မကိုက်ညီပါက ထိုလက်ဆောင်မျိုးကို ကျွန်ုပ်လက်မခံနိုင်။” ဟု ၎င်းတို့အား ပြောလော့။ ထိုအရင်းအမြစ်များက ၎င်းတို့၏ လုပ်ဆောင်ချက်မူများကို ချိုးဖောက်ကြောင်း ပေးသောသူကို အသိပေးသော်လည်း သင့်အား လက်ဆောင်ကို ပေးလိုစိတ်ရှိသေးပါက သင်ဘာလုပ်သင့်သနည်း။ သင်သည် အခြေခံမူများနှင့်အညီ ဆောင်ရွက်ရမည်။ သာမာန်လူတို့က ယင်းကို မကျော်လွှားနိုင်ကြပေ။ သူတို့သည် အခြားသူများကို ပို၍ပေးလှူရန် စိတ်အားထက်သန်စွာ တောင့်တကြပြီး အထူးဂရုစိုက်မှုကို ပို၍ခံစားလိုကြသည်။ သင်သည် မှန်ကန်သောလူစားမျိုးဖြစ်ပါက ထိုသို့သောအခြေအနေမျိုးနှင့် ကြုံတွေ့ရသောအခါတွင် ဘုရားသခင်ထံ ချက်ချင်းဆုတောင်းသင့်ကာ၊ “အို ဘုရားသခင်၊ ယနေ့ ကျွန်ုပ်ကြုံတွေ့နေရသောအရာသည် အမှန်ပင် ကိုယ်တော်၏ ကောင်းမွန်သောအလိုတော်၏ နိမိတ်လက္ခဏာတစ်ခုဖြစ်သည်။ ယင်းသည် ကိုယ်တော် ကျွန်ုပ်အတွက် ချမှတ်ထားသော သင်ခန်းစာတစ်ခုဖြစ်သည်။ သမ္မာတရားကို ရှာဖွေပြီး စည်းမျဥ်းများအတိုင်း လုပ်ဆောင်ရန် ဆန္ဒရှိပါ၏။” ဟု ပြောလော့။ အဆင့်အတန်းရှိသူများ ရင်ဆိုင်ရသော စုံစမ်းသွေးဆောင်မှုများသည် ကြီးမားလွန်းပြီး စုံစမ်းသွေးဆောင်မှုတစ်ခု ရောက်လာသည်နှင့် ကျော်လွှားရန်မှာ အမှန်ပင် ခက်ခဲသည်။ သင်သည် ဘုရားသခင်၏ အကာအကွယ်နှင့် အကူအညီ လိုအပ်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည်၊ သမ္မာတရားကို ရှာဖွေပြီး သင့်ကိုယ်သင် မကြာခဏ ဆင်ခြင်သုံးသပ်ရမည်။ ဤနည်းအားဖြင့် သင်သည် ခိုင်ခံ့ပြီး ငြိမ်းချမ်းမှုကို ခံစားရလိမ့်မည်။ သို့သော် သင်သည် ထိုကဲ့သို့သော လက်ဆောင်များကို ရရှိသည့်တိုင်အောင် စောင့်မျှော်နေပါက ထိုကဲ့သို့ ခိုင်ခံ့မှုနှင့် ငြိမ်သက်ခြင်းကို သင် ခံစားရဦးမည်သလော။ (မခံစားရတော့ပေ။) သို့ဆိုလျှင် ဘုရားသခင်က သင့်ကို မည်သို့ထင်မည်နည်း။ သင်၏လုပ်ရပ်များက ဘုရားသခင်ကို စိတ်ကျေနပ်စေမည်လော သို့မဟုတ် စက်ဆုပ်ရွံရှာစေမည်လော။ သင်၏လုပ်ရပ်များကို မုန်းတီးလိမ့်မည်။ တစ်စုံတစ်ခုကို လက်ခံခြင်းရှိမရှိဟူသည့်အရာက တကယ့်ပြဿနာလော။ (မဟုတ်ပါ။) သို့ဖြစ်လျှင် ပြဿနာက အဘယ်မှာနည်း။ ပြဿနာသည် ထိုသို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်ရသောအခါတွင် သင်လက်ခံကျင့်သုံးသော ခံယူချက်များနှင့် သဘောထားတွင် တည်ရှိသည်။ သင်ကိုယ်တိုင် ဆုံးဖြတ်သလော သို့မဟုတ် သမ္မာတရားကို ရှာဖွေနေသလော။ သင့်တွင် အသိတရားစံနှုန်းတစ်ခုခု ရှိပါသလော။ သင့်နှလုံးသားထဲတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိပါသလော။ ထိုအခြေအနေနှင့် ကြုံတွေ့ရတိုင်း ဘုရားသခင်ထံ သင်ဆုတောင်းပါသလော။ သင်သည် သင့်ကိုယ်ပိုင်ဆန္ဒများကို ဖြည့်ဆည်းရန် ဦးစွာရှာဖွေသလော သို့မဟုတ် သင်သည် ဦးစွာဆုတောင်းပြီး ဘုရားသခင်၏ အလိုတော်ကို ရှာဖွေသလော။ ဤကိစ္စ၌ သင်သည် ထုတ်ဖော်ခြင်းကို ခံရလေ၏။ ထိုအခြေအနေမျိုးကို မည်သို့ကိုင်တွယ်သင့်သနည်း။ သင်၏ လက်တွေ့လုပ်ဆောင်မှုအတွက် စည်းမျဥ်းများ ရှိရမည်။ ပထမဦးစွာ အပြင်ပန်းတွင် သင်သည် ဤအထူးရုပ်ပိုင်းဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများ၊ ဤသွေးဆောင်မှုများကို ငြင်းပယ်ရမည်။ အထူးသဖြင့် သင်အလိုရှိသောအရာ သို့မဟုတ် သင်လိုအပ်သောအရာကို အတိအကျ ကမ်းလှမ်းခံရသောအခါ၌ပင် သင်သည် ထိုသို့ပင် ငြင်းပယ်ရမည်။ ရုပ်ဝတ္ထုပစ္စည်းများဟု ဆိုလိုသည်မှာ အဘယ်နည်း။ အစားအသောက်၊ အဝတ်အထည်၊ အမိုးအကာနှင့် နေ့စဉ်သုံးပစ္စည်းများ အားလုံးပါဝင်သည်။ ဤအထူးရုပ်ပိုင်းဆိုင်ရာ ထည့်တွက်စဥ်းစားမှုများကို ငြင်းဆိုရပါမည်။ အဘယ်ကြောင့် ယင်းတို့ကို ငြင်းဆိုရမည်နည်း။ ထိုသို့ပြုခြင်းသည် သင့်ပြုမူပုံကိစ္စသာလျှင် ဟုတ်သလော။ မဟုတ်ချေ၊ သင်၏ ပူးပေါင်းဆောင်ရွက်သော သဘောထားကိစ္စ ဖြစ်သည်။ သင်သည် သမ္မာတရားကို ကျင့်သုံးရန်၊ ဘုရားသခင်ကို ကျေနပ်စေကာ၊ စုံစမ်းသွေးဆောင်မှုကို ရှောင်ရှားလိုပါက ဤပူးပေါင်းဆောင်ရွက်သော သဘောထား ဦးစွာထားရပါမည်။ ဤသဘောထားဖြင့် သင်သည် စုံစမ်းသွေးဆောင်မှုကို ရှောင်ရှားနိုင်မည်ဖြစ်ပြီး သင်၏ အသိစိတ်သည် ငြိမ်သက်နေမည်ဖြစ်သည်။ သင်အလိုရှိသောအရာကို ပေးကမ်းပြီး သင်လက်ခံပါက သင့်စိတ်နှလုံးသည် သင့်အသိတရား၏ ကဲ့ရဲ့ခြင်းကို အတိုင်းအတာတစ်ခုအထိ ခံစားရလိမ့်မည်။ သို့ရာတွင် သင်၏ အကြောင်းပြချက်များနှင့် မိမိကိုယ်ကို မျှတစေခြင်းတို့ကြောင့် သင့်ကို ဤအရာအား ပေးအပ်သင့်ကြောင်း၊ ၎င်းသည် သင့်အတွက်ဖြစ်ကြောင်း သင်ပြောလိမ့်မည်။ ထို့နောက် သင်၏ အသိစိတ်ဝေဒနာများသည် အလွန်တိကျခြင်း သို့မဟုတ် အလွန်ထင်ရှားခြင်း ရှိလိမ့်မည်မဟုတ်။ တစ်ခါတစ်ရံတွင် သင်၏အတွေးအမြင်များက သင်၏ အသိစိတ်ကို တုန်လှုပ်သွားစေနိုင်သည်၊ သို့မှသာ ယင်း၏စိတ်ဖိစီးမှုများက ထင်ရှားမည်မသိရပေ။ ထို့ကြောင့် သင်၏အသိစိတ်သည် ယုံကြည်စိတ်ချရသော စံနှုန်းတစ်ခုလော။ မဟုတ်ချေ။ ဤသည်မှာ လူတို့ကို သတိပေးတတ်သော အချက်ပေးခေါင်းလောင်းဖြစ်သည်။ ယင်းက မည်သို့သော သတိပေးချက်မျိုး ပေးသနည်း။ အသိစိတ်တစ်ခုတည်း၏ ခံစားချက်များကိုသာ အားကိုးခြင်း၌ လုံခြုံမှုမရှိ၊ သမ္မာတရား၏ စည်းမျဥ်းများကိုလည်း ရှာဖွေရမည်။ ယင်းက စိတ်ချရသောအရာဖြစ်သည်။ ယင်းတို့အား ချုပ်တည်းရန် သမ္မာတရားမရှိလျှင် လူတို့သည် အဆင့်အတန်း၏ အကျိုးကျေးဇူးများအတွက် သူတို့၏ လောဘကို ကျေနပ်စေမည့် အကြောင်းပြချက်အမျိုးမျိုးနှင့် ဆင်ခြေများပေးလျက် စုံစမ်းသွေးဆောင်မှုသို့ ကျရောက်နိုင်သေးသည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် ဤစည်းမျဥ်းတစ်ခုကို စိတ်နှလုံးထဲတွင် လိုက်နာသင့်သည်- ကျွန်ုပ်သည် အမြဲတမ်းငြင်းဆို၊ အမြဲရှောင်ဖယ်ပြီး မည်သည့်အထူးဂရုစိုက်မှုမျိုးကိုမဆို လုံးဝငြင်းပယ်ပါမည်။ အကြွင်းမဲ့ငြင်းဆိုခြင်းသည် မကောင်းမှုကို ရှောင်ရှားရန် ကြိုတင်လိုအပ်ချက်ဖြစ်သည်။ အကယ်၍ သင်သည် မကောင်းမှုကို ရှောင်ရှားရန် ကြိုတင်လိုအပ်ချက်ကို ပိုင်ဆိုင်ပါက သင်သည် ဘုရားသခင်၏ အကာအကွယ်အောက်တွင် အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်သည်။ အကယ်၍ သင့်တွင် လက်တွေ့လုပ်ဆောင်မှုအတွက် ထိုကဲ့သို့သော စည်းမျဥ်းများရှိပြီး စွဲစွဲမြဲမြဲစွဲကိုင်ထားပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်ကို ကျေနပ်စေပါသည်။ သင်သည် မှန်ကန်သောလမ်းကြောင်းကို လျှောက်နေပြီလော။ သင်သည် မှန်ကန်သောလမ်းကို လျှောက်လှမ်းနေပြီး ဘုရားသခင်ကို ကျေနပ်စေပြီးဖြစ်သောအခါ သင်၏အသိတရားအား စမ်းသပ်မှု လိုအပ်နေသေးသလော။ စည်းမျဥ်းများနှင့်အညီ ပြုမူနေထိုင်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အသိတရားစံနှုန်းများထက် ပို၍မြင့်မားသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ပူးပေါင်းလုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ထားပြီး စည်းမျဥ်းများနှင့်အညီ လုပ်ဆောင်နိုင်လျှင် ဘုရားသခင်အား ကျေနပ်စေပြီဖြစ်သည်။ ဤသည်မှာ လူသားများအား ဘုရားသခင်တောင်းဆိုသည့် စံနှုန်းဖြစ်သည်။

ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းမှုကို ရှောင်ကျဥ်ခြင်းအတွက် တစ်စုံတစ်ဦး၏စွမ်းရည်သည် ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အတိုင်းအတာတစ်ခုအထိ မူတည်သည်။ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးသည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကျဥ်ကာ သူပိုင်ဆိုင်သည့် ဝိညာဥ်ရင့်ကျက်မှုနှင့် စစ်မှန်မှုဖြင့် မည်သည့်စုံစမ်းသွေးဆောင်မှုထဲသို့မျှ ကျရောက်မည်ကို မကြောက်ခဲ့ရပါ။ သူသည် ပွဲခံစားပွဲတစ်ခုတွင် ထိုင်နေပါက စကားလုံး သို့မဟုတ် လုပ်ရပ်တစ်ခုခုအားဖြင့် ဘုရားသခင်ကို အလွယ်တကူ စော်ကားမိမည်မဟုတ်ပေ။ သို့ဆိုလျှင် ထိုပွဲမျိုးတက်ဖို့ သူ အဘယ့်ကြောင့် ငြင်းဆိုခဲ့သေးသနည်း။ (ယင်းတို့ကို သူမကြိုက်ပါ။) ထိုအခမ်းအနားမျိုးကို သူမနှစ်သက်ခဲ့ပေ။ ဤသည်မှာ ဓမ္မဓိဋ္ဌာန်ကျသော အကြောင်းပြချက်တစ်ခုဖြစ်သည်၊ သို့သော် သင်တို့ မစဉ်းစားထားနိုင်လောက်သည့် လက်တွေ့ကျသော ပြဿနာတစ်ခုလည်း ရှိပါသည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းသောအကျင့်ကို ရှောင်ခဲ့သည်။ သူသည် အပြစ်ကျူးလွန်ခြင်း သို့မဟုတ် ဘုရားသခင်ကို စော်ကားခြင်းမှ သတိထားလျက် ဘုရားသခင်၏ ကာကွယ်ခြင်းကို ရရှိစေရန် စီမံချက်ထားပြီး လက်တွေ့လုပ်ဆောင်မှုကို ကျင့်သုံးခဲ့သည်။ သူသည် လူ၏ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများကို ကျင့်သုံးခဲ့သည်။ ဤသည်မှာ အကြောင်းအရာ၏ တစ်ဖက်ခြမ်းသာ ဖြစ်သည်။ ထို့အပြင် လူသည် သူ၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ကိုယ်တိုင်မထိန်းချုပ်နိုင်သည့် အခြေအနေအချို့ ရှိသောကြောင့် ယောဘသည် စုံစမ်းသွေးဆောင်ခံရမည့် ပွဲလမ်းသဘင်များကို မတက်ရောက်ပါပေ။ သူသည် ဤနည်းဖြင့် စုံစမ်းသွေးဆောင်မှုကို ရှောင်ရှားခဲ့သည်။ ယောဘက အဘယ့်ကြောင့် ထိုသို့သောစားသောက်ပွဲများသို့ မတက်ရောက်သည်ကို ယခု သင်တို့နားလည်သလော။ ယင်းမှာ ထိုပွဲမျိုးသည် လူတိုင်းအတွက် စုံစမ်းသွေးဆောင်မှု ကြီးမာလွန်းမည်ဖြစ်သောကြောင့် ဖြစ်သည်။ တစ်စုံတစ်ခုသည် စုံစမ်းနှောင့်ယှက်မှု ကြီးမားလွန်းသောအခါ ဘာကိုဆိုလိုသနည်း။ လူများသည် မည်သည့်နေရာ၌မဆို အပြစ်ကျူးလွန်နိုင်ပြီး ဘုရားသခင်ကို စော်ကားနိုင်သည်။ သင်၏စိတ်နှလုံးထဲရှိ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သင်၏ဆုံးဖြတ်ချက်တို့တစ်ခုတည်းက သင့်အား စုံစမ်းသွေးဆောင်မှုမှ ကိုယ်တိုင်လွတ်မြောက်ရန် သင့်အားခွင့်ပြုဖို့ မလုံလောက်ပါပေ။ သွေးဆောင်ခံရသောအခါ ဘုရားသခင်အား စော်ကားခြင်းမှ သင့်ကို မတားဆီးနိုင်ပေ။ သင်နားလည်ပါ၏လော။ သင်များသည် အခြားသူများမှ သင့်အားပေးဆောင်သော သင်သည် သင့်အား အခြားသူများပေးသော အထူးဂရုစိုက်မှုကို လုံးဝငြင်းဆိုရပါမည်။ အချိန်တိုင်း ငြင်းရမည်။ ဤအရာက အမှုအရာများကို မည်သို့လုပ်ဆောင်ပုံမျိုးဖြစ်သနည်း။ ထိုသို့သော အခြေခံသဘောများနှင့် စည်းမျဉ်းများသည် လူ၏ပြဿနာများကို မည်သည့်နယ်ပယ်တွင် ညွှန်ကြားသနည်း။ (ယင်းတို့သည် လူ၏ လောဘကြီးသောသဘာဝကို ချိန်ရွယ်သည်။) လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် စုံစမ်းသွေးဆောင်ခြင်းသို့ ကျရောက်လွယ်တတ်သည်။ ထို့ကြောင့် သင်သည် ဘုရားသခင်ကို မစော်ကားမိစေရန် ထိုသို့သော စုံစမ်းသွေးဆောင်မှုများကို ရှောင်ရှားရန် အချို့သော စည်းမျဥ်းများ သို့မဟုတ် နည်းလမ်းများကို ကျင့်သုံးရပါမည်။ ဤသည်မှာ ပူးပေါင်းဆောင်ရွက်ဖို့ အားကောင်းပြီး ထိရောက်သော နည်းလမ်းတစ်ခုဖြစ်၏။ အကယ်၍ သင်သည် ဤကဲ့သို့လုပ်ဆောင်ရန် ပျက်ကွက်ပါက သင်သည် အခြေအနေကို အကဲဖြတ်ကာ အထူးဂရုစိုက်မှုကို တစ်ခါတစ်ရံ လက်ခံပြီး အခြားအချိန်များတွင် ယင်းကို ငြင်းပယ်ပါက သင်သည် ထိုကိစ္စကို ကောင်းစွာ နားလည်သဘောပေါက်ပါ၏လော။ (သဘောမပေါက်ချေ။) ယင်းကို သင်သည် အဘယ့်ကြောင့် ကောင်းစွာနားမလည်ရသနည်း။ (အဘယ်ကြောင့်ဆိုသော် လူသည် ဆိုးယုတ်သောသဘာဝရှိပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။) စိတ်နှလုံးထဲတွင် ဘုရားသခင်ကိုကြောက်ရွံ့ခြင်း မရှိသောသူများသည် ထိုသို့သောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ စည်းမျဉ်းများမရှိပေ။ ထိုသူတို့သည် အရာအားလုံးကို လက်ခံပြီး မည်သည့်အရာကိုမျှ မငြင်းဆန်ပေ။ တစ်စုံတစ်ယောက်သည် ယင်းမှာ ပူဇော်သက္ကာ၊ ဘုရားသခင်ထံ ဆက်ကပ်ထားသော အရာဖြစ်သည်ဟု ပြောလျှင်ပင် သူတို့သည် ကြောက်ရွံ့ခြင်းမရှိပေ။ ထိုအရာကို မိမိအိတ်ကပ်ထဲ၌ပင် ထည့်လိုက်ကြသည်။ မိမိကိုယ်ကို ကဲ့ရဲ့ရှုတ်ချခြင်းပင် စိုးစဥ်းမျှမရှိဘဲ ၎င်းတို့သည် ထိုပူဇော်သက္ကာမျိုးကို လုယက်ပြီး သိမ်းယူဝံ့ကြသည်။ ယင်းမှာ ဘုရားသခင်အား အနည်းငယ်မျှကြောက်ရွံ့ခြင်းမရှိကြောင်း ထင်ရှားပြီး ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူတို့ဖြစ်တတ်သည့်သဘောအတိုင်း သဘာဝအလျောက် ကျဆင်းသွားကြလေသည်။ ထိုသူတို့သည် ဘုရားသခင်ကို ယုံကြည်သူများပင် ဟုတ်သလော။ ဤသည်မှာ နှစ်သိမ့်မှုနှင့် သက်သောင့်သက်သာရှိမှုကို ရှာဖွေခြင်းအပြင် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို ခံစားခြင်း၏ အကျိုးဆက်ဖြစ်သည်။ သင်သည် စုံစမ်းသွေးဆောင်မှုထဲသို့ မကြာခဏကျရောက်ပြီး ယင်းကို မရှောင်ကျဥ်ပါက သင်သည် ဤလမ်းကြောင်းကို မလွဲမသွေ ဦးတည်သွားလိမ့်မည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် မှားယွင်းသောလမ်းကြောင်းကို လျှောက်လှမ်းစေသည်။ ဤပြဿနာကို မဖြေရှင်းဘဲ အရာရာ အဆင်ပြေနိုင်မည်လော။ ထို့ကြောင့် သင်ကြုံတွေ့ရသော ပြဿနာများ မည်သို့ပင်ရှိစေကာမူ အထူးပြဿနာများကို ရင်ဆိုင်ဖြေရှင်းရန် အထူးနည်းလမ်းများကို ကျင့်သုံးလျက် သမ်၎ာတရား၏ စည်းမျဥ်းများကို လိုက်နာသင့်သည်။ စည်းကမ်းကို တင်းတင်းကျပ်ကျပ် လိုက်နာခြင်းသည် နည်းလမ်းမဟုတ်ပေ။ သင့်အား စုံစမ်းသွေးဆောင်မှုအပေါ် အောင်မြင်မှုရရှိခွင့်ပေးသော မည်သည့်နည်းလမ်းမဆို ယင်းတို့က လက်ခံနိုင်ဖွယ်ဖြစ်သည်။

ရုပ်ဝတ္ထုပိုင်းဆိုင်ရာ စုံစမ်းသွေးဆောင်မှုများကို ကျော်လွှားရန် ပိုမိုလွယ်ကူသည်။ သင့်တွင် စားစရာ၊ ဝတ်စရာအဝတ်အစားနှင့် ကျေနပ်ရောင့်ရဲတတ်သော နှလုံးသားရှိသရွေ့ သင်ကျော်လွှားနိုင်သည်။ ထိုအခါ ထိုသို့သော သွေးဆောင်မှုများကို အလွယ်တကူ ချေမှုန်းပစ်၍ရသည်။ မည်သို့ပင်ဆိုစေကာမူ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်း၏ သွေးဆောင်မှုများကို ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သည်။ ဥပမာအားဖြင့်၊ လူနှစ်ယောက် အတူတကွအလုပ်လုပ်သောအခါ အခြားသူတစ်ဦး၏ အဆင့်အတန်းသည် သင့်ထက်ပိုနိမ့်ပါက၊ သင့်အဆင့်အတန်းသည် သူ့ထက်သာလွန်နေပါက သင်ဝမ်းမြောက်လိမ့်မည်။ သို့သော် သင်၏အဆင့်အတန်းက သူ့ထက်နိမ့်နေလျှင် သင်စိတ်ချမ်းသာမည်မဟုတ်ချေ။ သင့်စိတ်နှလုံးက မအီမသာဖြစ်မည်၊ စိတ်ကျဥ်းကျပ်ရမည်၊ စိတ်ဓာတ်ကျပြီး အားနည်းနေမည်ဖြစ်ကာ သင်ဆုတောင်းမည်မဟုတ်ပါ။ ဤပြဿနာကို ဖြေရှင်းရန် လွယ်ကူသလော။ ယင်းက လွယ်ကူသောဖြေရှင်းချက်မရှိပေ။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာသွေးဆောင်မှုများကို ငြင်းပယ်ကာ ရှောင်လွှဲနိုင်ပြီး ယင်းတို့၏ညစ်ညမ်းမှုကို ရှောင်ရှားနိုင်သော်လည်း အဆင့်အတန်း၊ အကျိုးအမြတ်၊ ကျော်ကြားမှု၊ အနတ္တနှင့် ဂုဏ်သတင်းကို ကျော်လွှားရန် အခက်ခဲဆုံးဖြစ်သည်။ ယင်းက မလွယ်ကူသော်လည်း အမှန်တွင် ဖြေရှင်းချက်တစ်ခုရှိသည်။ သင်သည် သမ္မာတရားကို ရှာဖွေနိုင်ကာ ဘုရားသခင်ထံဆုတောင်းပြီး ယင်းတို့၏အနှစ်သာရအထိ ထိုးဖောက်ဝင်ရောက်ရန် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့၏ အနှစ်သာရမဲ့ခြင်းကို မြင်သရွေ့ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို စွန့်ပစ်ရန်အတွက် ယုံကြည်စိတ်ချမှုရှိလိမ့်မည်။ သို့ဖြစ်၍ သင်သည် ယင်းတို့၏ စသွေးဆောင်မှုထဲသို့ ကျရောက်မည်မဟုတ်ပေ။ လူသားများတွင် ဖောက်ပြန်ပျက်စီးသော သဘာဝရှိပြီး၊ ယင်းက သူတို့အား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အမျိုးမျိုးကို ဖော်ထုတ်အသက်ရှင်စေသည်။ ဤအရာက သူတို့ကို ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်ရန် သွေးဆောင်လေသည်။ ၎င်းတို့အသက်ရှင်သည့်အရာသည် လူသားမဆန်သည့်အပြင် သမ္မာတရားနှင့် မကိုက်ညီပေ။ သမ္မာတရားကို ဂါရဝပြုရန် ငြင်းဆန်သော လူ့မောက်မာမှု သို့မဟုတ် ကောက်ကျစ်သော ရည်ရွယ်ချက်ဖြင့် ပြုမူသော လူ့ပရိယာယ် သို့မဟုတ် လူ၏ လောဘ၊ ပြင်းပြသောဆန္ဒနှင့် လိုချင်တပ်မက်မှုများ၊ ဤဒုစရိုက်များကို ဖြစ်ပေါ်လာစေသည့် အရာကား အဘယ်နည်း။ (စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။) ယင်းတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ ဖြစ်ပေါ်လာပြီး လူသားကို ထိန်းချုပ်သည့် ဆိုးယုတ်သော သဘာဝအားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူသား၏ အဆင့်အတန်းရဖို့ ကြိုးပမ်းခြင်းသည် ဤအရာ၏ သရုပ်သကန်တစ်ခုသာ ဖြစ်သည်။ ဤသရုပ်သကန်သည် လူသား၏ မာနထောင်လွှားသော စိတ်သဘောထားကဲ့သို့၊ သူ၏ ပုန်ကန်မှုနှင့် ဘုရားသခင်အား ခုခံခြင်းကဲ့သို့ သူ၏ ဆိုးယုတ်သောသဘာဝမှ ထွက်ပေါ်လာသည်။ ဤသည်ကို ဖြေရှင်းဖို့ မည်သည့်နည်းလမ်းကို အသုံးပြုနိုင်မည်နည်း။ အခြေခံအကျဆုံးနည်းလမ်းကို သင်အသုံးပြုရဦးမည်။ သင်သည် ဘုရားသခင်၏လမ်းစဉ်ကို လိုက်လျှောက်ပြီး သမ္မာတရားကိုလိုက်စားသည့် လမ်းကြောင်းကို လျှောက်နေသရွေ့ ဤပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ သင့်တွင် အဆင့်အတန်း မရှိသောအခါ မိမိကိုယ်ကို မကြာခဏ ခွဲခြမ်းစိတ်ဖြာနိုင်ပြီး မိမိကိုယ်ကို သိလာနိုင်သည်။ ဤအရာအားဖြင့် အခြားသူများ အကျိုးရှိနိုင်သည်။ သင့်တွင် အဆင့်အတန်းရှိပြီး မိမိကိုယ်ကို မကြာခဏ ခွဲခြမ်းစိတ်ဖြာ နားလည်နိုင်သေးလျက် သင်သည် သမ္မာတရားကို နားလည်ကြောင်း၊ လက်တွေ့ကျသော အတွေ့အကြုံရှိကြောင်းနှင့် သင်အမှန်တကယ် ပြောင်းလဲကြောင်း သင်၏ အားသာချက်များကို လူတို့အား မြင်တွေ့စေသောအခါ အခြားသူများက ဤအရာအားဖြင့် အကျိုးရှိနိုင်သေးသည် မဟုတ်လော။ သင့်တွင် အဆင့်အတန်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး စစ်မှန်သောအတွေ့အကြုံနှင့် သက်သေခံချက်ရှိကာ လူတို့အား သင့်အတွေ့ကြုံအားဖြင့် ဘုရားသခင်၏ အလိုတော်နှင့် သမ္မာတရားကို နားလည်စေသရွေ့ ဤအရာသည် လူတို့ကို အကျိုးပြုမည် မဟုတ်လော။ သို့ဆိုလျှင် အဆင့်အတန်းက သင့်အတွက် ဘာကိုဆိုလိုသနည်း။ အမှန်တွင် အဆင့်အတန်းဟူသည် အဝတ်အစားတစ်ထည် ဒါမှမဟုတ် ဦးထုပ်တစ်လုံးကဲ့သို့ အပိုဆောင်း နောက်ထပ်ရှိသော ပစ္စည်းတစ်ခုသာလျှင်ဖြစ်၏။ အဆင်တန်ဆာတစ်ခုမျှသာ ဖြစ်သည်။ ယင်းသည် အမှန်တကယ် အသုံးဝင်ခြင်းမရှိသည့်အပြင် ယင်း၏တည်ရှိမှုသည် မည်သည့်အရာကိုမျှ အကျိုးမသက်ရောက်စေပါပေ။ သင့်တွင် အဆင့်အတန်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သင်သည် သင်သာလျှင် ဖြစ်နေသေးသည်။ လူတို့သည် သမ္မာတရားကို နားလည်နိုင်ပြီး သမ္မာတရားကို ရရှိနိုင်သည်ဖြစ်စေ အသက်တာသည် အဆင့်အတန်းနှင့် မသက်ဆိုင်ပေ။ သင်သည် အဆင့်အတန်းကို အလွန်ကြီးကျယ်သော ကိစ္စတစ်ခုအဖြစ် မခံယူသရွေ့ ယင်းသည် သင့်အား ကန့်သတ်ချုပ်ချယ်မှု မပြုနိုင်ပေ။ သင်သည် ဂုဏ်အဆင့်အတန်းကို ချစ်ပြီး အရေးကြီးသောအရာတစ်ခုအဖြစ် အစဉ် မှတ်ယူလျက် အထူးအလေးထားလျှင် ယင်း၏ ထိန်းချုပ်မှုအောက်သို့ သင်ရောက်ရှိလိမ့်မည်။ သင်သည် သင့်ကိုယ်သင်ဖွင့်ဟပြီး ဖော်ထုတ်ပြလိုခြင်း၊ သင့်ကိုယ်သင်သိခြင်း သို့မဟုတ် အခြားလူတို့နှင့် လုပ်ဆောင်၊ ပြောဆို၊ ဆက်ဆံပြီး သင့်တာဝန်ကို ဖြည့်ဆည်းရန်အတွက် သင်၏ ခေါင်းဆောင်နေရာကို ဘေးဖယ်ထားလိုစိတ်ရှိခြင်း ရှိတော့မည် မဟုတ်ပေ။ ဤသည်မှာ မည်သို့သော ပြဿနာမျိုးဖြစ်သနည်း။ ဤသည်မှာ ဂုဏ်အဆင့်အတန်း၏ ချုပ်ချယ်ခြင်းခံရသော ကိစ္စတစ်ခု မဟုတ်လော။ သင်သည် အဆင့်အတန်းနေရာမှ ပြောဆိုလုပ်ဆောင်ပြီး မာနကို ခဝါမချနိုင်သောကြောင့် ဤအရာဖြစ်ပျက်ခြင်းဖြစ်သည်။ သင်သည် ဤသို့ပြုခြင်းအားဖြင့် သင့်ကိုယ်သင် ညှဉ်းပန်းနေခြင်းပင် မဟုတ်လော။ သင်သည် သမ္မာတရားကို အမှန်တကယ်နားလည်လျှင်၊ ထိုအပြင် သင်ပြုနေကျအတိုင်း သင့်ကိုယ်သင် ထိန်းချုပ်ခြင်းမရှိဘဲ အဆင့်အတန်းရှိနိုင်သော်လည်း သင်၏ တာဝန်ကို မည်သို့ကောင်းမွန်စွာ ထမ်းဆောင်ရမည်ကိုသာ အာရုံစိုက်လျက်၊ သင်ပြုသင့်သည့်အရာတိုင်းကို ပြုပြီး သင်လုပ်ဆောင်အပ်သည့် တာဝန်များအားလုံးကို ဖြည့်ဆည်းပြီးလျှင်၊ သင့်ကိုယ်သင် သာမန် ညီအစ်ကိုမောင်နှမကဲ့သို့ မြင်လျှင်၊ သင်သည် ဂုဏ်အဆင့်အတန်း၏ ဖိနှိပ်ချုပ်ချယ်မှုကို ဖယ်ရှားပြီးဖြစ်မည် မဟုတ်လော။ သင်သည် အဆင့်အတန်း ချုပ်ချယ်ခြင်းကို မခံရဘဲ သာမာန်အသက်ဝင်ရောက်မှု ရှိသောအခါ သင်သည် အခြားသူများနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်နေဦးမည်လော။ အခြားသူတွေက ပိုမြင့်မားသော အဆင့်အတန်း၌ နေရာယူထားသောအခါ သင်သည် အဆင်မပြေ ဖြစ်နေသေးသလော။ သင်သည် သမ္မာတရားကိုရှာဖွေပြီး အဆင့်အတန်း၏ ကန့်သတ်ချုပ်ချယ်မှုများသာမက အခြားလူများ၊ ကိစ္စများနှင့် အရာခပ်သိမ်းတို့အားလုံး၏ ကန့်သတ်ချုပ်ချယ်မှုများမှ သင့်ကိုယ်သင် လွတ်မြောက်စေရမည်။ မိမိတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းထက် ပိုကောင်းသောအရာ ဘာမှမရှိပေ။ သို့မှသာ သင်သည် သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သူ ဖြစ်လာမည်ဖြစ်သည်။

ဖောက်ပြန်ပျက်စီးသော လူသားအားလုံးသည် တူညီသော ပြဿနာတစ်ခုကို ခံစားနေကြသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းမရှိသောအခါ၊ ၎င်းတို့သည် မည်သူနှင့်မဆို ဆက်ဆံသည့်အခါ သို့မဟုတ် စကားပြောသည့်အခါ၊ မာနကြီးခြင်း မရှိသလို စကားပြောသည့်အခါတွင် ပုံစံ သို့မဟုတ် လေသံတစ်မျိုးဖြင့် ပြောဆိုခြင်း မပြုပေ။ ၎င်းတို့သည် သာမန်၊ ပုံမှန်သာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ပြရုပ်တင်ရန် မလိုပေ။ ၎င်းတို့သည် မည်သည့် စိတ်ပိုင်းဆိုင်ရာ ဖိအားကိုမျှ မခံစားရဘဲ ပွင့်လင်းစွာနှင့် လှိုက်လှိုက်လှဲလှဲ မိတ်သဟာယပြုနိုင်သည်။ ၎င်းတို့သည် ဖော်ရွေပြီး ဆက်ဆံရလွယ်ကူသည်။ ၎င်းတို့သည် အလွန်ကောင်းသော လူများဖြစ်သည်ဟု အခြားလူတို့ ခံစားရသည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိလာသည်နှင့်၊ မာနကြီးလာကြလေသည်၊ သာမန်လူတို့ကို လျစ်လျူရှုကြသည်၊ သူတို့ကို မည်သူမျှ မချဥ်းကပ်နိုင်ကြပေ။ ၎င်းတို့၌ မြင့်မြတ်ခြင်းရှိသည်ဟု ၎င်းတို့က ထင်မြင်ကြပြီး၊ ၎င်းတို့နှင့် သာမန်လူတို့သည် အမျိုးအစားမတူဟု ထင်မြင်ကြသည်- ၎င်းတို့က သာမန်လူတို့ကို အထင်သေးပြီး စကားပြောသောအခါ ဆိုက်ဂိုက်ထုတ်ကာ အခြားလူတို့နှင့် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ခြင်း မရှိတော့ပေ။ ၎င်းတို့သည် အဘယ်ကြောင့် ပွင့်လင်းစွာ မိတ်သဟာယမဖွဲ့တော့သနည်း။ ၎င်းတို့သည် ယခုအခါတွင် ဂုဏ်အဆင့်အတန်းရှိပြီး ခေါင်းဆောင်များဖြစ်သည်ဟု ထင်မြင်ကြသည်။ ခေါင်းဆောင်တို့သည် ရုပ်သွင်တစ်မျိုးရှိရမည်၊ သာမန်လူတို့ထက် အနည်းငယ် ပိုမြင့်ရမည်၊ ဝိညာဉ်ရင့်ကျက်မှု ပိုရှိပြီး တာဝန်ပို၍ကောင်းစွာ ယူနိုင်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ သာမန်လူတို့နှင့် ယှဉ်လျှင် ခေါင်းဆောင်တို့သည် ပို၍ စိတ်ရှည်ရမည်၊ ပို၍ဒုက္ခခံပြီး အသုံးတော်ခံနိုင်ရမည်၊ စာတန်ထံမှ မည်သည့်သွေးဆောင်မှုကိုမဆို တောင့်ခံနိုင်ရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ မိဘများ သို့မဟုတ် အခြားမိသားစုဝင်များ သေဆုံးလျှင်ပင် ၎င်းတို့သည် မငိုဖို့အတွက် ကိုယ့်ကိုကိုယ်ထိန်းချုပ်မှု ရှိရမည်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် အခြားသူများကွယ်ရာ၌ တိတ်တဆိတ် ငိုရမည်၊ သို့မှသာ ၎င်းတို့၏ ချို့ယွင်းချက်များ၊ အပြစ်အနာအဆာများ သို့မဟုတ် အားနည်းချက်များကို မည်သူမျှ မမြင်နိုင်မည် ဖြစ်သည်။ ခေါင်းဆောင်တို့သည် အပျက်သဘောဆောင်လာလျှင် မည်သူ့ကိုမျှ သိခွင့်မပေးရ၊ ယင်းအစား ထိုသို့သောအရာများအားလုံးကို ဖုန်းကွယ်ထားရမည် ဟူ၍ပင် ထင်မြင်ကြသည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းရှိသူတစ်ယောက် လုပ်ဆောင်သင့်သည့်ပုံစံဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဤအတိုင်းအတာအထိ ချုပ်တည်းသည့်အခါ၊ ဂုဏ်အဆင့်အတန်းသည် ၎င်းတို့၏ဘုရားသခင်၊ ၎င်းတို့၏ သခင် ဖြစ်လာပြီ မဟုတ်သလော။ ဤသို့ဖြစ်သောကြောင့် ၎င်းတို့သည် သာမန်လူ့သဘာဝ ပိုင်ဆိုင်သေးသလော။ ၎င်းတို့၌ ဤစိတ်ကူးများရှိသည့်အခါ— ၎င်းတို့သည် ဤကဲ့သို့ မိမိတို့ကိုယ်ကိုယ် ကန့်သတ်ချုပ်ချယ်ပြီး ဤအပြုအမူမျိုးဖြင့် ပြုမူသည့်အခါ— ၎င်းတို့သည် ဂုဏ်အဆင့်အတန်းကို မစွဲမက်လာလေသလော။ အခြားလူက သူတို့ထက် ပိုအားသာပြီး ပိုကောင်းသောအခါတိုင်း ဤအရာက သူတို့၏ အရေးကြီးသော အားနည်းချက်ကို ထိခိုက်သည်။ ထိုသူတို့သည် ဇာတိပကတိကို အောင်နိုင်သလော။ အခြားသူကို သင့်လျော်သလို ဆက်ဆံနိုင်သလော။ မုချ မဆက်ဆံနိုင်ပေ။ သင့်အား ဂုဏ်အဆင့်အတန်း၏ ထိန်းချုပ်မှုမှ သင့်ကိုယ်သင် လွတ်မြောက်စေဖို့ သင် ဦးစွာ ဘာလုပ်ရမည်နည်း။ ယင်းကို သင်၏ရည်ရွယ်ချက်များ၊ သင်၏အတွေးများနှင့် သင်၏စိတ်နှလုံးတို့မှ ထိုအရာကို ဦးစွာ သန့်စင်ပစ်ရမည်။ ဤအရာကို မည်သို့ စွမ်းဆောင်ရရှိသနည်း။ ယခင် သင် ဂုဏ်အဆင့်အတန်း မရှိသည့်အချိန်က၊ သင့်အဖို့ နှစ်သက်ဖွယ်မရှိသည့်သူများကို သင် လျစ်လျူရှုပေသည်။ ယခုအခါ သင်၌ ဂုဏ်အဆင့်အတန်း ရှိသည့်အတွက်၊ စိတ်မပါသောလူတစ်ဦး၊ သို့မဟုတ် ပြဿနာရှိသော လူတစ်ဦးကို သင်တွေ့သည့်အခါ၊ ၎င်းတို့အား ကူညီဖို့အတွက် သင်တာဝန်ရှိသည်ဟု ခံစားရသောကြောင့်၊ သူတို့၌ ရှိသည့် လက်တွေ့ကျသည့် ပြဿနာအချို့ကို ဖြေရှင်းဖို့ ကြိုးစားရင်း၊ ၎င်းတို့နှင့် မိတ်သဟာယပြုဖို့ သင် အချိန်ပိုယူသည်။ ထိုအရာများကို လုပ်ဆောင်သည့်အခါ သင်၏စိတ်နှလုံးထဲ၌ ခံစားချက်မှာ အဘယ်နည်း။ ယင်းမှာ ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်း ခံစားချက် ဖြစ်သည်။ ထို့ကြောင့် သင်သည်လည်း အခက်အခဲကြုံရသည်၊ သို့မဟုတ် ကျရှုံးမှုကို တွေ့ကြုံရသည်ဟု တွေ့ရသည့်အခါ သင်၏ ပြဿနာများနှင့် အားနည်းချက်များ၊ ဘုရားသခင်ကို သင်မည်သို့ မနာခံခဲ့ကြောင်းနှင့်၊ ထို့နောက်တွင် သင်သည် ဤအဖြစ်မှ မည်သို့ လွတ်လာကာ ဘုရားသခင်၏အလိုတော်ကို မည်သို့ ဖြည့်ဆည်းနိုင်ခဲ့ကြောင်းတို့ကို မိတ်သဟာယပြုရင်း၊ လူများကို အတွင်းရေးပြောပြပြီး သူတို့အား မကြာခဏ ပို၍ ဖွင့်ဟသင့်သည်။ ဤနည်းဖြင့် ၎င်းတို့ကို အတွင်းရေးပြောပြခြင်း၏ အကျိုးမှာ အဘယ်နည်း။ ယင်းမှာ အပြုသဘောဆောင်ခြင်း ဖြစ်သည်မှာ သံသယရှိစရာ မလိုပေ။ မည်သူမျှ သင့်အား အထင်သေးမည် မဟုတ်ပေ— ပြီးလျှင် သူတို့သည် ဤအတွေ့အကြုံများကို ဖြတ်ကျော်နိုင်သော သင်၏အစွမ်းအစကိုပင် အားကျကောင်းအားကျလိမ့်မည်။ လူတို့၌ ဂုဏ်အဆင့်အတန်းရှိသည့်အခါ အရာရှိများကဲ့သို့ ၎င်းတို့ ပို၍ ပြုမူသင့်ပြီး အခြားသူများက ၎င်းတို့အား အလေးအနက်ထားပြီး လေးစားရန်အလို့ငှာ ပုံစံတစ်ခုခုဖြင့် စကားပြောသင့်ကြောင်း လူအချို့က တွေးထင်ကြသည်။ ဤသို့စဥ်းစားသည့်နည်းလမ်းမှာ မှန်ကန်သလော။ ဤသည်မှာ မှားယွင်းသော တွေးခေါ်ပုံ တွေးခေါ်နည်း ဖြစ်သည်ကို သင်သဘောပေါက် နိုင်လျှင်၊ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး ဇာတိပကတိဆိုင်ရာ အမှုကိစ္စများကို စွန့်ပယ်သင့်သည်။ ဆိုက်ဂိုက်မထုတ်နှင့်၊ ထို့အပြင် လူကောင်းယောင်ဆောင်ခြင်းလမ်းကြောင်းကို မလျှောက်နှင့်။ သင်၌ ထိုအတွေးမျိုး ရှိလိုက်သည်နှင့်တစ်ပြိုင်နက် သင်သည် သမ္မာတရားကို ရှာဖွေခြင်းဖြင့် ယင်းကို ဖြေရှင်းသင့်သည်။ သမ္မာတရားကို မရှာပါက ဤအတွေး၊ ဤရှုထောင့်အမြင် ဖြစ်ပေါ်လာပြီး သင်၏စိတ်နှလုံးထဲ၌ အမြစ်တွယ်လာလိမ့်မည်။ ရလဒ်အနေဖြင့် ယင်းက သင့်ကို လွှမ်းမိုးလာမည်ဖြစ်ပြီး သင်သည် သင့်ကိုယ်သင် ဖုံးကွယ်ကာ မည်သူမျှ သင့်ကို မမြင်တွေ့နိုင် သို့မဟုတ် သင့်အတွေးများကို နားမလည်နိုင်သည့် အတိုင်းအတာအထိ သင့်ပုံရိပ်ကို ပုံဖော်ဖန်တီးလိမ့်မည်။ သင်၏ စိတ်နှလုံးအမှန်ကို ၎င်းတို့ထံမှ ဖုံးကွယ်ထားသည့် မျက်နှာဖုံးတစ်ခုဖြင့် သင်သည် အခြားသူများအား စကားပြောလိမ့်မည်။ သင်သည် သင့်နှလုံးသားကို အခြားသူများအား မြင်တွေ့စေရန် သင်ယူရမည်ဖြစ်ပြီး အခြားသူများအား သင့်နှလုံးသားကို ဖွင့်ဟကာ ၎င်းတို့နှင့် ရင်းနှီးစေရန် သင်ယူရမည်ဖြစ်သည်။ သင်သည် ဇာတိပကတိ၏ အလိုဆန္ဒကို စွန့်ပယ်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ မိမိကိုယ်ကို ကျင့်ကြံရမည်။ ဤနည်းအားဖြင့် သင့်စိတ်နှလုံးသည် ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှုကို သိနားလည်မည်ဖြစ်သည်။ သင့်အပေါ် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ဦးစွာပထမ သင်၏ ကိုယ်ပိုင်အယူဝါဒထဲ၌ မည်သည့်ပြဿနာများ ရှိနေသည်ကို ဆင်ခြင်သုံးသပ်လော့။ သင်ကိုယ်တိုင် ပုံရိပ်တစ်ခုကို တည်ဆောက်ပြီး သင့်ကိုယ်သင် ရုပ်ဖျက်လိုသေးပါက သင်သည် ဘုရားသခင်ထံ ချက်ချင်း— “အို ဘုရားသခင်။ ကျွန်ုပ် ဖုံးကွယ်ထားချင်ပြန်သည်။ လိမ်ညာလှည့်ဖြားဖြင့် နောက်တစ်ကြိမ် လျှို့ဝှက်ကြံစည်နေပြန်သည်။ ကျွန်ုပ်သည် နတ်ဆိုးအစစ်အမှန်ပါတကား။ ကျွန်ုပ်သည် ကိုယ်တော့်အတွက် အမှန်ပင် ရွံရှာစရာဖြစ်ပါလိမ့်မည်။ ယခု မိမိကိုယ်မိမိ လုံးဝ ရွံရှာနေပါပြီ။ ကိုယ်တော် ကျွန်ုပ်အား ပြစ်တင်ရန်၊ ဆုံးမပဲ့ပြင်ရန်နှင့် အပြစ်ဒဏ်ပေးပါရန် တောင်းခံအပ်ပါသည်။” ဟု ဆုတောင်းသင့်သည်။ သင်သည် ဆုတောင်းရမည်၊ သင်၏သဘောထားကို အပြင်သို့ဖွင့်ထုတ်ရမည်၊ ထို့ပြင် ၎င်းကို ဖော်ထုတ်ရန်၊ ၎င်းကို ခွဲခြမ်းစိပ်ဖြာရန်နှင့် ကန့်သတ်ရန် ဘုရားသခင်ကို အားကိုးရမည်။ အကယ်၍ သင်သည် ထိုသို့ ယင်းကို ခွဲခြမ်းစိပ်ဖြာပြီး ကန့်သတ်ထားပါက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပျက်ပြားစေပြီး သူ့ကိုယ်သူ ထုတ်ဖော်မပြသောကြောင့် သင်၏ လုပ်ဆောင်ချက်များသည် ပြဿနာများကို ဖန်တီးမည်မဟုတ်ပေ။ ဤအချိန်တွင် သင့်စိတ်နှလုံးထဲ၌ မည်သည့်ခံစားချက်များ ရှိနေသနည်း။ အနည်းဆုံးအနေဖြင့် လွတ်မြောက်မှုအနည်းငယ်ကို ခံစားရပေမည်။ သင့်စိတ်နှလုံးသည် ရွှင်လန်းပြီး ငြိမ်းချမ်းလိမ့်မည်။ သင့်နာကျင်မှုကို လျော့ပါးစေမည်ဖြစ်ပြီး စစ်ဆေးခြင်းကိုလည်း သင်ခံစားရမည်မဟုတ်ပေ။ အဆိုးဆုံးအနေဖြင့် သင်သည် တဒင်္ဂအတွင်း လမ်းပျောက်သွားသကဲ့သို့ အနည်းငယ်ခံစားရပြီး မိမိကိုယ်ကို “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးဖြစ်သည်၊ အဆင့်အတန်းနှင့် ရပ်တည်မှုရှိသူတစ်ဦးဖြစ်သည်၊ သာမန်လူတို့ကဲ့သို့ ကျွန်ုပ် မည်သို့နေနိုင်မည်နည်း။ သာမန်လူတို့ကို အူလှိုက်သည်းလှိုက်ဖြင့်၊ စစ်မှန်သော၊ ပွင့်လင်းသော နည်းလမ်းဖြင့် ကျွန်ုပ် မည်သို့ပြောဆိုနိုင်မည်နည်း။ ဤအရာက မိမိကိုယ်ကို သိက္ခာချခြင်းမျိုးပင်ဖြစ်ပေမည်။” ဟု စဥ်းစားသည့်အချိန်များရှိမည်။ သင်မြင်သည့်အတိုင်း ဤအရာသည် အနည်းငယ်ခက်ခဲ၏။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တစ်ကြိမ်တည်းဖြင့် လုံးလုံးလျားလျား ဖယ်ရှား၍မရသကဲ့သို့ အချိန်တိုအတွင်း အပြီးသတ် ဖြေရှင်းနိုင်မည်မဟုတ်ပေ။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းခြင်းမှာ အရမ်းရိုးရှင်းသဖြင့် လူတို့သည် ယင်းကို စိတ်ကူးထားသကဲ့သို့ဖြစ်သည်၊ သမ္မာတရားနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မိတ်သဟာယဖွဲ့ပြီး သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အသိအမှတ်ပြုလိုက်သည်နှင့် သူတို့ကိုယ်သူတို့ ယင်းကို မဆိုင်းမတွ ဖယ်ရှားနိုင်လိမ့်မည်ဟု သင်ယူဆထားလေသည်။ ယင်းက ထိုမျှရိုးရှင်းသောအရာ မဟုတ်ပါပေ။ လူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် လုပ်ငန်းစဉ်သည် ၎င်း၏ ဖော်ကပြန်ပျက်စီးသော စိတ်သဘောထားကို ဆန့်ကျင်တိုက်ဖျက်သည့် လုပ်ငန်းစဉ်ပင်ဖြစ်သည်။ လူသားတစ်ဦးချင်းစီ၏ စိတ်ဆန္ဒ၊ စိတ်ကူးစိတ်သန်းနှင့် လွန်ကဲသောဆန္ဒများသည် ဆုတောင်းခြင်းမှတစ်ဆင့် ယင်းတို့အား အပြီးအပြတ် စွန့်ပယ်ခြင်းနှင့် ကျော်လွှားခြင်းဖြင့် လုံးလုံးလျားလျား မဖြေရှင်းနိုင်ပါချေ။ ထို့ထက် တိုက်ပွဲများစွာ အကြိမ်ကြိမ်တိုက်ပြီး နောက်ဆုံးတွင် ယင်းတို့ကို စွန့်လွှတ်နိုင်မည်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မှသာလျှင် ဤလုပ်ငန်းစဉ်သည် အမှန်တကယ် အကျိုးဖြစ်ထွန်းမည်ဖြစ်သည်။ အထူးသဖြင့် ပိုကြီးသောအရာများတွင် သင့်စိတ်နှလုံးထဲမှ တိုက်ပွဲသည် တစ်ခါတစ်ရံ တစ်လ သို့မဟုတ် နှစ်လ၊ တစ်ခါတစ်ရံ ခြောက်လ သို့မဟုတ် တစ်နှစ်ပင် ကြာရှည်နိုင်သည့် အဆုံးမရှိသော လူးလှိမ့်ခြင်းဖြင့် ပို၍ပင် ပြင်းထန်လာလိမ့်မည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အတော်ပင် ခေါင်းမာသည်။ သမ္မာတရားအပေါ် မိတ်သဟာယပြုချက် တစ်ခုနှစ်ခုမျှဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမျိုးကို မဖြေရှင်းနိုင်ပါချေ။ ယင်းသည် သင့်အား ထပ်ခါတလဲလဲ ဆန့်ကျင်တိုက်ခိုက်နေမည်ဖြစ်ပြီး သင့်အနေဖြင့် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်ကာ၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စေ့စေ့စပ်စပ်သိပြီး ဇာတိပကတိနှင့် စာတန်ကို စတင်မုန်းတီးသည်အထိ သမ္မာတရားကို ဆက်လက်၍ လိုက်စားရမည်ဖြစ်သည်။ ထို့နောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်အတွက် သာမာန်ကိစ္စ၊ ဖြစ်ရိုးဖြစ်စဥ်နှင့် သက်သောင့်သက်သာ ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်။ ဤသည်မှာ ဇာတိပကတိကို အနိုင်ယူပြီး စာတန်အပေါ် အောင်ပွဲခံခြင်းဟု ဆိုလိုသည်။ တိုက်ပွဲအတွင်း လူတို့သည် ဘုရားသခင်ထံ အချိန်တိုင်းဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အချိန်ပိုယူ၍ ဖတ်ရမည်ဖြစ်သည်။ သူတို့သည် မယုံကြည်သူများ သို့မဟုတ် စာတန်နှင့် နတ်ဆိုးများထံသို့ မည်သည့်အခါမျှ မသွားသင့်ပေ။ သူတို့သည် ဘုရားသခင်ကို အမှီပြုပြီး မျှော်ကိုးရမည်။ သူတို့သည် သမ္မာတရားကိုရှာဖွကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ရမည် ဖြစ်သည်။ သူတို့သည် သမ္မာတရားကို အမှန်တကယ်နားလည်မှသာလျှင် ဇာတိပကတိကို အောင်နိုင်ပြီး စာတန်ကို အောင်နိုင်မည်ဖြစ်သည်။ ဤသည်ကို ဘုရားသခင် မည်သို့မြင်သနည်း။ ဘုရားသခင်သည် သင်၏စိတ်နှလုံးကို မြင်တော်မူ၏။ သင်သည် သမ္မာတရားကို ချစ်မြတ်နိုးကြောင်း၊ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြောင်း၊ သင်သည် မဖြောင့်မတ်ခြင်းကို ပယ်ရှားပြီး မကောင်းမှုကို ရှောင်ကျဥ်ရန် ဆန္ဒရှိကြောင်း သူမြင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သင့်အထဲ၌ အတွေးများ၊ အကြံဥာဏ်များနှင့် ရည်ရွယ်ချက်များကို ဖြစ်ပေါ်စေသော်လည်း ဤအတွေးများနှင့် ရည်ရွယ်ချက်များသည် သင့်အပြုအမူကို မထိန်းချုပ်နိုင်၊ ယင်းတို့သည် သင်၏ ဆန္ဒကို ဖြိုဖျက်ခြင်းနှင့် နင်းချေခြင်း မပြုပေ။ နောက်ဆုံးတွင် သင်သည် ယင်းတို့အား အနိုင်ယူနိုင်ပြီး ဘုရားသခင်သည် သင့်အား အောက်မေ့မည်ဖြစ်သည်။ ဤအရာကို သင်မကြာခဏ လက်တွေ့လုပ်ဆောင်ပါက သင်၏ အတွင်းစိတ်အခြေအနေ တိုးတက်လာမည်ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ဤလက္ခဏာကို သင်လုံးလုံးလျားလျား အောင်နိုင်ပြီဖြစ်ကြောင်း၊ သင့်စိတ်နေသဘောထား၏ ဤလက္ခဏာ၌ သင်ပြောင်းလဲလာပြီး သမ္မာတရား၏ စစ်မှန်မှုထဲကို ဝင်ရောက်ပြီးပြီဖြစ်ကြောင်း မည်သည့်အချိန်၌ ပြောနိုင်မည်နည်း။ ဆိုလိုသည်မှာ မကောင်းသော အကြံအစည်များနှင့် စိတ်ကူးများသည် သင့်စိတ်ထဲသို့ တစ်ခါတစ်ရံ ဝင်လာနေသေးပြီး ယင်းတို့သည် အချို့သော ရည်ရွယ်ချက်များနှင့် ဆန္ဒများကို ဖြစ်ပေါ်စေသော်လည်း ဤအရာများသည် သင့်စိတ်နှလုံးအပေါ် နောက်ထပ် သြဇာမလွှမ်းမိုးတော့ပေ။ ဤအရာများသည် အရေးမကြီးဟု သင်ခံစားနေပြီဖြစ်ပြီး ယင်းတို့ထွက်ပေါ်လာသည်နှင့် ယင်းတို့ကို သင်သတိပြုမိနိုင်သည်။ သင်သည် ယင်းတို့ကို ဟန်ဆောင်ပန်ဆောင် ချုပ်တည်းပြီး စွန့်ပစ်ရန် မလိုသည့်အပြင် သင့်ကို စောင့်ထိန်းရန်၊ ဆုံးမပဲ့ပြင်ရန်နှင့် အပြစ်ဒဏ်ပေးရန် ဘုရားသခင်အား တမင်တကာ တောင်းဆိုရန် မလိုအပ်ပေ။ ထိုသို့သောနည်းလမ်းများက သင့်အတွက် မလိုအပ်ပေ။ သင်သည် ယင်းကို အလွယ်တကူ ကျော်လွှားနိုင်ပြီး စွန့်လွှတ်နိုင်သည်။ သင့်စိတ်နှလုံး မအီမသာဖြစ်ပြီး ဆုံးရှုံးမှုမရှိသကဲ့သို့ ခံစားရတတ်သည်။ ဤအရာမှာ အဆင်ပြေသည်။ သင်သည် ယခုအခါ ဝိညာဥ်ရင့်ကျက်မှုကို ပိုင်ဆိုင်ထားပြီး စိတ်သဘောထား ပြောင်းလဲနေပြီဖြစ်သည်။ သင်တို့သည် ယခုတွင် အတိုင်းအတာတစ်ခုအထိ ဝင်ရောက်မှုကို ရရှိပြီးပြီလော။ အတော်ပင် ပြောင်းလဲသွားပြီလော။ (မပြောင်းလဲသေးပါ။) သို့ဖြစ်လျှင် သင်တို့၏ ဝိညာဥ်ရင့်ကျက်မှုသည် အမှန်ပင် နိမ့်ကျလွန်းကာ၊ သမ္မာတရားကို လိုက်စားရန်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ကြိုးစားအားထုတ်နေရဆဲ ဖြစ်သည်။ သို့ဖြစ်လျှင် ထိုသို့သော အရာများ သင်၌ နောက်တစ်ဖန်ဖြစ်လာသောအခါ သင်သည် သမ္မာတရားကို မည်သို့လက်တွေ့လုပ်ဆောင်ပြီး စည်းမျဥ်းများနှင့်အညီ မည်သို့ပြုမူရမည်ကို သိလာလိမ့်မည်။ သင်၏သက်သေခံချက်တွင် ခိုင်မြဲစွာရပ်တည်ရန် သင်ဘာလုပ်ရမည်ကို သိလာလိမ့်မည်။ သို့ဆိုလျှင် သင်သည် ဝိညာဥ်ရင့်ကျက်မှုကို အမှန်တကယ် ပိုင်ဆိုင်လာလိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး သက်သေခံချက်၌ ခိုင်ခံ့စွာရပ်တည်နိုင်သူတို့သာလျှင် သမ္မာတရား၏စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ ဤသည်ကို လောလောဆယ်တွင် သင်တို့နားမလည်နိုင်ပေ။ သင်တို့သည် စမ်းတဝါးဝါးအဆင့်တွင် ရှိနေသေးသည်။ ဤပကတိအခြေအနေများကို ပြောရလျှင် သင်တို့၌ ဤပြဿနာများအားလုံး ရှိနေသော်လည်း ယင်းတို့အား ဖြေရှင်းရန် သမ္မာတရားကို သင်တို့ မည်သည့်အခါမှ မရှာဖွေခဲ့ဖူးပေ။ ဤသည်မှာ သင်၏ဝိညာဥ်ရင့်ကျက်မှုက အလွန်သေးငယ်သည်ဟု ဆိုလိုသလော။ သမ္မာတရားထဲသို့ မ၀င်ရောက်သေးလျှင် သင်၌ အသက်ရှိနိုင်ပါမည်လော။ သမ္မာတရားကို သင်မရရှိသေးသကဲ့သို့ သင့်တွင် အသက်လည်း မရှိသေးပေ။ သင်သည် ဇာတိပကတိအသက်တာဖြင့်သာ နေထိုင်ပြီး သင်၏ ဆိုးယုတ်သော စိတ်သဘောထားဖြင့်သာ အသက်ရှင်ပါက သင်သည် စာတန်၏ အုပ်စိုးမှုအောက်တွင် နေထိုင်သူတစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို မရရှိသေးပေ။ စကားလုံးများနှင့် အယူဝါဒများကို လေပန်းနိုင်ပြီး အချို့သော ဥပဒေသများကို လိုက်နာပါက ကယ်တင်ခြင်းသို့ရောက်မည်ဟု လူတို့ ထင်မြင်သောအခါ သူတို့စိတ်ကူးသကဲ့သို့ ကယ်တင်ခြင်းက မရိုးရှင်းပေ။ သင်သည် သင့်ကိုယ်သင် အမှန်တကယ် သိနားလည်ရမည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့မှ သင့်ကိုယ်သင် ဖယ်ရှားနိုင်ရမည်၊ ဂုဏ်သတင်းနှင့် အဆင့်အတန်း၏ အနှစ်သာရကို သိမြင်နိုင်ရမည်၊ အဆင့်အတန်းကို စွန့်လွှတ်နိုင်ကာ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ရမည်ဖြစ်သည်။ ဤနည်းဖြင့်သာ ကယ်တင်ခြင်းရရှိသည်။

အမှန်အားဖြင့် အဆင့်အတန်းနှင့်ဆိုင်သော ပြဿနာ၏ ဖြေရှင်းချက်သည် အခြားပြဿနာများ၏ ဖြေရှင်းနည်းနှင့် အတူတူပင်ဖြစ်သည်။ ဤပြဿနာများအားလုံးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ သရုပ်သကန်များနှင့် ထုတ်ဖော်ခြင်းများပင် ဖြစ်သည်။ ယင်းတို့အားလုံးသည် လူသား၏ ရွေးချယ်မှုများနှင့် လိုက်စားမှုများပင် ဖြစ်သည်။ ဤအရာ၌ ငါဆိုလိုသော အဓိပ္ပာယ်က အဘယ်နည်း။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ သင့်ကိုယ်သင် ဖယ်ရှားမှသာလျှင် အဆင့်အတန်းသည် သင့်အတွက် ပြဿနာဖြစ်မည်မဟုတ်ပေ။ လူတို့က “သင်သည် ယနေ့တွင် ကျွန်ုပ်၏အထက်၌ ရပ်တည်ကောင်း ရပ်တည်နိုင်သော်လည်း မနက်ဖြန်တွင် သင့်အထက်၌ ကျွန်ုပ်ကိုယ်ကျွန်ုပ် ချီးမြှောက်မည်” ဟုဆိုလျက် အဆင့်အတန်းအတွက် တစ်ဦးနှင့်တစ်ဦး ပြိုင်ဆိုင်နေကြသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ ယင်းသည် အဆင့်အတန်းကြောင့်သာ ဖြစ်ပေါ်လာခြင်းလော။ (မဟုတ်ပါ။) ယင်းကို မည်သည့်အရာက ဖြစ်ပေါ်စေခဲ့သနည်း။ (လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပင်။) ဤသည်မှာ မှန်၏။ ဤပြဿနာသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ဖြစ်ပေါ်လာသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီးသည်နှင့် ဤပြဿနာများအားလုံးကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ အဆုံးတွင် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်လိုသူများသည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် အရာခပ်သိမ်း၌ မိမိကိုယ်ကို သိနားလည်ခြင်းအပေါ် အာရုံစိုက်ရမည်ဖြစ်သည်။ သူတို့သည် သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းအပေါ် စတင်မလျှောက်နိုင်မီ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရမည်ဖြစ်သည်။ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းနိုင်ပါက အခက်အခဲများနှင့် အတားအဆီးများစွာကို ဖော်ထုတ်မည်ဖြစ်သည်။ သူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်ကြသော်လည်း ဟန်ဆောင်လုပ်ပြကြမည်ဖြစ်ကာ ရလဒ်ရှိမည်မဟုတ်ပေ။ ဤပြဿနာများကို ဖြေရှင်းရန်အတွက် သင်သည် သမ္မာတရားကို လိုက်လျှောက်ရာ၌ အစွမ်းကုန်အားထုတ်ရမည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရန် အစွမ်းကုန်အားထုတ်ပြီး ပြဿနာများကို ဖြေရှင်းရန် အစွမ်းကုန်အားထုတ်ရမည်။ “သမ္မာတရားကို လိုက်စားလျှင်၊ ပို၍ဆုတောင်းပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပို၍ဖတ်လျှင် လုံလောက်ပြီ” ဟုသာ မပြောနှင့်။ ဤအရာက ဝိုးတဝါးဖြစ်လွန်းသည်။ လက်တွေ့ကျသော လမ်းကြောင်းမရှိလျှင် မလုံလောက်ပေ။ သတ်သတ်မှတ်မှတ်ရှိသော ပြဿနာများကို သတ်သတ်မှတ်မှတ် ဖြေရှင်းသင့်သည်။ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများနှင့် မသုံးတော့သော ဥပဒေသများကို မလိုက်နာနှင့်။ သမ္မာတရားသည် အသက်ရှင်သော၊ လက်တွေ့ကျသော အရာဖြစ်ပြီး စည်းကမ်းများကို ဖြစ်ကတတ်ဆန်း အသုံးချခြင်းသည် နည်းလမ်းမဟုတ်ပေ။ သမ္မာတရားစည်းမျဥ်းနှင့်အညီ လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရမည်။ လူတစ်ဦးသည် သမ္မာတရားကို အသုံးပြုခြင်းအားဖြင့် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်လျှင် ထိုလူသည် ခေါင်းဆောင်နှင့် အမှုဆောင်တစ်ဦးဖြစ်ရန် အရည်အချင်းမပြည့်မီပေ။ ပြဿနာများကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အသုံးမပြုနိုင်သူ မည်သူမဆို သမ္မာတရားကို နားလည်သောသူ မဟုတ်ပေ။ သူတို့သည် ခေါင်းဆောင်နှင့် အမှုဆောင်တစ်ဦး ဖြစ်လာနိုင်သော်လည်း ပြဿနာများကိုဖြေရှင်းရန် သမ္မာတရားကို အသုံးချနိုင်မည်မဟုတ်၊ သမ္မာတရားရှိမည် မဟုတ်သည့်အပြင် ၎င်းတို့အနေဖြင့် စည်းမျဥ်းများနှင့်အညီ လုပ်ဆောင်ရန်လည်း မဖြစ်နိုင်ပေ။ ထိုသို့သော ခေါင်းဆောင်နှင့် အမှုဆောင်၌ သမ္မာတရား၏စစ်မှန်မှု လုံးဝမရှိပေ။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်

အရှေ့သို့- ဘုရားသခင်၏နှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ရှုပြီး သမ္မာတရားကို အာရုံပြုဆင်ခြင်ခြင်း၌သာလျှင် ရှေ့ဆက်ရာ လမ်းကြောင်းရှိသည်

နောက်တစ်ခုသို့- သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အရေးပါသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။