သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အရေးပါသည်

ဘုရားသခင်ကို ယုံကြည်ရခြင်း၏ ရည်ရွယ်ချက်သည် ကယ်တင်ခြင်းရရှိရန် ဖြစ်သည်။ သို့သော် ကယ်တင်ခြင်းကို ရရှိခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ခု ဖြစ်သလော။ ဤအရာနှင့်ပတ်သက်ပြီး မည်သည့်အရာက အခက်ခဲဆုံးဖြစ်သနည်း။ ဤအရာကို ရှင်းလင်းစွာ မမြင်နိုင်သောသူ များစွာရှိသည်။ သို့သော် သမ္မာတရားကို ရရှိခြင်းသည် အမှန်တကယ်အားဖြင့် ကယ်တင်ခြင်းကို ရရှိခြင်း၏ အခက်ဆုံးသော အပိုင်းဖြစ်သည်။ ထို့ကြောင့် မည်မျှ ရရှိသည်ဖြစ်စေ သမ္မာတရားကို ရရှိရန်အတွက် ဝေဒနာများစွာ ခံစားပြီး အဖိုးအခပေးဆပ်ခြင်းသည် အစဉ်သဖြင့် ထိုက်တန်သည်။ ဤသို့ဆိုလျှင် သမ္မာတရားကို ရရှိရန်အတွက် မည်သည့်အရာကို ဒုက္ခခံဖို့ လိုအပ်သနည်း။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ခံရမည်။ ဘုရားသခင်နောက်သို့ လိုက်ခြင်းမှ ဖြစ်ပေါ်လာသည့် ဖိနှိပ်မှုနှင့် ဘေးဒုက္ခကို ခံစားရမည်။ ထောင်ကျခြင်း ခံရမည်။ ပြီးလျှင် ဘာသာရေးလောက၏ အသရေဖျက်မှုနှင့် ရှုတ်ချမှုကို ခံရမည်။ ဤဆင်းရဲဒုက္ခအားလုံးကို သင် တောင့်ခံရမည်။ ဤအရာအားလုံးကို သင် ခံနိုင်လျှင် သမ္မာတရားကို ရရှိနိုင်သည်။ ယခုအချိန်တွင် လူအများစုသည် သမ္မာတရားကို လိုက်စားလိုစိတ် ရှိကြသည်။ ၎င်းတို့၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်ခြင်းအပေါ် အာရုံစိုက်ကြသည်။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်စဉ်တွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို လေ့ကျင့်လိုကြပြီး သမ္မာတရားကို ရရှိလိုကြသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် မိမိတာဝန်ကို ထမ်းဆောင်ခြင်းသည် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းဖြစ်သည်။ ဤလမ်းကြောင်းကို ရွေးချယ်ခြင်းသည် မှန်ကန်သည်။ ဘုရားသခင်က ကောင်းချီးအပေးဆုံးသောအရာဖြစ်သည်။ လူတို့သည် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို ရိုးသားစစ်မှန်စွာ အသုံးခံနိုင်သည်။ ဖန်ဆင်းခံတို့၏ တာဝန်ကို ဖြည်းဆည်းနိုင်သည်။ ဤသည်မှာ ဘုရားသခင်၏ ကြီးမြတ်သော ကျေးဇူးတော်နှင့် ကောင်းချီးဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်း၏ အရေးပါမှုကို ရှင်းလင်းစွာ မမြင်သောသူ၊ ဘုရားသခင်နှင့် အစဉ်သဖြင့် အပေးအယူလုပ်ဖို့ ကြိုးစားသူအချို့ ရှိကြသည်။ ၎င်းတို့အပေါ်သို့ မည်သည့်အရာ ဖြစ်ပျက်လာသည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် စိတ်ကျဉ်းကျပ်ပြီး အနှောင့်အယှက်ဖြစ်နိုင်သည်။ အစဉ်သဖြင့် လွှမ်းမိုးခံရပြီး စိတ်ယိုင်သွားနိုင်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ရိုးရိုးတန်းတန်း မထမ်းဆောင်နိုင်ပေ။ ၎င်းတို့၏ တာဝန်များကို စွန့်လွှတ်ပြီး ထွက်ပြေးသည်အထိပင် ဖြစ်သည်။ အဘယ်မျှ နောင်တရဖွယ်ဖြစ်သနည်း။ ၎င်းတို့အနေနှင့်မူ အလွန် နောင်တရခြင်း မရှိဘဲ ဖြစ်နေနိုင်၏။ သို့သော် ကပ်ဘေးများ ကြီးမားလာသောအခါ၊ ဘုရားသခင်၏ အမှုတော် အဆုံးသတ်သောအခါ၊ ကောင်းသူများကို ဘုရားသခင် ဆုချီးမြှင့်ပြီး ကောက်ကျစ်ဆိုးယုတ်သူများကို အပြစ်ဒဏ်ပေးသောအခါ ၎င်းတို့သည် ဤလုပ်ရပ်၏ အကျိုးဆက်များကို သိလိမ့်မည်။ ဤအတွက်ကြောင့် သင်တို့သည် အတူတကွ မကြာခဏ ဆုတောင်းရမည်။ ဘုရားရှေ့တွင် မိမိကိုယ်ကို ငြိမ်သက်စေရမည်။ ဘုရားနှုတ်ကပတ်တော်များကို ပို၍ ဖတ်ရမည်။ သမ္မာတရားနှင့်ပတ်သက်ပြီး ပို၍ မိတ်သဟာယဖွဲ့ရမည်။ သမ္မာတရားအား လိုက်စားခြင်းနှင့် လုံးဝ မသက်ဆိုင်သောအရာများ၊ ယခုအချိန်တွင် မစဉ်းစားသင့်သည့်အရာများကို ယခုလောလောဆယ် ဘေးဖယ်ထားလော့။ အိမ်ထောင်ပြုခြင်း၊ အလုပ်အကိုင်၊ မိမိ၏ အနာဂတ်၊ အခြေချခြင်းတို့သည်သာ ဘဝတွင် အရေကြီးသော ကိစ္စများ မဟုတ်သကဲ့သို့ လူ့အဖွဲ့အစည်းတွင် မိမိ၏ နေရာကို ရှာခြင်း၊ စားသောက်ဖို့ အလုံအလောက် ရှိခြင်းတို့သည်လည်း အရေးကြီးသော ကိစ္စများမဟုတ်ပေ။ ဤအရာများထဲမှ မည်သည့်အရာကမျှ ဘဝတွင် အရေးကြီးဆုံးကိစ္စများ မဟုတ်ပေ။ ဘဝတွင် အရေးကြီးဆုံး ကိစ္စမှာ အဘယ်နည်း။ ဖန်ဆင်းခံတစ်ယောက်က ဖြည့်ဆည်းသင့်သည့် တာဝန်နှင့် လုပ်ငန်းကို ထမ်းဆောင်ခြင်း၊ ဘုရားသခင်၏ စေခိုင်းချက်နှင့် ဘုရားသခင်က သင့်အပေါ် အပ်နှံထားသည့်အရာကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်အရှိဆုံးသောအရာ ဖြစ်သည်။ ဤသည်မှာ လူတို့တွင် ရှိသင့်သည့် စိတ်ပိုင်းဖြတ်ချက်ဖြစ်သည်။

ယခုအချိန်တွင် ဘုရားသခင်ကို ယုံကြည်သော သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်နိုင်သည်။ သမ္မာတရားကို ပို၍ လိုက်စားသောသူတို့သည်လည်း တာဝန်များကို ထမ်းဆောင်နေကြသည်။ ဤသည်မှာ ဘဝတွင် သင်၏ ဦးတည်ချက်အတွက် မှန်ကန်သော စမှတ်ဖြစ်သည်။ ဤသို့ဆိုလျှင် ဤလမ်းကြောင်းကို မည်သို့ဆက်၍ လျှောက်လှမ်းသင့်သနည်း။ (အသက်ဝင်ရောက်မှု လမ်းကြောင်းပေါ်တွင် အခြေခံအုတ်မြစ် ချသင့်ပါသည်။) ဟုတ်သည်။ သမ္မာတရားနှင့် အသက်ကို ရရှိလိုလျှင် ဘုရားနှုတ်ကပတ်တော်များအပေါ်တွင် အခြေခံအုတ်မြစ် ချရမည်။ ဤအရာက သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းပေါ်တွင် သင့်ကို စတင်လျှောက်လှမ်းခွင့် ပြုလိမ့်မည်။ ဤတစ်ခုတည်းကသာ ဘဝတွင် ပန်းတိုင်နှင့် ဦးတည်ချက်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်၏ စိတ်နှလုံးတွင် အုတ်မြစ်ချရန် အခွင့်ပေးမှသာ အမှန်တကယ် ဘုရားသခင် ရွေးချယ်ထားပြီး ကြိုတင်စီမံထားသူဖြစ်သည်။ ယခုအချိန်တွင် သင်တို့၏ အခြေခံအုတ်မြစ်များသည် တည်ငြိမ်မှုမရှိသေးပေ။ ကြီးမားသော ကပ်ဘေး၊ သို့မဟုတ် စမ်းသပ်မှုကို မဆိုထားနှင့်၊ စာတန်ထံမှ သေးငယ်သော စုံစမ်းနှောင့်ယှက်ခြင်းတစ်ခုက သင်တို့အပေါ်သို့ ကျရောက်လာလျှင်ပင် သင်တို့သည် တုန်လှုပ်ပြီး ယိမ်းယိုင်နိုင်သည်။ ဤသည်မှာ အခြေခံအုတ်မြစ် မရှိခြင်းဖြစ်ပြီး အလွန် အန္တရာယ်ရှိသည်။ လူများစွာတို့သည် ဖိနှိပ်ခြင်း၊ သို့မဟုတ် ဘေးဒုက္ခက ၎င်းတို့အပေါ် ကျရောက်သောအခါ ယိမ်းယိုင်ပြီး ဘုရားသခင်ကို သစ္စာဖောက်ကြသည်။ လူအချို့သည် ဂုဏ်အဆင့်အတန်းအချို့ကို ရရှိပြီးနောက်တွင် စတင်၍ မဆင်မခြင် ပြုမူကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ဖော်ထုတ်ခံရပြီး ဖယ်ရှားခြင်းခံရသည်။ သင်တို့အားလုံးသည် ဤအရာများကို အလွန်ရှင်းလင်းစွာ မြင်နိုင်သည်။ ထို့ကြောင့် ဘဝတွင် သင်တို့လိုက်စားသင့်သည့် ဦးတည်ချက်နှင့် ပန်းတိုင်အပြင် လျှောက်လှမ်းသင့်သည့် လမ်းကြောင်းကိုပါ ယခု ဦးစွာ ဆုံးဖြတ်သင့်သည်။ ထို့နောက် သင်၏ စိတ်ကို တည်ငြိမ်အောင်ထားပြီး ထိုပန်းတိုင်အတွက် အလုပ်ကြိုးစားလော့။ သင့်ကိုယ်သင် အသုံးခံလော့။ အားထုတ်လော့။ အဖိုးအခပေးဆပ်လော့။ ယခုလောလောဆယ် အခြားသော ကိစ္စများကို ဘေးဖယ်ထားလော့။ ထိုအရာများကို သင်ဆက်၍ တွေးဆနေလျှင် သင်၏ တာဝန်ထမ်းဆောင်မှုကို ထိခိုက်မည်။ သမ္မာတရားကို သင် လိုက်စားခြင်း၊ သင်၏ ကယ်တင်ခြင်းနှင့်သက်ဆိုင်သည့် အရေးပါသောကိစ္စကို ထိခိုက်လိမ့်မည်။ သင်သည် အလုပ်ရှာခြင်း၊ ပိုက်ဆံများစွာ ရှာခြင်း၊ ချမ်းသာကြွယ်ဝအောင် လုပ်ခြင်း၊ လူ့အဖွဲ့အစည်းတွင် တည်ငြိမ်သော ခြေကုပ်ရရန် တည်ဆောက်ခြင်း၊ သင်၏နေရာ ရှာဖွေခြင်းတို့ကို စဉ်းစားရလျှင်၊ အိမ်ထောင်ပြုခြင်းနှင့် လက်တွဲဖော်ရှာခြင်း၊ မိသားစုကို ပံ့ပိုးပြီး သူတို့အား ကောင်းမွန်သော ဘဝကို ပေးရန် တာဝန်ယူခြင်းတို့ကို စဉ်းစားရလျှင်၊ ပြီးလျှင် သင်သည် ကျွမ်းကျင်မှုအသစ်အချို့ကိုလည်း သင်ယူလိုလျှင်၊ ထူးချွန်ပြီး အခြားလူများထက်ပို၍ တော်လိုလျှင် ဤအရာအားလုံးကို စဉ်းစားရခြင်းက ပင်ပန်းမည်မဟုတ်လော။ သင်၏ စိတ်ထဲတွင် အကြောင်းအရာ မည်မျှဆန့်သနည်း။ လူတစ်ယောက်သည် သူ၏ သက်တမ်းတစ်လျှောက်တွင် စွမ်းအင်မည်မျှရှိသနည်း။ အရွယ်ကောင်းသော နှစ်ကာလမည်မျှ ရှိသနည်း။ ဤဘဝတွင် လူတို့သည် အသက်နှစ်ဆယ်နှင့် လေးဆယ်ကြားတွင် စွမ်းအင်အရှိဆုံး ဖြစ်သည်။ ဤအချိန်ကာလအတွင်းတွင် သင်တို့သည် ဘုရားသခင်ကို ယုံကြည်သူများ နားလည်သင့်သည့် သမ္မာတရားများကို ကျွမ်းကျင်အောင် ပြုလုပ်ရမည်။ ထို့နောက် သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရမည်။ ပြီးလျှင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအပြင် ဘုရားသခင်၏ စစ်ဆေးခြင်းနှင့် စမ်းသပ်ခြင်းကိုပါ လက်ခံရမည်။ အခြေအနေများက မည်သို့ရှိသည်ဖြစ်စေ ဘုရားသခင်ကို မငြင်းဆန်သည့် အနေအထားသို့ ရောက်ရှိရမည်။ ဤသည်မှာ အခြေခံအကျဆုံးသောအရာ ဖြစ်သည်။ ထို့အပြင် သင့်အား သွေးဆောင်ဖြားယောင်းရန် အချစ်ရေးနှင့် အိမ်ထောင်ရေးကို မည်သူက အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် တစ်ယောက်ယောက်က သင့်အား ကျော်ကြားမှု၊ ချမ်းသာမှု၊ ဂုဏ်အဆင့်အတန်း၊ သို့မဟုတ် အကျိုးအမြတ်များကို မည်မျှပေးသည်ဖြစ်စေ သင်၏ တာဝန်ကို၊ သို့မဟုတ် ဖန်ဆင်းခံတစ်ယောက်က လုပ်ဆောင်သင့်သည့်အရာကို မစွန့်လွှတ်သင့်ပေ။ နောက်ပိုင်းတွင် ဘုရားသခင်က သင့်ကို အလိုမရှိလျှင်ပင် သင်သည် သမ္မာတရားကို လိုက်စားသင့်ဆဲဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လမ်းကြောင်းကို လျှောက်ရန် အားထုတ်သင့်ဆဲဖြစ်သည်။ ဤအမြင့်သို့ သင်တက်လှမ်းရမည်။ ဤနည်းအားဖြင့် ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးခံသော နှစ်များသည် အလဟဿဖြစ်မည် မဟုတ်ပေ။ သင်သည် အလုပ်ကောင်းရှာရန်၊ သို့မဟုတ် လက်တွဲဖော်ရှာရန် စဉ်းစားလျက် သင်၏ အကောင်းဆုံး နှစ်ကာလများကို ကုန်ဆုံးစေလျှင်၊ ဘုရားသခင်ကို ယုံကြည်စဉ်တွင် ဇာတိပကတိ ဘဝကို နှစ်သက်ခံစားဖို့၊ နှစ်မျိုးလုံးကို တစ်ချိန်တည်း လုပ်ဆောင်ဖို့ မျှော်လင့်လျှင် နှစ်အနည်းငယ်ကြာပြီးနောက် လက်တွဲဖော်ကို ရှာတွေ့နိုင်သည်။ အိမ်ထောင်ကျနိုင်သည်။ သားသမီးများ ရရှိနိုင်သည်။ အိုးအိမ်ထူထောင်ပြီး အသက်မွေးအလုပ်တစ်ခုကို တည်ဆောက်ကောင်း တည်ဆောက်နိုင်သည်။ သို့သော် ထိုနှစ်များတစ်လျှောက်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းမှ မည်သည့်အရာကိုမျှ သင် ရရှိမည်မဟုတ်ပေ။ မည်သည့်သမ္မာတရားကိုမျှ ရရှိမည်မဟုတ်ပေ။ သင်၏ စိတ်နှလုံးသည် အနှစ်မဲ့နေလိမ့်မည်။ သင်၏ အကောင်းဆုံးသော နှစ်ကာလများကို လက်လွတ်ဆုံးရှုံးခဲ့ရပြီး ဖြစ်လိမ့်မည်။ အသက်လေးဆယ်အရွယ်တွင် ပြန်ပြောင်းတွေးတောကြည့်သည့်အခါ သင်၌ မိသားစုရှိလိမ့်မည်။ သားသမီးများရှိလိမ့်မည်။ တစ်ဦးတည်း ဖြစ်နေမည်မဟုတ်။ သို့သော် သင်၏ မိသားစုကိုကား ထောက်ပံ့ပေးနေရမည်။ ဤသည်မှာ သင် မချိုးဖြတ်နိုင်သည့် သံကြိုးဖြစ်သည်။ တာဝန်ကို ထမ်းဆောင်လိုလျှင် သင့်မိသားစု၏ သံကြိုးများဖြင့် ချည်နှောင်ခံထားရလျက် ထမ်းဆောင်ရမည်။ သင်၏ စိတ်နှလုံးက မည်မျှကြီးပါစေ နှစ်ခုလုံးကို အာရုံမစိုက်နိုင်ပေ။ သင်သည် စိတ်နှလုံးအပြည့်အဝဖြင့် ဘုရားနောက်သို့ လိုက်ပြီး သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်မည် မဟုတ်ပေ။ မိသားစုနှင့် လောကီအရာများကို စွန့်လွှတ်သောသူ များစွာရှိသည်။ သို့သော် နှစ်အနည်းငယ်ကြာ ဘုရားသခင်ကို ယုံကြည်ပြီးနောက်တွင် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းနောက်ကိုသာ လိုက်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မရရှိခဲ့ပေ။ ၎င်းတို့တွင် အတွေ့အကြုံကို အခြေခံသည့် စစ်မှန်သော သက်သေခံချက်တစ်ခုမျှပင် မရှိပေ။ ဤသည်မှာ ၎င်းတို့၏ အချိန်ကို ဖြုန်းခြင်းနှင့် အလားတူပင်ဖြစ်သည်။ ယခုအခါတွင် ၎င်းတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သောအခါ သမ္မာတရား၏ သေးငယ်သော အစိတ်အပိုင်းကိုပင် နားမလည်ပေ။ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ မည်သို့ တွေ့ကြုံခံစားရမည်ကို ၎င်းတို့ မသိ။ ထို့ကြောင့် ၎င်းတို့သည် စတင်၍ ညည်းညူကြသည်။ ပြီးလျှင် နောင်တကြီးစွာ ရကြသည်။ ၎င်းတို့သည် အစပိုင်းကို ပြန်စဉ်းစားသောအခါ၊ အသင်းတော်အသက်တာကို အတူတကွ အသက်ရှင်နေကြသော၊ တာဝန်များထမ်းဆောင်နေကြသော၊ အတူတကွ ဓမ္မသီချင်းများ သီဆိုပြီး ဘုရားသခင်ကို ချီးမွမ်းနေကြသော လူငယ်များအားလုံးကို ပြန်စဉ်းစားကြသောအခါ ထိုနေ့ရက်များက မည်မျှကောင်းမွန်သည်၊ ထိုအချိန်သို့ ၎င်းတို့ မည်မျှပင် ပြန်လည်ရောက်ရှိလိုသည်ဆိုသည်တို့ကို စဉ်းစားကြသည်။ ကံမကောင်းစွာဖြင့် ဤကမ္ဘာလောကတွင် နောင်တအတွက် ဖြေဆေးမရှိပေ။ ဆန္ဒရှိလျှင်ပင် မည်သူကမျှ အချိန်ကို နောက်ပြန်မလှည့်နိုင်ပေ။ အစသို့ ပြန်သွားပြီး ဘဝကို နောက်တစ်ဖန် ပြန်ရှင်သန်ဖို့ မဖြစ်နိုင်ပေ။ ဤအတွက်ကြောင့် အခွင့်အလမ်းတစ်ခု ကျော်လွန်သွားသည်နှင့် နောက်တစ်ဖန် ပြန်မလာတော့ခြင်း ဖြစ်သည်။ လူတစ်ယောက်၏ ဘဝသည် ဆယ်စုနှစ် အနည်းငယ်သာ ရှည်သည်။ သမ္မာတရားအား လိုက်စားရန် ဤအသင့်မြတ်ဆုံးအချိန်ကို လွဲချော်ခဲ့လျှင် သင်၏ နောင်တများသည် အသုံးဝင်မည် မဟုတ်ပေ။ လူအချို့သည် ယနေ့အထိ ဘုရားသခင်ကို ယုံကြည်လာပြီး မရေမရာဖြစ်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်က မည်သည့်အဆင့်သို့ ရောက်ရှိနေသည်ကို လုံးဝ မသိနားမလည်ကြပေ။ ကပ်ဘေးကြီးများက ရောက်ရှိလာပြီဖြစ်သော်လည်း ဤလူတို့သည် အိပ်မက်ထဲတွင် အသက်ရှင်နေဆဲဖြစ်ကာ “ဘုရား၏ အမှုတော်ကို ဘုရားသခင် အဆုံးသတ်ဖို့ အချိန်များစွာ လိုသေးသည်။ လူတို့သည် ယခုတွင် လုပ်နေကျအတိုင်း စားသောက်ဆဲ၊ အိမ်ထောင်ပြုဆဲဖြစ်သည်။ ငါ အလျင်အမြန် လုပ်ဆောင်ပြီး ဘဝကို ပျော်မွေ့ရမည်။ လက်လွတ်ခံ၍ မဖြစ်” ဟူ၍ စဉ်းစားကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို အနည်းငယ်မျှပင် ဆာငတ်ခြင်းမရှိဘဲ ဇာတိပကတိ သာယာမှုကို တပ်မက်ဆဲဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် တစ်သက်လျှင် တစ်ကြိမ်သာ လာသော ကယ်တင်ခြင်းရဖို့ အခွင့်အလမ်းကို လွဲချော်ကြရသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် အလုပ်လုပ်သည်။ သူ၏ ကယ်တင်ခြင်းအမှု ပြီးဆုံးသောအခါ လူတစ်ယောက်သာ ရှင်ကျန်လျှင်ပင် ဤသည်မှာ နည်းပါးလွန်းသည်ဟု ဘုရားသခင်က ထင်မြင်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထိုသူကို ယူဆောင်သွားမည်ဖြစ်ပြီး အခြားလူများအားလုံးက ကျန်ရစ်ခဲ့လိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။ ဤအရာကို မည်သူကမျှ ရှင်းလင်းစွာ မမြင်နိုင်ပေ။ ဘုရားသခင်က ကမ္ဘာကို ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးဖို့ရန် ပြုသောအခါတွင် ဘုရားသခင်အား ယုံကြည်သောသူတို့ကို ကယ်တင်ရန်အတွက် သင်္ဘောကြီးတစ်စင်း ဆောက်ဖို့ နောဧအား ညွှန်ကြားခဲ့သည်။ သင်္ဘောကြီးကို ဆောက်ပြီးသွားသောအခါ နောဧ၏ မိသားစုဝင် ရှစ်ယောက်သာ သင်္ဘောကြီးထဲသို့ ဝင်ရောက်ခဲ့ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခဲ့သည်။ အခြားလူအားလုံးက မည်သို့ဖြစ်သွားသနည်း။ ၎င်းတို့အားလုံးသည် ရေလွှမ်းမိုးမှုတွင် နစ်မြုပ်ကုန်ပြီး ကပ်ဘေးတွင် သေဆုံးကြရသည်။ ယခုအခါတွင် ဤသမ္မာတရားအကုန်လုံးအား ဘုရားသခင် ဖော်ပြနေသည်ကို မြင်ကြသောသူ၊ ကယ်တင်ခြင်းအမှု ဘုရားသခင် ပြုနေသည်ကို ကောင်းစွာ သိကြသောသူ များစွာရှိသည်။ သို့သော် ၎င်းတို့သည် သံသယရှိဆဲ ဖြစ်သည်။ ကိုယ်ပိုင်အယူအဆများရှိဆဲ ဖြစ်သည်။ လက်ခံရန် ငြင်းဆန်ဆဲ ဖြစ်သည်။ ဤသို့သောသူမျိုးသည် မိမိကိုယ်ကို ကျေနပ်နေ၏။ သို့သော် ကပ်ဘေးကြီးများ ရောက်လာသောအခါ ၎င်းတို့သည် ဖျက်ဆီးခြင်းခံရမည်။ ထိုအခါ ဤအတွက် မည်သူကို ၎င်းတို့ အပြစ်တင်မည်နည်း။ ဘုရားသခင်၏ အမြင်တွင် သူ၏ ကယ်တင်ခြင်းကို လက်မခံသောသူတို့သည် ပိုးကောင်များဖြစ်သည်။ အသက်ရှင်နေသော တစ္ဆေများဖြစ်သည်။ သားရဲများထက် နိမ့်ကျသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအချိန်ကာလအတွင်းတွင် သူ၏ စိတ်သဘောထားသည် ညှာတာခြင်း၊ ချစ်ခင်ခြင်း၊ ခွင့်လွှတ်ခြင်းရှိသည်။ သို့သော် ဘုရားသခင်၏ ကယ်တင်ခြင်းအမှု ပြီးဆုံးသောအခါ သူသည် သူ၏ ခွင့်လွှတ်ခြင်းကို လူအား ကမ်းလှမ်းပေးတော့မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ ခွင့်လွှတ်ခြင်းကို ပြန်သိမ်းယူသွားမည်ဖြစ်ပြီး လူတို့သည် သူ၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကိုသာ ရင်ဆိုင်ရမည်။ ယခုအချိန်တွင် သင်တို့သည် ဤကြီးမြတ်သော အချိန်အခိုက်အတန့်အတွက် အချိန်မီကလေးပင်ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်နေသည်။ ဤသည်မှာ လူတို့အနေဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်း၊ စုံလင်ခြင်းကို ခံရရန်အတွက် တစ်ခုတည်းသော အခွင့်အလမ်းဖြစ်သည်။ သင်တို့အားလုံးသည် ဘုရားသခင်၏ နိုင်ငံတော် ဧဝံဂေလိတရား ချဲ့ထွင်သည့် အဓိကကျသော ဤအချိန်အခိုက်အတန့်တွင် တာဝန်များကို ထမ်းဆောင်နေကြခြင်း ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ပင် သင်တို့ကို ဘုရားသခင်၏ ထူးခြားသော ချီးမြှောက်မှုဖြစ်သည်။ သင်သည် မည်သည့်နယ်ပယ်ကို လေ့လာခဲ့သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် အသိပညာနယ်ပယ်ကို သင်ပိုင်ဆိုင်သည်ဖြစ်စေ၊ သို့မဟုတ် သင့်တွင် မည်သည့်ဆုကျေးဇူး၊ ကျွမ်းကျင်မှုရှိသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် သူ၏ အိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ဤကျွမ်းကျင်မှုကို အသုံးပြုရန် သင့်အား အခွင့်ပေးခြင်းအားဖြင့် သင့်ကို ကျေးဇူးတော်ပြသနေခြင်းဖြစ်သည်။ ဤသည်မှာ ရခဲသော အခွင့်အလမ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် ပြုမူဆောင်ရွက်သောအခါ မည်သူ့ကိုမျှ ဘက်မလိုက်ပေ။ လူတိုင်းကို မျှတစွာ ဆက်ဆံသည်။ ဘုရားသခင်သည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်သည့် မည်သူကိုမဆို ကျေးဇူးတော်ဖြင့် ဆက်ဆံသည်။ သမ္မာတရားကို မချစ်သောသူ၊ သမ္မာတရားကို စိတ်ကုန်ပြီး ငြင်းပယ်သောသူ မည်သူကိုမဆို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်သည်။ ဘုရားသခင်သည် လူတိုင်းအပေါ် တရားမျှတသည်။ သင်သည် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ကို နာခံနိုင်သရွေ့ ဘုရားသခင်က သင့်အား ကျေးဇူးတော်ဖြင့် ဆက်ဆံလိမ့်မည်။ သင်၏ ယခင်က ပြစ်မှားမှုများအတွက် တာဝန်ခံခိုင်းမည် မဟုတ်ပေ။ ဘုရားသခင်က သင့်အတွက် မည်သို့သော လွတ်လမ်းကို ဖွင့်ပြပေးသည်ဖြစ်စေ၊ ဘုရားသခင်က သင့်အား ကျေးဇူးတော်မည်မျှဖြင့် ဆက်ဆံသည်ဖြစ်စေ အဆုံး၌ သူ့တွင် ဆန္ဒတစ်ခုသာ ရှိသည်။ ဤသည်မှာ ဘုရားသခင်၏ အလိုတော်ကို သင်နားလည်အောင်၊ သင်ခန်းစာများယူအောင်၊ သင်၏ ဘဝတိုးတက်မှုအတွက် သင့်တော်သော ပတ်ဝန်းကျင်များတွင် သမ္မာတရားကို နားလည်အောင် လုပ်ပေးရန်ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားများသည် သင့်အတွင်းတွင် ဖြစ်ပေါ်လာပြီး သင်၏ ဘဝ ဖြစ်လာသည့်အခါ၊ သင့်ကို တစ်ဖန်ပြန်လည်မွေးဖွားပေးသည့် မိဘအဖြစ် ဘုရားသခင်အား ဆက်ဆံပြီး ဘုရားသခင်အား နာခံခြင်းနှင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းကို စွမ်းဆောင်ရရှိနိုင်သည့်အခါ သင်သည် ဘုရားအလိုတော်နှင့် ကိုက်ညီလိမ့်မည်။ သင်တို့အများစုသည် အလွန်ငယ်ရွယ်သေးသော်လည်း ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခြင်း၊ သမ္မာတရားကို နားလည်ခြင်းအားဖြင့် စိတ်ခိုင်မာခြင်းကို သင်တို့အားလုံး ရရှိလျှင်၊ အသက်တာတွင် ကြီးထွားလျှင်၊ သင်တို့၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းရှိလျှင်၊ သင်တို့အပေါ်သို့ စမ်းသပ်မှုများနှင့် ဘေးဒုက္ခများ ကျရောက်လာသောအခါ ခိုင်မာစွာ ရပ်တည်နိုင်လျှင် သင်တို့တွင် ဝိညာဉ်ရင့်ကျက်မှု ရှိမည်ဖြစ်ပြီး ဘုရားသခင်က ကျေနပ်လိမ့်မည်။ ဘုရားသခင်က သင့်အား ကျေးဇူးတော်ဖြင့် ဆက်ဆံသောအခါ သူ အပင်ပန်းခံပြီး ပေးခဲ့သော အဖိုးအခမှာ အချည်းနှီးမဖြစ်ခဲ့ဟု ဘုရားက ဆိုလိမ့်မည်။ သူသည် ဆုလာဘ်များကို ရိတ်သိမ်းလိမ့်မည်။ သင့်အတွင်းတွင် သူ့အမှုတော်၏ အသီးအပွင့်များကို မြင်လိမ့်မည်။ ပြီးလျှင် သူသည် ဤအရာကို ကျေနပ်အားရခြင်း၊ ဝမ်းမြောက်ခြင်းဖြင့် ကြည့်လိမ့်မည်။ ဤရလဒ်သည် ဘုရားသခင်၏ လုပ်ဆောင်မှုသက်သက်ဖြင့်သာ ရရှိသည်။ လူသားက ကြွားဝါရမည့်အရာတစ်ခု မဟုတ်ပေ။

ဘုရားသခင်သည် လူတစ်ယောက်ချင်းစီ မွေးဖွားချိန်မှ ပစ္စုပ္ပန်အချိန်ထိ ဆယ်စုနှစ်များအတွင်း ၎င်းတို့အတွက် အဖိုးအခပေးဆပ်မှုတစ်ခုသာ လုပ်ဆောင်ခြင်းမဟုတ်ပေ။ ဘုရားသခင်မြင်သည့်ပုံစံမှာ သင်သည် ဤလောကသို့ အကြိမ်ရေ မရေမတွက်နိုင်အောင် ရောက်ရှိပြီးဖြစ်သည်။ အကြိမ်မရေမတွက်နိုင်အောင် လူပြန်ဝင်စားပြီးဖြစ်သည်။ ဤအရာကို မည်သူက ကြီးကြပ်ကွပ်ကဲသနည်း။ ဘုရားသခင်က ကြီးကြပ်ကွပ်ကဲပေသည်။ ဤအရာများကို သင်သိဖို့ မဖြစ်နိုင်ပေ။ ဤလောကသို့ သင်လာရောက်သော အချိန်တိုင်းတွင် ဘုရားသခင်ကိုယ်တိုင် သင့်အတွက် အစီအစဉ်များပြုလုပ်သည်။ သင်အသက်ရှင်မည့် နှစ်အရေအတွက်၊ သင်မွေးဖွားလာရမည့် မိသားစုအမျိုးအစား၊ သင်အိုးအိမ်ထူထောင်ပြီး အသက်မွေးအလုပ် တည်ဆောက်မည့်အချိန်အပြင် ဤလောကတွင် သင်လုပ်ဆောင်မည့်အရာနှင့် သင်အသက်မွေးမည့် နည်းလမ်းတို့ကိုပါ ဘုရားသခင်က စီစဉ်သည်။ ဤဘဝတွင် သင်၏ တာဝန်ကို နှောင့်နှေးခြင်းမရှိဘဲ ပြီးမြောက်နိုင်ရန်အလို့ငှာ ဘုရားသခင်သည် သင့်အတွက် ဝမ်းစာရှာဖို့ နည်းလမ်းကို စီစဉ်ပေးသည်။ သင်၏ နောက်တစ်ဖန် လူဝင်စားခြင်းတွင် သင်လုပ်ဆောင်သင့်သည့် အရာနှင့်ပတ်သက်လျှင်မူ သင့်တွင် ရှိသင့်သည့် အရာနှင့် သင့်အား ပေးသင့်သည့် အရာတို့နှင့်အညီ ဘုရားသခင်က ထိုဘဝကို စီစဉ်ပြီး သင့်အား ပေးအပ်သည်။...ဤအစီအစဉ်များကို သင့်အတွက် ကြိမ်ဖန်များစွာ ဘုရားသခင်ပြုလုပ်ပေးခဲ့၏။ ထို့နောက် အဆုံးတွင် သင်သည် နောက်ဆုံးသော ကာလဟူသည့် ခေတ်၌၊ သင်၏ လက်ရှိမိသားစုတွင် မွေးဖွားလာသည်။ ဘုရားသခင်သည် သူ့အား သင်ယုံကြည်နိုင်မည့် ပတ်ဝန်းကျင်ကို သင့်အတွက် စီစဉ်ပေးခဲ့သည်။ သူသည် သင့်အား သူ၏အသံကို ကြားခွင့်ပေးပြီး သူ့ရှေ့မှောက်သို့ ပြန်လာခွင့် ပေးခဲ့သည်။ ထိုသို့အားဖြင့် သင်သည် သူ့နောက်သို့ လိုက်နိုင်ရန်နှင့် သူ၏ အိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ဖြစ်သည်။ ယနေ့အချိန်ထိ သင်ရှင်သန်ခဲ့သည်မှာ ဘုရားသခင်ထံမှ ဤသို့သော လမ်းပြမှုကြောင့်သာဖြစ်သည်။ လူတို့အလယ် သင်အကြိမ်မည်မျှ မွေးဖွားပြီးခဲ့ပြီ၊ သို့မဟုတ် သင်၏ အသွင်အပြင်က အကြိမ်မည်မျှ ပြောင်းလဲခဲ့သည်၊ သို့မဟုတ် မိသားစုမည်မျှ သင့်တွင် ရှိခဲ့သည်၊ သို့မဟုတ် ခေတ်ကာလနှင့် မင်းဆက်မည်မျှတစ်လျှောက် သင်အသက်ရှင်ခဲ့သည်တို့ကို သင်မသိပေ။ သို့သော် ဘုရားသခင်၏ လက်တော်က သင့်ကို တစ်ချိန်လုံး ပံ့ပိုးပေးနေခဲ့သည်။ သူသည် သင့်ကို အမြဲ စောင့်ရှောက်နေခဲ့၏။ လူတစ်ယောက်အကျိုးအတွက် ဘုရားသခင်က အပင်ပန်းခံလိုက်လေခြင်း။ လူအချို့က “ကျွန်ုပ်သည် အသက်ခြောက်ဆယ်ရှိပါပြီ။ အနှစ်ခြောက်ဆယ်တိုင် ဘုရားသခင်က ကျွန်ုပ်ကို စောင့်ရှောက်၊ ကာကွယ်ပေးကာ လမ်းပြပေးခဲ့ပါသည်။ ကျွန်ုပ်အိုမင်းလာသည့်အခါ တာဝန်လည်း မထမ်းဆောင်နိုင်၊ မည်သည့်အရာကိုမျှလည်း မလုပ်နိုင်လျှင် ဘုရားသခင်က ကျွန်ုပ်ကို ဂရုစိုက်ပါဦးမည်လော” ဟူ၍ ဆိုသည်။ ဤသို့ပြောသည်မှာ ကလေးမဆန်သလော။ ဘုရားသခင်သည် ဘဝသက်တမ်း တစ်ခုတည်းအတွက်သာ လူတစ်ဦး၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာ စိုးမိုးခြင်း၊ ထိုလူကို စောင့်ရှောက်ပေးပြီး ကာကွယ်ပေးခြင်း မဟုတ်ပေ။ ဘဝသက်တမ်းတစ်ခုတည်း၊ တစ်ဘဝတည်းနှင့်သာ သက်ဆိုင်သော ကိစ္စဖြစ်လျှင် ဘုရားသခင်က အနန္တတန်ခိုးရှိပြီး အရာအားလုံးအပေါ် အချုပ်အခြာအာဏာ စိုးမိုးကြောင်းကို လက်တွေ့ပြနိုင်မည် မဟုတ်ပေ။ လူတစ်ယောက်အတွက် ဘုရားသခင်ပြုသော အားထုတ်မှုနှင့် သူပေးဆပ်သော အဖိုးအခသည် ဤဘဝတွင် ထိုလူ လုပ်ဆောင်သည့်အရာကို စီစဉ်ခြင်းမျှသာ မဟုတ်ဘဲ မရေမတွက်နိုင်သော ဘဝသက်တမ်းများအတွက် စီစဉ်ပေးခြင်းဖြစ်သည်။ လူဝင်စားသော ဝိညာဉ်တိုင်းအတွက် ဘုရားသခင်က အပြည့်အဝ တာဝန်ယူသည်။ သူသည် သူ၏အသက်နှင့် ရင်းကာ အဖိုးအခပေးပြီး လူတိုင်းကို လမ်းပြ၍ ၎င်းတို့၏ ဘဝအသီးသီးကို စီစဉ်ပေးလျက် အာရုံစူးစိုက်စွာ အလုပ်လုပ်သည်။ ဘုရားသခင်သည် လူသား၏ အကျိုးအတွက် ဤနည်းဖြင့် အပင်ပန်းခံပြီး အဖိုးအခပေးဆပ်သည်။ သူသည် ဤသမ္မာတရားများအားလုံးနှင့် ဤအသက်ကို လူအား ပေးအပ်သည်။ အကယ်၍ ဤနောက်ဆုံးနေ့ရက်များတွင် လူတို့သည် ဖန်ဆင်းခံတို့၏ တာဝန်ကို မထမ်းဆောင်လျှင်၊ ဖန်ဆင်းရှင်၏ ရှေ့မှောက်သို့ ပြန်မလာလျှင်၊ ဘဝပေါင်းမည်မျှနှင့် မျိုးဆက်ပေါင်းမည်မျှကို ၎င်းတို့ရှင်သန်လာခဲ့ပါစေ အကယ်၍ အဆုံးတွင် ၎င်းတို့၏ တာဝန်များကို ကောင်းစွာ မလုပ်ဘဲ ဘုရားသခင်၏ တောင်းဆိုချက်များကို မပြည့်မီနိုင်လျှင် ဘုရားသခင်အပေါ် တင်နေမည့် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းမည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင်ပေးခဲ့သည့် အဖိုးအခအားလုံးနှင့် မထိုက်တန်ဘဲ ဖြစ်နေမည်မဟုတ်လော။ ၎င်းတို့သည် အသိတရား အလွန်တရာ ကင်းမဲ့နေမည်မှာ လူဟူ၍ပင် ခေါ်ဆိုခံထိုက်ကြမည် မဟုတ်။ ဘုရားသခင်အပေါ် ၎င်းတို့၏ အကြွေးသည် ကြီးမားလွန်းနေမည် ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ဤဘဝတွင်၊ သင်၏ ယခင်က ဘဝများကို ငါပြောဆိုခြင်းမဟုတ်ဘဲ ဤဘဝတွင် သင်သည် သင်၏ တာဝန်အတွက် ရုပ်ဝတ္ထုဆိုင်ရာ သာယာမှုများအပြင် မိသားစု၏ ချစ်ခြင်းနှင့် ပျော်ရွှင်မှုကဲ့သို့သော သင်ချစ်သောအရာများ၊ သို့မဟုတ် ပြင်ပအရာများကို မစွန့်လွှတ်နိုင်လျှင်၊ သင့်အတွက် ဘုရားသခင်ပေးဆပ်သော အဖိုးအခများအလို့ငှာ၊ သို့မဟုတ် ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန်အလို့ငှာ ဇာတိပကတိ၏ သာယာမှုများကို မစွန့်လွှတ်လျှင် သင်သည် အမှန်တကယ်ပင် ကောက်ကျစ်ဆိုးယုတ်သည်။ စင်စစ်အားဖြင့် ဘုရားသခင်အတွက် သင်ပေးဆပ်သော မည်သည့်အဖိုးအခမဆို ထိုက်တန်သည်။ ဘုရားသခင်က သင့်ကိုယ်စား ပေးဆပ်သော အဖိုးအခနှင့် နှိုင်းယှဉ်လျှင် သင်ပေးဆပ်သည့်၊ သို့မဟုတ် အသုံးခံသည့် သေးငယ်လှသော ပမာဏက အဘယ်ပြောပလောက်သနည်း။ သင်အနည်းငယ် ဒုက္ခခံခြင်းက အဘယ်ပြောပလောက်သနည်း။ ဘုရားသခင်က မည်မျှ ဒုက္ခခံခဲ့သည်ကို သင်သိသလော။ ဘုရားသခင် ဒုက္ခခံခဲ့သည့်အရာနှင့် နှိုင်းယှဉ်လျှင် သင်ခံရသော ဒုက္ခအနည်းငယ်သည် ထုတ်ပြောဖို့ရန်ပင် မထိုက်တန်ပေ။ ထို့အပြင် ယခုတွင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိနေသည်။ အဆုံးတွင် သင်သည် အသက်ရှင်ကျန်ရစ်မည်ဖြစ်ပြီး ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရလိမ့်မည်။ မည်မျှကြီးသော ကောင်းချီးဖြစ်သနည်း။ ဘုရားသခင်နောက်သို့ လိုက်စဉ်တွင် သင်ဒုက္ခခံသည်ဖြစ်စေ၊ အဖိုးအခပေးဆပ်သည်ဖြစ်စေ သင်သည် အမှန်တကယ်တွင် ဘုရားသခင်နှင့်အတူ အလုပ်လုပ်နေခြင်းဖြစ်သည်။ ဘုရားသခင်က ငါတို့ကို မည်သည့်အရာ လုပ်ဆောင်ခိုင်းသည်ဖြစ်စေ ဘုရားနှုတ်ကပတ်တော်များကို ငါတို့ နားထောင်သည်။ ထိုနှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်သည်။ ဘုရားသခင်ကို မနာခံဘဲ မနေနှင့်၊ သို့မဟုတ် ဘုရားကို ဝမ်းနည်းစေမည့် မည်သည့်အရာကိုမျှ မလုပ်နှင့်။ ဘုရားနှင့်အတူ အလုပ်လုပ်ရန် သင်သည် အနည်းငယ် ဒုက္ခခံရမည်။ အချို့သောအရာများကို စွန့်လွှတ်ပြီး ဘေးဖယ်ထားရမည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေးနှင့် လောကီသာယာမှုများကို စွန့်လွှတ်ရမည်။ အိမ်ထောင်ရေး၊ အလုပ်အကိုင်နှင့် ကမ္ဘာလောကရှိ သင်၏ တက်လမ်းများကဲ့သို့သော အရာများကိုပင် စွန့်လွှတ်ဖို့ လိုသည်။ ဤအရာများကို သင် စွန့်လွှတ်ခဲ့ခြင်းရှိမရှိ ဘုရားသခင်သိသလော။ ဘုရားသခင်က ဤအရာအားလုံးကို မြင်နိုင်သလော။ (မြင်နိုင်ပါသည်။) ဤအရာများကို သင် စွန့်လွှတ်ပြီးဖြစ်ကြောင်း ဘုရားသခင် မြင်သောအခါ မည်သည့်အရာကို သူလုပ်ဆောင်မည်နည်း။ (ဘုရားသခင်သည် စိတ်အေးပြီး အားရပါလိမ့်မည်။) ဘုရားသခင်က အားရပြီး “ငါ ပေးဆပ်ခဲ့သော အဖိုးအခများသည် အသီးအပွင့် ဖြစ်ထွန်းခဲ့ပြီ။ လူတို့သည် ငါနှင့်အတူ အလုပ်လုပ်လိုစိတ် ရှိကြသည်။ ၎င်းတို့တွင် ဤစိတ်ခိုင်မာမှုရှိသည်။ ၎င်းတို့ကို ငါရရှိခဲ့လေပြီ” ဟူ၍သာ ပြောဆိုမည်မဟုတ်။ ဘုရားသခင်က အားရသည်၊ ပျော်ရွှင်သည်ဖြစ်စေ၊ ကျေနပ်သည်၊ စိတ်အေးသည်ဖြစ်စေ ဘုရား၌ ထိုသဘောထားသာ ရှိခြင်းမဟုတ်ပေ။ သူသည် ပြုမူဆောင်ရွက်ခြင်းလည်း ရှိပြီး သူ၏ အမှုတော်က ရရှိသည့် ရလဒ်များကို မြင်လိုသည်။ ဤသို့မဟုတ်လျှင် လူတို့အပေါ် သူ တောင်းဆိုသောအရာသည် အဓိပ္ပာယ်မရှိ ဖြစ်လိမ့်မည်။ လူအပေါ် ဘုရားသခင် ပြသသော ကျေးဇူးတော်၊ ချစ်ခြင်း၊ သနားကရုဏာတို့သည် သဘောထားအမျိုးအစားတစ်ခုမျှသာ မဟုတ်ပေ။ အမှန်တရားလည်း ဖြစ်သည်။ မည်သည့်အမှန်တရားနည်း။ သင့်အတွင်းတွင် ဘုရားနှုတ်ကပတ်တော်များကို ဘုရားသခင်ထည့်သွင်းပေးပြီး သင့်အား ဉာဏ်ပွင့်စေသည်ဟူသည့် အချက်ပင်။ ထိုသို့အားဖြင့် ဘုရားသခင်နှင့်ပတ်သက်၍ မည်သည့်အရာက ချစ်ဖွယ်ဖြစ်ကြောင်း၊ ဤလောကသည် မည်သည့်အရာပင် ဖြစ်ကြောင်းတို့ကို သင်မြင်နိုင်ဖို့၊ သင်၏ စိတ်နှလုံးသည် အလင်းနှင့် ပြည့်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင်နားလည်စေဖို့ဖြစ်သည်။ ဤနည်းအားဖြင့် မသိလိုက်ပါဘဲနှင့် သမ္မာတရားကို သင်ရရှိသည်။ ဘုရားသခင်သည် အလွန်စစ်မှန်သော နည်းဖြင့် သင့်အပေါ်တွင် များစွာအလုပ်လုပ်ကာ သင့်အား သမ္မာတရားကို ရရှိစေသည်။ သမ္မာတရားကို သင်ရရှိသောအခါ၊ ထာဝရအသက်ဟူသည့် တန်ဖိုးအရှိဆုံးအရာကို သင်ရရှိသောအခါ ဘုရားအလိုတော် ပြည့်စုံလေသည်။ လူတို့သည် သမ္မာတရားကို လိုက်စားနေပြီး ဘုရားနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိသည်ကို ဘုရားသခင်က မြင်သောအခါ ပျော်ရွှင်ကျေနပ်သည်။ ထိုအခါတွင် ဘုရား၌ သဘောထားတစ်ခု ရှိ၏။ ထိုသဘောထားရှိနေစဉ်တွင် ဘုရားသည် အလုပ်လုပ်ပြီး လူကို ချီးကျူးကာ ကောင်းချီးပေးသည်။ ဘုရားက “သင်ထိုက်တန်သည့် ကောင်းချီးများနှင့် ငါသင့်ကို ဆုချီးမြှင့်မည်” ဟု ပြောသည်။ ထို့နောက် သင်သည် သမ္မာတရားနှင့် အသက်ကို ရရှိပြီး ဖြစ်လိမ့်မည်။ သင်သည် ဖန်ဆင်းရှင်ကို သိကျွမ်းမှုရှိပြီး သူ၏ အသိအမှတ်ပြုခြင်းကို ရသည့်အခါ သင်၏ စိတ်နှလုံးတွင် ဗလာဖြစ်နေခြင်းကို ခံစားရဦးမည်လော။ ခံစားရမည်မဟုတ်ပေ။ သင်သည် ကျေနပ်လိမ့်မည်ဖြစ်ပြီး ဝမ်းမြောက်သည့်စိတ်ကို ခံစားရမည်။ လူတစ်ယောက်၏ ဘဝက တန်ဖိုးရှိသည်ဟု ဆိုရာ၌ ဤအရာကို ဆိုလိုခြင်းဖြစ်သည် မဟုတ်လော။ ဤသည်မှာ တန်ဖိုးအရှိဆုံးနှင့် အဓိပ္ပာယ်အရှိဆုံး ဘဝဖြစ်သည်။

ယောဘကို ကြည့်လော့။ သူသည် များလှစွာသော ခြံမွေးတိရစ္ဆာန်များနှင့် ကြီးစွာသော ကြွယ်ဝချမ်းသာမှုကို ပေးရန် ဘုရားသခင်ထံ ဆုတောင်းခဲ့ဖူးသလော။ (မတောင်းခဲ့ဖူးပါ။) မည်သည့်အရာကို သူအားထုတ်ခဲ့သနည်း။ (ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ရန် အားထုတ်ခဲ့ပါသည်။) ဘုရားသခင်က “ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့် ရှောင်ခြင်း” ကို မည်သို့မြင်သနည်း။ “ဤအရာကို ကောင်းသည်ဟု ဘုရားမြင်၏” ဟူ၍ ဘုရားသခင်ပြောခဲ့သည်။ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သောအခါ ဘုရားသခင်က ကြီးစွာ ဝမ်းမြောက်ခြင်း ရှိသည်။ ဤသည်မှာ ဘုရားသခင် ကောင်းချီးပေးသော အရာတစ်ခုဖြစ်သည်။ ဘုရားသခင်က ဤစကားများကိုသာ ပြောဆိုပြီး မည်သည့်အရာကိုမျှ ထပ်၍ မလုပ်ဆောင်သလော။ ဘုရားသခင်က ယောဘအပေါ် အခြားမည်သည့်အရာကို လုပ်ဆောင်သနည်း။ (ယောကို စမ်းသပ်ခဲ့ပါသည်။) ဘုရားသခင်သည် ယောဘကို စုံစမ်းသွေးဆောင်ရန်၊ သူ၏ များလှစွာသော ခြံမွေးတိရစ္ဆာန်များ၊ ကြီးစွာသော ကြွယ်ဝချမ်းသာမှုများ၊ သူ၏ သားသမီးများ၊ သူ၏ အစေခံများကို သိမ်းယူရန် စာတန်ကို စေလွှတ်ခဲ့သည်။ ဘုရားသခင်က ယောဘကို စမ်းသပ်ခဲ့သည်။ ယောဘကို စမ်းသပ်ခြင်းမှတစ်ဆင့် မည်သည့်အရာကို ဘုရားသခင်က ရရှိလိုသနည်း။ ဘုရားသခင်က ယောဘ၏ သက်သေခံချက်ကို အလိုရှိခဲ့သည်။ ထိုအချိန်က ဘုရားသခင်သည် ယောဘကို မည်သည့်အရာ ပေးခဲ့သနည်း။ လူတို့က “ယောဘကို ဘုရားသခင် မည်သည့်အရာ ပေးခဲ့သနည်း။ သူ၏ ခြံမွေးတိရစ္ဆာန်များနှင့် ကြီးစွာသော ကြွယ်ဝချမ်းသာမှုများက သိမ်းယူခြင်း ခံရသည်။ သူ့တွင် မည်သည့်အရာ ကျန်သနည်း။ ဘုရားသခင်က သူ့အား မည်သည့်အရာကိုမျှ မပေးခဲ့” ဟု တွေးတောကြသည်။ အပြင်ပန်းတွင် ဘုရားသခင်က ယောဘအား သူပေးခဲ့သည့်အရာကို ပြန်လည် သိမ်းယူသွားသည်ဟု ထင်ရသည်။ ယောဘတွင် မည်သည့်အရာမျှ မကျန်ရစ်သည့် ပုံစံရှိသည်။ သို့သော် ဘုရားသခင်က သိမ်းယူသွားခြင်းသည်ပင် ပို၍ ကြီးသော ဆုလာဘ်ဖြစ်သည်။ ဘုရားသခင်က ယောဘအား မည်သည့်အရာဖြင့် ဆုချီးမြှင့်ခဲ့သည်ကို မည်သူမျှ ရှင်းလင်းစွာ မမြင်ပေ။ ဘုရားသခင်က ယောဘ၏ သက်သေခံချက်ကို အလိုရှိ၍ ယောဘအား အခွင့်အရေးတစ်ခု သူပေးခဲ့သည်။ မည်သို့သော အခွင့်အရေးမျိုးနည်း။ စာတန်နှင့် လူအားလုံးရှေ့တွင် ဘုရားသခင်အတွက် သက်သေခံရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် သူ၏ စစ်မှန်မှုကို သက်သေခံရန်၊ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသော အကျင့်ကို ရှောင်သည့် သူ၏ အမှန်တရားကို သက်သေခံရန်၊ သူသည် စုံလင်ပြီး ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်သည်ကို သက်သေခံရန် ယောဘအတွက် အခွင့်အရေးဖြစ်သည်။ ဘုရားသခင်က သူ့အား ဤအရာပေးခဲ့သည် မဟုတ်လော။ ဘုရားသခင်က ယောဘအား ဤအခွင့်အရေးကို မပေးခဲ့လျှင် စာတန်က ယောဘကို သွားထိရဲခဲ့မည်လော။ (ထိရဲခဲ့မည် မဟုတ်ပါ။) စာတန်သည် ကျိန်းသေပေါက်ပင် သွားထိရဲမည် မဟုတ်ပေ။ ဤသည်မှာ လုံးဝ သေချာသည်။ စာတန်က ယောဘကို စုံစမ်းသွေးဆောင်ခြင်း မပြုလုပ်ရဲခဲ့လျှင် ယောဘက ဤအခွင့်အရေးကို ရရှိမည်လော။ ဤအခွင့်အရေးကို သူ ရရှိမည်မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခြင်းဖြစ်သော သူ လျှောက်သည့် လမ်းကြောင်းသည် မှန်ကန်ကြောင်း၊ ထိုလမ်းကို ဘုရားသခင်က လက်ခံဖွယ်ဖြစ်သည်ဟု မြင်ကြောင်း၊ ယောဘက ဖြောင့်မတ်ပြီး စုံလင်သောသူဖြစ်ကြောင်းကို လူတိုင်းအား သက်သေပြရန် ဤအခွင့်အရေးကို ဘုရားသခင်က ယောဘအား ပေးခဲ့ခြင်းဖြစ်သည်။ ဤအရာများကို လူတိုင်းက မြင်ခဲ့သည်။ ဘုရားသခင်ကလည်း မြင်ခဲ့သည်။ ဤအခွင့်အရေးတွင် ယောဘသည် ဘုရားသခင်ကို စိတ်မပျက်စေခဲ့ပေ။ သူသည် ဘုရားသခင်အတွက် သက်သေခံခဲ့သည်။ စာတန်ကို အောင်နိုင်ခဲ့သည်။ ဤအရာကို ကောင်းသည်ဟု ဘုရားမြင်ခဲ့သည်။ အဆုံးတွင် ဘုရားသခင်က ယောဘကို ဆုချီးမြှင့်ခဲ့သလော။ (ချီးမြှင့်ခဲ့ပါသည်။) ယောဘအတွက် ဘုရားသခင်၏ ဒုတိယ ဆုလာဘ်မှာ အဘယ်နည်း။ ယောဘ၏ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ခြင်းသည် သူ့အတွက် လက်ခံဖွယ်ဖြစ်သည်ဟု ဘုရားသခင်က ပြောခဲ့သည်။ ယောဘသည် စာတန်ရှေ့တွင် ဘုရားသခင်အတွက် သက်သေခံခဲ့သည်။ ဤအရာအားလုံးကို ကောင်းသည်ဟု ဘုရားသခင်က မြင်ခဲ့သည်။ ဘုရားသခင်သည် အားရခြင်း၊ ကျေနပ်ခြင်းနှစ်မျိုးလုံး ဖြစ်သည်။ ဘုရားသခင်တွင် သဘောထား အမျိုးအစားတစ်ခုလည်း ရှိခဲ့သည်။ ဘုရားသခင်က ဤသဘောထားရှိပြီးနောက်တွင် အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်ခဲ့သလော။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။ သင်တို့သည် ယောဘဝတ္ထုနှင့် သိပ်မရင်းနှီးသည့်ပုံစံရှိသည်။ “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏” ဟူ၍ မည်သည့်အခြေအနေအောက်တွင် ယောဘက ပြောခဲ့သနည်း။ သူ့အား ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များကို သူ နားထောင်ပြီးနောက်တွင် ဤစကားများကို သူပြောခဲ့သည်။ ယောဘက ဤအရာမတိုင်မီတွင် ဘုရားသခင်ကို မြင်ခဲ့ဖူးသလော။ (မမြင်ခဲ့ဖူးပါ။) ယောဘအတွက် ဘုရားသခင်၏ အသံကို ကြားခြင်းသည် ဘုရားသခင်၏ မျက်နှာကို မြင်ခြင်းနှင့် အတူတူဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးက အတောင့်တဆုံးဖြစ်သည့် ကောင်းချီးမဟုတ်လော။ (ဟုတ်ပါသည်။) ယောဘက ဤအရာကို ရရှိခဲ့ပေသည်။ သင်တို့ သူ့ကို အားကျသလော။ (အားကျပါသည်။) ဤကောင်းချီးသည် ရရှိရန် မလွယ်ကူပေ။ ဤသို့ဆိုလျှင် သင်သည် ဤအခွင့်အရေးကို မည်သို့ရရှိပြီး ဤသို့သော ကျေးဇူးတော်နှင့် ဆုလာဘ်မျိုးကို မည်သို့ လက်ခံရရှိနိုင်သနည်း။ သင်သည် ဘုရားသခင်အတွက် သက်သေခံရမည်။ ဆိုလိုသည်မှာ သင်သည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများအလယ်တွင် ဘုရားသခင်အတွက် သက်သေခံရမည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လမ်းကြောင်းကို လျှောက်ရမည်။ “ဤအရာကို ကောင်းသည်ဟု ဘုရားမြင်၏” ဟူ၍ ဘုရားသခင်က ပြောလာရန် သင် လုပ်ဆောင်ရမည်။ ဘုရားသခင်က ကျေနပ်၊ အားရခြင်းကို ခံစားရသောအခါ၊ သင်၏ သက်သေခံချက်နှင့် သင်လုပ်ဆောင်သမျှ အားလုံးက ကောင်းသည်ဟု သူ မြင်သောအခါ၊ သင်သည် စုံလင်သောသူတစ်ယောက်ဖြစ်သည်၊ သမ္မာတရားကို လိုက်စားသောသူဖြစ်သည်ဟု ဘုရားသခင်က ပြောသောအခါ သူ၏ ကောင်းချီးများကို သင် ရရှိနိုင်လိမ့်မည်။ ယောဘက ဘုရားသခင်၏ အသံကို ကြားပြီးနောက်တွင် ဘုရားသခင်က အခြားမည်သည့်အရာကို လုပ်ဆောင်သနည်း။ ဘုရားသခင်သည် ယောဘ ယခင်က ရှိခဲ့ဖူးသည့်အရာများထက်ပို၍ ပေးခဲ့သည်။ ယောဘသည် ယခင်ကထက်ပို၍ ချမ်းသာကြွယ်ဝလာသည်။ သူသည် ယခင်က သန်းကြွယ်သူဌေးဖြစ်ခဲ့လျှင် ထိုဖြစ်ရပ်နောက်ပိုင်း၌ ကုဋေကြွယ်သူဌေး ဖြစ်သွားဖို့ သေချာသလောက်ရှိသည်။ ကြည့်လော့။ လူတစ်ယောက်က ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်လျှင် ကုဋေကြွယ်သူဌေး ဖြစ်လာဖို့မှာ သူ့အတွက် လွယ်ကူသောအရာဖြစ်သည်။ ဘုရားသခင်အတွက်မူ စကားတစ်လုံးတည်း ပြောလိုက်ရုံသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည်။ ယောဘသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်ခဲ့၏။ ဤသို့ဖြင့် ဘုရားသခင်၏ ကောင်းချီးများကို ရရှိခဲ့သည်။

ဘုရားသခင်က လူတို့ကို ပေးသည့်အရာသည် လူတို့က တောင်းဆိုနိုင်သည့်အရာ၊ သို့မဟုတ် စိတ်ကူးနိုင်သည့်အရာထက်ပို၍ ကျော်လွန်သည်။ သို့သော် သင်သည် သင်တောင်းဆိုနိုင်သည့်၊ သို့မဟုတ် စိတ်ကူးနိုင်သည့် အရာအားလုံးထက်ပို၍ ကြီးမြတ်သော ဆုလာဘ်ကို ရရှိလိုလျှင် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ရမည်။ ဘုရား၏ လမ်းခရီးနောက်သို့ လိုက်ခြင်းသည် မရိုးရှင်းပေ။ လူတို့သည် အဖိုးအခပေးဆပ်ရမည်။ သို့သော် ထိုအဖိုးအခသည် အချည်းနှီးမဖြစ်ပေ။ ဆုလာဘ်ချီးမြှင့်ခြင်း ခံရမည်။ လူတို့က ဘုရားသခင်သည် ၎င်းတို့အပေါ် သဘောထားအမျိုးအစားတစ်ခုသာ ရှိသည်၊ သူသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်၊ အစဉ်သဖြင့် ၎င်းတို့ကို စောင့်ကြည့်နေသည်၊ ၎င်းတို့မည်သို့ ပြုမူသည်ကို ကြည့်ရှုနေသည်ဟု ထင်ကြသည်။ အမှန်တကယ် ဤသို့ဟုတ်သလော။ မဟုတ်ပေ။ ဘုရားသခင်သည် အမှန်တကယ်တွင် မိဘတစ်ယောက်ကဲ့သို့ဖြစ်သည်။ သင်သည် သင့်မိဘများ၏ စကားကို နားထောင်လျှင်၊ အသိတရားရှိလျှင်၊ သင်၏ သင့်တင့်လျောက်ပတ်သော တာဝန်များကို လုပ်ကိုင်လျှင်၊ လမ်းမှန်နောက်ကို လိုက်ရန်အတွက် ကြီးစွာ ဒုက္ခခံလျှင် သင်၏ မိဘများက မည်သို့ ခံစားရမည်နည်း။ သင်၏မိဘများက သင့်အတွက် ချစ်စိတ်နှင့် ဝမ်းနည်းစိတ်ကို ခံစားရမည်။ ၎င်းတို့သည် ၎င်းတို့၏ သားသမီးများအတွက် ၎င်းတို့၏ ဘဝကို စွန့်လွှတ်ရန်၊ ၎င်းတို့သားသမီးများ၏ ဒုက္ခကို လျော့နည်းစေရန်၊ ၎င်းတို့၏ သားသမီးများ ကောင်းစွာ စားရအောင်၊ ကောင်းသော အဝတ်အစားများကို ဝတ်ပြီး ဘဝကို ပျော်ရွှင်စွာ နေထိုင်ရအောင် သေချာလုပ်ပေးရန်အတွက် အလွန်စိတ်အားထက်သန်ကြသည်။ ထိုသို့ဖြစ်လျှင် ၎င်းတို့သည် ကျေနပ်ကြသည်။ ၎င်းတို့သည် သင့်အား လုံးဝ ဒုက္ခမခံစေလိုပေ။ ဤသည်မှာ မိဘတစ်ယောက်၏ စိတ်နှလုံးဖြစ်သည်။ မိဘတစ်ယောက်၏ စိတ်နှလုံးနှင့် နှိုင်းယှဉ်ကြည့်လျှင် ဘုရားသခင်၏ စိတ်နှလုံးက ပို၍သာ သာလွန်နိုင်သည်။ ပို၍သာ လှပပြီး ပို၍သာ ကြင်နာနိုင်သည်။ သူ၏ စိတ်နှလုံးသည် ဤထက်လုံးဝ မလျော့နိုင်ပေ။ သင်တို့မိဘများ၏ စိတ်နှလုံးကို သင်တို့အားလုံး အနည်းငယ် နားလည်နိုင်သည်။ သင်တို့မိဘများသည် သင်တို့အပေါ် မည်မျှကောင်းခဲ့သည်ကို သင်တို့အားလုံး ကောင်းစွာသိပြီး သင်တို့အားလုံးက သင်တို့မိဘများကို ဂုဏ်ပြုလိုကြသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားကြောင်း ပြသရန်အတွက် ထိုသားသမီးဝတ်ကို ဦးစွာ အသုံးပြုသင့်သည်။ ဤသို့လုပ်ဆောင်သောသူတို့သည် အသိတရားအများဆုံး ပိုင်ဆိုင်သည်။ သားသမီးများသည် ၎င်းတို့မိဘများက ၎င်းတို့အပေါ်တွင် ထားသော ချစ်ခြင်းကို ခံစားနိုင်ကြသည်။ သို့သော် လူတို့သည် ဘုရားသခင်က ၎င်းတို့အပေါ် ထားသော ချစ်ခြင်းကို ပို၍ပင် ခံစားနိုင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် ရှိသမျှအားလုံးကို ဘုရားသခင်က စီစဉ်ပေးပြီး စီစဉ်ညွှန်ကြားထားသောကြောင့်ဖြစ်သည်။ လူတစ်ယောက်အတွက် အရာရာကို ဘုရားသခင်ကသာ ဆုံးဖြတ်နိုင်သည်။ မိဘများသည် ၎င်းတို့၏ ချစ်ခြင်းက မည်မျှကြီးပါစေ ကလေးတစ်ယောက်အတွက် အရာရာကို မဆုံးဖြတ်နိုင်ပေ။ အနည်းဆုံးအနေဖြင့် မိဘများသည် သမ္မာတရားကို မပိုင်ဆိုင်ပေ။ ၎င်းတို့၏ ချစ်ခြင်းသည် ဇာတိပကတိနှင့်ဆိုင်ပြီး ခံစားချက်များ ပါဝင်နေသည်။ ယင်းသည် လူတစ်ယောက်ကို ဖောက်ပြန်ပျက်စီးခြင်းမှ လုံးဝ မကယ်တင်နိုင်သကဲ့သို့ အသက်တာတွင် ကြီးထွားခြင်းနှင့်ပတ်သက်၍လည်း အနည်းငယ်မျှပင် မထောက်ပံ့နိုင်ပေ။ ဘုရားသခင်၏ ချစ်ခြင်းသာ လူတို့ကို ကယ်တင်နိုင်သည်။ ဘဝတွင် မှန်ကန်သော လမ်းကြောင်းကို လူတို့ လျှောက်လှမ်းနိုင်ရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်က လူတို့ကို ဦးဆောင်နိုင်ပြီး ပံ့ပိုးပေးနိုင်သည်။ ဘုရားသခင်၏ ချစ်ခြင်းသည် မိဘ၏ ချစ်ခြင်းထက် မည်မျှပို၍ ကြီးသည်ကို မြင်နိုင်သည်။ ဘုရားသခင်သည် လူတို့အတွက် ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစားပေးသည်။ သင်၏ မိဘများသည် သင့်ကို မွေးဖွားပေးခဲ့သည်။ ၎င်းတို့အတွက် သင်သည် ၎င်းတို့ကိုယ်တိုင်၏ အသွေးအသားဖြစ်သည်။ ၎င်းတို့သည် သင့်ကို ဂရုစိုက်သည်။ ချစ်ခင်မြတ်နိုးသည်။ သင့်ကို အလွန်ပင် ကာကွယ်ပေးသည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သူကိုယ်တိုင်၏ လက်နှင့် ပုံသွင်းပေးခဲ့သော လူသားများကို မည်သို့မြင်သည်ဟု သင်ထင်သနည်း။ ဘုရားသခင်သည် လူသားများကို သူကိုယ်တိုင်၏ သားသမီးများကဲ့သို့ ချစ်မြတ်နိုးသည်။ လူတို့သည် သူကိုယ်တိုင်၏ အသွေးအသားဖြစ်သည်။ မိဘများက ကလေးတစ်ယောက်ကို မွေးဖွားခြင်း၊ သွေးဖြင့် ဆက်နွှယ်ခြင်းဖြစ်သော လူသား၏ အယူအဆကဲ့သို့ မဟုတ်ပေ။ ဘုရားသခင်က လူတို့ကို သူကိုယ်တိုင်၏ လက်ဖြင့် ဖန်ဆင်းခဲ့သည်။ သို့သော် ဘုရားသခင်သည် လူတို့အတွင်းသို့ ဇီဝအသက်ကို မှုတ်သွင်းခဲ့ပြီး လူတို့အပေါ် မျှော်လင့်ချက်များရှိသည်။ ဘုရားသခင်သည် လူတို့အပေါ် သူ၏ မျှော်လင့်ချက်များ ပုံအပ်ခဲ့သည်။ သူသည် လူတို့အပေါ်တွင် တောင်းဆိုချက်များရှိသည်။ သူသည် လူတို့အပေါ် အမှုအရာများ အပ်နှံခဲ့သည်။ ဘုရားသခင်သည် လူသားများကို ဖန်ဆင်းခြင်း၊ ဇီဝအသက် မှုတ်သွင်းခြင်း၊ အသက်ရှင်စေခြင်းသာ ပြုလုပ်ပြီး သူ၏ အမှုက ပြီးသွားခြင်း မဟုတ်ပေ။ တကယ်တမ်း ဆိုရပါက ဘုရားသခင်သည် အစွမ်းထက်ပြီး အနန္တတန်ခိုးရှိသောကြောင့် လူသားမျိုးနွယ်က မကောင်းလျှင် ပြန်လည်ပြုလုပ်၍ ရခြင်းမျိုး မဟုတ်ပေ။ ဘုရားသခင်က လူသားတို့ကို ဖန်ဆင်းပြီးသည့်နောက်တွင် လူသားတို့အပေါ် အလေးထားခြင်း ရှိသည်။ လူသားတို့သည် သူ၏ အသွေးအသားဖြစ်သည်။ သူ၏ အဖော်များ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူ၏ စီမံခန့်ခွဲမှုအစီအစဉ်တွင် လူတို့သည် သူ၏ မျှော်လင့်ချက်များအားလုံး ယုံကြည်အပ်နှံခံထားရသောသူများ၊ ယင်းတို့ကို ခံယူထားသောသူများဖြစ်သည်။ အဆုံးတွင် ဘုရားသခင်သည် ဤလူတို့တွင် မျှော်လင့်ချက်ကို မြင်လိုသည်။ ရလဒ်များကို ရရှိလိုသည်။ ဤအရာကို အခြေခံပြီး သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အလိုတော်အား နားလည်ခြင်းအချို့ ပြနိုင်လျှင် သင်တို့၏ နားလည်မှုက အနည်းငယ်ပို၍ လေးနက်မည်မဟုတ်လော။ (ဟုတ်ပါသည်။) မိမိတို့၏ သားသမီးများကို ပညာဆည်းပူးစေလိုပြီး ဘဝတွင် ထူးချွန်စေလိုသော၊ သားသမီးများ စာကျက်စဉ် ၎င်းတို့၏ဘေးတွင် နေပြီး ၎င်းတို့ကို ယပ်ခတ်ပေးလျက်၊ တစ်အောင့်အကြာတွင် လက်ဖက်ရည်ငှဲ့ပေးလျက်၊ အစာစားချိန်ရောက်သောအခါ အရသာရှိသော အစားအစာအချို့ ပြုလုပ်ပေးလျက်ရှိသော မိဘများကဲ့သို့ပင် ဖြစ်သည်။ ထိုမိဘများသည် မည်သို့ပို၍ ကောင်းအောင် လုပ်ဆောင်ရမည်ကို မသိပေ။ ၎င်းတို့၏ စိတ်သည် ၎င်းတို့၏ သားသမီးများအနီးတွင် အစဉ်လည်ပတ်နေသည်။ သင်၏ မိဘများသည် သင့်အပေါ် မျှော်လင့်ချက်များ ရှိသောကြောင့်၊ သင့်ထံ၌ မျှော်လင့်ချက်များ ထားရှိထားသောကြောင့် သင့်ကို ဤသို့ ဆက်ဆံခြင်းမဟုတ်သလော။ သင်က ၎င်းတို့ကို နားမထောင်လျှင်၊ ဆက်၍ မနာခံဘဲ နေနေလျှင် ၎င်းတို့ကို စိတ်ထိခိုက်စေမည် မဟုတ်လော။ ၎င်းတို့သည် ဝမ်းနည်းမည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဤအယူအဆကို အခြေခံပြီး ဘုရားအလိုတော်ကို တွေးဆလော့။ ဘုရားသခင်က လူသားတို့ကို ကြည့်သောအခါ ၎င်းတို့က မည်မျှ အသက်ကြီးသည်ဖြစ်စေ သူ၏ အမြင်တွင် ကလေးသာဖြစ်သည်။ သင်က “ကျွန်ုပ်သည် အသက်ရှစ်ဆယ်ရှိပါပြီ” ဟု ဆိုလျှင် သင်က ကလေးတစ်ယောက် ဖြစ်သည်ဟု ဘုရားသခင်က ဆိုမည်။ သင်က “ကျွန်ုပ်သည် အသက်နှစ်ဆယ်ရှိပါပြီ” ဟုဆိုလျှင် သင်သည် ပို၍ပင် ကလေးဖြစ်သည်။ အသက်ရှစ်ဆယ်၊ ရှစ်ရာ၊ ရှစ်ထောင်ရှိပါစေ လူသားများအားလုံးသည် ဘုရားသခင်၏ အမြင်တွင် ကလေးများ ဖြစ်သည်။ ဘုရားသခင်၏ အမြင်ရှုထောင့်တွင် အသက်အရွယ်က လုံးဝ ကွာခြားမှု မရှိပေ။ ဘုရားသခင်၏ အမြင်တွင် လူတို့အားလုံးသည် မွေးကင်းစအရွယ်များ၊ ကလေးများဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်ကို ဘုရားသခင် မြင်သည့်ပုံစံ ဖြစ်သည်။ ဤအတွက်ကြောင့် ဘုရားသခင်၏ အမြင်တွင် သင်သည် သူ၏ အသွေးအသားဖြစ်သည်။ သူ၏ အဖော်တစ်ယောက်ဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် သူ၏ အသွေးအသားဖြစ်ဖို့၊ သူ၏ အဖော်ဖြစ်ဖို့၊ သူ၏ စိတ်နှလုံးနှင့် ညီသောသူဖြစ်ဖို့၊ သူ့ကို ကျေနပ်စေဖို့ မည်သို့ အရည်အချင်းပြည့်မီနိုင်သနည်း။ ဤသည်မှာ လူသားမျိုးနွယ်က ထည့်သွင်းစဉ်းစားပြီး တွေးဆဖို့ ထိုက်တန်သော မေးခွန်းတစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်သည် လူသားမျိုးနွယ်ကို သူ၏ အသွေးအသားအဖြစ်၊ သူ၏ အဖော်များအဖြစ်၊ သူ ပေးဆပ်ခဲ့သော အဖိုးအခနှင့် အသွေးကို ခံယူသူများအဖြစ် မှတ်ယူသည်။ ဘုရားသခင်၌ လူအတွက် မည်သို့သော ချစ်ခြင်းမျိုးရှိသနည်း။ သူ့တွင် မည်သို့သော စိတ်ဓာတ်ရှိသနည်း။ ဤဆက်ဆံရေးအဆင့်တွင် ရှိသောသူများကို သူ မည်သို့ ဆက်ဆံသနည်း။ ဤလူတို့အပေါ်တွင် ဘုရားသခင် ထားရှိသော ချစ်ခြင်းမျိုးကို လူသားတို့က အနည်းငယ်မျှပင် နားလည်နိုင်သလော။ လူအချို့က “ဘုရားသခင်ကို ကျွန်ုပ်လုံးဝ မမြင်စဖူး။ ကျွန်ုပ်၏ ယခင်ဘဝများတွင် ကျွန်ုပ်အတွက် သူလုပ်ဆောင်ပေးခဲ့သော အရာများကို ကျွန်ုပ်ခံစား၍မရ” ဟု ဆိုကြသည်။ သင်သည် ယခုအချိန်တွင် အသက်ရှင်နေသည်။ ထို့ကြောင့် ဘုရားသခင်၏ လမ်းပြမှုနှင့် သင့်အတွက် သူပေးဆပ်ခဲ့သော အဖိုးအခကို ခံစား၍ မရသလော။ ၎င်းတို့ကို သင် နားလည်သဘောပေါက်နိုင်သလော။ (နားလည်သဘောပေါက်နိုင်ပါသည်။) ၎င်းတို့ကို သင်နားလည်သဘောပေါက်နိုင်လျှင် ဤသည်မှာ အဆင်ပြေသည်။ ဤအရာက သင်၌ နှလုံးသားနှင့် ဝိညာဉ်ရှိသည်ကို သက်သေပြသည်။ သင်သည် ဤမျှ နားလည်သဘောပေါက်နိုင်လျှင် လုံလောက်သည်။ ဘုရားသခင်နောက်သို့ လိုက်ရန်အတွက် အရာရာကို ဘေးဖယ်ထားရန် သင့်အတွက် ထိုက်တန်သည်။

၂၀၁၇ ခုနှစ်၊ မေလ ၂၉ ရက်

အရှေ့သို့- ဂုဏ်အဆင့်အတန်း၏ စုံစမ်းသွေးဆောင်ခြင်းနှင့် ချည်နှောင်မှုကို ဖြေရှင်းရန်နည်းလမ်း

နောက်တစ်ခုသို့- ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။