ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်

သင်တို့အများစုသည် ဘုရားသခင်အား နှစ်အတန်ကြာ ယုံကြည်ခဲ့ပြီးဖြစ်သည်။ အနည်းနှင့် အများ လမ်းမှန်ပေါ်တွင် အခြေခံအုတ်မြစ်တစ်ခု ချပြီးဖြစ်သည်။ ယခုတွင် သင်တို့သည် ဘုရားသခင်၏ နောက်သို့လိုက်ရန်အတွက် မိသားစုအနှောင်အတွယ်များနှင့် လောကီကို စွန့်လွှတ်နိုင်ကြသည်။ သင်တို့သည် ဘုရားအိမ်တော်တွင် တာဝန်တစ်ခုကို ထမ်းဆောင်ရန် လေ့ကျင့်နေကြသည်။ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံလိုစိတ်ရှိကြသည်။ သမ္မာတရားဆီသို့ ဦးတည်ပြီး ကြိုးပမ်းရန် အသင့်ဖြစ်နေကြသည်။ ဤသည်မှာ သင်တို့သည် အမှုအရာများကို စတင်နားလည်လာသည်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိသည်ဆိုသည့် သဘောဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်း၏ အရေးပါမှုသည် အလွန်ကြီးမားသည်။ တာဝန်တစ်ခုကို သင် ကောင်းစွာထမ်းဆောင်နိုင်ခြင်းရှိမရှိသည် သင်၏ ကယ်တင်ခြင်း၊ စုံလင်ခြင်းနှင့် တိုက်ရိုက် ဆက်စပ်နေသည်။ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ခြင်းအားဖြင့်သာ အသက်ဝင်ရောက်မှုကို ရယူနိုင်သည်၊ မိမိ၏တာဝန်ကိုကောင်းစွာ ထမ်းဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်သည်ဟု ဆိုကောင်းဆိုနိုင်သည်။ ထို့ကြောင့် သင်တို့၏ တာဝန်များနှင့် သက်ဆိုင်လျှင် သင်တို့အား အနည်းငယ်ပို၍ တောင်းဆိုခြင်း၊ အနည်းငယ်ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းသည် သင်တို့အတွက် အကျိုးရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်တို့သည် ဘဝတွင် တိုးတက်မှုပို၍ မြန်ဆန်လိမ့်မည်။ သင်တို့အပေါ် တောင်းဆိုမှုများသည် မြင့်မားနေသည်မှာ မကောင်းသောအရာမဟုတ်သကဲ့သို့ သင်တို့အား စမ်းသပ်ရန်အတွက် ခက်ခဲသောပြဿနာကို ရံဖန်ရံခါ ပေးခြင်းသည်လည်း မကောင်းသောအရာမဟုတ်ပေ။ ဤအရာအားလုံးမှာ သင်တို့အတွက် ဘဝတွင် ကြီးထွားတိုးတက်ပြီး ဘုရားအလိုတော်ကို လုပ်ဆောင်ဖို့ ကူညီပေးရန် ပြုလုပ်ခြင်းဖြစ်သည်။ ဤသို့ဖြင့် သင်တို့သည် အတတ်ပညာပိုင်းဆိုင်ရာ အသိအမြင်အချို့ကို ပို၍ သဘောပေါက်နားလည်ပြီး သင်တို့၏ တာဝန်တွင် ပို၍ ထိရောက်မှုရှိနိုင်သည်။ သင်တို့အပေါ်တွင် ဤတောင်းဆိုမှုများ မပြုလုပ်လျှင် ရလဒ်က အဘယ်သို့ဖြစ်မည်နည်း။ သင်တို့သည် အယူဝါဒများကိုသာ ဟောကြားနိုင်ပြီး စည်းကမ်းများကိုသာ လိုက်နာနိုင်လိမ့်မည်။ ပြီးလျှင် သင်တို့သည် လုံးဝ ပြောင်းလဲခြင်းမရှိဘဲ ဘုရားသခင်အား နှစ်များစွာ ယုံကြည်လိမ့်မည်။ ဤသို့ဆိုလျှင် သင်တို့သည် မည်သည့်အချိန်တွင် တိုးတက်နိုင်မည်နည်း။ သင်တို့၏ တာဝန်ကို မည်သို့ ကောင်းစွာထမ်းဆောင်နိုင်မည်နည်း။ သမ္မာတရားနှင့်ပတ်သက်ပြီး တိုးတက်မှုမရှိရုံမကဘဲ သင်တို့၏တာဝန်တွင် လိုအပ်သော အတတ်ပညာပိုင်းဆိုင်ရာ အသိအမြင်တွင်လည်း တိုးတက်မှုရှိမည်မဟုတ်ပေ။ ဤသို့ဆိုလျှင် သင်တို့၏တာဝန်ကို လက်ခံနိုင်ဖွယ်ရှိသာ စံနှုန်းအထိ ထမ်းဆောင်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သလော။ သင်တို့၏ လက်ရှိဝိညာဉ်ရင့်ကျက်မှုနှင့်ပတ်သက်လျှင် သမ္မာတရားအပေါ် သင်တို့၏ နားလည်မှုက နည်းပါးလွန်းပြီး တာဝန်ထမ်းဆောင်ခြင်း စည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်းမရှိသေးပေ။ သင်တို့သည် သင်တို့၏တာဝန်ကို ကျေနပ်ဖွယ်ဖြစ်စွာ ထမ်းဆောင်ခြင်း စံနှုန်းများကို ရောက်ရှိရန်လည်း အလွန်ဝေးကွာနေသည်။ သို့တိုင်အောင် သင်တို့သည် ဤအရာကို သတိမမူမိဘဲ ကောင်းစွာလုပ်ဆောင်နေသည်ဟု ခံစားရသည်။ တစ်ခါတစ်ရံတွင် သင်တို့သည် အလွန်အမင်း မိမိကိုယ်ကိုအမှန်ထင်ပြီး ရဲတင်းလွန်းခြင်းပင်ဖြစ်သည်။ သင်ပြောသည့်စကားများ၊ သို့မဟုတ် သင်လုပ်ဆောင်သည့်အရာများသည် လူမမြင်နိုင်ပေ။ သမ္မာတရား စည်းမျဉ်းများနှင့်မညီပေ။ တစ်စုံတစ်ယောက်က သင်၏ ပြဿနာများကို ထောက်ပြသောအခါ သင်သည် လက်မခံနိုင်သကဲ့သို့ သမ္မာတရားကိုလည်း မရှာပေ။ ကိုယ့်ကိုယ်ကိုယ်အတွက် ဆင်ခြေများပင် ပေးသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ သင့်ကိုယ်သင် သင့်လျော်စွာ ကျင့်ကြုံပြုမူရန်အတွက် လိုအပ်သော အခြေခံအကျဆုံး အသိတရားကိုပင် သင်မပိုင်ဆိုင်ခြင်းဖြစ်သလော။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ အနည်းဆုံးအနေဖြင့် လူအများစုက သင့်လျော်မှုရှိသည်ဟု မှတ်ယူခြင်းရှိရမည်။ လူတိုင်း၏ အကြံပြုချက်များကို သင် နားထောင်ရမည်။ ၎င်းတို့ပြောသည့်အရာက မှန်ကန်လျှင် သင်သည် လက်ခံပြီး သင်၏ အမှားများကို ပြုပြင်ရမည်။ သင်ရရှိသည့် ရလဒ်များက အဆင်ပြေသည်ဟု လူတိုင်းက ထင်မြင်ပြီး လူတိုင်းက လက်ခံလျှင် ထိုအခါမှသာ သင်၏ လုပ်ရပ်များက လက်ခံနိုင်ဖွယ်ဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ ဤနည်းအားဖြင့် တစ်ဖက်တွင် သင်တို့သည် တာဝန်ထမ်းဆောင်စဉ်တွင် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ပို၍ ရင့်ကျက်လာကာ ပြဿနာများကို ကိုင်တွယ်ရာတွင် အတွေ့အကြုံရှိလာမည်။ အခြားတစ်ဖက်တွင် သင်သည် ပို၍ သင်ယူနိုင်မည်။ တစ်ချိန်တည်းတွင် သင်သည် သမ္မာတရားကို နားလည်လာပြီး အသက်အတွင်းသို့ ဝင်ရောက်လိမ့်မည်။ ထို့ကြောင့် တစ်စုံတစ်ခုက သင့်အပေါ်သို့ ကျရောက်သောအခါ မိမိကိုယ်ကိုအမှန်ဟု မထင်မြင်ရပေ။ သင်သည် ဘုရားရှေ့တွင် ငြိမ်သက်ခြင်းရှိပြီး သင်ခန်းစာယူရမည်။ ပို၍ သင်ယူရန်အတွက် သင့်ကိုယ်သင် စွန့်လွှတ်နိုင်ရမည်။ သင်က “ငါသည် ဤနေရာတွင် သင်တို့ထက်ပို၍ ကျွမ်းကျင်သူဖြစ်သည်။ ထို့ကြောင့် ငါသည် ဦးဆောင်သင့်သည်။ သင်တို့အားလုံးက ငါ့အား နားထောင့်သင့်သည်။” ဟု ထင်မြင်လျှင် ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုးဖြစ်သနည်း။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ ဆိုးယုတ်သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားဖြစ်ပြီး သာမန်လူ့သဘာဝ၏ နယ်ပယ်အတွင်းတွင်ရှိသော အရာတစ်ခုမဟုတ်ပေ။ ဤသို့ဆိုလျှင် မိမိကိုယ်ကို အမှန်ဟု ထင်မြင်မှုမရှိခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ (လူတိုင်း၏ အကြံပြုချက်ကို နားထောင်ခြင်း၊ လူတိုင်းနှင့် ဆွေးနွေးခြင်းကို ဆိုလိုသည်။) သင်ကိုယ်တိုင်၏ အတွေးများ၊ ထင်မြင်ချက်များက မည်သည့်အရာဖြစ်ပါစေ ၎င်းတို့သည် မှန်ကန်သည်၊ လုပ်ဆောင်သင့်သည့် နည်းလမ်းများဖြစ်သည်ဟု သင်က မစဉ်းမစား ဆုံးဖြတ်လျှင် ဤသည်မှာ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းဖြစ်သည်။ သင့်တွင် သင်မှန်ကန်သည်ဟု ခံစားရသော အယူအဆများ၊ ထင်မြင်ချက်များရှိသော်လည်း သင့်ကိုယ်သင် အပြည့်အဝ ယုံကြည်ခြင်းမရှိဘဲ ရှာဖွေခြင်းနှင့် မိတ်သဟာယတို့မှတစ်ဆင့် အတည်ပြုနိုင်လျှင် ဤသည်မှာ မိမိကိုယ်ကို အမှန်ထင်မြင်မှုမရှိခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ မလုပ်ဆောင်မီတွင် လူတိုင်း၏ ပံ့ပိုးမှုနှင့် လက်ခံမှုကို စောင့်ခြင်းသည် အမှုအရာများကို လုပ်ဆောင်ရာတွင် ကျိုးကြောင်းသင့်သောနည်းလမ်းဖြစ်သည်။ လူတစ်ယောက်က သင်နှင့် သဘောထားမတူလျှင် သင်သည် တာဝန်သိစွာဖြင့် တုံ့ပြန်သင့်သည်။ သင့်အလုပ်၏ အတတ်ပညာပိုင်းကဏ္ဍများနှင့်ပတ်သက်လျှင် တိကျစေ့စပ်သင့်သည်။ သင်က “သင်က ဤအရာကို ငါ့ထက်ပို၍ နားလည်သလော။ ငါသည် ဤအလုပ်နယ်ပယ်တွင် အချိန်အလွန်ကြာစွာ လုပ်ကိုင်နေခဲ့ပြီးဖြစ်သည်။ ငါသည် သင့်ထက်ပို၍ နားလည်ခြင်းမရှိသင့်သလော။ သင်သည် မည်သည့်အရာကို သိသနည်း။ သင် နားမလည်ပေ။” ဟု ပြောပြီး မျက်ကွယ်မပြုသင့်ပေ။ ဤသည်မှာ ကောင်းသောစိတ်သဘောထားမဟုတ်ပေ။ မာနထောင်လွှားလွန်းပြီး မိမိကိုယ်ကို အမှန်ထင်လွန်းသည်။ သင်နှင့် သဘောထားမတူညီသူက အတွေ့အကြုံနည်းသည်မှာ၊ ဤအလုပ်နယ်ပယ်တွင် ကောင်းစွာနားလည်ခြင်းမရှိသည်မှာ ဖြစ်နိုင်သည်။ သင်က မှန်ကန်နိုင်ပြီး သင်သည် အမှုအရာများကို မှန်ကန်စွာ လုပ်ဆောင်ကောင်းလုပ်ဆောင်နိုင်သည်။ သို့သော် ပြဿနာက သင်၏ စိတ်သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် ပြုမူဆောင်ရွက်ရန် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူဆောင်ရွက်နိုင်သနည်း။ သင်၏ အယူအဆများကို ဖွင့်ချပြပြီး ၎င်းတို့တွင် ပြဿနာတစ်ခုခုရှိမရှိကို လူတိုင်းအား မြင်စေခြင်းဖြစ်သည်။ လူတစ်ယောက်က အကြံတစ်ခုပေးလျှင် သင်သည် ရှေးဦးစွာ ယင်းကို လက်ခံရမည်။ ပြီးနောက်တွင် မှန်ကန်သော လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းကို လူတိုင်းအား အတည်ပြုစေရမည်။ မည်သူကမျှ မည်သည့်ပြဿနာမျှမရှိလျှင် အသင့်လျော်ဆုံးနည်းလမ်းကို သင် ဆုံးဖြတ်ပြီး ထိုနည်းလမ်းဖြင့် လုပ်ဆောင်နိုင်သည်။ ပြဿနာတစ်ခုကို ရှာတွေ့လျှင် လူတိုင်း၏ ထင်မြင်ချက်များကို တောင်းခံရမည်။ သင်တို့အားလုံးသည် သမ္မာတရားကို ရှာဖွေသင့်ပြီး အတူတကွ မိတ်သဟာယပြုသင့်သည်။ ဤနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးက အလင်းပေးခြင်းခံရသောအခါ၊ ပို၍ ကောင်းမွန်သော လမ်းကြောင်းရှိသောအခါ သင်ရရှိသည့် ရလဒ်များသည် ယခင်ကထက် ပို၍ ကောင်းလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းပြမှုမဟုတ်လော။ ယင်းသည် အံ့ဖွယ်ဖြစ်သောအရာပင်ဖြစ်သည်။ သင်သည် မိမိကိုယ်ကို အမှန်ထင်မြင်ခြင်းအား ရှောင်ကြဉ်နိုင်လျှင်၊ သင်၏ စိတ်ကူးထင်မြင်မှုများ၊ အယူအဆများကို လက်လွတ်နိုင်လျှင်၊ အခြားလူများ၏ မှန်ကန်သော ထင်မြင်ချက်များကို နားထောင်နိုင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို သင် လက်ခံရရှိနိုင်လိမ့်မည်။ သင်၏ စိတ်နှလုံးသည် အလင်းပေးခြင်းခံရမည်ဖြစ်ပြီး မှန်ကန်သော လမ်းကြောင်းကို ရှာတွေ့နိုင်လိမ့်မည်။ ရှေ့ဆက်ရမည့် လမ်းကြောင်းရှိလိမ့်မည်။ သင်သည် ထိုအရာကို လက်တွေ့လုပ်ဆောင်သောအခါ အသေအချာပင် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ ဤသို့သော လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံမှတစ်ဆင့် သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိလာလိမ့်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင် ထိုအလုပ်နယ်ပယ်နှင့်ပတ်သက်ပြီး အသစ်ဖြစ်သောအရာတစ်ခုကို သိလာလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာတစ်ခုမဟုတ်လော။ သင့်တွင် အမှုအရာများ ဖြစ်ပျက်သောအခါ မိမိကိုယ်ကို အမှန်ထင်မြင်မှုမရှိရ၊ သမ္မာတရားကို ရှာဖွေရမည်ကိုလည်းကောင်း၊ မိမိကိုယ်ကို အမှန်ထင်မြင်ပြီး သမ္မာတရားကို လက်မခံလျှင် လူတိုင်းက သင့်အား မုန်းတီးပြီး ဘုရားသခင်က သင့်အား သေချာပေါက် ရွံရှာလိမ့်မည်ကိုလည်းကောင်း ဤအရာမှတစ်ဆင့် သင် သဘောပေါက်လိမ့်မည်။ ဤသည်မှာ ရရှိသော သင်ခန်းစာတစ်ခုမဟုတ်လော။ သင်သည် အစဉ်သဖြင့် ဤသို့ လိုက်စားပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်လျှင် သင်၏တာဝန်တွင် သင်အသုံးပြုသော အတတ်ပညာပိုင်း ကျွမ်းကျင်မှုများကို ပို၍ တိုးတက်စေလျက်ရှိမည်ဖြစ်ပြီး သင်၏တာဝန်တွင် ရလဒ်များ ပိုပို၍ ကောင်းလာလိမ့်မည်။ ဘုရားသခင်က သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး ကောင်းချီးပေးလိမ့်မည်။ သင့်အား ပို၍ပင် ရရှိစေလိမ့်မည်။ ဤအရာတို့အပြင် သင်သည် သမ္မာတရားအား လိုက်စားခြင်းအတွက် လမ်းကြောင်းရှိလိမ့်မည်။ သမ္မာတရားအား မည်သို့လိုက်စားရမည်ကို သင်သိသောအခါ စည်းမျဉ်းများကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်လိမ့်မည်။ မည်သည့်လုပ်ရပ်များက ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို ရရှိစေမည်ကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ မုန်းတီးမှုနှင့် ထုတ်ပယ်မှုကို ရရှိစေမည်ကိုလည်းကောင်း၊ မည်သည့်အရာက ဘုရားသခင်၏ လက်ခံမှုနှင့် ကောင်းချီးများကို ရရှိစေမည်ကိုလည်းကောင်း သင်သိသောအခါတွင် ရှေ့ဆက်ရန် လမ်းကြောင်းတစ်ခုရှိလိမ့်မည်။ ဘုရားသခင်၏ ကောင်းချီးများနှင့် ဉာဏ်အလင်းဖွင့်ပြမှုကို လူတို့ ရရှိသောအခါ ၎င်းတို့၏ ဘဝတိုးတက်မှုက ပို၍ မြန်ဆန်လိမ့်မည်။ ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို နေ့စဉ် ရရှိလိမ့်မည်။ ၎င်းတို့၏ စိတ်နှလုံးတွင် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းရှိလိမ့်မည်။ ဤသည်မှာ ၎င်းတို့ကို သာယာမှုမရှိစေသလော။ သင်၏ လုပ်ရပ်များကို ဘုရားသခင်ရှေ့တွင် တင်ပြနိုင်သောအခါ၊ ဘုရားသခင်က လက်ခံသောအခါတွင် သင်၏ စိတ်နှလုံး၌ သာယာမှုကို ခံစားရမည်။ ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းရှိလိမ့်မည်။ ဤငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းသည် ဘုရားသခင်က သင့်အားပေးအပ်သည့် ခံစားချက်များဖြစ်သည်။ ၎င်းတို့သည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်က ချပေးသည့် ခံစားချက်ဖြစ်သည်။

မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို အမှန်ထင်ခြင်းသည် လူသား၏ အပေါ်လွင်ဆုံး ဆိုးယုတ်သော စိတ်သဘောထားဖြစ်သည်။ လူတို့သည် သမ္မာတရားကို လက်မခံလျှင် ထိုစိတ်သဘောထားကို သန့်စင်ရန် မဖြစ်နိုင်ပေ။ လူတို့အားလုံးသည် မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားများရှိသည်။ ပြီးလျှင် ၎င်းတို့သည် အစဉ်သဖြင့် စိတ်ကြီးဝင်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကို စဉ်းစားပါစေ၊ မည်သည့်အရာကို ပြောဆိုပါစေ၊ အမှုအရာများကို မည်သို့မြင်ပါစေ ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် ကိုယ်ပိုင်သဘောထားများက မှန်ကန်သည်၊ အခြားလူများပြောဆိုသည့်အရာက ၎င်းတို့ပြောဆိုသည့်အရာကဲ့သို့ မကောင်းမွန်ပေ၊ သို့မဟုတ် မမှန်ကန်ပေဟု အစဉ် ထင်မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ထင်မြင်ချက်များကို အစဉ် ဖက်တွယ်ထားကြပြီး မည်သူက စကားပြောသည်ဖြစ်စေ နားထောင်မည်မဟုတ်ပေ။ အခြားလူတစ်ယောက်က ပြောသည့်အရာမှာ မှန်ကန်လျှင်ပင်၊ သို့မဟုတ် သမ္မာတရားနှင့် ညီလျှင်ပင် ၎င်းတို့က လက်ခံမည်မဟုတ်ပေ။ ၎င်းတို့က နားထောင်နေသည့်ပုံစံရှိမည်ဖြစ်သော်လည်း ထိုအယူအဆကို အမှန်တကယ် ခံယူမည်မဟုတ်ပေ။ လုပ်ဆောင်ရမည့်အချိန်ရောက်လျှင် ၎င်းတို့ပြောသည့်အရာက မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်ဟု အစဉ်ထင်မြင်လျက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများအတိုင်း လုပ်ဆောင်ဆဲ ဖြစ်လိမ့်မည်။ သင်ပြောသည့်အရာက အမှန်ပင် မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်မှာ သို့မဟုတ် သင်လုပ်ဆောင်ခဲ့သည့်အရာသည် မှန်ကန်ပြီး အမှားကင်းသည်မှာ ဖြစ်နိုင်သည်။ သို့သော်လည်း မည်သည့် စိတ်သဘောထားမျိုးကို သင်ဖွင့်ပြခဲ့သနည်း။ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်းမဟုတ်လော။ သင်သည် ဤမာနထောင်လွှားသော၊ မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မစွန့်ပစ်လျှင် သင်၏ တာဝန်ထမ်းဆောင်မှုကို သက်ရောက်မည်မဟုတ်လော။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ခြင်းအား ထိခိုက်မည်မဟုတ်လော။ သင်၏ မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်သော စိတ်သဘောထားကို မဖြေရှင်းလျှင် အနာဂတ်ကာလတွင် သင့်အား အလွန်ပင် အနှောင့်အယှက်ဖြစ်စေမည်မဟုတ်လော။ သင်သည် အသေအချာပင် အနှောင့်အယှက်များကို တွေ့ကြုံရမည်။ ရှောင်လွှဲ၍မရပေ။ ဘုရားသခင်သည် လူသား၏ ဤသို့သော အပြုအမူကို မြင်နိုင်သလော။ ဘုရားသခင်က မြင်နိုင်သည်ထက်ပိုသည်။ ဘုရားသခင်သည် လူတို့၏ စိတ်နှလုံးအတွင်းထဲကို စိစစ်ရုံမကဘဲ အချိန်တိုင်း၊ နေရာတိုင်းတွင် ၎င်းတို့၏ စကားတိုင်း၊ အလုပ်တိုင်းကိုလည်း လေ့လာကြည့်ရှုသည်။ ဘုရားသခင်က သင်၏ ဤအပြုအမူကို မြင်သောအခါ မည်သည့်အရာကို ပြောမည်နည်း။ ဘုရားသခင်က “သင်သည် ခေါင်းမာသည်။ သင်က မှားယွင်းသည်ကို မသိသောအခါတွင် သင်၏ ကိုယ်ပိုင်အယူအဆများကို ဖက်တွယ်ထားနိုင်သည်မှာ နားလည်နိုင်ဖွယ်ရှိသော်လည်း သင်သည် မှားယွင်းသည်ကို ရှင်းလင်းစွာသိပြီး သင်၏ အယူအဆများကို ဖက်တွယ်နေဆဲဖြစ်လျှင်၊ နောင်တမရဘဲ သေသာသေလိုက်မည်ဆိုလျှင် သင်သည် ခေါင်းမာသောသူရူးတစ်ယောက်သာဖြစ်သည်။ ပြီးလျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ မည်သူက အကြံပေးပါစေ သင်က ထိုအကြံအပေါ် အပျက်သဘောဆောင်သော၊ အတိုက်အခံပြုသော သဘောထားကို အစဉ်ခံယူလျှင်၊ သမ္မာတရားအနည်းငယ်မျှကိုပင် လက်မခံလျှင်၊ သင်၏ စိတ်နှလုံးက လုံးဝပင် အတိုက်အခံဖြစ်ပြီး ပိတ်ထားကာ ရှောင်ဖယ်နေလျှင် သင်သည် အလွန်ပင် အဓိပ္ပာယ်မရှိဖြစ်ပြီး ရယ်ဖွယ်ကောင်းသောသူတစ်ယောက်ဖြစ်သည်။ သင်သည် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းသည်။” ဟု ဆိုလိမ့်မည်။ သင်သည် အဘယ်သို့ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲခြင်းဖြစ်သနည်း။ သင်သည် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည်မှာ အဘယ်ကြောင့်ဆိုသော် သင် ပြသသည့်အရာသည် မှားယွင်းသောနည်းလမ်း၊ သို့မဟုတ် မှားယွင်းသော အပြုအမူမဟုတ်ဘဲ သင်၏ စိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်သောကြောင့်ဖြစ်သည်။ မည်သည့် စိတ်သဘောထားကို ဖွင့်ပြခြင်းဖြစ်သနည်း။ သမ္မာတရားကို သင် စိတ်ကုန်သည့်၊ သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားဖြစ်သည်။ သင်သည် သမ္မာတရားကို မုန်းတီးသူအဖြစ် ခွဲခြားသတ်မှတ်ပြီးသည်နှင့် ဘုရားသခင်၏ အမြင်တွင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သူသည် သင့်အား မုန်းတီးမည်။ ငြင်းပယ်မည်။ လျစ်လျူရှုမည်။ လူတို့၏ အမြင်တွင် ၎င်းတို့ အများဆုံးအနေဖြင့် ပြောမည့်အရာမှာ “ဤလူ၏ စိတ်သဘောထားသည် ဆိုးသည်။ အလွန်အမင်း ခေါင်းမာသည်။ အလျှော့ပေးခြင်းမရှိ။ မာနထောင်လွှားသည်။ ဤလူသည် ပေါင်းသင်းရန် ခက်ခဲပြီး သမ္မာတရားကို မချစ်ပေ။ သမ္မာတရားကို လုံးဝ လက်မခံသကဲ့သို့ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။” ဟူ၍ ဖြစ်သည်။ အများဆုံးအနေဖြင့် လူတိုင်းက သင့်အား ဤအကဲဖြတ်ချက်ကို ပေးလိမ့်မည်။ သို့သော် ဤအကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သလော။ လူတို့က သင့်အားပေးသည့် အကဲဖြတ်ချက်သည် သင်၏ ကံကြမ္မာကို မဆုံးဖြတ်နိုင်ပေ။ သို့သော် သင်မမေ့ရမည့် အရာတစ်ခုရှိသည်။ ဘုရားသခင်က လူတို့၏ စိတ်နှလုံးကို စိစစ်သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်က လူတို့၏ စကားတိုင်း၊ လုပ်ရပ်တိုင်းကို လေ့လာကြည့်ရှုသည်။ ဘုရားသခင်က သင့်အား ဤသို့ အဓိပ္ပာယ်သတ်မှတ်ပြီး သင်သည် သမ္မာတရားကို မုန်းသည်ဟု ပြောလျှင်၊ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအနည်းငယ်ရှိသည်၊ သို့မဟုတ် အနည်းငယ် နာခံခြင်းမရှိဟုသာ မပြောလျှင် ဤသည်မှာ အလွန်ဆိုးသော ပြဿနာမဟုတ်လော။ (ဆိုးသည်။) ဤသည်မှာ ပြဿနာရှိသည်ဆိုသည့် သဘောဖြစ်သည်။ ဤပြဿနာသည် လူတို့က သင့်အပေါ် မြင်သည့်ပုံစံ၊ သို့မဟုတ် သင့်အား မည်သို့ အကဲဖြတ်သည်ဆိုသည့်အပေါ်တွင် မူတည်ခြင်းမရှိဘဲ ဘုရားသခင်က သမ္မာတရားကို မုန်းတီးသည့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မည်သို့ရှုမြင်သည်ဆိုသည့်အပေါ်တွင် မူတည်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က အဘယ်သို့ မြင်သနည်း။ သင်သည် သမ္မာတရားအား မုန်းတီးပြီး မချစ်ပေဟု ဘုရားသခင်က သတ်မှတ်ခြင်းသာဖြစ်ပြီး ဤမျှသာ ဖြစ်သလော။ ဤမျှ ရိုးရှင်းသလော။ သမ္မာတရားက မည်သည့်နေရာမှ လာသနည်း။ သမ္မာတရားက မည်သူကို ကိုယ်စားပြုသနည်း။ (ဘုရားသခင်ကို ကိုယ်စားပြုသည်။) ဤအရာကို ချင့်ချိန်စဉ်းစားလော့။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်၏ အမြင်တွင် ထိုသူအား မည်သို့ရှုမြင်မည်နည်း။ (သူ၏ ရန်သူအဖြစ် ရှုမြင်မည်။) ဤသည်မှာ ဆိုးရွားသော ပြဿနာတစ်ခုမဟုတ်လော။ လူတစ်ယောက်သည် သမ္မာတရားကို မုန်းတီးလျှင် ဘုရားသခင်ကို မုန်းတီးသည်။ ဘုရားသခင်ကို မုန်းသည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ထိုသူသည် ဘုရားသခင်ကို ကျိန်ဆဲသလော။ ဘုရားသခင်ကို တိုက်ရိုက်ဆန့်ကျင်သလော။ ဘုရားသခင်၏ နောက်ကွယ်တွင် ဘုရားသခင်အား ဝေဖန်အပြစ်တင်သလော၊ ရှုတ်ချသလော။ ဤသို့ မလွှဲမသွေ ဖြစ်ခြင်းမျိုးမဟုတ်ပေ။ ဤသို့ဆိုလျှင် သမ္မာတရားအား မုန်းတီးသော စိတ်သဘောထားကို ဖွင့်ပြခြင်းသည် ဘုရားသခင်ကို မုန်းတီးခြင်းဖြစ်သည်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ ဤသည်မှာ အပ်နှင့် ထွင်းရမည့်ကိစ္စကို ပုဆိန်ဖြင့်ပေါက်ခြင်းမဟုတ်ပေ။ ယင်းသည် အခြေအနေ၏ လက်တွေ့အရှိတရားဖြစ်သည်။ သမ္မာတရားကို မုန်းတီးသောကြောင့် သခင်ယေရှုကို ကားတိုင်တွင် သံနှင့်ရိုက်ခဲ့သော ကြောင်သူတော် ဖာရိရှဲများကဲ့သို့ဖြစ်သည်။ နောက်တွင် ဆက်၍ဖြစ်သော အကျိုးဆက်များက ဆိုးရွားသည်။ ဤသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို စိတ်ကုန်ပြီး သမ္မာတရားကို မုန်းတီးသည့် စိတ်သဘောထားရှိလျှင် ထိုစိတ်သဘောထားသည် အချိန်မရွေး၊ နေရာမရွေး ဖွင့်ပြနိုင်သည်ဟု ဆိုလိုသည်။ ထိုသူသည် ထိုစိတ်သဘောထားဖြင့် အသက်ရှင်လျှင် ဘုရားသခင်ကို ဆန့်ကျင်မည်မဟုတ်လော။ သူသည် သမ္မာတရား၊ သို့မဟုတ် ရွေးချယ်မှုပြုရခြင်းပါဝင်သော အရာတစ်ခုဖြင့် ရင်ဆိုင်ရသောအခါ သမ္မာတရားကို လက်မခံနိုင်လျှင်၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်ရှင်လျှင် သူသည် အလိုအလျောက်ပင် ဘုရားသခင်အား ဆန့်ကျင်လိမ့်မည်။ သစ္စာဖောက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဘုရားသခင်ကို မုန်းပြီး သမ္မာတရားကို မုန်းသည့် စိတ်သဘောထားဖြစ်သောကြောင့်ဖြစ်သည်။ သင့်တွင် ဤသို့သော စိတ်သဘောထားရှိလျှင် ဘုရားသခင်ပြောဆိုသော စကားများနှင့်ပတ်သက်လျှင်ပင် သင်သည် မေးခွန်းထုတ်လိမ့်မည်။ ထိုစကားများကို ပိုင်းခြားစိစစ်လိမ့်မည်။ ထို့နောက်တွင် သင်သည် ဘုရားနှုတ်ကပတ်တော်များကို သံသယဖြစ်ပြီး “ဤအရာတို့သည် အမှန်ပင် ဘုရားနှုတ်ကပတ်တော်များဖြစ်သလော။ ငါ့အတွက် သမ္မာတရားနှင့် မတူပေ။ ၎င်းတို့အားလုံးသည် ငါ့အတွက် မလွှဲမသွေ မှန်ကန်သည့် ပုံစံမရှိ။” ဟု ဆိုသည်။ ဤသို့ဖြင့် သမ္မာတရားအား မုန်းတီးသည့် သင်၏ စိတ်သဘောထားသည် ဖွင့်ပြခြင်းမရှိသလော။ သင်သည် ဤသို့ စဉ်းစားသောအခါ ဘုရားသခင်အား နာခံနိုင်သလော။ သေချာပေါက် မနာခံနိုင်ပေ။ သင်သည် ဘုရားသခင်ကို မနာခံနိုင်လျှင် သူသည် သင်၏ ဘုရားဖြစ်သေးသလော။ မဖြစ်တော့ပေ။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်အတွက် မည်သို့ဖြစ်မည်နည်း။ သင်သည် သူ့အား သုတေသနပြုရန် အကြောင်းအရာတစ်ခုအဖြစ်၊ သံသယဖြစ်ရမည့်သူတစ်ယောက်အဖြစ်၊ ရှုတ်ချရမည့်သူတစ်ယောက်အဖြစ် မှတ်ယူလိမ့်မည်။ သင်သည် သူ့အား သာမန်၊ ပုံမှန်လူတစ်ယောက်အဖြစ် မှတ်ယူပြီး ထိုသို့သောသူတစ်ယောက်အဖြစ် ရှုတ်ချလိမ့်မည်။ ဤသို့ လုပ်ဆောင်ရာတွင် သင်သည် ဘုရားသခင်ကို အာခံပြီး စော်ကားသောသူတစ်ယောက်ဖြစ်လာလိမ့်မည်။ မည်သို့သော စိတ်သဘောထားမျိုးက ဤအရာကို ဖြစ်စေသနည်း။ အတိုင်းအတာတစ်ခုအထိ ကြီးထွားလာသော မာနထောင်လွှားသည့် စိတ်သဘောထားကြောင့် ဖြစ်သည်။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက သင့်ထံမှ ပွင့်ထွက်လာမည်ဖြစ်ရုံမကဘဲ သင်၏ ဆိုးယုတ်သော မျက်နှာသည်လည်း အပြည့်အဝ ဖွင့်ချပြလိမ့်မည်။ ဘုရားသခင်အား အာခံသည့်အဆင့်သို့ ရောက်ရှိသော၊ ဘုရားသခင်ကို ပုန်ကန်မှုက အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသောသူနှင့် ဘုရားသခင်ကြားတွင်ရှိသော ဆက်ဆံရေးသည် မည်သို့ဖြစ်မည်နည်း။ လူတစ်ယောက်သည် ဘုရားသခင်အား သူနှင့်ဆန့်ကျင်သည့်နေရာတွင်ထားသည့် မလိုမုန်းထားသော ဆက်ဆံရေးဖြစ်လာသည်။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် သမ္မာတရားကို လက်မခံနိုင်၊ မနာခံနိုင်လျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ သင်သည် သမ္မာတရားကို ငြင်းဆန်ပြီး ပယ်လျှင် သင်သည် ဘုရားသခင်ကို အာခံသောသူတစ်ယောက် ဖြစ်နှင့်ပြီး ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ဘုရားသခင်က သင့်ကို ကယ်တင်နိုင်သေးသလော။ သေချာပေါက် မကယ်တင်နိုင်ပေ။ ဘုရားသခင်က သင့်အား သူ၏ ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အရေးပေးပြီး သင့်အား ရန်သူအဖြစ် မမြင်ပေ။ သို့သော် သင်သည် သမ္မာတရားကို လက်မခံနိုင်ဘဲ ဘုရားသခင်အား သင်၏ ဆန့်ကျင်ဘက်တွင်ထားသည်။ ဘုရားသခင်အား သင်၏ သမ္မာတရားအဖြစ်၊ သင်၏ လမ်းကြောင်းအဖြစ် လက်ခံရန် မစွမ်းဆောင်နိုင်ခြင်းကြောင့် သင်သည် ဘုရားသခင်အား အာခံသောသူဖြစ်သွားသည်။ ဤပြဿနာကို အဘယ်သို့ ဖြေရှင်းသင့်သနည်း။ သင်သည် လျင်မြန်စွာ နောင်တရပြီး လမ်းကြောင်းပြောင်းရမည်။ ဥပမာ သင်သည် တာဝန်ထမ်းဆောင်စဉ်တွင် ပြဿနာတစ်ခု၊ သို့မဟုတ် အခက်အခဲတစ်ခုကို ကြုံရပြီး မည်သို့ဖြေရှင်းရမည်ကို မသိသောအခါ သင်သည် ဤအရာကို မမြင်မကန်းဖြင့် ချင့်ချိန်စဉ်းစားခြင်းမပြုရပေ။ ရှေးဦးစွာ ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်စေရမည်။ ဘုရားထံ ဆုတောင်းပြီး ရှာဖွေရမည်။ ထိုအရာနှင့်ပတ်သက်ပြီး ဘုရားနှုတ်ကပတ်တော်ကပြောသည့်အရာကို ကြည့်ရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်အား ဖတ်ပြီးနောက်တွင် နားမလည်သေးလျှင်၊ ဤပြဿနာက မည်သည့်သမ္မာတရားနှင့် သက်ဆိုင်သည်ကို မသိလျှင် သင်သည် စည်းမျဉ်းတစ်ခုကို မြဲမြံစွာ ဆုပ်ကိုင်ထားရမည်။ ဆိုလိုသည်မှာ ရှေးဦးစွာ နာခံလော့။ ကိုယ်ပိုင်အယူအဆများ၊ အတွေးများမရှိနှင့်။ ငြိမ်သက်သော စိတ်နှလုံးဖြင့် စောင့်ဆိုင်းလော့။ ဘုရားသခင်က မည်သို့ ရည်ရွယ်ပြီး လုပ်ဆောင်လိုသည်ကို ကြည့်လော့။ သမ္မာတရားကို သင်နားမလည်သောအခါ သမ္မာတရားကို ရှာဖွေသင့်သည်။ မစဉ်းမစားဖြင့်၊ ပေါ့ဆစွာ လုပ်ဆောင်မည့်အစား ဘုရားသခင်ကို စောင့်ဆိုင်းသင့်သည်။ သမ္မာတရားကို သင်နားမလည်သောအခါ လူတစ်ယောက်က သင့်အား အကြံပြုချက်ပေးလျှင်၊ သမ္မာတရားနှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင့်အား ပြောလျှင် သင်သည် ရှေးဦးစွာ လက်ခံသင့်ပြီး လူတိုင်းအား ဤအရာအပေါ်တွင် မိတ်သဟာယပြုစေသင့်သည်။ ပြီးလျှင် ဤလမ်းကြောင်းသည် မှန်ကန်ခြင်းရှိမရှိ၊ သမ္မာတရားစည်းမျဉ်းများနှင့် ညီခြင်းရှိမရှိကို ကြည့်သင့်သည်။ သမ္မာတရားနှင့် ညီသည်ဟု အတည်ပြုလျှင် ထိုနည်းအတိုင်း လက်တွေ့လုပ်ဆောင်လော့။ သမ္မာတရားနှင့် မကိုက်ညီဟု သင် ဆုံးဖြတ်လျှင် ထိုနည်းအတိုင်း လက်တွေ့မလုပ်ဆောင်နှင့်။ ထိုမျှ ရိုးရှင်းသည်။ သမ္မာတရားကို သင်ရှာဖွေသောအခါ လူများစွာထံမှ ရှာဖွေသင့်သည်။ တစ်စုံတစ်ယောက်က ပြောစရာတစ်ခုခုရှိလျှင် သင်သည် နားထောင်သင့်သည်။ ထိုသူ၏ စကားများအားလုံးကို အလေးအနက်ထားသင့်သည်။ ထိုသူအား လျစ်လျူရှုခြင်း၊ ပစ်ပယ်ခြင်းမပြုနှင့်။ အဘယ်ကြောင့်ဆိုသော် သင်၏တာဝန် နယ်ပယ်အတွင်းတွင်ရှိသောအရာများနှင့် သက်ဆိုင်ပြီး ဤအရာကို အလေးအနက်မှတ်ယူရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထား၊ မှန်ကန်သော အခြေအနေဖြစ်သည်။ သင်သည် မှန်ကန်သော အခြေအနေတွင် ရှိသောအခါ သမ္မာတရားအား စိတ်ကုန်သည့်၊ သမ္မာတရားအား မုန်းတီးသည့် စိတ်သဘောထားကို သင် ဖွင့်မပြပေ။ ထို့နောက် ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အစားထိုးပေးလိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် ဤနည်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောအခါ မည်သည့် အသီးအပွင့်ကို ရရှိမည်နည်း။ (သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြခြင်းကို ခံရမည်။) သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို ရရှိခြင်းသည် ကဏ္ဍတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံတွင် အကြောင်းအရာသည် အလွန်ရိုးရှင်းပြီး သင်ကိုယ်တိုင်၏ စိတ်ကို အသုံးပြုခြင်းအားဖြင့် ရရှိနိုင်သည်။ အခြားလူများက ၎င်းတို့၏ အကြံများကို သင့်အား ပေးပြီး သင်က နားလည်ပြီးနောက်တွင် သင်သည် အမှုအရာများကို ပြုပြင်ပြီး စည်းမျဉ်းနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သည်ဟု လူတို့က ထင်နိုင်သည်။ သို့သော် ဘုရားသခင်အတွက် ကြီးမားသော ကိစ္စဖြစ်သည်။ အဘယ်ကြောင့် ငါ ဤသို့ ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ဤသို့ လက်တွေ့လုပ်ဆောင်သောအခါ ဘုရားသခင်အတွက် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူ၊ သမ္မာတရားကို ချစ်သောသူ၊ သမ္မာတရားကို စိတ်မကုန်သောသူဖြစ်သည်။ သင်၏ စိတ်နှလုံးအတွင်းသို့ ဘုရားသခင် ကြည့်သောအခါ သူသည် သင်၏ စိတ်သဘောထားကိုလည်း မြင်သည်။ ဤသည်မှာ ကြီးမြတ်သော ကိစ္စဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် သင်၏တာဝန်ကို ထမ်းဆောင်ပြီး ပြုမူဆောင်ရွက်သောအခါ သင်အသက်ရှင်နေထိုင်ပြီး ဖွင့်ပြသည့်အရာသည် လူတို့ပိုင်ဆိုင်သင့်သည့် သမ္မာတရား၏ စစ်မှန်မှုအားလုံးဖြစ်သည်။ သင်လုပ်ဆောင်သမျှတွင် သင်ပိုင်ဆိုင်သော သဘောထားများ၊ အတွေးများ၊ အခြေအနေများသည် ဘုရားသခင်အတွက် အရေးကြီးဆုံးဖြစ်ပြီး ဘုရားသခင် စိစစ်သောအရာများဖြစ်သည်။

လူအချို့သည် ၎င်းတို့အပေါ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတိုင်းတွင် မလိုအပ်ဘဲ ငြင်းခုံပြီး အကျိုးမရှိသောအရာများကို လုပ်ဆောင်သည်မှာ ဆိုးယုတ်ခြင်းမရှိသလော။ ဤသည်မှာ ကြီးမားသော ပြဿနာဖြစ်သည်။ စိတ်ရှင်းလင်းသောလူတို့သည် ဤအမှားကို ပြုလုပ်မည်မဟုတ်ပေ။ သို့သော် အဓိပ္ပာယ်မရှိသောသူများသည် ဤကဲ့သို့ဖြစ်သည်။ ၎င်းတို့က အခြားလူများသည် ၎င်းတို့ကို အခက်အခဲဖြစ်အောင်ပြုလုပ်သည်၊ အခြားလူများသည် ၎င်းတို့ကို တမင်ရည်ရွယ်၍ ခက်ခဲအောင်ပြုလုပ်သည်ဟု အစဉ်သဖြင့် စိတ်ကူးထင်မြင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားလူများကို အစဉ် ရန်မူကြသည်။ ဤသည်မှာ လမ်းလွဲခြင်းမဟုတ်လော။ ၎င်းတို့သည် သမ္မာတရားနှင့် ပတ်သက်သောအခါတွင် အားစိုက်ထုတ်ခြင်းမရှိ။ ၎င်းတို့တွင် တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ အရေးမကြီးသောအရာများကို အငြင်းပွားရန် နှစ်သက်ကြပြီး ရှင်းပြရန် တောင်းဆိုကြသည်။ သိက္ခာဆည်ရန် ကြိုးစားကြသည်။ ပြီးလျှင် ဤအကြောင်းအရာများကို ချဉ်းကပ်ရန်အတွက် လူသား၏ ဖြေရှင်းချက်များကို အစဉ် အသုံးပြုကြသည်။ ဤသည်မှာ အသက်ဝင်ရောက်မှုအတွက် အကြီးမားဆုံး အဟန့်အတားဖြစ်သည်။ သင်သည် ဘုရားသခင်ကို ဤသို့ ယုံကြည်လျှင်၊ သို့မဟုတ် ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာရောက်သောကြောင့် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ သင်သည် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် အရာအားလုံးကို လက်ခံရရှိရန် ဘုရားသခင်ရှေ့သို့ မည်သည့်အခါမျှ မလာသကဲ့သို့ ဤအရာအားလုံးကို ချဉ်းကပ်ရန်အတွက် သမ္မာတရားကို အသုံးမပြုပေ။ ထိုအစား သင်သည် အမှုအရာများကို ချဉ်းကပ်ရန်အတွက် လူသား၏ ဖြေရှင်းချက်များကို အသုံးပြုသည်။ ထို့ကြောင့် ဘုရားသခင်၏ အမြင်တွင် သင်သည် သူနှင့် အလွန်ဝေးကွာသည်အထိ လမ်းလွဲသွားပြီဖြစ်သည်။ သင်၏ စိတ်နှလုံးက သူနှင့် လမ်းလွဲသွားရုံမကဘဲ သင်၏ ဖြစ်တည်မှုတစ်ခုလုံးက သူ၏ မျက်မှောက်တော်တွင် အသက်မရှင်ပေ။ ဤသည်မှာ အမှုအရာများကို အစဉ်သဖြင့် အလွန်အကျွံ စိစစ်ပြီး မလိုအပ်ဘဲ ငြင်းခုံမှုများပြုသူတို့ကို ဘုရားသခင် မြင်သည့်ပုံစံဖြစ်သည်။ စကားတတ်သော၊ အပြောအဆို ပြေပြစ်သော၊ ဖြတ်ထိုးဉာဏ်ကောင်းပြီး ပါးနပ်သော၊ “ငါသည် စကားပြောကောင်းသည်။ အခြားလူများက ငါ့ကို အလွန်လေးစားပြီး အထင်ကြီးသည်။ ရိုသေသည်။ လူတို့က ငါ့အား နားထောင်လေ့ရှိသည်။” ဟု ထင်သောသူများရှိသည်။ ဤသည်မှာအသုံးဝင်သလော။ သင်သည် လူတို့ကြားတွင် ဂုဏ်သိက္ခာကို တည်ဆောက်ခဲ့သည်။ သို့သော် ဘုရားသခင်ရှေ့တွင် သင်ပြုမူသည့်ပုံစံက ဘုရားသခင်ကို မကျေနပ်စေပေ။ သင်သည် မယုံကြည်သူတစ်ယောက်ဖြစ်သည်၊ သမ္မာတရားကို မုန်းတီးသည်ဟု ဘုရားသခင်က ဆိုသည်။ လူတို့ကြားတွင် သင်သည် ခေတ်ဆန်ပြီး ပြေပြစ်မှုရှိနိုင်သည်။ အမှုအရာများကို အလွန်ကောင်းစွာ ကိုင်တွယ်ကောင်း ကိုင်တွယ်နိုင်သည်။ မည်သူနှင့်မဆို ဆက်ဆံရေး အဆင်ပြေနိုင်သည်။ အခြေအနေက မည်သို့ဖြစ်စေ အမှုအရာများကို ကိုင်တွယ်ပြီး ဖြေရှင်းရန် နည်းလမ်းကို အစဉ်ရှာကောင်းရှာနိုင်သည်။ သို့သော် သင်သည် ပြဿနာများကို ဖြေရှင်းရန်အတွက် ဘုရားသခင်ရှေ့သို့လာပြီး သမ္မာတရားကို မရှာဖွေပေ။ ဤသို့သောသူများသည် အလွန်ပင် ဒုက္ခပေးတတ်သည်။ ဘုရားသခင်က သင်တို့ကဲ့သို့သောသူများကို အကဲဖြတ်ရာတွင် ပြောစရာတစ်ခုတည်းသာရှိသည်။ “သင်သည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ဟန်ဆောင်ပြီး ကောင်းချီးများရရန် ဤအခွင့်အလမ်းကို အသုံးချဖို့ ကြိုးစားနေခြင်းဖြစ်သည်။ သင်သည် သမ္မာတရားကို လက်ခံသူမဟုတ်ပေ။” ဟူ၍ ဖြစ်သည်။ ဤအကဲဖြတ်မှုမျိုးကို သင်မည်သို့ ထင်သနည်း။ ဤသည်မှာ သင်တို့အလိုရှိသည့်အရာဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ လူအချို့မှာ ဂရုမစိုက်ဘဲ “ဘုရားသခင်က ငါတို့ကို မည်သို့မြင်သည်က အရေးမကြီးပေ။ ငါတို့သည် ဘုရားသခင်ကို မြင်နိုင်သည်လည်းမဟုတ်ပေ။ ငါတို့၏ အနီးကပ်ဆုံးပြဿနာသည် ရှေးဦးစွာ ငါတို့အနီးရှိ လူများနှင့် အဆင်ပြေစေရန်ဖြစ်သည်။ မိမိတို့ကိုယ်တိုင်အတွက် ခိုင်မာသော ခြေကုပ်ကို တည်ဆောက်ပြီးသည်နှင့် ခေါင်းဆောင်များ၊ အမှုဆောင်များကို စည်းရုံးနိုင်သည်။ ဤသို့အားဖြင့် လူတိုင်းက ငါတို့ကို အထင်ကြီးမည်။” ဟု ဆိုသည်မှာ ဖြစ်နိုင်သည်။ ဤလူသည် မည်သို့သောသူမျိုးဖြစ်သနည်း။ သူသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သလော။ သေချာပေါက် မဟုတ်ပေ။ သူသည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အစဉ်အသက်ရှင်ရမည်။ မည်သည့်ပြဿနာများကို ကြုံတွေ့ပါစေ သမ္မာတရားကို ရှာဖွေရန်အတွက် ဘုရားသခင်ရှေ့သို့ လာရမည်။ ဤသို့ဖြင့် အဆုံးတွင် ဘုရားသခင်က “သင်သည် သမ္မာတရားကို ချစ်သော၊ ဘုရားသခင်ကို ကျေနပ်စေသော၊ ဘုရားသခင်က လက်ခံနိုင်ဖွယ်ရှိသည်ဟု မြင်သောသူတစ်ယောက်ဖြစ်သည်။ ဘုရားသခင်သည် သင်၏ စိတ်နှလုံးကို မြင်ပြီးဖြစ်ကာ သင်၏ နာခံခြင်းကိုလည်း တွေ့မြင်ပြီးဖြစ်သည်။” ဟု ဆိုလိမ့်မည်။ ဤအကဲဖြတ်မှုမျိုးကို သင်တို့ မည်သို့မြင်သနည်း။ ဤသို့သောသူများသာ ဘုရားသခင်၏ ချီးမွမ်းမှုကို လက်ခံရရှိနိုင်သည်။ ဤအရာကို သင်တို့ အပြည့်အဝ နားလည်နိုင်သလော။ ငါ သင်တို့ကို ပြောသည်။ ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ပြင်ပအမှုကိစ္စများကို ကိုင်တွယ်သည်ဖြစ်စေ၊ ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်၊ သို့မဟုတ် နယ်ပယ်များနှင့် ဆက်စပ်သောတာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဘုရားသခင်ရှေ့သို့ ကြိမ်ဖန်များစွာ မလာလျှင်လည်းကောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်လျှင်လည်းကောင်း၊ ဘုရားသခင်၏ စိစစ်မှုကို လက်မခံရဲလျှင်လည်းကောင်း၊ ဘုရားသခင်ထံမှ သမ္မာတရားကို မရှာဖွေလျှင်လည်းကောင်း သူသည် မယုံကြည်သူတစ်ယောက်ဖြစ်သည်။ မယုံကြည်သူတစ်ယောက်ဖြင့် မကွာခြားပေ။ ဤအချက်ကို သင်တို့ နားလည်နိုင်သလော။ မိမိတို့၏ ပတ်ဝန်းကျင်က မသင့်တော်သောကြောင့် တာဝန်ကို မထမ်းဆောင်နိုင်သောသူအချို့ရှိသည်မှာ ဖြစ်နိုင်ခြေရှိသည်။ ၎င်းတို့သည် မယုံကြည်သူများ၏ ပတ်ဝန်းကျင်တွေ နေထိုင်သည်။ သို့တိုင်အောင် ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းပြမှုကို မကြာခဏ လက်ခံရရှိဆဲဖြစ်သည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ အရေးပါဆုံးသောအရာမှာ ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းနိုင်သည်။ ဘုရားနှုတ်ကပတ်တော်များကို စားသောက်နိုင်သည်။ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သည်။ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်သည်။ လူတစ်ယောက်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အစဉ် နေထိုင်နိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ရန် အဓိကကျသည့် အရာများရှိသည်။ သင်သည် မကြာခဏပင် ဘုရားသခင်ကို မခံစားရဘဲ ကြိမ်ဖန်များစွာ အားနည်းပြီး အပျက်သဘောဆောင်လျှင်၊ သို့မဟုတ် သင်သည် မကြာခဏ အပျော်အပါးမက်လျှင်၊ သို့မဟုတ် သင်၏ တာဝန်တွင် တာဝန်ခံမှု လုံးဝမရှိဘဲ အစဉ်သဖြင့် မရေမရာဖြစ်နေလျှင် ဤသည်မှာ ကောင်းသော အခြေအနေဖြစ်သလော၊ သို့မဟုတ် ဆိုးသော အခြေအနေဖြစ်သလော။ ဘုရားသခင်ရှေ့တွင် နေထိုင်သည့် အခြေအနေဖြစ်သလော။ သို့မဟုတ် ဘုရားသခင်ရှေ့တွင် လုံးဝ မနေထိုင်သည့် အခြေအနေဖြစ်သလော။ (ဘုရားသခင်ရှေ့တွင် မနေထိုင်သည့် အခြေအနေဖြစ်သည်။) ဤသို့ဆိုလျှင် သင်တို့သည် ဤအရာကို တိုင်းတာရမည်။ သင်တို့သည် မကြာခဏ ဘုရားသခင်ရှေ့တွင် နေထိုင်သလော၊ မနေထိုင်သလော။ ဘုရားသခင်ရှေ့တွင် နေထိုင်သည်မှာ အလွန်ရှားပါးသည်ဆိုလျှင်၊ သင်သည် ဆုတောင်းခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်းပင် မပြုလျှင် ဤသည်မှာ ပြဿနာဖြစ်စေသည်။ ဤသည်မှာ သင်သည် မယုံကြည်သူတစ်ယောက်ဖြစ်သည်ဟု ဆိုလိုသည်။ လူအချို့သည် သင့်လျော်သော အရေးကိစ္စများအပေါ် ၎င်းတို့၏ စိတ်ကိုထားခြင်းသည် ရှားပါးသည်။ ၎င်းတို့သည် အပျော်အပါးမက်ပြီး အထိန်းအကွပ်မဲ့သည်။ ၎င်းတို့တွင် အမှုအရာများ ဖြစ်ပျက်သောအခါ အစဉ်သဖြင့် စိတ်ရှုပ်ထွေးပြီး သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မသိပေ။ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ရလဒ်များရရှိခြင်းရှိမရှိကိုပင် မသိကြပေ။ ၎င်းတို့၏ နေ့စဉ် ပြုမူဆောင်ရွက်မှုများတွင် မည်သည့်အရာက ဘုရားသခင်ကို ပုန်ကန်ပြစ်မှားသည်၊ မည်သည့်အရာကို ဘုရားသခင်က လက်ခံနိုင်ဖွယ်ရှိသည်ဟု မြင်သည်၊ မည်သည့်အရာကို ဘုရားသခင်က ရွံ့မုန်းသည်ဆိုသည်တို့ကို မသိပေ။ ၎င်းတို့သည် တစ်ရက်ပြီး တစ်ရက် ဖြစ်သလိုသာ လုပ်ဆောင်ကြသည်။ ဤအခြေအနေကို မည်သို့ထင်မြင်သနည်း။ ဤအခြေအနေမျိုးတွင် နေထိုင်သောသူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းတစ်ခုခုရှိနိုင်သလော။ ကျိုးကြောင်းဆီလျော်သောအရာများကို ၎င်းတို့ လုပ်ဆောင်နိုင်သလော။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် “ငါသည် ချုပ်တည်းရမည်။ ငါ၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်။ ငါ၏ စိတ်နှလုံး၊ အားအင်ရှိသမျှဖြင့် လုပ်ဆောင်ရမည်။” ဟု ပြောနိုင်သလော။ ၎င်းတို့သည် ဆက်ကပ်အပ်နှံခြင်းကို ရရှိနိုင်သလော။ (မရရှိနိုင်ပါ။) ဤသို့ဆိုလျှင် ဤသို့သောသူများက မည်သည့်အရာကို လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် အလုပ်ကိုသာ လုပ်ဆောင်နေကြသည်။ ဤသို့သောသူများသည် သမ္မာတရားကို ရရှိပြီးဖြစ်သလော။ (မရရှိသေးပါ။) ဤသည်မှာ ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။ ဤလူနုံ၊ လူအအုပ်စုသည် သမ္မာတရားကို လိုက်စားရန် မည်သို့ မသိရသနည်း။ ၎င်းတို့သည် ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ်ကြာ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး တရားဒေသနာများစွာကို ကြားနာခဲ့ပြီးဖြစ်သည်။ သို့တိုင်အောင် ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် မည်သည့်အရာကို ရရှိရမည်ကိုလည်းကောင်း၊ သမ္မာတရားကို မည်သို့လိုက်စားသင့်သည်ကိုလည်းကောင်း၊ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ သို့မဟုတ် တာဝန်များကို မည်သို့ထမ်းဆောင်သင့်သည်ကိုလည်းကောင်း မသိကြပေ။ ဤအရေးကြီးသောအရာများကိုပင် ၎င်းတို့ ရှင်းလင်းစွာ မသိလျှင် ၎င်းတို့သည် အနည်းငယ် မမိုက်မဲသလော။ ၎င်းတို့သည် အလွန်ပင် တုံးအပြီး ထုံထိုင်းသည်။ ၎င်းတို့သည် သမ္မာတရားအပေါ် တုံ့ပြန်မှုလုံးဝမရှိပေ။ ဤသည်မှာ အန္တရာယ်ရှိသည်။ ဘုရားသခင်အား ယုံကြည်ခြင်းတွင် အရေးကြီးဆုံးသောအရာမှာ အဘယ်နည်း။ သမ္မာတရားကို ရရှိရန်ဖြစ်သည်။ လူတစ်ယောက်က သမ္မာတရားကို ရရှိသောအခါ မည်သည့်ပြဿနာများ ပြေလည်လိမ့်မည်နည်း။ အဓိကအားဖြင့် ၎င်းတို့၏ အပြစ်နှင့် သက်ဆိုင်သောပြဿနာများ၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ပြဿနာ၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းတွင်ရှိသော အခက်အခဲများအားလုံးနှင့် ၎င်းတို့၏ မှားယွင်းသောအမြင်များ ပြေလည်သွားလိမ့်မည်။ ဤပြဿနာများအားလုံး ပြေလည်နိုင်သည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်ခံရရှိသောအခါ သမ္မာတရားကို မည်သည့်နေရာတွင် အသုံးပြုသင့်သနည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင်၊ ဘုရားသခင်အတွက် သက်သေခံခြင်းတွင် အသုံးပြုသင့်သည်။ ဤသည်တို့မှာ အရေးကြီးဆုံးအရာများဖြစ်သည်။ ယခုအချိန်တွင် သင်တို့သည် ဤအရာကို အမှန်တကယ်သိမြင်မှု ကင်းမဲ့နေနိုင်သည်။ သမ္မာတရား၏ တန်ဖိုး၊ သို့မဟုတ် အရေးပါမှုကို မသိမြင်ခြင်း ဖြစ်နိုင်သည်။ သို့သော် တစ်နေ့တွင် သင်တို့ သိမြင်လိမ့်မည်။

ယောဘဝတ္ထုကို သင်တို့ ဖတ်ပြီးသလော။ ဖတ်နေသောအချိန်တွင် တို့ထိခြင်းခံစားရသလော။ ယောဘကဲ့သို့သောသူဖြစ်လိုသော တောင့်တမှုမျိုးကို တွေ့ကြုံခံစားရသလော။ (ခံစားရပါသည်။) ဤအခြေအနေနှင့် စိတ်ခံစားမှုမျိုးက မည်မျှကြာရှည်စွာ ဖြစ်ပေါ်နိုင်သနည်း။ တစ်ရက်၊ နှစ်ရက်လော၊ တစ်လ၊ နှစ်လလော၊ သို့မဟုတ် တစ်နှစ်၊ နှစ်နှစ် ဖြစ်နိုင်သလော။ (နှစ်ရက်၊ သုံးရက်ဖြစ်ပေါ်နိုင်သည်။) ဤသို့ဆိုလျှင် ဤအခြေအနေနှင့် စိတ်ခံစားမှုမျိုးသည် နှစ်ရက်၊ သုံးရက်ကြာပြီးနောက်တွင် ပျောက်ကွယ်မည်လော။ သင်သည် တို့ထိခြင်းခံစားရသောအခါတွင် ဆုတောင်းရမည်။ သင်သည် ယောဘကဲ့သို့သောသူဖြစ်လိုသည်ဟုလည်းကောင်း၊ သမ္မာတရားကို နားလည်လိုသည်ဟုလည်းကောင်း၊ ဘုရားသခင်အား သိမြင်မှုကို ရရှိလိုသည်ဟုလည်းကောင်း၊ ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သောသူဖြစ်လိုသည်ဟုလည်းကောင်း ဘုရားသခင်အား ပြောလော့။ သင်သည် ဘုရားသခင်အား သင့်တွင် ဤသို့ဖြစ်စေရန် အနူးအညွတ်တောင်းပန်ရမည်။ သင့်အား လမ်းပြရန်၊ သင့်တော်သော ပတ်ဝန်းကျင်များကို ပေးရန်၊ သင့်အား ခွန်အားပေးရန်၊ သင့်အား စောင့်ရှောက်ရန် အနူးအညွတ်တောင်းပန်ရမည်။ သို့မှသာ သင်ကြုံတွေ့သော အခြေအနေတိုင်းတွင် ခိုင်မာစွာ ရပ်တည်နိုင်မည်။ ဘုရားကို အာခံမည်မဟုတ်။ ထိုအစား ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်သော လုပ်ရပ်များကို လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေနိုင်မည်။ သင်သည် ဤပန်းတိုင်အတွက်၊ သင်ရရှိရန် မျှော်လင့်သောအရာများအတွက် ဘုရားသခင်ထံ အစဉ်အမြဲ ဆုတောင်းပြီး အသနားခံရမည်။ ဘုရားသခင်က သင်၏ စစ်မှန်သော စိတ်နှလုံးကို မြင်သောအခါ သူသည် အလုပ်လုပ်လိမ့်မည်။ ဘုရားသခင်က အလုပ်လုပ်သောအခါ မကြောက်နှင့်။ ဘုရားသခင်က ယောဘကို စမ်းသပ်စဉ်ကကဲ့သို့ သင့်အား ခန္ဓာကိုယ်တွင် အနာစိမ်းများ ပြည့်စေပြီး သင့်၌ ရှိသမျှကို ဖယ်ရှားခြင်းကို လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ ဘုရားသခင်က ဤသို့ လုပ်ဆောင်မည်မဟုတ်ပေ။ သူသည် သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သင့်အပေါ်သို့ တဖြည်းဖြည်းချင်းပို၍ ချပေးမည်ဖြစ်သည်။ သင်သည် ဘုရားသခင်အား အလေးအနက် ခေါ်ဆောင်ရမည်။ ယောဘဝတ္ထုကို သင်ဖတ်ပြီးနောက် တို့ထိခြင်းကို ခံစားနေရဆဲတွင် ဘုရားသခင်အား နှစ်ရက်ကြာ ခေါ်ဆောင်ခြင်း၊ ထို့နောက်တွင် သင်သည် မဖတ်တော့သောအခါ၌ တတိယနေ့တွင် မေ့လျော့သွားကာ သင်၏ စိတ်နှလုံးတွင် မရှိတော့ခြင်း မဖြစ်နှင့်။ ဤသို့ ဖြစ်လျှင် သင့်အတွက် ပြဿနာရှိသည်။ သင်သည် ယောဘကဲ့သို့သောသူများကို လေးစားလျှင်၊ ထိုကဲ့သို့သောသူမျိုး ဖြစ်လိုလျှင် ထိုကဲ့သို့သောလူမျိုး မည်သို့ဖြစ်လာရမည်ဆိုသည်နှင့်ပတ်သက်ပြီး လမ်းကြောင်းတစ်ခုရှိရမည်။ ဘုရားရှေ့တွင် သင်၏ စိတ်နှလုံးကို ချထားပြီး ဤအရာအတွက် မကြာခဏ ဆုတောင်းရမည်။ မကြာခဏ တွေးတောရမည်။ ပြီးလျှင် ယောဘနှင့်ပတ်သက်ပြီး ဘုရားသခင် ပြောထားသော နှုတ်ကပတ်တော်များကို စားသောက်ရမည်။ ထိုနှုတ်ကပတ်တော်များကို အဆက်မပြတ်၊ ထပ်ခါထပ်ခါ ချင့်ချိန်စဉ်းစားရမည်။ ထို့နောက်တွင် ဤအရာမျိုးနှင့်ပတ်သက်ပြီး အတွေ့အကြုံနှင့် အသိအမြင်ရှိသောသူများနှင့် မိတ်သဟာယဖွဲ့ရမည်။ ဤပန်းတိုင်သို့ ဦးတည်ပြီး ကြိုးစားရမည်။ မည်သို့ကြိုးစားသင့်သနည်း။ သင်က ထိုင်ပြီး စောင့်ဆိုင်းနေရုံမျှသာဆိုလျှင် ကြိုးစားခြင်းမဟုတ်ပေ။ သင်သည် လက်တွေ့လုပ်ဆောင်ရမည်။ အားထည့်ရမည်။ တစ်ချိန်တည်းတွင် ဒုက္ခကို ခံယူရန် စိတ်ပြတ်သားမှုနှင့် တောင့်တသည့် စိတ်နှလုံးကို ထားရှိရမည်။ ထို့နောက်တွင် ဤအရာအတွက် ဆုတောင်းပြီး ဘုရားသခင်အား လုပ်ဆောင်စေရန် တောင်းလျှောက်ရမည်။ ဘုရားသခင်က မလုပ်ဆောင်လျှင် လူတို့၌ စိတ်တွန်းအားမည်မျှရှိပါစေ အချည်းနှီးဖြစ်လိမ့်မည်။ ဘုရားသခင်က မည်သို့ လုပ်ဆောင်မည်နည်း။ ဘုရားသခင်သည် သင်၏ ဝိညာဉ်ရင့်ကျက်မှုနှင့် သင့်လျော်သည့် ပတ်ဝန်းကျင်များကို စတင်စီစဉ်ညွှန်ကြားပြီး စီစဉ်လိမ့်မည်။ သင်သည် သင်၏ ယုံကြည်ခြင်းတွင် မည်သည့်ပန်းတိုင်ကို ရရှိလိုသည်၊ သင့်တွင် မည်သို့သော စိတ်ဆုံးဖြတ်ချက်မျိုးရှိသည်ဆိုသည်ကို ဘုရားသခင်အား ပြောပြရမည်။ သင်သည် ဤအရာအတွက် ဘုရားသခင်ထံ ဆုတောင်းပြီး အသနားခံခဲ့ဖူးသလော။ သင်သည် ဘုရားသခင်ထံ မည်မျှကြာရှည်စွာဆုတောင်းပြီး အသနားခံခဲ့သနည်း။ သင်သည် တစ်ခါတစ်ရံသာ အနည်းငယ်မျှ ဆုတောင်းလျှင်၊ ဘုရားသခင်က အလုပ်မလုပ်သည်ကို သင် မြင်သောအခါ သင်က “ရှိပါစေတော့။ ထားလိုက်တော့မည်။ ဖြစ်ချင်သည့်အရာ ဖြစ်လိမ့်မည်။ အလိုက်သင့်သာ နေလိုက်မည်။ ငါ့အပေါ် မည်သည့်အရာကျရောက်သည်ကို ဂရုမစိုက်။” ဟု စဉ်းစားသောအခါတွင် ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ ပြီးလျှင် သင်သည် ရိုးသားစစ်မှန်ခြင်းမရှိပေ။ သင့်တွင် ရှိသမျှမှာ နှစ်မိနှစ်မျှစိတ်အားထက်သန်ခြင်းဖြစ်သည်ဆိုလျှင် ဘုရားသခင်က သင့်အတွက် အလုပ်လုပ်ပြီး သင့်အတွက် ပတ်ဝန်းကျင်များကို ကူညီစီစဉ်ပေးနိုင်သလော။ ဘုရားသခင်က ဤသို့ လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်က သင်၏ ရိုးသားစစ်မှန်မှုကို မြင်လိုသည်။ သင်၏ ရိုးသားစစ်မှန်မှုနှင့် ဇွဲလုံ့လက မည်မျှ ထိန်းထားနိုင်မည်ကို ကြည့်လိုသည်။ သင်၏ စိတ်နှလုံးက စစ်မှန်သလော၊ မစစ်မှန်သလောဆိုသည်ကို ကြည့်လိုသည်။ ဘုရားသခင်က စောင့်ဆိုင်းလိမ့်မည်။ သင်၏ ဆုတောင်းချက်များနှင့် အသနားခံချက်များကို သူ ကြားသည်။ သင် သူ့အား ဖွင့်ပြောသည့် ဆုံးဖြတ်ချက်နှင့် ဆန္ဒများကို သူ ကြားသည်။ သို့သော် ဒုက္ခခံရန် သင်၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို သူ မမြင်ရမချင်း သူသည် အလုပ်လုပ်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်အား ဆုတောင်းပြီးနောက်တွင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပဲ ပျောက်သွားလျှင် ဘုရားသခင်က ဤအခြေအနေများအောက်တွင် အလုပ်လုပ်မည်လော။ အလွန်ပင် သေချာစွာ အလုပ်လုပ်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်အားပို၍ ဆုတောင်းပြီး အသနားခံရမည်။ ဤအရာအပေါ်တွင် အားထည့်ပြီး တွေးတောရမည်။ ထို့နောက်တွင် ဘုရားသခင်က သင့်အတွက် ပြင်ဆင်ပေးသည့် ပတ်ဝန်းကျင်များကို အသေးစိတ် တန်ဖိုးထားရမည်။ ထိုပတ်ဝန်းကျင်များသည် သင့်အပေါ်သို့ အနည်းငယ်ချင်းဖြင့် ကျရောက်လိမ့်မည်။ ပြီးလျှင် ဘုရားသခင်က စတင်အလုပ်လုပ်မည်။ သင့်တွင် စစ်မှန်သော စိတ်နှလုံးမရှိလျှင် ဤအရာသည် အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်က “ယောဘကို ငါ အလွန်လေးစားသည်။ ပေတရုကို အလွန်လေးစားသည်။” ဟု ဆိုနိုင်သည်။ သို့သော် သင်၏ လေးစားမှုက မည်သို့အကျိုးပြုသနည်း။ သင်သည် ၎င်းတို့ကို သင်နှစ်သက်သလို လေးစားနိုင်သည်။ သို့သော် သင်သည် ၎င်းတို့ကဲ့သို့မဟုတ်ပေ။ သင်၏ လေးစားမှုအားလုံးကြောင့် ဘုရားသခင်က ၎င်းတို့အပေါ် သူလုပ်ဆောင်ခဲ့သကဲ့သို့ တူညီသောအမှုကို သင့်အပေါ်တွင် လုပ်ဆောင်မည်မဟုတ်ပေ။ သင်က ၎င်းတို့နှင့် တူညီသောသူမျိုးမဟုတ်သောကြောင့်ဖြစ်သည်။ သင်သည် ၎င်းတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှု၊ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ၊ သို့မဟုတ် သမ္မာတရားကို တောင့်တပြီး လိုက်စားသည့် ၎င်းတို့၏ စိတ်နှလုံးတို့ကို မပိုင်ဆိုင်ပေ။ ဤအရာများကို သင်ပိုင်ဆိုင်သည့်အခါမှသာ ဘုရားသခင်က သင့်အား ပို၍ ပေးအပ်လိမ့်မည်။

သင်တို့သည် ယခုတွင် သမ္မာတရားကို လိုက်စားရန်၊ သမ္မာတရားကို ရရှိရန်၊ ကယ်တင်ခြင်းရရှိပြီး ဘုရားသခင်၏ စုံလင်ခြင်းကို ခံရရန် စိတ်ပိုင်းဖြတ်ချက်ရှိသလော။ (ရှိသည်။) သင်၏ စိတ်ပိုင်းဖြတ်ချက်က မည်မျှ ကြီးမားသနည်း။ ထိုစိတ်ပိုင်းဖြတ်ချက်ကို မည်မျှကြာရှည်စွာ ထိန်းသိမ်းထားနိုင်သနည်း။ (ကျွန်ုပ်သည် ကောင်းသောအခြေအနေတွင် ရှိနေသောအခါ စိတ်ပိုင်းဖြတ်ချက်ရှိသည်။ သို့သော် ကျွန်ုပ်၏ အယူအဆများ၊ သို့မဟုတ် ကျွန်ုပ်၏ ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် မကိုက်ညီသည့် အရာများကို ကြုံရသောအခါ၊ သို့မဟုတ် သန့်စင်မှုအချို့ကို ကြုံရသောအခါ၊ သို့မဟုတ် အခက်အခဲအချို့ရှိသောအခါ အပျက်သဘောဆောင်သော အခြေအနေတွင် ပိတ်မိနေပြီး အစပိုင်းတွင် ကျွန်ုပ်၌ရှိသော ယုံကြည်ခြင်းနှင့် စိတ်ပိုင်းဖြတ်ချက်သည် တဖြည်းဖြည်းချင်း စတင်ပျောက်ကွယ်သွားသည်။) ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်သည် အားနည်းလွန်းသည်။ မည်သည့်အခြေအနေများကို သင်ကြုံရသည်ဖြစ်စေ ထိုအခြေအနေများက သင်၏ စိတ်ပိုင်းဖြတ်ချက်ကို မပြောင်းလဲနိုင်သည့် အဆင့်သို့ သင်ရောက်ရှိရမည်။ ထိုအခါမှသာ သင်သည် သမ္မာတရားကို အမှန်တကယ် ချစ်ပြီး လိုက်စားသည့်သူတစ်ယောက် ဖြစ်လိမ့်မည်။ တစ်စုံတစ်ခုက သင့်အပေါ်သို့ ကျရောက်ပြီး သင်သည် အခက်အခဲ အနည်းငယ် ကြုံရသောအခါ နောက်ဆုတ်လျှင်၊ အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျလျှင်၊ သင်၏ စိတ်ပိုင်းဖြတ်ချက်ကို လွတ်ချလျှင် ဤသည်မှာ အလုပ်ဖြစ်မည်မဟုတ်ပေ။ သင်သည် မိမိ၏ အသက်ကို စွန့်စားပြီး “မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ငါသေလျှင်ပင် သမ္မာတရားကို၊ သို့မဟုတ် သမ္မာတရားအား လိုက်စားရန် ငါ၏ ပန်းတိုင်ကို စွန့်ပစ်မည်မဟုတ်။” ဟု ပြောသောသူ၏ ခွန်အားမျိုးရှိရမည်။ ဤသို့ဆိုလျှင် မည်သည့်အရာကမျှ သင့်အား တားဆီးနိုင်မည်မဟုတ်ပေ။ သင်သည် အမှန်ပင် အခက်အခဲများကို ကြုံရလျှင်၊ သင်သည် ထွက်ပေါက်မရှိသည့်နေရာသို့ တွန်းပို့ခံရလျှင် ဘုရားသခင်က အလုပ်လုပ်လိမ့်မည်။ ထို့အပြင် သင့်တွင် ဤနားလည်မှုရှိရမည်။ “ငါသည် မည်သည့်အရာကို ကြုံရပါစေ ထိုအရာများအားလုံးသည် သမ္မာတရားအား လိုက်စားခြင်းတွင် ငါသင်ယူရမည့် သင်ခန်းစာများဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင်က စီစဉ်ထားခြင်းဖြစ်သည်။ ငါသည် အားနည်းနိုင်သည်။ သို့သော် အပျက်သဘောမဆောင်ပေ။ ဤသင်ခန်းစာများကို သင်ရန် အခွင့်အရေးကို ငါ့အားပေးသည့်အတွက် ဘုရားသခင်အား ငါ ကျေးဇူးတင်သည်။ ငါ့အတွက် ဤအခြေအနေကို ပြင်ဆင်ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်သည်။ ဘုရားသခင်နောက်သို့လိုက်ပြီး သမ္မာတရားကို ရရှိရန် ငါ၏ စိတ်ပိုင်းဖြတ်ချက်ကို လက်မလွတ်နိုင်ပေ။ ငါသည် အရှုံးပေးလျှင် ရှုံးနိမ့်ကြောင်းကို စာတန်အား ဝန်ခံခြင်း၊ မိမိကိုယ်ကို ဖျက်ဆီးပြီး ဘုရားသခင်အား သစ္စာဖောက်ခြင်းနှင့် အလားတူပင်ဖြစ်လိမ့်မည်။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သင့်တွင်ရှိရမည့် စိတ်ပိုင်းဖြတ်ချက်မျိုးဖြစ်သည်။ မည်သည့်အသေးအဖွဲကိစ္စများကို သင် ကြုံရပါစေ ၎င်းတို့အားလုံးသည် သင်၏ ဘဝဖွံ့ဖြိုးတိုးတက်မှုတွင် အပိုင်းငယ်များဖြစ်သည်။ ထိုအရာများကို သင်၏ တိုးတက်မှုဦးတည်ချက်အား ပိတ်ဆို့ခွင့် မပြုရပေ။ အခက်အခဲများနှင့် သင် ကြုံတွေ့ရသောအခါ သင်သည် ရှာဖွေပြီး စောင့်ဆိုင်းနိုင်သည်။ သို့သော် သင်၏ တိုးတက်မှု ဦးတည်ချက်သည် မပြောင်းလဲရပေ။ ဤသည်မှာ မမှန်ကန်သလော။ (မှန်သည်။) အခြားလူများက မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သင့်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ဘုရားသခင်က သင့်အား မည်သို့ဆက်ဆံသည်ဖြစ်စေ သင်၏ စိတ်ပိုင်းဖြတ်ချက်သည် မပြောင်းလဲရပေ။ ဘုရားသခင်က “သင်သည် သမ္မာတရားကို လုံးဝ လက်မခံပေ။ ငါသည် သင့်အား ရွံ့မုန်းသည်။” ဟုဆိုပြီး သင်က “ဘုရားသခင်က ငါ့အား ရွံ့မုန်းသည်။ ဤသို့ဆိုလျှင် ငါ၏ ဘဝတွင် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ငါသည် သေပြီး ထိုအတိုင်းပြီးဆုံးလိုက်သည်က ကောင်းသည်။” ဟု ဆိုလျှင် သင်သည် ဘုရားသခင်ကို နားလည်မှုလွဲခြင်း ဖြစ်လိမ့်မည်။ ဘုရားသခင်က သင့်အား ရွံ့မုန်းသည်မှာ မှန်သည်။ သို့သော် သင်သည် ဆက်လက်ကြိုးစားသင့်သည်။ သမ္မာတရားကို လက်ခံသင့်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်သင့်သည်။ ဤသို့ဆိုလျှင် သင်သည် အချည်းနှီးလူမဖြစ်ဘဲ ဘုရားသခင်က သင့်အား မုန်းတီးခြင်း၊ ငြင်းပယ်ခြင်းဖြစ်မည်မဟုတ်ပေ။ ယခုအချိန်တွင် သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ပြီး ဘုရားသခင်က သင်တို့အား စမ်းသပ်ရန် လိုအပ်သည့်စံနှုန်းများကို သင်တို့ မရရှိသေးပေ။ သင်တို့လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ အဘယ်နည်း။ ဆုတောင်းရမည်။ “ဘုရားသခင် ကိုယ်တော်၏ အလိုတော်ကို နားလည်စေရန်အတွက်၊ သမ္မာတရားအား လိုက်စားခြင်းလမ်းကြောင်းကို လျှောက်ရန် ယုံကြည်ခြင်းနှင့် ဇွဲလုံ့လရှိစေရန်အတွက်၊ ဤသို့ဖြင့် ဘုရားသခင်အား ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ရန်အတွက် ကျွန်ုပ်အား လမ်းပြပြီး ဉာဏ်အလင်းဖွင့်ပြတော်မူပါ။ ကျွန်ုပ်သည် အားနည်းပြီး ဝိညာဉ်ရင့်ကျက်မှုက မရင့်ကျက်သေးသော်လည်း ကိုယ်တော့်နောက်သို့ အဆုံးထိလိုက်နိုင်ရန်အတွက် ကျွန်ုပ်အားခွန်အားပေးပြီး ကာကွယ်ရန် တောင်းလျှောက်ပါသည်။” ဟူ၍ ဖြစ်သည်။ သင်သည် ဆုတောင်းရန်အတွက် ဘုရားရှေ့သို့ မကြာခဏလာရမည်။ အခြားလူများသည် လောကီအရာများကို မက်မောနိုင်သည်။ ၎င်းတို့၏ ဇာတိပကတိကို အလိုလိုက်ပြီး လောကီရေပန်းစားသောအရာများနောက်သို့ လိုက်နိုင်သည်။ သို့သော် သင်သည် ၎င်းတို့နောက်သို့ မလိုက်ရပေ။ သင်၏ ကိုယ်ပိုင်တာဝန်ကို ထမ်းဆောင်ခြင်းကိုသာ အာရုံစိုက်ရမည်။ အခြားလူများက အပျက်သဘောဆောင်ပြီး ၎င်းတို့၏ တာဝန်များကို မထမ်းဆောင်သောအခါ သင်က စိတ်ကျဉ်းကျပ်ခြင်းမရှိရပေ။ ၎င်းတို့ကို ကူညီရန် သမ္မာတရားကို ရှာဖွေသင့်သည်။ အခြားလူများက သက်သာမှုတွင် ပျော်မွေ့သောအခါ သင်က ၎င်းတို့ကို အားမကျရပေ။ သင်သည် ဘုရားသခင်ရှေ့တွင် နေထိုင်ရန်သာ အလေးထားရမည်။ အခြားလူများက ဂုဏ်၊ အကျိုးအမြတ်၊ အဆင့်အတန်းတို့ကို လိုက်စားသောအခါ သင်သည် ၎င်းတို့အတွက် ဆုတောင်းပြီး ကူညီပေးသင့်သည်။ ဘုရားသခင်ရှေ့တွင် သင်၏ စိတ်နှလုံးကို ငြိမ်သက်စေပြီး ဤအရာများကို သင့်အား လွှမ်းမိုးခွင့်မပြုရပေ။ သင့်အနီးတွင် မည်သည့်အရာဖြစ်ပျက်ပါစေ သင်သည် အရာအားလုံးနှင့်ပတ်သက်ပြီး ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ သမ္မာတရားကို အစဉ် ရှာဖွေသင့်သည်။ သင့်ကိုယ်သင် ချုပ်တည်းသင့်သည်။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် နေထိုင်နေခြင်းဖြစ်ကြောင်း သေချာအောင်လုပ်ရမည်။ ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးရှိသင့်သည်။ ဘုရားသခင်က လူတို့အား အချိန်ပြည့်စိစစ်နေသည်။ သန့်ရှင်းသောဝိညာဉ်တော်က ဤလူအမျိုးအစားများတွင် အလုပ်လုပ်သည်။ ဘုရားသခင်က လူတစ်ယောက်၏ စိတ်နှလုံးကို မည်သို့ စိစစ်သနည်း။ သူသည် သူ၏ မျက်လုံးဖြင့် ကြည့်ရုံသာမကဘဲ သင့်အတွက် ပတ်ဝန်းကျင်များကို ပြင်ဆင်ပြီး သင်၏ စိတ်နှလုံးအား သူ၏ လက်ဖြင့် တို့ထိသည်။ ဤအရာကို ငါ အဘယ်ကြောင့်ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က သင့်အတွက် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်သောအခါ သင်က ထိုပတ်ဝန်းကျင်အား မကျေမနပ်ဖြစ်သလော၊ မုန်းသလော၊ သို့မဟုတ် နှစ်သက်ပြီး နာခံသလော၊ သင်သည် မလှုပ်မယှက်ဖြင့် စောင့်ဆိုင်းသလော၊ သမ္မာတရားအား တက်ကြွစွာ ရှာဖွေသလောဆိုသည်တို့ကို ဘုရားသခင် ကြည့်သည်။ သင်၏ စိတ်နှလုံးနှင့်အတွေးများက မည်သို့ပြောင်းလဲသည်၊ မည်သည့်ဘက်သို့ ဦးတည်ပြီး ကြီးထွားလာသည်ဆိုသည်ကို ဘုရားသခင်က စောင့်ကြည့်သည်။ သင်၏ စိတ်နှလုံးတွင်ရှိသော အခြေအနေသည် တစ်ခါတစ်ရံတွင် အပြုသဘောဆောင်ပြီး တစ်ခါတစ်ရံတွင် အပျက်သဘောဆောင်သည်။ သင်သည် သမ္မာတရားကို လက်ခံနိုင်လျှင် လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများနှင့် သင့်အတွက် ဘုရားသခင် ပြင်ဆင်ပေးသည့် အမျိုးမျိုးသော ပတ်ဝန်းကျင်များကို ဘုရားသခင်ထံမှနေ၍ လက်ခံရရှိနိုင်လိမ့်မည်။ ပြီးလျှင် သင်သည် ထိုအရာများကို မှန်ကန်စွာ ချဉ်းကပ်နိုင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ခြင်း၊ ချင့်ချိန်စဉ်းစားခြင်းမှတစ်ဆင့် သင်၏ အတွေးများ၊ အယူအဆများအားလုံး၊ သင်၏ ထင်မြင်ချက်များအားလုံး၊ သင်၏ စိတ်ခံစားချက်များအားလုံးသည် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး ပြောင်းလဲလိမ့်မည်။ သင်သည် ဤအရာနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ သိလိမ့်မည်။ ဘုရားသခင်သည် ဤအရာအားလုံးကို စိစစ်ခြင်းလည်း ပြုလုပ်လိမ့်မည်။ သင်သည် မည်သူ့ကိုမျှ ပြောရသေးမည်မဟုတ်သော်လည်း၊ ဆုတောင်းပြီးမည်မဟုတ်သော်လည်း၊ သင်၏ စိတ်နှလုံးအတွင်း၌သာ ဤအရာကို စဉ်းစားလိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်၏ အမြင်တွင် ယင်းသည် အလွန်ပင် ရှင်းလင်းပြီးဖြစ်လိမ့်မည်။ သူ့အတွက် သိသာနေလိမ့်မည်။ လူတို့က သင့်အား ၎င်းတို့၏ မျက်လုံးဖြင့် ကြည့်သည်။ သို့သော် ဘုရားသခင်က သင်၏ စိတ်နှလုံးကို သူ၏ လက်ဖြင့် တို့ထိသည်။ ဤသည်မှာ သူသည် သင်နှင့် မည်မျှနီးစပ်သည်ဆိုသည့်အရာပင်ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စိစစ်မှုကို ခံစားရနိုင်လျှင် ဘုရားသခင်၏ မျက်မှောက်တော်တွင် နေထိုင်နေခြင်းဖြစ်သည်။ သင်သည် သူ၏ စိစစ်မှုကို လုံးဝ မခံစားရနိုင်လျှင် သင်သည် သင်၏ကိုယ်ပိုင်ကမ္ဘာထဲတွင် အသက်ရှင်နေခြင်းဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်ခံစားချက်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အသက်ရှင်နေခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် ဒုက္ခရောက်ပြီဖြစ်သည်။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်မရှင်လျှင် သင်နှင့် ဘုရားသခင်ကြားတွင် ကြီးမားသော အကွာအဝေးတစ်ခုရှိပြီး သင်နှင့် ဘုရားသခင်နှင့် အလှမ်းဝေးသည်။ သင်သည် ဘုရားအလိုတော်အတွက် လုံးဝ ထည့်စဉ်းစားခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိစစ်မှုကို လက်မခံလျှင် ဘုရားသခင်က ဤအရာအားလုံးကို သိမြင်လိမ့်မည်။ ဤအရာကို သိမြင်ရန် သူ့အတွက် အလွန်လွယ်ကူလိမ့်မည်။ ထို့ကြောင့် သင်သည် စိတ်ပိုင်းဖြတ်ချက်နှင့် ပန်းတိုင်တစ်ခုရှိသောအခါတွင်လည်းကောင်း၊ ဘုရားသခင်က စုံလင်ပေးခြင်းကို သင် ခံယူလိုစိတ်ရှိသောအခါတွင်လည်းကောင်း၊ ဘုရားအလိုတော်ကို လိုက်လျှောက်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်သောသူတစ်ယောက် ဖြစ်လိုစိတ်ရှိသောအခါတွင်လည်းကောင်း၊ သင့်တွင် ဤစိတ်ပိုင်းဖြတ်ချက်ရှိသောအခါတွင်၊ ဤအရာများအတွက် မကြာခဏဆုတောင်းပြီး အသနားခံနိုင်သောအခါတွင်လည်းကောင်း၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် နေထိုင်ပြီး ဘုရားသခင်ထံမှ သင့်ကိုယ်သင် လုံးဝ မဝေးကွာစေသောအခါတွင်လည်းကောင်း၊ သို့မဟုတ် ဘုရားသခင်ထံမှ မထွက်ခွာသောအခါတွင်လည်းကောင်း သင်သည် ဤအရာများကို ရှင်းလင်းစွာ သိသည်။ ဘုရားသခင်သည်လည်း သိသည်။ လူအချို့က “ငါသည် ဤအရာနှင့်ပတ်သက်ပြီး မိမိဘာသာ ရှင်းလင်းသည်။ သို့သော် ဘုရားသခင်က သိသလော၊ မသိသလော။” ဟု ဆိုကြသည်။ ဤမေးခွန်းမှာ မခိုင်လုံပေ။ သင်သည် ဤသို့ပြောလျှင် သင်သည် ဘုရားသခင်နှင့် လုံးဝ ဆက်သွယ်ပြောဆိုခြင်းမရှိ၊ သင်နှင့် ဘုရားသခင်ကြားတွင် ဆက်ဆံရေးလုံးဝ မရှိဆိုသည်ကို သက်သေပြသည်။ သင်နှင့် ဘုရားသခင်ကြားတွင် ဆက်ဆံရေးမရှိဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ သင်သည် ဘုရားရှေ့တွင် မနေထိုင်ခဲ့သောကြောင့် သူသည် သင်နှင့်အတူရှိသည်၊ မရှိသည်ကိုလည်းကောင်း၊ သူသည် သင့်အား လမ်းပြခြင်းရှိမရှိကိုလည်းကောင်း၊ သင့်အား ကာကွယ်ခြင်းရှိမရှိကိုလည်းကောင်း၊ သင်သည် မှားယွင်းသောအရာတစ်ခုခုကို လုပ်ဆောင်သောအခါ သူသည် သင့်အား အပြစ်တင်ခြင်းရှိမရှိကိုလည်းကောင်း သင် မခံစားမိနိုင်ပေ။ သင်သည် ဤအရာများကို မခံစားမိလျှင် ဘုရားရှေ့တွင် မနေထိုင်ပေ။ သင်သည် ဤအရာကို စိတ်ကူးထင်မြင်နေပြီး သင့်ကိုယ်သင် ပျော်မွေ့နေခြင်းသာဖြစ်သည်။ သင်သည် သင်၏ကိုယ်ပိုင်ကမ္ဘာထဲတွင် နေထိုင်နေခြင်းဖြစ်ပြီး ဘုရားရှေ့တွင် နေထိုင်ခြင်းမဟုတ်ပေ။ သင်နှင့် ဘုရားကြားတွင် ဆက်ဆံရေးလုံးဝ မရှိပေ။

လူတို့သည် ဘုရားသခင်နှင့် သာမန် ဆက်ဆံရေးကို မည်သို့ ထိန်းသိမ်းနိုင်သနည်း။ ယင်းကို ထိန်းသိမ်းခြင်းသည် မည်သည့်အရာအပေါ်တွင် မူတည်သနည်း။ ၎င်းတို့၏ စိတ်နှလုံးတွင် အသနားခံခြင်း၊ ဆုတောင်းခြင်း၊ ဘုရားသခင်နှင့် အပြန်အလှန်ဆက်ဆံခြင်းတို့အပေါ်တွင်မူတည်သည်။ ဤဆက်ဆံရေးမျိုးသည် လူတို့အား ဘုရားသခင်ရှေ့တွင် အစဉ်နေထိုင်စေသည်။ ထို့ကြောင့် ဘုရားသခင်နှင့် သာမန်ဆက်ဆံရေးကို တည်ဆောက်ရန်အတွက် လူတို့သည် ရှေးဦးစွာ ငြိမ်သက်ခြင်းရှိရမည်။ လူအချို့သည် ပြင်ပတွင် အမှုအရာများကို အစဉ်သဖြင့် လုပ်ဆောင်နေကြသည်။ ပြင်ပအရေးကိစ္စများနှင့်သာ အလုပ်ရှုပ်နေကြသည်။ ၎င်းတို့သည် တစ်ရက်၊ နှစ်ရက်ကြာအထိ ဝိညာဉ်ရေးနှင့်ဆိုင်သောအသက်တာ လုံးဝ မရှိလျှင် ၎င်းတို့က ယင်းကို သတိပြုမိမည်မဟုတ်ပေ။ သုံးရက်၊ လေးရက်အထိ၊ သို့မဟုတ် တစ်လ၊ နှစ်လကြာသည်အထိပင် သတိပြုမိဦးမည်မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့သည် ဆုမတောင်းသောကြောင့်၊ သို့မဟုတ် အသနားမခံသောကြောင့်၊ သို့မဟုတ် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆိုခြင်းမရှိသောကြောင့်ဖြစ်သည်။ အသနားခံခြင်းဆိုသည်မှာ သင့်တွင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး သင်သည် ဘုရားသခင်အား သင့်ကို ကူညီစေလိုသောအခါတွင်လည်းကောင်း၊ သင့်အား လမ်းပြစေလိုပြီး သင့်အတွက် ထောက်ပံ့ပေးစေလိုသောအခါတွင်လည်းကောင်း၊ သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး သူ၏ အလိုတော်ကို နားလည်စေရန်၊ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သိရန်၊ သမ္မာတရားစည်မျဉ်းများက မည်သည့်အရာများဖြစ်သည်ကို နားလည်ရန်၊ သမ္မာတရားအား မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို သိရန် လုပ်ဆောင်ပေးစေလိုသောအခါတွင်လည်းကောင်းဖြစ်သည်။ ဤသည်မှာ ဘုရားအလိုတော်နှင့်ညီသော အသနားခံခြင်းမျိုးဖြစ်သည်။ ဆုတောင်းခြင်းတွင် အတော်အတန်ကျယ်ပြန့်သောအတိုင်းအတာထိပါဝင်သည်။ တစ်ခါတစ်ရံတွင် သင်၏ စိတ်နှလုံးတွင်ရှိသော အရာများကို သင်ပြောဆိုနိုင်သည်။ အခက်အခဲများ ကြုံရသောအခါ၊ သို့မဟုတ် အပျက်သဘောဆောင်ပြီး အားနည်းသောအခါ သင်၏ စိတ်နှလုံးထဲမှနေ၍ ဤအရာများကို ဘုရားသခင်အား ပြောဆိုနိုင်သည်။ သင်သည် နာခံခြင်းမရှိသောအခါတွင်လည်း ဘုရားသခင်ထံ ရံဖန်ရံခါ ဆုတောင်းနိုင်သည်၊ သို့မဟုတ် သင့်အပေါ်သို့ နေ့စဉ် ကျရောက်သောအမှုအရာများအကြောင်းကို ဘုရားသခင်အား ပြောဆိုနိုင်သည်။ သင်သိမြင်နိုင်သော၊ သင်မသိမြင်နိုင်သောအရာနှစ်ခုလုံးကို ပြောဆိုနိုင်သည်။ ဤအရာကို ဆုတောင်းခြင်းဟု ခေါ်သည်။ ဆုတောင်းခြင်းဆိုသည်မှာ သင်၏ စိတ်နှလုံးတွင်ရှိသောအရာကို ဘုရားသခင်အား ပြောဆိုခြင်း၊ သို့မဟုတ် ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ဆုတောင်းခြင်းကို သတ်မှတ်ထားသော အချိန်တွင် လုပ်ဆောင်သည်။ တစ်ခါတစ်ရံတွင် မည်သည့်သတ်မှတ်ထားသောအချိန်တွင်မျှ မလုပ်ဆောင်ပေ။ သင်သည် အချိန်မရွေး၊ နေရာမရွေး ဆုတောင်းနိုင်သည်။ ဝိညာဉ်ရေးမိတ်သဟာယသည် သီးသန့်ပုံစံတစ်ခုခုမရှိပေ။ သင့်အား စိတ်အနှောင့်အယှက်ဖြစ်စေသည့် အရာတစ်ခုရှိနိုင်သည်၊ သို့မဟုတ် မရှိနိုင်ပေ။ သင့်တွင် ပြောဆိုသည့်အရာတစ်ခုခုရှိနိုင်သည်၊ သို့မဟုတ် မရှိနိုင်ပေ။ တစ်စုံတစ်ခုက သင့်အား စိတ်အနှောင့်အယှက်ဖြစ်စေနေလျှင် ထိုအကြောင်းကို ဘုရားသခင်အား ပြောပြီး ဆုတောင်းသင့်သည်။ သာမန်အားဖြင့် သင်သည် ဘုရားသခင်က လူသားအား မည်သို့ချစ်သည်၊ လူသားအား မည်သို့ စိတ်ပူသည်၊ သူသည် လူသားကို အဘယ်ကြောင့် ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းသည်၊ ဘုရားသခင်အား နာခံခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သို့အဓိပ္ပာယ်ရသည် စသည်တို့ကဲ့သို့သော မေးခွန်းများကို ချင့်ချိန်စဉ်းစားရန် ကြိုးစားသင့်သည်။ အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်နှင့် ဆက်သွယ်ပြောဆိုပြီး ဘုရားသခင်ထံ ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ ရှာဖွေသင့်သည်။ ဤသည်မှာ ဝိညာဉ်ရေးနှင့်ဆိုင်သော မိတ်သဟာယဖြစ်သည်၊ သို့မဟုတ် အတိုချုပ်အနေဖြင့် “ဝိညာဉ်မိတ်သဟာယ” ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် လမ်းပေါ်တွင်ရှိနေစဉ် သင့်အား အလွန်စိတ်မချမ်းမသာဖြစ်စေသည့် အရာတစ်ခုကို တွေးမိနိုင်သည်။ သင်သည် ဒူးထောက်ရန်၊ သို့မဟုတ် မျက်လုံးမှိတ်ရန် မလိုပေ။ သင်၏ စိတ်နှလုံးတွင်သာ ဘုရားသခင်ကို ပြောဆိုနိုင်သည်။ “ဘုရားသခင် ဤအရာသည် ကျွန်ုပ်အပေါ်သို့ ကျရောက်ပြီး ဤအရာကို ကိုင်တွယ်ဖြေရှင်းရန် သင့်လျော်သောနည်းလမ်းကို ကျွန်ုပ်မသိပါ။ ထို့ကြောင့် ဤအမှုကိစ္စတွင် ကိုယ်တော်၏ လမ်းပြမှုကို တောင်းခံပါသည်။” ဟူ၍ ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် လှုပ်ရှားမှုတစ်ခုကို သင်ခံစားရသောအခါ၊ သင်သည် ဘုရားသခင်အား စိတ်နှလုံးအတွင်းမှလာသော စကားအနည်းငယ်ကို ပြောဆိုသောအခါတွင် ဘုရားသခင်က သိလိမ့်မည်။ တစ်ခါတစ်ရံတွင် သင်သည် အိမ်ကိုလွမ်းခြင်းကို ခံစားရနိုင်ပြီး “ဘုရားသခင်၊ ကျွန်ုပ်သည် အိမ်ကို အရမ်းလွမ်းမိပါသည်။” ဟု ပြောသည်။ သင်သည် မည်သူ့ကိုလွမ်းနေသည်ဟု အသေးစိတ်မပြောပေ။ သင်သည် ဝမ်းနည်းပြီး ဤအကြောင်းကို ဘုရားသခင်အား ပြောပြခြင်းသာဖြစ်သည်။ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး သင်၏ စိတ်နှလုံးတွင်ရှိသည့်အရာကို ပြောမှသာ သင်၏ ပြဿနာများကို ဖြေရှင်းနိုင်သည်။ အခြားလူတစ်ယောက်ကို ပြောခြင်းအားဖြင့် သင်၏ ပြဿနာများကို ဖြေရှင်းနိုင်သလော။ သမ္မာတရားကို နားလည်သူတစ်ယောက်နှင့်တွေ့လျှင် အလွန်ဆိုးရွားမည်မဟုတ်ပေ။ သင်၏ ပြဿနာများကို ဖြေရှင်းနိုင်မည်သာမက သင်သည် ဤအရာထံမှ အကျိုးအမြတ်ရရှိလိမ့်မည်။ သို့သော် သမ္မာတရားကို နားမလည်သူတစ်ယောက်နှင့် သင်တွေ့လျှင် သင်၏ ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ ပြဿနာများက ထိုသူအပေါ်သို့လည်း သက်ရောက်နိုင်သည်။ သင်သည် ဘုရားသခင်ကို စကားပြောပါက၊ ဘုရားသခင်က သင့်ကို နှစ်သိမ့်လိမ့်မည်၊ ပြီးလျှင် သင့်ကို တို့ထိလိမ့်မည်။ သင်သည် ဘုရားသခင်ရှေ့တွင် သင့်ကိုယ်သင် ငြိမ်သက်စေနိုင်လျှင်၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက် ချင့်ချိန်စဉ်းစားပြီး ဆုတောင်းနိုင်လျှင် သမ္မာတရားကို နားလည်ပြီး သင့်ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များသည် သင့်အခက်အခဲများကို ကျော်လွှားရန် လမ်းကြောင်းတစ်ခုကို ရှာတွေ့ဖို့ သင့်အား ကူညီပေးလိမ့်မည်။ ပြီးလျှင် သင်သည် ဤသေးငယ်သောအကျပ်အတည်းကို ဖြတ်ကျော်သောအခါ လဲကျမည်မဟုတ်။ ယင်းသည် သင့်အား ချုပ်ချယ်မည်မဟုတ်သကဲ့သို့ သင်၏ တာဝန်ထမ်းဆောင်ခြင်းကိုလည်း လွှမ်းမိုးမည်မဟုတ်ပေ။ သင်သည် ရုတ်ချည်း စိတ်ဓာတ်ကျဆင်းပြီး အနည်းငယ်မှောင်မိုက်သောအချိန်များရှိလိမ့်မည်။ ဤသို့ ဖြစ်ပျက်သောအခါ သင်သည် ဘုရားသခင်ကို ချက်ချင်း ဆုတောင်းသင့်သည်။ ဘုရားသခင်နှင့် နီးကပ်စွာ နေသင့်သည်။ ဆိုလိုသည်မှာ အချိန်တိုင်း၊ နေရာတိုင်းတွင် ဘုရားသခင်အား သင်၏ စိတ်နှလုံးထဲတွင်ရှိသောအရာကို ပြောဆိုပြီး ရင်ဖွင့်ခြင်းဖြစ်သည်။ ဤသို့ဖြင့် သင်၏ အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်။ သင့်တွင် ယုံကြည်ခြင်းရှိရမည်။ “ဘုရားသခင်သည် ငါ့အနီးတွင် အချိန်တိုင်းရှိသည်။ ငါ့ထံမှ မည်သည့်အခါမျှ ထွက်ခွာမသွားပေ။ ဤအရာကို ငါ ခံစားရနိုင်သည်။ ငါသည် မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ၊ စုဝေးပွဲတစ်ခုတွင်ရှိသည်ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ ဘုရားသခင်သည် ငါ့လက်ကိုဆွဲ၍ ဦးဆောင်နေသည်ကို၊ ငါ့ထံမှ မည်သည့်အခါမျှ မထွက်ခွာသည်ကို ငါသိသည်။” ဟူ၍ ဖြစ်သည်။ တစ်ခါတစ်ရံတွင် သင်သည် နှစ်ကာလများတစ်လျှောက်တွင် နေ့စဉ် ဤသို့ကုန်ဆုံးခဲ့ပုံကို ပြန်အမှတ်ရသောအခါ သင်၏ ဝိညာဉ်ရင့်ကျက်မှုက ကြီးထွားလာသည်ကိုလည်းကောင်း၊ ဘုရားသခင်က သင့်အား လမ်းပြပေးနေသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ချစ်ခြင်းက သင့်အား အစဉ်သဖြင့် ကာကွယ်ပေးနေသည်ကိုလည်းကောင်း ခံစားရလိမ့်မည်။ သင်သည် ဤအရာများကို စဉ်းစားလျက်ဖြင့် သင်၏ စိတ်နှလုံးတွင် ဆုတောင်းပြီး “အို ဘုရားသခင်၊ ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ကျွန်ုပ်သည် အလွန်အမင်း အားနည်း၊ တွန့်ဆုတ်ပြီး အလွန်လေးနက်စွာပင် ဖောက်ပြန်ပျက်စီးပါသည်။ ကိုယ်တော်က ဤသို့လမ်းပြခြင်းမရှိလျှင် ကျွန်ုပ်သည် မိမိဘာသာ ယနေ့အထိ ရောက်ရှိလာနိုင်ဖို့ မဖြစ်နိုင်ပါ။” ဟူ၍ ဘုရားသခင်အား ကျေးဇူးတင်လိမ့်မည်။ ဤသည်မှာ ဝိညာဉ်ရေးရာ မိတ်သဟာယ မဟုတ်လော။ လူတို့သည် ဤနည်းဖြင့် ဘုရားသခင်နှင့် မကြာခဏ မိတ်သဟာယဖွဲ့နိုင်ပါက ၎င်းတို့သည် ဘုရားသခင်ကို ပြောစရာ များစွာရှိလိမ့်မည် မဟုတ်လော။ ဘုရားသခင်ကို ပြောစရာတစ်ခုမျှ မရှိဘဲ၊ ၎င်းတို့သည် ရက်များစွာ အသက်ရှင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို သင်ပြောစရာ တစ်ခုမျှ မရှိသည့်အခါ၊ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် မရှိပေ။ ဘုရားသခင်သည် သင်၏စိတ်နှလုံးထဲတွင် ရှိပြီး သင်သည် ဘုရားသခင်အား ယုံကြည်ပါက၊ သင်သည် သင်၏လူယုံတော်များကို ပြောမည့် ထိုအမှုအရာများ အပါအဝင်၊ သင်၏စိတ်နှလုံးထဲမှ စကားများအားလုံးကို သူ့အား ပြောနိုင်ပေလိမ့်မည်။ အမှန်တွင် ဘုရားသခင်သည် သင်၏ အနီးစပ်ဆုံး လူယုံတော် ဖြစ်သည်။ ဘုရားသခင်ကို သင်၏ အနီးစပ်ဆုံး လူယုံတော်အဖြစ်၊ သင်အမှီခိုဆုံးသော မိသားစုအဖြစ်၊ မှီခို၍ အရနိုင်ဆုံး၊ အယုံကြည်ထိုက်ဆုံး၊ သင်နှင့် အရင်းနှီးဆုံးဟု သင်မြင်သော မိသားစုအဖြစ်ဆက်ဆံလျှင် သင်၌ ဘုရားသခင်ကို ပြောစရာစကား တစ်ခုမျှ မရှိသည်မှာ မဖြစ်နိုင်ပေ။ သင်၌ ဘုရားသခင်ကို ပြောစရာတစ်စုံတစ်ခု အစဉ်ရှိပါက၊ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အမြဲ အသက်ရှင်မည် မဟုတ်လော။ သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် အမြဲ အသကနိုင်ပါက၊ ဘုရားသခင်က သင့်ကို မည်သို့ ဉာဏ်အလင်းဖွင့်ပြပြီး လမ်းပြသည်၊ သင့်ကို မည်သို့ စောင့်ရှောက်ပြီး ကွယ်ကာသည်၊ သင့်ထံ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို သူမည်သို့ ဆောင်ကြဉ်းသည်၊ သင့်ကို သူမည်သို့ ကောင်းချီးပေးသည်၊ ပြီးလျှင် သင့်ကို သူ မည်သို့ ပြစ်တင်မောင်းမဲသည်၊ သင့်ကို မည်သို့ ဆုံးမပဲ့ပြင်သည်၊ သင့်ကို မည်သို့ရိုက်နှက်သည်၊ ပြီးလျှင် သင့်ကို မည်သို့ စီရင်ပြီး ပြစ်တင်ဆုံးမသည်တို့ကို အခိုက်အတန့်တိုင်းတွင် သင်ခံစားနိုင်လိမ့်မည်။ ဤအရာအားလုံးသည် သင့်အဖို့ ရှင်းလင်းပြီး သိသာထင်ရှားလိမ့်မည်။ သင်သည် နေ့စဉ် ဖြစ်သလိုသာ လုပ်ဆောင်ပြီး ဘုရားသခင်အား နှုတ်ဖြင့်သာ ယုံကြည်ကာ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်မရှိလျှင်၊ သင်သည် အပေါ်ယံအဆင့်သာ တာဝန်ထမ်းဆောင်ပြီး စုဝေးပွဲများကိုတက်လျှင်၊ နေ့စဉ် ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ဆုတောင်းလျှင်၊ ဤအရာများကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်လျှင် ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်းမဟုတ်ပေ။ သင်လိုက်နာသည့် ဤဘာသာရေးဓလေ့များထဲမှ မည်သည့်အရာကမျှ သမ္မာတရားနှင့် ဆက်စပ်မှု လုံးဝမရှိပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် နေ့စဉ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို သေသေချာချာဖတ်သင့်သည်။ ဤနှုတ်ကပတ်တော်များအတွင်းတွင် ဆုတောင်းပြီး မိတ်သဟာယပြုသင့်သည်။ ၎င်းတို့သည် နေ့စဉ် ဘုရားနှုတ်ကပတ်တော်များထံမှ အလင်းပေးခြင်းအနည်းငယ်ကို ရရှိသင့်ပြီး သမ္မာတရားအနည်းငယ်ကို နားလည်သင့်သည်။ အထူးသဖြင့် ၎င်းတို့သည် တာဝန်များထမ်းဆောင်စဉ်တွင် စည်းမျဉ်းများနှင့်အညီ သမ္မာတရားကို ရှာဖွေနိုင်ပြီး အမှုကိစ္စများကို ကိုင်တွယ်နိုင်သင့်သည်။ နေ့စဉ် ဘဝအတွေ့အကြုံကို ရရှိပြီး ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားနိုင်သင့်သည်။ ဤသည်မှာ စစ်မှန်သော ယုံကြည်သူဖြစ်ပြီး ဘုရားသခင်နောက်သို့လိုက်သောသူဖြစ်သည်။

ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် မည်သည့်ပြဿနာက အရေးကြီးဆုံးဖြစ်ပြီး အလိုအပ်ဆုံးဖြစ်သနည်း။ ဘုရားသခင်နှင့် သင်၏ သာမန်ဆက်ဆံရေး ပြဿနာဖြစ်သည်။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူသည် သင်၏ စိတ်နှလုံးထဲတွင် မရှိလျှင်၊ သူနှင့် သင်၏ ဆက်ဆံရေးကို သင်အဆက်ဖြတ်ခဲ့လျှင်၊ သင်သည် ဘုရားသခင်အား သင်၏ အရင်းနှီးဆုံး၊ အယုံကြည်ဆုံး၊ အနီးကပ်ဆုံးမိသားစုဝင်နှင့် ရင်ဖွင့်သူအဖြစ် မဆက်ဆံလျှင် ဘုရားသခင်သည် သင်၏ ဘုရားမဟုတ်ပေ။ အချိန်ကာလတစ်ခုအထိ ငါ၏ စကားများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး သင်တို့၏ အတွင်းပိုင်း အခြေအနေက ပြောင်းလဲခြင်းရှိမရှိကို ကြည့်ရှုလော့။ ငါ၏ စကားများအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် နေထိုင်နေသည်၊ သင့်တွင် ပုံမှန်အနေအထားနှင့် ပုံမှန်အခြေအနေရှိသည်ဆိုသည်ကို သင်သေချာနိုင်သည်။ လူတစ်ယောက်၏ အခြေအနေက ပုံမှန်ဖြစ်သောအခါတွင်လည်းကောင်း၊ သူ၏ ဘဝအတွေ့အကြုံ၏ အဆင့်များအားလုံးတွင် သူ့အပေါ်သို့ ကျရောက်သော ဖြစ်ရပ်များ၊ လူများ၊ အကြောင်းအရာများ၊ သိုမဟုတ် မတူညီသောပတ်ဝန်းကျင်များအားလုံး၏ လွှမ်းမိုးမှုကို မခံရသောအခါတွင်လည်းကောင်း၊ သူ၏ တာဝန်ကို ပုံမှန်အဆက်မပြတ် ထမ်းဆောင်နိုင်သောအခါတွင်လည်းကောင်း သူသည် စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုရှိပြီး သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်သောသူဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်

အရှေ့သို့- သမ္မာတရားကို ရရှိဖို့ အဖိုးအခပေးဆပ်ခြင်းသည် အလွန်ပင် အရေးပါသည်

နောက်တစ်ခုသို့- သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဆိုသည်မှာ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။