သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဆိုသည်မှာ

လူများစွာတို့သည် တရားဒေသနာများကို နှစ်များစွာကြာ နားထောင်သော်လည်း သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို နားမလည်သကဲ့သို့ သမ္မာတရား၏ မည်သည့်ကဏ္ဍတွင် ၎င်းတို့၏ အားထုတ်မှုကို အာရုံစူးစိုက်သင့်သည်ကိုလည်း နားမလည်ပေ။ ၎င်းတို့သည် နားထောင်သည်။ ဤမျှသာဖြစ်သည်။ စိတ်နှလုံးမရှိသော ထောက်ထားစာနာမှုမရှိသော လူများကဲ့သို့ အစဉ်ဂရုမစိုက်ပေ။ ၎င်းတို့သည် ဘုရားသခင်အား နှစ်အနည်းငယ်ယုံကြည်ခဲ့သည့်တိုင်အောင် အတွေ့အကြုံနှင့် သက်သေခံချက် ကင်းမဲ့လျက်ရှိသည်မှာ မဆန်းပေ။ သမ္မာတရားကို အမှန်တကယ် လိုက်စားသောသူတစ်ယောက်သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရမည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာက သမ္မာတရားနှင့် ကိုက်ညီသလော။ မည်သည့်အရာ အားနည်းသနည်း။ မည်သည့် ချွတ်ယွင်းချက်များကို သင် ဖာထေးလုပ်ဆောင်သင့်သနည်း။ သင်၏ တာဝန်ကို မည်မျှကောင်းစွာ ထမ်းဆောင်နေသနည်း။ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်သလော။ သင်သည် ဤအရာများကို မရှင်းလင်းလျှင် သမ္မာတရားအား လိုက်စားသူမဟုတ်ပေ။ သင်သည် သမ္မာတရားကို လိုက်စားပြီး ရရှိလိုလျှင် ဘုရားနှုတ်ကပတ်တော်ကို မကြာခဏ ဖတ်ပြီး ချင့်ချိန်စဉ်းစားရမည်။ မည်သည့်တာဝန်ကို သင်ထမ်းဆောင်သည်ဖြစ်စေ သင်သဘောပေါက်နားလည်ဖို့ လိုအပ်သည့် သမ္မာတရားများကို ချင့်ချိန်စဉ်းစားပြီး အဖြေရှာရမည်။ သင်နားလည်သည့် သမ္မာတရား မည်မျှရှိသည်ဖြစ်စေ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံနိုင်ရမည်။ သင်သည် “ငါသည် ဤသမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ပြီးဖြစ်သလော။ ဤသမ္မာတရားသည် ဘဝ၏ မည်သည့်ကဏ္ဍများကို ရည်ညွှန်းသနည်း။ မည်သည့်အခြေအနေများဖြစ်သနည်း။” ဟူ၍ အစဉ်သဖြင့် စဉ်းစားရမည်။ ဤမေးခွန်းများကို သင်၏ စိတ်နှလုံးတွင် ဖြေရှင်းရမည်။ သင်၏ အချိန်ပိုများတွင် ယင်းတို့ကို အဖြေရှာဖို့ ကြိုးစားရမည်။ သင်သည် စဉ်းစားသော်လည်း နားမလည်လျှင် ဘုရားနှုတ်ကပတ်တော်ကို ဆုတောင်းသည့်ပုံစံဖြင့် ဖတ်ရှုရမည်။ ဘုရားရှေ့သို့လာပြီး ဘုရားထံ သင်၏ စိတ်နှလုံးကို ဖွင့်ဟရမည်။ လူအများစုသည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ၎င်းတို့၏ စိတ်နှလုံးကို သမ္မာတရားအပေါ်တွင် မထားရှိပေ။ ၎င်းတို့၏ စိတ်နှလုံးက မည်သည့်နေရာတွင်ရှိသနည်း။ ၎င်းတို့၏ စိတ်နှလုံးသည် အစဉ်သဖြင့် ပြင်ပအမှုကိစ္စများတွင်သာရှိသည်။ ဘဝင်မြင့်မှုနှင့် မာနတို့နှင့်လည်းကောင်း၊ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ဆိုသည်တို့နှင့်လည်းကောင်း သက်ဆိုင်သည့်ကိစ္စများကို အစဉ်သဖြင့် ဖက်တွယ်နေသည်။ မည်သည့်အရာက သမ္မာတရားနှင့် သက်ဆိုင်ပြီး မည်သည့်အရာက မသက်ဆိုင်သည်ကို ၎င်းတို့ မသိပေ။ ၎င်းတို့က “ငါသည် ဘုရားအိမ်တော်တွင် အမှုအရာများကို လုပ်ဆောင်သရွေ့၊ ငါ၏ တာဝန်ကို ထမ်းဆောင်ရန်အတွက် များစွာအလုပ်ရှုပ်နေပြီး ဆင်းရဲဒုက္ခကို ခံသရွေ့ ငါသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်။” ဟု ထင်ကြသည်။ ဤသည်မှာ မမှန်ကန်ပေ။ ဘုရားအိမ်တော်တွင် အမှုအရာများကို လုပ်ဆောင်ခြင်း၊ များစွာအလုပ်ရှုပ်နေပြီး ဆင်းရဲဒုက္ခခံခြင်းအားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သလော။ ဤသို့ပြောခြင်းတွင် အခြေပြုချက်တစ်ခုခုရှိသလော။ အမှုအရာများကို လုပ်ဆောင်စဉ်တွင် ဆင်းရဲဒုက္ခကို ခံခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မတူညီသောအရာနှစ်ခုဖြစ်သည်။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို သင်မသိလျှင် မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ဤသည်မှာ အဓိပ္ပာယ်မရှိမဖြစ်သလော။ သင်သည် လူသားအယူအဆများ၊ စိတ်ကူးများနှင့်အညီ လုပ်ဆောင်နေခြင်းဖြစ်သည်။ သင်သည် ရှုပ်ထွေးပြီး မရောမရာဖြစ်သော အခြေအနေတွင်ရှိကာ အမှုအရာများကို သင်၏ ကိုယ်ပိုင်အယူအဆအတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးသည် ပန်းတိုင်၊ ဦးတည်ချက်၊ သို့မဟုတ် စည်းမျဉ်းတစ်ခုခုမရှိဘဲ ရှုပ်ထွေးနေသည်။ သင်သည် အမှုအရာများကို လုပ်ဆောင်နေခြင်းသာဖြစ်ပြီး ထိုသို့ လုပ်ဆောင်နေစဉ်တွင် ဆင်းရဲဒုက္ခကို ခံခြင်းဖြစ်သည်။ ဤသည်မှာ အဘယ်သို့ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်စပ်သနည်း။ လူတို့သည် သမ္မာတရားအား နားမလည်လျှင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်ဆင်းရဲဒုက္ခများကို ၎င်းတို့ ခံရသည်ဖြစ်စေ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် အလှမ်းဝေးသည်။ လူတို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အလိုဆန္ဒများအတိုင်း လုပ်ဆောင်ကြသည်။ အမှုအရာများကို ပြီးမြောက်ရန်သာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ လုပ်ရပ်များသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီခြင်းရှိမရှိကို လုံးဝ မစဉ်းစားပေ။ သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်းရှိမရှိကို သင် မသိလျှင် သင်သည် သမ္မာတရားအား သေချာပေါက် လက်တွေ့လုပ်ဆောင်နေခြင်းမဟုတ်ပေ။ လူအချို့က “ကျွန်ုပ်သည် အသင်းတော်အတွက် လုပ်ဆောင်နေသည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်သလော။” ဟု ဆိုနိုင်သည်။ ဤသည်မှာ မှားယွင်းမှုသာဖြစ်သည်။ အသင်းတော်အတွက် လုပ်ဆောင်ခြင်းသည် လူတစ်ယောက်က သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသလော။ သေချာပေါက် ဤသို့ အဓိပ္ပာယ်ရခြင်းမဟုတ်ပေ။ ထိုသူ၏ လုပ်ရပ်များတွင် စည်းမျဉ်းရှိမရှိကို ကြည့်ခြင်းအားဖြင့်သာ ဆုံးဖြတ်နိုင်သည်။ တစ်စုံတစ်ယောက် လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းမရှိလျှင် ၎င်းတို့သည် မည်သူ့အတွက် အလုပ်လုပ်နေသည်ဖြစ်စေ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ ၎င်းတို့သည် ကောင်းသောအရာတစ်ခုကို လုပ်ဆောင်လျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အရည်အသွေးပြည့်မီဖို့အတွက် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်လျှင် ၎င်းတို့လုပ်ဆောင်သည့် ကောင်းသော မည်သည့်အရာမဆိုသည် ကောင်းသောအပြုအမူမျှသာဖြစ်ပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် စံမမီပေ။ ယခုတွင် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သမ္မာတရားစည်းမျဉ်းအတွက် လုံးဝ မကြိုးပမ်းသောသူ များစွာရှိသည်။ ဤသည်မှာ ၎င်းတို့သည် အစေခံနေခြင်းသာဖြစ်သည်ဟု ဆိုလိုသည်။ လူတစ်ယောက်သည် သမ္မာတရားထံသို့ ဦးတည်ပြီး လုံးဝ မကြိုးပမ်းလျှင် သူ၏ တာဝန်ကို လုံလောက်စွာ မထမ်းဆောင်နိုင်ပေ။ ဤသို့သောသူမျိုးသည် သေချာပေါက် ဘုရားသခင်၏ လူတစ်ယောက်မဟုတ်ပေ။ အစေခံသူဟုသာ ခေါ်ဆိုနိုင်သည်။ ထိုသူသည် အဆုံးအထိ အစေခံခြင်းကို ဆက်တိုက်ပြုလုပ်နိုင်လျှင် သစ္စာရှိသော အစေခံသူအဖြစ် သတ်မှတ်ပြီး ဆက်လက်ကျန်ရှိနေခွင့်ရနိုင်သည်။ သို့သော် သူသည် အစေခံခြင်းလမ်းကြောင်းတွင် မကောင်းသောအရာအချို့ကို လုပ်ဆောင်လျှင် ထိုသို့လုပ်ဆောင်နေစဉ်တွင် ဖယ်ရှားခြင်းခံရမည်။ မလိုအပ်တော့သော ရာသီနှင့်ဆိုင်သော အလုပ်ကြမ်းသမားတစ်ယောက်ကဲ့သို့ဖြစ်သည်။ အစေခံသူအများစုသည် ဤပုံစံဖြင့် ဖယ်ရှားခြင်းခံရသည်။ ၎င်းတို့ပေးသည့် အစေခံမှုသည် စံနှုန်းဖြင့် မပြည့်မီလျှင် ၎င်းတို့သည် သေချာပေါက် ခိုင်မာစွာ ရပ်တည်နိုင်မည်မဟုတ်ပေ။

သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် မည်သို့အဓိပ္ပာယ်ရသနည်း။ အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်နေသောအခါ၊ သို့မဟုတ် တာဝန်ကို ထမ်းဆောင်နေသောအခါတွင် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၊ လက်တွေ့မလုပ်ဆောင်ခြင်းသည် မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ သမ္မာတရားအားလက်တွေ့မလုပ်ဆောင်ခြင်းဆိုသည်မှာ လူတစ်ယောက်က သမ္မာတရားနှင့် မသက်ဆိုင်သောအရာများကို လုပ်ဆောင်နေခြင်းဖြစ်သည်။ ထိုသူသည် တာဝန်တစ်ခုကို ထမ်းဆောင်ကောင်းထမ်းဆောင်နိုင်သည်။ သို့သော်ထိုသူက ဤသို့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ဆက်စပ်မှုအနည်းငယ်သာရှိသည်။ ယင်းသည် ကောင်းသောအပြုအမူတစ်ခုသာဖြစ်ပြီး ကောင်းမှုအဖြစ် သတ်မှတ်နိုင်သည်။ သို့သော် ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အလှမ်းဝေးနေဆဲဖြစ်သည်။ ဤအရာများကြားတွင် ခြားနားမှုတစ်ခုရှိသလော။ ခြားနားမှုသည် အဘယ်နည်း။ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ နယ်ပယ်တစ်ခုကို၊ သို့မဟုတ် စည်းကမ်းများကိုသာ လိုက်နာနေခြင်းဖြစ်သည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို မည်သည့်ဆုံးရှုံးမှုမျှ ဖြစ်ခွင့်မပြုပေ။ သင်သည် အနည်းငယ်ပို၍ လှည့်လည်သွားလာပြီး ဆင်းရဲဒုက္ခကို အနည်းငယ်ပို၍ ခံသည်။ ဤအရာများကို သင် ရရှိခဲ့သည်။ ပြီးလျှင် သင့်အပေါ်တွင် သတ်မှတ်ထားသော တောင်းဆိုချက်များက အထူးမြင့်မားခြင်းမရှိလျှင် သင်သည် သင်၏ တာဝန်ကို လုံလောက်စွာ ထမ်းဆောင်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် စဉ်းစားရမည့် အခြားသောအရာတစ်ခုရှိသည်။ သင်သည် ထိုအရာကို လုပ်ဆောင်နေသောအခါတွင် ဘုရားသခင်ကို မကျေနပ်စေသော မည်သည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများ၊ အတွေးများ၊ အကြောင်းအရာများက သင်၏ အတွင်းတွင်ရှိသည်ကို သင် ဖော်ထုတ်ပြီး ဖွင့်ဟကြည့်ခဲ့သလော။ ဤသို့လုပ်ဆောင်ခြင်းမှတစ်ဆင့်၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းမှတစ်ဆင့် သင်သည် မိမိကိုယ်ကို အမှန်တကယ်သိမြင်လာသလော။ သင်လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောက်ရမည့် သမ္မာတရားကို တွေ့ရှိသလော။ (တွေ့ရခဲသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်သည် ဘုရားနှုတ်ကပတ်တော်များနှင့် မိမိကိုယ်ကို ယှဉ်ကြည့်ခြင်း၊ မိမိကိုယ်ကို အနည်းငယ် သိအောင်ပြုလုပ်ခြင်းသာရှိပြီး ဤမျှသာဖြစ်သည်။) ဤသို့ဆိုလျှင် အချိန်အများစုတွင် သင်သည် သင့်ကိုယ်သင် သဘောတရားအရနှင့် ပုံသေသိမြင်ခြင်းသာရှိသည်။ လက်တွေ့သိမြင်မှုမဟုတ်ပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ မရရှိသေးလျှင် သင်သည် ကြီးမားသော အမှားများ မပြုလုပ်လျှင်ပင်၊ အကြီးစား စည်းမျဉ်းများကို မချိုးဖောက်လျှင်ပင်၊ မကောင်းမှုကို တက်ကြွစွာ မလုပ်ဆောင်ဘဲ လူ့သဘာဝအနည်းငယ်ရှိသော လူကောင်းတစ်ယောက်ဖြစ်သည့် ပုံစံရှိလျှင်ပင် သင်က အမှားများမရှိခြင်း၊ လူ့သဘာဝရှိသည့် ပုံစံရှိခြင်းသည် သမ္မာတရားနှင့် ကိုက်ညီခြင်း၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မတူညီသေးပေ။ ဤအရာများသည် တစ်ခုနှင့်တစ်ခု အလှမ်းဝေးပြီး ကွာခြားသည်။ လူများစွာတို့သည် ဘုရားသခင်ကို နှစ်အနည်းငယ် ယုံကြည်ပြီးနောက်တွင် ၎င်းတို့သည် တွေ့ရလေ့ရှိသော အစေခံသူများဖြစ်သည်ကို တွေ့ရှိကြသည်။ ၎င်းတို့သည် အဘယ်သို့ အစေခံသူများဖြစ်လာသည်ကို တွေးတောကြသော်လည်း အဖြေကို မရရှိပေ။ လူတို့သည် ဘုရားသခင်ကို စတင်ယုံကြည်သောအခါတွင် အစေခံသူများဖြစ်ဖို့ မရည်ရွယ်ပေ။ ၎င်းတို့သည် ကောင်းသော ယုံကြည်သူများဖြစ်ရန်၊ သမ္မာတရားအား နားလည်ခြင်းကို ရရှိရန်၊ အဆုံးတွင် ကယ်တင်ခြင်းခံရပြီး ကောင်းကင်နိုင်ငံတော်ကို ဝင်ရန်၊ သို့မဟုတ် အနည်းဆုံးအနေဖြင့် အသက်ရှင်ကျန်ရစ်နိုင်ရန် စီစဉ်ကြသည်။ ၎င်းတို့သည် ယုံကြည်သူများအနေဖြင့် ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ရမည်၊ ဘုရားသခင်ကို နာခံရမည်ဟူ၍လည်း ထင်မြင်ကြသည်။ ၎င်းတို့သည် ကိုယ်တိုင် သတိမထားမိဘဲ အဘယ်သို့ အစေခံသူများဖြစ်လာသနည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်နိုင်သောကြောင့်၊ သို့မဟုတ် သင်၏ တာဝန်တွင်၊ ဘုရားသခင်က သင့်အတွက် စီစဉ်ပေးသော ပတ်ဝန်းကျင်များတွင် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ မဝင်ရောက်နိုင်သောကြောင့်ဖြစ်သည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရမည့်အစား အစဉ်သဖြင့် အလုပ်လုပ်နေသည်။ ဤသည်မှာ အကြောင်းရင်းဖြစ်သည်။ ဤသို့ဆိုလျှင် သင်သည် သင်၏တာဝန်ကို အချိန်ကာလတစ်ခုအထိ ထမ်းဆောင်ပြီးနောက်တွင် သင့်ကိုယ်သင် ငြိမ်သက်စေပြီး “ဤအချိန်ကာလအတွင်းတွင် မည်သည့်အရာကို ငါရရှိခဲ့သနည်း။ တစ်ခါက ငါ အပြင်သွားသောအခါ အန္တရာယ်နှင့် ကြုံရလုနီးနီးဖြစ်ခဲ့သော်လည်း ဘုရားသခင်က ငါ့ကို ကာကွယ်ပေးခဲ့သည်။” ဟု စဉ်းစားသောအခါတွင် ဘုရားသခင်က သင့်ကို ကာကွယ်ပေးခဲ့သည်ဟု သင်မြင်ခြင်းသည် ဘုရားသခင်အား သိမြင်ခြင်းဖြစ်သည်ဟု သတ်မှတ်နိုင်သလော။ ဤအရာများသည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းကို တိုးမြှင့်ရန် လှုံ့ဆော်မပေးနိုင်သကဲ့သို့ သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သဘာဝနှင့် အနှစ်သာရအပေါ် အမှန်တကယ် နားလည်အောင်လည်း ပြုလုပ်မပေးနိုင်ပေ။ ဤအချိန်ကာလအတွင်းတွင် သင်၏ တာဝန်ကို ထမ်းဆောင်သည့်ပုံကို ပြန်စဉ်းစားကြည့်လျှင် အသက်အတွင်းသို့ သင်၏ ဝင်ရောက်မှုတွင် တိုးတက်မှုတစ်ခုခုရှိခဲ့သလော။ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါတွင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်လျှင်၊ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်လျှင် သင်သည် သေချာပေါက် တိုးတက်လိမ့်မည်။ သင်က “အပြုသဘောဆောင်သောအရာများနှင့်ပတ်သက်လျှင် ဘုရားသခင်အား သိခြင်း သမ္မာတရားသည် အလွန်လေးနက်သည်။ ငါသည် ဤအရာကို အမှန်တကယ် နားမလည်သေးပေ၊ သို့မဟုတ် များစွာ သင်ယူရရှိခြင်းမရှိသေးပေ။ သို့သော် အပျက်သဘောဆောင်သောအရာများနှင့် ပတ်သက်လျှင် ခွဲခြားဖော်ထုတ်ရန် အခက်အခဲဆုံးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများမှာ ဘုရားသခင်က ဖွင့်ပြသည့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး အာခံသည့် လူသားမျိုးနွယ်၏ အနှစ်သာရ၊ လူသားမျိုးနွယ်၏ မကောင်းသောသဘာဝနှင့် လှည့်စားခြင်း၊ ထို့အပြင် ဘုရားသခင်က ဖွင့်ပြပြီးဖြစ်သည့် လူတို့၏ စိတ်နှလုံး၏ အတွင်းကျဆုံးသောနေရာတွင် ပုန်းကွယ်နေသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ဖြစ်သည်ကို ငါသိသည်။ ဤအရာကို ယခင်က ငါမမြင်နိုင်ပေ။ ယခုတွင် ငါသည် သဘောပေါက်လာပြီး မြင်သည်။ ငါ၏ စိတ်နှလုံးက ဤအရာကို အနည်းငယ်နားလည်လာသည်။” ဟု ဆိုသည်။ ဤသည်မှာ တိုးတက်မှုဖြစ်သည်။ သင့်တွင် ဤခံစားချက်များရှိသည်။ သင်သည် သင့်ကိုယ်သင် ငြိမ်သက်စေပြီး သေသေချာချာ စဉ်းစားကြည့်ဖို့ ကြိုးစားသောအခါ ဘုရားသခင်အပေါ် နှစ်အနည်းငယ် ယုံကြည်ခဲ့သည့် သင်၏ အတွေ့အကြုံသည် အလွန်နည်းပါးလွန်းသည်ကို တွေ့မည်ဖြစ်ပြီး သင်သည် အမှုအရာများစွာတွင် အားနည်းနေသည်ကို မြင်လိမ့်မည်။ သင်သည် သင်၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးခြင်း၏ သမ္မာတရားအပေါ် နားလည်မှုအချို့ရှိသည်။ သို့သော် သင်သည် နောင်တရရန် အစပြုစသာ ရှိသေးသည်။ သင်သည် အပြစ်လုပ်ခြင်း လျော့နည်းသွားသည်။ အပြုအမူတွင် အသေးစား ပြောင်းလဲမှုအချို့ရှိသည်။ သို့သော် ဤသည်မှာ အသက်စိတ်သဘောထားပြောင်းလဲခြင်းဖြင့် အလွန်ပင် ကွာခြားနေသေးသည်။ သင်သည် နောက်ထပ် အတွေ့အကြုံနှစ်အနည်းငယ်ရှိသည်အထိ စောင့်လော့။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပို၍နက်နဲစွာ နားလည်သောအခါ၊ သင်၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုအချို့ရှိသောအခါ သင်သည် ဘုရားသခင်ထံမှ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိခဲ့ပြီဟု နောက်ဆုံးတွင် ခံစားရမည်ဖြစ်ပြီး သင်သည် “လူသားအပေါ် ဖွင့်ပြသည့် ဘုရားနှုတ်ကပတ်တော်သည် မှန်ကန်သည်။ ဘုရားနှုတ်ကပတ်တော်များကို ငါ အာမင်ဟု ဆိုသည်။ ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး မည်မျှပင် မှန်ကန်လိုက်သနည်း။” ဟု ဆိုလိမ့်မည်။ လူတို့သည် မိမိတို့ကိုယ်ကို မသိသောအခါတွင် ၎င်းတို့အားလုံးက “အခြားလူများက ဘုရားသခင်ကို သစ္စာဖောက်ကောင်းဖောက်နိုင်သည်။ သို့သော် ငါက မည်သည့်အခါမျှ သစ္စာဖောက်မည်မဟုတ်ပေ။ အခြားလူများက ဘုရားသခင်ကို စွန့်ပစ်ကောင်းစွန့်ပစ်နိုင်သည်။ သို့သော် ငါက မည်သည့်အခါမျှ စွန့်ပစ်မည်မဟုတ်ပေ။” ဟု ဆိုကြသည်။ ဤစကားများသည် အနှစ်မရှိသော စကားများမဟုတ်လော။ လူတို့သည် အမှန်တရားများက ဖော်ထုတ်ခြင်းကို ခံရပြီး ၎င်းတို့ကိုယ်တိုင်က အလွန်ပင် စိတ်မချရသည်ကိုလည်းကောင်း၊ ၎င်းတို့အား ကြည့်ရှုစောင့်ရှောက်ပြီး ကာကွယ်ရန် ဘုရားသခင်ကို ၎င်းတို့လိုအပ်သည်ကိုလည်းကောင်း၊ ဘုရားသခင်၏ စောင့်ရှောက်မှုအောက်မှ အမှန်တကယ် ထွက်ခွာမသွားနိုင်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်သည် ယခုအချိန်အထိ ဆက်လက်တည်ရှိနေသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်နှင့် သက်ညှာမှုကြောင့်သာ ဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်သည် ဝါကြွားစရာ မည်သည့်အရာမျှ မရှိသည်ကိုလည်းကောင်း ခံစားမိနိုင်လာသည်။ သင့်တွင် ဤခံစားချက်ရှိလျှင် ယင်းသည် သင်၏ အတွေ့အကြုံမှ လာခြင်းဖြစ်ပြီး အခြားလူများက သင့်အတွင်းသို့ သွတ်သွင်းလိုက်သောကြောင့်မဟုတ်ပေ။ သင်ကိုယ်တိုင်ဖြတ်သန်းပြီး ကြုံတွေ့ခဲ့ရသည့်အရာမှ လာသည်။ ဤအရာများသည် အလွန်ပင် လက်တွေ့ကျပြီး လေးနက်သည်။ လူများက အလွန်ပင် မကြာခဏပြောဆိုသည့် အနှစ်မရှိသော အကြီးစားစကားလုံးများထက် များစွာပို၍ လက်တွေ့ကျသည်။ သင့်တွင် ဤသို့သော အတွေ့အကြုံမျိုးရှိသောအခါတွင်၊ သင်၏ စိတ်နှလုံးတွင် ဤခံစားချက်ရှိသောအခါတွင် သင်၏ စိတ်နှလုံးသည် ဘုရားသခင်ကိုလည်းကောင်း၊ ဘုရားနှုတ်ကပတ်တော်များကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ဆာငတ်လိမ့်မည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များကို တန်ဖိုးထားလိုစိတ်၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံလိုစိတ်ရှိလာမည်ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးတွင် ဘုရားသခင်နှင့် တစ်ဆင့်ပို၍ နီးကပ်လာလိမ့်မည်။ ဤသည်မှာ သင်သည် ဘုရားသခင်အား ယုံကြည်ခြင်းတွင် မှန်သော လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကာ သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ရန် စတင်ပြီးဖြစ်သည်ဆိုသည့် သက်သေဖြစ်သည်။ အယူဝါဒစကားများနှင့် အနှစ်မရှိသော သဘောတရားများကိုသာ အစဉ် ဟောကြားသော ထိုလူတို့သည် အဝေးသို့ အစဉ်ပို၍ ဖယ်ရှားခြင်းခံရပြီး ဘုရားအိမ်တော်တွင် ပိုပို၍ သီးခြားခွဲထားခြင်းခံရကာ အရှက်ရလာသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရမည်။ ၎င်းတို့အတွက် နိုးထရန် အချိန်ကျပြီဖြစ်သည်။

လူတစ်ယောက်သည် သမ္မာတရား၏ စစ်မှန်မှုရှိမရှိတိုင်းတာရန်အတွက်၊ သို့မဟုတ် လူတစ်ယောက်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိကို ကြည့်ရန်အတွက် စံသတ်မှတ်ချက်မှာ အဘယ်နည်း။ ထိုသူ၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သူသည် ဘုရားသခင်အပေါ် မည်သည့်သဘောထားရှိသည်၊ သမ္မာတရားကို ရှာဖွေနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းရှိမရှိ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်နိုင်ခြင်းရှိမရှိတို့ကို ကြည့်ရှုရမည်။ ဤအရာများကို ရှင်းလင်စွာ ရှုမြင်ခြင်းအားဖြင့် ထိုသူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေသလော၊ သို့မဟုတ် သမ္မာတရား၏ စစ်မှန်မှုရှိသလောဆိုသည်ကို ဆုံးဖြတ်နိုင်သည်။ လူတစ်ယောက်သည် အမှုအရာများက သူ့အပေါ်သို့ ကျရောက်သောအခါ အစဉ်သဖြင့် အယူဝါဒစကားများ၊ စကားစုများကို ဟောကြားပြီး ကြီးကျယ်သောစကားများကို ကြာရှည်စွာပြောဆိုလျှင် သူသည် သမ္မာတရား၏ စစ်မှန်မှုမရှိသည်မှာ ရှင်းလင်းသည်။ သမ္မာတရား၏ စစ်မှန်မှုမရှိသော တစ်စုံတစ်ယောက်အပေါ်သို့ အမှုအရာများ ကျရောက်သောအခါ ထိုသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ လက်တွေ့လုပ်ဆောင်ဖို့ မဖြစ်နိုင်ပေ။ ထိုသူသည် “ဤအရာများ ဖြစ်ပျက်ခဲ့သည်။ ဘုရားသခင်အပေါ် ငါ ကျိုးနွံနာခံသည်။” ဟု ဆိုနိုင်သည်။ သင်သည် အဘယ်ကြောင့် ဘုရားသခင်အပေါ် ကျိုးနွံနာခံလိုသနည်း။ စည်းမျဉ်းက မှန်ကန်သည်။ သို့သော်လည်း သင်သည် သင့်ဘာသာ ချိန်ဆပြီး ဆုံးဖြတ်ခဲ့သည့် နည်းလမ်းတစ်ခုဖြင့် သင်၏ ခံစားချက်များကို အခြေခံပြီး ပြုမူနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သင်သည် ဘုရားသခင်ကို နာခံခြင်းအကြောင်းကို ပြောဆိုသည်။ သို့သော် စိတ်နှလုံးထဲတွင် သင်သည် ဘုရားသခင်လုပ်ဆောင်သမျှကို အစဉ် သံသယဝင်နေသည်။ ဘုရားသခင်သည် သူ လုပ်ဆောင်သည့် ပုံစံအတိုင်း အဘယ်ကြောင့် လုပ်ဆောင်သည်ကို သင် နားမလည်ပေ။ သို့တိုင်အောင် သင်သည် ဘုရားသခင်ကို နာခံရမည်ဟု သင့်ကိုယ်သင် ပြောလျက်ရှိသည်။ အမှန်တကယ်တွင်မူ သင်သည် ဤသို့ လုပ်ဆောင်ရန် ရည်ရွယ်ခြင်းမရှိပေ။ သင်သည် အပြင်ပန်းတွင်သာ အာခံခြင်းမရှိသည့်၊ ညည်းညူခြင်းမရှိသည့်၊ ပြောသည့်အတိုင်း လုပ်ဆောင်သည့် ပုံစံရှိသည်။ သင်က နာခံနေသည့် ပုံစံရှိသည်။ သို့သော် ဤသို့သော နာခံခြင်းမျိုးသည် အပြောသက်သက်၊ စည်းကမ်းများကို လိုက်နာခြင်းသက်သက်သာဖြစ်သည်။ သင်သည် နာခံခြင်းကို လက်တွေ့လုပ်ဆောင်နေခြင်းမဟုတ်ပေ။ သင်သည် သင်နာခံခြင်းကို တားဆီးသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆွဲထုတ်ပြီး စိစစ်ရမည်။ ဘုရားနှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်ရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို အမှန်တကယ် သိမြင်လျှင်လည်းကောင်း၊ ဘုရားသခင်ကို အမှန်တကယ် နားလည်နိုင်လျှင်လည်းကောင်း၊ ဘုရားသခင်က သူလုပ်ဆောင်သည့်ပုံစံအတိုင်း အဘယ်ကြောင့်လုပ်ဆောင်သည်ကို သိလျှင်လည်းကောင်း၊ သင်သည် ဤအရာကို အပြည့်အဝ နားလည်နိုင်လျှင်လည်းကောင်း ဘုရားသခင်ကို နာခံနိုင်သည်။ သင်က “ဆင်းရဲဒုက္ခက မည်မျှ ကြီးမားပါစေ၊ ကျွန်ုပ်သည် မည်မျှအားနည်းခြင်း၊ ဝမ်းနည်းခြင်းကို ခံစားရပါစေ အပျက်သဘောဆောင်မည်မဟုတ်။ ဘုရားသခင်ကို နာခံမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်လုပ်ဆောင်သည့်အရာက ကောင်းသည်၊ သူလုပ်ဆောင်သမျှသည် မှန်ကန်သည်ဆိုသည်ကို ကျွန်ုပ်သိသောကြောင့်ဖြစ်သည်။ သူသည် မှားယွင်းသည့် မည်သည့်အရာကိုမျှ လုပ်ဆောင်မည်မဟုတ်ပေ။” ဟု ဆိုလိမ့်မည်။ သင်သည် ဤအရာကိုရရှိသောအခါ သင်၏ ပြဿနာသည် အပြည့်အဝ ပြေလည်သွားလိမ့်မည်။ လူအချို့သည် ဤနည်းဖြင့် သမ္မာတရားကို ရှာဖွေပြီး ပြဿနာများကို ဖြေရှင်းခြင်းမရှိပေ။ ၎င်းတို့သည် အယူဝါဒစကားများနှင့် စကားစုများကို ဟောပြောခြင်းသာရှိသည်။ ၎င်းတို့သည် အရာရာကို နားလည်သည့်ပုံစံရှိသည်။ သို့သော် ၎င်းတို့အပေါ်သို့ အမှန်တကယ် ခက်ခဲမှုကျရောက်သောအခါ ၎င်းတို့သည် ဆန္ဒရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင် မကျေနပ်ချက်များ၊ နားလည်မှုလွဲခြင်းများက ဆက်လက်၍ တည်ရှိနေသည်။ သို့တိုင်အောင် ၎င်းတို့သည် ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေပေ။ ဤမကျေနပ်ချက်များ၊ နားလည်မှုလွဲခြင်းများသည် လူတို့၏ စိတ်အတွင်းတွင် ပုန်းကွယ်နေသည်။ ထိုအရာများသည် အမှန်တွင် အလျင်အမြန်ကူးစက်စေသော အန္တရာယ်ဖြစ်ပြီး သင့်တော်သော ပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်လိမ့်မည်။ ထိုသို့မဖြစ်မီတွင် လူတို့သည် ထိုအရာများကို မခံစားမိပေ။ ၎င်းတို့သည် သမ္မာတရားအားလုံးကို နားလည်ပြီး အခက်အခဲမရှိဟု ထင်ကြသည်။ သို့သော် နောက်ပိုင်းတွင် ၎င်းတို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သောအခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြပေ။ ဤသည်မှာ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းမရှိ၊ သမ္မာတရားကို အမှန်တကယ် နားမလည်ဆိုသည်ကို သက်သေပြသည်။ ဤသည်မှာ မည်သို့ အဓိပ္ပာယ်ရသနည်း။ ဤသည်မှာ သင်သည် အယူဝါဒစကားများ၊ စကားစုများ အနည်းငယ်ကို ဟောနိုင်ပြီး စည်းကမ်းအနည်းငယ်ကိုသာ လိုက်နာနိုင်သည်ဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်သည် တစ်ခါတစ်ရံတွင် နာခံခြင်းရှိနိုင်သော်လည်း ယင်းသည် စည်းကမ်းလိုက်နာခြင်းအား နာခံခြင်းဖြစ်ပြီး အလွန်နည်းပါးသော နာခံခြင်းဖြစ်သည်။ သင်၏ အယူအဆများနှင့် မကိုက်ညီသောအရာတစ်ခုက သင့်အပေါ်သို့ ကျရောက်လျှင် သင်သည် နာခံနိုင်မည်မဟုတ်ပေ။ ဤသည်မှာ သင်သည် ဘုရားသခင်ကို အမှန်တကယ် နာခံနိုင်သောသူမဟုတ်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ဖြေရှင်းပြီးခြင်း၊ ပြောင်းလဲခြင်းမရှိဆိုသည်ကို ပြသည်။ သင့်အပေါ်သို့ ကျရောက်သော အမှုအရာများနှင့်ပတ်သက်ပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင် သိရမည်။ ဘုရားသခင်လုပ်ဆောင်သမျှကို သိပြီး နားလည်ကာ ထောက်ထားရမည်။ ထို့နောက်တွင် သင်သည် စစ်မှန်ပြီး လိုလားသော နာခံခြင်းကို ရယူရမည်။ သင့်အပေါ်သို့ မည်သည့်အရာကျရောက်ပါစေ၊ သို့မဟုတ် သင်၏ အယူအဆများနှင့် မည်မျှမကိုက်ညီပါစေ နာခံနိုင်ရမည်။ ဤသည်မှာ ဘုရားသခင်ကို အမှန်တကယ် နာခံသောသူဖြစ်ရန်၊ အမှန်တကယ်ပြောင်းလဲသောသူဖြစ်ရန်အတွက် ရောက်ရှိရမည့် အဆင့်ဖြစ်သည်။

ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့သူအများစုသည် ဘုရားသခင်အား နာခံခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို မသိကြပေ။ ၎င်းတို့သည် အယူဝါဒစကားများ၊ စကားစုများကို မည်သို့ပြောဆိုရမည်ကိုသာ သိပြီး သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဆိုသည်မှာ မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်အား နာခံရန်အတွက် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ဆိုသည်တို့ကို မသိပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ လူအချို့သည် အစဉ်သဖြင့် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများအတိုင်း ဘုရားသခင်ကို နာခံကြသည်။ ဘုရားသခင်ပြောသည့်အရာသည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီသောအခါ ၎င်းတို့သည် မနာခံနိုင်ကြပေ။ ထို့နောက်တွင် ၎င်းတို့၌ ဘုရားသခင်အပေါ် အယူအဆများ၊ နားလည်မှုလွဲခြင်းများ ထွက်ပေါ်လာသည်။ ၎င်းတို့သည် အမှန်တကယ်ပင် ဘုရားသခင်ကို နာခံသူများဖြစ်လျှင် ဘုရားနှုတ်ကပတ်တော်က လူသား၏ အယူအဆများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ နာခံနိုင်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အပေါ် လူသား၏ နာခံခြင်းကို ကောင်းကင်က ပြဋ္ဌာန်းပြီး မြေကြီးက အသိအမှတ်ပြုသောကြောင့်ဖြစ်သည်။ လူတစ်ယောက်က ဤသို့ လက်တွေ့လုပ်ဆောင်လျှင် သူသည် ဘုရားသခင်ကို နာခံနေခြင်းဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုမှတစ်ဆင့် သမ္မာတရားကို နားလည်လာလျှင် ထိုသူ၌ ဘုရားသခင်အပေါ် နာခံခြင်း၏ စစ်မှန်မှုရှိသည်။ လူအများစုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကြိုးစားသောအခါ ဘုရားနှုတ်ကပတ်တော်၏ တိုက်ရိုက်အယူဝါဒကိုသာ လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ထင်ကြသည်။ အမှန်မှာ ဤသို့လုပ်ဆောင်ခြင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအဖြစ် စံမမီပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရာတွင် စည်းမျဉ်းများရှိရမည်။ လူတစ်ယောက်သည် လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများကို မရှာနိုင်လျှင် သူသည် စည်းကမ်းများကို လိုက်နာနေခြင်းသာဖြစ်သည်။ ဤသို့ ကျင့်သုံးမှုသည် စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခြင်း၏ အသေးစိတ်အချက်အလက်များ မပါရှိပေ။ လူများစွာတို့သည် အယူဝါဒ၏ စကားများ၊ စကားစုများ၏ စည်းကမ်းများကိုသာ ထိန်းသိမ်းပြီး လက်တွေ့လုပ်ဆောင်ရာ၌ စည်းမျဉ်းမရှိပေ။ ယင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း စံနှုန်းများကို မမီပေ။ ဘာသာတရားတွင်ရှိသော လူတိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများ၊ စိတ်ကူးများအတိုင်း လုပ်ဆောင်ကြပြီး ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထင်ကြသည်။ ဥပမာအားဖြင့် ၎င်းတို့သည် ချစ်ခြင်းအကြောင်း၊ သို့မဟုတ် နှိမ့်ချခြင်းအကြောင်းကို တရားဟောကောင်းဟောနိုင်သည်။ သို့သော် ၎င်းတို့လုပ်ဆောင်သမျှမှာ ကြားကောင်းသောစကားများကို သံယောင်လိုက်ပြောဆိုခြင်းသာဖြစ်သည်။ ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် စည်းမျဉ်းမရှိပေ။ အခြေခံအကျဆုံးသောအရာများကို သဘောမပေါက်နိုင်ပေ။ ဤသို့ ကျင့်သုံးလျှင် သမ္မာတရား၏ စစ်မှန်မှုသို့ မည်သို့ ဝင်ရောက်နိုင်မည်နည်း။ ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်သည်။ လူသားက လက်တွေ့အရှိတရားကို အသက်ရှင်နေထိုင်သည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်နေထိုင်မှသာ သမ္မာတရား၏ စစ်မှန်မှုကို ပိုင်ဆိုင်သည်။ ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း၊ တွေ့ကြုံခြင်းမှတစ်ဆင့် လူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် ဘုရားနှုတ်ကပတ်တော်အပေါ် အမှန်တကယ် သိမြင်မှုကို ရရှိသည်။ ထိုအခါမှသာ သမ္မာတရားကို နားလည်ကြသည်။ သမ္မာတရားကို အမှန်တကယ်နားလည်သူတို့သည် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို ဆုံးဖြတ်နိုင်ကြသည်။ သင်သည် လက်တွေ့လုပ်ဆောင်မှုစည်းမျဉ်းများကို နားလည်သောအခါ သင်၏ အပြောနှင့်အလုပ်တွင် စည်းမျဉ်းရှိလိမ့်မည်။ သင်၏ တာဝန်ထမ်းဆောင်မှုသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီလိမ့်မည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဆိုသည့်အရာဖြစ်သည်။ ဤသည်မှာ သမ္မာတရား၏ စစ်မှန်မှုရှိခြင်းဆိုသည့်အရာဖြစ်သည်။ သမ္မာတရား၏ စစ်မှန်မှုအတိုင်း သင် အသက်ရှင်နေထိုင်သည့်အခါမှသာ သမ္မာတရားအား သင် လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိလျှင် သင်သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်နေခြင်းမဟုတ်ပေ။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းသည် လူတို့စိတ်ကူးထင်မြင်သည့်အတိုင်း စည်းကမ်းများကို လိုက်နာခြင်းနှင့်ဆိုင်သော ကိစ္စသက်သက်မဟုတ်ပေ။ မိမိ လက်တွေ့လုပ်ဆောင်လိုသည့်အတိုင်း မလုပ်ဆောင်ရပေ။ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း၊ တွေ့ကြုံခြင်းလမ်းကြောင်းတွင် သမ္မာတရားအား သင် အမှန်တကယ် နားလည်ခြင်းရှိမရှိနှင့် သင်၏ အပြောနှင့် အလုပ်တွင် သမ္မာတရားစည်းမျဉ်းများရှိမရှိတို့ကို ဘုရားသခင်က ကြည့်သည်။ သင်သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်လျှင် သင့်၌ အသက်ဝင်ရောက်မှု ရှိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်နှင့်ပတ်သက်ပြီး သင့်တွင် မည်သည့် အတွေ့အကြုံနှင့် အသိပညာများရှိပါစေ၊ မည်သည့်တန်ဖိုးထားမှုများရှိပါစေ ဤအရာများသည် သင်၏ အသက်ဝင်ရောက်မှုနှင့် တိုက်ရိုက် ဆက်နွှယ်နေသည်။ သင်သည် အမှုအရာများစွာကို ကြုံတွေ့ခဲ့လျှင်လည်းကောင်း၊ အကြိမ်များစွာ ကျရှုံးခဲ့လျှင်လည်းကောင်း၊ စစ်မှန်သော သင်ခန်းစာများကို ရရှိခဲ့လျှင်လည်းကောင်း၊ လက်တွေ့ကျသော အတွေ့အကြုံများရှိခဲ့လျှင်လည်းကောင်း သင်သည် သမ္မာတရား၏ စစ်မှန်မှုရှိသည်ဟု ခံစားကောင်း ခံစားရနိုင်သည်။ ဤသည်မှာ တိကျသလော။ မတိကျပေ။ ဤသို့သော ခံစားချက်သည် စိတ်ချရသလော။ စိတ်ချရခြင်းလည်းမရှိပေ။ သမ္မာတရား၏ စစ်မှန်မှုရှိသောသူများသည် ဘုရားသခင်ကို နာခံနိုင်ပြီး ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ ၎င်းတို့၏ သက်သေခံချက်ကို ကြားရသည်မှာ အခြားလူများအတွက် အလွန်ပင် တည်ဆောက်စရာဖြစ်သည်။ ထိုလူများသာ သမ္မာတရား၏ စစ်မှန်မှုရှိသည်ဟု ဆိုနိုင်သည်။ သမ္မာတရားကို နားလည်သောသူတို့၏ အသိအမှတ်ပြုမူနှင့် ထောက်ခံမှုကို နှိုက်ယူနိုင်သောသူတစ်ယောက်သာလျှင် သမ္မာတရား၏ စစ်မှန်မှုရှိသည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှုရှိမရှိသည် ဘုရားနှုတ်ကပတ်တော်အပေါ် သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် တွေ့ကြုံမှုတွင် သမ္မာတရားကို သင်နားလည်ပြီး ဘုရားသခင်ကို သိမြင်လာနိုင်ခြင်းရှိမရှိအပေါ်တွင် အရေးပါစွာဖြင့် မူတည်လျက်ရှိသည်။ သင်၏ လက်တွေ့လုပ်ဆောင်မှုနှင့် အတွေ့အကြုံသည် ဘုရားနှုတ်ကပတ်တော်နှင့်၊ သမ္မာတရားနှင့် မသက်ဆိုင်လျှင် သင့်တွင် စစ်မှန်သော ဘဝအတွေ့အကြုံမရှိပေ။ ဤသည်မှာ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်မဟုတ်သည်ကို သက်သေပြသည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်မဟုတ်ဟု ငါ အဘယ်ကြောင့်ဆိုသနည်း။ သင့်တွင် ဘုရားနှုတ်ကပတ်တော်နှင့် သက်ဆိုင်သော လက်တွေ့လုပ်ဆောင်မှု၊ သို့မဟုတ် အတွေ့အကြုံမရှိသောကြောင့်ဖြစ်သည်။ ပြီးလျှင် သင်သည် သမ္မာတရားအား နားလည်ခြင်းကို မရရှိသေးသောကြောင့်ဖြစ်သည်။ ဤသည်မှာ သင်သည် ဘုရားသခင်အား နာခံသောသူဖြစ်ဖို့ မဆိုထားနှင့်။ ဘုရားသခင်၏ လုပ်ဆောင်မှုကို ကြုံတွေ့သောသူမဟုတ်ဆိုသည်ကို ပြသည်။ သင်သည် ဘုရားသခင်အား နှစ်များစွာ ယုံကြည်ခဲ့ပြီးဖြစ်မှသာ၊ စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခများစွာကို ခံရပြီး ဘုရားသခင်အပေါ် သင့်၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းက ကြွီးထွားလာမှသာ၊ သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ပြီးမှသာ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိသည်ဆိုသည်ကို ပြသမည်ဖြစ်သည်။ ဤသို့သော စစ်မှန်သော ယုံကြည်ခြင်းသည် သင်၏ သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်ခြင်းအားဖြင့် သက်သေပြရမည်။ ဤသို့ သင် လုပ်ဆောင်နိုင်ခြင်းရှိမရှိသည် အရေးပါသည်။ ဤသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို စမ်းသပ်ခြင်းဖြစ်သည်။ ယင်းသည် သင့်တွင် စစ်မှန်သော ယုံကြည်ခြင်းရှိမရှိကို ဖော်ထုတ်ပေးသည်။ ဥပမာ ဘုရားသခင်သည် အခြေအနေတစ်ခုကို စီစဉ်ပြီး သင်အချစ်ဆုံး၊ ဂရုအစိုက်ဆုံးသောသူကို၊ သို့မဟုတ် သင်အမြတ်နိုးဆုံးသောအရာကို ယူဆောင်သွားဖို့ ရည်ရွယ်သည်ကို သင်မြင်လျှင် သင်၏ သဘောထားသည် မည်သို့ဖြစ်မည်နည်း။ ဤသည်မှာ “အို ဘုရားသခင်၊ ကိုယ်တော်လုပ်သမျှက ကောင်းမွန်သည်။ ကိုယ်တော်ကို ကျေးဇူးတင်ပြီး ချီးမွမ်းပါသည်။” ဟု ပြောရုံဖြင့် စမ်းသပ်မှုကို သင်အောင်မြင်ခြင်းမဟုတ်ပေ။ သင်အချစ်ဆုံးသောသူက သူ၏ နောက်ဆုံးထွက်သက်ဝင်သက်ကို ရှူရှိုက်နေသည်ကို သင်မြင်သောအခါတွင် သင်၏ စိတ်နှလုံးသည် မချိတင်ကဲဝေဒနာခံစားပြီး ဗြောင်းဆန်နေလိမ့်မည်။ သင်က “သူသေလျှင် ငါ အသက်မရှင်နိုင်ပေ။ ငါသည် သူမရှိရင် မဖြစ်သောကြောင့် သူနှင့်အတူသေမည်။ သူသေလျှင် ငါသည် ဘုရားသခင်ကို ယုံကြည်မည်မဟုတ်တော့ပေ။” ဟု ဆိုသည်။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရား၏ စစ်မှန်မှုမရှိဘဲ အပြည့်အဝ ဖော်ထုတ်ခံရပြီးဖြစ်သည်။ သင့်တွင် စစ်မှန်သော ယုံကြည်ခြင်းရှိသလော။ သင်ချစ်ရသောသူသေပြီး သင်က အသက်မရှင်နိုင်ပေ။ သင်သည် ဘုရားသခင်ကိုပင် အလိုမရှိပေ။ သင်ချစ်ရသောသူသေပြီး သင်ကဘုရားသခင်ကိုပင် မနာခံပေ။ ဤသည်မှာ သင်ချစ်ပြီး နာခံသောအရာမှာ လူဖြစ်သည်ကို သက်သေပြသည်။ သင်သည် ဤအရာအားဖြင့် ဖော်ထုတ်ခြင်းခံရသည်မဟုတ်လော။ သင်သည် ဘုရားသခင်ကို ချစ်ဖို့မဆိုထားနှင့်။ အခြေခံအားဖြင့် ဘုရားသခင်ကို နာခံသူပင်မဟုတ်ပေ။ အခြားလူများနှင့် သင် သာမန် မိတ်သဟာယဖွဲ့ရာတွင် အနှစ်မရှိသော ပြောဆိုမှုများ၊ အယူဝါဒများနှင့် ပြည့်နေပြီး လက်တွေ့ကျသော၊ စိတ်နှလုံးထဲမှလာသော စကားများဖြစ်မည်မဟုတ်ပေ။ သင်ပြောဆိုသည့် အယူဝါဒများနှင့် သင်အော်ဟစ်သည့် ဆောင်ပုဒ်များသည် သင်၏ ယုံကြည်ခြင်းမှ အရင်းခံခြင်းဟုတ်မဟုတ်နှင့် သင်၏ အမှန်တကယ် နားလည်မှုဟုတ်မဟုတ်သည် သင်စမ်းသပ်ခြင်းခံရသောအခါတွင် ပေါ်လွင်လိမ့်မည်ဖြစ်သည်။ သင်သည် အယောင်ဆောင် ယုံကြည်သူတစ်ယောက်၊ အယောင်ဆောင်ထားသူတစ်ယောက်၊ မယုံကြည်သူတစ်ယောက်ဖြစ်သည်ကို တွေ့ရှိရသည်။ သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းတွင် အပေါ်ယံပြောဆိုခြင်းသာ ပြုလုပ်သည်။ ဘုရားနှုတ်ကပတ်တော်များသည် သင်၏ စိတ်နှလုံးတွင် အမြစ်တွယ်ခြင်းမရှိ။ ဘုရားသခင်အား ကြောက်စရာအကောင်းဆုံး ယုံကြည်သည့် ပုံစံမှာ လူတစ်ယောက်က အယူဝါဒအားလုံးကို နားလည်သော်လည်း ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းအနည်းငယ်မျှပင် မရှိသည့်အခါတွင်ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ အတည်ပြုနိုင်သနည်း။ စည်းမျဉ်းအရဆိုလျှင် လူတစ်ယောက်သည် သူ့အပေါ်တွင် အမှုအရာများ ဖြစ်ပျက်သောအခါ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်သလောဆိုသည်ကို ကြည့်ခြင်းအားဖြင့် ဖြစ်သည်။ သူသည် မည်သည့်အခါမျှ သမ္မာတရားကို လက်မခံသကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် အမှန်တကယ်တွင် သူသည် ဖော်ထုတ်ခံရပြီးဖြစ်သည်။ ထိုသူအား ဖော်ထုတ်ရန်အတွက် စမ်းသပ်မှုတစ်ခုကို စောင့်ရန် မလိုတော့ပေ။ နေ့စဉ်အသက်တာတွင် လူတစ်ယောက်၌ အမှုအရာများ ဖြစ်ပျက်သောအခါ သူသည် သမ္မာတရား၏ စစ်မှန်မှုရှိမရှိကို ရှင်းလင်းစွာ မြင်နိုင်သည်။ သမ္မာတရားအား လိုက်စားလေ့မရှိသော၊ ၎င်းတို့တွင် အမှုအရာများ ဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများစွာရှိသည်။ ဤသို့သောသူများသည် စမ်းသပ်မှုတစ်ခုက ၎င်းတို့ကို ဖော်ထုတ်ရန် စောင့်ဆိုင်းဖို့လိုသလော။ လုံးဝ မလိုအပ်ပေ။ အချိန်အတန်ကြာပြီးနောက်တွင် မည်သည့်အရာမျှ မပြောင်းလဲပါက ၎င်းတို့သည် ဖော်ထုတ်ခံရပြီးဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်သည်။ ၎င်းတို့သည် ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသော်လည်း သမ္မာတရားကို လက်မခံဘဲ နောင်တမရဘဲ ခိုင်မာစွာ ဆက်လက်ရှိနေလျှင် ၎င်းတို့သည် ပို၍ပင် ဖော်ထုတ်ခြင်းခံရပြီး ရှင်းလင်းပစ်ကာ ဖယ်ရှားသင့်သည်။ သမ္မာတရားအား လက်ခံခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းကို အာရုံမစိုက်လေ့ရှိသောသူများအားလုံးသည် မယုံကြည်သူများဖြစ်ပြီး မည်သည့်အလုပ်ကိုမဆို မအပ်နှံရပေ၊ သို့မဟုတ် မည်သည့်တာဝန်ကိုမဆို မယူရပေ။ သမ္မာတရားမရှိသောသူတစ်ယောက်သည် ခိုင်မာစွာ ရပ်တည်နိုင်သလော။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန် အရေးကြီးသလော။ သမ္မာတရားအား မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်သည့်သူများကိုသာ ကြည့်လော့။ ၎င်းတို့အားလုံး ဖော်ထုတ်ခြင်းခံရဖို့အတွက် နှစ်များစွာ မလိုအပ်ပေ။ ၎င်းတို့တွင် အတွေ့အကြုံ၊ သို့မဟုတ် သက်သေခံချက် လုံးဝမရှိပေ။ ၎င်းတို့သည် မည်မျှပင် ဆုတ်ယုတ်ပြီး သနားဖွယ်ဖြစ်သနည်း။ မည်မျှပင် အရှက်ရလိမ့်မည်နည်း။

လူတစ်ယောက်တွင် ဘုရားသခင်အပေါ် စစ်မှန်စွာ ယုံကြည်ခြင်းက မည်သို့ ဖြစ်ပေါ်လာသနည်း။ အတွေ့အကြုံမှ ဖြစ်ပေါ်လာသည်။ အတွေ့အကြုံမှ မည်သို့ ဖြစ်ပေါ်လာသနည်း။ သင်သည် လူတိုင်း၊ ဖြစ်ရပ်တိုင်း၊ သင် ကြုံတွေ့ရသည့် အရာတိုင်းတွင် ဘုရားအလိုတော်ကို ရှာဖွေပြီး ချင့်ချိန်နိုင်လျှင်၊ ထိုမှတစ်ဆင့် ဘုရားသခင်ကို နားလည်နိုင်လျှင် အတွေ့အကြုံများစွာ ကြုံတွေ့ပြီးနောက်တွင် သင်သည် တဖြည်းဖြည်းချင်းဖြင့် ဘုရားသခင်ကို အမှန်တကယ် နားလည်လာလိမ့်မည်။ နှုတ်မှ နားလည်ခြင်းမဟုတ်ဘဲ မိမိ၏ စိတ်နှလုံးတွင် ခံစားရသော နားလည်ခြင်းဖြစ်သည်။ သင်၏ စိတ်နှလုံးက ယုံကြည်ပြီး သင်၏ နှုတ်က အသိအမှတ်ပြုသော ဘုရားသခင်သည် သင်၏ စိတ်နှလုံးတွင် နေထိုင်သည်။ ဤအရာကို မည်သူမျှ သင့်ထံမှ ယူဆောင်မသွားနိုင်ပေ။ ယောဘကဲ့သို့ပင် သူသည် စမ်းသပ်ခြင်းခံရပြီး သူ၏ မိတ်ဆွေများက “သင်သည် အပြစ်ပြုပြီး ဘုရားကို ပြစ်မှားခဲ့ပြီ။ သင့်အား ခွင့်လွှတ်စေရန် ယေဟောဝါဘုရားသခင်အား လျင်မြန်စွာ တောင်းပန်လော့။” ဟု ပြောသောအခါ ယောဘက သူသည် အပြစ်ပြုခဲ့သည်၊ သို့မဟုတ် ဘုရားသခင်ကို ပြစ်မှားခဲ့သည်ဟု မခံစားမိပေ။ သို့သော် ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သူသည် ဆယ်စုနှစ်များစွာ အသက်ရှင်နေထိုင်ပြီးနောက်တွင် ဘုရားသခင်အပေါ် သူ၏ နားလည်မှုသည် သူ၏ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံခြင်းမဟုတ်သောကြောင့်ဖြစ်သည်။ သူက “ဘုရားသခင်သည် လူသားအပေါ် ကောင်းချီးပေးပြီး သနားညှာတာသည်။ လူသားအပေါ် မည်သည့်အခါမျှ ပိတ်ပင်ခြင်းမရှိ။” ဟူ၍ မပြောပေ။ သူ၏ အတွေ့အကြုံမှာ ဘုရားသခင်က လူသားကို ပေးသနားသော်လည်း ပြန်လည်ယူဆောင်ခြင်းလည်းပြုသည် ဟူ၍ ဖြစ်သည်။ ဘုရားသခင်သည် လူသားကို ပေးသနားသောအခါတွင် တစ်ချိန်တည်းတွင် သူသည် တစ်ခါတစ်ရံ ဆုံးမခြင်း၊ ပဲ့ပြင်ဆုံးမခြင်း၊ အပြစ်ဒဏ်ပေးခြင်းတို့ကိုလည်း လုပ်ဆောင်သည်။ လူတို့အပေါ် ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူသား၏ စိတ်၊ စဉ်းစားပုံ၊ သို့မဟုတ် စိတ်ကူးထင်မြင်မှုတို့၏ ထိန်းချုပ်မှုကို မခံရပေ။ ထို့ကြောင့် ယောဘ၏ ဆယ်စုနှစ်များစွာရှိသော ဘဝအတွေ့အကြုံများမှတစ်ဆင့် ယောဘသည် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘ ဝတ္ထု ၁:၂၁) ဟူ၍ ကောက်ချက်ချသည်။ ဆိုလိုသည်မှာ ဘုရားသခင် လုပ်ဆောင်သမျှသည် လူသား၏ အမြင်တွင် ကောင်းသည်၊ သို့မဟုတ် ဆိုးသည်ဟု သတ်မှတ်သည်ဖြစ်စေ သူ၏ စီစဉ်ညွှန်ကြားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ မကောင်းသောအရာများ ဖြစ်ပျက်လျှင်ပင် စာတန်သည် ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ မလုပ်ဆောင်ရဲပေ။ လူသားမျိုးနွယ်သည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာအောက်တွင် လူသားမျိုးနွယ်သည် မည်သည့်အရာကိုမျှ ကြောက်စရာမလိုပေ။ သင်သည် စာတန်၏ လက်အတွင်းသို့ ကျရောက်လျှင်ပင် ယင်းကို ဘုရားသခင်က အဆုံးအဖြတ်ပေးခြင်းဖြစ်သည်။ စာတန်သည် ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲ သင့်အား ထိရဲမည်မဟုတ်ပေ။ ယောဘသည် ဤမျှအထိ နားလည်သောကြောင့် ဘုရားသခင်က မည်သို့လုပ်ဆောင်ပါစေ ညည်းညူခြင်းမရှိပေ။ ယေဟောဝါဘုရားသခင်သည်သာလျှင် အရာအားလုံးကို အုပ်စိုးသော စစ်မှန်သော ဘုရားသခင်ဖြစ်သည်ကိုလည်းကောင်း၊ ကောင်းကင်တမန်များ၊ နတ်ဆိုးများ၊ မကောင်းဆိုးဝါးများအားလုံးက ဘုရားမဟုတ်သည်ကိုလည်းကောင်း သူသည် ရှင်းလင်းစွာ မြင်သည်။ မည်သူက အရာခပ်သိမ်းကို အုပ်စိုးသနည်း။ မည်သူက လူသားမျိုးနွယ်ကို အုပ်စိုးပြီး အရာခပ်သိမ်း၌ အချုပ်အခြာအာဏာရှိသနည်း။ ဘုရားသခင်ဖြစ်သည်။ အများစုပြောသည့်အသုံးအနှုန်းကို အသုံးပြုရလျှင် ဘုရားသခင်သည် အကြီးမြတ်ဆုံးဖြစ်သည်။ လူတစ်ယောက်၏ မိသားစု၊ သူ၏ ချမ်းသာကြွယ်ဝမှုအဆင့်၊ သူ၏ နေ့ရက်များကို သက်သာစွာဖြင့် ကုန်ဆုံးသည်၊ သို့မဟုတ် နာကျင်စွာဖြင့် ကုန်ဆုံးသည်ဆိုသည်တို့အားလုံးသည် ဘုရားသခင်၏ လက်ထဲတွင်ရှိသည်။ ယောဘသည် ဤအပိုင်းတွင် အလွန်လေးနက်သော အတွေ့အကြုံရှိပြီး သူ့ဘဝတွင် တစ်ကြိမ်၊ နှစ်ကြိမ်သာ ကြုံရခြင်းမဟုတ်ပေ။ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါတိုင်းတွင် ယင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအတွင်းတွင် ဖြစ်ပျက်သည်ကို သူ နားလည်နိုင်လျှင် သူ၏ မှတ်ဉာဏ်တွင် လေးနက်စွာ စွဲထင်သွားသည်။ ဤအရာများသည် ကြုံသလို ဖြစ်ပျက်ခြင်းမဟုတ်၊ သို့မဟုတ် လူသား၊ သို့မဟုတ် စာတန်၏ စိတ်ဆန္ဒအတိုင်း ဖြစ်ပျက်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သည်၊ သူသည် ညည်းညူ၍ မရပေဆိုသည်ကို သူ အလေးအနက်ခံစားမိပြီး သတိပြုမိသည်။ ယောဘသည် အလွန်ကြီးမားသော စမ်းသပ်မှုများကို ဖြတ်သန်းရသောအခါတွင် မည်သည့်အရာကို သဘောပေါက်ခဲ့သနည်း။ ဘုရားသခင်သည် သာလွန်သည်၊ ဘုရားသခင်သည် ဉာဏ်ပညာရှိသည်ဆိုသည်ကို သဘောပေါက်သွားသည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ပါစေ သူသည် ဘုရားသခင်အား အစဉ် ချီးမွမ်းနိုင်သည်။ သင့်အပေါ်တွင် ဤသို့သောအရာများ ဖြစ်ပျက်သော်လည်း သင်က နားမလည်နိုင်လျှင် ဝေဖန်အပြစ်တင်ခြင်းမပြုနှင့်၊ သို့မဟုတ် သင်၏ ကိုယ်ပိုင် ကောက်ချက်ကို မချနှင့်။ သင်သည် ဘုရားသခင်၏ ကောင်းသောအလိုတော်က အဘယ်သို့ရှိသည်ကို မသိလျှင် ရှာဖွေလော့။ စောင့်ဆိုင်းလော့။ ပြီးလျှင် နာခံလော့။ ဤသည်မှာ လက်တွေ့လုပ်ဆောင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်း၏ အကောင်းဆုံးလမ်းကြောင်းဖြစ်သည်။ ဤသို့မဟုတ်လျှင် သင်သည် အရှက်ကွဲပြီး အရှက်ရလိမ့်မည်။ ယောဘက ဤအရာများအားလုံးကို ကောင်းစွာသိသည်။ သင်သည် ဘုရားသခင်ကို အစဉ်သဖြင့် နားလည်မှုလွဲလျှင် သမ္မာတရားကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ ကောင်းချီးများကို လက်လွှတ်ရလိမ့်မည်။ သင်သည် ဆင်းရဲဒုက္ခများစွာကို ခံစားရလျှင်ပင် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန်မဟုတ်လျှင်လည်းကောင်း၊ ဘုရားသခင်အား ဘုရားအဖြစ် မဆက်ဆံလျှင် လည်းကောင်း၊ ဘုရားသခင်၏ အမှုတော်ကို သင်နားမလည်လျှင်လည်းကောင်း၊ ဘုရားသခင်အား အမှန်တကယ် မနာခံလျှင်လည်းကောင်း မည်သည့်အရာကိုမျှ သင်ရရှိမည်မဟုတ်ပေ။ ဤအတွက်ကြောင့် သင်သည် ဘုရားသခင်အား အမှန်တကယ် သိမြင်မှုကို လုံးဝ ရရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် စကားပြောပြီး အလုပ်လုပ်သည်။ သင့်အတွက် သူ၏ အားစိုက်ထုတ်မှုများက မည်မျှ ခက်ခဲပင်ပန်းပါစေ၊ သင့်အတွက် မည်သို့သော ပတ်ဝန်းကျင်မျိုးကို သူဖန်တီးပါစေ ဤအရာအားလုံးသည် အဆုံးတွင် ဘုရားသခင်အား သင် သိရှိနိုင်ရန်အတွက်ဖြစ်သည်။ ဘုရားသခင်ကို သင်သိသည်နှင့် သူနှင့် သင်၏ ဆက်ဆံရေးသည် ပို၍ နီးကပ်လာပြီး ပို၍ သာမန်ဖြစ်လိမ့်မည်။ ဘုရားသခင်သည် ပျင်းသောကြောင့် လူတစ်ယောက်နှင့် ဆော့ကစားဖို့ရန်မဆိုထားနှင့်။ အကြောင်းရင်းမရှိဘဲ လုပ်ဆောင်ခြင်းပင် မပြုပေ။ ဘုရားသခင်က မည်သို့အလုပ်လုပ်သည်ကို လူတို့ နားမလည်လျှင် ဤသည်မှာ သာမန်ပင်ဖြစ်သည်။ သို့သော် လူတို့သည် သမ္မာတရားကို ရှာဖွေသင့်ပြီး အနည်းဆုံးအနေဖြင့် ဘုရားသခင်အား ဘောင်ခတ်မထားသင့်ပေ။ ဤသည်မှာ ဆင်ခြင်တုံတရားရှိသူတစ်ယောက်ဖြစ်ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ပေတရု ပြောသကဲ့သို့ပင်ဖြစ်သည်။ ဘုရားသခင်က လူတို့ကို ကစားစရာအဖြစ် မှတ်ယူခြင်း၊ သို့မဟုတ် မည်သို့မှတ်ယူပါစေ အစဉ်သဖြင့် မှန်ကန်သည်။ “ဘုရားသခင်က ငါ့အား ဆော့ကစားစရာအရုပ်တစ်ခုအဖြစ် ဆက်ဆံလျှင် ငါသည် အဘယ်သို့ အဆင်သင့်မဖြစ်ဘဲ၊ မလိုလားဘဲ ရှိနိုင်မည်နည်း။” ဆိုသော ဤစကားများကို အဘယ်ကြောင့် ပေတရုက ပြောခဲ့သနည်း။ (သူ၏ အတွေ့အကြုံကြောင့် ဤစကားများကို ပြောခြင်းဖြစ်သည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ပါစေ။ သူ၏ ရည်ရွယ်ချက်များက အစဉ်ကောင်းသည်ကို သူ သဘောပေါက်ခဲ့သည်။) တစ်ခါတစ်ရံတွင် ဘုရားသခင်၏ အလိုဆန္ဒကို သင် နားလည်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် စောင့်ရမည်။ ရှာဖွေရမည်။ သိမြင်ရန် ကြိုးစားရမည်။ ယောဘနှင့် ပေတရုသည် မတူညီသော အချိန်ကာလများတွင် အသက်ရှင်ခဲ့ပြီး မတူညီသော နောက်ခံများရှိသော်လည်း၊ မတူညီသောအရာများကို ကြုံတွေ့ပြီး မတူညီသော စကားများကို ပြောဆိုခဲ့သော်လည်း ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းများ၊ နည်းလမ်းများသည် တူညီသည်။ အမှုအရာများ ဖြစ်ပျက်သောအခါ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားသည် တူညီသည်။ ဤအယူအဆကို ဖော်ပြရန်အတွက် မတူညီသော ဘာသာစကားကို အသုံးပြုခဲ့ခြင်းသာဖြစ်သည်။ သို့သော် လူတို့သည် ဤအရာမှတစ်ဆင့် မည်သည့်အရာကို နားလည်သနည်း။ ဘုရားအလိုတော်ကို ရှာဖွေစောင့်ဆိုင်းစဉ်တွင် နာခံခြင်းကို လက်တွေ့လုပ်ဆောင်ရမည်ဟူ၍ ဖြစ်သည်။ စိတ်သောကမရောက်နှင့်။ အစတွင် ဤသဘောထားသာရှိခြင်းသည် မှန်ကန်သည်။ သင်သည် အမှုအရာများ ဖြစ်ပျက်သောအခါ အလွန်အကျွံ စိတ်သောကရောက်ပြီး သမ္မာတရားအား ရှာဖွေဖို့ မသိဘဲ ဘုရားသခင်အား စောဒကတက်လျက်ရှိလျှင် ဒုက္ခရောက်လိမ့်မည်။ လူအချို့က “ငါသည် နားမလည်ပေ။ ဘုရားသခင်က ငါတို့အား အဘယ်ကြောင့် ဤသို့ဆက်ဆံသနည်း။ ငါတို့သည် စာတန်နတ်ဆိုးကဲ့သို့ ဆက်ဆံခြင်းခံရလျှင် မနာခံနိုင်ပေ။ ဤသည်မှာ ကျိုးမကြောင်းမသင့်ဘဲ မှန်ကန်ကြောင်းပြဆို၍မရပေ။” ဟု ဆိုကြသည်။ သင်၏ လူသားစိတ်၊ အယူအဆ၊ စိတ်ကူးထင်မြင်မှု၊ ပုန်ကန်မှု၊ အာခံမှုတို့သည် အထိန်းအကွပ်မရှိလျှင် သင်သည် ဘုရားသခင်၏ လမ်းပြမှုနှင့် ထိုက်တန်သေးသလော။ နာခံခြင်းသည် သင်က နာခံသည်ဟု ပြောခြင်းသက်သက်ကဲ့သို့၊ သို့မဟုတ် အယူဝါဒဟောပြောခြင်း၊ သို့မဟုတ် စိတ်ခိုင်မာမှုအနည်းငယ်ကို ဖော်ပြခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု အနည်းငယ်ရှိခြင်းကဲ့သို့ မရိုးရှင်းပေ။ ဤမျှ ရိုးရှင်းမှုမရှိပေ။ သင်သည် ဘုရားသခင်ကို နာခံလျှင် သင်၏ အဆုံးစွန်ဆုလာဘ်မှာ ဘုရားသခင်အပေါ် သိမြင်မှုရှိခြင်း၊ သင့်အတွက် သူချပေးသည့် ပတ်ဝန်းကျင်ကို နားလည်ခြင်း၊ တကယ့်အတွေ့အကြုံရှိခြင်းတို့ဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏ စိတ်နှလုံးနှင့် သူလုပ်ဆောင်သည့် ခက်ခဲပင်ပန်းသော အားစိုက်မှုတို့ကို နားလည်လိမ့်မည်။ သူသည် သံမဏိဖြစ်မလာသည့် အားနည်းချက်ရှိသော သံကို စိတ်ပျက်သည်ဆိုသည်ကို သင် နားလည်လိမ့်မည်။ သင်က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင် အသက်ရှင်နေသည်ကို ဘုရားသခင် မမြင်လိုဘဲ ယင်းမှ သင့်အား လွတ်မြောက်စေချင်သည်။ ထို့ကြောင့် သူသည် သင့်အား တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ အပြစ်တင်ခြင်း၊ ပဲ့ပြင်ဆုံးမခြင်းကဲ့သို့သော နည်းလမ်းများကို အသုံးပြုရမည်။ ဘုရားသခင်က ကျိုးကြောင်းမသင့်စွာ လုပ်ဆောင်နေသည့် ပုံစံရှိသည်အထိပင်ဖြစ်သည်။ သူသည် သင့်အား ရှုတ်ချပြီး အပြစ်ဒဏ်ပေးနေသကဲ့သို့၊ သို့မဟုတ် သင့်အား ဆော့ကစားနေသကဲ့သို့ဖြစ်သ်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်ရမည်နည်း။ ဘုရားသခင်က ဤသို့ လုပ်ဆောင်လျှင်ပင် ဘုရားသခင်၏ ခက်ခဲပင်ပန်းသော အားစိုက်မှုကို သင် နားလည်သဘောပေါက်နိုင်လျှင် ဤသည်မှာ လုံလောက်သည်။ သင်သည် အမှန်ပင် နာခံခြင်းရှိလိမ့်မည်။ ယောဘသည် စမ်းသပ်ခြင်းခံရစဉ်တွင် “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူ၍ ဆိုခဲ့သည်။ ဤစကားများအပေါ် သူ၏ နားလည်မှုမှာ အဘယ်နည်း။ “ငါ့တွင် ရှိသမျှကို ယေဟောဝါဘုရားသခင်က ပေးခဲ့ပြီး သူအလိုရှိလျှင် ပြန်လည်ယူဆောင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်ဖြစ်ပြီး ဤအစွမ်းရှိသောကြောင့်ဖြစ်သည်။ ငါ့တွင် ငြင်းဆန်ခွင့်မရှိ။ ငါ့တွင်ရှိသမျှသည် သူ့ထံမှဖြစ်သောကြောင့်ဖြစ်သည်။” ဤသည်မှာ ယောဘနားလည်ပြီး တွေ့ကြုံခဲ့သည့်အရာဖြစ်သည်။ ထိုအချိန်တွင် သူ၏ စိတ်ပိုင်းဖြတ်ချက်မှာ အဘယ်နည်း။ “ငါသည် ဘုရားသခင်ကို နားလည်ရမည်။ အသိတရားရှိသောနည်းဖြင့် လုပ်ဆောင်ရမည်။ ကျိုးကြောင်းသင့်လျော်မှုရှိသောသူဖြစ်ရမည်။ ဤအရာအားလုံးကို ဘုရားသခင်က ငါ့အားပေးခဲ့သည်။ သူသည် အချိန်မရွေး ပြန်လည်ယူဆောင်နိုင်သည်။ ဤအရာနှင့်ပတ်သက်ပြီး ဘုရားသခင်နှင့် ငါ ကျိုးကြောင်းပြပြောဆိုရန် ကြိုးစား၍မရပေ။ ဤသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို မနာခံခြင်းဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်မှုများကို ငြင်းပယ်ခြင်းသည် သူ၏ စိတ်နှလုံးကို နာကျင်စေသည်။ ငါသည် ငြင်းပယ်လျှင် အမှန်တကယ် ကောင်းသောသူ၊ သို့မဟုတ် စစ်မှန်သော ဖန်ဆင်းခံတစ်ယောက်ဖြစ်မည်မဟုတ်ပေ။” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ထိုအချိန်တွင် သူ လက်တွေ့လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ ဤလက်တွေ့လုပ်ဆောင်မှုကြောင့် မည်သည့်ရလဒ်များကို သူရရှိခဲ့သနည်း။ အမှန်တွင် တကယ့်ရလဒ်မှာ သူသည် ပို၍ ချမ်းသာလာခြင်းမဟုတ်၊ သို့မဟုတ် ယခင်ကထက် ပို၍ ကျွဲနွားများ၊ သိုးများရှိခြင်းမဟုတ်၊ သို့မဟုတ် ယခင်ကထက်ပို၍ လှပသော သားသမီးများရှိခြင်းမဟုတ်ပေ။ ဤအရာများသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ပေးသနားသော အရာများသာဖြစ်သည်။ ဤအတွေ့အကြုံမှတစ်ဆင့် ဘုရားသခင်က သူ့အား အမှန်တကယ် ပေးအပ်ခဲ့သောအရာမှာ ဘုရားသခင်အပေါ် ပို၍ နားလည်ခြင်း၊ နာခံခြင်း၊ ဘုရားသခင်နှင့် ပို၍ နီးစပ်သော ဆက်ဆံရေး၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ပို၍နီးစပ်မှုတို့ဖြစ်သည်။ ယောဘသည် ဘုရားသခင်လုပ်ဆောင်သမျှကို နားလည်နိုင်ခဲ့သည်။ အဓိပ္ပာယ်မရှိသော၊ ပုတ်ခတ်စော်ကားသောစကားများ၊ သို့မဟုတ် ဘုရားသခင်၏ စိတ်နှလုံးကို နာကျင်စေသောစကားများကို မပြောတော့ပေ။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမှ သင့်ကိုယ်သင် လွတ်မြောက်စေခြင်း၏ အဓိပ္ပာယ်မဟုတ်လော။ စာတန်သည် သင့်အား မထိန်းချုပ်နိုင်တော့ပေ။ သင်သည် စာတန်၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ ဘုရားသခင်၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်ပါစေ သင် နာခံနိုင်ည်။ သင့်ကို ဘုရားသခင် ပိုင်ဆိုင်သည်။ ဤသည်မှာ ယောဘက ထိုအချိန်ကာလတွင် ရှိနေသောအခြေအနေဖြစ်ပြီး သူ့တွင်ရှိသော သဘောထားဖြစ်သည်။ ထို့အပြင် သူသည် ဤပုံစံဖြင့် လုပ်ဆောင်ခဲ့ပြီး ဤစစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခဲ့သောကြောင့် အဆုံးတွင် ဘုရားသခင်က သူ့ထံ ကိုယ်ထင်ပြခဲ့သည်။ ဘုရားသခင်၏ ကိုယ်ထင်ပြမှုက မည်သည့်ပုံစံဖြင့်ပြသည်ဖြစ်စေ ဘုရားသခင်အပေါ် သူ၏ နားလည်မှုကို ပို၍ လေးနက်သွားစေသလော။ (လေးနက်သွားစေပါသည်။) ဟုတ်သည်။ သူ၏ နားလည်မှုကို သေချာပေါက် လေးနက်သွားစေသည်။ နဂိုမူလက ဒဏ္ဍာရီများတွင် ဘုရားသခင်အကြောင်းကို ကြားရခြင်းမှနေ၍ ဘုရားသခင် တည်ရှိမှုကို အတည်ပြုခြင်း၊ ဘုရားသခင်ကို တွေ့မြင်ခြင်းအထိတွင် ဘုရားသခင်ပေးသနားသော ကျေးဇူးတော်နှင့် ယှဉ်လျှင် ဤအရာထဲမှ မည်သည့်အရာက လူသားမျိုးနွယ်အတွက် ပို၍ကြီးသော ကောင်းချီးဖြစ်သည်ဟု သင်တို့ ဆိုမည်နည်း။ (ဘုရားသခင်ကို တွေ့မြင်ခြင်းသည် ပို၍ ကြီးသောကောင်းချီးဖြစ်သည်။) လုံးဝ မှန်ကန်သည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို နားမလည်သောအခါ ၎င်းတို့သည် ဘုရားသခင်အား ၎င်းတို့ကို ကာကွယ်ပေးရန်၊ ကျေးဇူးတော်ချပေးရန်၊ အခြားလူများထက်ပို၍ မြှင့်တင်ပေးရန်၊ ၎င်းတို့၏ တစ်မိသားစုလုံးကို ဘေးကင်းခြင်း၊ ပျော်ရွှင်ခြင်းတို့ဖြင့် ကောင်းချီးပေးရန် အစဉ်တောင်းဆိုကြသည်။ ၎င်းတို့သည် ၎င်းတို့သွားသည့်နေရာတိုင်းတွင် တရားဟောလိုကြသည်။ အခြားလူများကို ၎င်းတို့အား အားကျပြီး လေးစားစေလိုကြသည်။ ဤသည်မှာ လူတို့ အလိုရှိသည့်အရာဖြစ်သည်။ သို့သော် ဘုရားသခင်က ပေးလိုသည့် အကြီးမြတ်ဆုံးသော ကောင်းချီးကို သတိမထားမိကြပေ။ ၎င်းတို့သည် ပြင်ပ ရုပ်ဝတ္ထုဆိုင်ရာ ကျေးဇူးတော်ကိုသာ ရှာကြသည်။ သို့သော် ၎င်းတို့ရှာဖွေသမျှအားလုံးသည် ၎င်းတို့ကို ဘုရားသခင်၏ စိတ်နှလုံးထံမှ ဝေးကွာခြင်းကိုသာ ဖြစ်စေသည်။ ၎င်းတို့သည် အားလုံးထဲတွင် အကြီးမြတ်ဆုံးသော အခွင့်အရေးကို ဆုံးရှုံးကြသည်။ ပြီးလျှင် ဘုရားသခင်၏ ကောင်းချီးကို ၎င်းတို့ ဆုံးရှုံးကြသည်။ သင်သည် ဘုရားသခင်အား သိမြင်မှုကို မရရှိနိုင်လျှင်၊ သမ္မာတရားကို မရရှိနိုင်လျှင် ဘုရားသခင်၏ မျက်မှောက်တော်တွင် သင် အသက်ရှင်နိုင်သလော။ ဘုရားသခင်၏ အစီအစဉ်အားလုံးကို အမှန်တကယ် နာခံနိုင်သလော။ ဤသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်ခြင်း ဖြစ်စဉ်သည် အမှန်တကယ်တွင် သင့်ကိုယ်သင် နားလည်ခြင်း၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားခြင်းဖြစ်စဉ်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်နှင့် မျက်နှာချင်းဆိုင် အပြန်အလှန်ဆက်ဆံခြင်း၊ ဘုရားသခင်ကို သိမြင်လာခြင်း ဖြစ်စဉ်လည်းဖြစ်သည်။ သင်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည်ဟု ဆိုသော်လည်း အဘယ်သို့ ဘုရားသခင်ကို မသိသနည်း။ သင်နှင့် ဘုရားသခင်၏ ဆက်ဆံရေးသည် အဘယ်သို့ ပို၍ မနီးစပ်လာသနည်း။ သင်က ဘုရားသခင်ထံ နေ့စဉ်ဆုတောင်းပြီး စိတ်နှလုံးကိုဖွင့်ဟသည်ဟု ပြောသည်။ ဤသို့ဆိုလျှင် သင်သည် ဤအဆင့်တွင် ဘုရားသခင်နှင့် အချိန်မီနီးစပ်သည်ဟု ခံစားရသလော။ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းသည် တိုးမြင့်လာသည်ဟု ခံစားရသလော။ ဤအချိန်ကာလတွင် သင်သည် ဘုရားသခင်အပေါ် ပို၍ နားလည်လာသည်ဟူ၍လည်းကောင်း၊ ဘုရားသခင်နှင့် ပတ်သက်ပြီး ညည်းညူခြင်း ပိုနည်းလာသည်ဟူ၍လည်းကောင်း၊ ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်း၊ ပုန်ကန်ခြင်းနည်းလာသည်ဟူ၍လည်းကောင်း ခံစားရသလော။ ဤအရာများထဲမှ မည်သည့်အရာကိုမျှ သင့်ကိုယ်သင်၌ မတွေ့ရလျှင်၊ ယခင်ကကဲ့သို့ အတူတူသာဖြစ်လျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ အချိန်ဖြုန်းတီးခဲ့ပြီး အားအင်ကို အသုံးပြုခြင်းသာရှိသည်။ မည်သူကမျှ သင့်အား အစေခံရန်၊ အလုပ်ကြိုးစားရန် အတင်းမခိုင်းစေပေ။ အလားတူပင် မည်သူကမျှ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ခြင်းအား မတားဆီးပေ။ ဤသည်မှာ သင်၏ ကိုယ်ပိုင်ရွေးချယ်မှုဖြစ်ပြီး အစေခံခြင်းလမ်းကြောင်းကို သင်လျှောက်လှမ်းသည်။ လူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင်၊ သို့မဟုတ် သမ္မာတရားကို မလိုက်စားလျှင် အစေခံသူများဖြစ်မလာဘဲ မနေပေ။ လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အလွန်ခက်ခဲသည်။ ဘုရားသခင်အား မည်သို့နာခံရမည်ကို ၎င်းတို့ မသိပေ။ ပြီးလျှင် အစဉ်သဖြင့် အစေခံခြင်းဖြင့်သာ ကျေနပ်ကြသည်။ နောက်ဆုံးတွင် သဘောတရားအနည်းငယ်ကို သိအောင် လုပ်ဆောင်နိုင်သောအခါ သမ္မာတရားအား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိပေ။ ထိုအစား ၎င်းတို့သည် အစေခံခြင်းကိုသာ ထပ်၍လုပ်ဆောင်ကြသည်။ သို့သော် ၎င်းတို့သည် ဤအရာကို သဘောပေါက်ခြင်းပင် မရှိပေ။ ထို့ကြောင့် သင်သည် ရံဖန်ရံခါတွင် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်လျက်၊ ဆန်းစစ်လျက်၊ ဤအချိန်ကာလအတွင်းတွင် သင်ရရှိခဲ့သည့်အရာနှင့်ပတ်သက်ပြီး ညီအစ်ကိုမောင်နှမများဖြင့် မိတ်သဟာယဖွဲ့လျက်ဖြင့် အချိန်အချို့ကို အသုံးချရမည်။ သင်က “ကျွန်ုပ် မဖြေရှင်းရသေးသည့် ဘုရားသခင်နှင့်သက်ဆိုင်သော နားလည်မှုလွဲခြင်း များစွာရှိသေးသည်။” ဟု ဆိုသည်။ အခြားလူတစ်ယောက်က “ဤနေ့ရက်များတွင် ကျွန်ုပ်သည် ဘုရားသခင်၏ စိတ်နှလုံးကို နားလည်မှုအချို့ရခဲ့သည်ဟု ခံစားမိသည်။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဒုက္ခခံစေသည်မှာ ကောင်းသောအရာဖြစ်သည်။ ကျွန်ုပ်သည် ဒုက္ခခံရခြင်းကို ကြောက်ရွံ့လေ့ရှိသည်။ ဒုက္ခနှင့် ရင်ဆိုင်ရသောအခါ ပုန်းကွယ်ချင်သည်၊ သို့မဟုတ် ထွက်ပြေးချင်သည်။ ယခုအခါတွင် အနည်းငယ် ဒုက္ခခံရသောသူတို့သည်သာ ဘုရားသခင်ရှေ့တွင် မိမိကိုယ်ကို ငြိမ်သက်စေနိုင်သည်၊ ၎င်းတို့၏ အာရုံစိုက်မှုကို ပြင်ပအမှုအရာများဆီသို့ လွင့်မျောမသွားအောင် တားဆီးနိုင်သည်ဟု ကျွန်ုပ် ခံစားရသည်။ ဒုက္ခခံခြင်းသည် ကောင်းသည်။ ထို့ကြောင့် ဘုရားသခင်သည် လူတို့ကို စမ်းသပ်ပြီး စစ်ဆေးရန်အတွက် ခက်ခဲသော ပတ်ဝန်းကျင်များကို အစဉ် ဖန်တီးသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ ရည်ရွယ်ချက်အချို့နှင့် ဘုရားသခင် လုပ်ဆောင်သည့် ခက်ခဲပင်ပန်းသော အားစိုက်မှုကို နားလည်ပြီး ခံစားမိသကဲ့သို့ ခံစားရသည်။ ဘုရားသခင် လုပ်ဆောင်သမျှက ကောင်းသည်။” ဟု ဆိုသည်။ ဤသည်မှာ သင် မိတ်သဟာယဖွဲ့ရမည့် ပုံစံဖြစ်သည်။ သင်သည် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် အကျိုးအမြတ်များကို ရိတ်သိမ်းရလိမ့်မည်။ လူတို့သည် အတင်းအဖျင်းစကားပြောရန်၊ ဝေဖန်အပြစ်တင်ရန်၊ သို့မဟုတ် ငြင်းခုံမှုများဖြစ်စေသော အခြားအရာများကို ပြောရန် ၎င်းတို့၏ အလုပ်အားသောအချိန်တွင် အတူတကွ စုဝေးသင့်သလော။ ၎င်းတို့သည် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်း၊ သို့မဟုတ် ဘဝအတွေ့အကြုံများကို ပြောဆိုနေသည့်ပုံစံရှိနိုင်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများက ငြိမ်သက်ခြင်းမရှိလျှင် ၎င်းတို့သည် သမ္မာတရားကို မည်သို့ရှာဖွေပြီး ကြိုးပမ်းရမည်ကို လက်တွေ့လုပ်ဆောင်သင့်ပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီရန် ကြိုးပမ်းသင့်သည်။ သင်သည် အစဉ်သဖြင့် ဤနည်းလမ်းဖြင့် သမ္မာတရားကို လိုက်စားလျှင် သန့်ရှင်းသောဝိညာဉ်တော်က သင့်အထဲတွင် အလုပ်လုပ်ပြီး ဉာဏ်အလင်းဖွင့်ပြလိမ့်မည်။ သင့်တွင် သမ္မာတရား ကင်းမဲ့ခြင်းအား သမ္မာတရားကို လိုက်စားရန်၊ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရန်၊ ကြိုးပမ်းရန် ဝန်ထုပ်ဝန်ပိုးအဖြစ် မှတ်ယူလော့။ သင်သည် ဤအရာကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ သင်သည် သင်နားမလည်သော၊ သို့မဟုတ် သဘောမပေါက်နိုင်သောအရာများနှင့်ပတ်သက်ပြီး သမ္မာတရားကို နားလည်သောသူထံမှ လမ်းပြမှုကို ရှာဖွေ မေးမြန်းသင့်သည်။ သင်သည် ဤသို့ အချိန်ပြည့် လက်တွေ့လုပ်ဆောင်လျှင် သမ္မာတရားကို ပို၍ နားလည်နိုင်ပြီး များစွာ ရရှိလိမ့်မည်။ အချိန်အများစုတွင် သင်တို့သည် သမ္မာတရားအား မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိဘဲ အလုပ်ဆွေးနွေးခြင်းကိုသာ အာရုံစိုက်သည်၊ သို့မဟုတ် နည်းလမ်းများအကြောင်း အစဉ်ပြောဆိုပြီး စည်းမျဉ်းများအကြောင်းကို မပြောဆိုပေ။ ဤသည်မှာ လမ်းလွဲခြင်းဖြစ်သည်။ အမှန်တကယ်တွင် သင်တို့သည် အလုပ်အကြောင်းပြောဆိုသောအခါတွင် သမ္မာတရားစည်းမျဉ်းများပါဝင်သော အကြောင်းအရာများကို မိတ်သဟာယဖွဲ့သင့်သည်။ ဤသည်မှာ သင်၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှုကို အကျိုးရှိစေလိမ့်မည်။ သမ္မာတရားစည်းမျဉ်းများပါဝင်သောအကြောင်းအရာများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပြီးသည်နှင့် အသက်ဝင်ရောက်မှုအတွက် လမ်းကြောင်းတစ်ခုရှိလိမ့်မည်။ ဤသည်မှာ အလုပ်လုပ်ခြင်းနှင့် သင့်တာဝန်ကို ထမ်းဆောင်ခြင်းအတွက် အကျိုးရှိသည့်အပြင် သင်၏ ကိုယ်ပိုင်အသက်ဝင်ရောက်မှုအတွက်လည်းအကျိုးရှိသည်။ ဤသည်မှာ လောကီနှင့် လောကုတ္တရာနှစ်ခုလုံးအတွက် အကောင်းဆုံးဖြစ်သည်မဟုတ်လော။ သင်သည် ရလဒ်များရရှိပြီး အသက်ဝင်ရောက်မှုကို ရရှိရန်အတွက် ဘုရားသခင်အား ယုံကြည်ခြင်းတွင် သင်၏ အတွေ့အကြုံနှင့်ပတ်သက်ပြီး စစ်မှန်ပြီး ပွင့်လင်းသောပုံစံဖြင့် မိတ်သဟာယဖွဲ့ရမည်။ အစဉ်သဖြင့် အတင်းအဖျင်းစကားပြောခြင်း၊ သို့မဟုတ် ဝေဖန်အပြစ်တင်ခြင်းသည် အသက်ဝင်ရောက်မှုအတွက် လုံးဝ အကျိုးမရှိပေ။ ပြီးလျှင် ဘုရားသခင်အား ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းရရှိရန် အခွင့်အရေးကို လက်လွတ်ရစေသည်။ ဘုရားသခင်အား ယုံကြည်ခြင်းသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို အစဉ်အာရုံစိုက်ခြင်းအား ဆိုလိုသည်။ သမ္မာတရားအား လက်တွေ့လုပ်ဆောင်လေလေ၊ ကယ်တင်ခြင်းရရှိရန် အခွင့်အရေးများလေလေဖြစ်သည်။ သမ္မာတရား အနည်းငယ်မျှကိုသာ နားလည်လျှင် သမ္မာတရားကို ပို၍ပင် ရှာဖွေရမည်။ သမ္မာတရားအား နားလည်ခြင်းကို ရရှိခြင်း၊ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ အမှန်တကယ် ပြောင်းလဲခြင်းကို သင် တွေ့ကြုံရနိုင်သည်။ ပို၍ကြီးသော၊ ပို၍ သေချာသော ကယ်တင်ခြင်းမျှော်လင့်ချက်ကို ရရှိနိုင်သည်။

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်

အရှေ့သို့- ဘုရားသခင်၏ ရှေ့မှောက်၌ မကြာခဏ အသက်ရှင်ခြင်းသည်သာလျှင် အကြင်သူသည် သူနှင့် ပုံမှန်ဆက်ဆံရေးကို ရရှိနိုင်သည်

နောက်တစ်ခုသို့- သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။