သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍

ဘုရားအိမ်တော်တွင် လူတို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့်ပုံစံသည် မယုံကြည်သူများကြားတွင် အမှုကိစ္စများကို လုပ်ဆောင်သည့်ပုံစံနှင့် လုံးဝ ကွဲပြားခြားနားသည်။ ကွာခြားချက်သည် အဘယ်နည်း။ ညီအစ်ကိုမောင်နှမများသည် ဘုရားနှုတ်ကပတ်တော်ကို အတူတကွဖတ်ရှုပြီး ဝိညာဉ်ချင်း ဆက်သွယ်မှုရှိကြသည်။ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်စွာ နေထိုင်နိုင်ကြပြီး ၎င်းတို့၏ စိတ်ထဲတွင် အမှန်တကယ် ရှိသည့်အရာကို တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနိုင်ကြသည်။ ၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် သမ္မာတရားကို ရိုးရှင်းစွာ၊ ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်သည်။ ဘုရားနှုတ်ကပတ်တော်ကို နှစ်သက်ခံစားနိုင်သည်။ အချင်းချင်းကူညီနိုင်သည်။ မည်သူက အခက်အခဲရှိသည်ဖြစ်စေ အမှုကိစ္စကို ဖြေရှင်းရန်အတွက် သမ္မာတရားကို အတူတကွ ရှာဖွေကြသည်။ ဝိညာဉ်ချင်း ပေါင်းစည်းခြင်းကို ရရှိနိုင်သည်။ သမ္မာတရားရှေ့၊ ဘုရားသခင်ရှေ့တွင် ကျိုးနွံနာခံနိုင်ကြသည်။ မယုံကြည်သူများက ဤသို့မဟုတ်ပေ။ ၎င်းတို့အားလုံးသည် ကိုယ်ပိုင်လျှို့ဝှက်ချက်များရှိကြသည်။ ပွင့်လင်းစွာ ပြောဆိုဆက်ဆံခြင်းမရှိကြပေ။ တစ်ယောက်နှင့် တစ်ယောက် သတိထားကာကွယ်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် ကြံစည်ခြင်း၊ ယှဉ်ပြိုင်ခြင်းပင် ပြုကြသည်။ အဆုံးတွင် ၎င်းတို့သည် ဆက်ဆံရေးအဆင်မပြေဘဲ လမ်းခွဲကြပြီး ကိုယ့်လမ်းကြောင်းကိုယ် လျှောက်ကြသည်။ အသင်းတော်တွင်ရှိခြင်းနှင့် မယုံကြည်သူများ၏ လောကတွင်ရှိခြင်းတို့ကြား အကြီးဆုံးသော ကွာခြားချက်မှာ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သူတို့သည် သမ္မာတရားကို လက်ခံနိုင်ခြင်းဖြစ်သည်။ မည်သူက ပြဿနာ၊ သို့မဟုတ် အခက်အခဲများရှိပါစေ လူတိုင်းက ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်ပြီး တစ်ယောက်နှင့်တစ်ယောက် ကူညီနိုင်သည်။ တစ်စုံတစ်ယောက်က ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြလျှင် သူသည် ဝေဖန်ဆန်းစစ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်း ခံရနိုင်သည်။ ဤသို့အားဖြင့် ဤသူသည် နောင်တရနိုင်သည်။ ဤသည်မှာ တစ်ယောက်နှင့် တစ်ယောက်ချစ်ခင်သည့် အဓိပ္ပာယ်ဖြစ်သည်။ လူအားလုံးသည် အချင်းချင်း ညီတူညီမျှ သဘောထားဆက်ဆံကြသည်။ ပြီးလျှင် လူတို့ ဆက်ဆံရေးအဆင်ပြေသည့် စည်းမျဉ်းများကို ဘုရားနှုတ်ကပတ်တော်၏ အခြေခံအုတ်မြစ်တွင် တည်ဆောက်ထားသည်။ တစ်စုံတစ်ယောက်က ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြလျှင်၊ မမှန်မကန်ပြောဆိုလျှင်၊ သို့မဟုတ် အမှားတစ်ခုပြုလုပ်လျှင် သူသည် ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်သည်။ လူတိုင်းက သမ္မာတရားကို ရှာဖွေသောအခါ၊ တစ်ယောက်နှင့်တစ်ယောက် ကူညီသောအခါ၊ သမ္မာတရားကို နားလည်ခြင်းအား ရရှိသောအခါ အပြည့်အဝ လွတ်မြောက်ခြင်းနှင့် လွတ်လပ်ခြင်းကို ရရှိသည်။ ဤနည်းအားဖြင့် လူတို့သည် ခပ်တန်းတန်းဖြစ်ခြင်း၊ အချင်းချင်း ယှဉ်ပြိုင်ခြင်း၊ သို့မဟုတ် တစ်ယောက်နှင့်တစ်ယောက် သတိထားကာကွယ်ခြင်းတို့ မရှိကြတော့ပေ။ ၎င်းတို့သည် အတူတကွ အချင်းချင်း တိုက်တွန်းအားပေးနိုင်ပြီး ချစ်ခင်နိုင်ခြင်းလည်းရှိကြသည်။ ဤအရာတို့သည် ဘုရားနှုတ်ကပတ်တော်၏ အကျိုးသက်ရောက်မှုဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်သူတို့အားလုံးသည် အသင်းတော်အသက်တာမှတစ်ဆင့် သမ္မာတရားကို နားလည်လာကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို စွန့်ပစ်ကြသည်။ ညီအစ်ကိုမောင်နှမများနှင့်အတူ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်တာဝန်များကို ကောင်းစွာ ထမ်းဆောင်ကြသည်။ တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်စွာ နေထိုင်ကြသည်။ ဘုရားသခင်ရှေ့တွင် အသက်ရှင်ကြသည်။

သင်သည် မိမိ၏တာဝန်ကို ကောင်းစွာ ပြည့်စုံစေပြီး ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းလိုလျှင် အခြားလူများနှင့် သဟဇာတဖြစ်စွာ လုပ်ကိုင်ရန် ဦးစွာ သင်ယူရမည်။ သင်၏ ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အောက်ပါတို့ကို သင် ထည့်သွင်းစဉ်းစားသင့်သည်- “သဟဇာတဖြစ်ခြင်းဆိုသည်မှာ အဘယ်နည်း။ ငါ၏စကားများသည် ၎င်းတို့နှင့် သဟဇာတဖြစ်သလော။ ငါ၏အတွေးများသည် ၎င်းတို့နှင့် သဟဇာတဖြစ်သလော။ အမှုအရာများကို ငါဆောင်ရွက်သည့်ပုံစံသည် ၎င်းတို့နှင့် သဟဇာတဖြစ်သလော။” သဟဇာတဖြစ်စွာ မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ကို ဆင်ခြင်သုံးသပ်လော့။ တစ်ခါတစ်ရံတွင် သဟဇာတဖြစ်ခြင်းသည် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို ဆိုလိုသည်။ သို့သော် ခိုင်မြဲစွာ ရပ်တည်ပြီး ကိုယ်ကျင့်တရားများကို ထိန်းသိမ်းခြင်းကိုလည်း ဆိုလိုသည်။ သဟဇာတဖြစ်ခြင်းဆိုသည်မှာ ကိစ္စများ အဆင်ပြေချောမွေ့စေရန် စည်းမျဉ်းများကို ညှိနှိုင်းခြင်း၊ သို့မဟုတ် “လူကောင်း” ဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်း၊ သို့မဟုတ် အစွန်းမရောက်သည့် လမ်းကြောင်း၌သာ ရှိနေခြင်းတို့ကို ဆိုလိုခြင်းမဟုတ်ပေ။ ပြီးလျှင် တစ်စုံတစ်ယောက်အား မျက်နှာလိုမျက်နှာရလုပ်ခြင်းကို သေချာပေါက် မဆိုလိုပေ။ ဤသည်တို့မှာ အခြေခံသဘောတရားများ ဖြစ်သည်။ ဤအခြေခံသဘောတရားတို့ကို သင် နားလည်သဘောပေါက်သည်နှင့်တစ်ပြိုင်နက် သင်သည် သတိ မထားမိလိုက်ဘဲ ဘုရားသခင်၏ အလိုတော်နှင့်အညီ ပြောဆိုကာ လုပ်ဆောင်မည့်အပြင် သမ္မာတရား၏ စစ်မှန်မှုအတိုင်းလည်း အသက်ရှင်နေထိုင်လိမ့်မည် ဖြစ်ကာ ဤနည်းအားဖြင့် စည်းလုံးမှုကို စွမ်းဆောင်ရရှိရန် လွယ်ကူ၏။ ဘုရားသခင်၏ အိမ်တော်တွင် လူတို့သည် ၎င်းတို့၏ လောကီ အတွေးအမြင်များဖြင့် အသက်ရှင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင် အယူအဆများ၊ လိုအင်ဆန္ဒများ၊ တောင့်တမှုများ၊ တစ်ကိုယ်ကောင်းဆန်သော ကြံရွယ်ချက်များ၊ ၎င်းတို့၏ ကိုယ်ပိုင် ဆုကျေးဇူးများနှင့် အချင်းချင်း သင့်မြတ်ရာတွင် လိမ္မာပါးနပ်မှုတို့ကို အားကိုးလျှင် ဤသည်မှာ ဘုရားသခင်၏ ရှေ့မှောက်တွင် အသက်ရှင်ဖို့ နည်းလမ်းမဟုတ်သကဲ့သို့ ၎င်းတို့သည် စည်းလုံးညီညွတ်မှုကို မရရှိနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ အကြောင်းမှာ လူတို့သည် ဆိုးယုတ်သော စိတ်သဘောထားဖြင့် အသက်ရှင်သောအခါ စည်းလုံးညီညွတ်မှုကို မရရှိနိုင်သောကြောင့်ဖြစ်သည်။ သို့ဆိုလျှင် ဤအရာ၏ အဆုံးစွန်သော အကျိုးဆက်ကား အဘယ်နည်း။ ဘုရားသခင်သည် ထိုသူတို့အပေါ်တွင် အလုပ်မလုပ်ပေ။ ဘုရားသခင်၏ အမှုတော်မပါဘဲ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် မစို့မပို့ အရည်အချင်းနှင့် တတ်သိမှု၊ ၎င်းတို့၏ ကျွမ်းကျင်မှု အနည်းငယ်နှင့် ၎င်းတို့ ရရှိထားသော အသိပညာနှင့် အတတ်ပညာပိုင်း ကျွမ်းကျင်မှုအနည်းငယ်ကို အားကိုးပါက ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အသုံးတည့်ရန် အလွန်ခက်ခဲမည်ဖြစ်ပြီး သူ၏ အလိုတော်နှင့်အညီ ပြုမူလုပ်ဆောင်ရန် အလွန်ခဲယဉ်းသည်ကို တွေ့ရလိမ့်မည်။ ဘုရားသခင်၏အမှုတော်မပါဘဲ သင်သည် ဘုရားသခင်၏ အလိုတော်၊ ဘုရားသခင်၏သတ်မှတ်ချက်များ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်ပေ။ သင်သည် သင်၏တာဝန်များကို ထမ်းဆောင်ခြင်း၏ လမ်းကြောင်း၊ သို့မဟုတ် စည်းမျဉ်းများကို သိလိမ့်မည်မဟုတ်သကဲ့သို့ ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ပြုမူရမည်၊ သို့မဟုတ် မည်သည့်လုပ်ရပ်များက သမ္မာတရား၏ စည်းမျဉ်းများကို ချိုးဖောက်ပြီး ဘုရားသခင်ကို ခုခံသည်ကို သင်မည်သည့်အခါမျှ သိမည် မဟုတ်ပေ။ ဤအရာများထဲမှ တစ်ခုမျှ သင့်အတွက် ရှင်းရှင်းလင်းလင်း မရှိပါက သင်သည် စည်းကမ်းများကို ကြောင်းကျိုးမမြင် လိုက်နာပြီး လိုက်လျှောက်ရုံမျှသာ ဖြစ်သည်။ ထိုသို့သောစိတ်ရှုပ်ထွေးမှုဖြင့် သင်၏တာဝန်များကို ထမ်းဆောင်သည့်အခါ သင် ကျရှုံးဖို့ သေချာပေသည်။ သင်သည် ဘုရားသခင်၏ နှစ်သက်လက်ခံမှုကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်သကဲ့သို့ သင့်ကို ဘုရားသခင်က စက်ဆုပ်ရွံရှာပြီး ငြင်းပယ်ဖို့ သေချာပြီး သင်သည် ဖယ်ရှားခံရလိမ့်မည်ဖြစ်သည်။

တာဝန်တစ်ခုထမ်းဆောင်ရန် လူနှစ်ယောက် ညှိနှိုင်းဆောင်ရွက်သည့်အချိန်တွင် ၎င်းတို့သည် တစ်ခါတစ်ရံတွင် ကိစ္စအကြောင်းအရာတစ်ခု၏ အခြေခံသဘောတရားအပေါ်၌ သဘောထားကွဲလွဲမှုရှိပါသည်။ သူတို့၌ ကွဲပြားသော ရှုထောင့်များရှိမည်ဖြစ်ပြီး ကွဲပြားသောအမြင်များရှိလိမ့်မည်။ ၎င်းအခြေအနေ၌ မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ ဤကိစ္စသည် မကြာခဏဖြစ်ပေါ်လာသော ပြဿနာဖြစ်သလော။ ဤအရာသည် သာမန်ဖြစ်စဉ်တစ်ခု ဖြစ်၏။ လူတိုင်း၏ စိတ်များ၊ အရည်အချင်းများ၊ ထိုးထွင်းသိမြင်မှုများ၊ အသက်အရွယ်များ၊ အတွေ့အကြုံများသည် ကွဲပြားကြကာ လူနှစ်ဦး၏အတွေးခေါ်နှင့် အမြင်များသည် တစ်ထပ်တည်းကျ၍ တူညီနိုင်ဖို့ဆိုသည်မှာ မဖြစ်နိုင်သောကြောင့် လူနှစ်ဦး၏ အတွေးအခေါ်နှင့် အမြင်များ၌ ကွဲပြားမှုဖြစ်လာနိုင်သည်မှာ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ယင်းထက်ပို၍ ဖြစ်လေ့ရှိသောအရာ မရှိချေ။ ယင်းမှာ ရေးကြီးခွင့်ကျယ်လုပ်စရာ မဟုတ်ပေ။ အရေးပါသော မေးခွန်းမှာ ဤကဲ့သို့သော ကိစ္စများဖြစ်ပေါ်သည့်အခါတွင် သင်သည် ဘုရားသခင်ရှေ့မှောက်၌ စည်းလုံးခြင်းရရှိရန်၊ အမြင်များနှင့် ထင်မြင်ယူဆချက်များ တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ရန်အတွက် မည်သို့ ပူးပေါင်းဆောင်ရွက်ကာ ကြိုးစားသင့်သနည်းဆိုသည့် အချက်ဖြစ်ပေသည်။ အမြင်များနှင့် ထင်မြင်ယူဆချက်များ ပေါင်းစည်းခြင်းဆီသို့ လမ်းကြောင်းမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ ဆီလျော်သော ရှုထောင့်ကို ရှာဖွေရန် သင်၏ကိုယ်ပိုင်၊ သို့မဟုတ် တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခြင်းမဟုတ်ဘဲ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရှာဖွေရန်ကို ဆိုလိုခြင်းပင်ဖြစ်သည်။ ဤသည်မှာ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းဆီသို့ လမ်းကြောင်း ဖြစ်၏။ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သူတောင်းဆိုသည့် အခြေခံသဘောတရားများအား သင်ရှာဖွေသည့်အချိန်မှသာလျှင် စည်းလုံးညီညွတ်ခြင်းကို သင်ရရှိနိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက အမှုကိစ္စများသည် သင့်အလိုကျဖြစ်သွားလျှင် တစ်ဖက်လူသည် မကျေမနပ်ဖြစ်လိမ့်မည်ဖြစ်သည်။ ထို့အပြင် အမှုကိစ္စများသည် တစ်ဖက်လူ၏ အလိုကျဖြစ်သွားလျှင် သင်သည် မကျေမနပ်ဖြစ်ပြီး နာလိုခံခက်ဖြစ်လိမ့်မည်။ သင်သည် အမှုအရာများကို ရှင်းလင်းစွာ မြင်နိုင်မည်မဟုတ်ပေ။ အမှုအရာများကို လက်လွှတ်နိုင်မည်မဟုတ်ပေ။ ပြီးလျှင် သင်သည် “ဤသို့လုပ်ဆောင်ခြင်းသည် မှန်ကန်သောနည်းလမ်းဖြစ်သလော” ဟု အစဉ် စဉ်းစားလိမ့်မည်။ အမှန်တကယ်တွင် မည်သူက စဉ်းစားပုံ စဉ်းစားနည်းမှန်ကန်သည်ကို သင် မြင်နိုင်မည်မဟုတ်ပေ။ သို့သော် တစ်ချိန်တည်းတွင် သင်၏ ကိုယ်ပိုင်အယူအဆကိုလည်း စွန့်လွှတ်လိုစိတ် ရှိမည်မဟုတ်ပေ။ ဤသို့သော အခြေအနေမျိုးတွင် သင်သည် သမ္မာတရားကို ရှာဖွေသင့်သည်။ စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ ဘုရားသခင် လိုအပ်သည်မှာ မည်သည့်စံနှုန်းများဖြစ်သည်ကို သင် ရှာဖွေသင့်သည်။ ဘုရားသခင်လိုအပ်သည့် စံနှုန်းများကို သင် ရှာဖွေပြီးသည်နှင့် ထိုအခြားလူနှင့် မိတ်သဟာယဖွဲ့လော့။ ထို့နောက်တွင် သူသည် သူ၏ အမြင်နှင့် အသိပညာအနည်းငယ်ကို မိတ်သဟာယဖွဲ့လျှင် သင်၏ စိတ်နှလုံးသည် ရှင်းလင်းပြီး ဉာဏ်အလင်းရလိမ့်မည်။ သင်က “ငါ၏ စဉ်းစားပုံသည် အနည်းငယ် လမ်းလွဲသည်။ အနည်းငယ်ပေါ့တန်သည်။ သူ၏ စဉ်းစားပုံသည် ပို၍ ကောင်းသည်။ ဘုရားသခင် လိုအပ်သော စံနှုန်းများနှင့် ပို၍ နီးစပ်သည်။ ထို့ကြောင့် ငါ၏ စဉ်းစားပုံကို ဘေးဖယ်ထားပြီး သူ၏ စဉ်းစားပုံကို လက်ခံမည်။ နာခံမည်။ သူ၏ နည်းလမ်းအတိုင်း လုပ်ကြစို့” ဟူ၍ သင့်ဘာသာ စဉ်းစားလိမ့်မည်။ ပြီးလျှင် သူ့ထံမှ တစ်စုံတစ်ခုကို သင်ယူရရှိပြီးသောအခါ သင့်အတွက် အကျိုးမရှိသလော။ သူသည် အနည်းငယ်ပေးအပ်ခဲ့ပြီး သင်က အဆင်သင့်ပြုလုပ်ထားသောအရာကို နှစ်သက်ခံစားခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဟု ခေါ်ပြီး သင်သည် မျက်နှာသာပေးခြင်းခံရပြီး ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က သင့်အား ဉာဏ်အလင်းပေးသည့်အခါမှသာ သင်သည် မျက်နှာသာပေးခံရခြင်း အမှန်တကယ် ဖြစ်သည်ဟု သင် တွေးထင်သလော။ တစ်စုံတစ်ယောက်က ထင်မြင်ချက်တစ်ခုရှိကာ၊ သို့မဟုတ် ဉာဏ်အလင်းအချို့ ရှိကာ၊ မိတ်သဟာယတွင် သင့်ကို ဝေမျှပေး၍၊ သို့မဟုတ် တစ်စုံတစ်ခုကို ယင်းတို့၏ စည်းမျဉ်းများနှင့်အညီ လက်တွေ့လုပ်ဆောင်၍ သင်က ရလဒ်မှာ မဆိုးဟု ထင်မြင်သည့်အခါ ယင်းမှာ တစ်စုံတစ်ခုကို ရရှိခြင်းမဟုတ်လော။ ဤသည်မှာ မျက်နှာသာပေးခံရခြင်း ဖြစ်သည်။ ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ယောက်သောသူ၏ အားနည်းချက်အား အခြားသောသူ၏ ခွန်အားဖြင့် အားဖြည့်ခြင်းကိုဆိုလိုသည်။ အခြားသူ၏အားနည်းချက်အတွက် သင်၏အားသာချက်များကိုအသုံးပြု၍ ဖာထေးပေးခြင်းနှင့် အခြားသူများသည်လည်း သင်၏ ချို့တဲ့မှုများကို ဖာထေးပေးဖို့ရန် သူတို့၏ခွန်အားများအသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူ၏အားသာချက်ဖြင့် တစ်ယောက်သောသူ၏ အားနည်းချက်များကို အားဖြည့်ခြင်းနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းရှိမှသာလျှင် လူတို့သည် ဘုရားသခင်ရှေ့၌ ကောင်းချီးခံစားရရှိပြီး ဤအရာကို ပို၍ တွေ့ကြုံခံစားလေ၊ ၎င်းတို့သည် လက်တွေ့အရှိတရားကို ပို၍ ပိုင်ဆိုင်လေ ဖြစ်သည်။ ၎င်းတို့၏ လမ်းကြောင်းသည် ၎င်းတို့လျှောက်သည်နှင့်အမျှ သာ၍ တောက်ပပြီး ၎င်းတို့သည်လည်း ယခင်ထက် ပို၍စိတ်ချမ်းသာလာမည်။ သင်သည် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နေခြင်း မရှိလျှင်၊ သင်သည် အခြားသူများနှင့်ပတ်သက်၍ အစဉ်သဖြင့် အငြင်းသန်နေပြီး အခြားသူများပြောသည့်အရာကို မည်သည့်အခါမျှ လက်မခံဘဲ ၎င်းတို့ကလည်း သင့်ကို နားထောင်ဖို့ ဆန္ဒရှိမရှိလျှင်၊ သင်သည် သူတစ်ပါး၏ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရန် ကြိုးစားသည့်တိုင် တစ်ပါးသူများသည် သင်ပြုသည့် အတိုင်းမပြုကြဘဲ ယင်းကို သင် နာလိုခံခက်ဖြစ်လျှင် သင်သည် သူတစ်ပါးတို့ ပြောသည့်အရာအပေါ်၌ သူတို့အား ချောင်ပိတ်၍ ပြန်လည်ပြောဆိုပြီး ထိုသူတို့သည် ဤအချက်ကို မှတ်မိကာ နောက်တစ်ဖန် ပြဿနာတစ်ခုပေါ်ပေါက်လာပါက သူတို့သည် သင် ပြုသည့်အတိုင်း သင့်အပေါ်သို့ ပြုလုပ်လျှင် ဤသည်မှာ မည်သည့်ပြဿနာဖြစ်သနည်း။ ဤသည်မှာ စိတ်မြန်လက်မြန်ရှိခြင်း၊ အချင်းချင်း ယှဉ်ပြိုင်ခြင်းတို့ဖြင့် အသက်ရှင်နေခြင်းမဟုတ်လော။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုဖြင့် အသက်ရှင်နေခြင်းမဟုတ်လော။ သင်၏ တာဝန်များကို ဤသို့ ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ လက်ခံမှု၊ သို့မဟုတ် ကောင်းချီးများကို လုံးဝ ရရှိမည်မဟုတ်ပေ။ ဘုရားသခင်က သင့်အပေါ် အလွန်မုန်းတီးခြင်းသာ ဖြစ်လိမ့်မည်။

သင်၏ တာဝန်များကို ထမ်းဆောင်ရာတွင် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရမည်။ ထိုအခါမှသာ ရလဒ်ကောင်းများရပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီလိမ့်မည်။ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းဆိုသည်မှာ အဘယ်နည်း။ မည်သည့် အပြုအမူများက သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ် အရည်အသွေးမပြည့်မီသနည်း။ သင်က သင့်တာဝန်ကို ထမ်းဆောင်ပြီး ငါက ငါ၏တာဝန်ကို ထမ်းဆောင်သည်ဆိုပါစို့။ ငါတို့ တစ်ဦးချင်းစီက ငါတို့၏ တာဝန်များကို ထမ်းဆောင်ကြပြီးဖြစ်သည်။ သို့သော် ငါတို့ ကြားတွင် ဖွင့်ဟပြောရန်မလိုဘဲ သိသော နားလည်မှုမရှိ။ ဆွေးနွေးပြောဆိုခြင်း၊ သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်းမရှိပေ။ မည်သို့သော အပြန်အလှန်နားလည်မှုမျိုးကိုမျှ ငါတို့ မရရှိပေ။ ငါတို့၏ စိတ်အတွင်းထဲတွင် “ငါက ငါ၏တာဝန်ကို ထမ်းဆောင်နေပြီး သင်က သင်၏တာဝန်ကို ထမ်းဆောင်နေသည်။ တစ်ယောက်နှင့်တစ်ယောက် ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ နေကြစို့” ဟူ၍သာ သိထားကြသည်။ ဤသည်မှာ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သလော။ အပေါ်ယံတွင် ဤသို့သော လူနှစ်ယောက်ကြားတွင် အငြင်းပွားခြင်း၊ သို့မဟုတ် ထင်မြင်ချက် ကွဲပြားခြင်းမရှိသည့် ပုံစံ ရှိကောင်းရှိနိုင်သည်။ အချင်းချင်း ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် တစ်ယောက်နှင့် တစ်ယောက် ကန့်သတ်ခြင်းရှိပုံမရပေ။ သို့ရာတွင် ဝိညာဉ်ရေးပိုင်းတွင် ၎င်းတို့ကြား၌ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းမရှိပေ။ ၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ဖွင့်ဟပြောရန်မလိုဘဲ သိသော နားလည်မှုမရှိ၊ သို့မဟုတ် ဂရုစိုက်မှုမရှိပေ။ ဖြစ်ပျက်နေသော အရာမှန်သမျှမှာ ၎င်းတို့တစ်ဦးချင်းစီက ပူးပေါင်းဆောင်ရွက်ခြင်း တစ်မျိုးမျိုး လုံးဝ မရှိဘဲ ကိုယ့်ကိစ္စကိုယ် လုပ်ဆောင်နေခြင်း၊ မိမိ၏အားထုတ်မှုကို အသုံးပြုနေခြင်းသာဖြစ်သည်။ ဤသည်မှာ အမှုအရာများကို လုပ်ဆောင်ရာတွင် ကောင်းသောနည်းလမ်းဖြစ်သလော။ မည်သူကမျှ အခြားလူတစ်ဦးတစ်ယောက်ကို စောင့်ကြည့်လေ့လာခြင်း၊ ဘောင်ခတ်ခြင်း၊ အမိန့်ပေးခြင်း၊ သို့မဟုတ် မစဉ်းမစားဖြင့် နာခံခြင်းမရှိသည့် ပုံစံရှိနိုင်သည်။ ဤသည်မှာ ကျိုးကြောင်းသင့်သည့် ပုံစံပင်ရှိနိုင်သည်။ သို့သော် ၎င်းတို့အတွင်း၌ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအမျိုးအစားတစ်ခုရှိသည်။ ၎င်းတို့ တစ်ဦးချင်းစီက သူရဲကောင်းဖြစ်ရန် ယှဉ်ပြိုင်ကြသည်။ အခြားလူများထက်ပို၍ သာလွန်ရန်၊ သို့မဟုတ် ပို၍ ကောင်းစွာ စွမ်းဆောင်ရန် ယှဉ်ပြိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် အခြားမည်သူ့ကိုမျှ ချစ်ခြင်း၊ ဂရုစိုက်ခြင်း၊ ကူညီခြင်းမရှိပေ။ ဤတွင် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုတစ်ခုခုရှိသလော။ (မရှိပါ။) ပူးပေါင်းဆောင်ရွက်ခြင်းမရှိလျှင် သင်သည် တစ်ကိုယ်တော် တိုက်ပွဲတစ်ခုကို တိုက်နေခြင်းဖြစ်သည်။ သင်သည် အမှုအရာများစွာကို ပြည့်စုံမှုမရှိဘဲ၊ သို့မဟုတ် နှံ့စပ်မှုမရှိဘဲ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူသားတို့တွင် ဘုရားသခင် မြင်လိုသော အခြေအနေမျိုးမဟုတ်ပေ။ ယင်းသည် ဘုရားသခင်ကို ကျေနပ်စေခြင်း မရှိပေ။

လူအချို့သည် အမှုကိစ္စများကို မည်သူနှင့်မျှ မဆွေးနွေးဘဲ၊ သို့မဟုတ် မည်သူ့ကိုမျှ မပြောဘဲ တစ်ဦးတည်း လုပ်ဆောင်လိုကြသည်။ အခြားလူများက မည်သို့မြင်နိုင်သည်ကို ပဓာနမထားဘဲ ၎င်းတို့၏ အလိုအတိုင်းပင် လုပ်ဆောင်လိုက်ကြသည်။ ၎င်းတို့က “ကျွန်တော်က ခေါင်းဆောင်ဖြစ်တယ်။ ခင်ဗျားတို့က ဘုရားသခင်ရွေးချယ်ထားသူတွေဖြစ်တယ်။ ဒါကြောင့် ကျွန်တော်လုပ်တာကို လိုက်လုပ်ဖို့ လိုတယ်။ ကျွန်တော်ပြောတဲ့အတိုင်း အတိအကျလုပ်ပါ။ ဒီလိုပဲ ဖြစ်သင့်တယ်” ဟူ၍ တွေးကြသည်။ ၎င်းတို့သည် ပြုမူဆောင်ရွက်သောအခါတွင် အခြားလူတို့ကို အသိမပေးဘဲ ၎င်းတို့၏ လုပ်ရပ်များသည် ပွင့်လင်းမြင်သာမှုမရှိပေ။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဦးတည်းကျိတ်၍ ကြိုးစားအားထုတ်နေကြပြီး တိတ်တဆိတ် လုပ်ဆောင်ကြသည်။ အာဏာကို ပါတီတစ်ခုတည်းမှ တစ်ဦးတည်းချုပ်ကိုင်ထားမှုကို ထိန်းသိမ်းထားသော အဆင်းနီသော နဂါးကြီးကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် အရေးမပါ၊ တန်ဖိုးမရှိဟု ၎င်းတို့ မြင်သည့် အခြားသူတို့ကို အစဉ်သဖြင့် လိမ်လည်ပြီး ထိန်းချုပ်လိုကြသည်။ ၎င်းတို့သည် အမှုကိစ္စများတွင် သူတစ်ပါးတို့နှင့် ဆွေးနွေးခြင်း၊ ဆက်သွယ်ပြောဆိုခြင်းမရှိဘဲ အစဉ်သဖြင့် ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိလိုကြသည်။ အခြားလူတို့၏ ထင်မြင်ချက်များကို မည်သည့်အခါမျှ တောင်းခံခြင်း မရှိပေ။ ဤနည်းလမ်းကို သင် မည်သို့ ထင်မြင်သနည်း။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) အဆင်းနီသော နဂါးကြီး၏ သဘာဝမဟုတ်သလော။ အဆင်းနီသောနဂါးကြီးသည် အာဏာရှင်ဆန်ပြီး တစ်ဖက်သတ်ဆန်သော နည်းလမ်းဖြင့် ပြုမူရသည်ကို နှစ်သက်သည်။ ဤဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးရှိသူများသည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်ကြသည် မဟုတ်သလော။ ဤသည်မှာ လူတို့ မိမိကိုယ်ကို သိသင့်သည့် ပုံစံဖြစ်သည်။ သင်တို့သည် ဤသို့ လုပ်ဆောင်နိုင်စွမ်းရှိသလော။ (ရှိပါသည်။) သင်တို့သည် ဤသို့ ပြုမူဆောင်ရွက်သောအခါ ဤအရာကို သတိထားမိသလော။ သတိထားမိလျှင် သင်တို့၌ မျှော်လင့်ချက်ရှိသေးသည်။ သတိမထားမိလျှင် သင်တို့သည် သေချာပေါက် ဒုက္ခရောက်ပြီဖြစ်သည်။ ဤသို့ဆိုလျှင် သင်တို့သည် ကံဆိုးမိုးမှောင်ကျပြီမဟုတ်လော။ သင်တို့က ဤသို့လုပ်ဆောင်ခြင်းကို သတိမမူမိသောအခါ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ (ကျွန်ုပ်တို့၏ ညီအစ်ကိုမောင်နှမများက ကျွန်ုပ်တို့ကို ထောက်ပြခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းကို ကျွန်ုပ်တို့ လိုအပ်သည်။) သင်တို့က ရှေးဦးစွာ အခြားလူတို့ကို “ငါသည် ပင်ကိုအားဖြင့် အခြားလူများကို ဦးဆောင်ရခြင်းကို နှစ်သက်သည်။ ငါသည် သင်တို့ကို ကြို၍ ပြောထားခြင်းဖြစ်သည်။ ထို့ကြောင့် ဤသို့ ဖြစ်ပျက်လျှင်၊ ဤသို့ ဖြစ်ပျက်သောအခါတွင် ယင်းကို ပြဿနာမရှာနှင့်။ ငါ့ကို သင်တို့ သည်းခံရမည်။ ဤသည်မှာ မကောင်းသည်ကို ငါသိသည်။ တဖြည်းဖြည်းချင်း ပြောင်းလဲဖို့ ငါကြိုးစားလုပ်ဆောင်နေသည်။ ထို့ကြောင့် ငါ့အား သင်တို့ သည်းခံဖို့ ငါမျှော်လင့်သည်။ ဤအရာများ ဖြစ်ပျက်သောအခါ ငါအားသည်းခံလော့။ ငါနှင့်အတူ ပူးပေါင်းဆောင်ရွက်လော့။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အတူတကွ ကြိုးပမ်းကြစို့” ဟု ဆိုလျှင် ဤသို့ လုပ်ဆောင်ခြင်းသည် လက်ခံဖွယ်ဖြစ်သလော။ (မဖြစ်ပါ။ ကျိုးကြောင်းသင့်လျော်ခြင်းမရှိပါ။) ကျိုးကြောင်းသင့်လျော်ခြင်းမရှိဟု အဘယ်ကြောင့်ဆိုသနည်း။ ဤသို့ပြောသောသူတစ်ယောက်သည် သမ္မာတရားကို ရှာဖွေရန် ရည်ရွယ်ခြင်းမရှိပေ။ အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းသည် မှားသည်ကို ၎င်းတို့ ကောင်းစွာသိသော်လည်း ၎င်းတို့သည် အခြားလူများကို ချုပ်ချယ်လျက်၊ အခြားလူတို့ကို ပူးပေါင်းဆောင်ရွက်ဖို့၊ ပံ့ပိုးဖို့ တောင်းဆိုလျက်ဖြင့် ဤသို့ဆက်လက်၍ လုပ်ဆောင်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်တွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒမရှိပေ။ ၎င်းတို့သည် တမင်သက်သက်ဖြင့် သမ္မာတရားကို ဆန့်ကျင်လျက်ရှိသည်။ သိလျက်ဖြင့် ချိုးဖောက်ခြင်းသည် ဘုရားသခင် အရွံမုန်းဆုံးသော အရာဖြစ်သည်။ ဤသို့သောအရာကို ဆိုးယုတ်သောသူများနှင့် အန္တိခရစ်များမှလွဲ၍ အခြားမည်သူကမျှ လုပ်ဆောင်နိုင်စွမ်းမရှိပေ။ ဤသို့လုပ်ဆောင်ခြင်းသည် အတိအကျပင် အန္တိခရစ်များ လုပ်ဆောင်သည့် ပုံစံဖြစ်သည်။ သမ္မာတရားကို တမင်သက်သက် ဆန့်ကျင်ပြီး ဘုရားသခင်ကို အာခံသောအခါ အန္တရာယ်ကျရောက်ပြီဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် သမ္မာတရားကို ၎င်းတို့ ကိုယ်တိုင် လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ အခြားလူများကို ချုပ်ချယ်ကာ သွေးဆောင်ကြပြီး သမ္မာတရားကို ဆန့်ကျင်ပြီး ဘုရားကို အာခံရာတွင် အခြားလူများအား ၎င်းတို့နောက်သို့လိုက်စေရန် ကြိုးစားကြသည်။ ၎င်းတို့သည် တမင်သက်သက် ဘုရားသခင်ကို ဆန့်ကျင်နေခြင်းမဟုတ်လော။ အထူးသဖြင့် ၎င်းတို့က ဤသို့ လုပ်ဆောင်သောအခါတွင် ၎င်းတို့သည် အဖွဲ့ကို ကြိုတင်အသိပေးပြီး လူတို့အား ၎င်းတို့ကို ခွင့်ပြုရန် တောင်းဆိုသည်။ ထို့နောက် လူတိုင်းအား ၎င်းတို့ကို ပံ့ပိုးပေးရန် လုပ်ဆောင်သည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် ပို၍ပင် ဉာဏ်များကြသည်။ ဤသို့ပြောဆိုခြင်းသည် အာဏာပြခြင်း၊ ရာဇသံပေးခြင်း သက်သက်ပင်ဖြစ်သည်။ ၎င်းတို့ ဆိုလိုသည်မှာ “နားထောင်လော့။ ငါသည် ပြဿနာရှာ၍ ရသောသူမဟုတ်ပေ။ သာမန်လူများက ငါ့အတွက် အရေးမပါပေ။ ငါအလိုရှိသည့်အရာမှာ ဦးဆောင်ဖို့ဖြစ်သည်။ မည်သူကမျှ ငါနှင့် အမှုအရာများကို မဆွေးနွေးလျှင် ကောင်းမည်။ ဆွေးနွေးစရာ အကြောင်းမရှိ။ ဤသည်မှာ ငါ၏ အရေးကိစ္စဖြစ်သည်။ ငါ့အား တစ်စုံတစ်ခု လုပ်ဆောင်ခိုင်းလျှင် ငါ့၌ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိဖို့ လိုသည်။ မည်သူကမျှ ငါနှင့် ပူးပေါင်းဆောင်ရွက်ရန် မကြိုးစားလျှင် ကောင်းမည်။ သင်က ဆန္ဒရှိလျှင်ပင် လုပ်ဆောင်နိုင်မည်မဟုတ်ပေ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကို ချပြခြင်း ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ စာတန်၏ ကိုယ်စား အမှုအရာများကို လုပ်ဆောင်ခြင်းဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြခြင်းပြဿနာတစ်ခုမျှသာ မဟုတ်ပေ။ ၎င်းတို့သည် လုံးလုံးလျားလျား ကြီးစိုးလိုကြသည်။ ၎င်းတို့ပြောသည့်အတိုင်း ဖြစ်စေချင်သည်။ ဤသို့အားဖြင့် လူတိုင်းက ၎င်းတို့ပြောသည့်အရာကို လုပ်ဆောင်ပြီး ၎င်းတို့နောက်သို့လိုက်ကာ နာခံကြရန်ဖြစ်သည်။ ဤသည်မှာ စာတန်နတ်ဆိုးဖြစ်ကြောင်း ပြသနေခြင်း မဟုတ်လော။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက တစ်ကြိမ်တစ်ခါသာ ပွင့်ထွက်လာခြင်းမဟုတ်ပေ။ အန္တိခရစ်များ၏ လုပ်ရပ်များကို ၎င်းတို့၏ ဆိုးယုတ်သော သဘာဝက အဆုံးအဖြတ်ပေးသည်။ ၎င်းတို့သည် အာဏာကိုင်စွဲရန် ရည်ရွယ်ချက်ဖြင့် ဘုရားကို ယုံကြည်ပြီး အသင်းတော်သို့ လာကြသည်။ ၎င်းတို့သည် ဘုရားကို ဆန့်ကျင်ရန်၊ ဘုရားသခင် ရွေးချယ်ထားသောလူများအား ဘုရားသခင်ကို အာခံသည့်လမ်းကြောင်းပေါ်သို့ ခေါ်ဆောင်ရန် ရည်ရွယ်သည်။ ၎င်းတို့သည် အခြားနေရာမှ ထိုဘာသာရေးဂိုဏ်းဂဏများ၏ အကြီးအကဲများနှင့် တူညီသည်။ ၎င်းတို့အားလုံးတွင် အန္တိခရစ်၏ အနှစ်သာရရှိပြီး စာတန်နှင့် တူညီသည်။ ၎င်းတို့အားလုံးသည် ဘုရားသခင်နှင့် တန်းတူညီတူဖြစ်လိုကြသည်။ ဘုရားသခင် ရွေးချယ်ထားသောသူတစ်ယောက်က ပေါ်လွင်ထင်ရှားလာသော အန္တိခရစ်တစ်ယောက်ကို မြင်လျှင် သူသည် ဤအရာကို မည်သို့ ချဉ်းကပ်သင့်သနည်း။ အန္တိခရစ်ကို ချစ်ခင်စွာ ကူညီသင့်သလော။ ထိုသူကို ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်သင့်သည်။ သူ၏ ဆိုးယုတ်သော မျက်နှာထားကို အခြားလူများမြင်အောင် ပြုလုပ်သင့်သည်။ ထို့နောက်တွင် ထိုသူကို ပစ်ပယ်သင့်သည်။ ဤသည်မှာ ဘုရားသခင်ရွေးချယ်ထားသောသူများ နားလည်ပြီး သဘောပေါက်သင့်သည့် စည်းမျဉ်းတစ်ခုဖြစ်သည်။ အန္တိခရစ်တစ်ယောက်ဖြစ်ကြောင်း ပြသခြင်းအား ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖွင့်ပြခြင်း၊ ယာယီပြစ်မှားမှုတစ်ခုဟု လူတစ်ယောက်က မှတ်ယူပြီး အန္တိခရစ်၏ “မိမိကိုယ်ကို သိမြင်မှု” ဆိုသောအရာနှင့် ပွင့်လင်းစွာ ပြောဆိုခြင်း၊ မိမိကိုယ်ကို ချပြခြင်းဆိုသောအရာတို့၏ လှည့်ဖြားခြင်းကို ခံရဆဲဖြစ်လျှင်၊ အန္တိခရစ်နှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့နေ‌သေးလျှင် ထိုသူသည် အကြွင်းမဲ့ မိုက်မဲပြီး ပိုင်းခြားသိမြင်မှု လုံးဝမရှိသည်မှာ ရှင်းသည်။ ပြောလော့။ အန္တိခရစ်ကဲ့သို့သောသူတစ်ယောက်သည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြသောအခါ သူသည် အခြားလူတို့အား ပွင့်လင်းစွာပြောဆိုပြီး မိမိကိုယ်ကို ချပြနိုင်သလော။ ထိုသူသည် မှားယွင်းသောအရာတစ်ခုကို လုပ်ဆောင်သောအခါတွင် မည်သည့်အခါမှ ဆင်ခြင်သုံးသပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် သိမြင်ခြင်းမရှိပေ။ သူက မိမိကိုယ်ကို ချပြခြင်းသည် လှည့်စားသည့် လုပ်ရပ်တစ်ခုဖြစ်သည်။ မိမိကိုယ်ကို မှန်ကန်ကြောင်းပြဆိုခြင်းထက် မပိုပေ။ အမှန်တကယ် ပွင့်လင်းစွာပြောဆိုပြီး မိမိကိုယ်ကို ချပြခြင်းသည် အမှန်တကယ်တွင် မည်သည့်အရာကိုဆိုလိုသည်ကို ပိုင်းခြားသိမြင်ဖို့လိုသည်။ “ငါသည် ဒေါသထွက်လွယ်သည်။ ထို့ကြောင့် ငါ့ကို ရန်မစနှင့်” ဟုဆိုလျှင် ဤသည်မှာ မိမိကိုယ်ကို ချပြခြင်းဖြစ်သလော။ (မဖြစ်ပါ။) သူ့အား ရန်စခြင်းသည် ပြဿနာရှာခြင်းသာဖြစ်မည့်အတွက် သူ့ကို ရန်မစရန် သင့်အား သတိပေးနေခြင်းဖြစ်သည်။ “ငါ၏ အိမ်တွင် ငါပြောသည့်အတိုင်းဖြစ်သည်။ ငါ၏ မိဘများပင် ငါပြောသည့်အရာကို လုပ်ဆောင်ရသည်။ ဤသည်မှာ ငါ့တွင်ရှိသော စိတ်မျိုးဖြစ်သည်။ ဤအတွက် သင်တို့က ငါ့အား ခွင့်လွှတ်ရမည်သာဖြစ်သည်။ ဤအရာနှင့်ပတ်သက်ပြီး ငါလုပ်နိုင်သည့်အရာ ဘာမျှမရှိပေ။ အလွန်ကောင်းသော ပါရမီရှိလျှင် စိတ်ကြီးတတ်သည်ဟု ငါ၏ မိဘများက ပြောသည်။ ထို့ကြောင့် သူတို့က ငါ့အား ခွင့်လွှတ်ပေးသည်” ဟု ဆိုခဲ့လျှင် ဤသည်မှာ မိမိကိုယ်ကို ချပြခြင်းဖြစ်သလော။ (မဟုတ်ပါ။) အလွန်ကောင်းသော ပါရမီရှိသူများသည် စိတ်ကြီးသည်၊ ထို့ကြောင့် သူ့ကို ခွင့်လွှတ်သင့်သည်ဟု သင့်အား ပြောနေခြင်းဖြစ်သည်။ “ငါ ငယ်စဉ်ကတည်းက ဤစိတ်ရှိခဲ့သည်။ ငါပြောသည့်အတိုင်း ဖြစ်ရသည်။ ပြည့်စုံမှုနှင့် ငါအလိုရှိသည့်အရာနောက်သို့ ငါလိုက်သည်။ ယခုအခါ ဘုရားသခင်ကို ငါ ယုံကြည်သောအခါတွင် အလွန်ပို၍ ကောင်းလာသည်။ အမှုအရာအများစုတွင် ငါသည် သည်းခံနိုင်ပြီး ကိုယ့်ကိုယ်ကိုယ် သတိထားနိုင်သည်။ သို့သော် ပြည့်စုံမှုနောက်သို့ လိုက်ဆဲဖြစ်သည်။ တစ်စုံတစ်ခုက မပြည့်စုံလျှင် လုံးဝ အဆင်ပြေမည်မဟုတ်။ ငါ လက်မခံနိုင်ပေ” ဟု ဆိုလျှင် ဤသည်မှာ မိမိကိုယ်ကို ချပြခြင်းဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် ဤသည်မှာ အဘယ်အရာဖြစ်သနည်း။ ဤသည်မှာ မိမိကို အခြားလူများ အထင်ကြီးလေးစားစေရန် မိမိကိုယ်ကို ချီးမွမ်းပြီး ကြွားဝါခြင်း၊ မိမိသည် မည်မျှကြောက်ဖို့ကောင်းသည်ဆိုသည်ကို အခြားလူများအား ပြောပြခြင်းဖြစ်ပြီး ရာဇဝတ်သားများ၊ လူဆိုးဂိုဏ်းဝင်များတွေ့ဆုံသောအခါ ကြမ်းတမ်းစွာ ကြွားဝါသည့်၊ အာဏာပြသည့်နည်းလမ်းဖြစ်သည်။ “သင်တို့သည် ငါ့အား ပြဿနာရှာနိုင်သည်ဟု ထင်သလော။ ဤသို့ ထင်လျှင် ပါးစပ်နှင့်မပြောဘဲ လက်နှင့်ပြောမည်” ဟု ပြောသကဲ့သို့ဖြစ်သည်။ ဤသည်မှာ စာတန်၏ မျက်နှာအစစ်ပင်မဟုတ်လော။ ဤသည်မှာ စာတန်၏ မျက်နှာအစစ်ပင်ဖြစ်သည်။ မိမိကိုယ်ကို ချပြခြင်းပုံစံအားလုံးက တူညီသည်မဟုတ်ပေ။ အန္တိခရစ်များက မိမိတို့ကိုယ်ကို ချပြသောအခါ ၎င်းတို့သည် အခြားလူများကို ခြိမ်းခြောက်ရန်၊ ကြောက်လန့်စေရန်၊ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်သည်။ ၎င်းတို့သည် အခြားလူများကို အစဉ်သဖြင့် နှိမ်နှင်းလိုသည်။ ဤသည်မှာ စာတန်၏ မျက်နှာဖြစ်သည်။ ဤသည်မှာ သာမန်၊ ရိုးရှင်းစွာ ဖွင့်ပြောသည့်ပုံစံမဟုတ်ပေ။ သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရန်အတွက် မည်သို့ ဖွင့်ပြောပြီး မိမိကိုယ်ကို ချပြသင့်သနည်း။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်ထွက်လာခြင်းကို ဖွင့်ပြောခြင်းအားဖြင့်လည်းကောင်း၊ အခြားလူများအား ၎င်းတို့စိတ်နှလုံး၏ စစ်မှန်မှုကို ထိုးထွင်းမြင်ရသော အခွင့်ကိုပေးခြင်းအားဖြင့်လည်းကောင်း၊ ထို့နောက် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး ပြဿနာ၏ အနှစ်သာရကို ပိုင်းခြားစိစစ်ခြင်းနှင့် သိမြင်ခြင်းအားဖြင့်လည်းကောင်း၊ ပြီးလျှင် မိမိကိုယ်ကို အလွန်မုန်းတီး စက်ဆုပ်ခြင်းအားဖြင့်လည်းကောင်း ဖြစ်သည်။ မိမိကိုယ်ကို ချပြသောအခါတွင် မိမိကိုယ်ကို မှန်ကန်ကြောင်းပြဆိုရန် မကြိုးစားသင့်၊ သို့မဟုတ် အပြစ်မရှိကြောင်း ရှင်းပြဖို့ မကြိုးစားသင့်ပေ။ ထိုအစား ရိုးရှင်းစွာဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသောသူတစ်ယောက်ဖြစ်သင့်သည်။ လူအချို့မှာ သိသာထင်ရှားစွာပင် မကောင်းသော စိတ်သဘောထားများရှိသည်။ သို့သော် ၎င်းတို့သည် စိတ်ကြီးသည်ဟု မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ ဤသည်မှာ ကျိုးကြောင်းပြပြောဆိုခြင်းတစ်မျိုးမဟုတ်လော။ မကောင်းသော စိတ်သဘောထားမှာ မကောင်းသော စိတ်သဘောထားပင်ဖြစ်သည်။ တစ်စုံတစ်ယောက်က ကျိုးကြောင်းမသင့်လျော်သောအရာ၊ သို့မဟုတ် လူတိုင်းအား ထိခိုက်စေသောအရာတစ်ခုကို လုပ်ဆောင်ခဲ့သည့်အခါ ပြဿနာက ၎င်း၏ စိတ်သဘောထား၊ လူ့သဘာဝတို့နှင့် သက်ဆိုင်သည်။ သို့သော် ၎င်းတို့က ခဏတာ စိတ်လွတ်သွားခြင်းဖြစ်သည်၊ သို့မဟုတ် အနည်းငယ် စိတ်ဆိုးသွားခြင်းဖြစ်သည်ဟု အစဉ် ပြောဆိုကြသည်။ ၎င်းတို့သည် ပြဿနာ၏ အနှစ်သာရကို လုံးဝ နားမလည်ပေ။ ဤသည်မှာ အမှန်တကယ် မိမိကိုယ်ကို ပိုင်းခြားစိစစ်ခြင်း၊ ချပြခြင်းဖြစ်သလော။ ပထမအနေဖြင့် အခြေခံအဆင့်တွင် ပြဿနာများကို အသိအမှတ်ပြုပြီး ပိုင်းခြားစိစစ်ကာ မိမိကိုယ်ကို ချပြရန်အတွက် ရိုးသားသော စိတ်နှလုံးနှင့် စစ်မှန်သော သဘောထားရှိရမည်။ မိမိ၏ စိတ်သဘောထားတွင်ရှိသော ပြဿနာများနှင့်ပတ်သက်ပြီး မိမိနားလည်နိုင်သည့်အရာကို ပြောဆိုရမည်။ ဒုတိယအနေဖြင့် မိမိ၏ စိတ်သဘောထားသည် ကမ်းကုန်အောင်ဆိုးသည်ဟု မိမိက ခံစားမိလျှင် ထိုသူသည် “ဤသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ငါတစ်ဖန်ဖွင့်ပြလျှင် ငါ့အား လွတ်လပ်စွာ သတိပေးနိုင်သည်။ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်နိုင်သည်။ ငါက လက်မခံနိုင်လျှင် ငါ့အပေါ် လက်မလျှော့နှင့်။ ငါ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ဤဘက်ခြမ်းသည် အလွန်ဆိုးဝါးသည်။ ငါ့ကို ဖော်ထုတ်ရန်အတွက် ငါ့ကို သမ္မာတရားဖြင့် ကြိမ်ဖန်များစွာ မိတ်သဟာယဖွဲ့ဖို့ လိုအပ်သည်။ လူတိုင်းက ငါ့အား ပြုပြင်ပြီးကိုင်တွယ်ဖြေရှင်းသည်ကို ငါဝမ်းမြောက်စွာ လက်ခံသည်။ လူတိုင်းက ငါ့ကို စောင့်ကြည့်ဖို့၊ ကူညီဖို့၊ လမ်းလွဲခြင်းမှ တားဆီးကြဖို့ ငါမျှော်လင့်သည်” ဟူ၍ လူတိုင်းကို ပြောဆိုရမည်။ ဤသို့သော သဘောထားသည် အဘယ်နည်း။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့် သဘောထားဖြစ်သည်။ လူအချို့က ဤအရာများကို ပြောပြီးသောအခါ အနည်းငယ် အနေရခက်ကြသည်။ ၎င်းတို့က “လူတိုင်းက ထရပ်ပြီး ငါ့ကို ဖော်ထုတ်လျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း။ ငါခံယူနိုင်မည်လော” ဟူ၍ မိမိဘာသာ စဉ်းစားကြသည်။ အခြားလူများက သင့်တို့ကို ဖော်ထုတ်ခြင်းကို ကြောက်ရွံ့မည်လော။ (မကြောက်ရွံ့ပါ။) ဤအရာကို ရင်ဆိုင်ရာတွင် သင်တို့ ရဲရင့်သင့်သည်။ ဖော်ထုတ်ခံရခြင်းကို ကြောက်ရွံ့ခြင်းသည် ရှက်ဖွယ်ဖြစ်သည်။ သင်သည် သမ္မာတရားကို အမှန်တကယ် ချစ်မြတ်နိုးလျှင် ဤသို့ အရှက်ကွဲခြင်းကို ကြောက်ရွံ့မည်လော။ လူတိုင်းက သင့်အား ကိုင်တွယ်ဖြေရှင်းခြင်းကို ကြောက်ရွံ့မည်လော။ ဤကြောက်ရွံ့မှုသည် အားနည်းခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် သက်ဆိုင်သည်။ လူတိုင်းက ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြကြသည်။ သို့သော် ၎င်းတို့ ဖွင့်ပြသည့် ပုံစံ၏ အနှစ်သာရက မတူညီပေ။ တစ်စုံတစ်ယောက်က သိလျက်ဖြင့် ပြစ်မှားခြင်း၊ သို့မဟုတ် နှောင့်ယှက်ခြင်း၊ ဖျက်ဆီးခြင်းမရှိသရွေ့ သူ၏ ဖွင့်ပြခြင်းမျိုးသည် ဖောက်ပြန်ပျက်စီးခြင်းကို သာမန်ဖွင့်ပြခြင်း အမျိုးအစားဖြစ်သည်။ လူတိုင်းက ယင်းကို မှန်ကန်စွာ ကိုင်တွယ်နိုင်မည်။ လူတစ်ယောက်၏ ရည်ရွယ်ထားသော ပန်းတိုင်မှာ နှောင့်ယှက်ဖို့၊ ဖျက်ဆီးဖို့၊ သို့မဟုတ် အသင်းတော်အလုပ်ကို တမင်သက်သက် ထိခိုက်စေဖို့ဆိုလျှင် ထိုသူသည် အခြားလူများက ဖော်ထုတ်မှုခံရခြင်းကို အကြောက်ဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤပြဿနာ၏ အနှစ်သာရသည် အလွန်ဆိုးရွားသောကြောင့်ဖြစ်သည်။ ဖော်ထုတ်ခံရသည်နှင့် ၎င်းတို့သည် ပေါ်လွင်သွားပြီး ဖယ်ရှားခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့၏ ဤကြောက်ရွံ့မှုသည် ၎င်းတို့၏ စိတ်ထဲတွင် အလွန်လေးလံသည်။ ယခုအခါတွင် ဘုရားသခင်က မည်သို့အလုပ်လုပ်သည်ဖြစ်စေ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ပြီး လူတို့ကို ကယ်တင်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်။ သင်သည် သင့်တော်သောလူမျိုးဖြစ်လျှင် သင်၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်၏ စေခိုင်းချက်ကို ပြီးမြောက်အောင် ကြိုးပမ်းလျှင် လူအများစုက ဤအရာကို ရှင်းလင်းစွာ မြင်လိမ့်မည်။ သင်နှင့်ပတ်သက်ပြီး ဤအရာကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်သည်။ ပြီးလျှင် လူတို့ကို ဖော်ထုတ်ခြင်း၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းသည် ၎င်းတို့ကို ဒုက္ခရောက်အောင် လုပ်ဆောင်ခြင်းမဟုတ်ပေ။ ထိုထက် ၎င်းတို့တာဝန်များကို ကောင်းစွာထမ်းဆောင်ပြီး အသင်းတော်အလုပ်ကို ကာကွယ်နိုင်ရန်အတွက် ၎င်းတို့၏ ပြဿနာများကို ကူညီဖြေရှင်းရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းညီညွတ်သော အရာဖြစ်သည်။ လူတစ်ယောက်သည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်နိုင်ရန်အတွက် ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံသည်။ ဤသည်မှာ စိတ်သဘောထားပြောင်းလဲခြင်းကို ရရှိရန်အတွက် ရှိသင့်သော သဘောထားလည်းဖြစ်သည်။ တစ်စုံတစ်ယောက်က ဤသဘောထား ရှိသည်နှင့် သင့်တော်သော လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းကိုလည်း ရှာဖွေရန် လိုအပ်သည်။ ပြီးလျှင် ထိုသို့လုပ်ဆောင်ရန် လိုအပ်သောအချိန်ရောက်သောအခါ ဒုက္ခခံဖို့ လိုအပ်သည်။ တိုက်ပွဲတစ်ခုရှိသောအခါ ဇာတိပကတိကို စွန့်လွှတ်ပြီး မိမိ၏ ဝင့်ဝါခြင်း၊ မာန်မာနနှင့် စိတ်ခံစားချက်များ၏ ချုပ်ချယ်မှုများကို ဖယ်ရှားရမည်။ ဇာတိပကတိ၏ အခက်အခဲများကို ချိုးဖျက်ပြီးသည်နှင့် အမှုအရာများက အလွန်ပို၍ လွယ်ကူသွားသည်။ ဤအရာကို လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်းဟု ခေါ်ဆိုကောင်း ခေါ်ဆိုနိုင်သည်။ ဤသည်မှာ သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း လုပ်ငန်းစဉ်ဖြစ်သည်။ အစဉ်သဖြင့် ဒုက္ခခံစားမှုအချို့ရှိသည်။ လုံးဝ ဒုက္ခမခံစားဖို့မှာ မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဇာတိပကတိက ဖောက်ပြန်ပျက်စီးပြီး လူတို့က ဝင့်ဝါမှုနှင့် မာနရှိသောကြောင့်၊ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ စဉ်းစားသောကြောင့်ဖြစ်သည်။ ဤအရာတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရာတွင် လူတို့အတွက် အကြီးဆုံးသော အဟန့်အတားများဖြစ်သည်။ ထို့ကြောင့် အနည်းငယ် ဒုက္ခခံခြင်းမရှိဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ လူတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်း၏ ချိုမြိန်မှုကို မြည်းစမ်းရပြီး စစ်မှန်သော ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းကို တွေ့ကြုံခံစားရသောအခါ ၎င်းတို့သည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်လိုစိတ်ရှိလာကြသည်။ မိမိတို့ကိုယ်ကို ငြင်းဆန်ရန်၊ ဇာတိပကတိကို စွန့်လွှတ်ရန်၊ စာတန်ကို အောင်နိုင်ရန် ပို၍ လွယ်ကူလာသည်။ ဤနည်းအားဖြင့် ၎င်းတို့သည် အပြည့်အဝ လွတ်မြောက်ပြီး လွတ်လပ်ကြသည်။

အသင်းတော်အသက်တာတွင် မည်သို့သော ပတ်ဝန်းကျင်မျိုးကို ဖြစ်အောင်လုပ်ဆောင်ရမည်နည်း။ တစ်စုံတစ်ခုဖြစ်ပျက်သောအခါတွင် လူကိုမဟုတ်ဘဲ ထိုအရာကို ကိုင်တွယ်သည့် ပတ်ဝန်းကျင်ဖြစ်သည်။ တစ်ခါတစ်ရံတွင် သဘောထားမတူညီခြင်းများကြောင့် စကားများရန်ဖြစ်ရပြီး စိတ်ဆိုးဒေါသထွက်ခြင်းများရှိလိမ့်မည်။ သို့သော် အမှန်တကယ် စိတ်ဝမ်းကွဲခြင်း မရှိပေ။ အရာရာတိုင်းက လူတို့၏ စိတ်သဘောထားကို ပြောင်းလဲရန်၊ တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်အတွက် ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန်အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်သာ ဖြစ်သည်။ လူတို့ကြားတွင် မုန်းတီးခြင်းမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့အားလုံးသည် ကယ်တင်ခြင်းကိုရရှိရန် ကြိုးစားသည့် လုပ်ငန်းစဉ်တွင် ရှိနေကြသောကြောင့်ဖြစ်သည်။ လူတိုင်းတွင် တူညီသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိကြသည်။ တစ်ခါတစ်ရံတွင် စကားတစ်ခွန်းက အနည်းငယ်ကြမ်းတမ်းသွားနိုင်သည်၊ သို့မဟုတ် အနည်းငယ် လွန်သွားနိုင်သည်၊ သို့မဟုတ် တစ်စုံတစ်ယောက်က မကောင်းသော သဘောထားတစ်ခုခုရှိနိုင်သည်။ လူတို့သည် ဤအရာများအပေါ် အာဃာတများမထားသင့်ပေ။ သင်က အကြောင်းအရာကို နားမလည်နိုင်သေးလျှင်၊ သို့မဟုတ် ထိုးထွင်းမမြင်နိုင်လျှင် နောက်ဆုံးနည်းတစ်ခုရှိသည်။ ဘုရားရှေ့တွင် ဆုတောင်းပြီး သင့်ကိုယ်သင် တွေးဆပါ။ “ငါတို့သည် ဤဘုရားကိုသာ ယုံကြည်လိုက်လျှောက်သည်။ ထို့ကြောင့် ငါတို့တွင် မည်သို့သော အငြင်းပွားမှု၊ သို့မဟုတ် ထင်မြင်ချက်ကွဲပြားမှုများရှိပါစေ၊ ငါတို့ကို ခွဲသည့်အရာက မည်သည့်အရာဖြစ်ပါစေ ငါတို့သည် ဘုရားရှေ့တွင် ပေါင်းစည်းကြသည်။ ငါတို့သည် ဤဘုရားကိုသာ ဆုတောင်းကြသည်။ ထို့ကြောင့် ငါတို့ မကျော်လွှားနိုင်သည့်အရာ မည်သည့်အရာရှိသနည်း” ဟူ၍ ဖြစ်သည်။ သင်သည် ဤသို့ သေချာစဉ်းစားလျှင် ဤချုပ်ချယ်ကန့်သတ်မှုများကို ကျော်လွှားမည်မဟုတ်လော။ အနှစ်ချုပ်လိုက်လျှင် ဤအရာ၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ အဘယ်နည်း။ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ အရာရာ၌ ဘုရားအလိုတော်ကို ဖြည့်ဆည်းဖို့ အားထုတ်ရန်၊ ပေါင်းစည်းခြင်းကို ရရှိရန်၊ စည်းမျဉ်းပေါင်းစည်းခြင်း၊ ရည်ရွယ်ချက်ပေါင်းစည်းခြင်း၊ လုပ်ဆောင်မှုအတွက် ကြံရွယ်ချက်နှင့် အရင်းအမြစ်ပေါင်းစည်းခြင်းတို့ကို ရရှိရန်ဖြစ်သည်။ ဤသည်ကို ပြောရသည်မှာ လွယ်ကူသော်လည်း လုပ်ဆောင်ဖို့ ခက်သည်။ အဘယ်ကြောင့်နည်း။ (လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသောကြောင့်ဖြစ်သည်။) မှန်သည်။ ဤသည်မှာ လူတို့၏ စိတ်ထား၊ ပင်ကိုစရိုက်လက္ခဏာ၊ သို့မဟုတ် အသက်အရွယ်မတူညီသောကြောင့်မဟုတ်ဘဲ၊ သို့မဟုတ် မတူညီသော မိသားစုများမှ လာသောကြောင့်မဟုတ်ဘဲ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသောကြောင့်ဖြစ်သည်။ ယင်းမှာ အကြောင်းအရင်း၏ ဇာစ်မြစ်ဖြစ်သည်။ အကြောင်းအရင်း ဇာစ်မြစ်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင်ရှိသည်ကို သင်တို့အားလုံး ရှင်းလင်းစွာ မြင်နိုင်လျှင် သင်တို့သည် အမှုအရာများကို မှန်ကန်စွာ ကိုင်တွယ်နိုင်သည်။ ပြဿနာက ဖြေရှင်းရန် လွယ်ကူလိမ့်မည်။ ထို့ကြောင့် ဤနေရာတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သို့ဖြေရှင်းရမည်ကို အသေးစိတ်ဆွေးနွေးဖို့ လိုသေးသလော။ မလိုတော့ပေ။ သင်တို့သည် တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်သောကြောင့် သင်တို့အားလုံးသည် လျှောက်လှမ်းရန် လမ်းကြောင်းတစ်ခုခုကို သိကြသည်။ ပြီးလျှင် ဤအကြောင်းအရာနှင့်ပတ်သက်ပြီး သင်တို့အားလုံး အတွေ့အကြုံအချို့ရှိကြသည်။ လူတို့သည် အမှုအရာများကို ဖြေရှင်းရန်အတွက် အရာရာ၌ သမ္မာတရားအား ရှာဖွေခြင်းတွင် ဇွဲ၊ လုံ့လ ရှိနိုင်သရွေ့၊ ၎င်းတို့အတွင်းတွင်တည်ရှိသော ပြဿနာများကို ဆင်ခြင်သုံးသပ်နိုင်ပြီး အခြားလူများကို ဆက်၍ မျှမျှတတ ဆက်ဆံနိုင်သရွေ့ ၎င်းတို့သည် အခြေခံအားဖြင့် အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်းရှိသရွေ့၊ မာနထောင်လွှားခြင်း၊ မိမိကိုယ်ကို အမှန်ထင်ခြင်း မရှိသရွေ့၊ အခြားလူများ၏ အကြံပြုချက်များကို မှန်မှန်ကန်ကန် ချဉ်းကပ်နိုင်သရွေ့ ၎င်းတို့သည် ပူးပေါင်းဆောင်ရွက်နိုင်သည်။ ပြဿနာများ ဖြစ်ပေါ်လာလျှင်လည်း ထိုပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်သည်မှာ ပို၍ လွယ်ကူသည်။ လူတစ်ယောက်သည် သမ္မာတရားကို လက်ခံနိုင်သရွေ့၊ မိတ်သဟာယတွင် ဖွင့်ပြောနိုင်သရွေ့ သူ၏ တွဲဖက်သည် အလွယ်တကူပင် တို့ထိခြင်းခံရပြီး သမ္မာတရားကို လက်ခံနိုင်စွမ်းရှိလိမ့်မည်။ ထို့နောက်တွင် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းက ကြီးမားသော ပြဿနာမဟုတ်ပေ။ ပြီးလျှင် တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ခြင်းပန်းတိုင်ကို ရောက်ရှိရန် လွယ်ကူသည်။

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်

အရှေ့သို့- သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဆိုသည်မှာ

နောက်တစ်ခုသို့- စိတ်နှလုံးနှင့် ဝိညာဉ် အကြွင်းမဲ့ဖြင့် မိမိ၏တာဝန်ကို ထမ်းဆောင်သည့်သူသာလျှင် ဘုရားသခင်ကို ချစ်သည့်သူဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။