ဘုရား၏တာဝန်ပေးစေခိုင်းချက်ကို သဘောထားနည်းကျူး
ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်ကို သင် မည်သို့ သဘောထားသည်မှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ သင့်ကို ဘုရားသခင် အပ်နှံသည့်အရာကို သင် မပြည့်စုံစေနိုင်လျှင်၊ သူ၏ မျက်မှောက်တော်တွင် အသက်ရှင်ရန် သင်သည် မသင့်တော်သကဲ့သို့၊ အပြစ်ပေးခံရသင့်ပေသည်။ ဘုရားသခင်အပ်နှံသည့်အရာကို ပြည့်စုံစေဖို့မှာ လူသားများအတွက် ကောင်းကင်ဘုံ၏ ဥပဒေဖြစ်ပြီး မြေကြီး၏ အခြေခံသဘောတရား ဖြစ်ပေသည်၊ ဤသည်မှာ ၎င်းတို့၏ အမြင့်ဆုံး တာဝန်ဖြစ်ပြီး၊ ၎င်းတို့၏ အသက်တမျှအရေးကြီးပေသည်။ ဘုရားသခင်၏ တာ၀န်ပေးစေခိုင်းချက်ကို သင် အလေးအနက်မထားလျှင်၊ သင်သည် ဘုရားသခင်ကို အဆိုးရွားဆုံးသော နည်းလမ်းဖြင့် သစ္စာဖောက်နေခြင်း ဖြစ်သည်၊ ဤသည်မှာ ယုဒထက် ပိုမိုကြေကွဲဝမ်းနည်းဖွယ်ကောင်းပြီး သင့်ကို ကျိန်ဆဲခံရ ထိုက်တန်စေသည်။ ၎င်းတို့အပေါ် ဘုရားသခင် အပ်နှံသည့်အရာကို ရှုမြင်ပုံနှင့်ပတ်သက်၍ အကုန်အစင် သိနားလည်မှုတစ်ခု လူတို့ ရရှိရမည်ဖြစ်ပြီး၊ အနည်းဆုံးအနေဖြင့်၊ လူသားမျိုးနွယ်ကို ဘုရားသခင် တာဝန်ပေးစေခိုင်းသည်ကို သဘောပေါက်ရမည်- ဤသည်မှာ ဘုရားသခင်ထံမှ ချီးမြှောက်ခြင်းတစ်ခုနှင့် အထူး မျက်နှာသာပေးခြင်းတစ်ခု၊ ဂုဏ်ကျက်သရေအရှိဆုံးသော အရာတစ်ခု ဖြစ်သည်။ အခြားအရာအားလုံးကို စွန့်ပစ်နိုင်သည်- လူတစ်ဦးသည် သူ၏ အသက်ကိုပင် စွန့်လွှတ်ဖို့ရှိသော်လည်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို သူ ဖြည့်ဆည်းမြဲဖြည့်ဆည်းရမည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။