အခန်း ၁၅
ဘုရားသခင်နှင့် လူတို့ကြားက အကြီးမားဆုံးသော ကွာခြားမှုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ကိစ္စရပ်၏ အလယ်ဗဟိုကို အစဉ်အမြဲ တည့်တည့်ပြောခြင်းဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့်ဆိုင်သော ဤရှုထောင့်ကို ယနေ့၏ ပထမဆုံး ဝါကျတွင် တွေ့မြင်နိုင်ပေသည်။ ယင်းသည် လူသား၏ စရိုက်မှန်များကို ချက်ချင်း ဖော်ထုတ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြလေသည်။ ယင်းသည် ရလဒ်များ ရရှိဖို့ ဘုရားနှုတ်ကပတ်တော်များ၏ စွမ်းရည်နှင့်ဆိုင်သော ရှုထောင့်အချို့၏ အရင်းအမြစ်ဖြစ်သည်။ သို့သော်၊ ဤအရာကို လူတို့ သဘောမပေါက်နိုင်ကြချေ။ ၎င်းတို့သည် ဘုရားသခင်ကို “စိတ်ဖြာလေ့လာဆွေးနွေးခြင်း” မရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတဆင့် မိမိတို့ကိုယ်ကိုယ် အမြဲ သိရုံမျှ သိလာကြလေသည်။ ယင်းမှာ ဘုရားသခင်ကို ၎င်းတို့ စော်ကားမိမည် သို့မဟုတ် ၎င်းတို့၏ “သတိထားမှု”ကြောင့် ဘုရားသခင်က ၎င်းတို့ကို သတ်မည်ကို ကြောက်လန့်ကြသည့်အလား ဖြစ်သည်။ အမှန်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူအများစု စားသောက်ကြသည့်အခါ၊ ၎င်းတို့သည် အပြုသဘောဆောင်သည့် ရှုထောင့်မှမဟုတ်ဘဲ၊ အပျက်သဘောဆောင်သည့် ရှုထောင့်တစ်ခုမှ ထိုသို့ လုပ်ဆောင်ကြခြင်း ဖြစ်၏။ ယခုတွင် လူတို့သည် ဘုရားနှုတ်ကပတ်တော်များ၏ လမ်းပြမှုအောက်တွင် “နှိမ့်ချခြင်းနှင့် ကျိုးနွံနာခံခြင်းတို့အပေါ် စတင်အာရုံစိုက်” ကြလေပြီဟု ဆိုနိုင်ပေသည်။ ဤအရာမှ၊ လူတို့သည် နောက်ထပ် အစွန်းရောက်မှုဖြစ်သည့်- သူ၏နှုတ်ကပတ်တော်များကို အာရုံမစိုက်ခြင်းမှသည် ယင်းတို့ကို လွန်လွန်ကဲကဲ အာရုံစိုက်ခြင်းဆီသို့ စတင်သွားကြပြီဖြစ်သည်မှာ သိသာပေသည်။ သို့သော်၊ လူတစ်ဦးတစ်ယောက်မျှ အပြုသဘောဆောင်သော ရှုထောင့်မှ မဝင်ရောက်ဖူးသကဲ့သို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသားများအား အာရုံစိုက်စေရာတွင် ဘုရားသခင်၏ ရည်မှန်းချက်ကို မည်သူမျှ တစ်ကြိမ်တစ်ခါမျှ အမှန်တကယ် သဘောမပေါက်ဖူးကြပေ။ အသင်းတော်ထဲတွင် ရှိသည့် လူအားလုံး၏ တကယ့် အခြေအနေများကို တိတိကျကျနှင့် အမှားအယွင်းမရှိဘဲ ကိုယ်တိုင်ကိုယ်ကျ နားလည်နိုင်ဖို့အလို့ငှာ အသင်းတော်၏ အသက်တာကို သူတွေ့ကြုံရန် မလိုအပ်ဟု ဘုရားသခင် ပြောသည့်အရာမှ ထိုအရာကို သိရပေသည်။ ၎င်းတို့သည် အသစ်သော နည်းလမ်းတစ်ခုထဲသို့ ဝင်ရောက်မှုကို ယခုပင်ကြိုးပမ်းရရှိသောကြောင့်၊ လူတို့သည် မိမိတို့၏ အပျက်သဘောဆောင်သော အရာများကို မိမိတို့ထံမှ အပြည့်အဝ မဖယ်ရှားရသေးပေ။ အလောင်းကောင်များ၏ အနံ့က အသင်းတော်တစ်လျှောက် လေနှင့်ပါလာဆဲ ဖြစ်သည်။ ယင်းမှာ လူတို့သည် ဆေးဝါးကို ယခုပင် မှီဝဲပြီး ကြက်သေသေနေကြဆဲ ဖြစ်သည့်အလား၊ ၎င်းတို့ သတိ အပြည့်အဝ ပြန်မလည်လာကြသေးသည့်အလား ဖြစ်သည်။ ယင်းမှာ ၎င်းတို့သည် ထိတ်လန့်မှုအလယ်တွင် ရှိဆဲဖြစ်လျက် မိမိတို့ကိုယ်ကိုယ် မလွန်ဆန်နိုင်သဖြင့် သေခြင်းဖြင့် ခြိမ်းခြောက်ခံကြရဆဲ ဖြစ်သည့်အလား ဖြစ်သည်။ “လူသားများအားလုံးသည် မိမိကိုယ်ကိုယ် သိကျွမ်းခြင်းမရှိသော အဖန်ဆင်းခံသတ္တဝါများ ဖြစ်ကြ၏။” ဤထုတ်ပြန်ချက်ကို ပြောဆိုထားပုံသည် အသင်းတော် တည်ဆောက်ခြင်းအပေါ် အခြေခံဆဲ ဖြစ်သည်။ အသင်းတော်ထဲက လူအားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အာရုံစိုက်ကြသည်ဆိုသည့် အချက်ရှိသော်လည်း၊ ၎င်းတို့၏ သဘာဝများသည် ခွဲခြားမရအောင် နက်နက်ရှိုင်းရှိုင်း အရိုးစွဲနေဆဲ ဖြစ်သည်။ ဤသည်ကြောင့် လူတို့သည် ၎င်းတို့၏ မာနအလယ်တွင် သူ၏နှုတ်ကပတ်တော်များအားဖြင့် ရိုက်နှက်ခံရခြင်းကို ၎င်းတို့ လက်ခံကောင်းလက်ခံကြမည်ဟု ယခင်အဆင့်တွင် လူတို့ကို တရားစီရင်ဖို့ ထိုနည်းအတိုင်း ဘုရားသခင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ လူတို့သည် အနက်ဆုံးသော တွင်းထဲတွင် ငါးလကြာ စစ်ဆေးခြင်းကို ကြုံခဲ့ရသော်လည်း၊ ၎င်းတို့၏ တကယ့်အခြေအနေမှာ ဘုရားသခင်ကို မသိကျွမ်းခြင်း အခြေအနေ ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းတို့သည် အကျင့်ပျက်ကြဆဲဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ် သာ၍သာ သတိရှိလာကြပေပြီ။ ဤအဆင့်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိကျွမ်းခြင်း လမ်းကြောင်းပေါ် လူတို့ လျှောက်လှမ်းသည့် ပထမဦးဆုံး မှန်ကန်သည့် အဆင့်ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရနှင့် ဆက်နွှယ်ရာတွင်၊ အမှု၏ ယခင်အစိတ်အပိုင်းက ယနေ့အတွက် လမ်းခင်းပေးသည် ဆိုသည်နှင့် ယခုအချိန်တွင်သာ အရာခပ်သိမ်း ပုမှန်ပြန်ဖြစ်သည် ဆိုသည်တို့ကို မြင်ရန် မခက်ပေ။ လူတို့၏ သေစေနိုင်သော အားနည်းချက်မှာ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို ရရှိဖို့နှင့် စဉ်ဆက်မပြတ် ကန့်သတ်ချုပ်ချယ်မှုကို ရှောင်ရှားဖို့အလို့ငှာ ဘုရားသခင်၏ ဝိညာဉ်ကို ကိုယ်တော်၏ ဇာတိပကတိကိုယ်မှ ခွဲခြားတတ်လေ့ရှိခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူသားများကို “ပျော်ရွှင်မြူးထူးစွာ လူးလာပျံသန်းသည့်” ငှက်ငယ်လေးများကဲ့သို့ ဖော်ပြသည့် အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အားလုံး၏ တကယ့်အခြေအနေဖြစ်သည်။ ယင်းမှာ လူအားလုံးကို ပြိုလဲဖို့ အလွယ်ကူဆုံးဖြစ်စေသည့် အရာဖြစ်ပြီး မိမိတို့၏ လမ်းခရီး ပျောက်ဆုံးဖို့ အဖြစ်နိုင်ဆုံးသော နေရာ ဖြစ်သည်။ လူသားမျိုးနွယ်ကြားတွင် စာတန်၏ အလုပ်မှာ ဤအလုပ်ထက် ဘာမျှမပိုသည်မှာ ဤအရာတွင် သိသာလေသည်။ ယင်းကို စာတန်က လူတို့အထဲတွင် လုပ်ဆောင်လေလေ၊ ၎င်းတို့နှင့်သက်ဆိုင်သော ဘုရားသခင်၏ သတ်မှတ်ချက်များ တင်းကျပ်လေလေ ဖြစ်သည်။ သူ၏ နှုတ်ကပတ်တော်များကို လူတို့ အာရုံစိုက်ကြရန် ဘုရားသခင် တောင်းဆိုသော်လည်း၊ စာတန်က ပျက်ပြားစေဖို့ ကြိုးစားလုပ်ဆောင်၏။ သို့သော်၊ ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်များကို သာ၍ အာရုံစိုက်ရန် လူတို့ကို အစဉ်အမြဲ သတိပေးပြီးဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ လောကထဲတွင် ဖြစ်ပွားနေသည့် စစ်ပွဲ၏ အထွတ်အထိပ်ဖြစ်သည်။ ယင်းကို ဤနည်းဖြင့် ပြော၍ရသည်- လူသား၏အထဲတွင် ဘုရားသခင် လုပ်ဆောင်လိုသည့်အရာသည် စာတန် ဖျက်စီးလိုသည့်အရာ အတိအကျဖြစ်ပြီး၊ စာတန် ဖျက်စီးလိုသည့်အရာသည် လုံးဝ မကွယ်မဝှက်ဘဲ လူသားမှတဆင့် ထုတ်ဖော်ပြထားသည်။ လူတို့အထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် အရာနှင့်ဆိုင်သော ရှင်းလင်းသည့် ဥပမာများ ရှိ၏- ၎င်းတို့၏ အခြေအနေများ ကောင်းသထက် ကောင်းလာကြသည်။ လူသားမျိုးနွယ်ထဲ၌ စာတန်၏ ဖျက်ဆီးခြင်း၏ ရှင်းလင်းသော ကိုယ်စားပြုချက်များလည်း ရှိ၏- ၎င်းတို့သည် အကျင့်စာရိတ္တပျက်ပြားသထက် ပျက်ပြားလာကြပြီး ၎င်းတို့၏ အခြေအနေများက သာ၍ နိမ့်ကျစွာ ကျဆင်းနေလေသည်။ ၎င်းတို့၏ အခြေအနေများ ကြောက်မက်ဖွယ် အလုံအလောက် ဖြစ်လာသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် စာတန်၏ ဖမ်းဆီးခြင်းခံရဖွယ် ရှိလေသည်။ ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် ပါရှိသည့်အတိုင်း အသင်းတော်၏ တကယ့် အခြေအနေဖြစ်ပြီး၊ ဝိညာဉ်ရေးရာလောက၏ တကယ့်အခြေအနေလည်း ဖြစ်၏။ ယင်းသည် ဝိညာဉ်ရေးရာလောက၏ အင်အားများ ထင်ဟပ်မှုတစ်ခု ဖြစ်သည်။ လူတို့သည် ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ဖို့ ယုံကြည်စိတ်ချမှု မရှိကြပါက၊ ၎င်းတို့၌ စာတန်၏ ဖမ်းဆီးခံရမည့် အန္တရာယ် ရှိနေ၏။ ဤသည်မှာ အမှန်တရားဖြစ်သည်။ လူများသည် ဘုရားသခင် နေရာယူဖို့အတွက် မိမိတို့၏ နှလုံးသားများကို အပြည့်အဝ အမှန်တကယ် ဆက်ကပ်နိုင်ပါက၊ ယင်းမှာ ဘုရားသခင်က၊ “၎င်းတို့သည်၊ ငါ၏ ရှေ့မှောက်၌ ရှိချိန်တွင် နွေးထွေးမှုကို မြည်းစမ်းရင်း ငါ၏ ထွေးပွေ့မှုတွင် ရှိပုံရသည်” ဟု ပြောပြီးသည့်အတိုင်း ဖြစ်သည်။ ဤအရာက လူသားမျိုးနွယ်နင့် သက်ဆိုင်သော ဘုရားသခင်၏ သတ်မှတ်ချက်များက မမြင့်မားသည်ကို ပြလေသည်။ ၎င်းတို့ ထပြီး သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့ရန်သာ သူ လိုအပ်ပေသည်။ ဤသည်မှာ လွယ်ကူပြီး ပျော်စရာကောင်းသည့် အရာတစ်ခု မဟုတ်လော။ ဤသည်မှာ သူရဲကောင်းတိုင်းနှင့် ကြီးမြတ်သောလူသားတိုင်းကို ဝေခွဲမရဖြစ်စေသည့် အရာတစ်ခုလော။ ယင်းမှာ စစ်ဦးစီးများကို စစ်မြေပြင်မှ ဆွဲထုတ်ပြီး သိုးမွေးထိုးစေသည့်အလား ဖြစ်သည်- ဤ “သူရဲကောင်းများ”သည် အခက်အခဲများဖြင့် မလှုပ်ရှားနိင်အောင် ဖြစ်ကြပြီး မည်သည့်အရာ လုပ်ဆောင်ရမည်ကို ၎င်းတို့ မသိကြချေ။
လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များအနက် အကြီးမားဆုံးမှာ မည်သည့်အပိုင်းပင်ဖြစ်ပါစေ၊ ယင်းသည် လူသားမျိုးနွယ်အပေါ် စာတန်၏ တိုက်ခိုက်မှု အပြင်းထန်ဆုံး ဖြစ်မည့် အပိုင်းဖြစ်ပြီး၊ ထို့သို့ဖြစ်သဖြင့် လူအားလုံး၏ အခြေအနေများသည်လည်း လျော်ညီစွာ ထုတ်ဖော်ပြခံရလေသည်။ “ငါ၏ရှေ့မှောက်တွင် ရပ်နေသော သင်တို့ထဲမှ မည်သူသည် လေသယ်ဆောင်သွားသော နှင်းပွင့်ကဲ့သို့ ဖြူစင်ကာ ကျောက်စိမ်းကဲ့သို့ ပြစ်မျိုးမှဲ့မထင်ဖြစ်မည်နည်း။” လူအားလုံးသည် ဘုရားသခင်ကို နားပူနားဆာလုပ်ကာ သူ့ထံမှ အမှုအရာများကို ကွယ်ဝှက်ကြဆဲ ဖြစ်သည်။ ၎င်းတို့ ကိုယ်တိုင်၏ အထူးအကြံအစည်များကို ၎င်းတို့ ဆောင်ရွက်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား စိတ်ကျေနပ်စေဖို့ သူ၏ လက်ထဲတွင် လုံးလုံးလျားလျား မထားကြရသေးသော်လည်း၊ စိတ်ပါဝင်စားနေခြင်းအားဖြင့် သူ၏ ဆုလာဘ်များကို ရရှိရန် ဆန္ဒရှိကြလေသည်။ အရသာရှိသော အစာကို လူတို့ စားကြသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်ကို ဘေးဖယ်ထားကာ၊ ထိုနေရာတွင် ရပ်လျက်သားထားခဲ့ကာ၊ “ကိုင်တွယ်” ခံရဖို့ စောင့်ဆိုင်းနေစေကြလေသည်။ လူတို့သည် လှပသည့် အဝတ်အစားများ ရှိကြသည့်အခါ၊ မိမိတို့ကိုယ်တိုင်၏ အလှကို ကြည်နူးရင်း မှန်ရှေ့တွင် ရပ်ကြပြီး၊ ၎င်းတို့၏ စိတ်နှလုံးနက်ရှိုင်းသော နေရာတွင် ဘုရားသခင်ကို စိတ်ကျေနပ်အောင် မပြုကြချေ။ ၎င်းတို့ အဆင့်အတန်း ရှိကြသည့်အခါ၊ ဇိမ်ခံပစ္စည်းများနှင့် ပြည့်စုံသော ပျော်မွေ့ဖွယ်ရာများ ရှိကြသည့်အခါ၊ ၎င်းတို့၏ အဆင့်အတန်း ထိပ်ဖျားတွင် ထိုင်ကြပြီး ယင်းကို စတင်မွေ့လျော်ကြ၏၊ သို့သော် ဘုရားသခင်၏ ချီးမြှောက်ခြင်း ရလဒ်တစ်ခုအနေ့ဖြင့် မိမိတို့ကိုယ်ကိုယ် မနှိမ့်ချကြချေ။ ယင်းအစား၊ ၎င်းတို့သည် မိမိတို့၏ ကြီးကျယ်သော စကားများကို ပြောဆိုရင်း မိမိတို့၏ မြင့်သောနေရာများတွင် ရပ်ကာ ဘုရားသခင်ရှိနေခြင်းကို အာရုံမစိုက်ကြသည်သာမက သူ၏ အဖိုးတန်မှုကို သိရှိဖို့ မကြိုးစားကြချေ။ လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် ကိုးကွယ်ရာရုပ်တုတစ်ခု ရှိကြသည့်အခါ၊ သို့မဟုတ် ၎င်းတို့၏ စိတ်နှလုံးများကို အခြားတစ်စုံတစ်ဦးက သိမ်းပိုက်ထားသည့်အခါ၊ ယင်းမှာ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သူစိမ်းတစ်ဦးသာ ဖြစ်သည့်အလား ဘုရားသခင်၏ ရှိနေခြင်းကို ၎င်းတို့ ငြင်းပယ်နှင့်ကြပြီးဖြစ်သည်ဟု ဆိုလိုပေသည်။ ၎င်းတို့အတွက် အခြားသူများ၏ ချစ်ခြင်းမေတ္တာကို ဘုရားသခင် ခိုးယူမည်ကို ၎င်းတို့ ကြောက်လန့်ကြပြီး ထို့နောက် ၎င်းတို့ အထီးကျန် ခံစားရမည်ကို ကြောက်လန့်ကြလေသည်။ ဘုရားသခင်၏ နဂိုမူလ ရည်ရွယ်ချက်မှာ ကမ္ဘာမြေပေါ်ရှိ မည်သည့်အရာကမျှ လူတို့ကို သူ့အား လျစ်လျူမရှုစေသင့်ကြောင်း ဖြစ်ပြီး၊ လူတို့ကြားတွင် ချစ်ခြင်းမေတ္တာ ရှိနိုင်သော်လည်း ဘုရားသခင်ကို ဤ “ချစ်ခြင်းမေတ္တာ”မှ နှင်ထုတ်၍ မရနိုင်ပေ။ လောကနှင့်ဆိုင်သော အရာများသည်- မမြင်ရသကဲ့သို့ ထိ၍မရနိုင်သည့် လူတို့ကြားက ခံစားချက်များပင်လျင်- အချည်းနှီးဖြစ်သည်။ ဘုရားသခင်၏ တည်ရှိခြင်းမရှိဘဲနှင့်၊ အဖန်ဆင်းခံသတ္တဝါများအားလုံးသည် နတ္တိအဖြစ်သို့ ပြန်ရောက်လိမ့်မည်။ ကမ္ဘာမြေပေါ်တွင်၊ လူအားလုံးသည် မိမိတို့ ချစ်သည့်အရာများ ရှိကြသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ချစ်သည့်အရာအဖြစ် မည်သူမျှ သဘောမထားကြဖူးပေ။ ဤအရာက သူ၏ နှုတ်ကပတ်တော်များကို လူတို့ နားလည်သည့် အတိုင်းအတာကို သတ်မှတ်ပေးလေသည်။ သူ၏ နှုတ်ကပတ်တော်များသည် ပြင်းထန်သော်လည်း၊ လူတို့သည် ထိုနှုတ်ကပတ်တော်များကို အစစ်အမှန် အာရုံမစိုက်ကြသည့်အတွက် ထိုနှုတ်ကပတ်တော်များအားဖြင့် မည်သူမျှ အနာတရမဖြစ်ပေ။ ယင်းထက်၊ ထိုနှုတ်ကပတ်တော်များကို ပန်းတစ်ပွင့်ကို လေ့လာကောင်း လေ့လာမည့် အလား ၎င်းတို့ လေ့လာကြသည်။ ၎င်းတို့သည် သူ၏ နှုတ်ကပတ်တော်များကို မိမိတို့ဘာသာ မြည်းစမ်းနိုင်သည့် သစ်သီးကဲ့သို့ သဘောမထားကြပေ၊ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရကို ၎င်းတို့ မသိကြချေ။ “အကယ်၍ လူသားများသည် ငါ့ဓား၏ ထက်မြမှုကို စစ်မှန်စွာ မြင်တွေ့နိုင်ခဲ့ကြမည် ဆိုပါက၊ ၎င်းတို့သည် ကြွက်များကဲ့သို့ ၎င်းတို့၏ တွင်းများထဲသို့ သုတ်သုတ်ပျာပျာ ပြေးသွားကြမည် ဖြစ်သည်။” ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ပုံမှန် လူတစ်ဦး၏ အခြေအနေတွင်ရှိသူတစ်ဦးသည် အရှက်တရားပြည့်လျက် ကြက်သေသေသွားလိမ့်မည်ဖြစ်ပြီး၊ အခြားသူများကို မျက်နှာချင်းဆိုင်နိုင်မည် မဟုတ်။ သို့သော်၊ ယနေ့ခေတ်တွင်၊ လူတို့သည် ဆန့်ကျင်ဘက် အတိအကျ ဖြစ်ကြ၏- ၎င်းတို့သည် အခြားသူများကို ထိုးနှိက်တိုက်ခိုက်ဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်နက်တစ်ခုအဖြစ် အသုံးပြုကြလေသည်။ ၎င်းတို့သည် ဧကန်အမှန် အရှက်မသိကြချေ။
ဘုရားသခင်၏ မိန့်မြွက်ချက်များဖြင့်၊ ဤဖြစ်တည်မှု အခြေအနေထဲသို့ ငါတို့ ခေါ်ဆောင်ခံရပြီးဖြစ်သည်- “နိုင်ငံတော်အတွင်းတွင်၊ မိန့်မြွက်ချက်များကို ငါ၏ နှုတ်မှ ထုတ်ပြန်သည်သာမက၊ ငါ၏ခြေသည်လည်း မြေတစ်ပြင်လုံးအနှံ့ ဟိတ်ဟန်ရှိစွာ နင်းလျှောက်လေသည်။” ဘုရားသခင်နှင့် စာတန်ကြား စစ်ပွဲတွင်၊ လမ်းခရီး၏ အဆင့်တိုင်းကို ဘုရားသခင် အနိုင်ရနေ၏။ သူသည် သူ၏အမှုကို စကြဝဠာတစ်ခွင်လုံး အကြီးအကျယ် တိုးချဲ့နေပြီး၊ နေရာတကာတွင် သူ၏ခြေရာများနှင့် သူ၏အောင်မြင်ခြင်း လက္ခဏာများရှိသည်ဟု ဆိုနိုင်ပေသည်။ စာတန်သည် သူ၏ အကြံအစည်များတွင့် နိုင်ငံများကို ဖြိုခွဲခြင်းဖြင့် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ဖျက်စီးဖို့ မျှော်လင့်သော်လည်း၊ ဘုရားသခင်သည်- ပပျောက်သွားစေဖို့မဟုတ်ဘဲ- စကြဝဠာတစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းဖို့ ဤဖြိုခွဲခြင်းကို အခွင့်ကောင်းယူလိုက်ပြီ ဖြစ်သည်။ ဘုရားသခင်သည် အသစ်သောအရာ တစ်ခုခုကို နေ့စဉ် လုပ်ဆောင်သော်လည်း လူတို့ သတိမထားမိကြပေ။ ဝိညာဉ်ရေးရာ လောက၏ အင်အားများကို ၎င်းတို့ အာရုံမစိုက်ကြသောကြောင့် ၎င်းတို့သည် ဘုရားသခင်၏ အသစ်သော အမှုကို မမြင်နိုင်ကြချေ။ “အာကာသ အတွင်းတွင်၊ အရာရာသည် ကောင်းကင်ဘုံများထက် သာလွန်သော ကောင်းကင်ဘုံတစ်ခု၌ ယခုတည်ရှိသည့်အလား၊ စာတန်၏ ကိုယ်ထိလက်ရောက် စော်ကားခြင်း မခံရသကဲ့သို့၊ ပြင်ပရန်သူများ၏ တိုက်ခိုက်ခြင်းများနှင့် ကင်းရှင်းလျက်၊ လူသား၏ စိတ်ကူးစိတ်သန်း ထဲတွင် စိတ်ကူးထားသည့်အတိုင်း၊ စိတ်အာရုံများကို ဘဝင်ခိုက်စေပြီး လူတို့၏ စိတ်ဝိညာဉ်များကို တက်ကြွစေသည့် ကြည်နူးအားရဖွယ် သွင်ပြင်လက္ခဏာတစ်ခု ဆောင်လျက် ငါ့ဘုန်း၏ တောက်ပမှု၌ အသစ်ကဲ့သို့ ထွန်းလင်းကြလေသည်။” ဤအရာက ကမ္ဘာမြေပေါ်ရှိ ခရစ်တော်နိုင်ငံ၏ ဝမ်းမြောက်ဖွယ် မြင်ကွင်းကို ကြိုတင်ဟောကိန်းထုတ်ပြီး၊ တတိယ ကောင်းကင်ဘုံ၏ အခြေအနေကိုလည်း လူသားမျိုးနွယ်အား မိတ်ဆက်ပေးလေသည်- စာတန်၏ အင်အားစုများ၏ တိုက်ခိုက်မှုတစ်ခုမျှ မရှိဘဲ၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် သန့်ရှင်းသော အရာများသာ ထိုနေရာတွင် တည်ရှိ၏။ သို့သော် အရေးကြီးဆုံးသောအရာမှာ ဘုရားသခင် ကိုယ်တိုင်၏ ကမ္ဘာမြေပေါ်ကအမှု၏ အခြေအနေများကို လူတို့အား မြင်တွေ့ခွင့်ပေးခြင်း ဖြစ်သည်- ကောင်းကင်သည် ကောင်းကင်သစ်တစ်ခု ဖြစ်ပြီး၊ ယင်းနောက် ကမ္ဘာမြေသည်လည်းပဲ အသစ်ပြုပြင်ထားလေသည်။ ဤသည်မှာ ဘုရားသခင်ကိုယ်တိုင်၏ လမ်းပြမှုအောက်၌ရှိသည့် အသက်တာဖြစ်သောကြောင့်၊ လူအားလုံးသည် အတိုင်းမသိ ပျော်ရွှင်ကြလေသည်။ ၎င်းတို့၏ အသိထဲတွင်၊ စာတန်သည် လူသားမျိုးနွယ်၏ “အကျဉ်းသား” ဖြစ်ပြီး ယင်းတည်ရှိခြင်းကြောင့် ၎င်းတို့ လုံးဝ မကြောက်ပေ၊ သို့မဟုတ် မစိုးရိမ်ပေ။ ဘုရားသဘာဝမှ တိုက်ရိုက် ညွှန်ကြားခြင်းနှင့် လမ်းပြမှုကြောင့်၊ စာတန်၏ အကြံအစည်အားလုံးသည် အချည်းနှီးဖြစ်သွားပြီး ဤအရာသည်ပင် စာတန်သည် ဘုရားသခင်၏ အမှုအားဖြင့် ပျက်ပြုန်းသွားလျက် မတည်ရှိတော့သည်ကို သက်သေပြရန် လုံလောက်ပေသည်။ ထို့ကြောင့် “ကောင်ကင်များ အလွန် ကောင်းကင်တစ်ခုတွင် တည်ရှိသည်” ဟု ပြောရခြင်း ဖြစ်သည်။ ဘုရားသခင်က၊ “မည်သည့်နှောင့်ယှက်မှုမျှ မပေါ်ပေါက်ဖူးသကဲ့သို့၊ အာကာသသည် ပြိုကွဲမခံရဖူးပေ” ဟု ပြောသည့်အချိန်တွင်၊ သူသည် ဝိညာဉ်ရေးရာ လောက၏ အခြေအနေကို ရည်ညွှန်းနေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က စာတန်အား အောင်ပွဲကြေငြာကြောင်း သက်သေဖြစ်ပြီး၊ ဘုရားသခင်၏ နောက်ဆုံး အောင်ပွဲ၏လက္ခဏာ ဖြစ်သည်။ မည်သူမျှ ဘုရားသခင်၏စိတ်ကို မပြောင်းလဲနိုင်သကဲ့သို့ မည်သူမျှ မသိနိုင်ပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ၎င်းတို့ကို လေးနက်မှုဖြင့် ဆန်းစစ်ကြပြီးဖြစ်သော်လည်း၊ ထိုနှုတ်ကပတ်တော်များ၏ အနှစ်သာရကို ၎င်းတို့ မဖော်ပြနိုင်မြဲ ဖြစ်ကြလေသည်။ ဥပမာအားဖြင့်၊ ဘုရားသခင်က၊ “ငါသည် ကြယ်များအထက်တွင် ခုန်ပျံကျော်လွှားမှုများကို ဆောင်ရွက်ပြီး၊ နေသည် ၎င်း၏ ရောင်ခြည်တန်းများကို ပစ်လွှတ်လေသောအခါတွင်၊ ငါ၏လက်များမှ လွင့်မျောကျလာသော ငန်း၏ အမွေးအတောင်များတမျှ ကြီးမားသော ဧရာမ ဆီးနှင်းပွင့်များ အပြိုက်ပြိုက်တို့ကို စေလွှတ်ရင်း၊ ငါသည် နေရောင်ခြည်တန်းများ၏ အနွေးဓာတ်ကို ပိတ်ကွယ်စေသည်။ သို့သော် ငါစိတ်ပြောင်းသွားသည့်အခါတွင်၊ ထိုနှင်းအားလုံးသည် မြစ်တစ်စင်းထဲသို့ အရည်ပျော်သွားပြီး တစ်ခဏချင်းအတွင်း မိုးကောင်းကင်အောက် နေရာအနှံ့အပြား၌ နွေဦးရာသီ ပေါ်ပေါက်လာပြီး မြစိမ်းရောင်သည် ကမ္ဘာမြေပေါ်ရှိ ရှုခင်းတစ်ခုလုံးကို အသွင်ပြောင်းလိုက်သည်” ဟု ဆိုလေသည်။ ဤနှုတ်ကပတ်တော်များကို မိမိတို့၏ စိတ်များထဲတွင် လူတို့ စိတ်ကူးပုံဖော်နိုင်ကြသော်လည်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ ဤမျှ မရိုးရှင်းပေ။ ကောင်းကင်အောက် အယောက်တိုင်းသည် ကြက်သေသေကြချိန်တွင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း အသံကို မိန့်မြွက်၏၊ ထိုသို့ဖြင့် လူတို့၏ စိတ်နှလုံးများကို နိုးထစေလေသည်။ သို့သော်၊ ၎င်းတို့အပေါ် ဘေးဒုက္ခမျိုးစုံ ကျရောက်သောကြောင့်၊ လောက၏ စိတ်ပျက်ဖွယ်ကောင်းခြင်းကို ၎င်းတို့ ခံစားကြရသည်၊ ထို့ကြောင့် ၎င်းတို့အားလုံး သေခြင်းကို ရှာဖွေကြပြီး အလွန်အေးသည့်၊ ရေခဲတမျှအေးသည့် ဂူများထဲတွင် ရှိကြလေ၏။ ကြီးမားသည့် နှင်းမုန်တိုင်းများ၏ အအေးဓာတ်ဖြင့် ၎င်းတို့ အေးခဲကြသည်မှာ ကမ္ဘာမြေပေါ်တွင် အနွေးဓာတ် ကင်းမဲ့သည့်အတွက် ၎င်းတို့ မရှင်သန်နိုင်ကြသည်အထိ ဖြစ်သည်။ လူတို့ အချင်းချင်း သာ၍ရက်စက်စွာ သတ်ဖြတ်နေကြသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကြောင့် ဖြစ်၏။ ပြီးလျှင် အသင်းတော်ထဲတွင်၊ လူအများစုသည် အဆင်းနီသော နဂါးကြီး၏ တစ်ကျိုက်တည်း မျိုချခြင်းခံရကြလိမ့်မည်။ စမ်းသပ်မှုအားလုံး လွန်သွားသည့်နောက်တွင်၊ စာတန်၏ နှောင့်ယှက်မှုများ ဖယ်ရှားခံရလိမ့်မည်။ ထိုသို့ဖြင့် လောကတစ်ခုလုံးသည်၊ ပြောင်းလဲခြင်းအလယ်တွင်၊ နွေဦးရာသီက စိမ့်ဝင်ပျံ့နှံ့လိမ့်မည်၊ အနွေးဓာတ်က ကမ္ဘာမြေကို လွှမ်းခြုံလိမ့်မည်ဖြစ်ပြီး လောကသည် အားအင်အပြည့် ဖြစ်လိမ့်မည်။ ဤသည်တို့မှာ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ အဆင့်များအားလုံး ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့် “ည” မှာ ညအချိန်အတွင်း ဖြစ်ပျက်မည့် စာတန်၏ ရူးသွပ်မှု အထွတ်အထိပ်ရောက်သည့်အချိန်ကို ရည်ညွှန်းပေသည်။ ယင်းမှာ ယခုတွင်ပင် ဖြစ်ပျက်နေသည့်အရာ မဟုတ်လော။ ဘုရားသခင်၏ အလင်းအောက်တွင် လူအားလုံး အသက်ရှင်ကျန်ကြသော်လည်း၊ ညအမှောင်၏ ဆင်းရဲပင်ပန်းမှုဒဏ်ကို ခံစားနေကြရလေသည်။ စာတန်၏ ချည်နှောင်မှုများမှ ၎င်းတို့ မလွတ်မြောက်နိုင်ပါက၊ အမှောင်ညအလယ်တွင် ထာဝရ အသက်ရှင်ကြရလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေပေါ်က နိုင်ငံများကို ကြည့်လော့- ဘုရားသခင်၏အမှု၏ အဆင့်များကြောင့်၊ ကမ္ဘာမြေပေါ်က နိုင်ငံများသည် “ဟိုဟိုသည်သည်ပြေးနေကြ”ပြီး အသီးသီးက “မိမိကိုယ်တိုင်၏ သင့်တော်သည့် ခရီးပန်းတိုင်ကို ရှာဖွေနေကြသည်။” ဘုရားသခင်၏နေ့ရက် ရောက်မလာသေးသောကြောင့်၊ ကမ္ဘာမြေပေါ်က အရာအားလုံးသည် ရှုပ်ထွေးသော ဆူပူမှု အခြေအနေတစ်ခုထဲတွင် ရှိမြဲရှိကြလေသည်။ စကြဝဠာတစ်ခုလုံးထံ သူ ပွင့်ပွင့်လင်းလင်း ပေါ်ထွန်းသည့်အခါ၊ သူ၏ ဘုန်းအသရေသည် ဇိအုန်တောင်ကို ပြည့်လွှမ်းလိမ့်မည်ဖြစ်ပြီး အရာခပ်သိမ်းသည် သူ၏ လက်များဖြင့် စီစဉ်ခံရမည်ဖြစ်သကဲ့သို့ စနစ်တကျဖြစ်ကာ သေသေသပ်သပ် ရှိလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယနေ့ကို မိန့်ဆိုသည်သာမက၊ မနက်ဖြန်ကိုလည်း ဟောကိန်းထုတ်လေသည်။ ယနေ့သည် မနက်ဖြန်၏ အခြေခံအုတ်မြစ်ဖြစ်၏၊ ထို့ကြောင့် ယနေ့ အခြေအနေအရ ဘုရားသခင်၏ မိန့်မြွက်ချက်များကို အဘယ်သူမျှ အပြည့်အဝ နားမလည်နိုင်ပေ။ သူ၏ နှုတ်ကပတ်တော်များ အပြည့်အဝ ပြည့်စုံသည့်နောက်တွင်မှ လူသားများသည် ၎င်းတို့ကို အလုံးစုံ နားလည်နိုင်ကြလိမ့်မည်။
ဘုရားသခင်၏ ဝိညာဉ်သည် စကြဝဠာထဲက နေရာလပ်အားလုံးကို ဖြည့်၏၊ သို့သော် လူအားလုံးအတွင်းတွင်လည်း သူ အမှုပြုလေသည်။ ထိုသို့ဖြစ်သဖြင့်၊ လူတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင်၏ ပုံပန်းက နေရာတိုင်းတွင် ရှိပြီး နေရာတကာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ပါရှိသည့်အလား ဖြစ်သည်။ အမှန်စင်စစ်၊ ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်ထွန်းခြင်း ရည်ရွယ်ချက်မှာ စာတန်၏ ဤစံပြဖြစ်သူများကို သိမ်းပိုက်ဖို့ဖြစ်ပြီး၊ နောက်ဆုံးတွင် ၎င်းတို့ကို ရရှိဖို့ ဖြစ်သည်။ သို့သော် ဇာတိပကတိ၌ အမှုပြုစဉ်တွင်၊ ဤလူတို့ကို ပြောင်းလဲစေဖို့ ဝိညာဉ်တော်သည်လည်း ဇာတိပကတိနှင့် ပူးပေါင်းလုပ်ဆောင်နေလေသည်။ ဘုရားသခင်၏ လုပ်ရပ်များ လောကတစ်ခွင်အနှံ့ တိုးချဲ့ထားပြီး သူ၏ ဝိညာဉ်တော်က စကြဝဠာတစ်ခွင်လုံးကို လွှမ်းခြုံသည်ဟု ပြောနိုင်သော်လည်း၊ သူ၏အမှုတော်၏ အဆင့်များကြောင့် ကောင်းသည့်အရာ လုပ်ဆောင်သူတို့သည် ဆုလာဘ်မချီးမြှင့်ခံရသေးစဉ်၊ မကောင်းမှုပြုသူတို့သည် အပြစ်ဒဏ်ပေးမခံရသေးပေ။ ထို့ကြောင့်၊ သူ၏ လုပ်ဆောင်ချက်များသည် ကမ္ဘာမြေ၏ လူအားလုံး၏ ချီးမွမ်းခြင်းကို မခံရသေးပေ။ သူသည် အရာခပ်သိမ်း အထက်နှင့် အတွင်း နှစ်ခုလုံးတွင် ရှိ၏။ ထို့အပြင်၊ သူသည် လူတို့ကြားတွင် ရှိသည်။ ဤသည်မှာ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ကို ပြသဖို့ လုံလောက်ပေသည်။ သူသည် လူသားများအားလုံးထံ ပွင့်ပွင့်လင်းလင်း မပေါ်ထွန်းသေးသောကြောင့်၊ ၎င်းတို့သည် “လူသားမျိုးနွယ်နှင့်ပတ်သက်သရွေ့၍ ငါသည် အမှန်တကယ် တည်ရှိသည်ဟု ထင်ရသော်လည်း ငါသည် ဖြစ်တည်ခြင်း မရှိဟုလည်း ထင်ရသည်” ကဲ့သို့သော ထင်ယောင်မှားမှုများ ဖြစ်ပေါ်ကြလေသည်။ ယခု ဘုရားသခင်ကို ယုံကြည်သူများထဲတွင်၊ ဘုရားသခင် အမှန်တကယ် တည်ရှိသည်ဟု မည်သူမျှ လုံးဝ တစ်ရာရာခိုင်နှုန်း မသေချာကြချေ။ ၎င်းတို့ အားလုံးသည် သုံးပိုင်းက သံသယရှိကြပြီး နှစ်ပိုင်းက ယုံကြည်မှုရှိကြလေသည်။ ဤသည်မှာ ယခု လူသားမျိုးနွယ်၏ အခြေအနေ ဖြစ်သည်။ ယနေ့ခေတ် လူများသည် အားလုံး အောက်ပါအခြေအနေတွင် ရှိကြ၏- ဘုရားသခင်တစ်ပါး ရှိသည်ကို ၎င်းတို့ ယုံကြည်ကြသော်လည်း သူ့ကို မမြင်ဖူးကြ၊ သို့မဟုတ် ဘုရားသခင်တစ်ပါးရှိသည်ကို မယုံကြည်ကြသော်လည်း လူသားမျိုးနွယ် မဖြေရှင်းနိုင်သည့် အခက်အခဲများစွာ ရှိလေသည်။ ကြည့်ရသည်မှာ ၎င်းတို့ကို ငြိတွယ်နေသည့် ၎င်းတို့ မလွတ်မြောက်နိုင်သည့် အရာတစ်စုံတစ်ခု အမြဲ ရှိပုံရ၏။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြသော်လည်း၊ မရေရာမှု အနည်းငယ် သူတို့ အမြဲခံစားရပုံပေါ်လေသည်။ သို့သော်၊ ၎င်းတို့ မယုံကြည်ပါက၊ သူတကယ်တည်ရှိပါက အခွင့်အရေး ဆုံးရှုံးကြရမည်ကို ၎င်းတို့ စိုးရွံ့ကြလေသည်။ ဤသည်မှာ ၎င်းတို့ စိတ်နှစ်ခွဖြစ်ခြင်း ဖြစ်သည်။
“ငါ၏အမည်နာမအတွက်၊ ငါ၏ဝိညာဉ်အတွက်၊ ပြီးလျှင် ငါ၏စီမံခန့်ခွဲမှုအစီအစဉ် တစ်ရပ်လုံးအတွက် မည်သူသည် ၎င်းတို့၏ အစွမ်းအစအားလုံးကို ဆက်ကပ်မှု ပြုနိုင်သနည်း။” ဘုရားသခင်က၊ “နိုင်ငံတော်သည် လူသားတို့၏ လောကကြီးထဲ၌ ရှိနေသော ယနေ့သည် လူသားမျိုးနွယ်ကြား လူပုဂ္ဂိုလ်အဖြစ် ငါကြွလာသော အချိန်ဖြစ်သည်။ ထိုသို့ မဟုတ်ပါက၊ ငါ့ကိုယ်စား စစ်မြေပြင်သို့ စိုးရိမ်ပူပင်ခြင်းတစ်ခုတစ်လေမျှမရှိဘဲ ရဲဝင့်စွာ သွားမည့်သူ ရှိပါ၏လော” ဟုလည်း ဆိုလေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ ရည်မှန်းချက်မှာ ဤသို့ဖြစ်၏- လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်က ဘုရားသဘာဝနှင့်ဆိုင်သည့် သူ၏အမှုကို တိုက်ရိုက် လုပ်ဆောင်ခြင်းကြောင့် မဟုတ်ပါက၊ သို့မဟုတ် သူသည် လူ့ဇာတိမခံဘဲ ယင်းအစား အမှုတော်ဆောင်များမှတဆင့် အမှုပြုခဲ့ပါက၊ ဘုရားသခင်သည် အဆင်းနီသော နဂါးကြီးကို ဘယ်သောအခါမျှ သိမ်းပိုက်နိုင်မည် မဟုတ်သကဲ့သို့ လူသားများကြားတွင် ရှင်ဘုရင်ကဲ့သို့ အုပ်စိုးနိုင်လိမ့်မည်လည်း မဟုတ်ပေ။ လူသားမျိုးနွယ်သည် ဘုရားသခင် ကိုယ်တိုင်ကို စစ်မှန်မှု၌ သိနိုင်လိမ့်မည်မဟုတ်၊ ထို့ကြောင့် ဤသည်မှာ စာတန်၏ အုပ်စိုးခြင်း ဖြစ်လိမ့်ဦးမည်ဖြစ်သည်။ ထို့ကြောင့်၊ ဤအမှု အဆင့်ကို ဘုရားသခင်သည် လူ့ဇာတိခံ ကိုယ်ခန္ဓာမှတဆင့် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်။ ဇာတိပကတိ ပြောင်းလဲပါက၊ မတူညီသော ဇာတိပကတိ၏ အရေးပါမှုနှင့် အနှစ်သာရတို့သည် တူညီမည်မဟုတ်သောကြောင့် အစီအစဉ်၏ ဤအဆင့်သည် ဘယ်သောအခါမျှ ပြီးဆုံးနိုင်မည် မဟုတ်ပေ။ ဘုရားသခင်သည် အရင်းအမြစ်ကို ဆုပ်ကိုင်ထားသောကြောင့် ဤနှုတ်ကပတ်တော်များ၏ တိုက်ရိုက် အဓိပ္ပါယ်ကိုသာ လူတို့ သဘောပေါက်နိုင်သည်။ ဘုရားသခင်က၊ “သို့သော် အားလုံးကို ထည့်သွင်း စဉ်းစားပြီးသည့်အချိန်တွင်၊ ဤသည်မှာ ဝိညာဉ်တော်၏ လုပ်ဆောင်မှုလော သို့မဟုတ် ဇာတိပကတိ၏ ဆောင်ရွက်ချက်လော ဆိုသည်ကို နားလည်သည့်သူ တစ်ယောက်မျှ မရှိပေ။ ဤအရာတစ်ခုကို အသေးစိတ် တွေ့ကြုံရန်ပင် တစ်သက်တာလုံး လူတို့ အချိန်ယူရပေလိမ့်မည်” ဟု ဆိုသည်။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ပေါင်းများစွာ ခံရပြီးဖြစ်ကာ ဝိညာဉ်ရေးရာ ကိစ္စများနှင့် သက်ဆိုင်သော မိမိတို့၏ အသိကို အချိန်ကြာမြင့်စွာက ၎င်းတို့ ဆုံးရှုံးခဲ့ကြ၏။ ဤအကြောင်းရင်းကြောင့်၊ ဘုရားနှုတ်ကပတ်တော်များ၏ ဝါကျတစ်ခုသည်ပင် လူတို့အတွက် မျက်စိစားပွဲထိုင်စရာ တစ်ခုကဲ့သို့ ဖြစ်လေသည်။ ဝိညာဉ်တော်နင့် စိတ်ဝိညာဉ်တို့ကြား ဝေးကွာမှုကြောင့်၊ ဘုရားသခင်ကို ယုံကြည်သူအားလုံးသည် သူ့ကို တမ်းတသည့် ခံစားချက်တစ်ခုကို ခံစားကြရပြီး၊ ၎င်းတို့အားလုံးသည် သူနှင့် သာ၍နီးလာဖို့ရန်နှင့် မိမိတို့၏ အတွင်းကျဆုံး ခံစားချက်များကို လွတ်လပ်စွာ ပြောဆိုဖို့ရန် လိုလားနေကြပေသည်။ သို့သော်၊ ၎င်းတို့သည် သူနှင့် အဆက်အသွယ် မလုပ်ဝံ့ကြသကဲ့သို့၊ ယင်းအစား တအံ့တဩဖြစ်ကျန်ရစ်ရုံသာ ရှိကြလေသည်။ ဤသည်မှာ ဝိညာဉ်တော် ပိုင်ဆိုင်သည့် ဆွဲဆောင်မှုတန်ခိုး ဖြစ်သည်။ ဘုရားသခင်သည် လူတို့အတွက် ချစ်ရမည့် ဘုရားသခင် ဖြစ်ပြီး သူ့အထဲတွင် ၎င်းတို့ ချစ်ဖို့ရန်အတွက် မရေမတွက်နိုင်သော အရာများရှိသောကြောင့်၊ အယောက်တိုင်း သူ့ကို ချစ်ပြီး အယောက်တိုင်းက သူ့ကို စိတ်ချယုံကြည်ရန် ဆန္ဒရှိကြသည်။ အမှန်တွင်၊ အယောက်တိုင်းသည် မိမိတို့ နှလုံးသားများထဲတွင် သူ့အတွက် ချစ်ခြင်းမေတ္တာ သိုထားကြ၏- စာတန်၏ နှောင့်ယှက်မှုများက ထုံသော၊ နုံအသော၊ သနားစဖွယ် လူတို့ကို ဘုရားသခင်အား သိကျွမ်းခြင်းမှ တားဆီးထားခြင်းမျှသာ ဖြစ်သည်။ ထို့ကြောင့် သူ့အတွက် လူသားများရှိကြသည့် စစ်မှန်သော ခံစားချက်များအကြောင်းကို ဘုရားသခင် ပြောဆိုရခြင်း ဖြစ်သည်- “လူသားများသည် ၎င်းတို့ နှလုံးသားများ၏ အတွင်းအကျကျတွင် ငါ့အား မည်သည့်အခါတွင်မျှ မစက်ဆုပ်ဖူးပေ။ ထို့ထက် ၎င်းတို့သည် ၎င်းတို့၏ စိတ်ဝိညာဉ်များ၏ နက်ရှိုင်းရာအရပ်များတွင် ငါ့ကို ဖက်တွယ်ထားကြသည်။...ငါ၏လက်တွေ့အရှိတရားသည် လူသားကို ဘာပြောရမှန်းမသိ ဖြစ်စေသည်၊ ကြက်သေသေစေကာ ဦးနှောက်ခြောက်စေသည်၊ သို့သော် ၎င်းတို့သည် ယင်းကို လက်ခံရန် လိုလားနေကြပေသည်။” ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သူတို့၏ စိတ်နှလုံးသားများ နက်ရှိုင်းရာထဲက တကယ့် အခြေအနေဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမှန်တကယ် သိရှိကြသည့်အခါ၊ သူ့အပေါ် ၎င်းတို့၏ သဘောထားသည် အလိုအလျောက် ပြောင်းလဲပြီး ၎င်းတို့ စိတ်ဝိညာဉ်များ၏ လုပ်ဆောင်ချက်ကြောင့် ၎င်းတို့၏ စိတ်နှလုံး အတွင်းနက်ရှိုင်းရာနေရာများမှ ချီးမွမ်းခြင်းကို မြွက်ဆိုနိုင်ကြလေသည်။ ဘုရားသခင်သည် လူအားလုံး၏ စိတ်ဝိညာဉ် နက်ရှိုင်းရာနေရာများတွင် ရှိ၏၊ သို့သော် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကြောင့်၊ လူတို့သည် ဘုရားသခင်ကို စာတန်နှင့် ရောထွေးမိကြသည်။ ယနေ့ ဘုရားသခင်၏ အမှုသည် ဤတကယ့်ပြဿနာဖြင့် စတင်ပြီး၊ ယင်းသည် ဝိညာဉ်ရေးရာ လောကထဲတွင် အစမှ အဆုံးအထိ တိုက်ပွဲ၏ အာရုံစိုက်ရာ ဖြစ်နေလေသည်။