အခန်း ၁၆

လူများ၏အမြင်တွင် ဘုရားသခင်သည် ကြီးမြတ်လွန်းသည်၊ ကြွယ်ဝလွန်းသည်၊ အံ့သြဖွယ်ကောင်းလွန်းသည်၊ နက်နဲခက်ခဲလွန်းသည်၊ လူတို့၏ မျက်စိများထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မြင့်မားရာသို့တက်ပြီး၊ လောကကြီး၏ ထူးကဲသော အပြောင်မြောက်ဆုံး လက်ရာအဖြစ် ပေါ်ထွက်လာသည်။ သို့သော်ငြားလည်း လူတို့တွင် အားနည်းချက် များစွာရှိပြီး၊ ၎င်းတို့၏ စိတ်များမှာလည်း အလွန်ပင် ရိုးစင်းလွန်းလှသောကြောင့်၊ ထို့အပြင် ၎င်းတို့၏ လက်ခံနိုင်သည့် စွမ်းရည်များမှာ အလွန်ပင် နည်းပါးလှသည့် အတွက်ကြောင့်၊ ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်များအား မည်ကဲ့သို့ပင် ရှင်းလင်းစွာ ပြောကြားသော်ငြားလည်း၊ ထိုသူတို့သည် စိတ်ရောဂါအား ခံစားနေရသည့်အလား ထိုင်နေလျက်၊ မရွေ့မလျားရှိနေကြသည်။ ၎င်းတို့ ဆာသောချိန်တွင်၊ ၎င်းတို့သည် စားရမည်ကို နားမလည်ကြ၊ ၎င်းတို့ ရေဆာချိန်တွင်၊ ရေသောက်ရမည်ကို ၎င်းတို့နားမလည်ကြ။ ဖော်ပြ၍ မရနိုင်သော ဆင်းရဲဒုက္ခသည် ၎င်းတို့ ဝိညာဉ်များ၏ နက်ရှိုင်းရာ အထဲတွင် ရှိနေသည့်အလား၊ ၎င်းတို့သည် စူးစူးဝါးဝါး အော်ဟစ်မြဲ အော်ဟစ်လျက်ပင် ရှိကြ၏၊ သို့သော်လည်း၊ ၎င်းတို့သည် ထိုအကြောင်းအား ပြောဆိုရန် မတတ်စွမ်း နိုင်ကြ။ ဘုရားသခင်သည် လူသားမျိုးနွယ်အား ဖန်ဆင်းခဲ့သော အခါ၌၊ သူ၏ ရည်ရွယ်ချက်မှာ လူသားသည် ပုံမှန် လူ့သဘာဝထဲတွင် အသက်ရှင်နေထိုင်ပြီး ၎င်းတို့၏ ပင်ကိုယ်အသိဉာဏ်နှင့် ညီထွေစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား လက်ခံကြရန်ဖြစ်သည်။ သို့သော်လည်း အစအဦး၌ လူသားသည် စာတန်၏ သွေးဆောင် ဖြားယောင်းမှုအား မလွန်ဆန်နိုင်သည့် အတွက်ကြောင့်၊ ယနေ့တွင် သူသည် သူ့ကိုယ်သူ လွတ်မြောက်စေရန် မတတ်စွမ်းနိုင်ဘဲ ရှိနေပြီး၊ နှစ်ထောင်ချီ စာတန်ဆောင်ရွက်ခဲ့သည့် စဥ်းလဲကောက်ကျစ်သော အကြံအစည်များအား သိမှတ်ခြင်းငှာ မစွမ်းနိုင်သေးဘဲ ရှိကြသည်၊ ထို့ပြင် လူသားတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ပြည့်စုံစွာ သိကျွမ်းရန်အတွက် ဉာဏ်စွမ်းများ ကင်းမဲ့သည်၊ ဤအရာများ အားလုံးက ယခုလက်ရှိ အခြေအနေသို့ ရောက်ရှိစေခဲ့ခြင်း ဖြစ်သည်။ ယနေ့ အခြေအနေများအရ၊ လူတို့သည် စာတန်၏ သွေးဆောင် ဖြားယောင်းမှု အန္တရာယ်ထဲ နေကြရတုန်းပင် ဖြစ်၏၊ ထို့ကြောင့် ဘုရားသခင် နှုတ်ကပတ်တော်များအား မှန်ကန်စွာ နားလည်ရန် မတတ်စွမ်းနိုင်ဘဲ ရှိနေသည်။ ပုံမှန်လူတို့၏ စိတ်နေသဘောထားများတွင် ကောက်ကျစ်စဥ်းလဲမှု သို့မဟုတ် လှည့်ဖြားမှုတို့ မရှိပေ၊ လူတို့သည် အချင်းချင်း တစ်ယောက် နှင့် တစ်ယောက် ပုံမှန်ဆက်ဆံရေး ရှိကြသည်၊ သူတို့သည် တစ်ဦးတည်း မရပ်တည်၊ သူတို့၏ အသက်တာများသည်လည်း သာမန်မျှသာ မဟုတ်သကဲ့သို့ ယိုယွင်းပျက်စီးမှုလည်း မရှိ။ ထိုနည်းတူစွာ ဘုရားသခင်သည် အားလုံးတို့အကြားတွင် ချီးမြှောက်ခံရသည်၊ သူ၏ နှုတ်ကပတ်တော်များသည်လည်း လူသားအလယ်တွင် စိမ့်ဝင်ပျံ့နှံ့သည်၊ ဘုရားသခင်၏ ကာကွယ်မှုနှင့် စောင့်ရှောက်မှု အောက်တွင် လူများသည် အချင်းချင်း တစ်ယောက်နှင့် တစ်ယောက် သဟဇာတဖြစ်လျက် နေထိုင်ကြသည်၊ စာတန်၏ နှောင့်ယှက်မှု မပါဘဲနှင့် ကမ္ဘာမြေကြီးသည်လည်း စည်းလုံးညီညွတ်မှုနှင့် ပြည့်လွှမ်းနေကာ၊ လူသားအလယ်တွင် ဘုရားသခင်၏ ဘုန်းတော်သည် အရေးကြီးဆုံး အရာအဖြစ် ရှိ၏။ ထိုကဲ့သို့သော လူများ သည် ကောင်းကင်တမန်များကဲ့သို့ ဖြစ်၏၊ ဖြူစင်သည်၊ အားမာန်ပြည့် လျက်ရှိသည်၊ ဘုရားသခင် အကြောင်းကို မည်သည့်အခါမျှ ညည်းညူ ပြောဆိုခြင်းမရှိဘဲ၊ ၎င်းတို့၏ လုံ့လအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ဘုန်းတော်တစ်ခုတည်း အတွက်သာ ဆက်ကပ်အပ်နှံထားကြသည်။ ယခုမူ မိုက်မှောင်ည၏ အချိန်ဖြစ်သည်၊ အားလုံးသည် စမ်းတဝါးဝါး ဖြစ်နေကြပြီး ရှာဖွေနေကြသည်၊ ပိန်းပိတ်နေသော မိုက်မှောင်ညသည် ၎င်းတို့ကို ကြက်သီးမွေးညင်း ထစေပြီး၊ ၎င်းတို့သည် ဖိမ့်ဖိမ့်မတုန်ဘဲ မနေနိုင်ကြပေ။ အသေအချာ နားထောင်ကြည့်ပါက၊ အနောက်မြောက်လေ၏ တစ်ဝှေ့ပြီး တစ်ဝှေ့ တဟူးဟူး တိုက်ခတ်သံသည် လူသား၏ ဝမ်းနည်းစွာ ရှိုက်ကြီးတငင် ငိုသံနှင့် တွဲဖက်နေပုံရပေသည်။ လူများသည် ၎င်းတို့၏ ကံကြမ္မာအတွက် ဝမ်းနည်းကာ ငိုကြွေးကြသည်။ အဘယ့်ကြောင့် သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ် တော်များကို ဖတ်သော်ငြားလည်း ထိုအရာများကို နားလည်ခြင်းငှာ မတတ်စွမ်းနိုင်ရသနည်း။ ယင်းမှာ ၎င်းတို့၏ ဘဝများသည် မျှော်လင့်ချက်ကင်းမဲ့မှု၏ နှုတ်ခမ်းဝသို့ ရောက်နေသည့်အလား၊ ၎င်းတို့အပေါ်တွင် သေခြင်းတရား ကျရောက်တော့မည့်အလား၊ ၎င်းတို့၏ နောက်ဆုံးရက်သည် ၎င်းတို့၏ မျက်စိရှေ့တွင် ရောက်နေသည့် အလားပင် ဖြစ်တော့သည်။ ထိုကဲ့သို့ စိတ်ပျက်ဖွယ် ကောင်းသော အခြေအနေများသည် ကျိုးပဲ့လွယ်သော ကောင်းကင်တမန်များမှ ဘုရားသခင်ထံသို့ ဟစ်ခေါ် တောင်းလျှောက်ပြီး ဝမ်းနည်းစွာ ငိုကြွေးမှုများ တစ်ခု နောက်တစ်ခု ဆင့်၍ ၎င်းတို့၏ ဆင်းရဲဒုက္ခကို ပြောပြသော အခိုက်အတန့် ဖြစ်သည်။ ယင်းအချက်ကြောင့်ပင် ဘုရားသခင်၏သားများနှင့် လူများအကြားတွင် အလုပ်လုပ်သော ကောင်းကင်တမန်များသည် နောက်တစ်ဖန် မည်သည့်အခါမျှ လူ့အပေါ်သို့ ဆင်းသက်လာမည် မဟုတ်ချေ။ ဤအရာမှာ ၎င်းတို့သည် ဇာတိပကတိ အထဲ၌ ရှိနေစဥ်အတွင်း စာတန်၏ ကြိုးကိုင်စီစဥ်မှုထဲ ပိတ်မိပြီး ၎င်းတို့ကိုယ်၎င်းတို့ လွတ်မြောက်စေရန် မတတ်နိုင်ကြပေ။ သည့်အတွက်ကြောင့် ၎င်းတို့သည် လူသား မမြင်နိုင်သော ဝိညာဥ်လောကတွင်သာ အလုပ်လုပ်ကြသည်။ ထို့ကြောင့်ပင် ဘုရားသခင်မှ “လူသား၏ နှလုံးသား ပလ္လင်၌ ငါနန်းတက်ချိန်သည် ငါ၏သားများနှင့်လူတို့ ဤကမ္ဘာမြေကြီးကို အုပ်စိုးချိန်ဖြစ်လိမ့်မည်” ဟူ၍ ပြောသည့်အခါ၊ သူသည် ကမ္ဘာပေါ်၌ ကောင်းကင်တမန်များက ကောင်းကင်ဘုံမှ ဘုရားသခင်အား အစေခံခြင်း ကောင်းချီးအား ပျော်မွေ့ခံစားသည့် အချိန်ကို ညွှန်းဆိုနေခြင်းဖြစ်သည်။ လူသားသည် ကောင်းကင်တမန်တို့၏ ဝိညာဥ်များ၏ ဖော်ပြချက် ဖြစ်သဖြင့်၊ လူသားအတွက် ကမ္ဘာပေါ်၌ ရှိနေခြင်းသည် ကောင်းကင်ဘုံ၌ ရှိနေခြင်းနှင့် အတူတူပင် ဖြစ်သည်၊ လူသားအနေဖြင့် ကမ္ဘာပေါ်၌ ဘုရားသခင်အား အစေခံခြင်းသည် ကောင်းကင်တမန်များမှ ကောင်းကင်ဘုံမှ ဘုရားသခင်အား တိုက်ရိုက်အစေခံခြင်းနှင့် အတူတူပင် ဖြစ်သည်၊ ထို့ကြောင့်ပင် ကမ္ဘာပေါ်ရှိ သူ၏နေ့ရက်များတွင် လူသားသည် တတိယကောင်းကင်ဘုံ၏ ကောင်းချီးများကို ပျော်မွေ့ခံစားရသည်ဟု ဘုရားသခင်မှ ပြောခြင်းဖြစ်သည်။ ဤအရာသည် ယင်းနှုတ်ကပတ်တော်များထဲ၌ အမှန်တကယ် ပြောထားသော အရာဖြစ်သည်။

ဘုရားသခင်၏ နှုတ်ကပတ်များထဲတွင် ကွယ်ဝှက်ထားသော အနက်အဓိပ္ပာယ်များ များစွာရှိသည်။ “အချိန်တန်သည့်အခါ လူသားတို့သည် ၎င်းတို့၏ နက်ရှိုင်းသော နှလုံးသားထဲ၌ ငါ့ကို သိရှိကြလိမ့်မည်ဖြစ်ပြီး၊ သူတို့၏ အတွေးများထဲ၌လည်း ငါ့ကို သတိရကြလိမ့်မည်။” ဆိုသည်မှာ လူသား၏ဝိညာဥ်အား တိုက်ရိုက် ရည်စူးထားချက် ဖြစ်သည်။ ကောင်းကင်တမန်များ၏ အားနည်းချက်ကြောင့်၊ သူတို့သည် အရာရာတိုင်း၌ ဘုရားသခင်အား အမြဲ မှီခိုကြပြီး၊ ဘုရားသခင်အား အမြဲပင် တွယ်တာကာ ကြည်ညိုလေးမြတ်ခဲ့ကြသည်။ သို့သော် ငြားလည်း စာတန်၏ နှောင့်ယှက်မှုကြောင့် ၎င်းတို့သည် မည်သို့မျှမတတ်နိုင်၊ ၎င်းတို့ကိုယ်၎င်းတို့ မထိန်းချုပ် နိုင်ကြပေ၊ ဘုရားသခင်အား ချစ်လိုသော်လည်း သူ့အား ၎င်းတို့၏ စိတ်နှလုံးအကြွင်းမဲ့နှင့် ချစ်ရန် မတတ်စွမ်း နိုင်ကြ၊ ထို့ကြောင့် ၎င်းတို့သည် နာကျင်မှုဝေဒနာအား ခံစားကြရသည်။ ဘုရားသခင်၏ အလုပ်သည် အတိုင်း အတာတစ်ခုအထိ ရောက်သည့်အခါမှသာ ဤသနားစဖွယ် ကောင်းကင်တမန်များ၏ ဘုရားသခင်အား စစ်မှန်စွာ ချစ်လိုသော လိုအင်ဆန္ဒသည် ပြည့်စုံလာပေလိမ့်မည်၊ ထို့ကြောင့်ပင် ဘုရားသခင်သည် ယင်း နှုတ်ကပတ်တော်များအား ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်တမန်များ၏ သဘာဝမှာ ဘုရားသခင်အား ချစ်ခြင်း၊ မြတ်နိုးခြင်းနှင့် နာခံခြင်းတို့ ဖြစ်သည်၊ သို့သော်ငြားလည်း ၎င်းတို့သည် ယင်းအရာများအား ဤကမ္ဘာပေါ်တွင် အထမြောက်နိုင်စေရန် မတတ်စွမ်းနိုင်ကြဘဲ၊ လက်ရှိချိန်အထိ သည်းခံရုံမှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ကြ။ ယနေ့ လောကကြီးအား သင်တို့ ကြည့်နိုင်သည်၊ လူအားလုံး၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် တစ်ပါးရှိသည်၊ သို့သော် ၎င်းတို့၏ စိတ်နှလုံးများရှိဘုရားသခင်သည် စစ်မှန်သော ဘုရားသခင် သို့မဟုတ် ဘုရားအတုအယောင် ဖြစ်သည်ကို ခွဲခြားရန်မတတ်စွမ်းနိုင်ကြ၊ ထို့အပြင် ၎င်းတို့သည် ၎င်းတို့၏ ဤဘုရားသခင်အား ချစ်ကြသော်လည်း၊ ဘုရားသခင်အား စစ်မှန်စွာ ချစ်ဖို့ရန်မူ မတတ်စွမ်းနိုင်ကြ၊ ယင်းအရာသည် ၎င်းတို့မှာ ၎င်းတို့မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်ခြင်း မရှိကြောင်းကို ဆိုလိုသည်။ ဘုရားသခင်မှ ထုတ်ဖော်ခဲ့သည့် လူသား၏အကျည်းတန်သော မျက်နှာသည် ဝိညာဥ်နယ်ပယ်၌ စာတန်၏ မျက်နှာအစစ်ပင်ဖြစ်သည်။ လူသားသည် နဂိုမူလက အပြစ်ကင်းစင်ပြီး အပြစ်နှင့် ကင်းလွတ်သည်၊ ထို့ကြောင့် လူသား၏ ဖောက်ပြန်ပျက်စီးကာ အကျည်းတန်သော အမူအကျင့်များသည် ဝိညာဥ် နယ်ပယ်၌ စာတန်၏ လုပ်ဆောင်ချက်များဖြစ်ပြီး၊ ဝိညာဥ်နယ်ပယ် တိုးတက်မှုများ အကြောင်း၏ စိတ်ချရသော မှတ်တမ်းဖြစ်သည်။ “ယနေ့ လူတို့သည် အရည်အချင်းများ ရှိကြပြီး သူတို့သည် ငါ၏ ရှေ့မှောက်၌ ဝင့်ဝင့်ကြွားကြွား လျှောက်လှမ်းနိုင်သော သူများဖြစ်ကြောင်း၊ သူတို့သည် ရှက်ကြောက်ခြင်း မရှိဘဲ ငါနှင့်အတူ ရယ်မော၊ ပြက်လုံးများကိုပြောပြီး၊ ငါ့အား တန်းတူဆက်ဆံ နိုင်ကြကြောင်းကို ယုံကြည်ကြသည်။ လူသားသည် ငါ့ကို မသိရှိသေးပေ။ ငါနှင့်သူတို့သည် သဘာဝအားဖြင့် ဆင်တူပြီး၊ နှစ်ဦးစလုံး အသွေး၊ အသားနှင့်ဖြစ်ကြပြီး၊ နှစ်ဦးစလုံး လူ့လောကထဲ၌ နေထိုင်ကြသည်ဟု ယုံကြည်နေသေးသည်။” ဤအရာသည် လူသား၏ စိတ်နှလုံးထဲတွင် စာတန်ပြုလုပ်ခဲ့သည့် အရာဖြစ်သည်။ စာတန်သည် လူသား၏ အယူအဆများနှင့် ပကတိအမြင်များကို ဘုရားသခင်ကို ဆန့်ကျင်ရန် အသုံးပြုသော်လည်း၊ လူသားကို ဤနေရာမှ ကြီးမားသည့် ကပ်ဘေး တိမ်းရှောင်စေနိုင်ရန် ဘုရားသခင်က လူသားများကို ဤဖြစ်ရပ်များနှင့် ပတ်သက်ပြီး တိတိကျကျ ပြောသည်။ လူသားအားလုံး၏ သေစေနိုင်လောက်သည့် အားနည်းချက်မှာ “အသွေးအသားနှင့် ကိုယ်ခန္ဓာကိုသာ မြင်တွေ့ကြပြီး ဘုရားသခင်၏ ဝိညာဉ်တော်ကို သတိပြုမိခြင်း မရှိကြ။” ခြင်းဖြစ်သည်။ ယင်းသည် စာတန်မှ လူသားကို သွေးဆောင်သည့် ရှုထောင့်တစ်ခု၏ အခြေခံဖြစ်သည်။ ဤဇာတိပကတိထဲမှ ၀ိညာဉ်တော်ကိုသာ ဘုရားသခင်ဟု ခေါ်ဆိုနိုင်သည်ဟု လူသားတို့က ယုံကြည်သည်။ ယနေ့တွင် ၀ိညာဉ်တော်သည် လူ့ဇာတိခံယူပြီး သူတို့၏ မျက်စိရှေ့တွင် အမှန်တကယ် ပေါ်ပေါက်လာသည်ကို မည်သူ တစ်ဦးတစ်ယောက်ကမျှ ယုံကြည်ခြင်းမရှိပေ။ လူသားက ဘုရားသခင်ကို “အဝတ်အစားနှင့် ဇာတိပကတိ” ဟူ၍ နှစ်ပိုင်းမြင်သည်။ ထို့အပြင် ဘုရားသခင်ကို လူ့ဇာတိခံယူထားသည့် ၀ိညာဉ်တော်ဟု မည်သူ တစ်ဦးတစ်ယောက်ကမျှ မရှုမြင်ကြပေ၊ ဇာတိပကတိ၏ အနှစ်သာရမှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်ကြောင်းကို တစ်ဦးမျှ မမြင်ကြပေ။ လူသားများ၏ စိတ်ကူးထဲတွင် ဘုရားသခင်သည် အထူးသဖြင့် သာမန်ဖြစ်သည်။ သို့သော်လည်း ဤသာမန်ဖြစ်ခြင်းထဲတွင် သိုဝှက်ထားသည်က ဘုရားသခင်၏ သိမ်မွေ့နက်နဲသည့် အဓိပ္ပာယ်ဖြစ်သည်ကို သူတို့မသိသလော။

ဘုရားသခင်က ကမ္ဘာတစ်ခုလုံးကို စတင်ဖုံးလွှမ်းခဲ့သည့်အချိန်တွင်၊ ယင်းသည် မည်းနက်မှောင်မဲသွားသည်။ ထို့အပြင် လူများအိပ်ပျော်နေစဉ်တွင်၊ ဘုရားသခင်က ယင်းအခွင့်အရေးကိုယူကာ လူသားများထဲသို့ ဆင်းသက်ကြွလာပြီး၊ ကမ္ဘာမြေကြီး၏ ထောင့်အားလုံးသို့ ၀ိညာဉ်တော်ကို တရားဝင် စတင်ထုတ်ပေးကာ၊ လူသားကို ကယ်တင်သည့် အလုပ်ကို စတင်ဆောင်ရွက်သည်။ ဘုရားသခင်သည် စတင်၍ ဇာတိပကတိအသွင်ကို ဆောင်သည့်အခါ၊ ဘုရားသခင်သည် ကိုယ်တိုင်ကိုယ်ကျ ကမ္ဘာမြေကြီးပေါ်တွင် လုပ်ဆောင်ခဲ့သည်ဟု ပြောနိုင်သည်။ ထို့နောက် ၀ိညာဉ်တော်အလုပ်ကို စတင်ပြီးနောက်၊ ကမ္ဘာမြေကြီးပေါ်တွင် အလုံးစုံသောအလုပ်ကို တရားဝင်စတင်ခဲ့သည်။ ဘုရားသခင်၏ ၀ိညာဉ်တော်သည် စကြဝဠာတစ်ခုလုံးတွင် အနှစ်နှစ်ထောင် အစဉ် လုပ်ဆောင်ခဲ့သည်။ လူသားက ဤအရာကို သိလည်းမသိသကဲ့သို့ စဉ်းစားလည်း မစဉ်းစားမိပေ။ သို့သော် နောက်ဆုံးသောကာလအတွင်း၊ ဤခေတ်က အဆုံးသတ်ခါနီးအချိန်တွင် ဘုရားသခင်က သူကိုယ်တိုင်လာရောက် လုပ်ဆောင်ရန် ကြွဆင်းလာခဲ့သည်။ ဤသည်မှာ နောက်ဆုံးသောကာလတွင် မွေးဖွားသူများနှင့် ဇာတိပကတိထဲတွင် နေထိုင်သော ဘုရားသခင်၏ ပုံရိပ်ကို ကိုယ်တိုင် ရှုစားနိုင်သူများအတွက် ကောင်းချီးပင်ဖြစ်သည်။ “နက်နဲရာအရပ် တစ်ခုလုံးသည် မှုန်ဝါးနေသောအခါ လူသားများကြားထဲ၌ ငါသည် လောကကြီး၏ ခါးသီးမှုကို စတင်မြည်းစမ်းမိသည်။ ငါ့ဝိညာဉ်သည် ကမ္ဘာတစ်ခွင် လှည့်လည်ပြီး လူသားများအားလုံး၏ နှလုံးသားများကို ကြည့်ရှုသည်။ သို့တိုင် ငါသည် ငါ၏ခံယူထားသော လူ့ဇာတိထဲ၌ လူသားမျိုးနွယ်ကိုလည်း သိမ်းပိုက်အောင်နိုင်၏။” ယင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်နှင့် ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်တို့ အကြားရှိ ညီညွှတ်စွာ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်သည်။ အဆုံးတွင်၊ လူတို့သည် ၎င်းတို့၏ အတွေးများထဲ၌ ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်သည် ကောင်းကင်ဘုံမှ ဘုရားသခင်ပင် ဖြစ်သည်၊ ကောင်းကင်၊ မြေကြီးနှင့် ယင်းအထဲရှိ အရာအားလုံးကို ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်က ဖန်ဆင်းခဲ့သည်၊ လူသားသည် ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်၏ ထိန်းချုပ်ခြင်းကို ခံရသည်၊ ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်မှ ကောင်းကင်ဘုံတွင် အလုပ်လုပ်ပြီး၊ ကောင်းကင်ဘုံမှ ဘုရားသခင်သည် လူ့ဇာတိ၌ ပေါ်ထွန်းလာသည်ဟု ယုံကြည်ကြလိမ့်မည်။ ဤအရာသည် ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အလုပ်၏ အဆုံးစွန်သော ရည်ရွယ်ချက်ပင် ဖြစ်သည်၊ ထို့ကြောင့် ဇာတိပကတိ၏ ကာလအတွင်း ဤအဆင့်သည် အလုပ်၏ အမြင့်မားဆုံးသော စံနှုန်းပင်ဖြစ်သည်၊ ယင်းအား ဘုရားသဘာဝ၌ လုပ်ဆောင်ပြီး၊ ယင်းသည် လူအားလုံးကို စိတ်ရင်းမှန်နှင့် အခိုင်အမာ ယုံကြည်စေသည်။ လူများသည် ဘုရားသခင်အား သူတို့၏ အယူအဆများထဲတွင် ရှာဖွေလေလေ၊ ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်သည် စစ်မှန်ခြင်း မရှိဟု ခံစားရလေလေ ဖြစ်သည်။ ထို့ကြောင့်ပင် လူများသည် အချည်းနှီးသော စကားများနှင့် အယူဝါဒများ အကြားတွင် ဘုရားသခင်အား ရှာဖွေကြသည်ဟု ဘုရားသခင်မှ ပြောဆိုခြင်း ဖြစ်သည်။ လူတို့သည် ၎င်းတို့၏ အယူအဆများထဲတွင် ဘုရားသခင်အား သိလေလေ၊ ဤစကားများနှင့် အယူဝါဒများအား ပြောဆိုရာ၌ သူတို့သည် ကျွမ်းကျင်လာလေလေဖြစ်ပြီး၊ ၎င်းတို့သည် လေးမြတ် ဖွယ်ကောင်းသော သူများ ဖြစ်လာကြလေလေ ဖြစ်သည်။ လူတို့သည် စကားများနှင့် အယူဝါဒများအား ပြောဆိုလေလေ၊ ၎င်းတို့သည် ဘုရားသခင်ထံမှ ဝေးဝေး လမ်းလွှဲသွားလေလေ ဖြစ်ပြီး၊ ၎င်းတို့သည် လူသား၏ အနှစ်သာရများကို သိကျွမ်းလာခြင်းငှာ မတတ်စွမ်းနိုင်လေလေ ဖြစ်ကာ၊ ဘုရားသခင်အား မနာခံလေလေ ဖြစ်လာကြပြီး၊ ဘုရား သခင်၏ သတ်မှတ်ချက်များမှ ၎င်းတို့သည် ခွဲခွာသွားလေလေ ဖြစ်သည်။ လူသားအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များသည် လူများ စိတ်ကူးသကဲ့သို့ သဘာဝလွန်နေခြင်းမျိုး မဟုတ်၊ သို့သော်လည်း မည်သူကမျှ ဘုရားသခင်၏ အလိုတော်အား စစ်မှန်စွာ မည်သည့်အခါကမျှ နားမလည်ခဲ့ကြပေ၊ ထို့ကြောင့်ပင် ဘုရားသခင်မှ “လူတို့သည် အဆုံးအစမဲ့သော ကောင်းကင်၊ သို့မဟုတ် တလိပ်လိပ် လှိမ့်နေသော ပင်လယ်၊ သို့မဟုတ် တည်ငြိမ်သော ရေကန်၊ သို့မဟုတ် အဓိပ္ပာယ်ကင်းမဲ့သော ကျမ်းဟောင်းတရားများနှင့် သြဝါဒများ အပေါ်တွင်သာ အာရုံစိုက်လျက် ရှိကြသည်။” ဟု ပြောဆိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် သတ်မှတ်ချက်များ ပြုလေလေ၊ ဘုရားသခင်သည် အလှမ်းမမီနိုင်ဟု လူတို့ ခံစားရလေလေ ဖြစ်ပြီး၊ ဘုရားသခင်သည် ကြီးမြတ်သည်ဟု သူတို့သည် ယုံကြည်လေလေ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အသိစိတ်ထဲတွင် ဘုရားသခင်၏နှုတ်မှ မိန့်မြွက်သော နှုတ်ကပတ်တော်များ အားလုံးသည် လူသားအတွက် ရယူဖို့ရန် မဖြစ်နိုင်ဘဲ၊ ဘုရားသခင်အား ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်မှလွဲ၍ အခြားရွေးစရာမရှိအောင် ဖြစ်စေခဲ့သည်။ ထိုအချိန် အတောအတွင်း လူသားမှာမူ ဘုရားသခင်နှင့် ပူးပေါင်းလုပ်ဆောင်ရန် စိတ်တိမ်းညွတ်ခြင် စိုးစဥ်းမျှ မရှိဘဲ၊ နာခံ၍ နှိမ့်ချရန် ကြိုးစားလျက် သူ၏ ဦးခေါင်းကို ငုံ့ထားပြီး သူ၏ အပြစ်များကို ဝန်ခံရန်ကိုသာ ဇွဲမလျှော့တမ်း လုပ်နေသည်။ ထိုသို့ဖြင့် လူတို့သည် သတိမပြုမိလိုက်ဘဲ ဘာသာတရား အသစ်တစ်ခုထဲသို့၊ ဘာသာရေး အသင်းတော်များထဲထက်ပင် သာ၍အစွန်းရောက်သော ဘာသာရေး အခမ်းအနားထဲသို့ ဝင်ရောက် သွားကြသည်။ ယင်းသို့ဖြစ်ရန် လူတို့သည် ၎င်းတို့၏ အပျက်သဘောဆောင်သော အနေအထားကို အပြုသဘောဆောင်သော အနေအထားအဖြစ် ပြောင်းလဲခြင်းအားဖြင့် ၎င်းတို့၏ ပုံမှန် အခြေအနေများသို့ ပြန်ရောက်လာရန် လိုအပ်သည်။ ထိုသို့ မဟုတ်ပါက၊ လူသားသည် သာ၍ပင် နက်ရှိုင်းစွာ ကျော့ကွင်းမိခြင်း ခံရပေမည်။

ဘုရားသခင်သည် သူ၏ မိန့်မြွက်ချက်များစွာ၌ အဘယ်ကြောင့် တောင်များနှင့် ရေများအား အလေးပေး ဖော်ပြရသနည်း။ ဤစကားလုံးများတွင် အမှတ်သညာဖြင့် သရုပ်ဖော်မှု အဓိပ္ပာယ် ရှိနေသလော။ ဘုရားသခင် သည် လူသားအား သူ၏ ဇာတိပကတိထဲမှ လုပ်ဆောင်ချက်များကို ရှုမြင်ခွင့် ပေးရုံသာမက၊ မိုးမျက်နှာကြက်ရှိ သူ၏ တန်ခိုးများအား နားလည်နိုင်သော အခွင့်ကိုလည်း လူသားအား ပေးသည်။ ဤနည်းအားဖြင့်၊ ဤသည်မှာ ဇာတိပကတိထဲမှ ဘုရားသခင်ဖြစ်သည်ဟု ဒွိဟကင်းမဲ့စွာ ယုံကြည်သည်နှင့် တစ်ကြိမ်တည်းတွင်၊ လူတို့သည် လက်တွေ့ကျသော ဘုရားသခင်၏ လုပ်ဆောင်ချက်များကိုလည်း သိကျွမ်းလာပြီး၊ ထိုနည်းဖြင့် ကမ္ဘာမြေကြီးပေါ်မှ ဘုရားသခင်သည် ကောင်းကင်ဘုံသို့ စေလွှတ်ခြင်း ခံရကာ၊ ကောင်းကင်ဘုံမှ ဘုရားသခင်သည် ကမ္ဘာ မြေကြီးသို့ ယူဆောင်လာခြင်းခံရသည်၊ ယင်းနောက်တွင်သာ လူများသည် ဘုရားသခင်၏ ဖြစ်ခြင်းအလုံးစုံကို အပြည့်အဝ ဖူးမြင်နိုင်စွမ်း ရှိလာပြီး၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ပတ်သက်၍ သာ၍ကြီးသော အသိတရားကို ရရှိလာသည်။ ဘုရားသခင်သည် ဇာတိပကတိထဲမှ လူသားမျိုးနွယ်အား သိမ်းပိုက်နိုင်ပြီး စကြဝဠာ အထက်ရော တစ်ဝှမ်းလုံးကိုပါ ဖြတ်၍ ခရီးနှင်ရန် ဇာတိပကတိအား ကျော်လွန်နိုင်လေလေ၊ လက်တွေ့ကျသော ဘုရားသခင်အား ဖူးမြင်ရခြင်းအပေါ် အမှီပြု၍ လူတို့သည် ဘုရားသခင်၏ လုပ်ဆာင်ချက်များကို ဖူးမြင်နိုင်စွမ်း ရှိလေလေဖြစ်သည်၊ ထို့ကြောင့် စကြဝဠာတစ်ဝှမ်းလုံးရှိ ဘုရားသခင် အလုပ်၏ အရှိတရားဖြစ်သော ယင်းအလုပ်သည် အတုအယောင်မဟုတ်ဘဲ စစ်မှန်ကြောင်းကို သိလေလေဖြစ်သည်၊ ထို့ကြောင့် ယနေ့ကာလ၏ လက်တွေ့ ကျသော ဘုရားသခင်သည် ဝိညာဥ်တော်၏ ပြယုဂ်ဖြစ်ပြီး လူကဲ့သို့ ဇာတိပကတိနှင့်ဆိုင်သော ကိုယ်ခန္ဓာနှင့် မတူညီကြောင်းကို သူတို့သည် သိလာကြသည်။ ထို့ကြောင့် ဘုရားသခင်မှ “သို့သော် ငါသည် ငါ၏အမျက်ကို ထုတ်လွှတ်သောအခါ၊ တောင်တို့သည် ချက်ချင်း အစိတ်စိတ် အမြွှာမြွှာကွဲကြ၏၊ မြေကြီးတို့သည် အပြင်းအထန် လှုပ်ရှား၏၊ ရေတို့သည် ချက်ချင်း ခန်းခြောက်ပြီး လူသားသည် ဘေးဒုက္ခကို ချက်ချင်း ခံစားရသည်။” ဟူ၍ ပြောခြင်းဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်များကို ဖတ်ရှုသောအခါ၊ သူတို့သည် ယင်းတို့ကို ဘုရားသခင်၏ ဇာတိပကတိနှင့် ဆက်စပ်မှတ်ယူကြသည်၊ ထို့ကြောင့် ဝိညာဥ်လောက၏ စကားများနှင့် အလုပ်သည် ဇာတိပကတိထဲမှ ဘုရားသခင်အား တိုက်ရိုက် ညွှန်ပြကာ၊ ယင်းအရာမှာ ပို၍ထိရောက်သော အကျိုးသက်ရောက်မှု ဖြစ်စေသည်။ ဘုရားသခင် စကား ပြောဆိုသောအခါ၊ ယင်းသည် မကြာခဏပင် ကောင်းကင်ဘုံမှ ကမ္ဘာမြေကြီးသို့ ပြောဆိုခြင်း ဖြစ်တတ်ပြီး၊ နောက်တစ်ဖန် ကမ္ဘာမြေကြီးမှ ကောင်းကင်ဘုံသို့ ပြောဆိုခြင်း ဖြစ်တတ်သည်၊ ၎င်းသည် လူအားလုံးအား ဘုရားသခင် နှုတ်ကပတ်များ၏ မူလရင်းမြစ်နှင့် လှုံ့ဆော်မှုတို့အား နားလည်ခြင်းငှာ မတတ်စွမ်းနိုင်ဘဲ ရှိစေသည်။ “ငါသည် ကောင်းကင်ဘဝဂ် အလယ်၌ရှိစဉ်အခါ၊ ငါ့မျက်မှောက်၌ ကြယ်တို့သည် တုန်လှုပ် ချောက်ချားခြင်း ဘယ်သောအခါမျှ မရှိခဲ့ကြ။ ထိုအစား ကြယ်တို့သည် ငါ့အတွက် သူတို့၏ အလုပ်ကို အစွမ်းကုန် လုပ်ဆောင်ကြသည်။” ယင်းမှာ ကောင်းကင်ဘုံ၏ အနေအထားပင် ဖြစ်သည်။ ဘုရားသခင်သည် တတိယကောင်းကင်ဘုံရှိ အရာ ခပ်သိမ်းကို ဘုရားသခင်အတွက် ၎င်းတို့ကိုယ်တိုင်၏ အလုပ်ကို လုပ်ဆောင်ရင်း ဘုရားသခင်အား အစေခံကြသော အစေခံကျွန်များ အားလုံးနှင့် စနစ်တကျ စီစဥ်သည်။ ၎င်းတို့သည် ဘုရားသခင်အား နာခံမှုမရှိဘဲနှင့် မည်သည့်အခါမျှ တစ်စုံတစ်ရာ မပြုခဲ့ကြ၊ ထို့ကြောင့် သူတို့သည် ဘုရားသခင်ပြောသော တုန်လှုပ် ခြောက်ခြားခြင်း မရှိကြပေ၊ ထိုအစား သူတို့၏ အလုပ်ကို အစွမ်းကုန် လုပ်ဆောင်ကြ၏၊ မည်သည့်အခါမျှ ကစဥ့်ကလျားဖြစ်ခြင်း မရှိပေ၊ ထို့ကြောင့် ကောင်းကင်တမန် အားလုံးသည် ဘုရားသခင်၏ အလင်းထဲတွင် နေထိုင်ကြသည်။ ထိုအချိန်အတောအတွင်း ၎င်းတို့၏ မနာခံမှုနှင့် ဘုရားသခင်အား ၎င်းတို့ မသိကျွမ်းကြခြင်းကြောင့်၊ ကမ္ဘာပေါ်မှ လူများအားလုံးသည် အမှောင်ထုထဲတွင် နေကြသည်၊ ၎င်းတို့သည် ဘုရားသခင်အား ဆန့်ကျင်လေလေ၊ ၎င်းတို့သည် အမှောင်ထုထဲ၌ သာ၍နေလေလေ ဖြစ်သည်။ ဘုရားသခင်မှ “ကောင်းကင် ထွန်းလင်းလေလေ၊ မြေကြီးသည် မှောင်မိုက်အတိ ဖြစ်လေလေ ဖြစ်သည်။” ဟု ပြောဆိုသောအခါ၊ ဘုရားသခင်၏ နေ့ရက်သည် လူသားမျိုးနွယ် အားလုံးထံသို့ မည်သို့မည်ပုံ တိုး၍ နီးကပ်လာနေသည်ကို ရည်ညွှန်းနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ တတိယ ကောင်းကင်ဘုံတွင် နှစ်ပေါင်း ၆၀၀၀ အလုပ်များခြင်းသည် မကြာမြင့်မီတွင် အဆုံးသတ်တော့မည် ဖြစ်သည်။ ကမ္ဘာမြေကြီး ပေါ်မှ အရာခပ်သိမ်းသည် နောက်ဆုံးအခန်းကို ဝင်ရောက်ခဲ့ပြီး ဖြစ်ကာ၊ မကြာမီတွင် အသီးသီးတို့သည် ဘုရားသခင်၏ လက်မှ ဖြတ်ပစ်ခြင်းကို ခံရလိမ့်မည် ဖြစ်သည်။ လူများသည် နောက်ဆုံးသော ကာလ၏ အချိန်ထဲသို့ တိုး၍ ဝင်သွားလေလေ၊ ၎င်းတို့သည် လူ့လောက၏ ယိုယွင်းပျက်စီးမှုကို သာ၍ မြည်းစမ်းနိုင်လေ ဖြစ်သည်၊ ၎င်းတို့သည် နောက်ဆုံးသော ကာလ၏ အချိန်ထဲသို့ တိုး၍ ဝင်သွားလေလေ၊ ၎င်းတို့၏ ကိုယ်ပိုင် ဇာတိပကတိကို သာ၍ လိုက်လျောလေဖြစ်သည်။ လောကကြီး၏ စိတ်ပျက်ဖွယ် အနေအထားကို ပြန်လှန်ပစ်ရန် ဆန္ဒရှိကြသော လူများစွာပင် ရှိကြပေသည်၊ သို့သော်လည်း ၎င်းတို့သည် ဘုရားသခင်၏ လုပ်ဆောင်မှုများကြောင့် ၎င်းတို့၏ သက်ပြင်းများအလယ်တွင် ၎င်းတို့၏မျှော်လင့်ချက် အားလုံးအား ဆုံးရှုံးသွားကြသည်။ ထို့ကြောင့်ပင် လူတို့သည် နွေဦးရာသီ၏ နွေးထွေးမှုကို ခံစားရသောအခါ၊ ဘုရားသခင်သည် ၎င်းတို့၏ မျက်စိများကို ဖုံးကွယ်လိုက်သည်၊ ထို့ကြောင့် ၎င်းတို့သည် လူးလှိမ့်နေသော လှိုင်းလုံးများအပေါ်တွင် မျောပါကြသည်၊ ၎င်းတို့ထဲမှ မည်သူတစ်ဦး တစ်ယောက်ကမျှ ဝေးကွာနေသေ အသက်ကယ်လှေအား လက်လှမ်းမီရန် မတတ်စွမ်းနိုင်ကြ။ လူများသည် ပင်ကိုအားဖြင့် အားနည်းသောကြောင့်၊ ဘုရားသခင်မှ အခြင်းအရာများအား ပြုပြင်ပြောင်းလဲ စေနိုင်သောသူ မည်သူမျှမရှိဟု ဆိုခြင်း ဖြစ်သည်။ လူများသည် မျှော်လင့်ချက် ဆုံးရှုံးသောအခါ၊ ဘုရားသခင်သည် စကြဝဠာ တစ်ခုလုံးသို့ စတင် စကားပြောဆိုသည်၊ လူသားမျိုးနွယ် အားလုံးအား စ၍ကယ်တင်ခဲ့သည်၊ ယင်းနောက်တွင်မှ လူတို့သည် အခြင်းအရာများအား ပြုပြင်ပြောင်းလဲ ပြီးနောက်တွင် ဖြစ်လာသည့် အသစ်သော အသက်တာအား မွေ့လျော်ခံစားနိုင်သည်။ ယနေ့ကာလလူများသည် မိမိကိုယ်ကိုယ် လှည့်စားသော အဆင့်၌ ရောက်နေ ကြသည်။ ၎င်းတို့၏ အရှေ့၌ရှိသော လမ်းသည် အလွန်ပင် ထိတ်လန့်အားငယ်စေလှပြီး မထင်ရှားလှသောကြောင့်နှင့်၊ ၎င်းတို့၏ အနာဂတ်သည် “အကန့်အသတ်မဲ့” ၍ “နယ်နိမိတ်မရှိ” သောကြောင့်၊ ယနေ့ခေတ် လူများသည် တိုက်ခိုက်ကြိုးစားရန်အလို့ငှာ စိတ်တိမ်းညွတ်ခြင် မရှိကြဘဲ၊ ၎င်းတို့၏ နေ့ရက်များကို ဟန်ဟောင်ငှက်တစ်ကောင်က ကဲ့သို့ပင် ကုန်ဆုံးရန်သာ တတ်နိုင်ကြသည်။ အသက်တာအား တည်ကြည် လေးနက်စွာ နေထိုင်၍၊ လူ့ဘ၀၏ အသိတရားအား နောက်လိုက်သောသူ တစ်ယောက်မျှ မရှိခဲ့ပေ။ ထိုအစား ၎င်းတို့သည် ကောင်းကင်ဘုံမှ ကယ်တင်ရှင်သည် လောကကြီး၏ စိတ်ပျက်ဖွယ် အခြေအနေအား ပြောင်းပြန်လှန်ရန် ရုတ်ခြည်း ကြွဆင်းလာမည့်အချိန်ကို မျှော်လင့်ကြသည်၊ ထို့နောက်မှတွင်သာ ၎င်းတို့သည် လေးနက်စွာ နေထိုင်ရန် ကြိုးစားမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ် အားလုံး၏ စစ်မှန်သော အနေအထားနှင့် လူများ အားလုံး၏ စိတ်နေစိတ်ထားပင် ဖြစ်သည်။

ယနေ့တွင် ဘုရားသခင်သည် လူ၏ အနာဂတ် အသစ်သော အသက်တာကို ဤအချိန်အတောအတွင်း သူ၏ စိတ်အခြေအနေအရ ကြိုတင်ပြောကြားသည်၊ ယင်းမှာ အလင်း ခပ်ရေးရေးပေါ်ထွက်လာခြင်း ဖြစ်ပြီး ဤအကြောင်းကို ဘုရားသခင် ပြောဆို၏။ ဘုရားသခင် ကြိုတင်ပြောကြားသော အရာမှာ ဘုရားသခင်မှ အဆုံးတွင် အထမြောက်စေမည့် အရာနှင့် စာတန်အပေါ် ဘုရားသခင် အနိုင်ရခြင်း၏ အသီးအပွင့်များပင် ဖြစ်သည်။ “ငါသည် လူသားအားလုံး အပေါ်၌ ရွေ့လျားပြီး နေရာအားလုံးကို စောင့်ကြည့်နေသည်။ မည်သည့်အရာမှ ဟောင်းနွမ်းသော ပုံမပေါက်၊ မည်သူတစ်ဦးတစ်ယောက်မျှ အရင်လို မဟုတ်ကြတော့ပေ။ ငါသည် ပလ္လင်ထက်၌ အနားယူပြီး စကြဝဠာတစ်ဝှမ်းလုံးကို ကျောခင်းလျက် ရှိသည်…” ယင်းမှာ ဘုရားသခင်၏ လက်ရှိအလုပ်၏ ရလဒ်ပင် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ခြင်းကို ခံရသောသူများ အားလုံးသည် ၎င်းတို့၏ မူလသဏ္ဌာန်သို့ ပြန်ပြောင်းကြပြီး၊ ယင်းအရာကြောင့် နှစ်ပေါင်းများစွာ ဝေဒနာခံခဲ့ရသော ကောင်းကင်တမန်တို့သည် လွတ်မြောက်ကြကာ၊ “၎င်းတို့၏မျက်နှာများသည် လူသား၏နှလုံးသားထဲ၌ ရှိနေသော သန့်ရှင်းသောသူ၏ မျက်နှာ ရှိကြသည်။” ဟု ဘုရားသခင် ပြောသည့်အတိုင်းပင် ဖြစ်သည်။ ကောင်းကင်တမန်များသည် ကမ္ဘာမြေကြီးပေါ်တွင် လုပ်ဆောင်ပြီး ဘုရားသခင်အား အစေခံကြသည့်အတွက်နှင့်၊ ဘုရားသခင်၏ ဘုန်းတော်သည် လောကတစ်ဝှမ်းတွင် ပျံ့နှံ့သည့်အတွက်၊ ကောင်းကင်ဘုံသည် ကမ္ဘာမြေကြီးသို့ ယူဆောင်ခံရကာ၊ ကမ္ဘာမြေကြီးသည် ကောင်းကင်ဘုံသို့ ချီမသွားခြင်းကို ခံရသည်။ ထို့ကြောင့်ပင် လူသားသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအား ဆက်သွယ်ပေးသော အချိတ်အဆက် ဖြစ်သည်။ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးသည် ဝေးကွာခြင်း မရှိတော့ဘဲ၊ ကင်းကွာခြင်း မရှိတော့ဘဲ၊ တစ်လုံးတစ်ဝတည်းအဖြစ်သို့ ပေါင်းဆက်သွားသည်။ ကမ္ဘာလောကကြီး တစ်ခုလုံးတွင်၊ ဘုရား သခင်နှင့် လူသားသာ တည်ရှိသည်။ မြေမှုန့် သို့မဟုတ် အညစ်အကြေးလည်း မရှိဘဲ၊ အရာအားလုံးသည် အသစ်လဲကြပြီး၊ ကောင်းကင်အောက် စိမ်းလန်းသော မြက်ခင်းပြင်တွင် လဲလျောင်းနေသော သိုးငယ်လေး တစ်ကောင်ကဲ့သို့၊ ဘုရားသခင်၏ ကျေးဇူးတော် အားလုံးကို မွေ့လျော်ခံစားလျက် ရှိကြသည်။ ဤစိမ်းလန်းခြင်း ဆိုက်ရောက်လာမှုကြောင့် အသက်ဇီဝသည် ထွန်းလင်းခြင်းဖြစ်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူသား၏ဘေးတွင် ထာဝရကာလတိုင် နေထိုင်ရန်အလို့ငှာ လောကကြီးထဲသို့ ကြွဆင်းလာခြင်းကြောင့် ဖြစ်သည်၊ “ငါသည် ဇိအုန်အထဲတွင် တဖန် ငြိမ်သက်စွာ နေထိုင်နိုင်ပြီး။” ဟူ၍ ဘုရားသခင်၏ နှုတ်မှ ပြောခဲ့သည့် အတိုင်းပင် ဖြစ်သည်။ ဤအရာသည် စာတန်၏ရှုံးနိမ့်မှု သင်္ကေတပင် ဖြစ်သည်၊ ယင်းမှာ ဘုရားသခင် အနားယူရာ ရက်ပင်ဖြစ်ပြီး၊ ဤနေ့ရက်သည် လူအားလုံး၏ ချီးမွမ်းထောမနာပြုခြင်းနှင့် ကြွေးကြော်ခြင်းအား ခံရမည်ဖြစ်ကာ၊ လူအားလုံး၏ အမှတ်တရ ကျင်းပခြင်းလည်း ခံရမည်ဖြစ်သည်။ ပလ္လင်ပေါ်တွင် ဘုရားသခင် အနားယူသော အချိန်သည် ကမ္ဘာပေါ်ရှိ သူ၏အလုပ်အား ဘုရားသခင် နိဂုံးချုပ်ချိန်လည်း ဖြစ်ပြီး၊ ဘုရားသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုများကို လူသားအားပြသသော အခိုက်အတန့်လည်း ဖြစ်သည်။ ဘုရားသခင်နှင့် လူသားသည် အစဉ်အမြဲ သဟဇာတဖြစ်လိမ့်မည် ဖြစ်ပြီး၊ မည်သည့်အခါမျှ ဝေးကွာလိမ့်မည် မဟုတ်၊ ဤအရာများသည် နိုင်ငံတော်၏ လှပသော မြင်ကွင်းများပင်တည်း။

လျှို့ဝှက်ဆန်းကြယ်မှုများထဲ၌ သိုဝှက်ထားသော လျှို့ဝှက်ဆန်းကြယ်မှုများ ရှိ၏၊ ဘုရားသခင်၏ နှုတ်ကပတ်များသည် အမှန်ပင် နက်နဲသိမ်မွေ့၍ မတွေးတတ်အောင် နက်နဲခက်ခဲလှပေသည်။

အောက်ခြေမှတ်စု(များ)-

က။ ဟန်ဟောင်ငှက် ပုံပြင်သည် အီစွတ် ပုံပြင်များထဲမှ ပုရွက်ဆိတ်နှင့် နှံကောင် ပုံပြင်နှင့် အလွန် တူသည်။ ဟန်ဟောင်ငှက်သည် သူ၏ အိမ်နီးချင်း ငှက်ဖြစ်သော သပိတ်လွယ်ငှက်က မည်မျှပင် အထပ်ထပ် သတိပေးစေကာမူ ရာသီဥတုနွေးထွေးစဉ် အသိုက်ဆောက်မည့်အစား အအိပ်ကျူး နေခဲ့သည်။ ဆောင်းဥတု ရောက်သည့်အခါ ထိုငှက်သည် အေးခဲ၍ အသက်ဆုံးရှုံး သွားခဲ့ရသည်။

အရှေ့သို့- အခန်း ၁၅

နောက်တစ်ခုသို့- အခန်း ၁၇

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။