အခန်း ၃၀

လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ထိုးထွင်းသိမြင်မှု အနည်းငယ် ရှိကောင်းရှိနိုင်သည်၊ သို့သော် ၎င်းတို့ထဲမှ အဘယ်သူမျှသည် ၎င်းတို့၏ခံစားချက်များကို ယုံကြည်စိတ်ချမှုမရှိကြချေ။ ၎င်းတို့သည် အပျက်သဘောဆောင်ခြင်းထဲသို့ ကျရောက်မည်ကို အလွန်အမင်း စိုးရွံ့ကြ၏။ ထို့ကြောင့်၊ ၎င်းတို့သည် ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းအကြားတွင် အစဉ်အမြဲ လည်နေကြပြီးဖြစ်သည်။ လူအားလုံး၏ ဘဝများသည် ပူဆွေးမှုနှင့် ပြည့်သည်ဟု ဆို၍ရပေသည်။ ဤထက်ပို၍ ပြောရလျှင်၊ လူအားလုံး၏ နေ့စဉ်ဘဝများတွင် စစ်ဆေးခြင်းရှိ၏၊ သို့သော် အဘယ်သူမျှ ၎င်းတို့၏ စိတ်ဝိညာဉ်များထဲ၌ လွတ်ငြိမ်းစေခြင်း တစ်ခုတစ်လေကို နေ့စဉ် မရရှိကြဟု ငါဆိုနိုင်ပြီး၊ ယင်းမှာ ကြီးမားသည့် တောင်သုံးလုံးက ၎င်းတို့၏ ဦးခေါင်းများပေါ်သို့ ဖိစီးနေသည့်အလား ဖြစ်သည်။ ၎င်းတို့၏ဘဝများထဲမှ တစ်ခုတစ်လေမျှသည် တစ်နေ့လုံး ပျော်ရွှင်ကာ ဝမ်းမြောက်ခြင်းမရှိပေ- ၎င်းတို့ အနည်းငယ်မျှ ပျော်ရွှင်ကြသောအခါတွင်ပင် ၎င်းတို့သည် ဟန်ပန်လေလန် ကြိုးစားလုပ်နေကြခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင်၊ လူတို့သည် တစ်စုံတစ်ရာ အပြီးမသတ်သေးသည့် အာရုံတစ်ခု အမြဲရှိကြ၏။ ထို့ကြောင့်၊ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ မတည်ကြည်ကြပေ။ ဤနည်းဖြင့် အသက်ရှင်ရင်း၊ အမှုအရာတို့သည် အနှစ်မဲ့ကာ မျှတမှုမရှိခြင်းတို့ကို ခံစားရပြီး၊ ဘုရားသခင်၌ ယုံကြည်မှုနှင့် ပတ်သက်လာသောအခါ၊ ၎င်းတို့သည် မအားလပ်ကြသကဲ့သို့၊ အချိန်မလောက်ကြပေ၊ သို့မဟုတ်ပါက ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် အချိန်မရှိကြ၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မှန်ကန်စွာ မည်သို့ စားသောက်ရမည်ကို မသိကြချေ။ ၎င်းတို့ထဲမှ အဘယ်သူမျှ စိတ်နှလုံးများထဲ၌ အေးချမ်းကာ စိတ်ကြည်လင်ပြီး တည်ကြည်မှုမရှိပေ။ ယင်းမှာ ၎င်းတို့သည် အစဉ်အမြဲ အုံ့မှိုင်းသော မိုးကောင်းကင်အောက်၌ အသက်ရှင်ကြသည့်အလား၊ အောက်ဆီဂျင်မပါဘဲ အာကာသတစ်ခုတွင် အသက်ရှင်ကြသည့်အလားဖြစ်ပြီး၊ ဤအရာက ၎င်းတို့အသက်တာများထဲတွင် ရှုပ်ထွေးမှုဆီသို့ ဆိုက်ရောက်စေပြီး ဖြစ်သည်။ ဘုရားသခင်သည် လူတို့၏ အားနည်းချက်များကို အစဉ်အမြဲ တည့်တည့် ပြောဆိုလေ့ရှိပြီး၊ ၎င်းတို့၏ ပျော့ကွက်ကို တိုက်ခိုက်လေ့ရှိသည်- သင်တို့သည် တစ်လျှောက်လုံး သူ ပြောဆိုပြီးဖြစ်သည့် အသံနေအသံထားအား ရှင်းရှင်းလင်းလင်း မမြင်ကြသေးသလော။ ဘုရားသခင်သည် လူတို့အား နောင်တတရန် အခွင့်အရေး ဘယ်သောအခါမျှ မပေးဖူးသကဲ့သို့၊ လူအားလုံးကို အောက်ဆီဂျင်မပါဘဲ “လကမ္ဘာ” ပေါ်တွင် အသက်ရှင်စေသည်။ အစအဦးမှ ယနေ့ထိတိုင်၊ ဘုရားသခင့် နှုတ်ကပတ်တော်များသည် အပြင်ပန်းအားဖြင့် လူတို့၏ သဘာဝကို ဖော်ထုတ်ပြီးဖြစ်သည်၊ သို့သော် အဘယ်သူမျှ ဤနှုတ်ကပတ်တော်များ၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြချေ။ လူ၏အနှစ်သာရကို ဖော်ထုတ်ခြင်းအားဖြင့်၊ လူတို့သည် မိမိတို့ကိုယ်ကိုယ် သိရှိလာကြပြီး၊ ဤအကြောင်းကြောင့် ဘုရားသခင်ကို သိလာကြပုံရသည်၊ သို့သော် ဤသည်မှာ အနှစ်သာရထဲက လမ်းကြောင်းမဟုတ်ပေ။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ သဘောသွားနှင့် ပိုမိုကြီးမားသော နက်ရှိုင်းမှုက ဘုရားသခင်နှင့် လူသားကြားက ရှင်းလင်းပြတ်သားသည့် ခြားနားချက်ကို ပြသပေသည်။ ၎င်းတို့၏ခံစားချက်များ၌၊ ဤအရာက လူတို့ကို ဘုရားသခင်မှာ လက်လှမ်းမီ၍မရနိုင်သောသူနှင့် ချည်းကပ်၍မရနိုင်သောသူဖြစ်သည်ဟု မရည်ရွယ်ဘဲ ယုံကြည်မိစေလေသည်။ ဘုရားသခင်သည် အရာရာကို လူသိရှင်ကြားဖြစ်စေပြီး၊ ယင်းမှာ အဘယ်သူမျှ ဘုရားသခင်နှင့် လူတို့ကြားက ဆက်နွယ်မှုကို ဖြစ်လေ့ရှိပုံအတိုင်း ပြန်လည်ရောက်ရှိစေနိုင်စွမ်း ရှိပုံမရကြပေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များအားလုံး၏ ရည်မှန်းချက်မှာ လူအားလုံးကို “ပြိုလဲစေ”ဖို့ နှုတ်ကပတ်တော်များကို အသုံးပြရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် သူ၏အမှုကို ပြီးမြောက်စေရန်ဖြစ်သည်ကို မြင်ရန် မခက်ပေ။ ဤသည်တို့မှာ ဘုရားသခင့်အမှု၏ အဆင့်များဖြစ်သည်။ သို့သော်၊ ဤသည်မှာ ၎င်းတို့၏ စိတ်များ၌ လူတို့ ယုံကြည်ကြသည့်အရာ မဟုတ်ပေ။ ၎င်းတို့က၊ ဘုရားသခင်၏ အမှုသည် ယင်း၏ အထွတ်အထိပ်သို့ ချည်းကပ်နေသည်၊ ယင်းသည် အဆင်းနီသော နဂါးကြီးကို အောင်နိုင်ဖို့ရန်အလို့ငှာ၊ ဆိုလိုသည်မှာ အဘယ်သူမျှ လူ့ဇာတိခံ ဘုရားသခင်အကြောင်း အယူအဆများမရှိစေဘဲလျက် အသင်းတော်ကို ရှင်သန်စေခြင်း၊ သို့မဟုတ်လျှင် လူအားလုံးက ဘုရားသခင်ကို သိရှင်းခြင်းတည်းဟူသော ယင်း၏ သိသာမြင်သာမှုအရှိဆုံးသော အကျိုးသက်ရောက်မှုဆီ ချည်းကပ်နေသည်ဟု ယုံကြည်ကြသည်။ သို့သော်၊ ဘုရားသခင် ပြောဆိုသောအရာကို ဖတ်ကြစို့- “လူတို့၏ စိတ်များတွင်၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး၊ အလွယ်တကူ ထိတွေ့၍မရသော်လည်း၊ လူသားက လူသားဖြစ်ပြီး၊ အလွယ်တကူ အကျင့်ပျက်မလာသင့်ပေ... အကျိုးဆက်အနေဖြင့်၊ ငါ၏ရှေ့မှောက်တွင် ၎င်းတို့သည် အမြဲ နှိမ့်ချကြပြီး သည်းခံတတ်ကြသည်။ ၎င်းတို့သည် အယူအဆများစွာ ရှိကြသည့်အတွက်၊ ငါနှင့် သဟဇာတဖြစ်နိုင်စွမ်း မရှိကြချေ။” ဤအရာမှ ဘုရားသခင် ပြောသည့်အရာ သို့မဟုတ် လူသား လုပ်ဆောင်သည့်အရာကို ပဓာနမထားဘဲ၊ လူတို့သည် ဘုရားသခင်ကို လုံးဝ သိရှိနိုင်စွမ်းမရှိသည်ကို မြင်နိုင်ပေသည်။ ၎င်းတို့၏ အနှစ်သာရက ကပြရသော အခန်းကဏ္ဍကြောင့်၊ မည်သို့ပင်ဖြစ်စေ၊ အားလုံးခြုံငုံပြီး စဉ်းစားသော် ၎င်းတို့သည် ဘုရားသခင်ကို သိရှိနိုင်စွမ်း မရှိကြချေ။ ထို့ကြောင့် လူတို့သည် မိမိတို့ကိုယ်ကိုယ် ငရဲ၏သားများအဖြစ် မြင်ကြသောအခါ ဘုရားသခင်၏အမှု အဆုံးသတ်လိမ့်မည်။ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆုံးသတ်ဖို့ရန်အလို့ငှာ၊ လူတို့အပေါ် သူ၏ အမျက်ဒေါသအား လွှတ်ရန်၊ သို့မဟုတ်၊ ၎င်းတို့ကို တိုက်ရိုက်ရှုတ်ချရန်၊ သို့မဟုတ် ၎င်းတို့ကို နောက်ဆုံးတွင် သေဒဏ်ချမှတ်ရန်အတွက် မလိုအပ်ပေ။ သူ၏အမှု ပြီးစီးခြင်းသည် မတော်တဆဖြစ်သည့်အလား၊ အားထုတ်မှု အနည်းငယ်မျှမပါဘဲ သူ၏ အားလပ်ချိန်တွင် ပြီးမြောက်သည့် တစ်စုံတစ်ရာ ဖြစ်သည့်အလား၊ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အရှိန်ဖြင့် အရေးမပါသည့် စကားကိုမျှ ပြောဆိုလေသည်။ အပြင်ပန်းမှ၊ ဘုရားသခင်၏ အမှုအဖို့ အရေးတကြီးဖြစ်မှုအချို့ ရှိပုံပေါ်သော်လည်း- ဘုရားသခင်သည် မည်သည့်အရာကိုမျှ လုပ်ဆောင်ခြင်းမရှိသေးပေ၊ သူသည် စကားပြောသည်ကလွဲ၍ မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ အသင်းတော်များကြားက အမှုသည် ကုန်လွန်ခဲ့သော အချိန်များကကဲ့သို့ တူညီသော ကြီးမားသည့် ပမာဏမရှိပေ။ ဘုရားသခင်သည် လူတို့ကို မပေါင်းထည့်ပေ သို့မဟုတ် ၎င်းတို့ကို မထုတ်ပယ်ပေ သို့မဟုတ် ၎င်းတို့ကို ဖွင့်ချခြင်း မရှိပေ- ထိုသို့သော အမှုသည် အလွန်သေးဖွဲလှပေသည်။ ယင်းမှာ ဘုရားသခင်သည် ထိုသို့သော အလုပ်ကို လုပ်ဆောင်ဖို့ အရေးမစိုက်သည့်အလား ထင်ရပေသည်။ သူပြောသင့်သည့်အရာအနည်းငယ်ကို သူ ပြောရုံမျှပြောသည်၊ ယင်းနောက်တွင် လှည့်ပြန်ပြီး အစရှာမရအောင် ပျောက်ကွယ်သွားတတ်ပေသည်- ယင်းမှာ၊ အလိုအလျောက် သူ့မိန့်မြွက်ချက်များ ပြည့်စုံခြင်း မြင်ကွင်းဖြစ်သည်။ ဤအခိုက်အတန့်ရောက်ရှိသောအခါ၊ လူအားလုံးသည် ၎င်းတို့၏ အိပ်စက်ခြင်းမှ နိုးကြလိမ့်မည်။ လူသားမျိုးနွယ်သည် နှစ်ထောင်ပေါင်းများစွာကြာ နုံးသော အိပ်စက်ခြင်းတွင် ရှိကြပြီးဖြစ်သည်၊ သူသည် တစ်လျှောက်လုံး ငိုက်မျဉ်းနေပြီး ဖြစ်သည်။ နှစ်ပေါင်းများစွာ၊ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မတရားမှုကို ပြောဆိုနိုင်စွမ်းမရှိကြဘဲ ၎င်းတို့၏ အိပ်မက်များထဲ၌ ဟိုဟိုသည်သည် အပြေးအလွှားသွားနေကြပြီးဖြစ်ကာ ၎င်းတို့၏ အိပ်မက်များထဲတွင် ဟစ်အော်ခြင်းပင် ပြုကြပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် “၎င်းတို့ စိတ်နှလုံးများထဲ၌ မှိုင်တွေမှုအနည်းငယ် ခံစားကြရသည်”၊ သို့သော် ၎င်းတို့ နိုးထသောအခါတွင်၊ ၎င်းတို့သည် စစ်မှန်သော အချက်များကို ရှာတွေ့ကြလိမ့်မည်ဖြစ်ပြီး၊ “ဤသို့ဖြစ်ပျက်နေခြင်းပါတကား” ဟူ၍ အံ့အားသင့်စွာပြောကြပေလိမ့်မည်။ ထို့ကြောင့်၊ “ယနေ့တွင်၊ လူအများစုသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျကြဆဲဖြစ်သည်။ နိုင်ငံတော်သီချင်း မြည်သောအခါမှသာ၊ ၎င်းတို့သည် ၎င်းတို့၏ အိပ်ငိုက်သောမျက်လုံးများ ဖွင့်ကြပြီး ၎င်းတို့ စိတ်နှလုံးများထဲ၌ မှိုင်တွေမှုအနည်းငယ် ခံစားကြရသည်” ဟူ၍ ပြောထားခြင်းဖြစ်ပေသည်။

အဘယ်သူမျှ၏ ဝိညာဉ်သည် မလွတ်မြောက်စဖူး၊ တစ်ဦးတစ်လေမျှ၏ ဝိညာဉ်သည် အပူအပင်ကင်းပြီး မပျော်ရွှင်ရလေပြီ။ ဘုရားသခင်၏ အမှု လုံးဝပြီးစီးသောအခါ၊ အသီးသီးသည် အမျိုးအစားအတိုင်း ခွဲခြားခံရပြီးဖြစ်မည် ဖြစ်သည့်အတွက်၊ လူတို့၏ ဝိညာဉ်များ လွတ်မြောက်ကြလိမ့်မည်ဖြစ်ပြီး၊ ဤအကြောင်းကြောင့် ၎င်းတို့အားလုံးသည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ တည်ကြည်ကြလိမ့်မည်။ ယင်းမှာ လူတို့သည် ဝေးလံသော နေရာများဆီသို့ ခရီးရှည်အချို့ထွက်ရပြီး အိမ်ပြန်လာသောအခါ ၎င်းတို့၏ စိတ်နှလုံးများ တည်ကြည်လာကြသည့်အလား ဖြစ်သည်။ အိမ်သို့ရောက်ရှိရာတွင်၊ လူတို့သည် လောကကြီးသည် အနှစ်မဲ့ပြီး မျှတမှုမရှိဟု ခံစားကြရတော့မည်မဟုတ်ဘဲ၊ ၎င်းတို့၏ နေအိမ်များတွင် အေးအေးချမ်းချမ်း နေထိုင်ကြလိမ့်မည်။ လူသားမျိုးနွယ်များအလယ်တွင် ထိုသို့သော အခြေအနေများ ဖြစ်လိမ့်မည်။ ထို့ကြောင့် ဘုရားသခင်က လူတို့သည် “စာတန်၏ ကျေးကျွန်ဘဝမှ မိမိတို့ကိုယ်ကိုယ် လုံးဝ မလွတ်မြောက်စေနိုင်ကြသေးပေ” ဟု ပြောဆိုခြင်းဖြစ်သည်။ ဇာတိပကတိ၌ ရှိစဉ်တွင် အဘယ်သူမျှ ဤအခြေအနေမှ မိမိတို့ကိုယ်ကိုယ် မလွတ်မြောက်စေနိုင်ကြပေ။ အခိုက်အတန့်အတွက်၊ ဘုရားသခင်က လူ၏ အမျိုးမျိုးသော တကယ့်အခြေအနေများနှင့်ပတ်သက်၍ ပြောဆိုသည့်အရာကို မေ့ထားလိုက်ပြီး၊ ဘုရားသခင်က လူသားထံ ထုတ်ဖော်ပြဖို့ ရှိသေးသည့် နက်နဲမှုများအကြောင်းကိုသာ ပြောဆိုကြကုန်အံ့။ “၎င်းတို့အဖို့ ငါ၏ခန္ဓာသည် ဆူးများနှင့် စက်ဆုပ်ဖွယ်အရာများဖြင့် ဖုံးလွှမ်းခဲ့သည့်အလား၊ လူတို့သည် လှောင်ပြောင်သရော်သော မျက်လုံးများဖြင့် ကြိမ်ဖန်များစွာ မရေတွက်နိုင်အောင် ငါ့ကိုကြည့်ကြလေပြီ။ ထို့ကြောင့် လူတို့သည် ငါ့ကိုစက်ဆုပ်ကြပြီး ငါသည် တန်ဖိုးမရှိဟု ၎င်းတို့ ယုံကြည်ကြ၏။” နောက်တစ်မျိုးပြောရလျှင်၊ အနှစ်သာရအားဖြင့်၊ လူ၏ စရိုက်မှန်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲ၌ ထုတ်ဖော်ပြခံရပေသည်- လူသားသည် ဖြူဆူးများဖြင့် ဖုံးလွှမ်းနေပြီး၊ သူနှင့် ပတ်သက်၍ နှစ်သက်စရာ ဘာမျှမရှိ။ ထို့ကြောင့် လူသည် နှစ်လိုဖွယ်ဘာမျှမရှိသော ကျောရိုးဖုံး ဖြူတစ်ကောင်ဖြစ်သည်ကလွဲ၍ ဘာမျှမဟုတ်သည့်အတွက်၊ လူသားအတွက် ဘုရားသခင်၏ အမုန်းတရားသည် တိုးပွားလေသည်။ အပေါ်ယံအားဖြင့်၊ ဤစကားများက ဘုရားသခင်အပေါ် လူသား၏ အယူအဆများကို ဖော်ပြပုံရသော်လည်း- လက်တွေ့အရှိတရားတွင်၊ ဘုရားသခင်သည် လူ၏ ပန်းချီကားအား ၎င်း၏ “ပုံသဏ္ဌာန်”အပေါ် အခြေပြုပြီး ရေးဆွဲနေခြင်းဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ လူသားကို အသေးစိတ်ချပြခြင်းဖြစ်ပြီး၊ ယင်းမှာ လူ၏ ပုံသဏ္ဌာန်အပေါ် ဘုရားသခင်က ချုပ်ဆေးကို ဖြန်းသည့်အလား ဖြစ်သည်။ ထို့ကြောင့် စကြဝဠာတွင် လူ၏ ပုံသဏ္ဌာန်သည် ဝင့်ကြွားကာ စိတ်ချမှုရှိပြီး လူတို့ကိုပင် အံ့အားသင့်စေသည်။ သူစကားပြောရန် စတင်သည့်အချိန်မှစ၍၊ ဘုရားသခင်သည် လူနှင့်အတူ ကြီးမားသည့်စစ်ပွဲအတွက် သူ၏ အင်အားစုများကို နေရာချထားနေပြီးဖြစ်သည်။ သူသည် လူသားအတွက် အချက်အလက်များ တင်ပြနေသော တက္ကသိုလ် အက္ခရာသင်္ချာ ပါမောက္ခတစ်ဦးကဲ့သို့ဖြစ်ပြီး၊ သူစာရင်းပြုထားသော အရာအားဖြင့် သက်သေပြထားသည့်အရာ- သက်သေအထောက်အထားနှင့် တန်ပြန်သက်သေအထောက်အထား-သည် လူအားလုံးကို လုံးဝ ယုံကြည်လက်ခံစေလေသည်။ ဤသည်မှာ ဘုရားသခင့် နှုတ်ကပတ်တော်များအားလုံး၏ ရည်မှန်းချက်ဖြစ်ပြီး၊ ဘုရားသခင်က “ငါသည် အချုပ်အားဖြင့်၊ လူ့စိတ်နှလုံး၌ လုံးဝ တန်ဖိုးကင်းမဲ့သွားကာ မရှိမဖြစ် အိမ်သုံးပစ္စည်းတစ်ခုဖြစ်သည်” ဟူသော နားဝေတိမ်တောင်ဖြစ်စေသည့် ဤစကားများကို လူသာထံ သာမန်ကာလျှံကာ ပစ်ပေးသည်မှာ ဤအရာကြောင့် ဖြစ်သည်။ ဤစကားများကို ဖတ်ပြီးနောက်တွင်၊ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဆုမတောင်းဘဲမနေနိုင်အောင်ဖြစ်ကြပြီး၊ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် ရှုတ်ချစေကာ၊ လူသည် သေထိုက်ပြီး ထိုက်တန်မှု စိုးစဉ်းမျှမရှိဟု ၎င်းတို့ကို ယုံကြည်စေသည့် ၎င်းတို့၏ ကျေးဇူးကြွေးတစ်ခု ဘုရားသခင်ထံ ရှိသည်ကို ၎င်းတို့ သိလာကြသည်။ ဘုရားသခင်က “ယနေ့တွင် ငါရှိနေသည့်အခြေအနေထဲ၌ ငါသည် မိမိကိုယ်ကိုယ် ရှာတွေ့ရခြင်းမှာ ဤအရာကြောင့် ဖြစ်သည်” ဟု ပြောဆိုသည်။ ယနေ့၏ တကယ့်အခြေအများနှင့် ချိတ်ဆက်သောအခါ၊ ယင်းသည် လူတို့အား မိမိတို့ကိုယ်ကိုယ် ရှုတ်ချစေလေသည်။ ဤသည်မှာ အမှန်တရား မဟုတ်လော။ သင်သည် မိမိကိုယ်ကိုယ် သိရှိစေခြင်းခံခဲ့ရပါက၊ “ကျွန်ုပ် အမှန်တကယ် သေသင့်၏” ဟူသော စကားများ သင်၏ နှုတ်မှ ထွက်လာနိုင်မည်လော။ ယင်းမှာ လူသား၏ စစ်မှန်သော အခြေအနေများဖြစ်ပြီး၊ ဤသည်မှာ အလွန် မစဉ်းစားထိုက်လွန်းပေ- ယင်းမှာ သင့်တော်သည့် ဥပမာတစ်ခုမျှသာ ဖြစ်သည်။

အဓိပ္ပာယ်တစ်ခုအနေဖြင့်၊ ဘုရားသခင်သည် လူသား၏ ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်းတို့ကို တောင်းခံသောအခါ ဘုရားသခင်သည် ၎င်းတို့ကို လှောင်ပြောင်နေသည်ဟု လူတို့ မြင်ကြပြီး၊ အခြား အဓိပ္ပာယ်အနေဖြင့်၊ ၎င်းတို့၏ ကိုယ်ပိုင် ပုန်ကန်မှုကိုလည်း ၎င်းတို့ ရှုမြင်ရကြသည်- ၎င်းတို့သည် ဘုရားသခင်က လူသားအတွက် မိမိကိုယ်ကိုယ် အစွမ်းကုန် အသုံးပြုရန်အတွက်သာ စောင့်ဆိုင်းနေကြသည်။ ထို့အပြင်၊ လူတို့၏ အယူအဆများနှင့် သက်ဆိုင်၍ ပြောဆိုရာတွင်၊ ဘုရားသခင်က လူသား၏ ရှင်သန်ခြင်းအတွက် အတွေးအခေါ် သို့မဟုတ် လူသား၏ ဘာသာစကားတွင် သူသည် ကျွမ်းကျင်မှုမရှိဟု ဆိုလေသည်။ ထို့ကြောင့်၊ တစ်ဖက်တွင် ဤအရာက လူတို့ကို ဤစကားများအား လက်တွေ့ကျသော ဘုရားသခင်နှင့် နှိုင်းယှဉ်စေပြီး၊ အခြားတစ်ဖက်တွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သူ၏ ရည်ရွယ်ချက်များကို တွေ့မြင်ကြ၏- ၎င်းတို့က ဘုရားသခင်သည် လူသား၏ စစ်မှန်သော မျက်နှာကို ထုတ်ဖော်ပြသနေပြီး သူသည် ဘုရားသခင်၏ စစ်မှန်သော အခြေအနေများကို လူတို့အား အမှန်တကယ် ပြောပြနေခြင်း ရှိသည်ကို နားလည်ကြသည့်အတွက်၊ ဘုရားသခင်သည် ၎င်းတို့ကို လှောင်ပြောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ရှိရင်းစွဲ အဓိပ္ပာယ်မှာ လူသားအပေါ် သရော်ခြင်း၊ ထေ့ငေါ့ခြင်း၊ လှောင်ပြောင်ခြင်းနှင့် မုန်းတီးခြင်းတို့ဖြင့် ယှက်သန်းလျက်ရှိသည်။ ယင်းမှာ လူသားသည် ၎င်းလုပ်သမျှအားလုံးတွင် ပညတ်တရားကို သွေဖည်နေပြီး တံဆိုးလက်ဆောင်များ ယူနေသည့်အလား ဖြစ်သည်။ လူတို့သည် မိန်းမပျက်များဖြစ်ကြပြီး၊ ဘုရားသခင်သည် စကားပြောဖို့ သူ၏နှုတ်ကို ဖွင့်ဟသောအခါ၊ ၎င်းတို့သည် ထိတ်လန့်ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်ကြကာ၊ ၎င်းတို့အား မည်သူမဆိုကို ရင်ဆိုင်ဖို့ အလွန်ရှက်ရွံ့ရစ်စေလျက်၊ ၎င်းတို့နှင့်ပတ်သက်သည့် အမှန်တရားသည် လုံးလုံးလျားလျား ထုတ်ဖော်ခံရလိမ့်မည်ကို အကြီးအကျယ် စိုးရွံ့ကြလေသည်။ သို့သော်၊ အမှန်တရားများသည် အမှန်တရားများ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ “နောင်တ” ကြောင့် သူ၏မိန့်မြွက်ချက်များကို မရပ်တန့်ပေ။ လူတို့သည် သာ၍ ပြောရက်စရာမရှိအောင် အရှက်ရပြီး၊ စကားလုံးများကို ကျော်လွန်၍ အခက်တွေ့လာလေလေ၊ ဘုရားသခင်သည် ၎င်းတို့၏ မျက်နှာများပေါ် အလွန်ပြင်းပြသော သူ၏အကြည့်ဖြင့် စူးစိုက်ကြည့်လေသည်။ သူ၏နှုတ်မှ စကားများသည် လူ၏အကျည်းတန်သော လုပ်ဆောင်ချက်များအားလုံးကို စားပွဲပေါ်တွင် ခင်းကျင်းလေ၏- ဤသည်မှာ တရားမျှတပြီး ဘက်မလိုက်ခြင်းဖြစ်သည်၊ ဤအရာကို ကျင်းထျန်ခက ဟုခေါ်သည်၊ ဤအရာသည် လူတို့၏ တရားရုံးချုပ်မှ တရားစီရင်ခြင်းဖြစ်ပေသည်။ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသောအခါ၊ ရုတ်တရက် နှလုံးဖောက်ကြသည်၊ ၎င်းတို့၏ သွေးဖိအား မြင့်တက်သွားသည်၊ ယင်းမှာ ၎င်းတို့သည် နှလုံးသွေးကြောဆိုင်ရာရောဂါ ခံစားနေကြရသည့်အလား၊ ဦးနှောက်သွေးလွန်ကဲခြင်းက ၎င်းတို့ကို ၎င်းတို့၏ ဘိုးဘေးများနှင့် ဆုံတွေ့ဖို့ အနောက်ပရဒိသုခဘုံသို့ ပြန်လည်ပို့ဆောင်တော့မည်အလား ဖြစ်၏- ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါ တုံ့ပြန်မှုဖြစ်ပေသည်။ လူသားကို နှစ်နှင့်ချီသော အလုပ်ကြမ်းက လူသည် အိုမင်းမစွမ်းဖြစ်စေသည်၊ ၎င်းသည် အတွင်း၊ အပြင် နာမကျန်းဖြစ်ပြီး၊ သူ၏ နှလုံးမှသည် သွေးကြောများ၊ အူမကြီး၊ အူသိမ်၊ အစာအိမ်၊ အဆုတ်၊ ကျောက်ကပ်များ အစရှိသဖြင့်၊ သူ၏အရာအားလုံးရှိသမျှမှာ မကျန်းမာကြပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် မည်သည့်အရာမျှ ကျန်းမာခြင်းမရှိ။ ထို့ကြောင့် ဘုရားသခင်၏ အမှုသည် လူသားအဖို့ ကြိုးပမ်းမရရှိနိုင်သည့် အဆင့်တစ်ခုကို မရောက်သော်လည်း၊ လူတို့အား မိမိတို့ကိုယ်ကိုယ် သိရှိစေလေသည်။ လူ၏ခန္ဓာကိုယ်သည် ဗိုင်းရပ်စ်များဖြင့် ပတ်ချာဝိုင်းခံရသောကြောင့်၊ သူသည် အသက်အိုမင်းလေပြီ၊ သူသေမည့်နေ့ရက် နီးကပ်လာပြီး ပြန်လမ်းမရှိပေ။ သို့သော်၊ ဤသည်မှာ ဇာတ်ကြောင်း၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ လူ၏ နာမကျန်းဖြစ်မှု အရင်းအမြစ်ကို ရှာဖွေထားသည့်အတွက်၊ အတွင်းအဓိပ္ပာယ်မှာ ထုတ်ဖော်ပြခံရဖို့ရန် ရှိပါသေး၏။ လက်တွေ့အရှိတရားတွင်၊ ဘုရားသခင့်အမှု၏ ဤအဆင့် အပြီးသတ်သည်နှင့်တစ်ပြိုင်နက်၊ ဇာတိပကတိ၌ အနာဂတ်၏ အမှုကို ဆောင်ရွက်ဖို့ နည်းလမ်းရှိလိမ့်မည်မဟုတ်သကဲ့သို့၊ ယင်းကို ပြည့်စုံစေဖို့ ဘုရားသခင်၏ ဝိညာဉ်တော်ကို လိုအပ်မည်ဖြစ်သည့်အတွက်၊ ဘုရားသခင်၏ အမှု အလုံးစုံ ပြီးစီးသောအချိန်သည် ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်၏ အမှု ပြီးစီးသောအချိန် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က “စာစောင်ကို တရားဝင် ငါဖွင့်သောအချိန်သည် စကြဝဠာတစ်လျှောက်လုံးရှိ လူတို့ ပြစ်တင်ဆုံးမခံရသောအချိန်ဖြစ်သည်၊ ငါ့အမှုသည် အထွတ်အထိပ်သို့ ရောက်သောအချိန်သည် လောကတခွင်လုံးရှိ လူတို့သည် စမ်းသပ်မှုများ ခံကြရသည့်အချိန်ဖြစ်သည်” ဟု ဆိုလေသည်။ ဇာတိပကတိ၌ရှိသော အမှု လက်စသတ်သော အချိန်သည်၊ ဘုရားသခင်၏အမှု အထွတ်အထိပ်သို့ ရောက်ရှိသည့်အချိန်မဟုတ်ပေ- ဤအချိန်၏ အထွတ်အထိပ်ဟူသည်မှာ ဤအဆင့်အတွင်းရှိ အမှုကို ရည်ညွှန်းရုံမျှ ရည်ညွှန်းပြီး၊ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံး၏ အထွတ်အထိပ် မဟုတ်ပေ။ ထို့ကြောင့်၊ လူသားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ မြင့်မားခြင်းမရှိပေ။ သူက လူတို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် သိရှိဖို့၊ ထိုသို့ဖြင့် အမှု၏ နောက်အဆင့်ကို အစေခံဖို့ တောင်းဆိုရုံမျှ တောင်းဆိုသည်၊ ယင်းတွင် ဘုရားသခင်၏ အလိုကို စွမ်းဆောင်ရရှိခဲ့ပြီးဖြစ်ပေမည်။ ဘုရားသခင်၏ အမှု ပြောင်းလဲသည်နှင့်အမျှ၊ လူတို့၏ “အလုပ်စံနှုန်း”လည်း ပြောင်းလဲပေသည်။ ယနေ့သည် ကမ္ဘာမြေပေါ်ရှိ ဘုရားသခင့်အမှု၏ အဆင့်ဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့အနေဖြင့် အောက်ခြေအဆင့်များမှ အလုပ်လုပ်ကြရမည်ဖြစ်သည်။ အနာဂတ်တွင်၊ တိုင်းနိုင်ငံကို စီမံဖို့ လိုအပ်လိမ့်မည်ဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့သည် “ဗဟိုကော်မတီ”သို့ တာဝန်ပြန်လည်ချထားခြင်းကို ခံရကြလိမ့်မည်။ ၎င်းတို့သည် ပြည်ပသို့ အလည်အပတ်သွားကြလျှင်၊ ပင်လယ်ရပ်ခြားသို့ သွားခြင်းအတွက် လုပ်ထုံးလုပ်နည်းများကို ကိုင်တွယ်ဖြေရှင်းကြရလိမ့်မည်ဖြစ်သည်။ ထိုသို့သော အချိန်များတွင် ၎င်းတို့သည် ၎င်းတို့၏ ဇာတိမြေမှ ဝေးကွာလျက်၊ ပင်လယ်ရပ်ခြား၌ ရှိကြလိမ့်မည်- သို့သော် ဤသည်မှာ ဘုရားသခင့်အမှု၏ သတ်မှတ်ချက်များကြောင့် ဖြစ်လိမ့်ဦးမည်ဖြစ်သည်။ လူတို့က “ငါတို့သည် လိုအပ်သည့်အခါ ဘုရားသခင်အတွက် ငါတို့၏ အသက်များကို စွန့်လွှတ်မည်” ဟု ပြောကြပြီးသည်နှင့်အမျှ- ဤသည်မှာ အနာဂတ်တွင် လျှောက်လှမ်းရမည့် လမ်းကြောင်းမဟုတ်သလော။ အဘယ်သူသည် ထိုသို့သော ဘဝတစ်ခုကို မွေ့လျော်ဖူးသနည်း။ တစ်ဦးတစ်ယောက်သည် နေရာအနှံ့ခရီးသွားနိုင်သည်၊ ပင်လယ်ရပ်ခြားသို့ အလည်အပတ်သွားနိုင်သည်၊ ကျေးလက်ဒေသတွင် လမ်းပြမှု ပေးနိုင်သည်၊ သာမန်လူတို့အလယ်တွင် မိမိတို့ကိုယ်ကိုယ် အံ့ဝင်ခွင်ကျဖြစ်စေနိုင်ပြီး၊ ၎င်းတို့သည် အဆင့်မြင့် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့်အတူ တိုင်းနိုင်ငံ၏ အရေးပါသည့် ကိစ္စရပ်များကို ပြောဆိုဆွေးနွေးနိုင်ကြလေသည်။ လိုအပ်သည့်အခါ၊ ၎င်းတို့သည် ငရဲထဲက ဘဝကို ကိုယ်တိုင်ကိုယ်ကျ မြည်းစမ်းနိုင်ကြပြီး ယင်းနောက်တွင် ၎င်းတို့ ပြန်သွားကာ ကောင်းကင်ဘုံနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ပျော်မွေ့နိုင်ကြဆဲ ဖြစ်သည်- ဤသည်တို့မှာ လူသား၏ကောင်းချီးမင်္ဂလာများ ဖြစ်သည်မဟုတ်လော။ အဘယ်သူသည် ဘုရားသခင်နှင့် နှိုင်းယှဉ်ဖူးသနည်း။ အဘယ်သူသည် တိုင်းနိုင်ငံများအနှံ့ ခရီးသွားဖူးသနည်း။ အမှန်စင်စစ်၊ လူတို့သည် နည်းပေးလမ်းပြမှုများ သို့မဟုတ် ရှင်းပြချက်များ တစ်ခုတစ်လေမျှမရှိဘဲ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ အချို့အနည်းအကျဉ်းကို နားလည်သဘောပေါက်နိုင်ကြပေမည်- ယင်းမှာ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ်၌ ယုံကြည်ခြင်းမရှိကြခြင်းသာ ဖြစ်သည် ၊ ယင်းမှာ ဘုရားသခင်၏ အမှုကို ယနေ့အထိ ဆွဲဆန့်ထားသည့် အရာ ဖြစ်သည်။ ဘုရားသခင်က “၎င်းတို့တွင် ဘာမျှမရှိ”ဟု ဆိုသကဲ့သို့- လူတို့သည် အလွန်ချို့တဲ့လွန်းသောကြောင့်၊ ယနေ့၏ အမှုသည် ၎င်းတို့ကို ဧရာမအခက်အခဲများ ဖြစ်ပေါ်စေလေသည်။ ထို့အပြင် ၎င်းတို့၏ အားနည်းချက်က ဘုရားသခင်၏နှုတ်ကို အလိုအလျောက် ဘောင်ခတ်ခဲ့သည်- ဤအရာတို့သည် ဘုရားသခင်၏ အမှုကို ဆီးတားနေသည့်အရာများ အတိအကျဖြစ်သည် မဟုတ်လော။ ဤအရာကို သင်တို့ မမြင်နိုင်သေးသလော။ ဘုရားသခင် ပြောသမျှအားလုံးတွင် ဝှက်ထားသော အဓိပ္ပာယ်ရှိ၏။ ဘုရားသခင် စကားပြောသောအခါ၊ သူသည် လက်ဝယ်ရှိသည့် အမှုကိစ္စကို မလွှတ်တမ်း အသုံးချပြီး၊ ယုံတမ်းစကားတစ်ခုကဲ့သို့ သူပြောဆိုသမျှသော နှုတ်ကပတ်တော်များအားလုံးသည် နက်နဲသိမ်မွေ့သော သတင်းစကား ပါရှိလေသည်။ ဤရိုးရှင်းသော စကားများသည် နက်နဲသိမ်မွေ့သော အဓိပ္ပာယ်ပါရှိပြီး၊ ထို့ကြောင့် အရေးအကြီးဆုံးသော ကိစ္စရပ်များကို ရှင်းပြလေသည်- ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော် အတတ်နိုင်ဆုံးဖြစ်သည့်အရာ မဟုတ်လော။ ဤအရာကို သင်သိပါသလော။

အောက်ခြေမှတ်စု(များ)-

က။ ကျင်းထျန်ခ- ဤဝေါဟာရကို တရုတ်ပြည် အင်ပါယာနှင့်ဆိုင်သော အချိန်ကာလတွင် ဖြောင့်မတ်သော တရားသူကြီးတစ်ဦးကို ရည်ညွှန်းရန် အသုံးပြုသည်။

အရှေ့သို့- အခန်း ၂၉

နောက်တစ်ခုသို့- အခန်း ၃၁

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။