အခန်း ၂၉

လူတို့ဆောင်ရွက်သောအမှုတွင် အချို့မှာ ဘုရားသခင်ထံမှ တိုက်ရိုက်ညွှန်ကြားချက်ဖြင့် အကောင်အထည်ဖော်ခြင်း ဖြစ်သော်လည်း၊ ဘုရားသခင်က တိကျသော ညွှန်ကြားချက်များ မပေးသည့် အပိုင်းတစ်ပိုင်းလည်း ရှိကာ၊ ယင်းက ယနေ့ ဘုရားသခင် ဆောင်ရွက်သောအမှုကို အပြည့်အဝ ထုတ်ဖော်ရန်လိုသေးကြောင်း အခိုင်အမာ ပြဆိုနေသည်— ဆိုလိုသည်မှာ့ အများအပြားမှာ ဖုံးကွယ်လျက်ရှိနေကာ လူသိရှင်ကြား ဖြစ်မလာသေးပေ။ သို့ရာတွင် အချို့သောအရာများကို လူသိရှင်ကြားဖြစ်စေရန် လိုအပ်သော်လည်း၊ လူတို့ကို အကြံအိုက်ကာ စိတ်ရှုပ်စေရန် အခြားအရာများကို ချန်ထားရန်လည်း လိုအပ်၏။ ဤသည်မှာ ဘုရားသခင်၏ အမှုမှ သတ်မှတ်ထားသည့် အရာဖြစ်၏။ ဥပမာ လူသားတို့အကြား ဘုရားသခင်၏ ကောင်းကင်ဘုံမှ ကြွရောက်လာခြင်းနှင့် ပတ်သက်၍ သူမည်သို့ရောက်လာခဲ့သည်၊ မည်သည့်စက္ကန့်အချိန်တွင် ရောက်လာခဲ့သည် သို့မဟုတ် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းတို့က ပြောင်းလဲမှုများကို ကြုံခဲ့ရခြင်း ရှိမရှိ- ဤအရာတို့က လူတို့ကို စိတ်ရှုပ်ထွေးစေရန် လိုအပ်သည်။ ဤသည်ကို တကယ့်အခြေအနေများ ပေါ်တွင်လည်း အခြေခံထားသည်၊ အကြောင်းမှာ လူသား၏ ဇာတိပကတိ ကိုယ်၌က ဝိညာဉ်လောကထဲ တိုက်ရိုက်ဝင်ရောက်နိုင်စွမ်း မရှိသောကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်က ကောင်းကင်မှ မြေကြီးပေါ်သို့ သူမည်သို့လာခဲ့ကြောင်းကို ရှင်းလင်းစွာ ထုတ်ဆိုခဲ့လျှင်ပင်၊ သို့မဟုတ် သူက “အရာခပ်သိမ်း ပြန်လည်ထမြောက်သည့်နေ့တွင် ငါသည် လူသားတို့ အကြားလာ၍၊ သူနှင့်အတူ နှစ်သက်ပျော်ရွှင်ဖွယ် နေ့ညများကို ငါ ကုန်လွန်စေခဲ့ပြီဖြစ်သည်” ဟု ပြောသောအခါ၊ ထိုကဲ့သို့သော စကားများသည် တစ်စုံတစ်ဦးက သစ်ပင်တစ်ပင်၏ ပင်စည်ကို စကားပြောနေသကဲ့သို့ ဖြစ်ကာ- တုံ့ပြန်မှုစိုးစဉ်းမျှ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် လူတို့သည် ဘုရားသခင့် အမှု၏ အဆင့်များကို မသိနားမလည်၍ဖြစ်သည်။ သူတို့သည် အမှန်တကယ် သတိပြုမိလျှင်ပင်၊ ဘုရားသခင်သည် ကောင်းကင်မှ မြေကြီးပေါ်သို့ ဒဏ္ဍာရီလာနတ်သမီးတစ်ပါးကဲ့သို့ ပျံသန်းဆင်းသက်လာကာ လူသားတို့ကြား၌ ပြန်လည်မွေးဖွားခဲ့ခြင်းဖြစ်သည်ဟု သူတို့က ယုံကြည်ကြသည်။ ဤသည်မှာ လူသား၏ အတွေးအခေါ်များအားဖြင့် ရယူနိုင်သော အရာဖြစ်၏။ ယင်းက လူသား၏ အနှစ်သာရမှာ သူသည် ဘုရားသခင်၏ အနှစ်သာရကို နားမလည်နိုင်ကာ၊ ဝိညာဉ်လောက၏ လက်တွေ့အရှိတရားကို နားမလည်နိုင်သောကြောင့်ပင် ဖြစ်၏။ လူတို့သည် ပင်ကိုအားဖြင့် တူညီပြီး ခြားနားခြင်း မရှိသောကြောင့်၊ ၎င်းတို့၏အနှစ်သာရ တစ်ခုတည်းဖြင့် လူတို့သည် သူတစ်ပါးတို့အတွက် စံပြအဖြစ် ပြုမူနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ လူသားတို့အား အခြားသူများ လိုက်လျှောက်သင့်သည့်နည်းလမ်းဖြင့် ပြုမူဆောင်ရွက်ရန် သို့မဟုတ် စံပြအဖြစ် အစေခံရန် တောင်းဆိုခြင်းသည်လေပူဖောင်းတစ်ခုသာ ဖြစ်သွားကာ ရေမှ အထက်သို့ တက်သည့် ရေနွေးငွေ့ ဖြစ်သွား၏။ သို့ရာတွင် ဘုရားသခင်မှ “ငါ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို အသိပညာအချို့ ရရှိ၏” ဟု ဆိုသည့်အခါ၊ ဤနှုတ်ကပတ်တော်တို့သည် ဇာတိပကတိ၌ ဘုရားသခင် ဆောင်ရွက်သော အမှု၏ သရုပ်သကန်ကို မိန့်ကြားခြင်းမျှသာဖြစ်၏။ တစ်နည်းအားဖြင့် ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သောမျက်နှာ— အဓိကအားဖြင့် သူ၏ ဘုရားသဘောသဘာဝ စိတ်သဘောထားကို ရည်ညွှန်းသည့် ဘုရား၏သဘောသဘာဝကို ရည်ညွှန်းခြင်းဖြစ်၏။ ဆိုလိုသည်မှာ ဘုရားသခင်သည် အဘယ်ကြောင့် ဤနည်းအားဖြင့် အမှုဆောင်သနည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်အရာများကို ပြီးမြောက်ရမည်နည်း၊ ကမ္ဘာမြေကြီးပေါ်တွင် ဘုရားသခင်က မည်သည့်အရာကို ဖန်တီးလိုသနည်း၊ သူက လူသားတို့အကြား မည်သည့်အရာကို ရယူလိုသနည်း၊ ဘုရားသခင် စကားပြောသည့် နည်းစနစ်များနှင့် လူသားအပေါ် ဘုရားသခင်၏သဘောထားတို့ကဲ့သော ့အရာများကို လူတို့နားလည်ရန် တောင်းဆိုထား၏။ လူသားတွင် ကြွားဝါထိုက်သည့်အရာ တစ်ခုမျှမရှိပါဟု ပြောနိုင်၏။ ၎င်း၏အထဲ၌ အခြားသူများက အတုယူ လိုက်လျှောက်သင့်သည့် လမ်းပြနိုင်သည့်အရာ တစ်ခုမျှမရှိပါဟု ဆိုလိုခြင်းဖြစ်သည်။

အတိအကျအားဖြင့် ယင်းမှာ ဇာတိပကတိ၌ရှိသော ဘုရားသခင်၏ သာမန်ဖြစ်ခြင်းကြောင့်အပြင်၊ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ကောင်းကင်ဘုံရှိ ဘုရားသခင်မှ မွေးဖွားခဲ့ပုံမရသည့် ဇာတိပကတိ၌ရှိသော ဘုရားသခင်တို့၏ ကွဲပြားခြားနားခြင်းကြောင့်၊ ဘုရားသခင်က “ငါသည် လူသားတို့အကြား နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သော်လည်း၊ သူသည် အမြဲပင် သတိမမူမိဘဲ ရှိနေခဲ့ပြီး ငါ့ကို မည်သည့်အခါမျှ မသိခဲ့ဖူးပေ။” ဟု ပြောခြင်းဖြစ်သည်။ “စကြဝဠာအနှံ့နှင့် ကမ္ဘာမြေစွန်းများသို့ ငါ၏ခြေလှမ်းများ နင်းလျှောက်သည့်အခါ လူသားသည် သူ့ကိုယ်သူ စတင်၍ ဆင်ခြင်မည်ဖြစ်ကာ၊ လူတို့အားလုံးသည် ငါ့ထံသို့လာ၍ ငါ့ရှေ့တွင် ပျပ်ဝပ်လျက် ငါ့ကို ဝတ်ပြုကြလိမ့်မည်။ ဤသည်မှာ ငါ ဘုန်းအသရေ ရရှိနေ့၊ ငါတစ်ဖန် ပြန်လာသောနေ့ဖြစ်ပြီး ငါထွက်ခွာသည့်နေ့လည်း ဖြစ်လိမ့်မည်။” ဟုလည်း ဘုရားသခင်က ပြော၏။ ဤသည်သာလျှင် ဘုရားသခင်၏ စစ်မှန်သော မျက်နှာအား လူသားကို ပြသည့်နေ့ဖြစ်သည်။ သို့ရာတွင် ရလဒ်အနေဖြင့် ဘုရားသခင်သည် သူ၏အမှုကို နှောင့်နှေးစေခြင်းမရှိဘဲ၊ သူက လုပ်သင့်သည့် အမှုကိုသာ ဆောင်ရွက်ခြင်းသာဖြစ်၏။ သူတရားစီရင်သည့်အခါ၊ ဇာတိပကတိ၌ရှိသော ဘုရားသခင်အပေါ် သူတို့၏ သဘောထားအပေါ် အခြေခံ၍ လူတို့ကို ပြစ်တင်ရှုတ်ချ၏။ ဤသည်မှာ ဤကာလအတွင်း ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ အဓိက အစိတ်အပိုင်းများအနက် တစ်ခုဖြစ်၏။ ဥပမာ “ငါသည် စကြဝဠာတစ်ခွင်လုံး၌ ငါ၏ စီမံခန့်ခွဲမှုအစီအစဉ်၏ ဇာတ်သိမ်းပိုင်းကို တရားဝင်စတင်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်မှစ၍ သတိမပြုသူ မည်သူမဆို ကရုဏာကင်းမဲ့သော ပြစ်တင်ဆုံးမမှုအကြား ကျရောက်စေခြင်းခံရဖွယ်ရှိပြီး ဤသည်မှာ မည်သည့်အချိန်၌မဆို ဖြစ်လာနိုင်ဖွယ်ရှိ၏။” ဟု ပြော၏။ ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်တွင် ပါဝင်သည့်အရာဖြစ်ပြီး၊ ယင်းက ထူးခြားသည်လည်း မဟုတ်၊ ဆန်းပြားသည်လည်း မဟုတ်ဘဲ သူ့အမှုအဆင့်၏ အစိတ်အပိုင်းအားလုံးသာ ဖြစ်၏။ ထိုအတောအတွင်း ပြည်ပရှိ လူတို့နှင့် ဘုရားသခင်၏သားများသည် အသင်းတော်များ၌ ၎င်းတို့ပြုလုပ်သမျှ အားလုံးအပေါ် အခြေခံ၍ ဘုရားသခင်၏တရားစီရင်ခြင်း ခံရသဖြင့် ဘုရားသခင်က “ငါသည် အမှုဆောင်စဉ် ကောင်းကင်တမန်အားလုံးသည် ငါနှင့်အတူ အဆုံးအဖြတ်ပေးသည့် တိုက်ပွဲကို စတင်လုပ်ဆောင်၍ နောက်ဆုံးအဆင့်တွင် ငါ၏ဆန္ဒများကို ဖြည့်ဆည်းရန် ဆုံးဖြတ်၏။ သို့မှသာ ကမ္ဘာမြေကြီးပေါ်ရှိလူတို့ ငါ့ရှေ့မှောက်တွင် ကောင်းကင်တမန်တို့ကဲ့သို့ အရှုံးပေးပြီး ငါ့ကိုဆန့်ကျင်လိုသည့်ဆန္ဒ မရှိသည့်အပြင် ငါ့ကိုပုန်ကန်သည့်အရာ တစ်ခုမျှမလုပ်ဘဲ နေမည်ဖြစ်သည်။ ဤသည်တို့မှာ စကြဝဠာတစ်ခွင်လုံး၌ ငါ့အမှု၏ ရွေ့လျားနေသောအင်အားများ ဖြစ်ကြ၏။” ဟု ပြော၏။ ဤသည်မှာ ကမ္ဘာမြေတစ်ဝှမ်း ဘုရားသခင် အကောင်အထည်ဖော်သည့် အမှု၌ ကွာခြားချက် ဖြစ်၏။ သူသည် ဆောင်ရွက်ချက်များကို မည်သူ့ထံသို့ ဦးတည်ထားသည် ဟူသည်နှင့်အညီ ကွဲပြားသော ဆောင်ရွက်ချက်များကို အသုံးပြု၏။ ယနေ့တွင် အသင်းတော်များရှိ လူတို့အားလုံး၌ တောင့်တနေသော စိတ်နှလုံး ရှိကြပြီး၊ သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင် စားသောက်ကြပြီ ဖြစ်၏— ဤသည်မှာ ဘုရားသခင်၏အမှုသည် အဆုံးသတ်သို့ နီးကပ်လာသည်ကို ပြရန် လုံလောက်၏။ ကောင်းကင်မှနေ၍ အောက်သို့ ကြည့်နေခြင်းသည် ညှိုးခြောက်နေသော သစ်ကိုင်းများနှင့် သစ်ရွက်ကြွေများနှင့် ဆောင်းဦးလေ တိုက်စားသော သဲပုံများ၏ ငြီးငွေ့ဖွယ်ကောင်းသော မြင်ကွင်းကို နောက်တစ်ကြိမ် ကြည့်နေခြင်းနှင့် အလားတူ၏။ အရာခပ်သိမ်းကို အနိဋ္ဌာရုံ မြင်ကွင်းအဖြစ် ပြောင်းလဲတော့မည်ကဲ့သို့၊ လူသားတို့အကြား ကမ္ဘာပျက်ကိန်း တစ်ရပ် ဆိုက်ရောက်တော့မည့်အလား ခံစားရ၏။ ဝိညာဉ်တော်၏ သိမ်မွေ့နူးညံ့မှုကြောင့်၊ နှလုံးသားတွင် မပျော်ရွှင်သည့်ခံစားချက် အစဉ်ရှိနေခြင်း ဖြစ်နိုင်သည်၊ သို့ရာတွင် ဝမ်းနည်းကြေကွဲမှု အချို့နှင့် ရောနှောသော်လည်း၊ ငြိမ်းချမ်းသော နှစ်သိမ့်မှုတစ်စွန်းတစ်စ ပါရှိနေပြန်၏။ ဤသည်မှာ “လူသားသည် နိုးထလာ၏။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းတို့သည် စနစ်တကျရှိလျက်ရှိပြီး၊ ကမ္ဘာမြေကြီး၏ ဆက်လက်ရှင်သန်ခြင်း နေ့ရက်များ ရှိတော့မည် မဟုတ်၊ ငါရောက်လာပြီ ဖြစ်သောကြောင့်တည်း။” ဟူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အား သရုပ်ဖော်ချက် ဖြစ်နိုင်၏။ လူတို့သည် ဤနှုတ်ကပတ်တော်များကို ကြားပြီးနောက် အတော်ပင် အပျက်သဘောဆောင် လာနိုင်သည် သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်၏အမှုအပေါ် အနည်းငယ် စိတ်ပျက်သွားနိုင်သည် သို့မဟုတ် ၎င်းတို့သည် မိမိတို့၏စိတ်ဝိညာဉ်ထဲ၌ရှိသော ခံစားချက်အပေါ် များစွာ အလေးထားနိုင်သည်။ သို့သော် ကမ္ဘာမြေကြီးပေါ်၌ သူ၏အမှုမပြီးဆုံးမီ ဘုရားသခင်သည် လူတို့အား ဤသို့သော ထင်ယောင်မှားမှုကို ပေးသည်အထိ မိုက်မဲရန်မှာ မဖြစ်နိုင်ပေ။ သင်၌ ထိုကဲ့သို့သောခံစားချက်များ အမှန်တကယ်ရှိလျှင်၊ ယင်းက သင်သည် သင်၏ခံစားချက်များအပေါ် များစွာ အာရုံစိုက်လွန်းကြောင်း၊ သင်သည် မိမိသဘောကျသည့်အတိုင်း လုပ်ဆောင်သောသူဖြစ်ပြီး၊ ဘုရားသခင်ကို မချစ်သောသူဖြစ်ကြောင်း ပြသလေသည်။ ထိုကဲ့သို့သောလူတို့သည် သဘာဝလွန် အရာများအပေါ် အလေးထားလွန်းပြီး ဘုရားသခင်ကို လုံးဝ အရေးမစိုက်ကြောင်း ပြသ၏။ ဘုရားသခင်၏လက်ကြောင့်၊ လူတို့သည် လွတ်မြောက်ရန်အတွက် မည်မျှပင် ကြိုးစားသည်ဖြစ်စေ ၎င်းတို့သည် ဤအခြေအနေမှ လွတ်မြောက်နိုင်စွမ်း မရှိကြပေ။ ဘုရားသခင်၏လက်မှ မည်သူ လွတ်မြောက်နိုင်သနည်း။ သင်၏ အနေအထားနှင့် အခြေအနေများကို ဘုရားသခင် မည်သည့်အချိန်က မစီမံဘဲ ရှိခဲ့သနည်း။ သင်ဒုက္ခခံရသည်ဖြစ်စေ၊ ကောင်းချီးခံစားရသည်ဖြစ်စေ ဘုရားသခင်၏လက်ထဲမှ သင်မည်သို့ တိတ်တဆိတ် ထွက်သွားနိုင်မည်နည်း။ ဤသည်မှာ လူ့အရေးကိစ္စ မဟုတ်ဘဲ ဘုရားသခင်၏လိုအပ်မှုသာ လုံးဝဖြစ်၏— ဤအရာ၏ ရလဒ်အဖြစ် မည်သူသည် မလိုက်နာဘဲ နေနိုင်စွမ်းရှိမည်နည်း။

“ငါသည် တစ်ပါးအမျိုးသားများကြား၌ ငါ့အမှုကို ပျံ့နှံ့စေရန် ပြစ်တင်ဆုံးမခြင်းကို အသုံးပြုမည်၊ ဆိုလိုသည်မှာ ငါသည် တစ်ပါးအမျိုးသားများ အားလုံးအပေါ် အင်အားသုံးမည်။ သဘာဝအားဖြင့် ဤအမှုကို ရွေးကောက်ခံရသူတို့ကြားက ငါ့အမှုကဲ့သို့ တစ်ချိန်တည်းတွင် လုပ်ဆောင်မည်။” ဤနှုတ်ကပတ်တော်များကို မိန့်မြွက်ခြင်းအားဖြင့် ဘုရားသခင်သည် ဤအမှုကို စကြဝဠာတစ်ခွင်လုံး၌ စတင်ဆောင်ရွက်၏။ ဤသည်မှာ ဤအဆင့် ရောက်သည်အထိ တိုးတက်လာပြီဖြစ်သော ဘုရားသခင်၏အမှု အဆင့်တစ်ဆင့် ဖြစ်၏။ မည်သူကမျှ အမှုအရာများကို ပြောင်းလဲနိုင်မည်မဟုတ်။ ကပ်ဘေးသည် လူသားမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းကို ကမ္ဘာမြေနှင့်အတူ ပျက်စီးစေလျက် သတ်ဖြတ်လိမ့်မည်။ စကြာဝဠာကို တရားဝင် ပြစ်တင်ဆုံးမသည့်အခါ၊ ဘုရားသခင်သည် လူမျိုးများအားလုံးထံသို့ တရားဝင် ပေါ်ထွန်းလိမ့်မည်။ ထို့နောက် သူ၏ပေါ်ထွန်းမှုကြောင့် လူတို့သည် ပြစ်တင်ဆုံးမခြင်းခံရ၏။ ထို့ပြင် ဘုရားသခင်က “ငါသည် ကျမ်းစာလိပ်ကို တရားဝင် ဖွင့်လိုက်သည့်အခါ၊ ယင်းသည် စကြဝဠာတစ်ခွင်လုံးရှိ လူတို့ ပြစ်တင်ဆုံးမခြင်း ခံရသည့်အချိန်၊ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူတို့ စမ်းသပ်မှုများခံရသည့် အချိန်ဖြစ်သည်ဟု ဆိုလိုသည်။” ဟုလည်း ဆို၏။ တံဆိပ်ခုနစ်ချက်တွင် ပါဝင်သည့်အရာသည် ပြစ်တင်ဆုံးမခြင်းတွင် ပါဝင်သည့်အရာဖြစ်ကြောင်းကို ဤအရာမှ ထင်ရှားစွာမြင်နိုင်၏၊ ဆိုလိုသည်မှာ တံဆိပ်ခုနစ်ချက်တွင် ကပ်ဘေးရှိ၏။ သို့ဖြစ်၍ ယနေ့တွင် တံဆိပ်ခုနစ်ချက်ကို မဖွင့်ရသေးပေ။ ဤနေရာတွင် ရည်ညွှန်းထားသည့် “စမ်းသပ်မှုများ” မှာ လူသားမှ ဒုက္ခခံရသည့် ပြစ်တင်ဆုံးမမှုဖြစ်ပြီး၊ ဤပြစ်တင်ဆုံးမမှုကြား၌ ဘုရားသခင်မှ ထုတ်ပေးသည့် “သက်သေခံလက်မှတ်” အား တရားဝင်လက်ခံသည့် လူတစ်စုကို ရယူမည်ဖြစ်သောကြောင့်၊ ထိုသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲက လူတို့ ဖြစ်ကြလိမ့်မည်။ ဤသည်တို့မှာ ဘုရားသခင်၏သားများနှင့် ဘုရားသခင်၏ လူတို့၏ မူလအစများဖြစ်ပြီး၊ ယနေ့တွင် သူတို့အပေါ် ဆုံးဖြတ်ချက် မချရသေးဘဲ၊ သူတို့သည် အနာဂတ်အတွေ့အကြုံများအတွက် အခြေခံအုတ်မြစ် ချနေရုံမျှသာ ဖြစ်ကြ၏။ တစ်စုံတစ်ဦးတွင် စစ်မှန်သောအသက်ရှိလျှင်၊ ထိုသူတို့သည် စမ်းသပ်မှုများအတောအတွင်း မားမားမတ်မတ် ရပ်တည်နိုင်မည် ဖြစ်ပြီး၊ ထိုသူတို့တွင် အသက်မရှိပါက၊ ဤသည်မှာ ဘုရားသခင်၏အမှုသည် သူတို့အပေါ် သက်ရောက်မှု မရှိကြောင်း၊ သူတို့သည် ပွဲလန့်တုန်း ဖျာခင်းကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအား အာရုံမစိုက်ကြောင်းကို အခိုင်အမာ သက်သေပြ၏။ ဤသည်မှာ အမှုကိုဆက်လက် အကောင်အထည်ဖော်မည့်အစား၊ ဤခေတ်ကို အဆုံးသတ်စေမည့် နောက်ဆုံးသောကာလ၏ အမှုဖြစ်သောကြောင့် ဘုရားသခင်က “တစ်နည်းအားဖြင့်ဆိုလျှင်၊ ယင်းမှာ လူသားအနေဖြင့် ဖန်ဆင်းခြင်းခေတ်မှ မျက်မှောက်နေ့ရက်အထိ မည်သည့်အခါမျှ မတွေ့ကြုံခဲ့ဖူးသည့် ဘဝဖြစ်ပြီး၊ ထို့ကြောင့် ယခင်က တစ်ခါမျှ မလုပ်ဆောင်ခဲ့ဖူးသော အမှုကို ငါလုပ်ဆောင်ပြီးပြီဟု ငါပြော၏။” ဟုပြောခြင်းဖြစ်ပြီး “ငါ၏နေ့ရက်သည် လူသားမျိုးနွယ်နှင့် နီးကပ် လာသောကြောင့်၊ ယင်းက ဝေးကွာပုံမရဘဲ လူသား၏ မျက်စိရှေ့တည့်တည့်တွင် ရှိသည်” ဟုလည်း သူကပြော၏။ အတိတ်ကာလ၌ ဘုရားသခင်သည် အချို့သောမြို့ကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးခဲ့သော်လည်း ၎င်းတို့ထဲက တစ်မြို့မျှ နောက်ဆုံးဖြစ်ရပ်တွင် ဖြစ်ပျက်မည့် ပုံစံကဲ့သို့ လုံးလုံးလျားလျား ဖြိုပစ်ခြင်း မခံခဲ့ရပေ။ ဘုရားသခင်သည် အတိတ်က သောဒုံမြို့ကို ဖျက်ဆီးခဲ့သော်လည်း၊ ယနေ့ သောဒုံမြို့ကို အတိတ်ကာလကကဲ့သို့ သဘောထားရန် မဟုတ်ပေ—၎င်းကို တိုက်ရိုက် ဖျက်ဆီးရန်မဟုတ်ဘဲ၊ ဦးစွာ သိမ်းပိုက်ခံရပြီးနောက် တရားစီရင်ရန်ဖြစ်ပြီး၊ နောက်ဆုံးတွင် ထာဝရ အပြစ်ဒဏ်ပေးခြင်းကို ခံရစေရမည်ဖြစ်၏။ ဤသည်တို့မှာ အမှု၏အဆင့်များ ဖြစ်ပြီး၊ အဆုံးတွင် ယနေ့သောဒုံမြို့သည် အတိတ်က ကမ္ဘာမြေကြီး ဖျက်ဆီးခြင်းခံရခြင်း ပုံစံနည်းတူ အမြစ်ဖြတ် သုတ်သင် ခံရလိမ့်မည်— ဤသည်မှာ ဘုရားသခင်၏ အစီအစဉ်ဖြစ်သည်။ ဘုရားသခင် ပေါ်ထွန်းသည့်နေ့သည် မျက်မှောက်ခေတ် သောဒုံမြို့အား တရားဝင် အပြစ်စီရင်ရာနေ့ဖြစ်ပြီး၊ သူ၏မိမိကိုယ်ကိုယ် ထုတ်ဖော်ခြင်းသည် ကယ်တင်ခြင်းအဖို့ အလို့ငှာ မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်က “ငါသည် သန့်ရှင်းသော နိုင်ငံတော်သို့ ပေါ်ထွန်းလာပြီး ညစ်ညူးသောနိုင်ငံမှ ငါ့ကိုယ်ငါ ကွယ်ဝှက်ထား၏။” ဟု ပြောခြင်းဖြစ်သည်။ ယနေ့သောဒုံမြို့သည် မစင်ကြယ်သောကြောင့်၊ ဘုရားသခင်သည် ၎င်းအပေါ် အမှန်တကယ် မပေါ်ထွန်းသော်လည်း၊ ၎င်းကို ပြစ်တင်ဆုံးမရန် ဤနည်းကို အသုံးပြု၏— ဤသည်ကို သင်သည် ထင်ရှားစွာ မမြင်ရသေးသလော။ ကမ္ဘာမြေပေါ်မှ မည်သူမျှ ဘုရားသခင်၏ စစ်မှန်သောမျက်နှာကို မြင်နိုင်စွမ်းမရှိဟု ဆိုနိုင်၏။ ဘုရားသခင်သည် လူသားထံ မည်သည့်အခါကမျှ ပေါ်ထွန်းခဲ့ခြင်း မရှိသည့်အပြင်၊ ဘုရားသခင်သည် ကောင်းကင်ဘုံ၏ မည်သည့်အဆင့်တွင် ရှိသည်ကို မည်သူမျှ မသိပေ။ ဤသည်မှာ ယနေ့လူတို့ကို ဤအခြေအနေတွင် ရှိစေခဲ့ပြီးသည့် အရာဖြစ်၏။ ထိုသူတို့သည် ဘုရားသခင်၏ မျက်နှာကို မြင်ရမည်ဆိုပါက၊ ယင်းသည် ၎င်းတို့၏အဆုံးသတ်ကို ထုတ်ဖော်သည့်အချိန်၊ တစ်ဦးစီကို အမျိုးအစားအလိုက် အတန်းစားခွဲခြားသည့်အချိန် ဖြစ်မည်မှာ သေချာ၏။ ယနေ့တွင် ဘုရားသဘောသဘာဝထဲမှလာသော နှုတ်ကပတ်တော်တို့ကို လူတို့အား တိုက်ရိုက် ပြသပြီး၊ ယင်းက လူသားမျိုးနွယ်၏ နောက်ဆုံးသောကာလမှာ ရောက်ရှိပြီဖြစ်ကြောင်းနှင့် နောက်ထပ် ကြာကြာရှိတော့မည် မဟုတ်ကြောင်းကို ကြိုတင်ပြောပြ၏။ ဤသည်မှာ လူသားအားလုံးထံ ဘုရားသခင်ပေါ်ထွန်းသည့်အခါ၊ လူတို့ခံရမည့် စမ်းသပ်မှုများ၏ လက္ခဏာတစ်ရပ်ဖြစ်၏။ သို့ဖြစ်၍ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မွေ့လျော်သော်လည်း သူတို့အပေါ် ကပ်ဘေးဒုက္ခကြီး တစ်ရပ် ကျရောက်တော့မည်ကဲ့သို့၊ သူတို့၌ မကောင်းသော နိမိတ်ကျရောက်မည့် ခံစားချက် အမြဲတမ်း ရှိနေ၏။ ယနေ့လူတို့သည် အေးခဲနေသော တိုင်းပြည်များရှိ စာကလေးငှက်များကဲ့သို့ ဖြစ်ကြပြီး၊ ယင်းမှာ ၎င်းတို့အပေါ် သေခြင်းတရားက အတင်းအကျပ် အကြွေးတောင်းလျက် ၎င်းတို့ကို ဆက်လက် ရှင်သန်ရန် မည်သည့်အကြောင်းမျှ မရှိစေသည့်အလား ဖြစ်၏။ လူသားက တင်ရှိနေသည့် သေခြင်းတရားအကြွေးကြောင့် လူတို့အားလုံးသည် သူတို့၏ နောက်ဆုံးသောကာလ ဆိုက်ရောက်ပြီဟု ခံစားရ၏။ ဤသည်မှာ စကြဝဠာ တစ်ခွင်လုံးရှိ လူတို့၏ စိတ်နှလုံးထဲတွင် ဖြစ်ပေါ်နေသည့်အရာဖြစ်ပြီး၊ ၎င်းတို့၏မျက်နှာပေါ်တွင် ထုတ်ဖော်မထားသော်လည်း၊ ၎င်းတို့၏စိတ်နှလုံးတွင် ရှိနေသည့်အရာသည် ငါ့မျက်လုံးများမှ ပုန်းကွယ်နိုင်စွမ်း မရှိပေ—ဤသည်မှာ လူသား၏ လက်တွေ့အရှိတရားဖြစ်သည်။ နှုတ်ကပတ်တော် အများအပြားကို လုံးလုံးလျားလျား သင့်တင့်လျောက်ပတ်စွာ အသုံးပြုထားခြင်း မဟုတ်သော်လည်း— ယင်းမှာ ပြဿနာကို ပြသရန် လုံလောက်သည့် ဤနှုတ်ကပတ်တော်များပင်လျှင် ဖြစ်၏။ ဘုရားသခင်၏နှုတ်မှ ပြောဆိုသည့် နှုတ်ကပတ်တော် တစ်ခုစီတိုင်းသည် အတိတ်ကဖြစ်စေ၊ ပစ္စုပ္ပန်တွင်ဖြစ်စေ ပြည့်စုံစေရမည်ဖြစ်သည်။ ယင်းတို့သည် အချက်အလက်အမှန်များကို လူတို့ရှေ့မှောက်၌ ပေါ်ထွန်းလာစေပြီး-၎င်းတို့၏ မျက်စိအရသာခံစရာ တစ်ခုဖြစ်လျက်- ထိုအချိန်တွင် သူတို့သည် ဖမ်းစားခံရပြီး စိတ်ရှုပ်ထွေး သွားကြလိမ့်မည်။ ယနေ့သည် မည်သည့်ခေတ်ဟူသည်ကို သင် ရှင်းလင်းစွာ မမြင်သေးဘူးလော။

အရှေ့သို့- အခန်း ၂၈

နောက်တစ်ခုသို့- အခန်း ၃၀

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။